id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
25,801 | Uncategorized | ကာမသုတ္တန်တရားတော် | နံနက်ပိုင်းက သူဌေးကြီး ညနေပိုင်းကျ သူဆင်းရဲ |
25,802 | Uncategorized | ကာမသုတ္တန်တရားတော် | ▬▬▬▬▬▬▬▬ ဘုန်းကြီးတို့ ဇာတိအရပ်ဖြစ်တဲ့ ရွှေဘိုမြို့မှာ တခါက မီးအကြီးအကျယ် လောင်တယ်၊ ၂-နာရီလောက် အတွင်းမှာ တမြို့လုံး အကုန်လောက်ပဲ လောင်သွားတယ်၊ အဲဒီ မီးထဲမှာ စက်ရော အိမ်ရောပါသွားတဲ့ စက်ပိုင်တယောက်က ညည်းပြီးတော့ ဒီလိုပြောတယ်၊ |
25,803 | Uncategorized | ကာမသုတ္တန်တရားတော် | နံနက်ပိုင်းက သူဌေးကြီး ညနေပိုင်းကျတော့ ဘာမှမရှိတော့ဘူး၊ သူဆင်းရဲ ဖြစ်သွားတယ်လို့ ညည်းပြီး ပြောတယ်၊ ဒါပေမဲ့ မူလက ချမ်းသာ ကြွယ်ဝနေတဲ့ သူမှာတော့ သိပ်အရေးမကြီးလှပါဘူး၊ မီးထဲမပါနိုင်တဲ့ တခြားနေရာက ပစ္စည်းတွေ ကျန်ရှိနေသေးတာပါဘဲ၊ ဒါကြောင့် မကြာခင်ဘဲ ပြန်ပြီး ပြည့်စုံကြီးပွားသွား နိုင်ပါတယ်။ |
25,804 | Uncategorized | ကာမသုတ္တန်တရားတော် | လယ်သမား ဆင်းရဲသားမှာတော့ လယ်ယာက မရယင် ဘယ်ကမှ ရစရာ မရှိတော့ဘူး၊ ဒါကြောင့် စိတ်နှလုံး မသာဖြစ်မယ်ဆိုယင် အကြီးအကျယ် ဖြစ်စရာပါဘဲ၊ အဲဒီ အခါတုန်းက အဲဒီပုဏ္ဏားသာ မဟုတ်ဘူး၊ အဲဒီ အစိရဝတီ မြစ်ရိုး တလျှောက်မှာ သူလိုဘဲ လယ်ယာပျက်စီးသွားတဲ့ လူတွေ အများကြီးရှိမှာဘဲ။ |
25,805 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါပေမဲ့ ဒီကာမသုတ် ဒေသနာနဲ့ ဆိုင်ဒါကတော့ ဒီပုဏ္ဏားသာ ဖြစ်တဲ့အတွက် ဒီပုဏ္ဏားကိုသာ ဒီနေရာမှာ ပြထားတယ်။ |
25,806 | Uncategorized | ကာမသုတ္တန်တရားတော် | ဒုက္ခရောက်နေတဲ့အခါ ဘုရားကြွလာတယ် |
25,807 | Uncategorized | ကာမသုတ္တန်တရားတော် | ▬▬▬▬▬▬▬ အဲဒီလို အတိဒုက္ခ ရောက်နေတဲ့အခါ မြတ်စွာဘုရားက သူ့အိမ်ကို ကြွလတယ်၊ စောစောကတည်းက ရင်းနှီးပြီး ဖြစ်နေတဲ့အတွက် အဲဒီပုဏ္ဏားက “ငါ့ကို ချီးမြှောက် အားပေးဘို့ လာတာဘဲလို့ နှလုံးသွင်းပြီးတော့ မြတ်စွာဘုရားအား နေရာ ခင်းပေးပြီး ကြိုဆိုတယ်၊ မြတ်စွာဘုရားက အဖြစ်မှန်ကို သိပေမဲ့ တရားဟောရန် အကြောင်း ပေါ်လာအောင်လို့ ဘယ့်နှယ်လဲ ပုဏ္... |
25,808 | Uncategorized | ကာမသုတ္တန်တရားတော် | မှန်ပါ အရှင်ဂေါတမ ဂျုံခင်းဟာ ရေထဲ အကုန်ပါသွားပါတယ် လို့ လျှောက်တယ်။ |
25,809 | Uncategorized | ကာမသုတ္တန်တရားတော် | မြတ်စွာဘုရားက ဒီလို ဟောတော်မူတယ် |
