Dataset Viewer
Auto-converted to Parquet Duplicate
text
stringlengths
20
530
source
stringclasses
59 values
ဗုဒ္ဓနဲ့ ခေတ်ပြိုင် ပေါ်ထွန်းခဲ့တဲ့ ဂရိနိုင်ငံ လေစ်ဘို့စ်ကျွန်းက အမျိုးသမီးစာဆို ဆက်ဖိုရဲ့ လဲရစ်ကဗျာတွေကို အနှစ် ၂၅ဝဝ ကျော်တဲ့ ခုခေတ်အထိ ကမ္ဘာတလွှားမှာ ဖတ်ရှုနေကြပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ဂျပန်နိုင်ငံမှာ ခရစ်နှစ် ၁ဝဝဝ လောက်က ထွက်ပေါ်ခဲ့တဲ့ လေဒီ မူရာဆာကီရဲ့ ဂန်ဂျီပုံပြင် တွေကိုလည်း ဂန္ထဝင်စာပေတခု အဖြစ် လက်ခံထားကြပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ဗြိတိန်မှာတော့ အနှစ် ၂ဝဝ က စာရေးဆရာမ ဂျိန်းအော်စတင်ရဲ့ ဝတ္ထုတွေကို စွဲစွဲလမ်းလမ်းဖတ်သူတွေ ရှိနေသေးသလို သူ့ရုပ်ပုံနဲ့ ဂုဏ်ပြုပြီး ငွေစက္ကူ ထုတ်ထားပါတယ်။
https://www.bbc.com/burmese/in-depth-48663133
မြန်မာနိုင်ငံမှာလည်း အမျိုးသမီးတွေရဲ့ စာပေလက်ရာတွေကို ခေတ်အဆက်ဆက် ဖတ်ရှုလက်ခံကြတာတွေ ရှိပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ဒီထဲက အစောဆုံး အနေနဲ့ ပုဂံခေတ်က စပ်တယ်လို့ ယူဆခဲ့ကြတဲ့ သိုးကလေ ကဗျာကို အမျိုးသမီးစာဆို လက်ရာလို့ ယူဆကြသလို အမျိုးသမီးတွေရဲ့ ခံစားချက်ကို ဖွဲ့တဲ့ အစောပိုင်း လက်ရာ တခု အဖြစ်လည်း သတ်မှတ်ကြပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ဒဂုန်ခင်ခင်လေးရဲ့ အမျိုးသမီး အနုပညာရှင်များ စာအုပ်အလိုအရ မြန်မာသက္ကရာဇ် ၁၅ဝ လောက်က ရခိုင်မှာ စာဆိုခဲ့တဲ့ အိမ်ရှေ့မိဖုရား စောပြည့်ညိုဟာ အစောဆုံး အမျိုးသမီး စာဆိုတယောက် ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ဝေသာလီခေတ်မှာ စပ်တယ် ဆိုတဲ့ စောပြည့်ညိုရဲ့ သိန်ကန်မိန်တွင် သျှိုးလိုက်ရတုဟာလည်း အမျိုးသမီးတွေရဲ့ ဘဝကို ပြည့်ပြည့်ဝဝ ဖော်ကျူးနိုင်တဲ့ ကဗျာ ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ဒါကာကို စစ်ချီသွားတဲ့ ခင်ပွန်းသည် ကြင်ယာသစ်တွေ ရနေလို့ ရခိုင်ကို ပြန်လာအောင် ရေးစပ်တဲ့ ကဗျာဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ခေတ်အဆက်ဆက် ယဉ်ကျေးမှု စာပေအထွန်းကားဆုံး ဖြစ်တဲ့ နန်းတော်နဲ့ မြို့တော် အဝန်းအဝိုင်းက အမျိုးသမီးစာဆိုတွေလည်း အများကြီး ပေါ်ထွက်ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ဒီထဲက အထင်ရှားဆုံးကတော့ မန္တလေးခေတ်မှာ ပေါ်ခဲ့တဲ့ အိမ်ရှေ့မိဘုရား လှိုင်ထိပ်ခေါင်တင်နဲ့ သူ့မယ်တော် အနောက်နန်းမတော် မမြကလေးတို့ ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
လှိုင်ထိပ်ခေါင်တင်ရဲ့ သားချော့ ရေယမုန် ပတ်ပျိုးနဲ့ စိန်ခြူးကြာညောင် အမျှော်စိုက် ဘောလယ်တို့ဟာ နန်းတွင်းစံ အမျိုးသမီးတွေရဲ့ ဘဝကို မီးမောင်းထိုးပြတဲ့ စာပေတွေ ဖြစ်ပြီး ယနေ့တိုင် ထင်ရှားဆဲ ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
မြူးစံတဲ့ငါးဆိုတဲ့ ရေယမုန်ပတ်ပျိုးကို ဝိဇယကာရီပတ်ပျိုးကလေးလို့လည်း သိကြပါတယ်။
https://www.bbc.com/burmese/in-depth-48663133
သူ့မယ်တော် မမြကလေးရဲ့ ဇာတ်သိမ်းမကောင်းတဲ့ ဘဝကို သနားသူ များသလို သူစပ်ဆိုသွားခဲ့တဲ့ ချစ်သမျှကို ပတ်ပျိုး၊ ရှိစုံရွက်ကြာ ပတ်ပျိုးတွေကလည်း မြန်မာစာပေမှာ အချစ်ခံစားမှုနဲ့ ပတ်သက် လာရင် ထိပ်ဆုံးက ရှိတဲ့ စာပေလက်ရာတွေ ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
မမြကလေးကို ကွပ်မျက်ခါနီးမှာ စပ်ဆိုသွားတဲ့ လောကဓံရှစ်ပါး ဘုရားပဟောရာ အစချီတဲ့ တေးထပ်ဟာလည်း အနန္တသူရိယရဲ့ မျက်ဖြေလင်္ကာနဲ့ အပြိုင် ထားနိုင်တဲ့ သံဝေဂကဗျာတပုဒ်ပါ။
https://www.bbc.com/burmese/in-depth-48663133
တောင်ငူခေတ်က ရာဇဓာတုကလျာနဲ့ ဇင်းမယ်မိဘုရား၊ ရွှေဆင်းတုမင်းသမီး စတဲ့ မင်းမျိုးထဲက စာဆိုအမျိုးသမီးတွေလည်း ထင်ထင်ရှားရှား ပေါ်ထွက်ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ဇင်းမယ်ဘုရင်နဲ့ မိဖုရားတို့ဟာလည်း နတ်ရှင်နောင်နဲ့ ဓာတုကလျာလို ထင်ရှားတဲ့ စာဆိုမောင်နှံ ဖြစ်ကြပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ဇင်းမယ်မိဘုရားရဲ့ သင်နှင့်ရက်နွေ၊ တင်ပြစ်စက်ကွေ၊ ကြင်ချစ်သက်ဝေ စတဲ့ ရတုဟာလည်း ကနေ့ထိ ခေတ်မီတဲ့အရေးအသား တခု ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ကုန်းဘောင်ခေတ်က စဉ့်ကူးမင်းရဲ့ မိဖုရားကြီး ရှင်မင်းလည်း စာဆိုတယောက်ဖြစ်ပြီး ခင်ပွန်း၊ သမီးတော်တွေနဲ့အတူ ကွပ်မျက်ခံခဲ့ရပါတယ်။
https://www.bbc.com/burmese/in-depth-48663133
မှူးမတ်ကတော်တွေထဲက နန်းတွင်းမိဖြူ၊ နန်းတွင်းမိညို၊ ရဝေရှင်ထွေး၊ မင်းကြီးကတော် ခင်ဆုံ၊ နန်းတွင်းသူမယ်ခွေ၊ စာဆိုတော် မယ်လုပ် စတဲ့ စာဆိုမယ်တွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ဒီစာဆိုတွေကို ဘုရင်နဲ့ နန်းတွင်းအသိုင်းအဝိုင်း က မနှိမ့်ချတဲ့အပြင် ဆုလာဘ်ချီးမြှင့်တာတွေ ရှိခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
အင်းဝခေတ်မှာ မိဖြူနဲ့ မိညိုတို့ အပြန်အလှန် စပ်ကြတဲ့ ကိုယ်ရည်သွေး ရတုတွေလည်း အထင်အရှား ကျန်ရစ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
တောင်ငူခေတ်က ရဝေရှင်ထွေးကတော့ ပုဂံခေတ် နန်းတွင်းသူတို့ရဲ့ ဆံထုံးထုံးနည်း ၅၅ မျိုးကို အန်ချင်းအဖြစ် စပ်ဆိုပြီး မော်ကွန်းတင်ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ဘိုးတော်ဘုရားလက်ထက်မှာ ပေါ်ထွန်းတဲ့ မယ်လုပ်ရဲ့ စံရာဘုံမြင့်ညီးလင်း အစချီ ဇောင်းကလောပြွန်ရေဆင်းကြိုးသီချင်းကိုလည်း ကနေ့ထိ တီးမှုတ်သီဆိုနေကြပါတယ်။
https://www.bbc.com/burmese/in-depth-48663133
မယ်လုပ်ဟာ တခြား အမျိုးသမီး စာဆိုတွေလို အချစ်အနုအလွမ်းတွေသာမက ဓားသိုင်းဘွဲ့တျာသံတွေပါ စပ်ဆိုနိုင်ခဲ့လို့ သူကိုယ်တိုင် ဓားရေးကျွမ်းတဲ့သူ ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။
https://www.bbc.com/burmese/in-depth-48663133
