url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/08/118731/
ကော့ကရိတ်မြို့နယ် ရွာသစ်ကုန်းရွာတွင် ရောက်ရှိတပ်စွဲထားသည့် ခမရ ၃၄၃ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
["ကော့ကရိတ်မြို့နယ် ရွာသစ်ကုန်းရွာတွင် ရောက်ရှိတပ်စွဲထားသည့် ခမရ ၃၄၃ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၁၈", "ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ရွာသစ်ကုန်းရွာတွင် ရောက်ရှိတပ်စွဲထား သည့် အကြမ်းဖက်စစ်တပ်၏ ခမရ ၃၄၃ တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ များက ဝင် ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆု...
https://yktnews.com/2023/09/124352/
ကော့ကရိတ်မြို့နယ် လ၀ကရုံး မီးရှို့ခံရပြီး ပြာကျ၊ ညောင်လေးပင်မြို့နယ်တွင် ဓာတ်အားတိုင် ၃ တိုင် မိုင်းခွဲခံရပြီး ပြိုလဲကျ
["ကော့ကရိတ်မြို့နယ် လ၀ကရုံး မီးရှို့ခံရပြီး ပြာကျ၊ ညောင်လေးပင်မြို့နယ်တွင် ဓာတ်အားတိုင် ၃ တိုင် မိုင်းခွဲခံရပြီး ပြိုလဲကျ", "ရန်ကုန်၊ စက်တင်ဘာ ၂၈", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ ဗောဓိလမ်းရှိ ကော့ကရိတ် မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး(လက၀) သည် ယမန်နေ့ ညပိုင်း မီးရှို့ခံရပြီး ပြာကျသွားကြောင်း ဒေသပြည်သ...
https://yktnews.com/2023/07/115545/
ကော့ကရိတ်မြို့နယ်တွင် စစ်တပ်က ထောင်ထားသော မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသမီး ၃ ဦးဒဏ်ရာရ
["ကော့ကရိတ်မြို့နယ်တွင် စစ်တပ်က ထောင်ထားသော မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသမီး ၃ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဇူလိုင် ၂၉", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသော မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသမီး ၃ ဦးဒဏ်ရာရ ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။", "ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၆ နာရီ ...
https://yktnews.com/2023/11/133591/
ကော့ကရိတ်မြို့နယ်နှင့် မူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဘုန်းကြီး ၂ ပါးနှင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ
["ကော့ကရိတ်မြို့နယ်နှင့် မူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဘုန်းကြီး ၂ ပါးနှင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ နိုဝင်ဘာ ၂၉", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ အံဖလေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဘုန်းကြီး ၂ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။", ...
https://yktnews.com/2025/04/212095/
ကော့ကရိတ်မြို့နယ်နှင့်ကျုံဒိုးမြို့မှ စစ်ဘေးရှောင် ပြည်သူများကို စစ်ကောင်စီက လူဦးရေအလိုက် ငွေကြေးတောင်းယူပြီးမှ ဂျိုင်းတံတားကို ဖြတ်သန်းခွင့်ပေး
["ကော့ကရိတ်မြို့နယ်နှင့်ကျုံဒိုးမြို့မှ စစ်ဘေးရှောင် ပြည်သူများကို စစ်ကောင်စီက လူဦးရေအလိုက် ငွေကြေးတောင်းယူပြီးမှ ဂျိုင်းတံတားကို ဖြတ်သန်းခွင့်ပေး", "ရန်ကုန်၊ ဧပြီ ၂၂", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့်ကျုံဒိုးမြို့မှ စစ်ဘေးရှောင် ပြည်သူများကို စစ်ကောင်စီက လူဦးရေအလိုက် ငွေကြေးတောင်းယူပြီးမှ ဂျိုင်းတံတားကို ဖြတ်သန်းခ...
https://yktnews.com/2023/11/133794/
ကော့ကရိတ်မြို့နယ်ရှိ ကနဲလေးကျေးရွာကို စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၃ လုံးပျက်စီး
["ကော့ကရိတ်မြို့နယ်ရှိ ကနဲလေးကျေးရွာကို စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၃ လုံးပျက်စီး", "ရန်ကုန်၊ နိုဝင်ဘာ ၃၀", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကနဲလေးကျေးရွာကို အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း KNU ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေးထံမှ သိရသည်။", "နိ...
https://yktnews.com/2023/07/114700/
ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီး
["ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီး", "ရန်ကုန်၊ ဇူလိုင် ၂၄", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။...
https://yktnews.com/2023/07/112819/
ကော့ကရိတ်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ရေစကြိုတွင် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်
["ကော့ကရိတ်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ရေစကြိုတွင် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်", "ရန်ကုန်၊ ဇူလိုင် ၁၃", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော တောင်ကြာအင်းရဲစခန်း၊ အထက ကျောင်းနှင့် လက်နက်ကြီးကုန်းတို့ကို ဒရုန်းဖြင့်...
https://yktnews.com/2023/05/104991/
ကော့ကရိတ်မြို့နယ်ရှိ ဘုန်းကြီးကျောင်း ၁ ကျောင်းကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ
["ကော့ကရိတ်မြို့နယ်ရှိ ဘုန်းကြီးကျောင်း ၁ ကျောင်းကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ", "ရန်ကုန်၊ မေ ၂၉", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မြောက်ပိုင်းရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Justice Soldier PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆ...
https://yktnews.com/2023/11/131847/
ကော့ကရိတ်မြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်တပ်၏ ယန္တရားများတွင် ပါဝင်နေကြသူများအားလုံး ၇ ရက်အတွင်း ထွက်ခွာကြရန် KNU က သတိပေးချက်ထုတ်ပြန်
["ကော့ကရိတ်မြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်တပ်၏ ယန္တရားများတွင် ပါဝင်နေကြသူများအားလုံး ၇ ရက်အတွင်း ထွက်ခွာကြရန် KNU က သတိပေးချက်ထုတ်ပြန်", "ရန်ကုန်၊ နိုဝင်ဘာ ၁၇", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်တပ်၏ ယန္တရားများတွင် ပါဝင်နေကြသူများအားလုံး ၇ ရက်အတွင်း ထွက်ခွာကြရန် KNU က သတိပေးချက်ထုတ်ပြန်လိုက်သည်။", "...
https://yktnews.com/2023/08/120046/
ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်းရေကူးကန်ရှိ ခမရ ၃၄၃ စခန်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး
["ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်းရေကူးကန်ရှိ ခမရ ၃၄၃ စခန်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၂၈", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်း ရေကူးကန်၌ တပ်စွဲထား သော အကြမ်းဖက်စစ်တပ် လက်အောက်ခံ ခမရ ၃၄၃ စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦး သေဆုံးခဲ့ ကြောင်း နဂါးဖြူစစ် ကြောင်းမှ တာဝန်ရ...
https://yktnews.com/2023/10/128975/
ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး
["ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၃၁", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ၊ ကော့နွဲ့ကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း Saw Dragon Drone For...
https://yktnews.com/2023/12/133949/
ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့စခန်းကို KNLA ဦးဆောင်သော ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိ၊ သင်္ဃန်းညီနောင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်နေ
["ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့စခန်းကို KNLA ဦးဆောင်သော ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိ၊ သင်္ဃန်းညီနောင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်နေ", "ရန်ကုန်၊ ဒီဇင်ဘာ ၁", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ စစ်ကောင်စီတပ်၏ ကော့နွဲ့စခန်းကို KNLA ဦးဆောင်သော ပူးပေါင်းတပ်များက ယနေ့ တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း KNLA ဗဟိုဌာနချုပ်က သတင်းထ...
https://yktnews.com/2024/03/152746/
ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းနယ်မြေရဲစခန်း သိမ်းပိုက်ရရှိမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၂၃ ဦး လက်နက်ချ အညံ့ခံ၊ လက်နက် ၂၇ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ
["ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းနယ်မြေရဲစခန်း သိမ်းပိုက်ရရှိမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၂၃ ဦး လက်နက်ချ အညံ့ခံ၊ လက်နက် ၂၇ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ", "ရန်ကုန်၊ မတ် ၂၅", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းနယ်မြေရဲစခန်းကို ယနေ့ တိုက်ခိုက် သိမ်းပိုက်ရရှိမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေ...
https://yktnews.com/2023/01/83168/
ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး ကမ်းနား ညောင်ရိပ်သာ ကျေးရွာကို စစ်တပ်က မီးတင်ရှို့နေပြီး BGF ဗိုလ်ဝင်းအောင်အဖွဲ့က ရမ်းသမ်းပစ်ခတ်နေ
["ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး ကမ်းနား ညောင်ရိပ်သာ ကျေးရွာကို စစ်တပ်က မီးတင်ရှို့နေပြီး BGF ဗိုလ်ဝင်းအောင်အဖွဲ့က ရမ်းသမ်းပစ်ခတ်နေ", "ရန်ကုန်၊ ဇန်နဝါရီ ၂၆", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး ကမ်းနား အရှေ့ဘက်ရှိ ညောင် ရိပ်သာ ကျေးရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း မီးတင်ရှို့နေကြောင်း ညောင် ရိပ်သာကျေးရွာသားများက ရန်ကု...
