id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
6,901 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မာဒိဋ္ဌိသည် စိတ်သို့ အစဉ်မလိုက်ပါသလော။ |
6,902 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မာဝါစာသည် စိတ်သို့ အစဉ်မလိုက်ပါသလော။ |
6,903 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မာသတိသည်။ |
6,904 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သမ္မာသမာဓိသည့်စိတ်သို့ အစဉ်မလိုက်ပါသလော။ |
6,905 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သမ္မာအာဇီဝသည် စိတ်သို့ အစဉ်မလိုက်ပါသလော။ |
6,906 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မာအာဇီဝသည် စိတ်သို့ အစဉ်မလိုက်ပါသလော။ |
6,907 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သမ္မာသမာဓိသည် စိတ်သို့ အစဉ်မလိုက်ပါသလော။ |
6,908 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မာဒိဋ္ဌိသည် စိတ်သို့ အစဉ်လိုက်ပါသလော။ |
6,909 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မာဝါစာသည် စိတ်သို့ အစဉ်လိုက်ပါသလော။ |
6,910 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သမ္မာအာဇီဝသည် စိတ်သို့ အစဉ်လိုက်ပါသလော။ |
6,911 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သမ္မာ သမာဓိသည် စိတ်သို့ အစဉ်လိုက်ပါသလော။ |
6,912 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမ္မာသမာဓိသည် စိတ်သို့ အစဉ်လိုက်ပါသလော။ |
6,913 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅၉၇။ ပရဝါဒီ။ |
6,914 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “သီလသည် စိတ်သို့ အစဉ်မလိုက်”ဟူ၍ မဆိုသင့်ပါသလော။ |
6,915 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် သီလသည် စိတ်သို့ အစဉ်မလိုက်ပါ။ |
6,916 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သီလံ န စိတ္တာနုပရိဝတ္တီတိကထာ ပြီး၏။ |
6,917 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (၁၀၃) ၉-သမာဒါနဟေတုကထာ၁ |
6,918 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅၉၈။ သကဝါဒီ။ |
6,919 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဆောက်တည်မှုလျှင် အကြောင်းရင်းရှိသော သီလသည် တိုးပွါးပါသလော။ |
6,920 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဩော် တိုးပွါးပါ၏၂။ |
6,921 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဆောက်တည်မှုလျှင် အကြောင်းရင်းရှိသော ဖဿသည် တိုးပွါးပါသလော၊ ဝေဒနာသည် တိုးပွါးပါသလော၊ သညာသည် တိုးပွါးပါသလော၊ စေတနာသည် တိုးပွါးပါသလော၊ စိတ်သည် တိုးပွါးပါသလော၊ သဒ္ဓါသည် တိုးပွါးပါသလော၊ ဝီရိယသည် တိုးပွါးပါသလော၊ သတိသည် တိုးပွါးပါသလော၊ သမာဓိသည် တိုးပွါးပါသလော၊ ပညာသည် တိုးပွါးပါသလော။ |
6,922 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဆောက်တည်မှုလျှင် အကြောင်းရင်းရှိသော သီလသည် တိုးပွါးပါသလော။ |
6,923 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | နွယ်ကဲ့သို့ တိုးပွါးပါသလော၊ မာလောနွယ်ကဲ့သို့ တိုးပွါးပါသလော၊ သစ်ပင်ကဲ့သို့ တိုးပွါးပါသလော၊ မြက်ကဲ့သို့ တိုးပွါးပါသလော၊ ဖြူဆံမြက်ဖုတ်ကဲ့သို့ တိုးပွါးပါသလော။ |