မယ်ခွေရဲ့ အဲချင်းတွေထက် ဆေးလိပ်ကဗျာ နှစ်ပုဒ်က ကနေ့ခေတ်မှာ ထင်ရှားပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ထောင်ခဲ့ကွဲ့ ညိုနွဲ့ရဲ့လေး ဆိုတဲ့ ဆေးတံဘွဲ့ ဒွေးချိုးကို သူ ၁၄ နှစ်သမီးမှာ စပ်တယ်လို့ သိရပါတယ်။
https://www.bbc.com/burmese/in-depth-48663133
မကြာခင်က ၈ တန်းပြဋ္ဌာန်းစာမှာ သူ့ရဲ့ လက်ဆောင် ကဗျာနဲ့ အစားထိုးခဲ့တဲ့ ဧခွင့်မဖန် လေးဆစ်ကဗျာ ကို စပ်သူကတော့ တောင်တွင်းဦးကြော့သမီး ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းတို့ ဆွေမျိုးစုထဲက ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ကွပ်ရွာစား မင်းကြီးကတော် ခင်ဆုံကတော့ မင်းငါးဆက်တိုင်အောင် အသက် ၇ဝ ရွယ်ထိ အမှုထမ်းခဲ့တဲ့ စာဆိုအမျိုးသမီးဖြစ်ပြီး မြဝတီမင်းကြီး ဦးစနဲ့ စာဆိုပြိုင်ဘက်လည်း ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
မြမန်းကိုက်ရုံပတ်ပျိုး နဲ့ ခွန်းကျူပါ့ဖား စတဲ့ ကဗျာတွေကို စပ်ဆိုခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
နန်းတွင်း အမျိုးသမီးစာဆိုတော်တွေရဲ့ လက်ရာတွေကို သီပေါမင်းခေတ်ထိ တွေ့ရှိနိုင်ပြီး ပင်းသာခင်ဖူး၊ စာတော်ဖတ် မိုင်းခိုင်းခင်လေးကြီး စတဲ့ မှူးမတ်နွယ်တွေရဲ့ စာပေလက်ရာတွေ ကျန်ရစ်ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
သီပေါမင်းနဲ့ စုဘုရားလတ် တို့ စပ်ဆိုတဲ့ ကဗျာတွေကိုတော့ လူပျိုတော် အပျိုတော်တွေထဲက စာစပ်ကောင်းတဲ့ သူတွေက ရေးပေးတယ်လို့လည်း ယူဆကြပါတယ်။
https://www.bbc.com/burmese/in-depth-48663133
နန်းတွင်းစာဆိုတွေသာမက ကျေးလက်အမျိုးသမီး စာဆိုတွေလည်း အများအပြား ရှိပါတယ်။
https://www.bbc.com/burmese/in-depth-48663133
သူတို့အမည်တွေ မထင်မရှားပျောက်ကုန်ခဲ့ပေမယ့် သူတို့စာတွေကတော့ ကျန်နေဆဲ ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ဒီထဲက ထင်ရှားသူတွေကတော့ တောင်တွင်းရှင်ငြိမ်းမယ်၊ ပုခန်းသူမ၊ မတ္တရာကချေသည်မ စတဲ့ စာဆိုမယ်တွေပါ။
https://www.bbc.com/burmese/in-depth-48663133
စစ်တာဝန်နဲ့ ရှမ်းပြည် မိုးနဲရောက် သေနတ်အမှုထမ်း ခင်ပွန်းသည် မောင်လွန်းဆီ ပုခန်းသူမ ရေးတဲ့ မေတ္တာစာမှာ ခင်ပွန်းနဲ့ ဝေးရတဲ့ အမျိုးသမီးတယောက်ရဲ့ ရင်ဖွင့်သံကို ကြားရပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ရှင်ငြိမ်းမယ်ကိုတော့ ကျောင်းသင်ခန်းစာမှာပါတဲ့ စစ်မှာတမူ ကဗျာနဲ့ တွဲသိကြပြီး ချစ်တဲ့သူငယ်လေ အစချီတဲ့ အိုင်ချင်းတွေ စပ်ဆိုပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ညောင်ရမ်းက ကောက်စိုက်သမတွေနဲ့ ဘုရင့်လှေတော်သားတွေနဲ့ စာချိုးပြိုင်တဲ့ ဗြဲတရော်ရွာသူတွေ၊ မောင်းထောင်းတေးတွေ၊ အင်းလေးက တိုက်တေးတွေ စတဲ့ မြန်မာနိုင်ငံအနှံ့မှာလည်း စာချိုး စာစပ်ကောင်းတဲ့ ကျေးလက်အမျိုးသမီးတွေ ပေါ်ထွက်ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
လူဝတ်ကြောင် အမျိုးသမီးတွေ အပြင် သီလရှင်တွေလည်း စာစပ်ပါတယ်။ ဒီထဲက ထင်ရှားသူက မယ်ကင်းပါ။
https://www.bbc.com/burmese/in-depth-48663133
မယ်ကင်းဟာ သီလရှင် သာသနာကို တိုးတက်အောင် အားထုတ်ခဲ့လို့ စစ်ကိုင်းတောင်မှာ ကြေးရုပ်သွန်းလုပ် ပူဇော်ခံရတဲ့ သီလရှင် ဆရာကြီး ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
သူနဲ့ ဗန်းမော် ဆရာတော် အပြန်အလှန် စပ်တယ် ဆိုတဲ့ စာချိုးတွေဟာ အမျိုးသားတွေ ထိပါးတာကို ခေါင်းငုံ့မခံတဲ့ အမျိုးသမီး သတ္တိကို ပြတဲ့ ကဗျာတွေလို့ နောက်ပိုင်းမှာ လက်ခံလာကြပါတယ်။
https://www.bbc.com/burmese/in-depth-48663133
မယ်ကင်းကိုယ်တိုင် ဘုရားဆုပန်သူဖြစ်လို့ သူ့ကို ဆရာကင်း၊ ဆရာကြီး စတဲ့ အမျိုးသား ဂုဏ်ပုဒ်တွေနဲ့ ခေါ်ရာကနေ သီလရှင်တွေကို ဆရာကြီး၊ ဆရာလေး ခေါ်တဲ့ ဓလေ့ ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။
https://www.bbc.com/burmese/in-depth-48663133
မြန်မာ အမျိုးသမီး စာဆိုတွေရဲ့ လက်ရာတွေကို ကိုလိုနီခေတ်အထိ ဆက်ပြီး ဖတ်ရှုရဆဲ ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
သုံးဆယ်သူ မမိဟာ အောက်မြန်မာနိုင်ငံမှာ နောက်ဆုံးပေါ်ထွက်တဲ့ စာဆိုမယ် တယောက် ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
မေတ္တာပန်း တည်စိုက်၍ သဘော၌စိတ်ခိုင် အင်္ဂလိပ်ကျောက်စာတိုင်လို စတဲ့ အသုံးအနှုန်းတွေ မမိ အရေးအသားမှာ တွေ့ရပါတယ်။
https://www.bbc.com/burmese/in-depth-48663133
အထက်မြန်မာပြည်မှာတော့ မင်းတုန်းမင်းရဲ့ သမီးတော် ဟင်္ဂမော် ထိပ်ခေါင်တင်နဲ့ မင်းတပ်ထိပ်ခေါင်တင်တို့က နန်းတွင်းပုံစံ စာလင်္ကာတွေ၊ ဝတ္ထုတွေကို ၂ဝ ရာစုထဲထိ ရေးကြပါတယ်။
https://www.bbc.com/burmese/in-depth-48663133
သီပေါဟော်က စာဆို စောမြအေးကြည် ၁၉၁၄ မှာ စပ်တဲ့ မိုးဒေဝါ ပတ်ပျိုးကိုလည်း နောက်ဆုံးပေါ်ထွက်တဲ့ မြန်မာမဟာဂီတ သီချင်းဆိုပြီး ခုထိ လေးလေးစားစား နားဆင်သီဆိုနေကြပါတယ်။
https://www.bbc.com/burmese/in-depth-48663133
၁၉ဝဝ ပြည့်လွန်နှစ်တွေမှာတော့ ဝတ္ထုရေးတဲ့ စာရေးဆရာမတယောက် ပေါ်ထွက်လာပြီး မအေးခင်လို့ ထင်ရှားပါတယ်။
https://www.bbc.com/burmese/in-depth-48663133
သူ့ကိုတော့ မြန်မာပြည်ရဲ့ ဂျိန်းအော်စတင်လို့ သုတေသီ ဒေါက်တာဘဟန်က သုံးသပ်ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ရာစုနှစ်တွေနဲ့ချီ ကြာမြင့်ခဲ့တဲ့ မြန်မာစာပေမှာ အမျိုးသမီးတွေကို ဖိနှိပ် ချုပ်ချယ်တယ်လို့ ထင်ထင်ရှားရှား မတွေ့ခဲ့ရဘဲ မြို့စားရွာစားပေး ချီးမြှင့်တာတွေ ရှိခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ဒါကြောင့် ၁၉၃ဝ ကျော်က အဆိုတော် မအေးမိက စာဆိုတော် သီချင်းနဲ့ ဒီအမျိုးသမီးတွေကို ဂုဏ်ပြုခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-48663133
ဒီဆောင်းပါးမှာ ကရင်၊ ရှမ်း၊ ထားဝယ်၊ မွန် စတဲ့ လူမျိုးစု စာဆိုမယ်တွေရဲ့ လက်ရာတွေကို မဖော်ပြနိုင်ခဲ့ပါ။
