id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,349,601
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အေး- တဟားဟားနဲ့ ရီရရင် လူတွေ ကလည်း ကျေနပ်နေတာပေါ့၊ အဲဒါလည်း ရသ တစ်မျိုးပဲ။
1,349,602
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
နောက်ပြီးတော့ တစ်ဦးနှင့်တစ်ဦး နှစ်သက်ပြီး တော့ ခင်မင်ကြတယ်၊ ချစ်ကြိုးသွယ်ကြတယ်။
1,349,603
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဒါကော ရသ မဟုတ်ဘူးလား။
1,349,604
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဲဒါလည်း ရသတစ်မျိုးပဲ။
1,349,605
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ခင်ကြတယ်၊ မင်ကြတယ်၊ သံယောဇဉ် ဖြစ်ကြတယ်၊ ဒါလည်း ရသတစ်မျိုးပဲ၊ အဲဒါကို “သိင်္ဂါရရသ” လို့ ခေါ်တယ်။
1,349,606
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
နောက်ပြီးတော့ ရသတစ်မျိုး ရှိသေးတယ်။
1,349,607
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဆင်းရဲ ဒုက္ခ ကြုံနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို သနားလိုက်တာ လို့ ရင်လေး မ,မပြီးတော့ ပြောကြတယ်။
1,349,608
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
သနား လိုက်တာ သနားလိုက်တာနဲ့၊ ပွဲကြည့်ပြီးတော့ မျက်ရည် ကျတဲ့လူတောင် ရှိသေးတယ်နော်။
1,349,609
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ရှေးတုန်းက ဇာတ်ခင်းတဲ့အထဲ ပုဏ္ဏားက မင်းသား မင်းသမီးကို နှိပ်စက်ရင် အဲဒါကို လူတွေက သဘောတွေကျလို့၊ အဲဒါလည်း အရသာခံတာပဲ။
1,349,610
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ခုခေတ်တော့ အဲဒီအရသာ မခံရတော့ဘူးထင်တယ်။
1,349,611
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ကိုရီးယားဇာတ်ကား ကြည့်ပြီးတော့ အရသာခံတယ်၊ “ကရုဏာရသ“လို့ ခေါ်တယ်။
1,349,612
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
သနားစရာ ဝေဿန္တရာ ဇာတ်တော်ဆိုရင် ကဏှာ ဇာလီ သားသမီးတွေ လှူလိုက်တဲ့အခါ မယ်မဒီ မိဖုရားက တစ်ခါတည်း မေ့မျောသွားတာ။
1,349,613
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဒါတွေကိုကြည့်ပြီး သနားတယ်ပေါ့ နော်၊ အဲဒီသနားတဲ့ စိတ်ကလေး ပေါ်တာလည်း ရသတစ်ခုပဲ။
1,349,614
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
နောက်ဇာတ်လမ်းတွေထဲမှာကြည့် - ကြမ်းကြမ်း တမ်းတမ်း ကြမ်းပြတဲ့ လူကြမ်းဆိုတာ မပါဘူးလား၊ အေး - လူကြမ်းက ကြမ်းပြတာကိုလည်း လူတွေက ကြိုက်တယ်၊ ထိုးလားကြိတ်လား၊ တစ်ချိန်တုန်းက “ကျန်ကျောင်း” ခေတ်စားလိုက်သေးတယ်ပေါ့၊ ဟုတ်ရဲ့ လား၊ အဲဒီလို ကြမ်းပြတာတွေကိုလည်း လူတွေက ကြိုက်တယ်၊ ဒါလည်း ရသတစ်ခုပဲ။
1,349,615
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
