url
stringlengths 52
71
| title
stringlengths 4
101
| body
stringlengths 0
37.6k
|
|---|---|---|
https://www.dhammaransi.com/index.php/new/2603-2024-12-24-01-20-48.html
|
ည အိပ်ယာ မဝင်ခင် သရဏဂုံတည်ပြီးမှ အိပ်ကြပါ။
|
ည အိပ်ယာ မဝင်ခင် သရဏဂုံတည်ပြီးမှ အိပ်ကြပါ။
သရဏဂုံတည်သောသူသည် ထိုဘဝမှ စုတေသောအခါ တစ်ဘဝတာ တည်ခဲ့သော သရဏဂုံ ကုသိုလ်ကြောင့်
(၉၁)ကမ္ဘာ အပါယ်လေးပါးသို့ မကျရောက်ရခြင်း။
အကြိမ်(၈၀) သိကြားမင်းဖြစ်ရခြင်း။
(၇၅)ကြိမ် စကြာမင်းဖြစ်ရခြင်း။
ရိုးရိုးပဒေသရာဇ် ဧကရာဇ်ဘုရင်အဖြစ် အကြိမ်ကြိမ်ဖြစ်နေခြင်း။
အဆုံးဘဝတွင် မြတ်စွာဘုရားသာသနာ၌ (၇)နှစ်သားအရွယ်မှာပင် ရှင်သာမဏေအဖြစ် ခံယူ၍ သရဏဂုံအဆုံး၌ ရဟန္တာဖြစ်ခြင်း။
စျေးဝယ်သောအခါ တစ်ပိဿာဝယ်လျှင် တစ်ပိဿာရ၏။စျေးသည်က တစ်ပိဿာအပြည့်အပြင် မေတ္တာလက်ဆောင် ထည့်ပေးလျှင် အဆစ်ပါရ၏။
ထို့အတူ သရဏဂုံတည်လျှင် အကျိုးရင်း အကျိုးဖျားဟူ၍ နှစ်မျိုးရ၏။
ယခုဖော်ပြပြီးသည်ကားတို့ကား အကျိုး အရင်းဖြစ်၏။ တစ်ပိဿာဝယ်၍ တစ်ပိဿာရခြင်းမျိုး တစ်ရာဖိုးဝယ်၍ တစ်ရာဖိုးရခြင်းမျိုးပင်ဖြစ်၏။
အဆင့်နှင့်တူသည့် အကျိုးဖျားဟုခေါ်သော ကောင်းကျိုး(၈)မျိုးကိုလည်း ဘဝဆက်တိုင်း ရနိုင်သေး၏။
ထိုကောင်းကျိုး(၈)မျိုးကိုလည်း အပါဒါန်ပါဠိတော်မှာ ဟောတော်မူထား၏။
သရဏဂုံတည်ခဲ့သူသည် လူ နတ် ဗြဟ္မာ မည်သည့်ဘဝသို့ ရောက်ရောက်
၁။ လူအများ၏ ပူဇော်ခံရခြင်းကို ခံယူရသည်။
၂။ ထူးထူးခြားခြား သူတကာထက် ဥာဏ်ကောင်းသည်။
၃။ သူ၏အလိုသို့ အများက လိုက်ပါရသည်။
၄။သတ္တဝါအားလုံးက နှစ်သက်သည်။
၅။ သတ္တဝါအားလုံးက ချစ်ခင်သည်။
၆။ ရွှေအဆင်းကဲ့သို့ လှပသည်။
၇။ ကျော်စောထင်ရှားသည်။
၈။ စည်းစိမ်များပြားသည်။
|
https://www.dhammaransi.com/index.php/new/2602-2024-12-23-22-58-28.html
|
ဂုဏ်တော်ပွားတယ်ဆိုတာ
|
..
.စိတ်သန့်ရှင်းရေး လုပ်နေတာပါ မြတ်စွာဘုရားရဲ့ ဣဿာကင်းတဲ့ဂုဏ်ကို ပွားရင်း ပွားရင်း ကိုယ့်စိတ်မှာလည်း ဣဿာဓာတ်တွေ တဖြည်းဖြည်း လျော့ပါးသွားပါတယ်။ ဣဿာဖြစ် ချင်တဲ့စိတ်တွေလည်း မရှိသလောက် ကင်းပြတ် သွားပါတယ်။ အကြောင်းတိုက်ဆိုင်လာလို့ မလွှဲ မရှောင်သာ ဖြစ်လာရင်လည်း ချက်ချင်းသတိဝင် ပြီးပယ်သတ်နိုင်ပါတယ်။ ဒါဟာ ဂုဏ်တော်ပွားခြင်း ရဲ့ အဓိက ပဓာန အကျိုးတရားပါပဲ။ ကျန်တဲ့ ကိလေသာတွေလည်း နည်းတူပါပဲ။ မစ္တရိယကင်းတဲ့ဂုဏ် ပွားရင် ကိုယ့်မှာ မစ္ဆရိယ ခေါင်းပါးလာတယ်။ ကုက္ကုစ္စကင်းတဲ့ဂုဏ်ပွားရင် ကိုယ့်မှာ ကုက္ကုစ္စလွင့်ပျောက်သွားတယ်။ မိဒ္ဓကင်းတဲ့ဂုဏ်ပွားရင် ကိုယ့်မှာ မိဒ္ဓချုပ်ငြိမ်းသွားတယ်။ ကိလေသာဆယ်ပါး၊ ဆယ့်လေးပါးရဲ့ သရုပ်ကိုလည်း အလွတ်ရအောင် ကျက်ထားရမယ်။ အဲဒီသရုပ်တွေရဲ့ မြန်မာလို ဖြစ်သင့်ဖြစ်ထိုက်တဲ့ အဓိပ္ပါယ်တွေကိုလည်း အတတ်နိုင်ဆုံး ကျယ်ကျယ် ပြန့်ပြန့် သိအောင် လုပ်ထားရမယ်။ ပြီးရင် အဲဒီ သိထားတဲ့အဓိပ္ပါယ်အတိုင်းပဲ မြတ်စွာဘုရားရှင်ရဲ့ { အရဟံ } ဂုဏ်တော်ကို ပွားများရပါမယ်။ ဒါလောက်ဆိုရင် ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရားဆိုတဲ့ စကားရပ်ကလေးကို အကျယ် ချဲ့ပြီး ပွားများတတ်ပါပြီ။ ကိလေသာ ၁၅၀၀ လို့ ဆိုပြီးတော့ ပွားလိုက်လို့ရှိရင် ရှုပ်ထွေးသွားမှာစိုးလို့ မပြောတော့ပါဘူး။ ဒီ ဆယ့်လေးပါးကိုပဲ ရအောင်.ကျက်ထားတယ်ဆိုရင်ပဲ တော်တော်လေး နေရာကျသွားပါပြီ။ . ဆယ့်လေးပါးလုံး မရဘူးပဲ ထားလိုက်ပါတော့။ လူတွေမှာ အများစု အဖြစ်များလေ့ရှိတဲ့ လောဘ၊ ဒေါသ၊ မာန၊ ဣဿာ၊ မစ္ဆရိယဆိုတဲ့ ဒီကိလေသာ ငါးမျိုးကိုတော့ ရအောင် ကျက်ထားရမယ်။ ဘာမှမခက်ပါဘူး။ အမြဲတန်းသုံးနေကျ စကားလုံး လေးတွေပါပဲ။ ဘာကြောင့် ဒီငါးမျိုးကို ပွားသင့်သလည်းဆိုတော့ ဒီငါးမျိုး ကိုယ့်စိတ်အစဥ်မှာ၊ ကိုယ့်နှလုံးသားမှာ မဖြစ်ဖို့ အတွက်ပါပဲ။ လောဘလည်း မဖြစ်စေချင်လို့၊. ဒေါသလည်း မဖြစ်စေချင်လို့၊ မာနလည်း မဖြစ်စေချင်လို့၊. ဣဿာလည်း မဖြစ်စေချင်လို့၊ မစ္ဆရိယလည်း မဖြစ်စေချင်လို့။ ဒိတရားငါးမျိုး နှလုံးသားထဲ ဝင်ရောက်နေရင်တော့ ပစ္စုပ္ပန်မှာရော၊ သံသရာမှာရော အကြီးအကျယ် ဒုက္ခရောက်ရတော့မှာပါပဲ။ ဒါကြောင့် ဒီစိတ် ၅ မျိုး မဖြစ်အောင် ကိုယ့်ကိုယ်ကို သတိပေးဖို့အတွက် ဒီ ၅ မျိုးတော့ အနည်းဆုံး ပွားများစေချင်ပါတယ်။ ဆယ့်လေးပါးလုံးပွားများရမှာပျင်းတယ်ဆိုရင်ပေါ့။ ဂုဏ်တော်ပွားတယ်ဆိုတာ တကယ်တော့ ကိုယ့် စိတ် ကိုယ် ကြေး (ဂျီး) ချွတ်နေတာပါ။ လောဘကြေးတွေ၊ ဒေါသကြေးတွေ၊ မာနကြေးတွေ၊ ဣဿာကြေးတွေ၊ မစ္ဆရိယကြေးတွေ စသည်အားဖြင့် ကိလေသာကြေးတွေ ကိုယ့်စိတ် မှာ ကင်းစင်သွားအောင် ဂုဏ်တော်ပွားနေတာပါ။ မြတ်စွာဘုရားရဲ့ ကိလေသာကြေး ကင်းစင်တဲ့ ဂုဏ်ကို အာရုံပြုနေရင်းနဲ့ ကိုယ့်စိတ်လည်း ဓာတ်ကူးပြီး ကိလေသာကြေးတွေ ကင်းစင်သွားတာပါပဲ။ အမြစ်ပြတ် ကင်းစင်ဖို့ကတော့ {ဝိပဿနာ} ဆက်ရှု ရမှာပေါ့။ ကိလေသာကြေး ကင်းစင်လေ ကုသိုလ်ဘုန်းကံ.ကြီးမားလေ၊ ကုသိုလ်ဘုန်းကံကြီးမားလေ လောကီကောင်းကျိုးချမ်းသာတွေ မလိုချင်အဆုံး ရရှိလေပါပဲ။ ကိလေသာနဲ့ ဘုန်းကံဆိုတာ ချိန်ခွင်တစ်ခုရဲ့ ဟိုဘက်ခွက်နဲ့ ဒီဘက်ခွက်လိုပါပဲ။ ချိန်ခွင်တစ်ခုမှာ အလေးထည့်တဲ့ခွက်က ပိုသွားရင် ပစ္စည်းထည့်တဲ့ခွက်က ပေါ့တက်သွားပြီး၊ ပစ္စည်းထည့်တဲ့ခွက်က ပိုသွားရင် အလေးထည့်တဲ့ ခွက်က ပေါ့တက်သွားပါတယ်။ အားများရာဘက်၊ အချိန်စီးရာဘက်၊ အလေးသာရာဘက်ကို ချိန်ခွင်လျှာက ပိုထွက်သွား ပါတယ်။ တစ်ဖက်ဖက်ကအလေးချိန်လျှော့လေ တစ်ဖက်ဖက်က ပိုလေးသွားသလိုပါပဲ။ အဲဒီလိုပါပဲ။ ကိလေသာခွက်ဘက်က အလေးသာ ရင် ချိန်ခွင်လျှာက ကိလေသာဘက်စောင်းထွက်ပြီး ဘုန်းကံခွက်က ပေါ့တက်သွားပါတယ်။ ဘုန်းကံခွက်က အလေးသာရင် ချိန်ခွင်လျှာက ဘုန်းကံခွက်ဘက်စောင်းထွက်ပြီး ကိလေသာခွက် ကပေါ့တက်သွားပါတယ်။ တစ်ဖက်ကလေးရင် တစ်ဖက်က ပေါ့ပြီး၊ တစ်ဖက်က ပေါ့ရင် တစ်ဖက်က လေးသွားပါတယ်။ ကိုယ်က ဘုန်းကံခွက်ဘက်ကို ပိုလေးစေချင်တယ်.ဆိုရင် ကိလေသာခွက်ဘက်ကို အလေးချိန် လျှော့နိုင်သမျှ လျှော့ရမှာပေါ့။ ကိလေသာခွက်ဘက်က အလေးချိန် လျှော့လေ၊ ဘုန်းကံခွက်ဘက်က အလေးချိန်တိုးလေပါပဲ။ ဆိုလိုတာကတော့ ကိလေသာများလေ၊ ဘုန်းကံ နည်းလေ။ ကိလေသာနည်းလေ၊ ဘုန်းကံများလေ ဘုန်းကံကြီးလေလို့ ဆိုလိုပါတယ်။ ဘုန်းကံကြီးမားတဲ့သူတစ်ယောက် ဖြစ်ချင်ပါတယ် ဆိုရင် စိတ်အစဥ်မှာ ကိလေသာ နည်းသည်ထက် နည်းအောင် ကြိုးစားရပါမယ်။ ကိလေသာလို့ ခေါ်တဲ့မကောင်းတဲ့စိတ်ဓာတ်တွေ၊ ညစ်ပတ်တဲ့စိတ်ဓာတ်တွေ၊ ယုတ်ညံတဲ့စိတ်ဓာတ် တွေ၊ သေးသိမ်တဲ့စိတ်ဓာတ်တွေ နည်းပါးသွားတာ နဲ့အမျှ ဘုန်းကံတရားလည်း ကြီးမားသည်ထက် ကြီးမားလာပါလိမ့်မယ်။ မကောင်းတဲ့စိတ်ဓာတ်တွေ လုံးဝ ကင်းစင်တဲ့. { အရဟံဂုဏ်တော် } ပွားများခြင်းက ပွားများသူ.ကို မကောင်းတဲ့စိတ်ဓာတ်တွေ နည်းပါးသွားအောင်၊ ကင်းရှင်းသွားအောင် အထောက်အကူ ပြုနိုင်ပါ တယ်။ စိတ်ဓာတ်ဆိုး ကင်းစင်ချင်သူတိုင်း အရဟံ ဂုဏ်တော်ကို ပွားကိုပွားများရမှာပါ။ မြန်မာလိုအဓိပ္ပါယ်နဲ့ တွဲပြီးတော့ပေါ့နော်။ 🙏{ အရဟံ } စိတ်ဓာတ်ဆိုး မှန်သမျှ လုံးဝ ကင်းစင်တော်မူသော မြတ်စွာဘုရား။ 🙏 { အရဟံ } မကောင်းတဲ့စိတ်ဓာတ်မှန်သမျှ လုံးဝ ကင်းစင်တော် မူသော မြတ်စွာဘုရား။ ဒီလိုလည်း ပွားများလို့ရပါတယ်။ မြန်မာလို အဓိပ္ပါယ်ပွားများပုံအတွက် စကားလုံးကို မူသေသတ်မှတ်ထားစရာ မလိုပါဘူး။ ကိုယ်အာရုံကျသလို၊ ကိုယ်ဓာတ်ခိုက်သလို၊ ကိုယ့်စိတ်ထဲ အဆင်ပြေသလို၊ ကိုယ်လတ်တလော ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေသလို စကားလုံး သုံးနှုန်းနိုင် ပါတယ်။ ။ ©📘 ဆရာတော် အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ) ဟောကြားတော်မူသည့် - { နှလုံးသားတောင်ထိပ်က အရဟံစေတီ } တရားတော်မှ ထုတ်နုတ်တင်ပြပါသည်။
|
https://www.dhammaransi.com/index.php/new/2578-2024-01-03-01-08-14.html
|
နှလုံးသားတောင်ထိပ်က အရဟံစေတီ
|
မိမိရဲ့ နှလုံးသားတောင်ထိပ်မှာ အရဟံစေတီကြီး တည်ကြရအောင်။ အရဟံဂုဏ်တော်ကို ပွားများဆင်ခြင်နေရင် အရဟံစေတီ တည်တာပါပဲ။
`အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား`
အဲဒါ အရဟံဂုဏ်တော်ရဲ့ အဓိပ္ပါယ်ပါပဲ။ အဲဒီ အဓိပ္ပါယ်သည်ပင်လျှင် အရဟံဂုဏ်တော် ပွားများတဲ့ နည်းလမ်းပါပဲ။ အရဟံဂုဏ်တော်ဆိုတာ ကိလေသာကင်းစင်ခြင်းပဲဆိုတာ သိပြီး ဘယ်လို ပွားများရမလဲလို့ တွေးနေစရာ မလိုပါဘူး။
အရဟံဆိုတာ ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရားလို့ အဓိပ္ပါယ်လေး တစ်ခေါက်သိပြီးတဲ့နောက် အရဟံဂုဏ်တော်ပွားတဲ့အခါမှာ `အရဟံ၊ အရဟံ၊ အရဟံ` နဲ့ အဲဒီလို ပါဠိလိုချည်း ဆက်တိုက်ရွတ်ဆိုရမှာ မဟုတ်ပါဘူး။ ရွတ်လို့လည်း ရတော့ ရပါတယ်။
သို့သော် မိမိက ပါဠိလူမျိုး မဟုတ်တဲ့အတွက်ကြောင့် အရဟံဆိုတာ ကိလေသာကင်းစင်တဲ့သူလို့ အဓိပ္ပါယ်ရတယ်ဆိုတာ သိထားပေမယ့် အရဟံဆိုတဲ့ စကားလုံးသက်သက်ကိုပဲ ထပ်ကာထပ်ကာ ရွတ်တဲ့အခါမှာတော့ ရွတ်တိုင်းရွတ်တိုင်း `ကိလေသာကင်းစင်သူ` ဆိုတဲ့ အဓိပ္ပါယ်ကို သိမြင်မနေတော့ပါဘူး။
ဆိုပါတော့၊ ၁၀၈ လုံး ပုတီးတစ်ပတ် ဆိုရင်ပဲ ၁၀၈ ခေါက်ရှိတယ်။ အဲဒီ ၁၀၈ ခေါက်လုံး အရဟံ၊ အရဟံလို့ ပါဠိသက်သက်ပဲ ရွတ်နေတဲ့အချိန်မှာ ၁၀၈ ခေါက်လုံး `ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား` ဆိုတဲ့ အဓိပ္ပါယ်အပေါ်မှာ အာရုံမရောက်တော့ပါဘူး။
ပထမ နှစ်ခေါက်၊ သုံးခေါက်လောက်ကတော့ အရဟံလို့ ဆိုလိုက်တာနဲ့ ကိလေသာတွေ ကင်းစင်တော်မူသော မြတ်စွာဘုရားလို့ အဓိပ္ပါယ်က အာရုံထဲမှာ ထင်ချင်ထင်လိမ့်မယ်။ နောက်အခေါက်တွေ နောက်အခေါက်တွေကျတော့ အရဟံ အရဟံနဲ့ `အ - ရ - ဟံ` ဆိုတဲ့ စာလုံးလေး သုံးလုံးပဲ မျက်စိထဲ မြင်နေတော့တယ်။
ဒါမှမဟုတ်ရင်လည်းပဲ မိမိကြည်ညိုတဲ့၊ မိမိအာရုံယူထားတဲ့ ရုပ်ပွားတော်တစ်ဆူဆူရဲ့ မျက်နှာတော်၊ ဒါမှမဟုတ် စေတီတော်၊ အဲဒီလိုအားဖြင့် မြတ်စွာဘုရားရှင်ရဲ့ စေတီတော်တွေ၊ ရုပ်ပွားတော်တွေ၊ မျက်နှာတော်တွေကိုပဲ မိမိအာရုံထဲမှာ မြင်နေတော့မှာပဲ။ ကိလေသာကင်းခြင်းဆိုတဲ့ ဂုဏ်သတ္တိ၊ ကိလေသာကင်းခြင်းဆိုတဲ့ စိတ်အရည်အသွေးရဲ့အပေါ်မှာ မိမိစိတ်က အာရုံမရောက်တော့ဘူး။
အဲဒီလိုဆိုရင် မိမိရဲ့ အရဟံစေတီဟာ သိပ်ပြီးတော့ ကြည်ညိုဖွယ်ရာ မဖြစ်တော့ဘူး။ သိပ်ပြီးတော့ မသပ္ပာယ်တော့ဘူး။ သိပ်ပြီးတော့ အစွမ်းသတ္တိ မထက်မြက်တော့ဘူး။ သိပ်ပြီးတော့ တန်ခိုးမကြီးတော့ဘူး။
သပ္ပာယ်ပြီး တန်ခိုးကြီးတဲ့ အရဟံစေတီကို တည်မယ်ဆိုရင်တော့ စိပ်ပုတီးစိပ်တာ ဝါသနာပါတဲ့ ပုဂ္ဂိုလ်များကလည်းပဲ `အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား` အဲဒီလို အပြည့်အစုံ ဆိုပြီးတော့မှ ပုတီးလေး တစ်လုံးချ၊ နောက်တစ်လုံးကျတော့လည်း `အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား` တစ်လုံးချ၊ `အရဟံ` ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား၊ တစ်လုံးချ။ ပါဠိလိုရော၊ မြန်မာလိုအဓိပ္ပါယ်ရော ပွားများပြီးတော့မှ ပုတီးတစ်လုံးစီ ချသွား။ ပါဠိသက်သက်ပွားများတာထက် ပိုပြီးတော့ အစွမ်းသတ္တိ ထက်မြက်ပါတယ်။
မြန်မာလိုပါ တွဲရွတ်တိုင်းရွတ်တိုင်း မြတ်စွာဘုရားရှင် စိတ်အစဉ်မှာ ကိလေသာတွေကင်းစင်နေတဲ့ သဘောလေးကို အာရုံပြုပြီးတော့ ကြည်ညိုလို့ရပါတယ်။ ဂုဏ်တော်အပေါ်မှာ ကြည်ညိုတဲ့စိတ် ဖြစ်မှလည်းပဲ ဂုဏ်တော်ပွားခြင်းကြောင့် ပီတိပဿဒ္ဓိလို့ခေါ်တဲ့ နှစ်သက်ဝမ်းမြောက်မှု၊ ငြိမ်းအေးမှုဆိုတာ ဖြစ်နိုင်ပါတယ်။
ဂုဏ်တော်အပေါ်မှာ ကြည်ညိုပြီး နှစ်သက်ဝမ်းမြောက် ငြိမ်းအေးနေတဲ့ ပီတိပဿဒ္ဓိ အားကောင်းမှသာလျှင် ဂုဏ်တော်ပွားခြင်းရဲ့ လောကီလောကုတ္တရာ တန်ခိုးသတ္တိတွေကို အပြည့်အဝ ရရှိနိုင်ပါတယ်။
ဒါပေမဲ့ ဘာဝနာဆိုတာကတော့ စိတ်ရဲ့အလုပ်မျှသာ ဖြစ်ပါတယ်။ နှုတ်ရဲ့ အလုပ်လည်း မဟုတ်ပါဘူး။ လက်ရဲ့ အလုပ်လည်း မဟုတ်ပါဘူး။ စိတ်သက်သက်နဲ့ အာရုံပြုပွားများနိုင်လောက်အောင် မိမိက စိတ်စွမ်းရည် မပြည့်ဝသေးဘူးဆိုရင်တော့ ပြင်ပရုပ်ဝတ္တုပစ္စည်းတစ်ခုခုရဲ့ အကူအညီကို ယူပြီးတော့ ပွားများရမှာပေါ့။
စိတ်သက်သက်နဲ့ပဲ ပွားများလို့ ရလာအောင်၊ စိတ်သက်သက်နဲ့ပဲ အာရုံပြုကြည်ညိုလို့ ရလာအောင် မိမိမှာ စိတ်စွမ်းရည်ပြည့်ဝနေပြီဆိုရင်တော့ ပြင်ပရုပ်ဝတ္တုပစ္စည်းတွေရဲ့ အကူအညီ လုံးဝ မလိုအပ်တော့ပါဘူး။ နှုတ်ရဲ့ အကူအညီလည်းပဲ လုံးဝ မလိုအပ်တော့ပါဘူး။ လက်ရဲ့ အကူအညီလည်းပဲ လုံးဝ မလိုအပ်တော့ပါဘူး။
ဘာဝနာပွားတဲ့အချိန်ကို ပြောတာပါ။ ဘာဝနာပွားတဲ့နည်းနဲ့ မဟုတ်ဘဲနဲ့ အခြေအနေအားလျော်စွာ ကိုယ့်ဘာသာကိုယ် ကြည်ညိုလို့၊ ကုသိုလ်ရချင်လို့ အသံထွက်ပြီးတော့ ရွတ်ဆိုချင်တယ်၊ ရွတ်ပွားချင်တယ် ဆိုရင်တော့ နှုတ်အကူအညီ၊ လက်အကူအညီ၊ ပုတီးစတဲ့ ရုပ်ဝတ္တုတစ်ခုခု အကူအညီနဲ့ ရွတ်ဆိုလို့၊ ရွတ်ပွားလို့ ရပါတယ်။
စိတ်သက်သက်နဲ့ ဂုဏ်တော်ပွားခြင်းအားဖြင့် ကိုယ့်နှလုံးသားမှာ တည်လိုက်တဲ့ဘုရားက ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ တန်ခိုးအကြီးဆုံးဘုရားပါပဲ။
ပြင်ပမှာ တည်ထားတဲ့ ဘုရားတွေက အလကားနေရင်း အလိုအလျောက် ကိုယ့်ကို လာပြီး ကောင်းကျိုး မပေးနိုင်ပါဘူး။ ကိုယ့်နှလုံးသားမှာ တည်ထားတဲ့ ဘုရားကမှ ကိုယ့်ကို ကောင်းကျိုးပေးနိုင်ပါတယ်။
ပြင်ပက တန်ခိုးကြီးဘုရားတွေကို ဖူးမြော်ပူဇော်တာဟာ အဲဒီဘုရားတွေကို အာရုံပြုပြီး ကိုယ့်နှလုံးသားမှာ ဘုရားတည်ဖို့အတွက်ပါပဲ။ ကိုယ့်နှလုံးသားမှာ ဘုရားပြောင်းမတည်ပဲနဲ့တော့ ဘယ်တန်ခိုးကြီးဘုရားကမှ ကိုယ့်ကို မ, မစနိုင်ပါဘူး။
ဂုဏ်တော်တွေကို တစ်ကြိမ်တစ်ခါလောက် ပွားရုံ၊ အကြိမ်နည်းနည်း ပွားရုံနဲ့လည်း တစ်သက်စာ အားကိုးရလောက်အောင် နှလုံးသားထဲက ဘုရားက တန်ခိုးမကြီးသေးပါဘူး။ အကြိမ်ကြိမ်အထပ်ထပ် ပွားမှ တန်ခိုးကြီးလာတာပါ။
ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(နှလုံးသားတောင်ထိပ်က အရဟံစေတီ မှ)
|
https://www.dhammaransi.com/index.php/new/2577-2024-01-03-01-01-25.html
|
မေတ္တာနှင့် ဒါန သီလ ဝိပဿနာ
|
••••••••••••••••••••••••••••••••
မေတ္တာက အင်မတန်အရေးကြီးပါတယ်။
လုပ်သမျှ ကုသိုလ်တွေကို အရည်အသွေး မြင့်မားသွားအောင် မေတ္တာက အမွှမ်းတင် ပေးနိုင်ပါတယ်။
မေတ္တာနှင့်ဒါန
•••••••••••••••
ဒါနကောင်းမှုပြုရင် စိတ်ထဲကနေ
မေတ္တာဓာတ်တွေ ထပ်တလဲလဲ
ပို့လွှတ်ပြီးတော့ ပြုမယ်။
တစ်နည်းပြောရရင် မေတ္တာဘာ၀နာ
ပွားပြီးတော့ ဒါနပြုမယ်ဆိုရင်
အဲဒီဒါနက ပိုပြီးတော့ အရည်အသွေး
မြင့်မားတဲ့ ဒါန ဖြစ်သွားတယ်။
ပိုပြီးတော့လည်း
အကျိုးပေးကြီးမားတယ်။
ဥပမာ ကိုရင်တစ်ပါးကို
ဆွမ်းလောင်းတယ်။
ဒီအတိုင်းပဲ လောင်းလိုက်တဲ့လူနဲ့
ဒီကိုရင်လေး ဒီဆွမ်းဘုဉ်းပေးပြီးတော့ ကျန်းမာချမ်းသာပါစေလို့ မေတ္တာပို့ပြီး လောင်းတဲ့လူနဲ့
ကုသိုလ်အရည်အသွေးချင်း
လုံး၀ကို မတူတော့ဘူး။
မေတ္တာနှင့်သီလ
•••••••••••••••••
သီလလည်း ဒီအတိုင်းပဲ။
သူများအသက် မသတ်ဘူးဆိုတာ
"သြော် ကိုယ်လည်း အသက်
သူလည်းအသက်"
ကိုယ့်သတ်ရင်လည်း မကြိုက်
သူ့သတ်ရင်လည်း ကြိုက်မှာမဟုတ်ဘူး။
ဒီအကောင်လေး ငါသတ်လိုက်ရင်
သေသွားမှာ အသက်မသေပါစေနဲ့။
ချမ်းသာပါစေဆိုပြီး …
ဒီသတ္တဝါလေးကို ချမ်းသာစေချင်တဲ့ မေတ္တာစိတ်လေးကြောင့် မသတ်တာ ဆိုရင်
သီလပျက်မှာစိုးလို့ ဒါမှမဟုတ် ဖြစ်လေရာ ဘ၀မှာ ကိုယ့်အသက်တိုမှာစိုးလို့ မသတ်တာနဲ့ အရည်အသွေးချင်းက လုံး၀ကွာခြားသွားပြီ။
အဲဒီတော့ သီလကုသိုလ်ရဲ့အရည်အသွေး
မြင့်မားအောင်လည်း မေတ္တာကပဲ လုပ်ပေး နိုင်တယ်။
မေတ္တာနှင့်ဝိပဿ နာ
••••••••••••••••••••
၀ိပဿ နာအလုပ်ကို အရည်အသွေး မြင့်မားအောင်လည်း မေတ္တာက လုပ်ပေးနိုင်တယ်။
၀ိပဿ နာဆိုတာ ရုပ်နာမ်ဖြစ်ပျက်ကို
ရှုမှတ် ပွားများရတာ…
ဖြစ်ပြီး ပျက်သွားတဲ့ သဘောတရားကို ရှုမှတ်နေရတာဆိုတော့…
ရှုမှတ်တဲ့ အချိန်ကြာလာလို့ရှိရင် ခြောက်ကပ် ပြီးတော့ ငြီးငွေ့သွားတာမျိုး ဖြစ်တတ်တယ်။
အရပ်ပြော ပြောရင် ပျင်းသွားတာပေါ့။
အဲဒီအချိန်မှာ မေတ္တာ ဘာ၀နာလေး ပွားလိုက်လို့ရှိရင် စိတ်က စိုစိုပြည်ပြည် လန်းလန်းဆန်းဆန်း ဖြစ်သွားတတ်တယ်။
ရုပ်နာမ်ဖြစ်ပျက်ကို အာရုံပြုနေရာကနေ သတ္တဝါတွေကို အာရုံပြုလိုက်တယ်။
သူတို့ကို ကောင်းကျိုးရစေချင်တဲ့ မေတ္တာ ဓာတ်လေးနဲ့ အာရုံပြုလိုက်တာ ဖြစ်တဲ့အတွက် စိတ်က စိုပြည်လန်းဆန်းသွားတယ်။
လန်းဆန်းသွားတဲ့စိတ်နဲ့ ဝိပဿနာ ဆက်ရှုလိုက်ရင် ဝိပဿနာ ဥာဏ် မြန်မြန်တက်သွားတတ်တယ်။
ရုပ်နာမ် ဖြစ်ပျက်ချည်းပဲ အဆက်မပြတ် တရစပ်ရှုနေတဲ့သူထက် …
မေတ္တာဘာ၀နာလေး ကြိုးကြားကြိုးကြား ပွားများတဲ့သူက တရားထူး တရားမြတ်
ပိုပြီးတော့ မြန်မြန်ရနိုင်တယ်။
လွယ်ကူသောအကျင့်
လျှင်မြန်သော အသိဥာဏ် ဆိုတာမှာ …
၀ိပဿ နာ အားထုတ်ခြင်းကြောင့်
လျှင်မြန်သော အသိဥာဏ်ရတယ်။
လွယ်ကူသော အကျင့်ဆိုတာ
ကတော့ သမထပါ။
မေတ္တာဘာ၀နာ အားနည်းခဲ့တဲ့သူက ဝိပဿနာအားထုတ်တဲ့ အချိန်မှာ
ပင်ပင်ပန်းပန်း အားထုတ်ရတတ်တယ်။
မေတ္တာဘာ၀နာအစရှိတဲ့ သမထကမ္မဋ္ဌာန်းကို အမြဲတမ်းတွဲပြီးအားထုတ်တဲ့သူ ဒါမှမဟုတ် သံသရာမှာလည်း အားထုတ်ခဲ့တဲ့သူက
၀ိပဿနာ ရှုမှတ်တဲ့အချိန်မှာ သက်သောင့် သက်သာ အားထုတ်ရပြီး ဝိပဿနာဥာဏ်
လည်း မြန်မြန်ရပါတယ်။
ဒါကြောင့် မေတ္တာ ဘာ၀နာပွားများခြင်းက ဝိပဿ နာ အလုပ်ကိုလည်း အများကြီး ကျေးဇူးပြုပါတယ်။
ဆရာတော်
အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)
|
https://www.dhammaransi.com/index.php/new/2575-2023-12-27-10-57-19.html
|
ဗုဒ္ဓရှင်တော်မြတ်၏(၃၂)ပါးသော မဟာပုရိသယောကျာ်းမြတ် လက္ခဏာများ
|
ဗုဒ္ဓရှင်တော်မြတ်၏(၃၂)ပါးသော မဟာပုရိသယောကျာ်းမြတ် လက္ခဏာများ
____________________________
ထိုလက္ခဏာတို့နှင့် ပြည့်စုံတဲ့ ယောက်ျားမြတ်ဟာ နှစ်မျိုးသော အဖြစ်တို့သာလျှင်
ရှိပါတယ်။လူ့ဘောင်၌ နေလျှင် စကြဝတေးမင်း ဖြစ်မယ်။
လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်လျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော
(အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်းမှန်စွာ သိတော်မူသော လောက၌ (ကိလေသာ) အပိတ်အပင်ကို
ဖွင့်လှစ် ဖျက်ဆီးပြီးသော ဘုရားဖြစ်မယ်။
(၁) ဗုဒ္ဓရှင်တော်မြတ်သည် အညီအညွတ် ကောင်းစွာ ထိသော ခြေဖဝါးတော်ရှိတယ်။(ခြေဖဝါးတော် ညီပါတယ်)
(၂) အောက်ခြေဖဝါးပြင်တို့၌ အကန့်တစ်ထောင်ရှိကုန်သောအကွပ်ပုံတောင်းတို့နှင့်တကွ
အခြင်းအရာအလုံးစုံနှင့် ပြည့်စုံကုန်သော စက်ဝန်းတို့သည် ဖြစ်ပေါ်လျက် ရှိကုန်တယ်။
(၃) ရှည်သော ဖနှောင့်တော်ရှိပါတယ်။
(၄) ရှည်သွယ်သော လက်ချောင်း ခြေချောင်းတော် ရှိပါတယ်။
(၅) နူးညံ့ နုနယ်သော လက်ဖဝါး ခြေဖဝါးတော် ရှိပါတယ်။
(၆) ကွန်ရက်ပမာ ညီညာသော လက်ချောင်း ခြေချောင်းတော် ရှိပါတယ်။
(၇) ဖမျက်မြင့်သောခြေတော်ရှိပါတယ်။
(ခြေမျက်စိတော်မြင့်ပါတယ်)
(၈) ဧဏီသားကောင်၏ သလုံးမြင်းခေါင်းကဲ့သို့သော သလုံးမြင်းခေါင်းတော် ရှိပါတယ်။
(၉) ရပ်လျက်ပင် နှစ်ဖက်သော လက်ဝါးပြင်တို့ဖြင့် ပုဆစ်ဒူးတို့ကို သုံးသပ်နိုင်ပါတယ်။
(၁၀) အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်တော် ရှိပါတယ်။
(၁၁) ရွှေအဆင်းရှိ၏၊ ရွှေနှင့်တူသော (အသား) အရေရှိပါတယ်။
(၁၂) ချောမွေ့သော အသားအရေရှိပါတယ်၊ အသားအရေ ချောမွေ့သောကြောင့် မြူအညစ်အကြေး မလိမ်းကျံ(မငြိကပ်)၊
(၁၃) တစ်ပင်ချင်းပေါက်သော မွေးညင်းရှိပါတယ်၊ မွေးညင်းပေါက်တို့၌ တစ်ပင် တစ်ပင်သော မွေးညင်းတို့
သာလျှင် ပေါက်ကုန်ပါတယ်။
(၁၄) အထက်သို့ ကော့တက်သော မွေးညင်းရှိ၏၊ မျက်စဉ်းညိုအဆင်း ရှိကုန်သော မွေးညင်းတို့သည့်ဖက်
နားတောင်းသဏ္ဌာန် လက်ျာရစ်လည်၍ အထက်သို့ ကော့တက်လျက် ပေါက်ကုန်ပါတယ်။
(၁၅) ဗြဟ္မာမင်းကဲ့သို့ ဖြောင့်မတ်သော ကိုယ်တော် ရှိပါတယ်။
(၁၆) ခြေဖမိုးတော်နှစ်ဖက် လက်ဖမိုးတော်နှစ်ဖက် ပခုံးတော်နှစ်ဖက် လည်ကုတ်တော်ဟူသော ခုနှစ်ပါးသောအရပ်၌ အသား ဖြိုးမောက်ခြင်း ရှိပါတယ်။
(၁၇) ခြင်္သေ့ကိုယ်ရှေ့ပိုင်းနှင့် တူသော ကိုယ်ရှိပါတယ်။
(၁၈) လက်ပြင်နှစ်ဖက်အကြား၌ (တစ်ပြင်တည်းညီလျက်) ပြည့်ဖြိုးသော ကျောပြင်ရှိပါတယ်။
(၁၉) ပညောင်ပင်ကဲ့သို့ ဝန်းသော ကိုယ်တော်ရှိပါတယ်၊ ထို (ဗုဒ္ဓမြတ်စွာဘုရား)၏ အလံသည် ကိုယ်အရပ်မြင့်သလောက် ကျယ်ပြန့်ပါတယ်၊ ကိုယ်အရပ်သည်လည်း အလံကျယ်ပြန့်သလောက် မြင့့်ပါတယ်။
(၂၀) ညီညာစွာ လုံးသော လည်ပင်းလည်တိုင်တော် ရှိပါတယ်။
(၂၁) အရသာကို ဆောင်သော အလွန်ကောင်းမြတ်သော အကြောတော်များ ရှိပါတယ်။
(၂၂) ခြင်္သေ့၏ မေးနှင့်တူသော မေးရှိပါတယ်။
(၂၃) လေးဆယ်သော သွားတော်ရှိပါတယ်။
(၂၄) ညီညွတ်သော သွားတော်ရှိပါတယ်။
(၂၅) မကျဲသော သွားတော်ရှိပါတယ်။
(၂၆) အလွန်ဖြူစင်သော အစွယ်တော် (လေးချောင်း) ရှိပါတယ်။
(၂၇) ကြီးမား ရှည်လျား နူးညံ့သော လျှာတော်ရှိပါတယ်။
(၂၈) ဗြဟ္မာမင်း၏အသံနှင့်တူသော အသံတော်ရှိပါတယ်။
ကရဝိက်ငှက်၏ အသံနှင့်တူသော အသံတော်ရှိပါတယ်။
(၂၉) အလွန်ညိုသော မျက်လုံးတော်ရှိပါတယ်။
(၃၀) နွားငယ်မျက်တောင်နှင့်တူသော မျက်တောင်တော်ရှိပါတယ်။
(၃၁) မျက်မှောင်နှစ်ခုအကြား၌
နူးညံ့သော လဲဝါဂွမ်းနှင့်တူသော
ဖြူစင်သော ဥဏ္ဏလုံမွေးရှင်တော်သည်
ပေါက်လျက် ရှိပါတယ်။
(၃၂) သင်းကျစ်ဆင်ထားဘိသကဲ့သိုသော ဦးခေါင်းတော်ရှိပါတယ်။
# # ရဟန်းတို့ ယောက်ျားမြတ်၏ ထိုသုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ် “မဟာပုရိသ’ လက္ခဏာ
တို့သည် ဤသည်တို့ ပေတည်း။ ယင်း(လက္ခဏာ)တို့နှင့် ပြည့်စုံသော ယောက်ျားမြတ်အား နှစ်မျိုးသော
အဖြစ်တို့သာလျှင် ရှိကုန်၏၊
အခြားသော အဖြစ်တို့ကား မရှိကုန်။
(ထိုယောက်ျားမြတ်သည်) အကယ်၍ လူ့ဘောင်၌နေသော် တရားစောင့်သော တရားနှင့်အညီ
မင်းပြုသော သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော ရန်အပေါင်းကို
အောင်မြင်သော တိုင်းနိုင်ငံကို တည်ငြိမ်စေသော ရတနာခုနစ်ပါးနှင့် ပြည့်စုံသော စကြဝတေးမင်း
ဖြစ်၏။ပ။ အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သော် ပူဇော်အထူးကို ခံတော်မူ
ထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော လောက၌ (ကိလေသာ)
အပိတ်အပင်ကို ဖွင့်လှစ်ဖျက်ဆီးပြီးသော ဘုရားဖြစ်၏။##
ဒီဃနိကာယ် လက္ခဏသုတ် အစရှိသော ပါဠိတော်များ၌လာပါတယ်။ လက္ခဏာဆိုတာ အမှတ်အသားလို့အဓိပ္ပါယ်ရပါတယ်။ ရှေးရှေးဘဝကကောင်းမှုပြုခဲ့သော အမှတ်အသားများ ခန္ဓာကိုယ်ပေါ်မှာပေါ်နေခြင်းဖြစ်ပါတယ်။ လက္ခဏာ အသီးသီးမှာသူ့ရဲ့အကြောင်းကောင်းမှု အသီးသီးရှိပါတယ် မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ ရတနာ့ဂုဏ်ရည်ကျမ်းမှာ လေ့လာနိုင်ပါတယ်။ အလွန်မှတ်သားဖွယ်ကောင်းပါတယ်။
ဥပမာ မြေ၍အညီအညွတ်ထိသောခြေတော်ရှိခြင်း လက္ခဏာမှာ ပါရမီဖြည့်စဉ်က ကောင်းမှုတို့ကိုပြုရာမှာ ခိုင်မြဲသောသောစိတ်ဖြင့် မည်သည့်အကြောင်းကြောင့်မျှ မပြောင်းလဲပဲ ခိုင်ခိုင်မတ်မတ်ရပ်တည်၍ ပြုခဲ့သောကြောင့် ခိုင်ခိုင်မတ်မတ်ရပ်တည်နိုင်သော ခြေတော်ရှိခြင်း အကျိုးရင်းလက္ခဏာကိုရရှိပါတယ်။ အကျိုးဆက်အနေနဲ့ ထိုလက္ခဏာရှိသော ယောက်ျားမြတ်ကို မည်သို့သောရန်သူကမျှ မတားမြစ်နိုင်ခြင်း ရရှိသောအကျိုးတရားတို့ကို မည်သူကမျှ မဖျက်စီးနိုင်ခြင်း အကျိုးကိုရရှိပါတယ်။
နောက်လက္ခဏာ တပါးအနေနဲ့ သူတပါးတို့ကို့ကိုကွဲပြားအောင် မလုပ်ပဲ အချင်းချင်းညီညွတ်အောင် ပြောဆိုခဲ့ခြင်းကြောင့် မကျဲသောသွားတော်ရှိခြင်း အကျိုးရင်းလက္ခဏာကိုရရှိပါတယ်။ အကျိုးဆက်အနေနဲ့ ထိုယောက်ျားမြတ်၏ အခြွေအရံ ပရိတ်သတ်သည် မကွဲပြားပဲအမြဲစည်စည်းလုံးလုံး ရှိကြပါတယ်။
(၃၂) ပါးလက္ခဏာတော်များဟာ ပါဠိတော်လာ ဖြစ်ပါတယ်။ ဇိနာလင်္ကာရဋီကာကျမ်းလာ လက္ခဏာတော်ငယ် (၈၀) ဆိုတာ ရှိပါသေးတယ်။ နောက် သမန္တစက္ခု ဒီပနီနဲ့ သတ္ထုရူပကဝိလာသနီကျမ်းလာ အဆိုများလည်းရှိပါသေးတယ်။
|
https://www.dhammaransi.com/index.php/new/2574-2023-12-27-10-53-41.html
|
သဲအင်းဆရာတော်ကြီးနှင့်စကြာဝဠာထဲကလူများ
|
သတင်းစာဆရာကြီးမိုးကြိုးဦးအုံးခင်သည် ခေတ်ပညာ လည်းတတ်သည်။ပရိယတ္တိစာပေတွင်လည်း နှံ့စပ်စွာ သိ၏။ပရိယတ္တိ စာတတ်ဆရာတော်ကြီးများနှင့် အလွန်ရင်းနှီးသည်။ပညာတတ်ဖြစ်၍ဆရာတော်ကို ကြုံရင်ကြုံသလိုသိချင်သောမေးခွန်းများစွာမေးတော့သည်။သူ၏ သတင်းစာထဲတွင် သဲအင်းဆရာတော်နှင့် အမေးအဖြေများကိုမကြာခဏထည့်လေ့ရှိသည်။ သူ့ကြောင့် ပင် သဲအင်းဆရာတော်၏ ဂုဏ်သတင်းသည် မြန်မာတစ်ပြည်လုံးသို့လျင်မြန်စွာဖြန့်နှံ့ရတော့သည်။
ဆရာတော်ကြီးသည် ညပိုင်းတွင် အနီးကပ် သာဝကများနှင့်စကားပြောလေ့ရှိသည်။အမေးအမြန်း ထူသောပညာတတ်ဦးအုံးခင်သည် ဆရာတော်ကြီးကို စတင်လျှောက်ထားတော့သည်။
မိုးကြိုး -နောင်လာနောင်သားများအတွက် အရှင်ဘုရားရဲ့ အတိတ်ဘဝများကိုပညတ်အာရုံံပြုပြီးပြောပေးပါ……
သဲအင်း >အတိတ်ဆိုတာမရှိတဲ့တရား…ပြန်မပြောချင်ဘူး ပစ္စုပ္ပန်ပဲရှိတဲ့တရား။
မိုးကြိုး >နောင်လာနောင်သားများအတွက် မှတ်တမ်းထားခဲ့ချင် လို့ပါအရှင်ဘုရား။
သဲအင်း >အတိတ်ကိုလဲအကုန်သိပါတယ်။ ပစ္စုပ္ပန်ကိုလည်း အကုန်သိပါတယ်။ နောင်အနာဂတ်ကိုလဲ ကုန်စင်အောင်သိပါတယ်။
မိုးကြိုး >အတိတ်ကပွင့်ခဲ့တဲ့ဘုရား လက်ထက်မှာ ဘာတွေဖြစ်ခဲ့ပါသလဲ။
သဲအင်း >ပြောရင်လဲမကုန်နိုင်အောင် ဘယ်ဘုရား လက်ထက်မှာဘယ်နံမည်နဲ့မင်းဖြစ်ခဲ့တယ် နောက်ဘုရားလက်ထက်မှာဘာဖြစ်ခဲ့တယ်ဆိုတာ တွေဟာ များလွန်းလှပါတယ်
မိုးကြိုး >စကြာဝဠာနဲ့ ပတ်သက်ပြီး သိချင်ပါတယ် အရှင်ဘုရား
သဲအင်း >ဒီစကြာဝဠာအပြင် ဟိုစကြာဝဠာတွေလဲရှိတယ်
ဒီစကြာဝဠာက လူသားတွေ ဒီလိုနေကြ ထိုင်ကြ စားကြ တာတွေသိသလို ဟိုစကြာဝဠာက လူသားတွေရဲ့ ခန္ဓာကိုယ်ပုံစံတွေ နေထိုင်ပုံတွေအားလုံး မသိတာ ဆိုတာမရှိဘူး သူတို့တွေရဲ့ သက်တမ်းက အစအားလုံး သိပါတယ်။
မိုးကြိုး >ငရဲပြည်အကြောင်းသိခွင့်ပေးပါအရှင်ဘုရား။
သဲအင်း >စကြာဝဠာတစ်ခုနဲ့ တစ်ခုကြားမှာ အလွန်ကြောက်စရာကောင်းလွန်းတဲ့ ငရဲတွေရှိသေးတယ်
မိုးကြိုး >ဘယ်အကြောင်းခံကြောင့် ဒီငရဲမှာ ကျရတာလဲ အရှင်ဘုရား
သဲအင်း >အောက်ကိုကြည့်ရင် ဒလဟောကြီးအားလုံးကို မြင်နေရတယ် ဆွေမျိုးတွေ သူငယ်ချင်းတွေကို ငရဲမှာတွေ့ရတော့မှ အရမ်းကြောက်ရွံ့ တုန်လှုပ်ခဲ့ရတယ် ……ဒကာကြီး
မိုးကြိုး >သေသွားတဲ့ဇနီး၂ယောက် ဘယ်ရောက် နေပါသလဲ
သဲအင်း >ပထမဇနီးကိုစိတ်ထဲက ညွတ်လိုက်တယ် ဘယ်ရောက်နေသလဲလို့ အပယ်ငရဲတွေပေါ်လာတယ် အပယ်ငရဲအိုးထဲမှာအော်ဟစ်နေတယ် အသံနက်ကြီးနဲ့ ခံနေရလွန်းလို့
မိုးကြိုး >အရှင်ဘုရား ကယ်လို့မရတော့ဘူးလား
သဲအင်း >ငရဲကိုရောက်ပြီဆိုရင် ဘုရားလဲကယ်လို့ မရတော့ဘူး ခံပေအုံးတော့ နှစ်ပေါင်း အသင်္ချေ
{ ဒုတိယအပိုင်း}
မိုးကြိုး>ကွယ်လွန်သွားတဲ့ ဒုတိယဇနီးရောအရှင်ဘုရား
သဲအင်း >သူ့အိမ်မှာ ဝက်ကလေးပြန်ဖြစ်နေတယ်
မိုးကြိုး >ဘယ်လိုအကြောင်းခံကြောင့်လဲအရှင်ဘုရား
သဲအင်း >ဒီဒကာမက ဝက်တွေမွေးတယ်။ ဝက်တွေ အသားတိုးအောင်လုပ်ပြီးအရွယ်ရောက်တော့ဝက်သတ်သမားကိုရောင်းစားတယ်
မိုးကြိုး >ဝက်ကို အသားတိုးအောင် အစာကျွေးတာ ကုသိုလ်မရဘူးလား
သဲအင်း >ဝက်ကိုကျွေးတဲ့စိတ်က သတ္တဝါကို ကျွေးတာမဟုတ်ဘူး ဒီဝက်အသားတိုးလာရင် ငါပိုက်ဆံ များများရတော့မယ်ဆိုတဲ့စိတ်နဲ့ကျွေးတာ ဒကာကြီးရဲ့ လောဘစိတ်ဖြစ်နေတာ
မိုးကြိုး >ဒါကြောင့်ဝက်ဖြစ်ရတာလား
သဲအင်း > ဝက်တွေဘဲ မွေးထားတော့ ပုထုစဉ်စိတ်က ဝက်စိတ်ပဲဖြစ်နေတယ် သေခါနီးတော့ အမြဲဖြစ်နေတဲ့ ဝက်စိတ်နဲ့ဝက်ပြန်ဖြစ်နေရတာဘဲ
မိုးကြိုး > "သေသူရှင်သူကတ"ဆိုတဲ့ တဘောင်ကို ရှင်းပေးပါအုံးအရှင်ဘုရား
သဲအင်း > ဦးပဇင်းက ငရဲပြည်အထပ်ထပ်ကို ဒလဟောကြီးမြင်ရတော့ ငရဲကျနေတဲ့အဖိုးအဖွားတွေ မိဘတွေ ဆွေမျိုးသူငယ်ချင်းပေါင်းများစွာတွေ့ရတယ် ဒီတော့ဦးပဇင်းကဆင်ခြင်တယ် ငါ့အဖိုးအဖွားတွေလဲ ဥပုသ်စောင့် ကုသိုလ်လုပ်ခဲ့တာပဲ
မိုးကြိုး > ဥပုသ်စောင့်တာဘာလို့ငရဲကျရတာလဲ အရှင်ဘုရား
သဲအင်း >မိရိုးဖလာ ဗုဒ္ဓဘာသာအတိုင်း ဒါနသီလတွေလုပ်ခဲ့တာကိုး……ဘုန်းကြီးတွေကလည်း မိရိုးဖလာအတိုင်းဘဲ လှူရင် နတ်ပြည်ပြန်ရောက်မယ် ဟောတယ် သေခါနီးစိတ်ကိုမကျင့်ထားရင် ကံစေရာအတိုင်းရောက်ရဒါပဲ မိဘဘိုးဘွားတွေကို ငရဲပြည်မှာတွေ့တော့အရမ်းသနားမိတယ် လူ့ပြည်တုံးကတရားစစ်တရားမှန်နဲ့ မတွေ့လို့ဒီလိုဖြစ်ရဒါပဲ ဒါကြောင့်အသက်ရှင်နေသ၍ ဦးပဇင်းက သေသူတွေကို တရားရစေချင်လို့တမ်းတမိတာ။
မိုးကြိုး > ဆရာတော်ရဲ့ အတိတ်ဘဝ ဘာတွေ ဖြစ်ဒါများခဲ့ပါသလဲ
သဲအင်း > နိုင်ငံခြားမှာ ပြိတ္တာကြီးတွေ အများကြီးဖြစ်ခဲ့တယ်
ပုဏ္ဏားဘဝလဲ အများကြီး။ရေထဲကငါးဘဝအကြိမ်ကြိမ်။
မိုးကြိုး >ဆရာတော်တရားဟော တရားပြတော့ လူတွေအားလုံးတရားရနိုင်ပါ့မလား
သဲအင်း >ဘုရားတောင် မှယောက္ခမနဲ့ယောက်ဖကို အဝိစိငရဲကျမှာ သိရက်သားနဲ့မတားနိုင်ခဲ့ဘူး
ဦးပဇင်းလည်း ပိုက်ကွန်ကြီးနဲ့ငါးတွေ ဖမ်းသလိုကွန်ပစ်လိုက်တယ် မိတဲ့ငါးလည်းမိ လွတ်တဲ့ငါးလည်းလွတ်ပေါ့ဒကာကြီး………………
|
https://www.dhammaransi.com/index.php/new/2565-2022-03-19-07-59-20.html
|
မင်း လေးပါးစုံ ရွှေတိဂုံ
