id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
9,201 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဈာန်တစ်ခုမှ ဈာန်တစ်ခုသို့ ပြောင်းရွှေ့နိုင်ပါသလော။ |
9,202 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဒုတိယဈာန်မှ စတုတ္ထဈာန်သို့ ပြောင်းရွှေ့နိုင်ပါသလော။ |
9,203 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပဌမဈာန်မှ ဒုတိယဈာန်သို့ ပြောင်းရွှေ့နိုင်ပါသလော။ |
9,204 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပဌမဈာန်ကို ဖြစ်စေခြင်းငှါ အကြင်ဆင်ခြင်မှု။ |
9,205 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်ညွတ်မှုသည် (ရှိ၏)၊ ထိုဆင်ခြင်မှု စိတ်ညွတ်မှုသည်ပင် ဒုတိယဈာန်ဖြစ်ပေါ်စေခြင်းငှါ ဖြစ်ပါသလော။ |
9,206 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ပဌမဈာန်မှ ဒုတိယဈာန်သို့ ပြောင်းရွှေ့နိုင်သည်ဖြစ်၍ ပဌမဈာန်ကို ဖြစ်စေခြင်းငှါ အကြင်ဆင်ခြင်မှု။ |
9,207 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်ညွတ်မှုသည် (ရှိ၏)၊ ထိုဆင်ခြင်မှု စိတ်ညွတ်မှုသည် ဒုတိယဈာန်ကို ဖြစ်စေခြင်း ငှါ (ဖြစ်၏)”ဟူ၍ မဆိုသင့်ပါသလော။ |
9,208 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဒုတိယဈာန်သည် မဆင်ခြင်သူအား ဖြစ်ပါသလော။ |
9,209 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်မညွတ်သူအား ဖြစ်ပါသလော။ |
9,210 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဒုတိယဈာန်သည် ဆင်ခြင်သူအား ဖြစ်သည်။ |
9,211 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်ညွတ်သူအား ဖြစ်သည် မဟုတ်ပါလော။ |
9,212 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ဒုတိယဈာန်သည် ဆင်ခြင်သူအား ဖြစ်ခဲ့ပါမူ။ |
9,213 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်ညွတ်သူအား ဖြစ်ခဲ့ပါမူ “ပဌမဈာန်မှ ဒုတိယဈာန်သို့ ပြောင်းရွှေ့နိုင်၏”ဟူ၍ မဆိုသင့်။ |
9,214 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပဌမဈာန်သည် ကာမတို့ကို အပြစ်အားဖြင့် နှလုံးသွင်းသူအား ဖြစ်ပါသလော။ |
9,215 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဒုတိယဈာန်သည် ကာမတို့ကို အပြစ်အားဖြင့် နှလုံးသွင်းသူအား ဖြစ်ပါသလော။ |
9,216 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပဌမဈာန်သည် ဝိတက်နှင့်တကွ ဝိစာရနှင့်တကွ ဖြစ်ပါသလော။ |
9,217 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဒုတိယဈာန်သည် ဝိတက်နှင့်တကွ ဝိစာရနှင့်တကွ ဖြစ်ပါသလော။ |
9,218 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုပဌမဈာန်သည်ပင် ထိုဒုတိယဈာန်ဖြစ်ပါသလော။ |
9,219 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၁၄။ သကဝါဒီ။ |
9,220 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဒုတိယဈာန်မှ တတိယဈာန်သို့ ပြောင်းရွှေ့နိုင်ပါသလော။ |
9,221 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဒုတိယဈာန်ကို ဖြစ်စေခြင်းငှါ အကြင်ဆင်ခြင်မှု။ |
9,222 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်ညွတ်မှုသည် (ရှိ၏)၊ ထိုဆင်ခြင်မှု စိတ်ညွတ်မှုသည်ပင် တတိယဈာန်ကို ဖြစ်စေခြင်းငှါ ဖြစ်ပါသလော။ |
