id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,352,201 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ | သို့ရာတွင် ယင်းသို့မသက်ဆိုင်စေရဟု ထိုဥပဒေတွင် အတည့်အလင်း ပြဋ္ဌာန်းထားလျှင် ပြဋ္ဌာန်းသည့်အတိုင်းဖြစ်စေရမည်။ |
1,352,202 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ | ပြုလုပ်မှု၊ သို့မဟုတ် ပျက်ကွက်မှု တခုခုသည် ဥပဒေနှစ်ရပ်၊ သို့မဟုတ် နှစ်ရပ်ထက်ပိုသော ဥပဒေများ အရ ပြစ်မှုမြောက်လျှင် ပြစ်မှုကျူးလွန်သူကို ယင်းဥပဒေများအနက် ဥပဒေတရပ်ရပ်ဖြင့်သာ တရားစွဲဆို အပြစ်ပေးရမည်။ |
1,352,203 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ | ပြစ်မှုတရပ်တည်းအတွက် ပြစ်ဒဏ်တကြိမ်ထက်ပို၍ မခံစေရ။ |
1,352,204 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ | အခန်း ၈ တာဝန်ပေးအပ်ခြင်း၊ ဆက်ခံဆောင်ရွက်ခြင်း၊ ရပ်စဲခြင်း |
1,352,205 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ | တာဝန်တခုခုကို ပေးအပ်ရာ၌ ပုဂ္ဂိုလ်အမည်ဖြင့်ဖြစ်စေ၊ ရာထူးအလျောက်ဖြစ်စေ ပေးအပ်နိုင်သည်။ |
1,352,206 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ | ယင်းသို့ပေးအပ်ရာ၌ ခေတ္တသော်လည်းကောင်း၊ အမြဲတမ်းသော်လည်းကောင်း ပေးအပ်နိုင်သည်။ |
1,352,207 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ | သို့ရာတွင် တာဝန်ပေးအပ်ခွင့်ပြုသော ဥပဒေ၌ တနည်းတဖုံဖော်ပြထားလျှင် ယင်းသို့ ဖော်ပြထားသည့်အတိုင်းသာ ဖြစ်စေရမည်။ |
1,352,208 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ | ဥပဒေပြဋ္ဌာန်းချက်တရပ်ရပ်သည် တာဝန်တခုခုကို ထမ်းဆောင်နေသူနှင့် သက်ဆိုင်ကြောင်း ပါရှိ လျှင် ယင်းတာဝန်ကို အခိုက်အတန့်အားဖြင့်ထမ်းဆောင်နေသူနှင့်လည်း သက်ဆိုင်သည်ဟု မှတ်ယူရမည်။ |
1,352,209 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ | ဥပဒေပြဋ္ဌာန်းချက် တရပ်ရပ်သည် အဖွဲ့အစည်းတခုခု၊ သို့မဟုတ် ပုဂ္ဂိုလ်တဦးတယောက်နှင့် သက်ဆိုင်ကြောင်း ဖော်ပြထားလျှင် ထိုအဖွဲ့အစည်း၊ သို့မဟုတ် ပုဂ္ဂိုလ်၏ဆက်ခံသူနှင့်လည်း သက်ဆိုင် သည်ဟု မှတ်ယူရမည်။ |
1,352,210 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ | ဥပဒေတရပ်ရပ်အရ သူတဦးကို ရာထူးတခုခုတွင် ခန့်ထားနိုင်ခွင့်ရှိသော အာဏာပိုင်သည် ထိုသို့ခန့်ထားသောသူကို ရာထူးမှရပ်စဲခြင်း၊ သို့မဟုတ် ထုတ်ပယ်ခြင်းလည်း ပြုနိုင်သည်။ |
1,352,211 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ | သို့ရာတွင် ထိုဥပဒေ၌ ယင်းကဲ့သို့မဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားလျှင် ယင်းသို့ဆောင်ရွက်နိုင်ခွင့် မရှိစေရ။ |
1,352,212 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ | အခန်း ၉ အထွေထွေ |
1,352,213 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ | ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီသည် ဥပဒေများ၏ အနက်အဓိပ္ပါယ်ကို တညီ တညွတ်တည်းဖြစ်စေရန် ဖွင့်ဆိုပေးရမည်။ |
1,352,214 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ | (က) ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေအာဏာ စတင်တည်သည့်နေ့၌ ယင်းအခြေခံဥပဒေတွင် ပါရှိသော စကားရပ်များဖြင့် ရှိရင်းစွဲဥပဒေများတွင် ပါရှိသော သက်ဆိုင်ရာစကားရပ်များကို ဆီလျော်အောင် အစားထိုးပြီး ဖြစ်သည်ဟု မှတ်ယူရမည်။ |
1,352,215 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ | (ခ) ဥပဒေတရပ်ရပ်တွင် ပါရှိသော စကားရပ်တခုခုကို အခြေခံဥပဒေတွင်ပါရှိသော မည်သည့်စကားရပ်ဖြင့် အစားထိုးပြောင်းလဲကြောင်းကို အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ကြေညာရမည်။ |
