id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
26,201 | Uncategorized | ကာမသုတ္တန်တရားတော် | အဝိဇ္ဇာဆိုတဲ့ ရေစီးကြောင်းကတော့ နိစ္စ သုခ အတ္တအနေဖြင့် ထင်မှတ်ပြီး အမြဲလိုပင် ဖြစ်နေတယ်။ |
26,202 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါကြောင့် ဒီရေစီးကြောင်းကြီး လေးခုဖြင့် သတ္တဝါတွေဟာ အများ အားဖြင့် အပါယ်လေးဘုံသို့ မျောသွားပြီး ဒုက္ခရောက်နေ ကြရတယ်၊ တရံတခါ ကုသိုလ်ကံကြောင့် လူ့ဘုံ နတ်ဘုံသို့ ရောက်လာတယ်၊ ရောက်ရာဘဝမှာ သေကြ ရတယ်၊ |
26,203 | Uncategorized | ကာမသုတ္တန်တရားတော် | တရံတခါတော့ လူ့ဘဝ နတ်ဘဝမှာ ဈာန်ရပြီး အဲဒီ ဈာန်ကုသိုလ်ကြောင့် ရူပဘုံ အရူပဘုံသို့ ရောက်ကြရတယ်၊ အဲဒီလိုဟာကတော့ အလွန်ပင် နည်းပါလိမ့်မယ်၊ အဲဒီ ရူပဘဝ အရူပဘဝမှာလဲ သေကြရတာဘဲ၊ ကာမတဏှာနဲ့ ဒိဋ္ဌိမကင်းသေးယင် သေပြီးတော့ လူ့ဘဝ နတ်ဘဝ ပြန်ရောက်ရတယ်၊ အဲဒီကနောက် အပါယ်ဘုံလဲ ပြန်ရောက်နိုင်သေးတာဘဲ။ |
26,204 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒါဟာ ဩဃခေါ်တဲ့ ရေစီးကြောင်းကြီး လေးခုဖြင့် မြုပ်နစ် မျောပါပြီး ဆင်းရဲဒုက္ခ ရောက်နေကြရပုံပါဘဲ။ |
26,205 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါကြောင့် မြတ်စွာဘုရားက အဲဒီ ရေစီးကြောင်း ဩဃလေးပါးကို ကျော်လွန်ပြီး တဖက်ကမ်းအရောက် ရှုမှတ်ပြီး ကူးသွားရမယ်”လို့ ညွှန်ကြားတော်မူပါတယ်။ |
26,206 | Uncategorized | ကာမသုတ္တန်တရားတော် | တဖက်ကမ်း ရောက်အောင် ဘယ်လို ကူးသွားရမလဲ ဆိုတော့ .... |
26,207 | Uncategorized | ကာမသုတ္တန်တရားတော် | တဖက်ကမ်းရောက်ပုံ |
26,208 | Uncategorized | ကာမသုတ္တန်တရားတော် | နာဝံသိတွာ၊ ရေဝင်နေသော လှေမှ ရေကို သွန်ထုတ်ပြီး၍။ |
26,209 | Uncategorized | ကာမသုတ္တန်တရားတော် | ပါရဂူ ဣဝ၊ ပေါ့ပါးသော လှေဖြင့် တဖက်ကမ်းအရောက် ကူးမြောက်သော သူကဲ့သို့။ |
26,210 | Uncategorized | ကာမသုတ္တန်တရားတော် | နာဝံ၊ ကိလေသာ ရေတို့ဖြင့် လေးလံစွာသော အတ္တဘော ဟူသော လှေကို။ |
26,211 | Uncategorized | ကာမသုတ္တန်တရားတော် | သိတွာ၊ ရှုမှတ်မှုဖြင့်ကိလေသာ ရေသွန်ထုတ်ပြီး၍။ |
26,212 | Uncategorized | ကာမသုတ္တန်တရားတော် | ပါရဂူ၊ နိဗ္ဗာန်တည်းဟူသော တဖက်ကမ်းအရောက် ကူးမြောက်သည်။ |
26,213 | Uncategorized | ကာမသုတ္တန်တရားတော် | ဘဝေယျ၊ ဖြစ်လေရာ၏၊ ဝါ-ဖြစ်အောင် အစဉ်မပြတ် ရှုမှတ်အားထုတ်ရာတော့သည်- လို့ ဟောတော်မူပါတယ်။ |
26,214 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီ ညွှန်ကြားချက်ကို တိုတိုနဲ့ ဆောင်မှတ်ထားရအောင် (၁၁) “လှေမှ ရေပက်၊ ပေါ့ပါးလျက်၊ ဟိုဘက် နိဗ္ဗာန်ရောက်လေသည်”လို့ စီထားတယ်။ |
