text stringlengths 0 359 |
|---|
"ငါကတော့ ဒေါက်တာစိုင်းရှင်းနောင်နဲ့မှ မဟုတ်ရင် ဘယ်သူနဲ့မှမကုနိုင်ဘူးနော်" |
"အဘွားကလည်းဗျာ" |
ခပ်တင်းတင်းဆိုလာတဲ့ အဘွားကို ဘယ်သူမှမတားနိုင်ပါ။သူနာပြုမလေးတွေဆို အဘွားနဲ့ခပ်ဝေးဝေးမှာ ရပ်ကြည့်နေကြသည်။ဒီအဘွားအိုကို သူတို့ဘာမှမပြောရဲပါ။ဒီဆေးရုံရဲ့အဓိရှယ်ယာရှင်ကြီးမို့ ပိုရှိန်တာလည်းပါသည်။ |
"ဒေါက်တာက အရေးကြီးကိစ္စနဲ့ အပြင်ခနသွားလို့ပါ အဘွား" |
"အို အဲ့ဒါဆို ပြန်လာမှာဘဲ မဟုတ်လား။ |
ငါ့မှာ ဘာအလုပ်မှမရှိဘူး။ထိုင်စောင့်လိုက်မယ် |
ဒေါ်ခင်မဒီရဲ့အပြောကြောင့် သူနာပြုမလေးတွေသည် နှာခေါင်းရှုံ့ကြသည်။ဘယ်လိုဘဲဆိုဆို ဒီလောက်ကြီးကျ တရားလွန်းလွန်တယ်မဟုတ်လား။တစ်ခြား ဆရာဝန်တွေလည်း ရှိတာဘဲကို |
နှာခေါင်းသာ ရှုံ့ကြပေမယ့် အပြစ်မြင်မိမျိုးတော့မရှိပါ။သူတို့ကိုယ်တိုင်လည်း နေမကောင်းရင်Drစိုင်းရှင်းနောင်နဲ့ဘဲ ကုသချင်ကြတာမို့လေ။ဒေါက်တာရဲ့နွေးထွေးတဲ့ရုပ်ရည်လေးနဲ့တင် ရောဂါတစ်ဝက်က သက်သာစေပြီး၊စေတနာ ဂရုဏာနဲ့ကျန်တစ်ဝက်က သက်သာသည်မို့လေ |
"အနှိုင်းမဲ့"လို့အမည်ရတဲ့သူတို့ဆေးရုံသည် မန္တလေးကနာမည်ကြီးဆေးရုံထဲမှာပါပြီး ဆရာဝန်တွေကလည်း တကယ်ကို နိုင်ငံခြားပြန်၊သမားတော်၊အထူးကုတွေ ဖြစ်ကြသည်။လူတော်တွေစုနေတဲ့နေရာလို့ပြောလို့ရပြီး ဆရာဝန်တွေကလည်း သူ့ထက်ငါ အပြိုင်အဆိုင်တွေများလှသည််။ |
အဲ့ဒီထဲမှာမှ သာမန်အထွေထွေကုဆရာဝန်လေးတစ်ယောက်ရှိသည်။အခြားဆရာဝန်များနဲ့မတူ နောက်ခံကျောထောက်မရှိပါဘဲ ဒီနေရာမှာ နာမည်အကြီးဆုံးသူဖြစ်သည်။နွေးထွေးပြီး မေတ္တာဂရုဏာအပြည့်ပါတဲ့ဆရာဝန်ငယ်ငယ်လေးမို့ လူနာများ အထူးသဖြင့် အသက်ကြီးကြီးနဲ့ဇီဇာကြောင်တဲ့လူနာများရဲ့အချစ်တော်ဆရာဝန်လေးဖြစ်သည်။ |
"ဟော ဒေါက်တာ ရောက်လာပြီးဘဲ" |
စိုင်းရှင်းနောင်သည် ထိုင်စောင့်နေပုံရတဲ့အဘွားခင်မဒီကိုတွေ့လိုက်တာကြောင့် အားနာသွားရသည်။ |
"အမလေး စောင့်လိုက်ရတာ" |
"တောင်းပန်ပါတယ် |
