id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
10,401 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဒုက္ခသည်သာ (ကံစသော အကြောင်းလေးပါးဖြင့်) ပြီးပါသလော။ |
10,402 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အကြင်တရားသည် မမြဲ၊ ထိုတရားသည် ဆင်းရဲ၏”ဟု မြတ်စွာဘုရားသည် ရုပ်ကို မမြဲဟူ၍ ဟောအပ်သည် မဟုတ်ပါလော။ |
10,403 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ‘အကြင်တရားသည် မမြဲ၊ ထိုတရားသည် ဆင်းရဲ၏’ဟု မြတ်စွာဘုရားသည် ရုပ်ကို မမြဲဟူ၍ ဟောအပ်ခဲ့ပါမူ “ဒုက္ခသည်သာလျှင် (ကံစသော အကြောင်းလေးပါးဖြင့်) ပြီး၏”ဟူ၍ မဆိုသင့်။ |
10,404 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၉၁၈။ သကဝါဒီ။ |
10,405 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စက္ခာ ယတနသည်။ |
10,406 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဓမ္မာယတနသည်။ |
10,407 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စက္ခုဓာတ်သည်။ |
10,408 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဓမ္မဓာတ်သည်။ |
10,409 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စက္ခုန္ဒြေသည်။ |
10,410 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ အညာတာဝိန္ဒြေသည် (ကံစသော အကြောင်းလေးပါးဖြင့်) မပြီးသည် မဟုတ်ပါလော။ |
10,411 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အညာတာဝိန္ဒြေသည် အနိစ္စမဟုတ်သော တရားလော။ |
10,412 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဖောက်ပြန်ပျက်စီးခြင်း သဘော မရှိသော တရားလော။ |
10,413 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အညာတာဝိန္ဒြေသည် မမြဲသည် ပြုပြင်အပ်သည်။ |
10,414 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဖောက်ပြန်ပျက်စီးခြင်း သဘောရှိသည် မဟုတ်ပါလော။ |
10,415 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ အညာတာဝိန္ဒြေသည် မမြဲသည်၊ ပြုပြင်အပ်သည်၊ အကြောင်းကို စွဲ၍ ဖြစ်သည်၊ ကုန်ခန်းခြင်းသဘောရှိသည်၊ ပျက်စီးခြင်းသဘောရှိသည်၊ ကင်းပြတ်ခြင်းသဘောရှိသည်၊ ချုပ်ငြိမ်းခြင်းသဘောရှိသည်၊ ဖောက်ပြန်ပျက်စီးခြင်းသဘော ရှိသည် ဖြစ်ခဲ့မူ “အညာတာဝိန္ဒြေသည် (ကံစသော အကြောင်းလေးပါးဖြင့်) မပြီး”ဟူ၍ မဆိုသင့်။ |
10,416 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ‘အကြင်တရားသည် မမြဲ၊ ထိုတရားသည် ဆင်းရဲ၏’ဟု မြတ်စွာဘုရားသည် အညာတာဝိန္ဒြေကို မမြဲဟူ၍ ဟောအပ်သည် မဟုတ်ပါလော။ |
10,417 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ‘အကြင်တရားသည် မမြဲ၊ ထိုတရားသည် ဆင်းရဲ၏’ဟု မြတ်စွာဘုရားသည် အညာတာဝိန္ဒြေကို မမြဲဟူ၍ ဟောအပ်ခဲ့ပါမူ “ဒုက္ခသည်သာ (ကံစသော အကြောင်းလေးပါးဖြင့်) ပြီး၏”ဟူ၍ မဆိုသင့်။ |
10,418 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ “ဒုက္ခမေဝ ဟိ သမ္ဘောတိ၊ ဒုက္ခံ တိဋ္ဌတိ ဝေတိ စ။ |
