url
stringlengths
33
36
title
stringlengths
6
328
content
stringlengths
0
30.9k
https://www.moi.gov.mm/article/20029
ကျေးလက်ဖွံ့ဖြိုးရေးအတွက် အရေးကြီးသော အခြေခံအုတ်မြစ်ဖြစ်သည့် “ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင်”
“ကျေးလက်ဒေသဖွံ့ဖြိုးရေး”ဟုဆိုရာတွင် ကျေးလက်နေပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ စီမံအုပ်ချုပ်မှုနှင့်ယဉ်ကျေးမှုအပြောင်းအလဲများကို ဖော်ဆောင်ပေးခြင်း၊ လိုအပ်သော အခြေခံအဆောက်အအုံများ ပံ့ပိုးမြှင့်တင်ပေးခြင်း၊ ကျေးလက်ဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်းနှင့် လယ်ယာထွက်ကုန်များ တိုးပွားလာစေခြင်း စသည်တို့ကို ၎င်းတို့ကိုယ်တိုင် က...
https://www.moi.gov.mm/article/9895
မြန်မာ့သိုင်းပညာနှင့် ရန်ကုန်တက္ကသိုလ်မြန်မာ့သိုင်းပညာအသင်း
မြန်မာ့သိုင်းပညာရပ်၏ သမိုင်းစဉ်ကို  မတင်ပြမီ  သိုင်း ဟူသော ဝေါဟာရကို ရှေးဦးမဆွ ကြံဆထုတ်ဖော်လိုပေ သည်။ မြန်မာဘုရင်များ လက်ထက် က အသုံးပြုခဲ့ကြသော  တုတ်တစ်မျိုးကိုလည်းကောင်း၊   လက်နက်ဖြင့်ဖြစ်စေ၊  လက်နက်မဲ့ ဖြစ်စေ ဘေးရန်ကာကွယ်သည့်  အတတ် ပညာတစ်မျိုး ကို လည်းကောင်း   ရုတ်ခြည်းသတိရမိ ကြမည် ဖြစ်ပေသည်။မြန်မာ့သိုင်းပညာစာအုပ်ထို...
https://www.moi.gov.mm/article/61758
အဆိုးထဲက အကောင်းများ
မိုး​ကေနိုင် မြန်မာနိုင်ငံမှာ ကပ်ဘေးတစ်ခုခုကြုံတိုင်း အခက်အခဲကြုံရသူတွေကို ကုသိုလ်နဲ့ယှဉ်တဲ့ ကာယကံ၊ ဝစီကံ၊ မနောကံအလုပ်တွေ ပြုခွင့်ရကြတာဟာ အဆိုးထဲက အကောင်းတစ်ခုပါပဲ။ အထူးသဖြင့် ဘယ်သူမှ မျှော်လင့်မထား ပြင်းထန်တဲ့သဘာဝဘေးအန္တရာယ်ကြုံရတဲ့အခါမျိုး၊ အစာရေစာရှားပါး ပြီး ငတ်မွတ်ခေါင်းပါးဒဏ်ကြုံရတဲ့အခါများမှာ ဖြစ်ပါတယ်၊၊ ကျွန်တေ...
https://www.moi.gov.mm/article/56668
သုတအဖြာဖြာ မျှဝေရာ၊ ပညာဘဏ်တိုက် စာကြည့်တိုက်
ကိုယဉ်ချစ် (မန္တလေး) စာဖတ်ခြင်းသည် အိမ်တံခါးများကို ဖွင့်သည်မည်၏။ စာမဖတ်ဘဲနေခြင်းသည် အိမ်တံခါးများကို ပိတ်ထားသည်နှင့်တူ၏။ အနားမှာ စာအုပ်မထားခဲ့သော် ဘဝတံခါးကြီး ပိတ်နေပေလိမ့်မည်။ (ဦးပဂျီငို) အထက်ပါ စာပိုဒ်လေးကို နှစ်ခြိုက်မိပါတယ်။ စာဖတ်ခြင်းမှ ပညာတွေရနိုင်ပါတယ်။ လောကလူသားတိုင်း ဘဝအသက်ရှင်ရပ်တည်နေထိုင်ရေး အတွက် ရုန်းကန်က...
https://www.moi.gov.mm/article/7560
တန်ဖိုးဟူသည်
တစ်နေ့သော ညနေချမ်းတွင် မိုးသည် သဲသဲမဲမဲရွာနေ၏။ မိုးရာသီပဲ ရွာမှာပေါ့ဟု အားပေးသူများလည်း ရှိကြသည်။ မိုးသည် လယ်သမားများအတွက် အားဆေးတစ်ခွက် ဖြစ်မည်။ ကျွန်တော်တို့လို အဓိပတိလမ်းမပေါ် လမ်းလျှောက်လိုသူများအတွက် အဖျက်သမားဖြစ်မည်။ လမ်းဘေးဈေးသည် များအဖို့ မဟာရန်သူမည်၏။ မိုးခေါင်ရေရှား စိုက်ပျိုးရေးသမားများအတွက် အနဂ္ဃရတနာထိုက်မည...
https://www.moi.gov.mm/article/50030
လွတ်လပ်ရေးနေ့မှသည် ညီညွတ်သော မြန်ပြည်သစ်ဆီ . . .
ခင်ရတနာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့(ယနေ့)သည် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးနေ့ ဖြစ်သည်။ လွတ်လပ်ရေးနေ့ကို မြန်မာနိုင်ငံသားတိုင်း ရင်းနှီးကျွမ်းဝင်ပြီးသားပင်။ သူ့ကျွန်ဘဝမှ လွတ်မြောက်သောနေ့၊ မိမိတို့အချုပ်အခြာအာဏာ မိမိတို့ထံ ပြန်လည်ရောက်ရှိခဲ့သော နေ့ထူးနေ့မြတ်ဟူ၍ သိရှိခဲ့ကြသည်။ ယခု လွတ်လပ်ရေးနေ့သည် (၇၆) နှစ်တိုင်ပြီ။ လွတ်...
https://www.moi.gov.mm/article/49225
လူငယ်များအတွက် စကားလက်ဆောင်
ဝင်းထွဋ်ဦး အောက်တိုဘာလက စာပေချစ်မြတ်နိုးသူများအသင်း (Book Club)ရဲ့ စာဖတ်ဝိုင်းမှာ ဆောင်းပါးအတို‌လေးတစ်ပုဒ် ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ရေးတဲ့ ဆောင်းပါးပါ။ ဆရာကြီးရဲ့ ‘အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ’ဆိုတဲ့ စာအုပ်အထူကြီး (စာမျက်နှာ ၃၅၅၊ ဆောင်းပါး ၄၅ ပုဒ်ပါ) ထဲက အတိုဆုံး‌တစ်ပုဒ်စာရင်းဝင် “အမိတက္ကသိုလ...
https://www.moi.gov.mm/article/82920
ခရီးသွားအတွေ့အကြုံများမှ စိုက်ပျိုးမွေးမြူရေး၊ သစ်တော၊ ပတ်ဝန်းကျင်နှင့် ဆက်စပ်ဘာသာရပ်များအတွက် အတွေးတစ်စ (အပိုင်း-၂၇)
ကမ္ဘာ့တက္ကသိုလ်များတွင် စိုက်ပျိုးမွေးမြူရေးပညာနှင့် ဆက်စပ်နေသော ဇီဝသိပ္ပံ (သို့မဟုတ်) သက်ရှိသိပ္ပံ အဆင့်မြင့်ပညာကျောင်းကြီးများအကြောင်း ဒေါက်တာမျိုးကြွယ်(ပါမောက္ခချုပ်-ငြိမ်း) ဩစတြေးလျနိုင်ငံ စိုက်ပျိုးမွေးမြူရေးက နိုင်ငံတကာ၌ ထိပ်တန်းရောက်နေရခြင်းမှာ စိုက်ပျိုးမွေးမြူရေးပညာ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ...
https://www.moi.gov.mm/article/58580
ပညာသည်သာ ရတနာ
မောင်ငြိမ်းသူ (ကြို့ပင်ကောက်) “ယခုငယ်က၊ ကြိုးလုံ့လ၍၊ သုတပညာ၊ နေ့တိုင်းရှာလော့၊ ပညာမကြိုက်၊ ပျင်းရိမိုက်မူ၊ နောက်လိုက်ဝန်ထမ်း၊ အလုပ်ကြမ်းတွင်၊ တွေ့ လေကျင်သည်” (လောကနီတိပျို့) ကျောင်းတွေဖွင့်လေပြီ။ ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေလေပြီ။ နိုင်ငံ၏မျိုးဆက်သစ် ဖူးငုံပန်းကလေးများ၊ မိုးဆမ်းပန်းကလေ...
https://www.moi.gov.mm/article/64651
မြန်မာ့အမွေအနှစ် ဒြပ်မဲ့ယဉ်ကျေးမှုများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် မြန်မာနိုင်ငံသားအားလုံး၏ တာဝန်ပင်ဖြစ်သည်
ကိုဉာဏ်လေး (စေရာမြေ) ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ပါရာဂွေးနိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၁၉) ကြိမ်မြောက် UNESCO (United Nations Educational, Scientific and Cultural Organization) ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာညီလာခံ (Intergovernmental Committee for the Safeguarding of the Intangible Cultural Herita...
https://www.moi.gov.mm/article/41021
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ
တွေ့ဆုံမေးမြန်း- ဝင်းဝင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center- DMC)သည် မိုခါမုန်တိုင်းနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန် ဆောင်ရွက်ပေးသည့် ဗဟိုဌာနဖြစ်သည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်တွင် လုပ်ငန်းကော်မတီ ၁၂ ခုကို ဖွဲ့စည်းထားရှိပြီး အဆိုပါလုပ်ငန်းကော်မတီမ...
https://www.moi.gov.mm/article/25322
ရွှေပြည်တော်မျှော်တိုင်းမဝေးဖို့ သမိုင်းပေးပြည်ထောင်စုစိတ်ဓာတ်များဖြင့် တည်ဆောက်ရမည့် အနာဂတ်နိုင်ငံတော်
နွေကံ့ကော် (မြို့လှ) လာမည့် ၂၀၂၃ ခုနှစ်တွင် ကျွန်ုပ်တို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ စိန်ရတုလွတ်လပ်ရေးကာလကို ရောက်ရှိပေတော့မည်။ တကယ်တော့ (၇၅) နှစ်စိန်ရတုတည်းဟူသော ကာလတစ်ခုသည် နည်းလှသောသက်တမ်းတစ်ခုတော့မဟုတ်ပေ။ နယ်ချဲ့တို့အုပ်စိုးမှုအောက်၌ နေခဲ့ရစဉ် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်းကိုယ်နှင့်စိတ်များ ထွက်ပေါက်မရသည်အထ...
