id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
5,801 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၁၁ ပရဝါဒီ။ |
5,802 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ အသိဉာဏ်သည် အမှန် ‘သစ္စာ'လျှင် ကျက်စားရာ အာရုံ ရှိပါ၏။ |
5,803 | Uncategorized | ကထာဝတ္ထုပါဠိတော် | နား ‘သောတ’ သည် အမှန် ‘သစ္စာ’ လျှင် ကျက်စားရာ အာရုံ ရှိပါသလော။ |
5,804 | Uncategorized | ကထာဝတ္ထုပါဠိတော် | နား ‘သောတ’ သည် အဘယ်လျှင် ကျက်စားရာ အာရုံ ရှိပါသနည်း။ |
5,805 | Uncategorized | ကထာဝတ္ထုပါဠိတော် | နား ‘သောတ’ သည် အသံလျှင် ကျက်စားရာ အာရုံ ရှိပါ၏။ |
5,806 | Uncategorized | ကထာဝတ္ထုပါဠိတော် | အသိဉာဏ်သည် အသံလျှင် ကျက်စားရာ အာရုံ ရှိပါသလော။ |
5,807 | Uncategorized | ကထာဝတ္ထုပါဠိတော် | သမာပတ်ဝင်စားသူအား နှုတ်မြွက်မှု ရှိသည် ဖြစ်၍ အသိဉာဏ်သည် အမှန် ‘သစ္စာ’ လျှင် ကျက်စားရာ အာရုံ ရှိပါသလော၊ နား ‘သောတ’ သည် အသံလျှင် ကျက်စားရာ အာရုံ ရှိပါသလော။ |
5,808 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ အသိဉာဏ်သည် အမှန်'သစ္စာ'လျှင် ကျက်စားရာ အာရုံ ရှိခဲ့ပါမူ နား ‘သောတ’ သည် အသံလျှင် ကျက်စားရာ အာရုံ ရှိခဲ့ပါမူ သမာပတ်ဝင်စားသူအား နှုတ်မြွက်မှုသည် ရှိ၏ဟူ၍ မဆိုသင့်။ |
5,809 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဖဿနှစ်ပါးတို့၏၁၃ ဝေဒနာနှစ်ပါးတို့၏ သညာနှစ်ပါးတို့၏ စေတနာနှစ်ပါးတို့၏ စိတ်နှစ်ပါးတို့၏ ပေါင်းဆုံမှုသည် ဖြစ်နိုင်ပါသလော။ |
5,810 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၃၂၉။ သကဝါဒီ။ |
5,811 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပထဝီကသိုဏ်းလျှင် အာရုံရှိသော သမာပတ်ကိုဝင်စားသူအား နှုတ်မြွက်မှုသည်ရှိပါသလော။ |
5,812 | Uncategorized | ကထာဝတ္ထုပါဠိတော် | အာပေါကသိုဏ်းလျှင် အာရုံရှိသော သမာပတ်။ |
5,813 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ တေဇောကသိုဏ်း။ |
5,814 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဝါယောကသိုဏ်း။ |
5,815 | Uncategorized | ကထာဝတ္ထုပါဠိတော် | နီလကသိုဏ်း။ |
5,816 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပီတကသိုဏ်း။ |
