id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,340,001 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသူသည် ထိုတံခါးပွင့်ရာသို့ လျင်သောအဟုန်ဖြင့် ပြေးသွား၏၊ လျင်သောအဟုန်ဖြင့် ပြေးသွားသော ထိုသူ၏ အရေပါးကိုလည်း လောင်၏၊ အရေထူကိုလည်း လောင်၏၊ အသားကိုလည်း လောင်၏၊ အကြောကိုလည်း လောင်၏၊ အရိုးတို့သည်လည်း အခိုးထွက်ကုန်၏၊ ခြေကြွ သောအခါမှာ ခြေနင်းသောအခါကဲ့သို့ပင် လောင်၏။ |
1,340,002 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုသူသည် နှစ်ပေါင်းများစွာ ကြာမြင့်မှ ရောက်၏၊ ထိုအခါ ထိုတောင်တံခါးသည် ပိတ်၏။ |
1,340,003 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသူသည် ထိုတံခါးပိတ်ရာ၌ ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် နာကျင်ကုန်သော ဝေဒနာတို့ကို ခံစားရ၏၊ ထိုမကောင်းမှုကံ မကုန်ဆုံးသေးသမျှ မသေ။ |
1,340,004 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | လျင်သော အဟုန်ဖြင့် ပြေးသွားသော ထိုသူ၏ အရေပါးကိုလည်း လောင်၏၊ အရေထူကိုလည်း လောင်၏၊ အသား ကိုလည်း လောင်၏၊ အကြောကိုလည်း လောင်၏၊ အရိုးတို့သည်လည်း အခိုးထွက်ကုန်၏၊ ခြေကြွသော အခါမှာ ခြေနင်းသော အခါကဲ့သို့ပင် လောင်၏၊ ထိုသူသည် ထိုတံခါးဖြင့် ထွက်၏။ |
1,340,005 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၂၆၉။ ရဟန်းတို့ ထိုငရဲကြီး၏ အခြားမဲ့၌ စပ်လျက်တည်သော ကြီးစွာသော ဘင်ပုပ်ငရဲသည် ရှိ၏၊ ထိုသူသည် ထိုဘင်ပုပ်ငရဲ၌ ကျ၏။ |
1,340,006 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုငရဲ၌ အပ်နှင့်တူသော နှုတ်သီးရှိကုန်သော ပိုးတို့သည် အရေပါးကို ဖြတ်ကုန်၏၊ အရေပါးကို ဖြတ်ပြီး၍ အရေထူကို ဖြတ်ကုန်၏၊ အရေထူကို ဖြတ်ပြီး၍့အသားကို ဖြတ်ကုန်၏၊ အသားကို ဖြတ်ပြီး၍ အကြောကို ဖြတ်ကုန်၏၊ အကြောကို ဖြတ်ပြီး၍ အရိုးကို ဖြတ်ကုန်၏၊ အရိုးကို ဖြတ်ပြီး၍ ရိုးတွင်းခြင်ဆီကို စားကုန်၏၊ ထိုသူသည် ထိုဘင်ပုပ်ငရဲ၌ ဆင်းရဲကုန... |
1,340,007 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုဘင်ပုပ်ငရဲ၏ အခြားမဲ့၌ စပ်လျက်တည်သော ကြီးစွာသော ပြာပူငရဲသည် ရှိ၏၊ ထိုသူသည် ပြာပူငရဲ၌ ကျ၏။ |
1,340,008 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသူသည် ထိုပြာပူငရဲ၌ ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် နာကျင်ကုန်သော ဝေဒနာတို့ကို ခံစားရ၏၊ ထိုမကောင်းမှုကံ မကုန်ဆုံးသေးသမျှ မသေ။ |
1,340,009 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၂) ရဟန်းတို့ ထိုပြာပူငရဲ၏ အခြားမဲ့၌ စပ်လျက်တည်သော ကြီးစွာသော လက်ပံတောငရဲသည် အမြင့်အားဖြင့် တစ်ယူဇနာမြင့်၏၊ ရဲရဲပြောင်ပြောင် တောက်လောင်သော မီးလျှံနှင့်တကွသော မီးခိုးနှင့်တကွ သော တစ်ဆယ့်ခြောက်လက်သစ် အတိုင်းအရှည်ရှိသော ဆူးရှိ၏၊ ထိုလက်ပံပင်သို့ တက်လည်း တက်စေ ကုန်၏၊ ဆင်းလည်း ဆင်းစေကုန်၏၊ ထိုသူသည် ထိုငရဲ၌ ဆင်းရဲကုန် ပြင်းထန... |
1,340,010 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၃) ရဟန်းတို့ ထိုလက်ပံတောငရဲ၏ အခြားမဲ့၌ စပ်လျက်တည်သော ကြီးစွာသော သန်လျက်သွား အရွက်ရှိသော (သန်လျက်) တောငရဲသည် ရှိ၏၊ ထိုသူသည် ထိုငရဲ၌ ကျ၏၊ သန်လျက်သွားအရွက်တို့ သည် လေတိုက်ခတ်ကုန်သည်ဖြစ်၍ ကျကုန်သည်ရှိသော် ထိုသူ၏ လက်ကိုလည်း ဖြတ်ကုန်၏၊ ခြေကိုလည်း ဖြတ်ကုန်၏၊ လက်ခြေကိုလည်း ဖြတ်ကုန်၏၊ နားကိုလည်း ဖြတ်ကုန်၏၊ နှာခေါင်းကိုလည်း ဖြတ... |
