text stringlengths 6 5.73k |
|---|
သမားအို “လူတွင်ပါလို့ နွားကျားကိုက်ခံရတာ” ဆိုတဲ့ ရှေးလူကြီးတွေရဲ့ စကားဟာ ကိုဗစ်-၁၉ ကပ်ရောဂါက ပေးထားတဲ့ သင်ခန်းစာနဲ့ ကိုက်ညီနေတာကို တွေ့ရပါတယ် |
၂၀၂၀ နှစ်ဆန်း ကိုဗစ်-၁၉ ရောဂါသတင်းတွေ ကြားခါစက တွေးရိုးတွေးစဉ် တွေးကြတဲ့ ဆရာဝန် တွေရဲ့ပါးစပ်က နှစ်ပတ်ပဲ သည်းခံရင် ရောဂါပြဿနာ ကျသွားမယ်လို့ ပြောခဲ့ကြပါတယ် |
ရောဂါ ခြေချုပ်လုပ်ဖို့ အိမ်တွေမှာပဲ နေဖို့ဆိုတဲ့ ကိစ္စတွေကို သည်းခံနိုင်အောင် အားပေးရင်းအား ပေးရင်းနဲ့နေတော့ ကမ္ဘာကြီးတစ်ခုလုံး နှစ်နှစ်ကျော်ကြာ ခြေချုပ်ကျနေတဲ့ဒဏ်ကို မခံနိုင်တော့ ဘဲ လှုပ်လှုပ်ရွရွ ဖြစ်လာကြပါတယ် |
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ လုပ်ဆောင်ချက်တွေကို အားမရဘဲ အခုကျင်းပနေတဲ့ G-20 အစည်းအဝေးမှာပဲ အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးက ကမ္ဘာ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ကပ်ရောဂါဆိုင်ရာ ဆုံးဖြတ်ချက်တွေကို၊ လမ်းညွှန်ချက်တွေကို ပြင်မှဖြစ်မယ်လို့ ပြောလာကြပါတယ် |
လူတွေရဲ့အပြုအမူ အဲဒီလိုပြောလာတဲ့ အထဲမှာ အင်ဒိုနီးရှား ဝန်ကြီးက “The health crisis becomes an economic crisis, economic crisis becomes a social crisis and a social crisis becomes a political crisis” လို့ ပြောသွားပါတယ် |
“ကပ်ရောဂါကြောင့် ဖြစ်လာတဲ့ ကျန်းမာရေး ပြဿနာက စီးပွားရေး ပြဿနာဖြစ်၊ စီးပွားရေးပြဿနာက လူမှုရေးပြဿနာဖြစ်ပြီး နောက်တော့ နိုင်ငံရေး ပြဿနာတွေ ဖြစ်လာတယ်” လို့ ဆိုတယ် |
အဲဒီအထိကတော့မှန်ပါတယ် |
ဒါပေမယ့် G-20 အစည်းအဝေးမှာ “Global Health protocol standards that will make the mobility of global travellers easier” အကြံဉာဏ်တွေ ထုတ်လာတာကိုတော့ စဉ်းစားကာ နေရဦးမယ်လို့ ဆိုရပါမယ် |
စီးပွားရေးဆရာတွေက စီးပွားရေးကို ဦးစားပေးတာ မှန်ပေမဲ့ လူတွေရဲ့ အပြုအမူတွေက ကပ်ရောဂါတွေကို ပိုမိုဆိုးရွားစေရုံသာမကဘဲ ဆေးကုမရတဲ့ ဗိုင်းရပ်စ်ပိုးတွေကို ပိုပြီးအားပေးအားမြှောက် လုပ်သလို ဖြစ်နေတာကို ထည့်တွက်ဖို့ လိုပါတယ် |