နောက် ရဲစွမ်းသတ္တိရှိတဲ့သူရဲကောင်း၊ လူတွေ ကြောက်စရာကို သူကမကြောက်ဘူး၊ သတ္တိ အင်မတန် ကောင်းတယ်၊ သူရဲကောင်းကိုပြလို့ရှိရင်လည်းပဲ၊ သတ္တိ ရှိတာတွေ ပြလို့ရှိရင်လည်း လူတွေက သဘောကျ တယ်၊ စိတ်ထဲမှာ ခံစားရတယ်၊ “ဝီရရသ” ပဲ။
1,349,616
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ရွံစရာတွေ တွေ့လို့ရှိရင်လည်း သူက ရသ တစ်မျိုးပဲ၊ နောက် အံ့ဩစရာတွေ တွေ့လို့ရှိရင်လည်း ရသတစ်မျိုးပဲ၊ ကြောက်စရာတွေကလည်း ရသ တစ်မျိုးပဲ၊ တစ္ဆေပုံပြင်ဆိုရင် သိပ်နားထောင်လို့ ကောင်းတာ။
1,349,617
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
သို့သော် တစ္ဆေပုံပြင်ပြောရင်း ပြောရင်းနဲ့ ပြောတဲ့လူရှေ့ တိုးလာတယ်၊ လူကြားထဲ ဝင်လာတယ် နောက်ကြောမလုံဘူး၊ အဲဒီနောက်ကြော မလုံတာလေး ကိုပဲ တစ်မျိုးအရသာရှိတယ်။
1,349,618
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
လူတွေမှာ အဲဒီလိုရသတွေဆိုတာ လူ့လောကမှာ မြောက်များစွာ ရှိတယ်တဲ့။
1,349,619
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဒီပြင်ရသတွေ အသာထား စိတ်ထဲမှာ ခံစားရတဲ့ရသ- ဟိုထမင်းဆိုင်က ကောင်း တယ်၊ ဒီထမင်းဆိုင်က အချက်ကောင်းတယ် ဆိုတဲ့ ရသတွေ၊ ကဲ ထားလိုက်တော့။
1,349,620
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
“လောကမှာ လူတွေကြုံတွေ့နေရတဲ့ ရသတွေ ထဲမှာ ဘယ်ရသ အကောင်းဆုံးလဲ၊ ဘယ်အရသာဟာ အကောင်းဆုံးလဲ?” ဆိုတဲ့ မေးခွန်းတစ်ခု မေးလာ တယ်။
1,349,621
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
မေးတဲ့အခါမှာ မြတ်စွာဘုရားက ဒီမေးခွန်းကို ဖြေပေးလိုက်တာကတော့ “သဗ္ဗရသံ ဓမ္မရသော ဇိနာတိ” ဒါလေးကို မှတ်ထားပေါ့၊ သဗ္ဗရသံ - ခံစား ရတဲ့ အရာသာမှန်သမျှကို၊ ဓမ္မရသော-ဓမ္မနဲ့ ပတ်သက် တဲ့ အရသာကသာလျှင်၊ ဇိနာတိ- အနိုင်ရတယ်။
1,349,622
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဘာဖြစ်လို့တုန်းဆိုတော့ ကျန်တဲ့ ရသတွေရဲ့ နောက်ကွယ်မှာ ရှုတ်ထွေးမှုတွေ၊ ပူလောင်မှုတွေ အများကြီး ပါလာတယ်။
1,349,623
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ငြိမ်းချမ်းမှုဆိုတာ မရှိဘူး၊ သနားတဲ့အချိန်မှာလည်း ရင်နာတာပဲ၊ ရီလာလို့ ရှိရင် လည်း ကြာတော့ မောလာတာပဲ။
1,349,624
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ခုနက ရသတွေဟာ သေချာကြည့်မယ် ဆိုလို့ရှိရင် အဆုံးထိအောင် မကောင်းဘူး၊ ကြာရှည်လည်း မကောင်းဘူး။
1,349,625
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
တရားကို အာရုံပြုပြီး၊ တရားနဲ့ ပတ်သက်ပြီး သဘာဝ တရားလေးတွေစဉ်းစားလို့ စိတ်ထဲမှာကြည်နူး လာတယ်။
1,349,626