https://www.moi.gov.mm/article/28153
မြန်မာ-ရုရှားဆက်ဆံရေးသည် သွေးစည်းချစ်ကြည်ထာဝရတည်
ထက်မြတ် ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကြား တရားဝင်သံခင်းတမန်ခင်း ဆက်ဆံရေးဟာ ဘယ်အချိန်ကတည်းက စတင်ဖြစ်ပေါ်လာလဲဆိုရင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး မကြာခင်အချိန်မှာပဲ ဖြစ်ပါတယ်။ အတိအကျဆိုရရင်တော့ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်မှာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကတော့ ရုရှားနိုင်ငံရယ်လို့ မဟုတ်ဘဲ ဆိုဗီယက်ပြည်ထော...
https://www.moi.gov.mm/article/16532
စာကြည့်တိုက်ပညာ၏ဖခင် ဆရာကြီး ဒေါက်တာစည်သူသော်ကောင်း
(ယမန်နေ့မှအဆက်) စာပေတာဝန် သူကျေပွန် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီတွင် ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ်မှစ၍ ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဆရာဝန် တင်ရွှေဆု၊ ထွန်းဖောင်ဒေးရှင်းစာပေဆု၊ ပခုက္ကူ ဦးအုံးဖေ စာပေဆု၊ သုတစွယ်စုံစာပေဆု စသည့် စာပေဆိုင်ရာ ဆုရွေးချယ်ရေးအဖွဲ့များ၌လည်း ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ မြ...
https://www.moi.gov.mm/article/4097
ယနေ့တောင်သူများ ကြုံတွေ့နေရသည့် မွှားပင့်ကူပြဿနာ
မွှားပင့်ကူဆိုသည်မှာ မွှားပင့်ကူများသည် စိုက်ပျိုးသီးနှံပင်များတွင် အပင်ရည်ကို စုပ်ယူစားသောက် ဖျက်ဆီးသော အလွန်သေးငယ်သည့် အကောင်များ ဖြစ်သည်။ ခြေထောက် လေးစုံပါသော မွှားကောင်များသည် ပင့်ကူများကဲ့သို့ ၎င်းတို့၏ခန္ဓာကိုယ်မှ ပင့်ကူမျှင်ကဲ့သို့ ပိုးချည်မျှင်များ ထုတ်လုပ်သည့် အတွက် ၎င်းတို့ကို မွှားပင့်ကူဟု ခေါ်ဆိုခြင်းဖြစ်သည...
https://www.moi.gov.mm/article/20413
မြန်မာ့လွတ်လပ်ရေး အဓွန့်ရှည်ခိုင်မြဲဖို့ တိုင်းရင်းသားသွေးချင်းတို့ စည်းလုံးကြပါစို့
လွတ်လပ်ရေးနေ့ဆိုသည်ကားနိုင်ငံတစ်နိုင်ငံ၏ကိုယ့်မင်းကိုယ့်ချင်းဖြင့်အချုပ်အခြာအာဏာကိုမိမိတို့တိုင်းရင်းသားပြည်သူများကပိုင်ဆိုင်သောနိုင်ငံတော်အဖြစ်စတင်ထူထောင်ခွင့်ရသောနေ့ပင် ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည်နယ်ချဲ့အင်္ဂလိပ်တို့လက်အောက်သို့နှစ်ပေါင်း၁၀၀ကျော်ကျရောက်ခဲ့ရာမှပြန်လည်လွတ်မြောက်လာသည့်၁၉၄၈ခုနှစ်ဇန်နဝါရ...
https://www.moi.gov.mm/article/1661
ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်)
ကမ္ဘာ့နေရာဒေသ အသီးသီးနေထိုင်ကြသည့် လူမျိုးအသီးသီး၏ ယဉ်ကျေးမှုထွန်းကားခဲ့သည့် ဖြစ်စဉ်များတွင် ကြွင်းကျန်ရစ်ခဲ့သော ဒြပ်ရှိ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်လာချိန်တွင် ရှေးဟောင်းသုတေသနပညာရပ်သည် အရေးပါသော ဘာသာရပ်တစ်ခု ဖြစ်လာခဲ့သည်။ ထို့ကြောင့်မြေပေါ်မြေအောက် အထောက်အထားများကို တူးဖော်ကာ သ...
https://www.moi.gov.mm/article/79286
လူငယ်တွေကို အန္တရာယ်ထဲတွန်းပို့နေတဲ့ ဂိမ်းတွေကို . . . သတိပြု
ကိုပေါက် ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။ တစ်ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်တွေအပြင် အကောင်းဆုံး အက်ပလီကေးရှင်းတွေ၊ ဂိမ်းတွ...
https://www.moi.gov.mm/article/36018
အနာဂတ်လူငယ်များအတွက် လင်းရောင်ခြည်
ခိုင်ဝသန်(စီးပွားရေးပညာ) နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အထောက်အကူပြုသည့် အကြီးမားဆုံးသော အထောက်အပံ့မှာလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကဆောင်ရွက်ရန်ပင်ဖြစ်ပါသည်။ သဘာဝသယံဇာတများ မည်မျှပင်ပေါကြွယ်ဝစေကာမူ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးကို မဆောင်ရွက်နိုင်လျှင် တိုးတက်သောနိုင်ငံအဖြစ်သို့ရောက်ရှိလာအ...
https://www.moi.gov.mm/article/82889
အနာဂတ်တွေ ပိုမိုတောက်ပအောင် ပညာရေးကဏ္ဍနဲ့ စတင်ကြရအောင်
တာရာ ပညာရေးက ကလေးတစ်ယောက်ရဲ့ သိမြင်မှုကိုမြှင့်တင်ပေးသလို အကျင့်စာရိတ္တ၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ဘဝမှာအခက်အခဲတွေ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းနဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းတွေကို တည်ဆောက်ပေးနိုင်ပါတယ်။ ပညာရေးက လူတစ်ယောက်ရဲ့ဘဝ ဒါကြောင့် ကလေးတစ်ယောက်ကို လူ့အသိုင်းအဝိုင်းအတွက် တန်ဖိုးရှိတဲ့ပုဂ္ဂိုလ်တစ်ဦးအဖြစ် ထုဆစ်ပုံဖေ...
https://www.moi.gov.mm/article/64391
မြန်မာနိုင်ငံ၏ ပထမဦးဆုံးစီးပွားရေးတက္ကသိုလ်နှင့် ပထမဦးဆုံးပါမောက္ခချုပ်၊ ဘောဂဗေဒပညာရှင်
စောနိုင်(အသုံးချဘောဂဗေဒ) အနောက်တိုင်းစီးပွားရေးပညာရပ် (ဘောဂဗေဒ) သည် ၁၉၂၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဘောဂဗေဒဌာနမှတစ်ဆင့် မြန်မာ့မြေပေါ်သို့ ရောက်ရှိခဲ့သည်။ ထိုသို့ရောက်ရှိခဲ့ပြီး နှစ်ပေါင်း ၄၀ အကြာ ၁၉၆၄ ခုနှစ်တွင် ပိုမိုကျယ်ပြန့်သော ပို၍နယ်ပယ်စုံသည့် စီးပွားရေးပညာရပ်များ သင်ကြားပို့ချနိုင်ရေးအတွက် ရန်ကုန်တက္ကသိုလ်လက်အေ...
https://www.moi.gov.mm/article/16854
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးသည့် မိုက်လုံးကြီးသူများ
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်အတွင်း တည်ဆောက်ထားတဲ့ မိုင်တဲလ်တာဝါတိုင် ၁၁ ခုကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က တစ်ချိန်တည်းမှာပဲ ချိန်ကိုက်ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်ဆိုပြီး Pyu Regional News ဆိုတဲ့ ရုပ်သံတစ်ခုကို ပြည်ပအခြေစိုက်မြန်မာ သတင်းဌာနတွေက စက်တင်ဘာလ ( ၇ ရက်နေ့မှ စတင်ပြီး လူမှုကွန်ရက်ပေါ်မှာ အဆက်မပြတ် ထ...
https://www.moi.gov.mm/article/28993
အစာနှင့် ရေထဲမှအန္တရာယ်
ဆရာမဲဇာ ၁၈-၇-၂၀၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်) ရုံးသစ်ဖွင့်လှစ်ပွဲ သတင်းထဲ၌ “ပင်မဆောင်ရှိ ဓာတ်ခွဲခန်းတွင် Mercury (ပြဒါး)၊ Lead (ခဲ)စသော heavy metals (သတ္တုဓာတ်)များ ပါဝင်မှုနှုန်းစစ်ဆေးနေမှု၊ ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော ကုန်ကြမ်း (Ac...
https://www.moi.gov.mm/article/17981
ဒို့ကမ္ဘာမြေကို ထိန်းသိမ်းဖို့၊ တွဲလက်ခိုင်မာပူးပေါင်းစို့
သဘာဝဘေးအန္တရာယ်များသည် အဖျက်စွမ်းအားကြီးမားလှသကဲ့သို့ ကျွန်ုပ်တို့နေထိုင်ရာ မြေကမ္ဘာကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက် လျက်ရှိပါသည်။ ပြင်းထန်ဆိုးရွားသည့် သဘာဝဘေးအန္တရာယ်တစ်မျိုးမျိုးဖြစ်ပွားပါက လူသားတို့၏အသက်၊ အိုးအိမ်၊ စည်းစိမ်များ ကိုသာမက အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စသည့် န...
https://www.moi.gov.mm/article/32493
ကိုယ်လက်လှုပ်ရှားအားကစား တို့များပီပြင်ပါဝင်စေချင်
ပြေအေးသက် မကြာမီ မြန်မာနိုင်ငံ၏ ဒီဇင်ဘာအားကစားလပင် ရောက်ရှိတော့မည်ဖြစ်သည်။ အမှန်ကတော့ အားကစားလတွင်သာမက ကျန်သည့်လများတွင်လည်း အားကစားလှုပ်ရှားသင့်ပေသည်။ ထိုအချက်ကို သိနေသောတာဝန်ရှိသူများသည် ရေဒီယိုခေတ်ကတွင်ပင်မက ယခု တီဗွီခေတ်ထိတိုင်အောင် နံနက်ချိန်ခါ အားကစားလှုပ်ရှားမှုလေ့ကျင့်ခန်းများ ထုတ်လွှင့်ပြသတိုက်တွန်းလျက်ရှိနေသည...