26,215 | Uncategorized | ကာမသုတ္တန်တရားတော် | လှေထဲက ရေပက်ထုတ်လိုက်ယင် လှေပေါ့သွားမယ်၊ အဲဒီပေါ့ပါးတဲ့ လှေနဲ့ ဟိုဘက်ကမ်း အရောက် ကူးသွားသူလိုပင် ကိုယ်ထဲမှ ကိလေသာရေတွေကို ရှုမှတ်မှု သတိပဋ္ဌာန်ဖြင့် ပက်ထုတ်ပြီးတော့ ပေါ့ပါးတဲ့ရုပ်နာမ်အစဉ် အတ္တဘောဖြင့် သံသရာ၏ ဟိုဘက်ကမ်း သဖွယ် ဖြစ်တဲ့ နိဗ္ဗာန်သို့ အရောက်သွားရမယ်လို့ ဆိုလိုပါတယ်၊ |
26,216 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီမှာ ရုပ်နာမ် အစဉ် အတ္တဘောလို့ဆိုတဲ့ စကားထဲက ရုပ်ဆို တာကတော့ နာမ်၏ မှီရာဖြစ်၍ မကင်းနိုင်တဲ့အတွက် ထည့်ပြီးဆိုရတာဘဲ၊ နိဗ္ဗာန်သို့ အရောက်သွား တာကတော့ ဝိပဿနာအစဉ် အရိယ မဂ်ဖိုလ် အစဉ်ဆိုတဲ့ နာမ်တရားဖြင့်သာ သွားရပါတယ်၊ ဒါကြောင့် အစဉ်မပြတ် ရှုမှတ်တဲ့ သတိပဋ္ဌာန် ဝိပဿနာ မဂ်ဖိုလ်အစဉ်ဖြင့် ဟိုဘက်ကမ်းသဖွယ်ဖြစ်တဲ့ နိဗ္ဗာန်သို့ အရေ... |
26,217 | Uncategorized | ကာမသုတ္တန်တရားတော် | လယ်သမားဇနီးမောင်နှံ တရားထူးရပုံ |
26,218 | Uncategorized | ကာမသုတ္တန်တရားတော် | ဂျုံခင်း ပျက်စီးသွားလို့ စိတ်ပူပန်နေတဲ့ ပုဏ္ဏားအား မြတ်စွာဘုရားက ယခု ဟောပြခဲ့တဲ့ ဂါထာ ၆ ပုဒ်ရှိတဲ့ ကာမသုတ္တန် တရားတော်ကို ဟောကြားတော် မူပါတယ်။ |
26,219 | Uncategorized | ကာမသုတ္တန်တရားတော် | ဂျုံခင်း လယ်သမား ပုဏ္ဏားဇနီးမောင်နှံမှာ စားဝတ်နေရေးအတွက် အားကိုးရာဖြစ်တဲ့ သူတို့ ဂျုံခင်း ပျက်စီးသွားလို့ အလွန်အမင်း စိတ်မချမ်းမသာ ဖြစ်နေတုန်း မြတ်စွာဘုရား ဟောတော်မူတဲ့ ဒီကာမသုတ် တရားတော်ကို နာကြားကြရတော့ သူတို့၏ ကိုယ်တွေ့နဲ့ ကိုက်ညီနေတဲ့အတွက် အလွယ်တကူနဲ့ဘဲ သဘောပေါက် ကြပါတယ်။ |
26,220 | Uncategorized | ကာမသုတ္တန်တရားတော် | “ကာမဂုဏ်လိုချင်၊ ပြည့်စုံလျှင် ကြည်ရွှင် ဝမ်းမြောက်လေတော့သည်”လို့ ဆိုတဲ့ ဆောင်ပုဒ်အရ ငါတို့မှာ ဂျုံခင်း ပြည့်စုံပြီး ကောင်းနေတုန်းက အလွန်အမင်း ဝမ်းမြောက်ခဲ့ကြတယ်။ |
26,221 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါဟာ လောကမှာ ဖြစ်ရိုးဖြစ်စဉ်ဘဲ၊ တလောကလုံး ဒီလိုပင် ပြည့်စုံတဲ့အခါ ဝမ်းမြောက်ကြတာ ချည်းဘဲ။ |
26,222 | Uncategorized | ကာမသုတ္တန်တရားတော် | “နှစ်သက်နေတုန်း၊ ပျက်ဆုံးရှုံး၊ နှလုံးဖေါက်ပြန်တတ်လေသည်”လို့ ဆိုတဲ့ ဆောင်ပုဒ်အရ ငါတို့မှာ ဂျုံခင်း ကောင်းတာကို အာရုံပြုပြီး ဝမ်းမြောက်နေတုန်းမှာပင် ရေလွှမ်းမိုးလို့ ဂျုံခင်းပျက်သွားတော့ အကြီးအကျယ် စိတ်ဆင်းရဲကြရတယ်၊ နှလုံးမသာ ဖြစ်ကြရတယ်၊ |