https://yktnews.com/2023/03/94304/
ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး ရဲစခန်း၊ ခမရ ၅၄၅၊ ခမရ ၅၄၆ အပါအဝင် စစ်တပ် တပ်စွဲနေရာ ၅ ခုကို တိုက်ခိုက်မှု စစ်သား ၁၅ ဦးထက်မနည်းသေဆုံး
["ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး ရဲစခန်း၊ ခမရ ၅၄၅၊ ခမရ ၅၄၆ အပါအဝင် စစ်တပ် တပ်စွဲနေရာ ၅ ခုကို တိုက်ခိုက်မှု စစ်သား ၁၅ ဦးထက်မနည်းသေဆုံး", "ကော့ကရိတ်မြို့ပေါ်တွင် တိုက်ပွဲ ပြင်းထန်နေပြီး အရပ်သားများ ပိတ်မိ နေသော်လည်း စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ", "ရန်ကုန်၊ မတ် ၂၆", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး ရဲစခန်း၊ ခမရ ၅၄...
https://yktnews.com/2023/04/100152/
ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးတွင် ယာဉ်ထိန်းရဲတပ်သား နေလင်းထွန်း ပစ် ခတ်ခံရပြီး သေဆုံး
["ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးတွင် ယာဉ်ထိန်းရဲတပ်သား နေလင်းထွန်း ပစ် ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဧပြီ ၃၀", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးတွင် ယာဉ်ထိန်းရဲတပ်သား နေလင်းထွန်းကို ကျားဖြူတပ်ခွဲ – ၃၊ ပျံလွှားတပ်ဖွဲ့က ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း ကျားဖြူတပ်ခွဲ -၃ ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ အဓိပတိက ရန်ကုန်ခေတ်...
https://yktnews.com/2023/01/83006/
ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၀ ဦးနှင့် အထက် သေဆုံးပြီး ပြည်သူများ၏ နေအိမ်များကို စစ်တပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်သောကြောင့် မီးလောင်
["ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၀ ဦးနှင့် အထက် သေဆုံးပြီး ပြည်သူများ၏ နေအိမ်များကို စစ်တပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်သောကြောင့် မီးလောင်", "ရန်ကုန်၊ ဇန်နဝါရီ ၂၅", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးတိုက်ပွဲတွင် စစ်တပ်ဘက် မှ ၄၀ ဦးနှင့်အထက်သေဆုံးပြီး ပြည်သူများ၏ နေအိမ်များကို ...
https://yktnews.com/2023/01/82938/
ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိ ကျေးရွာများကို စစ်တပ်က လက်နက် ကြီး များဖြင့် ပစ် ခတ် ပြီး မီးရှို့ဖျက်ဆီး၊ ပြည်သူများ ထွက်ပြေးနေရ
["ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိ ကျေးရွာများကို စစ်တပ်က လက်နက် ကြီး များဖြင့် ပစ် ခတ် ပြီး မီးရှို့ဖျက်ဆီး၊ ပြည်သူများ ထွက်ပြေးနေရ", "ရန်ကုန်၊ ဇန်နဝါရီ ၂၄", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိ ကျေးရွာများကို စစ်တပ်က ယနေ့ ဝင်ရောက်စီးနင်းခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် မီးရှို့ဖျက်ဆ...
https://yktnews.com/2023/05/104163/
ကော့ကရိတ်မြို့နယ်၊ ခလယ်လောကျယ်ရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ခရစ်ယာန် ဘုရား ရှိခိုးကျောင်း ပျက်စီး
["ကော့ကရိတ်မြို့နယ်၊ ခလယ်လောကျယ်ရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ခရစ်ယာန် ဘုရား ရှိခိုးကျောင်း ပျက်စီး", "ရန်ကုန်၊ မေ ၂၄", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ခလယ်လောကျယ် (ခ) ပနွယ်ဖိုးကလိုးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်သောကြောင့် ခရစ်ယာန် ဘုရား ရှိခိုးကျောင်း ပျက်စီးခဲ့​က...
https://yktnews.com/2023/06/106527/
ကော့ကရိတ်မြို့နယ်၊ ဆံဖလားရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲမှု စာသင်ကျောင်းနှင့် နေအိမ် ၄ လုံး ပျက်စီး
["ကော့ကရိတ်မြို့နယ်၊ ဆံဖလားရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲမှု စာသင်ကျောင်းနှင့် နေအိမ် ၄ လုံး ပျက်စီး", "ရန်ကုန်၊ ဇွန် ၇", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဆံဖလားကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲမှု စာသင်ကျောင်းနှင့် နေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း KNU-ဗဟိုက ထုတ်ပြန်ထားသည်။", "ဇွန်လ ၆ ရက်နေ့...
https://yktnews.com/2023/12/137889/
ကော့ကရိတ်မြို့နယ်၊ တေင်ကြာအင်းရဲစခန်းမှ ရဲ ၁၀ ဦး လက်နက်ချအညံ့ခံ၊ တောင်ကြာအင်းကျေးရွာ တပ်စခန်းနှင့်ရဲစခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်
["ကော့ကရိတ်မြို့နယ်၊ တေင်ကြာအင်းရဲစခန်းမှ ရဲ ၁၀ ဦး လက်နက်ချအညံ့ခံ၊ တောင်ကြာအင်းကျေးရွာ တပ်စခန်းနှင့်ရဲစခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၉", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး လက်နက်ချအညံ့ခံပြီး တော်လှန်ရေးတပ်များက တောင်ကြာအင်းရဲစခန်းနှင့် တောင်ကြာအင်...
https://yktnews.com/2023/12/138013/
ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရဲစခန်းနှင့် စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၇ ဦးထက်မနည်းသေဆုံး
["ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရဲစခန်းနှင့် စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၇ ဦးထက်မနည်းသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာလ ၃၁", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရဲစခန်းနှင့် စာသင် ကျောင်း၌ တပ်စွဲထား သော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၇ ဦးထက် မ...
https://yktnews.com/2024/02/143681/
ကော့ကရိတ်မြို့နယ်၊ မိတန်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီး
["ကော့ကရိတ်မြို့နယ်၊ မိတန်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၃", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မိတန်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းက...
https://yktnews.com/2023/09/120662/
ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကုန်းရွာအနီး တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
["ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကုန်းရွာအနီး တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၁", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကုန်းရွာအနီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Albino Tiger Column – P29909 အဖွဲ့မှ...
https://yktnews.com/2023/02/86735/
ကော့ကရိတ်မြို့ပေါ် စစ်တပ်ဂိတ်စခန်းကို ဝင်တိုက်ခိုက်မှု စစ်သား ၆ ဦးထက်မနည်း သေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ
["ကော့ကရိတ်မြို့ပေါ် စစ်တပ်ဂိတ်စခန်းကို ဝင်တိုက်ခိုက်မှု စစ်သား ၆ ဦးထက်မနည်း သေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တံတားဦးရပ်ကွက်၊ ညောင်ပင်အောက်ဂိတ် စစ်တပ် ဂိတ်စခန်းကို KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး သေနတ် ၃ လက်သိမ်း...
https://yktnews.com/2023/12/133945/
ကော့ကရိတ်မြို့ပေါ် တိုက်ပွဲတွင် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ပြည်သူ ၅ ဦးထက်မနည်းသေဆုံး၊ ဒဏ်ရာရရှိသူများရှိသော်လည်း ကယ်ဆယ်ရေးနှင့်ဆေးကုသရေး မလုပ်နိုင်
["ကော့ကရိတ်မြို့ပေါ် တိုက်ပွဲတွင် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ပြည်သူ ၅ ဦးထက်မနည်းသေဆုံး၊ ဒဏ်ရာရရှိသူများရှိသော်လည်း ကယ်ဆယ်ရေးနှင့်ဆေးကုသရေး မလုပ်နိုင်", "ရန်ကုန်၊ ဒီဇင်ဘာ ၁", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်နှင့်မြို့ပြင်ဘက်တွင် KNLA ဦးဆောင်သော မဟာမိတ် တော်လှန်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်များအကြား တိုက်ပွဲမျ...
https://yktnews.com/2023/11/132351/
ကော့ကရိတ်မြို့ပေါ်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်ဘေးရှောင် ပြည်သူ ၂ ဦးသေဆုံး၊ မြို့ပေါ်မှ ပြည်သူအများစု စစ်ဘေးရှောင်နေရပြီး စစ်တပ်က ရပ်ကွက်များကို မကြာခဏဆိုသလို လက်နက်ကြီးဖြင့် ပစ်ခတ်နေ
["ကော့ကရိတ်မြို့ပေါ်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်ဘေးရှောင် ပြည်သူ ၂ ဦးသေဆုံး၊ မြို့ပေါ်မှ ပြည်သူအများစု စစ်ဘေးရှောင်နေရပြီး စစ်တပ်က ရပ်ကွက်များကို မကြာခဏဆိုသလို လက်နက်ကြီးဖြင့် ပစ်ခတ်နေ", "ရန်ကုန်၊ နိုဝင်ဘာ ၂၁", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြို့ပေါ်ရှိ ပြည်သူများနေထိုင်ရာ နေရာများကို လက်နက်ကြီးဖြင့် ပစ...