|
စွန်းလွန်း ဆရာတော်ဘုရားကြီးကို ဝန်ကြီးချုပ်ဟောင်း ဦးနု မေးလျှောက်ခဲ့သော " မင်း လေးပါးစုံ ရွှေတိဂုံ ကိန်းကျမည် " ဆိုသော တဘောင်၏ အဓိပ္ပာယ်
စွန်းလွန်း ဆရာတော်ဘုရားကြီးသည် ရဟန္တာဟု ကျော်ကြားသလို ဝန်ကြီးချုပ်ဟောင်း ဦးနု၏ ကိုးကွယ်ကြည်ညိုသော ဆရာတော်တစ်ပါးလည်း ဖြစ်ပါသည်။
ရဟန္တာ ဟူသော အရိယာပုဂ္ဂိုလ်တို့သည် ရှေ့ဖြစ်လာမည့် အရာများကို သိမြင်နိူင်စွမ်း ရှိသလို ပညာဉာဏ်၊ တန်ခိုးများလည်း ပြည့်စုံ၏။ ဟုတ်တိုင်း၊ မှန်ရာ ကိုသာလျှင် မိန့်လေ့ ရှိပါသည်။
1948 မှ 1962 အထိ ဝန်ကြီးချုပ် ဖြစ်ခဲ့သော ဦးနုသည် ထိုအချိန်က ကျော်ကြားနေသည့် " မင်း လေးပါးစုံ ရွှေတိဂုံ ကိန်းကျမည် " တဘောင်အား ဆရာတော်ထံ ေမးလျှောက်ပါသည်။
#ဦးနုမေး ။ ။
အရှင် မြတ်စွာဘုရား၊ ဒီတဘောင်ဟာ မြန်မာပြည်မှာ မင်း လေးပါး တစ်ပြိုင်တည်း ပေါ်မှာလား၊ ဒါမှမဟုတ် အာဏာလုပွဲ ဖြစ်မှာလား၊ ဒါမှမဟုတ် တစ်ခြားတိုင်းပြည်က မင်း လေးပါး လာဆုံမှာလား ဘုရား။
#ဆရာတော်ဖြေ ။ ။
ဒကာတော်ကြီးဦးနု ထင်သလို မဟုတ်ပါ၊ မစိုးရိမ်ပါနဲ့။ ဒီတဘောင်ဟာ ဆန်းကြယ်၊ နက်နဲပါတယ်။ ဒီတဘောင်ရဲ့ရှေ့ဆက် ဖြစ်လာမယ့် အရာသည် သာသနာနှစ် (၂,၆၀၀)နားနီးတဲ့ ခရစ်နှစ် (၂,၀၅၀)လောက်မှာ မြန်မာနိုင်ငံမှာ သာသနာပြုမင်း(သမ္မတ) ပေါ်လိမ့်မယ်။
အဲဒီ မင်းခေတ်မှာ ကျောက်သံပတ္တမြား၊ ရွှေ၊ ငွေ၊ နဝရတ်ကိုးသွယ် တို့ဟာ ပြည်တွင်းမှာ အင်မတန်မှကို ထွက်ရှိ ပေါကြွယ်လာမယ်။ အဲဒီ နဝရတ်ကိုးသွယ် အဖိုးတန် ရတနာများဖြင့် သာသနာပြုမင်းဟာ ရွှေတိဂုံဘုရားကို အကြီးအကျယ် ထီးတော်တင်လိမ့်မယ်။
ရွှေသား အတိနဲ့ ရွှေသင်္ကန်း ကပ်လိမ့်မယ်။ ပြုပြင်၊ မွန်းမံ လိမ့်မယ်။ ထီးတော် တင်ချိန်မှာ ရဟန်းများစွာ ပင့်ဖိတ်ပြီး တင်လိမ့်မယ်။ ထိုထဲမှာ သာသနာပြုမင်း ကိုးကွယ်သော ရဟန္တာ ဆရာတော်တစ်ပါးလည်း ပါဝင်မယ်။
ထီးတော်တင်ချိန်မှာ သာသနာပြုမင်း၏ ဘုန်းကံကြောင့် သော်လည်းကောင်း၊ ရဟန္တာ ဆရာတော်ကို ကြည်ညို ကြသောကြောင့် လည်းကောင်း၊ လေးဆူဓာတ်စုံ ရွှေတိဂုံဘုရား၏ တန်ခိုးတော်ကြောင့် သော်လည်းကောင်း သိကြားမင်း၊ နဂါးမင်း၊ ဘီလူးမင်းတို့ဟာ ရွှေတိဂုံဘုရား အထက် ကောင်းကင်ကနေ လူမမြင် စေအပ်ပဲ လာရောက် ဖူးမျှော်ကြမယ်။
" လူမင်း ဘုန်းကြီးသော်၊ နတ်မင်း မနေသာ " ရွှေတိဂုံ ရင်ပြင်နဲ့ မြေပြင်မှာတော့ သာသနာပြုမင်းနဲ့ ရဟန်းရှင်လူတို့ ပြည့်နေမယ်။
ဝိဇ္ဇာ ပုဂ္ဂိုလ်များလည်း အစုံအညီ ကြွလာကြမယ်။ အဲဒီနေ့ဟာ မကြုံစဖူး ထူးကဲတဲ့ နေထူး၊ နေ့မြတ် ဖြစ်တယ်။ ရွှေတိဂုံဘုရားမှာ သိကြားမင်း၊ နဂါးမင်း၊ ဘီလူးမင်းနဲ့ ဘုန်းကံကြီးတဲ့ သာသနာပြုမင်း၊ မင်း လေးပါး ဆုံလိမ့်မယ်။
အဲဒီနေ့မှာ ပူပြင်းလှတဲ့ ရန်ကုန်မြို့တောင် မပူပဲ နေသာလိမ့်မယ်။ ထီးတော် တင်ပြီးသောအခါ စေတီတော်က ရောင်ခြည်တော် ကွန့်မြူးမယ်။
ထီးတော် တင်ပြီးလို့ နောက်နေ့မှ စပြီး (၇)ရက်ဆက်တိုက် မိုးကြီး ရွာလိမ့်မယ်။ ထီးတော်တင်ပြီး တစ်ပတ်အကြာမှာ ဆင်ဖြူတော်ခုနှစ်စီး ထွက်ပေါ်လာမယ်။ သာသနာတော်ကြီး အရမ်းကို ထွန်းကားလိမ့်မယ်။
ကမ္ဘာအရပ်ရပ်က လူတွေ တရား လာလေ့လာ ကြလိမ့်မယ်။ အားထုတ် ကြလိမ့်မယ်။ သာသနာပြုမင်း၏ ကြီးမားသော ဘုန်းကံ၊ ကြီးမားသော ဥာဏ်အမျှော်အမြင် ၊ ထက်မြက်သော အရည်အချင်းတို့ကြောင့် မြန်မာပြည်ကြီး အရမ်း တိုးတက်၊ ချမ်းသာ လိမ့်မယ်။
ကမ္ဘာမှာ ဗုဒ္ဓသာသနာ ပြန့်ပွားပြီး မြန်မာ မှာ ထီးဆောင်းတဲ့နိူင်ငံ ဖြစ်လိမ့်မယ် ဟု ဝန်ကြီးချုပ်ဦးနုအား ဆရာတော်မှ မိန့်ကြား၊ ဖြေကြားပါသည်။
သာ...ဓု၊ သာ...ဓု၊ သာ...ဓု
cred
#ဦးမြင့်ခိုင်
|
https://www.dhammaransi.com/index.php/new/2564-2022-03-19-07-55-35.html
|
သူလာတော့ မှာမို့
|
သူလာတော့ မှာမို့
--------------
ဘုရားရှင် လက်ထက်တော် အခါကလည်း ဘုရင်ကြီးက မြို့အသစ် တည်တယ်။ ညဘက်ကျတော့ ကောင်းကင်က အသံတွေ အများကြီး ကြားရတယ်။ ဘုရင်ကြီးက ကြောက်လို့ ဘုရားရှင်ကို လျှောက်တဲ့အခါမှာ ဘုရားရှင်က မင်းကြီး၊ မကြောက်ပါနဲ့ တဲ့။ လူသားတွေက မြေပြင်မှာ မြို့အသစ် တည်လို့ မြေပေါ်မှာ မှူးကြီး၊ မတ်ရာတွေ နေရာ၊ ကုန်သည်၊ ပွဲစားတွေ နေရာ၊ ဆင်းရဲသားတွေ နေရာ အစ ရှိသဖြင့် ကိုယ့်နေရာနဲ့ ကိုယ် အသီးသီး နေရာ ယူကြသလို ကောင်းကင်ပေါ်မှာလည်း သူတို့နဲ့ သက်ဆိုင်ရာ ကိုယ်စောင့်နတ်တွေက ကိုယ့်နေရာနဲ့ ကိုယ် နေရာ ယူနေတာပါ တဲ့။
ကမ္ဘာကြီးပေါ်မှာ မိစ္ဆာအယူများလာလို့ရှိရင်လည်း မိစ္ဆာနတ်တွေရဲ့ လှုံ့ဆော်မူ့ကြောင့် အနိဋ္ဌာရုံ ဖြစ်တတ်ပါတယ်။
ဒီကနေ့ သမ္မာအယူ နဲ့ မိစ္ဆာအယူ နှိုင်းယှဥ်လိုက်ရင် အဆမတန်ကွာနေတာ တွေ့ရလိမ့်မယ်၊ သုတေသီတွေအဆိုအရ မိစ္ဆာအယူ လေးပုံ သုံးပုံကျော်လာရင် ကပ်ဘေးတခါကျရောက်လေ့ ရှိတယ် တဲ့။
လူသားတွေဟာ နောင်ဖြစ်လာမှာကို ကောလဟာလ ( ၅ )မျိုးနဲ့ ကြိုပြီး သိနိုင်ပါတယ်။
၁။ ကမ္ဘာကြီး ပျက် မှာကို နှစ်တစ်သိန်း အလိုမှာ ကြိုပြီး သိနိုင်တယ်။
၂။ ဘုရား ပွင့်မှာကို နှစ်တစ်ထောင် အလိုမှာ ကြိုပြီး သိနိုင်တယ်။
၃။ စင်္ကြာဝတေးမင်း ပေါ်မှာကို နှစ်တစ်ရာ အလိုမှာ ကြိုပြီး သိနိုင်တယ်။
၄။ မင်္ဂလာတရား ပေါ်မှာကို တစ်ဆယ့်နှစ် နှစ် အလိုမှာ ကြိုပြီး သိနိုင်တယ်။
၅။ မောနေယျ ပုဂ္ဂိုလ် ပေါ်မှာကို ခုနှစ် နှစ် အလိုမှာ ကြိုပြီး သိန်ုင်တယ်တဲ့။
၁၉၂၀ ဝန်းကျင်အခါက အဂ်လန်နိုင်ငံက မဂ္ဂဇင်းတစောင်က နောင်တချိန်မှာ ကမ္ဘာကြီးရဲ့အနာဂါတ်အကြောင်း ဘာဖြစ်နိုင်မလဲဆိုပြီး အတွေးအခေါ်ပညာရှင်တွေ စိတ်တန်ခိုးပညာရှင် လက္ခဏာပညာရှင်တွေဆီကို အချက်အလက်တွေတောင်းတယ် အချက်အလက်ပေါင်း တစ်ရာ ကျော်ကနေ တူရာ တူရာ ပြန်စုပြီး ထုတ်ပြန်တာ (25) ချက် ထုတ်ပြန်ခဲ့တယ်။
အဲဒီအချိန်မှာ ဒုံးပျံလွှတ်တင်မဲ့အကြောင်းတွေ ရွေံလျားပလက်ဖောင်းတွေပေါ်မဲ့အကြောင်းတွေ လေ လှိုင်းပေါ်ကနေ အလုပ်လုပ်ကြမဲ့အကြောင်းတွေ စက်ရုပ်အကြောင်းတွေ အများကြီးပါတယ်။
အဲဒီအနာဂါတ်ဟောကိန်းတွေထဲမှာ အံ့သြစရာကောင်းတာတခုက ဟောတဲ့သူတိုင်းမှာ တူညီတဲ့အချက်တချက် သွားတွေ့တယ်။
နောင်တချိန်မှာ အာရှတိုက်ကနေ လူသားတဦးထွက်ပေါ်လာလိမ့်မယ် ကမ္ဘာပေါ်ကခေါင်းဆောင်မှန်သမျှ သူ့ရဲ့အရှိန်အဝါနဲ့ ငြိမ်းချမ်းစေပြီး ကမ္ဘာကြီး သာယာဝပြောလိမ့်မယ် တဲ့
အဲဒီပုဂ္ဂိုလ်နဲ့ပါတ်သတ်လို့
လက္ခဏာဆရာကြီး ကိုင်ရိုကတော့ အဲဒီပုဂ္ဂိုလ်ဟာ အာရှတိုက်ရဲ့ ဗားမား(မြန်မာ) နိုင်ငံက ပေါ်လိမ့်မယ်ဆိုပြီး
သူရဲ့ ကိုင်ရိုးမိမွှားစ် မှတ်တမ်းစာအုပ်မှာ ရေးခဲ့ဘူးတယ်။
သူတို့က အဲဒီပုဂ္ဂိုလ်ကို ဗုဒ္ဓ ရာဇာ ဆိုပြီး နာမည်ပေးခဲ့ကြတယ်။
ဗုဒ္ဓရာဇာ ပေါ်လိမ့်မယ် ဆိုပြီး ကမ္ဘာ ကို ဂယက် ရိုက်ခဲ့ဘူးတယ်။ 1920 ခုနှစ်ကဆိုတော့ အခု ၂၀၂၀ ဆိုရင် နှစ်တစ်ရာ ပြည့်ခဲ့ပြီ။
စကြ်ာဝတေးမင်းပေါ်ဖို့ နှစ်တရာအလိုက ကောလာဟာလ ကြားရတယ်ဆိုတော့ အခု အဲဒီဟောကိန်း အသက်စဝင်ပြီ။
စကြ်ာဝတေးမင်းကဲ့သို့ဘုန်းကံကြီးသောသူလာရင်
လူသားတွေလည်း ဘုန်းကံကြီးတဲ့သူတွေပဲ လူ့ပြည်ကိုရောက်လာလေ့ရှိတယ်။
အခုကမ္ဘာကြီးပေါ်က လူသားတွေဟာ လောဘ ဒေါသ မောဟ အားကြီးနေကြလို့ ကပ်ဆေးပြီး ဖယ်ထုတ်ရမှာ၊ သိပ်မကြာခင်မှာ မကောင်းတဲ့သူတွေ ဖယ်ပြီး ကောင်းတဲ့သူတွေ ရောက်လာလိမ့်မယ်။
ဟောကိန်းအရ တော့ သိပ်မကြာတော့ဘူး အခု ကလေးတွေဟာ ဘုန်းကံကြီးတဲ့ ကလေးတွေ များတယ် သူတို့ကို ဘာသာရေးနဲ့ ပါတ်သတ်ပြီး ပြုစုပျိုးထောင်ပေးကြရလိမ့်မယ်။
မကောင်းတဲ့ သူတွေ၊ ဘာသာ လွှဲမှားသူတွေ၊ ဘာသာ မဲ့တွေ တော်တော်များများ ကပ်ထဲ ပါသွား ပါမယ်။
လူသားတွေဟာ ကပ်ဘေး၊ သဘာဝဘေး တွေရဲ့ အကြောက်တရား တွေကနေ ကိုးကွယ်မှုကို ပြန်ရှာ ကြလိမ့်မယ်။ ဗုဒ္ဓ ဘာသာကို ပို လက်ခံလာပြီး ယုံကြည် ကိုးကွယ်မှု ပြုလာ ကြလိမ့်မယ်။ အင်တာနတ်ခေတ်မို့ ဗုဒ္ဓ တရားတော်တွေ ကို ခဏလေးနဲ့ ရှာတွေ့ပြီး ဘာသာပြောင်းလာကြလိမ့်မယ်။
တစ်နေ့မှာ တစ်ကမ္ဘာလုံး ငြိမ်းချမ်းကြပြီး ဗုဒ္ဓ သာသနာတော်ကြီး နေလို၊ လလို ပြန်ထွန်းကား လာလိမ့်မယ်။
ဒီ အကြောင်းအရာတွေကို ကျွန်တော် တဖွဖွ ပြောခဲ့ဘူး ပါတယ်။
ဟုတ်တယ်၊ မဟုတ်တယ် ဆိုတာ ဒီကနေ့ ဖြစ်စဥ်တွေကို လေ့လာကြည့်ပါ
အဖြေပေး ပါလိမ့်မယ်။
အခု ကပ် ရောဂါလည်း သိပ်မကြာခင်မှာ သူ့အလိုလို ပျောက်သွားလိမ့်မယ်။ ငလျင်ကြီးတွေလည်း ဆက်တိုက် လှုပ်လိမ့်ဦးမယ်။ သတ္တန္တရ (လက်နတ်) ဘေးနဲ့ ဒုဗ္ဗိဂန္တရကပ် (အစာရေစာငတ်မွတ်) ဘေး ကြီးလည်း မြင်နေရပါပြီ။
ကမ္ဘာကြီးဟာ တစ်ခု မပြီးသေးဘူး နောက်တစ်ခု ရှင်းရ လိမ့်အုန်းမယ်။
အခု ပျက်စီးနေတာတွေဟာ
နောင်တချိန် လူ့ဘောင်လောကကြီး သာယာဖို့အတွက် ပျက်ီးပေးနေရတာပါ။
ဖြစ်စဥ်တခုတည်းကို ကြည့်ပြီး အကောင်းအဆိုးမဆုံးဖြတ်ပါနဲ့ အကြောင်းအကျိုးနဲ့ မြင်အောင်ကြည့်ကြပါ။
သိပ်မကြာခင်
သူ လာတော့ မှာပါ။
သာသနာ့ တာဝန် လွဲပြောင်းယူတော့မှာမို့ နိဗ္ဗံစံမဲ့ ပုဂ္ဂိုလ်ကြီးတွေလည်း နိဗ္ဗာန်စံမယ်
နတ်ထံပြန်မဲ့ ပုဂ္ဂိုလ်ကြီး တွေလည်း နတ်ထံ ပြန်မယ်။
ဆယ်စုနှစ်တစု အတွင်းမှာ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးရောင်ခြည် သမ်းလာတော့မယ်။
သူ (ဗုဒ္ဓ ရာဇာ) သာသနာကို
အာဏာစက်နဲ့ ကိုင်ဖို့
တကယ်လာ တော့မှာ။
ရှင်အရဟံ နဲ့
အနော်ရထာ လို
အတွဲလိုက် လာမှာပါ။
#ဦးမြင့်ခိုင်,
သူလာတော့ မှာမို့
--------------
ဘုရားရှင် လက်ထက်တော် အခါကလည်း ဘုရင်ကြီးက မြို့အသစ် တည်တယ်။ ညဘက်ကျတော့ ကောင်းကင်က အသံတွေ အများကြီး ကြားရတယ်။ ဘုရင်ကြီးက ကြောက်လို့ ဘုရားရှင်ကို လျှောက်တဲ့အခါမှာ ဘုရားရှင်က မင်းကြီး၊ မကြောက်ပါနဲ့ တဲ့။ လူသားတွေက မြေပြင်မှာ မြို့အသစ် တည်လို့ မြေပေါ်မှာ မှူးကြီး၊ မတ်ရာတွေ နေရာ၊ ကုန်သည်၊ ပွဲစားတွေ နေရာ၊ ဆင်းရဲသားတွေ နေရာ အစ ရှိသဖြင့် ကိုယ့်နေရာနဲ့ ကိုယ် အသီးသီး နေရာ ယူကြသလို ကောင်းကင်ပေါ်မှာလည်း သူတို့နဲ့ သက်ဆိုင်ရာ ကိုယ်စောင့်နတ်တွေက ကိုယ့်နေရာနဲ့ ကိုယ် နေရာ ယူနေတာပါ တဲ့။
ကမ္ဘာကြီးပေါ်မှာ မိစ္ဆာအယူများလာလို့ရှိရင်လည်း မိစ္ဆာနတ်တွေရဲ့ လှုံ့ဆော်မူ့ကြောင့် အနိဋ္ဌာရုံ ဖြစ်တတ်ပါတယ်။
ဒီကနေ့ သမ္မာအယူ နဲ့ မိစ္ဆာအယူ နှိုင်းယှဥ်လိုက်ရင် အဆမတန်ကွာနေတာ တွေ့ရလိမ့်မယ်၊ သုတေသီတွေအဆိုအရ မိစ္ဆာအယူ လေးပုံ သုံးပုံကျော်လာရင် ကပ်ဘေးတခါကျရောက်လေ့ ရှိတယ် တဲ့။
လူသားတွေဟာ နောင်ဖြစ်လာမှာကို ကောလဟာလ ( ၅ )မျိုးနဲ့ ကြိုပြီး သိနိုင်ပါတယ်။
၁။ ကမ္ဘာကြီး ပျက် မှာကို နှစ်တစ်သိန်း အလိုမှာ ကြိုပြီး သိနိုင်တယ်။
၂။ ဘုရား ပွင့်မှာကို နှစ်တစ်ထောင် အလိုမှာ ကြိုပြီး သိနိုင်တယ်။
၃။ စင်္ကြာဝတေးမင်း ပေါ်မှာကို နှစ်တစ်ရာ အလိုမှာ ကြိုပြီး သိနိုင်တယ်။
၄။ မင်္ဂလာတရား ပေါ်မှာကို တစ်ဆယ့်နှစ် နှစ် အလိုမှာ ကြိုပြီး သိနိုင်တယ်။
၅။ မောနေယျ ပုဂ္ဂိုလ် ပေါ်မှာကို ခုနှစ် နှစ် အလိုမှာ ကြိုပြီး သိန်ုင်တယ်တဲ့။
၁၉၂၀ ဝန်းကျင်အခါက အဂ်လန်နိုင်ငံက မဂ္ဂဇင်းတစောင်က နောင်တချိန်မှာ ကမ္ဘာကြီးရဲ့အနာဂါတ်အကြောင်း ဘာဖြစ်နိုင်မလဲဆိုပြီး အတွေးအခေါ်ပညာရှင်တွေ စိတ်တန်ခိုးပညာရှင် လက္ခဏာပညာရှင်တွေဆီကို အချက်အလက်တွေတောင်းတယ် အချက်အလက်ပေါင်း တစ်ရာ ကျော်ကနေ တူရာ တူရာ ပြန်စုပြီး ထုတ်ပြန်တာ (25) ချက် ထုတ်ပြန်ခဲ့တယ်။
အဲဒီအချိန်မှာ ဒုံးပျံလွှတ်တင်မဲ့အကြောင်းတွေ ရွေံလျားပလက်ဖောင်းတွေပေါ်မဲ့အကြောင်းတွေ လေ လှိုင်းပေါ်ကနေ အလုပ်လုပ်ကြမဲ့အကြောင်းတွေ စက်ရုပ်အကြောင်းတွေ အများကြီးပါတယ်။
အဲဒီအနာဂါတ်ဟောကိန်းတွေထဲမှာ အံ့သြစရာကောင်းတာတခုက ဟောတဲ့သူတိုင်းမှာ တူညီတဲ့အချက်တချက် သွားတွေ့တယ်။
နောင်တချိန်မှာ အာရှတိုက်ကနေ လူသားတဦးထွက်ပေါ်လာလိမ့်မယ် ကမ္ဘာပေါ်ကခေါင်းဆောင်မှန်သမျှ သူ့ရဲ့အရှိန်အဝါနဲ့ ငြိမ်းချမ်းစေပြီး ကမ္ဘာကြီး သာယာဝပြောလိမ့်မယ် တဲ့
အဲဒီပုဂ္ဂိုလ်နဲ့ပါတ်သတ်လို့
လက္ခဏာဆရာကြီး ကိုင်ရိုကတော့ အဲဒီပုဂ္ဂိုလ်ဟာ အာရှတိုက်ရဲ့ ဗားမား(မြန်မာ) နိုင်ငံက ပေါ်လိမ့်မယ်ဆိုပြီး
သူရဲ့ ကိုင်ရိုးမိမွှားစ် မှတ်တမ်းစာအုပ်မှာ ရေးခဲ့ဘူးတယ်။
သူတို့က အဲဒီပုဂ္ဂိုလ်ကို ဗုဒ္ဓ ရာဇာ ဆိုပြီး နာမည်ပေးခဲ့ကြတယ်။
ဗုဒ္ဓရာဇာ ပေါ်လိမ့်မယ် ဆိုပြီး ကမ္ဘာ ကို ဂယက် ရိုက်ခဲ့ဘူးတယ်။ 1920 ခုနှစ်ကဆိုတော့ အခု ၂၀၂၀ ဆိုရင် နှစ်တစ်ရာ ပြည့်ခဲ့ပြီ။
စကြ်ာဝတေးမင်းပေါ်ဖို့ နှစ်တရာအလိုက ကောလာဟာလ ကြားရတယ်ဆိုတော့ အခု အဲဒီဟောကိန်း အသက်စဝင်ပြီ။
စကြ်ာဝတေးမင်းကဲ့သို့ဘုန်းကံကြီးသောသူလာရင်
လူသားတွေလည်း ဘုန်းကံကြီးတဲ့သူတွေပဲ လူ့ပြည်ကိုရောက်လာလေ့ရှိတယ်။
အခုကမ္ဘာကြီးပေါ်က လူသားတွေဟာ လောဘ ဒေါသ မောဟ အားကြီးနေကြလို့ ကပ်ဆေးပြီး ဖယ်ထုတ်ရမှာ၊ သိပ်မကြာခင်မှာ မကောင်းတဲ့သူတွေ ဖယ်ပြီး ကောင်းတဲ့သူတွေ ရောက်လာလိမ့်မယ်။
ဟောကိန်းအရ တော့ သိပ်မကြာတော့ဘူး အခု ကလေးတွေဟာ ဘုန်းကံကြီးတဲ့ ကလေးတွေ များတယ် သူတို့ကို ဘာသာရေးနဲ့ ပါတ်သတ်ပြီး ပြုစုပျိုးထောင်ပေးကြရလိမ့်မယ်။
မကောင်းတဲ့ သူတွေ၊ ဘာသာ လွှဲမှားသူတွေ၊ ဘာသာ မဲ့တွေ တော်တော်များများ ကပ်ထဲ ပါသွား ပါမယ်။
လူသားတွေဟာ ကပ်ဘေး၊ သဘာဝဘေး တွေရဲ့ အကြောက်တရား တွေကနေ ကိုးကွယ်မှုကို ပြန်ရှာ ကြလိမ့်မယ်။ ဗုဒ္ဓ ဘာသာကို ပို လက်ခံလာပြီး ယုံကြည် ကိုးကွယ်မှု ပြုလာ ကြလိမ့်မယ်။ အင်တာနတ်ခေတ်မို့ ဗုဒ္ဓ တရားတော်တွေ ကို ခဏလေးနဲ့ ရှာတွေ့ပြီး ဘာသာပြောင်းလာကြလိမ့်မယ်။
တစ်နေ့မှာ တစ်ကမ္ဘာလုံး ငြိမ်းချမ်းကြပြီး ဗုဒ္ဓ သာသနာတော်ကြီး နေလို၊ လလို ပြန်ထွန်းကား လာလိမ့်မယ်။
ဒီ အကြောင်းအရာတွေကို ကျွန်တော် တဖွဖွ ပြောခဲ့ဘူး ပါတယ်။
ဟုတ်တယ်၊ မဟုတ်တယ် ဆိုတာ ဒီကနေ့ ဖြစ်စဥ်တွေကို လေ့လာကြည့်ပါ
အဖြေပေး ပါလိမ့်မယ်။
အခု ကပ် ရောဂါလည်း သိပ်မကြာခင်မှာ သူ့အလိုလို ပျောက်သွားလိမ့်မယ်။ ငလျင်ကြီးတွေလည်း ဆက်တိုက် လှုပ်လိမ့်ဦးမယ်။ သတ္တန္တရ (လက်နတ်) ဘေးနဲ့ ဒုဗ္ဗိဂန္တရကပ် (အစာရေစာငတ်မွတ်) ဘေး ကြီးလည်း မြင်နေရပါပြီ။
ကမ္ဘာကြီးဟာ တစ်ခု မပြီးသေးဘူး နောက်တစ်ခု ရှင်းရ လိမ့်အုန်းမယ်။
အခု ပျက်စီးနေတာတွေဟာ
နောင်တချိန် လူ့ဘောင်လောကကြီး သာယာဖို့အတွက် ပျက်ီးပေးနေရတာပါ။
ဖြစ်စဥ်တခုတည်းကို ကြည့်ပြီး အကောင်းအဆိုးမဆုံးဖြတ်ပါနဲ့ အကြောင်းအကျိုးနဲ့ မြင်အောင်ကြည့်ကြပါ။
သိပ်မကြာခင်
သူ လာတော့ မှာပါ။
သာသနာ့ တာဝန် လွဲပြောင်းယူတော့မှာမို့ နိဗ္ဗံစံမဲ့ ပုဂ္ဂိုလ်ကြီးတွေလည်း နိဗ္ဗာန်စံမယ်
နတ်ထံပြန်မဲ့ ပုဂ္ဂိုလ်ကြီး တွေလည်း နတ်ထံ ပြန်မယ်။
ဆယ်စုနှစ်တစု အတွင်းမှာ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးရောင်ခြည် သမ်းလာတော့မယ်။
သူ (ဗုဒ္ဓ ရာဇာ) သာသနာကို
အာဏာစက်နဲ့ ကိုင်ဖို့
တကယ်လာ တော့မှာ။
ရှင်အရဟံ နဲ့
အနော်ရထာ လို
အတွဲလိုက် လာမှာပါ။
#ဦးမြင့်ခိုင်,
သူလာတော့ မှာမို့
--------------
ဘုရားရှင် လက်ထက်တော် အခါကလည်း ဘုရင်ကြီးက မြို့အသစ် တည်တယ်။ ညဘက်ကျတော့ ကောင်းကင်က အသံတွေ အများကြီး ကြားရတယ်။ ဘုရင်ကြီးက ကြောက်လို့ ဘုရားရှင်ကို လျှောက်တဲ့အခါမှာ ဘုရားရှင်က မင်းကြီး၊ မကြောက်ပါနဲ့ တဲ့။ လူသားတွေက မြေပြင်မှာ မြို့အသစ် တည်လို့ မြေပေါ်မှာ မှူးကြီး၊ မတ်ရာတွေ နေရာ၊ ကုန်သည်၊ ပွဲစားတွေ နေရာ၊ ဆင်းရဲသားတွေ နေရာ အစ ရှိသဖြင့် ကိုယ့်နေရာနဲ့ ကိုယ် အသီးသီး နေရာ ယူကြသလို ကောင်းကင်ပေါ်မှာလည်း သူတို့နဲ့ သက်ဆိုင်ရာ ကိုယ်စောင့်နတ်တွေက ကိုယ့်နေရာနဲ့ ကိုယ် နေရာ ယူနေတာပါ တဲ့။
ကမ္ဘာကြီးပေါ်မှာ မိစ္ဆာအယူများလာလို့ရှိရင်လည်း မိစ္ဆာနတ်တွေရဲ့ လှုံ့ဆော်မူ့ကြောင့် အနိဋ္ဌာရုံ ဖြစ်တတ်ပါတယ်။
ဒီကနေ့ သမ္မာအယူ နဲ့ မိစ္ဆာအယူ နှိုင်းယှဥ်လိုက်ရင် အဆမတန်ကွာနေတာ တွေ့ရလိမ့်မယ်၊ သုတေသီတွေအဆိုအရ မိစ္ဆာအယူ လေးပုံ သုံးပုံကျော်လာရင် ကပ်ဘေးတခါကျရောက်လေ့ ရှိတယ် တဲ့။
လူသားတွေဟာ နောင်ဖြစ်လာမှာကို ကောလဟာလ ( ၅ )မျိုးနဲ့ ကြိုပြီး သိနိုင်ပါတယ်။
၁။ ကမ္ဘာကြီး ပျက် မှာကို နှစ်တစ်သိန်း အလိုမှာ ကြိုပြီး သိနိုင်တယ်။
၂။ ဘုရား ပွင့်မှာကို နှစ်တစ်ထောင် အလိုမှာ ကြိုပြီး သိနိုင်တယ်။
၃။ စင်္ကြာဝတေးမင်း ပေါ်မှာကို နှစ်တစ်ရာ အလိုမှာ ကြိုပြီး သိနိုင်တယ်။
၄။ မင်္ဂလာတရား ပေါ်မှာကို တစ်ဆယ့်နှစ် နှစ် အလိုမှာ ကြိုပြီး သိနိုင်တယ်။
၅။ မောနေယျ ပုဂ္ဂိုလ် ပေါ်မှာကို ခုနှစ် နှစ် အလိုမှာ ကြိုပြီး သိန်ုင်တယ်တဲ့။
၁၉၂၀ ဝန်းကျင်အခါက အဂ်လန်နိုင်ငံက မဂ္ဂဇင်းတစောင်က နောင်တချိန်မှာ ကမ္ဘာကြီးရဲ့အနာဂါတ်အကြောင်း ဘာဖြစ်နိုင်မလဲဆိုပြီး အတွေးအခေါ်ပညာရှင်တွေ စိတ်တန်ခိုးပညာရှင် လက္ခဏာပညာရှင်တွေဆီကို အချက်အလက်တွေတောင်းတယ် အချက်အလက်ပေါင်း တစ်ရာ ကျော်ကနေ တူရာ တူရာ ပြန်စုပြီး ထုတ်ပြန်တာ (25) ချက် ထုတ်ပြန်ခဲ့တယ်။
အဲဒီအချိန်မှာ ဒုံးပျံလွှတ်တင်မဲ့အကြောင်းတွေ ရွေံလျားပလက်ဖောင်းတွေပေါ်မဲ့အကြောင်းတွေ လေ လှိုင်းပေါ်ကနေ အလုပ်လုပ်ကြမဲ့အကြောင်းတွေ စက်ရုပ်အကြောင်းတွေ အများကြီးပါတယ်။
အဲဒီအနာဂါတ်ဟောကိန်းတွေထဲမှာ အံ့သြစရာကောင်းတာတခုက ဟောတဲ့သူတိုင်းမှာ တူညီတဲ့အချက်တချက် သွားတွေ့တယ်။
နောင်တချိန်မှာ အာရှတိုက်ကနေ လူသားတဦးထွက်ပေါ်လာလိမ့်မယ် ကမ္ဘာပေါ်ကခေါင်းဆောင်မှန်သမျှ သူ့ရဲ့အရှိန်အဝါနဲ့ ငြိမ်းချမ်းစေပြီး ကမ္ဘာကြီး သာယာဝပြောလိမ့်မယ် တဲ့
အဲဒီပုဂ္ဂိုလ်နဲ့ပါတ်သတ်လို့
လက္ခဏာဆရာကြီး ကိုင်ရိုကတော့ အဲဒီပုဂ္ဂိုလ်ဟာ အာရှတိုက်ရဲ့ ဗားမား(မြန်မာ) နိုင်ငံက ပေါ်လိမ့်မယ်ဆိုပြီး
သူရဲ့ ကိုင်ရိုးမိမွှားစ် မှတ်တမ်းစာအုပ်မှာ ရေးခဲ့ဘူးတယ်။
သူတို့က အဲဒီပုဂ္ဂိုလ်ကို ဗုဒ္ဓ ရာဇာ ဆိုပြီး နာမည်ပေးခဲ့ကြတယ်။
ဗုဒ္ဓရာဇာ ပေါ်လိမ့်မယ် ဆိုပြီး ကမ္ဘာ ကို ဂယက် ရိုက်ခဲ့ဘူးတယ်။ 1920 ခုနှစ်ကဆိုတော့ အခု ၂၀၂၀ ဆိုရင် နှစ်တစ်ရာ ပြည့်ခဲ့ပြီ။
စကြ်ာဝတေးမင်းပေါ်ဖို့ နှစ်တရာအလိုက ကောလာဟာလ ကြားရတယ်ဆိုတော့ အခု အဲဒီဟောကိန်း အသက်စဝင်ပြီ။
စကြ်ာဝတေးမင်းကဲ့သို့ဘုန်းကံကြီးသောသူလာရင်
လူသားတွေလည်း ဘုန်းကံကြီးတဲ့သူတွေပဲ လူ့ပြည်ကိုရောက်လာလေ့ရှိတယ်။
အခုကမ္ဘာကြီးပေါ်က လူသားတွေဟာ လောဘ ဒေါသ မောဟ အားကြီးနေကြလို့ ကပ်ဆေးပြီး ဖယ်ထုတ်ရမှာ၊ သိပ်မကြာခင်မှာ မကောင်းတဲ့သူတွေ ဖယ်ပြီး ကောင်းတဲ့သူတွေ ရောက်လာလိမ့်မယ်။
ဟောကိန်းအရ တော့ သိပ်မကြာတော့ဘူး အခု ကလေးတွေဟာ ဘုန်းကံကြီးတဲ့ ကလေးတွေ များတယ် သူတို့ကို ဘာသာရေးနဲ့ ပါတ်သတ်ပြီး ပြုစုပျိုးထောင်ပေးကြရလိမ့်မယ်။
မကောင်းတဲ့ သူတွေ၊ ဘာသာ လွှဲမှားသူတွေ၊ ဘာသာ မဲ့တွေ တော်တော်များများ ကပ်ထဲ ပါသွား ပါမယ်။
လူသားတွေဟာ ကပ်ဘေး၊ သဘာဝဘေး တွေရဲ့ အကြောက်တရား တွေကနေ ကိုးကွယ်မှုကို ပြန်ရှာ ကြလိမ့်မယ်။ ဗုဒ္ဓ ဘာသာကို ပို လက်ခံလာပြီး ယုံကြည် ကိုးကွယ်မှု ပြုလာ ကြလိမ့်မယ်။ အင်တာနတ်ခေတ်မို့ ဗုဒ္ဓ တရားတော်တွေ ကို ခဏလေးနဲ့ ရှာတွေ့ပြီး ဘာသာပြောင်းလာကြလိမ့်မယ်။
တစ်နေ့မှာ တစ်ကမ္ဘာလုံး ငြိမ်းချမ်းကြပြီး ဗုဒ္ဓ သာသနာတော်ကြီး နေလို၊ လလို ပြန်ထွန်းကား လာလိမ့်မယ်။
ဒီ အကြောင်းအရာတွေကို ကျွန်တော် တဖွဖွ ပြောခဲ့ဘူး ပါတယ်။
ဟုတ်တယ်၊ မဟုတ်တယ် ဆိုတာ ဒီကနေ့ ဖြစ်စဥ်တွေကို လေ့လာကြည့်ပါ
အဖြေပေး ပါလိမ့်မယ်။
အခု ကပ် ရောဂါလည်း သိပ်မကြာခင်မှာ သူ့အလိုလို ပျောက်သွားလိမ့်မယ်။ ငလျင်ကြီးတွေလည်း ဆက်တိုက် လှုပ်လိမ့်ဦးမယ်။ သတ္တန္တရ (လက်နတ်) ဘေးနဲ့ ဒုဗ္ဗိဂန္တရကပ် (အစာရေစာငတ်မွတ်) ဘေး ကြီးလည်း မြင်နေရပါပြီ။
ကမ္ဘာကြီးဟာ တစ်ခု မပြီးသေးဘူး နောက်တစ်ခု ရှင်းရ လိမ့်အုန်းမယ်။
အခု ပျက်စီးနေတာတွေဟာ
နောင်တချိန် လူ့ဘောင်လောကကြီး သာယာဖို့အတွက် ပျက်ီးပေးနေရတာပါ။
ဖြစ်စဥ်တခုတည်းကို ကြည့်ပြီး အကောင်းအဆိုးမဆုံးဖြတ်ပါနဲ့ အကြောင်းအကျိုးနဲ့ မြင်အောင်ကြည့်ကြပါ။
သိပ်မကြာခင်
သူ လာတော့ မှာပါ။
သာသနာ့ တာဝန် လွဲပြောင်းယူတော့မှာမို့ နိဗ္ဗံစံမဲ့ ပုဂ္ဂိုလ်ကြီးတွေလည်း နိဗ္ဗာန်စံမယ်
နတ်ထံပြန်မဲ့ ပုဂ္ဂိုလ်ကြီး တွေလည်း နတ်ထံ ပြန်မယ်။
ဆယ်စုနှစ်တစု အတွင်းမှာ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးရောင်ခြည် သမ်းလာတော့မယ်။
သူ (ဗုဒ္ဓ ရာဇာ) သာသနာကို
အာဏာစက်နဲ့ ကိုင်ဖို့
တကယ်လာ တော့မှာ။
ရှင်အရဟံ နဲ့
အနော်ရထာ လို
အတွဲလိုက် လာမှာပါ။
#ဦးမြင့်ခိုင်,
|
https://www.dhammaransi.com/index.php/new/2563-2022-03-19-07-52-10.html
|
"ဝိပဿနာ ဘာကြောင့် အားထုတ်သင့်သလဲ”
|
"ဝိပဿနာ ဘာကြောင့် အားထုတ်သင့်သလဲ” တရားထိုင်တယ် ဆိုတဲ့ Meditation က နည်းအမျိုးမျိုး ရှိပါတယ်။ ဝင်လေထွက်လေကို မှတ်မလား၊ Body scan နည်းကို ရွေးမလား၊ မေတ္တာဘာဝနာ ပွားများမလား၊ ဗုဒ္ဓဂုဏ်တော်ကို အာရုံပြုတဲ့နည်းကို သုံးမလား စသဖြင့် ကိုယ်နဲ့ ကိုက်တာ ရွေးချယ်လို့ ရပါတယ်။ ရေကသိုင်း ရှုတယ်၊ နေကသိုင်း ရှုတယ် စတာတွေလည်း ရှိသေးတယ်။ ကြားဖူးကြမယ် ထင်ပါတယ်။ ရည်ရွယ်ချက်အရ ခွဲပြောမယ်ဆိုရင်တော့ သမထနဲ့ ဝိပဿနာ ဆိုပြီး ခွဲနိုင်တယ်။ ▪️သမထရဲ့ ရည်ရွယ်ချက်က စိတ်တည်ငြိမ်ဖို့၊ သမာဓိ ရဖို့ ဖြစ်ပါတယ်။ သူ့ရဲ့ အဓိပ္ပါယ်ကိုက စိတ်၏ ငြိမ်သက်ခြင်းတဲ့။ အင်္ဂလိပ်လိုဆို Concentration ပေါ့။ စိတ်ဆိုတာ ယောက်ယက်ခတ်၊ သွားချင်ရာ သွားတတ်တဲ့ သဘာ၀ ရှိတယ်။ အဲဒါလေးကို တစ်နေရာတည်းမှာ ငြိမ်သက်နေအောင် ထားလိုက်တာ။ ဒီတော့ အတိတ်ကို ပြန်တွေးပြီး ပူလောင်နေတာတွေ၊ အနာဂတ်ကို တွေးပူနေတာတွေ လျော့နည်း သက်သာသွားတယ်ပေါ့။ ဒီနေ့ခေတ်လို စိတ်မတည်မငြိမ် ဖြစ်စရာ၊ အာရုံလွင့်စရာတွေ တစ်ပုံကြီး ရှိနေတဲ့ ကာလမှာ ဒါကလည်း သိပ်အရေးကြီးလာတယ်။ အဲ့လိုပဲ၊ ဗုဒ္ဓဘာသာအရ နိဗ္ဗာန်ကို ရည်ရွယ်ပြီး ဝိပဿနာရှုမယ်ဆိုလည်း စိတ်တည်ငြိမ်ဖို့ရာ လိုအပ်တယ်။ ဒါကြောင့်လည်း မဂ္ဂင် ၈ ပါးမှာ သမ္မာသမာဓိ ဆိုပြီး ပါနေတာပေါ့။ ▪️ဝိပဿနာကျတော့ အာရုံစူးစိုက်မှု ကောင်းလာဖို့တင် မဟုတ်တော့ဘူး။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ သဘာဝတရားတွေကို အမှန်အတိုင်း မြင်လာဖို့ ဖြစ်တယ်။ ဝိပဿနာရဲ့ အဓိပ္ပါယ်က ထူးခြားတဲ့အမြင်လို့ ဆိုလိုတယ်။ လှတဲ့သူတွေ့ရင် ချောတယ် လှတယ် မြင်ကြတာက သာမန်အမြင်မျိုး။ ဘယ်သူမဆို မြင်နိုင်တယ်။ ထူးခြားတဲ့ အမြင်ဆိုတာကျ ဒီအလှအပတွေသည် မတည်မြဲဘူး။ အနိစ္စလို့ မြင်တယ်။ နောက် အပေါ်ယံအရေပြားကသာ လှနေတာ။ အတွင်းကလီစာတွေကျ ရွံစရာချည်းပဲ ဆိုပြီး အသုဘလို့ မြင်တယ်။ Zombie ကားတွေ ကြည့်နေကြတာပဲ။ သိမှာပေါ့။ အူတွေ ထွက်လာရင် ရွံစရာကြီးလေ။
သိပ်လှတဲ့သူလည်း အညစ်အကြေး စွန့်တဲ့အခါကျ နံတာပဲ မဟုတ်ဘူးလား။ ▪️ဒါဖြင့် အဲ့လောက်ကတော့ လူတိုင်း သိတာပေါ့လို့ ထင်ချင်စရာ ရှိတယ်။ ဟုတ်တယ်၊ အလှတွေ မမြဲတာ၊ အိုစာလာမှာ သိတာပဲ။ တစ်နေ့ သေရမယ်ဆိုတာလည်း သိတာပဲ။ အခုပဲ မြိန်ရည်ယှက်ရည် စားလိုက်တာတွေက ဗိုက်ထဲလည်း ရောက်သွားရော၊ ရွံစရာအတိ ဖြစ်ကုန်တယ်ဆိုတာလည်း သိကြတာပဲ။ ဒါပေမဲ့ အဲဒီအသိက ခဏပဲ ခံတယ်။ ဘာလို့ဆိုတော့ သီအိုရီအရ သိနေတာမျိုးကိုး။ ဒါကြောင့် လက်တွေ့အားထုတ်ဖို့ လိုအပ်လာတယ်။ အပြန်ပြန် အထပ်ထပ် ရှူမှတ်ရမယ်။ အစွန်းထင်နေတဲ့ အဝတ်ကို ဖွပ်ရသလိုမျိုး ထပ်ကာ ထပ်ကာ ဆင်ခြင်နေမှ ဒီအသိတွေက ပိုခိုင်လာတယ်။ အဲ့တော့ ဒီသဘာဝတွေကို သိတော့ သိတယ်။ မလေ့ကျင့်တဲ့သူက အဝတ်မှာ အစွန်းထင်နေတာတော့ သိပေမဲ့ မလျှော်ဖွပ်တဲ့သူနဲ့ တူတယ်။ တစ်ခါတလေလောက် လေ့ကျင့်သူကတော့ ၃-၄ ချက်လောက် ပွတ်တိုက်လိုက်တာနဲ့ တူတယ်။ နည်းနည်းတော့ ပြောင်သွားမယ်။ အညစ်အကြေးတွေကတော့ ကျန်တုန်းပဲပေါ့။ ဒါကြောင့် ခုပဲ တရားနာပြီးတယ်။ ပိုင်တံခွန်ပုံလည်း တွေ့ရော၊ လုလုအောင်ပုံလည်း မြင်ရော၊ ခုနက ဆရာတော် ဟောလိုက်တဲ့ အသုဘဆိုတဲ့ အမြင်တွေ ပျောက်သွားပြီး တပ်မက်စိတ်တွေ ဖြစ်လာရော။ ဘာလို့ဆိုတော့ အပြန်ပြန် အထပ်ထပ်မှ မပွတ်ရသေးဘဲကိုး။ ▪️နောက်တစ်ခုကတော့ အနုစိပ်ပြီးတော့ မြင်လာတယ်။ ဝင်လေထွက်လေကို အာရုံစိုက်ထားတယ်။ တဖြည်းဖြည်း ဘာမြင်လာလဲဆိုတော့ လေရှူတယ်။ နှာသီးဖျားနဲ့ ထိတယ်။ ထိမှန်း သိလိုက်တယ်။ ခဏလေးမှာပဲ အဲ့စိတ်က ပျက်သွားတယ်။ လေပြန်ရှူထုတ်တယ်။ နှာသီးဖျားနဲ့ ထိတယ်။ ထိမှန်း သိတယ်။ ခဏအတွင်းမှာပဲ ပျက်ပြန်တယ်။ သူသူကိုယ်ကိုယ် စက္ကန့်မလပ် ရှူနေတာပဲ။ တရားထိုင်နေချိန်ရယ်၊ အသက်ရှူခြင်းနဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာ ခံစားနေရချိန်ရယ်ကလွဲရင် ရှူလို့ ရှူနေမှန်းတောင် သိကြတာ မဟုတ်ဘူး။ ဝိပဿနာကျ အဲ့လိုစိတ်တွေကို အသေးစိပ်ပြီး မြင်လာစေတယ်။
▪️တရားထိုင်ရင်း ခြေထောက်ကျဉ်တယ်ပဲ ဆိုပါတော့။ ရုတ်တရက်ဆို တစ်ချိန်လုံး ကျဉ်နေတယ် ထင်ရတယ်။ သို့သော် သေချာစူးစိုက်ကြည့်ကြည့်။ ကျဉ်လိုက် ပျောက်လိုက် ဖြစ်နေတာ။ ဒီခြေထောက်တွေရဲ့ အာရုံကြောတွေက ဦးနှောက်ဆီ ပို့လွှတ်နေတယ်။ သူ အဆင်မပြေဘူး၊ သွေးမလျှောက်တော့ဘူး၊ နည်းနည်းလှုပ်ပေးပါ စသဖြင့်ပေါ့လေ။ မက်ဆန်ဂျာနဲ့ စာပို့သလို ဦးနှောက်ဆီ တတောင်တောင်နဲ့ နိုတီတွေ ဝင်နေတာ။ တောင် ဆိုပြီး မြည်လိုက်၊ ပျောက်သွားလိုက်၊ နောက်တစ်ခါ တောင် ဆိုပြီး မြင်လိုက်၊ ပျောက်သွားလိုက်။ အဲဒါကို အနုစိတ်ပြီး ကြည့်နေတာပေါ့။ ဒီအခါ မမြဲခြင်းသဘောကို ပိုမြင်လာတယ်။ ပစ္စည်းဥစ္စာတို့၊ လူပုဂ္ဂိုလ်တို့ကို မမြဲဘူးလို့ မြင်ရတာက ခက်တယ်။ အချိန်အတိုင်းအတာတစ်ခုထိတော့ မြဲနေတာကိုး။ ဥပမာ ဖုန်းဆို သုံးနေတာ ၂ နှစ်ရှိပြီ၊ ဒီပစ္စည်းလေး ဝယ်ထားတာ ဘယ်လောက်ကြာပြီ စသဖြင့်ပေါ့။ လူဆိုလည်း နှစ်တွေကြာလာရင်သာ အိုလာမှန်း သိသာတာလေ။ မနေ့ကနဲ့ ဒီနေ့ ယှဉ်ကြည့်။ အတူတူပဲ ထင်ရတာကိုး။ (အတွင်းထဲက ဆဲလ်တွေကတော့ ပျက်စီးလိုက်၊ အသစ်ပေါ်လိုက် ဖြစ်နေပါတယ်။ မမြင်သာတာကို ပြောတာ။)
အဲ့တော့ မတည်မြဲဘူးလေ ဆိုပြီး ပြောနေကြတာတွေက တကယ်တော့ ပါးစပ်ပြော ပြောနေတာပဲ။ စိတ်က တကယ်သိတာ မဟုတ်ဘူး။ သူများဖြစ်ရင်သာ နှစ်သိမ့်လို့ ကောင်းတယ်။ ကိုယ်လည်း ဖြစ်ရော၊ ပြိုလဲရော။ ဆိုတော့ သိပ်မမြင်သာတာတွေကို ခဏထားပြီး ပိုသိသာတဲ့ စိတ်ရဲ့ ဖြစ်မှုပျက်မှုတွေကို စရှုရင် အနိစ္စသဘောကို ပိုမြင်လာနိုင်တယ်။ အဲ့လို စိတ်ရဲ့ မမြဲခြင်းသဘောနဲ့ စပြီးလေ့ကျင့်ထားရင် လူတွေ ပျက်စီးတဲ့အခါ၊ ဆိုလိုတာက ချစ်ရခင်ရသူတွေ သေဆုံးတဲ့အခါ၊ ရောဂါဘယ ဖြစ်တဲ့အခါ၊ ကိုယ်တိုင် အိုစာလာတဲ့အခါ၊ ကိုယ်ပိုင်တဲ့ ပစ္စည်းတွေ ဆုံးရှုံးရတဲ့အခါ ခံနိုင်ရည် ရှိလာတယ်။ ▪️နောက်တစ်ခုက ဒုက္ခ။ တကယ်တော့ ရောဂါဖြစ်တဲ့အချိန်၊ ဒါမှမဟုတ် နှိပ်စက်ညှင်းပန်းခံရတဲ့ အချိန်မှသာ ဒုက္ခကို သိတာ။ နာတယ်၊ ကျင်တယ်၊ ကိုက်တယ်၊ ခဲတယ်ပေါ့။ အဲဒါ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ် အနေအထားကို တစ်မျိုးပြီးတစ်မျိုး ပြောင်းနေတော့ ခန္ဓာကိုယ်ရဲ့ ဒုက္ခက ပေါ်မလာဘူးလေ။ လျောင်း၊ ထိုင်၊ ရပ်၊ သွား ဆိုပြီး အနေအထား ၄ ခု ရှိတယ်။ ထိုင်ပါများလာရင် ညောင်းလာတော့ မတ်တပ်ထရပ်တယ်။ ရပ်နေရတာ ကြာရင် ထိုင်တယ်။ လမ်းလျှောက်ပါများလို့ ညောင်းလာရင် ထိုင်ချလိုက်တယ်။ လဲလျောင်းရင်လည်း အကြာကြီးဆို ကျောပူလာတယ်။ ဒါကြောင့် အိပ်ရာထဲ လဲနေတဲ့ လူနာတွေဆို ကျောမှာ Bedsores တွေတောင် ရတတ်သေးတယ်မို့လား။ ဆိုတော့ တစ်မျိုးပြီးတစ်မျိုး ပြောင်းပြောင်းပေးနေလို့သာ ဒုက္ခက မသိသာတာ။ အဲဒါကို မပြောင်းဘဲနဲ့ ဆက်တိုက်ထိုင်ပြီး တရားမှတ်ကြည့်တဲ့အခါကျ ဒုက္ခက ပေါ်လာတယ်။ နာရီဝက်လောက်ဆို စလာပြီ။ ခါးညောင်းတာ၊ ခြေထောက်ကျဉ်တာ စသဖြင့်။ ဒီဒုက္ခတွေက တကယ်တမ်း ရောဂါဖြစ်တဲ့အခါ၊ သေရတော့မယ် ဆိုတဲ့အခါ ခံစားရတဲ့ ဒုက္ခနဲ့ မိုးနဲ့မြေလို ကွာတယ်။ ပြောရရင် ဝိပဿနာ တရားအားထုတ်တယ်ဆိုတာ အဲဒီအချိန်အတွက် ပြင်ဆင်နေတာပဲ။ တရားထိုင်ရင်း ခံစားရတဲ့ ခန္ဓာကိုယ်ဒုက္ခတွေကို အမှတ်သတိနဲ့ သိသိနေအောင် ကြိုးစားထားမယ်ဆို တကယ်တမ်း ရောဂါကြီးကြီးမားမား ဖြစ်တဲ့အခါ အတိုင်းအတာတစ်ခုထိ ခံနိုင်ရည် ရှိလာမယ်။ ကိုယ်မှာ နာစေ၊ စိတ်မှာ မနာစေနဲ့ ဆိုတာလိုမျိုး နာကျင်မှုတွေကို သည်းခံလာနိုင်မယ်။ ▪️နောက်ဆုံးတစ်ခုကတော့ အနတ္တ။ ဒါလည်း ပြောတော့သာ လွယ်တာ။ တကယ်တမ်း သဘောပေါက်ဖို့ကျ မလွယ်ဘူး။ တရားထိုင်၊ ဝင်လေထွက်လေမှတ်ရင်း တဖြည်းဖြည်း ဘာကို မြင်လာလဲဆိုတော့ ဒီလေရှူတဲ့ ကိစ္စမှာတောင် ကိုယ်တတ်နိုင်တာ ဘာမှမရှိဘူး ဆိုတာပဲ။ ဖြည်းဖြည်းရှူ၊ မြန်မြန်ရှူ၊ ရှည်ရှည်ရှူ၊ တိုတိုရှူ စသဖြင့် လုပ်လို့ပဲ ရမယ်။ မရှူဘဲ နေလို့မရဘူး။ လေဝင်သွားပြီးရင် အဆုတ်နဲ့ နှလုံးကြား အောက်ဆီဂျင်နဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ် လဲတာတွေကလည်း သူ့ဟာသူ ဖြစ်နေတာပဲ။ ငါ တတ်နိုင်တာရယ်လို့ သိပ်မရှိပါလား ဆိုတာကို ပိုမြင်လာတယ်။ ဒီတော့ ကိုယ့်ဘဝမှာ ကိုယ့်ကြောင့် မဟုတ်ဘဲ ပြဿနာ ဖြစ်တဲ့အခါ၊ ထိခိုက်နစ်နာရတာတွေ ရှိတဲ့အခါမှာလည်း အနတ္တကို ပြန်သတိရပြီး ဆင်ခြင်နိုင်လာမယ်ပေါ့။ ▪️