https://www.moi.gov.mm/article/8257
တောအုပ်သန့်သန့်လေးထဲမှာ
တက္ကသိုလ်တို့မည်သည် သဘာဝပတ်ဝန်းကျင် လှပရန် လိုပါသလားဟု တွေးကြည့်လျှင် လိုအပ်ပါသည်ဟုမိပါမည်။ ရန်ကုန်တက္ကသိုလ်သည် အရှေ့တောင်အာရှတွင် ပညာဖြင့်ကျော်ကြားခဲ့ ပါသည်။ တက္ကသိုလ်၏ တည်နေရာအလှတရားဖြင့်လည်း ထင်ရှားခဲ့ပါသည်။ အလွန်လှပသော တက္ကသိုလ်အဖြစ် လက်ခံကြရပါသည်။ တက္ကသိုလ်မည်သည်မှာ အဆင့်မြင့်ပညာတို့ကို သင်ကြား ရာနေရာဒေသဖြစ်သည်။ က...
https://www.moi.gov.mm/article/68807
တပ်မတော်၏ တန်ဖိုး
မိုးမြင့် နိုင်ငံတိုင်းတွင် အမျိုးသားနိုင်ငံရေး၊ အမျိုးသားအကျိုးစီးပွား၊ အမျိုးသားရေးတာဝန်များဟူ၍ ကိုယ်ပိုင်လက္ခဏာ၊ ကိုယ်ပိုင်ရပ်တည်မှုကိုယ်စီရှိကြသည်။ နိုင်ငံတစ်နိုင်ငံ အင်အားတောင့်တင်းပြီး ဖွံ့ဖြိုးတိုးတက်သည်ဆိုသည်မှာ ထိုကိုယ်ပိုင်ရပ်တည်ချက်များ တိကျခိုင်မာပြတ်သားခြင်းကြောင့် ဖြစ်ပါသည်။ ကိုယ့်နိုင်ငံအကျိုးစီးပွားက ဘာ...
https://www.moi.gov.mm/article/17520
ကိုဗစ်ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးရင် နောက်ထပ်တစ်ကြိမ် (Booster Dose) လိုသလားဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ လက်ရှိအခြေအနေအရ ထိုးဖို့မလိုသေးပါဘူးလို့ ပြောချင်ပါတယ်
ဒေါက်တာခင်ခင်ကြီး ကိုဗစ်-၁၉ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူများအနေဖြင့်Boosterထိုးနှံရန်သင့်/မသင့်နှင့်စပ်လျဉ်းပြီးကျန်းမာရေးဝန်ကြီးဌာနပြည်သူ့ကျန်းမာရေးဦးစီးဌာနဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးနှင့်မေးမြန်းထားသည်များကိုတင်ပြလိုက်ပါသည်။ မေး။။ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပြီးသူတွေအနေနဲ့Boost...
https://www.moi.gov.mm/article/59836
အောင်မြင်မှုတွေပိုင်ဆိုင်ဖို့ စာဖတ်ကြပါစို့
မောင်သောင်းဝင်း(တမန်ဟောင်း) စာဖတ်ခြင်းသည်လူတစ်ဦးတိုးတက်စေရန်အကောင်းဆုံးအလေ့အထပင်ဖြစ်သည်။ ကြီးပွားတိုးတက်သူအများစုသည်စာဖတ်သူများဖြစ်ကြသည်။တန်ဖိုးမဖြတ်နိုင်သောသတင်းအချက်အလက်များကိုစာအုပ်စာစောင်များမှရှာဖွေစုဆောင်းကြသည်။ဗဟုသုတရှာဖွေကြသည်။ ထို့နောက်အကျိုးရှိစွာအသုံးချကြသည်။ကမ္ဘာကျော်ပုဂ္ဂိုလ်များသည် အတွေးအခေါ်များကို စာအုပ...
https://www.moi.gov.mm/article/13574
မီးလျှံထဲက ဘဝတစ်ခု
https://www.moi.gov.mm/article/44250
သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် လိုက်နာရမည့်ကျင့်ဝတ်
မောင်ကမ္ဘာ လူထုဆက်သွယ်ရေးနည်းလမ်း(မီဒီယာ)များကို ခြုံငုံ၍ ပညာရပ်အဖြစ်ခေါ်ဝေါ်သော အသုံးအနှုန်းမှာ သတင်းစာပညာ(Journalism)ဟူ၍ဖြစ်သည်။ လတ်တလောဖြစ်ရပ်များကို လူထုထံအချိန်မီသတင်းပို့သော အလုပ်အားလုံးသည် သတင်းစာပညာဖြစ်သည်။ Journalism ဟူသော စကားရပ်သည် လူထုဆက်သွယ်ရေးနည်းလမ်းအားလုံးကို ကိုယ်စားပြုပါသည်။ လူထုဆက်သွယ်ရေးလုပ်ငန်းများ...
https://www.moi.gov.mm/article/60058
လူငယ်ကဏ္ဍမြှင့်တင်လို့ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖန်တီးစို့
မောင်လူအေး(ရေစကြို) ဩဂုတ်လ ၁၂ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ဖြစ်ပါသည်။ လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို လွှဲပြောင်းတာဝန်ယူကြရမည်ဖြစ်ပြီး အနာဂတ်ကမ္ဘာကို ပုံဖော်ရေးဆွဲကြမည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ကြပါသည်။ သို့ဖြစ်ရာ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များ၏ အရေးပါသောအခန်...
https://www.moi.gov.mm/article/68401
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ပိုမိုလှပသောအနာဂတ်ကို အတူလက်တွဲဖန်တီးကြပါစို့
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E.Ms.Ma Jia ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် (၈) ကြိမ်မြောက် “လန်ချန်း-မဲခေါင် သီတင်းပတ်”ရောက်ရှိလာပြီဖြစ်သည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစတင်ချိန်မှစ၍ အလျင်အမြန်တိုးတက်ပြီး ထင်ရှားသောရလဒ်များရရှိခဲ့ကာ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၏ “ရွှေရောင်ပလက်ဖောင်း”ဖြစ်လာခဲ့သည်။ ကျွန...
https://www.moi.gov.mm/article/82075
ဒေသတွင်း ကုန်းတွင်းကုန်သွယ်ရေးလမ်းကြောင်း၌ တိုးတက်ပါဝင်ချိတ်ဆက်နိုင်ပါက ကုန်သွယ်မှုအပြင် ပြည်သူချင်းဆက်ဆံရေးပါ တိုးမြှင့်တည်ဆောက်နိုင်မည်
ခင်ရတနာ ပြီးခဲ့တဲ့နှစ်လယ်ပိုင်း ဆောင်းဦးရာသီမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ ဗီယက်နမ်နိုင်ငံတို့ နယ်နိမိတ်ထိစပ်နေတဲ့ဒေသကို လေ့လာခွင့်ရခဲ့ပါတယ်။ နယ်စပ်ဆိုတဲ့အတိုင်း တစ်ဖက်က ဗီယက်နမ်နယ်နိမိတ်စည်းရိုးနဲ့ တရုတ်နယ်နိမိတ်တံတိုင်းတွေဟာ ဆောင်းဦးမှာကျရောက်တဲ့ နှင်းမြူတွေအကြား ငွားငွားစွင့်စွင့် တည်ရှိနေတာပေါ့။ နှစ်နိုင်ငံကို ခြ...
https://www.moi.gov.mm/article/34868
ငြိမ်းချမ်းရေးအသီးအပွင့်များ ခံစားနိုင်မည့် အစပျိုးသော နှစ်တစ်နှစ်ဖြစ်ပါစေ
နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင်ပါရှိသည့်“တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါသဘောတူညီချက်များအတိုင်းဖြစ်နိုင်သမျှအလေးထားလုပ်ဆောင်သွားမည်”ဟုဖော်ပြထားသကဲ့သို့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုနိုင်ငံတော်ဘက်ကစဉ်ဆက်မပြတ်အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိသည...
https://www.moi.gov.mm/article/82532
မြေဆီလွှာ အာဟာရဓာတ်အကြောင်း သိကောင်းစရာ
ဒေါက်တာဆွေဆွေမာ (YAU) မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများသည် သဘာဝပတ်ဝန်းကျင်၏ နှလုံးသားကဲ့သို့ အသက်ဝင်လျက်ရှိနေပါသည်။ ထိုဒေသများ၏ အသက်မွေးဝမ်းကျောင်းမှု၊ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် လူနေမှုဘဝတို့သည် မြေဆီလွှာဟုခေါ်သော အသက်ရှင်နေသည့် ဇီဝဗေဒဆိုင်ရာ အဖွဲ့အစည်းကြီးတစ်ခုအပေါ် အခြေခံ၍တည်ဆောက်ထားခြင်းဖြစ်ပါသည်။ ဤမြေဆီလွှာသည် ရာသီဥတ...
https://www.moi.gov.mm/article/22996
ရေတင်များဖြင့် စိမ်းလန်းစေမည့် မကွေးတိုင်းဒေသကြီး စိုက်ဧကများ
မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းခြောက်သွေ့ဇုန်၏ ဗဟိုချက်မသည် မကွေးတိုင်းဒေသကြီး ဖြစ်သည်။ မကွေးတိုင်းဒေသကြီး၏ မြောက်ဘက်တွင် ချင်းတောင်တန်း၊ အနောက်ဘက်တွင် ရခိုင်ရိုးမ၊ တောင်ဘက်တွင် ပဲခူးရိုးမတို့ရှိသဖြင့် ယင်းတို့နှင့် နီးစပ်ရာ အစွန်အဖျားဒေသများတွင် ပျမ်းမျှမိုးရေချိန် လက်မ ၄၀ ခန့် ရွာသွန်းသော်လည်း ကျန်အလယ်ပိုင်းဒေသများ...
https://www.moi.gov.mm/article/21716
ငြိမ်းချမ်းသာယာအေးချမ်းဖို့ ပြည်ထောင်စုစိတ်ဓာတ်မွေးကြစို့
၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဖြစ်သည်။ တိုင်းပြည်လွတ်လပ်ရေးအတွက် များစွာအရေးပါသည့် ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ တိုင်းရင်းသားညီအစ်ကိုများ အကြား၊ တောင်တန်းနှင့် ပြည်မအကြား ချစ်ကြည်ရင်းနှီးမှု တည်ဆောက်နိုင်ခဲ့သည်။ တိုင်းရင်...