https://yktnews.com/2023/10/126864/
ကော့ကရိတ်မြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်
["ကော့ကရိတ်မြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ အောက်တိုဘာ ၁၇", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့ကို မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Kloud တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေ...
https://yktnews.com/2024/04/154939/
ကော့ကရိတ်မြို့ပေါ်၊ အလက ၂ ကျောင်း၌ တပ်စွဲထားသော စစ်သားများကို စနိုက်ပါဖြင့် တိုက်ခိုက် မှု ၄ ဦး ထက်မနည်း သေဆုံး
["ကော့ကရိတ်မြို့ပေါ်၊ အလက ၂ ကျောင်း၌ တပ်စွဲထားသော စစ်သားများကို စနိုက်ပါဖြင့် တိုက်ခိုက် မှု ၄ ဦး ထက်မနည်း သေဆုံး", "ရန်ကုန်၊ ဧပြီ ၄", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ အလက ၂ တောင်ပေါ်ရပ်စာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးထက်မနည်းသေဆုံးခဲ့ ကြောင်း ကျားဖြူစ...
https://yktnews.com/2023/07/114063/
ကော့ကရိတ်မြို့ရှိ ခလရ ၉၇ အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများကို တစ်ပြိုင်တည်း တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
["ကော့ကရိတ်မြို့ရှိ ခလရ ၉၇ အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများကို တစ်ပြိုင်တည်း တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂၀", "ကရင်ပြည်နယ်၊ ​ကော့ကရိတ်မြို့ရှိ ခလရ ၉၇ အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများကို တစ်ပြိုင်တည်း တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးခဲ့​ကြောင်း ကျားဖြူစစ်ကြောင်း ကျားဖြူတပ်ခွဲ ၅ Justice Sol...
https://yktnews.com/2024/02/147759/
ကော့ကရိတ်မြို့အတွင်းရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်က မီးရှို့ပြီး ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် နေအိမ် အများအပြား ပျက်စီး
["ကော့ကရိတ်မြို့အတွင်းရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်က မီးရှို့ပြီး ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် နေအိမ် အများအပြား ပျက်စီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ပြီး ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် နေအိမ် အများအပြား ပျက်စီးခဲ့ကြောင်း KN...
https://yktnews.com/2023/08/119937/
ကော့ကရိတ်မြို့အဝင်ရှိ စစ်တပ် စခန်းနှင့် ကော့နွဲ့ကျေးရွာရှိ စစ်တပ်စခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်မှု စစ်သား ၅ ဦးသေဆုံး
["ကော့ကရိတ်မြို့အဝင်ရှိ စစ်တပ် စခန်းနှင့် ကော့နွဲ့ကျေးရွာရှိ စစ်တပ်စခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်မှု စစ်သား ၅ ဦးသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၂၇", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အဝင်၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများနှင့် ကော့နွဲ့ကျေးရွာ ရှိ အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်က...
https://yktnews.com/2023/03/94176/
ကော့ကရိတ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၈၀ ပါ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၀ နီးပါးသေဆုံး၊ စစ်တပ်၏ ရမ်းကားပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ
["ကော့ကရိတ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၈၀ ပါ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၀ နီးပါးသေဆုံး၊ စစ်တပ်၏ ရမ်းကားပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ မတ် ၂၅", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၈၀ ပါ စစ်ကြောင်းကို တိုက်ခိုက်ရာ ...
https://yktnews.com/2023/09/123135/
ကော့ကရိတ်ရှိ PDF တပ်ရင်းထံ ခမရ ၉ မှ စစ်သား ၁ ဦး 338 စနိုက်ပါ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ဘတ်ငွေ ၁ သိန်း ချီးမြှင့်
["ကော့ကရိတ်ရှိ PDF တပ်ရင်းထံ ခမရ ၉ မှ စစ်သား ၁ ဦး 338 စနိုက်ပါ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ဘတ်ငွေ ၁ သိန်း ချီးမြှင့်", "ရန်ကုန်၊ စက်တင်ဘာ ၁၉", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ PDF တပ်ရင်းထံ အကြမ်းဖက် စစ်တပ်၏ ခမရ ၉ မှ စစ်သား ၁ ဦး 338 စနိုက်ပါ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၏ ပြန်...
https://yktnews.com/2023/02/86504/
ကော့ကရိတ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု သက် ကြီး အမျိုးသမီး ၁ ဦးသေဆုံး၊ ကလေးမြို့တွင် ကိုယ်ဝန် ဆောင် ဇနီးသည်နှင့် ခင်ပွန်းကို စစ်တပ်က ပစ်သတ်ပြီး အလောင်း ၂ လောင်းကို မီးရှို့
["ကော့ကရိတ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု သက် ကြီး အမျိုးသမီး ၁ ဦးသေဆုံး၊ ကလေးမြို့တွင် ကိုယ်ဝန် ဆောင် ဇနီးသည်နှင့် ခင်ပွန်းကို စစ်တပ်က ပစ်သတ်ပြီး အလောင်း ၂ လောင်းကို မီးရှို့", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့ရှိ ကျေးရွာ ၂ ရွာကို အကြမ်း ဖက် စစ်တပ်က လက်နက်က...
https://yktnews.com/2023/09/123943/
ကော့ကရိတ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၈ လုံးပျက်စီး
["ကော့ကရိတ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၈ လုံးပျက်စီး", "ရန်ကုန်၊ စက်တင်ဘာ ၂၅", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး နေအိမ်များက...
https://yktnews.com/2023/10/128370/
ကော့ကရိတ်ရှိ ချောင်းဆုံဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ခဲယမ်းများ သိမ်းဆည်းရရှိ၊ ဘုတလင် တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦး သေဆုံးနိုင်
["ကော့ကရိတ်ရှိ ချောင်းဆုံဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ခဲယမ်းများ သိမ်းဆည်းရရှိ၊ ဘုတလင် တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦး သေဆုံးနိုင်", "ရန်ကုန်၊ အောက်တိုဘာ ၂၇", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ချောင်းဆုံဘုန်းကြီးကျောင်း ဝင်းအတွင်း တပ်စွဲထားသော အကြမ်း ဖက် စစ်သားမျ...
https://yktnews.com/2023/11/129291/
ကော့ကရိတ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၆ ခုကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်၊ ငါန်းဇွန်ရှိ ကျင်းသာဘုန်းကြီး၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်မှု ၁ ဦးသေဆုံး
["ကော့ကရိတ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၆ ခုကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်၊ ငါန်းဇွန်ရှိ ကျင်းသာဘုန်းကြီး၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်မှု ၁ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၂", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြို့မရဲစခန်း၊ ခမရ ၉၇ တပ်ရင်းအပါအဝင် စစ်တပ် တပ်စွဲထားသော နေရာ ၆ ခုကို...
https://yktnews.com/2023/09/123823/
ကော့ကရိတ်ရှိ နောင်တလာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံး၊ တန့်ဆည်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်သတ်
["ကော့ကရိတ်ရှိ နောင်တလာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံး၊ တန့်ဆည်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်သတ်", "ရန်ကုန်၊ စက်တင်ဘာ ၂၄", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်ရှိ နောင်တလာရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ – ဒူးပလာယာ ...
https://yktnews.com/2023/08/119434/
ကော့ကရိတ်ရှိ ဝေါ်လေကျေးရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရ
["ကော့ကရိတ်ရှိ ဝေါ်လေကျေးရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ သြဂုတ် ၂၃", "ကရင်ပြည်နယ်၊ ကော့ကရိတ်ရှိ ဝေါ်လေကျေးရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။", "ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၇...
https://yktnews.com/2023/06/107116/
ကော့ကရိတ်၊ ကမိုင်ကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရ
["ကော့ကရိတ်၊ ကမိုင်ကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရ", "ရန်ကုန်၊ ဇွန် ၁၀", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU-ဗဟိုက ထုတ်ပြန်ထားသည်။", "ဇွန်လ ၉ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွ...
https://yktnews.com/2023/01/83231/
ကော့ကရိတ်၊ ကျုံဒိုးမြို့တိုက်ပွဲတွင် DKBA ပါဝင်တိုက်ခိုက်ပြီး စစ်ကောင်စီ ဘက်မှ ၉၀ ကျော် သေဆုံး ကာ ပြည်သူ့ဘက်တော်သား ၃ ဦးကျဆုံး၊ စစ်သား များ ခွေးပြေးဝက်ပြေး ထွက်ပြေးဟုဆို
["ကော့ကရိတ်၊ ကျုံဒိုးမြို့တိုက်ပွဲတွင် DKBA ပါဝင်တိုက်ခိုက်ပြီး စစ်ကောင်စီ ဘက်မှ ၉၀ ကျော် သေဆုံး ကာ ပြည်သူ့ဘက်တော်သား ၃ ဦးကျဆုံး၊ စစ်သား များ ခွေးပြေးဝက်ပြေး ထွက်ပြေးဟုဆို", "ရန်ကုန်၊ ဇန်နဝါရီ ၂၆", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တိုက်ပွဲတွင် DKBA ပါဝင်တိုက် ခိုက် ပြီး စစ်ကောင်စီဘက်မှ ၉၀ ကျော်သေဆုံးကာ ပြည...
