id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
26,401 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | တရားလို သို့မဟုတ် လျှောက်ထားသူများ အနက် တစ်ဦးဦး မစွမ်းဆောင်နိုင်ခြင်း |
26,402 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ၇။ တရားမကြီးမှုစွဲဆိုရန် သို့မဟုတ် ဒီကရီအတည်ပြုမှုလျှောက်ထားရန် ပူးတွဲလျှောက်ထားနိုင်ခွင့် ရှိသူများအနက် တစ်ဦးဦးသည် ဆိုခဲ့သော မစွမ်းဆောင်နိုင်ခြင်းကို ခံစားရ၍ ထိုမစွမ်းဆောင်နိုင်သူ၏ သဘောတူညီချက်မပါဘဲ ကြွေးမြီပေးဆပ်ခြင်းကို အပြေအကျေ လက်ခံနိုင်သည့်ကိစ္စတွင် စည်းကမ်းသတ်ကာလကို ၄င်းတို့အားလုံးအပေါ်ရေတွက်ရမည်။ |
26,403 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | သို့ရာတွင် ထိုသို့ ကြွေးမြီပေးဆပ်ခြင်းကို အပြေအကျေ လက်ခံခြင်း မပြုနိုင်သည့်ကိစ္စတွင် ထိုသူတို့အနက် တစ်ဦးဦးက အခြား သူများ၏ သဘောတူညီချက်မပါဘဲ ထိုသို့ ကြွေးမြီပေးဆပ်ခြင်းကို အပြေအကျေ လက်မခံနိုင်သမျှ ကာလပတ်လုံး သို့မဟုတ် မစွမ်းဆောင်နိုင်မှု မရပ်စဲသမျှ ကာလပတ်လုံး စည်းကမ်းသတ်ကာလကို ရေတွက်ခြင်းမပြုရ။ |
26,404 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | (က) အစုစပ်ဝင်များဖြစ်ကြသည့် B ၊ C ၊ D တို့ပါဝင်သော အစုစပ်လုပ်ငန်းသို့ A က ကြွေးမြီပေးဆပ်ရန်ရှိသည်။ |
26,405 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | B သည် ရူးသွပ်သူဖြစ်ပြီး C သည် အရွယ်မရောက်သူဖြစ်ရာ D သည် B နှင့် C တို့၏ သဘောတူညီချက်မပါဘဲ ကြွေးမြီပေးဆပ်သည်ကို အပြေအကျေ လက်ခံနိုင်သည်။ |
26,406 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ဤတွင် B နှင့် C တို့ကို ရူးသွပ်ခြင်းမရှိသူ၊ အရွယ်ရောက်ပြီးသူတို့ ဖြစ်ဘိသကဲ့သို့မှတ်ယူ၍ စည်းကမ်းသတ်ကာလကို ရေတွက်ရမည်။ |
26,407 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | (ခ) အစုစပ်ဝင်များဖြစ်ကြသည့် E ၊ F ၊ G တို့ပါဝင်သော အစုစပ် လုပ်ငန်းသို့ A က ကြွေးမြီ ပေးဆပ်ရန်ရှိသည်။ |
26,408 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | E နှင့် F တို့မှာ ရူးသွပ်သူများဖြစ်ကြပြီး G မှာ အရွယ်မရောက်သူဖြစ်သည်။ |
26,409 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ဤတွင် E ဖြစ်စေ၊ F ဖြစ်စေ ရူးသွပ်ခြင်း မပျောက်သေးသမျှကာလပတ်လုံး သို့မဟုတ် G အရွယ်မရောက်သမျှ ကာလပတ်လုံး စည်းကမ်းသတ်ကာလကို ရေတွက်ခြင်းမပြုရ။ |
26,410 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | အထူးခြွင်းချက်များ |
26,411 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ၈။ ပုဒ်မ ၆ သို့မဟုတ် ပုဒ်မ ၇ တို့တွင်ပါရှိသည့် ပြဋ္ဌာန်းချက်များသည် ဦးစွာဝယ်ယူပိုင်ခွင့်ကို အတည်ပြုရန်ဖြစ်သော တရားမကြီးမှုများနှင့် သက်ဆိုင်ခြင်းမရှိစေရ။ |
26,412 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ထို့ပြင် မစွမ်းဆောင်နိုင်မှု ရပ်စဲသည့်အခါမှစ၍ သို့မဟုတ် မစွမ်းဆောင်နိုင်သူ သေဆုံးသည့်အခါမှစ၍ တရားမကြီးမှုကို သော်လည်းကောင်း၊ လျှောက်ထားမှုကို သော်လည်းကောင်း စွဲဆိုတင်သွင်းရမည်ဖြစ်သော ကာလကို သုံးနှစ်ထက်ပို၍ တိုးပေးသည်ဟု ထိုပြဋ္ဌာန်းချက်များကို အကြောင်းပြု၍ မှတ်ယူခြင်းမပြုရ။ |
26,413 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | (က) A သည် သေတမ်းစာအရ ပေးကမ်းခြင်းအတွက် တရားစွဲဆိုပိုင်ခွင့်ကို အရွယ်မရောက်မီ ရရှိ၍ ထိုသို့ တရားစွဲဆိုပိုင်ခွင့်ရရှိပြီးနောက် ဆယ့်တစ်နှစ်ကြာမှ အရွယ်ရောက်သည်။ |