5,817 | Uncategorized | ကထာဝတ္ထုပါဠိတော် | လောဟိတကသိုဏ်း။ |
5,818 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩဒါတကသိုဏ်းလျှင် အာရုံရှိသောသမာပတ်ကို။ |
5,819 | Uncategorized | ကထာဝတ္ထုပါဠိတော် | အာကာသာနဉ္စာယတနဈာန်သမာပတ်ကို။ |
5,820 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဝိညာဏဉ္စာယတနဈာန်သမာပတ်ကို။ |
5,821 | Uncategorized | ကထာဝတ္ထုပါဠိတော် | အာကိဉ္စညာ ယတနဈာန်သမာပတ်ကို။ |
5,822 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ နေဝသညာနာသညာယတနဈာန်သမာပတ်ကိုဝင်စားသူအားနှုတ်မြွက်မှုသည် ရှိပါသလော။ |
5,823 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပထဝီကသိုဏ်းလျှင် အာရုံရှိသော သမာပတ်ကိုဝင်စားသူအား နှုတ်မြွက်မှုသည်မရှိပါသလော။ |
5,824 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ ပထဝီကသိုဏ်းလျှင် အာရုံရှိသော သမာပတ်ကိုဝင်စားသူအား နှုတ်မြွက်မှုမရှိခဲ့ပါမူ သမာပတ်ဝင်စားသူအား နှုတ်မြွက်မှုသည် ရှိ၏ဟူ၍ မဆိုသင့်။ |
5,825 | Uncategorized | ကထာဝတ္ထုပါဠိတော် | အာပေါကသိုဏ်းလျှင် အာရုံရှိသော သမာပတ်ကို။ |
5,826 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပ။ နေဝသညာနာသညာယတနဈာန်သမာပတ်ကိုဝင်စားသူအားနှုတ်မြွက်မှုသည် မရှိပါသလော။ |
5,827 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ နေဝသညာနာသညာယတနဈာန်သမာပတ်ကိုဝင်စားသူအား နှုတ်မြွက်မှုမရှိခဲ့ပါမူ သမာပတ်ဝင်စားသူအား နှုတ်မြွက်မှုသည် ရှိ၏ဟူ၍ မဆိုသင့်။ |
5,828 | Uncategorized | ကထာဝတ္ထုပါဠိတော် | လောကီသမာပတ်ကိုဝင်စားသူအား နှုတ်မြွက်မှုသည် ရှိပါသလော။ |
5,829 | Uncategorized | ကထာဝတ္ထုပါဠိတော် | လောကီပဌမဈာန်ကိုဝင်စားသူအား နှုတ်မြွက်မှုသည် ရှိပါသလော။ |
5,830 | Uncategorized | ကထာဝတ္ထုပါဠိတော် | လောကီဒုတိယဈာန်ကို။ |
5,831 | Uncategorized | ကထာဝတ္ထုပါဠိတော် | စတုတ္ထဈာန်ကိုဝင်စားသူအား နှုတ်မြွက်မှုသည် ရှိပါသလော။ |
5,832 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ လောကီသမာပတ်ကိုဝင်စားသူအား နှုတ်မြွက်မှုသည် မရှိပါသလော။ |
5,833 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ လောကီသမာပတ်ကိုဝင်စားသူအား နှုတ်မြွက်မှု မရှိခဲ့ပါမူ သမာပတ်ဝင်စားသူအား နှုတ်မြွက်မှု ရှိ၏ဟူ၍ မဆိုသင့်။ |