ဆရာတော်တွေလို နိဗ္ဗာန်ရောက်ကြောင်း တရားဟောတာ မဟုတ်လို့ လောကီရေးရာနဲ့ပဲ ချိတ်ပြောပြမယ်။ ကျွန်တော်တို့ဘဝမှာ စိတ်ညစ်ရတာ၊ စိတ်ဖိစီးရတာ၊ စိတ်ပင်ပန်းရတာ အားလုံးဟာ အကြောင်းရင်း ၄ ခုထဲကပဲ ဖြစ်ကြတာ များတယ်။ ၁။ ကိုယ်တိုင် နာကျင်ရတာ (ရောဂါ၊ ထိခိုက်ဒဏ်ရာ၊ ညှင်းပန်းနှိပ်စက်ခံရမှု စသဖြင့်ကြောင့်) ၂။ ကိုယ်ချစ်ရသူတွေနဲ့ ရှင်ကွဲ သို့မဟုတ် သေကွဲ ကွဲကွာရတာ၊ သူတို့နာကျင်နေတာကို မြင်ရတာ ၃။ ပစ္စည်းဥစ္စာ ဆုံးရှုံးတာ ၄။ ကိုယ်ထင်သလို မဖြစ်တာ၊ မထင်တာတွေ ဖြစ်လာတာ (ဥပမာ မထွက်စေချင်တဲ့ ဝက်ခြံထွက်တာကစလို့ အာဏာသိမ်းမှုအလယ် ဆီဈေးတွေ တက်လာတာအဆုံး) ဒီ ၄ ခုထဲက မဟုတ်တဲ့ တခြားအကြောင်းကြောင့်ဆိုတာ မရှိသလောက် ရှားတယ်။ ဆိုတော့ ဒုက္ခက နံပါတ် ၁၊ အနိစ္စက ၂ နဲ့ ၃၊ အနတ္တက ၄ ကို ကျော်လွှားရင်ဆိုင်နိုင်ဖို့ရာ ကူညီပေးလိမ့်မယ်။ ဒါကြောင့် ဝိပဿနာ အားထုတ်သင့်တယ် ပြောရတာ။ ▪️ပြန်ချုပ်ရရင်တော့ သမထက အာရုံစူးစိုက်မှုကို အားကောင်းစေတယ်။ စိတ်အေးချမ်းဖို့တင်မကဘူး၊ ဘဝတိုးတက်ဖို့အတွက်ပါ လိုအပ်တယ်။ ဒါကြောင့်လည်း နိုင်ငံတကာက အောင်မြင်နေတဲ့သူတွေ Meditation လုပ်တယ်ဆိုတာ အဲဒါ။ စိတ်တွေ ပိုကြည်လင်လာတယ်။ ဆုံးဖြတ်ရတာတွေ ရှင်းလင်းလာတယ်။ စိတ်ကို ထိန်းနိုင်လာတယ်။ အာရုံစူးစိုက်မှု အားကောင်းလာတယ်။ သမထက ဝိပဿနာ အားထုတ်ဖို့မှာလည်း လိုအပ်တယ်။ စဉ်းစားကြည့်။ စိတ်က ပျံ့လွင့်နေရင် ခုနကလို နာကျင်ကိုက်ခဲမှုတွေအပေါ် ဘယ်လိုလုပ် အာရုံစူးစိုက်ပြီး ရှုမှတ်နိုင်ပါ့မလဲ။ ဒါကြောင့် ဝိပဿနာ အားမထုတ်ခင် သမာဓိ အရင်တည်ဆောက်ရတယ် ပြောတာ။ ဈာန်တွေ ဘာတွေ ရဖို့ထိ မဟုတ်တောင် စိတ်ကတော့ တည်ငြိမ်နေမှ ဖြစ်မယ်။ ဝိပဿနာရဲ့ ရည်ရွယ်ချက်က အနိစ္စ၊ ဒုက္ခ၊ အနတ္တကို မြင်လာဖို့ ဖြစ်တယ်။ အဲ့လိုမြင်လာမှ ဘဝမှာ ကြုံတွေ့ရတဲ့ စိတ်ပင်ပန်းစရာတွေအပေါ် မှန်ကန်စွာ နှလုံးသွင်းနိုင်လာမယ်။ ခံနိုင်ရည် ရှိလာမယ်။ နောက်ဆုံး နိဗ္ဗာန်ထိပါ ရောက်နိုင်တယ်ပေါ့။ ▪️ဒါကြောင့် အရင်ဆုံးအနေနဲ့ သမထကို လေ့ကျင့်ပါ။ ကိုယ်နဲ့ ကိုက်တဲ့ နည်းလမ်းတစ်ခုခုကို ရွေးပြီး တရားထိုင်ပါ။ နောက်ဆုံး Meditation music လေး ဖွင့်ပြီး အဲ့အသံမှာ အာရုံစိုက်ထားလို့တောင် ရတယ်။ တရားထိုင်ဖို့ ဒီနေ့ခေတ်လောက် လွယ်တာ ဒီနေ့ခေတ်ပဲ ရှိတယ်။ ခုလို မီးပျက်နေချိန် အကျိုးရှိအောင် အသုံးချပြီး တရားထိုင်ကြည့်။ စိတ်တွေ ကြည်လင်လာတဲ့ လက်တွေ့အကျိုး ရတဲ့အခါ မထိုင်ပါနဲ့ တားတောင် မရတော့ဘူး ဖြစ်လာလိမ့်မယ်။ အဲ့ကနေမှ တရားတွေလည်း နာနိုင်တယ်ဆို နာယူပြီး ဝိပဿနာပါ အားထုတ်ကြည့်။ ဘဝမှာ ကြုံတွေ့ရသမျှ အဆင်မပြေမှု၊ အခက်အခဲတွေကို ကျော်ဖြတ်နိုင်လာလိမ့်မယ်။ အဲဒါက Motivation လို ခဏတဖြုတ် ကြွတက်သွားတာမျိုး၊ တောက်လောင်နေတာမျိုး မဟုတ်ဘဲ တည်ငြိမ်စွာနဲ့ အားကောင်းနေတာမျိုး၊ ပျော့ပျောင်းစွာနဲ့ သန်မာနေတာမျိုး၊ ငြိမ်းအေးရင်းနဲ့ ရဲရင့်နေတာမျိုး ဖြစ်ပါတယ်။ ဒေါက်တာ ဖြိုးသီဟ
|
https://www.dhammaransi.com/index.php/new/2562-2022-03-19-07-49-55.html
|
"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ"
|
"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ"
ဗုဒ္ဓဘာသာရဲ့ ဘာသာရေးအခမ်းအနားတွေမှာ "နမော တဿ" ဘုရားရှိခိုးနဲ့ ဖွင့်လှစ်တဲ့ ယဥ်ကျေးမှုလေးရှိတယ်။
ယဥ်ကျေးမှုဆိုတာ "အမွေဆက်ခံ ရရှိသော ကျင့်ဝတ်အလေ့အထ" လို့ ဖရန်စစ်ဖူကူယားမားက ဖွင့်ဆိုတယ်။
ကျင့်ဝတ်အလေ့အထ ဖြစ်လာတဲ့အရာတွေဟာကာလာကြာလွန်တဲ့အခါ မူရင်းအဓိပ္ပါယ်၊ ရည်ရွယ်ချက်၊ အနှစ်သာရ မှေးမှိန်ပျောက်ကွယ် သွားတာမျိုးရှိတတ်တယ်။
'ဗြဟ္မာမင်း၊ သိကြားမင်း၊ လူ့ပြည်က ဘုရင်အနွယ် ပသေနဒီကောသလ္လမင်း၊ ဗိမ္ဗိသာရမင်း၊ ပညာတတ်အနွယ် ဇာဏုသောဏိပုဏ္ဏား၊ ဗြဟ္မာယုပုဏ္ဏား၊ ပေါက္ခရသာတိပုဏ္ဏား၊ ဓနဉ္စာဏီပုဏ္ဏေးမ' တို့ ကမြတ်စွာဘုရားရှင်ကို ရှိခိုးတဲ့အခါ 'နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ' နဲ့ ရွတ်ဆိုရှိခိုးကြတယ်။
သမိုင်းကြောင်း အင်မတန်ကြီးကျယ်တန်ဖိုးရှိတဲ့ "နမော တဿ" ဘုရားရှိခိုးဟာ အလေ့အထအဖြစ် ရွတ်ဆိုရုံရွတ်ကြတဲ့အခါ အဓိပ္ပါယ်လေးနက်မှုကို ခံစားတတ်သူနည်းလာတယ်။
ဦးဇင်းက အိပ်ရာထနဲ့ အိပ်ရာဝင်ချိန်တိုင်း နမောတဿ ဘုရားရှိခိုးကို ရွတ်ဆိုဝတ်ပြုဖြစ်တယ်။ နေမကောင်းရင်တောင် အိပ်ရာထဲမှာပဲ လဲလျောင်းတဲ့အနေအထားနဲ့ မပျက်မကွက် ဝတ်ပြုတယ်။
နမောတဿ ကို ရွတ်ဆိုတိုင်း ဂုဏ်တော်ကို အတတ်နိုင်ဆုံး အဓိပ္ပါယ်ဖော် ခံစားတယ်။ ခံစားပုံလေးကို ပြောပြမယ်။
'နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ' မှာ မြတ်စွာဘုရားရဲ့ ဘဂဝါဂုဏ်တော် ၊ အရဟံဂုဏ်တော်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်တော် သုံးပါး ပါဝင်တယ်။
'ဘဂဝါ - အလှတရား'
'ဘဂဝတော - ဘုန်းတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား'
မြတ်စွာဘုရားရှင် ပိုင်ဆိုင်တဲ့ ဘုန်းတော်များစွာထဲမှာ ကျက်သရေမင်္ဂလာနဲ့ တင့်တယ်တော်မူတဲ့ 'သီရိ ဘုန်းတော်' ဆိုတာ ရှိတယ်။ ဘဝပေါင်းများစွာ ဖြည့်ဆည်းလာတဲ့ ပါရမီတော်ကြောင့် ဘုရားဖြစ်လာတဲ့ဘဝမှာ အသားအရေ၊ အရပ်အမောင်း၊ ကိုယ်နေကိုယ်ဟန်၊ အချိုးအဆစ် အလွန်တန်တင့်တော်မူတယ်။ စိတ်သန္တာန်မှာ ကိလေသာကင်းနေတဲ့အတွက် ခန္ဓာကိုယ်က ရောင်ခြည်တော်တွေထွက်ပြီး အင်မတန်ကို ကြည်ညိုကြည်နူးဖွယ်ကောင်းမှာပဲ။ 'ဘဂဝါ' ဂုဏ်ကိုရွတ်ဆိုတဲ့အခါ မိမိဉာဏ်မီသမျှဆင်ခြင်ပြီး ခြုံငုံမိတဲ့ 'အလှတရား' ဆိုတဲ့စကားတစ်ခွန်းနဲ့ အဓိပ္ပါယ်ဖော်ယူလိုက်တယ်။ မြတ်စွာဘုရားရှင်ရဲ့ ကျက်သရေတင့်တယ်ပုံ အလှတရားကို မြင်ယောင်လာရင် အဲအချိန်စိတ်ထဲမှာ ကြည်နူးနေတော့ပဲ။
'အရဟံ - ငြိမ်းအေးခြင်း'
'အရဟတော- ကိလေသာအားလုံးကို စရိုက်ဝါသနာနှင့်တကွ စွန့်ပယ်ပြီးတော်မူသော မြတ်စွာဘုရား'
ကိလေသကင်းနေတဲ့စိတ်ဟာ အလွန်ကိုအေးချမ်းငြိမ်သက်မှာပေါ့။ ဦးဇင်းတို့တွေက ကိလေသာတွေကြောင့် ပင်ပန်းပူလောင် နေရတာ။ တရားအားထုတ်လို့ နှာသီးဖျားမှာ စိတ်တည်လေးတည်နေပြီ၊ ဘာအတွေးမှ နှောက်ယှက်မှု မရှိဘူး၊ အဲဒီအချိန်မှာ ကိသောကယာယီကင်းလွတ်ခွင့်ရလို့ စိတ်ထဲတိတ်ဆိတ်နေအေးချမ်းနေလိုက်တာများ အင်မတန်အရသာရှိပဲ။ တရားအားထုတ်လို့ သမာဓိခဏရချိန်မှာတောင် ဒီလောက်ငြိမ်းချမ်းနေရင် ကိလေသာထကြွမှုလုံးဝမရှိတဲ့ ဘုရားရှင်တော်မြတ်ဆို ဘယ်လောက်'ငြိမ်းအေး'နေလိုက်မလဲနော်။ ဒီလိုလေးဆင်ခြင်ပြီး 'အရဟံဂုဏ်တော်'ကို ရွတ်ဆိုချိန် ရင်ထဲမှာတကယ် ငြိမ်းအေးနေတယ်။
'သမ္မာသမ္ဗုဒ္ဓ - လွတ်လပ်ခြင်း"
'သမ္မာသမ္ဗုဒ္ဓဿ - သိစရာမှန်သမျှကို မိမိကိုယ်တိုင် ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရား'
သတ္တဝါတွေမှာ သိစရာကများသလောက် သိနိုင်စွမ်းက အကန့်အသတ်ရှိတယ်။ တရားပဲ ဆိုပါဦးစို့။ တရားအကြောင်း တစ်ခုသိချင်နေတယ်။ ဘယ်သူ့မေးရမှန်းလည်းမသိ၊ ဘယ်စာအုပ်ဖတ်ရမှန်းလည်းမသိ၊ သိချင်စိတ်ကလည်ပြင်းပြနဲ့ စိတ်ထဲမှာရှုပ်ထွေးပြီး သံသယတွေနဲ့ တင်းကြပ်ပြီး မလွတ်လပ်လိုက်တာ။ ခံစားဖူးကြလေမလားပဲ။ ဘုရားရှင်ကျတော့ သူသိချင်ပြီဆိုရင် နှလုံးသွင်းအာရုံပြုလိုက်တာနဲ့ ဉာဏ်ပေါ်မှာ အရာအားလုံး ထင်ရှားနေတယ်။ ဘုရားရှင်ရဲ့စိတ်တော်ဟာ လွတ်လပ်ကြည်လင်နေမှာပဲနော်လို့ ခံစားမိတယ်။ အဲလိုလေးဆင်ခြင်မိရင် စိတ်ထဲအတော်ပေါ့သွားတယ်။
ဘဂဝတော (အလှတရား) အရဟတော(ငြိမ်းအေးမှု) ၊ သမ္မာသမ္ဗုဒ္ဓဿ(လွတ်လပ်ခြင်း)
ဂုဏ်တော်တို့ နှင့် ပြည့်စုံတော်မူသော
တဿ - ထိုမြတ်စွာဘုရားရှင်အား ၊ နမော - ရိုသောစွာရှိခိုးပါ၏။
အရှင်ပညာသီရိ(ရမ္မာကျွန်း)
မှတ်ချက်။ ။ ဂုဏ်တော်များ၏ အရသာကို အကျယ်ဝံ့ ခံစားလိုပါက တောင်မြို့ဆရာတော်၏’ရတနာ့ဂုဏ်ရည်' ကျမ်းစာ ဖတ်ကြပါကုန်။
"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ"
ဗုဒ္ဓဘာသာရဲ့ ဘာသာရေးအခမ်းအနားတွေမှာ "နမော တဿ" ဘုရားရှိခိုးနဲ့ ဖွင့်လှစ်တဲ့ ယဥ်ကျေးမှုလေးရှိတယ်။
ယဥ်ကျေးမှုဆိုတာ "အမွေဆက်ခံ ရရှိသော ကျင့်ဝတ်အလေ့အထ" လို့ ဖရန်စစ်ဖူကူယားမားက ဖွင့်ဆိုတယ်။
ကျင့်ဝတ်အလေ့အထ ဖြစ်လာတဲ့အရာတွေဟာကာလာကြာလွန်တဲ့အခါ မူရင်းအဓိပ္ပါယ်၊ ရည်ရွယ်ချက်၊ အနှစ်သာရ မှေးမှိန်ပျောက်ကွယ် သွားတာမျိုးရှိတတ်တယ်။
'ဗြဟ္မာမင်း၊ သိကြားမင်း၊ လူ့ပြည်က ဘုရင်အနွယ် ပသေနဒီကောသလ္လမင်း၊ ဗိမ္ဗိသာရမင်း၊ ပညာတတ်အနွယ် ဇာဏုသောဏိပုဏ္ဏား၊ ဗြဟ္မာယုပုဏ္ဏား၊ ပေါက္ခရသာတိပုဏ္ဏား၊ ဓနဉ္စာဏီပုဏ္ဏေးမ' တို့ ကမြတ်စွာဘုရားရှင်ကို ရှိခိုးတဲ့အခါ 'နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ' နဲ့ ရွတ်ဆိုရှိခိုးကြတယ်။
သမိုင်းကြောင်း အင်မတန်ကြီးကျယ်တန်ဖိုးရှိတဲ့ "နမော တဿ" ဘုရားရှိခိုးဟာ အလေ့အထအဖြစ် ရွတ်ဆိုရုံရွတ်ကြတဲ့အခါ အဓိပ္ပါယ်လေးနက်မှုကို ခံစားတတ်သူနည်းလာတယ်။
ဦးဇင်းက အိပ်ရာထနဲ့ အိပ်ရာဝင်ချိန်တိုင်း နမောတဿ ဘုရားရှိခိုးကို ရွတ်ဆိုဝတ်ပြုဖြစ်တယ်။ နေမကောင်းရင်တောင် အိပ်ရာထဲမှာပဲ လဲလျောင်းတဲ့အနေအထားနဲ့ မပျက်မကွက် ဝတ်ပြုတယ်။
နမောတဿ ကို ရွတ်ဆိုတိုင်း ဂုဏ်တော်ကို အတတ်နိုင်ဆုံး အဓိပ္ပါယ်ဖော် ခံစားတယ်။ ခံစားပုံလေးကို ပြောပြမယ်။
'နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ' မှာ မြတ်စွာဘုရားရဲ့ ဘဂဝါဂုဏ်တော် ၊ အရဟံဂုဏ်တော်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်တော် သုံးပါး ပါဝင်တယ်။
'ဘဂဝါ - အလှတရား'
'ဘဂဝတော - ဘုန်းတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား'
မြတ်စွာဘုရားရှင် ပိုင်ဆိုင်တဲ့ ဘုန်းတော်များစွာထဲမှာ ကျက်သရေမင်္ဂလာနဲ့ တင့်တယ်တော်မူတဲ့ 'သီရိ ဘုန်းတော်' ဆိုတာ ရှိတယ်။ ဘဝပေါင်းများစွာ ဖြည့်ဆည်းလာတဲ့ ပါရမီတော်ကြောင့် ဘုရားဖြစ်လာတဲ့ဘဝမှာ အသားအရေ၊ အရပ်အမောင်း၊ ကိုယ်နေကိုယ်ဟန်၊ အချိုးအဆစ် အလွန်တန်တင့်တော်မူတယ်။ စိတ်သန္တာန်မှာ ကိလေသာကင်းနေတဲ့အတွက် ခန္ဓာကိုယ်က ရောင်ခြည်တော်တွေထွက်ပြီး အင်မတန်ကို ကြည်ညိုကြည်နူးဖွယ်ကောင်းမှာပဲ။ 'ဘဂဝါ' ဂုဏ်ကိုရွတ်ဆိုတဲ့အခါ မိမိဉာဏ်မီသမျှဆင်ခြင်ပြီး ခြုံငုံမိတဲ့ 'အလှတရား' ဆိုတဲ့စကားတစ်ခွန်းနဲ့ အဓိပ္ပါယ်ဖော်ယူလိုက်တယ်။ မြတ်စွာဘုရားရှင်ရဲ့ ကျက်သရေတင့်တယ်ပုံ အလှတရားကို မြင်ယောင်လာရင် အဲအချိန်စိတ်ထဲမှာ ကြည်နူးနေတော့ပဲ။
'အရဟံ - ငြိမ်းအေးခြင်း'
'အရဟတော- ကိလေသာအားလုံးကို စရိုက်ဝါသနာနှင့်တကွ စွန့်ပယ်ပြီးတော်မူသော မြတ်စွာဘုရား'
ကိလေသကင်းနေတဲ့စိတ်ဟာ အလွန်ကိုအေးချမ်းငြိမ်သက်မှာပေါ့။ ဦးဇင်းတို့တွေက ကိလေသာတွေကြောင့် ပင်ပန်းပူလောင် နေရတာ။ တရားအားထုတ်လို့ နှာသီးဖျားမှာ စိတ်တည်လေးတည်နေပြီ၊ ဘာအတွေးမှ နှောက်ယှက်မှု မရှိဘူး၊ အဲဒီအချိန်မှာ ကိသောကယာယီကင်းလွတ်ခွင့်ရလို့ စိတ်ထဲတိတ်ဆိတ်နေအေးချမ်းနေလိုက်တာများ အင်မတန်အရသာရှိပဲ။ တရားအားထုတ်လို့ သမာဓိခဏရချိန်မှာတောင် ဒီလောက်ငြိမ်းချမ်းနေရင် ကိလေသာထကြွမှုလုံးဝမရှိတဲ့ ဘုရားရှင်တော်မြတ်ဆို ဘယ်လောက်'ငြိမ်းအေး'နေလိုက်မလဲနော်။ ဒီလိုလေးဆင်ခြင်ပြီး 'အရဟံဂုဏ်တော်'ကို ရွတ်ဆိုချိန် ရင်ထဲမှာတကယ် ငြိမ်းအေးနေတယ်။
'သမ္မာသမ္ဗုဒ္ဓ - လွတ်လပ်ခြင်း"
'သမ္မာသမ္ဗုဒ္ဓဿ - သိစရာမှန်သမျှကို မိမိကိုယ်တိုင် ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရား'
သတ္တဝါတွေမှာ သိစရာကများသလောက် သိနိုင်စွမ်းက အကန့်အသတ်ရှိတယ်။ တရားပဲ ဆိုပါဦးစို့။ တရားအကြောင်း တစ်ခုသိချင်နေတယ်။ ဘယ်သူ့မေးရမှန်းလည်းမသိ၊ ဘယ်စာအုပ်ဖတ်ရမှန်းလည်းမသိ၊ သိချင်စိတ်ကလည်ပြင်းပြနဲ့ စိတ်ထဲမှာရှုပ်ထွေးပြီး သံသယတွေနဲ့ တင်းကြပ်ပြီး မလွတ်လပ်လိုက်တာ။ ခံစားဖူးကြလေမလားပဲ။ ဘုရားရှင်ကျတော့ သူသိချင်ပြီဆိုရင် နှလုံးသွင်းအာရုံပြုလိုက်တာနဲ့ ဉာဏ်ပေါ်မှာ အရာအားလုံး ထင်ရှားနေတယ်။ ဘုရားရှင်ရဲ့စိတ်တော်ဟာ လွတ်လပ်ကြည်လင်နေမှာပဲနော်လို့ ခံစားမိတယ်။ အဲလိုလေးဆင်ခြင်မိရင် စိတ်ထဲအတော်ပေါ့သွားတယ်။
ဘဂဝတော (အလှတရား) အရဟတော(ငြိမ်းအေးမှု) ၊ သမ္မာသမ္ဗုဒ္ဓဿ(လွတ်လပ်ခြင်း)
ဂုဏ်တော်တို့ နှင့် ပြည့်စုံတော်မူသော
တဿ - ထိုမြတ်စွာဘုရားရှင်အား ၊ နမော - ရိုသောစွာရှိခိုးပါ၏။
အရှင်ပညာသီရိ(ရမ္မာကျွန်း)
မှတ်ချက်။ ။ ဂုဏ်တော်များ၏ အရသာကို အကျယ်ဝံ့ ခံစားလိုပါက တောင်မြို့ဆရာတော်၏’ရတနာ့ဂုဏ်ရည်' ကျမ်းစာ ဖတ်ကြပါကုန်။
|
https://www.dhammaransi.com/index.php/new/2561-2022-03-19-07-48-57.html
|
သမ္ဗုဒ္ဓေ ဂါထာတော်ကြီးအား ဂါထာစွမ်းအား သတ္တိ ရရှိလာအောင် လိုက်လာအောင် ရွတ်ဆိုနည်း .. .
|
သမ္ဗုဒ္ဓေ ဂါထာတော်ကြီးအား ဂါထာစွမ်းအား သတ္တိ
ရရှိလာအောင် လိုက်လာအောင် ရွတ်ဆိုနည်း .. .
နံနက် အရုဏ်တက်ချိန် ၅ နာရီ တွင် သမ္ဗုဒ္ဓေ ဂါထာ
တော်ကြီး အား ရွတ်ဖတ်ရပါမည် ။
ရွတ်ဖတ်မည့် ပုဂ္ဂိုလ်မှာ လူပုဂ္ဂိုလ်ဖြစ်ပါလျှင် ကိုယ်လက်
သန့်ရှင်းခြင်း ခန္ဓာကိုယ် သန့်ရှင်းခြင်း သန့်ရှင်းသောအ
ဝတ်စားကိုဝတ်ဆင်ခြင်း ရဟန်းမှန်သမျှ ဒေသနာကြား
ခြင်း ကိစ္စ ကိုဆောင်ရွက်ရပါမည် ။
၅၁၂၀၂၈ ဆူကုန်သော ဗုဒ္ဓဘုရားရှင်တို့အားရည်စူး၍
ဆွမ်း ၉ ပွဲ ရေ ၉ ခွက် ပန်း ၉ ပွင့် ဖယောင်းတိုင် ၉တိုင်
ထွန်း အမွှေးတိုင် ၉ တိုင် ထွန်း ၍ ကပ်လှုပူဇော်ရမည်။
ပြီးနောက် ၅ ပါး သီလ တော်ကို ခံယူဆောက်တည်ပါ ။
နတ်များကို ဖိတ်ကြားရပါမည်။ ဖိတ်ကြားပုံမှာ ....
" ကျွန်ုပ်သည် ၅၁၂၀၂၈ ဆူကုန်သော ဗုဒ္ဓ ဘုရားရှင်
အပေါင်း အားရည်စူး၍ ရည်မှန်း၍ သမ္ဗုဒ္ဓေ ဂါထာတော်
မြတ်ကြီးအား ၁၀၈ ခေါက် တိတိ ရွတ်ဖတ်၍ ပူဇော်ကန်
တော့မည် ဖြစ်ပါ၍ ...
အရှေ့နေထွက် အနောက်နေဝင် တောင်မှာတံငါကွန်
နက္ခတ် မြောက်မှာ ဓူဝံကြယ် အောက်မှာအဝီစိ အထက်
မှာ ဘဝဂ် ဤ အတွင်းမှာ တည်ရှိနေထိုင်ကြကုန်သော
အလုံးစုံသော တောစောင့်နတ်များ တောင်စောင့်နတ်
များ ရုက္ခစိုးနတ်များ ဘုမ္မစိုးနတ်များ အာကာသစိုးနတ်
များ ကမ္ဘာစောင့်နတ် မြို့စောင့်နတ် နယ်စောင့်နတ်
ရွာစောင့်နတ် ရက်ကွက်စောင့်နတ် ကျောင်းစောင့်နတ်
မိုးနတ်သား လေနတ်သား ရေနတ်သား လနတ်သား
သမ္မာဒေဝနတ်များ သာသနာတော်စောင့်နတ်များ
သူရဿတီ ဒေဝီနှင့် တကွ ဒေဝီ (၇) ပါး ဒေဝီ (၉) ပါး
ဒေဝီ (၁၂) ပါး ဓဋ္ဌရဌ ဝိရုဠက ဝိရုပက္ခ ကုဝေရ စသော
စတုမဟာ နတိမင်းကြီး ၄ ပါး သိကြားမင်းနှင့်တကွ
၃၃ ကျိတ်သော နတ်မင်း နတ်မြတ် နတ်ဒေဝါ အပေါင်း
နှင့်တကွ သူရဿတီ မကြွင်း ခပင်းများစွာ နတ်ဗြဟ္မာ
အပေါင်းတို့ ဖိတ်ကြားပါ၏ ။ ဖိတ်ခေါ်ပါ၏ ။တရားနာ
ယူရန် ကြွတော်မူုကြပါကုန်လော့ ။ ဤ အချိန်ဤအခါ
သည်ကား သမ္ဗုဒ္ဓေ ဂါထာတော်မြတ်အား (၁၀၈) ခေါက်
တိတိ ရွတ်ဖတ်မည်ဖြစ်ပါ၍ တရားတော်မြတ်ကို အတူ
တကွနာယူကြပါရန် ဤနေရာ ဤ ဌာန ဤ အိမ်ဂေဟာ
သို့ ဖိတ်ကြားပါ၏ ။ ပန်ကြားပါ၏ ။ဖိတ်ခေါ်ပါ၏ ။
တရားတော်မြတ် ဂါထာတော်မြတ်ကို နာယူရန် အတွက်
ကြွရောက်တော်မူကြပါကုန်လော့ ။ "
ထိုသို့ နတ်များအား ဖိတ်ကြားပြီးလျှင် ဘုရားရှေတော်
တွင် တည်ငြိမ်စွာထိုင်၍ သမ္ဗုဒ္ဓေ ဂါထာ တော်ကြီးအား
လေးလေးပင်ပင် ၁၀၈ ခေါက် ရအောင် ရွတ်ဖတ်ရာ၏ ။
၁၀၈ ခေါက် တိတိ ရွတ်ဖတ်ပြီးပါလျှင် ဂါထာတော်ကြီး
၏ အနက်အဖွင့်ကို အသံကျယ်ကျယ်ရွတ်ဖတ်ရာ၏။
ပြီးစီးပါက ပင့်ဖိတ်ကြားထားသော နတ်များအား၎င်း
သတ္တဝါ များ အား၎င်း သူတော်ကောင်းအရိယာများ
အား ၎င်း အမျှပေးဝေရာ၏ ။
အမျှပေးဝေပြီးနောက် မိမိ တက်နိုင်သ၍ မေတ္တာပို့ပေးပါ။ လိုအပ်သော အလိုရှိသောကိစ္စ အကြောင်းအရာ
အတွက် ဆု့တောင်းပါ ။ဤ အချက် များနှင့်ညီညွတ်
အောင် ကျင့်ဆောင်ပါလျှင် သမ္ဗုဒ္ဓေ ဂါထာ၏ အစွမ်း
သတ္တိ ဝင်လာပါတော့သည်။ ဂါထာ အစွမ်းထက်မြတ်
လာတော့၏ ။ မိမိဆောင်ရွက်တိုင်း အကျိူးပေးနေ
တော့သည် ။ နေ့စဉ် ကျင့်ဆောင်ပါလျှင် သြဇာအာဏာ
ကြီးလာပါသည်။ ပြောတိုင်း ဆိုတိုင်း လုပ်တိုင်း ကြံစည်
တိုင်း အောင်မြင်လာပါတော့သည်။ ဘေးရန်အန္တရာယ်
ကင်းဝေး ပပျောက်ရသည်။ မကောင်းသောအမင်္ဂလာ
မှန်သမျှ ကင်းဝေးပပျောက်ရ၏ ။ နာနာဘာဝ ဝိနာဘာ
ဝ အဝရုဒ္ဓက နတ်ဆိုး ဘီလူးဆိုးမှန်သမျှကို နိုင်နင်းတော့
သည်။ အနာရောဂါ အမျိူးမျိူး ကင်ဆာရောဂါအမျိူးမျိူး
ပျောက်ကင်း စေနိုင်သည်။
ဤသ်ို့ ကျင့်ဆောင်လာခဲ့သော ပုဂ္ဂိုလ်သည် သမ္ဗုဒ္ဓေ
ဂါထာတော်၏ စွမ်းအားသတ္တိ ဝင်ရောက်လာမှု့ကြောင့်
ဂါထာစွမ်းအားတက်လာသောကြောင့် ရေကို ကိုင်၍
သမ္ဗုဒ္ဓေ ဂါထာတော်ကို ရွတ်လျှင်ရေဆူလာသည်။
သံပုရာရည် ရှောက်ရည် တို့ကို ကိုင်၍ ရွတ်ဖတ် လျှင်
အချဉ်ဓာတ်ပျောက်၍ အချိူဓာတ်ဖြစ် လာနိုင်တော့၏ ။
|
https://www.dhammaransi.com/index.php/new/2560-2022-03-19-07-45-09.html
|
ကုသိုလ် သုံး မျိုး
|
ကုသိုလ် သုံး မျိုး ____===______ (၁) ငွေပေးပြီး ပြုလုပ်လို့ရသည့် ကုသိုလ် _ --- ဆွမ်း သင်္ကန်း ကျောင်း ငွေအကုန်ခံပြီး ရဟန်းသံဃာတော်များကို လှူဒါန်းခြင်း။ အဘိုးအဘွားနှင့် နေမကောင်းသည့် ဂိလာနများ အာဟာရဖြစ်စေရန် အစားအစာ များလှူဒါန်းခြင်း။ ဆင်းရဲသူ ဆင်းရဲသားများအတွက် ဆန် ဆီ စသည် ငွေအကုန်ခံပြီးလှူဒါန်းခြင်း။ စသည်စသည်များကို အချိန်ပေး ငွေပေးပြီး ပြုလုပ်လို့ရသည့် ကုသိုလ်။ ._____________________________________________ (၂) အချိန်ပေးပြီး ပြုလုပ်လို့ရသည့် ကုသိုလ် - -- အားလပ်သည့်အချိန် ခဏလေးအချိန်ယူပြီး ကျောင်း စေတီ ပုထိုးသွားပြီး တံမြက်လှည့် သန့်ရှင်းခြင်း သောက်ရေသုံးဆောင်ရေ တည်ထားခြင်း။ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားတို့ရဲ့ အ၀တ် စသည်များကို လျှော်ဖွတ်ပေးခြင်း စသည်စသည်များကို ငွေမကုန်ဘဲ ပြုလုပ်နိုင်သည့် ကုသိုလ်။ ______________________________________________ . (၃) ဘာမှပေးစရာမလိုဘဲ ပြုလုပ်လို့ရသည့် ကုသိုလ် _ _ သွားရင်းလာရင်း ရဟန်းသံဃာတော်များကိုတွေ့လျှင့် လက်အုပ်ချီပေးနိုင်တယ် အဘိုးအဘွားများ သွားလာရတာအဆင်မပြေလျှင် ကူညီဖေးမပေးနိုင်တယ်။ မျက်နှာ =ဖြင့် အပြုံးပန်းတွေ လူတိုင်းကို ပေးနိုင်တယ်။ ပါးစပ် = ဖြင့် သူတစ်ပါးအား ချိးမွမ်းစကား ပေးနိုင်တယ်။ နှလုံးသား =ကို သူတပါးအတွက် ဖွင့်ထားနိုင်တယ်။ မျက်စိ= ဖြင့် သူတစ်ပါးကို အကောင်းမြင်နိုင်တယ်။ ကိုယ်ဖြင့် = သူတပါးကို ကူညီနိုင်တယ်။ စသည်စသည်များကို အချိန်မကုန်ဘဲ ပြုလုပ်နိုင်သည့် ကုသိုလ်။
|
https://www.dhammaransi.com/index.php/new/2559-2022-03-19-07-44-02.html
|
ကုဝေရ နတ်မင်းကြီး အကြောင်း
|
ကုဝေရနတ်မင်းကြီးသည် မြောက်အရပ်ကို အစိုးရတဲ့ နတ်မင်းကြီးလည်း ဖြစ်ပါတယ်။ နတ်ဘီလူးမင်းကြီးပါ။ ကုဝေရ ဆိုတာက ရုပ်သွင်ကြမ်းတမ်းတယ်လို့ အဓိပ္ပာယ်ရသလို ကမ္ဘာမြေကြီးကိုစောင့်ရှောက်သော အရှင်သခင်လို့လည်း အဓိပ္ပာယ်ရပါတယ်။ ကုဝေရနတ်မင်းကြီးကို ဝေဿဝဏနတ်မင်းလို့လည်း ခေါ်ပါတယ်။ မိုးရွာသွန်းစေနိုင်သော နတ်မင်း မိုးလေဝသကို ပိုင်စိုးသောနတ်မင်း အောင်မြင်ကျော်ကြားမှုရဲ့ အရှင်သခင်နတ်မင်းလို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေလည်း မိုးလေဝသမှန်ပြီး သီးနှံထွက်ကောင်းအာင် အားထား ပူဇော်သင့်တဲ့ နတ်မင်းပါပဲ။ ကုဝေရနတ်မင်းကြီးဟာ နတ်ပြည်ရဲ့ ငွေတိုက်စိုး နတ်မင်းလည်းဖြစ်ပါတယ်။ နတ်ပြည်ရဲ့ ငွေတိုက်နဲ့ ရတနာတွေကို ထိန်းသိမ်း စောင့်ရှောက်ပေးတဲ့ နတ်သူဌေးကြီးပါ။ ဒါ့အပြင် လူ့ပြည်မှာရှိတဲ့ အဖိုးတန်ရတနာတွေနဲ့ ဂမ္ဘီရပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ နတ်မင်းကြီးလည်း ဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာကို ပေးစွမ်းနိုင်သော နတ်မင်းဖြစ်လို့ ဓနဒ ဓနလို့လည်း ခေါ်ပါသေးတယ်။ အရောင်းအဝယ်သမားတွေ စီးပွားရေးလုပ်ငန်းရှင်တွေ ဂမ္ဘီရပစ္စည်းစုဆောင်းသူတွေ အထူးအားထား ပူဇော်သင့်ပါတယ်။ လူ့ပြည်ရော နတ်ပြည်မှာ ပါရှိတဲ့ သိုက်မှန်သမျှရဲ့ အချုပ်ဟာ ကုဝေရနတ်မင်းကြီးပဲ ဖြစ်ပါတယ်။ သိုက်ဆက်ရှိသူတွေ မဖြစ်မနေ ကိုးစားသင့်ပါတယ်။ ကုဝေရနတ်မင်းဟာ အစွမ်းရှိတဲ့ ဂမ္ဘီရပစ္စည်းတွေကို စောင့်ရှောက်နေရတဲ့ အစောင့်အရှောက်တွေရဲ့ အကြီးအကဲလည်းဖြစ်လို့ ဂမ္ဘီရပစ္စည်းစုဆောင်းသူများ အထူးအားထား ပူဇော်သင့်ပါတယ်။ ကုဝေရနတ်မင်းကို ပူဇော်ပသပြီး အဓိဌာန်ပြုဆုတောင်းရင် ရှားပါးအဖိုးတန်တဲ့ ဂမ္ဘီရပစ္စည်းတွေ ရရှိနိုင်ပါတယ်။ ဒါ့အပြင် ကုဝေရနတ်မင်းဟာ နတ်ဘီလူးမင်းတွေရဲ့ အကြီးအမှူးဖြစ်ပြီး တစ္ဆေ ,စုန်း, ကဝေတွေ ပရလောကသား အားလုံးကို ထိန်းချုပ်ထားတာပါ။ ဒါကြောင့် ပယောဂကုသပေးတဲ့ဆရာတိုင်း လက်မလွှတ်သင့်တဲ့ အားထားသင့်တဲ့ နတ်မင်းကြီးလည်း ဖြစ်ပါတယ်။ နတ်ဘီလူးထဲမှာ စွမ်းပေ့ကြမ်းပေ့ဆိုတဲ့ ပုဏ္ဏကနတ်ဘီလူးမင်းတောင် ကုဝေရနတ်မင်းဆီမှာ အခစားဝင်ရကြောင်း ကုဝေရနတ်မင်းကို ကြောက်ရွံ့ရိုသေရကြောင်း ဝိဓူရဇာတ်တော်ကြီးမှာ အထင်အရှား တွေ့ရပါတယ်။ ပုဏ္ဏကနတ်ဘီလူးမင်းဆိုတာ ဝိဓူရအမတ်ကြီးကို လိုချင်လို့ ရှင်ဘုရင်နဲ့ကြွေအံကစားရာမှာ ရှင်ဘုရင်ရဲ့အစောင့်အရှောက်ဖြစ်တဲ့ ထီးကျက်စောင့်နတ်သမီးကိုတောင် မျက်စောင်းတစ်ချက်ထိုးကြည့်လိုက်တာနဲ့ စကြာဝဠာတံတိုင်းထိ လွင့်စင်သွားစေလောက်အောင် စွမ်းတဲ့ နတ်ဘီလူးပါ။ ဒါကြောင့် မြန်မာ့ဂမ္ဘီရပညာမှာ ပုဏ္ဏကမျက်စောင်းအင်းဆိုတာ တန်ပြန်အင်းတွေထဲမှာ အလွန်နာမည်ကြီးတာပါ။ ပုဏ္ဏကအင်းတွေကို လောင်းကစားနိုင်အောင်လည်း သုံးကြပါတယ်။ အဲ့ဒီ ပုဏ္ဏကဘီလူးမင်းတောင် ကုဝေရနတ်မင်းကြီးဆီမှာ အခစားဝင် ရတယ်ဆိုတော့ ကုဝေရနတ်မင်းကြီးရဲ့အစွမ်းကို စဉ်းစားသာကြည့်ကြပေတော့။ စုန်း, ကဝေ, တစ္ဆေ, ဘီလူး အမျိုးမျိုးတို့ဟာ ကုဝေရနတ်မင်းဆိုတဲ့အသံကြားတာနဲ့ မော်မကြည့်ရဲလောက်အောင် ကြောက်ကြရတာပါ။ ဒါကြောင့် ကုဝေရနတ်မင်းကို ပင့်ဖိတ်ပူဇော်ထားရင် အတိုက်အခိုက် ပယောဂမှန်သမျှ အနားတောင် မကပ်ဝံ့ပါဘူး။ ဘေးရန်ကင်းအောင်လည်း စောင့်ရှောက်ပေးပါတယ်။ ဒါကြောင့် အရောင်းအဝယ်သမား စီးပွားရေးသမား ဂမ္ဘီရဝါသနာပါသူ၊ ဂမ္ဘီရရှေးဟောင်းပစ္စည်းစုဆောင်းသူ၊ ပယောဂဆရာ လောကီဆရာ အတိုက်အခိုက်အပြိုင်အဆိုင်များသူ ၊စိုက်ပျိုးရေးလုပ်ကိုင်သူ မှန်သမျှ အားထားပူဇော်သင့်တဲ့ နတ်မင်းကြီးဖြစ်ပါတယ်။ လူတိုင်း အိမ်တိုင်း ပူဇော်သင့်တဲ့ နတ်မင်းကြီးဖြစ်ပါသည်။ (Photo ကုဝေရနတ်မင်းကြီးအား ပူဇော်လိုက်ပါသည်။)
|
https://www.dhammaransi.com/index.php/new/2482-2019-02-09-00-57-17.html
|
ကိလေသာကအရှက်ခွဲမလို့စောင့်နေတာ
|
☆ ကိလေသာကို အထင်သေးလို့မရဘူး။ ရန်သူကို အထင်မသေးပါနဲ့။ ရန်သူကိုအထင်သေးရင်တော့ရှုံးမှာပဲ။
☆ ငါတို့က စခန်းပွဲဘယ်နှစ်ခါဝင်ပြီးပြီ။ တရားဘယ်နှစ်ခွေနာပြီးပြီ။ ကိလေသာလောက်ကတော့ နိုင်ပါတယ်ဆိုပြီး လျှော့တွက်လို့ ရပါ့မလား။ လျှော့တွက်
ရင် မဟာအမှားပဲ။ အဲဒါဆိုရင်တော့ ကိလေသာက နိုင်တော့မယ်။ ပစ္ဆိမဘဝဒါနောက်ဆုံးဘဝ၊ ပဋိသမ္ဘိဒါလေးပါးနဲ့ ရဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်ကိုတောင် လှည့်စားပစ်တာ။ သူတော်ကောင်းအလုပ်ကို ကျျကနနမလုပ်နိုင်ဘူး။
☆ ကိလေသာတွေက အခွင့်အရေးမရသေးလို့ ငြိမ်နေတာ။ ကိလေသာတွေက ကျားလိုပဲ။ ကျားက ချုံထဲမှာ ငြိမ်နေတာ။ သားကောင် သူ့နားမရောက်သေးလို့ငြိမ်နေတာ။ သမင်တွေ ဒရယ်တွေ သူ့နားဖြတ်သွားပြီဆို ထအုပ်လိုက်တာ
ပဲ။ မလွတ်တော့ဘူး။
☆ အဲဒီလိုပဲ။ လောဘတွေ ဒေါသတွေ မောဟတွေက အခွင့်အရေးမရသေးလို့သူတော်ကောင်းကြီးကျနေတာ။ လောဘဟာ ကိုယ်လိုချင်သလောက် မရသေးလို့။ ဘာအဝတ်ပဲ ဝတ်ထားဝတ်ထား။ လူတိုင်းတော့ မဆိုလိုဘူးပေါ့ဗျာ။
☆ ပုထုဇဉ်တွေကတော့ လိုသလောက်မရသေးလို့ မိမိရဲ့ သီလသမာဓိ ပညာမပျက်စီးအောင် တည်တံ့အောင် ခဏထိန်း ထားတာ။ လိုသလောက်သာရလို့ကတော့ အဲဒီလောဘဟာ ချက်ချင်းကို မိမိရဲ့ သီလသမာဓိပညာကို ဖျက်ဆီး
ပစ်တယ်။ လောကအလယ်မှာ အရှက်မကွဲ ကွဲအောင် ခွဲဖြစ်တယ်။
☆သက်ရှိဖြစ်စေသက်မဲ့ဖြစ်စေကိုယ်လိုချင်သလောက်မရသေးလို့ သီလ သမာဓိ ပညာကို ဆက်ကျင့်နိုင်တာ။ ကိုယ်လိုချင်သလောက်သာရလို့ကတော့ချက်ချင်းထွက်ပစ်မှာ။ သီလ သမာဓိ ပညာ နောက်မှ ဆက်ကျင့်မယ်ဟေ့။
ဒီလို ဖြစ်သွားတာ။
☆ လိုချင်သလောက်မရနိုင်ဘူး။ သူ့အဆင့်အတန်းနဲ့သူ သူ့အရည်အချင်းနဲ့သူပဲရမှာပေါ့။ ကိုယ့်မှာ ဘာအရည်အချင်းမှမရှိဘဲ လျှောက်လိုချင်နေလို့ရပါ့မလား။
မရလို့လည်း သီလ သမာဓိ ပညာကိုထိန်းတာ။ လူပဲဖြစ်ဖြစ် ရဟန်းပဲဖြစ်ဖြစ်။သီလရှင်ပဲဖြစ်ဖြစ်. အတူတူပဲ။ ဒေါသကလည်း ဒီအတိုင်းပဲ။
☆ စိတ်ဆိုးလောက်အောင် မတွေ့သေးလို့ငြိမ်နေတာ။ စိတ်ဆိုးစရာကြုံလာပြီဆို မျက်စိမျက်နှာပျက်ပြီးတော့ တစ်ခါတည်း ဘီလူးဖြစ်သွားတာ။ သီလ သမာ
ဓိ ပညာကို ဖျက်ဆီးပစ်လိုက်တာ။ လောကအလယ်မှာ အရှက်ကွဲအောင် ခွဲပစ်လိုက်တာ။
☆ လောဘကလည်း အရှက်ခွဲဖို့စောင့်နေတယ်။ ဝိပဿ နာယောဂီဆိုတာကိုယ့်ရန်သူကိုမြင်ရမယ်။ ရန်သူဆိုတာ ဘေးကပရောဂတွေ၊ နတ်တွေ၊ ဒါကိုပြောတာမဟုတ်ဘူး။
☆ မိမိရင်ထဲက လောဘ ဒေါသကချောင်းနေတာ။ ကျားများသားကောင်ကို ငြိမ်ပြီးချောင်းသလို ကြောင်များ ကြွက်ကို ငြိမ်ပြီးချောင်းသလို၊ ရင်ထဲက လောဘ ဒေါသကလည်း ငြိမ်နေတာ အလကားငြိမ်နေတာမဟုတ်ဘူး။ လောကအလယ်မှာ အရှက်ကွဲအောင်-
☆ အသက်ဘယ်လောက်ပဲ ကြီးကြီး၊ ဆံပင်တွေပဲဖြူဖြူ၊ အရှက်ခွဲဖို့စောင့်နေတာ။ ဝတ်ထားတာကတော့ သူတော်ကောင်းအဝတ်ကြီး ဒေါသကလည်း အရှက်ခွဲ၊ လောဘကလည်း အရှက်ခွဲ မောဟကလည်း အရှက်ခွဲ။ အသက်အရွယ်ကိုလည်း မထောက်ဘူး။ မိမိရဲ့သိက္ခာကိုလည်း မထောက်ဘူး။
☆ လောဘဖြစ်စရာရှိ ဖြစ်တော့တာပဲ။ ဖြစ်မှာပဲ။ သူကလောဘရဲ့အကြောင်းကို လေ့လာမထားလို့ အထိုက်အလျောက် သူတော်ကောင်းအလုပ်ကလေး လုပ်နေလို့ရှိရင် တကယ့်သူတော်ကောင်းအစစ်ကြီးလို့ ကိုယ့်ကိုယ်ကို ထင်တယ်။
☆ ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးလို့မရဘူး။ အရမ်း အထင်ကြီးရင် မှားတာပဲ။ ကိုယ်က သာမန်လူပဲရှိသေးတယ်။
☆ လောဘဖြစ်စရာ ကျကျနနမတွေ့သေးလို့ ကိုယ်လိုချင်သလောက်မရသေးလို့ သူတော်ကောင်းအလုပ်ကို လုပ်တာ။ ကိုယ်လိုချင်သလောက်ရရင် သူတော်ကောင်းအလုပ်ကို ဖျက်ပစ်တာ။
☆ ဒေါသကလည်း ဒီအတိုင်းပဲ။ စိတ်ဆိုးခွင့်မကြုံသေးလို့ သူတော်ကောင်းအလုပ်ကို လုပ်တာ။ စိတ်ဆိုးခွင့်ကြုံလာရင် စိတ်ဆိုးတာပဲ။
☆ မောဟကလဲ ဒီအတိုင်းပဲ။ တွေဝေလောက်တဲ့အခြေအနေ မပေးသေးလို့ တွေဝေလောက်တဲ့အခြေအနေပေးရင် တွေဝေတာပဲ။ သူတော်ကောင်းအလုပ်က စ,လုံးရေစ,ပဲရှိသေးတယ်။
☆ မိမိကိုယ်မိမိ အထင်သေးလို့လည်းမရဘူး။ ဆက်ကြိုးစားရမယ်။ ဘယ်လောက်ပဲ မကောင်းတဲ့စိတ်တွေပေါ်ပေါ် နိုင်အောင်မှတ်ပစ်ရမယ်။ စိတ်ရှည်ရှည်ထားရမယ်။ မိမိကိုယ်မိမိ အထင်လည်းမသေးနဲ့။ အခုပြောတာ အထင်မကြီးဖို့။
☆ အဲဒီလို မဇ္ဈိမပဋိပဒါလည်း မျှယူရမယ်။ အထင်သေးရင်လည်း မှားတယ်။ အထင်ကြီးရင်လည်း မှားတာပဲ။ ကိလေသာကို ပေါ့ပေါ့ဆဆ လေးတွက်ပြီး
သတိပဋ္ဌာန်ကို ပေါ့ပေါ့ဆဆလုပ်ရင်လည်းအမှားပဲ။
☆ ရဟန္တာဖြစ်မယ့် ပုဂ္ဂိုလ်ကိုတောင် အရှက်ခွဲပစ်တာ။ တော်ကြာဝတ် တော်ကြာထွက် သူ့ကို ဘယ်သူမှ မလေးစားတော့ဘူး။
☆ ‘သြော်-မင်းရဲ့ခေါင်းကတော့ ဓားသွေးကျောက်ဖြစ်နေပြီ’ ဘယ်သူမှ မလေးစားဘူး။ သူ့ဇနီီးကလည်း မလေးစားဘူး။ သူ့ဇနီးရဲ့အမေ၊ သူ့ယောက္ခမက စိတ်ပူလို့ သူ့သမီးကိုလာပြောတယ်။
☆ ‘နင့်ယောကျ်ားတော့ ရဟန်းဝတ်ဖို့သွားပြန်ပြီ။ ဒီတစ်ခါတော့ ပြန်မလာတော့ဘူးနဲ့တူတယ်’
☆ ‘ပူမနေပါနဲ့အမေရယ် မကြာဘူးပြန်လာမှာပါ’တဲ့။ သမီးက အမေကို ပြန်ပြောတာကြည့်စမ်း -
☆ ဓာတ်သိဖြစ်နေတော့ သူရဟန်း ဝတ်တာကို ဘယ်သူမှ အထင်မကြီးဘူး။ တစ်ခါတည်း ရယ်စရာကိုဖြစ်နေတာ။ အဲဒီလို ရဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်ကိုတောင်မှပဲ အရှက်ကွဲအောင် ကိလေသာတွေက နှိပ်စက်တယ်။ မိမိလည်းပဲ သတိမ
ထားရင် အရှက်ကွဲဖို့ မကျိန်းသေဘူးလား။
☆ ‘ကျိန်းသေပါတယ်ဘုရား’
☆ အဲဒါကို သိစေချင်ပါတယ် သူတော်ကောင်းတို့။ ငါတို့ စိတ်ကောင်းစိတ်မြတ်နဲ့ လုပ်နေတာပဲဆိုပြီး မပေါ့ပါနဲ့။ ဟောတဲ့သူရော နာတဲ့သူရော ဦးပဥ္ဇင်းတို့လည်း အတူတူပဲ။ ပေါ့တာနဲ့ အရှက်ကွဲမှာပဲ။ လောဘကလည်း အရှက်ခွဲဖို့
စောင့်နေတယ်။ ကိုယ့်နောက်မှာ ရန်သူကြီးသုံးယောက် အမြဲတမ်းရှီနေတယ်၊
☆ အဲဒါကို မြတ်စွာဘုရားက သတိပေးထားတာမမေ့ကြနဲ့။ မင်းတို့ကို မသေခင်မှာ အရှက်ခွဲမယ့် ကိလေသာတွေရှိတယ်။ သေရင်လည်း မင်းတို့ကို အပါယ်ဆွဲချမယ့် ကိလေသာတွေ ရှိတယ်။ ဒါကို မမေ့ကြနဲ့။ ဉာဏ်ပညာနဲ့ အဲဒီထိယူူလို့ရှိရင် မြတ်စွာဘုရားကို ကျေးဇူးဆပ်လို့ ကုန်ပါဦးမလား။
‘မကုန်ပါဘူးဘုရား’
☆ ‘အပ္ပမာဒေနသမ္ပာဒေထ’အဓိပ္ပာယ်ကို နက်နက်နဲနဲသိလေ မြတ်စွာဘုရားကို ကျေးဇူးတင်လေ။ နက်နက်နဲနဲမသိတဲ့သူကတော့ သြော်‘အပ္ပမာဒ’မမေ့
ကြနဲ့။ ဒီလောက်ပဲထင်တာ။ ဘယ်ဟုတ်မလဲ။ မမေ့ကြနဲ့ဆိုတာ ပေါ့ပေါ့လျှံလျှံလေးပေးထားတာ မဟုတ်ဘူး။
☆ မြစိမ်းတောင်ဆရာတော်☆
|
https://www.dhammaransi.com/index.php/new/2481-2019-02-09-00-55-32.html
|
‘ရောဂါကုစား စိတ်စွမ်းအား’
|
‘ရောဂါကုစား စိတ်စွမ်းအား’တဲ့။
စိတ်စွမ်းအားက ရောဂါကို ကုစားပေးနိုင်တယ်။
ဒီကနေ့ ခေတ်ပညာကလည်း ဒါကိုလက်ခံထားတယ်။
ဗုဒ္ဓမြတ်စွာရဲ့ ပိဋကတ်သုံးသွယ် နိကာယ်ငါးရပ်
ဓမ္မက္ခန္ဓာ ပေါင်း ရှစ်သောင်းလေးထောင်ရှိတဲ့ တရားတော်တွေထဲမှာလည်း တရားဓမ္မကို နာယူခြင်းဖြင့်
စိတ်ဓာတ် အေးငြိမ်းပြီး -
ရောဂါပျောက်သွားတဲ့မှတ်တမ်းတွေ ရှိတယ်။
ယနေ့ခေတ်မှာ psychotherapy လို့ခေါ်တဲ့
စိတ်ပိုင်းဆိုင်ရာပြဿနာကို ဆွေးနွေးအဖြေရှာပေးခြင်းနဲ့