1,352,216 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ | မြန်မာနိုင်ငံယေဘုယျ စကားရပ်များ အက်ဥပဒေ (The Burma General Clauses Act) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။ |
1,352,217 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ မူလတန်းပညာသင်ကြားရေး အက်ဥပဒေများကို ရုပ်သိမ်းသည့် ဥပဒေ | အောက်ဖေါ်ပြပါ ဥပဒေကို ထုတ်ပြန်ကြေညာသည်- |
1,352,218 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ မူလတန်းပညာသင်ကြားရေး အက်ဥပဒေများကို ရုပ်သိမ်းသည့် ဥပဒေ | ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီသည်၊ အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်- |
1,352,219 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ မူလတန်းပညာသင်ကြားရေး အက်ဥပဒေများကို ရုပ်သိမ်းသည့် ဥပဒေ | (က) ဤဥပဒေကို ၁၉၇၃ ခုနှစ်၊ မူလတန်းပညာ သင်ကြားရေး အက်ဥပဒေများကို ရုပ်သိမ်းသည့် ဥပဒေ ဟုခေါ်တွင်စေရမည်။ |
1,352,220 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ မူလတန်းပညာသင်ကြားရေး အက်ဥပဒေများကို ရုပ်သိမ်းသည့် ဥပဒေ | (ခ) ဤဥပဒေသည် ချက်ချင်း အာဏာတည်ရမည်။ |
1,352,221 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ မူလတန်းပညာသင်ကြားရေး အက်ဥပဒေများကို ရုပ်သိမ်းသည့် ဥပဒေ | (ခ) ယင်းသို့ ရုပ်သိမ်းလိုက်သည့်အခါ မြန်မာနိုင်ငံ ယေဘုယျ စကားရပ် အက်ဥပဒေ ပုဒ်မ ၅ ပါ ပြဋ္ဌာန်းချက်များ အကျိုးသက်ရောက်ရမည်။ |
1,352,222 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ ရန်ကုန်မြို့၊ တရားမရုံး အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ | ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီသည်၊ အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ |
1,352,223 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ ရန်ကုန်မြို့၊ တရားမရုံး အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ | (၁) ဤဥပဒေကို ၁၉၇၃ ခုနှစ်၊ ရန်ကုန်မြို့၊ တရားမရုံး အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေဟု ခေါ်တွင်စေရမည်။ |
1,352,224 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ ရန်ကုန်မြို့၊ တရားမရုံး အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ | ဤဥပဒေ စတင်အာဏာတည်အံ့ဆဲဆဲ ကာလ၌၊ ရန်ကုန်မြို့ တရားမရုံး(ယခုအခေါ်အဝေါ်) တရား ရုံးချုပ်၊ မူလဘက်ဌာနခွဲ (၂) တွင်၊ မပြီးပြတ်သေးသည့် မူလတရားမ မှုခင်းအားလုံးကို၊ သက်ဆိုင်ရာ ရန်ကုန်တိုင်း၊ သို့မဟုတ် မြို့နယ်ပြည်သူ့တရားရုံးသို့ လွှဲပြောင်းပေးပြီး ဖြစ်သည်ဟု မှတ်ယူရမည်။ |
1,352,225 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥပဒေ | ပြည်ထောင်စုမြန်မာနိုင်ငံအား၊ အာရှဖွံ့ဖြိုးရေးဘဏ်တွင်၊ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံဖြစ်လာနိုင်စေ ရန် ဥပဒေ။ |
1,352,226 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥပဒေ | ပြည်ထောင်စုမြန်မာနိုင်ငံအား၊ အာရှဖွံ့ဖြိုးရေးဘဏ်တွင်၊ အဖွဲ့ဝင်နိုင်ငံဖြစ်လာနိုင်စေရန်အတွက် ပြဋ္ဌာန်း ရန် လိုအပ်သည်ဖြစ်သောကြောင့်။ |
1,352,227 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥပဒေ | ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌသည်၊ အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ |
1,352,228 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥပဒေ | ။ ဤဥပဒေကို ၁၉၇၃ ခုနှစ်၊ အာရှဖွံ့ဖြိုးရေးဘဏ် ဥပဒေဟု ခေါ်တွင်စေရမည်။ |
1,352,229 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥပဒေ | အဓိပ္ပါယ်ဖေါ်ပြချက်များ |