26,223 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါလဲ လောကမှာ ဖြစ်ရိုးဖြစ်စဉ်ဘဲ၊ ငါတို့သာ မဟုတ်ဘူး၊ သူတပါးတွေလဲ ဒီလို ကြုံကြရတာတွေ ရှိနေတာဘဲ၊ ပြည့်စုံတာတွေဟာ အကြောင်း မညီညွတ်တဲ့အခါ ပျက်စီးကြရတာဘဲ စသည်ဖြင့် ဆင်ခြင်ပြီး စိတ်သက်သာရာ ရကြတယ်၊ နောက်ပြီးတော့- |
26,224 | Uncategorized | ကာမသုတ္တန်တရားတော် | “မြွေ ရှောင်သည့်နှယ်၊ ကာမပယ်၊ ငြိတွယ်လွန်မြောက် လေတော့သည်”လို့ ဆိုတဲ့ ဆောင်ပုဒ်အရ ငါတို့မှာ ဂျုံခင်းကို အလွန်နှစ်သက် သာယာနေကြတဲ့အတွက် သူပျက်စီးသွားတဲ့အခါ စိတ်ဆင်းရဲဖြစ်နေကြရတာဘဲ။ |
26,225 | Uncategorized | ကာမသုတ္တန်တရားတော် | အစကတည်းက ဂျုံခင်းကို နှစ်သက်ခြင်း မရှိခဲ့ဘူး ဆိုယင်တော့ ဒီလို စိတ်မချမ်းသာခြင်း ဆင်းရဲဖြစ်ရမှာ မဟုတ်ပေဘူး၊ |
26,226 | Uncategorized | ကာမသုတ္တန်တရားတော် | ဒီတော့ ကာမဂုဏ်ဟာ မြွေဆိုးနဲ့ တူတယ်၊ မြွေဆိုးကို ကြောက်ပြီးတော့ ရှောင်သလို ကာမဂုဏ်ကိုလဲ ကြောက်ပြီးတော့ ရှောင်သင့်တယ်၊ အဲဒီလိုရှောင်ယင် ကာမဂုဏ်ကို နှစ်သက်တဲ့ တဏှာကိုလဲ ကျော်လွန်နိုင်တယ်-စသည်ဖြင့် ဆင်ခြင်ပြီးတော့ ဂျုံခင်း ကာမဂုဏ်ဆီ သွားတဲ့ စိတ်ကို ရှုမှတ်တယ်။ |
26,227 | Uncategorized | ကာမသုတ္တန်တရားတော် | “ကာမဂုဏ် တပ်မက်၊ နိုင်အထက် နှိပ်စက်လေတော့သည်”လို့ ဆိုတဲ့ ဆောင်ပုဒ် အရ လယ်ယာ ရွှေ ငွေ နွား မြင်း မိန်းမ ယောက်ျား အစရှိသော ကာမဂုဏ်တွေကို မက်မောနေလျှင် အဲဒီလို မက်မောနေတဲ့ သူကို အားရှိတဲ့ ကိလေသာတွေက အားကောင်းသလိုဖြစ်ပြီး အနိုင်အထက် နှိပ်စက်တတ်တယ် ဆိုတာလဲ ဟုတ်တာဘဲ စသည်ဖြင့် ဆင်ခြင်ပြီး ကာမဂုဏ်တွေကို စွန့်ပယ်လိုတဲ့စိတ်တွေ ဖ... |
26,228 | Uncategorized | ကာမသုတ္တန်တရားတော် | “လှေကွဲရေဝင်၊ ပုံအသွင်၊ အစဉ်ဒုက္ခ၊ ရောက်နေသည်”လို့ ဆိုတဲ့ ဆောင်ပုဒ်အရ ကာမဂုဏ် တပ်မက်နေသူမှာ လှေကွဲထဲ ရေဝင်နေသလို ဆင်းရဲဒုက္ခတွေ အမြဲမပြတ် လိုက်ပါနေတယ် ဆိုတာကိုလဲ သဘောပေါက်ပြီး ကာမဂုဏ်တွေမှ လွတ်မြောက် လိုသော စိတ်ဆန္ဒတွေ ဖြစ်ပွားနေကြတယ်။ |
26,229 | Uncategorized | ကာမသုတ္တန်တရားတော် | နောက်ပြီးတော့ အဲဒီလို ကာမဂုဏ်မှ လွတ်မြောက်လိုတဲ့ ဆန္ဒတွေ ဖြစ်နေတုန်းမှာ- |
26,230 | Uncategorized | ကာမသုတ္တန်တရားတော် | (၆) တသ္မာ ဇန္တု သဒါ သတော၊ ကာမာနိ ပရိဝဇ္ဇယေ။ |
26,231 | Uncategorized | ကာမသုတ္တန်တရားတော် | တေ ပဟာယ တရေ ဩဃံ၊ နာဝံ သိတာဝ ပါရဂူ။ |
26,232 | Uncategorized | ကာမသုတ္တန်တရားတော် | တသ္မာ၊ ကာမဂုဏ်ကို နှစ်သက်တပ်မက်နေလျှင် ဆင်းရဲဒုက္ခတွေက ထက်ကြပ်မကွာ လိုက်ပါလျက် နှိပ်စက်နေခြင်းဟူသော ထိုအကြောင်းကြောင့်။ |
26,233 | Uncategorized | ကာမသုတ္တန်တရားတော် | သဒါ၊ နေ့ရော ညဉ့်ပါ အခါခပ်သိမ်း။ |