10,419 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | နာညတြ ဒုက္ခာ သမ္ဘောတိ၊ နာညံ ဒုက္ခံ နိရုဇ္ဈတိ။ |
10,420 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ” ဟူသော စကားတော်ကို အမှီပြု၍ ဒုက္ခသစ္စာသည်သာလျှင် အကြောင်းတို့ဖြင့် ပြီးသည် မည်၏၊ ကြွင်းသော ခန္ဓာ အာယတန ဓာတ် ဣန္ဒြေတရားတို့သည် အကြောင်းတို့ကြောင့် ပြီးသည် မမည်ကုန်ဟု အယူရှိကြကုန်သော ဥတ္တရာပထဂိုဏ်းဝင် အချို့နှင့် ဟေတုဝါဒရှိသူ ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။ |
10,421 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အပရိနိပ္ဖန္နကထာ ပြီး၏။ |
10,422 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တေဝီသတိမဝဂ် ပြီး၏။ |
10,423 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပဉ္စတ္တိံသဘာဏဝါရ ပြီး၏။ |
10,424 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကထာဝတ္ထုပါဠိတော် မြန်မာပြန် ပြီးပြီ။ |
10,425 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃-တတိယဝဂ် (၂၁) ၁-ဗလကထာ၁ |
10,426 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃၅၄။ သကဝါဒီ။ |
10,427 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ မြတ်စွာဘုရား၏ အားအစွမ်းသည် တပည့်'သာဝက'တို့နှင့် ဆက်ဆံပါသလော။ |
10,428 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် ဆက်ဆံပါ၏။ |
10,429 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မြတ်စွာဘုရား၏ အားအစွမ်းသည် တပည့်'သာဝက'တို့၏ အားအစွမ်းလော၊ တပည့်သာဝကတို့၏ အားအစွမ်းသည် မြတ်စွာဘုရား၏ အားအစွမ်းလော။ |
10,430 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မြတ်စွာဘုရား၏ အားအစွမ်းသည် တပည့်'သာဝက'တို့နှင့် ဆက်ဆံပါသလော။ |
10,431 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ထိုမြတ်စွာဘုရား၏ အားအစွမ်းသည်ပင် ထိုတပည့် ‘သာဝက'တို့၏ အားအစွမ်းလော၊ ထိုတပည့် ‘သာဝက'တို့၏ အားအစွမ်းသည်ပင် ထိုမြတ်စွာဘုရား၏ အားအစွမ်းလော။ |
10,432 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မြတ်စွာဘုရား၏ အားအစွမ်းသည် အကြင်သို့သဘောရှိ၏၊ တပည့်'သာဝက'တို့၏အားအစွမ်းသည်လည်း ထိုသို့သဘောရှိသလော၊ တပည့် ‘သာဝက'တို့၏ အားအစွမ်းသည် အကြင်သို့သဘောရှိ၏၊ မြတ်စွာဘုရား၏ အားအစွမ်းသည်လည်း ထိုသို့သဘောရှိသလော။ |
10,433 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မြတ်စွာဘုရား၏ ရှေးကအားထုတ်မှု ရှေးကကျင့်မှု တရားဟောပြောမှု တရားပြသမှုသည် အကြင်သို့သဘောရှိ၏၊ တပည့်သာဝက'တို့၏ ရှေးကအားထုတ်မှု ရှေးကကျင့်မှု တရားဟောပြောမှုတရားပြသမှု သည်လည်း ထိုသို့သဘောရှိပါသလော။ |
10,434 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မြတ်စွာဘုရားသည် မာရ်ငါးပါးတို့ကို အောင်မြင်ပါသလော၊ လူနတ်တို့ကို ဆုံးမတတ်ပါသလော၊ မဖောက်မပြန်ကိုယ်တိုင် (သိဖွယ်တရားတို့ကို) သိပါသလော၊ အလုံးစုံကို သိပါသလော၊ အလုံးစုံကို မြင်ပါသလော၊ တရားကြောင့် (လူနတ်တို့၏) အရှင်သခင်ဖြစ်ပါသလော၊ တရားကြောင့် (လူနတ်တို့၏) ကိုးကွယ်ရာ ဖြစ်ပါသလော။ |