1,352,230 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥပဒေ | ဤဥပဒေတွင်၊ အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ မဆန့်ကျင် လျှင်- |
1,352,231 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥပဒေ | (က) “စာချုပ်ပါအပိုဒ်များ” ဆိုသည်မှာ၊ ဤဥပဒေပါ ဇယား ၁ တွင်ဖေါ်ပြထားသည့်၊ အာရှဖွံ့ဖြိုးရေး ဘဏ်ကို ဖွဲ့စည်းတည်ထောင်သည့် သဘောတူစာချုပ်ပါ အပိုဒ်များကို ဆိုလိုသည်။ |
1,352,232 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥပဒေ | (ခ) “ဘဏ်” ဆိုသည်မှာ၊ အာရှဖွံ့ဖြိုးရေးဘဏ်ကို ဆိုလိုသည်။ |
1,352,233 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥပဒေ | (ဂ) “ စည်းကမ်းချက်များ” ဆိုသည်မှာ၊ ဤဥပဒေပါ ဇယား ၂ တွင်ဖေါ်ပြထားသည့်၊ ပြည်ထောင်စု မြန်မာနိုင်ငံအား၊ အာရှဖွံ့ဖြိုးရေးဘဏ်တွင်၊ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ခွင့်ပြုခြင်းနှင့်စပ်လျဉ်းသည့် စည်းကမ်း ချက်များကို ဆိုလိုသည်။ |
1,352,234 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥပဒေ | စာချုပ်ပါ အပိုဒ်များကို လက်ခံရန် အာဏာအပ်နှင်းခြင်း |
1,352,235 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥပဒေ | ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရသည်၊ အာရှဖွံ့ဖြိုးရေးဘဏ်တွင်၊ ပြည်ထောင်စုမြန်မာနိုင်ငံအား၊ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ခွင့်ပြုရမည့် စည်းကမ်းချက်များအဖြစ်ဖြင့်၊ စာချုပ်ပါ အပိုဒ်များနှင့် စည်းကမ်း ချက်များကို ပြည်ထောင်စုမြန်မာနိုင်ငံက၊ မိမိ၏ တရားဥပဒေနှင့်အညီ လက်ခံကြောင်းကိုလည်းကောင်း၊ စာချုပ်ပါ အပိုဒ်များနှင့် စည်းကမ်းချက်များအရ၊ မိမိ၏ တာဝန်များကို ဆောင်ရွက်နိုင်ရန် လိုအပ်သည့် ကိစ္စအဝဝကို ပြည်ထောင်စု မြန်မာနိုင်ငံကဆောင်ရွက်ပြီးဖြစ်ကြောင်းကိုလည်းကောင်း ဖေါ်ပြသည့် စာ ချွန်တော်ကို ပြုလုပ်ချုပ်ဆို၍ အပ်နှံနိုင်ရာ အလို့ငှါ၊ မိမိက သင့်တော်သည်ဟု ထင်မြင်သူအား အာဏာ အပ်နှင်းနိုင်သည်။ |
1,352,236 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥပဒေ | ပြည်ထောင်စု မြန်မာနိုင်ငံဘဏ်သည်၊ ဘဏ် အတွက် လက်ခံထိန်းသိမ်းရာ ဘဏ်ဖြစ်ခြင်း |
1,352,237 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥပဒေ | ပြည်ထောင်စု မြန်မာနိုင်ငံဘဏ်သည်၊ ဘဏ်ကပိုင်သော၊ ပြည်ထောင်စု မြန်မာနိုင်ငံသုံးငွေများနှင့် အခြား ပစ္စည်းများအပ်နှံရာ ဘဏ်ဖြစ်ရမည်။ |
1,352,238 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥပဒေ | အဖွဲ့ဝင်နိုင်ငံဖြစ်ခြင်းမှ ဖြစ်ပေါ်လာသော ပြည်ထောင်စု မြန်မာနိုင်ငံ၏ငွေကြေးဆိုင်ရာတာဝန်များ |
1,352,239 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥပဒေ | စာချုပ်ပါအပိုဒ်များအရဖြစ်စေ၊ စည်းကမ်းချက်များအရဖြစ်စေ၊ ပြည်ထောင်စုမြန်မာနိုင်ငံက၊ ဘဏ် အား ပြည်ထောင်စုမြန်မာနိုင်ငံသုံး ငွေဖြင့်သော်လည်းကောင်း၊ ရွှေဖြင့်သော်လည်းကောင်း၊ အခြားလဲ လှယ်နိုင်သည့် နိုင်ငံသုံးငွေဖြင့်သော်လည်းကောင်း ပေးရမည့်၊ သို့မဟုတ် အခါအားလျော်စွာ ပေးရန် ဖြစ် ပေါ်လာမည့် ငွေများကို၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ တစုတပေါင်းတည်းသော ရန်ပုံငွေထဲမှ ပေးရမည်။ |
1,352,240 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥပဒေ | ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဘဏ်သို့ သတ်မှတ်ပေးအပ်သော အဆင့်အတန်း လွတ်ငြိမ်းခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် အထူးအခွင့်အရေးများ။ |
