uid stringlengths 1 5 | page int64 1 1.71k | text stringlengths 1 22.8k | burmese_percent float64 0 95.6 | title stringlengths 1 107 | author stringlengths 1 69 |
|---|---|---|---|---|---|
10005 | 1 | ________________
၁
www.burmeseclassic.com
BURMESE CLASSIC
.com
ဒသကျော်စွာ
M
www.burmeseclassic.com | 10.185185 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 2 | ________________
www.burmeseclassic.com
BURMESE
CLASSIC
.com
လမိုက်ညခေါ်သံ
သူတို့သုံးယောက် စတင်ဆုံဆည်းကြစဉ်က
တည်းက အံသြဖွယ်ဆန်းကြယ်မှုများကို တွေ့ကြုံခဲ့ရခြင်းဖြစ်
ပါသည်။
တက္ကသိုလ်ဝင်တန်းဖြေဆိုရန်အလို့ငှာ ဤမြို့တွင်
သူတို့ လာရောက်ဆုံဆည်းကြခြင်းဖြစ်ပြီး တွေ့တွေ့ချင်းပင် သူတို့ ခင်မင်သွားခဲ့ရခြင်းမှာ ခိုင်လု... | 80.853816 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 3 | ________________
www.burmeseclassic.com
ဒဿကျော်စွာ
ထို့အကြောင်းများကြောင့်ပင် သူတို့မှာ အများသူငါ ထက်ပိုခင်မင်ခဲ့ရခြင်းဖြစ်လေသည်။ သူတို့သည်ဗေဒင်နက္ခတ် အရ မွေးဖွားသောရာသီခွင်ချင်း တူနေသည်ဖြစ်ရာ အချင်းချင်း စိတ်အမူအကျင့်များတူကြမည်ဟု ယေဘုယျသဘော ယူဆ မိကြပြီး တွေ့ပြီးသိပ်မကြာခင်မှာပင် တစ်အူထုံဆင်း ညီ အစ်ကိုရင်းများကဲ... | 83.968463 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 4 | ________________
၁၀
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
“မင်းကလည်း ဗေဒင်တို့ လက္ခဏာတို့ဆိုတာက မိန်းမတွေပဲ စိတ်ဝင်စားကြတာ၊ မင်းကျမှပဲ...” ဟုပြောလိုက်လေသည်။
"မိန်းမတွေမှကြည့်ရမှာလားကွ၊ ယောက်ျား တွေက ပိုပြီးတောင် အဲဒီပညာရပ်တွေကို စိတ်ဝင် တစားလေ့လာကြသေးတယ်၊ နာမည်ကြီးနေတဲ့ ဗေဒင်ဆရာတွေဆို ယောက်ျားတွေချည်... | 82.085987 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 5 | ________________
၁၂
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁၃
ဘာလို့ တစ်ယောက်တည်းချန်နေရစ်ရမှာလဲ၊ လိုက်ခဲ့မှာပေါ့"
"ဒါဆိုလည်း ပြီးတာပါပဲ”
ထိုသို့ဖြင့် ကျော်တိုးဦးဆောင်သော သူတို့ သုံးယောက်အုပ်စုမှာ အောင်မြေလောက ဆုတောင်းပြည့် ဘုရားနားမှ ဗေဒင်ဆရာဆီသို့ ရောက်ခဲ့ကြတော့သည်။
ဘုရားရင်ပြင်တော်ပေါ်ရှိ အမိုးအ... | 87.432065 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 6 | ________________
၁၄
www.burmeseclassic.com
ဒဿကျော်စွာ
ကျော်မိုးက သူတို့နှင့် မွေးနှစ်၊ မွေးနံတူသောကြောင့် ကျော်စိုး အတွက်ပါ ဟောခိုင်းလေသည်။ ဗေဒင်ဆရာမှာ တနင်္လာ သားချည်းဖြစ်ပြီး နာမည်တွေကလည်း အမွှာညီအစ်ကို တွေလို ဆင်တူနေပြီး မွေးနှစ်၊ မွေးလ ရာသီခွင်များပါတူနေ သော သူတို့ သုံးယောက်ကို တအံ့တသြ ဖြစ်နေလေသည်။ “အင်း... ... | 85.570988 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 7 | ________________
www.burmeseclassic.com
လမိုက်ညခေါ်သံ
၁၇
ဘုရားမှ ပြန်လာသောအခါလမ်းတွင် ကျော်မိုးက “ကျော်စိုး ၱာဘာဖြစ်လို့ရယ်တာလဲ၊
အကုန်လုံး ဒ င်းတွေချည်း ဟောတဲ့ဟာကို၊
༣
ငါ့ကိုဆို အသက်ငါးဆယ်ကျော်ရင် ကျန်းမာရေး ညံ့မယ်တဲ့၊ ကျော်တိုးကိုလည်းအိမ်ထောင်ရေး ကံမကောင်းဘူးတဲ့”
ကျော်မိုးစကားအဆုံးတွင် ကျော်တိုးမှာ တစ်ဖြည်... | 84.615385 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 8 | ________________
www.burmeseclassic.com
--- ဒဿကျော်စွာ
ဆယ်နှစ်အတွင်းသေရမယ်ဆိုတာ သိပြီးသားလူပဲ၊ သူဟောလိုက်တဲ့ `ကိစ္စတွေ ဘာမှဖြစ်မလာနိုင် တော့ဘူးဆိုတာ အတတ်သိတာပေါ့”
ဟု ဆိုလိုက်ရာ ကျော်တိုးနှင့် ကျော်မိုးမှာ နားမ လည်ခြင်းတစ်ဝက်၊ အံ့သြခြင်းတစ်ဝက်နှင့် ကျော်စိုးမျက်နှာ ကို လှမ်းကြည့်လိုက်ကြလေသည်။ အတန်ကြာမှ ကျော်တိုး ... | 86.521084 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 9 | ________________
၂၀
www.burmeseclassic.com
ဒဿကျော်စွာ
အော့ကြောလန်တဲ့ ကလေးဆိုး လေးတွေပေါ့၊
ငါ့ရဲ့ငယ်ဘဝက တော်တော်လေး ပျော်စရာကောင်း
ခဲ့တယ်၊ ဒါပေမယ့် မမျှော်လင့်တဲ့ အဖြစ်အပျက် တစ်ခုနဲ့ စကြုံပြီး နောက်ပိုင်းမှာတော့”
တပေါင်းလမို့ နေကခြစ်ခြစ်တောက်ပူလျက်ရှိသည်။ ရွာထိပ်ရှိ ထနောင်းပင်ရိပ်အောက်တွင် ချက်စူ၊ နီတွတ်နှင့် ... | 81.055901 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 10 | ________________
၂၂
www.burmeseclassic.com - ဒဿကျော်စွာ
“ငါတော့ မသွားရဲဘူး၊ ဟိုနေ ့က ဘကြီးပု လောက်စာလုံးတွေကို မီးဖုတ်နေတာကို ငါတွေ့ခဲ့ တယ်၊ အဲဒါ ငါတို့လို ငှက်ပစ်ဖို့မဟုတ်ဘူးကွ၊ သူ့ကန်ထဲ ရေဆင်းသောက်တဲ့နွားတွေကို ပစ်ဖို့ ဟုတ်ရင်ဟုတ်၊ မဟုတ်ရင်တော့ ငါတို့ကိုဆော် ဖို့ပဲနေမယ်” ဟုပြောလိုက်လေသည်။
“ဟုတ်တယ်ကွ၊ အရီးလေးညှ... | 86.260103 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 11 | ________________
၂၄
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၂၅
“ရှုပ်တယ်ကွာ၊ ငါတော့ မန်ကျည်းစိမ်းသီး သွားခူးစားတော့မယ်””
ထိုအခါ နီတွတ်နှင့် ကျော်စိုးမှာ မနေသာတော့ဘဲ ချက်စူနောက်သို့ လေးခွလေးတွေ ခါးထိုးရင်း လိုက်သွား ကြလေတော့သည်။ မန်ကျည်းပင်ပေါ်သို့ ရောက်သော်လည်း နေလို့မပျော်ကြချေ။
မန်ကျည်းစိမ်းတောင့်သ... | 84.903934 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 12 | ________________
www.burmeseclassic.com
လမိုက်ညခေါ်သံ
၂၇
တောစပ်သို့ရောက်သောအခါ အဝေးမှလှမ်းမြင် ရသလို သစ်ပင်ကြီးများ အုံ့အုံ့ဆိုင်းဆိုင်းနှင့် မှိုင်းညှို့မနေဘဲ ညောင်မုတ်ဆိတ်ပင်ကြီးများ၊ ဆူးချုံများ၊ ဝါးတောကြီးများ နှင့် တိုးမပေါက်အောင် ရှုပ်ယှက်ခတ်နေသည်ကို တွေ့ရ
လေ၏။
“ဟေ့-- ကျော်စိုး မင်းပြောတော့ ဆက်ရက်တွေ လင်... | 86.72788 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 13 | ________________
၂၈
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၂၉
ဂူဝကြီးတစ်ခုသို့ ရောက်သွားကြလေတော့သည်။ သူတို့မှာ ဂူပေါက်တစ်ခုမှန်း မသိကြချေ။
“ဟေ့ ဟေ့ .. ချက်စူရေ၊ ဒီမှာ ကြည့်စမ်း၊ ဒီချုံပုတ်နောက်မှာ တွင်းပေါက်ကြီးတစ်ပေါက်ကွ၊ သွားကြည့်ရအောင်””
နီတွတ်စကားအဆုံး ချက်စူနှင့် ကျော်စိုးမှာ ချုံပုတ်ကြီးကို ဆွ... | 86.366933 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 14 | ________________
၃၀
www.burmeseclassic.com
ဒဿကျော်စွာ
ကလည်း၊ သေသေချာချာကြည့်ပါဦး၊ ဒီလူကြီး ငါတို့ရွာက ကပ္ပိယကြီးလို တရားထိုင်နေတာ
""
ကျော်စိုးစကားကြောင့် နီတွတ်နှင့် ချက်စူမှာ ထို
ကြီးကို ကြည့်ပြီး
“တရားထိုင်တာ ဒီတွင်းကြီးထဲထိုင်ရလား၊ ကပ္ပိယကြီးလို ဘုရားမှာမထိုင်ဘဲနဲ့၊ ကြည့်ပါဦး၊ မုတ်ဆိတ်ကြီးကလည်း ချုံပုတ်ကြ... | 86.78596 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 15 | ________________
၃၂
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၃၃
သို့သော် ဂူဝမှထွက်ခါနီးတွင် နီတွတ်က တရားထိုင် နေသော လူကြီးကိုလှည့်ကြည့်ကာ...
