text stringlengths 6 5.73k |
|---|
“ပြီးခဲ့တဲ့ MSME ထုတ်ကုန်ပြပွဲမှာ အသေးစားစက်မှုလက်မှုလုပ်ငန်းစံပြ ထုတ်ကုန်ဆုအထူးဆုကိုရရှိခဲ့ပါတယ် |
ဒီလိုဆုတွေ ရရှိခဲ့ခြင်းကလည်း ကျွန်မတို့ထုတ်ကုန်တွေကို လူတွေပိုမိုသိရှိပြီး ဈေးကွက်ကျယ်ပြန့်ဖို့ အလားအလာကောင်းတွေဖြစ်ပါတယ် |
ဒီလိုအမြော်အမြင်ကြီးစွာ ဖော်ဆောင်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”ဟု ငွေစန္ဒာရိုးရာ လက်ရက်ကန်းလုပ်ငန်းမှ မစုစုရီက ဆက်လက်ပြောကြားသည် |
ရက်ကန်းလုပ်ငန်းသည် မြန်မာတို့၏ရိုးရာ လက်မှုလုပ်ငန်းတစ်ခုအဖြစ်သာရှိခဲ့ရာမှ ယခုအခါနည်းပညာ၊ တီထွင်ဆန်းသစ်မှု၊ လိုအပ်သည့် အရင်းအနှီးအထောက်ပံ့တို့ဖြင့် မြန်မာ့ရက်ကန်းထည်များ ၏ လက်ရာသည် ခေတ်နှင့်အညီ တိုးတက်လာသည် |
နိုင်ငံခြားခရီးသွားများသည်ပင် မြန်မာ့ရိုးရာ ချည်ထည်များကို စိတ်ဝင်စားလာကြပြီး အထင်ကရနေရာများတွင် အမှတ်တရ ဝယ်ယူဝတ်ဆင်ကာ လေ့လာလည်ပတ်ကြသည်ကို တွေ့ရှိလာရသည် |
ထို့ပြင် ရက်ကန်းကျေးရွာများသို့ သွားရောက်လည်ပတ်၍ ရိုးရာလက်မှုပညာကို လေ့လာကြရာ သဘာဝအခြေခံခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုအခြေခံခရီးသွားလုပ်ငန်းတို့သည် ယှဉ်တွဲဖွံ့ဖြိုးလာ တော့မည်ဖြစ်သည် |
အခက်အခဲများကြားမှ ရုန်းကန်ခဲ့ရသည့် မြန်မာ့ရိုးရာရက်ကန်းလုပ်ငန်းသည် ခေတ်မီစက်ကိရိယာများ၊ ဒီဇိုင်းဆော့ဖ်ဝဲများ၊ နိုင်ငံတကာအဆင့်မီ ချုပ်လုပ်နည်းများ၊ ခေတ်မီဆိုးဆေးနည်းပညာများဖြင့် အရည်အသွေးမြှင့်ထုတ်ကုန်များကို ပိုမိုမြန်ဆန်စွာထုတ်လုပ်လာနိုင်ပြီး ယခုအခါ မြန်မာ့ဂုဏ်ဆောင် MSME လုပ်ငန်းများအဖြစ် ကမ္ဘာ့ဈေးကွက်သို့ ခြေလှမ်းမှန... |
ဒစ်ဂျစ်တယ် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ အွန်လိုင်းပလက်ဖောင်းကို အသုံးပြု၍ ကမ္ဘာအနှံ့အပြားသို့ မြန်မာ့ချည်ထည်များ ခြေဆန့်နိုင်တော့မည်ဖြစ်ရာ မြန်မာ့ရက်ကန်းလုပ်ငန်းသည် ရိုးရာဒီဇိုင်းများ၊ ယဉ်ကျေးမှုနှင့်ခေတ်မီမှုကို ဟန်ချက်ညီညီပေါင်းစပ်ပြီး ကမ္ဘာ့ဈေးကွက်တွင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ဂုဏ်ယူဖွယ်ရာ ကိုယ်စားပြုနိုင်တော့မ... |
အဆုတ်ပွရောဂါသည် မိုးဥတုတွင် အဖြစ်များသော ရောဂါဖြစ်သည် |
အဆုတ်လေပြွန်များ အတွင်း ရေငွေ့များဝင်ရာမှ ပြန်မထွက်နိုင်သောအခါ အအေးပတ်ပြီး အဆုတ်အအေးပတ်ရောဂါ ဖြစ်သည် |
ထို့နောက် အဆုတ်ပွရောဂါ၊ အဆုတ် ရောင်ရောဂါများ ဆက်၍ဖြစ်လာနိုင်သည် |
မိုးရေထဲသွားနေသူများသည် ရှူသွင်းသော လေတွင် ရေငွေ့ များပါသဖြင့် ကြာလာသောအခါ အဆုတ်အတွင်းတွင် ပြန်မထွက်နိုင်သော ရေငွေ့အမှုန်လေးများ စုမိလာသည် |