1,352,241 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥပဒေ | ပြည်ထောင်စုမြန်မာနိုင်ငံသည်၊ ဘဏ်တွင် အဖွဲ့ဝင်နိုင်ငံဖြစ်လာသည့်နေ့မှစ၍ စာချုပ်ပါ အပိုဒ်များ ၏ အခန်း ၈ ပါပြဋ္ဌာန်းချက်များသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဥပဒေကဲ့သို့ အာဏာတည်ရမည်။ |
1,352,242 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥပဒေ | ထိုသို့ အာဏာတည်သည်နှင့် လျော်ညီစွာ ဘဏ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၌၊ ယင်း အခန်း ၈ တွင် သီးခြားဖေါ်ပြထားသော အဆင့်အတန်း၊ လွတ်ငြိမ်းခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် အထူးအခွင့်အရေး များကို ရရှိရမည်။ |
1,352,243 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥပဒေ | ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရမှာ နည်းဥပဒေများပြုနိုင်သည့် အာဏာရှိခြင်း။ |
1,352,244 | မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, တော်လှန်ရေးကောင်စီခေတ် | ၁၉၇၃ ခုနှစ်၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥပဒေ | ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရသည်၊ စာချုပ်ပါ အပိုဒ်များရှိ ပြဋ္ဌာန်းချက်များ၊ သို့မဟုတ် စည်း ကမ်းချက်များ အကျိုးသက်ရောက်အောင် ဆောင်ရွက်နိုင်စေရန် အလို့ငှါ မိမိလိုအပ်သည်ထင်မြင်သည့် နည်းဥပဒေများကို ပြုနိုင်သည်။ |
1,352,245 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ |
1,352,246 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | [၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော် နည်းဥပဒေများ အမှတ် ၂။ |
1,352,247 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | ] ရန်ကုန်မြို့၊ ၁၃၃၅ ခုနှစ်၊ နှောင်းတန်းခူးလဆန်း ၈ ရက်။ |
1,352,248 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | (၁၉၇၄ ခုနှစ်၊ မတ်လ ၃၀ ရက်။ |
1,352,249 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | အောက်ဖေါ်ပြပါနည်းဥပဒေကို ထုတ်ပြန်ကြေညာသည်။ |
1,352,250 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | နိဒါန်း နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဥပဒေပုဒ်မ ၅ ဖြင့် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို သုံးစွဲလျက်၊ ပြည်သူ့လွှတ်တော်သည် နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ကို အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ အောက်ပါ နည်းဥပဒေများကို ပြဋ္ဌာန်းလိုက်သည်။ |
1,352,251 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | အခန်း ၁ အမည်၊ အာဏာတည်သည့်နေ့ရက် |
1,352,252 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | ၁။ (က) ဤနည်းဥပဒေများကို နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နည်းဥပဒေများဟု ခေါ်တွင်စေရမည်၊ |
1,352,253 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | (ခ) ဤနည်းဥပဒေများသည် နိုင်ငံတဝန်းလုံးတွင် ချက်ချင်းအာဏာတည်ရမည်။ |
1,352,254 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | အခန်း ၂နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ပါ အမှတ်အသားများ၂။ |
1,352,255 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ပါ အမှတ်အသားများမှာ အောက်ပါအတိုင်းဖြစ်သည်- |
1,352,256 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | (က) နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်၏ အလယ်တွင် ပင်နီယံတခုရှိပြီး၊ ယင်းတွင်တူညီသော စက်သွားစိတ် ၁၄ စိတ်ပါရှိသည်။ |
1,352,257 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | ပင်နီယံပေါ်တွင် မြန်မာနိုင်ငံ မြေပုံပါရှိသည်။ |