ကျွန်တော်..." |
"မလိုပါဘူးကွယ် အမေကြီးက သားကိုပြောစရာရှိလို့ စောင့်နေတာ ရောဂါကတစ်ဝက်ဘဲဖြစ်တာ။ငါ့သားရုပ်လေးမြင်တာနဲ့ သက်သာနေပြီး" |
စိုင်းရှင်းနောင် ခပ်ပါးပါးလေးပြုံးကာ ခေါင်းညိမ့်ပြလိုက်သည်။အမေကြီးက သူ့ကိုဆို အတော်လေးကိုအလေးပေးတာကြောင့် ပိုချစ်ရသည်။ကိုယ်လို့မိဘမဲ့တစ်ယောက်အတွက် အမေကြီးက အမေတစ်ယောက်ကဲ့သို့ပင် |
"မနက်ဖြန် လပြည့်နေ့ဆိုတော့ အမေကြီးတို့အိမ်မှာ အလှူရှိတယ် သားရဲ့။အဲ့ဒါ ငါ့သားလေးကိုလာဖိတ်တာ ငြင်းမယ်မကြံနဲ့နော်" |
"ကျွန်တော် ကလေးတွေကို ဘုရားလိုက်မယ်ကတိပေးထားလို့ အမေကြီး" |
"အိုကွယ် အလှူလာပြီးမှ လိုက်ပို့လိုက်ပေါ့ကွယ်" |
"ကောင်းပါပြီး ကျွန်တော်လာခဲ့မယ်နော်" |
ထပ်ငြင်းရင် စိတ်ဆိုးနိုင်ခြေရှိတဲ့ အမေကြီးကြောင့်စိုင်းရှင်းနောင် လက်ခံလိုက်သည်။ပိတ်ရက်မို့ မနက်ခင်းခပ်စောစောသွားပြီး ကလေးတွေကိုဘုရားလိုက်ပို့ပေးမယ်ဟုသာ ခပ်မြန်မြန်ဆုံးဖြတ်ချက်ချလိုက်သည်။ |
ထွက်သွားတဲ့ အမေကြီးကို စိုင်းရှင်းနောင်ကြည့်ပြီး ကိုယ်ရုံးခန်းထဲသာ ဝင်လိုက်သည်။သပ်ရပ်နေတဲ့အခန်းဟာ အဖြူတွေဘဲသုံးထားတာမို့ လှလည်းလှပြီး သန့်ရှင်းနေသည်။ကိုယ်တိုင်ကလည်း အားတာနဲ့ ထိုင်မနေဘဲ လိုက်ရှင်းတတ်တာမို့ သူ့ရုံးခန်းလေးက ဒီဆေးရုံမှာ အသန့်ဆုံးဖြစ်နေသည်။ |
ပုဂ္ဂလိကဆေးရုံမို့ အကုန်လုံးက သန့်ပါတယ်။ကိုယ်တိုင် မရှင်းရင်တောင် သန့်ရှင်းရေးအန်တီတွေက ရှင်းပေးတာဆိုတော့ အကုန်လုံးက စည်းကမ်းရှိကြသည်။သူနာပြုလေးတွေကအစ သူ့စည်းကမ်းလေးနဲ့သူ နေကြတာ |
"ဒေါက်တာ" |
"ဗျာ" |
"ကျွန်မ ဒီနေ့ မုန်ညှင်းရွက်လေးကြော်လာလို့ ဒေါက်တာအတွက်ပါ ပိုထည့်ပေးခဲ့တယ်။အဲ့ဒါ လာပို့ပေးတာ" |
"အားနာစရာကြီး မနီရယ် |
နောက်မထည့်လာနဲ့နော်" |
"ဒေါက်တာက အသားငါးမှမစားတာ ကျွန့်မတို့လည်း အသီးအရွက်လေး ထည့်လာတဲ့အခါ စားစေချင်လို့ပေါ့" |
"စေတနာကို အသိအမှတ်ပြုလိုက်ပါ့မယ်ဗျ |
ကျွန်တော်က ပန်းပွင့်စိမ်းကြော်လာတယ်။မနီစားချင်ရင် ယူသွားနော်" |
