id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,340,501 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အလိုရှိအပ် နှစ်သက်အပ် နှလုံးကို ပွားစေအပ် နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော တဏှာနှင့် ယှဉ်ကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်သော ရူပါရုံတို့ကို ရခြင်းကိုလည်း ရသောအားဖြင့် ရှုသော ပုဂ္ဂိုလ်အားလည်းကောင်း ရှေး၌လည်း ရှေးကရဖူးသော လွန်လေပြီးသော ချုပ်လေပြီးသော ဖောက်ပြန်ပြီး သော ရူပါရုံတို့ကို အောက်မေ့သော ပုဂ္ဂိုလ်အားလည်းကောင်း သောမနဿသည... |
1,340,502 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သောတဝိညာဏ်ဖြင့် သိအပ်ကုန် သော သဒ္ဒါရုံတို့ကို။ |
1,340,503 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဃာနဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့ကို။ |
1,340,504 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော ရသာရုံတို့ကို။ |
1,340,505 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့ကို။ |
1,340,506 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အလိုရှိအပ် နှစ်သက်အပ် နှလုံးကို ပွားစေအပ် နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော တဏှာနှင့်ယှဉ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော ဓမ္မာရုံတို့ကို ရခြင်းကိုလည်း ရသောအားဖြင့် ရှုသော ပုဂ္ဂိုလ်အားလည်းကောင်း ရှေး၌လည်း ရှေးကရဖူး သော လွန်လေပြီးသော ချုပ်လေပြီးသော ဖောက်ပြန်ပြီးသော ဓမ္မာရုံကို အောက်မေ့သော ပုဂ္ဂိုလ်အားလည်းကောင်း သောမနဿသည... |
1,340,507 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့ သဘောရှိသော သောမနဿကို ကာမဂုဏ်ကို မှီသော သောမနဿဟူ၍ ဆိုရ၏။ |
1,340,508 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ခြောက်ပါးကုန်သော ကာမဂုဏ်တို့ကို မှီကုန်သော သောမနဿတို့သည် ဤသည်တို့ပင်တည်း။ |
1,340,509 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- ထိုသုံးဆယ့်ခြောက်ပါးတို့တွင် ခြောက်ပါးကုန်သော ကာမဂုဏ်တို့မှ ထွက်မြောက်ကြောင်းကို မှီကုန် သော သောမနဿတို့သည် အဘယ်သည်တို့နည်း။ |
1,340,510 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရူပါရုံတို့၏သာလျှင် မမြဲသည်၏အဖြစ်ကို ဖောက်ပြန် ခြင်းကို ရာဂကင်းခြင်းကို ချုပ်ခြင်းကို သိ၍ “ရှေး၌လည်းကောင်း၊ ယခုလည်းကောင်း အလုံးစုံသော ရူပါရုံတို့သည် အမြဲမရှိကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏”ဟု ဤသို့ ထိုရူပါရုံကိုဟုတ်မှန်စွာ ကောင်းသော ပညာဖြင့် ရှုသောပုဂ္ဂိုလ်အား သောမနဿသည် ဖြစ်၏။ |
1,340,511 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့ သဘော ရှိသော သောမနဿကို ကာမဂုဏ်မှ ထွက်မြောက်ကြောင်းကို မှီသော သောမနဿဟူ၍ ဆိုရ၏။ |
1,340,512 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သဒ္ဒါရုံ တို့၏သာလျှင်။ |
1,340,513 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဂန္ဓာရုံတို့၏သာလျှင်။ |
1,340,514 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရသာရုံတို့၏သာလျှင်။ |
