spoken_style
stringlengths
7
352
written_style
stringlengths
8
354
ငါ အခု ကျောင်းသွားမယ်။
ငါ ယခု ကျောင်းသွားမည်။
သူ ဒီနေ့ မလာဘူး။
သူ ယနေ့ မလာပါ။
မင်း ဘာလုပ်မလို့လဲ။
မင်း မည်သည်ကို လုပ်မည်နည်း။
မောင်မောင် ဘယ်သွားမလဲ။
မောင်မောင် အဘယ်သို့ သွားမည်နည်း။
သူမ ပဲခူးက ရန်ကုန်ကို ကားနဲ့လာတယ်။
သူမ ပဲခူးမှ ရန်ကုန်သို့ ကားဖြင့် လာသည်။
ဆရာကြီးက ရုံးခန်းမှာ အစည်းအဝေး ကျင်းပမယ်။
ဆရာကြီးသည် ရုံးခန်း၌ အစည်းအဝေး ကျင်းပမည်။
ငါ ကောင်းကောင်း စားနိုင်တယ်။
ငါ ကောင်းစွာ စားနိုင်သည်။
သူ ပင်ပင်ပန်းပန်း အလုပ်လုပ်တယ်။
သူ ပင်ပန်းစွာ အလုပ်လုပ်သည်။
မင်း များများ စားရမယ်။
မင်း များစွာ စားရမည်။
တကယ်လို့ ငါ ပြန်မရောက်ရင် အဖေ စိတ်ပူလိမ့်မယ်။
အကယ်၍ ငါ ပြန်မရောက်လျှင် ဖခင် စိတ်ပူလိမ့်မည်။
ဒါကြောင့် ငါ ပျော်တယ်။
ထို့ကြောင့် ငါ ပျော်သည်။
ဒါပေမယ့် သူ မလာဘူး။
သို့သော် သူ မလာပါ။
စျေးပေါ ပေမယ့် မကောင်းဘူး။
စျေးပေါ သော်လည်း မကောင်းပါ။
ဒီကိစ္စကို ငါ သိတယ်။
ဤကိစ္စကို ငါ သိသည်။
သူ လာမယ်လို့ ပြောတယ်။
သူ လာမည်ဟု ပြောသည်။
ငါ သိပ်ဆာတယ်။
ငါ အလွန်ဆာသည်။
ဒီလို မလုပ်ပါနဲ့။
ဤသို့ မလုပ်ပါနှင့်။
ကလေးတွေ ကစားနေတယ်။
ကလေးများ ကစားနေသည်။
သူမ ပြောလို့ မရဘူး။
သူမ ပြော၍ မရပေ။
ငါ နေရတာ မပျော်ဘူး။
ငါ နေရသည်မှာ မပျော်ပေ။
သူ လိမ်နေတာ။
သူ လိမ်နေခြင်းဖြစ်သည်။
ပန်းဆိုတာ မွှေးတယ်။
ပန်းဆိုသည်မှာ မွှေးသည်။
ငါ ခရီးသွားတာကို ကြိုက်တယ်။
ငါ ခရီးသွားခြင်းကို ကြိုက်သည်။
မင်း ဘာပစ္စည်း ဝယ်မလဲ။
မင်း မည်သည့်ပစ္စည်း ဝယ်မည်နည်း။
သူ ဘာပြောတာလဲ။
သူ မည်သည်ကို ပြောသနည်း။
မင်း ဘာလို့ မလုပ်တာလဲ။
မင်း အဘယ်ကြောင့် မလုပ်သနည်း။
သူ လာသလား။
သူ လာသလော။
မင်း ဘယ်အချိန် လာမလဲ။
မင်း မည်သည့်အချိန် လာမည်နည်း။
ငါတို့ ဘယ်နေရာမှာ တွေ့မလဲ။
ငါတို့ မည်သည့်နေရာတွင် တွေ့မည်နည်း။
ဘယ်သူ ပြောမလဲ။
မည်သူ ပြောမည်နည်း။
မင်း ဘယ်လို သွားမလဲ။
မင်း မည်သို့ သွားမည်နည်း။
ဒီနေ့ကစပြီး ငါ စာကြိုးစားမယ်။
ယနေ့မှစ၍ ငါ စာကြိုးစားမည်။
သေတဲ့အထိ ရိုးရိုးသားသား နေမယ်။
သေသည့်တိုင် ရိုးသားစွာ နေမည်။
တကယ်တော့ သူက လူကောင်းတစ်ယောက် မဟုတ်ဘူး။