25,810 | Uncategorized | ကာမသုတ္တန်တရားတော် | ▬▬▬▬▬▬▬▬ ဒီတော့ မြတ်စွာဘုရားက လိုချင်နှစ်သက်ဖွယ် ကာမဂုဏ်တွေဆိုတာ အကြောင်း ညီညွတ်တဲ့အခါ ဒီလိုဘဲ ပျက်စီးတတ်တယ်၊ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်ဘဲ၊ ဒါကြောင့် ကာမဂုဏ်အာရုံ ပစ္စည်းတွေ ပြည့်စုံတဲ့အခါလဲ သိပ်ဝမ်းမသာရဘူး၊ ပျက်စီး သွားတဲ့ အခါလဲ သိပ်ဝမ်းမနည်းရဘူး၊ |
25,811 | Uncategorized | ကာမသုတ္တန်တရားတော် | လောကမှာ လူတွေဟာ ဘယ်လိုပင် စီးပွားဥစ္စာတွေ ပျက်သွားပေမယ်လို့ တနေ့ ကျလျှင် ကံအားလျော်စွာ ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာလဲ ဖြစ်နိုင်တာဘဲ စသည်ဖြင့် မိန့်တော်မူပြီးတော့ ဒီကာမသုတ္တန် တရားကို ဟောကြားတော်မူပါတယ်။ |
25,812 | Uncategorized | ကာမသုတ္တန်တရားတော် | (၁) ကာမံ ကာမယမာနဿ၊ တဿ စေ တံ သမိဇ္ဈတိ။ |
25,813 | Uncategorized | ကာမသုတ္တန်တရားတော် | ကာမံ၊ လိုချင် နှစ်သက်ဖွယ်အာရုံ ကာမဂုဏ်ဝတ္ထုကို။ |
25,814 | Uncategorized | ကာမသုတ္တန်တရားတော် | ကာမယမာနဿ၊ လိုချင်နှစ်သက် တပ်မက်နေသော။ |
25,815 | Uncategorized | ကာမသုတ္တန်တရားတော် | တံ၊ ထို လိုချင်နှစ်သက် တပ်မက်အပ်သော အာရုံ ကာမဂုဏ် ဝတ္ထုသည်။ |
25,816 | Uncategorized | ကာမသုတ္တန်တရားတော် | စေ သမိဇ္ဈတိ၊ အကယ်၍ ပြီးစီးပြည့်စုံငြားအံ့။ |
25,817 | Uncategorized | ကာမသုတ္တန်တရားတော် | သော မစ္စော၊ လိုချင်နှစ်သက် တပ်မက်နေသော ထိုယောက်ျား မိန်းမပုဂ္ဂိုလ်သည်။ |
25,818 | Uncategorized | ကာမသုတ္တန်တရားတော် | ပီတိမနော၊ ဝမ်းမြောက် ရွှင်ပြုံးသော စိတ်နှလုံး ရှိသည်။ |
25,819 | Uncategorized | ကာမသုတ္တန်တရားတော် | အဒ္ဓါ ဟောတိ၊ စင်စစ်မသွေ ဖြစ်ရလေတော့သတည်း။ |
25,820 | Uncategorized | ကာမသုတ္တန်တရားတော် | လိုချင်နှစ်သက် တပ်မက်ဖွယ် ကာမဂုဏ်အာရုံ ဝတ္ထုတွေကို ကာမဘုံသားတွေ ဆိုတာ လိုချင်ကြတာဘဲ၊ နှစ်သက်ကြ တပ်မက်ကြတာဘဲ၊ ယောက်ျားကလဲ လိုချင်နှစ်သက် တပ်မက်တာဘဲ၊ မိန်းမကလဲ လိုချင်နှစ်သက် တပ်မက်တာဘဲ၊ အဲဒီ လိုချင်နှစ်သက်တဲ့ သက်ရှိသက်မဲ့ အာရုံဝတ္ထုကိုရယင် ဝမ်းမြောက် ဝမ်းသာတယ်၊ ဒါက ဖြစ်ရိုး ဓမ္မတာဘဲ။ |
25,821 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒါကို “ကာမဂုဏ်လိုချင်၊ ပြည့်စုံလျှင်၊ ကြည်ရွှင် ဝမ်းမြောက်လေတော့သည်”လို့ ဆောင်ပုဒ်စီထားတယ်။ |
25,822 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒါကိုထပ်ပြီး ဆိုလိုက်ကြပါဦး။ |
25,823 | Uncategorized | ကာမသုတ္တန်တရားတော် | (၁) ကာမဂုဏ်လိုချင်၊ ပြည့်စုံလျှင်၊ ကြည်ရွှင်ဝမ်းမြောက် လေတော့သည်။ |