1,340,515 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဖောဋ္ဌဗ္ဗာရုံတို့၏သာလျှင်။ |
1,340,516 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဓမ္မာရုံတို့၏သာ လျှင် မမြဲသည်၏အဖြစ်ကို ဖောက်ပြန်ခြင်းကို ရာဂကင်းခြင်းကို ချုပ်ခြင်းကို သိ၍ “ရှေး၌လည်းကောင်း၊ ယခုလည်းကောင်း အလုံးစုံသော ဓမ္မာရုံတို့သည် အမြဲမရှိကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏”ဟု ဤသို့ ထိုဓမ္မာရုံကိုဟုတ်မှန်စွာ ကောင်းသောပညာဖြင့် ရှုသောပုဂ္ဂိုလ်အား သောမနဿ သည် ဖြစ်၏။ |
1,340,517 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့သဘောရှိသော သောမနဿကို ကာမဂုဏ်မှထွက်မြောက်ကြောင်းကို မှီသော သောမနဿဟူ၍ ဆိုရ၏။ |
1,340,518 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ခြောက်ပါးကုန်သော ကာမဂုဏ်တို့မှ ထွက်မြောက်ကြောင်းကို မှီကုန်သော သောမနဿတို့သည် ဤသည်တို့ပင်တည်း။ |
1,340,519 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၀၇။ ထိုသုံးဆယ့်ခြောက်ပါးတို့တွင် ခြောက်ပါးကုန်သော ကာမဂုဏ်ကို မှီသော ဒေါမနဿတို့သည့်အဘယ်သည်တို့နည်း။ |
1,340,520 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့ကို။ |
1,340,521 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့ကို။ |
1,340,522 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဇိဝှါဝိညာဏ်ဖြင့် သိ အပ်ကုန်သော ရသာရုံတို့ကို။ |
1,340,523 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့ကို အလိုရှိအပ် နှစ်သက် အပ် နှလုံးကို ပွားစေအပ် နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော တဏှာနှင့်ယှဉ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော ဓမ္မာရုံတို့ကို မရခြင်းကိုလည်း မရသောအားဖြင့် အဖန်ဖန်ရှုသော ပုဂ္ဂိုလ်အားလည်း ကောင်း ရှေး၌လည်း ရှေးကမရဖူးသော လွန်လေပြီးသော ချုပ်လေပြီးသော ဖောက်ပြန်ပြီ... |
1,340,524 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့ သဘောရှိ သော ဒေါမနဿကို ကာမဂုဏ်ကို မှီသော ဒေါမနဿဟူ၍ ဆိုရ၏။ |
1,340,525 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ခြောက်ပါးကုန်သော ကာမဂုဏ်တို့ကို မှီကုန်သော ဒေါမနဿတို့သည် ဤသည်တို့ပင်တည်း။ |
1,340,526 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုသုံးဆယ့်ခြောက်ပါးတို့တွင် ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော ဒေါမနဿ တို့သည် အဘယ်သည်တို့နည်း။ |
1,340,527 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရူပါရုံတို့၏သာလျှင် မမြဲသည်၏အဖြစ်ကို ဖောက်ပြန်ခြင်းကို ကင်းခြင်းကို ချုပ်ခြင်းကို သိ၍ “ရှေး၌လည်းကောင်း ယခုလည်းကောင်း အလုံးစုံသော ရူပါရုံတို့သည် အမြဲမရှိကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏”ဟု ဤသို့ ထိုရူပါရုံကိုဟုတ်မှန်စွာ ကောင်းသော ပညာဖြင့် ရှုမြင်၍ အတုမရှိမြတ်သော အရဟတ္တဖိုလ်၌ “ယခုအခါ အရိယာပုဂ္ဂိုလ်တို့သည် အ... |
1,340,528 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့ သဘောရှိသော ဒေါမနဿကို ထွက်မြောက်ကြောင်းကို မှီသော ဒေါမနဿဟု ဆိုရ၏။ |
1,340,529 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သဒ္ဒါရုံတို့၏သာလျှင်။ |