https://www.moi.gov.mm/article/22530
ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ စံပြကျေးရွာများ ထူထောင်စို့
ခန့်ဇော် (ကျေးလက်) ကျေးရွာလို့ဆိုလိုက်တာနဲ့ ကျွန်တော်တို့စိတ်ထဲမှာ အရင်ဆုံးတွေးမြင်မိတာကတော့ နေရာ ကျယ်ကျယ် ဝန်းဝန်းရှိတဲ့ ကွင်းပြင်ကြီးတွေရယ်၊ လတ်ဆတ်တဲ့ အစားအစာ၊ သန့်ရှင်းသောလေ ခံစားနိုင်တဲ့ သာယာလှပတဲ့ နေရာများပဲ ဖြစ်ပါတယ်။ ဒီလို ရိုးရှင်းသာယာ အေးချမ်းတဲ့ ကျေးရွာတွေမှာ နေထိုင် ကြတဲ့ ပြည်သူတွေရဲ့ဘဝ အစဉ်လှပစေဖို့ ၂၁ ရာစု...
https://www.moi.gov.mm/article/8405
ရာပြည့်ကြုံသည့် ရန်ကုန်တက္ကသိုလ်
“မြကျွန်းညိုညို ကွန်းခိုရာ တက္ကသိုလ်မှာကြုံ x x x စာပေဂီတနဲ့သာ အနုပညာအစစမှာ လည်းစုံ x x x တေးပဉ္စင်ငြိမ့်ငြိမ့်ညောင်း x x x စုပေါင်းပါလို့ သီကျူးပုံ x x x တေးမင်္ဂလာ ဘဝင်မှာအေးလို့ x x x x x ငြိမ်းချမ်းကြစေကုန် x x x ” လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က မြန်မာ့အသံရေဒီယိုမှ အကြိမ်ကြိမ် လွင့်ပျံ့ခဲ့ သော ရန်ကုန်တက္ကသိုလ်အား ...
https://www.moi.gov.mm/article/2554
ရန်ကုန်တက္ကသိုလ် ရာပြည့် ဂုဏ်ပြုဆောင်းပါး တစ်ခေတ်တစ်ခါက တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား အားကစားထူးချွန်သူ အုပ်မှူးဇော် ရန်ကုန်တက္ကသိုလ်ကို ၁၈၇၈ ခုနှစ်တွင် ဗြိတိသျှ-အိန္ဒိယရှိ ကာလကတ္တားတက္ကသိုလ် လက်အောက်ခံ ရန်ကုန်ကောလိပ်အဖြစ် စတင်တည်ထောင်ခဲ့သည်။ ကိုလိုနီ
ခြောက်လှန့်နေသောCOVID-19တစ္ဆေယနေ့အချိန်တွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ အားလုံးသည် COVID -19 တစ္ဆေခြောက်လှန့်ခံနေရ သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှစခဲ့သော COVID- 19 ဗိုင်းရပ်စ်သည် အလွန်လျင်မြန်သောနှုန်းဖြင့် ကမ္ဘာ့ နိုင်ငံများသို့ ပျံ့နှံ့နေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရောဂါကူးစက် ပြန့်ပွားနိုင်မှု အခြေအနေသည် ...
https://www.moi.gov.mm/article/28564
နိုင်ငံအကျိုးပြုပညာရေးဆီသို့ . . .
နိုင်ငံ၏ပညာရေးသည် ထိုနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးကြီးလှပါသည်။ အဘယ်ကြောင့် ဆိုသော် ပညာရေးသည် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနှင့် စီမံခန့်ခွဲအုပ်ချုပ် ရေးများအပေါ်တွင် တိုက်ရိုက်သက်ရောက် နေသောကြောင့်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများသည် ကောင်းမွန် ပြည့်စုံသော ပညာရေးကိုအခ...
https://www.moi.gov.mm/article/666
ပွင့်လင်းမြင်သာခြင်းမှသည် အများပြည်သူယုံကြည်ကိုးစားသည့် တရားစီရင်ရေးဆီသို့
မောင်စာဂ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင် ရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို အရှိန် အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိနေသည်ကို တွေ့ရသည်။ ယင်းသို့ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ် များထဲတွင် တရားရုံးနှစ်စဉ်အစီရင်ခံစာများကို နှစ်အလိုက် ထုတ်ပြန်ခြင်းနှင့် ငါးနှစ်တာ တရားစီရင် ရေးမဟာဗျူ ဟာများ ရေးဆွဲချမှတ် အကောင်အထည...
https://www.moi.gov.mm/article/10139
လွတ်လပ်ရေးနေ့ အကြိုဂုဏ်ပြုဆောင်းပါး မြန်မာ့လွတ်လပ်ရေး အဓွန့်ရှည်ခိုင်မြဲပါစေ
နှင်းမှုန်များ ထူထပ်စွာ ကျဆင်းနေသော ဆောင်းလရာသီ နံနက်ခင်းဝယ် မြန်မာ့မြေပေါ်၌ လွှင့်ထူထားသော နယ်ချဲ့ဗြိတိသျှတို့၏ ယူနီယံဂျက်အလံတော် ကားတရွေ့ရွေ့နှင့် မြေပေါ်သို့ ဆင်းသက်လာလေပြီ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အလံတော် ကားအမိမြေ၏ အလံတိုင်ထိပ်သို့ ခံ့ညားထည်ဝါစွာ လွှင့်ထူ နိုင်ခဲ့ပေပြီ။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံ...
https://www.moi.gov.mm/article/82721
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲများ
ကျော်သန်း ၂၀၂၆ ခုနှစ် မေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ အကြိမ် (၂၀) မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်ဖြစ်ပါသည်။ မြန်မာ့ကာယဗလအားကစားကို တိုးတက်မြင့်မားစေရေးအတွက် အောက်ပါရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်- (က) ကမ္ဘာ့ကာယဗလနှင့်...
https://www.moi.gov.mm/article/23829
ကမ္ဘာတစ်ခု ကျန်းမာမှု
တကယ်တော့ မြန်မာနိုင်ငံနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization–WHO) တို့ဟာ ဖွားဖက် တော်တွေပါပဲ။ ၁၉၄၈ ခုနှစ်မှာ အတူတူ ဖြစ်တည်လာခဲ့ကြပါတယ်။ ဒါ့အပြင် WHO ရယ်လို့ ပေါ်ပေါက်လာတာနဲ့ တစ်ပြိုင်နက် မြန်မာနိုင်ငံအစိုးရက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါတယ်။ WHO ရဲ့ ဝါအရင့်ဆုံးအဖွဲ့ဝင်ထဲမှာ  မြန်မာနိုင်ငံလည်းပါပါတယ်။ နှစ်ပေါင်...
https://www.moi.gov.mm/article/78949
ဆန္ဒမဲကိုယ်စီဖြင့် နိုင်ငံတော်သစ်ကို အတူတူဖန်တီးကြပါစို့
မင်းသော် ပြည်တွင်းပဋိပက္ခများ၊ နိုင်ငံတကာဖိအားများနှင့် နိုင်ငံသစ္စာဖောက် အကြမ်းဖက်သမားတို့၏ အဖျက်လုပ်ရပ်များကြောင့် စိန်ခေါ်မှုများစွာရှိခဲ့ရသည့် မြန်မာပြည်သူတို့မှာ မိမိတို့အသံကို ကျယ်လောင်လွတ်လပ်စွာထုတ်ဖော်နိုင်မည့် အားလုံးပါဝင်နိုင်သော စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီခရီးလမ်းကို ပြန်လည်လျှောက်လှမ်းနိုင်...
https://www.moi.gov.mm/article/74563
စနစ်သစ်နှင့် ရွေးကောက်ပွဲဆီသို့ ( ၂ )
မဲဆန္ဒရှင်တစ်ဦး နိဒါန်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကို ၂၈-၁၂-၂၀၂၅ ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်ပါသည်။ ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲ၍ ဆောင်ရွက်ပါမည်။ လွှတ်တော်အလိုက် မဲဆန္ဒနယ်မြေများစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၁၅-၈-၂၀၂၅ ရက်နေ့တွင် သတ်မှတ်ကြေညာခဲ့ပါသည်။ ပထမပိုင်းအတွက် ရွေးကောက်ပွဲကျင်းပမ...
https://www.moi.gov.mm/article/67322
ဓမ္မနှင့် အဓမ္မ ခွဲခြားသိမြင်နိုင်ပါမှ
စာဖတ်ပရိသတ်တစ်ဦး ကမ္ဘာ့နိုင်ငံ့ခေါင်းဆောင်များ၊ အထူးသဖြင့် အမေရိကန်နိုင်ငံရေးလောကမှ ခေါင်းဆောင်များနှင့် နိုင်ငံရေးသမားအများစုသည် ရွေးကောက်ပွဲအကြိုကာလများနှင့် အခမ်းအနားမိန့်ခွန်းများတွင် ရှေးရှေးက သမ္မတများ၊ ကမ္ဘာ့ခေါင်းဆောင်များ၏ ကမ္ဘာကျော်မိန့်ခွန်းကောက်နုတ်ချက်များကို ကိုးကား၍တစ်နည်း၊ လိုရင်းတိုရှင်းထိမိသော၊ အားပါသ...
https://www.moi.gov.mm/article/2514
အမှိုက်ကင်းကွာ ဒို့ကျေးရွာ၊ ကျေးရွာသန့်ရှင်းရောဂါကင်း
ယခုအခါ လူဦးရေ တိုးတက်များပြားလာခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် နေထိုင်စားသောက်မှုပုံစံများ ပြောင်းလဲလာခြင်းနှင့်အတူ စွန့်ပစ်အမှိုက်ထွက်ရှိမှုသည်လည်း တစ်နှစ်ထက်တစ်နှစ် မြင့်တက်လျက်ရှိသည်။ စွန့်ပစ်အမှိုက်များစွာထဲမှတစ်မျိုးဖြစ်သည့် ပလတ်စတစ် အမှိုက်များကြောင့် ပင်လယ်သမုဒ္ဒရာများနှင့် အဏ္ဏဝါဂေဟစနစ်ကို ပျက်စီး...