26,414 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | သာမန်အားဖြင့် A ၏ တရားစွဲဆိုပိုင်ခွင့်ကာလမှာ သာမန် ဥပဒေကြောင်းအရ တစ်နှစ်သာကျန်ရှိလေသည်။ |
26,415 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | သို့ရာတွင် ပုဒ်မ ၆ နှင့် ဤပုဒ်မတို့အရ A အား နှစ်နှစ်ဆက်၍ ခွင့်ပြုထားရာ A သည် အရွယ်ရောက်သော အချိန်မှစ၍ စုစုပေါင်း သုံးနှစ်အတွင်း တရားမကြီးမှု စွဲဆိုနိုင်သည်။ |
26,416 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | (ခ) A သည် ရူးသွပ်နေသည့်အချိန်အတွင်းတွင် ရိုးရာအလိုက် ဆက်ခံရမည့် ရာထူးအတွက် တရားစွဲဆိုပိုင်ခွင့်ကို ရရှိသည်။ |
26,417 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ထိုသို့ တရားစွဲဆိုပိုင်ခွင့်ရရှိပြီးနောက် ခြောက်နှစ် ကုန်လွန်သောအခါမှ ရူးသွပ်ခြင်းရပ်စဲလေသည်။ |
26,418 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | သာမန် ဥပဒေကြောင်းအရ A သည် ရူးသွပ်ခြင်း ရပ်စဲသည့်နေ့မှစ၍ တရားစွဲဆိုနိုင်ရန် ခြောက်နှစ်ကျန်ရှိသည်။ |
26,419 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | အချိန်ကာလအပိုင်းအခြားကို ဤပုဒ်မနှင့် ယှဉ်တွဲဖတ်ရှုရမည့် ပုဒ်မ ၆ အရ တိုးမြှင့်ပေးခွင့်မရှိ။ |
26,420 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | (ဂ) မြေငှားထံမှ မြေကို ပြန်လည်ရရှိရန် မြေပိုင်ရှင်အဖြစ်ဖြင့် တရားစွဲဆိုပိုင်ခွင့်ကို ဝမ်းတွင်းရူးဖြစ်သူ A ရရှိသည်။ |
26,421 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | A မှာ သေဆုံးသည့်နေ့အထိ ဝမ်းတွင်းရူးဖြစ်လျက် တရားစွဲဆိုပိုင်ခွင့်ရရှိပြီးနောက် သုံးနှစ်ကြာသောအခါ သေဆုံးသည်။ |
26,422 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | သာမန် ဥပဒေကြောင်းအရ A ၏ အခွင့်ရ ကိုယ်စားလှယ်သည် A သေဆုံးသည့်နေ့ရက်မှ ကိုးနှစ်အတွင်း တရားစွဲဆိုခွင့် ရှိသည်။ |
26,423 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ထိုသူသည် A အတွက် ကိုယ်စားပြုပိုင်ခွင့်ကို ရရှိစဉ်က မစွမ်းဆောင်နိုင်ခြင်းရှိသောအခါမှတစ်ပါး စည်းကမ်းသတ်ကာလကို ဤပုဒ်မနှင့် ယှဉ်တွဲဖတ်ရှုရမည့် ပုဒ်မ ၆ အရ တိုးမြှင့်ပေးခွင့်မရှိ။ |
26,424 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | စည်းကမ်းသတ်ကာလကို အဆက်မပြတ် ရေတွက်ခြင်း |
26,425 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ၉။ စည်းကမ်းသတ်ကာလကို စတင်ရေတွက်ရမည့် အချိန်ကျရောက်ပြီးနောက်မှ ပေါ်ပေါက်လာသော မည်သည့် တရားစွဲဆိုရန် မစွမ်းဆောင်နိုင်ခြင်း သော်လည်းကောင်း၊ တရားစွဲဆိုရန် မဖြစ်နိုင်ခြင်းသော်လည်းကောင်းကြောင့် စည်းကမ်းသတ်ကာလ ရေတွက်ခြင်းကို ရပ်စဲခြင်းမပြုရ။ |
26,426 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | သို့ရာတွင် သေဆုံးသူမြီရှင်၏ ပစ္စည်းများကို စီမံခန့်ခွဲစေရန်အလို့ငှာ ထိုသေဆုံးသူ၏မြီစားအား အမွေထိန်းစာပေးအပ်သည့်ကိစ္စ၌ ကြွေးမြီပြန်လည်ရရှိမှုအတွက် တရားမကြီးမှုစွဲဆိုရန် သတ်မှတ်ထားသော စည်းကမ်းသတ်ကာလ ရေတွက်ခြင်းကို အဆိုပါ ပစ္စည်းစီမံခန့်ခွဲလျက်ရှိနေသည့် ကာလအတွင်းတွင် ရပ်ဆိုင်းထားရမည်။ |
26,427 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | အတိအလင်းယုံကြည်အပ်နှံခြင်း ခံရသူများနှင့်ထိုသူများ၏ ကိုယ်စားလှယ်များအပေါ် တရားမကြီးမှုစွဲဆိုမှုများ |