1,340,530 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ဂန္ဓာရုံတို့၏သာလျှင်။ |
1,340,531 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဖောဋ္ဌဗ္ဗာရုံ တို့၏သာလျှင်။ |
1,340,532 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဓမ္မာရုံတို့၏သာလျှင် မမြဲသည်၏အဖြစ်ကို ဖောက်ပြန်ခြင်းကို ကင်းခြင်းကို ချုပ်ခြင်းကို သိ၍ “ရှေး၌လည်းကောင်း၊ ယခုလည်းကောင်း အလုံးစုံသော ဓမ္မာရုံတို့သည် အမြဲမရှိကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏”ဟု ဤသို့ ထိုဓမ္မာရုံကိုဟုတ်မှန်စွာ ကောင်းသောပညာဖြင့် ရှုမြင်၍ အတုမရှိမြတ်သော အရဟတ္တဖိုလ်၌ “ယခုအခါ အရိယာပုဂ္ဂိုလ်တို့သည... |
1,340,533 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီသော ဒေါမနဿတို့သည် ဤ သည်တို့ပင်တည်း။ |
1,340,534 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုသုံးဆယ့်ခြောက်ပါးတို့တွင် ခြောက်ပါးကုန်သော ကာမဂုဏ်တို့ကိုမှီသော ဥပေက္ခာတို့ သည် အဘယ်သည်တို့နည်း။ |
1,340,535 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | စက္ခုဝိညာဏ်ဖြင့် ရူပါရုံကို မြင်၍ မိုက်သော တွေဝေသော နုံ့သော ပုထုဇဉ် ပုဂ္ဂိုလ်အား ဥပေက္ခာသည် ဖြစ်၏။ |
1,340,536 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ကိလေသာဟူသော အပိုင်းအခြားကို မအောင်သေးသော နောင် အကျိုးပေးခြင်းကို မအောင်သေးသော အပြစ်ဟု ရှုလေ့မရှိသော အကြားအမြင်မရှိသော ပုထုဇဉ်အား ဥပေက္ခာသည် ဖြစ်၏။ |
1,340,537 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့ သဘောရှိသော ဥပေက္ခာသည် ရူပါရုံကို လွန်၍မဖြစ်။ |
1,340,538 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထို့ကြောင့် ထိုဥပေက္ခာကို ကာမဂုဏ်ကို မှီသော ဥပေက္ခာဟု ဆိုရ၏။ |
1,340,539 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သောတဝိညာဏ်ဖြင့် သဒ္ဒါရုံကို ကြား၍။ |
1,340,540 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဃာနဝိညာဏ်ဖြင့် ဂန္ဓာရုံကို နမ်း၍။ |
1,340,541 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မနောဝိညာဏ်ဖြင့် ဓမ္မာရုံကို သိ၍ မိုက်သော တွေဝေသော နုံ့သော ပုထုဇဉ် ပုဂ္ဂိုလ်အား ဥပေက္ခာသည် ဖြစ်၏။ |
1,340,542 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ကိလေသာဟူသော အပိုင်းအခြားကို မအောင်သေးသော နောင့်အကျိုးပေးခြင်းကို မအောင်သေးသော အပြစ်ဟု ရှုလေ့မရှိသော အကြားအမြင်မရှိသော ပုထုဇဉ်အား ဥပေက္ခာသည် ဖြစ်၏။ |
1,340,543 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့သဘောရှိသော ဥပေက္ခာသည် ဓမ္မာရုံကို လွန်၍ မဖြစ်။ |
1,340,544 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထို့ကြောင့် ထို ဥပေက္ခာကို ကာမဂုဏ်ကို မှီသော ဥပေက္ခာဟူ၍ ဆိုရ၏။ |
1,340,545 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ကာမဂုဏ်ကိုမှီသော ဥပေက္ခာတို့သည် ဤ ခြောက်ပါးတို့တည်း။ |
1,340,546 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုသုံးဆယ့်ခြောက်ပါးတို့တွင် ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော ဥပေက္ခာ တို့သည် အဘယ်သည်တို့နည်း။ |
