id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,340,301
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဤသို့ နေလေ့ရှိသော လွန်စွာအားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်း မရိ အားထုတ်သော ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသောရဟန်း’ ဟူ၍ ကိလေသာငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။
1,340,302
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်း အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်လိုက်သနည်း။
1,340,303
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ရဟန်း ဤသို့လျှင် အတိတ် ခန္ဓာသို့ အစဉ်လိုက်၏။
1,340,304
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်း အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်သနည်း။
1,340,305
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ရဟန်း ဤသို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်။
1,340,306
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်း အဘယ်သို့လျှင် အနာဂတ်ခန္ဓာကို တောင့်တ သနည်း။
1,340,307
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ရဟန်း ဤသို့လျှင် အနာဂတ်ခန္ဓာကို တောင့်တ၏။
1,340,308
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်း အဘယ်သို့လျှင် အနာဂတ်ခန္ဓာ ကို မတောင့်တသနည်း။
1,340,309
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ရဟန်း ဤသို့လျှင် အနာဂတ်ခန္ဓာကို မတောင့်တ။
1,340,310
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်း အဘယ်သို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ တွန့်တို သနည်း။
1,340,311
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ရဟန်း ဤသို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ တွန့်တို၏။
1,340,312
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်း အဘယ်သို့လျှင် ဖြစ်ဆဲပစ္စုပ္ပန် တရားတို့၌ မတွန့်တိုသနည်း။
1,340,313
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ရဟန်း ဤသို့လျှင် ဖြစ်ဆဲ ပစ္စုပ္ပန်တရားတို့၌ မတွန့်တို။
1,340,314
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုထိုဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာ ရှုသော ထိုပုဂ္ဂိုလ်သည့်တွန့်တိုခြင်း ပျက်စီးခြင်းမရှိသော ထိုဝိပဿနာရှုမှုကို အဖန်ဖန် ပွါးများရာ၏။
1,340,315
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- ဤသို့ နေလေ့ရှိသော လွန်စွာ အားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်းမရိ အားထုတ်သော ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏ဟု (မိန့်တော်မူ၏)။
1,340,316
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အသျှင်လောမသကင်္ဂိယသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။
1,340,317
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
လေးခုမြောက် လောမသကင်္ဂိယဘဒ္ဒေကရတ္တသုတ် ပြီး၏။
1,340,318
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၅-စူဠကမ္မဝိဘင်္ဂသုတ်
1,340,319
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၂၈၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
1,340,320
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ တောဒေယျပုဏ္ဏား၏သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက် ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်ကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏-
1,340,321
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အသျှင်ဂေါတမ လူဖြစ်ကုန်သော သူတို့မှာ လူအချင်းချင်း ဖြစ်ကြကုန်လျက် ယုတ်ခြင်း, မြတ်ခြင်း တို့ကို တွေ့မြင်ရပါကုန်၏။
1,340,322
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအကြောင်းရင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း။
1,340,323
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အသျှင်ဂေါတမ အသက်တိုသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အသက်ရှည်သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အနာရောဂါများသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အနာရောဂါကင်းသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အဆင်းမလှသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အဆင်းလှ သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အခြံအရံမရှိသော လူတို့ကိုလည်း တွေ့မြင်...