နှာချေခြင်းသည် ဖုန်နှင့်အမှုန်များဝင်မှမဟုတ်ရေငွေ့များ ပြန်ထွက်စေရန်အတွက်လည်း အဆုတ်အတွင်းမှ အမျှင်များက ခါထုတ်သဖြင့်လည်းဖြစ်နိုင်သည် |
အဆက်မပြတ်နှာချေနေခြင်းသည် အဆုတ် အတွင်း ရေငွေ့များရှိနေခြင်း လက္ခဏာဖြစ်သည် |
မိုးရွာထဲမှ ပြန်လာသောအခါ ပရုတ်ဆီ အနည်းငယ်ကို ရေနွေးမတ်ခွက်တွင် ထည့်ဖျော်၍ အုပ်ထားပြီး ဖွင့်လိုက်သောအခါ ထွက်လာသည့် ပရုတ်ငွေ့ကို ရှူပေးခြင်းဖြင့် အဆုတ် အအေး ပတ်ခြင်းကို ကာကွယ်နိုင်သည် |
သို့မဟုတ် ချင်းတက် တစ်တက်ကိုထုထောင်းပြီး ရေနွေး မတ်ခွက်တစ်လုံး ထဲထည့်ကာ သောက်ခြင်းဖြင့်လည်း အဆုတ်အအေးပတ်ခြင်းမှ ကာကွယ် နိုင်သည် |
အဆုတ်ရေဝိုင်းသည့်ရောဂါ၊ အဆုတ်ရေဝပ် သည့်ရောဂါကြောင့် အဆုတ်အတွင်းတွင် ပိုးများ ပေါက်ပွားပြီး အဆုတ်ရောင်ရောဂါ နာတာရှည် ဖြစ်လာနိုင်သည် |
တငွေ့ငွေ့ ကိုယ်ပူ၍ ဖျားသော ရောဂါသည် အဆုတ်ရောင်ခြင်းကြောင့် ဖြစ်နိုင်သည် |
ပိုးကြောင့်ဖြစ်သော အဆုတ်ရောဂါ တော်တော်များများသည် အဆုတ်တွင် ရေဝပ်ရာမှ စတင်ဖြစ်လေ့ရှိသည်ကို တွေ့ရသည် |
အဆုတ်အတွင်း ရေငွေ့များနေသဖြင့် နှာချေခြင်း၊ ချောင်းဆိုးခြင်း အကြိမ်ရေများလာသော အခါ၊ ရက်ရှည်လာသောအခါ အဆုတ်နှင့် လေပြွန်အတွင်းမှ သွေးကြောငယ်လေးများပေါက်ပြီး သွေးပါလာသည် |
ချောင်းဆိုးသွေးပါရောဂါဟုခေါ်သည် |
အခန်းအောင်းနေသူများ၊ နေရောင်ခြည် မရသည့်အခန်းတွင် အလုပ်ကိုကိုင်ပြီး ကြာရှည်လုပ်ရသူများတွင် ဤရောဂါဖြစ်လေ့ရှိသည် |
နေရောင်ခြည်၏တန်ဖိုး နေရောင်ခြည်၏တန်ဖိုးကို မိုးဥတုတွင် သိရသည် |
ရက်ရှည်မိုးရွာ၍ စိုထိုင်းနေသောအဝတ်များသည် နေရောင်ခြည်ဖြင့် ထိတွေ့သောအခါ အခြောက်မြန်သည် |
အိမ်တွင်းအရိပ်တွင် အခြောက်ခံသောအဝတ်များ၊ ပန်ကာလေဖြင့် အခြောက်ခံသောအဝတ်များမှာ အနံ့အသက် မကောင်းပေ |
နေရောင်ခြည်မှပေးသော ဥဏှ တေဇောအပူဓာတ်သည် ရောဂါပိုးတော်တော် များများကို သေစေနိုင်သောသတ္တိရှိသည် |
ဖြစ်နိုင်လျှင် ခြောက်သွေ့ပြီးအဝတ်ပင်ဖြစ်စေ နေရောင်ခြည် ထွက်လာသောအခါ ခေတ္တနေရောင်ပြပေးသင့်သည် |
အဝတ်အထည်များတွင် မှိုကပ်သောကြောင့်၊ မှိုစွဲခြင်းကြောင့် လူ၏အရေပြားတွင်လည်း ယားယံ ခြင်း၊ ညှင်းပေါက်ခြင်း၊ သနပွေး ခေါ် ပွေးကွက်ငယ် များပေါက်ခြင်း ဖြစ်လေ့ရှိသည် |
ရေချိုးသောအခါ ဆပ်ပြာရည်ကို ကုန်စင်အောင်မချိုးဘဲ အဝတ်အစား များတွင်လည်း ရေငွေ့များရှိနေခြင်းကြောင့် တစ်ကိုယ်လုံး အဖုအပိန့်များထွက်ပြီး ယားယံလာသည် |
ကုတ်ဖဲ့ရာမှ ဝဲနှင်းခူအနာများဖြစ်သည်ကို တွေ့ရဖူးသည် |