https://www.bbc.com/burmese/in-depth-48663133
မြန်မာနိုင်ငံမှာ ဝတ္ထုဇာတ်လမ်း ရေးသားဖတ်ရှုမှုဟာ ပဒေသရာဇ်ခေတ်မှာ အစဉ်အဆက် ရှိခဲ့ပြီး လှိုင်ထိပ်ခေါင်တင်ရဲ့ ဝိဇယကာရီ၊ ဣန္ဒာဝံသ နန်းတွင်းဇာတ်ကြီးတွေက မန္တလေးခေတ် အမျိုးသမီးတွေရဲ့ ထင်ရှားတဲ့ လက်ရာတွေ ဖြစ်ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
အနောက်တိုင်း ဝတ္ထုပုံစံကတော့ အင်္ဂလိပ်ခေတ်မှာ ၁၉ဝ၄ က စပြီး ပေါ်ထွက်လာပြီး မြန်မာအမျိုးသမီးတယောက်ရေးတဲ့ ဝတ္ထု အနေနဲ့ ၁၉ဝ၉ မှာ မအေးခင်ရဲ့ ချစ်ရိုးအမှန် က စတွေ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
မအေးခင်ရဲ့ လက်ရာဟာ အင်္ဂလိပ်စာရေးဆရာမ ဂျိန်းအော်စတင်လိုပဲ အချစ်ရဲ့ ဆန်းပြားတဲ့ သဘာဝကို ဖွဲ့တတ်တယ်လို့ ဥပဒေပညာရှင် ဒေါက်တာဘဟန်က ဝေဖန်ပေမယ့် ဒီဝတ္ထုက ရှားပါးလွန်းလို့ ဖတ်ဖူးသူ နည်းပါတယ်။
https://www.bbc.com/burmese/in-depth-46454034
၂ဝ၁၈ ဒီဇင်ဘာကမှ နှစ်တရာကျော်အတွင်း ဒုတိယအကြိမ် ပြန်ထွက်လာတာပါ။
https://www.bbc.com/burmese/in-depth-46454034
မအေးခင်က စာအများအပြား မရေးခဲ့ပေမယ့် သူ့ခြေရာနင်းမယ့် အမျိုးသမီးတွေ ၁၉၁ဝ ကျော်မှာ ထွက်လာပါတယ်။
https://www.bbc.com/burmese/in-depth-46454034
မအေးခင်နောက် အစောဆုံးထွက်လာတဲ့ စာရေးဆရာမ အများစုဟာ စာရေးတာကို အားမပေးတဲ့ မိဘအသိုင်းအဝိုင်းဒဏ်ကို ခံရသလို စာရေးခြင်းနဲ့ ရပ်တည်ဖို့ ခက်တဲ့ အခြေအနေကိုလည်း ကြုံခဲ့ရပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဝတ္ထုဖတ်တာကို မကောင်းတဲ့ အလုပ်အနေနဲ့ ယူဆတဲ့သူတွေလည်း လူကြီးတွေထဲမှာ ရှိနေတဲ့အတွက် ဝတ္ထုတွေ မီးပုံရှို့တဲ့ မိုးညှင်းဆရာတော် တရားပွဲမျိုးတွေလည်း ရှိခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဒီလို အခက်အခဲတွေကြားက မဂ္ဂဇင်း စာစောင်တွေမှာ ရေးတဲ့ စာရေးဆရာမတွေ တစတစနဲ့ ရှိလာခဲ့တာပါ။
https://www.bbc.com/burmese/in-depth-46454034
တက္ကသိုလ်ပညာတတ်ထဲက စာဆိုမယ်တွေလည်း ၁၉၃ဝ ကျော်မှာ စတင်ရှိလာပြီး အောက်စဖို့ဒ်က ပထမဆုံးဘွဲ့ရတဲ့ မြန်မာအမျိုးသမီး ဒေါ်မြစိန်ရဲ့ မိန်းမ ဝတ္ထုလည်း ၁၉၄ဝ လောက်မှာ ထွက်ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
မင်းတုန်းမင်းရဲ့ ပိဋကတ်တိုက်စိုးကြီး မြစ် ဒဂုန်ခင်ခင်လေးကို စာဆိုတော် နန်းတွင်းဝတ္ထုကြီးနဲ့ လူသိများပေမယ့် ခေတ်ပေါ်ဝတ္ထုတွေလည်း ရေးသွားခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဒဂုန်ခင်ခင်လေးရဲ့ တိုင်းပြည်ပြု ပုံနှိပ်တိုက်နေ ၁၉၃ဝ ကုန်ခါနီးမှာ ဝတ္ထု စာအုပ်တွေ ထွက်ခဲ့ပြီး ဂုဏ်မြင့်သူ၊ ဂုဏ်နိမ့်သူ၊ ဖေ့သည်းချာ၊ မေ့သည်းချာ စတဲ့ ဝတ္ထုတွေကို လူကြိုက်များခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
အများစုက နိုင်ငံခြား ဇာတ်လမ်းတွေကို မှီငြမ်းပြုပြီး ကချေသည် ဝတ္ထုကိုတော့ အငြိမ့်သမတယောက်အကြောင်း စကားပြောပုံစံနဲ့ ရေးထားပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဒီမတိုင်ခင်ကလည်း ဒဂုန်မဂ္ဂဇင်းမှာ ဝတ္ထုတိုရှည်တွေ အများအပြား ရေးခဲ့ပြီး သူနဲ့ ခေတ်ပြိုင် အမျိုးသမီး စာရေးဆရာရယ်လို့ ဒဂုန်ခင်လေးဆွေပဲ ရှိခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ပြီးတော့ ဘုန်းကြီးတွေနဲ့ အမျိုးသားတွေက အမျိုးသမီးနာမည်နဲ့ ရေးနေချိန်မှာ ဒဂုန်ခင်ခင်လေးက ကိုကိုလေးနာမည်နဲ့လည်း မှော်ဆရာမှတ်တမ်း စုန်းသရဲဝတ္ထုတွေ ရေးခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဒဂုန်ခင်ခင်လေးဟာ အချစ်အလွမ်းဝတ္ထုတွေ အရေးများပေမယ့် ရေးဟန်မှာတော့ ဟာသဖောက်ပြီး ခပ်သွက်သွက်ရေးတတ်သလို ဇာတ်လမ်းနဲ့ လိုက်အောင် တည်တည်ခံ့ခံ့လည်း ဖွဲ့တတ်ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
စစ်ပြီးခေတ်မှာ ရေးတဲ့ ကျွန်းဦးတည့်သန်လျက်ခုံနဲ့ တခြား သမိုင်းဆောင်းပါးရှည်ကြီးတွေမှာလည်း ဝတ္ထုပုံစံ ဇာတ်လမ်းဇာတ်ကွက်ဆင်ရေးတာကို တွေ့ရပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဒဂုန်ခင်ခင်လေးဟာ ပထမဆုံး မြန်မာဇာတ်ညွှန်းရေးဆရာမလည်း ဖြစ်ပြီး အေဝမ်းရုပ်ရှင်က ရိုက်တဲ့ ချစ်စနိုး၊ မြိုင်ယံဘွား စတဲ့ နာမည်ကြီးဇာတ်ကားတွေအတွက် သူရေးပေးခဲ့တာပါ။
https://www.bbc.com/burmese/in-depth-46454034
နောက်ပြီး ဒုတိယကမ္ဘာစစ်ဖြစ်ခါနီးမှာ ဗြိတိသျှ အစိုးရအတွက် နာဇီဆန့်ကျင်ရေး ဝတ္ထုတွေကိုရေးပြီး သူ့တိုက်ကနေ သိန်းချီထုတ်ဝေပေးခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
သူ့ခေတ်နောက်ပိုင်းမှာတော့ ခင်မျိုးချစ်၊ မြမဉ္ဇူစတဲ့ ဝတ္ထုရေးတဲ့ စာရေးဆရာမကလေးတွေ ပေါ်ထွက်လာပေမယ့် ဝတ္ထုလမ်းကြောင်းကို ဒဂုန်ခင်ခင်လေးလောက် ပီပီပြင်ပြင် လိုက်မလာခဲ့ပါဘူး။
https://www.bbc.com/burmese/in-depth-46454034
ဟာသဝတ္ထုရေးဆရာမ အဖြစ် မာလာလည်း စစ်မဖြစ်ခင်မှာ ထင်ရှားလာခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
စစ်ပြီးခေတ်မှာတော့ ဒေါ်ခင်ခင်လေးက မြန်မာပြည် အမျိုးသမီး ကလောင်ရှင်အဖွဲ့နဲ့ ယုဝတီဂျာနယ်ကို တည်ထောင်ပြီး အမျိုးသမီးစာရေးဆရာ မျိုးဆက်သစ်တွေ မွေးထုတ်ပေးခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
၁၉၂၁ က ကြည်တော်ဆက် မဂ္ဂဇင်းကို မန္တလေးက ထုတ်ခဲ့သလို စစ်ပြီးခေတ်မှာ နာမည်ကျော် ဗမာ့ခေတ် သတင်းစာကိုလည်း ခင်ပွန်းဟောင်း ဦးအုန်းခင်နဲ့အတူ ထုတ်ဝေခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဒုတိယ ကမ္ဘာစစ်ပြီးစမှာ မိဘအတိုက်အခံပြုပြီး စာရေးရတဲ့ခေတ်လည်း ကုန်လာပြီး ဝတ္ထုရေးတာ ဖတ်တာကို လက်ခံလာပါတယ်။
https://www.bbc.com/burmese/in-depth-46454034
မိန်းကလေးတွေ အပြင်ထွက် အလုပ်လုပ်တဲ့ခေတ်လည်း ရောက်လာပြီး လွတ်လပ်ရေးရပြီးနောက် မြန်မာစာပေကို နေရာပိုပေးလာပါတယ်။
https://www.bbc.com/burmese/in-depth-46454034