“ဟေ့ .. ချက်စု ဟိုလူကြီးဟာ လူမှဟုတ်ရဲ့လား လှုပ်ကိုမလှုပ်ဘူး ငါတော့ ဒီလူကြီးလှုပ်လာအောင် တစ်ခုခုလုပ်ပစ်ခဲ့မယ်”
ဟု တီးတိုးပြောလေသည်။ သူတို့မှာစဝင်ကတည်း က တုတ်တုတ်မ... | 86.222222 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 16 | ________________
၃၄
www.burmeseclassic.com
ဒဿကျော်စွာ
ကျော်စိုးတို့သုံးယောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ကြက်သေ သေနေကြ၏။
ရွာထဲကလူများ ပြေးထွက်လာမှပင် အားလုံးသတိ ဝင်ကာ ထိုလူအုပ်ကြီးနောက်မှ ပြေးလိုက်သွားကြလေတော့ သည်။
`ဟေ့ ခုနအသံကြီးက မြေပြိုတာ မဟုတ်လား” “ဟုတ်ပါ့... ငလျင်သံလိုလို၊ တော်လဲသံလိုလို နဲ့၊ လန့်... | 85.177151 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 17 | ________________
၃၆
www.burmeseclassic.com
-- ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၃၇
ကျ၍လာလေတော့သည်။ “ငါတို့ ပြန်ရအောင်”
နီတွတ်က သူတို့သုံးယောက်လုံး ရွာသို့ပြန်ရန် စပြောလိုက်လေသည်။ ထိုနေရာတွင် အားလုံးကြာကြာဆက် မနေဝံ့တော့သည့်အတွက် ရွာသို့ ပြန်လာခဲ့ကြ၏။ တစ်လမ်း လုံး တစ်ယောက်နှင့်တစ်ယောက် စကားမပြောနိုင်ဘဲရှိရာ ရွာထိပ် ထနော... | 85.03937 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 18 | ________________
**
၃၈
www.burmeseclassic.com
—— ဒဿကျော်စွာ
လမိုက်ညခေါ်သံ
စိတ်မကောင်းဖြစ်မိကြရ၏။
ထို ့ကြောင့် တောစပ်ကို ဘယ်သောအခါမှမသွား၊ ခြေဦးပင်မလှည့်ဝံ့တော့ဘဲ ရွာထိပ်တွင်သာ အေးအေးလူလူ ကစားကြတော့သည်။ တစ်ခါတစ်ရံတွင် သူတို့အားလုံး ကစားရင်း ပျင်းလာလျှင် ထိုနေရာကို သတိရမိပြီး ချက်ချင်း လိုပင် ထိတ်လန့်လာသောကြောင... | 85.427509 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 19 | ________________
www.burmeseclassic.com
ဒဿကျော်စွာ
“သင်္ကန်းမနိုင်ဘူးဆိုတာ အဲဒါမျိုးကို ပြောတာ မဟုတ်ဘူးကွ”
“ဒါဖြင့် ဘယ်လိုမနိုင်တာတုံး၊ သင်္ကန်းက ငါတို့ အခုဝတ်နေတဲ့ အဝတ်အစားတွေထက်များ ပိုလေး နေလို့လား"
ကျော်စိုးစကားကြောင့် ချက်စူမှာ စိတ်ရှုပ်ပြီး ခေါင်း ကုတ်မိလေသည်။ သင်္ကန်းမနိုင်ဆိုခြင်းမှာ အရပ်ကအလွယ် ခေါ်သော ... | 86.325967 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 20 | ________________
www.burmeseclassic.com
၄၂
2 ဒဿကျော်စွာ
လမိုက်ညခေါ်သံ
"အို... မြင်းမစီးရလည်း ဘာဖြစ်လဲကွာ၊ အငြိမ့် ကြည့်ရမှာပဲဟာ” ကျော်စိုးစကားကြောင့် ချက်စူမျက်နှာမှာ ဝင်းခနဲဖြစ်
သွားလေသည်။
632:... ဟုတ်သားပဲ၊ ငါမေ့နေတာ အငြိမ့်ပွဲ ကြည့်ရမှာပဲဟာ၊ ငါကတော့ နေ့ခင်းကတည်း က ဖျာတွေ ဂုန်နီအိတ်တွေ သွားခင်းပြီးနေရာ ဦးထာ... | 81.962339 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 21 | ________________
၄၄ =
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၄၅
ဦးကြာပေါ်၏ ရှင်တစ်ရာအလှူမှာ သူတို့နယ် တဝိုက်တွင် မကြုံစဖူး ထူးထူးခြားခြားအလှူကြီးဖြစ်လေ သည်။ အလှူပွဲသို့လာကြသော ပရိတ်သတ်မှာ များလွန်း သောကြောင့် မဏ္ဍာပ်ကြီးပင် မဆန့်ဘဲ ဘုန်းကြီးကျောင်းတွင် တစ်ဝက်ခွဲကာ ဧည့်ခံရလေသည်။
အလှူသို့လာသော နွားလှည်... | 87.782101 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 22 | ________________
www.burmeseclassic.com
၄၆ - ဒဿကျော်စွာ
မကြာ လုပ်လေသည်။
ကျောက်ဒိုးမှာ မျက်နှာတွင် သနပ်ခါးအစက် အပြောက်များ လိမ်းခြယ်ကာ နှုတ်လမ်းနီကို ရဲနေအောင် ဆိုးထားရခြင်းနှင့် ပန်းပန်ရခြင်းကို အလွန်သဘောကျနေဟန် ရှိ၏။
““ဟေ့ ကျော်စိုး၊ ကျောက်ဒိုးကိုကြည့်စမ်း မျောက်ဖင်နိကျနေတာပဲ ခေါင်းကအုပ်ဆောင်းကြီး ကို ချွတ်လို... | 85.206672 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 23 | ________________
၄၈
www.burmeseclassic.com
12 ဒဿကျော်စွာ
ချက်စူနှင့် နီတွတ်မှာ ကိုရင်ကျောက်ဒိုးအား မလှမ်း မကမ်းမှ အကဲခတ်ကာ တီးတိုးတီးတိုး ပြောနေကြလေ သည်။ ကိုရင်ကျောက်ဒိုးမှာ ယခင်နေ့တွေက ကျော်စိုးတို့လို ပင် ဖုန်အလူးလူး - ရွံ့အလူးလူးနှင့် ညစ်ပတ်ပေရေအောင် ဆော့ခဲ့သူဖြစ်သော်လည်း ဘုန်းကြီးကျောင်းသို့သင်္ကန် တောင်း သွ... | 85.826257 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 24 | ________________
၅ဝ
www.burmeseclassic.com
ဒဿကျော်စွာ
အတော်လေးစူးရှကာပီသကျယ်လောင်လှလေသည်။ နီတွတ်
၏ ဖခင် ဦးစံရွှေက
“တယ်လဲ အသံကောင်းတဲ့ မင်းသမီးဟေ့၊ ကြိုးကြာသံ၊ စက္ကဝက်သံကို မှီတာပဲ” ဟုပြောလိုက်ရာ လျှာရှည်လှသော နီတွတ်က ``အဘ' ကြိုးကြာတို့ ၊ စက္ကဝက်တို့ဆိုတာ မင်းသမီးတွေပဲလား၊ သူတို့ကို ဘာလို့မငှားတာလဲ”
ဟု
ဝင်မေး... | 85.909418 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 25 | ________________
၅၂
www.burmeseclassic.com
သော ဒဿကျော်စွာ
လွန်စွာမှ အသံစူးလှသော ခေါင်းဆောင်မင်းသမီးပင် ဖြစ်၏။ တစ်ချီတွင် ရသေ့ကြီးက ဟာနုမာန်ကို ကျိန်စာ တိုက်သည့်အခန်းသို့ ရောက်လာရာ သူတို့သုံးဦးမှာ စိတ် လည်းဝင်စား၊ နားလည်းမလည်ရှိရာ နီတွတ်အဖေဦးစံရွှေ အားမေးရလေသည်။
ရင်း . . .
“ရသေ့ကြီးက ဟာနုမာန်ကို ဘာတွေပြောတာလဲ
... | 85.176825 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 26 | ________________
၅၄
www.burmeseclassic.com
အား ဒဿကျော်စွာ
``ဟာ... ကျော်စိုး မင်းဘယ်သွားမလို့လဲ” ““နီတွတ်တို့အိမ် သူ့အဖေက ငါ့ကို လာခဲ့ဦးလို့ မှာလို့ ဘာလဲသိချင်တာနဲ့ ချက်ချင်းထွက်လာ
တာပဲ”
ချက်စူမှာ စွယ်ကျယ်အင်္ကျီအားစနှင့် နှပ်ချေးသုတ် နေရာမှ အံ့အားသင့်သလိုမော့ကြည့်ပြီး...