1,340,324
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအကြောင်း ရင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်ထား၏)။
1,340,325
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
လုလင် သတ္တဝါတို့သည် ကံသာလျှင် မိမိဥစ္စာရှိကုန်၏၊ ကံ၏ အမွေခံတို့ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် ဆွေမျိုးရှိကုန်၏၊ ကံသာလျှင် မှီခိုရာရှိကုန်၏၊ ကံသည်သာလျှင် သတ္တဝါ တို့ကို အယုတ်အမြတ်ဖြစ်ခြင်းငှါ ခွဲခြမ်းဝေဖန်၏ဟု (မိန့်တော်မူ၏)။
1,340,326
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အသျှင်ဂေါတမသည် အကျဉ်းချုပ် ဟောထားတော်မူ၍ အကျယ်အားဖြင့် အနက်ကို မဝေဖန်အပ်သော ဤတရားစကား၏ အနက်သဘောကို အကျယ်အားဖြင့် အကျွန်ုပ် မသိပါ၊ တောင်းပန်ပါ၏၊ အသျှင်ဂေါတမသည် အကျဉ်းအားဖြင့် ဟောထား၍ အနက်သဘောအကျယ်အားဖြင့် မဝေဖန်အပ်သော ဤတရား၏ အနက်အဓိပ္ပါယ်ကို အကျွန်ုပ်သိနိုင်အောင် တရားဟောတော်မူပါဟု (လျှောက်ထားတောင်းပန်၏)။
1,340,327
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
လုလင် ထိုသို့ဖြစ်မူ နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု မိန့်တော်မူ၏။
1,340,328
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“အသျှင် ကောင်းပါပြီ”ဟု တောဒေယျပုဏ္ဏား၏ သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။
1,340,329
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူသည် အသက်ကို သတ်လေ့ ရှိ၏၊ ကြမ်းကြုတ်၏၊ သွေးစွန်းသော လက်ရှိ၏၊ သတ်ပုတ်ညှဉ်းဆဲမှု၌ စိတ်ဝင်စား၏၊ အလုံးစုံသော သတ္တဝါတို့၌ သနားခြင်း ကင်းမဲ့၏၊ ထိုအသက်ကို သတ်လေ့ရှိသူသည် ဤသို့ပြည့်စုံသော ဤသို့ မှားယွင်းစွာဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာက...
1,340,330
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
(၁) လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အချို့သောသူသည် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကို ချထားပြီးဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားခြင်းရှိ၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေ၏၊ ထို အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူသည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာ ဆောက်တည...
1,340,331
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
(၁) ၂၉၁။
1,340,332
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အချို့သောသူသည် လက်ဖြင့်လည်း ကောင်း၊ ခဲဖြင့်လည်းကောင်း၊ တုတ်ဖြင့်လည်းကောင်း၊ ဓားလက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းဆဲလေ့ရှိ၏။
1,340,333
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုသတ္တဝါတို့ကို ညှဉ်းဆဲလေ့ရှိသူသည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်း သောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာ ကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ရောက်...
1,340,334
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
(၂) လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အချို့သောသူသည် လက်ဖြင့်လည်းကောင်း၊ တုတ်ဖြင့်လည်းကောင်း၊ ဓားလက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းဆဲလေ့မရှိ။
1,340,335
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုသတ္တဝါတို့ကို ညှဉ်းဆဲလေ့မရှိသောသူသည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ် ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အနာရ...
1,340,336
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၂၉၂။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူသည် အမျက်ဒေါသ ထွက်တတ်၏၊ ပြင်းစွာ ပင်ပန်းခြင်းများ၏၊ အနည်းငယ်မျှပင် မနှစ်သက်ဖွယ်စကားကို ဆိုသည်ရှိသော် လွန်စွာ စွဲမြဲငြိကပ်၏၊ အမျက်ထွက်၏၊ ဖျက်ဆီး၏၊ ဆန့်ကျင်လျက် တည်၏၊ အမျက်ထွက်ခြင်းကိုလည်း ကောင်း၊ ဖျက်ဆီးခြင်းကိုလည်းကောင်း၊ မယုံကြည်ခြင်းကိုလည်းကောင်း ထင်စွာပြု၏၊ ထ...
1,340,337
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
(၃) လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူသည် အမျက်ဒေါသထွက်လေ့ မရှိ၊ ပြင်းစွာ ပင်ပန်းခြင်းများလေ့မရှိ၊ များစွာလည်း မနှစ်သက်ဖွယ်စကားကို ဆိုသော်လည်း လွန်စွာ စွဲစွဲမြြဲမဲ မငြိကပ်၊ အမျက်မထွက်၊ မဖျက်ဆီး၊ ရှေးရှုမတည်၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ ဖျက်ဆီး ခြင်းကိုလည်းကောင်း၊ မယုံကြည်ခြင်းကိုလည်းကောင်း ထင်စွာမပြ...
1,340,338
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
(၃) ၂၉၃။
1,340,339
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူသည် ငြူစူခြင်းနှင့်ယှဉ် သော စိတ်ရှိ၏၊ သူတစ်ပါးတို့ လာဘ်များခြင်း သူတစ်ပါးတို့လာဘ်ရခြင်း အရိုအသေအလေးပြုခံရခြင်း မြတ်နိုးခံရခြင်း ရှိခိုးခံရခြင်း ပူဇော်ခံရခြင်းတို့၌ ငြူစူ၏၊ ငြူစူခြင်း၏အစွမ်းဖြင့် ဆဲရေးပြစ်မှား၏၊ ငြူစူခြင်းကို ဖွဲ့နှောင်၏၊ ထိုငြူစူ မနာလိုသူသည် ဤသို့ ပြ...