စာရေးဆရာမအသစ်တွေ ပိုပေါ်လာပြီး ဒီထဲက ဂျာနယ်ကျော်မမလေး၊ ခင်နှင်းယု၊ ကြည်အေး၊ စိန်စိန်တို့ ဝတ္ထုရှည်တွေ ရေးသားထုတ်ဝေလာကြပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ခင်ပွန်းဖြစ်သူ သတင်းစာဆရာကြီး ဂျာနယ်ကျော်ဦးချစ်မောင်အကြောင်း သူလိုလူ အတ္ထုပ္ပတ္တိရေးရာက နာမည်ကျော်လာတဲ့ ဒေါ်မမလေးဟာ ဂျပန်ခေတ်ကတည်းက ဝတ္ထုတွေ ထုတ်ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဒါပေမဲ့ စစ်ပြီးခေတ် ၁၉၅၅ မှာ ထုတ်တဲ့ မုန်း၍မဟူ ဝတ္ထုက သူ့လက်ရာ တွေထဲမှာ အထင်ရှားဆုံး ဖြစ်သလို စာပေဆုလည်း ရခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
တခါက ဒီဝတ္ထုကြီးကို အကောင်းဆုံး မြန်မာဝတ္ထုရှည် ၅ ပုဒ်မှာ ပါတယ်လို့တောင် ချီးမွမ်းခံခဲ့ရဖူးပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဖြစ်စဉ်ကို အသေးစိတ်ဖွဲ့တဲ့ ဒေါ်မမလေး အရေးအသားဟာ ဒဂုန်ခင်ခင်လေး ခေတ်ကထက် အများကြီး ပြောင်းလဲလာပေမယ့် ဇာတ်လမ်းအားပြု ဝတ္ထုတွေမှာ ဇာတ်ကောင်သဘာဝ ကောင်းကောင်းနဲ့ ရေးဖွဲ့တဲ့ပုံစံကို ကျင့်သုံးတာများပါတယ်။
https://www.bbc.com/burmese/in-depth-46454034
သူ့ဇာတ်ကောင်တွေမှာ စိတ်ခွန်အားကြီးတဲ့ အမျိုးသမီးတွေ၊ လိမ္မာရေးခြားရှိသူတွေကို ပျော့ညံ့တွေဝေသူ အမျိုးသမီးတွေနဲ့ ယှဉ်ပြီး ရေးတတ်တာကိုလည်း တွေ့ရပါတယ်။
https://www.bbc.com/burmese/in-depth-46454034
မာလာရီ မှာတော့ နာမည်ကြီး ပြဇာတ် ရုပ်ရှင်မင်းသမီး ကြည်ကြည်ဌေး အကြောင်းကို ဝတ္ထုလို မှတ်တမ်းတင်ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဒေါ်မမလေးရဲ့ တိုင်းရင်းဆေးပညာ ဆောင်းပါးတွေကိုလည်း ဇာတ်လမ်းနောက်ခံနဲ့ ရေးဖွဲ့ခဲ့တာပါ။
https://www.bbc.com/burmese/in-depth-46454034
ဒေါ်မမလေးရဲ့ သွေး ဝတ္ထုကိုတော့ ဖက်ဆစ်ဂျပန်ကို စာနာတယ်ဆိုပြီး လက်ဝဲပြင်းထန်သူတချို့က ဝေဖန်ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဒေါ်မမလေးဟာ စာရေးဆရာမထဲမှာ အစောဆုံး ထိန်းသိမ်းခံရတဲ့သူ တယောက် ဖြစ်ပြီး နာမည်ကြီး နိုင်ငံရေးသမားတွေ ထားရှိရာ ရေကြည်အိုင် အကျဉ်းစခန်းကနေ ရင်နင့်အောင်မွှေး ဝတ္ထုကြီးကို ရေးခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
တွေးတစိမ့်စိမ့် စတဲ့ ဝတ္ထုတိုတွေနဲ့လည်း ဒေါ်မမလေးဟာ ဝတ္ထုတိုလိုင်းမှာ သိန်းဖေမြင့်၊ ဒဂုန်တာရာ၊ မြသန်းတင့် စတဲ့ ခေတ်ပြိုင် အမျိုးသား တွေနဲ့ တန်းတူလိုက်ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
လက်ဝဲသမားတွေရဲ့ စာပေကလပ်ကိုလည်း အတွင်းရေးမှူးချုပ် အဖြစ် တာဝန်ယူခဲ့သလို စာရေးဆရာအသင်းမှာလည်း ပထမဆုံးနဲ့ တဦးတည်းသော အမျိုးသမီး ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
အစောပိုင်း ဆရာဝန် စာရေးဆရာမတယောက် ဖြစ်တဲ့ ကြည်အေးဟာ ကဗျာနဲ့ ထင်ရှားလာပြီး ဝတ္ထုတိုတွေကို ရေးဖွဲ့လာခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ဆန်းသစ်တဲ့ အမြင်အတွေးတွေကို ရဲရဲတင်းတင်း ဖွဲ့နွဲ့တတ်တဲ့ ကြည်အေးဟာ တစ္ဆေ ကဗျာနဲ့ နာမည်ကြီး သလိုပဲ ကျောင်းသူဘဝမှာ ရေးတဲ့ မီ ဝတ္ထုမှာလည်း အသိအမှတ်ပြုခံခဲ့ရပါတယ်။
https://www.bbc.com/burmese/in-depth-46454034
နွမ်းလျအိမ်ပြန်၊ ကျွန်မပညာသည် စတဲ့ မဂ္ဂဇင်းဝတ္ထုရှည်တွေကနေ မောင်ကိုကိုနဲ့ မြနန္ဒာ၊ အပြင်ကလူ စတဲ့ ဝတ္ထုတွေမှာ ကြည်အေးရဲ့ အောင်မြင်မှုတွေကို တွေ့ရပါတယ်။
https://www.bbc.com/burmese/in-depth-46454034
အနှစ် ၄ဝ၊ ၆ဝ ကျော်ကြာတဲ့အထိ ဒီဝတ္ထုတွေကို မျိုးဆက်သစ် စာဖတ်ပရိသတ်တွေက ဖတ်နေကြဆဲ ဖြစ်ပြီး မီရုပ်ရှင်မှာလည်း အောင်မြင်ခဲ့ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ကြည်အေးဟာ စစ်ပြီးစ မြန်မာစာပေမှာ ခေတ်စားတဲ့ ဝါဒရေး၊ စီးပွားရေး မညီမျှမှု၊ ပြည်တွင်းစစ်တွေအကြောင်း သိပ်မဖွဲ့ဘဲ ပုဂ္ဂလိက စိတ်ခံစားမှုကို အသားပေးဖွဲ့လို့ တမူကွဲ ထွက်လာပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ပြည်ပမှာ ပြောင်းရွှေ့ နေထိုင်ပြီး ဆရာဝန်အဖြစ် အသက်မွေးခဲ့ပေမယ့် သူ့ကို စာရေးဆရာအဖြစ်ပဲ လူသိပိုများပါတယ်။
https://www.bbc.com/burmese/in-depth-46454034
မြန်မာစာပေမှာ အနောက်တိုင်း စာပေအနုပညာတွေကို အများအပြား ထည့်သွင်းရာမှာ သူနဲ့ ဒဂုန်တာရာတို့က စခဲ့တာပါ။
https://www.bbc.com/burmese/in-depth-46454034
ပြီးတော့ ကြည်အေးရဲ့ အမျိုးသမီးဇာတ်လိုက်တွေဟာလည်း ဂျာနယ်ကျော်မမလေး ဇာတ်ဆောင်တွေလိုပဲ ထက်မြက်တဲ့ ပညာတတ်၊ အမျိုးသားတွေကို အရှုံးမပေးတတ်တဲ့ သွေးကို ပြတတ်ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
မမလေးက ပြည်တွင်း ယဉ်ကျေးမှုဘက် အားပြုပြီး ကြည်အေးက လူသားဝါဒကို အသားပေးပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ကြည်အေးလိုပဲ စစ်ပြီးစမှာ စာပေနယ်ကို ရောက်လာတဲ့ ခင်နှင်းယုဟာ ဝန်ကြီးချုပ် ဦးနုရဲ့ နှမဝမ်းကွဲဖြစ်ပြီး အတွင်းရေး အတွင်းဝန်လည်း ဖြစ်ခဲ့သလို လောကကို ကားလိပ်ကြားက ကြည့်ခဲ့ရသူလို့လည်း အင်္ဂလိပ်စာပါမောက္ခ ဦးမျိုးမင်းက သူ့စာတွေကို သုံးသပ်ပြပါတယ်။
https://www.bbc.com/burmese/in-depth-46454034
ကြေးမုံရိပ်သွင် ဝတ္ထုတိုများနဲ့ စာပေဆု ရခဲ့သလို ပန်းပန်လျက်ပါ၊ မွှေး၊ သခွတ်ပန်း၊ အောင်မြင်သောနေ့ ဝတ္ထုတွေနဲ့လည်း ကျော်ကြားခဲ့ပါတယ်။ မွှေးဟာ ခင်နှင်းယုရဲ့ ကိုယ်ပွားလို့တောင် ပရိသတ်က ထင်ခဲ့ကြပါတယ်။
https://www.bbc.com/burmese/in-depth-46454034
လူလတ်တန်းလွှာရဲ့ အချစ်နဲ့ ပကာသနဇာတ်လမ်းတွေမှာ သူ့ရဲ့လောကအမြင်တွေကို ထင်ဟပ်တဲ့ ခင်နှင်းယုဟာ စာကို ပုံပြင်လို လှလှပပလည်း ရေးတတ်ပါတယ်။
https://www.bbc.com/burmese/in-depth-46454034
စက်ရုပ်ဆန်တဲ့ အာဏာရှင် စနစ်တွေ ကြီးစိုးမှာကို သွယ်ဝိုက်ရေးတတ်လို့ သူ့ကို လက်ဝဲဆန့်ကျင်သူလို့ ထင်ခဲ့ကြပါတယ်။
https://www.bbc.com/burmese/in-depth-46454034
End of preview. Expand in Data Studio

