sentence_id int64 1 10.7M | text stringlengths 2 17.7k | string_length int64 2 17.7k | length_category stringclasses 87
values |
|---|---|---|---|
1 | ထောက်လှမ်းရေးအေဂျင်စီ S.H.I.E.L.D၏ ညွှန်ကြားရေးမှူး နစ်ဖြူရီသည် ဝေးလံခေါင်သီသော အရပ်ရှိ သုတေသနစခန်းသို့ ရောက် သွားရာ တက်ဆရက်အမည်ရှိ စွမ်းအင်အရင်းအမြစ်တစ်ခုကြောင့် အာကာသစကြဝဠာထဲမှ ဝင်ပေါက် ကြီးတစ်ခုပွင့်ပြီး ပြည်နှင် ဒဏ်ပေးခံ ထားရသော နော့(စ်)နတ်ဘုရား လိုကီက ထိုဝင်ပေါက်မှ ဝင်လာကာ တက်ဆရက်ကို ရယူသွားသည်။ | 301 | <400 |
2 | လိုကီသည် ထွက်ပြေးသည့်အတွက် ရူပဗေဒပညာရှင် ဒေါက်တာဆဲလ်ဗစ် တို့အပါအဝင် S.H.I.E.L.D အမှု ထမ်းအတော်များများ၏စိတ်ကို ထိန်းချုပ်ခိုင်းစေလျက်ရှိသည်။ | 140 | <200 |
3 | ထို့ကြောင့် ဖြူရီက လိုကီ့လက် ထဲမှတက်ဆရက်ကို ပြန်ယူဖို့ စတိဗ် ရောဂျား(စ်) ကို တာဝန်ပေးသည်။ | 89 | <100 |
4 | လိုကီက ချီတောရီးခေါ် ဂြိုဟ်သား များနှင့် မဟာမိတ်ဖွဲ့ပြီး ၎င်းတို့အား တက်ဆရက်ကိုပေးအပ်ကာ ကမ္ဘာကို အုပ်စိုးရန် အကူအညီတောင်းသည်။ | 125 | <200 |
5 | လိုကီနှင့် လူစွမ်းကောင်းများ တိုက်ပွဲ ဖြစ်ပြီးနောက် လိုကီက အညံ့ခံသဖြင့် S.H.I.E.L.D အေဂျင်စီပိုင်လေ ယာဉ်ဖြင့် သူ့ကိုဖမ်းခေါ်သွားကြ သည်။ | 135 | <200 |
6 | လိုကီ၏ မွေးစားညီငယ် မိုးကြိုးနတ် ဘုရားသော်(ရ်)က လိုကီကို အချုပ်မှ လွှတ်ပေးရန်ကြိုးစားသည်။ | 89 | <100 |
7 | သံမဏိ လူသား၊ ကပ္ပတိန်အမေရိကတို့နှင့် ရင်ဆိုင်တွေ့ပြီးနောက် သော်(ရ်)က လိုကီအား Shield မိုးပျံလေယာဉ် တင်သင်္ဘောကြီးပေါ်၌ အကျဉ်းချ ထားရန် အဖော်လိုက်သွားသည်။ | 153 | <200 |
8 | လိုကီ၏ ဆန္ဒအတိုင်း ကမ္ဘာ ကြီးကို လွှမ်းမိုးနိုင်မှာလားဆိုသည်ကို အသည်းတယားယား၊ ရင်တမမ ကြည့်ရမည့် သိပ္ပံအက်ရှင် စွန့်စားခန်း ဇာတ်ကား ကြီးဖြစ်သည်။ | 143 | <200 |
9 | ယခုလ(သြဂုတ်လ) တွင် ကောင်းကင် အမြင်ဂြိုဟ်များအရ ကန်ရာသီတွင် ရပ်တည်သော စနေဂြိုဟ် နှင့် မေထုန်ရာသီတွင် ရပ်တည်သော အင်္ဂါဂြိုဟ်တို့ တစ်လုံး နှင့် တစ်လုံး အပြန်အလှန် အဆိုးမြင်ဖြင့် မြင်နေကြခြင်းကြောင့် အနိဌာရုံ ကိစ္စများ ဖြစ်ပွားနိုင်ချေ ရှိပါသည်။ | 241 | <300 |
10 | သဘာဝဘေးဥပဒ်များ အနက် မုန်တိုင်း ၊ ငလျှင် တစ်ခုခု ကျရောက် ကောင်း ကျရောက်နိုင်ချေရှိသည်။ | 86 | <100 |
11 | သို့မဟုတ် ဗုံးပေါက်ကွဲ မှုများလည်း ဖြစ်နိုင်ချေရှိသည်။ | 54 | <100 |
12 | 2 စိတ်နှလုံးညှိုးငယ်လျက် မြေကြီးစွန်းမှ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ | 73 | <100 |
13 | 3 ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ ရန်သူတို့ရှေ့မှာ ခိုင်ခံ့သော ရဲတိုက်ဖြစ်တော်မူ၏။ | 83 | <100 |
14 | 4 တဲတော်၌ အစဉ်နေပါမည်။ | 22 | <100 |
15 | အတောင်တော်ဖုံးအုပ်ရာ၌ ခိုလှုံပါမည်။ | 35 | <100 |