6,924 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅၉၉။ သကဝါဒီ။ |
6,925 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သီလကို ဆောက်တည်ပြီး၍ ကာမဝိတက်ကို ကြံစည်သူအားလည်းကောင်း၊ ဗျာပါဒ ဝိတက်ကို ကြံစည်သူအားလည်းကောင်း၊ ဝိဟိံသာဝိတက်ကို ကြံစည်သူအားလည်းကောင်း သီလသည် တိုးပွါးပါသလော။ |
6,926 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဖဿနှစ်မျိုးတို့၏။ |
6,927 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကုသိုလ် အကုသိုလ်ဖြစ်ကုန်သော အပြစ်ရှိအပြစ်မဲ့ဖြစ်ကုန်သော အယုတ်အမြတ် ဖြစ်ကုန်သော အမည်းအဖြူအားဖြင့် တူသောအဖို့ရှိကုန်သော တရားတို့သည် မျက်မှောက်အဖြစ်သို့ ရောက်ပါကုန်သလော။ |
6,928 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကုသိုလ် အကုသိုလ်ဖြစ်ကုန်သော အပြစ်ရှိအပြစ်မဲ့ဖြစ်ကုန်သော အယုတ်အမြတ်ဖြစ် ကုန်သော အမည်းအဖြူအားဖြင့် တူသောအဖို့ရှိကုန်သော တရားတို့သည် မျက်မှောက်အဖြစ်သို့ ရောက်ပါ ကုန်သလော။ |
6,929 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဩော် ရောက်ပါကုန်၏။ |
6,930 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ရဟန်းတို့ အလွန့်အလွန်ဝေးသောအရာတို့ကား ဤလေးမျိုးတို့ပေတည်း။ |
6,931 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အဘယ်လေးမျိုးတို့နည်း၊ ရဟန်းတို့ ကောင်းကင်သည်လည်းကောင်း၊ မြေကြီးသည်လည်းကောင်း ရှိ၏။ |
6,932 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဤကောင်းကင်နှင့် မြေကြီးသည် ရှေးဦးစွာ အလွန့်အလွန်ဝေးသော အရာပေတည်း။ |
6,933 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ထို့ကြောင့် သူတော်ကောင်းတို့ တရားသည် သူယုတ်မာတို့မှ ဝေးကွာ၏” ဤသို့ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်မဟုတ်ပါလော။ |
6,934 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် “ကုသိုလ် အကုသိုလ်ဖြစ်ကုန်သော အပြစ်ရှိအပြစ်မဲ့ဖြစ်ကုန်သော အယုတ်အမြတ်ဖြစ်ကုန်သော အမည်းအဖြူအားဖြင့် တူသောအဖို့ရှိကုန်သော တရားတို့သည် မျက်မှောက် အဖြစ်သို့ ရောက်ကုန်၏”ဟု မဆိုသင့်။ |
6,935 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၀၀။ ပရဝါဒီ။ |
6,936 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “ဆောက်တည်မှုလျှင် အကြောင်းရင်းရှိသော သီလသည် တိုးပွါး၏”ဟူ၍ မဆိုသင့်ပါသလော။ |
6,937 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ခြံ (အရံ) စိုက်ပျိုးသူတို့သည်၊ ဥယျာဉ် စိုက်ပျိုးသူတို့သည်။ |
6,938 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ တရား၌ တည်သူတို့သည် သီလနှင့် ပြည့်စုံသူတို့သည် ရှိကုန်၏။ |
6,939 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုသူတို့သည် နတ်ပြည်သို့ ရောက်ကုန်၏”ဟူ၍ ထိုမြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည် မဟုတ်ပါလော။ |
6,940 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့် ဆောက်တည်မှုလျှင် အကြောင်းရင်းရှိသော သီလသည် တိုးပွါး၏။ |
6,941 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သမာဒါနဟေတုကထာ ပြီး၏။ |
