title
stringclasses
31 values
question
stringlengths
3
405
answer
stringlengths
1
7.29k
type
stringclasses
6 values
option_a
stringclasses
61 values
option_b
stringclasses
58 values
option_c
stringclasses
60 values
သြဝါဒထူးပျို့
စိန္တကျော်သူဦးသြသည် သက္ကရာဇ် ၁၁၃၃ ခုနှစ်၊ အသက် ______ တွင် ကွယ်လွန်ခဲ့သည်။
၃၅ နှစ်
FIB
null
null
null
ပေါင်းရှစ်ယောက် ကောက်စိုက်သူ
ပေါင်းရှစ်ယောက်ကောက်စိုက်သူကဗျာသည် _____ ၏ ကဗျာဖြစ်သည်။
မောင်းထောင်ဦးကျော်လှ
FIB
null
null
null
ပေါင်းရှစ်ယောက် ကောက်စိုက်သူ
ဦးကျော်လှကို သက္ကရာဇ် ၁၂၀၃ ခုနှစ်၊ ____ ၁၅ ရက်တွင် ဖွားမြင်ခဲ့သည်။
သီတင်းကျွတ်လဆန်း
FIB
null
null
null
ပေါင်းရှစ်ယောက် ကောက်စိုက်သူ
ဦးကျော်လှ၏ဇာတိမှာ ______ ဘုတလင်နယ် မောင်းထောင်ရွာဇာတိ ဖြစ်သည်။
မုံရွာခရိုင်
FIB
null
null
null
ပေါင်းရှစ်ယောက် ကောက်စိုက်သူ
ဦးကျော်လှသည် ငယ်စဉ်ကပင် ကဗျာ၊ လင်္ကာနှင့် ______ တို့ကို လိုက်စားခဲ့သည်။
ဗေဒင်နက္ခတ်
FIB
null
null
null
ပေါင်းရှစ်ယောက် ကောက်စိုက်သူ
ဦးကျော်လှသည် ပုဂံမင်းနှင့် ______ တို့လက်ထက်တွင် ရုပ်သေးပညာရှင်အဖြစ် ကျော်ကြားသည်။
မင်းတုန်းမင်း
FIB
null
null
null
ပေါင်းရှစ်ယောက် ကောက်စိုက်သူ
ဦးကျော်လှသည် သံချိုဖွဲ့ရာတွင် ______ ကို ထိခိုက်ဖွဲ့ဆိုသဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်းခံရသည်။
အင်္ဂလိပ်အစိုးရ
FIB
null
null
null
ပေါင်းရှစ်ယောက် ကောက်စိုက်သူ
သံချိုများသည် ______ တွင် လက်တန်းဖွဲ့ဆိုရသော လေးချိုးပုံစံကဗျာမျိုးဖြစ်သည်။
ရုပ်သေးပွဲ
FIB
null
null
null
ပေါင်းရှစ်ယောက် ကောက်စိုက်သူ
ဦးကျော်လှသည် ကောက်စိုက်သမများ၏ အိမ်သို့လာရောက်တောင်းပန်မှုကြောင့် ___ သံချိုကို လက်တန်းစပ်ဆိုခဲ့သည်။
ပေါင်းရှစ်ယောက်ကောက်စိုက်သူ
FIB
null
null
null
ပေါင်းရှစ်ယောက် ကောက်စိုက်သူ
ကောက်စိုက်သမရှစ်ယောက်တို့သည် ချွေးနှဲစာဖြင့် ကြေးစည်လှူရန် စုဆောင်းကြသော်လည်း ငွေကြေးမလုံလောက်၍ အလှူခံရာတွင် _______ သံချိုကို သီဆိုခဲ့ခြင်းဖြစ်သည်။
ပေါင်းရှစ်ယောက်ကောက်စိုက်သူ
FIB
null
null
null
ပေါင်းရှစ်ယောက် ကောက်စိုက်သူ
မောင်းထောင်ဦးကျော်လှသည် သက္ကရာဇ် ____ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက်နေ့တွင်ကွယ်လွန်ခဲ့သည်။
၁၂၈၁
FIB
null
null
null
ပေါင်းရှစ်ယောက် ကောက်စိုက်သူ
မောင်းထောင်ဦးကျော်လှသည် ____ စံတင်ထားလောက်သော စာဆိုဖြစ်သည်။
အဲချင်း၊ သံချို၊ ရတု
FIB
null
null
null
အညာမဂ်လာဆောင်
အညာမင်္ဂလာဆောင်လေးချိုးကြီးသည် ၁၉၁၃ ခုနှစ်တွင် သခင်ကိုယ်တော်မှိုင်းရေးသော ______ မှ ထုတ်နုတ်ထားသည့် ကဗျာတစ်ပုဒ်ဖြစ်သည်။
ဗိုလ်ဋီကာ
FIB
null
null
null
အညာမဂ်လာဆောင်
သခင်ကိုယ်တော်မှိုင်းသည် ____နယ်၊ ဝါးလယ်ရွာဇာတိဖြစ်ပြီး အဖဦးစံထွန်း၊ အမိ ဒေါ်အုန်းတို့မှ မွေးဖွားခဲ့သည်။
ရွှေတောင်
FIB
null
null
null
အညာမဂ်လာဆောင်
သခင်ကိုယ်တော်မှိုင်းကို သက္ကရာဇ် ____ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့တွင် ဖွားမြင်သည်။
၁၂၃၇
FIB
null
null
null
အညာမဂ်လာဆောင်
သခင်ကိုယ်တော်မှိုင်း၏ ငယ်နာမည်မှာ ____ဖြစ်သည်။
မောင်လွန်း
FIB
null
null
null
အညာမဂ်လာဆောင်
သခင်ကိုယ်တော်မှိုင်းသည် အသက် ၂ဝ ခန့်တွင် ရန်ကုန်နှင့် ____မြို့ကြီးများတွင် ပုံနှိပ်တိုက်စာပြင်ဆရာလုပ်ခဲ့သည်။
မော်လမြိုင်
FIB
null
null
null
အညာမဂ်လာဆောင်
ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် ၁၂၈၃ ခုနှစ်တွင် အမျိုးသားကောလိပ်ပေါ်ပေါက်လာသောအခါ ____ ၏ မြန်မာနှင့်ရာဇဝင်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
အမျိုးသားကောလိပ်
FIB
null
null
null
အညာမဂ်လာဆောင်
၁၃၂၂ (၁၉၆၀) ခုနှစ်တွင် အရှေ့ဂျာမနီ ဟမ်းဘတ်တက္ကသိုလ်က ဆရာကြီးအား ______ ပေးအပ်၍ ဂုဏ်ပြုခဲ့သည်။
ဒေါက်တာဘွဲ့
FIB
null
null
null
အညာမဂ်လာဆောင်
သခင်ကိုယ်တော်မှိုင်းသည် ၁၉၆၄ ခုနှစ် ______ ၂၃ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။
ဇူလိုင်လ
FIB
null
null
null
ကမ္ဗောဇသို့
ကမ္ဗောဇသို့ကဗျာသည် _____ ခေတ်တွင် ဆရာဇော်ဂျီရေးဖွဲ့ခဲ့သော ကဗျာတစ်ပုဒ်ဖြစ်သည်။
ကိုလိုနီ
FIB
null
null
null
ကမ္ဗောဇသို့
ဆရာဇော်ဂျီကို အဖဦးယော၊ အမိဒေါ်စိန်ညွန့်တို့က ____ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။
၁၉၀၇
FIB
null
null
null
ကမ္ဗောဇသို့
ရန်ကုန်မြို့မအမျိုးသားအထက်တန်းကျောင်းမှ ______ အောင်မြင်ခဲ့သည်။
ဒသမတန်း
FIB
null
null
null
ကမ္ဗောဇသို့
ဆရာဇော်ဂျီသည် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး ___ ကောလိပ်၌ မြန်မာစာနည်းပြအဖြစ်အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့သည်။
ဥပစာ
FIB
null
null
null
ကမ္ဗောဇသို့
လန်ဒန်တက္ကသိုလ်နှင့် ဒပ်ဗလင်တက္ကသိုလ်မှ စာကြည့်တိုက်ဒီပလိုမာဘွဲ့ရရှိပြီး ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူး၊ တက္ကသိုလ်များဗဟို_______အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့သည်။
