text stringlengths 5 415 | label class label 2
classes |
|---|---|
တောင်၊ မြောက်၊ အရှေ့ စသည့် အရပ်မျက်နှာများကို ကြည့်ပါ။ | 0written_style |
အဘိုး၏ တောင်ဝှေးမှာ မြဲမြံ၏။ | 0written_style |
မည်သည့်မြို့သို့ သွားမည်နည်း။ | 0written_style |
ကျော်ကျော် ခဏစောင့်နေတယ်။ | 1spoken_style |
ဘုရားမှာ ဆုတောင်းချင်တယ်။ | 1spoken_style |
တစ်နှစ်တာ၏ မည်သည့်ရာသီဥတုတွင် အပူချိန် အမြင့်ဆုံး ဖြစ်ပါသနည်း။ | 0written_style |
ဝမ်းသာပါတယ်လို့ သူနှုတ်ဆက်တယ်။ | 1spoken_style |
မိုးရာသီတွင် အပင်များ ပိုမိုကြီးထွားရခြင်း၏ အကြောင်းရင်းကား အဘယ်နည်း။ | 0written_style |
၁၅၈၄ ခုနှစ်မှာ ဂျော်ဒါးနိုး ဘရူနိုက ကြယ်တွေဟာ နေနဲ့ ပုံသဏ္ဌာန်တူတဲ့ အရာတွေဖြစ်ကြပြီး သူတို့မှာ အခြားဂြိုဟ်တွေလည်း ရှိနိုင်ကြောင်း၊ သူတို့ရဲ့ ပတ်လမ်းကြောင်းမှာ ကမ္ဘာနဲ့ တူတဲ့ ဂြိုဟ်တွေတောင် ရှိနိုင်ကြောင်း ဆွေးနွေးတင်ပြခဲ့တယ်။ | 1spoken_style |
ထိုင်တော့ထိုင်တယ်။ ဒါပေမဲ့ မငြိမ်ဘူး။ | 1spoken_style |
ခရီးသွားစဉ် ဓာတ်ပုံများ ရိုက်ကူးခြင်းသည် အမှတ်တရများကို ထိန်းသိမ်းထားနိုင်သော အကောင်းဆုံးနည်းလမ်းပင် ဖြစ်သည်။ | 0written_style |
နက်သလော။ | 0written_style |
အဝတ်များကို စင်ကြယ်စွာ လျှော်ဖွတ်ပါ။ | 0written_style |
သူ့ဆီ ပြန်လာမယ်။ | 1spoken_style |
ဘာသောက်သလဲ။ | 1spoken_style |
ချစ်ခြင်းမှ မုန်းခြင်းသို့ ပြောင်းလဲသွား၏။ | 0written_style |
လိမ်းဖွယ်ရာ ဆေးမရှိတော့ပေ။ | 0written_style |
မျက်မှန်များသည် အလွန်ကြည်လင်နေ၏။ | 0written_style |
သူက စာအုပ်ကို စာရေးစားပွဲပေါ်ကနေ ယူခဲ့တယ်။ | 1spoken_style |
အဲဒီလို ခုန်ပြန်ကျော်လွှားပြီး ညွှန်ကြားချက်တွေကို ထပ်ခါတလဲလဲ လုပ်ဆောင်နိုင်တာကြောင့် ကွန်ပျူတာတွေက လူတွေရဲ့ ထိန်းချုပ်မှုမပါဘဲ အလိုအလျောက် လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်တာဖြစ်တယ်။ | 1spoken_style |
သံလိုက်ဓာတ်က လျှပ်စစ်ဓာတ်နဲ့ ဘယ်လိုဆက်စပ်မှုရှိလဲ။ | 1spoken_style |
ကျေးရွာတွေဆီ သွားရောက်တာက မြန်မာလူမျိုးတို့ရဲ့ ရိုးသားမှုကို မြင်တွေ့ရစေတယ်။ | 1spoken_style |
အဆောက်အအုံသည် အုတ်ဖြင့် မတည်ဆောက်ထားပေ။ | 0written_style |
မည်သည်ကို ဝယ်ယူခဲ့သနည်း။ | 0written_style |
မင်း ဟိုလို မပိတ်နဲ့။ | 1spoken_style |
တိုင်ချို ဘရာဟေတို့ ကဲ့သို့သော အစောပိုင်း နက္ခတ္တဗေဒ ပညာရှင်တို့သည် ညဖက်ကောင်းကင်ပြင်တွင် နောက်အခါတွင် နိုဗေး ဟု ခေါ်ဆို သုံးစွဲကြသည့် ကြယ်အသစ်များကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ကောင်းကင်ဆိုသည်မှာ မပြောင်းမလဲနိုင်သည့် အရာမဟုတ်ကြောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။ | 0written_style |
နေမဲ့ အိမ်ကို ပြ။ | 1spoken_style |
အဲဒီသမိုင်းပညာရှင်ရဲ့ သုတေသနပြုချက်တွေက အရမ်းတန်ဖိုးရှိတယ်။ | 1spoken_style |
ဘာပြောသလဲ။ | 1spoken_style |