26,428 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ၁၀။ ဤအက်ဥပဒေတွင် အထက်ပုဒ်မများ၌ မည်သို့ပင်ပါရှိစေကာမူ သတ်မှတ်ထားသော အကြောင်းကိစ္စတစ်ခုအတွက် ပစ္စည်းအပ်နှံခြင်းခံရသူအပေါ်တွင် ဖြစ်စေ၊ ထိုသူ၏ တရားဝင် ကိုယ်စားလှယ် သို့မဟုတ် ထိုသူ၏ အခွင့်အရေးကိုလွှဲအပ်ခြင်းခံရသူ၊ တန်ဖိုးရှိသော အဖိုးစားနားမပါဘဲ လွှဲအပ်ခြင်းခံရသူအပေါ်တွင် ဖြစ်စေ၊ အဆိုပါပစ္စည်းကိုသော်လည်းကောင်း၊ အဆိုပါပစ္စည်... |
26,429 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ဤပုဒ်မပါ ပြဋ္ဌာန်းချက်အလို့ငှာ ဟိန္နူဘာသာ သို့မဟုတ် မဟာမေဒင် ဘာသာ သို့မဟုတ် ဗုဒ္ဓဘာသာ၊ ဘာသာရေးဖြစ်စေ၊ ကုသိုလ်ရေးဖြစ်စေ ထောက်ပံ့ မှုကိုသော်လည်းကောင်း သတ်မှတ်ထားသည့် အကြောင်းကိစ္စတစ်ခုအတွက် ယုံကြည် အပ်နှံထားသည့်ပစ္စည်းဟု မှတ်ယူရမည်။ |
26,430 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ထို့ပြင် ထိုပစ္စည်းကို စီမံခန့်ခွဲသူအား ထိုပစ္စည်းအတွက် ယုံကြည်အပ်နှံခြင်းခံရသူဟု မှတ်ယူရမည်။ |
26,431 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | နိုင်ငံခြားပဋိညာဉ် စာချုပ်များအပေါ်တွင် တရားမကြီးမှုစွဲဆိုမှုများ |
26,432 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ၁၁။ (၁) နိုင်ငံခြားပဋိညာဉ်စာချုပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်း စွဲဆိုသည့်တရားမကြီးမှုများသည် ဤအက်ဥပဒေပါ ကာလ စည်းကမ်းသတ်ဆိုင်ရာ နည်းလမ်းများနှင့် သက်ဆိုင်စေရမည်။ |
26,433 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | (၂) နိုင်ငံခြား ကာလစည်းကမ်းသတ်ဆိုင်ရာနည်းလမ်းကြောင့် နိုင်ငံခြားတိုင်းပြည်၌ ချုပ်ဆိုသော ပဋိညာဉ်စာချုပ် ပျက်ပြယ်ပြီးမဟုတ်သည့်အပြင် အဆိုပါနည်းလမ်းအရ ပြဋ္ဌာန်းထားသည့် ကာလအပိုင်းအခြားအတွင်း ပဋိညာဉ်စာချုပ်ဝင် နှစ်ဦး နှစ်ဖက်တို့သည် အဆိုပါ တိုင်းပြည်၌ အခြေစိုက်နေထိုင်ခဲ့သူများမဟုတ်လျှင် နိုင်ငံခြားတိုင်းပြည်၌ ချုပ်ဆိုသော ပဋိည... |
26,434 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | အပိုင်း ၃၊ စည်းကမ်းသတ်ကာလကို ရေတွက်ခြင်း |
26,435 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | တရားမှုခင်း ဆောင်ရွက်ရာတွင် အချိန်ကာလ ထုတ်ပယ်ခြင်း |
26,436 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ၁၂။ (၁) တရားမကြီးမှု၊ အယူခံမှု သို့မဟုတ် လျှောက်ထားမှုအတွက် သတ်မှတ်ထားသော ကာလ အပိုင်းအခြားကို ရေတွက်ရာတွင် စတင်ရေတွက်သည့်နေ့ရက်ကို ထုတ်ပယ် ရမည်။ |
26,437 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | (၂) အယူခံမှုအတွက် သော်လည်းကောင်း၊ အယူခံခွင့်ရရန် လျှောက်ထားမှုအတွက် သော်လည်းကောင်း၊ စီရင်ချက်ကို ပြန်လည်သုံးသပ်ရန် လျှောက်ထားမှုအတွက် သော်လည်းကောင်း သတ်မှတ်ထားသည့် စည်းကမ်းသတ်ကာလကို ရေတွက်ရာတွင် အဆိုပါလျှောက်ထားမှု တစ်ခုခုအတွက် စီရင်ချက် ချမှတ်သည့် နေ့ရက်ကို သော်လည်းကောင်း၊ အယူခံဝင်သော သို့မဟုတ် ပြန်လည်သုံးသပ် စေလိုသော... |
26,438 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | (၃) ဒီကရီကို အယူခံဝင်သည့်အခါ၌ သို့မဟုတ် ပြန်လည်သုံးသပ်စေရန် လျှောက်ထားသည့်အခါ၌ အဆိုပါ ဒီကရီချမှတ်သည့် စီရင်ချက်၏ မိတ္တူရရှိရေးအတွက် လိုအပ်သော အချိန်ကာလကိုလည်း ထုတ်ပယ်ရမည်။ |
26,439 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | (၄) အနုညာတခုံသမာဓိတို့၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ရန် လျှောက်ထားမှုအတွက် သတ်မှတ်ထားသည့် စည်းကမ်းသတ်ကာလကို ရေတွက်ရာတွင် အဆိုပါ ဆုံးဖြတ်ချက်၏ မိတ္တူရရှိရေးအတွက် လိုအပ်သော အချိန်ကာလကို ထုတ်ပယ်ရမည်။ |