https://www.moi.gov.mm/article/79831
လူငယ်စွမ်းအားနှင့် ငြိမ်းချမ်းသောပြည်ထောင်စုအနာဂတ်
ရွှေစင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သည်။ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာသည့်သမိုင်းကို ပြန်တွေးဆလျှင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု၏ အရေးအပါဆုံးဖြစ်ခဲ့သော ၁၉၄၇ ခုနှစ် ပင်လုံ ညီလာခံနှင့် ပင်လုံစာချုပ်က နိုင်ငံအတွင်းရှိမတူကွဲပြားသည့် တိုင်းရင်းသားလူမျိုးများအကြား ယုံကြည်မှု၊ စည်းလုံးညီ...
https://www.moi.gov.mm/article/20122
ခန္တီစ
အရာရာသည်းခံခြင်းသည် မင်္ဂလာမည်၏ဟု ဗုဒ္ဓဘုရားရှင်က ဟောပါသည်။ လူအများစုသည် သည်းခံလျှင် အရှုံးပေးရာ ရောက်သည်၊ ကြောက်တယ်ဟု ထင်မည်။ ကိုယ်ကသည်းခံလျှင် တစ်ဖက်က ပိုစော်ကားမည်ဆိုသည့် အတွေးများရှိကြပါသည်။ မှားယွင်းသော အတွေးအခေါ် အယူအဆများ ဖြစ်ပါသည်။ သည်းခံခြင်းသည်ကြောက်ခြင်း၊ အရှုံးပေးခြင်း မဟုတ်ပါ။ အလွန်သတ္တိရှိသူများသာ သည်းခံခ...
https://www.moi.gov.mm/article/65576
တို့ပြည် တို့မြေ အဓွန့်ရှည် ဖွံ့ဖြိုးတိုးတက်စေ
နေမင်းသျှင် ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံအတွင်း လွတ်လပ်ရေးကျောက်တိုင်ကြီးကို ခိုင်ခိုင်မတ်မတ် စိုက်ထူထားရှိခဲ့သည်မှာ နှစ်ပေါင်း ၇၇ နှစ်တာ ကြာညောင်းခဲ့ပြီဖြစ်သည်။ အဆင့်နှစ်ဆင့်ဖြင့် ပြေပြစ်စွာမြင့်တက်သွားသော စက်ဝိုင်းပုံရင်ပြင်ငယ်၏ အလယ်ဗဟိုရှိ လွတ်လပ်ရေးကျောက်တိုင် ကြီး၏အောက်ခြေတွင် လွတ်လပ်ရေးကြေညာစာတမ်းကို ကျောက်ထက်...
https://www.moi.gov.mm/article/52364
သမိုင်းတွင်ခဲ့သော မြန်မာတို့၏ ဓမ္မပဏ္ဏာမော်ကွန်း
မောင်ချစ်အေး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ၂၀ဝ၁ ခုနှစ် တာဝန်ယူပြီးချိန် မြန်မာ-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။ အမှန်အားဖြင့် နှစ်ကာလ ရာ၊ ထောင်ကပင် နှစ်ပြည်ထောင်ကူးလူးဆက်ဆံမှု သမိုင်းမှတ်တိုင်များစွာ ရှိခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ နှစ်နိုင်ငံ ချစ်ကြည်ရေးတိုးမြှင့်ရန်အတွက...
https://www.moi.gov.mm/article/78879
ထို့ကြောင့် . . . ဤသို့ဆန္ဒမဲပေးကြသည်
မောင်ကမ္ဘာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ၏ စိတ်အား ထက်သန်စွာ အားတက်သရောမဲပေးမှုနှင့်အတူ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းများလည်း ပေါ်ထွက်လာပြီဖြစ်သည်။ ပြီးခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) ...
https://www.moi.gov.mm/article/44098
ပညာအခြေခံ ခိုင်မာသောနိုင်ငံရေးအဆောက်အဦသစ်ဆီသို့ . . .
မိုးကေနိုင် ၁-၉-၂၀၂၃ ရက်​နေ့က ကျင်းပခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအ‌ဝေး ( ၃/၂၀၂၃) သည် အခြေအနေအချိန်အခါအရ များစွာလေးနက်မှုရှိခဲ့သည်ဟု ယူဆပါသည်။ ယင်းအစည်းအဝေးတွင် တက်ရောက်အမှာစကားပြောကြားခဲ့သောနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ အမှာစကားကို လေ့လာဆန်းစစ်ကြည့်ခြင်းဖြင့် နိုင်င...
https://www.moi.gov.mm/article/18614
ဥတုရာသီ နေရာဒေသချိန်ခါမရွေး ရေကို ချွေတာဖို့လိုသည်
မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် စားနပ်ရိက္ခာရရှိနိုင်ခြေ နည်းပါးလာခြင်းတို့၏ အရင်းခံမှာ ရေအရင်းအမြစ်ပင်ဖြစ်သည်။ ကမ္ဘာ့လူဦးရေ တိုးပွားနေခြင်း၊ လူမှုဘဝဖွံ့ဖြိုးလာခြင်းကြောင့် ရေသုံးစွဲမှု ပိုမိုများပြားလာခြင်း၊ စီမံခန့်ခွဲမှုအားနည်းသော နိုင်ငံများတွင် ရေပြုန်းတီးမှုများပြားလာခြင်း၊ ရေကို လိုအပ်သည်ထက် သုံးစွဲ...
https://www.moi.gov.mm/article/30917
မြန်မာအက၊ မြန်မာဂီတ
ကိုဇော်ဌေး(ယဉ်ကျေးမှု) (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်၌ မကြာမတင်အချိန်တွင် ကျင်းပတော့မည်ဖြစ်သည်။ မြန်မာအက မြန်မာဂီတတို့ကို နှစ်သက်ကြည်နူးဖွယ် ပြိုင်ပွဲအရောက် တောက်လျှောက် အားပေးနိုင်တော့မည်ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှု အနုပညာသည် မြန်မာ့သမိုင်း၊ ...
https://www.moi.gov.mm/article/17772
ပညာအလင်းနဲ့ ရွက်လွှင့်ကြပါစို့ရဲ့ လူငယ်မျိုးဆက်သစ်တို့
သဘာဝတရားကြီးရဲ့ တန်ဖိုးရှိလှတဲ့ လက်ဆောင်တစ်ခုအဖြစ် တင်စားခြင်းခံရတဲ့ ယနေ့ခေတ် လူငယ်တွေဟာ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ခွန်အားတစ်ရပ်အဖြစ်လည်း ဆိုချင်ပါတယ်။ ဖွံ့ဖြိုး တိုးတက်ဖို့ ပြုပြင်ပြောင်းလဲမှုတိုင်းမှာ လူငယ်တွေဟာ အရေးပါလို့ပါ။ နိုင်ငံတစ်ခုရဲ့ အနာဂတ် မျက်နှာစာကို အလင်းဆောင်နေတဲ့သူတွေလို့ သတ်မှတ်မယ်ဆိုရင်လည်း မမှားဘူးပေါ့။ ...
https://www.moi.gov.mm/article/75391
သမိုင်းအလှည့်အပြောင်းနှင့်အတူ လက်တွဲမိကြပြီ ကမ္ဘာတောင်ဘက်ခြမ်း
မြင့်မြတ် နိုင်ငံတိုင်းဟာ ကိုယ့်အမျိုးသားအကျိုးစီးပွားကသာ ပထမ၊ ဦးစားပေးရမယ့် အရေးဖြစ်တဲ့အတွက်ကြောင့် မိမိအကျိုးစီးပွားထိပါးခံရတဲ့အခါ အကျိုးစီးပွားတူရာချင်းပေါင်းစည်းမိတဲ့ သဘောရှိပါတယ်။ ထာဝရမိတ်ဆွေ ထာဝရရန်သူဟူသည်မရှိ၊ ထာဝရအကျိုးစီးပွားသာလျှင်ရှိတယ်၊ ရန်သူရဲ့ရန်သူဟာ မိတ်ဆွေဖြစ်တယ်ဆိုတဲ့ သဘောတရားတွေက တစ်ဖက်သတ် စိုးမိုးအနိ...
https://www.moi.gov.mm/article/71904
ရေနံကဲ့သို့ အလေးထားရတော့မည့် “ရေ”
ရွှေသင်(MPP) သောက်သုံးရေရှားပါးမှု၊ ရေနံဈေးနှုန်းများ မြင့်တက်မှုများနှင့်ပတ်သက်၍ သတင်းများကို မကြာခဏကြားလာရ သောအခါ အနာဂတ်ကာလများတွင် “ရေ” သည်လည်း လူသားတို့ စိုးရိမ်ပူပန်ရသည့် အရေးကြီးကုန်စည် သို့မဟုတ် ရှားပါးအရင်းအမြစ် ဖြစ်လာတော့မည်၊ ရေရှားပါးမှု အခက်အခဲများ ကျယ်ပြန့် လာတော့မည်ဟု ကြိုတင်တွေးပူနေကြလိမ့်မည်။ ကမ္ဘာ့လူသား...
https://www.moi.gov.mm/article/6835
အင်းအမျိုးသားအဖွဲ့ချုပ်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
နေပြည်တော် အောက်တိုဘာ ၇ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ လူငယ်ရေးရာကော်မတီဝင် ဦးမျိုးမင်းထွန်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၇ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင် သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။ အဆိုပါဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် - မင်္ဂလာပါခင်ဗျာ မြန်မာပ...
https://www.moi.gov.mm/article/18312
အတွဲလိုက်လှမ်းကြရမည့် ခြေလှမ်းအစ (သို့မဟုတ်) နိုင်ငံတကာအရည်အသွေးမီ ချင်းနု (ဂျင်းနု) ထုတ်ကုန်သစ်များ ထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေး
မမပစ်တိုင်းထောင် (SME) ကိုဗစ်-၁၉ ရောဂါမြန်မာနိုင်ငံတွင် ပျံ့နှံ့လာပြီးနောက် ချင်း (ဂျင်း) စားသုံးမှုမြင့်မားလာသည်ကို သတိပြုမိပါသည်။ ယခင်က ချင်းကို နေ့စဉ်ဟင်းချက်ရာတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်းကောင်း၊ ချင်းသုပ်အဖြစ် လည်းကောင်း၊ ချင်းဆီးပြားပြုလုပ်၍လည်းကောင်း စားသုံးလေ့ရှိရာမှ ယခုအခါ ဖျားနာခြင်းမှ ကာကွယ်ရန် အတွက် ချ...
https://www.moi.gov.mm/article/75944
PDF ဂိမ်း‌ထောင်ချောက်တွင် ကိုယ့်ကိုယ်ကိုယ် မနှစ်မိပါ‌စေနှင့် …
စွမ်းပြည့် ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များက IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူမ...