16 | 5 အို ဘုရားသခင်၊ အကျွန်ုပ်ပြုသော သစ္စာဂတိတို့ကို ကြားတော်မူ၏။ | 61 | <100 |
17 | နာမတော်ကို ကြောက်ရွံ့သော သူတို့၏အမွေကို အကျွန်ုပ်အား ပေးတော်မူလိမ့်မည်။ | 71 | <100 |
18 | အလက်ဇန်းဒါး ဆာဂျီရေဗစ် ပုရှ်ကင် (Alexander Sergeyevich Pushkin) ( ဇွန်လ ၆ရက်၊ ၁၇၉၉ ဖေဖော်ဝါရီလ ၁၀ရက်၊ ၁၈၃၇) သည် ရိုမန်တစ် ခေတ်ကာလ က ရုရှားစာရေးဆရာ တစ်ဦး ဖြစ်ပြီး အလွန်တော်သော ရုရှားကဗျာဆရာတစ်ဦး နှင့် ခေတ်သစ် ရုရှားစာပေကို တည်ထောင်သူ တစ်ဦး အဖြစ်လည်း အများက မှတ်ယူကြသည်။ | 269 | <300 |
19 | မော်စကိုမြို့ရှိ ရုရှား သူကောင်းမျိုးအတွင်း မွေးဖွားခဲ့ပြီး ၁၅ နှစ်သားတွင် ပထမဆုံး ကဗျာကို ရေးသားဖြန့်ချီခဲ့သည်။ | 112 | <200 |
20 | အထက်တန်းစား လူငယ်တို့ တက်ရောက်သင်ကြားလေ့ ရှိသော ဇာကိုရီ ဆီလို အင်ပီရီယယ် လိုင်ဆီယမ် ကျောင်းမှ ဘွဲ့ရပြီးချိန်တွင် စာပေနယ်ပယ်တွင် ကောင်းမွန်စွာ နေရာရရှိပြီး ဖြစ်နေပြီ ဖြစ်သည်။ | 173 | <200 |
21 | ဇာဘုရင်၏ နိုင်ငံရေး ပုလိပ်များ တင်းကြပ်စွာ စောင့်ကြပ်ကြည့်ရှုနေမှုကြောင့် ထုတ်ဝေဖြန့်ချီမှု မပြုနိုင်သော အချိန်တွင် ပုရှ်ကင်သည် သူ၏ အထင်ရှားဆုံး ပြဇာတ်ဖြစ်သော ဘောရစ် ဂိုဒိုနော့ကို ရေးသားခဲ့သည်။ | 193 | <200 |
22 | ကဗျာစာသားနှင့် ရေးသားထားသော ဝတ္ထုတစ်ပုဒ် ဖြစ်သည် ယူဂျင်း အိုနီဂျင်ကို ၁၈၂၅ နှင့် ၁၈၃၂ ကြားတွင် ရေးသားခဲ့သည်။ | 108 | <200 |
23 | သူ၏ ဂုဏ်သိက္ခာနှင့် ပတ်သက်လျှင် ဆတ်ဆတ်ထိမခံသူ အဖြစ် နာမည်ဆိုး ထွက်ခဲ့ပြီး ပုရှ်ကင်သည် တစ်ဦးချင်း စိန်ခေါ်ပွဲ ၂၉ ခုတွင် ပါဝင် တိုက်ခိုက်ခဲ့သည်။ | 142 | <200 |
24 | ဂျော့ရှ် ချားလ် ဒီ ဟက်ကရင်း ဒီ အန်သေး ဆိုသူသူ နှင့် တစ်ဦးချင်း ယှဉ်ပြိုင်တိုက်ခိုက်သော ပွဲတွင် သေလုမျောပါး ဒဏ်ရာ ရခဲ့သည်။ | 121 | <200 |
25 | ထိုသူမှာ ကဗျာဆရာ၏ ဇနီးဖြစ်သူ နာတာလျာ ပုရှ်ကီနာကို မြူဆွယ်ရန် ကြံစည်နေသော ပြင်သစ် စစ်တပ်မှ အရာရှိ တစ်ဦး ဖြစ်သည်။ | 111 | <200 |
26 | ပုရှ်ကင် အသက် ၃၇ နှစ် အရွယ်တွင် စောစီးစွာ ကွယ်လွန်သွားခြင်းကို ရုရှားစာပေ၏ ကပ်ဆိုက်သော အဖြစ်အပျက်တစ်ခု အဖြစ် မှတ်ယူကြဆဲပင် ဖြစ်သည်။ | 131 | <200 |
27 | ကျွန်တော် ငယ်စဉ်ဘဝလေးကတည်းက မေမေဟာ ကျွန်တော့်ကို ညာပြောခဲ့ပါတယ် ကျွန်တော်တို့မိသားစုက ဆင်းရဲပါတယ် တစ်ခါတစ်လေဆို စားစရာတောင် လုံလုံလောက်လောက် မရှိပါဘူး ဒါပေမဲ့ စားစရာလေးများ ရလာပြီဆိုရင် မေမေက သူ့ဝေစုထဲကနေ ကျွန်တော့်ကို ခွဲပေးပါတယ် သူ့ပန်ကန် လေးထဲကနေ ကျွန်တော့ ပန်းကန်ထဲကို ပြောင်းထည့်ပေးရင်းနဲ့ သား စားလိုက်နော် မေမေ သိပ... | 376 | <400 |
28 | ကျွန်တော် နည်းနည်း အရွယ်ရလာတော့ ရတဲ့ အချိန်လေးတွေမှာ မေမေဟာ အိမ်နားက မြစ်ထဲကို သွားပြီးငါးမျှားလေ့ရှိပါတယ် မေမေက ငါးရလာရင် ကျွန်တော် အဟာရဖြစ်အောင် ကျွေးမယ်ဆိုတဲ့ စိတ်နဲ့ ငါးမျှားခြင်းသာဖြစ်ပါတယ် တစ်နေ့ မေမေက ငါး၂ကောင် ဖမ်းမိလာတယ်ရလာတဲ့ ငါး၂ကောင်ကို ဆွပ်ပြုတ် လုပ်ပါတယ် ကျွန်တော် အဲဒီ ငါးဆွပ်ပြုတ်ကို မိန်ရည်ရှက်ရည်သောက်ရ... | 668 | <700 |