25,824 | Uncategorized | ကာမသုတ္တန်တရားတော် | လိုချင်စရာ ကာမဂုဏ်တွေကတော့ အများကြီးပါဘဲ၊ ယခု ဒီပုဏ္ဏားမှာတော့ သူ လုပ်ထားတဲ့ ယာခင်း ဂျုံတွေပါဘဲ၊ သူ့ဂျုံပင်တွေ ထွားထွားကျိုင်းကျိုင်း ဖြစ်ထွန်း နေတာကို မြင်ရလို့လဲ သူ့မှာ ဝမ်းမြောက် ဝမ်းသာနေတယ်၊ အသီးအနှံတွေ ပြည့်ပြည့်စုံစုံ ထွက်ပေါ်နေတာကို မြင်ရလို့လဲ ဝမ်းမြောက်ဝမ်းသာနေတယ်။ |
25,825 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒါဟာ “ကာမဂုဏ်လိုချင်၊ ပြည့်စုံလျှင်၊ ကြည်ရွှင် ဝမ်းမြောက်လေတော့သည်”လို့ ဆိုတဲ့ အတိုင်းပါဘဲ။ |
25,826 | Uncategorized | ကာမသုတ္တန်တရားတော် | အခြားပစ္စည်းကို လိုချင်တဲ့သူမှာ အဲဒီလိုချင်တာကိုရယင် နည်းတူဘဲ ဝမ်းမြောက် ဝမ်းသာရတယ်။ |
25,827 | Uncategorized | ကာမသုတ္တန်တရားတော် | အိမ်ထောင်ဘက် အလိုရှိတဲ့သူမှာ လိုချင်တဲ့ အတိုင်းရလျှင် ဝမ်းမြောက်ဝမ်းသာရတယ်၊ တချို့မှာ သားကလေး သမီးကလေးရလို့ ဝမ်းမြောက် ဝမ်းသာနေရတယ်၊ ဘာမဆို ကိုယ်လိုချင်တာရယင် ဝမ်းမြောက်ဝမ်းသာ ကြတာချည်း ပါဘဲ။ |
25,828 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါပေမဲ့ သာမန်ပုဂ္ဂိုလ်တွေမှာ အဲဒီ ပြည့်စုံတဲ့ အာရုံ ဝတ္ထုပစ္စည်း ပျက်စီးသွားတဲ့အခါမှာ ဝမ်းမြောက်ဝမ်းသာရသည်နှင့်အမျှ ဖြစ်စေ၊ ထို့ထက် အလွန် ဖြစ်စေ ဝမ်းနည်းခြင်း နှလုံးမသာခြင်း ဆင်းရဲတွေကို ခံစားရတတ်တယ်။ |
25,829 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါကြောင့် မြတ်စွာဘုရားက ထိုပုဏ္ဏားအား- |
25,830 | Uncategorized | ကာမသုတ္တန်တရားတော် | တေ ကာမာ ပရိဟာယန္တိ၊ သလ္လဝိဒ္ဓေါဝ ရုပ္ပတိ - |
25,831 | Uncategorized | ကာမသုတ္တန်တရားတော် | စသည်ဖြင့် ဆက်ပြီးဟောတော်မူပါတယ်။ |
25,832 | Uncategorized | ကာမသုတ္တန်တရားတော် | ကာမယာနဿ၊ လိုချင်နှစ်သက်နေသော။ |
25,833 | Uncategorized | ကာမသုတ္တန်တရားတော် | ဝါ-လိုချင်နှစ်သက်မှု ဟူသော ကာမယာဉ် ရှိနေသော။ |
25,834 | Uncategorized | ကာမသုတ္တန်တရားတော် | ဆန္ဒဇာတဿ၊ ဖြစ်သော နှစ်သက်မှု ရှိနေသော။ |
25,835 | Uncategorized | ကာမသုတ္တန်တရားတော် | ဝါ-နှစ်သက်စွဲလန်းမှု မပြတ်မစဲ ဖြစ်နေသော။ |
25,836 | Uncategorized | ကာမသုတ္တန်တရားတော် | တဿဇန္တုနော၊ ထိုယောက်ျား မိန်းမပုဂ္ဂိုလ်အား။ |
25,837 | Uncategorized | ကာမသုတ္တန်တရားတော် | စေ ပရိဟာယန္တိ၊ အကယ်၍ ဆုံးရှုံး ပျက်စီးကုန်ငြားအံ့။ |
25,838 | Uncategorized | ကာမသုတ္တန်တရားတော် | သော၊ ထိုယောက်ျား မိန်းမ ပုဂ္ဂိုလ်သည်။ |
25,839 | Uncategorized | ကာမသုတ္တန်တရားတော် | ရုပ္ပတိ၊ ညှိုးနွမ်းဖောက်ပြန်လျက် ပူပန်ပျက်စီးရလေတော့၏။ |
