id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,352,801
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဂ) တည်ထောင်သူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းတည်ထောင်ဖွင့်လှစ်ရန် မှတ်ပုံတင်ခွင့် ရရှိလျှင် မှတ်ပုံတင်ကြေးနှင့် နှစ်စဉ်ကြေးကို သတ်မှတ်ချက်နှင့်အညီ သက်ဆိုင်ရာဌာန ငွေစာရင်းသို့ ပေးသွင်းရမည်။
1,352,802
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၃၀။ တည်ထောင်သူ သို့မဟုတ် စီမံအုပ်ချုပ်သူသည် -
1,352,803
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လက်မှတ်ကို အများပြည်သူမြင်သာသည့် နေရာတွင် ချိတ်ဆွဲထားရမည်။
1,352,804
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ရရှိသူအား သင်ကြားခွင့်ရရှိသည့် ဘာသာရပ်ကိုသာ သင်ကြားခွင့်ပြုရမည်။
1,352,805
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဂ) ပုဂ္ဂလိကကျောင်းဆရာနှင့် ဝန်ထမ်းများကို အလုပ်ခန့်ထားရာတွင် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခန့်ထားရမည်။
1,352,806
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဃ) ဘာသာရပ်အလိုက် ပုဂ္ဂလိကကျောင်းဆရာ ခန့်အပ်ရာတွင် သက်ဆိုင်ရာကျောင်း၏ ဖွဲ့စည်းပုံ ပြည့်မီရမည်ဖြစ်ပြီး အမြဲတမ်းခန့်အပ်သည့် ပုဂ္ဂလိကကျောင်းဆရာ အရေအတွက်သည် အနည်းဆုံး ၅၀ ရာခိုင်နှုန်းရှိရမည်။
1,352,807
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(င) ဘာသာရပ်အလိုက် လိုအပ်သည့် သင်ကြားသင်ယူမှုအထောက်အကူပစ္စည်းများ လုံလောက်စွာ စီမံထားရှိရမည်။
1,352,808
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(စ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းတွင် ဘာသာရပ်သင်ခန်းစာ၊ ထပ်ဆောင်းဘာသာရပ်နှင့် ထပ်ဆောင်း သင်ခန်းစာကို သက်ဆိုင်ရာအတန်းအတွက် သတ်မှတ်ထားသော သင်ရိုးမာတိကာအောက် လျော့နည်းမှုမရှိဘဲ သင်ကြားရမည်။
1,352,809
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဆ) သတ်မှတ်သင်ရိုးညွှန်းတမ်းနှင့် သက်ဆိုင်ခြင်းမရှိသည့် ပါတီနိုင်ငံရေးဆိုင်ရာ အကြောင်းအရာများ၊ ဘာသာရေး အကြောင်းအရာများနှင့် မြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီသော အကြောင်းအရာများကို သင်ကြားပို့ချခြင်းမပြုရန် ကြပ်မတ်ရမည်။
1,352,810
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဇ) တည်ထောင်သူ သို့မဟုတ် စီမံအုပ်ချုပ်သူ ပြောင်းလဲခြင်း၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ အမည်ပြောင်းလဲခြင်း သို့မဟုတ် တည်နေရာပြောင်းရွှေ့ ဖွင့်လှစ်ခြင်းကို ကြီးကြပ်ရေးအဖွဲ့ သို့မဟုတ် သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရမည်။
1,352,811
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဈ) ပညာသင်နှစ်အလိုက် ကျောင်းပိတ်ရက်နှင့် အများပြည်သူ အလုပ်ပိတ်ရက်များမှတစ်ပါး တစ်ဆက်တည်း ခုနစ်ရက်ထက်ပို၍ သင်ကြားမှုရပ်နားလိုပါက သက်ဆိုင်ရာ ဒေသဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့၏ ခွင့်ပြုချက်ရယူရမည်။
1,352,812
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ည) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ ဖွင့်လှစ်ဆဲ သင်တန်းတစ်ခုခု ရပ်နားလိုပါက သင်တန်း တက်ရောက်ဆဲ သင်ယူသူများ၏ အခွင့်အရေး မဆုံးရှုံးစေရန်နှင့် ကျောင်းသားမိဘများ၏ နစ်နာဆုံးရှုံးမှုများ မရှိစေရန် ကြီးကြပ်ရေးအဖွဲ့ သို့မဟုတ် သက်ဆိုင်ရာ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ရယူ ရမည်။
1,352,813
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဋ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ အဆောက်အဦများ၊ ပရိဝုဏ်များ ဖျက်ဆီးခံရခြင်း၊ ပျက်စီးခြင်း သို့မဟုတ် အခြားအကြောင်းတစ်ခုခုကြောင့် အသုံးပြု၍ မရတော့ခြင်းဖြစ်ပေါ်လာပါက နှောင့်နှေးကြန့်ကြာမှု မရှိဘဲ ပြုပြင်၍ ကျောင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရမည်။