26,234 | Uncategorized | ကာမသုတ္တန်တရားတော် | ကာမာနိ၊ နှစ်သက်လိုချင်မှု ကိလေသာကာမနှင့် နှစ်သက် လိုချင်ဘွယ်အာရုံ ကာမဂုဏ်တို့ကို။ |
26,235 | Uncategorized | ကာမသုတ္တန်တရားတော် | ပရိဝဇ္ဇယေ၊ လွတ်လွတ်ကင်းအောင် ရှောင်ကွင်း ဖယ်ရှားလိုက်ရာ၏။ |
26,236 | Uncategorized | ကာမသုတ္တန်တရားတော် | တေကာမေ၊ ထိုကာမကိလေသာနှင့် ကာမအာရုံ ကာမဂုဏ်တို့ကို။ |
26,237 | Uncategorized | ကာမသုတ္တန်တရားတော် | ဩဃ၊ ဩဃလေးဖြာ သံသရာရေစီးကြောင်းကို။ |
26,238 | Uncategorized | ကာမသုတ္တန်တရားတော် | တရေ၊ ကူးမြောက် ကျော်လွန်လေရာ၏။ |
26,239 | Uncategorized | ကာမသုတ္တန်တရားတော် | ကိမိဝ၊ အဘယ်ကဲ့သို့ နည်းဟူမူ။ |
26,240 | Uncategorized | ကာမသုတ္တန်တရားတော် | နာဝံ သိတွာ၊ ရေဝင်နေသောလှေမှ ရေကို သွန်ထုတ်ပြီး၍။ |
26,241 | Uncategorized | ကာမသုတ္တန်တရားတော် | နာဝံ၊ ကိလေသာရေတို့ဖြင့် ပြည့်နေ၍ လေးလံစွာသော အတ္တဘောဟူသော လှေကို။ |
26,242 | Uncategorized | ကာမသုတ္တန်တရားတော် | သိတွာ၊ ရှုမှတ်မှုဖြင့် ကိလေသာ ရေသွန်ထုတ်ပြီး၍။ |
26,243 | Uncategorized | ကာမသုတ္တန်တရားတော် | ဝါ - တကယ် ဖြစ်အောင် အစဉ်မပြတ် ရှုမှတ်အားထုတ်ရာတော့သတည်း- လို့ ဟောတော်မူတဲ့ နောက်ဆုံးဂါထာအရ သဘောပေါက်ပြီး သတိပဋ္ဌာန် ရှုမှတ်မှုကို ပွားစေကြတယ်။ |
26,244 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီလို ပွားစေနေရင်း ဝိပဿနာဉာဏ် သောတာပတ္တိ မဂ်ဖိုလ် ဉာဏ်များ ဖြစ်ပေါ်လာပြီးတော့ ပုဏ္ဏားကြီး ဇနီး ခင်ပွန်း နှစ်ဦးလုံး သောတာပန် ဖြစ်သွားကြပါသတဲ့။ |
26,245 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီ နောက်ဆုံးဂါထာအရ ဆောင်ပုဒ်များကတော့- ရှုမှတ်အစဉ်၊ ကာမကြဉ်၊ ရေယဉ်လွန်မြောက်လေတော့သည်။ |
26,246 | Uncategorized | ကာမသုတ္တန်တရားတော် | လှေမှရေပက်၊ ပေါ့ပါးလျက်၊ ဟိုဘက် နိဗ္ဗာန်ရောက်လေသည်-တဲ့။ |
26,247 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီဆောင်ပုဒ်များကို ဆိုကြရမယ်။ |
26,248 | Uncategorized | ကာမသုတ္တန်တရားတော် | ရှုမှတ်အစဉ်၊ ကာမကြဉ်၊ ရေယဉ်လွန်မြောက်လေတော့သည်။ |
26,249 | Uncategorized | ကာမသုတ္တန်တရားတော် | လှေမှရေပက်၊ ပေါ့ပါးလျက်၊ ဟိုဘက် နိဗ္ဗာန်ရောက်လေသည်။ |
26,250 | Uncategorized | ကာမသုတ္တန်တရားတော် | သုတ္တန်နိပါတ် ပါဠိတော် အဋ္ဌကဝဂ်က အစဆုံးဖြစ်တဲ့ ဂါထာ ၆-ပုဒ်ရှိ ကာမသုတ္တန် တရားတော် ပြည့်စုံသွားပါပြီ၊ ယခု တရားသိမ်းတော့မယ်။ |
26,251 | Uncategorized | ကာမသုတ္တန်တရားတော် | တရားသိမ်း နိဂုံးချုပ် |