ရှေးရှေးတုန်းကလည်း ကပ်ရောဂါတွေ ရှိခဲ့တာပဲ |
Black Death လို့ခေါ်တဲ့ ပလိပ်ရောဂါလိုပဲ ကြောက်စဖွယ် ကြုံခဲ့ရတယ် |
ကာလဝမ်းရောဂါကြီး တွေနဲ့လည်း ကြုံခဲ့ရတယ် |
ကျောက်ရောဂါကြီး တွေနဲ့လည်း ကြုံခဲ့ရတယ် |
ရောဂါစဖြစ်တဲ့ နေရာက နေကျယ်ပြန့်တဲ့ ကပ်ရောဂါ အသွင်ပြောင်းရတာ ဘာကြောင့်လဲလို့ ဆန်းစစ်ရင် လူတွေရဲ့ ကြောက်စိတ်နဲ့ လှုပ်ရှားသွားလာမှုက အဓိက ကျနေတာ တွေ့ရပါတယ် |
ရောဂါဖြစ်တယ် ဆိုတာ သဲ့သဲ့ကြားတာနဲ့ ရပ်ရွာကိုပစ်ပြီး ထွက်ပြေးကြတယ် |
အဲဒီထွက်ပြေးသွားတဲ့ လူအုပ်စုတွေထဲမှာ ရောဂါလက္ခဏာ မပြတဲ့လူတွေ ပါလာတယ် |
ရောဂါပိုးတွေ ကပ်ငြိနေတဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေ ပါလာတယ် |
ဒါတွေက လူတွေ ရောက်ရာဒေသမှာ ရောဂါကူးစက်ဖို့ အဆင်သင့်ဖြစ်နေတာ တွေ့ရပါတယ် |
၂၀၁၉ အကုန်မှာ ကိုဗစ်-၁၉ စဖြစ်တယ် |
ဝူဟန်မှာ ရောဂါဖြစ်ပြီလို့ သတင်းထွက်တာနဲ့ ထွက်ပြေး ပြောင်းရွှေ့သွားတဲ့သူတွေ အများကြီးပဲ |
သူတို့တစ်တွေ ဘယ်ရောက်ကုန်သလဲ |
ဝူဟန်ကို ပိတ်ဆို့ဖို့ (Lockdown) လုပ်ဖို့ ဆုံးဖြတ် ဆောင်ရွက်ရတဲ့ အချိန်မတိုင်ခင်မှာ လူသန်းပေါင်းများစွာ ပြောင်းရွှေ့ ထွက်သွားမှာ သေချာပါတယ် |
ဥရောပကို ရောက်တယ် |
နောက်တော့ အမေရိကန်မှာ စုပြုံသွားတယ် |
အခုထက်ထိလည်း ကိုဗစ်-၁၉ ကပ်က မရပ်သေးဘူး |
အမေရိကန်က ချန်ပီယံပဲ |
လောလောဆယ် ပြန်ခေါင်းထောင်လာတဲ့ပိုးက အိုမီခရွန်ဗိုင်းရပ်စ်ပိုးရဲ့ မျိုးကွဲ BA.4 နဲ့ BA.5 တွေ များလာတယ် |
စမ်းသပ်ကြည့်တဲ့လူတွေရဲ့ လေးပုံတစ်ပုံဟာ ကိုဗစ်-၁၉ ရဲ့ မျိုးကွဲအိုမီခရွန်ရဲ့ နောက်ဆက်တွဲထွက်လာတဲ့ BA.4 နဲ့ BA.5 တွေ ပါပဲ |
အလွန်ကူးစက်မြန်ပြီး လူတွေရဲ့ ကိုယ်ခံအားကို လှည့်ပတ်ရှောင်ရှားပြီး ဝင်သွားနိုင်တယ်လို့ ပညာရှင်တွေက ပြောကြပါတယ် |
စီးပွားရေးကျဆင်းမှုတွေဖြစ်လာ ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုတွေ ဖြစ်လာနေတာကို ထောက်ပြပြီး ခရီးသွားတွေများများသွားရင် စီးပွားဖြစ်မယ်လို့ အကြောင်းပြကြတယ် |
ပိတ်ထားတဲ့တံခါးတွေ ဖွင့်ကြရတယ် |
အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ လက်မြန်ခြေမြန်စီးပွား ပြန်တက်လာအောင် ဖွင့်ပေးထားတယ် |
မြန်မာနိုင်ငံနောက်မှာ ဝေးဝေးကျန်ခဲ့ဖူးတဲ့ စင်ကာပူနိုင်ငံတောင်မှ မြန်မာ့ကိုဗစ်-၁၉ နှုန်းထားကို များစွာ ကျော်လွှားသွားတယ် |
ရောဂါပိုးတွေ့နှုန်းက စင်ကာပူမှာ မြန်မာထက် နှစ်ဆကျော်ကျော် ဖြစ်လာတယ် |
ဗီယက်နမ်နိုင်ငံဆိုရင်လည်း အာဆီယံနိုင်ငံတွေထဲက အားလုံးကို ကျော်ဖြတ်ပြီး ထိပ်ဆုံးပိုးတွေ့နှုန်းရှိတဲ့ နိုင်ငံဖြစ်လာတယ် |
ဘာဖြစ်လဲ |
များများရောဂါ ဖြစ်ပြီး နည်းနည်းပဲသေတဲ့နိုင်ငံ ရှားလာပြီ |
ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးဟာ ကုရာနတ္ထိ ဆေးမရှိဘူး |
ကာကွယ်ဆေးတွေ အမျိုးမျိုးထုတ်ပြီး ကာကွယ်လာကြလို့ ကူးစက်ခံရသူ နည်းလာတယ် |
သေကောင်ပေါင်းလဲ မဖြစ်တော့ဘူးဆိုတာ မှန်ပေမယ့် ရောဂါပိုးတွေဟာ ဗီဇပြောင်းပြီး တိုက်ခိုက်လာတာကြောင့် ပင်လယ်ကလာတဲ့ လှိုင်းလုံးတွေလို တစ်လုံးပြီးတစ်လုံး ဆင့်လာတယ် |
နိုင်ငံအချို့မှာ ပဉ္စမလှိုင်း (Fifth wave)တွေ ကြုံတွေ့ခဲ့ပြီးပါပြီ |
ပဉ္စမလှိုင်းရဲ့အစလား မြန်မာနိုင်ငံမှာတော့ ဒီနှစ်ဆန်းမှ စတုတ္ထလှိုင်းလို့ ပြောရင်ရတဲ့ လှိုင်းကလေးတစ်ခု အိုမီခရွန် (Omicron) ပြောင်းဖြစ်ခဲ့ပြီး အခုတော့ ပိုးတွေ့ နှုန်းတွေဟာအတော်ပဲနည်းသွားတယ် |
စစ်တဲ့ အထဲက လေး၊ ငါးယောက်လောက်ပဲ ရှိနေပေမယ့် အခုရက်ပိုင်းအတွင်းမှာ ဆယ်ယောက်နဲ့ အထက် ပိုးတွေ့သူတွေ ရှိလာတယ် |
သဘာဝအတိုင်း လှိုင်းကြက်ခွပ်ကလေးတွေပဲလား၊ ဒါမှမဟုတ် ပဉ္စမလှိုင်းရဲ့အစလား |
ဘယ်သူမှ အပ်ကျမပ်ကျ မပြောနိုင်ပါဘူး |
အရေးကြီးတာက ကိုယ့်နိုင်ငံထဲကို ရောဂါပိုး သစ်တွေဝင်မလာအောင်၊ ဝင်လာခဲ့ရင်လည်း စောစောသိ စောစောထိန်းချုပ် နိုင်အောင်ဆောင်ရွက် ဖို့ပါပဲ |
ကျန်းမာရေးဝန်ကြီးဌာနနဲ့ တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်နေကြတာကို တွေ့နိုင်ပါတယ် |
ဒါပေမယ့် ပြီးခဲ့တဲ့ ကိုဗစ်-၁၉ သင်ခန်းစာတွေကို ပြန်ကြည့်ရင် ရောဂါလက္ခဏာမပြတဲ့ လူတွေက ပိုများတာလည်း တွေ့နိုင်တယ် |
အစက ထင်ထားတဲ့ ရောဂါလက္ခဏာတွေ (ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှူကျပ်) မဟုတ် |
