title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
ရုတ်တရက် အတက်လူနာ နဲ့ကြုံခဲ့ရင်
အိမ်မှာပဲဖြစ်ဖြစ် လမ်းသွားရင်ပဲဖြစ်ဖြစ် ရုတ်တရက် တဆတ်ဆတ်တုန်ပြီး လဲကျသွားတဲ့သူမျိုးကို တွေ့ဖူးပါသလား။ သူ့ကို ဘာလုပ်ပေးလိုက်လဲ။ တကယ်တော့ ကျန်းမာရေးဝန်ထမ်းမဟုတ်တဲ့သူအနေနဲ့အတက်လူနာကိုအတက်ကျအောင်တော့ မလုပ်ပေးနိုင်ပါဘူး။ ဒါပေမယ့် တက်နေတဲ့အချိန်အတွင်းမှာ သူအန္တရာယ်မဖြစ်အောင်တော့ စောင့်ရှောက်ပေးနိုင်ပါတယ်။ ဒီတော့ ရုတ်တရက်အတက်လူနာနဲ့ တွေ့ခဲ့ရင် ဘာလုပ်ပေးနိုင်မလဲဆိုတာ ကြည့်ကြည့်ရအောင်။အများစုမြင်ဖူးတဲ့ပုံစံကတော့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ပြီးတက်တဲ့generalized tonic clonic seizureပါ။ သူကတက်တော့မယ်ဆိုရင်။တက်နေချိန်မှာ ပတ်ဝန်းကျင်ကို မသိတော့တဲ့အတွက် သူ့အတွက် အမြင့်ကနေပြုတ်ကျတာ၊ တခြားအက်စီးဒင့်တွေဖြစ်နိုင်တဲ့အတွက် အန္တရာယ်များပါတယ်။နောက်တမျိုးကတော့focal seizureပါ။ ခြေ ဒါမှမဟုတ် လက်မှာပဲဖြစ်ပြီး သိပ်လည်းမဆိုးသလို တစ်မိနစ်၊နှစ်မိနစ်လောက်ပဲ ကြာပါတယ်။တစ်ယောက်ယောက်တက်​နေပြီဆိုရင်။အတက်ရောဂါရှိတာကို သိပြီးသားဆိုရင်တော့ မဖြစ်မနေဆေးရုံပို့စရာမလိုပါဘူး။ ဒါပေမယ့်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%90%e1%80%9b%e1%80%80%e1%80%ba-%e1%80%a1%e1%80%90%e1%80%80%e1%80%ba%e1%80%9c%e1%80%b0%e1%80%94%e1%80%ac/
Atrioventricular Block (နှလုံးသွေးခံယူခန်းနှင့် သွေးလွှတ်ခန်းကြားတွင် လျှပ်စီးလမ်းကြောင်း ပိတ်ဆို့ခြင်း)
နှလုံးသွေးကြောပိတ်ခြင်းသည် နှလုံးခုန်နှုန်းခြင်းကို ဖြစ်စေရန် ထောက်ပံ့ပေးသည့် နှလုံးလျှပ်စီးစနစ်ပြတ်တောက်ခြင်းဖြစ်သည်။ နှလုံးသွေးခံယူခန်းနှင့် သွေးလွှတ်ခန်းကြားတွင် လျှပ်စီးလမ်းကြောင်း ပိတ်ဆို့ခြင်း။ခြင်းဆိုသည်မှာ နှလုံးသွေးလက်ခံခန်းနှင့် သွေးလွှတ်ခန်းတို့၏ တည်ဆောက်ပုံနှင့် လုပ်ဆောင်မှု မူမမှန်ခြင်းကြောင့် ယင်းတို့ကြားရှိ လျှပ်စစ်ထုတ်လွှတ်မှုတွင်အနှောက်အယှက်ဖြစ်ကာ နှောင့်နှေးသွားခြင်းဖြစ်သည်။ ရောဂါမပြင်းထန်သောသူများတွင် နှလုံးခုန်နှေးခြင်းနှင့် စည်းချက်လွတ်ခြင်းတို့ ဖြစ်နိုင်ပါသည်။ယင်းအခြေအနေမျိုးသည် အလွန်အဖြစ်များပြီး ရောဂါရှိသူများ ခွဲစိတ်ခံရသူများနှင့် နှလုံးကို ထိခိုက်စေသော ဆေးများသောက်နေရသူများတွင် ပို ဖြစ်ပါသည်။ ထို့ပြင် အဆင့် (၃) ပိတ်ဆို့မှုသည် အမျိုးသမီးများတွင် ပိုဖြစ်ကြောင်းတွေ့ရသည်။သို့သော်ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။တွေ့ရလေ့ရှိသော ရောဂါလက္ခဏာများမှာ-။အဆင့် (၁)ပိတ်ဆို့မှု သည်ရောဂါလက္ခဏာများ ပြလေ့မရှိဘဲ နှလုံး ECG ဆွဲမှသာ တွေ့ရသည်။အဆင့်(၂)ပိတ်ဆို့မှုသည်လည်းရောဂါလက္ခဏာများ ပြလေ့မရှိပါ။ သို့သော် တခါတရံတွင် နှလုံးခုန်မမှန်ခြင်း၊ မူးမိုက်ခြင်း တို့ဖြစ်တတ်ကါသည်။ စမ်းသပ်ကြည့်လျှင် နှလုံးခုန်နှေးခြင်း(အထူးသဖြင့် Mobitz II) နှင့် နှလုံးခုန်မမှန်ခြင်း(အထူးသဖြင့် Mobitz I [Wenckebach])တို့ကို တွေ့ရပေမည်။အဆင့် (၃)ပိတ်ဆို့မှုဖြစ်လျှင် မောပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းမကြည်ခြင်း၊ မူးခနဲမိုက်ခနဲဖြစ်ခြင်း၊ မူးလဲခြင်းတို့ခံစားရမည်ဖြစ်ပြီး ပိတ်ဆို့မှုသည် သွေးလွှတ်ခန်းနှင့် သွေးခံခန်းကြားရှိ လျှပ်စီးထုတ်လွှတ်ရာ နေရာအပေါ်ပိုင်းတွင် မဖြစ်ပါက နှလုံးခုန်နှေးခြင်းဖြစ်မည်ဖြစ်သည်။အဆင့် (၃)ပိတ်ဆို့မှုဖြစ်လျှင် နှလုံးသွေးကြောကျဉ်းရောဂါနှင့် နှလုံးရောဂါတို့ပိုဆိုးလာခြင်း၊ နှလုံးခုန်နှေးခြင်းနှင့် နှလုံးညှစ်အားမကောင်းခြင်းတို့ဖြစ်မည်ဖြစ်ပြီး အောက်ပါတို့ ခံစားရနိုင်ပါသည်။(အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။)။ရောဂါကို စောစီးစွာသိရပြီး ကုသနိုင်ပါက ရောဂါပိုမဆိုးလာစေရန် နှင့် အရေးပေါ်ကျန်းမာရေးပြသနာများ မကြုံလာစေရန် ကူညီပေးပါသည်။ ထို့ကြောင့် နှောင့်နှေးမနေဘဲ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။အောက်တွင်ဆက်လက်ဖော်ပြမည့် အမျိုးမျိုးသော အကြောင်းများကြောင့်နှလုံးတွင် လျှပ်စီးထုတ်လွှတ်မှုစနစ်ကို ပျက်စီးစေသာအခါ နှလုံးခုန်နှေးခြင်း၊ နှလုံးရပ်ခြင်းတို့ဖြစ်နိုင်ပါသည်။နှလုံးရောဂါရှိသူများသည် နှလုံးလျှပ်စီးကြောင်းပိတ်ခြင်းဖြစ်နိုင်ချေများပြီး ယင်းသို့ဖြစ်ခြင်းသည် နှလုံးကိုထိခိုက်စေသော ဆေးများကြောင့်ဖြစ်နိုင်သလို မျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်သည်။ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ပထမဦးစွာ သင့်ဆရာဝန်က သင့်ရောဂါလက္ခဏာများကို ကစစ်ဆေးမှုပြုလုပ်ပါလိမ့်မည်။ ထို့နောက် သင့်ရောဂါရာဇဝင်နှင့် မိသားစုဝင်များတွင်ဖြစ်သောရောဂါများကို မေးမြန်းပါလိမ့်မည်။စသည်ဖြင့် မေးမြန်းပြီးနောက် ရောဂါကို တိကျစွာသိရှိရန် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်ပါလိမ့်မည်။နှလုံးခုန်နှုန်းနှင့် နှလုံးခုန်စည်းချက်မှန်မမှန် စစ်ဆေးခြင်းဖြစ်သည်။ယင်းသည် နှလုံးတွင် လျှပ်စစ်ဓါတ်ထုတ်လွှတ်မှုကို ၂၄ နာရီ သို့မဟုတ် ၄၈ နာရီဆက်တိုက်တပ်ဆင်ပြီး မှတ်တမ်းယူခြင်းဖြစ်သည်။ သင်သည် နေ့စဉ်အလုပ်များလုပ်နေရင်းနှင့် ထိုစက်ကို တပ်ဆင်ထားနိုင်ပါသည်။ဝိုင်ယာကြိုးငယ်ကို ပေါင်သို့မဟုတ် လက်မောင်းရှိသွေးပြန်ကြောမှတဆင့် နှလုံးထဲသို့ထဲ့သွင်းခြင်းဖြစ်သည်။နှလုံးလျှပ်စီးပိတ်ဆို့မှု အဆင့်များအပေါ်မူတည်ပြီး ကုသမှုများကွာခြားပါသည်။အဆင့် ၁ပိတ်ဆို့မှုကို ကုသရန်မလိုပါ။အဆင့် ၂တွင်မူ နှလုံးခုန်မှန်စက်ထည့်ရပေမည်။ ယင်းစက်သည် နှလုံးခုန်စည်းချက်မှန်စေရန် လျှပ်စီးများကို မှန်မှန် ထုတ်လွှတ်ပေးသော စက်ကလေးဖြစ်ပြီး အရေပြားအောက် ရင်ဘတ် သို့မဟုတ် ဗိုက်နေရာတွင် ထဲ့ရခြင်းဖြစ်သည်။အဆင့် ၃ပိတ်ဆို့မှုတွင်လည်း နှလုံးခုန်မှန်စက်ထည့်ရပေးမည်။ အရေးပေါ်အခြေအနေဖြစ်ခဲ့လျှင် ကြာရှည်ခံစက်မရမီ အချိန်တွင် ယာယီစက်ထည့်ထားရန်လိုပါသည်။ အဆင့် ၃ ရှိသော လူနာအများစုသည် နှလုံးခုန်မှန်စက်ကို တသက်လုံးထည့်ထားရန်လိုအပ်သည်။သို့သော် မွေးရာပါ အဆင့်၃ ရှိသူများသည် အချိန်အတော်ကြာအတထိ စက်ထည့်ရန်မလိုအပ်ဘဲနေနိုင်ပြီး အခြားသူများကမူ မွေးပြီး တစ်နှစ်အကြာ သို့မဟုတ် အသက်ငယ်စဉ်ကတည်းက စက်ထည့်ရန်လိုအပ်ကြသည်။ကိုယ်ဝန်ဆောင်မိခင်တစ်ဦးတွင် လူးပပ်စ် ကိုယ်ခံအားမူမမှန်ရောဂါရှိပါက သနေ္ဓသားတွင် နှလုံးလျှပ်စီးပိတ်ခြင်းဖြစ်နိုင်ချေရှိပါသည်။ ထိုကြောင့် သနေ္ဓသားတွင် နှလုံးလျှပ်စီးပိတ်ခြင်းကို စမ်းသပ်သိရှိပါက မမွေးမီတွင် ဆေးများကြိုပေးထားခြင်းဖြင့် ရောဂါပိုမို ဆိုးရွားလာချေကို လျှော့ချပေးနိုင်ပါသည်။တခါတရံတွင် အသက်ကြီးမှဖြစ်သော နှလုံးလျှပ်စီးပိတ်ခြင်များသည် ဖြစ်စေသောအကြောင်းကို ဖယ်ရှားနိုင်ပါက ရောဂါပြန်ကောင်းသွားတတ်ကြသည်။ ဥပမာ- ခွဲစိတ်စဉ်နှင့်နှလုံးထိခိုက်မှုကြောင့်ဖြစ်သော နှလုံးလျှပ်စီးပိတ်ခြင်းများသည် နာလန်ထလာချိန်တွင် ပြန်ကောင်းသွားတတ်ကြသည်။ ထို့အတူ နှလုံးကိုထိခိုက်စေသော ဆေးများကို ရပ်လိုက်လျှင်လည်း ပြန်ကောင်းသွားတတ်ကြသည်။(ဆေးသောက်ပုံနည်းများကို မပြောင်းလဲမီ ဆရာဝန်အားအမြဲပြောပါ။)။နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့်နှလုံးသွေးခံယူခန်းနှင့် သွေးလွှတ်ခန်းကြားတွင် လျှပ်စီးလမ်းကြောင်း ပိတ်ဆို့ခြင်းဖြစ်သူများအတွက်ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-arrhythmias/atrioventricular-block-%e1%80%94%e1%80%be%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%81%e1%80%b6%e1%80%9a%e1%80%b0%e1%80%81%e1%80%94%e1%80%ba%e1%80%b8%e1%80%94/
အတက်လေးတွေ ထွက်ပြီး စိမ်းနေတဲ့ အာလူး လေးတွေကို စားသင့်လား
အာလူးလေးတွေကို ဝယ်ပြီး မချက်ပြုတ်ဖြစ်ဘဲ ကြာလာတဲ့အခါမှာ အတက်လေးတွေထွက်လာတာကို တွေ့ဖူးကြမှာပါ။ အဲလို အတက်လေးတွေ ထွက်လာတဲ့ အာလူးလေးတွေကို စားမယ်ဆိုရင် အန္တရာယ်ရှိလား၊ မရှိလားဆိုပြီး အတွေးလေးတွေ ဖြစ်မိတဲ့ သူတွေအတွက် ဒီဆောင်းပါးလေးမှာ အာလူးနဲ့ ကျန်းမာရေးအကြောင်းကို မျှဝေပေးသွားမှာပါ။အာလူးဟာ ကျန်းမာရေးကို ကောင်းကျိုးတွေ အများကြီးပေးနိုင်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့်လည်းအာလူးကို ကြော်စား၊ ချက်စား၊ ပေါင်းစား၊ ကင်စား စတဲ့ နည်းလမ်းမျိုးစုံနဲ့ အစားအသောက်မျိုးစုံမှာ ထည့်သွင်းစားသုံးကြပါတယ်။ အာလူးမှာ solanine နဲ့ chaconine လို့ခေါ်တဲ့ glycoalkaloid သဘာဝပစ္စည်းလေးနှစ်မျိုး ပါဝင်ပါတယ်။ အဲဒီပစ္စည်းလေးတွေဟာ အနည်းငယ်ပဲ စားသုံးမယ်ဆိုရင်တော့ရောဂါပိုးတွေကို တိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိတွေ၊သွေးတွင်း အဆီဓာတ်နဲ့အချိုဓာတ်တွေကို ထိန်းညှိပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိပေမယ့် အရမ်းအများကြီး ဖြစ်သွားမယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်စေပါတယ်။ ပုံမှန် မပုပ်နေ၊ မစိမ်းနေ၊ အတက်မထွက်နေတဲ့ အာလူးမှာ အဲဒီ သဘာဝပစ္စည်းလေးတွေက ပါသင့်သလောက် အနည်းငယ်ပဲပါပေမယ့် အတက်လေးတွေထွက်လာတဲ့အခါမှာ glycoalkaloid ပမာဏဟာ ပုံမှန်ထက် ပိုများလာပါတယ်။အာလူးတစ်ခုလုံးမှာ solanine နဲ့ chaconine လို့ခေါ်တဲ့ glycoalkaloid လေးတွေပါဝင်ပေမယ့် ပမာဏ အများဆုံးရှိနိုင်တဲ့ နေရာတွေကတော့ အာလူးရဲ့ မျက်လုံးလို နေရာလေးတွေ၊ အတက်လေးတွေ၊ စိမ်းနေတဲ့နေရာလေးတွေ နဲ့ အရွက်တွေမှာပဲဖြစ်ပါတယ်။ အနည်းဆုံးကတော့ အာလူးရဲ့ အတွင်းသားလေးတွေပဲ ဖြစ်ပါတယ်။အရှေ့မှာ ဖော်ပြခဲ့သလို glycoalkaloid ပမာဏများတဲ့ အတက်၊ အရွက်၊မျက်လုံးနဲ့ စိမ်းနေတဲ့ နေရာလေးတွေကို ဖယ်ပြီးမှ စားမယ်ဆိုရင်တော့အဆိပ်အတောက်ပမာဏကို နည်းသွားနိုင်ပါတယ်။ ဒါ့အပြင် အခွံကို သေချာနွှာမယ်၊ ကျက်အောင် ကြော်ပြီးမှ စားမယ်ဆိုရင်လည်း glycoalkaloid ပမာဏနည်းသွားစေနိုင်တယ်လို့ ပြောထားပေမယ့် ပိုပြီး တိကျသေချာတဲ့ လေ့လာချက်တွေ မတွေ့ရသေးပါဘူး။ ဒါ့ကြောင့် အာလူးတွေက စိမ်းနေပြီ၊ အတက်တွေ ထွက်လာပြီဆိုရင်တော့ လွှင့်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။ရောဂါလက္ခဏာတွေရဲ့ ပြင်းထန်မှုကတော့ စားမိတဲ့ ပမာဏအပေါ်မူတည်ပါတယ်။၁။ အနည်းငယ်ပဲစားမိတယ်ဆိုရင်တော့အန်ခြင်း၊ဝမ်းလျှောခြင်းနဲ့ ဗိုက်နာခြင်း လောက်ပဲ ဖြစ်နိုင်ပေမယ့်။၂။ အများကြီး စားမိလိုက်မယ်ဆိုရင်တော့ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊သွေးပေါင်ကျခြင်း၊သွေးခုန်နှုန်းမြန်ခြင်း နဲ့ အချို့သူတွေမှာ အရမ်းဆိုးရွားရင် အသက်အန္တရာယ် ရှိလာတဲ့အထိ ဖြစ်စေနိုင်ပါတယ်။အာလူးတွေကို အေးမြခြောက်သွေ့ပြီး နေရောင်နဲ့တိုက်ရိုက်မထိတွေ့နိုင်တဲ့ မှောင်တဲ့ နေရာမျိုးမှာ သိမ်းဆည်းမယ်ဆိုရင် glycoalkaloid ပမာဏနည်းစေပြီး အတက်အလက်ထွက်တာကိုလည်း နည်းစေပါတယ်။  ပုပ်နေတဲ့ အာလူးတွေရှိမယ်ဆိုရင်လည်း သေသေချာချာဖယ်ပြီး ကျန်တဲ့ အာလူးအကောင်းတွေကို သေချာခြောက်အောင် ထားပြီး သိမ်းထားသင့်ပါတယ်။ ဒါ့အပြင် ကြက်သွန်နီတွေ နဲ့လည်း အတူတူထားပြီး မသိုလှောင်ထားသင့်ပါဘူး။ ဒီလိုနည်းမှန်လမ်းမှန်နဲ့ သိမ်းမယ်ဆိုရင် ကျန်းမာရေးအတွက် ပိုပြိး အထောက်အကူပြုမှာပါ။နောက်ဆုံးအချက်အနေနဲ့ အာလူးတွေကို လိုအပ်သလောက်ပဲ ဝယ်ပြီး စားသုံးတာက အကောင်းဆုံးဖြစ်တဲ့အတွက် မလိုအပ်ဘဲ အများကြီးဝယ်ပြီး အကြာကြီး သိုလှောင်ထားတာတွေကို ရှောင်ကြဖို့ အတက်အလက်တွေထွက်လာတဲ့ အာလူးတွေကို၊ စိမ်းနေတာတွေကို ဖြစ်နိုင်ရင် မစားကြဖို့ အကြံပေးချင်ပါတယ်။ရေးသားသူ – Khine Phoo Ngon။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/sprouted-potatoes/
အသည်းအဆီဖုံး တာနဲ့ ပတ်သက်ပြီး ဘာတွေ မှားသိထားကြသလဲ
အသည်းအဆီဖုံး တာကအဖြစ်များတဲ့ ရောဂါပါ။ အမျိုးသားရော၊ အမျိုးသမီးပါဖြစ်နိုင်ပါတယ်။အသည်းအဆီဖုံးတာက အဖြစ်များပေမယ့် အများစုက အရေးမကြီးသယောင် ပေါ့ပေါ့ဆဆ နေမိကြပါတယ်။ ဒါက နောင်အခါမှာ ပိုဆိုးတဲ့ အသည်းရောဂါတွေ ဖြစ်လာနိုင်ဖို့ လမ်းစပါပဲ။အသည်းအဆီဖုံး တယ်ဆိုတာ အသည်းမှာ လိုတာထက် ပိုပြီး အဆီတွေ စုနေတာပါ။ ဒီပိုလျှံနေတဲ့ အဆီတွေက အသည်းဆဲလ်တွေကို ရောင်ရမ်းစေပါတယ်။ အသည်းအဆီဖုံးတဲ့အဆင့်မှာ သေချာဂရုမစိုက်ဘူးဆိုရင်အသည်းရောင်တာ၊ အသည်းခြောက်တာ၊အသည်းကင်ဆာအထိ ဖြစ်သွားနိုင်ပါတယ်။အသည်းအဆီဖုံးတာက များသောာအားဖြင့်တော့ လက္ခဏာမပြတတ်ပါဘူး။ နောက်ပိုင်း ပိုဆိုးလာမှသာ ဗိုက်ဖောတာ၊အသားဝါတာ၊ ဗိုက်အောင့်တာတွေ ဖြစ်လာပါတယ်။Myth: အရက်သောက်တဲ့သူတွေပဲ အသည်းအဆီဖုံး ကြတာပါ။Fact: လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။အရက်သောက်တဲ့သူတွေကမှာ ပိုတွေ့ရတာပါ။ အရက်သောက်တာအပြင် အဝလွန်တာ၊ အဆီအဆိမ့်နဲ့ အချိုတွေ စားတာ၊ သွေးတွင်း အဆီများတာ၊ ဆီးချိုရောဂါရှိတာတွေကလည်း အသည်းအဆီဖုံးစေနိုင်ပါတယ်။Myth:အဝလွန်တဲ့သူတွေပဲ အသည်းအဆီဖုံး နိုင်ပါတယ်။Fact: အဝလွန်တာက အသည်းအဆီဖုံးစေတဲ့ အကြောင်းအရာ တစ်ခုပါ။ ပိန်ပေမယ့် ဝမ်းဗိုက်တစ်ဝိုက်မှာ အဆီများပြီး ဗိုက်ပူနေရင်လည်း အသည်းအဆီဖုံးနိုင်ပါတယ်။ ဒါကို ‘lean NASH’ လို့ ခေါ်ပါတယ်။Myth: ဝိုင်တွေ၊ ဘီယာတွေက အရက်လောက် အသည်းကို မထိခိုက်စေပါဘူး။Fact: သောက်တဲ့ အမျိုးအစားထက် သောက်တဲ့ ပမာဏက ပိုပြီး အရေးကြီးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရက်က အရက်ပဲမို့လို့ မြင်သာအောင်  ပြောရရင် အဆိပ်ကို ရေနဲ့ ရောသောက်နေသလိုပါပဲ။ ဘယ်လိုပဲ သောက်သောက် အန္တရာယ်များပါတယ်။တစ်ပတ်ကို ၁၄ယူနစ်ထက် သောက်မယ်။ စွဲသောက်မယ်ဆိုရင်တော့ တစ်ချိန်ချိန်မှာ အရက်ကြောင့် အသည်းထိခိုက်လာပါလိမ့်မယ်။ အထူးသဖြင့် အမျိုးသမီးတွေက အမျိုးသားတွေထက်  ကိုယ်လုံးသေးပြီး အရက်ကို ခြေနိုင်တဲ့ အင်ဇိုင်းလည်း နည်းပါတယ်။ ဒါကြောင့် သူတို့က ပိုလျှော့သောက်သင့်ပါတယ်။Myth: အသည်းအဆီဖုံးတာက အရေးမကြီးပါဘူး။Fact: အသည်းအဆီဖုံးတာက လက္ခဏာမပြဘူးဆိုပေမယ့် ဘာမှမဖြစ်တာတော့ မဟုတ်ပါဘူး။ တချို့က ဝတာကိုး ဒီလောက်တော့ ရှိမှာပေါ့ဆိုပြီး ပြောတတ်ကြပါတယ်။ ဝနေရင် ဝိတ်ချပါ။ အသည်းအဆီဖုံးတာကို မွေးမြူမထားသင့်ပါဘူး။အသည်းအဆီဖုံးရောဂါရှိသူရဲ့ ၃၀%က ဒီတိုင်းထားမယ်ဆိုရင် အသည်းရောင်တာ၊ အသည်းခြောက်တာ၊ အသည်းကင်ဆာအထိ ပြောင်းသွားတာကို တွေ့ရပါတယ်။ ဒါ့ပြင် အသည်းအဆီဖုံးတာက တခြားနာတာရှည်ရောဂါတွေ ဖြစ်တဲ့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊အိပ်ဟောက်ရှူရပ်ရောဂါ၊ ကင်ဆာ စတာတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဒီရောဂါတွေအကုန်လုံးက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံတွေကြောင့် ဖြစ်လာလို့ပဲ ဖြစ်ပါတယ်။Myth: အသည်းအဆီဖုံးတာက ပြန်မကောင်းနိုင်ဘူး။Fact: တစ်ခါ အသည်းအဆီဖုံးတာနဲ့ တစ်သက်လုံး ဒီတိုင်းပဲ ဖြစ်နေမှာ မဟုတ်ပါဘူး။ အသည်းပျက်စီးတဲ့အဆင့်တွေက အသည်းအဆီဖုံး> အသည်းရောင်> အသည်းခြောက်> အသည်းကင်ဆာဆိုပြီး ရှိပါတယ်။ အသည်းအဆီဖုံးတာနဲ့ အသည်းရောင်တဲ့အဆင့်လောက်ဆို ပြန်ပြီးကောင်းအောင် လုပ်လို့ရပါတယ်။ အသည်းခြောက်တယ်ဆိုတာကတော့ အသည်းဆဲလ်တွေ ပျက်စီးပြီး အရွတ်ဖြစ်သွားတဲ့အဆင့်မို့လို့ ပြန်ကောင်းဖို့ ခက်ပါတယ်။အသည်းအစားထိုးမှပဲ ရနိုင်ပါတယ်။Myth: အသည်းအဆီဖုံးတာကို ကုသလို့ မရဘူး။Fact: အသည်းအဆီဖုံးတာကို ကုသဖို့ ဆေးရယ်လို့ တိတိကျကျ မရှိပါဘူး။ အသည်းအဆီဖုံးတာကို ကုသဖို့က ကိုယ့်ရဲ့ နေထိုင်စားသောက်ပုံကို ပြောင်းမှပဲ ရမှာပါ။ ဒီလိုပြောင်းလဲလိုက်ရုံနဲ့တင်ကို အသည်းအဆီဖုံးတာက သက်သာသွားနိုင်ပါတယ်။အသည်းအဆီဖုံးတာကို သက်သာစေဖို့ လိုက်နာရမှာတွေကတော့။-အရက်လျှော့သောက်ပါ။ အသည်းအဆီဖုံးနေတယ်ဆိုရင် ဖြတ်လိုက်တာက ပိုကောင်းပါတယ်။-အချိုစားတာကို လျှော့ပါ။-အဆီစားတာကို လျှော့ပြီး အသီးအရွက်များများစားပါ။-လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။-ကိုယ်အလေးချိန်ထိန်းပါ။ ဝနေရင်ဝိတ်ချဖြစ်အောင် ချပါ။-သွေးတွင်းသကြားဓာတ်ကို ထိန်းထားပါ။Myth: အမျိုးသမီးတွေက အမျိုးသားတွေထက် အသည်းအဆီဖုံးတာပိုဖြစ်နိုင်တယ်။Fact: အရင်ကတော့ ဒီလိုထင်ခဲ့မိပေမယ့် နောက်ပိုင်းလေ့လာချက်တွေအရတော့ နှစ်ယောက်လုံးမှာ အတူတူပဲ ဖြစ်နိုင်ပါတယ်။အသည်းအဆီဖုံး တာနဲ့ ပတ်သက်ပြီး မှားသိထားကြတာတွေ ရှိရင် ခုကစပြီး ပြုပြင်ဖို့ တိုက်တွန်းလိုပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/myths-about-fatty-liver/
အောက်ဆီတိုစင်ဟော်မုန်း Oxytocin၏ ကျွန်ုပ်တို့၏စိတ်ခံစားမှုများအပေါ်အကျိုးသက်ရောက်မှု
အောက်ဆီတိုစင်ဟော်မုန်း၏ ချစ်ခြင်းမေတ္တာဆိုင်ရာ ခံစားရမှုများနှင့် လူမှုပေါင်းသင်း ဆက်ဆံရေးဆိုင်ရာ အခန်းကဏ္ဍများကို ကောင်းစွာသိရှိခဲ့ပြီး ဖြစ်ပါသည်။ ထို့ပြင် မကြာခင်က ပြုလုပ်သော လေ့လာမှုအသစ် တစ်ခုတွင် ထိုဟော်မုန်း၏ ကျေးဇူးတရားနှင့် ပတ်သက်သော ခံစားချက်များ ၊ အကောင်းမြင်ခြင်း ခံစားချက်များတွင် ပါဝင်မှုကိုလည်း ဖော်ပြခဲ့သည့်အတွက် သုတေသီများက ကျွန်ုပ်တို့၏ ကျန်းမာရေးနှင့် နေထိုင်ကောင်းမှုတွင် စိတ်တည်ငြိမ်ခြင်း မှတစ်ဆင့် ရရှိလာသော အကျိုးကျေးဇူးများတွင်လည်း ထိုဟော်မုန်းက ပါဝင်ပတ်သက်နေမှုများကို လေ့လာရန် အချက်အလက်များကို ဖော်ပြခဲ့ကြသည်။အောက်ဆီတိုစင်ဟော်မုန်း၏အခန်းကဏ္ဍ။အမျိုးသမီးများတွင် အောက်ဆီတိုစင်ဟော်မုန်းသည် အရေးပါသော ဟော်မုန်းတစ်ခု ဖြစ်ပါသည်။ ဦးနှောက်တွင်းရှိ ဟိုက်ပိုသဲလ်မက်စ် ( Hypothalamus ) ဟုခေါ်သော နေရာမှ ထိုဟော်မုန်းကို ထုတ်လုပ်သည်။ မီးဖွားခြင်း ၊ နို့ချိုတိုက်ကျွေးခြင်း နှင့် လိင်မှုရေးရာကိစ္စများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ အောက်ဆီတိုစင်ဟော်မုန်းကို ချစ်ခြင်းမေတ္တာနှင့် သက်ဆိုင်သော ဟော်မုန်းဟုလည်း ခေါ်ဆိုကြပါသည်။ အဘယ့်ကြောင့်ဆိုသော် လူတစ်ဦးနှင့်တစ်ဦး ပွေ့ဖက်ခြင်း ဥပမာ-မိခင်နှင့် ကလေးပွေ့ဖက်ခြင်းတို့ ကဲ့သို့ပြု မူချိန်များတွင် ခန္ဓါကိုယ်မှ ထုတ်လုပ်သော ဟော်မုန်းဖြစ်သောကြောင့် ဖြစ်ပါသည်။ထိုဟော်မုန်းသည် ပရော်စတာဂလန်ဒင် ( Prostagladin ) ထွက်ရှိမှုကို အားပေးကာ မီးဖွားသော ဖြစ်စဉ်တစ်လျှောက် ပါဝင်သည့် အပြင်သင်၏ ဉာဏ်အားကိုလည်း တိုးတက်စေပါသည်။ ထိုအာနိသင်ကို အသုံးပြု၍ အောက်ဆီတိုစင်ဟော်မုန်းကို အမျိုးသမီးများ မီးဖွားခြင်းကိစ္စများတွင် သဘာဝအတိုင်း မီးဖွားခြင်းမပြုလုပ်နိင်သောအခါ (သို့မဟုတ်) မိခင်၏ သားအိမ်ညှစ်အားကနည်းနေသောအခါ သားအိမ်ညှစ်အားကောင်းစေရန် ပေးလေ့ရှိပါသည်။အမျိုးသားများတွင်လည်းအမျိုးသမီးများကဲ့သို့ပင် အောက်ဆီတိုစင်ဟော်မုန်းသည် တစ်ဦးနှင့်တစ်ဦးပတ်သက်ဆက်ဆံမှုကိုအထောက်အကူပြုပေးပါသည်။ ၂၀၁၂ ခုနစ်တွင်ပြုလုပ်ခဲ့သောလေ့လာမှုတွင် အောက်ဆီတိုစင်ပါဝင်သောနှာခေါင်းဆေးဖျန်းရေကို အသုံးပြုသောဖခင်များသည် သူတို့၏ ၅ လအရွယ်ကလေးများနှင့် နီးကပ်စွာဆော့ကစားသောအခါ နှာခေါင်းဆေးဖျန်းရည်အသုံးမပြုသောဖခင်များထက်ပိုမိုနီးကပ် ရင်းနှီးမှုရှိသည်ဟုဖော်ပြထားပါသည်။ ထို့ပြင် အခြားလေ့လာမှုတစ်ခု၌ အောက်ဆီတိုဟော်မုန်းပါဝင်သောဆေးရည်ကိုအသုံးပြုထားသော အိမ်ထောင်ရှိအမျိုးသားများသည် ဟော်မုန်းဆေးအသုံးမပြုသည့် အမျိုးသားများထက်ဆွဲဆောင်မှုရှိသောအမျိုးသမီးများကို တွေ့ရှိသောအခါစိတ်ပါဝင်စားမှုပိုမိုမရှိဘဲ ထိုအမျိုးသမီးထံမှပို၍ဝေးစွာနေနိုင်သည်ကို တွေ့ရပါသည်။အောက်ဆီတိုစင်နှင့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလေ့လာချက်။ချစ်ခြင်းမေတ္တာ၏ ဆန်းကျယ်မှုကို လေ့လာသော ရှုထောင့်မှကြည့်လျှင် အောက်ဆီတိုစင်ဟော်မုန်းသည် တစ်ဦးနှင့်တစ်ဦး လုံခြုံနွေးထွေးစွာ ပေါင်းသင်းဆက်ဆံမှု ၊ ကျွန်ုပ်တို့၏ ကလေးငယ်များကို နွေးထွေးစွာဆက်ဆံမှုများတွင် ခန္ဓါကိုယ်က သဘာဝအရ ထုတ်လွှတ်ပေးသည်ကို အံ့သြဖွယ်တွေ့မြင်ရပါသည်။ မကြာခင်က ပြုလုပ်သော လေ့လာမှုတစ်ခုတွင် အောက်ဆီတိုစင်ဟော်မုန်း၏ ဖြစ်နိုင်ခြေရှိသောအာနိသင်ဖြစ်သည့် ကိုယ်ချင်းစာတရားကို ပေးစွမ်းနိုင်ခြင်း ၊ ယုံကြည်မှု ၊ လူမှုဆက်ဆံရေးနှင့် တစ်ကိုယ်ကောင်းမဆန်ခြင်းတို့တွင် ပါဝင်နေမှုတို့ကိုလည်း မီးမောင်းထိုးပြထားပါသည်။ Duke တက္ကသိုလ်တွင် ပြုလုပ်ခဲ့သော လေ့လာမှုတွင် အောက်ဆီတိုစင်ဟော်မုန်း၏ စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးနိုင်မှုကို သိရှိရန် အမျိုးသားများကို နှစ်အုပ်စုခွဲ၍ တစ်အုပ်စုကိုဟော်မုန်းပေး၍လေ့လာပြီးကျန်တစ်အုပ်စုကို အခြားသော အာနိသင်မရှိသော ဆေးဝါးများပေး၍ လေ့လာခဲ့ပါသည်။ ပါဝင်သောအမျိုးသားများမှာ အသက် ၃၅ နှစ်မှ ၆၄ နှစ်အထိအမျိုးသား ၈၃ ဦးပါဝင်ပြီး နှာခေါင်းမှာဆေးဖျန်းခြင်းဖြင့် အောက်ဆီတိုစင် (သို့မဟုတ် ) အာနိသင်မရှိသော ဆေးတစ်မျိုးကိုဖျန်း၍ လေ့လာခဲ့ကြပါသည်။ ထို့နောက် ထိုဆေးကိုဖျန်းပြီးသောအခါ ထိုသူတို့၏ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို မေးခွန်းအနေနှင့် ပြုလုပ်၍ လေ့လာခဲ့ပါသည်။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်များတွင် အဆင့်မြင့်သော အာရုံခံစားမှုများ ၊ ကမ္ဘာကြီးက နေထိုင်သောလူသားတို့၏ ဘဝအတွက် ပေးစွမ်းသော အဓိပ္ပါယ်များကို ဆိုလိုရည်ညွှန်းပါသည်။ ထိုလေ့လာမှုတွင် ပါဝင်သော အုပ်စုနှစ်စုမှ အမျိုးသားများရော သုတေသီများပါ မည်သည့်အမျိုးသားက ဟော်မုန်းဆေးရည်ကို ရရှိပြီး မည်သည့်အမျိုးသားက အာနိသင်မရှိသော ဆေးရည်ကို ရရှိသည်ကို မသိကြပါ။ချစ်ခြင်းမေတ္တာနှင့် ပတ်သတ်သော ဟော်မုန်းဟု ခေါ်ဆိုရခြင်းမှာ ကျေးဇူးသိတတ်သော ခံစားမှုနှင့် စိတ်ကို ပိုမိုသိမ်မွေ့ညင်သာအောင် ပြုလုပ်နိုင်စွမ်းကို ဆိုလိုပါသည်။ လေ့လာမှုပြုလုပ်စဉ်နှင့် တစ်ပတ်အကြာတွင် အမျိုးသားအုပ်စုနှစ်ခုစလုံးကို ပြန်လည် ဆန်းစစ်ကြည့်သောအခါ အောက်ဆီတိုစင်ဟော်မုန်းကို ရရှိခဲ့သော အမျိုးသားများက သူတို့၏ ဘဝနေထိုင်မှုတွင် အရေးပါသော စိတ်ပိုင်းဆိုင်ရာ အရည်အသွေးများနှင့် ပတ်သက်၍ ခံစားမှုများကို ပိုမို၍ ပြောပြနိုင်ကြောင်း တွေ့ရှိရပါသည်။ သုတေသီများက လေ့လာမှုမစခင်က ရှိခဲ့သောပါဝင်သည့် အမျိုးသားများ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများကိုလည်း နှိုင်းယှဉ်၍ လေ့လာခဲ့ကြပါသည်။ ထိုအမျိုးသားများ၏ ကိုးကွယ်ယုံကြည်ရာ ဘာသာရေးအလိုက် သူတို့၏ စိတ်ပိုင်းဆိုင်ရာ အမူအရာများ ပြောင်းလဲသွားပုံကို လေ့လာခဲ့ကြပါသည်။လေ့လာမှုတွင် ပါဝင်သော အမျိုးသားများကို စိတ်တည်ငြိမ်သည့် ကျင့်စဉ်များ အားထုတ်စေပြီးသောအခါ အောက်ဆီတိုစင်ဟော်မုန်းကို ရရှိခဲ့သော အမျိုးသားအဖွဲ့တွင် ပါဝင်သော အမျိုးသားများက အပြုသဘောဆောင်သော စိတ်ခံစားမှုများကို ပိုမိုခံစားရကြောင်း တွေ့ရှိရပါသည်။ ဥပမာအားဖြင့် အံ့သြခြင်း ၊ ကျေးဇူးသိတတ်ခြင်း ၊ မျှော်လင့်ချက် ၊ စိတ်ပါဝင်စားမှုရှိခြင်း ၊ ချစ်ခြင်းမေတ္တာနှင့် စိတ်ပိုင်းဆိုင်ရာ မွန်မြတ်ကောင်းမွန်မှုတို့ ဖြစ်ပါသည်။သုတေသီများက တွေ့ရှိသည်မှာ လေ့လာမှုတွင် ပါဝင်သော အမျိုးသားများအားလုံး အပေါ်တွင် အောက်ဆီတိုစင်ဟော်မုန်း၏ အကျိုးသက်ရောက်မှုသည် တူညီခြင်းမရှိသည့် အချက်ဖြစ်ပါသည်။ စိတ်ပိုင်းဆိုင်ရာ ခံစားမှုများ အပေါ်တွင် ဟော်မုန်း၏ သက်ရောက်မှုမှာ CD38 ဗီဇပါသော အမျိုးသားများတွင် ပိုမို၍အာနိသင် ထက်မြက်သည်ကို တွေ့ရပါသည်။ ထို CD38 ဗီဇဂျင်း (Gene)သည် ဦးနှောက်မှ အောက်ဆီတိုစင်ဟော်မုန်းထွက်ရှိမှုကို ထိန်းညှိပေးသောဗီဇဂျင်း ဖြစ်ပါသည်။သုတေသီများသည် ထို CD38 ဂျင်းကိုထွက်ရှိစေသော DNA ကိုပါ လေ့လာခဲ့ကြရာ ထိုဂျင်းသည် ဦးနှောက်ဆဲလ်များမှ အောက်ဆီတိုစင်ဟော်မုန်းထွက်ရှိမှုကို ထိန်းညှိပေးကြောင်း အခိုင်အမာ တွေ့ရှိခဲ့ပါသည်။ ထိုဗီဇဂျင်းပါဝင်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ခံစားချက်များတွင် ပိုမို၍ တိုးတတ်ကောင်းမွန်ခြင်းကို အောက်ဆီတိုစင်ဟော်မုန်းက ဖြစ်စေနိုင်ကြောင်းကိုပါ သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြပါသည်။ Dr. Van Cappellen က စိတ်ပိုင်းဆိုင်ရာ စိတ်ခံစားမှုများသည် အလွန်ရှုပ်ထွေးပြီး အခြားသော အချက်အလက်များ၏ လွှမ်းမိုးမှုလည်း ပါဝင်သက်ရောက်နေသည် ဟုဆိုပါသည်။ သို့သော်လည်း အောက်ဆီတိုစင်ဟော်မုန်းသည် ကမ္ဘာကြီးတွင် နေထိုင်ရပ်တည်မှုနှင့် ပတ်သတ်သည့် ခံစားချက်များအပါအဝင် ကျွန်ုပ်တို့၏ ယုံကြည်လက်ခံမှုများတွင် အကျိုးသက်ရောက်မှု ရှိသည်ကိုတော့ တွေ့ရှိရပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%a1%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%86%e1%80%ae%e1%80%90%e1%80%ad%e1%80%af%e1%80%85%e1%80%84%e1%80%ba%e1%80%9f%e1%80%b1%e1%80%ac%e1%80%ba%e1%80%99%e1%80%af%e1%80%94%e1%80%ba%e1%80%b8-o/
ခန္ဓာကိုယ် အပူချိန်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်မယ့် အစားအစာ (၅) မျိုး
မိုးကမုန်တိုင်းကြောင့် အဖျားခတ်ပြီး  ရွာခဲ့ပေမယ့် ခုရက်ပိုင်းတော့ တော်တော်လေး ပြန်ပူလာပြီနော်။ ပြင်ပက အပူချိန် မြင့်တက်မှုကခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေနိုင်ပါတယ်။  ဒီတော့ နွေပူပူမှာကိုယ်အပူချိန်မမြင့်တက်စေဖို့ ဘာတွေ စားရမလဲဆိုတာ ပြောပြပေးမယ်နော်။ကိုယ်အပူချိန် မြင့်တက်နေတာကို သက်သာစေဖို့ လက်တစ်ကမ်းမှာရှိတဲ့ အစားအစာလေးတွေက ကူညီပေးနိုင်ပါတယ်။ ဒီတော့ ကိုယ်အပူချိန် သက်သာစေဖို့အတွက် ဒါလေးတွေကို စားပေးသင့်ပါတယ်။နေပူတဲ့အချိန်မှာ ကိုယ်အပူချိန် မြင့်တက်မှု ကင်းစေဖို့ ဂေါ်ဖီထုပ်ကို စားပေးသင့်ပါတယ်။ ဂေါ်ဖီထုပ်ကရေဓာတ်၉၆ ရာခိုင်နှုန်းအထိ ပါဝင်နေပြီး အခြားဟင်းသီးဟင်းရွက်တွေထက် ရေဓာတ် ပါဝင်မှု များပါတယ်။ ရေဓာတ် မြင့်မားစွာ ပါဝင်မှုက ကိုယ်အပူချိန်ကို ကျဆင်းစေနိုင်ပါတယ်။အခြား အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ရေဓာတ်ဖြည့်ပေးသလို ကိုယ်အပူချိန်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် နွေပူတဲ့အခါ ဂေါ်ဖီကို စားပေးပါ။သခွားသီးက ရေဓာတ် ပြည့်ဝတဲ့ အသီးဆိုတာကို တော်တာ်များများ လက်ခံထားပါတယ်။ ကြွပ်ကြွပ်လေးနဲ့ စားလို့ကောင်းတဲ့ သခွာသီးက ခန္ဓာကိုယ်ကို လန်းဆန်းစေပြီး ရေဓာတ်ပြည့်ဝစေပါတယ်။နွေပူတဲ့အခါ သခွားသီးကို ပါးပါးလှီးပြီးဆားဖြူးလို့ စားပေးတာက ကိုယ်အပူချိန်ကို ကျဆင်းစေတဲ့အပြင် ရေနဲ့ ဆားဓာတ်ကိုပါ ဖြည့်တင်းပေးပြီးသား ဖြစ်သွားပါတယ်။ခရမ်းချဉ်သီး နီနီရဲရဲလေးက ကျန်းမာရေး အာနိသင် များသလို အရသာလည်း ရှိပါတယ်။နွေပူပူမှာ ခန္ဓာကိုယ် အပူချိန် ကျစေဖို့လည်း ခရမ်းချဉ်သီးက အထောက်အပံ့ပေး ပါသေးတယ်။အရည်ရွှမ်းတဲ့ ခရမ်းချဉ်သီးကို စားသုံးပေးတာကအရေပြားကျန်းမာစေသလို ခန္ဓာကိုယ် အပူချိန်ကိုလည်း လျှော့ချပေးပါတယ်။အိန္ဒိယ လူမျိုးတွေဆေးဖက်ဝင်အနေနဲ့ အသုံးပြုခဲ့ကြတဲ့ ချယ်ရီသီးလေးတွေကအရောင်အသွေးနဲ့ အရသာ ပြည့်စုံသလို ရေဓာတ် ဖြည့်ပေးပြီး ခန္ဓာကိုယ် အပူချိန်ကို လျှော့ချပေးနိုင်ပါတယ်။ ချယ်ရီသီးက ဖရဲသီး၊စပျစ်သီးနဲ့သရက်သီးတို့နည်းတူ ကိုယ်အပူချိန်ကို အကောင်းဆုံး လျှော့ချပေးနိုင်ပါတယ်။ငရုတ်သီးက ဒီလောက် စပ်တာ ဖြစ်နိုင်ပါ့မလားလို့ တွေးမိကောင်း တွေးမိနိုင်ပါတယ်။ ခပ်စပ်စပ် အရသာရှိတဲ့ ငရုတ်သီးကချွေးထွက်လာအောင် လုပ်ပေးပြီး အသားအရေကို အေးစေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် နွေပူတဲ့အခါ ကိုယ်အပူချိန်ကို လျှော့ချဖို့ ငရုတ်သီး စားပေးလို့ရပါတယ်။ခန္ဓာကိုယ် အပူချိန်ကိုအထိရောက်ဆုံး လျှော့ချပေးနိုင်မယ့် အစားအစာလေးတွေကို စားပြီး နွေအပူကို အံတုနိုင်ကြပါစေကြောင်း။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/5-foods-that-lower-your-body-temperature/
တန်ဖိုးရှိတာမို့ တန်ဖိုးထားရမယ့် လူငယ်ဘဝ
လူငယ်ဘဝအကြောင်း ပြောကြတဲ့အခါ ပြုံးချင်စရာ၊ ရွှင်ချင်စရာ၊ မျက်ရည်ဝဲချင်စရာ အတိတ်ရဲ့ အစိတ်အပိုင်းလေးတွေဟာ အတွေးပုံရိပ်တွေထဲမှာ တစ်လွှာခြင်း တစ်ချပ်ခြင်း ပေါ်လာလိမ့်မယ်။“ငါတို့ ငယ်ငယ်တုန်းကဆိုရင်ကွာ” လို့ စကားချီပြီး တချို့က မျက်ရည်လေး စမ်းစမ်း၊ စမ်းစမ်းနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြလိမ့်မယ်။ ကျောင်းဝန်းထဲက ကုက္ကိုပင်ကြီးအောက်မှာ ဘောလုံးကန်ခဲ့တာကနေစလို့ ယုန်ရုပ်မီးပုံးလှည်းလေးတွန်းရင်း တန်ဆောင်တိုင်းပွဲဈေးထဲ ပတ်လျှောက်ခဲ့ကြတာအဆုံး ဘဝမှာ အမှတ်တရတွေ ဒုနဲ့ဒေးမဟုတ်လား။အမှတ်တရတွေနဲ့အတူ ကိုယ်ဖြတ်သန်းခဲ့တဲ့လူငယ်ဘဝနဲ့ ပတ်သက်ပြီး တစ်ဦးချင်းစီအလိုက် မှတ်ယူထားတဲ့ သတ်မှတ်ထားတဲ့ တန်ဖိုးတွေရှိနေတတ်ကြတယ်။ ဖြတ်သန်းမှုအပေါ်မူတည်ပြီး တန်ဖိုးထားမှုခြင်း၊ စံနှုန်းခြင်း ကွာဟနိုင်တာမှန်ပေမယ့် အကြောင်းတိုက်ဆိုင်လာတိုင်း “ငါတို့တုန်းကတော့ ဒီလိုကွ” ဆိုပြီး ရှင်းပြတတ်ကြတာပါပဲ။တချို့တွေကတော့ အမှတ်တရတွေနဲ့အတူ လူငယ်ဘဝ တန်ဖိုးတွေဟာ မှေးမှိန်ပျောက်ကွယ်သွားကြပြီလားလို့ တွေးထင်နေမိနိုင်ပါတယ်။ ဒီနေ့ခေတ်လူငယ်တွေရဲ့ တန်ဖိုးတွေဟာ အရင်မျိုးဆက်တွေနဲ့ ကွာဟမှုတွေ ရှိလာနေလို့ ထင်မြင်ယူဆချင်စရာဖြစ်လာနေတယ်မဟုတ်လား။လူငယ်ဘဝဟာ တန်ဖိုးရှိပါတယ်။ လူငယ်ဘဝက အမှတ်တရတွေ၊ တန်ဖိုးတွေဟာ တစ်နေ့လူကြီးတစ်ယောက်အဖြစ် လူလားမြောက်လာချိန်မှာ သင်ဘယ်လိုလူဖြစ်လာမယ်ဆိုတာကို ပုံသွင်းပေးမယ့်အရာတွေပါ။ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေနဲ့အတူ လူငယ်ဘဝရဲ့ တန်ဖိုးအပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကလည်း ပြောင်းလဲလို့လာပါတယ်။ ခေတ်မတူတာကြောင့် ကွဲလွဲမှုတွေရှိလာခဲ့ရင်တောင်မှ အခြေခံသဘောတရားတွေကတော့ တူညီနေကြဦးမှာပါ။အခြေခံအားဖြင့်လူငယ်ဘဝရဲ့ စံတန်ဖိုးအဖြစ် အောက်ပါ အချက် ၅ ချက်ကို သတ်မှတ်ထားပါတယ်။လူငယ်တိုင်းအတွက် မျှဝေခံစားချင်တဲ့စိတ်ဓာတ်လေးက အရေးပါလှတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အပေါင်းအသင်း၊ မိတ်ဆွေသင်္ဂဟတွေနဲ့ ပျော်ရွှင်စရာတွေပဲဖြစ်ဖြစ် ခက်ခဲတာတွေကိုပဲ ဖြစ်ဖြစ် အတူမျှဝေရင်ဆိုင်ဖူးမှ ခိုင်မာတဲ့ သူငယ်ချင်းဆက်ဆံရေး၊ မိသားစုဆက်ဆံရေးတွေကို ဖန်တီးနိုင်မှာပါ။မျှဝေခံစားလိုစိတ်ဟာ လူငယ်ဘဝမှာတင်မကပါဘူး ကလေးဘဝကနေစလို ဘဝတစ်သက်တာလုံးမှာ အရေးပါလှတဲ့စိတ်ပိုင်းဆိုင်ရာတန်ဖိုးတစ်ခုပါ။ ကိုယ့်ပတ်ဝန်းကျင်ကို မျှဝခံစားနိုင်တဲ့လူတစ်ယောက်ဟာ တစ်ကမ္ဘာလုံးကို နေပျော်ဖွယ်ဖြစ်အောင် ဖန်တီးနိုင်မယ့်သူဖြစ်တယ်လို့ ဆိုကြတယ်မဟုတ်လား။လူကြီးသူမပေါ် လေးစားရိုကျိုးတတ်တဲ့စိတ်ထားမျိုးက ဒီနေ့ခေတ်မှာ ရှားပါးလာနေပြီလို့တောင် ဆိုကြတယ်။ဆိုရှယ်မီဒီယာတွေ၊ နည်းပညာတွေနဲ့ လူတိုင်းဟာ စက္ကန့်ပိုင်းအတွင်း တစ်ကမ္ဘာလုံးကို ဆက်သွယ်နိုင်နေတဲ့ခေတ်မှာ လူကြီးတွေကို ရှေ့တန်းတင်စရာမလိုတော့ဘူးလို့ တွေးမြင်လာတဲ့ လူငယ်တွေများလာကြတယ်မဟုတ်လား။ကိုယ်တွေ ငယ်ငယ်တုန်းကဆိုရင်တော့ လူကြီးဆုံးမတာကို နာခံရမယ်၊ ကျိုးနွံရမယ်၊ လေးစားသမှုပြုရမယ်လို့ ဆုံးမသွန်သင်တာကို ခံခဲ့ကြရဖူးတာပါ။ ဒီအချက်ဟာ ခေတ်တွေပြောင်းလဲလာလို့ အတွေးအခေါ်တွေ ပြောင်းသွားရင်တောင်မှ မပျောက်ကွယ်သွားသင့်တဲ့ တန်ဖိုး၊ အလေ့အထတစ်ခုပါ။မိသားစုဝင်တွေအကြားမှာပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်နဲ့ပဲဖြစ်ဖြစ်၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပဲဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံတဲ့အရည်အသွေးဟာ လူငယ်ဘဝမှာကတည်းက တည်ဆောက်ခဲ့ရတဲ့ အရာတစ်ခုပါ။ ဒီကနေ့ခေတ်မှာတော့ နည်းပညာရဲ့ ကျေးဇူးတွေကြောင့် လူတိုင်းဟာလူချင်းမမြင်တွေ့ပေမယ့်လည်း အပြန်အလှန်ဆက်သွယ်လို့ရနေပါပြီ။ဒါဆို ဒီလို Communication Skill တွေက မလိုအပ်တော့ဘူးလား။ ဒီလိုလဲမဟုတ်ပါဘူး။ မမြင်တွေ့ရတဲ့ နည်းပညာကွန်ယက်တွေထဲမှာဆို တက်ကြွစွာ ဆက်ဆံနေကြသလောက် တကယ့်အပြင်လောကထဲရောက်လာချိန်မှာ မျက်နှာချင်းဆိုင်က လူကိုတောင် ဘာတွေ ဘယ်လို ပြောဆိုဆက်ဆံရမယ်ဆိုတာကို နားမလည်ကြတော့တဲ့ လူငယ်တွေအများကြီးပါ။ နည်းပညာတိုးတက်မှုဟာ ကောင်းပါတယ်။ ဒါပေမယ့် တကယ့် တန်ဖိုး၊ တကယ့်အရည်အသွေးကိုလည်း ဆက်လက်ပြီး ထိန်းသိမ်းထားဖို့ လိုအပ်ပါသေးတယ်။လူရယ်လို့ဖြစ်လာရင် အခက်အခဲတွေ၊ ဘေးဒုက္ခတွေ၊ စိတ်ညစ်ညူးစရာတွေကို တွန်းလှန်ကျော်ဖြတ်ပြီး လိုချင်တဲ့ပန်းတိုင်ဆီကို အရောက်သွားနိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့အသက်အရွယ်အလိုက် အခက်အခဲတွေကနေ ရုန်းထွက်နိုင်စွမ်းတွေ တွန်းလှန်နိုင်စွမ်းတွေကအနာဂတ်မှာ ကိုယ်ဘယ်လိုလူစားမျိုးဖြစ်လာမယ်ဆိုတာကို ပုံသွင်းပေးသွားမှာပါ။အိမ်စာတွေကို ဘယ်လိုလုပ်ကြမယ်ဆိုတာကနေစလို့ စာမေးပွဲအတွက် ဘယ်စာတွေကျက်မယ်ဆိုတာအထိ လူငယ်ဘဝမှာ အခက်အခဲပေါင်းများစွာ ရှိနေတတ်ပါတယ်။ ဒါတွေကို တွန်းလှန်ကျော်ဖြတ်ရင်း တဖြည်းဖြည်း ကြီးပြင်းလာကြရတာမဟုတ်လား။ ဒီအချက်ကို လူလားမြောက်နိုင်စွမ်းလို့ ဆိုရမယ်ထင်ပါတယ်။ ဒီအချက်ကပဲ သင့်ကို ပိုမိုရင့်ကျက်လာစေမှာပါ။လူငယ်ဘဝရဲ့ တက်ကြွမှုတွေဟာ တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ လျော့ပါးသွားရမှာပါ။ ဒါပေမယ့် အဲ့ဒီလို သတိရှိမှု၊ တက်ကြွမှု၊ စိတ်အားထက်သန်မှုတွေဟာ လူငယ်ဘဝထဲကနေ ဖယ်ထုတ်ထားလို့မရနိုင်တဲ့ တန်ဖိုးတစ်စုံတရာပါပဲ။ တစ်နေ့မှာ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ်ရှင်သန်ရပ်တည်ရာကမ္ဘာကို ပြောင်းလဲပစ်လိုက်မယ်ဆိုတဲ့ယုံကြည်မှုမျိုးနဲ့ စိတ်အားတက်ကြွနေကြချိန်လေးတွေဟာ နောင်တစ်ချိန်မှာ အမှတ်တရဖြစ်စရာစိတ်ခွန်အားလေးတွေပါပဲ။ဒီအချက် ၅ ချက်ဟာ လူငယ်တိုင်းရဲ့ ငယ်ဘဝကို တန်ဖိုးရှိအောင် ကူညီပေးပါလိမ့်မယ်။ လူငယ်ဘဝတန်ဖိုးတွေကပဲ လူတိုင်းရဲ့ အနာဂတ်ပုံရိပ်လွှာကို ဖန်တီးပေးမှာမဟုတ်လား။ ဒီတော့ ငယ်ဘဝတန်ဖိုးဆိုတာ ဘယ်လောက်အရေးပါတယ်ဆိုတာကို နားလည်သဘောပေါက်ကြမယ်ထင်ပါရဲ့။ခေတ်တိုင်းမှာလူကြီးတိုင်းက လူငယ်တွေကို ပြောနေကျစကားရှိပါတယ်။ “ငါတို့ ခေတ်ကလို မဟုတ်တော့ဘူး” ဆိုတာပါပဲ။ တန်ဖိုးတွေ၊ စံနှုန်းတွေဟာ ပြောင်းလဲနေတာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လူငယ်ဘဝဆိုတာကတော့ တန်ဖိုးရှိနေမှာပဲ မဟုတ်လား။ခေတ်မတူလို့ တန်ဖိုးမတူတာမျိုး မဖြစ်နိုင်ပါဘူး။ တန်ဖိုးထားမှု အကြောင်းအရာ မတူရုံသက်သက်ရယ်ပါ။ ဘယ်ခေတ် ဘယ်ကာလမှာမဆို လူငယ်ဘဝဟာ တန်ဖိုးရှိတာမို့ တန်ဖိုးထားပြီး ဖြတ်သန်းဖို့ပဲ လိုအပ်တာပါ။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/adolescence-health/should-precious-teenager-life/
လက်ဆေးနည်းနာ အဖြာဖြာ
လက်ဆေးနည်းဆိုတာကို အရင်က ကြားဖူးပါသလား။ လက်ဆေးတာပဲ ဘာခက်လို့လဲ။ ဒီလိုပဲဆေးလိုက်ပေါ့လို့ ပြောစရာရှိပါတယ်။ ဟုတ်ပါတယ်။ ဒီလိုပဲ ဆေးလိုက်ရင် ရေနဲ့ ဆပ်ပြာ အပိုကုန်တာပဲရှိပါမယ်။ရောဂါပိုးတွေ ထင်သလောက် မနည်းသွားပါဘူး။ အဲ့တော့ ဒီနေ့ကစပြီး စမတ်ကျကျ လက်ဆေးကြည့်ရအောင်။ မကြာခဏလက်ဆေးတာက ရောဂါပိုးတော်တော်များများကို ကာကွယ်ပြီးသားဖြစ်တယ်ဆိုတာ အားလုံးသိပြီးထားပါ။ မေးစရာရှိတာက မကြာခဏဆိုတာ တနေ့ဘယ်နှခါကို ပြောတာလဲ။ စမတ်ကျကျဆေးမယ်ဆိုတာ ဘာကိုပြောတာလဲ။ အောက်မှာဆက်ကြည့်ရအောင်။တစ်နေ့ တစ်နေ့ တွေ့လိုက်တဲ့ လူတွေ၊ ကိုင်လိုက်တဲ့ ပစ္စည်းတွေဆိုတာ မနည်းပါဘူး။ အဲ့ဒီထိသမျှက ရောဂါပိုးတွေ ကိုယ့်လက်ကို ရောက်လာတယ်ဆိုတာ တွေးကြည့်ပါလား။ ရောဂါပိုးတွေကိုသာ သာမန်မျက်စိနဲ့ မြင်နိုင်မယ်ဆိုရင် အမလေးလေး မတွေးရဲစရာပဲ။ လက်တစ်ခုလုံး အပြည့်ဖြစ်နေမှာနော်။ ပြီးတော့ အဲ့လက်နဲ့ မုန့်စားမယ်၊ မျက်လုံးပွတ်မယ်၊ နှာခေါင်းတွေ ပါးစပ်တွေထိမယ်၊သူများနဲ့ လက်ဆွဲနှုတ်ဆက်မယ်။ အမလေး အိုးခိုင်မော့ပဲ။ ဒီလိုပြောလို့ ခုချက်ချင်းထပြီး လက်ဆေးတော့မလို့လား။ နေပါဦး။  လက်ဆေးတာက လက်မှရှိသမျှ ပိုးတွေကို အကုန်မဖယ်ရှားနိုင်ပါဘူး။ ဒါပေမယ့် ပိုးကောင်ရေ နည်းသွားအောင်တော့ လုပ်နိုင်ပါတယ်။ ပိုးကောင်းရေ နည်းသွားရင် ရောဂါကူးနိုင်ချေလည်း နည်းသွားပါတယ်။ အဲတော့။-ထမင်းပွဲမပြင်ခင်၊ အစာမစားခင်။-လူနာကို မပြုစုခင်၊ အနာဆေးမထည့်ခင်။–မျက်ကပ်မှန်တွေ ဖြုတ်တာ တပ်တာ မလုပ်ခင်။-ထမင်းပွဲပြင်ပြီးရင်။-အိမ်သာသွားပြီး၊ ကလေးdiaperလဲပြီး၊ အိမ်သာတက်ထားတဲ့ ကလေးကို သန့်ရှင်းရေးလုပ်ပေးပြီး။-တိရိစ္ဆာန်တွေနဲ့ ထိပြီး၊ အစာကျွေးပြီး၊ သန့်ရှင်းရေးလုပ်ပေးပြီး။-ချောင်းဆိုး နှာချေ နှပ်ညစ်ပြီး။-လူနာပြုစုပြီး၊ အနာဆေးထည့်ပြီး။-အမှိုက်တွေကိုင်ပြီး။-ခွေးတွေ ကြောင်တွေ အစာကျွေးပြီးတိုင်း သူတို့နဲ့ ေဆာ့ပြီးတိုင်းမှာ လက်ဆေးပါတဲ့။ဒါ့ပြင် ကိုယ့်လက်က ညစ်ပတ်နေတယ်လို့ထင်ရင်လည်း လက်ဆေးရပါမယ်။​လက်ကို ဆပ်ပြာနဲ့ ရေနဲ့ ဆေးတာက အကောင်းဆုံးပါပဲ။ အခု အပြင်မှာ အလွယ်တကူဝယ်လို့ရနေတဲ့ ပိုးသတ်ဆပ်ပြာတုံးတွေက သာမန်ဆပ်ပြာထက် ပိုမကောင်းပါဘူး။ လက်ဆေးတော့မယ်ဆိုရင်။-လက်ကို ရေနွေးဖြစ်ဖြစ်၊ ရေအေးဖြစ်ဖြစ် အရင် စိုရွှဲအောင် လောင်းပါ။-ဆပ်ပြာနဲ့ အမြုပ်ထွက်သည်ထိ ပွတ်ပါ။-စက္ကန့်၂၀လောက် အားရပါးရပွတ်ပါ။ ပွတ်တဲ့အခါ လက်ဖဝါး၊ လက်ဖမိုး၊ လက်ကောက်ဝတ်၊ လက်ချောင်းကြားနဲ့ လက်သည်းကြားတွေထိ သေချာပွတ်ပါ။-ရေနဲ့သေချာစင်အောင်ပြန်ဆေးပါ။-ပြီးရင် အဝတ်နဲ့ ဖြစ်ဖြစ်၊ အခြောက်ခံစက်နဲ့ဖြစ်ဖြစ် ခြောက်အောင်လုပ်ပါ။ကဗျာလေးနဲ့မှတ်မယ်ဆိုရင်တော့ ‘ဖဝါးဖမိုး လက်ခေါက်ချိုး ကုတ်၍ခြစ်ပါ လက္ခဏာ လက်ကြားလက်မ မကျန်စေရ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ’ လို့ မှတ်ထားပေးပါနော်။ရေမလို လက်သန့်ဆေးတွေက ရေနဲ့ ဆပ်ပြာအလွယ်မရတဲ့ နေရာမျိုးမှာ အစားထိုးသုံးဖို့ပါ။ ဒါမျိုးသုံးမယ်ဆိုရင် အနည်းဆုံး အယ်လ်ကိုဟော ၆၀%ပါတာကို သုံးပါ။ သုံးနည်းကတော့။-ဆေးရည်ကို လက်ဖဝါးတစ်ဖက်မှာထည့်ပါ။ ထည့်ရမယ့် ပမာဏကို ဘူးပေါ်မှာကြည့်ပါ။-လက်နှစ်ဖက်ကို ပွတ်ပါ။-လက်ဖဝါးရော လက်ဖမိုးရော လက်ချောင်းကြားရောကို ခြောက်တဲ့အထိ သေချာပွတ်ပါ။ကလေးတွေလည်း လက်မကြာခဏဆေးမယ်ဆိုရင် ပိုကျန်းမာလာနိုင်ပါတယ်။ သင်ကဦးဆောင်ပြီး သူနဲ့တူတူ လက်ဆေးပါ။ ခပ်မြန်မြန်ပြီးစလွယ်ဆေးမှာစိုးရင် Happy birthdayသီချင်း ၂ခါလောက်ဆိုခိုင်းပါ။ ဘေစင်မမီဘူးဆိုရင် ခုံခုပေးလိုက်ပါ။ အယ်လ်ကိုဟောပါတဲ့ ရေမလို လက်သန့်ဆေးရည် သုံးမယ်ဆိုရင် သင်ရှိတဲ့ အချိန်မှာပဲ သုံးခိုင်းပါ။ မတော်တဆ ဆေးရည်ကို မြိုချမိရင်အဆိပ်သင့်တာမျိုး ဖြစ်နိုင်လို့ပါ။ဒီလောက်ထိ အသေးစိတ်ပြောနေရတာက လက်ဆေးတာကြောင့် အောက်က အကျိုးကျေးဇူးတွေ ရနိုင်လို့ပါပဲ။–ဝမ်းလျှောတာနဲ့ တခြားအူလမ်းကြောင်းရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။-မျက်လုံးထဲ ရောဂါပိုးတွေ ဝင်တာကို လျော့ကျစေပါတယ်။​-အသက်ရှူလမ်းကြောင်းရောဂါတွေကို ကာကွယ်ပေးပါတယ်။ (ဥပမာ- နှာစေး၊ ချောင်းဆိုး၊ရာသီတုပ်ကွေး)။-လက်မှာ ရောဂါပိုးတွေ နည်းသွားတဲ့အတွက် သူများကို ရောဂါကူးနိုင်ချေ နည်းသွားပါတယ်။-လုပ်ငန်းခွင် ရောဂါကူးစက်နှုန်းကို လျှော့ကျစေပါတယ်။ကဲ ဒီလောက်ထိ ဖတ်ပြီးသွားပြီဆိုရင်တော့ ခုပဲ ထပြီး လက်ဆေးလို့ရပါပြီ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/%e1%80%9c%e1%80%80%e1%80%ba%e1%80%86%e1%80%b1%e1%80%b8%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%94%e1%80%ac-%e1%80%a1%e1%80%96%e1%80%bc%e1%80%ac%e1%80%96%e1%80%bc%e1%80%ac/
အဲယားကွန်းခန်းထိတွေ့နေသူတိုင်း သိထားသင့်တဲ့ အချက်တွေ။
အဲယားကွန်းဆိုတာ ယနေ့ခေတ်လူနေမှုဘဝမှာ မရှိမဖြစ် အသုံးပြုနေရတဲ့ အရာတစ်ခုဖြစ်တယ်။ အဲယားကွန်းကို ဇိမ်ခံပစ္စည်း အဖြစ် သတ်မှတ်ထားကြပြီး အိမ်၊ကုန်တိုက်၊ ဆေးရုံဆေးခန်း ၊ အလုပ်၊ ကား အားလုံးအားလုံး နီးပါးတွင် အဲယားကွန်း သည် မရှိမဖြစ်ပေ။ အဲယားကွန်းနဲ့ ထိတွေရတာ နေ့တိုင်းအချိန်တိုင်း နီးပါးဖြစ်လာတော့ ကြာလာရင် ကျန်းမာရေး အတွက် ဘာတွေဖြစ်လာနိုင်သလဲ။ အတွင်းပိုင်းကျန်းမာရေးကို မထိခိုက်စေပေမယ့် အပြင်ပိုင်းအသားရေက အဲယားကွန်းနဲ့ တိုက်ရိုက်ထိတွေ့ရတာဆိုတော့ အပြင်ပိုင်း အသားရေ ထိခိုက်နိုင်ဖို့က ပိုများတာပေါ့နော့်။ လူ့ပတ်ဝန်းကျင် အတွက် အဲကွန်းက ကောင်းတာရော ဆိုးတာကိုရော ဖြစ်စေတယ်ဆိုတော့ ဘာတွေဖြစ်နိုင်လဲ ဆိုတာ ကြည့်ရအောင်။အကောင်းဆုံး အားသာချက်တစ်ခုကတော့နွေရာသီဆို အဲ့ယားကွန်းက မရှိမဖြစ်ပဲလေ။ ရာသီဥတု ပူတဲ့ အချိန်ဆို ပူနေတာနဲ့တင် အလုပ်လုပ်ရတာ အဆင်မပြေဖြစ်။ အလုပ်ထဲလည်း စိတ်မဝင်စား။ အလိုလိုနေရင်းချွေးထွက်မောပန်းနေတယ်။ အဲ့ အချိန် အဲယားကွန်းခန်းထဲ ရောက်သွားပြီဆို ဘာပြောကောင်းမလဲ နတ်ပြည်တက်လိုက်ရသလိုပဲလေ။ အပူဒုက္ခတွေ အားလုံးချုပ်ငြိမ်းသွားတယ် မဟုတ်လား။ အလုပ်လုပ်ရတာလည်း စတိုင် လေးနဲ့ အလုပ်လုပ်ရတော့အလုပ်လုပ်ချင်စိတ်ပိုရှိ အလုပ်တွေ မြန်မြန်ပြီး စိတ်လည်းရှည်တယ်။ ချွေးလည်းသိပ်မထွက် ဘူးဆိုတော့ ရေဓါတ်ဆုံးရှုံးတာလည်း နည်းသွားတာပေါ့။အဲယားကွန်းက အပူတွေကို လျော့ပေးငြ်္ပီး သက်တောင့်သက်သာ ရှိအောင်လုပ်ပေးတယ်ဆိုပေမယ့် နောက်ပိုင်း ကြာလာရင် အရေပြားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် မျက်နှာ အသားအရေ ခြောက်ပြီး ဝက်ခြံတွေပေါက် နီရဲလာတာတွေဖြစ်နိုင်ပါတယ်။ အဲယားကွန်းက အခန်းထဲက ရေငွေ့တွေကို စုပ်ယူလိုက်တဲ့အတွက်ကြောင့် အသားရေ အပြင်ဆုံးအလွှာဘက်မှာရှိတဲ့ ရေဓါတ်ကိုပါ စုပ်ယူလိုက်ပါတယ်။ ကြာတော အသားအရေ ကရေဓါတ်ခမ်းခြောက်ပြီး တင်းရင်းမှုတွေ ပျောက်ဆုံး၊ ကြမ်းကြမ်းတမ်းတမ်းဖြစ်လာပါတယ်။ ဒါတွေက မိန်းကလေးတွေအတွက်တော့ အိပ်မက်ဆိုးကြီးတစ်ခုပါ။ ဒါကြောင့် အဲယားကွန်းခန်းထဲမှာနေရင် လုပ်ရမယ့် ဆောင်ရန် ရှောင်ရန်လေးတွေကို ပြောပြပေးချင်ပါတယ်။လူတစ်ယောက်အတွက် ရေက မရှိမဖြစ်လိုအပ်ပြီး ကိုယ်ခန္ဓါတွင်း ရေဓါတ်ပြည့်ဝဖို့ ဆိုတာ အလွန် အရေးကြီးတဲ့ အရာတစ်ခုပါ။ အဲယားကွန်းကြောင့် ရေဓါတ်ဆုံးရှုံ့းပြီးအသားခြောက်နိုင်တယ်ဆိုတော့ တစ်နေ့ကို ရေ ၈ ဖန်ခွက်သောက်ပြီး အမြဲ ရေဓါတ်ဖြည့်ပေးနိုင်မှသာ တော်ရုံကျမှာပါ။ရေသောက်ဖို့ မေ့မေ့နေတယ်ဆိုရင် သတိပေးတဲ့ application တွေ ဖုန်းထဲ သွင်းထားတာ၊ alarm ပေးထားတာ၊ သောက်ရမယ့်ရေဘူးကို စားပွဲပေါ်တင်ထားတာတွေ လုပ်ပေးနိုင်ပါတယ်။ ဒါမှလည်း ရေသောက်ဖြစ်မှာကိုး။အစိုဓါတ်လိမ်းခရင်ဆိုပေမယ့် အနံ့မပါတဲ့ ခရင်ဆိုပိုကောင်းပါလိမ့်မယ်။ အစိုဓါတ်ထိန်းခရင်ကို လိမ်းထားခြင်းဖြင့် သင့် အသားအရေကို ရေဓါတ်အမြဲဖြည့်ပေးနေမှာဖြစ်ပြီး အသားခြောက်တဲ့ ပြဿနာတွေ ကင်းဝေးသွားပါလိမ့်မယ်။ ဖြစ်နိုင်ရင် အစိုဓါတ်ထိန်း စပရေး တစ်မျိုးမျိုးကို သင့်စားပွဲခုံပေါ် တင်ထားလိုက်ပါ။ အသားခြောက်လာပြီလို့ ခံစားရတာနဲ့ စပရေးလေးကို အသားပေါ်ကို ဖြန်းလိုက်၊ ရေဓါတ်ပြန်ရသွားမှာပါ။အသီးအနှံတွေက အသားအရေ နဲ့ ကျန်းမာရေး အတွက်ကောင်းတယ်ဆိုတာ လူတိုင်းသိနေတဲ့ အရာတစ်ခုပါ။ အသင့်စားအမြန်ရတဲ့အစားအသောက်တွေ ၊ ဆီကြော်မုန့်တွေကိ ုအလုပ်မှာ စားမယ့်အစား အသီးတစ်ခုခု စားလိုက်ရင် သင့်အသားအရေအတွက်ရော ကျန်းမားရေးအတွက် ရော ကောင်းမွန်မှာဖြစ်ပါတယ်။ အသီးတွေထဲပါဝင်တဲ့ ဗီတာမင်တွေနဲ့ ရေဓါတ်တွေက အသားခြောက်သွေ့ခြင်းကို ကာကွယ်ပေးမှာဖြစ်ပါတယ်။လူတွေ မှားယွင်းစွာလုပ်နေကြတဲ့ ထိပ်ဆုံးက အရာတစ်ခုက အဲယားကွန်းဖွင့်ထားတော့ အအေးလေးတွေ အပြင်ထွက်သွားမှာစိုးပြီး အခန်းကိုအလုံပိတ်ထားတတ်ကြပါတယ်။ အဲ့လိုနဲ့ ပဲလေကောင်းလေသန့် မရတော့ဘဲ ကြာလာရင် ကျန်းမာရေးတောင် ထိခိုက်နိုင်ပါတယ်။ ပြတင်းပေါက်တွေကို အမြဲဖွင့်ထားရမယ်လို့ မဆိုလိုပါ။ တစ်နေ့ ကို ၃ကြိမ်လောက် ဖွင့်ပေးပြီ းတစ်ခါဖွင့်ရင် မိနစ် ၂၀ လောက်ဖွင့်ထားပေးပါ။ ဒါမှလေတွေ ဖလှယ်ပြီးသားဖြစ်ပြီး လေကောင်းလေသန့်ရမှာပါ။အဲယားကွန်းခန်းထဲမှာ တစ်ချိန်လုံး မနေပါနဲ့။အလုပ်လုပ်နေတဲ့ အခန်းက ပြတင်းပေါက်မရှိတာပဲဖြစ်ဖြစ် အဲယားကွန်းကလည်း ပိတ်လို့မရတာပဲဖြစ်ဖြစ် ဖြစ်နေရင် ခဏလောက် လေကောင်းလေသန့်ရမယ့်နေရာကို ထွက်သွားတာ အကောင်းဆုံးပါ။ အဲကွန်းထဲမှာပဲ တစ်ချိန်လုံးနေခြင်းက သင့် အသားအရေကို ခြောက်စေပြီး တစ်ခြား ကျန်းမာရေးပြဿနာများကို လည်းဖြစ်စေမှာပါ။.အပြင်ကို ခဏလောက်ထွက်သွားလိုက်တာနဲ့ အသားလေးလည်း ပြင်ပလေနဲ့ထိတွေ့ခွင့်ရ၊ သင်ကိုယ်တိုင်လည်း စိတ်အပန်းပြေသွားမှာပါ။မျက်လုံးကိုလည်းခြောက်စေပါတယ်။အသားအရေကိုတောင်ခြောက်မှတော့မျက်လုံးထဲက ရေဓါတ်လေးဟာလည်း အဲယားကွန်းကြောင့် ခြောက်သွေ့ သွားပါတယ်။ အဲ့အခါမှာ မျက်လုံးစပ်တာ၊ အလင်းရောင်ကို မကြည့်နိုင်တော့တာ၊ မျက်ရိုးကိုက်တာတွေဖြစ်လာနိုင်ပါတယ်။ အဲယားကွန်းထဲ ကြာကြာ အလုပ်လုပ်သူဖြစ်တယ်ဆိုရင် မျက်စဉ်းဆေးလေး တစ်ဘူးတော့ ဆောင်ထားဖို့ လိုလိမ့်မယ်နော်။အပူချိန်အပြောင်းအလဲကို သိပ်မမြန်ပါစေနဲ့။ပူတဲ့အပြင်ကနေ ချက်ချင်း အေးနေတဲ့အခန်းထဲကို ဝင်လိုက်မယ်ဆိုရင် သင့်ကိုယ်တွင်း အပူချိန် ကမောက်ကမ ဖြစ်သွားတတ်ပါတယ်။ အေးနေတဲ့ နေရာကနေလည်း ချက်ချင်းအပူထဲကို မထွက်သင့်ပါ။ ပူတဲ့ အပြင်က လာတယ်ဆိုရင်လည်း အရိပ်ရတဲ့နေရာတစ်ခုမှာ ခဏဖြစ်ဖြစ်နားပြီးမှ ဝင်တာမျိုး ၊ အေးတဲ့ နေရာကနေ အပြင်ကိုထွက်တော့မယ်ဆိုလည်း အဲယားကွန်းကို ခဏ ပိတ်ထားပြီး မှ အပြင် ထွက်တာမျိုးလုပ်သင့်ပါတယ်။အရာရာတိုင်းမှာ ကောင်းတဲ့အချက်တွေ ရှိသလို ဆိုးတဲ့အချက်တွေကလည် းရှိစမြဲပါ။ အဲယားကွန်းကနေရတဲ့ရှောင်ရန် ဆောင်ရန်အချက်တွေ သိထားမယ် လိုက်နာမယ်လည်းဆိုရင် အသားအရေလေးလည်းလှ အလုပ်လုပ်ရတာလည်း စမတ်ကျ ဘယ်လောက်ကောင်းလဲနော်။ တိုးတက်လာတဲ့ ခေတ်ကြီးမှာ ကျန်းမာလှပစွာ နေနိုင်ဖို့အတွက်ကလည်း အရေးကြီးသေးတယ်လေ။ ခုပြောပြခဲ့တဲ့ အကြောင်းအရာ တွေကို ဖတ်ပြီး တစ်နေ့တာ အတွက် အကျိုးရှိတဲ့ ဗဟုသုတ တစ်ခုခု ရစေမှာပါ။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/%e1%82%8a%e1%80%a1%e1%80%b2%e1%80%9a%e1%80%ac%e1%80%b8%e1%80%80%e1%80%bc%e1%80%94%e1%80%b9%e1%80%b8%e1%80%81%e1%80%94%e1%80%b9%e1%80%b8%e1%80%91%e1%80%ad%e1%80%b1%e1%80%90%e1%80%bc-%e1%82%94%e1%80%b1/
ပူဆွေးသောကဖြစ်ခြင်းကိုသက်သာစေမည့်နည်းလမ်းများ
တစ်စုံတစ်ဦးနှင့်ကွဲကွာရခြင်းသည်နာကျင်မှုကိုဖြစ်စေသည်။ မိမိချစ်ခင်နှစ်သက်ရသောတစ်ဦးဦးနှင့် ခွဲခွာခြင်းကြောင့်ရရှိလာသောဝေဒနာသည် လူတစ်ဦးကိုအကြီးအကျယ် ခံစားရစေနိုင်ပါသည်။ ထိုသူသည်ကြေကွဲဝမ်းနည်းမှုဖြစ်စဉ်၏ အဆင့် ( ၇) ဆင့်ကိုဖြတ်ကျော်ရမည်။ ထိုအဆင့်တို့မှာအဖြေကိုရှာဖွေခြင်း ၊ ငြင်းပယ်ခြင်း၊ ဆွေးနွေးခြင်း ၊ ပို၍ပို၍ခံစားရခြင်း၊ ဒေါသဖြစ်ခြင်း ၊ အစပိုင်းတွင်လက်ခံခြင်းနှင့် မျှော်လင့်ချက်ကိုတခြားလမ်းကြောင်းသို့ပြောင်းလဲပစ်ခြင်းတို့ ဖြစ်ကြပါသည်။ သို့သော်လည်းထိုအဆင့်များတွင်ခံစားရသော နာကျင်မှုဝေဒနာသည် လူတစ်ဦးအတွက်အလွန်အမင်းခံစားမှုကိုဖြစ်စေသည်။ ထိုခံစားမှုများမှလွတ်မြောက်ရန်အချိန်အတော်ကြာယူရ ပါသည်။ ထို့ကြောင့် ထိုကဲ့သို့သောကိစ္စမျိုးဝမ်းနည်းခြင်းဖြစ်စဉ်ကို သက်သာစေရန် ကျွန်ုပ်တို့မည်ကဲ့သို့ပြုလုပ်နိုင်ပါသလဲ။မည်သူမဆိုမဆိုကွဲကွာခြင်း၏အစပိုင်းအခြေအနေများတွင် စိတ်ပိုင်းဆိုင်ရာခံစားချက်မကောင်းနိုင်ပါ။ ရုတ်တရက်ဆိုသလို ဝမ်းနည်းမှု ၊ အထီးကျန်မှု ၊ ဘာမှမရှိတော့ဟုခံစားရခြင်းများနှင့် အဆိုးမြင်သောခံစားချက်များသည် တပြိုင်နက်တည်းဖြစ်ပေါ်လာတတ်သည်။ ထိုခံစားမှုများကို ဖြစ်ခွင့်မပေးပါနှင့် ရင်ဆိုင်ပါ။ သင့်အနေဖြင့် ထိုကဲ့သို့တစ်စုံတစ်ဦးနှင့်လမ်းခွဲရသည့်အခါ အထက်ဖော်ပြပါခံစားချက်များကို ကြံ့ကြံ့ခံနိုင်ဖို့အရေးကြီးပါသည်။ စာရွက်တစ်ရွက်ကိုယူ၍သင်ခံစားနေရသမျှကိုချရေးလိုက်ပါ။ ချရေးပြီးသောအခါ သင့်အနေဖြင့် ဖြစ်ရပ်တစ်ခုချင်းစီအတွက် သင်လုပ်နိုင်တာဘာတွေရှိလဲဆိုတာကိုသိလာပေလိမ့်မည်။ ဘာကြောင့်ထိုကဲ့သို့လမ်းခွဲခြင်းဖြစ်ရသည်ကိုဆွေးနွေးအဖြေရှာပါ။ သင်ချစ်ခင်နှစ်သက်သူ၏ဆန္ဒကိုလိုက်လျော၍ကိုယ်တိုင်ကခွင့်ပြုလိုက်ခြင်းလားသင့်ကိုယ်သင်မေးပါ။ သင်ချစ်ခင်နှစ်သက်သူနှင့်ပတ်သတ်သည့် အကြောင်းအရာပေါင်းများစွာကိုသင်စာရင်းပြုစုပါ။ ထိုအချက်အလက်များကို ပြန်လည်ဖတ်ရှုသောအခါ သင့်အနဖြင့် ဝမ်းနည်းခြင်းကိုခံစားရလိမ့်မည်။ သို့မဟုတ် လွယ်ကူစွာပင် ကျော်ဖြတ်သွားနိုင်လိမ့်မည်။ တစ်နေ့ထက်တစ်နေ့သင်ချစ်ခင်သူနှင့် ပတ်သက်သောခံစားချက်များကိုလည်းသင်ချရေးထားပါ။ တစ်စုံတစ်ဦးနှင့် မည်မျှကြာကြာလက်တွဲစေခဲ့ကာမူသင့်အနေဖြင့် ထိုခံစားချက်များကုန်ဆုံးသောနေ့ဆိုတာရှိလာမည်ဖြစ်ပါသည်။ ထိုကဲ့သို့ခံစားချက်များကိုချရေးသည့်အကျင့် သင့်တွင့်စွဲမြဲလာသောအခါ သင့်အနေဖြင့်မည်သည့်ကိစ္စမဆိုလွယ်ကူစွာကျော်ဖြတ်သွားဖို့ ကောင်းကောင်းကိုင်တွယ်လာနိုင်သည်ကိုသဘောပေါက် လာပေလိမ့်မည်။ကြေကွဲခြင်းဖြစ်စဉ်တွင် သင်၏စိတ်ကိုသက်သာစေရန်လုပ်ရမည့်အချက်မှာလွန်စွာ ရိုးရှင်းပါသည်။ ထိုဖြစ်စဉ်ကိုသက်သာစေရန် “ရပ်” ခလုတ်နှိပ်လိုက်ရခြင်းကဲ့သို့လည်းပြုလုပ်၍မရပါ။ သင်ခံစားနေရသောဝမ်းနည်းခြင်းဖြစ်စဉ်သည် သင့်၏မသိစိတ်တွင်ရှိနေဦးမည်သာဖြစ်ပါသည်။ တစ်ခါတစ်ရံ သင်ကိုယ်တိုင်သိသိသာသာမခံစားရဘဲလည်းနေတတ်ပါ သည်။ သင့်အနေဖြင့်တခြားအရာတစ်ခုခုကို ပြုလုပ်နေစဉ်တွင် သင်ကိုယ်တိုင်ကထိုဝမ်းနည်းမှုကို သိသိသာသာခံစားရခြင်းမှ ခဏတာကင်းလွတ်သွားသည်ကိုခံစားရနိုင်ပါသည်။ သို့သော်လည်းသင်သတိပြုရမည့်အရာရှိပါသည်။ လူအတော်များများသည် ဝမ်းနည်းခြင်းဖြစ်စဉ်ကိုမေ့ပျောက်ရန်အရက်သောက်သုံးခြင်းကိုရွေးချယ်တတ်ကြသည်။ ပျော်စေလို၍အရက်သောက်သော်လည်း ဝမ်းနည်းကြေကွဲခြင်းဖြစ်စဉ်တွင် ပိုမို၍ပျက်စီးစေနိုင်ပါသည်။ သင့်အနေဖြင့်အပြင်တွင်အရက်သေစာသောက်စားပြီး ည၂ နာရီမှအိမ်ပြန်လာသည်ဆိုပါစို့။ သင်သည်အရက်မူးနေပြီးသင့်အနေဖြင့် ထိုအခါ ဝမ်းနည်းခြင်း ၊ ဘာမှမရှိတော့ဟုခံစားရခြင်းနှင့် သင်ဆုံးရှုံးခဲ့ရသမျှကို ပြန်လည်တွေးတောပြီးပိုမို၍ဆိုးရွားသောခံစားခြင်းမျိုးလည်း ခံစားရနိုင်ပါသည်။ ထို့ကြောင့် သင့်အနေဖြင့်ဝမ်းနည်းခြင်းဖြစ်စဉ်ကိုကျော်လွှားနိုင်ရန် ကျန်းမာရေးနှင့်ညီညွတ်သောအမူအကျင့်များကို ပြုလုပ်ပေးနိုင်ပါသည်။ ဥပမာအားဖြင့်အားကစားခန်းမသို့သွား၍အားကစားပြုလုပ်ခြင်း၊ ရေကူးခြင်း ၊ တောင်တက်ခြင်း ၊ ပြေးခြင်း ၊ ပန်းချီဆွဲခြင်း ၊ ကခုန်ခြင်း ၊ ခရီးထွက်ခြင်းနှင့် ဂိမ်းဆော့ခြင်းတို့ဖြစ်ပါသည်။ တစ်နည်းအားဖြင့် သင်နှင့် သင်ချစ်ခင်နှစ်သက်ရသူလက်တွဲခဲ့စဉ်ကသင်မပြုလုပ်ခဲ့ရသော (သို့မဟုတ်) သင်ပြုလုပ်ရန်အခွင့်အရေးမရခဲ့သောအရာတိုင်းကိုသင် လုပ်ကြည့်ရန် ကြိုးစားကြည့်ပါ။ ထိုသို့ပြုလုပ်ခြင်း၏အကျိုးကျေးဇူးမှာသင်ကိုယ်သင်ပိုမို၍ နားလည်အောင်သင်ယူခြင်းပင်ဖြစ်ပါသည်။သင့်အနေဖြင့်သင်၏လက်တွဲဖော်အစားအခြားသူတစ်ဦးဦးနှင့် ပြန်လည်၍ခက်ခဲသောဆက်ဆံမှုတစ်ခုပြန်လည် တည်ဆောက်ခြင်းသည် ကောင်းသောအတွေးအခေါ်တော့မဟုတ်ပါ။ သင်၏စိတ်က ဝမ်းနည်းနေချိန်တွင် ခံစားလွယ်ပြီးအခြားသူများကမလိုစိတ်ဖြင့်သင့်ကိုပို၍ဒုက္ခ ရောက်စေနိုင်ပါသည်။ ထိုအချိန်တွင် သင်၏စိတ်ကအဆိုးဘက်ကိုပိုမိုဦးတည်နေပြီးမည်မျှပင် စိတ်ဓါတ်ကြံ့ခိုင်သူဖြစ်ပါစေသင်၏စိတ်ကအဆိုးဘက်ကိုသာ ဦးတည်နေနိုင်ပါသည်။ ထို့ကြောင့်သင့်ကိုယ်သင် စောင့်ရှောက်သည့်အနေဖြင့် အပြင်သို့ထွက်ပါ။ အပန်းဖြေရန် အခြားသောမိတ်ဆွေ ၊ သူငယ်ချင်းများနှင့် တွေ့ဆုံပါ။ သင့်အနေဖြင့် သင်၏လက်တွဲဖော်အသစ်များကိုရှာခြင်းထက် မိတ်ဆွေ သူငယ်ချင်းကောင်းများကိုသာရှာဖွေဖို့ကြိုးစားပါ။ဝမ်းနည်းကြေကွဲမှုဖြစ်စဉ် မည်မျှထိကြာမြင့်ပြီးပြန်လည်ပျော်ရွှင်မှုကိုခံစားရစေနိုင်သည်ကို သီအိုရီတစ်ခုကရှင်းပြထားပါသည်။ ထိုသီအိုရီတွင် တစ်ဦးနှင့်တစ်ဦးပတ်သက်ဆက်ဆံမှု၏ ကာလအချိန်ပေါ်မူတည်၍ တွက်ချက်ထားပြီး ကြာချိန်တစ်လအတွက် ၁၀ ရက်ဟုသတ်မှတ်ပါသည်။ ဆိုလိုသည်မှာသင်တို့အတူတူလေးလခန့်အတူတကွရှိခဲ့သည်ဆိုလျှင် ကွဲကွာပါကဝမ်းနည်းခြင်းဖြစ်စဉ်သည် ရက် ၄၀ ခန့်ထိကြာနိုင်ပါသည်။ သို့သော်လည်းသိသာသည့်အချက်မှာလူတစ်ဦးနှင့်တစ်ဦး မည်မျှပင်ကြာကြာလက်တွဲခဲ့ပါစေကွဲကွာသောအခါ ဝမ်းနည်းပူဆွေးခြင်းဒဏ်ကိုကျော်လွှားနိုင်ခြင်းသည် တစ်ဦးနှင့်တစ်ဦးတူညီမှုမရှိပါ။ ထိုသီအိုရီကသင့်အနေဖြင့် တွေးတောယူဆစရာတစ်စုံတစ်ခုကိုသာပေးစွမ်းနိုင်လိမ့်မည် ဖြစ်ပါသည်။ သို့သော်လည်းသင်သတိရသင့်သည် အရေးကြီးသောနောက်အချက်တစ်ချက်ရှိပါသေးသည်။ သင်သည်ဝမ်းနည်းပူဆွေးခြင်းများခံစားရသည့်အခါ ထိုအချိန်ကာလများထဲသို့သင်၏စိတ်က ပြန်လည်စဉ်းစားလာမိပြီးသင်ကိုယ်တိုင်လည်းကျော်ဖြတ်သွားနိုင်မည်ဖြစ်ပါသည်။ သင်ကထိုကိစ္စများကို ပြန်လည်တွေးတောချိန်တွင် ထိုအချင်းအရာများသည် ဖြစ်ပြီးသားဖြစ်နေပါသည်။ ထို့ကြောင့် သင်၏ခံစားမှုများသည်လည်းနောက်ဆုံးတွင်ပိုမို၍ ကောင်းမွန်လာမည်ဖြစ်ပါသည်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%95%e1%80%b0%e1%80%b1%e1%80%86%e1%80%bc%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac%e1%80%80%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%ad%e1%80%af/
Atherosclerosis (သွေးကြောကျဉ်းခြင်း)
သွေးကြောကျဉ်းခြင်းသည် သွေးလွှတ်ကြောများအတွင်း အဆီချပ်ပြားများ စုပုံလာသော ရောဂါဖြစ်သည်။ သွေးလွှတ်ကြောများသည် အောက်စီဂျင်ပါသည့် သွေးများကို သယ်ပေးသော သွေးကြောများဖြစ်သည်။ချပ်ပြားများကို အဆီများ၊ကိုလက်စထရောများ၊ ကယ်လ်စီယမ်နှင့် သွေးထဲတွင်တွေ့ရသော တခြားအရာများနှင့် ဖွဲ့စည်းထားသည်။ အချိန်ကြာလာသည်နှင့် ချပ်ပြားများသည် မာကြောလာကာ သွေးလွှတ်ကြောများကို ကျဉ်းသွားစေသည်။ ထိုအခါ အောက်စီဂျင်ပါသောသွေးများ ကိုယ်အင်္ဂါများနှင့် တခြားအစိတ်အပိုင်းများသို့ သွေးစီးဆင်းမှုကို ဟန့်တားသွားစေနိုင်ပါသည်။သွေးကြောကျဉ်းခြင်းသည် ပြင်းထန်သည့်ရောဂါများဖြစ်သောနှလုံးဖောက်ခြင်း၊လေဖြတ်ခြင်း စသည်တို့ကို ဖြစ်စေနိုင်သလို အသက်ပါသေစေနိုင်ပါသည်။သွေးကြောကျဉ်းခြင်းသည်အသက်ကြီးလာလေလေ အဖြစ်များလေလေ ဖြစ်သည်။ သင်အသက်ရလာသည်နှင့် သွေးကြောကျဉ်းခြင်းနိုင်ချေ ပိုများလာ၏။ မျိုးရိုးဗီဇနှင့် လူနေမှုပုံစံများကြောင့် အသက်ရလာသည်နှင့် သွေးလွှတ်ကြောများအတွင်း ချပ်ပြားများစုပုံမှုကို ဖြစ်လာစေနိုင်သည်။အမျိုးသားများတွင် အသက် ၄၅ ကျော်ပါက ဖြစ်နိုင်ချေ တိုးလာ၏။ အမျိုးသမီးများတွင် အသက် ၅၅ ကျော် (သွေးဆုံးပြီးနောက်ပိုင်း)မှ ဖြစ်နိုင်ချေ တိုးလာပါသည်။သွေးကြောကျဉ်းခြင်း ၏ ရောဂါလက္ခဏာများသည် ချက်ချင်းပေါ်လာသည်မဟုတ်။ ဖြည်းဖြည်းချင်း ပေါ်လာခြင်းဖြစ်သည်။သွေးလွှတ်ကြော အတော်ကျဉ်း သို့မဟုတ် ပိတ်သွားပြီး လုံလောက်သည့် သွေးပမာဏကို တစ်ရှူးများအား မပို့ပေးနိုင်တော့မှသာ သွေးကြောကျဉ်းခြင်းလက္ခဏာများကို ခံစားရမည်ဖြစ်သည်။ တစ်ခါတစ်ရံ သွေးခဲများဖြစ်ပေါ်ပြီးသွေးကြောများ လုံးဝပိတ်သွားခြင်းကြောင့် ရုတ်တရက် နှလုံးဖောက်ခြင်း သို့ လေဖြတ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။သွေးကြောကျဉ်းခြင်းသည် မပြင်းထန်ဘူးဆိုရင် ဖြစ်နေသည့် သွေးကြောပေါ်တွင် မူတည်ပြီး အောက်ပါတို့ ဖြစ်ပွားနိုင်၏။စောလျင်စွာ သိရှိကုသခြင်းသည် သွေးကြောကျဉ်းခြင်းအား ပိုမဆိုးအောင်၊ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းနှင့် တခြားသော အရေးပေါ်အခြေအနေများမဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် ဆရာဝန်နှင့် တတ်နိုင်သလောက်မြန်မြန် ဆွေးနွေးကာ ပြင်းထန်သည့်ရောဂါများကို ကာကွယ်ပါ။ကိုလက်စထရောကို ခန္ဓာကိုယ်အတွင်းနှင့် သင်စားသောအစာများတွင် သဘာဝအတိုင်း တွေ့နိုင်ပါသည်။ ထိုပစ္စည်းသည် သွေးထဲတွင်များလာပါက သွေးကြောများကို ပိတ်ဆို့စေနိုင်၏။ ၎င်းမှ မာသောချပ်ပြားများဖြစ်လာပြီး နှလုံးနှင့်တခြားအင်္ဂါများသို့ သွေးလှည့်ပတ်မှုကို ပိတ်သွားစေနိုင်ပါသည်။အဆီများသောအစာများသည် ချပ်ပြားများ ဖြစ်ပေါ်လာစေနိုင်ပါသည်။အသက်ကြီးလာသည်နှင့် နှလုံးနှင့်သွေးကြောများသည် သွေးညှစ်ထုတ်ရန်နှင့် လက်ခံရန် ပိုခက်လာကြ၏။ သင်၏သွေးလွှတ်ကြောများသည် အားနည်းကာ ဆန့်နိုင်ကျုံ့နိုင်စွမ်းလည်း နည်းသွားပြီး ချပ်ပြားဖြစ်ပေါ်မှုကို ပိုဖြစ်စေနိုင်ပါသည်။တခြားသောအဖြစ်များသည့် အကြောင်းရင်းများ –။သွေးကြောကျဉ်းခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ တချို့သောအချက်များကို ကာကွယ်နိုင်သော်လည်း တချို့ကိုတော့ ကာကွယ်မရနိုင်ပါ။စမ်းသပ်ကြည့်ရှုစဉ်တွင် ဆရာဝန်မှ ကျဉ်းသော၊ ကျယ်သော၊ မာသော အောက်ပါ သွေးလွှတ်ကြောလက္ခဏာများကို ရှာတွေ့နိုင်ပါသည်။စမ်းသပ်ကြည့်ရှု့မှုရလဒ်အပေါ်မူတည်ကာ ဆရာဝန်မှ ရောဂါအမည်တပ်နိုင်မည့်အောက်ပါ စစ်ဆေးမှုများကို ပြုလုပ်ခိုင်းပါလိမ့်မည်။ဓာတ်ခွဲစစ်ဆေးခြင်းဖြင့် သွေးကြောကျဉ်းခြင်းကို ဖြစ်စေနိုင်မည့် ကိုလက်စ်ထရောနှင့် သကြားဓါတ် မြင့်တက်နေခြင်းကို သိရှိနိုင်ပါသည်။အထူးပြုလုပ်ထားသော အယ်ထွာဆောင်းစက်အားသုံးကာ လက်နှင့် ခြေတစ်လျှောက် သွေးဖိအားကို တိုင်းတာခြင်းဖြင့် သွေးစီးဆင်းနှုန်းကို သိရှိနိုင်ပါသည်။ခြေထောက်နှင့်လက်များတွင် သွေးကြောကျဉ်းခြင်းမှု ရှိနေကြောင်းကို ဒီစစ်ဆေးမှုမှ ပြောပြနိုင်ပါသည်။ ဆရာဝန်သည် သင့်ခြေကျင်းဝတ်မှ သွေးပေါင်ချိန်နှင့် လက်မောင်းသွေးပေါင်ချိန်ကို နှိုင်းယှဉ်ပါလိမ့်မည် ။ ၎င်းကို ankle-brachial index ဟုခေါ်သည်။အီးစီဂျီတွင် အရင်က နှလုံးဖောက်ဖူးကြောင့် တွေ့ရနိုင်သည်။ သင်လှုပ်ရှားနေစဉ် လက္ခဏာများ ပေါ်လာသည်ဆိုပါက ဆရာဝန်သည် သင့်အား လမ်းလျှောက်စက်တွင် လျှောက်ခိုင်းပြီး သို့မဟုတ် စက်ဘီးနင်းစက်တွင် နင်းခိုင်းပြီးမှ အီးစီဂျီနှင့် စစ်ဆေးမည်ဖြစ်သည်။ဖိစီးမှုပေးပြီးစမ်းသပ်ခြင်းသည် ကိုယ်လက်လှုပ်ရှားခိုင်းပြီး စစ်ဆေးကာ သင့်နှလုံးမှ ကိုယ်လက်လှုပ်ရှားမှုအား ဘယ်လောက်ကောင်းကောင်း တုန့်ပြန်သလဲဆိုသည်ကို တွေ့ရှိရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လှုပ်ရှားလျှင် နှလုံးသည် သွေးပိုညှစ်ရပြီး ပိုမြန်မြန်ခုန်ရပါသည်။ဖိစီးမှုပေးပြီးစမ်းသပ်ရာတွင် တခြားနည်းဖြင့် သတိမထားမိနိုင်သော နှလုံးပြဿနာများကို တွေ့ရှိရနိုင်ပါသည်။ ဖိစီးမှုပေးပြီးစစ်ဆေးခြင်းတွင် လမ်းလျှောက်စက်တွင် လမ်းလျှောက်နေစဉ် သို့မဟုတ် စက်ဘီးနင်းစက်တွင် နင်းနေစဉ် နှလုံးစည်းချက်၊ သွေးဖိအားနှင့် အသက်ရှူခြင်းတို့ကို စောင့်ကြည့်မည်ဖြစ်သည်။ဒီစစ်ဆေးမှုတွင် နှလုံးသွေးကြောများ ကျဉ်းမကျဉ်း ပိတ်မပိတ်ကို သိရှိနိုင်မည်ဖြစ်သည်။ ဆိုးဆေးအရည်အား သွေးလွှတ်ကြော အထူးသဖြင့် ခြေထောက်ရှိသွေးလွှတ်ကြောမှ ပြွန်ကိုထည့်ကာ နှလုံးရောက်သည်အထိ ထိုးပါမည်။ ဆိုးဆေးများ သွေးလွှတ်ကြောများအတွင်းပျံ့သွားပါက ဓာတ်မှန်တွင် သွေးကြောများကိုမြင်လာနိုင်ပြီး ပိတ်နေသည့် ဧရိယာကို သိရှိနိုင်ပါသည်။တီဗီဓာတ်မှန်၊ ကွန်ပျူတာဓါတ်မှန် သို့မဟုတ် သံလိုက်ဓါတ်မှန်များကိုသုံးပြီး သွေးကြောများကို လေ့လာနိုင်ပါသည်။ ထိုစစ်ဆေးမှုများသည် မာ၍ပိတ်နေသော သွေးကြောကြီးများ (ဥပမာ ဖောင်းနေသော သွေးလွှတ်ကြောများ)နှင့် ကယ်လ်စီယမ် အနည်များကို သွေးလွှတ်ကြောနံရံများတွင် တွေ့နိုင်ပါသည်။ဆေးများသည် သွေးကြောကျဉ်းခြင်းပိုဆိုးမလာစေရန် အကူအညီပေးပါသည်။ ထိုဆေးများမှာ-။-ကိုလက်စ်ထရောကျဆေးများဖြစ်သော စတက်တင်များနှင့် ဖိုက်ဘရစ်အက်စစ်ထွက်ဆေးများ၊ သွေးမွှားဥဆန့်ကျင်ဆေးများနှင့် သွေးမခဲဆေးများ ဥပမာ အက်စ်ပရင်တို့ကို သွေးမခဲစေရန် သွေးကြောများမပိတ်စို့စေရန် သုံးနိုင်ပါသည်။-ဘီတာဘလော့ကာ သို့မဟုတ် ကယ်လ်စီယမ်ပြွန်ပိတ်ဆေးများက သွေးဖိအားကို ကျစေနိုင်သည်။-ဆီးဆေးများသည်လည်း သွေးဖိအားကို ကျစေပါသည်။-ACEIဆေးများက သွေးကြောကျဉ်းခြင်းကို ပိုမဆိုးအောင် ကာကွယ်ပေးနိုင်ပါသည်။တချို့အခြေအနေများတွင် လက္ခဏာများအတော်ဆိုးခြင်း သို့မဟုတ် အသက်အန္တရာယ်ရှိလာနိုင်ပါက ခွဲစိတ်ရန်လိုအပ်ပါသည်။သွေးကြောကျဉ်းခြင်းအတွက် ခွဲစိတ်မှုပုံစံများမှာ-။လမ်းလွှဲသောခွဲစိတ်ခြင်း–၎င်းတွင် ခန္ဓာကိုယ် တစ်နေရာမှသွေးကြော သို့မဟုတ် လူလုပ်ပြွန်နှင့် ပိတ်နေ ကျဉ်းနေသည့်နေရာကို လမ်းလွှဲပေးရန် အသုံးပြုပါသည်။သွေးခဲကြေဆေးကုထုံး –၎င်းတွင် ဖြစ်နေသည့် သွေးလွှတ်ကြောဆီသို့ ဆေးထိုးပြီး သွေးခဲကို ချေခြင်းဖြစ်သည်။Angioplasty –၎င်းတွင် ပါးလွှာပျော့ပြောင်းသော ပြွန်နှင့် ဘောလုံးကိုသုံးကာ သွေးလွှတ်ကြောကို ချဲ့မည်ဖြစ်သည်။Endarterectomy –၎င်းတွင် သွေးလွှတ်ကြောမှ အဆီအနည်များကို ခွဲစိတ်ဖယ်ရှာခြင်းဖြစ်သည်။Atherectomy –၎င်းတွင် သွေးလွှတ်ကြောမှ ချပ်ပြားများအား ထိပ်တွင်ဓါးပါသောပြွန်ကိုသုံးကာ ဖယ်ရှားခြင်းဖြစ်သည်။သွေးကြောကျဉ်းခြင်း သည် လက္ခဏာပြခဲပါတယ်။ ခန္ဓာကိုယ်ထဲတွင် တဖြည်းဖြည်းနဲ့ ပိုဆိုးလာပြီး နောက်ဆက်တွဲဝေဒနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သွေးကြောကျဉ်းစေနိုင်တဲ့ အပြုအမူတွေကို ရှောင်ကြဉ်ပါ။ လက္ခဏာတွေ ခံစားနေရရင် စောစောစီးစီး ကုသပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/atherosclerosis/atherosclerosis/