5,834 | Uncategorized | ကထာဝတ္ထုပါဠိတော် | လောကီပဌမဈာန်ကိုဝင်စားသူအား နှုတ်မြွက်မှုသည် မရှိပါသလော။ |
5,835 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ လောကီပဌမဈာန်ကိုဝင်စားသူအား နှုတ်မြွက်မှု မရှိခဲ့ပါမူ သမာပတ်ဝင်စားသူအား နှုတ်မြွက်မှုသည် ရှိ၏ဟူ၍ မဆိုသင့်။ |
5,836 | Uncategorized | ကထာဝတ္ထုပါဠိတော် | စတုတ္ထဈာန်ကိုဝင်စားသူအား နှုတ်မြွက်မှုသည် မရှိပါသလော။ |
5,837 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ လောကီစတုတ္ထဈာန်ကိုဝင်စားသူအား နှုတ်မြွက်မှု မရှိခဲ့ပါမူ သမာပတ်ဝင်စားသူအား နှုတ်မြွက်မှုသည် ရှိ၏ဟူ၍ မဆိုသင့်။ |
5,838 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၃၃၀။ သကဝါဒီ။ |
5,839 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ လောကုတ္တရာပဌမဈာန်ကိုဝင်စားသူအား နှုတ်မြွက်မှုသည် ရှိပါသလော။ |
5,840 | Uncategorized | ကထာဝတ္ထုပါဠိတော် | လောကုတ္တရာပဌမဈာန်ကိုဝင်စားသူအား နှုတ်မြွက်မှုသည် ရှိပါသလော။ |
5,841 | Uncategorized | ကထာဝတ္ထုပါဠိတော် | လောကီဒုတိယဈာန်။ |
5,842 | Uncategorized | ကထာဝတ္ထုပါဠိတော် | တတိယဈာန်။ စတုတ္ထဈာန်ကိုဝင်စားသူအား နှုတ်မြွက်မှုသည်ရှိပါသလော။ |
5,843 | Uncategorized | ကထာဝတ္ထုပါဠိတော် | လောကုတ္တရာပဌမဈာန်ကိုဝင်စားသူအား နှုတ်မြွက်မှုသည် မရှိပါသလော။ |
5,844 | Uncategorized | ကထာဝတ္ထုပါဠိတော် | တတိယဈာန်။ စတုတ္ထဈာန်ကိုဝင်စားသူအား နှုတ်မြွက်မှုသည်မရှိပါသလော။ |
5,845 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၃၃၁။ သကဝါဒီ။ |
5,846 | Uncategorized | ကထာဝတ္ထုပါဠိတော် | လောကုတ္တရာဒုတိယဈာန်ကိုဝင်စားသူအား နှုတ်မြွက်မှုသည် ရှိပါသလော။ |
5,847 | Uncategorized | ကထာဝတ္ထုပါဠိတော် | လောကုတ္တရာတတိယဈာန်ကို။ |
5,848 | Uncategorized | ကထာဝတ္ထုပါဠိတော် | စတုတ္ထဈာန်ကိုဝင်စားသူအား နှုတ်မြွက်မှုသည်ရှိပါသလော။ |
5,849 | Uncategorized | ကထာဝတ္ထုပါဠိတော် | လောကုတ္တရာဒုတိယဈာန်ကိုဝင်စားသူအား နှုတ်မြွက်မှုသည် မရှိပါသလော။ |
5,850 | Uncategorized | ကထာဝတ္ထုပါဠိတော် | လောကုတ္တရာဒုတိယဈာန်ကို။ |