စာကြည့်တိုက်မှူး
FIB
null
null
null
ကမ္ဗောဇသို့
၁၉၅၅ ခုနှစ်တွင် သခင်ကိုယ်တော်မှိုင်းဋီကာစာအုပ်ဖြင့် _______ စာပဒေသာဆု ရရှိခဲ့သည်။
စာပေဗိမာန်
FIB
null
null
null
ကမ္ဗောဇသို့
၁၉၇၉ ခုနှစ်တွင် နင်လားဟဲ့ ချစ်ဒုက္ခနှင့် အခြားဝတ္ထုတိုများစာအုပ်ဖြင့် ___ ရရှိခဲ့သည်။
ဘာသာပြန်စာပေဆု
FIB
null
null
null
ကမ္ဗောဇသို့
____ခုနှစ်တွင် ရှေးခေတ်ပုဂံကဗျာများနှင့် အခြားကဗျာများစာအုပ်ဖြင့် အမျိုးသားစာပေဆု (ကဗျာဆု)ကို ရရှိခဲ့သည်။
၁၉၈၇
FIB
null
null
null
ကမ္ဗောဇသို့
ဆရာဇော်ဂျီသည် ၁၉၉ဝ ပြည့်နှစ်၊ ___လ ၂၆ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။
စက်တင်ဘာ
FIB
null
null
null
လက်ဖက်ရည်ကြမ်းဝိုင်း
လက်ဖက်ရည်ကြမ်းဝိုင်းကဗျာသည် _______ လက်ရွေးစင်ကဗျာစာအုပ်မှ ထုတ်နုတ်ထားခြင်းဖြစ်သည်။
ဗန်းမော်ညိုနွဲ့
FIB
null
null
null
လက်ဖက်ရည်ကြမ်းဝိုင်း
ဗန်းမော်ညိုနွဲ့ကို အဘ ဦးစု၊ အမိ ဒေါ်ရင်တို့မှ _____ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့တွင် မွေးဖွားသည်။
၁၉၂၂
FIB
null
null
null
လက်ဖက်ရည်ကြမ်းဝိုင်း
ဗန်းမော်ညိုနွဲ့သည် မန္တလေးမြို့ ပေါက်မြိုင် ___ ကျောင်းမှ ဆယ်တန်းအောင်မြင်ခဲ့သည်။
ဘုန်းတော်ကြီး
FIB
null
null
null
လက်ဖက်ရည်ကြမ်းဝိုင်း
၁၉၄၀ ခုနှစ် ____တွင် ဗန်းမော်ညိုနွဲ့ဟူသော ကလောင်အမည်ဖြင့် ကဗျာများရေးသားကာ စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။
ဒဂုန်မဂ္ဂဇင်း
FIB
null
null
null
ပဒေသာလက်ရာ
ပဒေသာလက်ရာကဗျာကို _______ ရေးဖွဲ့ခဲ့ပါသည်။
တက္ကသိုလ်တောသား
FIB
null
null
null
ပဒေသာလက်ရာ
တက္ကသိုလ်တောသား၏ အမည်ရင်းမှာ ___ __ ဖြစ်သည်။
ဦးအောင်သောင်း
FIB
null
null
null
ပဒေသာလက်ရာ
ဦးအောင်သောင်းကို ၁၉၄၁ ခုနှစ်၊ ______လ ၅ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။
အောက်တိုဘာ
FIB
null
null
null
ပဒေသာလက်ရာ
ဆရာဦးအောင်သောင်းသည် တက္ကသိုလ်ဝင်တန်းကို _____မြို့နယ် တလိုင်းရပ်ရွာသစ်ကျောင်းမှ အောင်မြင်ခဲ့သည်။
တောင်သာ
FIB
null
null
null
ပဒေသာလက်ရာ
ဆရာဦးအောင်သောင်းသည် ______ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ မြန်မာစာဝိဇ္ဇာဂုဏ်ထူးဘွဲ့ကို ရရှိခဲ့သည်။
ရန်ကုန်
FIB
null
null
null
ပဒေသာလက်ရာ
ဆရာဦးအောင်သောင်းသည် မဟာဝိဇ္ဇာဘွဲ့ကို ______ တက္ကသိုလ်မှ ရရှိခဲ့သည်။
မန္တလေး
FIB
null
null
null
ပဒေသာလက်ရာ
ဆရာဦးအောင်သောင်းသည် ___ အဖွဲ့တွင် အချိန်ပြည့်အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။
မြန်မာစာ
FIB
null
null
null
ပဒေသာလက်ရာ
ဆရာဦးအောင်သောင်းသည် ၁၉၆ဝ ပြည့်နှစ်၊ တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်းတွင် _______ ဝတ္ထုတိုကို စတင်ပုံနှိပ်ဖော်ပြခြင်း ခံရသည်။
ဘာလဲဟဲ့ လောကဓံ
FIB
null
null
null
ပဒေသာလက်ရာ
ဆရာဦးအောင်သောင်းသည် “ဝေဟင်စံမိတ်ဆွေများ” စာမူဖြင့် ______ ပထမဆု ရရှိခဲ့သည်။
စာပေဗိမာန်စာမူ
FIB
null
null
null
ပဒေသာလက်ရာ
ဆရာဦးအောင်သောင်းသည် “နယ်ချဲ့ခုခံစနစ်နှင့် မျိုးချစ်သူရဲကောင်း ဗိုလ်ရာညွန့်”စာအုပ်ဖြင့် _____ ဆု ရရှိခဲ့သည်။
ထွန်းဖောင်ဒေးရှင်း
FIB
null
null
null
ပဒေသာလက်ရာ
ဆရာဦးအောင်သောင်းသည် ______ခုနှစ်တွင် ဝိဇ္ဇာပညာထူးချွန်တံဆိပ်(ပထမဆင့်)ရရှိခဲ့သည်။
၂၀၂၁
FIB
null
null
null
ရေသည်ပြဇာတ်
____ပြဇာတ်သည် စာဆိုဦးပုညရေးဖွဲ့ခဲ့သော ပြဇာတ်ဖြစ်သည်။
ရေသည်
FIB
null
null
null
ရေသည်ပြဇာတ်
ဦးပုည၏ဇာတိမှာ ______ မြို့ဖြစ်သည်။
စလေ
FIB
null
null
null
ရေသည်ပြဇာတ်
ဦးပုညသည် ငယ်စဉ်က တူမောင်းဆရာ ____ ထံတွင် ပညာသင်ကြားခဲ့သည်။
ဦးဒီပ
FIB
null
null
null
ရေသည်ပြဇာတ်
ဦးပုညသည် ဗန်းမော်ဆရာတော်ထံတွင် ရှင်သာမဏေပြု၍ ___ဘွဲ့ကို ခံယူခဲ့သည်။
ရှင်ပုည
FIB
null
null
null
ရေသည်ပြဇာတ်
ဦးပုညသည် ရှင်သာမဏေအဖြစ်မှ လူထွက်ပြီး ______ ထံ ခစားခဲ့သည်။
ကနောင်မင်း
FIB
null
null
null
ရေသည်ပြဇာတ်
ဦးပုညသည် မင်းတုန်းမင်းထံခစားရာ လက်ဖက်ရည်တော်ဘက်တွင် ___ ဘွဲ့ဖြင့် ထမ်းရွက်ရသည်။
မင်းလှသင်္ခယာ
FIB
null
null
null
ရေသည်ပြဇာတ်
ဦးပုညသည် မြင်ကွန်းမြင်းခုံတိုင် မင်းသားတို့ပုန်ကန်သည့်အရေးတွင် အခါပေးသည်ဟု သင်္ကာမကင်းသဖြင့် ချုပ်ထားရာမှ မြို့ဝန် _____ အိမ်တွင် ကွပ်မျက်ခြင်းခံရသည်။
ဦးသာအိုး
FIB
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
အသံအနိမ့်အမြင့်သည် မည်သည့်အတွက်ကြောင့် အတိမ်းအစောင်း မခံနိုင်သော သဘောတရားတစ်ရပ် ဖြစ်နေပါသနည်း။
မည်သည့်ဘာသာစကားတွင်မဆို အသံအနိမ့်အမြင့်သည် အတိမ်းအစောင်းမခံနိုင်သော သဘောတရားတစ်ရပ်ဖြစ်နေပါသည်။ အသံအနိမ့်အမြင့်နှင့် ဝါကျနိမ့်မြင့်သံများသည် ထိထိရောက်ရောက် စကားပြောဆိုရာတွင်အရေးပါလှသည့် သဘောတရားများအနက်မှ ၂ ခုဖြစ်သည်။ အခြားသော ဘာသာစကားများနည်းတူ မြန်မာဘာသာစကားတွင်လည်း အရေးပါသည်ပင် ဖြစ်သည်။ ထိုသဘောတရားများကို သိနားလည်ထား...