မိုးများသောအရပ်တွင် နေရောင်ခြည်ထွက်သောအခါ အဝတ်အထည်များသာမက စောင်၊ အိပ်ရာခင်းများကိုပါ နေရောင်ခြည်ပြပေးသင့်သည် |
အိမ်ခန်းအတွင်းသို့ နေရောင်ခြည်ဝင်အောင် ပြတင်းပေါက်များ ဖွင့်ပေးခြင်းဖြင့် ရေငွေ့ဖြင့်ပေါက်ပွားမည့် ရောဂါများအန္တရာယ်မှလည်းကာကွယ်နိုင်ပေသည် |
နေရောင်ခြည်မဝင်သောအခန်းများ၊ အဲကွန်းအလုံခန်းများတွင် နေထိုင်သူ များသည် မိုးဥတုတွင် အဆုတ်ပွရောဂါဖြစ်နိုင်သဖြင့် သတိပြုကြစေချင်သည် |
မိုးဥတုမှာ စားသုံးသင့်သော ဓာတ်စာများ မိုးဥတုတွင် ကျန်းမာရေးမကောင်းသဖြင့် အခန်းတွင်းအောင်းနေရသည့် လူကြီးများ၊ သက်ကြီး ရွယ်အိုများကို မိုးတိတ်ပြီး လေကောင်း၊ လေသန့် ရသည့်နေရာ၌ တစ်နာရီခန့် နေပူစာ လှုံပေးသင့်သည် |
လမ်းမလျှောက်နိုင်သူကို တွဲ၍သော်လည်းကောင်း၊ ဝှီးချဲဖြင့် သော်လည်းကောင်း နေရောင်ခြည်ပြပေးသင့်သည် |
လူကြီးများ အသက်အရွယ်ကြောင့် အဆုတ်ပွ၊လွယ်သည် |
ရေငွေ့များအောင်းပြီး နေရောင်ခြည် မဝင်သည့်အခန်းတွင် အနေကြာလျှင် အဆုတ် |
အဆုတ်ရောင်၊ ချောင်းဆိုး၊ ရင်ကျပ်၊ တငွေ့ငွေ့ ကိုယ်ပူသော အဖျားရောဂါများ ဝင်လာနိုင်သည် |
နေရောင်မဝင်သောအခန်းတွင် ရောဂါပိုးမွှား ပေါက်ပွားလွယ်သည်ဟု ဆိုသည် |
အဆုတ်ရေငွေ့ဝင်၍ နှာချေခြင်း၊ ချောင်းဆိုး ခြင်း၊ အဆုတ်အအေးပတ်ခြင်းမှ ကာကွယ်နိုင်သော မီးဖိုချောင်သုံး အစားအစာမှာ ကြက်သွန်ဖြူဖြစ်သည် |
ကြက်သွန်ဖြူဥတစ်လုံးကို မီးဖုတ်၍ ဖြစ်စေ၊ ဥအမြွှာများကို သီတံဖြင့် တံစို့ထိုးမီးကင်၍ဖြစ်စေ နေ့စဉ် တစ်ဥ သို့မဟုတ် ခုနှစ်မြွှာခန့် စားပေးလျှင် အဆုတ်အအေးပတ်ခြင်းမှ ကာကွယ်နိုင်သည် |
ငွေကုန် ကြေးကျမများ ပိုးသတ် ဆေးများလည်း မသောက်ရ သည့် သဘာဝကိုယ်ခံအားဓာတ်စာဖြစ်သည် |
အဆုတ်ပွ၍ဖျားလျှင် တငွေ့ငွေ့နှင့် ရက်ရှည်ပြီး အစားအသောက်မစားချင် ခံတွင်းပျက်သည့် ရောဂါပါ ဝင်လာတတ်သည် |
အဆုတ်သည် နှလုံးမှပေးပို့သော သွေးညစ်များကို ပြင်ပမှ ရှူသွင်းသည့်လေနှင့် ထိတွေ့ပေးပြီး သွေးသစ်ဖြစ်အောင် သန့်စင် ပေးရာဌာနဖြစ်သဖြင့် ကျန်းမာရေးအတွက် အလွန်ပင်အရေးကြီးသည် |
အဆုတ်မကောင်းလျှင် သွေးလည်းမသန့်စင် နိုင်ပေ |
အလွန်အရေးကြီးသည့် ကိုယ်တွင်းအင်္ဂါဖြစ်သည် |
ကြက်သွန်နီသည်လည်း အအေးပတ်ခြင်းမှ ကာကွယ်ပေးသည့် အာနိသင်ရှိသည် |
ဟင်းချက်ရာ တွင် ကြက်သွန်နီပါသော်လည်း အပူပေးသဖြင့် ဥမှထွက်သော အခိုးအငွေ့အာနိသင် ပျက်သွား သည် |
အစိမ်းစားခြင်းဖြင့် စူးရှသောအခိုးအငွေ့ကို ရနိုင်သည် |