စိတ်ရောဂါကို ကုစားပေးတယ်။
စိတ်ရောဂါကုတဲ့ ဆရာဝန်ကို psychiatrist လို့ ခေါ်ပြီး စိတ်ရောဂါအတွက် discussion လုပ်ပေးတဲ့ ပုဂ္ဂိုလ်ကို psychothera-pist လို့ခေါ်ကြတာပေါ့။
ဒါမျိုးက အခုခေတ်မှ ပေါ်တာမဟုတ်ဘူး။
ဗုဒ္ဓမြတ်စွာ လက်ထက်တုန်းကိုက ရှိခဲ့တာပါ။
ရောဂါနဲ့ ပတ်သက်လာရင် စိတ်ရောဂါတင်မကဘူး၊
ရုပ်ခန္ဓာကိုယ်ပေါ်မှာဖြစ်တဲ့ရောဂါကိုပင်လျှင်
စိတ်စွမ်းအားနဲ့ ကုစားကြတာတွေ ရှိတယ်။
ဗုဒ္ဓဘာသာနိုင်ငံတွေမှာ နေမကောင်းတဲ့အခါ
သံဃာတော် တွေကိုပင့်ပြီး ဗောဇ္ဈင်သုတ်တို့ ပရိတ်တို့
မနာကြဘူးဘား။ နာကြတယ်နော်။
ဒါဟာ psychotherapy တစ်မျိုးပဲ။
ဗောဇ္ဈင်သုတ် နာရတာနဲ့ ရောဂါပျောက်တယ် ဆိုတဲ့
ယုံကြည်ချက်နဲ့ လုပ်ကြတယ်။
ဗောဇ္ဈင်သုတ်နာရင် -
ဗုဒ္ဓမြတ်စွာလက်ထက်တုန်းက
လက်ဝဲရံ ဖြစ်တော်မူတဲ့ ဒုတိယသာဝက
အရှင်မဟာမောဂ္ဂလာန် အထေရ်မြတ် မကျန်းမမာ
ဖြစ်တော်မူတယ်။
ရဟန္တာ ဆိုပေမဲ့လည်း သွေးနဲ့သားနဲ့ကိုယ်ဆိုတော့
ရောဂါဖြစ်တဲ့အခါဖြစ်တာပဲ။
အပူအအေးရဲ့ ဒဏ်နဲ့ ဓာတ်လေးပါး မညီမျှမှုကြောင့်
ရောဂါဝေဒနာဖြစ်တယ်။ ဒီလို မကျန်းမမာရောဂါဝေဒနာ
ဖြစ်တဲ့ အခါမှာ မြတ်စွာဘုရားကိုယ်တော်တိုင် ကြွပြီး
ဗောဇ္ဈင်သုတ်ကို ဟောကြားပေးတော်မူတယ်။
အရှင်မဟာမောဂ္ဂလာန်ဟာ မြတ်စွာဘုရားဟောကြားတဲ့
ဗောဇ္ဈင်သုတ် တရားကို တရိုတသေနာရင်းနဲ့
ဆေးသောက်စရာမလိုဘဲ ရောဂါပျောက်သွားတယ်လို့ ဆိုတယ်။
ပျောက်သွားတာမှ တစ်ခါတည်း ပျောက်သွားတာတဲ့။
ဒီရောဂါမျိုး နောက်ထပ် မပေါ်ဘူး။
ဒိပြင် ရောဂါ တော့ ပေါ်ချင်ပေါ်မှာပေါ့နော်။
အခုခေတ် ဖေါ်စပ်တဲ့ ဆေးဝါးတွေမှာ ဘေးထွက်
ဆိုးကျိုးလို့ခေါ်တဲ့ side effect တွေရှိတယ်။
chemical နဲ့လုပ်ထားတဲ့ ဆေးဝါးတွေဟာ ပိုပြီး
side effect တွေများလို့ ယခုခေတ်
ဆေးပညာရှင်တွေ က ကမ္ဘာဦးက စခဲ့တဲ့
ဆေးပညာဘက်ကိုဦးလှည့်လာတယ်။
ဒါက အာယုဗ္ဗေဒနည်းနော်၊ herbal medicine နဲ့
ကုသဖို့ စိတ်ဝင်စားလာကြတယ်။
“နွယ်မြက်သစ်ပင် ဆေးဖက်ဝင်” ဆိုတဲ့အတိုင်း
နွယ် မြက်သစ်ပင်တွေကို ရှာဖွေ သုတေသနလုပ်ပြီး
ဖေါ်စပ်တဲ့ဆေးနဲ့ ကုသတဲ့နည်းတွေ အခုပြန်လည်နိုးထ
လာပြီးတဖြည်းဖြည်း ခေတ်စားလာတယ်။
ဘာဖြစ်လို့တုန်းဆိုရင် chemical နဲ့ဖော်စပ်ထားတဲ့
ဆေးတွေဟာ side effect တွေများလို့ ဖြစ်တယ်။
အဲဒီဆေးတွေက မူလရောဂါတော့ ပျောက်ပါရဲ့၊
နောက်ထပ် ရောဂါတစ်မျိုးပေါ်လာစေပြန် တယ်၊
နောက်ထပ်ပေါ်လာတဲ့ရောဂါကိုတစ်ခါ ဆေးတစ်မျိုးနဲ့
ကုရပြန်တယ်။ အဲဒီဆေးက တစ်ဖန် နောက်ထပ်
ရောဂါအသစ်တစ်မျိုးကိုမွေးဖွားပေးလိုက်ပြန်ရော။
အဲဒီလိုနဲ့ “ဂျာအေးသူ့အမေရိုက်”ဆိုတဲ့ သီချင်းလိုပဲ
“၀ိုင်းကြီး ပတ်ပတ်ဒူဝေဝေ” ဖြစ်နေတာပေါ့၊
ဆုံးကို မဆုံးနိုင်တော့ဘူး။
အေး ဒါ့ကြောင့် မြတ်စွာဘုရားရဲ့
psychotherapy ဆိုတာကိုမေ့ထားလို့
မသင့်ပေဘူးပေါ့။ မြတ်စွာဘုရား လက်ထက်က
psychotherapy ဆိုတဲ့ အခေါ်နဲ့ မဟုတ်ပေမဲ့လို့
ခုနက ဗောဇ္ဈင်သုတ် ဟောတာ နာကြားလိုက်ရလို့
ရောဂါပျောက်သွားတယ်ဆိုတာ psychotherapy ပဲ။
စိတ်ဓာတ်ရေးရာ ကို ပြုပြင်ပေးတာနဲ့ ရောဂါဝေဒနာ
ပျောက်တယ်တဲ့ ။ဒီနည်းနဲ့ အရှင်မဟာမောဂ္ဂလာန်
ရောဂါ ပျောက်သွားတယ်။
တစ်ခါက အရှင်မဟာကဿပလည်း
ပိပ္ပလိလိုဏ်ဂူထဲမှာ မကျန်းမမာ ဖြစ်နေတယ်။
ဆွမ်းခံ မကြွနိုင်ဘူး၊ ‘အာဗာဓိကော ဒုက္ခိတော
ဗာဠှဂိလာနော’တဲ့။ အာဗာဓိကော ဆိုတာ
တစ်ကိုယ်လုံးနာကျင် ကိုက်ခဲပြီးတော့နေတယ်။
ဗာဠှဂိလာနော အပြင်းအထန်နေမကောင်းဖြစ်နေတယ်။
အဲဒီလို အပြင်းအထန် နေမကောင်းဖြစ်လို့
ဒုက္ခိတော ဆင်းရဲဒုက္ခ ရောက်နေတဲ့အချိန်မှာ
မြတ်စွာဘုရားကိုယ် တိုင် ကြွသွားပြီးတော့
ရောဂါ အခြေအနေမေးမြန်းပြီး ဗောဇ္ဈင်သုတ်ကို
ဟောတော်မူတယ်။
ဗောဇ္ဈင်သုတ်ကို နာရင်း အရှင်မဟာကဿပဟာ
ဆေးမသောက်ရဘဲနဲ့ပျောက်သွားဖူးတယ်တဲ့ နော်။
【ပါချုပ် ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ `ရောဂါကုစား စိတ်စွမ်းအား´တရားဒေသနာတော်မှ】
|
https://www.dhammaransi.com/index.php/new/2480-2019-02-09-00-52-10.html
|
သီလ လုံးဝမကျိုးတဲ့ ဆောက်တည်နည်း
|
ဗုဒ္ဓဘာသာဝင် တစ်ယောက်အတွက် ဒါန၊သီလ၊
ဘာဝနာသည် အရေးကြီးပါသည်။
ဒါန၊သီလ၊ဘာဝနာ သုံးပါးထဲတွင် ဘယ်တရားက
အရေးကြီးဆုံးလဲ ? ။
ရဟန်းတော်တွေအတွက် ဒါနမပြုလို့ အာပတ်သင့်စေ
ဆိုတဲ့ သိက္ခာပုဒ် မရှိသလို
၀ိပဿနာဘာဝနာ မပွားလို့ အာပတ်သင့်စေဆိုတဲ့
သိက္ခာပုဒ်လည်း မရှိပါဘူး။
ဒါပေမယ့် သီလဖောက်ဖျက်ရင်တော့ အာပတ်သင့်စေ
ဆိုတဲ့ သိက္ခာပုဒ်တွေက အသင့်ရှိနေပါတယ်။
ဒီလိုပါပဲ…
လူတွေအနေနဲ့လည်း ဒါနမပြုလို့ အပြစ်သင့်စေ၊
၀ိပဿနာဘာဝနာ မပွားလို့ အပြစ်သင့်စေ ဆိုတဲ့
သိက္ခာပုဒ် မရှိပါဘူး။
ဒါပေမယ့် သီလဖောက်ဖျက်လို့ကတော့ အပြစ်သင့်မှာ
ပါ။
သီလလုံခြုံနေရင် ပြီးတာပါပဲ၊ဒါနမပြုလည်း ကိစ္စ
မရှိပါဘူး၊
၀ိပဿနာမပွားလည်း ကိစ္စမရှိပါဘူးလို့ ဆိုလိုတာ
မဟုတ်ဘူးနော်…
ဒါန၊သီလ၊ဘာဝနာမှာ သီလ က အရေးကြီးဆုံးလို့
ဆိုလိုတာပါ။
အကြောင်းကြောင်းကြောင့် ဒါနနဲ့ ဘာဝနာကို မလုပ်
နိုင်သေးရင်တောင်
သီလကိုတော့…အထူးသတိထား စောင့်ထိန်းရမှာပါ။
ကိုယ့်ရဲ့ခင်ပွန်း၊ဇနီးမယား၊သားသမီး၊မိဘ၊ရာထူး၊
အာဏာ၊ပစ္စည်းဥစ္စာ၊ငွေကြေးတွေကတော့
ကိုယ်နဲ့ အမြဲ မနေနိုင်ပါဘူး။
ဒီသဘောလေးကို အာရုံပြုပြီး သီလကတော့ ငါရဲ့
အားကိုးရာ အစစ်ပဲ။
ငါနဲ့ မခွဲမခွာ သေတဲ့အထိ လိုက်လာမယ့် အားကိုး
ရာပဲ။
ငါ သီလကို ကြိုးစားစောင့်ထိန်းသင့်တယ်လို့
မကြာမကြာ ဆင်ခြင်ပေးပြီး စောင့်ထိန်းသင့်ပါတယ်။
ခန္ဓာရှိနေတဲ့အတွက် စားဝတ်နေရေး ရှိနေတဲ့
အတွက်
သက်ရှိသက်မဲ့ လောကီပစ္စည်းတွေကတော့ လိုအပ်
နေတာပါပဲ။
ဒါပေမယ့် ကိုယ်က အားကိုးရာ အတုနဲ့ အစစ်ကို
ခွဲခြားပြီး သိနေဖို့ လိုပါတယ်။
သီလ( ၃ )မျိုး
============
သီလမှာလည်း…
၁။ဟီနသီလ၊
၂။မဇ္ဈိမသီလ၊
၃။ပဏီတသီလ ဆိုပြီး ရှိပါတယ်။
၁။သူတစ်ပါးအထင်ကြီးအောင် ထင်ရှားကျော်ကြားဖို့
အတွက်
ဆောက်တည်တဲ့ သီလက ဟီနသီလတဲ့။
ခပ်ညံ့ညံ့သီလပါ။
၂။ကောင်းမှုအကျိုးကို လိုလားတောင့်တပြီး ဆောက်တည်
တဲ့ သီလက မဇ္ဈိမသီလတဲ့။
အလယ်အလတ်သီလပါ။
၃။ တရားရဲ့မြင့်မြတ်မှုကိုသာ နှလုံးသွင်းပြီး မဂ်ဖိုလ်
နိဗ္ဗာန်ကို ရဖို့အတွက် ဆောက်တည်တဲ့ သီလကတော့
ပဏီတသီလတဲ့။
မြင့်မြတ်တဲ့သီလပါ။
သီလလုံးဝ မကျိုးတဲ့ ဆောက်တည်နည်း
===========================
သီလ လုံးဝမကျိုးတဲ့ ဆောက်တည်နည်း ရှိပါတယ်။
မင်းကွန်းဆရာတော်ဘုရားကြီးက မဟာဗုဒ္ဓဝင် မှာ
ရေးထားပါတယ်။
သီလကို တစ်နေ့လုံး မဆောက်တည်နိုင်သေးရင်
တောင်
ညမှာ တစ်နိုင်တစ်ပိုင် ဆောက်တည်ဖို့ အသေအချာ
ရေးထားပါတယ်။
ညပိုင်း အိပ်နေတဲ့အချိန်မှာ သီလက မကျိုးပါဘူး။
စာထဲမှာ ကာလကို ပိုင်းဖြတ်ပြီး စောင့်ထိန်းတဲ့…
ကာလပရိယန္တ သီလဆိုတာ ရှိပါတယ်။
ဥပမာ…
ကိုယ်က ညမှာ( ၁၁ )နာရီအိပ်ပြီး၊မနက်( ၅ )နာရီ
အိပ်ရာထတယ် ဆိုပါစို့။
ဒီတော့ ညအိပ်ရာဝင်ခါနီးမှာ ရှစ်ပါးသီလ၊
( သို့မဟုတ် )ကိုးပါးသီလယူလိုက်ပြီး
ဘုရားတပည့်တော် ည( ၁၁ )နာရီကနေ
၊မနက်( ၅ )နာရီအထိ သီလ ဆောက်တည်ပါ၏လို့
ကာလပိုင်းဖြတ်ပြီး စောင့်ထိန်းလိုက်ရုံပါ။
လောကီထဲမှာ နေနေကြလို့ လောကီအကျိုးတွေနဲ့
လည်း မကင်းနိုင်ကြလို့
လောကီအကျိုးတွေအကြောင်း ထည့်ပြောနေကြရ
တာပါ။
အမှန်တော့ သီလရဲ့အမြင့်ဆုံး အကျိုးသတ္တိဟာ
နိဗ္ဗာန်အထိ ပို့ပေးနိုင်ပါတယ်။
သီလရဲ့အကျိုး အဆက်ဆက်တွေကို စာထဲမှာ
အဝိပ္ပဋိသာရ၊ ပါမောဇ္ဇ၊ ပီတိ၊ ပဿဒ္ဓိ၊ သုခ၊ သမာဓိ၊
ယထာဘူတ၊ နိဗ္ဗိဒါ၊ ၀ိရာဂ၊ ၀ိမုတ္တိ၊လို့
ဒီလိုပြထားပါတယ်။
သီလ အကျိုးတရား
==============
ဒီပါဠိရဲ့ အနက်မြန်မာပြန်ကို တည်တောဆရာတော်
ဘုရားကြီးက…
သီလရှိတော့ စိတ်ကြည်၊
စိတ်ကြည်တော့ ဝမ်းမြောက်၊
ဝမ်းမြောက်တော့ နှစ်သက်၊
နှစ်သက်တော့ ငြိမ်းအေး၊
ငြိမ်းအေးတော့ ချမ်းသာ၊
ချမ်းသာတော့ တည်ကြည်၊
တည်ကြည်တော့ အမြင်မှန်၊
အမြင်မှန်တော့ ငြီးငွေ့
ငြီးငွေ့တော့ မဂ်မြင်၊
မဂ်မြင်တော့ ဖိုလ်ရောက်၊
ဖိုလ်ရောက်တော့ နိဗ္ဗာန်ဝင် တဲ့။
ကိုယ်ဖြည့်ကျင့်နေတဲ့ သီလဟာ လောကီအကျိုး
သက်သက်တင် မဟုတ်ပါဘူး။
မဂ်ဖိုလ်နိဗ္ဗာန်အထိ ပို့ပေးနိုင်တဲ့ သတ္တိရှိပါတယ်။
သြော်…ငါရဲ့သီလဟာ မဂ်ဖိုလ်နိဗ္ဗာန်အထိ ပို့ပေး
နိုင်တယ်ဆိုတဲ့ အသိကလည်း
ရင်ထဲမှာ အစဉ်သဖြင့် ရှိနေဖို့ လိုပါတယ်။
ဘဝမှာ မသိလို့ပဲ မှားခဲ့မှားခဲ့၊သိလို့ပဲ မှားခဲ့မှားခဲ့၊
အပြစ်ကို အပြစ်မှန်းသိပြီး
နောင် စောင့်စည်းလိုတဲ့စိတ်နဲ့ သီလသိက္ခာပုဒ်တွေကို
ပြန်ဆောက်တည်လိုက်ရင် သီလဖြူစင်သူ ဖြစ်သွား
ပါတယ်။
အဲဒီလိုမှမဟုတ်ပဲ မှားခဲ့တဲ့အတူတူ မထူးပါဘူးလေ
ဆိုပြီး
ဆက်ကာဆက်ကာ မှားနေမယ် ဆိုရင်တော့
ယခုဘဝ နောင်ဘဝ အဆက်ဆက် မကောင်းတော့
ပါဘူး။
ထို့ကြောင့်…
သူတော်စင်တို့သည်လည်း ဗုဒ္ဓဘာသာဝင်
တစ်ယောက်အတွက်
နိဗ္ဗာန်ရဖို့ အဓိက ဆိုသည်ကို သိရှိနားလည် သဘော
ပေါက်ကြပြီး
သီလကို တစ်ပိုင်တစ်နိုင် ဆောက်တည်ကြကာ
ချမ်းသာသုခပြည့်ဝသော မြတ်နိဗ္ဗာန်ကို ရရှိနိုင်ကြပါစေ
လို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
ဆရာတော်အရှင်ရာဇိန္ဒ( ရဝေနွယ်-အင်းမ)
|
https://www.dhammaransi.com/index.php/new/2479-2018-11-25-01-13-16.html
|
ဘာကြောင့် ဘုရားရှင်က ဂုဏ်တော်ကိုပွားခိုင်းရသလဲ
|
ဒို့စိတ်တွေက ရိုင်းလွန်းလို့
ဒီအတိုင်းမထားနိုင်လို့
ဘုရားဂုဏ်ကိုအာရုံပြုပြီးတော့
ဒို့ရဲ့ရိုင်းတဲ့စိတ်ကို
ဘုရားအာရုံလေးနဲ့တွဲပြီးတော့ကပ်ပြီးတော့
ယဉ်အောင် ကျင့်ယူရတာထင်တယ် ။
အဲဒါဗျ ဒို့ချည်းမနိုင်လို့
ဘုရားနဲ့ကပ်ယူရတာ ။
အဲဒီဂုဏ်တော်တွေပွားခြင်းတို့မည်သည်မှာ
' သဒ္ဓါ ' နိုးအောင်လို့ နှိုးပေးတာ ။
ဒို့ စာလိုတော့ လျက်ဆားများဆိုရင်
ပုလင်းအထဲ ထဲမှာ လျက်ဆားထည့်ထားတယ်
အပြင်ပုလင်းမှာ ပုလင်းဘူးပတ်ကလေး မရှိဘူးလား
ဆေးရဲ့အာနိသင်ဆိုပြီး မရေးဘူးလား ။
ဘာတုန်း
သလိပ်ခဲသော် သွေးကျသော်နဲ့
မပါဘူးလား ?
( ပါ ပါတယ်ဘုရား )
သလိပ်ကပ်သော် ဘယ့်နှယ်
ရင်ပြည့်သော် ဘယ်နှယ့်
ကွမ်းရွက်ပြုတ်ရည်ကြီးနဲ့ ဘယ်လို
အညွှန်းမရှိဘူးလား ?
( ရှိပါတယ် ဘုရား )
ဒို့ အညွှန်းလေးကို ဖတ်ကြည့်တာက
ဆေးသောက်စေချင်လို့ ။
အဲ့တော့ အညွှန်းဖတ်ကြည့်ရုံနဲ့
ဘယ့်နှယ်တုန်း
သလိပ်ကပ် ပျောက်သလား ?
( မပျောက်ပါဘုရား )
သလိ်ပ်ကပ်ပျောက်ချင်တော့
ဘာလုပ်ရမှာတုန်း ?
(ဆေးသောက်ရမှာပါ ဘုရား )
အဲ့တော့
' အရဟံ '
' ပူဇော်အထူးကို
ခံယူတော်မူထိုက်သောဘုရား '
သူ့ဂုဏ်လေးနဲ့ကိုယ့်စိတ်ကို
တွဲထားရတာထင်တယ် ။
အမြဲတမ်းသာပြောနေ နှိုးဆော်နေ
' ပူဇော်အထူးကို
ခံယူတော်မူထိုက်သောဘုရား '
ပါဠိလို ' အရဟံ ' နေမှာပေါ့လေ ။
( မှန်ပါ ဘုရား )
ဒို့ အဲဒါလေး အာရုံပြုနေတဲ့အချိန်မှာ
အဟောင်းကိလေသာ တွေးသာသလား ?
( မတွေးသာပါ ဘုရား )
အသစ်ကိလေသာနောက်ကော
ပြေးလိုက်မိသလား ?
( မလိုက်မိပါ ဘုရား )
အဲဒါတစ်ချက်မှတ်လိုက်
တစ်ချက်ဒီဂုဏ်တော်ပွားလိုက်လို့
တစ်ချက်ကိလေသာ
တစ်ခါတည်းပျောက်ထွက်သွားတာ ။
အဲဒါ ဒီသတိစိတ် ဘုရားဂုဏ်စိတ်က
ကိလေသာကို ရှို့မြိုက်ပစ်လိုက်တာ
' စျာန် ' လို့ခေါ်တယ် ။
' စျာန် ' ဆိုတာ ကိလေသာကို
လောင်မြိုက်ပစ်လိုက်
တာလေ ။
တစ်ချက်မှတ်လိုက်တဲ့အချိန်
အဟောင်းလည်းပျောက်ပြီ
အသစ်လည်းပျောက်ပြီ အဲဒါ ' စျာန် ' ပဲဗျ ။
အဲဒါ ဗုဒ္ဓါနုဿတိနဲ့
အနုဿတိစျာန်ဝင်စားတာ ။
ဒို့ ပထဝီကသိုင်းတို့ ဘာတို့ဆိုတာကျတော့
သမာဓိကနေ ပညာကိုတန်းသွားမှာ ။
ဒို့ ဘုရားဂုဏ်ကကျတော့ သဒ္ဓါကနေ
ပညာကိုတက်မှာ ။
အဲ့တော့
' အရဟံ ' လို့ ဒို့ကပွားလိုက်ရင်
' အရဟံ ' အကြောင်းမသိလည်း အရေးမကြီးဘူး
လိုချင်တာက စိတ်ကလေး
ပုတီးလုံးနဲ့စိတ်နဲ့ထိတဲ့နေရာဖြစ်ဖြစ်
အရဟံဂုဏ်ဆိုတဲ့ ဘုရားဂုဏ်မှာ
စိတ်ကလေးထိနေလို့ဖြစ်စေ
ဒါပဲလိုချင်တာ သိတာမသိတာ
လိုရင်းမဟုတ်ဘူး ။
အဟောင်းမတွေးစေချင်တာနဲ့
အသစ်နောက်ကိုလိုက်မပြေးစေချင်တာပါ
ဒါလေး ၂ခုပဲ ။
ရည်ရွယ်ချက် ဒါပဲမဟုတ်လား ။
အဲ့တော့
' ပူဇော်အထူးခံယူတော်မူထိုက်သောဘုရား '
အမြဲတမ်းသာ တဖွဖွနဲ့သာ နှလုံးသွင်းနေ
အဲဒါ ပုလင်းပတ်ကဆေးညွှန်းကို ဖတ်နေတာ ။
ဒါချည်းပဲရွတ်ပါများလာတော့
ကိုယ့်စကား ကိုယ့်နားကကြားသွားရင်
ကိုယ့်ကိုယ်ကု်ိပြန်မေးလိမ့်မယ်
' ဘာကြောင့် ပူဇော်အထူးကိုခံထိုက်တာလဲ '
သူများကမေးရင် ' မသိဘူးကွာ ' ပြောလိုက်
တစ်ခွန်းထဲပြောလို့ရတယ် ။
ကု်ယ့်ကိုယ်ကိုမေးတော့
အဲ့လိုပြောလို့ရပါ့မလား ?
( မရပါ ဘုရား )
အဲ့တော့ မသိ
သိအောင် လုပ်ရတော့မယ် ။
ဒို့ ဘုရားရှင်ကဲ့သို့အကျင့်မျိုး
ဘယ်သူလိုက်ကျင့်နိုင်သလဲ ?
ဆိုပါစို့ ' ဒုက္ကရစရိယာ ' လိုဟာမျိုး
ဘယ်လိုလူ ကျင့်နိုင်သလဲ ?
နတ်တွေကော ကျင့်နိုင်သလား ?
ဗြဟ္မာတွေကော ကျင့်နိုင်သလား ?
အဲဒါကိုထားအုန်း ဒို့
ဒါက ကျင့်တဲ့ဘက်ကိုပြောတာ ။
ဒို့ ဘုရားဖြစ်မယ့်ဘဝမှာ
သိဒ္ဓတ္ထမင်းသားထင်တယ် ။
နန်းမကြီး ၃ဆောင်
မိဖုရားပေါင်းက ၁သိန်း ၂သောင်းရှိတယ်
ရွှေအိုးကြီးလေးလုံးနှင့်တကွ
ရှိသမျှပစ္စည်းတွေလည်း
မနည်းဘူး အတွင်းပစ္စည်းတွေ
ကမာ႓အရပ်ရပ်ကဘုရင်တွေကကို
လှမ်းဆက်သရတာ
ထင်တယ် ။
သူက စကြာမင်းဖြစ်မယ့်ပုဂ္ဂိုလ်
ဒီစကြာဝဠာတစ်ခုလုံးကြီးကို
အုပ်ချုပ်နိုင်စွမ်းရှိတဲ့ဘုရင်
သာမာန်ဘုရင်မဟုတ်ဘူး ။
သူ့ရဲ့ဘုန်းကံကြောင့်လည်း
တိုင်းပြည်မှာ
တစ်ဦးနှင့်တစ်ဦး
လုယက်ခြင်း တိုက်ခိုက်ခြင်း
လိမ်ညာခြင်း
မူးရူးရမ်းကားခြင်း မရှိတဲ့အတွက်
တရားစီရင်ရေးတွေလုပ်စရာမလိုပဲ
ဘုရင့်စည်းစိမ်သက်သက်ခံစားနေရတာကို
ဒို့ ဘယ်သူစွန့်နိုင်သလဲ ?
ဒို့ ရပ်ကွက်လူကြီးလေးလောက်တောင်
သူတက်မယ် ငါတက်မယ်ဖြစ်နေကြတာ
ဟိုက တစ်ကမာ႓လုံးဗျ
အခုလိုလည်းအရှုပ်အရှင်းမရှိဘူးဗျ
ဘုရင့်စည်းစိမ်သက်သက်ခံစားရုံပဲ ။
အဲဒါတွေအကုန်စွန့်ပြီး
ဘယ်သူတောထွက်ရဲသလဲ ?
နန်းတော်ကြီးနဲ့နေရပါများလို့
သုခကိုပယ်နိုင်တယ်
ထားအုန်း ဒုက္ခကိုခံနိုင်တဲ့
သတ္တိလည်းရှိသေးတယ်
နန်းတော်ကြီး ပယ်စွန့်ပြီး
သစ်တစ်ပင်အောက်
ဘယ်သူနေရဲသတုန်း ?
ပြီးတော့ ဘုရင့်အစားအသောက်
နုပေ့ကောင်းပေ့ဆိုတဲ့
အအီအဆိမ့်တွေပယ်ပြီး ဒီ သူများကလှူတဲ့
ထမင်းအကြမ်း ဟင်းကြမ်းကို ဘယ်သူစားရဲသလဲ ?
သုခကို ရိုးလို့ စွန့်နိုင်တယ်ထားအုန်း
ဒုက္ခကိုခံနိုင်ဖို့ သူ့လိုသတ္တိမျိုး
လူလည်းမရှိဘူး
နတ်တွေမှာလည်းမရှိဘူး
ဗြဟ္မာတွေမှာလည်းမရှိဘူး ။
အဲ့တော့ ဗြဟ္မာမင်းကြီးတွေကလည်း
'ငါ့ထက်သာတယ် '
နတ်မင်းကြီးတွေကလည်း ' ငါ့ထက်သာတယ် '
လူမင်းကြီးတွေကလည်း ' ငါ့ထက်သာတယ် '
ဆိုပြီး မပူဇော်ရဘူးလား ?
အဲ့တော့ လူမင်း
နတ်မင်း ဗြဟ္မာမင်းတို့ကတောင်
ပူဇော်တယ်ဆိုရင် လူသာမာန်
နတ်သာမာန်တွေက
ဘာပြောစရာလိုတုန်း ?
( မလိုပါ ဘုရား )
အဲ့တော့ ဘုရားဟာ
ဒါ့ကြောင့် ပူဇော်အထူးကိုခံထိုက်တယ်လို့
ဆုံးဖြတ်ချက်ချပြီးရင် ဒီအဖြေရလာပြီဆိုရင်
ငါလည်းပဲ ဘုရားသားတော်
ငါလည်းပဲ ဘုရားသမီးတော်ဆိုပြီး
ကိုယ့်ဘက်
လက်ညှိုးထိုးရတော့မယ်ထင်တယ် ။
ငါလည်းပဲ ဘုရားသားတော်
သမီးတော်ဆိုပြီးတော့
ပုလင်းထဲကဆေးကို ဖော်သောက်မိအောင်
အဲဒီဂုဏ်တော်တွေ ပွားခိုင်းတာ ။
ဘုရားက သူ နာမည်ကောင်းရအောင်
ပွားခိုင်းတာမဟုတ်ဘူး ။
ပုလင်းပတ်ကဆေးညွှန်းကိုဖတ်ပြီး
ပုလင်းထဲကဆေးကို သောက်ဖြစ်အောင်လို့
အဲဒီပုလင်းပတ်ကအညွှန်းကိုဖတ်ခိုင်းတာ
ဟုတ်ကဲ့လား ?
( မှန်ပါဘုရား )
မဟာဗောဓိမြိုင်ဆရာတော်
|
https://www.dhammaransi.com/index.php/new/2478-2018-11-25-01-10-04.html
|
အဘိဓမ္မာကို မယုံသူ (သို့) လက်မခံသူ တရားအားထုတ်ရင်...???
|
နိုင်ငံခြား ရဟန်းတစ်ပါးရဲ့မေး။ ။ ဆရာတော် တရားအားထုတ်တဲ့ ယောဂီတဦးဟာ အဘိဓမ္မာ၊ အဋ္ဌကထာနဲ့ ဋိကာတွေရဲ့ အဆိုကို မယုံကြည်ဘူး ဒါမှမဟုတ် လက်မခံဘူးဆိုရင် ဘာဖြစ်နိုင်မလဲ။
ဖားအောက် ဆရာတော်ဘုရား အဖြေ
၀ိပဿနာ အားထုတ်တဲ့အခါ သင်ဟာ အဘိဓမ္မာ၊ အဋ္ဌကထာနဲ့ ဋိကာတွေကို သံသယဖြစ်နေရင်တော့ ဒါဟာ သင်တရားရဖို့အတွက် ကြီးမားတဲ့အတားအဆီးတခု ဖြစ်နိုင်ပါတယ်။
(၁) အကြောင်းကတော့ မြတ်စွာဘုရားက ပဥ္စဝဂ္ဂီငါးဦးကို ဟောခဲ့တဲ့ ပထမနဲ့ ဒုတိယဦးဆုံး တရားတွေ (ဓမ္မစကြာသုတ်နှင့် အနတ္တလက္ခဏာသုတ်) အပေါ်မှာတော့ သင့်မှာလုံလောက်တဲ့ ယုံကြည်မှု ရှိသင့်ပါတယ်။ အထူးသဖြင့် ပထမဦးဆုံးဟောကြားခဲ့တဲ့ ဓမ္မစကြာသုတ်ထဲက သစ္စာလေးပါးတရားမှာ သစ္စာလေးပါးကို သိပြီး နိဗ္ဗာန်ချမ်းသာကို ရဖို့အတွက် ဗုဒ္ဓမြတ်စွာဘုရားက မဇ္ဈိမပဋိပဋာလမ်း (မဂ္ဂင်ရှစ်ပါးလမ်း) ကို ဟောကြားခဲ့ပါတယ်။
အဲဒီတော့ သစ္စာလေးပါးကဘာလဲ ဆိုတာ အလွန်အရေးကြီးတဲ့အချက် ဖြစ်တယ်။ ပဥ္စုပါဒါနက္ခတ္တာဒုက္ခာ ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာပါလို့ ဟောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီခန္ဓာငါးပါးက ဘာလဲဆိုတဲ့ အသေးစိတ်အချက်အလက်ကို ဒီသုတ္တန်ထဲမှာ ဘုရားက မဟောထားဘူး။ အကြောင်းကတော့ အဲဒီအချိန်က တရားနာနေကြတဲ့ ပဥ္စဝဂ္ဂီငါးဦးက ပါရမီရှင်တွေ ဖြစ်ပြီးသိလွယ်မြင်လွယ်သူတွေ ဖြစ်တော့ သူတို့အတွက် မလိုအပ်လို့ အသေးစိတ် မဟောခဲ့တာ ဖြစ်တယ်။ ခန္ဓာငါးပါးအကြောင်း အသေးစိတ်ကို ဘုရားကအဘိဓမ္မာထဲမှာပဲ ဟောထားပါတယ်။
ဘုရားဟောတဲ့ ခန္ဓာငါးပါး ရုပ်နာမ်တွေကို ၀ိပဿနာ ရှုတဲ့အခါမှာ လက္ခဏာရေးသုံးတန် တင်ပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ရှုရတာ ဖြစ်တဲ့အတွက် အကယ်၍ သင်ဟာ အဘိဓမ္မာကို လက်မခံရင် ဒီအကြောင်းတွေကို ရှုဖို့ အသေးစိတ်နားလည်မှာ မဟုတ်ဘူး။ သစ္စာလေးပါးကို မိမိကိုယ်တိုင်ရဲ့ ဉာဏ်နှင့်ထိုးဖေါက်သိမှ မဂ်ဖိုလ် နိဗ္ဗာန် ရနိုင်ပါတယ်လို့ ဘုရားက ဟောထားတော့ အဘိဓမ္မာကို လက်မခံရင် သစ္စာလေးပါးရဲ့ နံပါတ် (၁) ဒုက္ခသစ္စာနှင့် နံပါတ် (၂) ဒုက္ခဖြစ်စေတဲ့အကြောင်းရင်း သမုဒယသစ္စာတဖြစ်လဲ ပဋိစ္စသမုပ္ပါဒ်ကို မိမိရဲ့ သမ္မာဒိဋ္ဌိဉာဏ်နှင့် ကိုယ်တိုင်မျက်မှောက် ထိုးဖေါက်သိဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး။ အဲဒီလို မဖြစ်နိုင်ရင်လည်း မဂ်ဖိုလ် မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ မဖြစ်နိုင်တော့ဘူး။
(၂) မဟာသတိပဋ္ဌာန သုတ္တန်ထဲမှာ မြတ်စွာဘုရားက ဓာတ်ကြီးလေးပါး ကမ္မဋ္ဌာန်းနဲ့ ပတ်သက်ပြီး ပထဝီ၊ တေဇော၊ အာပေါ၊ ၀ါယောဓာတ်တွေကို ရှုဖို့ဟောထားပြီး ဓာတ်တွေရဲ့ သဘောသဘာဝကို အတိုချူပ်လေးပဲ ပြောထားပါတယ်။ ဒါကိုသင်ဘယ်လို နားလည်နိုင်မလဲ။ ဒါကြောင့် (ဒါကို အကျယ်တဝင့်ရှင်းထားတဲ့) အဘိဓမ္မာ အဋ္ဌကထာရဲ့ ရှင်းလင်းချက်က မဖြစ်မနေ လိုအပ်ပါတယ်။
(၃) ဓာတ်ကြီးလေးပါး ကမ္မဋ္ဌာန်းကို ရှုရင် မြင်ရတဲ့ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ ဟဒယ အကြည်ရုပ်တွေအကြောင်း၊ အဲဒီအကြည်ရုပ်တွေကို ထပ်ရှုလိုက်ရင် မြင်တွေ့ရတဲ့ အသေးငယ်ဆုံးသော ရုပ်ကလပ်အမှုန်တွေအကြောင်း၊ အဲဒီရုပ်ကလပ်အမှုန်တခုစီကို ထပ်ရှုပြီး ဓာတ်ခွဲလိုက်ရင် တွေ့ရတဲ့ ပထဝီ တေဇော၊ အာပေါ၊ ၀ါယော၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ၊ ဘာဝ (ကျား/မ ရုပ်) စတဲ့ ၈-၁၀ ခုအထိ ရှိတဲ့ ရုပ်ကလပ်အမှုန် တစ်ခုစီရဲ့ သဘောတရားရေးရာတွေအကြောင်း အသေးစိတ်ကို ဘုရားက အဘိဓမ္မာထဲမှာပဲ ဟောထားပါတယ်။ ၀ိပဿနာရှုရင် ဒီသဘောတရားရေးရာတွေ အကုန်လုံး မြင်အောင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီး ရှုရတာ ဖြစ်တဲ့အတွက် အဘိဓမ္မာကို လက်မခံတဲ့သူဟာ ဒီသဘောသဘာဝတွေကို ဘယ်လိုမှ မသိနိုင်နားမလည်နိုင်ဘူး။ ဒါကြောင့်မို့ သင်ဟာ အဘိဓမ္မာကို လွယ်လွယ်နဲ့ မငြင်းပယ်သင့်ဘူး။
(၄) ရုပ်ကလပ်တခုစီမှာပါတဲ့ (အနည်းဆုံး) သဘောတရား ၈-၁၀ ခုဟာ ပရမတ်ရုပ်(ထပ်မံခွဲခြမ်းစိတ်ဖြာမရ) တွေ ဖြစ်ပြီး ၀ိပဿနာရဲ့ အရှုခံရုပ်တွေ ဖြစ်တယ်။ ပရမတ်ရုပ်ကို မြင်ပြီးတော့ ဒီရုပ်တွေကို ဆက်ရှုလိုက်ရင် ဖြစ်ပြီးတာနဲ့ ချက်ချင်းပဲပျက်ပြီး ခဏမစဲဘဲ တရစပ်ဖြစ်နေပျက်နေတယ်ဆိုတာ သင်နားလည်သွားလိမ့်မယ်။ ဒါဟာ အနိစ္စဖြစ်တယ်၊ ဒီရုပ်ကလပ်လေးတွေရဲ့ ဖြစ်ပြီးပျက်နေတဲ့သဘောက အနိစ္စ၊ ဖြစ်ခြင်းပျက်ခြင်းရဲ့ အနှိပ်စက် ခံနေရတာမြင်ရတာက ဒုက္ခ၊ မပျက်စီးဘဲ အခိုင်အမာ ရှိနေတဲ့အတ္တဆိုတာ (ပြသစရာ) ဘာမှမရှိတာက အနတ္တလက္ခဏာ ဖြစ်တယ်။ ဒီအဆင့်ရောက်မှသာ အနတ္တလက္ခဏာပေါ်ပြီး သင်ဟာအနတ္တလက္ခဏာကို မြင်တွေ့ရတာ ဖြစ်တယ်။ ဒီလို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးတန်ကို ရှုပွား သုံးသပ်နိုင်တဲ့ ဉာဏ်ကသာလျှင် ပရမတ်ကိုမြင်တဲ့ဉာဏ် ၀ိပဿနာဉာဏ် ဖြစ်ပါတယ်။ ဒီလိုအခြေအနေကို မြင်ရဖို့အတွက် ဟောကြားထားတဲ့ ဓာတ်ကမ္မဋ္ဌာန်း ရှုပွားပုံ၊ ရှုပွားပြီး မြင်တွေ့ရပုံ အသေးစိတ်က အဘိဓမ္မာ အဋ္ဌကထာထဲမှာပဲ ရှိပါတယ်။
(၅) မြတ်စွာဘုရားက သုတ္တန်အတော်များများမှာ ၀ိပဿနာရှုတဲ့အချိန် ဒီစိတ်စေတသိက်တွေ ဖြစ်ပျက်နေပုံကို အသေးစိတ် မဟောထားဘူး။ ခန္ဓာငါးပါးဟာ မမြဲဘူး အနိစ္စဖြစ်တယ်ဆိုပြီး သုတ္တန်တွေမှာ (အတိုနည်းနဲ့ပဲ) ဟောထားပါတယ်။ စိတ်တက္ခဏမှာ စိတ်စေတသိက်တွေ ဖြစ်ပျက်သွားပုံ အသေးစိတ်က အဘိဓမ္မာမှာပဲ ရှိပါတယ်။ ဒါကြောင့်မို့ ၀ိပဿ နာရှုတဲ့အချိန်မှာ ဖြစ်နေတဲ့ စိတ်စေတသိက်တွေကို နားလည်ဖို့အတွက် အဘိဓမ္မာက အထောက်အကူပြုပါတယ်။ အဘိဓမ္မာကို လက်မခံရင် စိတ်တချက်ဖြစ်တိုင်း နာမ်ခန္ဓာလေးပါးဖြစ်တဲ့ ဝေဒနာ့ခန္ဓာ၊ သညာ့ခန္ဓာ၊ ၀ိညာဏခန္ဓာ၊ သင်္ခါရခန္ဓာ (စေတနာ) ဖြစ်ပျက်ပုံကိုလည်းကောင်း၊ ဝီထိစိတ်အစဉ် ဖြစ်ပျက်သွားပုံကိုလည်းကောင်း မသိနိုင်ဘူး။ အကယ်၍ စျာန်သမာဓိနဲ့ အားထုတ်ပါက ဈာန်နာမ်တရားတွေ ဖြစ်ပျက်ပုံကိုလည်းကောင်း မသိနိုင်ဘူး။ ဒါတွေကို မသိဘဲနဲ့ အသင်ဟာ
စိတ်ပိုင်းဆိုင်ရာရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုပြီး လက္ခဏာရေးသုံးတန် တင်ပြီးဘယ်လို ရှုမလဲ။ ဒါကြောင့်မို့ အဘိဓမ္မာနှင့် အဋ္ဌကထာတွေကို လွယ်လွယ်နဲ့တော့ မငြင်းပယ်လိုက်ပါနဲ့။
(၆) ဒုတိယသစ္စာဖြစ်တဲ့ သမုဒယသစ္စာမှာ မြတ်စွာဘုရားက သုတ္တန်အတေ်ာများများမျာ တဏှာကြောင့် သမုဒယဖြစ်တယ်ဆိုတာကိုပဲ ဟောထားပြီး အဘိဓမ္မာမှာပဲ အသေးစိတ်ဟောထားပါတယ်။ တိဋ္ဌာရတနသုတ္တန်မှာတော့ အဝိဇ္ဇာပစ္စယသင်္ခါရ၊ သင်္ခါရပစ္စယ ၀ိညာဏစသည်ဖြင့် ပဋိစ္စသမုပ္ပါဒ်ကို သမုဒ္ဒယ သစ္စာလို့ ဟောထားပေမဲ့ အဝိဇ္ဇာကဘာလဲ၊ သင်္ခါရကဘာလဲ၊ ၀ိညာဏကဘာလဲ စသည်ဖြင့်
အသေးစိတ်ကို သုတ္တန်တော်များများမှာ ဘုရားကဘယ်တော့မှ (အကျယ်တဝင့်) မရှင်းထားဘူး။ အဘိဓမ္မာတခုတည်းမှာပဲ ဘုရားက ပဋိစ္စသမုပ္ပါဒ်ကို အသေးစိတ် ရှင်းထားပါတယ်။ အဘိဓမ္မာရဲ့ ရှင်းလင်းချက်ဟာ သမုဒယသစ္စာကို နားလည်ဖို့အတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဒါဟာအမှန်ပဲ ဖြစ်တယ်။ (ပဋိစ္စသမုပ္ပါဒ်ကို) လက်တွေ့ ရှုမှတ်တဲ့အခါမှာ အဋ္ဌကထာက ရှင်းလင်းချက်ကို လိုက်နာရမှာဖြစ်ပြီး အဲဒီထဲကအတိုင်း ရှုတဲ့အခါမှာမှ ပဋိစ္စသမုပ္ပါဒ်ကွင်းဆက်ကို နားလည်ပါတယ်။
ထင်ရှားတဲ့ မဟာသတိပဋ္ဌာနသုတ္တန်ထဲမှာ သမုဒယသစ္စာနှင့်ပတ်သက်ပြီး ဘုရားက ၀ါကျတကြောင်းပဲ ဟောထားပါတယ်။ ဒါဟာ အင်မတန်မှ တိုတောင်းလှတဲ့ အချက်အလက်ဖြစ်တယ်။ မဟာသတိပဋ္ဌာနသုတ္တန်ထဲက ၀ါကျတကြောင်းတည်းက ရတဲ့အချက်အလက်နဲ့ ပဋိစ္စသမုပ္ပါဒ်ကို နားလည်အောင် သင်ဘယ်လို လက်တွေ့တရားကျင့်မလဲ။ ဒါကြောင့်မို့ အဘိဓမ္မာနဲ့ အဋ္ဌကထာက ရှင်းလင်းချက်တွေက သမုဒယသစ္စာကို နားလည်ဖို့အတွက် လိုအပ်ပါတယ်။
(၇) နောက်တခု နိရောဓသစ္စာအတွက် ဟောတဲ့နေရာမှာလည်း မဟာသတိပဋ္ဌာနသုတ္တန်ထဲမှာ ၀ါကျတကြောင်းပဲ ပါတယ်။ သာမန်လူသား တရားအားထုတ်တဲ့သူတွေအတွက် ဒီဝါကျတကြောင်းတည်းက အချက်အလက်ကို ဘယ်လိုမှ နားမလည်နိုင်ဘူး။ ဒါကြောင့်မို့ အဘိဓမ္မာနဲ့ အဋ္ဌကထာက ပေးထားတဲ့နည်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ အင်္ဂုတိုရ်နီကယ်ထဲက တိဋ္ဌာရတနသုတ္တန်ထဲမှာလည်း နိရောဓသစ္စာနဲ့ ပတ်သက်ပြီး အဝိဇ္ဇာနိရောဓော သင်္ခရနိရောဓော -အဝိဇ္ဖာချူပ်ရင် သင်္ခါရချူပ်မယ၊် သင်္ခါရချူပ်ရင် ၀ိညာဏချူပ်မယ်၊ ၀ိညာဏချူပ်ရင် နာမ်နှင့်ရုပ်ချူပ်မယ်ဆိုတာပဲ ပါတယ်။ အဲဒါသင်ဘယ်လိုထင်လဲ။ ၀ိပဿနာ အားထုတ်သူဟာ နိရောဓသစ္စာဆိုတာ ဘာလဲဆိုတာကို (တိတိကျကျ) သိဖို့လိုပါတယ်။ (ဒါကြောင့်မို့) ဒီလိုအချိန်မှာ နိရောဓသစ္စာကို နားလည်ဖို့အတွက် အဘိဓမ္မာနဲ့ အဋ္ဌကထာမှာ ရှင်းလင်းထားတဲ့ အချက်တွေကို အားကိုးရပါတယ်။ အဘိဓမ္မာ အဋ္ဌကထာနဲ့ ဋိကာတွေရဲ့ အကူအညီမပါဘဲနဲ့ အသင်ဟာ နိရောဓသစ္စာကို နားလည်ဖို့ မဖြစ်နိုင်ဘူး ။ အဘိဓမ္မာကို နားမလည်ဘဲ အဋ္ဌကထာနှင့် ဋီကာတွေရဲ့ ရှင်းလင်းချက်ကို လက်မခံဘဲ နိရောဓသစ္စာရဲ့ အဓိပ္ပာယ်ကို နားမလည်နိုင်ဘူး။ နိရောဓသစ္စာကို နားမလည်ဘဲ နိရောဓသစ္စာဉာဏ်ကို မှန်ကန်စွာ မရောက်နိုင်ဘူး။
(၈) နောက်တခုက မဂ္ဂသစ္စာ မဂ္ဂင်ရှစ်ပါး။ (ဝီထိတွေအကြောင်း ဆရာတော်ဘုရားပြောထားတာ ကျွန်မ သိပ်မရှင်း၊ သိပ်နားမလည်လို့ ချန်လှပ်ထားလိုက်ပါတယ်။ ရုပ်သံဖိုင်ရဲ့ (48.55) မိနှစ် နောက်ပိုင်းမှာ နားထောင်နိုင်ပါတယ် Nge Naing.)
(၉) ဓမ္မစကြာသုတ်ထဲမှာ မြတ်စွာဘုရားက ပဥ္စဝဂ္ဂီငါးဦးကို သစ္စာလေးပါးတရားဟောတော့ တရားအဆုံးမှာ အရှင်ကောဏ္ဍညဟာ တရားအားမထုတ်ရဘဲနဲ့ သစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုသွားပါတယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့ သူဟာ ပဒုမမြတ်စွာဘုရားလက်ထက်ကစပြီး ဘဝပေါင်းသိန်းချီပြီး သင်္ခါရုပေက္ခာဉာဏ်စဉ်ရတဲ့ အဆင့်အထိ ဘဝပေါင်းမြောက်မြားစွာ အားထုတ်လာခဲ့သူဖြစ်တယ်။ ဓမ္မစကြာတရားကို နာကြားလိုက်ရတဲ့အချိန်မှာ အရင့်အရင်ဘဝတွေက အားထုတ်ထားလို့ ရထားတဲ့ ပါရမီတွေက အားလုံးစုပြုံပြီးတော့ အကျိုးပေးတာဖြစ်တယ်။ ဓမ္မစကြာတရားအဆုံးမှာ အရှင်ကောဏ္ဍည သောတာပန်တည် သွားတော့ မြတ်စွာဘုရားဟာ “အညာသိ ဝတဘော ကောဏ္ဍညော အညာသိ ဝတဘော ကောဏ္ဍညော” ကောဏ္ဍည သစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီး မဂ်ဖိုလ်ဆိုက်သွားပြီ ကောတဏ္ဍသစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီး မဂ်ဖိုလ်ဆိုက်သွားပြီ” လို့ ဥဒါန်းကျူးရင့်လိုက်ပါတယ်။ ဓမ္မစကြာတရားအကျမှာ မဂ်ဖိုလ်ဆိုက်သွားတာ အရှင်ကောဏ္ဍည တပါးတည်းတော့ မဟုတ်ပါဘူး ဗြဟ္မတွေ ကုဋေရှစ်ဆယ်၊ နတ်တွေ မရေတွက်နိုင်အောင် (လူသားသားထဲက အရှင်ကောဏ္ဍညတပါးတည်း) မဂ်ဖိုလ်ဆိုက်ခဲ့ပါတယ်။ အရှင်ကောတဏ္ဍည ရသွားတဲ့ မဂ်ဖိုလ် နိဗ္ဗာန်နှင့် နတ်ဗြဟ္မာတွေ ရသွားတဲ့ မဂ်ဖိုလ်နိဗ္ဗာန်က ဘာမှမခြားဘူး အတူတူပဲ ဖြစ်တယ်။
ဖားအောက်တောရ ဆရာတော်ဘုရားကြီးကို နိုင်ငံခြားရဟန်းတပါး (မဟာယနဘုန်းကြီးထင်တယ်) မေးတဲ့မေးခွန်းကို ဆရာတော်ဘုရား ပြန်ဖြေထားတာကို လိုတဲ့အချက်တွေ ကောက်နှုတ်ဘာသာပြန်ပြီး အဘိဓမ္မာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် တင်လိုက်ပါတယ်။ အပြည့်အစုံ နားထောင်ချင်သူများ အောက်က ကျမ်းကိုး Link ထဲမှာ သွားနားထောင်နိုင်ပါတယ်။
ဆရာတော်ဘုရားကြီးကို ရိုသေစွာ ဦတိုက်ရှိခိုးလျှက်
ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့လင်းစေသော် ဗုဒ္ဓအဘိဓမ္မာ မြတ်ကွန်ခြာ ကမ္ဘာလွှမ်း၍ တင့်စေသော်လို့ ဆရာကြီးဒေါက်တာမင်းတင်မွန်ရဲ့ ဆုတောင်းကို ငှားပြီး ဆုတောင်းလိုက်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ
|
https://www.dhammaransi.com/index.php/new/2476-2018-11-25-01-07-21.html
|
လူဆိုတာ သူကြိုက်တာသူလုပ်တာ
|
(ဂျာမနီသူ)
ဗမာပြည်ကို လှည့်ကြည့်တဲ့အခါ
ဘုရားအဟောင်းတွေလည်း အများကြီးတွေ့တယ်။
အသစ်တွေလည်း တည်နေကြတယ်။
ဘုရားတွေ နောက်ထပ်တည်မယ့်အစား
စာသင်ကျောင်းမရှိတဲ့နေရာ စာသင်ကျောင်းဆောက်ဖို့
ဆရာတော်တို့ တရားဟောလို့မရဘူးလား။
(ပါချုပ်ဆရာတော်)
မရဘူး။
လူဆိုတာ သူကြိုက်တာသူလုပ်တာ။
တချို့က စာသင်ကျောင်းမှမဆောက်ချင်တာ။
ဘုရားပဲ တည်ချင်တာ။
သူ့ဆန္ဒသူ ဖြည့်ဆည်းတာ။
မင်းလည်း ခု ကမ္ဘာလှည့်နေတာမဟုတ်လား။
ကုန်ကျစရိတ် အများကြီးပဲ။
ဒီငွေတွေကို စာသင်ကျောင်းဆောက်လိုက်လို့ပြောရင်
ဘယ်လိုနေမလဲ။
လူဆိုတာ သူ့ဆန္ဒသူဖြည့်ဆည်းချင်ကြတာ။
ဘုန်းကြီးတို့ တရားဟောလို့မရတာတွေ ရှိတယ်။
(အင်္ဂလန်သူ)
ဟိုမှာလည်း ဘုရားတွေအများကြီးပဲ။
ဒီမှာလည်း အသစ်တည်နေပြန်ပြီ။
လိုလို့လား။
(ပါမောက္ခချုပ် ဆရာတော်)
မင်းအတွက်တော့ မလိုဘူး၊
သူ့အတွက် လိုလို့ သူလုပ်တာပေါ့။
ဘုရားတည်ချင်တဲ့လူက ဘုရားလေးတည်လိုက်ရမှ
သေပျော်သွားတာမျိုးရှိတယ်။
ကုသိုလ်ရပြီဆိုပြီး သူ့အတွက်သူ
လုံခြုံစိတ်ချသွားတယ်။
အဲ့ဒါကို မင်း ဘုရားမတည်နဲ့၊ စာသင်ကျောင်းဆောက်ပါဆို
သူ ဘယ်လုပ်မလဲ။
လူဆိုတာ သူ့ဆန္ဒသူဖြည့်ဆည်းချင်ကြတာ။
ဧဝရတ်တောင်ပေါ် တက်နေသူတွေလည်း အများကြီး။
အာဖရိကတောနက်ထဲ အပျော်ဓာတ်ပုံထွက်ရိုက်သူတွေလည်း
အများကြီး။
လောကမှာ ငွေတွေသုံးဖြုန်းနေကြတာပဲ။
ကိုယ်ကြိုက်တာကိုယ်လုပ်နေကြတာကို
ဘုန်းကြီးတို့က ဘယ်လိုလုပ် သွားတရားဟောမလဲ။
ပါမောက္ခချုပ်ဆရာတော်
သုတ္တန္တ အပိုင်း-၂၊ သဗ္ဗာသဝ သံဝရသုတ် သင်တန်း
|
https://www.dhammaransi.com/index.php/new/2475-2018-11-25-01-04-32.html
|
“ကထိန်စစ်စစ် ဖြစ်ရဲ့လား”
|
အရှင်ဘုရား ....