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
စကားသံတစ်ခုချင်း၏ ပုံမှန်နိမ့်မြင့်သံသည် မည်သည့်အပေါ်တွင် မူတည်နေပါသနည်း။
စကားသံတစ်ခုချင်းစီ၏ ပုံမှန်နိမ့်မြင့်သံသည် လှုပ်ရှားနေသောအသံကြိုးနှင့် ယင်းအသံကြိုး၏ တုန်ခါမှုကြိမ်နှုန်းအပေါ် မူတည်နေပါသည်။ အသံကြိုးတုန်ခါမှု၏ကြိမ်နှုန်းသည် အသံကြိုး၏ အလျား၊ အသံကြိုး၏ အထူအပါးနှင့် အသံကြိုး၏တင်းအားတို့အပေါ်တွင် လုံးလုံးလျားလျား တည်မှီဖြစ်ပေါ်ပါသည်။
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
အပြောစကားသံ၏ နိမ့်မြင့်သံပြောင်းလဲမှုများကို မည်ကဲ့သို့ အပြောင်းအလဲပြုလုပ်နိုင်ပါသနည်း။
တစ်စုံတစ်ယောက်၏ အသံကြိုးများကို တင်းလိုက်ခြင်းအားဖြင့် အပြောစကား၏ နိမ့်မြင့်သံကို အမြင့်သံသို့ရောက်အောင် မြှင့်တင်ပေးနိုင်သည်။ အသံကြိုးများနှိမ့်ချခြင်းဖြင့် အပြောစကား၏နိမ့်မြင့်သံကို လျော့သွားအောင်ပြုလုပ်နိုင်သည်။ အသံကြိုးများ၏ တင်းအားကို တင်းလိုက်လျော့လိုက်အပြောင်းအလဲ ပြုလုပ်ပေးခြင်းအားဖြင့်အပြောစကားရှိ နိမ့်မြင့်သံမ...
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
သိပ္ပံနည်းကျတိုင်းတာတွက်ချက်သိရှိထားသော စကားပြောနှုန်းများသည် မည်သည့်အချက်အလက်များပေါ်တွင်မူတည်နေပါသနည်း။
စကားပြောနှုန်းကို တိုင်းတာရာတွင် တစ်မိနစ်အတွင်းပြောသော စကားလုံးအရေအတွက်ဖြင့် တိုင်းတာရပါသည်။ သိပ္ပံနည်းကျတိုင်းတာတွက်ချက်သိရှိရသည်မှာ စကားပြောနှုန်းသည် ပြောသူတစ်ဦးချင်းစီ၏ ယဉ်ကျေးမှု၊ ပထဝီဝင်အနေအထား၊ ပြောဆိုသည့်အကြောင်းအရာ ဝေါဟာရရွေးချယ်ပုံနှင့် ထိုရွေးချယ်ထားသော ဝေါဟာရများကို အသုံးပြုပုံ၊ ဘာသာစကား တတ်မြောက်ကျွမ်းကျင်မ...
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
ထိထိရောက်ရောက် စကားပြောဆိုခြင်းအကြောင်းကို အကျဉ်းမျှဖြေဆိုပါ။
စကားကို ထိထိရောက်ရောက်ပြောဆိုနိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သော အချက် ၃ ချက်ရှိသည်။ ယင်းအချက် ၃ ချက်မှာ စကားလုံးအသုံးအနှုန်း၊ အသံအနိမ့်အမြင့်နှင့် ကိုယ်ဟန်အမူအရာတို့ ဖြစ်ကြပါသည်။ မိမိရွေးချယ်အသုံးပြုလိုက်သော စကားအသုံးအနှုန်းများသည် အလွန်အရေးပါလှပါသည်။ အကြောင်းမှာ မိမိ၏ဆိုလိုချက်ကို ယင်းစကားလုံးများက ဖော်ပြပေးမည်ဖြစ်သောကြ...
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
ထိထိရောက်ရောက်စကားပြောဆိုခြင်းအတွက် အဓိကလိုအပ်ချက် (၇)ချက်ကို ဖော်ပြပါ။ ထို(၇)ချက်ထဲမှ သင်နှစ်သက်ရာ အချက်တစ်ချက်ကို ရှင်းလင်းဖြေဆိုပါ။
ထိထိရောက်ရောက် စကားပြောဆိုခြင်းအတွက် အဓိကလိုအပ်ချက် (၇)ချက်မှာ - ၁။ အသံအနေအထားနှင့် အသံပီသမှု ၂။​ ဟန်တစ်မျိုးမျိုးထည့်ပေးခြင်း ၃။​ ကြားနိုင်မှု ၄။​ ရှင်းလင်းပီသမှု ၅။ စကားပြောနှုန်း ၆။ အသံအနိမ့်အမြင့် ၇။ လေသံကို ဂရုပြုပါ။ အသံအနိမ့်အမြင့် အသံအတက်အကျပြောင်းလဲမှုသည်လည်း အသုံးဝင်သော ဟန်ကွဲမှုကိုဖြစ်ပေါ်စေပါသည်။ သင်၏အသံအနိ...
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
စကားပြောကောင်းစေရန် နည်းလမ်းတိုကို သင်မည်ကဲ့သို့ နားလည်သနည်း။ သင်နားလည်သလိုပြန်ရှင်းပြပါ ။
များမကြာမီက ဗရစ်ဖဲဝိုင်းသို့ လာရောက်ကစားရန်ဖိတ်ကြားရာ ကျွန်ုပ်မှ ဗရစ်မကစားတတ်ပါ။ ကျွန်ုပ်ကဲ့သို့ပင် ဗရစ်မကစားတတ်သော မိန်းမချောတစ်ဦးလည်း ကစားဝိုင်းသို့ရောက်ရှိနေလေသည်။ လိုဝဲသောမတ်သည် အသံလွှင့်သမားဘဝသို့ မကူးပြောင်းမီ ဥရောပတိုက်တစ်တိုက်လုံးသို့ အနှံ့အပြားခရီးသွားလာရာ၌ စိတ်ဝင်စားဖွယ်အကြောင်းများကို ဟောပြောလျက်ရှိစဉ် သူ၏မန...
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
စကားပြောခြင်းဆိုင်ရာ နည်းပရိယာယ်များထဲမှ ပေါင်းဖွဲ့စည်းလုံးမှုနည်းပရိယာယ်အကြောင်း ရှင်းပြပါ။
စကားပြောဆိုဆက်သွယ်သူ ၂ ဦးတို့ တစ်ဦးနှင့်တစ်ဦး သဟဇာတဖြစ်မှု၊ အတူတူပူးပေါင်းလုပ်ဆောင်မှုတို့ကို ရည်ညွှန်းသော “အပေါင်းလက္ခဏာသဘော”ဆောင်သော စကားသုံးနှုန်းပုံများ တစ်ဦး၏ကိုယ်ပိုင်လွတ်လပ်ခွင့်တို့ကို ထိပါးမည် စိုး၍ ငဲ့ကွက်ထောက်ထားမှုကိုပြသော “အနုတ်လက္ခဏာဆောင်သော စကားသုံးနှုန်းပုံများ”သည် စကားပြောခြင်းဆိုင်ရာ နည်းပရိယာယ်များ ဖ...
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
စကားပြောခြင်းဆိုင်ရာ နည်းပရိယာယ်ထဲမှ “လေးစားလိုက်လျောမှုနည်းပရိယာယ်”အကြောင်း ရှင်းလင်းဖြေဆိုပါ။
ပြောသူက နာသူ၏အခွင့်အရေး၊ လွတ်လပ်ခွင့်တို့ကို ထိပါးမည်စိုး၍ ငဲ့ကွက်ပြောဆိုသည့် စကားမျိုးကို “လေးစားလိုက်လျောမှုနည်းပရိယာယ်”အဖြစ် မှတ်ယူနိုင်သည်။ လူစုလူဝေးဖြင့်ဖြစ်စေ၊ တစ်ဦးချင်းသီးသန့်ဖြစ်စေအသုံးပြုသည်။ ထိုစကားမျိုးတွင် ပုဂ္ဂလိကသဘောမဆောင်သော စကားမျိုး၊ ပြောသူကိုရော၊ နာသူကိုပါ သီးသန့်မရည်ညွှန်းသော စကားမျိုးတို့ အကျုံးဝင်...
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
စကားပြောခြင်းဆိုင်ရာ နည်းပရိယာယ်များထဲမှ “အကြိုလမ်းခင်းစကားများ”အကြောင်းကို ရှင်းပြပါ။
ပြောသူနာသူတို့ ပြောဆိုဆက်ဆံရာတွင် မိမိကြောင့် တစ်ဖက်လူမှာ “ဝန်ပို”မသွားစေရန် တစ်ဖက်လူ၏ အခြေအနေကို မိမိအဓိကပြောမည့်ကိစ္စမပြောမီ ကြိုတင်ခန့်မှန်းသိရှိနိုင်ရန် အကြိုလမ်းခင်းစကားများဖြင့် အစပျိုးလေ့ရှိကြသည်။ တစ်ဖက်လူကို လေးစားငဲ့ကွက်သည့်သဘောကို ဖော်ညွှန်းသည့်စကားမျိုးဖြစ်သည်။ မြန်မာစကားတွင်- “အားနာပါတယ်၊ နည်းနည်းများ အချိ...