“ ဟင်... ဟုတ်လား၊ နီတွတ်တို့အဖေက ငါ့ကိ... | 84.890511 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 27 | ________________
၅၆
www.burmeseclassic.com
ဒဿကျော်စွာ
ကွမ်းသီးစိတ်ရင်း မျက်နှားထားတင်းတင်းကြီးဖြင့် မေးလိုက် ရာ ကျော်စိုးမှာ ဆတ်ခနဲပင်တုန်သွားရသည်။
““ဟုတ်..ဟုတ်ပါတယ် အဘဦးစံရွှေ၊ ကျွန်တော်တို့ အဲဒီအပေါက်ကြီးကို ကျောက်တုံး တွေနဲ့ ဆို့ခဲ့မိပါတယ်၊ ဒါပေမယ့် အဲဒီလူကြီး ပြန်ထွက်လာမယ်ထင်တာကြောင့် ..” “တော် တော် တော်တော... | 83.858859 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 28 | ________________
၅၈
www.burmeseclassic.com
12 ဒဿကျော်စွာ
အလောင်းတော်ကဿပ ဘုရားဖူးသွားပုံနှင့် ဂူ ပေါက်ပိတ်မိသည့်ကိစ္စ မည်သို့သက်ဆိုင်နေသလဲဟု စဉ်းစား ရင်း ပုံများကိုကြည့်ကြရ၏။
“အေး... ဒီဓာတ်ပုံတွေ နင်တို့ကို ပြတာ အကြောင်းမဲ့မဟုတ်ဘူး အလောင်းတော်ကဿပ ရဲ့ ဘဝဖြစ်စဉ်ကိုပြောပြချင်လို့ အလောင်းတော် ကဿပမဖြစ်ခင် လူ့ဘဝက ငှက်... | 84.70948 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 29 | ________________
www.burmeseclassic.com
လမိုက်ညခေါ်သံ
၆၁
ညရောက်သောအခါ ကျော်စိုးမှာ တလူးလူးတလိမ့် လိမ့်ဖြင့် တော်တော်နှင့်အိပ်မပျော်နိုင်တော့ချေ။ အိပ်တော့မည် ဟု ကြံတိုင်း သူများကိုလုပ်သလို ကိုယ်ပြန်ခံရလိမ့်မယ်၊ ဝဋ်လည်မယ်ဟူသော အသံကိုသာ ထပ်တလဲလဲ ကြား ယောင်နေပြီး မည်သို့မျှအိပ်ရဘဲဖြစ်နေလေသည်။
အိပ်ပျော်တော့မည်ကဲ့သို... | 86.352357 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 30 | ________________
၆၂
www.burmeseclassic.com
တာ ကျော်စွာ
လမိုက်ညခေါ်သံ
၆၃
ကြားနေရသောကြောင့် သူ့စိတ်ထဲ အနည်းငယ်ပျော်ရွှင်လာပြီး လေးခွပါ,မပါ စမ်းကြည့်လိုက်သည်။
လေးခွကအဆင်သင့် လောက်စာလုံးတွေလည်း အများကြီးပါလာသဖြင့် လေးခွကိုအသင့်ချိန်ကာ ငှက်သံ များကြားရာ နေရာသို့ တရွေ့ရွေ့တိုးခဲ့သည်။ ထိုအချိန်က နီတွတ်နှင့် ချက်စူပါ... | 85.745614 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 31 | ________________
၆၄
www.burmeseclassic.com
“လာခဲ့ ငါနဲ့ ဒီမှာလာနေလှည့်”
ဒဿကျော်စွာ
ဟူသော အော့နှလုံးနာဖွယ် အသံနက်ကြီးနှင့် လှမ်း ခေါ်လိုက်၏။ ထိုလူကြီးမှာ ခပ်တိုးတိုးပြောသော်လည်း လိုဏ်ခေါင်းထဲမှလာသလို ထပ်ခါတလဲလဲ တုန်ခါမြည်ဟီး သွားပြီး အသံကြီးကမစဲတော့ဘဲ ဆတ်တိုက်ထွက်ပေါ် လာလေသည်။
“မလာဘူး မလာဘူး.. ကျွန်တော့်ကို မခေ... | 82.847896 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 32 | ________________
GG
است اتر که بر داشته
www.burmeseclassic.com
- ဒဿကျော်စွာ
ဘုရားရှိခိုးပြီး မအိပ်လျှင် အိပ်မက်ဆိုးများ မက်တတ်ကြောင်း အမေက မကြာခဏ ဆုံးမသော်လည်း ဘုရားရှိခိုးဖို့ သူ
သဲကွဲကွဲ မမှတ်မိတော့ချေ။
“ကျော်စိုး “ဟင်”
,,
ချက်စူ၏ ရုတ်တရက်ခေါ်သံကြောင့် သူလန့်သွား မိသည်။ ချက်စုက ရွာထဲလမ်းဖက်ကို မကြာခဏလှမ်း... | 81.285598 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 33 | ________________
www.burmeseclassic.com
၆။ အာ... ကျော်စွာ
လည်း မပုန်းချင်ကြချေ။ ထိုနေရာများတွင်ပုန်းပါက နီတွတ် က အလွန်လျှင်သူဖြစ်ရာ အလွယ်အတကူ တွေ့သွားမည်သာ ဖြစ်သည်။ အတန်ကြာသော် ချက်စူမှာ တစ်စုံတစ်ခုကို အကြံရသလို ဝမ်းသာအားရ ဖြစ်သွားပုံနှင့်
`ကျော်စိုးရေ' ဟု လှမ်းခေါ်လိုက်လေသည်။ "GUD:"
“ငါသိပြီကွ၊ ဟိုတစ်ခါ ငါတို့... | 85.07891 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 34 | ________________
www.burmeseclassic.com
— ဒဿကျော်စွာ
“ဟော့်.. ဘယ့်နှယ် လူလေးကို ဘယ်သူစောင့် ပေးနေလို့ တော်က စိတ်ချလက်ချ ပြန်လာတာလဲ" ဟု လှမ်းပြောလိုက်လေသည်။ ”ဟိုမှာ ညွန့်ဟန်တို့ရှိပါတယ်ကွာ၊ ဖျားတာပဲ ပျောက်သွားမှာပါ၊ ဘာမှစိုးရိမ်မနေပါနဲ့” “ပြောတော့လွယ်လှချည်လား ကိုစံရွှေ၊ ကလေး အခုလိုဖြစ်တာ ရှင်မကောင်းလို့ ရှင်သိရဲ့... | 84.813971 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 35 | ________________
www.burmeseclassic.com
လမိုက်ညခေါ်သံ
၇၅
နောက်တစ်ပတ်ခန့်ကြာသောအခါ ကျော်စိုးနှင့် ချက်စု တို့ကစားနေခိုက် နီတွတ်ဆေးရုံကပြန်လာပြီ ဟူသော သတင်း ကို နားစွန်နားဖျားကြားလိုက်ရလေသည်။
“ဖိုးချိုရေ နီတွတ် ဆေးရုံကဆင်းလာပြီတဲ့၊ နေကောင်းသွားပြီထင်တယ်"
ချက်စူ၏ဝမ်းသာအားရစကားအဆုံးတွင်နှစ်ယောက်
သား နီတွတ်ဆီသို့ထ... | 83.28585 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 36 | ________________
၇၆
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၇၇
“ဘယ်လိုဖြစ်ရတာတုံး လူလေးရဲ့ .. သားရေ... နီတွတ် အမေခေါ်နေတာ ထူးပါဦး... အီး... S:... :..."