ရဟန်းတော်ကိုယ်တိုင် လှူတဲ့ သင်္ကန်း နဲ့ ကထိန်
ခင်းကောင်းပါသလား။ကထိန်ခင်းခဲ့ရင်ရော ကထိန်
အထမြောက်ပါသလား။ (မသင်းမဒီ၊ ပြည်မြို့။)
ဒကာမလေး မသင်းမဒီ ...
“ကထိန်ခင်းတယ်”လို့ ပြောလိုက်ရင်
ကထိန်ခင်းတဲ့အလုပ်ကို လူဝတ်ကြောင်
ဒကာ၊ဒကာမတွေက လုပ်ကြတယ်လို့ လူအများက
ထင်နေကြပါတယ်။ တကယ်တော့ ကထိန်းခင်းတဲ့အလုပ်ဟာ
လူဝတ်ကြောင် ဒကာဒကာမတွေရဲ့ အလုပ်မဟုတ်ပါဘူး။
ရဟန်းတော်တွေရဲ့ အလုပ်ပါ။ ရဟန်းတော်တွေကပဲ
ကထိန်ခင်းကြတာပါ။
ဒါပေမယ့် ရဟန်းတော်တွေ ကထိန်ခင်းမယ့် သင်္ကန်းကို
အများအားဖြင့် လူဝတ်ကြောင် ဒကာ၊ဒကာမတွေကပဲ
လှူဒါန်းကြပါတယ်။ ကထိန်ခင်းမယ့် သင်္ကန်းလှူဒါန်းတာကိုပဲ
ကထိန်ခင်းတယ်လို့ တင်စားပြီးပြောကြရင်းက
ကထိန်သင်္ကန်းလှူတဲ့သူတွေကို ကထိန်ခင်းတဲ့သူတွေလို့
ခေါ်ဝေါ်နေကြတာပါ။ အမှန်က လူဝတ်ကြောင်
ဒကာ၊ဒကာမတွေဟာ ကထိန်ခင်းတဲ့သူတွေ မဟုတ်ပါဘူး။
ကထိန်သင်္ကန်းလှူတဲ့သူတွေပါ။
ကထိန်သင်္ကန်းကို လူဝတ်ကြောင် ဒကာ၊ဒကာမတွေပဲ
လှူခွင့်ရှိတာ မဟုတ်ပါဘူး။
●ရဟန်းသာမဏေတွေလည်း လှူခွင့်ရှိပါတယ်။
●သီလရှင်တွေလည်း လှူခွင့်ရှိပါတယ်။
●လူသားတွေတွင် လှူခွင့်ရှိတာ မဟုတ်ပါဘူး။
●နတ်တွေလည်း လှူခွင့်ရှိပါတယ်။
●ဗြဟ္မာတွေလည်း လှူခွင့်ရှိပါတယ်။
●နဂါးဂဠုန်တွေလည်း လှူခွင့်ရှိပါတယ်။
ကျမ်းဂန်မှာ ကထိန်သင်္ကန်း လှူခွင့်ရှိသူကို
“လူရယ်၊ နတ်ရယ်၊ သီတင်းသုံးဖေါ်(၅)ဦးရယ်”လို့
ပုဂ္ဂိုလ်(၇)မျိုး တိုက်ရိုက်ပြထားပါတယ်။
သီတင်းသုံးဖေါ်(၅)ဦးဆိုတာ “ရဟန်း၊ ရဟန်းမ၊
သာမဏေ၊ သာမဏေနဲ့ သိက္ခမာန်”တို့ပါပဲ။
သိက္ခမာန်ဆိုတာ ဘိက္ခုနီမ(ရဟန်းမ) မဝတ်မီ
သိက္ခာပုဒ်(၆)ပါးကို (၂)နှစ်တိတိ ကျင့်ရတဲ့
“သာမဏေ တစ်မျိုး” ကို ခေါ်တာပါ။
ပဓာနနည်းအားဖြင့် တိုက်ရိုက်ပြထားတဲ့ ပုဂ္ဂိုလ်(၇)မျိုးထဲမှာ
နဂါး၊ ဂဠုန်စတဲ့ တိုက်ရိုက်ပြမထားတဲ့ တခြားပုဂ္ဂိုလ်တွေလည်း
အကျုံးဝင်ပါတယ်။ အသိဉာဏ်ရှိသူ မည်သူမဆို
ကထိန်သင်္ကန်း လှူခွင့်ရှိပါတယ်။
ရဟန်းတော်တွေကို ကထိန်သင်္ကန်း
လှူခွင့်ရှိသူများစာရင်းမှာ တိုက်ရိုက်ပြထားတဲ့အတွက်
ရဟန်းတော် ကိုယ်တိုင် လှူတဲ့သင်္ကန်းနဲ့ ကထိန်
ခင်းကောင်းပါတယ်။ ကထိန်ခင်းခဲ့ရင်လည်း ကထိန်
အထမြောက်ပါတယ်။ ဒါပေမဲ့ . . . ရဟန်းတော်ကိုယ်တိုင်
“အလှူခံတဲ့ သင်္ကန်း” နဲ့တော့ ကထိန်မခင်းကောင်းပါဘူး။
ကထိန်ခင်းခဲ့ရင်လည်း ကထိန်အထ မမြောက်ပါဘူး။
ကထိန်တစ်ခု အထမြောက်ဖို့အတွက် ကထိန်သင်္ကန်း
လှူတဲ့သူ ဘယ်သူလဲဆိုတဲ့အချက်က အဓိက မကျပါဘူး။
လှူတဲ့ ကထိန်သင်္ကန်း “ဘယ်လိုသင်္ကန်းလဲ”ဆိုတဲ့
အချက်က အဓိကကျပါတယ်။
ကထိန်တစ်ခု အထမြောက်ဖို့အတွက် ...
လှူတဲ့ ကထိန်သင်္ကန်းဟာ….
●(၁) မိုးကျသင်္ကန်းလည်း ဖြစ်ရပါမယ်။
●(၂) မသိုးသင်္ကန်းလည်း ဖြစ်ရပါမယ်။
●(၃) သံဃိကသင်္ကန်းလည်း ဖြစ်ရပါမယ်။
သင်္ကန်းသုံးထည် ဖြစ်ရမယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။
သင်္ကန်းတစ်ထည်တည်းကပဲ
(၁) “မိုးကျ”ဖြစ်ခြင်း၊ (၂) “မသိုး”ဖြစ်ခြင်း၊
(၃) “သံဃိက”ဖြစ်ခြင်းဆိုတဲ့ အရည်အသွေး(၃)မျိုးနဲ့
ပြည့်စုံရမယ်လို့ ဆိုလိုတာပါ။
(၁)။ကထိန်သင်္ကန်းဟာ “မိုးကျ သင်္ကန်း” ဖြစ်ရပါမယ်။
မိုးရေမိုးပေါက်တွေဟာ ဘယ်သူ့ရဲ့ တိုက်တွန်းလှုံ့ဆော်မှုမှ
မပါဘဲ မိုးကောင်းကင်အပေါ်ကနေ အလိုအလျောက်ကျလာသလို၊
ကထိန်သင်္ကန်းဟာလည်း ကထိန်ခင်းကျောင်းတိုက်က
ရဟန်းတော်တွေထဲက ဘယ်ရဟန်းတော်ရဲ့ တိုက်တွန်း
လှုံ့ဆော်မှုမှ မပါဘဲ အလှူရှင်က သူ့သဒ္ဓါတရားနဲ့သူ
အလိုအလျောက် လာလှူတဲ့ သင်္ကန်း ဖြစ်ရပါမယ်။
ကိုယ် လုံးဝမတိုက်တွန်းဘဲ သူ့အလိုအလျောက်
ရတဲ့သင်္ကန်း၊ ကိုယ်လုံးဝ အလှူမခံဘဲ သူ့အလိုအလျောက်
လာလှူတဲ့ သင်္ကန်းကို မိုးပေါ်က ရုတ်တရက်ကျလာတဲ့
အရာဝတ္ထုနဲ့တူလို့ မိုးကျသင်္ကန်း (မိုးပေါ်ကျသင်္ကန်း)
လို့ ခေါ်ပါတယ်။ရဟန်းတော်တွေဟာ
“မိခင်ရင်း၊ ဖခင်ရင်း” ဆီကတောင်မှ
ကထိန်သင်္ကန်း အလှူမခံ ကောင်းပါဘူး။
ရဟန်းတော်ကိုယ်တိုင် မိခင်ရင်း၊ဖခင်ရင်းဆီက
အလှူခံလို့ ရလာတဲ့ သင်္ကန်းနဲ့ ကထိန်ခင်းရင်လည်း
ကထိန် အထမမြောက်ပါဘူး။
ရဟန်းတော်က မိဘကျေးဇူး အထူးဆပ်ချင်လို့ဆိုပြီး
ထူးခြားတဲ့ ကထိန်အလှူကုသိုလ်ကြီး မိဘနှစ်ပါးရစေချင်တဲ့
စိတ်နဲ့ မိဘကို ကထိန် အကြောင်းတွေ ပြောပြပြီး
တိုက်ရိုက်နည်းနဲ့ဖြစ်ဖြစ်၊ သွယ်ဝိုက်တဲ့နည်းနဲ့ဖြစ်ဖြစ်
ကထိန်သင်္ကန်း အလှူခိုင်းတယ်ဆိုရင် အဲဒီသင်္ကန်းနဲ့
ကထိန်ခင်းပေမယ့် ကထိန်အထမမြောက်တော့တဲ့အတွက်
မိဘကျေးဇူးလည်း အထူးဆပ်ရာမရောက်တော့ပါဘူး။
မိဘနှစ်ပါးလည်း ထူးခြားတဲ့ ကထိန်အလှူကုသိုလ်ကြီး
မရတော့ပါဘူး။
ကိုယ်ဝါဆို တဲ့ ကျောင်းတိုက်ရဲ့ ကထိန်အတွက်
အလှူမခံကောင်းဘူးလို့ပြောတာပါ။ တခြားကျောင်းတိုက်ရဲ့
ကထိန်အတွက်တော့ လှူဖို့ တိုက်တွန်းကောင်းပါတယ်။
တိုက်တွန်းလို့ရပါတယ်။ လိုအပ်ရင် တိုက်တွန်းရမှာပါပဲ။
ကထိန်သင်္ကန်း လှူခွင့်ရှိသူတွေထဲမှာ ရဟန်းတော်တွေလည်း
ပါတဲ့အတွက် ရဟန်းတစ်ပါးပါးက ဦးစီးဦးဆောင်ပြုပြီး ၊
တပည့်ဒကာ ဒကာမတွေနဲ့ တခြားကျောင်းတိုက်
တစ်ခုခုမှာ ကထိန်သွားခင်းတာကတော့ ရပါတယ်။
ဒါပေမဲ့ ကထိန်ခင်းမယ့်ကျောင်းတိုက်က ရဟန်းတော်တွေ
ကိုယ်တိုင်ကတော့ ကိုယ့်ကျောင်းကထိန်အတွက်
ဘယ်သူ့ကိုမှ ကထိန်သင်္ကန်းလှူဖို့ မတိုက်တွန်းကောင်းပါဘူး။
“ဒီနှစ် ကထိန် ဘယ်ရက်လဲ”၊“ဒီနှစ်လည်း ဘုံကထိန်ပဲလား”
“ဒီနှစ် ဉတ်သင်္ကန်း လှူဖို့ ပြောထားတဲ့သူမရှိသေးဘူး”
“ကထိန်ရာသီတော့ ရောက်လာပြန်ပြီနော် . . .”
စသည် စသည်အားဖြင့် …ဘယ်လို အရိပ်နိမိတ်မျိုး
ပြပြီးတော့ပဲဖြစ်ဖြစ်၊ ဘယ်လိုပရိယာယ်စကားမျိုး
ပြောပြီးတော့ပဲဖြစ်ဖြစ်၊ ကထိန်ခံ ရဟန်းတော်တွေ
ကိုယ်တိုင် ကထိန် သင်္ကန်း အလှူမခံကောင်းပါဘူး။
ကထိန်ခင်းမယ့် ဒကာဒကာမတွေဘက်က
ကထိန်နဲ့ပတ်သက်လို့ ဘာစကားမှမစ,ရသေးဘဲနဲ့
ကျောင်းတိုက်ရဟန်းတော်ထဲက တစ်ပါးပါးက
ကထိန်အကြောင်းမစမိအောင် အထူးသတိပြုရပါမယ်။
ဒကာဒကာမတွေက ဘာမှမလျှောက်ရသေးဘဲနဲ့
“ဒီနှစ်ကထိန်ဘယ်ရက်လဲ” လို့ ကိုယ့်ဘက်ကစမမေးသင့်သလို၊
“ဒီနှစ်တော့ ဒီရက်မှာကထိန်ခင်းရင် အဆင်ပြေမယ်”ထင်တယ်လို့
ကိုယ်က စပြီး ကထိန်ရက် သတ်မှတ်ပေးမျိုးလည်း လုံးဝ
မပြုလုပ်သင့်ပါဘူး။
ကထိန်သင်္ကန်းဟာ “ အတိဥက္ကဋ္ဌ = အလွန်
မြင့်မြတ်တဲ့သင်္ကန်း” ဖြစ်ရမယ်တဲ့...။
“အလွန်မြင့်မြတ်တဲ့ သင်္ကန်း”ဆိုတာ တောင်းရမ်းမှု၊
တိုက်တွန်းမှုမပါဘဲ အလိုအလျောက်ရတဲ့သင်္ကန်းကို ပြောတာပါ။
တောင်းရမ်းခြင်း၊ တိုက်တွန်းခြင်းဆိုတဲ့ အပြစ်လုံးဝကင်းပြီး၊
အလွန့်အလွန် သန့်ရှင်းစင်ကြယ်တဲ့ သင်္ကန်းကို
“မိုးကျသင်္ကန်း”လို့ ခေါ်ပါတယ်။
ကိုယ့်ကျောင်းကို ဘယ်နေ့၊ဘယ်ရက်မှာ
ဘယ်သူ ကထိန်လာခင်းမယ်ဆိုတာ လုံးဝကြိုမသိဘဲ
ကြိုတင် အသိပေးမထားဘဲ ၊လာလှူတဲ့သင်္ကန်း၊
မမျှော်လင့်ဘဲ ရုတ်တရက် ရောက်လာတဲ့
သင်္ကန်းဟာ “မိုးကျသင်္ကန်း” အစစ်ဆုံးပါပဲ။
“မတောင်းဘဲရမှ အတိဥက္ကဋ္ဌ (အလွန်မြင့်မြတ်တယ်)”
ဆိုတာကိုကြည့်ပြီး ... ဘယ်ပစ္စည်း လာဘ်လာဘမဆို ၊
ဘယ်ရာထူးဋ္ဌာနန္တရမဆို ကိုယ်ကမတောင်းရဘဲ
အလိုအလျောက်ရမှ ပိုတန်ဖိုးရှိတယ်။
ပိုသန့်ရှင်းစင်ကြယ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
“မရှာဘဲတွေ့မှအချစ်၊ မရှာဘဲရမှ ဘုန်းကံ”ဆိုတဲ့ သဘောပါပဲ။
(၂) ကထိန်သင်္ကန်းဟာ “မသိုးသင်္ကန်း”ဖြစ်ရပါမယ်။
သန့်ရှင်းလတ်ဆတ်တဲ့ ထမင်းကောင်း၊ ဟင်းကောင်း
(မသိုးထမင်း၊ မသိုးဟင်း) ဆိုတာ ချက်ပြီး တစ်ရက်မှ
မကူးသေးတဲ့၊ ဒီနေ့မှ ချက်ထားတဲ့ ထမင်းဟင်းဖြစ်ရသလို
ကထိန်သင်္ကန်းဟာလည်း လှူပြီး တစ်ရက်မှ မကူးသေးတဲ့၊
ဒီနေ့ လှူထားတဲ့ သင်္ကန်းဖြစ်ရပါမယ်။
ချက်ပြီး တစ်ရက်ကျော်သွားတဲ့ ထမင်းဟင်း၊
နေ့ကူးသွားတဲ့ ထမင်းဟင်းကို တကယ်သိုးသိုး
မသိုးသိုး ထမင်းသိုး၊ ဟင်းသိုးလို့ပဲ ခေါ်ပါတယ်။
အအေးခန်းထဲ၊ ရေခဲ သေတ္တာထဲ ထည့်ထားလို့
ချက်ချင်း သိုးမသွားသေးလည်း နာမည်ကတော့
“ထမင်းသိုး၊ ဟင်းသိုး” ပါပဲ။
လှူပြီး တစ်ရက်ကျော်သွားတဲ့ သင်္ကန်း၊ နေ့ကူးသွားတဲ့
သင်္ကန်းကို “သင်္ကန်းသိုး”လို့ ခေါ်ပါတယ်။
အဲဒီလို သင်္ကန်းသိုးနဲ့ လုံးဝ ကထိန်ခင်းလို့ မရပါဘူး။
ကထိန်ခင်းလည်း ကထိန် အထမမြောက်ပါဘူး။
(တစ်ရက်မက ကျော်သွားရင်တော့ အထူး
ပြောစရာတောင် မလိုတော့ပါဘူး။)
လှူပြီးတစ်ရက်မှ မကျော်သေးတဲ့ သင်္ကန်း၊
နေ့မကူးသေးတဲ့ သင်္ကန်း၊ ဒီနေ့မှ လာလှူတဲ့သင်္ကန်းကို
“မသိုးသင်္ကန်း”လို့ ခေါ်ပါတယ်။
မသိုးသင်္ကန်းနဲ့ခင်းမှ ကထိန်အထမြောက်ပါတယ်။
ရဟန်းတော်တွေဟာ ကထိန်သင်္ကန်း ဒီနေ့ရရင် ဒီနေ့ပဲ
ကထိန်ခင်းရပါတယ်။ အလုပ်မအားလို့၊ အဆင်မပြေသေးလို့
ဆိုပြီး နောက်နေ့မှ ကထိန်ခင်းလို့ မရပါဘူး။
ကထိန်သင်္ကန်း အလှူခံပြီးတဲ့နေ့ရဲ့ နောက်တစ်နေ့
အရုဏ်မတက်ခင်မှာပဲ ကထိန်ခင်းခြင်းကိစ္စ
ပြီးစီးအောင် ဆောင်ရွက်ရပါတယ်။
ကထိန်သင်္ကန်း အလှူခံပြီးတာနဲ့ ချက်ချင်း
ကထိန်ခင်းရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။
နောက်တစ်နေ့ အရုဏ်မတက်မချင်း
ဘယ်အချိန်မှာမဆို ကထိန်ခင်းလို့ရပါတယ်။
■“ကထိန်သင်္ကန်းဟာ နေ့မကူးတဲ့ မသိုးသင်္ကန်းဖြစ်ရမယ်”
ဆိုတာကိုကြည့်ပြီး တချို့က ကထိန်ရက်မတိုင်ခင်
ကထိန်သင်္ကန်းကို ကျောင်းမှာ သွားမထားကောင်းဘူးလို့
ယူဆနေကြပါတယ်။ လမ်းခရီး ကြုံနေရင်တောင်မှ
ကထိန်သင်္ကန်းကိုင်လျက်တန်းလန်းကြီးနဲ့
ကျောင်းတိုက်ထဲကနေ ဖြတ်မသွားကောင်းဘူးလို့တောင်
ထင်နေကြပါတယ်။ မဟုတ်ပါဘူး။
■ကထိန် သင်္ကန်းကိုရော၊ ကထိန်ရံ သင်္ကန်းတွေကိုရော ၊
ကထိန်ရက်မတိုင်ခင် ကျောင်းမှာ သွားထားလို့ရပါတယ်။
■ဒါပေမယ့် ကထိန်သင်္ကန်းအဖြစ် နဲ့တော့
အပြီးလှူမပစ်ခဲ့ရပါဘူး။ ခေတ္တခဏ အပ်ရုံပဲ
အပ်နှံထားခဲ့ရမှာပါ။ ကျောင်းမှာ သွားထားရုံပဲ
ထားပြီး မလှူသေးရင် သင်္ကန်းတွေကို သံဃာက
မပိုင်သေးပါဘူး။အလှူရှင်တွေကပဲ ပိုင်ပါတယ်။
■ကထိန်သင်္ကန်းအဖြစ်နဲ့ အပြီးအပိုင် နှုတ်မြွက်ပြီး
လှူပစ်ခဲ့ရင် တကယ်ကထိန်ခင်းမယ့်ရက်အထိ
စောင့်နေလို့မရတော့ပါဘူး။ အဲဒီနေ့မှာပဲ ချက်ချင်း
ကထိန်ခင်းလိုက်ရပါမယ်။ နေ့ကူးသွားရင် “သင်္ကန်သိုး”
ဖြစ်သွားတဲ့အတွက် ကထိန်ခင်းလို့ မရတော့ပါဘူး။
အဲဒီကျောင်းတိုက် အဲဒီနှစ် အတွက် ပြီးပါပြီ။
ကထိန်ခင်းလို့ လုံးဝမရတော့ပါဘူး။
တနှစ်မှာတစ်လ၊ တစ်လမှာ တစ်ရက်၊ တစ်ရက်မှာ တစ်ကြိမ်ပဲ
ကထိန်သင်္ကန်း လှူခွင့်ရှိတာဆိုတော့ နောက်ထပ်လည်း
ကထိန်သင်္ကန်း အလှူခံလို့မရတော့ပါဘူး။
တချို့က ကထိန်ရက်မှာ မအားလို့၊ မလာနိုင်လို့ဆိုပြီး
ကထိန်မတိုင်ခင် ရက်ခပ်စောစောကတည်းက
ကထိန်သင်္ကန်းကို ကြိုလှူထားချင်ကြပါတယ်။
အဲဒီလို ကြိုလှူထားလို့ မရပါဘူး။
သက်ဆိုင်ရာ ကျောင်းတိုက် သံဃာကလည်း
ကြိုအလှူခံထားလို့ လုံးဝမရပါဘူး။
ကြိုလှူထားတဲ့ သင်္ကန်းနဲ့ ကထိန်ခင်းရင် အဲဒီကထိန်ဟာ
“ကထိန်အတု၊ ကထိန်အင်” ပဲ ဖြစ်ပါလိမ့်မယ်။
တချို့က အရုဏ်မတက်ခင် (ကျီးမနိုးခင်) ကထိန်သင်္ကန်း
လှူတဲ့ “ကျီးမနိုးကထိန်”က ပိုမြတ်တယ်လို့
ယူဆပြီး ၊အရုဏ်မတက်ခင် (ကျီးမနိုးခင်)
ကထိန်သင်္ကန်း လှူဒါန်းတတ်ကြပါတယ်။
အရုဏ်မတက်ခင် ကထိန်သင်္ကန်းလှူလိုက်ရင်
အရုဏ်မတက်ခင်ဘဲ ကထိန်ခင်းရပါတယ်။
အရုဏ်တက်ပြီးသွားမှ ကထိန်ခင်းရင် သင်္ကန်းသိုးသွားလို့
ကထိန်အထမမြောက်ပါဘူး။ အရုဏ်တက်တာနဲ့ တစ်ပြိုင်နက်
နောက်တစ်ရက် ကူးသွားပါပြီ၊ အရုဏ်အမီ ကထိန်ခင်းဖို့
အချိန်မလုံလောက်တဲ့အတွက် အဲဒီလို လှူတာမျိုး လုံးဝ
ရှောင်ကြဉ်သင့်ပါတယ်။
(၃) ကထိန်သင်္ကန်းဟာ “သံဃိကသင်္ကန်း” ဖြစ်ရပါမယ်။
ရဟန်းတစ်ပါးပါးကို လှူဒါန်းထားလို့ အဲဒီရဟန်းတစ်ပါးတည်းကပဲ
ပိုင်ဆိုင်တဲ့ ပုဂ္ဂလိကသင်္ကန်းနဲ့ ကထိန်ခင်းလို့ မရပါဘူး။
သံဃာအားလုံးကို လှူဒါန်းထားလို့ သံဃာအားလုံး
ပိုင်ဆိုင်တဲ့ သံဃိကသင်္ကန်းနဲ့ပဲ ကထိန်ခင်းလို့ရပါတယ်။
သံဃာအများပိုင်ဆိုင်တဲ့ “သံဃိကသင်္ကန်း” နဲ့ပဲ
ကထိန်ခင်းခွင့်ရှိပါတယ်။မိမိကြည်ညိုတဲ့ ဘုန်းကြီးတစ်ပါးပါး၊
ဆရာတော် တစ်ပါးပါးကို ဒီဆရာတော်ကြီး ငါကြည်ညိုလို့
ကထိန်သင်္ကန်း လှူလိုက်ဦးမယ် ဆိုပြီးတော့
“ဆရာတော်ကို တပည့်တော် ကထိန်သင်္ကန်း လှူပါတယ်ဘုရား”၊
“ဘုန်းကြီးကို ကထိန်သင်္ကန်းလှူပါတယ် ဘုရား”လို့
မိမိကြည်ညိုတဲ့ ရဟန်းတော် တစ်ပါးပါးကို ပုဂ္ဂလိကအနေနဲ့
ကထိန်သင်္ကန်း လှူဒါန်းခွင့် မရှိပါဘူး။
တချို့က ကထိန်ရာသီမှာ လှူတဲ့ သင်္ကန်းမှန်သမျှ
ကထိန်သင်္ကန်းပဲ ထင်ပြီး “အရှင်ဘုရားအတွက်
ကထိန်သင်္ကန်းပါဘုရား”ဆိုပြီး လာလာလှူလေ့ရှိပါတယ်။
အဲဒီလို လှူလို့ လုံးဝမရပါဘူး။ ရဟန်းတစ်ပါးချင်းကို
“ကထိန်သင်္ကန်း”ဆိုပြီး လုံးဝလှူလို့မရပါဘူး။
အဲဒီလို ရဟန်းတစ်ပါးပါးကို လှူတဲ့ သင်္ကန်းကိုလည်း
ကထိန်ရာသီမှာ လှူပေမယ့် “ကထိန်သင်္ကန်း” လို့
မခေါ်ပါဘူး။ပုဂ္ဂိုလ်တစ်ပါးပါးကို လှူဒါန်းလိုက်တဲ့
အဲဒီ သင်္ကန်းနဲ့လည်း ကထိန်ခင်းလို့ မရပါဘူး။
ခင်းလည်းပဲ ကထိန်မအောင်မြင်ပါဘူး။
သံဃာကို လှူဒါန်းတဲ့ သင်္ကန်းနဲ့သာလျှင် ကထိန်
ခင်းခွင့်ရှိပါတယ်။ကထိန် အောင်မြင်ထမြောက်နိုင်ပါတယ်။
“လှူဒါန်းနည်းက နှစ်မျိုး”
~~~~~~~~~~~~~~~
ကထိန်သင်္ကန်း “လှူဒါန်းနည်းက နှစ်မျိုး”ရှိပါတယ်။
(၁)။ကထိန်ခင်းမယ့်ကျောင်းမှာ သွားလှူတဲ့နည်း နဲ့
(၂)။ကိုယ့်အိမ်၊ ကိုယ်ဋ္ဌာန၊ တစ်နေရာရာမှာ
ပင့်လှူတဲ့နည်းတို့ပါပဲ။
ကထိန်ခင်းမယ့်ကျောင်းမှာသွားလှူရင်တော့
“ဤကထိန်သင်္ကန်းကို သံဃာအား လှူပါ၏။”လို့
ဆိုပြီး လှူလိုက်ရုံနဲ့ လုံလောက်ပါတယ်။
သံဃာအား လှူတယ်ဆိုပေမယ့် ကထိန်ခင်းမယ့်
ကျောင်းမှာရှိတဲ့ သံဃာနဲ့ပဲ သက်ဆိုင်ပါတယ်။
●ကိုယ့်နေရာ၊ ကိုယ့်ဋ္ဌာနကို ပင့်ပြီးလှူမယ်ဆိုရင်တော့
“ဘယ်ကျောင်းတိုက်မှာ ကထိန်ခင်းဖို့အတွက်
သံဃာအားလှူပါ၏” လို့ ကထိန်ခင်းမယ့်
“ကျောင်းတိုက်နာမည်”ကို တရားဝင် ထည့်ဆိုပြီး
လှူရပါတယ်။ ဒါမှ ကိုယ်ရည်စူးတဲ့ ကျောင်းတိုက်
သံဃာက ကထိန်ခင်းခွင့် ရမှာပါ။
ကျောင်းတိုက်နာမည်ထည့်မဆိုဘဲ ၊ “သံဃာအားလှူပါ၏”
လို့ ရိုးရိုးလေးဆိုပြီး လှူလိုက်ရင် အခမ်းအနားကို ကြွလာတဲ့
“ဆယ့်နှစ်တောင်ပတ်လည်အတွင်း”က ပင့်သံဃာအားလုံးနဲ့
သက်ဆိုင်သွားတဲ့အတွက် ရည်စူးရာကျောင်းတိုက်မှာ
ကထိန်ခင်းခွင့် မရှိတော့ပါဘူး။
●ရဟန်းတစ်ပါးတည်းကို ပင့်ပြီး “သံဃာအားလှူပါ၏”လို့
ဆိုလှူလိုက်ရင်လည်း အဲဒီရဟန်းက အဲဒီသင်္ကန်းကိုယူပြီး
တခြားကျောင်းတိုက်တစ်ခုကို ဝင်လိုက်မိတာနဲ့
တစ်ပြိုင်နက်တည်း ဝင်မိတဲ့ ကျောင်းတိုက်သံဃာက
အဲဒီသင်္ကန်းကို ပိုင်ဆိုင်သွားပြန်လို့ ရည်စူးရာ
ကျောင်းတိုက်မှာ ကထိန်ခင်းမရတော့ပါဘူး။
ဒါကြောင့် ကိုယ့်နေရာ၊ ကိုယ်ဠာန ပင့်လှူသူတိုင်း
ကထိန်ခင်းလိုတဲ့ “ကျောင်းတိုက်နာမည်”ကို တရားဝင်
ထည့်ဆိုပြီးမှ လှူသင့်ပါတယ်။
●ကထိန်ခင်းမယ့်ကျောင်းတိုက်မှာ သွားလှူတဲ့အခါ
“သံဃာအား”လို့ ထည့်မဆိုပဲ “ဤကထိန်သင်္ကန်းကို လှူပါ၏”
လို့ ရိုးရိုးပဲ ဆိုလိုက်ရင်လည်း အဲဒီကထိန်သင်္ကန်းဟာ
ကျောင်းတိုက်မှာရှိတဲ့ သံဃာအားလုံး ပိုင်ဆိုင်တဲ့သင်္ကန်း
(သံဃိကသင်္ကန်း) ဖြစ်သွားပါတယ်။ “သံဃာအား”လို့
ထည့်ဆိုလိုက်တော့လည်း ပိုပြည့်စုံသွားတာပေါ့။
ရဟန်းတစ်ပါးတည်း ၀ါဆိုတဲ့ကျောင်းတိုက်မှာ
“သံဃာအား လှူပါ၏”လို့ ရွတ်ဆိုလျှောက်ထားပြီး
လှူတဲ့ကထိန်သင်္ကန်းဟာ “သံဃာအား”လို့ပါတဲ့အတွက်
အရပ်လေးမျက်နှာမှာ ရှိရှိသမျှ သံဃာအားလုံးနဲ့ သက်ဆိုင်ပေမယ့်
ကျောင်းတိုက်မှာ ၀ါဆိုတဲ့ ရဟန်းတစ်ပါးကပဲ ပိုင်ဆိုင်ပါတယ်။
တစ်ပါးထက်ပိုများတဲ့ ရဟန်းတော်တွေ ၀ါဆိုတဲ့
ကျောင်းတိုက်တွေမှာလည်း နည်းတူပါပဲ။
“သံဃာအား လှူပါ၏”ဆိုတဲ့ သင်္ကန်းမှန်သမျှ
အရပ်လေးမျက်နှာ သံဃာ(စာတုဒ္ဒိသံဃာ)နဲ့
သက်ဆိုင်ရုံပဲ သက်ဆိုင်ပါတယ်။
ပိုင်တဲ့အခါမှာတော့ ကျောင်းတိုက်သံဃာ
(အာရာမသံဃာ)ကပဲ ပိုင်ပါတယ်။
ကျောင်းတိုက်ပြင်ပက သံဃာဟာ ဆိုင်သာဆိုင် ၊
မပိုင်တဲ့သံဃာပါ။
ကိုယ်လှူတဲ့သင်္ကန်းကို သံဃာတော်တွေ
ဘယ်လိုပဲဆိုင်ဆိုင်၊ဘယ်လိုပဲပိုင်ပိုင်
ကိုယ်ကတော့ သံဃာအားလုံးကို ရည်မှန်းပြီး
လှူဒါန်းရမှာပါပဲ။“အရပ်လေးမျက်နှာမှာ ရှိရှိသမျှ
သံဃာအားလုံး ၊သာသနာတော်မှာ ရှိခဲ့ပြီး၊ ရှိနေဆဲ၊
ရှိလတ္တံ့ သံဃာအားလုံးကို လှူဒါန်းပါတယ်”လို့ အာရုံပြုပြီး
“သံဃဿ ဒေမ = သံဃာအား လှူပါ၏”လို့
ရွတ်ဆိုလှူဒါန်းလိုက်ရင် ကိုယ်လှူလိုက်တဲ့သင်္ကန်းဟာ
“တစ်သာသနာလုံး၊ တစ်လောကလုံးမှာရှိတဲ့ ပုထုဇဉ်သံဃာ၊
အရိယာသံဃာ သံဃာအားလုံးနဲ့ သက်ဆိုင်တဲ့
သံဃိကသင်္ကန်း” ဖြစ်သွားပါတယ်။
အများပိုင်သံဃိကသင်္ကန်းနဲ့ပဲ ကထိန်ခင်းလို့ရပါတယ်။
တစ်ပါးပိုင် ပုဂ္ဂလိကသင်္ကန်းနဲ့ ကထိန်ခင်းလို့ မရပါဘူး။
ဒါပေမယ့် တကယ် ကထိန်ခင်းတဲ့ အချိန်မှာတော့
“အများပိုင် သံဃိကသင်္ကန်း”ကို “တစ်ပါးပိုင် ပုဂ္ဂလိက
သင်္ကန်း” ဖြစ်အောင်ပြန်လုပ်လိုက်ရပါတယ်။
သံဃာက ကထိန်ခင်းလို့ မရပါဘူး။
ပုဂ္ဂိုလ်ကပဲ ကထိန်ခင်းလို့ ရပါတယ်။
သံဃာက ကထိန်သင်္ကန်းပေးရုံပဲ ပေးနိုင်ပါတယ်။
သိမ်ထဲမှာ သံဃာတော်တွေစုဝေးပြီး ကထိန်ခင်းထိုက်တဲ့
ရဟန်းတစ်ပါးကို ဉတ်ကမ္မဝါနဲ့ ကထိန်သင်္ကန်းပေးလိုက်ရပါတယ်။
ကထိန်သင်္ကန်းကို ပုဂ္ဂလိကအဖြစ် ပိုင်ဆိုင်သွားတဲ့
အဲဒီ ရဟန်းကမှ ကထိန်ခင်းရတာပါ။
ကထိန်သင်္ကန်းကို သိမ်ထဲမှာပဲ ပေးရပေမယ့် ကထိန်ကိုတော့
သိမ်ထဲမှာပဲဖြစ်ဖြစ်၊ သိမ်အပြင်မှာပဲဖြစ်ဖြစ် ခင်းလို့ရပါတယ်။
ရဟန်းတစ်ပါးခင်းတဲ့ ကထိန်ကို သံဃာက
ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ ပြုလိုက်ရင် သံဃာကလည်း
ကထိန်ခင်းပြီးသား ဖြစ်သွားတာပါပဲ။
ကထိန်ခင်းခြင်းဆိုတဲ့ ၀ိနည်းကံဟာ သံဃာ့ကံမဟုတ်၊
ပုဂ္ဂလကံဆိုပေမယ့် သံဃာကပဲ ကထိန်သင်္ကန်းပေးရ၊
ကထိန်ခင်းပြီးရင်လည်း သံဃာအားလုံးက အနုမောဒနာပြုတဲ့
သံဃာမှာလည်း ကထိန်အာနိသင်ရတဲ့အတွက်
သံဃာ့ကိစ္စ၊ သံဃာ့အလုပ်လို့ ဆိုနိုင်ပါတယ်။
“သံဃိကသင်္ကန်း”ကို “ပုဂ္ဂလိကသင်္ကန်း”အဖြစ်
ကထိန်ခင်းမယ့် ရဟန်းကိုပေးတာက
သံဃာတော်တွေရဲ့ အပိုင်းဖြစ်ပါတယ်။
ကထိန်အလှူရှင်တွေရဲ့အပိုင်းကတော့
“သံဃိက သင်္ကန်း”အဖြစ်ပဲ လှူဒါန်းရမှာပါ။
ကထိန်ခင်းတဲ့အချိန် ပုဂ္ဂလိကသင်္ကန်း လုပ်မယ့်
အတူတူဆိုပြီး နဂိုကတည်းက ပုဂ္ဂလိကသင်္ကန်းအဖြစ်
မလှူဒါန်းရပါဘူး။ လှူဒါန်းခဲ့ရင် ပုဂ္ဂလိကသင်္ကန်းကို
သံဃာက ကထိန်ခင်းမယ့်ရဟန်းကို ပေးလို့
မရတော့တဲ့အတွက် ကထိန်ခင်းလို့ မရတော့ပါဘူး။
သံဃိကသင်္ကန်းကိုပဲ သံဃာက ကထိန်ခင်းမယ့်
ရဟန်းကို ပေးလို့ရပါတယ်။
►ဒါကြောင့် ကထိန်အလှူရှင်တွေအနေနဲ့ မိမိတို့
ကြည်ညိုတဲ့ ဆရာတော်တစ်ပါးပါး၊ ရဟန်းတစ်ပါးပါးကို
ကထိန် သင်္ကန်း ရစေချင်တဲ့စိတ်လုံးဝမထားဘဲ ၊
“ဒီကထိန်သင်္ကန်းဟာ သံဃာ အားလုံးအတွက်”လို့ပဲ
ရည်မှန်းပြီး သံဃာပိုင် သံဃိကစစ်စစ်ဖြစ်အောင်
လှူဒါန်းကြရပါမယ်။
►အနှစ်ချုပ်ပြီး ပြန်ပြောရရင် ... ကထိန်တစ်ခု
အထမြောက်ဖို့အတွက် (သို့မဟုတ်) ကထိန်
စစ်စစ်ဖြစ်ဖို့အတွက် ကထိန်သင်္ကန်းဟာ ...