9,223 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဒုတိယဈာန်မှ ပဌမဈာန်သို့ ပြောင်းရွှေ့နိုင်သည်ဖြစ်၍ “ဒုတိယဈာန်ကို ဖြစ်စေခြင်းငှါ အကြင်ဆင်ခြင်မှု။ |
9,224 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်ညွတ်မှုသည် (ရှိ၏)၊ ထိုဆင်ခြင်မှု စိတ်ညွတ်မှုသည်ပင် တတိယဈာန်ကို ဖြစ်စေခြင်းငှါ ဖြစ်၏”ဟူ၍ မဆိုသင့်ပါသလော။ |
9,225 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တတိယဈာန်သည် မဆင်ခြင်သူအား ဖြစ်နိုင်ပါသလော။ |
9,226 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်မညွတ်သူအား ဖြစ်နိုင်ပါသလော။ |
9,227 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တတိယဈာန်သည် ဆင်ခြင်သူအား ဖြစ်သည်။ |
9,228 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ တတိယဈာန်သည် ဆင်ခြင်သူအား ဖြစ်ခဲ့ပါမူ။ |
9,229 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်ညွတ်သူအား ဖြစ်ခဲ့ပါမူ “ဒုတိယဈာန်မှ တတိယဈာန်သို့ ပြောင်းရွှေ့နိုင်၏”ဟူ၍ မဆိုသင့်။ |
9,230 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဒုတိယဈာန်မှ တတိယဈာန်သို့ ပြောင်းရွှေ့နိုင်ပါသလော။ |
9,231 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဒုတိယဈာန်သည် ဝိတက်ဝိစာရတို့ကို အပြစ်အားဖြင့် နှလုံးသွင်းသူအား ဖြစ်ပါသလော။ |
9,232 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တတိယဈာန်သည် ဝိတက်ဝိစာရတို့ကို အပြစ်အားဖြင့် နှလုံးသွင်းသူအား ဖြစ်ပါသလော။ |
9,233 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဒုတိယဈာန်သည် ပီတိနှင့်တကွ ဖြစ်ပါသလော။ |
9,234 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တတိယဈာန်သည် ပီတိနှင့်တကွ ဖြစ်ပါသလော။ |
9,235 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုဒုတိယဈာန်သည်ပင် ထိုတတိယဈာန်လော။ |
9,236 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၁၅။ သကဝါဒီ။ |
9,237 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ တတိယဈာန်မှ စတုတ္ထဈာန်သို့ ပြောင်းရွှေ့နိုင်ပါသလော။ |
9,238 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တတိယဈာန်ကို ဖြစ်စေခြင်းငှါ အကြင်ဆင်ခြင်မှု။ |
9,239 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်ညွတ်မှုသည် (ရှိ၏)၊ ထိုဆင်ခြင်မှု စိတ်ညွတ်မှုသည်ပင် စတုတ္ထဈာန်ကို ဖြစ်စေခြင်းငှါ ဖြစ်ပါသလော။ |
9,240 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တတိယဈာန်မှ စတုတ္ထဈာန်သို့ ပြောင်းရွှေ့နိုင်သည် ဖြစ်၍ “တတိယဈာန်ကို ဖြစ်စေခြင်းငှါ အကြင်ဆင်ခြင်မှု။ |
9,241 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်ညွတ်မှုသည် (ရှိ၏)၊ ထိုဆင်ခြင်မှု စိတ်ညွတ်မှုသည်ပင် စတုတ္ထ ဈာန်ကို ဖြစ်စေခြင်းငှါ ဖြစ်၏”ဟူ၍ မဆိုသင့်ပါသလော။ |
9,242 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စတုတ္ထဈာန်သည် မဆင်ခြင်သူအား ဖြစ်ပါသလော။ |
9,243 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စတုတ္ထဈာန်သည် ဆင်ခြင်သူအား ဖြစ်သည်။ |
9,244 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ စတုတ္ထဈာန်သည် ဆင်ခြင်သူအား ဖြစ်ခဲ့ပါမူ။ |