1,340,340
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သော သူသည် ငြူစူခြင်းနှင့် မယှဉ်သော စိတ်ရှိ၏၊ သူတစ်ပါးတို့၏ လာဘ်များခြင်း အရိုအသေအလေးပြုခံရခြင်း မြတ်နိုးခံရခြင်း ရှိခိုးခံရခြင်း့ပူဇော်ခံရခြင်းတို့၌ မငြူစူ၊ ငြူစူခြင်း၏အစွမ်းဖြင့် မဆဲရေး မပြစ်မှား၊ ငြူစူခြင်းကို မဖွဲ့နှောင်၊ ထိုငြူစူခြင်း မနာလိုခြင်းကင်းသူသည် ဤသို့ ပြည့်စ...
1,340,341
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
(၄) ၂၉၄။
1,340,342
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အချို့သော သူသည် သမဏအားလည်းကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ကျောင်း ဆီမီးကို မပေးလှူ၊ ထိုသူသည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်း သောလားရာ...
1,340,343
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
(၅) လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အချို့သော သူသည် သမဏအားလည်း ကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာကျောင်း ဆီမီးကို ပေးလှူ၏၊ ထိုသူသည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာ ဆောက်တည် သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသိ...
1,340,344
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
(၅) ၂၉၅။
1,340,345
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သော သူသည် ခက်ထန်၏၊ ထောင်လွှားတက်ကြွ၏၊ ရှိခိုးထိုက်သူကို ရှိမခိုး၊ ခရီးဦးကြိုဆိုထိုက်သူကို ခရီးဦးမကြိုဆို။
1,340,346
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
နေရာပေးထိုက် သူကို နေရာမပေး၊ လမ်းခရီးပေးထိုက်သူကို လမ်းခရီးမပေး၊ အရိုအသေပြုထိုက်သူကို အရိုအသေမပြု၊ အလေးပြုထိုက်သူကို အလေးမပြု၊ မြတ်နိုးထိုက်သူကို မမြတ်နိုး၊ ပူဇော်ထိုက်သူကို မပူဇော်၊ ထိုသူသည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းစွာဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ...
1,340,347
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
လုလင် ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သော သူသည် မခက်ထန် မထောင်လွှား မတက်ကြွ ရှိခိုးထိုက်သူကို ရှိခိုး၏၊ ခရီးဦးကြိုဆိုထိုက်သူကို ခရီးဦးကြိုဆို၏၊ နေရာပေးထိုက်သူကို နေရာပေး၏၊ လမ်းခရီးပေးထိုက်သူကို လမ်းခရီးပေး၏။
1,340,348
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အရိုအသေပြုထိုက်သူကို အရိုအသေပြု၏၊ အလေးပြုထိုက်သူကို အလေးပြု၏၊ မြတ်နိုးထိုက်သူကို မြတ်နိုး၏၊ ပူဇော်ထိုက်သူကို ပူဇော်၏၊ ထိုသူ သည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ န...
1,340,349
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
(၆) ၂၉၆။
1,340,350
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အချို့သောသူသည် သမဏကိုလည်းကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် “အသျှင်ဘုရား အဘယ်တရားသည် ကုသိုလ် ပါနည်း၊ အဘယ်တရားသည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရား သည် အပြစ်ကင်းပါသနည်း၊ အဘယ်တရားသည် မှီဝဲထိုက်ပါသနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်ပါ သနည်း၊ အဘယ်သို့ပြုသ...
1,340,351
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အချို့သောသူသည် သမဏကိုလည်းကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် “အသျှင်ဘုရား အဘယ်တရားသည် ကုသိုလ်ပါနည်း၊ အဘယ် တရားသည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရားသည် အပြစ်ကင်း ပါသနည်း၊ အဘယ်တရားသည် မှီဝဲထိုက်သောတရားပါနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်သော တရားပါနည်း၊ ...