Burmese Text Corpus For Natural Language Processing

🎫 Choose your language: 🌏 English Version | 🇲🇲 မြန်မာဗားရှင်း

🌏 English Version

This dataset is a specifically curated text corpus for the Burmese language. It is intended to support Natural Language Processing (NLP) tasks, language model training, and research related to the Burmese language.


1. About the Dataset

The primary goal of creating this burmese-text-corpus dataset is to address the scarcity of high-quality resources available for Burmese Natural Language Processing (NLP). It aims to foster the advancement of AI models and research initiatives specifically tailored for the Burmese language.

What's included?

  • This dataset contains Burmese texts collected from various websites across diverse domains. News websites are predominantly featured as their articles generally exhibit accurate spelling and an easy-to-understand writing style.
  • Each data entry uniquely represents a complete and grammatically sound Burmese sentence.
  • All texts within the dataset exclusively utilize Burmese characters and vocabulary; no other languages are included.
  • A strong emphasis has been placed on ensuring the grammatical correctness and precise spelling of every collected sentence.

Language: Burmese (Myanmar)

Current Size

Currently, the dataset comprises a total of 3,030 (3K) data entries. This dataset is continuously being expanded, and the total data volume is expected to increase in the future.

2. Dataset Structure

The texts in this dataset are stored in JSON Lines (NDJSON) format. It includes the following fields:

  • text: A sentence written in the Burmese language (string type).
  • source: The URL of the website from which the text was retrieved (string type).

Splits:

This dataset does not currently have predefined splits such as "train," "validation," or "test." All data will be available as a single "train" split.

Example Data:

{
"text": "ဗုဒ္ဓနဲ့ ခေတ်ပြိုင် ပေါ်ထွန်းခဲ့တဲ့ ဂရိနိုင်ငံ လေစ်ဘို့စ်ကျွန်းက အမျိုးသမီးစာဆို ဆက်ဖိုရဲ့ လဲရစ်ကဗျာတွေကို အနှစ် ၂၅ဝဝ ကျော်တဲ့ ခုခေတ်အထိ ကမ္ဘာတလွှားမှာ ဖတ်ရှုနေကြပါတယ်။",
"source": "https://www.bbc.com/burmese/in-depth-48663133"
}
{
"text": "ဂျပန်နိုင်ငံမှာ ခရစ်နှစ် ၁ဝဝဝ လောက်က ထွက်ပေါ်ခဲ့တဲ့ လေဒီ မူရာဆာကီရဲ့ ဂန်ဂျီပုံပြင် တွေကိုလည်း ဂန္ထဝင်စာပေတခု အဖြစ် လက်ခံထားကြပါတယ်။",
"source": "https://www.bbc.com/burmese/in-depth-48663133"
}
{
"text": "ဗြိတိန်မှာတော့ အနှစ် ၂ဝဝ က စာရေးဆရာမ ဂျိန်းအော်စတင်ရဲ့ ဝတ္ထုတွေကို စွဲစွဲလမ်းလမ်းဖတ်သူတွေ ရှိနေသေးသလို သူ့ရုပ်ပုံနဲ့ ဂုဏ်ပြုပြီး ငွေစက္ကူ ထုတ်ထားပါတယ်။",
"source": "https://www.bbc.com/burmese/in-depth-48663133"
}

3. Data Collection

The texts within this burmese-text-corpus dataset were collected using a combined approach of both Web Scraping and Manual curation.

Collection Process Steps:

  1. Web Scraping: Initially, textual data was automatically collected from various Burmese websites using web scraping techniques. This stage involved removing HTML tags and unnecessary formatting, and segmenting the content into individual sentences.
  2. Manual Review & Curation: The raw data obtained from web scraping underwent careful manual review. During this crucial step, emphasis was placed on data quality, and the following aspects were thoroughly checked:
    • Grammar and Spelling Accuracy: Based on Myanmar spelling guidelines, each sentence was meticulously checked and corrected for grammatical and spelling accuracy. Efforts were made to minimize errors as much as possible.
    • Meaningful Completeness: Each data entry was ensured to represent a complete and meaningful Burmese sentence.
    • Formatting: Each text was incorporated as a text field, and the URL of the originating website was assigned to the source field, systematically converting the data into JSON Lines format (each line as a distinct JSON object).

Sources:

The sources from which texts were collected for this dataset are diverse:

  • Primarily, a significant portion of the data was sourced from news websites (e.g., BBC Burmese, VOA Burmese).
  • Additionally, educational websites, official state websites, and content published in Burmese by international organizations might also be included.
  • Efforts were made to gather texts from a wide range of domains.

Through these dedicated efforts, a high-quality Burmese text dataset has been created.

4. Language Specifics

Unique Characteristics and NLP Challenges of the Burmese Language

The Burmese language possesses unique characteristics that set it apart from other languages. These features can pose challenges for NLP tasks, but this dataset aims to aid in addressing them.

  • Lack of Word Segmentation: Unlike English, where words are separated by spaces, Burmese texts typically do not have spaces between words. Identifying where one word begins and another ends (word segmentation) is one of the biggest challenges for Burmese NLP.
  • Grammatical Structure: Burmese grammar rules can be complex, and its sentence structures may differ significantly from those of other languages.
  • Limited Resources: High-quality and large-scale Burmese text datasets are not as abundant as those for many other languages.

How This Dataset Can Help:

The burmese-text-corpus dataset can contribute to overcoming the aforementioned challenges in the following ways:

  • High-Quality Texts: By meticulously curating texts with accurate grammar and minimal spelling errors, this dataset can lead to more precise results when training NLP models for tasks such as word segmentation and Part-of-Speech Tagging.
  • Human-like/Natural Tone: The texts in this dataset are sourced directly from websites, reflecting natural, human-like writing styles and easily understandable language usage. This characteristic will help train Language Models to better comprehend and generate more realistic Burmese language.
  • Diverse Content: Including texts from news, educational, and other domains enables the training of models to achieve a broader understanding across various subject areas.

5. Ethical Considerations & Biases

When utilizing any dataset, it is crucial to be aware of potential biases and ethical considerations. Users of the burmese-text-corpus dataset are advised to keep the following points in mind:

  • Source-Induced Biases:
    • The majority of texts in this dataset are collected from news websites, state-affiliated websites, and international organizations' websites. Consequently, these texts may reflect the perspectives, views, and reporting styles of their respective organizations, potentially containing certain political, social, or regional biases in their content, opinions, and terminology.
    • We have included the source URLs, allowing users to verify the original sources and independently assess any potential biases.
    • The primary objective of this dataset is to facilitate the study of text structure, grammatical correctness, and Burmese vocabulary usage, as well as to train NLP models.
  • Language Usage Bias:
    • The texts within this dataset primarily represent Modern Burmese language writing styles. Therefore, the inclusion of regional dialects or archaic language may be limited.
    • Again, the main purpose of this dataset is to focus on the structural integrity, grammatical accuracy, and lexical usage of Burmese texts for NLP model training.
  • Impact on Models:
    • AI models (e.g., Language Models) trained with this dataset may inherit biases present in the data. Thus, it is extremely important to interpret and evaluate the results from such models with caution.
  • Sensitive Content:
    • While utmost care has been taken to avoid the inclusion of sensitive and inappropriate content such as hate speech or violence within the dataset, users should be aware that political texts and political opinions may be present. We have made every effort during the dataset curation process to remove content that exhibits political bias.