https://www.moi.gov.mm/article/34535
နိုင်ငံ့စီးပွား စိုက်ပျိုးမွေးမြူရေးစွမ်းပကား
ထက်ဝေအောင်(စစ်ကိုင်း) နိုင်ငံတော်သည် စီးပွားရေးမူဝါဒများ ခိုင်မာစွာချမှတ်လျက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာထုတ်လုပ်ရေး၊ ကုန်ထုတ်စွမ်းအား များမြင့်မားလာစေရေး၊ တောင်သူများ ဝင်ငွေ တိုးတက်ရရှိစေရေး၊ ဘေးကင်းလုံခြုံ၍အာဟာရ ပြည့်ဝသည့် စားနပ်ရိက္ခာများထုတ်လုပ်ရေးကို နည်းလမ်းပေါင်းစုံဖြင့် ဥပဒေ၊ နည်းဥပဒေ အက...
https://www.moi.gov.mm/article/20338
နိုင်ငံ့ဝန်ထမ်း ထမင်းစားသစ္စာ
စာရေးသူဖေဖေရဲ့ စံနမူနာ၊ အတုယူစရာကောင်းတဲ့ အချက်တစ်ခုကို မျှဝေပါရစေ။ ထမင်းစားပွဲမှာ သူ့ပန်းကန်ထဲက ထမင်းအနည်းငယ်ကို လက်နဲ့ဆုပ်ပန်းကန်ထိပ်မှာ တင်ထားပြီးမှ အမြဲစားပါတယ်။ ရတနာသုံးပါးနဲ့ကျေးဇူးရှင်တွေကို ဦးချပြီးမှစားပါတယ်။ ကျေးဇူးတရားတွေကို အောက်မေ့ပြီး ဂါရဝပြုတဲ့အနေနဲ့ပါ။ စာရေးသူလည်း လုပ်ငန်းခွင်ကိုဝင်ရောက်ပြီး နိုင်ငံ့ဝန်...
https://www.moi.gov.mm/article/14617
ကိုယ့်ကိုယ်ကိုယ် အထင်သေး အမြင်သေးရှိခြင်း၏ ပြယုဂ်များ
ခင်မောင်ညို (ဘောဂဗေဒ) ကိုယ့်ကိုယ်ကိုယ် အထင်သေးအမြင်သေးရှိသူများသည် အလွန်ဝေဖန် တတ်၊ မနာလိုတတ်သည့်သဘောရှိသည်။ အခြားသူများ၏ အောင်မြင် မှုများနှင့်ပတ်သက်၍ မကျေနပ်၊ မိမိ၏မိတ်ဆွေများကိုပင်လျှင်မနာလို၊ ဇနီးများ၊ ခင်ပွန်းသည်များ၊ အမျိုးသား၊ အမျိုးသမီးမိတ်ဆွေများ စသည်တို့ကြောင့်မဟုတ်ဘဲ အကြောင်းမဲ့ မနာလိုဝန်တို ဖြစ်နေ တတ်သည်။ သူ...
https://www.moi.gov.mm/article/69828
လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စင်တာများ ဖွင့်လှစ်ပေး
မောင်လူအေး(ရေစကြို) ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်ရာ လူငယ်များကို ပြုစုပျိုးထောင်ပေးခြင်းသည် အနာဂတ်နိုင်ငံတော်ကို ဖန်တီးပုံဖော်နေခြင်းပင်ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံအများစုတွင် လူငယ်များ ပညာရည်မြင့်မားရေး၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရေး၊ မျိုးချစ်စိတ်ဓာတ်...
https://www.moi.gov.mm/article/65104
လူငယ်တွေကို အန္တရာယ်ထဲတွန်းပို့နေတဲ့ ဂိမ်းတွေကို . . . သတိပြု
ကိုပေါက် ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။ တစ်ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်တွေအပြင် အကောင်းဆုံး အက်ပလီကေးရှင်းတွေ၊ ဂိမ်းတွ...
https://www.moi.gov.mm/article/57077
အရှေ့တောင်အာရှနိုင်ငံများတွင် တွေ့ရသော ကျွဲ၊ နွား ခွာနာလျှာနာရောဂါနှင့် ရောဂါထိန်းချုပ်ရေး ဆောင်ရွက်မှုများ
ဒေါက်တာခင်ဥမ္မာလွင် (တိရစ္ဆာန်ဆေးကုဆရာဝန်) ခွာနာလျှာနာရောဂါ ဗိုင်းရပ်စ်ပိုးမျိုးကွဲများနှင့် ဖြစ်ပွားခဲ့မှု ခွာနာလျှာနာရောဂါသည် အရှေ့တောင်အာရှနိုင်ငံများ၌ ခွာကွဲတိရစ္ဆာန်များတွင် လျင်မြန်စွာ ကူးစက်စေတတ်သည့် အဓိကကျသော ရောဂါတစ်ခုဖြစ်သည်။ တိရစ္ဆာန်နှင့် တိရစ္ဆာန်ပစ္စည်းများ ကုန်သွယ်မှု၌ ရောဂါကင်းစင်မှုသည် အရေးပါသည့်ရောဂါဖ...
https://www.moi.gov.mm/article/33602
အခြေခံရွေးကောက်ပွဲစနစ်များအား လေ့လာခြင်း
မဲဆန္ဒရှင်တစ်ဦးဒီမိုကရေစီ ရွေးကောက်ပွဲဆိုသည်မှာ အခြေခံအားဖြင့် ဒီမိုကရေစီရွေးကောက်ပွဲဆိုသည်မှာ အထွေထွေရွေးကောက်ပွဲတစ်ခုတွင် ဝင်ရောက် ယှဉ်ပြိုင်ကြသောပါတီများနှင့် ကိုယ်စားလှယ်လောင်း အသီးသီးအတွက်မဲဆန္ဒရှင်ပြည် သူလူထု၏ ထောက်ခံဆန္ဒမဲများကိုသက်ဆိုင်ရာလွှတ်တော် အသီးသီး၏ ကိုယ်စားလှယ် နေရာများအဖြစ်သို့ ပြောင်းလဲပေးလိုက် ခြင်းဖ...
https://www.moi.gov.mm/article/19496
ရွေးကောက်ပွဲများအပေါ်မှ လှမ်းမျှော်၍ ဒီမိုကရေစီအနှစ်သာရ ရှာဖွေခြင်း
ယမန်နေ့မှအဆက် နိုင်ငံတစ်နိုင်ငံသည် ပြည်သူလူထု လိုအပ်သော အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများကို ဖြည့်စွမ်းပေးခြင်း၊ အင်အားသုံးမှု အနည်းဆုံးထား ဆောင်ရွက်ခြင်းတို့ဖြင့် နိုင်ငံ၏ လူမှု နေသားတကျ ရှိမှုကို ဖန်တီး တည်ဆောက် ထိန်းသိမ်းရသည်။ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများ ဟူသည်မှာ ပြည်သူလူထု၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေ...
https://www.moi.gov.mm/article/82793
ကျန်းမာသောလူသားအရင်းအမြစ်မှသည် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ . . .
ဒေါက်တာဇေယျာဝင်း ကမ္ဘာပေါ်ရှိ နိုင်ငံများ၏ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာတွင် ယခင်က စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းများကိုသာ အဓိကထားခဲ့ကြသော်လည်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က လူသားဖွံ့ဖြိုးမှုညွှန်းကိန်း (Human Development Index - HDI)ကို စတင်မိတ်ဆက်ခဲ့သည့် နောက်ပိုင်းတွင် လူသားတို့၏ အရည်အသွေးသည်သာ ဖွံ့ဖြိုးမှု၏...
https://www.moi.gov.mm/article/9269
ကျန်းမာရေးနဲ့ဆိုင်တဲ့ စံသတ်မှတ်ချက်တွေ လိုက်နာတဲ့နေရာမှာ သက်ဆိုင်ရာဒေသအစိုးရတွေ၊ ပုဂ္ဂလိက အဖွဲ့အစည်း တွေအားလုံး ပူးပေါင်းပါဝင်ပြီး ဆောင်ရွက်ရမယ့် အခြေအနေပါ
ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်တွင်းလေကြောင်းလိုင်းများ ပြေးဆွဲမှု ရပ်နားထားခဲ့ရာမှ ဒီဇင်ဘာ ၁၆ ရက်မှစတင်ကာ လေကြောင်း လိုင်းများ ပြန်လည်ပြေးဆွဲနေပြီဖြစ်သည်။ ပြည်တွင်းလေကြောင်း လိုင်းများ ပြန်လည်ပြေးဆွဲရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေးအတွက် လေဆိပ်နှင့်လေယာဉ်ပေါ်တွင် တာဝန် ထမ်းဆောင်ကြမည့် ဝန်ထမ်းများ၊ လေယာဉ်စီးနင်းလိ...
https://www.moi.gov.mm/article/23376
တပ်မတော်ကို အင်အားတောင့်တင်းခိုင်မာအောင် မပြတ်ပြုစုပျိုးထောင်
ယနေ့ပြန်လည်ဆန်းသစ်၍ ခေတ်စားလျက်ရှိသော တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ဆိုသည့်သီချင်းမှာ အမျိုးသားခေါင်းဆောင်ကြီး တပ်မတော်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် စာသားများရေးသားပြီး ဆရာဦးရွှေ တိုင်ညွန့်အား သံစဉ်သွင်း၍ သီကုံးရေးစပ်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်ကြီးကို အင်အားတောင့်တင်း ခိုင်မာအော...
https://www.moi.gov.mm/article/81507
ရွှေရောင်အိပ်မက်များနောက်ကွယ်က အွန်လိုင်းလိမ်လည်မှုလုပ်ငန်း၏ လူကုန်ကူးမှုကျော့ကွင်း
(ကမ္ဘောဒီးယားရောက် မြန်မာလူငယ်တို့၏ သင်ခန်းစာ) ယနေ့ခေတ်ကာလတွင် စီးပွားရေးအကျပ်အတည်းနှင့် အလုပ်အကိုင်ရှားပါးမှုများကို အခွင့်ကောင်းယူကာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် အဓမ္မခိုင်းစေရန်အတွက် ပုံစံအမျိုးမျိုးဖြင့် လိမ်လည်သွေးဆောင်ခေါ်ယူနေမှုများသည် အိမ်နီးချင်းနိုင်ငံများတွင် မှိုလိုပေါများလာလျက်ရှိပါသည်။ အထူးသဖြင့် ...