1,352,258 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | ပင်နီယံကို စပါးနှံနှစ် ခက်က ဝန်းရံထားသည်၊ |
1,352,259 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | (ခ) စပါးနှံများ၏ တဘက်တချက်တွင် အနုပညာ မြောက် မြန်မာခြင်္သေ့ တစီးစီ ရှိသည်။ |
1,352,260 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | လက်ဝဲဖက်မှ ခြင်္သေ့သည် လက်ဝဲဖက်သို့လည်းကောင်း၊ လက်ျာဖက်မှခြင်္သေ့သည် လက်ျာဖက်သို့ လည်းကောင်း မျက်နှာမူလျက်ရှိသည်၊ |
1,352,261 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | (ဂ) ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဟူသော စာတန်းကို နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်၏ အောက်ခြေဖဲပြားပေါ်တွင် ဖော်ပြထားသည်။ |
1,352,262 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | ပြည်ထောင်စု ဟူသော စာတန်းကို လက်ဝဲဖက်ရှိ ခြင်္သေ့အောက်တွင် လည်းကောင်း၊ မြန်မာနိုင်ငံတော် ဟူသောစာတန်းကို လက်ျာဖက်ရှိခြင်္သေ့ အောက်တွင်လည်းကောင်း၊ အလယ်အပေါ်ပိုင်းတွင် ဆိုရှယ်လစ်သမ္မတ ဟူသော စာတန်းကို လည်းကောင်းထားရှိသည်၊ |
1,352,263 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | (ဃ) နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်၏ ထိပ်တွင် ဒေါင့်ငါးဒေါင့်ရှိ ကြယ်တလုံးရှိသည်၊ |
1,352,264 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | (င) စပါးနှံနှင့် ကြယ်၏တဘက်တချက်တွင် ကနုတ်ပန်းများရှိသည်။ |
1,352,265 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | ၃။ နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ကို ကြီးငယ်မဟူ နည်းဥပဒေ ၂ ပါ အမှတ်အသားများပါရှိသည့် အခြေခံ ဥပဒေပုဒ်မ ၁၉၁ တွင်ဖော်ပြသော ပုံသဏ္ဌာန်အတိုင်း ကိုက်ညီနိုင်သမျှ ကိုက်ညီအောင် ပြုလုပ်ရမည်။ |
1,352,266 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | အခန်း ၃ နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ကို အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ၄။ |
1,352,267 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ကို အသုံးပြုခြင်းနှင့် စပ်လျဉ်းသည့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်- |
1,352,268 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | (က) နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ၏ ရုံးအဆောက်အဦတွင် နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်ကို အသုံးပြု နိုင်သည်။ |
1,352,269 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ စီးနင်းလိုက်ပါသောယာဉ်များတွင် နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်ကို တပ်ဆင်အသုံးပြုနိုင်သည်။ |
1,352,270 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | ပြည်သူ့လွှတ်တော်၊ ဗဟိုအာဏာပိုင်အဖွဲ့အစည်းများ၊ ဒေသဆိုင် ရာအာဏာပိုင် အဖွဲ့အစည်းများနှင့် တရားရုံးများတွင် နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်ကို အသုံးပြုနိုင် သည်၊ |
1,352,271 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | (ခ) မြန်မာနိုင်ငံ၏ သံရုံးများ၊ အဆင့်ဆင့်သော ကောင်စစ်ဝန်ရုံးများတွင် နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်ကို အသုံးပြုနိုင်သည်၊ |
1,352,272 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | (ဂ) နိုင်ငံတော်ဧည့်ခံ အခမ်းအနားများနှင့် နိုင်ငံတော်ကို ကိုယ်စားပြုသော ပုဂ္ဂိုလ်များက ပြုလုပ်သည့် အခမ်းအနားများ၌ အသုံးပြုသော အသုံးအဆောင်ပစ္စည်းများတွင် နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ကို ရိုက်နှိပ်၍ အသုံးပြုနိုင်သည်၊ |