1,340,547 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရူပါရုံတို့၏သာလျှင် မမြဲသည်၏အဖြစ်ကို ဖောက်ပြန်ခြင်းကို ကင်းခြင်းကို ချုပ်ခြင်းကို သိ၍ “ရှေး၌လည်းကောင်း၊ ယခုအခါလည်းကောင်း အလုံးစုံသော ရူပါရုံတို့သည် အမြဲမရှိ ကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏”ဟု ဤသို့ ထိုရူပါရုံကိုဟုတ်မှန်စွာ ကောင်းသော ပညာဖြင့် ရှုမြင်သော ပုဂ္ဂိုလ်အား ဥပေက္ခာသည် ဖြစ်၏။ |
1,340,548 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထို့ကြောင့် ထိုဥပေက္ခာကို ထွက်မြောက်ကြောင်းကို မှီသော ဥပေက္ခာဟူ၍ ဆိုရ၏။ |
1,340,549 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဓမ္မာရုံတို့၏ သာလျှင် မမြဲသည်၏အဖြစ်ကို ဖောက်ပြန်ခြင်းကို ကင်းခြင်းကို ချုပ်ခြင်းကို သိ၍ “ရှေး၌လည်းကောင်း၊ ယခုအခါ၌လည်းကောင်း အလုံးစုံသော ဓမ္မာရုံတို့သည် အမြဲမရှိကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်း သဘော ရှိကုန်၏”ဟု ဤသို့ ထိုဓမ္မာရုံကိုဟုတ်မှန်စွာ ကောင်းသောပညာဖြင့် ရှုမြင်သော ပုဂ္ဂိုလ်အား ဥပေက္ခာသည် ဖြစ်၏။ |
1,340,550 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့သဘောရှိသော ဥပေက္ခာသည် ဓမ္မာရုံကို လွန်၍မဖြစ်။ |
1,340,551 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထွက်မြောက်ကြောင်းကို မှီကုန် သော ဥပေက္ခာတို့သည် ဤခြောက်ပါးတို့ပင်တည်း။ |
1,340,552 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “သုံးဆယ့်ခြောက်ပါးသော သတ္တဝါတို့၏ (ဝဋ္ဋ, ဝိဝဋ္ဋသို့) ရောက်ကြောင်းတို့ကို သိရမည်” ဟူသော ထိုစကားကို ဤသုံးဆယ့်ခြောက်ပါးသော တရားကို သာလျှင် စွဲ၍ ဆိုခဲ့၏၊ |
1,340,553 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၀၉။ ထိုသုံးဆယ့်ခြောက်ပါးသောတရားတို့၌ ဤတရားကိုမှီ၍ ဤတရားကို ပယ်စွန့်ကုန်လော့” ဟူသော စကားကို အဘယ်ကိုစွဲ၍ ဆိုခဲ့သနည်း။ |
1,340,554 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ထိုသုံးဆယ့်ခြောက်ပါးသော တရားတို့တွင် ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီသော အကြင်သောမနဿတို့သည် ရှိကုန်၏၊ ထို သောမနဿတို့ကို မှီ၍ ထိုသောမနဿတို့ကို အစွဲပြု၍ ခြောက်ပါးကုန်သော ကာမဂုဏ်တို့ကို မှီကုန်သော အကြင်သောမနဿတို့သည် ရှိကုန်၏၊ ထိုသောမနဿတို့ကို ပယ်စွန့်ကြကုန်လော့၊ ထိုသောမနဿတို့ကို လွန်မြောက်ကြကုန်လော့။ |
1,340,555 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့ ထိုကာမဂုဏ်ကို မှီသော သောမနဿတို့ကို ပယ်ခြင်းသည် ဖြစ်၏၊ ဤသို့ ထိုကာမဂုဏ်ကို မှီသော သောမနဿတို့ကို လွန်မြောက်ခြင်းသည် ဖြစ်၏။ |
1,340,556 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- ရဟန်းတို့ ထိုသုံးဆယ့်ခြောက်ပါးသော တရားတို့တွင် ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော အကြင်ဒေါမနဿတို့သည် ရှိကုန်၏၊ ထိုဒေါမနဿတို့ကို မှီ၍ ထိုဒေါမနဿတို့ကို အစွဲပြု၍ ခြောက်ပါးကုန်သော ကာမဂုဏ်တို့ကို မှီကုန်သော အကြင်ဒေါမနဿတို့သည် ရှိကုန်၏၊ ထိုဒေါမနဿ တို့ကို ပယ်ကြကုန်လော့၊ ထိုဒေါမနဿတို့ကို လွန်မြောက်ကြကုန်လော့။ |