https://www.moi.gov.mm/article/78448
နိုင်ငံတကာ “ကျွမ်းကျင်သူ” ဆိုတဲ့သူတွေ မြန်မာ့အကြောင်း ဘယ်လိုထပ်ပြီး အကဲဖြတ်လွဲနေကြပြန်ပြီလဲ
မောင်ဒဲ့ဒိုး ကဲ... ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးက ဒီဇင်ဘာလ ၂၈ ရက်​နေ့မှာ စတော့မယ်ဆိုတော့ နိုင်ငံတကာ မီဒီယာကြီးတွေလည်း အလုပ်ရှုပ်လာကြပြီလေ။ မကြာသေးခင်က ထွက်လာတဲ့ Reuters သတင်းတစ်ပုဒ်ကိုပဲကြည့်လိုက်၊ ခေါင်းစဉ်က “မြန်မာစစ်ကောင်စီစစ်တလင်းကနေ မဲပုံးဆီ အပြောင်းအလဲ၊ အောင်မြင်နိုင်ခြ...
https://www.moi.gov.mm/article/29608
ပြည်ထောင်စုအတွက် ထာဝစဉ်
မြင့်စိုး(နတလ) ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ဒို့မြန်မာနိုင်ငံ တစ်ဝန်းလုံးက x x x တိုင်းရင်းသားလူငယ်အချင်းချင်း x x x ရင်းနှီးချစ်ကြည် နယ်စပ်ဒေသ x x x တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများသည် x x x လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးကို x x x ရည်ရွယ်သည် တိုင်းရင်းသား ဒို့လူငယ်များ x x x မျိုးချစ်စိတ် ရ...
https://www.moi.gov.mm/article/15058
မြန်မာ့ပညာရေးစာပေ (၁၀)
“ဆယ့်နှစ်ရာသီပွဲတော်တွေ ရှိတယ်မဟုတ် လား။ တန်ခူးလသင်္ကြန်ပွဲကစပြီး တပေါင်းလ သဲပုံစေတီပွဲအထိလေ”“သမီးသိပါတယ် ဘဘ”“အဲဒီလိုဆိုရင် နယုန်လမှာ ကျင်းပတဲ့ပွဲက ဘာပွဲလဲ ပြောပြပါအုံး” “ဟုတ်ကဲ့။ နယုန်လမှာ စာပြန်ပွဲကျင်းပပါတယ် ဘ ” “ဟုတ်တယ်။ စာပြန်ပွဲဆိုတာ စာသင်သား ရဟန်းတွေ၊ သာမဏေတွေ၊ စာသင်သားလူငယ် တွေက သင်ယူထားတဲ့ ပိဋကတ်စာပေတွေကို ပြန...
https://www.moi.gov.mm/article/398
သာစွဌာနီ ကန္ဒရဝတီ
ဆန်းနွေဦး ကယားပြည်နယ်၌ ကယားတိုင်းရင်းသား ကိုးမျိုးတို့အပြင် ဗမာ၊ ရှမ်း၊ ကရင်၊ ပအိုဝ်း၊ အင်းသား စသည့်တိုင်းရင်းသားများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လျက်ရှိသည်။ ဇန်နဝါရီ ၁၅ ရက်ကို ကယားပြည်နယ်နေ့အဖြစ် သတ်မှတ်၍ တိုင်းရင်းသားများ ရင်းနှီးချစ်ကြည်စွာဖြင့် အခမ်းအနားကို နှစ်စဉ်ကျင်းပ လာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၆၈)နှစ် ပြည...
https://www.moi.gov.mm/article/61082
ညီညွတ်မှု မျိုးချစ်စိတ် ပညာဉာဏ်ဖြင့် အဆိုးထဲက အကောင်းကိုရှာ
မြင့်မြတ် ယခုရက်သတ္တပတ်တွေအတွင်း မြန်မာနိုင်ငံရဲ့ အရှေ့၊ အနောက်အိမ်နီးချင်းနှစ်နိုင်ငံက ဝန်ကြီးချုပ်တွေ နုတ်ထွက်ခဲ့ရတဲ့ဖြစ်စဉ်တွေနဲ့တကွ မြန်ဆန်တဲ့အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။ အနောက်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝန်ကြီးချုပ်ရှိတ်ဟာဆီနာတစ်ယောက် ပြင်းထန်တဲ့လူထုအုံကြွမှုဒဏ်မခံနိုင်ဘဲ ပြည်ပသို့ထွက်ပြေးခဲ့ရအပြီး မကြာခင်မှာပဲ ထိ...
https://www.moi.gov.mm/article/66741
အရေအတွက်မှသည် အရည်အသွေးရှိသော လူ့စွမ်းအားအရင်းအမြစ်ဆီသို့ …
မိုးကေနိုင် နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ခုရဲ့ တိုးတက်မှုဖွံ့ဖြိုးမှုဟာ ထိုနိုင်ငံ ထိုလူ့အဖွဲ့အစည်းရဲ့ အရင်းအမြစ်အင်အားနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ဒီအချက်ကို အားလုံးက သိပြီးဖြစ်လို့ အငြင်းပွားစရာမရှိပါ။ ဒါပေမယ့် အရင်းအမြစ်ဆိုတဲ့အရာမှာ လူ (men)၊ ပစ္စည်း (material)၊ ငွေ (money)၊ စိတ်ဓာတ် (mind) နဲ့ စီမံခန...
https://www.moi.gov.mm/article/49875
လဲလျှင်ပြန်ထူ ပြန်ထ ဒါမှရပ်တည်နိုင်မှာ စသည့် အတွေးများနှင့်အတူ လွတ်လပ်ရေးအထူးနှင့် နှစ်ဦးမှာ …
မိုးကေနိုင် ၂၀၂၃-၂၀၂၄ နှစ်ဦးကာလနှင့်အတူ (၇၆) နှစ်ထဲ စွန်းခဲ့ပြီဖြစ်တဲ့ လွတ်လပ်ရေးအခါသမယမှာ ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းအနေနဲ့ရော၊ အဖွဲ့အစည်းအလိုက် နိုင်ငံတစ်နိုင်ငံအနေနဲ့ရော စိတ်ရောကိုယ်ပါ လွတ်လပ်ကြပါရဲ့လား။ နှစ်ဟောင်းနဲ့ နှစ်ဦးအကူးအပြောင်းမှာ အလှုပ်အယမ်းက အရမ်းကြမ်းလွန်း နေဆဲ၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးဘက်စု...
https://www.moi.gov.mm/article/43951
ရွှင်လန်းဝမ်းမြောက် သဒ္ဓါပေါက်ရမယ့်အလှူ …..
မေ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူစကျင် ဗုဒ္ဓရုပ်ပွားတော် မာရဝိဇယဘုရားကြီးဆီ တစ်ခေါက်တစ်ခါဖူးမြော်ဖို့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးပရိသတ်တွေ နေ့စဉ်နဲ့အမျှ စည်စည်ကားကား လာရောက်လျက်ရှိသလို ဗုဒ္ဓဥယျာဉ်တော်ကြီး စိမ်းလန်းစိုပြည်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း အရှိန်အဟုန်နဲ့ ဆက်လက်လုပ်ဆောင်လျက်ရှိတာကို တွေ့ခဲ့ရပါတယ်။ ဖူးမြော်ခ...
https://www.moi.gov.mm/article/75729
ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲ
ဦးရွှေဦး လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးဆိုသည်မှာ ရွေးကောက်ပွဲများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှန်မှန်ကန်ကန်ဆောင်ရွက်ခြင်းနှင့် လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်သည့် နိုင်ငံသားတိုင်း ဥပဒေနှင့်အညီ မဲပေးပိုင်ခွင့်ရှိစေရေး၊ မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး၊ ...
https://www.moi.gov.mm/article/80162
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အရေးပါသော မြန်မာ့ဝါးသစ်တော
တင်ထက်ထက်ဇော် မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယနိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် ဝါးပေါက်ရောက်မှု တတိယအများဆုံးနိုင်ငံဖြစ်သည်။ သစ်တောဦးစီးဌာန၏ မှတ်တမ်းများအရ ကမ္ဘာပေါ်တွင် ဝါးမျိုးစု ၇၅ မျိုး၊ ဝါးမျိုးစိတ် ၁၂၅၀ ခန့်ရှိသည့်အနက် မြန်မာနိုင်ငံတွင် ဝါးမျိုးစုနှစ်မျိုးနှင့် ဝါးမျိုးစိတ် ၁၀၂ မျိုးခန့် အလေ့ကျပေါက်ရောက် ရှင်သန်...
https://www.moi.gov.mm/article/48924
လိုနေသူကို မျှဝေပေးပါ
ကိုရင်မောင် ယခုတစ်လော လမ်းမတွေပေါ်မှာ လှုပ်လှုပ်ရှားရှားတစ်မျိုး၊ တိုးတိုးကျယ်ကျယ်တစ်ဖုံ ဖြစ်နေကြတာတွေကို တွေ့နေရပါတယ်။ “ကုန်ပြီ၊ရသေးတယ်၊ မရှိတော့ဘူး၊ ရတော့ရတယ် လိုသလောက်မရဘူး” စတဲ့ စတဲ့ စက်သုံးဆီနဲ့ပတ်သက်တဲ့ အခက်အခဲဖြစ်နေတဲ့ သတင်းစကားတွေကို ဟိုနေရာ၊ ဒီနေရာစုံနေအောင် ပြောဆိုနေကြတာကို ကြားနေရပါတယ်။ ရန်ကုန်မြို့တွင်းက စက...
https://www.moi.gov.mm/article/16364
သာသနာ့အန္တရာယ် မြန်မာမှန်လျှင် တားဆီးကာကွယ်
မြတ်ဗုဒ္ဓ၏ သာသနာနှစ် ၂၅၆၅ နှစ်ကျော် ခရီးရှည် ကြီးကို ပြန်ပြောင်း လေ့လာကြည့်ပါလျှင် “ခေါက်ရှာ ငှက်ပျံ၊ ခင်ပုပ်ပျံနှင့်၊ ဘုတ်ပျံရှူးပျံ၊ လောကဓံဟု၊ ထုံးစံတရား၊ ဤရှစ်ပါးကား၊ ပိုင်းခြားလူမှာ၊ မမြဲစွာတည့်”ဟူသော မန်လည်ဆရာတော်ဘုရားကြီး၏ လင်္ကာဆောင်ပုဒ် အတိုင်းပင် မြင့်ချည်တစ်ခါ၊ နိမ့်ချည်တစ်လှည့်ဖြင့် အလှည့်အပြောင်းအတက် အကျမျာ...