25,840 | Uncategorized | ကာမသုတ္တန်တရားတော် | ကိုယ်ရထားတဲ့ အာရုံကာမဂုဏ် ဝတ္ထုပစ္စည်းတွေနဲ့ အားရဝမ်းသာ ဖြစ်နေတုန်းမှာ ရေဘေးကြောင့် ဖြစ်စေ၊ မီးဘေးကြောင့် ဖြစ်စေ၊ မင်းဆိုးဘေးကြောင့် ဖြစ်စေ၊ သူခိုးဓားပြဘေးကြောင့် ဖြစ်စေ၊ လေမုန်တိုင်း ဘေး, မြေငလျင်ဘေးကြောင့် ဖြစ်စေ၊ အဲဒီကာမဂုဏ်အာရုံ ဝတ္ထုပစ္စည်းတွေ သက်ရှိပုဂ္ဂိုလ်တွေ ရုတ်တရက် ပျက်စီးဆုံးရှုံး သွားလို့ရှိယင် မြှားမှန်ခံ... |
25,841 | Uncategorized | ကာမသုတ္တန်တရားတော် | ယခု ပုဏ္ဏားမှာတော့ သူ့ဂျုံခင်း ရေကြောင့် ပျက်စီးလို့ အလွန်အမင်း စိတ်ဆင်းရဲ ဖြစ်နေရတာပါဘဲ။ |
25,842 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒါမျိုးဟာလဲ တွေ့ကြုံရတတ်တဲ့ လောကဓံသဘောဘဲလို့သိပြီး စိတ်သက်သာရာ ရအောင်လို့ မြတ်စွာဘုရားက ဒီဂါထာကို ဟောတော်မူပါတယ်။ |
25,843 | Uncategorized | ကာမသုတ္တန်တရားတော် | ရေဘေးဆိုတာ တခါတရံမှာ လူတွေရော ကျွဲနွားတိရစ္ဆာန်တွေရော မျောပါပြီး ပျက်စီးရတတ်ပါတယ်။ |
25,844 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒါနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုယင် ယာခင်းလောက် ပျက်တာ တော်သေးရဲ့လို့ သက်သာရာ ရစရာလဲ ရှိပါသေးရဲ့။ |
25,845 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီမှာ ဆောင်ပုဒ်က နှစ်သက်နေတုန်း ပျက်ဆုံးရှုံး၊ နှလုံးဖောက်ပြန်တတ်လေသည်-တဲ့။ |
25,846 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒါကို ထပ်ပြီး ဆိုလိုက်ကြ ရဦးမယ်။ |
25,847 | Uncategorized | ကာမသုတ္တန်တရားတော် | (၂) နှစ်သက်နေတုန်း ပျက်ဆုံးရှုံး၊ နှလုံးဖောက်ပြန်တတ်လေသည်။ |
25,848 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီလို ဖြစ်ပျက်နေတတ်တဲ့ လောကဓံဟာ ပုဏ္ဏားကြီးမှာ သူ့ကိုယ်တွေ့ ဖြစ်နေတယ်၊ သူက စောစောပိုင်းမှာ သူ့ဂျုံခင်း ပြည့်စုံကောင်းမွန်နေတုန်းကဆိုယင် အလွန်အမင်း နှစ်သက်ပြီး အားရဝမ်းသာ ဖြစ်နေခဲ့တယ်၊ အဲဒီလို နှစ်သက် ဝမ်းသာ နေတုန်းမှာဘဲ သူ့ဂျုံခင်း ရေကြောင့်ပျက်စီးသွားတာကို တွေ့ရတော့ ယူကျုံးမရဖြစ်ပြီး အလွန်အမင်း စိတ်နှလုံးမသာ ဖြစ်နေရ... |
25,849 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒါဟာ စောစောပိုင်းက ဒီလို ဖြစ်တတ် ပျက်တတ်တယ်ဆိုတဲ့ လောကဓံတရားကို မဆင်ခြင်မိလို့ပါဘဲ၊ စောစော ပိုင်းကတည်းက လောကဓံတရားကို ဆင်ခြင်ပြီး အလွန်အမင်း နှစ်သက်ဝမ်းသာခြင်း မဖြစ်ခဲ့ယင် အတော်အတန်တော့ သည်းခံနိုင်ဘို့ ရှိပါတယ်။ |