ကြက်သွန်နီတစ်ဥကို ပါးပါးလှီးပြီး ရှောက်ရည် သို့မဟုတ် သံပရာရည်ဆမ်းပြီး ထမင်းစားသည့် အခါတိုင်း စားသုံးပေးခြင်းဖြင့် ရောဂါပိုးများစွာကို ကာကွယ်နိုင်သည် |
ကြက်သွန်နီဥကို လှီးပြီး လျှင် ရေအကြိမ်ကြိမ်မဆေးဘဲ တစ်ကြိမ်ခန့်သာဆေးပြီး မွန်သည့်အနံ့ကို ထိန်းထားသင့်သည် |
ကြက်သွန်နီသည် ဆီးကောင်းစေသဖြင့် မိုးရာသီတွင် ခြေထောက်ရေစို၍ ခြေအေးခြင်း၊ အပူငုပ်၍ဆီးပူခြင်း၊ ဆီးအောင့်ခြင်းများအတွက်ပါ ကာကွယ်ပေးနိုင်သည် |
ဆီးလမ်းကြောင်းနှင့် ကျောက်ကပ်အတွက်ပါကောင်းသော မီးဖိုချောင်မှ ဆေးစွမ်းကောင်းဖြစ်သည် |
စားသုံးသင့်သော ဆေးဖက်ဝင်အစားအစာများ မိုးရာသီတွင် အဓိကစားသင့်သည့် အရသာမှာ အခါးဟု ရှေးဓာတ်စာဆရာကြီးများက ဆိုသည် |
အပြင်တွင်အေးပြီး အအေးပတ်သဖြင့် ကိုယ်တွင်း ငုပ်နေသော အပူဓာတ် (ဥဏှတေဇော)နှင့် တွဲလျက် ဖြစ်ပေါ်လာသော (ဥဏှဝါယော) လေပူအထက်သို့ ကန်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းပူခြင်း၊ အဆုတ်အပူအောင်းခြင်းတို့ကို အခါးအရသာ စားပေးခြင်းဖြင့် သက်သာ စေနိုင်သည်ဟု ဆိုသည် |
ခွေးတောက်ရွက်၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါး သီးတို့ကို သင့်တင့်ရုံစားပေးခြင်းဖြင့် ကျန်းမာရေးအတွက် ကောင်းမွန်စေနိုင်သည် |
အအေးပတ်ဖျားခြင်းအတွက်မြန်မာဆေးတွင် ကွမ်းရွက်ပြုတ်ရည်သည်လည်း အလွန်ထိရောက် သည် |
အခိုးပွင့်ဆေး၊ အဖျားပြတ်ဆေး၊ အကိုက်အခဲပျောက်ဆေး မည်သည့်ဆေးကို သောက် သည်ဖြစ်စေ ကွမ်းရွက်ပြုတ်ရည်နှင့်သောက်လျှင် ပို၍လျင်မြန်စွာ ဆေးအာနိသင် ထိရောက် သည်ကို တွေ့ရှိရသည် |
အခိုးငုပ်ခြင်းကို ပြန်လည်ကောင်းမွန်စေနိုင်သည့် “အာကာသဓာတ်” ကွမ်းရွက်တွင် ရှိသည်ဟု ရှေးဆရာကြီးများ အမိန့်ရှိသည် |
အအေးပတ်၍ ရောဂါဖြစ်ခြင်းနှင့် အဆုတ် အတွင်းပိုးဝင်၍ ရောဂါဖြစ်ခြင်းဟူ၍ နှစ်မျိုးရှိသည် |
ထိုနှစ်မျိုးလုံးပင် အဆုတ်ဖျားဟူ၍ ခေါ်ရမည် ဖြစ်သည် |
အဆုတ်ဖျားဟူသည်မှာ အဆုတ်တွင် အခိုးငုပ်၍ ဖျားခြင်းဖြစ်သည် |
အခိုးပွင့်စေရန် အတွက် သင့်တော်သောဆေးကို ပေးခြင်းဖြင့် အဆုတ်အတွင်းသို့ လေဝင်လေထွက်မှန်ကန်ပြီး ကိုယ်ခံအားရရှိကာရက် အနည်းငယ်ကြာသော အခါ ပိုးလည်းသေသွားနိုင်သည် |
ထို့ကြောင့်ရက်အနည်း ငယ်ဖျားရုံဖြင့် စိတ်ဓာတ်ကျခြင်း မဖြစ်ဖို့လိုသည် |
အစားအသောက်ကို ပုံမှန်စား၍ ကိုယ်ခံအား ပြည့်အောင်သာ ဂရုစိုက်ပေးဖို့ လိုသည် |
အခန်းတွင်း အောင်းမနေဘဲ လေကောင်းလေသန့်ရအောင် နေထိုင်ခြင်းဖြင့် အဆုတ်ကြောင့်ဖျားသော အဖျားများ ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း တင်ပြလိုက် ပါသည် |