အိမ်နားသို့ရောက်လာလေ ငိုသံမှာ ပိုပြီးကျယ်လာ လေပင်။ သူတို့နှစ်ယောက်လုံး အံ့သြထိတ်လန့်နေရာမှ ရုတ်တရက် သတိဝင်လာကာ ထိုအိမ်ဘက်သို ့ သုတ်ခြေ တင်ပြီး ပြေးခဲ့... | 84.684685 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 37 | ________________
၇၈
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၇၉
သွားတယ်၊ ပြီးတော့ တစ်ချီတည်းအသက်ပါ သွားတော့တာပဲ”
စိန်ကုလား၏ စကားအဆုံးတွင် သူတို့နှစ်ယောက် မှာ တစ်ယောက်မျက်နှာတစ်ယောက် ထိတ်လန့်တုန်လှုပ်စွာ လှမ်းကြည့်လိုက်မိကြသည်။ ချက်စူမှာ မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော်နေပြီး သူလည်း တကိုယ်လုံး တဆတ်ဆတ် တ... | 86.71875 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 38 | ________________
00
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
တစ်ချက်ခါရမ်းပစ်လိုက်ရင်း သက်ပြင်းကိုခပ်မျှင်းမျှင်း
ရှိုက်သွင်းသည်။
““အဲဒီလိုတော့ မဟုတ်ဘူးကွ၊ အဖြစ်ဆိုးကြီးက
ငါတို့သုံးယောက်ကြားမှာ ဒီတစ်ခုတည်းနဲ့ အဆုံး သတ်သွားတာ မဟုတ်ဘူး၊ နီတွတ်သေတာက အဆုံးမဟုတ်တဲ့ နိဒါန်းအစဆိုတာ နိတွတ်သေပြီး လနည်းနည်းအကြာ... | 86.1678 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 39 | ________________
၈
www.burmeseclassic.com
ဒဿကျော်စွာ
ဘာဖြစ်လို့ မဟုတ်တဲ့ဘက်မှာ တစ်ယူသန်အစွဲတွေ ရှိနေရတာလဲမသိဘူး”
ကျော်တိုး၏စကားကြောင့် ကျော်မိုးမှာ အလွန် ထူးထူးဆန်းဆန်းနိုင်လှသော သူငယ်ချင်းဖြစ်သူ၏ စိတ်ကို နားမလည်နိုင်စွာ စဉ်းစားတွေးတောနေမိလေသည်။ ကျော်စိုး သည် သူတို့နှင့် စတွေကတည်းက စကားပြောဆိုပုံ အမူအရာ ကအစ အေး... | 86.773256 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 40 | ________________
၈၄
www.burmeseclassic.com
ာ ဒဿကျော်စွာ
ငါ့အဘွားဆို သိပ်ပြီးလှန့်တတ်တာ၊ ညႇည ငါက အိမ်လည်ပြီးဆော့တတ်တယ်၊ ပြီးတော့ ညဘက်ဆို စိတ်ကောက်ပြီးငိုတော့ ငါ့အဘွားက အိမ်ထောင့်က လက်ပံပင်မှာ ဒေဝေါရှိတယ်လို့ပြောတာ၊ ငါလည်း ကြောက်လိုက်တာ၊ လှုပ်ကိုမလှုပ်ရဲဘူး၊ ဒေဝေါဆို တာ ဘာကောင်မှန်းလည်း မသိဘူး၊ ဒါပေမယ့် ဒေဝေါလာပြီ... | 86.527778 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 41 | ________________
www.burmeseclassic.com
ဒဿကျော်စွာ
သို့သော် သူတို့နှစ်ယောက်လုံး ကျော်စိုးခံစားနေ ရသော အဖြစ်အပျက်ကို တူညီစွာသိမြင်ခွင့်ရခဲ့သည့် အဖြစ် အပျက်တစ်ခုက သိပ်မကြာခင်မှာပင် ဖြစ်ပွားခဲ့လေတော့ သည်။ ထိုညက စာမေးပွဲရှိသောကြောင့် သူတို့အားလုံး အဆောင်သို့မပြန်ဖြစ်ကြတော့ဘဲ သူတို့ဆရာဦးစိုးတင့် အခန်းတွင် စာကျက်ရင်း စ... | 85.302198 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 42 | ________________
00
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁၉
မလာနဲ့
““ကျော်စိုး ဟေ့ကောင်””
ကျော်တိုးမှာ ကျော်စိုး၏ ပုခုံးအားခပ်ကြမ်းကြမ်း ဆွဲလှုပ်နှိုးလိုက်မှပင်
“ဟင်”
ဟုဆိုရင်း ကြောင်တောင် တောင် ပြန်ကြည့် လေသည်။ သူတို့အားလုံးမှာ ကျော်စိုးအား အထိတ်တလန့် နှင့် ထိုင်ကြည့်နေမိကြလေသည်။
ကျော်စိုးသည် ... | 83.925811 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 43 | ________________
www.burmeseclassic.com
လမိုက်ညခေါ်သံ
၉ ၁
ထိုအဖြစ်အပျက်ဆန်းများအပြီး နောက်ပိုင်းတွင် ကျော်မိုးရော ကျော်တိုးပါ သူ့အပေါ်တွင် အမြင်ပြောင်းလဲ လာခဲ့ရလေတော့သည်။
ကျော်စိုးသည် အများအမြင်တွင် ဘာမှမထူးခြား သော သာမန်ကျောင်းသားတစ်ယောက်အဖြစ် အေးအေးဆေး ဆေး ရှိနေခဲ့သော်လည်း သူနှင့်အနီးကပ်ဆုံး အရင်းနှီးဆုံး ဖြစ... | 87.077703 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 44 | ________________
၉၂
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
ကြည့်နေသော ကျော်စိုးကိုမှ ဘောလုံးက တည့်တည့်သွားမှန် တတ်သည်။
ကျော်စိုးနှင့်အတူ ရေလမ်းခရီးသွားရမည်ဆိုလျှင် သူတို့နှစ်ယောက် တစ်ခါတည်းနှင့်ပင် လန့်သွားခဲ့ရဘူးသည်။ ရာသီဥတုကလည်း အကောင်း၊ ရေစီးကလည်း သိပ်သန် လှသည်မဟုတ်သော ချောင်းထဲတွင် သူတို့အားလုံးလှ... | 88.545455 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 45 | ________________
၉၄
www.burmeseclassic.com
ဒဿကျော်စွာ
ထိုလယ်ယာများကို ဘာမှ ပြန်မကြည့်ဘဲ ထွက်သွားသော ကြောင့်ဆွေမျိုးနီးစပ်တော်သူ လူကြီးတစ်ယောက်ကပင် ထိန်းသိမ်းပေးထားကြောင်းကို သိရလေသည်။
ထိုအကြောင်းများကို ကျော်မိုးမှာ သိတန်သ လောက် သိပြီးဖြစ်၏။ သို့သော် ကျော်တိုးလာတိုင်း ကျော်စိုး သတင်းကို အပြည့်အစုံ ယူလာတတ်သည်။
... | 87.483356 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 46 | ________________
www.burmeseclassic.com
၉၆
11 ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၉ ၇
သူ ကလေးနှစ်ယောက်နှင့် မလှမ်းမကမ်းရောက် သွားသည်။ ကလေးနှစ်ယောက်မှာ ဆယ့်တစ်နှစ်၊ ဆယ့်နှစ် နှစ်လောက်သာရှိဦးမည်။ သူ့အသက်က နှစ်ဆယ့်နှစ်နှစ်ရှိ နေပြီဖြစ်၏။
“ဟေ့ကောင် ... လာလေကွာ..ဘာငေးနေတာလဲ ကစားရအောင်”
ကလေးတစ်ယောက်ကခေါ်လိုက်ပြန်သည်။ သူ ထိုက... | 85.400425 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 47 | ________________
ලග
www.burmeseclassic.com
ဒဿကျော်စွာ
““မင်းကို ထွက်သွားလို့ပြောနေတာ မကြား ဘူးလား”
ဟု အော်ပြန်သည်။ နီတွတ်၏ မျက်ကွင်းများမှာ ညိုမည်းချိုင့်ဝင်နေပြီး မျက်လုံးကြီးများကလည်း တလည် လည်ဖြစ်နေလေသည်။ သူနီတွတ်မျက်နှာကို ကြည့်ပြီး မနှစ်မြို့စွာ နောက်သို့တစ်လှမ်းဆုတ်လိုက်မိသည်။ ချက်စူက တော့ မျက်နှာပြုံးပြုံ... | 83.833718 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 48 | ________________
200
www.burmeseclassic.com
- ဒဿကျော်စွာ
လမိုက်ညခေါ်သံ
ဟူသော အော်သံနက်ကြီးကို ကြားလိုက်ရ၏။ `လာ ဖိုးချို ဘာမှမကြောက်နဲ့၊ သွားရအောင်” ချက်စူက သူ့လက်ကိုဆွဲကာ မရမက ကပ်ခေါ် လေသည်။ သူမလိုက်ဘူးဟု ငြင်းဆန်ဖို့ အားယူပေမယ့် ခြေထောက်တွေက ထိုဂူကြီးနားသို့ တရွေ့ရွေ့ ပါသွားရသည်။ ထိုအခါနီတွတ်၏ **320:...**
ဟူသ... | 83.699504 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 49 | ________________
၁၁၂ - -
www.burmeseclassic.com
ဒဿကျော်စွာ
သူ့အော်သံက အချည်းနှီးသာ အရိပ်မည်းကြီးက ဂူဘက်သို့ လက်ညှိုးညွှန်ပြသည်။ ချက်စူနှင့်နီတွတ်မှာ သူ့ကို ဘေးတစ်ဖက်တစ်ချက်မှ ဆွဲခေါ်ကာ ဂူထဲသို့ တရွေ့ရွေ့နှင့် ဝင်ရလေတော့၏။ သူတို့ ဂူထဲရောက်ပြီးခဏအကြာ ဂူပြင် မှ ရယ်သံကြီးကို ကြားလိုက်ရလေတော့သည်။ ထို့နောက် တပုန်းပုန်... | 86.554622 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 50 | ________________
၁၀၄
www.burmeseclassic.com
- ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁၀၅
အကြောင်းကို စာရေးပြီး နောက်ထပ် ဘာစာမှမလာတော့ဘဲ တစ်နှစ်ကျော်ခန့် အဆက်အသွယ် ပြတ်သွားခဲ့ရလေသည်။
တစ်ရက်တွင် သူ့ထံသို့ စာတစ်စောင်ရောက်လာ သည်ဆိုသောကြောင့် သူ့စိတ်ထဲ အနည်းငယ် စနိုးစနောင့် ဖြစ်သွားမိသေးသည်။ သူထင်သည့်အတိုင်းပင် ကျော်စိုး ထံမှ စ... | 80.333069 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 51 | ________________
