id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
26,301
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာယနိဗ္ဗိန္ဒဇာတ်
အသုစိံ၊ မစင်ကြယ်ထသော။
26,302
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာယနိဗ္ဗိန္ဒဇာတ်
ဗျာဓိဓမ္မံ၊ ဖျားနာတတ်သော သဘော ရှိထသော။
26,303
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာယနိဗ္ဗိန္ဒဇာတ်
ဣမံ ပူတိကာယံ၊ ဤကိုယ်ကောင်ပုပ်ကို။
26,304
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာယနိဗ္ဗိန္ဒဇာတ်
ဓိရတ္ထု၊ စက်ဆုပ်စွ။
26,305
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာယနိဗ္ဗိန္ဒဇာတ်
ဤသို့ ဘုရားလောင်းသည် ကိုယ်၌ အထူးထူး အပြားပြားအားဖြင့် မစင်ကြယ်သည်၏ အဖြစ်ကို၎င်း အမြဲ နာ သည်၏အဖြစ်ကို၎င်း ဆင်ခြင်လျှက် ငြီးငွေ့၍ အသက် ထက်ဆုံး လေးပါးကုန်သော ဗြဟ္မဝိဟာရတို့ကိုပွားစေ၍ ဗြဟ္မာ့ပြည်သို့ လား၏။
26,306
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာယနိဗ္ဗိန္ဒဇာတ်
သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ များစွာကုန်သော ပုထုဇဉ်တို့သည် သောတာပတ္တိဖိုလ် အစရှိသည်တို့ကိုကုန်၏။
26,307
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာယနိဗ္ဗိန္ဒဇာတ်
ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ ဖြစ်၏။
26,308
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာယနိဗ္ဗိန္ဒဇာတ်
ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။
26,309
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာယနိဗ္ဗိန္ဒဇာတ်
အနာဗျာဓိ၊ ဆင်ခြင်ဘိ၊ မိမိကောင်းကျိုးကြံ
26,310
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာယနိဗ္ဗိန္ဒဇာတ်
သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ကာယနိဗ္ဗိန္ဒဇာတ်သည် ပြီး၏။
26,311
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
ဧကကနိပါတ်-အပါယိမှဝဂ်
26,312
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
၃။ ကာဠကဏ္ဏိဇာတ်
26,313
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
ကောင်းသောအဆွေခင်ပွန်းရှိ၍ စည်းစိမ်ဥစ္စာမပျက်စီးနိုင်သော အကြောင်း
26,314
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်ဘုရားသည် မိတ္တာ ဟဝေ သတ္တပဒေန ဟောတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ကာဠကဏ္ဏိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အနာထပိဏ်သူဌေး၏ တယောက်သောအဆွေခင်ပွန်းကို အကြောင်းပြု၍ ဟောတော်မူ၏။
26,315
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
ထိုအဆွေခင်ပွန်းသည် အနာထပိဏ်သူဌေးနှင့် အတူတကွ မြေမှုန့်ကစားဘက် ဖြစ်၏။
26,316
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
တယောက်သောဆရာ၏ အထံ၌ အတတ်သင်ဘက် ဖြစ်၏။
26,317
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
အမည်အားဖြင့် ကာဠကဏ္ဏီမည်သတတ်၊ ထိုကဠကဏ္ဏီသည် ရှည်မြင့်သောကာလသို့ရောက်လတ်သော် ဆင်းရဲသည်ဖြစ်၍ အသက်မွေးအံ့သောငှါမတတ်နိုင်ရကား အနာထပိဏ်သူဌေး၏အထံသို့ လာ၏။
26,318
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