1,352,814
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဌ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ ကြော်ငြာများတွင် မှန်ကန်သောအချက်အလက်များကို ဖော်ပြရမည်။
1,352,815
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဍ) သင်ယူသူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်၊ သင်ယူတတ်မြောက်မှုအရည်အချင်း၊ ကျောင်းဝင်၊ ကျောင်းထွက်၊ ကျောင်းပြောင်း မှတ်တမ်းများကို သတ်မှတ်ချက်နှင့်အညီ ထားရှိရမည်။
1,352,816
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဎ) သက်ဆိုင်ရာသင်တန်း သတ်မှတ်ချက်နှင့်အညီ သင်ယူသူ၏ အရည်အချင်းနှင့် ကျွမ်းကျင်မှုကို စစ်ဆေး၍ သင်တန်းပြီးဆုံးကြောင်းလက်မှတ်၊ အောင်လက်မှတ်၊ ဒီပလိုမာနှင့် ဘွဲ့လက်မှတ်တို့ကို သတ်မှတ်ချက်နှင့် အညီ စိစစ်ထုတ်ပေးရမည်။
1,352,817
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဏ) သင်ယူသူအတွက် အတန်းတင်ခြင်း၊ တန်းခွဲသတ်မှတ်ခြင်း၊ ကျောင်းပြောင်းလက်မှတ် သို့မဟုတ် ကျောင်းထွက်လက်မှတ် ထုတ်ပေးခြင်းတို့ကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ရမည်။
1,352,818
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(တ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင်စဉ်က တင်ပြသောအချက်အလက်များနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရမည်။
1,352,819
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ထ) ကြီးကြပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့က အခါအားလျော်စွာ ထုတ်ပြန်သည့် ညွှန်ကြားချက်များကို လိုက်နာရမည်။
1,352,820
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၃၁။ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းသည် အောက်ပါတို့ကို လိုက်နာဆောင်ရွက်ရမည်-
1,352,821
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) သင်ကြားနည်းနှင့် စစ်ဆေးအကဲဖြတ်နည်းများကို သင်ရိုးညွှန်းတမ်းအညွှန်းဘောင်နှင့်အညီ ဆောင်ရွက်ခြင်း၊
1,352,822
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းအမျိုးအစားအလိုက်ထားရှိရမည့် ကြီးကြပ်ရေးအဖွဲ့က သတ်မှတ်သည့် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ခြင်း၊
1,352,823
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဂ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ သင်တန်းများတွင် ဘာသာရပ်အလိုက် သင်ကြားမည့် ပုဂ္ဂလိက ကျောင်းဆရာ၏ အရည်အသွေးသည် ဝန်ကြီးဌာနက ချမှတ်ထားသော အရည်အသွေးပိုင်းဆိုင်ရာ မူဝါဒနှင့်ညီညွတ်ရမည့်အပြင် သက်ဆိုင်ရာဥပဒေအရ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံခြင်း၊
1,352,824
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဃ) ပုဂ္ဂလိကကျောင်းဆရာဦးရေ လုံလောက်မှုရှိခြင်း၊
1,352,825
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(င) ပုဂ္ဂလိကကျောင်းဆရာ၏ သင်ကြားမှုအရည်အသွေး တိုးတက်စေရေးအတွက် ဆောင်ရွက်ခြင်း၊
1,352,826
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(စ) သင်ယူသူများ စည်းကမ်းလိုက်နာစေရေး၊ အကျင့်စာရိတ္တကောင်းမွန်စေရေးနှင့် ကျန်းမာကြံ့ခိုင် စေရေးတို့ကို ဆောင်ရွက်ခြင်း၊
1,352,827
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဆ) သင်တန်းပြီးဆုံးကြောင်းလက်မှတ်၊ အောင်လက်မှတ်၊ ဒီပလိုမာ၊ ဘွဲ့ သို့မဟုတ် ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ရာတွင် သတ်မှတ်အရည်အချင်း ပြည့်မီကိုက်ညီရေး ဆောင်ရွက်ခြင်း၊
1,352,828
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဇ) သင်တန်းပြီးဆုံးကြောင်းလက်မှတ်၊ အောင်လက်မှတ်၊ဒီပလိုမာ သို့မဟုတ် ဘွဲ့ကို သတ်မှတ်ထားသော အချိန်အတွင်း ပေးအပ်ခြင်း၊
1,352,829