25,850 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါကြောင့် ကာမဂုဏ် အာရုံတွေနှင့်စပ်ပြီး အလွန်အမင်း သာယာနှစ်သက်ခြင်း မဖြစ်အောင် ဆင်ခြင်ဘို့ရာ၊ တတ်နိုင်လို့ရှိယင် ကာမဂုဏ်အာရုံတွေကို လုံးဝစွန့်လွှတ် နိုင်အောင် ဆင်ခြင်ဘို့ရာ မြတ်စွာဘုရားက ဒီလို ဆက်ပြီး ဟောတော်မူပြန်တယ်။ |
25,851 | Uncategorized | ကာမသုတ္တန်တရားတော် | မြွေဆိုးလိုပင် ရှောင်ရမယ် |
25,852 | Uncategorized | ကာမသုတ္တန်တရားတော် | ယော ကာမေ ပရိဝဇ္ဇေတိ၊ သပ္ပဿေဝ ပဒါ သိရော။ |
25,853 | Uncategorized | ကာမသုတ္တန်တရားတော် | သောမံ ဝိသတ္တိကံ လောကေ၊ သတော သမတိ ဝတ္တတိ။ |
25,854 | Uncategorized | ကာမသုတ္တန်တရားတော် | ယော၊ အကြင်တစုံတယောက်သော ပုဂ္ဂိုလ်သည်။ |
25,855 | Uncategorized | ကာမသုတ္တန်တရားတော် | ကာမေ လိုချင်နှစ်သက်ဖွယ်အာရုံ ကာမဂုဏ်ဝတ္ထုတို့ကို။ |
25,856 | Uncategorized | ကာမသုတ္တန်တရားတော် | ပရိဝဇ္ဇေတိ၊ ရှောင်ကြဉ်၏။ |
25,857 | Uncategorized | ကာမသုတ္တန်တရားတော် | ကာမဂုဏ်နှင့်စပ်ပြီး ဆင်းရဲ မတွေ့ချင်တဲ့သူဟာ အဲဒီနှစ်သက် လိုချင်ဘွယ်အာရုံ ကာမဂုဏ်ဝတ္ထုတွေကို မနှစ်သက်ပဲ ရှောင်ကြဉ်ရမယ်၊ ပယ်စွန့်ရမယ်တဲ့။ |
25,858 | Uncategorized | ကာမသုတ္တန်တရားတော် | ဘယ်လိုလဲ ဆိုယင် |
25,859 | Uncategorized | ကာမသုတ္တန်တရားတော် | သပ္ပဿသိရော၊ မြွေ၏ဦးခေါင်းကို။ |
25,860 | Uncategorized | ကာမသုတ္တန်တရားတော် | ပဒါ၊ ခြေဖြင့်မနင်းမိ မတိုက်မိအောင်။ |
25,861 | Uncategorized | ကာမသုတ္တန်တရားတော် | ပရိဝဇ္ဇေတိ ဣဝ၊ ရှောင်လွှဲသကဲ့သို့ပင် ရှောင်ကြဉ်ရမယ်တဲ့။ |
25,862 | Uncategorized | ကာမသုတ္တန်တရားတော် | မြွေဆိုးရှိတဲ့ အရပ်ဒေသမှာ ဆိုယင် အမှိုက်တွေ ရှုပ်နေတဲ့နေရာ မြက်ပင် သစ်ပင်ငယ်တွေ ရှုပ်နေတဲ့ နေရာကိုသွားတဲ့အခါ မြွေကိုမနင်းမိ မတိုက်မိအောင် အထူးဂရုစိုက်ပြီး ရှောင်ရတယ်၊ မြွေဆိုးကို မြင်တွေ့နေယင်တော့ အဲဒီ မြွေခေါင်းကို ခြေဖြင့် မနင်းမိ မတိုက်မိအောင် ရှောင်ရတယ်၊ ဝေးနိုင်သမျှ ဝေးအောင် ရှောင်ရတယ်၊ အဲဒါလိုဘဲ နှစ်သက် လိုချင်စရ... |
25,863 | Uncategorized | ကာမသုတ္တန်တရားတော် | ရှင်ရဟန်းများနှင့် အလွန်သင့်တဲ့တရား |
25,864 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒါဟာ သံသာရဝဋ္ဋဒုက္ခတော မောစနတ္ထာယ - သံသရာဝဋ်ဆင်းရဲမှ လွတ်ပါရ စေခြင်းအကျိုးငှါ သင်္ကန်း ဝတ်တယ် ဆိုတဲ့ ရှင်ရဟန်းများနဲ့တော့ အလွန် သင့်လျော်တဲ့ တရားပါဘဲ၊ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ချင်ယင် မြွေကိုက်မှာ ကြောက်သလိုပင် ကာမဂုဏ်အာရုံကို နှစ်သက်တပ်စွဲတဲ့ ကိလေသာတွေ မဖြစ်အောင် ရှောင်ကြဉ်သင့်ပါတယ်၊ မလွှဲမကင်းသာလို့ သုံးဆောင်နေရ... |