9,245 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စိတ်ညွတ်သူအား ဖြစ်ခဲ့ပါမူ “တတိယဈာန်မှ စတုတ္ထဈာန်သို့ ပြောင်းရွှေ့နိုင်၏”ဟူ၍ မဆိုသင့်။ |
9,246 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တတိယဈာန်မှ စတုတ္ထဈာန်သို့ ပြောင်းရွှေ့နိုင်ပါသလော။ |
9,247 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တတိယဈာန်သည် ပီတိကို အပြစ်အားဖြင့် နှလုံးသွင်းသူအား ဖြစ်ပါသလော။ |
9,248 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စတုတ္ထဈာန်သည် ပီတိကို အပြစ်အားဖြင့် နှလုံးသွင်းသူအား ဖြစ်ပါသလော။ |
9,249 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တတိယဈာန်သည် သုခနှင့်တကွ ဖြစ်ပါသလော။ |
9,250 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စတုတ္ထဈာန်သည် သုခနှင့်တကွ ဖြစ်ပါသလော။ |
9,251 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထိုတတိယဈာန်သည်ပင် ထိုစတုတ္ထဈာန် ဖြစ်ပါသလော။ |
9,252 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၁၆။ ပရဝါဒီ။ |
9,253 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “ဈာန်တစ်ခုမှ ဈာန်တစ်ခုသို့ ပြောင်းရွှေ့နိုင်၏”ဟူ၍ မဆိုသင့်ပါသလော။ |
9,254 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ |
9,255 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စတုတ္ထဈာန်သို့ ကပ်ရောက်၍ နေ၏”ဟု မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည် မဟုတ်ပါလော။ |
9,256 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင်ပင် ဈာန်တစ်ခုမှ ဈာန်တစ်ခုသို့ ပြောင်းရွှေ့နိုင်၏။ |
9,257 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဈာနသင်္ကန္တိကထာ ပြီး၏။ |
9,258 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ “ဣဓ ဘိက္ခဝေ ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ပဋ္ဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ၊ ဝိတက္ကဝိစာရာနံ ဝူပသမာ ဒုတိယံ ဈာနံ တတိယံ ဈာနံ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ” ဟူသော ဤပဋိပါဋိဒေသနာကို အမှီပြု၍ ထိုထိုဈာန်၏ ဥပစာရ၏ ဖြစ်ခြင်းကို ကြဉ်ထား၍ ဈာန်တစ်ခုမှ ဈာန်တစ်ခုသို့ ပြောင်းရွှေ့၏ဟု အယူရှိကြကုန်သော မဟိသာသကနှင့် အန္ဓကဂိုဏ်းဝင် အချို့တို့ကို ရည... |
9,259 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ ဒုတိယဈာန်၏ ဥပစာသို့ မရောက်ဘဲ အစဉ်ကို ခုန်သောအားဖြင့် ပဌမဈာန်မှ ဒုတိယဈာန်သို့ ပြောင်းရွှေ့နိုင်ခဲ့ပါမူ ပဌမဈာန်မှ တတိယဈာန်သို့ ဒုတိယဈာန်မှ စတုတ္ထဈာန်သို့လည်း ပြောင်းရွှေ့နိုင်ရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
9,260 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၃။ ပဌမဈာန်မှ အခြားမဲ့၌ ဒုတိယဈာန်သို့ ဒုတိယဈာန် စသည်တို့မှလည်း တတိယဈာန် စသည်တို့သို့ ဝင်စားနိုင်ခဲ့ပါမူ တစ်ခုတည်းသော အာဝဇ္ဇန်းဖြင့် ဝင်စားရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
9,261 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၄။ ရှေ့ဇောမှ နောက်ဇောကဲ့သို့ အခြားမရှိ ဖြစ်ခဲ့ပါမူ ရှေ့နောက်အဖြစ်ကို ဖယ်ထား၍ လက္ခဏာအားဖြင့် ထိုပဌမဈာန်သည်ပင် ထိုဒုတိယဈာန်ဖြစ်ရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။ |