1,352,273 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | (ဃ) မြန်မာနိုင်ငံထုတ် ငွေစက္ကူနှင့် တံဆိပ်ခေါင်းများတွင် နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ကို ရိုက်နှိပ် ၍ အသုံးပြုနိုင်သည်၊ |
1,352,274 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | (င) တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် နိုင်ငံတော် ကောင်စီဥက္ကဋ္ဌက ခွင့်ပြုထားသော အခြား အဖွဲ့အ စည်းများ၏ ဝန်ထမ်းအဆင့်အတန်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ယင်းဝန်ထမ်းများ၏ ဝတ်စားဆင် ယင်မှုနှင့် စပ်လျဉ်း၍လည်းကောင်း နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို အသုံးပြုနိုင်သည်၊ |
1,352,275 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | (စ) ပြည်သူ့လွှတ်တော်၊ နိုင်ငံတော်ကောင်စီ၊ ဗဟိုအာဏာပိုင် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် နိုင်ငံတော်ကောင်စီက ခွင့်ပြုထားသော အခြားဌာနများ၏ ရုံးသုံးစာရွက်စာတမ်းများတွင် နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ကို ရိုက်နှိပ်အသုံးပြုနိုင်သည်၊ |
1,352,276 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | (ဆ) နိုင်ငံတော် အစည်းအဝေးများနှင့် အခမ်းအနားများတွင် နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်ကို တပ်ဆင်အသုံးပြုနိုင်သည်။ |
1,352,277 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | အခန်း ၄ တားမြစ်ချက်နှင့် ပြစ်ဒဏ်၅။ |
1,352,278 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်အသုံးပြုခြင်းနှင့် စပ်လျဉ်းသည့်တားမြစ်ချက်များမှာ အောက်ပါအ တိုင်းဖြစ်သည်- |
1,352,279 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | (က) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို အလှအပအဖြစ် တန်ဆာဆင်ခြင်းမပြုလုပ်ရ၊ |
1,352,280 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | (ခ) နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ (င) အရ ပြဋ္ဌာန်းချက်မှအပ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်ကို ဝတ်စားဆင်ယင်ရာတွင် အသုံးမပြုရ၊ |
1,352,281 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | (ဂ) နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ကို မည်သည့်အခါမျှ စွန့်ပစ်ခြင်းမပြုရ၊ ဟောင်းနွမ်း၍ အသုံးမပြု နိုင်လျှင် ဖျက်ဆီးပစ်ရမည်၊ |
1,352,282 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | (ဃ) နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်ကို မလေးမစား ပြုခြင်းနှင့် ကိုယ်အမူအရာ၊ နှုတ်အမူအရာဖြင့် မထီမဲ့မြင် ပြုခြင်းမပြုလုပ်ရ။ |
1,352,283 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | ၆။ မည်သူမဆို ဤနည်းဥပဒေများပါ ပြဋ္ဌာန်းချက်တခုခုကို ဆန့်ကျင်လျှင် ခြောက်လထက်မများသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တထောင်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ အပြစ်ပေး ခြင်းခံရမည်။ |
1,352,284 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | အခန်း ၅ အထွေထွေ၇။ |
1,352,285 | မြန်မာနိုင်ငံ၏ နည်းဥပဒေများ, မဆလခေတ် | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများ | ''' နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ဥပဒေနှင့် ဤနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များကို ထမြောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အလို့ငှာ ပြည်သူ့လွှတ်တော်က လုပ်ပိုင်ခွင့် လွှဲအပ်ထားသော အဖွဲ့ အစည်း သည် ယင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်သော အမိန့်၊ သို့မဟုတ် ညွှန်ကြားချက်များကို ထုတ်ပြန် နိုင်သည်။ |