29 | တစ်ဖြေးဖြေးနဲ ကျွန်တော့်ကျောင်းစရိတ်က ကြီးလာတယ် မေမေက အပိုဝင်ငွေ ရအောင်ဆိုပြီး မီးခြစ်စက်ရုံကနေ မီးခြစ်ဘူးခွံအဟောင်းတွေ တောင်းယူလာတယ် အိမ်ပြန်ရောက်တော့ မီးခြစ်ဆံ အသစ်လေးတွေ ပြန်ဖြည့်ပြီး ဈေးထဲမှာပြန်ရောင်းပါတယ် အဲဒီက ရတဲ့ ငွေကလေးနဲ့ အိမ်အတွက် လိုအပ်တာလေးတွေ ဖြည့်ဆည်းရတယ် ကျွန်တော့် ကျောင်းစရိတ် ထဲ ထည့်ရပါတယ်. ချမ်းအေးလ... | 624 | <700 |
30 | ကျွန်တော်တို့ အဖေဆုံးသွားတော့ မေမေတစ်ယောက်တည်း ဖခင်နေရာကရော အမေနေရာကနေပါ အိမ်တာဝန်ထမ်းရပါတော့တယ် . မေမေ့အရင် အလုပ်ဟောင်းကိုဘဲ ဆက်လုပ်တယ် မေမေတစ်ယောက်တည်း ရုန်းကန်နေရတော့ ကျွန်တော်တို့ စားဝတ်နေရေးက ပိုပြီး ကျပ်တည်းလာတယ် ငတ်လုနီးပါး ဖြစ်လာတယ် အခြေအနေက ပိုပိုပြီး ဆိုးဆိုးလာတယ် အဲဒီတော့ ကျွန်တော်တို့ အိမ်နားမှာနေတဲ့ သဘောကေ... | 699 | <700 |
31 | ကျွန်တော် ကျောင်းတွေပြီးလို့ တစ်မြို့တစ်ရွာမှာ အလုပ်ရတော့ မေမေ့ကို အနားပေးဖို့အချိန်ရောက်ပြီ. ကျွန်တော် ပြန်လုပ်ကျွေးဖို့ အချိန်ဘဲဆိုပြီး မေမေ့ကို အလုပ်မလုပ်တော့ဖို့ပြောပေမဲ့ မေမေက မနက်တိုင်း ဈေးထဲမှာ ဟင်းသီး ဟင်းရွက်လေးတွေ ရောင်းတုန်းဘဲ ကျွန်တော်က အမေသုံးဖို့ဆိုပြီး ငွေတွေ ပို့ပေးရင် ဘယ်တော့မဆို မေမေက ကျွန်တော့်ကို ပြ... | 431 | <500 |
32 | ကျွန်တော် အလုပ်လုပ်နေတဲ့ အမေရိကား ကော်ပိုရေးရှင်းရဲ့ အထောက်အပံ့နဲ့ မာစတာဒီဂရီ ရဖို့အချိန်ပိုင်း ကျောင်းတက်ပါတယ် မာစတာဘွဲ့ ရပြီးသွားတော့ ကျွန်တော် လစာတော်တော်များများ တိုးလာတော့ မေမေ့ကို ခေါ်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ် လူနေမှု အဆင့်အတန်း မြှင့်မြှင့်နဲ့ မေမေ့ကို ကျွန်တော် ထားချင် ပါသေးတယ် ဒါပေမဲ့ မေမေက ကျွန်တော် အလုပ... | 564 | <600 |
33 | မေမေ အသက်အရွယ် တော်တော်ရလာတော့ ကင်ဆာကြောင့် ဆေးရုံမှာ ရောက်နေပြီ ကျွန်တော် ကြားကြားချင်းဘဲ ပင်လယ်ကို ဖြတ်ပြီး မေမေ့ကို တွေ့ဖို့အိမ်ကို ပြန်လာခဲ့တယ် မေမေက ရောဂါရဲ့ နှိပ်စက်မှုကြောင့် ခွဲစိတ်ကုသမှု ခံထားရတယ် အိပ်ရာပေါ်ကနေ မထနိုင် တော့ဘူး ကျွန်တော့်ကိုတွေ့တော့ မေမေက ပြုံးပြဖို့ ကြိုးစားတယ် ပိန်လှီပြီး အားနည်းဖျော့တော့ နေတ... | 607 | <700 |
34 | မြန်မာ့ဆန် ပြည်ပတင်ပို့မှုမှာ ၂၀၁၁၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ၅၇ ရာခိုင်နှုန်း တိုးတက်လာကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ကြီး FAO က ထုတ်ပြန်သည်။ | 155 | <200 |
35 | ပြည်ပသို့ ဆန်တန်ချိန် ၈၄၄,၂၀၀ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၂၄ သန်း ဝင်ငွေရရှိခဲ့သည်ဟု မြန်မာအစိုးရ ကိန်းဂဏန်းများအား ကိုးကား၍ ဖော်ပြထားသည်။ | 139 | <200 |