ထိုအနာထပိဏ်သူဌေးသည် ကာဠကဏ္ဏီကို နှစ်သိမ့်စေ၍ ရိက္ခာပေး၍ မိမိဥစ္စာကိုစောင့်စေ၏။
26,319
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
ထိုကာဠကဏ္ဏီသည် အနာထပိဏ်သူဌေးအား ကျေးဇူးပြုသည်ဖြစ်၍ အလုံးစုံသောကိစ္စတို့ကိုပြု၏။
26,320
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
ထိုကာဠကဏ္ဏီကို အနာထပိဏ် သူဌေး၏အထံသို့ လာသောကာလ၌ ကာဠကဏ္ဏီ ရပ်လော၊ ကဠကဏ္ဏီ ထိုင်လော၊ ကာဠကဏ္ဏီ စားလောဟု ဆိုကုန်၏။
26,321
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
ထိုအခါ တနေ့သ၌ အနာထပိဏ်သူဌေး၏ အဆွေ ခင်ပွန်းတို့သည် သူဌေးသို့ကပ်ကုန်၍ သူဌေးကြီး ဤသူယုတ်ကို သင်၏အထံ၌ မနေစေလင့်၊ ကာဠကဏ္ဏီ ရပ်လော၊ ကာဠကဏ္ဏီထိုင်လော၊ ကာဠကဏ္ဏီ စားလာ ဤသို့သောအသံကြောင့် ဘီလူးပင်သော်လည်း ပြေးရာ၏။
26,322
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
ဤကဠကဏ္ဏီသည် သင်နှင့်မတူ၊ ဆင်းရဲ၏။
26,323
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
မကောင်းခြင်းနှင့် ပြည့်စုံ၏။
26,324
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
သင့်အား ဤကဠကဏ္ဏီဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ဤသို့ ဆိုကုန်၏။
26,325
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
အနာထပိဏ် သူဌေးသည် အမည်မှည့်သည်ကား ခေါ်ဝေါ်ရုံမျှသာတည်း၊ ထိုအမည်ကို ပညာရှိတို့သည် ပမာဏမပြုကုန်၊ သုတမင်္ဂလာကို အလိုရှိသောသူ မည်သည် မဖြစ်သင့်၊ ငါသည် အမည်မျှကိုမှီ၍ မြေမှုန့်ကစားဘက်ဖြစ်သော အဆွေ ခင်ပွန်းကို စွန့်ခြင်းငှာမတတ်နိုင်ဟု ထိုအဆွေခင်ပွန်းတို့စကားကို မယူမူ၍ တနေ့သ၌ မိမိစားသောရွာသို့ သွားသည်ရှိသော် ထိုကဠဏ္ဏီကို အိမ်၌ ...
26,326
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
ခိုးသူတို့သည် အနာထပိဏ်သူဌေးသည် မိမိစားသောရွာသို့ သွားသတတ်၊ ထိုသူဌေးကို လုယက်ကုန်အံ့ဟု အထူးထူးသော လက်နက်စွဲကုန်လျက် ညဉ့်အဘို့၌လာ၍ အိမ်ကိုဝန်းရံကုန်၏။
26,327
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
ကာဠကဏ္ဏီသည်လည်း ခိုးသူတို့၏လာခြင်းကို ရွံရှာသည်ဖြစ်၍ မအိပ်ဘဲသာလျှင်နေ၏။
26,328
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
ထိုကာဠကဏ္ဏိသည် ခိုးသူတို့၏ လာသောအဖြစ်ကိုသိ၍ လူတို့ကိုနို့စိမ့်သောငှါ သင်သည် ခရု သင်း မှုတ်လော၊ သင်သည် မုရိုးစည်တီးလောဟု ကြီးစွာသောသဘင်ကိုပြုသကဲ့သို့ အလုံးစုံသောအိမ်ကို တစပ်တည်းသောအသံကို ပြုစေ၏။
26,329
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
ထိုခိုးသူတို့သည် အိမ်ဆိတ်၏ဟု ငါတို့သည် မကောင်းသဖြင့်ကြားအပ်၏။
26,330
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
ဤအိမ်၌သာလျှင် သူဌေးကြီးရှိ၏ဟု ကျောက် ဆောက်ပုတ်အစရှိသည်တို့ကို ထိုအရပ်၌သာလျှင်စွန့်၍ ပြေးကုန်၏။
26,331
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
နက်ဖြန်နေ့၌ လူတို့သည် ထိုထိုအရပ်၌စွန့်အပ်သော ကျောက် ဆောက်ပုတ်အစရှိသည်တို့ကိုမြင်၍ ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ ယနေ့ ဤသို့ သဘောရှိသော သတိပညာနှင့်ပြည့်စုံသော အိမ်၌စီရင်တတ်သောသူသည် အိမ်၌မရှိငြားအံ့ ခိုးသူတို့သည် အလိုရှိတိုင်းဝင်၍ အလုံးစုံသောအိမ်ကို လုယက်သည် ဖြစ်ရာ၏။