https://yktnews.com/2023/04/96197/
ကော့ကရိတ်၊ ကျုံဒိုးမြို့ပေါ်ကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်မှု ပေါ်တော်မူ စေတီပါ ကျည်ထိမှန်ပြီး နေအိမ် ၄ လုံး ပြာကျ
["ကော့ကရိတ်၊ ကျုံဒိုးမြို့ပေါ်ကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်မှု ပေါ်တော်မူ စေတီပါ ကျည်ထိမှန်ပြီး နေအိမ် ၄ လုံး ပြာကျ", "ရန်ကုန်၊ ဧပြီ ၇", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ရာ ပေါ်တော်မူ စေတီပါ ကျည်ထိမှန်ပြီး နေအိမ် ၄ လုံး ပြ...
https://yktnews.com/2023/01/83000/
ကော့ကရိတ်၊ ကျုံဒိုးမြို့အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ သေဆုံး မှုများပြား၍ တိုက်လေယာဉ်ဖြင့် ဗုံးကျဲ၊ ဘုရားသုံးဆူအနီးရှိ KNU တပ်မဟာ ၆ သတ္တုလုပ်ကွက်ကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချ
["ကော့ကရိတ်၊ ကျုံဒိုးမြို့အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ သေဆုံး မှုများပြား၍ တိုက်လေယာဉ်ဖြင့် ဗုံးကျဲ၊ ဘုရားသုံးဆူအနီးရှိ KNU တပ်မဟာ ၆ သတ္တုလုပ်ကွက်ကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချ", "ရန်ကုန်၊ ဇန်နဝါရီ ၂၅", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်အနီး ကမ်းနီ၊ ကော့ကာ၊ မိဂလုံ ကျေးရွာများအနီးတွင...
https://yktnews.com/2023/03/94103/
ကော့ကရိတ်၊ ကျုံဒိုးရဲစခန်း မီးရှို့လောင်နေပြီး အာရှလမ်းမကြီး နေရာ ၄ ခု ထက်မနည်းတွင် တိုက်ပွဲများ ပြင်းထန်နေ၊ မြ၀တီ၊ သင်္ကန်းညီနောင်တွင်လည်း တိုက်ပွဲ ဆက်ဖြစ်နေ
["ကော့ကရိတ်၊ ကျုံဒိုးရဲစခန်း မီးရှို့လောင်နေပြီး အာရှလမ်းမကြီး နေရာ ၄ ခု ထက်မနည်းတွင် တိုက်ပွဲများ ပြင်းထန်နေ၊ မြ၀တီ၊ သင်္ကန်းညီနောင်တွင်လည်း တိုက်ပွဲ ဆက်ဖြစ်နေ", "စစ်ကောင်စီတပ်သား ၂၀ ထက်မနည်း ဖမ်းဆီးရမိထားပြီး လက်နက်များပါ သိမ်းဆည်းရမိ၊ စစ်တပ်ဘက်မှ သေဆုံးမှု များပြား", "ရန်ကုန်၊ မတ် ၂၅", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ...
https://yktnews.com/2023/11/129383/
ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KNU ဦးဆောင်သော မဟာမိတ်တပ်များက တစ်ပြိုင်တည်း ဝင်တိုက်နေ
["ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KNU ဦးဆောင်သော မဟာမိတ်တပ်များက တစ်ပြိုင်တည်း ဝင်တိုက်နေ", "ရန်ကုန်၊ နိုဝင်ဘာ ၂", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KNU/KNLA ဦးဆောင်သော မဟာမိတ်တပ်များက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်နေကြောင်း KN...
https://yktnews.com/2024/06/169587/
ကော့ကရိတ်၊ စုကလိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ဗိုလ်မှူး ကြီး ၀ဏ္ဏတိုး အပါအဝင် ၂၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ၊ လက်နက် ၃၇ လက်နှင့် ခဲယမ်းများရရှိ
["ကော့ကရိတ်၊ စုကလိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ဗိုလ်မှူး ကြီး ၀ဏ္ဏတိုး အပါအဝင် ၂၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ၊ လက်နက် ၃၇ လက်နှင့် ခဲယမ်းများရရှိ", "ရန်ကုန်၊ ဇွန် ၂၃", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ စုကလိမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းကို KNLA ဦး ဆောင် သော တော်လှန်ရေးတပ်မ...
https://yktnews.com/2023/12/137917/
ကော့ကရိတ်၊ တောင်ကြာအင်းရဲစခန်းနှင့် စစ်တပ်စခန်းကို သိမ်းပိုက်မှု ရဲ ၁၀ ဦးဖမ်းမိပြီး လက်နက် ၂၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ
["ကော့ကရိတ်၊ တောင်ကြာအင်းရဲစခန်းနှင့် စစ်တပ်စခန်းကို သိမ်းပိုက်မှု ရဲ ၁၀ ဦးဖမ်းမိပြီး လက်နက် ၂၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဒီဇင်ဘာ ၃၀", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်း ရဲစခန်းနှင့် စစ်တပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးအရှင်ဖမ်းမိ...
https://yktnews.com/2023/06/106465/
ကော့ကရိတ်၊ တံတဂူးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ
["ကော့ကရိတ်၊ တံတဂူးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဇွန် ၆", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တံတဂူးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်း ကျားဖြူတပ်ခွဲ ၅ Justice Soldiers PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကု...
https://yktnews.com/2023/11/129857/
ကော့ကရိတ်၊ မုံးကိုးနှင့် သိန္နီတို့တွင် စစ်တပ် ၏ ပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦး အပါအဝင် အရပ်သား ပြည်သူ ၁၁ ဦးသေဆုံး
["ကော့ကရိတ်၊ မုံးကိုးနှင့် သိန္နီတို့တွင် စစ်တပ် ၏ ပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦး အပါအဝင် အရပ်သား ပြည်သူ ၁၁ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၆", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးနှင့်သိန္နီတို့တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများနှင့်တော်လှန်ရေးတပ်ဖွဲ့မျ...
https://yktnews.com/2023/04/95697/
ကော့ကရိတ်၊ မြ၀တီနှင့် ရေတာရှည် တို့တွင် KNLA ၊ PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ်များ အကြား တိုက်ပွဲများဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများ
["ကော့ကရိတ်၊ မြ၀တီနှင့် ရေတာရှည် တို့တွင် KNLA ၊ PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ်များ အကြား တိုက်ပွဲများဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများ", "ရန်ကုန်၊ ဧပြီ ၄", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦး ထက် မနည်း သေဆုံးကြောင်း ကျားဖြူ တပ်ခွဲ ၅ (Justice Solider PDF) မှ တာဝန်ရှိသူ တစ်ဦးက...
https://yktnews.com/2023/06/106561/
ကော့ကရိတ်၊ ရွာတန်းရှည်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ
["ကော့ကရိတ်၊ ရွာတန်းရှည်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဇွန် ၇", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ရွာတန်းရှည်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ၄ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ ဒဏ်ရာရရှိခဲ့ကြေ...
https://yktnews.com/2023/01/79921/
ကော့ကရိတ်၊ အာရှလမ်း ၁၂ ရက်အကြာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၈ ဦး သေ ဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
["ကော့ကရိတ်၊ အာရှလမ်း ၁၂ ရက်အကြာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၈ ဦး သေ ဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ", "ရန်ကုန်၊ ဇန်နဝါရီ ၈", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ KNU တပ်မဟာ ၆ နယ်မြေ အာရှလမ်း ၁၂ ရက်အကြာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်း များ သိမ်းဆည်းရမိကြောင်း ကော်ဘရာ စစ်ကြောင်း က သတင်းထုတ်ပြန်သည်...
https://yktnews.com/2023/05/101505/
ကော့မှူးတွင် နိုင်ငံခြားသွား အလုပ်လုပ်သူ ရှိသော နေအိမ်များကို လစဉ် အနည်းဆုံး ၃ သောင်းမှ ငွေကြေး ၁ သိန်းအထိ စစ်တပ်က ဆက်ကြေး ကောက်ယူ
["ကော့မှူးတွင် နိုင်ငံခြားသွား အလုပ်လုပ်သူ ရှိသော နေအိမ်များကို လစဉ် အနည်းဆုံး ၃ သောင်းမှ ငွေကြေး ၁ သိန်းအထိ စစ်တပ်က ဆက်ကြေး ကောက်ယူ", "ရန်ကုန်၊ မေ ၈", "ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် သူများရှိနေသည် နေအိမ်များ၏ စာရင်းကို စစ်တပ်က ကောက်ခံနေပြီး ပြည်ပ သွ...
https://yktnews.com/2023/12/136257/
ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာ ရဲစခန်းမှ နယ်ထိန်း ၁ ဦး အရပ်ဝတ်ဖြင့် တော်လှန်ရေး ရဲဘော်များ၏ သတင်းများ စုံစမ်းနေစဥ် ပစ်ခတ်ခံရပြီး သေဆုံး
["ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာ ရဲစခန်းမှ နယ်ထိန်း ၁ ဦး အရပ်ဝတ်ဖြင့် တော်လှန်ရေး ရဲဘော်များ၏ သတင်းများ စုံစမ်းနေစဥ် ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၇", "ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာ ရဲစခန်းမှ နယ်ထိန်း ၁ ဦး အရပ်ဝတ်ဖြင့် တော်လှန်ရေး ရဲဘော်များ၏ သတင်းများ စုံစမ်းနေစဥ် ပစ်ခတ် တိုက်ခိုက...