စင်စစ် သူသည် လူကောင်းတစ်ယောက် မဟုတ်ပေ။
ငါ စားဖို့ ဝယ်လာတယ်။
ငါ စားရန် ဝယ်လာသည်။
သူ အကြာကြီး မစောင့်ချင်ဘူး။
သူ အကြာကြီး မစောင့်လိုပေ။
သူ့ဆီကို သွားမယ်။
သူ့ထံသို့ သွားမည်။
သူ့ဆီက ရတယ်။
သူ့ထံမှ ရသည်။
စာသင်ခန်းထဲမှာ မဆူပါနဲ့။
စာသင်ခန်းအတွင်း၌ မဆူပါနှင့်။
မင်း မြန်မြန်စားတယ်။
မင်း မြန်စွာစားသည်။
သူမ လှလှပပ ပြင်ဆင်တယ်။
သူမ လှပစွာ ပြင်ဆင်သည်။
မိုး ရွာပေမယ့် ငါ သွားမယ်။
မိုး ရွာသော်လည်း ငါ သွားမည်။
ဘာပဲဖြစ်ဖြစ် ငါ အိမ်ပြန်ရမယ်။
မည်သို့ပင်ဖြစ်စေ ငါ အိမ်ပြန်ရမည်။
ဒါတင်မက သူ ရိုက်လဲ ရိုက်သေးတယ်။
ထိုမျှမက သူ ရိုက်လည်း ရိုက်သေး၏။
သူ ပြောသလို ငါ မလုပ်ဘူး။
သူ ပြောသကဲ့သို့ ငါ မလုပ်ပေ။
မောင်မောင် အရင်လို မဟုတ်တော့ဘူး။
မောင်မောင် ယခင်ကဲ့သို့ မဟုတ်တော့ပေ။
ဒီအလုပ်ကို ငါ မလုပ်နိုင်ဘူး ဘာဖြစ်လို့လဲဆိုတော့ မောလို့။
ဤအလုပ်ကို ငါ မလုပ်နိုင်ပေ အဘယ်ကြောင့်ဆိုသော် မောသောကြောင့်ဖြစ်သည်။
ပြောစရာ စကား မရှိတော့ဘူး။
ပြောဖွယ်ရာ စကား မရှိတော့ပေ။
ပျော်နိုင်သလောက် ပျော်ပါ။
ပျော်နိုင်သမျှ ပျော်ပါ။
ငါ့ကို ဒီလောက် ပေးပါ။
ငါ့ကို ဤမျှ ပေးပါ။
သူ ဟိုလို လုပ်တယ်။
သူ ထိုသို့ လုပ်သည်။
ဟိုကိစ္စကို ငါ မသိဘူး။
ထိုကိစ္စကို ငါ မသိပါ။
ခဏ စောင့်ပါ။
ခေတ္တ စောင့်ပါ။
လာမယ့် တနင်္ဂနွေနေ့မှာ တွေ့မယ်။
လာမည့် တနင်္ဂနွေနေ့တွင် တွေ့မည်။
ချောတဲ့ မိန်းကလေး ဖြစ်တယ်။
ချောသည့် မိန်းကလေး ဖြစ်သည်။
ငါ လာပါဦးမယ်။
ငါ လာပါဦးမည်။
မင်း မချစ်လဲ ရတယ်။
မင်း မချစ်သော်လည်း ရသည်။
မင်း မလာရင် ငါ သွားမယ်။
မင်း မလာလျှင် ငါ သွားမည်။
သူ မသိတာကလွဲလို့ အကုန်တတ်တယ်။
သူ မသိသည်မှလွဲ၍ အကုန်တတ်သည်။
ကျောင်းပိတ်ရက်မှာ အနားယူမယ်။
ကျောင်းပိတ်ရက်တွင် အနားယူမည်။
သူ အဝေးကြီးက လာတယ်။
သူ အဝေးမှ လာသည်။
ငါ့သူငယ်ချင်းက စာတော်တယ်။
ငါ့သူငယ်ချင်းသည် စာတော်သည်။
ဒီပန်းက လှတယ်။
ဤပန်းသည် လှသည်။
မင်း ဘာဝယ်သလဲ။
မင်း မည်သည်ကို ဝယ်သနည်း။
သူ စာဖတ်နေတာကို ငါ မြင်တယ်။
သူ စာဖတ်နေသည်ကို ငါ မြင်သည်။
စာအုပ်ဆိုတာ အသိပညာ ပေးတယ်။
စာအုပ်ဆိုသည်မှာ အသိပညာ ပေးသည်။
ငါ စာရေးတာကို ဝါသနာပါတယ်။
ငါ စာရေးခြင်းကို ဝါသနာပါသည်။
သူ အိပ်ပျော်နေတာ။