1,340,352
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
(၇) ၂၉၇။
1,340,353
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
လုလင် ဤသို့လျှင် အသက်တိုခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အသက်တိုခြင်းသို့ ဆောင်တတ်၏၊ အသက်ရှည်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အသက်ရှည်ခြင်းသို့ ဆောင်တတ်၏၊ အနာရောဂါများခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အနာရောဂါများခြင်းသို့ ဆောင်တတ်၏၊ အနာ ရောဂါကင်းခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အနာရောဂါကင်းခြင်းသို့ ဆောင်တတ်၏၊ အဆင်းမလှ ခြင...
1,340,354
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဤသို့မိန့်တော်မူသော် တောဒေယျပုဏ္ဏား၏သား သုဘလုလင်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏ “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ ဥပမာအားဖြင့် မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ လမ်းမှ...
1,340,355
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါးခုမြောက် စူဠကမ္မဝိဘင်္ဂသုတ် ပြီး၏။
1,340,356
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၁။ သုဘသုတ်ဟူ၍လည်း ဆိုအပ်သည်။
1,340,357
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- ၆-မဟာကမ္မဝိဘင်္ဂသုတ်
1,340,358
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၂၉၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
1,340,359
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
1,340,360
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါအသျှင်သမိဒ္ဓိသည် တောကျောင်း၌ နေ၏။
1,340,361
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ ပေါတလိပုတ္တမည်သော ပရိဗိုဇ်သည် အညောင်းပြေ လမ်းလျှောက်လှည့်လည်ရင်း အသျှင်သမိဒ္ဓိထံသို့ ချဉ်း ကပ်ပြီးလျှင် အသျှင်သမိဒ္ဓိနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ထိုင်ကာ အသျှင်သမိဒ္ဓိအား ဤစကားကို ပြောဆို၏- “ငါ့သျှင်သမိဒ္ဓိ ‘ကာယကံသည် အကျိုးမပြီး အချည...
1,340,362
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်ပေါတလိပုတ္တ ဤသို့ မဆိုလင့်၊ ငါ့သျှင်ပေါတလိပုတ္တ ဤသို့ မဆိုလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲလင့်၊ မြတ်စွာဘုရားအား စွပ်စွဲခြင်းသည် မကောင်းသည်သာတည်း၊ “ကာယကံသည် အကျိုးမပြီး အချည်းနှီးတည်း၊ ဝစီကံသည် အကျိုးမပြီး အချည်းနှီးတည်း၊ မနောကံသာလျှင် မှန်ကန်၏”ဟူ၍ ဤသို့ မြတ်စွာဘုရား မဟောတန်ရာ၊ ငါ့သျှင် အကြင်သမာပတ်ကို ဝင်စားသော ပု...
1,340,363
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်သမိဒ္ဓိ သင်ရဟန်းပြုသည်မှာ အဘယ်မျှကြာ ပြီနည်းဟု (မေး၏)။
1,340,364
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်ပေါတလိပုတ္တ မကြာသေး၊ သုံးဝါသာ ရှိသေး၏ဟု (ပြောဆို၏)။
1,340,365
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဤမျှငယ် သော ရဟန်းသော်မှလည်း ဆရာဖြစ်သော မြတ်စွာဘုရားကို (ကဲ့ရဲ့ခြင်းမှ) စောင့်ရှောက်ကာကွယ်ရမည်ဟု မှတ်ထင်တုံသေး၏၊ ယခုအခါ မထေရ်ကြီးရဟန်းဖြစ်သော ငါတို့ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။
1,340,366
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်သမိဒ္ဓိ ကိုယ် နှုတ် စိတ်ဖြင့် စေ့ဆော်မှုရှိသော (အကုသိုလ်) ကံကို ပြုမိခြင်းကြောင့် ထိုပုဂ္ဂိုလ်သည် အဘယ်သို့သော ဝေဒနာကို ခံစားရသနည်းဟု (မေး၏)။
1,340,367
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ငါ့သျှင်ပေါတလိပုတ္တ ကိုယ် နှုတ် စိတ်ဖြင့် စေ့ဆော်မှုရှိသော (အကုသိုလ်) ကံကို ပြုမိခြင်းကြောင့် ထိုပုဂ္ဂိုလ်သည် ဆင်းရဲသော ဝေဒနာကို ခံစားရ၏ဟု (ပြောဆို၏)။
1,340,368
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ ပေါတလိပုတ္တပရိဗိုဇ်သည် အသျှင်သမိဒ္ဓိ၏ စကားကို နှစ်လည်း မနှစ်သက်ဘဲ မြစ်လည်း မမြစ်ဘဲ နေရာမှထကာ ဖဲသွား၏။
1,340,369
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ အသျှင်သမိဒ္ဓိသည် ပေါတလိပုတ္တပရိဗိုဇ် ဖဲသွား၍ မကြာမြင့်မီ အသျှင်အာနန္ဒာထေရ် ရှိရာသို့ ချဉ်းကပ်ပြီးလျှင် အသျှင်အာနန္ဒာနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်ကာ ပေါတလိပုတ္တပရိဗိုဇ်နှင့် အတူ ပြောဆိုခဲ့သမျှ စကားအလုံးစုံကို အသျှင်အာနန္ဒာအား ပြ...