36 | ၂၀၁၀၂၀၁၁ ဘဏ္ဍာနှစ်အတွင်းတွင်မူ ဆန်တန်ချိန် ၅၃၆,၈၀၀ တင်ပို့နိုင်ခဲ့သည်။ | 70 | <100 |
37 | မြန်မာအစိုးရက ရည်မှန်းထားသည်။ | 29 | <100 |
38 | အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် နှစ်သိန်းကို တနှစ်အတွင်း ရောင်းချပေးရန် မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များ အသင်းနှင့် အင်ဒိုနီးရှားနိုင်ငံ အမျိုးသားကူညီထောက်ပံ့ရေး အေဂျင်စီ INLA တို့ ဇန်နဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။ | 269 | <300 |
39 | မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များအသင်းကမူ ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် ဖူလုံလောက်ငှရေးကို ဦးစားပေးပြီးမှ ပြည်ပတင်ပို့မှုကို လုပ်ဆောင်သွားမည်ဟု ဆိုသည်။ | 160 | <200 |
40 | ပြည်တွင်း လိုအပ်ချက် ဖူလုံအောင် အရန်ဆန် ထိန်းသိမ်းထားပြီးမှ လုံလောက်တယ်ဆိုမှ ပြည်ပပို့ဖို့ ကျနော်တို့စဉ်းစားတာပါ ဟု အသင်း ဒုဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင် က ပြောသည်။ | 159 | <200 |
41 | နိုင်ငံများသို့လည်း တင်ပို့သည်။ | 31 | <100 |
42 | နွေစပါးစိုက်ပျိုးမှုမှာ ဧက ၃.၁၆ သန်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများ အသင်း၏ မှတ်တမ်းများ အရ သိရသည်။ | 125 | <200 |
43 | ဒုတိယကမ္ဘာစစ် မတိုင်မီက မြန်မာနိုင်ငံသည် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်ခဲ့ပြီး တနှစ်လျှင် တန်ချိန်ပေါင်း ၃,၅၀၀,၀၀၀ မျှ တင်ပို့နိုင်ခဲ့သည်။ | 149 | <200 |
44 | ၁၉၄၇၄၈ ခုနှစ်တွင်ကား လယ်ဧက ၉,၀၀၀,၀၀၀ သာ လုပ်ကိုင်နိုင်၍ နိုင်ငံခြားသို့ ဆန်တန်ချိန်ပေါင်း ၁,၅၀၀,၀၀၀ သာ တင်ပို့နိုင်မည်ဟု ခန့်မှန်းထားသည်။ | 137 | <200 |
45 | ဟာတူး ကျေးရွာသည် ချင်းပြည်နယ် တောင်ပိုင်း၊ မတူပီ (Matupi) မြို့နယ် အရှေ့တောင်ဘက် ယွင်းယွင်း၌ တည်ရှိသော အလွန်လှပသည့် ကျေးရွာကလေး တစ်ရွာပင် ဖြစ်သည်။ | 146 | <200 |
46 | အရှေ့ဘက် တွင် ယံပါး (Zampa) တောင်တန်း၊ အရှေ့တောင်ဘက်တွင် ဟာယုံ (Hal Zung) ကျေးရွာ၊ အနောက်ဘက်ခြမ်းတွင် ကာအိမ်း (Kal Im) ကျေးရွာအုပ်စု၊ မြောက်ဘက်ခြမ်းတွင် လှန်းပြန်း (Hlang Prang) ခေါ် ချန်းပြန်း ကျေးရွာ အုပ်စု၊ နှင့် တောင်ဘက်ပိုင်းတွင် ရွှင်သွီး (Sun Tui) နယ်တို့ဖြင့် နယ်နမိတ် ထိစပ်လျက် ရှိနေပါ သည်။ | 299 | <300 |
47 | ရွာတည်ဆောက်မှု ပုံသဏ္ဍာန်မှာ ရွာတန်းရှည် ပုံသဏ္ဍာန်ဖြစ်ပြီး မြောက်မှ တောင်ဘက်သို့ သွယ်တန်းသွားသည်။ | 98 | <100 |
48 | ရွာအတွင်း ရပ်ကွက် နှစ်ခုရှိပြီး ခေါ်ဒ်ဗါး ချောင်းငယ်ကလေးဖြင့် ခွဲခြားထားသည်။ | 76 | <100 |
49 | ရွာ၏ အနောက်ဘက်ခြမ်းတွင် ကီလောင် (Ki Long) ချောင်းကလေး စီးဆင်းသွားရာ လှပ သော သဘာဝပန်းချီ ကားချပ်သဖွယ် ကဗျာဆန်လှသည်။ | 114 | <200 |