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ကမ္မဋ္ဌာန်းထိုင်လိုက်ရလို့ သမာဓိစွမ်းအား တွေ ကောင်းလာလို့ စိတ်ထဲမှာ ကြည်နူးလာတယ်၊ သင်္ခါရတရားတွေ ချုပ်ငြိမ်းသွားပြီး နိဗ္ဗာန်အငြိမ်းဓာတ် ကြီးကို အာရုံပြုရလို့ စိတ်ထဲမှာ ချုပ်ငြိမ်းချမ်းသွားတယ်၊ အဲဒီရသမှာ အရှုတ်အထွေးတစ်ခုမှမပါဘူး၊ ဘယ်လိုမှ အားရတင်းတိမ်ခြင်းမရှိနိုင်တဲ့ အမြဲတမ်းပဲ ခံစားချင် တဲ့ ဒီလို ဓမ္မရသမျိုးကသာလျှင် ကျန်တဲ့ ရသတွေ အားလုံးကို သိမ်းချုပ်ပြီးတော့ အနိုင်ရပါတယ်ဆိုတော့ ဓမ္မရသဟာ အကောင်းဆုံးလို့ ဒီလိုပြောတာပါ။
1,349,627
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဓမ္မရသကောင်းလို့ ပွဲသွားမကြည့်ဘဲနဲ့ တရားပွဲ ရောက်လာတာ၊ ဓမ္မရသကောင်းလို့ အပျော်အပါးတွေ မလိုက်စားဘဲနဲ့ ရိပ်သာသွားပြီး တရားအားထုတ်တာ ဟုတ်ကဲ့လား။
1,349,628
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
သာမန် ပုဂ္ဂိုလ်တွေက ကြည့်မယ်ဆိုရင် “ဒီလူတွေ ဘာလုပ်နေတုန်း၊ ငုတ်တုတ်ကြီးတွေ ထိုင်နေ တယ်” ပေါ့၊ ဒီလိုပဲထင်မယ်။
1,349,629
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
“ဘာများ ကောင်းတာရှိလို့ တုန်း၊ ရိပ်သာသွားပြီး တစ်ယောက်တည်းငုတ်တုတ်ကြီး ထိုင်နေတယ်၊ ဘာများ အရသာရှိပါလိမ့်” လို့ ထင်ကောင်း ထင်နေလိမ့်မယ်၊ သူ့မှာလည်း အရသာ ရှိနေတာပဲ၊ ဟုတ်ကဲ့လား။
1,349,630
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဲဒီ ဓမ္မရသဆိုတာကျတော့ တကယ့်ကို မဂ်ဖိုလ် နိဗ္ဗာန်အဆင့် ရောက်သွားပြီဆိုတဲ့အခါ လုံးဝ ငြိမ်းချမ်း သွားတယ်။
1,349,631
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ပဋာစာရီတို့ကြည့်၊ သောကအပူမီးတွေနဲ့ ရူးသွားတဲ့အဆင့်၊ သောကုမ္မတ္တကဆိုတဲ့ အရူးဘဝရောက်သွားတဲ့ အချိန်ထိအောင် သတိလက်လွတ် ဖြစ်သွားတယ်၊ ဓမ္မရသနဲ့ တွေ့လိုက်တဲ့အခါ ကျတော့ ပဋာစာရီဟာ အရူးပျောက်ပြီးတော့ ထာဝရငြိမ်းတဲ့ အငြိမ်းဓာတ်ကို တွေ့သွားတာ မဟုတ်လား။
1,349,632
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဗုဒ္ဓမြတ်စွာလက်ထက်တုန်းက သောကရောက် နေတဲ့ ပုဂ္ဂိုလ်တွေလည်း သောကပြေပျောက်သွားကြ တယ်။
1,349,633
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဒါ ဓမ္မရသပဲ။
1,349,634
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဒီကနေ့ခေတ်မှာလည်း မိမိတို့ စွမ်းအားသတ္တိရှိသလောက် တရားဓမ္မကို နှလုံးသွင်းကြ လို့ သောကတွေကို ကျော်လွှားနိုင်ကြတယ်။
1,349,635
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
မြတ်စွာ ဘုရား ကိုယ်တိုင်ကလည်း ရင်ထဲက အပူတွေကို ဖယ်ရှားပစ်နိုင်တဲ့တရားဟာ ဒီတရားပဲလို့ ပြောတယ် နော်။
1,349,636
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဒီဓမ္မဆိုတာ ဘာတွေတုန်းဆိုတော့ ကိုယ့်ရင်ထဲမှာ ရှိပြီး ကြီးပွားလာအောင်လုပ်ရတဲ့ သတိပဋ္ဌာန်စတဲ့ ဗောဓိပက္ခိယ တရားတွေပဲ။
1,349,637