25,865 | Uncategorized | ကာမသုတ္တန်တရားတော် | မအပ်စပ်တဲ့ ရွှေ ငွေ အစရှိတဲ့ ပစ္စည်းတွေကိုရအောင် အားမထုတ်သင့်တာကတော့ အလွန်ပင်ထင်ရှားနေပါပြီ၊ နောက်ပြီးတော့ ပျော်ပွဲရွှင်ပွဲတွေကို သွားမကြည့်ဘို့ ဝိသဘာဂအာရုံတွေကို သာယာနှစ်သက်သောအားဖြင့် မကြည့်ဘို့ဆိုတာတွေလဲ အလွန်ပင် ထင်ရှားနေပါပြီ၊ အဲဒီလို ကာမဂုဏ် အာရုံတွေကို စိတ်ကူးမျှဖြင့်သော်လဲ မကြံမိအောင် ဘာဝနာတခုခုဖြင့် အမြဲမပြတ် ... |
25,866 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒါဟာ ရှင်ရဟန်းများ တရားအားထုတ်ဆဲ ယောဂီများနဲ့ အလွန်သင့်လျော်တဲ့ တရားပါဘဲ။ |
25,867 | Uncategorized | ကာမသုတ္တန်တရားတော် | အိမ်ရာတည်ထောင် လူ့ဘောင်က လူများမှာဆိုယင်တော့ စားဝတ်နေရေးနှင့်စပ်တဲ့ မလွှဲမကင်းသာ အာရုံကာမဂုဏ်တွေကို ရှောင်ရမယ် စွန့်ရမယ်ဆိုယင် မသင့်လျော် သလို ဖြစ်နေပါတယ်။ |
25,868 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါပေမဲ့ အိမ်ရာတည်ထောင် လူ့ဘောင်မှာနေတဲ့ ပုဏ္ဏားကို အကြောင်းပြုပြီး မြတ်စွာဘုရားကိုယ်တော်တိုင် ဟောထားတဲ့ တရားဖြစ်တဲ့အတွက် သင့်လျော်အောင် ယူမှဘဲ ဖြစ်မယ်၊ |
25,869 | Uncategorized | ကာမသုတ္တန်တရားတော် | ဘယ်လိုလဲဆိုယင် လူ့ဘောင်က စွန့်ခွါပြီး ရဟန်းပြုနိုင်ယင်လဲ ကောင်းတယ်၊ ရဟန်း မပြုနိုင်ပေမဲ့ တရားနာနေယင်း တရားအားထုတ်နေယင်း ကာမဂုဏ် အာရုံတွေကို ခွါနိုင်သမျှ ခွါနေနိုင်ယင်လဲ ကောင်းတယ်၊ အဲဒီလိုမှ မဟုတ်ယင်လဲ ကာမဂုဏ်တွေ၏ အပြစ်ကို ရှုဆင်ခြင်နိုင်ယင်လဲ ကာမဂုဏ်အာရုံတွေ ပျက်စီး ဆုံးရှုံးသွားတဲ့အခါမှာ စိတ်သက်သာရာ ရနိုင်တယ်၊ ဒါကြောင... |
25,870 | Uncategorized | ကာမသုတ္တန်တရားတော် | မြွေဆိုးကို ကြောက်သလိုပင် ကာမဂုဏ်တွေကိုကြောက်ပြီး ရှောင်နိုင်သမျှ ရှောင်ဘို့ရာ ဟောတော်မူတဲ့ တရားပါဘဲ။ |
25,871 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီလို ရှောင်တော့ ဘယ်လို အကျိုးကို ရပါသလဲလို့ ဆိုယင် |
25,872 | Uncategorized | ကာမသုတ္တန်တရားတော် | ရှောင်လျှင်ရမည့်အကျိုး |
25,873 | Uncategorized | ကာမသုတ္တန်တရားတော် | ▬▬▬▬▬▬▬▬ သပ္ပဿ သိရော၊ မြွေ၏ ဦးခေါင်းကို။ |
25,874 | Uncategorized | ကာမသုတ္တန်တရားတော် | ပဒါ၊ ခြေဖြင့် မနင်းမိ မတိုက်မိအောင်။ |