"တော်ပါပြီး ကျွန်မသာစားလိုက်ရင် ရှင့်လူနာတွေက ကျွန်မကို မျက်စောင်းထိုးပါအုံးမယ်။အခုလို ကျွန်မကျွေးတာ စားပေးတာနဲ့တင် ကျေးဇူးတင်နေပါပြီး" |
မနီသည် စိုင်းရှင်းနောင် ဒီကိုစရောက်တုန်းက ကူညီပေးတဲ့အမကြီးဖြစ်သည်။အမျိုးသားက သင်္ဘောသားဖြစ်ပြီး သမီးလေးနှစ်ယောက်လည်းရှိသည်။ဒီကို စရောက်ခါစကဆို မနီဘဲ အစစအရာရာ အကုန်သင်ပြပေးခဲ့တာ။သာမန်ရပ်ကွက်လေးတစ်ခုမှာ ဆေးခန်းသေးသေးလေးဖွင့်ထားတဲ့စိုင်းရှင်းနောင်ဖို့ "အနှိုင်းမဲ့"ဆေးရုံကြီးမှာအလုပ်ဝင်ဖို့က တစ်ခါမှစိတ်ကူးထဲတောင်မရှိခဲ့ဖူးပေ။ |
ပြည်သူ့ဆေးရုံကြီးမှာ အလုပ်ဝင်လုပ်ရင်း တစ်ဖက်မှာ ကိုယ်တက်နိုင်သလောက် ဆင်ခြေဖုံရပ်ကွက်သေးသေးထဲမှာ ဆေးခန်းလေးဖွင့်ထားသည်။အဲ့ဆေးခန်းကတော့ ဝင်ငွေမရပေမယ့် အလှူသက်သက်ဖွင့်ခဲ့ခြင်းဖြစ်သည်။ဆရာဝန်ဖြစ်ချင်ခဲ့တဲ့ရည်ရွယ်ချက်က ဒါကြောင့်ကို |
ဒေါ်ခင်မဒီနဲ့စတင်တွေ့ဆုံခဲ့တဲ့နေရာက သူ့ဆေးခန်းသေးသေးလေးမှာဖြစ်သည်။ညဂျူတီရှိတဲ့နေ့ကလွဲပြီး စိုင်းရှင်းနောင်ရှိနေတတ်တဲ့နေရာက "မေတ္တာ"ဆေးခန်းလေးပင်။ထိုရပ်ကွက်သည် အတော်လေးကို ချူချာပြီး အိုးမဲ့အိမ်မဲ့တွေ နေတဲ့ရပ်ကွက်ဟုဆိုလိုရသည်။ဆေးရုံဆေးခန်းဆိုတာ ဘာမှန်းမသိတဲ့လူတွေဖြစ်သည်။ဆေးမကုနိုင်လို့ ဆုံးရှုံးသွားတဲ့အသက်တွေသည်လည်း မနည်းမနော |
အသက်24နှစ်အရွယ်ဆရာဝန်ပေါက်စစိုင်းရှင်းနောင်အတွက် စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပေမယ့် ရအောင်ဆေးခန်းသေးသေးလေးဆောက်ကာ၊ရတဲ့လစာနဲ့ဒီကလူတွေကို ဆေးကုပေးနိုင်ခဲ့သည်။စိုင်းရှင်းနောင်အတွက်တော့ ဒီကလူတွေရဲ့အပြုံးတွေမြင်ရလေ ပိုပီတိဖြစ်ရလေ ဖြစ်သည်။ဆရာဝန်ဆိုသော်ငြား ကိုယ်ပိုင်အိမ်လည်းမရှိသလို တစ်ခါတစ်လေ လကုန်ခါနီး စားစရိတ်ပျက်သွားတဲ့အချိန်တွေတောင်ရှိသည်။ |