1,340,011 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၄) ရဟန်းတို့ ထိုသန်လျက်သွားအရွက်ရှိသော (သန်လျက်) တောငရဲ၏ အခြားမဲ့၌ စပ်လျက်တည်သော ကြီးစွာသော ကြိမ်ပိုက်ချောင်းမည်သော ကြေးနီမြစ်ငရဲသည် ရှိ၏၊ ထိုသူသည် ထိုငရဲ၌ ကျ၏။ |
1,340,012 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသူသည် ထိုငရဲ၌ အကြေသို့လည်း မျော၏၊ အညာသို့လည်း ဆန်တက်၍ အကြေအညာသို့လည်း အစုန်အဆန် မျော၏၊ ထိုသူသည် ထိုငရဲ၌ ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် နာကျင်ကုန်သော ဝေဒနာတို့ကို ခံစားရ၏၊ ထိုမကောင်းမှုကံ မကုန်ဆုံးသေးသမျှ မသေ။ |
1,340,013 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | (၅) ၂၇၀။ |
1,340,014 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုငရဲကျသူကို ငရဲထိန်းတို့သည် သံမျှားချိတ်ဖြင့် ထုတ်ဆောင်၍ ကုန်း၌ တင်ထားပြီးလျှင် “အမောင်ယောက်ျား သင်ဘာကို အလိုရှိသနည်း”ဟု ဤသို့ မေး၏။ |
1,340,015 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသူသည် “အသျှင် အကျွန်ုပ် ဆာလောင်မွတ်သိပ်ပါ၏”ဟု ဤသို့ ဆို၏။ |
1,340,016 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ငရဲထိန်းတို့သည် ထိုသူကို ရဲရဲပြောင်ပြောင်တောက်လောင်သော မီးလျှံနှင့်တကွသော မီးခိုးနှင့်တကွသော လောလောပူသော သံချွန်ဖြင့် ခံတွင်းကို ဖြဲ၍ ရဲရဲပြောင်ပြောင်တောက်လောင်သော မီးလျှံနှင့်တကွသော မီးခိုးနှင့်တကွသော လောလောပူ သော သံတွေခဲကို ခံတွင်း၌ ထည့်ကြကုန်၏။ |
1,340,017 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသံတွေခဲသည် ထိုသူ၏ နှုတ်ခမ်းကိုလည်း လောင်၏၊ ခံတွင်းကိုလည်း လောင်၏၊ လည်ချောင်းကိုလည်း လောင်၏၊ ရင်ကိုလည်း လောင်၏၊ အူမကိုလည်း ကောင်း၊ အူသိမ်ကိုလည်းကောင်း ယူ၍ အောက်အဖို့မှ ထွက်၏။ |
1,340,018 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသူသည် ထိုငရဲ၌ ဆင်းရဲကုန် ပြင်း ထန်ကုန် ကြမ်းတမ်းကုန် နာကျင်ကုန်သော ဝေဒနာတို့ကို ခံစားရ၏၊ ထိုမကောင်းမှုကံ မကုန်ဆုံး သေးသမျှ မသေ။ |
1,340,019 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ထိုငရဲကျသူကို ငရဲထိန်းတို့သည် “အမောင်ယောက်ျား သင်ဘာကို အလိုရှိသနည်း”ဟု ဤသို့ မေး၏။ |
1,340,020 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသူသည် “အသျှင် အကျွန်ုပ် ရေမွတ်သိပ်ပါ၏”ဟု ဤသို့ ဆို၏။ |
1,340,021 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ငရဲထိန်း တို့သည် ထိုသူကို ရဲရဲပြောင်ပြောင် တောက်လောင်သော မီးလျှံနှင့်တကွသော မီးခိုးနှင့်တကွသော လော လောပူသော သံချွန်ဖြင့် ခံတွင်းကို ဖြဲ၍ ရဲရဲပြောင်ပြောင် တောက်လောင်သော မီးလျှံနှင့်တကွသော မီးခိုး့နှင့်တကွသော လောလောပူသော ကြေးနီရည်ကို ခံတွင်း၌ လောင်းကုန်၏။ |
1,340,022 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုကြေးနီရည်သည် ထိုသူ၏ နှုတ်ခမ်းကိုလည်း လောင်၏၊ ခံတွင်းကိုလည်း လောင်၏၊ လည်ချောင်းကိုလည်း လောင်၏၊ ရင်ကိုလည်း လောင်၏၊ အူမကိုလည်းကောင်း အူသိမ်ကိုလည်းကောင်း ယူ၍ အောက်အဖို့မှ ထွက်၏။ |
1,340,023 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသူသည် ထိုငရဲ၌ ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် နာကျင်ကုန်သော ဝေဒနာတို့ကို ခံစားရ၏၊ ထိုမကောင်းမှုကံ မကုန်ဆုံးသေးသမျှ မသေ။ |