လုပ်ငန်းခွင်စိတ်ဖိစီးမှု-ရောဂါလက္ခဏာများ
လုပ်ငန်းခွင်တွင်း တွေ့ကြုံရသော စိတ်ဖိစီးမှုသည် လုပ်ငန်းလိုအပ်ချက်က လုပ်သားများ၏စွမ်းရည်နှင့် လုပ်ကိုင်နိုင်မှုထက် ကျော်လွန်နေသည့်အခါ ဖြစ်ပေါ်လာသော အခြေအနေတစ်ခုဖြစ်သည်။ စိတ်ဖိစီးမှုဖြစ်နေသောအလုပ်သမားများ၏ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုသာမက လုပ်ငန်းအဖွဲ့အစည်း၏ ထုတ်ကုန်စွမ်းအားကိုလည်း ကျဆင်းစေပါသည်။လုပ်ငန်းခွင်စိတ်ဖိစီးမှုဖြစ်စေနိုင်သော အကြောင်းရင်းများမှာ။• အဖွဲ့အစည်း၏ ယဉ်ကျေးမှု။• စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း။• အလုပ်ခွင် ၏လိုအပ်ချက်များ။• လုပ်ငန်းခွင်၏ အနေအထား။• လုင်ငန်းခွင်တွင်း တစ်ဦးနှင့်တစ်ဦး ဆက်ဆံမှု။• ကူညီထောက်ပံ့မှုများ အားနည်းမှု။• စီမံခန့်ခွဲမှု မူဝါဒ ပြောင်းလဲမှု။• အလုပ်နေရာ အရေးပါခြင်းအငြင်းပွားမှု။• ထိခိုက်ဒဏ်ရာ ရမှု။• ကြာမြင့်သော အလုပ်ချိန်။• အလုပ်ပြီးစီးရန်သတ်မှတ်ချိန် တင်းကြပ်မှု။• လွန်ကဲစွာ စောင့်ကြည့်စေခိုင်းမှု။• လုပ်ငန်းသုံး ပစ္စည်းကိရိယာနှင့် အရင်းအမြစ်များရှားပါးမှု။• ရာထူးတိုးတက်ရန် အခွင့်အရေးနည်းပါးမှု။• လုပ်ငန်းတွင်း အနိုင်ကျင့်ခံရမှု တို့ဖြစ်ပါသည်။• အဆိုးမြင်စိတ်ရှိလာခြင်း။• စိတ်ဓါတ်ကျသော အတွေးများဝင်လာခြင်း။• စိုးရိမ်ပူပန်မှု များလာခြင်း။• မိမိကိုယ်ကို စိတ်ပျက်လာခြင်း။• ရန်လိုသောအမူအရာဖြစ်လာခြင်း။• ယခင်ထက်ပို၍ စိတ်ထိခိုက်ခံစားလွယ်လာခြင်း။• အထီးကျန်လာခြင်း။• ရှောင်ဖယ်ဖယ်နေတတ်လာခြင်း။• စိတ်တက်ကြွမှု၊မိမိကိုယ်ကိုယုံကြည်မှုနှင့် အားစိုက်ထုတ်မှု နည်းပါးလာခြင်း။• စိတ်အတက်အကျဖြစ်လွယ်လာခြင်း။• စိတ်ရှုပ်ထွေးခြင်း။• အာရုံစူးစိုက်ရခက်ခြင်း။• မှတ်ဉာဏ်အားနည်းခြင်း တို့ဖြစ်ပါသည်။လုပ်ငန်းခွင်စိတ်ဖိစီးမှုသည် သင်၏နေ့စဉ်ဘဝကိုလည်း ထိခိုက်စေပါသည်။ဥပမာအားဖြင့် –။• အစားအသောက်ပုံစံပြောင်းလဲလာခြင်း-ခံတွင်းပျက်ခြင်း(သို့မဟုတ်)အလွန်အမင်းစားခြင်း။• ဆေးလိပ် နှင့် အရက်တို့ လွန်ကဲစွာ သောက်သုံးလာခြင်း။• မူးယစ်ဆေးဝါးများ သုံးစွဲလာခြင်း။• အိပ်စက်မှုပုံစံမမှန်တော့ခြင်း-အလွန်အမင်းအိပ်ခြင်း၊အိပ်ငိုက်ခြင်း(သို့မဟုတ်)အိပ်မပျော်ခြင်း။• စိတ်လှုပ်ရှားလွယ်လာခြင်း။• အချိန်မတိကျတော့ခြင်း-လုပ်ငန်းခွင်ဝင်ချိန်နောက်ကျခြင်းနှင့် စောစီးစွာ အလုပ်ဆင်းခြင်း။• အစုအဖွဲ့အတွင်း အငြင်းပွားမှုများပြားလာခြင်း။• ဝန်ထမ်းများ မကြာခဏ ပြောင်းလဲခြင်း။• စွပ်စွဲတိုင်ကြားချက်များပြားလာခြင်း။• ရှောင်တခင်ခွင့်ယူမှုများပြားလာခြင်း။• လုပ်ငန်းစွမ်းဆောင်ရည် ကျဆင်းလာခြင်း။• ထွက်ကုန်နှင့်ပတ်သက်၍စာသုံးသူများက ဝေဖန်မှုများပြားလာခြင်း။• လုပ်သားသစ်ခေါ်ယူရန် အခက်အခဲဖြစ်ခြင်း။သင့်အနေဖြင့်အထက်ဖော်ပြပါ လက္ခဏာများခံစားနေရပြီဆိုပါက လုပ်ငန်းခွင်စိတ်ဖိစီးမှာရှိနေပြီဖြစ်သည်။ သင့်အနေဖြင့် မန်နေဂျာ(သို့မဟုတ်) ကုန်ပစ္စည်းတာဝန်ခံကို စိတ်ဖိစီးမှုပြေလျော့သောနည်းလမ်းများအတွက် တောင်းဆိုသင့်သည်။ သို့သော်ထိုလက္ခဏာများသည် စိတ်ဖိစီးမှု၏လက္ခဏာများဖြစ်သော်လည်း နောက်ကွယ်တွင် အခြားရောဂါများတည်ရှိနေနိုင်သည့်အတွက် ကြာမြင့်စွာခံစားနေရပါက ဆေးကုသမှုခံယူရန်လိုအပ်ပါသည်။ အကယ်၍ နောက်ခံအကြောင်းက အခြားရောဂါတစ်ခုဆိုလျှင် ထိုရောဂါကိုကုသခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာလက္ခဏာများလည်း သက်သာလာမည်ဖြစ်သည်။ အဖွဲ့အစည်းအတွင်းတွင် ထိုလက္ခဏာများ ဖြစ်နေပြီဆိုလျှင်တော့ သင်၏ အထက်လုပ်ငန်းတာဝန်ခံကို တင်ပြရန်လိုအပ်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%84%e1%80%94%e1%80%ba%e1%80%b8%e1%80%81%e1%80%bd%e1%80%84%e1%80%ba%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%96%e1%80%ad%e1%80%85%e1%80%ae%e1%80%b8%e1%80%99/
သင့်ကလေး ခဏခဏ နားပြည်ယို နေရင် ဒါကြောင့်လည်း ဖြစ်နိုင်ပါတယ်။
သင့်ကလေးဟာ ခဏခဏနားပြည်ယိုတတ်သူလား။ ကုလိုက် ပျောက်လိုက် ပြန်ဖြစ်လိုက်နဲ့ သံသရာလည်နေပါသလား။ ဒါဆို သင့်ကလေးကို ခဏထားပြီး ပတ်ဝန်းကျင်ကို တစ်ချက်သတိထားကြည့်ပါ။ သင့်ကလေးရဲ့ အနီးအနားမှာဆေးလိပ်သောက်တဲ့သူ ရှိနေပါသလား။ သင်ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ သူ့အဖေ၊ အဘိုး၊ ဦးလေးပဲ ဖြစ်ဖြစ်ပေါ့။ ဒါဆိုရင် ကလေး နားပြည်ယိုရတာက သူတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတာ ဆက်ကြည့်ရအောင်။ဆေးလိပ်ငွေ့ကြောင့် ကလေးတွေမှာ နားပြည်ယိုတာ အပါအဝင် အဆုတ်ပျက်စီးတာ၊ အဆုတ်ပိုးဝင်တာ၊ပန်းနာရင်ကျပ်ထတာ၊ ကလေးငယ်လေးတွေမှာ ရုတ်တရက် သေဆုံးတာ (SIDS)တွေ ဖြစ်နိုင်ပါတယ်။ ဒါတွေဟာ ခဏခဏ သက်သေပြပြီးသား အချက်တွေပါ။ လေ့လာချက်တွေအရ ဆေးလိပ်ငွေ့ကို မီးညှိရာမှ ထွက်လာတဲ့အငွေ့တွေ၊ ဆေးလိပ်သောက်တဲ့သူ ပြန်မှုတ်ထုတ်လိုက်တဲ့ အငွေ့တွေကို ပြန်ရှူမိတဲ့ ကလေးတွေဟာ တခြားကလေးတွေထက် နားပြည်ယိုတာ ဖြစ်နိုင်ခြေ ပိုများပါတယ်တဲ့။ ဒါကြောင့် အလွယ်ပြောရမယ်ဆိုရင် အိမ်မှာ ဒါမှမဟုတ် ကလေးနားမှာ ဆေးလိပ်သောက်တဲ့သူ ရှိနေရင် ဒီကလေးဟာ နားပြည်ယိုဖို့ အခွင့်အလမ်း ပိုများပါတယ်။ရုတ်တရက် စဉ်းစားလိုက်ရင်ဆေးလိပ်ငွေ့ကြောင့် ကလေး အဆုတ်ပျက်စီးတယ်လို့ပြောရင် အလွယ်တကူ လက်ခံပေမယ့် နားပြည်ယိုတယ်လို့ ပြောရင် လက်ခံဖို့ ခဲယဉ်းမှာပါ။ ဒါပေမယ့် ဒါဟာ တကယ်ပါပဲ။ ဖြစ်နိုင်တာမှ ၂ဆပိုဖြစ်နိုင်တာပါ။ အချက်နှစ်ချက်နဲ့ ရှင်းပြပေးပါမယ်။ကလေးတွေရဲ့ နားတည်ဆောက်ပုံအရလည်း ပိုးဝင်လွယ်စေပါတယ်။ ဒီလိုသာ ခဏခဏ ပိုးဝင်နေမယ်ဆိုရင်တော့ ကြာလာရင်နားမကြားတော့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။နောက်တစ်ခုက ဆေးလိပ်ငွေ့ကြောင့် တိုက်ရိုက် နားမကြားတော့တာလည်း ဖြစ်နိုင်ပါတယ်။ ဆေးလိပ်ငွေ့မှာပါတဲ့နီကိုတင်းနဲ့ ကာဗွန်မိုနောက်ဆိုဒ်က နားက သွေးကြောတွေအပါအဝင် တစ်ကိုယ်လုံးက သွေးကြောတွေကို ကျုံ့စေပါတယ်။ ဒါ့ပြင်။နားပြည်ယိုတာကို ကုလိုက် ပျောက်လိုက်နဲ့ ကြာလာရင် အကြားအာရုံ ချို့ယွင်းလာပါလိမ့်မယ်။ ငယ်လွန်းတဲ့ ကလေးတွေ၊ မွေးကင်းစ ကလေးတွေမှာ ဆိုရင်စကားမပြောနိုင်တော့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဘာလို့လဲဆို ကလေးတွေက နားကြားမှ ကြားတာကို မှတ်မိပြီး ပြန်ပြောနိုင်မှာပါ။ စကားတောင် မပြောတတ်သေးဘူး။ မကြားရဘူးဆိုရင် ဘာမှပြောတတ်မှာ မဟုတ်ပါဘူး။နောက်တစ်ခုက အဆုတ်တွေ ပျက်စီးတာ၊ အဆုတ်ထဲရေဝင်တာတွေ ဖြစ်တတ်ပါတယ်။ နားပြည်ယိုရာကနေတဆင့် အခန့်မသင့်ရင် ဦးနှောက်ထဲ ပိုးဝင်ပြီးဦးနှောက်အမြှေးရောင်တာ၊ဦးနှောက်ရောင်တာတွေ ဖြစ်တတ်ပါတယ်။ဒါက သူဆေးလိပ်သောက်လို့ ကလေးနားပြည်ယိုရတာကို လက်ခံသွားတဲ့ မိဘတွေရဲ့ စကားသံပါ။ ဘာပဲဖြစ်ဖြစ် ဖြတ်ဖို့ကြိုးစားတယ်၊ ကလေးရှိတဲ့ နေရာကို ရှောင်ပြီး အပြင်ထွက် ဆေးလိပ်သောက်တယ်ဆိုရင် ဒါဟာ သူကြိုးစားတာပါပဲ။ အကောင်းဆုံးကတော့ ဆေးလိပ်ဖြတ်လိုက်တာပါပဲ။ ဒါပေမယ့် ဒီလိုအချိန်မှာ မိဘတွေက သူတို့ ဆေးလိပ်သောက်တာကြောင့် ကလေးထိခိုက်တယ်ဆိုတာ သိလိုက်ရပြီဆိုတော့ သူများထက်စာရင် ဆေးလိပ်ကို မြန်မြန်ဖြတ်နိုင်ကြပါတယ်။ဒါက စျေးဆစ်တာပါ။ ကလေးက နားပြည်ယိုတတ်ပေမယ့် ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင် နောက်ထပ် နားပြည်မယိုအောင် ကာကွယ်နိုင်ပါတယ်။ တစ်ဆက်တည်းမှာပဲ နားပြည်ယိုတာရဲ့ နောက်ဆက်တွဲ ပြဿနာတွေ၊ နားမကြားတာတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။နားပြည်ယိုတာကို အကောင်းဆုံးနည်းလမ်းကတော့ ကလေးကို ဆေးလိပ်ငွေ့နဲ့ မထိတွေ့အောင် ထားတာပါပဲ။ ဒီလိုဖြစ်ဖို့အတွက်။-ကလေးနားနဲ့ သင့်အိမ်မှာ ဆေးလိပ်သောက်ဖို့ကို ခွင့်မပြုပါနဲ့။-ကားထဲ ကလေးရှိနေရင် ဆေးလိပ်မသောက်ပါစေနဲ့။ ပြတင်းပေါက်ချပြီးလည်း ပေးမသောက်ပါနဲ့။-ကလေးသွားတဲ့နေရာတွေက ဆေးလိပ်ငွေ့ကင်းမဲ့ဇုန် ဖြစ်နေပါစေ။ (ဥပမာ မူကြို)။-အပြင်သွားလို့ ကလေးကို ခေါ်သွားရမယ်ဆိုရင်တောင် ဆေးလိပ်ငွေ့မရှိတဲ့ နေရာကိုပဲ ခေါ်သွားပါ။ တတ်နိုင်သမျှ ကလေးကို ဆေးလိပ်ငွေ့နဲ့ မထိတွေ့ပါစေနဲ့။ဆေးလိပ်ငွေ့ကြောင့် ကလေးနားပြည်ယိုတာက ကာကွယ်လို့ရတဲ့ ကိစ္စပါ။ မျက်စိအဆုံး နားအရှုံး မဖြစ်ရအောင် သင့်ကလေးကို ဆေးလိပ်ငွေ့တွေနဲ့ ဝေးရာမှာ ထားလိုက်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/%e1%80%9e%e1%80%84%e1%80%ba%e1%80%b7%e1%80%80%e1%80%9c%e1%80%b1%e1%80%b8-%e1%80%81%e1%80%8f%e1%80%81%e1%80%8f-%e1%80%94%e1%80%ac%e1%80%b8%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%9a%e1%80%ad%e1%80%af/
အဆီများနေတာက ဆိုးကျိုးကြီးပဲတော့မဟုတ်ဘူးနော်
အဆီက ကျန်းမာရေးအတွက် ဆိုးကျိုးပေးသလိုလှပမှုမှာလည်း ထိခိုက်စေတာကြောင့် စိတ်ပျက်တယ်ဟုတ်။တောက်လျှောက်သိလာခဲ့တဲ့ ကျန်းမာရေးအသိက အဆီများရင်ရောဂါပိုများမယ်။ကျန်းမာရေးအတွက်ရော အလှအပအတွက်ရော အဆီကကောင်းကျိုးမပေးဘူးဆိုတာပါ။ ဒီတစ်ခေါက်တော့ ကျန်းမာရေးအတွက် အကျိုးမပြုဘူးလို့ အမြဲယူဆလာခဲ့တဲ့ အဆီရဲ့ကောင်းကျိုးလေးကိုနည်းနည်းလောက်ပြောပြပေးချင်ပါတယ်။အဝလွန်တာ၊ ပုံမှန်ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်ပိုများနေတာတွေကပြင်းထန်တဲ့ကျန်းမာရေးအခြေအနေတစ်ရပ်ဖြစ်ပြီး ဆိုးရွားတဲ့နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ အဝလွန်တာကြောင့်သွေးကြောတွေကျဉ်းတာ၊မာတာ၊နှလုံးရောဂါ၊ဆီးချို၊ကင်ဆာနဲ့အိပ်စက်မှုဆိုင်ရာ မူမမှန်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ဒါတွေတင်မကပါဘူး။ အဝလွန်တာကြောင့်သေဆုံးနိုင်ခြေပိုများနေနိုင်သလိုစိတ်ဓါတ်ကျတာ။ စိုးရိမ်စိတ်များတာလိုမျိုး စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုလည်း ခံစားရနိုင်ပါသေးတယ်နော်။အဆီများလို့ရောဂါများနိုင်တယ်ဆိုပေမယ့်လေ့လာမှုတစ်ရပ်အရတော့ အဆီများတာကလေဖြတ်ေဝဒနာခံစားရတဲ့ အခါအသက်ရှင်သန်နိုင်ခြေပိုများစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူတွေက ဒီလေ့လာတွေ့ရှိမှုကိုobesity paradox လို့ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပါတယ်။obesity paradox ဆိုတာဆေးဖက်ဆိုင်ရာသီအိုရီတစ်ခုဖြစ်ပြီး အဝလွန်တာက အသက်အရွယ်ကြီးရင့်သူတွေ နဲ့ အခြားသောနာတာရှည်ရောဂါခံစားနေရသူတွေမှာ အသက်အန္တရာယ်ထိခိုက်နိုင်ခြေကနေ ကာကွယ်ပေးနိုင်တဲ့ အခြေအနေတစ်ရပ်ကိုဆိုလိုတာပါ။ဒီလေ့လာမှုမလုပ်ခင်မှာ ပထမဆုံးသတိထားမိတဲ့ အချက်တစ်ခုရှိပါတယ်။ ဒါကတော့ ပုံမှန်ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်ပိုများနေမှုကကျောက်ကပ်ရောဂါခံစားနေရသူတွေနဲ့ နှလုံးရောဂါခံစားနေရသူတွေမှာ အသက်ရှင်သန်နိုင်ခြေကို ပိုတိုးစေတယ်ဆိုတဲ့အချက်ပါ။ ဒီအချက်ကြောင့်လေဖြတ်ခဲ့ရင်ရော ပုံမှန်ထက်ကိုယ်အလေးချိန်ပိုများနေသူတွေက အသက်ရှင်သန်နိုင်ခြေပိုများနေလားဆိုတာကိုလေ့လာဖို့ စိတ်အားထက်သန်စေခဲ့ပါတယ်၊လို့ ဒီလေ့လာမှုကိုလုပ်ခဲ့တဲ့လော့စ်အိန်ဂျလိစ်မှာရှိတဲ့ ကယ်လ်လိဖိုးနီးယားတက္ကသိုလ်ကဆေးဖက်ဆိုင်ရာဘွဲ့ရတစ်ဦးဖြစ်တဲ့Zuolu Liu ကပြောကြားခဲ့ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%a1%e1%80%86%e1%80%ae%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%94%e1%80%b1%e1%80%90%e1%80%ac%e1%80%80-%e1%80%86%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%bc/
သင့်အား စိတ်ဆင်းရဲစေနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ အမူအကျင့် ကိုးခု
အချိန်ကြာလာတာနဲ့အမျှ သင့်ကိုစိတ်ဆင်းရဲစေနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာအမူအကျင့် ကိုးမျိုးအကြောင်းကို ဒီဆောင်းပါးတွင် အသေးစိတ်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။1. အခြားသူများကိုခွင့်မလွှတ်ခြင်း။လူတစ်ယောက်ကို ခွင့်လွှတ်ခြင်းဆိုတာ သူတို့ရဲ့ဆိုးဝါးတဲ့ အပြုအမူကိုသက်သာအောင်၊ အမှားတွေကိုသေးအောင်ပြုလုပ်ပေးတာမျိုးကို မဆိုလိုပါဘူး။ ဘာကိုဆိုလိုလဲဆိုတော့ သူတို့ရဲ့ အပြုအမူဟာ သင့်ကိုထိခိုက်အောင် မလုပ်နိုင်တော့တာပဲ ဖြစ်ပါတယ်။ ခွင့်လွှတ်ခြင်းကြောင့် သင့်ရဲ့ စိတ်ဖိစီးမှု၊ စိတ်ဓါတ်ကျခြင်း၊ ရန်လိုခြင်းတွေကိုလျော့ကျစေပြီးမိမိကိုယ်ကိုတန်ဖိုးထားမှုနဲ့ ခန္ဓါကိုယ်ကျန်းမာရေးကိုတိုးတက်စေနိုင်ပါတယ်။2. သင့်ကိုယ်သင် ခွင့်မလွှတ်ခြင်း။ကိုယ်အရင်တုံးကပုခဲ့မိတဲ့ အရာတစ်ခုကြောင့် မိမိကိုယ်ကိုခွင့်မလွှတ်နိုင်ခြင်းဟာလည်း သင့်ဘဝကို ခါးသီးစေမှာပါ။ အတိတ်မှာပဲတစ်ဝဲလည်လည် ဖြစ်နေမယ့်အစား။ကောင်းမွန်တဲ့အရာတွေကို ပစ္စုပ္ပန်မှာလုပ်နိုင်အောင်ပဲ ကြိုးစားရမှာပါ။3. တွေးခေါ်ပုံမှားယွင်းခြင်း။တွေးခေါ်ပုံမှားယွင်းတယ်ဆိုတာ သင်ပြုလုပ်ခဲ့တဲ့ ကောင်းတဲ့အရောတွေထက် မှားယွင်းခဲ့တဲ့ အရာတွေကို ပိုမိုအာရုံစိုက်တွေးတောမိတာကို ဆိုလိုတာပါ။ ဒီလိုတွေးပုံတွေးနည်းမျိုးဟာလူတွေ၊ ပစ္စည်းတွေ၊ နေရာတွေနဲ့ ပြုလုပ်ပုံတွေကိုအကုန် မကောင်းတဲ့ ဘက်ကပဲ မြင်တာမျိုး ဖြစ်စေနိုင်ပါတယ်။4. အခြားလူများအပေါ် စံနှုန်းမြင့်မားစွာထားခြင်း။လူတွေကသင့်ကိုမကြာခဏစိတ်ပျက်စေတယ်လို့ တွေးမိပြီဆိုရင်တော့ သင်ကိုယ်တိုင်လိုက်နာဖို့ခက်ခဲတဲ့စံနှုန်းတွေနဲ့ အခြားသူတွေပေါ်မှာသင်တိုင်းတာနေလို့ပဲဖြစ်မှာပါ။ အမှန်ပြောရရင် သင်မဝန်ခံချင်ပေမယ့်လည်းလူတွေကို သဘောမကျဘူးဆိုတာက ကိုယ့်ရဲ့ပုံစံ (ဉာဉ်)ကို အခြားသူတွေဆီမှာတွေ့ပြီဆိုရင် အများဆုံးဖြစ်တတ်တာပါ။5. ဘယ်အရာကမှ ပိုကောင်းလာတော့မှာမဟုတ်ဘူးလို့ ယုံကြည်ခြင်း။လူဆိုတာမျှော်လင့်ချက်နဲ့ အသက်ရှင်ကြတာပါ။ တကယ်လို့ သင်ဟာအခုဆိုးရွားနေတဲ့အရာတွေ ဒီပုံစံအတိုင်းတစ်သက်လုံးဖြစ်နေတော့မယ်ဆိုပြီးယုံကြည်ထားတယ်ဆိုရင် တကယ်လဲဘာတစ်ခုမှေ ကာင်းလာတော့မှာမဟုတ်လို့ သင့်ဘဝပိုဆိုးလာဖို့ပဲရှိပါတယ်။ ဒီအရာတွေ ပြောင်းလဲဖို့အတွက် သင့်သဘောထားကိုအရင်ပြောင်းမှ ရမှာပါ။6. သင့်ဘဝကိုသင်မပိုင်ဘူးလို့ ယုံကြည်ခြင်း။သင်ကမှ သင့်ဘဝကိုမပိုင်ဘူးဆိုရင် ဘယ်သူကရောပိုင်မှာပါလိမ့်။ ပိုကောင်းတဲ့ ဘဝကိုပိုင်ဆိုင်ဖို့အတွက် ကိုယ့်ရဲ့အလုပ်တာဝန်တွေကေ ရှာင်တိမ်းခြင်း၊ အသစ်တစ်ခုခုကိုစတင်ရန် ကြောက်ရွံ့ခြင်းတွေကိုရပ်တန့်လိုက်ပါ။7. အရာရာဟာသူ့ဘာသာသူ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ခြင်း။အရာရာဟာအချိန်တန်ရင် သူ့ဘာသာသူဖြစ်လာလိမ့်မယ်လို့ ယုံကြည်ခြင်းဟာလည်းအင်မတန်ဆိုးရွားတဲ့ ယုံကြည်မှုဖြစ်ပါတယ်။ တစ်သက်လုံးမဖြစ်လာနိုင်တဲ့ အရာတစ်ခုကို သင်ဟာဘယ်လောက်ကြာကြာယုံကြည်ပြီး စောင့်ကြည့်မှာပါလဲ။8. အလွန်အကျွံ ခြုံငုံကောက်ချက်ချခြင်း။အလွန်အကျွံ ခြုံငုံကောက်ချက်ချခြင်းဆိုတာတကယ်လို့ သင်တစ်ခုခုမှာရှုံးနိမ့်ခဲ့မယ်ဆိုရင် ဘဝမှာဘာလုပ်လုပ်ရှုံးနိမ့်တော့မယ်လို့ တွေးခေါ်ယုံကြည်နေခြင်းကိုဆိုလိုပါတယ်။ ဒီလိုအတွေးမျိုးကြောင့် စိတ်ဖိစီးမှု၊ စိတ်ဓါတ်ကျမှုနဲ့ မိမိကိုယ်ကိုယ် သတ်သေမှုအထိတောင် ဖြစ်စေနိုင်ပါတယ်။သင်နေ့စဉ်လုပ်နေကျ အရာတွေထဲမှာသင့်ဘဝ (သို့) စိတ်ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ အကြောင်းခြင်းရာတွေ အများကြီးရှိပါတယ်။ အထက်ဖေါ်ပြပါ အကျင့်ဆိုးတွေကိုရှောင်ကျဉ်မယ်ဆိုရင် ပိုမိုကျန်းမာပျော်တဲ့ ဘဝကိုရရှိနိုင်ပါတယ်။ စိုးရိမ်ပူပန်မှုများရှိတယ်ဆိုရင် သင့်ဆရာဝန်၊ စိတ်ကျန်းမာရေးဆရာဝန်နဲ့ရောဂါကုသမှုပေးသူကို ဆက်သွယ်ပြီး အကြံဉာဏ်တောင်းခံပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%a1%e1%80%ac%e1%80%b8-%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%86%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%b2%e1%80%85%e1%80%b1%e1%80%94%e1%80%ad%e1%80%af/
ကိုယ်ပူတိုင်း COVID_19 လား………………….
ကိုယ်တွေပူတယ်။ ချောင်းတွေ ဆိုးတယ်၊ နှာချေတယ်ဆိုရင် လူတိုင်းက စိုးရိမ်ထိတ်လန့်တဲ့ ပုံစံနဲ့လှမ်းကြည့်တတ် ကြပါတယ်။ခန္ဓာကိုယ် အပူချိန်မြင့်တက်တယ်ဆိုတာက ကိုယ်ခံအားက ပြင်ပက ဝင်ရောက်လာတဲ့ ရောဂါပိုးတွကို အပြင်းအထန် ခုခံတိုက်ခိုက်နေတဲ့ သဘောပါ။ ဒီတော့ ကိုယ်ပူလာတဲ့အခါ ငါများCOVID_19ဖြစ်နေပြီလား ဆိုတဲ့ စိုးရိမ်စိတ်လေး ကင်း​ကြစေဖို့ ကိုယ်မှာဖြစ်တဲ့လက္ခဏာတွေက ဘာကြောင့်လဲဆိုတာကို ဆန်းစစ်ကြည့်ရအောင်လား…………။ခန္ဓာကိုယ်အပူချိန်က လူတစ်ယောက်နဲ့တစ်ယောက်မှာ ကွာခြားနိုင်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ရဲ့ ပုံမှန်ချိန်ကတော့ ၉၈.၆ ဒီဂရီဖာရင်ဟိုက် ရှိပါတယ်။ တစ်နေ့တာမှာ စားသောက်တာ၊အိပ်စက်တာနဲ့ လုပ်ဆောင်တဲ့ လှုပ်ရှားမှုတွေအပေါ်လိုက်ပြီး ကိုယ် အပူချိန်က ပြောင်းလဲနိုင်ပါတယ်။ပုံမှန်အားဖြင့် ခန္ဓာကိုယ် အပူချိန်က  ညနေ ၆ နာရီ ဝန်းကျင်မှာ အမြင့်ဆုံး အခြေအနေကို ရောက်နေတတ်ပြီး မနက်ခင်း ၃ နာရီအချိန်မှာ အနိမ့်ဆုံး အခြေအနေကိုရောက်နေတတ်ပါတယ်။ခန္ဓာကိုယ် အပူချိန်က ၉၉ ဒီဂရီဖာရင်ဟိုက်၊ ၁၀၀ ဒီဂရီဖာရင်ဟိုက် နဲ့ ၁၀၀ ဒီဂရီဖာရင်ဟိုက် အထက်ဆိုရင် ကိုယ်ပူနေပြီ၊လို့ ပြောပါရစေ။ခန္ဓာကိုယ် အပူချိန်ကို မြင့်တက်စေတဲ့အချက်က တစ်ခု မကရှိပါတယ်။ဘေဘီလေးတွေမှာဆိုရင် အခုပြောခဲ့တဲ့ အခြေအနေတွေအပြင်ကာကွယ်ဆေးထိုးပြီးချိန် နဲ့ သွားပေါက်တဲ့အခါမျိုးတွေမှာ ကိုယ်အပူချိန်ရှိနိုင်ပါတယ်။ပုံမှန်အားဖြင့်တော့ အဖျားက တာရှည်လေ့မရှိပါဘူး။ တကယ်လို့ အဖျားကဗိုင်းရပ်စ်ကူးစက်ခံရတာ ဒါမှမဟုတ်ဘက်တီးရီးယားကူးစက်ခံရတာကြောင့် ဖြစ်မယ်ဆိုရင်တော့ အဖျား တာရှည်နိုင်ပါတယ်။COVID_ 19 ​ကြောင့်ဖြစ်တဲ့ကိုယ်ပူတာနဲ့ ရိုးရိုး ကိုယ်ပူတာ ဘာကွာခြားလဲ…………….။ရုတ်တရက် ခွဲရခက်နိုင်တဲ့ အဖြစ်များတဲ့ ကိုယ်ပူရခြင်း အကြောင်းအရင်းတွေကို သတိထားလို့ရစေဖို့ ပြောပြပေးမယ်နော်။အအေးမိ။အအေးမိတဲ့အခါ အဖြစ်များတဲ့ လက္ခဏာအနေနဲ့။ဒါတွေအပြင် ရံဖန်ရံခါမှာ။ရာသီတုပ်ကွေး။ဒါတွေအပြင် ရံဖန်ရံခါမှာ။ဓာတ်မတည့်။ဒါတွေအပြင် ရံဖန်ရံခါမှာ။အပူလျှပ်။ဒါတွေအပြင် ရံဖန်ရံခါမှာ။COVID_19။ခန္ဓာကိုယ်ထဲကိုဗိုင်းရပ်စ်ရောက်ရှိပြီး ၂ ရက်နေ ၁၄ ရက်အတွင်းမှာ ရောဂါ လက္ခဏာတွေ ပြနိုင်ပါတယ်။ဒါတွေအပြင် ရံဖန်ရံခါမှာ။တကယ်လို့ ကိုယ်ပူတာနဲ့အတူ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid_19-body-temperature/
ရေကူးရတာ ကြိုက်သူတိုင်း သိထားသင့်တဲ့ ရေကူးကန်ထဲက ရောဂါပိုးတွေ ။ ။
ရေကူးခြင်း အားကစားဆိုတာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ကစားနည်းတစ်ခု ဆိုပေမယ့် ကိုယ်သွားကူးတဲ့ ရေကူးကန်သန့်မှပဲကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေရမှာပါ။ ရေစီးခြင်း မရှိတဲ့ ကန်ကြီးတစ်ခုထဲမှာ လူပေါင်းစုံ လာကူးနေကြတဲ့အတွက် ရေကူးကန်ကို သေချာ သန့်ရှင်းရေး မလုပ်ရင် လူတွေလိုပဲ ရောဂါပိုးတွေလည်း ကန်ထဲမှာ ကူးခတ်နေနိုင်ပါတယ်။ ဒါဆို အများသုံး ရေကူးကန်တွေကနေ ဘယ်လို ရောဂါတွေ ကူးစက်နိုင်သလဲ ။ ။ရေကူးကန်တွေကနေ ကူးနိုင်တဲ့ အဖြစ်အများဆုံး ရောဂါတစ်ခုပါ။ဝမ်းပျက်ဝမ်းလျှော ရောဂါဆိုတာ ပါးစပ်နဲ့ စအိုလမ်းကြောင်းတစ်လျှောက်ကနေ ကူးစက်တတ်တဲ့အတွက် ရေလာကူးတဲ့သူတွေထဲမှာ ဝမ်းလျှောပြီးခါစသူတစ်ယောက်ပါလာရင် သူနဲ့အတူကူးတဲ့သူတွေအားလုံး ဝမ်းလျှောနိုင်ပါတယ်။ ရေကူးတဲ့အချိန်ဆို ရေကန်ထဲက ရေတွေကို မသောက်မိတဲ့ သူတွေက ခပ်ရှားရှားရယ်။ ဝမ်းလျှောတာကို အဓိကဖြစ်စေတဲ့Cryptosporidiumကလည်း ရေထဲမှာ ရက် အနည်းကြာအောင်တောင် နေနိုင်တာဆိုတော့ တစ်နေ့တစ်ခါ မလဲတဲ့ ရေကူးကန်ထဲ ရေကူးမိတဲ့သူတိုင်းဆီ ဒီဝမ်းပျက်စေတဲ့ ရောဂါပိုးက ဝင်သွားနိုင်ပါတယ်။ရေကူးရင်းနဲ့ အသားချင်းထိမိရာကနေအရေပြားရောဂါတွေ ကူးစက်နိုင်ပါတယ်။ ရေကူးရာကနေ ကူးစက်နိုင်တဲ့ နာမည်ကြီး အရေပြားရောဂါတစ်ခုက ခြေမနဲ့ ခြေညိုးကြားထဲမှာ ရေဝဲစားတာဖြစ်ပါတယ်။ ခြေချောင်းကြားထဲကအသားတွေ ကွာနေပြီး အသားနီလန်နေတတ်လို့ ခြေညှပ်ဖိနစ်စီးပြီး လမ်းလျှောက်ရင် တော်တော်ကို ကသိကအောက်ဖြစ်စေပါတဲ့ အရာတစ်ခုပါ။ ဆေးတွေလိမ်းရင် ပျောက်သွားတတ်ပေမယ့်တစ်ကိုယ်ရည် သန့်ရှင်းမှုမရှိရင် ပြန်ပြန်ဖြစ်နိုင်တဲ့အရေပြားရောဂါတစ်ခုပါ။ဒါကတော့ စိုစွတ်တဲ့ နေရာတွေမှာ အဓိက ပေါက်ပွားနိုင်တဲ့ Pseudomonas aeruginosas ကြောင့်ဖြစ်ရတာပါ။ ရောဂါပိုးရှိနေတဲ ရေနဲ့ ထိတွေ့ပြီး ရက်အနည်းငယ်လောက်ကြာရင်အရေပြားပေါ်မှာ ယားယံပြီး ရောင်နေတဲ့အနီကွက်တွေ ပေါ်လာပြီး သေချာ ဂရုမစိုက်ရင်နောက်ပိုင်း ပြည်တည်တာတွေကိုတောင်ဖြစ်စေတတ်ပါတယ်။ Pseudomonas aeruginosas ဟာ ရေကူးဝတ်စုံတွေမှာလည်း ကပ်နေနိုင်တဲ့အတွက် ရေကူးပြီးလို့ ပြန်လာတိုင်း ရေကူးဝတ်စုံကို လျှော်ပါ။ နေသေချာလှန်းပါ ။ရေကူးရင် မျက်စိဖွင့်ပြီး ကူးကြတဲ့သူတွေများတဲ့အတွက် ရေကူးကန်ထဲက ရေတွေ မသန့်ရင် မျက်လုံးထဲဝင်သွားပြီးမျက်လုံးယားယံြခင်းကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ရေကူးမျက်မှန်တပ်ပြီး ရေကူးတာကသာ အကောင်းဆုံးပါ။ရေကူးရင်း ရေတွေဝင်သွားလို့ နားထဲမှာ စိုစွတ်နေတတ်တဲ့အတွက် ရောဂါပိုးတွေ ပိုပေါက်လာနိုင်ပြီးနားယားတာ၊ နီရဲပြီးရောင်နေတာ၊ ပြည်ယိုတာတွေ ဖြစ်တတ်တာမျိုးပါ။ မသန့်တဲ့ ရေထဲမှာ ကူးမိရင် ပိုဖြစ်နိုင်ချေများပါတယ်။ လူတစ်ယောက်ကနေ အခြားတစ်ယောက်ဆီကို ကူးစက်နိုင်တဲ့ ရောဂါတော့ မဟုတ်ပါဘူး။ကိုယ်က ရေကူးဝါသနာပါတယ်။ အိမ်မှာ ရေကူးကန်မရှိလို့ အများသုံးရေကူးကန်တွေမှာ သွားသွားကူးနေရတယ်ဆို အပေါ်မှာ ပြောထားတဲ့ ရောဂါပိုးတွေ အခန့်မသင့်ရင် ကူးစက်နိုင်တဲ့အတွက် မကူးစက်အောင် ဘယ်လို ကြိုတင်ကာကွယ်ရမလဲ ။ ။ဒါတွေက အများသုံးရေကူးကန်တွေကနေ ကိုယ့်ဆီကို ကူးစက်နိုင်တဲ့ ရောဂါတွေနဲ့ မကူးစက်အောင် ဘယ်လိုကာကွယ်သင့်လဲဆိုတဲ့ အကြောင်းတွေဖြစ်ပါတယ်။ ရေကူးတဲ့သူတိုင်း ဒီ ကူးစက်ရောဂါတွေ ဖြစ်လိမ့်မယ်လို့တော မဆိုလိုပါဘူး။ အခန့်မသင့်ရင် ဘယ်အရာမဆို ဖြစ်တတ်တာမို့ ကြိုတင် ကာကွယ်ထားနိုင်ရင်တော့ အကောင်းဆုံးပါ ။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/public-pools-are-swimming-with-infections/
သာမိုမီတာ နဲ့တိုင်းလိုက်လို့ အပူချိန်ဘယ်လောက်ဆို ကလေးအဖျားကြီးတယ်လို့ သတ်မှတ်မလဲ
အိမ်တိုင်းမှာ အပူချိန်တိုင်းဖို့သာမိုမီတာတစ်ချောင်းလောက် ဆောင်ထားတတ်ကြပါတယ်။ သာမိုမီတာက ကြီးကြီးငယ်ငယ် ကျားမမရွေး အကုန်လုံးရဲ့ ကိုယ်ပူချိန်ကို ပြောပြပေးနိုင်တယ်လေ။ လူကြီးတွေ ဆိုရင်တော့ ကိုယ်ပူနေရင် သိသာပြီး သာမိုမီတာတိုင်းလိုက်ရုံနဲ့ သိပေးမယ့် စကားမပြောတတ်သေး၊ ဘာဖြစ်နေလဲဆိုတာကို သေသေချာချာ မပြောတတ်သေးတဲ့ ကလေးတွေ အတွက်ကတော့ သာမိုမီတာ ဖော်ပြတဲ့ ကိုယ်ပူချိန်ကသာ သင့်ကလေး အခြေအနေကို ပြောပြနိုင်မှာပါ။ဒါ့ကြောင့် ကိုယ့်ကလေးကိုယ်ကအပူချိန်မြင့်နေလား၊ သာမန်ပဲလားဆိုတာကို သိထားမှအဖျားကြီးတာနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကလေးဆီမှာ မဖြစ်အောင် ကြိုတင်ကာကွယ်လို့ရမှာလေ။ ဒါဆို သာမိုမီတာဖော်ပြတဲ့ အပူချိန် ဘယ်လောက်ဆိုရင်ကလေးတွေမှာ ကိုယ်ပူနေတယ်၊ အဖျားကြီးနေတယ်လို့ သတ်မှတ်သလဲ။အရင်တုန်းကတော့။မွေးစကနေ ၃ လအတွင်း– ရိုးရိုး ဒစ်ဂျစ်တယ်သာမိုမီတာကို သုံးပြီး ကလေးစအိုတွင်းအပူချိန်ကို တိုင်းတာတာကသာ အမှန်ဆုံး ဖြစ်မှာပါ။ နားထင်သွေးကြော အပူချိန်ကို တိုင်းတဲ့ သာမိုမီတာ သုံးပေးလို့လည်းရပါတယ်။၃လကနေ ၄ နှစ်– ရိုးရိုး ဒစ်ဂျစ်တယ်သာမိုမီတာကိုသုံးပြီး စအိုတွင်း ( ဒါမှမဟုတ်) ချိုင်းကြားက အပူချိန်ကို တိုင်းပါ။ နားအတွင်းက အပူချိန်ကိုတိုင်းတဲ့ သာမိုမီတာကို သုံးမယ်ဆိုရင်တော့ ကလေးအသက် ၆ လ နောက်ပိုင်းမှ ပိုအဆင်ပြေပါလိမ့်မယ်။ ဘယ်လို သာမိုမီတာ ပဲ သုံးသုံး ဒီလို အရွယ်တွေအတွက် အမှန်ဆုံး ကိုယ်ပူချိန်က စအိုတွင်း အပူချိန်ပဲဖြစ်ပါတယ်။၄ နှစ်နှင့် အထက်– ချိုင်းအောက်က အပူချိန်ပဲဖြစ်ဖြစ်၊ခံတွင်းထဲက အပူချိန်ပဲဖြစ်ဖြစ် စအိုတွင်းက အပူချိန်ပဲဖြစ်ဖြစ်၊ နားတွင်းက အပူချိန်ပဲဖြစ်ဖြစ် ကြိုက်တဲ့အပူချိန်ကို ကြိုက်တဲ့သာမိုမီတာနဲ့ တိုင်းလို့ရပါတယ်။ကလေးက အသက် ၆ လကျော်နေပြီအစားလည်း ကောင်းကောင်းစားတယ်၊နို့လည်းကောင်းကောင်းစို့တယ်၊ အိပ်လည်း အိပ်တယ်၊ လူကလည်း လန်းနေတယ်ဆိုရင်တော့ အဖျား သူ့ဘာသာ ပြန်ကျသွားတတ်ပါတယ်။ စိတ်ပူတတ်လို့ ဆေးလေး ဘာလေးတိုက်ချင်တယ်ဆိုရင် ပါရာစီတမော တိုက်လို့ရပါတယ်။ အရေးကြီးတာက ကလေးအသက်နဲ့ တွက်ပြီး ဆေးပမာဏမှန်အောင်တိုက်ဖို့ပါပဲ။ နောက်ပြီး ကောင်းကောင်း မဝါးတတ်တဲ့အရွယ်လေးတွေဆို ဆေးအခဲထက် ဆေးအရည်ကို ပိုတိုက်သင့်ပါတယ်။ကိုယ်ပူတိုင်း ဆရာဝန်ဆီ ပြေးစရာတော့မလိုပါဘူး။ အိမ်မှာပဲ ရေပတ်ဝတ်လေးတိုက်ပေးမယ်။ အစားကောင်းကောင်းကျွေးမယ်၊ ရေများများတိုက်မယ်ဆိုရင် ကိုယ်ပူတာ ပြန်ပျောက်သွားမှာပါ။ ဒါပေမယ့် အောက်မှာ ပြောပြမယ့် အပူချိန်တွေကို သာမိုမီတာက ဖော်ပြမယ်ဆိုရင်တော့ ဆရာဝန်ဆီ သွားဖို့လိုအပ်ပါပြီ။ကလေးအရွယ်မှာတော့ ဖျားနာတတ်ကြတာ ထုံးစံပါ။ ပုံမှန်ဖြစ်နေကျ တစ်ခုဖြစ်ပေမယ့် တချို့ အဖျားပြင်းတဲ့အခါမျိုးမှာဆိုရင်တော့ ဆရာဝန်ဆီ သွားပြဖို့လိုအပ်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/baby-and-thermometer/
မနှစ်မြို့ဖွယ်ဆက်ဆံရေးမှလွတ်မြောက်ရန်နည်းလမ်းများ
နှလုံးသားရေးရာ ၊သူငယ်ချင်းမိတ်ဆွေနှင့် မိသားစုအပြင် သင့်ကိုစိတ်ကုန်ပင်ပန်း၍ အဆက်ဖြတ်လိုသော အခြားသောဆက်ဆံရေးမျိုးလည်းရှိနေနိုင်ရာ ဤဆောင်းပါးတွင် ထိုမနှစ်မြို့ဖွယ်ဆက်ဆံရေးမျိုးကို အဆုံးသတ်ရန် နည်းလမ်းများကို ဖော်ပြထားပါသည်။မနှစ်မြို့ဖွယ်ဆက်ဆံရေးဆိုသည်မှာ တစ်ခါတရံကိုင်တွယ်ဖြေရှင်းရ ခက်တတ်သည်။ သင်ကိုယ်တိုင်က ဘာလဲ နှင့် သင်ကဘာကိုအကောင်းဆုံးလုပ်နိုင်လဲကိုပါ မေ့လျော့သွားစေနိုင်သည်။ ထိုဆိုးရွားသောဆက်ဆံရေးကြောင့် တစ်ခါတရံ သင်ကိုယ်တိုင်က အခြေအနေအခါကိုလိုက်၍ တွေးတောဆင်ခြင်နိုင်စွမ်းပါ ကင်းမဲ့သွားတတ်သည်။ အောက်ပါတို့မှာမနှစ်မြို့ဖွယ်ဆက်ဆံရေး၏ အတွေ့ရများသော လက္ခဏာများဖြစ်သည်။(၁) နစ်နာအောင်ဝေဖန်ခံရခြင်း။လူတစ်ဦးနှင့်တစ်ဦး နီးကပ်လေ တစ်ဦး၏အားနည်းချက်များ၊ လိုအပ်ချက်များကို မြင်လာလေဖြစ်သည်။ အပြုသဘောဝေဖန်ထောက်ပြခြင်းဖြင့် ပိုမိုတိုးတက်စေနိုင်သော်လည်း သင့်ကို (သို့မဟုတ်) အခြားတစ်စုံတစ်ယောက်ကို နာကျင်အောင်၊ ဂုဏ်သိက္ခါထိခိုက်အောင်ပြောဆိုလာပြီဆိုလျှင်တော့ ထိုဆက်ဆံရေးမျိုးကို ရပ်တန့်ပစ်သင့်သည်။(၂) အပြန်အလှန်မဆွေးနွေးဘဲငြင်းခုံခြင်း။တစ်ဦးနှင့်တစ်ဦးဆက်ဆံရာတွင် ပဋိပက္ခများ၊ ငြင်းခုန်မှုများ တစ်ချိန်မဟုတ်တစ်ချိန် ကြုံနိုင်မည်ဖြစ်သည်။ သို့သော် အချိန်ရှိသရွေ့ ထိုကဲ့သို့ဖြစ်နေပြီး စေ့စပ်ဆွေးနွေးအဖြေရှာခြင်းမပြုလျှင်တော့ နှစ်ဦးသားဆက်ဆံရေးတွင့်ပဿနာတစ်စုံတရာ ရှိလာနိုင်သည်။(၃) မိမိကိုယ်မိမိလက်ခံနိုင်မှုပျောက်ဆုံးခြင်း။ဆက်ဆံရေးတစ်ခုကြောင့်ဖြစ်ပေါ်လာသော အပြောင်းအလဲသည် သင့်ကိုယ်သင်ကောင်းသောပြောင်းလဲမှုဖြစ်စေလျှင် လက်ခံလိုက်ပါ။ သို့မဟုတ်ပါက ထိုဆက်ဆံရေးကြောင့် သင့်ကိုယ်သင်ဘာမှန်းမသိတော့သည့် အခြေအနေမျိုးရောက်ပြီဆိုလျှင်တော့ အဆင်မပြေသောဆက်ဆံရေးဟုဆိုရလိမ့်မည်။(၄) အယူသက်သက်ပေးဆပ်မှုမရှိခြင်း။သင်၏စွမ်းဆောင်ရည်အားလုံးကို အသုံးချလိုက်ရပြီး သင့်အတွက်ဘာမှပြန်မရလျှင် စိတ်ခံစားမှုကောင်းမည် မဟုတ်ပါ။ ထို့ပြင် အချို့ဆက်ဆံရေးများ၌ သင့်ကိုထုံးတမ်းအတိုင်း ရပိုင်ခွင့်သာပေးပြီးသင်၏စွမ်းဆောင်ရည်အတွက် ချီးကျူးစကားဆိုရန်ပျက်ကွက်ခြင်းမျိုးလည်း ရှိနိုင်သည်။(၅) ယုံကြည်မှုပျောက်ဆုံးခြင်း။ရေရှည်ဆက်ဆံရေးကောင်းမွန်ရန် ယုံကြည်မှုနှင့်သစ္စာရှိမှုပေါ်တွင် အခြေပြုရသည်။ ဥပမာဆိုရလျှင် မော်တော်ကားနှင့် ဓါတ်ဆီကဲ့သို့ဖြစ်သည်။ ဆီမရှိသောကားသည် ခရီးမရောက်နိုင်သကဲ့သို့ ယုံကြည်မှုမပါသောဆက်ဆံရေးသည်လည်း ထိုနည်းတူဖြစ်သည်။(၆) ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်မရှိခြင်း။မည်သည့်ဆက်ဆံရေးတွင်မဆို သင်မလုပ်နိုင်သောအရာများအတွက်ငြင်းပယ်ခွင့်ရှိရမည်။ သင်နှင့်ဆက်ဆံနေရသူက သင့်အပေါ်လွှမ်းမိုးလွန်းပြီး သူအလိုရှိသည်များကိုသာ သင့်ကိုလက်ခံခိုင်းလျှင်ထိုဆက်ဆံရေးသည်မနှစ်မြို့ဖွယ်ဖြစ်လာသည်။• မိမိကိုယ်ကိုယုံကြည်ပါ။• သင်၏လုပ်ဖော်ကိုင်ဖက်ကိုလေးလေးနက်နက်ပြောဆိုပါ။• တစ်ဦးနှင့်တစ်ဦးဆက်ဆံမှုနွေးထွေးနေပါစေ။• သင်၏အခွင့်အရေးနှင့် အပိုရပိုင်ခွင့်များကိုသေချာစွာသိနေပါစေ။• အကောင်းမြင်ဝါဒရှိသောသူများနှင့်မိတ်ဖွဲ့ပါ။• ကောင်းစွာအနားယူပါ။• အတွေးအခေါ်သစ် နယ်ပယ်သစ်များကိုစိတ်ဝင်စားမှုပြုပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/%e1%80%99%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%96%e1%80%bd%e1%80%9a%e1%80%ba%e1%80%86%e1%80%80%e1%80%ba%e1%80%86%e1%80%b6%e1%80%9b%e1%80%b1%e1%80%b8/
ဆိုဒီယမ် (ဆား) ကို လျှော့စားလွန်းရင် ဘာတွေဖြစ်တတ်လဲ
ဆိုဒီယမ်ဟာ လူ့ကိုယ်ခန္ဓာရဲ့ အရေးကြီးလှတဲ့ အာဟာရဓာတ် တစ်မျိုးဖြစ်ပြီးဆားရဲ့ အဓိကအစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ဆိုဒီယမ်သုံးစွဲမှုများလွန်းရင် သွေးတိုးတတ်တာကြောင့် လျှော့ပြီးစားသုံးဖို့ ကျန်းမာရေးအဖွဲ့အစည်းတွေကနေ နှိုးဆော်ထားပါတယ်။ ယေဘုယျအားဖြင့် တစ်ရက်မှာ ၂၃၀၀ မီလီဂရမ်အောက် လျှော့စားဖို့ တိုက်တွန်းကြပါတယ်။ တချို့ဆိုရင် ၁၅၀၀ မီလီဂရမ်ထိ လျှော့စားဖို့ ပြောကြပါတယ်။ဒါပေမယ့် ဆိုဒီယမ်ဟာ အများအပြား သုံးစွဲလို့ မကောင်းသလို နည်းလွန်းရင်လည်း ပြဿနာရှိနိုင်ပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ ဆိုဒီယမ်ကို အလွန်အကျွံလျှော့စားရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။ဆိုဒီယမ်ကို လျှော့ပြီးစားခြင်းဟာ အင်ဆူလင်ရဲ့ အာနိသင် မထိရောက်တော့ခြင်းနဲ့ ဆက်စပ်နေပါတယ်။ အင်ဆူလင်မတိုးခြင်းဆိုတာ ကိုယ်ခန္ဓာက ဆဲလ်များဟာ အင်ဆူလင်ဟော်မုန်းရဲ့ အချက်ပြမှုတွေကို မတုံ့ပြန်နိုင်တာကြောင့် အင်ဆူလင်ပမာဏရော သွေးတွင်းသကြားဓာတ်ပါ များပြားလာခြင်းပဲ ဖြစ်ပါတယ်။နောက်ဆက်တွဲအနေနဲ့ အမျိုးအစား ၂ ဆီးချို၊ နှလုံးရောဂါ စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်ကို အတည်ပြုနိုင်ဖို့ သုတေသနတွေ ပိုမိုလိုအပ်ပါသေးတယ်။နှလုံးကနေ ကိုယ်ခန္ဓာအနှံ့ကို အောက်ဆီဂျင်လုံလောက်စွာ ပို့ဆောင်နိုင်အောင် သွေးကို ညှစ်ထုတ်ပေးနိုင်ခြင်း မရှိတော့တဲ့ အခြေအနေ ဖြစ်ပါတယ်။ နှလုံးရဲ့လုပ်ဆောင်မှု လုံးဝရပ်တန့်သွားခြင်း မဟုတ်ပေမယ့် အန္တရာယ်ရှိတဲ့ အခြေအနေတရပ် ဖြစ်ပါတယ်။ ဆိုဒီယမ် နည်းပါးလွန်းတဲ့ အစားအစာတွေ စားသုံးခြင်းဟာ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေနဲ့ ဆက်စပ်နေတယ်လို့ အထောက်အထားတွေ ရှိပါတယ်။အများအားဖြင့် နှလုံးရောဂါသမားတွေဟာ ဆားကို လျှော့စားလွန်းတာကြောင့် ဒီအချက်ကို အထူးအလေးထားရမှာ ဖြစ်ပါတယ်။ဆိုဒီယမ်နည်းပါးလွန်းတဲ့ စားသောက်မှုပုံစံဟာ မကောင်းတဲ့ LDL ကိုလက်စထရောနဲ့ triglyceride ပမာဏကို မြင့်တက်စေနိုင်တယ်လို့ သုတေသနအချို့မှာ ဆိုထားပါတယ်။ ၂၀၀၃ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ ဆိုဒီယမ်ကို လျှော့ချစားသုံးခြင်းကြောင့် LDL ကိုလက်စထရော ၄.၆ ရာခိုင်နှုန်းနဲ့ triglyceride ၅.၉ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာလည်း ဆိုဒီယမ်သုံးစွဲမှု လျော့နည်းလွန်းတာကြောင့် ကိုလက်စထရော ၂.၅ ရာခိုင်နှုန်းနဲ့ triglyceride ၇ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဆိုပါတယ်။ဆီးချိုရောဂါရှိသူများဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်း စတာတွေ ဖြစ်နိုင်ခြေ မြင့်ပါတယ်။ ဒါကြောင့် ဆားကို လျှော့စားဖို့ တိုက်တွန်းကြပါတယ်။ ဒါပေမယ့် ဆိုဒီယမ်ကို အလွန်အကျွံလျှော့ချလိုက်ရင် သွေးတွင်းသကြားဓာတ်ကို မထိန်းနိုင်ဘဲ ဆီးချိုရောဂါ ဆိုးရွားနိုင်ခြေ ရှိပါတယ်။သွေးထဲမှာ ဆိုဒီယမ်ဓာတ်နည်းပါးခြင်းကို hyponatremia လို့ ခေါ်ပါတယ်။ သွေးထဲမှာ ဆိုဒီယမ်နည်းပါးရင် ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အာရုံရှုပ်ထွေးခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း စတာတွေကနေ သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။လက္ခဏာတွေဟာ အများအားဖြင့် ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ ဆင်တူနေတတ်ပါတယ်။ အချိန်ကြာမြင့်စွာ အားစိုက်ထုတ်ထားတဲ့ အားကစားသမားတွေမှာ ဒီပြဿနာကို တွေ့နိုင်ပါတယ်။ အဓိကအချက်ကတော့ ရေကို အများအပြားပြန်သောက်ကြပေမယ့်ချွေးထွက်ရာကနေတဆင့် ဆုံးရှုံးသွားတဲ့ ဆိုဒီယမ်တွေကို ပြန်မဖြည့်နိုင်လို့ ဖြစ်ပါတယ်။အသက်ကြီးပိုင်းတွေဟာလည်း နေထိုင်မကောင်းဖြစ်ခြင်း (သို့မဟုတ်)ဆေးဝါးများသောက်သုံးနေခြင်း စတာတွေကြောင့် သွေးတွင်းဆိုဒီယမ်နည်းခြင်း ဖြစ်တတ်ပါတယ်။ကျန်းမာရေးအတွက် ဆိုဒီယမ် (ဆား) ကို လျှော့စားသင့်တဲ့အကြောင်း လူသိများပါတယ်။ ဒါပေမယ့် ဆားကို အလွန်အကျွံ လျှော့စားရင်လည်း ပြဿနာရှိတတ်ကြောင်း လူသိနည်းပါတယ်။ ကျန်းမာရေးအရ ဆားကို လျှော့စားဖို့ အကြံပေးရင်လည်း ဘယ်ပမာဏလောက် စားသုံးသင့်တယ်ဆိုတာ သိရှိရပါမယ်။ ဆရာဝန် ဒါမှမဟုတ် နားလည်တတ်ကျွမ်းသူက အတည်ပြုထားတဲ့ ပမာဏထက် လျော့နည်းအောင် မိမိသဘောနဲ့ လျှော့ချဖြတ်တောက်ခြင်း မပြုသင့်ပါဘူး။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/dangers-of-sodium-restriction/
ဘေဘီလေးတွေကို ပေးကလိုက်ပါ
လမ်းလျှောက်တတ်စသားသားမီးမီးလေးတွေသီချင်းသံ ကြားတဲ့အခါ လှုပ်စိလှုပ်စိ လိုက်ကတာလေးက တော်တော်လေး ချစ်ဖို့ ကောင်းပါတယ်။ ဒီလို ကနေတဲ့အခါ ဖေဖေမေမေတို့က ဟန့်တာ၊ လှောင်တာမျိုး မလုပ်ဘဲ လက်ခုပ်လေးတီးလို့ အားပေးလိုက်ပါ။ ကတာကဘေဘီလေးရဲ့ရုပ်ပိုင်း ဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာကိုပါ အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်လို့ပါ။သီချင်းသံမြူးမြူးလေးနဲ့ ဘေဘီလေးက လိုက်ကတဲ့အခါ။ကလေးအရွယ်ကတည်းက ယုံကြည်မှုရှိအောင် လုပ်ပေးမှ အသက်ကြီးလာတဲ့အခါ ရဲရင့်ပြီး ယုံကြည်မှု ပြည့်ဝတဲ့သူအဖြစ် ကြီးပြင်းလာမှာပါ။ ဒီနေ့ခေတ်မျာ အောင်မြင်ဖို့ဆိုရင် ဘေဘီလေးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့ လိုပါမယ်။ ဒါကြောင့် ဘေဘီလေးကို ယုံကြည်မှု ပြည့်ဝစေဖို့ ပေးကလိုက်ပါ။ဒီလိုလွတ်လွတ်လပ်လပ်ပေးကတာက တစ်နေ့ထက်တစ်နေ့ ဘေဘီလေးကို ယုံကြည်မှု တိုးလာစေမှာပါ။ဘေဘီလေးကို အက သင်ပေးတာက ပေါင်းသင်းဆက်ဆံရေး ကောင်းစေဖို့ အားဖြည့်ပေးတာပါပဲ။ ကလေးက ကတဲ့အခါ အခြားသူတွေနဲ့ တွဲဖက် လုပ်ဆောင်မှု သဘောတရားကို ငယ်ငယ်ကတည်းက နားလည်လာပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းသူ အဖြစ် ကြီးပြင်းလာမှာပါ။ဘေဘီလေးဟာ ကတဲ့အခါ ခန္ဓာကိုယ်ကို လှုပ်ရမ်းရတဲ့အတွက်ခန္ဓာကိုယ်ကကြွက်သားတွေကိုလေ့ကျင့်ခန်းလုပ်ပေးပြီးသား ဖြစ်ပြီး ကြွက်သားနဲ့အရိုးတွေ ဖွံ့ဖြိုး သန်မာစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ ကတာက ခန္ဓာကိုယ်မှာသွေးစီးဆင်းမှုကောင်းစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။သီချင်း စည်းချက်ကို အာရုံစိုက် နားထောင်ပြိး ကရတာဖြစ်တာကြောင့် သီချင်းမြူးမြူးလေးနဲ့ ပေးကတာက ဘေဘီလေးကို အကြားအာရုံ ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ဘေဘီလေးက အက ဗီဒီယိုလေးကို ကြည့်ရင်း လိုက်ကမယ်ဆိုရင် ကိုယ်နေဟန်ထား မှန်ကန်လာမှာပါ။လမ်းလျှောက်တာက စလို့ နေပုံထိုင်ပုံအဆုံး ကိုယ်နေဟန်ထား မှန်မှန်ကန်ကန်နဲ့ လုပ်ဆောင် လာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို စမတ်ကျစေပြီး ကိုယ်နေဟန်ထား မှန်စေချင်ရင် ငယ်ငယ်ကတည်းက ကတာကို မတားပါနဲ့။ကတဲ့အခါ သီချင်း စာသား၊ သံစဉ် ကစလို့ ကိုယ်နေဟန်ထား ဘယ်လို နေရမလဲ ဆိုတာကို လိုက်မှတ် ရပါတယ်။ ဒီလို လိုက်မှတ်တာက ဘေဘီလေးရဲ့ မှတ်သားသင်ယူနိုင်စွမ်းကို တိုးစေဖို့ အစပျိုးပေးတာပါပဲ။ ဒီလို ငယ်ငယ်ကတည်းကအလေ့အကျင့်လုပ်ပေးတာက ဘေဘီလေးရဲ့ သင်ယူနိုင်စွမ်းကို တိုးလာစေမှာပါ။ကတာက ဘေဘီလေးကို စိတ်ရော ကိုယ်ပါ ကျန်းမာစေပြီး ပျော်ရွှင် တက်ကြွစေဖို့ ထောက်ပံ့ ပေးပါတယ်။ တက်ကြွ လန်းဆန်းနေမှုက ဘေဘီလေးကိုဉာဏ်ကောင်းစေဖို့လည်း ထောက်ပံ့ ပေးနိုင်ပါသေးတယ်။အကောင်းမြင်စိတ်တိုးစေပြီး ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက် အဖြစ် ကြီးပြင်း လာစေမှာပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/why-dance-is-good-for-kids/
ဆေးလိပ်သောက်ခြင်းသည် သင့်၏ကျန်းမာရေးကို မည်ကဲ့သို့ထိခိုက်စေသနည်း
ဆေးလိပ်သောက်ခြင်းသည် သင်၏ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေသည်။ ကိုယ်တွင်းရှိ ကလီစာအားလုံးနီးပါးကို ထိခိုက်စေနိုင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏လေ့လာချက်အရ ဆေးလိပ်သည် သောက်သုံးသူတစ်ဝက်လောက်ကို သေစေနိုင်သည်။ တစ်နှစ်လျှင် လူ6သန်းနီးပါးသည် ဆေးလိပ်ကြောင့်သေဆုံးနေသည်။5သန်းကျော်သည် ဆေးလိပ်အားတိုက်ရိုက်သောက်သုံးခြင်းကြောင့်သေဆုံးရပြီး 600000 ကျော်မှာ ဆေးလိပ်ငွေ့များ ထိတွေ့ခြင်းခံရသော ဆေးလိပ်မသောက်သူများဖြစ်သည်။သင်ဆေးလိပ်သောက်သောအခါ စီးကရက်မှ အဆိပ်များသည် သင်၏သွေးကြောထဲသို့ဝင်သည်။ ထိုသွေးထဲမှ အဆိပ်များသည် သင့်နှလုံးအား အလုပ်ပုံမှန်ထက်ပိုလုပ်စေကာသင်၏ သွေးကြောများကို ကျဉ်းစေသည့်အပြင် သွေးများပျစ်၍ သွေးခဲဖြစ်နိုင်ချေကိုလည်း တက်စေသည်။ ထို့အပြင် ဆေးလိပ်သောက်သောအခါ ဖြစ်ပေါ်သောပြောင်းလဲမှုများသည် နှလုံးဖောက်ခြင်း(သို့)လေဖြတ်ခြင်းတို့၏ဖြစ်နိုင်ချေကိုလည်း များစေသည်။ဆေးလိပ်သည် သင်၏နှလုံးနှင့် သွေးလည်ပတ်မှုကို ထိခိုက်စေကာ နှလုံးသွေးကြောရောဂါများ၊နှလုံးဖောက်ခြင်း၊လေဖြတ်ခြင်း၊ခြေလက်များရှိသွေးကြောရောဂါများနှင့် ဦးနှောက်သွေးကြောရောဂါများ ၏ဖြစ်နိုင်ချေကိုလည်းများစေသည်။ ဆေးလိပ်မှ ကာဗွန်မိုနောက်ဆိုဒ် နှင့် နီကိုတင်းသည် သင်၏နှလုံးအား ပိုမိုလျင်မြန်စွာ အလုပ်လုပ်စေသည်။ သွေးခဲများဖြစ်နိုင်ချေကိုလည်း များစေသည်။ စီးကရက်ငွေ့ထဲမှ အခြားသော ဓါတုပစ္စည်းများသည် သင့်နှလုံးသွေးကြောနံရံများကိုပျက်စီးစေကာ ကျဉ်း၍ပိတ်သွားစေတတ်သည်။ဆေးလိပ်သောက်ခြင်းသည် နှလုံးအမောဖောက်နိုင်ချေကို နှစ်ဆမြှင့်ပေးပြီး ဆေးလိပ်မသောက်သူများထက် နှလုံးသွေးကြောရောဂါများကြောင့် သေဆုံးရန် လည်း ဖြစ်နိုင်ချေ နှစ်ဆခန့်များပြားနေကြောင်းသိရှိရသည်။ဆေးလိပ်သောက်သူများသည် အစာအိမ်ကင်ဆာ(သို့)အစာအိမ်အနာ ဖြစ်နိုင်ချေများသည်။ ဆေးလိပ်သောက်ခြင်းသည် အစာမျိုပြွန်အောက်ပိုင်းအား ထိန်းချုပ်ထားသောကြွက်သားအား အားနည်းစေပြီး အစာအိမ်မှ အက်စစ်များအား ပြောင်းပြန်ပြန်တက်လာစေတတ်သည်။ ဆေးလိပ်သောက်ခြင်းသည် ကျောက်ကပ်ကင်ဆာဖြစ်နိုင်ချေနှင့်လည်း တိုက်ရိုက်အချိုးကျနေသည်။ သင်သည် တစ်နေ့လျှင် စီးကရက် 10လိပ်ပုံမှန်သောက်ပါက ဆေးလိပ်မသောက်သူများထက်စာလျှင်ကျောက်ကပ်ကင်ဆာ။ဖြစ်နိုင်ချေ 1ဆခွဲခန့်ပိုမိုများပြားကြောင်းသိရသည်။ တစ်နေ့လျှင်စီး။ကရက်20ခန့်သောက်ပါက ထိုကဲ့သို့ဖြစ်နိုင်ချေ နှစ်ဆခန့်ပင်များပြားကြောင်းတွေ့ရှိရသည်။ဆေးလိပ်သောက်ခြင်းသည် သင်၏အရေပြားထဲသို့ရောက်ရှိသော အောက်ဆီဂျင်ပမာဏကိုလည်း လျှော့ချပစ်ပြီး သင်၏အရေပြားအား လျင်မြန်စွာ အိုမင်းရင့်ရော်၍ ညိုမဲထူထဲလာစေသည်။ သင်၏ကိုယ်ထဲရှိ အဆိပ်များသည်လည်း အရေပြားဆဲလ်ရောင်ရမ်းရောဂါကို ဖြစ်စေတတ်သည်။10နှစ်မှ နှစ်20အတွင်း သင်၏အရေပြားကို ဆေးလိပ်သည် ပိုမိုရင့်ရော်စေပြီး မျက်နှာ တွင် အထူးသဖြင့် မျက်လုံးနှင့် ပါးစပ်နားတွင် အရေးအကြောင်းများပေါ်လာစေသည်။ မွဲခြောက်ခြောက်ဝါညစ်ညစ် အသားအရေနှင့် ပါးများခွက်စေပြီး ပိန်လှီနေသည့် ပုံစံပေါက်စေသည်။ဆေးလိပ်သောက်ခြင်းသည် သင်၏အရိုးများကို ကျိုးလွယ်စေနိုင်သည်။ ဆေးလိပ်သောက်သူအမျိုးသမီးများ။တွင် အရိုးပွခြင်းသည် ဆေးလိပ်မသောက်သူအမျိုးသမီးများထက် ဖြစ်နိုင်ချေများသည်။ဆေးလိပ်သောက်ခြင်းသည် လေဖြတ်နိုင်ချေကို အနည်းဆုံး 50ရာခိုင်နှုန်းခန့်များစေသည့်အပြင် လေဖြတ်ရာမှ သေဆုံးမှုကိုလည်း နှစ်ဆပိုမိုများပြားစေနိုင်သည်။ဆေးလိပ်သောက်ခြင်း၏ လေဖြတ်စေနိုင်သောအကြောင်းအရင်းတစ်ခုမှာ ဦးနှောက်သွေးကြောများကို ဖောင်းစေသောရောဂါ၏ဖြစ်နိုင်ချေကို မြှင့်တင်ပေးနေခြင်းကြောင့်လည်းဖြစ်သည်။ ထိုရောဂါဖြစ်ပွားရသည်မှာ သွေးကြောနံရံအားနည်းမှုကြောင့် သွေးကြောတစ်နေရာတွင် သွေးများစုပုံဖောင်းကားနေခြင်းကြောင့် ဖြစ်သည်။ ထိုမှတစ်ဆင့် သွေးကြောအားပေါက်သွားစေပြီး လေဖြတ်စေကာ ပြင်းထန်သော ဦးနှောက်ထိခိုက်မှုနှင့် သေဆုံးမှုတို့ကိုဖြစ်ပွားစေသည်။သင်၏အဆုတ်များသည်လည်း ဆေးလိပ်ကြောင့် ဆိုးဝါးပြင်းထန်စွာ ထိခိုက်ခံရနိုင်သည်။ အစပိုင်းတွင် ချောင်းဆိုးခြင်း၊အအေးမိခြင်း၊အချွဲကျပ်ကာ တဝှီဝှီမြည်ခြင်းနှင့် ရင်ကျပ်ရောဂါတို့ကိုဖြစ်ပွားစေတတ်သည်။ ထို့ပြင် အဆုတ်ရောင်သည့် နမိုးနီးယား၊အဆုတ်ပွရောဂါနှင့် အဆုတ်ကင်ဆာတို့ကဲ့သို့သော သေစေနိုင်သည့် ရောဂါများကိုလည်း ဖြစ်ပွားစေနိုင်သည်။ ဆေးလိပ်ကြောင့်သေဆုံးမှုတွင် 84ရာခိုင်နှုန်းမှာ အဆုတ်ကင်ဆာမှ ဖြစ်ပြီး 83ရာခိုင်နှုန်းမှာ စီအိုပီဒီဟုခေါ်သော နာတာရှည်အဆုတ်လမ်းကြောင်းကျဉ်းရောဂါကြောင့်ဖြစ်သည်။ ထိုရောဂါမှာ တဖြည်းဖြည်းပိုဆိုးလာတတ်သောရောဂါဖြစ်ပြီး နာတာရှည်အဆုတ်ရောင်ရောဂါနှင့် အဆုတ်ပွရောဂါအပါအဝင် အခြားသောရောဂါများအားစုပေါင်းထားသော ရောဂါနာမည်ဖြစ်သည်။ စီအိုပီဒီဝေဒနာရှင်များသည် အသက်ရှူလမ်းကြောင်းကျဉ်းခြင်းနှင့် အဆုတ်တစ်ရှူးများပျက်စီးခြင်းတို့ကြောင့် အသက်ရှူရန်ခက်ခဲကြသည်။ ဖြစ်လေ့ရှိသောလက္ခဏာများမှာ တက်တက်ကြွကြွနေစဉ်တွင်မောခြင်း၊သလိပ်ချောင်းဆိုးနေခြင်း၊အသက်ရှူလမ်းကြောင်းထဲသို့မကြာခဏပိုးဝင်ခြင်းတို့ဖြစ်သည်။ဆေးလိပ်သောက်ခြင်းသည် ခံတွင်းနံ့မကောင်းခြင်းနှင့် သွားနှင့်သွားဖုံးပျက်စီးခြင်း၊အရသာပျက်ခြင်းတို့ကိုလည်းဖြစ်စေ။တတ်သည်။ ခံတွင်းနှင့် လည်ချောင်းတွင် အဆိုးဝါးဆုံးဖြစ်စေသည့် ဆေးလိပ်၏ဆိုးကျိုးများမှာ နှုတ်ခမ်း၊လျှာ၊လည်ချောင်း၊အသံအိုးနှင့် အစာမျိုပြွန်ကင်ဆာများဖြစ်နိုင်ချေများခြင်းဖြစ်သည်။93ရာခိုင်နှုန်း။ကျော်သော အာခံတွင်း ကင်ဆာများသည် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပွားစေကြောင်းသိရသည်။ဆေးလိပ်သောက်ခြင်းသည် အမျိုးသားလိင်အဂါအား ထောက်ပံ့ပေးသော သွေးကြောများအားပျက်စီးစေခြင်းဖြင့် ပန်းသေစေတတ်သည်။ သုက်ပိုးများကိုလည်း ပျက်စီးစေကာ သုက်ပိုးအရေအတွက်များကိုလျော့ကျစေကာ ဝှေးစေ့ကင်ဆာကိုဖြစ်စေနိုင်သည်။ အမျိုးသမီးများတွင်လည်း ဆေးလိပ်သောက်ခြင်းသည် မျိုးအောင်နိုင်စွမ်းကိုလျှော့ချပစ်သည်။လေ့လာမှုတစ်ခုအရ ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများထက် တစ်နှစ်ထက်ပို၍ ကိုယ်ဝန်ရှိရန်ကြိုးစားရမှုမှာ သုံးဆပိုနေကြောင်းသိရသည်။ ဆေးလိပ်သောက်သောအမျိုးသမီး။များ၏ မျိုးအောင်နိုင်စွမ်းမှာ ဆေးလိပ်မသောက်သောအမျိုးသမီးများအတွက်မျိုးအောင်နိုင်စွမ်း၏ 72ရာခိုင်နှုန်းသာရှိသည်။ ဆေးလိပ်သောက်ခြင်းသည် လည်ပင်းရိုးကင်ဆာဖြစ်နိုင်ချေကိုလည်းများစေပြီး သားအိမ်ခေါင်းကင်ဆာဖြစ်စေသည့် သားအိမ်ခေါင်းကင်ဆာပိုးအား ကုသနိုင်ရန်လည်း ခဲယဉ်းတတ်သည်။ကိုယ်ဝန်ရှိနေစဉ်တွင် ဆေးလိပ်သောက်ခြင်းသည် ကိုယ်ဝန်ပျက်ခြင်း၊ကလေးစောမွေးခြင်း၊အသေမွေးခြင်း၊ဖျားနာခြင်းတို့ဖြစ်စေပြီး မွေးကင်းစကလေးများရုတ်တရက် သေဆုံးနိုင်ချေအား 25ရာခိုင်နှုန်းခန့်တိုးမြှင့်များပြားစေသည်။သတင်းကောင်းမှာ ဆေးလိပ်ဖြတ်ပြီးပါက သင်၏ကျန်းမာရေးသည် နှင့် သင်၏ခန္ဓါကိုယ်သည်လည်းတိုးတက်ကောင်းမွန်လာလိမ့်မည်။ဆေးလိပ်တစ်နှစ်ဖြတ်ပြီး၍ကုသ၍အရှင်းမပျောက်နိုင်သည့် စီအိုပီဒီရောဂါတိုးတက်မှုသည် နှေးကွေးသွားသောအခါ အန္တာရယ်ရှိသည့်ရောဂါဖြစ်နိုင်ချေများသည်လည်း လွန်စွာ လျော့ကျသွားနိုင်သည်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/%e1%80%b1%e1%80%86%e1%80%b8%e1%80%9c%e1%80%ad%e1%80%95%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%9e%e1%80%8a%e1%80%b9-%e1%80%9e-2/
ကလေးလေးတွေကို နွေးနွေးထွေးထွေး ပွေ့ဖက် ပေးပါ
ပွေ့ဖက် ပေးပါ။ ကိုယ့်ရဲ့ အချစ်ရဆုံးသောသားသားမီးမီးလေးတွေကို မကြာခဏ ပွေ့ဖက်ပေးလိုက်ပါ။ ကလေးလေးက ပျော်နေတဲ့ အချိန်ရော၊ ဝမ်းနည်းနေတဲ့ အချိန်၊ ထိတ်လန့်နေတဲ့ အချိန် တွေမှာ မိဘတွေရဲ့ နွေးထွေးမှုကို လိုအပ်ပါတယ်။ပွေ့ဖက်ခြင်းဟာ မိသားစုရဲ့ ချစ်ခင်နွေးထွေးမှုကို ဖော်ပြတဲ့ ချစ်စရာအကောင်းဆုံး အပြုအမူတစ်ခု ပါပဲ။ ဒါတင်မကဘဲ ကလေးပြုစုစောင့်ရှောက်တဲ့နေရာမှာ ပွေ့ဖက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက အံ့ဩစရာကောင်းလှပါတယ်။ပွေ့ဖက်ကြင်နာပေးခြင်းက ကလေးကို ဉာဏ်ရည်ထက်မြက်စေနိုင်တယ် ဆိုတဲ့ လေ့လာတွေ့ရှိချက်မျိုး က ချစ်ခင်နွေးထွေးတတ်တဲ့ မိသားစုတွေအတွက် တကယ်အားတက်စရာ ပါနော်။ အချစ်ရဆုံး သားသားမီးမီးလေးတွေအတွက် နောက်ထပ် ဘယ်လို ကောင်းကျိုးတွေ ရှိနိုင်ဦးမလဲ ဆက်ပြီး ကြည့်လိုက်ရအောင် –။ပွေ့ဖက်ခြင်းက ကလေးတွေကို။ကလေးဘဝမှာ အသားချင်း ထိတွေ့မှုက သူတို့လေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် အရေးပါ ပါတယ်။ ဒါ့ကြောင့် ကလေးကို ရင်ခွင်ထဲ ထွေးပိုက်ရင်းမိခင်နို့တိုက်ကျွေးဖို့ကို တိုက်တွန်းကြတဲ့ အကြောင်းရင်းထဲ ပါဝင်တာပေါ့။ကလေးတစ်ယောက်ဟာ သူ့ရဲ့ ပုံမှန် ဖွံ့ဖြိုးကြီးထွားမှု ကာလအတွင်း အာရုံခံတုံ့ပြန်မှု အမျိုးမျိုး ဖြစ်လာစေဖို့ လိုအပ်ပါတယ်။ အသားချင်း ထိတွေ့မှု (ပွေ့ချီ၊ ပွေ့ဖက်၊ချော့မြှူ၊ ချော့သိပ်တာ) က ကလေးရဲ့ဦးနှောက်နဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှုကောင်းစေဖို့ အားပေးထောက်ပံ့နေတယ်လို့ သုတေသန လေ့လာမှုတွေက တွေ့ရှိထားပါတယ်။မယုံမရှိပါနဲ့။ ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်စွာနဲ့ ပုံမှန်ကြီးထွားဖွံ့ဖြိုးလာဖို့ ပွေ့ဖက်ခြင်းက အထောက်အကူပေးပါတယ်။ မိဘ သို့မဟုတ် လူကြီးတွေရဲ့ ထိတွေ့မှု နည်းတဲ့ ကလေးတွေမှာ အာဟာရ ပုံမှန် ရရှိနေရင်တောင်မှ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုက ရပ်တန့်သွားတဲ့ အခြေအနေ (Failure to Thrive) ဖြစ်လာနိုင်တယ်လို့ သုတေသနတွေက ဖော်ပြကြပါတယ်။Failure to Thrive ဖြစ်နေတဲ့ ကလေးတွေဟာ ရွယ်တူတွေထဲ လူကောင်ညှက်ပြီး ထွားသင့်သလောက် ထွားမလာတော့ပါဘူး။ အများအားဖြင့်တော့ အာဟာရဓာတ် ချို့တဲ့တဲ့ ကလေးတွေ၊ နွေးထွေးကြင်နာမှု မရရှိတဲ့ ကလေးတွေ၊ စိတ်ဒဏ်ရာရထားတဲ့ ကလေးတွေနဲ့ ညှင်းပန်းနှိပ်စက်ခံရတဲ့ ကလေးတွေမှာ Failure to Thrive ဖြစ်တာ တွေ့ရတတ်ပါတယ်။ဒါ့ကြောင့် ကလေးတွေကို ချစ်ခင်ပေးပါ၊ ရင်းရင်းနှီးနှီး နေပါ၊ ပွေ့ဖက် ပေးပါ။ ဒါမှ ပျော်ရွှင်ခြင်းဟော်မုန်း လို့ဆိုတဲ့oxytocinကို ထွက်ရှိစေပြီး ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုမှာ အထောက်အကူ ဖြစ်စေမယ့် တခြားဟော်မုန်းတွေကိုပါ နှိုးဆွပေးပါတယ်။ပွေ့ဖက်ခြင်း ကြောင့် ကလေးနဲ့ ဖေဖေမေမေတို့ ကြားမှာ ရင်းနှီးမှု၊ ချစ်ခင်မှု၊ ယုံကြည်မှုတွေ ပိုတိုးလာစေပါတယ်။ လက်သာတယ် တို့၊ အမေကို ပိုကပ်တယ်၊ အဖေကို ပိုကပ်တယ်၊ အဖွားကို ပိုကပ်တယ် ဆိုတာတွေက ဒီလိုမျိုးပါပဲ။သူ့အနား ပိုနီးကပ်သူ၊ ပိုနွေးထွေး ကြင်နာသူတွေကို ကလေးက ပိုရင်းနှီးမယ်၊ ပိုယုံကြည်မယ်လေ။ ပွေ့ဖက်ပေးခြင်းက ကလေးရဲ့စိတ်မှာ နွေးထွေးမှု၊ လုံခြုံမှု၊ နှစ်သိမ့်မှုတွေ ခံစားရစေတာလည်း အမှန်ပါပဲ။ချစ်ခင်ကြင်နာတတ်ဖို့ ငယ်ငယ်တည်းက ခံစားသင်ယူလာရတဲ့ ကလေးတွေက တခြားသူအပေါ် ကြင်နာတတ်ဖို့၊ ကိုယ်ချင်းစာတတ်ဖို့၊ အားပေးတတ်ဖို့ များပါတယ်။ မိသားစုဘဝမှာ ပျော်ရွှင်ခဲ့ရတဲ့ ကလေးတွေ (အလိုလိုက်လွန်းတဲ့ ထိန်းကျောင်းနည်းမဟုတ်) မှာ အကောင်းမြင်စိတ် ကိုမွေးမြူပြီးသား ဖြစ်စေပါတယ်။ပွေ့ဖက် လိုက်တဲ့ အချိန်မှာOxytocinဟော်မုန်းထွက်ရှိမှု ကြောင့် ကလေးရဲ့ ကိုယ်ခံအားကို ပိုကောင်းစေပါတယ်။ ဒီဟော်မုန်းက အနာကျက်နိုင်စွမ်း ကိုလည်း မြန်စေပြီး ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ကဲ မေမေတို့ရေ သိပ်ချစ်ရတဲ့ ကလေးလေးတွေကို မကြာခဏ သတိတရနဲ့ တယုတယ ပွေ့ဖက်ပေးပါနော်။ အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ် လို့။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/children-hugging/
မိတ်ဖွဲ့ဖို့အတွက် နည်းလမ်းကောင်းများ
မိသားစုလိုပါပဲ၊ သူငယ်ချင်းဘဝဆိုတာလည်း လူတိုင်းကဆုတစ်ဆုအနေနဲ့ ရထားတဲ့ အင်မတန်ပျော်စရာကောင်းတဲ့ ခံစားမှုတစ်ခုပါပဲ။ သူငယ်ချင်းတစ်ယောက်ဟာရုတ်တရက် ကိုယ့်နားကပျောက်ကွယ်သွားတာမျိုးမရှိနိုင်ဘဲချစ်စရာကောင်းတဲ့ သူငယ်ချင်းဘဝဆိုတာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိဖို့လိုပါတယ်။ စိတ်ပညာရှင်များကတော့ လူတစ်ယောက်ချင်းစီမှာအနည်းဆုံးတော့ ယုံကြည်စိတ်ချရပြီးစိတ်ဓါတ်ရေးရာတည်ကြည်မှုရှိတဲ့ သူငယ်ချင်းအရင်း(၃)ယောက်လောက် ရှိနေသင့်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်းအဲဒီလိုယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းမျိုးရဖို့ကတစ်ချို့အတွက်တော့ ရိုးရှင်းပေမယ့် တစ်ချို့အတွက်တော့ ခက်ပါတယ်။ အောက်မှာပြောပြထားတဲ့အချက်တွေကတော့ အပြန်အလှန်လေးစားပြီးယုံကြည်ရတဲ့ သူငယ်ချင်းမျိုးရစေနိုင်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။အချိန်ပေးပြီးဂရုစိုက်ပါ။သူလုပ်တဲ့ကိစ္စတွေမှာအားပေးခြင်းဖြင့် ကိုယ့်ရဲ့ ဂရုစိုက်မှုကို ပြသဖို့ လိုပါတယ်။ သူနဲ့ အတူတူတစ်ပတ်ကိုသုံးခါလောက် အားကစားလုပ်တာတို့၊ ပိတ်ရက်တွေမှာကော်ဖီဆိုင်အတူတူထိုင်တာတို့၊ ကိုယ့်ရဲ့အိမ်ကိုဖိတ်ပြီးအင်တာနက်မှာတွေ့တဲ့ ဟင်းချက်နည်းတွေနဲ့ ဟင်းအတူတူချက်စားကြတာတို့ လုပ်ဖို့ လိုအပ်ပါတယ်။ ကိုယ်တွေရဲ့ ရင်းနှီးမှုပိုပြီးခိုင်မာအောင် ရက်တိုခရီးထွက်တာမျိုးတွေလည်းလုပ်နိုင်ပါတယ်။ အဲဒီနည်းနဲ့ သူငယ်ချင်းတွေဟာကိုယ့်ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့်လည်းသူငယ်ချင်းဆက်ဆံရေးမှာတစ်ဖက်သတ်တော့ မဆန်သင့်ပါဘူး။ ဥပမာရုပ်ရှင်အတူသွားကြည့်ရင် သူကြည့်ချင်တဲ့ကားနဲ့ ကိုယ်ကြည့်ချင်တဲ့ကားညှိနှိုင်းကြတာမျိုးလုပ်သင့်ပါတယ်။ ဒါမှသာသူ့အနေနဲ့ ကိုယ်နဲ့ပေါင်းသင်းရတာလွှမ်းမိုးခံနေရသလိုမျိုးမခံစားမိတော့မှာ ဖြစ်ပါတယ်။ဆက်သွယ်ပြောဆိုပါ။ကိုယ့်ရဲ့အတွေးအမြင်တွေ၊ ရင်တွင်းခံစားချက်တွေကို မျှဝေဖို့ ရှက်မနေပါနဲ့။ တချို့လူတွေအတွက်တော့ ခက်ခဲကောင်းခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလိုလုပ်ခြင်းကသူငယ်ချင်းတွေကြားရင်းနှီးမှုကိုခိုင်မြဲစေပါတယ်။ အထူးသဖြင့် မိန်းကလေးတွေကြားထဲမှာဆိုရင်ပေါ့။ ကိုယ့်ကိုယ်ကိုယ် ရိုးသားစွာနဲ့ အမြဲတမ်းထုတ်ဖော်ပြသသွားမယ်ဆိုရင် ကိုယ့်ရဲ့ ရင်တွင်းခံစားချက်တွေကလည်းအမြဲလတ်ဆတ်နေတော့မှာပါ။အဲဒီအပြင် သူငယ်ချင်းတွေ ရင်ဖွင့်တာကိုနားထောင်ပေးဖို့လည်းလိုပါတယ်။ သူတို့ရဲ့ မျက်လုံးကိုသေချာကြည့်ပြိးသူတို့ပြောသမျှကိုရိုးသားစွာနဲ့ နားထောင်ပေးပါ။ တကယ်လို့ နှစ်သိမ့်တာမျိုးမလုပ်တတ်ဘူးဆိုတောင် တိတ်ဆိတ်စွာပဲကိုယ့်ရဲ့ ကြင်နာသနားမှုကို ပြသလို့ရပါတယ်။ မယဉ်ကျေးတဲ့ အပြုအမူမျိုးတွေကိုရှောင်ပါ။ ကိုယ့်အကြောင်းစကားရောက်သွားအောင် လမ်းကြောင်းပြောင်းကြည့်ပါ။ နောက်ဆုံးအနေနဲ့ လုပ်ဖို့လိုအပ်တာကတော့ချစ်သူရည်းစားပတ်သက်မှုလိုမျိုးကိုယ့်ရဲ့ ခံစားချက်နဲ့ လေးစားမှုတွေကိုအကောင်းဆုံးရှင်းရှင်းလင်းလင်းပြသလိုက်ဖို့ပါပဲ။ ဥပမာ ငါ မင်းကိုသတိရတယ်၊ မင်းနဲ့အတူရှိရတဲ့အချိန်တွေကသိပ်ပျော်စရာကောင်းတယ်၊ ငါ့ဘေးမှာအမြဲရှိနေတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆိုတာမျိုးဆိုပြီးမက်ဆေ့ပို့ပေးပါ။ နည်းနည်းတော့ ရှက်စရာကောင်းသလိုရှိပေမယ့် သူငယ်ချင်းကတော့ စိတ်ထဲခံစားရမှာအမှန်ပါပဲ။သူငယ်ချင်းကိုဖေးမပါ။ သစ္စာရှိပါ။သူငယ်ချင်းကကိုယ့်အကူအညီလိုတိုင်းကူညီပေးပါ။ သူငယ်ချင်းရဲ့ အောင်မြင်မှုကိုဂုဏ်ပြုပေးတာကလည်းသူတို့ကိုပိုပြီးပျော်ရွှင်စေပါတယ်။ သူငယ်ချင်းရဲ့ အောင်မြင်မှုအပေါ် ကိုယ်ကကြောက်လန့်မိတာမျိုး ဖြစ်တတ်ပါတယ်။ မနာလိုဖြစ်နေမယ့်အစားသူငယ်ချင်းရဲ့ အောင်မြင်မှုကို မျှဝေခံစားနိုင်ဖို့ အကောင်းဆုံး ကြိုးစားအားထုတ်လိုက်ပါ။ နောက်တစ်ခုအရေးကြီးတာကတော့ သူငယ်ချင်းကိုသူများတွေရဲ့ရှေ့မှာအမြဲတမ်းကာကွယ်ပေးဖို့ပါ။ သူငယ်ချင်းကိုယ်တိုင်ကရှိမနေတဲ့အချိန်မှာတောင်မှ သုူ့အကြောင်းတွေ လျှို့ဝှက်ထားပေးတာ၊ နောက်ကွယ်မှာမကောင်းမပြောတာ၊ ချစ်ကြောင်းခင်ကြောင်းပြောနေတာမျိုးတွေ လုပ်ပေးဖို့ လိုပါတယ်။တင်းတင်းကြပ်ကြပ် ဖက်ပေးပါ။ဒီလိုပြုလုပ်ဖို့ နာမည်ကျော် မဂ္ဂဇင်းတွေ၊ ဝက်ဘ်ဆိုက်တွေကတော့ တက်ကြွစွာပဲတိုက်တွန်းထားပါတယ်။ အဲဒီလိုဖက်ခြင်းကကိုယ့်ကိုပျော်ရွှင်စေတယ်၊ ကျန်းမာစေတယ်၊ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးစေတယ်လို့ ဆိုပါတယ်။ ရိုးသားခင်မင်စွာဖက်ခြင်းနဲ့ ပတ်သက်တဲ့ ကောင်းကျိုးတွေကိုသုတေသနလုပ်ထားတာရှိပါတယ်။ ပထမလူအုပ်စု ၄ပတ်အတွင်း တစ်နေ့ကို ၅ကြိမ်အနည်းဆုံး ဖက်တာဖြစ်ဖြစ် အဖက်ခံတာဖြစ်ဖြစ် လုပ်ရပါတယ်၊ ပြီးတဲ့အခါ အဲဒါတွေကိုအသေးစိတ်မှတ်တမ်းတင်ထားရပါတယ်။ သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ပဲ ဖက်ရမှာဖြစ်ပြီးချစ်သူတွေ၊ သူစိမ်းတွေနဲ့ တရင်းတနှီးဖက်လို့မရပါဘူး။ အချိန်၊ တင်းကြပ်မှုနဲ့ လက်အနေအထားတို့ကအရေးကြီးပါတယ်။ ဒုတိယလူအုပ်စုကတော့ ဒီ၄ပတ်အတွင်း စာဖတ်တဲ့အချိန်တွေကိုသာမှတ်တမ်းတင်ထားရမှာ ဖြစ်ပါတယ်။ရလဒ်ကတော့ ဖက်တာ၊ ဒါမှမဟုတ် အဖက်ခံထားရတဲ့ လူအုပ်စု ၄၉ကြိမ်ဖက်ခြင်းနဲ့ ကြုံတွေ့ပြီးတဲ့နောက်မှာပိုပြီးပျော်ရွင်လာကြတာကိုတွေ့ရပြီးဒုတိယလူအုပ်စုကတော့ ဘာမှထူးခြားမနေတာကိုတွေ့ရပါတယ်။အနှစ်ချုပ်အနေနဲ့ ဖက်ခြင်းဟာကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုပိုပြီးရင်းနှီးစေတဲ့ အပြုအမူတစ်ခု ဖြစ်ပါတယ်။ စမ်းသပ်မှုစစချင်းမှာတချို့သောကျောင်းသားတွေဟာဖက်ရတာကိုစိတ်မသက်မသာ ဖြစ်နေကြပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ စိတ်လက်ပေါ့ပါးစွာ ပြုလုပ်လာနိုင်ကြပါတယ်။ ဒါကြောင့် ကိုယ့်သူငယ်ချင်း၊ ဒါမှမဟုတ် ကိုယ် သူငယ်ချင်း ဖြစ်ချင်တဲ့သူကို ကြိုးစားပြိးဖက်ကြည့်ပါ။ အဲဒီလိုဖက်ခြင်းဟာစိတ်ဖိစီးမှုတွေကိုလျော့စေရုံသာမကသူတို့နဲ့လည်းပိုပြီးရင်းနှီးလာစေမှာ ဖြစ်ပါတယ်။မှန်မှန်နေထိုင်ပါ။ ကွဲပြားစွာတွေးတောပါ။ ပိုပြီးချစ်ပါ။ နောက်ပြီးလူတွေကိုစိတ်ရင်းနဲ့ဆက်ဆံပါ။ ဒါတွေကတော့ သူငယ်ချင်းကောင်းတွေ ရစေပြီးသူတို့နဲ့အတူကိုယ့်ဘဝရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေကို အတူဝေမျှသွားနိုင်မယ့် နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/tips-for-making-friends/
ဆေးဖြစ်ဝါးဖြစ် အရက်သောက်လည်း သွေးတိုးအန္တရာယ်ပိုများစေနိုင်တယ်
ဒီသုတေသနကိုAmerican College of Cardiology ရဲ့ ၆၈ ကြိမ်မြောက် နှစ်စဉ်အစည်းအဝေးမှာ တင်ပြခဲ့တာပါ။ သုတေသနမှ ပါဝင်ခဲ့တဲ့ အမေရိကန်လူမျိုး ၁၇၀၅၉ ဦးကိုသောက်တတ်တဲ့အလေ့အထနဲ့ပတ်သက်ပြီးစစ်တမ်းကောက်ခဲ့ပါတယ်။သူတို့ရဲ့သွေးပေါင်ချိန်ကို သုတေသနအဖွဲ့ကလေ့လာစောင့်ကြည့်တဲ့အခါ တစ်ပတ်ကို အယ်လ်ကိုဟော ၇ ခွက်ကနေ ၁၃ ခွက်သောက်တတ်တဲ့ ၁၇၀၀၀ ဦး မှာသွေးတိုးဖြစ်နိုင်ခြေ ၅၃ ရာခိုင်နှုန်းပိုများတယ်လို့တွေ့ရှိရပါတယ်။တစ်ပတ်ကို ၁၄ ခွက်နဲ့အထက်သောက်တတ်သူတွေကတော့ အရက်မသောက်သူတွေထက်သွေးတိုးဖြစ်နိုင်ခြေ ၆၉ ရာခိုင်နှုန်းပိုများတယ်လို့တွေ့ရပါတယ်။ သူတို့တွေရဲ့သွေးပေါင်ချိန်ကိုစစ်ဆေးတဲ့အခါသွေးတိုးအစောပိုင်းအဆင့်ဖြစ်တဲ့ အပေါ်သွေး 130–139 mm Hg နဲ့အောက်သွေး80–89 mm Hg တို့မှာရှိနေတာတွေ့ရတာဖြစ်ပါတယ်။ဒီရလဒ်တွေက အမျိုးသားနဲ့အမျိုးသမီး အတူတူပဲဖြစ်နေတာတွေ့ရပြီး သုတေသီတွေအနေနဲ့ အသက်အရွယ်၊ လူမျိုးနဲ့ ဝင်ငွေ စတဲ့သွေးတိုးဖြစ်စေနိုင်တဲ့ တခြားအန္တရာယ်အချက်တွေကိုလည်း ထည့်တွက်ခဲ့ကြပါတယ်။အမေရိကန်ကျန်းမာရေးအကြံပြုချက်တွေအရဆေးဖြစ်ဝါးဖြစ်သောက်တဲ့ပမာဏဟာ အမျိုးသမီးတွေအတွက် တစ်နေ့တစ်ခွက်အထိဖြစ်ပြီး အမျိုးသားတွေအတွက်က တစ်နေ့နှစ်ခွက်အထိ သတ်မှတ်ပေးထားပါတယ်။အခုလေ့လာမှုမှာ ပါဝင်သူ ၁၇၀၀၀ကျော်အနက်ဆေးဖြစ်ဝါးဖြစ်သောက်တဲ့သူ ၅၃ ရာခိုင်နှုန်းကသွေးတိုးအစောပိုင်းအဆင့် ၂ ကိုရောက်ဖို့ဖြစ်နိုင်ခြေ နှစ်ဆပိုများတယ်လို့ သိရပါတယ်။အရင်တည်းက မှတ်ယူထားကြတာကဆေးဖြစ်ဝါးဖြစ်လောက်သောက်ရင် ကျန်းမာရေးအတွက်ကောင်းတယ်၊ များများသောက်မှ ကျန်းမာရေးထိမယ်လို့ပေါ့။ ဒါပေမယ့် ဒီသုတေသနအရ အနည်းအကျဉ်းသောက်လည်းရေရှည်ဆိုသွေးတိုးအန္တရာယ်စိုးရိမ်ရတယ်လို့တွေ့ရှိခဲ့တာပါ။သွေးတိုးရောဂါဟာနှလုံးရပ်ခြင်းနှင့်လေဖြတ်ခြင်း တို့ရဲ့အဓိကတရားခံဖြစ်နေတော့ မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်သင့်တဲ့အန္တရာယ်ဖြစ်ပါတယ်။ နယူးယောက်စီးတီးရှိLenox Hill Hospital မှဒေါက်တာDr. Sunny Intwala ကတော့ အရက်သောက်တယ်ဆိုတာ အဆီတွေကိုမြင့်စေနိုင်တာကြောင့်သွေးတိုး၊ နှလုံးပျက်စီးခြင်း၊လေဖြတ်ခြင်းနဲ့ အဝလွန်ခြင်းတို့ကိုဖြစ်လာစေနိုင်တယ်လို့ တခြားသီအိုရီတစ်ခုကိုပြောပြပါတယ်။ဒီလေ့လာမှုဟာ အမေရိကန်ကျန်းမာရေးနဲ့အာဟာရဆန်းစစ်မှု စစ်တမ်းအရ ၁၉၈၈ ခုနှစ်ကနေ ၁၉၉၄ ခုနှစ်အတွင်း သုတေသနအချက်အလက်တွေကို အခြေခံတာပါ။“ဒီသုတေသနက ကြီးတဲ့အပြင် လူမျိုးနဲ့လိင်ကွဲပြားမှုအရရော လူအမျိုးစုံပါဝင်ပါတယ်။ အကြံပြုချင်တာက နည်းနည်းပဲသောက်သောက်၊ များများပဲသောက်သောက်သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးပြီး တတ်နိုင်သလောက်သွေးတိုးကာကွယ်ကြဖို့ ပါပဲ။” လို့ ဦးဆောင်သုတေသီ Aladin ကပြောပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/health-news/%e1%80%b1%e1%80%86%e1%80%b8%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%9d%e1%80%ab%e1%80%b8%e1%80%bb%e1%80%96%e1%80%85%e1%80%b9-%e1%80%b1%e1%80%9e%e1%80%ac%e1%80%80%e1%80%b9%e1%80%9c%e1%80%8a%e1%80%b9/
ကိုယ်ဝန်ဆောင်ချိန် Omega -3 သောက်သုံးခဲ့ရင် မွေးလာတဲ့ကလေးမှာ သွေးတိုးဖြစ်နိုင်ခြေနည်းစေနိုင်