1,340,557 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့ ထိုကာမဂုဏ်ကို မှီသော ထိုဒေါမနဿတို့ကို ပယ်ခြင်းသည် ဖြစ်၏၊ ဤသို့ ထိုကာမဂုဏ်ကို မှီသော ထိုဒေါမနဿတို့ကို လွန် မြောက်ခြင်းသည် ဖြစ်၏။ |
1,340,558 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ထိုသုံးဆယ့်ခြောက်ပါးသော တရားတို့တွင် ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော အကြင်ဥပေက္ခာတို့သည် ရှိကုန်၏၊ ထိုဥပေက္ခာတို့ကို မှီ၍ ထိုဥပေက္ခာတို့ကို အစွဲပြု၍ ခြောက်ပါးကုန်သော ကာမဂုဏ်တို့ကို မှီကုန်သော အကြင်ဥပေက္ခာတို့သည် ရှိကုန်၏၊ ထိုဥပေက္ခာတို့ကို ပယ်ကြကုန်လော့၊ ထိုဥပေက္ခာတို့ကို လွန်မြောက်ကြကုန်လော့... |
1,340,559 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့ ထိုကာမဂုဏ်ကိုမှီသော ဥပေက္ခာ တို့ကို ပယ်ခြင်းသည် ဖြစ်၏၊ ဤသို့လျှင် ထိုကာမဂုဏ်ကို မှီသော ဥပေက္ခာတို့ကို လွန်မြောက်ခြင်းသည့်ဖြစ်၏။ |
1,340,560 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ထိုသုံးဆယ့်ခြောက်ပါးသော တရားတို့တွင် ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော အကြင်သောမနဿတို့သည် ရှိကုန်၏၊ ထိုသောမနဿတို့ကို မှီ၍ ထိုသောမနဿတို့ကို အစွဲပြု၍ ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော အကြင်ဒေါမနဿတို့သည် ရှိကုန်၏၊ ထိုဒေါမနဿတို့ကို ပယ်ကြကုန်လော့၊ ထိုဒေါမနဿတို့ကို လွန်မြောက်ကြကုန်လော့... |
1,340,561 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့လျှင် ထို ဒေါမနဿတို့ကို ပယ်ခြင်းသည် ဖြစ်၏၊ ဤသို့လျှင် ထိုဒေါမနဿတို့ကို လွန်မြောက်ခြင်းသည် ဖြစ်၏။ |
1,340,562 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ထိုသုံးဆယ့်ခြောက်ပါးသော တရားတို့တွင် ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော အကြင်ဥပေက္ခာတို့သည် ရှိကုန်၏၊ ထိုဥပေက္ခာတို့ကို မှီ၍ ထိုဥပေက္ခာတို့ကို အစွဲပြု၍ ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော အကြင်သောမနဿတို့သည် ရှိကုန်၏၊ ထို သောမနဿတို့ကို ပယ်ကြကုန်လော့၊ ထိုသောမနဿတို့ကို လွန်မြောက်ကြကုန်... |
1,340,563 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့လျှင် ထို သောမနဿတို့ကို ပယ်ခြင်းသည် ဖြစ်၏၊ ဤသို့လျှင် ထိုသောမနဿတို့ကို လွန်မြောက်ခြင်းသည် ဖြစ်၏။ |
1,340,564 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၁၀။ ရဟန်းတို့ အထူးထူးသောသဘောရှိသော အထူးထူးသော အာရုံကိုမှီသော ဥပေက္ခာသည် ရှိ၏၊ တစ်ခုတည်းသောသဘောရှိသော တစ်ခုတည်းသော အာရုံကိုမှီသော ဥပေက္ခာသည် ရှိ၏၊ ရဟန်း တို့ အထူးထူး သောသဘောရှိသော အထူးထူးသောအာရုံကို မှီသော ဥပေက္ခာသည် အဘယ်နည်း။ |
1,340,565 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ရူပါရုံတို့၌ဖြစ်သော ဥပေက္ခာသည် ရှိ၏၊ သဒ္ဒါရုံတို့၌ဖြစ်သော ဥပေက္ခာသည် ရှိ၏၊ ဂန္ဓာရုံတို့ ၌ဖြစ်သော ဥပေက္ခာသည် ရှိ၏၊ ရသာရုံတို့၌ဖြစ်သော ဥပေက္ခာသည် ရှိ၏၊ ဖောဋ္ဌဗ္ဗာရုံတို့၌ဖြစ်သော ဥပေက္ခာသည် ရှိ၏၊ ရဟန်းတို့ ဤဥပေက္ခာသည် အထူးထူးသောသဘောရှိသော အထူးထူးသောအာရုံကို မှီသော ဥပေက္ခာတည်း။ |
1,340,566 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ တစ်ခုတည်းသောသဘောရှိသော တစ်ခုတည်းသော အာရုံကိုမှီသော ဥပေက္ခာသည် အဘယ်နည်း။ |