5,851 | Uncategorized | ကထာဝတ္ထုပါဠိတော် | စတုတ္ထဈာန်ကိုဝင်စားသူအားနှုတ်မြွက်မှုသည် မရှိပါသလော။ |
5,852 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၃၃၂။ ပရဝါဒီ။ |
5,853 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ သမာပတ်ဝင်စားသူအား နှုတ်မြွက်မှုသည် ရှိ၏ဟု မဆိုသင့်ပါသလော။ |
5,854 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဝိတက်ဝိစာရတို့ကိုဝစီသင်္ခါရတို့ဟူ၍ မြတ်စွာဘုရား ဟောအပ်ကုန်သည် ဖြစ်၍ပဌမဈာန်ကိုဝင်စားသူအားဝိတက်ဝိစာရတို့ ရှိကုန်သည် မဟုတ်ပါလော။ |
5,855 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်သကဝါဒီဝိတက်ဝိစာရတို့ကိုဝစီသင်္ခါရတို့ဟူ၍ မြတ်စွာဘုရား ဟောအပ်ကုန် သည်ဖြစ်၍ ပဌမဈာန်ကိုဝင်စားသူအားဝိတက်ဝိစာရတို့ရှိခဲ့ကုန်မူ ထိုအကြောင်းကြောင့် သမာပတ်ဝင်စားသူအား နှုတ်မြွက်မှုသည် ရှိ၏ဟု ဆိုသင့်၏။ |
5,856 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဝိတက်ဝိစာရတို့ကိုဝစီသင်္ခါရတို့ဟူ၍ မြတ်စွာဘုရား ဟောအပ်ကုန်သည်ဖြစ်၍ပဌမဈာန်ကိုဝင်စားသူအားဝိတက်ဝိစာရတို့သည် ရှိကုန်၏ဟု နှလုံးပြု၍ ထိုပုဂ္ဂိုလ်အား နှုတ်မြွက်မှုသည် ရှိပါသလော။ |
5,857 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပထဝီကသိုဏ်းလျှင် အာရုံရှိသော ပဌမဈာန်ကိုဝင်စားသူအားဝိတက်ဝိစာရတို့သည်ရှိကုန်သည် ဖြစ်၍ ထိုပုဂ္ဂိုလ်အား နှုတ်မြွက်မှုသည် ရှိပါသလော။ |
5,858 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ဝိတက်ဝိစာရတို့ကိုဝစီသင်္ခါရတို့ဟူ၍ မြတ်စွာဘုရား ဟောအပ်ကုန်သည်ဖြစ်၍ပဌမဈာန်ကိုဝင်စားသူအားဝိတက်ဝိစာရတို့သည် ရှိကုန်၏ဟု နှလုံးပြု၍ ထိုပုဂ္ဂိုလ်အား နှုတ်မြွက်မှုသည် ရှိပါသလော။ |
5,859 | Uncategorized | ကထာဝတ္ထုပါဠိတော် | အာပေါကသိုဏ်း။ |
5,860 | Uncategorized | ကထာဝတ္ထုပါဠိတော် | တေဇောကသိုဏ်း။ |
5,861 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဩဒါတကသိုဏ်းလျှင် အာရုံရှိသော ပဌမဈာန်ကိုဝင်စားသူအားဝိတက်ဝိစာရတို့သည် ရှိကုန်သည် ဖြစ်၍ ထိုပုဂ္ဂိုလ်အား နှုတ်မြွက်မှုသည် ရှိပါသလော။ |
5,862 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပရဝါဒီ။ သမာပတ်ဝင်စားသူအား နှုတ်မြွက်မှုသည် ရှိ၏ဟု မဆိုသင့်ပါသလော။ |
5,863 | Uncategorized | ကထာဝတ္ထုပါဠိတော် | သကဝါဒီ။ ဩော် မဆိုသင့်ပါ။ |