ကြည်လွင်မြင့် (မုဒြာ) |
(ဒေါက်တာငြိမ်းချမ်းအေး၊ သွားကျန်းမာ) “အာရောဂျံ ပရမံလာဘံ” ကျန်းမာခြင်းသည်လာဘ်တစ်ပါးဟု ဆိုရိုးရှိသည်နှင့်အညီ လောကတွင် ကျန်းမာရေးပြည့်စုံကောင်းမွန်ခြင်းသည် ဘုရားပေးသော ဆုလာဘ်တစ်ပါးဖြစ်ပါသည် |
ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာ နေထိုင်နိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေးတို့ကို ရည်မှန်းချက်ထား၍ အဆင့်အတန်းမြင့်မားသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည် |
ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ဒေသအောက်ခြေအထိ ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီးခြင်း၊ ရောဂါဖြစ်ပွားလာလျှင် ထိရောက်စွာ ကုသပေးခြင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ခြင်း၊ ဆေးသုတေသနလုပ်ငန်းများ၊ တိုင်းရင်းဆေးပညာ တိုးတက်မြင့်မားစေရေးလုပ်ငန်းများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးလုပ်ငန်းများကို ဦးစီးဌာန... |
ခံတွင်းကျန်းမာမှ လူကျန်းမာမည် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးကြီးပြီး အချို့သောရောဂါများ၏ အစပြုရာနေရာဖြစ်သည့် သွားနှင့်ခံတွင်းကျန်းမာရေးကိုလည်း အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိပါသည် |
ခံတွင်းကျန်းမာမှ လူကျန်းမာမည် (No Health without Oral Health) ဆိုသော ဆောင်ပုဒ်နှင့်အညီ သွားနှင့်ခံတွင်းရောဂါများဖြစ်သည့် သွားပိုးစားရောဂါ၊ သွားဖုံးရောဂါနှင့် ခံတွင်းကင်ဆာရောဂါများသည် အထွေထွေရောဂါများဖြစ်သည့် နှလုံးနှင့် သွေးကြောရောဂါ၊ ဆီးချိုသွေးချိုရောဂါနှင့် ကင်ဆာရောဂါများကဲ့သို့ပင် ဆေးနှင့် ဆေးရွက်ကြီး၊ အရက်၊ သကြားန... |
ပုံမှန်အားဖြင့် လူ့ခံတွင်းတွင် ရောဂါပိုးပေါင်း ၅၀၀ ကျော်ရှိပြီး ရောဂါဖြစ်စေသောပိုးနှင့် အကျိုးပြုပိုးမွှားများသည် ညီညွတ်မျှတစွာရှိနေသဖြင့် ရောဂါဖြစ်ပွားမှုမရှိခြင်းဖြစ်ပါသည် |
အဆိုပါမျှခြေအနေအထား ပျက်ယွင်းသွားပါက သွားနှင့် ခံတွင်းကျန်းမာရေးထိခိုက်မှုရှိလာပြီး နောက်ဆက်တွဲအနေဖြင့် နှလုံးနှင့် သွေးကြောကျဉ်းရောဂါ၊ မှတ်ဉာဏ် ချို့ယွင်းအားနည်းခြင်း၊ အဆုတ်ရောဂါဝေဒနာများ၊ သွေးချိုဆီးချို ရောဂါ၊ သားပျက်သားလျှောခြင်း၊ ကလေးအသေမွေးခြင်း၊ လမစေ့ဘဲမွေးဖွားခြင်း၊ ကိုယ်အလေးချိန်မပြည့်သော ကလေးများမွေးဖွားခြင်း... |
သွားနှင့်ခံတွင်းကျန်းမာရေးတွင် သွားဖုံးရောင်ရမ်းခြင်း၊ သွားဖုံးမှ သွေးထွက်ခြင်းဖြစ်ပွားရာ ခံတွင်းထဲတွင်ရှိသော ရောဂါပိုးများသည် သွားဖုံးရှိပေါက်ပြဲသွားသော သွေးကြောများအတွင်းသို့ ဝင်ရောက်ပြီး သွေးကြောနံရံများကို ရောင်ရမ်းပျက်စီးစေပါသည် |