https://yktnews.com/2023/07/114287/
ကော့မှူးမြို့နယ်၊ ရှာဘွားကျေးရွာ အုပ်စုရှိ နေအိမ် ၂၀၀ ကျော်သည် ရန်ကုန် တိုင်း အစိုးရပိုင်မြေ ကျူးကျော် ဆောက်လုပ်သည်ဟုဆိုကာ စစ်တပ်က အဓမ္မ ဖယ်ရှားခိုင်း
["ကော့မှူးမြို့နယ်၊ ရှာဘွားကျေးရွာ အုပ်စုရှိ နေအိမ် ၂၀၀ ကျော်သည် ရန်ကုန် တိုင်း အစိုးရပိုင်မြေ ကျူးကျော် ဆောက်လုပ်သည်ဟုဆိုကာ စစ်တပ်က အဓမ္မ ဖယ်ရှားခိုင်း", "ရန်ကုန်၊ ဇူလိုင် ၂၂", "ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ရှာဘွားကျေးရွာ အုပ်စုရှိ နေအိမ် ၂၀၀ ကျော်ကို ရန်ကုန်တိုင်း အစိုးရပိုင်မြေ၌ ကျူးကျော် ဆောက်လုပ်ထားသည်ဟုဆိုကာ ...
https://yktnews.com/2023/07/110806/
ကော့မှူး၊ ရွာတန်းရှည် ကျေးရွာအုပ်စုရှိ လယ်ကွင်းများ၌ အိမ်ဆောက် နေထိုင်သူများထံမှ စစ်တပ်က ငွေကျပ် ၁ သိန်းခွဲ အဓမ္မ လိုက်လံ ကောက်ခံနေ
["ကော့မှူး၊ ရွာတန်းရှည် ကျေးရွာအုပ်စုရှိ လယ်ကွင်းများ၌ အိမ်ဆောက် နေထိုင်သူများထံမှ စစ်တပ်က ငွေကျပ် ၁ သိန်းခွဲ အဓမ္မ လိုက်လံ ကောက်ခံနေ", "ရန်ကုန်၊ ဇူလိုင် ၂", "ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ရွာတန်းရှည် ကျေးရွာအုပ်စုရှိ လယ်ကွင်းများ၌ အိမ်ဆောက် နေထိုင်သူများထံမှ စစ်တပ်က နေအိမ် ၁ အိမ်လျှင် ငွေကျပ် ၁ သိန်းခွဲ အဓမ္မ လိုက်...
https://yktnews.com/2023/06/110110/
ကော့မှူး၊ ရှာဘွားရွာ အုပ်စုရှိ အိမ်ထောင်စု ၁၀၀၀ ကျော်ကို စစ်တပ်ပိုင် ရော် ဘာခြံ ၁၃၂၅ ဧကတွင် ကျူးကျော်နေထိုင်သည်ဟုဆိုကာ ၁ လအတွင်း ဖျက် သိမ်း ထွက်ခွာခိုင်း
["ကော့မှူး၊ ရှာဘွားရွာ အုပ်စုရှိ အိမ်ထောင်စု ၁၀၀၀ ကျော်ကို စစ်တပ်ပိုင် ရော် ဘာခြံ ၁၃၂၅ ဧကတွင် ကျူးကျော်နေထိုင်သည်ဟုဆိုကာ ၁ လအတွင်း ဖျက် သိမ်း ထွက်ခွာခိုင်း", "ပြည်သူများ နှစ်ပေါင်း ၂၅ နှစ်ကျော် နေထိုင်လာသည့်မြေကို ရန်ကုန်တိုင်း စစ်ကောင်စီပိုင်မြေများဟုဆို", "ရန်ကုန်၊ ဇွန် ၂၈", "ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ် အနောက်ခြမ...
https://yktnews.com/2022/12/76949/
ကော့သောင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမောင်ဌေး အကျင့်ပျက်ခြစားပြီး အနိုင်ကျင့် ဗိုလ်ကျ မှုများ ကျူးလွန်၊ တရားမဝင် ရွှေတူးဖော်ရေးနှင့် သယံဇာတများ ခိုးထုတ်မှုများတွင် ပါဝင်ပတ်သက်
["ကော့သောင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမောင်ဌေး အကျင့်ပျက်ခြစားပြီး အနိုင်ကျင့် ဗိုလ်ကျ မှုများ ကျူးလွန်၊ တရားမဝင် ရွှေတူးဖော်ရေးနှင့် သယံဇာတများ ခိုးထုတ်မှုများတွင် ပါဝင်ပတ်သက်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၇", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမောင်ဌေးက လာဘ်ယူမှုများ၊ အနိုင် ကျင့်...
https://yktnews.com/2023/02/88959/
ကော့သောင်း ၊ ဝိုင်ဒင်းကျေးရွာတိုက်ပွဲကြောင့် ထိုင်းဘက်သို့ စစ်ဘေးရှောင် ၁၀၀ ​ကျော် တိမ်း​ရှောင်
["ကော့သောင်း ၊ ဝိုင်ဒင်းကျေးရွာတိုက်ပွဲကြောင့် ထိုင်းဘက်သို့ စစ်ဘေးရှောင် ၁၀၀ ​ကျော် တိမ်း​ရှောင်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ရှိ ထိုင်း – မြန်မာနယ်စပ်က ရှမ်းကိုးရွာဒေသ မှာ စစ်ကောင်စီ တပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းမဟာမိတ်အဖွဲ့တို့အကြား မနေ့ကစလို့ တိုက်ပွဲဖြစ်ပေါ်နေတာကြောင့် စစ်ဘေးရှော...
https://yktnews.com/2023/09/123663/
ကော့သောင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးသွား၊ ကော့ကရိတ်ရှိ ကျေးရွာ ၂ ရွာကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
["ကော့သောင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးသွား၊ ကော့ကရိတ်ရှိ ကျေးရွာ ၂ ရွာကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်", "ရန်ကုန်၊ စက်တင်ဘာ ၂၃", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ရှိ ခမောက်ငယ်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ...
https://yktnews.com/2023/09/123399/
ကော့သောင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး၊ ပြည်သူ ၂၀၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေး တိမ်းရှောင်နေရ
["ကော့သောင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး၊ ပြည်သူ ၂၀၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ စက်တင်ဘာ ၂၁", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်ရှိ မလိဝမ်းကျေးရွာနှင့် ခမောက်ကြီးချောင်း၀တို့တွင် တိုက်ပွဲများ ၂ ရက်ဆက် ဖြစ်ပွားခဲ့ပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ...
https://yktnews.com/2025/04/211150/
ကော့သောင်းတွင် စစ်တပ်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ နှင့်ပူးပေါင်းပြီး ပြည်သူပိုင် ဥယျာဉ်၊ ခြံမြေများကို မတရား သိမ်းယူနေသူ မြင့်လွင်ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ကော့သောင်းတွင် စစ်တပ်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ နှင့်ပူးပေါင်းပြီး ပြည်သူပိုင် ဥယျာဉ်၊ ခြံမြေများကို မတရား သိမ်းယူနေသူ မြင့်လွင်ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဧပြီ ၁၃", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် စစ်တပ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ပူးပေါင်းပြီး ပြည်သူပိုင် ဥယျာဉ်၊ ခြံမြေများကို မတရားသိမ်းယူန...
https://yktnews.com/2025/02/204973/
ကော့သောင်းတွင် စစ်မှုထမ်းခိုင်းရန် လူငယ်များကို စုဆောင်းပြီး စစ်တပ်အတွက် ရိက္ခာပို့ပေးနေသူ ရန်အောင် ပစ်ခတ်ခံရပြီး သေဆုံး၊ စစ်တပ်ရိက္ခာသယ်နေသော ၎င်းပိုင်ကားလည်း မီးရှို့ခံရ
["ကော့သောင်းတွင် စစ်မှုထမ်းခိုင်းရန် လူငယ်များကို စုဆောင်းပြီး စစ်တပ်အတွက် ရိက္ခာပို့ပေးနေသူ ရန်အောင် ပစ်ခတ်ခံရပြီး သေဆုံး၊ စစ်တပ်ရိက္ခာသယ်နေသော ၎င်းပိုင်ကားလည်းမီးရှို့ခံရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် စစ်တပ်အတွက် ရိက္ခာပို့ခြင်း၊ စစ်မှုထမ်းခိုင်းရန် လူသစ်စုဆောင်းပေးနေသူ စစ်တပ်ဒေ...
https://yktnews.com/2025/04/210568/
ကော့သောင်းတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်စဉ် စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် တပ်သားသစ် စုဆောင်းခံရသူ ၁ ဦး PDF တပ်ဖွဲ့ထံ အလင်းဝင်
["ကော့သောင်းတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်စဉ် စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် တပ်သားသစ် စုဆောင်းခံရသူ ၁ ဦး PDF တပ်ဖွဲ့ထံ အလင်းဝင်", "ရန်ကုန်၊ ဧပြီ ၇", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်စဉ် စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် တပ်သားသစ် စုဆောင်းခံရသူ...