ကိုယ်ဝန်ဆောင်ချိန်ငါးကြီးဆီမှာပါတဲ့Omega -3 fatty acid(DHA)သောက်သုံးတဲ့ မိခင်တွေကနေ မွေးဖွားလာတဲ့ ကလေးတွေဟာ သွေးတိုးရောဂါ ဖြစ်လာနိုင်တဲ့အန္တရာယ် လျော့နည်းတယ်လို့ သုတေသန အသစ်က ဖော်ပြခဲ့ပါတယ်။မိခင်လောင်းတွေရဲ့Omega -3 သောက်သုံးမှုက ကလေးတွေရဲ့ နောက်ပိုင်းသက်တမ်းအထိ ရေရှည် အကျိုးသက်ရောက်မှု ရှိနိုင်တာဖြစ်တယ် လို့ University of Kansas မှ အာဟာရဗေဒ ပါမောက္ခဖြစ်တဲ့ တွဲဖက်သုတေသီ ဆူဆန်ကာလ်ဆန်က ပြောပါတယ်။သုတေသနမှာ Kansas City ဧရိယာအတွင်း မွေးဖွားခဲ့တဲ့ကလေး ၁၇၁ ဦးကို လေ့လာစောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ မိခင်လောင်းတွေ သောက်သုံးနေကျ ဗီတာမင် အားဆေးတွေ၊ ငါးကြီးဆီတို့မှာ ပါတတ်တဲ့ DHA (docosahexaenoic acid) တစ်နေ့ ၆၀၀ မီလီဂရမ်သောက်သုံးတာက တစ်ဖွဲ့၊ ဗလာဆေး တိုက်ကျွေးခဲ့တာ တစ်ဖွဲ့နဲ့ အုပ်စု နှစ်ခုခွဲပြီး စောင့်ကြည့်ခဲ့ပါတယ်။အဖွဲ့နှစ်ဖွဲ့ရဲ့မွေးဖွားလာတဲ့ ကလေးတွေကို အသက် ၄ နှစ်ကနေ ၆ နှစ်အတွင်း သွေးဖိအား စစ်ဆေးမှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ကိုယ်အလေးချိန်များ ဒါမှမဟုတ် အဝလွန်နေတဲ့ ကလေးတွေအနက် မိခင်ကDHAဖြည့်စွက်အားဆေး သောက်သုံးခဲ့သူတွေထက် ဗလာဆေး သောက်သုံးခဲ့သူတွေဟာသွေးဖိအား မြင့်တက်နေတာတွေ့ရပါတယ်။ပျမ်းမျှအားဖြင့် ဗလာဆေးသောက်ခဲ့တဲ့ မိခင်အုပ်စုရဲ့ ကိုယ်အလေးချိန်များတဲ့ ကလေးတွေဟာ အပေါ်သွေး 3.94 mm Hg ပိုများနေပြီး အောက်သွေး4.97 mm Hg ပိုများနေတာပဲ ဖြစ်ပါတယ်။ဒီကွာခြားချက်က သိသာထင်ရှားတဲ့ ရလဒ် ဖြစ်နေတယ်လို့ သုတေသီအဖွဲ့က ဆိုပါတယ်။ DHA ရဲ့အာနိသင်ဟာ မွေးဖွားပြီး ကိုယ်အလေးချိန် များခြင်း ဖြစ်စဉ်မှာ ပုံမှန်သွေးဖိအားကို ထိန်းသိမ်းပေးမယ့် နှလုံးလုပ်ဆောင်ချက်ကို စီစဉ်ပေးတာ ပါဝင်နိုင်တယ်လို့ တွဲဖက်သုတေသီ ဂျွန်ကိုလမ်ဘိုက ပြောပါတယ်။“ဒီသုတေသနဟာ မိခင်လောင်းတွေနဲ့ ကလေးဆရာဝန်တွေအနေနဲ့ကလေးမမွေးဖွားခင် ကျန်းမာရေးနဲ့အပြုအမူပိုင်းဆိုင်ရာဂရုစိုက်နိုင်ဖို့အတွက် ရည်ရွယ်ပါတယ် “လို့ ကိုလမ်ဘိုကပြောပါတယ်။ကိုယ်ဝန်ဆောင်အားဆေးတော်တော်များများမှာ DHA ပါဝင်ပေမယ့် အများစုက ၆၀၀ မီလီဂရမ်ထက်တော့မကျော်ပါဘူး။ ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်ဗီတာမင်အားဆေးတွေမှာ DHA က200-300 mgလောက်ပါဝင်ပါတယ်။လမစေ့ဘဲမွေးဖွားနိုင်တဲ့ အန္တရာယ်ကိုလျော့နည်းစေတာအပါအဝင် DHA ရဲ့တခြားအကျိုးအာနိသင်တွေရှိနေတော့ ကိုယ်ဝန်ဆောင်ကာလမှာ တစ်နေ့တာDHA ပမာဏကို များများသောက်ဖို့လိုအပ်ပါတယ်လို့New York City၊Lenox Hill Hospital မှ သားဖွားမီးယပ်အထူးကုဒေါက်တာ ဂျနီဖာဝူ ကပြောပါတယ်။DHA ဟာ ကလေးတွေရဲ့ အမြင်အာရုံနဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက်ကောင်းတယ်ဆိုတာ သိထားပြီးဖြစ်လို့ အခုလိုသွေးတိုးကာကွယ်တယ်ဆိုတာ သိရတော့ သတင်းကောင်းတစ်ခုဖြစ်နေပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက်အရွယ်တွေမှာမှဖြစ်လာတတ်တဲ့ ကျန်းမာရေးပြဿနာတွေအများကြီးရှိတာကြောင့် နှစ်ရှည်သုတေသနတွေ ဆက်လုပ်ဖို့လိုသေးတယ်လို့ သုတေသီတစ်ဦးကပြောပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/health-news/moms-prenatal-fish-oil-might-help-kids-blood-pressure-later/
လက်ဖက်စိမ်း ဆိုတာ
လက်ဖက်စိမ်းဖျော်ရည်ဟာ ကျန်းမာရေးနဲ့ကိုက်ညီတဲ့ အစားအသောက်တစ်ခု ဖြစ်တယ်  ဆိုတာ လက်ခံထားကြပြီးသား ဖြစ်ပါတယ်။ လက်ဖက်စိမ်းရဲ့အကျိုးကျေးဇူးတွေကို ပါးစပ်ပြောနဲ့ မဟုတ်ဘဲ လက်တွေ့ စမ်းသပ်ပြီး သိရှိလာကြတာ ဖြစ်ပါတယ်။Polyphenols ဆိုတဲ့ ဒြပ်ပေါင်းဟာ ရောင်ရမ်းခြင်းတွေကို လျော့နည်းသက်သာစေပြီး ကင်ဆာရောဂါကို တွန်းလှန်နိုင်စေပါတယ်။ EGCG လို့ခေါ်တဲ့ ဒြပ်ပေါင်းကတော့ ဓာတ်တိုး ပစ္စည်းဖြစ်တာကြောင့် ဆဲလ်ပျက်စီးခြင်းတွေကို ကာကွယ်ပေးမှာပါ။ခန္ဓာကိုယ်ထဲကfree radicalsဆိုတဲ့ ဓာတ်တိုးပစ္စည်းတွေဟာ အိုမင်းရင့်ရော်စေခြင်းနဲ့ အခြားရောဂါတွေကို ဖြစ်စေပါတယ်။လက်ဖက်စိမ်း ဟာ  free radicals ​တွေ ဖြစ်ပေါ်ခြင်းကို လျော့နည်းစေတဲ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေလည်း ပါဝင်နေပါသေးတယ်။လက်ဖက်စိမ်းကြောင့် တက်ကြွနေစေပြီး မှတ်ဉာဏ်အားလည်း ကောင်းလာစေပါတယ်။ ဒါဟာ လက်ဖက်စိမ်းမှာ ပါဝင်တဲ့ကဖင်းဓာတ်ကြောင့်ပါ။ လက်ဖက်စိမ်း ဟာ ကော်ဖီလိုမျိုး ခန္ဓာကိုယ်အပေါ် ဘေးထွက်ဆိုးကျိုးတွေ မရှိတာမို့ ကဖင်းရယူဖို့ အကောင်းဆုံးရင်းမြစ်ပါ။ ကဖင်းဓာတ်ကြောင့်လည်း တက်ကြွလန်းဆန်း နေစေမှာပါ။ကဖင်းတင်မဟုတ်ပါဘူး။ L-theanine ဆိုတဲ့အမိုင်နိုအက်ဆစ်လည်း ပါဝင်တာကြောင့် စိတ်ဓာတ်ကျလွယ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။လက်ဖက်စိမ်းထဲမှာ ကဖင်းပါဝင်ကြောင်း သိရှိပြီးပါပြီ။ ကဖင်းဟာ အဆီတစ်ရှူး​တွေကနေ အဆီသုံးစွဲ လောင်ကျွမ်းခြင်းကို အားပေးပါတယ်။ လောင်ကျွမ်းသွားတဲ့ အဆီတွေဟာ စွမ်းအင်ဖြစ်သွားမှာပါ။လက်ဖက်စိမ်း မှီဝဲတဲ့ အမျိုးသမီးတစ်ယောက်ဟာ ရင်သားကင်ဆာ ဖြစ်ပွားမှုကို ၂၀ ရာခိုင်နှုန်းမှ ၃၀ရာခိုင်နှုန်းထိ လျော့နည်းစေနိုင်ပါတယ်။ အမျိုးသားတွေမှာ ဆိုရင်လည်း ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုနှုန်းကို လျော့နည်းစေနိုင်တယ်လို့ ဆိုထားကြပြန်ပါတယ်။ လေ့လာချက် (၂၉)ခုအရ လက်ဖက်စိမ်းဖျော်ရည် သောက်သုံးခြင်းဟာ အူမကြီး ကင်ဆာဖြစ်ဖို့ (၄၂)ရာခိုင်နှုန်း နည်းပါးသွားပါသတဲ့။အယ်လ်ဇိုင်းမား ရောဂါနဲ့ ပါကင်ဆန်​ရောဂါဟာ ဦးနှောက်ဆဲလ်တွေ သေဆုံးပြီး မှတ်ဉာဏ်မေ့ပျောက်တဲ့ ရောဂါတွေဖြစ်ပါတယ်။ လက်ဖက်စိမ်းဟာ ထိုရောဂါတွေရန်မှ ကာကွယ်ပေးထားနိုင်ပါတယ်။Streptococcus mutons ဆိုတဲ့ ဘက်တီးရီးယားဟာ ခံတွင်းထဲမှာ ပေါက်ဖွားတဲ့အခါ ခံတွင်းအနံ့ဆိုးခြင်းနဲ့ သွားနှင့်သွားဖုံး ပျက်စီးခြင်းတွေကို ခံစားရစေပါတယ်။ လက်ဖက်စိမ်းမှာပါတဲ့ ပါဝင်ပစ္စည်းတစ်ခုဟာ ၎င်းဘက်တီးရီးယား ပေါက်ဖွားခြင်းကို ချိုးနှိမ်ပေးနိုင်ပါတယ်။ဆီးချိုဟာ ဆယ်စုနှစ်ပေါင်းများစွာကတည်းက ခြိမ်းခြောက်နေတဲ့ရောဂါပါ။ သွေးတွင်းသကြားဓာတ် များခြင်းကြောင့် ‌ဆီးချိုဖြစ်လာတာမို့လို့ လက်ဖက်စိမ်းဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိ လျှော့ချပေးနိုင်တယ်လို့ ဆိုထားပြန်ပါတယ်။လက်ဖက်စိမ်းဟာ သွေးကြောထဲမှာရှိတဲ့ ဓာတ်တိုးပစ္စည်းတွေရဲ့ စွမ်းအားကို မြှင့်တင်ပေးပြီး  ကောင်းတဲ့အဆီ တွေကို ပိုမိုထိန်းထားစေနိုင်တာကြောင့် သွေးတိုးနှလုံးနဲ့ လေဖြတ်ခြင်းကို ကာကွယ်ပေး ထားပါတယ်။သင်ဟာ ကိုယ်ခန္ဓာဝဖြိုးသူဖြစ်ပါက သင့်ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ နှေးနေတာကြောင့် ဖြစ်နိုင်ပါတယ်။ လက်ဖက်စိမ်းဟာ ဇီဝကမ္မ အဖြစ်အပျက်နှုန်းကို မြန်စေတာမို့ အဆီပိုတွေကျဆင်းကာ ကျန်းမာတဲ့ ကိုယ်အလေးချိန်မှာပဲ ရှိနေစေမှာပါ။ဂျပန်နိုင်ငံမှာ လေ့လာချက် တစ်ခုပြုလုပ်ခဲ့ကြပါတယ်။ လက်ဖက်စိမ်း ဖျော်ရည်ကို တစ်နေ့မှာ (၅)ခွက်နဲ့ အထက် သောက်သုံးသူတွေမှာ နှလုံးရောဂါကြောင့် သေဆုံးနှုန်းဟာ အမျိုးသမီးတွေမှာ ၃၁ ရာခိုင်နှုန်း နဲ့ အမျိုးသားတွေမှာ ၂၂ ရာခိုင်နှုန်း လျော့နည်းသွားတာကို တွေ့ရပါသတဲ့။အလားတူပါပဲ။ လေဖြတ်ခြင်းကြောင့် သေဆုံးနှုန်းဟာလည်း အမျိုးသမီးတွေမှာ ၄၂ ရာခိုင်နှုန်း နဲ့ အမျိုးသားတွေမှာ ၃၅ ရာခိုင်နှုန်း လျော့နည်းသွားတာကို တွေ့ရှိခဲ့ရပါတယ်။ဒါကြောင့် ကျန်းမာရေး အကျိုးကျေးဇူးတွေ မြောက်များစွာရှိတဲ့ Green Tea ကို သောက်သင့်သလား။ မသောက်သင့်သလားကိုတော့ သင်ကိုယ်တိုင်သာ ဆုံးဖြတ်ပါတော့။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/green-tea-benefits/
ဘာ့ကြောင့် လျှာတွေဖြူ ရတာလဲ
လျှာဆိုတာ အနီရောင်နဲ့ ပန်းရောင်ကြားပြေးနေတဲ့ အရောင်ရှိနေမှ ပုံမှန်ပါ။ တချို့ အရောင်ဆိုးထားတဲ့ အစားအသောက်တွေကို စားမိပြီး လျှာမှာ အရောင်တွေ စွန်းနေတာက လွဲလို့ အနီရောင်ပြေးလေး မဟုတ်ဘဲ လျှာဖြူနေပြီ ဆိုရင် နည်းနည်း စဉ်းစားစရာတော့ဖြစ်နေပါပြီ။ ဒီလို လျှာတွေဖြူ နေရတဲ့ ပြဿနာဟာ ရောဂါတစ်ခုခုရဲ့ လက္ခဏာဖြစ်နေနိုင်တာကြောင့် သတိထားသင့်တဲ့ အရာတွေထဲမှာ ပါပါတယ်။ ကဲဒါဆို ဘာကြောင့် လျှာတွေဖြူရတာလဲဆိုတာကို ဆက်ကြည့်ရအောင်။လျှာတွေဖြူ ရတာဟာ papillae လို့ခေါ်တဲ့ လျှာပေါ်က အရသာခံတဲ့ အဖုလေးတွေ ရောင်နေလို့ ကြီးနေလို့ ဖြစ်ရတာပါ။ ဒီလို ရောင်ပြီး ကြီးနေတဲ့ အရသာခံ အဖုလေးတွေ ကြားထဲမှာသွားချေးတွေ၊ ဘက်တီးရီးယားတွေနဲ့ ဆဲလ်သေတွေ ပုံထပ်လာတဲ့အခါ လျှာပေါ်မှာ အဖြူဖပ်တွေ ကပ်လာရတာ ဖြစ်ပါတယ်။ ဒါတွေ ဘာကြောင့် ဖြစ်ရတာလဲ။ခံတွင်းသန့်ရှင်းရေးဆိုပြီး သွားပဲဖိတိုက်နေပြီး လျှာကိုချန်ခဲ့လို့ မရပါဘူး။ သွားအတွက်သွားပွတ်တံသုံးသလိုပဲ လျှာအတွက်လည်းလျှာပွတ်ကြိုးသုံးပြီး သန့်စင်ပေးသင့်ပါတယ်။ရေကို တစ်နေ့တာအတွက် လုံလုံလောက်လောက် မသောက်တဲ့အခါမှာရေဓာတ်ခမ်းခြောက်ပြီးအာခေါင်ခြောက်တာမျိုး၊ ခံတွင်းခြောက်တာမျိုး လူတိုင်းခံစားဖူးကြမှာပါ။ ဒီလို ခြောက်နေတဲ့ အာခေါင်မှာ စိုစွတ်ခြင်းတွေ နည်းသွားလို့ အဖတ်တွေ ပိုထွက်လာနိုင်ပါတယ်။ဒ့ါအပြင် လျှာတွေဖြူ နေရတာဟာ အခြားရောဂါတစ်ခုခုရဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ ဘာတွေလဲဆိုတော့။Leukoplakia– သင့်လျှာကိုသာမက ပါးစောင်တွေ၊သွားဖုံးတွေ အကုန်လုံးမှာ အဖြူဖတ်ကပ်နေနိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ဆေးရွက်ကြီးငုံတတ်တဲ့သူ၊ အရက်တွေ အလွန်အကျွံသောက် တတ်တဲ့သူတွေဟာ Leukoplakia ရနိုင်ချေ ပိုများပါတယ်။ ပုံမှန်ဆို ပြဿနာကြီးကြီးမားမားမရှိဘူးလို့ ပြောလို့ရပေမယ့် အခန့်မသင့်ရင်တော့ Leukoplakia ကခံတွင်းကင်ဆာကိုတောင် ဖြစ်စေနိုင်ပါတယ်။Oral lichen planus– ခုခံအားကြောင့် ဖြစ်တဲ့ ပြဿနာတစ်မျိုးဖြစ်ပြီး သင့်ခံတွင်းနဲ့ လျှာမှာအဖြူဖတ်တွေ ကပ်စေတဲ့ တရားခံဖြစ်ပါတယ်။ ဒါ့အပြင် သွားဖုံးတွေ ရောင်နေတာမျိုးနဲ့ ပါးစောင်ရောင်တာမျိုးတွေ ပါတွဲတတ်ပါတယ်။Oral thrush –Candidayeast လို့ခေါ်တဲ့ မှိုရောဂါကြောင့် ခံတွင်းမှာ အဖြူဖတ်တွေ ကပ်နေတဲ့ ပြဿနာတစ်မျိုးဖြစ်ပါတယ်။ ခုခံအားနည်းတဲ့ရောဂါဖြစ်တဲ့ HIV ရောဂါခံစားနေရတဲ့သူတွေနဲ့ ဆီးချိုရောဂါသည်တွေ၊ သံဓာတ်နဲ့ ဗီတာမင် B ချို့တဲ့နေတဲ့သူတွေနဲ့ သွားထိန်းဝတ်ပြီး ခံတွင်းသန့်ရှင်းရေး သေချာ မလုပ်တဲ့သူတွေမှာ မှိုစွဲပြီး အဖြူဖပ်တွေ ကပ်နေနိုင်ပါတယ်။Syphilis –ဒီ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ကာလသားရောဂါကြောင့် သင့်ခံတွင်းနဲ့ သွားဖုံးတွေ ရောင်နေနိုင် တဲ့အပြင် syphilitic leukoplakiaကြောင့်လည်း အဖြူဖပ်တွေ အများကြီး ကပ်နေနိုင်ပါသေးတယ်။ခံတွင်းကင်ဆာ– ခံတွင်းကင်ဆာကြောင့်လည်း သင့်ခံတွင်းမှာ အဖြူတွေကပ်နေနိုင်ပါသေးတယ်။ဒီလို လျှာတွေဖြူ နေတာ ၂ပတ်ထက်ပိုပြီးရှိနေတယ်ဆိုရင်တော့ ဆရာဝန်ဆီသွားသင့်ပါတယ်။ လျှာဖြူတာ အပြင်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/white-tongue/
ကြွက်တက် ခြင်းကို သက်သာစေနိုင်သော အစားအစာများ
ကြွက်တက် တယ်ဆိုတာ ခံရခက်ပြီး အဖြစ်များတဲ့ ပြဿနာ တစ်ခုပါ။ရေဓာတ်ခမ်းခြောက်ခြင်း၊ ဆားဓာတ် မမျှတခြင်း၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်ခြင်း၊ အာဟာရဓာတ်မမျှတခြင်း နဲ့ အချို့သော ရောဂါတွေကြောင့် ဖြစ်နိုင်ပြီး တစ်ခါတစ်ရံ အမျိုးသမီးတွေဓမ္မတာလာချိန်မှာ လည်းဖြစ်လေ့ရှိတဲ့ ပြသနာတစ်ခုဖြစ်ပါတယ်။ ဒီလို အဖြစ်များတဲ့ ကြွက်တက် ခြင်းပြဿနာကို တိုက်ထုတ်နိုင်ဖို့အတွက် အဓိကပိုတက်ဆီယမ်၊ sodium ဆားဓာတ်၊ ကယ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် စတဲ့ electrolyte တွေပါဝင်တဲ့ အာဟာရဓာတ်တွေကြွယ်ဝတဲ့ အစားအစာတွေကို စားပေး ဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ဗီတာမင် D နဲ့ အချို့ ဗီတာမင် B တွေချို့တဲ့မယ်ဆိုရင်လည်း ကြွက်တက်ဖို့ ပိုဖြစ်နိုင်ချေများတဲ့အတွက် အဲဒီဗီတာမင်တွေပါဝင်အောင်လည်း စားသောက်သင့်ပါတယ်။၁။ သစ်သီးများ။၂။ နို့။နို့မှာ အားလုံးသိထားတဲ့အတိုင်း အရိုးတွေ ကြံ့ခိုင်စေတဲ့ ကယ်ဆီယမ်ဓာတ်တွေ ပြည့်ဝတဲ့အပြင် potassium နဲ့ sodium တွေလည်းပါတာကြောင့် ကြွက်သားတွေကိုလည်း ကျန်းမာစေပါတယ်။၃။ ဆယ်လမွန်ငါး။တစ်ခါတစ်လေမှာသွေးလှည့်ပတ်မှုမကောင်းရင်လည်း ကြွက်တက်တာတွေ ဖြစ်နိုင်ပါတယ်။ အဲလို ပြသနာတွေမှာ ဆယ်လမွန်ငါးစားပေးခြင်းက အထောက်အကူဖြစ်စေမှာပါ။ ဒါ့အပြင် sodium နဲ့ potassium လည်းပါဝင်တာကြောင့် ကြွက်တက်ခြင်းကို ကူညီတိုက်ထုတ်ပေးနိုင်ပါတယ်။ ဆယ်လမွန်ငါးမကြိုက်တဲ့ သူတွေဆိုရင် ကယ်ဆီယမ်၊ သံဓာတ်၊ Phosphorous၊ potassium၊ sodium၊ magnesium နဲ့ ဗီတာမင် D တွေ ကြွယ်ဝတဲ့ sardine လို့ခေါ်တဲ့ ငါးသေတ္တာငါးကို စားပေးနိုင်ပါတယ်။၄။ ကန်စွန်းဥ။ကန်စွန်းဥဟာ calcium, potassium နဲ့ magnesium စတဲ့ electrolyte ဓာတ်တွေတင်မကဘဲ ဗီတာမင်ဓာတ်တွေပါ ပြည့်ဝတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ကန်စွန်းဥမှာ ပါတဲ့ ကယ်ဆီယမ်ဓာတ်ဟာ ဆိုရင် ငှက်ပျောသီးထက် ၆ဆ လောက်များတာကိုတွေ့ရပါတယ်။၅။ အုန်းရည်။အုန်းရည်ဟာ ခန္ဓာကိုယ်က လိုအပ်တဲ့ electrolytes ဓာတ်တွေအားလုံးကို သဘာဝအတိုင်းဖြည့်ပေးနိုင်တဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။ အုန်းရည်မှာ ဆိုဒီယမ်၊ ကယ်ဆီယမ် ၊ potassium နဲ့ magnesium ဓာတ်တွေအားလုံး လုံလုံလောက်လောက်ပါဝင်ပါတယ်။ ဒါ့ကြောင့် ကြွက်တက်တာတွေကို ကာကွယ်နိုင်ဖို့၊ တိုက်ထုတ်နိုင်ဖို့ အုန်းရည်က ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန်လုပ်ပြီးတဲ့ အခါမှာလည်း အုန်းရည်ကို သောက်သုံးပေးသင့်ပါတယ်။၆။ အရိုးပြုတ်ရည်။ကြက်ရိုး၊ ဝက်အရိုးစတဲ့ အရိုးတွေကို ရေနဲ့ အက်ဆစ်ဓာတ်ပါဝင်တဲ့ ရှာလကာရည်လိုမျိုး အသုံးပြုပြီး အနည်းဆုံး ရှစ်နာရီလောက် ချက်ပြုတ်ပြီးရတဲ့ အာဟာရဓာတ်ပြည့်ဝနေတဲ့အရိုးပြုတ်ရည်ကလည်း ကြွက်တက်တာကို တိုက်ထုတ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။၇။ အစိမ်းရင့်ရောင် ရှိသော ဟင်းသီးဟင်းရွက်များ။ဂေါ်ဖီစိမ်း၊ မုန်ညင်းစိမ်း စတဲ့ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာလည်း calcium နဲ့ magnesium ဓာတ်တွေပါဝင်ပါတယ်။Hello ဆရာဝန် ပရိသတ်ကြီးလည်း ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့အခါမှာ ဖော်ပြပါ အစားအစာတွေကို ဂရုတစိုက်လေး စားသုံးပေးပြီး နေ့ရက်တိုင်းမှာ ကြွက်တက်ခြင်း ပြသနာတွေ ကင်းဝေနိုင်ကြပါစေနော်။ရေးသားသူ – Khine Phoo Ngon။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/food-muscle-cramps/
ဘယ်လိုအခြေအနေမျိုးမှာ အနာကိုချုပ်ဖို့လိုမလဲ
ထိခိုက်ဒဏ်ရာက အရမ်းကြီးတဲ့အခါ ချုပ်ဖို့လိုအပ်တယ်၊ ဘယ်နှချက်လောက်တော့ချုပ်ရမယ်၊ လို့ပြောတာမျိုးကြားဖူးမှာပါ။တော်ရုံအနာလောက်ကတော့ ချုပ်ဖို့မလိုအပ်ပါဘူး။ ဘယ်လိုအခြေအနေမျိုးမှာအနာကိုချုပ်ဖို့လိုမှာလဲဆိုတာကို သိချင်ရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။ထိခိုက်ဒဏ်ရာရတဲ့အခါ အနာကိုချုပ်ရတဲ့ အကြောင်းအရင်းက ၂ မျိုးရှိပါတယ်။အနာကိုထိခိုက်မိချိန်ကနေ ၁၂ နာရီအတွင်းချုပ်ပေးမယ်ဆိုရင် အနာပိုးဝင်ကူးစက်ခံရတာကို အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။အသေးစားထိခိုက်ဒဏ်ရာရတဲ့အခါမျိုးမှာ အနာကိုသန့်စင်ပြီးပလာစတာကပ်ထားပေးရင် လုံလောက်ပြီဆိုပေမယ့် အနာကပြင်းထန်မယ်ဆိုရင်တော့ အခုပြောပြမယ့်အချက်လေးတွေကို လုပ်ဆောင်စစ်ဆေးကြည့်ဖို့လိုပါမယ်။တကယ်လို့အနာကပြင်းထန်ပြီးဆေးကုသို့လည်း လိုအပ်မယ်လို့ယူဆတယ်ဆိုရင် ထိခိုက်မိပြီးချိန်ကနေစလို့ ၆ နာရီကနေ ၈နာရီ အတွင်းဆေးကုသမှုခံယူဖို့ပြောပါရစေ။အနာကဘယ်လောက်အထိနက်လဲဆိုတာ။အနာဘယ်လောက်ထိနက်လဲဆိုတာက အနာချုပ်သင့်မချုပ်သင့်ဆုံးဖြတ်တဲ့နေရာမှာတော်တော်လေးအရေးပါပါတယ်။ အနာကမနက်ရင် အနာကျက်မြန်ပြီးနောက်ဆက်တွဲဝေဒနာတွေရန်ကနေရှောင်ရှားနိုင်တယ်ဆိုပေမယ့် အနာက တစ်လက်မရဲ့ လေးပုံတစ်ပုံစာလောက်နက်နေမယ်ဆိုရင် အနာကိုချုပ်ဖို့လိုအပ်မှာပါ။အနာအနေအထားပြင်းထန်လားဆိုတာ။ဒါကတော့ မျက်စိနဲ့တင်သိနိုင်တဲ့အချက်တစ်ချက်ပါ။ အနာကိုကြည့်လိုက်လို့ အနာကအရိုးတွေ၊အရွတ်တွေနဲ့အရေပြားတစ်ရှုးတွေအထိပျက်စီးသွားတာမျိုးဆိုရင်တော့ မဖြစ်မနေ အနာကိုချုပ်ဖို့လိုအပ်မှာပါ။ ချက်ချင်းဆေးကုသမှုခံယူဖို့ပြောပါရစေ။အနာအရွယ်အစားဘယ်လောက်ကြီးလဲဆိုတာ။အနာအရွယ်အစားကအရမ်းကြီးနေလားဆိုတာကလည်း ချုပ်ဖို့လို၊မလိုဆိုတာကို ဆုံးဖြတ်တဲ့နေရာမှာ မဖြစ်မနေ ထည့်သွင်းစဉ်းစားဖို့လိုပါမယ်။ အနာကပြတ်ရှဒဏ်ရာဖြစ်ပြီး ဒဏ်ရာကတစ်လက်မထက်ပိုကြီးနေမယ်ဆိုရင် ချုပ်ဖို့လိုအပ်မှာပါ။ဒဏ်ရာကဘယ်နေရာမှာဖြစ်တာလဲဆိုတာ။တကယ်လို့ထိခိုက်ဒဏ်ရာကအဆစ်ပေါ်မှာဖြစ်တာမျိုးဆိုရင်တော့ အရေပြားကိုချက်ချင်းစေ့သွားအောင်လုပ်ပြီး အနာကို ကျက်အောင်လုပ်ဆောင်ဖို့လိုအပ်တာကြောင့် ချက်ချင်းနီးစပ်ရာဆေးခန်းကိုသွားရောက်ပြသပြီး အနာကို ချုပ်လိုက်ပါ။သွေးဘယ်လောက်ထိထွက်နေလဲဆိုတာ။အပေါ်မှာပြောပြခဲ့တဲ့ အကြောင်းအရာတွေပြီးရင် အခုပြောပြမယ့်တစ်ချက်ကလည်း အနာကို ချုပ်သင့်မချုပ်သင့်စဉ်းစားတဲ့အခါမေ့ထားလို့မရပြန်ပါဘူး။ အချို့ဒဏ်ရာတွေကသေးတယ်လို့ထင်ရပေမယ့် အမြင်ထက်ပိုပြင်းထန်နေတာမျိုးရှိနိုင်ပါတယ်။သွေးကအရမ်းထွက်နေမယ်။ ဒဏ်ရာကိုသွေးတိတ်အောင်လုပ်နေပေမယ့် ထိခိုက်မိပြီး ၁၅ မိနစ်ကြာတဲ့အထိမှဒဏ်ရာကသွေးမတိတ်ဘဲဖြစ်နေမယ်ဆိုရင်တော့ အနာကိုချုပ်ဖို့လိုအပ်ပါမယ်။အနာကအခုပြောခဲ့သလိုမျိုးဖြစ်နေမယ်ဆိုရင်တော့ ချုပ်ဖို့မလိုအပ်ပါဘူး။အနာကချုပ်ပြီးပေမယ့် အခုလိုလက္ခဏာတွေဖြစ်မယ်ဆိုရင်တော့ နီးစပ်ရာဆေးခန်းကိုသွားပြဖို့လိုပါမယ်။အနာကနေပြည်ထွက်နေမယ်ဆိုရင်တော့ချုပ်ရိုးကနေတဆင့် အနာပိုးဝင်ကူးစက်တာမျိုးဖြစ်နိုင်တာကြောင့် ချက်ချင်းနီးစပ်ရာဆေးခန်းကိုသွားရောက်ပြသဖို့ တိုက်တွန်းပါရစေ။ထိခိုက်ဒဏ်ရာရတဲ့အခါ အခုပြောခဲ့တဲ့အခြေအနေလေးတွေနဲ့ ဆန်းစစ်ကြည့်ပြီး အနာကို ချုပ်သင့်၊ မချုပ်သင့်ကိုယ်တိုင်စစ်ဆေးနိုင်မယ်ထင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af%e1%80%a1%e1%80%b1%e1%80%bb%e1%80%81%e1%80%a1%e1%80%b1%e1%80%94%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%99%e1%80%bd%e1%80%ac/
အသေးစားထိခိုက်ဒဏ်ရာတွေအတွက် လမ်းညွှန်
အိမ်ရှင်မတွေဖြစ်ဖြစ်၊ တစ်နေ့တာလုံးမှာအိပ်ချိန်ကလွဲလို့ တစ်ချိန်လုံးလိုလို ဆော့နေတတ်တဲ့ အိမ်ရဲ့ဆည်းလည်းလေးတွေ ဖြစ်ကြတဲ့ သားသားမီးမီးလေးတွေဖြစ်ဖြစ်၊ တစ်နေ့တာလုံး အိမ်ထောင်မှု တစ်ခုလုံးအတွက် ရှာဖွေစုဆောင်းနေရတဲ့ အိမ်ထောင်ဦးစီး ဖေဖေတို့မှာပဲဖြစ်ဖြစ်မတော်တဆထိခိုက်တာမျိုးတွေကတော့ ရှိနိုင်တာပေါ့နော်။ ဒီလို ထိခိုက်တာမျိုးတွေကို အိမ်မှာပဲ ဂရုစိုက်စောင့်ရှောက်ပေးလို့ ရပါတယ်။ အနာကို ဂရုစိုက်တဲ့နည်း မှန်လေလေ အနာသက်သာတာ မြန်လေလေပါ။ ဒီဆောင်းပါးလေးထဲမှာ အသေးစားထိခိုက်ဒဏ်ရာတွေအတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လိုစောင့်ရှောက်မှုပေးရမလဲလို့ဖော်ပြထားတာမို့ အနာနဲ့ မကင်းနိုင်တဲ့သူတွေအတွက် အသုံးတည့်ဖို့ မျှော်လင့်ပါတယ်။အသေးစားထိခိုက်ဒဏ်ရာတွေကို နေအိမ်မှာပဲ ပျောက်ကင်းသက်သာအောင် ကုသပေးလို့ ရပါတယ်။ အသေးစားထိခိုက်ဒဏ်ရာတွေအတွက် ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်မယ့် အိမ်တွင်းကုထုံးလေးတွေကို ဆက်ကြည့်လိုက်ရအောင်နော်။ဒါက အနာ တစ်ခုဖြစ်ရင် မဖြစ်မနေလိုက်နာရမယ့် အခြေခံကျတဲ့အချက်ပါ။ အနာကို မကိုင်တွယ်ခင်လက်ဆေးတာက အနာထဲကို ပိုးဝင်ကူးစက်နိုင်ခြေတွေကို လျော့ကျစေနိုင်တာကြောင့် အနာကြီးကြီးသေးသေးဖြစ်ဖြစ် မဖြစ်မနေလုပ်ရမှာက အနာကိုမကိုင်ခင် လက်ကို အရင်ဆေးကြောဖို့ပါ။ ရေမလွယ်ရင်ရေမလိုလက်သန့်ဆေးရည်နဲ့ ဆေးကြောပါ။ဒဏ်ရာပေါ်မှာ ပတ်တီးစထူထူလေး ဒါမှမဟုတ် အဝတ်စသန့်သန့်လေးတစ်ခုခုနဲ့ မိနစ်အနည်းကြာဖိထားပေးပြီးသွေးတိတ်အောင်လုပ်ဆောင်ပေးပါ။ပြီးရင်တော့ ရေနဲ့ ဆပ်ပြာအပျော့စားလေးကို အသုံးပြုပြီး အနာကို သန့်စင်ဆေးကြောပေးပါ။ ဆားရည်နွေးနွေးလေးကို အသုံးပြုပြီးဆေးကြောပေးလို့လည်းရပါတယ်။ ပြတ်ရှဒဏ်ရာဆိုရင်တော့ ဆပ်ပြာတွေ၊ အရက်ပြန်တွေ‌သုံးပြီး မဆေးပါနဲ့။အရေပြားကျိန်းစပ်တာမျိုးဖြစ်နိုင်တာကြောင့်ပါ။ နောက်တစ်ချက် သတိထားရမှာကပြတ်ရှဒဏ်ရာတွေကိုhydrogen peroxideသုံးပြီးဆေးကြောတာမျိုးမလုပ်ဖို့ပါ။ ဒီဒဏ်ရာတွေကို ရေသန့်သန့်နဲ့ ဆေးပေးရင် ရပါပြီ။အနာကို သန့်စင်ဆေးကြောချိန်မှာ တလက်စတည်း လုပ်ရမှာတစ်ခုက အနာထဲကဖုန်မှုန့်တွေ၊ အညစ်အကြေးတွေနဲ့ ပြင်ပအရာဝတ္ထုတွေကို ဂရုတစိုက်ဖယ်ရှားဖို့ပါ။ လက်နဲ့ဖယ်ရှားဖို့ မလွယ်ဘူးဆိုရင် ဇာဂနာကို အရက်ပြန်စွတ်ပြီး ဖြည်းဖြည်းချင်း ဖယ်ရှားပေးပါ။အနာကို သန့်စင်ဆေးကြောပြီးပြီဆိုရင်တော့ အနာကို ရေခြောက်အောင် ခပ်ဖွဖွသုတ်ပြီး အနာတဝိုက်ကိုပိုးသတ်ဆေး ခရင်မ်တစ်ခုခုလူးပေးပါ။ ဒီလိုလူးပေးတာက အနာထဲကိုဘက်တီးရီးယားတွေမဝင်ရောက်နိုင်အောင် ကာကွယ်ရာရောက်ပါတယ်။အနာကျက်တာကိုလည်း မြန်စေမှာပါ။ဒါကလည်း အနာကျက်စေဖို့အတွက် ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ အနာကို သန့်စင်ဆေးကြောတာတွေ၊ ဆေးထည့်တာတွေလုပ်ပြီးတဲ့အခါ အနာကသေးရင် ပလာစတာကပ်ပေးပြီး အနာကြီးရင်ပတ်တီးစည်းပေးပါ။ အနာကို အုပ်ထားတာက ပိုးမွှားတွေ မဝင်အောင် ကာကွယ်ပေးနိုင်သလို အမာရွတ်မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ တစ်နေ့တစ်ခါ အနာကို ကပ်ထားတဲ့ ပလာစတာနဲ့ ပတ်တီးကို လဲလှယ်ပေးဖို့ လိုပါမယ်။ အနာက ကုတ်မိခြစ်မိတာလောက်ပဲဆိုရင်တော့ ပလာစတာတွေ ပတ်တီးတွေ မအုပ်ထားတာက ပိုအဆင်ပြေပါတယ်။ ပတ်တီးတွေ၊ပလာစတာတွေညစ်ပတ်သွားတဲ့အခါတိုင်း လဲလှယ်ပေးသင့်ပါတယ်။ထိခိုက်မိတဲ့အနာက သေးငယ်တယ်ဆိုပေမယ့် သံချေးတက်နေတဲ့ သံနဲ့စူးမိတာ၊ သံပြားနဲ့ ရှမိတာမျိုးဖြစ်မယ်။ မသန့်ရှင်းတဲ့အရာတစ်ခုခု နဲ့ထိမိတာမျိုးဖြစ်မယ်ဆိုရင်မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုပါမယ်။အနာကို နေ့စဉ်ဆေးလူးပေးရင်း အနာက ပိုးဝင်ထားတဲ့လက္ခဏာမျိုးဖြစ်နေလား၊ပြည်တည်တာမျိုး၊ အနာတဝိုက် ပူနေတာမျိုး၊ ရောင်နေတာမျိုးရှိလား စစ်ဆေးဖို့လိုအပ်သလို အနာက ပုံမှန်ထက် ပိုနာနေလားဆိုတာကိုလည်း စစ်ဆေးဖို့ လိုအပ်ပါမယ်။နေ့စဉ်လှုပ်ရှားမှုလေးတွေလုပ်ရင်း မတော်တဆထိခိုက်မိတာမျိုးရှိခဲ့ရင် အခုပြောခဲ့တဲ့ နည်းလေးတွေအတိုင်းလိုက်လုပ်ကြည့်ပြီး အနာသက်သာအောင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/first-aid-for-minor-injuries/
ဆေးစွဲအတွေးတွေ မတွေးမိစေဖို့
“ဒီညနေတော့ တစ်လိပ်ပဲသောက်လိုက်မယ်။ မနက်ဖန်ကျမှဆေးလိပ်ဖြတ်တော့မယ်” လို့ တော်တော်များများက ပြောတတ်ကြတယ်။ ဒါပေမယ့် လက္ခဏာမပြသေးသရွေ့တော့ ဘာတွေဖြစ်နေလဲဆိုတာ သူတို့မသိကြပါဘူး။ဒီလိုမျိုးကို ရင်းနှီးသလိုဖြစ်နေသလားလို့ မေးစရာရှိပါ တယ်။ စီးကရက်တစ်လိပ်လောက်လေး သောက်နိုင် မယ့်အရေး သင့်ကိုယ်သင် နှစ်သိမ့်ဖို့ကြိုးစာတာမျိုး။ နီကိုတင်းစွဲလမ်းမှုကနေ ပြန်လည်ထူထောင်လာဖို့ ကြိုးစားချိန်မှာ ဖြစ်တတ်တဲ့ပုံမှန်ပြဿနာတစ်ခုပါ။ သင်ဝေခွဲရခက်နေချိန်မှာ သင့်အတွေးထဲမှာသန္နိဌာန် တစ်ခုချနိုင်စေမှာပါ။ ဒါပေမယ့် သင်က မနက်ဖြန် အတွက်တွေးမပူသလို နောက်ဘယ်တော့မှ ဆေးလိပ် မသောက်တော့ဖို့ကိုလည်း စိုးရိမ်မနေပါဘူး။ဆေးစွဲအတွေးဆိုတာဆေးလိပ်သောက်ခြင်းကို လက်ရှိအချိန်မှာ လုပ်သင့်တဲ့အရာတစ်ခုဖြစ်အောင် ဘယ်လိုလုပ်ရမလဲလို့ ရှာကြံတွေးနေခြင်းဖြစ်ပါတယ်။ ဒါဟာ စွဲလမ်းမှုတစ်မျိုးပါ။ တစ်သက်လုံး ဆေးလိပ်သောက်မှာဖြစ်ပြီး ဘယ်တော့မှ ဆေးလိပ်မဖြတ်တော့ဘူးလို့ ခံစားမိလာနိုင်ပါတယ်။ ဒါပေမယ့် ဒီအတွေးတွေရဲ့အရူးလုပ်မခံပါနဲ့။ မကောင်းတဲ့အတွေးတွေကို လျစ်လျူရှုပြီး ကြိုးစားကြည့်လို့ရနိုင်ပါတယ်။ အောက်ပါအချက်တွေ ကတဆင့် ဆေးလိပ်ဖြတ်ခြင်းအတွက် ခိုင်မာတဲ့စိတ် ပိုင်းဖြတ်မှုကို တည်ဆောက်နိုင်ပါလိမ့်မယ်။အဲဒီနောက်မှာတော့ သင့်ရဲ့မှတ်ဉာဏ်ကို မီးစိမ်းပြထားသင့်ပါတယ်။ ဒီလိုစိတ်ခိုင်မာချင်ရင်တော့ ဆေးလိပ်ဖြတ်ရတဲ့အကြောင်းရင်းတွေကိုစာရင်းပြုစုပြီး ဒိုင်ယာရီမှာနေ့စဉ်ရေးချပါ။ ဒါမှ သင်ဘာ့ကြောင့် ဆေးလိပ်ဖြတ်ရသလဲဆိုတာ စိတ်ထဲအမြဲအမှတ်ရနေ စေပါလိမ့်မယ်။ သင်အကောင်းဆုံးလုပ်ဆောင်နိုင်ခဲံပြီ လို့ဘယ်တော့မှမတွေးပါနဲ့။ လွယ်လွယ်လေးနဲ့ ပြန်သောက်၊ ပြန်ဖြတ် လုပ်လာနိုင်လို့ပါပဲ။ ဒါ့ကြောင့် အမြဲတမ်းတော့ ဒီနည်းနဲ့အလုပ်မဖြစ်နိုင်တာကြောင့် ဆေးလိပ်ပြန်ပြန်သောက်သူတွေဟာ ဒီအကျင့်ကို ဖျောက်နိုင်ဖို့ နှစ်နဲ့ချီပြီးကြိုးစားကြရလေ့ရှိပါတယ်။သင်တကယ်ပဲ ဆေးလိပ်ဖြတ်ချင်တယ်ဆိုရင် အောက်ပါမေးခွန်းတွေကို ကျေးဇူးပြု၍ဖြေဆိုကြည့်ပါ-။• ဘာကြောင့် ဆေးလိပ်ဖြတ်တာလဲ။• ဆေးလိပ်သောက်ခဲ့တာ ဘယ်လောက်ကြာပြီလဲ။• ဆေးလိပ်မသောက်တာ ဘယ်လောက်ကြာပြီလဲ။• နီကိုတင်းစွဲလမ်းမှုက ကင်းလွတ်နိုင်ဖို့ အချိန်ဘယ်လောက်ယူသင့်တယ်ထင်ပါသလဲ။• ဆေးလိပ်ပြန်သောက်မယ်ဆိုရင် ပြန်ဖြတ်ချင်စိတ်ရှိ ပါ့မလား။• အဲလိုပြန်မဖြတ်ခင် ဘယ်လောက်ကြာနိုင်မလဲ၊ ဘယ်နှပတ်လဲ..ဘယ်နှလလဲ…ဘယ်နှနှစ်လဲ…၊ ရောဂါတွေဖြစ်လာတဲ့အချိန်မှလား..။• နောက်တစ်ကြိမ်ဆေးလိပ်ဖြတ်တဲ့အခါ လွယ်ပါ့မလား။• ဆေးလိပ်ဖြတ်ခြင်းက ဘာအကျိုးကျေးဇူးတွေ ရလာမယ်ထင်သလဲ။ဆေးလိပ်မသောက်ခင်မှာ ဖြေရခက်တဲ့ မေးခွန်းတွေ အများကြီးရှိပါတယ်။ ဒီမေးခွန်းတွေကပဲ သင့်ကျန်းမာရေးနဲ့ သင့်ရဲ့အမူအကျင့်ကြားမှာ ရွေးချယ်မှုတစ်ခု ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် သင်က ပျော်ရွှင်တဲ့ဘဝ၊ကောင်းမွန်တဲ့ဘဝရရှိဖို့ တွေးထားတယ်ဆိုရင် ကိုယ့်ဘာသာကြိုးစားပြီး အရိုးသားဆုံးဖြေပေးသင့်ပါတယ်။ စာရွက်လွတ် တစ်ရွက်ကိုယူ ဒါမှမဟုတ် ဒိုင်ယာရီ စာအုပ်ကို ဖွင့်ပြီး မေးခွန်းတစ်ခုစီအတွက် တုံ့ပြန်မှုတွေကို ရေးချပါ။ ဆေးလိပ်ကင်းစင်တဲ့နေ့သစ်တိုင်းမှာ သင့်ဘဝရဲ့လွတ်လပ်မှုကို မွေးမြူထိန်းသိမ်းပါ။ ကိုယ့်ကြိုးစားမှုကို စိတ်ရှည်ရှည်ထားပါ၊အချိန်က စကားပြောလာပါလိမ့်မယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/%e1%80%86%e1%80%b1%e1%80%b8%e1%80%85%e1%80%be%e1%80%b2%e1%80%a1%e1%80%90%e1%80%be%e1%80%b1%e1%80%b8%e1%80%90%e1%80%be%e1%80%b1-%e1%80%99%e1%80%90%e1%80%be%e1%80%b1%e1%80%b8%e1%80%99%e1%80%ad%e1%80%b1/
သင့်ကလေးက စကားပြောနောက်ကျ နေပြီလား။
မေမေတွေကတော့ ကလေးတွေကို ဗိုက်ထဲမှာကတည်းက တစ်နေ့ တစ်မျိုး မရိုးရအောင် စိုးမ်နေရတာပါပဲ။ မွေးလာတော့လည်း ကလေးနို့မှ ဝပါ့မလား။ ငါ့ကလေးက ညှက်နေတာလား။ ကလေးက ထိုင်လည်း မထိုင်သေးဘူး။ စကားလည်း မပြောသေးဘူး စသဖြင့် စိုးရိမ်တတ်ကြပါတယ်။ ဒီထဲမှာ complaintအတက်ဆုံးကတော့ ကလေးကစကားပြောနောက်ကျတာပါပဲ။စကားပြောနောက်ကျပြီဆိုရင် မေမေတွေ ကလေးကို စကားပြောအောင်ဆိုပြီး ဓလေ့အရ ကြက်ဖင်ဆီဘူးတွေကျွေးကြ သိသမျှ မှတ်သမျှလေးတွေ လုပ်ကြနဲ့ အလုပ်ရှုပ်ကြပါတော့တယ်။ ဒီမှာ ပြောချင်တာက ကိုယ့်ကလေးက တကယ်ပဲ စကားပြောနောက်ကျတာလားဆိုတာ သိအောင်လုပ်ပါ။ဘာလို့လည်း ဆိုတော့ ကလေးတွေမှာdevelopmental milesonesလို့ ခေါ်တဲ့ အသက်အရွယ်အလိုက်ဖွံ့ဖြိုးမှု ဖြစ်စဉ်တွေ ရှိပါတယ်။ ဒီmilestonesပေါ်မူတည်ပြီး ကလေးက မှောက်တာ၊ ထိုင်တာ၊ စကားပြောတာ၊ လမ်းလျှောက်တာတွေ  ဖြစ်တာပါ။အသက်အရွယ်အလိုက်ဖွံ့ဖြိုးတယ်ဆိုပေမယ့် ကလေး တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ တချို့ကလေးတွေက နည်းနည်းအတတ်မြန်တယ်။ တချို့ကလေးတွေက နည်းနည်းလေး နောက်ကျတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် ဖွံ့ဖြိုးမှုတွေက စော တစ်လ၊ နောက်ကျ တစ်လပါပဲ။ ဘေးအိမ်က ကလေးကို ကြည့်ပြီး ကိုယ့်ကလေးကို မချင့်မရဲ ဖြစ်စရာ မလိုပါဘူး။  ဒါတွေက မိဘမျိုးရိုးနဲ့လည်း ဆိုင်ပါတယ်။ ကလေးက ကျန်းမာတယ်။ သူ့အသက်နဲ့ လိုက်တဲ့ ကိုယ်အလေးချိန်ရှိတယ်။ ဖွံ့ဖြိုးမှုမှတ်တိုင်တွေကိုလည်း လိုက်မီတယ်ဆိုရင် စိုးရိမ်စရာ မရှိပါဘူး။ဒါဟာ သင့်ကလေး စကားပြောနောက်ကျနေတာပါပဲ။ဟုတ်ပါတယ်။ ကလေးက မပြောတတ်တာ မဟုတ်ပါဘူး။ သူက သင်ပြောတာကို သေချာ မကြားရတာ ဒါမှမဟုတ် လုံးဝမကြားရတာ ဖြစ်နိုင်ပါတယ်။ မကြားရရင် စကားပြောနိုင်မှာ မဟုတ်ပါဘူး။ ကလေးရဲ့အကြားအာရုံကောင်းမကောင်းကို မွေးစမှာလည်း စမ်းသပ်လို့ရပါတယ်။ ဒါကို မမီလိုက်ရင် ကလေး ၃လအရွယ်မှာ စစ်ဆေးနိုင်ပါတယ်။ခံတွင်း၊ လျှာနဲ့ အာခေါင်မှာ ပြဿနာရှိနေတာပါ။ ဥပမာ ပြောရရင် လျှာတိုတဲ့ ကလေးတွေ၊လျှာခင်တွယ်နေတဲ့ ကလေးတွေဆို စကားပြောရအဆင်ပြေမှာ မဟုတ်ပါဘူး။လူကြီးတွေ စကားဝိုင်းမှာတောင် ကိုယ့်ကို ပြောမယ့်သူ မရှိရင် တစ်ယောက်တည်း ငေါင်တောင်တောင် ဖြစ်နေမှာပါ။ ကလေးလည်း ဒီလိုပါပဲ။ သူ့ကို စကားပြောဖို့ အခွင့်အရေး မပေးရင် သူပြောတတ်မှာ မဟုတ်ပါဘူး။ ကလေးကို စကားပြောစေနိုင်တဲ့ tricksတွေကိုဒီမှာကြည့်ပါ။အော်တစ်ဇင်ကလေးတိုင်းတော့ မဟုတ်ပေမယ့် တော်တော်များများကတော့ စကားပြောနောက်ကျတာ တွေ့ရပါတယ်။Cerebral palsyလို့ ခေါ်တဲ့ ဦးနှောက်မဖွံ့ဖြိုးတဲ့ ရောဂါမှာဆိုရင် စကားပြောနောက်ကျတာအပြင် နားမကြားတာ၊ တခြားသော ဖွံ့ဖြိုးမှု ဖြစ်စဉ်တွေ နောက်ကျတာတွေပါ တွေ့ရမှာပါ။ နောက်ပြီး ကလေးက ငယ်စဉ်မှာ ဦးနှောက်ကို ထိခိုက်ဒဏ်ရာရခဲ့ရင်လည်း စကားပြောနောက်ကျတတ်ပါတယ်။အသိဉာဏ် မဖွံ့ဖြိုးတဲ့အတွက် စာလုံးတွေကိုလည်း ကောင်းကောင်း မသင်နိုင်၊ မမှတ်နိုင်ပါဘူး။ နောက်ပိုင်း စာသင်ကြားမယ်ဆိုရင်လည်း အခက်အခဲရှိနေမှာပါ။အကောင်းဆုံးကတော့ ကလေးစကားပြောနောက်ကျတာကို သိပြီဆိုရင် ကလေးဆရာဝန်နဲ့ ပြသပါ။ စကားပြောတာပဲ နောက်ကျတာလား၊ တခြား ဖွံ့ဖြိုးတဲ့ ဖြစ်စဉ်တွေရော နောက်ကျနေလားဆိုတာ သိဖို့လိုပါတယ်။ ဘာကြောင့် ဒီလိုနောက်ကျရတာလဲဆိုတာလည်း သိဖို့လိုပါတယ်။ ပြီးတော့ ကလေးကို စကားပြောလေ့ကျင့်ပေးဖို့လည်း လိုပါတယ်။ဆောင်းပါးမှာ ဆိုလိုရင်းက ကလေး စကားပြောနောက်ကျတယ်ဆိုတာ ဘာကိုပြောတာလဲဆိုတာ သိဖို့လိုပါတယ်။ သူများနဲ့ နှိုင်းယှည်တာမျိုး မဟုတ်ဘဲ ကိုယ့်ကလေးအသက်နဲ့ သူ့ဖွံ့ဖြိုးမှုနဲ့ကို တိုက်ကြည့်ရမှာပါ။ နောက်ကျတာ တကယ်ပဲဆိုရင် ဆရာဝန်နဲ့ ပြပြီး ကုသမှုခံဖို့ လိုပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/%e1%80%9e%e1%80%84%e1%80%ba%e1%80%b7%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80-%e1%80%85%e1%80%80%e1%80%ac%e1%80%b8%e1%80%95%e1%80%bc%e1%80%b1%e1%80%ac%e1%80%94%e1%80%b1%e1%80%ac%e1%80%80%e1%80%ba/
ခံတက်ချဉ်လေး ခံတွင်းတွေ့တယ် ဆိုသူတွေအတွက်
ခံတက်ရွက်ကို ပုံမှန်အားဖြင့်ကတော့ အချဉ်တည်ပြီးတို့စားတာ၊ ခံတက်ချဉ်ကို ပါးပါးလှီးလို့ကြက်သွန်နီ၊ ဆီချက်၊ ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်တို့နဲ့ သုပ်စားတာမျိုး အများဆုံး စားဖြစ်မယ် ထင်ပါတယ်။ ခံတက်ရွက် နုနုလေးကို အချဉ်တည်ထားတာက မွှေးနေပြီး စားလိုက်ရင်လည်း ချဉ်ချဉ်လေးနဲ့ အရသာတွေ့တာ အမှန်ပါ။ မြန်မာလူမျိုး တော်တော်များများ သဘောကျတဲ့ ခံတက်ချဉ်လေး တွေက စားကောင်းတာအပြင်ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူ ပြုလဲ ဆိုတာကို ဒီ ဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ခံတက်ပင်ကို အစား အများဆုံးက အချဉ်တည်ထားပြီး အလွယ်တကူ ဝယ်လို့ရတဲ့ ခံတက်ရွက်ချဉ် ဖြစ်မယ် ထင်ပါတယ်။ ဒါပေမယ့် ခံတက်ပင်ကအရွက်တင်မကဘဲ ပင်စည်ရဲ့ အခေါက် (ခံတက်ခေါက် ဆိုပြီး မီးကင်လို့ မွှပြီး ဆီစိမ် စားရတဲ့ အခေါက်ပါ)၊ အမြစ် တို့ကလည်း ဆေးဖက်ဝင် ပါတယ်။ ရှေးယခင် ကာလတွေ ကတည်းက ဆေးဖက်ဝင် အပင်အဖြစ် အများက အသိအမှတ်ပြု ထားတာပါ။နုတုန်းမှာ ချိုပြီး ရင့်လာတာ နဲ့အမျှ ဖန်တွန့်တွန့် ဖြစ်လာမယ်။ လုံးဝ ရင့်သွားတဲ့အခါ ခါးသွားတတ်တဲ့ ခံတက်ချဉ်လေး က။အရွက်ကို ပြုတ်ပြီး ရလာတဲ့ အရည်၊ အရွက်ကို ကြိတ်ပြီး ရလာတဲ့ သတ္တုရည်၊ ပင်စည် အခေါက်ကို ပြုတ်ထားတဲ့ အရည်တွေကို အသုံးပြုပေးလို့ ရသလို အရွက်ကို အချဉ်တည်ထားတဲ့ ခံတက်ချဉ်လေး ကို စားပေးလို့လည်း ရပါတယ်။ခံတက်ချဉ်လေး က ဆေးဖက်ဝင်တယ်ဆိုပေမဲ့ တန်ဆေးလွန်ဘေးမို့လို့ အလွန်အကျွံစားတာကို ရှောင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကလေးငယ်တွေ၊ ရောဂါအခံရှိသူတွေနဲ့ ဆေးဝါးသောက်သုံးနေရသူတွေက သတိထားပြီး စားသင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/three-leaved-caper-benefits/
အအေးမိတုပ်ကွေးသက်သာစေမယ့် သဘာဝနည်းလမ်း (၇) ခု
အအေးမိတုပ်ကွေးဖြစ်နေချိန်တော့ တကယ်ကို ခံရခက်တဲ့ လက္ခဏာတွေပါပဲ။ ကိုယ်ပူတာ၊လည်ချောင်းနာတာ၊နှာစေးနှာပိတ်၊ ကိုယ်လက်ကိုက်ခဲမှုနဲ့ ချမ်းတုန်တာတွေ စုံလို့ပါပဲ။ ဆရာဝန်ပြပြီးဆေးကုသမှုခံယူထားတယ်ဆိုပေမယ့်လည်း အအေးမိခြင်းရဲ့သဘာဝအရ သူ့ကာလအတွင်းမှာတော့ နှာစေး၊ချောင်းဆိုး စတဲ့လက္ခဏာတွေခံစားရဦးမှာဖြစ်ပါတယ်။ ဒါတွေသက်သာဖို့၊ ကုသမှုကို ထိရောက်အောင်ပံ့ပိုးနိုင်ဖို့ ကူညီပေးမယ့် နည်းလမ်းတွေရှိပါတယ်။ ဒီတော့ အအေးမိတုပ်ကွေးသက်သာစေမယ့် သဘာဝနည်းလမ်း တွေက ဘာတွေဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။အအေးမိတုပ်ကွေးသက်သာစေမယ့် သဘာဝနည်းလမ်း တွေက ဘာတွေများလဲ။(၁)ရေ သို့မဟုတ် အရည်သောက်ပါ။ဖျားပြီဆိုတာနဲ့ ခန္ဓါကိုယ်ကေရဓါတ်လျော့ကျလာနိုင်ပါတယ်။ အထူးသဖြင့် ပျို့အန်တာ၊ ဝမ်းလျှောတာပါဖြစ်ရင်ပေါ့။ ဒါ့ကြောင့်ရေဓါတ်လုံလောက်အောင်ဂရုစိုက်ပါ။ရေ၊ အသီးဖျော်ရည်၊ဓါတ်ဆားရည်၊ ဒါမှမဟုတ် စွပ်ပြုတ်သောက်လို့ရပါတယ်။ရေဓါတ်ပြည့်လား၊ လျှော့နည်းနေလားသိချင်ရင် ဆီးအရောင်ကိုကြည့်ပါ။ဖျော့လွန်းတဲ့အဝါရောင်ဖြစ်နေရင်ရေဓါတ်လုံလောက်လို့၊ ဆီးအရောင်ရင့်နေရင်ရေဓါတ်နည်းနေလို့ဖြစ်ပါတယ်။(၂) ကြက်စွပ်ပြုတ်သောက်ပါ။နေမကောင်းဖြစ်ပြီဆိုတာနဲ့ ကြက်စွပ်ပြုတ်တိုက်တာ အိမ်မှာအမေပြုစုပေးတဲ့မိရိုးဖလာနည်းတစ်ခုပါ။ နေမကောင်းဖြစ်လာရင် စွပ်ပြုတ်ပူပူလေးသောက်ခိုင်းတာပဲ။ ဒီနည်းက တကယ်မှန်ပါတယ်။ ကြက်စွပ်ပြုတ်ကအအေးမိဝေဒနာနဲ့အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းကိုဝေဒနာသက်သာလျော့ပါးစေနိုင်ပါတယ်။(၃)ငြိမ်ငြိမ်သာနေပါ။ခန္ဓါကိုယ်က အချက်ပြတဲ့အတိုင်းသာ နေလိုက်ပါ။ခြေလက်မသယ်ချင်၊ မလှုပ်ချင်ဖြစ်နေရင် နားနေလိုက်ပါ။ တစ်နေကုန်အိပ်ရာထဲ လှဲနေချင်တယ်ဆိုရင် လှဲပြီးအနားယူပါ။ အတင်းထပြီးမလှုပ်ရှားပါနဲ့။ အအေးမိတုပ်ကွေးဖြစ်နေချိန်မှာ အလုပ်တွေအတင်းတွန်းလုပ်နေတာမျိုးက ကိုယ်ခံအားကျစေလို့ ဝေဒနာပိုဆိုး၊ ပိုတာရှည်စေနိုင်ပါတယ်။ပြီးတော့ အိပ်ရေးပျက်မခံပါနဲ့။ အိပ်ရေးဝမှကိုယ်ခံအားစနစ်ကကောင်းကောင်းအလုပ်လုပ်နိင်မှာမို့ တစ်နေ့ကို ၈ နာရီအိပ်ဖို့ အရေးကြီးပါတယ်။(၄) အနွေးဝတ်လေးကပ်ပေးပါ။အဖျားတက်နေရင် နဖူးမှာ ရေအေးဝတ် တင်ပေးရတယ်ဆိုပေမယ့်ခေါင်းကိုက်တာ၊ထိပ်ကပ်နာကြောင့်တစစ်စစ်ကိုက်တာ ဖြစ်လာရင် နဖူးနဲ့ နှာခေါင်းကြားကို ရေနွေးဝတ်လေး ကပ်ပေးပါ။(၅)နွေးနွေးထွေးထွေးနေပါ။နေမကောင်းဖြစ်နေတဲ့ အချိန်မှာနွေးနွေးထွေးထွေးနေဖို့၊အနားယူဖို့အရေးကြီးပါတယ်။ ဒါမှ ရောဂါပိုးကို တိုက်ထုတ်နိုင်ဖို့ ခန္ဓါကိုယ်ကို အားဖြည့်ပေးနိုင်မှာပါ။စောင်လေးခြုံပြီး ကွေးနေတာလည်း နေပြန်ကောင်းဖို့ တစ်နည်းအားဖြင့် အထောက်အကူပေးနိုင်ပါတယ်။(၆)Nasal Sprayသို့မဟုတ်Gargle ခံတွင်းသန့်ဆေးရည်သုံးပါ။ဆေးဝါးအထောက်အကူတွေ ခေတ်မီနေတဲ့ ခုချိန်မှာ နှာစေး၊နှာပိတ်နဲ့ လည်ချောင်းယား၊ လည်ချောင်းနာတို့လို အအေးမိဝေဒနာတွေကို အမြန် သက်သာစေမယ့်နှာဖျန်းဆေး (nasal spray)တွေနဲ့ခံတွင်းသန့်ဆေးရည်တွေရှိနေပါပြီ။ ဆေးတစ်ချက်ဖျန်း၊ ပလုပ်တစ်ချက်ကျင်းလိုက်ရုံနဲ့ နေရခက်နေတဲ့ ရောဂါလက္ခဏာတွေကို သက်သာလျော့ပါးစေပြီး အသက်ရှူရ ပိုကောင်းစေပါတယ်။ Gargle ကခံတွင်းနဲ့လည်ချောင်းတွင်းက ရောဂါပိုးမွှားတွေကို ရှင်းလင်းဖယ်ရှားပေးနိုင်ပြီး nasal spray က နှာခေါင်းလမ်းကြောင်းမှာ ရှင်းလင်းပေးတာ ဖြစ်ပါတယ်။(၇)ခေါင်းအုံးမြှင့်ပါ။နှာခေါင်းပိတ်နေတယ်၊ ချောင်းဆိုးရင်ကျပ် ဖြစ်နေတယ် ဆိုရင် ညဘက်အိပ်တဲ့အခါ ခေါင်းအုံးကို နှစ်လုံးဆင့်တာ ဒါမှမဟုတ် ခေါင်းအုံးကို ခေါက်ပြီး မြှင့်တာက အသက်ရှူရ အဆင်ပြေပြီး ခံစားရ သက်သာစေနိုင်ပါလိမ့်မယ်။ ခေါင်းအုံး သိပ်မြင့်လွန်းပြီး အိပ်ရတာ နေရာမကျရင်တော့ စောင်ပါးလေးဖြစ်ဖြစ် တစ်ခုခုကိုခေါင်းအုံးအောက်မှာ ခုပြီး မြှင့်ပါ။အသေးအဖွဲလေးတွေလို့ အမှုမဲ့အမှတ်မဲ့ ထားလိုက်ပေမယ့်လည်း တကယ်ကို အဆင်ပြေစေမယ့် နည်းလမ်း လွယ်လွယ်လေးတွေမို့ အပန်းမကြီးလောက်ပါဘူး။ ဒီအချက်လေးတွေကို သတိထားပြီး လုပ်ကြည့်မယ်ဆိုရင် ဝေဒနာ ခံစားရသက်သာပြီး မြန်မြန်နေပြန်ကောင်းဖို့ သေချာပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/natural-remedies-for-illness/
ဓာတ်လိုက် တဲ့သူကို ဘယ်လိုကူညီကြမလဲ
ဓာတ်လိုက်တာ ပြင်းထန်လား ဆိုတာတော့ အောက်က အခြေအနေတွေပေါ် မူတည်ပါတယ်။ဓာတ်လိုက်တဲ့ လူတိုင်းက အရေးပေါ်စောင့်ရှောက်မှု လိုအပ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ဓာတ်လိုက်ပြီးရင် ဆရာဝန်နဲ့ ပြဖို့တော့လိုပါတယ်။ ကိုယ်တွင်းအင်္ဂါတွေ ထိမထိဆိုတာ အပြင်ကနေ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ဓာတ်အားနည်းရင်တော့ သာမန်ကျဥ်တာ၊ ပူတာ၊ နီတာ လောက်ပဲ ခံစားရမှာပါ။ ဒီထက်ပိုဆိုးရင်တော့။တစ်ယောက်ယောက် ဓာတ်လိုက်ပြီဆိုရင် အရင်ဆုံးလုပ်ရမှာက ဓာတ်လိုက်တဲ့ဒဏ်ကို နည်းနိုင်သမျှ နည်းအောင် လုပ်ရမှာပါ။ကိုယ်ကိုယ်တိုင် ဓာတ်လိုက်ရင်ခဲ့ရင်။ကိုယ်ကိုယ်တိုင် ဓာတ်လိုက်လိုက်ရင်တော့ လုပ်ရကိုင်ရခက်မှာပါ။ ဒါပေမယ့် ဓာတ်လိုက်ပြီလို့ သိတာနဲ့ အောက်ကအတိုင်းလိုက်လုပ်ပါ။သိပ်မပြင်းထန်ဘူးဆိုရင်။တခြားတစ်ယောက် ဓာတ်လိုက်ခဲ့ရင်။တခြားတစ်ယောက်ကို ကူညီရင်း ကိုယ်ပါ ဓာတ်မလိုက်ဖို့ သတိထားရမှာပါ။ ဒါကြောင့်။ဒဏ်ရာမပြင်းဘူးဆိုရင်တောင် အတွင်းဒဏ် ရှိမရှိသိဖို့ ဆရာဝန်နဲ့ပြရမှာပါ။ ထိခိုက်တဲ့ပေါ်မူတည်ပြီး ကုတဲ့နည်းတွေ အများကြီးရှိပါတယ်။ ဥပမာပြောရရင်။တချို့သော ဓာတ်လိုက်တာတွေက နာတာရှည်ထိခိုက်မှု ရှိနိုင်ပါတယ်။ ဥပမာပြောရရင် ပြင်းပြင်းထန်ထန် မီးလောင်ခဲ့ရင် သေရာပါအမာရွတ်ကျန်ခဲ့မှာပါ။ လျှပ်စီးဓာတ်က မျက်လုံးကို ဖြတ်သွားရင်အတွင်းတိမ်ဖြစ်ကျန်ခဲ့မှာပါ။တချို့တွေကျတော့လည်း ထုံတာ၊ ကျဥ်တာ၊ နာတာ စတာတွေ ကျန်ခဲ့မှာပါ။ကလေးတွေမှာဆို ဝါယာကြိုးတွေ ဝါးပြီး ဓာတ်လိုက်ရာက နှုတ်ခမ်းကို ဒဏ်ရာရတတ်ပါတယ်။ အနာဖေးကွာရင်လည်း သွေးအများကြီးထွက်တတ်ပါတယ်။ စိတ်မပူပါနဲ့။ ဒါက ပုံမှန်ပါပဲ။ နှုတ်ခမ်းပတ်လည်က အစကတည်းက သွေးကြောတွေ များလို့ပါ။ဓာတ်လိုက်တာက အခန့်မသင့်ရင် သေတတ်ပါတယ်။ ဒါကြောင့် အချိန်မီ ကုသနိုင်ဖို့ အရေးကြီးပါတယ်။ သိပ်ပြင်းထန်တယ် ထင်ရင် အရေးပေါ်ကို ချက်ချင်း ဆက်သွယ်ပါ။ မပြင်းထန်ဘူးဆိုရင်တောင်မှ တခြားကိုယ်မသိနိုင်တဲ့ ဒဏ်ရာတွေ ရှိနိုင်တာကြောင့် ဆရာဝန်နဲ့ ပြဖို့မမေ့ပါနဲ့။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%80%e1%80%ba/
ခံတွင်းနဲ့ကိုယ်ခန္ဓါကျန်းမာရေးအတွက် အကောင်းဆုံးခံတွင်းသန့်ဆေးရည်ရွေးချယ်မယ်
အမျိုးအစား အမှတ်တံဆိပ်များစွာရှိကြတဲ့အထဲ ခံတွင်းသန့်ဆေးရည်ရွေးချယ်ဖို့က ရှုပ်ထွေးနိုင်ပါတယ်။ ဘက်တီးရီးယားသေစေတဲ့ ခံတွင်းသန့်ဆေးရည်တွေ၊ သွားပိုးစားခြင်းကိုကာကွယ်ပေးတဲ့ဆေးရည်၊ ခံတွင်းနံ့ဆိုးပျောက်စေတဲ့ဆေးရည် စသည်ဖြင့် အာနိသင်ကွဲပြားတဲ့အမျိုးအစားတွေ များစွာရှိနေတာဆိုတော့ရွေးရခက်နိုင်တာပေါ့။ဒါ့ကြောင့် ကိုယ့်ရဲ့လိုအပ်ချက်ကိုမူတည်ပြီး ကိုယ်နဲ့အသင့်တော်ဆုံးဖြစ်မယ့်ခံတွင်းသန့်ဆေးရည်ကိုရွေးချယ်ရမှာပါ။ကလေးအတွက် သုံးမယ်ဆိုရင်။ခံတွင်းသန့်ဆေးရည်သုံးမယ်ဆိုရင် ကလေးက အသက် ၆နှစ်အထက်ရှိသင့်ပါတယ်။ နားမလည်သေးတဲ့အသက်အရွယ်မှာ ကလေးအများစုက ခံတွင်းသန့်ဆေးရည်ကိုထွေးမထုတ်ဘဲ မျိုချတတ်တာကြောင့် ၆ နှစ်အောက်တွေကိုပေးမသုံးသင့်တာပါ။ ဒါ့ကြောင့် အသုံးပြုလို့ရတဲ့အရွယ် ကလေးတွေကိုတောင် ခံတွင်းသန့်ဆေးရည်သုံးတဲ့အခါတိုင်း လူကြီးကဘေးကနေကြီးကြပ်ပေးသင့်ပါတယ်။ အထူးသဖြင့် မျိုမချဘဲ ပလုပ်ကျင်းပြီးထွေးပစ်ရဲ့လား။ ကလေးတွေအတွက်က ပြင်းရှတဲ့အရသာမဟုတ်ဘဲ သွားပိုးစားခြင်းကို ကာကွယ်ပေးတဲ့ အယ်ကိုဟောမပါ၊ ဖလူအိုရိုက်ပါဝင်တဲ့ အမျိုးအစားက သင့်တော်ပါတယ်။သွားပိုးစားတတ်သူဖြစ်ရင်။အကြောင်းရင်းအမျိုးမျိုးကြောင့် သွားပိုးစားပြီး သွားအခေါင်းပေါက်ဖြစ်နေသူတွေရှိပါတယ်။ ဒါတွေက စားသောက်တဲ့အာဟာရ၊ သွားရဲ့ပုံပန်းသဏ္ဍာန်၊ခံတွင်းကဘက်တီးရီးယား စတဲ့အချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။ ဖလူအိုရိုက်မပါတဲ့ဘုံပိုင်ရေ မရနိုင်တာ ဒါမှမဟုတ်ရေသန့်ဘူးပဲသောက်လေ့ရှိတဲ့သူဖြစ်ရင် အစားအစာကနေ ဖလူအိုရိုက်ဓါတ်က အပြည့်အဝမရရှိနိုင်ဘဲဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ဖလူအိုရိုက်ပါတဲ့ခံတွင်းသန့်ဆေးရည်တွေက သွားကြွေလွှာကို ကာကွယ်ပေးပြီး အက်စစ်နဲ့ဘက်တီးရီးယားရန်က သဘာဝအတိုင်းကာကွယ်ပေးထားနိုင်ပါတယ်။ သွားပိုးပေါက်ကနက်တယ်ဆိုရင် သန့်စင်ဖို့ခက်တဲ့နေရာတွေအထိ ခံတွင်းသန့်ဆေးရည်ကရောက်ရှိနိုင်ပြီး သွားတိုက်ပြီးအချိန်အတော်ကြာအထိ သန့်ရှင်းနေစေနိုင်ပါတယ်။အနံ့ဆိုးကင်းပြီး ခံတွင်းနံ့ ပိုလန်းဆန်းစေချင်တာဆိုရင်။ခံတွင်းနံ့သင်းသင်းလေးဖြစ်ချင်လို့၊ ခံတွင်းနံ့ဆိုးနေလို့mouthwash သုံးချင်တာဆိုရင်တော့ ကလိုရင်း သို့မဟုတ် ဇင့်ဓါတ်ပါတဲ့mouthwash ကိုသုံးပါ။ အဲဒီဓါတ်တွေက အနံ့ဆိုးတွေကိုပြယ်စေပြီး ပိုးသတ်တဲ့ခံတွင်းသန့်ဆေးရည်တွေထက်ပျော့ပါတယ်။နေ့စသ်သုံးအဖြစ် အသုံးများကြတဲ့အမျိုးအစားပါ။ဘက်တီးရီးယားတွေကို ဖယ်ရှားရှင်းလင်းပေးနိုင်တဲ့အာနိသင်ကို လိုချင်ရင်။ခံတွင်းနံ့ဆိုးခြင်းလိုပဲ သွားချေးများကပ်နေခြင်း၊သွားဖုံးရောင်ခြင်း၊တို့လို ဘက်တီးရီးယားကြောင့်ဖြစ်ရတဲ့လက္ခဏာတွေအတွက် ပိုးသတ်ခံတွင်းသန့်ဆေးရည်ကိုရွေးချယ်တာအကောင်းဆုံးပါပဲ။ ဒီအမျိုးအစားက ခံတွင်းမှာရှိတဲ့ဘက်တီးရီးယားပမာဏကို ၇၅ ရာခိုင်နှုန်းလောက်လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။တကယ်တော့ သွားနဲ့ခံတွင်းရောဂါတွေအတွက်တင်မကဘဲ အအေးမိဝေဒနာ၊ တုပ်ကွေးလက္ခဏာတွေအတွက်ပါ ကြိုတင်ကာကွယ်နိုင်၊ ကုသပေးနိုင်တဲ့ Betadine mouthwash လိုမျိုးခံတွင်းသန့်ဆေးရည်တွေ ရှိနေပြီဖြစ်ပါတယ်။ Betadine ဆိုရင် အနာထည့်တဲ့ဆေးလို့ပဲ မထင်လိုက်နဲ့နော်။ အအေးမိတုပ်ကွေးဝေဒနာနဲ့ လည်ချောင်းနာခြင်းအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ gargle and mouthwash က လည်ချောင်းနာဖြစ်စေတဲ့ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေကို စက္ကန့် ၃၀ အတွင်းသေစေနိုင်ပြီး လည်ချောင်းနာဝေဒနာကို ရက်တိုအတွင်းပျောက်ကင်းသက်သာစေနိုင်ပါတယ်။ဒီဆေးရည်မှာ လည်ချောင်းနာကျင်မှုဝေဒနာသက်သာပြီးရောဂါပိုးကြောင့်ဖြစ်ရတဲ့လက္ခဏာတွေကိုလျော့ပါးသက်သာစေနိုင်ပေမယ့် အကိုက်အခဲပျောက်ဆေးနဲ့၊ အရောင်ကျဆေးတွေ မပါဝင်ပါဘူး။ ပုံမှန်ဆို ခံတွင်းသန့်ဆေးရည်တွေကို ကလေးတွေအတွက် အသုံးပြုဖို့ စဉ်းစားစရာတွေရှိနေပေမယ့် Betadine ကိုတော့ အသက် ၆ နှစ်ပြည့်ပြီးတဲ့ ကလေးတိုင်းအတွက် အသုံးပြုလို့ရနိုင်ပါတယ်။Betadine mouthwash ကို လည်ချောင်းယား၊လည်ချောင်းစပ်ခြင်းလို အစပိုင်းလက္ခဏာတွေတည်းက အသုံးပြုလို့ရပါတယ်။ အအေးမိဝေဒနာရဲ့ အစောပိုင်းလက္ခဏာတွေကို အမြန်ဆုံးသက်သာစေပြီးနောက်ထပ်အဆင့်ထပ်မတိုးအောင် ကာကွယ်ပေးနိုင်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/%e1%80%81%e1%80%b6%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%94%e1%80%b2%e1%82%94%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%81%e1%82%8f%e1%81%b6%e1%80%ac%e1%80%80%e1%80%ba%e1%80%94/
လေပွတာကို သက်သာစေမယ့် ယောဂပို့စ် ( ၅) ခု
လေပွတာက အတော်လေး ခံရခက်ပါတယ်။ ဒီလို လေပွရတာက နေ့စဉ် စားသုံးမှုမှာ ပါဝင်နေတဲ့ အချို့အချို့သော အစားအစာတွေကြောင့် ဖြစ်နိုင်သလို ပါးစပ်ကနေတဆင့် လေတွေကို မျိုချမိတာကြောင့်ပါ။ လေတွေက လေပွပြီး နေရထိုင်ရ မသက်မသာ ဖြစ်စေနိုင်သလို ဗိုက်အောင့်တာကို ဖြစ်စေနိုင်ပါတယ်။ ဒီလို လေပွတာကို သက်သာစေမယ့် ယောဂပို့စ် (၅) ခု ကို ဖော်ပြပေးလိုက်ပါတယ်။ယောဂလုပ်တာက လေပွတာကို သက်သာစေနိုင်သလို ကိုယ်လက်လှုပ်ရှားမှုလေး လုပ်တာ၊လမ်းလျှောက်တာ၊ အိမ်မှုကိစ္စလေးတွေကို လှုပ်လှုပ်ရှားရှား လုပ်ပေးတာကအစာကြေစေပြီးလေပွတာကို သက်သာစေနိုင်ပါတယ်။ဒါကြောင့် လေပွနေပြီဆိုရင် အရင်ဆုံး လမ်းလျှောက်တာမျိုး လုပ်ပေးလို့ ရသလို အောက်မှာ ပြောပြမယ့် ယောဂလေ့ကျင့်ခန်းလေးတွေကို လုပ်ပေးတာကလည်း နည်းလမ်းကောင်းပါ။ကဲ …. လေပွတာကို သက်သာစေမယ့် ယောဂပို့စ်တွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရ အောင်နော်။လေပွတာကို သက်သာစေမယ့် ယောဂပို့စ် ( ၅) ခု ကတော့ –။၁ – Apanasana (ရင်ဘတ်ဆီကို ဒူးတွေကို ဆွဲပိုက်ထားတဲ့ ယောဂပို့စ်)။ဒီပို့စ်က အစာအိမ်ထဲကမှာ ဟိုထိုး ဒီထိုး ထိုးနေတဲ့ လေတွေကိုလေတက်တာဒါမှမဟုတ် လေလည်တာကနေတဆင့် အပြင်ကို ထွက်လာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒီပို့စ်က ဝမ်းဗိုက်ပေါ်ကို ဖိအား နည်းနည်းပေးလိုက်ပြီး လေကို အပြင်ထုတ်ပေးတဲ့ သဘောပါ။ဒီလေ့ကျင့်ခန်းကို လုပ်ဖို့အတွက် –။၂ –  Ananda Balasana (ပက်လက်အနေအထားနဲ့ ခြေဖျားတွေကို လက်နဲ့ လှမ်းထိထားတဲ့ ပို့စ်)။ဒီပို့စ်ကအစာအိမ်ထဲက လေတွေကို ထွက်စေနိုင်သလို ပေါင်တွင်းကြောတွေကိုလည်း ပြေလျော့စေနိုင်ပါတယ်။အစာကြေစေပြီးကိုလည်းပြေလျော့စေနိုင်ပါတယ်။ဒီလေ့ကျင့်ခန်း လုပ်ဖို့အတွက် –။၃ –Supta Matsyendrasana(ခန္ဓာကိုယ်ကို လိမ်ပြီး အကြောလျော့တဲ့ ပို့စ်)။ဒီပို့စ်က အစာအိမ်ထဲက လေတွေကို ထွက်စေနိုင်သလိုခါးကြောတွေကိုလည်း ပြေလျော့စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုလည်း ပြေလျော့စေနိုင်သလို ကောင်းကောင်း အိပ်ပျော်စေဖို့လည်း ထောက်ကူပါတယ်။ဒီလေ့ကျင့်ခန်း လုပ်ဖို့အတွက် –။၄ –  Parivrtta Sukhasana (ထိုင်ရက်အနေအထားနဲ့ ခန္ဓာကိုယ်ကို လှည့်ပြီး အကြောလျှော့တဲ့ပို့စ်)။ဒီပို့စ်က အစာအိမ်ထဲက လေတွေကို ထွက်စေနိုင်သလို ခါးကြောတွေကိုလည်း ပြေလျော့စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုလည်း ပြေလျော့စေနိုင်သလိုကောင်းကောင်း အိပ်ပျော်စေဖို့လည်း ထောက်ကူပါတယ်။ဒီလေ့ကျင့်ခန်း လုပ်ဖို့အတွက် –။၅ – Prasarita Padottanasana (ခြေထောက်နှစ်ဖက်ကို ခွဲနိုင်သမျှ ခွဲပြီး ခန္ဓာကိုယ် အထက်ပိုင်းကို ဒူးနှစ်လုံးကြားကို ကွေးညွှတ်တဲ့ ပို့စ်)။ဒီပို့စ်က အစာအိမ်ထဲက လေတွေကို ထွက်စေနိုင်သလို ခါးကြောတွေကိုလည်း ပြေလျော့စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုလည်း ပြေလျော့စေနိုင်သလို မျက်နှာဆီသွေးစီးဆင်းမှု ကောင်းစေဖို့လည်း ထောက်ကူပါတယ်။ဒီလေ့ကျင့်ခန်း လုပ်ဖို့အတွက် –။လေပွနေတာကြောင့်အိပ်ရေးပျက်တာနေရခက်တာတွေ မဖြစ်စေဖို့ ဒီယောဂပို့စ်လေးတွေ လုပ်ပြီး ဖြေရှင်းလိုက်ပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/exercises-for-abdominal-gas/
အနီရောင် ဂေါ်ဖီထုပ် ကပေးတဲ့ ကျန်းမာရေး
ပုံမှန်စားနေကျ ဂေါ်ဖီထုပ်က အစိမ်းရောင်နုနု၊ အစိမ်းရောင်ရင့်ရင့်ဖြစ်တတ်ပြီး အနီရောင် ဂေါ်ဖီထုပ် ကတော့ အခုနောက်ပိုင်းမှာတော့ အနီရောင် ဂေါ်ဖီထုပ်လေးတွေ ဈေးကွက်ဝင်လာတယ်။ ဆေးဆိုးထားတာ မဟုတ်ဘဲ ပင်ကိုက အနီရောင်ပါ။ အနီဆိုတာထက် ခရမ်းရောင်ရင့်ရင့်လေးဆို ပိုမှန်မှာပါ။ ဒီအရောင်အသွေးလှပတဲ့ ဂေါ်ဖီထုပ်လေးကလည်း စားသုံးလို့ရသလို အာဟာရတန်ဖိုး မြင့်သလိုကျန်းမာရေးကိုလည်း အများကြီး အထောက်အကူ ပြုပေးပါတယ်။အနီရောင်ဂေါ်ဖီလေးမှာ။အနီရောင် ဂေါ်ဖီထုပ် ကို စားသုံးပေးမယ်ဆိုရင်။အနီရောင် ဂေါ်ဖီထုပ်မှာ ကိုယ်ခံအားကို အဓိက ပံ့ပိုးပေးနေတဲ့ဗီတာမင် Cပါဝင်နေတာကြောင့် ကိုယ်ခံအားရဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့သွေးဖြူဥဆဲလ်တွေကို အားဖြည့်ပေးပြီး ကိုယ်ခံအား ကောင်းစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးနိုင်ပါတယ်။ အာဟာရ ကြွယ်ဝသလို ဓာတ်တိုးဆန့်ကျင်အာနိသင်လည်း တော်တော်လေး ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကိုရောဂါပိုးတွေအန္တရာယ်ကနေ အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။ဓာတ်တိုးပစ္စည်းတွေကြောင့်အသားအရေထိခိုက်မှုကို ကာကွယ်ပေးသလို ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်မှာ ရောဂါတွေ ဝင်မလာစေဖို့ အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။ ဆဲလ်တွေ တစ်ရှူးတွေကို အသစ် ဖြစ်ပေါ်စေပြီး အနာကျက်စေဖို့လည်း အားဖြည့်ပေးပါတယ်။အနီရောင် ဂေါ်ဖီထုပ်မှာ နာတာရှည် နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ phytonutrients ပါဝင်နေပါတယ်။ နောက်တစ်ချက်က အနီရောင်ဂေါ်ဖီမှာ ရောင်ရမ်းမှုကို လျော့ပါးစေနိုင်တဲ့ (အရောင်ကျစေနိုင်တဲ့) sulforaphane ပါဝင်နေပါတယ်။ဒါကြောင့် အဆစ်ရောင်နာ ဝေဒနာခံစားနေရတွေအနေနဲ့ စားသုံးပေးဖို့ သင့်တော်ပါတယ်။အနီရောင် ဂေါ်ဖီထုပ်မှာ ဗီတာမင် K ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဗီတာမင် K ကအရိုးတွင်းက ကယ်လ်ဆီယမ် ပမာဏကို ထိန်းညှိပေးဖို့ လိုအပ်တဲ့ ပရိုတင်းပမာဏကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့်အရိုးပွရောဂါကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။ ကယ်လ်ဆီယမ် ပါဝင်မှုက အရိုးတွေကို သန်မာစေသလို ဗီတာမင် K ပါဝင်မှုကအရိုးသိပ်သည်းဆကို ထိန်းပေးတာကြောင့် လေဒီလေးတွေနဲ့ အထူး သင့်တော်ပါတယ်။ဒါကြောင့်သွေးဆုံးချိန်မှာ ခံစားရနိုင်တဲ့ အရိုးတွေ ကျိုးလွယ်တာ၊ အရိုးပွတာတွေကို ကာကွယ်ဖို့ လေဒီလးတွေအနေနဲ့ ပုံမှန် စားသုံးပေးသင့်ပါတယ်။အသက်အရွယ်ကြောင့် ဖြစ်ဖြစ်၊ နေ့စဉ် စားသောက်နေထိုင်မှု ပုံစံကြောင့်ဖြစ်ဖြစ် ဓာတ်တိုးပစ္စည်းတွေနဲ့ ထိတွေ့ရပါတယ်။ ဓာတ်တိုးပစ္စည်းတွေနဲ့ ထိတွေ့မှုများတာက အသားအရေကိုတင် ထိခိုက်စေတာမဟုတ်ဘဲ၊ ကင်ဆာ အပါအဝင် ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါတွေပါ ဖြစ်လာစေနိုင်ပါတယ်။ ဥပမာဆီးချိုရောဂါနဲ့နှလုံးရောဂါ တို့လိုမျိုးပေါ့။ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ နေ့စဉ် ထိတွေ့မိနေတဲ့ ဓာတ်တိုးပစ္စည်းတွေက DNA (မျိုးဗီဇဆဲလ်)တွေကို ထိခိုက်ပျက်စီးစေသလို အူမကြီးကင်ဆာကိုပါ ဖြစ်စေနိုင်ပါသေးတယ်။ ဒါကြောင့် ကင်ဆာအပါအဝင် အမျိုးမျိုးသော နာတာရှည်ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် အနီရောင်ဂေါ်ဖီထုပ်ကို စားသုံးပေးသင့်ပါတယ်။ဂေါ်ဖီထုပ် အနီရောင်မှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေမှုက အစာခြေစစနစ်ကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ အူနံရံတွေကို အာဟာရ စုပ်ယူမှုကောင်းစေဖို့ အားဖြည့်ပေးသလို ဝမ်းမှန်စေပါတယ်။ အမကြီးကို ကျန်းမာစေပြီး အစာကြေစေမှာပါ။အနီရောင် ဂေါ်ဖီထုပ်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် အလွန်အကျွံ စားသုံးတာမျိုး မလုပ်ရပါဘူး။ကလေးငယ်တွေ၊ နို့တိုက်မိခင်တွေ၊ ရောဂါအခံရှိသူတွေ၊ ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ စားသင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/red-cabbage-benefits/
ဂေါ်ဖီ စားလို့ရမယ့် ကျန်းမာရေးအကျိုးကျေးဇူး
ဂေါ်ဖီလို့ ပြောလိုက်ရင် အသုပ်တွေထဲ ထည့်စားတာ၊ ကြော်စားတာ၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ထမင်းကြော်တွေထဲ ထည့်စားတာကို ပြေးမြင်မယ်ထင်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ အစားအစာ တော်တော်များများမှာ ပါတတ်တဲ့ ဂေါ်ဖီလေးက တဂျွတ်ဂျွတ်နဲ့ ဝါးလို့ကောင်းသလိုကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးပါတယ်။သရေစာ အစားအစာကစလို့ နေ့စဉ် စားသုံးနေတဲ့အစားအစာတော်တော်များများမှာ ပါဝင်တတ်တဲ့ ဂေါ်ဖီထုပ်မှာ။အသုပ်ထဲ ထည့်စားစား၊ အကြော်တွေထဲ ထည့်ထည့်၊ ဟင်းခါးပဲ ချက်သောက်သောက် စားလို့ကောင်းတဲ့ ဂေါ်ဖီက။ဂေါ်ဖီ မှာ sulforaphane ဒြပ်ပေါင်း ပါဝင်နေတာကြောင့် ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ကင်ဆာ မဖြစ်အောင် ကာကွယ်ဖို့အတွက်လည်း ဂေါ်ဖီထုပ်ကို စားပေးလို့ ရပါတယ်။ဂေါ်ဖီကကင်ဆာဆဲလ်တွေမပွားအောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့်အရေပြားကင်ဆာ၊အစာရေမျိုကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ပန်ကရိယကင်ဆာတို့ကို ကာကွယ်ပေးပါတယ်။ရင်သားကင်ဆာဖြစ်သူတွေအနေနဲ့ ကင်ဆာဆဲလ်တွေ ပြန့်ပွားတာကို ဟန့်တားနိုင်ဖို့လည်း အထောက်အကူပြုပေးပါတယ်။ဂေါ်ဖီ မှာပါတဲ့ anthocyanins က ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးသလိုနာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တာကြောင့် နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး နှလုံးကို သွေးစီးဆင်းမှု ကောင်းစေပါတယ်။ဂေါ်ဖီထုပ်မှာ ဖလေဗာနွိုက် ပါဝင်နေတာကြောင့် ကျန်းမာရေးကို အထောက်အကူပြုပေးပါတယ်။ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို လျှော့ချပေးသလို နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ polyphenol  ပါဝင်မှုက နှလုံးသွေးကြောဆိုင်ရာရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးသလိုနှလုံးသွေးကြောကျဉ်းရောဂါကို ကင်းစေနိုင်ပါတယ်။နှလုံးသွေးကြောထဲမှာ အဆီတွေ စုပုံတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလိုသွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ဂေါ်ဖီထုပ်မှာ ဗီတာမင် C၊ဗီတာမင် Aတို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဒါတွေအပြင် ဂေါ်ဖီမှာ ခန္ဓာကိုယ် ကျန်းမာစေဖို့ အားဖြည့်ပေးတဲ့ အာဟာရဓာတ်များစွာ ပါဝင်နေပါတယ်။ဂေါ်ဖီမှာ အစာခြေစနစ်ကို အားဖြည့်ပေးမယ့်ရေဓာတ်နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အူတွေကို လှုပ်ရှားမှု ကောင်းစေပြီး အူနံရံတွေကို အာဟာရဓာတ် ပြည့်ပြည့်ဝဝ စုပ်ယူနိုင်စေသလို ဝမ်းလည်း မှန်စေပါတယ်။ ကိုယ်တွင်းကအဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကို ပြင်ပကို ဝမ်းအနေနဲ့ စွန့်ထုတ်ပေးပါတယ်။အမျှင်ဓာတ် ပါဝင်နေမှုကအဆာခံနိုင်စေဖို့ အားဖြည့်ပေးပြီး အစား ခဏခဏ မစားမိအောင် ကာကွယ်ပေးတာကြောင့် အဝမလွန်အောင် ကာကွယ်ပေးပါတယ်။ဝိတ်ချနေသူတွေအတွက်လည်း အထူး သင့်တော်ပါတယ်။ဂေါ်ဖီထုပ်ကပိုတက်ဆီယမ်ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို အကောင်းမွန်ဆုံး ထိန်းညှိပေးပြီး သွေးမတိုးစေဖို့ ကာကွယ်ပေးသလိုသွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/cabbage-benefits/
လူငယ် များနဲ့ COVID-19
ဧပြီ ၁၃ရက်နေ့တုန်းက စာရင်းတွေအရ မြန်မာနိုင်ငံမှာCOVID-19အတည်ပြု လူနာ ၂၂ယောက် တွေ့ခဲ့တဲ့ထဲမှာ ၃ယောက် သေဆုံးသွားခဲ့ပါတယ်။ ဒီထဲက ၂ယောက်ကသက်ကြီးပိုင်း၊ နဂို ရောဂါအခံရှိတဲ့သူတွေပါ။ နောက်ဆုံးတစ်ယောက်က လူငယ် သက်လတ်ပိုင်း အမျိုးသား တစ်ဦးပါ။ ဘာရောဂါအခံလည်း မပြောနိုင်ပေမယ့် ရုတ်တရက် သန်သန်မာမာ သွားနိုင်လာနိုင်ကနေ ရုတ်တရက် သေဆုံးသွားခဲ့တဲ့ အတွက် လူတွေစိတ်ထဲမှာ အတော်ပဲ ကြောက်လန့်သွားခဲ့ကြပါတယ်။ခု စက်တင်ဘာ ၃ရက်နေ့မှာလည်း ၄၆နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပြန်ပါတယ်။ သူကတော့ အရေပြားလေးဖက်နာနဲ့ ကျောက်ကပ်ရောဂါအခံရှိသူလို့ဆိုပါတယ်။ လက်ရှိစာရင်းတွေ (၉.၄.၂၀၂၀)အရတော့ သေဆုံးသူ ၇ဦးထိရှိသွားပါပြီ။ကိုယ့်တစ်နိုင်ငံထဲလား ဆိုတော့ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာလည်း အလားတူ ဖြစ်ရပ်တွေ ရှိပါတယ်။ အမေရိကန်မှာဆိုရင် မှတ်မှတ်ရရ အသက်၃၀အရွယ် အမျိုးသား တစ်ဦးက ရောဂါကူးစက်ခံရပါတယ်။ သူ့မိန်းမ အပါအဝင်ပေါ့။ ဒါပေမယ့် သူတို့က ပေါ့ပေါ့ပါးပါးပါပဲ။ ဒါက လူကြီးပိုင်းတွေ၊ ရောဂါအခံရှိတဲ့သူတွေမှာပဲ အသေအပျာက်များတယ်ဆိုတာ သိထားတာကိုး။ ဒါပေမယ့် မထင်ရက်စရာ ကောင်းလောက်အောင် ဒီသန်သန်မာမာ အမျိုးသားက ရုတ်တရက်  အိပ်ရာထဲမှာ သေဆုံးသွားပါတယ်။ ဒါဟာ ဖြစ်ရပ်ပေါင်းများစွာထဲက တစ်ခုပါ။အားလုံးသိထားကြတာ ဒီရောဂါက သက်ကြီးပိုင်းတွေ၊ နဂိုရောဂါအခံရှိတဲ့ သူတွေမှာ အဖြစ်များတယ်။ အသက်အန္တရာယ်ရှိတယ်ပေါ့။ လူငယ်ချင်း တူရင်တောင် တချို့က ဘာမှမဖြစ်သလို ပြန်ကောင်းလာပြီး တချို့က ဘာလို့ သေဆုံးသွားရတာလဲ။ဒီအတိုင်းဆိုရင် လူငယ်တွေရဲ့ အသက်ကိုရော ခြိမ်းခြောက်နေပြီလားလို့ မေးစရာရှိပါတယ်။ ဒါတွေနဲ့ ပတ်သတ်ပြီး ပညာရှင်တွေက ဘာပြောထားလဲ ဆိုတာ ကြည့်ကြည့်ရအောင်။အောက်က အချက်တွေကတော့ ပညာရှင်တွေရဲ့ ယူဆချက် သက်သက်သာဖြစ်ပါတယ်။ ပိုပြီး တိတိကျကျပြောနိုင်ဖို့ လေ့လာစမ်းသပ်မှုတွေ လုပ်ရဦးမှာပါ။COVID-19 ဗိုင်းရပ်စ်ဟာအဆုတ်ထဲကို ဝင်ဖို့ဆိုရင် ACE2 receptorကို ပေါင်းပြီး ဝင်ရပါတယ်။ ဒီ receptorက အသက်ရှူလမ်းကြောင်းအပြင် နှလုံး၊ အစာအိမ်နဲ့ အူလမ်းကြောင်းမှာလည်း ရှိနေပါတယ်။ ဒီreceptorဟာ ပရိုတင်း အမျိုးအစား ဖြစ်တဲ့ အတွက်မျိုးဗီဇပြောင်းနိုင်ပါတယ်။ တချို့သူတွေမှာ ဒီreceptor ဗီဇပြောင်းလဲပြီး ဗိုင်းရပ်စ်ပိုးတွေ ခန္ဓာကိုယ်ထဲကို ဝင်ရလွယ်တာ ဝင်ရခက်တာမျိုးတွေ ရှိနိုင်တာကြောင့်လားလို့ ယူဆကြပါတယ်။Surfactantဆိုတာ အဆုတ်ထဲကို လေဝင်လာရင် ဖောင်းလာအောင်၊ လေထွက်သွားရင် ပိန်သွားအောင်၊ နောက်တစ်ခါ လေဝင်လာရင် ပြန်ဖောင်းနိုင်အောင် လုပ်ပေးတဲ့ ပစ္စည်းပါ။ အဆုတ်အိတ်ငယ်လေးတွမှာ ရှိပါတယ်။ မွေးစမှာ ကလေးတွေကို တဝါးဝါး အော်ငိုခိုင်းလိုက်တာက စပြီး Surfactant တွေ စအလုပ်လုပ်ပါတယ်။ဒီCOVID-19က အဆုတ်အိတ်ငယ်လေးတွေကို ဖျက်ဆီးပစ်လို့ လူနာက မောလာတာပါ။ အဆုတ်အိတ်ငယ်တွေမှာရှိတဲ့ ဒီSurfactant တွေကို ဖျက်ဆီးလိုက်လို့များ လူနာတွေ အပြင်းအထန်မောနေတာလားပေါ့။အထူးသဖြင့် တချို့လူနာတွေမှာ အသက်ရှူစက်တပ်ထားတာတောင် အသက်ရှူဖို့ ခက်ခဲနေတာကို တွေ့ရတော့ ဒီပစ္စည်းတွေ ပျက်ဆီးသွားလို့ အဆုတ်က လေဝင်တာတောင် မဖောင်းနိုင်ပဲ အောက်ဆီဂျင်နည်းသွားတာလားဆိုပြီး ပြောနေကြပါတယ်။ခန္ဓာကိုယ်ထဲကို ရောဂါပိုး တစ်ခုဝင်လာရင်ခုခံအားက ပြန်တိုက်ပါတယ်။ ခုလည်း COVID-19က ပိုးအသစ်ဖြစ်လို့ ကိုယ်ထဲရောက်လာရင် ခုခံအားတွေက ဝိုင်းတိုက်မှာပါပဲ။ ဒါက ပုံမှန်ပါ။ ဒါပေမယ့် တချို့သူတွေရဲ့ ခုခံအားက လိုတာထက်ပိုပြီး တုံ့ပြန်ပါတယ်။ Overactive ဖြစ်တယ်ပေါ့။တကယ်တော့ ရောဂါကို တိုက်ထုတ်တယ်ဆိုတာ နှစ်ဖက်စစ်ဖြစ်သလိုပါပဲ။ သူ့ဘက်က ထိတာရှိသလို ကိုယ့်ဘက်မှာလည်း ထိတာရှိပါတယ်။ ကြားထဲက ပြည်သူတွေလည်း ထိနိုင်တာပါပဲ။ရောဂါ ၁၀ဖိုး ဝင်လာရင် ကိုယ့်ဘက်က ၁၀ဖိုးနဲ့ တိုက်ထုတ်ရင် ရပါပြီ။ ၁၀ဖိုး ဝင်လာတာကို ၁၀၀ဖိုး တိုက်ထုတ်ရင် ဘေးမှာ ရှိတဲ့ ဆဲလ်အကောင်းတွေပါ ပျက်စီးကုန်တာပေါ့။ ဒါ့ပြင် ဒီလို ရောဂါပိုးကို သွေးဖြူဥဆဲလ်တွေက တိုက်ထုတ်တဲ့အခါမှာ cytokineတွေ ထွက်လာပါတယ်။ စစ်သားတွေရဲ့ လက်နက်တွေလိုပေါ့။ဒီဓာတ်ပစ္စည်းတွေ မလိုအပ်ဘဲ အများကြီး ထွက်တဲ့အခါ ကိုယ်ထဲက တခြားဆဲလ်တွေ ထိခိုက်ကုန်ပါတယ်။ ဒါကို  cytokine storm လို့ခေါ်ပါတယ်။ ဒါကြောင့်များ ဆဲလ်တွေပျက်စီးပြီး ရောဂါဒဏ်ကို ပိုခံရတာလားလို့ ပြောကြတာမျိုးလည်း ရှိပါတယ်။ဘယ်လောက်ပဲ ကိုယ်ခံအား ကောင်းနေပါစေ။ ပိုးက ခုခံအားထက် များနေရင် ဒုက္ခရောက်မှာပါပဲ။ လူငယ်တွေက ကိုယ့်မှာ မဖြစ်နိုင်ဘူးလို့ ယူဆပြီး social distancingကို ကောင်းကောင်းမလုပ်တာကလည်း ပိုးတွေ အများကြီးဝင်ဖို့ အခွင့်အရေးပေးသလို ဖြစ်နေတယ်လို့လဲ ဆိုကြပါတယ်။ဒါတွေကတော့ ပညာရှင်တွေရဲ့ အမြင်သက်သက်ပါ။ ဒါတွေကြောင့်များ တချို့လူငယ်တွေမှာ အန္တရာယ်ဖြစ်သွားတာလားဆိုပြီး ယူဆထားတာတွေပါ။နောက်တစ်ချက် ပြောချင်တာက လူငယ်တွေမှာလည်း ရောဂါအခံ တစ်ခုခုရှိနေနိုင်ပါတယ်။ လက္ခဏာမပြလို့ မစစ်ဆေးမိလို့ မသိတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ရောဂါအခံ မရှိပါဘူးလို့ တရားသေ မသတ်မှတ်ပါနဲ့။နောက်ပြီး ရောဂါအခံမရှိဘူးဆိုရင်တောင် ခုခံအား ထိခိုက်နိုင်တဲ့ အပြုအမူမျိုးတွေ ရှိနေနိုင်တာပဲ။ ဥပမာဆေးလိပ်သောက်လို့ အဆုတ်ပျက်စီးနေတာမျိုး၊ အရက်ကြောင့် ခုခံအား ထိခိုက်နေတာမျိုး။ ဒါကြောင့် ဒီကာလမှာတော့ ဒီအမူအကျင့်တွေကို တတ်နိုင်သမျှ ရှောင်ကြဉ်နေဖို့ လိုပါတယ်။လူငယ်တွေအနေနဲ့လည်း ဘယ်လိုပဲ ခုခံအား ကောင်းတယ်ပြောပြော ကာကွယ်နည်းတွေကိုတော့ အတိအကျ လိုက်နာရမှာပါ။ ဒါကြောင့်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%9c%e1%80%b0%e1%80%84%e1%80%9a%e1%80%ba-%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%94%e1%80%b2%e1%80%b7-covid-19/
ဆေးလိပ်သောက်သူတွေက စိတ်ဓာတ်ကျနိုင်ခြေပိုများတယ်ဆိုတာ သိပြီးပြီလား....