1,340,024 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ငရဲထိန်းတို့သည် ထိုသူကို ငရဲကြီး၌ တစ်ဖန် ပစ်ချကြကုန်၏။ |
1,340,025 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား ယမမင်းအား ဤသို့ အကြံဖြစ်၏ “အချင်းတို့ လောက၌ ယုတ်ညံ့သော အကုသိုလ်အမှုကို ပြုကုန်သော သူတို့သည် ဤသို့သဘောရှိကုန်သော ညှဉ်းပန်းမှု အမျိုး မျိုးတို့ကို ပြုလုပ်ခံရကုန်၏။ |
1,340,026 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ငါသည် လူအဖြစ်ကို ရပါမူ လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တိုင် သိတော်မူသော မြတ်စွာဘုရားသည် ပွင့်ထွန်းပါမူ ငါသည်လည်း ထိုမြတ်စွာဘုရားကို ဆည်းကပ်ရပါမူ ထိုမြတ်စွာဘုရားလည်း ငါ့အား တရားဟောပါမူ ငါသည်လည်း ထိုမြတ်စွာဘုရား၏ တရားတော်ကို သိရပါမူ ကောင်းလေစွ”ဟု ဤသို့ အကြံဖြစ်၏။ |
1,340,027 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ရဟန်းတို့ ငါသည် ထိုစကားကို တစ်ပါးသော သမဏ၏လည်းကောင်း၊ ဗြာဟ္မဏ၏လည်းကောင်း အထံမှ ကြား၍ ဟောသည် မဟုတ်၊ စင်စစ်မှာမူ ကိုယ်တိုင်သိ ကိုယ်တိုင်မြင် ကိုယ်တိုင်ထိုးထွင်း၍ သိသော အကြောင်းကိုသာလျှင် ဟော၏ဟု (မိန့်တော်မူ၏)။ |
1,340,028 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၂၇၁။ မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ |
1,340,029 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူပြီးနောက် ဤစကားကို မိန့်တော်မူ ပြန်၏ - |
1,340,030 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | “နတ်တို့၏တမန် ငါးတန်သော နိမိတ်တို့သည် တိုက်တွန်းအပ်ပါကုန်လျက် မေ့ လျော့နေကုန်သော သတ္တဝါတို့သည် ယုတ်ညံ့သော အတ္တဘောနှင့် ပြည့်စုံကုန်၍ ရှည်စွာသော နေ့ညဉ့်ပတ်လုံး ပူဆွေးရကုန်၏။ |
1,340,031 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤလောက၌ သူတော်ကောင်းအစစ် ထင်ရှားဖြစ်ကုန်သော သူတို့သည် နတ်တို့၏ တမန် ငါးတန်သော နိမိတ်တို့က တိုက်တွန်းအပ်ကုန်သည်ဖြစ်၍ သူတော် ကောင်းတို့၏ တရား၌ တစ်ရံတစ်ဆစ်မျှ မမေ့လျော့ကုန်။ |
1,340,032 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသူတို့သည် ပဋိသန္ဓေနေခြင်း သေခြင်း၏ ဖြစ်ကြောင်းဖြစ်သော ဥပါဒါန်တရား ၌ ကြောက်စရာဘေးဟု ရှု၍ မစွဲလမ်းဘဲ ပဋိသန္ဓေနေခြင်း သေခြင်း၏ ကုန်ဆုံးရာ နိဗ္ဗာန်၌ လွတ်လွတ်ဝင်ရောက်ကြကုန်၏။ |
1,340,033 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအရိယာပုဂ္ဂိုလ်တို့သည် ဘေးရန်ကင်းငြိမ်းရာသို့ ရောက်ကုန်၍ ချမ်းသာခြင်း ရှိကုန်၏၊ မျက်မှောက်ဘဝ၌ (အလုံးစုံသော ကိလေသာအပူမှ) အေးငြိမ်းတော်မူကုန်၏၊ အလုံးစုံသော ရန်ဘေးကို လွန်ကုန်၏၊ အလုံးစုံသော ဝဋ်ဒုက္ခကို လွန်မြောက် ကုန်၏”ဟု (မိန့်တော်မူ၏)။ |
1,340,034 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဆယ်ခုမြောက် ဒေဝဒူတသုတ် ပြီး၏။ |
1,340,035 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | သုံးခုမြောက် သုညတဝဂ် ပြီး၏။ -- |
1,340,036 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၄-ဝိဘင်္ဂဝဂ် |
1,340,037 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၁-ဘဒ္ဒေကရတ္တသုတ် |
1,340,038 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၂၇၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- |