The inclusion of source URLs helps users to cross-reference the original content if needed.

6. License

This burmese-text-corpus dataset is released under the Creative Commons Attribution-ShareAlike 4.0 International (CC BY-SA 4.0) License.

This means that when you use this dataset, you must give appropriate credit to the original creator (kalixlouiis / Kalix Louis). Furthermore, if you adapt, transform, or build upon the material (e.g., creating new datasets, models), you must distribute your contributions under the same CC BY-SA 4.0 license as the original.

For more details, please visit the Creative Commons Attribution-ShareAlike 4.0 International License website.

7. Acknowledgements & Citation

It was a truly joyful experience for me to create this burmese-text-corpus dataset. I sincerely hope that this dataset will contribute to the advancement of the Burmese NLP field. I welcome all users who will utilize this dataset, and I am open to any suggestions or critiques. I believe this will be beneficial for everyone.

If you use this burmese-text-corpus dataset in your research, projects, or any other work, please cite the original creator using the following format:

@misc{kalixlouiis-burmese-text-corpus_2025,
    author = {Kalix Louis},
    title = {Burmese Text Corpus for Natural Language Processing},
    year = {2025},
    publisher = {Hugging Face},
    url = {https://huggingface.co/datasets/kalixlouiis/burmese-text-corpus}
}

8. Issues and Contact

If you have any questions or encounter any issues (e.g., data errors, biases) related to this dataset, please feel free to report them via the "Discussions" tab on the Hugging Face Repository.

Your suggestions and reports are highly welcome, as they will help us in improving the quality of this dataset.

About the Author

Khant Sint Heinn, working under the name Kalix Louis, is a Machine Learning Engineer focused on Natural Language Processing (NLP), data foundations, and open-source AI development. His work is centered on improving support for the Burmese (Myanmar) language in modern AI systems by building high-quality datasets, practical tools, and scalable infrastructure for language technology.

He is currently the Lead Developer at DatarrX, where he develops data pipelines, manages large-scale data collection workflows, and helps create open-source resources for researchers, developers, and organizations. His experience includes data engineering, web scripting, dataset curation, and building systems that support real-world machine learning applications.

Khant Sint Heinn is especially interested in advancing low-resource languages and making AI more accessible to underrepresented communities. Through his open-source contributions, he works to strengthen the Burmese (Myanmar) tech ecosystem and provide reliable building blocks for future language models, search systems, and intelligent applications.

His goal is simple: to turn limited language resources into practical opportunities through clean data, useful tools, and community-driven innovation.

Connect with the Author:
GitHub | Hugging Face | Kaggle


🇲🇲 မြန်မာဗားရှင်း

ဒီ dataset လေးကတော့ မြန်မာဘာသာစကားအတွက် အထူးရည်ရွယ်ပြီး စုစည်းထားတဲ့ စာသားပေါင်းချုပ် (Text Corpus) တစ်ခု ဖြစ်ပါတယ်။ Natural Language Processing (NLP) လုပ်ငန်းစဥ်၊ ဘာသာစကားမော်ဒယ်များ လေ့ကျင့်ပေးခြင်းနှင့် မြန်မာဘာသာစကားဆိုင်ရာ လေ့လာမှုများအတွက် အထောက်အကူပြုရန် ရည်ရွယ်ပါတယ်။

မာတိကာ


၁။ Dataset အကြောင်း

ဒီ burmese-text-corpus dataset ကို ဖန်တီးရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာဘာသာစကား Natural Language Processing (NLP) နယ်ပယ်မှာ လိုအပ်နေတဲ့ အရည်အသွေးမြင့် အရင်းအမြစ်တွေကို ဖြည့်ဆည်းပေးဖို့ပဲ ဖြစ်ပါတယ်။ မြန်မာဘာသာစကားနဲ့ပတ်သက်တဲ့ AI မော်ဒယ်တွေနဲ့ သုတေသနလုပ်ငန်းတွေ ပိုမိုတိုးတက်လာစေဖို့အတွက် ရည်ရွယ်ပါတယ်။

ဘာတွေပါဝင်လဲ။

  • ဒီ dataset ထဲမှာတော့ အမျိုးမျိုးသော Website တွေ၊ နယ်ပယ်အစုံအလင်ကနေ ရယူထားတဲ့ မြန်မာစာသားတွေကို စုစည်းပေးထားပါတယ်။ အများအားဖြင့် သတင်း Website တွေက စာသားတွေကို အဓိကထားပြီး ထည့်သွင်းထားပါတယ်။ ဘာကြောင့်လဲဆိုတော့ သတင်းစာသားတွေဟာ စာလုံးပေါင်းသတ်ပုံမှန်ကန်ပြီး နားလည်ရလွယ်ကူတဲ့ ရေးသားမှုတွေ ရှိနေလို့ပါ။
  • Data တစ်ခုချင်းစီဟာ အဓိပ္ပာယ်ပြည့်စုံတဲ့ မြန်မာစာကြောင်းတစ်ကြောင်းကို ကိုယ်စားပြုပါတယ်။
  • Dataset ထဲမှာပါတဲ့ စာသားတွေအားလုံးဟာ မြန်မာအက္ခရာတွေနဲ့ မြန်မာဝေါဟာရတွေသက်သက်ပဲ ဖြစ်ပြီး၊ အခြား ဘာသာစကားတွေ လုံးဝပါဝင်ခြင်း မရှိပါဘူး။
  • စုစည်းထားတဲ့ စာကြောင်းတိုင်းဟာ သဒ္ဒါမှန်ကန်ဖို့နဲ့ စာလုံးပေါင်းသတ်ပုံမှန်ကန်ဖို့ကို ဦးစားပေးထားပါတယ်။

ဘာသာစကား: မြန်မာ (ဗမာ)

လက်ရှိ အရွယ်အစား

လက်ရှိအချိန်မှာတော့ Data စုစုပေါင်း 3,030 (3K) ကို စုစည်းထားပြီး ဖြစ်ပါတယ်။ Dataset ကို ဆက်လက်ဖြည့်ဆည်းနေဆဲဖြစ်လို့ နောက်ပိုင်းမှာ Data ပမာဏ ပိုမိုတိုးလာမှာပါ။

၂။ Dataset တည်ဆောက်ပုံ

ဒီ dataset မှာ စာသား (text) တွေကို JSON Lines (NDJSON) format နဲ့ သိမ်းဆည်းထားပါတယ်။ အောက်ဖော်ပြပါ fields တွေ ပါဝင်ပါတယ်။

  • text: မြန်မာဘာသာစကားဖြင့် ရေးသားထားသော စာကြောင်း (string အမျိုးအစား)။
  • source: အဆိုပါစာသားကို ရယူခဲ့သော website ၏ URL (string အမျိုးအစား)။

Splits:

ဒီ dataset မှာတော့ ကြိုတင်သတ်မှတ်ထားတဲ့ "train", "validation", "test" စသဖြင့် အပိုင်းတွေ ခွဲခြားထားခြင်း မရှိသေးပါဘူး။ Data အားလုံးကို တစ်ပေါင်းတည်း "default" split အနေနဲ့ ရရှိပါလိမ့်မယ်။

ဥပမာ Data:

{
"text": "ဗုဒ္ဓနဲ့ ခေတ်ပြိုင် ပေါ်ထွန်းခဲ့တဲ့ ဂရိနိုင်ငံ လေစ်ဘို့စ်ကျွန်းက အမျိုးသမီးစာဆို ဆက်ဖိုရဲ့ လဲရစ်ကဗျာတွေကို အနှစ် ၂၅ဝဝ ကျော်တဲ့ ခုခေတ်အထိ ကမ္ဘာတလွှားမှာ ဖတ်ရှုနေကြပါတယ်။",
"source": "https://www.bbc.com/burmese/in-depth-48663133"
}
{
"text": "ဂျပန်နိုင်ငံမှာ ခရစ်နှစ် ၁ဝဝဝ လောက်က ထွက်ပေါ်ခဲ့တဲ့ လေဒီ မူရာဆာကီရဲ့ ဂန်ဂျီပုံပြင် တွေကိုလည်း ဂန္ထဝင်စာပေတခု အဖြစ် လက်ခံထားကြပါတယ်။",
"source": "https://www.bbc.com/burmese/in-depth-48663133"
}
{
"text": "ဗြိတိန်မှာတော့ အနှစ် ၂ဝဝ က စာရေးဆရာမ ဂျိန်းအော်စတင်ရဲ့ ဝတ္ထုတွေကို စွဲစွဲလမ်းလမ်းဖတ်သူတွေ ရှိနေသေးသလို သူ့ရုပ်ပုံနဲ့ ဂုဏ်ပြုပြီး ငွေစက္ကူ ထုတ်ထားပါတယ်။",
"source": "https://www.bbc.com/burmese/in-depth-48663133"
}