10,435 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | တပည့် ‘သာဝက'သည်လည်း မာရ်ငါးပါးတို့ကို အောင်မြင်ပါသလော၊ လူနတ်တို့ကိုဆုံးမတတ်ပါသလော၊ မဖောက်မပြန် ကိုယ်တိုင် (သိဖွယ်တရားတို့ကို) သိပါသလော၊ အလုံးစုံကို သိပါသလော၊ အလုံးစုံကို မြင်ပါသလော၊ တရားကြောင့် (လူနတ်တို့၏) အရှင်သခင်ဖြစ်ပါသလော၊ တရားကြောင့် (လူနတ်တို့၏) ကိုးကွယ်ရာ ဖြစ်ပါသလော။ |
10,436 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မြတ်စွာဘုရားသည် မဖြစ်ဖူးသေးသော မဂ်ကို ဖြစ်စေပါသလော၊ မပေါ်ပေါက် သေးသောမဂ်ကို ပေါ်ပေါက်စေပါသလော၊ မဟောကြားဖူးသေးသော မဂ်ကို ဟောကြားပါသလော၊ မဂ်ကိုသိပါသလော၊ မဂ်ကို နားလည်ပါသလော၊ မဂ်၌ ကျွမ်းကျင်ပါသလော။ |
10,437 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | တပည့် ‘သာဝက'သည်လည်း မဖြစ်ဖူးသေးသော မဂ်ကို ဖြစ်စေပါသလော၊ မပေါ်ပေါက်ဖူးသေးသော မဂ်ကို ပေါ်ပေါက်စေပါသလော၊ မဟောကြားဖူးသေးသော မဂ်ကို ဟောကြားပါသလော၊ မဂ်ကို သိပါသလော၊ မဂ်ကို နားလည်ပါသလော၊ မဂ်၌ ကျွမ်းကျင်ပါသလော။ |
10,438 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဣန္ဒြေအနုအရင့်ကိုဟုတ်မှန်စွာ သိသော မြတ်စွာဘုရား၏ အားအစွမ်းသည် တပည့် ‘သာဝက’ တို့နှင့် ဆက်ဆံပါသလော။ |
10,439 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | တပည့် ‘သာဝက'သည် အလုံးစုံကို သိပါသလော၊ အလုံးစုံကို မြင်ပါသလော။ |
10,440 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃၅၅။ ပရဝါဒီ။ |
10,441 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ တပည့် ‘သာဝက'သည် အကြောင်းဟုတ်သည် အကြောင်း မဟုတ်သည်ကိုသိနိုင်ပါသလော။ |
10,442 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် သိနိုင်ပါ၏။ |
10,443 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ တပည့်'သာဝက'သည် အကြောင်းဟုတ်သည် မဟုတ်သည်ကို သိနိုင်ခဲ့ပါမူ ထိုအကြောင်းကြောင့် အကြောင်းဟုတ်သည် အကြောင်း မဟုတ်သည်ကိုဟုတ်မှန်စွာ သိသော မြတ်စွာဘုရား၏ အားအစွမ်းသည် သာဝကတို့နှင့် ဆက်ဆံ၏ဟူ၍ ဆိုသင့်၏။ |
10,444 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | တပည့်'သာဝက'သည် အတိတ်အနာဂတ်ပစ္စုပ္ပန်ဖြစ်ကုန်သော ဆောက်တည်အပ်သော ကံတို့၏ အကျိုးကို အရာအားဖြင့် အကြောင်းအားဖြင့် သိနိုင်ပါသလော။ |
10,445 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ အကယ်၍ တပည့်'သာဝက'သည် အတိတ်အနာဂတ်ပစ္စုပ္ပန်ဖြစ်ကုန်သော ဆောက်တည်အပ်ကုန်သော ကံတို့၏ အကျိုးကို အရာအားဖြင့် အကြောင်းအားဖြင့် သိနိုင်ခဲ့ပါမူ ထိုအကြောင်းကြောင့် အတိတ်အနာဂတ်ပစ္စုပ္ပန်ဖြစ်ကုန်သော ဆောက်တည်အပ်ကုန်သော ကံတို့၏ အကျိုးကို အရာအားဖြင့် အကြောင်းအားဖြင့်ဟုတ်မှန်စွာ သိသော မြတ်စွာဘုရား၏ အားအစွမ်းသည် တပည့်'သာဝက'... |
10,446 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ တပည့်'သာဝက'သည် အလုံးစုံသော ဘဝနှင့် နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကိုသိနိုင်ပါသလော။ |