26,332
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
ဤမြဲမြံသောအဆွေခင်ပွန်းကိုမှီ၍ သူဌေးကြီးသည် အစီး အပွားဖြစ်၏ဟု ထိုကာဠကဏ္ဏိကိုချီးမွမ်း၍ သူဌေးကြီးအား စားသောရွာမှ လာသောကာလ၌ အလုံးစုံသောထိုအကြောင်းကို ကြားကုန်၏။
26,333
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
ထိုအခါ ထိုအဆွေ အမျိုးတို့ကို သူဌေးကြီးသည် သင်တို့သည် ဤသို့သဘောရှိသော ငါ၏အိမ်စောင့် အဆွေခင်ပွန်းကို နှင်ထုတ်စေကုန်၏။
26,334
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
သင်တို့၏စကားဖြင့် ငါသည် ဤအဆွေခင်ပွန်းကို နှင်ထုတ်စေအပ်သည် အကယ်၍ ဖြစ်ငြားအံ့၊ ယနေ့ ငါ့အား တစုံတခုသောဥစ္စာသည် မဖြစ်ရာ၊ အမည်သည်ကား ပမာဏမဟုတ် အစီးအပွားကို အလိုရှိသောစိတ်သည်သာလျှင် ပမာဏတည်းဟု ဆို၏။
26,335
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
ဤသို့ဆိုပြီး၍ ထိုကာဠကဏ္ဏိအား အတိုင်းထက် အလွန်ရိက္ခာပေးပြီးလျှင် ယခုအခါ ငါ့အား ဤစကား လက်ဆောင်သည် ရှိ၏ဟု မြတ်စွာဘုရားအထံတော်သို့ သွား၍ အစမှစ၍ ထိုအကြောင်းကို ကြားလျှောက်၏။
26,336
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
မြတ်စွာဘုရားသည် သူကြွယ် ယခုအခါ ၌သာလျှင် ကာဠကဏ္ဏိအဆွေခင်ပွန်းသည် မိမိ၏ အဆွေ ခင်ပွန်းအိမ်၌ ဥစ္စာကို စောင့်ရှောက်သည်မဟုတ်သေး၊ ရှေး၌လည်း စောင့်ရှောက်ဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ထိုအနာထပိဏ်သူဌေးသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။
26,337
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် များသောစည်းစိမ်ရှိသော သူဌေးသည်ဖြစ်၏။
26,338
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
ထိုဘုရားလောင်း၏ အဆွေခင်ပွန်းသည် ကာဠကဏ္ဏိမည်၏။
26,339
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
ဤသို့သဘောရှိသော အလုံးစုံသောစကားသည် ပစ္စုပ္ပန်ဝတ္ထုနှင့် တူသလျှင် ကတည်း၊ ဘုရားလောင်းသည် မိမိစားရွာမှလာသည်ရှိသော် ထိုအကြောင်းကိုကြား၍ ငါသည် သင်တို့၏ စကားဖြင့် ဤသို့သဘောရှိသောအဆွေခင်ပွန်းကို နှင်ထုတ်အပ်သည် အကယ်၍ ဖြစ်ငြားအံ့၊ ယနေ့ ငါ့အား တစုံတခုသောဥစ္စာသည် မဖြစ်ရာဟု ဆိုလို၍-
26,340
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
၈၃။ မိတ္တော ဟဝေ သတ္တပဒေန ဟောတိ။
26,341
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
သဟာယော ပန ဒွါဒသကေန ဟောတိ။
26,342
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
မာသဍ္ဎမာသေန စ ဉာတိ ဟောတိ၊တတုတ္တရိံ အတ္တသမာပိ ဟောတိ။
26,343
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
သောဟံ ကထံ အတ္တသုခဿ ဟေတု၊စိရသန္ထုတံ ကာဠကဏ္ဏိံ ဇာဟေယျ။
26,344
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
၈၃။ သတ္တပဒေန၊ အတူတကွ ခုနစ်ဘဝါးလှမ်း၍ သွားဘူးသဖြင့်။
26,345
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
ဟဝေ၊ စင်စစ်။
26,346
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
မိတ္တော၊ အဆွေခင်ပွန်းသည်။
26,347
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
ဒွါဒသကေန၊ အတူတကွ တဆယ့်နှစ်ဘဝါး လှမ်း၍ သွားဘူးသဖြင့်။
26,348