50 | ရွာအတွင်း နေထိုင်သူများ အနေဖြင့် အိမ်ခြေ (၆ဝ) နီးပါးခန့် ရှိပြီး၊ လူဦးရေ အနေဖြင့် (၃ဝဝ) ခန့် နေထိုင်ကြသည်။ | 106 | <200 |
51 | လူဦးရေ အိမ်ခြေအနေဖြင့် နည်းပါးလှသော်လည်း မတူပီ မြို့နယ် အတွင်း ဖွံ့ဖြိုးတိုးတက်မှုနှုန်း အမြင့်ဆုံး စံပြကျေးရွာပင် ဖြစ်သည်။ | 123 | <200 |
52 | သာဓက တစ်ခုအနေဖြင့် မတူပီ တစ်မြို့နယ်လုံး၌ ကိုယ်ထူကိုယ်ထ ရေအားလျှပ်စစ် စတင်အသုံးပြုသော ရှေ့ဆောင် ရွာပင်ဖြစ်သည်။ | 110 | <200 |
53 | ယခုအခါတွင် ဟာတူး ကျေးရွာ လူထုများအနေဖြင့် တခြား ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍများကိုလည်း များစွာ အကောင်ထည်ဖေါ် ကြိုးပမ်း ဆောင်ရွက်လျက် ရှိနေပါသည်။ | 141 | <200 |
54 | ဟာတူး ကျေးရွာ၏ အခြားသော ဆောင်ရွက် အောင်မြင်မှုများကို အလျှင်းသင့်သလို ဆက်လက်ဖေါ်ပြ သွားမည်ဖြစ်သည်။ | 98 | <100 |
55 | ယခုမူ အစဉ်အလာကြီးစွာ ဖွံ့ဖြိုးတိုးတက် အောင်မြင်သော ဟာတူး ကျေးရွာ၏ ဖြစ်တည်မှု သမိုင်း အကျဉ်းကိုသာ ဖေါ်ပြသွားပါမည်။ | 113 | <200 |
56 | ကမ္ဘာ့ သမိုင်းပညာရှင်များမှ BC ခေတ်နှောင်းပိုင်းနှင့် AD အစောပိုင်း ကာလများကို ကမ္ဘာ့သမိုင်း၏ သမိုင်းသစ် ပြုပြင်ခြင်း ကာလများ သို့မဟုတ် ကမ္ဘာ့ သမိုင်း၏ နယ်မြေသစ်များ ရှာဖွေခြင်း ကာလများဟူ၍ သတ်မှတ်ခဲ့ကြသည်။ | 205 | <300 |
57 | ကျွန်ုပ်တို့ အမိမြန်မာပြည်၌ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများသည်လည်း ထိုကာလ တစ်လျှောက်များ၌ပင် မြောက်ဘက် တိဘက် ကုန်းပြင်မြင့်မှ ဆင်းသက်လာကြခြင်းဖြစ်ကြောင်း သမိုင်း ပညာရှင်များမှ သုသေသနပြု မှတ်တမ်း တင်ခဲ့ကြသည်။ | 213 | <300 |
58 | တိဘက် ကုန်းပြင်မြင့်မှ တဆင့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်၊ သံလွင် မြစ်ကြောင်းများအတိုင်း ရေကြည်ရာ မြက်နုရာ စုန်ဆင်းလာကြပြီး၊ နောင်တွင် တိုင်းရင်းသားလူမျိုးများ အဖြစ်ဖြင့် မြန်မာပြည်အတွင်း နေထိုင်လာကြသည်။ | 205 | <300 |
59 | ရောက်ရာဒေသများ၌ မြို့ပြ နိုင်ငံများ ထူထောင်လာကြကာ ပျူ၊ ဟန်လင်း၊ သရေခေတ္တရာ စသည့် ရှေးမြန်မာ့မြို့ပြနိုင်ငံများ ပေါ်ပေါက်လာကြသည်။ | 128 | <200 |
60 | သမိုင်းဦးကာလများသည် ကျွန်ပိုင်ရှင်ခေတ်နှင့် ပဒေသရာဇ်ခေတ်များဖြစ်ရာ နိုင်လိုမင်းထက် ကြီးနိုင် ငယ်ညှင်းစံနစ်ဖြစ် စစ်မက်လိုလားသော ခေတ်ဖြစ်သည်။ | 139 | <200 |
61 | ထိုကာလ၌ လူအများစုတို့မှာ စစ်မက်ကို ရှောင်ရှားရင်း နောင်အခါ၌ တောင်တန်းဒေသများသို့ ပြောင်းရွှေ့ နေထို်င်လာကြသည်။ | 110 | <200 |
62 | ကချင်၊ ချင်း၊ ရှမ်း၊ နာဂ စသည့် တောင်ပေါ်နေ တိုင်းရင်းသားအဖြင့် နောင်တွင် ထင်ရှားလာသည်။ | 86 | <100 |