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
ယဉ်ကျေးချေငံမှု လမ်းညွှန် (၆)ရပ်ထဲမှ “လိမ္မာပါးနပ်မှုလမ်းညွှန်” အကြောင်းကို ရှင်းလင်းဖြေဆိုပါ။
စကားပြောဆိုရာ၌ ယဉ်ကျေးချေငံမှုရှိစေရန်အတွက် လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်သင့်ပေသည်။ (က) တစ်ဖက်လူတွင် ဝန်ပိုသွားစေမည့်အဖြစ်မျိုး နည်းနိုင်သမျှနည်းအောင် အစွမ်းကုန်လျှော့ချပြောပါ။ (ခ) တစ်ဖက်လူကို အကျိုးရှိစေမည့်အဖြစ်မျိုး များနိုင်သမျှများအောင် အစွမ်းကုန်မြင့်ပြောပါ။ ပြောသူက မိမိစကားကြောင့် နာသူဝန်ပိုမသွားအောင်၊ ဝန်လ...
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
ယဉ်ကျေးချေငံမှု လမ်းညွှန် (၆)ရပ်ထဲမှ “ရက်ရောမှုလမ်းညွှန်”အကြောင်းကို ရှင်းလင်းဖြေဆိုပါ။
တစ်ဦးနှင့်တစ်ဦးစကားပြောဆိုရာ၌ ယဉ်ကျေးချေငံမှုအတွက် ရက်ရောမှုသည်လည်း အလွန်လိုအပ်ပါသည်။ (က) မိမိကို အကျိုးရှိစေမည့်အဖြစ်မျိုး နည်းနိုင်သမျှနည်းအောင် အစွမ်းကုန်လျော့ချပြောပါ။ (ခ) မိမိကို ဝန်ပိုစေမည့်အဖြစ်မျိုး များနိုင်သမျှများအောင် အစွမ်းကုန်မြှင့်ပြောပါ။ လိမ္မာပါးနပ်မှုလမ်းညွှန်နှင့် အပြန်အလှန်သဘောဖြစ်သည်။ လိမ္မာပါးနပ်မ...
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
ယဉ်ကျေးချေငံမှ (၆)ရပ်ထဲမှ "အသိအမှတ်ပြုမှုလမ်းညွှန်”အကြောင်းကို ရှင်းလင်းဖြေဆိုပါ။
တစ်ဦးနှင့်တစ်ဦး စကားပြောဆိုရာ၌ ယဉ်ကျေးချေငံမှု ရှိရန် အသိအမှတ်ပြုမှုအကြောင်း သိထားသင့်ပါသည်။ (က) တစ်ဖက်လူ၏ အားနည်းချက်ပျော့ကွက်ကို ဖော်ထုတ်သည့်အဖြစ်မျိုး နည်းနိုင်သမျှနည်းအောင် အစွမ်းကုန် လျော့ချပြောဆိုပါ။ (ခ) တစ်ဖက်လူ၏ အားသာချက်ကောင်းကွက်ကို ဖော်ထုတ်သည့်အဖြစ်မျိုး များနိုင်သမျှများအောင်အစွမ်းကုန် မြှင့်ပြောပါ။ လူမှုဆ...
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
ယဉ်ကျေးချေငံမှု လမ်းညွှန် (၆)ရပ်ထဲမှ “မိမိကိုယ်ကို နှိမ့်ချမှုလမ်းညွှန်”ကို ရှင်းလင်းဖြေဆိုပါ။
စကားပြောဆိုကြရာ၌ ယဉ်ကျေးချေငံမှု ရှိရန် “မိမိကိုယ်ကို နှိမ့်ချမှုရှိရန်” လည်း အရေးပါလှပါသည်။ (က) မိမိ၏အားသာချက် ကောင်းကွက်ကို ဖော်ထုတ်သည့်အဖြစ်မျိုး နည်းနိုင်သမျှနည်းအောင် အစွမ်းကုန်လျှော့ချပြောပါ။ (ခ) မိမိ၏အားနည်းချက် ပျော့ကွက်ကို ဖော်ထုတ်သည့်အဖြစ်မျိုး များနိုင်သမျှများအောင် အစွမ်းကုန် မြှင့်တင်ပြောဆိုပါ။ အသိအမှတ်ပြု...
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
ယဉ်ကျေးချေငံမှု လမ်းညွှန် (၆)ရပ်ထဲမှ “သဘောတူညီမှုလမ်းညွှန်”အကြောင်းကို ရှင်းလင်းဖြေဆိုပါ။
လူမှုပေါင်းသင်းဆက်ဆံရေးနယ်ပယ်၌ တစ်ဦးနှင့်တစ်ဦး စကားပြောဆိုကြရာ၌ ယဉ်ကျေးချင်သည့်စကားမျိုးဖြစ်ရန် သဘောတူညီမှုလမ်းညွှန်ချက်သည်လည်း အရေးပါလှပါသည်။ (က) မိမိနှင့်တစ်ဖက်လူတို့ သဘောတူညီမှုမရှိသည့်အဖြစ်မျိုး နည်းနိုင်သမျှနည်းအောင် အစွမ်းကုန်လျှော့ချပြောပါ။ (ခ) မိမိနှင့်တစ်ဖက်လူတို့ သဘောတူညီမှုရှိသည့်အဖြစ်မျိုး များနိုင်သမျှများ...
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
ယဉ်ကျေးချေငံမှု လမ်းညွှန် (၆)ရပ်ထဲမှ “စာနာမှုလမ်းညွှန်”အကြောင်းကို ရှင်းလင်းဖြေဆိုပါ။
တစ်ဦးနှင့်တစ်ဦး စကားပြောဆိုဆက်ဆံကြရာ၌ ယဉ်ကျေးချေငံမှုရှိရန် စာနာမှုလမ်းညွှန်ကိုလည်းသိနားလည်ရန် လိုအပ်ပါသည်။ (က) မိမိနှင့်တစ်ဖက်လူတို့အကြားတွင် မလိုလားမှပွားများစေနိုင်သည့်အဖြစ်မျိုး နည်းနိုင်သမျှနည်းအောင် အစွမ်းကုန် လျှော့ချပြောဆိုပါ။ (ခ) မိမိနှင့်တစ်ဖက်လူတို့အကြားတွင် စာနာနားလည်မူပွားများစေနိုင်သည့်အဖြစ်မျိုး များနို...
LONG_QNA
null
null
null
ညောင်ရမ်းကြီးသမီး
ညောင်ရမ်းသမီးကြီး၏ စိတ်နေသဘောထားကို ဖော်ထုတ်တင်ပြပါ။
ညောင်ရမ်းကြီးသမီးစကားပြေသည် ပုဂံခေတ်နှောင်းပိုင်းတွင် ရေးထိုးခဲ့သော အလှူမှတ်တမ်းတင် ကျောက်စာစကားပြေဖြစ်သည်။ အလှူပြုချိန်ကား သက္ကရာဇ် ၆ဝ၄ ခု၊ ပိသျှက်နှစ် ပြာသိုလဆန်း ၃ ရက် တနင်္ဂနွေနေ့ဖြစ်သည်။ အလှူရှင်ကား နရပတိစည်သူမင်း၏ သားတော်ကင်္ကသူ၏ဇနီး၊ ညောင်ရမ်းကြီး၏သမီးဖြစ်သည်။ အလှူပြုရခြင်း၏ ရည်ရွယ်ချက်ကား မိမိ၏ခင်ပွန်း ကင်္ကသူ ...
LONG_QNA
null
null
null
ညောင်ရမ်းကြီးသမီး
ညောင်ရမ်းကြီးသမီးစကားပြေတွင် အကြောင်းအရာကို မည်သို့စီစဉ်တင်ပြထားသနည်း။
ညောင်ရမ်းကြီးသမီးစကားပြေသည် ပုဂံခေတ်နှောင်းအလှူမှတ်တမ်းတင် ကျောက်စာစကားပြေဖြစ်ပါသည်။ ပုဂံခေတ်၌ မင်း၊ မိဖုရားတို့သည် မိမိတို့အလှူပြုကြရာတွင် နှစ်ကာလရှည်ကြာတည်တံ့အောင် ကျောက်စာဖြင့် မှတ်တမ်းတင်လေ့ရှိကြပါသည်။ အလှူမှတ်တမ်းတင်ရာတွင် “အလှူပြုချိန်၊ အလှူရှင်အမည်၊ အလှူပြုရခြင်း ရည်ရွယ်ချက်၊ အလှူခံပုဂ္ဂိုလ်၊ အလှူပစ္စည်း၊ အမျှဝေ...