26,440 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင် တရားပြိုင်မရှိသည့် အချိန်ကာလကို ထုတ်ပယ်ခြင်း |
26,441 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ၁၃။ မည်သည့် တရားမကြီးမှုအတွက်မဆို သတ်မှတ်ထားသော စည်းကမ်းသတ်ကာလကို ရေတွက်ရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် တရားပြိုင်မရှိသည့် အချိန် ကာလကို ထုတ်ပယ်ရမည်။ |
26,442 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | စီရင်ပိုင်ခွင့်အာဏာမရှိသည့် တရားရုံးတွင်သဘောရိုးဖြင့် စွဲဆိုခဲ့သည့်အချိန်ကာလကို ထုတ်ပယ်ခြင်း |
26,443 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ၁၄။ (၁) အချင်းဖြစ်အကြောင်းအရာ တစ်ခုအတွက် တရားစွဲဆိုသော တရားမကြီးမှုဆိုင်ရာ ပြဋ္ဌာန်းထားသည့် စည်းကမ်းသတ်ကာလကို ရေတွက်ရာတွင် တရားလိုသည် တရားပြိုင်အပေါ်၌ ဝီရိယစိုက်ထုတ်သင့်သည့်အလျောက် စိုက်ထုတ်ကာ ထိုအချင်းဖြစ် အကြောင်းအရာအတွက် ယခင်အခါက မူလတရားရုံး၌ သော်လည်းကောင်း၊ အယူခံတရားရုံး၌သော်လည်းကောင်း သဘောရိုးဖြင့် တရားမကြောင်း စွ... |
26,444 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | (၂) သက်သာခွင့်တစ်ခုအတွက် တရားစွဲဆိုသော လျှောက်ထားမှုဆိုင်ရာ ပြဋ္ဌာန်းထားသည့် စည်းကမ်းသတ်ကာလကို ရေတွက်ရာတွင် လျှောက်ထားသူသည် တရားဘက်အမှုသည်အပေါ်၌ ဝီရိယစိုက်ထုတ်သင့်သည့်အလျောက် စိုက်ထုတ်ကာ ထိုသက်သာခွင့်အတွက် ယခင်အခါက မူလတရားရုံး၌ သော်လည်းကောင်း၊ အယူခံတရားရုံး၌ သော်လည်းကောင်း သဘောရိုးဖြင့် တရားမကြောင်း စွဲဆိုဆောင်ရွက်ခဲ့၍... |
26,445 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ရှင်းလင်းချက် ၁။ |
26,446 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ယခင်စွဲဆိုခဲ့သော တရားမကြီးမှု သို့မဟုတ် လျှောက်ထားမှုကို ဆိုင်းငံ့ထားခဲ့သည့် အချိန်ကာလကို ထုတ်ပယ်ရာတွင် အဆိုပါ တရားမကြီးမှု သို့မဟုတ် လျှောက်ထားမှုတစ်ခုခုကို စွဲဆိုလျှောက်ထားခဲ့သော နေ့နှင့် အဆိုပါအမှု၌ စွဲဆိုမှုများ ပြီးဆုံးခဲ့သောနေ့ ထိုနှစ်ရက်လုံး အပါအဝင် ရေတွက်ရမည်။ |
26,447 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ရှင်းလင်းချက် ၂။ |
26,448 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ဤပုဒ်မအလို့ငှာ၊ အယူခံမှုကို ခုခံချေပသော တရားလို သို့မဟုတ် လျှောက်ထားသူ သည် တရားမကြောင်းစွဲဆိုဆောင်ရွက်ခဲ့သည်ဟု မှတ်ယူရမည်။ |
26,449 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ရှင်းလင်းချက် ၃။ |
26,450 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ဤပုဒ်မအလို့ငှာ၊ မတွဲသင့်သော အမှုသည်များကို ပူးတွဲ စွဲဆိုခြင်း သို့မဟုတ် မတွဲသင့်သော အမှုဖြစ်အကြောင်းခြင်းရာများကို ပူးတွဲစွဲဆိုခြင်း သည် စီရင်ပိုင်ခွင့် အာဏာမရှိခြင်းနှင့် အလားတူသဘောသဘာဝရှိသည်ဟု မှတ်ယူရမည်။ |
26,451 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | တရားမှုခင်းဆောင်ရွက်ခြင်း ဆိုင်းငံ့ထားသည့်အချိန်ကာလကို ထုတ်ပယ်ခြင်း |
26,452 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ၁၅။ (၁) မည်သည့် တရားမကြီးမှု သို့မဟုတ် ဒီကရီအတည်ပြုစေရန် လျှောက်ထားမှု အတွက်မဆို သတ်မှတ်ထားသည့် စည်းကမ်းသတ်ကာလကို ရေတွက်ရာတွင် တရားစွဲဆိုခြင်း သို့မဟုတ် ဒီကရီအတည်ပြုခြင်းကို တားဝရမ်းဖြင့် ဖြစ်စေ၊ အမိန့်ဖြင့်ဖြစ်စေ ဆိုင်းငံ့ထားသောအခါ တားဝရမ်း သို့မဟုတ် အမိန့် ဆက်လက် တည်ရှိနေသော အချိန်ကာလ၊ တားဝရမ်း သို့မဟုတ် အမိန့်ကို ထု... |