အဆိုပါပျက်စီးနေသော သွေးကြောနံရံများကို ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားစနစ်မှ တုံ့ပြန်ပြုပြင်မွမ်းမံရာတွင် ကျန်းမာရေးကိုထိခိုက်စေနိုင်သော အခြေအနေဖြစ်သည့် သွေးကြောနံရံများ ထူထဲမာကြောလာလေ့ရှိပါသည် |
ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးအတွက် အရေးကြီးသော သွားနှင့် ခံတွင်းကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ဘဏ္ဍာငွေများ တိုးမြှင့်ကျခံသုံးစွဲကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အဆင့်မြှင့်တင်ခဲ့ပါသည် |
ပြည်သူများ စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ပြီ ယခင်က သွားနှင့် ခံတွင်းကျန်းမာရေးကိစ္စရပ်များအတွက် ပြည်သူ့ဆေးရုံများတွင် ပြင်ပလူနာအနေဖြင့်သာ ဝန်ဆောင်မှုပေးနေရာမှ နေပြည်တော်တွင် ပထမဆုံးသွားနှင့် ခံတွင်းအထူးကုဆေးရုံကြီးအဖြစ် သွားဘက်ဆိုင်ရာရောဂါကုသမှုများကို One Stop Service အနေဖြင့် ဆောင်ရွက်ခဲ့ပါသည် |
ထို့ပြင် ၂၀၂၃ ခုနှစ်တွင် ရန်ကုန်သွားနှင့်ခံတွင်းအထူးကုဆေးရုံ (သာကေတ)၊ ၂၀၂၄ ခုနှစ်တွင် မန္တလေးသွားနှင့် ခံတွင်းအထူးကုဆေးရုံ (ကန်တော်နဒီ) နှင့် ရန်ကုန်တက္ကသိုလ်များဆေးရုံတို့တွင် သွားနှင့်ခံတွင်းအထူးကုဌာနများ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီး သွားနှင့်ခံတွင်းလူနာများကို အရည်အသွေးမြင့်မားသည့် ကျန်းမာရေးစောင့်ရှောက်မှုများ... |
အဆိုပါသွားဆေးရုံများ၌ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များတွင်ပါ သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါသည် |
ထို့ပြင် ရန်ကုန်မြို့ရှိ မင်္ဂလာဒုံကူးစက်ဆေးရုံကိုလည်း ရန်ကုန်သွားနှင့်ခံတွင်း အထူးကုဆေးရုံ (မင်္ဂလာဒုံ) အဖြစ် တိုးချဲ့ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ မကြာမီအချိန်အတွင်းမှာပင် ပြည်သူများကို သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ပါသည် |
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage) ရရှိနိုင်ရေးအတွက် ဆေးရုံများတွင် လူနာများ ဆေးကုသစရိတ်လျော့နည်း သက်သာစေရန် ကုသမှုတိုင်းကို အခမဲ့နီးပါး ဆောင်ရွက်ပေးနေသည့်အပြင် လူနာများအနေဖြင့် စရိတ်ကုန်ကျမှုမရှိစေရန် ဝေးလံခက်ခဲသည့် ဒေသများအထိ နယ်လှည့်ကွင်းဆင်းဆေးကု... |