သို့ပေမယ့် စိုင်းရှင်းနောင်ကတော့ ပျော်သည်။သူဖြစ်ချင်ခဲ့တဲ့ရည်မှန်းချက်လေးကို အကောင်အထည်ဖော်နိုင်ခဲ့လို။ဆေးမကုနိုင်ဘဲ အသက်ပေးလိုက်ရတဲ့ကိုယ့်အဘအပေါ်တာဝန်မကျေခဲ့သလိုဖြစ်ခဲ့ရတာတွေကို ဒီနည်းနဲ့တာဝန်ကျေချင်တယ်။အခုလောက်ဆို အဘလည်း ကောင်းကင်ပေါ်ကနေ ပြုံးပြီး ကြည့်နေလောက်မယ်ထင်။ |
"ဆရာလေး ဒီငွေလေးတော့ယူပါနော် |
ဒီဆေးတွေ စျေးကြီးတာ ကျွန်မသိတယ်" |
5000တန်လေးကို ကျစ်နေအောင် ဆုတ်ကိုင်ပြီး ပေးတော့ စိုင်းရှင်းနောင်သည် နွေးနွေးထွေးထွေးပြုံးပြလိုက်သည်။ |
"ကျွန်တော် အဒေါ်ရဲ့စေတနာကို အသိအမှတ်ပြုပါတယ်နော်" |
"ဒါပေမယ့် ဆရာလေးရယ်...." |
"ကလေးတွေကို အရသာရှိတဲ့ဟင်းလေးတစ်ခွက်လောက်ချက်ကျွေးလိုက်ပါ" |
မုန့်အစား ဟင်းတစ်ခွက်ကိုသာ စိုင်းရှင်းနောင်တောင်းဆိုမိသည်။အချို့ကလေးတွေ မုန့်ကောင်းကောင်းစားရဖို့ မျှော်လင့်နေတဲ့အချိန် ဒီရပ်ကွက်က ကလေးငယ်လေးတွေသည် ဟင်းကောင်းတစ်ခွက်ကိုသာ မျှော်လင့်တတ်ကြသည်။မတူညီတဲ့ဘဝမှာ မတူညီတဲ့ဆန္ဒလေးတွေရှိတတ်ကြတာ လူ့သဘာဝဖြစ်သည်။ |
"ဆရာလေး ဒီကြီးမေကြီးက လမ်းပျောက်နေလို့တဲ့ ပြီးတော့ လက်မှာလည်း ဒဏ်ရာကြီးနဲ့ အဟွတ်ဟွတ်" |
စိုင်းရှင်းနောင်ကြည့်မိတော့ အသက်70လောက်ရှိတဲ့အဘွားတစ်ယောက်ဖြစ်သည်။ဇရာကြောင့် အသားအရည်ဟာ တွန့်နေပေမယ့် အနည်းငယ်ကြည်လင်နေသည်။သိပ်မအိုသေးဘူးဆိုတဲ့ သဘောပင်။အင်္ကျီအဖြူ ပါးပါးလှပ်လှပ်မှာ ပေနေတဲ့သွေးတွေက မြင်မကောင်းပေ။ |
"အမေကြီး ဒီမှာ ခနလှဲနော်" |
စိုင်းရှင်းနောင် ပြောတော့ အမေကြီးက လှဲလိုက်သည်။လက်ကဒဏ်ရာကို ကြည့်တော့ သုံးချက်လောက်ချုပ်ရမယ်ထင်၊ဒါအပြင် ပိုပိုထွက်လာတဲ့သွေးတွေကြောင့် သွေးကိုအရင်တိတ်အောင်လုပ်ပေးလိုက်သည်။တစ်ဖက် အပြင်ကနေ ချောင်းတစ်ဟွတ်ဟွတ်ဆိုးနေတဲ့ ကိုစိုးမောင်ကြောင့် စိုင်းရှင်းနောင်လည်း မနေသာတော့ပေ |
"အမေကြီး ဒါလေးကို လက်လေးနဲ့ခနဖိထားပေးနော်။ကိုစိုးမောင်က ချောင်းအကြာကြီးဆိုးရင် သွေးပါတတ်လို့ ခနလေးနော်" |
End of preview. Expand in Data Studio
README.md exists but content is empty.
- Downloads last month
- 17