63 | ကချင် လူမျိုးများသည် ယခု ကချင်ပြည်နှင့် ရှမ်းပြည် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း မြောက်ပိုင်း၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများ၌ ပျံ့နှံ့ နေထိုင်ကြပြီး၊ ရှမ်းလူမျိုးများသည်လည်း ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် အဖျားပိုင်း၊ စစ်ကိုင်းတိုင်း ခန္တီးဒေသနှင့် အိန္ဒိယနိုင်ငံ အာသံဒေသ၊ တရုတ်ပြည်၊ လာအို၊ ထိုင်းနှင့် ကမ္ဘောဒီးယား နိ... | 356 | <400 |
64 | ချင်းလူမျိုးတို့၏ ပျံ့နှံ့နေထိုင်မှု ပုံစံမှာ ရှုပ်ထွေးလှသည်။ | 61 | <100 |
65 | BC ၆ဝဝ ခန့်တွင် ချင်းတို့သည် တိဘက် ဒေသမှ စုန်ဆင်းလာကြပြီး၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်(သလ္လာဝတီ) ရိုးတစ်လျှောက် နေထိုင်လာခဲ့ကြရာမှ မြန်မာပြည် အလယ်ပိုင်းနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများအထိ ပျံ့နှံ့စွာ နေထိုင်လာကြသည်။ | 221 | <300 |
66 | တချို့မှာ တမူး ကဘော်ချိုင့်ဝှမ်းမှ တဆင့် အိန္ဒိယနိုင်ငံ မဏိပူရနှင့် မီဇိုရမ် ပြည်နယ်များသို့ လည်းကောင်း၊ ထိုမှတဆင့် မီရမ်နယ်နှင့် ပလက်ဝနယ် တစ်လျှောက်၊ တချို့ တမူး ကဘော်ချိုင့်ဝှမ်းမှ ချင်းတောင် ဒေသရှိ တီးတိန်ဒေသများသို့ လည်းကောင်း၊ ထီးလင်း ဂန့်ဂေါ ဒေသများမှ တဆင့် ဟားခါး ထန်တလန်နှင့် ဖလမ်း ဒေသများ သို့လည်းကောင်း၊ ဒိ... | 385 | <400 |
67 | ကျန်တချို့မှာ စလင်း ဆော ချောက် ဒေသမှ ကန်ပက်လက် မင်းတပ်နှင့် ခိုျးနယ်များ၊ ဒိုင်နယ်များသို့လည်းကောင်း၊ ရခိုင်ရိုးမမှ တဆင့် မိုျ၊ ခမီ၊ ဒိုင်နက် ဒေသများသို့လည်းကောင်း ပျံ့နှံ့ နေထိုင်ခဲ့ကြသည်။ | 192 | <200 |
68 | ရှေးအခါများ၌ ချင်းလူမျိုးများသည် မိမိကိုယ်မိမိ ချင်းဟူ၍ မခေါ်တွင်ခဲ့ကြပေ။ | 73 | <100 |
69 | ဇိုမီး၊ မီဇို၊ လိုင်မီး၊ ဒိုင်၊ ခူမီး၊ ခိုျး၊ ယော၊ အရှို စဟူ၍သာ ခေါ်ဆိုခဲ့ကြသည်။ | 80 | <100 |
70 | ချင်းဟူသော ဝေါဟာရများသည် မည်သည့် ချင်းမျိုး နွယ်စုတွင်မှ မခေါ်ခဲ့ကြပေ။ | 70 | <100 |
71 | မြန်မာစကား၊ မြန်မာအခေါ်များတွင်သာ တွေ့ရတတ်သည်။ | 46 | <100 |
72 | ထို့ကြောင့် 'ချင်း' ဝေါဟာရသည် ဗမာများ၏ သူငယ်ချင်း၊ အချင်းချင်းဟူသော စကားမှ ပေါ်ထွက်လာခြင်း ဖြစ်သည်ဟူသည့် အယူအဆ၊ အဆိုများ ရှိခဲ့သည်။ | 131 | <200 |
73 | တိုင်းရင်းသား အချင်းချင်း ခေါ်ကြရာတွင် ချင်းမှ ကချင်ကို 'ကချင်'၊ ရှမ်းကို 'ရှန်'၊ ကရင်ကို 'ကလန်'၊ ရခိုင်ကို 'လခုန်'၊ ဗမာကို 'ကောလ်' ဟူ၍ ခေါ်ကြလေသည်။ | 148 | <200 |
74 | ကချင်များမှ ခန်း (Khang)၊ ရှမ်းများမှ ချန်း (Chang)၊ ကရင်များမှ ချော (Chaw)၊ မွန်များမှ ချီးယဲန်း (Chieng)၊ ခယဲန်း (Khyeng)၊ ရခိုင်များမှ ချားန် စသည်ဖြင့် တိုင်းရင်းသား လေသံများဖြင့် အချင်းချင်း ခေါ်ဆိုခဲ့ကြသည်။ | 211 | <300 |
75 | မြန်မာပြည် အလယ်ပိုင်း ဒေသများဖြစ်သည့် ပုပ္ပားဒေသများနှင့် ပဲခူးရိုးမများသို့ လည်းကောင်း၊ မင်းဘူး ပြည် သရက်နှင့် ဧရာဝတီတိုင်း၊ တနင်္သာတိုင်း တလျှောက်သို့တိုင် ချင်းလူမျိုးများ ပျံ့နှံ့ နေထိုင်ခဲ့ကြသည်။ | 202 | <300 |