10,447 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ တပည့်'သာဝက'သည် အလုံးစုံသော ဘဝနှင့် နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ကို သိနိုင်ခဲ့ပါမူ ထိုအကြောင်းကြောင့် အလုံးစုံသော ဘဝနှင့် နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကိုဟုတ်မှန်စွာ သိသော မြတ်စွာဘုရား၏ အားအစွမ်းသည် တပည့်'သာဝက'တို့နှင့် ဆက်ဆံ၏ဟူ၍ဆိုသင့်၏။ |
10,448 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | တပည့်'သာဝက'သည် များသောဓာတ်သဘာဝ အမျိုးမျိုးသော ဓာတ်သဘာဝရှှိသောလောကကို သိနိုင်ပါသလော။ |
10,449 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ တပည့်'သာဝက'သည် များသော ဓာတ်သဘာဝ အမျိုးမျိုးသော ဓာတ်သဘာဝရှိသော လောကကို သိနိုင်ခဲ့ပါမူ ထိုအကြောင်းကြောင့် များသော ဓာတ်သဘာဝ အမျိုးမျိုးသော ဓာတ်သဘာဝရှိသော လောကကိုဟုတ်မှန်စွာ သိသော မြတ်စွာဘုရား၏ အားအစွမ်းသည် တပည့်'သာဝက'တို့နှင့် ဆက်ဆံ၏ဟူ၍ ဆိုသင့်၏။ |
10,450 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | တပည့် ‘သာဝက'သည် သတ္တဝါတို့၏ အမျိုးမျိုးသော နှလုံးသွင်းရှိကုန်သည်၏ အဖြစ်ကိုသိနိုင်ပါသလော။ |
10,451 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ တပည့် ‘သာဝက'သည် သတ္တဝါတို့၏ အမျိုးမျိုးသော နှလုံးသွင်းရှှိကုန်သည်၏ အဖြစ်ကို သိနိုင်ခဲ့ပါမူ ထိုအကြောင်းကြောင့် သတ္တဝါတို့၏ အမျိုးမျိုးသော နှလုံးသွင်းရှိကုန်သည်၏ အဖြစ်ကိုဟုတ်မှန်စွာ သိသော မြတ်စွာဘုရား၏ အားအစွမ်းသည် တပည့်'သာဝက'တို့နှင့်ဆက်ဆံ၏ဟူ၍ ဆိုသင့်၏။ |
10,452 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | တပည့်'သာဝက'သည် ဈာန်ဝိမောက္ခ သမာဓိ သမာပတ်တို့၏ ညစ်နွမ်းခြင်းကိုလည်းကောင်း၊ ဖြူစင်ခြင်းကိုလည်းကောင်း၊ ထမြောက်ခြင်းကိုလည်းကောင်း သိနိုင်ပါသလော။ |
10,453 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ တပည့်'သာဝက'သည် ဈာန်ဝိမောက္ခ သမာဓိ သမာပတ်တို့၏ညစ်နွမ်းခြင်းကိုလည်းကောင်း၊ ဖြူစင်ခြင်းကိုလည်းကောင်း၊ ထမြောက်ခြင်းကိုလည်းကောင်း သိနိုင်ခဲ့ပါမူ ထိုအကြောင်းကြောင့် ဈာန်ဝိမောက္ခ သမာဓိ သမာပတ်တို့၏ ညစ်နွမ်းခြင်းကိုလည်းကောင်း၊ ဖြူစင်ခြင်းကို လည်းကောင်း၊ ထမြောက်ခြင်းကိုလည်းကောင်းဟုတ်မှန်စွာ သိသော မြတ်စွာဘုရား၏အားအစွမ... |
10,454 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | တပည့် ‘သာဝက'သည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို သိနိုင်ပါသလော။ |
10,455 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ တပည့် ‘သာဝက'သည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို သိနိုင်ခဲ့ပါမူ ထိုအကြောင်းကြောင့် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကိုဟုတ်မှန်စွာ သိသော မြတ်စွာဘုရား၏ အားအစွမ်းသည် တပည့် ‘သာဝက’ တို့နှင့် ဆက်ဆံ၏ဟူ၍ ဆိုသင့်၏။ |
10,456 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | တပည့် ‘သာဝက'သည် သတ္တဝါတို့၏ စုတိပဋိသန္ဓေကို သိနိုင်ပါသလော။ |