9,262 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၅။ ပရဝါဒီပြသော သုတ္တန်ပါဠိသည် အစဉ်အားဖြင့် ဈာန်တို့ကို ဟောအပ်သည်၏ အဖြစ်ကိုသာ ပြ၏၊ အကြားမရှိဘဲ ဖြစ်ခြင်းကို ပြသည်မဟုတ်၊ ထို့ကြောင့် သာဓက မထိုက်။ |
9,263 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၈၃) ၇- ဈာနန္တရိကကထာ၁ |
9,264 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၁၇။ သကဝါဒီ။ |
9,265 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဈာန်နှစ်ခုတို့၏ အကြား၌ ဖြစ်သော ‘ဈာနန္တရိက’ (သမာဓိ) သည် ရှိပါသလော။ |
9,266 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဖဿနှစ်ခုတို့၏ အကြား၌ ဖြစ်သော ‘ဖဿန္တရိက’ (သမာဓိ) သည် ရှိပါသလော။ |
9,267 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သညာ နှစ်ခုတို့၏ အကြား၌ ဖြစ်သော ‘သညန္တရိက’ (သမာဓိ) သည် ရှိပါသလော။ |
9,268 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဈာနန္တရိကသမာဓိသည် ရှိပါသလော။ |
9,269 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဒုတိယဈာန်၏လည်းကောင်း၊ တတိယဈာန်၏လည်းကောင်း အကြား၌ ဖြစ်သော ဈာနန္တရိက (သမာဓိ) သည် ရှိပါသလော။ |
9,270 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဈာနန္တရိက (သမာဓိ) သည် ရှိပါသလော။ |
9,271 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တတိယဈာန်၏လည်းကောင်း၊ စတုတ္ထဈာန်၏လည်းကောင်း အကြား၌ ဖြစ်သော ဈာနန္တရိက (သမာဓိ) သည် မရှိပါသလော။ |
9,272 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ ဒုတိယဈာန်၏လည်းကောင်း၊ တတိယဈာန်၏လည်းကောင်း အကြား၌ ဖြစ်သော ဈာနန္တရိက (သမာဓိ) သည် မရှိခဲ့ပါမူ “ဈာနန္တရိက (သမာဓိ) သည် ရှိ၏”ဟူ၍ မဆိုသင့်။ |
9,273 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ တတိယဈာန်၏လည်းကောင်း၊ စတုတ္ထဈာန်၏လည်းကောင်း အကြား၌ ဖြစ်သော ဈာနန္တရိက (သမာဓိ) သည် မရှိခဲ့ပါမူ “ဈာနန္တရိက (သမာဓိ) သည် ရှိ၏”ဟူ၍ မဆိုသင့်။ |
9,274 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၁၈။ သကဝါဒီ။ |
9,275 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ပဌမဈာန်၏လည်းကောင်း၊ ဒုတိယဈာန်၏လည်းကောင်း အကြား၌ ဖြစ်သော ဈာနန္တရိက (သမာဓိ) သည် ရှိပါသလော။ |
9,276 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တတိယဈာန်၏လည်းကောင်း၊ စတုတ္ထဈာန်၏လည်းကောင်း အကြား၌ ဖြစ်သော ဈာနန္တရိက (သမာဓိ) သည် ရှိပါသလော။ |
9,277 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဒုတိယဈာန်၏လည်းကောင်း၊ တတိယဈာန်၏လည်းကောင်း အကြား၌ ဖြစ်သော ဈာနန္တရိက (သမာဓိ) သည် မရှိပါသလော။ |
9,278 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပဌမဈာန်၏လည်းကောင်း၊ ဒုတိယဈာန်၏လည်းကောင်း အကြား၌ ဖြစ်သော ဈာနန္တရိက (သမာဓိ) သည် မရှိပါသလော။ |
9,279 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၁၉။ သကဝါဒီ။ |
9,280 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဝိတက်ကားမရှိ ဝိစာရမျှသာရှိသော သမာဓိသည် ဈာနန္တရိက (သမာဓိ) မည်ပါသလော။ |
9,281 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝိတက်လည်းရှိ ဝိစာရလည်းရှိသော သမာဓိသည် ဈာနန္တရိက (သမာဓိ) မည်ပါသလော။ |