LONG_QNA
null
null
null
ညောင်ရမ်းကြီးသမီး
ယခုခေတ်စကားလုံးများနှင့်မတူသော ပုဂံခေတ်စကားလုံးများကို လေ့လာတင်ပြပါ။
ညောင်ရမ်းကြီးသမီးစကားပြေသည် ပုဂံခေတ်နှောင်းတွင် ရေးထိုးထားသော အလှူမှတ်တမ်းတင်ကျောက်စာ စကားပြေဖြစ်ပါသည်။ ပုဂံခေတ်နှောင်းပိုင်းစကားပြေ ဖြစ်သောကြောင့် ပုဂံခေတ်ဦးစကားပြေအရေးအဖွဲ့ထက် ပြေပြစ်ကြောင်း တွေ့ရပါသည်။ စကားအသုံးအနှုန်းအချို့မှာ ပုဂံခေတ်သုံး စကားလုံးများဖြစ်ကြောင်း၊ ယနေ့ခေတ်သုံး စကားလုံးတို့နှင့် မတူသောစကားလုံးအချို့...
LONG_QNA
null
null
null
ညောင်ရမ်းကြီးသမီး
ပုဂံခေတ်ကျောက်စာစကားပြေအရေးအသားကိုလေ့လာတင်ပြပါ။
ညောင်ရမ်းကြီးသမီးစကားပြေသည် ပုဂံခေတ်နှောင်းပိုင်းတွင် ရေးထိုးခဲ့သော အလှူမှတ်တမ်းတင်ကျောက်စာ စကားပြေဖြစ်သည်။ ဤကျောက်စာရေးထိုးသူ အလှူရှင်မှာ နရပတိစည်သူမင်း၏သားတော် ကင်္ကသူ၏ဇနီးဖြစ်ပြီး ညောင်ရမ်းကြီး၏သမီးဖြစ်ပါသည်။ ပုဂံခေတ်တွင် အလှူရှင်တို့သည် မိမိတို့၏အလှူ အရှည်တည်တံ့စေရန် အလှူကို ကျောက်ထက်အက္ခရာတင်၍ မှတ်တမ်းရေးထိုးကြပါသ...
LONG_QNA
null
null
null
ညောင်ရမ်းကြီးသမီး
ညောင်ရမ်းကြီးသမီးစကားပြေကိုဖတ်ရှုပြီး သင့်စိတ်တွင် မည်သို့ဖြစ်ပေါ်ခံစားရသည်ကို ရှင်းလင်းတင်ပြပါ။
ညောင်ရမ်းကြီးသမီးစကားပြေသည် ပုဂံခေတ်နှောင်းပိုင်းတွင် ရေးထိုးထားသော အလှူမှတ်တမ်းတင်ကျောက်စာစကားပြေဖြစ်ပါသည်။ ခင်ပွန်းသည်ပျံလွန်တော်မူပြီး ၃ ရက်မြောက်နေ့၌ အလှူပြုလုပ်ခြင်းဖြစ်သည်။ မိမိအလွန်ချစ်မြတ်နိုးသော ခင်ပွန်းသည်ပျံလွန်သွားရာ သေခြင်းတရားကို မျက်မြင်တွေ့လိုက်ရခြင်း၊ မိမိချစ်မြတ်နိုးလှသော ခင်ပွန်းသည်ကို ဆုံးရှုံးလိုက်...
LONG_QNA
null
null
null
သစ္စာနှင့်ပညာ
အင်းဝခေတ်စကားအသုံးအနှုန်းများကို ထုတ်နှုတ်တင်ပြပါ။
သစ္စာနှင့်ပညာစကားပြေသည် ရှင်မဟာသီလဝံသရေးသားသော ပါရာယနဝတ္ထုမှ ကောက်နုတ်ထားသည့် ဝတ္ထုစကားပြေ ဖြစ်သည်။ အရသာဟူသမျှတို့တွင် သစ္စာအရသာလျှင်မြတ်ကြောင်း၊ ပညာဖြင့်အသက်မွှေးသူသည် မြတ်ကြောင်း သိစေလိုသောရည်ရွယ်ချက်ဖြင့် ဤစကားပြေကို ရေးသားထားခြင်းဖြစ်သည်။ ဤစကားပြေသည် အင်းဝခေတ်၌ ရေးသားထားသော စကားပြေဖြစ်သောကြောင့် အင်းဝခေတ်စကားအသုံးအ...
LONG_QNA
null
null
null
သစ္စာနှင့်ပညာ
သစ္စာနှင့်ပညာဝတ္ထုမှရရှိသည့် ဗဟုသုတများကို လေ့လာတင်ပြပါ။
သစ္စာနှင့်ပညာ ဝတ္ထုစကားပြေသည် အင်းဝခေတ် ရဟန်းစာဆို ရှင်မဟာသီလဝံသရေးသားသော ပါရာယနဝတ္ထုမှ ကောက်နုတ်ထားသည့် စကားပြေဖြစ်သည်။ အရသာတို့တွင် သစ္စာအရသာသည်သာလျှင်မြတ်ကြောင်း၊ ပညာဖြင့် အသက်မွေးသောသူသာလျှင် မြတ်ကြောင်း သိစေလိုသောရည်ရွယ်ချက်ဖြင့် ဤစကားပြေကို ရေးသားထားခြင်း ဖြစ်ပါသည်။ ဤစကားပြေကို လေ့လာခြင်းဖြင့် ဗဟုသုတများစွာ ရရှိစ...
LONG_QNA
null
null
null
သစ္စာနှင့်ပညာ
သစ္စာစကားကြောင့် ရရှိသောအကျိုးကျေးဇူးများကို မည်သို့တင်ပြထားသနည်း။
“သစ္စာနှင့် ပညာ” စကားပြေကို အင်းဝခေတ်စာဆို ရှင်မဟာသီလဝံသရေးသားသော “ပါရာယနဝတ္ထု”မှ ကောက်နုတ်ထားခြင်းဖြစ်သည်။ ပါရာယနဝတ္ထုသည် မြတ်စွာဘုရားဟောကြားတော်မူသော “ပါရာယနသုတ္တန်” ကို အခြေခံ၍ ရေးထားခြင်းဖြစ်သည်။ “အရသာဟူသမျှတို့တွင် သစ္စာအရသာလျှင် မြိန်စွာ၏။ ပညာဖြင့် အသက် မွေးသောသူ၏အသက်ရှင်ခြင်းသည် မြတ်သောအသက်ရှင်ခြင်းမည်၏” ဟူသော တ...
LONG_QNA
null
null
null
သစ္စာနှင့်ပညာ
ပညာဖြင့်အသက်မွေးသူနှင့် ပညာဖြင့် အသက်မမွေးသူတို့၏ ကွဲပြားခြားနားပုံကို မည်သို့တင်ပြထားသနည်း။
အင်းဝခေတ်စာဆို ရှင်မဟာသီလဝံသ ရေးသားသော သစ္စာနှင့်ပညာစကားပြေသည် ပါရာယနဝတ္ထုမှကောက်နုတ် ထားပါသည်။ ပါရာယနဝတ္ထုသည် မြတ်စွာဘုရားဟောကြားတော်မူသော ပါရယနသုတ္တန်ကို အခြေခံ၍ရေးထားခြင်းဖြစ်သည်။ သစ္စာနှင့် ပညာစကားပြေမှ ပညာဖြင့်အသက်မွေးသူနှင့် ပညာဖြင့်အသက်မမွေးသူတို့၏ကွဲပြားခြားနားပုံကို မြတ်စွာဘုရား ဟောကြားတော်မူသော တရားဒေသနာတော်တ...
LONG_QNA
null
null
null
သစ္စာနှင့်ပညာ
ရှင်မဟာသီလဝံသ၏ သစ္စာစကားများထဲမှ သင်ကြိုက်နှစ်သက်သော သစ္စာစကားကို ထုတ်နုတ်တင်ပြပါ။
သစ္စာနှင့်ပညာ စကားပြေသည် ရှင်မဟာသီလဝံသရေးသားသော ပါရာယနဝတ္ထုစကားပြေမှ ကောက်နုတ်ထားပါသည်။ ပါရာယနဝတ္ထုသည် မြတ်စွာဘုရားဟောကြားတော်မူသော ပါရာယနသုတ္တန်ကို အခြေခံ၍ ရေးသားထားသည်။ အရသာဟူသမျှတို့တွင် သစ္စာအရသာသည်သာလျှင် မြတ်ကြောင်း၊ အသက်မွေးမှုမှန်သမျှတို့တွင် ပညာဖြင့်အသက်မွေးခြင်းသာလျှင် မြတ်ကြောင်း သိစေလိုသော ရည်ရွယ်ချက်ဖြင့် ...