25,875 | Uncategorized | ကာမသုတ္တန်တရားတော် | ပရိဝဇ္ဇေတိ ဣဝ၊ ရှောင်ကြဉ်ဘိသကဲ့သို့။ |
25,876 | Uncategorized | ကာမသုတ္တန်တရားတော် | ကာမေ၊ လိုချင် နှစ်သက်ဖွယ် အာရုံ ကာမဂုဏ် ဝတ္ထုတို့ကို။ |
25,877 | Uncategorized | ကာမသုတ္တန်တရားတော် | သော၊ ထိုသို့ ရှောင်ကြဉ်သော ပုဂ္ဂိုလ်သည်။ |
25,878 | Uncategorized | ကာမသုတ္တန်တရားတော် | ဝါ-လောကဟု ဆိုအပ်သော ကာမဂုဏ်အာရုံဟူသမျှ၌။ |
25,879 | Uncategorized | ကာမသုတ္တန်တရားတော် | ဝိသတ္တိကံ၊ ပြန့်နှံ့လျက် တွယ်တာတတ်သော။ |
25,880 | Uncategorized | ကာမသုတ္တန်တရားတော် | ဣမံ၊ ဤတဏှာကို။ |
25,881 | Uncategorized | ကာမသုတ္တန်တရားတော် | သတော၊ ကိုယ်အမူအရာ စသည်ကိုပြုတိုင်း အမှတ်ရလျက်။ |
25,882 | Uncategorized | ကာမသုတ္တန်တရားတော် | ဝါ-အမှတ်ရသောကြောင့်။ |
25,883 | Uncategorized | ကာမသုတ္တန်တရားတော် | သမတိ ဝတ္တတိ၊ စွန့်ပယ် ရှောင်ရှားကျော်လွန်၍သွားနိုင်ပေ၏။ |
25,884 | Uncategorized | ကာမသုတ္တန်တရားတော် | ကာမဂုဏ် အာရုံတွေကို ရှောင်ကြဉ် ပယ်စွန့်ပြီး ကျင့်နိုင်လို့ရှိယင် ကာမဂုဏ်ဆိုတဲ့ လောကထဲမှာ ပြန့်နှံ့ပြီး ကပ်ငြိတွယ်တာတတ်တဲ့ တဏှာကို ပယ်စွန့်သောအားဖြင့် ကျော်လွန်သွားနိုင်ပါတယ်တဲ့၊ ဒီနေရာမှာ လောကအရကို အပါယ်လောက လူ့လောက နတ်လောက ခန္ဓာလောက စသည်ဖြင့် မဟာနိဒ္ဒေသမှာ ဖွင့်ပြထား ပါတယ်၊ အဲဒါဟာ အပါယ်ဘုံ လူ့ဘုံ နတ်ဘုံတွေမှာ ရှိနေတဲ့... |
25,885 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါကြောင့် ဒီမှာ “လောကဟု ဆိုအပ်သော ကာမဂုဏ်အာရုံ ဟူသမျှ၌”လို့ အနက် ဖော်ပြလိုက်ပါတယ်။ |
25,886 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီ နှစ်သက် လိုချင်ဘွယ် ကာမဂုဏ်အာရုံ ဟူသမျှမှာ ပြန့်နှံ့ပြီး ကပ်ငြိတွယ်တာ သာယာ နှစ်သက်တတ်တဲ့ ကာမတဏှာကို ကင်းစေနိုင်ပါတယ်၊ ပယ်နိုင်ပါတယ်၊ ကျော်လွန် သွားနိုင်ပါတယ်တဲ့၊ အဲဒီ ကာမအာရုံတွေကို မနှစ်သက် မတပ်မက်တော့ဘူးဆိုယင် အင်မတန်ဘဲ ချမ်းသာပါတယ်၊ |
25,887 | Uncategorized | ကာမသုတ္တန်တရားတော် | ဒီကာမဂုဏ်တွေကို တကယ့် အကောင်းအမြတ်တွေ ထင်ပြီး နှစ်သက်သာယာနေလို့ အဲဒါတွေကို ရအောင်လဲ ရှာရတယ်၊ အသက်ကို စွန့်ပြီးတော့တောင် ရှာရတယ်၊ ရလာတဲ့ ကာမဂုဏ်တွေကိုလဲ စောင့်ရှောက် နေကြရတယ်၊ အင်မတန်ဆင်းရဲပါတယ်၊ အဲဒီ ကာမဂုဏ်တွေ ပျက်စီး ဆုံးရှုံးသွားပြန်ယင်လဲ အလွန်အမင်း စိတ်နှလုံးမသာ ဆင်းရဲဒုက္ခ ရောက်ကြရတယ်။ |