၁၀၆
www.burmeseclassic.com
ဒဿကျော်စွာ
30
မရေမရာ စကားတစ်ခွန်းနှင့် ပဟေဠိလုပ်ကာ ဆုံးသတ်သွားသော ကျော်စိုး၏ စာကိုဖတ်အပြီးတွင် သူ့စိတ် သည် အလွန်တစ်ရာမှ လွတ်လပ်ပေါ့ပါးသွားသလို ခံစား လိုက်ရလေတော့သည်။ ကျော်စိုးအတွက်လည်း စိတ်အေး သွားရတော့၏။
သူတို့သုံးယောက်တွင် ကျော်တိုးမှလွဲ၍ သူနှင့် ကျော်စိုးမှာ တစ်ကိ... | 85.799829 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 52 | ________________
www.burmeseclassic.com
- ဒဿကျော်စွာ
စာအိတ်ပေါ်မှ ညီညာသပ်ရပ်သော လက်ရေးကို မြင်လိုက်ကတည်းက ကျော်စိုးစာမှန်း သိလိုက်သောကြောင့် ဘာသတင်းများ အထူးအဆန်းကြားရဦးမလဲဟု သိချင်ဇော နှင့် ရေးလက်စစာရင်းများကိုပစ်ပြီး စာအိတ်ကို အလျင် စလိုပင် ဖွင့်လိုက်မိ၏။
စာကိုမဖတ်ခင် တစ်ရွက်လုံးခြုံငုံကြည့်ပြီး သူအ လွန်အံ့သြသ... | 80.434783 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 53 | ________________
www.burmeseclassic.com
ဒဿကျော်စွာ
ကောင်စီဆွဲပြီး တယောက်ပြီး ပို့လိုက်တာ၊ ဗဂ်လာဆောင်ရး ကြောင်းကြားလိုက်တာ
မင်းတို့ရဲ့ သူငယ်ချင်း
ကျော်မိုး
ကျော်စိုး၏ စာကိုဖတ်ပြီး သူသဘောကျစွာ ရယ် လိုက်မိတော့သည်။ စာပို့လုလင် မောင်ဝင်းကျော်မှာ ရုတ်တ ရက်မပြန်သေးဘဲ ကိုငြိမ်းဝေတို့လူစုနှင့် စကားပြောနေရာမှ စာဖတ်ရင်းပ... | 85.454545 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 54 | ________________
၁၁၂
www.burmeseclassic.com
—— ဒဿကျော်စွာ
လျာစိတ် ပေါက်နေလို့လားဗျာ”
ဟု နှုတ်သွက်လျှာသွက်ထမေးလိုက်ရာ ကိုကျော်မိုး မှာ ငိုရမလို၊ ရယ်ရမလို ဖြစ်သွားရလေတော့သည်။
“ဘယ်က မိန်းမလျာစိတ်ပေါက်ရမှာလဲဗျာ၊ ဒီ ကောင် ထူးဆန်းတယ်ဆိုတာ သူ့စိတ်ဗျ၊ သူ့စိတ်က ပုံမှန်မဟုတ်တာကို ပြောတာ””
ဟု စိတ်ပေါက်ပေါက်နှင့် အော်ပြေ... | 81.205312 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 55 | ________________
www.burmeseclassic.com
BURMESE
CLASSIC
အချိန်က အမှတ်တမဲ့နေရင်းနှင့်ပင် ကုန်လွန်လာ ခဲ့သည်။ ကျော်မိုးပင် ရာထူးတစ်ဆင့်တိုးပြီး နယ်ပြောင်းရ၏။ ထိုမြို့သို့ရောက်ပြီး နှစ်လခန့်အကြာတွင် သူငှားနေသော အိမ်နှင့် ကပ်ရပ်ခြံသို့ မိန်းကလေးတစ်ယောက် ရောက်နေ သည်ကို အမှတ်မထင်တွေ့လိုက်ရ၏။
တစ်နေ့သော ရုံးပိတ်ရက် နေ့လ... | 85.745775 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 56 | ________________
၁၆
www.burmeseclassic.com
တင်ပါးအောက်အထိ ရောက်မည်ထင်သည်။
- ဒဿကျော်စွာ
သူမည်မျှ သတိလက်လွတ်ငေးနေမိသည်မသိ။ မိန်းကလေးသည် ဆံပင်ကို တစ်ဖက်သို့ သပ်တင်ရင်း သူ့ ဘက်ကို မျက်နှာအလှည့် သူကလည်းအဝေးနှင့် သွား၍ ကြုံလေရာ သူမမှာ အာမေဋိတ်သံတိုးတိုးလေးပြုရင်း နှုတ်ခမ်း လေးပွင့်ဟသွားခဲ့လေ၏။
"..."
မိန်းကလေးမှာ ရှ... | 83.193277 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 57 | ________________
www.burmeseclassic.com
— ဒဿကျော်စွာ
အပော်ဝေးဝေး လျှောက်ရသောကြောင့် အပျင်းပြေ သီချင်း နားထောင်စရာ လက်ဖက်ရည်ဆိုင်ပင်မရှိ။
ထို့ကြောင့် ရုံးမှပြန်ရောက်တိုင်း စာအုပ်တစ်အုပ် နှင့်သာ သူ့မှာ အပျင်းဖြေရသည်။ ယခုတော့ တစ်ဖက်အိမ် တွင် သူဘယ်လိုမှ မျှော်လင်မထားခဲ့ဘူးသော လှပသိမ်မွေ့ သည့် မိန်းကလေးကို တွေ့လိုက်ရ... | 87.417219 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 58 | ________________
၁၂၀
တော့၏။
www.burmeseclassic.com
ဒဿကျော်စွာ
ခဏကြာသောအခါ အိမ်ပေါ်မှ အသက်ငါးဆယ် ကျော်အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦး ကပျာကယာဆင်း လာပြီး
"ဟဲ့ ဟဲ့ ခဏနေပါဦး မောင်ရင်”
ဟု သူ့ကို ကပျာကယာလှမ်းတားလေတော့သည်။ သူနားမလည်သလို ခပ်ကြောင်ကြောင် ပြန်ကြည့်လိုက်မိ သည်။
သည်။
“ကျွန်တော့်ကို ပြောတာလားခင်ဗျာ” “ဟုတ်ပ... | 83.597002 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 59 | ________________
၁၂၂
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁၂၃
ပြောင်မှာပဲ””
အဒေါ်ကြီးသည် သူ အကြောင်းမရှိအကြောင်းရှာ နှုတ်ပစ်ခဲ့မိသော သီကင်းလေး တန်းလန်းလေးတွေနှင့် ကင်း မုံပင်ကိုကြည့်ကာ အလွန်နှမြောတသနေပုံရလေသည်။ သူ ဘာပြန်ပြောရမှန်းမသိ။ အလွန်အားနာသွားရသည်။
“ဟို.... ဒီလိုပါအဒေါ် ကျွန်တော်က ဒါကို မြက်... | 83.217324 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 60 | ________________
၁၂၄
www.burmeseclassic.com
လမိုက်ညခေါ်သံ
ང་
၁၂၅
ဒဿကျော်စွာ
ရင်ထဲတွင် ရှက်သလိုလို၊ ပျော်သလိုလိုဖြစ်လာလေသည်။
“ဒါနဲ့ မောင်ရင်” ““ခင်ဗျာ...””
ခုနက မောင်ရင်နှုတ်ထားတဲ့ ကင်းမုံပင်တွေကို ဒီဖက်ကိုပေးပါကွယ်၊ နှမြောစရာကောင်းတယ်၊ - ရွှေပုစွန်ခြောက်ထောင်းထည့်ပြီး ကြော်စားရမယ်၊ နှင်းယုရေ ကင်းပုံတွေလာသယ်... | 82.550336 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 61 | ________________
www.burmeseclassic.com
လမိုက်ညခေါ်သံ
:
၁၂၇
တစ်နေ့ ရုံးပိတ်ရက်တွင် ကျော်မိုးမှာ ပျင်းပျင်းရှိ
သည်နှင့် တစ်ဖက်ခြံသို့ လည်တဆန့်ဆန့် မျှော်နေမိလေ သည်။ ကင်းပုံပင်ကိစ္စလည်း မရှိတော့သည့်အတွက် နှင်းယု တို့အိမ်နှင့် ဘာကိစ္စမှ ပတ်သက်စရာမရှိတော့ချေ။
ထို့ကြောင့်ခြံစည်းရိုးဘေး အုန်းပင်၌ ကပ်စိုက်ထား သော သစ... | 82.315406 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 62 | ________________
၁၂၈
www.burmeseclassic.com
11 ဒဿကျော်စွာ
ကြီးကရော ဘာတော်သလဲဟင်”
''ဟုတ်ကဲ့၊ မရှိတော့ပါဘူး၊နှင်းယုတို့က ညီအစ်မ နှစ်ယောက်တည်းရှိတာ၊ ဒေါ်ဒေါ်က ဖေဖေ့နှမ ဝမ်းကွဲပါ၊ မမဆုံးပြီးတော့ နှင်းယုတစ်ယောက် တည်းဖြစ်နေတာနဲ့ အဖော်လာနေပေးတာ၊ ဒေါ်ဒေါ် က ပဲခူးက သီလရှင်ကျောင်းမှာ ယောဂီဝတ်မယ် ဆိုပြီး သွားနေတာ၊ ရုတ်တရက... | 85.412262 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 63 | ________________
၁၃၀
www.burmeseclassic.com
မာယာ ဒဿကျော်စွာ
``နှင်းယု ပြန်တော့မယ် အစ်ကို၊ မနက်တရားနာ လာဖြစ်အောင်လာပါတဲ့၊ အဒေါ်ကြီးက မှာလိုက်
တယ်””
နှင်းယုက ပြောပြောဆိုဆိုလှည့်ပြန်မည် ဟန်ပြု သည်။ သူခေါင်းညိတ်ပြလိုက်သည်ကို မြင်မှမြင်သွား ရဲ့လားမသိ။ သူမက ခြံဝရောက်သွားချေပြီ။ သနပ်ခါးရနံ့က သူ့နားမှာ ရစ်ဝဲသင်းပျံ့ကျ... | 83.170732 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 64 | ________________
၁၃၂
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ =
၁၃၃
တစ်ဒုက္ခ၊ မနက်မိုးလင်း၍မှ နှင်းယုမျက်နှာ မမြင်ရလျှင် ရုံးသွားရတာစိတ်မဖြောင့်၊ ညနေပြန်လာလို့မှ နှင်းယု အရိပ်အ ခြေမတွေ့ရလျှင် ညအိပ်၍မပျော် ဖြစ်လာသည်။
တစ်ညနေတွင် ပျင်းပျင်းရှိသည်နှင့် စာအုပ်တစ်အုပ် ကို စိတ်မပါဘဲ ဇွတ်မှိတ်၍ဖတ်နေခိုက် အိမ်ရ... | 82.677165 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 65 | ________________
၁၃၄
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁၃၅
ရမလိုဖြစ်နေမိ၏။
ဟို.. ဟို နှင်းယုလည်း ဘာလုပ်ရမှန်းမသိတာနဲ့၊ အစ်ကိုကျော်မိုးကို ခေါ်လာခဲ့တာ ဒေါ်ဒေါ်"
သည်။
"ဟင်း...'