၁၁ ရာစုမှာ အဘူ ရေဟန် အယ်လ်ဘာရူနီက နဂါးငွေ့တန်း ဂယ်လက်ဆီကို နက်ဗျူလာတွေရဲ့ ဂုဏ်သတ္တိရှိပြီး များပြားလှတဲ့ အစိတ်အပိုင်းတွေ ပေါင်းစပ်ထားတဲ့ အရာအဖြစ် ပုံဖော်ခဲ့ပြီး ၁၀၁၉ ခုနှစ် လကြတ်တဲ့အချိန်မှာ ကြယ်ပေါင်းများစွာတို့ရဲ့ လတ္တီကျုကို တွက်ချက်ဖော်ပြခဲ့တယ်။ | 1spoken_style |
မေးရန်အလို့ငှာ စာရင်းလုပ်ထားသည်။ | 0written_style |
သူက ပျော်ပျော်ပါးပါး ကတယ်။ | 1spoken_style |
ကျွန်ုပ်သည် စာအိတ်ကို လက်ဖြင့် မဖွင့်ခဲ့ပေ။ | 0written_style |
ဒီနေ့ကစပြီး ကျွန်တော်တို့ ခေါ်မယ်။ | 1spoken_style |
သွားရန် ပြင်ဆင်လိုက်၏။ | 0written_style |
ကျေးလက်တိုးတက်ဖို့ မီးလင်းရေးစီမံကိန်းတွေ လုပ်နေတယ်။ | 1spoken_style |
ဒါပေမဲ့ သူ မရှာဘူး။ | 1spoken_style |
ယနေ့မှစ၍ ကျွန်ုပ် တပ်မည်။ | 0written_style |
နားထောင်ဖို့အတွက် အသံတိုးလိုက်တယ်။ | 1spoken_style |
အပ်ချည်ဖြင့် အင်္ကျီချုပ်၏။ | 0written_style |
ဂျာမန် နက္ခတ္တဗေဒပညာရှင် ဂျိုဟန် ဘေယာက ကြယ်မြေပုံများကို အတွဲလိုက် ဖန်တီးခဲ့ပြီး တာရာ တစ်ခုချင်းစီတွင် ဂရိအက္ခရာများဖြင့် အမည်သတ်မှတ်ခဲ့သည်။ | 0written_style |
အစီအစဉ်ကို စနစ်တကျ ဆောင်ရွက်မယ်။ | 1spoken_style |
ရေကြီးရေလျှံမှု မဖြစ်စေရန် မြောင်းများကို ဆေးကြောရမည်။ | 0written_style |
ကျုပ် ဒီလောက် မလျှော်ချင်ဘူး။ | 1spoken_style |
ဖုန်း၊ နာရီ၊ မျက်မှန် စသည့် အသုံးအဆောင်များကို သိမ်းပါ။ | 0written_style |
ခင်ဗျား ရယ်တယ်။ ဒါတင်မက ပြောလဲ ပြောသေးတယ်။ | 1spoken_style |
ဘုရားရှိခိုးသည်ကို မြင်ဖူးပါသလော။ | 0written_style |
အစ အဆင့် (၁) ကို ပြန်သွားပါ။ | 1spoken_style |
ညည်း ဒီလောက် မထိုင်နဲ့။ | 1spoken_style |
မာရင် ဝါးရတာက ခက်တယ်။ | 1spoken_style |
ဘာလို့ ဖျက်သလဲ။ | 1spoken_style |
နေရောင်ခြည်က ပြင်းထန်လွန်းပေမယ့် သစ်ပင်တွေအတွက် အရမ်းအသုံးဝင်တယ်။ | 1spoken_style |
သဘာဝ သယံဇာတတွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်း အသုံးပြုသင့်တယ်။ | 1spoken_style |
သီရိရဲ့ အိတ်က လှတယ်။ | 1spoken_style |
ပို့တော့ပို့တယ်။ ဒါပေမဲ့ မရောက်ဘူး။ | 1spoken_style |
ပစ္စည်းများအားလုံးကို အလွန်သဘောကျပါသည်။ | 0written_style |
သူမက ပန်းချီကားကို စုတ်တံနဲ့ ရေးဆွဲနေတယ်။ | 1spoken_style |
ဗေဒင်ဆရာတို့သည် လူတစ်ယောက်မွေးဖွားချိန်တွင် ကောင်းကင်၌ရှိသော ဂြိုဟ်များကို လေ့လာခြင်းဖြင့် ရှေ့ဖြစ်ကို ဟောနိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။ | 0written_style |
ဘာပြောချင်တာလဲ။ | 1spoken_style |
ထိုသို့ ပြုလုပ်ခြင်းမှာ အလွန်ပင်ပန်းပါသည်။ | 0written_style |
မြို့ပြဒေသများတွင် အသွားအပြန် လမ်းကြောင်းများ ရှုပ်ထွေးနိုင်သဖြင့် သတိထားသင့်သည်။ | 0written_style |
ဤပစ္စည်းသည် အလွန်ကောင်းမွန်သည်။ | 0written_style |
လူမှုမီဒီယာများ၏ ကောင်းကျိုး ဆိုးကျိုးများကို ဆင်ခြင် သုံးသပ်သင့်သည်။ | 0written_style |
သီရိ လာပါအုံးမယ်။ | 1spoken_style |
ပူသော်လည်း စားမည်။ | 0written_style |