76 | နောင်တွင် မြေပြန့်ဒေသ၌ နေထိုင်ကြသည့် ချင်းလူမျိုးများအား ချင်းပုံ (သို့မဟုတ်) အရှိုချင်းများဟု ခေါ်ဆိုကြသည်။ | 108 | <200 |
77 | တီးတိန် တွွင်းဇံဒေသများ၌ နေထိုင်သူများကို ဇိုလူမျိုး၊ ဖလမ်း ဟားခါး ထန်တလန် ဒေသများ၌ လိုင်လူမျိုးများ၊ မင်းတပ် ကန်ပက်လက် ဒေသများ၌ ခိုျးလူမျိုးများ၊ ထီးလင်း ဂန့် ဂေါ ဆော ဒေသများနှင့် ပုံတောင်ပုံညာ ဒေသများ၌ ယောလူမျိုးများ၊ ပလက်ဝနှင့် ရခိုင် နယ်စပ်တကြော၌ ခမီ òမိ ဒိုင်နက်လူမျိုးများ၊ ပလက်ဝ မတူပီ ထန်တလန်နှင့် အိန္ဒ... | 469 | <500 |
78 | ဤသို့ဖြင့် ချင်းလူမျိုးများနှင့် အခြား တိုင်းရင်းသားလူမျိုးများ မြန်မာနိုင်ငံနှင့် အခြားနယ်မြေ အရပ်ရပ်သို့ ပျံ့နှံ့နေထိုင် ခဲ့ကြသည်။ | 132 | <200 |
79 | မြန်မာပြည် အတွင်းသို့ ဝင်ရောက် ပျံ့နှံ့နေထိုင်ကြရာ၌ ချင်းလူမျိုးများသည် အစောဆုံးလူများ ဖြစ်ဖွယ်ရှိကြောင်း သမိုင်းပညာရှင်များ၏ ခန့်မှန်း တွေးဆချက်များ ရှိခဲ့သည်။ | 160 | <200 |
80 | ရှေးမြို့ပြ နိုင်ငံများ ဖြစ်ကြသည့် သရေခေတ္တရာနှင့် ဗိဿနိုး မြို့ပြများသည် ချင်းလူမျိုးများ၏ မြို့ပြနိုင်ငံများပင် ဖြစ်ကြောင်းနှင့် ပျူလူမျိုးမှာ ယခု ချင်းလူမျိုးများပင် ဖြစ်နိုင်ကြောင်း ရှာဖွေ တွေ့ရှိမှုများပင် ရှိခဲ့သည်။ | 221 | <300 |
81 | ပျူ၊ ကမ်းယံ၊ သက်တို့သည် AD အစောပိုင်းကာလများ၌ မြိ့ပြများ တည်ထောင်ကြပြီး အတူတကွ နေထိုင်ခဲ့ကြသည်။ | 95 | <100 |
82 | ရာစုနှစ်များ ကြာလာ၍ မြန်မာလူမျိုးများ ဝင်ရောက်လာသောအခါ ကမ်းယံနှင့် သက်တို့မှာ တခြားဒေသများသို့ ပြောင်းရွှေ့ ထွက်ခွာသွားကြပြီး၊ ပျူလူမျိုးများသာ မြန်မာတို့နှင့်အတူ ရောနှောနေထိုင် ကျန်ရစ်ခဲ့ကြသည်။ | 194 | <200 |
83 | နောင်တွင် ပျူနှင့်မြန်မာ ရောထွေးသွားပြီး ပျူလူမျိုးများ မှေးမှိန်သွားကာ မြန်မာလူမျိုးများ ဟူ၍သာ ကျန်ရစ်ခဲ့တော့သည်။ | 114 | <200 |
84 | ရေကြည်ရာ ထွက်သွားကြပြီး ချင်းတွင်းဒေသအထိ သွားရောက် နေထိုင်ကြသော သက်လူမျိုးတို့မှာ ယနေ့ ချင်းလူမျိုးများအဖြစ် နေထိုင် တွင်ရစ်ခဲ့ကြောင်းလည်း ဖေါ်ပြထားသည်။ | 152 | <200 |
85 | သို့ဖြင့် ချင်းလူမျိုးတို့သည် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ်၊ တနင်္သာရီ သို့တိုင် ပြန့်နှံ့နေထိုင် ကြသည်။ | 162 | <200 |
86 | ရခိုင်ပြည်တွင် ယနေ့ တိုင်အောင်ပင် သက်လူမျိုးများ ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။ | 78 | <100 |
87 | ချင်းမှန်လျှင် ပုဂံက ဟူသော ဆိုရိုးစကားရှိခဲ့သည်။ | 48 | <100 |
88 | ပုဂံဒေသမှ နောင်ချင်းယဉ်များ ဖြစ်လာမည့် ဒိုင်၊ မာ့တူ၊ မကန်း၊ ခူမ်၊ လေးမြို့ချင်းတို့သည် စစ်ရေးကြောင့် မုံရွာမြို့အနီးရှိ ကျောက်ကာရွာ၌ နေထိုင်ကြကာ ကျောက်ကာ ဘုရား ကို တည်ထားခဲ့ကြသည်။ | 179 | <200 |