■(၁) “မိုးကျသင်္ကန်း” ဖြစ်ရပါမယ်။ ရဟန်းတော်တွေ
ကိုယ်တိုင် ဘယ်သူ့ဆီကမှ အလှူခံမထားတဲ့ သင်္ကန်း၊
ရဟန်းတော်တွေဘက်က ဘာအရိပ်နိမိတ်မှ မပြရ၊
ဘာပရိယာယ်စကားမှ မပြောရဘဲနဲ့ အလှူရှင်တွေဘက်က
အလိုအလျောက် လာလှူထားတဲ့သင်္ကန်းနဲ့ ကထိန်ခင်းမှ
ကထိန်စစ်စစ်ဖြစ်ပါတယ်။ ရဟန်းတော်တွေဘက်က စ, ပြောလို့
လှူတဲ့သင်္ကန်းနဲ့ ကထိန်ခင်းရင် ကထိန်စစ်စစ် မဖြစ်ပါဘူး။
■(၂) “မသိုးသင်္ကန်း” ဖြစ်ရပါမယ်။ ဒီနေ့လှူတဲ့ သင်္ကန်းနဲ့ ဒီနေ့
ကထိန်ခင်းမှ ကထိန်စစ်ဖြစ်ပါတယ်။ မနေ့ကလှူတဲ့သင်္ကန်းနဲ့
ဒီနေ့ ကထိန်ခင်းရင် ဒီနေ့လှူတဲ့ သင်္ကန်းနဲ့ မနက်ဖြန်မှ
ကထိန်ခင်းရင် ကထိန်စစ်စစ် မဖြစ်ပါဘူး။
■(၃) “သံဃိကသင်္ကန်း” ဖြစ်ရပါမယ်။ သံဃာအားလုံးကို
ရည်မှန်းပြီး သံဃာပိုင်အဖြစ်နဲ့ လှူဒါန်းတဲ့ သံဃိကသင်္ကန်းနဲ့
ကထိန်ခင်းမှ ကထိန်စစ်စစ်ဖြစ်ပါတယ်။ ကိုယ်ကြည်ညိုတဲ့
ဆရာတော်ကို ရည်မှန်းပြီး ကိုယ်ကြည်ညိုတဲ့ဆရာတော်ပဲ
ရစေချင်တဲ့စိတ်နဲ့ လှူတဲ့သင်္ကန်းနဲ့ ကထိန်ခင်းရင်
ကထိန်စစ်စစ် မဖြစ်ပါဘူး။
■နောက်တစ်ချက် ဖြည့်စွက်ရမယ်ဆိုရင်တော့
ကထိန်သင်္ကန်းဟာ “ကိုယ်ပိုင်သင်္ကန်း” ဖြစ်ရပါမယ်။
ခေတ္တခဏ ငှားယူလာတဲ့ သင်္ကန်း (“အငှား”သင်္ကန်း)နဲ့
ကထိန်ခင်းရင် ကထိန်စစ်စစ် မဖြစ်ပါဘူး။
အမှန်တကယ် ပိုင်ဆိုင်တဲ့ သင်္ကန်း(ကိုယ်ပိုင်သင်္ကန်း)နဲ့
ကထိန်သင်္ကန်း လှူတဲ့အခါမျိုးမှာ ကထိန်ခင်းတဲ့အခိုက်ကလေး
ခေတ္တခဏငှားတဲ့ သဘောမျိုးမဖြစ်အောင် အထူးသတိပြုရပါမယ်။
ကထိန်ခင်းခွင့်ရှိတဲ့ ကာလကတော့ “သီတင်းကျွတ်
လပြည့်ကျော်(၁)ရက်ကနေ တန်ဆောင်မုန်းလပြည့်နေ့
အထိ တစ်လ(၂၉-ရက်)” ဖြစ်ပါတယ်။
ဒီတစ်လအတွင်းမှာပဲ ကထိန်သင်္ကန်းလှူခွင့်ရှိပါတယ်။
ဒီတစ်လအတွင်းမှာ ခင်းမှလည်း “ကထိန်စစ်စစ်” ဖြစ်ပါတယ်။
ကထိန်ခင်းဖို့အတွက် သံဃာက သိမ်ထဲမှာ
သင်္ကန်းပေးတဲ့ကံပြုရတဲ့အတွက် ကထိန်ကံအောင်မြင်ဖို့
အနည်းဆုံး သံဃာ(၅)ပါး ရှိရပါတယ်။ကထိန်သင်္ကန်းပေးတဲ့
ကံပြုတဲ့ သံဃာက (၄)ပါး၊ ကထိန်သင်္ကန်းခံယူသူက (၁)ပါး၊
စုစုပေါင်း(၅)ပါး အနည်းဆုံးရှိမှ ကထိန်ကံ အောင်မြင်ပါတယ်။
သင်္ကန်းပေးဖို့အတွက်သာ သံဃာလိုတာပါ။
သင်္ကန်းပေးပြီးလို့ ကထိန်ခင်းတဲ့အခါမှာတော့ သံဃာ မလိုပါဘူး။
တစ်ပါးတည်းဝါဆိုတဲ့ကျောင်းမှာ တစ်ပါးတည်း
ကထိန်ခင်းလည်း ရပါတယ်။ အနုမောဒနာပြုရမယ့်
ရဟန်းတစ်ပါး ခေါ်ထားပြီး၊ နှစ်ပါးကထိန်ခင်းလည်း ရပါတယ်။
သင်္ကန်းပေးတဲ့ သံဃာတွေစုံနေတုန်းမို့ သံဃာနဲ့
ကထိန်ခင်းလိုက်လည်း ရတာပါပဲ။
ရဟန်းတစ်ပါးခင်းတဲ့ကထိန်ကို ၀ါဆိုတူ
ကျောင်းတိုက်အတွင်းက ရဟန်းတော်တွေပဲ
အနုမောဒနာ ပြုစရာလိုပါတယ်။
ကိုရင်သာမဏေတွေကတော့ အနုမောဒနာ ပြုစရာမလိုပါဘူး။
ဒါပေမယ့် တစ်ကျောင်းတိုက်တည်း အတူ ၀ါဆိုကြတဲ့
သီတင်းသုံးဖေါ် ဘဝတူအချင်းချင်းဖြစ်တဲ့အတွက်
ကထိန်အာနိသင်သင်္ကန်း (ကထိန်ရံသင်္ကန်း)တွေကို
ကိုရင်တွေကိုလည်း အညီအမျှ ခွဲဝေပေးရပါမယ်။
ကိုရင်တွေလည်း အာနိသင်သင်္ကန်း(ကထိန်ရံသင်္ကန်း)
ရပိုင်ခွင့်ရှိပါတယ်။
တချို့က ကျောင်းဥပစာပရိဝုဏ်အရံအတားတူတဲ့
ကျောင်းတိုက်တစ်တိုက်တည်းမှာ နှစ်ကျောင်း၊ သုံးကျောင်း
စသည်ခွဲပြီး သီခြားစီ ၀ါဆိုတတ်ကြပါတယ်။
ကျောင်းတိုက်ကြီးတစ်ခုတည်းမှာ ဘယ်နှကျောင်းပဲ
ခွဲဝါဆိုဆို ကထိန်ခင်းရင်တော့ တစ်ကျောင်းတိုက်လုံးပေါင်းပြီး၊
ကထိန်တစ်ခုတည်းပဲ ခင်းရပါမယ်။ ဒါမှ ကထိန်စစ်စစ်ဖြစ်ပါတယ်။
ကထိန်ခင်းပြီးတဲ့ ကျောင်းတိုက်မှာ နောက်ထပ် လာလှူတဲ့
သံဃိကသင်္ကန်းတွေကို ကထိန်အာနိသင် မရတဲ့
တခြားရဟန်းတော်လည်း ဝေစု ရစေချင်တယ်ဆိုရင်
ခင်းပြီးသားကထိန်ကို နုတ်လိုက်ရပါတယ်။
“ကထိန်နုတ်တယ်”ဆိုတာ ကထိန်ခင်းခြင်းအမှု၊
ကထိန်ကံကို ရုပ်သိမ်းလိုက်တာပါပဲ။
ကထိန်နုတ်ပြီးမှ နောက်ထပ်ကထိန်တစ်ခု ထပ်ခင်းလို့ မရတော့ပါဘူး။
ထပ်ခင်းရင်လည်း ကထိန်စစ်စစ် မဖြစ်တော့ပါဘူး။
ကထိန်နုတ်လိုက်တဲ့အတွက် ကထိန်အာနိသင်တွေလည်း
ပျက်ပြယ်သွားပါတယ်။ ကထိန်အာနိသင်ရပြီးသား
ရဟန်းတော်တွေလည်း ကထိန်အာနိသင် လုံးဝမရတော့ပါဘူး။
သံဃိကလာဘ်လာဘဖြစ်တဲ့ သင်္ကန်းတွေကို သံဃာအားလုံး
ရစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကထိန်နုတ်တာပါ။
ကထိန်သာ မနုတ်ရင် သံဃိကသင်္ကန်းတွေကို
၀ါကျိုးဝါပြတ်သူ၊ ဒုတိယဝါဆိုသူ၊ တခြားကျောင်းတိုက်ကနေ
နောက်ထပ်ရောက်လာသူတွေ မရနိုင်ပါဘူး။ ရခွင့် မရှိပါဘူး။
ကထိန်နုတ်လိုက်တဲ့အတွက် သံဃာအားလုံး ရခွင့်ရှိသွားပါတယ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
-【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏
“ဂုဏ်ရှိန်ပေါင်းစုတဲ့ ဘုံကထိန်ကောင်းမှု”
နှာ ၅၅- ၈ဝမှ- ကောက်နှုတ် ပူဇော်မျှဝေပါသည်။】
|
https://www.dhammaransi.com/index.php/new/2468-2018-09-07-11-44-53.html
|
ကံမကောင်းဘူးဆိုရင် ကံကောင်းအောင် ဘာလုပ်ရမှာလဲ
|
လောကမှာ ကံမကောင်းဘူးဆိုရင် ကံကောင်းအောင်က ဘာလုပ်ရမှာလဲ၊
မကောင်းတဲ့ကံတွေ ပပျောက်အောင် ကံကောင်းတဲ
့နည်းတွေ မရှိဘူးလားဆို၊ ရှိတယ်။
အကုသိုလ်အကျိုးတွေ ဝင်ရောက်ဖြစ်ပေါ်နေတာကို လူတွေက ကံမကောင်းဘူးလို့ပြောတာ။
အကုသိုလ်ရဲ့ အကျိုးတရားတွေက ကိုယ့်သန္တာန်ရောက်ပြီ၊ ထိခိုက်နေပြီဆိုရင်
ဒါက ကံမကောင်းဘူးလို့ ပြောကြတယ်။ အဲဒီအချိန်မှာ ကိုယ့်ရဲ့လုပ်ရပ်ကို ပြန်ဆန်းစစ်ကြည့်ရမယ်။
ငါတို့လုပ်နေတာ အမှားမရှိဘူး၊ အကောင်းတွေလုပ်တယ်။ သို့သော် အတိတ်တုန်းက မှားယွင်းမှုတွေကလည်း
လူတွေရဲ့သန္တာန် လာရောက်ပြီး အကျိုးပေးနေတာတွေ ရှိတတ်တယ်ပေါ့။
အဲဒီလို ဖြစ်ပေါ်လာတာမျိုးတွေကော မရှိနိုင်ဘူးလားဆို ရှိနိုင်တယ်။
ရှိလာလို့ရှိရင် ဘာနဲ့အကာအကွယ်လုပ်ရမလဲလို့ ဆိုရင် ကံကောင်းအောင်
ကောင်းတဲ့ကံတရားတွေကို ကြိုးစားပြီး လုပ်ရမယ်။
ဘုရားကို အာရုံပြုမယ်၊ သံဃာကို အာရုံပြုမယ်။ ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို
ရွတ်ဖတ် သရဇ္စျာယ်မယ်။ ဘုရားကို ပူဇော်မယ် နော်။ ဘုရားနဲ့ ပတ်သက်ပြီး
စိတ်ကြည်နူးမှုတွေရအောင် လုပ်ရမယ်။ ကုသိုလ်ကောင်းမှုတွေ မပြတ်လုပ်ပေးရမယ်။
ဘုရားပန်း၊ ရေချမ်း အမြဲတမ်း ဆက်ကပ်၊ ဘုရားကို အာရုံပြု၊ ကုသိုလ်တရားတွေကို
စိတ်ထဲမှာ ဖြစ်ပွားအောင်ကြိုးစား၊ အဲဒီလို ကြိုးစားခြင်းအားဖြင့်လည်းပဲ
မကောင်းတဲ့ကံတွေ ပပျောက်သွားနိုင်တယ်။
ကံဆိုးမိုးမှောင်ကျလာတဲ့အခါ ဖြစ်လာမယ့် အရိပ်အရောင်ရှိပြီ ဆိုတဲ့အချိန်မှာ
ဘာနဲ့ ကာကွယ်ရသလဲဆိုရင် ဘုရားကို အာရုံပြုပြီး ဗုဒ္ဓါနုဿတိကို ပွားရမယ်။
ဘုရားရဲ့ ဂုဏ်တော်တွေကို အာရုံပြု၊ ကမ္မဌာန်းထိုင်၊ ဂုဏ်တော်တွေကို နှလုံးသွင်းဆင်ခြင်ပြီး
အချိန်များများ မြတ်စွာဘုရားကို ပူဇော်ရမယ်။
လုပ်ပြီးတဲ့အခါ ကိုယ်လုပ်တဲ့ ကုသိုလ်ကောင်းမှုကို ကိုယ်မမြင်ရတဲ့ သတ္တဝါတွေ၊
ကိုယ့်အနီးအပါးမှာရှိတဲ့ အိမ်စောင့်နတ်တွေကို အမျှအတန်း ပေးဝေရမယ်။
အဲဒီ အမျှအတန်း ပေးဝေခြင်းအားဖြင့် ကိုယ်နဲ့သူတို့နဲ့က မိတ်ဆွေဖြစ်သွားတယ်။
ခင်မင်ရင်းနှီးမှုတွေ ရလာတယ်။ မိတ်ဆွေဖြစ်လို့ရှိရင် ကိုယ် အန္တရာယ်မရောက်အောင်
သူတို့က ကြည့်ရှုပေးတယ်။
အိမ်နားနီးချင်းနဲ့ တည့်အောင်ပေါင်းရင်တောင်မှပဲ ကိုယ့်အိမ် ကြည့်ပေးဖော်ရမယ်။
မတည့်ဘူးဆိုရင် မသိချင်ယောင်ဆောင်နေမှာ ဘာကြီးဖြစ်နေနေ၊ ဟုတ်ကဲ့လား။
အဲဒါလိုပဲ ကိုယ်မမြင်ရလို့ အိမ်စောင့်နတ်တို့၊ ကိုယ်စောင့်နတ်တို့ သွားပြီးတော့ ရန်မဖြစ်လေနဲ့။
ရန်ဖြစ်ရင်တော့ အဲဒါ ကိုယ့်ကို ကောင်းကျိုးပေးမှာ မဟုတ်ဘူးနော်။ ဘယ်သူနဲ့မှ ရန်မဖြစ်နဲ့။
နောက်ဆုံးမှာ ကိုယ့်ရဲ့အိမ်က မွေးထားတဲ့ ခွေးနဲ့တောင် ရန်ဖြစ်ရင် ကိုယ့်ကို မျက်စောင်းထိုးကြည့်တာ
အနည်းဆုံး ခံရမယ်။ ကြောက်လို့သာ ပြန်မလုပ်တာ ရှိမယ်နော်။ ဒီတိရစ္ဆာန်တွေမှာလည်း အသိရှိတယ်လေ။
တစ်ခါလောက် ရိုက်ထားတဲ့သူဆိုရင် ရှောင်ပေရှောင်ပေနဲ့ မျက်စောင်းထိုးကြည့်တယ်။
သူတို့ အမြဲတန်း ငါ့များဘာလုပ်မလဲဆိုပြီး ဒေါသနဲ့ ကြည့်တာ။ ဘယ်သူနဲ့မှ ရန်မဖြစ်ဘဲ
မေတ္တာသက်ရောက်အောင် လုပ်တာဟာ ကိုယ့်အတွက် ကံကောင်းစေခြင်းရဲ့ အကြောင်းတစ်ခုပဲ
ဖြစ်တယ်ပေါ့။ ကိုယ့်အတွက် အကူအညီရခြင်းပဲ။
မေတ္တာပို့ရတယ်။ အမျှအတန်းပေးဝေရတယ်။ ကုသိုလ်ကောင်းမှုလုပ်တိုင်းလုပ်တိုင်း
ဖိတ်ကြားပြီးတော့ သူတို့ကို အရေးတယူ လုပ်ရတယ်။ မိတ်ဆွေကောင်းတောင်မှ လမ်းမှာတွေ့ရင်
ကိုယ်က အရင်ခေါ်ရတယ်။ အရေးတယူ နှုတ်ဆက်ရင် ရင်းနှီးတယ်။ မခေါ်ချင်သလိုလို လုပ်သွားရင်
သူကလည်း မခေါ်ချင်သလိုလို ပြန်လုပ်မှာပဲ။ လူအချင်းချင်းတောင် ဒီလို ဖြစ်လာတယ်။
အဲဒါကြောင့်မို့ ကံကောင်းအောင်လုပ်ဖို့ ဆိုသည်မှာ ကိုယ်ကိုယ်တိုင်က ရင်ထဲက အမုန်းကင်းပြီး
မေတ္တာဘာဝနာတွေ များများပွားရမယ်။ မေတ္တာပို့မယ်၊ အမျှအတန်း ပေးဝေမယ်၊
အားလုံးနဲ့ မိတ်ဆွေတွေဖြစ်မယ်။ အရာရာမှာ စိတ်ကြည်နူးမှုတွေ ရလာတဲ့အခါမှာ ကိုယ်တွေးတာတွေ၊
ကိုယ်ကြံတာတွေ၊ ကိုယ်လုပ်တာတွေလည်း လမ်းမှန်ပေါ် ရောက်လာနိုင်တယ်ပေါ့။
အဲဒီလိုမဟုတ်ဘူး။ `ကံမကောင်း အကြောင်းမလှ` လို့ မကောင်းတာတွေနဲ့ စိတ်ကညစ်နေရင်
ပိုဆိုးသွားနိုင်တယ်။ အဲဒီလိုမဖြစ်ရအောင် သတိရှိရမယ်။ ဘယ်သူပဲဖြစ်ဖြစ် ကံကြမ္မာရဲ့
အလှည့်အပြောင်းကြောင့် ကံကောင်းတဲ့အခါ ကောင်းတယ်၊ မကောင်းတဲ့အခါ မကောင်းဘူး။
ဘုရားဂုဏ်တော်တွေကို ကိုယ့်ရဲ့ ရင်ထဲနှလုံးထဲ ရောက်အောင် တည်ငြိမ်အေးချမ်းမှုကို
ပေးနိုင်တဲ့ဟာမျိုးဖြစ်အောင် လုပ်ရမယ်။ ပြီးပြီဆိုပြီးတော့မှ ကိုယ့်ရဲ့ (wish) ကို ဖော်ပြတာ။
ဆုတောင်းတိုင်းကတော့ မရဘူးပေါ့။ ဆုတောင်းတိုင်း ရလို့ရှိရင် ဘာမှ လုပ်မနေနဲ့။
ထိုင်ပြီးတော့ ဆုသာ ဆုတောင်း။ စာမေးပွဲအောင်လို့ရှိရင် ဒီ ၃- လုံးပါပါစေ၊ ၆- လုံး ပါပါစေ၊
ထိုင်သာ ဆုတောင်းနေ၊ စာမကျက်နဲ့၊ ရမှာ မဟုတ်ဘူးနော်။
အဲဒါကြောင်းမို့လို့ ဆုတောင်းရုံနဲ့ ဘယ်အရာမှ မရဘူး။ ဆုတောင်းတယ်ဆိုတာ wish ကို
ဖော်ပြတာပဲ ဖြစ်တယ်။ ဆုတောင်းတာ လိုချင်တဲ့ဆန္ဒရဲ့နောက်မှာ လုံ့လ ဝီရိယတို့၊ အသိဉာဏ်တို့
ဆိုတာတွေ လိုအပ်တယ်ပေါ့။
အဲဒီလို အကြောင်းအကျိုး ဆီလျှော်စွာ အလုပ်လုပ်မှ ကောင်းကျိုးချမ်းသာတွေဆိုတာ ရနိုင်တယ်။
အဲဒီလို အချက်တွေကိုလည်း မြတ်စွာဘုရား ဟောတာဖြစ်တယ်။ ဗုဒ္ဓဆိုတဲ့ ဂုဏ်တော်တွေထဲမှာ
အရာခပ်သိမ်းကို သိစွမ်းနိုင်တဲ့ အသိဉာဏ်ရှိလို့ `ဗုဒ္ဓ` ဆိုတာကို အာရုံပြုပြီးတော့
နှလုံးသွင်းဆင်ခြင်ခြင်းအားဖြင့် မိမိအတွက် ကံကောင်းလာနိုင်တယ်ဆိုတာ ယုံကြည်ကြရမှာ ဖြစ်တယ်။
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကိုးပါး တရားတော်မှ ကောက်နှုတ်ပူဇော်ပါသည်)
|
https://www.dhammaransi.com/index.php/new/2466-2018-09-06-02-54-33.html
|
အောက်စဖို့ဒ်မှတ်တမ်း တစ်စေ့တစ်စောင်း
|
မေး ။ ။ ဆရာတော်ဘုရား တပည့်တော် ရိုသေစွာ မေးလျှောက်ပါတယ် ဘုရား။ ဒီလောက် ပညာတွေ ထူးချွန်အောင် ကမ္ဘာကေ
ျာ်တက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားနိုင်အောင် ဘယ်လိုစိတ်စွမ်းအင်မျိုးနဲ့ ကြိုးစားအားထုတ်ခဲ့ပါသလဲ။ သိပါရစေ ဘုရား။ စာတွေ ကျက်မှတ်တဲ့အခါ ဘယ်လိုစိတ်ထားမျိုးနဲ့ ကျက်မှတ် လေ့လာပါသလဲဘုရား။
ဖြေ။ ။
★ ဒါကတော့အရမ်း personal ဖြစ်တယ် ဖြေလို့မရဘူး
★ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ - မြတ်စွာဘုရားကိုကိုးကွယ်တယ်ဆိုတာ ဘုန်းဘုန်းက ပုထုဇဉ်လူသားအနေနဲ့ ကိုးကွယ်တယ်။ အခက်အခဲ တွေ့တဲ့အချိန်မှာဆို ပိုပြီးတော့ သတိရတယ်။ တချို့က အခက်အခဲတွေ့ရင် ဘီယာသတိရတယ်၊ တချို့က ဆေးခြောက်သတိရတယ်၊ တချို့က သီချင်းသတိရတယ်၊ တချို့က သူငယ်ချင်းသတိရတယ်၊ တချို့က အစားအသောက်သတိရတယ်။ ဘုန်းကြီးက မြတ်စွာဘုရား သတိရတယ်။
★ မြတ်စွာဘုရားက တခါတခါ ဒီ ဘုရားမဖြစ်ခင်ပေါ့ နာမည်ကြီးတဲ့ တရားပြဆရာတွေဆီ အကုန်လုံးလိုက်ပြီးတော့ လေ့လာတယ်။ သူတို့မှာ တရားရတဲ့ နည်းကောင်းလမ်းများရှိမလားဆိုပြီး။ အဆင့်တစ်ခုအထိ စျာန်ရနိုင်တဲ့အဆင့်ထိ ဒါပေမဲ့ သူလိုချင်တာ မရတော့ ဆက်သွား ဆက်သွားတယ် open minded ဖြစ်တယ်၊ လိုက်ရှာတယ် တကယ့်စံနမူနာ။
★ တောထွက်လာပြီး ငါ သိဒ္ဓတ္ထမင်သား ငါ ဘုရင့်သား ဘယ်သူ့မှ ဂရုမစိုက်ဘူးဟေ့ ဒီလိုစိတ်မျိုးနဲ့ မဟုတ်ဘူး။ ပထမဦးဆုံး ignorance ကိုလက်ခံလိုက်တယ်။ Ignorance ရှိတယ် မသိဘူးဆိုတဲ့ဟာကို လက်ခံလိုက်တယ်။ လူသားတွေ အရင်တုန်းက ဒီလောက်အိမ်ကြီးတွေ ဒီမီးကြီးတွေ ဒီသိပ္ပံပညာကြီးတွေ မရှိတာဘာလို့ မရှိခဲ့တုန်းဆိုတော့ ဒို့မှာ မသိဘူးဆိုတဲ့ ignorance ကို လက်မခံဘူး။
★ Ignorance ရှိတယ် လူတိုင်း ignorance ရှိတယ် ဒီရောဂါဖြစ်ရင် ဘယ်လိုကုရမယ်ဆိုတာ တို့မသိဘူး။ ဒီလို Ignorance ကိုစလက်ခံတာ စပြီးတော့လက်ခံတယ်။ အရင်တုန်းကတော့ အဲလိုမဟုတ်ဘူး မန်းမှုတ်နဲ့ဆရာကလည်း သစ်ပင်တစ်ပင်ကို ယူပြီး မန်းမှုတ်တယ် အကုန်လုံးကုသနိုင်တယ်လို့ ကြွေးကြော်တာကိုး Ignorance လက်မခံဘူး။ မောဟ လက်မခံဘူး မသိဘူးဆိုတာ လက်မခံဘူး၊
★ Ignorance ကို စပြီးလက်ခံလိုက်တာ the starting point ပညာရေးရဲ့ stating point ပဲ။ ဘုန်းဘုန်းတို့က လေ့လာတယ် ဒူဘိုင်းရောက်တဲ့အခါ အစ္စလာမ်နဲ့ပတ်သတ်တဲ့ စာအုပ်လေးတွေဝယ်တယ်၊ ဆားဗီးယားရောက်တဲ့အခါ orthodox နဲ့ပတ်သတ်တဲ့ စာအုပ်လေးတွေ ဝယ်ဖတ်တယ်။ တိဗက်ကျောင်းတွေရောက်တဲ့အခါ သူတို့အကြောင်းတွေ ဝယ်ဖတ်တယ်။
★ မြန်မာပြည်သွားတဲ့အခါ ဆရာတော်ကြီးတွေကို မေးခွန်းတွေမေးလွန်းလို့ ဆရာတော်ကြီးတွေက ဦးဓမ္မသာမိ ဒီလောက်မမေးနဲ့ ဥဏှောက်ရောဂါဖြစ်ပြီး သေလိမ့်မယ်။ ချို့ဆရာတော်ကြီးတွေက အဲလိုပြောင်လေ့နောက်လေ့ရှိတဲ့ ဆရာတော်ကြီးတွေလည်းရှိတယ်။
★ တနည်းအားဖြင့် ပြောမယ်ဆိုရင် “ငါ ဘာမှ မသိသေးဘူးဆိုပြီး လက်ခံတာ။” ရှေးတုန်းက မြန်မာဆရာတော်ကြီးတွေ စာအရမ်းတတ်တယ်၊ အထူးသဖြင့် ပခုက္ကူကစာအရမ်းတတ်တယ် ဘာကြောင့်တတ်သလဲဆိုတော့ သူတို့မှာတဲ့ စာမေးပွဲမရှိဘူး စာကိုသင်တယ် ဘာလို့သင်တာတုန်းဆိုတော့ ဒါမသိသေးဘူး၊ ဒါတော့ သိထားတယ်ဆိုတာ နည်းနည်းလေးသိထားတယ်ဆိုတဲ့ ဟာပေါ့နော် အဲဒါနဲ့သင်တာ။
★ ဒါလည်း မသိသေးဘူး ဟိုဟာလေးတော့ မသိသေးဘူး သူမသိတဲ့ဟာ နည်းနည်းပဲ ရှိတယ်ဆိုတဲ့ အမြင်မျိုးနဲ့ အဲဒီ position မျိုးနဲ့ သူက လေ့လာတာ။ အဲလိုသင်ရင်းသင်ရင်းနဲ့ ကြာလာတဲ့အခါကျတော့ ငါ သိတာက နည်းနည်းလေးပါ မသိတာက အများကြီးပါ အဲဒီလို သဘောပေါက်လက်ခံတဲ့နေ့မှာ ဒီဘုန်းကြီး စာတတ်သွားပြီ။
The day you accept your ignorance. အဲဒါ အရေးကြီးဆုံးပဲ။
★ အဲလိုမဟုတ်လဲနဲ့ ငါ အကုန်လုံးသိတယ်ဆိုရင် အကုန်လုံးကို လက်ညှိုးထိုး လိုက်ညွှန်ပြတယ်ဆိုရင် မရနိုင်ဘူး။ ဘုန်းကြီးက PhD အောက်စဖို့ဒ်မှာ PhD လုပ်တာ သုံးနှစ်ပဲကြာတယ်။ သုံးနှစ်ကျော်ပဲကြာတယ်၊ PhD လုပ်ဖို့စောင့်တာ ကိုးနှစ်ကြာတယ်။ ပိုက်ဆံလည်း မရှိဘူး၊ မြန်မာနိုင်ငံသားအနေနဲ့ scholarships တွေကလည်း qualified မဖြစ်တဲ့ဟာတွေက များတယ်။ စောင့်ရတာ ၉-နှစ်ကြာတယ်။
★ အဲဒါ MA အောင်ပြီးတော့၊ Master သုံးခုအောင်ပြီးတော့ Master သုံးခုလုပ်ရဖို့အတွက် ဘုန်းကြီးက ငါးနှစ်စောင့်ရတယ်။ အဲဒီ စောင့်တဲ့အချိန်မှာ မြတ်စွာဘုရားက တရားတကယ်တွေ့တဲ့အခါကျတော့ သူက ၂၄-နာရီမကြာဘူး ဗောဓိပင်အောက်မှာ။ အဲဒီအတွက်စောင့်ရတာ ခြောက်နှစ်စောင့်ရတာ။ အဲဒီ ခြောက်နှစ်က အဲဒီ investment ထဲမှာ ပါသွားတယ်။ အဲဒီလို positive thinking ရှိရတယ်။
★ ဘုုန်းကြီးက မိဘလည်းမထောက်ပံ့နိုင်ဘူး၊ ရဟန်းဒကာတွေလည်း တစ်ဦးတည်းထောက်ပံ့နိုင်တာတွေ မရှိဘူး၊ ဟိုနည်းနည်း ဒီနည်းနည်း ကျောင်းတက်နေရင်းနဲ့လည်းပဲ အလုပ်လုပ်ရတယ်။ အလုပ်လုပ်ရတယ်ဆိုတာ ဟိုကနေပြီးတော့ အရှင်ဘုရား sunday school ကလေးတွေ sunday school လာလုပ်ပေးပါအုန်းဆို သွားလုပ်ပေးရတယ်။
★ ဒီမှာ PhD လုပ်တာ အရမ်းပင်ပန်းတယ်။ အဲဒါသွားလုပ်ပေးတယ် weekend ဆိုသွားလုပ်ပေးတယ်။ ဒါ ကိုယ့်ကို support လုပ်တဲ့ ဒကာတွေဆိုပြီးတော့၊ အဲဒီကတော့ ပြီးတော့ ငါးကျပ် တစ်ဆယ် အလှူပိုက်ဆံလေးတွေ စုပြီးတော့ course fee ပေးရတယ် အောက်စဖို့ဒ်တက္ကသိုလ် ပေးရတာပေါ့ ကျုပ် ပညာသင်ခွင့် ပေးပါ။
★ စိတ်ဓာတ်ကျတဲ့အခါတွေရှိတယ် စိတ်ဓာတ်ကျတဲ့အခါ ရိုးရိုးပဲကျတယ်ဆိုရင်တော့ တခါတခါ mild depression ဆိုတာ ရှိတယ်မို့လား။ PhD လုပ်တာ အရမ်းခက်တဲ့အခါကျတော့ အဲလိုဆိုရင် ဘုန်းကြီးက အခန်းထဲကနေထွက်ပြီးတော့ လမ်းသွားလျှောက်လိုက်တယ်၊ အောက်စဖို့ဒ်မြို့မှာ အောက်စဖို့ဒ်တက္ကသိုလ်က ဆရာတွေက တစ်ထောင်ကျော် နှစ်ထောင်ကျော်နီးပါးလောက် ရှိတဲ့အခါကျတော့ တစ်မြို့လုံးမှာလေ သူတို့အိမ်တွေ နေရာတိုင်းမှာ ရှိတယ်။
★ အိမ်တိုင်းမှာ သူတို့က ကိုယ်ပိုင်စာကြည့်တိုက်ရှိတယ်။ ညနေသွားပြီးတော့ လမ်းလျှောက်တယ်ဆိုရင် အပြင်ကနေလမ်းကြည့်လိုက်ရင် သူတို့စာကြည့်တိုက် ဟိန်းနေတာ။ ဒါတစ်ယောက်တည်း ပိုင်တဲ့ စာကြည့်တိုက် အဲဒါတွေ ကြည့်ပြီး inspire ပြန်ဖြစ်လာတယ်။ အားတွေ ပြန်တက်လာတယ်။ ဒါ mild depression ပြောတာပေ့ါ။
★ ပြဿနာ အရမ်းကြီးကျယ်လို့ ဖြစ်တဲ့ depression မျိုးဆို ဘုန်းကြီးက မြတ်စွာဘုရားအကြောင်းပိုပြီးတော့ တွေးတယ်။
★ မြတ်စွာဘုရားက ဒုက္ကစရိယာ ပင်ပင်ပန်းပန်းကျင့်တဲ့ဟာကို ရပ်လိုက်တဲ့အခါကျတော့ သူ့မှာ သူငယ်ချင်း ၅-ယောက် တပည့် ၅-ယောက်ရှိတယ်။ သူတို့က သူ့ကိုလုံးဝ မယုံကြည့်တော့ဘူး။ You are not goint to make it. သူတို့မြင်တာ။မြတ်စွာဘုရားလိုချင်တဲ့ဟာ ဘယ်တော့မှ မရနိုင်တော့ဘူး သူ့ပေါ်မှာလုံးဝစိတ်ပျက်သွားတယ်။ We don't want to do anything with you. သူ့ကို စွန့်ခွာသွားတယ်။
★ အဲဒီအချိန်မှာ မြတ်စွာဘုရားက attitude မမှန်ဘူးဆိုရင်လေ သူလည်း give up လုပ်သွားမှာ ၊ မဲပေးမယ်ဆိုရင် ကိုယ်က အရှုံးဘက်က။ ၆-ယောက်ရှိတာ ၅-ယောက်က No ပေးပြီး ဒါ ကိုယ့်ဟာကိုယ်ပြန်ပြီး Yes ပေးရမှာ အရမ်းခက်တယ်။ မြတ်စွာဘုရားက ကိုယ့်ကိုယ်ကို Yes ပေးတာ။ သူတို့ အဲလိုလုပ်တာကို သူတို့ကိုပြန်ပြီးသနားတယ် သူရဲ့ ၅-ယောက် လုံးဝ ငါလိုအပ်နေတဲ့အချိန်မှာ ငါ့ကို ပစ်ထားတယ်ဆိုပြီးတော့ အဲလို နာကျင်တာမျိုး မရှိဘူး။
★ ငါနဲ့အတူကြိုးစားလာတယ် မဖြစ်လို့ သူတို့ စိတ်ညစ်တယ် အဲဒီစိတ်ညစ်တာကို စိတ်ပျက်တာကို မြတ်စွာဘုရား နားလည်ပေးတယ်။ အဲဒါကြောင့် သူတို့အပေါ်မှာ လုံးဝ မေတ္တာမပြတ်ဘူး။ မေတ္တာမပြတ်ယုံတင်မကဘူး လူတွေအပေါ်မှာ မြတ်စွာဘုရားက နေ့တိုင်းအဆိပ်သောက်နေတဲ့လူတွေ အဆိပ်စားနေတဲ့လူတွေ အဲလိုမြင်တဲ့အခါကျတော သူ့တို့ကိုသနားပြီးတော့ motivation တွေရှိတယ်။ ဒါကြောင့် motivation ရှိရင် လုပ်နိုင်တယ်။
★ စာတဲ့တွေကျက်တဲ့အခါ ဘယ်လိုစိတ်ထားမျိုးထားလဲဆိုတော့ ကလေးတွေအခု အောက်စဖို့ဒ်တက္ကသိုလ်ဝင်ဖို့ ကလေးတွေက ဘုန်းဘုန်းဆီလာကြတယ်၊ မိဘတွေက ခေါ်လာတာပေါ့နော်၊ အောက်စဖို့ဒ်တက္ကသိုလ် အင်တာဗျူးအောင်အောင်ဘယ်လိုလုပ်ရမှာတုန်း။
★ လျှောက်တဲ့အခါမှာ A* ကြည့် ရတဲ့ခလေး လေးယောက်လျှောက်ရင် တစ်ယောက်ပဲဝင်ခွင့်ရတာ ဒါ A* ကြည့်ထွက်တဲ့ကလေး။ ၂၅-ရာခိုင်နှုန်းပဲရတယ်၊ တချို့ subject တွေက ၁၆-ရာခိုင်နှုန်း ပဲရတယ်၊ subject rate က တချို့က ၂၅-ရာခိုင်နှုန်း မြင့်တာပေ့ါ Average ၂၅။ အဲ ၂၅ ထဲ ပါအောင် လာကြတယ်။
★ ဘုန်းဘုန်းကလည်း ဘာအာမခံပေးနိုင်မှာတုန်း ဟုတ်တယ်မို့လား။ အဲတော့ ကလေးတွေကိုပြောတယ် အောက်စဖို့ဒ်တက္ကသိုလ်ထက်ကြီးတဲ့ ရည်မှန်းချက်ထားပါ။ ဘုန်းဘုန်းက အောက်စဖို့ဒ်တက္ကသိုလ်ထက်ကြီးတဲ့ ရည်မှန်းချက်ထားတယ်။ အောက်စဖို့ဒ်တက္ကသိုလ်က နာလန္ဒတက္ကသိုလ်ထက် ဗုဒ္ဓဘာသာတက္ကသိုလ်ထက် နှစ်ပေါင်း-၇၀၀ နောက်ကျတယ်။
★ နာလန္ဒတက္ကသိုလ်က မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးတော့ နှစ်ပေါင်းတစ်ထောင်ကျော်ကြမှ ပေါ်လာတယ်။ ဒါကြောင့် ဘုန်းဘုန်းတို့ အခု ပဋိကတ်သုံးပုံးထဲမှာရှိနေတဲ့ လူသားအကျိုးပြုတရားတော်က အောက်စဖို့ဒ်တက္ကသိုလ်ထက် သူကကြီးကျယ်တယ်။
★ အဲဒီလို စိတ်ထားလိုက်တယ်။ အဲဒါနဲ့ ဘုန်းကြီးအောက်စဖို့ဒ်တက္ကသိုလ်ဝင်တဲ့အချိန်တုန်းကဆိုရင် ကျောင်းလခ ၆-လစာပဲရှိတယ်။ အောက်စဖို့ဒ်တက္ကသိုလ်ဝင်ရတယ်ဆိုပြီးတော့ အားတက်နေတဲ့ဒကာတွေကို ဘုန်းကြီးကပြောထားရတယ် ကျုပ် ၆-လနဲ့ပြန်ထွက်လာရင် စိတ်မပျက်နဲ့၊ ကျုပ်က အောက်စဖို့ဒ်တက္ကသိုလ်မပါဘဲ သာသနာပြုနိုင်တယ် သူတို့ကို ဒီလိုပြောထားတယ်။
★ ၆-လနဲ့ပြန်ထွက်လာရင် ကျုပ်က မသင်လိုက်ရတဲ့ ၂-နှစ်ခွဲစာ ကျုပ်က လုံးဝစိတ်ထဲမထားဘူး။ သင်လိုက်ရတဲ့ ၆-လစာ ခေါင်းထဲမှာ စွဲထားမယ်။ မရှိတဲ့ဟာ မကြည့်ဘူး ရှိတဲ့ဟာပဲ စိတ်ထဲမှာ စွဲထားမယ်။ အဲဒီလို စွဲထားရင် စိတ်ဓာတ်ကျပေမဲ့ အကြာကြီးမကျဘူး။ စိတ်ဓာတ်ကျတယ် ဘုန်းကြီးကလည်း တခါတရံ စိတ်ဓာတ်ကျတယ် ဒါ အမှန်ပြောပြတာ။ အလုပ်တွေများတဲ့အခါကျတော့ စိတ်ဓာတ်ကျချိန်က သိပ်မရှိတော့ဘူး။
★ လူ့လောကကြီးမှာ လူတွေကြည့်ပြီး အော် ဒုက္ခတွေများတယ် ဒုက္ခတွေများတယ်ဆိုပြီးတော့ ဒီလိုအတွေးတွေဝင်လာတယ်ဆိုရင် စိတ်ဓာတ်ကျဖို့အချိန်က သိပ်မရှိတော့ဘူး။ အဲလို မဟုတ်ဘူး သူများအကြောင်းမတွေးဘူး ကိုယ့်အကြောင်းပဲတွေးပြီးတော့ obsession ဖြစ်နေတဲ့ပုဂ္ဂိုလ် အဲဒါကမှ depression ဖြစ်လွယ်တာ။ စိတ်ဓာတ်ကျလွယ်တာ။
★ တချို့က မိသားစုလိုက် စိတ်ဓာတ်ကျတာရှိတယ်၊ တချို့လူတွေကျတော့ လူမျိုးအလိုက်စိတ်ဓာတ်ကျတာရှိတယ်။ ဆားဗီးယားနိုင်ငံရောက်သွားဆို သူတို့ကအရမး် ဒေါသထွက်လွယ်တယ် depress ဖြစ်နေတာပေါ့။ အဲဒါမျိုးတွေဖြစ်တယ်။ ဒါကတော့ သိပ္ပံမောင်ဝပြောသလို အောက်စဖို့ဒ်မှတ်တမ်း တစ်စေ့တစ်စောင်းပါပဲ။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ
"ဗုဒ္ဓညွှန်ပြ အဆိပ်အတောက်မဖြစ်အောင် အာဟာရသုံးစွဲနည်း Buddhist Way of Eating non toxic (2015-07-25 စင်္ကာပူ) တရားတော် အမေးအဖြေကဏ္ဍ" မှရေးသားပူဇော်ပါသည်။
|
https://www.dhammaransi.com/index.php/new/2465-2018-09-05-03-18-40.html
|
ဗုဒ္ဓတရားဒေသနာတော်ကို လေ့လာခြင်း။
|
ဤတရားတော်သည် မဇ္ဈိမနိကာယ်မှ ရဌပါလသုတ်၌ ပါရှိသော ဓမ္မုဒ္ဒေသ ၄ ပါးကို ရှင်း
လင်း ဟောကြားထားသည်။ ဗုဒ္ဓမြတ်စွာ၏ တရားဓမ္မသည် အစ၊ အလယ်၊ အဆုံး အမှန်အတိုင်း
ထုတ်ဖေါ်ဟောကြားအပ်သည့် (၁) “သွာက္ခာတ” ဂုဏ်နှင့် ပြည့်စုံပါသည်။
မှန်ကန်စွာ ဟောထားသည်ကို ဟောထားသည့်အတိုင်း လက်တွေ့ကျင့်သုံးခြင်းဖြင့် သိ
နိုင်သောကြောင့် (၂) “သန္ဒိဌိကော” ဟုဆို၏။
ကိုယ်တိုင် သိနိုင် မြင်နိုင်သည့်အတိုင်း သိမြင်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း အကျိုး
ခံစားရသဖြင့် (၃) “အကာလိကော” ဟုဆို၏။
တကယ်လုပ် အဟုတ်ဖြစ်ခြင်းကြောင့် လာလှည့် ရှုလှည့်ဟူ၍ အစီရင်ကို ခံထိုက်သော
ဖိတ်ခေါ်တိုက်တွန်းထိုက်သော တရားမျိုးဖြစ်သည့်အတွက် (၄) “ဧဟိပဿိကော” ဟုဆိုသည်။
တစ်ကြိမ်တစ်ခါသာ လုပ်ရမှာမဟုတ်ဘဲ စွဲမြဲစွာ နှလုံးသားထဲ သိမ်းထား ထည့်ထား
ဆောင်ထားရမည့် တရားမျိုး ဖြစ်သည့်အတွက် (၅) “သြပနေယျိကော” ဟုဆို၏။
စိတ်ထဲ၊ နှလုံးထဲ ရောက်နေပြီဆိုလျှင် ကိုယ်စီ ကိုယ်စီ ဓမ္မရသ၊ ၀ိမုတ္တိရသ ခံစားရမှာ
သေချာပေသည်။ သို့အတွက် (၆) ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ” ဟု ဆို၏။
မြတ်ဗုဒ္ဓ ဒေသနာတော်သည် မှန်ကန်၏။ တိကျ၏၊ လေးနက်၏။ မြတ်ဗုဒ္ဓ၏ တရားကို
ဟောရာ ရေးရာ၌ မိမိ၏အတွေး အယူအဆများက ဒေသနာတော်မူရင်းကို မညစ်ထေးစေရန်
အထူးသတိပြု၍ ဟောကြားသင့်ပါသည်။
တရားချစ်ခင် ဓမ္မမိတ်ဆွေ အပေါင်းတို့ကလည်း ဓမ္မအသိဉာဏ်ဖြင့် တရားကို ကိုယ်တိုင်
သိရှိပြီး ဓမ္မရသ၊ ၀ိမုတ္တိရသ ခံစားနိုင်ကြကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
{၂၀၀၇ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်အတွင်းရှိ မင်္ဂလာစျေးဓမ္မာရုံ၌ အဂ္ဂမဟာ
ပဏ္ဍိတ ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော ဘဝအသွင်ကို ဓမ္မအမြင်ဖြင့်
ရှုကြည့်ခြင်း တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
|
https://www.dhammaransi.com/index.php/new/2464-2018-09-05-03-16-50.html
|
အသိဉာဏ်သည် ဦးနှောက်ထဲတွင်ရှိ ပါသလား...?
|
အသိဉာဏ်သည် ဦးနှောက်ထဲတွင်မရှိဘဲ ဟဒယရုပ်ဝတ္ထုထဲ၌သာရှိသည် ဟူသောအချက်ကို ဆရာတော် ထင်ထင် ရှားရှား ပြတော်မူပါ ဘုရား။
(မေးမြန်းလျှောက်ထားသူ - ပါမောက္ခ ဂျေ၊ အမ်၊ ဖော့စတာ၊ အမ်အေ၊ အမ်အက်(စ်)စီ၊ ဘုံဘိုင်တက္ကသိုလ် မှ သိပ္ပံပညာ ပါမောက္ခ၊
ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ)
(ဆရာတော်က သူ၏ပုစ္ဆာအတွက် အဖြေကို ဖော်ထုတ်ရန် ပါမောက္ခ ဂျေ၊ အမ်၊ ဖော့စတာအား အောက်ပါမေးခွန်းကို ပြန်လှန်၍ မေးပါသည်။)
ဆရာတော်အရှင်အရိယဓမ္မ။ အသိဉာဏ်ဟာ ဦးနှောက်ထဲတွင်ရှိသည်ဟူ၍ ဒကာကြီး အဘယ်ကြောင့် ယူဆပါသလဲ။
ဖော့စတာ။ ယခုကမ္ဘာမှာ ထိပ်တန်းရောက်နေတဲ့ ဆေးသိပ္ပံအရ ဦးနှောက်ခွံကို ခွဲခြမ်းစိတ်ဖြာကြည့်တော့ အသိဉာဏ်ဟာ ဦးနှောက်ခွံမှာ ဆုံးတဲ့ အကြောတွေထဲမှာ ဖြစ်ပွားတယ်လို့ အခိုင်အလုံ တွေ့ရှိပါတယ် ဆရာတော်။ ဒီ ဦးနှောက်ထဲရှိတဲ့ အကြောတွေရဲ့အမျိုးအမည်ကို ခွဲကြည့်တော့ ဝေဒနာကြော၊ သညာကြော၊ ဆန္ဒကြော၊ သမာဓိကြော၊ ရောင်ပြန်ကြော၊ ပညာကြော၊ သောတကြော၊ ဂန္ဓကြော၊ ရသကြော၊ စက္ခုကြော၊ ပြန်လည်တွေးတောတတ်တဲ့ အကြော၊ စုံစမ်းတဲ့အကြော၊ ဆုံးဖြတ်တဲ့အကြော၊ ဖဿကြော၊ အတွေးကြော စတဲ့ အကြောတွေကိုတွေ့ရပါတယ်။
ဒါတင်မကသေးပါဘူး။ အခု နောက်ဆုံးပေါ် စူးစမ်းချက်အရ သေတဲ့လူတွေရဲ့ ဦးနှောက်ထဲမှာ မော်တော်ကားတွေ၊ မီး ရထားတွေ၊ အဆောက်အဦတွေ အစရှိတဲ့ အမျိုးမျိုးသော ရုပ်ဝတ္ထုတို့ရဲ့ ပုံသဏ္ဌာန်တွေဟာ ဓာတ်ပုံရိုက်ထားသလို ပေါ်နေတာကိုလည်း တွေ့ရပါတယ် ဆရာတော်။ ဒါကြောင့် ဦးနှောက်ဟာ အသိဉာဏ်နဲ့ဆိုင်ရာ လှုပ်ရှားမှုအားလုံး သို လှောင်ရာ အခန်း ဖြစ်တယ်လို့ ခေါ်နေကြပါပြီ ဆရာတော်။
ဆရာတော်။ မြင်ထားတဲ့၊ ကြားထားတဲ့၊ နံထားတဲ့၊ အရသာခံထားတဲ့၊ တွေးတောထားတဲ့ ရုပ်ဝတ္ထုတွေကို သိမြင် နားလည် နိုင်တဲ့သတ္တိ ဦးနှောက်မှာ ရှိသလား ဒကာကြီး။
ဖော့စတာ။ ဒီအာရုံတွေနဲ့ တွေ့ထိတဲ့တရားတွေ သိမြင်နားလည်နိုင်တဲ့သတ္တိ ဦးနှောက်မှာရှိပါတယ် ဆရာတော်။
ဆရာတော်။ ဓာတ်စက် ဓာတ်ပြားတွေက သီချင်းဆိုသံ၊ စကားပြောသံတွေကို သိုလှောင်ထားသလား။
ဖော့စတာ။ သိုလှောင်ထားပါတယ် ဆရာတော်။
ဆရာတော်။ ဒါဖြင့်ရင် ဓာတ်ပြားတချပ်ကိုယူပြီး ဘာသီချင်းကို သိုလှောင်ထားသလဲလို့ မေးရင် ဘာသီချင်းကို သိုလှောင်ထားတယ်လို့ အဲဒီ ဓာတ်ပြားက ပြန်ပြောမှာလား ဒကာကြီး။
ဖော့စတာ။ ဓာတ်ပြားဟာ ရုပ်ဝတ္ထုတခုမျှသာဖြစ်ပြီး သိမြင်နားလည်တတ်တဲ့သတ္တိမရှိတဲ့အတွက် ဘာသီချင်းကို သိုလှောင်ထားတယ်လို့ ပြောနိုင်တဲ့သတ္တိ မရှိပါဘူး ဆရာတော်။
ဆရာတော်။ ဦးနှောက် သို့မဟုတ် ဟဒယရုပ်ဝတ္ထု သို့မဟုတ် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ခန္ဓာ ဆိုတဲ့ တရားတွေဟာလည်း ရုပ်ဝတ္ထုတွေသာ ဖြစ်တော့ သိမြင်ခြင်း၊ နားလည်ခြင်းဆိုတဲ့သတ္တိ မရှိကြဘူး။ ဝိညာဏဓာတ် ဆိုတဲ့ တရားမှသာ သိမြင်နားလည်ခြင်းဆိုတဲ့သတ္တိ ရှိတယ်။ အဲဒီတော့ ဒီ ဝိညာဏဓာတ် ဖြစ်ပွားလာပုံကို သိသာ ထင်ရှားလာအောင် ဦးပ ဉ္ဇင်းမေးတဲ့ မေးခွန်းတွေကို ဒကာကြီး ဖြေစမ်းပါဦး။
ဖော့စတာ။ မှန်ပါ့ ဆရာတော်။
ဆရာတော်။ ဝိညာဏဓာတ်ဟာ တနေရာတည်းမှာ ဖြစ်နိုင်သလား၊ နှစ်နေရာမှာ ဖြစ်နိုင်သလား ဒကာကြီး။
ဖော့စတာ။ ဝိညာဏဓာတ်ဟာ တနေရာတည်းမှာသာ ဖြစ်နိုင်ပါတယ် ဆရာတော်။
ဆရာတော်။ အကြင်သူတဦးတယောက်ဟာ ထိတ်လန့်တုန်လှုပ်သွားတဲ့အခါ ဦးနှောက်ထဲမှာ ဒီ ထိတ်လန့် တုန်လှုပ်မှု ဖြစ်သလား။ ဒါမှမဟုတ်ရင် ဟဒယရုပ်ဝတ္ထုထဲမှာ ဖြစ်သလား။ တကယ်လို့ ချစ်ခင်ခြင်း၊ ကြင်နာခြင်း ဆိုတဲ့ တရားဟာ ရုတ်တရက်ဖြစ်ပေါ်လာမယ် ဆိုရင်ကော ဦးနှောက်ထဲမှာ ဖြစ်ပေါ်လာသလား၊ ဟဒယရုပ်ဝတ္ထုထဲမှာ ဖြစ်ပေါ် လာသလား။
ဖော့စတာ။ အမှန်အားဖြင့် ဟဒယရုပ်ဝတ္ထုထဲမှာပဲ ဖြစ်ပေါ်လာပါတယ် ဆရာတော်။
ဆရာတော်။ တကယ်လို့ ဝမ်းမြောက်ရွှင်မြူးမှု ဖြစ်လာပြန်တော့ကော ဘယ်နေရာမှာ ဖြစ်ပေါ်လာသလဲ ဒကာကြီး။
ဖော့စတာ။ ဟဒယရုပ်ဝတ္ထုထဲမှာ ဖြစ်ပေါ်လာတယ်လို့ ထင်ပါတယ် ဆရာတော်။
ဆရာတော်။ တခါ ဒေါသအမျက် ထွက်လာပြန်တော့ကော ဘယ်နေရာမှာ ဖြစ်တယ်လို့ ထင်သလဲ ဒကာကြီး။
ဖော့စတာ။ ဟဒယရုပ်ဝတ္ထုထဲမှာပဲ ဖြစ်ပွားတယ်လို့ ထင်ပါတယ် ဆရာတော်။
ဆရာတော်။ တကယ်လို့ အကြင်သူ တဦးတယောက်ဟာ အခြားသူတဦးတယောက်ကို ချစ်ခင်ကြင်နာမိတဲ့ အခါ မှာ ငါဟာ မင်းကို ဦးနှောက်ထဲက ချစ်တယ် လို့ ပြောသလား၊ အသည်းနှလုံးထဲက ချစ်တယ် လို့ ပြောသလား။
ဖော့စတာ။ အသည်းနှလုံးထဲက ချစ်ခင်တယ်လို့ ပြောပါတယ် ဆရာတော်။
ဆရာတော်။ တကယ်လို့ မုန်းပြန်တော့ကော ဦးနှောက်ထဲက မုန်းတယ်လို့ ပြောသလား၊ အသည်းနှလုံးထဲက မုန်းတယ် လို့ ပြောသလား။
ဖော့စတာ။ အသည်းနှလုံးထဲက မုန်းတယ်လို့ပဲ ပြောပါတယ် ဆရာတော်။
ဆရာတော်။ ကဲ အခု ဒကာကြီး ပြောသလို ချစ်ခြင်း၊ မုန်းခြင်း၊ ဝမ်းမြောက်ခြင်း၊ ဒေါသဖြစ်ခြင်းစတဲ့ တရားတွေ ဟာ အသည်းနှလုံးထဲမှာ ဖြစ်ပွားတယ်လို့ဆိုရင် ဒီတရားတွေဟာ ဦးနှောက်ထဲမှာ ဖြစ်တယ်လို့ ဆိုနိုင်ပါဦးမလား ဒကာကြီး။
ဖော့စတာ။ ဆရာတော် အခုလို ရှင်းလင်းဝေဖန်ပြလိုက်တဲ့အတွက် ဒီ ဝိညာဏ်တရားဟာ ဦးနှောက်ထဲမှာ စတင်ဖြစ်ပေါ်တာမဟုတ်ဘဲ အသည်းနှလုံးထဲမှာသာ စတင်ဖြစ်ပွားတယ်လို့ တပည့်တော် သိမြင်သဘောပေါက် ပါပြီ ဆရာတော်။
ဆရာတော်။ ဒကာကြီးဟာ ဘယ်တရားမှာမဆို အရင်းခံအကြောင်းတရားနှစ်ပါးရှိတယ် ဆိုတဲ့ ဒွိတ္တဝါဒအဘိဓမ္မာ ကို လက်ခံရဲ့လား။
ဖော့စတာ။ သိပ္ပံပညာသည်တဦးအနေနှင့် လောကအတွင်း ရှိရှိသမျှသော သဘောတရားတို့တွင် အရင်းခံ အကြောင်းတရားနှစ်ပါးရှိတယ်ဆိုတဲ့ ဒွိတ္တဝါဒကို တပည့်တော် ကောင်းကောင်းကြီးလက်ခံပါတယ် ဆရာတော်။
ဆရာတော်။ ဓာတ်ဖိုနဲ့ဓာတ်မ၊ တနည်းအားဖြင့် ရုပ်တရားနဲ့နာမ်တရားမရှိဘဲနဲ့ ဘာတရားမျှ မဖြစ်ပွားနိုင်ဘူး ဆိုတာကိုကော သဘောတူရဲ့လား။
ဖော့စတာ။ ဒီသဘောတရားကိုလည်း တပည့်တော် သဘောတူပါတယ် ဆရာတော်။
ဆရာတော်။ ကဲ ဒီအချက်ကို သဘောကျလက်ခံနိုင်လို့ရှိရင် ဒကာကြီးတို့ရဲ့ဆေးပညာက ဒီဝိညာဏဓာတ်၊ တနည်းအားဖြင့်အသိဉာဏ်ပညာနဲ့ဆိုင်ရာ ရုပ်တရား၊ နာမ်တရားတို့ရဲ့သဘောကို လေ့လာစူးစမ်းပြီး အထင်အရှား ရှင်းလင်း ဖော်ထုတ်နိုင်ပြီလား။
ဖော့စတာ။ တိတိကျကျ အထင်အရှား မရှင်းလင်း မဖော်ထုတ်နိုင်သေးပါဘူး ဆရာတော်။
ဆရာတော်။ ဒါဖြင့် ဒကာကြီးတို့ဆေးပညာက နာမ်တရားနဲ့ပတ်သက်လို့ တကယ်တမ်း ထိထိရောက်ရောက် မလေ့လာ မစူးစမ်းရသေးဘူးပေါ့။
ဖော့စတာ။ တကယ်တမ်း ပြည့်ပြည့်စုံစုံ မလေ့လာမစူးစမ်းရသေးဘူးလို့ဘဲ ဆိုရမှာပါ ဆရာတော်။
ဆရာတော်။ ဒါဖြင့် ဒကာကြီးတို့ရဲ့ ဆေးပညာက အသိဉာဏ်ပညာဟာ ဦးနှောက်ထဲမှာ စတင်ဖြစ်ပွားတယ်ဆိုတာ ဟာ မှန်းဆချက်လောက်ပဲ ရှိသေးတာပေါ့။ တိတိကျကျ ဧကန်ဧက တထစ်ချ မပြောနိုင်သေးဘူးပေါ့။
ဖော့စတာ။ ဒီသဘောပဲ ဆိုက်နေတော့တာပေါ့ ဆရာတော်။
ဆရာတော်။ သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိတော်မူပြီး ရှိရှိသမျှသော တရားစုတို့ကိုလည်း ယထာဘူတကျကျ သိမြင်ထားတော်မူတဲ့ ဗုဒ္ဓကိုယ်တော်မြတ်ဟာ ရုပ်တရား၊ နာမ်တရားတို့ကို ဖြစ်စဉ်၊ ပျက်စဉ် ဒီတရားနှစ်ပါးတို့ရဲ့ တပါးနဲ့ တပါး ဆက်စပ်နေပုံ၊ အမှီသဟဲပြုနေပုံ စသည်တို့ကို အကြွင်းမဲ့ ဟောတော်မူထားခဲ့တယ်။ အဲဒီလို ဟောတော်မူခဲ့တဲ့ တရားတော်တွေထဲမှာ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ခန္ဓာ ဆိုတဲ့တရားတွေနဲ့ ဒီတရားတွေနဲ့တွေ့ထိရိုက်ခတ်တဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ နဲ့ ရုပ်ဝတ္ထုဆိုတဲ့ တရားတွေဟာ ရုပ်တရားဖြစ်ပြီး ဒီတရားတွေ အချင်းချင်း တွေ့ထိ ရိုက်ခတ်လို့ ပေါ်ပေါက်လာတဲ့ အသိဉာဏ်ဆိုတဲ့နာမ်တရားတွေဟာ ဟဒယအိမ်မှာ ဖြစ်ပေါ်လာတယ်လို့ အတိအလင်း ပါရှိတယ်။ ဒီ အသိတရားဟာ ဟဒယနှလုံးအိမ်မှာ ဖြစ်ပေါ်လိုက်၊ ချုပ်ငြိမ်းလိုက်နဲ့ အဆက်မပြတ် ရေအလျဉ် စီးသလို ဖြစ်နေတဲ့ တရားပဲ။ ဝိပဿနာဉာဏ်နဲ့ ကျကျနနရှုနိုင်မှ ဒီသဘာဝကို မြင်နိုင်တယ်။
ယခင် ဒကာကြီးရဲ့မေးခွန်းကို ဦးပ ဉ္ဇင်း ဖြေဆိုခဲ့စဉ်က အသိပညာဆိုတာ လူရဲ့ခန္ဓာကိုယ်အတွင်း ဘယ်အစိတ် အပိုင်းထဲမှာမှ သိုလှောင်ထားတာမရှိဘူး။ မီးတောက်ဟာ မီးခြစ်ဆံထဲမှာရော မီးခြစ်ဘူးပေါ်မှာ ကပ်ထားတဲ့ ယမ်းပြား ထဲမှာပါ မရှိသလိုဘဲ အသိဉာဏ်ဆိုတာကလည်း မီးခြစ်ဆံနဲ့ယမ်းပြားကို ခြစ်လိုက်မှ မီးတောက်ပေါ်လာသလို အထက် က ပြောခဲ့တဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ ဆိုတဲ့ တရားတွေနဲ့ အပြင်အပမှ ရုပ်ဝတ္ထုတို့ရဲ့ ရိုက်ခတ်မှုမှ ဟဒယဝတ္ထု ဆိုတဲ့ နှလုံးအိမ်မှာ ဖြစ်ပေါ်လာရတဲ့ တရားဖြစ်တယ် ဒကာကြီး။
အဲဒီတော့ အသိဉာဏ်ပညာဟာ ဦးနှောက်ထဲမှာ ဖြစ်ပွားလာရတဲ့ တရားမဟုတ်ဘဲ ဟဒယရုပ်ဝတ္ထုဆိုတဲ့ နှလုံးအိမ်ထဲ မှာသာ ဖြစ်ပွားလာရတယ် ဆိုတဲ့အချက်ကို ဒကာကြီး သဘောပေါက် လက်ခံနိုင်ပြီလား။
ဖော့စတာ။ ဆရာတော် ယခု ရှင်းလင်းပြောပြတော်မူလိုက်တဲ့အတွက် အသိဉာဏ်ပညာဟာ ဦးနှောက်ထဲမှာ စတင်ဖြစ်ပေါ်လာရတယ်ဆိုတဲ့ မှန်းဆချက်ကို တပည့်တော် ပယ်နိုင်ပြီး အသိဉာဏ်ပညာဟာ ဆရာတော်အမိန့်ရှိတော် မူတဲ့အတိုင်း ဟဒယဝတ္ထုထဲမှာ ဖြစ်ပွားရတယ်ဆိုတဲ့အချက်ကို သဘောပေါက်ပါပြီ။ ဒီပြဿနာနဲ့ပတ်သက်လို့ တပည့်တော်တို့အား ယခုလို ရှင်းလင်းဟောပြတော်မူတဲ့အတွက် ပရိဿတ်ရဲ့ကိုယ်စား ကျေးဇူးတင်လှပါတယ် ဆရာတော်။
ဤတွင် ပရိဿတ်က သာဓုအနုမောဒနာ ခေါ်ကြလေသည်။
Click Here To Get The PDF File - "ဗုဒ္ဓဝါဒပြဿနာများ - စာအုပ်"
ဥတ္တရအလင်း
|
https://www.dhammaransi.com/index.php/new/2461-2018-09-04-03-54-44.html
|
ဓာတ်ကြီးလေးပါးရှုနည်း (သားတော်ရာဟုလာ)
|
ချစ်သား ရာဟုလာ.....
အတွင်းသန္တာန်၌ဖြစ်သော ပထဝီဓာတ်ကို၄င်း။
အပသန္တာန်၌ဖြစ်သော ပထဝီဓာတ်ကို၄င်း။
"ငါ့ဟာမဟုတ်၊ငါမဟုတ်၊ငါ၏အတ္တမဟုတ်"ဟူ၍
ဟုတ်တိုင်းမှန်စွာ ပညာဖြင့်ရှုရမည်။
ဤသို့ကောင်းမွန်စွာရှုမြင်သည် ရှိသော်
ပထဝီဓာတ်၌ ငြီးငွေ့၏။ ပထဝီ ဓာတ်၌ စိတ်ကို
ကင်းကွာစေ၏။ ထို့အတူ အတွင်းသန္တာန်း၌ဖြစ်
သော အပသန္တာန်၌လည်းဖြစ်သော အာပေါဓာတ်
ကို၄င်း၊ တေဇောဓာတ်ကို၄င်း၊ဝါယောဓာတ်ကို၄င်း၊
"ငါ့ဟာမဟုတ်၊ ငါမဟုတ်၊ ငါ၏အတ္တမဟုတ်"ဟူ၍
ဟုတ်တိုင်းမှန်စွာ ပညာဖြင့် ကောင်းစွာရှုရမည်။
ဤသို့ ဓာတ်လေးပါးကို ပညာဖြင့် ဟုတ်တိုင်းမှန်စွာ
ကောင်းစွာရှုသည်ရှိသော် ထိုဓာတ်လေးပါးတို့၌
ငြီးငွေ့၏။ ထိုဓာတ်လေးပါးတို့အပေါ်၌ စိတ်ကိုကင်း
ကွာစေ၏။ ချစ်သားရာဟုလာ.....ဤဓာတ်လေးပါး
တို့၌ "အတ္တဟူ၍မရှု၊အတ္တနှင့်စပ်သောအရာဟူ၍
မရှုသောအခါ"တဏှာကို ဖြတ်ပြီး၍၊ထောင်လွှားခြင်း
မာနကို ကောင်းစွာပယ်ခြင်းကြောင့် ဝဋ်ဆင်းရဲအဆုံး
ကိုပြုပြီးသူဟူ၍ ဆိုအပ်သည် အသင်ချစ်သား။ ။
(စတုက္ကနိပါတ)
မေတ္တာဖြင့်....