အနံ့ပျောက်တာတွေ ဖြစ်လာလို့ အနံ့ပျောက်သူတွေကို စောင့်ကြည့်အုပ်စုအဖြစ် ထားခဲ့ရတယ် |
အခု အိုမီခရွန်ကျတော့ အနံ့တင်မက အရသာပါပျောက်တယ် |
လည်ချောင်း နာတယ်၊ ဝမ်းပျက်တယ်၊ ကိုက်တယ်နာတယ်ဆိုတာ တွေပါဖြစ်လာတယ် |
သေချာတာတစ်ခုကတော့ အစမှာ အဖျားတိုင်းနေရုံနဲ့ မကာကွယ်နိုင်ဘူးဆိုတဲ့ အချက်ပါပဲ |
လွဲမှားစိတ်ချရမှု (Failed Safe) ဖြစ်စေနိုင်တဲ့အချက်တွေရှိနေတယ် |
အပြုအမူတွေ ပြောင်းလဲဖို့ခက်ဆဲ ကူးစက်မြန်တဲ့ အိုမီခရွန်မျိုးကွဲ BA.4 နဲ့ BA.5 ဟာ အမေရိကန်မှာ ခေါင်းထောင်လာတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်လာတယ် |
ပိုးတွေ့နှုန်းနေ့စဉ် သိန်းဂဏန်းလောက်ရှိပြီး နေ့စဉ်ပဲ ရာဂဏန်း လောက်သေနေဆဲပဲ |
လူတစ်သန်းကျော် သေသွားခဲ့တဲ့ အမေရိကန်နိုင်ငံမှာ အခုထက်ထိ လူတွေဟာ ကိုယ်တိုင်ကျန်းမာစေဖို့ အပြုအမူတွေပြောင်းလဲ ဖို့ခက်ဆဲ၊ ပြောင်းလဲဖို့ ငြင်းဆန်ဆဲပါပဲ |
ဒါလည်းလူ့သဘာဝပါ |
လွတ်လပ်လွန်းတဲ့ လူ့အဖွဲ့အစည်းတွေအတွက်တော့ ပုံမှန်ဖြစ်ရပ်တွေပဲ ဖြစ်ပါတယ် |
ဥရောပမှာလည်း ဒီအချိန်မှာ ပွင့်လင်းရာသီဖြစ်လို့ ပျော်ပျော်ရွှင်ရွှင် အိမ်အပြင် ထွက်ကြတယ် |
ဆောင်းတွင်းရောက်ရင် ဆောင်းခိုငှက်တွေလိုပဲ အာရှနိုင်ငံက ဒေသအမျိုးမျိုးမှာ ဈေးသက်သက်သာသာ အပန်းဖြေနိုင်မယ့် နေရာတွေကို လာကြလိမ့်ဦးမယ် |
ဗန်ကောက်က ညကလပ်တွေမှာ စည်ကားဦးမယ် |
(ဒီမှာရှိ၊ မရှိ မသိပါ |
) ဝါဆိုဝါခေါင် ရေတွေဖောင်တဲ့ လတွေမှာ ကိုဗစ်-၁၉ လှိုင်းထလေ့ရှိ လောလောဆယ် ထိုင်းနိုင်ငံထဲကို BA.4 နဲ့ BA.5 မျိုးကွဲတွေရောက်နေပါပြီ |
အင်ဒိုနီးရှားနိုင်ငံမှာလည်း အဲဒီပိုးမျိုးကွဲတွေကို တွေ့နေရတယ်လို့ သတင်းထုတ်ပါတယ် |
ကျွန်တော်တို့နဲ့ ထိုင်းနိုင်ငံက အိမ်ဦးနဲ့ကြမ်းပြင်လိုပဲ ဖြစ်နေတာမို့ ကူးစက်မြန်တဲ့ BA.4 နဲ့ BA.5 ဟာ ရောက်ကို ရောက်လာမှာပါ |
မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ လှိုင်းဂယက်တွေကို ကြည့်ရင် ဇွန်၊ ဇူလိုင်နှင့် ဩဂုတ် သုံးလ ဝါဆိုဝါခေါင် ရေတွေဖောင်တဲ့ လတွေမှာ ကိုဗစ်-၁၉ လှိုင်းထလေ့ရှိတာကို တွေ့ခဲ့ရပြီး ဖြစ်တဲ့အတွက် မကြာခင်မှာ လှိုင်းဂယက်တွေ ထလာမှာကို တွေးပူမိတယ် |
ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးဟာ အေးမြစိုစွတ်တဲ့ ပတ်ဝန်းကျင်ကို ကြိုက်တယ်လို့ သုတေသီတွေက ပြောကြလို့ ဒီကာလမှာ သတိထားဖို့ လိုလာပါတယ် |
စိုးရိမ်စရာ သိပ်မလိုပေမယ့် ကြိုတင်သိတော့ကိုယ်တိုင် ကာကွယ်နိုင်တယ် |
အများကိုလည်း ကာကွယ်ပေးနိုင်တယ် |
ကာကွယ်ဆေး တွေလည်း မထိုးရသေးရင် ပြေးထိုးလိုက်ဖို့ အချိန်ရပါသေးတယ် |
ဒီကပ်ရောဂါသံသရာဟာ ပြီးတော့မှာလားဆိုတဲ့ မေးခွန်းတွေ ထပ်နေပေမယ့်ဘယ်သူမှ အာမမခံနိုင်ပါဘူး |
လူတွေက အကျင့်မပြင်ချင်ကြတဲ့ အချိန်မှာ ပိုးတွေက ဗီဇပြောင်းဖို့ အခွင့်အလမ်းတွေ ရနေကြတယ် |
အာဟာရချို့တဲ့တယ်၊ ရောဂါအခံတွေများတယ်၊ ဆင်းရဲကျပ်တည်းစွာ စုပြုံနေကြရတယ်၊ ရွှေ့ပြောင်း အလုပ်လုပ်နေကြရတယ် |
ကျောခင်းစရာတစ်နေရာလေးရဖို့ အလုပ်ရှိတဲ့ မြို့ကြီးပြကြီးတွေမှာ မှီခိုပြီး ဖြစ်သလို နေကြရတယ် |
ဒါကြောင့် အပြင်ထွက်အလုပ်လုပ်၊ အားတဲ့အချိန်မှာ လက်ဖက်ရည်ဆိုင် ထိုင်နေ (အနောက်နိုင်ငံတွေမှာတော့ ဘီယာဆိုင်တွေ) |
ဒီလိုနေထိုင်မှု သာမန်တွေနဲ့ ရှင်သန်ရတော့ (Stay at home) ဆိုတာထက် Home ဆိုတဲ့ နွေးထွေးတဲ့ ရိပ်မြုံတွေမရှိရင် စိတ်ဖိစီး ဒဏ်ရာရမှု များလှပါတယ် |
ရွှေ့ပြောင်း အလုပ်လုပ်ဖို့ ခရီးထွက်ရတယ် |
ပိုက်ဆံကလေး ပိုက်နိုင်တော့လည်း အိမ်ပြန်ရတယ် |
ပွဲလမ်းသဘင်ရှိတဲ့ ကိုယ့်ရပ်ကိုယ့်ရွာကိုလည်း ပြန်လာဖြစ်ဖို့ ကြိုးစားရတယ် |
တစ်ကမ္ဘာလုံးမှာ စီးပွားရေး ကျားကန်ပေးနေတာဟာ ရွှေ့ပြောင်း လုပ်သားတွေပဲလို့ ဆိုရလောက်အောင် ဖြစ်လာတယ် |
အလုပ်လုပ်ဖို့ ရွှေ့ပြောင်းတယ် |
ဆောင်းခိုဖို့ ရွှေ့ပြောင်းတယ် |
ပျော်ဖို့၊ အနားယူဖို့ ရွှေ့ပြောင်း သွားလာတယ် |
ဒီသဘာဝကို ထည့်မတွက်ဘဲ ကပ်ရောဂါတွေပျောက်အောင် မလုပ်နိုင်ပါဘူး |
မျောက်ကျောက်ရောဂါပိုး ကူးစက်မှု သုတေသနတစ်ခုမှာ မျောက်ကျောက်(Monkey Pox) ရောဂါပိုးဟာ ဗီဇပြောင်းလဲမှုတွေ ရှိတယ်လို့ ဆိုလာတယ် |
နိုင်ဂျီးရီးယား (Nigeria) နိုင်ငံမှာ အခြေချခဲ့တဲ့ မျောက်ကျောက်ပိုးဟာ ဗီဇပြောင်းမှု အကြိမ်ပေါင်း ငါးဆယ်လောက် ရှိတယ်တဲ့ |