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဈ) ကျောင်းတက်ချိန်၊ ကျောင်းဆင်းချိန်များကို ကြိုတင်သတ်မှတ်၍ ဆောင်ရွက်ခြင်း၊
1,352,830
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ည) နှစ်ပတ်လည်အစီရင်ခံစာကို သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့သို့ သတ်မှတ်ချက်နှင့် အညီ နှစ်စဉ်တင်သွင်းခြင်း၊
1,352,831
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဋ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့် သက်ဆိုင်သည့် စာရင်းအင်းအချက်အလက်များကို စနစ်တကျပြုစုထိန်းသိမ်းထားရှိရမည်ဖြစ်ပြီး သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့က လိုအပ်၍ တောင်းခံလျှင် တင်ပြခြင်း၊
1,352,832
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဌ) နိုင်ငံခြားသားပုဂ္ဂလိကကျောင်းဆရာ သို့မဟုတ် နိုင်ငံခြားသားစီမံအုပ်ချုပ်သူ သို့မဟုတ် နိုင်ငံခြားသားဝန်ထမ်းများကို ခန့်အပ်ခြင်း၊ တာဝန်မှရပ်ဆိုင်းခြင်း၊ ထုတ်ပယ်ခြင်း သို့မဟုတ် အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ်ရပ်စဲခြင်း ပြုလုပ်လျှင် ထိုသို့ပြုလုပ်သည့်နေ့မှ ၁၄ ရက်အတွင်း သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့မှတစ်ဆင့် ကြီးကြပ်ရေးအဖွဲ့သို့ တင်ပြခြင်း၊
1,352,833
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဍ) ကြီးကြပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့တို့က အခါအားလျော်စွာ ထုတ်ပြန်သည့် ညွှန်ကြားချက်များကို လိုက်နာခြင်း၊
1,352,834
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဎ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးကြပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့တို့က အခါအားလျော်စွာ ပေးအပ်သည့် လုပ်ငန်းတာဝန် များကို ဆောင်ရွက်ခြင်း။
1,352,835
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၃၂။ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအခြေခံပညာကျောင်းများသည် အောက်ပါအချက်များကို လိုက်နာ ဆောင်ရွက်ရမည် -
1,352,836
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသောကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက အခြေခံပညာကျောင်း များမှအပ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအခြေခံပညာကျောင်းများတွင် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်စေရန်၊ မြန်မာ့ယဉ်ကျေးမှုမပျောက်ပျက်စေရန် မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ပထဝီဝင် အပါအဝင် အမျိုးသားသင်ရိုး ညွှန်းတမ်းကော်မတီက သတ်မှတ်ထားသည့် သင်ရိုးညွှန်းတမ်းအပြည့်အစုံကို သင်ကြားခြင်း၊
1,352,837
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသောကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိကအခြေခံပညာကျောင်း များတွင် မြန်မာနိုင်ငံသား သင်ယူသူများအား ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်စေရန်၊ မြန်မာ့ယဉ်ကျေးမှု မပျောက်ပျက်စေရန် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီကသတ်မှတ်ထားသည့် မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ပထဝီဝင် သင်ရိုးညွှန်းတမ်းအပြည့်အစုံကို သင်ကြားခြင်း၊
1,352,838
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဂ) နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသောကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိကအခြေခံပညာကျောင်း များတွင် မြန်မာစာသင်ကြားလိုသော နိုင်ငံခြားသားသင်ယူသူများအား သက်ဆိုင်ရာအတန်းနှင့် လိုက်လျောညီထွေသည့် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီက သတ်မှတ်ထားသော မြန်မာစာ သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားခြင်း။
1,352,839
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၃၃။ ကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိကနည်းပညာနှင့် သက်မွေးဆိုင်ရာပညာရေးနှင့် လေ့ကျင့်ရေးကျောင်းများ သည် အောက်ပါအချက်များကိုလိုက်နာဆောင်ရွက်ရမည် -