ဒေါ်သောင်းတင်မှာ ဟင်းခနဲ သက်ပြင်းချသွား
“နှင်းယု အဒေါ်ကြီးစိုက်ထားတဲ့ကင်းပုံပင်ဟာ ဆေးဖက်ဝင်တယ်ဆို၊ အဲဒါ ထောင်းတိုက်လိ... | 85.103245 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 66 | ________________
၁၃၆
www.burmeseclassic.com
ဒဿကျော်စွာ
ပြောမည်ဟု ကြံလိုက်စဉ် အိမ်ခန်းထဲမှ ဒေါ်သောင်းတင်၏ ညည်းသံသဲ့သဲ့ကို ကြားလိုက်ရသောကြောင့် နှင်းယူက လက်ကို ကမန်းကတန်းရုန်းပြီး အိမ်ထဲသို့ပြန်ပြေးဝင် သွားလေသလို သူလည်း ယောင်တောင်တောင်နှင့် အိမ်ဖက် သို့ ပြန်ခဲ့ရလေသည်။ ထိုညက သူ တော်တော်နှင့် အိပ်မပျော် ခဲ့ချေ။
နော... | 84.690799 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 67 | ________________
၁၃၈
www.burmeseclassic.com
12 ဒဿကျော်စွာ
ကဖြင့် နှင်းယုကို ဘာမှတောင် မပြောရသေးဘူး” "အို... ပြောတဲ့အခါ ဘာမှမူမနေနဲ့၊ ဒါမှ ငါမြန် မြန် ယောဂီဝတ်လို့ရမှာ”
နှင်းယူစကားကြောင့် ကျော်မိုးမှာ ထခုန်မိမတတ် ဝမ်းသာသွားလေသည်။ သို့သော် မျက်နှာပူသည်ကတစ် ကြောင်း၊ နှင်းယုရှက်သွားမှာစိုးသောကြောင့် တစ်ကြောင်း၊ အိမ... | 83.199357 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 68 | ________________
၁၄၀
www.burmeseclassic.com
အာ ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁၄၁
ဒေါ်သောင်းတင်၏ အစားစုံမှုသာ မစလျှင် နှင်းယု နှင့်သူတစ်ယောက်ကိုတစ်ယောက် ရှိန်နေတာနှင့် နီးစပ် မှာ မဟုတ်တော့ချေ။
ယခုအခါ နှင်းယုနှင့်သူ ချစ်သူရည်းစားတွေ ဖြစ်ပြီး ၍ လက်ထပ်ဖို့ပင် စီစဉ်နေရချေပြီ။ ပြန်တွေးပြီး တညင်းသီး နှင့် မျှစ်ချဉ်ကိုလည်... | 87.826641 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 69 | ________________
၁၄၂
www.burmeseclassic.com
— ဒဿကျော်စွာ
ပြုတော့မယ်ဆိုတဲ့အကြောင်း စာရေးပေးပြီးကတည်း က လုံးဝသတင်းမကြားရတော့တာ၊ ဒါ သူ့ဆီကို စာထည့်သေးတယ်။ ဘာမှ အကြောင်းမပြန်ဘူး၊ သူ့စာထဲမှာ မနက်ဖန်သဘက်ခါပဲ မင်္ဂလာဆောင် တော့မှာလိုလိုနဲ့ ဘယ်လိုဖြစ်တယ်မသိပါဘူး၊ ဒါနဲ့ မင်းသူ့ကို သေသေချာချာရော ဖိတ်ရဲ့လား” ကျော်တိုးစကားကြ... | 85.181818 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 70 | ________________
www.burmeseclassic.com
လမိုက်ညခေါ်သံ
၁၄၅
ကျော်မိုးမှာ မိမိဇာတိမြို့သို့ ရာထူတိုးပြီး အရာရှိ ပေါက်စလေးအဖြစ်နှင့် ပြန်လာရသောကြောင့် ဝမ်းသာမဆုံး တော့။ ထို့ပြင် ချောမောလှပသော ဇနီးလေးပါ,ပါလာ သောကြောင့် ရုံးမှလုပ်ဖော်ကိုင်ဖက်ဟောင်းများမှာ အားကျ နေကြသည်။
တစ်ခုခက်နေသည်က နှင်းယုသည် သူ့မြို့တွင် လုံးဝမပျ... | 86.786297 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 71 | ________________
www.burmeseclassic.com
၁၄၆
- ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁၄၇
ကြည့်ချေ။
”နှင်းယု ဘာဖြစ်နေတာလဲ၊ ပြောစမ်း အစ်ကို့ကို စိတ်ကောက်နေတာလား ”
နှင်းယုကသက်ပြင်းချပြီး ထိုးလက်စသိုးမွေးချည်လုံး နှင့်အပ်ကိုချကာ အိမ်ခန်းထဲဝင်သွားသည်။ သူခဏမျက်မှောင် ကျုံ့ရင်း တွေးနေရာမှ ကမန်းကတန်းထပြီး အိမ်ခန်းထဲ ဝင်လိုက်ခဲ့၏။... | 84.95252 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 72 | ________________
၁၄၈
www.burmeseclassic.com
— ဒဿကျော်စွာ
ပေမယ့် နည်းနည်းမှမပျော်ဘူး၊ ဟိုအိမ်ကလေး မှာ နှင်းယု တစ်သက်လုံးနေမယ်လို့ ဆုံးဖြတ်ထား
တာ”
ဟု ပြောရင်းနှင့် နှင်းယူငိုလေတော့၏။ “ဟောဗျာ... အဲဒါက ဘာဖြစ်ရတာလဲ နှင်းယုရဲ့ ခု အစ်ကိုက အဲဒီအကြောင်းပြောမလို့၊ အလုပ် ကိစ္စနဲ့ အဲဒီဘက်ကို နှစ်ပတ်လောက်ခရီးထွက် ရမယ်၊ အဲဒ... | 84.43616 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 73 | ________________
၁၅၀
www.burmeseclassic.com
ဒဿကျော်စွာ
“ဘာမှကမန်းကတန်းဖြစ်စရာမလိုဘူး၊ ပြန်ခါနီးမှာ အစ်ကိုရောနှင်းယုပါ အတူတူသွားမယ်၊ အပြန် ဟိုကနေ တန်းပြန်လည်းပြီးတဲ့ကိစ္စကို...”