9,282 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝိတက်ကားမရှိ ဝိစာရမျှသာရှိသော သမာဓိသည် ဈာနန္တရိက (သမာဓိ) မည်ပါသလော။ |
9,283 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝိတက်လည်းမရှိ ဝိစာရလည်းမရှိသော သမာဓိသည် ဈာနန္တရိက (သမာဓိ) မည်ပါသလော။ |
9,284 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝိတက်လည်းရှိ ဝိစာရလည်းရှိသော သမာဓိသည် ဈာနန္တရိက (သမာဓိ) မမည်ပါသလော။ |
9,285 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဝိတက်ကားမရှိ ဝိစာရမျှသာရှိသော သမာဓိသည် ဈာနန္တရိက (သမာဓိ) မမည်ပါသလော။ |
9,286 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝိတက်လည်းမရှိ ဝိစာရလည်းမရှိသော သမာဓိသည် ဈာနန္တရိက (သမာဓိ) မမည်ပါသလော။ |
9,287 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝိတက်ကားမရှိ ဝိစာရမျှသာရှိသော သမာဓိသည် ဈာနန္တရိက (သမာဓိ) မဟုတ်ပါသလော။ |
9,288 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၂၀။ သကဝါဒီ။ |
9,289 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ (အကြောင်းကို) စွဲမှီ၍ ဖြစ်ဆဲဖြစ်ကုန်သော ဈာန်နှစ်ခုတို့၏ အကြား ဝိတက်ကားမရှိ ဝိစာရမျှသာရှိသော သမာဓိသည် ဖြစ်ပါသလော။ |
9,290 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝိတက်ကားမရှိ ဝိစာရမျှသာရှိသော သမာဓိ ဖြစ်လတ်သော် ပဌမဈာန်သည် ချုပ်ပြီး မဟုတ်ပါလော၊ ဒုတိယဈာန်သည် စွဲမှီ၍ ဖြစ်ဆဲ မဟုတ်ပါလော။ |
9,291 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ အရှင်ပရဝါဒီ ဝိတက်ကားမရှိ ဝိစာရမျှသာရှိသော သမာဓိ ဖြစ်လတ်သော် ပဌမ ဈာန်သည် ချုပ်ပြီးဖြစ်ခဲ့ပါမူ ဒုတိယဈာန်သည် စွဲမှီ၍ ဖြစ်ဆဲဖြစ်ခဲ့ပါမူ “စွဲမှီ၍ ဖြစ်ဆဲဖြစ်ကုန်သော ဈာန် နှစ်ပါးတို့၏ အကြား၌ ဝိတက်ကားမရှိ ဝိစာရမျှသာရှိသော သမာဓိသည် ဈာနန္တရိကသမာဓိ ဖြစ်၏”ဟူ၍ မဆိုသင့်။ |
9,292 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၂၁။ ပရဝါဒီ။ |
9,293 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဝိတက်ကားမရှိ ဝိစာရမျှသာရှိသော သမာဓိသည် ဈာနန္တရိက (သမာဓိ) မမည် ပါသလော။ |
9,294 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဝိတက်ကားမရှိ ဝိစာရမျှသာရှိသော သမာဓိသည် ပဌမဈာန်။ |
9,295 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ တတိယဈာန်။ |
9,296 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ စတုတ္ထဈာန်လော။ |
9,297 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် ဝိတက်ကားမရှိ ဝိစာရမျှသာရှိသော သမာဓိသည် ဈာနန္တရိက (သမာဓိ) တည်း။ |
9,298 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၂၂။ သကဝါဒီ။ |
9,299 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ဝိတက်ကားမရှိ ဝိစာရမျှသာရှိသော သမာဓိသည် ဈာနန္တရိက (သမာဓိ)လော။ |
9,300 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ဝိတက်လည်းရှိ ဝိစာရလည်းရှိသော သမာဓိလည်းကောင်း၊ ဝိတက်ကားမရှိ ဝိစာရမျှသာရှိသော သမာဓိလည်းကောင်း၊ ဝိတက်လည်းမရှိ ဝိစာရလည်းမရှိသော သမာဓိလည်းကောင်း” ဤသို့ (သမာဓိ) သုံးပါးတို့ကို မြတ်စွာဘုရား ဟောအပ်ကုန်သည် မဟုတ်ပါလော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.