1,352,840
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) သက်ဆိုင်ရာဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း၊
1,352,841
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) သက်ဆိုင်ရာဝန်ကြီးဌာန၏သတ်မှတ်ချက်များကိုလိုက်နာဆောင်ရွက်ခြင်း၊
1,352,842
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဂ) သတ်မှတ်သင်တန်းများ တက်ရောက်နေဆဲဖြစ်စေ၊ ပြီးဆုံးအောင်မြင်ပြီးနောက်ဖြစ်စေ ဆက်လက်ပညာသင်ယူလိုသော သင်ယူသူအတွက် ကူးပြောင်းချိတ်ဆက် သင်ယူခွင့်အစီအစဉ်များ စနစ်တကျ ရေးဆွဲချမှတ်ထားခြင်း၊
1,352,843
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဃ) သင်တန်းပြီးဆုံးကြောင်းလက်မှတ်၊ အောင်လက်မှတ်၊ ဒီပလိုမာ၊ ဘွဲ့၊ ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ခြင်းကိုအမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ၏ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ခြင်း၊
1,352,844
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(င) နည်းပညာနှင့် သက်မွေးပညာရေးအဆင့် ခွဲခြားသတ်မှတ်ခြင်းကို အမျိုးသားပညာရေးဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း၊
1,352,845
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၃၄။ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းများသည် အောက်ပါအချက်များကို လိုက်နာ ဆောင်ရွက်ရမည် -
1,352,846
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းသည် တက္ကသိုလ်ဖြစ်ပါက သက်ဆိုင်ရာ တက္ကသိုလ်အလိုက် ပဋိညာဉ် စာတမ်းရေးဆွဲပြီး ဝန်ကြီးဌာန၏ အတည်ပြုချက်ရယူခြင်း၊
1,352,847
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) တက္ကသိုလ်၏ စီမံခန့်ခွဲရေးကို သက်ဆိုင်ရာ တက္ကသိုလ် ပဋိညာဉ်စာတမ်းနှင့်အညီ ဆောင်ရွက်ခြင်း၊
1,352,848
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဂ) အသုံးချသုတေသနလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ခြင်း၊
1,352,849
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဃ) ဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် ဂုဏ်ထူးဆောင်ဘွဲ့များကို အပ်နှင်းချီးမြှင့်ခြင်း၊
1,352,850
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(င) ဘာသာရပ်ဆိုင်ရာ အသင်းအဖွဲ့များ၊ လူမှုရေးနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များကို သက်ဆိုင်ရာ တက္ကသိုလ်ပဋိညာဉ်စာတမ်းနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ခြင်း၊
1,352,851
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(စ) သတ်မှတ်သင်တန်းများ တက်ရောက်နေဆဲဖြစ်စေ၊ ပြီးဆုံးအောင်မြင်ပြီးနောက်ဖြစ်စေ ဆက်လက်ပညာ သင်ယူလိုသော သင်ယူသူအတွက် ကူးပြောင်းချိတ်ဆက် သင်ယူခွင့် အစီအစဉ်များ စနစ်တကျ ရေးဆွဲချမှတ်ထားခြင်း။
1,352,852
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၃၅။ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ သင်ယူသူများသည်-
1,352,853
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) အစိုးရကျောင်း၏ သင်ယူသူများနည်းတူ သက်ဆိုင်ရာ အရည်အသွေးသတ်မှတ်ချက်များနှင့်အညီ သင်ကြားသင်ယူမှုနှင့် ပညာရည်ဖွံ့ဖြိုးမှုအခွင့်အလမ်းများ ရရှိရမည်။
1,352,854
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများနှင့် အစိုးရကျောင်းများအကြား အရည်အသွေး သတ်မှတ်ချက်များနှင့်အညီ ဆက်သွယ်ကူးပြောင်းသင်ယူနိုင်သည်။
1,352,855
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဂ) နိုင်ငံတော်က သတ်မှတ်ထားသည့် ပညာရေးအဆင့် ပြီးမြောက်ကြောင်းစာမေးပွဲကို သတ်မှတ်ချက် နှင့် ကိုက်ညီပါက ဝင်ရောက်ဖြေဆိုနိုင်သည်။
1,352,856
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၃၆။ (က) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းတွင် ပုဂ္ဂလိက ကျောင်းဆရာအဖြစ် ဆောင်ရွက်လိုသူ သည် မှတ်ပုံတင်လက်မှတ်ရရှိရန် -
1,352,857
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(၁) မြန်မာနိုင်ငံသားဖြစ်ပါက သက်ဆိုင်ရာ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့သို့ သတ်မှတ်ချက်နှင့်အညီ လျှောက်ထားရမည်။
1,352,858
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(၂) နိုင်ငံခြားသားဖြစ်ပါက သက်ဆိုင်ရာ ကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ ထောက်ခံချက်ဖြင့် သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့သို့ သတ်မှတ်ချက်နှင့်အညီ လျှောက်ထားရမည်။
1,352,859
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်သက်တမ်းသည် စတင်ထုတ်ပေးသည့်နေ့မှစ၍ သုံးနှစ် ဖြစ်သည်။
1,352,860
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ် သက်တမ်း တိုးမြှင့်လိုပါက ခွင့်ပြုသက်တမ်း မကုန်ဆုံးမီ သုံးလကြိုတင်၍ လျှောက်ထားရမည်။
1,352,861
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၃၇။ ပုဂ္ဂလိကကျောင်းဆရာအဖြစ် မှတ်ပုံတင်ခွင့်ရရှိသူသည် သက်ဆိုင်ရာဌာနငွေစာရင်းသို့ သတ်မှတ်ထားသော မှတ်ပုံတင်ကြေးနှင့် နှစ်စဉ်ကြေးပေးသွင်းပြီး မှတ်ပုံတင်လက်မှတ် ရယူရမည်။
1,352,862
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၃၈။ ပုဂ္ဂလိကအခြေခံပညာကျောင်းဆရာသည် အနည်းဆုံး အောက်ပါအရည်အချင်း သတ်မှတ်ချက် တစ်ရပ်ရပ်နှင့် ကိုက်ညီသူ ဖြစ်ရမည် -
1,352,863
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်အလိုက် မဟာဘွဲ့၊ ပါရဂူဘွဲ့ သို့မဟုတ် ပညာရေးဘွဲ့ရရှိသူ၊
1,352,864
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) ပြည်တွင်း သို့မဟုတ် ပြည်ပ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ဆရာအတတ်ပညာဆိုင်ရာဒီပလိုမာ သို့မဟုတ် လက်မှတ်ရရှိသူ၊
1,352,865
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဂ) ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ဝန်ကြီးဌာနက ဖွင့်လှစ်သော ဆရာအတတ် ပညာရက်တိုသင်တန်းဆင်းလက်မှတ်ရရှိသူ၊
1,352,866
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဃ) ပုဒ်မခွဲ(က)မှ(ဂ) အထိ သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံမှုမရှိသော်လည်း ပြည်တွင်း သို့မဟုတ် ပြည်ပ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် အခြေခံပညာ ကျောင်းဆရာဖြစ်စေ၊ နိုင်ငံတော်မှ ခွင့်ပြုထားသည့် ဘာသာရပ်ဆရာဖြစ်စေ ဆောင်ရွက်ခဲ့ပြီး ဘာသာရပ် ဆိုင်ရာ သင်ကြားမှုအတွေ့အကြုံ အနည်းဆုံး ငါးနှစ်ရှိသူ။
1,352,867
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၃၉။ ပုဂ္ဂလိကနည်းပညာနှင့် သက်မွေးဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေးကျောင်းဆရာသည် သက်ဆိုင်ရာ ဥပဒေများနှင့်အညီ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူဖြစ်ရမည်။
1,352,868
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၄၀။ ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းဆရာသည် ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်အလိုက် မဟာဘွဲ့ သို့မဟုတ် ပါရဂူဘွဲ့ရရှိထားသူဖြစ်ရမည်။
1,352,869
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၄၁။ ပုဂ္ဂလိကကျောင်းဆရာသည် -
1,352,870
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) နိုင်ငံတော်အပေါ်သစ္စာစောင့်သိရိုသေရမည်။
1,352,871
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကိုလိုက်နာရမည်။
1,352,872
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဂ) မိမိအားပေးအပ်ထားသော တာဝန်နှင့် ဝတ္တရားများကိုကျေပွန်စွာ ထမ်းဆောင်ရမည်။
1,352,873