1,340,370
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဤသို့ပြောဆိုသော် အသျှင်အာနန္ဒာ သည် အသျှင်သမိဒ္ဓိအား “ငါ့သျှင် သမိဒ္ဓိ မြတ်စွာဘုရားကို ဖူးမျှော်ရန် စကားလက်ဆောင်သည် ရှိသည် သာတည်း၊ ငါ့သျှင် သမိဒ္ဓိ လာ, သွားကြကုန်အံ့၊ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ဤအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားကြကုန်အံ့၊ ငါတို့အား မြတ်စွာဘုရား ဖြေကြားတော်မူသည့်အတိုင်း ထိုအကြောင်းကို မှတ်...
1,340,371
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“ငါ့သျှင် ကောင်းပါပြီ”ဟု အသျှင်သမိဒ္ဓိသည် အသျှင် အာနန္ဒာအား ပြန်ကြားလျှောက်ထား၏။
1,340,372
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအခါ အသျှင်အာနန္ဒာသည်လည်းကောင်း၊ အသျှင်သမိဒ္ဓိသည်လည်းကောင်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်ပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေကြကုန်၏။
1,340,373
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သင့်လျော်ရာ၌ ထိုင်နေပြီးသော အသျှင် အာနန္ဒာသည် အသျှင်သမိဒ္ဓိ၏ ပေါတလိပုတ္တပရိဗိုဇ်နှင့်အတူ ပြောဆိုခဲ့သမျှ စကားအလုံးစုံကို မြတ်စွာဘုရား အား လျှောက်ထား၏။
1,340,374
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဤသို့လျှောက်ထားသော် မြတ်စွာဘုရားသည် အသျှင်အာနန္ဒာအား “အာနန္ဒာ ငါသည် ပေါတလိပုတ္တပရိဗိုဇ်အား မြင်ဖူးသည်ကိုမျှလည်း မမှတ်မိ၊ အဘယ်မှာ ဤသို့ သဘောရှိသော စကားဆွေးနွေးခြင်းမျိုး ဖြစ်အံ့နည်း။
1,340,375
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အာနန္ဒာ (မဂ်ဖိုလ်မှ) အချည်းနှီးသော ယောက်ျားဖြစ်သည့် ဤ သမိဒ္ဓိသည် ပေါတလိပုတ္တပရိဗိုဇ်အား ခွဲခြမ်းဝေဖန်၍ ဖြေဆိုသင့်သော ပြဿနာကို တစ်ဖက်သတ် ဖြေဆို ဘိ၏”ဟု ဤစကားကို မိန့်တော်မူ၏။
1,340,376
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဤသို့ မိန့်တော်မူသော် အသျှင်ဥဒါယီသည် မြတ်စွာဘုရားကို “မြတ်စွာဘုရား ‘ခံစားမှုဟူသမျှ ဆင်းရဲဒုက္ခသာတည်း’ဟု ဤသင်္ခါရ ဒုက္ခကို ရည်ရွယ်၍ အသျှင် သမိဒ္ဓိထေရ်သည် ပြောဆိုသည် မဟုတ်လော”ဟု ဤစကားကို လျှောက်ထား၏။
1,340,377
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၃၀၀။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဓာကို “အာနန္ဒာ (မဂ်ဖိုလ်မှ) အချည်းနှီးသော ယောက်ျားဖြစ်သည့် ဤဥဒါယီ၏ အမေးပြဿနာကို သင် မြင်၏လော၊ အာနန္ဒာ (မဂ်ဖိုလ်မှ) အချည်းနှီး သော ယောက်ျားဖြစ်သည့် ဤဥဒါယီသည် မသင့်သောအကြောင်းဖြင့် ဦးခေါင်းထောင်ကြွသည်ဖြစ်၍ ဦးခေါင်းထောင်ကြွလိမ့်မည်”ဟူသော အကြောင်းကို ယခုအခါ ငါ သိရ၏၊ အာနန္ဒာ ပေါတလိပုတ္...