1,352,286 | မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ | ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် |
1,352,287 | မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ | နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ |
1,352,288 | မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ | [၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၂။ |
1,352,289 | မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ | အောက်ဖေါ်ပြပါဥပဒေကို ထုတ်ပြန်ကြေညာသည်။ |
1,352,290 | မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ | ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို ယင်း၏ဂုဏ်ကျက်သရေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် စည်းကမ်းတကျ အသုံးပြုနိုင်ကြစေရန် ပြည်သူ့လွှတ်တော်က အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ |
1,352,291 | မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ | အခန်း ၁ အမည်၊ စတင်အာဏာတည်သည့် နေ့ရက်နှင့် အဓိပ္ပာယ်ဖော်ပြချက်၁။ |
1,352,292 | မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ | (က) ဤဥပဒေကို နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ ဟုခေါ်တွင်စေရမည်၊ |
1,352,293 | မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ | (ခ) ဤဥပဒေသည် နိုင်ငံတဝန်းလုံးတွင် ချက်ချင်းအာဏာတည်ရမည်။ |
1,352,294 | မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ | ၂။ ဤဥပဒေ၌ နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ဆိုသည်မှာ အခြေခံဥပဒေပုဒ်မ ၁၉၁ အရ ပြဋ္ဌာန်းသတ်မှတ်ထားသော အထိမ်းအမှတ်ပုံသဏ္ဌာန်ပါဝင်သည့် တံဆိပ်ကိုဆိုသည်။ |
1,352,295 | မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ | ထို့အပြင် အဆိုပါ စကားရပ်တွင် မည်သည့်အရာဝတ္ထုဖြင့်မဆို ပြုလုပ်ထားသည့်၊ သို့မဟုတ် မည်သည့်အရာဝတ္ထုပေါ်တွင်မဆို ဖော်ပြထားသည့် ယင်းအထိမ်းအမှတ်၊ ပုံသဏ္ဌာန်ပါဝင်သော တံဆိပ်တခုလုံးဖြစ်စေ၊ အစိတ်အပိုင်းဖြစ်စေ ပါဝင်သည်။ |
1,352,296 | မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ | အခန်း ၂ တားမြစ်ချက်နှင့် ပြစ်ဒဏ်၃။ |
1,352,297 | မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ | မည်သူမဆို နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နှင့် စပ်လျဉ်း၍ အောက်ဖော်ပြပါတို့ကို မပြုလုပ်ရ- |
1,352,298 | မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ | (က) နိုင်ငံတော်ကောင်စီ၏ ခွင့်ပြုချက်မရပဲ၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို အသုံးပြုခြင်း၊ |
1,352,299 | မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ | (ခ) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် တခုလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းတခုခုကိုဖြစ်စေ၊ ဖျက်ဆီးခြင်း၊ သို့ မဟုတ် ဖျက်ဆီးစေခြင်း၊ |
1,352,300 | မဆလခေတ်, မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ | ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ | (ဂ) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကိုအတုအပပြုလုပ်၍ ကိုယ်ကျိုးအတွက်အသုံးပြုခြင်း၊ အသုံး ပြု စေခြင်း၊ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.