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
သဟာယော၊ အပေါင်းအဖော်သည်။
26,349
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
မာသဍ္ဎမာသေန စ၊ တလ, လခွဲ အတူတကွ ပေါင်းဘက်နေဘူးသဖြင့်လည်း။
26,350
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
ဉာတိ၊ ဆွေမျိုးနှင့်တူသည်။
26,351
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
တတုတ္တရိံ၊ ထို့ထက်အလွန် ပေါင်းဘက်နေဘူးမူကား။
26,352
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
အတ္တသမာပိ၊ ကိုယ်နှင့်တူသည်လည်း။
26,353
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
အတ္တသုခဿ၊ မိမိစီးပွားချမ်းသာ၏။
26,354
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
ဟေတု၊ အကြောင်းနှင့်။
26,355
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
စိရသန္ထုတံ၊ ရှည်မြင့်စွာ ပေါင်းဘက်ဘူးသော ကာဠကဏ္ဏိံ၊ ကာဠကဏ္ဏိကို။
26,356
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
ကထံ ဇဟေယျံ၊ အသို့စွန့်ရအံ့နည်း။
26,357
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
ထိုအခါမှစ၍ တဖန် တစုံတယောက်သောသူသည် သူဌေး၏ အတွင်း၌ ဆိုဝံ့သောသူမည်သည် မရှိ။
26,358
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ကာဠကဏ္ဏိ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီ သူဌေးဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။
26,359
ဇာတ်နိပါတ်, မြန်မာဘာသာ
ကာလကဏ္ဏိဇာတ်
စကားဖောင်ဖောင်၊ နားမယောင်၊ တွဲနှောင်မပစ် ခင်ပွန်းချစ် သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ကာဠကဏ္ဏိဇာတ်သည် ပြီး၏။
26,360
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
အပိုင်း ၁၊ နိဒါန်း
26,361
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
အာဏာသက်ရောက်ခြင်း
26,362
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
၁။ ဤအက်ဥပဒေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းလုံးတွင် အာဏာ သက်ရောက် စေရမည်။
26,363
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
အဓိပ္ပာယ် ဖော်ပြချက်များ
26,364
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
၂။ ဤအက်ဥပဒေတွင် အကြောင်းအရာနှင့် ဖြစ်စေ၊ ရှေ့နောက်စကားရပ်တို့၏ အဓိပ္ပာယ်နှင့် ဖြစ်စေ မဆန့်ကျင်လျှင်-
26,365
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
(၁) "လျှောက်ထားသူ"ဆိုရာတွင် ၎င်းကိုယ်တိုင်က ဖြစ်စေ၊ ၎င်းမှတစ်ဆင့် ဖြစ်စေ လျှောက်ထားသူ၏ လျှောက်ထားနိုင်သည့်အခွင့်အရေး ဖြစ်ပေါ်စေသူ မည်သူ မဆိုပါဝင်သည်။
26,366
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
(၂) "ငွေလွှဲစာချုပ်"ဆိုရာတွင် ဟွန်ဒီနှင့် ချက်လက်မှတ်တို့ပါဝင်သည်။
26,367
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
(၃) "ခံဝန်ချုပ်"ဆိုရာတွင် ကိစ္စရပ်အလိုက်သတ်မှတ်ထားသော ပြုလုပ်မှုတစ်ခုကို ဆောင်ရွက်လျှင် သို့မဟုတ် မဆောင်ရွက်လျှင် ချုပ်ဆိုထားသော ခံဝန်ပျက်ပြား ရမည်ဟူသော စည်းကမ်းချက်ဖြင့် တစ်ဦးတစ်ယောက်သောသူက သူတစ်ပါးအား ငွေပေးရန် ခံဝန်ပြုသော စာချုပ်ပါဝင်သည်။
26,368