1,340,567 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ အာကာသာနဉ္စာယတနဈာန်ကို မှီသော ဥပေက္ခာသည် ရှိ၏၊ ဝိညာဏဉ္စာယတန ဈာန်ကို မှီသော ဥပေက္ခာသည် ရှိ၏၊ အာကိဉ္စညာယတနဈာန်ကို မှီသော ဥပေက္ခာသည် ရှိ၏၊ နေဝသညာ နာသညာယတနဈာန်ကို မှီသော ဥပေက္ခာသည် ရှိ၏၊ ရဟန်းတို့ ဤဥပေက္ခာသည် တစ်ခုတည်းသော သဘောရှိသော တစ်ခုတည်းသော အာရုံကိုမှီသော ဥပေက္ခာတည်း။ |
1,340,568 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ထိုဥပေက္ခာနှစ်မျိုးတို့တွင် တစ်ခုတည်းသော သဘောရှိသော တစ်ခုတည်းသော အာရုံ ကိုမှီသော အကြင်ဥပေက္ခာသည် ရှိ၏၊ ထိုဥပေက္ခာကို မှီ၍ ထိုဥပေက္ခာကို အစွဲပြု၍ အထူးထူးသော သဘောရှိသော အထူးထူးသော အာရုံကိုမှီသော အကြင်ဥပေက္ခာသည် ရှိ၏၊ ထိုဥပေက္ခာကို ပယ်ကြကုန် လော့၊ ထိုဥပေက္ခာကို လွန်မြောက်ကြကုန်လော့။ |
1,340,569 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့ ထိုအထူးထူးသောသဘောရှိသော ဥပေက္ခာကို ပယ်ခြင်းသည် ဖြစ်၏။ |
1,340,570 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့ ထိုအထူးထူးသောသဘောရှိသော ဥပေက္ခာကို လွန်မြောက်ခြင်းသည် ဖြစ်၏။ |
1,340,571 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- ရဟန်းတို့ တဏှာကင်းသော ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ်ကိုမှီ၍ တဏှာကင်းသော ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ်ကို အစွဲပြု၍ တစ်ခုတည်းသောသဘောရှိသော တစ်ခုတည်းသော အာရုံကိုမှီသော အကြင် အရူပါဝစရသမာပတ္တိဥပေက္ခာနှင့် ဝိပဿနုပေက္ခာသည် ရှိ၏၊ ထိုဥပေက္ခာကို ပယ်ကြကုန်လော့၊ ထို ဥပေက္ခာကို လွန်မြောက်ကြကုန်လော့။ |
1,340,572 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့ ထိုတစ်ခုတည်းသောသဘောရှိသော အရူပါဝစရသမာပတ္တိ ဥပေက္ခာနှင့် ဝိပဿနုပေက္ခာကို ပယ်ခြင်းသည် ဖြစ်၏။ |
1,340,573 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့ ထိုတစ်ခုတည်းသောသဘောရှိသော အရူပါဝစရသမာပတ္တိ ဥပေက္ခာနှင့် ဝိပဿနုပေက္ခာကို လွန်မြောက်ခြင်းသည် ဖြစ်၏။ |
1,340,574 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “ထိုသုံးဆယ့်ခြောက် ပါးသော တရားတို့၌ ဤတရားကိုမှီ၍ ဤတရားကို စွန့်ကုန်လော့” ဟူသော ထိုစကားကို ဤသည်ကို စွဲ၍ ဆိုခဲ့၏။ |
1,340,575 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၃၁၁။ “သတိပဋ္ဌာန်တို့သည် သုံးပါးဖြစ်ကုန်၏၊ အကြင်သတိပဋ္ဌာန်ကို အရိယာဖြစ်သောသူသည် မှီဝဲ၏၊ အကြင်သတိပဋ္ဌာန်ကိုမှီဝဲသော အရိယာဖြစ်သော ဆရာ (ဘုရား) သည် သတ္တဝါအပေါင်းကို ဆုံးမ ခြင်းငှါ ထိုက်၏”ဟူသော ထိုစကားကို အဘယ်ကိုစွဲ၍ ဆိုခဲ့သနည်း။ |
1,340,576 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ဤလောက၌ အစဉ် သနားတော်မူသော အကျိုးစီးပွားကို ရှာမှီးတော်မူသော ဆရာ (ဘုရား) သည် အစဉ်သနားခြင်းကို အကြောင်းပြု၍ “ဤတရားသည် သင်တို့အား စီးပွါးခြင်းငှါ ဖြစ်၏။ |
1,340,577 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤတရားသည် သင်တို့အား ချမ်းသာခြင်းငှါ ဖြစ်၏”ဟု တပည့်တို့အား တရားဟော၏။ |
1,340,578 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုဆရာ၏ တပည့်တို့သည် ယုံကြည်စွာ မနာယူကုန်၊ နားမထောင်ကုန်၊ စိတ်ကို သိအောင် မဖြစ်စေကုန်၊ ဆရာ၏ အဆုံးအမမှ လွှဲဖယ်၍ ကျင့်ကုန်၏။ |