26,252 | Uncategorized | ကာမသုတ္တန်တရားတော် | ဤ ကာမသုတ္တန်တရားတော်ကို ရိုသေစွာ နာယူမှတ်သားကြရသော ဓမ္မသဝန ကုသိုလ် စေတနာတို့၏ အစွမ်းအာနုဘော်ကြောင့် တရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကာမဂုဏ်၏ အပြစ်တို့ကို ရှုမြင်ကြပြီးလျှင် - ကာယာနုပဿနာ သတိပဋ္ဌာန်, ဝေဒနာနုပဿနာ သတိပဋ္ဌာန်, စိတ္တာနုပဿနာ သတိပဋ္ဌာန်, ဓမ္မာနုပဿနာ သတိပဋ္ဌာန် ဟူသော သတိတရားဖြင့် ရှုမှတ် ပွားများနိုင်က... |
26,253 | Uncategorized | ကာမသုတ္တန်တရားတော် | ကာမသုတ္တန် တရားတော်ပြီး၏။ |
26,254 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ၃။ ကာယနိဗ္ဗိန္ဒဇာတ် |
26,255 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ရွံဘွယ်ကိုယ် |
26,256 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဖုဋ္ဌဿ မေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကာယနိဗ္ဗိန္ဒဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မထင်ရှားသောယောကျ်ားကို အကြောင်း ပြု၍ ဟောတော်မူ၏။ |
26,257 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | သာဝတ္ထိပြည်၌ တယောက်သော ယောက်ျားသည် ဖျော့တော့သော ရောဂါ နှိပ်စက်အပ်သည်ဖြစ်၍ ဆေးသွားတို့သည်လည်း ပယ်အပ်သည် ဖြစ်၍ မယားသည်လည်း လုပ်ကျွေးအံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ ငါသည် ရောဂါမှ လွတ်သည်ရှိသော် ရဟန်းပြုအံ့ဟု ကြံ၏။ |
26,258 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ထိုယောက်ျားသည် နှစ်ရက် သုံးရက်ဖြင့်သာလျှင် တစုံတခု လျောက်ပတ်သင့်တင့်သော ဆေးကိုရ၍ ရောဂါကင်း၍ ဇေတဝန် ကျောင်းတော်သို့သွား၍ သဗ္ဗညူ မြတ်စွာဘုရားကို ရဟန်းအဖြစ်ကို တောင်း ပန်၍ ဘုရားအထံတော်၌ သာမဏေအဖြစ် ပဉ္စင်းအဖြစ်ကိုရ၍ မကြာမြင့်မီပင်လျှင် ရဟန္တာအဖြစ်သို့ ရောက်၏။ |
26,259 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဤမည်သောသူသည် ဖြေတော့သော အနာစွဲ၍ ဤရောဂါမှ ထ မြောက်လတ်သော် ရဟန်းပြုအံ့ဟု ကြံ၍ ရဟန်းပြု၍ ရဟန္တာအဖြစ်သို့ ရောက်၏ဟု စကားကို ဖြစ်စေကုန်၏။ |
26,260 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဤသူသည်သာလျှင်ရောဂါမှ ထ၍ ရဟန်းပြု၍ မိမိစီးပွားကို ပြုသည်မဟုတ်သေး၊ ရှေး၌ ပညာရှိတို့သည်လည်း ဤအတူသာလျှင် ရောဂါမှထ၍ ရဟန်းပြု၍ မိမိစီးပွားကို ပြု... |
26,261 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ ဥစ္စာကိုဖြစ်စေ၍ နေလတ်သော် ဖျော့တော့သောအနာစွဲ၍ ဆေးသ္မားတို့သည်လည်း ကုအံ့သောငှါ မတတ်နိုင်ကုန်၊ သားမယားသည်လည်း နှလုံးမသာယာရှိ၏။ |