1,340,039 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ မိန့် တော်မူ၏။ |
1,340,040 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြ့ကုန်၏။ |
1,340,041 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မြတ်စွာဘုရားသည် “ရဟန်းတို့ သင်တို့အား ဘဒ္ဒေကရတ္တ၁ သုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဟောပေအံ့၊ ထိုသုတ်ကို နာကြားကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့”ဟု ဤစကားကို မိန့်တော်မူ၏။ |
1,340,042 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပြီးပြီ၊ အနာဂတ်ခန္ဓာလည်း မရောက်လာသေး။ |
1,340,043 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုထိုဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာရှုသော ထိုပုဂ္ဂိုလ်သည် တွန့်တိုခြင်း ပျက်စီးခြင်းမရှိသော ထိုဝိပဿနာရှုမှုကို အဖန်ဖန်ပွါး များရာ၏။ |
1,340,044 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အဘယ်သူသည် နက်ဖြန်၌ သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင် အားထုတ်သင့်သော ကုသိုလ်ကောင်းမှုအလုပ်ကို ပြုလုပ်သင့်၏၊ ငါတို့မှာ များသော စစ်သည်ရှိသော ထိုသေမင်းနှင့် ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။ |
1,340,045 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့ နေလေ့ရှိသော လွန်စွာ အားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်းမရိ အားထုတ်သော ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။ |
1,340,046 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၂၇၃။ ရဟန်းတို့ အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်လိုက်သနည်း။ |
1,340,047 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ရုပ်အဆင်းရှိသူ ဖြစ်ဖူးပြီ”ဟု ထိုရုပ်၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ |
1,340,048 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ခံစားခြင်း ‘ဝေဒနာ’ ရှိသူ ဖြစ်ခဲ့ဖူး၏”ဟု ထိုဝေဒနာ၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ |
1,340,049 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ် ကောင်းသော မှတ်သားမှု ‘သညာ’ ရှိသူ ဖြစ်ခဲ့ဖူး၏”ဟု ထိုသညာ၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ |
1,340,050 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ပြုပြင်စီရင်မှု ‘သင်္ခါရ’ ရှိသူ ဖြစ်ခဲ့ဖူး၏”ဟု ထို သင်္ခါရ၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ |
1,340,051 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော သိမှု ‘ဝိညာဏ်’ ရှိသူ ဖြစ်ခဲ့ဖူး၏”ဟု ထိုဝိညာဏ်၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ |
1,340,052 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ဤ သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်လိုက်၏။ |
1,340,053 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်သနည်း။ |
1,340,054 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ရုပ်အဆင်းရှိသူ ဖြစ်ခဲ့ဖူး၏”ဟု ထိုရုပ်၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ |
1,340,055 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ခံစားမှု ‘ဝေဒနာ’ ရှိသူ ဖြစ်ခဲ့ဖူး၏”ဟု ထိုဝေဒနာ၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ |
1,340,056 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော မှတ်သားမှု ‘သညာ’ ရှိသူ ဖြစ်ခဲ့ဖူး၏”ဟု ထိုသညာ၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ |
1,340,057 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ပြုပြင်စီရင်မှု ‘သင်္ခါရ’ ရှိသူ ဖြစ်ခဲ့ဖူး၏”ဟု ထိုသင်္ခါရ၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ |
1,340,058 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော သိမှု ‘ဝိညာဏ်’ ရှိသူ ဖြစ်ခဲ့ဖူး၏”ဟု ထိုဝိညာဏ်၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ |
1,340,059 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ဤသို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်။ |
1,340,060 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ အဘယ်သို့လျှင် အနာဂတ်ခန္ဓာကို တောင့်တသနည်း။ |
1,340,061 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “အနာဂတ်ကာလ၌ ဤသို့ နှစ်သက်ဖွယ်ကောင်းသော ရုပ်အဆင်းရှိသူ ဖြစ်လို၏”ဟု ထိုရုပ်၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ |
1,340,062 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ဤသို့ နှစ်သက်ဖွယ်ကောင်းသော ခံစားမှု ‘ဝေဒနာ’ ရှိသူ ဖြစ်လို၏။ |
1,340,063 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ဤသို့ နှစ်သက် ဖွယ်ကောင်းသော မှတ်သားမှု ‘သညာ’ ရှိသူ ဖြစ်လို၏။ |
1,340,064 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့ နှစ်သက်ဖွယ်ကောင်းသော ပြုပြင်စီရင်မှု ‘သင်္ခါရ’ ရှိသူ ဖြစ်လို၏။ |
1,340,065 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “အနာဂတ်ကာလ၌ ဤသို့ နှစ်သက်ဖွယ်ကောင်းသော သိမှု ‘ဝိညာဏ်’ ရှိသူ့ဖြစ်လို၏”ဟု ထိုဝိညာဏ်၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ |
1,340,066 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ဤသို့လျှင် အနာဂတ်ခန္ဓာ ကို တောင့်တ၏။ |
1,340,067 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ အဘယ်သို့လျှင် အနာဂတ်ခန္ဓာကို မတောင့်တသနည်း။ |
1,340,068 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “အနာဂတ်ကာလ၌ ဤသို့ နှစ်သက်ဖွယ်ကောင်းသော ရုပ်အဆင်းရှိသူ ဖြစ်လို၏”ဟု ထိုရုပ်၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ |
1,340,069 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့ နှစ်သက်ဖွယ်ကောင်းသော ခံစားမှု ‘ဝေဒနာ’ ရှိသူ ဖြစ်လို၏။ |
1,340,070 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့ နှစ်သက်ဖွယ်ကောင်းသော မှတ်သားမှု ‘သညာ’ ရှိသူ ဖြစ်လို၏။ |
1,340,071 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “အနာဂတ်ကာလ၌ ဤသို့ နှစ်သက်ဖွယ်ကောင်းသော သိမှု ‘ဝိညာဏ်’ ရှိသူ ဖြစ်လို၏”ဟု ထိုဝိညာဏ်၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ |
1,340,072 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ဤသို့လျှင် အနာဂတ်ခန္ဓာကို မတောင့်တ။ |
1,340,073 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၂၇၅။ ရဟန်းတို့ အဘယ်သို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ တွန့်တိုသနည်း။ |