ထို့ကြောင့် လေကြောင်းဖြင့် ခရီးသွားလိုပါက အနီးဆုံးလေဆိပ်ဖြစ်သော ညောင်ဦးလေဆိပ်ကို အသုံးပြုနိုင်သည်။ | 0written_style |
နောက်နေ့မနက်တွင်လည်း ဖလန်းမင်းလမ်း (ယခု - ကျောင်းတော်ရာလမ်း) တွင်မီးလောင်ကျွမ်းပြန်သည်။ | 0written_style |
နိုင်ငံတော်ရဲ့ စိုက်ပျိုးရေး ကဏ္ဍက တိုင်းပြည်ရဲ့ စီးပွားရေးကို အထောက်အကူပြုတယ်။ | 1spoken_style |
စာဖတ်ခြင်းသည် အသိဉာဏ်ကို မြှင့်တင်ပေးသော အလေ့အကျင့် ဖြစ်သည်။ | 0written_style |
ဂယ်လီလီယို၏ နောက်ပိုင်းတွင် လူတို့သည် တယ်လီစကုပ်များကို မကြာခဏ အသုံးပြုလာကြပြီး ယူရေးနပ်စ်ဂြိုဟ် နှင့် နက်ပကျွန်းဂြိုဟ် အစရှိသော ဝေးကွာသော နေရာမှ အရာဝတ္ထုများကို တွေ့မြင်နိုင်လာသည်။ | 0written_style |
ပြင်ဖွယ်ရာ မရှိတော့ပေ။ | 0written_style |
မည်သည့်အပေါက်မှ ဝင်သနည်း။ | 0written_style |
ပါးသော်လည်း မပြတ်ပေ။ | 0written_style |
ညှိဖို့ လက်ဆွဲလိုက်တယ်။ | 1spoken_style |
မြန်လို့ မမြင်လိုက်ဘူး။ | 1spoken_style |
ညဉ့်နက်သည့်တိုင် ကျွန်တော် စာဖတ်နေ၏။ | 0written_style |
ဖတ်ရန် စာအုပ်ပေးပါ။ | 0written_style |
သူက ပျော်ပျော်ရွှင်ရွှင် နေတယ်။ | 1spoken_style |
ပန်ကာတွေက သိပ်မြန်နေတယ်။ | 1spoken_style |
ယနေ့ ကျောင်းသွားမည်။ | 0written_style |
အဘွား၏ ဆံပင်မှာ ဖြူနေပြီ။ | 0written_style |
အောင်မြင်မှုရဖို့အတွက် ကြိုးစားရမယ်။ | 1spoken_style |
ညစ်ပတ်၍ မကိုင်ပါနှင့်။ | 0written_style |
ဘာယူမလဲ။ | 1spoken_style |
ခင်ဗျားသည် ကြည့်၏။ ထိုပြင် မြင်လည်း မြင်သေးသည်။ | 0written_style |
သောင်းကျန်းသူများကို တပ်မတော်၊ စစ်သား၊ရဲသားနှင့် မန္တလေးတက္ကသိုလ် ကျောင်းသားများက ခုခံတိုက်ခိုက်ခဲ့ကြသည်။ | 0written_style |
ဒီအလုပ်က အချိန်တိုအတွင်း ပြီးမြောက်နိုင်တဲ့ အလုပ် မဟုတ်ဘူး။ | 1spoken_style |
ကျွန်တော် တတ်နိုင်သရွေ့ လာခဲ့မည်။ | 0written_style |
ခွေးက အရိုးကို ပါးစပ်နဲ့ ကိုက်ချီထားတယ်။ | 1spoken_style |
သစ်ပင်စိုက်တာက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတာပဲ။ | 1spoken_style |
သူက အားရပါးရ စားတယ်။ | 1spoken_style |
ဈေးနှုန်းလျှော့ပေးခြင်းသည် ရောင်းအားကို တက်စေ၏။ | 0written_style |
သန့်ရှင်းရေးလုပ်ခြင်းကို အားပေးပါသလော။ | 0written_style |
ကျောက်ဖြစ်ရုပ်ကြွင်းများကို လေ့လာခြင်းသည် သမိုင်းကို မည်သို့ အထောက်အကူပြုပါသနည်း။ | 0written_style |
အရင်လိုပဲ လှတုန်းပဲ။ | 1spoken_style |
ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ရည်မှန်းချက်များ ချမှတ်သင့်သည်။ | 0written_style |
ဤစက္ကူသည် ပါးလွှာသည်။ | 0written_style |
သူ၏ အကျီမှာ အသစ်ဖြစ်သည်။ | 0written_style |
မြန်မာ့မြေကို ချစ်မြတ်နိုးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ | 0written_style |
အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)မှာလည်း မြန်မာနိုင်ငံ၏ ဒုတိယမြောက် အားကစားနှင့်ကာယပညာသိပ္ပံဖြစ်သည်။ | 0written_style |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.