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဗောဓိပက္ခိယ ဆိုလို့ ဒီတရားတွေက ရိပ်သာမှာရှိတယ်လို့ သွားပြီးမအောက် မေ့နဲ့၊ လေ့ကျင့်ယူလို့ရှိရင် ကိုယ့်ရင်ထဲမှာရမယ့် တရားတွေပေါ့။
1,349,638
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
သတိပဋ္ဌာန်မှာ သတိကို မွေးမြူပြီးတော့ ကာယ ပေါ်မှာ လေ့ကျင့်ယူတယ်၊ ထွက်လေ ဝင်လေပေါ်မှာ အာရုံစိုက်ပြီးတော့ လေ့ကျင့်ယူတယ်- ကာယာနုပဿနာ၊ ကိုယ့်ရဲ့ခံစားမှုလေးပေါ်မှာ အာရုံစိုက်ပြီး တော့ လေ့ကျင့်ယူတယ်- ဝေဒနာနုပဿနာ၊ ကိုယ့်ရဲ့ စိတ်အခြေအနေလေးပေါ်မှာ လေ့ကျင့်ယူတယ် စိတ္တာနုပဿနာ၊ ကျန်တဲ့ သဘာဝတရားတွေပေါ်မှာ လေ့ကျင့်ယူတယ်-ဓမ္မာနုပဿနာ၊ အဲဒီလို သတိထား တတ်လာပြီဆိုရင် သတိနဲ့ဉာဏ်က တွဲလာသည့် အတွက်ကြောင့် သတိထားလိုက်တာနဲ့ ဉာဏ်က သိသိ လာတယ်။
1,349,639
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
သိလာသည့်အတွက်ကြောင့် ဘယ်ဟာ အမှန် ဘယ်ဟာအမှား၊ ဘယ်ဟာက အကောင်း ဘယ် ဟာကအဆိုးဆိုတာ ကွဲကွဲပြားပြားကြီး သိလာတယ်။
1,349,640
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဒါမှ အရသာတွေကို ပြည့်ပြည့်ဝဝ ခံစားနိုင်ကြတယ်။
1,349,641
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဓမ္မအရသာတွေကို ခံစားပြီ ဆိုလို့ရှိရင် မြတ်စွာ ဘုရားက ဟောတယ်လေ - “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ သောကပရိဒေဝါနံ သမတိက္ကမာယ၊ ဒုက္ခ- ဒေါမနဿာနံ အတ္ထင်္ဂမာယ၊ ဉာယဿ အဓိဂမာယ” ကြည့် - ရင်ထဲမှာ ပူနေတဲ့ သောက၊ ပူတာကို မခံနိုင်လို့ မျက်ရည်ကျရတာ ပရိဒေဝ၊ အဲဒါတွေကို ငြိမ်းသွားစေနိုင်တာ ဟောဒီ ဓမ္မပဲ။
1,349,642
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဒါ့ကြောင့်မို့လို့ ဓမ္မရသဟာ ကောင်းတယ်လို့ ပြောတာနော်။
1,349,643
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ကျန်တဲ့နည်းနဲ့ ငြိမ်းလို့မရဘူး၊ ဒုက္ခ ဒေါမနဿ - ကိုယ်ဆင်းရဲမှုတွေ စိတ်ဆင်းရဲမှုတွေ လူတွေမှာ ကြုံတွေ့ရင် အဲဒီ ကိုယ်ဆင်းရဲမှု စိတ် ဆင်းရဲမှုဆိုတဲ့ အပူတွေကိုလည်းပဲ ဟောဒီဓမ္မက ငြိမ်းစေနိုင်တယ်တဲ့။
1,349,644
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဒါ့ကြောင့်မို့ ဓမ္မရသသည် ကျန်တဲ့ အရသာတွေ အားလုံးကို လွှမ်းခြုံထားနိုင်ပါတယ်လို့ ပြောတာ။
1,349,645
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဲဒါကြောင့်မို့လို့ မြတ်စွာဘုရားက “သဗ္ဗရသံ ဓမ္မရသော ဇိနာတိ” ဆိုတဲ့ ဒီအဖြေကို ပေးတာ။
1,349,646
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
မေးခွန်း - ၃
1,349,647
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ကဲ၊ နောက်တစ်ခု - သူတို့က အမေးတစ်ခု တက်လာပြန်တယ်၊ လောက လူတွေဟာ စိတ်ရဲ့ ပျော်မွေ့ရာတွေ ရှိကြတယ်၊ စိတ်ရဲ့ ပျော်မွေ့ရာမှာ လူတွေဟာ ဘာနဲ့ပျော်ကြသလဲဆိုရင် သားသမီးရှိတဲ့ ပုဂ္ဂိုလ်က သားသမီးနဲ့ပျော်တယ်၊ ပစ္စည်းရှိတဲ့ပုဂ္ဂိုလ်က ပစ္စည်းဥစ္စာနဲ့ ပျော်တယ်၊ ပျော်စရာ အာရုံတွေနဲ့ ပျော်တယ်၊ လောကမှာ ပျော်စရာတွေ အမျိုးမျိုးရှိတယ် မဟုတ်လား။