26,453 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | (၂) တည်ဆဲဖြစ်သော ပြဋ္ဌာန်းထားသည့်ဥပဒေ၏ လိုအပ်သောအချက်များနှင့်အညီ နို့တစ်စာ ပေးထားပြီးဖြစ်သည့် မည်သည့်တရားမကြီးမှုအတွက်မဆို သတ်မှတ် ထားသော စည်းကမ်းသတ် ကာလကို ရေတွက်ရာတွင် အဆိုပါ နို့တစ်စာအတွက် သတ်မှတ်ထားသော အချိန်ကာလကို ထုတ်ပယ်ရမည်။ |
26,454 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ဒီကရီအတည်ပြု၍ ရောင်းချခြင်းကို ပယ်ဖျက်ရန်တရားမမှုခင်း ဆောင်ရွက်ခြင်း မပြီးပြတ်သည့်အချိန်ကာလကို ထုတ်ပယ်ခြင်း |
26,455 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ၁၆။ ဒီကရီအတည်ပြု၍ ရောင်းချရာ၌ ဝယ်ယူသူက လက်ရောက်ရလိုကြောင်း စွဲဆိုသော တရားမကြီးမှုအတွက်သတ်မှတ်ထားသည့် စည်းကမ်းသတ်ကာလကို ရေတွက်ရာတွင် ရောင်းချခြင်းကိုပယ်ဖျက်ရန် တရားမှုခင်းဆောင်ရွက်သည့်အချိန်ကာလကို ထုတ်ပယ်ရမည်။ |
26,456 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | တရားစွဲဆိုပိုင်ခွင့်မရမီ သေဆုံးခြင်း၏အကျိုးသက်ရောက်ခြင်း |
26,457 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ၁၇။ (၁) အသက်ရှင်နေစဉ် တရားမကြီးမှုစွဲဆိုပိုင်ခွင့်သို့မဟုတ် လျှောက်ထားမှု ပြုလုပ် ပိုင်ခွင့်ရှိသူ တစ်ဦးဦးသည် ယင်းတရားစွဲဆိုပိုင်ခွင့်မရမီ သေဆုံးသွားသည့်ကိစ္စတွင် စည်းကမ်းသတ်ကာလသည် အဆိုပါတရားမကြီးမှုစွဲဆိုပိုင်ခွင့် သို့မဟုတ် လျှောက်ထားမှုပြုလုပ်ပိုင်ခွင့်ရှိသော စွဲဆိုလျှောက်ထားပိုင်ခွင့်ရှိသော သေဆုံးသူ၏ တရားဝင်ကိုယ်စား... |
26,458 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | (၂) အသက်ရှင်နေစဉ် တစ်ဦးတစ်ယောက်သောသူက တရားမကြီးမှု စွဲဆိုပိုင်ခွင့် သို့မဟုတ် လျှောက်ထားမှု ပြုလုပ်ပိုင်ခွင့်ရှိသော သူတစ်ဦးဦးသေဆုံးပြီးနောက်မှ အဆိုပါ အခွင့်အရေး ဖြစ်ပေါ်လာသော ကိစ္စတွင် စည်းကမ်းသတ်ကာလသည် အဆိုပါ တရားမကြီးမှု သို့မဟုတ် လျှောက်ထားမှု စွဲဆိုလျှောက်ထားနိုင်သော တရားလို၏ စွဲဆိုခြင်းခံထိုက်သော သေဆုံးသူ၏ တရားဝင်... |
26,459 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | (၃) ပုဒ်မခွဲ (၁) နှင့် (၂) တို့တွင် ပါရှိသော ပြဋ္ဌာန်းချက်များသည် ဦးစွာဝယ်ယူပိုင်ခွင့်ကို အတည်ပြုရန် ဖြစ်သော တရားမကြီးမှုများကို သော်လည်းကောင်း၊ မရွှေ့မပြောင်း နိုင်သည့်ပစ္စည်းကို လက်ရောက် ရလိုကြောင်း စွဲဆိုသော တရားမကြီးမှုများကို သော်လည်းကောင်း၊ ရိုးရာအလျောက် ရာထူးဌာနန္တရကို လက်ရှိရရန်စွဲဆိုသော တရားမကြီးမှုများကို သော... |
26,460 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | လိမ်လည်လှည့်ဖြားမှု၏ အကျိုးသက်ရောက်ခြင်း |
26,461 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ၁၈။ တရားမကြီးမှုစွဲဆိုခွင့်ကိုဖြစ်စေ၊ လျှောက်ထားမှုပြုခွင့်ကိုဖြစ်စေ ရရှိသူအား ထိုအခွင့်အရေး ရရှိကြောင်းကို သို့မဟုတ် မည်သည်ကိုအခြေပြု၍ ထိုအခွင့်အရေး ရထိုက်ခွင့် ရှိကြောင်းကို ထိုသူမသိစေရန် လိမ်လည်လှည့်ဖြား၍ထိမ်ချန်ထားလျှင် သို့မဟုတ် အဆိုပါအခွင့်အရေးရှိကြောင်း ထင်ရှားအောင်ဖော်ပြရန်လိုအပ်သည့် စာတမ်းအမှတ် အသား တစ်စုံတစ်ရ... |
26,462 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | (က) ထိုသို့လိမ်လည်လှည့်ဖြားမှုအတွက် အပြစ်ရှိသူအပေါ်၌ သို့မဟုတ် ထိုသို့ လိမ်လည်လှည့်ဖြားရာတွင်ပါဝင်သူအပေါ်၌သော်လည်းကောင်း၊ |