6,942 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ အာရာမရောပါစသော ဂါထာ၏ အနက်ကို မသင့်သောအားဖြင့် ယူ၍ အခါခပ်သိမ်း ကုသိုလ်ပွါး၏ဟု ဟောတော်မူသောကြောင့် ဆောက်တည်ခြင်းလျှင် အကြောင်းရှိသော သီလသည် တိုးပွါး၏ဟု အယူရှိကြကုန်သော မဟာသံဃိကဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။ |
6,943 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ စိတ္တဝိပ္ပယုတ္တ သီလပွါးစီးမှုကို ရည်ရွယ်၍ ဝန်ခံသည်။ |
6,944 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၀၄) ၁၀-ဝိညတ္တိ သီလန္တိကထာ ၁ |
6,945 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၀၁။ သကဝါဒီ။ |
6,946 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ကာယဝိညတ် ဝစီဝိညတ်သည် သီလလော။ |
6,947 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (ကာယဝိညတ် ဝစီဝိညတ်သည်) ပါဏာတိပါတကံမှ ရှောင်ကြဉ်မှုလော၂။ |
6,948 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (ကာယဝိညတ် ဝစီဝိညတ်သည်) အဒိန္နာဒါနကံမှ ရှောင်ကြဉ်မှုလော။ |
6,949 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (ကာယဝိညတ် ဝစီဝိညတ်သည်) ကာမေသုမိစ္ဆာစာရကံမှ ရှောင်ကြဉ်မှုလော။ |
6,950 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (ကာယဝိညတ် ဝစီဝိညတ်သည်) မုသာဝါဒကံမှ ရှောင်ကြဉ်မှုလော။ |
6,951 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (ကာယဝိညတ် ဝစီဝိညတ်သည်) သုရာမေရယကံမှ ရှောင်ကြဉ်မှုလော။ |
6,952 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရှိခိုးမှုသည် သီလလော၊ ခရီးဦးကြိုဆိုမှုသည် သီလလော၊ လက်အုပ်ချီမှုသည် သီလလော၊ အရိုအသေပြုမှုသည် သီလလော၊ နေရာကို ဆောင်ယူမှုသည် သီလလော၊ အိပ်ရာကို ဆောင်ယူမှုသည် သီလလော၊ ခြေဆေးရေကို ဆောင်ယူမှုသည် သီလလော၊ ခြေပွတ်အိုးခြမ်းကွဲကို ဆောင်ယူမှုသည် သီလလော၊ ရေချိုးရာ၌ ကျောကို ကြေးတွန်းမှုသည် သီလလော၃။ |
6,953 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (ရှိခိုးခြင်းစသည်သည်) ပါဏာတိပါတကံမှ ရှောင်ကြဉ်မှုလော၄။ |
6,954 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (ရှိခိုးခြင်းစသည်သည်) သုရာမေရယကံမှ ရှောင်ကြဉ်မှုလော။ |
6,955 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၀၂။ ပရဝါဒီ။ |
6,956 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “ကာယဝိညတ် ဝစီဝိညတ်ကို သီလ”ဟူ၍ မဆိုသင့်ပါသလော။ |
6,957 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကာယဝိညတ် ဝစီဝိညတ်သည် သီလမရှိခြင်းလော။ |
6,958 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် ကာယဝိညတ် ဝစီဝိညတ်သည် သီလတည်း။ |
6,959 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝိညတ္တိ သီလန္တိကထာ ပြီး၏။ |
6,960 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကာယဝိညတ်သည် ကာယကံမည်၏၊ ဝစီဝိညတ်သည် ဝစီကံမည်၏ဟု ယူအပ်သည်၏ အဖြစ်ကြောင့် ဝိညတ်သည် သီလမည်၏ဟု အယူရှိကြကုန်သော မဟာသံဃိကသမ္မီတိယဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤဝိညတ္တိသီလကထာကို ဟောတော်မူသည်။ |
6,961 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ သီလမည်သည် ဝိရတီသာ ဖြစ်၏၊ ရုပ်တရားမဟုတ်ဟူသော အနက်သဘောဖြင့် စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