1,340,074 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ဤ လောက၌ အရိယာတို့ကို ဖူးမြင်လေ့မရှိသော, အရိယာတရား၌ မကျွမ်းကျင်သော, အရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိသော, သူတော်ကောင်းတရား၌ မကျွမ်းကျင်သော, သူတော်ကောင်းတရား၌ မယဉ်ကျေးသော, အကြားအမြင်မရှိသော ပုထုဇဉ်သည် ရုပ်ကို အတ္တ ‘ကိုယ်’ဟု ရှု၏၊ (ကြွင်းခန္ဓာကို) ရုပ်ရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ ရုပ်ဟ... |
1,340,075 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ မှတ်သားမှု ‘သညာ’ ကို။ |
1,340,076 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပြုပြင်စီရင်မှု ‘သင်္ခါရ'တို့ကို။ |
1,340,077 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သိမှု ‘ဝိညာဏ်’ ကို အတ္တ ‘ကိုယ်’ဟု ရှု၏၊ (ကြွင်းခန္ဓာကို) ဝိညာဏ်ရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟုလည်းကောင်း၊ ဝိညာဏ်၌ အတ္တဟုလည်းကောင်း ရှု၏။ |
1,340,078 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ဤသို့လျှင် ဖြစ်ဆဲပစ္စုပ္ပန် တရားတို့၌ တွန့်တို၏။ |
1,340,079 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ အဘယ်သို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ မတွန့်တိုသနည်း။ |
1,340,080 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့ရှိသော, အရိယာတရား၌ ကျွမ်းကျင်သော, အရိယာတရား၌ ယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့ရှိသော, သူတော်ကောင်းတရား၌ ကျွမ်းကျင်သော, သူတော်ကောင်းတရား ၌ ယဉ်ကျေးသော, အကြား အမြင်ရှိသော မြတ်စွာဘုရား၏ တပည့်သည် ရုပ်ကို အတ္တ ‘ကိုယ်’ဟု မရှု၊ (ကြွင်းခန္ဓာကိုလည်း) ရုပ်ရှိသော အတ္တဟု မရှု၊ အတ္တ၌ ... |
1,340,081 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သိမှု ‘ဝိညာဏ်'ကို အတ္တဟု မရှု၊ (ကြွင်းခန္ဓာကို) ဝိညာဏ်ရှိသော အတ္တဟု မရှု၊ အတ္တ၌ ဝိညာဏ်ဟု မရှု၊ ဝိညာဏ်၌ အတ္တဟု မရှု။ |
1,340,082 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ဤသို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရား၌ မတွန့်တို။ |
1,340,083 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အတိတ်ခန္ဓာသို့လည်း အစဉ် မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပြီးပြီ၊ အနာဂတ်ခန္ဓာလည်း မရောက်လာသေး။ |
1,340,084 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- အဘယ်သူသည် နက်ဖြန်၌ သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင် အားထုတ်သင့်သော ကုသိုလ်ကောင်းမှုအလုပ်ကို ပြုလုပ်သင့်၏၊ ငါတို့မှာ များသော စစ်သည်ရှိသော ထိုသေမင်းနှင့် ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။ |
1,340,085 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “ရဟန်းတို့ သင်တို့အား ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဟောပေအံ့”ဟူ၍ ဆိုခဲ့သော စကားကို ဤသည်ကို အစွဲပြု၍ ငါဆိုခဲ့၏ဟု (မိန့်တော်မူ၏)။ |
1,340,086 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောကြားတော်မူ၏။ |
1,340,087 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုရဟန်းတို့သည် မြတ်စွာ့ဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်ကုန်ပြီ။ |
1,340,088 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရှေးဦးစွာသော ဘဒ္ဒေကရတ္တသုတ် ပြီး၏။ |