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဃ) အကျင့်စာရိတ္တပျက်ပြားခြင်းနှင့် သိက္ခာမဲ့စွာ ပြုမူနေထိုင် ခြင်းတို့မှ ရှောင်ကြဉ်ရမည်။
1,352,874
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(င) တာဝန်အရအပ်နှင်းထားသည့်လုပ်ပိုင်ခွင့်ကိုအလွဲသုံးစားပြုခြင်းမှ ရှောင်ကြဉ်ရမည်။
1,352,875
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(စ) လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရမည်။
1,352,876
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၄၂။ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းသည်အမျိုးသားပညာရေး အဆင့်မူဘောင်ကို ကိုးကား၍ အမျိုးသား ပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ်ကော်မတီကချမှတ်သည့် ပညာအရည် အသွေးဆိုင်ရာ စံနှုန်းများအတိုင်း ပညာအရည်အသွေးတိုးတက်မှုအတွက် ဆောင်ရွက်ရမည်။
1,352,877
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၄၃။ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းအသီးသီးသည် -
1,352,878
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) အသိအမှတ်ပြုမှုရရှိရေး၊ အရည်အသွေးအာမခံမှုရှိရေး ကိစ္စများနှင့်စပ်လျဉ်း၍ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ၏ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက် ရမည်။
1,352,879
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ်ကော်မတီက သတ်မှတ်သော အဆင့်အလိုက် အရည်အသွေးအာမခံမှုဆိုင်ရာ စစ်ဆေးခြင်းများကို ခံယူရမည်။
1,352,880
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၄၄။ အောက်ဖော်ပြပါကိုယ်ပိုင်သို့မဟုတ်ပုဂ္ဂလိကကျောင်းများသည် သက်ဆိုင်ရာဥပဒေနှင့်အညီ သတ်မှတ်ထားသော အမျိုးသားပညာရေးအဆင့်မူဘောင်နှင့်လည်းကောင်း၊ စံချိန်စံညွှန်းများနှင့် လည်းကောင်း ကိုက်ညီရမည်-
1,352,881
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကနည်းပညာနှင့် သက်မွေးဆိုင်ရာ ပညာရေးနှင့်လေ့ကျင့်ရေးကျောင်း၊
1,352,882
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) ဝန်ကြီးဌာနက အခါအားလျော်စွာသတ်မှတ်သည့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း။
1,352,883
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၄၅။ တည်ထောင်သူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကို အပြီးပိတ်သိမ်းလိုပါက ရက်ပေါင်း ၁၂၀ ကြိုတင်၍ အကြောင်းပြချက်ခိုင်လုံစွာ ဖော်ပြထားသည့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း အပြီးပိတ်သိမ်းခွင့်လျှောက်လွှာကို သက်ဆိုင်ရာဒေသဆိုင်ရာကြီးကြပ် ရေးအဖွဲ့သို့ လျှောက်ထားရမည်။
1,352,884
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၄၆။ တည်ထောင်သူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း အပြီးပိတ်သိမ်းခြင်းနှင့်စပ်လျဉ်း၍ စာရင်းရှင်းလင်းရေးအတွက် သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။
1,352,885
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၄၇။ တည်ထောင်သူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကို အပြီးပိတ်သိမ်းပါက ပုဂ္ဂလိက ကျောင်းဆရာနှင့် ဝန်ထမ်းများကို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်နှင့်အညီ ဆောင်ရွက်ရမည်။
1,352,886
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၄၈။ တည်ထောင်သူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကို အပြီးပိတ်သိမ်းပါက သင်ကြားပြီးဆုံး သော ပညာသင်နှစ်အတွက်မှအပ ကျန်ရှိသော ပညာသင်နှစ်အတွက် သင်ယူသူများ ကြိုတင် ပေးသွင်းထားသော ကျောင်းလခ၊ သင်တန်းကြေးနှင့် အခြားအခကြေးငွေများရှိပါက ယင်းတို့ကို အပြည့်အဝ ပြန်လည်ပေးအပ်ရမည်။
1,352,887
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၄၉။ တည်ထောင်သူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကို အပြီးပိတ်သိမ်းလိုပါက ပုဒ်မ ၄၈ ပါ ကိစ္စရပ်များကို ပြီးစီးအောင်ဆောင်ရွက်၍ စည်းကမ်းချက်များနှင့်အညီ စာရင်းရှင်းလင်းပြီးမှသာ သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့ထံသို့ လျှောက်ထား ရမည်။