ဆေးလိပ်သောက်သူတွေက စိတ်ဓာတ်ကျနိုင်ခြေပိုများတယ်ဆိုတာ သိပြီးပြီလား…. တီထွင်မှုအားကောင်းအောင်၊ စိတ်ငြိမ်အောင်ဆိုတဲ့ အကြောင်းပြချက် အမျိုးမျိုးနဲ့ ဆေးလိပ်ကို သ​ဘောတကျနဲ့ သောက်မိနေတုန်းပဲလား…. တကယ်ရော‌ ဆေးလိပ်သောက်တာက စိတ်ငြိမ်စေရဲ့လား။ဆေးလိပ်မှာ နီကိုတင်းလို စွဲလမ်းစေတဲ့ ဓာတ်တွေ ပါတာကြောင့် သောက်ပြီးတိုင်း သောက်ချင်မိနေနိုင်ပါတယ်။ ဒီလိုကနေ တစ်နေ့ကို တစ်လိပ်လောက်ပါ။ စိတ်ငြိမ်အောင် ပါဆိုပြီး သောက်ရင်းက နောက်ဆုံး တစ်နေ့ကို တစ်လိပ် ကနေ တစ်ဗူးလောက်အထိ တိုးသောက်လာတာမျိုးဖြစ်လာနိုင်ပါတယ်။ဆေးလိပ်သောက်တာက အချိန်ကြာလာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာကိုတင် ထိခိုက်စေတာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာကိုပါထိခိုက်လာစေနိုင်ပါတယ်။ ဆေးလိပ်သောက်တာက အောက်ပါ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ဖြစ်နိုင်ခြေကို များစေပါတယ်။ဆေးလိပ်သောက်ခြင်းကစိတ်ဖိစီးစေနိုင်တယ်။လူတော်တော်များများ လက်ခံထားတာက ဆေးလိပ်သောက်တာက စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တယ်လို့လေ။ တကယ်ကတော့ ဆေးလိပ်သောက်တာက စိတ်ဖိစီးမှုကို ပိုတိုးစေနိုင်တာပါ။ လူတွေက စိတ်ညစ်လာတဲ့အခါ၊ စိတ်ဖိစီးလာတဲ့အခါ ဖြေစရာအနေနဲ့ ဆေးလိပ်သောက်တာ၊အရက်သောက်တာတွေကို လုပ်တတ်ကြပါတယ်။ ဒါက ရေရှည်မှာ အဆင်မပြေတာတော့ အမှန်ပါပဲ။စိတ်ပြေလက်ပျောက်ဆိုပြီး ဆေးလိပ်သောက်လိုက်တိုင်း စိုးရိမ်စိတ်တွေ၊ ပူပန်မှုတွေက ပိုလို့တိုးလာပါတယ်။ နီကိုတင်းက ခဏတာတော့ စိတ်ပြေလျော့သွားသလို ခံစားရစေပေမယ့် ရေရှည်မှာတော့ စိုးရိမ်စိတ်ကို ပိုများလာစေတာပါ။ဆေးလိပ်သောက်ခြင်းက စိတ်ဓာတ်ကျစေနိုင်တယ်။ဆေးလိပ် သောက်သူတွေမှာ ပုံမှန်ထက် စိတ်ဓာတ်ကျနိုင်ခြေက ၂ ဆလောက်ပိုများနေတတ်ပါတယ်။ စိတ်ဓာတ်ကျလေ ဆေးလိပ်ပိုသောက်မိလေ စိတ်ဓာတ်က ပိုကျလေနဲ့ သံသရာကိုလည်နေရောပဲ။ အကြောင်းကတော့ ဆေးလိပ် မှာပါတဲ့နီကိုတင်းက ဦးနှောက်တွင်းက dopamine ဟော်မုန်းထွက်ရှိမှုကို အဟန့်အတားဖြစ်စေပါတယ်။ဒီလိုဟန့်တားလိုက်မှုကြောင့် အပြုသဘောဆောင်တဲ့ အတွေးတွေ စိတ်ကူးတွေ ပျောက်ဆုံးသွားရပါတော့တယ်။ ခဏတဖြုတ်ဆိုကိစ္စမရှိပေမယ့် ကြာလာတဲ့အခါ ဦးနှောက်ရဲ့dopamineဟော်မုန်းထွက်ရှိမှုကို ကျဆင်းသွားစေတာကြောင့် သေချာတာကတော့ စိတ်ဓာတ်က အလွယ်တကူကို ကျလာမယ်ဆိုတာပါ။ဆေးလိပ် သောက်တဲ့သူတွေ အနေနဲ့ ဆေးလိပ် သောက်လိုက်ရင် စိတ်ကျန်းမာရေး ပိုကောင်းလာတယ်လို့များ ကိုယ့်ကိုယ်ကိုယ် တွေးမိလား။ တကယ်တော့ ပြဿနာက ဆေးလိပ် သောက်ရင် စိတ်တည်ငြိမ်သွားတယ်လို့ ထင်တဲ့ အတွေးကနေ စတာပါ။ နီကိုတင်းကြောင့် တစ်ခဏတာလောက် စိတ်တည်ငြိမ်မှုကို စိတ်ကျန်းမာရေး ကောင်းစေတယ်ဆိုတဲ့ အတွေးကြောင့် ဆေးလိပ်ကို သဘောကျ နှစ်ခြိုက်စွာ ဆက်သောက်မိနေကြတာပါ။ ဆေးလိပ် သောက်တာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်သလိုအဆုတ်ကင်ဆာလိုမျိုး ကျန်းမာရေးပြဿနာကိုလည်း ရင်ဆိုင်ရစေနိုင် ပါသေးတယ်။ဆေးလိပ်သောက်တာ ငွေကုန်ကြေးကျများသလို ကျန်းမာရေးကိုတော်တော်လေးထိခိုက်စေပါတယ်။ ဆေးလိပ်ဖြတ်လိုက်တဲ့အခါ။ဒါကြောင့် ဆေးလိပ်ဖြတ်လိုက်တဲ့အခါ စိတ်ပိုင်းဆိုင်ရာတိုးတက်မှုတွေသာမက ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကိုပါ မြင်ရမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/smoking-and-mental-health/
သင့်ကလေးကို စကားပြောတတ်အောင် ဘယ်လိုသင်ပေး မလဲ
ကလေး စကားပြောတယ်ဆိုတာ သူ့ရဲ့ဖွံ့ဖြိုးမှုမှတ်တိုင်တွေထဲက တစ်ခုပါပဲ။ ကလေးရဲ့ ဦးနှောက်က မွေးစကနေ ၃နှစ်အတွင်းမှာ ခပ်မြန်မြန်ပဲ ဖွံ့ဖြိုးလာပါတယ်။ ဒါကြောင့် ကလေးက ၂နှစ်လောက်ဆို စကားစပြောနိုင်နေပါပြီ။ တကယ်တော့ ကလေးက မွေးစကတည်းက သူ့နည်းသူ့ဟန်နဲ့ မိဘတွေနဲ့ ဆက်သွယ်ပြောဆိုနေတာပါ။ သူဗိုက်ဆာတာ၊ အိပ်ချင်တာကို သူ့နည်းသူ့ဟန်နဲ့ ဖေဖေ၊ မေမေတို့ သိအောင် ပြောပြပေးနိုင်ပါတယ်။ကလေးစကားပြောတာက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဆိုင်တယ်ဆိုပေမယ့် မေမေဖေဖေတို့ဘက်ကလည်း ကလေးကို ဂရုစိုက်ပေးရပါတယ်။ ခုမှ လူ့လောကထဲကို စရောက်တဲ့ကလေးတွေ ဘာသာစကားတစ်ခုကို ပြောဖို့ဆိုတာ တစ်ယောက်ယောက်ပြောတာ သူကြားမှ လိုက်တုပြီး ပြောနိုင်မှာပါ။ ဆိုလိုတာက ဖေဖေ မေမေက ကလေးနဲ့ စကားပြောပေးရပါမယ်။ မြှူပေးရပါမယ်။ ကလေးက စကားပြောတတ်တဲ့အရွယ်မရောက်သေးသည့်တိုင် ဖေဖေ မေမေတို့က ကလေးကို စကားပြောပေးရမှာပါ။ကလေးက သူခဏခဏကြားနေမှ ဦးနှောက်က လိုက်မှတ်ပြီး ပြောတာကိုလည်း နားလည်ပါမယ်။ ဒါကြောင့် ကလေးတွေက စကားမပြောတတ်သေးရင်တောင် လူကြီးတွေ ပြောတာကို နားလည်ပြီး ပြန်တုံ့ပြန်တတ်ပါတယ်။ သူစကားပြောနိုင်တဲ့အချိန်ရောက်ရင်လည်း လျောလျောရှူရှူပြန်ပြောနိုင်ပါလိမ့်မယ်။ ဒီဆောင်းပါးလေးမှာ ကလေးကို စကားပြောတတ်အောင် ဘယ်လိုသင်ပေး မလဲဆိုတဲ့ tipsလေးတွေကို မျှဝေပေးသွားပါမယ်။၃လကလေးက စကားမပြောနိုင်သေးပေမယ့် လူကြီးစကားသံကို ကြားတဲ့အခါ လိုက်ကြည့်တတ်ပါတယ်။သီချင်းသံတွေကို နားထောင်တတ်ပါတယ်။ ဒါဟာ အမေ့ဗိုက်ထဲမှာ ကတည်းကပါ။ ဒါကြောင့် ခုခေတ်ကိုယ်ဝန်ဆောင်တွေ ဗိုက်ကလေးကို ကိုင်ပြီး စကားတွေပြော၊ သီချင်းလေးတွေ ပေးနားထောင်တာတွေ လုပ်ပေးတာပေါ့။ ၃လကျော်တဲ့အခါ သူပျော်တဲ့အခါ အသံလေးတွေပြုပြီး အသိပေးတတ်ပါတယ်။၆လလောက်ဆိုရင်တော့ ကလေးက ပလုံးပထွေး အသံတွေ ထွက်လာပါပြီ။ ‘ပါး၊ မား’ စသဖြင့် အသံတွေပြုတတ်ပါပြီ။ ပီပီသသ မဟုတ်ပေမယ့်ပေါ့။ ၇လလောက်ဆိုရင်တော့ ကလေးက သူ့ကို ခေါ်ရင် ခေါ်မှန်းသိလာပါပြီ။ ပလုံးပထွေး အသံလေးတွေ လုပ်ပြီး သူပျော်တဲ့အကြောင်း၊ စိတ်ဆိုးတဲ့အကြောင်း ပြောပြတတ်လာပါပြီ။၉လဆိုရင်တော့ သူ့ကို ပြောတဲ့ ‘မရဘူး၊ တာ့တာ’ စတဲ့ စကားလုံးတွေကို နားလည်လာပါပြီ။ သူပြောတာလေးတွေကလည်း အရင်ကထက် ပီသလာပါပြီ။ဒီအရွယ်ဆိုရင်တော့ ‘ဖေဖေ၊ မေမေ’ စတာတွေကို ခေါ်လည်း ခေါ်တတ်နေပြီ။ အဓိပ္ပာယ်လည်း နားလည်နေပါပြီ။ လူကြီးက ပြောတဲ့စကားတိုတိုလေးတွေ  ဥပမာ ‘မကိုင်နဲ့၊ ချထား’ စတာတွေကို နားလည်ပြီး လိုက်လုပ်နိုင်နေပါပြီ။စာလုံးလွယ်လွယ်လေးတွေကို လိုက်ပြောနိုင်ပါပြီ။ ပြီးတော့ လူကြီးက သူ့ကို ပြပြီး သင်ထားတဲ့စကားလုံးတွေ (ဥပမာ ခွေးကို ပြပြီး ခွေးခွေး)ကို မှတ်မိနေပါပြီ။ စာလုံးအဆုံးသတ်လေးတွေ ဥပမာ ထမင်းကို ‘မင်းမင်း၊ မန်မန်’ စသဖြင့် လူကြီးပြောတာတွေကို မှတ်ပြီး လိုက်ပြောနေပါပြီ။၂နှစ်လောက်ဆိုရင်တော့ စာလုံးပေါင်း ၅၀လောက်ကို သိပြီး နှစ်လုံးတွဲ၊ သုံးလုံးတွဲ စကားတွေကို ပြောနိုင်ပါပြီ။ ( ဥပမာ- သွားမယ်၊ မစားဘူး စသဖြင့်)။၃နှစ်ဆိုရင်တော့ သင်ယူတာ သိပ်မြန်ဆန်ပြီး စာလုံး ၁၀၀၀လောက်ကို သိနေပါပြီ။ဦးနှောက်ဖွံ့ဖြိုးမှုရဲ့ အရှိန်အမြင့်ဆုံး အသက်ဖြစ်လို့လဲ ပါပါတယ်။ ၃လုံးတွဲ၊ ၄လုံးတွဲ စကားတွေကိုလည်း ပြောနိုင်နေပါပြီ။ကလေးစကားပြောတတ်ဖို့က သူ့ရဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်တာ အပါအဝင် မိဘတွေဘက်က ကြိုးစားအားထုတ်ဖို့လည်း လိုပါတယ်။ နည်းလမ်းတွေကတော့။စကားမပြောတတ်သေးလည်း ရပါတယ်။ကလေးကို မြှူပါ။ သူနဲ့ စကားပြောပေးပါ။ သူကလည်း ပြန်ပြီး အသံပြုပါလိမ့်မယ်။ ဒါက သူနဲ့ မိဘတွေရဲ့ ပထမဆုံး ဆက်သွယ်မှုပါပဲ။ကိုယ်ကလည်း စကားပြောသလို သူပြောတာ၊ အသံပြုတာလည်း နားထောင်ပေးပါ။ သူနဲ့ စကားပြောနေတဲ့ ပုံစံမျိုး ဖြစ်ပါစေ။ကလေးတွေကို စကားပြောစေဖို့ဆိုရင် သူတို့ဆီက စကားသံလေးတွေ ထွက်လာအောင်၊ စာလုံးလေးတွေ ပြောထွက်လာအောင် နည်းနည်းတော့ tricksလေးတွေ သုံးရပါတယ်။ ဥပမာ။(၁) သူတို့ရှေ့မှာ သူတို့ကြိုုက်တာကို စားပြပါ။ သူတို့တောင်းစားပါစေ။ ဥပမာ ကိုယ်က သူကြိုက်တဲ့မုန့်ကို စားနေတယ်။ သူကလည်း စားချင်နေတယ်ဆိုရင် သူ့ကို ‘သားက ဒီမုန့်ကို စားချင်နေတာလား၊ မုန့်မုန့်ကိုလေ’ဆိုပြီး မုန့်လေးကို ပြပြီးမှ သူ့ကိုပေးပါ။(၂) သူကြိုက်တဲ့အရုပ်ကို သူ့ကို မပေးဘဲ ဆော့နေပါ။ သူကြိုက်တဲ့ ဘောလုံးလေးကို သူ့ရှေ့မှာ ဆော့ပြပါ။ သူလည်း ဝင်လာပါလိမ့်မယ်။ ဒီတော့မှ ‘မီးမီးက ဆော့ချင်တာလား၊ ဒီလို ဒီလို ဆော့ချင်တာလား’ဆိုပြီး သူ့ကို လုပ်ပြလိုက်ပါ။ ဘယ်လိုလုပ်တာက ဆော့တာလဲဆိုတာ သူသိသွားပါလိမ့်မယ်။(၃) နောက်တစ်နည်းကတော့ သူကြိုက်တဲ့ မုန့်လေးတွေကို ဘူးထဲထည့်ပြီး ဖွင့်လို့မရအောင် လုပ်ထားလိုက်ပါ။ သူစားချင်တဲ့အခါ ကိုယ့်ကို လာပြီး ဖွင့်ခိုင်းပါလိမ့်မယ်။ အဲ့ဒီအခါ အထဲက မုန့်ကို ‘မုန့်မုန့်’ ဖွင့်ပေးပြီးသွားရင် ‘ဖွင့်ဖွင့်’ စသဖြင့် စကားလုံးတွေနဲ့ ရင်းနှီးအောင် သင်ပေးလိုက်ပါ။(၄) သူကြိုက်တဲ့ အရုပ်တွေကို သူမမီနိုင်တဲ့ အမြင့်မှာ တင်ထားပါ။ သူကြိုက်တဲ့ ဘောလုံးလေးတွေ၊ အရုပ်လေးတွေကို သူမမီနိုင်တဲ့ နေရာမှာထားတဲ့အခါ သူဆော့ချင်ရင် ကိုယ့်ကို လာယူခိုင်းပါလိမ့်မယ်။ စစချင်းမှာတော့ သူက လက်ညိုးထိုးပြီး ယူခိုင်းပါလိမ့်မယ်။ ဒါဆိုရင်တော့ ဒါက ‘ဘော ဘော’လို့ပြောပြီး ယူပေးလိုက်ပါ။ နောက်ပိုင်းကျရင်တော့ သူလိုချင်တာကို ချက်ချင်း မယူပေးသေးဘဲ ‘ဘော ဘော’ဆိုတဲ့ စကားလုံးထွက်တဲ့အထိ စောင့်လိုက်ပါ။(၅) တူတူဆော့ပေးပါ။ ဘောလုံးအပြန်အလှန်ပစ်တဲ့ ကစားနည်းတွေဆို သူကကိုယ့်ကို ပစ်ပေးပြီးရင် ခဏလေး  ပြန်မပေးသေးဘဲ စောင့်လိုက်ပါ။ စစချင်းမှာတော့ သူက ‘ပစ် ပစ်’ အဲ့ဒီကနေမှ ‘ပစ်ပေး’ ‘ဘောလုံးပစ်’ ‘ဘောလုံးပစ်ပေး’ စသဖြင့် စာလုံးလေးတွေ တိုးလာပါလိမ့်မယ်။သူ့အရွယ်နဲ့ လိုက်ဖက်တဲ့ ပုံပြင်လေးတွေ၊ ကာတွန်းလေးတွေ စသဖြင့် အသံကျယ်ကျယ်နဲ့ ဖတ်ပြပေးပါ။ သံနေသံထားနဲ့ သူ့တို့နားလည်နိုင်တဲ့ စကားလုံးလေးတွေသုံးပြီး ဖတ်ပြပေးပါ။ကလေးငယ်ငယ်လေးတွေက သီချင်းသံ၊ ဂီတသံတွေနဲ့ လှုပ်ရှားမှုကို သဘောကျကြပါတယ်။ မြူးကြွတဲ့သံစဉ်နဲ့ သီချင်းတွေကို ခဏခဏဆိုပြရင်း (ကလေးကမပီလည်း) သူတို့ကိုပါ အတူလိုက်ဆိုခိုင်းပါ။ကလေးငယ်လေးတွေမှာ TV၊ ဖုန်း စတာတွေကို မပြသင့်ပါဘူး။ စကားပြောတယ်ဆိုတာ အပြန်အလှန်ဆက်သွယ်မှုပါ။ TVကြည့်၊ ဖုန်းကြည့်တဲ့အခါ ကလေးက တစ်ဖက်က ပြောတာကို ငြိမ်ငြိမ်လေးပဲ နားထောင်နေ၊ ကြည့်နေတာ ဖြစ်တဲ့အတွက် သူ့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ မဖြစ်စေပါဘူး။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/how-to-teach-your-baby-to-talk/
ရာသီအကူးအပြောင်းဆိုးတဲ့ချောင်းကို ဒီလိုသက်သာအောင်လုပ်ပါ
လူတွေကြားထဲရောက်လို့ အားလုံးကတိတ်ဆိတ်ငြိမ်သက်စွာထိုင်နေပြီဆိုကာမှချောင်းကဆိုးချင်လာတယ်။အောင့်ထားလို့လည်းမရတော်တော်ဆိုးတဲ့ကိစ္စနော်။ ခုလိုမျိုးရာသီဥတုမမှန်တဲ့အခါမျိုးဆိုရင် ဖျားချင်သလိုလိုလည်ချောင်းထဲကနာသလိုလိုချောင်းဆိုးနှာစေးတာတွေက မဖိတ်ခေါ်ဘဲကိုရောက်လာတတ်တာပါ။ချောင်းဆိုးချင်တာကလည်းအောင့်ထားလို့မရတဲ့ပြဿနာတစ်ခုပါ။ချောင်းဆိုးတာကြောင့်နေ့စဉ်လုပ်ဆောင်မှုတွေ မှာ အနှောင့်အယှက်မဖြစ်စေဖို့ဆိုရင် အခုပြောခဲ့တဲ့နည်းလမ်းလေးတွေကိုသုံးပြီးချောင်းဆိုးသက်သာအောင်လုပ်ဆောင်လိုက်ပါနော်။အခုပြောပြမယ့်နည်းလမ်းလေးတွေက အပန်းမကြီးဘဲချောင်းဆိုးတာကို သိသိသာသာသက်သာစေမှာပါ။နေ့စဉ်စားသုံးနေတဲ့အစားအစာတွေနဲ့မီးဖိုချောင်ထဲကနေ အလွယ်တကူရရှိနေတဲ့ အရာတွေနဲ့ချောင်းဆိုးတာကို သက်သာအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ရေသောက်ပေးပါ– တစ်နေ့တာမှာရေလုံလောက်သောက်သုံးတာကကိုယ်ခံအားကိုကောင်းစေပါတယ်။ ချောင်းဆိုးတဲ့အခါရေများများသောက်ပေးပါ၊ ချွဲတွေကိုပျော်စေပြီးချောင်းဆိုးတာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ကြက်သွန်ဖြူစားပေးပါ– ကြက်သွန်ဖြူမှာပါတဲ့Allicin ဆိုတဲ့ဒြပ်ပေါင်းတစ်ခုကချောင်းဆိုးတာကိုဖြစ်စေနိုင်တဲ့အသက်ရှုလမ်းကြောင်းရောဂါပိုးကူးစက်ဝင်ရောက်တာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူတို့စားတာဖြစ်ဖြစ်၊ ဟင်းခါးချက်တဲ့ထဲကို ကြက်သွန်ဖြူထည့်ချက်တာဖြစ်ဖြစ်လုပ်ပြီး သုံးဆောင်ပေးပါ။ချင်းလက်ဖက်ရည်–ရေနွေးဆူဆူထဲကို ချင်း လက်တစ်ဆစ်စာလောက်လှီးထည့်လိုက်ပါ။ပြီးရင် ခပ်နွေးနွေးလေးဖြစ်နေတုန်းသောက်သုံးပေးလိုက်ပါ။ချောင်းဆိုးတာကို သိသိသာသာသက်သာစေမှာပါ။ပျားရည်– ပျားရည်က သဘာဝဆေးဖက်ဝင် စားသုံးစရာတစ်ခုပါ။ သင့်အနေနဲ့ဆီးချိုရောဂါလိုမျိုး အချိုနဲ့မတည့်တဲ့ရောဂါမျိုးမရှိဘူးဆိုရင်ရေနွေးကြမ်းထဲကို ပျားရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သံပုရာသီးတစ်စိတ်လောက်ညှစ်ထည့်ပြီး ခပ်နွေးနွေးလေးဖြစ်နေတုန်းမှာသောက်လိုက်ပါ။ ချွဲသလိပ်တွေကိုပျော်စေပြီးချောင်းဆိုးတာကို သက်သာစေမှာပါ။ကြက်သွန်နီ– မီးဖိုချောင်ဆေးစွမ်းတစ်လက်ပါ။ ကြက်သွန်နီကို မီးဖုတ်ပြီး စားသုံးပေးလို့ရသလို ပျားရည်နဲ့ကြက်သွန်နီအရည်ကိုရောပြီးသောက်ပေးလို့လည်းရပါတယ်။ တစ်ခါသောက်ရင် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းစာကို တစ်နေ့ နှစ်ကြိမ်သောက်ပေးပါ။မုန်လာဥနီဖျော်ရည်–မုန်လာဥနီေဖာ်ျရည်မှာဗီတာမင်နဲ့ ပရိုတင်းကြွယ်ဝစွာပါဝင်တာကြောင့်ချောင်းဆိုးဝေဒနာကို သိသိသာသာသက်သာစေမှာပါ။ ဒါကြောင့်ချောင်းဆိုးနေတယ်ဆိုရင် မုန်လာဥနီ အရွယ်တော် ၄၊ ၅ လုံးကိုဖျော်စက်ထဲထည့်ဖျော်ပြီးရင်ရေနည်းနည်းရောပါ။နောက်ဆုံးကတော့ အရသာအတွက်ရော ချွဲပျော်စေဖို့အတွက်ပါ ပျားရည်နည်းနည်းလောက်ထည့်လိုက်ပါ။ကျန်းမာအောင်စားသောက်နေထိုင်ဖို့က အရေးကြီးသလို လိုက်နာလုပ်ဆောင်သင့်တဲ့ အချက်အချို့လည်းရှိနေပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ အစားအသောက်တွေစားသုံးပေးတာက ချွဲသလိပ်တွေကိုကြေစေပြီးချောင်းဆိုးတာကို သက်သာစေတာမှန်ပေမယ့် အခုပြောပြမယ့်နည်းလမ်းလေးတွေပါတွဲဖက်လုပ်ဆောင်မယ်ဆိုရင်တော့ချောင်းဆိုးတာကိုမြန်မြန်သက်သာစေမှာပါ။ပလုပ်ကျင်းပါ-ရေနွေးခပ်နွေးနွေးလေးနဲ့ ပလုပ်ကျင်းပေးတာကချောင်းဆိုးတာကိုဖြစ်စေတဲ့ ချွဲတွေကိုပျော်သွားစေပြီးလည်ချောင်းထဲကရောဂါပိုးတွေကို တိုက်ဖျက်ပေးနိုင်တာကြောင့်ချောင်းဆိုးတာကိုသက်သာစေမှာပါ။လက်မှန်မှန်ဆေးပါ–ရောဂါပိုးတွေကပ်ညှိနေပြီးချောင်းဆိုးတာ တာရှည်နေတာမျိုးမဖြစ်စေဖို့ လက်တွေကိုသေချာသန့်စင်ဆေးကြောပေးပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေးရဲ့ အရေးပါတဲ့ လက်ဆေးတာကရောဂါတွေကို သက်သာအောင်လုပ်ဆောင်ပေးနိုင်သလိုရောဂါတွေပြန်မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ရေနွေးငွေ့ရှုပေးပါ-ရေနွေးငွေ့ရှုရှိုက်ပေးတာကချောင်းဆိုးတာနဲ့ ချွဲကြပ်တာကိုသက်သာစေနိုင်ပါတယ်။ ဒါကြောင့်ချောင်းဆိုးတဲ့အခါ အိပ်ခန်းထဲမှာ အစိုဓါတ်ထိန်းစက်ဖွင့်ပေးထားပါ။အိပ်ရေးဝဝအိပ်ပါ– အိပ်ရေးဝဝအိပ်တာက ကိုယ်ခံအားကိုကောင်းမွန်စေပြီးရောဂါတွေကို ခုခံပေးနိုင်ပါတယ်။ ဒါကြောင့်ချောင်းဆိုးနေတဲ့အခါဖြစ်ဖြစ်နေထိုင်မကောင်းတဲ့အခါမှာဖြစ်ဖြစ် အိပ်ရေးပျက်မခံပါနဲ့။ အိပ်ရေးဝဝအိပ်ပြီးချောင်းဆိုးတဲ့ဝေဒနာကို နှုတ်ဆက်လိုက်ပါ။ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့အောင့်ထားလို့မရတဲ့ချောင်းဆိုးဝေဒနာကို ဒီနည်းလမ်းတွေသုံးပြီး တာ့တာပြလိုက်ပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%a1%e1%80%80%e1%80%b0%e1%80%b8%e1%80%a1%e1%80%95%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%b2/
နေမကောင်းဖြစ်တာနဲ့ ပဋိဇီဝဆေး သောက်ဖို့လိုသလား
ပဋိဇီဝပိုးသတ်ဆေးေတွဆိုတာရောဂါပိုးတွေကိုတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ပြင်းဆေးဝါးတွေအဖြစ် အများစုက နားလည်ထားကြတယ်။ ဒါပေမယ့် သိပ်မသိတာတစ်ခုက ပဋိဇီဝဆေးတွေဟာ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ရောဂါတွေကိုပဲ ကုသပေးနိုင်တယ်ဆိုတာပါပဲ။ ရောဂါဖြစ်စေနိုင်တဲ့ပိုးတွေထဲမှာဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားကွဲပြားသလို သူတို့ကို နှိမ်နင်းကုသရာမှာလည်းဆေးဝါးတွေမတူ၊အာနိသင်တွေမတူကြတာ သိထားသင့်တဲ့အချက်ပါ။ဘာဝေဒနာဖြစ်လာလာပဋိဇီဝဆေး(antibiotics)တွေသောက်ပစ်လိုက်တာပဲဆိုရင်တော့ အနာတခြားဆေးတခြား အဖြစ်တွေနဲ့ရောဂါတာရှည်ပြီး အားပိုနည်းလာတာပဲ အဖတ်တင်ပါလိမ့်မယ်။ဆေးရဲ့ဘေးထွက်ဆိုးကျိုးကိုရောပေါ့။ နေမကောင်းတာ ဗိုင်းရပ်စ်ကြောင့်လား၊ ဘက်တီးရီးယားကြောင့်လားဆိုတာ ဆရာဝန်က ရောဂါရှာဖွေစစ်ဆေးပေးပါလိမ့်မယ်။ အရေးကြီးတာက ပဋိဇီဝဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် မဆင်မခြင်မသောက်ဖို့ပါပဲ။လေပြွန်ရောင်ခြင်း၊ နားပိုးဝင်ခြင်း၊ နမိုးနီးယား စတဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေအတွက်ပဲ ပဋိဇီဝဆေးတွေကိုသောက်ဖို့လိုတာဖြစ်ပါတယ်။လူတွေက အအေးမိဝေဒနာခံစားနေရတဲ့အချိန် ငါတော့တုပ်ကွေးမိပြီလို့ပြောလေ့ရှိကြတယ်။ အအေးမိတုပ်ကွေးဝေဒနာ ဘာညာရောပြောလေ့ရှိတာကြောင့် အတူတူပဲလို့ အမှတ်မှားကောင်းမှားနိုင်ပါလိမ့်မယ်။ တကယ်တော့ မတူပါဘူး။အအေးမိတယ်ဆိုတာ ပိုအဖြစ်များပြီး ဗိုင်းရပ်စ်တွေကြောင့်ဖြစ်တာပါ။ သာမန်အအေးမိလက္ခဏာတွေက အန္တရာယ်ပြင်းထန်တာမျိုးဖြစ်ခဲပါတယ်။ တုပ်ကွေးကတော့ influenza ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတာဖြစ်ပြီး ပိုပြင်းထန်နိုင်သလို ကလေးငယ်တွေ၊အသက်ကြီးသူတွေနဲ့ ကိုယ်ခံအားမကောင်းသူတွေမှာဆို အသက်အန္တရာယ်အထိ ရှိနိုင်တဲ့ရောဂါပါ။တုပ်ကွေးလက္ခဏာက ချက်ချင်းကြီးအဖျားတက်လာတာ၊ ကြွက်သားတွေအကုန်ကိုက်ခဲလာတာ၊နှာစေး၊လည်ချောင်းနာ၊ချောင်းဆိုးပြီး အိပ်ရာထဲကမထနိုင်အောင်ဖြစ်တတ်ပါတယ်။ အအေးမိဝေဒနာရဲ့အစပျိုးချိန်ကတော့ သူ့လောက်မမြန်ဘဲ လက္ခဏာတွေက နှာခေါင်းနဲ့လည်ချောင်းမှာပဲခံစားရတာပိုများလေ့ရှိပါတယ်။အအေးမိတဲ့လက္ခဏာတွေက နှာချေခြင်း၊ချောင်းဆိုးခြင်း၊လည်ချောင်းနာခြင်း၊ နှာစေးနှာပိတ်ခြင်းတို့ပါဝင်ပါတယ်။ အဖျားရှိတယ်ဆိုရင်လည်း အဖျားသိပ်မကြီးတတ်ပါဘူး။ ခေျာင်းဆိုးခြင်းကတော့ တစ်ပတ်၊နှစ်ပတ်လောက်အထိ တာရှည်ကျန်ရစ်ခဲ့နိုင်ပေမယ့် အအေးမိဖျားနာ အများစုက (၇)ရက်ကနေ (၁၀) ရက်အတွင်း သက်သာလာတတ်ပါတယ်။ နှာရည်တွေ၊ချွဲတွေက အဝါရောင်ဖြစ်လာတာဟာရောဂါပိုးကို ခန္ဓါကိုယ်ကခုခံနေပြီဆိုတဲ့လက္ခဏာပါ။ ဒါကရောဂါပိုဆိုးလာပြီး ပဋိဇီဝပိုးသတ်ဆေးသောက်ဖို့လိုအပ်လာတာ မဟုတ်ပါဘူး။တုပ်ကွေးလက္ခဏာတွေက အအေးမိခြင်းလို ဖြည်းဖြည်းမဟုတ်ဘဲ အဖျားတက်ခြင်း၊ချမ်းတုန်ခြင်း၊ချောင်းဆိုး၊တစ်ကိုယ်လုံးကိုက်ခဲခြင်း၊ခေါင်းကိုက်နဲ့နုံးချိခြင်းတို့ကို တစ်ခါတည်းခံစားလိုက်ရတာမျိုးပါ။ အအေးမိခြင်းထက် တုပ်ကွေးကပိုပြင်းထန်ပါတယ်။ ပဋိဇီဝဆေးတွေက အအေးမိတုပ်ကွေးဗိုင်းရပ်စ်အတွက် မထိရောက်နိုင်ပါဘူး။ပဋိဇီဝဆေးတွေကို မလိုအပ်ဘဲသောက်ပါများလာတဲ့အခါရောဂါပိုးတွေကဆေးကိုခုခံနိုင်လာပြီးဆေးယဉ်ဘက်တီးရီးယားတွေဖြစ်လာနိုင်တဲ့အန္တရာယ်ရှိပါတယ်။ ဒါဆိုရင်တော့ ရောဂါပိုးကို တော်ရုံပဋိဇီဝဆေးနဲ့ နှိမ်နင်းဖို့ခက်သွားပါပြီ။ဆေးယဉ်စေတဲ့နောက်တစ်ချက်ကဆရာဝန်ညွှန်ကြားတဲ့ ပဋိဇီဝဆေးတွေသောက်တဲ့အခါဆေးညွှန်းအတိုင်းဆေးပတ်လည်အောင်မသောက်ဘဲ တစ်ဝက်တစ်ပျက်မှာရပ်လိုက်တာမျိုးဖြစ်ပါတယ်။ သက်သာလာတာနဲ့ဆေးဆက်မသောက်ဘဲ ရပ်လိုက်ကြတာတွေ များပါတယ်။superbugs လို့ခေါ်ကြတဲ့ဆေးမတိုးတဲ့ဘက်တီးရီးယားအဆင့်ကိုရောက်ပြီဆိုရင်တော့ ပဋိဇီဝဆေးနဲ့ ကုသလို့မနိုင်တော့ပါဘူး။ ဒါ့ကြောင့်နေမကောင်းဖြစ်ပြီဆိုတာနဲ့ သိထားသင့်တဲ့၊မမေ့သင့်တဲ့အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ် –။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/%e1%80%b1%e1%80%94%e1%80%99%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%90%e1%80%ac%e1%80%94%e1%80%b2%e1%82%94-%e1%80%95%e1%80%8b%e1%80%ad%e1%80%87/
ရင်သွေးငယ်လေး တုပ်ကွေးဝေဒနာ ခံစားနေရရင် ဘယ်လိုစောင့်ရှောက်မလဲ
ဟာ ကူးစက်လွယ်ပြီး ဖြစ်လွယ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ မြန်မာပြည်မှာ အဓိကအားဖြင့်တော့ ရာသီအကူးအပြောင်းကာလတွေနဲ့ မိုးဦးကျ ကာလတွေမှာ အဖြစ်များတတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ တုပ်ကွေးဟာ ပိုးအမျိုးမျိုး အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ဖြစ်ပါတယ်။ လည်ချောင်းနာမယ်၊ ချောင်းဆိုးမယ်၊ ဖျားမယ်နာမယ်စသဖြင့် ရောဂါလက္ခဏာတွေ ပြသလာပါလိမ့်မယ်။ဒီကာလတွေမှာတော့ တရုတ်ပြည်ကဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် တုပ်ကွေးရန်ကို ပူပန်နေကြရတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုကာလမျိုးမှာ ဘာအကြောင်းနဲ့မဆို ကိုယ့်ရင်သွေးငယ်မှာ တုပ်ကွေးဝေဒနာ လက္ခဏာတွေပြသလာခဲ့ရင် ဂရုတစိုက်ရှိနေဖို့ အထူးတလည်လိုအပ်ပါတယ်။အဖြစ်များတဲ့ တုပ်ကွေးရောဂါဟာ အသက်ရှူလမ်းကြောင်းကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီးတော့ ပျမ်းမျှခြင်းအားဖြင့် ဝေဒနာခံစားရချိန်ဟာ ပျမ်းမျှတစ်ပတ်ဝန်းကျင်လောက်အထိ ကြာမြင့်တတ်ပါတယ်။ လေထဲကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါဖြစ်တာမို့ ကူးစက်လွယ်ပြီး ငယ်ရွယ်တဲ့ကလေးငယ်တွေအတွက် ပိုမိုခံစားရနိုင်ပါတယ်။ ဒါကြောင့် သူတို့လေးကို အထူးဂရုစိုက်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။တကယ်လို့ကိုယ့်ရင်သွေးငယ်မှာ တုပ်ကွေးဝေဒနာခံစားနေရပြီဆိုရင် အောက်ပါနည်းလမ်းတွေအတိုင်း ဂရုတစိုက် ပြုစုဖို့ လိုအပ်မှာဖြစ်ပါတယ်။ဆရာဝန်ပြပါ – တစ်ချို့က တုပ်ကွေးဆိုရင် သိပ်စိတ်ပူစရာမလိုပါဘူးလို့ တွေးတတ်ကြတယ်။ ရင်သွေးငယ်တွေကို အိမ်မှာပဲ ရောက်တတ်ရာရာ ဆေးမြီးတိုတွေ၊ အိမ်သုံးဆေးတွေနဲ့ ကုသဖို့ ကြံကြတယ်။ ကလေးငယ်တွေမှာ တုပ်ကွေကူးစက်ချိန်တွေမှာ ခုလိုမျိုး မပြုမူသင့်ပါဘူး။ တချို့အခြေအနေတွေမှာ ဆရာဝန်နဲ့ ကုသဖို့ မဖြစ်မနေလိုအပ်နိုင်တာကြောင့်ဖြစ်ပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ ရင်သွေးငယ်ဟာ အသက် ၅ နှစ်အောက်ကလေးငယ်ဖြစ်နေမယ်ဆိုရင်တော့ အမြန်ဆုံး ဆရာဝန်ဆီခေါ်ဆောင်သွားဖို့ လုံးဝ လိုအပ်ပါတယ်။ရောဂါလက္ခဏာတွေကို သက်သာအောင် ကြိုးပမ်းပါ – ရင်သွေးငယ်မှာ တုပ်ကွေးဝေဒနာ ခံစားနေရပြီဆိုရင် အရည်များများတိုက်ကျွေးတာမျိုး၊နွေးနွေးထွေးထွေးအနားယူစေတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ ဒီနည်းလမ်းတွေဟာ ကလေးငယ်အတွက် ရောဂါဝေဒနာခံစားရမှုကို သက်သာစေနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ၆ လနဲ့အထက် ကလေးငယ်တွေဆိုရင်Acetaminophenနဲ့ Ibuprofen တို့ တိုက်ကျွေးလို့ရပါတယ်။ ဒီဆေးတွေက နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်ပါတယ်။ သတိထားရမှာကAspirinလိုဆေးမျိုးတွေကို မတိုက်ကျွေးမိဖို့ ရှောင်ရှားသင့်တာပါပဲ။ဗိုင်းရပ်စ်ဒါဏ် ကာကွယ်နိုင်တဲ့ ဆေးမျိုး တောင်းဆိုပါ – ဆေးခန်းသွားပြတဲ့အခါ ဆရာဝန်က ရောဂါသက်သာစေနိုင်တဲ့ ဆေးတွေပေးမှာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ လိုလိုမယ်မယ် ရောဂါပိုးတွေကို ကာကွယ်နိုင်တဲ့ ဆေးဝါးမျိုးတွေပါ တောင်းဆိုသင့်ပါတယ်။ ဒီဆေးဝါးတွေဟာ ပိုးမွှားတွေ ခန္တာကိုယ်ထဲမှာ ထပ်ပြီး ဒုက္ခမပေးတော့အောင် တားဆီးပေးနိုင်ပါတယ်။ဘယ်လိုအချိန်မှာ အကူအညီလိုအပ်မလဲဆိုတာကို နားလည်ပါ – တုပ်ကွေးဝေဒနာခံစားရချိန်မှာ အခြေအနေကို ချင့်ချိန်နိုင်ဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာ အိမ်မှာပဲ ကြိတ်မှိတ်ကုသနေတာမျိုးက ကလေးအတွက် ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရစေနိုင်ပါတယ်။ ကိုယ့်ရင်သွေး ဘယ်လိုဝေဒနာခံစားနေရလဲဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်အောင် လုပ်သင့်သလို ရောဂါလက္ခဏာတွေကိုလည်း မပြတ်လေ့လာနေသင့်ပါတယ်။ အသက် ၃ လအောက်ကလေးတွေမှာ အပူချိန် ၁၀၁ ဒီဂရီထက် ပိုနေပြီဆိုရင် မဖြစ်မနေ ဆေးခန်းဆီ သွားဖို့ လိုအပ်မှာဖြစ်ပါတယ်။ နောက်ပြီး ရေဓာတ်ဆုံးရှုံးတဲ့ လက္ခဏာမျိုး (ဝမ်းသွားနည်းလာတာ၊ ပါးစပ်နဲ့ မျက်လုံးတွေ ခြောက်လာတာ) ၊အသက်ရှူနှုန်းပုံမှန်မဟုတ်တာမျိုး (အသက်ရှှုကြပ်လာတာ၊ ချွဲထလာတာ၊ ရင်ကြပ်လာတာမျိုး) တွေ ကြုံလာခဲ့ရင်လည်း ဆေးခန်းသွားရမှာပါ။ကျောင်းမသွားခိုင်းပါနဲ့ – ရင်သွေးငယ်မှာ တုပ်ကွေးဝေဒနာ ခံစားနေရပြီဆိုရင် ကျောင်းမသွားခိုင်းပဲ အိမ်မှာသာ အပြည့်အဝ နားနေခိုင်းတာက အကောင်းဆုံးပါပဲ။ တုပ်ကွေးဟာ လေထဲကနေ ကူးစက်နိုင်တဲ့ရောဂါတစ်မျိုးမို့ ကျောင်းသွားခိုင်းတာဟာ မသင့်တော်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ရောဂါပျောက်ကင်းကြောင်း သေချာပြီးနောက် ၂၄ နာရီဝန်းကျင် ဆက်လက်စောင့်ကြည့်ပြီးမှသာ ကျောင်းသွားစေသင့်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/infectious-diseases-in-children/%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%9c%e1%80%b1%e1%80%b8-%e1%80%90%e1%80%af%e1%80%95%e1%80%ba%e1%80%80%e1%80%bd%e1%80%b1%e1%80%b8%e1%80%9d/
ဆောင်းတွင်းမှာ တုပ်ကွေးဘာလို့ အဖြစ်များတာလဲ
ရာသီဥတုအေးလာပြီဆို နှာလေးချေလိုက်ရမှ။ ရာသီဥတုအပြောင်းအလဲကို အရင်ဆုံးအချက်ပြလာတာက နှာရည်ကျလာတာပါပဲ။ တချို့ကျတော့ ဒီလောက်နဲ့မရပ်သွားဘဲ အအေးမိ၊တုပ်ကွေးတွေအထိဖြစ်လာတယ်။ ဟိုလူဖျား၊ ဒီလူဖျားနဲ့နေမကောင်းဖြစ်သူတွေ ပတ်လည်ဝိုင်းလာတဲ့အထိပြန့်ပွားလာတတ်ပါတယ်။အေးတဲ့ရာသီမှာရောဂါပိုးပြန့်ပွားမှုနှုန်းဘာလို့ပိုမြန်ရတာလဲ၊ ဘာလို့အဖြစ်များတာလဲ ဆိုတော့ ဗိုင်းရပ်စ်ကြောင့်ပါ။အအေးမိနဲ့တုပ်ကွေးြဖစ်စေတဲ့ဗိုင်းရပ်စ်တွေက အေးပြီးခြောက်သွေ့တဲ့ လေထုထဲမှာ ပိုပြီးကြာကြာအသက်ရှင်နိုင်တာကြောင့် ဒီရာသီနဲ့ကွက်တိပါပဲ။အအေးမိနဲ့တုပ်ကွေးဗိုင်းရပ်စ်တွေက အသက်ရှူလမ်းကြောင်းကတဆင့် ခန္ဓါကိုယ်ထဲကို ဝင်ရောက်လေ့ရှိတယ်။နှာခေါင်းလမ်းကြောင်းနံရံအမြှေးတွေကလည်း ရောဂါဖြစ်စေနိုင်တဲ့ပိုးမွှားတွေကိုကာကွယ်နိုင်တဲ့လုပ်ဆောင်ချက်တွေပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် နှာခေါင်းက ရှူရှိုက်လိုက်တဲ့လေအေးတွေကြောင့်ချွဲသလိပ်ရှင်းလင်းနိုင်စွမ်းကိုနှေးကွေးစေပါတယ်။ အဲဒီမှာ ဗိုင်းရပ်စ်တွေက ပိုကြာကြာကပ်တွယ်ခွင့်ရသွားပြီး ခန္ဓါကိုယ်ထဲ ဝင်ရောက်ဖို့ကြိုးစားလာတာဖြစ်ပါတယ်။နေမကောင်းဖြစ်တဲ့လူက နှာချေလိုက်တိုင်း၊ချောင်းဆိုးလိုက်တိုင်းလေထဲကို အမှုန်စက်လေးတွေပျံ့နှံ့သွားပြီး တွေ့ထိမိတဲ့ မျက်နှာပြင်တစ်နေရာရာမှာ ကပ်တွယ်သွားမယ်၊ ဒါမှမဟုတ် အနီးတဝိုက်လေကြောင်းသင့်တဲ့နေရာက လူတစ်ယောက်ရဲ့အသက်ရှူလမ်းကြောင်းထဲ ပါသွားမယ်ဆိုရင်ရောဂါကူးပြီလေ။တုပ်ကွေးဗိုင်းရပ်စ်က စိုထိုင်းဆလျော့နည်းပြီး အပူချိန်လျော့နေတဲ့အခြေအနေမှာပိုကပ်တွယ်နိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့်ပဲ ရာသီဥတုအေးနေချိန်အတွင်း အအေးမိတုပ်ကွေး ကူးစက်ပြန့်ပွားမှုပိုများတာဖြစ်ပါတယ်။တုပ်ကွေးေရာ၊အအေးမိေရာ ကူးစက်လွယ်တဲ့ရောဂါတွေချည်းဆိုပေမယ့် အအေးမိက ပိုအဖြစ်များပြီး တုပ်ကွေးကတော့ လက္ခဏာပိုပြင်းထန်ပါတယ်။အဓိကကွာခြားချက်က ရောဂါလက္ခဏာတွေပါ။တုပ်ကွေးလက္ခဏာေတွက အအေးမိတာထက် ပိုပြင်းထန်ပြီး ခန္ဓါကိုယ်တစ်ခုလုံးကို ထိခိုက်ခံစားရစေတာဖြစ်ပါတယ်။အအေးမိတာကတော့ အသက်ရှူလမ်းကြောင်းအထက်ပိုင်းမှာပဲ သက်ရောက်မှုဖြစ်တာပါ။ ဥပမာ အအေးမိလက္ခဏာတွေက နှာစေးနှာပိတ်၊ချောင်းဆိုး၊လည်ချောင်းနာတွေဖြစ်ပေမယ့် တုပ်ကွေးမှာတော့ ကြွက်သားနဲ့တစ်ကိုယ်လုံးနာကျင်ကိုက်ခဲတာတွေ၊ ချမ်းတုန်ဖျားတာတွေပါ ခံစားရပါတယ်။ အအေးမိခြင်းနဲ့မတူဘဲ တုပ်ကွေးဘဲ တုပ်ကွေးပိုးကရောဂါမပျောက်မချင်း ကူးစက်ပြန့်ပွားနိုင်သေးတာဖြစ်ပါတယ်။Influenzaဗိုင်းရပ်စ်ကြောင့်ဖြစ်ရတဲ့ တုပ်ကွေးလက္ခဏာတွေက ( ၂ )ရက်ကနေ (၁၀ ) ရက်အထိကြာတတ်ပါတယ်။အအေးမိ၊တုပ်ကွေးလို ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုအန္တရာယ်ကိုလျော့နည်းစေဖို့ အရေးကြီးဆုံးအချက်က အဖြစ်များတတ်တဲ့ရာသီဥတုမှာ ကျန်းမာရေးဂရုစိုက်တဲ့အလေ့အကျင့်တွေ ဆင်ခြင်နေထိုင်ဖို့ဖြစ်ပါတယ်။ရေလုံလောက်အောင်သောက်ဖို့၊အာဟာရပြည့်ေအာင်စားဖို့၊ အိပ်ရေးဝအောင်အိပ်ဖို့ အမြဲအကြံပြုကြပါတယ်။ ကိုယ့်ကို ကူးစက်မခံရအောင် ကာကွယ်တာအပြင် ကိုယ့်မှာတုပ်ကွေးြဖစ်နေရင်လည်း သူများကို ထပ်ပြီးမကူးစက်စေဖို့ ဒီအချက်လေးတွေ သိထားသင့်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/%e1%80%b1%e1%80%86%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%80%bd%e1%80%ac-%e1%80%90%e1%80%af%e1%80%95%e1%80%b9%e1%80%b1%e1%80%80%e1%80%bc%e1%80%b8/
ဆီးချိုဝေဒနာရှင်တွေမှာ ထိခိုက်ဒဏ်ရာရခဲ့ရင်
အနာကတော့ လူတိုင်းမှာဖြစ်တာပဲ မထူးဆန်းပါဘူး၊ လို့များတွေးနေလား။အနာကဖြစ်ပြီးရင်ပျောက်သွားတယ်ဆိုတဲ့ အယူအဆက လူတိုင်းအတွက်မမှန်နိုင်ပါဘူး။ဆီးချိုရောဂါသည်တွေက အနာဖြစ်ပြီးရင် ကျက်ဖို့မလွယ်ပါဘူး။ ဒါကြောင့်ဆီးချိုဝေဒနာသည်တွေအနေနဲ့ အနာကိုမဖြစ်ခင်က ကြိုတင်ကာကွယ်တာကအကောင်းဆုံးပါ။ အနာဖြစ်လာရင်လည်းသေချာဂရုစိုက်ဖို့လိုအပ်ပါတယ်။ဆီးချိုဝေဒနာရှင်တွေမှာ ထိခိုက်ဒဏ်ရာရတဲ့အခါသေချာဂရုမစိုက်ဘဲထားမယ်ဆိုရင် မလိုလားအပ်တဲ့နောက်ဆက်တွဲဝေဒနာတွေခံစားရပြီးကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေ ဖြတ်တောက်ရတာမျိုးအထိဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါရှိနေတာကြောင့် ထိခိုက်မိတာမျိုး မဖြစ်အောင်ဂရုစိုက်နေပေမယ့်လည်း မတော်တဆထိခိုက်မိတာမျိုးဖြစ်မယ်ဆိုရင် ဘယ်လိုများဂရုစိုက်ရမလဲမသိဖြစ်နေသူတွေအတွက် အနာဂရုစိုက်နည်းလေးဝေမျှပေးပါရစေ။ဆီးချိုဝေဒနာရှိသူတွေအနေနဲ့ သာမန်ထိခိုက်ရှနာမျိုးကိုတောင်သေချာဂရုစိုက်ဖို့လိုပါမယ်။ ဘာကြောင့်လဲဆိုတော့ အရေပြားက လူ့ခန္ဓါကိုယ်ရဲ့ အကြီးမားဆုံးသော အရံအတားတစ်ခုမို့ပါ။ အရေပြားက ခန္ဓါကိုယ်ထဲကိုပြင်ပရောဂါတွေမဝင်ရောက်နိုင်အောင်တားဆီးပေးတဲ့ ခံတပ်တစ်ခုပါ။ ဒါကြောင့် အရေပြားပွန်းပဲ့သွားတာကကိုယ်ခံအားကောင်းနေတဲ့ပုံမှန်လူတွေမှာတောင်ရောဂါပိုးတွေကိုယ်တွင်းကိုဝင်ရောက်ပြီးထိခိုက်တာမျိုးဖြစ်နိုင်တယ်ဆိုရင် ကိုယ်ခံအားနည်းနေတဲ့ ဆီးချိုဝေဒနာရှင်တွေမှာဆိုပိုဆိုးစေမယ်ဆိုတာပြောစရာတောင်လိုမယ်မထင်ပါဘူး။ဆီးချိုဖြစ်တဲ့အခါအာရုံကြောတွေထိခိုက်သွားတာကြောင့် ထိခိုက်မိတဲ့အခါချက်ချင်းမသိတာ၊အပူနဲ့ကပ်မိနေတာတွေကို မသိတာကြောင့် မလိုအပ်ဘဲ အနာကကြီးသွားတာမျိုးဖြစ်နိုင်ပါတယ်။နောက်တစ်ခုက အနာကျက်ဖို့အတွက် အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်တဲ့ သွေးလှည့်ပတ်မှုပါ။ ဆီးချိုဖြစ်တဲ့အခါသွေးလှည့်ပတ်မှုက အားနည်းသွားပြီး အနာကျက်ဖို့ကလည်းတော်တော်လေးနှေးသွားပါတယ်။အနာတစ်ခုခုဖြစ်လာပြီဆိုရင် ဆီးချိုဝေဒနာရှင်တွေက ပုံမှန်သူတွေထက် ပိုပြီးဂရုစိုက်ပေးဖို့လိုပါမယ်။ အနာကျက်အောင်ဂရုစိုက်ပေးနိုင်လေလေ ပိုးဝင်ကူးစက်တာနဲ့နောက်ဆက်တွဲဝေဒနာတွေဖြစ်နိုင်ခြေများလေလေပါ။ ဆီးချိုဝေဒနာရှိတဲ့သူတွေမှာ ထိခိုက်ဒဏ်ရာရခဲ့မယ်ဆိုရင် –။ဆီးချိုဝေဒနာသည်တွေမှာဖြစ်နိုင်တဲ့ အနာအမျိုးအစားက ၃ မျိုးရှိပါတယ်။ ဒါတွေကတော့ –။တစ်ရှုးအသေတွေကိုဖယ်ရှားပါ။အနာတစ်ခုခုဖြစ်တဲ့အခါ အနာကိုသေချာဂရုစိုက်ဖို့လိုပါမယ်။ ဒီလိုလုပ်ပေးတာကအနာပေါ်မှာဖိအားသက်ရောက်မှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ဒီလိုလုပ်ပေးတာက အနာပြည်ယိုတာတွေ အနာရင်းတာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်မှာပါ။ အနာကျက်လည်းမြန်စေမှာ အသေအချာပါ။အနာကို ကာကွယ်ထားပါ။ဆီးချိုဝေဒနာသည်တွေက ပုံမှန်အတိုင်းကို အနာကျက်နှေးတာကြောင့် အနာထဲကိုပိုးဝင်ကူးစက်ခံရနိုင်ခြေကတော်တော်လေးများနေပါတယ်။ ဒါကြောင့် အနာထဲကိုပြင်ပအရာဝတ္ထုတွေ၊ဖုန်မှုန့်တွေနဲ့ ဘက်တီးရီးယားတွေမဝင်ရောက်နိုင်အောင် ပိုးသတ်ထားတဲ့ ပတ်တီးစပါးပါးလေးနဲ့ အနာကို ကာကွယ်ထားဖို့ပြောပါရစေ။အနာကိုantibiotics တစ်ခုခုလိမ်းပေးပါ။ဆီးချိုဝေဒနာသည်တွေမှာ အနာတစ်ခုခုဖြစ်ရင်အစိုးရိမ်ရဆုံးက အနာပိုးဝင်ကူးစက်တာပါ။ ဒါကြောင့် ဆီးချိုဝေဒနာရှင်တွေအနေနဲ့ ထိခိုက်ဒဏ်ရာတွေရတဲ့အခါ အနာကိုantibiotics တစ်ခုခုလိမ်းထားပေးဖို့မမေ့ပါနဲ့။ ဒီလိုလုပ်တာက အနာထဲကို ဘက်တီးရီးယားတွေ ဝင်ရောက်နိုင်ခြေနည်းသွားစေပြီး အနာရင်းတာနဲ့ အနာမကျက်တာမျိုးဖြစ်နိုင်ခြေလည်းနည်းသွားစေမှာပါ။ လိုအပ်ရင်ဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှုခံယူပေးပါ။အစိုဓါတ်ကိုထိန်းညှိပါ။အနာဖြစ်တဲ့အခါ အနာဝန်းကျင်မှာ လိုအပ်တဲ့အစိုဓါတ်ကိုထိန်းထားဖို့လိုအပ်ပါမယ်။ ဒါမှသာ အနာကျက်တာကို အထောက်အကူပြုပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်အနာကို အရမ်းခြောက်သွေ့အောင်မထားဘဲ အနာတဝိုက်မှာ လိုအပ်တဲ့အစိုဓါတ်ကိုထိန်းညှိထားပေးနိုင်အောင်လုပ်ဆောင်ပေးပါ။အနာတဝိုက်ကိုနှိပ်နယ်ပေးပါ။အနာတဝိုက်မှာသွေးစီးဆင်းမှုကောင်းအောင်လုပ်ဆောင်ပေးတာက အနာကျက်အောင် အထောက်အကူပြုပေးပါတယ်။ ဒါကြောင့် အနာတဝိုက်ကို ခပ်ဖွဖွလေးနှိပ်နယ်ပေးပြီးသွေးစီးဆင်းမှုကောင်းအောင်လုပ်ဆောင်ပေးခြင်းဖြင့် အနာကျက်မြန်အောင်အထောက်အကူပြုပေးနိုင်မှာဖြစ်ပါတယ်။အနာကိုတစ်နေ့တစ်ခါစစ်ဆေးပေးပါ။အနာအခြေအနေတွေကို သိရှိနိုင်စေဖို့အတွက် အနာကို တစ်နေ့တစ်ခါလောက်တော့ စစ်ဆေးဖို့လိုပါမယ်။ အနာကိုပတ်တီးအသစ်လဲတာ၊ဆေးထည့်တာတွေလုပ်ပေးရင်း တစ်နေ့တစ်ခါလောက်အနာကိုစစ်ဆေးပေးတာက အနာသက်သာစေဖို့အတွက် အထောက်အကူဖြစ်စေမှာ အသေအချာပါ။ဒီအချက်လေးတွေကို ဂရုစိုက်ဆင်ခြင်ပါ။အနာဖြစ်တဲ့အခါ ပိုမိုဂရုစိုက်ရတဲ့ဆီးချိုဝေဒနာရှင်တွေအနေနဲ့ အနာကျက်ဖို့ဆိုရင် အခုပြောတဲ့အချက်လေးတွေကို ဆင်ခြင်ပေးဖို့လိုပါမယ်။ကိုယ်တိုင်မှာဆီးချိုရှိနေရင်ဖြစ်ဖြစ် ချစ်ခင်ရသူတစ်ဦးဦး ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦးမှာ ဆီးချိုရှိနေပြီး ထိခိုက်ဒဏ်ရာရခဲ့ရင် အခုပြောပြခဲ့တဲ့နည်းလမ်းလေးတွေအတိုင်းလုပ်ဆောင်ကြည့်ဖို့ အကြံပြုပါရစေ။ အနာကင်းပြီး အသက်ရှည်ကြပါစေကြောင်း။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/how-to-care-for-cuts-and-scratches-if-you-have-diabetes/
COVID-19 ကာလမှာ ဘယ်လို ပိုးသတ် သန့်စင်ကြမလဲ။
COVID-19ကပ်ရောဂါဆိုးဖြစ်နေချိန်မှာ လူတိုင်းက ကိုယ်တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီကြတာဝမ်းသာစရာပါ။ ကျန်းမာရေးဝန်ထမ်းတွေပဲ မဟုတ်ဘဲ အားလုံးက တစ်တပ်တစ်အား ကူညီနေတာက အားရစရာကောင်းပါတယ်။ ဒီတလောမှာ မကြာမကြာ ကြားနေရတာက ရပ်ကွက်တွေ၊ လမ်းတွေမှာပိုးသတ် ဆေးဖျန်းတဲ့ ကိစ္စပါ။ ဒါလည်း ကောင်းပါတယ်။ မတော် ကိုယ့်ပတ်ဝန်းကျင်မှာ ပိုးရှိပြီးသားဆိုရင် သေသွားတာပေါ့။ ဆေးရုံတွေမှာတော့ ပုံမှန်ပိုးသတ်ဆေးဖျန်း၊ ပိုးသတ်ဆေးတွေ သုံးပြီး ကြမ်းတိုက်နေကြမို့လို့ ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အခု ပတ်ဝန်းကျင်မှာပါ သုံးလာပြီဆိုတော့ ဒါနဲ့ ပတ်သတ်ပြီး ဆောင်ရန်ရှောင်ရန်တွေကို ပြောပြသွားပါ့မယ်။လတ်တလော ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာက သုံးမျိုးရှိပါတယ်။ဒါတွေကို ဘယ်လိုဖျော်မလဲ။ ဘယ်နေရာတွေမှာ သုံးမလဲဆိုတာ ဆက်ကြည့်ရအောင်။0.1% hypochlorite solution။0.1% hypochlorite solutionကဘက်တီးရီးယား၊ဗိုင်းရပ်စ်နဲ့ မှိုပိုးတွေကို သေစေတာကြောင့် ဒီCOVID-19 ကာလမှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ပိုးသတ်ဖို့ သုံးနိုင်ပါတယ်။-ခန်းမတွေ၊ ရုံးတွေ၊ ကွန်ကရစ်/ သမံတလင်း ခင်းထားတဲ့ ကြမ်းပြင်တွေ၊ ကော်ရစ်ဒါများ (လူသွားစင်္ကြန်)၊ ကတ္တရာနဲ့ ကွန်ကရစ်လမ်းများတွင် အသုံးပြုနိုင်သည်။-ဂေဟစနစ် မပျက်စီးစေရန် မြေပြင်ပေါ်သို့ တိုက်ရိုက် မဖျန်းရပါ။-မြေသားလမ်းတွင် အသုံးမပြုရပါ။အသုံးပြုလို့ရတဲ့ 0.1% hypochlorite solution (1000ppm) ရဖို့ဆိုရင်။(၁)ချွတ်ဆေးအရည်(5% sodium hypochlorite) ကို အသုံးပြုပါက။ဆေးရည် 1 : 50 ရရှိရန် ရေတစ်လီတာတွင် ဆေးရည် (20ml) {လက်ဖက်ရည်ဇွန်း ၄ဇွန်း} ထည့်၍ ဖျော်စပ်ပါ။(၂)ချွတ်ဆေးအမှုန့်Bleaching powder (35% calcium hypochlorite) ကို အသုံးပြုပါက။ချွတ်ဆေးအမှုန့် ထမင်းစားဇွန်းရှည် မောက်မောက် ၂ဇွန်း (28 gram)နဲ့ ရေတစ်လီတာ အရင် ရောပါ။ ပြီးရင် ရေ ၉လီတာ ထပ်ရောပါ။*သတိထားရမှာက ဖျော်ပြီး ၂၄နာရီအတွင်း သုံးရပါမယ်။ ၂၄နာရီကျော်သွားရင် အာနိသင် လျော့လာပါတယ်။-ဆေးဖျန်းပြီး ၁၀မိနစ်ကြာရင် ကြမ်းပြန်တိုက်ရပါမယ်။-ရုံး/အလုပ်နေရာတွေမှာ လူကိုယ်နဲ့ကလိုရင်းနဲ့ တိုက်ရိုက်မထိတွေ့ဖို့ ရုံး/အလုပ်ဆင်းချိန်များတွင်သာ ပိုးသတ်ဆေးဖြန်းသင့်ပါတယ်။-တစ်နေ့တစ်ကြိမ်ဆေးဖျန်းတာက ပိုးသတ်ဖို့ လုံလောက်ပါတယ်။-ဆေးပုံးကြောင့်ခါးမနာစေဖို့ တစ်ခါသယ်ရင် ၁၀လီတာထက် ပိုမသယ်ပါနဲ့။-လူတွေရဲ့ အရေပြားနဲ့ တိုက်ရိုက်ထိတွေ့နိုင်သော ပရိဘောဂတွေ၊ ပစ္စည်းတွေပေါ်ကို ဆေးရည်မကျရောက်ရန် သတိပြုရပါမယ်။ မတော်တဆ ပေသွားရင်လည်း ရေစိုဝတ်နဲ့ ပြန်လည်သန့်စင်ပြီးမှ သုံးရပါမယ်။-ကလိုရင်းက သတ္တုတွေကို စားနိုင်တာကြောင့် သတ္တုမျက်နှာပြင်ပေါ်တွင် မသုံးသင့်ပါ။-ဆေးဖျန်းမယ့်သူတွေက လက်ရှည်အင်္ကျီ၊ အကာအကွယ်မျက်မှန်၊ ပါးစပ်နဲ့ နှာခေါင်းစည်း၊ ခေါင်းစွပ်၊ လက်အိတ်အထူအရှည်နဲ့ လည်ရှည်ဖိနပ် စတဲ့တစ်ကိုယ်ရည်သုံး အကာအကွယ် ပစ္စည်းတွေ ဝတ်ပြီးမှ ဖျန်းသင့်ပါတယ်။-ရေထဲရောက်လျှင် ရေနေသတ္တဝါများကို သေစေနိုင်တဲ့ အတွက် သုံးပြီးရင်လည်း စနစ်တကျ စွန့်ပစ်ရပါမယ်။-သတ္တုတွေကို စားလောင်စေလို့ သတ္တုမျက်နှာပြင်နဲ့ မထိအောင် ဂရုစိုက်ရပါမယ်။-အရေပြားကို ထိခိုက်စေခြင်း။-မျက်စိကို အခိုးရိုက်ခြင်း။-အငွေ့ကို ရှူမိပါက အသက်ရှူလမ်းကြောင်း ထိခိုက်ခြင်း။-ပါးစပ်ထဲကို ဝင်ရင် အာခေါင်၊ ခံတွင်းတွေကို ပျက်စီးစေပါတယ်။ ဒါကြောင့် ကာကွယ်ရေး ဝတ်စုံဝတ်ပြီးမှ ဖျန်းရပါမယ်။ သူများကို မထိအောင်လည်း ဂရုစိုက်ရပါမယ်။ တခြားသော ပိုးသတ်ဆေးတွေနဲ့လည်း ရောမသုံးသင့်ပါဘူး။70% ethyl alcohol spray။ကလိုရင်းက သတ္တုမျက်နှာပြင်ကို စားလောင်စေတဲ့အတွက် သူတို့ကို ပိုးသတ်မယ်ဆိုရင် 70%ethyl alcoholspray ဖျန်းပြီး ၁ မိနစ်ကြာရင် အဝတ်နဲ့ ပြန်သုတ်ကာ ပိုးသတ်နိုင်ပါတယ်။ဆပ်ပြာရည်။Hypochlorite solution သည် လူနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်စေပါသည်။ ကာကွယ်ရေး ဝတ်စုံမရှိတဲ့ သာမန်လူတွေ၊ ကလိုရင်း မသုံးတတ်သူတွေ အနေနဲ့ အလွယ်ဆုံးနည်းလမ်းကတော့ဆပ်ပြာရည်နဲ့ အရင်ကြမ်းတိုက်ပြီး ၁၀မိနစ်မှ မိနစ် ၃၀ အကြာတွင် ရေစိုအဝတ်နဲ့ ပြန်လည် ပွတ်တိုက်ပြီး ပိုးသတ်နိုင်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-19-%e1%80%80%e1%80%ac%e1%80%9c%e1%80%99%e1%80%be%e1%80%ac-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af-%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%90%e1%80%ba-%e1%80%9e/
သကြားဓာတ်များလွန်းခြင်း၏ ဆိုးကျိုးများ
ယနေ့အစားအစာတွေမှာသကြားဓာတ်ဟာ အတွေ့ရများတဲ့အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာများ၊ အသင့်စားသရေစာများကို ထုတ်လုပ်မှုမြင့်တက်လာတာနဲ့အမျှ သကြားသုံးစွဲမှုလည်း များပြားလာပါတယ်။ သကြားဓာတ်ဟာ ကိုယ်ခန္ဓာ စွမ်းအင်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပေမယ့် သုံးစွဲမှုလွန်ကဲလာရင်လည်း ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ယခုဆက်လက်ဖော်ပြပေးမှာကတော့ သကြားဓာတ်လွန်ကဲရင် တွေ့နိုင်မယ့် ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။စားသောက်ဖွယ်ရာတွေကို အချိုဓာတ်များပြီး စားကောင်းအောင် ပြင်ဆင်လာတာနဲ့အမျှ ကိုယ်အလေးချိန်တိုးခြင်း၊အဝလွန်ခြင်းစတဲ့ပြဿနာတွေ ကြုံလာရပါတယ်။ ဆိုဒါ၊ အသီးဖျော်ရည်၊ ကော်ဖီလက်ဖက်ရည် စတာတွေနဲ့ အသင့်စားသရေစာတွေမှာ ပါဝင်တဲ့ သကြားဟာ ဖရက်တို့စ်အမျိုးအစားဖြစ်ပြီး ဂလူးကို့စ်သကြားထက်စာရင် ဆာလောင်မှုနဲ့ စားသောက်ချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေပါတယ်။ ဗိုက်ပြည့်ပြီး စားသောက်ချင်စိတ်ကို ရပ်စေတဲ့ leptin ဟော်မုန်းကိုလည်း အာနိသင်မတိုးဘဲ ဖြစ်စေပါတယ်။ ဒါကြောင့် အချိုစာများဟာ အစာကို ပိုမိုစားသောက်ချင်စိတ်ဖြစ်စေပြီး အဝလွန်ခြင်းကို ဦးတည်စေပါတယ်။သကြားဓာတ်လွန်ကဲခြင်းကြောင့် အဝလွန်ခြင်း၊ သွေးကြောများအတွင်း ရောင်ရမ်းခြင်း၊ အဆီဓာတ်များခြင်း၊ သွေးတိုးခြင်း စတဲ့ပြဿနာတွေ ဖြစ်ပေါ်စေပါတယ်။ သွေးကြောတွေကို မာကြောကျဉ်းမြောင်းလာစေပြီး အဆီဓာတ်များနဲ့ ပိတ်ဆို့လာစေနိုင်ပါတယ်။ လူသုံးသောင်းကျော်ကို ပြုလုပ်ခဲ့တဲ့ သုတေသနမှာတော့ သကြားဓာတ်ကို ပိုမိုသုံးစွဲခြင်းကြောင့် ကယ်လိုရီပိုမိုရရှိပြီး နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေလည်း ၃၈ ရာခိုင်နှုန်းထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ပညာရှင်များရဲ့ အဆိုအရ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်အတွင်းမှာ ကမ္ဘာတလွှားမှာ ဆီးချိုဖြစ်ပွားမှုဟာ နှစ်ဆလောက် မြင့်မားလာတယ်လို့ ဆိုပါတယ်။ သကြားဓာတ်ကို လွန်ကဲစွာ စားသုံးခြင်းဟာ အဝလွန်စေတဲ့အပြင် အင်ဆူလင်အာနိသင်ကိုပါ ခံနိုင်ရည်မြင့်လာစေတာကြောင့် ဆီးချိုဖြစ်နိုင်ခြေ ပိုမိုမြင့်မားလာစေပါတယ်။ ဆီးချိုရောဂါအခံရှိပြီးသူတွေမှာလည်း သကြားဓာတ် ရုတ်တရက်မြင့်တက်ခြင်းကြောင့် အရေးပေါ်အခြေအနေ ကြုံတွေ့နိုင်ပါတယ်။သကြားဓာတ်မြင့်မားတဲ့ အစားအစာတွေကို စားသုံးမှုများခြင်းနဲ့ စိတ်ကျရောဂါဖြစ်ပွားမှုအကြား ဆက်စပ်နေပါတယ်။ လူပေါင်းရှစ်ထောင်ခန့်နဲ့ ပြုလုပ်ခဲ့တဲ့ သုတေသနတခုမှာ သကြားဓာတ်စားသုံးမှု တစ်ရက်ကို ၆၇ ဂရမ်ထက်ပိုသူများဟာ တရက်ကို ၄၀ ဂရမ်အောက် စားသုံးသူများထက် စိတ်ကျရောဂါဖြစ်နိုင်ခြေ ၂၃ ရာခိုင်နှုန်း ပိုများတယ်လို့ ဆိုပါတယ်။ သကြားဓာတ်ဟာ အာရုံကြောလျှပ်ကူးပစ္စည်းများ အလုပ်လုပ်ခြင်းကို နှောင့်နှေးစေနိုင်တယ်လို့ သိရပါတယ်။အရေပြားပေါ်မှာ အရေးအကြောင်းများ ဖြစ်ပေါ်လာခြင်းဟာ သဘာဝအလျောက်ကြုံတွေ့ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါပေမယ့် အစားအသောက်ပေါ်လည်း မူတည်ပါသေးတယ်။အထူးသဖြင့် သကြားဓာတ်ကို လွန်ကဲစွာစားသုံးရင် ကော်လဂျင်ဓာတ်ကို ထိခိုက်စေတာကြောင့် အသားအရေကို အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း ဖြစ်စေနိုင်ပါတယ်။ဖရက်တို့စ်သကြားကို အစားများရင် သကြားအဆီဖုံးခြင်းဖြစ်နိုင်ခြေ မြင့်စေပါတယ်။ ဂလူးကို့စ်နဲ့ တခြားသကြား အမျိုးအစားတွေကိုလည်း ဖရက်တို့စ်သကြားကိုလည်း အသည်းကနေပဲ အများဆုံးချေဖျက်ပါတယ်။ဖရက်တို့စ်သကြားကို ဂလိုင်ကိုဂျင်အနေနဲ့ အသည်းထဲမှာ သိုလှောင်ထားပါတယ်။ သိုလှောင်တဲ့ပမာဏများလာရင် အသည်းရဲ့လုပ်ဆောင်နိုင်စွမ်းကို ကျော်လွန်လာတဲ့အခါ အဆီများအနေနဲ့ စုဝေးလာနိုင်ပါတယ်။အချိုဓာတ်ကဲတဲ့ စားသောက်ဖွယ်ရာများဟာ ဝက်ခြံများကို ပိုမိုဖြစ်ပေါ်စေပါတယ်။ သကြားဓာတ်မြင့်တက်ခြင်းကြောင့် အန်ဒရိုဂျင်ဟော်မုန်းထွက်ခြင်း၊ အဆီထွက်ခြင်းနှင့် ရောင်ရမ်းခြင်း စတာတွေကို မြင့်တက်စေပြီး ဝက်ခြံများထွက်လာစေပါတယ်။သကြားဓာတ်ညွှန်ကိန်း (Glycemic index) မြင့်လေ ဝက်ခြံအဖြစ်များလေ ဖြစ်ပါတယ်။ သုတေသနတခုရဲ့ အဆိုအရ သကြားဓာတ်အစားများသူတွေဟာ ဝက်ခြံဖြစ်နှုန်း ၃၀ ရာခိုင်နှုန်း မြင့်မားတယ်လို့ သိရပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/too-much-sugar/
တိရစ္ဆာန်အကိုက်ခံရရင် ဘယ်လိုစောင့်ရှောက်မှုပေးမလဲ
တစ်နေ့တာလှုပ်ရှားသွားလာရင်းထိခိုက်မိတာတွေရှိနိုင်သလို အခန့်မသင့်တဲ့အခါမျိုးဆိုရင်တိရစ္ဆာန်တွေကိုက်တာမျိုးကိုတောင်ခံရနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါဆေးရုံကိုမဖြစ်မနေသွားပြီးမေးခိုင်ကာကွယ်ဆေးနဲ့ လိုအပ်တဲ့ကာကွယ်ဆေးတွေထိုးတာမျိုးလုပ်ပေးဖို့လိုတယ်ဆိုပေမယ့်ဆေးရုံဆေးခန်းမရောက်ခင်မှာ အရင်ဆုံးအနာကိုသေချာဂရုစိုက်ဖို့လိုပါမယ်။ ဒါကြောင့် အခုတစ်ခေါက်မတော်တဆတိရစ္ဆာန်ကိုက်ခံရတဲ့အခါ ဘယ်လိုမျိုးလုပ်ဆောင်ပေးသင့်လဲဆိုတာကိုပြောပြပေးချင်ပါတယ်။မတော်တဆ လမ်းမှာသွားလာရင်းခွေးတို့ကြောင်တို့အကိုက်ခံရရင်ဖြစ်ဖြစ် အိမ်မှာမွေးထားတဲ့ခွေးလေးတွေကြောင်လေးတွေနဲ့ဆော့ကစားရင်းဖြစ်ဖြစ် ထိခိုက်မိနိုင်ပါတယ်။ ဒီလိုထိခိုက်မိတဲ့အခါမျိုးမှာ –။လက်ကိုသန့်စင်အောင်ဆေးကြောပေးပါ။ဒါကတော့ အနာဖြစ်လာရင် မဖြစ်မနေလိုက်နာရမယ့်အခြေခံစည်းမျဉ်းတစ်ရပ်ပါ။ အနာကို မကိုင်တွယ်ခင်မှာ အနာကို ထိတွေ့မယ့်လက်ကို အရင်ဆုံးသန့်စင်အောင်ဆေးကြောပေးတာ အနာကိုပိုးဝင်တာနဲ့အနာရင်းတာတွေဖြစ်နိုင်ခြေကိုလျော့နည်းစေနိုင်ပါတယ်။ရေအလွယ်တကူမရနိုင်ဘူးဆိုရင်လည်းရေမလိုလက်သန့်ဆေးရည်နဲ့လက်ကို သန့်စင်ပေးပါ။သွေးတိတ်အောင်လုပ်ပါ။ထိခိုက်မိတဲ့အခါ ဒဏ်ရာသွေးထွက်မှာတော့ အသေအချာပါ။ ကိုက်တဲ့အကောင်ကကြီးလေလေ အစွယ်ကကြီးပြီးသွေးထွက်နိုင်ခြေက များလေလေပါ။ ဒါကြောင့် တိရစ္ဆာန်တစ်ကောင်ကောင်းအကိုက်ခံရတဲ့အခါ ထိုက်သင့်သလောက်သွေးထွက်ပြီးသွားပြီဆိုတာနဲ့သွေးတိတ်အောင်လုပ်ရပါမယ်။ အနာပေါ်ကိုပတ်တီးစသန့်သန့်လေးနဲ့ ခပ်ဖွဖွလေးဖိပေးလိုက်ပါ။အနာကိုအရင်သန့်စင်ပေးပါ။ဘာကြောင့်ထိခိုက်မိမိ နောက်တစ်ခုမေ့ထားလို့မဖြစ်တာက အနာကို သန့်စင်ဆေးကြောဖို့ပါ။ အကောင်တစ်ကောင်ကောင်ကိုက်တာခံရတဲ့အခါမှာလည်း အနာကိုရေနွေးနွေးလေးနဲ့ဆပ်ပြာအရင်သုံးပြီး သန့်စင်လိုက်ပါ။ပြီးသွားပြီဆိုရင်တော့ ဂွမ်းစမှာအရက်ပြန်တို့ပြီး သန့်စင်ဆေးကြောပေးလိုက်ပါ။ အနာထဲမှာ ကပ်ညှိနေတဲ့ဖုန်မှုန့်တွေနဲ့ပြင်ပအရာဝတ္ထုတွေကို ဖယ်ထုတ်ပေးပါ။တိရစ္ဆာန်တွေရဲ့ခံတွင်းက ဘက်တီးရီးယားတွေ များပြားတာကြောင့်ဖြစ်နိုင်ရင် အနာကို anti-baterialဆပ်ပြာသုံးပြီးအနာကို သန့်စင်ပေးပါ။ အနာကိုဆားနဲ့ရေနွေးနဲ့သုံးပြီးဆေးကြောပေးလို့လည်းရပါတယ်။အနာကိုတစ်ခုခုနဲ့ကာကွယ်ထားပါ။အနာကိုသွေးတိတ်အောင်လုပ်ပြီး သန့်စင်ဆေးကြောတာတွေပြီးပြီဆိုရင်တော့ အနာကို antibiotics တစ်ခုခုလူးပေးပါ။ပြီးရင်တော့ အနာကို ပိုးသတ်ထားတဲ့ ပတ်တီးစလေးနဲ့ ဖုံးအုပ်ထားပေးပါ။ ဒီလိုလုပ်ပေးတာက အနာထဲကို ပိုးဝင်ကူးစက်မှုဖြစ်နိုင်ခြေ နည်းပါးစေနိုင်ပါတယ်။မေးခိုင်ကာကွယ်ဆေးထိုးပါ။အပေါ်မှာပြောခဲ့တဲ့အဆင့်တွေ အကုန်လုံးလုပ်ပြီးပြီဆိုရင်တော့နောက်ထပ်မဖြစ်မနေလုပ်ရမယ့် အချက်တစ်ခုကမေးခိုင်ကာကွယ်ဆေးထိုးဖို့ပါ။ သာမန်အနာမျိုးဆိုရင်တော့ အနာကနက်တယ်၊ပြင်းထန်တယ်၊ ညစ်ပေနေတဲ့အရာတစ်ခုခုနဲ့ ထိခိုက်မိတဲ့အခါမျိုးမှ မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုအပ်တာဆိုပေမယ့် တိရစ္ဆာန်ကိုက်ခံရတာဆိုရင် မဖြစ်မနေမေးခိုင် ဆေးထိုးဖို့လိုပါမယ်။နောက်တစ်ချက်က အိမ်မှာမွေးထားတာမဟုတ်တဲ့ တိရစ္ဆာန်ကိုက်ခံရတာဆိုရင်ခွေးရူးပြန်ကာကွယ်ဆေးထိုးဖို့ပါ။အခုလိုအခြေအနေမျိုးဆိုရင်တော့ပေါ့ပေါ့ဆဆမနေဘဲဆေးခန်းကိုချက်ချင်းသွားဖို့လိုပါမယ်။တိရစ္ဆာန်အကိုက်ခံရတာက ကမ္ဘာတလွှားမှာရင်ဆိုင်ကြုံတွေ့လာရတဲ့ အဓိကကျန်းမာရေးပြဿနာဖြစ်လာနေပါတယ်။ အထူးသဖြင့်တော့ ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ တိရစ္ဆာန်အကိုက်ခံရတယ်ဆိုတဲ့နေရာမှာလည်း ကိုယ်ကသွားစမိတာကြောင့် တိရစ္ဆာန်က စိတ်တိုပြီး ကိုက်တာမျိုးရှိနိုင်သလို ပုံမှန်အတိုင်းနေရင်းက တိရစ္ဆာန်ကလာကိုက်တာမျိုးလည်းရှိနိုင်ပါတယ်။ ဒါပေမယ့် ဘာကြောင့်ပဲကိုက်ကိုက် အနာကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်ဖို့လိုသလိုမေးခိုင်ကာကွယ်ဆေး၊ခွေးရူးပြန်ကာကွယ်ဆေးနဲ့ လိုအပ်တဲ့ ကုသစောင့်ရှောက်မှုတွေ လုပ်ဆောင်ဖို့လိုအပ်ပါမယ်။အခုဆိုရင် တိရစ္ဆာန်အကိုက်ခံရတဲ့အခါ ဘယ်လိြုပုစုစောင့်ရှောက်ရမလဲဆိုတာ သိလောက်ပြီထင်ပါတယ်။ လူတိုင်း အနာကင်းပြီး အသက်ရှည်ကြပါစေကြောင်း။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/first-aids-for-animal-bites/
အဖျားကပျောက်သွားပြီ၊ ချောင်းက ဘာလို့ဆိုးနေသေးတာလဲ
ခုလို ပူနွေးစိုစွတ်တဲ့ မိုးတွင်းကာလဆိုတာအအေးမိတုပ်ကွေး ရောဂါပိုးတွေ အသောင်းကျန်းဆုံးကာလတစ်ခုပါပဲ။ ဘယ်နေရာပဲသွားကြည့်ကြည့် လူတွေ ဖျားနေကြတယ်၊ ချောင်းဆိုးနှာစေးနေကြတယ်၊ အအေးမိတာရော၊ အခုဆိုရော ဆင်တုပ်ကွေးလက်ချက်နဲ့ အဖျားပျောက်သွားတာတောင် အဆစ်အမြစ်ကိုက်တဲ့ဝေဒနာ ကျန်ခဲ့လို လူတွေကို ကြည့်လိုက်ရင် အားမရှိဘဲ ပိန်နေပြီး ကြည့်ရတာ တကယ့်ကို စိတ်မချမ်းမြေ့စရာပါ။ တချို့တွေကျတော့လည်း ဖျားတဲ့အချိန် ဝေဒနာရဲ့ ဒဏ်ကို လှိမ့်ပိမ့်ခံလိုက်ရတယ်၊အဖျားပျောက်သွားလို့ စိတ်ချမ်းသာရမလား ကြံတုန်းပဲရှိသေးတယ်၊ ချောင်းက တဟွတ်ဟွတ်နဲ့ ဆိုးနေသေးတော့ အဖျားကပဲ ကျန်သေးတာလား၊ နောက်တစ်ခါ ထပ်ပြီးဖျားတာလား၊ ဆေးခန်းပဲ ပြရမလား အရမ်းတွေ လမ်းပျောက်ကြတယ်နော်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာကိုတော့ ဒီဆောင်းပါးမှာ ကျွန်တော် ရှင်းပြပေးချင်ပါတယ်။လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး ရက်အနည်းငယ်အတွင်းကနေ ရက်သတ္တပတ်အနည်းငယ်အထိ ကြာနိုင်ပါတယ်။ ဆေးတွေသောက်ပြီး၊ အိမ်မှာကောင်းကောင်းအနားယူပြီး အဖျားကျသွားရင်တောင်မှ ကိုယ်ထဲမှာ အဖျားက အနည်းနဲ့အများကျန်နေတတ်ပါတယ်။ နောက်တစ်ချက်က ကိုယ်ခံအားစနစ်ကို မေ့လို့မရပါဘူး။ လူတစ်ယောက်ဖျားတယ်ဆိုတာကိုယ်ခံအားနည်းနေအတဲ့အချိန်မှာ အများဆုံးဖြစ်ရတာပါ။ ဖျားနေတဲ့အချိန်ဆို ကိုယ်ထဲမှာရှိနေတဲ့ ရောဂါပိုးကို တိုက်ထုတ်ဖို့ ပိုပြီးအလုပ်လုပ်ရတဲ့အတွက် အဖျားပျောက်သွားတဲ့တိုင်အောင် ကိုယ်ခံအားစနစ်က နဂိုအတိုင်း အားအင်ပြည့်ဝစွာ အလုပ်လုပ်ဖို့ မဖြစ်နိုင်သေးပါဘူး။ ဒီတော့ ကိုယ်ခံအားစနစ်က ဒီရောဂါပိုးတွေကို တိုက်ထုတ်နေသေးတယ်ဆိုတာကို အချက်ပြဖို့အနေနဲ့ ချောင်းဆိုးတာ၊ နှာစေးတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ချောင်းဆိုး၊ နှာစေးရတဲ့ အကြောင်းရင်းအများစုက လေထဲမှတစ်ဆင့် ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးတွေက အသက်ရှူလမ်းကြောင်းထဲကို ဝင်ရောက်ပြီး ပွားများတာကြောင့်ဖြစ်ပါတယ်။ ဒီရောဂါပိုးတွေ ပွားလာတာနဲ့အမျှ ချောင်းကဆိုးမယ်၊နှာရည်က တတောက်တောက်ကျနေမယ်၊ ချွဲကလည်း ထနေမေယ်။ အဲ့တော့ အဖျားပျောက်သွားတဲ့တိုင်အောင် နှာခေါင်းထဲမှာရှိနေတဲ့ နှာရည်ထဲမှာ ရောဂါပိုးမွှားတွေ ကျန်နေပါသေးတယ်။ ဒီပိုးတွေကပဲ ချောင်းဆက်ဆိုးအောင် လှုံ့ဆော်ပေးတာဖြစ်ပါတယ်။များသောအားဖြင့် အဖျားပျောက်ပြီးနောက်ပိုင်း ကျန်ခဲ့တဲ့ ချောင်းဆိုး၊ နှာစေးတာတွေက ၂ရက် ၃ရက်ကနေ တစ်ပတ်အတွင်း ပျောက်သွားနိုင်ပါတယ်။ အဲ့လိုမှ မပျောက်သွားဘူး၊ သတ်မှတ်ထားတဲ့အချိန်ထက် ပိုကြာနေတယ်၊ ချောင်းအခြောက် ဆိုးရာကနေ ချွဲတွေပါကပ်ပြီး ပါလာတယ်၊ ချောင်းဆိုးရင်း သွေးပါလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြန်ပြီး ပြသင့်ပါတယ်။ ဒါတွေက အဖျားတစ်ခုတည်းတင်မကဘဲ တခြားရောဂါပိုးတွေက ကိုယ်ခံအားစနစ်ကို တိုက်ခိုက်နေကြောင်း ပြနေတဲ့ လက္ခဏာတွေ ဖြစ်နိုင်လို့ပါ။ဘာကြောင့်ပဲ ချောင်းဆိုးပါစေ၊ ပါးစပ်ကို လက်ကိုင်ပဝါနဲ့ အုပ်ပြီးမဆိုးရင်တော့ ဘေးနားမှာရှိတဲ့လူတွေ အကုန်လုံးကို လေကတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ဖျားနာနေတဲ့ လက္ခဏာမပြခင် အစောဆုံး ၂၄နာရီအတွင်းမှာဆိုရင် ပါးစပ်မအုပ်ဘဲ ချောင်းဆိုးရာမှ တခြားသူတွေကို ကူးစက်နိုင်ဖို့ အခွင့်အလမ်းပိုများနိုင်ပါတယ်။ အဖျားပျောက်ပြီး ၅ရက်မှ အကြာဆုံး ၂၁ ရက်ထိ ကိုယ်ထဲမှာ ရောဂါပိုးတွေ အနည်းနဲ့အများ ကျန်နေသေးတဲ့အတွက် တခြားသူတွေကို ဆက်ပြီးကူးစက်နိုင်ပါသေးတယ်။၁။ ရေများများသောက်ပါ။၂။ အပူ၊ အစပ်၊ ဆီကြော်တွေကို ရှောင်ပါ။၃။ ဆန်ပြုတ်၊ ကြက်စွပ်ပြုတ်၊ ချင်းပြုတ်ရည်တွေကို များများသောက်ပေးပါ။၄။ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ဒိန်ချဉ်ကိုလည်း စားသုံးပေးလို့ရပါတယ်။၅။ အိမ်မှာပဲ အေးအေးဆေးဆေး အနားယူပါ။ အလုပ်မသွားပါနဲ့၊ အိမ်ပြင်ကို မလိုအပ်ဘဲ မထွက်ပါနဲ့။၆။ သွားတိုက်ပြီးတိုင်း ဆားငန်ရည်နဲ့ လည်ချောင်းထိရောက်အောင် ပလုတ်ကျင်းပေးပါ။၇။ ဆေးဆိုင်တွေမှာ ချောင်းဆိုးပျောက်ဆေး၊ ငုံဆေးအလွယ်တကူ ဝယ်လို့ရသလို ဆရာဝန်ဆီမှာ အရင်ပြပြီးမှ သောက်တာလည်း ပိုကောင်းပါတယ်။၈။ ဗီတာမင် စီ အားဆေးကို သောက်ပေးပါ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/%e1%80%a1%e1%80%96%e1%80%ba%e1%80%ac%e1%80%b8%e1%80%80%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%80%e1%80%b9%e1%80%9e%e1%80%bc%e1%80%ac%e1%80%b8%e1%80%bb%e1%80%95%e1%80%ae%e1%81%8a-%e1%80%b1%e1%80%81/
ကလေးဝကစ် တကယ်ချစ်ဖို့ကောင်းသလား။
“အမလေး ကလေးလေးကချစ်ဖို့ကောင်းလိုက်တာ။ တုတ်ခဲနေတာပဲ”တဲ့။ အနှီးထုပ်ထဲက ကလေးလေးမှာလဲ သူ့အလေးချိန်နဲ့သူပါပဲ။ ကလေးဝကစ် ကချစ်ဖို့ကောင်းတာ မှန်ပေမယ့် တကယ်တမ်းကျန်းမာရေးနဲ့ ညီညွတ်ပါ့မလား။ လမစေ့ပေါင်မပြည့်တဲ့ကလေးက အသက်အန္တရာယ်ရှိသလိုပဲပေါင်ချိန်ကျော်တဲ့ကလေးကလည်း အန္တရာယ်ရှိပါတယ်။ ကိုယ်ဝန်ဘယ်နှပတ်နဲ့ပဲမွေးမွေး ပေါင်ချိန်၈ပေါင်နဲ့ ၁၃အောင်စကျော်နေရင် ကလေးက ပေါင်ချိန်ကျော်နေတယ်လို့ပြောလို့ရပါတယ်။ ၉ပေါင် ၁၅အောင်စကျော်နေရင်တော့ ဒီကလေးဟာ နောက်ဆက်တွဲရောဂါတွေဖြစ်ဖို့အလားအလာများနေပါပြီ။ ကလေးပေါင်ချိန်များခြင်းက မိခင်ရော ကလေးအတွက်ပါ အန္တရာယ်ရှိလို့ သတိထားသင့်ပါတယ်။ကလေးဝကစ် တကယ်ချစ်ဖို့ကောင်းသလား။ ဆိုတော့ ကလေးတွေရဲ့ ၉ရာခိုင်နှုန်းက ပေါင်ချိန်ကျော်ပြီးမွေးလာကြတာပါ။ ဖြစ်ရတဲ့အကြောင်းကတော့ ကလေးမှာ ဗီဇချို့ယွင်းချက်ရှိလို့ ဒါမှမဟုတ် အမေမှာ ရောဂါတစ်ခုခုရှိနေလို့ပါ။ တချို့ကျတော့လည်း ဘာအကြောင်းမှမရှိဘဲ ဖြစ်တတ်ပါသေးတယ်။ အောက်ကအချက်တွေရှိနေရင်တော့ ပိုဖြစ်နိုင်ပါတယ်။အမေက ကိုယ်ဝန်မဆောင်ခင်တည်းက ဆီးချိုရှိတာပဲဖြစ်ဖြစ်၊ ကိုယ်ဝန်ဆောင်ချိန်မှာကိုယ်ဝန်ဆောင်ဆီးချိုဖြစ်တာပဲဖြစ်ဖြစ် ပေါင်ချိန်ကျော်တဲ့ ကလေးလေး မွေးလာတတ်ပါတယ်။ အမေဆီးချိုမထိန်းနိုင်လေလေ ကလေးပိုဝလေပါပဲ။အရင်ကလေးမွေးတုန်းက ပေါင်ချိန် ၈ပေါင်နဲ့ ၁၃အောင်စကျော်တယ်ဆိုရင် ဒီကလေးကလည်းပေါင်ချိန်ကျော်ဖို့ များပါတယ်။အမေက အရင်ကတည်းကဝတာဖြစ်ဖြစ်၊ ကိုယ်ဝန်ရှိမှဝတာဖြစ်ဖြစ် နှစ်ခုလုံးက ကလေးပေါင်ချိန်များစေပါတယ်။ကိုယ်ဝန်၅ခါလောက်ဆောင်ဖူးတဲ့သူတွေမှာ တစ်ခါထက်တစ်ခါ ကလေးက ၄အောင်စလောက်ပိုဝလာပါတယ်တဲ့။ကိုယ်ဝန်က due dateထက် ၂ပတ်လောက်နောက်ကျရင်လည်း ကလေးပေါင်ချိန်များတတ်ပါတယ်ပါတယ်။ဒီထဲမှာအဖြစ်အများဆုံးက အမေဆီးချိုရှိတာနဲ့ အဝလွန်တာပါ။ ဒါတွေကြောင့် မဟုတ်ဘူးဆိုရင်တော့ ကလေးမှာ မွေးရာပါရောဂါတစ်ခုခုပါနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ကိုယ်ဝန်ကိုဒီတိုင်းကြည့်ရုံနဲ့တော့ မသိနိုင်ပါဘူး။ ဒါပေမယ့်။ပိုသေချာချင်ရင်တော့ အယ်ထွာဆောင်းရိုက်ကြည့်ရမှာပါ။ကလေးပေါင်ချိန်များတာက ကလေးရာ အမေအတွက်ရော အန္တရာယ်ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ရော မွေးပြီးရင်ရော သေချာဂရုစိုက်ရမှာပါ။ အမေအတွက်ဆိုရင်တော့။ကလေးက မွေးလမ်းကြောင်းမှာ တစ်နေတဲ့အတွက်ကြောင့် မွေးရခက်တာ၊ ညှပ်ဆွဲ၊ လေစုပ်ပြီးမွေးရတာ၊ ဗိုက်ခွဲမွေးရတာမျိုးတွေရှိတတ်ပါတယ်။ကလေးကြီးလွန်းတာကြောင့် မွေးလမ်းကြောင်း စုတ်တာ၊ ဒဏ်ရာရတာတွေ ရှိတတ်ပါတယ်။ပုံမှန်ဆိုရင် ကလေးမွေးပြီးတာနဲ့ သားအိမ်ကြွက်သားတွေက အလိုလိုပြန်ကျုံ့တာကြောင့် သွေးမသွန်ပါဘူး။ ကလေးကြီးနေရင်တော့သားအိမ်ကလည်း ပိုကျယ်နေတာကြောင့် မွေးပြီးရင် ပြန်ကျုံ့ဖို့ခက်ပါတယ်။ ဒါကြောင့် သွေးသွန်တာပါ။ရှားပါးပေမယ့် အရင်က ဗိုက်ခွဲပြီးကလေးမွေးဖူးတယ်။ ဒါမှမဟုတ် သားအိမ်ခွဲစိတ်ဖူးတယ်ဆိုရင် ဒီတစ်ခါ ပေါင်ချိန်ကျော်ကလေးကို ကိုယ်ဝန်ဆောင်ထားရင် ခွဲကြောင်းက ကွဲထွက်တတ်ပါတယ်။ကလေးအတွက်ဆိုရင်တော့။ဒီကလေးတွေက ကြီးလာရင် metabolic syndromeလို့ခေါ်တဲ့ သွေးတိုးတာ၊ သွေးတွင်းသကြားဓာတ်များတာ၊ အဝလွန်တာ၊ သွေးတွင်းအဆီဓာတ်များတာ စတာတွေဖြစ်တတ်ပါတယ်။ ဒါတွေကြောင့် အရွယ်မတိုင်ခင် နှလုံးရောဂါ၊ ဆီးချိုရောဂါတွေဖြစ်တတ်ပါတယ်။ဖြစ်ရတဲ့အကြောင်းရင်းတွေကို ကြည့်မယ်ဆိုရင် တချို့ဟာတွေက ကာကွယ်လို့ရတကို တွေ့ရမှာပါ။ ဥပမာပြောရရင်။ကလေးပေါင်ချိန်ကျော်နေလို့ရိုးရိုးမမွေးရဘူးဆိုတာ မရှိပါဘူး။ ရိုးရိုးပဲဖြစ်ဖြစ် ခွဲပြီးပဲဖြစ်ဖြစ် မွေးလို့ရပါတယ်။ အရေးကြီးတာက ဆေးရုံမှာ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ မွေးဖို့ပါပဲ။ မိခင်အခြေအနေ၊ ကလေးအခြေအနေပေါ်မူတည်ပြီး မွေးချင်တဲ့ နည်းလမ်း၊ မွေးသင့်တဲ့ နည်းလမ်းကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ နောက်ဆုံးမှာ အမေရော ကလေးရော ကျန်းမာဖို့က အဓိကပါပဲ။ မွေးပြီးသွားရင်လည်း ကလေးကို နောက်ဆက်တွဲရောဂါတွေမဖြစ်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/fat-baby-is-cute-or-unhealthy/