သူ အိပ်ပျော်နေခြင်းဖြစ်သည်။
ငါ အလုပ်လုပ်ရတာ ပျော်တယ်။
ငါ အလုပ်လုပ်ရသည်မှာ ပျော်သည်။
သူမ မုန့်စားလို့ မပြီးသေးဘူး။
သူမ မုန့်စား၍ မပြီးသေးပေ။
လူတွေ သွားလာနေကြတယ်။
လူများ သွားလာနေကြသည်။
ဟိုလို မလုပ်ပါနဲ့။
ထိုသို့ မလုပ်ပါနှင့်။
မင်း ဘယ်လို လုပ်မလဲ။
မင်း မည်သို့ လုပ်မည်နည်း။
မောင်မောင် ဘယ်အချိန် ရောက်မလဲ။
မောင်မောင် မည်သည့်အချိန် ရောက်မည်နည်း။
အခု ငါ စာဖတ်မယ်။
ယခု ငါ စာဖတ်မည်။
မနေ့က ငါ အိမ်မှာပဲ နေတယ်။
ယမန်နေ့က ငါ အိမ်၌ပင် နေသည်။
အဖေ အလုပ်က ပြန်လာမယ်။
ဖခင် အလုပ်မှ ပြန်လာမည်။
အမေ ဈေးသွားတယ်။
မိခင် ဈေးသွားသည်။
သူမက လျှင်လျှင်မြန်မြန် ပြေးတယ်။
သူမသည် လျှင်မြန်စွာ ပြေးသည်။
မောင်မောင်က ဖြည်းဖြည်းချင်း လမ်းလျှောက်တယ်။
မောင်မောင်သည် ဖြည်းညင်းစွာ လမ်းလျှောက်သည်။
သူက ပျော်ပျော်ရွှင်ရွှင် နေတတ်တယ်။
သူသည် ပျော်ရွှင်စွာ နေတတ်သည်။
မင်း တန်းတန်းမတ်မတ် မတ်တပ်ရပ်ပါ။
မင်း တည့်မတ်စွာ မတ်တပ်ရပ်ပါ။
သူမက သေသေချာချာ လုပ်တယ်။
သူမသည် သေချာစွာ လုပ်သည်။
မင်း အများကြီး စားတယ်။
မင်း များစွာ စားသည်။
သူ စောစော ထတယ်။
သူ စောစွာ ထသည်။
ဆရာက စာအုပ် ပေးတယ်။
ဆရာသည် စာအုပ် ပေးသည်။
သူ ကားနဲ့ သွားတယ်။
သူ ကားဖြင့် သွားသည်။
မင်း ဘာဖြစ်လို့ ငိုတာလဲ။
မင်း အဘယ်ကြောင့် ငိုသနည်း။
သူ ရောက်မလာဘူး ဘာဖြစ်လို့လဲဆိုတော့ အလုပ်ရှုပ်လို့။
သူ ရောက်မလာပေ အဘယ်ကြောင့်ဆိုသော် အလုပ်ရှုပ်သောကြောင့်ဖြစ်သည်။
ငါ စာမေးပွဲ အောင်ဖို့ ကြိုးစားမယ်။
ငါ စာမေးပွဲ အောင်ရန် ကြိုးစားမည်။
သူ့ဆီက စာအုပ် ငှားတယ်။
သူ့ထံမှ စာအုပ် ငှားသည်။
သူမဆီ သွားလိုက်ပါ။
သူမထံ သွားလိုက်ပါ။
အိမ်ထဲမှာ ဆော့နေကြတယ်။
အိမ်အတွင်း၌ ဆော့နေကြသည်။
ဒါပြင် သူက စာလည်း တော်သေးတယ်။
ထိုပြင် သူသည် စာလည်း တော်သေး၏။
တကယ်လို့ မိုးရွာရင် ငါ မလာဘူး။
အကယ်၍ မိုးရွာလျှင် ငါ မလာပါ။
ဒီနေ့ ရာသီဥတု သာယာတယ်။
ယနေ့ ရာသီဥတု သာယာသည်။
သူမ ခဏ နားမယ်။
သူမ ခေတ္တ နားမည်။
လာမယ့် လမှာ ငါ ခရီးသွားမယ်။
လာမည့် လတွင် ငါ ခရီးသွားမည်။
တော်တဲ့ ကျောင်းသား ဖြစ်တယ်။
တော်သည့် ကျောင်းသား ဖြစ်သည်။
ကျွန်တော်က ကျောင်းသား။
ကျွန်တော်သည် ကျောင်းသားဖြစ်သည်။