ယထာဘူတခေမိန္ဒ
|
https://www.dhammaransi.com/index.php/new/2460-2018-09-04-00-34-40.html
|
လွတ်လပ်တဲ့သူဟာ မကြွားတော့ဘူး
|
မျက်မှန်ကို ဒီနေ့မှ စတပ်တဲ့သူဟာ သူ့နှာခေါင်းပေါ်မှာ
မျက်မှန်ရှိနေတာကို အချိန်ပြည့် သတိထားမိနေတယ်။
နေရတာ မလွတ်လပ်ဘူး။ ခဏခဏ မျက်မှန်ကို ချွတ်ကြည့်တယ်။
တပ်ကြည့်တယ်။ မျက်မှန်ကို မကြာမကြာ အဝတ်နဲ့သုတ်တယ်။
ဒါပေမယ့် မျက်မှန်တပ်တာ ကြာသွားတဲ့အခါ
မျက်မှန်တပ်ထားမှန်း မသိတော့ဘူး။
မျက်မှန်ဟာ ကိုယ့်မျက်နှာရဲ့အစိတ်အပိုင်း
တစ်ခုလို ဖြစ်သွားပြီ။ မျက်မှန်တပ်ထားတယ်
ဆိုတာကို မေ့ထားလို့ရသွားပြီ။
စိတ်ကောင်းရှိတဲ့သူ စေတနာကောင်းတဲ့သူဟာ သူ့ကိုယ့်သူ
"ငါ စိတ်ကောင်းရှိတယ် ငါ စေတနာ ကောင်းတယ်"လို့ မတွေးတော့ဘူး။
အဲဒီလို တွေးနေသေးတယ်ဆိုရင်
စိတ်ကောင်း တကယ်မရှိသေးဘူး။
စိတ်ကောင်းရှိဖို့ ကြိုးစားနေတဲ့ အဆင့်မှာပဲ ရှိသေးတယ်။
လုပ်ယူနေရတဲ့အဆင့်မှာပဲ ရှိသေးတယ်။
စိတ်ကောင်းရှိတာဟာ
သူ့ပင်ကိုယ်သဘာဝ မဖြစ်သေးဘူး။
တကယ် စိတ်ကောင်းရှိတဲ့သူ ဖြစ်သွားတဲ့အခါ
သူစိတ်ကောင်းရှိတာကို သူမေ့ထားလိုက်ပြီ။ မတွေးတော့ဘူး။
အဲဒီအခါမှာမှ သူဟာ တကယ် စိတ်ကောင်းရှိတဲ့သူ ဖြစ်သွားပြီ။
ခွင့်လွှတ်တတ်တဲ့သူဟာ ခွင့်လွှတ်ပြီးသား ဖြစ်နေတယ်။
"ငါ ခွင့်လွှတ်လိုက်တယ်"လို့ မတွေးဘူး။
"ငါ ခွင့်လွှတ်တယ် ငါခွင့်လွှတ်တယ်"လို့ ခဏခဏ တွေးနေရင်
ဘယ်လို အဓိပ္ပာယ် ပေါက်သလဲ။
ခွင့်မလွှတ်နိုင်သေးဘူးလို့ အဓိပ္ပာယ်ပေါက်တယ်။
ခွင့်လွှတ်ဖို့ ကြိုးစားနေတယ်။
ခွင့်လွှတ်လိုက်မယ်လို့တောင် မတွေးတော့တဲ့ အချိန်မှာ
တကယ်ခွင့်လွှတ်နိုင်ပြီ။
ရောင့်ရဲတဲ့သူဟာ ရောင့်ရဲတယ်။ ဒါပေမယ့်
"ငါက ရတာနဲ့ရောင့်ရဲတယ်"လို့ မတွေးဘူး။
ကိုယ် ရောင့်ရဲကြောင်းကို
သူများကို မပြောတော့ဘူး။
ငါက ရောင့်ရဲတယ်လို့ မကြာခဏပြောနေရင်
တကယ်ရောင့်ရဲတာ မဟုတ်သေးဘူး။
ရောင့်ရဲတယ်ဆိုတဲ့ ဂုဏ်ကို လိုချင်နေသေးတယ်
ကိုယ့်ကို ရောင့်ရဲတဲ့သူလို့ အများမြင်အောင် သိအောင် လုပ်နေတယ်။
အဲဒီလိုဂုဏ်ကို လိုချင်နေသေးတာကိုက မရောင့်ရဲသေးလို့ပဲ။
အဲဒီလိုပဲ ဥပုသ်စောင့်တယ်။ တရားအားထုတ်တယ်။
အဲဒါကို လူတွေသိအောင် ပြောနေတယ်ဆိုရင် မလုပ်ခင်ကတည်းက
လူသိစေချင်တဲ့ဆန္ဒ ရှိနေတယ်။
အဲဒီလို ဆန္ဒရှိနေရင် စေတနာမမှန်သေးဘူး။
အတ္တစိတ်က လွှမ်းမိုးထားတုန်းပဲ။
အတ္တစိတ်က လုပ်နေတယ်။
ငါက သူများထက် ပိုလုပ်နိုင်တယ်ဆိုတဲ့ မာနစိတ်က လွှမ်းမိုးနေသေးတယ်။
အတ္တစိတ်, မာနစိတ်တို့ မရှိတော့ရင် လုပ်ချင်တဲ့ဆန္ဒရှိလို့ လုပ်လိုက်တယ်။
အဲဒီအကြောင်းကို မပြောတော့ဘူး။
မေးရင်တောင် လိုတာထက် ပိုမပြောဘူး။ တိုတိုနဲ့လိုရင်းပဲ ပြောမယ်။
စားနိုင်တာ ဂုဏ်တစ်ခု မဟုတ်သလို မစားဘဲနေနိုင်တာလည်း
ဂုဏ်တစ်ခု မဟုတ်ပါဘူး။
တချို့က စားနိုင်တာကို ကြွားတယ်။
တချို့က မစားဘဲနေနိုင်တာကို ကြွားတယ်။
နှစ်ဦးစလုံးဟာ မလွတ်လပ်တဲ့သူတွေပဲ။
အပျော်အပါးတွေကို များများခံစားတဲ့သူက
သူ ခံစားနိုင်တာကို ကြွားတယ်။
အပျော်အပါးတွေကို မခံစားတဲ့သူက
သူ မခံစားတတ်တဲ့အကြောင်းကို ကြွားတယ်။
နှစ်ဦးစလုံးရဲ့စိတ်ဟာ သဘာဝချင်းတူတူပဲ။
ကြွားတာဟာ မလွတ်လပ်တာပဲ။
ကောင်းတာကိုလုပ်တဲ့အခါမှာ လူသိစေချင် တဲ့စိတ် အားကြီးနေရင်
လွတ်လပ်တဲ့စိတ်နဲ့ လုပ်တာ မဟုတ်ဘူး။
တကယ်ကောင်းတဲ့သူဟာ "ငါ ကောင်းတယ်" လို့တောင် မတွေးတော့ဘူး။
တရားဟာ ကိုယ့်ဘဝနဲ့ထပ်တူဖြစ်နေရင် လုပ်နေပေမယ့်
လုပ်နေတယ်လို့ မတွေး တော့ဘူး။
ကိုယ့်ရဲ့ပင်ကိုယ်သဘာဝ ဖြစ်သွားပြီ။ အသက်ရှူနေသလို ဖြစ်သွားပြီ။
နှလုံးခုန်နေသလို ဖြစ်သွားပြီ။
တမင်တကာ လုပ်ယူနေရရင် သိနေတယ်။ ပင်ကိုယ်ဖြစ်သွားရင် မသိတော့ဘူး။
လုပ်နေရတယ်လို့ မထင်တော့ဘူး။
စာနည်းနည်းတတ်တဲ့သူဟာ သူ့ကိုလူတွေက စာတော်တော်,
တတ်တယ်လို့ ထင်စေချင်တယ်။
ဒါကြောင့် အကိုးအကားတွေများများနဲ့ ပြောချင်တယ်။ ရေးချင်တယ်။
စာပေကို တကယ်ချစ်လို့ လေ့လာတဲ့သူဟာ နှစ်တွေကြာလေလေ
သူသိတာဟာ နည်းနည်း လေး မသိတာက အများကြီးဆိုတာကို
သိလာ လို့ သူတတ်ကြောင်းကို မပြချင်တော့ဘူး။
သူ့ကို လူတွေအထင်မကြီးမှာကို
မကြောက်တော့ဘူး။
သူဟာ အထင်ကြီးတာ အထင်သေးတာ
နှစ်မျိုးလုံးကို လွန်မြောက်သွားပြီ။
သူဟာ သူစာတတ်တာကို မေ့ထားလို့ရသွားပြီ။
ဒါကြောင့် စကားပြောတဲ့အခါ မလိုအပ်ဘဲနဲ့
အကိုးအကားတွေကို မထည့်တော့ဘူး။
ရိုးရိုးပဲပြောတယ်။ မေးလာမှဖြေတယ်။
မမေးဘဲ မဖြေဘူး။ သူ့စိတ်ကို စာက
လွှမ်းမိုးမှု မရှိတော့ဘူး။
ငွေများများ မရဖူးတဲ့သူဟာ ပထမအကြိမ် ငွေများများရလိုက်ရင်
အဲဒီငွေထုပ်ကို ဘယ်နေရာမှာထားရမှန်း မသိတော့ဘူး။
မကြာခဏ အဲဒီငွေထုပ်ကို ကိုင်ကြည့်နေ တတ်တယ်။
အဲဒီငွေထုပ်ကို စိတ်မချလို့ အိပ်တာတောင် စိတ်မဖြောင့်နိုင်ဘူး။
တစ်ရေးနိုးတောင် သတိရနေတယ်။
ဒါပေမယ့် ငွေကိုများများရှာနိုင်လာတဲ့အခါ
ငွေကို မေ့ထားလိုက်တော့တယ်။
ငွေရဖို့ အဓိကမထားတော့ဘဲ ကိုယ်တန်ဖိုး ထားတာကို
လုပ်ဖြစ်ဖို့ အဓိကထားပြီး အလုပ်လုပ်တယ်။
ငွေနဲ့ကြွားတဲ့သူ အိမ်နဲ့ကြွားတဲ့သူ ကားနဲ့ကြွားတဲ့သူ ပစ္စည်းနဲ့ကြွားတဲ့သူ
စိန်တွေ ရွှေတွေနဲ့ကြွားတဲ့သူဟာ
တကယ်လူချမ်းသာ မဟုတ်သေးဘူး။
တကယ်ချမ်းသာတဲ့သူဟာ
သူချမ်းသာတာကို မေ့ထားလို့ရသွားပြီ။
ပြည့်စုံနေတဲ့စိတ်ရှိတဲ့သူဟာ သူပိုင်ဆိုင်တာတွေကို မေ့ထားလိုက်ပြီ။
ထမင်းဝနေတဲ့သူဟာ ထမင်းစားဖို့
အကြောင်းကို မတွေးတော့ဘူး။
ထမင်းစားပြီးပေမယ့် ထမင်းအကြောင်းကိုပဲ တွေးနေသေးတယ်ဆိုရင်
ဘယ်လိုယူဆမလဲ။ သူ့စိတ်က ဆာနေသေးတယ်။
ဒါကြောင့် ငွေဘယ်လောက်ရှိရှိ ငွေအကြောင်း ကိုပဲ တွေးနေရင်
သူ့စိတ်ထဲက မွဲနေသေးလို့။ သူဟာ မလွတ်လပ်သေးဘူး။
ငွေရဲ့ကျွန် ဖြစ်နေသေးတယ်။
တကယ် ရာထူးကြီးကြီးနဲ့တန်တဲ့သူဟာ
ရာထူးအကြောင်းကို မတွေးတော့ဘူး။
သူနဲ့ မတန်တဲ့ရာထူးကို ရထားတဲ့သူဟာ
သူ့ရာထူးအကြောင်းကို သူမေ့လို့မရဘူး။
ဘယ်သူနဲ့တွေ့တွေ့ သူ့ရာထူးကို တလေးတစား အကြိမ်ကြိမ်ခေါ်ပြီး
သူ့ကိုစကားပြောနေမှ သူကျေနပ်တယ်။
သူ့ရာထူးကိုမခေါ်ဘဲ သူ့နာမည်ကို
ခေါ်တဲ့သူကို သူ,ရန်ငြိုးထားတော့မယ်။
သူ့စိတ်က သူ့ရာထူးထက် မြင့်သွားတဲ့အခါမှာ တော့
သူ,ရာထူးကိုမေ့သွားပြီ။
တာဝန်ကျေအောင်တော့ လုပ်မယ်။
ဒါပေမယ့် အဲဒီရာထူးကို အဓိက မထားတော့ဘူး။
အဲဒီလိုလူမှ ရာထူးနဲ့တန်တဲ့သူ ဖြစ်သွားပြီ။
သူ့အလုပ်ကိုသူ လွတ်လပ်တဲ့စိတ်နဲ့ လုပ်နိုင်ပြီ။
ဒါပေမယ့် အဲဒီလိုလူက သိပ်ရှားပါတယ်။
ရာထူးကြီးတဲ့သူတွေနဲ့ သိကြောင်း ရင်းနှီးကြောင်း ပြောနေတဲ့သူဟာ
ရာထူးကို သိပ်အထင်ကြီးနေတဲ့သူ ဖြစ်တယ်။
သူ့ကိုယ်ကိုသူ နည်းနည်း အထင်သေးတဲ့စိတ် ရှိတယ်။
ဒါကြောင့် သူ့ရဲ့ဆက်ဆံရေးတွေဟာ လွတ်လပ်တဲ့စိတ်နဲ့
ဆက်ဆံတဲ့ ဆက်ဆံရေး မဟုတ်ဘူး။
ကိုယ့်အဆင့်အတန်းဆိုတာကို မေ့ထားလို့ ရတဲ့သူ,
သူ့အဆင့်အတန်းဆိုတာကိုလည်း မေ့ထားလို့ရတဲ့သူမှသာ
လွတ်လပ်တဲ့စိတ်နဲ့ ဆက်ဆံနိုင်မယ်။
မရှိတာကိုလည်း မေ့ထားနိုင်မှ ရှိတာကိုလည်း မေ့ထားနိုင်မှ
လွတ်လပ်တဲ့စိတ်နဲ့ လုပ်သင့်တာကို ဆက်လုပ်နိုင်မယ်။
လွတ်လပ်တဲ့သူဟာ သူလုပ်နိုင်တာကို အကောင်းဆုံးဖြစ်အောင် လုပ်တယ်။
ဒါပေမယ့် အဲဒီကိစ္စနဲ့ပတ်သက်ပြီး
လူသိအောင် မကြွားဘူး။
လွတ်လပ်တဲ့သူ ရှားလိုက်တာ… နော်။
.… … …
ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)
"လွတ်လပ်သောစိတ်" စာအုပ်မှ
မေတ္တာဖြင့်မျှဝေပူဇော်သည်။
|
https://www.dhammaransi.com/index.php/new/2459-2018-09-04-00-31-42.html
|
ဗုဒ္ဓဘာသာ အခြေခံ ၊ အတိုချုပ်
|
.
သင့်ရဲ့ကလေးငယ်ကပဲမေးမေး ၊
ဘာသာခြားကပဲမေးမေး ၊
ဘယ်သူမေးမေး ဗုဒ္ဓဘာသာ အခြေခံ ၊
အတိုချုပ်လောက်တော့ သင်ဖြေနိုင်ရမယ်။
အဲဒီလိုဖြေနိုင်အောင်
ဖော်ပြပေးလိုက်ပါတယ်။
════════════════════════════
ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော သိမှတ်ဖွယ်ရာများ
═════════════════════════════
.
.
═════════════════════
ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ
═════════════════════
၁။ ကကုသန်မြတ်စွာဘုရား
၂။ ကောဏဂုံမြတ်စွာဘုရား
၃။ ကဿပမြတ်စွာဘုရား
၄။ ဂေါတမမြတ်စွာဘုရား
၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်)
.
═════════════
သာသနာတော်သုံးရပ်
═════════════
၁။ ပရိယတ္တိ သာသနာ = ပိဋကပ်စာပေသင်ကြားခြင်း
၂။ ပဋိပတ္တိ သာသနာ = တရားတော်နှင့်အညီကျင့်ခြင်း
၃။ ပဋိဝေဒ သာသနာ = ထိုးထွင်းသိမြင်ခြင်း
.
══════════
ရတနာသုံးပါး
══════════
၁။ ဘုရား
၂။ တရား
၃။ သံဃာ
.
════════════════════════════════════
ဂေါတမဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ သိသင့်သောအချက်များ
════════════════════════════════════
မြတ်စွာဘုရား၏ ဖခမည်းတော်အမည် = သုဒေါ္ဓဓန
မြတ်စွာဘုရား၏ မယ်တော်အမည် = မယ်တော်မာယာ
မြတ်စွာဘုရား၏ မွေးဖွားရာဇာတိ = ကပ္ပိလဝတ်
မြတ်စွာဘုရား၏ ငယ်နာမည် = သိဒ္ဓတ္ထမင်းသား
မြတ်စွာဘုရား၏ ကြင်ယာတော် = ယသော်ဓရာ
မြတ်စွာဘုရား၏ သားတော် = ရာဟုလာ
မြတ်စွာဘုရား၏ ဖွားဖက်တော်ခုနှစ်ယောက်= မောင်စံ၊ ခန္ဓိကမြင်း၊ ကာဠုဒါရီအမတ်၊
ရွှေအိုးကြီးလေးလုံး၊ ညီတော်အာနန္ဒာ၊ ယသော်ဓရာ၊ ဗောဓိညောင်ပင်
.
══════════
သံဝေဇနိယ လေးဌာန
══════════
၁။ မြတ်စွာဘုရားဖွားမြင်သည့်အရပ် = လုံမ္ဗနီဥယာဉ်
၂။ ဘုရားအဖြစ်ရောက်တော်မူသောနေရာ = ဗုဒ္ဓဂါယာ
၃။ ဓမ္မစကြာတရားဦးဟောတော်မူသောနေရာ = မိဂဒါဝုန်တော
၄။ ပရိနိဗ္ဗာန်ပြုသောနေရာ = ကုသိနာရုံ
.
══════════
သတ္တဌာန ခုနှစ်ပါး
══════════
၁။ အောင်မြင်တော်မူသော ဗောဓိညောင်ပင်၏ အရှေ့မြောက်တစ်လံကွာ ရွှေပလ္လင်ဌာန
၂။ ဗောဓိပင်၏ မြောက်ဘက် ၁၀ လံကွာဌာန အနိမိသအရပ်
၃။ ဗောဓိပင်နှင့် အနိမိသအကြားနှစ်လံကွာဌာန ရတနာစင်္ကြ ံ
၄။ ဗောဓိပင်၏ အနောက်မြောက် ၁၅ လံကွာ ရတနာဃရရွှေအိမ်
၅။ ဗောဓိပင်၏ အရှေ့ ၃၂ လံကွာ အဇပါလ ဆိတ်ကျောင်းညောင်ပင်
၆။ ဗောဓိပင်၏ အရှေ့တောင် ၁၅ လံကွာ မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန
၇။ ဗောဓိပင်၏ တောင်ဘက် ၁၁ လံကွာ လင်းလွန်းပင်အရပ်
.
══════════
ဘုရားဂုဏ်တော်ကိုးပါး
══════════
၁။ အရဟံ = ပူဇော်အထူးခံယူတော်မူထိုက်သောဂုဏ်။
၂။ သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားအပေါင်းကိုသိမြင်တော်မူသောဂုဏ်။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော = ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅ပါး တို့နှင့်
ပြည့်စုံတော်မူသောဂုဏ်။
၄။ သုဂတော = ကောင်းသောစကားကိုသာဆိုတော်မူသောဂုဏ်။
၅။ လောကဝီဒူ = လောကသုံးပါးကိုသိတော်မူအပ်သောဂုဏ်။
၆။ အနုတ္တရော ပုရိသ ဓမ္မသာရထိ= မယဉ်ကျေးသော လူနတ်ဗြဟ္မာသတ္တဝါတို့ကို
ယဉ်ကျေးအောင်ဆုံးမသောဂုဏ်။
ရ။ သတ္ထာဒေဝမနုဿာနံ = နတ်လူတို့၏ ဆရာဖြစ်သောမူသောဂုဏ်။
၈။ ဗုဒ္ဓေါ = သစ္စာလေးပါးကို သိတော်မူသောဂုဏ်။
၉။ ဘဂဝါ = ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောဂုဏ်။
.
════════════════
တရားဂုဏ်တော် ခြောက်ပါး
════════════════
၁။ သွာက္ခာတော = တရားတော်၏ အစအလယ်အဆုံးကောင်းသောဂုဏ်။
၂။ သန္ဒိဌိကော = ချီးမွမ်းအပ်သော မဂ်ပညာဖြင့် ကိလေသာကို
အောင်တတ်သောဂုဏ်။
၃။ အကာလိကော = အခါမလင့် ကောင်းကျိုးချမ်းသာပေးတတ်သောဂုဏ်။
၄။ ဧဟိပဿိကော = လာလှည့်ရှုလှည့်ဟူ၍ အစီရင်ကိုခံထိုက်သောဂုဏ်။
၅။ သြပနေယျိကော = စိတ်နှင့်မခွာဘဲဆောင်ခြင်းငှာထိုက်သောဂုဏ်။
၆။ ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ = ပညာရှိတို့စိတ်၌ သိအပ်ခံစားအပ်သောဂုဏ်။
.
══════════════
သံဃာ့ဂုဏ်တော် ကိုးပါး
══════════════
၁။ သုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ကောင်းစွာကျင့်တော်မူသောဂုဏ်။
၂။ ဥဇုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ဖြောင့်မတ်စွာကျင့်သောဂုဏ်။
၃။ ဉာယပ္ပဋိပန္နော = နိဗ္ဗာန်၏ အကျိုးငှာ ကျင့်တော်မူသောဂုဏ်။
၄။ သာမိစိပ္ပဋိပန္နော = အရိုအသေပြုထိုက်အောင် သိက္ခာတို့ကိုရိုသေထိုက်သောဂုဏ်။
၅။ အာဟုနေယျော = အဝေးမှဆောင်၍ သီလဝန ္တတို့အား လှူအပ်သော ပစ္စည်းကို
ခံယူတော်မူထိုက်သောဂုဏ်။
၆။ ပါဟုနေယျော = ချစ်ခင်နှစ်လိုအပ်သောဧည့်သည်တို့အဖို့ စီရင်ထားသော
မြတ်သောအလှူကိုခံတော်မူထိုက်သောဂုဏ်။
ရ။ ဒက္ခိနေယျော = တမလွန်လောကကို ယုံကြည်၍ပေးအပ်သော မြတ်သော
အလှူကိုခံတော်မူထိုက်သောဂုဏ်။
၈။ အဥ္ဇလီကရဏီယျော = ကောင်းမူကိုအလိုရှိသူတို့ လက်အုပ်ချီ၍ ရှိခိုးခြင်းငှာ
ထိုက်တော်မူသောဂုဏ်။
၉။ အနုတ္တရံပုညခေတ္တံ = ကောင်းမူတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးရာ
လယ်မြေကောင်းသဖွယ်ဖြစ်သောဂုဏ်။
.
══════════
အနှစ်သုံးပါး
══════════
၁။ ဒါန ၂။ သီလ ၃။ ဘာဝနာ
.
══════════
ပစ္စည်းလေးပါး
══════════
၁။ ဆွမ်း ၂။ ဆေး ၃။ သင်္ကန်း ၄။ ကျောင်း
.
═════════════════
ဆီမီးကပ်လှူခြင်းအကျိုးနှစ်ပါး
═════════════════
၁။ ပကတိမျက်စိကြည်လင်ခြင်း
၂။ ဉာဏ် (မျက်စိ)ကြည်လင်ခြင်း
.
══════════
ဆွမ်းအကျိုး ငါးပါး
══════════
၁။ အာယု = အသက်ရှည်ခြင်း
၂။ ဝဏ္ဏ = အဆင်းလှခြင်း
၃။ သုခ = ချမ်းသာကြီးခြင်း
၄။ ဗလ = ခွန်အားကြီးခြင်း
၅။ ပရိဘာန = ဉာဏ်ပညာကြီးခြင်း
.
════════════════
ပန်းလှူရသည့် အကျိုးသုံးပါး
════════════════
၁။ ရုပ်ရည်လှပသည်။
၂။ ခန္ဒာကိုယ်သန့်ရှင်းစင်ကြယ်စေသည်။
၃။ ခံတွင်းအနံ မွှေးကြည်စေသည်။
.
════════════════════
သီလရှိသူ ရနိုင်သောအကျိုး ငါးပါး
════════════════════
၁။ စည်းစိပ်ဥစ္စာရရှိနိုင်သည်။
၂။ ဂုဏ်သတင်းကျော်ကြားနိုင်သည်။
၃။ တင့်တင့်တယ်တယ်နေနိုင်သည်။
၄။ မတွေမဝေဘဲသေရမည်။
၅။ သေပြီးနောက် ကောင်းသောဘဝရောက်နိုင်သည်။
.
════════════════
တရားနာခြင်း၏ အကျိုး ငါးပါး
════════════════
၁။ မကြားဖူးသော ထုံနည်းပုံစံ တရားကောင်းတို့ကို ကြားရခြင်း။
၂။ ကြားဖူးသော တရားကောင်းကို အဖန်တလဲလဲ မှတ်မိအောင်နာကြားရခြင်း။
၃။ ယုံမှားသံသယကို ဖျောက်နိုင်ခြင်း။
၄။ အယူဝါဒကို ဖြောင့်မတ်စွာ ယူနိုင်ခြင်း။
၅။ သဒ္ဓါယုံကြည်သောစိတ်တိုးပွားစေခြင်း။
.
══════════
မေတ္တာအကျိုး ၁၁ ပါး
══════════
၁။ ချမ်းသာစွာအိပ်ရသည်။
၂။ ချမ်းသာစွာနိုးရသည်။
၃။ မကောင်းသောအိမ်မက်မမြင်
၄။ လူနတ်ချစ်သနားသည်။
၅။ ဘေးလွတ်အောင်နတ်တို့စောင်မသည်။
၆။ မီးမလောင်နိုင်
၇။ ဓားလက်နက်မထိနိုင်
၈။ အဆိပ်နှင့်မသေနိုင်
၉။ မကောင်းသောစိတ်ပျောက်သည်။
၁၀။ မျက်နှာအဆင်းလှသည်။
၁၁။ မတွေဝေဘဲသေ၍ ဗြမ္မာပြည်သို့ရောက်သည်။
.
══════════════
သည်းခံခြင်းအကျိုး ငါးမျိုး
══════════════
၁။ လူအများချစ်ခြင်း။
၂။ ရန်ငြိမ်းခြင်း။
၃။ အပြစ်နည်းခြင်း။
၄။ မတွေမဝေသေရခြင်း။
၅။ သုဂတိဘဝသို့လားရခြင်း။
.
══════════
အပယ်လေးပါး
══════════
၁။ ငရဲ ၂။ တိရိစ္ဆာန် ၃။ ပြိတ္တာ ၄။ အသူရကာယ်
.
═══════
ကပ်သုံးပါး
═══════
၁။ ဒုဗိ ္ဘက္ခန ္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးသောကပ်
၂။ သတ္တန ္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးသောကပ်
၃။ ရောဂန ္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးသောကပ်
.
═══════
ရပ်ပြစ်ရှစ်ပါး
═══════
၁။ ငရဲ = ချမ်းသာမှုအလျဉ်းမရှိသောအရပ်
၂။ တိရစ္ဆာန် = နိဗ္ဗာန်နှင့်ဖီလာ မိုးကိုကျေပေးသောသတ္တဝါ
၃။ ပြိတ္တာ = ကိုယ်လက်အင်္ဂါ မမျှတသောသတ္တဝါ
၄။ အသညဇော = ခန္ဓာကိုယ်တစ်ပါးသာရှိ၍ အသက်နာမ်မရှိသော ဗြဟ္မာဘုံ
၅။ ပစ္စန ္တရော = ရတနာသုံးပါး မသိ၊ မရှိသော တောချုံ အုံခြားအရပ်
၆။ မိစ္ဆာဒိဌိ = မှားသောအယူရှိသော လူမျိုးစု
၇။ ၀ိကလိန္ဒြိယ = သစ္စာလေးပါးတရားကိုနာကြားရသော်
၈။ ဗုဒ္ဓသုညော တိဟေတုကော = အသိအလိမ္မာနှင့်ပြည့်စုံသော်လည်း ဘုရားပွင့်သော
ကာလနှင့်လွဲ၍ လူဖြစ်ရခြင်း။
.
══════════
ရန်သူမျိုး ငါးပါး
══════════
၁။ ရေ ၂။ မီး ၃။ မင်းဆိုး ၄။ သူခိုး ၅။ မချစ်မနှစ်သက်သောသူ
.
══════════
၀ိပတ္တိတရား လေးပါး
══════════
၁။ သီလဝိပတ္တိ = သီလပျက်ခြင်း
၂။ ဒိဌိ၀ိပတ္တိ = အယူပျက်ခြင်း
၃။ အာစာရဝိပတ္တိ = အကျင့်ပျက်ခြင်း
၄။ အာဇီဝ၀ိပတ္တိ = အသက်မွေးမှုပျက်ခြင်း
.
══════════
ဗျသနတရား ငါးပါး
══════════
၁။ ဉာတိဗျသန = ဆွေမျိုးဉာတိတို့ သေကျေပျက်စီးခြင်း
၂။ ဘောဂဗျသန = ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာလျောကျပျက်စီးခြင်း
၃။ ရောဂဗျသန = အနာရောဂါ နှိပ်စက်ပျက်စီးခြင်း
၄။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း
၅။ ဒိဌိဗျသန = အယူဝါဒ လွဲမှားပျက်စီးခြင်း
.
══════════
ကိလေသာ သုံးပါး
══════════
၁။ လေဘ ၂။ ဒေါသ ၃။ မောဟ
.
══════════
ကာလ သုံးပါး
══════════
၁။ အတိတ် = လွန်လေပြီးသောကာလ
၂။ ပစ္စုပ္ပါန် = လက်ရှိကာလ
၃။ အနာဂတ် = နောင်ကာလ
.
════════════
အဂတိတရား လေးပါး
════════════
၁။ ဆန္ဒ ၂။ ဒေါသ ၃။ ဘယာ ၄။ မောဟ
.
══════════════════════════
မျက်မှောက်စည်းစိမ်ပျက်စီးကြောင်းတရား သုံးပါး
══════════════════════════
၁။ ဣတ္ထိဓုတ္တ = မိန်းမလိုက်စားခြင်း
၂။ သုရာဓုတ္တ = သေသောက်ကြူးခြင်း
၃။ အက္ခဓုတ္တ = လောင်းကစားခြင်း
.
════════════════════
သရဏဂုံပျက်ရသောအကြောင်း နှစ်ပါး
════════════════════
၁။ မိစ္ဆာဒိဌိအယူကိုပြောင်းယူခြင်း ၂။ သေဆုံးခြင်း
.
══════
ကံသုံးပါး
══════
၁။ ကာယကံ = ကိုယ်ဖြင့်ပြုခြင်း
၂။ ဝစီကံ = နှုတ်ဖြင့်ပြုခြင်း
၃။ မနောကံ = စိတ်ဖြင့်ပြုခြင်း
.
════════════════════
အာရုံ ခြောက်ပါး ကာမဂုဏ်တရားများ
════════════════════
၁။ ရှုပါရုံ = အဆင်းအာရုံ
၂။ သဒ္ဒါရုံ = အသံအာရုံ
၃။ ဂန္ဓာရုံ = အနံအာရုံ
၄။ ရသာရုံ = အရသာအာရုံ
၅။ ဖောဌဗ္ဗရုံ = အတွေ့အာရုံ
၆။ ဓမ္မာရုံ = တရားသဘောအာရုံ
.
═════════
ပိဋကတ် သုံးပုံ
═════════
၁။ သုတ္တန် ၂။ ၀ိနည်း ၃။ အဘိဓမ္မာ
.
══════════
စေတနာ သုံးတန်
══════════
၁။ ပုဗ္ဗ = ကြိုတင်စေတနာ
၂။ မုဥ္စ = ပြုဆဲစေတနာ
၃။ ပရ = ပြုပြီးစေတနာ
.
══════════════════════════════════════
လောကပါလ တရားနှစ်ပါး ( လောကကို စောင့်ရှောက်သော တရား။ )
══════════════════════════════════════
ဟိရီ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ရှက်ခြင်း၊
ဩတ္တပ္ပ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ကြောက်ခြင်း၊
.
═════════
လောက သုံးပါး
═════════
၁။ သတ္တလောက = လူသတ္တဝါများ၏ လောက
၂။ သင်္ခါရလောက = ဖြစ်ပျက်ပြုပြင်လောက
၃။ သြကာသလောက = ရှိရှိသမျှလူသတ္တဝါအားလုံးရှိသောလောက
.
══════════
ဗြဟ္မစိုရ်တရား လေးပါး
══════════
၁။ မေတ္တာတရား ၂။ ကရုဏာတရား ၃။ မုဒိတာတရား ၄။
ဥပက္ခာတရား
.
══════════
သမ္ပတ္တိတရား လေးပါး
══════════
၁။ ကာလသမ္ပတ္တိ = ခေတ်အခါကောင်းနှင့် ကြုံတွေ့ရခြင်း။
၂။ ဂတိသမ္ပတ = လူ့ဘဝနတ်ဘဝကဲ့သို့ ကောင်းသောဂတိနှင့် ကြုံတွေ့ရခြင်း။
၃။ ဥပဓိသမ္ပတ = ခြေလက်အင်္ဂါညီညာပြည့်စုံခြင်း၊ ရုပ်ရည်ရူပကာတင့်တယ်ခြင်း။
၄။ ပယောဂသမ္ပတ = ကာယကံ၊ ဝစီကံ၊ မနောကံ ကံသုံးပါးဖြူစင်ကောင်းမွန်ခြင်း။
.
══════════════════════════════
သမ္ပဒါတရား လေးပါး (မျက်မှောက်ကြီးပွားကြောင်းတရား လေးပါး)
══════════════════════════════
၁။ ဥဌာနသမ္ပဒါ = ထကြွလုံ့လဝီရိယနှင့် ပြည့်စုံမှု
၂။ အာရက္ခသမ္ပဒါ = စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု
၃။ ကလျာဏမိတ္တသမ္ပဒါ = မိတ်ဆွေကောင်းရှိမှု
၄။ သမဇီဝိတသမ္ပဒါ = မျှတစွာအသက်မွေးမှု
.
══════
ခန္ဓာ ငါးပါး
══════
၁။ ရူပက္ခန္ဓာ
၂။ ဝေဒနာက္ခန္ဓာ
၃။ သင်္ခါရက္ခန္ဓာ
၄။ သညာက္ခန္ဓာ
၅။ ၀ိညာဏက္ခန္ဓာ
.
════════
သိက္ခာ သုံးပါး
════════
၁။သီလ
၂။သမာဓိ
၃။ပညာ
.
══════════
သစ္စာ လေးပါး
══════════
၁။ ဒုက္ခသစ္စာ
၂။ သမုဒယသစ္စာ
၃။ နိရောဓသစ္စာ
၄။ မဂ္ဂသစ္စာ
.
════════
စေတီ လေးမျိုး
════════
၁။ ဓမ္မစေတီ
၂။ ဓါတုစေတီ
၃။ ဥဒ္ဓိဿစေတီ
၄။ ပရိဘောဂစေတီ
.
══════════
ဥပါယ်တံမျဉ် လေးမျိုး
══════════
၁။ ဘေဒဥပါယ် = သဘောထားအယူအဆကွဲလွဲအောင် သွေးတိုးသပ်လျှိုသည့်နည်းလမ်း။
၂။ ဒဏ္ခုဥပါယ် = ထောင်ချခြင်း၊ အချုပ်ချခြင်းစသော ဒဏ်ခတ်သည့်နည်းလမ်း။
၃။ သာမဥပါယ် = ရင်းနှီးအောင်ပေါင်းသင်းဆက်ဆံခြင်း၊ ကိုယ်ဘက်ပါအောင် ဖျောင်းဖျ
ပြောဆိုစည်းရုံးခြင်းနည်းလမ်း။
၄။ ဒါနဥပါယ် = ပေးကမ်းခြင်းနည်းလမ်း။
သင်ကြားလေ့လာဗုဒ္ဓဘာသာ
|
https://www.dhammaransi.com/index.php/new/2458-2018-09-04-00-21-01.html
|
|
၁။ ပထမအကြိမ်
မဟာသက္ကရာဇ် (၁၀၄) ခုနှစ် ဒုတိယဝါ သက်တော် ၃၆ နှစ်တွင် ဖိုးဦးတောင် ( ပြည်မြို့အနီး ) သို့ကြွချီတော်မူသည်။ ပြည်ရွှေဆံတော် စေတီပေါ်ထွန်းခဲ့သည်။
၂။ ဒုတိယအကြိမ်
မဟာသက္ကရာဇ် ( ၁၁၁ )ခုနှစ် ဝါတော်( ၈ ) ဝါ သက်တော် ၄၃ နှစ်တွင် သုဝဏ္ဏဘုမ္မိ သထုံပြည် သို့ ရဟန္တာ အရှင် ဂဝံပတိမထေရ်၏ ပင့်လျှောက်ချက်အရ ရဟန္တာ ( ၅၀၀ )တို့ နှင့်အတူ ကြွချီတော်မူသည်။ ကျိုက်ထီးရိုးစေတီ ပေါ်ထွန်းခဲ့သည်။
၃။တတိယအကြိမ်
မဟာသက္ကရာဇ် (၁၁၃) ခုနှစ် ဝါတော် (၁၀) ဝါ သက်တော် ၄၅ နှစ်တွင် ရခိုင်ပြည်သို့ ရဟန္တာ ( ၅၀၀ ) နှင့်အတူ ကြွချီတော်မူခဲ့သည်။
မဟာမြတ်မုနိ အပါအဝင် မုနိလေးဆူ ပေါ်ထွန်းခဲ့ သည်။
၄။ စတုတ္ထအကြိမ်
မဟာသက္ကရာဇ် (၁၂၃ ) ခုနှစ် ဝါတော် (၂၀) ဝါ သက်တော် (၅၅)နှစ်တွင် သုနာပရန္တတိုင်းသို့ ကြွချီတော်မူသည်။
မန်းရွှေစက်တော်ခြေတော်ရာများကိုးကွယ်ရန် ချထားတော်မူခဲ့သည်။
၅။ ပဉ္စမအကြိမ်
မဟာသက္ကရာဇ် (၁၃၆) ခုနှစ်ဝါတော် (၃၃) ဝါ သက်တော် ၆၈ နှစ်တွင် တကောင်းပြည်သို့ ကြွချီတော်မူသည်။
ဟန်လင်းကြီးစေတီ ပေါ်ထွန်းခဲ့သည်။
|
https://www.dhammaransi.com/index.php/new/2457-2018-09-04-00-18-52.html
|
သောတာပန်ဖြစ်ဖို့ အရေးကြီးတယ်
|
> ပုဂ္ဂိုလ် ၄ -မျိုး ရှိခဲ့ပါတယ်။
အဲဒီ ပုဂ္ဂိုလ် ၄-မျိုးမှာ ယနေ့ ဘုန်းကြီးတို့
လောလောဆယ် ရှိနေတဲ့ဟာ နေယျပုဂ္ဂိုလ်
ပဒပရမပုဂ္ဂိုလ်ပေါ့။
ဥဂ္ဃါဋိတညူပုဂ္ဂိုလ် ဝိပဥ္စိတညူပုဂ္ဂိုလ်
နေယျပုဂ္ဂိုလ် ပဒပရမပုဂ္ဂိုလ်လို့ ၄ -မျိုး ရှိတယ်။
ဒါက စာပေအတိုင်းပါပဲ ဟုတ်လား ?
အဲဒီ ၄ -မျိုးမှာ ဥဂ္ဃါတညူမျိုးက
ရှင်သာရိပုတ္တရာမျိုးလိုပေါ့နော်။
အကျဉ်းလေး ကြားရုံနဲ့ အကျယ်ကြီးချဲ့ပြီး
သိတဲ့အတွက် တရားရသွားတာပေါ့။
ရှင်းပြီနော်။
အဲဒီတော့ အကျယ်ကို ချဲ့ပြီးတော့ ဟောမှာ
ခုန အရှင်မောဂ္ဂလ္လာန်တို့ ဆိုရင်
နည်းနည်းလေး ချဲ့ဟောရသေးတာပေါ့နော်။
အဓိပ္ပါယ် အဲဒီလို ချဲ့ဟောမှ တရားရတဲ့ ပုဂ္ဂိုလ်တွေက
ဝိပဥ္စိတညူ ပုဂ္ဂိုလ်တွေပေါ့နော်။
နေယျပုဂ္ဂိုလ်တွေက အကျယ်ကြီးလည်း
ဟောချင်သလောက်ဟော ဟောသမျှတရားကို
နာနိုင်သလောက် ကြိုးစားနာ နာရုံနဲ့ မပြီးဘူး။
ကြိုးစားပြီးတော့ အားထုတ်။
အဲဒီ ပုဂ္ဂိုလ် သေချာပေါက် ဒီဘဝကျွတ်တမ်းဝင်မယ်
ဆိုတော့ ဒါ နေယျပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။
> အဲဒီတော့ နေယျပုဂ္ဂိုလ် ဆိုတာက တရားကိုလည်း
ထပ်တလဲလဲ ထပ်တလဲလဲ နာရမယ်။
အားထုတ်တဲ့အခါလည်း ဒကာ ဒကာမတွေ
တစ်ကြိမ်တည်း ၁ စခန်းနဲ့ပြီးပါ့မလား ?
(မပြီးပါဘူး)
ဥပမာ ၁၀ ရက်စခန်းကို ၁ စခန်းနဲ့ ပြီးပါ့မလား ?
(မပြီးပါဘူး)။
၂ စခန်းနဲ့လည်း (မပြီးပါဘူး)။
၃ စခန်းနဲ့လည်း (မပြီးပါဘူး)။
ဒီလို ပြောလို့ မရဘူး။
ဘယ်လိုပြီးတယ်မှ ပြောလို့မရဘူး။
အကြိမ်ကြိမ်အခါခါ အထပ်ထပ် လုပ်ရမယ်။
ဘာလို့လဲဆိုတော့ ကိုယ့်အကျိုးပေး ဆိုတာက
ဒကာ ဒကာမတွေ ဒီအချိန်အခါမှာ လာရောက်ပြီး
လူဖြစ်တယ် ဆိုတာကလည်း ဒီအကျိုးပေး
မရှိဘူးလား ?(ရှိပါတယ်ဘုရား)။
> ဒီလိုဖြင့် နေယျပုဂ္ဂိုလ်ထဲမှာ မိမိတို့ဖြင့် ပါနိုင်တယ်
ဆိုတာ တိတိကျကျ မပြောနိုင်ဘူး။
ဘာကြောင့်လဲဆိုတော့ သာသနာ ၂၅၀၀ -ဒီဘက်ပိုင်း
မှာ ပုဂ္ဂိုလ် ၂ -မျိုးပဲ ရှိတာကိုး။
နေယျပုဂ္ဂိုလ်နဲ့ ပဒပရမပုဂ္ဂိုလ်။
နေယျပုဂ္ဂိုလ်က ဒီဘဝ ကျွတ်တမ်းကိုဝင်မယ်။
ပဒပရမပုဂ္ဂိုလ်ကတော့ ပါရမီလေးပဲရမယ်။
ဒုတိယဘဝ ကျတော့မှ ကျွတ်တမ်းဝင်မယ်ပေါ့။
> ဒီတော့ ကိုယ့်ကိုယ်ကို ပဒပရမတွေ ဘာတွေ
ညာတွေ စဉ်းစားမနေနဲ့။
ဒကာ ဒကာမတွေ အဲဒီတော့ ငါတော့ သေချာပေါက်
ကျွတ်တမ်းဝင်မှာပဲလို့ ဆုံးဖြတ်ချ။
ဘာဖြစ်လို့ ဘုန်းကြီးက ဒီဥစ္စာကို ဒီလောက်
ရဲရဲတင်းတင်း ပြောရတာလဲဆိုတော့
ကိုယ့်စကားနဲ့ကိုယ် ပြောတာမှ မဟုတ်ပဲ။
ကျေးဇူးရှင် မိုးကုတ်ဆရာတော်ဘုရားကြီး
မိန့်သွားတာပဲ။
သစ္စာဟောနိုင်တဲ့ဆရာနဲ့ဆုံဖို့ကလည်း ဒုလ္လာဘတစ်ခု
ထောင်နိုင်တဲ့ နားရှိဖို့ကလည်း ဒုလ္လာဘတစ်ခုတဲ့။
ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့
တရားစခန်းရောက်လာပြီး ထိုင်နိုင်ဖို့ အားထုတ်ဖို့
ကလည်း ဒုလ္လာဘတစ်ခု။
သို့ဖြင့် ဒီအင်္ဂါရပ်တွေနဲ့ ယောဂီတို့ မညီဘူးလား ?
အေး အဲဒီတော့ ညီပြီလို့ဆိုရင်
ကျွတ်တမ်းဝင်နိုင်မယ် ဆိုတော့ ဘုန်းကြီးတို့
ဒကာ ဒကာမတွေ ဘာမှ အားငယ်စရာ မရှိတော့ဘူး။
အဲဒီ အခုပြောနေတဲ့ အင်္ဂါရပ်တွေ အကုန်လုံး
မိမိတို့မှာ ပြည့်စုံပြီးသား ဖြစ်နေပါတယ်။
အဲဒီလို ပြည့်စုံပြီးသား ဖြစ်နေတဲ့ အတွက်ကြောင့်
ကျွတ်တမ်းဝင်မယ်လို့ ဆုံးဖြတ်ချက်ချပါ။
အဲဒီလို ကျွတ်တမ်းဝင်နိုင်ဖို့အတွက် လိုရင်းအချက်က
သောတာပန်ဖြစ်ဖို့ အရေးကြီးတယ်။
ဘာဖြစ်လို့ အရေးကြီးတာလဲ ?
(သောတာပန်ဖြစ်ဖို့ပါ ဘုရား)။
> ဒီလိုဖြင့် သောတာပန်ဖြစ်ချင်ရင် ဒီအတိုင်းနေလို့
ဖြစ်ပါ့မလား ?(မဖြစ်ပါဘူးဘုရား)။
ပယ်သင့်ပယ်ထိုက်တဲ့ ကိလေသာတွေပယ်မှ
သောတာပန်ဖြစ်မှာ။
ဒီလိုဖြင့်လျှင် ကိလေသာ ၁၀ -ပါးတွင်
သောတာပတ္တိမဂ် (ဝါ)သောတာပန်တွေ ပယ်ရမယ့်
ကိလေသာ ၅ -ပါးပဲဲရှိတယ်။
ဘယ်နှပါးလဲ ?(ငါးပါးပါဘုရား)။
ဘုန်းကြီးတို့ ယနေ့ အဲဒီ ၅ -ပါးကို ပယ်မှာနော်။
အသိနဲ့ပယ်မယ် အပွားနဲ့ပယ်မယ် အပယ်နဲ့ပယ်မယ်။
အမှန်ကတော့ ကိလေသာကို သတ်တာကို ပြောတာ။
အသိနဲ့သတ်မယ် အပွားနဲ့သတ်မယ်
အပယ်နဲ့သတ်မယ်။
သတ်နည်း ဘယ်နှနည်းလဲ ?(၃ -နည်းပါဘုရား)
ကိုယ်သတ်ရင် သေမယ်ပေါ့။
ကိလေသာ သတ်သွားလို့ရှိရင်
ကိလေသာ နိရောဓော နိဗ္ဗာန် ဆိုစမ်းပါ။
(ကိလေသာ နိရောဓော နိဗ္ဗာန်)။
ကိလေသာသောတာ တခြားလား နိဗ္ဗာန်လား ?