26,463 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | (ခ) အဆိုပါလိမ်လည်လှည့်ဖြားမှုအတွက် အပြစ်ရှိသူမှတစ်ဆင့် သို့မဟုတ် အဆိုပါ လိမ်လည် လှည့်ဖြားရာတွင် ပါဝင်သူမှတစ်ဆင့် တန်ဖိုးရှိသော အဖိုးစားနားအတွက် မဟုတ်ဘဲ လည်းကောင်း၊ ရိုးဖြောင့်သောသဘောနှင့်မဟုတ်ဘဲ လည်းကောင်း အခြားနည်းတောင်းဆိုသူအပေါ်၌ သော် လည်းကောင်း၊ |
26,464 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | တရားစွဲဆိုရန်ဖြစ်စေ၊ လျှောက်ထားရန်ဖြစ်စေ သတ်မှတ်ထားသည့် စည်းကမ်းသတ် ကာလကို လိမ်လည်လှည့်ဖြားခြင်းခံရသောကြောင့် ထိခိုက်နစ်နာသူက ထိုသို့ လိမ်လည်လှည့်ဖြားခံရသည်ကို စတင်သိရှိသည့်အချိန်မှစ၍ ရေတွက်ရမည် သို့မဟုတ် ထိမ်ချန်ထားသည့် စာတမ်းအမှတ်အသား ကိစ္စတွင် ယင်းစာတမ်းအမှတ် အသားကို စတင်တင်ပြနိုင်သည့်အချိန်မှဖြစ်စေ၊ ထို့သို့တင်ပြစေ... |
26,465 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | စာဖြင့်ရေးသားသော ဝန်ခံချက်၏အကျိုး သက်ရောက်ခြင်း |
26,466 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ၁၉။ (၁) မည်သည့်ပစ္စည်း သို့မဟုတ် အခွင့်အရေးနှင့်မဆိုစပ်လျဉ်းသော တရားမကြီးမှု စွဲဆိုရန် သို့မဟုတ် လျှောက်ထားမှုပြုရန်သတ်မှတ်ထားသည့်ကာလ အပိုင်းအခြား မကုန်ဆုံးမီ အဆိုပါ ပစ္စည်း သို့မဟုတ် အခွင့်အရေးကို တောင်းဆိုခြင်း ခံရသူက ဖြစ်စေ၊ ထိုကဲ့သို့ တောင်းဆိုခြင်း ခံရသူအပေါ် ပိုင်ဆိုင်ခွင့်ကို လည်းကောင်း၊ တာဝန်ရှိခြင်းကိုလည်းကောင... |
26,467 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | (၂) ဝန်ခံချက်ပါသော အရေးအသားတွင် ရက်စွဲတပ်ထားခြင်းမရှိလျှင် လက်မှတ်ရေးထိုး ခဲ့သော အချိန်ကာလနှင့်စပ်လျဉ်းသည့် နှုတ်သက်သေခံချက် ပေးနိုင်သည်။ |
26,468 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | သို့ရာတွင် သက်သေခံ အက်ဥပဒေပါ ပြဋ္ဌာန်းချက်များကို အထောက်အထားပြု၍ ထိုဝန်ခံချက်တွင် ပါရှိသော အကြောင်းအရာများနှင့် စပ်လျဉ်းသည့် နှုတ် သက်သေခံချက် တင်ပြခြင်းကို လက်ခံခြင်း မပြုရ။ |
26,469 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ရှင်းလင်းချက် (၁)။ |
26,470 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ဝန်ခံချက်တွင် ပစ္စည်း သို့မဟုတ် အခွင့်အရေးနှင့် စပ်လျဉ်း သည့်တိကျသော သဘောသဘာဝကို ဖော်ပြရန်ပျက်ကွက်သည် သို့မဟုတ် အဆိုပါ ဝန်ခံချက်တွင် ပေးချေခြင်း၊ ပေးအပ်ခြင်း၊ ဆောင်ရွက်ခြင်း၊ အကျိုးခံစားခြင်း တစ်ခုခုအတွက် အချိန်မကျရောက်သေးဟု အခိုင်အမာဖော်ပြထားသည် သို့မဟုတ် အဆိုပါဝန်ခံချက်တွင် ပေးချေရန်၊ ပေးအပ်ရန်၊ ဆောင်ရွက်ရန်၊ အကျိုး ... |
26,471 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ရှင်းလင်းချက် (၂)။ |
26,472 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ဤပုဒ်မအလို့ငှာ "လက်မှတ်ရေးထိုးသည်" ဆိုသည်မှာ ကိုယ်တိုင် ဖြစ်စေ၊ ဤကိစ္စအတွက် နည်းလမ်းတကျ အခွင့်အာဏာ ပေးအပ်ခြင်း ခံရသော ကိုယ်စားလှယ်က ဖြစ်စေ လက်မှတ်ရေးထိုးခြင်းကို ဆိုသည်။ |
26,473 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ရှင်းလင်းချက် (၃)။ |
26,474 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ဤပုဒ်မအလို့ငှာ ဒီကရီတစ်ရပ်ရပ် သို့မဟုတ် အမိန့် တစ်ရပ်ရပ်ကို အတည်ပြုရန် လျှောက်ထားမှုသည် အခွင့်အရေးနှင့်စပ်လျဉ်းသည့် လျှောက်ထားမှုတစ်ရပ် ဖြစ်သည်။ |
26,475 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | အတိုးငွေပေးချေခြင်း သို့မဟုတ်အရင်းငွေတစ်စိတ်တစ်ဒေသပေးချေခြင်း၏ အကျိုး သက်ရောက်ခြင်း |