1,340,378
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အာနန္ဒာ ဤသို့မေးအပ်သော် အချည်းနှီးသော ယောက်ျားဖြစ်သည့် သမိဒ္ဓိသည် ပေါတလိပုတ္တပရိဇ်ဗိုလ်အား “ငါ့သျှင်ပေါတလိပုတ္တ ကြောင့်ကြစိုက်၍ ကိုယ် နှုတ်စိတ်ဖြင့် စေ့ဆော်မှုရှိသော ချမ်းသာကိုသာ ခံစားရမည်ဖြစ်သော ကံကို ပြုမိသောကြောင့် ထိုပုဂ္ဂိုလ် သည် သုခဝေဒနာကိုသာ ခံစားရ၏၊ ငါ့သျှင်ပေါတလိပုတ္တ ကြောင့်ကြစိုက်၍ ကိုယ်နှုတ်စိတ်ဖြင့် စေ့ဆော...
1,340,379
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အာနန္ဒာ စင်စစ် သော်ကား မိုက်မဲကုန် မလိမ္မာကုန် သော သာသနာတော်မှတစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့သည် အဘယ် သို့သော ပုဂ္ဂိုလ်စားတို့ပေနည်း၊ အဘယ်သို့သော ပုဂ္ဂိုလ်တို့သည်လည်း မြတ်စွာဘုရား၏ များစွာသော ကံတို့ကို ဝေဖန်မှု ‘မဟာကမ္မဝိဘင်း'ကို သိကုန်လတ္တံ့နည်း။
1,340,380
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အာနန္ဒာ သင်တို့သည် များစွာသော ကံတို့ ကို ဝေဖန်မှု'မဟာ ကမ္မဝိဘင်း'ကို ဝေဖန်ဟောကြားသော မြတ်စွာဘုရား၏ (စကားကို) အကယ်၍ နာကြားလိုလျှင် နာကြားကြကုန်လော့ဟု (မိန့်တော်မူ၏)။
1,340,381
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- ဘုန်းတော်ကြီးသော မြတ်စွာဘုရား မြတ်စွာဘုရားသည် များစွာသောကံတို့ကို ဝေဖန်မှု'မဟာကမ္မဝိဘင်း'ကို ဝေဖန်ဟောပြတော်မူချိန်တန်ပါပြီ၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား မြတ်စွာဘုရားသည် များစွာသောကံတို့ကို ဝေဖန်မှု'မဟာကမ္မဝိဘင်း'ကို ဝေဖန်ဟောပြတော်မူချိန်တန်ပါပြီ၊ မြတ်စွာဘုရားထံမှ ကြားနာရ၍ ရဟန်းများ ဆောင်ထားကြရပါကုန်...
1,340,382
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အာနန္ဒာ ထိုသို့ ဖြစ်မူကား နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု မိန့်တော်မူ၏။
1,340,383
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
“မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။
1,340,384
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အာနန္ဒာ လေးယောက်ကုန်သော ဤပုဂ္ဂိုလ်တို့သည် လောက၌ ထင်ထင်ရှားရှားဖြစ်ပေါ်ကုန်၏။
1,340,385
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အဘယ်လေးယောက်တို့နည်းဟူမူ- အာနန္ဒာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဤမျက်မှောက်ဘဝ၌့အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်လေ့ရှိ၏၊ မဟုတ် မမှန်သောစကားကို ပြောလေ့ရှိ၏၊ ကုန်းချောလေ့ရှိ၏၊ ကြမ်းတမ်းသောစကားကို ဆိုလေ့ရှိ၏၊ အကျိုးမဲ့ ပြိန်ဖျင်းသော စကားကို ဆိုလေ့ရှိ၏၊ သူ့စည်းစိမ်ကို တပ်မက်၍ကြံစည်ခြင...