10,457 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဩော် သိနိုင်ပါ၏။ |
10,458 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ တပည့် ‘သာဝက'သည် သတ္တဝါတို့၏ စုတိပဋိသန္ဓေကို သိနိုင်ခဲ့ပါမူ ထိုအကြောင်းကြောင့် သတ္တဝါတို့၏ စုတိပဋိန္ဓေကိုဟုတ်မှန်စွာ သိသော မြတ်စွာဘုရား၏ အားအစွမ်းသည်တပည့် ‘သာဝက'တို့နှင့် ဆက်ဆံ၏ဟူ၍ ဆိုသင့်၏။ |
10,459 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မြတ်စွာဘုရား၏ အာသဝတို့သည်လည်း ကုန်ခန်းကုန်ပြီး မဟုတ်ပါလော၊ တပည့်'သာဝက'၏ အာသဝတို့သည်လည်း ကုန်ခန်းကုန်ပြီး မဟုတ်ပါလော။ |
10,460 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မြတ်စွာဘုရား၏လည်းကောင်း၊ တပည့်'သာဝက'၏လည်းကောင်း၊ အာသဝေါကုန်ခန်းမှုနှင့်အာသဝေါကုန်ခန်းမှုသည်လည်းကောင်း၊ လွတ်မြောက်မှု (အရဟတ္တဖိုလ်) နှင့်လွတ်မြောက်မှု (အရဟတ္တဖိုလ်) သည်လည်းကောင်း (အချင်းချင်း) တစ်စုံတစ်ရာ ထူးခြားချက် ရှိပါသလော။ |
10,461 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မရှိပါ။ |
10,462 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ မြတ်စွာဘုရား၏လည်းကောင်း၊ တပည့် ‘သာဝက'၏လည်းကောင်းအာသဝေါကုန်ခန်းမှုနှင့် အာသဝေါကုန်ခန်းမှုသည်လည်းကောင်း၊ လွတ်မြောက်မှု (အရဟတ္တဖိုလ်) နှင့် လွတ်မြောက်မှု (အရဟတ္တဖိုလ်) သည်လည်းကောင်း (အချင်းချင်း) တစ်စုံတစ်ရာ ထူးခြားချက် မရှိခဲ့ပါမူ ထိုအကြောင်းကြောင့် အာသဝတို့၏ ကုန်ခန်းမှု၌ဟုတ်မှန်စွာ သိသော မြတ်စွာဘုရား၏ အားအစွ... |
10,463 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃၅၆။ ပရဝါဒီ။ |
10,464 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အာသဝတို့၏ ကုန်ခန်းမှု၌ဟုတ်မှန်စွာ သိသော မြတ်စွာဘုရား၏ အားအစွမ်းသည် တပည့်သာဝကတို့နှင့် ဆက်ဆံပါသလော။ |
10,465 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အကြောင်းဟုတ်သည် မဟုတ်သည်၌ဟုတ်မှန်စွာ သိသော မြတ်စွာဘုရား၏ အားအစွမ်းသည် တပည့် ‘သာဝက'တို့နှင့် ဆက်ဆံပါသလော။ |
10,466 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အာသဝတို့၏ ကုန်ခန်းမှု၌ဟုတ်မှန်စွာ သိသော မြတ်စွာဘုရား၏ အားအစွမ်းသည်တပည့် ‘သာဝက'တို့နှင့် ဆက်ဆံပါသလော။ |
10,467 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သတ္တဝါတို့၏ စုတိပဋိသန္ဓေ၌ဟုတ်မှန်စွာ သိသော မြတ်စွာဘုရား၏ အားအစွမ်းသည်တပည့် ‘သာဝက'တို့နှင့် ဆက်ဆံပါသလော။ |
10,468 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အကြောင်းဟုတ်သည် မဟုတ်သည်၌ဟုတ်မှန်စွာ သိသော မြတ်စွာဘုရား၏ အားအစွမ်းသည် တပည့်'သာဝက'တို့နှင့် မဆက်ဆံပါသလော။ |
10,469 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် မဆက်ဆံပါ။ |
10,470 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အာသဝတို့၏ ကုန်ခန်းမှု’၌ဟုတ်မှန်စွာ သိသော မြတ်စွာဘုရား၏ အားအစွမ်းသည်တပည့် ‘သာဝက'တို့နှင့် မဆက်ဆံပါသလော။ |
