uid
stringlengths
1
5
page
int64
1
1.71k
text
stringlengths
1
22.8k
burmese_percent
float64
0
95.6
title
stringlengths
1
107
author
stringlengths
1
69
10005
1
________________ ၁ www.burmeseclassic.com BURMESE CLASSIC .com ဒသကျော်စွာ M www.burmeseclassic.com
10.185185
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
2
________________ www.burmeseclassic.com BURMESE CLASSIC .com လမိုက်ညခေါ်သံ သူတို့သုံးယောက် စတင်ဆုံဆည်းကြစဉ်က တည်းက အံသြဖွယ်ဆန်းကြယ်မှုများကို တွေ့ကြုံခဲ့ရခြင်းဖြစ် ပါသည်။ တက္ကသိုလ်ဝင်တန်းဖြေဆိုရန်အလို့ငှာ ဤမြို့တွင် သူတို့ လာရောက်ဆုံဆည်းကြခြင်းဖြစ်ပြီး တွေ့တွေ့ချင်းပင် သူတို့ ခင်မင်သွားခဲ့ရခြင်းမှာ ခိုင်လု...
80.853816
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
3
________________ www.burmeseclassic.com ဒဿကျော်စွာ ထို့အကြောင်းများကြောင့်ပင် သူတို့မှာ အများသူငါ ထက်ပိုခင်မင်ခဲ့ရခြင်းဖြစ်လေသည်။ သူတို့သည်ဗေဒင်နက္ခတ် အရ မွေးဖွားသောရာသီခွင်ချင်း တူနေသည်ဖြစ်ရာ အချင်းချင်း စိတ်အမူအကျင့်များတူကြမည်ဟု ယေဘုယျသဘော ယူဆ မိကြပြီး တွေ့ပြီးသိပ်မကြာခင်မှာပင် တစ်အူထုံဆင်း ညီ အစ်ကိုရင်းများကဲ...
83.968463
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
4
________________ ၁၀ www.burmeseclassic.com ဒဿကျော်စွာ လမိုက်ညခေါ်သံ “မင်းကလည်း ဗေဒင်တို့ လက္ခဏာတို့ဆိုတာက မိန်းမတွေပဲ စိတ်ဝင်စားကြတာ၊ မင်းကျမှပဲ...” ဟုပြောလိုက်လေသည်။ "မိန်းမတွေမှကြည့်ရမှာလားကွ၊ ယောက်ျား တွေက ပိုပြီးတောင် အဲဒီပညာရပ်တွေကို စိတ်ဝင် တစားလေ့လာကြသေးတယ်၊ နာမည်ကြီးနေတဲ့ ဗေဒင်ဆရာတွေဆို ယောက်ျားတွေချည်...
82.085987
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
5
________________ ၁၂ www.burmeseclassic.com ဒဿကျော်စွာ လမိုက်ညခေါ်သံ ၁၃ ဘာလို့ တစ်ယောက်တည်းချန်နေရစ်ရမှာလဲ၊ လိုက်ခဲ့မှာပေါ့" "ဒါဆိုလည်း ပြီးတာပါပဲ” ထိုသို့ဖြင့် ကျော်တိုးဦးဆောင်သော သူတို့ သုံးယောက်အုပ်စုမှာ အောင်မြေလောက ဆုတောင်းပြည့် ဘုရားနားမှ ဗေဒင်ဆရာဆီသို့ ရောက်ခဲ့ကြတော့သည်။ ဘုရားရင်ပြင်တော်ပေါ်ရှိ အမိုးအ...
87.432065
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
6
________________ ၁၄ www.burmeseclassic.com ဒဿကျော်စွာ ကျော်မိုးက သူတို့နှင့် မွေးနှစ်၊ မွေးနံတူသောကြောင့် ကျော်စိုး အတွက်ပါ ဟောခိုင်းလေသည်။ ဗေဒင်ဆရာမှာ တနင်္လာ သားချည်းဖြစ်ပြီး နာမည်တွေကလည်း အမွှာညီအစ်ကို တွေလို ဆင်တူနေပြီး မွေးနှစ်၊ မွေးလ ရာသီခွင်များပါတူနေ သော သူတို့ သုံးယောက်ကို တအံ့တသြ ဖြစ်နေလေသည်။ “အင်း... ...
85.570988
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
7
________________ www.burmeseclassic.com လမိုက်ညခေါ်သံ ၁၇ ဘုရားမှ ပြန်လာသောအခါလမ်းတွင် ကျော်မိုးက “ကျော်စိုး ၱာဘာဖြစ်လို့ရယ်တာလဲ၊ အကုန်လုံး ဒ င်းတွေချည်း ဟောတဲ့ဟာကို၊ ༣ ငါ့ကိုဆို အသက်ငါးဆယ်ကျော်ရင် ကျန်းမာရေး ညံ့မယ်တဲ့၊ ကျော်တိုးကိုလည်းအိမ်ထောင်ရေး ကံမကောင်းဘူးတဲ့” ကျော်မိုးစကားအဆုံးတွင် ကျော်တိုးမှာ တစ်ဖြည်...
84.615385
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
8
________________ www.burmeseclassic.com --- ဒဿကျော်စွာ ဆယ်နှစ်အတွင်းသေရမယ်ဆိုတာ သိပြီးသားလူပဲ၊ သူဟောလိုက်တဲ့ `ကိစ္စတွေ ဘာမှဖြစ်မလာနိုင် တော့ဘူးဆိုတာ အတတ်သိတာပေါ့” ဟု ဆိုလိုက်ရာ ကျော်တိုးနှင့် ကျော်မိုးမှာ နားမ လည်ခြင်းတစ်ဝက်၊ အံ့သြခြင်းတစ်ဝက်နှင့် ကျော်စိုးမျက်နှာ ကို လှမ်းကြည့်လိုက်ကြလေသည်။ အတန်ကြာမှ ကျော်တိုး ...
86.521084
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
9
________________ ၂၀ www.burmeseclassic.com ဒဿကျော်စွာ အော့ကြောလန်တဲ့ ကလေးဆိုး လေးတွေပေါ့၊ ငါ့ရဲ့ငယ်ဘဝက တော်တော်လေး ပျော်စရာကောင်း ခဲ့တယ်၊ ဒါပေမယ့် မမျှော်လင့်တဲ့ အဖြစ်အပျက် တစ်ခုနဲ့ စကြုံပြီး နောက်ပိုင်းမှာတော့” တပေါင်းလမို့ နေကခြစ်ခြစ်တောက်ပူလျက်ရှိသည်။ ရွာထိပ်ရှိ ထနောင်းပင်ရိပ်အောက်တွင် ချက်စူ၊ နီတွတ်နှင့် ...
81.055901
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
10
________________ ၂၂ www.burmeseclassic.com - ဒဿကျော်စွာ “ငါတော့ မသွားရဲဘူး၊ ဟိုနေ ့က ဘကြီးပု လောက်စာလုံးတွေကို မီးဖုတ်နေတာကို ငါတွေ့ခဲ့ တယ်၊ အဲဒါ ငါတို့လို ငှက်ပစ်ဖို့မဟုတ်ဘူးကွ၊ သူ့ကန်ထဲ ရေဆင်းသောက်တဲ့နွားတွေကို ပစ်ဖို့ ဟုတ်ရင်ဟုတ်၊ မဟုတ်ရင်တော့ ငါတို့ကိုဆော် ဖို့ပဲနေမယ်” ဟုပြောလိုက်လေသည်။ “ဟုတ်တယ်ကွ၊ အရီးလေးညှ...
86.260103
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
11
________________ ၂၄ www.burmeseclassic.com ဒဿကျော်စွာ လမိုက်ညခေါ်သံ ၂၅ “ရှုပ်တယ်ကွာ၊ ငါတော့ မန်ကျည်းစိမ်းသီး သွားခူးစားတော့မယ်”” ထိုအခါ နီတွတ်နှင့် ကျော်စိုးမှာ မနေသာတော့ဘဲ ချက်စူနောက်သို့ လေးခွလေးတွေ ခါးထိုးရင်း လိုက်သွား ကြလေတော့သည်။ မန်ကျည်းပင်ပေါ်သို့ ရောက်သော်လည်း နေလို့မပျော်ကြချေ။ မန်ကျည်းစိမ်းတောင့်သ...
84.903934
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
12
________________ www.burmeseclassic.com လမိုက်ညခေါ်သံ ၂၇ တောစပ်သို့ရောက်သောအခါ အဝေးမှလှမ်းမြင် ရသလို သစ်ပင်ကြီးများ အုံ့အုံ့ဆိုင်းဆိုင်းနှင့် မှိုင်းညှို့မနေဘဲ ညောင်မုတ်ဆိတ်ပင်ကြီးများ၊ ဆူးချုံများ၊ ဝါးတောကြီးများ နှင့် တိုးမပေါက်အောင် ရှုပ်ယှက်ခတ်နေသည်ကို တွေ့ရ လေ၏။ “ဟေ့-- ကျော်စိုး မင်းပြောတော့ ဆက်ရက်တွေ လင်...
86.72788
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
13
________________ ၂၈ www.burmeseclassic.com ဒဿကျော်စွာ လမိုက်ညခေါ်သံ ၂၉ ဂူဝကြီးတစ်ခုသို့ ရောက်သွားကြလေတော့သည်။ သူတို့မှာ ဂူပေါက်တစ်ခုမှန်း မသိကြချေ။ “ဟေ့ ဟေ့ .. ချက်စူရေ၊ ဒီမှာ ကြည့်စမ်း၊ ဒီချုံပုတ်နောက်မှာ တွင်းပေါက်ကြီးတစ်ပေါက်ကွ၊ သွားကြည့်ရအောင်”” နီတွတ်စကားအဆုံး ချက်စူနှင့် ကျော်စိုးမှာ ချုံပုတ်ကြီးကို ဆွ...
86.366933
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
14
________________ ၃၀ www.burmeseclassic.com ဒဿကျော်စွာ ကလည်း၊ သေသေချာချာကြည့်ပါဦး၊ ဒီလူကြီး ငါတို့ရွာက ကပ္ပိယကြီးလို တရားထိုင်နေတာ "" ကျော်စိုးစကားကြောင့် နီတွတ်နှင့် ချက်စူမှာ ထို ကြီးကို ကြည့်ပြီး “တရားထိုင်တာ ဒီတွင်းကြီးထဲထိုင်ရလား၊ ကပ္ပိယကြီးလို ဘုရားမှာမထိုင်ဘဲနဲ့၊ ကြည့်ပါဦး၊ မုတ်ဆိတ်ကြီးကလည်း ချုံပုတ်ကြ...
86.78596
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
15
________________ ၃၂ www.burmeseclassic.com ဒဿကျော်စွာ လမိုက်ညခေါ်သံ ၃၃ သို့သော် ဂူဝမှထွက်ခါနီးတွင် နီတွတ်က တရားထိုင် နေသော လူကြီးကိုလှည့်ကြည့်ကာ... “ဟေ့ .. ချက်စု ဟိုလူကြီးဟာ လူမှဟုတ်ရဲ့လား လှုပ်ကိုမလှုပ်ဘူး ငါတော့ ဒီလူကြီးလှုပ်လာအောင် တစ်ခုခုလုပ်ပစ်ခဲ့မယ်” ဟု တီးတိုးပြောလေသည်။ သူတို့မှာစဝင်ကတည်း က တုတ်တုတ်မ...
86.222222
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
16
________________ ၃၄ www.burmeseclassic.com ဒဿကျော်စွာ ကျော်စိုးတို့သုံးယောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ကြက်သေ သေနေကြ၏။ ရွာထဲကလူများ ပြေးထွက်လာမှပင် အားလုံးသတိ ဝင်ကာ ထိုလူအုပ်ကြီးနောက်မှ ပြေးလိုက်သွားကြလေတော့ သည်။ `ဟေ့ ခုနအသံကြီးက မြေပြိုတာ မဟုတ်လား” “ဟုတ်ပါ့... ငလျင်သံလိုလို၊ တော်လဲသံလိုလို နဲ့၊ လန့်...
85.177151
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
17
________________ ၃၆ www.burmeseclassic.com -- ဒဿကျော်စွာ လမိုက်ညခေါ်သံ ၃၇ ကျ၍လာလေတော့သည်။ “ငါတို့ ပြန်ရအောင်” နီတွတ်က သူတို့သုံးယောက်လုံး ရွာသို့ပြန်ရန် စပြောလိုက်လေသည်။ ထိုနေရာတွင် အားလုံးကြာကြာဆက် မနေဝံ့တော့သည့်အတွက် ရွာသို့ ပြန်လာခဲ့ကြ၏။ တစ်လမ်း လုံး တစ်ယောက်နှင့်တစ်ယောက် စကားမပြောနိုင်ဘဲရှိရာ ရွာထိပ် ထနော...
85.03937
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
18
________________ ** ၃၈ www.burmeseclassic.com —— ဒဿကျော်စွာ လမိုက်ညခေါ်သံ စိတ်မကောင်းဖြစ်မိကြရ၏။ ထို ့ကြောင့် တောစပ်ကို ဘယ်သောအခါမှမသွား၊ ခြေဦးပင်မလှည့်ဝံ့တော့ဘဲ ရွာထိပ်တွင်သာ အေးအေးလူလူ ကစားကြတော့သည်။ တစ်ခါတစ်ရံတွင် သူတို့အားလုံး ကစားရင်း ပျင်းလာလျှင် ထိုနေရာကို သတိရမိပြီး ချက်ချင်း လိုပင် ထိတ်လန့်လာသောကြောင...
85.427509
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
19
________________ www.burmeseclassic.com ဒဿကျော်စွာ “သင်္ကန်းမနိုင်ဘူးဆိုတာ အဲဒါမျိုးကို ပြောတာ မဟုတ်ဘူးကွ” “ဒါဖြင့် ဘယ်လိုမနိုင်တာတုံး၊ သင်္ကန်းက ငါတို့ အခုဝတ်နေတဲ့ အဝတ်အစားတွေထက်များ ပိုလေး နေလို့လား" ကျော်စိုးစကားကြောင့် ချက်စူမှာ စိတ်ရှုပ်ပြီး ခေါင်း ကုတ်မိလေသည်။ သင်္ကန်းမနိုင်ဆိုခြင်းမှာ အရပ်ကအလွယ် ခေါ်သော ...
86.325967
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
20
________________ www.burmeseclassic.com ၄၂ 2 ဒဿကျော်စွာ လမိုက်ညခေါ်သံ "အို... မြင်းမစီးရလည်း ဘာဖြစ်လဲကွာ၊ အငြိမ့် ကြည့်ရမှာပဲဟာ” ကျော်စိုးစကားကြောင့် ချက်စူမျက်နှာမှာ ဝင်းခနဲဖြစ် သွားလေသည်။ 632:... ဟုတ်သားပဲ၊ ငါမေ့နေတာ အငြိမ့်ပွဲ ကြည့်ရမှာပဲဟာ၊ ငါကတော့ နေ့ခင်းကတည်း က ဖျာတွေ ဂုန်နီအိတ်တွေ သွားခင်းပြီးနေရာ ဦးထာ...
81.962339
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
21
________________ ၄၄ = www.burmeseclassic.com ဒဿကျော်စွာ လမိုက်ညခေါ်သံ ၄၅ ဦးကြာပေါ်၏ ရှင်တစ်ရာအလှူမှာ သူတို့နယ် တဝိုက်တွင် မကြုံစဖူး ထူးထူးခြားခြားအလှူကြီးဖြစ်လေ သည်။ အလှူပွဲသို့လာကြသော ပရိတ်သတ်မှာ များလွန်း သောကြောင့် မဏ္ဍာပ်ကြီးပင် မဆန့်ဘဲ ဘုန်းကြီးကျောင်းတွင် တစ်ဝက်ခွဲကာ ဧည့်ခံရလေသည်။ အလှူသို့လာသော နွားလှည်...
87.782101
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
22
________________ www.burmeseclassic.com ၄၆ - ဒဿကျော်စွာ မကြာ လုပ်လေသည်။ ကျောက်ဒိုးမှာ မျက်နှာတွင် သနပ်ခါးအစက် အပြောက်များ လိမ်းခြယ်ကာ နှုတ်လမ်းနီကို ရဲနေအောင် ဆိုးထားရခြင်းနှင့် ပန်းပန်ရခြင်းကို အလွန်သဘောကျနေဟန် ရှိ၏။ ““ဟေ့ ကျော်စိုး၊ ကျောက်ဒိုးကိုကြည့်စမ်း မျောက်ဖင်နိကျနေတာပဲ ခေါင်းကအုပ်ဆောင်းကြီး ကို ချွတ်လို...
85.206672
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
23
________________ ၄၈ www.burmeseclassic.com 12 ဒဿကျော်စွာ ချက်စူနှင့် နီတွတ်မှာ ကိုရင်ကျောက်ဒိုးအား မလှမ်း မကမ်းမှ အကဲခတ်ကာ တီးတိုးတီးတိုး ပြောနေကြလေ သည်။ ကိုရင်ကျောက်ဒိုးမှာ ယခင်နေ့တွေက ကျော်စိုးတို့လို ပင် ဖုန်အလူးလူး - ရွံ့အလူးလူးနှင့် ညစ်ပတ်ပေရေအောင် ဆော့ခဲ့သူဖြစ်သော်လည်း ဘုန်းကြီးကျောင်းသို့သင်္ကန် တောင်း သွ...
85.826257
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
24
________________ ၅ဝ www.burmeseclassic.com ဒဿကျော်စွာ အတော်လေးစူးရှကာပီသကျယ်လောင်လှလေသည်။ နီတွတ် ၏ ဖခင် ဦးစံရွှေက “တယ်လဲ အသံကောင်းတဲ့ မင်းသမီးဟေ့၊ ကြိုးကြာသံ၊ စက္ကဝက်သံကို မှီတာပဲ” ဟုပြောလိုက်ရာ လျှာရှည်လှသော နီတွတ်က ``အဘ' ကြိုးကြာတို့ ၊ စက္ကဝက်တို့ဆိုတာ မင်းသမီးတွေပဲလား၊ သူတို့ကို ဘာလို့မငှားတာလဲ” ဟု ဝင်မေး...
85.909418
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
25
________________ ၅၂ www.burmeseclassic.com သော ဒဿကျော်စွာ လွန်စွာမှ အသံစူးလှသော ခေါင်းဆောင်မင်းသမီးပင် ဖြစ်၏။ တစ်ချီတွင် ရသေ့ကြီးက ဟာနုမာန်ကို ကျိန်စာ တိုက်သည့်အခန်းသို့ ရောက်လာရာ သူတို့သုံးဦးမှာ စိတ် လည်းဝင်စား၊ နားလည်းမလည်ရှိရာ နီတွတ်အဖေဦးစံရွှေ အားမေးရလေသည်။ ရင်း . . . “ရသေ့ကြီးက ဟာနုမာန်ကို ဘာတွေပြောတာလဲ ...
85.176825
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
26
________________ ၅၄ www.burmeseclassic.com အား ဒဿကျော်စွာ ``ဟာ... ကျော်စိုး မင်းဘယ်သွားမလို့လဲ” ““နီတွတ်တို့အိမ် သူ့အဖေက ငါ့ကို လာခဲ့ဦးလို့ မှာလို့ ဘာလဲသိချင်တာနဲ့ ချက်ချင်းထွက်လာ တာပဲ” ချက်စူမှာ စွယ်ကျယ်အင်္ကျီအားစနှင့် နှပ်ချေးသုတ် နေရာမှ အံ့အားသင့်သလိုမော့ကြည့်ပြီး... “ ဟင်... ဟုတ်လား၊ နီတွတ်တို့အဖေက ငါ့ကိ...
84.890511
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
27
________________ ၅၆ www.burmeseclassic.com ဒဿကျော်စွာ ကွမ်းသီးစိတ်ရင်း မျက်နှားထားတင်းတင်းကြီးဖြင့် မေးလိုက် ရာ ကျော်စိုးမှာ ဆတ်ခနဲပင်တုန်သွားရသည်။ ““ဟုတ်..ဟုတ်ပါတယ် အဘဦးစံရွှေ၊ ကျွန်တော်တို့ အဲဒီအပေါက်ကြီးကို ကျောက်တုံး တွေနဲ့ ဆို့ခဲ့မိပါတယ်၊ ဒါပေမယ့် အဲဒီလူကြီး ပြန်ထွက်လာမယ်ထင်တာကြောင့် ..” “တော် တော် တော်တော...
83.858859
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
28
________________ ၅၈ www.burmeseclassic.com 12 ဒဿကျော်စွာ အလောင်းတော်ကဿပ ဘုရားဖူးသွားပုံနှင့် ဂူ ပေါက်ပိတ်မိသည့်ကိစ္စ မည်သို့သက်ဆိုင်နေသလဲဟု စဉ်းစား ရင်း ပုံများကိုကြည့်ကြရ၏။ “အေး... ဒီဓာတ်ပုံတွေ နင်တို့ကို ပြတာ အကြောင်းမဲ့မဟုတ်ဘူး အလောင်းတော်ကဿပ ရဲ့ ဘဝဖြစ်စဉ်ကိုပြောပြချင်လို့ အလောင်းတော် ကဿပမဖြစ်ခင် လူ့ဘဝက ငှက်...
84.70948
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
29
________________ www.burmeseclassic.com လမိုက်ညခေါ်သံ ၆၁ ညရောက်သောအခါ ကျော်စိုးမှာ တလူးလူးတလိမ့် လိမ့်ဖြင့် တော်တော်နှင့်အိပ်မပျော်နိုင်တော့ချေ။ အိပ်တော့မည် ဟု ကြံတိုင်း သူများကိုလုပ်သလို ကိုယ်ပြန်ခံရလိမ့်မယ်၊ ဝဋ်လည်မယ်ဟူသော အသံကိုသာ ထပ်တလဲလဲ ကြား ယောင်နေပြီး မည်သို့မျှအိပ်ရဘဲဖြစ်နေလေသည်။ အိပ်ပျော်တော့မည်ကဲ့သို...
86.352357
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
30
________________ ၆၂ www.burmeseclassic.com တာ ကျော်စွာ လမိုက်ညခေါ်သံ ၆၃ ကြားနေရသောကြောင့် သူ့စိတ်ထဲ အနည်းငယ်ပျော်ရွှင်လာပြီး လေးခွပါ,မပါ စမ်းကြည့်လိုက်သည်။ လေးခွကအဆင်သင့် လောက်စာလုံးတွေလည်း အများကြီးပါလာသဖြင့် လေးခွကိုအသင့်ချိန်ကာ ငှက်သံ များကြားရာ နေရာသို့ တရွေ့ရွေ့တိုးခဲ့သည်။ ထိုအချိန်က နီတွတ်နှင့် ချက်စူပါ...
85.745614
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
31
________________ ၆၄ www.burmeseclassic.com “လာခဲ့ ငါနဲ့ ဒီမှာလာနေလှည့်” ဒဿကျော်စွာ ဟူသော အော့နှလုံးနာဖွယ် အသံနက်ကြီးနှင့် လှမ်း ခေါ်လိုက်၏။ ထိုလူကြီးမှာ ခပ်တိုးတိုးပြောသော်လည်း လိုဏ်ခေါင်းထဲမှလာသလို ထပ်ခါတလဲလဲ တုန်ခါမြည်ဟီး သွားပြီး အသံကြီးကမစဲတော့ဘဲ ဆတ်တိုက်ထွက်ပေါ် လာလေသည်။ “မလာဘူး မလာဘူး.. ကျွန်တော့်ကို မခေ...
82.847896
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
32
________________ GG است اتر که بر داشته www.burmeseclassic.com - ဒဿကျော်စွာ ဘုရားရှိခိုးပြီး မအိပ်လျှင် အိပ်မက်ဆိုးများ မက်တတ်ကြောင်း အမေက မကြာခဏ ဆုံးမသော်လည်း ဘုရားရှိခိုးဖို့ သူ သဲကွဲကွဲ မမှတ်မိတော့ချေ။ “ကျော်စိုး “ဟင်” ,, ချက်စူ၏ ရုတ်တရက်ခေါ်သံကြောင့် သူလန့်သွား မိသည်။ ချက်စုက ရွာထဲလမ်းဖက်ကို မကြာခဏလှမ်း...
81.285598
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
33
________________ www.burmeseclassic.com ၆။ အာ... ကျော်စွာ လည်း မပုန်းချင်ကြချေ။ ထိုနေရာများတွင်ပုန်းပါက နီတွတ် က အလွန်လျှင်သူဖြစ်ရာ အလွယ်အတကူ တွေ့သွားမည်သာ ဖြစ်သည်။ အတန်ကြာသော် ချက်စူမှာ တစ်စုံတစ်ခုကို အကြံရသလို ဝမ်းသာအားရ ဖြစ်သွားပုံနှင့် `ကျော်စိုးရေ' ဟု လှမ်းခေါ်လိုက်လေသည်။ "GUD:" “ငါသိပြီကွ၊ ဟိုတစ်ခါ ငါတို့...
85.07891
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
34
________________ www.burmeseclassic.com — ဒဿကျော်စွာ “ဟော့်.. ဘယ့်နှယ် လူလေးကို ဘယ်သူစောင့် ပေးနေလို့ တော်က စိတ်ချလက်ချ ပြန်လာတာလဲ" ဟု လှမ်းပြောလိုက်လေသည်။ ”ဟိုမှာ ညွန့်ဟန်တို့ရှိပါတယ်ကွာ၊ ဖျားတာပဲ ပျောက်သွားမှာပါ၊ ဘာမှစိုးရိမ်မနေပါနဲ့” “ပြောတော့လွယ်လှချည်လား ကိုစံရွှေ၊ ကလေး အခုလိုဖြစ်တာ ရှင်မကောင်းလို့ ရှင်သိရဲ့...
84.813971
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
35
________________ www.burmeseclassic.com လမိုက်ညခေါ်သံ ၇၅ နောက်တစ်ပတ်ခန့်ကြာသောအခါ ကျော်စိုးနှင့် ချက်စု တို့ကစားနေခိုက် နီတွတ်ဆေးရုံကပြန်လာပြီ ဟူသော သတင်း ကို နားစွန်နားဖျားကြားလိုက်ရလေသည်။ “ဖိုးချိုရေ နီတွတ် ဆေးရုံကဆင်းလာပြီတဲ့၊ နေကောင်းသွားပြီထင်တယ်" ချက်စူ၏ဝမ်းသာအားရစကားအဆုံးတွင်နှစ်ယောက် သား နီတွတ်ဆီသို့ထ...
83.28585
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
36
________________ ၇၆ www.burmeseclassic.com ဒဿကျော်စွာ လမိုက်ညခေါ်သံ ၇၇ “ဘယ်လိုဖြစ်ရတာတုံး လူလေးရဲ့ .. သားရေ... နီတွတ် အမေခေါ်နေတာ ထူးပါဦး... အီး... S:... :..." အိမ်နားသို့ရောက်လာလေ ငိုသံမှာ ပိုပြီးကျယ်လာ လေပင်။ သူတို့နှစ်ယောက်လုံး အံ့သြထိတ်လန့်နေရာမှ ရုတ်တရက် သတိဝင်လာကာ ထိုအိမ်ဘက်သို ့ သုတ်ခြေ တင်ပြီး ပြေးခဲ့...
84.684685
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
37
________________ ၇၈ www.burmeseclassic.com ဒဿကျော်စွာ လမိုက်ညခေါ်သံ ၇၉ သွားတယ်၊ ပြီးတော့ တစ်ချီတည်းအသက်ပါ သွားတော့တာပဲ” စိန်ကုလား၏ စကားအဆုံးတွင် သူတို့နှစ်ယောက် မှာ တစ်ယောက်မျက်နှာတစ်ယောက် ထိတ်လန့်တုန်လှုပ်စွာ လှမ်းကြည့်လိုက်မိကြသည်။ ချက်စူမှာ မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော်နေပြီး သူလည်း တကိုယ်လုံး တဆတ်ဆတ် တ...
86.71875
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
38
________________ 00 www.burmeseclassic.com ဒဿကျော်စွာ လမိုက်ညခေါ်သံ တစ်ချက်ခါရမ်းပစ်လိုက်ရင်း သက်ပြင်းကိုခပ်မျှင်းမျှင်း ရှိုက်သွင်းသည်။ ““အဲဒီလိုတော့ မဟုတ်ဘူးကွ၊ အဖြစ်ဆိုးကြီးက ငါတို့သုံးယောက်ကြားမှာ ဒီတစ်ခုတည်းနဲ့ အဆုံး သတ်သွားတာ မဟုတ်ဘူး၊ နီတွတ်သေတာက အဆုံးမဟုတ်တဲ့ နိဒါန်းအစဆိုတာ နိတွတ်သေပြီး လနည်းနည်းအကြာ...
86.1678
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
39
________________ ၈ www.burmeseclassic.com ဒဿကျော်စွာ ဘာဖြစ်လို့ မဟုတ်တဲ့ဘက်မှာ တစ်ယူသန်အစွဲတွေ ရှိနေရတာလဲမသိဘူး” ကျော်တိုး၏စကားကြောင့် ကျော်မိုးမှာ အလွန် ထူးထူးဆန်းဆန်းနိုင်လှသော သူငယ်ချင်းဖြစ်သူ၏ စိတ်ကို နားမလည်နိုင်စွာ စဉ်းစားတွေးတောနေမိလေသည်။ ကျော်စိုး သည် သူတို့နှင့် စတွေကတည်းက စကားပြောဆိုပုံ အမူအရာ ကအစ အေး...
86.773256
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
40
________________ ၈၄ www.burmeseclassic.com ာ ဒဿကျော်စွာ ငါ့အဘွားဆို သိပ်ပြီးလှန့်တတ်တာ၊ ညႇည ငါက အိမ်လည်ပြီးဆော့တတ်တယ်၊ ပြီးတော့ ညဘက်ဆို စိတ်ကောက်ပြီးငိုတော့ ငါ့အဘွားက အိမ်ထောင့်က လက်ပံပင်မှာ ဒေဝေါရှိတယ်လို့ပြောတာ၊ ငါလည်း ကြောက်လိုက်တာ၊ လှုပ်ကိုမလှုပ်ရဲဘူး၊ ဒေဝေါဆို တာ ဘာကောင်မှန်းလည်း မသိဘူး၊ ဒါပေမယ့် ဒေဝေါလာပြီ...
86.527778
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
41
________________ www.burmeseclassic.com ဒဿကျော်စွာ သို့သော် သူတို့နှစ်ယောက်လုံး ကျော်စိုးခံစားနေ ရသော အဖြစ်အပျက်ကို တူညီစွာသိမြင်ခွင့်ရခဲ့သည့် အဖြစ် အပျက်တစ်ခုက သိပ်မကြာခင်မှာပင် ဖြစ်ပွားခဲ့လေတော့ သည်။ ထိုညက စာမေးပွဲရှိသောကြောင့် သူတို့အားလုံး အဆောင်သို့မပြန်ဖြစ်ကြတော့ဘဲ သူတို့ဆရာဦးစိုးတင့် အခန်းတွင် စာကျက်ရင်း စ...
85.302198
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
42
________________ 00 www.burmeseclassic.com ဒဿကျော်စွာ လမိုက်ညခေါ်သံ ၁၉ မလာနဲ့ ““ကျော်စိုး ဟေ့ကောင်”” ကျော်တိုးမှာ ကျော်စိုး၏ ပုခုံးအားခပ်ကြမ်းကြမ်း ဆွဲလှုပ်နှိုးလိုက်မှပင် “ဟင်” ဟုဆိုရင်း ကြောင်တောင် တောင် ပြန်ကြည့် လေသည်။ သူတို့အားလုံးမှာ ကျော်စိုးအား အထိတ်တလန့် နှင့် ထိုင်ကြည့်နေမိကြလေသည်။ ကျော်စိုးသည် ...
83.925811
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
43
________________ www.burmeseclassic.com လမိုက်ညခေါ်သံ ၉ ၁ ထိုအဖြစ်အပျက်ဆန်းများအပြီး နောက်ပိုင်းတွင် ကျော်မိုးရော ကျော်တိုးပါ သူ့အပေါ်တွင် အမြင်ပြောင်းလဲ လာခဲ့ရလေတော့သည်။ ကျော်စိုးသည် အများအမြင်တွင် ဘာမှမထူးခြား သော သာမန်ကျောင်းသားတစ်ယောက်အဖြစ် အေးအေးဆေး ဆေး ရှိနေခဲ့သော်လည်း သူနှင့်အနီးကပ်ဆုံး အရင်းနှီးဆုံး ဖြစ...
87.077703
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
44
________________ ၉၂ www.burmeseclassic.com ဒဿကျော်စွာ လမိုက်ညခေါ်သံ ကြည့်နေသော ကျော်စိုးကိုမှ ဘောလုံးက တည့်တည့်သွားမှန် တတ်သည်။ ကျော်စိုးနှင့်အတူ ရေလမ်းခရီးသွားရမည်ဆိုလျှင် သူတို့နှစ်ယောက် တစ်ခါတည်းနှင့်ပင် လန့်သွားခဲ့ရဘူးသည်။ ရာသီဥတုကလည်း အကောင်း၊ ရေစီးကလည်း သိပ်သန် လှသည်မဟုတ်သော ချောင်းထဲတွင် သူတို့အားလုံးလှ...
88.545455
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
45
________________ ၉၄ www.burmeseclassic.com ဒဿကျော်စွာ ထိုလယ်ယာများကို ဘာမှ ပြန်မကြည့်ဘဲ ထွက်သွားသော ကြောင့်ဆွေမျိုးနီးစပ်တော်သူ လူကြီးတစ်ယောက်ကပင် ထိန်းသိမ်းပေးထားကြောင်းကို သိရလေသည်။ ထိုအကြောင်းများကို ကျော်မိုးမှာ သိတန်သ လောက် သိပြီးဖြစ်၏။ သို့သော် ကျော်တိုးလာတိုင်း ကျော်စိုး သတင်းကို အပြည့်အစုံ ယူလာတတ်သည်။ ...
87.483356
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
46
________________ www.burmeseclassic.com ၉၆ 11 ဒဿကျော်စွာ လမိုက်ညခေါ်သံ ၉ ၇ သူ ကလေးနှစ်ယောက်နှင့် မလှမ်းမကမ်းရောက် သွားသည်။ ကလေးနှစ်ယောက်မှာ ဆယ့်တစ်နှစ်၊ ဆယ့်နှစ် နှစ်လောက်သာရှိဦးမည်။ သူ့အသက်က နှစ်ဆယ့်နှစ်နှစ်ရှိ နေပြီဖြစ်၏။ “ဟေ့ကောင် ... လာလေကွာ..ဘာငေးနေတာလဲ ကစားရအောင်” ကလေးတစ်ယောက်ကခေါ်လိုက်ပြန်သည်။ သူ ထိုက...
85.400425
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
47
________________ ලග www.burmeseclassic.com ဒဿကျော်စွာ ““မင်းကို ထွက်သွားလို့ပြောနေတာ မကြား ဘူးလား” ဟု အော်ပြန်သည်။ နီတွတ်၏ မျက်ကွင်းများမှာ ညိုမည်းချိုင့်ဝင်နေပြီး မျက်လုံးကြီးများကလည်း တလည် လည်ဖြစ်နေလေသည်။ သူနီတွတ်မျက်နှာကို ကြည့်ပြီး မနှစ်မြို့စွာ နောက်သို့တစ်လှမ်းဆုတ်လိုက်မိသည်။ ချက်စူက တော့ မျက်နှာပြုံးပြုံ...
83.833718
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
48
________________ 200 www.burmeseclassic.com - ဒဿကျော်စွာ လမိုက်ညခေါ်သံ ဟူသော အော်သံနက်ကြီးကို ကြားလိုက်ရ၏။ `လာ ဖိုးချို ဘာမှမကြောက်နဲ့၊ သွားရအောင်” ချက်စူက သူ့လက်ကိုဆွဲကာ မရမက ကပ်ခေါ် လေသည်။ သူမလိုက်ဘူးဟု ငြင်းဆန်ဖို့ အားယူပေမယ့် ခြေထောက်တွေက ထိုဂူကြီးနားသို့ တရွေ့ရွေ့ ပါသွားရသည်။ ထိုအခါနီတွတ်၏ **320:...** ဟူသ...
83.699504
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
49
________________ ၁၁၂ - - www.burmeseclassic.com ဒဿကျော်စွာ သူ့အော်သံက အချည်းနှီးသာ အရိပ်မည်းကြီးက ဂူဘက်သို့ လက်ညှိုးညွှန်ပြသည်။ ချက်စူနှင့်နီတွတ်မှာ သူ့ကို ဘေးတစ်ဖက်တစ်ချက်မှ ဆွဲခေါ်ကာ ဂူထဲသို့ တရွေ့ရွေ့နှင့် ဝင်ရလေတော့၏။ သူတို့ ဂူထဲရောက်ပြီးခဏအကြာ ဂူပြင် မှ ရယ်သံကြီးကို ကြားလိုက်ရလေတော့သည်။ ထို့နောက် တပုန်းပုန်...
86.554622
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
50
________________ ၁၀၄ www.burmeseclassic.com - ဒဿကျော်စွာ လမိုက်ညခေါ်သံ ၁၀၅ အကြောင်းကို စာရေးပြီး နောက်ထပ် ဘာစာမှမလာတော့ဘဲ တစ်နှစ်ကျော်ခန့် အဆက်အသွယ် ပြတ်သွားခဲ့ရလေသည်။ တစ်ရက်တွင် သူ့ထံသို့ စာတစ်စောင်ရောက်လာ သည်ဆိုသောကြောင့် သူ့စိတ်ထဲ အနည်းငယ် စနိုးစနောင့် ဖြစ်သွားမိသေးသည်။ သူထင်သည့်အတိုင်းပင် ကျော်စိုး ထံမှ စ...
80.333069
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
51
________________ ၁၀၆ www.burmeseclassic.com ဒဿကျော်စွာ 30 မရေမရာ စကားတစ်ခွန်းနှင့် ပဟေဠိလုပ်ကာ ဆုံးသတ်သွားသော ကျော်စိုး၏ စာကိုဖတ်အပြီးတွင် သူ့စိတ် သည် အလွန်တစ်ရာမှ လွတ်လပ်ပေါ့ပါးသွားသလို ခံစား လိုက်ရလေတော့သည်။ ကျော်စိုးအတွက်လည်း စိတ်အေး သွားရတော့၏။ သူတို့သုံးယောက်တွင် ကျော်တိုးမှလွဲ၍ သူနှင့် ကျော်စိုးမှာ တစ်ကိ...
85.799829
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
52
________________ www.burmeseclassic.com - ဒဿကျော်စွာ စာအိတ်ပေါ်မှ ညီညာသပ်ရပ်သော လက်ရေးကို မြင်လိုက်ကတည်းက ကျော်စိုးစာမှန်း သိလိုက်သောကြောင့် ဘာသတင်းများ အထူးအဆန်းကြားရဦးမလဲဟု သိချင်ဇော နှင့် ရေးလက်စစာရင်းများကိုပစ်ပြီး စာအိတ်ကို အလျင် စလိုပင် ဖွင့်လိုက်မိ၏။ စာကိုမဖတ်ခင် တစ်ရွက်လုံးခြုံငုံကြည့်ပြီး သူအ လွန်အံ့သြသ...
80.434783
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
53
________________ www.burmeseclassic.com ဒဿကျော်စွာ ကောင်စီဆွဲပြီး တယောက်ပြီး ပို့လိုက်တာ၊ ဗဂ်လာဆောင်ရး ကြောင်းကြားလိုက်တာ မင်းတို့ရဲ့ သူငယ်ချင်း ကျော်မိုး ကျော်စိုး၏ စာကိုဖတ်ပြီး သူသဘောကျစွာ ရယ် လိုက်မိတော့သည်။ စာပို့လုလင် မောင်ဝင်းကျော်မှာ ရုတ်တ ရက်မပြန်သေးဘဲ ကိုငြိမ်းဝေတို့လူစုနှင့် စကားပြောနေရာမှ စာဖတ်ရင်းပ...
85.454545
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
54
________________ ၁၁၂ www.burmeseclassic.com —— ဒဿကျော်စွာ လျာစိတ် ပေါက်နေလို့လားဗျာ” ဟု နှုတ်သွက်လျှာသွက်ထမေးလိုက်ရာ ကိုကျော်မိုး မှာ ငိုရမလို၊ ရယ်ရမလို ဖြစ်သွားရလေတော့သည်။ “ဘယ်က မိန်းမလျာစိတ်ပေါက်ရမှာလဲဗျာ၊ ဒီ ကောင် ထူးဆန်းတယ်ဆိုတာ သူ့စိတ်ဗျ၊ သူ့စိတ်က ပုံမှန်မဟုတ်တာကို ပြောတာ”” ဟု စိတ်ပေါက်ပေါက်နှင့် အော်ပြေ...
81.205312
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
55
________________ www.burmeseclassic.com BURMESE CLASSIC အချိန်က အမှတ်တမဲ့နေရင်းနှင့်ပင် ကုန်လွန်လာ ခဲ့သည်။ ကျော်မိုးပင် ရာထူးတစ်ဆင့်တိုးပြီး နယ်ပြောင်းရ၏။ ထိုမြို့သို့ရောက်ပြီး နှစ်လခန့်အကြာတွင် သူငှားနေသော အိမ်နှင့် ကပ်ရပ်ခြံသို့ မိန်းကလေးတစ်ယောက် ရောက်နေ သည်ကို အမှတ်မထင်တွေ့လိုက်ရ၏။ တစ်နေ့သော ရုံးပိတ်ရက် နေ့လ...
85.745775
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
56
________________ ၁၆ www.burmeseclassic.com တင်ပါးအောက်အထိ ရောက်မည်ထင်သည်။ - ဒဿကျော်စွာ သူမည်မျှ သတိလက်လွတ်ငေးနေမိသည်မသိ။ မိန်းကလေးသည် ဆံပင်ကို တစ်ဖက်သို့ သပ်တင်ရင်း သူ့ ဘက်ကို မျက်နှာအလှည့် သူကလည်းအဝေးနှင့် သွား၍ ကြုံလေရာ သူမမှာ အာမေဋိတ်သံတိုးတိုးလေးပြုရင်း နှုတ်ခမ်း လေးပွင့်ဟသွားခဲ့လေ၏။ "..." မိန်းကလေးမှာ ရှ...
83.193277
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
57
________________ www.burmeseclassic.com — ဒဿကျော်စွာ အပော်ဝေးဝေး လျှောက်ရသောကြောင့် အပျင်းပြေ သီချင်း နားထောင်စရာ လက်ဖက်ရည်ဆိုင်ပင်မရှိ။ ထို့ကြောင့် ရုံးမှပြန်ရောက်တိုင်း စာအုပ်တစ်အုပ် နှင့်သာ သူ့မှာ အပျင်းဖြေရသည်။ ယခုတော့ တစ်ဖက်အိမ် တွင် သူဘယ်လိုမှ မျှော်လင်မထားခဲ့ဘူးသော လှပသိမ်မွေ့ သည့် မိန်းကလေးကို တွေ့လိုက်ရ...
87.417219
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
58
________________ ၁၂၀ တော့၏။ www.burmeseclassic.com ဒဿကျော်စွာ ခဏကြာသောအခါ အိမ်ပေါ်မှ အသက်ငါးဆယ် ကျော်အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦး ကပျာကယာဆင်း လာပြီး "ဟဲ့ ဟဲ့ ခဏနေပါဦး မောင်ရင်” ဟု သူ့ကို ကပျာကယာလှမ်းတားလေတော့သည်။ သူနားမလည်သလို ခပ်ကြောင်ကြောင် ပြန်ကြည့်လိုက်မိ သည်။ သည်။ “ကျွန်တော့်ကို ပြောတာလားခင်ဗျာ” “ဟုတ်ပ...
83.597002
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
59
________________ ၁၂၂ www.burmeseclassic.com ဒဿကျော်စွာ လမိုက်ညခေါ်သံ ၁၂၃ ပြောင်မှာပဲ”” အဒေါ်ကြီးသည် သူ အကြောင်းမရှိအကြောင်းရှာ နှုတ်ပစ်ခဲ့မိသော သီကင်းလေး တန်းလန်းလေးတွေနှင့် ကင်း မုံပင်ကိုကြည့်ကာ အလွန်နှမြောတသနေပုံရလေသည်။ သူ ဘာပြန်ပြောရမှန်းမသိ။ အလွန်အားနာသွားရသည်။ “ဟို.... ဒီလိုပါအဒေါ် ကျွန်တော်က ဒါကို မြက်...
83.217324
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
60
________________ ၁၂၄ www.burmeseclassic.com လမိုက်ညခေါ်သံ ང་ ၁၂၅ ဒဿကျော်စွာ ရင်ထဲတွင် ရှက်သလိုလို၊ ပျော်သလိုလိုဖြစ်လာလေသည်။ “ဒါနဲ့ မောင်ရင်” ““ခင်ဗျာ...”” ခုနက မောင်ရင်နှုတ်ထားတဲ့ ကင်းမုံပင်တွေကို ဒီဖက်ကိုပေးပါကွယ်၊ နှမြောစရာကောင်းတယ်၊ - ရွှေပုစွန်ခြောက်ထောင်းထည့်ပြီး ကြော်စားရမယ်၊ နှင်းယုရေ ကင်းပုံတွေလာသယ်...
82.550336
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
61
________________ www.burmeseclassic.com လမိုက်ညခေါ်သံ : ၁၂၇ တစ်နေ့ ရုံးပိတ်ရက်တွင် ကျော်မိုးမှာ ပျင်းပျင်းရှိ သည်နှင့် တစ်ဖက်ခြံသို့ လည်တဆန့်ဆန့် မျှော်နေမိလေ သည်။ ကင်းပုံပင်ကိစ္စလည်း မရှိတော့သည့်အတွက် နှင်းယု တို့အိမ်နှင့် ဘာကိစ္စမှ ပတ်သက်စရာမရှိတော့ချေ။ ထို့ကြောင့်ခြံစည်းရိုးဘေး အုန်းပင်၌ ကပ်စိုက်ထား သော သစ...
82.315406
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
62
________________ ၁၂၈ www.burmeseclassic.com 11 ဒဿကျော်စွာ ကြီးကရော ဘာတော်သလဲဟင်” ''ဟုတ်ကဲ့၊ မရှိတော့ပါဘူး၊နှင်းယုတို့က ညီအစ်မ နှစ်ယောက်တည်းရှိတာ၊ ဒေါ်ဒေါ်က ဖေဖေ့နှမ ဝမ်းကွဲပါ၊ မမဆုံးပြီးတော့ နှင်းယုတစ်ယောက် တည်းဖြစ်နေတာနဲ့ အဖော်လာနေပေးတာ၊ ဒေါ်ဒေါ် က ပဲခူးက သီလရှင်ကျောင်းမှာ ယောဂီဝတ်မယ် ဆိုပြီး သွားနေတာ၊ ရုတ်တရက...
85.412262
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
63
________________ ၁၃၀ www.burmeseclassic.com မာယာ ဒဿကျော်စွာ ``နှင်းယု ပြန်တော့မယ် အစ်ကို၊ မနက်တရားနာ လာဖြစ်အောင်လာပါတဲ့၊ အဒေါ်ကြီးက မှာလိုက် တယ်”” နှင်းယုက ပြောပြောဆိုဆိုလှည့်ပြန်မည် ဟန်ပြု သည်။ သူခေါင်းညိတ်ပြလိုက်သည်ကို မြင်မှမြင်သွား ရဲ့လားမသိ။ သူမက ခြံဝရောက်သွားချေပြီ။ သနပ်ခါးရနံ့က သူ့နားမှာ ရစ်ဝဲသင်းပျံ့ကျ...
83.170732
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
64
________________ ၁၃၂ www.burmeseclassic.com ဒဿကျော်စွာ လမိုက်ညခေါ်သံ = ၁၃၃ တစ်ဒုက္ခ၊ မနက်မိုးလင်း၍မှ နှင်းယုမျက်နှာ မမြင်ရလျှင် ရုံးသွားရတာစိတ်မဖြောင့်၊ ညနေပြန်လာလို့မှ နှင်းယု အရိပ်အ ခြေမတွေ့ရလျှင် ညအိပ်၍မပျော် ဖြစ်လာသည်။ တစ်ညနေတွင် ပျင်းပျင်းရှိသည်နှင့် စာအုပ်တစ်အုပ် ကို စိတ်မပါဘဲ ဇွတ်မှိတ်၍ဖတ်နေခိုက် အိမ်ရ...
82.677165
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
65
________________ ၁၃၄ www.burmeseclassic.com ဒဿကျော်စွာ လမိုက်ညခေါ်သံ ၁၃၅ ရမလိုဖြစ်နေမိ၏။ ဟို.. ဟို နှင်းယုလည်း ဘာလုပ်ရမှန်းမသိတာနဲ့၊ အစ်ကိုကျော်မိုးကို ခေါ်လာခဲ့တာ ဒေါ်ဒေါ်" သည်။ "ဟင်း...' ဒေါ်သောင်းတင်မှာ ဟင်းခနဲ သက်ပြင်းချသွား “နှင်းယု အဒေါ်ကြီးစိုက်ထားတဲ့ကင်းပုံပင်ဟာ ဆေးဖက်ဝင်တယ်ဆို၊ အဲဒါ ထောင်းတိုက်လိ...
85.103245
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
66
________________ ၁၃၆ www.burmeseclassic.com ဒဿကျော်စွာ ပြောမည်ဟု ကြံလိုက်စဉ် အိမ်ခန်းထဲမှ ဒေါ်သောင်းတင်၏ ညည်းသံသဲ့သဲ့ကို ကြားလိုက်ရသောကြောင့် နှင်းယူက လက်ကို ကမန်းကတန်းရုန်းပြီး အိမ်ထဲသို့ပြန်ပြေးဝင် သွားလေသလို သူလည်း ယောင်တောင်တောင်နှင့် အိမ်ဖက် သို့ ပြန်ခဲ့ရလေသည်။ ထိုညက သူ တော်တော်နှင့် အိပ်မပျော် ခဲ့ချေ။ နော...
84.690799
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
67
________________ ၁၃၈ www.burmeseclassic.com 12 ဒဿကျော်စွာ ကဖြင့် နှင်းယုကို ဘာမှတောင် မပြောရသေးဘူး” "အို... ပြောတဲ့အခါ ဘာမှမူမနေနဲ့၊ ဒါမှ ငါမြန် မြန် ယောဂီဝတ်လို့ရမှာ” နှင်းယူစကားကြောင့် ကျော်မိုးမှာ ထခုန်မိမတတ် ဝမ်းသာသွားလေသည်။ သို့သော် မျက်နှာပူသည်ကတစ် ကြောင်း၊ နှင်းယုရှက်သွားမှာစိုးသောကြောင့် တစ်ကြောင်း၊ အိမ...
83.199357
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
68
________________ ၁၄၀ www.burmeseclassic.com အာ ဒဿကျော်စွာ လမိုက်ညခေါ်သံ ၁၄၁ ဒေါ်သောင်းတင်၏ အစားစုံမှုသာ မစလျှင် နှင်းယု နှင့်သူတစ်ယောက်ကိုတစ်ယောက် ရှိန်နေတာနှင့် နီးစပ် မှာ မဟုတ်တော့ချေ။ ယခုအခါ နှင်းယုနှင့်သူ ချစ်သူရည်းစားတွေ ဖြစ်ပြီး ၍ လက်ထပ်ဖို့ပင် စီစဉ်နေရချေပြီ။ ပြန်တွေးပြီး တညင်းသီး နှင့် မျှစ်ချဉ်ကိုလည်...
87.826641
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
69
________________ ၁၄၂ www.burmeseclassic.com — ဒဿကျော်စွာ ပြုတော့မယ်ဆိုတဲ့အကြောင်း စာရေးပေးပြီးကတည်း က လုံးဝသတင်းမကြားရတော့တာ၊ ဒါ သူ့ဆီကို စာထည့်သေးတယ်။ ဘာမှ အကြောင်းမပြန်ဘူး၊ သူ့စာထဲမှာ မနက်ဖန်သဘက်ခါပဲ မင်္ဂလာဆောင် တော့မှာလိုလိုနဲ့ ဘယ်လိုဖြစ်တယ်မသိပါဘူး၊ ဒါနဲ့ မင်းသူ့ကို သေသေချာချာရော ဖိတ်ရဲ့လား” ကျော်တိုးစကားကြ...
85.181818
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
70
________________ www.burmeseclassic.com လမိုက်ညခေါ်သံ ၁၄၅ ကျော်မိုးမှာ မိမိဇာတိမြို့သို့ ရာထူတိုးပြီး အရာရှိ ပေါက်စလေးအဖြစ်နှင့် ပြန်လာရသောကြောင့် ဝမ်းသာမဆုံး တော့။ ထို့ပြင် ချောမောလှပသော ဇနီးလေးပါ,ပါလာ သောကြောင့် ရုံးမှလုပ်ဖော်ကိုင်ဖက်ဟောင်းများမှာ အားကျ နေကြသည်။ တစ်ခုခက်နေသည်က နှင်းယုသည် သူ့မြို့တွင် လုံးဝမပျ...
86.786297
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
71
________________ www.burmeseclassic.com ၁၄၆ - ဒဿကျော်စွာ လမိုက်ညခေါ်သံ ၁၄၇ ကြည့်ချေ။ ”နှင်းယု ဘာဖြစ်နေတာလဲ၊ ပြောစမ်း အစ်ကို့ကို စိတ်ကောက်နေတာလား ” နှင်းယုကသက်ပြင်းချပြီး ထိုးလက်စသိုးမွေးချည်လုံး နှင့်အပ်ကိုချကာ အိမ်ခန်းထဲဝင်သွားသည်။ သူခဏမျက်မှောင် ကျုံ့ရင်း တွေးနေရာမှ ကမန်းကတန်းထပြီး အိမ်ခန်းထဲ ဝင်လိုက်ခဲ့၏။...
84.95252
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
72
________________ ၁၄၈ www.burmeseclassic.com — ဒဿကျော်စွာ ပေမယ့် နည်းနည်းမှမပျော်ဘူး၊ ဟိုအိမ်ကလေး မှာ နှင်းယု တစ်သက်လုံးနေမယ်လို့ ဆုံးဖြတ်ထား တာ” ဟု ပြောရင်းနှင့် နှင်းယူငိုလေတော့၏။ “ဟောဗျာ... အဲဒါက ဘာဖြစ်ရတာလဲ နှင်းယုရဲ့ ခု အစ်ကိုက အဲဒီအကြောင်းပြောမလို့၊ အလုပ် ကိစ္စနဲ့ အဲဒီဘက်ကို နှစ်ပတ်လောက်ခရီးထွက် ရမယ်၊ အဲဒ...
84.43616
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
73
________________ ၁၅၀ www.burmeseclassic.com ဒဿကျော်စွာ “ဘာမှကမန်းကတန်းဖြစ်စရာမလိုဘူး၊ ပြန်ခါနီးမှာ အစ်ကိုရောနှင်းယုပါ အတူတူသွားမယ်၊ အပြန် ဟိုကနေ တန်းပြန်လည်းပြီးတဲ့ကိစ္စကို...” “က်လိုက်တာနှင်းယုရယ်၊ ကလေးလည်းမ ဟုတ်ဘဲနဲ့၊ အစ်ကိုပြောတာကို နားထောင်စမ်းပါ”” နှင်းယုမှာ သူ့ဘက်ကိုလှည့်မကြည့်ဘဲ တစ်ဖက် သို့ မျက်နှာလွှဲန...
85.025566
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
74
________________ ၁၅၂ www.burmeseclassic.com အား ဒဿကျော်စွာ လမိုက်ညခေါ်သံ ၁၅၃ မိသည်။ နှင်းယုစကားအဆုံးတွင် ကျော်မိုးသက်ပြင်းချလိုက် “ကဲ ဒေါ်နှင်းနှင်းယု ဒီလောက်ကျုပ်ကို သင်္ကာမ ကင်းဖြစ်နေရင်လည်း လိုက်သာလိုက်ခဲ့ ပေတော့ ဗျာ၊ မဟုတ်တရုတ်တွေကို လျှောက်စွပ်စွဲမနေနဲ့ တော့ သူ့စကားအဆုံး နှင်းယုက သူ့ဘက်ကို ချာခနဲ လှည့...
82.629482
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
75
________________ ၁၅၄ www.burmeseclassic.com “ ဒဿကျော်စွာ သည်။ သင်္ဘောဆိပ်ကမ်းကပ်သောအခါ နှင်းယုကို သူ အထုတ်အပိုးများဆွဲပြီး ဆိပ်ခံဘောတံတားနားအထိ လိုက်ပို့ ပေးလိုက်၏။ တံတားပေါ်မှ အထုတ်တွေ၊ ခြင်းတွေဆွဲရင်း ကမ်းပေါ်သို့ တရွေ့ရွေ့တက်သွားသော နှင်းယု၏နောက် ကျောကို သူ ရပ်ကြည့်နေမိသည်။ သင်္ဘောပေါ်မှ လူများ အတက်အဆင်း၊ ကုန...
87.929916
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
76
________________ ၁၅၆ www.burmeseclassic.com ဒဿကျော်စွာ လိုက်သည်။ ရုတ်တရက် သူရောက်လာသောကြောင့် နှင်းယု မှာ ထိတ်လန့်အံ့သြသွားပုံရ၏။ “ ဟယ်...အစ်ကို” ဟု လွှတ်ခနဲအော်လိုက်ပြီး သူ့လက်မောင်းကို ဆွဲထားသည်။ သူတွန်းလိုက်သောကြောင့် နောက်သို့ နှစ် လှမ်းသုံးလှမ်း ခန့်ယိုင်သွားသော ထိုလူကို ဒေါသတကြီးမျက် နှာချင်းဆိုင်လိုက်၏။ ...
85.581062
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
77
________________ ၁၅၈ www.burmeseclassic.com ဒဿကျော်စွာ “မင်း... ဘယ်က ဘယ်လို...” ကျော်မိုးအသံတွေက ထစ်ငေါ့ကာ အဖျားခတ် တုန်ယင်သွားသည်။ ကျော်စိုးက သူ့မျက်နှာကို ခပ်တွေတွေ စိုက်ကြည့်ပြီးမှ နှင်းယုံဆီအကြည့်ရွေ့သည်။ "ဒါ ငါ့အမျိုးသမီး၊ ငါတို့လက်ထပ်တာမကြာသေး ဘူး၊ မင်းရော လက်ထပ်ပြီးပြီလား“ ကျော်စိုးက ခေါင်းကို ခပ်ဖြည်းဖြ...
84.135754
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
78
________________ ၁၆၀ www.burmeseclassic.com ဒဿကျော်စွာ လမိုက်ညခေါ်သံ ၁၆၁ ထပ်ဘယ်တော့မှ အဲဒီခံစားချက်မျိုးပြန်ရမှာ ဟုတ်တော့ပါဘူးကွာ” ကျော်စိုးအသံက မျှော်လင့်ချက်အားလုံး ရိုက်ချိုး ဖျက်ဆီးခံရသူပမာ အင်အားမဲ့နေသည်။ ကျော်မိုးမှာ သူငယ် ချင်းဖြစ်သူအား မည်သို့ နှစ်သိမ့်ရမှန်းမသိသလို ငေးကြည့် နေမိ၏။ နှင်းယုမှာလည်း တစ်သ...
85.862786
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
79
________________ www.burmeseclassic.com ၁၆၂ ဒဿကျော်စွာ မှန်၏။ ထိုညက မိုးတွေ သည်းသည်းမည်းမည်း ကြီး ရွာနေခဲ့သည်။ ညနေအိမ်ကထွက်လာတုန်းက မိုးရိပ်မိုး ခြေမရှိ၊ ကြည်ကြည်လင်လင်ပင်။ သူအိမ်ကိုရောက်သွား တော့ ညနေငါးနာရီပင်ခွဲနေပြီ။ သူက အခုထိပြန်မရောက် သေး။ မင်္ဂလာဆောင်ရက်နီးမှ သူ့သူငယ်ချင်းတွေကများ ဝိုင်းညှင်းနေကြသလား။ အလုပ်...
88.490099
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
80
________________ ၁၆၄ www.burmeseclassic.com —-—- ဒဿကျော်စွာ လမိုက်ညခေါ်သံ ၁ ၆ ၅ ဖြစ်နေသည်။ မိုးခြိမ်းသံကို သိပ်ပြီးမကြောက်တတ်သော သင်းသင်းစုပင် စိတ်လှုပ်ရှားမိ၏။ စိတ်တည်ငြိမ်သွားအောင် ဘာပြန်လုပ်ရမလဲဟု စဉ်းစားရင်း သူမအကြည့်က မီးဖိုချောင်ထဲရောက်သွားသည်။ “ဟုတ်ပြီ၊ မောင်ပြန်လာရင် စားရအောင် ထမင်း ဟင်းချက်ထားမှ၊ ဘာရ...
87.014726
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
81
________________ ၁၆၆ www.burmeseclassic.com _11_1 ဒဿကျော်စွာ ရှိသည့် အုန်းပင်က ခေါင်မိုးသွပ်ပြားကို ဗြန်းခနဲလာရိုက် သည်။ သူမ လန့်အော်မိတော့မလိုဖြစ်သွားသည်။ တစ်အိမ် လုံးတွင် တဆက်တည်းပါလားဟူသော အသိကစိတ်ကို အလိုလို ရောက်များသိမ်ငယ်နေစေသည်။ လျှပ်စစ်မီးဖိုပေါ် ဘဲဥပြုတ်မည့်အိုးကို တင်လိုက်တဲ့ သူမလက်မတွေက မသိမသာတုန်ယင...
84.63833
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
82
________________ ၁၆၈ www.burmeseclassic.com ဒဿကျော်စွာ စို့ သွေးနံ့နှင့် ရောထွေးနေသောညှော်နံ့ကြီးကို စူးစူးဝါးဝါး ရလိုက်၏။ မျက်လုံးဖွင့်အကြည့်တွင် မြင်လိုက်ရသည်က သူမ ထိုးခဲ့သောပလပ်ခုံမှ အူထွက်နေသော မီးခိုးလုံးကြီးကို တွေ့လိုက်ရသည်။ တဖျစ်ဖျစ်လောင်ကျွမ်းလာသော ဝါယာကြိုးအသံ က သေမင်းခေါ်သံလို နားထဲကို စူးရှကျယ်လောင်...
85.659802
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
83
________________ www.burmeseclassic.com ၁၇ဝ အာ ဒဿကျော်စွာ ကြည့်လိုက်သည်။ သူ့အိပ်ရာကုတင်ပေါ်တွင်မဟုတ်။ “အစ်ကို အိပ်မက်မက်ပြီး ယောင်နေတာထင် တယ်" သူ့နဖူးပေါ်မှစီးကျလာသော ချွေးသီးချွေးပေါက် များကို လက်နှင့်သပ်ချရင်း နာရီကိုကြည့်လိုက်သည်။ ည ဆယ့်နှစ်နာရီတိတိ။ အပြင်မှာ မိုးကသည်းသည်းထန်ထန် ရွာနေပေမယ့် သူ့တစ်ကိုယ်လုံး ချ...
84.138486
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
84
________________ ၁၇၂ www.burmeseclassic.com အာ ဒဿကျော်စွာ လမိုက်ညခေါ်သံ ၁၇၃ ငါထင်တယ်” “အစ်ကို စိတ်စွဲလို့ပါ၊ မစု ဘာမှမဖြစ်နိုင်ပါဘူး၊ အစ်ကိုပဲ စိတ်အေးအေးထားရမှာ” ဟိန်းကျော်က ပြောပြီးပြီးချင်း ပြန်အိပ်သွားသည်။ “ဟာ ဟေ့ကောင် ထစမ်း၊ မင်းနေခဲ့လည်း နေခဲ့၊ ငါပြန်မယ်” သူအတင်းထထွက်လာတော့ ဟိန်းကျော်လည်း မနေရဲတော့ချေ။ ...
86.588062
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
85
________________ www.burmeseclassic.com ၁၇၄ - ကျော်စွာ ဖြစ်ချင်ရာဖြစ် ရေစုန်မျောလိုက်တာပဲ၊ ငါ့ဘဝက အရူးတစ်ယောက်နဲ့ ဘာများကွာသေးလဲ၊ နေချင်ရာ နေတယ်၊ သွားချင်ရာသွားတယ်၊ ငါ့မှာ ဆွေမျိုးညီ အစ်ကိုမောင်နှမဆိုတာမရှိဘူး၊ ရှင်းရှင်းပြောရရင် ငါ့မှာကျော်စိုးဆိုတဲ့ နာမည်တောင် ပျောက်ဆုံး ခဲ့တာကြာပြီ၊ မင်းနဲ့ ပြန်မတွေ့ခင်အထိပေါ့...
86.507379
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
86
________________ ၁၇၆ www.burmeseclassic.com ဒဿကျော်စွာ “ငါတရားမရှိလို့ပြောတာမဟုတ်ပါဘူးကွာ၊ ပညာ တွေ၊ ပစ္စည်းဥစ္စာတွေဆိုတာ အသုံးချတတ်တဲ့ သူအတွက်ပဲ အသုံးဝင်တာ၊ ငါကဘဝကို လွယ် လွယ်နဲ့ အရှုံးပေးတာလို့ မင်းထင်နေတယ်၊ တ ကယ်တော့ ငါ့ဘဝက လူရယ်မြည်ကာစမယ် ကြံကာရှိသေးတယ်။ ကံကြမ္မာက အနိုင်နဲ့ပိုင်းတာ ကို ခံလိုက်ရပြီးသား၊ ငါထပ်ပ...
86.237898
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
87
________________ ၁၇၈ www.burmeseclassic.com —ာ ဒဿကျော်စွာ တစ်မျိုးဖြစ်သွားတယ်၊ စုက ခရီးသွားရာကနေ ပြန်လာသလိုမျိုး၊ ငါ့စိတ်ကိုငါညာပစ်လိုက်တယ်၊ မဟုတ်မှန်းသိရက်နဲ့ က စုပဲလို့ ဇွတ်အတင်းယူဆ လိုက်မိတယ်၊ ဒါပေမယ့် မင်းအမျိုးသမီး အင်း. .. စု ရဲ့ညီမလေးအဖြစ်ပြန် တွေ့ရတော့ ငါဝမ်းနည်း ဝမ်းသာ ဖြစ်သွားတယ်၊ ရိုးရိုးသားသားစိတ်နဲ့...
85.142349
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
88
________________ www.burmeseclassic.com လမိုက်ညခေါ်သံ ၁၈၁ တစ်ရက်တွင် ကျော်မိုးမှာ အလုပ်ကိစ္စနှင့်ထိုမြို့ အနီးမှ နယ်သို့ခရီးသွားရလေသည်။ ထိုအခါ အိမ်တွင် ကျော်စိုးနှင့် နှင်းယု နှစ်ယောက်သာကျန်ရစ်ခဲ့၏။ တစ်ယောက်နှင့်တစ်ယောက် ပြောစရာစကားမရှိ သလို ကိုယ့်အတွေးနှင့်ကိုယ် ငြိမ်သက်တိတ်ဆိတ်နေမိကြ သည်။ စကားပြောပြန်လျှင်လည်...
85.950413
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
89
________________ ၁၈၂ www.burmeseclassic.com ဒဿကျော်စွာ လမိုက်ညခေါ်သံ ၁၈၃ သာနေလေသည်။ ကျော်စိုးမှာ မရယ်ရတာ ကြာခဲ့ပြီထင် သည် ဘာမဟုတ်တာလေးကို အူလှိုက်သည်းလှိုက် ရယ် မောပစ်ဖို့ ကြိုးစားနေပုံမျိုးပင်။ “ဒါနဲ့ အစ်ကိုနဲ့မမ” အစ်ကိုနဲ့မမစုတို့ရော ဘယ်လိုစတွေ့ကြတာလဲ ဟု မေးမိမလိုပြုပြီးမှ မမေးဖြစ်တော့ဘဲ စကားကို တစ်ပိုင်းတ...
87.433511
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
90
________________ ၁၈၄ www.burmeseclassic.com ဒဿကျော်စွာ လမိုက်ညခေါ်သံ ၁၈၅ လားမပြောတတ်၊ မမစုနှင့်ပတ်သက်သော အမှတ်တရ အကြောင်းအရာလေးများကို တစ်လုံးစနှစ်လုံးစပြောပြရှာ လေသည်။ သို့သော် သူပြောပြပုံမှာ တစ်ဆက်တည်းမဟုတ်၊ မျက်လုံးထဲ ပြန်မြင်ယောင်ပြီး ပေါ်လာသောကိစ္စလေး တစ်ကွက်ကို ပြောလိုက်၊ နောက်ထပ်ပြန်စဉ်းစားလိုက်နှင့် ဖြ...
85.640648
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
91
________________ www.burmeseclassic.com ၁၈၆ဝဝ အား ဒဿကျော်စွာ “အစ်ကိုကလည်း စိတ်မပါဘူးရယ်လို့၊ ကိုယ့် စီးပွားရေး ပြီးတော့ မိဘလက်ငုတ်လက်ရင်းပဲ နှင်းယုတို့များ အဲလိုအမွေပေးမယ့်လူရှိလို့ကတော့“ ဟု ကျော်စိုးအား စီးပွားရေး၌ စိတ်ဝင်စားလာစေ ပြောလိုက်လေ၏။ ကျော်စိုးမှာ ဘာမှပြန်မပြောဘဲ ခပ် တွေတွေ လုပ်နေရင်းမှ တစ်ခုခုကို စဉ်းစ...
81.195335
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
92
________________ ၁၈၈ www.burmeseclassic.com ဒဿကျော်စွာ ဝတ်ပြီး ငါ့အိပ်ရာပေါ်မှာသေတာ” ကျော်မိုးက မျက်မှောင်ကျုံ့ရင်း ကျော်စိုးကို လှမ်း ကြည့်လိုက်၏။ “မင်းဆိုလိုတာက” “ငါ လမိုက်ညရောက်တိုင်း အိမ်မက်ဆိုးတွေ မက်တာ မင်းသိတယ်မို့လား”” ဆယ်တန်းကျောင်းသားဘဝ ဆရာဦးစိုးတင့်အိမ် တွင် စာကျက်ရင်း အတူတူအိပ်ကြစဉ်က အိပ်မက်တွေမက...
85.160328
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
93
________________ ၁၉၀ www.burmeseclassic.com ဒဿကျော်စွာ လမိုက်ညခေါ်သံ သာပြုံးနေလေသည်။ ၁၉၁ “ငါက တမင်စွဲလမ်းနေတာမဟုတ်ဘူး၊ အဲဒီ အစွဲကြီးကို မေ့ပစ်ချင်နေတာကြာပြီ၊ မေ့လို့မှ မရတာ၊ ဘာလိုလိုနဲ့ လမိုက်ညရောက်တော့မယ် အင်း.. ငါ့ဘဝရဲ့နောက်ဆုံးအချိန် နီးကပ်လာ ပြီပေါ့လေ” "မင်း အဲလို လမိုက်ညတွေကို ထိုင်စောင့်နေ တာလား ကျော်စ...
83.40081
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
94
________________ ၁၉၂ www.burmeseclassic.com ဒဿကျော်စွာ လမိုက်ညခေါ်သံ ၁၉၃ သို့ ငေးမောနေလေတော့၏။ ထို့နောက် လခြမ်းကွေးကွေး ကလေးကို မော့ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည် ကို တွေ့လိုက်ရ၏။ “အစ်ကို.... အစ်ကို သူမရှိတော့ဘူး၊ အစ်ကို ကျော်စိုးမရှိတော့ဘူး” နှင်းယုအသံကြောင့် ကျော်မိုးမှာ အိပ်ပျော်နေရာ မှ ရုတ်တရက် လန့်န...
81.733021
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
95
________________ ၁၉၄ www.burmeseclassic.com ဒဿကျော်စွာ ဟု လိုရင်းသာရေးထားခဲ့ပြီး အောက်တွင် ကျော်စိုး ဟူသော လက်မှတ်ကိုသော်မျှ ရေးထိုးမသွားခြင်းမှာ ကျော်စိုး ၏ စိမ်းကားပြတ်တောက်မှုပေလား၊ အလေးမထားခြင်းပေ လား ခွဲခြားမရခဲ့ချေ။ သေချာတာကတော့ ကျော်စိုးကို သူတို့တားဆီးခွင့် ပင် မရလိုက်ခြင်းဖြစ်သည်။ ထို့ပြင် သူသွားမည့်နေ...
84.513274
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
96
________________ ၁၉၆ www.burmeseclassic.com ဒဿကျော်စွာ လမိုက်ညခေါ်သံ သူ့စကားအတွက် ထိုလူကြီးက မည်သို့မျှအံ့သြ ဟန်မပြဘဲ ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်ရင်း လက်ဆွဲ အိတ်ထဲမှ စာရွက်စာတမ်းအချို့ကိုထုတ်ရင်း “သိပါတယ်ကွယ် ဒါကြောင့်မို့ ဦးလေး အမှီလာ ခဲ့ရတာ၊ ဦးလေးက မောင်ကျော်စိုးရဲ့ ပိုင်ဆိုင်သမျှ မြေယာတွေ ခြံတွေကို ထိန်း...
86.680189
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
97
________________ ၁၉၈ www.burmeseclassic.com 12 ဒဿကျော်စွာ လမိုက်ညခေါ်သံ ၁၉၉ လိုက်မှာပါ” “အစ်ကိုကျော်စိုးက ပြန်လာတောင်းလိမ့်မယ်လို့ အစ်ကိုထင်နေသလား” သူ ဘာမှမပြောတတ်တော့သလို ခေါင်းကိုသာ တွင်တွင်ခါရမ်းပြလိုက်မိသည်။ “အစ်ကိုတော့ သူ့ကိုနားမလည်နိုင်အောင် ဖြစ်နေ &" ကျော်စိုးသည် သူ့ဘဝသူ အဆုံးစွန်ထိ တွေးသွား ပြီလားမပ...
85.042735
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
98
________________ www.burmeseclassic.com ၂ဝအာဟာ ဒဿကျော်စွာ ကယ်” ကျော်တိုးစကားကြောင့် သူ အံ့အားသင့်သွားသည်။ "ဟင် ဟုတ်လား ငါနေ့လည်ကထွက်သွားတုန်း က အကောင်းပါ၊ အခုမှ ဘယ်နှယ့်အဖြစ်ရတာတုံး ဧကန္တ ငါ့မိန်းမ မင်းမျက်နှာမြင်ပြီး လန့်သွားတာ လားမသိဘဲ” ကျော်မိုး၏ရွှတ်နောက်နောက် ပြောဟန်ကြောင့် ကျော်တိုးက ရယ်နေသည်။ “အေး ငါရေ...
81.211042
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
99
________________ ၂၀၂ www.burmeseclassic.com မာတာ ဒဿကျော်စွာ ““အောင်မာ ... မင်းလို ငတုံးမှတ်နေလား၊ ကိုယ့်မိန်း မကိုယ် ဘာဖြစ်လို့ဖြစ်မှန်းမသိဘူး၊ ဒါမျိုးက အသိ သာကြီး၊ ဘာမှအရိပ်အကဲ မခတ်တတ်ဘဲနဲ့" ကျော်တိုးစကားအဆုံး ကျော်မိုးက တဟားဟား အော်ရယ်ရင်း နေပြီးမှ “အေးပါ... ဟုတ်ရင်ဟုတ်၊ မဟုတ်ရင်တော့ မင်းအသိဘဲ” ဟု ကြိမ်းလိ...
83.386838
Calling Song of Moonless Night
Dat Tha Kyaw Swar
10005
100
________________ ၂၀၄ www.burmeseclassic.com ဒဿကျော်စွာ “ဟုတ်တယ် ကျော်မိုး၊ သူဆုံးတာ ကိုးလကျော် ပြီ” “ဘယ်လိုဖြစ်ရတာလဲကွာ” “သူ ပုဂ္ဂလိကလုပ်ငန်းတစ်ခုမှာပဲ စာရင်းကိုင် ဝင်လုပ်တယ် သူလုပ်တဲ့ကုမ္ပဏီက ဆောက်လုပ် ရေးလုပ်ငန်းလုပ်တာလေ၊ သူသေတော့ ဘယ်လို သေသွား Sas" ကျော်မိုးမှာ မှ လုံးအပြူးသားနှင့် ခေါင်းကိုသာ ခါနိုင်တော့...
84.2723
Calling Song of Moonless Night
Dat Tha Kyaw Swar