https://www.moi.gov.mm/article/24064
တိုးချဲ့ စိုက်ပျိုး၊ ထုတ်လုပ်၊ စားသုံးသင့်သော ဝဥနှင့် နိုင်ငံတကာဈေးကွက်အလားအလာ
ဒေါက်တာထွေးမင်းသန့် ဝဥ၏ မူရင်းဒေသသည် အရှေ့တောင်အာရှဖြစ်ပြီး အပူပိုင်းအာရှနှင့် အာဖရိကဒေသများတွင် သဘာဝ အလျောက် ပေါက်ရောက်သည်။ အဆိုပါ ဝဥသည် မျိုးရင်း Araceae ၊ မျိုးစုသည် Amorphophallus ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Amorphophallus companulatus ဖြစ်သည်။ အင်္ဂလိပ်အမည်မှာ Elephant Foot Yam(or)White Yam(or) Telingo ဟု ခေါ်သည်။ ကမ...
https://www.moi.gov.mm/article/13948
ပတ်ဝန်းကျင် ရေရှည်တည်တံ့ကောင်းမွန်ဖို့ ဂေဟစနစ်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းကြပါစို့
ဒေါက်တာတင်မာသိန်း ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံ ၁၉၅၀ ပြည့်လွန်နှစ်များမှစ၍ လူသား များသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖြစ်ပေါ် လာခြင်း၊ မြေထု၊ ရေထု၊ လေထုများ ညစ်ညမ်း လာခြင်း၊ ကမ္ဘာ့အိုဇုန်းလွှာ ယိုယွင်းပျက်စီးလာခြင်း၊ သဘာဝသယံဇာတ၊ ဇီဝမျိုးစုံ မျိုးကွဲ များနှင့် ဂေဟ စနစ်ယိုယွင်းပျက်စီးလာခြင်း စသည့်အန္တရာယ်များ...
https://www.moi.gov.mm/article/17542
ဘာသာရေးကို နိုင်ငံရေးလက်နက်အဖြစ် အသုံးမချပါနဲ့
တစ်နေ့က တာမွေဈေးပေါက်ဝတွင် လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး တစ်ကိုယ်တည်း ဟောပြောနေသည်ကို တွေ့ခဲ့ရသည်။ ရုပ်အသွင်က တိုင်းရင်းသူ သွင်ပြင် လက္ခဏာ။ လူ့သဘာဝ အရ နားစွင့်ကြည့်မိတော့ သူဟောပြောနေ သည့် အကြောင်းအရာ က ခရစ်ယာန် ဘာသာရေး တရားတော်များ။ စိတ်အလျဉ်က ရန်ကုန်ဘူတာကြီး စင်္ကြခုံးကျော်တံတားပေါ်တွင် အမြဲ မြင်တွေ့နေကျ ခရစ် ယာန်ဘ...
https://www.moi.gov.mm/article/67275
စိုက်ပျိုးရေးကဏ္ဍတွင် ဒစ်ဂျစ်တယ်နည်းပညာသုံးစွဲနေသည့် ကမ္ဘာ့နိုင်ငံများ
စိုးသူရ ကမ္ဘာပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်းများကို နိုင်ငံအများအပြားတွင် အဆင့်မြှင့်တင်အကောင်အထည်ဖော်ဆောင်ရွက်နေကြသည်။ သမားရိုးကျ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းများကိုသာမက ဒစ်ဂျစ်တယ်နည်းပညာသုံး စိုက်ပျိုးရေးနည်းလမ်းများကိုပါ ကမ္ဘာ့နိုင်ငံများတွင် ဆောင်ရွက်လာကြသည်။ စိုက်ပျိုးရေးကဏ္ဍတွင် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုန...
https://www.moi.gov.mm/article/36051
မြန်မာ့လယ်ယာခေတ်ကောင်းသို့ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်
ထက်ဝေအောင်(စစ်ကိုင်း) မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံထားသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဆန်၊ ပဲ၊ ပြောင်း၊ ဝါ၊ဆီထွက်သီးနှံအထွက်နှုန်းများဖွံ့ဖြိုးတိုးတက်ရေး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက် လျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးသာမက မွေးမြူရေးလုပ်ငန်းများလည်း အင်တိုက်အားတိုက်ဆော...
https://www.moi.gov.mm/article/31828
မြန်မာ့ဆန်စပါးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရမှ ဆောင်ရွက်ပေးမှုများ
မောင်စားသုံး ကျွန်တော်တို့၏ ဘိုးဘွားများက ပြောကြားခဲ့ဖူးသည့် ဆိုရိုးစကားလေးကို သတိတရဖြစ်မိသည်။ “ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ” တဲ့။ အရင်တုန်းက မြန်မာပြည်တွင် ဤမျှအထိ စပါးများပေါများစွာ ထုတ်လုပ်ထွက်ရှိခဲ့သည့်သဘော ဖြစ်သည်။ ထို့ကြောင့်ပင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ချုပ်၏ တာဝန်ရှိသူတစ်ဦးက “အရှေ့တောင်အာရှ၏ စပါး...
https://www.moi.gov.mm/article/9840
ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ချိုးဖောက်ခြင်းဆိုင်ရာ တရားမကြောင်း စွဲဆိုမှုများ
ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကို ၃၀-၁-၂၀၁၉  ရက်နေ့တွင်  ပြဋ္ဌာန်း ခဲ့သည်။ ယင်းဥပဒေပုဒ်မ ၃၄ တွင် မှတ်ပုံတင်ထားသော ကုန်အမှတ် တံဆိပ်၏ မှတ်ပုံတင်သက်တမ်းနှင့် မှတ်ပုံတင် သက်တမ်းတိုးနိုင်ခြင်းကို ဖော်ပြသည်။ ယင်းဥပဒေပုဒ်မ ၁(ခ)အရ နိုင်ငံတော်သမ္မတက အမိန့် ကြော်ငြာ စာဖြင့် သတ်မှတ်သည့် နေ့ရက်တွ...
https://www.moi.gov.mm/article/1600
မြန်မာ (၄.၀) - စတုတ္ထစက်မှုတော်လှန်ရေးနှင့် အနာဂတ်မြန်မာနိုင်ငံတော်
မြန်မာ (၄.၀) ဆိုသည်မှာ စတုတ္ထစက်မှုတော်လှန်ရေးကို ရည်မှန်းသော အနာဂတ်မြန်မာနိုင်ငံတော်ကို ဆိုလိုခြင်း ဖြစ်ပါသည်။ အာဆီယံ (၄.၀) သို့ ဦးတည်သော မြန်မာနိုင်ငံဟုလည်း ဆိုနိုင်ပါသည်။ ၁၇၆ဝ ပြည့်နှစ်နောက်ပိုင်းတွင် စက်ယန္တရားများကို (Mechanization) အခြေခံသည့် ပထမစက်မှုတော်လှန်ရေး စတင်ပေါ်ပေါက်လာခဲ့ပါသည်။ ၁၈ ရာစုတစ်လျှောက်တွင် ရေန...
https://www.moi.gov.mm/article/37092
အခွင့်အလမ်းများပွင့်ကြဖို့ အသက်မွေးဝမ်းကျောင်းသင် အထက်တန်းကျောင်းများတက်ကြစို့
ညွန့်ဝင်း (နတ်တလင်း) ယခုနှစ်ပညာသင်နှစ်အကုန်တွင် အခြေခံ ပညာရေးကျောင်းများသို့ ဝမ်းမြောက်ဖွယ်အသိပေး အကြောင်းကြားစာများရောက်ရှိလာသည်။ ၎င်းမှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရစက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူ ရေးပညာရပ်များပါသင်ယူနိုင်မည့် အထက်တန်းကျောင်းများဖွင့်လှစ်မည့်အကြောင်း အသိပေး ဖြန့်ဝေလာခ...
https://www.moi.gov.mm/article/32573
ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်ကြစေဖို့ ကိုယ်လက်လှုပ်ရှားကစားစို့
ကိုငြိမ်းငယ်(ကျွန်းဒေါင့်) လူ့ဘဝတွင် အသက်ရှင်သန် နေထိုင်ရစဉ်အတွင်း ကျန်းမာစွာနေထိုင်ရခြင်း၏တန်ဖိုးသည် အလွန်ကြီးမားလှပါသည်။ လူသားတို့သည် အများအားဖြင့် ကျန်းမာခြင်း၏တန်ဖိုးကို နေထိုင်မကောင်းဖြစ်ချိန်၊ ရောဂါဘယထူပြောလာချိန်မှသာ သိရှိလာတတ်ပါသည်။ ကျန်းမာခြင်း၏တန်ဖိုးရှိမှုအပေါ် အမှတ်တမဲ့ ထားလေ့ရှိကာ သတိမမူကြဘဲ ဖျားနာပြီး ရော...
https://www.moi.gov.mm/article/70765
သမိုင်း၏ အမှန်တရားဘက်နှင့် တရားမျှတသောဘက်တွင် ရပ်တည်ခြင်း
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing ၂၀၂၅ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသည် “အပြန်အလှန်အခွန်ကောက်ခြင်း” (Reciprocal tariff)ကို ထုတ်ပြန်ခဲ့ပြီး တရုတ်နိုင်ငံအပါအဝင် ကမ္ဘာ့ကုန်သွယ်ဖက်နိုင်ငံများအပေါ် မတူညီသော အချိုးအစားဖြင့် အကောက်ခွန်များ သတ်မှတ်ခဲ့သည့်အပြင် “မတ်လ ၂၈ ရက်နေ့” မန္တလေးင...
https://www.moi.gov.mm/article/14440
မူးယစ်ဆေးဝါးပြဿနာနှင့် ပရီကာဆာ ဓာတုပစ္စည်းများအန္တရာယ်
ကိုကိုချွန်(မော်လမြိုင်) မူးယစ်ဆေးဝါးပြဿနာကို မြန်မာနိုင်ငံတစ်ခုတည်းတွင်သာ ကြုံတွေ့နေရသည်မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအများစုလည်း ကြုံတွေ့နေရသည်။ မူးယစ်ဆေးဝါးထုတ်လုပ်မှု ပြဿနာသည် နယ်မြေအေးချမ်းမှု မရှိသော၊ တရားဥပဒေစိုးမိုးမှု အားနည်းသော၊ သွားလာရခက်ခဲသော၊ လုံခြုံမှု အားနည်းသော ဒေသများတွင် အများဆုံးဖြစ်ပေါ်နေပြီး ဖွံ့ဖြိုးပြီးနိ...