1,349,648
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
လူတွေက တစ်ခုရိုးသွားရင် နောက်တစ်ခုရှာပြီး ပျော်ကြတာပဲ၊ ပျော်စရာအမျိုးမျိုးရှာတယ်။
1,349,649
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
မျက်စေ့ကကြည့်ပြီး ပျော်စရာရှာတယ်၊ နားက နားထောင်ပြီး ပျော်စရာရှာတယ်၊ မျက်စေ့ကြည့်ရတာ ညောင်းလို့ရှိရင် နားက နားထောင်တယ်၊ လူတွေက အမြဲတမ်း ပျော်စရာလေးနဲ့နေတယ်။
1,349,650
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဘုန်းကြီးတို့ စင်္ကာပူသွားတော့ ကောင်လေးတွေ ကောင်မလေးတွေ ဘာလုပ်လဲဆိုတော့ နားမှာ ကြိုး ကလေးတွေ လှမ်းလှမ်းတွေ့တယ်၊ MP3 သီချင်းခွေ လေးတွေ နားထဲမှာ နားကြပ်ကလေးတွေ ထည့်ထည့် ပြီးတော့ အဲဒါနဲ့ပဲ ပျော်နေတာ၊ ဒီတိုင်း မနေနိုင်ဘူး၊ လူက ပျော်စရာလေးနဲ့မှ နေနိုင်တာ။
1,349,651
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
တစ်ခါတုန်းက ဂျာမနီသွားတုန်းကဆိုရင် ရထား ပေါ်မှာ ဂျာမန်ကြီးတစ်ယောက် နားထဲမှာ နားကြပ် ကလေးထည့်ပြီး တစ်ကိုယ်လုံးကို ရှိတ်ဆွဲနေလိုက်တာ မပြောနဲ့တော့၊ ဘေးက လူတွေကိုလည်း မကြည့်အား ဘူး၊ သူ့တစ်ကိုယ်လုံး လှုပ်နေတာပဲ၊ ဘာသီချင်းမှန်း တော့ မသိဘူး၊ သူရဲ့ခံစားချက်ကတော့ အပြည့်ပဲနော်။
1,349,652
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဲဒီတော့ “လောကမှာ ပျော်စရာအမျိုးမျိုးနဲ့ လူတွေဟာ ပျော်နေကြတယ်၊ အဲဒီပျော်စရာအမျိုးမျိုး ထဲမှာ ဘယ်ပျော်စရာက အကောင်းဆုံးလဲ” ဆိုတာကို မြတ်စွာဘုရားကို မေးတယ်။
1,349,653
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
သူတို့နတ်ပြည်မှာလည်းပဲ ဥယျာဉ်တွေ လှည့်ပတ် ကြည့်လို့၊ နတ်ဆိုင်းတွေတီးလို့ နတ်ဂီတတွေနဲ့ ဒီလို ပျော်ကြတာတွေ ရှိတယ်။
1,349,654
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဒါတွေက နောက်ကျ ငြီးငွေ့ သွားတယ်၊ အသံဗလံတွေဆိုတာ ကြာလာတဲ့အခါကျ ငြီးငွေ့သွားတယ်။
1,349,655
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ထာဝရ ပျော်မနေနိုင်ဘူး။
1,349,656
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဲဒီတော့ ပျော်စရာတွေထဲမှာ သူတို့တွေ့နေတဲ့၊ ခံစားနေရတဲ့ ပျော်ရွှင်မှုတွေဟာ ငြီးငွေ့တယ်တဲ့၊ မပျော်နိုင်ဘူးပေါ့။
1,349,657
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဘုန်းကြီးတို့ ၂၀၀၃-ခုနှစ်က ဂျာမနီကို သွားတဲ့ အခါ ဂျာမနီက ဘာလင်မြို့။
1,349,658
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အခုတော့ အရှေ့ဘာလင် အနောက်ဘာလင် ပေါင်းသွားပြီပေါ့လေ။
1,349,659