ပြည်သူများအား သွားနှင့် ခံတွင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းများကို ပြည်သူ့ဆေးရုံများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များမှ သွားဆရာဝန်များသည် အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည် |
ကျန်းမာရေးဝန်ဆောင်မှုများ အပြည့်အဝပေးနိုင်ရေး အလုပ်များ ခန့်အပ်တာဝန်ပေး ကိုဗစ်-၁၉ ကပ်ရောဂါနှင့်အတူ ၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော အခြေအနေများကြောင့် သွားကျန်းမာရေး လူ့စွမ်းအားအရင်း အမြစ်များလျော့နည်းခဲ့ရာ အဆိုပါလိုအပ်ချက်များကို အမြန်ဆုံး ကုစားဖြည့်တင်းပေးနိုင်ရေးအတွက် ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာန၊ သွားဘက်ဆ... |
၂၀၂၃ ခုနှစ်တွင် နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပခဲ့သော သွားဘက်ဆိုင်ရာဆေးပညာ ညီလာခံတွင် အကြံပြုတင်ပြဆွေးနွေးခဲ့သည့် Digital Dentistry ကို ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ချက်ချင်းလက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး သွားကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍကို နိုင်ငံတကာအဆင့်အတန်းမီစွာ... |
ခေတ်မီသွားတုပြုလုပ်ခြင်းဆိုင်ရာနည်းစနစ် (Digital Dentistry Lab) များအဖြစ် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ သွားနှင့်ခံတွင်းဆိုင်ရာ အထူးကုဆေးရုံများတွင် တည်ထောင်ဖွင့်လှစ်ထားပြီး တစ်နိုင်ငံလုံးသို့ ဝန်ဆောင်မှုဖြန့်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည် |
လက်ရှိအဆိုပါဆေးရုံများတွင် အငြိမ်းစား ဝန်ထမ်းများနှင့် သက်ကြီးဘိုးဘွားများ အာဟာရပြည့်ဝစွာ စားသောက်နိုင်ရေးအတွက် သွားတုများကို အခမဲ့တပ်ဆင်ပေးလျက်ရှိပါသည် |
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် သွားတုတပ်ဆင်ခြင်း အခမဲ့ဝန်ဆောင်မှုကို မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်မှစ၍ ဝန်ဆောင်မှုပေးလျက်ရှိပါသည် |
ကိုယ်ဝန်ဆောင်များတွင် သွားကျန်းမာရေးကြောင့် ဖြစ်ပေါ်တတ်သော ဆိုးကျိုးများကို လျော့နည်းကျဆင်းစေရေးအတွက်လည်း ကိုယ်ဝန်ဆောင်မိခင်များနှင့် မီးဖွားပြီးကလေးမိခင်များ၏ ခံတွင်းသန့်ရှင်းကျန်းမာရေးကောင်းမွန်စေရန်အတွက်လည်း ပြည်သူ့ဆေးရုံများရှိ သွားဆေးခန်းများတွင် မဖြစ်မနေဆောင်ရွက်ပေးရန် လုပ်ငန်းလမ်းညွှန်ချမှတ်ပေးထားပြီးဖြစ်ပါသည် |