5,864 | Uncategorized | ကထာဝတ္ထုပါဠိတော် | စကားကိုဝိတက်ကြောင့် ဖြစ်၏ဟူ၍ မြတ်စွာဘုရား ဟောအပ်သည် ဖြစ်၍ ပဌမဈာန်ကိုဝင်စားသူအားဝိတက်ဝိစာရတို့သည် ရှိကုန်သည် မဟုတ်ပါလော။ |
5,865 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်သကဝါဒီ စကားကိုဝိတက်ကြောင့် ဖြစ်၏ဟူ၍ မြတ်စွာဘုရား ဟောအပ်သည် ဖြစ်၍ပဌမဈာန်ဝင်စားသူအားဝိတက်ဝိစာရတို့ ရှိခဲ့ကုန်မူ ထိုအကြောင်းကြောင့် သမာပတ်ဝင်စားသူအားနှုတ်မြွက်မှုသည် ရှိ၏ဟူ၍ ဆိုသင့်၏။ |
5,866 | Uncategorized | ကထာဝတ္ထုပါဠိတော် | စကားကိုဝိတက်ကြောင့် ဖြစ်၏ဟူ၍ မြတ်စွာဘုရား ဟောအပ်သည် ဖြစ်၍ ပဌမဈာန်ကိုဝင်စားသူအားဝိတက်ဝိစာရတို့ ရှိကုန်၏ဟု နှလုံးပြု၍ ထိုပုဂ္ဂိုလ်အား နှုတ်မြွက်မှုသည်ရှိပါသလော။ |
5,867 | Uncategorized | ကထာဝတ္ထုပါဠိတော် | စကားကို သညာကြောင့် ဖြစ်၏ဟူ၍ မြတ်စွာဘုရား ဟောအပ်သည် ဖြစ်၍ ဒုတိယဈာန်ကိုဝင်စားသူအား သညာရှိသည် ဖြစ်ရကား ထိုပုဂ္ဂိုလ်အားဝိတက်ဝိစာရတို့ ရှိကုန်သလော။ |
5,868 | Uncategorized | ကထာဝတ္ထုပါဠိတော် | စကားကိုဝိတက်ကြောင့် ဖြစ်၏ဟူ၍ မြတ်စွာဘုရား ဟောအပ်သည် ဖြစ်၍ ပဌမ ဈာန်ကိုဝင်စားသူအားဝိတက်ဝိစာရတို့ ရှိကုန်၏ဟု နှလုံးပြု၍ ထိုပုဂ္ဂိုလ်အား နှုတ်မြွက်မှုသည် ရှိပါသလော။ |
5,869 | Uncategorized | ကထာဝတ္ထုပါဠိတော် | စကားကို သညာကြောင့် ဖြစ်၏ဟူ၍ မြတ်စွာဘုရား ဟောအပ်သည် ဖြစ်၍ တတိယ့ဈာန်ကို။ |
5,870 | Uncategorized | ကထာဝတ္ထုပါဠိတော် | အာကာသာနဉ္စာယတနဈာန်ကို။ |
5,871 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဝိညာဏဉ္စာယတနဈာန်ကို။ |
5,872 | Uncategorized | ကထာဝတ္ထုပါဠိတော် | အာကိဉ္စညာယတနဈာန်ကိုဝင်စားသူအား သညာသည် ရှိသည် ဖြစ်ရကား ထိုပုဂ္ဂိုလ်အားဝိတက်ဝိစာရတို့ ရှိပါကုန်သလော။ |
5,873 | Uncategorized | ကထာဝတ္ထုပါဠိတော် | ၃၃၃။ သကဝါဒီ။ |
5,874 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ပဌမဈာန်ဝင်စားသူ၏ စကားသည် ချုပ်၏၊ ဤသို့သော သုတ္တန် (ပါဠိ) ရှိသည်သာမဟုတ်ပါလော။ |
5,875 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်ပရဝါဒီ ပဌမဈာန်ကိုဝင်စားသူ၏ စကားသည် ချုပ်၏၊ ဤသို့သော သုတ္တန် (ပါဠိ) ရှိခဲ့ပါမူ သမာပတ်ဝင်စားသူအား နှုတ်မြွက်မှုသည် ရှိ၏ဟူ၍ မဆိုသင့်။ |