https://yktnews.com/2023/06/109359/
ကော့သောင်းတွင် ပျူစောထီး ကင်းစခန်း ကို ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး သေနတ်နှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ၊ ရေစကြိုမြို့ပေါ်ရှိ စစ်တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်
["ကော့သောင်းတွင် ပျူစောထီး ကင်းစခန်း ကို ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး သေနတ်နှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ၊ ရေစကြိုမြို့ပေါ်ရှိ စစ်တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်", "ရန်ကုန်၊ ဇွန် ၂၃", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာအုပ်စု၊ ရေငန်ချိုင်ရွာရှိ ပျူစောထီးကင်းစခန်း နှင့် ပျူစောထီးခေါင်းဆောင...
https://yktnews.com/2023/02/84990/
ကော့သောင်းတွင် ပျူစောထီးဒုတိယခေါင်းဆောင် ဆန်းတင် ပစ်ခတ်ခံရပြီး သေဆုံးကာ သေနတ် ၂ လက်နှင့်ခဲယမ်းများကို PDF က သိမ်းဆည်း ၊ အလောင်း လာကောက်သည့် စစ်ကားကို မိုင်းဆွဲမှု စစ်သား ၈ ဦးသေဆုံး
["ကော့သောင်းတွင် ပျူစောထီးဒုတိယခေါင်းဆောင် ဆန်းတင် ပစ်ခတ်ခံရပြီး သေဆုံးကာ သေနတ် ၂ လက်နှင့်ခဲယမ်းများကို PDF က သိမ်းဆည်း ၊ အလောင်း လာကောက်သည့် စစ်ကားကို မိုင်းဆွဲမှု စစ်သား ၈ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့နယ်ခွဲတွင် ပျူစောထီး ဒုတိယ ခေါင်းဆောင် ဆန်းတင်ကို ပစ်ခတ် ...
https://yktnews.com/2023/08/118558/
ကော့သောင်းတွင် ပြည်သူ ၄ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး၊ ထားဝယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီးသွား
["ကော့သောင်းတွင် ပြည်သူ ၄ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး၊ ထားဝယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီးသွား", "ရန်ကုန်၊ သြဂုတ် ၁၆", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်ရှိ မလိဝမ်းကျေးရွာသား ပြည်သူ ၄ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "သြဂု...
https://yktnews.com/2024/11/190906/
ကော့သောင်းနှင့် မင်းဘူး တို့တွင် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၄ ဦး ထက်မနည်း သေဆုံး
["ကော့သောင်းနှင့် မင်းဘူး တို့တွင် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၄ ဦး ထက်မနည်း သေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၅", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းဒေသရှိ ပြည်သူများကို ဖမ်းဆီးပြီး နေအိမ်များကို မီး ရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ကေ...
https://yktnews.com/2023/03/92632/
ကော့သောင်းမြို့တွင် ပျူစောထီးခေါင်းဆောင် ကျော်မိုးခိုင် ပစ်ခတ်ခံရပြီး သေဆုံး
["ကော့သောင်းမြို့တွင် ပျူစောထီးခေါင်းဆောင် ကျော်မိုးခိုင် ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ မတ် ၁၆", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် ပျူစောထီးခေါင်းဆောင် ကျော်မိုးခိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ကော့သောင်း မြို့ပြ ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၁၅ ရက်နေ့ ည ၉ ...
https://yktnews.com/2023/08/119722/
ကော့သောင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
["ကော့သောင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး", "ရန်ကုန်၊ သြဂုတ် ၂၅", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။", "ဩဂုတ်လ ၂၄ ရက...
https://yktnews.com/2023/02/89129/
ကော့သောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၈ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြည်သူပိုင်နေအိမ်များ ပျက်စီး
["ကော့သောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၈ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြည်သူပိုင်နေအိမ်များ ပျက်စီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်း ဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးကြောင်း ကော့သောင်းခရို...
https://yktnews.com/2025/01/199840/
ကော့သောင်းမြို့နယ်တွင် ပေါ်တာဆွဲ ဖမ်းဆီးရုံမကတော့ဘဲ စစ်တပ်က စစ်ကြောင်းထိုးပြီး အတင်းအဓမ္မ စစ်သားစုဆောင်းလာ၊ စစ်မှုထမ်း အပတ်စဉ် ၉ အတွက် လူမပြည့်သေးဟုဆို
["ကော့သောင်းမြို့နယ်တွင် ပေါ်တာဆွဲ ဖမ်းဆီးရုံမကတော့ဘဲ စစ်တပ်က စစ်ကြောင်းထိုးပြီး အတင်းအဓမ္မ စစ်သားစုဆောင်းလာ၊ စစ်မှုထမ်း အပတ်စဉ် ၉ အတွက် လူမပြည့်သေးဟုဆို", "ရန်ကုန်၊ ဇန်နဝါရီ ၁၇", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးရုံမကတော့ဘဲ စစ်ကြောင်းထိုးကာ လူအမည် စာ ရင်းနှင့်တကွ အတင်းအဓမ္မ လိ...
https://yktnews.com/2023/12/134828/
ကော့သောင်းမြို့နယ်တွင် မိုက်ကြေးခွဲ သေနတ်ဖောက် ဆက်ကြေးကောက်နေသည့် တပ်ကြပ်ကြီး သိန်းအောင် ခရီးသွားတချို့၏ ခုခံမှုကြောင့် သေဆုံး
["ကော့သောင်းမြို့နယ်တွင် မိုက်ကြေးခွဲ သေနတ်ဖောက် ဆက်ကြေးကောက်နေသည့် တပ်ကြပ်ကြီး သိန်းအောင် ခရီးသွားတချို့၏ ခုခံမှုကြောင့် သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၇", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် ဆက်ကြေးကောက်နေသည့် တပ်ကြပ်ကြီး သိန်းအောင်သည် ခရီးသွားပြည်သူတချို့၏ ခုခံမှုကြောင့် သေဆုံးသွားကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမ...
https://yktnews.com/2024/02/143307/
ကော့သောင်းမြို့နယ်တွင် ရဲသားအဖ ၂ ဦး စီးနင်းလာသောကားကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးလုံးသေဆုံး၊ မြင်းမူမြို့နယ်ရှိ စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ရဲမေ ၂ ဦး အရှင်ဖမ်းမိ
["ကော့သောင်းမြို့နယ်တွင် ရဲသားအဖ ၂ ဦး စီးနင်းလာသောကားကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးလုံးသေဆုံး၊ မြင်းမူမြို့နယ်ရှိ စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ရဲမေ ၂ ဦး အရှင်ဖမ်းမိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် ရဲသားအဖ ၂ ဦး စီးနင်းလာသောကားကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးခဲ့ကြ...
https://yktnews.com/2024/11/190605/
ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာနှင့် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး
["ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာနှင့် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ နိုဝင်ဘာ ၃", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာနှင့် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှ နေအိမ်များကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန...
https://yktnews.com/2023/05/104061/
ကော့သောင်းမြို့နယ်၊ အောင်ချမ်းသာရွာရှိ ရာအိမ်မှူးနှင့် အရံမီးသတ် တပ်ခွဲမှူးတို့ ပစ်ခတ်ခံရပြီး သေဆုံး
["ကော့သောင်းမြို့နယ်၊ အောင်ချမ်းသာရွာရှိ ရာအိမ်မှူးနှင့် အရံမီးသတ် တပ်ခွဲမှူးတို့ ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ မေ ၂၃", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ အောင်ချမ်းသားရွာရှိ ရာအိမ်မှူးနှင့် အရံမီးသတ် တပ်ခွဲမှူးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၂၃ ရက်နေ...
https://yktnews.com/2023/02/84674/
ကော့သောင်းမြို့နှင့် ဓနုဖြူမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ် ပြုလုပ်
["ကော့သောင်းမြို့နှင့် ဓနုဖြူမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ် ပြုလုပ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နှင့် ဧရာဝတီတိုင်း၊ ဓနုဖြူမြို့တို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2022/12/76347/
ကော့သောင်းအကျဉ်းထောင်မှ ဦးစီးမှူး သီရစိုးကို ငွေကျပ် ၁၇ သိန်း၊ ဖုန်း ၁ လုံးနှင့်အတူ PDF က ဖမ်းဆီးရမိ
["ကော့သောင်းအကျဉ်းထောင်မှ ဦးစီးမှူး သီရစိုးကို ငွေကျပ် ၁၇ သိန်း၊ ဖုန်း ၁ လုံးနှင့်အတူ PDF က ဖမ်းဆီးရမိ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၅", "တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ် လမ်း၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာအနီးတွင် ယမန်နေ့ ​ကော့သောင်းအကျဥ်းထောင်မှ ၂ ပွင့် ဦးစီးမှူး သီရစိုး ကို PDF တပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များထံမှ ...