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းရှိ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကိုလည်း ဆေးရုံကြီးများတွင် အခမဲ့ခွဲစိတ်ကုသပေးခြင်း၊ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်များ မူလတန်းကျောင်းမတက်မီနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်းကို ပြုပြင်ခွဲစိတ်ပေးခြင်းနှင့် ထိုကလေးငယ်နှင့် မိသားစုများ၏ လူမှုရေးအခက်အခဲများကို ဖြေရ... |
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည် |
ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကဏ္ဍစုံတွင် အချိုးညီတိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးလျက်ရှိရာ သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုတွင် ယခုထက်ပိုမိုတိုးတက်ကောင်းမွန်သော ဝန်ဆောင်ကုသမှုများ ပေးအပ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ပံ့ပိုးဖြည့်ဆည်းမှု၊ ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းကူညီမှုများဖြင့... |
ခန့်ဇော် (ကျေးလက်) စာရေးသူတာဝန်ထမ်းဆောင်တာက နေပြည်တော်မှာ၊ မိသားစုက ရန်ကုန်မှာ၊ ကလေးတွေ ကျောင်းတက်တာက ရန်ကုန်မှာဆိုတော့ မိသားစုဘဝနဲ့ အလုပ် ကိစ္စများကို အချိုးညီမျှတစွာ ဆောင်ရွက်ဖို့ရာ အလွန်ခက်ခဲခဲ့ပါတယ် |
မောင်တစ်ရွာ၊ မယ်တစ်မြို့ပေါ့ |
ကလေးတွေ ပုံမှန်နွေရာသီ ကျောင်းပိတ်ချိန်၊ နေ့ကြီးရက်ကြီး ကျောင်းပိတ်ရက်များမှာ အမျိုးသမီးက ခွင့်ယူပြီး မိသားစု နေပြည်တော်မှာ ဆုံကြရတာများပါတယ်... သားနဲ့သမီးက ရန်ကုန်ရောက်ချိန်မှာ ကျောင်းပို့/ကျောင်းကြိုလုပ်ပေးရန် တောင်းဆိုလေ့ရှိပြီး ရန်ကုန်ကို ရောက်တဲ့အချိန်တွေ့တာကလည်း အလုပ်နဲ့သွားမှရောက်တာမို့ စနေ၊ တနင်္ဂနွေရက်များ ဖြစ... |
သို့ပေမယ့် ဝါတွင်းကာလဆိုရင် ကျောင်းပိတ်ရက်က ဥပုသ်၊ တနင်္ဂနွေဆိုတော့ စနေနေ့ကျောင်းဖွင့်တာမို့ တစ်ခါတစ်ရံ ကျောင်းပို့/ ကျောင်းကြို အဆင်ပြေပါတယ် |
အဖေကျောင်းပို့/ကျောင်းကြိုလုပ်တဲ့အခါမျိုးဆိုရင် သားနဲ့သမီးတို့ရဲ့ မျက်နှာဝင်းလက် ကြည်ရွှင်နေတာ၊ ကျေနပ်ပျော်ရွှင်နေတာ၊ သူတို့သူငယ်ချင်းတွေကို သူတို့အဖေလာကြို တာကိုပြောပြီး ကျေနပ်နေကြတာကို သတိထားမိပါတယ် |
ကျောင်းပို့ / ကျောင်းကြို လုပ်ပေးနိုင်တာကလည်း တစ်နှစ်မှတစ်ခါ၊ နှစ်ခါသာဖြစ်ပါတယ်… စာရေးသူ ရန်ကုန်ရောက်ဖြစ်တဲ့ တစ်ရက်မှာတော့ သမီးနဲ့နေ့လယ်စာအတူစားရင်း အိမ်စောင့် ကျန်ခဲ့ကြပါတယ် |
ကျန်မိသားစုတွေက အလုပ်ကိစ္စတွေနဲ့ အပြင်သွားကြတယ် |
သမီးက လေးတန်း ကျောင်းသူ ၁၀ နှစ်ပေါ့ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.