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဘာလင်မြို့ မှာ အင်မတန်ကြီးကျယ်တဲ့ ပွဲကြီးတစ်ပွဲ ကျင်းပတာနဲ့ သွားပြီးဆုံတယ်။
1,349,660
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဇွန်လထဲမှာ အဲဒီပွဲကြီးကျင်းပတယ်၊ ပွဲနာမည် ဘာခေါ်တုန်းဆိုတော့ love parade “ချစ်သူတို့ ချီတက်ပွဲ” ဆိုတဲ့ အဓိပ္ပာယ်ပဲ။
1,349,661
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဥရောပနိုင်ငံတွေက အနယ်နယ် အရပ်ရပ်က လာကြတယ်။
1,349,662
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
လေယာဉ်ပျံနဲ့ လာတယ်၊ ရထားနဲ့လာတယ်၊ ကားနဲ့ လာတယ်၊ ရထားတွေဆို လူပြည့်ညှပ်နေတာပဲ၊ လေယာဉ်ပျံဆို လက်မှတ်ဝယ်ဖို့ မလွယ်ဘူး။
1,349,663
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဲဒီအချိန်မှာ ဘာလင်မြို့ကို စုလာကြ တယ်၊ လူသန်းချီပြီးတော့ တက်တယ်။
1,349,664
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
တယ်လီဗီးရှင်း ကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် အဲဒီ love parade ဆိုတဲ့ပွဲမှာ ပျော်လိုက်ကြတာ၊ သီချင်းဆိုတဲ့သူက ဆို၊ ခုန်တဲ့သူက ခုန်၊ ပေါက်တဲ့သူက ပေါက်။
1,349,665
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဲဒီမှာ ပျော်လိုက် ရွှင်လိုက်ကြတာ။
1,349,666
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဲဒီမှာ အဲဒီလို ပျော်ရွှင်မှုမျိုးတွေ လောကမှာရှာပြီး ပိုက်ဆံအကုန်ခံပြီး လာပျော်ကြတယ်။
1,349,667
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ပျော်စရာတွေက ဒါတင်မကဘူး၊ ဘောလုံး ဝါသနာပါတဲ့လူက ဘောလုံးပွဲကြည့်ပြီးပျော်တာပဲနော်။
1,349,668
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အမျိုးကို စုံနေတာပေါ့။
1,349,669
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဲဒီလို လောကမှာ စိတ်ရဲ့ ပျော်ရွှင်စရာတွေကိုရှာပြီး ပျော်ကြတာတွေထဲမှ ဘယ် ဟာကို ပျော်တာက ကောင်းသလဲ ဆိုတာကို မြတ်စွာ ဘုရားကို မေးတာ။
1,349,670
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
မြတ်စွာဘုရားက ဖြေလိုက်တယ်။
1,349,671
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ။
1,349,672
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
သဗ္ဗရတိံ- လောကမှာ ပျော်စရာတွေ မှန်သမျှကို၊ ဓမ္မရတိ- ဓမ္မနဲ့ မွေ့လျော် ပျော်ပိုက် ခြင်းကသာ၊ ဇိနာတိ- အနိုင်ရတယ်။
1,349,673
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဓမ္မရတိလို့ဆိုတဲ့ ဓမ္မနဲ့ပျော်မွေ့ခြင်းက အလွန် ငြိမ်းချမ်းတယ်ပေါ့။
1,349,674
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဓမ္မနဲ့ပျော်မွေ့တဲ့ နောက်ကွယ်မှာ သောကလည်း မလာဘူး၊ ပရိဒေဝလည်းမလာဘူး၊ ပင်ပန်းနွမ်းနယ်တာတွေလည်း မလာဘူး။
1,349,675