မတည့်သောအစားအစာများ ဆိုတဲ့ ဖေ့ဘွတ်ပေါ်က ချင်း(ဂျင်း) ပညာပေးများ
ဖေ့ဘွတ်ဟာ သတင်းအစုံအလင် သိရဖို့အတွက် အရမ်းကို အဆင်ပြေတဲ့နေရာတစ်ခုပါ။ ဒါပေမယ့် သတင်းအချက်အလက်အမှားတွေနဲ့ အဆိပ်အတောက်ဖြစ်စရာတွေလည်း အရမ်းကို များပါတယ်။ သေချာ သုံးသပ်ဆင်ခြင်မှုမလုပ်ဘူးဆိုရင် မမှန်ကန်တဲ့အချက်အလက်တွေ လက်ခံပြီးသားဖြစ်သလို ကိုယ်တိုင်ကလည်း သူများတွေဆီဖြန့်ဝေပြီးသားဖြစ်နေတတ်ပါတယ်။ ဒီတစ်ခေါက် ပြောချင်တာက မတည့်သောအစားအစာများ ဆိုတဲ့ ဖေ့ဘွတ်ပေါ်က ချင်း(ဂျင်း) ပညာပေးများ အကြောင်းလေး ပြောပြပေးချင်တာပါ။အဆိပ်ကို အဆိပ်မှန်းမသိလို့ စေတနာနဲ့တိုက်လည်း တိုက်ခံရတဲ့သူသေပါတယ်။ ဆေးမြီးတိုတွေ၊ လူပြောသူပြော ပါးစပ်ပြောအကြောင်းအရာတွေလည်း ဒီအတိုင်းပါပဲ။ ကိုယ်က စေတနာနဲ့ရေးသားတယ်။ ဖြန့်ဝေပေးတယ်ဆိုပေမယ့် မှန်ကန်တဲ့အချက်အလက်တွေမဟုတ်ရင် လူကိုဘေးဖြစ်စေနိုင်ပါတယ်။အခုပြောချင်တဲ့အကြောင်းအရာကတော့ အိမ်တိုင်းလိုလိုမှာ ရှိတတ်ကြတဲ့ မီးဖိုချောင်ထဲမှာ ချိတ်ဆွဲထားတတ်ကြတဲ့မတည့်သောအစားအစာများဆိုတဲ့ ကတ်ပြားကြီးအကြောင်းနဲ့ ဒီထဲက အစားအသောက်တွေဟာ တွဲဖက်စားမယ်ဆိုရင် တကယ်ကို ဘေး ဖြစ်စေနိုင်သလားဆိုတာကိုပါ။အစားအစာတွေဟာ ယေဘုယျအားဖြင့် ဘေးကင်းပါတယ်။ အလွန်အကျွံမဟုတ်ရင် အစားအသောက်အချင်းချင်းမတည့်ဘူးဆိုတာ ရှားပါးပါတယ်။ ဒါပေမယ့် အဲဒီ မတည့်သောအစားအစာများ ဆိုတဲ့ကတ်ပြားကို ကြည့်လိုက်မယ်ဆိုရင် လူတွေစားနေကျဖြစ်တဲ့ ဝက်သားနဲ့ ကြာစွယ်လို၊ ဖရဲသီးနဲ့ ဘဲဥလို၊ မင်းဂွတ်သီးနဲ့ သကြားလိုအရာတွေပါ ပါနေတာကို မြင်တွေ့ရပါလိမ့်မယ်။ ဒီမှားယွင်းတဲ့  အသိဖြန့်ဝေမှုတွေက လူတွေကြားထဲ မလိုလားအပ်ဘဲ ကြောက်ရွံ့မှုတွေကိုဖြစ်ပေါ်စေပါတယ်။ဒါဆိုရင် မေးစရာရှိလာတဲ့မေးခွန်းက တချို့အစားအသောက်တွေတွဲစားပြီး လူတွေဝမ်းလျှောတာ၊ ဘေးအန္တရာယ်ဖြစ်တာတွေ မြင်တွေ့ရတာကျတော့ရော ဘာကြောင့်လဲဆိုတဲ့မေးခွန်းပါ။မပူပါနဲ့ အဲဒီမေးခွန်းအတွက်လည်း အဖြေရှိပါတယ်။အစားအသောက်စားပြီးတဲ့နောက်ပျို့အန်တာ၊ ဝမ်းလျှောတာ၊ ဗိုက်အောင့်တာ ချမ်းတုန်ဖျားဖြစ်တာတွေကို အစာအဆိပ်သင့်တယ်လို့ ခေါ်ကြပါတယ်။ ဒါပေမယ့် ဒါတွေဟာ အစားအသောက်တွေ တစ်ခုနဲ့တစ်ခု မတည့်ဖြစ်တာကြောင့် မဟုတ်ဘဲ စားလိုက်တဲ့အစားအစာတွေရဲ့သန့်ရှင်းမှုအားနည်းတာကြောင့် ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေနဲ့ အခြားကပ်ပါးကောင်တွေပါဝင်တာကြောင့်ဖြစ်ပါတယ်။အစားအသောက်ထုတ်လုပ်တဲ့ ပြင်ဆင်တဲ့နေရာတစ်ခုခုမှာ မသန့်ရှင်းတဲ့လက်နဲ့ ကိုင်တွယ်တယ်။ မသန့်ရှင်းတဲ့အရာတွေနဲ့ ထိတွေ့ထားရှိမယ်ဆိုရင် ဒီအစားအသောက်တွေမှာ ကပ်ပါးပိုးမွှားတွေ ကပ်တွယ်ငြိလာနိုင်ပါတယ်။ အဲဒီလို မသန့်ရှင်းတဲ့အစားအသောက်ကို စားသောက်လိုက်မယ်ဆိုရင် ပိုးမွှားတွေက အူလမ်းကြောင်းတလျှောက်ကို ရောက်ရှိသွားပြီးတော့ အဆိပ်တွေထုတ်လွှတ်ပါတယ်။ အဲဒီနောက်မှာတော့ အစာအဆိပ်သင့်တာရဲ့ လက္ခဏာတွေဖြစ်တဲ့ ခေါင်းမူးတာ၊ ပျို့အန်တာ၊ ဝမ်းလျှောတာ၊ ဗိုက်အောင့်တာနဲ့ ဖျားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါဟာ အစားအစာတွေမသန့်ရှင်းမှုကြောင့်ဖြစ်တာဖြစ်ပြီး အစားအသောက်နှစ်ခု မတည့်တာကြောင့်မဟုတ်ပါဘူး။ဥပမာ – လမ်းဘေးက ဝယ်လာတဲ့ ဖရဲသီးနဲ့ ဘဲဥကိုတွဲစားတယ်။ ပြီးတဲ့အခါမှာ အော့အန်၊ ဝမ်းလျှောတယ်ဆိုရင် လူတွေရဲ့အထင်မှာက ဒီနှစ်ခုမတည့်လို့ ဖြစ်သွားပါတယ်လို့ ထင်တတ်ကြပါတယ်။ အမှန်က လမ်းဘေးက ဝယ်လာတဲ့ ဖရဲသီးမှာ ယင်ကောင်တွေနားတာ၊ ကိုင်တဲ့လက်တွေမသန့်တာကြောင့် ဖရဲသီးမှာ အညစ်အကြေးပိုးမွှားတွေ ပေါက်ဖွားနိုင်နေသလို ဘဲဥကိုပြုတ်တဲ့အခါမှာ သေချာမပြုတ်တာ၊ မသန့်ရှင်းတာတွေကြောင့် ဘဲဥမှာလည်း ပိုးမွှားတွေ ပေါက်ဖွားနေနိုင်ပါတယ်။ ဒီနှစ်ခုသွားဆုံတဲ့အခါ မသန့်ရှင်းတဲ့အစားအသောက်ကြောင့် ကပ်ငြိနေတဲ့ပိုးမွှားတွေကြောင့်ဖြစ်တဲ့ ပြဿနာကို မတည့်တာဆိုပြီး ဖြစ်သွားရပါတယ်။နောက်ထပ် ဖြစ်နိုင်ခြေ ပြဿနာတစ်ခုကတော့ အစားအသောက်တွေနဲ့ စားလိုက်တဲ့သူဓာတ်မတည့်တာကြောင့်ပါ။ အဖြစ်များတာကတော့ပင်လယ်စာတွေမှာပါ။ လူတချို့မှာ သာမန်ထက်တုံ့ပြန်မှုလွန်ကဲတဲ့ ပြဿနာတွေရှိနေတတ်ကြပြီး အစားအစာတွေနဲ့ မတည့်တာရှိပါတယ်။ ဥပမာအားဖြင့် မြေပဲ၊ ငါး၊ ကမာ၊ ဂုံး၊ ရေခူတို့က မတည့်တတ်တဲ့သူများပါတယ်။တချို့တွေ အယ်လ်ကိုဟောနဲ့ မတည့်တာ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေနဲ့ မတည့်တာတွေရှိပါတယ်။ အဲဒါကလည်း အစားအသောက်တွေတစ်ခုနဲ့တစ်ခု မတည့်တာကြောင့်မဟုတ်ဘဲ နဂိုကတည်းက ခန္ဓာကိုယ်က တုံ့ပြန်မှုလွန်ကဲတာကြောင့်ဖြစ်ပါတယ်။ အစားအသောက်နဲ့ ဓာတ်မတည့်မှုဖြစ်တဲ့အခါ ယားယံလာတာ၊ နီရဲပြီး ခန္ဓာကိုယ်မှာ အဖုအပိန့်တွေထွက်လာတာတွေဖြစ်တတ်ပြီး ပြင်းထန်တဲ့အခြေအနေတွေမှာတော့ အသက်ရှူရခက်ခဲလာတာ၊ သွေးပေါင်ချိန်အလွန်အမင်းကျဆင်းသွားတာ၊ လျင်လျင်မြန်မြန်မတုံ့ပြန်နိုင်ရင် အသက်ဆုံးရှုံးရတာတွေထိ ဖြစ်နိုင်ပါတယ်။ အစားအသောက်နဲ့ ဓာတ်မတည့်ဖြစ်တတ်တဲ့သူက သူဘယ်အစားအသောက်နဲ့ ဓာတ်မတည့်တတ်လဲဆိုတာကို သိထားပြီးရှောင်ကြဉ်သွားရပါတယ်။ဒီလောက်ဆိုရင်တော့ မတည့်တဲ့အစားအသောက်များဆိုတဲ့ ဘယ်သူရေးမှန်းမသိ၊ ဘယ်က ထုတ်နှုတ်ထားတာလဲဆိုတာမသိတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းလိမ့်မယ်လို့ထင်ပါတယ်။ အင်တာနက်ပေါ်က သတင်းတွေ အချက်အလက်တွေကို တွေ့တဲ့အခါမှာ ဒီအတိုင်းလက်ခံယုံကြည်လိုက်မယ့်အစား ကိုယ်တိုင်စဉ်းစားဆင်ခြင်သုံးသပ်ပြီးမှ လက်ခံသင့်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/food-allergy/
ချုပ်ရိုးကို ဘယ်လိုဂရုစိုက်ရမလဲ
ခေါင်းကွဲသွားလို့ ၅ ချက်ချုပ်လိုက်ရတယ်။ ခြေထောက်ဒဏ်ရာ ၄ ချက်ချုပ်လိုက်ရတယ် စသည်ဖြင့် ကိုယ်တိုင်ရော၊ တခြားသူတွေဆီမှာပါ မြင်ဖူးကြားဖူးကြုံဖူးကြမှာပါ။ ဆရာဝန်က ချုပ်ပေးလိုက်တာပဲ ဆိုပေမယ့် ချုပ်လိုက်တယ်ဆိုတိုင်း အနာပေါက်ပိတ်မသွားပါဘူး။အနာကျက်မသွားပါဘူး။ အနာကျက်ဖို့ အချိန်တစ်ခုတော့ စောင့်ရဦးမှာပါ။ ချုပ်ရိုး ဖြေဖို့ကလည်း ရှိသေးတယ်။ဒဏ်ရာကြောင့်ဖြစ်ဖြစ် တစ်စုံတရာ ခွဲစိတ်ကုသမှုကြောင့်ဖြစ်ဖြစ်၊ချုပ်ရိုး အနာမကျက်ခင် စပ်ကြားမှာ ဒဏ်ရာကို သေချာဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။ အခန့်မသင့်လို့ အနာပိုးဝင်ခဲ့ရင် ရိုးရိုးအနာထက် အန္တရာယ်နဲ့ နောက်ဆက်တွဲပြဿနာ ပိုများနိုင်လို့ပါ။ ခွဲစိတ်ကုသထားတဲ့ ဒဏ်ရာတွေက ချုပ်ရိုးကြောင့် အနာကျက်လွယ်ပေမယ့် ချုပ်ရိုးကြောင့်ပဲ အမာရွတ်ကြီး ဖြစ်မကျန်အောင်၊ အနာပိုးမဝင်အောင် သတိထားပြီး ဂရုစိုက်တာ အကောင်းဆုံး ဖြစ်ပါတယ်။တချို့ဒဏ်ရာတွေမှာ ခွဲစိတ်ပြီး၊ ချုပ်ပြီးတာနဲ့နောက်တစ်ရက်မှာ ဖယ်လို့ရပါပြီ။ ဒါကတော့ ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းမှာဖြစ်တဲ့ ဒဏ်ရာလဲ၊ ဒဏ်ရာဘယ်လောက်ပြင်းသလဲ၊ ဒဏ်ရာအတိမ်အနက်တို့အပေါ် မူတည်ပါတယ်။ ဒဏ်ရာအများစုကတော့ သုံးလေးရက်လောက်ကြာမှ ပတ်တီးဖယ်လို့ရတာပါ။ ဒါပေမယ့် အနာကို ကာကွယ်ဖို့ပလာစတာဖြစ်ဖြစ် ဖုံးအုပ်ကာကွယ်ထားနိုင်ပါတယ်။အထူးသဖြင့် ကုသမှုခံယူပြီး ပထမ ၂၄ နာရီအတွင်းမှာ သတိထားရပါတယ်။ ပထမရက်မှာ ဆရာဝန် ခွင့်ပြုချက်မရှိရင် ရေမချိုးသင့်ပါဘူး။ ရေပတ်တိုက်ချင် တိုက်ပါ။ ဒုတိယရက် ဆိုရင်တော့ ရေချိုးပြီးရင် အနာတဝိုက်ကို တဘက်နဲ့ ညင်သာစွာ တို့သုတ်ပါ။ကိုယ့်သဘောနဲ့ကိုယ် ဘာမှမလုပ်သင့်ပါဘူး။ အများစု ချုပ်ရိုးတွေဆို ၃ ရက်ကနေ ၃ ပတ်လောက်ကြာမှ ဖြေရတာမျိုးပါ။ အနာကျက်တဲ့ အနေအထားကို ကြည့်ပြီး ဆရာဝန်က ဆုံးဖြတ်ပါလိမ့်မယ်။ချုပ်ရိုး ဒဏ်ရာတဝိုက် လှုပ်ရှားမှုနည်းမှ အနာကျက်မြန်စေမှာပါ။ ချုပ်ရိုးကို ပြန်ကွဲစေလောက်တဲ့ လှုပ်ရှားမှုမျိုးတွေ မလုပ်ပါနဲ့။ ခွဲစိတ်ကုသမှု နောက်ပိုင်း တစ်လအတွင်း အလေးအပင်မတာ၊ အားစိုက်တာ၊လေ့ကျင့်ခန်းလုပ်တာ၊ အားကစားလုပ်တာတွေ ရှောင်သင့်ပါတယ်။ဒါမှ နာကျင်မှုနဲ့ ရောင်ရမ်းမှု သက်သာစေမှာဖြစ်ပါတယ်။ သက်သောင့်သက်သာဖြစ်စေဖို့ ခေါင်းအုံး သို့မဟုတ် စောင်လေး ခုထားပေးပါ။အနာကို သန့်စင်မယ်ဆိုရင် တိုက်ရိုက်မဟုတ်ဘဲ အနာတစ်ဝိုက်အရေပြားမှာ gauze padလေး သို့မဟုတ် အဝတ်စနုနုလေး သုံးနိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်မရှိဘဲ ဆပ်ပြာ အပြင်းစားတွေ၊ အရက်ပြန်၊ အိုင်အိုဒင်း၊ peroxideတွေ မသုံးပါနဲ့။ အရေပြားကို ထိခိုက်စေပြီး အနာကျက် နှေးစေနိုင်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/how-to-take-care-of-sutures/
Covid-19 ကပ်ဘေးကာလမှာ အရက်၊ ဆေးလိပ် သုံးစွဲမှုကို လျှော့ချပါ
လူတွေ ဘာလို့အရက်၊ ဆေးလိပ်ကို မကောင်းမှန်း သိလျက်နဲ့ သုံးစွဲကြတယ်ထင်လဲ။ ဆေးဘက်ဆိုင်ရာ နည်းပညာတွေ၊ ကုထုံးတွေက ပိုပြီး ထိရောက်စေသလို ရေရှည်အတွက်လည်း ကောင်းတယ်၊ ကျန်းမာရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း ဘေးထွက်ဆိုးကျိုးက မရှိသလောက် နည်းတယ်။လူငယ်တွေ အများစုကတော့ စိတ်ကျန်းမာရေး ပြဿနာကြောင့် ခံစားရတဲ့ ဝေဒနာတွေကို တစ်ဒင်္ဂ မေ့ပျောက်သွားစေဖို့ပါပဲ။ အဲ့ဒီအတွက်ဆေးလိပ်သောက်တယ်၊ အရက်သောက်တယ်၊ မူးယစ်ဆေးဝါးတွေကို အလွန်အကျွံ သုံးစွဲတယ်။ လူငယ်ဆိုတော့အပေါင်းအသင်းကလည်း မက်သလို စူးစမ်းလေ့လာချင်စိတ်၊ ကိုယ်တိုင် လက်တွေ့လုပ်လိုတဲ့ စိတ်ကလေးကလည်း ရှိနေပြန်တယ်။ အဲ့တော့ တစ်ယောက်က စလိုက်တာနဲ့ ကျန်တဲ့လူငယ်တွေ အကုန်လုံးက လိုက်တော့တာပေါ့။ခုလို ကပ်ဘေးကာလမျိုးမှာဆိုရင် ဒီလို အရာတွေကို ပိုတောင် မလုပ်မိဖို့ ကိုယ့်ကိုယ်ကိုယ် ထိန်းရမှာပါ။ သေချာ ပြန်ကြည့်မယ်ဆိုရင်။၁။ ဆေးလိပ်ကအဆုတ်ကို သွားပြီး ထိခိုက်တယ်။ အသက်ရှူလမ်းကြောင်းကို ဒုက္ခပေးတယ်။ကျောက်ကပ်ကို ပျက်စီးစေတယ်။Covid-19က အဆုတ်ကို အဓိက ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့ ရောဂါ ဖြစ်တာကြောင့် ဒီလို ကာလမျိုးမှာပါ ဆေးလိပ်သောက်မယ်ဆိုရင်တော့ ရောဂါပိုး ကူးစက်ခံရဖို့ အရမ်းလွယ်ကူသလို ကူးစက်ခံရတဲ့အခါမှာလည်း အဆုတ်က ထိခိုက်ပျက်စီးနေပြီ ဖြစ်တာကြောင့် အသက်ဆုံးရှုံးဖို့ ပိုလျင်မြန်စေနိုင်ပါတယ်။၂။Vapeကို ဆေးလိပ် အစားထိုးအဖြစ်နဲ့ သောက်ကြတယ်၊ နီကိုတင်းဓာတ် ပါလို့ စွဲလမ်းစိတ်ကို ဖြစ်စေတယ်။ အနံ့လေးကလည်း မွှေးတော့ ပိုက်ဆံတတ်နိုင်တဲ့ လူငယ်တွေ အများဆုံး သုံးကြတယ်။ စီးပွားရေးဆန်ဆန် ကြော်ငြာတွေကတော့ Vape သောက်ခြင်းဟာ အန္တရာယ်ကင်းပါတယ်လို့ ဆိုထားကြပေမယ့် တကယ်တမ်း လက်တွေ့မှာဆေးလိပ်လိုပဲ အဆုတ်ကို သွားပြီး ဒုက္ခပေးပါတယ်။၃။အရက်၊ ဘီယာ၊ တက်ကီလာ၊ ဂျင်၊ ဝိုင် စတာတွေမှာ အယ်လ်ကိုဟော ပမာဏ တစ်ခုစီ ပါဝင်ပါတယ်။ ဒါကြောင့်လည်း ဒီအရာတွေ အကုန်လုံးကို အမျိုးအစား ကွဲနေပေမယ့် အရက်သေစာ အုပ်စုလို့ သတ်မှတ်ရခြင်း ဖြစ်ပါတယ်။ အရက်သောက်ရင် အဆုတ်ထိလား ဆိုတော့ ဆေးလိပ်လောက်တော့ မထိဘူးပဲ ပြောရမှာပါ။ ဒါပေမယ့်အသည်းနဲ့ နှလုံးကိုတော့ တော်တော် ဒုက္ခပေးစေနိုင်သလို လူတစ်ယောက်ရဲ့ ညဘက် ကောင်းစွာ အိပ်ပျော်နိုင်ခြင်းကိုလည်း ထိခိုက်စေပါတယ်။ အဲ့တော့ ဘာကောင်းကျိုးမှ မရှိတဲ့ အရက်သေစာတွေကို ဒီလို ကပ်ဘေးကာလမှာ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခခံပြီး သောက်နေမှာလဲ။၄။မူးယစ်ဆေးဝါးအနေနဲ့ ဆေးလုံး၊ ဆေးပြား၊ အမှုန့်၊ ဆေးရည် အစရှိသဖြင့် ပုံစံ အမျိုးမျိုးနဲ့ လာသလို အသုံးပြုပုံခြင်း၊ ခံစားရတဲ့ ခံစားမှုမျိုးကလည်း မတူညီပါဘူး။ ဒါပေမယ့် ကိုယ်ခန္ဓာကို ထိခိုက်တဲ့ နေရာမှာ အပေါ်မှာ ပြောခဲ့တဲ့ ဆေးလိပ်၊ အရက်တွေနဲ့ အတူတူပဲ ဖြစ်မှာပါ။ နှလုံး၊ ဦးနှောက်၊ အဆုတ်၊ ကျောက်ကပ်၊ အသည်း အပြင် တခြားသော ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကို ထိခိုက် အားလျော့စေရုံသာမက စိတ်ကျန်းမာရေးအတွက်လည်း ရေရှည်မှာ ကောင်းကျိုး မရှိပါဘူး။များသောအားဖြင့် လူငယ်တွေက ရင်ထဲမှာ ဖြစ်နေတဲ့အထီးကျန်စိတ်၊ ဝမ်းနည်းပူလောင်စိတ်၊ အသည်းကွဲ ဒဏ်ရာ၊ စိတ်ဖိစီးမှုတွေ အစရှိတဲ့ ခံစားချက် အမျိုးမျိုးကို ခေတ္တခဏ အဝေးကို လွင့်ထွက်သွားအောင်လို့ ဒီလိုအရာတွေကို လုပ်တတ်ကြပါတယ်။ ဒါပေမယ့်လည်း ဒီလို ကာလမျိုးမှာတော့ တတ်နိုင်ရင် ရှောင်ပေးဖို့ အကြံပေးလိုပါတယ်။ အဲ့ဒီ အစား ဘာတွေ လုပ်လို့ ရမလဲဆိုရင်။• စာများများ ဖတ်ပေးပါ။•အသက်ရှူလေ့ကျင့်ခန်းကို နေ့စဉ် အချိန်ခဏ ပေးပြီး လုပ်ကြည့်ပါ။•မိသားစုတွေနဲ့ စကားပြောပါ၊ တိုင်ပင်ပါ။• ကိုယ်ချစ်တဲ့ သူတွေ၊ သူငယ်ချင်း မိတ်ဆွေတွေဆီ ဖုန်းခေါ်ပြီးတော့လည်း ရင်ဖွင့်လို့ ရပါတယ်။• စိတ်အပြောင်းအလဲ ဖြစ်သွားအောင် အိမ်အလုပ်တွေကို ကူလုပ်ကြည့်ပါ။• သီချင်းအော်ဆိုကြည့်ပါ။•တရားထိုင်ပါ။•ယောဂကျင့်ပါ။• ဟာသ ရုပ်ရှင်တွေ များများ ကြည့်ပေးပါ။• စိတ်ညစ်စရာတွေ၊စိတ်ဖိစီးစရာတွေကို ခေါင်းထဲကနေ မေ့နိုင်အောင် ကြိုးစားကြည့်ပါ၊ မမေ့နိုင်ရင်လည်း ဖြစ်နေတဲ့ ပြဿနာတွေကို ဘယ်လို ဖြေရှင်းလို့ရမလဲဆိုတာ သေချာ တွေးကြည့်ပါ။ကပ်ဘေးကာလမှာ ရုပ်ခန္ဓာကျန်းမာရေးကိုလည်း ဂရုစိုက်သင့်သလို စိတ်ကျန်းမာရေးအတွက်လည်း မပေါ့ဆသင့်ဘူးနော်။ ဒီလိုမျိုး အိမ်မှာ အနားယူနေရမယ့် အချိန်ဟာ ကိုယ့်စိတ်ကို ပုံမှန်အတိုင်း ဖြစ်အောင် ပြန်လည်တည်ဆောက်ဖို့ အကောင်းဆုံး အချိန်ဆိုတာ သိထားဖို့ လိုတယ်နော်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[covid_19]။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-19-%e1%80%80%e1%80%95%e1%80%ba%e1%80%98%e1%80%b1%e1%80%b8%e1%80%80%e1%80%ac%e1%80%9c%e1%80%99%e1%80%be%e1%80%ac-%e1%80%a1%e1%80%9b%e1%80%80%e1%80%ba%e1%81%8a-%e1%80%86%e1%80%b1%e1%80%b8%e1%80%9c/
Yo-Yo Diet ကြောင့် ဘာတွေ ထိခိုက်လာနိုင်သလဲ။
ကိုယ်အလေးချိန်တိုးလာတယ်၊ ဝိတ်တက်လာတယ်။ ဝတ်ချင်တာတွေကို မဝတ်ရလို့ စိတ်ညစ်ပြီး ဝိတ်ချဖို့ စဉ်းစားနေတယ်။ဝိတ်ချနည်းတွေက အမျိုးမျိုးပဲ ဒီအထဲကမှ Yo-Yo Diet နည်းနဲ့ ဝိတ်ချဖို့ ကြိုးစားနေတယ်ဆိုရင် ဝိတ်ချတဲ့ အစီအစဉ် မစခင် ဒီဆောင်းပါးလေး ဖတ်ကြည့်စေချင်ပါတယ်။Yo-yo diet ဆိုတာကိုကိုယ်အလေးချိန်တက်လိုက်၊ ကျလိုက်ဖြစ်နေတဲ့ ဖြစ်စဉ်တစ်ခုလို့ပဲ ပြောပါရစေ။ ဒီလိုပြောရတာက Yo-yo diet က ဝိတ်ချတဲ့ ဖြစ်စဉ် တစ်ရပ်ဆိုပေမယ့် စားချင်တဲ့ အစားတွေကို စားလိုက် ကိုယ်အလေးချိန်က တက်လာလိုက်၊ အဝတ်အစားတွေ မတော်တော့ဘူးဆိုပြီးဝိတ်ချလိုက်ကိုယ်အလေးချိန် ပြန်ကျသွားလိုက် ဖြစ်တဲ့ ဖြစ်စဉ်တစ်ခုပါ။ကိုယ်အလေးချိန် တက်လာလိုက် ပြန်ချလိုက်၊ ဝိတ်ကျသွားလိုက် ပြန်ကျလိုက်နဲ့ ကိုယ်အလေးချိန်က Yo Yo လိုပဲ အတက်အကျ မြန်နေတာကြောင့် Yo-Yo Diet လို့ အမည်ပေးထားတာပါ။Yo-yo diet ကြောင့် ခန္ဓာကိုယ်မှာ အခုလိုထိခိုက်မှုတွေရှိနိုင်ပါတယ်။ပုံမှန်ကတော့ Diet လုပ်နေချိန်မှာ အစားကို လျော့စားဖြစ်ပေမယ့်Dietနားလိုက်ချိန်မှာ အရင်ကထက် ပိုစားတာမျိုးတွေ ဖြစ်လာစေနိုင်တာကြောင့် ဒီ Yo-Yo Diet လုပ်တာကဝိတ်ကျစေတာထက် အစားပိုစားမိစေပြီး အခန့်မသင့်ရင် ကိုယ်အလေးချိန် ဝိတ်မချခင်ကထက် ပိုတိုးတာမျိုး ဖြစ်စေနိုင်ပါတယ်။လေ့လာမှုတွေအရ Yo-Yo Diet က ခန္ဓာကိုယ်က အဆီရာခိုင်နှုန်းကို တိုးစေပါတယ်။ Yo-Yo Diet လုပ်တာကြောင့် ဝိတ်တက်တဲ့အချိန်ကြွက်သားထက် အဆီတွေက ပိုဖြစ်နိုင်ပါတယ်။ ဝိတ်ကျချိန်မျာ အဆီရော ကြွက်သားပါ ကျသွားတာဆိုပေမယ့် ဝိတ်တက်ချိန်မှာ ကြွက်သားထက် အဆီက ပိုတက်လွယ်တာကြောင့် ခန္ဓာကိုယ်မှာ အဆီ ပိုများလာနိုင်ပါတယ်။ဝိတ်ချတဲ့အခါ ခန္ဓာကိုယ်မှာ အဆီနဲ့အတူ ကြွက်သားတွေပါ ဆုံးရှုံးသွားနိုင်ပါတယ်။  ဒါပေမယ့် ဝိတ်ချတဲ့ အစီအစဉ် ပြီးလို့ ပုံမှန်အတိုင်း ပြန်စားတဲ့အခါ အဆီက ကြွက်သားထက် အရင်တက်လာတာရယ် ဝိတ်ချချိန်မှာပရိုတင်းလုံလောက်ပြည့်ဝအောင် မစားမိတာတွေရယ်ကြောင့်လှုပ်ရှားမှုမပါဘဲ ဝိတ်ချတဲ့ အစီအစဉ်ပဲ လုပ်မယ်ဆိုရင် ကြွက်သားဆုံးရှုံးတာ ဖြစ်နိုင်ပါတယ်။ကိုယ်အလေးချိန် တက်လိုက် ကျလိုက်ဖြစ်နေတာကနှလုံးသွေးကြောတွေကို ကျဉ်းစေပြီး  နှလုံးရောဂါ ခံစားရနိုင်ခြေ တိုးလာစေသလို နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ခြေကိုလည်း တိုးစေနိုင်ပါတယ်။ ကိုယ်အလေးချိန် အတက်အကျ ကွာဟချက် များလေလေ နှလုံးရောဂါ ခံစားရနိုင်ခြေက များလာလေလေပါ။ကိုယ်အလေးချိန် တက်လာလိုက် ပြန်ချလိုက်နဲ့ သံသရာလည်နေတဲ့ yo-yo diet လုပ်တာက သွေးပေါင်ချိန်ကို မြင့်တက်စေပြီး သွေးတိုးရောဂါ ခံစားရစေနိုင်ပါတယ်။ ဝိတ်တက်လာတာနဲ့အတူ သွေးတိုးရောဂါ ဖြစ်နိုင်ခြေ တိုးလာနိုင်ပေမယ့် ဝိတ်ကျသွားတဲ့ အခါမှာတော့ သွေးတိုးရောဂါ ခံစားရနိုင်ခြေက ကျမသွားပါဘူး။ငယ်စဉ်မှာ မသိသာပေမယ့် yo-yo diet လုပ်ထားဖူးသူတွေဟာ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်း ရောက်လာတဲ့အခါ သွေးတိုးရောဂါကို ခံစားကြရပါတယ်။ဒါကြောင့် ပုံမှန်အာဟာရ မျှတအောင်စားမယ်၊ သင့်တင့်တဲ့ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရင်းနဲ့ပဲ ကိုယ်အလေးချိန်ကို ထိန်းညှိဖို့ ပြောပါရစေ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/yo-yo-diet-side-effects/
Endocrine System (ဟော်မုန်းစနစ်)မှာပါဝင်တဲ့ ဂလင်းတွေနဲ့ သူတို့ရဲ့ တာဝန်များ
Endocrine Systemကို ဂလင်း များစွာနဲ့ ပါဝင်ဖွဲ့စည်းထားတာပါ။ ဒီတစ်ခေါက်တော့ Endocrine System မှာပါဝင်တဲ့ဂလင်းတွေနဲ့ သူတို့ရဲ့ တာဝန်တွေက ဘာတွေလဲ၊ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေကို တာဝန်ယူပေးထားလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ တူတူ ဖတ်ကြည့်လိုက်ရအောင်လား။Endocrine System မှာပါတဲ့ ဂလင်းတွေထဲက။ဒီအစိတ်အပိုင်းကအာရုံကြောစနစ်နဲ့ ဆက်ထားတာပါ။ သူ့ရဲ့ အဓိက တာဝန်က pituitary ဂလင်းတွေကို ဟော်မုန်းတွေ ထုတ်လုပ်ဖို့ နဲ့ ထုတ်လုပ်မှု ရပ်တန့်ဖို့ အသိပေးပါတယ်။ဒီ pituitary ဂလင်းက endocrine system ရဲ့ ဆရာအကျဆုံး ဂလင်းတစ်ခုပေါ့။ သူကဦးနှောက်ဆီက သတင်း အချက်အလက်တွေကို ယူပြီး ခန္ဓာကိုယ်က အခြားဂလင်းတွေကို တာဝန်တွေ ခွဲအပ်ညွှန်ကြားပေးပါတယ်။ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး သူက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဟော်မုန်းတွေ ဖြစ်တဲ့ကြီးထွားမှု ဟော်မုန်း၊ မိခင်တွေမှာ နို့ချိုဖြစ်ပေါ်စေတဲ့ prolactin ဟော်မုန်း၊ အမျိုးသမီးတွေမှာ  မ ဟော်မုန်းလို့ ခေါ်တဲ့estrogenဟော်မုန်းနဲ့ အမျိုးသားတွေမှာ ကျားဟော်မုန်းလို့ ခေါ်တဲ့ testosterone ဟော်မုန်းကို ထိန်းချုပ်ပေးတဲ့luteinizingဟော်မုန်းကို ထုတ်လုပ်ပေးပါတယ်။ဒီဂလင်းကအိပ်စက်မှုကို ထောက်ပံ့ပေးတဲ့ melatonin လို့ခေါ်တဲ့ ဓာတုပစ္စည်း တစ်မျိုးကို ထုတ်ပေးပါတယ်။ဒီဂလင်းကဇီဝကမ္မဖြစ်စဉ်ကို ထိန်းချုပ်ပေးတဲ့သိုင်းရွိုက်ဟော်မုန်းကို ထုတ်လုပ်ပေးပါတယ်။ဒီဂလင်းက ဟော်မုန်းတွေကို လုံလောက်အောင် မထုတ်နိုင်တဲ့အခါ ဇီဝကမ္မဖြစ်စဉ်က နှေးသွားနိုင်ပါတယ်။ ဒီလို အခြေအနေမှာ နှလုံးခုန် နှေးတာ၊ ဝမ်းချုပ်တာ၊ ဝိတ်တက်တာတွေကို ဖြစ်စေပါတယ်။ဒီဂလင်းက ဟော်မုန်းတွေကို လိုတာထက် ပိုထုတ်တဲ့အခါမျိုးမှာကျ ဇီဝကမ္မဖြစ်စဉ်က မြန်လွန်းသွားပြီး နှလုံးခုန်မြန်တာ၊ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ အကြောင်းအရင်း မရှိဘဲ ဝိတ်ကျတာတွေ ခံစားရနိုင်ပါတယ်။ဒီဂလင်းကတော့ သိုင်းရွိုက်ဂလင်း နောက်မှာရှိတဲ့ ဂလင်း သေးသေးလေး ၄ ခုပါ။ သူတို့က အရိုးကျန်းမာရေးကို အဓိက တာဝန်ယူထားကြပါတယ်။ ဒီဂလင်းလေးတွေက ကိုယ်တွင်းကကယ်လ်ဆီယမ်နဲ့ phosphorus ပမာဏကို ထိန်းညှိပေးပါတယ်။ဒီ ဂလင်းက ဘေဘီလေးတွေမှာ ကိုယ်ခံအားစနစ် ဖွံ့ဖြိုးစေဖို့ နဲ့  ရောဂါတွေကို တိုက်ထုတ်ပေးဖို့ အရေးပါတဲ့ ဇာတ်လိုက်ဖြစ်တဲ့ T-lymphocytes လို့ ခေါ်တဲ့သွေးဖြူဥဆဲလ်တွေကို ထုတ်လုပ်ပေးပါတယ်။Adrenals။ဒီဂလင်းက အက်ဒရီနယ်လင် ဟော်မုန်းတွေကို ထုတ်လုပ်ပေးပါတယ်။ ဒီဟော်မုန်းက ဇီဝကမ္မဖြစ်စဉ်၊ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် နဲ့ အခြားသော ဖြစ်စဉ်တွေအပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ဒီအစိတ်အပိုင်းကအစာခြေစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဟုတ်သလို endocrine system ရဲ့ အစိတ်အပိုင်းတစ်ခုဆိုလည်း ဟုတ်ပါတယ်။ အစာခြေ အက်ဇိုင်း ထုတ်လုပ်ပေးပြီး အစားအစာတွေကို ဖြိုခွဲပေးပါတယ်။ အင်ဆူလင် ဟော်မုန်းနဲ့  glucagon ဟော်မုန်းတို့ကို ထုတ်လုပ်ပေးပါတယ်။ သွေးကြောတွေနဲ့ ဆဲလ်တွေထဲက သကြားပမာဏကို အကောင်းဆုံး အနေအထားဖြစ်အော်င ထိန်းညှိပေးပါတယ်။အမျိုးအစား (၁) ဆီးချိုရောဂါဖြစ်ရတာက အင်ဆူလင်ကို လုံးဝမထုတ်နိုင်တာကြောင့်ပါ။ အမျိုးအစား (၂) ဆီးချိုကတော့ အင်ဆူလင်ကို လုံလောက်တဲ့ ပမာဏထိရောက်ရှိအောင် မထုတ်လုပ်နိုင်လို့ပါ။သားဥအိမ်က estrogen နဲ့ progesterone ဟော်မုန်းတွေကို ထုတ်လုပ်ပါတယ်။ ဒီ ဟော်မုန်းတွေက အပျိုဖော်ဝင်ချိန်မှာ ရင်သားတွေ ဖွံ့ထွားစေသလို ရာသီစက်ဝန်းကို ထိန်းညှိပေးပြီးကိုယ်ဝန်ရရှိစေဖို့လုပ်ဆောင်ပေးပါတယ်။Testes။အမျိုးသားတွေမှာtestosteroneဟော်မုန်းကို ထုတ်လုပ် ပေးပါတယ်။ လူပျိုဖော်ဝင်ချိန်မှာ မျက်နှာပေါ်က အမွေးအမျှင်တွေ၊ ခန္ဓာကိုယ်က အမွေးတွေထွက်စေဖို့၊ မျိုးပွားအင်္ဂါကြီးထွားစေဖို့ သုက်ကောင်တွေဖြစ်ပေါ်စေဖို့ လုပ်ဆောင်ပေးပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/endocrine-system-and-glands-of-the-human-body/
ကယ်လိုရီ ၅၀၀ လောင်ကျွမ်းစေနိုင်တဲ့ လေ့ကျင့်ခန်းများ
တစ်နေ့ကို ကယ်လိုရီ ၅၀၀ လောင်ကျွမ်းမယ်ဆိုရင် တစ်ပတ်ကို ကယ်လိုရီ ၃၅၀၀ လောင်မှာပါ။ ကယ်လိုရီ ၃၅၀၀က အဆီတစ်ပေါင်နဲ့ ညီမျှပါတယ်။ တစ်ပတ်ကို ၃၅၀၀ ကယ်လိုရီလောက်ကို လေ့ကျင့်ခန်းလုပ်ပြီး လောင်ကျွမ်းစေမယ် ဒါမှမဟုတ် လျှော့စားမယ်ဆိုရင် ကိုယ်အလေးချိန် တစ်ပေါင်ကျမှာ ဖြစ်ပါတယ်။ အစားလျှော့စားဖို့ ခက်တယ်ဆိုရင် ကယ်လိုရီ ၅၀၀ လောင်ကျွမ်းစေနိုင်တဲ့ လေ့ကျင့်ခန်းများ ကို လုပ်ကြည့်နိုင်ပါတယ်။လေ့ကျင့်ခန်း မစခင် သိထားရမယ့်အချက်က တစ်ယောက်နဲ့ တစ်ယောက်ရဲ့ကယ်လိုရီ လောင်ကျွမ်းပုံချင်း မတူကြဘူးဆိုတာကိုပါ။ ကယ်လိုရီ ၃၅၀၀ လောာင်ကျွမ်းတိုင်းမှာ ကိုယ်အလေးချိန် တစ်ပေါင်ကျတယ်ဆိုပေမယ့် ဒါက လူတိုင်းအတွက်တော့ မမှန်ပါဘူး။ တချို့တွေက ပေါင်ဝက်လောက်ပဲ ကျနိုင်သလို တချို့တွေမှာတော့ တစ်ပေါင်မက ကျနိုင်ပါတယ်။ဒါကြောင့် လေ့ကျင့်ခန်း ၁နာရီ လုပ်တာချင်း တူရင်တောင် ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းမှာ ကယ်လိုရီလောင်ကျွမ်းတဲ့ ပမာဏချင်း တူကြမှာ မဟုတ်ပါဘူး။ကယ်လိုရီလောင်ကျွမ်းတာက ဘယ်ပေါ်မူတည်နေလဲဆိုတော့။ဒါတွေအပြင် တစ်ယောက်ချင်းရဲ့ ဟော်မုန်းအပြောင်းအလဲ၊ မျိုးဗီဇ စတာတွေကလည်း ကယ်လိုရီလောင်ကျွမ်းမှုအပေါ်မှာ သက်ရောက်မှု ရှိနေပါသေးတယ်။Gymမှာဆိုရင် ကိုယ့်ရဲ့ personal trainerနဲ့ တွက်ချက်ပြီး ဆော့တာ အကောင်းဆုံးပါ။ ဒါမှ ကိုယ့်ရဲ့ ကိုယ်အလေးချိန်အလိုက် ဘယ်လေ့ကျင့်ခန်းကို ဘယ်လောက်ကြာကြာဆော့ရင် ကယ်လိုရီဘယ်လောက် လောင်မလဲဆိုတာကို တိတိကျကျ တွက်နိုင်မှာ ဖြစ်ပါတယ်။မှန်းချေအားဖြင့်တော့။(၁) စက်နဲ့ လှေကားတက်တဲ့ လေ့ကျင့်ခန်းကို လုပ်တဲ့အခါ နာရီဝက်ကို ၂၃၅ ကယ်လိုရီလောက် လောင်ကျွမ်းပါတယ်။(၂) လမ်းလျှောက်စက်ပေါ်မှာ inclination သုံးပြီး လျှောက်တဲ့အခါ နာရီဝက်ကို ကယ်လိုရီ ၁၈၀-၂၅၀လောက် လောင်ကျွမ်းပါတယ်။ Inclination မတ်လေလေ ကယ်လိုရီလောင်ကျွမ်းတာ များလေလေပါ။(၃) ပြေးစက်ပေါ်မှာ ဆိုရင်တော့ တစ်မိုင်ကို ၇မိနစ်နှုန်းနဲ့ ပြေးမယ်ဆိုရင် တစ်နာရီကို ကယ်လိုရီ ၅၃၉ လောက် လောင်ကျွမ်းပါတယ်။(၄) စက်ဘီးစက်ပေါ်မှာ အရှိန်ပြင်းပြင်းနဲ့ နင်းရင်တော့ နာရီဝက်ကို ၂၈၀ ကယ်လိုရီလောက် လောင်ကျွမ်းပါတယ်။(၅) HIIT workoutဆိုရင်တော့ နာရီဝက်ကို ၄၅၀ ကယ်လိုရီလောက် လောင်နိုင်ပါတယ်။ပေါင် ၁၅၀လောက်ရှိတဲ့ အမျိုးသမီးတစ်ဦးအနေနဲ့။(၁)HIITကို နာရီဝက်ဆော့တဲ့အခါ ကယ်လိုရီ ၄၀၀ လောင်ကျွမ်းပါတယ်။(၂) Pilates ဆိုရင်တော့ နာရီဝက်ကို ကယ်လိုရီ ၁၅၀ လောင်ကျွမ်းပါတယ်။(၃)ယောဂဆိုရင်တော့ နာရီဝက်ကို ကယ်လိုရီ ၁၂၀ လောင်ကျွမ်းပါတယ်။(၄) အလေးမတာကတော့ နာရီဝက်ကို ၂၂၀ ကယ်လိုရီ လောင်ကျွမ်းပါတယ်။(၅) လမ်းလျှောက်မယ်ဆိုရင်တော့ တစ်ရက်ကို ၃မိုင်လောက် လျှောက်မှ ကယ်လိုရီ ၂၅၀ နီးပါး လောင်ကျွမ်းမှာ ဖြစ်ပါတယ်။ပေါင် ၁၅၀ရှိတဲ့ လူတစ်ယောက်အတွက်။(၁) တံမြက်စည်းလှည်း (သို့) ကြမ်းတိုက်တာက တစ်မိနစ်ကို ၄ကယ်လိုရီ လောင်ကျွမ်းပါတယ်။(၂) ဖုန်သုတ်တာကလည်း တစ်မိနစ်ကို ၄ကယ်လီုရီ လောင်ကျွမ်းပါတယ်။(၃) ထိုင်ချ ဒါမှမဟုတ် ဒူးထောက်ပြီး ကြမ်းတိုက်တဲ့အခါ တစ်မိနစ်ကို ၄ကယ်လိုရီ လောင်ကျွမ်းပါတယ်။(၄) ၁၀ပေါင်လောက်ရှိတဲ့ ပစ္စည်းကိုမပြီး လှေကားတက်တဲ့အခါ တစ်မိနစ်ကို ၆ကယ်လိုရီလောက် လောင်ကျွမ်းပါတယ်။(၅) ခြံထဲမှာ အပင်ရေ‌လောင်း၊ ပေါင်းသင်၊ မြက်နှုတ်တာကလည်း တစ်မိနစ်ကို ၅-၇ ကယ်လိုရီလောက် လောင်ကျွမ်းပါတယ်။ရုတ်တရက် ကြည့်လိုက်ရင် ကယ်လိုရီ ၅၀၀ လောင်ကျွမ်းဖို့ Gymမှာပဲ ပြေးစက်မှာ အားနဲ့မာန်နဲ့ တစ်နာရီလောက် ပြေးရမလား၊ အိမ်မှာပဲ HIITကို ၄၅မိနစ်လောက် ဆော့ရမလား ဒါမှမဟုတ် ပစ္စည်းတွေမပြီး လှေကားကို ၂နာရီနီးပါး တက်လိုက်ရမလားပေါ့။တကယ်တော့ ဒီလောက်မလိုပါဘူး။ တစ်မျိုးတည်းနဲ့ ကယ်လိုရီ ၅၀၀ လောင်အောင် လုပ်ဖို့ မလိုပါဘူး။ ဥပမာ ကိုယ်က။Gymမှာ နာရီဝက်လောက် လမ်းလျှောက်မယ် (ကယ်လိုရီ ၂၀၀)။အိမ်မှာ ယောဂလေး နာရီဝက်လောက် ဆော့လိုက်မယ် (ကယ်လိုရီ ၁၂၀)။ခြံထဲမှာ နာရီဝက်လောက် အပင်ရေလောင်းလိုက်မယ် (ကယ်လိုရီ ၁၈၀)။ဒါဆိုရင်လည်း ကယ်လိုရီ ၅၀၀ ပြည့်သွားတာပါပဲ။ ကိုယ်နိုင်သလောက် လေ့ကျင့်ခန်းတွေကို ကိုယ်နိုင်သလောက် အချိန်ပေးပြီး လုပ်လို့ ရပါတယ်။ တစ်မျိုးတည်းနဲ့ ကယ်လိုရီ ၅၀၀ ပြည့်အောင် လုပ်ရမယ်လို့ မဆိုလိုပါဘူး။တကယ်လို့ လေ့ကျင့်ခန်းနဲ့ ကယ်လိုရီ ၅၀၀ မလောင်နိုင်ဘူးဆိုရင်တော့ ကိုယ်စားမယ့် ကယ်လိုရီကို လျှော့လိုက်လို့ ရပါတယ်။ ကယ်လိုရီအပိုမတက်ဘူးဆိုရင် ကိုယ်အလေးချိန်လည်း တက်မှာ မဟုတ်ပါဘူး။အရေးကြီးတာက လေ့ကျင့်ခန်းပဲလုပ်မယ် ဒါမှမဟုတ်အစားပဲရှောင်မယ်ဆိုပြီး တစ်ခုတည်းနဲ့ ကိုယ်အလေးချိန်ကို မလျှော့ဖို့ပါပဲ။ အစားအသောက်ရော လေ့ကျင့်ခန်းရော မျှလုပ်မှ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရရှိမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/weight-loss-exercises/easy-workout-for-burning-500-calories/
ဒေါင်းရောဂါ နဲ့ မွေးဖွားလာတဲ့ ကိုယ့်ကလေးကို ဘယ်လိုဂရုစိုက်စောင့်ရှောက်ရမလဲ
မွေးဖွားလာတဲ့ ကိုယ့်ရဲ့ကလေးမှာ ဒေါင်းရောဂါ ဖြစ်နေတာ သိလိုက်ရတဲ့အခါ ဘယ်သူမဆို စိတ်မကောင်းဖြစ်၊ တုန်လှုပ်သွားကြမှာပါပဲ။ တချိန်တည်းမှာပဲ ဒီကလေးအတွက် ပုံမှန်ထက်ပိုတဲ့ ဂရုစိုက်မှုနဲ့ မေတ္တာပေးနိုင်ဖို့ ကရုဏာပိုမိမှာ သေချာပါတယ်။ဒေါင်းရောဂါစု (Down syndrome) ဆိုတာ သန္ဓေစတည်ချိန်မှာ မူမမှန်တဲ့ ဆဲလ်ကွဲပွားမှုကြောင့် ဖြစ်လာတာပါ။ ဒေါင်းရောဂါရှိတဲ့ ကလေးအများစုဟာ မျက်နှာပြားခြင်း၊ နားရွက်နဲ့ ပါးစပ်သေးခြင်း စတဲ့ လက္ခဏာတွေ မွေးတည်းက ပါလာတတ်ပါတယ်။ ကြွက်သားပျော့တာ၊ အားနည်းတာတွေရှိနိုင်ပြီး အရွယ်နည်းနည်းကြီးလာတဲ့အခါမှ ကြွက်သားသန်မာလာတတ်ပါတယ်။ သူတို့မှာ တခြားကျန်းမာရေးပြဿနာတွေလည်း ရှိနိုင်ပြီး တခြားကလေးတွေထက် သင်ယူလေ့လာနိုင်တဲ့နှုန်း ပိုနှေးပါတယ်။ဒေါင်းရောဂါ က ကုသပျောက်ကင်းနိုင်မှာမဟုတ်တဲ့ မွေးရာပါရောဂါဖြစ်ပေမယ့် ဝေဒနာရှင်အများစုက ကျန်းကျန်းမာမာ အသက်ရှည်ရှည်နေထိုင်သွားနိုင်ကြပါတယ်။ ဖွံ့ဖြိုးမှုမပြည့်စုံသေးတဲ့ ကလေးဘဝမှာတည်းက မိဘရဲ့မှန်ကန်ကောင်းမွန်တဲ့ပြုစုစောင့်ရှောက်မှုရှိဖို့ပဲ အရေးကြီးပါတယ်။ငယ်သေးတဲ့အရွယ်တော့ မိဘက အသေးစိတ်ဂရုစိုက်ပေးရမှာဖြစ်ပေမယ့် နည်းနည်းလေးကြီးလာတာနဲ့ အရာရာ ကိုယ်တိုင်လေ့လာနိုင်အောင် အလေ့အကျင့်လုပ်ပေးသင့်ပါတယ်။ နဂိုက သူများထက် သင်ယူနိုင်စွမ်းနှေးကွေးတာမို့ မိဘက တဖြည်းဖြည်းချင်း လေ့ကျင့်ပေးထားတာ အကောင်းဆုံးပါ။ဆရာဝန်နဲ့ပြရမယ့် ရက်ချိန်းတိုင်းကို မှန်အောင်သွားပါ၊ ပုံမှန်ကျန်းမာရေးစစ်ဆေးပါ၊ ညွှန်ကြားချက်တွေ လိုက်နာပါ။ ကလေးမှာ တစ်ခုခုထူးခြားတာရှိရင် အမြန်ဆုံး ဆရာဝန်ပြန်ပြပါ။ဒီကလေးအများစုက နေ့စဉ်ပုံမှန်လှုပ်ရှားမှုတွေမှာ ကောင်းကောင်းလုပ်ဆောင်နိုင်ကြပါတယ်။ စည်းကမ်းထားတာထက် အပြုသဘောဆောင်တဲ့ ထိန်းသိမ်းမှု၊ အားပေးမှုနဲ့ဆို သူတို့ရဲ့တုံ့ပြန်မှုက ပိုကောင်းပါတယ်။ကလေးက အမှားလုပ်မိတဲ့အခါ မှားတယ်လို့ မပြောပါနဲ့။ နောက်တစ်ခေါက် ထပ်ကြိုးစားဖို့ အားပေးပါ၊ ကူညီပါ။ကလေးက စိတ်ဝင်စား၊ စိတ်အားတက်ကြွမှုရှိတဲ့အရာတွေအကြောင်းကို ပြောဆိုပါ၊ သင်ပြပေးပါ။ နီးစပ်ကျွမ်းဝင်မှုရှိအောင် ဖန်တီးပေးပါ။ဘယ်အဝတ်အစားဝတ်မလဲဆိုတာလောက်က စပြီးရွေးချယ်ခွင့်ပေးပါ။ သူ့ရဲ့ဘဝအတွက် ရပ်တည်နိုင်မယ့် အလေ့အကျင့်ကောင်းအဖြစ် မွေးမြူပေးရပါမယ်။မွေးရာပါဒီရောဂါကြောင့် အခက်အခဲဖြစ်ရပေမယ့် ကလေးတွေမှာ ရည်မှန်းချက်နဲ့ကိုယ်ပိုင်စွမ်းရည်လေးတွေပါပြီးသားပါ။ တစ်ဖက်မှာ လိုအပ်ချက်ရှိနေလည်း သူအားသာတဲ့ အပိုင်းတွေ ရှိနေတာမို့ မိဘတွေက အတတ်နိုင်ဆုံး အားပေးဖို့ပဲလိုပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/behavioral-and-developmental-disorders/%e1%80%92%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab-%e1%80%94%e1%80%b2%e1%80%b7-%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%96%e1%80%bd%e1%80%ac%e1%80%b8/
Yo-Yo Diet လုပ်သင့်လား။
ဒီစကားလုံးက လူတိုင်းနဲ့ ခပ်စိမ်းစိမ်း ဖြစ်နေနိုင်ပါတယ်။ ဝိတ်ချတဲ့Diet Planတွေ အများကြီးထဲက တစ်ခုပါ။ ဒီတစ်ခေါက်တော့ဝိတ်ချချင်သူတွေလိုက်လုပ်မိနေနိုင်တဲ့ Yo-Yo Diet လေးအကြောင်း ပြောပြပေးပါရစေ။Yo-yo diet ဆိုတာကိုကိုယ်အလေးချိန်တက်လိုက်၊ ကျလိုက်ဖြစ်နေတဲ့ ဖြစ်စဉ်တစ်ခုလို့ပဲ ပြောပါရစေ။ ဒီလိုပြောရတာက Yo-yo diet က ဝိတ်ချတဲ့ ဖြစ်စဉ် တစ်ရပ်ဆိုပေမယ့် စားချင်တဲ့ အစားတွေကို စားလိုက် ကိုယ်အလေးချိန်က တက်လာလိုက်၊ အဝတ်အစားတွေ မတော်တော့ဘူးဆိုပြီးဝိတ်ချလိုက်ကိုယ်အလေးချိန် ပြန်ကျသွားလိုက် ဖြစ်တဲ့ ဖြစ်စဉ်တစ်ခုပါ။ကိုယ်အလေးချိန် တက်လာလိုက် ပြန်ချလိုက်၊ ဝိတ်ကျသွားလိုက် ပြန်ကျလိုက်နဲ့ ကိုယ်အလေးချိန်က Yo Yo လိုပဲ အတက်အကျ မြန်နေတာကြောင့် Yo-Yo Diet လို့ အမည်ပေးထားတာပါ။Yo-Yo Diet ကို လူလတ်ပိုင်းအမျိုးသား၊အမျိုးသမီးတွေအများဆုံး လုပ်ကြပါတယ်။ အသက် ၂၀ ကနေ  ၃၅ ဝန်းကျင်တွေ အများဆုံး လုပ်တတ်ကြပါတယ်။အစားတွေကို စားချင်သလောက် စားလိုက်မယ်။ ဝလာပြီဆိုရင် ဝိတ်ပြန်ချမယ်။ ဒီလိုလုပ်တာက ဒီအတိုင်းကြည့်ရင်ခန္ဓာကိုယ်က တက်လွယ် ကျလွယ်တယ်၊ လိုသလိုလုပ်လို့ရတယ်၊ လို့ ထင်စရာ ရှိပေမယ့် ရေရှည်မှာတော့ကျန်းမာရေးဆိုးကျိုးရှိနိုင်ပါတယ်။ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်ကတော့ Yo-Yo Diet လုပ်တာက ကောင်းကျိုးထက် ဆိုးကျိုး ပိုများနိုင်တယ် ဆိုတာပါ။ အဆီဆဲလ်တွေက leptin လို့ ခေါ်တဲ့ဟော်မုန်းတစ်မျိုးကို ထုတ်လုပ်ပါတယ်။ ဒီ ဟော်မုန်းက ခန္ဓာကိုယ်မှာအဆီပမာဏလုံလောက်အောင် သိမ်းဆည်းထားပြီးပြီ ဆိုတာကို သတင်းပို့ပါတယ်။ ကိုယ်အလေးချိန် ကျသွားချိန်မှာ ကိုယ်တွင်းမှာ အဆီ နည်းသွားသလို leptin လည်း နည်းသွားပါတယ်။ ဒီအခြေအနေက သင့်ကိုဆာလောင်မှုကို ခံစားရစေတယ်။ခန္ဓာကိုယ်ကလည်း စွမ်းအင်ကို ခြိုးခြံဖို့အတွက် လုပ်ဆောင်မှုတွေကို အရှိန်လျှော့ချလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ Diet လုပ်နေတာကို ရပ်လိုက်မယ်ဆိုရင် အရမ်းကိုစားချင်စိတ်တွေဖြစ်ပြီး အစားအစာတွေကို နင်းကန် စားမိပါမယ်။ဒါပေမယ့် ခန္ဓာကိုယ်ကတော့ကယ်လ်လိုရီကို နည်းနည်းပဲ လောင်ကျွမ်းပါလိမ့်မယ်။ ဒီတော့ ထွက်လာမယ့် ရလဒ်က Diet  မလုပ်ခင်ကထက် ကိုယ်အလေးချိန် ပိုများနေမယ် ဆိုတာပါ။နောက်တစ်ချက် သတိထားရမှာက Yo-Yo Diet လုပ်တဲ့အခါ ခန္ဓာကိုယ်က ပေါင်ကျသွားတာနဲ့အတူ အဆီတွေရောကြွက်သားတွေပါ ကျသွားတာပါ။ဒါပေမယ့် ဝိတ်ပြန်တက်လာချိန်မှာတော့ အဆီတွေက အရင်ပြန်တက်လာပါတယ်။ ကြွက်သားတွေ ပြန်တက်မလာချင်မှာ အစားစားချင်စိတ်က အမြင့်ဆုံး အနေအထားမှာ ရှိနေဆဲပါ။ ဒါက ဘာကိုဖြစ်စေမလဲဆိုတော့ ကိုယ်တွင်းမှာ အဆီစုတာကို ဖြစ်စေတာပါ။ဒီလိုသာ ရေရှည်သွားမယ်ဆိုရင် ဝိတ်ကျလိုက် တက်လိက်အနေအထားမှာ ကြွက်သား မကျန်ဘဲ အဆီတွေပဲ တက်လာတာမျိုး ဖြစ်လာပါလိမ့်မယ်။ ဒီကနေအဝလွန်တဲ့ ပြဿနာကို ရင်ဆိုင်ရနိုင်ပါတယ်။Yo-Yo Diet ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုက အဝလွန်စေတာတင် မကပါဘူး။သွေးတိုးတာ၊သွေးတွင်းသကြားဓာတ်မြင့်တက်တာ၊သွေးတွင်းကိုလက်စထရောပမာဏ မြင့်တက်တာတွေ ခံစားရနိုင်ပါတယ်။ ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ အနေနဲ့ကတော့ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာတွေ ခံစားရနိုင်တာပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/yo-yo-diet/
ပျံ့နှံ့လွယ်တဲ့ ကိုရိုနာ ဆေးနည်းမှားတွေ အတွက် အမှား၊ အမှန်ဝေခွဲနည်း
COVID-19ကိုရိုနာ ဗိုင်းရပ်စ်ကို ကာကွယ်ဖို့၊ တားဆီးဖို့ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းတွေ စွန့်စားကြိုးပမ်းနေရချိန်မှာ လူထုကြား လွှမ်းခြုံလာတဲ့ ပြဿနာက ဆေးနည်းအမှားတွေပါ။သတင်းမှား၊ သတင်းတုတွေ ခေတ်စားလာတာ အဆန်းမဟုတ်တော့ပေမယ့် ကျန်းမာရေး နဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကတော့ လူ့အသက်တွေကို အဆိပ်မခတ်မိစေဖို့ အရေးကြီးပါတယ်။ ခုဆို အရင်းအမြစ်သေချာ မသိရတဲ့၊ အခြေအမြစ်မရှိသေးတဲ့၊ အာမခံချက်မရှိတဲ့ ဆေးနည်း၊ ဆေးဝါးတွေ ဘယ်လောက်များ ပျံ့နှံ့နေပြီလဲမသိ။အခုပဲ တမာရွက် အပါအဝင် သဘာဝဆေးဖက်ဝင် အရွက်တွေကို အချိုးအဆမသိ၊ ဘေးထွက်ဆိုးကျိုးမသိ၊ ကိုရိုနာ တကယ်ကာကွယ် မကွယ် မသိဘဲ ကိုယ့်သဘောနဲ့ကိုယ် ပမာဏများများ နေ့စဉ်ပြုတ်သောက်နေကြတာ တွေ့ရပါတယ်။ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်တတ်တာ မှန်ပေမယ့် ဒီကာကွယ်နိုင်စွမ်းကို သုတေသနတွေ့ရှိချက် အတည်ပြုထားတာ မရှိသလို ဘေးကင်းမကင်း လည်း ဘယ်သူမှမသိနိုင်ပါဘူး။ ဥပမာပြောရရင် တမာကို အလွန်အကျွံသောက်သုံးရင် ကျောက်ကပ်ပျက်စီးတတ်ပါတယ်။သဘာဝဆေးကိုမှ သုံးချင်တယ်ဆို သူများအပြောနဲ့ ကိုယ့်ဘာသာရမ်းကုတာထက် တရားဝင်အသိအမှတ်ပြု တိုင်းရင်းဆေးပညာကိုသာ အားကိုးပါ။ အနောက်တိုင်းဆေးပညာပဲ ဖြစ်စေ၊ တိုင်းရင်းဆေးနည်းပဲဖြစ်စေ တတ်ကျွမ်းသူရဲ့ ညွှန်ကြားချက်အရသာ သုံးစွဲတာ ဘေးအကင်းဆုံးပါ။သတင်းတစ်ခုတွေ့တာနဲ့ ကိုယ်ခင်မင်ရသူ၊ ချစ်ခင်ရသူတွေကို အရင်ဆုံးမျှဝေဖို့၊ အသိပေးဖို့ လက်မြန်တတ်ကြပါတယ်။ လူမှုကွန်ရက် အင်တာနက်မှာပဲ ဖြစ်ဖြစ်၊ အပြင်အရပ်စကားပဲ ဖြစ်ဖြစ် သတင်းတစ်ခု ကြားကြားချင်း ချက်ချင်းပြန်မဖြန့်မိပါစေနဲ့။ခဏလေး ရပ်တန့်ပြီး ပြန်စဉ်းစားပါ။ဒီသတင်းက ဘယ်ကရတာလဲ၊ ဘယ်သူကပြောတာလဲ၊ ဘယ်သတင်းဌာနက တင်တာလဲ။ ခိုင်မာ စိတ်ချရတဲ့ နေရာက ထုတ်ပြန်တဲ့သတင်းလား၊ ကျန်းမာရေးဌာနတွေ၊ ပညာရှင်တွေက ပြောတာလား။ဒါမှမဟုတ် သူငယ်ချင်းရဲ့ သူငယ်ချင်းက တဆင့်ပြောပြတာလား၊ အိမ်နီးချင်းရဲ့ အမေရဲ့ မိတ်ဆွေက ပြောခဲ့တာလား၊ အွန်လိုင်းပေါ်က အမည်မသိပညာရှင် ဆိုသူက ဖြန့်လိုက်တာလား။  ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ် မဟုတ်ဘူးဆိုရင် တခြားလူကို ပြန်မဖြန့်ပေးပါနဲ့တော့။အသေချာဆုံးက ကျန်းမာရေးဝန်ကြီးဌာန၊ အစိုးရဌာနတွေ၊ လူသိများတဲ့ ကျန်းမာရေးပညာရှင်တွေ၊ တိကျခိုင်မာတဲ့ သတင်းဌာနတွေကို နားစွင့်ပါ။ ပြည်ပကဆို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အမေရိကန်ကျန်းမာရေးဌာနတွေ၊ စတဲ့ သတင်းဝဘ်ဆိုက်တွေမှာ သွားရှာ‌ဖွေပါ။ကြည့်ရတာတော့ ဟုတ်မလိုလိုပါပဲ။ သေချာဖတ်ကြည့်၊ ယုတ္တိရှိမရှိ ဆန်းစစ်ကြည့်၊ ပြန်ကြည့်မယ်ဆို ဒီလို သံသယတော့ ဝင်တတ်ရပါမယ်။ ဒီသတင်းကို မှတ်ထားပြီး တခြားယုံကြည်ရတဲ့ သူတွေ၊ ဝဘ်ဆိုက်တွေမှာ သွားရှာကြည့်ပါ။ အလွယ်တကူ ရှာမရသေးဘူးဆို သတင်းမှားဖြစ်ဖို့များပါတယ်။နောက်တစ်ချက်က ကွန်မန့်တွေထဲ ဖတ်ကြည့်ပါ။ အမှန်ကိုသိနေသူတွေရဲ့ မှတ်ချက်စကားတွေကနေလည်း အကဲခတ်လို့ရနိုင်ပါတယ်။မှန်ရင် မှန်နိုင်တယ်၊ မသေချာဘူး၊ ဘယ်သူကပြောတာပဲ ဆိုတာလောက်နဲ့တော့ ကိုယ်ကပြန်မဖြန့်ဝေပေးပါနဲ့။ ကိုယ်မျှဝေလိုက်တဲ့ သတင်းမှားက အများအတွက်အဆိပ်အတောက်ဖြစ်စေမယ့် အရာဆို ကိုယ်လည်း တရားခံဖြစ်နေနိုင်ပါတယ်။COVID-19 နဲ့ ပတ်သက်တဲ့ ကျန်းမာရေး သတင်းအချက်အလက်တွေ အတွက် အကောင်းဆုံးအရင်းအမြစ်တွေ ကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဝဘ်ဆိုက်၊ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနဲ့ အစိုးရထုတ်ပြန်ချက်တွေ၊ တရားဝင်သတင်းစာမျက်နှာတွေ ဖြစ်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%80%e1%80%ad%e1%80%af%e1%80%9b%e1%80%ad%e1%80%af%e1%80%94%e1%80%ac-4/
သားအိမ်ခြစ်တာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ ။ ။
သားအိမ်ခြစ်တာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ ရှိပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။သားအိမ်ခြစ်တာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ ကတော့။သားအိမ်ခြစ်တယ် ကိုယ်ဝန်ပျက်ကျတဲ့သူ အများစု ခံယူဖူးတဲ့ကုသမှုတစ်မျိုးပါ။ ဆေးပညာအရ သားအိမ်ခြစ်တာကို dilation and curettage D & C လို့ခေါ်ပါတယ်။ dilation ဆိုတာ ချဲ့ထွင်တာလို့ အဓိပ္ပာယ်ရပြီး curettage ကတော့ ဇွန်းပုံသဏ္ဍာန်ရှိတဲ့ ကိရိယာနဲ့ခြစ်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ ဒီတော့ dilation and curettage ဆိုတာသားအိမ်ခေါင်းကို ကျယ်သွားအောင် ချဲ့လိုက်တာဖြစ်ပြီး သားအိမ်ထဲမှာရှိနေတဲ့ တစ်ရှူးအသားစ တွေကို ခြစ်တာဖြစ်ပါတယ်။ သားအိမ်ခြစ်တာ ဟာ အသေးစားခွဲစိတ်မှု တစ်ခုဖြစ်ပြီး ဆေးခန်း၊ ဆေးရုံတွေမှာ သွားပြီး လုပ်မှရတာပါ။သားအိမ်ခြစ်တာကို ဆေးကုသမှုတစ်ခု အနေနဲ့ရော ၊ ရောဂါကို စစ်ဆေးအဖြေရှာဖို့အတွက်ရော အသုံးပြုကြပါတယ်။ သားအိမ်ခြစ်ဖို့ မခြစ်ဖို့ဆိုတာ ဆရာဝန်တွေကသာ ဆုံးဖြတ်ပါတယ်။ သားအိမ်ခြစ်ပြီး ရောဂါကို အဖြေရှာ၊ ရောဂါကို ကုသသင့်တဲ့ အခြေအနေတွေကတော့။သင့်ဆရာဝန်တွေကနေပြီးတော့ သားအိမ်မခြစ်ခင် လိုက်နာရမယ့် အချက်အလက်တွေကို သင့်ကိုကြိုပေးမှာဖြစ်ပြီး သင့်အနေနဲ့တိတိကျကျလိုက်နာဖို့လိုပါတယ်။ ဆေးရုံကို သားအိမ်ခြစ်ဖို့ သွားတဲ့အခါမှာလည်း အနည်းဆုံး အဖော်တစ်ယောက်လောက်ပါသင့်ပါတယ်။သားအိမ်ခြစ်ပြီး ရက်ပိုင်းလောက်မှာဗိုက်အောင့်တာ ၊ သွေးနည်းနည်းဆင်းတာတွေဖြစ်တတ်ပါတယ်။သားအိမ်ခြစ်တယ်ဆိုတာ အခြား ကြီးကြီးမားမား ဘေးထွက်ဆိုးကျိုးတွေ မရှိသလောက်ရှားတဲ့ ခွဲစိတ်မှုတစ်ခုပါ။ ဒါပေမယ့်လည်း အခန့်မသင့်ရင်တော့ ဖြစ်တတ်တဲ့ တချို့ဆိုးကျိုးလေးတွေရှိပါတယ်။ ဒါတွေကတော့။Asherman’s syndrome ကြောင့် ရာသီလာချိန် ကိုက်ခဲတာတွေ ဖြစ်နိုင်တဲ့အပြင် နောက်ပိုင်း ကိုယ်ဝန်ဆောင်တိုင်း သန္ဓေသားမခိုင်တော့ဘဲ           ကိုယ်ဝန်ပျက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဝမ်းသာစရာတစ်ခုကတော့ Asherman’s syndrome ဟာ မဖြစ်သလောက်ကိုရှားတဲ့ ဆိုးကျိုးတစ်ခုပါ။ဒါတွေကတော့ သားအိမ်ခြစ်တာနဲ့ ပက်သက်ပြီး သိထားသင့်တဲ့အကြောင်းတွေပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/d-and-c/
ဖျားနေတဲ့အချိန် စားသင့်တဲ့ အစားအစာ (၆) မျိုး
နေလို့မကောင်းဘူးဆိုတာနဲ့ မစားချင်၊မသောက်ချင်၊ တရှောင်ရှောင်နဲ့နေတတ်ကြပါတယ်။ ခန္ဓါကိုယ်ကနေလို့မကောင်းမှတော့ ခံတွင်းလည်းမကောင်းနိုင်တော့ပါဘူး။အအေးမိတာပဲဖြစ်ဖြစ်တုပ်ကွေးြဖစ်နေတာပဲဖြစ်ဖြစ်၊အပူလျှပ်တာပဲဖြစ်ဖြစ် ဖျားနေတဲ့အချိန်မှာ အာဟာရပိုနည်းသွားလို့မဖြစ်ပါဘူး။ဟိုးအရင်တည်းကအယူအဆတွေအရ နေမကောင်းရင် ဆန်ပြုတ်တစ်မျိုးတည်းစားခိုင်းပြီး လူကြီးတွေက ဘာမှမစားခိုင်းတော့ပါဘူး။ အစားစားရင် အဖျားတက်မယ်ဆိုတဲ့ အယူအဆကရှိနေပါသေးတယ်။ ဒါနဲ့ပဲ အစားနည်းလာပြီးကိုယ်ခံအားကပိုနည်း၊ ကိုယ်ခံအားမကောင်းလို့ရောဂါပိုးကို မခုခံနိုင်တော့ရောဂါပိုတာရှည်တာ အဖတ်တင်ပါတယ်။ အားမရှိတော့ ဆေးသောက်ရတဲ့ဒဏ်တွေကြောင့်လည်း လူက ပိုပြီးဝန်ပိရပါတယ်။ဒါ့ကြောင့် ကျန်းမာရေးနဲ့ညီတဲ့အစားအစာတွေကိုထိုက်သင့်သလောက်စားပါ။ကြေလွယ်တဲ့အစားအစာကိုသာရွေးပြီး အပြင်စာတွေ၊ပြုပြင်ထားတဲ့အသင့်စားတွေကိုရှောင်ပါ။နေမကောင်းချိန်မှာကိုယ်ခံအားကောင်းစေဖို့စားသင့်တဲ့အစားအစာတွေကို အခုပြောပြမယ်နော်။နေမကောင်းတဲ့အချိန်မှာ ခန္ဓါကိုယ်ကြံ့ခိုင်နေဖို့ ပရိုတင်းဓါတ်ကိုလိုအပ်ပါတယ်။ အသား၊နို့ထွက်ပစ္စည်း၊ အစေ့အဆံတွေကနေ ပရိုတင်းကောင်းကောင်းရနိုင်ပါတယ်။ ပရိုတင်းကြွယ်ဝတဲ့အစားအစာတွေက ဗီတာမင်B6 နဲ့ B12 လို ဓါတ်တွေလည်းပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းစေပါတယ်။ ဥပမာ ပဲ၊ အာလူး၊ ဟင်းနုနွယ်တို့မှာ ဗီတာမင်B6 ပါဝင်ပြီး အသား၊နို့နဲ့ ငါးတွေမှာ ဗီတာမင်B12 ပါဝင်ပါတယ်။(၁) ကြက်စွပ်ပြုတ်။ကြက်စွပ်ပြုတ်ကိုအအေးမိဝေဒနာအတွက်ဆေးတစ်လက်အဖြစ် ဟိုးအရင်တည်းကလက်ခံထားကြပါတယ်။ ကြက်သားမှာပါတဲ့amino acid cysteineကြောင့် ဒီလိုအစွမ်းသတ္တိရှိတာလည်းဖြစ်ပါတယ်။N-acetyl-cysteine ဟာချွဲသလိပ်ကိုကြေစေပြီးရောဂါပိုးတွေကိုသေစေနိုင်စွမ်း၊ရောင်ရမ်းမှုကိုလျော့ကျစေနိုင်စွမ်းနဲ့ဓါတ်တိုးဆန့်ကျင်အာနိသင်တွေရှိပါတယ်။ကြက်စွပ်ပြုတ်က အရည်ဓါတ်ရတဲ့အပြင်၊ နေမကောင်းချိန်မှာ လိုအပ်နေတဲ့ ကယ်လိုရီ၊ ဗီတာမင်နဲ့သတ္တုဓါတ်တွေ၊ အာဟာရဓါတ်တွေကို ပမာဏများများရရှိနိုင်တဲ့အရင်းအမြစ်ဖြစ်ပါတယ်။ စွပ်ပြုတ်ရည်ပူပူလေးကြောင့်ချွဲသလိပ်တွေရှင်းစေနိုင်ပြီး နှာစေးချောင်းဆိုးကိုသက်သာစေနိုင်ပါတယ်။အသားချည်းပဲမဟုတ်ဘဲ အရိုးပြုတ်ရည်ပါရင်ပိုကောင်းပါတယ်။ ပျစ်ခဲနေတဲ့စွပ်ပြုတ်ရည်က အာနိသင်ပိုနည်းသလို ချွဲသလိပ်ကြပ်တာ ပိုဆိုးနိုင်ပါတယ်။ စွပ်ပြုတ်မှာ ပါတဲ့ အသီးအရွက်တွေကနေ ရောဂါပိုးကိုခုခံနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေရရှိစေနိုင်ပါတယ်။လက်ဖက်ရည်ကြမ်းဟာ အအေးမိတုပ်ကွေးနဲ့ပတ်သက်တဲ့ လက္ခဏာတော်တော်များများကို သက်သာစေတဲ့နည်းတစ်ခုဖြစ်ပါတယ်။ ကြက်စွပ်ပြုတ်လိုပဲရေနွေးကြမ်းကနှာပိတ်ခြင်း၊နဲ့ချွဲသလိပ်ေတွကို ရှင်းလင်းစေတဲ့သဘာဝဆေးတစ်လက်ပါ။ သတိထားရမှာက ထိုက်သင့်သလောက် ပူတဲ့အနေအထားကိုပဲသောက်သင့်ပါတယ်။လည်ချောင်းကို ထိခိုက်စေနိုင်လို့ အရမ်းပူတာမသောက်ပါနဲ့။(၄)ငှက်ပျောသီး။ငှက်ပျောသီးက ပိုတက်စီယမ်ကြွယ်ဝပြီးချွေးစေးထွက်ခြင်း၊ ပျို့အန်ခြင်း၊ဝမ်းပျက်ဝမ်းလျှောခြင်းေတွကိုသက်သာစေပါတယ်။ အစာကြေလွယ်စေပြီး ကိုယ်ပူကျစေတယ်၊ ဆုံးရှုံးထားတဲ့ဓါတ်ဆားဓါတ်ကိုပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။(၅)ဗီတာမင် Cကြွယ်ဝတဲ့အစားအစာ။ဗီတာမင် C ကရောဂါပိုးတွေခုခံတိုက်ဖျက်တဲ့နေရာမှာလူသိများတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါ။ ဗီတာမင် C ကိုဆေးအဖြစ်သောက်ရင် လွန်ကဲမှုဖြစ်စေနိုင်ပြီးဘေးထွက်ဆိုးကျိုးတွေရှိနိုင်တာကြောင့် ဗီတာမင် C ကြွယ်ဝတဲ့အစားအစာတွေကိုစားတာ ပိုကောင်းပါတယ်။ ပန်းငရုတ်ပွ၊ အရည်ရွှမ်းတဲ့အချဉ်သစ်သီးတွေ၊ အချဉ်သီးဖျော်ရည်တွေ၊ ကီဝီသီး၊ဘယ်ရီသီး၊ ခရမ်းချဉ်သီး၊ပန်းဂေါ်ဖီစိမ်းတို့မှာ ဗီတာမင် C ကြွယ်ဝပါတယ်။(၆) စပ်စပ်လေးတွေ။တုပ်ကွေးဖြစ်နေရင် အပူအစပ်လေးနဲ့မှ ပွင့်သွားတယ်တို့ဘာတို့။ နှာခေါင်းပိတ်၊ခေါင်းကိုက်၊ချွေးမထွက်ဘဲကွေးနေရတယ်ဆိုရင် ပူပူစပ်စပ်လေး(အရည်သောက်ဆိုပိုကောင်းပါတယ်။ဥပမာ ရခိုင်မုန့်တီ) တစ်ခုခုစားလိုက်ရင်ချွေးထွက်လာပြီးနေရသက်သာသွားနိုင်ပါတယ်။ အစပ်မစားနိုင်ရင် ကြက်ပြုတ်ရည်ကို ငရုတ်ကောင်းလေးနည်းနည်းခတ်သောက်တာမျိုးလည်း ရပါတယ်။ အစာအိမ်ပြဿနာနဲ့ ရင်ပူခြင်း အတွက်တော့ သတိထားစားပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/%e1%80%96%e1%80%ba%e1%80%ac%e1%80%b8%e1%80%b1%e1%80%94%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81%e1%80%ba%e1%80%ad%e1%80%94%e1%80%b9-%e1%80%85%e1%80%ac%e1%80%b8%e1%80%9e%e1%80%84%e1%80%b7%e1%80%b9/
သင်ဘာလို့ Detox Water သောက်ဖို့ မလိုအပ်တာလဲ
“Detox လုပ်တယ်၊ Detox လုပ်တယ်” ဆိုတဲ့စကားကို လူတိုင်းနီးပါး ကြားဖူးကြမှာပါ။ ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေလို၊ အကျိုးမပြုတဲ့ ဓာတ်တွေလို မလိုအပ်တဲ့ အရာတွေကို ဖယ်ရှားပစ်ပေးတဲ့ နည်းလမ်းတစ်မျိုးပါ။အကြမ်းဖျဉ်းအားဖြင့်တော့Detox Waterကို ပုံမှန်မှီဝဲမယ်ဆိုရင်။ဒါကြောင့်လည်း ကိုယ်အလေးချိန် မြင့်မားသူတွေ၊ အသားအရည် ကြည်လင်လှပလိုသူတွေဟာ Detox cleanses လုပ်ကြလေ့ရှိပါတယ်။ Detox Water သောက်သုံးတာဟာ အထက်မှာဖော်ပြခဲ့သလို ကျန်းမာရေးအတွက် အကျိုးရှိစေတဲ့ နည်းလမ်းဆိုတာ မှန်ပါတယ်။ဒါပေမယ့် လူတိုင်းဟာ မဖြစ်မနေ Detox လုပ်ဖို့လိုအပ်တယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးမရှိပါဘူး။ Detox Water ၊ Lemon Detox ဒါမှမဟုတ် Master Cleanse လုပ်မှ ခန္ဓာကိုယ်သန့်စင်မယ်လို့လည်း မှတ်ယူထားလို့ မရပါဘူး။နောက်ပြီး Detox Water ဟာ ချင့်ချင့်ချိန်ချိန်ပမာဏမျိုးနဲ့ စွဲမြဲမှီဝဲရတာမျိုးပါ။ ခုပိန်ချင်လို့ ခုထသောက်ပြီး နောက်တော့ မေ့ပစ်လိုက်တာမျိုးလုပ်ရတဲ့ နည်းလမ်းမဟုတ်ပါဘူး။ လူသိနည်းတဲ့ အချက်တချို့ ရှိနေပါတယ်။ အဲ့ဒါကတော့ မလိုအပ်ပဲ Detox လုပ်တဲ့အခါမှာ ကိုယ့်ရဲ့ ကျန်းမာနေမှုကိုပါ ပျက်ယွင်းစေနိုင်တယ်ဆိုတာပါပဲ။ဆေးပညာရှင်တွေရဲ့ အဆိုအရတော့ လူတွေဟာ Detox Water ကို ဖြတ်လမ်းနည်းတစ်ခုလို အသုံးချနေကြတယ်လို့ ဆိုပါတယ်။ အမှန်တကယ် ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေ၊ Diet လုပ်ဖို့လိုအပ်ချက်တွေကို Detox လုပ်ပြီး အစားထိုးချင်ကြတာဖြစ်ပါတယ်။မှားယွင်းတဲ့ ယူဆချက်တစ်ခုလို့ ဆိုရမှာပါပဲ။ ဘာကြောင့်လဲ ဆိုတာကို ကြည့်ရအောင်။Detox လုပ်ဖို့ Detox Water အမြဲမလိုပါဘူး။ လူတွေရဲ့ ခန္ဓာကိုယ်မှာကိုက Detox လုပ်နိုင်စွမ်းပါရှိပြီးသားပါ။ လူအမြောက်အများဟာ ဒီအချက်ကို မသိပဲ Detox Water အလွန်အကျွံသောက်တာမျိုး၊ Detox အလွန်အကျွံလုပ်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ ဒီလိုပြုလုပ်တာဟာ ခန္ဓာကိုယ်ကို ဘေးထွက်ဆိုးကျိုးတွေသာ ပေးမှာဖြစ်ပါတယ်။ Detox လွန်သွားခဲ့ရင် အိပ်မပျော်တာနဲ့ ပူပင်သောကများတဲ့ စိတ်ဝေဒနာ (Anxiety) ဖြစ်နိုင်ခြေတွေ ပိုတိုးမြင့်လာတတ်ပါတယ်။အာဟာရပြည့်ဝစွာ စားသောက်ပြီး တစ်နေ့ကို နာရီဝက်လောက် လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် Detox Water မသောက်လည်း ခန္ဓာကိုယ်ကို အထောက်အကူဖြစ်စေပါလိမ့်မယ်။တစ်နေ့တစ်နေ့ Detox Water တွေချည်း အလွန်အကျွံသောက်သုံးတာဟာ ခန္ဓာကိုယ်မှာ ရေဓာတ် အလွန်အကျွံဖြည့်ဆည်းမိစေနိုင်ပါတယ်။ လူ့ခန္ဓာကိုယ်ဟာ ရေဓာတ်ကို မြင့်မားစွာ လိုအပ်တာမှန်ပေမယ့် လိုတာထက်ပိုလာမယ်ဆိုရင်လည်း သွေးထဲမှာ ဆိုဒီယမ်ဓာတ် အလွန်နည်းသွားတတ်ပြီးHyponatremiaလိုဝေဒနာမျိုး ခံစားရစေနိုင်တာကို သတိထားရပါမယ်။အော့အန်တာ၊ ဗိုက်အောင့်တာ၊ ခေါင်းကိုက်တာ၊ စိတ်ရှုပ်ထွေးတာ၊ ပင်ပန်းတာ၊ ကြွက်တက်တာ၊ လေသင်တုန်းဖြတ်တာနဲ့ ကိုမာဝင်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သတ်မှတ်ပမာဏမျိုးနဲ့ ပုံမှန်သာ သောက်သုံးသင့်ပါတယ်။Detox လုပ်ရာမှာ တစ်ချို့က Water Detoxing ဆိုတဲ့ နည်းလမ်းကို သုံးပါတယ်။ တစ်နေကုန်အစာမစားပဲ ရေချည်းသောက်တာပါ။ ယုံကြည်သူတွေကတော့ ဒီနည်းလမ်းဟာ အလွန်ထိရောက်ပြီး အစာအိမ်အတွင်းမှာ နှစ်ပေါင်းများစွာ ခိုအောင်းနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်လို့ ဆိုပါတယ်။တကယ်တမ်းမှာတော့ ဒီလိုနည်းလမ်းတွေဟာ မှန်ကန်တဲ့ အကျိုးကျေးဇူးတွေကို မဖြစ်စေနိုင်ဘူးလို့ အာဟာရဗေဒပညာရှင်တွေကဆိုပါတယ်။ Detox လုပ်မယ်ဆိုရင်တောင် Detox Water ထဲမှာ အရသာတစ်စုံတစ်ရာ ပါဝင်နေဖို့ လိုအပ်သလို အစားအစာကိုလည်း မျှတစွာ မှီဝဲဖို့ လိုအပ်ပါတယ်တဲ့။“Food and Mood,” စာအုပ်ကိုရေးသားတဲ့ ဒေါက်တာ အီရင် စတဲယားက ပြောဖူးတယ်။ လူအများအပြားဟာ Toxin ဆိုတာ ဘာမှန်းမသိပဲ Detox လုပ်နေကြ၊ ခန္ဓာကိုယ်ကနေဖယ်ရှားဖို့ ကြိုးပမ်းနေကြပါတယ်တဲ့။Detox လုပ်ပြီး အဆိပ်အတောက်တွေကို ဖယ်ရှားတာထက်ပိုကောင်းတဲ့နည်းလမ်းက ကိုယ်လက်ရှိသောက်သုံးနေတဲ့ ဆေးလိပ်တွေ၊ အရက်တွေကို ဖြတ်၊အဆီအဆိမ့်တွေစားတာကို ရပ်လိုက်ရုံပါပဲတဲ့။ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ၃၆၅ ရက်လုံး Detox လုပ်နေလည်း အဆိပ်အတောက်က ကိုယ်တွင်းမှာရှိနေမှာပါလို့ ဒေါက်တာ စတဲယားကဆိုပါတယ်။အစားကို အာဟာရပြည့်အောင်စား၊ လေ့ကျင့်ခန်း မှန်မှန်လုပ်၊ အိပ်ရေးဝဝအိပ်၊ ရိုးရိုးရေကိုပဲ လုံလောက်မျှတစွာသောက်သုံးမယ်ဆိုရင် Detox လုပ်ပေးနေမှာဖြစ်တာမို့ ပြင်ပက ဘာမှမလိုအပ်တော့ပါဘူးတဲ့။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/better-off-not-doing-a-detox/
စိတ်ဓါတ်ကျခြင်း၏အတွေ့ရများသောလက္ခဏာများ
စိတ်ဓါတ်ကျခြင်း(သို့မဟုတ်) စိတ်ကျရောဂါဆိုသည်မှာ အတွေ့ရများသော စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်ခုဖြစ်သည်။ သင်၏အတွေးအခေါ် ၊ ခံစားချက်နှင့် နေ့စဉ်ဘဝကိုပါ ထိုအခြေအနေကထိခိုက်မှုရှိနိုင်ပါသည်။ သို့သော် သင့်အနေဖြင့်စိတ်ဓါတ်ကျခြင်း၏လက္ခဏာများကို သိရှိပြီးပါပြီလား။ ဤဆောင်းပါးတွင်စိတ်ဓါတ်ကျခြင်း၏အတွေ့ရအများဆုံးလက္ခဏာများကို ဖော်ပြထားသည်။လူငယ်များတွင်တွေ့ရတတ်သောလက္ခဏာများ။• ဝမ်းနည်းခြင်း၊ဘာမှမရှိတော့ဟုခံစားရခြင်း ၊ စိတ်လှုပ်ရှားခြင်း။• မျှောင်လင့်ချက်မဲ့သည်ဟုခံစားရခြင်း။• အသေးအဖွဲကိစ္စများ၌ပင်စိတ်ဆိုးလွယ်ခြင်း။• အားအင်ကုန်ခမ်း၍မောပန်းနေခြင်း။• သင်စိတ်ဝင်စားသောပြုလုပ်နေကျအရာများကို စိတ်မပါတော့ခြင်း။• အိပ်မပျော်ခြင်း(သို့မဟုတ်) အလွန်အမင်းအိပ်စက်ခြင်း။• တွေးခေါ်စွမ်းရည်နှင့် လှုပ်ရှားမှုများနှေးကွေးလာခြင်း။• စိတ်အာရုံစူးစိုက်ရန်ခက်ခဲခြင်း။• အကြောင်းပြချက်မရှိဘဲခါးနာခြင်း ၊ ခေါင်းကိုက်ခြင်း။• မိမိကိုယ်ကိုတန်ဖိုးမဲ့ ၊ အပြစ်ရှိသည်ဟုခံစားရခြင်း။ အခြားသူများ၏အမှားများအတွက် မိမိကိုယ်ကိုအပြစ်တင်ခြင်း။• မိမိကိုယ်ကိုသေကြောင်းကြံစည်ခြင်းနှင့် အားထုတ်ခြင်း။အထက်ပါလက္ခဏာများကိုအချိန်တော်တော်များများခံစား။နေရပြီး၂ပတ်နှင့်အထက် ကြာမြင့်ပါကသင့်တွင်စိတ်ကျရောဂါရှိနေပြီဖြစ်သည်။ ဆရာဝန်နှင့်တိုင်ပင်ကုသသင့်ပါသည်။ကလေးများနှင့် ဆယ်ကျော်သက်များတွင် တွေ့ရတတ်သောလက္ခဏာများ။ကလေးများနှင့်ဆယ်ကျော်သက်များတွင်တွေ့ရသောလက္ခဏာများမှာအရွယ်ရောက်ပြီးလူငယ်များနှင့် ကွာခြားမှုရှိသည်။• ကလေးများသည်ဝမ်းနည်းစိတ်ဆတ်လွယ်လာသည်။ စိုးရိမ်မှုများခြင်း၊ ခေါင်းကိုက်ခြင်း၊ ခါးနာခြင်း၊ ကျောင်းမသွားလိုခြင်း ၊ အစားပုံမှန်မစားတော့ခြင်းတို့ဖြစ်ပွားတတ်သည်။• ဆယ်ကျော်သက်များတွင်ဝမ်းနည်းလွယ်ခြင်း၊ဒေါသဖြစ်ခြင်း ၊ အဆိုးမြင်ခြင်း ၊ မိမိကိုယ်ကိုတန်ဖိုးမဲ့သည်ဟုခံစားရခြင်း၊ လုပ်ကိုင်ဆောင်ရွက်သည့်အမူအရာများဆိုးရွားလာခြင်း ၊ ဆရာမကရှင်းပြသည်များကိုနားမလည်ခြင်း ၊ ထိုအရာတို့ကိုထိန်းချုပ်ရန် အရက်နှင့်ဆေးလိပ်တို့ကို သောက်သုံးတတ်လာခြင်းတို့ ဖြစ်ပွားတတ်သည်။အချို့လက္ခဏာများသည် သက်ကြီးရွယ်အိုများတွင် ပုံမှန်လည်းရှိတတ်သည့်အတွက် တစ်ခါတစ်ရံသတိမပြုမိခြင်းမျိုးရှိတတ်သည်။ သို့သော်လည်းသက်ကြီးရွယ်အိုများတွင် စိတ်ကျရောဂါခံစားရပါကဆေးကုသမှုခံယူရန်လိုအပ်ပါသည်။ ရောဂါလက္ခဏာများမှာ-။• အကြောင်းအရာတို့ကိုသတိရရန်ခက်ခဲလာခြင်း။• ခေါင်းကိုက်ခြင်း ၊ အသားနာခြင်း။• မောပန်းလွယ်ခြင်း။• အိပ်မပျော်ခြင်း (သို့မဟုတ်) လွန်ကဲစွာအိပ်ခြင်း။• တန်ဖိုးမဲ့၍အကူအညီမဲ့နေသည်ဟုခံစားရခြင်း။• အပြင်မထွက်လိုတော့ဘဲအိမ်တွင်သာအနေများတော့ခြင်း။• မိမိကိုယ်ကို သေကြောင်းကြံစည်သောအတွေးများဝင်လာခြင်း။အထက်ပါတို့မှာစိတ်ဓါတ်ကျခြင်း၏ဖြစ်နိုင်ခြေရှိသော။လက္ခဏာများဖြစ်ပြီးအချို့သူများတွင် လက္ခဏာအားလုံးနီးပါးတွေ့ရတတ်ပြီးအချို့တွင်လက္ခဏာအချို့ကိုသာတွေ့ရတတ်သည်။ သင့်အနေဖြင့် သင့်တွင်စိတ်ဓါတ်ကျခြင်းရှိ/ မရှိထိုလက္ခဏာများကိုအခြေပြု၍စဉ်းစားနိုင်ပါသည်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%80%e1%80%bb%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%81%8f%e1%80%a1%e1%80%90%e1%80%bd%e1%80%b1%e1%80%b7%e1%80%9b/
နည်းစနစ်မှန်မှန် ရေသောက် ကြမယ်
နည်းစနစ်မှန်မှန် ရေသောက် ကြမယ် …….ရေသောက်တာများ ငယ်ငယ်ကတည်းက သောက်တတ်သားပဲလို့များ တွေးနေလား။ လူတိုင်းက ရေသောက် တတ်တာ သိပေမယ့် နည်းစနစ်မှန်မှန် ရေသောက်တတ်ရဲ့လားဆိုတာကတော့ မသေချာဘူးလေနော်။ရေကို နည်းစနစ်မှန်မှန်သောက်တတ်မှလည်း ကျန်းမာမှာပါ။ ဒီတော့ရေကိုနည်းစနစ်မှန်မှန်သောက်တတ်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။ရေသောက်ရတဲ့ပမာဏက အသက်အရွယ်၊ရာသီဥတုအခြေအနေ၊ကိုယ်အလေးချိန်နဲ့ ဘယ်လိုလှုပ်ရှားမှုတွေလုပ်နေလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ကွဲပြားမှုတွေရှိနိုင်ပါတယ်နော်။ ပုံမှန်အားဖြင့်တော့ လူတစ်ယောက်ဟာ တစ်နေ့ကိုရေ ၈ ခွက်သောက်ရပါမယ်။ အနည်းဆုံးတော့ ၆ ခွက်ပေါ့။ ဒီသောက်လိုက်တဲ့ရေတွေက အချိန်မှန်ဖို့လည်းလိုပါမယ်နော်။နည်းစနစ်မှန်မှန် ရေသောက်ကြမယ် ဆိုရင်။မနက်နိုးနိုးချင်းမှာရေတစ်ခွက်သောက်ပါ။ကိုယ်တွင်းအင်္ဂါတွေကို အကောင်းဆုံးလည်ပတ်စေဖို့ပါ။မနက်စာမစားခင် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားရာလည်းရောက်ပါတယ်။အစားမစားခင် နာရီဝက် အလိုလောက်မှာ ရေတစ်ခွက် သောက်ပါ။ ဒါမှ အစာခြေစနစ် ကျန်းမာမှာပါ။ တစ်ခွက် ထက်တော့ ပို မသောက်မိဖို့ သတိထားပါ။ အစားမစား နိုင်တာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။ အစားစားပြီးချိန်မှာလည်း ရေ တစ်ခွက်ထက် ပိုမသောက်ပါနဲ့။အစာခြေအက်ဆစ်အားပျော့သွားပြီး အစာမကြေတာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။ အကောင်းဆုံး ကတော့အူနံရံတွေက အာဟာရတွေကို အပြည့်အဝ စုပ်ယူနိုင်စေဖို့ အတွက် ထမင်း စားပြီး တစ်နာရီကြာမှ ရေသောက်တာ အကောင်းဆုံးပါ။ရေမချိုးခင် ရေ တစ်ခွက် သောက်ပေးရ ပါမယ်။ ဒါကတော့ သွေးပေါင်ချိန်ကို ထိန်းညှိဖို့ အတွက်ပါ။ ရေ မချိုးခင် ရေ တစ်ခွက် သောက်ပေးတာက သွေးတိုး ကျစေနိုင်ပါတယ်နော်။ညအိပ်ရာ မဝင်ခင်မှာ ရေ တစ်ခွက် သောက်ပေးပါ။ ညအိပ်နေစဉ် ရေဓါတ် ဆုံရှုံးမှုကို ကာကွယ်ဖို့ အတွက်ပါ။ ည မအိပ်ခင် ရေ တစ်ခွက်သောက်တာကလေဖြတ်တာကို ကာကွယ်ပေးနိုင်သလိုရုတ်တရက် နှလုံးရပ်တာ ဖြစ်နိုင်ခြေကိုလည်း ကျဆင်းစေ နိုင်ပါတယ်နော်။ကိုယ်ဝန်ဆောင် မိခင်တွေ၊ အားကစားသမားတွေ၊ ကာယအား သုံးပြီး အလုပ်လုပ် နေရသူတွေ၊ ချွေးထွက် များနေသူတွေ၊နို့တိုက် မိခင်တွေကတော့ ရေကို အခြားသူတွေထက် ပိုသောက်ဖို့ လိုအပ်ပါမယ်။ ဒါမှ ခန္ဓါကိုယ်မှာ ရေဓါတ် မျှတပြီး ကျန်းမာ လန်းဆန်း နေမှာပါ။ နည်းစနစ်မှန်မှန်လေး ရေသောက်လို့ ခန္ဓာကိုယ် ကျန်းမာရေးကို စောင့်ရှောက် ရအောင်လား Hello ဆရာဝန် ပရိသတ်ကြီးရေ……………။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/how-to-drink-for-your-health/