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
(၄) "တရားပြိုင်"ဆိုရာတွင် ၎င်းကိုယ်တိုင်မှဖြစ်စေ၊ ၎င်းမှတစ်ဆင့် ဖြစ်စေတရားပြိုင်၏ တရား စွဲဆိုခြင်းခံရမည့်တာဝန် ဖြစ်ပေါ်စေသူ မည်သူမဆို ပါဝင်သည်။
26,369
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
(၅) "သုံးစွဲခွင့်"ဆိုရာတွင် ပဋိညာဉ်အရပေါ်ပေါက်လာသော အခွင့်အရေး မဟုတ်ဘဲ တစ်ဦး တစ်ယောက်သောသူက သူတစ်ပါးပိုင်သောမြေ တစ်စိတ်တစ်ဒေသကို ဖြစ်စေ၊ ထိုမြေတွင် ပေါက်နေသော သို့မဟုတ် စွဲကပ်နေသော သို့မဟုတ် တည်ရှိနေသောအရာကိုဖြစ်စေ ဖယ်ရှားရန်နှင့် မိမိအကျိုးအမြတ် အတွက် သုံးစွဲနိုင်သော အခွင့်အရေးတို့ပါဝင်သည်။
26,370
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
(၆) "နိုင်ငံခြားတိုင်းပြည်" ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မှတစ်ပါး၊ အခြားနိုင်ငံ တစ်ခုခုကို ဆိုသည်။
26,371
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
(၇) "သဘောရိုး" ဆိုသည်မှာ ထိုက်သင့်သော သတိပြုခြင်းနှင့် အာရုံပြုခြင်းတို့ဖြင့် ပြုလုပ်ခြင်း မဟုတ်လျှင် သဘောရိုးဖြင့် ပြုလုပ်သည်ဟု မမှတ်ယူရ။
26,372
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
(၈) "တရားလို"ဆိုရာတွင် ၎င်းကိုယ်တိုင်မှ ဖြစ်စေ၊ ၎င်းမှတစ်ဆင့် ဖြစ်စေတရားလို၏ တရားစွဲဆိုနိုင်သည့်အခွင့်အရေး ဖြစ်ပေါ်စေသူ မည်သူမဆိုပါဝင်သည်။
26,373
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
(၉) "ငွေပေးကတိစာချုပ်"ဆိုသည်မှာ ချုပ်ဆိုသူက အတိအကျဖော်ပြထားသောငွေကို သူတစ်ပါးအား ကန့်သတ်ထားသည့် အချိန်တွင် ဖြစ်စေ၊ တောင်းဆိုသည့်အခါတွင် ဖြစ်စေ၊ ငွေပေးကတိ စာချုပ်မျက်မြင်တင်ပြသည့်အခါတွင် ဖြစ်စေ ပေးဆပ်ရန် ခြွင်းချက်မရှိ ဝန်ခံသော စာချုပ်ကို ဆိုသည်။
26,374
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
(၁၀) "တရားမကြီးမှု"ဆိုရာတွင် အယူခံမှု သော်လည်းကောင်း၊ လျှောက်ထားမှု သော်လည်းကောင်း မပါဝင်။
26,375
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
ထို့ပြင်-
26,376
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
(၁၁) "ယုံကြည်အပ်နှံခြင်းခံရသူ"ဆိုရာတွင် ပစ္စည်းအမည်ခံသူ သို့မဟုတ် အပေါင်ပစ္စည်း အတွက် ချေးငွေကို အပြေအကျေပေးဆပ်ပြီးနောက် အပေါင်ပစ္စည်းကိုဆက်လက်၍ လက်၀ယ်ထားသည့် အပေါင်ခံသူ သို့မဟုတ် ပိုင်ဆိုင်ခွင့်မရှိဘဲ ပစ္စည်းကို မတရား လက်၀ယ်ထားသူ မပါဝင်။
26,377
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
အပိုင်း ၂၊ တရားမကြီးမှု၊ အယူခံမှုနှင့် လျှောက်ထားမှုများအတွက် ကာလစည်းကမ်းသတ်
26,378
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
စည်းကမ်းသတ်ကာလ ကုန်ဆုံးပြီးမှ စွဲဆိုတင်သွင်းသော တရားမကြီးမှု စသည်တို့ကို ပလပ်ခြင်း
26,379
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
၃။ ပုဒ်မ ၄ မှ ပုဒ်မ ၂၅ (အပါအဝင်)တို့တွင် ပါရှိသော ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပထမဇယားတွင်ပြဋ္ဌာန်းထားသော စည်းကမ်းသတ်ကာလကုန်ဆုံးပြီးမှ စွဲဆိုသည့် တရားမကြီးမှု၊ တင်သွင်းသည့်အယူခံမှုနှင့် လျှောက်ထားမှုတို့ကို ကာလစည်းကမ်း သတ်မှတ်ချက်ကို အကြောင်းပြု၍ ချေပခြင်းမပြုစေကာမူ ပလပ်ရမည်။