၃။ Data တွေကို ဘယ်လိုစုဆောင်းခဲ့လဲ။

ဒီ burmese-text-corpus dataset ထဲက စာသားတွေကို Web Scraping နည်းလမ်းနဲ့ရော၊ လူကိုယ်တိုင် (Manual) ရှာဖွေကောက်ယူတာနဲ့ရော ပေါင်းစပ်ပြီး စုဆောင်းခဲ့ပါတယ်။

စုဆောင်းပုံ အဆင့်ဆင့်: ၁. Web Scraping: ပထမဦးစွာ၊ အမျိုးမျိုးသော မြန်မာဝက်ဘ်ဆိုဒ်တွေကနေ စာသားအချက်အလက်တွေကို Web Scraping နည်းလမ်းနဲ့ အလိုအလျောက် စုဆောင်းခဲ့ပါတယ်။ ဒီအဆင့်မှာ HTML tags တွေ၊ မလိုအပ်တဲ့ ဖော်မတ်တွေ ဖယ်ရှားပြီး စာကြောင်းတွေကို ခွဲထုတ်တာမျိုးတွေ ပါဝင်ပါတယ်။ ၂. Manual Review & Curation: Web Scraping ကနေ ရရှိလာတဲ့ raw data တွေကို လူကိုယ်တိုင် ဂရုတစိုက် ပြန်လည်စစ်ဆေးခဲ့ပါတယ်။ ဒီအဆင့်မှာ data ရဲ့ အရည်အသွေးကို အဓိက ဦးစားပေးပြီး အောက်ပါအချက်တွေကို သေချာစစ်ဆေးခဲ့ပါတယ်။ * သဒ္ဒါနှင့် စာလုံးပေါင်းသတ်ပုံ မှန်ကန်ခြင်း: စာလုံးပေါင်းသတ်ပုံကျမ်းကို အခြေခံပြီး စာကြောင်းတိုင်းရဲ့ သဒ္ဒါနဲ့ စာလုံးပေါင်းသတ်ပုံတွေ မှန်ကန်မှုရှိမရှိကို သေချာစစ်ဆေးပြင်ဆင်ခဲ့ပါတယ်။ အမှားအယွင်းတွေကို အတတ်နိုင်ဆုံး လျှော့ချထားပါတယ်။ * အဓိပ္ပာယ်ပြည့်စုံခြင်း: Data တစ်ခုချင်းစီဟာ အဓိပ္ပာယ်ပြည့်စုံတဲ့ မြန်မာစာကြောင်း ဖြစ်နေဖို့ သေချာစေခဲ့ပါတယ်။ * Format ပြုလုပ်ခြင်း: စာသားတစ်ခုစီကို text field အဖြစ် ထည့်သွင်းပြီး၊ ရယူခဲ့တဲ့ website URL ကိုတော့ source field အနေနဲ့ JSON Lines format (တစ်ကြောင်းချင်းစီ JSON object ပုံစံ) ဖြစ်အောင် စနစ်တကျ ပြုလုပ်ခဲ့ပါတယ်။

ရင်းမြစ်များ (Sources):

ဒီ dataset အတွက် စာသားတွေကို ရယူခဲ့တဲ့ အရင်းအမြစ်တွေကတော့ အမျိုးမျိုးရှိပါတယ်။

  • အဓိကအားဖြင့် သတင်းဝက်ဘ်ဆိုဒ်များ (ဥပမာ: BBC Burmese, VOA Burmese စသဖြင့်) ကနေ ရယူတာ များပါတယ်။
  • ဒါ့အပြင် ပညာရေးဆိုင်ရာ ဝက်ဘ်ဆိုဒ်များ၊ နိုင်ငံတော်ရဲ့ ဝက်ဘ်ဆိုဒ်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ မြန်မာဘာသာနဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေလည်း ပါဝင်နိုင်ပါတယ်။
  • နယ်ပယ်အစုံအလင်က စာသားတွေကို ရရှိဖို့ ကြိုးစားထားပါတယ်။

ဒီလိုမျိုး ကြိုးစားအားထုတ်မှုတွေကနေ အရည်အသွေးကောင်းမွန်တဲ့ မြန်မာစာသား dataset တစ်ခုဖြစ်လာအောင် ဖန်တီးထားပါတယ်။

၄။ ဘာသာစကားနှင့် သက်ဆိုင်ရာ အချက်အလက်

မြန်မာဘာသာစကားရဲ့ ထူးခြားချက်များ နှင့် NLP စိန်ခေါ်မှုများ

မြန်မာဘာသာစကားဟာ အခြားဘာသာစကားတွေနဲ့ မတူဘဲ ထူးခြားတဲ့ ဝိသေသလက္ခဏာတွေ ရှိပါတယ်။ ဒီအချက်တွေက NLP လုပ်ငန်းတွေအတွက် စိန်ခေါ်မှုတွေလည်း ဖြစ်နိုင်သလို၊ ဒီ dataset ကနေ အဖြေရှာဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။

  • စကားလုံးခွဲခြားခြင်း (Word Segmentation) မရှိခြင်း: အင်္ဂလိပ်စာလို စကားလုံးတွေကို space နဲ့ ခွဲခြားထားတာမျိုး မြန်မာစာမှာ မရှိပါဘူး။ စာလုံးတွေက ဆက်နေတတ်တဲ့အတွက် ဘယ်နေရာကနေ စကားလုံးတစ်လုံး စပြီး ဘယ်နေရာမှာ ဆုံးတယ်ဆိုတာကို ခွဲခြားရတာ NLP အတွက် အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တစ်ခုပါ။
  • သဒ္ဒါတည်ဆောက်ပုံ (Grammatical Structure): မြန်မာဘာသာစကားမှာ ပုံသေသဒ္ဒါစည်းမျဉ်းတွေ ရှုပ်ထွေးနိုင်ပြီး၊ ဝါကျတည်ဆောက်ပုံကလည်း အခြားဘာသာစကားတွေနဲ့ မတူညီတဲ့ ပုံစံမျိုးတွေ ရှိနိုင်ပါတယ်။
  • Resource နည်းပါးခြင်း: အရည်အသွေးမြင့်ပြီး ကြီးမားတဲ့ မြန်မာစာသား dataset တွေဟာ အခြားဘာသာစကားတွေလောက် မပေါများသေးပါဘူး။

ဒီ dataset က ဘယ်လိုကူညီနိုင်မလဲ။

burmese-text-corpus dataset ဟာ အထက်ဖော်ပြပါ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့အတွက် အောက်ပါအတိုင်း အထောက်အကူပြုနိုင်ပါတယ်။

  • အရည်အသွေးမြင့် စာသားများ: သဒ္ဒါမှန်ကန်ပြီး စာလုံးပေါင်းသတ်ပုံ အမှားအယွင်း အနည်းဆုံးဖြစ်အောင် ဂရုတစိုက် ပြင်ဆင်ထားတာကြောင့် word segmentation (စကားလုံးခွဲခြားခြင်း)၊ Part-of-Speech Tagging (စကားလုံးအမျိုးအစားခွဲခြားခြင်း) စတဲ့ NLP မော်ဒယ်တွေ လေ့ကျင့်ရာမှာ တိကျမှုမြင့်မားတဲ့ ရလဒ်တွေ ရရှိစေနိုင်ပါတယ်။
  • သဘာဝကျသော လူ့စကားလုံးများ (Human-like/Natural Tone): dataset ထဲက စာသားတွေဟာ website တွေကနေ တိုက်ရိုက်ရယူထားတဲ့ လူသားတွေရဲ့ ရေးသားပုံအတိုင်း သဘာဝကျပြီး၊ ဖတ်ရှုသူတွေ နားလည်လွယ်တဲ့ စကားလုံး အသုံးအနှုန်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် ဘာသာစကားမော်ဒယ်တွေ (Language Models) ကို လေ့ကျင့်တဲ့အခါ ပိုမိုလက်တွေ့ကျတဲ့ ဘာသာစကားကို နားလည်၊ ထုတ်လုပ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
  • အမျိုးမျိုးသော အကြောင်းအရာများ: သတင်း၊ ပညာရေးနဲ့ အခြားနယ်ပယ်များမှ စာသားများ ပါဝင်တဲ့အတွက် မော်ဒယ်တွေကို ပိုမိုကျယ်ပြန့်တဲ့ အကြောင်းအရာနယ်ပယ်တွေမှာ နားလည်နိုင်စွမ်းရှိအောင် လေ့ကျင့်ပေးနိုင်ပါတယ်။

၅။ ကျင့်ဝတ်ဆိုင်ရာ စဉ်းစားမှုများ နှင့် ဘက်လိုက်မှုများ

dataset တစ်ခုကို အသုံးပြုတဲ့အခါ ဖြစ်နိုင်တဲ့ ဘက်လိုက်မှုတွေ (biases) နဲ့ ကျင့်ဝတ်ဆိုင်ရာ စဉ်းစားမှုတွေကို သိရှိထားဖို့က အလွန်အရေးကြီးပါတယ်။ burmese-text-corpus dataset ကို အသုံးပြုသူတွေအနေနဲ့ အောက်ပါအချက်တွေကို သတိပြုစေလိုပါတယ်။