တီဘီဆေးသောက်ရတော့မည်ဆိုလျှင်
“သူက အားနည်းနေတာ ဆရာ၊ တီဘီဆေး သောက်လို့ ဖြစ်ပါ့မလား” တီဘီရောဂါသည်၏အမျိုးသားမှဆရာဝန်ကိုလာမေးလိုက်သော စကားဖြစ်သည်။ “သူဆေးဒဏ်ခံနိုင်ပါ့မလား” “အားမွေးပြီးမှသောက်ရင်ရမလား” “သလိပ်မှာတော့ပိုးမတွေ့ဘူးပြောတယ်၊ တီဘီဟုတ်ပါ့မလား” စသဖြင့်မေးခွန်းများသည်တီဘီရောဂါကုနေသော ဆရာဝန်များ ကြားဖူးနေကျ မေးခွန်းများဖြစ်သည်။ တီဘီရောဂါ သည်အသက်ရှူလမ်းကြောင်းမှတဆင့်ကူးစက်နိုင်သော ရောဂါဖြစ်သည်။ တခြားကူးစက်နိုင်သော နည်းလမ်းများလည်း ရှိသေးသည်။ အသက်ရှူလမ်းကြောင်းမှတဆင့်ကူးစက်သောရောဂါဖြစ်သဖြင့်တစ်ယောက်နှင့်တစ်ယောက်ကူးစက်နိုင်မှုမြင့်မားသည်။ မျိုးရိုးလိုက်သောရောဂါမျိုးမဟုတ်ပါ။ သို့သော်တီဘီပိုးရှိသူနေ အတူနေ မိသားစုများတွင်တော့ရောဂါကူးနိုင်ချေ မြင့်မားသည်။တီဘီလက္ခဏာများတွင်နာတာရှည်ဖျားခြင်း (အဖျားငွေ့ငွေ့သာ ဖျားနိုင်သည်)၊ ချောင်း ၂ပတ်၃ပတ်ကျော်ဆိုးခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်းစသည်တို့ပါဝင်သည်။ တစ်ခါတစ်ရံအဖျားကြာရှည်ခြင်း တစ်ခုသာ ဖြစ်သည်မျိုးလည်း ရှိတတ်သည်။ တီဘီရောဂါသည်အဆုတ်သာမက။တခြားခန္ဓါကိုယ်အစိတ်အပိုင်းများတွင်ပါ ဖြစ်တတ်ရာ နာတာရှည်ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ပြီးသတိမေ့မျောခြင်း၊ အကျိတ်များထွက်ခြင်း စသဖြင့်ရောဂါလက္ခဏာမျိုးစုံလည်းဖြစ်နိုင်သေးသည်။ တီဘီရောဂါပိုးသည်ရှာရခက်သော ရောဂါပိုးတစ်မျိုးလည်းဖြစ်သည်။ သလိပ်စစ်၍ ရသော်လည်းသလိပ်ထဲတွင်တီဘီပိုးပမာဏ တော်တော်များမှသာ တွေ့နိုင်သည်။ ထို့ကြောင့်လည်း တစ်ခါတစ်ရံတွင်သလိပ်ထဲပိုးမတွေ့သော်လည်း ရောဂါလက္ခဏာနှင့်ဓါတ်မှန်စသည်တွင်တီဘီနှင့်တူလျှင်ဆေးပေးရသည်များလည်းရှိသည်။ ထိုအခါ လူနာနှင့်လူနာရှင်မှတီဘီမဟုတ်ဆေးသောက်စရာမလိုဟုသံသယရှိသည်မျိုးလည်းကြုံတွေ့ရပါသည်။သလိပ်တွင်တီဘီပိုးကိုပုံမှန်သလိပ်စစ်ရုံ(Sputum for AFB) နှင့်မပေါ်လျှင် သလိပ်ကိုတီဘီပိုးမွေးခြင်းတွင်တော့တွေ့နိုင်သည်။ သို့သော် တီဘီပိုးမွေးခြင်းသည်ခက်ခဲတတ်ပြီးသုံးလခန့်ကြာတတ်သည်။ ရောဂါသည်တိုင်းတွင်လုပ်ရန်လည်းမလွယ်ကူသလို တီဘီဆေးကိုပိုးအဖြေရသည်အထိစောင့်ပြီးမှပေးလျှင်လည်း ရောဂါအခြေအနေပိုးဆိုးသွားပြီးကုသရခက်ခဲသွားတတ်သဖြင့်အဖြေကို စောင့်ပြီးမှပေးရန်လည်း မလွယ်ကူပေ။ သလိပ်တွင်တီဘီပိုးတွေ့ခြင်းသည်ရောဂါကူးစက်နိုင်မှုမြင့်မားခြင်းကို ပြသည်။ ထို့ကြောင့်သလိပ်တွင်တီဘီပိုးတွေ့သော လူနာများအနေဖြင့်ချောင်းဆိုးသည့်အခါ လက်ကိုင်ပုဝါသုံးခြင်း၊ နှာခေါင်းနှင့်။ပါးစပ်စည်းသုံးခြင်းများလုပ်ဆောင်ခြင်းများ စနစ်တကျ လုပ်ဆောင်သင့်သည်။တီဘီလူနာများတွင်ရောဂါကြောင့်အားနည်းခြင်းများရှိတတ်ရာ တီဘီရောဂါကိုကုသမှသာထိုအားနည်းခြင်းများ သက်သာနိုင်မည်ဖြစ်သည်။ တီဘီဆေးမပေးသေးဘဲတခြားအားဆေးသွင်းကုသခြင်းစသည်များ လုပ်ဆောင်နေလျှင်လည်း အားပြန်ရှိလာမည်မဟုတ်ပေ။ တီဘီဆေးပေးခြင်းသည်သာ အဓိကကျသော ကုသမှုဖြစ်သဖြင့်မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်သည်။ တီဘီဆေးသောက်လျှင်လည်း လုံးဝ အန္တရာယ်မရှိသည်တော့မဟုတ်ပါ။ ဆေးတိုင်းတွင်။ဘေးထွက်ဆိုးကျိုးရှိနိုင်သလိုတီဘီဆေးတွင်လည်း ဘေးထွက်ဆိုးကျိုးရှိပါသည်။ သို့သော်အဆိုပါဘေးထွက်ဆိုးကျိုးဖြစ်နိုင်ခြေထက်တီဘီဆေးမပေးဘဲ ရောဂါမကုသခြင်း၏ နောက်ဆက်တွဲဆိုးကျိုးကပိုများပါသည်။ အလွယ်ဆုံးဥပမာပေးရလျှင်လမ်းထွက်လျှင်ယာဉ်အန္တရာယ်ရှိတတ်သည်မှာ မှန်သော်လည်း။လမ်းမထွက်လျှင်ကိုယ်သွားချင်သောနေရာမရောက်နိုင်သလို လမ်းထွက်တိုင်းယာဉ်အန္တရာယ်ဖြစ်သည်မဟုတ်ပေ။ ထို့အတူပဲ တီဘီဆေးသောက်တိုင်းဘေးထွက်ဆိုးကျိုးရမည်မဟုတ်ဘဲကြောက်ပြီး ဆေးမသောက်မှသာ တီဘီရောဂါပိုဆိုးနိုင်ပြီး အသက်အန္တရာယ်ပင်ရှိနိုင်ပါသည်။လမ်းထွက်တိုင်းသေချာဂရုစိုက်လျှင်ယာဉ်အန္တရာယ်မှကင်းဝေးနိုင်သလို တီဘီဆေးသောက်လျှင်ဖြစ်နိုင်သောဘေးထွက်ဆိုးကျိုးများကို သေချာ စောင့်ကြည့်လျှင်အန္တရာယ်နည်းနိုင်မည်ဖြစ်သည်။ ထို့ကြောင့်တီဘီဆေးသောက်ရတော့မည်ဆိုလျှင်တီဘီဆေး၏ ဘေးထွက်ဆိုးကျိုးများကို လူနာနှင့်လူနာရှင်များကပါနားလည်ထားရန်တော့လိုအပ်ပါသည်။ တီဘီဆေးသောက်ရင်း အသည်းထိခိုက်နိုင်ရာအသားဝါခြင်း ပျို့အန်အစားအသောက်ပျက်ခြင်းများဖြစ်လာခဲ့လျှင်ချက်ချင်းဆရာဝန်နှင့်ပြရန်လိုပါသည်။တီဘီဆေးသောက်နေသောသူအနေဖြင့်တခြားအသည်းထိခိုက်နိုင်သော အကြောင်းရင်းများဖြစ်သည့်အရက်သောက်ခြင်း၊ အကိုက်အခဲပျောက်ဆေးများ ကိုယ့်သဘောနှင့်ကိုယ်သောက်ခြင်းများကိုရှောင်ကြဉ်ရန်လိုအပ်ပါသည်။ တစ်ခါတစ်ရံအသည်းထိနေခြင်းများသည်လူနာကိုယ်တိုင်မှသတိမထားမိဘဲဖြစ်နိုင်ရာ ကျန်းမာရေးဝန်ထမ်းမှပုံမှန်စောင့်ကြည့်ပေးသွားရန်လည်း လိုပါသည်။နဂိုအသည်းရောဂါရှိနေသူများတွင်တီဘီဆေးသောက်ရန်လိုပြီဆိုလျှင်တော့ပုံမှန်ပေးနေကျဆေးများမပေးတော့ဘဲ လိုအပ်သလို ဆေးပြောင်းရတတ်ပြီး ပိုမိုစောင့်ကြည့်ကုသကြရပါသည်။ တီဘီဆေးသေသာက်နေရင်းနှင့်အသည်းထိလာပါက ဆေးကို ခေတ္တရပ်ရခြင်းများရှိတတ်ပြီးဆေးပြန်ပေးချိန်တွင်လည်း ဆေးပြောင်းပေးရသည်။ တီဘီဆေးတစ်မျိုးကြောင့်ဆီးအရောင်နီခြင်းတော့ဖြစ်နိုင်ရာ တခြားအသည်းလက္ခဏာများမရှိလျှင်တော့သိပ်စိုးရိမ်ရသော။အချက်မဟုတ်ပါ။ ထို့အပြင်တီဘီဆေးအချို့ကြောင့်အာရုံကြောထိကာထုံကျဉ်ခြင်း၊ ကျောက်ကပ်ထိခြင်း၊ အရေပြားတွင်အနီကွက်များထခြင်း၊ မျက်စိအာရုံကြောထိခြင်း၊ နားထိခိုက်ခြင်း စသည့်ဘေးထွက်ဆိုးကျိုးများလည်းဖြစ်တတ်ပါသည်။ ထို့ကြောင့်လည်း တီဘီဆေးသောက်နေချိန်တွင်တစ်ခုခုထူးထူခြားခြားဖြစ်လာတိုင်း ဆရာဝန်ကို ပြန်လည်ပြသတိုင်ပင်ရန်တော့လိုအပ်ပါသည်။သို့သော်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများသည်တီဘီဆေးသောက်တိုင်းဖြစ်သည်တော့မဟုတ်ပါချေ။ တီဘီဆေးလိုနေသော အနေအထားဖြစ်နေပါလျက်နှင့်တီဘီဆေး၏ ဘေးထွက်အာနိသင်ကို ကြောက်ပြီးဆေးမသောက်ဘဲနေပါက တီဘီပိုး ဦးနှောက်ထဲဝင်ခြင်း၊ တီဘီပိုး တစ်ကိုယ်လုံးပျံ့သွားခြင်း စသည်များ။ဆက်လက်ဖြစ်ပေါ်လာပြီး အသက်အန္တရာယ်စိုးရိမ်ရသည့်အနေအထားထိရောက်သွားနိုင်ပါသည်။ ထို့အပြင်တီဘီပိုးသည်လေမှကူးစက်နိုင်သော ရောဂါဖြစ်သည်နှင့်အညီမိသားစုဝင်များ တခြားသူများဆီသို့လည်းအလွယ်တကူကူးစက်နိုင်ပါသည်။ဆရာဝန်များဘက်မှလည်း တီဘီဆေးကို မလိုဘဲနှင့်တော့ပေးမည်မဟုတ်ပါ။ ထို့အပြင်တီဘီဆေးသည်တီဘီစီမံချက်မှအခမဲ့ပေးနိုင်သောဆေးဖြစ်ပါသည်။ ဆေးကို ပုံမှန်ထုတ်ဆရာဝန်ညွှန်ကြားသည့်အတိုင်း သတ်မှတ်ကာလပြည့်အောင်သောက်ရုံနှင့်ပျောက်ကင်းအောင်ကုသနိုင်သောရောဂါဖြစ်ပါသည်။ သတ်မှတ်သည့်အတိုင်း ပုံမှန်မသောက်ခြင်း၊ မိမိဘာသာ ဆေးရပ်ခြင်းများ လုပ်ဆောင်ပါကဆေးယဉ်ပါး တီဘီဖြစ်သွားလျှင်ကုသရ ပိုမို ခက်ခဲသွားတတ်ပါသည်။အချုပ်အားဖြင့်ပြောရလျှင်တီဘီဆေး လိုအပ်လာသောအချိန်တွင်မြန်မြန်စသောက်၍ကုသမှုခံယူရန်လိုအပ်သည်။ ဆေးတွင်ဘေးထွက်ဆိုးကျိုးရှိနိုင်သော်လည်း အဆိုပါ ဘေးထွက်ဆိုးကျိုးများကိုစောင့်ကြည့်၍ စနစ်တကျ ကုသမှုခံယူကြရပါမည်။ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ချေသည်လည်းတီဘီဆေးသေချာမသောက်လျှင်နောက်ဆက်တွဲ ဆိုးကျိုးဖြစ်နိုင်ချေထက်ပိုနည်းပါသည်။ တီဘီဖြစ်ချိန်တွင်တီဘီဆေးသောက်ရုံမှလွဲ၍ တခြားကုထုံးမရှိပါ။ တီဘီသည်ကုသလျှင်ပျောက်ကင်းနိုင်သော ရောဂါဖြစ်ပါသည်။ ထို့ကြောင့်လည်း ဆရာဝန်ညွှန်ကြားချက်အတိုင်း တီဘီဆေးကို စနစ်တကျ သောက်သုံးပြီးကုသမှုခံယူကြရန်တိုက်တွန်းလိုက်ရပါသည်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်၊ ရောဂါစစ်ဆေးစမ်းသပ်ချက် (သို့) ကုသမှုများကို မလုပ်ဆောင်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/tuberculosis/tb-medicines/
ရာသီစက်ဝန်းအလိုက် လေ့ကျင့်ခန်း ဘယ်လိုလုပ်မလဲ
‌လေ့ကျင့်ခန်း လုပ်တာက ကျန်းမာရေးအတွက် ကောင်းတဲ့အကျင့်ပါ။ အမျိုးသမီးတွေအတွက်ဆိုရင် လေ့ကျင့်ခန်း လုပ်တာက ရာသီစက်ဝန်းနဲ့ ရာသီလာချိန်မှာ ခံစားရတတ်တဲ့ ဝေဒနာတွေအပေါ်မှာပါ သက်ရောက်မှု ရှိပါတယ်။ အမျိုးသမီးတွေက တစ်လလုံးလုံး ဟော်မုန်းအတက်အကျတွေ ဖြစ်နေတာကြောင့် ဒီတိုင်းလေ့ကျင့်ခန်း လုပ်တာထက်စာရင် ရာသီစက်ဝန်းအလိုက် လေ့ကျင့်ခန်း လုပ်တာက ခန္ဓာကိုယ်နဲ့ ပိုပြီး လိုက်လျောညီထွေ ရှိစေပါတယ်။အမျိုးသမီးတိုင်းက လုပ်သင့်ပါတယ်။ လက်ရှိမှာလေ့ကျင့်ခန်း လုပ်လက်စသူတွေရော၊ ခုမှလေ့ကျင့်ခန်း စလုပ်မဲ့သူတွေရော လုပ်နိုင်ပါတယ်။ ပိုပြီး လုပ်သင့်တဲ့သူတွေကတော့။ရာသီစက်ဝန်းနဲ့ ညှိပြီး လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်။ရာသီစက်ဝန်းနဲ့ ညှိပြီး လေ့ကျင့်ခန်း မလုပ်ခင် ရာသီစက်ဝန်းဘယ်လိုလည်သလဲဆိုတာကို အရင်သိထားဖို့ လိုပါတယ်။ အမျိုးသမီးအများစုက ၂၈ရက်တစ်ခါ ရာသီလာပါတယ်။ တချို့ကလည်း ဒီထက်စော ဒါမှမဟုတ် ဒီထက် နောက်ကျတာတွေ ရှိပါတယ်။၂၈ရက်ကြာတဲ့ ရာသီစက်ဝန်းကို ရက်တွေ ခွဲကြည့်မယ်ဆိုရင်။(၁) Menstrual phase (ရာသီသွေးဆင်းနေတဲ့ရက်)။စလာတဲ့ရက်ကို Day 1လို့ မှတ်လိုက်ပါ။ အများစုက ၅ရက်လောက် လာတတ်တော့ Day 1- Day 5ဖြစ်ပါတယ်။ ရာသီလာနေတဲ့အချိန်မှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းတွေက နည်းနေပါတယ်။ သားအိမ်ကနေ အလွှာလေးတွေ ကွာကျပြီး ရာသီသွေးအနေနဲ့ ဆင်းနေပါတယ်။(၂) Follicular phase။ရာသီပြီးလို့ Day 6-Day 14အထိပါ။ အလွယ်ပြောရရင် ရာသီသွေးဆင်းပြီးကနေ သားဥကြွေတဲ့ရက်ကြား ဖြစ်ပါတယ်။ အဲ့အချိန်မှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းက တက်လာပါပြီ။(၃) Ovulation phase။သားဥကြွေတဲ့ ရက်တွေပါ။ Day 15-Day 17 တစ်ရက်ရက်မှာ သားဥကြွေပါလိမ့်မယ်။ ကြွေတဲ့သားဥကလည်း ၂၄နာရီပဲ ခံပါတယ်။ ဒီအချိန်မှာ အီစထရိုဂျင်ကတော့ အမြင့်ဆုံးပါ။ ပရိုဂျက်စတုန်းနဲ့ တက်စတိုစတီရုန်းကလည်း မြင့်နေပါသေးတယ်။(၄) Luteal phase။သားဥကြွေတဲ့ရက်ကနေ နောက်တစ်ခေါက် ရာသီမလာခင်စပ်ကြား ရက်တွေပါ။ Day 18-Day 28ထိဖြစ်ပါတယ်။ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းက စစချင်းမှာတော့ တက်နေပေမဲ့ သားဥလေးက မျိုးမအောင်ဘူးဆိုရင် တဖြည်းဖြည်း ပြန်ကျလာပြီး ရာသီလာပါလိမ့်မယ်။ရာသီစက်ဝန်းအလိုက် လေ့ကျင့်ခန်း လုပ်တာကိုCycle syncingလို့ ခေါ်ပါတယ်။ ရာသီစက်ဝန်းနဲ့ ဟော်မုန်းအပြောင်းအလဲအလိုက် လုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေကတော့။(၁) Menstrual phase (ရာသီသွေးဆင်းနေတဲ့ရက်)။ရာသီလာနေတဲ့အချိန်မှာလည်း လေ့ကျင့်ခန်းလုပ်လို့ ရပါတယ်။ ဒီရက်တွေမှာ အားနည်းပြီး သက်သောင့်သက်သာ မဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေကိုပဲ လုပ်သင့်ပါတယ်။ဥပမာ လမ်းလျှောက်တာ၊ အကြောလျှော့တာ၊ ယောဂ၊ pilates စသဖြင့်။ ဒီလိုလုပ်ပေးတာတာက ကိုက်ခဲနာကျင်မှုတွေကို သက်သာစေပါတယ်။ တကယ်လို့ ပင်ပန်းလွန်းလို့ မလုပ်နိုင်ရင်လည်း ပြဿနာမရှိပါဘူး။ ဒီရက်တွေမှာ နားနားနေနေ နေလို့ ရပါတယ်။(၂) Follicular phase (Day 6-Day 14)။ရှေ့ရက်တွေကထက်စာရင် အားလည်းပြည့်လာသလို ဟော်မုန်းတွေလည်း ပြန်တက်လာပါပြီ။ ဒါကြောင့် အားသုံးရတဲ့ လေ့ကျင့်ခန်းတွေကို စပြီး လုပ်လို့ ရပါပြီ။ဥပမာ Cardio အပေါ့စား၊ အေရိုးဗစ်၊ ပြေးတာ၊ ရေကူးတာ၊ အပေါ့စား အလေးတွေမတာတွေ လုပ်လို့ ရပါပြီ။(၃) Ovulation phase (Day 15-Day 17)။ဟော်မုန်းတွေ အတက်ဆုံးအချိန်ဖြစ်တာကြောင့် အားလည်း အရှိဆုံးပါ။ ပြင်းထန်ပြီး အားသုံးရတဲ့ လေ့ကျင့်ခန်းတွေ လုပ်နိုင်ပါတယ်။ဥပမာ HIIT၊ လက်ဝှေ့ထိုးတာ၊ အလေးမတာ စတာတွေ လုပ်လို့ ရပါတယ်။(၄) Luteal phase (Day 18-Day 28)။ဟော်မုန်းတွေက အကျဘက်ကို ပြန်ရောက်လာတာကြောင့် အားသိပ်မသုံးရတဲ့ လေ့ကျင့်ခန်းတွေလောက်ပဲ လုပ်ပါ။ မကြာခင်မှာလည်း ရာသီပြန်လာ‌တော့မှာဆိုတော့ အားမွေးထားဖို့ လိုပါတယ်။Cardio အလယ်အလတ်စား၊ သိပ်မလေးတဲ့ အလေးတွေမတာ၊ ကြွက်သားတက်စေမဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးနိုင်ပါတယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/how-to-do-cycle-syncing/
အလုပ်သရဲလေးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာ
အလုပ်ခွင်တွေထဲမှာ အလုပ်မှ အလုပ်ဆိုပြီး လုပ်နေတတ်တဲ့ အလုပ်သရဲလေးတွေ ရှိတတ်ကြပါတယ်။ မြင်ဖူးကြတယ်ဟုတ်။  ဒါမှမဟုတ် ကိုယ်တိုင်ကရော အလုပ်မှ အလုပ် ဖြစ်နေတဲ့ အလုပ်သရဲလေးများလား။ဟုတ်နေပြီဆိုရင်တော့ ဒီကျန်းမာရေး ပြဿနာလေးတွေခံစားရနိုင်လို့ ဂရုစိုက် ကာကွယ်ဖို့ ပြောပါရစေ။ရုံးရောက်တဲ့မနက်ခင်းကစလို့ ရုံးပြန်ချိန်အထိ အလုပ်မှ အလုပ် လုပ်နေသူတွေမှာ အလုပ်တွေ ပြီးတယ်ဆိုတဲ့ခံစားချက်က ပျော်စရာအတိ ဆိုပေမယ့်ခန္ဓာကိုယ်မှာ ထိခိုက်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကလည်း ရှိနေတယ် ဆိုတာ မမေ့စေချင်ပါဘူး။ အထူးသဖြင့် ဒီလို ပြဿနာတွေပါ။ အလုပ်သရဲလေးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာ တွေကို အတူတူ ကြည့်လိုက်ရအောင်နော်။အလုပ် မပြီးမှာစိုးပြီးအလုပ်ကို ဆက်တိုက်လုပ်နေရင်းက အစားစားချိန် ကျော်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါက တစ်ရက်တလေမှာ ကိစ္စ မရှိပေမယ့် အချိန် ကြာလာတဲ့အခါလေထိုးလေအောင့်တာအပြင်အစာအိမ်ဝေဒနာကိုပါ ခံစားရနိုင်ပါတယ်။အစားစားလို့ဆိုတာထက် အထိုင်များလို့၊လှုပ်ရှားမှုနည်းတဲ့ နေထိုင်မှု ပုံစံကြောင့် အဝလွန် လာနိုင်ပါတယ်။အထိုင်များတာက အဝလွန်တာအပြင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင် ပါသေးတယ်။အလုပ်ဇောကပ်ပြီး ဆီးသွားချင်တာကို ထ မသွားတာက ဆီးကျဉ်တာ၊ ဆီးအောင့်တာကစလို့ဆီးလမ်းကြောင်း ပိုးဝင်တာ၊ကျောက်ကပ်မှာ အနယ်တွေ ဖြစ်ပြီး ကျောက်ကပ် ထိခိုက်တာအထိ ဖြစ်စေနိုင်ပါတယ်။ကွန်ပျူတာကို မိုးလင်းက မိုးချုပ် ကြည့်တယ်။ အနားမယူဘူး။ ဒီလိုမျိုး သဘာဝ ရှုခင်းတွေကို ကြည့်ပြီး မျက်စိ အနားပေးတာမျိုး ကင်းမဲ့တာကမျက်လုံးခြောက်တာ၊ မျက်စိညောင်းတာ အပါအဝင်အမြင်အာရုံပြဿနာတွေကိုပါ ခံစားရစေနိုင်ပါတယ်။အလုပ်စားပွဲမှာ တစ်ချိန်လုံး ထိုင်ရင်းက ပုံစံ မှန်မှန် မထိုင်မိတဲ့အခါ ခါးနာ အပါအဝင်အရိုးအကြောပြဿနာတွေ၊ ကြွက်သားတောင့်တင်း နာကျင်မှု ပြဿနာတွေ ခံစားရနိုင်ပါတယ်။ကွန်ပျူတာတွေ၊ ဖုန်းတွေကို အာရုံစိုက်တာက အချိန်ကြာလာတဲ့အခါအာရုံကြောတွေကို ထိခိုက်စေပြီး ဇက်တဝိုက်က ကြွက်သားတွေကို တောင့်တင်းစေတာကြောင့် ဇက်ကြောတက်တဲ့ ပြဿနာကို ခံစားရစေနိုင်ပါတယ်။တစ်ချိန်လုံး ကီးဘုတ်မှာ တဂျောက်ဂျောက် ရိုက်နေတာက ပုံစံမှန်ရင်တောင် တော်တော်လေး ညောင်းတာပါ။ ပုံစံကလည်း မမှန် တစ်ချိန်လုံးလည်း ရိုက်နေမယ်ဆိုရင် လက်ချောင်းလေးတွေ တောင့်တင်းနာကျင်မယ်ဆိုတာ ထွေထွေထူးထူး ပြောနေဖို့တောင် မလိုအောင်ပါ။အလုပ်တွေကို တအား ပြီးချင်တယ်။ လုပ်နေရင်းက စိတ်တိုင်းမကျတာ၊ အားမရတာတွေ ဖြစ်လာတဲ့အခါမှာ စိတ်ဖိစီးနိုင်ပါတယ်။ ဒါတင်မကပါဘူး။ အလုပ်တွေ အရမ်း များလာတဲ့အခါမှာလည်း အလိုလို နေရင်း စိတ်ဖိစီးနိုင်ပါတယ်။အလုပ်တွေ ဖိလုပ်ရင်း ဝမ်းသွားချင်တာကို အောင့်ထားရာက အချိန်ကြလာတဲ့အခါ ဝမ်းချုပ်တဲ့ ပြဿနာကို ခံစားလာရ နိုင်ပါတယ်။ ဒါကြောင့် ဝမ်းသွားချင်တဲ့အခါ ချက်ချင်း ထသွားပါ။အလုပ်လုပ်ရင်း ရေသောက်ဖို့ မေ့နေတာ၊ မထအားသေးလို့ မသောက်ဖြစ်တာဆိုတဲ့ အကြောင်းပြချင် အမျိုးမျိုးနဲ့ ရေသောက်နည်းနိုင်ပါတယ်။ ရေသောက်နည်းတာက ကိုယ်ခံအားကို ထိခိုက်စေသလို၊ ဝမ်းချုပ်တာ၊ အားအင်ကုန်ခမ်းတာနဲ့  ပင်ပန်းနွမ်းနယ်တာမျိုး ခံစားရနိုင်ပါတယ်။တီထွင်ဖန်တီးနိုင်စွမ်းကိုပါ ထိခိုက်စေတာပါ။ကဲ …. အလုပ်သရဲလေးတွေ မှာ ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို သိပြီဆိုတော့ သတိထားလိုက်စို့နော်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/health-problems-of-wokaholic/
နှာခေါင်းသွေးလျှံ ခဲ့ရင် ဘာလုပ်ကြမလဲ
လူတော်တော်များများက ဘဝမှ တစ်ခါလောက်တော့ နှာခေါင်းသွေးလျှံ ဖူးကြမှာပါ။ ကိုရီးယားကားထဲကလို စာတွေ အသည်းအသန်ကျက်မှ နှာခေါင်းသွေးလျှံတာမဟုတ်ပါဘူး။ နှာခေါင်းသွေးလျှံ ရတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ကံကောင်းတာက အများစုက မစိုးရိမ်ရပါဘူး။ အိမ်မှာတင် သွေးတိတ်အောင်လုပ်လို့ရပါတယ်။ ဒါပေမယ့် ဘယ်သူမဆို ကိုယ့်နှာခေါင်းထဲကနေ သွေးထွက်လာရင် လန့်တတ်ကြပါတယ်။ ဒါကြောင့် နှာခေါင်းသွေးလျှံ တာဘာကြောင့်လဲ။ ရုတ်တရက်ဖြစ်လာခဲ့ရင် ဘာလုပ်ကြမလဲဆိုတာ ဆက်ကြည့်ရအောင်။နှာခေါင်းသွေးလျှံ တာက ၂မျိုးရှိပါတယ်။ Anterior nosebleedနဲ့ Posterior nosebleedပါ။နှာခေါင်းသွေးလျှံတာကဆောင်းတွင်းနဲ့ အေးမြခြောက်သွေ့တဲ့ ရာသီဥတုမှာ အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပေမယ့် ၂နှစ်ကနေ ၁၀နှစ်ကြားကလေးနဲ့ ၅၀ကနေ ၈၀ကြား လူကြီးတွေမှာ အဖြစ်များပါတယ်။ ဘာကြောင့်လည်းတော့မသိပေမယ့် မနက်ပိုင်းမှာ နှာခေါင်းသွေးပိုလျှံတတ်ပါတယ်။နှာခေါင်းသွေးလျှံ တာ တော်တော်များများက အကြာင်းရင်းရှာမရပါဘူး။ အဖြစ်အများဆုံးကတော့ နှာခေါင်းကို ထိခိုက်ဒဏ်ရာရတာပါပဲ။ တစ်ခုခုနဲ့ ဆောင့်မိတာ၊ ချော်လဲတာကြောင့် နှာခေါင်းသွေးလျှံတာများပါတယ်။ တခြားအကြောင်းရင်းတွေကတော့။တခြားအဖြစ်နည်းတဲ့အကြောင်းတွေကတော့။ရုတ်တရက်နှာခေါင်းသွေးလျှံရင် ခြေမကိုင်မိ လက်မကိုင်မိဖြစ်တတ်ပါတယ်။ ကိုယ်ကိုယ်တိုင်ဖြစ်ဖြစ် သူများဖြစ်ဖြစ် နှာခေါင်းသွေးလျှံရင် အောက်က လွယ်ကူတဲ့ အိမ်တွင်းကုထုံးလေးနဲ့ သက်သာအောင် လုပ်လို့ရပါတယ်။ဒါ့ပြင်။နှာခေါင်းသွေးလျှံတယ်ဆိုတာ လူတိုင်းဖြစ်နိုင်ပါတယ်။ ဖြစ်လာရင်လည်း သိပ်မပြင်းထန်တာများတဲ့အတွက် အိမ်တွင်းကုထုံးနဲ့တင် အဆင်ပြေနိုင်ပါတယ်။  မတော်တဆများကြုံလာခဲ့ရင် ကြောက်မနေဘဲနဲ့ ဒီအတိုင်းလိုက်လုပ်ကြည့်နိုင်ပါတယ်နော်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%94%e1%80%be%e1%80%ac%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%9c%e1%80%bb%e1%80%be%e1%80%b6-%e1%80%81%e1%80%b2%e1%80%b7%e1%80%9b%e1%80%84/
အဆုတ်မှာ ဖြစ်နိုင်တဲ့ ရောဂါ အမျိုးမျိုး ။ ။
အဆုတ်လို့ဆိုလိုက်တာနဲ့အဆုတ်ကင်ဆာ။ အဆုတ်ရောင်၊ အဆုတ်ပိုးဝင်၊ ပန်းနာရင်ကြပ် ၊ တီဘီ လောက်သာသိကြတဲ့များပါတယ်။ တကယ်လည်း သူတို့က နာမည်ကြီး အဆုတ်ရောဂါတွေဖြစ်ပြီး ဖြစ်တဲ့သူတွေကလည်း အများကြီးပါ။ ဒါပေမယ့် အဆုတ်ဆိုတဲ့ ကိုယ်တွင်း အစိတ်အပိုင်းလေးမှာ ဖြစ်နိုင်တဲ့ ပြဿနာတွေ၊ ရောဂါတွေ အများကြီးပါ။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။ ။အဆုတ်တစ်ခုရဲ့ ဖွဲ့စည်းပုံအရ trachea ( လေပြွန်) ကနေ ဖြာထွက်လာတဲ့ လေပြွန်အတက်လေး bronchi တွေမှာ ဖြစ်တဲ့ ပြဿနာတွေကို လေပြွန်ပိုင်းဆိုင်ရာ ပြဿနာတွေအဖြစ် တစ်အုပ်စုထားပါတယ်။ သူတို့တွေကတော့။လေအိတ်လေးတွေ ကြားထဲမှာ ခြားထားတဲ့ interstitium ကိုသွားထိခိုက်တဲ့ အဆုတ်ပြဿနာတွေကတော့။အောက်ဆီဂျင် တွေ အဆုတ်ဆီ သယ်လာဖို့ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေအဆုတ်ကနေ ပြန်သယ်သွားဖို့အတွက် သွေးကြောတွေက အရေးပါတဲ့ အရာတစ်ခုပါ။ ဒီလို သွေးကြောတွေကို ထိခိုက်နိုင်တဲ့ အဆုတ်ပြဿနာတွေကတော့။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/myths-facts-copd/
ဆေးလိပ်ဖြတ်တဲ့အချိန် လုပ်ကြည့်ရမယ့် အသုံးဝင် နည်းလမ်း (၁၄) ချက်
ဆေးလိပ်ဖြတ်တယ်ဆိုတာ ခရီးရှည်တစ်ခုပါ။ ဆေးလိပ်သောက်သူတွေ အားလုံး ဆေးလိပ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကောင်းကောင်းကြီးသိကြပါတယ်။ ဒီလို သိနေပေမဲ့လည်း ဆေးလိပ်ဖြတ်ရာမှာ ပိုပြီး လွယ်ကူလာမှာတော့ မဟုတ်ပါဘူး။ သင်ဟာ ဆယ်ကျော်သက်အရွယ် တစ်ခါတစ်ရံ သောက်တဲ့သူပဲ ဖြစ်ဖြစ်၊ တစ်နေ့တစ်ဘူးလောက် ပုံမှန်သောက်နေတဲ့ သူပဲ ဖြစ်ဖြစ် ဆေးလိပ်ဖြတ်ရတာ တကယ်ကိုခက်ပါတယ်။ စီးကရက်တွေမှာ ပါဝင်တဲ့ နီကိုတင်းဟာ သင့်ရဲ့ စိတ်ခံစားချက်နဲ့ စိတ်ဖိစီးမှုကို အမြန်ဆုံး ပြေလျော့စေပါတယ်။ ဆေးလိပ်သောက်သူအများစုဟာ ဆေးရွက်ကြီးမှာ သဘာဝအတိုင်းပါဝင်တဲ့ နီကိုတင်းကို စွဲလမ်းကြတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် တစ်ခြားသော မူးယစ်ဆေးဝါးတွေထက် နီကိုတင်းကို စွဲလမ်းတဲ့ လူဦးရေ က ပိုများပါတယ်။ လေ့လာချက်တွေအရ နီကိုတင်းဟာ ဟီရိုးအင်း၊ ကိုကင်းနဲ့ အရက်သေစာတို့ နည်းတူ စွဲလမ်းစေနိုင်တဲ့ အစွမ်းရှိတယ်လို့ဆိုပါတယ်။ဒီတော့ ဆေးလိပ်အောင်အောင်မြင်မြင်ဖြတ်ချင်တယ်ဆိုရင် သင့်အနေနဲ့ နီကိုတင်းဖြတ်တဲ့ အခါ ဖြစ်ပေါ်လာမယ့် လက္ခဏာတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ဖို့ လိုရုံသာမကဘဲ သင့်ရဲ့ စိတ်အခြေအနေကို ကျန်းမာရေးနဲ့ လျော်ညီစွာ ကောင်းမွန်စေတဲ့ နည်းလမ်းတွေကိုလည်း ရှာဖွေဖို့ လိုပါတယ်။ ဒါပေမဲ့ ဆေးလိပ်ဖြတ်တယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စတစ်ရပ်တော့ မဟုတ်ပါဘူး။ သေချာ အစီအစဉ်တကျ ဆေးလိပ်ဖြတ်မယ်ဆိုရင် သင်လည်း ဆေးလိပ်ပြတ်သွားတဲ့ လူတစ်ယောက် ဖြစ်လာနိုင်ပါသေးတယ်။ပထမဆုံး ဆေးလိပ်ဖြတ်မယ်ဆိုရင် သင့်အနေနဲ့ လုပ်သင့်တဲ့ အရာကတော့ ဆေးလိပ်ဖြတ်ရခြင်းရဲ့ အရေးကြီးဆုံး အကြောင်းရင်းကို ရှာဖွေဖို့ပါ။ သင်က သင့်မိသားစုကို တစ်ဆင့်ခံ ဆေးလိပ်ငွေ့တွေကို မရူစေချင်တော့တာလား၊ အဆုတ်ကင်ဆာ၊ နှလုံးရောဂါနဲ့ တစ်ခြားသော ကျန်းမာရေး ပြဿနာတွေ မခံစားချင်တော့လို့လား၊ ပိုနုပျိုသွားချင်လို့လား၊ ကိုယ်ချစ်ရတဲ့ သူက ဖြတ်ခိုင်းလို့လား စသဖြင့် လူအမျိုးမျိုးမှာ အကြောင်းရင်းမျိုးစုံရှိကြမှာပါ။ ဒီတော့ သင့်ကို ဆေးလိပ်မီးမညိဘဲ နေနိုင်စေလောက်အောင် စွမ်းအားကြီးတဲ့ အကြောင်းရင်းတစ်ချက်ကို ရွေးချယ်ပါ။ ပြီးရင် ကိုယ် က ဘယ်လို ဆေးလိပ်သောက်တတ်သူလဲဆိုတဲ့ မေးခွန်းတွေကို မေးပါ။ သင်က ဆေးလိပ်အများကြီး (တစ်နေ့ကို တစ်ဘူးကျော်) သောက်တတ်သူလား၊ သူငယ်ချင်းတွေကြောင့် သောက်မိသူလား၊ တစ်နေရာရာကို သွားတဲ့အခါ ဆေးလိပ်သောက်မိသူလား၊ ထမင်းစားပြီး၊ ကော်ဖီသောက်အပြီးမှာ ဆေးလိပ်သောက်ချင်စိတ်ပိုပြင်းပြလာပါသလား၊ စိတ်ဖိစီးပြီး စိတ်ညစ်တဲ့အခါမှာ ဆေးလိပ်သောက်မိတာလားဆိုတဲ့ ဆေးလိပ်နဲ့ ဆက်စပ်နေတဲ့ မေးခွန်းတွေ ကိုယ့်ကိုကိုယ် ပြန်မေးဖို့လိုပါတယ်။ ဒီလို မေးခွန်းတွေ မေးပြီးပြီဆိုရင်တော့ သင့်ရဲ့ ဆေးလိပ်ဖြတ် ခရီးလမ်းမှာ ပိုပြီး ဖြတ်သန်းရ လွယ်ကူစေဖို့အတွက် အသုံးဝင်တဲ့ နည်းလမ်းတွေကိုHelloဆရာဝန် ကျန်းမာရေး ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။၁။ ရေနဲ့ အစားအစာ။ရေအေးအေးကို ပိုက်နဲ့ တစ်ငုံစီ စုပ်ပြီး သောက်ခြင်းက ဆေးလိပ်ခဲခြင်းအလေ့ကို အစားထိုးဖို့ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ဒီလို စုပ်သောက်တဲ့အခါမှာ dopamine လို့ခေါ်တဲ့ စိတ်ဖိစီးမှုကို ပြေလျော့စေတဲ့ ဦးနှောက် ဓါတု ပစ္စည်းတစ်မျိုးလည်း ထွက်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆာပြေစာလေးများမကြာခဏ စားသုံးပေးခြင်းက ဆေးလိပ်သောက်ချင်စိတ်ကို နည်းပါးစေနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်အလေးချိန်မတတ်စေရန်အတွက် ကယ်လိုရီ ပမာဏ သိပ်မများဘဲ ကျန်းမာရေးနဲ့ သင့်လျော်တဲ့ အစားအသောက်များကို စားသုံးသင့်ပါတယ်။၂။ ချက်ခြင်း ရရှိလာတဲ့ ဆုလာဒ်တွေကို မှတ်သားထားပါ။ဆေးလိပ်စတင်ဖြတ်လိုက်တာနဲ့ ဆေးလိပ်မသောက်တော့တဲ့အတွက် ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို ချက်ခြင်း ခံစားလာရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆေးလိပ်ဖြတ်လိုက်တာနဲ့ သင်ချက်ခြင်း မြင်တွေ့ရတဲ့ အကျိုးကျေးဇူးတွေကို ချက်ခြင်း မှတ်သားထားပါ။ ဒီအထဲမှာ မိမိကိုယ်ကို ထိန်းချုပ်လာနိုင်ခြင်း၊ ပိုက်ဆံ ချွေတာလာနိုင်ခြင်း၊ အနံ့ဆိုးများ ကင်းစင်လာခြင်း၊ ရသာရုံ ကောင်းမွန်လာခြင်းနဲ့ ခွန်အား ပိုပြည့်ဝလာခြင်းတို့ ပါဝင်မှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ နောက်ထပ်ဆေးလိပ် သောက်ချင်လာတဲ့ အချိန်တိုင်း ဆေးလိပ်ဖြတ်ခြင်းမှ ရတဲ့ အကျိုးကျေးဇူးတွေကို ပြန်လည်ကြည့်ရှုပေးသင့်ပါတယ်။၃။ သွားတိုက်ပါ။ဆေးလိပ်ဖြတ်လိုက်တဲ့ အခါမှာ သင်ချက်ခြင်း ခံစားရလာမယ့် အရာကတော့ သင့်ရဲ့ အရသာ ခံနိုင်စွမ်းက ပိုကောင်းမွန်လာမှာဖြစ်ပြီး သင့်ခံတွင်းနံ့က ပိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ဒီတော့ မကြာခဏ သွားတိုက်ပေးပါ။ ဒီလို သွားတိုက်ပေးခြင်းဖြင့် သင့်အနေနဲ့ ဆေးလိပ်သောက်ချင်စိတ်ကို ကျော်လွှားလာနိုင်မှာ ဖြစ်ပါတယ်။၄။ အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ။ဆေးလိပ်ဖြတ်ထားတဲ့ သူတွေ ဆေးလိပ်ပြန်သောက်မိကြခြင်းရဲ့ နောက်ကွယ်က အဓိက အကြောင်းရင်းကတော့ အရက်သောက်ခြင်းပါ။ အရက်ယမကာဟာ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းကို လျှော့နည်းသွားစေပြီး ဆေးလိပ်ဖြတ်မယ်လို့ ပိုင်းဖြတ်ထားတဲ့ စိတ်ကိုလည်း လျော့နည်းသွားစေနိုင်ပါတယ်။ လူအများစုဟာ အရက်သောက်တဲ့ အခါ ဆေးလိပ်သောက်ကြလေ့ရှိကြပါတယ်။ ဒါ့ကြောင့် ဆေးလိပ်ဖြတ်နေတယ်ဆိုရင် အရက်ကိုပါ ရှောင်ကြဉ်ဖို့ လိုပါလိမ့်မယ်။၅။ ဆေးလိပ်မသောက်ရ ဧရိယာတွေကို မကြာခဏသွားပါ။သင့်အနေနဲ့ ဆေးလိပ်သောက်ချင်စိတ်ပြင်းပြလာတယ်ဆိုရင် ဆေးလိပ်သောက်လို့ မရတဲ့ နေရာတွေ ဖြစ်တဲ့ ရုပ်ရှင်ရုံ၊ စာကြည့်တိုက်၊ စတိုးဆိုင် စတဲ့ နေရာတွေကို ခဏသွားလိုက်ပါ။ ကိုယ်သွားတဲ့ နေရာက အာရုံလွှဲနိုင်စွမ်း ကောင်းတဲ့ နေရာ ဖြစ်လေလေ ဆေးလိပ်သောက်ချင်စိတ် ပျောက်လေလေပါပဲ။၆။ ဆေးလိပ်ဖြတ်ရခြင်းရဲ့ အကြောင်းရင်းကို ကောင်းကောင်း မှတ်ထားပါ။သင်ဆေးလိပ်ဖြတ်ရခြင်းရဲ့ အကြောင်းရင်းတွေ အားလုံးကို ချရေးထားလိုက်ပါ။ ဒီစာရင်းကို သင်အလွယ်တကူ မြင်ရတဲ့ နေရာတွေ ဖြစ်တဲ့ မီးဖိုချောင်၊ အလုပ်ခွင်နဲ့ ရေချိုးခန်းမှန်တွေမှာပါ ကပ်ပေးထားပါ။ ဒီစာရင်းကို သင်အလွယ်တကူမြင်နိုင်အောင်လုပ်ထားပါ။ ဆေးလိပ်ဖြတ်နိုင်ခဲ့သူတွေကတော့ ဒီစာရင်းနဲ့ သူတို့ မိသားစုရဲ့ ဓါတ်ပုံတွေကို အတူတကွ ယှဉ်တွဲကပ်ထားခြင်းက ဆေးလိပ်သောက်ချင်စိတ်ကို ပိုနည်းပါးစေတယ်လို့ ဆိုခဲ့ကြပါတယ်။၇။ ကိုယ်လက်အားကစား နေ့တိုင်းလုပ်ပါ။လေ့ကျင့်ခန်း လုပ်တဲ့အခါမှာ ဆေးလိပ်သောက်ချင်စိတ်ကို လုံးဝမေ့နေစေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေတဲ့အခါ သင်ရဲ့ စိတ်ဖိစီးမှုကိုပြေလျော့စေတဲ့ သဘာဝဓါတုပစ္စည်းတွေ ထွက်ရှိလာပါတယ်။ ဘာအားကစားမှ လုပ်ဖို့ အချိန်မရှိဘူးဆိုရင် လမ်းလျှောက်ခြင်းက အကောင်းဆုံးရွေးချယ်စရာပါပဲ။ ဒီတော့ သင့်အတွက် လေ့ကျင့်ခန်းလုပ်ချင်စိတ်အမြဲတမ်းဖြစ်နေစေဖို့ မတူညီတဲ့ လေ့ကျင့်ခန်းတွေကို ရွေးချယ်ပါ။ အထူးသဖြင့် ဆေးလိပ်ဖြတ်ပြီး ပထမဆုံးတစ်လအတွင်းမှာ အချိန်တစ်ခုသတ်မှတ်ပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့လိုအပ်ပါတယ်။၈။ ပြက္ခဒိန် တွင်မှတ်သားပါ။ဆေးလိပ်ဖြတ်နေတဲ့ ပထမ အပတ်အတွင်း သင်လုပ်ချင်တဲ့ အရာတွေ၊ လုပ်ဖို့လိုတဲ့ အရာများစွာကို ပြက္ခဒိန် တွင်မှတ်သားထားပါ။ ဥပမာ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အပြင်ထွက်ပြီး ထမင်းစားမယ့် အစီအစဉ်တွေ ဆွဲပြီး ဆေးလိပ်သောက်ချင်တဲ့ စိတ်ကို အာရုံလွှဲပါ။ သင်အလုပ်များနေလေလေ ဆေးလိပ်သောက်ချင်စိတ်ကို မေ့နေလေ ပါပဲ။၉။ သင့်ပါးစပ်ထဲ အစားအစာ တစ်ခုခုကို အမြဲတမ်းထည့်ထားပါ။ဆေးလိပ်သောက်ချင်စိတ်ကို နည်းပါးစေရန်အတွက် သင့်ပါးစပ်ထဲ အစားအစာတစ်ခုခုကို ပုံမှန်ထည့်ထားသင့်ပါတယ်။ စီးကရက်အစား သကြားမပါတဲ့ ပီကေတွေ၊ သကြားလုံးတွေ၊။ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အဆာပြေ အစားအစာတွေကို သင်ဆေးလိပ်သောက်ချင်လာတဲ့ အခါတိုင်းပုံမှန်စားပေးပါ။ ဒီအရာတွေကိုလည်း သင့်အနီးအနားမှာ အမြဲရှိနေပါစေ။ တကယ်လို့ သင်ဟာ ဆေးလိပ်ဖြတ်ပြီး ကိုယ်အလေးချိန်တက်လာမှာကို စိုးရိမ်နေတယ်ဆိုရင်တော့ ကယ်လိုရီနည်းတဲ့ အစားအစာတွေ ဖြစ်တဲ့ သစ်သီး၊ သစ်ရွက်များကို စားသုံးနိုင်ပါတယ်။၁၀။ ကိုယ့်ကို အမြဲတမ်း ခွန်အားပေးနိုင်မယ့်လူတစ်ယောက်ထားရှိပါ။သင့်အကူညီလိုအပ်တဲ့ အချိန်တိုင်း သင့်ဘေးမှာ ကူညီပေးမယ့် လူတစ်ယောက်ရှိပါစေ။ အကောင်းဆုံးကတော့ ဆေးလိပ်ပြတ်သွားတဲ့ သင့်သူငယ်ချင်းတစ်ယောက်လောက် ရှိရင်ပိုကောင်းပါတယ်။ ဒါပေမဲ့ သင့်ကိုချစ်ပြီး သင့်ကို ဆေးလိပ်ပြတ်စေချင်တဲ့ဘယ်သူမဆို သင့်ကို ကူညီပေးနိုင်ပါတယ်။၁၁။ ကော်ဖီလျှော့သောက်ပါ။ကော်ဖီတွေဟာ သင့်ကို မနက်ပိုင်းတွေနဲ့ ပင်ပန်းတဲ့ အချိန်တွေမှာ လန်းဆန်းအောင်ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ ကော်ဖီက စိတ်ဖိစီးခြင်းနဲ့ ကတုန်ကယင်ဖြစ်စေနိုင်ပါတယ်။ နီကိုတင်းကို ဖြတ်နေတဲ့အခါမှာလည်း ဒီခံစားချက်တွေက ပိုဆိုးလာနိုင်ပါတယ်။ ဒီတော့ ဆေးလိပ်ဖြတ်နေတဲ့ အချိန် ကော်ဖီလည်း လျှော့သောက်တာ အကောင်းဆုံးပါပဲ။၁၂။ ပျော်ပျော်နေပါ။အဆိုးမြင် လက္ခဏာဆောင်တဲ့ စိတ်ဖိစီးမှု၊ ဒေါသနဲ့ အားမလိုမရ ဖြစ်တဲ့ အခါမှာ လူတွေ ဆေးလိပ် ပြန်သောက်တတ်ကြပါတယ်။ ဒီလို စိတ်ခံစားချက်မျိုးဟာ လူတိုင်းမှာ ဖြစ်တတ်ကြပါတယ်။ဒါပေမဲ့ ဒီလို ခံစားချက်တွေကို သင်ဆေးလိပ်ဖြတ်နေတဲ့ ပထပတ်မှာ ပိုပြီး ခံစားရမှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ သင့်စိတ်ကို အာရုံလွှဲစေနိုင်တဲ့ အလုပ်တွေများများ လုပ်ပေးပါ။ သူငယ်ချင်း တွေနဲ့ အပြင်ထွက်တာပဲ ဖြစ်ဖြစ်၊ မိသားစုနဲ့ အပြင်ထွက်တာပဲ ဖြစ်ဖြစ်၊ သင့်စိတ်ကို ပျော်ရွှင်စေမယ့် အလုပ်မျိုးစုံ ကိုလုပ်ကြည့်ပါ။၁၃။ အပေါင်းအသင်းကြည့်ပေါင်းပါ။သူငယ်ချင်းတွေနဲ့ မိသားစုက ဆေးလိပ်ဖြတ်တဲ့ အခါမှာ သင့်ကို ကူညီပေးရမှာပါ။ ဒါပေမဲ့ သင်လိုချင်တဲ့ပုံစံအတိုင်း သင့်သူငယ်ချင်းတွေနဲ့ မိသားစုတွေ ဖြစ်မနေပေးနိုင်ပါဘူး။ တစ်ခါတစ်ရံမှာ သင်ပေါင်းသင်းနေတဲ့ လူတွေက သင်ဆေးလိပ်ဖြတ်နေတာကို ကြိုက်ကြမှာ မဟုတ်ပါဘူး။ သူတို့က တစ်ခါတစ်ရံ သင်ဆေးလိပ်ဖျက်နေတာကို ဖျက်လိုဖျက်ဆီး လုပ်တတ်နိုင်ပါသေးတယ်။ သင့်ပတ်ဝန်းကျင်မှာ ဒီလို လူမျိုးတွေ ရှိတာနေတာကို တွေ့ရင် သူတို့နဲ့ မပေါင်းပါနဲ့။ တကယ်လို့ မပေါင်းဘဲနေလို့ မရဘူးဆိုရင်လည်း သင်နဲ့ ပေါင်းသင်းနေတဲ့ လူတွေကို ဆေးလိပ်ဖြတ်ခြင်းက သင့်အတွက် ဘယ်လောက်အရေးကြီးတဲ့ လုပ်ရပ်ဆိုတာကိုသေချာရှင်းပြပါ။ သူတို့ရဲ့ အကူအညီကိုတောင်းခံပါ။၁၄။ လမ်းလွှဲမသွားစေပါနဲ့။ဆေးလိပ်မသောက်ဘဲ နေနိုင်တာ ၂ ပတ် ခန့်ရောက်ပြီဆိုရင် သင့်ဟာ နီကိုတင်းစွဲလမ်းမှုကင်းစင်တဲ့ လူတစ်ယောက်ဖြစ်လာပါပြီ။ ဒါပေမဲ့ သင့်အနေနဲ့ ဆေးလိပ်သောက်ချင်စိတ်တွေ ဖြစ်လာဦးမှာပါ။ ဒီလို တစ်ခါ တစ်ရံ ဆေးလိပ်သောက်မိသွားရင်လည်း သင်ဘယ်တော့မှ ဆေးလိပ်ဖြတ်လို့မရတော့တာ မဟုတ်ပါဘူး။ ကိုယ်ဘာမှားသွားလဲဆိုတာ ပြန်စဉ်းစားပါ။ အဲ့နောက် ဒီလိုအခြေအနေမျိုးနဲ့ ထပ်ကြုံရရင် ဆေးလိပ်မသောက်မိအောင် ဘယ်လိုကာကွယ်ရမလဲဆိုတဲ့နည်းလမ်းတွေကို စဉ်းစားထားပါ။ သင့်ရဲ့ ဆရာဝန်ကလည်း သင့်ကို ကူညီပေးနိုင်သေးပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/%e1%80%b1%e1%80%86%e1%80%b8%e1%80%9c%e1%80%ad%e1%80%95%e1%80%b9%e1%80%bb%e1%80%96%e1%80%90%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ
မြန်မာနိုင်ငံလိုပူနွေးစိုစွတ်တဲ့ နိုင်ငံမျိုးမှာ လူတိုင်းဝမ်းပျက်ဝမ်းလျှောဖြစ်ဖူးကြမှာပါ။ ဝမ်းပျက်ဝမ်းလျှောဖြစ်တာဟာ အသေးအဖွဲ ကျန်းမာရေး ပြဿနာတစ်ခုလို့ထင်ရပေမဲ့ တကယ်ဆို အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ ဆိုးရွားပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ အကြောင်းကို ပြောပြပေးချင်ပါတယ်။သမိုင်းမှာလည်းကာလဝမ်း‌ရောဂါကပ်ဘေးကို (၇) ကြိမ်တိုင်တိုင် ခံစားခဲ့ရပြီး တစ်နှစ်မှာလူ‌ပေါင်း (၁၂၀,၀၀၀) ခန့်ဟာ Cholera လို့ခေါ်တဲ့ ကာလဝမ်းရောဂါကြောင့် သေဆုံး နေကြရဆဲပါလို့ ကမ္ဘာကျန်းမာရေး အဖွဲ့အစည်း(WHO) က ကြေညာထားပါတယ်။ဝမ်းလျှောတာလေးနဲ့ သေသင့်ရဲ့လားဆိုရင်တော့ ဝမ်းလျှောတဲ့အခါ သတိထားလိုက်နာရမယ့် အချက်တွေကို လွဲမှားစွာ သိရှိပြီး လိုက်လံကျင့်သုံးမိရင် အသက်အန္တရာယ်အထိ ရှိလာနိုင်ပါတယ်။ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ ကို  ဖော်ပြပေးလိုက် ပါတယ်။(၁)ဝမ်းပိတ်ဆေးမသောက်ပါနဲ့။ဝမ်းလျှောတာရပ်အောင်ဆိုပြီး ဆရာဝန် ညွှန်ကြားချက်မရှိဘဲ ဝမ်းပိတ်ဆေး ဝယ်‌သောက်ခြင်းဟာ အလွန်အန္တရာယ်များပါတယ်။ဝမ်းလျှောနေတဲ့အခါ အူလမ်းကြောင်းတစ်လျှောက်မှာ ပိုးမွှားတွေ၊ အကျိအချွဲရည်တွေသာမက ပိုးမွှားတွေက ထုတ်ထားတဲ့ အဆိပ်တွေပါ ရှိနေပါတယ်။ ဒါတွေက ဝမ်းနဲ့အတူ အပြင်ကို  ထွက်သွားရမှာပါ။ဝမ်းပိတ်ဆေးသောက်လိုက်မယ်ဆိုရင်တော့ အဲ့ဒီလို ထွက်လို့မရ‌အောင် ဝမ်းပိတ်ဆေးက တားဆီးလိုက်ပါတယ်။ ဒါဆိုရင် အူလမ်းကြောင်းထဲမှာ အဆိပ်ဓာတ်တွေ၊ ပိုးတွေက ပိတ်မိကာ ပိုမိုများလာပြီး ခန္ဓာကိုယ်အနှံ့ပျံ့သွားကာ သွေးဆိပ်တက်ခြင်းကြောင့် အသက်ဆုံးရှုံးရနိုင်ပါတယ်။ ဒါကြောင့် ဝမ်းလျှော‌နေစဉ်အတွင်း ဝမ်းပိတ်ဆေးကို ကိုယ့်သဘောနဲ့ကိုယ် လုံးဝလုံးဝ မသောက်သင့်ပါဘူး။(၂)စပ်ဆေး ဝယ်မသောက်ပါနဲ့။ဝမ်းလျှောလို့ နီးစပ်ရာဆေးဆိုင်ကနေ စပ်ဆေးဝယ်သောက်မိတတ်ကြပါတယ်။ စပ်ဆေးမှာ ဆိုရင်တော့ အထက်မှာ ဖော်ပြထားတဲ့ ဝမ်းပိတ်ဆေး ပါလာနိုင်ပါတယ်။ဒါ့အပြင် မလိုအပ်ဘဲပိုးသတ်ဆေးတွေပါလာနိုင်တဲ့အတွက် ဝမ်းလျှောတာပိုဆိုးနိုင်သလို ရေရှည်မှာ ဆေးယဉ်ပါးတာ၊ ပိုးဆိပ်ပျံ့ပြီး သွေးဆိပ်တက်တဲ့အခါ ဆေးမတိုးတော့တာတွေ ဖြစ်စေနိုင်ပါတယ်။(၃) ကော်ဖီ နဲ့ အရက်ကိုရှောင်ပါ။ဝမ်းပျက်နေချိန် ကာဖင်းဓာတ်ပါတဲ့ကော်ဖီအပြင် အရက်ကိုလည်း လုံးဝလုံးဝ မသောက်သုံးမိပါစေနဲ့။ ဒီအရာတွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်စေပြီး ဝမ်းလျှောတာကို ပိုဆိုးစေမှာပါ။(၄)ဆီကြော်တွေမစားမိပါစေနဲ့။ဆီကြော်ထားတဲ့ အစားအစာတွေဟာ ဝမ်းလျှောတာအပြင် ‌ရေရှည်အနေနဲ့ဆို ကျန်းမာရေးအတွက်လည်း မ‌ကောင်းပါဘူး။(၅) လေထစေတဲ့အသီးအနှံတွေကို တတ်နိုင်ရင် ရှောင်ပါ။ဥပမာ၊ ပဲအမျိုးမျိုး၊ ပြောင်းဖူး၊ ပန်းဂေါ်ဖီစိမ်း စတဲ့ အရာတွေကို မစားမိရင် ပိုကောင်းပါတယ်။ အူလမ်းကြောင်းမှာ လေထစေခြင်းဟာ ဝမ်းပျက်တာကို ပိုဆိုးစေနိုင် ပါတယ်။(၆)နို့နဲ့ နို့ထွက်ပစ္စည်းမစားသင့်ပါ။အချို့သောလူတွေမှာတော့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကိုချေဖျက်ဖို့ အင်ဇိုင်းတစ်မျိုး ချို့တဲ့နေတတ်တာကြောင့် နို့သောက်လိုက်မိတဲ့ အခါတိုင်း ဝမ်းလျှောခြင်းကို ရင်ဆိုင်ကြရပါတယ်။ ဒါကြောင့် မိမိရဲ့ ဝမ်းလျှောမှုဟာ ဘာအကြောင်းကြောင့်ဖြစ်မှန်း မသိရင်တော့ နို့နဲ့ နို့ထွက်ပစ္စည်းကို‌ ရှောင်ထားတာ အကောင်းဆုံးပါ။(၇)လေ့ကျင့်ခန်းမလုပ်ပါနဲ့။ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်မှာ အရည်ဓာတ်ဆုံးရှုံးမှုပမာဏ များတာကြောင့် ချွေးထွက်များစေမယ့် အပြုအမူမျိုးကို မဖြစ်မနေ ရှောင်ကြဉ်သင့်ပါတယ်။ အရည်ဓာတ်ဆုံးရှုံးမှုများတဲ့ အခါ ရှော့ခ်ရပြီး အသက်သေဆုံးသည်အထိ ဖြစ်သွားနိုင်ပါတယ်။ဒါကြောင့် ဝမ်းလျှောပြီဆိုရင် ဖော်ပြပါ အချက်တွေကို မလုပ်မိဖို့ အလွန်အရေးကြီးပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကိုသာ လိုက်နာကျင့်သုံးပါ။ရေးသားသူ- ဒေါက်တာမှူးခင်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/diarrhea-digestive-health/facts-to-avoid-during-diarrhoea/
ကျွမ်းကျင်သူများ ပြောပြသောအိမ်ထောင်ကွဲခြင်း အကြောင်းရင်း၈ခု
သင်၏နေ့စဉ်အပြုအမူတို့က သင့်အိမ်ထောင်ရေးကို ဖျက်ဆီးနိုင်ပါသည်။ သုတေသနအဆိုအရ နှစ်ဦးသားဆက်ဆံရေးတွင်ကြီးမားသော ပြဿနာများကိုဖြစ်စေသည်မှာ သေးငယ်သောအမှုကိစ္စများက စသည်ဟုဆိုပါသည်။ သတင်းကောင်းတစ်ခုကတော့ သင့်တွင် ထိုအကျင့်ဆိုးများရှိရုံဖြင့် အိမ်ထောင်ကွဲမည်ဟုမဆိုလိုပါ။ လေ့လာချက်တစ်ခုအရ စုံတွဲများ ပြုလုပ်ကြိုးစားကြည့်နိုင်သော အရာများစွာရှိပါသည်။ ထိုသို့ဆိုလျှင် အောက်ပါ အချက်လေးများကို လေ့လာဆင်ခြင်ကြည့်ပါ။(၁)တစ်ဦး၏မကောင်းသတင်းကိုတစ်ဦးကကွယ်ရာတွင်ပြောခြင်း။သင့်၏အိမ်ထောင်ဖက်အကြောင်း ကွယ်ရာတွင်စကားအတင်းဆိုခြင်းသည် မကြာခဏတွေ့ရတတ်သည်။ အထူးသဖြင့်အမျိုးသမီးများသည် ထိုကဲ့သို့သဘောရှိသောအမျိုးသမီးချင်းဆုံမိသောအခါတွင် ပို၍ပြောမိတတ်ကြသည်။ သင်နှင့်ရင်းနှီးသူများက သူတို့၏ခင်ပွန်းသည်များ မကောင်းကြောင်းကိုပြောမိကြသည့်အခါ သင်ပါအလိုလို ထိုစကားဝိုင်းထဲ ရောက်သွားလိမ့်မည်။ သို့သော်ထိုကိစ္စသည် အသေးအဖွဲတော့မဟုတ်ပါ။ သင့်ခင်ပွန်းသည်က ထိုအကြောင်းကိုသိရှိသွားလျှင် သူ့အပေါ်ထားသော သင်၏လေးစားမှုကိုသိရှိသွားပြီး ဆက်ဆံရေးအဖုအထစ်ဖြစ်လာနိုင်သည်။ ထိုမှတစ်ဆင့်ဝေဖန်ပြစ်တင်မဆုံးဖြစ်လာပြီး သင်မသိလိုက်ခင်မှာပင် သင်တို့ဆက်ဆံရေးသည် လျှင်မြန်စွာပျက်စီးအေးစက်သွားပေလိမ့်မည်။သင့်အနေဖြင့် သင်၏အမျိုးသားကို အခြားသူတို့၏ခင်ပွန်းသည်တို့ကဲ့သို့တည်တံ့ခန့်ညားစွာနေရန်စေခိုင်းခြင်း(သို့မဟုတ်) အခြားသူများနှင့် သူ့ကိုနှိုင်းယှဉ်ခြင်းက အတော်ဆိုးသောအမူအကျင့်ဖြစ်သည်။ ထိုကဲ့သို့သောစိတ် သင့်တွင်ရှိပါက ဆက်ဆံရေးသည် အချိန်တစ်ခုရောက်လျှင် အဆုံးသတ်သွားလိမ့်မည်။ သင်ဆန္ဒရှိ၍ ဖြစ်ချင်သည့်အတိုင်း အလုံးစုံမဖြစ်နိုင်သည်ကို သင့်အနေဖြင့်သတိရသင့်သည်။ သင့်သူငယ်ချင်းများက သင့်ခင်ပွန်းကို အားကျ၊ မနာလိုခြင်းမျိုးပင်ရှိနေနိုင်ပါသည်။ သို့ဖြစ်၍ သင်သဘောမကျ စိတ်မတွေ့၍ ဗိုက်ခေါက်ဆွဲလိမ်ချင်သော အမူအကျင့်မျိုးပင်ပြုမူပါစေ၊ ပြဿနာမရှာပါနဲ။ နူးညံ့ညင်သာသော နည်းကိုသာသုံး၍ အကောင်းဘက်ရောက်အောင် အားထုတ်ပါ။အမျိုးသားများအနေဖြင့် အခြားသူများ၏သဘောထားကို နားလည်ခြင်းသိပ်မရှိဟုဆိုပါက သင်လက်ခံနိုင်ချင်မှ လက်ခံလိမ့်မည်။ ကျွမ်းကျင်သူများကမူ အမျိုးသမီးများက ကိုယ်ချင်းစာတရား ပိုရှိကြပြီး အမျိုးသားများက ထိုစွမ်းရည်တိုးတက်လာအောင် လေ့ကျင့်ဖို့လိုအပ်သည်ဟု ဆိုပါသည်။ ထိုသို့ဆိုခြင်းဖြင့် အမျိုးသမီးများကပဲ အမြဲနားလည်ပေးနေရမည်ဟု မဆိုလိုပါ။ အမျိုးသားများကလည်း သူတစ်ပါးခံစားချက်ကို နားလည်လိုကြပါတယ်။ ပြဿနာတစ်ခုကို နှစ်ယောက်နှစ်လုံး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကိုယ်ချင်းစာနားလည်ပြီး ဖြေရှင်းဖို့ကြိုးစားပါ။အမျိုးသမီးများသည် ကိစ္စတစ်ခုဖြေရှင်းရာတွင် အမျိုးသားများထက် ပို၍ရန်လိုတတ်သည်။ အဘယ်ကြာင့်မူအမျိုးသားများသည် စိတ်ပြေငြိမ်းလွယ်ပြီး အခြေအနေ တစ်ခုကိုဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိကြသော်လည်း အမျိုးသမီးများကမူ မပြီးနိုင်မစီးနိုင် ခံစားတတ်ကြသည်။ ထို့ကြောင့်ပဋိပက္ခ္ခဖြစ်တိုင်း ဆူပူအော်ဟစ်ခြင်းကိုလျှော့ပါ။ သူကသင့်ဘက်တွင်ဘာကြောင့်မရှိရခြင်းကိုသာ အဖြရှာပါ။အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်ပါက အဆုံးသတ်ရန် ခက်ခဲတတ်သည်။ တစ်ဦးဦးကဖြေလျှော့ပေးခြင်းဖြင့် ပြဿနာကိုဖြေရှင်းရလွယ်ကူစေပြီး စကားပြောရလည်းလွယ်ကူစေသည်။ တစ်ခါတစ်ရံ ရှေ့ဆက်ပြောဆိုဖို့ ပင်ခက်ခဲတာမျိုးကြုံရနိုင်သည်။ ထိုအချိန်မျိုးတွင် အငြင်းပွားမှုကိုခဏရပ်ခြင်း နောက်မှဆွေးနွေးခြင်းမျိုးပြုရန် မစဉ်းစားမိကြပေ။ ထိုသို့သာတွေးမိပါကသင်တို့ကို အိမ်ထောင်ကွဲမှုမဖြစ်စေဘဲ ပျော်ရွှင်ချမ်းမြေ့သောအိမ်ထောင်မှုကိုသာ ရစေမည်ဖြစ်သည်။သင့်အနေဖြင့် တည်ငြိမ်စိတ်ပြေဟန်ဆောင်နေသော်လည်း သင့်ခန္ဓါကိုယ်က ထိုသို့မဟုတ်မှန်းပြနေသည်။ ထိုသို့မကြာခဏဟန်ဆောင်ပြီး သင့်အိမ်ထောင်ဖက်ကို သင်ခံစားနေရသည်များကို ဖွင့်ဟမပြောဘဲ ဖုံးကွယ်ထားပါက ကြာလျှင် ခင်ပွန်းသည်က သင့်ကိုနားလည်ဖေးမမှုနှင့် သင့်ပြဿနာများကို ဖြေရှင်းပေးလိုစိတ်များ နည်းပါးသွားပါလိမ့်မည်။သင့်အား အနှောင့်အယှက်ဖြစ်စေသော အရာများကို ဖွင့်ထုတ်မပြောဘဲ အဆင်ပြေဟန်ဆောင်နေခြင်းက သင်တို့နှစ်ယောက်ဆက်ဆံရေးကို ကောင်းမွန်အောင် ကြိုးစားနေရာမရောက်ပါ။ ဒီလိုဆိုလျှင် သူနဲ့ ရန်ဖြစ်ခိုင်းခြင်းမဟုတ်ပါ။ တစ်ခါတစ်ရံနှစ်ဦးသားသဘောထား မတိုက်ဆိုင်မှုများကို ဖွင့်ထုတ်ဖြေရှင်းခြင်းက တအုံ့နွေးနွေးနေခြင်းထက် ကောင်းမွန်သည်ဟုဆိုလိုပါသည်။သင့်အနေဖြင့် ပြောရခက်သော မပြောမဖြစ်စကားမျိုးကို ဆိုရန်ဝန်လေးတာမျိုးရှိလိမ့်မည်။ သို့သော် သူ့အချိန်နှင့်သူဖြေရှင်းမှ အကျဉ်းအကြပ်သို့မရောက်ဘဲ ပြေလည်မည်ဖြစ်သည်။ မနှစ်မြို့သောအကြောင်းအရာများကို ချန်လှပ်ထားသောအခါ ကြာလေ ဖေရှင်းရခက်လေဖြစ်လာတတ်သည်။ ထိုသို့ဆိုလျှင် သင့်မျှော်လင့်ချက်အားလုံး ကုန်ဆုံးသွားပြီလား ။ ထိုသို့အဓိပ္ပါယ်မသက်ရောက်ပါ။ တစ်ခုသာသတိရပါ။ သင် အချိန်ဆွဲထားတာကြာလေ သင်တို့အိမ်ထောင်ရေး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ အချိန်ပိုကြာလေဆိုတာပါပဲ။အောင်မြင်သော အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ဖို့နှစ်ဦးစလုံး အားစိုက်ထုတ်ဖို့လိုအပ်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/%e1%80%80%e1%80%bc%e1%80%ba%e1%80%99%e1%80%b9%e1%80%b8%e1%80%80%e1%80%ba%e1%80%84%e1%80%b9%e1%80%9e%e1%80%b0%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%b1%e1%80%bb%e1%80%95%e1%80%ac%e1%80%bb%e1%80%95/
ဆေးလိပ်ဖြတ်ချင်သူများအတွက် အကောင်းဆုံး Application (၉)ခု
ဆေးလိပ်ဖြတ်ချင်နေပါသလား။ဆေးလိပ်ဖြတ်ဖို့ ကြိုးစားတဲ့ အခါမှာလည်း မအောင်မမြင်ဖြစ်နေပါသလား။စိတ်ဓါတ်မကျပါနဲ့။ဆေးလိပ်သောက်ဖို့အကျင့်ကို ကျွန်တော်တို့ မသိလိုက် မသိဘာသာနဲ့ နှစ်ပေါင်းများစွာ မွေးမြူခဲ့သလိုပဲ ကျွန်တော်တို့ဆေးလိပ်ဖြတ်တဲ့ အကျင့်ကိုလည်း သိသိနဲ့ စိတ်ရှည်ရှည် မွေးမြူဖို့ပဲ လိုအပ်ပါတယ်။ အခုဒီမှာတော့ Hello ဆရာဝန်ပရိတ်သတ်ထဲက ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေတဲ့ သူတွေအတွက် ဆေးလိပ်ဖြတ်ခရီးစဉ်ထဲမှာ သင့်ကိုအကောင်းဆုံး ကူညီပေးနိုင်မယ့် Application များကို ဖော်ပြပေးလိုက်ပါတယ်။ ဒီ ဆေးဖြတ်ဖြတ်ရာမှာ ကူညီပေးနိုင်တဲ့ Application တွေကို အသုံးပြုရလွယ်ကူခြင်း၊ ပုံစံဒီဇိုင်း၊ စားသုံးသူမှတ်ချက်များ၊ Update ဘယ်နှစ်ကြိမ် လုပ်နေသလဲဆိုတာနဲ့ အရေးကြီးဆုံးကတော့ ဒီ Application တွေရဲ့ ဆေးလိပ်ဖြတ်ရာမှာ ကူညီနိုင်စွမ်းကို အခြေခံပြီး ရွေးချယ်ထားတာဖြစ်ပါတယ်။Centers for Disease Control and Prevention (CDC) ရဲ့ လေ့လာချက်အရ စီးကရက်သောက်ခြင်းဟာ အမေရိကန်မှာ ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါများနဲ့ သေဆုံးခြင်းကို အများဆုံးဖြစ်စေနိုင်တဲ့အကြောင်းရင်း ဖြစ်တယ်လို့ဆိုထားပါတယ်။အမေရိကန် လူငယ် ၃၆.၅ သန်း ဟာ ဆေးလိပ်သောက်သုံးသူတွေ ဖြစ်ကြပြီး လူပေါင်း ၁၆ သန်း ခန့်မှာ ဆေးလိပ်သောက်ခြင်းကရတဲ့ ရောဂါတွေ ရှိကြတယ်လို့ ဆိုပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ ခန္ဓါကိုယ်ထဲက အင်္ဂါတွေ အားလုံးကိုပျက်စီးစေပြီး နှလုံးသွေးလွှတ်ကြော ယိုယွင်းရောဂါ၊ လေဖြတ်ခြင်း၊ အဆုတ်ကင်ဆာ၊ တစ်ခြားသော ကင်ဆာရောဂါများ ဖြစ်ပွားနိုင်စေခြေကို မြင့်မားစေပါတယ်။စီးကရက်မှာ အဓိကအားဖြင့် နီကိုတင်း ပါဝင်ပြီး ဒီနီကိုတင်းက အရမ်းစွဲလန်းစေနိုင်ပါတယ်။ ဒါ့ကြောင့် ဆေးလိပ်ဖြတ်ခြင်းဟာ နီကိုတင်းရဲ့ စွဲလန်းစေနိုင်တဲ့ အစွမ်းကြောင့် တကယ် ခက်ခဲတဲ့ အလုပ်တစ်ခုလည်း ဖြစ်ပါတယ်။ ပထမပိုင်းမှာတော့ ဆေးလိပ်ဖြတ်နေသူတစ်ယောက်ဟာ နေရထိုင်ရ ကသိကအောက် ဖြစ်ခြင်း၊ စိုးရိမ်စိတ်များခြင်းနဲ့ အာရုံစူးစိုက်မှု နည်းပါးခြင်းတို့ ခံစားရမှာ ဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်ခြင်းဟာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်တဲ့ ရောဂါများ ဖြစ်ပွားခြင်းကိုကာကွယ်နိုင်ရုံသာမက သက်တမ်းကိုလည်း ပိုရှည်လာစေနိုင်ပါတယ်။အခုဒီမှာတော့ မိတ်ဆွေ ဆေးလိပ်ဖြတ်ချင်နေတယ်ဆိုရင် အကူအညီက လက်တစ်လှမ်းမှာပါ။ အောက်မှာ ဖော်ပြထားတဲ့ Application တွေက သင်ရဲ့ ကျန်းမာရေးအတွက် ဆေးလိပ်ဖြတ်ခြင်း ခရီးကို အကောင်းဆုံး လိုက်ပါကူညီပေးမှာ ဖြစ်ပါတယ်။Android: Free။iPhone: Free။QuitNow ဟာ အကောင်းဆုံး ဆေးလိပ်ဖြတ် Application တစ်ခု ဖြစ်ပြီး အရောင်ဒီဇိုင်းရှင်းရှင်းလင်းလင်းနဲ့ သုံးစွဲရလွယ်ကူတဲ့ ပုံစံနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ သတင်းကောင်းတစ်ခုက QuitNow ဟာ လက်ရှိအချိန်ထိ ဆေးလိပ်ဖြတ်သူ ၂ သန်းကျော်ကို ကူညီဆေးလိပ်ဖြတ်ပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ Feature တွေထဲက User တွေ အကြိုက်ဆုံးကတော့Chat feature ဖြစ်ပြီး User တွေ ရဲ့ ဆေးလိပ်ဖြတ်ရာမှာ အောင်မြင်မှု ပန်းတိုင်ကို မျှဝေနိုင်မှာ ဖြစ်ပါတယ်။QuitNow သုံးစွဲသူများက ဆေးလိပ်ဖြတ်သူ အချင်းချင်း ကူညီမျှဝေတတ်ကြပြီး Chat feature မှာလည်း သုံးစွဲသူတွေရဲ့ အောင်မြင်မှုတွေ၊ ဖြတ်သန်းမှု မိုင်တိုင်တွေ၊ ခက်ခဲမှုတွေနဲ့ဆးလိပ်ဖြတ်ရာ ခရီးလမ်းမှာ ကြုံရတဲ့ ပန်းတိုင်တွေကို မျှဝေနိုင်မှာ ဖြစ်ပါတယ်။ ဒီ Application ရဲ့ နောက်ကောင်းတဲ့ အချက်ကတော့ QuitNow! milestone system ဖြစ်ပြီး ဆေးလိပ်ဖြတ်ခြင်းကို အမြဲတမ်း အာရုံစိုက်နေစေနိုင်ဖို့နဲ့ သင့်ရဲ့ ပန်းတိုင်ကို ဆုံးဖြတ်ချက်အတိုင်း လုပ်နိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။ ပန်းတိုင် တစ်ခုချင်းစီတိုင်းမှာ ထူးထူးခြားခြား လှပတဲ့ ပုံဖော်မှုတွေနဲ့ မှတ်သားပေးထားမှာ ဖြစ်ပါတယ်။ QuitNow Application ထဲက ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေက ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း World Health Organization (WHO) ရဲ့ အချက်အလက်တွေကို အသုံးပြုထားတာ ဖြစ်ပါတယ်။ဒေါင်းလုတ်ဆွဲရန် Android။ဒေါင်းလုတ်ဆွဲရန် IOS။Android: Coming soon!။iPhone: Free။Kwit ဟာ Gaming စနစ်နဲ့ Gaming ဒီဇိုင်းများကို ပေါင်းထားပြီး ထုတ်လုပ်ထားတဲ့ Application တစ်ခုဖြစ်ပါတယ်။ ဒီလို ဂိမ်းပုံစံ ပြုလုပ်ထားခြင်းက ဆေးလိပ်ဖြတ်ခြင်းကို ပိုပြီးပျော်ရွှင်ဖွယ်ကောင်းလာစေမှာ ဖြစ်ပါတယ်။ ဒီ Application ကိုသုံးခြင်းဖြင့်။Ultimate Kwitter ဆိုတဲ့ အဆင့်ထိရောက်လာမှာ ဖြစ်ပါတယ်။ ဒီ Application ပုံစံဟာ ရှင်းလင်းပြီး သင် ဆေးလိပ်ဖြတ်နေတာ ဘယ်လောက်ကြာနေပြီလဲ၊ ဆေးလိပ်မသောက်တဲ့အတွက် သင်ပိုက်ဆံဘယ်လောက်စုမိသွားပြီးလဲ၊ သင်ဆေးလိပ် ဘယ်နှစ်လိပ်လောက်ကို မသောက်ဘဲနေနိုင်ခဲ့လဲ ဆိုတဲ့။တကယ်အသုံးဝင်တဲ့ ချက်အလက်တွေကိုဖော်ပြပေးထားပါသေးတယ်။ ဒီ Application က သင့်အတွက် စိတ်ဓါတ်ခွန်အား ဖြစ်စေနိုင်တဲ့ စာစုများကိုလည်း ပြသပေးဦးမှာ ဖြစ်ပါတယ်။ Kwit ဟာ သင်ရံဖန်ရံခါ သောက်မိတဲ့ ဆေးလိပ် အရည်အတွက်ကိုလည်းမှတ်သားပေးနိုင်ပါသေးတယ်။ ဒါပေမဲ့ Game ပုံစံလုပ်ထားတဲ့ Application ဖြစ်တာကြောင့် သင်က ဆေးလိပ်သောက်ချင်စိတ်ကို တောင့်ခံနိုင်တဲ့ အမှတ် ၀ ထိဖြစ်သွားရင် သင် အစကနေ ပြန်စရမှာ ဖြစ်ပါတယ်။ဒေါင်းလုတ်ဆွဲရန် IOS။Android: Free။iPhone: Free။Smoke Free ဟာ ဆေးလိပ်မသောက်တဲ့ အတွက် သင်ပိုက်ဆံ ဘယ်လောက်စုမိသွားလဲ၊ သင်ဆေးလိပ် မသောက်ဘဲ နေနေတာ အချိန် ဘယ်လောက်ကြာနေပြီလဲ၊ စီးကရက် ဘယ်နှစ်လိပ်လောက်ကို သင်မသောက်ဘဲ နေနိုင်ခဲ့လဲဆိုတာကို မှတ်သားပေးထားနိုင်ပါတယ်။ သင့်အနေနဲ့ ဆေးလိပ်ဖြတ်ထားလို့ ချင်ခြင်းတတ်လာရင်လည်း ဒီ Application ထဲမှာ။မှတ်သားထားနိုင်ပြီး ဒီ App ထဲမှာ ဒီလို ချင်ခြင်းတတ်တာကို ဘယ်လိုဖျောက်ရမလဲဆိုတဲ့ အချက်လေးတွေကိုပါ ဖော်ပြပေးထားပါတယ်။ ဒါ့အပြင် Smoke Free မှာပါတဲ့ လုပ်ဆောင်ချက်တွေနဲ့ ဆေးလိပ်သောက်ချင်စိတ်ကို ကိုင်တွယ်နိုင်ပါသေးတယ်။ဒီ Application ထဲက Dashboard ထဲမှာ ဆေးလိပ်ဖြတ်လိုက်တဲ့ အတွက် သင့်ကျန်းမာရေးက ဘယ်လောက်တိုးတက်လာသလဲဆိုတာကို ပြသတဲ့ အနေနဲ့ သင့်ရဲ့ သွေးပေါင်ချိန်ဖိအား၊ အောက်စီဂျင်နဲ့ ကာဗွန်မိုနောက်ဆိုဒ် ပမာဏတွေကို ဖော်ပြပေးနိုင်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ အသက်ရူတဲ့ ပုံစံ၊ သွေးလည်ပတ်မှုနဲ့ အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ချေတို့ကို ဖော်။ပြပေးထားပါတယ်။ သင့်အနေနဲ့ ဆေးလိပ်ဖြတ်ထားတဲ့ အချိန်ကြာလာလေလေ ဆုတံဆိပ်တွေ ရလာမှာ ဖြစ်ပြီး ဆေးလိပ်မသောက်တဲ့ အတွက် ပိုက်ဆံ ဘယ်လောက်စုမိထားသလဲဆိုတာကိုပါ ပြပေးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင်စုထားတဲ့ ပိုက်ဆံများလာရင် သင့်ကိုသင်ဂုဏ်ပြုတဲ့ အနေနဲ့ မုန့်ဝယ်စားလို့လည်း ရပါသေးတယ်။နေ့တိုင်းနေ့တိုင်း သင့်အတွက် ဆေးလိပ်ဖြတ်ဖို့အတွက် တာဝန်တစ်ခုစီပေးမှာ ဖြစ်ပြီး Smoke Free ကတော့ ဒီလို တာဝန်တွေကို အမြဲပြီးဆုံးအောင် လုပ်တဲ့ လူတွေဟာ ဆေးလိပ်တကယ် ပြတ်သွားနိုင်တယ် လို့ဆိုပါတယ်။ဒေါင်းလုတ်ဆွဲရန် Android။ဒေါင်းလုတ်ဆွဲရန် IOS။Android: Free။Application ရဲ့ နာမည်အတိုင်း ဒီ Application လေးက သင့်ကို ဆေးလိပ် တစ်ဖြည်းဖြည်း ဖြတ်ဖို့ အတွက် ကူညီပေးဖို့ ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။ ဒီတော့ ဆေးလိပ်ကို အစိမ်းဖြတ် မဖြတ်ချင်ဘူး (“cold turkey”) ဆိုတဲ့ သူတွေ အတွက်တော့ ဒီ Application လေးက တကယ် ကောင်းမွန်ပါတယ်။ ဒီ Application လေးရဲ့ အဓိက အားသာချက်ကတော့ သင့်ရဲ့ ဆေးလိပ်သောက်သုံးနှုန်းကို နီကိုတင်းပမာဏနည်းပါးနှုန်းနဲ့ အညီ လျှော့ချပေးမှာ ဖြစ်ပါတယ်။ပထမဆုံး Application က မေးထားတဲ့ မေးခွန်းတွေကို ဖြေဆိုပြီးတာနဲ့ သင်အနေနဲ့ ဆေးလိပ် တစ်လိပ်နဲ့ တစ်လိပ်ကြား အချိန် ဘယ်လောက်ခြားပြီး ဆေးလိပ်သောက်မှာလဲဆိုတဲ့ smoking reduction plan ကို မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီ Application ဟာ သင်သတ်မှတ်ထားတဲ့ အချိန် ( တစ်ပတ် မှ ၅ နှစ်အတွင်း ) ဆေးလိပ်သောက်လို့ ပိုက်ဆံ ဘယ်လောက်ကုန်မလဲဆိုတာကို ပြသပေးနိုင်ပါတယ်။သင်အနေနဲ့ ဆေးလိပ်သောက်ရမယ့် အချိန်လား၊ သောက်လို့ မရသေးတဲ့ အချိန်လားဆိုတာကို Home Scree က အစိမ်းရောင်နဲ့ အနီရောင် ပြောင်းလဲပေးပြီး ပြသနေမှာ ဖြစ်ပါတယ်။ နေ့တိုင်းနေ့တိုင်း ဆေးလိပ်တစ်လိပ်နဲ့ တစ်လိပ်ကြားကာလ အချိန် ကြာလာလေ သင်ဟာ ဆေးလိပ်ဖြတ်လာနိုင်လေပါပဲ။ ဒီ Application လေးက ဆေးလိပ်ကို ထိမ်းထိမ်းသိမ်းသိမ်း ဖြတ်ချင်တယ်ဆိုတဲ့ သူတွေအတွက် အကောင်းဆုံး သော Application လေး ဖြစ်ပါတယ်။ဒေါင်းလုတ်ဆွဲရန် Android။Android: Free။iPhone: Free။Quitter’s Circle Application ဟာ အမေရိကန် ဆေးဝါး ကုမ္ပဏီကြီး ဖြစ်တဲ့ Pfizer Inc နဲ့ အမေရိကန် အဆုတ်ကျန်းမာရေး အဖွဲ့အစည်း တို့ရဲ့ ပူးပေါင်းမှုကြောင့် ထွက်ပေါ်လာတဲ့ ဆေးလိပ်ဖြတ် Application ဖြစ်ပါတယ်။ သင့်အနေနဲ့ ဆေးလိပ် ဘယ်လို ဖြတ်မလဲ၊ ဘယ်အချိန် မှာ ဆေးလိပ် ဖြတ်မလဲဆိုတဲ့ ဆေးလိပ်ဖြတ်တဲ့ အစီအစဉ်ကို မိမိဘာသာ ဆွဲထားလို့ရပါတယ်။ဒီ Application က သင့်ရဲ့ ဆေးလိပ်ဖြတ်ခြင်း ခရီးတစ်လျှောက် အောင်မြင်မှုတွေကိုလည်း မှတ်သားပေးထားပြီး သင့်ရဲ့ ဆေးလိပ်ဖြတ်ခြင်းကို ကူညီပေးနိုင်တဲ့ သူငယ်ချင်းတွေနဲ့ မိသားစုတွေ ပါဝင်တဲ့ Quit Team ကိုဖွဲ့စည်းလို့ရပြီး သင့်ရဲ့ ကျန်းမာရေးအတွက် ထောက်ပံ့စရိတ်များကို အလှူခံနိုင်တဲ့ Quit Fund ကိုပါ စတင်လို့ရပါတယ်။ဒါ့အပြင့် Quitter’s Circle Application ဟာ Quit Cards, emoticons နဲ့ stickers တွေကို သင့် ဆေးလိပ်ဖြတ်ရာမှာ စိတ်ဓါတ်တက်ကြွစေဖို့ အတွက် သင့်ကို ပေးပြီး ဒီအရာတွေကို သင့်ရဲ့ Quit Team ကို ဝေမျှနိုင်ပါတယ်။ ဥပမာ ငါတော့ ဆေးလိပ်ဖြတ်ထားတာ တစ်လတောင်ရှိပြီဆိုပြီး သင်ရဲ့ Quit Team နဲ့ ဝေမျှနိုင်ပါတယ်။ ဒီ Application မှာ သင့်ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေက သင့်ကို စိတ်အားတက်ကြွဖို့အတွက် စာတွေပို့ခွင့်ပြုထားပြီး သင့်ရဲ့ အောင်မြင်မှုကို အချိန်နဲ့ တစ်ပြေးညီ မှတ်တမ်းတင်နိုင်ပါတယ်။ဒေါင်းလုတ်ဆွဲရန် Android။ဒေါင်းလုတ်ဆွဲရန် IOS။iPhone: $4.99။Max Kirsten ဟာ အားလုံးသိကြတဲ့ အဆိုတော် Adele ကိုလည်း ဆေးလိပ်ဖြတ်ပေး နိုင်ခဲ့သူဖြစ်ပါတယ်။ Max Kirsten ဆိုတာ ဆုတံဆိပ်တွေ ရထားတဲ့ ဆေးပညာဆိုင်ရာ အိပ်မွေ့ချပညာရှင်ဖြစ်ပြီး ဆေးလိပ်ဖြတ် ပညာရှင်လည်းဖြစ်ပါတယ်။ Max Kirsten ဟာ ဟောလိဝုဒ် သရုပ်ဆောင် Ewan McGregor ကိုလည်း ဆေးလိပ်ဖြတ်ပေးနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။Max Kirsten ဟာ ဆေးလိပ်ဖြတ်ကုသမှုမှာ ၁၅ နှစ်အထက် အတွေ့အကြုံရှိပြီး သူ့ရဲ့ Quit Smoking NOW App အိပ်မွေ့ချ Application နဲ့ လူထောင်ပေါင်းများစွာကို ဆေးလိပ်ဖြတ်ပေးနိုင်ခဲ့ပါတယ်။ ဒီထဲမှာ Adele လည်းပါပါတယ်။Max Kirsten ရဲ့ “60-second Cravings Buster” နည်းစနစ်ဟာ ဆေးလိပ်သောက်ချင်စိတ်ကို လျှော့ချပေးနိုင်တယ်လို့ အသိအမှတ်ပြုထားခြင်းကို ခံထားရပြီး သူရဲ့ အိပ်မွေ့ချ နည်းစနစ်ဆိုင်ရာ Application ဟာ ဆေးလိပ်ဖြတ်လိုက်ရင် ကိုယ်အလေးချိန် တက်လာခြင်းကိုပါ တားဆီးပေးနိုင်ပါတယ်။ Application မှာပါတဲ့ dashboard မှာ သင် ဆေးလိပ်မသောက်ဘဲ ဘယ်နှစ်ရက် နေနိုင်ခဲ့ပြီလဲ၊ ဆေးလိပ် ဘယ်နှစ်လိပ် မသောက်ဘဲ နေနိုင်ခဲ့ပြီလဲ၊။ပိုက်ဆံ ဘယ်လောက်စုမိသွားပြီလဲဆိုတာကိုပါ ဖော်ပြပေးထားပါတယ်။ ဒီ Application မှာ up-to-date ဆေးလိပ်နဲ့ပတ်သတ်တဲ့ သတင်းတွေ၊ 40-fact cards တွေနဲ့ smoking galleries တွေလိုမျိုး ထပ်ဆောင်းလုပ်ဆောင်ချက်တွေလည်းပါဝင်ပါတယ်။ဒေါင်းလုတ်ဆွဲရန် IOS။Android: Free။Quit Tracker ကတော့ ဆေးလိပ်ဖြတ်လိုက်တဲ့ အတွက် သင့်ရဲ့ ခန္ဓါကိုယ်မှာ ဘယ်လို ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေ ရနေပြီလဲဆိုတာ ဖော်ပြပေးရင်း ဆေးလိပ် ဖြတ်ဖို့ ကူညီပေးတဲ့ Application ဖြစ်ပါတယ်။ ဒီ Application ဟာ သင့် ဆေးလိပ်ဖြတ်တာ ကြာလာတာနဲ့ အမျှ သင့်ကို ဆုချပေးတဲ့ virtual ဆုတွေလည်း ပေးပြီး ဒီ ဆုတွေနဲ့ သင် Application ထဲက ရုပ်ရှင်လက်မှတ်တွေ၊ အားကစား ဖိနပ်တွေ ဝယ်ပြီး အလှ ဆင်နိုင်ပါသေးတယ်။ Application စတင် သုံးဖို့ အတွက်ကတော့ Screen တစ်မျက်နှာစာ မေးခွန်းတွေ ဖြေဆိုရမှာ ဖြစ်ပြီး ဒီ Application က ဆေးလိပ်ဖြတ်လို့ စုမိလာမယ့် သင့်ရဲ့ ပိုက်ဆံတွေ၊ သက်တမ်းတွေနဲ့ ကျန်းမာရေး ကောင်းကျိုးတွေကိုပါ ဖော်ပြပေးထားပြီး ဆေးလိပ်သောက်ချင်လာရင် အာရုံလွှဲနိုင်ဖို့အတွက် Card တွဲရတဲ့ Game ကိုပါ ထည့်သွင်းပေးထားပါသေးတယ်။premium version သုံးမယ်ဆိုရင် ကြော်ငြာတွေ ပျောက်သွားမှာ ဖြစ်ပြီး home screen widget ထားနိုင်ခြင်းနဲ့ သင့်ရရှိမယ့် virtual rewards တွေကိုလည်း ပိုရလာမှာ ဖြစ်ပါတယ်။ Quit Tracker ဟာ ဆေးလိပ်ပြတ်သွားပေမဲ့ ဆေးလိပ်ပြန်သောက်မိခြင်းကို ကာကွယ်ချင်တဲ့ သူတွေအတွက်လည်း အကောင်းဆုံးလည်း ဖြစ်ပါတယ်။ဒေါင်းလုတ်ဆွဲရန် Android။iPhone: Free။Quit It Lite ဟာ ဆေးလိပ်သောက်သူတွေကို ဆေးလိပ်ဖြတ်ဖို့နဲ့ ဆေးလိပ်ဖြတ်ပြီးသားသူတွေကို ပြန်လည် မသောက်သုံးကြဖို့အတွက် စိတ်ဓါတ်ခွန်အားပေးဖို့ လုပ်ဆောင်ထားတဲ့ Application ဖြစ်ပါတယ်။ Quit It Lite ဟာ ရိုးရှင်းရလွယ်တဲ့ ပုံစံ ဖြစ်ပြီး သင့်ရဲ့ ဆေးလိပ်သောက်တတ်တဲ့ အကျင့်နဲ့ ဆေးလိပ်ဖြတ်ရင် သက်သာမယ့် ပိုက်ဆံတွေကိုလည်း ဖော်ပြပေးနိုင်ပါတယ်။ health section မှာတော့ ဆေးလိပ်ဖြတ်တာ အချိန်ကြာလာတာနဲ့။အမျှ သင်ခံစားရမယ့် ကျန်မာရေး အကျိုးကျေးဇူးတွေကို ဖော်ပြထားပါတယ်။ ဥပမာ အားဖြင့် သင့်ရဲ့ သွေးဖိအား၊ သွေးခုန်နှုန်း၊ ကာဗွန်မိုနောက်ဆိုဒ်နဲ့ အောက်စီဂျင်ပမာဏ ၊ နှလုံးရောဂါနဲ့ အဆုတ်ကျန်းမာရေး လုပ်ဆောင်ချက်တွေကိုပါ ဖော်ပြပေးထားပါတယ်။ သင့်အနေနဲ့ ဆေးလိပ် ဘယ်နှစ်လိပ် မသောက်ဘဲ နေနိုင်ရင် ကိုယ့်ကိုကို ပြုစုတဲ့ အနေနဲ့ ရုပ်ရှင်ကြည့်တာပဲ ဖြစ်ဖြစ်၊ ကော်ဖီသောက်တာပဲ ဖြစ်ဖြစ် သင်ရဲ့ ဆုလာဒ်အနေနဲ့ သတ်မှတ်ထားလို့ရပြီး ဒီ Application က သင်သောက်ထားတဲ့ ပမာဏကို မှတ်သားထားပေးမှာ ဖြစ်ပါတယ်။ဒေါင်းလုတ်ဆွဲရန် IOS။Android: Free။iPhone: Free။Quit Smoking Hypnosis ကတော့ သင့်ရဲ့ စိတ်ကို ပြောင်းလဲပေးပြီး သင်ဆေးလိပ်သောက်နေတဲ့ အလေ့အကျင့်ပုံစံတွေကို ပြောင်းလဲကာ ဆေးလိပ်ဖြတ်ဖို့ ကူညီပေးနိုင်တဲ့ Application ဖြစ်ပါတယ်။ Quit Smoking Hypnosis မှာပါတဲ့ အိမ်မွေ့ချဆိုင်ရာ အသံဖိုင်ကို နားထောင်ရင် ၁ ပတ်ကနေ ၃ ပတ်အတွင်း သိသိသာသာ ထူးခြားလာမယ်လို့ Application က ဆိုထားပါတယ်။ အသိအမှတ်ပြု အိမ်မွေ့ချပညာရှင်က ဒီ အသံဖိုင်ကို ပြောပေးမှာ ဖြစ်ပြီး နောက်ခံတီးလုံးနဲ့ အသံတွေက သင့်ရဲ့ စိတ်ကို ပိုပြီး ငြိမ်းချမ်းစေမှာ ဖြစ်ပါတယ်။ ညဘက် အိပ်ယာ မဝင်ခင် အသုံးပြုမယ်ဆိုရင်။သင့်အနေနဲ့ နှစ်ခြိုက်စွာ အိပ်ပျော်သွားမှာ ဖြစ်ပါတယ်။ဒေါင်းလုတ်ဆွဲရန် Android။ဒေါင်းလုတ်ဆွဲရန် IOS။iPhone: Free။Butt Out ဟာ ကာတွန်းပုံနဲ့ အရောင်တောက်တောက် တွေနဲ့ ဖွဲ့စည်းထားတဲ့ Application ဖြစ်ပြီး ဆေးလိပ်ချင်ခြင်းတက်ခြင်းနဲ့ သောက်ခဲ့တဲ့ ဆေးလိပ် ပမာဏကို မှတ်သားပေးထားပါတယ်။ အဲ့နောက် Butt Out ဟာ သင့်ကျန်းမာရေး တိုးတက်လာပုံကို Graph များနဲ့ ပြသပေးထားပြီး ဆေးလိပ်ဖြတ်တာ မရပ်သွားဖို့၊ ကိုယ်သတ်မှတ်ထားတဲ့ ပန်းတိုင်ကို အလျှော့မပေးဖို့။စိတ်ဓါတ်ခွန်အားဖြစ်စေနိုင်တဲ့ ပုံများကို ပြသပေးမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ ဆေးလိပ်ကို ချက်ခြင်းကြီး ဖြတ်မလား၊ အချိန် ယူပြီး ဖြတ်မလားဆိုတာကိုလည်း သတ်မှတ်ထားနိုင်ပါတယ်။ဒေါင်းလုတ်ဆွဲရန် IOS။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/quit-smoking-hypnosis/
စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ
လူရှေ့မရှောင် သူရှေ့မရှောင်ယားယံလာလို့တင်ပါးကို ကုတ်နေရပြီလား။ လူအတော်များများ ဒီလို ယားဖူးကြမှာပါ။ နေမထိ ထိုင်မသာနဲ့ ကသိကအောင့်ဖြစ်စေတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ စအိုယားခြင်း ကို ဘယ်လိုကုသဖြေရှင်းနိုင်မလဲဆိုတာ နည်းနည်းလောက်ပြောပြချင်ပါတယ်။တင်ပါး(စအို)ယားခြင်းကကျန်းမာရေးပြဿနာကြောင့်လည်းဖြစ်နိုင်သလိုနေထိုင်မှုပုံစံကြောင့်လည်းဖြစ်တတ်ပါတယ်။ ဆေးပညာအရ pruritus in ani လို့ခေါ်ဆိုတဲ့ ဒီပြဿနာက လူကြားထဲမှာဖြစ်ရင် ကုတ်ရလည်းအခက်၊ ဒီတိုင်းနေပြန်တော့လည်း အနေရခက်နဲ့ အတော်လေးဒုက္ခရောက်ရပါတယ်။အရေပြားပြဿနာ၊ လိပ်ခေါင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ အစားအသောက်၊ ကူးစက်ရောဂါ စတဲ့အကြောင်းတွေကြောင့် တင်ပါး(စအို)ယားတတ်ပြီး ဖြစ်ပွားတဲ့ အကြောင်းရင်းကိုလိုက်ပြီး  ဘယ်လိုနည်းလမ်းတွေနဲ့ ကုသနိုင်မလဲ၊ သက်သာအောင်လုပ်လို့ရမလဲဆိုတာ ပြောပြပါ့မယ်။စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ ဆိုတော့။များသောအားဖြင့် မှို၊ ပိုးမွှား၊ကပ်ပါးတစ်မျိုးမျိုးကူးစက်ခံရလို့ဖြစ်ရတာပါ။ ဒီအတွက်ကြောင့် ကူးစက်ခံရတဲ့ အကောင်ကိုနှိမ်နင်းပြီးကုသလိုက်လို့ရပါတယ်။ ယားယံတာသက်သာအောင် စတီးရွိုက်ပါတဲ့ လိမ်းဆေးလိမ်းပေးလို့လည်းရပါတယ်။အရမ်းညစ်ပတ်တဲ့သူရော၊ အရမ်းသန့်တဲ့သူရော တင်ပါး(စအို)ယားနိုင်ပါတယ်။ ရှင်းပြပါ့မယ်။ အိမ်သာတက်ပြီး ရေသေချာမဆေးကြောရင်၊ အညစ်အကြေးကို ပြောင်စင်အောင်မသုတ်ခဲ့ရင် အရေပြားမှာ ပိုးတွေပေါက်ပွားလာပြီးယားယံနိုင်ပါတယ်။ဒီလိုမဟုတ်ဘဲ တအားအသန့်လွန်ပြီး တင်ပါး(စအို)ကို အမွှေးဆပ်ပြာဆီနဲ့ ခဏခဏဆေးကြောမယ်၊ စက္ကူနဲ့ ပြင်းပြင်းထန်ထန်ပွတ်တိုက်မယ်ဆိုလည်း အရေပြားပါးလာပြီး တင်ပါး(စအို)ယားတတ် ပါသေးတယ်။ ဒါ့ကြောင့် တင်ပါး(စအို)ဆေးတာ တော်ရုံသင့်ရုံပဲ ကောင်းပါတယ်။ ရေသန့်သန့်နဲ့ ညင်ညင်သာသာဆေးပြီး အဝတ်သန့်သန့် (ဒါမှမဟုတ်) တစ်ရှူးနဲ့ ရေခြောက်အောင်သုတ်လိုက်ရင် လုံလောက်ပါပြီ။ကော်ဖီ၊ ကိုကာကိုလာ၊ အရက်၊  ချောကလက်၊ အပူအစပ်တွေနဲ့ ဝမ်းလျှောစေတဲ့ အစားအသောက်တွေကို ဆင်ဆင်ခြင်ခြင်စားပါ။ ဝမ်းမချုပ်အောင်နဲ့ ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် ဂရုစိုက်ရပါမယ်။ဒါဆိုရင်တော့ ဆေးကုသမှုခံယူဖို့  လိုအပ်ပါပြီ။ တင်ပါး(စအို)ယားယံနေရတဲ့အဓိက အကြောင်းရင်းက လိပ်ခေါင်းကြောင့်ဖြစ်တာသေချာရင် လိပ်ခေါင်းအလုံးကို သားရေကွင်းပစ်ကုသတာ (banding) ဒါမှမဟုတ် ခွဲစိတ်ပြီးဖယ်ရှားပစ်တာ လုပ်ဖို့လိုအပ်နိုင်ပါတယ်။ ဘယ်ကုသနည်းက ကိုယ့်အတွက် ပိုအဆင်ပြေနိုင်မလဲဆိုတာ သိအောင် ခွဲစိတ်ဆရာဝန်နဲ့ ပြသဖို့လိုအပ်ပါတယ်။ဝမ်းချုပ်ပြီးအရမ်းညှစ်ရတဲ့အခါမှာ စအိုလမ်းကြောင်းအတွင်းနံရံတွေ အက်ကွဲသွားတတ်ပါတယ်။ ဒီလို ကွဲသွားရင် ယားလည်းယားသလို နာကျင်မှုလည်းခံစားမှာပါ။ တင်ပါး(စအို)ကွဲတာ သိပ်အခြေအနေမဆိုးရင် လိမ်းဆေး၊ သောက်ဆေးလောက်နဲ့ ပျောက်ပါတယ်။ ကွဲသွားတာ အရမ်းကြီးရင်တော့ ခွဲစိတ်ကုသရမှာပါ။စအိုလမ်းကြောင်းထဲမှာ ပိုးဝင်လို့ ပြည်တည်နာဖြစ်ပြီး ပြည်တည်တဲ့လမ်းကြောင်းက အပြင်အရေပြား အထိပေါက်ထွက်သွားရင် ဂရင်ဂျီနာဖြစ်လာပါတယ်။ ဒီအခါမှာ စအိုလမ်းကြောင်းတွင်းက အရည်တွေ အပြင်ကိုစိမ့်ထွက်ပြီး တင်ပါး(စအို)ယားယံမှု ဖြစ်ပါတော့တယ်။ ဂရင်ဂျီနာဖြစ်ရင် ခွဲစိတ်ကုသမှုခံယူတာ အသင့်တော်ဆုံးပါ။တင်ပါး(စအို)ယားမှုကို သက်သာစေနိုင်တဲ့ နည်းလမ်းတွေလည်းရှိပါသေးတယ်။ ဒါတွေကတော့။ရေးသားသူ – Dr.Htoo Tint။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/anal-itching-management/
Tech Neck ကို ဒီလို ဖြေလျော့ရအောင်လား!
တစ်နေ့တာရဲ့အချိန် တော်တော်များများကို ဖုန်းငုံ့သုံးရင်းလက်ပ်တော့တွေကို တစ်ချိန်လုံး သုံးနေရတယ်ဆိုတော့  အချိန်ကြာလာတာနဲ့အမျှဇက်ကြောတွေ တောင့်တင်းတာကို ခံစားရနိုင်ပါတတယ်။ ဒီအခြေအနေကို Tech neck လို့ ခေါ်ပါတယ်။ ဒီတစ်ခေါက်တော့ တစ်နေ့တာမှာ လက်ပ်တော့ ဖုန်းတွေ သုံးရင်း ခံစားရတဲ့ Tech neck ကို ဘယ်လို ဖြေလျော့ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ကဲ …. Tech Neck ကို ဒီလို ဖြေလျော့ရအောင်လား!။(၁) Stretches Neck ( လည်ပင်းကြွက်သားတွေ ဖြေလျော့မယ်)။ဒီလေ့ကျင့်ခန်းကို လုပ်ဆောင်ဖို့အတွက် ဆိုရင်တော့ အရင်ဆုံး။(၂) Neck Rotation Stretch (ဇက်ဝိုက်မယ်)။ဒီလေ့ကျင့်ခန်းကို ထိုင်ရက် လုပ်လို့ ရသလို မတ်တတ်ရပ်ပြီးလည်း လုပ်ပေးလို့ ရပါတယ်။(၃) Chin tuck (မေးစေ့ ရှေ့ထုတ် နောက်ဆွဲလုပ်မယ်)။အခုပြောပြတဲ့ လေ့ကျင့်ခန်းကို လုပ်ဆောင်ဖို့ဆိုရင်တော့။(၄) Shoulder-Blade Pulldown (ပခုံးကြွက်သား လျှော့မယ်)။ပခုံးကြွက်သား ဖြေလျှော့မှု လေ့ကျင့်ခန်း လုပ်ဖို့အတွက်။(၅)Resistance-Band Pull-Apart(ဇက်ကြွက်သားဖြေလျှော့မယ်)။ဒီလေ့ကျင့်ခန်း လုပ်ဖို့အတွက်။စစချင်းလုပ်တဲ့အခါ ကြွက်သားတွေ တင်းနေတာကြောင့် နာတာ၊ ထင်သလောက် မလုပ်နိုင်တာတွေ ဖြစ်တတ်ပါတယ်။ ဒါဆိုရင် နိုင်သလောက်ပဲ လုပ်ပါ။ အတင်းမလုပ်ပါနဲ့။ ဖြည်းဖြည်းချင်း လုပ်နိုင်လာပါလိမ့်မယ်။ လည်ပင်းအရိုးအဆစ်နဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုခု ရှိတယ်ဆိုရင်တော့ Physiotherapist ညွှန်ကြားတဲ့အတိုင်းပဲ လုပ်စေချင်ပါတယ်။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/balance-and-flexibility/tech-neck-releive-tips/
တုပ်ကွေးကာကွယ်ဆေးထိုးဖို့ အချိန်ဆွဲနေတော့မှာလား
ခုလိုရာသီအကူးအပြောင်းကာလမှာ လူတွေကြည့်လိုက်ရင် တုပ်ကွေးဖြစ်တာနဲ့၊ အအေးမိတာနဲ့၊ ကိုယ်လက်တွေ ကိုက်ခဲရတာနဲ့ စိတ်မချမ်းသာစရာတွေပဲနော်။ တုပ်ကွေးအတွက်တုပ်ကွေးကာကွယ်ဆေးထိုးရင် ထိထိရောက်ရောက်ကာကွယ်နိုင်တယ်ဆိုတာ သိပေမယ့်လည်း အချိန်မပေးနိုင်တာ၊ ပျင်းတာ၊ ဆေးထိုးခံရမှာကြောက်တာတွေကြောင့်ကာကွယ်ဆေးထိုးဖို့ကို လူတွေက လက်တွန့်တတ်ပါတယ်။ အဲ့တော့ တစ်မိနစ်လောက်လေး အနာခံရတာနဲ့ ရက်ပေါင်းများစွာ အစာမစားနိုင်၊ ကိုက်ခဲပြီး ချမ်းသလိုလိုဖြစ်၊ ကိုယ်ပူ၊ ချောင်းဆိုးနေရတာ ဘယ်ဟာက ပိုဝေဒနာခံရတာသက်သာမလဲဆိုတာ ပြန်တွေးကြည့်စေချင်ပါတယ်။အသက် ၆လအထက် ကျား၊ မ မရွေး တုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်ထိုးဖို့ လိုအပ်ပါတယ်။ ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် စောနိုင်သမျှ စောစောထိုးတာ အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ကာကွယ်ဆေးရဲ့ အာနိသင်ဟာ ဆေးထိုးပြီး ၂ပတ် မှ ၄ပတ်အထိ ကြာမှသာ ပြတတ်ပြီးတုပ်ကွေးရောဂါကို ကာကွယ်ပေးနိုင်တာကြောင့်ပါပဲ။ ဒါကြောင့် နေ့ရွှေ့ရက်ရွှေ့မလုပ်ပါနဲ့၊ ကာကွယ်ဆေးထိုးဖို့ကို တစ်ရက်သက်သက် အချိန်ပေးပြီး နှစ်စဉ်နှစ်တိုင်း ဒီနေ့ရောက်ပြီဆိုတာနဲ့ ကာကွယ်ဆေးကို အပြေးထိုးထားဖို့ အရေးကြီးပါတယ်။လူတိုင်း တုပ်ကွေးကာကွယ်ဆေးထိုးထားသင့်တယ်။ ခုပြောပြပေးမယ့်လူတွေကတော့ တုပ်ကွေးကာကွယ်ဆေးအပြင် တခြားသူတွေထက် နေထိုင်စားသောက်မှုပုံစံကို ပိုဂရုစိုက်ပေးဖို့၊ မိသားစုဝင်ကိုယ်တိုင်ကပါ ကူညီပေးဖို့ လိုအပ်ပါတယ်။၁။ အသက် ၅ နှစ်အောက် ကလေးငယ်တွေ။၂။ အသက် ၆၅ နှစ်အထက် အသက်ကြီးတဲ့လူကြီးမိဘေတွ။၃။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ။၄။ကိုယ်ခံအားနည်းတဲ့သူတွေ။၅။ ကျန်းမာရေးပြဿနာရှိတဲ့သူတွေဆိုရင် တုပ်ကွေးကာကွယ်ဆေးထိုးဖို့ ပိုပြီးတောင် လိုအပ်ပါတယ်။အသက် ၆ လအောက် ကလေးငယ်တွေကိုတော့ တုပ်ကွေးကာကွယ်ဆေး မထိုးသင့်ပါဘူး။တုပ်ကွေးကာကွယ်ဆေးထိုးခြင်းဟာ ကောင်းတဲ့ အလေ့အထဆိုပေမယ့် ၁၀၀ ရာခိုင်နှုန်းကာကွယ်ပေးနိုင်တာ မဟုတ်ပါဘူး။ ဒါကြောင့် တခြားကာကွယ်ပေးဖို့အနေနဲ့။လူဆိုတာ ကျန်းမာမှ အလုပ်ကောင်းကောင်းလုပ်နိုင်မှာမို့ အလုပ်ပဲ ဖိလုပ်နေပြီး ကိုယ့်ကျန်းမာရေးကို ပစ်ထားရင်တော့ အဆင်မပြေဘူးနော်။ ဒါဆို အချိန်မလွန်ခင် စောစောစီးစီး တုပ်ကွေးကာကွယ်ဆေးထိုးထားကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/%e1%80%90%e1%80%af%e1%80%95%e1%80%b9%e1%80%b1%e1%80%80%e1%80%bc%e1%80%b8%e1%80%80%e1%80%ac%e1%80%80%e1%80%bc%e1%80%9a%e1%80%b9%e1%80%b1%e1%80%86%e1%80%b8%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%96/
သင်္ချာနဲ့အတွက်အချက် သင်ယူရာမှာ အခက်အခဲဖြစ်ခြင်း (Dyscalculia)
ကလေးတွေမှာ အတွေ့များတဲ့သင်ကြားရေးပိုင်းဆိုင်ရာ အခက်အခဲတွေထဲက သင်္ချာနဲ့အတွက်အချက် သင်ယူရာမှာ အခက်အခဲဖြစ်ခြင်း (Dyscalculia) အကြောင်းကို ဒီဆောင်းပါးမှာ ရှင်းပြပေးချင်ပါတယ်။Dyscalculia ဆိုတာကတော့ သင်္ချာနဲ့ ပတ်သက်တဲ့ ဆက်နွယ်နေတဲ့ အကြောင်းအရာတွေကို သင်ယူတဲ့နေရာမှာဦးနှောက်က ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းပြဿနာတစ်ခုပါ။ ကျက်စာတွေမှာ တော်သလောက် အတွက်အချက်မှာ တခြားသူတွေထက် အားနည်းတဲ့ ကလေးတွေမှာ ဒီပြဿနာကို အများဆုံးတွေ့ရပြီး လူကြီးအရွယ်တွေမှာလည်း တွေ့ရနိုင်ပါတယ်။ အဓိက အတွက်အချက်တွေ၊ ပေါင်းနှုတ်မြှောက်စား၊ ဂဏန်းတွေကို အလွတ်ကျက်မှတ်တဲ့အခါ၊ စိတ်ဖြင့် တွက်ချက်ခြင်း၊ ပုံသေနည်းနဲ့ သင်္ချာရဲ့ အခြေခံသဘောတရားတွေကို သင်ယူရတာလည်း ပိုခက်သလို အချိန်လည်း ပိုပေးရတတ်ပါတယ်။ပုံမှန်အားဖြင့်တော့ သင်္ချာနဲ့အတွက်အချက် သင်ယူရာမှာ အခက်အခဲဖြစ်ခြင်း (Dyscalculia) ရှိတဲ့ကလေးတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေက။ဖွံ့ဖြိုးမှုနှေးကွေးခြင်း၊ ဦးနှောက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များရှိခြင်း၊ ADHD စိတ်ဝေဒနာရှိခြင်း၊ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်လွယ်တဲ့ ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ တိကျတဲ့အကြောင်းရင်းမှန်ကို လက်ရှိအချိန်ထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေမဲ့ ပညာရှင်တွေကတော့ တချို့ကလေးတွေဟာ လွတ်လပ်စွာတွေးခေါ်ခြင်းကို ကြိုက်နှစ်သက်တယ်၊ လက်ရှိပညာရေးစနစ်ရဲ့ သင်္ချာတွက်ချက်ပုံတွေဟာ ရှေးယခင်က လူတွေ ချမှတ်ထားတဲ့ စည်းမျဉ်း၊ နိယာမတွေ၊ တွက်ချက်ပုံတွေကို သင်ကြားပေးနေတာဖြစ်ပြီး သင်္ချာရဲ့ အနှစ်သာရကို ကလေးတွေ နားလည်သဘောပေါက်အောင် ရှင်းမပြနိုင်တာကြောင့်လို့ ယူဆထားကြပါတယ်။ကလေးတိုင်းက သင်္ချာဆို ကြောက်ကြတာပဲဖြစ်လို့ သင်္ချာမတွက်ချင်တိုင်း၊ သင်္ချာမတော်တိုင်း ဒီရောဂါပါလို့ ပြောလို့မရပါဘူး။ဒါပေမဲ့ အပေါ်မှာ ပြောထားခဲ့တဲ့ သင်ကြားရေးဆိုင်ရာချို့ယွင်းချက်လက္ခဏာတွေ ကိုယ့်ကလေးမှာ တွေ့ရတယ်ဆိုရင် စိတ်ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်ပြသကြည့်သင့်ပါတယ်။ ဆရာဝန်အနေနဲ့ ကိုယ့်ကလေးရဲ့ ကျန်းမာရေးအခြေအနေ၊ မိသားစုရဲ့ နောက်ခံသမိုင်းတွေနဲ့ ပတ်သက်ပြီး မိဘကိုရော သားသမီးကိုရော သီးခြားစီ မေးမြန်းသွားမှာဖြစ်ပါတယ်။အဲ့ဒီနောက်မှာ ကလေးကို သင်္ချာနဲ့ပတ်သက်တဲ့ ပုစ္ဆာတွေ၊ ဉာဏ်စမ်းမေးခွန်းတွေကို ပေးထားပြီး ကလေးရဲ့ တုံ့ပြန်ပုံ၊မျက်နှာအမူအရာ၊ စိတ်အခြေအနေ၊ ရလဒ်ကို ကြည့်ပြီးမှသာ အဆုံးအဖြတ်ပေးနိုင်မှာပါ။ပျောက်ကင်းအောင် ကုသခြင်းဆိုတာထက် ကလေးရဲ့ သင်ကြားမှုစွမ်းရည်ကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အရာတွေကို ကာကွယ်ထိန်းချုပ်ပေးတယ်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ကလေးငယ်စဉ်ကတည်းက ဒီပြဿနာကို မထိန်းချုပ်ထားဘူးဆိုရင် အသက်ကြီးလာတဲ့အခါ လုပ်ငန်းခွင်၊ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲတဲ့နေရာမှာ အခက်အခဲများစွာ ကြုံလာရနိုင်ပါတယ်။ကလေးတွေအတွက် ကုသနည်းကို အိမ်နဲ့ ကျောင်းတွေမှာ ပြုလုပ်ပေးနိုင်ပြီး ဆရာဝန်ရဲ့ သတ်မှတ်ပေးထားတဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း မိဘတွေနဲ့ ဆရာမတွေက လုပ်ပေးရုံပါပဲ။ ဒါတွေကတော့။လူကြီးတွေအတွက် ကုသနည်းဟာ ကလေးတွေကို ကုသရသလိုတော့ လွယ်ကူမှာမဟုတ်ပါဘူး။ အဓိက ဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ သင်္ချာတွက်ချက်ခြင်း အခြေခံ နိယာမတွေနဲ့လေ့ကျင့်ခန်းတွေ၊ တွက်ချက်ရာမှာ အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေနဲ့အတူ လေ့ကျင့်ပေးမှာဖြစ်ပြီး သင်္ချာသီးသန့်သင်ပေးတဲ့ ဆရာနဲ့ အိမ်မှာသီးသန့်ခေါ်သင်တာမျိုးလည်း လုပ်ပေးလို့ရပါတယ်။အချုပ်အားဖြင့် ဆိုရရင် Dyscalculia သည် ကလေးဘဝမှာ စတင်ဖြစ်လာနိုင်တဲ့ သင်ကြားမှုဆိုင်ရာအခက်အခဲဖြစ်ပြီး ကုသရန်လွယ်ကူပါတယ်။ မကုသဘဲ ပစ်ထားမှသာ လူကြီးဖြစ်တဲ့အရွယ်ထိ ပါသွားပြီး အနာဂတ်မှာ ဒုက္ခဖြစ်ဖို့ ပိုများနိုင်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ကလေးရဲ့ပညာသင်ကြားတဲ့နေရာမှာ အခက်အခဲတွေ့နေတဲ့ပုံစံမျိုး မြင်ရတာနဲ့ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်နဲ့ အမြန်ဆုံးတိုင်ပင်ပြသဖို့ အကြံပေးလိုက်ပါတယ်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/dyscalculia-explained/
ပျားတုပ်ခံရတဲ့အခါ အမြန်သက်သာအောင် ဒီနည်းတွေ လုပ်ကြည့်ပါ ။
ပျားဆိုတဲ့ သတ္တဝါလေးတွေဟာ သူ့ဘာသာဆို ဘာမှမလုပ်ပေမယ့် သူနေတဲ့ အုံကိုများ သွားထိမိလိုက်လို့ကတော့ အပြုံလိုက်ထွက်လာပြီး တုပ်တယ်ဆိုတာ အားလုံးသိကြမှာပါ။ပျားတုပ်ခံရတဲ့ အရသာဟာ ဘာနဲ့မှ မတူအောင် အီစိမ့်တယ်ဆိုတာ အတုပ်ခံရဖူးသူတိုင် းသိကြမှာပါ။ဒီတော့ ပျားအတုပ်ခံရရင် နာလည်းနာမယ်၊ အလုပ်လည်းပျက်မယ်ဆိုတေ့ ကိုယ်ပျားအတုပ်ခံရတဲ့အခါ အမြန်ဆုံးသက်သာအောင် ဘယ်လိုလုပ်လို့ရလဲ။ ပြောကြတာကြားဖူးတယ်မလား၊ ပျားတုပ်ခံ၊ပုရွက်ဆိတ်ကိုက်ခံရရင် ပရုတ်ဆီတွေ မလိမ်းရဘူး၊ ဆေးတွေ လျှောက်မလိမ်းရဘူးဆိုတာကို။ ဒီတော့ ပျားတုပ်ခံထားရတဲ့အနာ မြန်မြန်သက်သာစေဖို့ သဘာဝနည်းတွေနဲ့လုပ်ကြည့်ရင် မကောင်းဘူးလား။ ။( ၁ )ရေခဲကပ်ပါ။ရေခဲဟာ ရောင်ရမ်းခြင်းတွေနဲ့ နာကျင်ခြင်းတွေကို လျော့ကျစေနိုင်တဲ့ အစွမ်းတွေရှိပါတယ်။ ဒီတော့ ပျားတုပ်ခံရပြီးပြီးချင်း အတုပ်ခံရတဲ့နေရာက ပျားဆိပ်တွေစင်သွားအောင် ရေဆေးလိုက်ပါ။ ရောင်ပြီးနီလာတဲ့နေရာကို မိနပ်အတော်ကြာအောင်ရေခဲကပ်ပါ။ ကပ်ကပ်ချင်း ကိုက်သလိုခံစားမှု ဖြစ်ပေမယ့် လုံးဝမရပ်လိုက်ဘဲ ဆက်ပြီးရေခဲကပ်ပါ။ တစ်တုံးကုန်သွားရင် နောက်တစ်တုံးနဲ့ ဆက်လုပ်ပါ။ ရေခဲကပ်တဲ့အခါ ရေခဲနဲ့ အသားနဲ့ တိုက်ရိုက်မထိဘဲ ကြားထဲ အဝတ်တစ်ခုခုခံပြီး ရေခဲကပ်ပါ။ရှားစောင်းလက်ပတ်ထဲက ဂျယ်လီလေးမှာ ရောင်ရမ်းခြင်းကိုလျော့ကျစေတဲ့အာနိသင်အပြင်ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့အစွမ်းရှိတာကြောင့် ပျားတုပ်ခံထားရတဲ့နေရာကို ရှားစောင်းလက်ပတ်ဂျယ်လေးနဲ့ စိမ့်ဝင်အောင် လိမ်းပေးပါ။ အေးမြမြ ခံစားမှုနဲ့အတူ နာကျင်ရောင်ရမ်းတာတွေသက်သာသွားမှာပါ။ခြင်ကိုက်ယားယံတာဖြစ်ဖြစ်၊ယားယံတဲ့အဖုအပိန့်တွေကို သက်သာစေဖို့ဖြစ်ဖြစ် သုံးကြတဲ့Calamine lotionကို ပျားတုပ်ခံရတာကို သက်သာစေဖို့ သုံးပေးလို့ရပါတယ်။ ပျားတုပ်ခံထားရတဲ့နေရာကိုCalamine lotionလေး ပွတ်ပေးလိုက်ရုံပါပဲ။ပျားရည်မှာ ရောင်ရမ်းခြင်းကို လျော့စေတဲ့အာနိသင်ရှိတာကြောင့် ပျားတုပ်ခံရလို့ ရောင်ကိုင်းနေခြင်းကို သူက သက်သာစေမှာပါ။ နောက်ပြီး ပျားရည်ရဲ့ ဘက်တီးရီးယားကိုသေစေနိုင်တဲ့ အာနိသင်ကြောင့် ပျားတုပ်ခံရတဲ့နေရာကို နောက်ထပ်ပိုးဝင်တာတွေကို ကာကွယ်ပေးမယ့်အပြင်အနာကျက်ြမန်အောင်လည်း သူက ကူညီပေးဦးမှာပါ။ဒါကတော့ ပျားတုပ်ခံရတဲ့အမြန်သက်သာစေမယ့် အသုံးဝင်သဘာဝနည်းလမ်းတွေဖြစ်ပါတယ်။ သဘာဝနည်းလမ်းတွေကိုမသုံးချင်ဘူး ဆေးတွေကို ယုံကြည်တယ်ဆိုတဲ့သူတွေကတော့ ပျားတုပ်ခံရတဲ့နေရာကို ခုပြောပြမယ့်ဆေးတွေ သုံးပေးလို့ရပါတယ်။သဘာဝနည်းတွေက လွဲလို့ သောက်ဆေး၊ လိမ်းဆေး၊ ထိုးဆေးတွေအားလုံးကို မသုံးခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ မမေ့နဲ့နော် ။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/bee-sting/
ကလေးအစာခြေစနစ် အတွက် အရေးပါတဲ့ အကျိုးပြုဘက်တီးရီးယား (Probiotics)
၉ လလွယ် ၁၀ လဖွားထားတဲ့ကလေးတစ်ယောက် ပျော်ရွှင်စွာနဲ့ကြီးပြင်းလာဖို့က မေမေတိုင်းရဲ့ မျှော်လင့်ချက်တစ်ခု ဟုတ်။ မမွေးခင်ကအစားအသောက်ဂရုစိုက်သလို နို့တိုက်နေချိန်မှာလည်း ကလေးကို ထိခိုက်မယ်ဆိုတာနဲ့ နှစ်ခါမစဉ်းစားဘဲ ရှောင်လိုက်တာ မေမေတိုင်းရဲ့ ကြီးမားတဲ့မေတ္တာပါ။ ဒီလိုကနေ အရွယ်ရောက်လို့ အစားစစားချိန်မှာအာဟာရပြည့်ဝအောင်ပါဝင်စေဖို့ကိုလည်း မေမေက အကောင်းဆုံးစီစဉ်ပေးတတ်ပါသေးတယ်။ကလေးတစ်ယောက် ပျော်ရွှင်စွာကြီးပြင်းစေဖို့ဆိုရင် အာဟာရပြည့်ဝပြီး ကျန်းမာဖို့က မဖြစ်မနေလိုအပ်မှာပါ။ ဒီတော့ ကျန်းမာဖို့က အဓိက အာဟာရပြည့်ဝဖို့က ပထမဆိုပါတော့။ အာဟာရပြည့်ဝမှ ကျန်းမာမှာပါ။ ကျန်းမာမှလည်း ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းနိုင်တော့မှာပေါ့။ ဒီတော့ အာဟာရပြည့်ဝစေဖို့ ဘာတွေများပြင်ဆင်ပေးဖို့လိုမလဲ။ကြီးထွားဖို့ အရှိန်ယူနေတဲ့ ကလေးတစ်ယောက်အတွက် အရေးပါတဲ့ ဇာတ်လိုက်လေးတွေ ရှိပါတယ်။ ဒါတွေကတော့။ပရိုတင်း– ခန္ဓာကိုယ် ကောင်းမွန်စွာကြီးထွားဖွံ့ဖြိုးစေဖို့အတွက် အရေးပါ ပါတယ်။ကြွက်သားတွေနဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို အကောင်ဆုံး ကြီးထွားစေနိုင်သလို အရိုးတွေကိုလည်း ကြံ့ခိုင်စေနိုင်ပါတယ်။ကိုယ်ခံအားကောင်းစေသလို နှလုံးနဲ့အသက်ရှုလမ်းကြောင်းကျန်းမာစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေး နိုင်ပါတယ်။ကာဗိုဟိုက်ဒရိတ်– ခန္ဓာကိုယ်ရဲ့ စွမ်းအင်ကိုထောက်ပံ့ပေးတဲ့ အရင်းအမြစ်တစ်ရပ်ပါ။ တစ်ရှူးတွေကို အသစ်ဖြစ်ပေါ်စေပါတယ်။အဆီ– စွမ်းအင်ကို အဓိကရရှိစေနိုင်တဲ့ အစားအရင်းအမြစ်တစ်ခုပါ။ခန္ဓာကိုယ်ကျန်းမာစေဖို့ အထောက်အကူပြုပေးပါတယ်။ကယ်လ်ဆီယမ်– ကျန်းမာတဲ့ အရိုးနဲ့ သွားတွေဖြစ်ပေးစေဖို့ ထောက်ပံ့ပေးပါတယ်။ အာရုံကြော၊ ကြွက်သား နဲ့ နှလုံးကျန်းမာစေနိုင်ပါတယ်။သံဓာတ်– သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်က ဆဲလ်တွေဆီ အောက်ဆီဂျင်ရောက်ရှိစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ အာရုံစူးစိုက်မှုကောင်းစေပါတယ်။ဖောလိတ်– ကလေးရဲ့ ခန္ဓာကိုယ်ပေါ်ကဆဲလ်တွေကို ကျန်းမာဖွံ့ဖြိုးစေပါတယ်။သွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်။အမျှင်ဓာတ်– ဝမ်းမှန်စေပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါ နှလုံးရောဂါ နဲ့ကင်ဆာမဖြစ်အောင်ကာကွယ်ပေးပါတယ်။ဗီတာမင်A–အမြင်အာရုံကျန်းမာစေပြီး အရေပြားပြဿနာကင်းစေမှာပါ။ ကူးစက်ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ဗီတာမင်C–  ဖျားနာမှုကင်းစေအောင်ကာကွယ်ပေးတယ်။ ကိုယ်ခံအားကောင်းစေတယ်။ ခန္ဓာကိုယ်ကဆဲလ်တွေကို ကျန်းမာစေတယ်။ သွေးကြောနံရံတွေကို ကျန်းမာစေနိုင်တယ်။ အနာကျက်စေနိုင်တယ်။ အရိုးနဲ့သွားတွေကြံ့ခိုင်သန်စွမ်းစေဖို့ လိုအပ်တဲ့ ဗီတာမင် တစ်မျိုးပေါ့။Probiotics (အကျိုးပြုဘက်တီးရီးယား)– အစာခြေစနစ်ကို ကျန်းမာစေနိုင်တဲ့ သက်ရှိဘက်တီးရီးယားတစ်မျိုးပါ။ အစာအိမ်အူလမ်းကြောင်းကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်တာကြောင့် ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းအရွယ်ရောက်စေမှာပါ။အခုပြောခဲ့တဲ့ အာဟာရဓာတ်ကို တော်တော်များများရင်းနှီးပြီးဖြစ်ပေမယ့် အကျိုးပြုဘက်တီးရီးယားလို့သိကြတဲ့ (Probiotics) ကတော့ နည်းနည်းစိမ်းနေဦးမှာပါ။ ဒီတော့ အကျိုးပြုဘက်တီးရီးယား (Probiotics) လေးအကြောင်းပြောပြချင်ပါတယ်။ကလေးတစ်ယောက်အကောင်းဆုံးကြီးပြင်းစေဖို့ကအစာခြေစနစ်ကျန်းမာဖို့လိုပါမယ်။ ကလေးတွေရဲ့ အစာခြေစနစ်ကို ကျန်းမာစေဖို့အကောင်းဆုံးထောက်ပံ့ပေးတဲ့ အကျိုးပြုဘက်တီးရီးယား (Probiotics) အမျိုးအစားတစ်မျိုးရှိပါတယ်။ ဒါကတော့Lactobacillusလို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားအမျိုးအစားပါ။ ဒီအကျိုးပြုဘက်တီးရီးယားလေးတွေကို ကောင်းတယ်လို့ပြောရတာက သူတို့က အူမကြီးထဲမှာ ရှင်သန်နေထိုင်ကြပြီး။ဒီအမျိုးအစားက တွေ့ရအများဆုံး Probiotic ပါ။ ဒီ Probiotic အမျိုးအစားကို ဒိန်ချဉ်၊ မိခင်နို့နဲ့ Lactobacillus အကျိုးပြုဘက်တီးရီးယားဖြည့်စွက်ထားတဲ့ အာဟာရဖြည့်နို့တွေမှာတွေ့ရများပါတယ်။ Probiotics တွေကဝမ်းလျှောတာကို သက်သာစေနိုင်ပြီး အစာကြေခဲတဲ့ကလေးတွေအတွက်လည်း အစာခြေစနစ်ကို အထောက်အပံ့ပေးပါတယ်။ ကြီးထွားဖို့အရှိန်ယူနေတဲ့ ကလေးတွေအတွက်ဆိုရင်တော့ ကျန်းမာတဲ့အစာခြေစနစ်နဲ့အာဟာရဓာတ်တွေကို အကောင်းဆုံးစုပ်ယူပေးပြီး ကျန်းမာပျော်ရွှင်စွာကြီးပြင်းစေဖို့ အထိရောက်ဆုံး ပံ့ပိုးပေးနိုင်မှာပါ။ကဲ…မေမေတို့ရေ ကိုယ့်ရဲ့ ရင်နဲ့အမျှချစ်ရတဲ့သားသားမီးမီးတို့ကို အကျိုးပြုဘက်တီးရီးယား(Probiotic) ပါအောင်ပြင်ဆင်ပေးတော့မယ်ဟုတ်…..။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/what-are-probiotics/
Emphysema (အဆုတ်လေအိတ်များပျက်စီးခြင်း) ဘာတွေကြောင့်ဖြစ်ရတာလဲ ။ ။
အဆုတ်တစ်ခုကောင်းကောင်း အလုပ်လုပ်ဖို့အတွက်ဆိုလေပြွန်၊ အဆုတ်ကြွက်သားနဲ့ အဆုတ်လေအိတ်တွေ ကောင်းကောင်းအလုပ်လုက်ဖို့လိုပါတယ်။ လေပြွန်တွေကျဉ်းနေမယ်၊အဆုတ်ပိုးဝင်ြပီး အဆုတ်ရောင်နေမယ် လေအိတ်လေးတွေ ပြားကပ်နေမယ်ဆိုရင် အသက်ရှူရကြပ်တဲ့ ပြဿနာတွေ ခံစားရတတ်ပါတယ်။ လေပြွန်တွေ ကျဉ်းနိုင်တဲ့ ( bronchiolitis) အဆုတ်ပိုးဝင်တဲ့ ( pneumonia ) အကြောင်းတွေ တော်တော်များများသိပြီးကြပြီးဖြစ်တော့ ခုအဆုတ်လေအိတ်လေးတွေ ပျက်စီးတဲ့ ပြဿနာ( emphysema) ကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ အကြောင်းပြောပြပေးချင်ပါတယ။အဓိက အဖြစ်အများဆုံးနဲ့ လူသိအများဆုံး ၂ ခုကို အရင်ဆုံးပြောပြချင်ပါတယ်။သိတဲ့အတိုင်းအဆုတ်နဲ့ ပက်သက်တဲံ ရောဂါတွေ အားလုံး ဆေးလိပ်ကနေပြေးလွတ်တယ်ဆိုတာ မရှိပါဘူး။ ဒီအထဲကမှ အဆိုးဆုံကတော့ emphysema ပေါ့။ ဆေးလိပ်မှာပါတဲ့ဓါတုပစ္စည်းတွေက လေအိတ်လေးတွေကို ဖျက်ဆီးလိုက်တာကြောင့် ဆေးလိပ်သောက်တဲ့သူတွေက မသောက်တဲ့သူတွေထက်စာရင် emphysema ဖြစ်နေချိန် ၆ ဆပိုများပါတယ်။ emphysema ဆိုတဲ့ ပြဿနာဟာ ဖြစ်ပြီးရင် အပြီးတိုင်ပျောက်အောင် ကုသလို့ မရတော့တာကြောင့် ဆေးလိပ်ဖြတ်နိုင်ဖို့လိုပါတယ်။ရောဂါပိုးတွေကို တိုက်ထုတ်တဲ့သွေးဖြူဥေတွ ပုံမှန်အတိုင်းဖြစ်အောင် ထိန်းသိမ်းနေရတဲ့ Alpha-1 antitrypsin ဓါတ်ချို့တဲ့သွားတဲ့အခါ ပြင်ပကရောဂါပိုးတွေကို မတိုက်ထုတ်နိုင်တော့တဲ့အပြင် သွေးဖြူဥတွေလည်း ပုံမှန် မဟုတ်တော့ဘဲ လေအိတ်လေးတွေကို ပြန်တိုက်တာကြောင့် လေအိတ်တွေ ပျက်စီးသွားတတ်ပါတယ်။ Alpha-1 antitrypsin ဓါတ်ချို့တဲ့နေတဲ့သူတွေဟာ emphysema အဆုတ်ပြဿနာတင်မဟုတ် နောက်ပိုင်းမှာအသည်းြပဿနာတွေလည်း ဆက်ဖြစ်နိုင်ပါသေးတယ်။ဆေးလိပ်သောက်တာနဲ့ တန်းတူ ထိခိုက်တဲ့နောက်တစ်ခုကတော့တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူ ( တဆင့်ခံ ဆေးလိပ်သောက်ခြင်း) ပဲ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်က ဆေးလိပ်မသောက်တောင် ဘေးကနေ ဆေးလိပ်ရှူရဖန် များလာတဲ့အခါ ဆေးလိပ်သောက်တဲ့သူတွေနဲ့ တန်းတူ ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါတယ်။ အဲဒီ အထဲမှာemphysemaလည်းပါတာပေါ့။လေထုညစ်ညမ်းနှုန်းများလာလေလေ အဆုတ်လေအိတ်လေးတွေ ပျက်စီးတဲ့ ပြဿနာ ( emphysema) ဖြစ်လေလေလို့ သိပ္ပံပညာရှင်တွေက ဆိုထားပါတယ်။ ဒါ့ကြောင့် အိမ်ပတ်ဝန်းကျင်မှာ သစ်ပင်လေးတွေများများစိုက်ပါ။လေကောင်းလေသန့်ရအောင် ပြတင်းပေါက်တွေ များများဖွင့်ထားပါ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/emphysema/emphysema/
ပန်းနာရင်ကြပ်ရောဂါနဲ့ ပတ်ဝန်းကျင် သက်ရောက်မှု ။ ။
အာလုံးသိကြမှာ။ပန်းနာရင်ကြပ်သမားတွေ ဆောင်းရာသီကို ကြောက်ကြတယ်ဆိုတာ။ ဆောင်းတွင်းမှာပြင်ပကလေအေးတွေကြောင့် လေပြွန်တွေ ကျဉ်းနေမယ့် အပြင် ပြင်ပက အမှုန်တွေကို နဂိုတည်းကဓါတ်မတည့်အတွက် ချွဲပိုထပြီး အသက်ရှူရပိုကြပ်စေပါတယ်။ ဒါပေမယ့် ပန်းနာရင်ကြပ်သမားတွေအပေါ် သက်ရောက်တာဆောင်းရာသီ တစ်ခုတည်းမဟုတ်ပါဘူး။ အခြား ရာသီဥတုနဲ့ သဘာဝ ပတ်ဝန်းကျင် အခြေအနေကလည်း သက်ရောက်သေးတာကြောင့် တစ်ခုချင်းစီအကြောင်း ဆက်ကြည့်လိုက်ရအောင် ။ ။လေပူတွေကို ရှူသွင်းလိုက်တဲ့ခါ နဂိုကျဉ်းပြီးသားလေပြွန်တွေကို ပိုကျဉ်းသွားတဲ့အပြင် ဖုန်ထတဲ့နွေရာသီကြောင့် ချွဲပိုထပြီး အသက်ရှူပိုကြပ်သွားတတ်ပါတယ်။အပူထက်စာရင် အအေးကပန်းနာရင်ကြပ်သမားတွေကို အသက်ရှူပိုကြပ်စေမှာပါ။ အေးတဲံလေတွေက လေပြွန်တွေထဲမှာ ရှိတဲံ တစ်ရှူးတွေကို ခြောက်သွားစေပြီး လေပြွန်ပိတ်မလို အခြေအနေတောင် ဖြစ်သွားစေပါတယ်။ ဒီလို အချိန်မျိုးတွေမှာဆို လည်စည်းလေးကို မျက်နှာအောက်နားလောက်မှာ ပတ်ထားလိုက်ပါ။ အပြင်က လေအေးတွေသိပ်မဝင်တော့ဘဲ အာငွေ့လေးနဲ့ ပူနွေးတဲ့လေတွေကိုပဲ ရှူုရမှာပါ။ပတ်ဝန်းကျင်ရဲ့ စိုထိုင်းဆက မှိုတွေနဲ့ အခြား ဓါတ်မတည့်စေမယ့် အရာတွေကို ပိုအားပေးသလိုဖြစ်တာကြောင့် စိုထိုင်းဆများတဲ့ ပတ်ဝန်းကျင်နဲ့ ပန်းနာရင်ကြပ်သမားတွေ မတည့်ပြန်ပါဘူး။ အခန်းထဲများနေတဲ့ စိုထိုင်းဆတွေ ခြောက်သွားအောင် အဲယားကွန်းဖွင့်ပေးသင့်သလို အပြင်သွားရင်လည်း စိုထိုင်းဆနည်းတဲ့ နေ့ခင်းပိုင်း ညနေပိုင်း တွေကို ပိုရွေးချယ်သင့်ပါတယ်။သစ်ပင်နဲ့ပန်းပွင့်တွေကနေထွက်တဲ့ပန်းဝတ်မှုန်တွေ လေထဲပါလာတဲ့ အချိန်တွေဟာပန်းနာရင်ကြပ်သမားတွေအတွက် ရောဂါပြန်ထတဲ့အချိန်ပါ။မုန်တိုင်းနဲ့ မိုးကြိုးတွေပြင်းထန်နေတဲ့ ကာလမှာ မြေပြင်က ဖုန်တွေပိုထွက်၊ စိုထိုင်းဆတွေပိုများပြီး လေပြင်းတွေကြောင့် ပန်းဝတ်မှုန်တွေပိုကြွေတာကြောင့် ဒီကာလဟာလည်းပန်းနာရင်ကြပ်သမားတွေ သတိထားရတဲ့ ကာလတစ်ခုပါ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/asthma-respiratory-health/asthama/
ထမင်းစားပွဲတွင် အမျှင်ဓာတ်ပါစေချင်ရခြင်း အကြောင်း
ထမင်းစားပွဲတွင် အမျှင်ဓာတ်ပါစေချင်ရခြင်း အကြောင်း လေ့လာလိုက်ဦးစို့နော်။ အမျှင်ဓာတ်ဆိုတာ တကယ်တော့ အပင်က ရတဲ့ မကြေလွယ်တဲ့ ကစီဓာတ် တစ်မျိုးပါပဲ။ စားလိုက်တဲ့ အစားအစာမှာ အမျှင်ဓာတ်ပါမယ်ဆိုရင် အူသိမ်နဲ့ အစာအိမ်က မခြေနိုင်ဘဲ အူမကြီးနဲ့ အူနှောင်းပိုင်းထိရောက်ပြီး သူ့အတိုင်း ဝမ်းသွားတဲ့ထဲ စွန့်ထုတ်ပါသတဲ့။ ဒါဆိုဘာလို့စားနေဦးမှာလဲပေါ့။အမျှင်ဓာတ်မှာ ပျော်ဝင်တဲ့အမျှင်၊ မပျော်ဝင်တဲ့ အမျှင်ဆိုပြီး နှစ်မျိုးရှိပြီး နှစ်မျိုးလုံးကို ကိုယ်ခန္ဓာက ကျန်းမာရေး ထိန်းသိမ်းဖို့အတွက်   လိုအပ်ပါတယ်။ ရေမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေက အနှစ်ပုံစံ ဖြစ်လာပြီး အစာခြေခြင်းကို နှေးကွေးစေတာကြောင့် အချိန်ပိုကြာကြာ မဆာဘဲ ဗိုက်ပြည့်နေသလို ခံစားရစေပါတယ်။မပျော်ဝင်တဲ့ အမျှင်ဓာတ်တွေကတော့ အူလမ်းကြောင်း လှုပ်ရှားမှုကိုစည်းချက်မှန်စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။ အမျှင်ဓာတ်ကို အစာကြမ်းအဖြစ်လည်း လူသိများပြီး သန့်စင်ပြုပြင်ထားတဲ့ အစားအစာထက် တာရှည်ခံအောင် ပြုပြင်မထားတဲ့ သဘာဝ အစားအစာတွေမှာ ပိုပြီး တွေ့ရနိုင်ပါတယ်။ ဥပမာ အားဖြင့် အပင်ထွက်အစားအစာတွေဖြစ်တဲ့ နှံစားပြောင်း၊ ဂျုံကြမ်း၊ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေမှာ အထူးသဖြင့် တွေ့ရပါတယ်။ သေချာ ခွဲပြီးပြောပြပေးရရင်။၁။ မပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်ကို သဘာဝ အစေ့အဆန်တွေ၊ ဂျုံ၊ နှံစားပြောင်းအပြင် မုန်လာဥ၊ တရုတ်နံနံနဲ့ ခရမ်းချဉ်သီးအစရှိတဲ့ ဟင်းသီးဟင်းရွက်တွေလိုမျိုး အစားအစာမှာ တွေ့နိုင်ပါတယ်။၂။ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေကိုတော့ မုယောစပါး၊ အုတ်ဂျုံမှုန့်၊ ပဲ၊ အခွံမာအသီးအပြင် ပန်းသီး၊ ဘယ်ရီသီး၊ အချဉ်ပါတဲ့ အသီးနဲ့ သစ်တော်သီး အစရှိတဲ့ အသီးအနှံများမှာ တွေ့နိုင်ပါတယ်။အမျှင်ဓာတ်မှာ ကျန်းမာရေး အကျိုးကျေးဇူးအများကြီး ရှိတာမို့ နေ့စဥ်ထမင်းဝိုင်းမှာ သူ ပါဝင်စေဖို့ အရေးကြီးပါတယ်။ အမျှင်ဓာတ်က အလုံးစုံ ကျန်းမာရေးအတွက် အထောက်အကူပေးတဲ့အပြင်ခန္ဓာကိုယ် ခုခံအားစနစ်ကို တိုးမြှင့်ပေးပြီး ရောဂါတချို့ကို ကာကွယ်ပေးနိုင်သတဲ့။အမျှင်ဓာတ်ကအူလမ်းကြောင်း လှုပ်ရှားမှုတွေကို ပုံမှန်ဖြစ်စေတယ်ဆိုတဲ့သဘောမှာ အမျှင်ဓာတ်တွေက ဝမ်းချုပ်ခြင်းနဲ့ ဝမ်းလျှောခြင်း နှစ်မျိုးလုံးကို ကာကွယ်ပေးတယ်လို့ ဆိုလိုတာပါ။ပုံမှန်အူလမ်းကြောင်းလှုပ်ရှားမှု ဖြစ်စေပြီးတော့ အူနံရံတစ်လျှောက် ပိုလျှံနေတဲ့ အဆီတွေ၊ ကင်ဆာဖြစ်စေနိုင်တဲ့ ဘေးဖြစ်စေမယ့် အဆိပ်အတောက်တွေကိုလည်း သူနဲ့အတူသယ်ဆောင်သွားပြီး စွန့်ထုတ်ပေးပါတယ်။ တစ်ဖက်ကလည်း အူလမ်းကြောင်း ရောင်ရမ်းမှုကို လျှော့ချပေးပါတယ်။ အူလမ်းကြောင်း ရောင်ရမ်းသည့် ရောဂါလက္ခဏာစု (irritable bowel syndrome) ကို သက်သာစေပြီး လိပ်ခေါင်း၊ အစာလမ်းကြောင်း ပြည်တည်နာ၊ အူရောင်နာ နဲ့ အစာခြေရည် အက်စစ်ဓာတ်များခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ တစ်ခုပဲ ရှိတာက သေချာကြေညက်အောင်မဝါးရင် (သို့)ပမဏ အများကြီးကို အချိန်တိုအတွင်းစားမိရင် အစာမကြေခြင်းနဲ့ လေထိုးလေအောင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။Betaglucan လို ရေမှာပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေက မကောင်းတဲ့ အဆီ ပမာဏ (LDL) ကို လျှော့ချပေးပြီး ကောင်းမွန်တဲ့ အဆီ ပမာဏ (HDL) ကို များစေတာကြောင့် သွေးတိုးကျစေဖို့ ကူညီပေးပြီး။နှလုံးအတွက် ကောင်းပါတယ်။ အချိုဓာတ် စုပ်ယူမှုကို နှေးစေပြီးသွေးတွင်းသကြားဓာတ်ပမာဏကိုလည်း ထိန်းညှိပေးသေးတာကြောင့် ကျောက်ကပ်နဲ့ သည်းခြေအိတ်တွင်း ကျောက်တည်ခြင်း အန္တရာယ်ကိုလည်းလျော့ပါးစေနိုင်ပါတယ်။Betaglucan ကြွယ်ဝစွာပါဝင်တဲ့ ကွေကာအုတ်ကြမ်းကိုနေ့စဥ် ၃ဂရမ်ခန့် စားပေးရင်ကို ဆီးချိုရောဂါ နဲ့ နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါသတဲ့။အမျှင်ဓာတ်ပါတဲ့ အစားအစာစားထားတဲ့ အခါ ဗိုက်ပြည့်နေသလို အချိန်ပိုကြာကြာ ခံစားရမိစေလို့ အစာကို နည်းနည်းသာ စားဖြစ်စေတာကြောင့်ရယ်၊ မကောင်းတဲ့ ကိုလက်ထရော အဆီဓာတ်ကို ချပေးတာကြောင့်ရယ်၊ ဝမ်းမှန်စေတာကြောင့်ရယ်ပေါင်းပြီး ကိုယ်ရည်စစ်သွားစေပါတယ်။ ပြီးတော့ အစားအစာမှာ အမျှင်ဓာတ် များလေလေ ကယ်လိုရီ ပိုနည်းလေလေ မို့ တစ်ချက်ခုတ် သုံးလေးငါးချက်လောက် ပြတ်ပါတယ်။အမျှင်ဓာတ်ဟာ အူမကြီးကင်ဆာဖြစ်နှုန်းကို လျော့စေသလားဆိုတာကို သုတေသန လုပ်နေဆဲ ဖြစ်ပေမယ့် ယေဘုယျသုံးသပ်ချက်ကတော့ အမျှင်ဓာတ်ပါတဲ့ အစားအစာကို စားသုံးခြင်းက အူမကြီးကို ပိုကောင်းတဲ့ အနေအထားမှာ ရှိစေပြီး အူမကြီးကင်ဆာဖြစ်နှုန်းကို လျော့စေနိုင်မယ့် အလားလာကောင်း ရှိပါတယ်တဲ့။ အဓိကအနေနဲ့ အမျှင်ဓာတ်က ကျင်ကြီးပမာဏကို များစေတာမို့ အဆိပ်အတောက်တွေ ပါခဲ့ရင်တောင် ပါဝင်နှုန်းနည်းသလိုဖြစ်သွားပြီး အူနံရံနဲ့ အထိအတွေ့ပိုနည်းသွားစေတာကြောင့် ဖြစ်မယ်လို့လည်း သုံးသပ်နေကြပါတယ်။အမျှင်ဓာတ်က ကိုယ်ခန္ဓာကအဆိပ်အတောက်တွေကို စွန့်ထုတ်ရာမှာ ကူညီပေးလို့အရေပြားကိုလည်း ကျန်းမာလှပစေတယ်။ အမျှင်ဓာတ်များများပါတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ပါတာမို့  လှပြီးရင်းလှစေဦးမှာ အမှန်ပါပဲ။အသက်အရွယ်နဲ့ ကျား/မ ဖြစ်တည်မှုအပေါ်မူတည်ပြီး တစ်နေ့ကို အမျှင်ဓာတ် ၂၁ ဂရမ်ကနေ ၃၈ ဂရမ်အထိ စားပေးသင့်ပါတယ်။ ရေဓာတ်က အမျှင်ဓာတ်စုပ်ယူမှုကို အားပေးတာမို့  အမျှင်ပိုစားလေလေရေများများ ပိုသောက်သင့်လေလေပါ။မနက်စာမှာ အမျှင်ဓာတ်ကို ဦးစားပေး စားရင်  ဗိုက်ပြည့်နေစေပြီး အားအင်ရှိစေဖို့ အချိုဓာတ်ပမာဏကို မှန်ကန်အောင် ထိန်းပေးတာကြောင့် အဆင်ပြေစေသလို ညစာမှာ ထည့်စားရင်လည်း ဗိုက်ပြည့်စေပြီး ကယ်လိုရီ မတက်တာမို့ ညဘက်ခဏခဏ ဗိုက်ဆာတတ်သူတွေ အတွက် ကိုယ်အလေးချိန်တက်လာမှာ မပူရတော့ဘူးပေါ့။ နေ့စဥ်ထမင်းဝိုင်းမှာ  ဆန်လုံးညို၊ ဂျုံကြမ်းမုန့်တွေ၊ အစေ့အဆန်တွေ၊ အခွံမာအသီးတွေနဲ့ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေနဲ့ ပြည့်နေပါစေနော်။ ပဲတွေနဲ့ ပဲတောင့်ရှည်ပဲတွေကို တတ်နိုင်သမျှ မကြာခဏ ထည့်စားပေးပါ။ အသီးတွေကိုတော့ ဖျော်ရည်လုပ်သောက်မယ့်အစား ဒီအတိုင်း စားသုံးပါ။အသား၊ နို့ထွက်ပစ္စည်းနဲ့ သကြားမှာ အမျှင်ဓာတ် မပါဝင်သလို ဆန်ဖြူ၊ ပေါင်မုန့်ဖြူ၊ ဂျုံမုန့်ညက်မုန့်များလိုမျိုး အစားအစာတွေမှာလည်း အမျှင်ဓာတ် မပါဝင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အစာချောဖြစ်အောင် သန့်စင်ပြုပြင်တဲ့ လုပ်ငန်းစဥ်မှာ  အမျှင်ဓာတ်တွေ ဆုံးရှုံးကုန်လို့ပါပဲ။စနစ်တကျ ရွေးချယ်စားသောက်တတ်ခြင်းဖြင့် ကျန်းမာတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်ရရှိကြစေရန် ရည်ရွယ်လျက်။ရေးသားသူ – နှင်းနုအေး။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/importance-of-fiber/
လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မိလို့ နာကျင်တာတွေ သက်သာစေဖို့
ကျန်းမာစေဖို့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။ လေ့ကျင့်ခန်း လုပ်ခြင်းက အကောင်းဆုံးသော ဆေးဝါးပါဆိုတာမျိုးတွေကို ကြားဖူးကြမယ် ထင်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတာက ကျန်းမာစေတယ်ဆိုပေမယ့် အရမ်းပြင်းပြင်းထန်ထန် လုပ်တာမျိုးကတော့ အရိုးအဆစ် နဲ့ ကြွက်သားတွေကို နာကျင်ကိုက်ခဲတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။လေ့ကျင့်ခန်း လုပ်တာက စလုပ်စမှာ နာကျင်နိုင်သလို ပုံမှန်ထက် ပြင်းပြင်းထန်ထန် လုပ်တဲ့အခါမျိုးမှာလည်း နာကျင်တာမျိုး ဖြစ်နိုင်ပါတယ်။ လေ့ကျင့်ခန်းက တစ်နေ့ကို နည်းနည်းချင်းစီ တိုးလုပ်သွားတာက အကောင်းဆုံးပါ။ ဒီတော့ ပိန်ချင်ဇောနဲ့ ဖြစ်ဖြစ် ကြွက်သားတက်အောင်ဆိုပြီး ဖြစ်ဖြစ် လေ့ကျင့်ခန်းတွေကို ပြင်ပြင်းထန်ထန် လုပ်မိလို့ နာကျင်နေတာတွေကို သက်သာစေဖို့ ဘယ်လို လုပ်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။လေ့ကျင့်ခန်းလုပ်ရင်ကြွက်သားနဲ့အရိုးအဆစ်တွေနာကျင်မှာလား။လေ့ကျင့်ခန်းကို  နည်းစနစ်မှန်မှန်၊ အတိုင်းအဆ မှန်မှန်လုပ်မယ်ဆိုရင်တော့ နာကျင်မှုတွေကို လျော့ပါးစေမှာပါ။ ဒါကြောင့်ပဲ ကြွက်သားတွေ တောင့်တင်းနာကျင်နေရင် အကြောလျှော့ပါလား။ လေ့ကျင့်ခန်းလေး နည်းနည်းလောက် လုပ်လိုက်လေလို့ ပြောကြတာပေါ့။လေ့ကျင့်ခန်းကို ပုံမှန် မလုပ်ဖြစ်ဘဲ တစ်ခါတစ်ခါမှ လုပ်ဖြစ်တာ၊ လေ့ကျင့်ခန်း လုပ်ဖြစ်ချိန်မှာ အချိန်အကြာကြီး ပြင်းပြင်းထန်ထန် လုပ်လိုက်မိတာတွေက ကြွက်သား နာကျင်တာ၊ ကြွက်သားမှာ ဒဏ်ဖြစ်တာမျိုးတွေ ဖြစ်စေနိုင်တာပါ။လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်မိလို့နာကျင်တာတွေသက်သာစေဖို့။လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် လုပ်မိလို့ ကြွက်သားတွေ အရိုးအဆစ်တွေ နာကျင်တာကို သက်သာစေဖို့ ဆိုရင် ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။နာကျင်နေတာကို အကြောလျှော့ပါဆိုလို့ ဖြစ်နိုင်ပါ့မလားလို့ ယူဆနေပြီလား။ ဟုတ်ပါတယ်။ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်မိတာကြောင့် ကြွက်သားတွေ၊ အရိုးအဆစ်တွေ နာကျင်တဲ့အခါ နာကျင်တာတွေကို သက်သာစေဖို့အတွက် ပေါ့ပေါ့ပါးပါးအကြောလျှော့တာမျိုး လုပ်ပေးပါ။ သိပ်အများကြီး မဟုတ်ပါဘူး။ ၁၀ မိနစ် ၁၅ မိနစ်လောက်ပါ။နာကျင်နေတဲ့ နေရာတွေကို ရေခဲဝတ် ကပ်ပေးတာက အရောင်ကျစေပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မိတာကြောင့် နာကျင်တဲ့နေရာတွေကို ရေအေးဝတ် ဒါမှမဟုတ် ရေခဲဝတ်လေး ကပ်ပေးပါ။ ရေခဲဝတ် ကပ်တဲ့အခါ အအေးဒဏ်ကြောင့် အသားမလောင်စေဖို့ ၁၀ မိနစ်လောက်ပဲ ကပ်ပါ။ နားပြီးမှ နောက်တစ်ကြိမ် ကပ်တာမျိုး လုပ်ပေးပါ။လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်ထားတာကြောင့် ခံစားနေရတဲ့ နာကျင်မှုတွေကို သက်သာစေဖို့ဆိုရင် နာကျင်တဲ့နေရာကို  လက်ချောင်းလေးတွေ သုံးပြီး ခပ်ဖွဖွလေး နှိပ်ပေးပါ။ ဒါမှ ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ကြွက်သားနာကျင်တာကို သက်သာစေမှာပါ။ဒါကလည်းကြွက်သားနာကျင်မှုကိုသက်သာစေနိုင်တဲ့ နည်းလမ်း တစ်ရပ်ပါ။ ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် နာကျင်နေတဲ့နေရာလေးကို ရေနွေးဝတ် ကပ်ပေးပါ။ ရေနွေးနဲ့ ရေချိုးပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်လိုက်မိလို့ နာကျင်တာတွေကို သက်သာစေဖို့ လုပ်ဆောင်ပေးလို့ ရတဲ့ လွယ်ကူထိရောက်တဲ့ နည်းလမ်းတစ်ခုကတော့ ဆေးစာမလိုဘဲ ဝယ်ယူလို့ရတဲ့ အကိုက်အခဲပျောက်ဆေး သောက်တာပါ။ အကိုက်အခဲပျောက်ဆေးတွေက ကြွက်သားနဲ့ အရိုးအဆစ် နာကျင်တာတွေကို အချိန်တိုအတွင်းမှာ သက်သာစေမှာပါ။ကြွက်သားတွေ နာကျင်ကိုက်ခဲလာရင် အတော်များများ လုပ်မိလေ့ရှိတဲ့ နည်းလမ်းပါ။ ဒါကတော့ နာကျင်နေတဲ့ နေရာကို ဒဏ်ကြေလိမ်းဆေး ပူပူကို နှိပ်နယ်ရင်း ပွတ်လိမ်း လိုက်တာပါ။ ဒီလိုမျိုး ဆေးလိမ်းတာကလည်း ကြွက်သားတွေရဲ့ နာကျင်မှုကို သက်သာစေပြီး ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပါတယ်။လေ့ကျင့်ခန်းဒဏ်ကြောင့် ကြွက်သားတွေနာကျင်တာကို သက်သာစေပြီး ကြွက်သားတွေကို အားပြည့်စေဖို့ဆိုရင် အိပ်ရးဝဝအိပ်တာကလည်း နည်းလမ်းကောင်းပါ။ အိပ်စက်နေချိန်မှာ ကြွက်သားတွေ အဆစ်တွေက အနားရပြီး နာကျင်မှု သက်သာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် ကြွက်သားတွေနဲ့ အဆစ်တွေ နာကျင်လာပြီဆိုရင် သက်သောင့်သက်သာနဲ့ အိပ်ရေးဝဝအိပ်ဖို့လည်း မမေ့ပါနဲ့။[embed-health-tool-bmr]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/exercise-safety-tips/home-remedies-for-pain-relief-by-exercises/
ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် (၆) မျိုး
ကိုယ်တွင်းကအစိတ်အပိုင်းတွေအားလုံးပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က သူ့ဖာသာမထုတ်လုပ်နိုင်ပါဘူး။ စားသောက်ရာက ရလာတဲ့ အာဟာရဓာတ်တွေပေါ် မှီခိုရပါတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်ကျန်းမာရေးဗဟုသုတအနေနဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် (၆) မျိုး   ကို ပြောပြပေးပါ့မယ်။ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် (၆) မျိုး   ကတော့။၁။ ပရိုတင်းဓာတ်။ကိုယ်လက်ကြံ့ခိုင်ရေးကစားနေတဲ့သူတွေပဲပရိုတင်းဓာတ်များများစားဖို့လိုအပ်တာမဟုတ်ပါဘူး၊ တကယ်တော့ ပရိုတင်းဓာတ်က ကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်ဖြစ်ပြီး လူတိုင်းစားသုံးပေးဖို့ လိုအပ်ပါတယ်။ ကြွက်သားကစပြီး အရိုး၊ အရေပြားတွေဖွဲ့စည်းတဲ့နေရာမှာရော ဟော်မုန်းတွေ၊ antibodies တွေထုတ်လုပ်ဖို့အတွက်ပါ ပရိုတင်းဓာတ်က မရှိမဖြစ်ပါ။ ပရိုတင်းဓာတ်ကို အသားငါးအမျိုးမျိုး၊ ဥအမျိုးမျိုးနဲ့ ပဲအမျိုးမျိုးစားသုံးခြင်းကနေ အဓိက ရရှိနိုင်ပါတယ်။၂။ ကာဘိုဟိုက်ဒရိတ်။ကာဘိုဟိုက်ဒရိတ်လို့ကြားရင် လူကိုဝစေပြီး ကျန်းမာရေးနဲ့မညီညွတ်တဲ့ဓာတ်လို့ပဲ မထင်စေချင်ပါဘူး။ တကယ်တော့ ကာဘိုဟိုက်ဒရိတ်ဓာတ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တစ်ခုဖြစ်ပြီး ဦးနှောက်နဲ့အာရုံကြောတွေ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ ကာဘိုဟိုက်ဒရိတ်ကိုအဓိကသုံးစွဲရပါတယ်။ ကာဘိုဟိုက်ဒရိတ်ပါတဲ့အစားအသောက်တွေအများကြီးရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တာရှိသလို မညီညွတ်တာတွေလည်းတွေ့နိုင်ပါတယ်။ ပဲအမျိုးမျိုး၊ အမျှင်ဓာတ်များများပါတဲ့အသီးအနှံ၊ဟင်းသီးဟင်းရွက်တွေနဲ့ ဆန်ကြမ်း၊ပေါင်မုန့်ကြမ်းတွေက ကာဘိုဟိုက်ဒရိတ်ကြွယ်ဝပြီး ကျန်းမာရေးနဲ့လည်း သင့်လျော်ပါတယ်။၃။ ဗီတာမင်ဓာတ်အမျိုးမျိုး။ဗီတာမင်ဓာတ်တစ်မျိုးစီက ခန္ဓာကိုယ်ကို ပြင်ပရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် ၁၃ မျိုးရှိပြီး အစားအစာထဲမှာ ဒီဓာတ်တွေ လုံလုံလောက်လောက်ပါဝင်အောင် စားသုံးပေးရင် ကျန်းမာရေးကောင်းမွန်စွာနေနိုင်မှာဖြစ်သလို ကင်ဆာလို နာတာရှည်ရောဂါတွေ ဖြစ်ပွားနှုန်းနည်းသွားအောင်လည်း ကူညီပေးနိုင်ပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံတွေ မျှမျှတတစားသုံးမယ်၊ စားလိုက်သမျှကိုလည်း ခန္ဓာကိုယ်ကကောင်းကောင်းခြေဖျက်ပြီးစုပ်ယူသုံးစွဲနိုင်မယ်ဆို လိုအပ်တဲ့ဗီတာမင်တွေရရှိပြီးဖြစ်လို့ ဘာဖြည့်စွက်စာမှ မှီဝဲဖို့မလိုအပ်ပါဘူး။၄။ သတ္တုဓာတ်များ။သတ္တုဓာတ်တွေကတော့ သန်မာတဲ့အရိုးအဆစ်တွေ၊သွားတွေဖြစ်အောင်၊ ကိုယ်တွင်းဇီဝဖြစ်ပျက်မှုထိန်းညှိနိုင်အောင် အဓိကလုပ်ဆောင်ပေးပြီး ဓာတ်တစ်မျိုးခြင်းစီမှာ အထူးလုပ်ဆောင်ချက်တွေရှိပါတယ်။ ဥပမာကယ်လ်စီယမ်က အရိုးတွေကိုသန်မာစေပြီး ကြွက်သားလှုပ်ရှားမှုကိုအထောက်အပံ့ပေးပါတယ်။ သံဓာတ်က သွေးနီဥထုတ်လုပ်တဲ့လုပ်ငန်းမှာကူညီပေးပြီး ဇင့်ဓာတ်ကတော့ ခုခံအားစနစ်တိုးတက်အောင်ကူညီပါတယ်။၅။ အဆီဓာတ်။အဆီလို့ဆိုလိုက်ရင် လူအတော်များများက မကောင်းတဲ့ဓာတ်လို့ပဲ မြင်တတ်ကြပေမဲ့ တကယ်တမ်းတော့ အဆီဓာတ်က ခန္ဓာကိုယ်မှာ အသုံးဝင်တဲ့နေရာ အများကြီးရှိပါတယ်၊ ဥပမာ စားသုံးလိုက်တဲ့ဗီတာမင်နဲ့ သတ္တုဓာတ်တွေကိုစုပ်ယူအသုံးပြုနိုင်အောင်လုပ်ပေးတယ်၊ ဆဲလ်အသစ်တွေဖွဲ့စည်းဖို့ ကူညီပေးတယ်၊ ကြွက်သားလှုပ်ရှားမှုမှာလည်း ပါဝင်ဆောင်ရွက်ပေးပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီအမျိုးအစားကိုသာရွေးချယ်မှီဝဲပေးမယ်ဆိုရင် သွေးတွင်းအချိုဓာတ်ထိန်းညှိခြင်း၊ နှလုံးရောဂါကိုကာကွယ်ပေးခြင်းနဲ့ အမျိုးအစား၂ ဆီးချိုရောဂါကိုကာကွယ်ပေးခြင်းလို အကျိုးကျေးဇူးတွေရနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီအမျိုးအစားတွေကတော့ အစေ့အဆန်အမျိုးမျိုး၊ ငါးအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်တွေကရတဲ့ omega-3 နဲ့omega-6 fatty acid တွေပဲဖြစ်ပါတယ်။ ထောပတ်၊ဒိန်ခဲ၊ အနီရောင်အသားတွေမှာပါဝင်တဲ့ပြည့်ဝဆီတွေကတော့ ကျန်းမာရေးကိုထိခိုက်စေတာကြောင့် တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပါတယ်။၆။ ရေ။ထမင်းမစားဘဲ ရက်သတ္တပတ်တွေ အကြာကြီး နေနိုင်ပေမဲ့ ရေမသောက်ရင်တော့ ရက်နည်းနည်းတောင် ခံနိုင်မှာမဟုတ်ပါဘူး။ ရေကကျွန်တော်တို့ ခန္ဓာကိုယ်အတွက် အရမ်း အရေးကြီးတဲ့ ဓာတ်တစ်ခုဖြစ်ပြီး ပျမ်းမျှအနေနဲ့ ခန္ဓာကိုယ်ရဲ့ ၆၂% ကလည်း ရေဓာတ်နဲ့ဖွဲ့စည်းထားတာပါ။ ဦးနှောက် ပုံမှန် အလုပ်လုပ်နိုင်ဖို့၊ ကိုယ်တွင်းကအဆိပ်အတောက်တွေ ခြေဖျက်စွန့်ပစ်နိုင်ဖို့၊ ဝမ်းမချုပ်အောင်ကာကွယ်ဖို့ စတဲ့အရေးကြီး လုပ်ဆောင်ချက် အားလုံးအတွက် ရေ လိုအပ်ပါတယ်။ တစ်နေ့ကို အနည်းဆုံးရေ ၂ လီတာလောက် သောက်သုံးပေးသင့်ပြီး တချို့ သစ်သီးဝလံတွေကနေလည်း ရေဓာတ် များများ ရရှိနိုင်ပါတယ် ဥပမာ ဖရဲသီး ဖြစ်ပါတယ်။ရေးသားသူ – Dr. Htoo Tint။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/essential-vitamin/
သင့်ကျန်းမာရေးအတွက် ရိုးရှင်းလှတဲ့အချက် ၅ ချက်ကိုလိုက်နာပါ
ကျန်းမာရေးကောင်းဖို့ဟာ လူတိုင်းရဲ့ဆန္ဒဖြစ်ပါတယ်။ ကိုယ်ရောစိတ်ပါ ကျန်းမာရေးကောင်းမှ တခြားလူမှုစီးပွားရေးကိစ္စတွေကို အင်ပြည့်အားပြည့်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ရောဂါဘယကင်းဝေးပြီး ကျန်းမာရေးကောင်းဖို့အတွက်ဆိုရင် ရောဂါဖြစ်မှကုသတာထက် ကြိုတင်ကာကွယ်ခြင်းက ပိုမိုထိရောက်ပါတယ်။ အထူးသဖြင့်နေထိုင်မှုပုံစံ (Lifestyle) ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့အမူအကျင့်တွေဖြစ်အောင် နေထိုင်ကျင့်သုံးသင့်ပါတယ်။ယခုဖော်ပြပေးမှာကတော့ သင့်ကျန်းမာရေးကို အထောက်အကူပြုမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ အဆိုပါနည်းလမ်းတွေဟာ ရိုးရှင်းသလောက် လိုက်နာရင်လိုက်နာသလို သင့်အတွက် အကျိုးရှိမှာပဲ ဖြစ်ပါတယ်။လူအများစုဟာ အဆိပ်အတေက်တွေကို မကောင်းမှန်းသိလျက်နဲ့ ကိုယ်ခန္ဓာအတွက် သုံးစွဲနေကြပါတယ်။ ဥပမာပေးရရင် ဆေးလိပ်စီးကရက်၊ အရက်၊ မူးယစ်ဆေး စတာတွေပဲ ဖြစ်ပါတယ်။ အဆိုပါ အဆိပ်အတောက်များဟာ စတင်သုံးစွဲမိတာနဲ့ နောက်ပိုင်းမှာ မသုံးစွဲရရင်မနေနိုင်အောင် ဖြစ်စေတာမို့ စတင်ခြင်းမပြုအပ်တဲ့ အရာတွေပါပဲ။ ခြွင်းချက်အနေနဲ့ အယ်လ်ကိုဟောကတော့ အတိုင်းအတာတခုအထိ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ဒါပေမယ့် အလွန်အကျွံသုံးစွဲမိရင် ကျန်းမာရေးကို ထိခိုက်လာပါတယ်။ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေး စတာတွေကို အလွန်အကျွံသုံးစွဲဖြစ်တာကြောင့် မိမိတကိုယ်ကျန်းမာရေးသာမက ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေပါတယ်။နောက်တမျိုးကတော့ အသင့်စားသရေစာ (junk food) တွေပဲ ဖြစ်ပါတယ်။ များသောအားဖြင့်အသင့်စားသရေစာများဟာ စားချင်စိတ်ပေါက်အောင် နည်းအမျိုးမျိုးနဲ့ဆွဲဆောင်ပေမယ့် ရေရှည်စားသုံးရင် ကျန်းမာရေးကို ထိခိုက်လာစေမှာ ဖြစ်ပါတယ်။ အထူးသဖြင့်သကြားဓာတ်လွန်ကဲပြီး ပုံပြောင်းဆီတွေပါဝင်ပါတယ်။ အဆိုပါ ဓာတ်ပစ္စည်းတွေဟာ သင့်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ဒါဟာ သင့်ကြွက်သားတွေကို အသုံးချပါလို့ ဆိုလိုတာဖြစ်ပါတယ်။ အလေးမလေ့ကျင့်ခန်းဟာ သင့်ကြွက်သားတွေကို ဖွံ့ဖြိုးလာစေမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။ သီးသန့်အချိန်ပေးပြီး လေ့ကျင့်ခန်းမလုပ်ဖြစ်ရင်တောင် သင့်အနီးအနားက အရာဝတ္တုတွေကို မ ယူ ရွှေ့ပြောင်းပေးခြင်းဟာလည်း သင့်ကြွက်သားတွေကို လေ့ကျင့်ပေးရာ ရောက်ပါတယ်။ ဒါကြောင့် သင့်အင်အားနဲ့ မ လို့ရတဲ့ ပစ္စည်းတွေကို မ ဖို့၊ သယ်ယူဖို့ မပျင်းပါနဲ့။ အလေးမခြင်းဟာ ကြွက်သားတွေကို အလုပ်ပေးရာရောက်ရုံမကဘဲဦးနှောက်နဲ့ ဟော်မုန်းတွေအတွက်ပါ အထောက်အကူဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။လေ့ကျင့်ခန်းအတွက် အားကစားခန်းမကို သွားရောက်ဖို့ အချိန်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ တကူတကမသွားနိုင်ရင်လည်း ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။ တနေ့ကို နာရီဝက်ခန့် လမ်းလျှောက်ပေးခြင်းဟာ သွေးတိုး၊ နှလုံးနဲ့ ဆီးချိုရောဂါတွေ ဖြစ်နိုင်ခြေနည်းစေပါတယ်။ ဒါကြောင့် ပစ္စည်းတွေကို မ ပါ၊ လှုပ်ရှားပါ။ တချိန်လုံး ထိုင်နေခြင်းဟာ သင့်ကျန်းမာရေးကို အထောက်အကူမပြုပါဘူး။နှစ်ခြိုက်စွာ အိပ်စက်ခြင်းဟာ ကျန်းမာရေးအတွက် အထောက်အကူပြုသလို အိပ်ရေးပျက်ခြင်းဟာလည်း ရောဂါဘယမျိုးစုံနဲ့ ဆက်နွယ်နေပါတယ်။ အထူးသဖြင့် အဝလွန်ခြင်းနဲ့ နှလုံးရောဂါ ဖြစ်ပါတယ်။ဒါကြောင့် ကလေးတွေ အိပ်တဲ့အခါ အရာအားလုံးကို မေ့ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သလို အိပ်စက်ပါ။ သင့်ကို စိတ်ကြည်လင်စေပြီး တနေ့တာအတွက် ခွန်အားတွေ ပေးပါလိမ့်မယ်။နှစ်ခြိုက်စွာအိပ်ပျော်နိုင်ဖို့ဆိုရင်အိပ်ချိန်နဲ့နီးပြီး ကော်ဖီမသောက်ပါနဲ့။ နေ့တိုင်းမှာ တူညီတဲ့အချိန်ဇယားအတိုင်း အိပ်စက်ပါ။ မီးအလင်းရောင်ပိတ်ပြီး အိပ်ပါ။ မအိပ်ခင်မှာလည်း မီးကိုမှိန်မှိန်သာ ထွန်းထားပါ။အိပ်ခန်းအတွင်းမှာ ရနံ့သင်းပျံ့တဲ့ ပန်း၊ ဒါမှမဟုတ် ရနံ့အိတ်လေးတွေထားပါ။ သင်ကောင်းကောင်းအိပ်ပျော်ရင် နောက်တရက်အတွက် စိတ်ရောကိုယ်ပါ လန်းဆန်းရုံမက ရေရှည်မှာ ကျန်းမာရေးကောင်းအောင် အထောက်အကူပြုမှာပဲ ဖြစ်ပါတယ်။စိတ်ဖိစီးခြင်းဆိုတာ နေ့စဉ်ဘဝမှာ မရှောင်လွှဲနိုင်တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ တကယ်တော့ သင့်ရဲ့တနေ့တာ လုပ်ငန်းတွေအတွက် ပြီးမြောက်အောင် အားစိုက်နိုင်ဖို့ ဖိစီးမှုကို အတိုင်းအတာတခုအထိ လိုအပ်ပါတယ်။ ဒါပေမယ့် တချိန်လုံး စိတ်ဖိစီးမှုကြီးမားနေရင်တော့ ကျန်းမာရေးကို ထိခိုက်လာပါလိမ့်မယ်။အထူးသဖြင့် ကော်တီဆောဟော်မုန်းမြင့်မားပြီး ဇီဝဖြစ်စဉ်လည်း ကမောက်ကမဖြစ်လာပါလိမ့်မယ်။ သရေစာတွေကို တစွတ်စွတ်စားလာပြီး ရောဂါဘယတွေ ဖြစ်နိုင်ခြေများလာပါတယ်။ စိတ်ဖိစီးဖန်များလာရင် စိတ်ဓာတ်ကျခြင်းပါ ဖြစ်လာနိုင်ပါတယ်။စိတ်ဖိစီးမှုလျှော့ချဖို့အတွက် လမ်းလျှောက်ခြင်း၊ မိတ်ဆွေသူငယ်ချင်းများနှင့် စကားပြောဆိုခြင်း၊ သီချင်းနားထောင်ခြင်း၊ စာဖတ်ခြင်း၊ ယောဂကျင့်ခြင်း စတဲ့နည်းလမ်းမျိုးစုံ ဆောင်ရွက်နိုင်ပါတယ်။ အကယ်၍ မိမိဖာသာ ဖြေရှာင်းလို့ အဆင်မပြေရင် စိတ်ကျန်းမာရေးဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ဒီနေရာမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အသင့်စားသရေစာတွေ၊ အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေကိုရှောင်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေကို စားသုံးဖို့ ဆိုလိုပါတယ်။ ကောင်းတာကတော့ အသားငါးနဲ့အသီးအရွက်တွေကို မျှတအောင် စားဖို့ပါပဲ။အသားငါး၊ ကြက်ဘဲ၊ ငါးအမျိုးမျိုး၊ ဥအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ အစေ့အဆန်မျိုးစုံ နေ့စဉ်စားသုံးသင့်ပါတယ်။ တနေ့တာလိုအပ်တဲ့ ကာဘိုဟိုက်ဒရိတ်၊ အဆီ၊ ပရိုတိန်း စတာတွေကို မျှတစွာ စားသုံးရင် သင့်ကျန်းမာရေးဟာ ကောင်းမွန်တဲ့ အခြေအနေမှာရှိပြီး ရောဂါဘယကင်းဝေးမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/rules-for-amazing-health/
ကိုယ့်ကလေး ငယ်ရွယ်စဉ်မှာ စိတ်ဒဏ်ရာမရအောင် ဘယ်လိုစောင့်ရှောက်မလဲ
မိဘရယ်လို့ဖြစ်လာရင်ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေကို စောင့်ရှောက်ကာကွယ်ပေးရလေ့ရှိပါတယ်။ ဒါဆို ဘာကြောင့်စိတ်ပိုင်းဆိုင်ရာအခြေအနေကိုရော မစောင့်ရှောက်ရမှာလဲ၊ ကာကွယ်ပေးနိုင်ဖို့ မကြိုးစားရမှာလဲ။ စက်ဘီးစီးချိန်မှာ ဦးထုပ်ဆောင်းပေးလို့ဖို့ သတိရဖို့လိုသလို သူတို့တွေရဲ့ ဦးနှောက်လေးထဲက စိတ်ခံစားချက်တွေကိုလည်း ဂရုစိုက် ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်တယ်လေ။ကလေးတွေဟာ နုနယ်တဲ့ စိတ်ထားမျိုးနဲ့ ရိုးရှင်းတဲ့ အတွေးအခေါ်မျိုးတွေပိုင်ဆိုင်ထားသလို အရာရာကို မိဘ၊ ညီအကိုမောင်နှမနဲ့ ကျောင်းလို အနီးပတ်ဝန်းကျင်ကနေ လေ့လာနေကြတဲ့ အရွယ်တွေဖြစ်ပါတယ်။ ဒီအချိန်မှာပတ်ဝန်းကျင်ရဲ့ အပြုအမူ၊ အနေအထိုင်၊ အခြေအနေတွေက သူတို့ကို ပုံသွင်းသွားမှာဖြစ်ပြီးတော့ ဒီအချိန်မျိုးမှာ မှားယွင်းတဲ့နည်းလမ်းတွေနဲ့ သူတို့ကို ထိန်းကျောင်းခဲ့မယ်ဆိုရင် စိတ်ဒါဏ်ရာတွေစိတ်အားငယ်မှုတွေ တစ်ဘဝလုံး စွဲထင်သွားပါလိမ့်မယ်။ကိုယ့်ကလေးရဲ့ စိတ်ကျန်းမာရေးအခြေအနေကောင်းမွန်ပြီး စိတ်ပျော်ရွှင်ချမ်းမြေ့စွာကြီးပြင်းနိုင်စေဖို့ဆိုရင် ဖေဖေ မေမေတွေ အနေနဲ့ အောက်ပါနည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်ပါလိမ့်မယ်။ငါက အဖေပဲ၊ ငါက အမေပဲ။ ငါတို့ ကျောင်းထားပေးထားတယ်၊ မုန့်ဖိုးပေးထားတယ်၊ ဘယ်လို ဘယ်ပုံ ပံ့ပိုးထားတယ်ဆိုတာမျိုးတွေ တွေးပြီး ကလေးတွေကို ကိုယ့်ထက် နိမ့်ပါးသူတစ်ယောက်လို မဆက်ဆံမိပါစေနဲ့။ သူတို့ရဲ့ စိတ်လေးတွေကနုနယ်ပါတယ်။ အရာရာကို သင်ယူနေချိန်မှာ သင်တို့ရဲ့ အပြုအမူတွေက သူတို့အတွက် မှားယွင်းတဲ့ လမ်းပြမှုဖြစ်သွားနိုင်သလို စိတ်ဒဏ်ရာတွေလည်း ဖြစ်သွားစေနိုင်ပါတယ်။ အကောင်းဆုံးကတော့ သူတို့နဲ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး စကားပြောဆိုပေးဖို့ပါပဲ။ အချိန်တစ်ခုပေးပါနွေးနွေးထွေးထွေးနဲ့ စိတ်အားတက်ကြွစေမယ့် စကားတွေ ပြောဆိုဆွေးနွေးတာမျိုး မကြာခနလုပ်ပေးပါ။ ဒီအလေ့အထဟာ ကလေးကို ပြုစုပျိုးထောင်ရာမှာ အကောင်းဆုံးနည်းလမ်းပါပဲ။ကလေးတွေဟာ အပြောင်းအလဲတွေ ကြုံဆုံလာချိန်မျိုးတွေမှာ လူကြီးတွေလို မရင်ဆိုင်နိုင်ကြပါဘူး။ ဘဝဟာ ဘယ်လိုဖြစ်သင့်လဲ သူတို့နားမလည်နိုင်သေးပါဘူး။ အဖြစ်အပျက်တစ်ခုခုကို ကြုံဆုံလာရတိုင်း ဒီလိုအဖြစ်အပျက်တွေ ဘာကြောင့်ဖြစ်ပျက်ရတာလဲဆိုတာကို သူတို့ အပြည့်အဝ နားမလည်နိုင်ပါဘူး။ ဒီလို အခြေအနေမျိုးတွေမှာ သူတို့ကို ပိုပြီး ဂရုစိုက်ပေး၊ စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ သူတို့ရဲ့ ရှေ့ဆက်ရမယ့် ဘဝမှာစိတ်ကျန်းမာရေးပြဿနာတွေ စွဲထင်ပါမသွားအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။မိဘနဲ့ သားသမီး ဆက်ဆံရေးမှာ ကြိုတင်သတိပေးတာက အကောင်းဆုံး ထိန်းကျောင်းမှုနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဘယ်ဟာကမှားပြီး ဘယ်ဟာက မှန်တယ်ဆိုတာကို ရှင်းပြဖို့ လိုအပ်ပါတယ်။ နေပုံထိုင်ပုံ၊စားပုံသောက်ပုံ၊သွားပုံ၊ လာပုံတွေမှာ ဘာတွေမလုပ်သင့်ဘူး၊ ဘာတွေက မသင့်တော်ဘူးဆိုတာကို သတိပေးထားရပါမယ်။ သတိပေးတယ်ဆိုတာဟာ ဆူဖို့ မာန်ဖို့ ပြောတာမဟုတ်ပါဘူး။ အမှား၊ အမှန်ကို ဆင်ချင်နိုင်စေဖို့ အတွေ့အကြုံနဲ့ အသိပညာတွေ မျှဝေခိုင်းတာသာဖြစ်ပါတယ်။ တစ်ချို့တွေက သတိပေးတယ်ဆိုတာကို ကြိုတင်မာန်မဲ ချိန်းခြောက်တာနဲ့ မှားတတ်ကြပါတယ်။ မာန်မဲချိန်းခြောက်တာမျိုးကတော့ မှန်ကန်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ဘဝဆိုတာစိန်ခေါ်မှုတွေအခက်အခဲတွေ ပြည့်နှက်နေလေ့ရှိပါတယ်။ မိသားစုတိုင်း လူတိုင်းအတွက်ပါပဲ။ ကြီးမားတဲ့ ပြောင်းလဲမှုတွေ စိန်ခေါ်မှုတွေ ကြုံလာချိန်မှာ မိမိရဲ့ ရင်သွေးတွေအပေါ် သက်ရောက်မှုမရှိအောင် ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ ဒီစိန်ခေါ်မှုတွေကို ကိုယ်ကိုယ်တိုင်တောင် ခက်ခဲစွာရင်ဆိုင်နေရမယ်ဆိုရင် လူမမယ်ကလေးတွေအနေနဲ့ ရင်ဆိုင်ဖို့ ဘယ်လောက်တောင်ခက်ခဲနေမလဲဆိုတာကို တွေးကြည့်နိုင်ပါတယ်။တစ်စုံတစ်ရာ ကြုံလာရချိန်တွေတိုင်းမှာ အခြေအနေတွေကို ကောင်းမွန်စွာ ထိမ်းချုပ်နိုင်တယ်ဆိုတာကို ကလေးတွေ သိပါစေ။ ကလေးတွေဟာ တည်ငြိမ်မှုကင်းမဲ့နေတဲ့ အခြေအနေမျိုးတွေကို ကြောက်ရွံ့ကြလေ့ရှိပါတယ်။ ဒီလိုစိတ်ခံစားချက်မျိုးဝင်လာခဲ့ရင် စိတ်ဒဏ်ရာတွေအဖြစ် ကျန်ရစ်ခဲ့လေ့ရှိပါတယ်။ ဒီလိုဖြစ်မလာဖို့ သူတို့ကို ပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ ဥပမာ ကိုယ်ပိုင် အိပ်ယာနဲ့ အိပ်စက်ခိုင်းတာမျိုးပေါ့။ သူတို့ကိုယ် သူတို့ ယုံကြည်မှုပိုတိုးလာအောင် ဖန်တီးပေးတာက စိတ်ဒဏ်ရာတွေ နည်းပါးလာအောင် ဖန်တီးပေးနိုင်ပါလိမ့်မယ်။ဒီနည်းလမ်းတွေဟာ မိမိရဲ့ ရင်သွေးကို စိတ်ခွန်အားပြည့်ဝတဲ့ သားသမီးတွေဖြစ်အောင် ကူညီနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ဦးနှောက်ဖွံ့ဖြိုးစေပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးစေမယ့် အစားအစာမျိုးတွေကိုလည်း ရွေးချယ်ကျွေးမွေးဖို့ မမေ့ပါနဲ့နော်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8-%e1%80%84%e1%80%9a%e1%80%ba%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%85%e1%80%89%e1%80%ba%e1%80%99%e1%80%be/
ဘေဘီလေး ၄ လ ကနေ ၆ လအတွင်းမှာ ဘယ်လိုကြီးထွားဖွံ့ဖြိုးမလဲ………….