26,380
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
ရှင်းလင်းချက်။
26,381
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
မူလတရားမကြီးမှုများတွင် အဆိုလွှာကို သက်ဆိုင်ရာအရာရှိထံသို့ တင်သွင်းသောအခါ တရားမကြီးမှုစွဲဆိုခြင်းဖြစ်သည်။
26,382
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
လူမွဲမှုအတွက် လူမွဲအဖြစ် တရားစွဲဆိုခွင့်ပြုရန် လျှောက်လွှာတင်သွင်းသည့်အခါ တရားစွဲဆိုခြင်းမြောက်သည်။
26,383
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
ထို့ပြင် တရားရုံးအမိန့်ဖြင့် ဖျက်သိမ်းဆဲဖြစ်သော ကုမ္ပဏီအပေါ်တွင် တောင်းဆိုသည့်အမှုကိစ္စ၌ တောင်းဆိုသူက တရားဝင် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိထံသို့ မိမိ၏ တောင်းဆိုချက်ကို ပထမတင်သွင်းသောအခါ တရားစွဲဆိုခြင်း မြောက်သည်။
26,384
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
တရားရုံးပိတ်ရက်အတွင်း စည်းကမ်းသတ် ကာလကုန်ဆုံးခြင်း
26,385
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
၄။ တရားရုံးပိတ်ရက်အတွင်းတွင် တရားမကြီးမှု ၊ အယူခံမှု သို့မဟုတ် လျှောက်ထားမှုတို့ အတွက် သတ်မှတ်ထားသော စည်းကမ်းသတ်ကာလ ကုန်ဆုံးသည့်ကိစ္စ၌ တရားမကြီးမှု သို့မဟုတ် အယူခံမှု သို့မဟုတ် လျှောက်ထားမှုကို တရားရုံးပြန်ဖွင့်သောနေ့တွင် စွဲဆိုခြင်း သို့မဟုတ် တင်သွင်းခြင်း သို့မဟုတ် လျှောက်ထားခြင်းပြုနိုင်သည်။
26,386
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
အချို့အမှုများတွင် စည်းကမ်းသတ်ကာလ တိုးချဲ့ခြင်း
26,387
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
၅။ အယူခံမှု သို့မဟုတ် စီရင်ချက်ကို ပြန်လည်သုံးသပ်ရန် သော်လည်းကောင်း၊ အယူခံ ဝင်ခွင့်ရရှိစေရန် သော်လည်းကောင်း ပြုလုပ်သော လျှောက်ထားမှုကို သို့မဟုတ် တည်ဆဲဥပဒေဖြင့် ဖြစ်စေ၊ တည်ဆဲဥပဒေအရ ဖြစ်စေ ဤပုဒ်မနှင့်သက်ဆိုင်စေနိုင်သည့် အခြားလျှောက်ထားမှုကို ပြဋ္ဌာန်းထားသည့် ကာလစည်းကမ်းသတ် ကုန်ဆုံးပြီးမှ တင်သွင်းသည့်ကိစ္စတွင် အယူခံသူက ဖ...
26,388
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
ပြဋ္ဌာန်းထားသည့် စည်းကမ်းသတ်ကာလအမှန်ကို သိသာရန် စုံစမ်းသော အခါ၌ ဖြစ်စေ၊ ရေတွက်သောအခါ၌ ဖြစ်စေ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး တရား လွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် သို့မဟုတ် ခရိုင်တရားရုံး၏ အမိန့်ကြောင့် သော်လည်းကောင်း၊ ကျင့်စဉ်ကြောင့် သော်လည်းကောင်း၊ စီရင်ချက်ကြောင့် သော်လည်းကောင်း အယူခံသူ သို့မဟုတ...
26,389
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
ဥပဒေနှင့်အညီ မစွမ်းဆောင်နိုင်ခြင်း
26,390
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
၆။ (၁) တရားမကြီးမှု စွဲဆိုခွင့်ရှိသူ သို့မဟုတ် ဒီကရီအတည်ပြုရန် လျှောက်ထားခွင့်ရှိသူသည် စည်းကမ်းသတ်ကာလကို စတင်ရေတွက်ရမည့်အချိန်၌ အရွယ်မရောက်သေးသူ ဖြစ်လျှင် သို့မဟုတ် ရူးသွပ်သူဖြစ်လျှင် သို့မဟုတ် ဝမ်းတွင်းရူးဖြစ်လျှင် ထိုသူ တစ်ဦးဦးသည် မိမိ၏ မစွမ်းဆောင်နိုင်မှု ရပ်စဲသည်မှစ၍ ပထမဇယား တတိယစာရင်း၌ ပြဋ္ဌာန်းထားသော ကာလအပိုင်းအခ...