5,876 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပဌမဈာန်ကိုဝင်စားသူ၏ စကားသည် ချုပ်၏၊ ဤသို့သော သုတ္တန် (ပါဠိ) ရှိ၏ဟုနှလုံးပြုလျက် ထိုပုဂ္ဂိုလ်အား နှုတ်မြွက်မှုသည် ရှိပါသလော။ |
5,877 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဒုတိယဈာန်ကိုဝင်စားသူအားဝိတက်ဝိစာရတို့သည် ချုပ်ကုန်၏ဟူသော သုတ္တန် (ပါဠိ) ရှိ၏ဟု နှလုံးပြုလျက် ထိုပုဂ္ဂိုလ်အားဝိတက်ဝိစာရတို့ ရှိကုန်သလော။ |
5,878 | Uncategorized | ကထာဝတ္ထုပါဠိတော် | တတိယဈာန်ကိုဝင်စားသူ၏ ပီတိသည် ချုပ်၏။ |
5,879 | Uncategorized | ကထာဝတ္ထုပါဠိတော် | စတုတ္ထဈာန်ကိုဝင်စားသူ၏ထွက်သက်ဝင်သက်တို့သည် ချုပ်ကုန်၏။ |
5,880 | Uncategorized | ကထာဝတ္ထုပါဠိတော် | အာကာသာနဉ္စာယတနဈာန်ကိုဝင်စားသူ၏ ရုပ်ဟူသောအမှတ်သညာသည် ချုပ်၏။ |
5,881 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဝိညာဏဉ္စာယတနဈာန်ကိုဝင်စားသူ၏ အာကာသာနဉ္စာယတနဈာန်ဟူသောအမှတ်သညာသည် ချုပ်၏။ |
5,882 | Uncategorized | ကထာဝတ္ထုပါဠိတော် | အာကိဉ္စညာယတနဈာန်ကိုဝင်စားသူ၏ဝိညာဏဉ္စာယတနဈာန်ဟူသောအမှတ်သညာသည် ချုပ်၏။ |
5,883 | Uncategorized | ကထာဝတ္ထုပါဠိတော် | နေဝသညာနာသညာယတနဈာန်ကိုဝင်စားသူ၏ အာကိဉ္စညာယတနဈာန်ဟူသော အမှတ်သညာသည် ချုပ်၏။ |
5,884 | Uncategorized | ကထာဝတ္ထုပါဠိတော် | နိရောဓသမာပတ်ကိုဝင်စားသူ၏ သညာသည်လည်းကောင်း၊ ဝေဒနာသည်လည်းကောင်း ချုပ်ကုန်၏ဟူသော သုတ္တန် (ပါဠိ) ရှိ၏ဟု နှလုံးပြုလျက် ထိုပုဂ္ဂိုလ်အားသညာသည်လည်းကောင်း၊ ဝေဒနာသည်လည်းကောင်း ရှိပါသလော။ |
5,885 | Uncategorized | ကထာဝတ္ထုပါဠိတော် | သမာပတ်ဝင်စားသူအား နှုတ်မြွက်မှုသည် ရှိ၏ဟု မဆိုသင့်ပါသလော။ |
5,886 | Uncategorized | ကထာဝတ္ထုပါဠိတော် | အသံကို ပဌမဈာန်၏ ဆူးငြောင့်ဟူ၍ မြတ်စွာဘုရား ဟောအပ်သည် မဟုတ်ပါလော။ |
5,887 | Uncategorized | ကထာဝတ္ထုပါဠိတော် | အရှင်သကဝါဒီ အသံကို ပဌမဈာန်၏ ဆူးငြောင့်ဟူ၍ မြတ်စွာဘုရား ဟောအပ်ခဲ့ပါမူ ထိုအကြောင်းကြောင့် သမာပတ်ဝင်စားသူအား နှုတ်မြွက်မှုသည် ရှိ၏ဟူ၍ ဆိုသင့်၏။ |
5,888 | Uncategorized | ကထာဝတ္ထုပါဠိတော် | အသံကို ပဌမဈာန်၏ ဆူးငြောင့်ဟူ၍ မြတ်စွာဘုရား ဟောအပ်၏ဟု နှလုံးပြု၍သမာပတ်ဝင်စားသူအား နှုတ်မြွက်မှုသည် ရှိပါသလော။ |