ပိုပြီးကူးစက်မြန်လာမယ့် သဘောရှိ တယ် |
ဒီကနေ့စာရင်းအရ ကမ္ဘာ့နိုင်ငံ၄၄နိုင်ငံမှာ လူနာပေါင်း ၃၅၀၀ကျော် ရှိလာပြီဖြစ်လို့ WHO ကခေါင်းခြောက်နေရပါပြီ |
ကျွန်တော်တို့တော့ အေးဆေးပဲလား |
စင်ကာပူမှာ မျောက်ကျောက်ရောဂါပိုး ရှိတဲ့သူကို တွေ့ရတာသေချာပြီ |
တောင်ကိုရီးယားမှာလည်း တွေ့နေရတယ် |
အောင်းခိုဖို့ လာကြမယ့် အနောက်တိုင်းသားတွေထဲက ပိုးသယ်လာမယ့် လူတွေကတစ်ဆင့် ဒေသခံတွေကို ကူးစက်လိမ့် မယ် |
“ရွှေ” တို့ဟာ သံမှုန့်စားပြီး လူဖြစ်နေတာ မဟုတ်ပါဘူးခင်ဗျာ |
မေဖြိုးဝေ(YAU) ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို ကမ္ဘာတစ်ဝန်းတွင် ရင်ဆိုင်ကြုံတွေ့နေရပြီး အကျိုးဆက်အနေဖြင့် မြေဆီလွှာပျက်စီးဆုံးရှံးမှုများ ဖြစ်ပေါ်ကာ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းလည်း ကျဆင်းလာပါသည် |
ယနေ့ခေတ်တွင် မြေဆီလွှာကျန်းမာရေးကို ထိန်းသိမ်းရန်နှင့် ဓာတ်မြေဩဇာအပေါ် အလွန်အကျွံမှီခိုအသုံးပြုမှုကို လျှော့ချရန် သဘာဝမြေဩဇာကို အစားထိုးအသုံးပြုလာကြပါသည် |
သဘာဝမြေဩဇာအထူးသဖြင့် သစ်စိမ်းမြေဩဇာက မြေဆီလွာ၏ ရုပ်ပိုင်း၊ ဓာတုပိုင်းနှင့် ဇီဝပိုင်းဆိုင်ရာဂုဏ်သတ္တိများကို ကောင်းမွန်စေပြီး မြေဆီလွှာအတွင်းရှိ အကျိုးပြုအဏုဇီဝသက်ရှိများ၏ လှုပ်ရှားမှုကိုလည်း တိုးတက်လာစေပါသည် |
ထို့အပြင် အပင်အတွက် လိုအပ်သောအာဟာရဓာတ်များကို သဘာဝနည်းလမ်းဖြင့် ဖြည်းဖြည်းချင်း ထောက်ပံ့ပေးနိုင်သောကြောင့် ရေရှည်စိုက်ပျိုးရေးအတွက် အကျိုးရှိစေပါသည် |
သစ်စိမ်းမြေဩဇာဆိုသည်မှာ အပင်ကြီးထွားဆဲအခြေအနေတွင် ရိတ်သိမ်းပြီး စိုက်ပျိုးမြေအတွင်းသို့ ထည့်သွင်းပေးခြင်း သို့မဟုတ် အစိမ်းရောင်ရှိနေဆဲအပင်များကို စိုက်ပျိုးမြေအတွင်း ထယ်ထိုးမြှုပ်နှံ၍ ထည့်သွင်းခြင်းပင်ဖြစ်သည် |
အဆိုပါနည်းကို တရုတ်နိုင်ငံတွင် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပြီး ၁၉၇၀ ပြည့်လွန်နှစ် ကာလများက ဧက ၁၀ သန်းအထိ စိုက်ပျိုးဆောင်ရွက်ခဲ့ပါသည် |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.