1,340,579 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ထိုသို့ဖြစ်ရာ၌ ငါဘုရားသည် နှလုံးမသာယာခြင်းလည်း မဖြစ်၊ နှလုံးမသာယာ ခြင်း ဒေါမနဿကို မခံစားရ၊ ဒေါမနဿမယိုစီးဘဲ သတိပညာနှင့် ပြည့်စုံ၍ နေ၏။ |
1,340,580 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ အကြင် သတိပဋ္ဌာန်ကို အရိယာဖြစ်သောသူသည် မှီဝဲ၏၊ အကြင်သတိပဋ္ဌာန်ကို မှီဝဲသော အရိယာဖြစ်သော ဆရာ (ဘုရား) သည် သတ္တဝါအပေါင်းကို ဆုံးမခြင်းငှါ ထိုက်၏၊ ဤသတိပဋ္ဌာန်သည် ရှေးဦးစွာသော သတိ ပဋ္ဌာန်တည်း။ |
1,340,581 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ နောက်တစ်မျိုးကား အစဉ်သနားတော်မူသော အကျိုးစီးပွားကို ရှာမှီးတော်မူသော ဆရာ (ဘုရား)သည် အစဉ်သနားခြင်းကို အကြောင်းပြု၍ “ဤတရားသည် သင်တို့အား စီးပွါးခြင်းငှါ ဖြစ်၏။ |
1,340,582 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုဆရာ၏ အချို့ကုန်သော တပည့်တို့သည် ယုံကြည်စွာ မနာယူကြကုန်၊ နားမထောင်ကုန်၊ စိတ်ကို သိအောင် မဖြစ် စေကုန်၊ ဆရာ၏ အဆုံးအမမှ လွှဲဖယ်၍ ကျင့်ကုန်၏။ |
1,340,583 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အချို့ကုန်သော တပည့်တို့သည် ယုံကြည်စွာ နာယူကုန်၏၊ နားထောင်ကုန်၏၊ စိတ်ကိုသိအောင် ဖြစ်စေကုန်၏၊ ဆရာ၏အဆုံးအမမှ လွှဲဖယ်၍ မကျင့်ကုန်။ |
1,340,584 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ထိုသို့ဖြစ်ရာ၌ ငါဘုရားသည် နှလုံးမသာယာခြင်းလည်း မဖြစ်၊ နှလုံး မသာယာခြင်း ဒေါမနဿကိုလည်း မခံစားရ၊ နှလုံးသာယာခြင်းလည်း မဖြစ်၊ နှလုံးသာယာခြင်း သောမနဿကိုလည်း မခံစားရ၊ နှလုံးမသာယာခြင်း နှလုံးသာယာခြင်း ထိုနှစ်ပါးစုံကို ကြဉ်၍ လျစ်လျူ ရှုလျက် သတိပညာနှင့် ပြည့်စုံကာနေ၏။ |
1,340,585 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ အကြင်သတိပဋ္ဌာန်ကို အရိယာဖြစ်သော သူသည် မှီဝဲ၏၊ အကြင်သတိပဋ္ဌာန်ကို မှီဝဲသော အရိယာဖြစ်သော ဆရာ (ဘုရား) သည် သတ္တဝါအပေါင်းကို ဆုံးမ ခြင်းငှါ ထိုက်၏၊ ဤသတိပဋ္ဌာန်သည် နှစ်ခုမြောက်သော သတိပဋ္ဌာန်တည်း။ |
1,340,586 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ နောက်တစ်မျိုးကား အစဉ်သနားတော်မူသော အကျိုးစီးပွားကို ရှာမှီးတော်မူသော ဆရာ (ဘုရား) သည် အစဉ်သနားခြင်းကို အကြောင်းပြု၍ “ဤတရားသည် သင်တို့အား စီးပွါးခြင်းငှါ ဖြစ်၏။ |
1,340,587 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုဆရာ၏ တပည့်တို့သည် ယုံကြည်စွာ နာယူကုန်၏၊ နားထောင်ကုန်၏၊ စိတ်ကိုသိအောင် ဖြစ်စေကုန်၏၊ ဆရာ၏ အဆုံးအမမှ လွှဲဖယ်၍ မကျင့်ကုန်။ |
1,340,588 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ထိုသို့ဖြစ်ရာ၌ ဆရာ (ဘုရား) သည် နှစ်လိုဝမ်းသာ ခြင်းဖြစ်၏၊ ဝမ်းမြောက်မှု သောမနဿကိုလည်း ခံစားရ၏၊ ရာဂမစိုစွတ်မူ၍ သတိပညာနှင့် ပြည့်စုံကာ နေ၏။ |
1,340,589 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ အကြင်သတိပဋ္ဌာန်ကို အရိယာဖြစ်သောသူသည် မှီဝဲ၏၊ အကြင်သတိပဋ္ဌာန်ကို မှီဝဲသော အရိယာဖြစ်သော ဆရာ (ဘုရား) သည် သတ္တဝါအပေါင်းကို ဆုံးမခြင်းငှါ ထိုက်၏၊ ဤသတိပဋ္ဌာန်သည် သုံးခုမြောက်သော သတိပဋ္ဌာန်ပေတည်း။ |