5,889 | Uncategorized | ကထာဝတ္ထုပါဠိတော် | ။ ဝိတက်ဝိစာရတို့ကို ဒုတိယဈာန်၏ ဆူးငြောင့်ဟူ၍ မြတ်စွာဘုရား ဟောအပ်၏။ |
5,890 | Uncategorized | ကထာဝတ္ထုပါဠိတော် | ပီတိကိုတတိယဈာန်၏ ဆူးငြောင့်ဟူ၍ မြတ်စွာဘုရား ဟောအပ်၏။ |
5,891 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထွက်သက်ဝင်သက်တို့ကို စတုတ္ထ ဈာန်၏ဆူးငြောင့်ဟူ၍ မြတ်စွာဘုရား ဟောအပ်ကုန်၏။ |
5,892 | Uncategorized | ကထာဝတ္ထုပါဠိတော် | ရုပ်ဟူသောသညာကို အာကာသာနဉ္စာယတန ဈာန်ကိုဝင်စားသူ၏ ဆူးငြောင့်ဟူ၍ မြတ်စွာဘုရား ဟောအပ်၏။ |
5,893 | Uncategorized | ကထာဝတ္ထုပါဠိတော် | အာကာသာနဉ္စာယတနဈာန်ဟူသော သညာကိုဝိညာဏဉ္စာယတနဈာန်ကိုဝင်စားသူ၏ ဆူးငြောင့်ဟူ၍ မြတ်စွာဘုရား ဟောအပ်၏။ |
5,894 | Uncategorized | ကထာဝတ္ထုပါဠိတော် | ဝိညာဏဉ္စာယတနဈာန်ဟူသောသညာကို အာကိဉ္စညာယတနဈာန်ကိုဝင်စားသူ၏ ဆူးငြောင့်ဟူ၍ မြတ်စွာဘုရားဟောအပ်၏။ |
5,895 | Uncategorized | ကထာဝတ္ထုပါဠိတော် | အာကိဉ္စညာယတနဈာန်ဟူသောသညာကို နေဝသညာနာသညာယတနဈာန်ကိုဝင်စားသူ၏ဆူးငြောင့်ဟူ၍ မြတ်စွာဘုရား ဟောအပ်၏။ |
5,896 | Uncategorized | ကထာဝတ္ထုပါဠိတော် | သညာကိုလည်းကောင်း၊ ဝေဒနာကိုလည်းကောင်းနိရောဓသမာပတ်ကိုဝင်စားသူ၏ ဆူးငြောင့်ဟူ၍ မြတ်စွာဘုရား ဟောအပ်၏။ |
5,897 | Uncategorized | ကထာဝတ္ထုပါဠိတော် | ထိုပုဂ္ဂ္ဂိုလ်အားသညာသည်လည်းကောင်း၊ ဝေဒနာသည်လည်းကောင်း ရှိပါသလော။ |
5,898 | Uncategorized | ကထာဝတ္ထုပါဠိတော် | “အာနန္ဒာ ပူဇော်အထူးကို ခံထိုက်သော (တရားအားလုံးကို) မဖောက်မပြန် ကိုယ်တော်တိုင်ထိုးထွင်းသိတော်မူသော သိခီဘုရားရှင်၏ အဘိဘူမည်သော တပည့်သည် ဗြဟ္မာ့ပြည်၌ တည်လျက်- |
5,899 | Uncategorized | ကထာဝတ္ထုပါဠိတော် | မြတ်စွာဘုရားသာသနာတော်၌ အားထုတ်ကြ ကြိုးစားကြ လုံ့လ စိုက်ကြ ကုန်လော့၊ ‘ဆင်ပြောင်ကြီးသည် ကျူအိမ်ကို မှုန့်မှုန့် ညက်ညက် ချေဖျက် သကဲ့သို့ ‘သေမင်း၏ စစ်သည်ကိုမှုန့်မှုန့် ညက်ညက် ချေဖျက်ကြကုန်လော့။ |
5,900 | Uncategorized | ကထာဝတ္ထုပါဠိတော် | အကြင်သူသည် ဤ (ဓမ္မဝိနယ) သာသနာတော်၌ မမေ့မလျော့ နေ၏၊ ထိုသူသည် ပဋိသန္ဓေနေမှုသံသရာကို ပယ်စွန့်၍ ဆင်းရဲအဆုံးကို ပြုလတ္တံ့ဟု တစ်သောင်း သော လောကဓာတ်ကို အသံဖြင့်သိစေ၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.