6,962 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၃။ အကြင်သို့ သဘောရှိသော ဝိညတ်ကို ပရဝါဒီဆရာသည် သီလဟု အလိုရှိ၏၊ ထိုဝိညတ်ကို ထုတ်ဆောင်ပြလိုသောကြောင့် ဤပုစ္ဆာကို တက်သည်။ |
6,963 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၄။ ထိုဝိညတ်သည် ဝိရတီမဟုတ်ရကား ဤပုစ္ဆာကို တက်ပြန်သည်။ |
6,964 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (၁၀၅) ၁၁-အဝိညတ္တိ ဒုဿိလျန္တိကထာ ၁ |
6,965 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၀၃။ သကဝါဒီ။ |
6,966 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ကာယဝိညတ် ဝစီဝိညတ်မဟုတ်သော အရာသည် အကျင့်သီလ မရှိမှုလော။ |
6,967 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (ကာယဝိညတ် ဝစီဝိညတ်မဟုတ်သော အရာသည်) ပါဏာတိပါတကံလော၂။ |
6,968 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (ကာယဝိညတ် ဝစီဝိညတ်မဟုတ်သော အရာသည်) အဒိန္နာဒါနကံလော။ |
6,969 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (ကာယဝိညတ် ဝစီဝိညတ်မဟုတ်သော အရာသည်) ကာမေသုမိစ္ဆာစာရကံလော။ |
6,970 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (ကာယဝိညတ် ဝစီဝိညတ်မဟုတ်သော အရာသည်) မုသာဝါဒကံလော။ |
6,971 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (ကာယဝိညတ် ဝစီဝိညတ်မဟုတ်သော အရာသည်) သုရာမေရယမဇ္ဇပမာဒဌာနကံလော။ |
6,972 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မကောင်းမှုကံကို ဆောက်တည်၍ ဒါနကို ပေးလှူသူအား ကောင်းမှုသည်လည်းကောင်း၊ မကောင်းမှုသည်လည်းကောင်း နှစ်ပါးစုံတို့သည် တိုးပွါးပါကုန်သလော။ |
6,973 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကောင်းမှုသည်လည်းကောင်း၊ မကောင်းမှုသည်လည်းကောင်း နှစ်ပါးစုံတို့သည် တိုးပွါးပါကုန်သလော။ |
6,974 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဩော် တိုးပွါးပါကုန်၏၄။ |
6,975 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဖဿနှစ်ပါးတို့၏။ |
6,976 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကုသိုလ်အကုသိုလ်ဖြစ်ကုန်သော အပြစ်ရှိအပြစ်မရှိဖြစ်ကုန်သော အယုတ်အမြတ် ဖြစ်ကုန်သော အမည်းအဖြူအားဖြင့် တူသောအဖို့ရှိကုန်သော တရားတို့သည် မျက်မှောက်အဖြစ်သို့ ရောက်ပါကုန်သလော။ |
6,977 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ရဟန်းတို့ အလွန့်အလွန်ဝေးသော အရာတို့ကား ဤလေးမျိုးတို့တည်း။ |
6,978 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အဘယ် လေးမျိုးတို့နည်း၊ ရဟန်းတို့ ကောင်းကင်သည်လည်းကောင်း၊ မြေကြီးသည်လည်းကောင်း (ရှိ၏)။ |
6,979 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ထို့ကြောင့် သူတော်ကောင်းတို့တရားသည် သူယုတ်မာတို့မှ ဝေးကွာ၏” ဤသို့လျှင် မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
6,980 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် “ကုသိုလ်အကုသိုလ်ဖြစ်ကုန်သော အပြစ်ရှိအပြစ်မဲ့ဖြစ်ကုန်သော အယုတ်အမြတ်ဖြစ်ကုန်သော အမည်းအဖြူအားဖြင့် တူသောအဖို့ရှိကုန်သော တရားတို့သည် မျက်မှောက် အဖြစ်သို့ ရောက်ကုန်၏”ဟူ၍ မဆိုသင့်။ |
6,981 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၀၄။ ပရဝါဒီ။ |