LONG_QNA
null
null
null
ခေတ်
ခေတ်စကားပြေတွင် တင်မောင်မြင့်သည် ခေတ်အကြောင်းကို မည်သို့ဖွင့်ဆိုရှင်းပြထားသနည်း။
ခေတ်စကားပြေကို တင်မောင်မြင့် (သိပ္ပံမောင်ဝ)က ကိုလိုနီခေတ်တွင် ရေးသားခဲ့ပါသည်။ “ခေတ်”ဟူသော စကားလုံးအနက်အဓိပ္ပာယ်ကို သိရှိရန်နှင့် ခေတ်ဆန်ခြင်း၌ ကောင်းသောခေတ်ဆန်ခြင်း၊ ဆိုးသောခေတ်ဆန်ခြင်းနှစ်မျိုးရှိရာ ကောင်းသောခေတ်ဆန်ခြင်းတို့ကိုသာ တီထွင်ကြရန် ခေတ်ဆန်သူတို့၊ ခေတ်တီထွင်သူတို့အား သတိပေးလိုသောရည်ရွယ်ချက်ဖြင့် ရေးသားထားခြင်...
LONG_QNA
null
null
null
ခေတ်
ကောင်းသောခေတ်ဆန်ခြင်းနှင့် ဆိုးသောခေတ်ဆန်ခြင်းနှစ်မျိုး ကွာခြားပုံကို မည်သို့တင်ပြသွားသနည်း။
“ခေတ်”ဟူသောစကားပြေကို ကိုလိုနီခေတ်တွင် တင်မောင်မြင့် (သိပ္ပံမောင်ဝ)က ရေးသားထားပါသည်။ ခေတ်ဆန်ခြင်း၌ ကောင်းသောခေတ်ဆန်ခြင်း၊ ဆိုးသောခေတ်ဆန်ခြင်းဟူ၍ နှစ်မျိုးရှိရာ ကောင်းသောခေတ်ဆန်ခြင်းတို့ကိုသာ တီထွင်ကြရန် ခေတ်ဆန်ချင်သူတို့အား၊ ခေတ်တီထွင်သူတို့အား သတိပေးရေးသားထားပါသည်။ လောကမှာ ခေတ်ဆန်ခြင်းတူသော်လည်း ကောင်းသောခေတ်ဆန်ခြင်း...
LONG_QNA
null
null
null
ခေတ်
ခေတ်စကားပြေမှ တင်မောင်မြင့်၏ စကားလုံးအသုံးအနှုန်းများကို လေ့လာတင်ပြပါ။
ခေတ်စကားပြေကို တင်မောင်မြင့် (သိပ္ပံမောင်ဝ)က ကိုလိုနီခေတ်တွင် ရေးသားခဲ့သောစကားပြေ ဖြစ်သည်။ ခေတ်ဆန်ခြင်းတွင် ကောင်းသောခေတ်ဆန်ခြင်းနှင့် ဆိုးသောခေတ်ဆန်ခြင်းဟူ၍ နှစ်မျိုးရှိရာတွင် ကောင်းသောခေတ်ဆန်ခြင်းတို့ကိုသာ တီထွင်ကြရန် ခေတ်တီထွင်သူတို့အား သတိပေးရေးသားထားပါသည်။ ဤစကားပြေမှ သိပ္ပံမောင်ဝ၏ စကားအသုံးအနှုန်းတို့ကို လေ့လာနိုင...
LONG_QNA
null
null
null
ခေတ်
ခေတ်စကားပြေမှ တင်မောင်မြင့်၏ ဝါကျအသုံးများကို တင်ပြပါ။
"ခေတ် "စကားပြေသည် တင်မောင်မြင့် (သိပ္ပံမောင်ဝ)၏ ကိုလိုနီခေတ်က ရေးသားထားသော သုတစာပေတစ်ပုဒ် ဖြစ်သည်။ ကောင်းသောခေတ်ဆန်ခြင်းတို့ကိုသာ တီထွင်ကြရန် အကြံပြုရေးသားထားခြင်းဖြစ်သည်။ ဤစကားပြေမှ ထူးခြားသောပါကျအသုံးများကို လေ့လာတွေ့ရှိရပါသည်။ ခေတ်စကားပြေတွင် ဝါကျတိုများကို အများဆုံးအသုံးပြုရေးသားထားသဖြင့် စာရေးသူတင်ပြလိုသည့် အကြေ...
LONG_QNA
null
null
null
ခေတ်
ခေတ်စကားပြေကိုဖတ်ပြီး မည်သို့သောဗဟုသုတများ ရရှိသနည်း။
ခေတ်စကားပြေကို တင်မောင်မြင့် (သိပ္ပံမောင်ဝ)က ကိုလိုနီခေတ်က ရေးသားခဲ့သည့် သုတစာပေတစ်ပုဒ် ဖြစ်သည်။ သုတစာပေဖြစ်သည့်အတိုင်း စာဖတ်သူတို့ကို ဗဟုသုတများစွာ ရရှိစေပါသည်။ ခေတ်ဆန်သူတို့၊ ခေတ်တီထွင်သူတို့အား ကောင်းသောခေတ်ဆန်ခြင်းကိုသာ တီထွင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။ "ခေတ်”ဟူသော စကားလုံးသည် “ခေတ္တ”ဟူသော ပါဠိစကားမှ ဆင်းသက်လ...
LONG_QNA
null
null
null
မလုပ်မစား
မလုပ်မစားဝတ္ထုတိုတွင် အဓိကဇာတ်ဆောင်ဖြစ်သော မောင်ရင်စရိုက်ကို မည်သို့တင်ပြရေးဖွဲ့ထားသနည်း။
မလုပ်မစားဝတ္ထုတိုကို ကိုလိုနီခေတ်က ပီမိုးနင်းရေးဖွဲ့ထားသောဝတ္ထုတိုတစ်ပုဒ် ဖြစ်ပါသည်။ မလုပ်မစား ဝတ္ထုတိုသည် မိမိလုပ်သောအလုပ်နှင့် ထိုက်တန်သောအစာကိုမှ စားရမည့်အကြောင်းနှင့် တစ်ပဲတန်လုပ်ပြီး ငါးပြားတန်မစားရန်၊ တစ်မူးတန်လုပ်ရမှ တစ်ပဲတန်စားရမည်ဆိုသည့်အကြောင်းကို ပညာပေးလိုသောရည်ရွယ်ချက်ဖြင့် ရေးဖွဲ့ထားပေသည်။ ဤဝတ္ထုတိုတွင် အဓ...
LONG_QNA
null
null
null
မလုပ်မစား
မလုပ်မစားဝတ္ထုတိုကိုဖတ်ပြီး မည်ကဲ့သို့သော အသိအမြင်များ ရရှိသနည်း။
မလုပ်မစားဝတ္ထုတိုသည် ကိုလိုနီခေတ်က ရေးသားခဲ့သော ပီမိုးနင်း၏ဝတ္ထုတိုတစ်ပုဒ်ဖြစ်ပါသည်။ မိမိလုပ်သောအလုပ်နှင့် ထိုက်တန်သည့်အစာကိုမှ စားရမည့်အကြောင်းနှင့် တစ်ပဲတန်လုပ်ပြီး ငါးပြားတန် မစားရန်၊ တစ်မူးတန်လုပ်ရမှ တစ်ပဲတန် စားရမည်ဆိုသည့်အချက်ကို သိစေလို၍ ပညာပေးရေးဖွဲ့ထားသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်ပါသည်။ လုပ်သရွေ့ရသော့အဖိုးအခကို အကုန...
LONG_QNA
null
null
null
မလုပ်မစား
မလုပ်မစားဝတ္ထုတို၌ မည်သို့သောသရုပ်ဖော်အဖွဲ့များ ပါဝင်သနည်း။ သင်နှစ်သက်သော သရုပ်ဖော်အဖွဲ့တစ်ခုအကြောင်းကို စိတ်ဝင်စားဖွယ် တင်ပြပါ။
မလုပ်မစားဝတ္ထုတိုသည် ကိုလိုနီခေတ်က ပီမိုးနင်းရေးသားခဲ့သည့် ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည်။ မိမိအလုပ်နှင့် ထိုက်တန်သော အကျိုးကိုသာ ခံစားရမည်ဖြစ်ကြောင်း၊ အလုပ်လုပ်ခြင်းသည် စိတ်အတွက် ခွန်အားဖြစ်စေပြီး မိမိဘဝအတွက် တိုးတက်အောင်မြင်နိုင်ကြောင်း၊ မိမိလုပ်သောအလုပ်နှင့်ထိုက်တန်သည့် အစာကိုမှ စားရမည့်အကြောင်းကို ပညာပေးရေးဖွဲ့ထားသော ဝတ္ထု...