https://yktnews.com/2023/02/89050/
ကော့သောင်း၊ ခမောက်ငယ်ရွာတွင် PDF စခန်းနှင့်တည်နေရာကို စစ်တပ်ထံသို့ ပြသ လမ်း ညွှန် ခဲ့သော ရာအိမ်မှူးနှင့် ဇနီး ပစ်ခတ်ခံရပြီး သေဆုံး၊ ညောင်ဦး တွင် လည်း ရာအိမ်မှူး ဝင်းနိုင် ပစ်ခတ်ခံရပြီး သေဆုံး
["ကော့သောင်း၊ ခမောက်ငယ်ရွာတွင် PDF စခန်းနှင့်တည်နေရာကို စစ်တပ်ထံသို့ ပြသ လမ်း ညွှန် ခဲ့သော ရာအိမ်မှူးနှင့် ဇနီး ပစ်ခတ်ခံရပြီး သေဆုံး၊ ညောင်ဦး တွင် လည်း ရာအိမ်မှူး ဝင်းနိုင် ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့နယ်ခွဲ၊ ခမောက်ငယ်ရွာ ရာအိမ်မှူးနှင့် ဇနီးဖြစ်...
https://yktnews.com/2025/04/211755/
ကော့သောင်း၊ စစ်ကိုင်း နှင့် ဘုတ်ပြင်း တို့တွင် စစ်မှုထမ်း တပ်သားသစ် ၄ ဦး အလင်းဝင်
["ကော့သောင်း၊ စစ်ကိုင်း နှင့် ဘုတ်ပြင်း တို့တွင် စစ်မှုထမ်း တပ်သားသစ် ၄ ဦး အလင်းဝင်", "ရန်ကုန်၊ ဧပြီ ၁၈", "ထိုင်းနိုင်ငံ၊ ရနောင်းမြို့ မှ ကော့သောင်းမြို့သို့ ပို့ဆောင်ခံရပြီး စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် တပ်သားသစ် အဖြစ် စုဆောင်းခံရသူ ကိုအောင်စိုး အလင်းဝင်ရောက်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းနှင...
https://yktnews.com/2023/03/90825/
ကော့သောင်း၊ ဝိုင်ဒင်းရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ ဦးကျဆုံး
["ကော့သောင်း၊ ဝိုင်ဒင်းရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ ဦးကျဆုံး", "ရန်ကုန်| မတ် ၅", "တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ဝိုင်ဒင်းကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။", "မတ်လ၄ ရက် နံနက် ၈ နာရီခန့်က ဝိုင်ဒင်းရွာသို့ စစ်ကောင်စီတပ်က လ...
https://yktnews.com/2023/04/97915/
ကော့​သောင်းတွင် ပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦးကို ရှင်းလင်းပြီး လက်နက်ခဲယမ်းများ သိမ်းဆညိးရမိ
["ကော့​သောင်းတွင် ပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦးကို ရှင်းလင်းပြီး လက်နက်ခဲယမ်းများ သိမ်းဆညိးရမိ", "ရန်ကုန်၊ ဧပြီ ၁၆", "ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ ဆိတ်ဖူးရွာနေ ပြည်သူ့စစ်ခေါင်းဆောင် ကျော်ဝင်းနဲ့ ဒုခေါင်းဆောင် မြင့်အောင်ကို ကော့သောင်း ပကဖက ရှင်းလင်းခဲ့တယ်လို့ တနင်္သာရီ ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။", "ဒီနေ့ ဧပြီ ...
https://yktnews.com/2023/12/136929/
ကံပေါက်ဒေသတွင် စစ်တပ်က တစ်ပတ်အတွင်း ပြည်သူ ၆ ဦးကို နေအိမ်များ၌ အကြောင်းမဲ့ လာရောက် ဖမ်းဆီးသွား
["ကံပေါက်ဒေသတွင် စစ်တပ်က တစ်ပတ်အတွင်း ပြည်သူ ၆ ဦးကို နေအိမ်များ၌ အကြောင်းမဲ့ လာရောက် ဖမ်းဆီးသွား", "ရန်ကုန်၊ ဒီဇင်ဘာ ၂၂", "တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် အကြမ်းဖက် စစ်တပ်က တစ်ပတ်အတွင်း ပြည်သူ ၆ ဦးကို နေအိမ်များ၌ အကြောင်းမဲ့ လာရောက် ဖမ်းဆီးသွားကြောင်း ဒေသတွင်း သတင်းရစ်မြစ်များထံမှ သိရသည်။", "ဒီဇင်ဘာလ ၂၁ ...
https://yktnews.com/2023/02/84529/
ကံပေါက်နှင့် ပခုက္ခူတွင် အသံတိတ် သပိတ် လှုပ်ရှားမှု ပြုလုပ်
["ကံပေါက်နှင့် ပခုက္ခူတွင် အသံတိတ် သပိတ် လှုပ်ရှားမှု ပြုလုပ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "ထားဝယ် ကံပေါက်ဒေသနှင့် မကွေးတိုင်း ပခုက္ခူမြို့တို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2024/12/197565/
ကံမတွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးပြီး စစ်တပ်ထံ ရောင်းစားနေသည့် ညောင်ပင်ကွင်းရွာ အုပ်ချုပ်ရေးမှူး စိန်ဝင်းမောင် ပစ်ခတ်ခံရပြီး သေဆုံး၊ စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးကိုလည်း တိုက်ခိုက်မှု ၃ ဦးသေဆုံး
["ကံမတွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးပြီး စစ်တပ်ထံ ရောင်းစားနေသည့် ညောင်ပင်ကွင်းရွာ အုပ်ချုပ်ရေးမှူး စိန်ဝင်းမောင် ပစ်ခတ်ခံရပြီး သေဆုံး၊ စစ်သားများ လိုက်ပါလာသည့် ကား ၁စီးကိုလည်း တိုက်ခိုက်မှု ၃ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၃၀", "မကွေးတိုင်း၊ ကံမမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်ထံ ရောင်း...
https://yktnews.com/2025/04/212538/
ကံမမြို့နယ်၊ ရေနံ့သာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ရဲစခန်းမှူးနှင့်အဖွဲ့ လက်နက်ချမည်ဟုဆိုကာ ထွက်ပြေးသွား၊ ရဲ ၁ ဦးကို လက်နက်ခဲယမ်းများ၊ ကားများ၊ ဆိုင်ကယ်များနှင့်အတူဖမ်းဆီးရရှိပြီး ရဲစခန်းကို မီးရှို့ရှင်းလင်း
["ကံမမြို့နယ်၊ ရေနံ့သာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ရဲစခန်းမှူးနှင့်အဖွဲ့ လက်နက်ချမည်ဟုဆိုကာ ထွက်ပြေးသွား၊ ရဲ ၁ ဦးကို လက်နက်ခဲယမ်းများ၊ ကားများ၊ဆိုင်ကယ်များနှင့်အတူဖမ်းဆီးရရှိပြီး ရဲစခန်းကို မီးရှို့ရှင်းလင်း", "ရန်ကုန်၊ ဧပြီ ၂၆", "မကွေးတိုင်း၊ ကံမမြို့နယ်၊ ရေနံ့သာရဲစခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက...
https://yktnews.com/2023/08/118885/
ကျင့်ဝတ်ဝိနည်းနှင့်မညီသော ရဟန်းများအတွက် ပြည်သူ လှူဒါန်းသော ဆွမ်းစားလျှင် သံရည်ပူ ကဲ့သို့ ဖြစ်လိမ့်မည်ဟု ဝေဖန်ထောက်ပြခဲ့သော “ဘာမှမမျှော်လင့်နဲ့” ဇာတ်လမ်းပါဝင်သူ ၁၄ ဦးကို စစ်တပ်က ဖမ်းဆီး
["ကျင့်ဝတ်ဝိနည်းနှင့်မညီသော ရဟန်းများအတွက် ပြည်သူ လှူဒါန်းသော ဆွမ်းစားလျှင် သံရည်ပူ ကဲ့သို့ ဖြစ်လိမ့်မည်ဟု ဝေဖန်ထောက်ပြခဲ့သော “ဘာမှမမျှော်လင့်နဲ့” ဇာတ်လမ်းပါဝင်သူ ၁၄ ဦးကို စစ်တပ်က ဖမ်းဆီး", "ရန်ကုန်| ဩဂုတ် ၁၉", "ကျင့်ဝတ်ဝိနည်းနှင့်မညီသော ရဟန်းများအတွက် လှူဒါန်းသော ဆွမ်းစားလျှင် သံရည်ပူကဲ့သို့ ဖြစ်လိမ့်မည်ဟု ဝေဖန်ထောက်ပ...
https://yktnews.com/2024/02/147991/
ဆေးရုံ၊ ဆေးပေးခန်းများ ၊ ကျန်းမာရေးကဏ္ဍနှင့် ပြည်သူများ အပေါ် စစ်တပ်က အကြမ်းဖက်တိုက်ခိုက်နေမှု နိုင်ငံတကာက ထိရောက်လျှင်မြန်စွာ တားဆီးပေးရန် NUG ပန်ကြား
["ကျန်းမာရေးကဏ္ဍကို တိုက်ခိုက်ရာတွင် စစ်ကောင်စီနှင့် ပူးပေါင်းပါဝင်သူများကို ပြင်းထန်စွာ အရေးယူမည်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈", "အကြမ်းဖက်စစ်ကောင်စီနှင့် လက်တွဲ၍ ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက်လုပ်ရပ် ကျူးလွန်သူ အားလုံးကို ပြည်သူ့တရားဥပဒေနှင့်အညီ ပြင်းထန်ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပြီး တရားမျှ တမှု ပြန်လည်ရရှိအောင် ဆောင်...