6,982 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “ကာယဝိညတ် ဝစီဝိညတ် မဟုတ်သောအရာသည် သီလမရှိမှု”ဟူ၍ မဆိုသင့်ပါသလော။ |
6,983 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မကောင်းမှုကံကို ဆောက်တည်ပြီးသူ ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။ |
6,984 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဩော် ဖြစ်ခဲ့ဖူးပါ၏။ |
6,985 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်သကဝါဒီ မကောင်းမှုကံကို ဆောက်တည်ပြီးသူ ဖြစ်ခဲ့ဖူးပါမူ ထိုအကြောင်းကြောင့် “ကာယဝိညတ် ဝစီဝိညတ် မဟုတ်သော အရာကို အကျင့်သီလ မရှိမှု”ဟူ၍ ဆိုသင့်၏၅။ |
6,986 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အဝိညတ္တိ ဒုဿိလျန္တိကထာ ပြီး၏။ |
6,987 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဒသမဝဂ် ပြီး၏။ |
6,988 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဒုတိယပဏ္ဏာသက ပြီး၏။ |
6,989 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စိတ်နှင့် မယှဉ်သော အကုသိုလ် ပွါးစီးမှုကိုလည်းကောင်း၊ စေခိုင်းခြင်းဖြင့်လည်း ပါဏာတိပါတ စသည်တို့၌ အင်္ဂါပြည့်စုံခြင်းကိုလည်းကောင်း ရည်ရွယ်၍ ဝိညတ်မဟုတ်သော အရာသည် ဒုဿီလျတည်းဟု အယူရှိကြကုန်သော မဟာသံဃိကဂိုဏ်းဝင် ပရဝါဒီဆရာတို့၏ ဝါဒကို ဖျက်ရန် ဤကထာကို ဟောတော်မူသည်။ |
6,990 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ ထိုဝိညတ်မဟုတ်သော အရာသည် ဒုဿီလျ ဖြစ်ခဲ့ပါမူ ပါဏာတိပါတ စသည်တို့တွင် တစ်ပါးပါးသာ ဖြစ်ရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
6,991 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၃။ ပေးလှူဆဲခဏ၌ မကောင်းမှုကံဖြစ်သည်ကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
6,992 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၄။ တစ်ဖန်နောက်ထပ် မေးပြန်လတ်သော် စိတ္တဝိပ္ပယုတ်ဖြစ်သော အကုသိုလ်ပွါးစီးမှုကို ရည်ရွယ်၍ ပရဝါဒီက ဝန်ခံပြန်သည်။ |
6,993 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅။ ပရဝါဒီ၏ မိမိအယူကို တည်တံ့စေခြင်းသည် မကောင်းမှု ဆောက်တည်သည်မှ ရှေ့အဖို့ကိုသာ ပြီးစေ၏၊ အဝိညတ္တိ၏ ဒုဿီလျကို မပြီးစေ။ |
6,994 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- ၁၁-ဧကာဒသမဝဂ် |
6,995 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (၁၀၆-၁၀၈) ၁-၃-တိဿောပိ အနုသယကထာ၁ |
6,996 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၆၀၅။ သကဝါဒီ။ |
6,997 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အနုသယတို့သည် အဗျာကတတရားတို့လော။ |
6,998 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | (အနုသယတို့သည်) ဝိပါက်အဗျာကတတရားတို့လော၊ ကိရိယာအဗျာကတတရားတို့လော၊ ရုပ်လော၊ နိဗ္ဗာန်လော၊ စက္ခာယတနလော။ |
6,999 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကာမရာဂအနုသယသည် အဗျာကတတရားလော။ |
7,000 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကာမရာဂသည်၊ ကာမရာဂသောင်းကျန်းမှုသည်၊ ကာမရာဂသံယောဇဉ်သည်၊ ကာမောဃသည်၊ ကာမယောဂသည်၊ ကာမစ္ဆန္ဒနီဝရဏသည် အဗျာကတတရားလော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.