  • ရင်းမြစ်မှ ဖြစ်ပေါ်လာသော ဘက်လိုက်မှုများ (Source-Induced Biases):
    • ဒီ dataset ထဲမှာပါဝင်တဲ့ စာသားအများစုကို သတင်းဝက်ဘ်ဆိုဒ်တွေ၊ နိုင်ငံတော်ရဲ့ ဝက်ဘ်ဆိုဒ်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဝက်ဘ်ဆိုဒ်တွေကနေ စုဆောင်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီစာသားတွေဟာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ခံယူချက်များ၊ အမြင်များ၊ သတင်းတင်ပြပုံများအတိုင်းသာ ဖြစ်နေနိုင်ပြီး၊ အကြောင်းအရာ၊ အမြင်နဲ့ အသုံးအနှုန်းတွေမှာ နိုင်ငံရေး၊ လူမှုရေး၊ ဒေသဆိုင်ရာ ဘက်လိုက်မှုအချို့ ပါဝင်လာနိုင်ပါတယ်။
    • ကျွန်တော်တို့အနေနဲ့ source URL တွေကို ထည့်သွင်းပေးထားတာကြောင့် အသုံးပြုသူများအနေဖြင့် လိုအပ်ပါက ရင်းမြစ်ကို ပြန်လည်စစ်ဆေးနိုင်ပြီး ဘက်လိုက်မှု ရှိ၊ မရှိကို ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါတယ်။
    • ဒီ dataset ရဲ့ အဓိကရည်ရွယ်ချက်ကတော့ စာသားတွေရဲ့ တည်ဆောက်ပုံ၊ သဒ္ဒါမှန်ကန်မှုနဲ့ မြန်မာဝေါဟာရ အသုံးအနှုန်းတွေကို လေ့လာဖို့နဲ့ NLP မော်ဒယ်တွေ လေ့ကျင့်ဖို့သာ ဖြစ်ပါတယ်။
  • ဘာသာစကား အသုံးပြုမှု ဘက်လိုက်မှု (Language Usage Bias):
    • ဒီ dataset ထဲက စာသားတွေဟာ ခေတ်ပြိုင် (Modern) မြန်မာဘာသာစကား ရဲ့ ရေးသားပုံကို အဓိက ကိုယ်စားပြုပါတယ်။ ဒေသန္တရစကား (dialects) များ သို့မဟုတ် ရှေးဟောင်းစာပေ (archaic language) များ ပါဝင်မှု နည်းပါးနိုင်ပါတယ်။
    • ဒီ dataset ရဲ့ အဓိကရည်ရွယ်ချက်ကတော့ စာသားတွေရဲ့ တည်ဆောက်ပုံ၊ သဒ္ဒါမှန်ကန်မှုနဲ့ မြန်မာဝေါဟာရ အသုံးအနှုန်းတွေကို လေ့လာဖို့နဲ့ NLP မော်ဒယ်တွေ လေ့ကျင့်ဖို့သာ ဖြစ်ပါတယ်။
  • မော်ဒယ်များ အပေါ် သက်ရောက်မှု (Impact on Models):
    • ဒီ dataset နဲ့ လေ့ကျင့်ထားတဲ့ AI မော်ဒယ်တွေ (ဥပမာ: ဘာသာစကားမော်ဒယ်များ) မှာ dataset ထဲက ပါဝင်နိုင်တဲ့ ဘက်လိုက်မှုတွေ ပါသွားနိုင်ပါတယ်။ ဒါကြောင့် အဆိုပါမော်ဒယ်တွေကနေ ရရှိလာတဲ့ ရလဒ်တွေကို အသုံးပြုတဲ့အခါ သတိထားပြီး အဓိပ္ပာယ်ဖွင့်ဆို၊ အကဲဖြတ်ဖို့ အထူးအရေးကြီးပါတယ်။
  • ထိခိုက်လွယ်သော အကြောင်းအရာများ (Sensitive Content):
    • dataset ထဲမှာ အမုန်းစကား (hate speech)၊ အကြမ်းဖက်မှု (violence) စတဲ့ ထိခိုက်လွယ်ပြီး မသင့်လျော်တဲ့ အကြောင်းအရာတွေ ပါဝင်လာနိုင်ခြေကို အတတ်နိုင်ဆုံး ရှောင်ရှားထားပါတယ်။ သို့သော်လည်း၊ နိုင်ငံရေးဆိုင်ရာ စာသားများ၊ နိုင်ငံရေးအမြင်များ ပါဝင်နိုင်တာကြောင့် အသုံးပြုသူများအနေဖြင့် ထိုအကြောင်းအရာများကို ရင်ဆိုင်ရနိုင်ကြောင်း သတိပြုစေလိုပါတယ်။ ကျွန်တော်တို့အနေဖြင့် dataset ကို စစ်ဆေးစဉ်တွင် နိုင်ငံရေးအမြင်ဘက်လိုက်မှုမရှိစေရန် အတတ်နိုင်ဆုံး ဂရုပြုဖယ်ရှားထားပါသည်။

source URL တွေ ပါဝင်တာက အသုံးပြုသူတွေအနေနဲ့ မူရင်းအကြောင်းအရာကို ပြန်လည်စစ်ဆေးနိုင်ဖို့ အထောက်အကူပြုပါတယ်။

၆။ လိုင်စင်

ဒီ burmese-text-corpus dataset ကို Creative Commons Attribution-ShareAlike 4.0 International (CC BY-SA 4.0) လိုင်စင်အောက်မှာ ထုတ်ဝေဖြန့်ချီထားပါတယ်။

ဒါက ဘာကိုဆိုလိုသလဲဆိုတော့၊ ဒီ dataset ကို အသုံးပြုတဲ့အခါ မူရင်းဖန်တီးသူ kalixlouiis(Kalix Louis) ကို credit (ကိုးကား) ပေးရပါမယ်။ ဒါ့အပြင်၊ ဒီ dataset ထဲက data တွေကို ယူပြီး ပြုပြင်မွမ်းမံတာ၊ အခြေခံပြီး ဖန်တီးထားတဲ့ အရာတွေ (ဥပမာ- dataset အသစ်၊ မော်ဒယ်များ) ကို ဖြန့်ဝေမယ်ဆိုရင်လည်း မူရင်း CC BY-SA 4.0 လိုင်စင်အောက်မှာပဲ ပြန်လည်မျှဝေရပါမယ်။

အသေးစိတ်ကိုတော့ Creative Commons Attribution-ShareAlike 4.0 International License ဝက်ဘ်ဆိုဒ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

၇။ ကျေးဇူးတင်လွှာ နှင့် ကိုးကားချက်များ

ဒီ burmese-text-corpus dataset လေးကို ဖန်တီးခဲ့ရတာ ကျွန်တော့်အတွက် တကယ့်ကို ပျော်ရွှင်စရာပါ။
ဒီ dataset ကနေ မြန်မာ NLP နယ်ပယ်ကို တိုးတက်အောင် ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ဒီ dataset ကို အသုံးပြုမယ့်သူတွေ အားလုံးကိုလည်း ကြိုဆိုပါတယ်။
အကြံပြုချက်တွေ၊ ဝေဖန်မှုတွေကိုလည်း ကြိုဆိုပါတယ်။ အားလုံး အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။

အကယ်၍ သင်သည် ဤ burmese-text-corpus dataset ကို သင်၏ သုတေသနလုပ်ငန်း၊ ပရောဂျက် သို့မဟုတ် အခြားသော လုပ်ငန်းများတွင် အသုံးပြုခဲ့ပါက မူရင်းဖန်တီးသူအား အောက်ပါပုံစံအတိုင်း ကိုးကားဖော်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

@misc{kalixlouiis-burmese-text-corpus_2025,
    author = {Kalix Louis},
    title = {Burmese Text Corpus for Natural Language Processing},
    year = {2025},
    publisher = {Hugging Face},
    url = {https://huggingface.co/datasets/kalixlouiis/burmese-text-corpus}
}

(မှတ်ချက်- BibTeX format ကို အသုံးမပြုပါက "Kalix Louis (2025). Burmese Text Corpus for Natural Language Processing. Hugging Face. Retrieved from https://huggingface.co/datasets/kalixlouiis/burmese-text-corpus" ဟု ကိုးကားဖော်ပြနိုင်ပါသည်။)

၈။ ပြဿနာများ နှင့် ဆက်သွယ်ရန်

ဒီ dataset နဲ့ပတ်သက်ပြီး မေးမြန်းစရာများ၊ ပြဿနာများ (ဥပမာ: data အမှားအယွင်းများ၊ ဘက်လိုက်မှုများ) တွေ့ရှိခဲ့ပါက Hugging Face Repository ရဲ့ "Discussions" tab ကနေ ပြောကြားပေးနိုင်ပါတယ်။

သင့်ရဲ့ အကြံပြုချက်တွေနဲ့ ပြောကြားချက်တွေကို ကြိုဆိုပါတယ်၊ ဒါက dataset ရဲ့ အရည်အသွေးကို မြှင့်တင်ရာမှာ အထောက်အကူဖြစ်စေမှာပါ။

Downloads last month
45