ပထမ ၃ လကထက် ပိုပြီးမြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာပါပြီ။ ၄ လ ကနေ ၆ လအရွယ်ဘေဘီလေးအနေနဲ့။ကိုယ်အလေးချိန်က– တစ်လကို ၁ ပေါင်ကျော်ကျော်လောက်တက်ရမှာဖြစ်ပြီး ၄ လ ကနေ ၅ လအတွင်းမှာတော့ ဒီထက် ၂ ဆတက်ရပါမယ်။အရပ်အမြင့်က– တစ်လကို လက်မဝက် ဒါမှမဟုတ် ၁ လက်မလောက်တက်လာရပါမယ်။ဦးခေါင်းအရွယ်အစား– တစ်လကို လက်မဝက်လောက် လုံးပတ်တက်လာရပါမယ်။ဘေဘီလေးက ဒီအရွယ်မှာ အရင်ကထက် ပိုပြီးသန်မာလာပြီဖြစ်သလို လုပ်ချင်တာတွေကလည်း များလာပါပြီ။ အရင်ကထက်လည်း မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာပါပြီ။ ဒီအရွယ်မှာ စိုက်ထူမယ့် milestone တွေက အရင်ကထက်ပိုများလာပါပြီ။• အလိုလျောက်ဖြစ်နေတဲ့ လှုပ်ရှားမှုလေးတွေ လုံးဝကိုမရှိတော့ဘူး။• ခေါင်းကို ကောင်းကောင်းထိန်းတတ်ပြီ။• အကူအညီနဲ့ ထိုင်တတ်ပြီ။•မတ်တတ်စမ်းဖို့စကြိုးစားပါပြီ။• လက်တစ်ဖက်က ပစ္စည်းကို လက်တစ်ဖက်စီ စပြောင်းတတ်ပြီ။•ခြေထောက်လေးတွေကို ပက်လက်နေရင်း ကိုင်တတ်ပြီ။• ဝမ်းလျားမှောက်ပြီ။•သွားရည်တွေစကျလာပြီ (သွားစပေါက်တော့မယ်ဆိုတဲ့ သဘောပါ)။• တစ်နေ့တာမှာ တစ်ခါအိပ်ရင် ၂ နာရီ ကနေ ၃ နာရီလောက်ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်အထိအိပ်မယ်။• ညဘက်ကို ၆ နာရီ ကနေ ၈ နာရီလောက်အထိအိပ်မယ်။•အရောင်တွေအားလုံးကို မြင်ရပြီ။• ခပ်လှမ်းလှမ်းက ပစ္စည်းတွေကို မြင်တတ်လာပြီ။ဘေဘီလေးတဖြည်းဖြည်းအရွယ်ရောက်လာတာနဲ့အမျှ စောင့်ကြည့်နေရတဲ့ မေမေဖေဖေတို့လည်း အံ့သြခြင်းများစွာနဲ့ပါ။• စကားလုံးတွေမပီသသေးပေမယ့် စကားစပြောနေပါပြီ။• အသံလေးတွေ တီတီတာတာလုပ်တတ်ပြီ။• ၆ လလောက်ရောက်လာတဲ့အခါ ဖေ၊ မေ စတဲ့စကားလုံးလေးတွေကို ထွက်တတ်လာပြီ။• အသံထွက်ပြီးရယ်တတ်ပြီ။ အသံတော်တော်များများကို လုပ်တတ်လာပြီ။•ပစ္စည်းလေးတွေကို စပစ်တတ်လာပြီ။သူ့အနီးအနားက လူတွေနဲ့ အရာဝတ္ထုတွေကို အာရုံစိုက်တတ်ပါပြီ။ အပြန်အလှန်ဆက်သွယ်မှုတွေလုပ်တတ်လာပြီ။ ဒါတွေအပြင်။ဒီအရွယ်မှာ ဘေဘီလေးကို စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ အကောင်းဆုံးဖွံ့ဖြိုးလာစေဖို့။• ဘေဘီလေးကို စကားခဏခဏပြောပေးပါ။• ခဏခဏ ပြုံးပြပါ။• အတူတူရယ်မောပေးပါ။•ထမင်းကျွေးတဲ့အခါ၊ အဝတ်အစားလဲပေးတဲ့အခါ၊ သေးခံလဲပေးတဲ့အခါမျိုးမှာဖြစ်ဖြစ် ရေချိုးပေးချိန်မှာဖြစ်ဖြစ် စကားပြောပေးပါ။• နေ့တိုင်း အချိန်ပေးပြီး ကလေးနဲ့ အတူတူကစားပေးပါ။• ကလေးနဲ့အတူတူ စည်းချက်ညီညီ ကပေးပါ။• အခြားရွယ်တူ ကလေးငယ်တွေနဲ့ မိတ်ဆက်ပေးပါ။•အရုပ်လေးတွေနဲ့ ပေးကစားပါ။• ရယ်မောစေမယ့်အရာတွေအ တူတူလုပ်ရင်း ရယ်မောပါ။ ကျီးဖြူကျီးမဲ ကစားပေးတာမျိုးပေါ့။• ရုပ်ပုံကားချပ်လေးတွေနဲ့ စိတ်ဝင်စားစရာကောင်းတာတွေကို ပြသပေးပါ။• စာအုပ်ဖတ်ပြပါ။ ပုံပြင်ဖက်ပြပါ။• မှန်ကြည့်ခိုင်းပါ။ မှန်က ရုပ်ပုံပေါ်တယ်ဆိုတာကို သိအောင်လုပ်ပေးပါ။• မမြင်ဖူးတာတွေကို မြင်တွေ့နိုင်စေဖို့ ကလေးကို အပြင်ခေါ်သွားပါ။• ကလေးကို အိပ်ရာကနိုးတိုင်း ပွေ့ချီပေးပါ။• ကလေးကို ကြင်ကြင်နာနာထွေးပွေ့ပါ။• ကလေးဝမ်းနည်းနေတဲ့အခါချော့ပါ။•သက်သောင့်သက်သာဖြစ်အောင်ထားပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/4-months-to-6-months/
ပင့်ကူကိုက်ခံရတဲ့ ဒဏ်ရာအတွက် အိမ်တွင်းကုထုံးနည်းများ
ပင့်ကူရဲ့ သဘာဝအကြောင်းကို ပြောရမယ်ဆိုရင် ကြွက်နဲ့ သဘာဝချင်းဆင်တယ်ဗျ။ လူတွေက သူတို့ကိုအမြဲလိုလို ရှောင်ကြသလို သူတို့ကိုယ်တိုင်ကလည်း လူတွေကို ရှောင်ကြတယ်။ ကိုယ့်အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံနေရပြီဆိုတဲ့ အသိစိတ်ဝင်လာတဲ့အချိန်မှာ ပင့်ကူတွေဟာ ကြွက်တွေလိုပဲ လူကိုပြန်ကိုက်တတ်ပါတယ်။ အထူးသဖြင့်ပင့်ကူအနားမှာရှိနေတဲ့အချိန် လူက ရုတ်တရက်ဘေးတစောင်း နေလိုက်တာ၊ တက်နင်းမိမလို ဖြစ်သွားတာ၊ ပင့်ကူကို ဖယ်ထုတ်ဖို့ လက်ရွှေ့လိုက်တာကို မြင်လိုက်ရတဲ့အချိန်မျိုးမှာ လူတွေကို ရန်မူဖို့ ကြိုးစားတတ်ကြပါတယ်။ပုံမှန်အားဖြင့်တော့ လူနေအိမ်မှာရှိတဲ့ ပင်ကူအများစုဟာ အလွန်သေးငယ်ပြီးအိမ်မှာပဲ အလွယ်တကူကုသလို့ ရပါတယ်။ ဒါပေမယ့်လည်း ပေါ့ဆလို့မဖြစ်တာကြောင့် ပင့်ကူကိုက်ခံရတဲ့အခါ ဘယ်လိုလက္ခဏာတွေ ပြနိုင်လဲ၊ ဘယ်လိုကုသလို့ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ကိုက်လိုက်တဲ့ ပင့်ကူအမျိုးအစားပေါ် မူတည်ပြီး ရောဂါလက္ခဏာတွေက ပြောင်းလဲသွားနိုင်ပါတယ်။ များသောအားဖြင့် အကိုက်ခံရပြီး မိနစ် ၃၀ မှ ၂နာရီအတွင်း လက္ခဏာပြတတ်ပါတယ်။ ပြလာနိုင်တဲ့ လက္ခဏာတွေကတော့။အောက်မှာပြထားတဲ့ လက္ခဏာတွေပါ ဖြစ်နေပြီဆိုရင်တော့ အရေးပေါ်ခန်းကို အမြန်သွားပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ပုံမှန်အိမ်မှာတွေ့နေကျ ပင့်ကူကိုက်ခံရတာဆိုရင်တော့ လက္ခဏာသိပ်မပြင်းထန်သလို အိမ်မှာအလွယ်တကူ ကုသလို့လည်း ရပါတယ်။၁။ ပင့်ကူကိုက်ခံရတယ်လို့ သိသိချင်းမှာ အမြန်ဆုံး ဆပ်ပြာနဲ့ ရေနဲ့ ပြောင်စင်အောင်ဆေးပေးပါ။၂။ ခြောက်အောင်သုတ်ပြီးသွားတဲ့အခါ အရေပြားကို ရေခဲဝတ်ကပ်ပေးတာ၊ သန့်တဲ့အဝတ်ကို ရေခဲတုံးထည့်ပြီး ကပ်ပေးလို့ရပါတယ်။၃။ အကိုက်ခံရတဲ့ အရေပြားကိုရှားစောင်းလက်ပပ်မှ ရတဲ့အနှစ်လိမ်းပေးခြင်းဖြင့် အဆိပ်ပြေစေသလို၊ ယားယံတာ၊ နီရဲတာအတွက်လည်း ပျောက်တာမြန်ပါတယ်။၄။ လာဗင်ဒါအပင်၊ နှင်းဆီကရတဲ့ အဆီအနှစ်တွေကို လိမ်းပေးခြင်း၊ နှာခေါင်းနားတေ့ပြီး ရှူခြင်းဖြင့် နာကျင်ကိုက်ခဲတာကို သက်သာစေပြီး အနာကျက်လည်း မြန်စေနိုင်ပါတယ်။၅။ ပြီးသွားရင် ရေနဲ့ပြောင်အောင် ဆေးပြီး နီးစပ်ရာဆေးခန်းက ပိုးသတ်လိမ်းဆေး သို့မဟုတ် antibiotic ခရင်မ်နဲ့ လိမ်းပေးပါ။ ပြီးသွားမှ ပလာစတာနဲ့ ကပ်ပေးရပါမယ်။၆။ ဒဏ်ရာကို သန့်ရှင်းအောင်ထားပါ။ပလာစတာက ရေစိုသွားရင် အသစ်တစ်ခုနဲ့ ချက်ချင်းလဲပါ။ တစ်နေ့ တစ်ခါ ပလာစတာကို အသစ်ပြန်လဲပေးပါ။၇။ အရည်ကြည်ဖုတွေ ထွက်နေရင် လက်သည်းနဲ့ မကုတ်ဖဲ့လိုက်ပါနဲ့။ ခြောက်ပြီး ပြားချပ်သွားတဲ့အထိ သေချာဂရုစိုက်ပေးပါ။ဒီနည်းလမ်းတွေနဲ့မှ လုံးဝမသက်သာဘူး၊ ပိုဆိုးလာတယ်၊ ဒါမှမဟုတ် ကိုက်လိုက်တဲ့ပင့်ကူက အဆိပ်ရှိပြီး အကောင်လည်း တော်တော်ကြီးတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြကြည့်လိုက်တာ အကောင်းဆုံးဖြစ်မှာပါ။ များသောအားဖြင့်တော့ အပေါ်မှာပြထားတဲ့ အိမ်တွင်းကုထုံးနဲ့ ကုသပျောက်ကင်းနိုင်တာမို့ သိပ်တော့ စိတ်မပူပါနဲ့။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%95%e1%80%84%e1%80%b9%e1%80%b7%e1%80%80%e1%80%b0%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%81%e1%80%b6%e1%80%9b%e1%80%90%e1%80%b2%e1%80%b7-%e1%80%92%e1%80%8f%e1%80%b9%e1%80%9b%e1%80%ac/
သင့်ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ ဒီအချက်တွေ သိပြီးသွားပြီလား
ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဗဟုသုတ ရစရာတွေ၊ မှတ်သားစရာတွေ အများကြီး ဖတ်ပြီးတဲ့နောက် ပျော်စရာဖက် နည်းနည်း လှည့်ကြရအောင်။ သင့်ခန္ဓာကိုယ်၊ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ ဒီအချက်လေးတွေကို သင်သိပါရဲ့လား။၁။ ခန္ဓာကိုယ်မှာ အလုပ်အများဆုံးကြွက်သားက မျက်လုံးကြွက်သားတွေ ဖြစ်ပါတယ်။၂။ ကျန်းမာရေးနဲ့ မညီဘဲ စိတ်ဖိစီးမှုတွေ ဖြစ်စေတဲ့ ဟော်မုန်းတွေကို စာဖတ်ခြင်းက လျှော့ချပေးနိုင်ပါတယ်။၃။ ကော်ဖီသောက်ခြင်းကစိတ်ကျဝေဒနာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ (ဒီအချက်က အမျိုးသမီးတွေမှာ ပိုပြီး သိသာပါသတဲ့။)။၄။ နာကျင်နေတဲ့ အချိန်မှာ ကျိန်ဆဲလိုက်ခြင်းက နာကျင်မှုကို ပို ခံနိုင်ရည်ရှိစေပြီး လူကို ပိုနေရသက်သာစေပါတယ်။ (အနာလျော့သွားမယ်လို့ ပြောတာ မဟုတ်ဘူးနော်။ နေရသက်သာတယ်ဆိုပြီး တစ်ချိန်လုံးတော့ ဆဲမနေနဲ့ပေါ့)။၅။ စာတွေကို ချရေးလိုက်တာက ပိုပြီး မှတ်မိလွယ်စေပါတယ်။ (ငယ်ငယ်တုန်းက စာကျက်ရင် ချရေးခဲ့ကြရတယ် မဟုတ်လား။)။၆။ အသက် ၅၀ အောက် အမျိုးသမီးတွေအတွက် တစ်ရက်တာ လိုအပ်တဲ့သံဓာတ်ပမာဏဟာ သက်တူရွယ်တူအမျိုးသားတွေထက် နှစ်ဆပိုများပါတယ်။၇။ ဗီတာမင် ဒီ ဟာအရိုးကျန်းမာရေးအတွက် ကယ်လ်ဆီယမ်လိုပဲ အထောက်အကူ ပြုပေမဲ့ လူအများစုကတော့ ဗီတာမင် ဒီ လုံလုံလောက်လောက် မရနေပါဘူး။ (လိုအပ်မှန်းတောင် မသိကြတာပါ)။၈။ ပင်ပန်းနေရင်လေ့ကျင့်ခန်းလုပ်ပါ။ ထိုင်နားခြင်းထက် ပိုပြီး စွမ်းအင်ပြည့်စေပါတယ်။၉။ရေဓာတ်ချို့တဲ့ခြင်းက ခါးနာ၊ကျောနာခြင်းတွေကို ဖြစ်စေပါတယ်။၁၀။ အရွယ်ရောက်ပြီးသားလူတစ်ယောက်မှာ အရိုးပေါင်း ၂၀၆ ရိုးရှိပါတယ်။ အဲဒီထဲက ၁၀၆ ခုဟာခြေထောက်နဲ့ လက်မှာ ရှိတာပါ။ဒါကတော့ ဒီတစ်ပတ်အတွက် ပျော်စရာ ကျန်းမာရေး ဗဟုသုတ သေးသေးလေးတွေပါ။ နောက်များမှ ပြန်ဆုံကြရအောင်။ရေးသားသူ – Wathun Myet Chal။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/know-these-surprising-health-facts/
အိမ်တွင်းမှာ အပင်လေးတွေ စိုက်ပျိုးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး (၅) ချက်
ခုနောက်ပိုင်း အိမ်တွင်းမှာအပင်လေးတွေ စိုက်တာ ခေတ်စားလာကြပါတယ်။ တချို့ကလည်း အပင်တွေက ညဘက်ဆို ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်တယ်လို့ သိထားတာဆိုတော့ လူအတွက် အန္တရာယ်မရှိဘူးလားဆိုပြီး စိုးရိမ်ကြတာမျိုး တွေ့ရပါတယ်။ ဒါကြောင့်အိမ်တွင်းအပင်စိုက်ပျိုးခြင်းရဲ့ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။၁။ဓာတ်မတည့်ခြင်းတွေကို သက်သာစေပါတယ်။အိမ်တွင်းမှာ အပင်လေးတွေ စိုက်ပျိုးထားခြင်းက ဖုန်နဲ့ မှိုတက်တာတွေကို လျော့နည်းစေတယ်လို့ သုတေသနတွေက ဆိုပါတယ်။ နောက်ပြီး အပင်တွေနဲ့ အရွက်တွေက ဓာတ်မတည့်မှုတွေ ဖြစ်စေတဲ့ အမှုန်တွေ၊ ပန်းဝတ်မှုန်တွေ နဲ့ အသက်ရှူလမ်းကြောင်းထဲ ဝင်နိုင်တဲ့ အမှုန်တွေကို တားဆီးပေးတာကြောင့် ဓာတ်မတည့်မှုတွေလည်း လျော့နည်းသွားစေမှာပါ။ကျွန်တော်တို့ သိကြတဲ့အတိုင်း အပင်တွေက ကာဗွန်ဒိုင်အောက်ဆိုက်ကို ရှူပြီး အောက်ဆီဂျင်ကို ထုတ်ပေးပါတယ်။ ကျွန်တော်တို့တွေက အောက်ဆီဂျင်ကို ရှူပြီး ကာဗွန်ဒိုင်အောက်ဆိုက်ကို ထုတ်ပေးတာဆိုတော့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့။အိမ်တွင်းမှာ အပင်လေးတွေ စိုက်ထားတာက အောက်ဆီဂျင်ပမာဏကို တိုးစေတာဆိုတော့ ကျွန်တော်တို့ အသက်ရှူဝတာလည်း မဆန်းဘူးလို့ ပြောရမှာပါပဲ။ဒီမှာ တစ်ခု ပြောစရာရှိတာက တချို့လူတွေ သိထားသလို နေရောင်မရှိတော့တဲ့ ညအချိန်ရောက်ရင် အပင်တွေဟာ အောက်ဆီဂျင်ကို စုပ်ယူပြီး ကာဗွန်ဒိုင်အောက်ဆိုက်ကို ပြန်ထုတ်ပါတယ်။ အပင်တိုင်းတော့ မဟုတ်ပါဘူး။ဒါပေမဲ့ တချို့ အပင်တွေ ဥပမာ သစ်ခွနဲ့ ကန္တာရဆူးပင် အနွယ်ဝင်တွေကတော့ ကာဘွန်ဒိုင်အောက်ဆိုက်တွေကို စုပ်ယူပြီး အောက်ဆီဂျင်ကို ပြန်ထုတ်ပေးပါတယ်။ ဆိုတော့ အိပ်ခန်းထဲ ဒီအပင်လေးတွေ ထည့်ထားရင်တော့ ညဘက်မှာ အောက်ဆီဂျင်ကို လုံလုံလောက်လောက် ရပြီပေါ့။ဥပမာရှားစောင်းလက်ပပ်လို အပင်မျိုးဟာ “ကန္တာရရဲ့ ကြာပန်း”၊ “မသေမျိုးတို့ရဲ့ သစ်ပင်” လို့ နာမည်ကျော်တဲ့အတိုင်း ဆေးပင်အဖြစ်နဲ့ သုံးလို့ ရတာမျိုးတွေပါ။ဒီ ရှားစောင်းပင်တွေက လေထုကို သန့်စင်စေသလို ရှားစောင်းခက်တွေရဲ့ အတွင်းက ဂျယ်လီက အပူလောင်တာ၊ အရေပြား အလှအပ၊ ထိခိုက်ရှနာ၊ နေလောင်တာ အစရှိသဖြင့် နေရာစုံမှာ သုံးလို့ ရပါတယ်။ ရှားစောင်းခက်ကို ပြုတ်ပြီး ထွက်လာတဲ့ အငွေ့ကို ရှူခြင်းကလည်းပန်းနာရင်ကျပ်ကို သက်သာစေတယ်လို့ ဆိုကြပါတယ်။ကော်ဇောတွေ၊ ပန်းချီကားတွေ၊ ဖုန်စုပ်စက်တွေ၊ ပရင်တာက မင်တွေနဲ့ ဆေးတွေ အပါအဝင် အိမ်တွင်းက ပစ္စည်းတော်တော်များများဟာ လေထုညစ်ညမ်းစေတဲ့ ကွန်ပေါင်းတွေ ထုတ်ပေးလေ့ရှိပါတယ်။သူတို့တွေက လေထဲမှာ စုနေပြီး မျက်လုံးနဲ့ အရေပြားကို ထိခိုက်စေသလို ပန်းနာရင်ကျပ်ကိုလည်း ပိုဆိုးစေပါတယ်။ အသက်ရှူကျပ်တာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ အိမ်တွင်းမှာ အပင်လေးတွေ စိုက်ထားတာက အဲဒီ ဒြပ်ပေါင်းတွေကို စုပ်ယူပေးနိုင်ပြီး English Ivy, asparagus fern နဲ့ dragon tree တွေလို လေသန့်ပင် အမျိုးအစားတွေက လေထုကို သန့်စင်ပေးနိုင်ပါတယ်။အပင်တွေ ရှိတဲ့ နေရာတွေမှာ အလုပ်လုပ်ရတဲ့သူတွေ၊ စာလုပ်ရသူတွေဟာ ပိုထူးချွန် အောင်မြင်ကြတယ်လို့ သုတေသနတွေက ဆိုပါတယ်။ သဘာဝနဲ့ နီးစပ်ခြင်း၊ အပင်တွေနဲ့ ဝန်းရံထားခံရခြင်းတွေကအာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်ကို ပိုကောင်းမွန်စေပြီး အလုပ်ကို မြန်မြန်ဆန်ဆန် ကောင်းကောင်းမွန်မွန် ပြီးမြောက်စေပါတယ်။ရေးသားသူ – Wathun Myet Chal။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/benefits-of-indoor-plants/
ပန်းနာရင်ကျပ်ရောဂါ ပြန်ထနေတဲ့အခါ သဘာဝအတိုင်းသက်သာအောင် ဘယ်လိုလုပ်ကြမလဲ။ ။
ပန်းနာရင်ကျပ်ရောဂါ ဆိုတာ ဒီနေ့သက်သာလိုက်၊ နောက်နေ့ကျ ပြန်ထလိုက်နဲ့ ဖြစ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ နာတာရှည်ပြဿနာတစ်ခုပါ။ သောက်ဆေးတွေလည်း မှန်မှန်သော်ကနေရက်နဲ့ အခန့်မသင့်လို့ မတည့်တာတစ်ခုခုနဲ့ပြန်တွေ့ခဲ့ရင် ပန်းနာရင်ကြပ်ရောဂါ ပြန်ထသွားတတ်ပါတယ်။ ဒီတော့ ဒီလိုပန်းနာရင်ကျပ်ရောဂါပြန်ထနေတဲ့အချိန် ဘာတွေလုပ်ရမလဲ ။ ။နာတာရှည်ပန်းနာရင်ကျပ်သမားတွေအတွက် စွဲသောက်နေရတဲ့ဆေးက အရေးအကြီးဆုံးပါ။ ဆေးကို မှန်မှန် မပျက်မကွက်သောက်ဖို့ အရေးကြီးတဲ့အပြင် ရှူဆေးဆိုလည်း နည်းလမ်းမှန်မှန်နဲ့ ရှူပေးဖို့အရေးကြီးပါတယ်။ ဆေးက ပန်းနာရင်ကြပ်မသားတွေအတွက် အရေးကြီးတယ်ဆိုပေမယ့် အခြားနည်းလမ်းလေးတွေလည်း လိုအပ်ပါသေးတယ် ။ ဒါလေးတွေလုပ်ကြည့်ပါ။ဒါလေးတွေကိုလည်း သေချာလိုက်နာ ဆေးလည်းမှန်မှန်သောက်မယ်ဆိုရင် ပန်းနာရင်ကြပ်ကြောင့် ခံစားနေရတဲ့ ဝေဒနာတွေ ပျောက်သွားမှာ အသေအချာပါ ။ ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/asthma-respiratory-health/asthma/
ဗီတာမင် ဘီ ချို့တဲ့မှု လက္ခဏာတွေ
ကျွန်တော်တို့  ခန္ဓာကိုယ်ကြီး ပုံမှန် လှုပ်ရှားသွားလာနိုင်ဖို့အာဟာရဓါတ်အစုံအလင် လိုအပ်ပါတယ်။ ဒီ အာဟာရဓါတ်တွေ ထဲမှာ ဗီတာမင် ဘီ ဓာတ်လည်း ပါဝင်ပါတယ်။ ဗီတာမင် ဘီက ဇီဝဖြစ်ပျက်မှု အတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တစ်ခု ဖြစ်သလို ခန္ဓာကိုယ်ကလည်း ဗီတာမင် ဘီကို သူ့အလိုလို မဖွဲ့စည်းနိုင်တာကြောင့် ပြင်ပကနေ ဖြည့်တင်းပေးရပါတယ်။ အခုဆောင်းပါးမှာ Hello Sayarwon  စာဖတ်ပရိတ်သတ်တွေကို ဗီတာမင် ဘီ ချို့တဲ့မှု လက္ခဏာတွေ အကြောင်း ပြောပြချင်ပါတယ်။ဗီတာမင် ဘီ ချို့တဲ့မှုလက္ခဏာတွေ  ကတော့။၁။ ခြေလက်တွေထုံကျဉ်လာမယ်။ဗီတာမင် ဘီက ခန္ဓာကိုယ်ကအာရုံကြောစနစ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။ အာရုံကြော အချက်ပြမှုတွေအတွက်ရော အာရုံကြောတွေကို ကာကွယ်ပေးဖို့ပါ လိုအပ်တဲ့ မိုင်လင်(myelin) ဓာတ် ဖွဲ့စည်းပေးပါတယ်။ ဗီတာမင် ဘီ လုံလုံလောက်လောက် မရှိရင်တော့ အာရုံကြောတွေမှာ မိုင်လင် ချို့တဲ့လာပြီး တဖြည်းဖြည်း ပျက်စီးလာစေပါတယ်။ ဒီလို အာရုံကြော ပြဿနာက အစွန်အဖျားဖက် ရောက်တဲ့ အာရုံကြောတွေမှာ ပိုအတွေ့များတာကြောင့် ခြေဖျားလက်ဖျားတွေမှာ ထုံကျဉ်တဲ့ ဝေဒနာ ခံစားရခြင်း ဖြစ်ပါတယ်။၂။ လမ်းလျှောက်ရ ခက်သွားမယ်။ဒီ ပြဿနာကလည်း အပေါ်က အချက်နဲ့ ဆက်စပ်နေပါတယ်။ ဗီတာမင် ဘီ ချို့တဲ့လို့ဖြစ်တဲ့အာရုံကြော ပျက်စီးမှုပိုဆိုးလာရင် ပုံမှန်ကြွက်သား လှုပ်ရှားမှုတွေကိုတောင် ကောင်းကောင်း မလုပ်ဆောင် နိုင်တော့ပါဘူး။ အချိန် ကြာလာတာနဲ့ အမျှ ကြွက်သားတွေ ပိုပို ချည့်နဲ့လာပြီး အကြောတွေပါ ပျက်စီးသွားစေတဲ့ အထိ ကြောက်ဖို့ ကောင်းပါတယ်။၃။ အသားဝါမယ်၊ဖြူဖတ်ဖြူလျော်ဖြစ်နေမယ်။ဗီတာမင် ဘီက သွေးနီဥ ဖွဲ့စည်းဖို့ လိုအပ်တဲ့ ဓာတ်တစ်ခု ဖြစ်တာကြောင့် ဗီတာမင် ဘီ ချို့တဲ့ရင် သွေးနီဥ ပမာဏ ကျဆင်းသွားပါမယ်။ ဒီအခါ သွေးအားနည်းတဲ့ အခြေအနေပါ ထပ်ဖြစ်လာစေပြီး သွေးနီဥတွေကို ပို မြန်မြန် ပြိုကွဲစေပါတယ်။ အသည်းက ဖြိုခွဲလိုက်တဲ့ သွေးနီဥတွေကနေ bilirubin ဓာတ် ထွက်လာပါတယ်။ ကိုယ်ထဲမှာ bilirubin များလာလေ အသားဝါတာ ပိုဆိုးလေပါပဲ။၄။ ပင်ပန်းနွမ်းနယ်နေမယ်။သွေးနီဥတွေက ခန္ဓာကိုယ်ဆဲလ်တွေ လိုအပ်တဲ့အောက်ဆီဂျင်ကို သယ်ဆောင်ပေးပါတယ်။ သွေးနီဥ လုံလောက်အောင် မဖွဲ့စည်းနိုင်တော့တဲ့အခါမှာ   ခန္ဓာကိုယ်လည်း အောက်ဆီဂျင် ကောင်းကောင်း မရရှိတော့ပါဘူး။ ရလဒ်ကတော့ အလွယ်တကူ မောပန်းမှု ခံစားရတာပဲ ဖြစ်ပါတယ်။၅။ နှလုံးခုန်မြန်မယ်။သွေးအားနည်းရောဂါ ရှိလာပြီဆိုရင် နှလုံးကို ပိုမြန်မြန် အလုပ်လုပ်စေပါတယ်။  ကိုယ်တွင်းမှာ သွေးနီဥ ပမာဏ နည်းနေတာကို ဖြည့်ဆည်းပေးဖို့ နှလုံးက နဂိုထက် ပိုမြန်မြန် ခုန်ပြီး သွေးတွေ ပိုထုတ်ပေးဖို့ ကြိုးစားပါတယ်။ ဒီလို အချိန်မှာ ပုံမှန်ထက် နှလုံးခုန် မြန်လာနိုင်ပါတယ်။၆။ အော့အန်မယ်၊ ဝမ်းလျှောမယ်။ဗီတာမင် ဘီ ချို့တဲ့ခြင်းကအစာခြေလမ်းကြောင်းကိုလည်း ပြဿနာ ပေးပါတယ်။သွေးနီဥပုံမှန်ထက် နည်းသွားတာကြောင့် အစာခြေလမ်းကြောင်းက သွေးလုံလောက်အောင် မရရှိတော့ပါဘူး၊ လိုအပ်တဲ့ အောက်ဆီဂျင်ဓာတ် မရတဲ့ အတွက်ကြောင့် သူ့ရဲ့ အလုပ်တွေကို ပုံမှန်အတိုင်း မလုပ်နိုင်တော့ဘဲ ဝမ်းပျက်ဝမ်းလျှောတာ၊ အော့အန်တာတွေ ခံစားလာရနိုင်ပါတယ်။၇။ အစားအသောက်ပျက်မယ်။အစာခြေလမ်းကြောင်း အခြေအနေ မကောင်းတာကြောင့် စားရသောက်ရတာလည်း ပိုခက်ခဲလာပါမယ်။ ဗီတာမင် ဘီ ချို့တဲ့ခြင်းက စားချင်သောက်ချင်စိတ် လျော့နည်းတာ၊ အချိန်ကြာလာတာနဲ့အမျှကိုယ်အလေးချိန်ကျဆင်းသွားတာတွေနဲ့ဆက်စပ်နေတာကိုတွေ့ရပါတယ်။ဒါတွေကတော့ မိမိမှာ ဗီတာမင် ဘီဓာတ်ချို့တဲ့နေရင်ပြနိုင်တဲ့လက္ခဏာတွေဖြစ်ပါတယ်။ ခန္ဓာကိုယ်   အတွက်မရှိမဖြစ်လိုအပ်တဲ့သက်စောင့်ဓာတ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဗီတာမင် ဘီဓာတ်ကို လုံလောက်အောင်စားသောက်ကြဖို့ အကြံပြုရင်း နိဂုံးချုပ်လိုက်ပါတယ်နော်။ရေးသားသူ – Dr.Htoo Tint။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/vitamin-b-deficiency/
နှစ်သစ်မှာ ယောဂ စကစားကြမယ့်သူတွေအတွက်
နှစ်သစ်စချိန်မှာကျန်းမာရေးအတွက် အထောက်အကူ ရအောင်ဆိုပြီး အိမ်မှာနေရင်း ယောဂလေ့ကျင့်ခန်း လုပ်ချင်တယ်။ ဘယ်ကနေ ဘယ်လို စလုပ်ရမလဲ မသိဘူးဆိုတဲ့သူတွေ ရှိလား! ဒီတစ်ခေါက်တော့ နှစ်သစ်မှာ ယောဂ စကစားကြမယ့်သူတွေအတွက် လုပ်ဆောင်ရလွယ်ကူစေမယ့်ယောဂပို့စ်လေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။ယောဂက စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေသလို စိတ်ခံစားမှုလည်း ကောင်းစေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ ယောဂ လေ့ကျင့်ပေးတာကအသားအရေကို ကြည်လင်စေသလို ကိုယ်တွင်းအင်္ဂါတွေကိုလည်း ကျန်းမာစေပါတယ်။ ကိုယ်နေဟန်ထား အချိုးကျစေပြီး စိတ်ဖိစီးတာ စိတ်ဓာတ်ကျတာတွေလည်း ကင်းဝေးစေမှာပါ။ယောဂက အရွယ်တိုင်း လေ့ကျင့်ပေးလို့ ရသလို ကျန်းမာစေဖို့ရော သန်စွမ်းကြံ့ခိုင်စေဖို့ပါ ထောက်ကူပေးပါတယ်။ စိတ်ပျော်ရွှင်စေပြီးကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးပါတယ်။ဒီတော့ ဘာလုပ်မယ် စိတ်ကူးလဲ!  ယောဂ ကစားမယ် စိတ်ကူးတယ်ဆိုရင်တော့ယောဂကို စတင်လေ့ကျင့်မယ့်သူတွေအတွက် ထိရောက်လွယ်ကူမယ့် ပို့စ်လေးတွေကို ပြောပြပေးမှာမို့ အတူကြည့်လိုက်ရအောင်နော်။နှစ်သစ်မှာ ယောဂ စကစားကြမယ့်သူတွေအတွက် အသင့်တော်ဆုံး ပို့စ်တွေက။Sukhasanaပို့စ်ကို ဘယ်လို လုပ်ရမလဲဆိုတော့ အရင်ဆုံး မြေပြင်ညီမှာတင်ပျဉ်ခွေထိုင်လိုက်ပါ။ ခါးကို မတ်မတ် ထားရပါမယ်။ လက်ဖဝါးနှစ်ဖက်ကို ပက်လက်အနေအထားနဲ့ ဒူးပေါ်တင်ထားပြီး လက်မနဲ့ လက်ညှိုးကို ထိထားပေးပါ။ မတ်မတ်လေး ထိုင်ရင်း မျက်လုံးကို အသာအယာ မှိတ်လို့ ဝင်လေ ထွက်လေလေး မှန်မှန် ရှူရှိုက်ပေးရုံပါ။ မနက်ခင်း နေရောင်ခြည် နွေးနွေးလေးအောက်မှာ လေနုအေးလေးတွေကို ရှူရှိုက်ရင်း လုပ်ဆောင်ပေးလို့ ရပါတယ်။Padahastasanaကို လုပ်ဖို့ဆိုရင် ခြေထောက်နှစ်ချောင်းကို စုံရပ်ပေးပါ။ မတ်မတ်လေး ရပ်ထားပြီး ခါးအထက်ပိုင်းကို အရှေ့ဘက်ကို ကိုင်းရင်း အောက်ဖက်ကို ကိုင်းချလို့ ရသမျှကိုင်းချပါ။ ဒီလို ကိုင်းချတာက နှာခေါင်းကို ဒူးခေါင်းနဲ့ ထိတဲ့အထိ ကိုင်းချပေးရမှာပါ။ လက်နှစ်ဖက်ကိုတော့ ဒူးအနောက်ဖက်ကို သိုင်းဖက်ထားပေးပါ။စစချင်းမှာ အကြောတွေ တောင့်တင်းနေတာမျိုး ရှိနိုင်တာကြောင့် ရင်ဘတ်နဲ့ ပေါင်ကို ထိစေဖို့ ဒူးအနည်းငယ် ကွေးပေးလို့ ရပါတယ်။ နောက်ပိုင်းမှာတော့ ခြေထောက်တွေကို မတ်မတ်ထားဖို့ ဒူးဆန့်ထားဖို့ မမေ့ပါနဲ့။  ဒီပို့စ်လေးက အကြောတွေကို ပြေလျော့စေသလို ဝိတ်ကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။Vajrasana (Thunderbolt pose)ကို စလုပ်တော့မယ်ဆိုရင် မြေပြင်ညီမှာ ယောဂဖျာလေး ခင်းပါ။ ပြီးရင် ခြေထောက်ကို ပုဆစ်တုပ် ထိုင်ပါ။ ခါးကို မတ်မတ် ထားရပါမယ်။ လက်ဖဝါးနှစ်ဖက်ကို ပက်လက်အနေအထားနဲ့ ဒူးပေါ်တင်ထားပြီး လက်မနဲ့လက်ညှိုးကို ထိထားပေးပါ။ မတ်မတ်လေး ထိုင်ရင်း မျက်လုံးကို အသာအယာ မှိတ်လို့ဝင်လေ ထွက်လေလေး မှန်မှန် ရှူရှိုက်ပေးရုံပါ။ ကိုယ်တွင်းမှာ အောက်ဆီဂျင် လုံလောက်စွာ ရရှိစေနိုင်သလို စိတ်ဖိစီးမှု ကင်းစေပြီး စိတ်တည်ငြိမ်စေဖို့ ထောက်ကူပေးမှာပဲ ဖြစ်ပါတယ်။Naukasana (Boat pose)လုပ်ဖို့ဆိုရင် ဟန်ချက်ညီဖို့ လိုပါမယ်။ အရင်ဆုံး ယောဂဖျာပေါ်မှာ သက်သောင့်သက်သာ လှဲလိုက်ပါ။ ပြီးရင် ခန္ဓာကိုယ် အပေါ်ပိုင်းကို ၄၅ ဒီဂရီအထိ မတ်ထားပေးပါ။ ခြေထောက်တွေကိုလည်း ဒူးဆန့်ရင် အပေါ်ကို မြှောက်နေအောင် ဆန့်တန်းထားပါ။ မျက်လုံးနဲ့ ခြေကို ရေပြင်ညီ ဖြစ်တဲ့အထိ ခန္ဓာကိုယ်ကို မတ်ထားပေးပါ။ ဒူး မကွေးမိအောင် သတိထားပါ။ ခြေထောက်တွေရဲ့ ဘေးတစ်ဖက်တစ်ချက်ဆီကနေ လက်တွေကိုလည်း ရေပြင်ညီအတိုင် ဆန့်ထုတ်ထားပေးပါ။ ဗိုက်ကြွက်သားတွေ တင်းလာတဲ့အထိ ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းရင်း ဆန့်ထားပါ။ ခါးကိုလည်း မတ်ထားဖို့ မမေ့နဲ့နော်။Vrikshasana (Tree pose) လုပ်ဖို့ ခြေထောက်တွေကို ပခုံးအကွာအဝေးအတိုင်း ချဲရပ်ထားပါ။ ခန္ဓာကိုယ်ကို မတ်မတ်လေး ထားပါ။ လက်နှစ်ဖက်ကို အပေါ်ဖက်ကို ဆန့်ထုတ်လို့ လက်ဖဝါး နှစ်ဖက်ကို ကြာဖူးပုံ ထိကပ်ထားပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကို မြှောက်လို့ နောက်တစ်ဖက်ရဲက ပေါင်ခြံကို ခြေဖဝါးနဲ့ ကပ်ထားပေးပါ။ခန္ဓာကိုယ်တစ်ခုလုံးကို ခြေထောက်တစ်ဖက်ပေါ်မှာပဲ အားပြုပြီး ဟန်ချက်ညီအောင် ထိန်းထားပေးပါ။ အသက်ကို မှန်မှန်ရှူဖို့လည်း မမေ့ပါနဲ့။ တစ်ဖက်ပြီး တစ်ဖက် လုပ်ပေးပါ။လုပ်ပုံလုပ်နည်းတွေကို မျက်လုံးထဲ မမြင်ဘူးဆိုရင် youtubeမှာ ပို့စ်တစ်ခုချင်းစီကို ရှာကြည့်ပါ။ တချို့ပို့စ်တွေက စစချင်းဆို လုပ်ရတာခက်မှာပါ။ ဒါပေမယ့် စိတ်မပျက်ပါနဲ့။ စိတ်ရှည်ပါ။ မိမိနိုင်သလောက် လေ့ကျင့်ပါ။ ပုံမှန်လေ့ကျင့်ပေးရင် အကြောအခြင်တွေ ပြေလျော့ပြီး လိုချင်တဲ့ ပုံစံရလာပါလိမ့်မယ်။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/balance-and-flexibility/want-to-start-yoga-try-these-5-beginner-poses/
မိုးရာသီမှာ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ဘာတွေသတိထားရမလဲ
မိုးစဝင်တဲ့အခါ ရာသီဥတုကနွေရာသီလောက် မပူလောက်တဲ့အတွက် လေ့ကျင့်ခန်း ပြန်လုပ်မယ်ဆို လုပ်လို့ ရနေပါပြီ။ ပူလို့ gymမသွားနိုင်သူတွေကလည်း ခုလိုရာသီဆို gymပြန်ရောက်လာကြပါပြီ။ မိုးစရွာလာလို့ အပူလျော့လာတာ မှန်ပေမယ့် မိုးရာသီမှာ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် သတိထားရမဲ့ အချက်လေးတွေ ရှိပါတယ်။မိုးရာသီမှာ အေးတော့ ဘယ်အချိန်လုပ်လုပ် လုပ်လို့ရတယ်လို့ ထင်ကြပါတယ်။ မိုးရာသီမှာ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ‘စိုထိုင်းဆ’ကိုထည့်တွက်ရပါတယ်။ ဒါက ဘာလို့ အရေးကြီးတာလဲဆိုရင် ချွေးတွေအငွေ့ပြန်ဖို့ စိုထိုင်းဆပေါ် မူတည်နေလို့ပါ။ဘာကြောင့်လဲဆိုတော့ချွေးတွေက အငွေ့ပြန်ဖို့ခန္ဓာကိုယ်အပူချိန်ကို ယူသုံးရလို့ပါ။ ဒါကြောင့် ခန္ဓာကိုယ်အပူချိန် လျော့ကျဖို့ဆိုရင် ချွေးထွက်တာအပြင် ချွေးတွေအငွေ့ပြန်ဖို့လည်း လိုပါတယ်။မြင်သာအောင် ပြောရရင် နွေအကုန် မိုးအစဆို မိုးလေးမစို့မပို့ ရွာတတ်ပါတယ်။ မိုးရွာပေမဲ့ အေးလာဆိုရင် မအေးပါဘူး။ မအေးတဲ့အပြင် ချွေးစေးတွေထွက်ပြီး ပိုတောင်ပူပါပေးတယ်။ ဘာကြောင့်လဲဆိုတော့ စိုထိုင်းဆများနေတော့ ချွေးတွေ အငွေ့မပြန်ဘဲ စေးကပ်ကပ်နဲ့ အိုက်စပ်စပ် ဖြစ်လာလို့ပါ။လေ့ကျင့်ခန်းလုပ်မဲ့သူတွေက များသောအားဖြင့် မနက်စောစော ဒါမှမဟုတ် ညနေစောင်းအချိန်ကို ရွေးကြပါတယ်။ ဒီလိုရာသီမှာ လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်‌တော့ နေဝင်ခါနီးအချိန်ကို ရွေးစေချင်ပါတယ်။ အဲ့ဒီအချိန်ကစိုထိုင်းဆအနည်းဆုံးဖြစ်တာကြောင့် ခန္ဓာကိုယ်အပူချိန်ကို လျော့ကျစေနိုင်လို့ပါ။မိုးရာသီမှာ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် စိုထိုင်းဆအပြင် တစ်ကိုယ်ရည်စာအနေနဲ့ သတိထားရမယ့် အချက်တွေ ရှိပါတယ်။ ဒါတွေကတော့။ဒါကတော့ မိုးရာသီမှ မဟုတ်ပါဘူး။ ဘယ်ရာသီဖြစ်ဖြစ်ပါ။ လေ့ကျင့်ခန်း လုပ်ပြီးမှ သောက်တာထက် လေ့ကျင့်ခန်း မလုပ်ခင်၊ လုပ်နေချိန်၊ လုပ်အပြီး ၃ချိန်လုံး သောက်ရမှာပါ။ ပမာဏနည်းနည်းစီ သောက်ပေးတာက လေ့ကျင့်ခန်းလုပ်တာကို အနှောင့်အယှက်မဖြစ်စေပါဘူး။ မဖြစ်တဲ့အပြင် လေ့ကျင့်ခန်းလုပ်နေတဲ့ တောက်လျှောက် ဆုံးရှုံးသွားတဲ့ရေနဲ့ ဓာတ်ဆားတွေကို ပြန်ဖြည့်ပေးသလို exercise performanceကိုလည်း ကောင်းစေပါတယ်။ ခန္ဓာကိုယ်အပူချိန်ကိုလည်း ကျစေပါတယ်။ဒါကလည် အမြဲလုပ်ရမယ့် အကျင့်ပါ။ လေ့ကျင့်ခန်း မလုပ်ခင်မှာရော လုပ်အပြီးမှာရော အကြောလျှော့ရမှာပါ။ မဟုတ်ရင် အကြောမလျှော့လို့ ကြွက်သားတွေ နာတာရော၊ဓာတ်ဆားတွေဆုံးရှုံးလို့ ကြွက်သားတွေ နာတာရော ပေါင်းပြီး ခံရပါလိမ့်မယ်။နေမပြင်းတော့ဘူးဆိုတော့ gymသွားတာ၊ အိမ်မှာပဲ လေ့ကျင့်တာအပြင် အပြင်ထွက်ပြီးလည်း ပြေးကြ၊ လမ်းသွက်သွက်လျှောက်ကြ စသဖြင့် လေကောင်းလေသန့်ရှူရင်း လေ့ကျင့်ခန်းတွေ လုပ်တတ်ကြပါတယ်။ အထူးသဖြင့်တော့ လူကြီးတွေပေါ့။သူတို့ဆိုရင်တော့ နေမဝင်သေးရင် နေလောင်ကာခရင်မ်လိမ်းတာ၊ မိုးရွာထားရင် ချော်မလဲအောင် ဂရုစိုက်တာ၊ လမ်းတလျှောက် ရေနဲ့ ဓာတ်ဆားပြန်ဖြည့်ဖို့ဓာတ်ဆားရည်ဘူးတွေ ဆောင်ထားတာတွေ လုပ်သင့်ပါတယ်။စိုထိုင်းဆ များရင် ချွေးတွေ အငွေ့ပြန်ဖို့ ခက်တာကြောင့်ချွေးစုပ်တဲ့ အဝတ်အစားကို ဝတ်စေချင်ပါတယ်။ ထူထူကျပ်ကျပ်ကြီးတွေ မဟုတ်ဘဲ လေဝင်လေထွက်ကောင်းကောင်းနဲ့ ချွေးသုတ်ရလွယ်တဲ့ ဝတ်စုံမျိုး ဝတ်သင့်ပါတယ်။ပြင်ပမှာ ရာသီဥတုက သိပ်မပူတော့တာ မှန်ပေမဲ့ခန္ဓာကိုယ်အပူချိန်တက်မလာဖို့က ပိုအရေးကြီးပါတယ်။ ဒါကြောင့် ချွေးတွေထွက်ပေမဲ့ ခန္ဓာကိုယ်က အေးမလာရင်၊ချွေးထွက်များလွန်းရင်၊ နေလို့ မကောင်းတော့ရင် လေ့ကျင့်ခန်း လုပ်တာကို နားပြီး အေးအောင် ပြန်လုပ်ဖို့ လိုပါတယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/exercise-safety-tips/precautions-tips-for-exercises-in-monsoon/
အိပ်ရာမဝင်ခင် လုပ်ဆောင်ပေးသင့်တဲ့ လေ့ကျင့်ခန်းတွေက ဘာတွေများလဲ!
ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်ဖို့က ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်ဖို့ရာမှာ အတော်လေး အရေးပါပါတယ်။ အိပ်ရေးဝမှာ ခန္ဓာကိုယ်က ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းကောင်း လည်ပတ်နိုင်မှာပါ။အိပ်ရေးပျက်တာက အဝလွန်တာ၊ သွေးတိုးတာ၊ ဆီးချို၊ နှလုံးရောဂါနဲ့ အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ညဘက်တိုင်းမှာ အိပ်ရေးဝဝ အိပ်ပျော်စေဖို့အတွက် အိပ်ရာမဝင်ခင် လုပ်ဆောင်ပေးသင့်တဲ့ လေ့ကျင့်ခန်းတွေက ဘာတွေများလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ပုံမှန်အားဖြင့်တော့ အိပ်ချိန်နဲ့ကပ်ပြီး လေ့ကျင့်ခန်း မလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လေ့ကျင့်ခန်းလုပ်တဲ့အခါ နှလုံးခုန်နှုန်းတွေမြန်၊ ချွေးတွေထွက်ပြီး လူလည်း လန်းလာတာကြောင့် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေလို့ပါ။ ဒါပေမယ့် ဒါနဲ့ ပြောင်းပြန်၊ အပေါ့စားလေ့ကျင့်ခန်းတွေ၊ ခန္ဓာကိုယ်ကို အနားရစေတဲ့ လေ့ကျင့်ခန်းတွေ လုပ်တာကျတော့ အိပ်ပျော်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ဒါကြောင့် အိပ်ရာမဝင်ခင် လုပ်ဆောင်ပေးသင့်တဲ့ လေ့ကျင့်ခန်းတွေက ဘာတွေများလဲ! ဆိုတာကို အတူတူ ဆက်ကြည့်လိုက် ရအောင်နော်။ယောဂ။ယောဂဆိုတာက ရှေးကာလ အစဉ်အဆက်ကတည်းက ရှိခဲ့တဲ့ ကိုယ်လက်လေ့ကျင့်ခန်း တစ်ခုပါ။ ကျန်းမာရေး ကောင်းကျိုးများစွာ ရှိနေတဲ့ လေ့ကျင့်ခန်း တစ်ခုပေါ့။ ခန္ဓာကိုယ်ကို အနားရစေပြီး စိတ်ကို တည်ငြိမ်အေးဆေးစေသလို ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေဖို့လည်း ထောက်ကူပေးပါတယ်။ ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေနိုင်တဲ့ ယောဂပို့စ်လေးတွေက child’s pose၊ မတ်မတ်ရပ်ရင်း ခန္ဓာကိုယ်ကို ရှေ့ဘက်ကို ကိုင်းညွှတ်တဲ့ ပို့စ်နဲ့ နံရံကို ကပ်ပြီး ခြေထောက် ၂ ချောင်းစလုံးကို ဆန့်တန်းထားတဲ့ ပို့စ်တွေပဲ ဖြစ်ပါတယ်။ဒီလို လုပ်ပေးတာက ခန္ဓာကိုယ်တင်းအားတွေကို ပြေလျော့စေပြီး စိတ်ကိုတည်ငြိမ်စေသလို စိတ်ရောကိုယ်ပါ အနားရစေမှာပါ။အကြောလျှော့ လေ့ကျင့်ခန်း။အိပ်ရာမဝင်ခင်ကြွက်သားတွေကို ဖြေလျှော့တာခန္ဓာကိုယ်က တင်းအားတွေကို ပြေလျော့စေတာက ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေနိုင်တဲ့ အကြောလျှော့ လေ့ကျင့်ခန်းတွေက cat-cow stretch၊ cobra stretch နဲ့ seated spinal twistတို့ပါ။လေ့ကျင့်ခန်းတွေကို ဘယ်လိုလုပ်ရမလဲ မသိရင် Youtubeမှာ နာမည်လေးတွေ ရိုက်ရှာကြည့်နော်။အသက်ရှူ လေ့ကျင့်ခန်း။အသက်ကို ခပ်ဝဝလေး ရှူတာက စိတ်ရောကိုယ်ပါ အနားရစေနိုင်ပါတယ်။အသက်ကို ခပ်ဝဝလေး ရှူတာက စိတ်ဖိစီးမှုတွေ စိုးရိမ်စိတ်တွေ များနေတာကို ပြေလျော့စေနိုင်ပါတယ်။စိတ်ဖိစီးမှုတွေက ကောင်းကောင်း အိပ်ပျော်စေဖို့ ခက်နိုင်ပါတယ်။ ဒါကြောင့် သက်သောင့်သက်သာလေး ထိုင်ပြီး အသက်ကို နှာခေါင်းကနေ ခပ်ဝဝလေး ရှူသွင်းပြီး ခဏအောင့်ထားလို့ ပါးစပ်ကနေ မှုတ်ထုတ်ပေးပါ။ ဒီလို လုပ်ပေးတာက စိတ်ရောကိုယ်ပါ အနားရစေပြီးညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ထောက်ကူပေးနိုင်ပါတယ်။တရားထိုင်ပါ။အိပ်ရာမဝင်ခင်မှာ တရားထိုင်တာက စိတ်ရောကိုယ်ပါ အနားရစေမယ့် အကောင်းဆုံး နည်းလမ်းပါ။ တရားထိုင်တာက စိတ်ဖိစီးတာ၊ စိုးရိမ်စိတ်များတာ၊ စိတ်ဓာတ်ကျတာတွေကို ပြေလျော့စေနိုင်ပါတယ်။ ညဘက်အိပ်ရာမဝင်ခင် တိတ်ဆိတ်အေးချမ်းတဲ့နေရာမှာ တရားထိုင်ပေးတာက နည်းလမ်းကောင်း တစ်ရပ်ပါ။ကြွက်သားအုပ်စု တစ်ခုချင်းစီကို ဖြေလျော့မယ့် လေ့ကျင့်ခန်း။ခန္ဓာကိုယ်မှာ ကြွက်သားအုပ်စု များစွာ ရှိနေပြီး ကြွက်သားတွေကို တစ်အုပ်စုချင်းဆီကို လျှော့ချတာမျိုးက အကြောတွေကို ပြေလျှော့စေပြီးကြွက်သားတွေဆီကို သွေးစီးဆင်းမှု ကောင်းစေသလို ညဘက်တွေမှာလည်း ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဘယ်လို လုပ်ရမလဲဆိုတော့ ပက်လက်အနေအထားလေး နေပြီး ကြွက်သားလေးတွေကို စက္ကန့်အနည်းငယ် ညှစ်ထားပြီး ပြီးရင် သက်သောင့်သက်သာလေး ဖြေလျော့လိုက်ပါ။ ဒီလို လုပ်ပေးတာက ကြွက်သားတွေရဲ့ တောင့်တင်းနေမှုတွေကို သက်သာစေမှာပါ။ ဒီလေ့ကျင့်ခန်း လုပ်နေချိန်မှာ အသက်မှန်မှန်ရှူဖို့တော့ မမေ့ပါနဲ့။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/balance-and-flexibility/before-bed-exercises-for-better-health/
ဘေဘီလေး က ၁ လ ကနေ ၃ လအတွင်းမှာ ဘာတွေ ဖွံ့ဖြိုးလာမလဲ…….
ဒီအချိန်မှာ ဘေဘီလေး ရဲ့ ကြီးထွားဖွံ့ဖြိုးမှုက အရင်ကအပတ်တွေကနဲ့ မတူတော့တာ အမှန်ပါပဲ။ ဒီကာလမှာ ဘေဘီလေး က။ကိုယ်အလေးချိန်– ပျမ်းမျှအားဖြင့် တစ်လကို ၁ ပေါင်ခွဲခန့်တက်လာပါမယ်။အရပ်အမြင့်– တစ်လကို ၁ လက်မစီတိုးရပါမယ်။ဦးခေါင်းအရွယ်အစား– တစ်လကို လက်မဝက်စီလောက် တိုးလာရပါမယ်။ ဒါက ဘေဘီလေး တစ်ယောက်ရဲ့ ပုံမှန်ဖွံ့ဖြိုးမှု ဖြစ်စဉ်ပါ။ဘေဘီလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်စတင်နေပါပြီ။ ဒီကာလကစပြီး မေမေဖဖေတို့ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဘေဘီလေးရဲက တိုးတက်မှုတွေကို မြင်တွေ့စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ကြွက်သားတွေက အရင်ကထက် သန်မာလာပြီး လှုပ်ရှားမှုတွေပိုလုပ်နိုင်လာပါပြီ။ ခြေလက်တွေကိုလည်း အရင်ကထက် ကွေးနိုင်ဆန့်နိုင်လာပါပြီ။ ဒီကာလ အပိုင်းအခြားမှာ ဘေဘီလေးက။• အရင်မွေးစကလို အမှုမဲ့ အမှတ်မဲ့လှုပ်ရှားမှုမျိုးတွေ သိပ်မရှိတော့ဘူး။• လည်ပင်းကကြွက်သားတွေ သန်မာလာပြီ။ ခေါင်းထောင်ဖို့ စကြိုးစားနေပါပြီ။• မှောက်ရက်အနေအထားမှာ ခေါင်းကို ဘယ်ညာလှည့်နိုင်ပြီ။• ပစ္စည်းတွေကို လက်နဲ့ယူပြီး ပါးစပ်ဆီထည့်နိုင်ပြီ။• လက်တွေကို ကြည့်တတ်နေပြီ။• မျက်နှာတွေ၊ အလင်းရောင်နဲ့ အရာဝတ္ထုတွေကို လိုက်ကြည့်တတ်နေပြီ။• ဂျောက်ဂျက်တွေကို လှုပ်ပြီးဆော့တတ်ပြီ။ ပစ္စည်းလေးတွေကို ပစ်ချတတ်ပြီ။•ခြေထောက်တွေစလှုပ်ရှားတတ်ပြီ။၃ လပြည့်တဲ့အခါ –။• ခေါင်းကို သေသေချာချာမတ်မတ်ထောင်နိုင်ပြီ။• လိုချင်တဲ့ ပစ္စည်းတွေဆီရောက်အောင် လက်လှမ်းတတ်ပြီ။ဒီကာလက မိဘတိုင်းရဲ့ စိတ်အလှုပ်ရှားရဆုံးကာလပါ။ဘေဘီလေးက မေမေဖေဖေတို့နဲ့ ဆက်ဆံမှုတွေလုပ်နိုင်လာပါပြီ။ဒီကာလမှာ ဘေဘီလေးရဲ့ နားလည်နိုင်စွမ်းကလည်း တိုးတက်လာပါပြီ။ ဒီအချိန်မှာဘေဘီလေးက သူ့ရဲ့milestoneတွေကို စတင်စိုက်ထူနိုင်ပါပြီ။• မိသားစုဝင်တွေရဲ့ အသံတွေကိုနားလည်နေပါပြီ။ (အထူးသဖြင့် ဖေဖေနဲ့မေမေ့ရဲ့ အသံတွေကိုပါ။)။• ပြုံးပြတတ်ပြီ။• အသံတွေကို ပိုထွက်တတ်လာတာနဲ့အတူ လက်တွေခြေတွေကို လိုသလို လှုပ်တတ်နေပါပြီ။ဒီအရွယ်မှာ ဘေဘီလေးရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးစေဖို့ မေမေဖေဖေတို့အနေနဲ့။• ဘေဘီလေးနဲ့ မျက်နှာချင်းဆိုင်ကြည့်ပြီး မျက်လုံးချင်းဆုံကြည့်ပေးပါ။• အဝတ်အစားဝတ်ပေးတဲ့အခါ၊ ရေချိုးပေးတဲ့အခါ၊ ထမင်းခွံတဲ့အခါ နဲ့ ကလေးနဲ့ကစားတဲ့အချိန်မျိုးမှာ ချိုချိုသာသာ စကားပြောပေးပါ။• ကလေးကိုသီချင်းဆိုပြပါ။• ကလေးကို အသံထွက်တဲ့ အရုပ်ပျော့ပျော့လေးနဲ့ ပေးကစားပါ။• ကလေးကို တိရစ္ဆာန်အသံတုလေးတွေလုပ်ပြပါ။• ကလေးကို ရုပ်ပုံလေးတွေပြပေးပါ။• ကလေးရဲ့ အိပ်ရာပေါ်မှ အရုပ်လေးတွေချိတ်ဆွဲပေးပါ။• ကလေးကို နာမည်လေးခေါ်ပေးပါ။• ကလေးကိုပွေ့ချီပေးပါ။အခုပြောပြခဲ့တာကတော့ ဘေဘီလေးရဲ့ ၁ လ ကနေ ၃ လအတွင်းမှာတွေ့ရမယ့်ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဖေဖေမေမေတို့အနေနဲ့ လုပ်ပေးရမယ့်အချက်တွေပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/1-months-to-3-months/
အသံ များ ရဲ့ အဓိပ္ပာယ်
ဟပ်ချိုး ဆိုတဲ့ နှာချေသံ ကြားရင် နေမကောင်းဖြစ်တော့မယ် လို့ အလိုအလျောက် ထင်တတ်ကြပါတယ်။ ဒီလိုပဲ ရင်ဘတ်ထဲက တရွှီရွှီနဲ့ ခရူးခရူးသံ ထွက်နေတယ်ဆို ရင်ကျပ်နေပြီ၊ ချွဲကျပ်နေပြီ လို့ သိကြတယ် မဟုတ်လား။ ခန္ဓာကိုယ်မှာ ထွက်တဲ့ အသံ တွေမှာ သူ့အကြောင်းနဲ့သူ ရှိနေကြပါတယ်၊ ကိုယ့်ကျန်းမာရေးကို စောင့်ရှောက်ဖို့အတွက် သိထားသင့်တဲ့ အရာတွေ ဆိုလည်း မမှားပါဘူးနော်။ဘာ့ကြောင့် ဒီလို အသံ ဖြစ်လာရတယ်၊ ဘာတွေ သတိထားရမယ်၊ အမှုမဲ့အမှတ်မဲ့နေရင် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာလေးတွေ ဆက်ပြီး ဖတ်ကြည့်လိုက်ပါဦး –။(၁) နှာချေသံ။နှာချေတာ ကိုတော့ လူတိုင်းသိပြီးသား ဖြစ်မှာပါ။ အအေးမိတာလား၊ ဖျားချင်နေတာလား တစ်ခုခု ပဲပေါ့။ ဗိုင်းရပ်စ် တခုခုကြောင့် ခန္ဓာကိုယ်က တုံ့ပြန်တဲ့လက္ခဏာပါ။ ဘာကို စိုးရိမ်ရသလဲ ဆိုတော့ ဓာတ်မတည့်မှုလက္ခဏာ မှာလည်း နှာချေတာ ပါဝင်တာကြောင့် ပေါ့ပေါ့ဆဆ နေမိတဲ့အခါ အချိန်မီ မကုသနိုင်ဘဲ ဖြစ်သွားနိုင်ပါတယ်။(၂) တဝီဝီအသံ။နားထဲမှာ တဝီဝီနဲ့ အူနေတာ၊ လေသံတွေ ကြားနေတာကtinnitusလို့ခေါ်တဲ့ နားအူခြင်းလက္ခဏာ ဖြစ်ပါတယ်။ ရောဂါပိုးဝင်တာ၊ အသက်ကြီးရင့်တာနဲ့ အရမ်းကျယ်လောင်တဲ့ အသံတွေကြောင့် အသံလှိုင်းတွေကို ဖော်ဆောင်ပေးတဲ့ နားအတွင်းပိုင်းထဲက ဆဲလ်လေးတွေကို ထိခိုက်စေနိုင်တယ်။ဒါဟာ အားနည်းလို့၊ အိပ်ရေးပျက်လို့ ဖြစ်တာ ဆိုပြီး ပေါ့ပေါ့ဆဆ နေတတ်ကြပါတယ်။ ဒါ့ကြောင့် ဒီလိုလက္ခဏာ ဖြစ်လာတာ နှစ်ရက်ထက် ပိုကြာလာရင် နားမှာ ရောဂါပိုးဝင်တာလား၊ အာရုံကြောပြဿနာ ရှိနေမလားဆိုတာ သိနိုင်ဖို့ ဆရာဝန်ပြသင့်ပါတယ်။(၃) လေတက်သံ။လေတက်တယ် ဆိုတာ အစာအိမ်ထဲက လေတွေ ထွက်လာတဲ့ အသံ ပါ။ အံ့သြစရာတော့ မရှိဘူး၊ လေတွေ မျိုချမိလို့ပေါ့ လို့ အစာအိမ်အူလမ်းကြောင်းပညာရှင်တွေက ပြောပါတယ်။ လေမတက်ချင်ရင် –။လေတက်တာကရင်ဘတ်အောင့်တဲ့ လက္ခဏာနဲ့ တွဲနေတာ၊ လည်ချောင်းနာတာနဲ့ တွဲဖြစ်တာဆိုရင် အစာအိမ်အက်စစ် ပြန်ဆန်တက်တဲ့ရောဂါရဲ့လက္ခဏာ ဖြစ်နေနိုင်ပါတယ်။(၄)ကြို့ထိုးသံ။ကြို့ထိုးတယ်ဆိုတာ ရင်ဝမ်းခြားကြွက်သားတွေ ရုတ်တရက်လှုပ်ရှားမှုကြောင့် အသက်ရှူလိုက်တိုင်း အသံအိုးအဖုံး ကနေ တားလိုက်သလို ဖြစ်စေတာပါ။ ရင်ဝမ်းခြှားကြွက်သားဆိုတာကို vagus နဲ့ phrenic အာရုံကြောတွေက ထိန်းချုပ်ထားတာ ဖြစ်ပြီး အစာစားပြီးချိန် စိတ်လှုပ်ရှားမှု၊ အာရုံများခြင်း၊ ဆေးဝါးတချို့နဲ့ အစာခြေစနစ် အနေအထားတို့နဲ့လည်း ဆိုင်ပါတယ်။အသက် ခဏအောင့်ထားလိုက်ရင်တော့ အဆုတ် ထဲက ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏကို မြင့်တက်စေပြီး ရင်ဝမ်းခြားမြှေး ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။ ဒါ့ကြောင့် ကြို့ထိုးရင် အသက်အောင့်၊ နှာခေါင်းပိတ်ပြီး ရေတခွက် သောက်ချတဲ့နည်းက အသုံးဝင်တာပေါ့။ တကယ်လို့ ကြို့ထိုးတာ နှစ်ရက်ထက် ပိုကြာနေခဲ့ရင် ဆေးခန်း ပြသင့်ပါပြီနော်။(၅) ဗိုက်ထဲကမြည်သံ။ဗိုက်ထဲက ဂွီဂွီဂွမ်ဂွမ် မြည်နေတာက တကယ်တော့ အစာခြေလမ်းကြောင်းထဲမှာ အူကြွက်သားတွေကြောင့် လေနဲ့ အရည်တွေ ရွေ့လျားနေတဲ့အသံပါ။ အစာမစားရသေးခင်မှာ ဒီအသံတွေ မြည်လာတာ ဆိုရင် ဗိုက်ထဲမှာ ရှိသမျှလောင်စာအကြွင်းအကျန်တွေကို ရှင်းပစ်နေတာ ဖြစ်ပြီး အစာတောင်းနေတာ ဖြစ်ပါတယ်။ဒါပေမယ့် အသံ တအားကျယ်လာတာ (နာကျင်မှု၊ ဗိုက်အောင့်တာ၊ မအီမသာဖြစ်တာတွေပါ ပေါင်းစပ်လာရင်) ဆိုရင် အူထဲမှာ ပိတ်ဆို့မှုတခုခု ဖြစ်နေတာ ဖြစ်နိုင်တယ် (ခွဲစိတ်ကုသဖို့လိုအပ်လာနိုင်တယ်)၊ တခြားအကြောင်းရင်း တစ်ခုခုကြောင့် ဖြစ်နိုင်တယ်။(၆) လေလည်သံ။လေလည်သံ တဘူဘူဟာ ကြားရသူအတွက်တော့ မင်္ဂလာမရှိလှပေမယ့် (အသက်အောင့်ထားရပေမယ့်) ပေါက်လိုက်တဲ့သူအတွက် အရမ်းကို ပေါ့ပါးသွားစေပါတယ်။ လေလည်တယ် ဆိုတာ အမျှင်ဓာတ်များတဲ့ အစားအစာတွေကို ဗိုက်ထဲမှာ ချေဖျက်နေတယ် ဆိုတဲ့ သင်္ကေတ ဖြစ်ပါတယ်။မီသိန်း၊ နိုက်ထရိုဂျင်နဲ့ ဟိုက်ဒရိုဂျင်ဂက်စ်တွေကို စအိုဝက တဆင့် ခန္ဓာကိုယ်ထဲကနေ စွန့်ထုတ်လိုက်တာပါ။ လေလည်တာဟာ ကျန်းမာရေးအတွက် လိုအပ်တဲ့အရာတစ်ခု ဖြစ်လို့ အောင့်မထားသင့်ပါဘူး။ဒါပေမယ့် နို့ထွက်ပစ္စည်းတွေ စားသုံးပြီးနောက် ဗိုက်ပွတာ (ဗိုက်အောင့်၊ ဝမ်းပျက်) ဖြစ်လာတယ်ဆို lactose intolerance လို့ခေါ်တဲ့ နို့သကြားဓာတ်မစုပ်ယူနိုင်ခြင်း ဖြစ်နေနိုင်ပါတယ်။ ဆိုဒါ၊ အသီးဖျော်ရည်တွေ သောက်ပြီး ဒီလက္ခဏာတွေ ဖြစ်လာတယ်ဆိုအစာခြေစနစ်ပြဿနာရှိနေနိုင်ပါတယ်။ တချို့အစားအသောက်တွေက လေပွစေနိုင်ပြီး အီးတဘူဘူ ဖြစ်စေပါတယ်။(၇) အရိုးအဆစ် တဂျွတ်ဂျွတ်မြည်သံ။လှုပ်ရှားလိုက်တဲ့အခါအရိုးအဆစ်တွေက ဂုတ်ခနဲ၊ ဂျွတ်ခနဲမြည်တာက ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ပေါင်ရင်း သို့မဟုတ် ဒူးခေါင်းမှာပေါ့။ အဆစ်တွေကြားမှာ မပွတ်တိုက်မိအောင် အရည်နဲ့ ထိန်းပေးထားတာကြောင့် ဆောင့်ကြောင့်ထိုင်တဲ့အခါ၊ မတ်တပ်ရပ်တဲ့အခါ အဆစ်မှာ ဖိအားဖြစ်စေပြီး အဲဒီအရည်တွေက လှုပ်ရှားအသံမြည်ပါတယ်။ဒါပေမယ့် အသံ တွေ မြည်လာတယ်၊ နာကျင်ရတယ်(မျက်ခနဲဖြစ်သွားတာမျိုး)၊ ထောက်ရတာမခိုင်တော့ဘူး၊ လှုပ်ရှားမကောင်းတော့ဘူး ဆိုရင်တော့ ဆရာဝန်ပြသင့်ပါတယ်။အရွတ်စုတ်ပြဲတာ၊ အရိုးနုက စတင်ပျက်စီးလာတာတွေ ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။(၈)အသက်ရှူသံတရွှီရွှီ။တရွှီရွှီသံ မြည်နေရင် အသက်ရှူလို့ မကောင်းတော့ပါဘူး။ အအေးမိ ချောင်းဆိုးက အဖြစ်များပေမယ့် ဓာတ်မတည့်တာ၊ ပန်းနာရင်ကျပ် နဲ့ နှလုံးအမောဖောက်ခြင်း တို့ကြောင့် အဆုတ်လေပြွန်မှာ ရောင်ရမ်းစေနိုင်ပါတယ်။ ပန်းနာရင်ကျပ်နဲ့ ဓာတ်မတည့်မှုက ဆေးသောက်ရုံနဲ့ ကုသနိုင်ပေမယ့်နှလုံးအမောဖောက်ခြင်းက ဆေးရုံတက်ဖို့ လိုအပ်ပါတယ်။(၉) ဟောက်သံ။အိပ်တဲ့အခါဟောက်သံခလူးခလူး ထွက်တာက အဖြစ်များကြပေမယ့် အိပ်နေစဉ် အသက်ရှူကျပ်ခြင်း လက္ခဏာ ဒါမှမဟုတ် နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါ လက္ခဏာတစ်ခု ဖြစ်နေနိုင်ပါတယ်။ နေ့ဘက်မှာ တအားပင်ပန်းထားသူ တွေမှာလည်း ညဘက်ဟောက်သံ ကျယ်စေနိုင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/meaning-of-voice-from-ur-body/