26,391
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
(၂) အဆိုပါပုဂ္ဂိုလ်သည် စည်းကမ်းသတ်ကာလကို စတင်ရေတွက်ရမည့်အချိန်၌ ယင်းကဲ့သို့ မစွမ်းဆောင်နိုင်မှု နှစ်မျိုးကို ခံစားနေရလျှင်၊ သို့မဟုတ် မစွမ်းဆောင်နိုင်မှု တစ်မျိုးကို ခံစားရ၍ ထိုမစွမ်းဆောင်နိုင်မှု မရပ်စဲမီ အခြားတစ်မျိုးကို ခံစားရလျှင် မစွမ်းဆောင်နိုင်မှုနှစ်မျိုးစလုံး ရပ်စဲသည်မှစ၍ အဆိုပါ ပြဋ္ဌာန်းထားသည့် ကာလအပိုင်းအခြာ...
26,392
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
(၃) အဆိုပါပုဂ္ဂိုလ်၏ မစွမ်းဆောင်နိုင်ခြင်းသည် ထိုသူသေဆုံးသည့်တိုင်အောင် ဆက်လက် ဖြစ်ပွားလျှင် ထိုသေသူ၏ တရားဝင်ကိုယ်စားလှယ်သည် ထိုသူ သေဆုံးသည့်နေ့မှစ၍ အဆိုပါ ပြဋ္ဌာန်းထားသည့် ကာလအပိုင်းအခြားအတွင်းတွင် တရားစွဲဆိုခြင်းကိုသော်လည်းကောင်း၊ လျှောက်ထားခြင်းကို သော်လည်းကောင်း ပြုနိုင်သည်။
26,393
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
(၄) အဆိုပါ တရားဝင်ကိုယ်စားလှယ်သည် ထိုသူ သေဆုံးသည့်နေ့တွင် ယင်းကဲ့သို့ မစွမ်းဆောင်နိုင်ခြင်း တစ်မျိုးမျိုးကို ခံစားရသည်ဖြစ်လျှင် ပုဒ်မခွဲ(၁)၊ ပုဒ်မခွဲ(၂)တို့၌ ပါရှိသောနည်းလမ်းများနှင့် သက်ဆိုင်စေရမည်။
26,394
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
ဥပမာများ။
26,395
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
(က) A သည် လှေငှားခရရန် တရားစွဲဆိုပိုင်ခွင့်ကို အရွယ်မရောက်မီ အချိန်တွင် ရရှိသည်။
26,396
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
A သည် ထိုသို့ တရားစွဲဆိုပိုင်ခွင့်ရရှိပြီးနောက် လေးနှစ်ကြာသည့်အခါ အရွယ်ရောက်သည်တွင် ထိုသို့ အရွယ်ရောက်သည့် နေ့ရက်မှစ၍ သုံးနှစ်အတွင်း မည်သည့်အချိန်၌ မဆို တရားစွဲဆိုနိုင်သည်။
26,397
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
(ခ) A သည် အရွယ်မရောက်မီ အချိန်တွင် တရားစွဲဆိုပိုင်ခွင့်ကို ရရှိသည်။
26,398
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
တရားစွဲဆိုပိုင်ခွင့် ရရှိပြီးနောက် Z သည် အရွယ်မရောက်မီ အချိန်အတွင်းတွင် ရူးသွပ်သွားပါက တရားစွဲဆိုနိုင်သည့် စည်းကမ်းသတ်ကာလကို Z ၏ အရွယ်မရောက်ခြင်းနှင့် ရူးသွပ်ခြင်းတို့ ရပ်စဲသည့်နေ့ရက်မှစတင်၍ ရေတွက်ရမည်။
26,399
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
(ဂ) A သည် အရွယ်မရောက်မီအချိန်တွင် တရားစွဲဆိုပိုင်ခွင့်ကို ရရှိသည်။
26,400
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
X သည် အရွယ်မရောက်မီ သေဆုံးသွားရာ အရွယ်မရောက်သေးသည့် သားဖြစ်သူ Y က အမွေဆက်ခံသည်တွင် တရားစွဲဆိုနိုင်သည့်စည်းကမ်းသတ်ကာလကို သားဖြစ်သူ Y အရွယ်ရောက်သည့်နေ့မှ စတင်၍ ရေတွက်ရမည်။