“က်လိုက်တာနှင်းယုရယ်၊ ကလေးလည်းမ ဟုတ်ဘဲနဲ့၊ အစ်ကိုပြောတာကို နားထောင်စမ်းပါ”” နှင်းယုမှာ သူ့ဘက်ကိုလှည့်မကြည့်ဘဲ တစ်ဖက်
သို့ မျက်နှာလွှဲန... | 85.025566 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 74 | ________________
၁၅၂
www.burmeseclassic.com
အား ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁၅၃
မိသည်။
နှင်းယုစကားအဆုံးတွင် ကျော်မိုးသက်ပြင်းချလိုက်
“ကဲ ဒေါ်နှင်းနှင်းယု ဒီလောက်ကျုပ်ကို သင်္ကာမ ကင်းဖြစ်နေရင်လည်း လိုက်သာလိုက်ခဲ့ ပေတော့ ဗျာ၊ မဟုတ်တရုတ်တွေကို လျှောက်စွပ်စွဲမနေနဲ့
တော့
သူ့စကားအဆုံး နှင်းယုက သူ့ဘက်ကို ချာခနဲ လှည့... | 82.629482 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 75 | ________________
၁၅၄
www.burmeseclassic.com
“ ဒဿကျော်စွာ
သည်။ သင်္ဘောဆိပ်ကမ်းကပ်သောအခါ နှင်းယုကို သူ အထုတ်အပိုးများဆွဲပြီး ဆိပ်ခံဘောတံတားနားအထိ လိုက်ပို့ ပေးလိုက်၏။ တံတားပေါ်မှ အထုတ်တွေ၊ ခြင်းတွေဆွဲရင်း ကမ်းပေါ်သို့ တရွေ့ရွေ့တက်သွားသော နှင်းယု၏နောက် ကျောကို သူ ရပ်ကြည့်နေမိသည်။ သင်္ဘောပေါ်မှ လူများ အတက်အဆင်း၊ ကုန... | 87.929916 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 76 | ________________
၁၅၆
www.burmeseclassic.com
ဒဿကျော်စွာ
လိုက်သည်။ ရုတ်တရက် သူရောက်လာသောကြောင့် နှင်းယု မှာ ထိတ်လန့်အံ့သြသွားပုံရ၏။ “ ဟယ်...အစ်ကို”
ဟု လွှတ်ခနဲအော်လိုက်ပြီး သူ့လက်မောင်းကို ဆွဲထားသည်။ သူတွန်းလိုက်သောကြောင့် နောက်သို့ နှစ် လှမ်းသုံးလှမ်း ခန့်ယိုင်သွားသော ထိုလူကို ဒေါသတကြီးမျက် နှာချင်းဆိုင်လိုက်၏။
... | 85.581062 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 77 | ________________
၁၅၈
www.burmeseclassic.com
ဒဿကျော်စွာ
“မင်း... ဘယ်က ဘယ်လို...” ကျော်မိုးအသံတွေက ထစ်ငေါ့ကာ အဖျားခတ် တုန်ယင်သွားသည်။ ကျော်စိုးက သူ့မျက်နှာကို ခပ်တွေတွေ စိုက်ကြည့်ပြီးမှ နှင်းယုံဆီအကြည့်ရွေ့သည်။
"ဒါ ငါ့အမျိုးသမီး၊ ငါတို့လက်ထပ်တာမကြာသေး ဘူး၊ မင်းရော လက်ထပ်ပြီးပြီလား“ ကျော်စိုးက ခေါင်းကို ခပ်ဖြည်းဖြ... | 84.135754 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 78 | ________________
၁၆၀
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁၆၁
ထပ်ဘယ်တော့မှ အဲဒီခံစားချက်မျိုးပြန်ရမှာ ဟုတ်တော့ပါဘူးကွာ”
ကျော်စိုးအသံက မျှော်လင့်ချက်အားလုံး ရိုက်ချိုး ဖျက်ဆီးခံရသူပမာ အင်အားမဲ့နေသည်။ ကျော်မိုးမှာ သူငယ် ချင်းဖြစ်သူအား မည်သို့ နှစ်သိမ့်ရမှန်းမသိသလို ငေးကြည့် နေမိ၏။ နှင်းယုမှာလည်း တစ်သ... | 85.862786 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 79 | ________________
www.burmeseclassic.com
၁၆၂ ဒဿကျော်စွာ
မှန်၏။ ထိုညက မိုးတွေ သည်းသည်းမည်းမည်း ကြီး ရွာနေခဲ့သည်။ ညနေအိမ်ကထွက်လာတုန်းက မိုးရိပ်မိုး ခြေမရှိ၊ ကြည်ကြည်လင်လင်ပင်။ သူအိမ်ကိုရောက်သွား တော့ ညနေငါးနာရီပင်ခွဲနေပြီ။ သူက အခုထိပြန်မရောက် သေး။ မင်္ဂလာဆောင်ရက်နီးမှ သူ့သူငယ်ချင်းတွေကများ ဝိုင်းညှင်းနေကြသလား။ အလုပ်... | 88.490099 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 80 | ________________
၁၆၄
www.burmeseclassic.com
—-—- ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁ ၆ ၅
ဖြစ်နေသည်။ မိုးခြိမ်းသံကို သိပ်ပြီးမကြောက်တတ်သော သင်းသင်းစုပင် စိတ်လှုပ်ရှားမိ၏။
စိတ်တည်ငြိမ်သွားအောင် ဘာပြန်လုပ်ရမလဲဟု စဉ်းစားရင်း သူမအကြည့်က မီးဖိုချောင်ထဲရောက်သွားသည်။ “ဟုတ်ပြီ၊ မောင်ပြန်လာရင် စားရအောင် ထမင်း ဟင်းချက်ထားမှ၊ ဘာရ... | 87.014726 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 81 | ________________
၁၆၆
www.burmeseclassic.com
_11_1 ဒဿကျော်စွာ
ရှိသည့် အုန်းပင်က ခေါင်မိုးသွပ်ပြားကို ဗြန်းခနဲလာရိုက် သည်။ သူမ လန့်အော်မိတော့မလိုဖြစ်သွားသည်။ တစ်အိမ် လုံးတွင် တဆက်တည်းပါလားဟူသော အသိကစိတ်ကို အလိုလို ရောက်များသိမ်ငယ်နေစေသည်။
လျှပ်စစ်မီးဖိုပေါ် ဘဲဥပြုတ်မည့်အိုးကို တင်လိုက်တဲ့ သူမလက်မတွေက မသိမသာတုန်ယင... | 84.63833 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 82 | ________________
၁၆၈
www.burmeseclassic.com
ဒဿကျော်စွာ
စို့ သွေးနံ့နှင့် ရောထွေးနေသောညှော်နံ့ကြီးကို စူးစူးဝါးဝါး ရလိုက်၏။ မျက်လုံးဖွင့်အကြည့်တွင် မြင်လိုက်ရသည်က သူမ ထိုးခဲ့သောပလပ်ခုံမှ အူထွက်နေသော မီးခိုးလုံးကြီးကို တွေ့လိုက်ရသည်။
တဖျစ်ဖျစ်လောင်ကျွမ်းလာသော ဝါယာကြိုးအသံ က သေမင်းခေါ်သံလို နားထဲကို စူးရှကျယ်လောင်... | 85.659802 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 83 | ________________
www.burmeseclassic.com
၁၇ဝ အာ ဒဿကျော်စွာ
ကြည့်လိုက်သည်။ သူ့အိပ်ရာကုတင်ပေါ်တွင်မဟုတ်။ “အစ်ကို အိပ်မက်မက်ပြီး ယောင်နေတာထင် တယ်"
သူ့နဖူးပေါ်မှစီးကျလာသော ချွေးသီးချွေးပေါက် များကို လက်နှင့်သပ်ချရင်း နာရီကိုကြည့်လိုက်သည်။ ည ဆယ့်နှစ်နာရီတိတိ။ အပြင်မှာ မိုးကသည်းသည်းထန်ထန် ရွာနေပေမယ့် သူ့တစ်ကိုယ်လုံး ချ... | 84.138486 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 84 | ________________
၁၇၂
www.burmeseclassic.com
အာ ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁၇၃
ငါထင်တယ်”
“အစ်ကို စိတ်စွဲလို့ပါ၊ မစု ဘာမှမဖြစ်နိုင်ပါဘူး၊ အစ်ကိုပဲ စိတ်အေးအေးထားရမှာ” ဟိန်းကျော်က ပြောပြီးပြီးချင်း ပြန်အိပ်သွားသည်။ “ဟာ ဟေ့ကောင် ထစမ်း၊ မင်းနေခဲ့လည်း နေခဲ့၊ ငါပြန်မယ်”
သူအတင်းထထွက်လာတော့ ဟိန်းကျော်လည်း မနေရဲတော့ချေ။ ... | 86.588062 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 85 | ________________
www.burmeseclassic.com
၁၇၄ - ကျော်စွာ
ဖြစ်ချင်ရာဖြစ် ရေစုန်မျောလိုက်တာပဲ၊ ငါ့ဘဝက အရူးတစ်ယောက်နဲ့ ဘာများကွာသေးလဲ၊ နေချင်ရာ နေတယ်၊ သွားချင်ရာသွားတယ်၊ ငါ့မှာ ဆွေမျိုးညီ အစ်ကိုမောင်နှမဆိုတာမရှိဘူး၊ ရှင်းရှင်းပြောရရင် ငါ့မှာကျော်စိုးဆိုတဲ့ နာမည်တောင် ပျောက်ဆုံး ခဲ့တာကြာပြီ၊ မင်းနဲ့ ပြန်မတွေ့ခင်အထိပေါ့... | 86.507379 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 86 | ________________
၁၇၆
www.burmeseclassic.com
ဒဿကျော်စွာ
“ငါတရားမရှိလို့ပြောတာမဟုတ်ပါဘူးကွာ၊ ပညာ တွေ၊ ပစ္စည်းဥစ္စာတွေဆိုတာ အသုံးချတတ်တဲ့ သူအတွက်ပဲ အသုံးဝင်တာ၊ ငါကဘဝကို လွယ် လွယ်နဲ့ အရှုံးပေးတာလို့ မင်းထင်နေတယ်၊ တ ကယ်တော့ ငါ့ဘဝက လူရယ်မြည်ကာစမယ် ကြံကာရှိသေးတယ်။ ကံကြမ္မာက အနိုင်နဲ့ပိုင်းတာ ကို ခံလိုက်ရပြီးသား၊ ငါထပ်ပ... | 86.237898 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 87 | ________________
၁၇၈
www.burmeseclassic.com
—ာ ဒဿကျော်စွာ
တစ်မျိုးဖြစ်သွားတယ်၊ စုက ခရီးသွားရာကနေ ပြန်လာသလိုမျိုး၊ ငါ့စိတ်ကိုငါညာပစ်လိုက်တယ်၊ မဟုတ်မှန်းသိရက်နဲ့ က စုပဲလို့ ဇွတ်အတင်းယူဆ လိုက်မိတယ်၊ ဒါပေမယ့် မင်းအမျိုးသမီး အင်း. .. စု ရဲ့ညီမလေးအဖြစ်ပြန် တွေ့ရတော့ ငါဝမ်းနည်း ဝမ်းသာ ဖြစ်သွားတယ်၊ ရိုးရိုးသားသားစိတ်နဲ့... | 85.142349 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 88 | ________________
www.burmeseclassic.com
လမိုက်ညခေါ်သံ
၁၈၁
တစ်ရက်တွင် ကျော်မိုးမှာ အလုပ်ကိစ္စနှင့်ထိုမြို့ အနီးမှ နယ်သို့ခရီးသွားရလေသည်။ ထိုအခါ အိမ်တွင် ကျော်စိုးနှင့် နှင်းယု နှစ်ယောက်သာကျန်ရစ်ခဲ့၏။
တစ်ယောက်နှင့်တစ်ယောက် ပြောစရာစကားမရှိ သလို ကိုယ့်အတွေးနှင့်ကိုယ် ငြိမ်သက်တိတ်ဆိတ်နေမိကြ သည်။ စကားပြောပြန်လျှင်လည်... | 85.950413 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 89 | ________________
၁၈၂
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁၈၃
သာနေလေသည်။ ကျော်စိုးမှာ မရယ်ရတာ ကြာခဲ့ပြီထင် သည် ဘာမဟုတ်တာလေးကို အူလှိုက်သည်းလှိုက် ရယ် မောပစ်ဖို့ ကြိုးစားနေပုံမျိုးပင်။
“ဒါနဲ့ အစ်ကိုနဲ့မမ”
အစ်ကိုနဲ့မမစုတို့ရော ဘယ်လိုစတွေ့ကြတာလဲ ဟု မေးမိမလိုပြုပြီးမှ မမေးဖြစ်တော့ဘဲ စကားကို တစ်ပိုင်းတ... | 87.433511 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 90 | ________________
၁၈၄
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁၈၅
လားမပြောတတ်၊ မမစုနှင့်ပတ်သက်သော အမှတ်တရ အကြောင်းအရာလေးများကို တစ်လုံးစနှစ်လုံးစပြောပြရှာ လေသည်။ သို့သော် သူပြောပြပုံမှာ တစ်ဆက်တည်းမဟုတ်၊ မျက်လုံးထဲ ပြန်မြင်ယောင်ပြီး ပေါ်လာသောကိစ္စလေး တစ်ကွက်ကို ပြောလိုက်၊ နောက်ထပ်ပြန်စဉ်းစားလိုက်နှင့် ဖြ... | 85.640648 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 91 | ________________
www.burmeseclassic.com
၁၈၆ဝဝ အား ဒဿကျော်စွာ
“အစ်ကိုကလည်း စိတ်မပါဘူးရယ်လို့၊ ကိုယ့် စီးပွားရေး ပြီးတော့ မိဘလက်ငုတ်လက်ရင်းပဲ နှင်းယုတို့များ အဲလိုအမွေပေးမယ့်လူရှိလို့ကတော့“ ဟု ကျော်စိုးအား စီးပွားရေး၌ စိတ်ဝင်စားလာစေ ပြောလိုက်လေ၏။ ကျော်စိုးမှာ ဘာမှပြန်မပြောဘဲ ခပ် တွေတွေ လုပ်နေရင်းမှ တစ်ခုခုကို စဉ်းစ... | 81.195335 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 92 | ________________
၁၈၈
www.burmeseclassic.com
ဒဿကျော်စွာ
ဝတ်ပြီး ငါ့အိပ်ရာပေါ်မှာသေတာ” ကျော်မိုးက မျက်မှောင်ကျုံ့ရင်း ကျော်စိုးကို လှမ်း ကြည့်လိုက်၏။
“မင်းဆိုလိုတာက”
“ငါ လမိုက်ညရောက်တိုင်း အိမ်မက်ဆိုးတွေ
မက်တာ မင်းသိတယ်မို့လား””
ဆယ်တန်းကျောင်းသားဘဝ ဆရာဦးစိုးတင့်အိမ် တွင် စာကျက်ရင်း အတူတူအိပ်ကြစဉ်က အိပ်မက်တွေမက... | 85.160328 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 93 | ________________
၁၉၀
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
သာပြုံးနေလေသည်။
၁၉၁
“ငါက တမင်စွဲလမ်းနေတာမဟုတ်ဘူး၊ အဲဒီ အစွဲကြီးကို မေ့ပစ်ချင်နေတာကြာပြီ၊ မေ့လို့မှ မရတာ၊ ဘာလိုလိုနဲ့ လမိုက်ညရောက်တော့မယ် အင်း.. ငါ့ဘဝရဲ့နောက်ဆုံးအချိန် နီးကပ်လာ ပြီပေါ့လေ”
"မင်း အဲလို လမိုက်ညတွေကို ထိုင်စောင့်နေ တာလား ကျော်စ... | 83.40081 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 94 | ________________
၁၉၂
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁၉၃
သို့ ငေးမောနေလေတော့၏။ ထို့နောက် လခြမ်းကွေးကွေး ကလေးကို မော့ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည် ကို တွေ့လိုက်ရ၏။
“အစ်ကို.... အစ်ကို သူမရှိတော့ဘူး၊ အစ်ကို ကျော်စိုးမရှိတော့ဘူး”
နှင်းယုအသံကြောင့် ကျော်မိုးမှာ အိပ်ပျော်နေရာ မှ ရုတ်တရက် လန့်န... | 81.733021 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 95 | ________________
၁၉၄
www.burmeseclassic.com
ဒဿကျော်စွာ
ဟု လိုရင်းသာရေးထားခဲ့ပြီး အောက်တွင် ကျော်စိုး ဟူသော လက်မှတ်ကိုသော်မျှ ရေးထိုးမသွားခြင်းမှာ ကျော်စိုး ၏ စိမ်းကားပြတ်တောက်မှုပေလား၊ အလေးမထားခြင်းပေ လား ခွဲခြားမရခဲ့ချေ။
သေချာတာကတော့ ကျော်စိုးကို သူတို့တားဆီးခွင့် ပင် မရလိုက်ခြင်းဖြစ်သည်။ ထို့ပြင် သူသွားမည့်နေ... | 84.513274 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 96 | ________________
၁၉၆
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
သူ့စကားအတွက် ထိုလူကြီးက မည်သို့မျှအံ့သြ ဟန်မပြဘဲ ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်ရင်း လက်ဆွဲ အိတ်ထဲမှ စာရွက်စာတမ်းအချို့ကိုထုတ်ရင်း
“သိပါတယ်ကွယ် ဒါကြောင့်မို့ ဦးလေး အမှီလာ ခဲ့ရတာ၊ ဦးလေးက မောင်ကျော်စိုးရဲ့ ပိုင်ဆိုင်သမျှ မြေယာတွေ ခြံတွေကို ထိန်း... | 86.680189 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 97 | ________________
၁၉၈
www.burmeseclassic.com
12 ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁၉၉
လိုက်မှာပါ” “အစ်ကိုကျော်စိုးက ပြန်လာတောင်းလိမ့်မယ်လို့ အစ်ကိုထင်နေသလား”
သူ ဘာမှမပြောတတ်တော့သလို ခေါင်းကိုသာ တွင်တွင်ခါရမ်းပြလိုက်မိသည်။
“အစ်ကိုတော့ သူ့ကိုနားမလည်နိုင်အောင် ဖြစ်နေ &"
ကျော်စိုးသည် သူ့ဘဝသူ အဆုံးစွန်ထိ တွေးသွား ပြီလားမပ... | 85.042735 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 98 | ________________
www.burmeseclassic.com
၂ဝအာဟာ ဒဿကျော်စွာ
ကယ်”
ကျော်တိုးစကားကြောင့် သူ အံ့အားသင့်သွားသည်။ "ဟင် ဟုတ်လား ငါနေ့လည်ကထွက်သွားတုန်း က အကောင်းပါ၊ အခုမှ ဘယ်နှယ့်အဖြစ်ရတာတုံး ဧကန္တ ငါ့မိန်းမ မင်းမျက်နှာမြင်ပြီး လန့်သွားတာ လားမသိဘဲ”
ကျော်မိုး၏ရွှတ်နောက်နောက် ပြောဟန်ကြောင့်
ကျော်တိုးက ရယ်နေသည်။
“အေး ငါရေ... | 81.211042 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 99 | ________________
၂၀၂
www.burmeseclassic.com
မာတာ ဒဿကျော်စွာ
““အောင်မာ ... မင်းလို ငတုံးမှတ်နေလား၊ ကိုယ့်မိန်း မကိုယ် ဘာဖြစ်လို့ဖြစ်မှန်းမသိဘူး၊ ဒါမျိုးက အသိ သာကြီး၊ ဘာမှအရိပ်အကဲ မခတ်တတ်ဘဲနဲ့" ကျော်တိုးစကားအဆုံး ကျော်မိုးက တဟားဟား
အော်ရယ်ရင်း
နေပြီးမှ
“အေးပါ... ဟုတ်ရင်ဟုတ်၊ မဟုတ်ရင်တော့ မင်းအသိဘဲ”
ဟု ကြိမ်းလိ... | 83.386838 | Calling Song of Moonless Night | Dat Tha Kyaw Swar |
10005 | 100 | ________________
၂၀၄
www.burmeseclassic.com
ဒဿကျော်စွာ
“ဟုတ်တယ် ကျော်မိုး၊ သူဆုံးတာ ကိုးလကျော် ပြီ”
“ဘယ်လိုဖြစ်ရတာလဲကွာ”
“သူ ပုဂ္ဂလိကလုပ်ငန်းတစ်ခုမှာပဲ စာရင်းကိုင် ဝင်လုပ်တယ် သူလုပ်တဲ့ကုမ္ပဏီက ဆောက်လုပ် ရေးလုပ်ငန်းလုပ်တာလေ၊ သူသေတော့ ဘယ်လို သေသွား Sas"
ကျော်မိုးမှာ မှ လုံးအပြူးသားနှင့် ခေါင်းကိုသာ
ခါနိုင်တော့... | 84.2723 | Calling Song of Moonless Night | Dat Tha Kyaw Swar |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.