26,262 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ထိုဘုရားလောင်းသည် ဤရောဂါမှ ထမြောက်လတ်သည်ရှိသော် ရဟန်းပြုအံ့ဟု ကြံ၍ တစုံတခုလျှင်ဖြစ်သော သင့်တင့်လျောက်ပတ်သော ဆေးကိုရ၍ ရောဂါကင်း၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ ရဟန်းပြု၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဈာန်ချမ်းသာဖြင့်နေလျက် ဤမျှလောက်သော ကာလပတ်လုံး ဤသို့သဘောရှိသော ဈာန်ချမ်းသာမည်သည်ကို မရစဘူး ရပေပြီဟု ဥဒါန်းကျူးလိုရကား- |
26,263 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ၁၂၇။ ဖုဋ္ဌဿ မေ အညတရေန ဗျာဓိနာ၊ရောဂေန ဗာဠှံ ဒုခိတဿ ရုပ္ပတော။ |
26,264 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ပရိသုဿတိ ခိပ္ပမိဒံ ကဠေဝရံ၊ပုပ္ဖံ ယထာ ပံသုမှိ အာတပေ ကတံ။ |
26,265 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | အဇညံ ဇညသင်္ခါတံ၊ အသုစိံ သုစိသမ္မတံ။ |
26,266 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | နာနာကုဏပပရိပူရံ၊ ဇညရူပံ အပဿတော။ |
26,267 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ဓိရတ္ထုမံ အာတုရံ ပူတိကာယံ၊ဇေဂုစ္ဆိယံ အဿုစိ ဗျာဓိဓမ္မံ။ |
26,268 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ယတ္ထပ္ပမတ္တာ အဓိမုစ္ဆိတာ ပဇာ၊ဟာပေန္တိ မဂ္ဂံ သုဂတူပပတ္တိယာ။ |
26,269 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ဟူသော ဤသုံးဂါထာတို့ကို ဆို၏။ |
26,270 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ၁၂၇။ အညတရေန၊ ကိုးဆယ့်ရှစ်ပါးသော ရောဂါတို့တွင် တပါးဖြစ်ထသော။ |
26,271 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ဗျာဓိနာ၊ နှိပ်စက်တတ်သော။ |
26,272 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ရောဂေန၊ ရောဂါသည်။ |
26,273 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ဗာဠှံ၊ ပြင်းစွာ။ |
26,274 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ဖုဋ္ဌဿ၊ နှိပ်စက်အပ်သည်ဖြစ်၍။ |
26,275 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ဒုခိတဿ၊ ဆင်းရဲထသော။ |
26,276 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ရုပ္ပတော၊ စွန့်အပ်သော။ |
26,277 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | မေ၊ ငါ၏။ ဣဒံ ကဠေဝရံ၊ ဤအကောင်သည်။ |
26,278 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | အာတပေ၊ ပူသော။ |
26,279 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ပံသုနိ၊ သဲပြင်၌။ |