89 | ရန်များမှ လာရောက်တိုက်ခိုက် နှောင့်ယှက်သဖြင့် ကွဲအက်နေသော ကျောက်ပြားချပ်တွင် သံမြှား စိုက်ထားပြီး တောငှက် ပျောပင်များအား အပိုင်းပိုင်း ခုတ်ဖြတ်ထားခဲ့ကြသည်။ | 155 | <200 |
90 | ရန်သူများ ကျောက်ကာသို့ ရောက်လာကြပြီး ဌက်ပျောပင်များ၏ အစို့များ ရှည်ထွက် နေသည်ကို မြင်သောအခါ လိုက်မှီတော့မည် မဟုတ်ကြောင်း ယူဆကြသည်။ | 130 | <200 |
91 | ကျောက်ကိုပင် ကွဲအောင် မျှားဖြင့်ပစ်နိုင်သောကြောင့် တိုက်၍ မလွယ်ကြောင်း သုံးသပ်မိသဖြင့် ရန်သူများ နောက်ကြောင်း ပြန်လှည့်ကြသည်ဟု ဒိုင်း၊ ခိုျး၊ အရှို ချင်းများ၏ ရာဇဝင်ပုံပြင်များ၌ တူညီစွာ ဆိုစမှတ် ပြုကြသည်။ | 204 | <300 |
92 | ချင်းလူမျိုးများ ပုဂံတွင် ရှေးက နေထိုင်ခဲ့သည့် သာဓက တခုမှာ အနော်ရထာ မင်းစော စုက္ကတေးမင်းအား ပုန်ကန်ရန်အတွက် ပုပ္ပါးသို့ သွားရောက် မှီခိုသောအခါ ချင်းတို့က တောင် အရှေ့ဘက်စောင်းသို့ ရွေ့ပေးရကြောင်း ရာဇဝင်များရှိခဲ့သည်။ | 215 | <300 |
93 | ထို့ပြင် အနော်ရထာမင်း မင်းဖြစ်ပြီးနောက် ပုပ္ပါးတောင်သို့ ပန်းခူးရန် စေလွှတ်ခြင်းခံရသော ကုလား ခြေလျင်သည် (ဗျတ္တ) သည် သွားရဖန် များလာသောအခါ ပုပ္ပါးရှိ မယ်ဝဏ္ဏ (ဘီလူးမ) နှင့် သင့်မြတ်ပြီး ရွှေဖျင်းကြီး၊ ရွှေဖျင်းငယ် သားတော်နှစ်ပါး ဖွားမြင်ခဲ့ကြောင်း ပုပ္ပါး ရာဇဝင်၌ အထင်အရှား ရှိခဲ့သည်။ | 283 | <300 |
94 | ထိုရာဇဝင်ရှိ မယ်ဝဏ္ဏသည် ဘီလူးမ မဟုတ်ဘဲ ချင်းမပင် ဖြစ်ကြောင်း ပုဂံရာဇဝင်များ၌ ဖေါ်ပြချက်များ ရှိထားသည်။ | 102 | <200 |
95 | ထို ရွှေဖျင်းကြီးရွှေဖျင်းငယ် ညီနောင်တို့သည် နောင်တွင် မန္တလေး နယ်တွင်းရှိ တောင်ပြုံးဒေသ၏ ထင်ရှားသော နတ်များအဖြင့် လူသိများလာသည်။ | 129 | <200 |
96 | ပုပ္ပါးတောင်သည် အညာဒေသ (မြန်မာပြည် အလယ်ပိုင်း) ၏ အိုအေစစ်သဖွယ် ခိုင်းနှိုင်းတင်စားထား သည့် ဒေသတစ်ခု ဖြစ်သည်။ | 108 | <200 |
97 | ပုပ္ပါးတောင် အမည်တွင်လာပုံမှာ ရာဇဝင် ဆရာများ၏ တင်ပြပုံများ မရှိသလောက် ရှားပြီး တစ်ဦးနှင့် တစ်ဦး၏ တင်ပြမှုပုံ ကွဲပြားကြသည်။ | 122 | <200 |
98 | ချင်း လူမျိုးများ၏ တင်ပြမှုများလည်း ရှိသည်။ | 43 | <100 |
99 | ရှေးချင်း လူမျိုးများ ပုပ္ပါးနယ် တစ်လွှား၌ နေထိုင်ကြပြီး ထိုမှ ရေကြည်ရာ မြက်နုရာများသို့ ရွေ့လျားလာကြရာမှ နောင် ပုပ္ပါးဒေသအား ဘိုး ဘွားတို့၏ နေရာ၊ ဘိုး ဘွားတို့ တောင် (Pupa Sawm) ဟူ၍ ချင်းစကားဖြင့် ခေါ်ဆိုကြရာမှ နောင် ပုပ္ပါးတောင်ဟု အမည်တွင်လာသည်။ | 249 | <300 |
100 | နောက် ဖေါ်ပြချက် တစ်ခုမှာ ပုပ္ပါးတောင်မကြီး မီးတောင်ပေါက်ကွဲ ပြီးနောင် မီးငြိမ်းတောင် ဖြစ်လာသောအခါ ပေါက်ကွဲပြီး ပြန်ငြိမ်းသွားသောတောင် (pokpa Sawm) ဟူ၍ ခေါ်ဝေါ်ကြရာမှ နောင်တွင် ပုပ္ပါးတောင် ဖြစ်လာကြောင်း ဖေါ်ပြမှုများ ရှိခဲ့သည်။ | 228 | <300 |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.