LONG_QNA
null
null
null
မလုပ်မစား
မလုပ်မစားဝတ္တုတိုမှ ဇာတ်ဆောင်ဦးရွှေသာ၏ သားအပေါ်ထားရှိသော ဖခင်မေတ္တာကို စာရေးဆရာက မည်သို့ဖော်ကျူးရေးဖွဲ့ထားသနည်း။ သင့်ထင်မြင်ချက်ကို စာစီကုံးပါ။
မလုပ်မစားဝတ္ထုတိုကို စာရေးဆရာပီမိုးနင်းက ကိုလိုနီခေတ်တွင် ရေးသားခဲ့ပါသည်။ ဤဝတ္ထုတို၏ ရည်ရွယ်ချက်ကား မိမိအလုပ်နှင့် ထိုက်တန်သည့်အစာကိုမှ စားရမည့်အကြောင်းနှင့် တစ်ပဲတန်လုပ်ပြီး ငါးပြားတန် မစားရန်၊ တစ်မူးတန်လုပ်ရမှ တစ်ပဲတန်စားရမည်ဆိုသည့်အကြောင်းကို ပညာပေးလို၍ ရေးသားထားပါသည်။ ဤဝတ္ထုတိုတွင် ဇာတ်ဆောင်ဦးရွှေသာ၏ သားအပေါ်ထားရှိ...
LONG_QNA
null
null
null
မလုပ်မစား
မလုပ်မစားဝတ္ထုတိုကိုဖတ်ပြီး မည်သည့်ရသများ ခံစားရသနည်း။
မလုပ်မစားဝတ္ထုတိုသည် ကိုလိုနီခေတ်က ပီမိုးနင်းရေးသားသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်ပါသည်။ မိမိလုပ်သော အလုပ်နှင့် ထိုက်တန်သည့်အစာကိုမှ စားရမည့်အကြောင်းနှင့် မိဘစကားနားထောင်ခြင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊ ကတိတည်ခြင်း၊ စကားမှန်ခြင်း၊ သစ္စာစောင့်ခြင်း စသည့် ကောင်းမြတ်သည့်အကျင့်ကောင်းများ ရှိပါက ဒုက္ခဆင်းရဲမရောက်နိုင်ကြောင်း ...
LONG_QNA
null
null
null
စာဘူးတောင်း
စာဘူးတောင်းဆောင်းပါးစကားပြေကိုဖတ်ပြီး မည်သို့သော ဗဟုသုတများ ရရှိသနည်း။
စာဘူးတောင်းဆောင်းပါးကို ဒဂုန်ဦးစန်းငွေက လွတ်လပ်ရေးခေတ်က ရေးသားထားပါသည်။ စာဘူးတောင်း စာအုပ်မှ ကောက်နုတ်ထားခြင်းဖြစ်သည်။ စာဝတီးငှက်ကလေးသည် သူကိုယ်တိုင် လက်ရာမြောက်စွာ တည်ဆောက် ထားသော မိုးလုံလေလုံ ထည်ဝါခံ့ညားလှသည့် အသိုက်အအုံစာဘူးတောင်းအတွင်း၌ ချမ်းသာစွာနေရသကဲ့သို့ ဗုဒ္ဓ ညွှန်ကြားချက် သမ္ပဒါလေးပါးတည်းဟူသော စာဘူးတောင်းအတွင...
LONG_QNA
null
null
null
စာဘူးတောင်း
ဗုဒ္ဓမြတ်ဘုရားညွှန်ကြားတော်မူသော ““ကြီးပွားရေးလမ်းညွှန်” လေးချက်ကို ဖော်ပြပြီး ထိုလေးချက်ကို သင် မှတ်မိသမျှ ပြန်ရေးပြပါ။
စာဘူးတောင်းဆောင်းပါးစကားပြေသည် လွတ်လပ်ရေးခေတ်က ဒဂုန်ဦးစန်းငွေ ရေးသားသော စာဘူးတောင်း စာအုပ်မှ ကောက်နုတ်ချက်ဖြစ်ပါသည်။ စာဝတီးငှက်ကလေးများသည် ကိုယ်တိုင်ဆောက်လုပ်ထားသော မိုးလုံလေလုံ ခန့်ညားသပ်ရပ်စွာ အသိုက်အတွင်း၌ ချမ်းသာစွာနေရသကဲ့သို့ ဗုဒ္ဓဟောကြား ကြီးပွားရေးလမ်းညွှန်တရားဖြစ်သော သမ္ပဒါတရားလေးပါးနှင့်အညီ ကျင့်သုံးနိုင်ကြလျှ...
LONG_QNA
null
null
null
စာဘူးတောင်း
စာရေးဆရာသည် စာဝတီးငှက်ကလေးများ၏ အသိုက်ဆောက်ပုံကို အသေးစိတ်မည်သို့ရေးဖွဲ့ထားသနည်း။
“စာဘူးတောင်း” စကားပြေသည် လွတ်လပ်ရေးခေတ်က ဒဂုန်ဦးစန်းငွေ ရေးသားသော စာဘူးတောင်း စာအုပ်မှ ကောက်နုတ်ချက်ဖြစ်ပါသည်။ စာဝတီးငှက်ကလေးများသည် ကိုယ်တိုင်ဆောက်လုပ်ထားသော မိမိတို့၏ အသိုက်အတွင်း၌ မိုးလုံလေလုံ ခံ့ညားသပ်ရပ်စွာ ချမ်းချမ်းသာသာနေကြရပေသည်။ ထို့အတူ ကြီးပွားချမ်းသာလိုသူ တို့လည်း ဗုဒ္ဓဟောကြားထားသော ကြီးပွားရေးလမ်းညွှန်တရားက...
LONG_QNA
null
null
null
စာဘူးတောင်း
စာဘူးတောင်းဆောင်းပါးစကားပြေမှ တွေ့ရှိရသော အလင်္ကာများကို ဖော်ထုတ်တင်ပြပါ။
စာဘူးတောင်းစကားပြေသည် လွတ်လပ်ရေးခေတ်က ဒဂုန်ဦးစန်းငွေ ရေးသားသော စာဘူးတောင်းစာအုပ် မှ ကောက်နုတ်ချက်ဖြစ်ပါသည်။ စာဝတီးငှက်ကလေးများသည် ကိုယ်တိုင်ဆောက်လုပ်ထားသော မိမိတို့၏အသိုက် အတွင်း၌ မိုးလုံလေလုံ ခံ့ညားသပ်ရပ်စွာ ချမ်းချမ်းသာသာ နေကြရပေသည်။ ကြီးပွားချမ်းသာလိုသူတို့လည်း ဗုဒ္ဓ ဟောကြားထားသော ကြီးပွားရေးလမ်းညွှန်တရားကို လိုက်နာ...
LONG_QNA
null
null
null
စာဘူးတောင်း
"ကြီးပွားမှုကို ကာဆီးဟန့်တားထားတတ်သည်မှာ ပျင်းရိခြင်းဖြစ်သည်” ဟူသော အဆိုနှင့်ပတ်သက်ပြီး သင့် ထင်မြင်ချက်ကို စာစီကုံးပါ။
စာဘူးတောင်းစကားပြေသည် လွတ်လပ်ရေးခေတ်က ဒဂုန်ဦးစန်းငွေ ရေးသားသော စာဘူးတောင်းစာအုပ်မှ ကောက်နုတ်ချက်ဖြစ်သည်။ စာဝတီးငှက်ကလေးများ တည်ဆောက်သော စာဘူးတောင်းကို နမူနာယူကာ မြတ်စွာ ဘုရား ဟောကြားတော်မူသော သမ္ပဒါလေးပါးနှင့်အညီ ကျင့်သုံးလိုက်နာသူသည် ဆင်းရဲခြင်းကင်း၍ ချမ်းသာစွာ တင့်တင့်တယ်တယ် နေနိုင်ကြောင်း အသိပေးလိုသော ရည်ရွယ်ချက်ဖြင...
LONG_QNA
null
null
null
ဦးဖေမောင်တင်
ဆရာကြီးဦးဖေမောင်တင် အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ်တွင် ပညာဆည်းပူးစဉ် ပါဠိဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည့် ကျမ်း (၂) စောင်ကိုဖော်ပြပြီး မည်သူတွေက ဆရာကြီး၏ပြန်ဆိုချက်ကိုမှီး၍ ပြန်ဆိုကြသနည်း။
ဆရာကြီးဦးဖေမောင်တင် အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ်တွင် ပညာဆည်းပူးစဉ် ပါဠိဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည့် ကျမ်း (၂) စောင်မှာ အဋ္ဌသာလိနိအဋ္ဌကထာကျမ်းနှင့် ဝိသုဒ္ဓိမဂ်အဋ္ဌကထာကျမ်းတို့ ဖြစ်ပါသည်။ ဂျာမန်လူမျိုး ဗုဒ္ဓဘာသာဘုကုံးတော်ကြီး အရှင်ဉာဏတိလောကသည်လည်း ဆရာကြီး၏ ပြန်ဆိုချက်ကိုမှီး၍ ဝိသုဒ္ဓိမဂ်ကျမ်းကို ဂျာမန်ဘ...