10,471 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ပရဝါဒီ။ |
10,472 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ သတ္တဝါတို့၏ စုတိပဋိသန္ဓေ၌ဟုတ်မှန်စွာ သိသော မြတ်စွာဘုရား၏ အားအစွမ်းသည်တပည့် ‘သာဝက'တို့နှင့် မဆက်ဆံပါသလော။ |
10,473 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဩော် မဆက်ဆံပါ။ |
10,474 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဣန္ဒြေအနုအရင့်ကိုဟုတ်မှန်စွာ သိသော မြတ်စွာဘုရား၏ အားအစွမ်းသည် တပည့်'သာဝက'တို့နှင့် မဆက်ဆံပါသလော။ |
10,475 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အကြောင်းဟုတ်သည် မဟုတ်သည်၌ဟုတ်မှန်စွာ သိသော မြတ်စွာဘုရား၏ အားအစွမ်းသည် တပည့် ‘သာဝက'တို့နှင့် မဆက်ဆံပါသလော။ |
10,476 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဣန္ဒြေအနုအရင့်ကိုဟုတ်မှန်စွာ သိသော မြတ်စွာဘုရား၏ အားအစွမ်းသည် တပည့်'သာဝက’ တို့နှင့် မဆက်ဆံပါသလော။ |
10,477 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အာသဝတို့၏ ကုန်ခန်းမှု၌ဟုတ်မှန်စွာ သိသော မြတ်စွာဘုရား၏ အားအစွမ်းသည်တပည့် ‘သာဝက'တို့နှင့် မဆက်ဆံပါသလော။ |
10,478 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အကြောင်းဟုတ်သည် မဟုတ်သည်၌ဟုတ်မှန်စွာ သိသော မြတ်စွာဘုရား၏ အားအစွမ်းသည် တပည့်'သာဝက'တို့နှင့် ဆက်ဆံပါသလော။ |
10,479 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဣန္ဒြေအနုအရင့်ကိုဟုတ်မှန်စွာ သိသော မြတ်စွာဘုရား၏ အားအစွမ်းသည်တပည့် ‘သာဝက’ တို့နှင့် ဆက်ဆံပါသလော။ |
10,480 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနုရုဒ္ဓသံယုတ်၌ ‘ဣမေသဉ္စ ပနာဟံ အာဝုသော စတုန္နံ သတိပဋ္ဌာနာနံ ဘာဝိတတ္တာ ဌာနဉ္စ ဌာနတော အဋ္ဌာနဉ္စ အဋ္ဌာနတော ယထာဘူတံ ပဇာနာမိ’ အစရှိကုန်သော သုတ် ဆယ်သုတ်တို့ကို မသင့်မတင့်သောအားဖြင့် ယူဆ၍ မြတ်စွာဘုရား၏ ဒသဗလ ဉာဏ်တော်သည် သာဝကတို့နှင့် ဆက်ဆံ၏ဟု အယူရှိကြကုန်သော အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့၏ အယူကို ပယ်ခြင်းငှါ ဤဗလကထာကို ဟောတော်မူသ... |
10,481 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ မြတ်စွာဘုရား၏ ဒသဗလဉာဏ်တော်သည် သာဝကတို့နှင့် ဆက်ဆံသည်လည်း ရှိ၏၊ မဆက်ဆံသည်လည်း ရှိ၏၊ အာသဝက္ခယဉာဏ်သည် သာဝကတို့နှင့် ဆက်ဆံ၏၊ ဣန္ဒြိယ ပရောပရိယတ္တဣ ဉာဏ်တော်သည် သာဝကတို့နှင့် မဆက်ဆံ၊ ထိုမှ ကြွင်းသော ဉာဏ်သည် ဆက်ဆံ မဆက်ဆံ နှစ်ပါးလုံးပင် ဖြစ်၏၊ မှန်၏- အကြောင်းဟုတ်သည် မဟုတ်သည် စသည်တို့ကို သာဝကတို့သည် တစ်စိတ်တစ်ဒေသအားဖြင့် သိကု... |
10,482 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃။ အကျယ်အားဖြင့် ခပ်သိမ်းသော အခြင်းအရာလျှင် တည်ရာရှိသည်၏ အဖြစ်ကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
10,483 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄။ အကျဉ်းအားဖြင့် အကြောင်းဟုတ်သည် မဟုတ်သည်၏ အဖြစ်မျှကို သိသည်၏ အစွမ်းအားဖြင့် ဝန်ခံပြန်သည်။ |