26,476 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ၂၀။ (၁) သတ်မှတ်ထားသည့် ကာလအပိုင်းအခြား မကုန်ဆုံးမီ ကြွေးမြီ သို့မဟုတ် သေတမ်းစာအရ ပေးကမ်းခြင်းအတွက် အတိုးငွေကို ပေးဆပ်ရန် တာဝန်ရှိသူက ဖြစ်စေ၊ ဤကိစ္စအလို့ငှာ ထိုသူမှ နည်းလမ်းတကျ အခွင့်အာဏာ ပေးအပ်ခြင်း ခံရသော ကိုယ်စားလှယ်ကဖြစ်စေ ယင်းသို့ ပေးချေသည့် ကိစ္စတွင် သော်လည်း ကောင်း၊ သတ်မှတ်ထားသည့် ကာလစည်းကမ်းသတ် မကုန်ဆုံးမီ ကြွေး... |
26,477 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | သို့ရာတွင် ၁၉၂၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မတိုင်မီက အတိုး ပေးဆပ်ခဲ့သောကိစ္စမှတစ်ပါး အတိုးပေးဆပ်ကြောင်းကို အတိုးပေးဆပ်သူ ကိုယ်တိုင်က ရေးသား၍ သို့မဟုတ် ပေးဆပ်ကြောင်း ဝန်ခံချက်ကို ထိုသူ ကိုယ်တိုင် လက်မှတ်ရေးထိုး၍ ဝန်ခံချက်ပြုရမည်။ |
26,478 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | အပေါင်ခံမြေမှထွက်ရှိသည့်ပစ္စည်းများကိုလက်ခံရရှိခြင်း၏ အကျိုးသက်ရောက်ခြင်း |
26,479 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | (၂) အပေါင်ခံမြေသည် အပေါင်ခံသူ၏ လက်ဝယ်ရှိနေသည့်ကိစ္စတွင် မြေငှားရမ်းခ သို့မဟုတ် အဆိုပါမြေကွက်မှထွက်ရှိသည့်ပစ္စည်းကို လက်ခံရရှိခြင်းသည် ပုဒ်မခွဲ (၁) အလို့ငှာ ပေးချေခြင်း ဖြစ်သည်ဟု မှတ်ယူရမည်။ |
26,480 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | "ကြွေးမြီ" ဆိုရာတွင် တရားရုံး၏ ဒီကရီတစ်ရပ်ရပ် သို့မဟုတ် အမိန့် တစ်ရပ်ရပ်အရ ပေးချေရမည့်ငွေလည်း ပါဝင်သည်။ |
26,481 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | မစွမ်းဆောင်နိုင်သူ၏ ကိုယ်စားလှယ် |
26,482 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ၂၁။ (၁) ပုဒ်မ ၁၉ နှင့် ၂၀ တို့တွင် “ဤကိစ္စအတွက်နည်းလမ်းတကျ လုပ်ပိုင်ခွင့် အပ်နှင်းထားသော ကိုယ်စားလှယ်” ဆိုသည့်စကားရပ်၌ မစွမ်းဆောင်နိုင်သူနှင့် သက်ဆိုင်သည့်ကိစ္စတွင် ထိုသူ၏ ဥပဒေအရ အုပ်ထိန်းသူ၊ ကော်မတီ သို့မဟုတ် မန်နေဂျာသော်လည်းကောင်း၊ ဝန်ခံချက်ကို လက်မှတ်ရေးထိုးရန်ဖြစ်စေ၊ ပေးဆပ် ရန် ဖြစ်စေ ယင်းအုပ်ထိန်းသူ၊ ကော်မတီ သို့မ... |
26,483 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ပူးတွဲပဋိညာဉ်ချုပ်ဆိုသူများအနက် တစ်ဦးတစ်ယောက်က ဝန်ခံချက်ပြုခြင်း သို့မဟုတ် ပေးချေ ခြင်း စသည် |
26,484 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | (၂) ဖော်ပြခဲ့သောပုဒ်မများတွင် ပါရှိသောအချက်များသည်ပူးတွဲပဋိညာဉ်ချုပ်ဆိုသူများ၊ အစုစပ် ပါဝင်သူများ၊ သေတမ်းစာ အတည်ပြုသူများ သို့မဟုတ် အပေါင်ခံ သူများ အနက်မှ တစ်ဦးဦးကို သော်လည်းကောင်း၊ ထိုသူများအနက် တစ်ဦးဦး သို့မဟုတ် အများ၏ ကိုယ်စားလှယ်ကို သော်လည်းကောင်း ရေးသားဝန်ခံ လက်မှတ်ရေးထိုး သည်ဟူသော အကြောင်းကြောင့်ဖြစ်စေ ပေးချေသည်ဟ... |
26,485 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | (၃) ဖော်ပြခဲ့သော ပုဒ်မများအလို့ငှာ - |
26,486 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | (က) တာဝန်ရှိခြင်း တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ မုဆိုးမတစ်ဦးဦးကဖြစ်စေ၊ ဟိန္ဒူ ဥပဒေနှင့် သက်ဆိုင်သော ပစ္စည်းကို အကန့်အသတ်ဖြင့် ပိုင်ဆိုင်သူက ဖြစ်စေ၊ ယင်းတို့က နည်းလမ်း တကျလုပ်ပိုင်ခွင့် အပ်နှင်းထားသော ကိုယ်စားလှယ် ကဖြစ်စေ ပြုလုပ်သော လက်မှတ်ရေးထိုးဝန်ခံချက် တစ်ရပ် သို့မဟုတ် ပေးချေခြင်းတစ်ရပ်သည် အဆိုပါတာဝန်ကို ဆက်ခံသောပစ္စည်း ပ... |