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ခုနက love parade မှာ ပျော်တဲ့လူတွေက နောက်တစ်ရက်ကျ တော့ ပက်လက်ဖြစ်ကုန်ကြတယ်။
1,349,676
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
တစ်ညလုံး ကကြ ခုန်ကြ သောက်ကြ စားကြတာ နောက်တစ်ရက် ကျတော့ သွားရော။
1,349,677
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဓမ္မနဲ့ပျော်တဲ့ပုဂ္ဂိုလ်က အဲဒီလို မဟုတ်ဘူးတဲ့၊ ခုခေတ်မှာတောင် တချို့ရှိပါတယ်၊ တရားမှတ်ကောင်းနေတယ်၊ တစ်ညလုံး မအိပ်ဘူးတဲ့။
1,349,678
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
နောက်တစ်ရက်လည်း လန်းလန်းဆန်းဆန်းပဲ၊ တရား မှတ်လို့ သမာဓိတွေ ကောင်းတယ်၊ နောက်တစ်ရက် လည်း လန်းလန်းဆန်းဆန်းပဲ။
1,349,679
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ငြီးငွေ့တာတို့ အိပ်ချင် တာတို့ - ဒါမျိုးတွေ မရှိဘူးတဲ့။
1,349,680
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
တရားမှတ်လို့ ကောင်း နေတဲ့ ပုဂ္ဂိုလ်တွေ ဓမ္မနှင့်ပျော်တာဟာ နောက်ဆက်တွဲ ဘာမှ အပူအပင်တွေ မလာဘူးတဲ့။
1,349,681
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဒါ့ကြောင့်မို့ “ဓမ္မရတိ” ဟာ အကောင်းဆုံးပဲလို့ မြတ်စွာဘုရားက ဟောတာနော်။
1,349,682
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
နောက်ဆုံး မေးခွန်းလေးတစ်ခု သူတို့က မေးကြ တယ်။
1,349,683
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
လောကမှာ ကုန်အောင် လုပ်စရာတွေ အများကြီးရှိတယ်။
1,349,684
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဲဒီ ကုန်အောင်လုပ်တဲ့အထဲမယ် ဘာကုန်တာ ကောင်းသလဲပေါ့။
1,349,685
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
သူတို့မေးတဲ့ မေးခွန်း ကတော့ “တဏှာကုန်တာဟာ ဘာလို့ကောင်းတာလဲ” မြတ်စွာဘုရားက တဏှာကို ကုန်အောင်လုပ်ရမယ်လို့ သိကြားမင်းကြီးလာတုန်းက တဏှာသင်္ခယ သုတ္တန် ဆိုတာ ဟောလိုက်တယ်။
1,349,686
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အားလုံးပရိသတ်လည်း သိတယ်နော်၊ ဒုက္ခသမုဒယဆိုတာ တဏှာကို ပြောတာ နော်။
1,349,687
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
လူတွေမလိုချင်တာ ဘာတုန်း၊ ဒုက္ခ၊ အဲဒီ မလိုချင်တဲ့ ဒုက္ခကို ထုတ်လုပ်နေတာ ဘယ်သူတုန်း ဆိုရင် တဏှာ၊ အဲဒီတော့ ဒီမေးခွန်းကို မေးတယ်။
1,349,688
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဘုန်းကြီးတို့ စဉ်းစားကြည့်တယ်၊ သူတို့မေးတာ ဒီလိုလည်း ဖြစ်နိုင်တယ်၊ “ကုန်စရာတွေထဲမှာ တဏှာ ကုန်တာ ဘာလို့ကောင်းတာလဲ” လောကမှာ ပစ္စည်း ဥစ္စာတွေ ကုန်သွားတာရှိတယ်၊ စားစရာ သောက်စရာ တွေ ကုန်သွားတာရှိတယ်၊ ကုန်တာတွေ အကုန်လုံး ကုန်ကြတာတွေ ရှိတာပဲ။
1,349,689