25,888 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီကာမဂုဏ်တွေကို မြွေဆိုးလိုဘဲ ကြောက်ဖွယ် စက်ဆုပ်ဖွယ် ထင်နေယင်တော့ အဲဒါတွေကို မရှာရ မစောင့်ရှောက်ရတဲ့အတွက် ဆင်းရဲငြိမ်းပြီး ချမ်းသာတယ်၊ အဲဒီကာမဂုဏ်တွေ ပျက်စီးသွားမှာလဲ မစိုးရိမ်ရဘူး၊ ပျက်စီးသွားလို့လဲ စိတ်မဆင်းရဲ ရဘူး၊ ချမ်းသာစွာ နေနိုင်တယ်။ |
25,889 | Uncategorized | ကာမသုတ္တန်တရားတော် | ကာမဂုဏ် အဆာပြေအောင် အားထုတ်နည်း |
25,890 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါကြောင့် အဲဒီကာမဂုဏ်အာရုံတွေမှာ ပြန့်နှံ့ပြီး ကပ်ငြိတွယ်တာတတ်တဲ့ ကာမအာရုံ ဆာငတ်နေတဲ့ တဏှာကို ပယ်ရှားနိုင်အောင် လွန်မြောက်နိုင်အောင် ကြိုးစားဘို့ လိုပါတယ်။ |
25,891 | Uncategorized | ကာမသုတ္တန်တရားတော် | ဘယ်လိုကြိုးစားရမလဲဆိုတော့-သတော၊ အမှတ်ရသည် ဖြစ်၍၊ ဝါ-အမှတ်ရသောကြောင့်၊ သမတိ ဝတ္တတိ၊ ကောင်းစွာ ကျော်လွန်သွားနိုင်ပါတယ်-တဲ့။ |
25,892 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီမှာ သတော-အမှတ်ရတယ်ဆိုတာ ဘယ်လိုဟာလဲ ဆိုယင် - ကာယေ၊ ရုပ်အပေါင်း ကိုယ်၌။ |
25,893 | Uncategorized | ကာမသုတ္တန်တရားတော် | ကာယာနုပဿနာသတိပဋ္ဌာနံ၊ ရုပ်အပေါင်းကိုယ်ဟု ရှုသော ကာယာနုပဿနာ-သတိပဋ္ဌာန်ကို။ |
25,894 | Uncategorized | ကာမသုတ္တန်တရားတော် | ဘာဝေန္တော၊ ပွားစေသောသူသည်။ |
25,895 | Uncategorized | ကာမသုတ္တန်တရားတော် | သတော၊ အမှတ်ရနေသူမည်၏ |
25,896 | Uncategorized | ကာမသုတ္တန်တရားတော် | စသည်ဖြင့် သတိပဋ္ဌာန်လေးပါး ပွားနေလျှင် အမှတ်ရနေသည် မည်ကြောင်း မဟာနိဒ္ဒေသ ပါဠိမှာ ဖွင့်ပြထားတယ်။ |
25,897 | Uncategorized | ကာမသုတ္တန်တရားတော် | နောက်ပြီးတော့ အဲဒီလို အမှတ်ရနေ ရမှာကလဲ တကြိမ်တခါမျှ တခဏမျှ မဟုတ်ဘူး၊ ကာမကိလေသာတွေကို မပယ်နိုင်သေးမချင်း အမြဲမပြတ် အမှတ်ရနေရမှာ ဖြစ်တယ်။ |
25,898 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါကြောင့် ဒီသုတ် နောက်ဆုံးဂါထာမှာ “သဒါသတော - အခါခပ်သိမ်း အမှတ်ရလျက်” လို့ ဟောထားတယ်။ |
25,899 | Uncategorized | ကာမသုတ္တန်တရားတော် | ဒီဂါထာကို ဒီအပိုဒ်မှာတော့ အက္ခရာက ရှစ်လုံးပြည့်နေလို့ အဲဒီ သဒ္ဒါပုဒ်ကို မထည့် နိုင်တဲ့အတွက် “သတော-အမှတ်ရသည်ဖြစ်၍”လို့ ဒါလောက်သာ ဟောထားခြင်း ဖြစ်တယ်၊ ဆိုလိုတဲ့ အနက်အားဖြင့်တော့ အဲဒီနောက်ဆုံးဂါထာနှင့် အတူတူပါဘဲ။ |
25,900 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါကြောင့် “သတော-နေ့ရော ညဉ့်ပါ အခါခပ်သိမ်း အမှတ်ရသည် ဖြစ်၍” ဆိုတဲ့ အနက်ကို ယူရတယ်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.