https://yktnews.com/2023/07/114452/
ကျပ် ၂၀၀၀၀ တန်ငွေစက္ကူအသစ်ထုတ်ဝေမည့် သတင်းကြောင့် ရွှေ၊ ဒေါ်လာ၊ အိမ်ခြံမြေ၊ ကား စျေးကွက်အားလုံး အရောင်း ယာယီပိတ်
["ကျပ် ၂၀၀၀၀ တန်ငွေစက္ကူအသစ်ထုတ်ဝေမည့် သတင်းကြောင့် ရွှေ၊ ဒေါ်လာ၊ အိမ်ခြံမြေ၊ ကား စျေးကွက်အားလုံး အရောင်း ယာယီပိတ်", "ရန်ကုန်၊ ဇူလိုင် ၂၃", "အကြမ်းဖက် စစ်ကောင်စီက ငွေကျပ် ၂၀၀၀၀ တန်ငွေစက္ကူအသစ်ကို ဇူလိုင်လ ၃၁ ရက်နေ့တွင် ထုတ်ဝေမည်ဖြစ် ကြောင်း ကြေညာလိုက်ရာ ယင်းသတင်းကြောင့် ရွှေ၊ ဒေါ်လာ၊ အိမ်ခြံမြေနှင့်ကားစျေးကွက်အားလုံး အ...
https://yktnews.com/2025/02/202318/
ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်ထားသည့် မြဝတီမြို့သို့ လျှပ်စစ် ဓာတ်အား ပေးထားမှု ချက်ချင်းဖြတ်တောက်မည်ဟု ထိုင်းဝန်ကြီးချုပ် အတည်ပြု
["ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်ထားသည့် မြဝတီမြို့သို့ လျှပ်စစ် ဓာတ်အား ပေးထားမှု ချက်ချင်းဖြတ်တောက်မည်ဟု ထိုင်းဝန်ကြီးချုပ် အတည်ပြု", "ရန်ကုန်၊ ဖေဖော်ဝါရီ ၄", "ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်ထားသည့် မြဝတီမြို့သို့ လျှပ်စစ်ဓာတ်အား ပေးထားမှု တုံ့ဆိုင်းမှုမရှိဘဲ ဖြတ်တောက်မည်ဖြစ်ကြောင်း ထိ...
https://yktnews.com/2024/05/161492/
ကျားဖြန့်၊ လောင်းကစားမှုများဖြင့် အဖမ်းခံထားရသော မိတ္တီလာ အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် ဒုတပ်မမှူး ဗိုလ်မှူးကြီး ညီညီမောင်၏ သတင်း ဖြုတ်ချပေးလျှင် အလှူငွေ သိန်း ၅၀ ပေးမည်ဟု လာဘ်ထိုးလာ
["ကျားဖြန့်၊ လောင်းကစားမှုများဖြင့် အဖမ်းခံထားရသော မိတ္တီလာ အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် ဒုတပ်မမှူး ဗိုလ်မှူးကြီး ညီညီမောင်၏ သတင်း ဖြုတ်ချပေးလျှင် အလှူငွေ သိန်း ၅၀ ပေးမည်ဟု လာဘ်ထိုးလာ", "​ ဗိုလ်မှူးကြီး ညီညီမောင်၏ မိန်းမက လင်ဖြစ်သူ လွတ်မြောက်ရေး နာမည် ကြီး ဗေဒင်ဆရာ၊ ဘုန်းကြီးများဖြင့် ယတြာချေနေ", "ရန်ကုန်၊ မေ ၆", "မန္တ...
https://yktnews.com/2023/09/121882/
ကျားသစ်နက် တပ်မတော်၏ စားနပ်ရိက္ခာ အခက်အခဲကို စပါးစိုက်၍ ဖြေရှင်းနေရပြီး ပြည်သူများက ဝိုင်းဝန်း ကူညီ စိုက်ပျိုးပေး
["ကျားသစ်နက် တပ်မတော်၏ စားနပ်ရိက္ခာ အခက်အခဲကို စပါးစိုက်၍ ဖြေရှင်းနေရပြီး ပြည်သူများက ဝိုင်းဝန်း ကူညီ စိုက်ပျိုးပေး", "ရန်ကုန်၊ စက်တင်ဘာ ၁၀", "ကျားသစ်နက်တပ်မတော် (Black Leopard Army) ၏ စားနပ်ရိက္ခာ အခက်အခဲကို စပါးစိုက်၍ ဖြေရှင်းနေရပြီး ပြည်သူများက ဝိုင်းဝန်း ကူညီ စိုက်ပျိုးပေးကြောင်း သိရသည်။", "တပ်ဖွဲ့၏ စားနပ်ရိက္ခာ အခ...
https://yktnews.com/2023/01/80534/
ကျိုက္ကော်နှင့်ဘီးလင်းအကြားတွင် စစ်တပ်ကုန်စည်သယ် ရထား ကို မိုင်းဆွဲတိုက်ခိုက်၊ ဘီးလင်းတွင် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲမှု စစ်သား ၇ ဦးသေဆုံးပြီး ၃ ဦးဒဏ် ရာ ပြင်းထန်
["ကျိုက္ကော်နှင့်ဘီးလင်းအကြားတွင် စစ်တပ်ကုန်စည်သယ် ရထား ကို မိုင်းဆွဲတိုက်ခိုက်၊ ဘီးလင်းတွင် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲမှု စစ်သား ၇ ဦးသေဆုံးပြီး ၃ ဦးဒဏ် ရာ ပြင်းထန်", "ရန်ကုန်၊ ဇန်နဝါရီ ၁၁", "မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း P...
https://yktnews.com/2023/03/93501/
ကျိုက်ထို တပ်မ ၄၄ ဌာနချုပ်ရုံးနှင့် တပ်မမှူးနေအိမ်ကို ဒရုန်းဖြင့် တိုက်ခိုက်၊ ကျေး ရွာနှင့် ပြည်သူများကို လက်နက်ကြီးဖြင့် ပစ်လျှင် စစ်တပ်တပ်ရင်း ဌာန ချုပ် များကို တန်ပြန်တိုက်ခိုက်မည်ဟု သတိပေး
["ကျိုက်ထို တပ်မ ၄၄ ဌာနချုပ်ရုံးနှင့် တပ်မမှူးနေအိမ်ကို ဒရုန်းဖြင့် တိုက်ခိုက်၊ ကျေး ရွာနှင့် ပြည်သူများကို လက်နက်ကြီးဖြင့် ပစ်လျှင် စစ်တပ်တပ်ရင်း ဌာန ချုပ် များကို တန်ပြန်တိုက်ခိုက်မည်ဟု သတိပေး", "ရန်ကုန်၊ မတ် ၂၁", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တပ်မ ၄၄ ဌာနချုပ်ရုံးနှင့် တပ်မမှူးနေအိမ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက...
https://yktnews.com/2024/12/196706/
ကျိုက်ထို မုပ္ပလင်လမ်းဆုံ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး၊ စလင်းမြို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၇ ဦး ဒဏ်ရာရ
["ကျိုက်ထို မုပ္ပလင်လမ်းဆုံ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး၊ စလင်းမြို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးအပါအဝင် ၇ ဦး ဒဏ်ရာရ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၃", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မုပ္ပလင်လမ်းဆုံရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိ...
https://yktnews.com/2025/01/199092/
ကျိုက်ထို သိမ်ဇရပ် ရဲစခန်းနှင့် ပေါက် ကပစ ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
["ကျိုက်ထို သိမ်ဇရပ် ရဲစခန်းနှင့် ပေါက် ကပစ ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၁", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ခမရ ၂၀၇ တပ်ရင်းမှ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Kyaikhto Revolution Force မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ရ...
https://yktnews.com/2025/02/205357/
ကျိုက်ထို သိမ်ဇရပ် အခြေစိုက် ခမရ ၂၀၇ တပ်ရင်း ကာကင်းစခန်းများနှင့် အမှတ် ၃၁၀ အမြောက်တပ်တို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ
["ကျိုက်ထို သိမ်ဇရပ် အခြေစိုက် ခမရ ၂၀၇ တပ်ရင်း ကာကင်းစခန်းများနှင့် အမှတ် ၃၁၀ အမြောက်တပ်တို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ် အခြေစိုက် ခမရ ၂၀၇ တပ်ရင်း၏ ကာကင်းစခန်းများကို ရှော့တိုက်ဒုံး၊ ဒရုန်းများဖြင့် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက...
https://yktnews.com/2023/03/93773/
ကျိုက်ထိုက်၊ ဘီးလင်းနှင့် သံဖြူဇရပ်ရှိ တပ်မ ၄၄ ဌာနချုပ် အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
["ကျိုက်ထိုက်၊ ဘီးလင်းနှင့် သံဖြူဇရပ်ရှိ တပ်မ ၄၄ ဌာနချုပ် အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၂၂", "မွန်ပြည်နယ်၊ ကျိုထိုမြို့နယ်၊ တပ်မ ၄၄ ဌာနချုပ်တိုက်ခိုက်မှုနှင့် ဘီလင်းမြို့နယ်၊ သံတံတားဂိတ် တိုက် ခိုက်မှုတွင် အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေ...