text
stringlengths
1
707k
ဆင်သေကွေ့ရွာ သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ရှောက်တောကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၄၆၇၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ရှောက်တောကျေးရွာအုပ်စုတွင် ကျား ၁၂၄၂ ဦး၊ မ ၁၅၆၂ ဦး၊ လူဦးရေ စုစုပေါင်း ၂၈၀၄ ဦးနေထိုင်သည်။ ကိုးကား ဝမ်းတွင်းမြို့နယ်ရှိ ရွာများ
ဦးသာပုံကိုင်း (အနောက်)ရွာ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ခဝဲကျင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၃၀၇၂ ဖြစ်သည်။ ၎င်းရွာသည် မုံရွာမြို့ပေါ်ရှိ ရပ်ကွက် ဖြစ်သွားသည်။ ကိုးကား မုံရွာမြို့နယ်ရှိ ရွာများ
ဟိရဖုဘူတာ (比羅夫駅 ဟိရဖု - အဲခိ ) သည် ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးခရိုင်၊ ဟော့ကိုင်းဒိုးမြို့၊ ခွတ်ချန်းတွင် တည်ရှိသည့် ဘူတာတစ်ခု ဖြစ်သည်။ ကိုးကား ဂျပန်နိုင်ငံရှိ ဘူတာရုံများ
NGC 4696 သည် ဘဲဥပုံစံ ဂလက်ဆီဖြစ်ပြီး ကြယ်စုတန်း စင်တောရပ်မှ ၁၅၀ မီလီယံ အလင်းနှစ်အကွာတွင် တည်ရှိသည်။ ယင်းသည် စင်တောရပ် ကြယ်စုတန်းတွင် အတောက်ပဆုံး ဂယ်လက်ဆီဖြစ်သည်။ ဂယ်လက်ဆီအား များစွာသော ဂယ်လက်ဆီပုများက ဝန်းရံထားသည်။ ကိုးကား စင်တောရပ် (ကြယ်စုတန်း)
တာဗိုင်ရဟက်စက် လျှပ်စစ်ဓာတ်မီး ထွန်းညှိခြင်း၊ ကြေးနန်းဆက်သွယ်ခြင်းစသည့် လုပ်ငန်းတို့အတွက် လျှပ်စစ်ဓာတ်ကို ဓာတ်အားပေးစက်ရုံကြီးများမှရကြောင်းကို သိကြပေလိမ့်မည်။ အချို့ဓာတ်အားပေးစက်များသည် ရေအားကို အသုံးပြု၍ တည်ထားသောစက်များ ဖြစ်ကြသည်။ ထိုစက်တို့တွင် လုပ်အား(ပါဝါ)ကို ရေအားမှရကြသည်။ ရေအားမှ လုပ်အားကိုယူရာ၌ တာဗိုင်ရဟတ်စက်သည် အရေးအကြီးဆုံးဖြစ်၏။ တာဗိုင်ရဟတ်စက်တွင် ရေရဟက်စက်၊ ရေနွေးငွေ့ရဟက်စက်၊ လေရဟက်စက်ဟူ၍ သုံးမျိုးရှိသည်။ ထိုရဟတ်တို့မှ လုပ်အားသည် ထိုအငွေ့ အရည်တို့၏ အဟုန်ကို အမှီပြု၍ဖြစ်သည်။ တာဗိုင် ရဟတ်စက်သည် ဘီးတစ်ခုသာဖြစ်၍ ဘီး၏ အနားကွပ်တွင် ဒလက်များကို တပ်ဆင်ထားသည်။ ရေတံခွန်မှ ကျလာသောရေ သို့မဟုတ် ကျဉ်းမြောင်းသောအပေါက်မှ အရှိန်ပြင်းစွာနှင့် ထိုးထွက်လာသောရေသည် ဘီး၏ဒလက် များနှင့် တိုက်မိသောအခါ ဘီးသည် ရေ၏တွန်းအားကြောင့် အရှိန်ပြင်းစွာ လည်သည်။ ရဟတ်ကို ဒိုင်နမိုနှင့် ဝင်ရိုးတိုင် ချင်း ဆက်သွယ်ထားသဖြင့် ရဟတ်လည်သောအခါတွင် ဒိုင်နမိုလည်း လိုက်၍လည်သည်။ ထို့ကြောင့် ဒိုင်နမိုမှ လျှပ်စစ်စွမ်းအင် ထွက်လာခြင်းဖြစ်သည်။ ထိုသို့ရဟတ်ဘီးကြီးတစ်ခု တည်းနှင့် ဒိုင်နမိုကို လှည့်ယူသည့်စနစ်အပြင် ရေပန်းပြွန်တွင်း၌ ရဟတ်အများအပြားကို ဝင်ရိုးတိုင် တစ်ခုတည်းနှင့် ဆက်သွယ်ထား၍ ဒိုင်နမိုကို လှည့်ယူသည့်စနစ်မျိုးလည်း ရှိသေးသည်။ ဒုတိယစနစ်မှ ဒလက်များသည် ပထမစနစ်မှဒလက်များလောက် လျင်မြန်စွာ မလည်နိုင်သော်လည်း မှန်မှန်နှင့် ကြီးမားညီမျှသော လုပ်အားကို ဖြစ်စေနိုင်သည်။ ရေအားသုံးလျှပ်စစ်စက်များ ရေနွေးငွေ့ တာဗိုင်ရဟတ်စက်မျိုးကို ရေအားမရနိုင်သော အရပ်များ၌ ဓာတ်အားပေးစက်ရုံများအတွက် အသုံးပြုကြသည်။ အပူကြောင့် ရေဘဝမှ ရေနွေးငွေ့ဘဝသို့ ပြောင်းလဲလာသောရေနွေးငွေ့သည် အရွယ်ထု ကြီးလာသည်။ ထိုရေနွေးငွေ့ကို ထုတ်လွှတ်ပေးလျှင် အဟုန်ပြင်းစွာနှင့် ထိုးထွက်လာကာ ရဟတ်များကို အလွန်ကြီးမားသော မြန်ရှိန်နှင့် လည်ပတ်စေနိုင်သည်။ ရေနွေးငွေ့အားအင်ဂျင်စက် ရေနွေးငွေ့တာဗိုင်ရဟတ်စက်ကို မီးသင်္ဘော၌အသုံးပြုသောအခါတွင် မလည်နိုင်သောကြောင့် ရဟတ်နှင့် ပန်ကာစက် တို့ကြားတွင် အရှိန်လျှော့မောင်းများကိုတပ်ဆင်ထားရလေသည်။ ယခုအခါ အချို့ပင်လယ်ကူးသင်္ဘောကြီးများကို လျှပ်စစ်ဓာတ်အားဖြင့် မောင်းနှင်းကြပြီဖြစ်သည်။ ထိုသင်္ဘောကြီးများတွင် တာဗိုင်ရဟတ်စက်ဖြင့် လျှပ်စစ်လုပ် စက်များကို လည်စေပြီးလျှင် ထိုစက်တို့မှ မိုတာစက်သို့ လျှပ်စစ်ဓာတ်အားပေးသွင်း၍ မိုတာစက်များကို လည်စေသည်။ ကိုးကား စက်များ
စကောရွာ၊ ကွယ်လွယ် ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁) ပဲခူး သည် ပဲခူးမြို့တွင် တည်ရှိသည့် အစိုးရအထက်တန်းကျောင်းတစ်ခု ဖြစ်သည်။ ကိုးကား မြန်မာနိုင်ငံရှိ ကျောင်းများ
သပြေပင်ရွာသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဝါရစ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ဖြစ်သည်။ ကိုးကား ကျွန်းစုမြို့နယ်ရှိ ရွာများ
ဒေါ်ခိုင်ခိုင်နွယ်(၁၉၅၄ ဖွား) သည် မြန်မာနိုင်ငံအတွင်း ထင်ရှားသော အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ လက်ရှိတွင် နှစ်၁၀၀ကျော်သက်တမ်းရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၏ ပထမဦးဆုံးသော အမျိုးသမီးအထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်နေသူဖြစ်သည်။ သူမသည် ကိုယ်ပိုင်အထည်ချုပ်စက်ရုံ ထူထောင်ထားသည်။ ငယ်ဘဝနှင့်ပညာရေး မော်လမြိုင်ဇာတိဖြစ်သည်။ ၁၉၇၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် မှနေ၍ B.Sc(Zoology) ဘွဲ့ နှင့် ၁၉၇၉ ခုနှစ်တွင် မဟာသိပ္ပံဘွဲ့ တို့အားရရှိခဲ့သည်။ မဟာဘွဲ့ရရှိပြီး ဆေးဝါးသုတေသနလုပ်ငန်းနယ်ပယ်ထဲသို့ဝင်ရောက်ခဲ့ကာ အမှတ် ၂စစ်ဆေးရုံ ဓာတ်ခွဲခန်းတွင် ကာလအနည်းငယ် နှင့် အင်းစိန် ကြို့ကုန်း ရှိ ဆေးဝါးဖွံ့ဖြိုးရေးသုတေသနဌာန တွင်လည်း အစိုးရဝန်ထမ်းအဖြစ် နှစ်အနည်းငယ် လုပ်ကိုင်သည်။ယင်းနောက် ပါရဂူဘွဲ့ Plan အတွက် အစိုးရအလုပ်မှထွက်ပြီး နိုင်ငံတကာကုမ္ပဏီတစ်ခုဖြစ်သည့် ဒေဝူးအထည်ချုပ်ကုမ္ပဏီ တွင် အလုပ်ဝင်သည်။ထိုမှတဆင့် ထိုင်းနိုင်ငံရှိ Assumption University of Thailand တွင် Business English ဆရာမအဖြစ် ၁၉၈၉ ခုနှစ် က စပြီး၃နှစ်တာဝန်ထမ်းဆောင်ခဲ့ကာ အရိုးကျီးပေါင်းကျန်းမာရေးအခြေအနေအရ တက္ကသိုလ်ဆရာမအဖြစ်မှ နုတ်ထွက်သည်။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာပုံ တက္ကသိုလ်ဆရာမအဖြစ်မှနုတ်ထွက်ပြီး မြန်မာနိုင်ငံသို့ ပြန်လာလာခြင်း မူလအလုပ်ဖြစ်သည့် ဒေဝူးကုမ္ပဏီတွင် ၃နှစ်ခန့် အလုပ်ပြန်လုပ်သည်။ယင်းနောက် အနီးပတ်ဝန်းကျင်မှ မိန်းခလေး ၂၀ ခန့်ဖြင့် အိမ်တွင်းအခြေပြုအထည်ချုပ်စက်ရုံငယ် တစ်ခုစတင်တည်ထောင်ကာ အထည်ချုပ်စီးပွားရေးလောကထဲ ဝင်ရောက်လာခဲ့သည်။ တစ်စတစ်စလုပ်သားအင်အားများပြားလာ၍ မိတ်ဖက်နိုင်ငံခြားသား ၂ဦး၊မြန်မာနိုင်ငံသား(၄)ဦး တို့နှင့် Best Industrial Co.,Ltd.ကို ၁၉၉၄ခုနှစ် ဒီဇင်ဘာ တွင်တည်ထောင်သည်။တည်ထောင်ပြီး ၅နှစ်အတွင်း လုပ်သား ၁၀၀၀ကျော်ခန့်ထားသည်။ မြန်မာပြည် စီးပွားရေးပိတ်ဆို့မှု ခံရသည့်နောက် သူမပါဝင်တည်ထောင်သည့် စက်ရုံမှာ လုပ်သား ၂၀၀အထိ လျော့ကျသွားခဲ့ရသည်။ စီးပွားရေးပိတ်ဆို့မှုမှ ပြန်လွတ်လာပြီးနောက်ပိုင်းတွင်မူ လုပ်သားအင်အား ၅၀၀ခန့်ဖြင့် စက်ရုံကိုလည်ပါတ်သည်။ U.M.F.C.C.Iတွင် ထိပ်တန်းတာဝန်ထမ်းဆောင်ခြင်း ၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ၌ Central Executive Committee (CEC) အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းခံရသည်။ ၂၀၁၁ ခုနှစ်၌ တွဲဖက် အထွေထွေအတွင်းရေးမှူး အဖြစ်လည်းကောင်း ရွေးချယ်ချီးမြှောက်ခဲ့ရသည်။ ဒေါ်ခိုင်ခိုင်နွယ် သည် ပထမဆုံးသော အမျိုးသမီး တွဲဖက် အထွေထွေ အတွင်းရေးမှူး ဖြစ်လာသည်။ယင်းနောက် ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်အဖြစ်လည်းကောင်း၊၂၀၂၂ ခုနှစ် နိုဝင်ဘာ၁၉ ရက်တွင် (၂၀၂၂-၂၀၂၅) ခုနှစ်သက်တမ်းအတွက် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ်လည်းကောင်း ရွေးချယ်တင်မြှောက်ခံရသည်။ အခြားတာဝန်ထမ်းဆောင်မှုများ သူမသည် အာရှတိုက်ရှိ လူမှု တာဝန်သိ လုပ်ငန်းများ၏ ယုံကြည်မှုဆိုင်ရာ အပ်နှံခံရသော အဖွဲ့ဝင် ၊ United Nations Global Compact Network Myanmar ၏ဘုတ်အဖွဲ့ဝင်၊ မြန်မာ့အသက်မွေးဝမ်းကျောင်းမှုပိုင်းဆိုင်ရာ ဒါရိုက်တာအဖွဲ့၏ ဘုတ်အဖွဲ့ဝင်၊မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး၊ စက်ချုပ်အတတ်ပညာနှင့် ကြီးကြပ်မှုပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ကြားပေးနေသော မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းနှင့် လူ့ စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတတ်ရေးစင်တာ၏ သဘာပတိလည်း ဖြစ်သည်။ယင်းအပြင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း၏ အထွေထွေ ညီလာခံတွင် ခြောက်နှစ်တိုင် လုပ်ငန်းရှင် ကိုယ်စားလှယ်အဖြစ်ပါ ထမ်းဆောင်ခဲ့သည်။ ကိုးကား ၁၉၅၄ မွေးဖွားသူများ သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာ စီးပွားရေးလုပ်ကိုင်သူများ
ပိုင်ရာရွာသည် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ခင်ဒေါင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၇၇၉၇ ဖြစ်သည်။ ကိုးကား ဆွမ်ပရာဘွမ်မြို့နယ်ရှိ ရွာများ
ရွာမပြင်ရွာ ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
ကုက္ကရာဇ်ထောင့်ရွာ ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
ကန်ပါတ်ရိုး ကိုးကား မြန်မာနိုင်ငံ ရွာများ ရန်ကုန်တိုင်းဒေသကြီးရှိ ရွာများ BotUpload
ပန်မားရွာ သည် ရှမ်းပြည်နယ် (တောင်)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လုံဟေးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၀၇၉၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ လုံဟေးကျေးရွာအုပ်စုတွင် ကျား ၂၉၃၂ ဦး၊ မ ၃၁၁၈ ဦး၊ လူဦးရေ စုစုပေါင်း ၆၀၅၀ ဦးနေထိုင်သည်။ ကိုးကား ဟိုပုံးမြို့နယ်ရှိ ရွာများ
ကျုံအိပ်ရွာ၊ နှဲကြိုး ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
ဒီယာရွာ သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ညောင်အုပ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၈၁၆၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ညောင်အုပ်ကျေးရွာအုပ်စုတွင် ကျား ၁၆၄၇ ဦး၊ မ ၁၈၁၄ ဦး၊ လူဦးရေ စုစုပေါင်း ၃၄၆၁ ဦးနေထိုင်သည်။ ကိုးကား မတ္တရာမြို့နယ်ရှိ ရွာများ
ဂက်နန်း − ဖုဂျိအိုခဘူတာ (岳南富士岡駅 ဂက်နန်း − ဖုဂျိအိုခ - အဲခိ ) သည် ဂျပန်နိုင်ငံ၊ ရှိဇုအိုခခရိုင်၊ ဖုဂျိမြို့တွင် တည်ရှိသည့် ဘူတာတစ်ခု ဖြစ်သည်။ ကိုးကား ဂျပန်နိုင်ငံရှိ ဘူတာရုံများ
လက်ဖက်ရည်ဆိုင် တို့ရဲ့ နှလုံးသား၊ လူမှု့ဘဝနဲ့ ပေါင်းစပ်။ အားကစားကွင်းမှာ ဝါသနာရှင်တွေ စိတ်လှုပ်ရှား။ မြန်မာပြည်ရဲ့ အရသာတွေ့ရာ လက်ဖက်ရည်ဆိုင် အားကစားပွဲ။ လူတွေ့လူပုံတွေ့ရာ အားကစားနဲ့ လက်ဖက်ရည် ပေါင်းစပ်မှု လှပ။
ငှက်ဆတ်မဲ (Corydon sumatranus) ကို အရှေ့တောင်အာရှဒေသတွင် တွေ့ရလေ့ရှိသည်။ ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ယင်းငှက်ကို မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။ ကိုးကား အရှေ့တောင်အာရှတွင် တွေ့ရှိရသော ငှက်များ
ကော့ကော့ကြောင် ၏ သိပ္ပံအမည်မှာ လီယိုပါဒတ် ဂွစ်နာ ဖြစ်သည်။ အမေရိကတိုက်တွင် တွေ့ရသောကြောင်မျိုးရင်းဝင်များအနက် အရွယ်အစား အသေးငယ်ဆုံး ဖြစ်သည်။ ချီလီနိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသတို့တွင် လည်းကောင်း၊ ယင်းနှင့်တဆက်တစပ်တည်းရှိသော အာဂျင်တီးနားနိုင်ငံရှိ ဒေသများတွင်လည်းကောင်း တွေ့ရသည်။ သွင်ပြင်လက္ခဏာ ဦးခေါင်းနှင့်ကိုယ်အရှည်မှာ ၁၆လက်မမှ ၂၁လက်မ အထိ ဖြစ်ပြီး အမြီးအရှည်မှာ ၇လက်မမှ ၉လက်မအထိ ဖြစ် သည်။ အရောင်အသွေးမှာ အညိုဖျော့ဖြစ်ပြီး အညိုရင့်ရောင် အစက်အပြောက်များ ကိုယ်ပေါ်တွင် အတန်း လိုက် တည်ရှိသည်။ ရင်ဘတ်နှင့် ဝမ်းဗိုက်ပိုင်းတွင် အဖြူရောင်သမ်းသည်။ အမြီးတွင် အမည်းကွင်းများ ရှိ သည်။ ပျံ့နှံ့ကျက်စားပုံ ကော့ကော့ကြောင်များကို တောင်အမေရိကတိုက်၊ ချီလီနိုင်ငံရှိ အင်ဒီးတောင်တန်း၏ သမပိုင်းမိုးသစ်တောများတွင် တွေ့ရသည်။ အောက်ခြေတွင် ဝါးပင်များ ပေါက်ရောက်နေသောတောအုပ်များတွင် အဓိက တွေ့ရသည်။ အာဂျင်တီးနားနိုင်ငံတွင်လည်း ယင်းတို့ကို တွေ့ရသည်။ အလေ့စရိုက် သစ်ပင်တက်ကျွမ်းကျင်သော်လည်း မြေပေါ်တွင် အနေများသည်။ မြေကြွက်နှင့် ငှက်များ ကို ဖမ်းယူစားသောက်တတ်သည်။ လူတို့မွေးမြူသော ကြက်များကိုလည်း ဝင်ရောက်ဆွဲတတ်ပြီး ကြက်ဆွဲရန် တစ်ကောင်တည်းမလာဘဲ အုပ်စုလိုက်လာလေ့ရှိသည်ဟု ဆိုသည်။ တိရစ္ဆာန်ဥယျာဉ်များတွင် ကော့ကော့ ကြောင်၏ အရှည်ဆုံးသက်တမ်းမှာ ၁၁နှစ်ကျော် ဖြစ်သည်။ ကိုးကား ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များ ချီလီနိုင်ငံတွင် တွေ့ရှိရသော နို့တိုက်သတ္တဝါများ အာဂျင်တီးနားနိုင်ငံတွင် တွေ့ရှိရသော နို့တိုက်သတ္တဝါများ
နမ့်ကစ်ရွာ သည် ရှမ်းပြည်နယ် (မြောက်)၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပန်ဆန်း (ပန်ခမ်း)မြို့နယ်၊ နမ့်ကစ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၇၂၉၆ ဖြစ်သည်။ ကိုးကား ပန်ဆန်း (ပန်ခမ်း)မြို့နယ်ရှိ ရွာများ
မိုင်းယန်းမြို့ (Mong Yang)သည် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယန်းခရိုင်၌ တည်ရှိပြီး နယ်စပ်ဒေသမြို့ တစ်မြို့ဖြစ်သည်။ သျှမ်းပြည်အရှေ့ပိုင်း NDAA အထူးဒေသ ၄ တပ်မဟာ ၃၆၉ ထိန်းချုပ်နယ်မြေ နှင့်မျက်နှာချင်းဆိုင်တွင်ရှိသည်။ အကွာအဝေးအားဖြင့် သံလွင်မြစ်အရှေ့ပိုင်း ကျိုင်းတုံမြို့ အရှေ့မြောက်ဖက် ၁၀၂ ကီလိုမီတာအကွာတွင် တည်ရှိသည်။ စာကိုး
ဧကကနိပါတ် - ၁၄။ အသမ္ပဒါနဝဂ် -၁၃၄ - ဈာနသောဓနဇာတ်။ ။ ရူပဘဝ ရောက်သည်ဟု ပြောသဖြင့် မယုံသော တပည့်များကို ဆရာလာ၍ ဆုံးမကာ တပည့်ကြီးအား ပစ္စုပ္ပန်ဝတ္ထု အကျဉ်းမေးလို ကျယ်ဖြေဆို နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သင်္ကဿနဂိုရ်မြို့တံခါးဝယ် မြတ်စွာဘုရား အကျဉ်းအားဖြင့် မေးတော်မူအပ်သော ပြဿနာကို ရှင်သာရိပုတ္တရာ အကျယ်အားဖြင့် ဖြေဆိုခြင်းကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ အတိတ်ဝတ္ထု တပည့်မယုံကြ ဆရာကြွ လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည ရသေ့ဖြစ်၍ တောကျောင်း၌ စုတေခါနီးတွင် တပည့်တို့မေးကြရာ “နေဝသညီနာသညီ” ဟု ပြောဆို၍ စုတေသောအခါ အာဘသရဘုံ၌ ဖြစ်လေ၏။ ရသေ့တို့သည် “နေဝဿညီနာသညီ” ဆိုသောစကား အနက်အဓိပ္ပါယ်ကို တပည့်ကြီးထံ မေးကြရာ တပည့်ကြီး ပြောသာစကားကို မယုံကြည်ကြကုန်။ ထိုအခါ ဗြဟ္မာကြီးသည် အာဘဿရဘုံမှ လာ၍ ကောင်းပင်၌ ရပ်လျက် - “သညာရှိသော သတ္တဝါတို့သည် ဆင်းရဲကုန်၏၊ သညာမရှိသော သတ္တဝါတို့သည်လည်း ဆင်းရဲကုန်၏။ ထို သညီဘဝ၊ အသညီဘသကို ကြဉ်၍ နေဝဿညာ နာသညာယတန ဈာန်ချမ်းသာသည် အပြစ်မရှိ” ဟု တရားဟော၍ တပည့်ကြီး၏ ကျေးဇူးကို ပြောဆိုကာ ဗြဟ္မာ့ပြည်သို့ ပြန်လေ၏။ ထိုအခါ ကြွင်းကုန်သော တပည့်တို့သည် တပည့်ကြီးစကားကို ယုံကြည်ကြကုန်၏။ ဇာတ်ပေါင်း ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ - ထိုအခါ တပည့်ကြီးသည် - ယခုအခါ သာရိပုတ္တရာ။ ဗြဟ္မာကြီးသည် - ငါဘုရား ဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။ ဆောင်ပုဒ် (၁) သညာရှိခြင်း၊ မရှိခြင်း၊ ဆင်းရဲသည်ဟုသိ။ (၂) နေဝသညာ၊ နာသညာ၊ မှန်စွာအပြစ်မရှိ။ ဈာနသောဓနဇာတ် ပြီး၏။ ကိုးကား ဗုဒ္ဓဘာသာ
သစ်ကြီးတောရွာ သည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ သစ်ကြီးတောကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၈၃၃၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ သစ်ကြီးတောကျေးရွာအုပ်စုတွင် ကျား ၁၄၄၁ ဦး၊ မ ၁၆၃၈ ဦး၊ လူဦးရေ စုစုပေါင်း ၃၀၇၉ ဦးနေထိုင်သည်။ ကိုးကား ရေစကြိုမြို့နယ်ရှိ ရွာများ
အညတရနတ်သားအား တဏှာသည် ပုဂ္ဂိုလ်သတ္တဝါကို ဖြစ်စေ၏။ ထိုပုဂ္ဂိုလ် သတ္တဝါတို့၏စိတ်သည် ပြေးသွားနေ၏၊ ပုဂ္ဂိုလ်သတ္တဝါသည် သံသရာသို့ ရောက်၏။ ပုဂ္ဂိုလ်သတ္တဝါသည် ဝဋ်ဆင်းရဲမှမလွတ်ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ ကိုးကား သံယုတ္တနိကာယ်
ပျင်းတောကြီးရွာ ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
စန်းလငွေသော် မြန်ပြည်ပေါ် သည် ၁၉၄၀ ခုထွက် အမေရိကန် ရုပ်ရှင်ဖြစ်ပြီး ဒါရိုက်တာ လူးဝစ်ကင်း (Louis King) ရိုက်ကူးသည်။ ပါရာမောင့် ရုပ်ရှင် (Paramount Pictures) မှ ထုတ်လုပ်ပြီး ၁၉၄၀ ခု၊ ဒီဇင်ဘာလ ၁၁ ရက်တွင် ရုံတင်သည်။ ဇာတ်လမ်းအကျဉ်း ရန်ကုန်သို့ အလည်အပတ်လာသည့် အမေရိကန် အကမယ်နှင့် သစ်ခွဲစခန်း မန်နေဂျာတို့ ချစ်ကြိုက်သည့်ဇာတ်လမ်းဖြစ်သည်။ ဇာတ်ဆောင်များ အာလာဒင်း (Arla Dean) အဖြစ် ဒေါ်ရိုလီ လမာ (Dorothy Lamour) ချက်လိန်း (Chuck Lane) အဖြစ် ရောဘတ်ပရက်စတန် (Robert Preston) ဘီဂေါ်ဒန် (Bill Gordon) အဖြစ် ပရက်စတန် ဖိုစတာ (Preston Foster) စင်သီယာ ဟာမွန် (Cynthia Harmon) အဖြစ် ဒေါ်ရစ် နိုလန် (Doris Nolan) စတီဖန် ဟာမွန် (Stephen Harmon) အဖြစ် ဖရက်ဒရစ် ဝိုလော့ (Frederick Worlock) ဘက်ဆေး ရန္နာ (Basil Renner) အဖြစ် အဲလဘတ် ဘက်ဆာမန်း (Albert Bassermann) အတ် ဘရိုင်ယန် (Art Bryan) အဖြစ် အက်ဒဆန် ရစ်ချတ် (Addison Richards) ဆန်းရှိုင်း (Sunshine) အဖြစ် ဟယ်ရီ အယ်လန် (Harry Allen) ခရန် (Khran) အဖြစ် ဖရန့် လပ်တင်း (Frank Lackteen) ခူဒါ (Khuda) အဖြစ် စတန်လီ ပရိုက် (Stanley Price) မြန်မာမှ ပိတ်ပင်ခြင်း ဇာတ်လမ်း၌ အလုပ်သမားများနေရာတွင် အိန္ဒိယလူမျိုးများအား အသုံးပြုထားခြင်း၊ အိန္ဒိယဝတ်စုံများကိုသာ အဓိက ပုံဖော်ခြင်းတို့ကြောင့် မြန်မာတို့အား သိက္ခာကျစေသည်ဟု ယူဆကာ မြန်မာပြည်ရုပ်ရှင် ဆင်ဆာဘုတ်အဖွဲ့က ပြသခွင့် ပိတ်ထားသည်။ ကိုးကား ၁၉၄၀ ရုပ်ရှင်များ အမေရိကန် ရုပ်ရှင်ဇာတ်ကားများ အင်္ဂလိပ်ဘာသာစကား ရုပ်ရှင်ဇာတ်ကားများ
အကွာအဝေး သည် အရာဝတ္ထုများအား အဘယ်မျှဝေးကွာသည်ကို ဂဏန်းဖြင့် ဖော်ပြချက်ဖြစ်သည်။ ရူပဗေဒပညာ သို့မဟုတ် နေ့စဉ်သုံးတွင် အကွာအဝေးသည် ရုပ်ပိုင်းဆိုင်ရာ အလျားဟု ရည်ညွန်းနိုင်သည်။ အများစု၌ A မှ B သို့အကွာအဝေးသည် B မှ A အကွာအဝေး ဖြင့် အပြန်အလှန် ပြောင်းလဲနိုင်စွမ်းရှိသည်။ သင်္ချာဘာရပ်တွင် အကွာအဝေး ဖန်ရှင် သို့မဟုတ် မက်ထရစ်စနစ်သည် ရုပ်ပိုင်းဆိုင်ရာ အကွာအဝေးအတွက် ယေဘုယျကျသည့် အတွေးများဖြစ်သည်။ မက်ထရစ်ဆိုသည်မှာ ဖန်ရှင်တစ်ခုဖြစ်ပြီး သက်ဆိုင်ရာ နိယာမများအရ အရာဝတ္ထုများ နီးသလား၊ ဝေးသလားဆိုသည်ကို ရည်ညွန်းသည်။ ) ကိုးကား လေဆာအကွာအဝေးမီတာ အခြေခံ သင်္ချာ
ရွာသစ်ကုန်းရွာ၊ သစ်ရောင်း ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
ပါစိနတောနိန္ဒာ ၆-သုတ်၊ သမုဒ္ဒတောနိန္ဒာ ၆-သုတ်အားဖြင့် ဤဝဂ်၌ သုတ်တော်ပေါင်း (၁၂)သုတ်ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူပါသည်။ ကိုးကား သံယုတ္တနိကာယ်
မုတ္တောကြီးရွာ သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ပေကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၆၀၄၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ပေကုန်းကျေးရွာအုပ်စုတွင် ကျား ၇၉၃ ဦး၊ မ ၈၂၇ ဦး၊ လူဦးရေ စုစုပေါင်း ၁၆၂၀ ဦးနေထိုင်သည်။ ကိုးကား မင်းဘူးမြို့နယ်ရှိ ရွာများ
ထုံးဘိုရွာသည် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ စတိန်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ဖြစ်သည်။ ကိုးကား ဘုတ်ပြင်းမြို့နယ်ရှိ ရွာများ
အဇာတသတ်မင်း(အဇာတသတ္တု) သည် ဂေါတမမြတ်စွာ ဘုရားလက်ထက် ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရမင်းကြီး နှင့်ဝေဒေဟီမည်သော မိဖုရားကြီးတို့မှ မွေးဖွားသော မင်းသား ဖြစ်သည်။ အဇာတသတ်မင်းသားသည် ဝေဒေဟီမိဖုရားကြီးဝမ်း၌ ပဋိသန္ဓေ တည်နေလေသောအခါ မိဖုရားကြီးတွင် ဗိမ္ဗိသာရမင်းကြီး၏လက်ျာလက်ရုံးသွေးကို ကိုက်ဖောက်၍ သောက်လိုသော ချင်ခြင်းသည် ပြင်းစွာဖြစ်လေရကား မတင်ဝံ့ဘဲ မစားမစက်နိုင်သဖြင့် ကြုံလှီဖျော့တော့ခြင်းသို့ ရောက်လေသည်။ မင်းကြီးလည်း အကြောင်းကို မေးလတ်သော် ဟုတ်တိုင်းတင်လျှောက်သဖြင့် သိရလျှင် ရုတ်ချည်းပင် လက်ရုံးသွေးကို ဖောက်၍ တိုက်ခြင်းဖြင့် မိဖုရားကြီးအား နှစ်သိမ့်စေလေသည်။ ထိုအကြောင်းကို ပညာရှိတို့ ကြားလတ်သော် မိဖုရားဝမ်း၌ကိန်းသော သူငယ်သည် ခမည်းတော်မင်းမြတ်ကို မချွတ်သတ်လတ္တံ့ဟု နိမိတ်ဖတ်ကြားကြလေသည်။ ထိုအခါ မိဖုရားကြီးလည်း အဖသတ်မည့်သားဖြစ်သော ပဋိသန္ဓေကို မစောင့်ရှောက်လိုဘဲ သန္ဓေကို ဖျက်ရန်အားထုတ်လေသည်။ ထိုအကြောင်းကို မင်းကြီးသိလေလျှင် ငါ့ကိုသတ်လိုလည်း သတ်ပါစေ၊ သား၏မျက်နှာကို မြင်ရလျှင် တော်ပါပြီ၊ ကိုယ်ဝန်ကို မဖျက်ပါလင့်ဟု အခါခါ တားမြစ်လေသည်။ ထိုသတို့သား ဖွားလတ်သော် မဖွားမီကပင် ရန်သူဖြစ်မည်ဟု ပုဏ္ဏားတို့ လျှောက်တင်သည်ကို အကြောင်းပြု၍ အဇာတသတ္တု ဟုမှည့်ခေါ်လေသည်။ (အဇာတ=မမွေးဖွားမီ+သတ္တု=ရန်သူ။) ဖွား မြောက်၍ လာလျှင် မင်းကြီးသည် ဝါဂွမ်းကို ဆီထိသကဲ့သို့ ပီတိပြန့်ပွားလျက် စားတော်မျှ မခေါ်နိုင်ပဲ ဖက်လဲဖက်ရမ်း မီးနေနန်း၌ ပင်ပန်းစွာ စောင့်တော်မူသည်။ အနည်းငယ် ကြီးပြင်း၍ လက္မ၌ခူနာ (အိုင်းအမာနာ)ပေါက်ရာ ဆောက်တည်ရာမရ ပြည်ကိုက်လှသည်ကို မင်းကြီးသည် ခံတွင်းဖြင့် ငုံ၍ ပြည်ကို ယူပေးသည်။ အဇာတသတ်မင်းသားအရွယ်ရောက်လတ်သော် မင်းကြီးသည် အလွန်ချစ်မြတ်နိုးရကား အိမ်ရှေ့မင်းအဖြစ် အပ်နှင်းတော်မူလေသည်။ အိမ်ရှေ့မင်းအဖြစ်နှင့်နေစဉ် တစ်နေ့သ၌ ဘုရား၏ယောက်ဖတော် ရှင်ဒေဝဒတ် ရောက်ရှိလာပြီးလျှင် မင်းသားကို ဆိတ်ငြိမ်ရာသို့ခေါ်၍ မလျော်သောဩဝါဒဖြင့် သင်လည်း ခမည်းတော်ကြီးကို သတ်၍ မင်းလုပ်လော့၊ ငါလည်း ယောက်ဖတော်ဂေါတမကိုသတ်၍ ဘုရားလုပ်အံ့ဟု လှည့်ပတ် တိုက်တွန်းလေ၏။ ထိုတိုက်တွန်းချက်အရ မင်းသားလည်း ပထမသော် သန်လျက်ဓားကို ပေါင်ကြားဝှက်၍ မင်းကြီးအား သတ်ရန်အားထုတ်၏။ ထိုအကြောင်းကို မင်းကြီးသိလျှင် သားကိုခေါ်၍ အဘယ်ကြောင့် ငါ့အား သတ်ရန်ပြုသနည်း၊ မင်းစည်းစိမ်ကို အလိုရှိမူ ငါပေးအံ့ဟုဆိုလျက် မင်း အဖြစ်ကို ဆောင်နှင်းပေး၏။ သို့သော် ရှင်ဒေဝဒတ်က မင်းသားအား ခမည်းတော်မင်းကြီးကို အဆုံးစီရင်ရန် လှည့်ဖြားတိုက်တွန်းပြန်သဖြင့် မင်းကြီးအား နှောင်အိမ်တွင်းသွင်းလျက် ထမင်းအာဟာရကို မပေးဘဲ သတ်စေ၏။ သို့သော် မိဖုရားကြီးက နည်းအမျိုးမျိုးဖြင့် မင်းကြီး၌ အာဟာရမျှတအောင် ပြုသဖြင့် မသေသေးကြောင်းကြားလျှင် မယ်တော်ကိုလည်း ဝင်ခွင့်မပေးတော့ဘဲ နောက်ဆုံး၌ မင်းကြီး၏ဖဝါးကို သားလှီးဓားဖြင့် အမြွာမြွာမွှန်း၍ ဆားရောသော ဆီနယ်ပြီးသော် မင်းကျီးစုဖြင့်ကင်၍ သတ်လေတော့၏။ အဇာတသတ်မင်းတွင် သားတော်ဥဒယဘဒ္ဒ ဖွားမြင်သည်နေ့၌ပင် ဗိမ္ဗိသာရမင်း ကံကုန်လေသည်။ အဇာတသတ်မင်းသည် ခမည်းတော်ကို သတ်ပြီးသောအခါမှ နောင်တကြီးစွာရလျက် ဘုရားရှင်အား ပြစ်မှားသောဒေဝဒတ်ကို လည်း မြေမျိုကြောင်း ထပ်မံကြားသိရသောအခါ မင်းစည်းစိမ်၌ မပျော်မရွင်နိုင်ဖြစ်၍ အလွန်ထိတ်လန့်သဖြင့် ဇီဝကကို အကြောင်းပြုလျက် မြတ်စွာဘုရားထံ ဆည်းကပ်ရလေသည်။ ဘုရားသခင်လည်း မင်းနှင့်တကွ ပရိသတ်တို့အား သာမညဖလ သုတ် ဒေသနာဖြင့် တရားရေအေး တိုက်ကျွေးတော်မူ၏။ ထိုအခါ အဇာတသတ်မင်းကား လွန်မင်းသော ပိတုဃာတက ကံကြောင့် မဂ်ဉာဏ်ဖိုလ်ဉာဏ်သို့ မရောက်ဘဲ ဥပါသကာ မြောက်ရုံသာ သရဏဂုံပဉ္စသီ၌တည်၏။ အဇာတသတ်မင်းသည် မဂ်ဖိုလ်ရထိုက်သောသူဖြစ်လျက် အဆွေခင်ပွန်းယုတ်ဖြစ်သော ဒေဝဒတ်နှင့် ပေါင်းဖော်၍ မပြစ်မှားအပ်သော ခမည်းတော်ကို ပြစ်မှားချေသောကြောင့် ကာလရှည်စွာ အဝီစိငရဲ၌ခံရကောင်း လျက် ဘုရားရှင်ကို လွန်စွာသဒ္ဓါကိုးကွယ်၍ ခမည်းတော်အား ပြစ်မှားမိသော အပြစ်ကို ကန်တော့သောကြောင့် လောဟကုမ္ဘီ ငရဲ၌ အနှစ်ခြောက်သောင်းခံ၍ လွတ်လျှင် ဝိဇိတဝိသေသ မည်သော ပစ္စေကဗုဒ္ဓါ ဖြစ်လတ္တံ့ဟု ဆိုသည်။ အဇာတသတ်မင်းနန်း တက်သည့်နောက် ရှစ်နှစ်မြောက်၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူလေသည်။ ဘုရားပရိနိဗ္ဗာန် စံဝင်တော်မူပြီးနောက် ရှင်မဟာက ဿပမထေရ် အကြီးအမှူးပြုသော သံဃာတော်တို့သည် အဇာတသတ်မင်းကို မှီ၍ ပထမ သင်္ဂါယနာတင်လေသည်။ ထို့ပြင်အဇာတသတ်မင်းသည် ဒေါနပုဏ္ဏားဓာတ်တော် ဝေပြီး လျှင် ထိုထိုမင်းတို့သည် မိမိနေရာမြို့သို့ ပင့်ဆောင်၍ စေတီ တညီတည်းတည်ထားသည်ကို ရှင်မဟာကဿပထေရ်က နောင် အခါ ဓာတ်တော်တို့၏ အန္တရာယ်ဖြစ်ရာလတ္တံ့သည်ကို မြင် သဖြင့် မိမိတန်ခိုးတော်ဖြင့် ယူဆောင်ပေးသောကြောင့် ဘူတာ ဝါဟန ယန္တရားစက်နှင့်တကွ အထူးတလည် ပြုလုပ်ထားသော ဌာပနာတိုက်တွင် သိုမှီးကိုးကွယ်လေသည်။ အဇာတသတ်မင်းသည် အစဉ်အတိုင်း မင်းပြု၍ မင်းစည်းစိမ် ၃၂ နှစ်ရှိသောအခါ သာသနာ သက္ကရာဇ် ၂၄ ခုနှစ်တွင် သားတော်ဥဒယဘဒ္ဒ လုပ်ကြံ၍ ကံကုန် လေသည်။ ကိုးကား ဗုဒ္ဓဝင် ပုဂ္ဂိုလ်များ
တွီးမွီရွာသည် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်၊ တွီးမွီကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၄၈၁၈ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တွီးမွီကျေးရွာအုပ်စုတွင် ကျား ၈၈၅ ဦး၊ မ ၉၁၈ ဦး၊ လူဦးရေ စုစုပေါင်း ၁၈၀၃ ဦး နေထိုင်သည်။ ကိုးကား တွန်းဇံမြို့နယ်ရှိ ရွာများ
ရှမ်းချောင်းရွာ သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ တုံးကြီးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၀၂၁၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တုံးကြီးကျေးရွာအုပ်စုတွင် ကျား ၂၀၅၂ ဦး၊ မ ၁၉၃၅ ဦး၊ လူဦးရေ စုစုပေါင်း ၃၉၈၇ ဦးနေထိုင်သည်။ ကိုးကား ကျောက်ကြီးမြို့နယ်ရှိ ရွာများ
ကံဖေရွာ ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
လပါတ်ရွာ သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မအူပင်ဆိပ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၀၂၁၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မအူပင်ဆိပ်ကျေးရွာအုပ်စုတွင် ကျား ၂၄၁၇ ဦး၊ မ ၂၆၁၇ ဦး၊ လူဦးရေ စုစုပေါင်း ၅၀၃၄ ဦးနေထိုင်သည်။ ကိုးကား ကျောက်ကြီးမြို့နယ်ရှိ ရွာများ
ဇိုင်ချောင်းရွာ၊ သိုင်းချောင်း ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
လွယ်မော်သျှိုးရွာ သည် ရှမ်းပြည်နယ် (မြောက်)၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်၊ ပါစန်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၉၆၆၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ပါစန်ကျေးရွာအုပ်စုတွင် ကျား ၉၀၀ ဦး၊ မ ၉၄၆ ဦး၊ လူဦးရေ စုစုပေါင်း ၁၈၄၆ ဦးနေထိုင်သည်။ ကိုးကား တန့်ယန်းမြို့နယ်ရှိ ရွာများ
ခိုလုံရွာ သည် ရှမ်းပြည်နယ် (မြောက်)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ အင်မိန်းဟိုကျန်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၈၅၃၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အင်မိန်းဟိုကျန်ကျေးရွာအုပ်စုတွင် ကျား ၁၆၇၅ ဦး၊ မ ၁၇၇၀ ဦး၊ လူဦးရေ စုစုပေါင်း ၃၄၄၅ ဦးနေထိုင်သည်။ ကိုးကား ကွတ်ခိုင်မြို့နယ်ရှိ ရွာများ
အာဖရိကတိုက် သစ်တောဒေသ၌ သားကောင်များ အလွန်ပေါ များသည်။ အာဖရိတိုက်မြောက်ဘက်ပိုင်းတွင် ဥရောပတိုက် တောင်ပိုင်း၌ တွေ့ရလေ့ရှိသော တိရစ္ဆာန်မျိုးကို တွေ့ရသည်။ အထူးသဖြင့် ဆဟာရသဲကန္တာရ၏ တောင်ဘက်တွင် တောဆိတ်၊ သစ်ကုလားအုပ်၊ မြင်းကျား၊ ကျွဲ၊ ကြံ့၊ ဆင်၊ ခြင်္သေ့၊ သစ်နက်၊ ကျားသစ်၊ ဟိုင်းအီနာကောင်၊ ခွေးအ၊ မျောက်ဝံတို့ကဲ့သို့ တောရိုင်းတိရစ္ဆာန်များကို တွေ့ရသည်။ ရှေးအခါက အာဖရိကတိုက်တွင် ဆင်များ အများအပြား တွေ့ခဲ့ရသော်လည်း ယခုအခါတွင် အစွယ်အလို့ငှါ ဆင်များကို ဖမ်းဆီး သတ်ဖြတ်ကြသောကြောင့် များများစားစား မတွေ့ရတော့ချေ။ သဲကန္တာရမှတစ်ပါး အခြားနေရာများ၌ ငှက်နှင့် တွားသွားကောင်များကို တွေ့ရသည်။ အာဖရိကတိုက်ရှိ ငှက်များသည် များသောအားဖြင့် အမွေးအတောင်များ အလွန်လှပသော်လည်း အသံသာယာစွာ မအော်မြည်တတ်ကြချေ။ သဲကန္တာရ ခရီးသည်များအတွက် အလွန်အသုံးဝင်သော ကုလားအုပ်များကိုလည်း တွေ့ရှိရသည်။ ဆဟာရသဲကန္တာရ၏ တောင်နှင့် အနောက်ဘက်တို့တွင် ငှက်ကုလားအုပ်များ ရှိသည်။ မိကျောင်းခေါင်းရှည်နှင့် ရေမြင်းများကိုမူ စိမ့်များနှင့် ချောင်းများ၌ တွေ့နိုင်သည်။ ကိုးကား ပထဝီဝင် သတ္တဗေဒ အာဖရိကတိုက် တိရစ္ဆာန်များ ဇီဝမျိုးစုံမျိုးကွဲ
ရှေးခေတ် လူများသည် ဝမ်းစာရရာရကြောင်း ဖြင့် ခြေဦးတည့်ရာ အရပ်များသို့ လှည့်လည်သွားလာ စီးပွား ရှာကြလေသည်။ ထိုနောက် အိုးအိမ် အတည်တကျ ထူထောင်၍ တစ်နေရာရာတွင် အခြေစိုက်ကာ နေလာကြ၏။ ယင်းသို့ အခြေစိုက်ကြခြင်းမှာ မြေဆီလွှာကို ခြစ်ယက် တူးဆွလျက် အသီးအနှံပင်များ စိုက်ပျိုးကြခြင်းအားဖြင့် ဝတ်ရေး၊ စားရေး၊ နေရေး၊ ဖူလုံနိုင်သည်ဟူသော အသိဉာဏ် ပွင့်လင်းလာခြင်းကြောင့်ပင် ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းကို စတင် ဆောင်ရွက်ကြသည့်အခါ၌ လူတို့သည် ယခင်ကကဲ့သို့ ခြေသလုံးအိမ်တိုင်ပြုကာ လှည့်လည်သွားလာ မနေကြတော့ဘဲ ကိုယ်ပိုင် စိုက်ခင်းမြေများ အနီးအပါးရှိ တစ်နေရာရာတွင် အတည်တကျ အခြေစိုက် နေထိုင်လာကြလေသည်။ ကိုယ့်အိုး ကိုယ့်အိမ် ကိုယ့်အယာနှင့် အခြေဖြစ်လာသည့်အခါတွင် လူစုအသင်းအပင်းများ ပေါ်ပေါက်လာသည့်အလျောက် အချင်းချင်း ရင်းနှီး ပွန်းတီးစွာ ပေါင်းသင်းဆက်ဆံမှု စိုက်ပျိုးရေးကို အခြေပြုသော လုပ်ခွဲဝေမှု အစရှိသည့် လူမှုရေးရာတို့ ထွန်းကား ပေါ်ပေါက်လာလေသည်။ ထိုသို့ဖြင့် လူ၏ ယဉ်ကျေးမှု အဆင့်အတန်းသည်လည်း တဖြည်းဖြည်း တိုးတက်လာပေသည်။ မူလသုံးစွဲသော တုတ်ချွန်၊ စူးချွန်များ အစား ထွန်သွား၊ ထွန်သန်တို့ဖြင့် မြေကြီးကို ထွန်ယက်လာကြ သည်။ စားကောင်း သော အသီးအနှံပင်များကို တစ်မျိုးပြီး တစ်မျိုး ဖြည့်စွက် စိုက်ပျိုးလာကြသည်။ တိရစ္ဆာန်ရိုင်းများ ကိုလည်း ယဉ်ပါးလာအောင် မွေးမြူလျက် နေထိုင်စားသောက် နေရေးတွင် အနည်းနည်းဖြင့် အထောက်အပံ့ ဖြစ်စေရန် အသုံးချလာကြသည်။ စိုက်ပျိုးထားသော ဘီသွာလျှော် (နှမ်းချပ်လျှော်)၊ ဝါဂွမ်း စသည်တို့နှင့် အိမ်တွင်မွေးထားသော သိုးမှရသည့် သိုးမွေးများကို မိန်းမများက အိမ်သုံး အဝတ် အထည်များအတွက် ခြည်ငင်ခြင်း၊ ရက်လုပ်ခြင်းများ ပြုလုပ် လာလေသည်။ ဤကဲ့သို့ လယ်ယာစိုက်ပျိုးရေးကို အမှီပြုလျက် ခေတ်သစ် ယဉ်ကျေးမှု၏ အခြေတည်ဆောက်ရာဖြစ်သော လုပ်ငန်းများ ထွန်းကား လာသည်နှင့်အမျှ လူတို့၏ နေထိုင်မှု စားသောက်မှုတို့သည်လည်း ပိုမို၍ သက်သာ ချောင်ချိလာ လေသည်။ ကျောက်တုံး ကျောက်ခဲများကို လက်နက်ကြမ်း များအဖြစ်ဖြင့် သုံးစွဲကြသော ကျောက်ခေတ်၏ နှောင်းပိုင်း ကာလမှအစပြု၍ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်း ထွန်းကား ခဲ့သည်ဖြစ်ရာ ဤလုပ်ငန်းသည် အလွန်ရှေးကျသည့် လုပ်ငန်း တစ်ရပ်ဟု ဆိုရပေမည်။ ထိုကြောင့် လူတို့၏ သမိုင်းစဉ်ကို မှတ်တမ်းမတင်မီကပင် လူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အထိုက်အလျောက် တတ် မြောက်ပြီးဟု ဆိုရပေသည်။ သို့ရာတွင် ဤလုပ်ငန်း အစဉ်တစိုက် ခေတ်အလိုက် တိုးတက်လာသည်ဟု မဆိုနိုင်ချေ။ ၁၈ ရာစုနှစ်များသို့ ရောက်သည့်အခါကျမှ တိုးတက်ကောင်းမွန်လာသော လယ်ယာ စိုက်ပျိုးရေး ကိရိယာများကို တီထွင် သုံးစွဲ လာခြင်းကြောင့် ၎င်း၊ မြေချန်မြေလပ်များတွင် ဥစားပင်များကို အလှည့်ကျ စိုက်ပျိုးလာကြခြင်းအားဖြင့်၎င်း၊ ဤမျှ ရှေးကျသော စိုက်ပျိုး ရေးလုပ်ငန်းသည် သိသိသာသာ တိုးတက်လာခဲ့လေသည်။ ကမ္ဘာ့သမိုင်းတွင် လယ်ယာ ထွန်ယက် စိုက်ပျိုးမှု ထွန်းကားသည့် အရပ်များ၌ နေထိုင်သူတို့၏ ယဉ်ကျေးမှု အဆင့် အတန်းသည် အခြားအရပ်ရှိ လူတို့၏ အဆင့်အတန်း ထက် တိုးတက် ကြီးမြင့်နေကြောင်းကို တွေ့ရလေသည်။ ဤ အချက်ကို ထောက်ရှုလျက် လူတို့၏ ယဉ်ကျေးမှု အဆင့် အတန်း တိုးတက်ကြီးမြင့်လာခြင်းကို လယ်ယာစိုက်ပျိုးရေး လုပ်ငန်း ဖွံ့ဖြိုးလာခြင်းဖြင့် စံချိန်ထိုးကြည့်နိုင်ပေသည်။ သို့ဖြစ်၍ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသည် ယနေ့တိုင် လူတို့၏ ယဉ်ကျေးမှု အခြေခံအုတ်မြစ်သဖွယ် တည်လျက် ရှိနေပေသည်။ ယခုခေတ်တွင် စိုက်ပျိုးရေးပညာသည် အလွန်ကျယ်ဝန်း သော ပညာတရပ် ဖြစ်လာသည့်အလျောက် နိုင်ငံကြီးများ၌ စိုက်ပျိုးရေးအတတ်သင် သိပ္ပံကျောင်းများ ဖွင့်လှစ်လျက် ထိုပညာနှင့် ဆိုင်သော ခေတ်မှီ လယ်ယာစိုက်ပျိုးရေး နည်း စံနစ်များ၊ ကျွဲနွား တိရစ္ဆာန် မွေးမြူခြင်းအတတ် အစရှိသည် တို့ကို သင်ကြား ပို့ချပေးနေလေသည်။ ထို့အပြင် လယ်ယာ စိုက်ပျိုးရေး သုတေသနလုပ်ငန်းများကိုလည်း တွဲဖက်၍ ဆောင်ရွက်လျက်ရှိကြ၏။ နိုင်ငံပိုင် အစိုရတို့ကလည်း ထိုလုပ်ငန်းကို ယခင်ကထက် အားပေးကူညီနေပေသည်။ ဆက်စပ်အကြောင်းအရာ ကိုးကား စိုက်ပျိုးမွေးမြူရေး
အင်းစိုင်းရွာသစ်ရွာ သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျောင်းကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၂၅၃၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကျောင်းကုန်းကျေးရွာအုပ်စုတွင် ကျား ၇၈၈ ဦး၊ မ ၉၇၂ ဦး၊ လူဦးရေ စုစုပေါင်း ၁၇၆၀ ဦးနေထိုင်သည်။ ကိုးကား ရွှေတောင်မြို့နယ်ရှိ ရွာများ
လိပ်ဆံတင်ရွာ သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ စားတော်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၅၇၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ စားတော်ကျေးရွာအုပ်စုတွင် ကျား ၇၄၀ ဦး၊ မ ၇၇၅ ဦး၊ လူဦးရေ စုစုပေါင်း ၁၅၁၅ ဦးနေထိုင်သည်။ ကိုးကား အမရပူရမြို့နယ်ရှိ ရွာများ
မဟာမဂ္ဂ သည် သီရိလင်္ကာနိုင်ငံ၊ အနုရာဓပူရမြို့တွင် တည်ရှိသည့် ရှေးဟောင်းဥယျာဉ်တစ်ခု ဖြစ်သည်။ ဘုရင် Mutasiva (367 - 307 BC) က ပန်းခြံကို တည်ထောင်ခဲ့ပြီး သမိုင်းတွင် ၎င်း၏ အမည်ကို ဤပန်းခြံကို ပထမဆုံးတည်ထောင်သူအဖြစ် ဖော်ပြထားသည်။ သူသည် ဘုရင် Pandukabhaya မင်း၏ သားတော်ဖြစ်ပြီး ဘုရင် Devanampiya Tissa ၏ ခမည်းတော် တော်စပ်သူ ဖြစ်သည်။ ဘုရင် Pandukabhaya သည် အန်ဒရာပူရမြို့ကို တည်ထောင်သူ ဖြစ်သည်။ ဖခင်၏ အရိုက်အရာကို ဆက်ခံပြီးနောက် ဘုရင်ဖြစ်လာသည့် ဘုရင် Mutasiva သည် အန်ဒရာပူရမြို့၏ တောင်ဘက်နှင့် မြို့အပြင်ဘက်တွင် တော်ဝင်ဥယျာဉ်နှစ်ခုကို ပြုလုပ်ခဲ့သည်။ နန္ဒန (Jōtivana) ဟု အမည်ရသည့် ဥယျာဉ်သည် တောင်ဘက်ဂိတ်တည်ရှိသည့်နေရာအကျော်တွင် တည်ရှိပြီး ၎င်းနောက် မဟာမဂ္ဂဥယျာဉ် တည်ရှိသည်။ ဥယျာဉ်ကို စတင်ခဲ့သည့်အချိန်သည် ထူးမြတ်သည့်အချိန်အခါနှင့် ကြုံခဲ့ရပြီး ပုံမှန်မဟုတ်သည့် မိုးသည် သည်းထန်စွာသွန်းခဲ့သည်။ မဟာ၏ အဓိပ္ပာယမှာ “များပြားသော” မဂ္ဂ ဆိုသည်မှာ “မိုးပေါက်” ဟု အဓိပ္ပာယ်ရသည်။ မဟာဝံသကျမ်း၌ ဤဥယျာဉ်သည် သီးသီးများ ပန်းမန်များဖြင့် ပျော်မွေ့ဖွယ်ရာမျိုးစုံဖြင့် ပြည့်နှက်နေသည်ဟု ဆိုသည်။ ဤဥယျာဉ်သည် [[သမာဓိရုပ်ပွားတော်]၊ ဇေယျာသီရိမဟာဗောဓိ၊ မဟာစေတီတော် (သီရိလင်္ကာ) နှင့် သုပရမစေတီတော်များလည်း တည်ရှိသဖြင့် ထင်ရှားသည်။ ရုပ်ပုံများ ကိုးကား သီရိလင်္ကာနိုင်ငံမှ စေတီပုထိုးနှင့် ဘုရားကျောင်းများ
ဝါးရဲ (အထက်)ရွာ သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သစ်ပုတ်ပင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၀၀၉၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ သစ်ပုတ်ပင်ကျေးရွာအုပ်စုတွင် ကျား ၁၉၃၉ ဦး၊ မ ၁၉၀၀ ဦး၊ လူဦးရေ စုစုပေါင်း ၃၈၃၉ ဦးနေထိုင်သည်။ ကိုးကား ရေတာရှည်မြို့နယ်ရှိ ရွာများ
တွမ်ခရုစ် ဟူသည့် အမည်ဖြင့် လူသိများသည့် သောမတ်စ် ခရုစ် မေပိုသာ IV (, ; ၃ ဇူလိုင် ၁၉၆၂ ဖွား) သည် အမေရိကန်နိုင်ငံသား၊ အမျိုးသား ရုပ်ရှင်သရုပ်ဆောင်နှင့် ထုတ်လုပ်သူ တစ်ဦးဖြစ်သည်။ တွမ်ခရုစ်သည် သူပါဝင်သရုပ်ဆောင်ခဲ့သည့် “Mission Impossible” အခန်းဆက် ရုပ်ရှင်ကားများ၊ “တော့ပ်ဂန်း (၁၉၈၆)” နှင့် လတ်တလော (၂၀၂၂ ခုနှစ်) ရုံတင်ပြသလျက်ရှိသည့် ၎င်း၏နောက်ဆက်တွဲ “တော့ပ်ဂန်း။ မာ့ဗရစ် ” အပါအဝင် အခြား ရုပ်ရှင်ဇာတ်ကားပေါင်းများစွာဖြင့် ကမ္ဘာတဝှမ်း လူသိများသည်။ ထို့ပြင် တွမ်ခရုစ်သည် ဟောလိဝုဒ်၏ အနုပညာကြေး အမြင့်ဆုံး သရုပ်ဆောင်များထဲမှ တစ်ဦးလည်းဖြစ်သည်။ တွမ်ခရုစ် ပထမဆုံးပါဝင်သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်ကားမှာ “အဆုံးသတ်မရှိသော အချစ်” ဟု မြန်မာလိုအဓိပ္ပါယ်ရသော “Endless Love” ရုပ်ရှင်ကားဖြစ်သည်။ အဓိက ဇာတ်ကောင်နေရာ (သို့) ဇာတ်ဆောင်(ဇာတ်လိုက်)အဖြစ် ပထမဆုံး သရုပ်ဆောင်ခဲ့သည့် ဇာတ်ကားမှာ “Risky Business” ဖြစ်သည်။ တွမ်ခရုစ် သည် သူ သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်ကားများဖြစ်သော - “Fourth of July” (၁၉၈၉)၊ “Jerry Maguire” (၁၉၉၆)၊ “Magnolia” (၁၉၉၉) နှင့် “Easy A” (၂၀၁၀) ရုပ်ရှင်ကားတို့ဖြင့် အော်စကာဆု (၃)ကြိမ် ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး ရွှေကမ္ဘာလုံးဆု (၃)ဆုကို ရရှိခဲ့သည်။ ငယ်ဘဝ တွမ်ခရုစ်ကို သူ၏မိဘများဖြစ်သော လျှပ်စစ်အင်ဂျင်နီယာ မစ္စတာ သောမတ်စ် ခရုစ် မေပိုသာ-III နှင့် အထူးပညာရေးဆရာမ မေရီလီ တို့မှ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဆီရာကျု့စ်မြို့တွင် ဖွားမြင်ခဲ့သည်။ တွမ်ခရုစ်တွင် လီအန်နီ၊ မာရီယန် နှင့် ကတ်စ် ဟု အမည်ရှိသော တအူတုံဆင်း မွေးချင်း မောင်နှမ (၃)ဦးရှိသည်။ တွမ်ခရုစ်သည် အိုင်းရစ်၊ ဂျာမန်၊ အင်္ဂလိပ် ကပြားဖြစ်သည်။ ပုဂ္ဂိုလ်ရေး တွမ်ခရုစ် တွင် သူ၏ဒုတိယအိမ်ထောင်ဖက် ရုပ်ရှင်သရုပ်ဆောင် နီကိုးကစ်မင်းန်နှင့်အတူ သမီးတစ်ယောက်နှင့် သားတစ်ယောက် မွေးစားထားသည်။ တတိယအိမ်ထောင်ဖက်ဖြစ်သော ရုပ်ရှင်သရုပ်ဆောင် ကေသီဟုမ်းနှင့် တွမ်ခရုစ်တို့တွင် ဆူရီ (ဧပြီ ၂၀၀၆ ဖွား) အမည်ရသော သမီးလေးတစ်ဦးထွန်းကားခဲ့သည်။ တွမ်ခရုစ် နှင့် ကေသီဟုမ်း တို့သည် ၂၀၀၆ ခုနှစ် နိုဝင်ဘာလ၌ လက်ထပ်ခဲ့ကြပြီး ၂၀၁၂ ခုနှစ်တွင် ကွာရှင်းခဲ့ကြသည်။ ရိုက်ကူးရေး ရုပ်ရှင် ရုပ်မြင်သံကြား ကိုးကား ပြင်ပလင့်များ Yahoo! Movies ပေါ်ရှိ တွမ်ခရုစ် WorldCat (စာကြည့်တိုက်များ) ပေါ်ရှိ တွမ်ခရုစ် ၂၀ ရာစု အမေရိကန် အမျိုးသား သရုပ်ဆောင်များ ၂၁ ရာစု အမေရိကန် အမျိုးသား သရုပ်ဆောင်များ အမေရိကန် အမျိုးသား ရုပ်ရှင်သရုပ်ဆောင်များ
ဟစ်တလိုရွာ၊ ထီတိုလို ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
ချောင်းဝရွာ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ အရှေ့ကောက်တောင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၂၁၁၀၇ ဖြစ်သည်။ ကိုးကား ခန္တီးမြို့နယ်ရှိ ရွာများ
နမ့်ဟရွာ သည် ရှမ်းပြည်နယ် (မြောက်)၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပန်ဆန်း (ပန်ခမ်း)မြို့နယ်၊ ထမုံကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၇၃၅၁ ဖြစ်သည်။ ကိုးကား ပန်ဆန်း (ပန်ခမ်း)မြို့နယ်ရှိ ရွာများ
ကိုင်းကလေးရွာ သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အောက်ကိုင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၃၆၅၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အောက်ကိုင်းကျေးရွာအုပ်စုတွင် ကျား ၁၇၄၇ ဦး၊ မ ၁၈၂၄ ဦး၊ လူဦးရေ စုစုပေါင်း ၃၅၇၁ ဦးနေထိုင်သည်။ ကိုးကား အုတ်ဖိုမြို့နယ်ရှိ ရွာများ
ခဝနဲအွန်းဆင်း - ဆဆမဒိုဘူတာ (川根温泉笹間渡駅駅 ခဝနဲအွန်းဆင်း - ဆဆမဒို - အဲခိ ) သည် ဂျပန်နိုင်ငံ၊ ရှိဇုအိုခခရိုင်၊ ရှိမဒမြို့တွင် တည်ရှိသည့် ဘူတာတစ်ခု ဖြစ်သည်။ ကိုးကား ဂျပန်နိုင်ငံရှိ ဘူတာရုံများ
သစ်ဖရွာ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ပလူဇဝကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၂၃၉၅ ဖြစ်သည်။ ကိုးကား ရေဦးမြို့နယ်ရှိ ရွာများ
မစိုးရိမ်ရွာ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ခြုံကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၂၂၈၉ ဖြစ်သည်။ ကိုးကား ရေဦးမြို့နယ်ရှိ ရွာများ
လွယ်လန်းရွာ သည် ရှမ်းပြည်နယ် (မြောက်)၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်၊ ကောင်းစန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၆၈၉၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကောင်းစန်းကျေးရွာအုပ်စုတွင် ကျား ၁၃၃၂ ဦး၊ မ ၁၄၄၄ ဦး၊ လူဦးရေ စုစုပေါင်း ၂၇၇၆ ဦးနေထိုင်သည်။ ကိုးကား တန့်ယန်းမြို့နယ်ရှိ ရွာများ
သက္ကယ်ကျင်းရွာ သည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မလွန်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၇၀၉၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မလွန်ကျေးရွာအုပ်စုတွင် ကျား ၃၄၈၈ ဦး၊ မ ၃၈၃၁ ဦး၊ လူဦးရေ စုစုပေါင်း ၇၃၁၉ ဦးနေထိုင်သည်။ ကိုးကား မင်းလှမြို့နယ်ရှိ ရွာများ
သိန်းညွန့်၊ ဒေါက်တာ(ပါမောက္ခ)(၁၉၃၂-၂၀၁၁) ပါမောက္ခဒေါက်တာသိန်းညွန့်ခေါ် ကဗျာဆရာညွန့်ဝေ(ကသာ)ကို တောအုပ်ကြီး ဦးလေးမောင်၊ ဒေါ်အိမ်တို့က ၁၉၃၂ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်တွင် တောင်တွင်းကြီးမြို့၌ မွေးဖွားသည်။ မွေးချင်းခြောက်ဦးအနက် တတိယမြောက်သားဖြစ်သည်။ ပါမောက္ခ ဒေါက်တာသိန်းညွန့်သည် တောင်တွင်းကြီးမြို့ဇာတိဖြစ်သော်လည်း ကသာမြို့၌ ပညာသင်ယူကြီးပြင်းခြင်းကြောင့် ကလောင်နာမည်ကို ညွန့်ဝေ(ကသာ)ဟု ခံယူသည်။ အသက် ၁၅ နှစ်သား အရွယ် အဋ္ဌမတန်းကျောင်းသားဘဝတွင် သတင်းစုံ ဂျာနယ်၌ ပထမဆုံး ပုံနှိပ်ကဗျာဖော်ပြခံရသည်မှ အစပြု၍ ပဒေသာ၊ ရှုမဝ၊ ငွေတာရီ၊ မြဝတီ၊ သွေးသောက်စသည့် မဂ္ဂဇင်းများ၌ ကဗျာများရေးသား ပြီး စာပေလောကသို့ ဝင်ရောက်သည်။ ဒေါက်တာသိန်းညွန့် ပါမောက္ခဒေါက်တာသိန်းညွန့်သည် ၁၉၆၇ ခုနှစ်တွင် 'သိမှတ်ဖွယ်ရာဆေးပညာ' စာအုပ်၊ ၁၉၉၂ ခုနှစ်တွင် 'ဇော' ဆေးပညာပေးဝတ္ထုရှည်စာအုပ်၊ 'စိတ်ပြ တင်း' ကဗျာများစာအုပ်၊ ၁၉၉၈ ခုနှစ်တွင် 'ရင်မှ ဆင်းသောမြစ်တစ်စင်း' စာအုပ်နှင့် ၂၀၀၉ ခုနှစ်တွင် လည်ပြန်အငဲ့ စာအုပ်စသည့် လုံးချင်းစာအုပ် ငါးအုပ်နှင့် ကဗျာပုဒ်ရေ ၁၀၀ ကျော် ရေးသားသူဖြစ်သည်။ ၁၉၉၂ ခုနှစ် အမျိုးသားစာပေဆု (ကဗျာဆု) ကို 'စိတ်ပြတင်း' ကဗျာများ စာအုပ်ဖြင့် ဆွတ်ခူးရရှိသည်။ ၂၀၀၈ ခုနှစ် တွင် နိုင်ငံတော်က ချီးမြှင့်သော ဝိဇ္ဇာပညာထူးချွန်ဆု (ဒုတိယဆင့်)ကို ရရှိသည်။ ၂၀၀၉ ခုနှစ်တွင် ပခုက္ကူ ဦးအုံးဖေတစ်သက်တာစာပေဆု ချီးမြှင့်ခြင်းခံရသည်။ ပါမောက္ခဒေါက်တာသိန်းညွန့်သည် ဆရာဝန် ဘွဲ့ (M.B.,B.S) ရရှိပြီးနောက် ၁၉၆၇ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ် အထိ ရုရှားနိုင်ငံ မော်စကိုဆေးပညာတက္ကသိုလ် တက်ရောက်ပြီး Plastic Surgery ပါရဂူဘွဲ့ရရှိသည်။ ၁၉၉၂ ခုနှစ်တွင် အစားထိုးပြုပြင်ခွဲစိတ်မှုနှင့် မျက်နှာ မေးရိုးခွဲစိတ်ကုဆရာဝန်ကြီးအဖြစ်မှ အငြိမ်းစားယူသည်။ ပါမောက္ခဒေါက်တာသိန်းညွန့်သည် သက်ပြည့် အငြိမ်းစားယူပြီးနောက် ၂၀၀၅ ခုနှစ်အထိ ကျန်းမာရေး ဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ်လည်း ထမ်းဆောင်သည်။ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်နှင့် စာပေဗိမာန် စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ် ကွယ်လွန် ချိန်အထိဆောင်ရွက်သည်။ တရားရုံးချုပ်ရှေ့နေ ဒေါ်ဝေဝေလွင်နှင့် လက်ထပ် ခဲ့ပြီး သားနှစ်ဦးမွေးဖွားသည်။ ပါမောက္ခဒေါက်တာ သိန်းညွန့်ခေါ် ကဗျာဆရာ ညွန့်ဝေ(ကသာ)သည် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကိုးကား မြန်မာ ကဗျာဆရာများ ၁၉၃၂ မွေးဖွားသူများ ၂၀၁၁ ကွယ်လွန်သူများ မြန်မာ ဆရာဝန်များ မြန်မာ အမျိုးသား စာရေးဆရာများ မြန်မာ စာရေးဆရာများ
လောက်လေးချောင်း ကိုးကား မြန်မာနိုင်ငံ ရွာများ ရန်ကုန်တိုင်းဒေသကြီးရှိ ရွာများ BotUpload
ယောင်ပရင်းရွာ သည် ရှမ်းပြည်နယ် (မြောက်)၊ မိုင်းမော-ဝအထူးဒေသ (၂)၊ ကောင်မင်ဆန်းမြို့နယ်၊ လိုက် လက်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၅၆၃၉ ဖြစ်သည်။ ကိုးကား ကောင်မင်ဆန်းမြို့နယ်ရှိ ရွာများ
ခမိခါဝါမြို့ (上川町 ခမိခါဝါချေား ) သည် ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးခရိုင်၊ ခမိခါဝါခရိုင်ခွဲ တွင် တည်ရှိသည်။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် မြို့နေလူဦးရေသည် ၃၇၀၆ ဦး ရှိသည်။ လူဦးရေသိပ်သည်းဆသည် တစ်စတုရန်းကီလိုမီတာလျှင် ၃.၅၃ ဦး ရှိသည်။ စုစုပေါင်း ဧရိယာသည် ၁၀၄၉.၂၄ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ ကိုးကား ဟော့ကိုင်းဒိုးရှိ မြို့များ ကိုးကား ဟော့ကိုင်းဒိုးရှိ မြို့များ
သဲကန်ရွာ သည် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ သပြေပင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၃၀၆၃ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ သပြေပင်ကျေးရွာအုပ်စုတွင် ကျား ၁၆၁၁ ဦး၊ မ ၁၈၇၈ ဦး၊ လူဦးရေ စုစုပေါင်း ၃၄၈၉ ဦးနေထိုင်သည်။ ကိုးကား ပျော်ဘွယ်မြို့နယ်ရှိ ရွာများ
(၂)သုတ် ရှိပါသည်။ ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သုခ, ဒုက္ခ, အဒုက္ခမသုခ-ဟူသော ဝေဒနာသုံးပါး၊ ဖဿဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်ပုံ၊ တဏှာသည် ဝေဒနာသမုဒယဂါမိနီပဋိပဒါ, ဝေဒနာ၌ ဆန္ဒရာဂကို ပျောက်ကင်းစေခြင်း, ပယ်စွန့်ခြင်းသည် ဝေဒနာမှ လွတ်မြောက်ပုံတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် “သဗ္ဗညုဘုရားရှင် အလောင်တော်ဖြစ်စဉ် ဣဒ္ဓိပါဒ်လေးပါး ပွားများပုံ ဣဒ္ဓိပါဒ်လေးပါးကို စနစ်တကျ ပွားများတော်မူခြင်းကြောင့် ဣဒ္ဓိဝိဓအဘိညာဉ် ဒိဗ္ဗသောတအဘိညာဉ်, စေတောပရိယအဘိညာဉ်, ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်, ဒိဗ္ဗစက္ခုအဘိညာဉ် (ယထာကမ္မူပဂအဘိညာဉ်), အာသဝက္ခယ စေတောဝိမုတ္တိ ပညာဝိမုတ္တိဖြစ်သော အရဟတ္တဖိုလ်ကို မျက်မှောက်ဘဝ၌ပင် ရရှိပြည့်စုံ၍ နေတော်မူ ပုံ”ကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ ကိုးကား သံယုတ္တနိကာယ်
တလင်းကုန်းရွာ သည် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ စပါယ်ကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၂၈၂၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ စပါယ်ကုန်းကျေးရွာအုပ်စုတွင် ကျား ၁၃၅၇ ဦး၊ မ ၁၅၅၄ ဦး၊ လူဦးရေ စုစုပေါင်း ၂၉၁၁ ဦးနေထိုင်သည်။ ကိုးကား ပျော်ဘွယ်မြို့နယ်ရှိ ရွာများ
ကြောင်းပန်းခြုံရွာ သည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ မီအူးအောင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၅၄၆၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မီအူးအောင်းကျေးရွာအုပ်စုတွင် ကျား ၇၅၅ ဦး၊ မ ၈၈၈ ဦး၊ လူဦးရေ စုစုပေါင်း ၁၆၄၃ ဦးနေထိုင်သည်။ ဤရွာသည် တိမ်ကောသွာပြီ။ ကိုးကား တောင်တွင်းကြီးမြို့နယ်ရှိ ရွာများ
ကိုးကား မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများ
ဆန်ချီသည် အိန္ဒိယနိုင်ငံအလယ်ပိုင်း ဗိုပါးစီရင်စု၊ ဗိုပါး မြို့၏ အရှေ့မြောက် ၂၃ မိုင်အကွာတွင်တည်ရှိသော ရွာကလေး တစ်ရွာဖြစ်သည်။ ယင်းဆန်ချီရွာကလေးသည် ရှေးခေတ် အိန္ဒိယယဉ်ကျေးမှုနှင့် ဆက်စပ်လျက်ရှိပေသည်။ သီရိဓမ္မာသောကမင်း (ဘီစီ ၂၇၃-၂၃၂) သည် ကလိင်္ဂ တိုင်းကို အောင်မြင်ပြီးနောက်၊ အသက်အိုးအိမ် စည်းစိမ်ဥစ္စာ အမြောက်အမြား ဆုံးရှုံးပျက်စီးကြရသည်ကို မြင်၍၊ တရား သံဝေဂရယူကာ စစ်ဖြင့်အောင်နိုင်ခြင်းကိုစွန့်လွှတ်လျက်၊ တရား ဓမ္မဖြင့် အောင်နိုင်ခြင်းသို့ ရှေးရှုခဲ့လေသည်။ ထိုမှစ၍ အိန္ဒိယ နိုင်ငံတော်အဝှန်း၌ ရေတွင်းရေကန် တူးခြင်း၊ ဘုရားပုထိုးစေတီ ဂူကျောင်းတည်ဆောက်ခြင်းအစရှိသော ဗုဒ္ဓဘာသာနှင့် စပ်လျဉ်း သည့်အမှုများကိုပြုလုပ်ခဲ့၏။ ဗုဒ္ဓသာသနာသည်လည်း မင်းကြီး ၏လက်ထက်၌ တိုးတက်ထွန်းကား၍ လာခဲ့လေသည်။ ယင်း သို့ ဗုဒ္ဓဘာသာထွန်းကား တိုးတက်ခဲ့သည်နှင့်အမျှ၊ ဗုဒ္ဓမြတ်စွာ နှင့် ဗုဒ္ဓသာသနာကို ကြည်ညိုစိတ်ထက်သန်သော သူတို့သည် အိန္ဒိယနိုင်ငံအဝှန်း၌ များစွာပေါ်ပေါက်ခဲ့လေသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးသည့်နောက်တွင်ကား၊ ဗုဒ္ဓ အယူဝါဒီတို့သည် ဘုရား၏ဓာတ်တော် မွေတော်များကို ခိုင်ခံ့ လုံခြုံသော ထူပါရုံစေတီတော်ကြီးများ၌ ဌာပနာကြ၏။ ယင်း ထူပါရုံ စေတီတော်ကြီးများကို လည်း ကြည်ညိုဖွယ်ဖြစ်အောင် အဆန်းတကြယ် တည်ထားဆောက်လုပ်ခဲ့ကြလေသည်။ ဤသို့ ဖြင့် သီရိဓမ္မာသောကမင်း၏ ခေတ်လောက်မှစ၍ ထူပါရုံစေတီ တော်ကြီးများသည် ဆန်ချီရွာတစ်ဝှန်း၌ ပေါ်ထွန်းခဲ့ကြရာ ထို အကြောင်းကိုမှီ၍ ဆန်ချီရွာသည် ရာဇဝင်တွင် ထင်ရှားကျော် စော၍လာခဲ့ပေသည်။ ထူပါရုံစေတီတော်ကြီးများကို ဗီတွာမြစ်၏ လက်ဝဲဘက် ကမ်း၊ ပေ ၃ဝဝ အမြင့်ရှိသော သဲကျောက်တောင်ကုန်းငယ် တစ်ခုတွင် တည်ထားဆောက်လုပ်ခဲ့ကြသည်။ ဆန်ချီတောင်ကုန်း ပေါ်၌ကား ထူပါရုံစေတီတော်ကြီးပေါင်း ၁ဝ ဆူမျှ ရှိခဲ့လေ သည်။ ယင်းတို့အနက် စေတီတော်ကြီးတစ်ဆူမှာ အချင်းအား ဖြင့် ၁ဝ၃ ပေခန့်ရှိ လျက်၊ ဉာဏ်တော်အားဖြင့် ၄၂ ပေခန့် ရှိ၏။ ပုံပန်းမှာ အခြေ၌ ပစ္စယာ အဆင့်ဆင့်ခံထား၏။ ပစ္စယာ ပေါ်၌ ဥသဏ္ဌာန်စေတီပုံတည်၍၊ အထက်ဆုံး၌ အချင်း ၃၄ ပေရှိသော ပလ္လင်နှင့် ထီးတို့ရှိလေသည်။ ပစ္စယာသို့ လှေကား ဖြင့်တက်ရ၏။ ပစ္စယာပတ်လည်တွင်လည်း ကျောက်လက်ရန်း ရှိလေသည်။ ထူပါရုံစေတီတော်ကြီး တစ်ခုလုံး၏ပတ်လည် ၌ကား အရံတံတိုင်းရှိ၏။ ယင်းတံတိုင်းလေးမျက်နှာတွင် ၁၈ ပေစီရှိသော မုတ်ပေါက်လေးပေါက်ရှိ၍၊ မုတ်ပေါက်တိုင်းတွင် တုရိုဏ်တစ်ခုစီရှိလေသည်။ ယင်းမုတ်ပေါက်နှင့် ကျောက်လက် ရန်းများ၌ကား၊ ဗုဒ္ဓမြတ်စွာ၏ ဖြစ်စဉ်များ၊ နိပါတ်တော်များကို ပန်းတမော့ပညာ လက်ရာမြောက်စွာဖြင့် ကျောက်ရုပ်ကျောက် ပန်းများထု၍၊ ကျောက်စာများကိုလည်း ရေးထိုးမော်ကွန်းတင် ထားရစ်ခဲ့ကြလေသည်။ အဆိုပါထူပါရုံစေတီတော်ကြီးများအနက် ထူပါရုံတစ်ခု၏ ဌာပနာတိုက်အတွင်းမှ ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန်တို့၏ ဓာတ်တော်များကို ၁၈၅၁ ခုနှစ်တွင် တူးဖော်ရရှိသည်။ ထိုသို့ ရရှိသောဓာတ်တော်တို့ကို ဗြိတိသျှအစိုးရတို့က လန်ဒန်မြို့သို့ ပင့်ဆောင်၍ သွားလေသည်။ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရသော အခါ ဗြိတိသျှအစိုးရသည် ထိုဓာတ်တော်တို့ကို အိန္ဒိယနိုင်ငံသို့ ပြန်ပို့သဖြင့် အိန္ဒိယနိုင်ငံအစိုးရသည် ၁၉၅၂ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် မူလထူပါရုံအနီး၌ တည်ဆောက်ထားသော ဝိဟာရအသစ်၌ ဓာတ်တော် တို့ကို ပြန်လည်ဌာပနာလေသည်။ ကိုးကား အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘာသာနေရာများ အိန္ဒိယနိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်နေရာများ စေတီ ပုထိုးများ
ပိန်းဆာရွာ သည် ရှမ်းပြည်နယ် (မြောက်)၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်၊ လွယ်ပျက်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၉၇၉၁ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ လွယ်ပျက်ကျေးရွာအုပ်စုတွင် ကျား ၁၈၇၉ ဦး၊ မ ၂၁၀၆ ဦး၊ လူဦးရေ စုစုပေါင်း ၃၉၈၅ ဦးနေထိုင်သည်။ ကိုးကား တန့်ယန်းမြို့နယ်ရှိ ရွာများ
ကွမ်တမ်ဒြပ်ဆွဲအား ဆိုသည်မှာ ကွမ်တမ် အကျိုးသက်ရောက်မှုများကို လျစ်လျူမရှုနိုင်သည့်နေရာများ၌ ကွမ်တမ် မက္ကင်းနစ်နိယာမများအရ ဒြပ်ဆွဲအားကို ဖော်ပြသည့် သီအိုရီဆိုင်ရာ ရူပဗေဒနယ်ပယ်တစ်ခုဖြစ်သည်။ လက်ရှိ နားလည်ထားသော ဒြပ်ဆွဲအားဆိုသည်မှာ အိုင်းစတိုင်း၏ ယေဘုယျနှိုင်းရသီအိုရီကို အခြေခံထားသည်။ သို့သော် ဂြိုဟ်၊ ကြယ်တို့ကဲ့သို့ ကြီးမားသည့် အရာဝတ္ထုတို့၏ ဒြပ်ဆွဲအားကို ဖော်ပြရာတွင် ယေဘုယျနှိုင်းရသီအိုရီသည် ကောင်းမွန်စွာ ပြေလည်ပြီး ကွမ်တမ် မက္ကင်းနစ်သည် အက်တမ်ထက် သေးငယ်သော အမှုန်များကြားရှိ အားများကို ဖော်ပြသည့်သီအိုရီဖြစ်ရာ ယင်းသီအိုရီနှစ်ခုကို ပေါင်းစပ်ပြေလည်စေနိုင်သည့် သီအိုရီမှာ အငြင်းပွားဖွယ်ဖြစ်လျက်ရှိသည်။ လူအများစုက ကွမ်တမ်ဒြပ်ဆွဲအား သီအိုရီသည် တွင်းနက်များ၏ အပြုအမူနှင့် စကြဝဠာ၏ ဇာတ်မြစ်တို့ကို နားလည်ရာ၌ အခက်အခဲများကို ဖြေရှင်းပေနိုင်ရန် မျော်လင့်ထားကြသည်။ ကိုးကား ယေဘုယျနှိုင်းရသီအိုရီ
ကွမ်းတောင်ရွာ အမည်ရှိ ကျေးရွာများမှာ ကွမ်းတောင်ရွာ၊ ကွမ်းတောင် - ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရွာ ကွမ်းတောင်ရွာ၊ စပါးထား - ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရွာ
တုန်းဇန်ရွာသည် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ တုန်းဇန်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၄၆၈၁ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တုန်းဇန်ကျေးရွာအုပ်စုတွင် ကျား ၁၁၄၁ ဦး၊ မ ၁၁၄၂ ဦး၊ လူဦးရေ စုစုပေါင်း ၂၂၈၃ ဦး နေထိုင်သည်။ ကိုးကား တီးတိန်မြို့နယ်ရှိ ရွာများ
လာအိုနိုင်ငံ ဗဟိုဘဏ် သည် ဗီယက်ကျင်းမြို့တွင်ရှိ​သောလာအိုနိုင်ငံ၏အဓိက ဘဏ်ဖြစ်သည်။လာအိုနိုင်ငံ၏​ငွေ​ကြေးဆိုင်ရာများကို စီမံထိန်းသိမ်းရာ​နေရာဖြစ်သည်။၁၉၆၈ ​အောက်တိုဘာ၇ရက်​နေ့တွင်စတင်ဖွင့်လှစ်ခဲ့သည်။ ကိုးကား ပြင်ပလင့်ခ် Background and Evolution of the Bank of Lao PDR The Bank of Lao PDR (BOL) ဗဟိုဘဏ်များ လာအိုနိုင်ငံ၏ စီးပွားရေး
မြိတ်လေတပ်စခန်း သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ တပ်မတော် လေတပ်စခန်းတစ်ခုဖြစ်သည်။ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ သည်ယခင် မြိတ်လေတပ်စခန်းဌာနချုပ် ဒုတိယဌာနချုပ်မှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်မှူးကြီးရာထူးဖြင့် တပ်မတော်မှ အငြိမ်းစားယူခဲ့သူ ဖြစ်သည်။ ကိုးကား တပ်မတော်(လေ)၏ လေတပ်စခန်းဌာနချုပ်များ တနင်္သာရီတိုင်းဒေသကြီး
အနောက်အာဖရိက စံတော်ချိန်သည် ဗဟိုနှင့် အနောက်အာဖရိကဒေသတွင် အသုံးပြုသော အချိန်ဇုန်ဖြစ်သည်။ အနောက်အာဖရိက စံတော်ချိန်သည် Coordinated Universal Time (UTC+01:00) ထက် ၁ နာရီရှေ့ရောက်နေပြီး ဗဟိုဥရောပ စံတော်ချိန်(CET)(ဆောင်းရာသီ) သို့မဟုတ် အနောက်ဥရောပ စံတော်ချိန်/ဗြိတိသျှ နွေရာသီစံတော်ချိန်(နွေရာသီ)နှင့်အတူတူပင် ဖြစ်သည်။ အပူပိုင်းဇုန်ဒေသမှ အချိန်ဇုန်အများစုကဲ့သို့ပင် တစ်နှစ်ပတ်လုံးတွင် တနေ့တာအလျားသည် အနည်းငယ်သာ ပြောင်းလဲသည်ဖြစ်ရာ နေ့အလင်းရောင်ထိန်းသိမ်းသောအချိန်ကို အသုံးပြုခြင်းမရှိပေ။ အနောက်အာဖရိကစံတော်ချိန်ကို အောက်ဖော်ပြပါနိုင်ငံများတွင် အသုံးပြုသည်- (western side only) ဘီနင်နိုင်ငံ၏အနောက်ဘက်နိုင်ငံများ(မော်ရိုကိုနိုင်ငံနှင့် အနောက်ဆာဟာရမှလွဲ၍)သည် UTC±0 အချိန်ဇုန်အား အသုံးပြုကြသည်။ ကိုးကား ဆက်လက်ကြည့်ရှုရန် ဗဟိုဥရောပ စံတော်ချိန်သည် ဥရောပနိုင်ငံအများစုတွင် လွှမ်းခြုံအသုံးပြုသော ဆောင်းရာသီတွင် အသုံးပြုသည့် အချိန်ဇုန်ဖြစ်ပြီး UTC+01:00 နှင့်တူညီသည်။ အနောက်ဥရောပ နွေရာသီစံတော်ချိန်သည် အနောက်ဥရောပနိုင်ငံများတွင် လွှမ်းခြုံအသုံးပြုသော အချိန်ဇုန်ဖြစ်ပြီး နေ့အလင်းရောင်ထိန်းသိမ်းသော အချိန်အား အသုံးပြုသော ကာလတွင် အသုံးပြုပြီး UTC+01:00 ကိုပင် အသုံးပြုသည်။ ဗြိတိသျှ နွေရာသီစံတော်ချိန်သည် နေ့အလင်းရောင်ထိန်းသိမ်သောအချိန်အား အသုံးပြုသောကာလ၌ ယူနိုက်တက်ကင်းဒမ်းတွင် လွှမ်းခြုံအသုံးပြုသော အချိန်ဇုန်ဖြစ်ပြီး UTC+01:00 ကိုပင် အသုံးပြုသည်။ အချိန်ဇုန်များ
နမ့်မွဲရွာ သည် ရှမ်းပြည်နယ် (အရှေ့)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၄၉၉၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မိုင်းဟဲကျေးရွာအုပ်စုတွင် ကျား ၁၀၇၂ ဦး၊ မ ၉၉၁ ဦး၊ လူဦးရေ စုစုပေါင်း ၂၀၆၃ ဦးနေထိုင်သည်။ ကိုးကား မိုင်းဖြတ်မြို့နယ်ရှိ ရွာများ
လွိုင်ကော်မြို့ သည် မြန်မာနိုင်ငံ၊ ကယားပြည်နယ်‌၏ မြို့တော်ဖြစ်သည်။ လွိုင်ကော်မြို့သည် တောင်ငူမြို့၏ အရှေ့မြောက်ဘက်နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၏ တောင်ဘက်တွင် တည်ရှိသည်။ သမိုင်း​ကြောင်း အမည်ရင်းမြစ် လွိုင်ကော်မြို့၏ မြို့တည်စ မူလအမည်ရင်းမှာ 'ဆီရိဒေါ'ဖြစ်၏။ မြန်မာသက္ကရာဇ် ၁၂ဝဝ ပြည့်နှစ်တွင် ဦးသီရိဆိုသူသည် ဆီအိုးလေးလုံးတွင် ဆီအပြည့်ထည့်၍ သတ်မှတ်ထားသော မြို့လေးထောင့်၌ မြှုပ်နှံခြင်း၊ မြို့ဦးမြို့ထိပ်တွင် မြို့နံသင့် စေတီတည်ထားကိုးကွယ်ခြင်း၊ မြို့တွင်း၌ ဗုဒ္ဓအယူဝါဒီ ဘုန်းကြီးကျောင်းများ ဆောက်လုပ်လှူဒါန်းခြင်း၊ မြို့ပတ်လည်တွင် ကျုံး၊ မြောင်း၊ ခံကတုတ်များ ဆောက်လုပ်ခြင်း၊ အတွင်းဘက်ခံကတုတ်တွင် ကြခတ်ဝါးများ စိုက်ထူကာရံခြင်း၊ မြို့၏အနောက်တောင်ထောင့်နေရာတွင် သင်္ချိုင်းနေရာသတ်မှတ်ခြင်း စသည်ဖြင့် မွမ်းမံတည်ထောင်ခဲ့သည်။ ထိုကြောင့် မြို့တည်သူ ဦးသီရိ၏အမည်ကိုအစွဲပြု၍ မြို့အမည်ကို ဆီရိဒေါဟုခေါ်တွင်ခဲ့ခြင်းဖြစ်၏။ ကယားဘာသာစကားဖြင့် သီရိကို ဆီရိဟူ၍လည်းကောင်း၊ မြို့ကို ဒေါဟူ၍လည်းကောင်း ခေါ်ဆိုရာ ဆီရိဒေါဟူသည် သီရိမြို့၊ သို့မဟုတ် ဦးသီရိတည်ထောင်သောမြို့ဟု အဓိပ္ပာယ် ရသည်။ ရှမ်းအမျိုးသားများ ဝင်ရောက်နေထိုင်ကြသောအခါတွင် ဘီလူးချောင်းဘေး၌ တစ်သီးတစ်ခြားတည်ရှိသော ရွှေတောင်ကိုအစွဲပြု၍ 'လွိုင်ခေါ်' ဟုခေါ်ပြန်သည်။ ရှမ်းဘာသာစကားဖြင့် 'လွိုင်'မှာ တောင်ဖြစ်၍ 'ခေါ်'မှာ သီးခြားတည်ရှိခြင်းဆိုလိုသည်။ ကာလရွေ့လျား၍ 'လွိုင်ကော်' ဟု ဖြစ်လာသော်လည်း ကယားအမျိုးသားတို့ကမူ 'ဆီရိဒေါ' ဟု ယနေ့တိုင် ပြောဆိုသုံးစွဲလျက်ရှိသည်။ လွိုင်ကော်မြို့၏ မြို့တည်စအနေအထားမှာ အရှေ့သို့လားသော် မင်းကျောင်း၊ အနောက်သို့လားသော် ဘီလူးချောင်း၊ တောင်သို့လားသော် ရွှေကျောင်း၊ မြောက်သို့လားသော် မြို့နာမ်စေတီတို့ဖြစ်သည်။ လွိုင်ကော်မြို့သည် ရှမ်းပြည်နှင့် ကုန်းလမ်းရေလမ်းအားဖြင့်အဆက်အသွယ်ရှိ၍ ကူးသန်းရောင်းဝယ်ရေး ဗဟိုစခန်းမြို့အဖြစ် ထင်ရှားခဲ့သည်။ ဗြိတိသျှတို့မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးသည့်နောက်ပိုင်းတွင် လွိုင်ကော်မြို့သည် ဗြိတိသျှအစိုးရတို့၏ နိုင်ငံရေးဝန်ထောက်များရုံးစိုက်ရာ မြို့ဖြစ်လာသည်။ ၁၈၈၈ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ကန္ဒရဝတီစော်ဘွား စဝ်လဝီက လွိုင်ကော်မြို့ ဟော်နန်းကို စိုက်ထူခဲ့သည်။ ကန္ဒရဝတီ စောဖျာစဝ်ခွန်လီ၏ လက်ထက် ခရစ် ၁၉၁ဝပြည့်နှစ်တွင် စဝ်လုံမြို့မှ လွိုင်ကော်မြို့သို့ ပြောင်းရွှေ့စိုးစံသဖြင့် လွိုင်ကော်မြို့သည် ကန္ဒရဝတီနယ်၏ မြို့တော်ဖြစ်လာသည်။ မြန်မာ သက္ကရာဇ် ၁၂၆၇ ခုနှစ်ခန့်တွင် အမတ်ကြီး ဦးနီသည်လွိုင်ကော်မြို့၏ လူနေအိမ်ခြေများကို ချဲ့ထွင်ပြုပြင်ခြင်း၊ ဘီလူးချောင်း အနောက်ဘက်ကမ်းတွင် ဈေးတည်ဆောက်ခြင်း စသည်ဖြင့် လွိုင်ကော်မြို့ကို ဒုတိယအကြိမ် တိုးချဲ့ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၇ဝ ပြည့်နှစ်တွင် စောဖျာစဝ်ခွန်လီသည် လွိုင်ကော်မြို့၏ အရှေ့အနောက် တောင်မြောက် လေးဖက်လေးမျက်နှာတို့သို့ လူနေအိမ်ခြေတိုးတက်ဆောက်လုပ်စေခြင်းဖြင့် လွိုင်ကော်မြို့ ကို တိုးချဲ့ပြုပြင်ခဲ့လေသည်။ ၁၉၄၇ ခုနှစ်အထိ ကရင်နီပြည်နယ်အဖြစ် တည်ရှိခဲ့သည်။ ၁၉၄၈ ခုနှစ်၌ ကယားပြည်နယ်အစိုးရ စတင်ဖွဲ့စည်းသည့်အချိန်တွင် လွိုင်ကော်မြို့ကို ကန္ဒရဝတီ၊ ဘောလခဲနှင့် ကြယ်ဖိုးကြီးနယ်များ အပါအဝင် ကယားပြည်နယ်၏ မြို့တော်အဖြစ် သတ်မှတ်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၃၁၂ ခုနှစ်တွင် လွိုင်ကော်မြို့ကို ကယားပြည်နယ်၏ မြို့တော်ဂုဏ်အင်္ဂါနှင့် ညီညွတ်စေရန် ထပ်မံပြုပြင်တိုးချဲ့ တည်ဆောက်ရာတွင် မြို့သစ်ပုံစံများထုတ်လုပ်ခြင်း၊ အစိုးရနှင့် လူထုအတွက်နေရာများ သတ်မှတ်၍ ရုံး၊ ဈေး၊ ဥယျာဉ်၊ ကစားကွင်း၊ လူနေအိမ်ခြေများ၊ လေယာဉ်ကွင်းနှင့် လမ်းများကိုစနစ်တကျအကွက်ချကာ တည်ဆောက်ခဲ့လေသည်။ ထင်ရှားသည့်နေရာများ လွိုင်ကော်မြို့သည် ကယားပြည်နယ်၏ ရုံးစိုက်မြို့ဖြစ်သဖြင့် ပြည်နယ် အစိုးရရုံးများ၊ ဒေသဆိုင်ရာရုံးများ၊ ပြည်သူ့ဆေးရုံ၊ စာသင်ကျောင်းများ စသည့်အစိုးရအဆောက်အအုံများလည်းရှိသည်။ သီရိမင်္ဂလာ တောင်တော်စေတီ၊ ရွှေတောင်စေတီ နှင့် မြို့နာမ်စေတီတို့သည် ထင်ရှား၍ မြို့၏ကျက်သရေဆောင်စေတီများဖြစ်၏။ လွိုင်ကော်မြို့၏ တောင်ဘက် ၁၄ မိုင်ကွာနေရာတွင် သာယာတင့်ဆန်းသော တောတောင်တန်းများနှင့်တကွ သဘာဝအလျောက် ထက်အောက်နိမ့်မြင့် အဆင့်ဆင့်ညီညာစွာ စီတန်းလျက်ရှိသော ရေကန် ၇ ကန်ရှိသည်။ အလွန်ကြည်နူးဖွယ်ကောင်းသော သဘာဝရှုမျော်ခင်းများနှင့် ပြည့်စုံသည်။ ထိုရေကန်များသည် ဒွေးမယ်နော်မင်းသမီးနှင် ကိန္နရီညီအစ်မခုနစ်ဖော်တို့ ပျော်ရွှင်စွာရေကစားရာ ရေကန်များဖြစ်သည်ဟု ကယားအမျိုးသားတို့က ယုံကြည်ကြသည်။ လွိုင်ကော်မြို့၏ အရှေ့တောင်ဘက် ခုနစ်မိုင်ကွာနေရာတွင် မထေးခု ရေတံခွန်စခန်းရှိသည်။ ထိုစခန်းသည်လည်း ရေတံခွန်ရေကျများနှင့် အလွန်သာယာကြည်နူးဖွယ်ကောင်း၏။ ထို့အပြင် လွိုင်ကော်မြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်တွင် ထီးစဲခါး ရေတံခွန်စခန်းရှိရာ မြို့နေပြည်သူများနှင့် ရပ်နီးရပ်ဝေး ခရီးသွားများအတွက် အပန်းဖြေရာ နေရာတစ်ခုလည်း ဖြစ်သည်။ လွိုင်ကော်မြို့၏ အရှေ့တောင်ဘက် ၁၂ မိုင်ကွာတွင် ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းအရ ရေအားဖြင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ရုံကြီးတည်ရှိရာ လောပိတတောင်ပေါ် စခန်းမြို့ကလေးရှိသည်။ လမ်းပန်းဆက်သွယ်ရေး ရှမ်းပြည်နယ် အင်းလေးကန်မှ စီးဆင်းလာသော ဘီလူးချောင်းသည် လွိုင်ကော်မြို့ကို မြောက်မှတောင်သို့ ဖြတ်ပြီးစီးဆင်းသွားသည်။ ထို့ကြောင့် လွိုင်ကော်မြို့သည် မိုးဗြဲနယ်၊ မိုးဗြဲမြို့၊ ဖယ်ခုံမြို့တို့နှင့်လည်းကောင်း၊ ရှမ်းပြည်နယ် အင်းလေးနှင့်လည်းကောင်း လှေများဖြင့် ကူးသန်းသွားလာနိုင်သည်။ လွိုင်ကော်မြို့သည် ရန်ကုန်မြို့နှင့် လေကြောင်းခရီး အဆက်အသွယ်ရှိသည်။ ကုန်းလမ်းအားဖြင့်မူကား လွိုင်ကော်-တောင်ကြီး-သာစည်-ရန်ကုန်ကားလမ်း၊ လွိုင်ကော်-မိုးဗြဲ-ကလော-သာစည်-ရန်ကုန်ကားလမ်း၊ လွိုင်ကော်-ခဲမဖြူ-မော်ချီးမိုင်း-တောင်ငူ-ရန်ကုန်ကားလမ်း၊ လွိုင်ကော်-ယာဒို-လိပ်သို-တောင်ငူ-ရန်ကုန် ကားလမ်းများဖြင့် သွားလာဆက်သွယ်နိုင်သည်။ ကိုးကား မြန်မာနိုင်ငံရှိ မြို့များ ကယားပြည်နယ်ရှိ မြို့များ
ရွှေအုပ်ချောင်းရွာ၊ ပိတ္တာ ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
နတ်စင်ကုန်းရွာ သည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ညောင်ပင်လှကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၅၃၆၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ညောင်ပင်လှကျေးရွာအုပ်စုတွင် ကျား ၁၄၅၄ ဦး၊ မ ၁၆၂၃ ဦး၊ လူဦးရေ စုစုပေါင်း ၃၀၇၇ ဦးနေထိုင်သည်။ ကိုးကား တောင်တွင်းကြီးမြို့နယ်ရှိ ရွာများ
NGC 38 ( MCG-1-1-47, Stephan XII သို့မဟုတ် PGC 818 ဟုလည်းသိထား) သည် Pisces ကြယ်စုတန်းထဲမှ ခရုပတ်ပုံစံ ဂယ်လက်ဆီဖြစ်သည်။ ကျမ်းကိုး မိန် နက္ခတ်တာရာ
ဟုံးတရွာ သည် ရှမ်းပြည်နယ် (အရှေ့)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ မိုင်းလျှန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၄၀၁၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မိုင်းလျှန်းကျေးရွာအုပ်စုတွင် ကျား ၉၈၈ ဦး၊ မ ၉၄၂ ဦး၊ လူဦးရေ စုစုပေါင်း ၁၉၃၀ ဦးနေထိုင်သည်။ ဤရွာသည် တိမ်ကောသွားပြီ ဖြစ်သည်။ ကိုးကား မိုင်းပျဉ်းမြို့နယ်ရှိ ရွာများ
နန်ခွဲ (မြောက်)ရွာ သည် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ နန်းခွဲကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၂၆၃၃ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ နန်းခွဲကျေးရွာအုပ်စုတွင် ကျား ၇၁၂ ဦး၊ မ ၆၆၆ ဦး၊ လူဦးရေ စုစုပေါင်း ၁၃၇၈ ဦးနေထိုင်သည်။ ကိုးကား ရမည်းသင်းမြို့နယ်ရှိ ရွာများ
အဂ္ဂိရတ်မှာ အလောင်း၊ ဘူမိရတ်မှာ ဥစ္စာဟောင်း၊ ဣတ္ထိရတ်မှာ သျှိုကောင်း သည် မြန်မာဆိုရိုးစကား ဖြစ်သည်။ အနက်အဓိပ္ပာယ် မြင့်မြတ်သူ အလောင်းအလျာတို့မှသာ အဂ္ဂိရတ်အတတ်၌ အောင်မြင်သည်။ မိမိ၏ ဥစ္စဟောင်း ဖြစ်ဖူးမှသာ သိုက်တူးရာ၌ အောင်မြင်သည်။ အဆောင်ကောင်း ရှိသူမှသာ မိန်းမပိုးပန်းရာ၌ အောင်မြင်သည်။ ကိုးကား မြန်မာဆိုရိုးစကားများ
ခင်မြင့်မြင့် (၁၉၄၄-၂၀၀၉) သည် မြန်မာလူမျိုး စီးပွားရေးလုပ်ငန်းရှင်၊ ကာယအလှမယ်နှင့် အလှူရှင် ဖြစ်သည်။ မြန်မာ အမျိုးသမီးစွမ်းဆောင်ရှင်များအသင်းတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ငယ်ဘဝ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၌ ၁၉၄၄ ခုနှစ်တွင် မွေးသည်။ အထက်တန်းကို မြို့မကျောင်း (ယခု အထက(၂)ဒဂုံ) တွင် တက်ခဲ့ပြီး လှံတံပစ်၊ သံပြားပစ်၊ သံချောင်းပစ် စသည့် အပစ်အားကစားများတွင် ထူးချွန်သည်။ ၁၉၅၉ ခုနှစ်တွင် မြို့မမယ်ဘွဲ့ ရရှိခဲ့သည်။ မယ်ဗမာ ၁၉၆၁ ခုနှစ်တွင် မယ်ဗမာပြိုင်ပွဲသို့ ဝင်ပြိုင်ရာ အနိုင်ရသဖြင့် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ လောင်းဘိချ်၌ ကျင်းပသော မယ်စကြဝဠာပြိုင်ပွဲသို့ သွားရသည်။ အမေရိကန် မီယာမီမြို့ ကမ္ဘာ့အဆင့် မယ်စကြဝဠာလောင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ စီးပွားရေး လှုပ်ရှားမှု မယ်ရွေးခံပြီးနောက် စီးပွားရေးလောကသို့ ဝင်ကာ ဆန်စက်နှင့် ဂျပန်မှ ကားသွင်းသည့်အလုပ်ကို လုပ်သည်။ ၁၉၈၈ နောက်ပိုင်း ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးသည့်အခါ စားသောက်ကုန်ဘက် ကူးသည်။ အေအေဆေးဝါးလုပ်ငန်း၏ ဒုနာယကအဖြစ်လည်း လုပ်ကိုင်သည်။ လူမှုရေး လှုပ်ရှားမှု မြန်မာအမျိုးသမီးများ ရိုးရာအားကစား အသင်း၊ မြန်မာ ကာယဗလနှင့် ကာယအလှ အဖွဲ့ချုပ်၊ မြန်မာ မသန်စွမ်းသူများ အားကစား အသင်းတို့တွင် ပါဝင်ခဲ့သည်။ မြန်မာ အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း၏ ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ မိသားစုဘဝ အိမ်ထောင်ဖက်မှာ ဦးမြတ်သင်းအောင်ဖြစ်၍ သားသမီး (၆) ဦး ထွန်းကားသည်။ ဘွဲ့များ ဆုတံဆိပ်များ ကျပ် သိန်း (၃၀၀၀) ကျော် လှူဒါန်းခဲ့ရာ အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီဘွဲ့ ၊ လူမှုထူးချွန်ဘွဲ့ ပထမဆင့် ချီးမြှင့်ခံရသည်။ ၂၀၀၈ ခုတွင် ဗီယက်နမ်မှပေးသော အာဆီယံဆု ရခဲ့သည်။ ဘဝနိဂုံး ၂၀၀၉ ခု၊ စက်တင်ဘာလ ၁၉ ရက်တွင် နှလုံးဖောက်ကာ ကွယ်လွန်သည်။ ကိုးကား ၁၉၄၄ မွေးဖွားသူများ ၂၀၀၉ ကွယ်လွန်သူများ မြန်မာ အလှမယ်များ မြန်မာ စီးပွားရေးလုပ်ကိုင်သူများ
ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) သည် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ရှမ်းပြည်နယ်/အထူးဒေသ ၃ (SSA/SR-3) ဟူ၍လည်း ခေါ်သည်။ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ၏ နိုင်ငံရေးပါတီမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (Shan State Progress Party (SSPP)) ဖြစ်သည်။ ကိုးကား ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းများ
ကညင်ချောင်းရွာ၊ ကော့ကပ်ခလေး ကိုးကား ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
ကဝေကုန်းရွာ သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၄၄၅၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဘုရားကြီးကုန်းကျေးရွာအုပ်စုတွင် ကျား ၆၆၉ ဦး၊ မ ၇၀၂ ဦး၊ လူဦးရေ စုစုပေါင်း ၁၃၇၁ ဦးနေထိုင်သည်။ ကိုးကား ကြို့ပင်ကောက်မြို့နယ်ရှိ ရွာများ
လင်းခေးမြို့ သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ လင်းခေးခရိုင်ရှိ မြို့ဖြစ်သည်။ လင်းခေးမြို့နယ်၏ ရုံးစိုက်ရာမြို့လည်းဖြစ်သည်။ ကိုးကား ရှမ်းပြည်နယ်ရှိ မြို့များ
မြန်မာ့ရိုးရာဆေးနည်းတွေမှာ လမ်းပေါ်အစားအစာ ယဉ်ကျေးမှုနဲ့ ဆောက်လုပ်ရေးစတိုင်တွေ ပါဝင်ပါတယ်။ လမ်းဘေးဆေးဆိုင်၊ ဆေးဖက်ဝင် အစားအစာတွေဖြစ်တဲ့ မုန့်လုံးရေပေါ်၊ ဆေးဖက်ဝင် တရုတ်ဆေး စတာတွေရှိပါတယ်။ အစဉ်အလာအဆောက်အဦးတွေမှာ သစ်သားဘုန်းကြီးတွေ၊ မြေဟုန်းအိမ်တွေ ပါပါတယ်။
(၂)သုတ် ရှိပါသည်။ အဿဒ္ဓ, အဟိရိက, အနောတ္တပ္ပီ, ကောဓန, ဒုပ္ပည-ဟူသော တရားငါးပါးနှင့် ပြည့်စုံသော မာတုဂါမသည် သေသည်၏အခြားမဲ့၌ ငရဲ၌ ဖြစ်ရ၏-ဟု အရှင်အနု ရုဒ္ဓါအား ဘုရားရှင် ဟောတော်မူသည့်သုတ်။ ရန်သူအချင်းချင်း အလိုရှိအပ်သောတရား ၇-ပါး၊ သို့မဟုတ် အမျက်ထွက်သူတို့ ရရှိမည့်အပြစ်ခုနစ်မျိုး အကျယ်နှင့် အမျက်ဒေါသထွက်မှုနှင့် ဆက်စပ်၍ ဖြစ်နိုင် သောသဘာဝတို့ကို ဘုရားရှင် အကျယ်ဟောတော်မူသည့်သုတ်။ ကိုးကား သံယုတ္တနိကာယ်အင်္ဂုတ္တရနိကာယ်
ဗောဓိတစ်ထောင်ရွာ၊ နတ်မှူး ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
NGC 194 သည် မိန် နက္ခတာရာမှ ဘဲဥပုံစံ ဂယ်လက်ဆီဖြစ်ပြီး ၁၇၉၀ ခုနှစ် ဒီဇင်ဘာ ၂၅ တွင် ဝီလီယံ ဟာရှယ်က ရှာဖွတွေ့ရှိခဲ့သည်။ ကိုးကား မိန် နက္ခတ်တာရာ
ဝေဒနာ (၁၀၈) ပါးတို့ကို ခွဲစိတ်၍ ဟောတော်မူသည့်သုတ်။ ကိုးကား သံယုတ္တနိကာယ်
အိုးမမြို့ (大間町 အိုးမမချိ) သည် ဂျပန်နိုင်ငံ၊ အအိုမိုရိစီရင်စုတွင် တည်ရှိသည်။ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြို့နေ လူဦးရေသည် ၅၅၈၁ ဦး ရှိသည်။ လူဦးရေသိပ်သည်းဆသည် တစ်စတုရန်းကီလိုမီတာလျှင် ၁၀၇.၂ ဦး ရှိသည်။ အိမ်ထောင်စု ၂၅၄၂စု ရှိသည်။ စုစုပေါင်း ဧရိယာသည် ၅၂.၀၆ စတုရန်းကီလိုမီတာ ( ၂၀.၁၀ စတုရန်းမိုင်) ကျယ်ဝန်းသည်။ ကိုးကား အအိုမိုရိစီရင်စုရှိ မြို့များ
ပုစွန်တစ်မျိုးဖြစ်သော ပုစွန်ကျားမျိုးများသည် ကိုယ်ထည်ပြား၍ ပုစွန်တုပ်လောက် ခေါင်းမကြီးချေ။ အပေါ်အရေခွံလည်း ပုစွန်ထုပ်လောက်မထူဘဲ အရောင်မှာ စိမ်းညိုရောင်နှင့် အဝါစင်းကျားဖြစ်သည်။ လက်နှင့် ဝမ်းဗိုက်ရှိ ရေကူးအင်္ဂါများလည်း ပို၍ ပျော့ပျောင်းနူးညံ့သည်။ အရွယ်အားဖြင် ၆ လက်မှ ၈ လက်မအထိရှိသည်။ ယင်းတို့လည်း ရေတိမ်ရာ မြစ်ချောင်းစသည်တို့၌သာ တွေ့ရသည်။ ကိုးကား ပုစွန်မျိုးများ
ရည်ညွှန်းအမှတ်မှာ ဝင်းဒေါ့ခ်မြို့ဖြစ်သည်။ လွှမ်းခြုံဧရိယာ ထိုအချိန်ဇုန်၏ လွှမ်းခြုံဧရိယာမှာ နမီးဘီးယားနိုင်ငံဖြစ်သည်။ ကိုးကား tz ဒေတာရင်းမြစ်
ကြွယ်ကန်ရွာ သည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ဂွေးချိုကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၅၂၆၁ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဂွေးချိုကျေးရွာအုပ်စုတွင် ကျား ၁၈၄၇ ဦး၊ မ ၂၃၄၉ ဦး၊ လူဦးရေ စုစုပေါင်း ၄၁၉၆ ဦးနေထိုင်သည်။ ကိုးကား ချောက်မြို့နယ်ရှိ ရွာများ
ကြိုးမဲ့ဆက်သွယ်ရေးစနစ် ဆိုသည်မှာ အကွာအဝေး တစ်ခုအတွင်း လျှပ်ကူးပစ္စည်း သို့မဟုတ် ဝိုင်ယာကြိုးကို အသုံးမပြုဘဲ သတင်းအချက်အလက်များကို ကူးပြောင်းပေးပို့ခြင်းဖြစ်သည်။ ဆက်သွယ်မှု ပြုလုပ်သည့် အကွာအဝေးမှာ နီးကပ်သောအကွာအဝေး (ဥပမာ တယ်လီဗွီးရှင်း ရီမုတ်ကွန်ထရိုးကဲ့သို့ မီတာအနည်းငယ်သာရှိသော အကွာအဝေး) သို့မဟုတ် အလွန်ဝေးကွာသော အကွာအဝေး (မိုင်ထောင်ပေါင်းများစွာ သို့မဟုတ် သန်းပေါင်းများစွာရှိသည့် ရေဒီယိုဆက်သွယ်ရေး ပြုလုပ်သည့် အကွာအဝေး) ဖြစ်နိုင်သည်။ ကြိုးမဲ့ဆက်သွယ်ရေးစနစ်သည် ဆက်သွယ်ရေးဘာသာ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ကြိုးမဲ့ဆက်သွယ်ရေး စနစ်တွင် နေရာတကျ တပ်ဆင်ထားသောစနစ်များ၊ ရွှေ့ပြောင်းနိုင်သောစနစ်များ၊ အလွယ်တကူသယ်ယူနိုင်သောစနစ်များ၊ နှစ်လမ်းသွားရေဒီယို (two-ways Radio) ၊ ဆယ်လူလာတယ်လီဖုန်း၊ တစ်ကိုယ်ရေသုံး ဒစ်ဂျစ်တယ်အကူအညီပေးကိရိယာ သို့ ပီဒီအေ (PDA) နှင့် ကြိုးမဲ့ကွန်ယက်တည်ဆောက်ခြင်း(Wireless Networking) တို့ပါဝင်ပတ်သက်နေသည်။ ကြိုးမဲ့ဆက်သွယ်ရေး၏ အခြားသော ဥပမာများမှာ ဂျီပီအက်စ်ကိရိယာများ၊ အဝေးထိန်းဂိုဒေါင်တံခါးဖွင့် စနစ်များ၊ ကွန်ပျူတာတွင် သုံးသော ကြိုးမဲ့ မောက်စ်များ၊ ကြိုးမဲ့ကီးဘုတ်များ၊ ဂြိုဟ်တု တယ်လီဗွီးရှင်းစနစ်နှင့် ကော့ဒ်လတ်စ်ဖုန်း (Cordless Phone)တို့ဖြစ်သည်။ ကြိုးမဲ့ဆက်သွယ်ရေးမိတ်ဆက် ကြိုးမဲ့ဆက်သွယ်ရေးကို အသုံးပြုခြင်းအားဖြင့် ပုံမှန်အားဖြင့် ဝိုင်ယာကြိုးကို အသုံးပြု၍ ဆက်သွယ်ရန် လက်တွေ့မကျသော သို့မဟုတ် မဖြစ်နိုင်သော လုပ်ငန်းဆောင်တာများကို ဖြစ်မြောက်စေနိုင်သည်။ ထိုအသုံးအနှုန်းကို တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းများ၌ စွမ်းအင်တစ်မျိုးမျိုး (ဥပမာ ရေဒီယိုကြိမ်နှုန်း၊ အနီအောက်ရောင်ခြည်၊ လေဆာရောင်ခြည်၊ မြင်နိုင်သော အလင်းတန်း၊ အသံစွမ်းအင် အစရှိသော စွမ်းအင်များ)ကိုထုတ်လွှတ်သော ဆက်သွယ်ရေးစနစ်များ (ဥပမာ - ရေဒီယိုထုတ်လွှင့်စက် နှင့် အသံဖမ်းစက်၊ အဝေးထိန်းကိရိယာများ၊ ကွန်ပြူတာကွန်ယက်များ၊ ကွန်ယက်၏ terminal များ) ကို အသုံးပြု၍ သတင်းအချက်အလက်များကို ဝိုင်ယာကြိုးမပါပဲ လွှဲပြောင်းခြင်းကို ဆိုလိုသည်။ ထိုနည်းဖြင့် သတင်းအချက်အလက်များကို အနီး သို့ ဝေးလံသော နေရာများသို့ လွှဲပြောင်း ပေးအပ်နိုင်သည်။ သမိုင်းကြောင်း ဝိုင်ယာလက်ခေါ် ကြိုးမဲ့ကြေးနန်းရိုက်နည်း သို့မဟုတ် ကြိုးမဲ့အချက်ပြ သတင်းပို့နည်းကို တွေ့ရှိခြင်းမှာ တစ်နေ့ တခြား တိုးတက်လျက်ရှိသည့် သိပ္ပံပညာ၏ အံ့ဖွယ်အကောင်းဆုံးသော အောင်မြင်ချက်များအနက် တစ်ခုအပါအဝင် ဖြစ်လေသည်။ ဝိုင်ယာလက်မပေါ်မီက တစ်နေရာနှင့် တစ်နေရာကြေးနန်းကြိုးအဆက်အသွယ်ရှိမှသာ ကြေးနန်း သတင်း ပေးပို့နိုင်ခဲ့သည်။ သို့ရာတွင် ဝိုင်ယာလက်ပေါ်လာသောအခါ ကြေးနန်းကြိုး ဆက်သွယ်နေစရာမလိုတော့ဘဲ ဝိုင်ယာလက် အသံလွှင့်စက်နှင့် အသံဖမ်းစက်များ လုံလောက်စွာရှိလာ၍ အတိုင်းတိုင်း အပြည်ပြည်မှ စစ်သင်္ဘောများမှာနေ့ချင်းညချင်းပင် ဝိုင်ယာလက်စက် များဖြင့် တပ်ဆင်ပြီးသား ဖြစ်သွားလေသည်။ ၁၉ဝ၄ ခုနှစ် ရုရှ-ဂျပန် စစ်ပွဲတွင် ရေကြောင်းစစ်ဆင်ရေးကိစ္စများ၌ ဝိုင်ယာလက်သည် အရေးပါစွာဆောင်ရွက်ခဲ့ရသည်။ ၁၈၉၆ ခုနှစ်တွင် ဝိုင်ယာလက် စတင်ပေါ်ပေါက်၍ ၁၈၉၉ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် ပင်လယ်ပြင်ရှိနစ်မြုပ်ဆဲ သင်္ဘောတစ်စင်းမှ ပထမအကြိမ် အကူတောင်းသော ဝိုင်ယာလက်သတင်းကြောင့် ကမ်းတွင်ဆိုက်ကပ်ထားသော လှေများကို အချိန်မီစေလွှတ်ပြီးလျှင် ကယ်ဆယ်နိုင်ခဲ့သည်။ မကြာမီပင် ပင်လယ်ကူးသင်္ဘောတိုင်းလိုလို၌လည်း ဝိုင်ယာလက်စက်များ တပ်ဆင်ပြီးသားဖြစ်သွားပြီးလျှင် ပင်လယ်ပြင်မှာနေရင်း ကမ္ဘာ့သတင်းများကို ကြားရစပြုလာလေသည်။ အစကနဦး ကြိုးမဲ့ကွန်ယက်များ ၁၉ဝ၄ ခုနှစ်သို့ ရောက်သောအခါ ပင်လယ်ကူးသင်္ဘော ကြီးများပေါ်၌ ဝိုင်ယာလက်ဖြင့်ရသော နေ့စဉ်သတင်းများကိုပင် သတင်းစာများအဖြစ် ရိုက်နှိပ်ထုတ်ဝေလာကြသည်။ ၁၉ဝ၇ ခုနှစ်သို့ရောက်သော် ပင်လယ်၊သမုဒ္ဒရာကို ကျော်ဖြတ်ကာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဝိုင်ယာလက်သတင်းများကို ရိုက်ကြားပေးပို့နေကြလေပြီ။ ဤမျှဆန်းကြယ်၍ အသုံးကျသော ဝိုင်ယာလက်စက်အကြောင်းကို စဉ်းစားလိုက်တိုင်း ကျွန်ုပ်တို့သည် ဝိုင်ယာလက် ဖြစ်မြောက်အောင်မြင်ရေးအတွက် ကြိုးစားအားထုတ်လာခဲ့ကြသော သိပ္ပံပညာရှင်ကြီးများအနက် အောက်ပါ ပုဂ္ဂိုလ်ကြီးလေးဦးကို မည်သည့်အခါမျှ မမေ့အပ်ပေ။ ထိုပုဂ္ဂိုလ်ကြီးလေးဦးမှာ ဂျိမ်း ကလပ်မက္ကဆွဲ၊ ဂျော့ ဖရန်စစ် ဖစ်ဇဂျရယ်၊ ဟိုင်းနရစ် ရုဒေါ့ ဟက်ဇနှင့် ဂူလျဲမိုး မာကိုနီတို့ ဖြစ်လေသည်။ လျှပ်စစ်ဓာတ်သည် မည်ကဲ့သို့ လှိုင်းထ၍ ရွေ့လျားသွားလာပုံကို မက္ကဆွဲက မိမိ၏ လျှပ်စစ်သံလိုက်ဓာတ်သီအိုရီ ဖြင့် ၁၈၇၃ ခုနှစ်တွင် ပြသပြီးလျှင် နောင်တွင်ရေဒီယိုလှိုင်းများကို တွေ့ရှိလာရမည်ဟူ၍ပင် ကြိုတင်၍ အဟောထုတ် ထားခဲ့သည်။ ၁၈၈၃ ခုနှစ်တွင် ဖစ်ဇ်ဂျရယ်က အာကာသ(space) အတွင်း၌ လျှပ်စစ်သံလိုက်လှိုင်းများ လွှတ်နိုင်သောနည်းကို တွေ့ရှိသည်။ ၁၈၈၇ ခုနှစ်တွင် ဟက်ဇ်က အဆိုပါလှိုင်းတို့၏ လှိုင်းအလျားနှင့် တုန်ကြိမ်တို့သည် မည်သို့ရှိကြ၍ ထိုလှိုင်းတို့သည် အလင်းလှိုင်း၊ အပူလှိုင်းတို့နှင့် တစ်မျိုးတစ်စားတည်းဖြစ်ကြောင်း ပြဆိုခဲ့သည်။ အချက်ပြဆက်သွယ်ခြင်း ၁၈၉၆ ခုနှစ်တွင် မာကိုနီက လျှပ်စစ်သံလိုက်လှိုင်းများဖြင့် အချက်ပြသတင်းပေးပို့သော ကိရိယာကို ပထမဦးစွာ တီထွင်ခဲ့လေသည်။ မာကိုနီသည် လျှပ်စစ်သံလိုက်လှိုင်းများကို အာကာသ(space) ထဲသို့ လွှတ်နိုင်ရန် အင်ဒပ်ရှင်းကွိုင် (induction coil) ခေါ် ညို့ခွေတစ်ခုကို အသုံးပြုသည်။ ထိုညို့ခွေကို အေရီယယ်ခေါ် ကောင်းကင်ကြိုး(antenna)နှင့် ဆက်သွယ်ထားသည်။ ညို့ခွေတွင် လျှပ်စစ်မီးပွားများ ဖြစ်ပေါ်စေသော နေရာပါရှိသည်။ လျှပ်စစ်ဓာတ်ကို စီးဖြတ်စေခြင်းဖြင့် ညို့ခွေ၌ လျှပ်စစ်မီးပွားများဖြစ်ပေါ်သောအခါ လျှပ်စစ်သံလိုက်လှိုင်းတို့သည်ကောင်းကင်ကြိုး(antenna)မှ ပတ်ဝန်းကျင်အရပ်မျက်နှာ အားလုံးသို့ ပျံ့ထွက်သွားသည်။ သတင်းပို့သောအခါ မော့တီထွင်ခဲ့သောအချက်ပြ အမှတ်အသားများကို အသုံးပြုကာ အလိုရှိသော အက္ခရာနှင့် ဂဏန်းများအလိုက် လျှပ်စစ်သံလိုက်လှိုင်းများကို ပြတ်တောင်းပြတ်တောင်းဖြစ်ပေါ်စေသည်။ ဤလျှပ်စစ်သံလိုက် လှိုင်းများကို အခြားတစ်နေရာမှ ဖမ်းယူသောအခါ ထိုနေရာရှိ ကောင်းကင်ကြိုးထဲသို့ ထိုလှိုင်းများဝင်ခြင်းဖြင့် လျှပ်စစ်ဓာတ်စီးကြောင်း ဖြစ်ပေါ်လာသည်။ ထိုလျှပ်စစ်ဓာတ်စီးကြောင်းကို မာကိုနီက အသံမြည်စေသောကိရိယာဖြင့် အသံဖြစ်ပေါ်လာအောင် ပြန်ဖော်ယူသည်။ ထိုအခါ မူလလွှင့်လိုက်သော အချက်ပြအမှတ်အသားများအတိုင်း အသံများ ဖြစ်ပေါ်လာသည့်အားလျော်စွာ အသံ လွှင့်စက်မှ ပေးပို့သောသတင်းကို အသံဖမ်းစက်မှ ဖမ်းယူ ရရှိလေသည်။ ဤသို့ ကြေးနန်းကြိုးကို မသုံးဘဲ လျှပ်စစ်သံလိုက်လှိုင်းများအားဖြင့် သတင်းပို့နိုင်သောကြောင့် ဤနည်းကို ဝိုင်ယာလက်(wireless) သို့မဟုတ် ကြိုးမဲ့အချက်ပြသတင်းပို့နည်း(wireless signals) ဟု ခေါ်တွင်လေသည်။ အစပထမတွင် ဤနည်းကို ခရီးတိုများအတွက်သာ အသုံးပြုနိုင်သေးသည်။ ၁၈၉၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံနှင့်အင်္ဂလန်တို့သို့ အသွားအပြန် ဝိုင်ယာလက်သတင်းများပို့နိုင်သည့် ရုံနှစ်ရုံပေါ်ပေါက်လာသည်။ ၁၉ဝ၁ ခုနှစ်တွင် မိုင်၂ဝဝ အထိ သတင်းပို့ရန် အောင်မြင်လာသည်။ ထို့နောက် မာကိုနီသည် အတ္တလန္တိတ်သမုဒ္ဒရာကြီးကိုပင် ကျော်ဖြတ်ကာ အင်္ဂလန်နှင့် အမေရိကတိုက်ကိုအသံလွှင့် ဆက်သွယ်ရန် ဧရာမအကြံကြီးကို ကြံစည်အားထုတ်ပြန်လေသည်။ ထိုအတွက် မာကိုနီသည် ရှေးဦးစွာ အင်္ဂလန်ပြည် အနောက်ဘက်ကမ်းခြေရှိ ကွန်းဝေါနယ်တွင် အားကောင်းသော ဝိုင်ယာလက် အသံလွှင့်ရုံတစ်ရုံကို ဆောက်လုပ်သည်။ ထို့နောက် ထိုအသံ လွှင့်ရုံမှ နေ့စဉ် သတ်မှတ်ထားသောအချိန်တွင် အင်္ဂလိပ်အက္ခရာ အက်စ(S) အသံလွှင့်ရန် မှာထားပြီးလျှင် အမေရိကတိုက် နျူးဖောင်းလန်းကျွန်းသို့ ထွက်သွားသည်။ ၁၉၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မာကိုနီသည် သူ၏အသံဖမ်းစက်မှ အက်စ(S) အက္ခရာကို ပထမအကြိမ်ဖမ်းမိပြီးလျှင် အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ကျော်၍ သတင်းပေးပို့နိုင်သူဟုတစ်ကမ္ဘာလုံးသို့ ကျော်ကြားသွားလေသည်။ ရေဒီယိုထုတ်လွှင့်ခြင်း ရေဒီယိုဖြစ်ပေါ်လာပုံ ဝိုင်ယာလက်ပေါ်ပေါက်လာခြင်းမှာ ကမ္ဘာကြီးကို တစ်ခေတ်ပြောင်းလိုက်ခြင်းပင်ဖြစ်သည်။ သို့ရာတွင် ဝိုင်ယာလက်မှာ ထိုစဉ်က အချက်ပြသတင်းပို့သည့် အဆင့်တွင်သာရှိသေး၍ ကြေးနန်းရိုက်သည်နှင့် ဘာမျှမခြားပေ။ ၁၉၁၈ ခုနှစ်တိုင်အောင်ပင် ပြည် တွင်းပြည်ပ သတင်းအမျိုးမျိုးနှင့် သာယာနာပျော်ဖွယ် တီးသံမှုတ်သံအမျိုးမျိုးကို အိမ်တိုင်ယာရောက် သယ်ပို့ပေးမည့် ရေဒီယိုများ မပေါ်ပေါက်သေးချေ။ ဝိုင်ယာလက်မှ ရေဒီယိုဖြစ်ပေါ်လာပုံမှာ တယ်လီဂရပ် (ခေါ်) အချက်ပြကြေးနန်းရိုက်ခြင်းမှ တယ်လီဖုန်းခေါ် စကားပြောကြေးနန်းအဆင့်သို့ တိုးတက်လာသည့် ပြောင်းလဲမှုမျိုးပင် ဖြစ်သည်။ ရေဒီယို ပေါ်ပေါက်လာရခြင်းမှာ အောက်ပါအသုံးအဆောင်နှစ်ခုကို တီထွင်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုအသုံးအဆောင်နှစ်ခုမှာ ဗက်ကျူအမ်ကျူခေါ် လေဟာပြွန်နှင့် မိုက္ကရိုဖုန်းခေါ် စကားပြောခွက်တို့ဖြစ်သည်။ စကားပြောခွက်ကို အသံဖြစ်ပေါ်စေရာတွင် အသုံးပြု၍ လေဟာပြွန်ကို အသံလွှင့် အသံဖမ်းရာတွင် အသုံးပြုသည်။ ၁၉ဝ၄ ခုနှစ်တွင် ဂျွန်အမ်ဗရို့ ဖလင်းမင်းခေါ် အင်္ဂလိပ်လူမျိုး သိပ္ပံပညာရှင်ကြီးက လေဟာပြွန်ကိုတီထွင်၍ထိုပြွန်ကို လီဒါဖောရက်ဆိုသူ အမေရိကန် သိပ္ပံပညာရှင်တစ်ဦးက ကောင်းသည်ထက်ကောင်းအောင် ပြုပြင်ယူလေသည်။ ထိုအချိန်တွင် သေသပ်ကောင်းမွန်သော စကားပြောခွက်များ ဖြစ်ထွန်းနေပြီဖြစ်၍ ၁၉ဝ၈ ခုနှစ်တွင် ရောမမြို့နှင့် စစ္စလီကျွန်းကို ရေဒီယိုဖြင့် စကားပြောလာနိုင်လေသည်။ တစ်ဖြည်းဖြည်းနှင့် ကိရိယာတန်ဆာပလာများ တိုးတက်ကောင်းမွန်လာသည်နှင့် အညီ ၁၉၁၅ ခုနှစ်သို့ ရောက်သောအခါ လေဟာပြွန်ပေါင်း ၃ဝဝ မျှကို အသုံးပြုခြင်းဖြင့် မိုင်ပေါင်း ၃,ဝဝဝ ကျော်အထိပင် ရေဒီယိုဖြင့် စကားပြောနိုင်လာကြသည်။ ယခုမူ ကမ္ဘာ အရပ်ရပ်မှ လွှင့်လိုက်သောအသံများကို ဖမ်းယူနားထောင်နိုင်သည့် ရေဒီယို များမှာ အိမ်တိုင်းစေ့မဟုတ်သည့်တိုင်အောင် မြို့တိုင်း ရွာတိုင်းမှာပင် မှိုပေါက်သလောက် ပေါများ၍နေပေပြီ။ အင်္ဂလန် - အမေရိကန်ကဲ့သို့သော ရှေ့တန်းနိုင်ငံကြီးများမှာ တယ်လီဗစ်ရှင်းခေါ် ရုပ်မြင်သံကြား ကိရိယာများပင် ပေါ်ပေါက်နေလေပြီ။ ခေတ်မီရေဒီယိုဖြစ်ပေါ်လာပုံ ရေဒီယို ခေတ်စားလာသည်မှာ ၁၉၂ဝ ပြည့်နှစ်လောက်ကစ၍ဖြစ်သည်။ ဥရောပနှင့် အမေရိကတိုက်တို့တွင် အပျော်တမ်းအသံဖမ်းရုံများ အလျှိုအလျှို ပေါ်ပေါက်လာသည်။ ထို့နောက် မကြာမီပင် အစီအစဉ်နှင့်လွှင့်သော အသံလွှင့်ရုံများ ပေါ်ပေါက်လာလေသည်။ ငွေကြေးတတ်နိုင်သူတို့က အသံဖမ်းစက်များကို ဝယ်ယူကြ၍ အချို့ဝါသနာပါသူများကလည်း မိမိတို့ဘာသာ လုပ်ယူကြသည်။ ရေဒီယိုခေတ်စားစအချိန်၌ လေထဲတွင်ပျံ့လွင့်နေသော ရေဒီယိုလှိုင်းများမှာ မများလှသေး၍ အသံဖမ်းရာတွင် တစ်စတစ်စ ပေါများလာသောအခါ အသံလွှင့်အစီအစဉ်များ အချင်းချင်း တစ်ခုနှင့်တစ်ခု တိုက်ဆိုင်လာသည့်အတွက်အသံတစ်ခုကို ကြည်လင်ပြတ်သားစွာ ဖမ်း၍မရလောက်အောင် ရှုပ်ထွေးလာတော့သည်။ ထိုအခါ အသံချင်း ရောထွေးယှက်တင် မဖြစ်ရလေအောင် အသံလွှင့်ရုံအသီးအသီးတို့အား ကွဲပြားသောလှိုင်းလျားတို့ဖြင့် အသံလွှင့်ကြရန် ကန့်သတ်ခွဲဝေ၍ ပေးလာရလေသည်။ အသံဖမ်းစက်များတွင်လည်း မိမိလိုရာ အသံတစ်ခုတည်းကို ရွေးချယ်နားထောင်နိုင်ရန်အတွက် လိုရာလှိုင်းလျားတစ်ခုတည်းကို သီးသန့်ဖမ်းယူနိုင်သည့် ကိရိယာများ တပ်ဆင်ထားသဖြင့် အသံဖမ်းရာတွင် အခက်အခဲ မတွေ့ရတော့ပေ။ ရေဒီယိုနားထောင်သော ပရိသတ်ကားများလှပေသည်။ အထူးသဖြင့် အာရုံဖြေမှုအတွက် တေးသံ ဂီတသံများကို နားထောင်သူ သောတရှင်ပရိသတ်မှာ အများဆုံးဖြစ်သည်။ သို့ရာတွင် ရေဒီယို ထိရောက်စွာအသုံးချနိုင်သည့်ကိစ္စများမှာ မနည်းလှချေ။ ယခင်က ကျွန်ုပ်တို့သည် ကမ္ဘာအရပ် ရပ်သတင်းများအတွက် သတင်းစာများကိုသာ အားကိုးခဲ့ရသည်။ ယခု ရေဒီယိုများ ပေါ်လာသောအခါ အရေးကြီးသည့် အဖြစ်အပျက်များကို ဖြစ်ပျက်ပြီးလျှင်ပြီးခြင်း၊ တစ်ခါတစ်ရံ ဖြစ်ပျက်ဆဲအချိန်မှာပင် သိခွင့်ကြားခွင့်ရလာသည်။ အရေးကြီးသည့် ပုဂ္ဂိုလ်ကြီးများ၏ မိန့်ခွန်းများကို သတင်းစာတွင် တစ်ဆင့်ခံဖတ်ရခြင်းထက် မိန့်ခွန်းစကားကို နားနှင့်ဆတ်ဆတ် ကြားရခြင်းမှာလည်း အရသာပိုရှိပြီးလျှင် ပို၍လည်းပြည့်စုံ သေချာလေသည်။ ကုန်သည်ကြီးများအဖို့တွင် နေ့စဉ်ကုန်ဈေးနှုန်း အခြေအနေကို အလုပ်စားပွဲ၌ ထိုင်နေရင်းမှာပင် သိနိုင်ကြသည်။ ရဲဘက်တွင် ရဲဌာနအသီးအသီးနှင့် ရေဒီယိုကား (ဝိုင်ယာလက်ကား) များသို့ အကြောင်းကြားခြင်းဖြင့် ရာဇဝတ်ပြေး တရားခံများကို လွယ်ကူလျင်မြန်စွာ စောင့်ကြပ်ဖမ်းဆီးနိုင်သည်။ မိုးလေဝသဌာနမှ လေ၊ မိုးဘေးရန်များကို ကြိုတင်သတိပေးခြင်းဖြင့် အသက်ပေါင်းများ စွာကို ကယ်ဆယ်နိုင်ခဲ့သည်။ ရေဒီယိုဖြင့် ဘာသာရေးတရားဟောနိုင်သည်။ ပညာရပ်အလိုက် ဟောပြောခြင်း၊ သင်တန်းပေးခြင်းဖြင့် ပညာရေးဘက်တွင် တိုးတက်လာသည်။ ဒုက္ခတွေ့နေသော သင်္ဘော၊ လေယာဉ်ပျံတို့မှ ရေဒီယိုဖြင့် အကူတောင်းနိုင်သည်။ အထူးသဖြင့် ယခုခေတ်စစ်ပွဲများတွင် ရေဒီယိုမှာ မပါလျှင်မဖြစ်လေက်အောင် ခရီးရောက်လျက်ရှိပေသည်။ ရေဒီယိုမှတစ်ဆင့်တက်၍ ရေဒါ ခေါ် မှောင်ထဲ၌မြင်နိုင်သည့် လမ်းညွှန်ကိရိယာကိုပင် ပြီးခဲ့သော ကမ္ဘာစစ်ကြီးအတွင်း၌ တီထွင်အသုံးပြုခဲ့သည်ကို တွေ့ရလေ သည်။ (ရေဒါ - ရှု။) ရေဒီယိုများကို သူ့ထက်ငါသာ အပြိုင်အဆိုင် ပြုလုပ်ရောင်းချသည့်အတွက်လည်း ပုံသစ်ပုံဆန်းအမျိုးမျိုးတွင် ထွက်ပေါ်လာ ရုံမက ခရီးဆောင် အိတ်ဆောင်ရေဒီယို အသေးစား ကလေးများပင် ပေါ်ပေါက်လျက်ရှိပေပြီ။ အသံလွှင့်ရုံအတွင်း ရေဒီယိုနှင့်စပ်လျဉ်း၍ အသံလွှင်ရုံအတွင်း ပြုလုပ်စီစဉ်ထားပုံ အချက်အလက်များကိုလည်း ကျွန်ုပ်တို့ သိထားထိုက်ပေသည်။ အသံလွှင့်ရုံတစ်ရုံတွင် အသံခွက် (မိုက္ကရို)ဖုန်း လေး၊ ငါး၊ ဆယ် ခုထက်မနည်းရှိတတ်သည်။ တူရိယာတီးဝိုင်းမှ တီးမှုတ်သီဆိုသံမျိုးကို အသံလွှင့်ရာတွင် အသံခွက်သည် အခရာဖြစ်သည်။ အသံခွက်သည် ခွက်နှင့်တည့် တည့်ဝင်လာသော အသံကိုသာလက်ခံ၍ ခွက်ထဲသို့မဝင်သော အသံလှိုင်းများကိုပယ်သည်။ ထို့ကြောင့် တူရိယာသံစုံညီညွတ်ပြေပြစ်အောင် တူရိယာ ဂီတပညာသည်တို့သည် အသံခွက်အနီးတွင် သင့်တော်သော နေရာများ၌နေ၍ သီဆိုတီးမှုတ်ကြရသည်။ အသံလွှင့်နေစဉ် အခြားအသံများ အသံခွက်အတွင်းသို့ မရောက်ရန် အရေးကြီးသည်။ ထို့ပြင် စကားပြောသံသီဆိုတီးမှုတ်သံတွင် ပဲ့တင်သံများမပါရှိစေရန်အတွက် နံရံများတွင် ထူထဲသောကန့်လန့်ကာများ ဆွဲချိတ်ထားရသည် သို့မဟုတ် အသံလှိုင်းများကို စုတ်ယူနိုင်သော ကတ်ထူချပ်ပြားများကို တပ်ဆင်ထားရသည်။ မြို့ကြီးများတွင် အသွားအလာရှုပ်ထွေးသော နေရာများ၌ အသံလွှင့်ရုံများဆောက်လုပ်လျှင် ပြင်ပအသံများ အသံခွက်ထဲသို့မဝင်အောင် ပြုလုပ်ရန်အရေးကြီးပြန်သည်။ အပြင်မှ အသံတို့သည် နံရံများမှဖောက်ဝင်၍ အသံခွက်ထဲသို့ ရောပြွမ်းဝင်ရောက်တတ်သည်။ သို့အတွက် အသံလွှင့်သောအခန်းကို အခြားအခန်းများနှင့် ဆက်မနေစေဘဲ ကြားတွင် လေခံ၍နေစေရန် နံရံနှစ်ထပ်ဖြင့် ဆောက်လုပ်ရသည်။ တစ်ဖန် အသံလွှင့်ခန်းတွင်းရှိလူများ မူးမေ့၍မသွားအောင် အခန်းတွင်းသို့ လေကောင်းလေသန့်ကို အမြဲသွင်းပေးရ၍ ရေးသားထားသော စာများကို ကောင်းစွာဖတ်နိုင်ရန် ဓာတ်မီးများကိုလည်း လုံလောက်အောင် တပ်ဆင်ပေးထားရန်လိုသည်။ အသံလွှင့်ခန်းတွင် အသံလုံရသည့်အလျောက် ပြတင်းပေါက်မရှိတတ်ပေ။ လူဝင် လူထွက်တံခါးသာရှိ၍ ထိုတံခါးကို နှစ်ထပ်လုပ်ထား သည်။ အသံလွှင့်နေစဉ် တစ်ဦးတစ်ယောက်သည် ပထမတံခါးကို ဖွင့်၍ဝင်လာသောအခါ ပြင်ပမှအသံတို့သည် အတွင်းသို့ ရုတ်တရက်မဝင်နိုင်ပေ။ မဝင်နိုင်ခြင်းမှာ ဒုတိယတံခါး ပိတ်လျက်ရှိနေသော ကြောင့်ဖြစ်သည်။ ပထမတံခါးကို ပြန်လည်ပိတ်ပြီးမှ ဒုတိယတံခါးကိုဖွင့်၍ အခန်းအတွင်းသို့ ဝင်လာနိုင်သည်။ သို့သော် ထိုကဲ့သို့ပြုလုပ်ရုံနှင့် စကားပြောခွက်ထဲသို့ ပြင်ပ အသံများ မဝင်နိုင်ဟု မဆိုသာသေးသည့်အတွက် အသံလွှင့်ရုံတွင် အသံလွှင့်လျက်ရှိစဉ် အခြားလူများ ဆူဆူညံညံ မပြုလုပ်စေရန် သတိပေးဆိုင်းဘုတ်များ တပ်ထားလေ့ရှိသည်။ အသံလွှင့်ရာတွင် အသံကို စမ်းသပ်ပြုပြင်ပေးရသော အသံညှိခန်းတစ်ခန်းရှိသည်။ အသံလွှင့်ခန်းမှ တူရိယာသံစုံသည် ပြင်ပသို့ရောက်မသွားမီအင်ဂျင်နီယာ တစ်ဦးကြီးကြပ်သော အသံညှိခန်းသို့ ပထမရောက်လာသည်။ အင်ဂျင်နီယာသည် ထိုအသံကိုနားထောင်၍ ခလုတ်များအားဖြင့် အသံကို အလိုရှိသလို အတိုးအကျယ်ညှိပြီးမှ ကမ္ဘာအရပ်ရပ်သို့ တစ်ဆင့်လွှင့်လေသည်။ လျှပ်စစ်သံလိုက်လှိုင်းပျံ့နှံ့ခြင်း (Electromagnetic Radiation) ရေဒီယိုလှိုင်း အသံလွှင့်ရုံမှ လွှင့်လိုက်သော အသံတို့သည် ထိုရုံမှ ကမ္ဘာ အရပ်ရပ်သို့ တိုက်ရိုက်ပျံ့နှံ့၍မသွားပေ၊ စကားပြောခွက်ထဲသို့ ဝင်ရောက်လာသော တီးသံမှုတ်သံ စကားသံတို့သည် လျှပ်စစ်ဓာတ်၏သတ္တိကြောင့် လျှပ် စစ်သံလိုက်လှိုင်းအဖြစ်သို့ ပြောင်းသွားကာ ကောင်းကင် ကြိုးမှတစ်ဆင့်ထွက်သွားသည်။ ထို့ကြောင့် ထိုလှိုင်းတို့သည် အမှန်စင်စစ် အသံများမဟုတ်၊ လျှပ်စစ်စွမ်းအင်လှိုင်းများသာ ဖြစ်လေသည်။ ထိုလျှပ်စစ်သံလိုက်လှိုင်းတို့သည် အလင်းလှိုင်းနည်းတူ တစ်စက္ကန့်လျှင် မိုင်ပေါင်း ၁၈၆,ဝဝဝ (သို့မဟုတ် မီတာ ၃ဝဝ,ဝဝဝ,ဝဝဝ) ခန့်ပြေးသည်။ အသံလှိုင်းတို့သည် လေရှိသောအရပ် သို့မဟုတ် သယ်ဆောင်ပို့ပေးနိုင်သော ကြားခံပစ္စည်းတစ်ခုခုရှိသည့် နေရာများတွင်သာ သွားလာနိုင်ကြသည်။ သို့သော် လျှပ်စစ်သံလိုက်လှိုင်းတို့မှာမူ လေနှင့် အခြားကြားခံပစ္စည်းများကို များစွာအားကိုးစရာ မလိုသည့်အတိုင်း အာကာသ(space) အတွင်း၌ လွတ်လပ်စွာပြေးနိုင်သည်။ ထိုလှိုင်းတို့သည် အလင်းလှိုင်း၊ အပူလှိုင်း၊ အိက်စရေးလှိုင်း၊ ကော့စမစ်လှိုင်းများနှင့် တစ်မျိုးတစ်စားတည်းဖြစ်၍ လှိုင်းလျားအတိုအရှည်တွင်သာ တစ်ခုနှင့်တစ်ခု ခြားနားလေသည်။ (ရေဒီယေးရှင်း ။) လျှပ်စစ်သံလိုက်လှိုင်း သို့မဟုတ် ရေဒီယိုလှိုင်းတို့သည် မြေပြင်တစ်လျှောက် ပြေးသောအခါ လမ်းနှစ်သွယ်ပြေးတတ်သည်။ တစ်လမ်းမှာ မြေပြင်အနီးတစ်လျှောက်ဖြစ်၍ ကျန်တစ်လမ်းမှာ မြေပြင်မှအထက်သို့ မြင့်မားစွာတက်သွားသည်။ မြေပြင်ကို လျှပ်၍ပြေးလျှင် ခရီးရှည်မသွားနိုင်ပေ။ မြေပြင်မှအထက်သို့ တက်သွားသောအခါတွင်မူ ခရီးမိုင်ပေါင်းများစွာပြေးနိုင်သည်။ သို့သော် အနှောင့်အယှက်နှင့်ကားမကင်းပေ။ မြေပြင်မှ အထက်မိုင် ၇ဝ မှ ၂ဝဝ ခန့်အတွင်းတွင် နေမှထွက်လာသော အာလတြာ ဝိုင်အိုလက် ရောင်ခြည်တို့ကြောင့် လျှပ်စစ်ဓာတ်ဝင်လျက်ရှိသည့် လေလွှာတစ်လွှာရှိသည်။ ထိုလေလွှာနှင့် စပ်လျဉ်းသည့်ယူဆချက်ကို ကင်နယ်လီ ခေါ် အမေရိကန်လူမျိုး လျှပ်စစ်အင်ဂျင်နီယာ နှင့် ဟဲဗီးဆိုက် ခေါ် အင်္ဂလိပ်လူမျိုး ရူပဗေဒပညာရှင်တို့က တစ်ဦးစီ သီးခြားထုတ်ဖော်ခဲ့သည်ကို ဂုဏ်ပြုသောအားဖြင့် ထိုလေလွှာကို ကင်နယ်လီဟဲဗီးဆိုက် လေလွှာဟု ခေါ်ဆိုကြသည်။ အထက်သို့တက်သွားသော ရေဒီယိုလှိုင်းတို့သည် ထိုလေလွှာနှင့်တွေ့သောအခါ မြေပြင်ရှိရာသို့ပြန်၍ဟပ်ကြသည်။ ညဉ့်ဘက်တွင် အဆိုပါလေလွှာသည် နှစ်ခြမ်းကွဲသွားသည်။ ထိုအခါမျိုးတွင် ရေဒီယိုလှိုင်း တို့သည် တစ်ခါတစ်ရံ အောက်ဘက်အလွှာကို ထိုးဖောက် သွားပြီးနောက် အထက်နှင့်အောက်ကွဲနေသည့် အလွှာနှစ်ခု အတွင်း၌ တက်ချည် ဆင်းချည်ဖြင့် ခရီးအတော်အတန် ပြေးပြီးနောက်မှ အောက်ဘက်အလွှာကို တစ်ဖန်ထိုးဖောက်ကာ မြေပြင်ရှိရာသို့ သက်ဆင်းလာတတ်သည်။ ထိုသို့ဖြစ်သောအခါ ရေဒီယိုလှိုင်းများအတက်နှင့် အဆင်းကြားခုလတ်တွင် ရောက်နေသော ရေဒီယိုများမှာ အသံဖမ်း၍မမိဘဲ ဖြစ်နေတတ်သည်။ ကင်နယ်လီဟဲဗီးဆိုက်လေလွှာမှ ပြန်ဟပ်ပြီး ဆင်းလာစေကာမူ မြေပြင်သို့ အရောက်နောက်ကျသည့်အတွက် မြေပြင်ကို လျှပ်၍ပြေးနေသည့် ရေဒီယိုလှိုင်းများကို အချိန်မီ အားမဖြည့်နိုင်ပြန်လျှင်လည်း ဖမ်းမိသည့်အသံသည် တိုး၍သွားတတ်ပြန်သည်။ တစ်ဖန် လျှပ်စစ်မိုတာ တစ်ခုခုလည်လျက်ရှိချိန်၊ ဓာတ်မီးခလုတ်ကိုဖွင့်လိုက်ချိန်၊ မိုးချုန်း ရွာသွန်းချိန်များတွင် လျှပ်စစ်သံလိုက်လှိုင်းများ ထွက်ပေါကြရာ ထိုအချိန်မျိုးတွင် ရေဒီယိုကို ဖွင့်ထားမိပါက ရေဒီယိုလှိုင်းနှင့် မျိုးချင်းနီးစပ်သော ထိုလှိုင်းတို့၏ နှောင့်ယှက်မှုကြောင့် မလိုလားအပ်သော အသံများကို ကြားရတတ်လေသည်။ အသံလွှင့်ခြင်း ရေဒီယိုအသံလွှင့်ခြင်း အသံဖမ်းခြင်းတို့ကို နားလည်လိုလျှင် လျှပ်စစ်ဓာတ်အကြောင်းကို အတော်အတန် နားလည်ရန်လိုအပ်ပေသည်။ နန်းကြိုးတစ်ပင်ကို လျှပ်စစ်ဓာတ် စီးဖြတ်စေသောအခါ ထိုနန်းကြိုးမှ သန်းပေါင်းများစွာသော အီလက်ထရွန်တို့သည် လှုပ်ရှားသွားကြသည်။ နန်းကြိုး တစ်လျှောက်ကို စီးသော လျှပ်စစ်ဓာတ်အားတွင် အေစီကားရင့် (Alternating Current) ခေါ် အပြန်အလှန်စီးသော လျှပ်စစ်ဓာတ်စီးနှင့် ဒီစီကားရင့် (Direct Current) ခေါ် တစ်ဖက်သတ်စီးသော လျှပ်စစ်ဓာတ်စီးဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ အပြန်အလှန်စီးသော လျှပ်စစ်ဓာတ်စီးကို အသုံးပြုသောအခါ အီလက်ထရွန်တို့သည် အလွန်လျင်မြန်စွာ ရှေ့တိုး နောက်ငင်ဖြစ်နေသည်။ တစ်ဖက်သတ်စီးသော လျှပ်စစ်ဓာတ်စီးဖြစ်ခဲ့သော် အီလက်ထရွန်တို့သည် တစ်ဖက်သတ်တည်းသာ ငြိမ်သက်စွာ စီးကြ သည်။ ရေဒီယို အသံလွှင့်ရာတွင် လျှပ်စစ်သံလိုက်လှိုင်းများ ဖြစ်ပေါ်လာစေရန် အပြန်အလှန်စီးသော လျှပ်စစ်ဓာတ်စီးကို အသုံးပြုရသည်။ လျှပ်စစ်ဓာတ်အပြန်အလှန်စီးနေချိန်တွင် အီလက်ထရွန်တို့သည် တစ်စက္ကန့်အတွင်း အကြိမ်ပေါင်းများစွာ လှုပ်ရှားကြသော်လည်း ဤသို့ အီလက်ထရွန်တို့ လှုပ်ရှားတိုင်း လျှပ်စစ်သံလိုက်လှိုင်းများ မဖြစ်ပေါ်နိုင်ပေ။ အောက်ထစ် တစ်စက္ကန့်လျှင် လျှပ်စစ်ဓာတ် အပြန်အလှန်စီးမှု အကြိမ်ပေါင်း တစ်သိန်းရှိမှသာ ရေဒီယိုလှိုင်းများ ဖြစ်ပေါ်နိုင်လေသည်။ ဤသို့ လျှပ်စစ်ဓာတ် အပြန်အလှန်စီးမှုကို အော်စီလေးရှင်းဟုခေါ်၍ အပြန်အလှန်စီးသည့် အကြိမ်အရေအတွက်ကိုမူ ဆိုင်ကယ်နှင့်ပြဆိုလေ့ရှိသည်။ ဆိုင်ကယ်တစ်ထောင်ကို ကီလို ဆိုင်ကယ်ဟုခေါ်၍ ကီလိုဆိုင်ကယ်တစ်ထာင်ကို မက်ဂဆိုင်ကယ်ဟုခေါ်ပြန်သည်။ တစ်စက္ကန့်အတွင်း လှုပ်ရှားသည့်အကြိမ်ပေါင်းကို ဖရီကွင်စီ (တုန်ကြိမ်)ဟု ဆိုကြသည်။ ထို့ကြောင့် အသံလွှင့်ရုံတစ်ရုံသည် ၁. ၆ မက်ဂဆိုင်ကယ်ရှိသောဖရီကွင်စီဖြင့် အသံလွှင့်နေသည်ဟုဆိုခဲ့သော် ထိုရုံမှ တစ်စက္ကန့်လျှင်အကြိမ်ပေါင်း ၁,၆ဝဝ ကီလိုဆိုင်ကယ် သို့မဟုတ် အကြိမ်ပေါင်း ၁,၆ဝဝ,ဝဝဝ တုန်လှုပ်သည့် ရေဒီယိုလှိုင်းများကို လွှင့်နေသည်ဟုသိရာသည်။ အီလက်ထရွန်တို့၏ ရှေ့တိုးနောက်ငင် လှုပ်ရှားမှုကို လျင်မြန်လာအောင် ပြုလုပ်ပေးနိုင်သည့် နည်းအမျိုးမျိုးရှိသည်။ ဤကိစ္စအတွက် ယခင်က စပတ်ကွိုင်ခေါ် လျှပ်စစ်မီးပွားများကို ဖြစ်ပေါ်စေသော မီးခတ်ခွေကိုလည်းကောင်း၊ တုန်ကြိမ် (တစ်စက္ကန့်အတွင်း တုန်လှုပ်ကြိမ်ပေါင်း) များစွာရှိသည့် လျှပ်စစ်ဓာတ်စီးကို ဖြစ်ထွန်းစေသော လျှပ်စစ်ဓာတ်စက်ကိုလည်း ကောင်း အသုံးပြုခဲ့ကြသည်။ သို့ရာတွင် ယခုအခါ၌မူ ထိုအသုံးအဆောင်တို့ အစား ဗက်ကျူအမ်ကျူ (လေဟာပြွန်)ကို အသုံးပြုကြတော့သည်။ အသံလွှင့် ရာတွင် အသုံးပြုသော လေဟာပြွန်မှာ ရေဒီယို အသံဖမ်းစက်ရှိ လေဟာပြွန်နှင့် ဆင်တူယိုးမှားပင်ဖြစ်သည်။ အသံလွှင့်ရာ၌ အသုံးပြုသော လေဟာပြွန်က အသံဖမ်းရာတွင် အသုံးပြုသောလေဟာပြွန်ထက်ပိုကြီး၍ အားလည်းပိုရှိခြင်းသာလျှင် ထူးခြားလေသည်၊ စပတ်ကွိုင်ကို အသုံးပြုသောအခါ ဖြစ်ပေါ်လာသောလှိုင်းတို့သည် အမြင့်အနိမ့် ညီညာခြင်းမရှိသည့်အပြင် တဖြည်းဖြည်းနိမ့်ကျသွားပြီးနောက် အရှိန်သေသွားကြသည်။ ထို့ကြောင့် ဤလှိုင်းမျိုးကို ဝိုင်ယာလက်ကြေးနန်း ရိုက်ရာတွင်သာအသုံးပြုနိုင်၍ ရေဒီယိုအသံလွှင့်ရန်အတွက် မသင့်တော်ပေ။ လေဟာပြွန်ကို အသုံးပြုသောအခါတွင်မူ တစ်သမတ်တည်း ညီညာသော လှိုင်းများကိုရရှိလေသည်။ ဤလှိုင်းတို့သည် အသံလွှင့်ရာတွင် လွှင့်လိုက်သည့်အသံလှိုင်းများကို သယ်ဆောင်သွားကြသဖြင့် ယင်းတို့ကို ကယ်ရီယာလှိုင်း(သယ်ဆောင်လှိုင်း)များ ဟုခေါ်ကြသည်။ တုန်ကြိမ်အလွန်များသော ကယ်ရီယာ လှိုင်းများကိုဖြစ်ထွန်းစေသည့် ကားရင့်(လျှပ်စစ်ဓာတ်စီး)များကိုမှ ရေဒီယိုဖရီကွင်စီကားရင့်များဟုခေါ်ကြသည်။ ရေဒီယိုဖရီ ကွင်စီ ကားရင့်များကို လေဟာပြွန်များဖြင့် ဖန်တီးထိန်း သိမ်းပေးနိုင်လေသည်။ ရေဒီယိုအသံလွှင့်ရာတွင် ရေဒီယိုဖရီကွင်စီကားရင့်ကို အသုံးပြုခြင်းဖြင့် ကယ်ရီယာလှိုင်းများကို ဖန်တီးပေးနိုင်သည်။ အသံခွက်ထဲသို့ မည်သည့်အသံမှမဝင်မချင်း ရေဒီယိုဖရီကွင်စီကားရင့်ကြောင့် ကယ်ရီယာလှိုင်းများသာ ဖြစ်ပေါ်လျက်ရှိသည်။ ကယ်ရီယာလှိုင်းများမှာ လှိုင်းလုံးအရွယ်ချင်း ညီတူကြ၍တုန်ကြိမ်များလွန်းသည့်အတွက် ဤလှိုင်းများကို အသံဖမ်းစက်မှ မကြားရပေ။ အသံခွက်တွင် စကားပြောသံ၊ တီးသံ၊ မှုတ်သံတို့ကို သွင်းလိုက်သောအခါ အသံလှိုင်းများသည် အော်ဒီယိုဖရီကွင်စီခေါ် တုန်ကြိမ်နည်းသော ကားရင့်(လျှပ်စစ်ဓာတ်စီး)များအဖြစ်သို့ ပြောင်းသွားကြသည်။ အော်ဒီ ယိုဖရီကွင်စီကားရင့်နှင့် ရေဒီယိုဖရီကွင်စီကားရင့် နှစ်မျိုးရောစပ်သွားရာမှ ဖြစ်ပေါ်လာသော တတိယကားရင့်ကို မော်ဒျူလိတ်တက် ကားရင့်(ပြုပြင်ပြီး လျှပ်စစ်ဓာတ်စီး)ဟူ၍ခေါ်သည်။ ထိုမော်ဒျူလိတ်တက်ကားရင့်ကို အေရီယယ်(ကောင်ကင်ကြိုး) သို့ပို့၍ အေရီယယ်မှတစ်ဆင့် ပတ်ဝန်းကျင် အရပ်မျက်နှာ အားလုံးသို့ ရေဒီယိုလှိုင်းများအဖြစ် ပျံ့နှံ့သွားစေသည်။ ရေဒီယိုလှိုင်းများကို မလွှင့်မီ လိုအပ်သောတုန်ကြိမ်နှင့် လှိုင်းလျားများရှိစေရန် လေဟာပြွန်များဖြင့် လိုသလိုချဲ့ထွင်ပေးရလေသည်။ ရေဒီယိုလှိုင်းများမှာ တုန်ကြိမ်အနည်းအများကိုလိုက်၍ လှိုင်းလျား ရှည်ကြတိုကြသည်။ အသွားနှုန်းမှာမူ အားလုံးအတူတူပင် ဖြစ်သည်။ဤ အသံလွှင့်ရုံမှ ရေဒီယိုလှိုင်းများလွှင့်ရာတွင် လှိုင်းလျားများကို သုံးမျိုးသုံးစားခွဲပြီး လွှင့်ကြသည်။ လှိုင်းရှည်အစားတွင် မီတာ ၁,ဝဝဝ မှ ၂,ဝဝဝ အထိ လှိုင်း များသည်လည်းကောင်း၊ လှိုင်းလတ်အစားတွင် မီတာ ၂ဝဝ မှ ၅ဝဝ အ တွင်းရှိ လှိုင်းများသည်လည်း ကောင်း၊ လှိုင်းတိုအစားတွင် မီတာ ၁၆ မှ ၅ဝ အတွင်းရှိ လှိုင်းများသည်လည်းကောင်း ပါဝင်ကြလေသည်။ အသံဖမ်းခြင်း အသံဖမ်းခြင်းမှာ အသံလွှင့်ရာတွင် အသံမှ ရေဒီယိုလှိုင်းအဖြစ် သို့ အဆင့်ဆင့်ပြောင်းလဲပေးသည့် အစီအစဉ်များကို ပြောင်းပြန်ပြုလုပ်ပေး ခြင်းပင်ဖြစ်၍ ဤသို့ပြောင်းပြန်ပြု လုပ်ပေးသည့်အစီအစဉ်မှာ အောက်ပါအ တိုင်းဖြစ်သည်။ (၁) ရေဒီယိုလှိုင်းမျာကို အေရိယယ် ကောင်းကင်ကြိုးဖြင့်ဖမ်းယူခြင်း၊ (၂) အလိုရှိသောအသံကို ရစေရန်အတွက် အလိုရှိသော လှိုင်းကို ညှိယူခြင်း၊ (၃) ဖြစ်ပေါ်လာသော တုန်ကြိမ်များသည့် မော်ဒျူလိတ်တက်ကားရင့်(ပြုပြင်ပြီးလျှပ်စစ်ဓာတ်စီး)ကို တုန်ကြိမ်နည်းသည့် အော်ဒီယို ဖရီကွင်စီကားရင့်သို့ ပြောင်းပေးခြင်း၊ (၄) လျှပ်စစ်ဓာတ် လှုပ်ရှားမှုမှ အသံဖြစ်လာအောင် ဖော်ယူခြင်း၊အသံလွှင့်ရုံ အသီးအသီးမှလွှင့်လိုက်သော ရေဒီယိုလှိုင်းများကို ရှေးဦးစွာ အသံဖမ်းရုံအသံဖမ်းစက်ရှိ အေရီယယ်ကဖမ်းယူသည်။ အေရီယယ် ကို ရေဒီယိုလှိုင်းများလာ၍ ထိသောအခါ မူလအသံလွှင့်ရုံ၌ ဖြစ်ပွားသည့်လျှပ်စစ်ဓာတ်လှုပ်ရှားမှု အော်စီလေးရှင်းများအတိုင်း အေရိယယ်တွင် လျှပ် စစ်ဓာတ်လှုပ်ရှားသည်။ အေရီယယ်ကို အန်တင်နာဟုလည်းခေါ်ကြသည်။ အသံတစ်ခုတည်းကို ပီပီသသဖမ်းနိုင်ရန်မှာ အေရိယယ်သို့ရောက်လာသည့် ရေဒီယိုလှိုင်းများအနက်မှ တစ်မျိုးတည်းသောလှိုင်းကို ရွေးထုတ်ရန် တစ်နည်း ညှိပေးရန်လိုပေသည်။ ထိုသို့ လှိုင်းညှိပေးရန်အတွက် အသံဖမ်းစက်တွင် အင်ဒပ်တန့်ကွိုင်ခေါ် ဓာတ်ညှိခွေတစ်ခုနှင့် ကွန်ဒင်ဆာခေါ် လျှပ်စစ်လှောင် ကိရိယာတစ်ခုရှိသည်။ ဤကိရိယာနှစ်ခုကို လိုသလို ပြုပြင်ပေးခြင်းဖြင့် မိမိအလိုရှိသော လျှပ်စစ်ဓာတ်လှု့ပ်ရှားမှုကို ဖြစ်စေ၍ အလိုရှိသော လှိုင်းကို ဖမ်းယူနိုင်ပေသည်။ အင်ဒပ်တန့်ကွိုင်ကို အန်တင်နာကွိုင်ဟုလည်းခေါ်သည်။ အေရီယယ်သို့ ရောက်လာသော ရေဒီယိုလှိုင်းများမှာ အား နည်း၍နေရာ အားကြီးလာအောင် အန်တင်နာကွိုင်က ရှေးဦးစါာ ချဲ့ပေးသည်။ အန်တင်နာကွိုင်တွင် ပရိုင်မာရီခွေနှင့် စကင်ဒရီ(အညှို့ခံ)ခွေဟူ၍ နန်းကြိုးနှစ်ခွေရှိ၍ ပရိုင်မာရီခွေကို မြေကြီးနှင့် ဆက်ထားသည်။ အေရီယယ်တွင် ဖြစ်ပေါ်လာသော လျှပ်စစ်ဓာတ်စီးသည် ပရိုင်မာရီခွေမှ ဖြတ်၍ မြေကြီးသို့ ဆင်းပြီး ပြန်တက်လာခြင်းဖြင့် စကင်ဒရီ(အညှို့ခံ)ခွေတွင် အား ကောင်းသော လျှပ်စစ်ဓာတ်စီးကို ဖြစ်ပေါ်စေသည်။ စကင်ဒရီ(အညှို့ခံ)ခွေကို ကွန်ဒင်းဆားနှင့် တဖန်တက်ထားသည်။ ကွန်ဒင်းဆားတွင်လျှပ်စစ်ဓာတ်ကို သိုလှောင်ပြီးမှ စီးဖြတ်ခွင့် ပေးသည်။ ကွန်ဒင်းဆား၏ လျှပ်စစ်ဓာတ် သိုလှောင်နိုင်သော စွမ်းရည်ကို ပြုပြင်ပေးခြင်းဖြင့် အလိုရှိသော လှိုင်းကို ညှိယူရလေသည်။ ရေဒီယိုလှိုင်းများကို ညှိယူရုံဖြင့် အသံမထွက်သေးချေ။ မော်ဒျူလိတ်တက်ကားရင့်မှ အော်ဒီယို ဖရီကွင်စီ ကားရင့် ဖြစ်စေရန် တုန်ကြိမ်းများစွာနှင့် အပြန်အလှန် စီးလျက်ရှိသည့်ကားရင့်ကို တုန်ကြိမ်နည်းနည်းနှင့် တစ်ဖက်သတ်စီးသော ကားရင့်ဖြစ်အောင် ပြုလုပ်ပေးရသည်။ ဤကိစ္စအတွက် ယခင်က ဂလီးနားခေါ် လက်ဆာလဖိုက်(ဒ်) ခရစ္စတယ်ကို အသုံးပြုခဲ့ကြသော်လည်း အဆိုပါ ခရစ္စတယ်မှာ အမြဲတမ်း စိတ်တိုင်းကျ မဖြစ်သည့်အတွက် ယခုအခါ ထိုသလင်းပွင့်အစား သာမျွန်းနစ်ဗာ့၊ သို့မဟုတ် ရေဒီယိုဗာ့ခေါ် လေဟာပြွန်များကို အသုံးပြုလက် ရှိကြသည်။ ဆိုခဲ့သော လှိုင်းပြောင်းကိရိယာကို ဒီတက်တားဟုခေါ်သည်။ ဒီတက်တားများအနက် ရေဒီယိုဗာ့သည် အကောင်းဆုံး စိတ်အချရဆုံးဖြစ်သည်။ ရေဒီယိုဗာ့ပေါ်လာခြင်းကြောင့်သာလျှင် ရေဒီယိုပညာသည် ယခုလောက် အဆင့်အတန်းမြင့်လာရခြင်း ဖြစ်ပေသည်။ ဂလီးနားခရစ္စတယ်နှင့်တကွ ရေဒီယိုဗာ့စသော ဒီတက်တားတို့၏ သဘောမှာ အသွးအပြန် သွားရသောလမ်းကို တဖက်တည်းသာ သွားရသော လမ်းအဖြစ်သို့ ပြောင်းလိုက်ခြင်းပင် ဖြစ်သည်။ ရေဒီယိုဗာ့များတွင် ဒိုင်အော့နှင့် ထရိုင်အော့ဟူ၍ လေဟာပြွန် နှစ်မျိုးရှိ၍ ထိုလေဟာပြွန်တို့သည် ဓာတ်မီးလုံး(ဓာတ်မီး ဖန်သီး) များနှင့် သဏ္ဌာန်တူသည်။ ဒိုင်အော့တွင် ဓာတ်လိုက်သတ္တုပြား တစ်ခုနှင့် သတ္တုမျှင်ဖြင့် ပြုလုပ်ထားသော မီးစာခွေတစ်ခု ပါသည်။ ထရိုင်အော့တွင်မူ အဆိုပါဓာတ်လိုက် သတ္တုပြားနှင့် မီးစာခွေ စပ် ကြား၌ ဂရစ်ခေါ် ဓာတ်လိုက်ဆန်ခါတစ်ခု အပိုပါသည်။ မီးစာအတွင်းသို့ လျှပ်စစ်ဓာတ် စီးဖြတ်သောအခါ မီးစာသည် ပူလာ၍ အီလက်ထရွန်များ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် ဓာတ်လိုက်သတ္တုပြားကို လျှပ်စစ်အဖိုဓာတ် ပေးထားပါက အီလက်ထရွန်တို့သည် အဖိုဓာတ်ရှိရာ သတ္တုပြားသို့ သွားကြသဖြင့် မီးစာနှင့် သတ္တုပြားစပ်ကြားတွင် လျှပ်စစ်ကားရင့် မဖြစ်ပေါ်ပေ။ ထို့ကြောင့် ဒိုင်အော့အတွင်းသို့ အပြန်အလှန် စီးသည့်ကားရင့် (အေစီကားရင့်) စီးဖြတ်သောအခါ သတ္တုပြားနှင့် မီးစာတွင် လျှပ်စစ်ဓာတ် အဖိုတစ်လှည့် အမတစ်လှည့် ဖြစ်ပေါ်နေချိန်တွင် သတ္တုပြား၌ အဖိုဓာတ် ရှိ၍ မီးစာ၌ အမဓာတ်ရှိချိန်တွင်သာလျှင် ထိုပစ္စည်းနှစ်ခု စပ်ကြား၌ လျှပ်စစ်ဓာတ်စီးဖြတ်လေသည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဒိုင်အော့သည် အပြန်အလှန် စီးသည့် ကားရင့် (အေစီကားရင့်)ကို တစ်ဖက် သတ် စီးသည့်ကားရင့် (ဒီစီကားရင့်)အဖြစ်သို့ ပြောင်းလဲစေသည်။ ထရိုင်အော့၌ အထက်တွင် ပြောခဲ့သည့်အတိုင်း ဂရစ်တစ်ခု အပိုပါသည်။ ဂရစ်ကို လျှပ်စစ်အဖိုဓာတ် ပေးသောအခါ မီးစာမှ ထွက်လာသော အီလက်ထရွန်တို့ကို ဂရစ်က ပို၍ ဆွဲသဖြင့် သတ္တုပြားသို့ အီလထရွန် အရောက်များသည်။ ဂရစ်မှာ အလွန် သေးငယ်သော နန်းကြိုးကလေးများဖြင့် ဆန်ခါပမာ ပြုလုပ်ထားသောကြောင့် သတ္တုပြားရှိရာသို့ သွားသော အီလက်ထရွန်တို့အတွက် အဆီးအတားမဖြစ်လှပေ။ အကယ်၍ ဂရစ်ကို လျှပ်စစ်အမဓာတ်ပေးပါက ဓာတ်တူချင်း တွန်းဖယ်သည့်အတွက် သတ္တုပြားသို့ အီလက်ထရွန်အရောက်နည်းသွားသည်။ ထို့ပြင် အီလက်ထရွန် များ အလျင်း မရောက်နိုင်ပဲလည်း ဖြစ်နိုင်သည်။ သဘောမှာ ထရိုင်အော့သည် မီးစာနှင့် သတ္တုပြားစပ်ကြား၌ ဖြစ်ပေါ်စီးဖြတ် သည့် လျှပ်စစ်ကားရင့်ကို ဒိုင်အော့မှာထက် ပို၍ အားကြီး စေသည့်။ ထို့ကြောင့် ထရိုင်းအော့ကို အသံဖမ်းစက်များတွင် အမ်ပလီဖိုင်းယား(လှိုင်းချဲ့ကိရိယာ)အဖြစ် အသုံးပြုကြလေသည်။ ရေဒီယိုလှိုင်းများကို အထက်ဖော်ပြပါ ကိရိယာတို့ဖြင့် လိုသလို ညှိယူချဲ့ထွင် ပြောင်းလဲပေးပြီးသောအခါ အသံ ဖော်ရန် တစ်ခုသာ ကျန်တော့သည်။ ယခင်ကဆိုလျှင် နောက်ဆုံးပြောင်းလဲပြီး လှိုင်းကို နားကြပ်ဖြင့် အသံလှိုင်း ဖြစ်အောင် ပြုလုပ်ကြသည်။ နားကြပ်မှာ တယ်လီဖုန်း စကားပြော ကိရိယာရှိ နားထောင်သည့် ခွက်ကဲ့သို့ ဖြစ်၍ ထိုခွက်သည် လျှပ်စစ်သံလိုက်ဓာတ်အားဖြင့် အော်ဒီယို ဖရီကွင်စီ ကားရင့်ကို အသံအဖြစ်သို့ ပြောင်းပေးသည့် ကိရိယာဖြစ်သည်။ သို့သော် နားကြပ်ကို သုံးလျှင် အသံမှာ တိုး၍ ဤအသံကို နားကြပ်၍ နားထောင်သူသာ ကြားရ သည်။ အခြားလူအများ ကြားနိုင်ရလေအောင် အသံဖမ်း စက်များတွင် နားကြပ်အစား အသံချဲ့ကိရိယာကို တပ်ဆင် ပေရပြန်သည်။ အသံချဲ့ကိရိယာကို တပ်ဆင်ပေးရပြန်သည်။ အသံချဲ့ကိရိယာတွင် နားကြပ်နည်းတူ လျှပ်စစ်သံလိုက်ဓာတ် ၏ အစွမ်းကိုပင် အသုံးချထားသည်။ သို့သော် အသံချဲ့ ကိရိယာက အသံလှိုင်းတို့ကို အားကြီးစေသည့် အတွက် အလွန်ကျယ် သော အသံကို ထွက်ပေါ်စေသည်။ အထက်ပါတို့မှာ ဝိုင်ယာလက် ရေဒီယိုဆိုင်ရာ အဓိက အစိတ်အပိုင်းများသာ ဖြစ်၍ ဤပညာမှတစ်ဆင့် ယခုအခါ တယ်လီဗေးရှင်း၊ ရေဒါ စသည်တို့ ပေါ်လာသည်ကိုထောက်လျှင် ရှေ့ကိုလည်း တိုးတက်စရာလမ်း အများကြီး ရှိသေးသည်ဟု မျော်မှန်းရပေသည်။ လျှပ်စစ်သံလိုက် ဖြာထွက်ရောင်ခြည် (The Electromagnetic Spectrum) ကြိုးမဲ့ဆက်သွယ်ရေးကို အသုံးချခြင်း လုံခြုံရေးစနစ်များ ကြိုးမဲ့ဆက်သွယ်ရေးကို အကောင်အထည်ဖော်ခြင်း ကြိုးမဲ့ဆက်သွယ်ရေး စံနှုန်းများ ကြိုးမဲ့ဆက်သွယ်ရေးကိရိယာများ ဝိုင်ဖိုင် (WiFi) ဆယ်လူလာတယ်လီဖုန်းဆက်သွယ်ရေး (ဖုန်းနှင့် မိုဒမ်) တယ်လီဗွီးရှင်း ရီမုတ်ကွန်ထရိုး သက်ဆိုင်သောဆောင်းပါးများ ဆက်သွယ်ရေးစနစ် အင်တင်နာ ဂျီအက်စ်အမ် စီဒီအမ်အေ ဂြိုဟ်တုဆက်သွယ်ရေး မိုက်ခရိုဝေဖ့် ဆက်သွယ်ရေး ဝိုင်မက် ( WiMAX ) ကြိုးမဲ့ဆက်သွယ်ရေး နည်းပညာ
ဓမ္မဒေသနာသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် သုဒ္ဓပါစိတ်အာပတ်တစ်ခု ဖြစ်သည်။ သမိုင်း မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူချိန် ဖြစ်၏။ အသျှင်ဥဒါယီသည် အိမ်တစ်အိမ်သို့ ချဉ်းကပ်ကာ အိမ်တံခါးဝတွင် နေသော အိမ်ရှင်မအား နားရင်သို့ကပ်ကာ တရားဟော၏။ ထိုအခါ အခန်းတံခါးဝတွင် ရှိသော ချွေးမသည် မြင်၏။ ထိုအခါ ချွေးမသည် “ထိုရဟန်းသည် ငါ့ယောက္ခမ၏ လင်ငယ်လော၊ သို့မဟုတ် ပြက်ရယ်ပြောဆိုနေသလော” ဟု တွေး၏။ ထို့နောက် အသျှင်ဥဒါယီသည် ချွေးမထံသို့ ချဉ်းကပ်ပြီးလျှင် ယခင်ကဲ့သို့ပင် နားသို့ကပ်ကာ တရားဟော၏။ ထိုအခါ ယောက္ခဖြစ်သူသည်လည်း ချွေးမကဲ့သို့ပင် တွေး၏။ ထို့နောက် အသျှင်ဥဒါယီသည် ပြန်သွား၏။ ထိုအခါမှ ယောက္ခမနှင့် ချွေးမဖြစ်သူတို့သည် ထိုရဟန်းသည် အဘယ်စကားကို ပြောပါသနည်းဟု အပြန်အလှန် မေး၏။ တရားဟောကြောင်း ပြောပြကြ၏။ ထိုအခါ မိန်းမတို့သည် အသျှင်ဥဒါယီအား “အဘယ်ကြောင့် နားရင်းသို့ကပ်၍ တရားဟောဘိသနည်း၊ လွတ်လွတ်လပ်လပ် ပွင့်လင်းစွား ဟောသင့်သည် မဟုတ်လော” ဟု ကဲ့ရဲ့ကြ၏။ ထို့သို့ ကဲ့ရဲ့သည်ကို ရဟန်းတို့သည် ကြား၏။ အလိုနည်းသော ရဟန်းတို့သည် အသျှင်ဥဒါယီကို ကဲ့ရဲ့ကြ၏။ ထို့နောက် မြတ်စွာဘုရားထံသို့ လျှောက်ထားကြ၏။ မြတ်စွာဘုရားသည် အသျှင်ဥဒါယီအား “ဟုတ်မှန်ပါသလား” ဟု မေး၏။ အသျှင်ဥဒါယီသည် “ဟုတ်မှန်ပါသည်” ဟု ဖြေ၏။ ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။ အကြင်ရဟန်းသည် မာတုဂါမအား တရားကို ဟောငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ဟု မိန့်တော်မူ၏။ အမျိုးသမီးတို့သည် ရဟန်းတို့အား တရားဟောရန် တောင်းပန်၏။ ထိုသို့ သိက္ခာပုဒ်ကို ပညတ်လိုက်သည့်အတွက် ရဟန်းတို့သည်လည်း “အမျိုးသမီးတို့အား တရားဟောရန် မအပ်”ဟု ပြော၏။ ထိုအခါ အမျိုးသမီးတို့သည်လည်း “စကားခြောက်ခွန်းဖြင့် ဟောကြားပေးပါ” ဟု တောင်းပန်ပြန်၏။ သို့တိုင်အောင် ရဟန်းတို့သည်လည်း “အမျိုးသမီးတို့ကို တရားဟောရန် မအပ်ပေ” ဟု ပြန်ပြော၏။ ထိုအခါ ဥပါသိကာမတို့သည် ရဟန်းတို့အား “ငါတို့က တောင်းပန်တိုက်တွန်းသော်လည်း ရဟန်းတို့သည် အဘယ်ကြောင့် တရားမဟောဘိသနည်း” ဟု ကဲ့ရဲ့ကြ၏။ ထိုသို့ ကဲ့ရဲ့သည်ကို ရဟန်းတို့သည် ကြား၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထားကြ၏။ ထိုအခါ မြတ်စွာဘုရားသည် မာတုဂါမတို့ကို ငါးခွန်း ခြောက်ခွန်းသော စကားဖြင့် တရားဟောရန် ခွင့်ပြုကာ သိက္ခာပုဒ်ကို ပညတ်တော်မူ၏။ အကြင်ရဟန်းသည် မာတုဂါမအား ငါးခွန်း ခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် တရားကို ဟောငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏ဟု မိန့်တော်မူ၏။ ထိုသို့ ပညတ်တော်မူပြီးနောက် ဆဗ္ဗဂ္ဂီရဟန်းတို့သည် မသိ မလိမ္မာသော အမျိုးသားကို အနီး၌ နေစေ၍ အမျိုးသမီးတို့အား ငါးခွန်းခြောက်ခွန်းထက် ပိုလွန်ကာ တရားဟော၏။ ထိုအခါ အလိုနည်းသော ရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို ကဲ့ရဲ့တော်မူ၏။ ထို့နောက် မြတ်စွာဘုရားထံ လျှောက်ထားကြ၏။ မြတ်စွာဘုရားသည် ဆဗ္ဗဂ္ဂီရဟန်းတို့အား “သင်တို့သည် မသိမလိမ္မာသော ယောက်ျားကို အနီး၌ နေစေကာ မာတုဂါမအား ငါးခွန်းခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် တရားဟောသည် ဆိုသည်မှာ မှန်ပါသလော” ဟု မေး၏။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် “ဟုတ်မှန်ပါသည်” ဟု ဖြေ၏။ ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတော်မူ၏။ သိက္ခာပုဒ် “အကြင်ရဟန်းသည် သိကြားလိမ္မာသူ လူယောက်ျားကို ကြဉ်၍ မာတုဂါမအား ငါးခွန်းခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် တရားကို ဟောငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။ ကိုးကား ရဟန်းဝိနည်းများ
ဒေါ်ဒွဲဘူသည် မြန်မာနိုင်ငံသား ကချင်လူမျိုး ရှေ့နေနှင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။လက်ရှိတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၁ရက်တွင် အသစ်ပြန်လည်ဖွဲ့စည်းသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွင်အဖွဲ့ဝင်အဖြစ် ဒေါ်ဒွဲဘူအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ပင် ခန့်အပ်ခဲ့သည်။ ကိုယ်ရေးအကျဉ်းနှင့်ပညာရေး ကချင်ပြည်နယ် မြစ်ကြီးနားတွင် မွေးဖွားခဲ့သည်။ အထက(၃) မြစ်ကြီးနားမှတဆင့် ဆယ်တန်းအောင်မြင်ခဲ့ကာ ၁၉၈၂ တွင် ရန်ကုန်တက္ကသိုလ်၊ဥပဒေပညာဌာန သို့တက်ရောက်ပညာသင်ကြားသည်။ဥပဒေပညာဘွဲ့ ရရှိပြီးနောက် ၁၉၈၈ မှစပြီး အလုပ်သင်ရှေ့နေ၊အထက်တန်းရှေ့နေ ယင်းနောက် တရားလွှတ်တော်ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။ နိုင်ငံရေး အထွေထွေရွေးကောက်ပွဲ ၂၀၁၀ တွင် ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရရင်း နိုင်ငံရေးလောကထဲ ဝင်ရောက်လာသည်။ ထိုစဉ်က စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီကချင်ပြည်နယ် (စဒက) ကိုယ်စားပြုကာ ရွေးကောက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ တွင် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီကချင်ပြည်နယ် (စဒက) ကိုယ်စားပြု၍ အင်ဂျန်းယန်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ထပ်မံအရွေးချယ်ခံခြင်း၊ အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင် ကချင်ပြည်နယ်ပြည်သူ့ပါတီကိုယ်စားပြုပြီး ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှနေ၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခြင်းများဆောင်ရွက်ခဲ့သည်။ ရွေးကောက်ပွဲ ၂ခုစလုံးတွင် ယှဉ်ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားလှယ်လောင်းအား အနိုင်မရဘဲ ရှုံးနိမ့်သည်။ တာဝန်ထမ်းဆောင်ခဲ့မှုများ ပထမအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း လွှတ်တော်ဆိုင်ရာကော်မတီများဖြစ်သော ဥပဒေကြမ်းကော်မတီတွင် အဖွဲ့ဝင်(၂၀၁၁-၂၀၁၂)၊တိုင်းရင်းသားရေးရာနှင့်ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီတွင် အတွင်းရေးမှူး(၂၀၁၂-၂၀၁၆)၊တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်ချမ်းရေးကော်မတီတွင် အဖွဲ့ဝင်(၂၀၁၂-၂၀၁၆)၊ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီတွင် အဖွဲ့ဝင်(၂၀၁၂-၂၀၁၆)အဖြစ်တာဝန်ထမ်းဆောင်သည်။ ၂၀၁၆ နောက်ပိုင်းတွင်လည်း ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်သည်။၂၀၁၀ နောက်ပိုင်းဖွဲ့စည်းတည်ထောင်ခဲ့သော စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီကချင်ပြည်နယ် (စဒက) တွင် တွဲဘက် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၂၀နောက်ပိုင်းပေါ်ပေါက်လာသော ကချင်ပါတီများပေါင်းစည်းထားသည့် ကချင်ပြည်သူ့ပါတီတွင် ဒုတိယဥက္ကဋ္ဌ(၁)အဖြစ်လည်းကောင်း တာဝန်များထမ်းဆောင်ကာ ၂၀၂၂ ဇူလိုင် ၁၄ရက်တွင် ပါတီတာဝန်များမှ နှုတ်ထွက်ခဲ့သည်။ နိုင်ငံတော်ကောင်စီဝင်အဖြစ်တာဝန်ပေးခံရခြင်း ၂၀၂၃ ဖေဖော်ဝါရီ ၁ရက်နေ့တွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ကောင်စီဝင်အဖြစ် တာဝန်ပေးခံရသည်။ ကိုးကား သက်ရှိထင်ရှားပုဂ္ဂိုလ်များ မြန်မာ့နိုင်ငံရေးသမားများ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ
စာလုံးအစောင်း အာမာဘို (၁၉၉၉ ဒီဇင်ဘာ ၂၄ မွေးဖွား) သည် မြန်မာနိုင်ငံမှ မော်ဒယ်နှင့် အလှမယ်ဖြစ်သည်။ သူမသည် မယ်စကြဝဠာ မြန်မာ ၂၀၂၃ ဆုကို ဆွတ်ခူးရရှိခဲ့ပြီး အယ်လ်ဆာဗေးဒိုနိုင်ငံ ဆန်ဆာဗေးဒိုးမြို့တွင် ကျင်းပမည့် မယ်စကြဝဠာ ၂၀၂၃ ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ မန္တလေးမြို့ တွင်မွေးဖွားခဲ့သည်။ မန္တလေးကွန်ပြူတာတက္ကသိုလ်တွင် ကွန်ပျူတာသိပ္ပံဘွဲ့ ရရှိထားသူဖြစ်သည်။ ကိုးကားချက် ပြင်ပလင့်များ မြန်မာ အလှမယ်များ
ရေမြစ်ကြီး / ဝါချောင်းရွာသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ဖြစ်သည်။ ကိုးကား ကျွန်းစုမြို့နယ်ရှိ ရွာများ