1,340,089 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၁။ ဘဒ္ဒ+ဧကရတ္တ- ဘဒ္ဒ၊ ဝိပဿနာအားထုတ်မှုရှိသောကြောင့် ကောင်းသော။ |
1,340,090 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဧကရတ္တ၊ ညဉ့်တစ်ညဉ့်။ |
1,340,091 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဘဒ္ဒေကရတ္တ ဝိပဿနာအားထုတ်မှုရှိသော ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ပုဂ္ဂိုလ်။ |
1,340,092 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၂-အာနန္ဒဘဒ္ဒေကရတ္တသုတ် |
1,340,093 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၂၇၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- |
1,340,094 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ အသျှင်အာနန္ဒာသည် စည်းဝေးရာဇရပ်၌ ရဟန်းတို့အား တရားစကားဖြင့် ကောင်းစွာ ပြ၏၊ ကောင်းစွာ ဆောက်တည်စေ၏၊ ကောင်းစွာ ထက်စေ၏၊ ကောင်းစွာ ရွှင်စေ၏၊ ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ပြောဟော၏။ |
1,340,095 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအခါ ကိန်းအောင်းရာမှ ထတော်မူ၍ စည်းဝေးရာဇရပ်သို့ ချဉ်းကပ်တော်မူပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်နေတော်မူပြီးသော် မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏- “ရဟန်းတို့ အဘယ်ရဟန်းသည် စည်းဝေးရာဇရပ်၌ ရဟန်းတို့အား တရားစကားဖြင့် ကောင်းစွာ ပြသနည်း၊ ကောင်းစွာ ဆောက်တည်စေသနည်း၊ ကောင်းစွာ ထက်စေသနည်း၊ ကေ... |
1,340,096 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အသျှင်ဘုရား အသျှင်အာနန္ဒာသည် စည်းဝေးရာဇရပ်၌ ရဟန်းတို့အား တရား စကားဖြင့် ကောင်းစွာ ပြ၏၊ ကောင်းစွာ ဆောက်တည်စေ၏၊ ကောင်းစွာ ထက်စေ၏၊ ကောင်းစွာ ရွှင်လန်း စေ၏၊ ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း'ဥဒ္ဒေသ'နှင့် အကျယ် ‘နိဒ္ဒေသ'ကို ပြောဟောပါ၏ဟု (လျှောက်၏)။ |
1,340,097 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို “အာနန္ဒာ သင်သည် အဘယ်သို့လျှင် ရဟန်းတို့ အား တရားစကားဖြင့် ကောင်းစွာ ပြသနည်း၊ ကောင်းစွာ ဆောက်တည်စေသနည်း၊ ကောင်းစွာ ထက် စေသနည်း၊ ကောင်းစွာ ရွှင်လန်းစေသနည်း၊ ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ'ကို ပြောဟောဘိသနည်း”ဟု (မေးတော်မူ၏)။ |
1,340,098 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အသျှင်ဘုရား အကျွန်ုပ်သည် ဤသို့လျှင် ရဟန်း တို့အား တရားစကားဖြင့် ကောင်းစွာ ပြပါ၏၊ ကောင်းစွာ ဆောက်တည်စေပါ၏၊ ကောင်းစွာ ထက်စေ ပါ၏၊ ကောင်းစွာ ရွှင်လန်းစေပါ၏၊ ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ'နှင့် အကျယ် ‘နိဒ္ဒေသ'ကို ပြောဟောပါ၏- |
1,340,099 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုထိုဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာရှုသော ထို ပုဂ္ဂိုလ်သည် တွန့်တိုခြင်း ပျက်စီးခြင်းမရှိသော ထိုဝိပဿနာရှုမှုကို အဖန်ဖန် ပွါးများရာ၏။ |
1,340,100 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အဘယ်သူသည် နက်ဖန်၌ သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင် အား ထုတ်သင့်သော ကုသိုလ်ကောင်းမှုအလုပ်ကို ပြုလုပ်သင့်၏၊ ငါတို့မှာ များသော စစ်သည်ရှိသော ထိုသေမင်းနှင့် ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.