LONG_QNA
null
null
null
ဦးဖေမောင်တင်
၁၉၃၂ ခုနှစ် ဝိုင်အမ်ဘီအေအသင်းဟောပြောပွဲတွင် ဆရာကြီးပြောခဲ့သော မိန့်ခွန်းအပေါ် သင့်ထင်မြင်ယူဆချက် ကို စာစီကုံးပါ။
၁၉၃၂ ခုနှစ် ဝိုင်အမ်ဘီအေအသင်းဟောပြောပွဲတွင် ဆရာကြီးပြောခဲ့သော မိန့်ခွန်းမှာ “ကျောင်းများနှင့် တက္ကသိုလ်များတွင် အင်္ဂလိပ်ဘာသာရပ်မှတစ်ပါး ကျန်ဘာသာရပ်အားလုံးကို မြန်မာဘာသာဖြင့်သာ သင်ကြားသင့် သည်။ ယင်းသို့သင်ကြားမှလည်း အကျိုးထူးမည်။ ပညာရပ်ကို ကျောင်းသားများ အလွယ်တကူသဘောပေါက်ကာ ပိုမိုသိနားလည်မည်။ ထိုသို့သင်ကြားနိုင်ရန် အင်...
LONG_QNA
null
null
null
ဦးဖေမောင်တင်
ဆရာကြီး ဦးဖေမောင်တင်ပြုစုတည်းဖြတ်၊ မြန်မာပြန်ဆိုခဲ့သည့် စာအုပ်များကို ဖော်ပြရေးသားပါ။
ဆရာကြီး ဦးဖေမောင်တင်သည် ၁၉၂၄ ခုနှစ်၊ အသက် ၃၆ နှစ်အရွယ်၌ အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ် ၌ ပညာသင်ကြားပြီး၍ ရန်ကုန်တက္ကသိုလ်သို့ ပြန်ရောက်လာခဲ့သည်။ ဆရာကြီး ပြန်ရောက်လာသောအချိန်တွင် တက္ကသိုလ်၌ မြန်မာစာသည် အလေးပေးမခံရပေ။ မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှု စသည်တို့သည်လည်း ညှိုးရော် လျက်ရှိသည်။ ထို့ကြောင့် ဆရာကြီးသည် မိမိဩဇာရ...
LONG_QNA
null
null
null
ဦးဖေမောင်တင်
ဆရာကြီး ဦးဖေမောင်တင်၏ အတ္ထုပတ္တိကိုဖတ်ပြီး သင်မည်သို့ခံစားရသနည်း။ သင် လေးစားအားကျသော အချက်တစ်ချက်ကို ဖော်ပြရေးသားပါ။
“ဦးဖေမောင်တင် စကားပြေသည် ဆရာမင်းယုဝေ၏ “ပထမမြန်မာများ” စာအုပ်မှ ရွေးချယ်ကောက်နုတ် ထားသော အတ္ထုပတ္တိစကားပြေတစ်ပုဒ် ဖြစ်သည်။ လွတ်လပ်ရေးခေတ်က ရေးသားထားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ကို ဗြိတိသျှနယ်ချဲ့တို့ အုပ်စိုးစဉ်ကာလက မြန်မာစာသည် အလေးပေးမခံရချိန်တွင် ဆရာကြီး၏ ကြိုးပမ်းမှုတို့ကြောင့် မြန်မာစာ၊ မြန်မာစကားနှင့် မြန်မာစာပေ...
LONG_QNA
null
null
null
ဦးဖေမောင်တင်
ဆရာကြီး ဦးဖေမောင်တင်၏ အတ္ထုပ္ပတ္တိတွင် မြန်မာစာချစ်မြတ်နိုးမှုများကို မည်သည့်အချက်များက ပေါ်လွင်ထင်ရှားစေခဲ့သနည်း။
ဦးဖေမောင်တင် အတ္ထုပ္ပတ္တိစကားပြေကို မင်းယုဝေ၏ “ပထမမြန်မာများ" စာအုပ်မှ ကောက်နုတ်ထားပါသည်။ လွတ်လပ်ရေးခေတ်က ရေးဖွဲ့ထားပါသည်။ ဦးဖေမောင်တင်၏ အတ္ထုပ္ပတ္တိမှ ဦးဖေမောင်တင်၏ မြန်မာစာချစ်မြတ်နိုးမှု များကို လေ့လာတွေ့မြင်နိုင်ပါသည်။ အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ်၌ ပညာဆည်းပူးပြီး၍ ၁၉၂၄ ခုနှစ်၊ အသက် ၃၆ နှစ်အရွယ်၌ ဆရာကြီး သည် ...
LONG_QNA
null
null
null
အဖြူနဲ့အနက်
အဖြူနှင့်အနက် ရသစာတမ်းကို ဖတ်ရှုပြီး သင့်စိတ်တွင် မည်သို့ဖြစ်ပေါ်ခံစားရသနည်း။ သင့်စကားဖြင့်ရေးပါ။
အဖြူနှင့် အနက် ရသစာတမ်းသည် မောင်ခင်မင် (ဓနုဖြူ) ၏ မောင်ရုပ်ဆိုးနှင့် မယ်မဒ္ဒီ ရသစာတမ်းများ စာအုပ်မှ ရွေးချယ်ချက်ဖြစ်သည်။ အဖြူနှင့် အနက် ရသစာတမ်းသည် အကောင်းဆုံးအခြေအနေတွင် ရှိနေစေကာမူ အဆိုးဆုံးကို ကြိုတင်မျှော်လင့်ထားတတ်သည့် စိတ်ဓာတ်မျိုးမွေးမြူတတ်ရန် လိုအပ်ကြောင်း သိမှစလိုသော ရည်ရွယ် ချက်ဖြစ်သည်။ အဖြူနှင့် အနက် ရသစာတမ်...
LONG_QNA
null
null
null
အဖြူနဲ့အနက်
အဖြူနှင့် အနက် ရသစာတမ်းမှ မောင်ခင်မင် (ဓနုဖြူ) ၏ ဝါကျဖွဲ့ဟန်များကို လေ့လာတင်ပြပါ။
အဖြူနှင့် အနက် ရသစာတမ်းသည် မောင်ခင်မင် (ဓနုဖြူ) ၏ မောင်ရုပ်ဆိုးနှင့် မယ်မဒ္ဒီရသစာတမ်းများ စာအုပ်မှ ရွေးချယ်ချက်ဖြစ်သည်။ အဖြူနှင့် အနက် ရသစာတမ်းသည် အကောင်းဆုံးအခြေအနေတွင် ရှိနေစေကာမူ အဆိုးဆုံးကို ကြိုတင်မျှော်လင့်ထားတတ်သည့် စိတ်ဓာတ်မျိုး မွေးမြူတတ်ရန် လိုအပ်ကြောင်း သိစေလိုသော ရည်ရွယ်ချက်ဖြစ်သည်။ စာဆိုဖော်ပြလိုသည့် ရည်ရွ...
LONG_QNA
null
null
null
အဖြူနဲ့အနက်
အဖြူနှင့် အနက်ရသစာတမ်းမှ မောင်ခင်မင် (ဓနုဖြူ) ၏ အတွေးနှင့် အရေးကို လေ့လာတင်ပြပါ။
အဖြူနှင့် အနက် ရသစာတမ်းသည် မောင်ခင်မင် (ဓနုဖြူ) ၏ မောင်ရုပ်ဆိုးနှင့် မယ်မဒ္ဒီရသစာတမ်းများ စာအုပ်မှ ရွေးချယ်ကောက်နုတ်ထားခြင်းဖြစ်သည်။ အဖြူနှင့် အနက် ရသစာတမ်းသည် အကောင်းဆုံးအခြေအနေတွင် ရှိနေစေကာမူ အဆိုးဆုံးကို ကြိုတင်မျှော်လင့်ထားတတ်သည့် စိတ်ဓာတ်မျိုးမွေးမြူတတ်ရန် လိုအပ်ကြောင်း သိစေလို သော ရည်ရွယ်ချက်ဖြစ်သည်။ ဤရည်ရွယ်ချက...
LONG_QNA
null
null
null