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဲဒီ ကုန်သွားတဲ့အထဲမှာ အကောင်းဆုံးကုန်ခြင်းကဘာလဲ၊ ဘာ့ကြောင့် ကောင်း သလဲဆိုတာ၊ တဏှာကုန်တာ ဘာ့ကြောင့်ကောင်းသလဲ ဆိုတဲ့ မေးခွန်းကို မေးတာဖြစ်တယ်။
1,349,690
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
မြတ်စွာဘုရားက တဏှာက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။
1,349,691
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
တဏှာက္ခယော- တွယ်တာမှု ဆိုတဲ့တဏှာ ကုန်ခမ်းသွားခြင်းသည် (တဏှာက္ခယဆိုတာ တခြားကို ပြောတာမဟုတ်ဘူး၊ အရဟတ္တမဂ်နှင့် အရဟတ္တဖိုလ်ကို ပြောတာ) တဏှာက ဘယ်မှာ ကုန်သလဲ၊ ဘာနဲ့မှ ကုန် သလဲဆိုရင် အရဟတ္တမဂ် အရဟတ္တဖိုလ်ရမှကုန်မယ်၊ အရဟတ္တမဂ်ကသာလျှင် တဏှာကို အားလုံး ဖယ်ရှား ပစ်နိုင်တယ်၊ ဒါ့ကြောင့်မို့ အရဟတ္တမဂ်ရယ် အရဟတ္တ ဖိုလ်ရယ်ဆိုတဲ့ အမြင့်ဆုံးဓမ္မ ဒီနှစ်ခုကို တဏှာက္ခယ လို့ ခေါ်တယ်နော်။
1,349,692
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အဲဒီ တဏှာက္ခယ လို့ဆိုတဲ့ တဏှာကုန်ဆုံးမှု၊ အတွယ်အတာကုန်ဆုံးမှုဟာ ဘာကြောင့် အကောင်း ဆုံးလို့ ပြောရသလဲဆိုရင် မြတ်စွာဘုရားက သဗ္ဗဒုက္ခံ ဇိနာတိ တဲ့။
1,349,693
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဒုက္ခတွေ အားလုံးကို အနိုင်ရလိုက်လို့ ပါတဲ့။
1,349,694
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဘုန်းကြီးတို့ တစ်တွေက တဏှာကို မပယ်နိုင် ဘဲနဲ့ ဒုက္ခက လွတ်မြောက်ချင်နေတာ၊ တဏှာကို မပယ် ဘဲနဲ့ ဒုက္ခကလွတ်မြောက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။
1,349,695
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
တဏှာမပယ်ဘဲနဲ့ ဒုက္ခကလွတ်တယ်ဆိုတာ လုံးဝ မရှိဘူး။
1,349,696
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဒါ့ကြောင့်မို့ အားလုံးမကြိုက်မနှစ်သက်တဲ့ ဒီဒုက္ခ ကြီးက လွတ်ဖို့ဆိုလို့ရှိရင် ဘာကို ကုန်အောင် လုပ်ရ မလဲ။
1,349,697
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဒုက္ခကို ကုန်အောင် လုပ်ရမှာလား၊ တဏှာကို ကုန်အောင်လုပ်ရမှာလား၊ ဒုက္ခကို ကုန်အောင်လုပ်လို့ မရဘူးတဲ့၊ ဒုက္ခကို ကုန်စေချင်လို့ရှိရင် တဏှာကို ကုန်အောင်လုပ်ရမယ်။
1,349,698
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
အတွယ်အတာကို မလျော့ဘဲနဲ့ ဒုက္ခက လွတ်ချင်တယ်ဆိုရင်ကတော့ လုံးဝမဖြစ်နိုင် ဘူး။
1,349,699
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
ဒါ့ကြောင့် တဏှာက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။
1,349,700
Uncategorized
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
တဏှာက္ခယော - တဏှာကို ကုန်စေတတ်တဲ့ အရဟတ္တမဂ် အရဟတ္တဖိုလ်ဆိုတဲ့ သဘာဝတရားဟာ၊ သဗ္ဗဒုက္ခံ - ဒုက္ခမှန်သမျှကို၊ ဇိနာတိ - အနိုင်ရတယ် လို့ပြောတယ်။