10,484 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- (၂၂) ၂-အရိယန္တိကထာ၁ |
10,485 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃၅၇။ သကဝါဒီ။ |
10,486 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အကြောင်းဟုတ်သည် မဟုတ်သည်၌ဟုတ်မှန်စွာ သိသော မြတ်စွာဘုရား၏အားအစွမ်းသည် အရိယာလော။ |
10,487 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | (ထိုအရိယာသည်) မဂ်လော၊ ဖိုလ်လော၊ နိဗ္ဗာန်လော၊ သောတာပတ္တိမဂ်လော၊ သောတာပတ္တိဖိုလ်လော၊ သကဒါဂါမိမဂ်လော၊ သကဒါဂါမိဖိုလ်လော၊ အနာဂါမိမဂ်လော၊ အနာဂါမိဖိုလ်လော၊ အရဟတ္တမဂ်လော၊ အရဟတ္တဖိုလ်လော၊ သတိပဋ္ဌာန်လော၊ သမ္မပ္ပဓာန်လော၊ ဣဒ္ဓိပါဒ်လော၊ ဣန္ဒြေလော၊ ဗိုလ်လော၊ ဗောဇ္ဈင်လော။ |
10,488 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အကြောင်းဟုတ်သည် မဟုတ်သည်၌ဟုတ်မှန်စွာ သိသော မြတ်စွာဘုရား၏ အားအစွမ်းသည် အရိယာလော။ |
10,489 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | (ထိုအရိယာသည်) သတ္တဝါသင်္ခါရတို့မှ ဆိတ်သုဉ်းမှု ‘သုညတ'အာရုံ ရှိသလော။ |
10,490 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အကြောင်းဟုတ်သည် မဟုတ်သည်ကိုလည်း နှလုံးသွင်းပါသလော၊ သတ္တဝါသင်္ခါရတို့မှဆိတ်သုဉ်းမှု ‘သုညတ'ကိုလည်း နှလုံးသွင်းပါသလော။ |
10,491 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အကြောင်းဟုတ်သည် မဟုတ်သည်ကိုလည်း နှလုံးသွင်းပါသလော၊ သတ္တဝါသင်္ခါရတို့မှဆိတ်သုဉ်းမှု ‘သုညတ'ကိုလည်း နှလုံးသွင်းပါသလော။ |
10,492 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဖဿနှစ်ပါးတို့၏ စိတ်နှစ်ပါးတို့၏ ပေါင်းဆုံမှုသည် ဖြစ်ပါသလော။ |
10,493 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အကြောင်းဟုတ်သည် မဟုတ်သည်၌ဟုတ်မှန်စွာ သိသော မြတ်စွာဘုရား၏ အားအစွမ်းသည် အရိယာလော။ |
10,494 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | (ထိုအရိယာသည်) နိမိတ် မရှိမှု ‘အနိမိတ္တ'အာရုံ ရှိပါသလော။ |
10,495 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ တောင့်တခြင်း ကင်းမှု'အပ္ပဏိဟိတ'အာရုံ ရှိပါသလော။ |
10,496 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ တောင့်တခြင်း ကင်းမှု ‘အပ္ပဏိဟိတ’ဟူသော အာရုံရှိပါသလော။ |
10,497 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အကြောင်းဟုတ်သည် မဟုတ်သည်ကိုလည်း နှလုံးသွင်းပါသလော၊ တောင့်တခြင်း ကင်းမှု'အပ္ပဏိဟိတ'ကိုလည်း နှလုံးသွင်းပါသလော။ |
10,498 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အကြောင်းဟုတ်သည် မဟုတ်သည်ကိုလည်း နှလုံးသွင်းပါသလော၊ တောင့်တခြင်းကင်းမှု ‘အပ္ပဏိဟိတ'ကိုလည်း နှလုံးသွင်းပါသလော။ |
10,499 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဖဿနှစ်ပါးတို့၏ စိတ်နှစ်ပါးတို့၏ ပေါင်းဆုံမှုသည် ဖြစ်ပါသလော။ |
10,500 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃၅၈။ သကဝါဒီ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.