26,487 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | (ခ) တာဝန်ရှိမှုတစ်ရပ်ကို ဆိုခဲ့သည့်အတိုင်း ပစ္စည်းမခွဲဝေရသေးသည့် ဟိန္ဒူ မိသားစုက ဖြစ်စေ၊ ယင်းမိသားစုကိုယ်စားဖြစ်စေ ဆောင်ရွက် ရသော ကိစ္စတွင် ထိုအချိန်က အိမ်ထောင်စု၏ စီမံခန့်ခွဲသူ သို့မဟုတ် ယင်းစီမံ ခန့်ခွဲသူက နည်းလမ်းတကျ လုပ်ပိုင်ခွင့်အပ်နှင်းထားသော ကိုယ်စားလှယ်က ပြုလုပ်သော ဝန်ခံချက်တစ်ရပ် သို့မဟုတ် ပေးချေခြင်းသည် မိသား... |
26,488 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | တရားလိုအသစ်သို့မဟုတ် တရားပြိုင်အသစ် အစားထိုးခြင်းသို့မဟုတ် ဖြည့်စွက်ခြင်း၏ အကျိုးသက်ရောက်ခြင်း |
26,489 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ၂၂။ (၁) တရားမကြီးမှု စွဲဆိုပြီးနောက် တရားလိုအသစ် သို့မဟုတ် တရားပြိုင်အသစ်ကို အစားထိုးခြင်း သို့မဟုတ် ဖြည့်စွက်ခြင်းပြုသည့်ကိစ္စတွင် ထိုသူအား အမှုသည် အဖြစ် ပါဝင်စေသည့်အချိန်၌ ထိုသူနှင့် စပ်လျဉ်း၍ တရားမကြီးမှုကို စွဲဆိုပြီး ဖြစ်သည်ဟု မှတ်ယူရမည်။ |
26,490 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | (၂) ပုဒ်မခွဲ(၁)တွင် ပါရှိသည့်ပြဋ္ဌာန်းချက်သည် တရားမကြီးမှု မပြီးပြတ်သေးမီ ကာလအတွင်း အကျိုးခံစားခွင့် လွှဲအပ်ခြင်းတစ်ရပ်ရပ် သို့မဟုတ် ဆက်ခံရရှိခြင်း တစ်ရပ်ရပ် သို့မဟုတ် မည်သည့်အကျိုးအမြတ်တစ်ခုခုကြောင့်မဆို အမှုသည် တစ်ဦးကို ဖြည့်စွက်ခြင်း သို့မဟုတ် အစားထိုးခြင်းပြုသော အမှုတွင်သော် လည်းကောင်း၊ တရားလိုကို တရားပြိုင်အဖြစ် ပ... |
26,491 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ဖောက်ဖျက်မှုများနှင့် မတရားမှုများကို ဆက်လက်ကျူးလွန်ခြင်း |
26,492 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ၂၃။ ။ |
26,493 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ပဋိညာဉ်ဖောက်ဖျက်မှုကို ဆက်လက်ကျူးလွန်နေသောကိစ္စနှင့် ပဋိညာဉ်နှင့် မဆိုင်သော မတရားမှုကို ဆက်လက်ကျူးလွန်နေသည့်ကိစ္စတွင် အမှုကိစ္စအလိုက် ဖောက်ဖျက်မှု သို့မဟုတ် မတရားမှု ဆက်လက် ဖြစ်ပေါ်နေသည့် အချိန်တိုင်းမှစ၍ စည်းကမ်းသတ်ကာလကို အသစ်ရေတွက်ရမည်။ |
26,494 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | အထူးနစ်နာဆုံးရှုံးခြင်းမရှိပါကတရားစွဲဆိုခြင်းမပြုနိုင်သောပြုလုပ်မှုအတွက် လျော်ကြေး ရလိုသော တရားမကြီးမှု |
26,495 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ၂၄။ ။ |
26,496 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ဤကိစ္စမှ သီးခြားထိခိုက်နစ်နာမှုတစ်ခုခု အမှန်တကယ်ဖြစ်ပေါ်လာခြင်း မရှိလျှင် တရားစွဲဆိုရန် အမှုဖြစ်အကြောင်းအရာ မပေါ်ပေါက်နိုင်သော ပြုလုပ်မှု တစ်ရပ်အတွက် လျော်ကြေးရလိုကြောင်း စွဲဆိုသော တရားမကြီးမှုတွင် ထိခိုက် နစ်နာခြင်းဖြစ်ပေါ်သည့်အချိန်မှစ၍ စည်းကမ်းသတ်ကာလကို ရေတွက်ရမည်။ |
26,497 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | ဥပမာ။ |
26,498 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | လယ်အပေါ်ယံမြေကို A ပိုင်သည်။ |
26,499 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | အောက်မြေဆီလွှာကို B ပိုင်သည်။ |
26,500 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ် | ကာလစည်းကမ်းသတ် အက်ဥပဒေ | အပေါ်ယံမြေကို ရုတ်တရက် အထင်အရှား တစ်စုံတစ်ရာ ထိခိုက် နစ်နာခြင်း မဖြစ်စေဘဲ B သည် အောက်မြေဆီလွှာမှ ကျောက်မီးသွေးကို တူးဖော်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.