1,340,590 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “သတိပဋ္ဌာန်တို့သည် သုံးပါးဖြစ်ကုန်၏၊ အကြင်သတိပဋ္ဌာန်ကို အရိယာဖြစ်သောသူသည် မှီဝဲ၏၊ အကြင်သတိပဋ္ဌာန်ကို မှီဝဲသော အရိယာဖြစ်သော ဆရာ (ဘုရား) သည် သတ္တဝါအပေါင်းကို ဆုံးမခြင်းငှါ ထိုက်၏”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးကိုသာလျှင် စွဲ၍ ဆိုခဲ့၏။ |
1,340,591 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “ထိုပုဂ္ဂိုလ်ကို သင့်လျော်လျောက်ပတ်စွာ ဆုံးမတတ်သော ဆရာအမျိုးမျိုးတို့ထက် အတုမဲ့ ဖြစ်၍ သတ္တဝါတို့ကို ဆုံးမတတ်သူ” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။ |
1,340,592 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ဆင်ဆရာ သင်ကြားဆုံးမထားသော ယဉ်ကျေးပြီးသော ဆင်သည် အရှေ့အရပ်သို့မူလည်းဖြစ်စေ၊့အနောက်အရပ်သို့မူလည်းဖြစ်စေ၊ မြောက်အရပ်သို့မူလည်းဖြစ်စေ၊ တောင်အရပ်သို့မူလည်းဖြစ်စေ တစ်ခု တည်းသော အရပ်မျက်နှာသို့သာလျှင် ပြေးနိုင်၏။ |
1,340,593 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ မြင်းဆရာ သင်ကြားဆုံးမထားသော ယဉ် ကျေးပြီးသော မြင်းသည် အရှေ့အရပ်သို့မူလည်းဖြစ်စေ၊ အနောက်အရပ်သို့မူလည်းဖြစ်စေ၊ မြောက်အရပ် သို့မူလည်းဖြစ်စေ၊ တောင်အရပ်သို့မူလည်းဖြစ်စေ၊ တစ်ခုတည်းသောအရပ်မျက်နှာသို့သာလျှင် ပြေးနိုင်၏။ |
1,340,594 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ နွားဆရာ သင်ကြားဆုံးမထားသော ယဉ်ကျေးပြီးသော နွားသည် အရှေ့အရပ်သို့မူလည်းဖြစ် စေ၊ အနောက်အရပ်သို့မူလည်းဖြစ်စေ၊ မြောက်အရပ်သို့မူလည်းဖြစ်စေ၊ တောင်အရပ်သို့မူလည်းဖြစ်စေ တစ်ခုတည်းသော အရပ်မျက်နှာသို့သာလျှင် ပြေးနိုင်၏။ |
1,340,595 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တိုင်သိတော်မူသော မြတ်စွာဘုရားသည် သင်ကြားဆုံးမထားသော ယဉ်ကျေးပြီးသော ပုဂ္ဂိုလ်သည် အရပ်ရှစ်မျက်နှာတို့သို့ ပြေးသွား၏။ |
1,340,596 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရူပဈာန်ရှိသည်ဖြစ်၍ ရုပ်တို့ကို ရှု၏၊ ဤဝိမောက္ခ သည် တစ်ခုသော အရပ်မည်၏။ |
1,340,597 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အတွင်းသန္တာန်၌ ရုပ်ဟူသော အမှတ်အသား မရှိသည်ဖြစ်၍ အပ သန္တာန်၌ ရုပ်တို့ကို ရှု၏၊ ဤဝိမောက္ခသည် နှစ်ခုမြောက်အရပ်မည်၏။ |
1,340,598 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤဝိမောက္ခသည် သုံးခုမြောက်အရပ်မည်၏။ |
1,340,599 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရူပသညာ တို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနတ္တသညာတို့ကို လုံးဝနှလုံးမသွင်းမူ၍ “ကောင်းကင်ပညတ်သည် အဆုံးမရှိ”ဟု နှလုံးသွင်းလျက် အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍နေ၏၊ ဤဝိမောက္ခသည် လေးခုမြောက်အရပ်မည်၏။ |
1,340,600 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အချင်းခပ်သိမ်း အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန် မြောက်၍ “ပဌမာရုပ္ပဝိ ညာဏ်သည် အဆုံးမရှိ”ဟု (နှလုံးသွင်းလျက်) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍နေ၏၊ ဤဝိမောက္ခသည် ငါးခုမြောက်အရပ်မည်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.