26,280 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ကတံ၊ ပစ်ချအပ်သော။ |
26,281 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ပုပ္ဖံ ယထာ၊ သိမ်မွေ့စွာသော ပန်းကဲ့သို့။ |
26,282 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ခိပ္ပံ၊ လျင်စွာ။ |
26,283 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ပရိသုဿတိ၊ ခြောက်ကပ်၏။ |
26,284 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ၁၂၈။ ကဠေဝရံ၊ အကောင်သည်။ |
26,285 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | အဇညံ၊ နှစ်သက်ဘွယ်မရှိ။ |
26,286 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ဇညသင်္ခါတံ၊ သူမိုက်တို့သည် နှစ်သက်ဘွယ် ရှိ၏ဟု သမုတ်အပ်၏။ |
26,287 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | အသုစိံ၊ မစင်ကြယ် ရွံရှာဘွယ်ဖြစ်လျှက်။ |
26,288 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | သုစိသမ္မတံ၊ သူမိုက်တို့သည် စင်ကြယ်၏ဟု သမုတ်အပ်၏။ |
26,289 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | နာနာကုဏပပရိပူရံ၊ အထူးထူးသော အပုပ်တို့ဖြင့် ပြည့်၏။ |
26,290 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | အပဿတော၊ မမြင်သော ပုထုဇဉ် သူမိုက်အား။ |
26,291 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ဇညရူပံ၊ နှစ်သက်ဘွယ်သော သဘောရှိ၏။ |
26,292 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ၁၂၉။ ယတ္ထ၊ အကြင်အကောင်ပုပ်၌။ |
26,293 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ပဇာ၊ သတ္တဝါတို့သည်။ |
26,294 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ပမတ္တာ၊ မေ့လျော့ကုန်သည်ဖြစ်၍။ |
26,295 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | အဓိမုစ္ဆိတာ၊ အလွန်တပ် စွန်းကုန်သည်ဖြစ်၍။ |
26,296 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | သုဂတူပပတ္တိယာ၊ သုဂတိ၌ ဖြစ်ခြင်း၏။ |
26,297 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | မဂ္ဂံ၊ အကြောင်းကို။ |
26,298 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ဟာပေန္တိ၊ ယုတ်စေကုန်၏။ |
26,299 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | အာတုရံ၊ ကျင်နာထသော။ |
26,300 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကာယနိဗ္ဗိန္ဒဇာတ် | ဇေဂုစ္ဆိယံ၊ စက်ဆုပ်ဘွယ်ရှိထသော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.