1,352,888
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၅၀။ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း အပြီးပိတ်သိမ်းခွင့်ပြုသည့်အခါ ပညာရေးဆိုင်ရာ လက်မှတ် သို့မဟုတ် အထောက်အထားကို သင်ယူသူအတွက် ထုတ်ပေးရန်လိုအပ်လျှင် ဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာနက တာဝန်ပေးအပ်သောဌာနသည် ယင်းကျောင်းကိုယ်စား ပညာရေးဆိုင်ရာ လက်မှတ် သို့မဟုတ် အထောက်အထားကို သင်ယူသူအား သတ်မှတ်ချက်နှင့်ညီညွတ်ပါက ထုတ်ပေး ရမည်။
1,352,889
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၅၁။ ကြီးကြပ်ရေးအဖွဲ့သည် ပုဒ်မ ၂၈၊ ပုဒ်မ ၃၀၊ ပုဒ်မ ၃၁၊ ပုဒ်မ ၃၂၊ ပုဒ်မ ၃၃ နှင့် ပုဒ်မ ၃၄ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများပါ သတ်မှတ်ချက် တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်ပါက တည်ထောင်သူ၊ စီမံအုပ်ချုပ်သူ သို့မဟုတ် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းအား အောက်ဖော်ပြပါ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ ဖြစ်စေချမှတ်နိုင် သည်-
1,352,890
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(က) စာဖြင့်သတိပေးခြင်း၊
1,352,891
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ခ) ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊
1,352,892
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဂ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လက်မှတ်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်း ခြင်း၊
1,352,893
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(ဃ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင် လက်မှတ်ကို ပယ်ဖျက်ခြင်း၊
1,352,894
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
(င) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်၍ အမည်ပျက်စာရင်း ထည့်သွင်းခြင်း။
1,352,895
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၅၂။ ကြီးကြပ်ရေးအဖွဲ့သည် မှတ်ပုံတင်လက်မှတ်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်သော ပုဂ္ဂလိကကျောင်းဆရာအား စာဖြင့်သတိပေးခြင်း သို့မဟုတ် မှတ်ပုံတင်လက်မှတ်ကို ကာလ အကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် မှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်ခြင်း ပြုရမည်။
1,352,896
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၅၃။ ကြီးကြပ်ရေးအဖွဲ့က ချမှတ်သော စီမံခန့်ခွဲရေးဆိုင်ရာ အမိန့် တစ်ရပ်ရပ်ကို မကျေနပ်သူသည် ဝန်ကြီးဌာနကဖွဲ့စည်းသော အယူခံအဖွဲ့သို့ အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း အယူခံ ဝင်ရောက်နိုင်သည်။
1,352,897
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၅၄။ ဝန်ကြီးဌာနသည် သင့်လျော်သောပုဂ္ဂိုလ် အနည်းဆုံး သုံးဦး ပါဝင်သော အယူခံအဖွဲ့ကို ဖွဲ့စည်းရမည်။
1,352,898
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၅၅။ အယူခံအဖွဲ့သည် ကြီးကြပ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်ကိုအတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းကို ပြုလုပ် နိုင်သည်။
1,352,899
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၅၆။ အယူခံအဖွဲ့၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။
1,352,900
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ
၂၀၂၃ ခုနှစ်၊ ပုဂ္ဂလိကပညာရေးဥပဒေ
၅၇။ မည်သူမျှ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင် လက်မှတ်မရှိဘဲ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းကိုတည်ထောင် ဖွင့်လှစ်ခြင်းမပြုရ။