1,340,386
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
(၁) အာနန္ဒာ ထိုမှတစ်ပါး ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဤမျက်မှောက်ဘဝ၌ အသက်ကို သတ် လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏၊ မဟုတ်မမှန်သော စကားကို ပြောလေ့ရှိ၏၊ ကုန်းချောလေ့ရှိ၏၊ ကြမ်းတမ်းသောစကားကို ဆိုလေ့ရှိ၏၊ အကျိုးမဲ့ ပြိန်ဖျင်း သော စကားကို ဆိုလေ့ရှိ၏၊ သူ့စည်းစိမ်ကို တပ်မက်၍ကြံစည်ခြင်း များ...
1,340,387
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
(၂) အာနန္ဒာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဤမျက်မှောက်ဘဝ၌ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းချောခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်း သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ အကျိုးမဲ့ ပြိန်ဖ...
1,340,388
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
(၃) အာနန္ဒာ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ဤမျက်မှောက်ဘဝ၌ အသက်ကို သတ်ခြင်းမှ ရှောင် ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ် မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းချောခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်း သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ အကျိုးမဲ့ ပြိန်...
1,340,389
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
(၄) ၃၀၁။
1,340,390
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အာနန္ဒာ အချို့သော သမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း ပြင်းစွာအား ထုတ်ခြင်းကို စွဲ၍ မြဲမြံစွာအားထုတ်ခြင်းကို စွဲ၍ အဖန်ဖန်အားထုတ်ခြင်းကို စွဲ၍ မမေ့မလျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ် တည်ကြည်လတ်သော် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်...
1,340,391
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- ထိုသမဏဗြာဟ္မဏသည် “အချင်းတို့ ယုတ်မာသောကံတို့သည် ရှိကုန်သတတ်၊ ဒုစရိုက်၏အကျိုး သည်ရှိသတတ်၊ စင်စစ် ငါသည် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိသော, မပေးသည်ကို ယူလေ့ရှိ သော။
1,340,392
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ မှားသော အယူကို ယူလေ့ရှိသော ထိုပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌့ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်သည်ကို မြင်၏”ဟု ဆို၏။
1,340,393
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုသမဏဗြာဟ္မဏသည် “အချင်းတို့ အသက်ကို သတ်လေ့ရှိသော, မပေးသည်ကို ယူလေ့ရှိသော။
1,340,394
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ မှားသောအယူကို ယူလေ့ရှိသော သူအားလုံးသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းရာ မကောင်းသောလားရာ ဖရိုဖရဲ ကျရာ ငရဲသို့ ကပ်ရောက်ရ၏။
1,340,395
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အကြင်သူတို့သည် ဤအတိုင်း သိကုန်၏၊ ထိုသူတို့သည် အမှန်သိကုန်၏၊ အကြင်သူတို့သည် တစ်ပါးသောအခြင်းအရာအားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားသိကုန်၏”ဟုလည်း ဆို၏။
1,340,396
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဤသို့ ထိုသမဏဗြာဟ္မဏသည် သူကိုယ်တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ်တိုင် ထိုးထွင်း၍ သိသမျှကိုသာလျှင် “ဤအယူသာလျှင် မှန်၏၊ တစ်ပါးသော အယူသည် အမှားချည်းတည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ ပြောဆို၏။
1,340,397
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
(၁) အာနန္ဒာ ဤ လောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ပြင်းစွာအားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာအားထုတ်ခြင်းကို စွဲ၍ အဖန်ဖန်အားထုတ်ခြင်းကို စွဲ၍ မမေ့မလျော့ ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်...
1,340,398
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ မှားသောအယူကို ယူလေ့ရှိသော ထိုပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်သည်ကိုလည်း မြင်၏။
1,340,399
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုသမဏ ဗြာဟ္မဏသည် “အချင်းတို့ ယုတ်မာသောကံတို့သည် မရှိကုန်သတတ်၊ ဒုစရိုက်အကျိုးသည် မရှိသတတ်၊ စင်စစ် ငါသည် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိသော မပေးသည်ကို ယူလေ့ရှိသော။
1,340,400
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ မှားသော အယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်သည်ကိုလည်း မြင်ရ၏”ဟု ဆို၏။