(နိဗ္ဗာန်ပါဘုရား)
# အောင်ဆန်းဆရာတော် #
|
https://www.dhammaransi.com/index.php/new/2456-2018-09-04-00-17-11.html
|
တရားတစ်ပုဒ်ကြောင့် ချမ်းသာခဲ့ရသူ
|
{တရား
တစ်ပုဒ်ကြောင့် ချမ်းသာခဲ့ရသူ}
ဤဘဒ္ဒကမ႓ာမှ ပြန်၍ရေတွက်သည်ရှိသော် သုံးဆယ့်တစ်ကမ႓ာ၌ သိခီမြတ်စွာဘုရားပွင့်တော်မူခဲ့ပါသည်။
အခါတစ်ပါးတွင် သိခီမြတ်စွာဘုရားရှင်သည် တစ်ပါးတည်းနေ၍ ဝိဝေကသုခကို ပွားများလိုသောကြောင့် ရှုချင့်စဖွယ်သစ်ပင်ပန်းမာလ်အမျိုးမျိုးတို့နှင့်ပြည့်စုံသော တောကြီးအတွင်းသို့ ကြွတော်မူကာ အေးချမ်းလှသောကျောက်ဖျာပြင်ထက်၌ ဒုကုဋ်သင်္ကန်းကို လေးထပ်ခင်း၍ ခြောက်ပါးသောရောင်ခြည်တော်တို့ ထွန်းထိန်တောက်ပစေလျက် တင့်တယ်သောဘုရားရှင်၏အသရေတော်ဖြင့် စံနေတော်မူခဲ့၏။
ထိုသို့ သစ်တစ်ပင်ရင်းဝါးတစ်ပင်ရိပ် တောရကျောင်းမြတ်၌ အမင်း မင့်ဥသျှောင် ဘုန်းခေါင်ထွတ်ဖျား သိခီမြတ်စွာ သီတင်းသုံးတော်မူရာသို့ နတ်ဗြဟ္မာ နဂါးဂဠုန်တို့သည် စုဝေးရောက်လာကြကုန်၍ သိခီ မြတ်စွာဘုရားရှင်ကို နတ်ပန်းနံ့သာတို့ဖြင့် ပူဇော်ဦးခိုက်နေကြလေသည်။
မြတ်စွာဘုရားရှင်သည် ထိုနတ်ဗြဟ္မာနဂါးဂဠုန်စသော ပရိတ်သတ်တို့အား ဗြဟ္မာမင်း၏အသံနှင့်တူသော အသံတော်ဖြင့် သစ္စာလေးပါးမြတ်တရားတော်ကိို မိုးကြီးရွာသကဲ့သို့ တသွန်သွန်ဟောကြားတော်မူခဲ့ပါသည်။
ထိုစဉ်အခါ တောလိုက်မုဆိုးတစ်ဦးသည် မြတ်စွာဘုရားစံနေတော်မူရာ တောကြီးအတွင်းသို့ဝင်ခဲ့၍ သားကောင်တို့ကို ဖမ်းယူသတ်ဖြတ် စားသောက်နေခဲ့၏။
ထိုမုဆိုးသည် တောလည်ရင်း မြတ်စွာဘုရားရှင် တရားဟောတော်မူသော နေရာသို့ရောက်ရှိလာလေသည်။
ထိုမုဆိုးသည် မြတ်စွာဘုရားရှင် တရားဟောတော်မူနေသည်ကို မြင်တွေ့လျှင် သင့်တင့်လျောက်ပတ်သောအရပ်မှနေ၍ တရားတော်ကို ရိုသေစွာ နာယူခဲ့လေသည်။
ထိုတောလိုက်မုဆိုးသည် တရားတော်ကိုနာယူပြီး ရတနာသုံးပါး၌ ကြည်ညိုသောစိတ်ဖြင့် ထိုဘဝမှစုတေသေလွန်သောအခါ နတ်ပြည်ခြောက်ထပ်၌ဖြစ်ခဲ့သည်။
ထိုမှတစ်ဖန် လူ့ပြည်၌ပြန်ဖြစ်၍ စည်းစိမ်ချမ်းသာအမျိုးမျိုးတို့ကို ခံစားစံစားကာ နတ်ရွာလူ့ပြည်တို့တွင် လူးလာစုန်ဆန်နေခဲ့လေသည်။
ဂေါတမမြတ်စွာဘုရားရှင် ပွင့်တော်မူသောအခါ၌ သာဝတ္ထိပြည်တွင် ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝပြီး မြတ်သောအမျိုး၌ မွေးဖွားခဲ့ပြန်သည်။
သိတတ်သည့်အရွယ်သို့ ရောက်သောအခါ မြတ်စွာဘုရားသာသနာ၌ ရှင်ရဟန်းပြုခဲ့၏။
တစ်နေ့သ၌ မြတ်စွာဘုရားရှင် ဟောကြားတော်မူသော သစ္စာလေးပါးတရားတော်မြတ်ကို ကြားနာရ၍ ပဋိသမိ႓ဒါလေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ဆိုက်ရောက်တော်မူသည်။
ရဟန္တာဖြစ်တော်မူသည့်အခါ သံဃာပရိတ်သတ်အလယ်၌ သိခီဘုရားရှင်လက်ထက်ကဖြစ်ခဲ့သော မိမိ၏ရှေ့အတိတ်ဘဝဖြစ်စဉ်နှင့် ပြုခဲ့သော ကောင်းမှုကုသိုလ်တို့ကို နှစ်ဆယ့်လေးဂါထာတို့ဖြင့် ရွတ်ဆိုကာ ဝမ်းမြောက်သောပီတိဖြင့် ဥဒါန်းကျူးရင့်တော်မူလေသည်။
ထိုဂါထာတို့၏အဆုံး၌ 'ငါသည် သိခီမြတ်စွာဘုရားရှင် ကောင်းစွာဟောကြားအပ်သော တရာတော်ကို တမုဟုတ်မျှနာကြားခဲ့ရ၏။
ထိုခဏမျှနာကြားရသောကောင်းမှုကြောင့် အပါယ်လေးပါး၌ တစ်ရံတစ်ဆစ်မဖြစ်ခဲ့။
ထို့ပြင်လည်း ဖြစ်လေရာဘဝတို့တွင် ဘယ်နေရာကများ ဘေးဒုက္ခလာလေမလဲဟူသော တွေးတောပူပန် ကြောက်လန့်နေရခြင်းမျိုးလည်း မရှိခဲ့ပေ။
'ငါသည် လက်ရုံးကိုမြှောက်ချီဆန့်တန်း၍ ရဲရဲဝံ့ဝံ့ဆိုပါအ့ံ။
ငါပြောကြားသော ထိုစကားတို့ကို ယုံကြည်ပြီး လိုက်နာကြပါ။
ငါ့ကိုပမာထား၍ တရားတော်ကို ရိုသေစွာနာယူကြပါ'ဟု နှိုးဆော်တိုက်တွန်းတော်မူခဲ့၏။
ဤ တောလိုက်မုဆိုး၏ အဖြစ်အပျက်ကိုအကြောင်းပြု၍ ရှေးဆရာမြတ်တို့က 'အနည်းငယ်သော အချိန်အတွွင်းမှာ တရားတော်ကို နာကြားရုံမျှဖြင့် စည်းစိမ်ချမ်းသာရခဲ့သည်။ ထိုတောလိုက်မုဆိုး၏ ဝတ္ထုကို အတုယူ၍ သင် သူတော်ကောင်းတို့သည်လည်း ဘဝဝိဘဝသုခံဟု ဘဝ၌ဖြစ်သော လူနတ်ချမ်းသာ၊ ဘဝနှင့်ကင်းသော နိဗ္ဗာချမ်းသာတို့ကို တောင့်တ၍ ပျင်းရိခြင်းကိို စွန့်ပယ်ကာ နာရခဲလှစွာသော မြတ်စွာဘုရား၏ တရားတော်ကို ရိုသေစွာ နာယူကြပါကုန်'ဟု မိန့်ကြားခဲ့ကြ၏။
(မိဂလုဒ္ဒကဝတ္ထု)
[ဦးအောင်မွန်(မြတ်ဆုမွန်)၏
ဥပုသ်သည်တို့ ဖတ်ဖွယ်ပုံဝတ္ထုလေးဆယ် စာအုပ် စာ ၂၅၊ ၂၇ မှ]
|
https://www.dhammaransi.com/index.php/new/2455-2018-09-04-00-14-05.html
|
သိပ္ပံအမြင် နဲ့ ဘာသာရေး
|
အရှင်ဘုရား၊ ဤဘဒ္ဒကမ္ဘာမတိုင်မီ ပျက်သုဉ်းပြီးသော အခြားကမ္ဘာများတွင် ဤကမ္ဘာကဲ့သို့ နေစကြာဝဠာ ဖွဲ့စည်းပုံဖြင့် တည်ရှိပါသလား။ ယခုမျက်မှောက်ခေတ် ကမ္ဘာကဲ့သို့ သိပ္ပံနည်းပညာ တိုးတက်သည့်ခေတ်များ ရှိပါသလား။ သိလိုပါသည်ဘုရား။
(မောင်ကျော်မင်း-ရန်ကန်)
(ဖြေ)
ကမ္ဘာတိုင်းမှာ နေစကြာဝဠာဖွဲ့စည်းပုံ အတူတူပင် ဖြစ်ပါသည်။ သိပ္ပံပညာဆိုသည်မှာ လူသားတို့၏ ကြံဆချက်၊ ဆောင်ရွက်ချက်သာ ဖြစ်သည့်အတွက် လူရှိသောကမ္ဘာမှာ နည်းပညာအမျိုးမျိုး ရှိမည်မှာ သေချာပါသည်။ လူရှိလျှင် စိတ်ဆိုသော နာမ်တရားလည်း ရှိ၏။ စိတ်သည် အလွန်ဆန်းကြယ်သောသဘော ရှိ၏။
စိတ်ဆန်းကြယ်၍ လိုချင် ဖြစ်ချင်သည့်တဏှာ ဆန်းကြယ်သည်။ တဏှာဆန်းကြယ်၍ သတ္တဝါတို့ပြုလုပ်သည့် ကံ အမျိုးမျိုး ဆန်းကြယ်သည်။ ကံဆန်းကြယ်၍ ပုဂ္ဂိုလ်သတ္တဝါအမျိုးမျိုး သက်ရှိသက်မဲ့ အရာဝတ္ထု အဆန်းတကြယ် အမျိုးမျိုးတို့ ပေါ်ပေါက်လာရ၏။
အရာရာ စိတ်ဖြင့် တီထွင်ကြံဆ ဖန်တီးကြခြင်းဖြစ်သည်။ ခေတ်အမျိုးမျိုး၊ ကမ္ဘာအမျိုးမျိုးမှာပင် သူ့ပုံစံနှင့်သူ အံ့သြဖွယ်ပညာရပ်များ ဖြစ်ထွန်းနေနိုင်ပါသည်။
ရိုက်ညီနောင်တို့သည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀-ကျော် ၁၉၀၈-ခုနှစ်က လေယာဉ်ပျံကို စတင်တီထွင်ခဲ့သလို လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀-ကျော်က ဂေါတမဘုရားရှင် လက်ထက်တွင် ဥတေနမင်းနှင့် ၀ါသုလဒတ္တာ မိဖုရားတို့၏ သားတော် ဗောဓိမင်းသားသည် အလွန်ခမ်းနားတင့်တယ်၍ ကောင်းကင် ပျံတက်လုမတတ်ဖြစ်သော ကောကနုဒမည်သော ပြာသာဒ်ကြီးကို တည်ဆောက်၏။ ထိုပြာသာဒ်သည် လူအပေါင်းတို့ စုတ်သပ်ရွှင်မော အံ့သြချီးမွမ်း၍မဆုံးအောင် တင့်တယ်လှ၏။ ဗောဓိမင်းသားသည် နောင်အခါတွင် ဤပြာသာဒ်နှင့်တူသော ပြာသာဒ်မျိုး မရှိစေရန် လက်သမားဆရာ ဗိသုကာပညာရှင်ကြီးအား သတ်ခြင်း၊ ခြေလက်ဖြတ်ခြင်း၊ မျက်စိကန်းအောင် ပြုခြင်းစသော အမှုတို့ကို ပြုရန် ရက်စက်ကြမ်းကြုတ်သော အကြံအစည်ကို ကြံလေ၏။ ထိုအကြောင်းကို ဗိသုကာဆရာကြီး လျှို့ဝှက်စွာ ဂဠုန်ငှက်ရုပ်ယာဉ်ပျံကြီးကိုပြု၍ ကောင်းကင်သို့ ပျံတက်ပြီး ဟိမဝန္တာအထိ ပျံသန်းသွား၏။ ထိုဟိမဝန္တာအရပ်၌ ကဋ္ဌဝါဟနမင်းအဖြစ် စိုးစံ၍နေလေ၏။ သူ့ခေတ် သူ့ကမ္ဘာ အမျိုးမျိုးမှာ သူ့ဟန် သူ့ပုံစံ အမျိုးမျိုးဖြင့် သိပ္ပံပညာကဲ့သို့ ထူးဆန်းအံ့သြဖွယ်တွေ ရှိနေမည်မှာ အမှန်ဖြစ်ပါသည်။
ဆရာတော် ရဝေထွန်း(အရှင်တိလောကသာရ)
ဥတ္တရအလင်း
|
https://www.dhammaransi.com/index.php/new/2454-2018-09-04-00-12-14.html
|
နိဗ္ဗာန်ဆိုတာ လက်တစ်ကမ်းမှာ
|
သံသရာဝဋ် ဒုက္ခဝဋ်က
ထွက်မြောက်စေနိုင်တဲ့ နည်းလမ်းကို
လိုရင်း ပြောရမယ် ဆိုရင် …
သာသနာလို့ ဆိုတာက
- အဓိသီလ
- အဓိစိတ္တ
- အဓိပညာ
ဒီသုံးပါးကို ခေါ်ဆိုခြင်း ဖြစ်တယ် …
နိဗ္ဗာန်ရောက်ကြောင်း
မဂ္ဂင်ရှစ်ပါးလမ်းစဉ် ဆိုတာလဲ
ဒီ သုံးပါးပါပဲ …
အဲ့ဒီ သုံးပါးမှာ
သီလ သိက္ခာပုဒ် ဆောက်တည်ပြီး နောက် …
- ကာယကံ သောင်းကျန်းမှု
( ကာယဒုစရိုက် ၃ ပါး )
- ဝစီကံ သောင်းကျန်းမှု
( ဝစီဒုစရိုက် ၄ ပါး ) မရှိအောင်နေပါ …
ဒါဆို
#
အဓိသီလ
လုံခြုံပြီလို့မှတ် …
အဲ့ဒီလို လုံခြုံနေပြီဆို
" ငါယခု အဓိသီလနှင့် ပြည့်စုံနေပြီ " လို့
သိနေရမယ် …
သိလျှင် ဝမ်းမြောက် ကြည်နူးတဲ့
စိတ်တွေ ဖြစ်လာမယ် …
နေရ ထိုင်ရတာ အလိုလို
ပျော်မွေ့ ချမ်းသာလာမယ် …
ဒါ ပထမအဆင့် အောင်ပြီမှတ် …
ဒီ အဓိသီလ ပြည့်စုံထားတဲ့ သူဟာ
အာနာပါန စသည်ကို လေ့ကျင့်ထူထောင်လိုက်လို့ …
စိတ်အာရုံအားဖြင့် သောင်းကျန်းလှုပ်ရှားမှု
( မနောဒုစရိုက် ၃ပါး ) မရှိတော့ဘဲ
စိတ်တွေ တည်ငြိမ်လာမယ် …
ပိုပြီးတော့
ဝမ်းမြောက်မှု ကြည်နူးမှု ချမ်းသာမှုတွေ
ဖြစ်လာမယ် …
ဒါကို
အဓိစိတ္တ ( သမာဓိ ) ဖြစ်လာတယ်လို့ ခေါ်တယ် ဒုတိယအဆင့် တက်ပြီလို့မှတ် …
ဆက်လက်ပြီး
တတိယအဆင့် ၊ နောက်ဆုံးအဆင့် အနေဖြင့်
သိထားဖို့က …
မိမိခန္ဓာကိုယ်ကြီး တစ်ခုလုံးကို
ရုပ်လို့ သိထားပါ …
မိမိစိတ်ကို နာမ်လို့ သိထားပါ …
အဲ … ဒုတိယ အဆင့်ဖြစ်တဲ့
အဓိစိတ္တ သမာဓိ အချိန်ကြာလို့
ရင့်သန် အားကောင်းလာတဲ့ အခါ …
- ရုပ်ကြီး ဖြစ်ပြီး ပျက်နေတာရော
- နာမ်ဆိုတဲ့ စိတ်ကလေးက ဖြစ်ပြီး ပျောက်ချုပ်
ငြိမ်းသွားတာရော စောင့်ကြည့်
- အကြောင်းအကျိုးတွေ ဖြစ်ပြီး
ပျက်နေတာကော ၊ စိတ်နဲ့ စိုက်ကြည့်နေရင်
သိလာလိမ့်မယ် …
အဲ့ဒီလို
ဖြစ် , ပျက် သိမြင်တာကို
#
အဓိပညာလို့
ခေါ်တယ် …
ရှေ့လျှောက် သူ့အလိုလို ရှုဖန်များ
သိလာလိမ့်မယ် …
အဲ့ဒါ
#
ဉာဏ်စဉ်တွေ
လို့ခေါ်တယ် …
လောကမှာ ရှိနေတဲ့
ဘယ်ပညာတွေနှင့်မှ မနှိုင်းယှဉ်သာအောင်
ကြီးကျယ်မြင့်မြတ်တဲ့ ပညာတွေ ဆိုတာ
ဒီမှာရနိုင်တယ် …
အဲ … သည်အခါမှာ
နိဗ္ဗာန်ဟာ လက်တစ်ကမ်းမှပဲ ရှိနေပြီလို့
မှတ်ရမယ် …
#
တောင်တန်းသာသနာပြု_ဆရာတော်ကြီး
#
ဦးဥတ္တမသာရ
|
https://www.dhammaransi.com/index.php/new/2453-2018-09-04-00-10-35.html
|
မဟာစည်ဆရာတော်ဘုရားကြီးနှင့် ယနေ့ခေတ်ဝိပဿနာ အမေးအဖြေ
|
မေး ➳ စာပေကျမ်းဂန်အရ ဖြစ်စေ၊ တစ်ဆင့် ကြားရလို့ ဖြစ်စေ မှတ်ထားတဲ့အတိုင်း မှန်းဆပြီး ဆင်ခြင်တာဟာ သညာသိပါလား၊ ပညာဉာဏ်အသိပါလား။
ဖြေ
✏
အချို့ကလည်း ဒီလို ဖြစ်ခိုက် ရုပ်နာမ် ရှုမှတ်နေရုံနဲ့ မပြည့်စုံသေးဘူးလို့ ထင်ကြတယ်။ ရုပ်ရယ် နာမ်ရယ်လို့ စဉ်းစားဆင်ခြင်လိုက်ရမှ ဖြစ်တယ်, ပျက်တယ်လို့ ဆင်ခြင်လိုက်ရမှ ပြည့်စုံတယ်လို့ ထင်နေကြတယ်။ အမှန်ကတော့ ဆင်ခြင်တယ်ဆိုတာ ကိုယ်တိုင်သိတဲ့ ဉာဏ်မဟုတ်ပါဘူး။ စာပေကျမ်းဂန်အရ ဖြစ်စေ၊ တစ်ဆင့်ကြားလို့ ဖြစ်စေ၊ မှတ်ထားတဲ့အတိုင်း မှန်းဆပြီး ဆင်ခြင်နေတာပဲ။ သညာသိမျှပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်သိ ဉာဏ်အစစ် မဖြစ်ပါဘူး။ ဒါကြောင့် စာကျက်ပြီး မှတ်နေတာမျိုးလောက်ပဲ ရှိပါတယ်။ သိပ်ခရီးမရောက်နိုင်ပါဘူး။ ယခုပြောခဲ့တဲ့ ဖြစ်ခိုက် ဖြစ်ခိုက် လိုက်ပြီး မပြတ်ရှုနေတာကမှ ကိုယ်ပိုင်ဉာဏ်ဖြင့် တွေ့ပြီး ကိုယ်တိုင်သိဉာဏ်ဖြစ်တာ။
ဥပမာ ... ခြံဝင်းတံခါးပေါက်က ဖြစ်စေ၊ ရွာတံခါးပေါက်ဝက ဖြစ်စေ စောင့်ပြီးကြည့်နေရင် ဝင်တိုင်းထွက်တိုင်း၊ လူတွေကို တွေ့ပြီးသေသေချာချာ သိရတယ်။ စာပေကျမ်းဂန်အရဖြစ်စေ၊ တစ်ဆင့်ကြားစကားအရ ဖြစ်စေ စဉ်းစားဆင်ခြင်နေဖို့ မလိုပါဘူး။ တစ်နည်း ဥပမာအားဖြင့် လမ်းဘေးမှာ ကြည်လင်နေတဲ့ မှန်ကို ထောင်ထားပါ။ လူဖြစ်စေ၊ ကားဖြစ်စေ လာလာသမျှတွေဟာ အဲဒီမှန်ထဲမှာ သူ့ပုံမှန်အတိုင်းပဲ ထင်ပေါ် ထင်ပေါ်သွားကြမယ်။ အဲဒီလိုပါပဲ။ ဒွါရ ၆-ပါးက ပေါ်လာသမျှတွေကို သတိဉာဏ်နဲ့ စောင့်ပြီးရှုမှတ်နေရင် ရုပ်နာမ် သဘောတရားတွေဟာ သူ့ပုံမှန်အတိုင်းပဲ ထင်ပေါ်ထင်ပေါ် သွားကြပါတယ်။ (ဘာရသုတ္တန်တရားတော်)
မေး ➳ ကြားနာကျက်မှတ်ပြီး သိရုံနဲ့ ကိစ္စပြီးတယ်ဆိုတာ ဟုတ်နိုင်ပါသလား။
ဖြေ
✏
သစ္စာကို သိအောင် ရှုတာမဟုတ်ပါဘဲ မဂ္ဂင်ကို ပွားစေတာ မဟုတ်ပါဘဲ အခြားနည်းအကျင့်တွေ ယုံကြည်စွဲလမ်းမှုဟူသမျှဟာ သီလဗ္ဗတပရာမသာ ဒိဋ္ဌိချည်းပဲ။ ယခုခေတ်မှာ ရုပ်နာမ်သဘောတရားတွေကို ကြားနာကျက်မှတ်ပြီးသိရုံနဲ ကိစ္စပြီးတယ်။ ဘာဝနာအလုပ်တွေကို အားထုတ်ဖို့ မလိုဘူး။ သီလကိုတောင်ဆောက်တည်ဖို့ ကျင့်ဖို့ မလိုဘူးလို့ ဟောပြောနေကြတာတွေ ရှိတယ်။ အဲဒီဝါဒအတိုင်း ယုံကြည်စွဲလန်းနေရင် သီလဗ္ဗတပရာမာသ အယူမှ လွတ်မလွတ် စဉ်းစားကြည့်ကြရမယ်။ ဘုန်းကြီးအမြင်အားဖြင့်တော့ အဲဒီဟောပြောချက်ထဲမှာ သီလ၊ သမာဓိ၊ ၀ိပဿနာပညာဆိုတာ မပါတဲ့အတွက် သီလဗ္ဗတပရာမာသ အယူထဲမှာ ပါဝင်နေတယ်လို့ပဲ ထင်မြင်ပါတယ်။ (ဓမ္မစကြာတရားတော်ကြီး)
မေး ➳ ခဏိက သမာဓိဖြင့် ၀ိပဿနာ ဖြစ်နိုင်ပါသလား။
ဖြေ
✏
ဓာတု မနသိကာရပိုင်းအရအားဖြင့် ထင်ရှားပေါ်လာတဲ့ ဓာတ်ကြီးလေးပါးကိုလည်း ရှုရမယ်။ အဲဒီလိုရှုလို့ နီဝရဏကင်းတဲ့အခါ ဥပစာရသမာဓိဖြစ်ကြောင်း ၀ိသုဒ္ဓိမဂ်မှာ အထင်အရှား ပြဆိုထားတာကိုလည်း အထူးသတိပြုကြရမယ်။ အဲဒါဟာ မည်သည့် အပ္ပနာသမာဓိ၏ အနီး၌မျှ ဖြစ်တာမဟုတ်တဲ့အတွက် ဥပစာရသမာဓိ အစစ်မဟုတ်ကြောင်း၊ ဥပစာရသမာဓိနှင့် နီဝရဏကင်းပုံခြင်း၊ စိတ်တည်ကြည်ပုံချင်း တူညီတဲ့အတွက် သဒိသူပစာ အားဖြင့် ဥပစာရသမာဓိခေါ်တဲ့အကြောင်း ၀ိသုဒ္ဓိမဂ် မဟာဋီကာ (ပ၊ ၄၃၆)မှာ ပြဆိုထားတယ်။
အဲဒါကို ၀ိပဿနာ အနေနဲ့ဆိုရင် ၀ိပဿနာ ခဏိကသမာဓိလို့ ခေါ်ရမှာပဲ။ ဒါကြောင့် ဘုန်းကြီးက ၀ိပဿနာ ခဏိကသမာဓိလို့လည်း ဖော်ပြနေပါတယ်။ အဲဒါကိုတချို့က သဘောမပေါက်တဲ့အတွက် ခဏိကသမာဓိဖြင့် ၀ိပဿနာ မဖြစ်နိုင်ကြောင်း၊ အကယ်၍ ဖြစ်နိုင်ပါလျှင် စာသင်သားတွေမှာလည်း ၀ိပဿနာဉာဏ်တွေ ဖြစ်နိုင်ဖွယ်ရှိကြောင်း အပြစ်ပြပြီး ပြောဆိုနေတယ်။
စာသင်သားတွေ၏ သမာဓိဟာ နီဝရဏ ကင်းလောက်အောင်အားရှိရင် မဟာသတိပဋ္ဌာနသုတ်နှင့်အညီ ဖြစ်ဆဲရုပ်နာမ်ကို ရှုမှတ်နေတာလည်း ဟုတ်ရင် ၀ိပဿနာဉာဏ် ဖြစ်နိုင်ပါတယ်လို့ ဘုန်းကြီးတို့က လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ ကျက်မှတ်လေ့လာထားတဲ့ သရုပ်သဘောတွေကို ရွတ်ဆို ဆင်ခြင်နေတဲ့ သမာဓိမျှဖြင့် နီဝရဏလည်း မကင်းကြောင်း၊ ဖြစ်ဆဲရုပ်နာမ်ကို ရှုနေတာလည်း မဟုတ်ကြောင်း ထင်ရှားပါတယ်။ ဒါကြောင့် အဲဒီလို အပြစ်ပြပြီး ပြောနေတဲ့ ပုဂ္ဂိုလ်ဟာ ၀ိပဿနာ လုပ်ငန်းအစစ်ကို နားမလည်လို့ ပြောနေတာပဲ။
၀ိသုဒ္ဓိမဂ် (ပ၊၂၈၁)မှာ ၀ိပဿနာ ခဏိကသမာဓိကို ခဏမတ္တဌိတိကော သမာဓိစသည်ဖြင့် ပြထားပါတယ်။ အဲဒီအဋ္ဌကထာ၊ ဋီကာများကိုလည်း အမှီပြုပြီးတော့ ဘုန်းကြီးက သဒိသူပစာ ဥပစာရသမာဓိကို ၀ိပဿနာခဏိက သမာဓိလို့ မုချအမည်အားဖြင့် ပြဆိုထားခြင်း ဖြစ်ပါတယ်။ အဲဒီအချက်တွေကို သဘောပေါက်ရင်တော့ ရှင်းနေမှာပါပဲ။ (ဓမ္မစကြာတရားတော်ကြီး)
၀ိပဿနာရှုခိုက်မှာ ဖြစ်တဲ့ သမာဓိကတော့ ခဏိက သမာဓိလို့ ခေါ်ရပါတယ်။ ရှုခိုက်ရှုခိုက် ခဏခဏမျှသာ တည်တံ့တဲ့ သမာဓိလို့ ခေါ်ဆိုရပါတယ်။ ၀ိပဿနာရှုခိုက်မှာ ဒီခဏိကသမာဓိ မပါရင် ၀ိပဿနာဉာဏ်ဟာ မဖြစ်နိုင်ဘူး။ အားကောင်းတဲ့ ဒီခဏိကသမာဓိပါမှ ဖြစ်နိုင်ပါတယ်။ စျာန်အခြေခံမရှိဘဲ ၀ိပဿနာသက်သက်ရှုတဲ့ သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်မှာဆိုရင် ဒီဝိပဿနာ ခဏိက သမာဓိဖြင့်ပင် ၀ိပဿနာဉာဏ်တွေကို ဖြစ်စေပြီးတော့ အရိယမဂ်ဖိုလ်ကို ရောက်ရတယ်။ ဒီဝိပဿနာသမာဓိဟာ အာရုံတစ်ခုတည်း ရှုရတာမဟုတ်ဘူး။ (အလုံးစုံကို ရှေးရှုပြီး သိရမယ် စသည်ဖြင့် ပြထားတဲ့အတိုင်း) ထင်ရှားပေါ်လာသမျှ အာရုံတွေကို အကုန်လုံးပဲ ရှုရပါတယ်။ ဒါပေမဲ့ ရှုခိုက်ရှုခိုက်မှာ ရှုရတဲ့အာရုံနဲ့ ကပ်ခနဲ ကပ်ခနဲ တည်တည်သွားတဲ့အတွက် ပျံ့လွင့်ခြင်း မရှိဘူး။ အဲဒါဟာ ထိထိရောက်ရောက် ၀ိပဿနာအလုပ်ကို အားထုတ်ဖူးတဲ့သူတွေမှာ အလွန်ထင်ရှားနေပါတယ်။ (သလ္လေခသုတ်တရားတော်ကြီး)
မေး ➳ သရုပ်သချင်္ာဖြင့် ဆင်ခြင်၍ သိရုံမျှဖြင့် နာမရူပပရိစ္ဆေဒဉာဏ်အစစ် ဖြစ်ပါသလား။
ဖြေ
✏
သရုပ်သချင်္ာဖြင့် ဆင်ခြင်၍ သိရုံမျှဖြင့် နာမရူပပရိစ္ဆေဒ ဉာဏ်အစစ်မဖြစ်။ တကယ်ဖြစ်ပေါ်နေသော ရုပ်နာမ်တို့ကို ရှုမှတ်နေစဉ် သိစရာရုပ်နှင့် အသိစိတ်နာမ် တခြားစီ ခွဲခြား၍ သိမှသာ နာမရူပပရိစ္ဆေဒဉာဏ်အစစ် ဖြစ်ကြောင်း မှတ်သားကြရမယ်။ (ဓမ္မစကြာတရားတော်ကြီး)
ကိုယ်ပိုင်အသိဉာဏ်က ဖြစ်ခိုက်ရုပ်နာမ်ကို ရှုမှတ်မှ ဖြစ်တယ်။ ကြံတွေး ကြည့်ရုံနဲ့တော့ မဖြစ်ဘူး။ လောကီစိတ်က ၈၁-ခုနဲ့ စေတသိက် ၅၂-ခုက နာမ်၊ ရုပ် ၂၈-ခုက ရုပ်၊ ဒီနာမ်ရုပ် ၂-ပါးမျှသာ ရှိတယ် လို့ ဒီလိုဆင်ခြင်ကြံတွေးကြည့်တာကတော့ သညာသိပဲ။ ကိုယ်ပိုင်ဉာဏ်ပညာသိမဟုတ်ဘူး။
စဉ်းစားကြည့်ပါ။ လောကီစိတ် ၈၁-ခုဆိုတာ ဘယ်ကစိတ်တွေလဲ။ မိမိသန္တန်မှာ အကုန်လုံးဖြစ်ဖူးရဲ့လား။ မဟဂ္ဂုတ်ကုသိုလ် ကြိယာစိတ်တွေဟာ စျာန်ရပုဂ္ဂိုလ်တွေ သန္တန်မှာသာ ရှိတယ်။ ကာမာဝစရ ကြိယာဇောစိတ်တွေတောင်မှ ရဟန္တာပုဂ္ဂိုလ်၏ သန္တန်မှာသာ ရှိတယ်။ မိမိသန္တန်မှာ မရှိတဲ့ အဲဒီစိတ်တွေကို အမှန်တကယ်သိနိုုင်ပါ့မလား။ ရုပ် ၂၈-ခုထဲမှာလည်း ဣထိဘာဝရုပ်ဆိုတာ မိန်းမတို့သန္တန်မှာသာ ရှိတယ်။ အဲဒီရုပ်ကို ယောကျာ်းတွေ ကိုယ်တိုင်တွေ့အားဖြင့် သိနိုင်ပါ့မလား။
အဲဒီလိုမသိနိုင်တာတွေကို ဆင်ခြင်ပြီး သိတာဟာ ပရမတ်အစစ်ကို သိတာ ဟုတ်ပါ့မလား။ အမည်ပညတ်လောက် သိနေတာ မဖြစ်ပေဘူးလား။ "ပရမတ်တရားတို့၏ အမည်ပညတ်မျှကိုသာ သိခြင်းဖြစ်ပါတယ်"လို့ ရိုးသားစွာ ဖြေရပေလိမ့်မယ်။ အဲဒီလို ပညတ်ကိုသိရုံနဲ့ နာမရူပပရိစ္ဆေဒဉာဏ်အစစ် မဖြစ်ဘူးဆိုတာကတော့ ရှင်းနေပါပြီ။ ဒါကြောင့် ဖြစ်ခိုက် ရုပ်နာမ်ကို မရှုမှတ်တဲ့သူတွေမှာ အောက်ဆုံးအခြခံ ၀ိပဿနာပညာဖြစ်တဲ့ နာမရူပပရိစ္ဆေဒဉာဏ်တောင် မရှိနိုင်ဘူး။ ၀ိပဿနာပညာ ကင်းမဲ့နေကြတယ်။ (သလ္လေခသုတ်တရားတော်ကြီး)
မေး ➳ ပထမစပြီး ၀ိပဿနာရှုကတည်းက အနိစ္စ စသည်ကို သိမြင်ပါသလား။
ဖြေ
✏
၀ိပဿနာ ယာနိက၏ ရှုပုံကိုတော့ .. ဣဓ၊ ဤသာသနာတော်၌။ ဧကစ္စော ပန၊ အချို့ယောဂီသည်ကား။ ဝုတ္တပကာရံ၊ ဆိုခဲ့သော အပြားရှိသော။ သမထံ၊ ဥပစာရသမာဓိနှင့် စျာန်သမာဓိဟူသော သမထကို။ အနုပ္ပါဒေတွာဝ၊ မဖြစ်စေမူ၍သာလျှင်။ ပဥ္စုပါဒါနက္ခန္ဓေ၊ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို။ အနိစ္စာဒီဟိ၊ အနိစ္စ အစရှိသော အခြင်းအရာတို့ဖြင့်။ ၀ိပဿတိ၊ ရှု၏။ အယံ၊ ဤရှုခြင်းသည်။ ၀ိပဿနာ၊ ၀ိပဿနာပေတည်းလို ပြဆိုထားတယ်။
ဒီမှာလည်း ဥပစာရသမာဓိ၊ စျာန်အပ္ပနာသမာဓိကို မဖြစ်စေတော့ဘဲ ဥပါဒါနက္ခန္ဓာငါးပါးကို ပထမစပြီး ရှုကတည်းက အနိစ္စစသည်ကို သိမြင်တယ်လို့တော့ မယူရဘူး။ နီဝရဏ ကိလေသာ စိတ်ကူးတွေ မကင်းသေးရင် ရုပ်နာမ်တို့၏ သဘာဝလက္ခဏာတောင် ကောင်းကောင်း မသိနိုင်သေးပါဘူး။ နီဝရဏကိလေသာ စိတ်ကူးတွေကို ကင်းစေနိုင်တဲ့ ၀ိပဿနာ ခဏိကသမာဓိ ကောင်းကောင်းဖြစ်ဖို့ လိုပါတယ်။ အဲဒီခဏိက သမာဓိ ဖြစ်တဲ့အခါကျမှ နီဝရဏ ကိလေသာစိတ်ကူးတွေ ကင်းပြီး စိတ္တဝိသုဒ္ဓိဖြစ်တယ်။
စိတ္တဝိသုဒ္ဓိဖြစ်တဲ့အခါကျမှ ရုပ်နာမ်တို့၏ သဘာဝလက္ခဏာကို ကောင်းကောင်းကြီးသိပြီး နာမရူပပရိစ္ဆေဒဉာဏ်ဖြစ်တယ်။ အဲဒီကနောက် အကြောင်းအကျိုးကို သိတဲ့ ပစ္စယပရိဂ္ဂဟ ဉာဏ်ဖြစ်ပြီးတော့ အနိစ္စစသည်ကို သိတဲ့ သမ္မသနဉာဏ် စသည်ဖြစ်တယ်။ အဲဒီလို ဖြစ်ပုံက ၀ိသုဒ္ဓိမဂ်မှာ အကျယ်ပြထားပြီး ရှိနေတဲ့အတွက် ဒီအဋ္ဌကထာမှာတော့ ဥပါဒါနက္ခန္ဓာငါးပါးကို အနိစ္စစသည်တို့ဖြင့် ရှုတယ်လို့ အကျဉ်းချုပ်ပြထားတယ်လို့ မှတ်ရမယ်။
အဲဒီလိုမယူဘဲနဲ့ စပြီးရှုကတည်းက အနိစ္စစသည်ကို သိမြင်တဲ့ဉာဏ်ဖြစ်တယ်လို့ ယူရင် ၀ိသုဒ္ဓိမဂ်နဲ့ဆန့်ကျင်တယ်။ ၀ိသုဒ္ဓိ ၇-ပါး ဖြစ်စဉ်နဲ့လည်း ဆန့်ကျင်တယ်။ ဆန့်ကျင်ရင် အစစ်အမှန်မဟုတ်ဘူး။ အတုအယောင် အမှားပေါ့။ (ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်တရားတော်)
မေး ➳ တကယ်ဖြစ်ပျက်တဲ့ ရုပ်နာမ်ကို မရှုပါဘဲ ဖြစ်ပျက်ဖြစ်ပျက် ဆိုရုံမျှဖြင့် တကယ်အဖြစ်အပျက်ကို သိတဲ့ ၀ိပဿနာဉာဏ်အစစ် ဖြစ်နိုင်ပါသလား။
ဖြေ
✏
ရုပ်နာမ် အစစ်ရဲ့သဘော အထည်ကိုယ်ကို မတွေ့ရသေးဘဲနဲ့ အဲဒီအဖြစ်အပျက်ကို မသိမြင်နိုင်ဘူး။ ဥပမာ ... လျှပ်ရောင် လက်နေတုန်း မကြည့်မိ မမြင်မိပါဘဲနဲ့ အဲဒီလျှပ်ရောင်ရဲ့ ပေါ်လာပုံ ဖြစ်ပုံကို သိနိုင်ပါ့မလား။ မသိနိုင်ပါဘူး။ အဲဒါလိုပဲ ဖြစ်ခိုက် ရုပ်နာမ်ကို မရှုမသိပါဘဲ အဲဒီရုပ်နာမ်၏ အဖြစ်အပျက်ကို မသိနိုင်ဘူးဆိုတာ သိနားလည်ထားကြရမယ်။ ဒါကြောင့် တကယ်ဖြစ်ပျက်တဲ့ ရုပ်နာမ်ကို မရှုပါဘဲနဲ့ ဖြစ်ပျက်ဖြစ်ပျက်ဆိုနေရုံမျှဖြင့် တကယ်အဖြစ်အပျက်ကို သိတဲ့ ၀ိပဿနာဉာဏ်အစစ် မဖြစ်ဘူး။ ဖြစ်ဆဲရုပ်နာမ်ကို ရှုမှတ်ပြီး တကယ်ဖြစ်ပျက်သွားပုံကို တွေ့ပါမှ တကယ်အဖြစ်အပျက်ကို သိတဲ့ ၀ိပဿနာဉာဏ်အစစ်ဖြစ်တယ်ဆိုတာကိုလည်း ကိန်းသေမှတ်ထားကြရမယ်။
(ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်တရားတော်)
❁ အပ္ပမာဒေန သမ္မာဒေထ ❁
|
https://www.dhammaransi.com/index.php/new/2452-2018-09-04-00-08-05.html
|
ဘုရားအလိုအတိုင်း ရှင်ပြုနည်း။
|
မြတ်စွာဘုရား ဘုရားဖြစ်ပြီး တစ်နှစ်လောက်အကြာမှာ မွေးရပ်ဇာတိဖြစ်တဲ့ ကပ္ပိလဝတ်
နေပြည်တော်သို့ ကြွရောက်သီတင်းသုံး နေတော်မူပါတယ်။ တစ်နေ့တော့ ယသော်ဓရာမိဖုရာက
သားတော်ရာဟုလာကို ဘုရားရှင်ထံမှာ အမွေတောင်းခိုင်းပါတယ်။ သားတော်ရာဟုလာကလည်း
ကလေးဆိုတော့ ဘုရားထံသွားပြီး အမွေတောင်းပါတော့တယ်။ ဘုရားရှင်ကလည်း “ သာရိပုတ္တ
ရာ - ရာဟုလာကို ရှင်ပြုပေးလိုက်ပါ” လို့ စေခိုင်းတော်မူပါတယ်။ ရှင်သာရိပုတ္တရာ အရှင်မြတ်
ကြီးကလည်း တစ်ခါမှ ရှင်ပြုမပေးဖူးသေးတော့ မြတ်စွာဘုရားအား “မည်သို့ ရှင်ပြုပေးရမလဲ
ဘုရား ” လို့ မေးလျှောက်တော်မူပါတယ်။ ဘုရားရှင်က ရဟန်းတွေကို စုဝေးစေပြီး “ ရဟန်းတို့
သရဏဂုံသုံးပါးနဲ့ ရှင်သာမဏေပြုပေးဖို့ ငါဘုရား ခွင့်ပြုတော်မူတယ် ” လို့ မိန့်တော်မူပါတယ်။
ပြီးတော့ ရှင်ပြုပေးရမယ့် နည်းလမ်းကိုလည်း မိန့်တော်မူပါတယ်။
၁။ ရှင်လောင်း၏ ဆံပင်မုတ်ဆိတ်များကို ရိတ်ပယ်ပေးပါ။
၂။ ဖန်ရည်ဆိုးတဲ့ အဝတ်သင်္ကန်းကို ဝတ်ရုံစေပါ။
၃။ အပေါ်ရုံသင်္ကန်း(ဧကသီ)ကို လက်ဝဲပုခုံးပေါ် တင်ခိုင်းပြီး ရဟန်းတို့ရဲ့ ခြေတို့ကို ရှိခိုးဦး
တိုက်စေ၍ ဆောင့်ကြောင့်ထိုင်ခိုင်းပါ။
၄။ ပြီးရင် လက်အုပ်ချီခိုင်းကာ “ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ ”
သရဏဂုံ သုံးပါးကို ရွတ်ဆိုစေပါ။
ဘုရားရှင်က သားတော်ရာဟုလာကို အဲဒီအတိုင်းရှင်ပြုခိုင်းပါတယ်။ ဒါက နတ်ပြမယ်၊ မြို့ထဲလှည့်မယ်၊ ပွဲငှားကြမယ်တို့ မပါဝင်တဲ့ ဘုရားအလိုအတိုင်း ရှင်ပြုနည်းဖြစ်ပါတယ်။
{ မြင့်ရွှေ(ပေါင်းတည်) ၏ ရှင်ပြု ရဟန်းခံ မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }
ဦးသိန်းဝေ။
|
https://www.dhammaransi.com/index.php/new/2451-2018-09-04-00-03-46.html
|
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဆုံးမသြဝါဒတော်များ
|
၁။ ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်။
၂။ ရခဲလှတဲ့ လူ့ဘဝကို အလွဲသုံးစား အချိန်တွေ မဖြုန်းလိုက်ပါနဲ့။
၃။ ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။
၄။ သက်တမ်းတိုတဲ့ ဘဝကလေးမှာ တရားအားမထုတ်ဘဲ ချောင်ခိုနေရင် အသေစောက ကိုယ်ကျိုးနည်းလိမ့်မယ်။
၅။ မနေ့ကထက် ယနေ့သေဖို့ တစ်ရက်နီးသွားပြီ။
၆။ မမျှော်လင့်ဘဲ ဗြုန်းကနဲ နာလည်း နာနိုင်သည်။ သေလည်း သေနိုင်သည်။
၇။ ခန္ဓာ၏ ဝတ္တရားက အသေရှာတာ၊ ဉာဏ်၏ ဝတ္တရားက အသေရှောင်တာ။
၈။ အသေမဦးခင် ဉာဏ်ဦးစီးပြီး ဝိပဿနာတရား အားထုတ်ပါ။
၉။ သာသနာနဲ့ကြုံမှ သစ္စာလေးပါး ထွက်မြောက်ရေး တရားပေါ်မယ်။
၁၀။ အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုသာန်မရောက်ခင် မဂ္ဂင်အလုပ် အမြန်လုပ်ပါ။
၁၁။ ကိစ္စဟူသရွေ့ မဂ်တား ဖိုလ်တားလို့ မှတ်ပါ။
၁၂။ တဏှာ-လောဘ ခိုင်းတာလုပ်နေလျှင် သေတဲ့အခါ အပါယ်ရောက်မယ်။
၁၃။ အဝိဇ္ဇာ-တဏှာ ကိန်းလာရင် အရှက်အကြောက် မရှိတော့ဘူး။
၁၄။ အလကားနေသရွေ့၊ အအားနေသရွေ့ အမှားနဲ့နေခြင်းလို့မှတ်ပါ။
၁၅။ တဏှာကို အဖော်မလုပ်ဘဲ ဉာဏ်ကို အဖော်လုပ်ပါ။
၁၆။ ရက်ရာဇာ၊ ပြဿဒါး၊ ရက်မရွေးနဲ့၊ သူတော်ကောင်းအလုပ်လုပ်နေတဲ့အချိန်ဟာ မင်္ဂလာအချိန်လို့ မှတ်ပါ။
၁၇။ ကိုယ့်ကိုကိုယ် သနားရင် ဝိပဿနာလုပ်ကြ၊ ကိုယ့်ကိုကိုယ် မသနားရင် သားရေး၊ သမီးရေး၊ စီးပွားရေး လုပ်ကြ။
၁၈။ သစ္စာတရားကို နာမှသိမယ်၊ သိမှ ကျင့်မယ်။
၁၉။ နားက တရားကိုနာပါ။ ဉာဏ်က ခန္ဓာကို လှည့်ပါ။
၂၀။ နိဗ္ဗာန်သည် ကံ၏အကျိုးမဟုတ်၊ ဉာဏ်၏အကျိုးသာ ဖြစ်တယ်။
၂၁။ တရားနာနေသည့်အချိန်ဟာ မတရားအလုပ် မလုပ်တဲ့အချိန်ပဲ။
၂၂။ မိမိခန္ဓာရဲ့ အရှိဖြစ်ပျက်ကို အသိမဂ်နဲ့ တကယ်သိအောင်လုပ်ပါ။
၂၃။ ရှေ့စိတ်ကို နောက်စိတ်က ကြည့်တာ ဝိပဿနာ။
၂၄။ တစ်စိတ်ကို နှစ်စိတ်နဲ့ကြည့်တာ ဝိပဿနာ။
၂၅။ ရှေ့အသေကို နောက်အသေနဲ့ကြည့်တာ ဝိပဿနာ။
၂၆။ အရှိကို အသိလိုက်တာ ဝိပဿနာ။
၂၇။ ရှေ့က ဖြစ်ပျက်ပြီးတာ အနိစ္စ၊ နောက်က ပျက်မှန်းသိတာ မဂ္ဂ။
၂၈။ အရှိက ဖြစ်ပျက်ဓမ္မ၊ အသိကတော့ မဂ္ဂ။
၂၉။ ခန္ဓာက လောင်စာ၊ ဇရာ, မရဏက မီး။
၃၀။ ဘယ်ခန္ဓာရရ၊ လောင်စာနဲ့မီး တွဲလျက်ကြီး။
၃၁။ လောင်စာသိမ်း၍ မီးငြိမ်းတာ နိဗ္ဗာန်။
၃၂။ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းတာ နိဗ္ဗာန်။
၃၃။ ကိလေသာအပူဓာတ်တွေ အေးငြိမ်းတာ နိဗ္ဗာန်။
၃၄။ ခန္ဓာက အနိစ္စ၊ တွေ့တာက မဂ္ဂ၊ သေတာက အမုဒယ၊ ဆိုက်ရောက်တာက နိရောဓ။
၃၅။ ဖြစ်ပျက်သမျှ၊ သင်္ခါရ ဒုက္ခသစ္စာမှတ်၊ သင်္ခါရကို ငါကောင်ထင် ခင်မင် သမုဒယ၊ ရုပ်နာမ်အားလုံး ဖြစ်ပျက်သုဉ်း ချုပ်ဆုံး နိဗ္ဗာန်မှတ်၊ ချုပ်ဆုံးမှုတွင် ဉာဏ်သက်ဝင် သိမြင် မဂ်ဟုမှတ်။
[ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏ ဝိပဿနာရှုနည်း ၉ နည်း ပတွဲ ကျော်နန္ဒအောင် စုဆောင်းပူဇော်သည် စာအုပ် စာ၂၀၉၊ ၂၁၀ မှ]
|
https://www.dhammaransi.com/index.php/new/2450-2018-09-04-00-00-23.html
|
ဘုန်းကံဆိုတာ လူတစ်ယောက်မှာ အလိုအလျှောက် ရှိနေတာလား
|
ဘုန်းကံဆိုတာ အလိုအလျောက်ပေါ်ပေါက်လာတာတော့ မဟုတ်ပါဘူး။မိမိအတိတ်ဘဝက ပြုလုပ်ခဲ့သောကုသို
လ်ကံကြောင့်
လည်းပေါ်ပေါက်လာပါတယ်။ယခုလက်ရှိဘဝပြုလုပ်သော ကုသိုလ်ကံ
ကြောင့်လည်း ပေါ်ပေါက်လာပါတယ်။
အနည်းငယ်ရှင်းပြပါရစေ။
အတိတ်ဘဝကံကြောင့် ဘုန်းကံပေါ်ပေါက်လာသူတွေ အများကြီးထဲကဂေါတမမြတ်စွာဘုရား လက်ထပ်တော်၌ ဇမ္ဗူဒိပ်ကျွန်းလုံးဝယ်
ကျော်စောထင်ရှားသော ဇောတိက, ဇဋိလ, မေဏ္ဍက, ကာကဝလိယနှင့်ပုဏ္ဏတို့သူဌေးကြီး ငါးဦးအကြောင်းပြောပြပါရစေ။
ဇဋိလသူဌေးကြီးသည် အတိတ်က ကဿပမြတ်စွာဘုရား၏ ဓာတ်တော်စေတီဌာပနာတိုတ်တွင် တစ်ထွာစီမြင့်သော ရွှေပန်းခိုင်
သုံးခုကိုလှူဒါန်းပြီး ထိုစေတီ၌ ရွှေတစ်ဖျာစာ မလောက်မငှဖြစ်နေသည်ကို လှူဒါန်းပူဇော်ခဲ့သည့် ကောင်းမူကြောင့် ဇဋိလသူဌေးဘဝတွင် အိမ်တံခါးဝ၌ အတောင်ရှစ်ဆယ်မြင့်သော ရွှေတောင်ကြီးပေါက်လာ၏။
ဇောတိကသူဌေးကြီးသည် ၀ိပဿီမြတ်စွာဘုရား လက်ထပ်တော်တွင် ဗန္တ္တုမတီပြည်၌ အပရာဇိတအမည်ဖြင့် သူကြွယ်ဖြစ်ခဲ့၏။ ထိုသူကြွယ်သည် ၀ိပဿီဘုရားရှင် သီတင်းသုံးရန် ဂန္ဓကုဋိတိုတ်ကို ရတနာခုနှစ်ပါးဖြင့် ထူးထူးခြားခြား တည်ဆောက်လှူဒါနး်ခဲ့၏။ ဤကုသိုလ်ကံကြောင့် ဇောတိကသူဌေးဘဝတွင် သူနေထိုင်ရန် ရတနာဗိမာန်ကြီး မြေမှ ပေါက်လာရ၏။
အပရာဇိတ သူကြွယ်သည် တူတော်စပ်သည့် သူဌေးကဝိပဿီမြတ်စွာ
ဘုရားနှင့် သံဃာတော်များ စည်းဝေးရန် ဆိတ်ရုပ်ခံသည့်ဇရပ်တစ်
ဆောင်ကို ရတနာခုနှစ်ပါးဖြင့် မွမ်းမံတည်ဆောက်ခဲ့၏။
ဤတူ-သူဌေးက မေဏ္ဍကသူဌေးကြီး ဖြစ်လာသည့်အခါ ရှစ်မင်းပယ်
စာမျှရှိသော မြေပြင်တွင် ဆင်ကြီးမြင်းကြီး အရွယ်မျှရှိသော ရွှေဆိတ် ရုပ်များ ကျောချင်းထိကာ ပေါ်ပေါက်လာကြ၏။
(သူဋ္ဌေးကြီး ပုဏ္ဍ အကြောင်းကို ရှာမရတဲ့အတွက် ခွင့်လွှတ်ပါ)
အထက်ပါ အချက်များသည် မိမိအတိတ်ဘဝက ပြုလုပ်ခဲ့သော ကုသို်လ်ကံ၏ဘုန်းကံများပင်ဖြစ်ပါတယ်။)
ဘုန်းကံသည် ယခုဘဝမှာလည်း ဆိုင်ပါတယ်။
ဘုန်းကံနဲ ့ပတ်သက်လို တောင်မြို ့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက
ဘုန်းကံဆိုတာ ရှေးက ပါခဲ့ပေမဲ့ ယခုဘဝကြိုးစားမှု ့ကလည်းရှိရတယ်။
စင်စစ်တော့ ကံဆိုတာ ရေလာမြောင်ပေးလုပ်မှာလည်း ကောင်းကျိုးရှိရာ ကောင်းကျိုးလာပြီး မကောင်းမှု ရှိရာမကောင်းကျိုးလာမှာပဲလို ့မိန် ့တာလေးကို မှတ်သားဖူးပါတယ်။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီကလည်း ကုဋေရှစ်ဆယ်ကြွယ်ဝချမ်းသာတဲ့ မဟာဓနသူဌေး ခွက်လက်ဆွဲတောင်းစားနေ
တာကိုကြည့်ပြီးဒီသူဌေးသည် ပထမအရွယ်မှာ တရားအားထုတ်ရင် ရဟန္တာဖြစ်နိုင်တယ်။ဒုတိယအရွယ်မှာ တရားအားထုတ်ရင် အနာဂါမ်
ဖြစ်နိုင်တယ်။တတိယအရွယ်မှာ တရားအားထုတ်ရင် သကဒါဂါမ်
ဖြစ်နို်င်တဲ့လို ့မိန် ့ကြားတော် မူတာလေးကိုလည်း မိမိတ်ို ့သတိမူ
သင့်တယ်။
နောက်ပြီးအခန်း(၁၃) လောကတရားစု- လောကဝဂ်)မှာလည်းယောစ ပုဗ္ဗေ ပမဇ္ဇိတွာ၊ ပစ္ဆာ သော နပ္ပမဇ္ဇတိ၊သောမံ လောကံ ပဘာသေတိ၊ အဗ္ဘာမုတ္တောဝစန္ဒိမာ။ ၁၇၂။
ရှေးက ကုသိုလ်ကောင်းမှု၌ မေ့လျော့ခဲ့သော်လည်း
နောင်အခါ ကုသိုလ်ကောင်းမှု၌ မမေ့လျော့သောသူသည်
တိမ်တိုက်မှလွတ်သော လမင်းကဲ့သို့ ဤလောကကို ထွန်းလင်းစေ၏။
လို ့ဟောထားပါတယ်။
ဒီနေရာမှာ--
ဘုန်းကံဆိုတာ ရှေးဘဝ နောက်ဘဝနဲ ့ဆိုင်တာကို မသိတဲ့လူတွေသုံးတဲ့စကားပုံလေး ဗဟုသုတအဖြစ်ပြောလိုက်
ပါရစေ။ဘာလိုလည်းဆိုတော့တစ်ချို ့လူတွေအကုသိုလ်လုပ်ပြီး
ဘာလို ့ကြီးပွားနေတာလဲ အမေးခံရလို ့ပါ။
ဗောဓိပင်ပျိုးလို့ ခြေကျိုးရ၊ ဗောဓိကိုင်းချိုးလို့ရွှေအိုးရ။” ဟူသောစကားလေး ကြားဖူးမယ်ထင်ပါတယ်။
တစ်ကယ်တော့ဗောဓိပင်ပျိုးလို ့ခြေကျိုးတာ မဟုတ်ပါဘူး။ ဗောဓိပင်ပျိုးသူသည်
်သေရမယ့် ကံပါလာသောလည်း ဗောဓိပင်ပျိုးလိုက်သော ကုသိုလ်ကောင်း မှုကြောင့်သေရမည့်ကံက လွတ်ပြီးခြေကျိုးတာကို ဆိုလိုတာပါ။
ထိုအတူပါပဲရွှေအိုပေါင်းများစွာရရှိရမည့်ကုသိုလ်ကံပါသော်လည်းဗောဓိကိုင်းချိုးသော အကုသိုလ်ကံကြောင့် ရွှေအိုတစ်အိုးသာ ရရှိတာ
ကိုဆိုလိုတာပါ။ထိုသို ့မသိဘဲ့ အကုသိုလ်လုပ်လည်း ကြီးပွားတာပဲ
လို ့တွေးလိုက်ရင်တော့ မှားယွင်းသော အသိဉာဏ် (wrong view)ဖြစ်သွားပါပြီ း။
ဒီလောက်ဆိုရင် ဘုန်းကံဆိုတာ အလိုအလျောက်ရှိနေတာလား
မေးခွန်းရဲ့အဖြေရလောက်ပါပြီး။
သတ္တဝါခပ်သိမ်း တရားကိန်း အေးငြိမ်း ချမ်းသာရှိပါစေ။
အရှင်ဝိစက္ခဏ( မဟာလယ်တီ)
|
https://www.dhammaransi.com/index.php/new/2449-2018-09-01-16-12-08.html
|
ဘာကြောင့် ဘုရားရှင်က ဂုဏ်တော်ကို ပွားခိုင်းရသလဲ..?
|
ဒို့စိတ်တွေက ရိုင်းလွန်းလို့
ဒီအတိုင်းမထားနိုင်လို့
ဘုရားဂုဏ်ကို အာရုံပြုပြီးတော့
ဒို့ရဲ့ရိုင်းတဲ့စိတ်ကို
ဘုရားအာရုံလေးနဲ့တွဲပြီးတော့ကပ်ပြီးတော့
ယဉ်အောင် ကျင့်ယူရတာထင်တယ် ။
အဲဒါဗျ ဒို့ချည်းမနိုင်လို့
ဘုရားနဲ့ကပ်ယူရတာ ။
အဲဒီဂုဏ်တော်တွေပွားခြင်းတို့မည်သည်မှာ
' သဒ္ဓါ ' နိုးအောင်လို့ နှိုးပေးတာ ။
ဒို့ စာလိုတော့ လျက်ဆားများဆိုရင်
ပုလင်းအထဲ ထဲမှာ လျက်ဆားထည့်ထားတယ်
အပြင်ပုလင်းမှာ ပုလင်းဘူးပတ်ကလေး မရှိဘူးလား
ဆေးရဲ့အာနိသင်ဆိုပြီး မရေးဘူးလား ။
ဘာတုန်း
သလိပ်ခဲသော် သွေးကျသော်နဲ့
မပါဘူးလား ?
( ပါ ပါတယ်ဘုရား )
သလိပ်ကပ်သော် ဘယ့်နှယ်
ရင်ပြည့်သော် ဘယ်နှယ့်
ကွမ်းရွက်ပြုတ်ရည်ကြီးနဲ့ ဘယ်လို
အညွှန်းမရှိဘူးလား ?
( ရှိပါတယ် ဘုရား )
ဒို့ အညွှန်းလေးကို ဖတ်ကြည့်တာက
ဆေးသောက်စေချင်လို့ ။
အဲ့တော့ အညွှန်းဖတ်ကြည့်ရုံနဲ့
ဘယ့်နှယ်တုန်း
သလိပ်ကပ် ပျောက်သလား ?
( မပျောက်ပါဘုရား )
သလိပ်ကပ်ပျောက်ချင်တော့
ဘာလုပ်ရမှာတုန်း ?
(ဆေးသောက်ရမှာပါ ဘုရား )
အဲ့တော့
' အရဟံ '
' ပူဇော်အထူးကို
ခံယူတော်မူထိုက်သောဘုရား '
သူ့ဂုဏ်လေးနဲ့ကိုယ့်စိတ်ကို
တွဲထားရတာထင်တယ် ။
အမြဲတမ်းသာပြောနေ နှိုးဆော်နေ
' ပူဇော်အထူးကို
ခံယူတော်မူထိုက်သောဘုရား '
ပါဠိလို ' အရဟံ ' နေမှာပေါ့လေ ။
( မှန်ပါ ဘုရား )
ဒို့ အဲဒါလေး အာရုံပြုနေတဲ့အချိန်မှာ
အဟောင်းကိလေသာ တွေးသာသလား ?
( မတွေးသာပါ ဘုရား )
အသစ်ကိလေသာနောက်ကော
ပြေးလိုက်မိသလား ?
( မလိုက်မိပါ ဘုရား )
အဲဒါတစ်ချက်မှတ်လိုက်
တစ်ချက်ဒီဂုဏ်တော်ပွားလိုက်လို့
တစ်ချက်ကိလေသာ
တစ်ခါတည်းပျောက်ထွက်သွားတာ ။
အဲဒါ ဒီသတိစိတ် ဘုရားဂုဏ်စိတ်က
ကိလေသာကို ရှို့မြိုက်ပစ်လိုက်တာ
' စျာန် ' လို့ခေါ်တယ် ။
' စျာန် ' ဆိုတာ ကိလေသာကို
လောင်မြိုက်ပစ်လိုက်
တာလေ ။
တစ်ချက်မှတ်လိုက်တဲ့အချိန်
အဟောင်းလည်းပျောက်ပြီ
အသစ်လည်းပျောက်ပြီ အဲဒါ ' စျာန် ' ပဲဗျ ။
အဲဒါ ဗုဒ္ဓါနုဿတိနဲ့
အနုဿတိစျာန်ဝင်စားတာ ။
ဒို့ ပထဝီကသိုင်းတို့ ဘာတို့ဆိုတာကျတော့
သမာဓိကနေ ပညာကိုတန်းသွားမှာ ။
ဒို့ ဘုရားဂုဏ်ကကျတော့ သဒ္ဓါကနေ
ပညာကိုတက်မှာ ။
အဲ့တော့
' အရဟံ ' လို့ ဒို့ကပွားလိုက်ရင်
' အရဟံ ' အကြောင်းမသိလည်း အရေးမကြီးဘူး
လိုချင်တာက စိတ်ကလေး
ပုတီးလုံးနဲ့စိတ်နဲ့ထိတဲ့နေရာဖြစ်ဖြစ်
အရဟံဂုဏ်ဆိုတဲ့ ဘုရားဂုဏ်မှာ
စိတ်ကလေးထိနေလို့ဖြစ်စေ
ဒါပဲလိုချင်တာ သိတာမသိတာ
လိုရင်းမဟုတ်ဘူး ။
အဟောင်းမတွေးစေချင်တာနဲ့
အသစ်နောက်ကိုလိုက်မပြေးစေချင်တာပါ
ဒါလေး ၂ခုပဲ ။
ရည်ရွယ်ချက် ဒါပဲမဟုတ်လား ။
အဲ့တော့
' ပူဇော်အထူးခံယူတော်မူထိုက်သောဘုရား '
အမြဲတမ်းသာ တဖွဖွနဲ့သာ နှလုံးသွင်းနေ
အဲဒါ ပုလင်းပတ်ကဆေးညွှန်းကို ဖတ်နေတာ ။
ဒါချည်းပဲရွတ်ပါများလာတော့
ကိုယ့်စကား ကိုယ့်နားကကြားသွားရင်
ကိုယ့်ကိုယ်ကု်ိပြန်မေးလိမ့်မယ်
' ဘာကြောင့် ပူဇော်အထူးကိုခံထိုက်တာလဲ '
သူများကမေးရင် ' မသိဘူးကွာ ' ပြောလိုက်
တစ်ခွန်းထဲပြောလို့ရတယ် ။
ကိုယ့်ကိုယ်ကိုမေးတော့
အဲ့လိုပြောလို့ရပါ့မလား ?
( မရပါ ဘုရား )
အဲ့တော့ မသိ
သိအောင် လုပ်ရတော့မယ် ။
ဒို့ ဘုရားရှင်ကဲ့သို့အကျင့်မျိုး
ဘယ်သူလိုက်ကျင့်နိုင်သလဲ ?
ဆိုပါစို့ ' ဒုက္ကရစရိယာ ' လိုဟာမျိုး
ဘယ်လိုလူ ကျင့်နိုင်သလဲ ?
နတ်တွေကော ကျင့်နိုင်သလား ?
ဗြဟ္မာတွေကော ကျင့်နိုင်သလား ?
အဲဒါကိုထားအုန်း ဒို့
ဒါက ကျင့်တဲ့ဘက်ကိုပြောတာ ။
ဒို့ ဘုရားဖြစ်မယ့်ဘဝမှာ
သိဒ္ဓတ္ထမင်းသားထင်တယ် ။
နန်းမကြီး ၃ဆောင်
မိဖုရားပေါင်းက ၁သိန်း ၂သောင်းရှိတယ်
ရွှေအိုးကြီးလေးလုံးနှင့်တကွ
ရှိသမျှပစ္စည်းတွေလည်း
မနည်းဘူး အတွင်းပစ္စည်းတွေ
ကမာ႓အရပ်ရပ်ကဘုရင်တွေကကို
လှမ်းဆက်သရတာ
ထင်တယ် ။
သူက စကြာမင်းဖြစ်မယ့်ပုဂ္ဂိုလ်
ဒီစကြာဝဠာတစ်ခုလုံးကြီးကို
အုပ်ချုပ်နိုင်စွမ်းရှိတဲ့ဘုရင်
သာမာန်ဘုရင်မဟုတ်ဘူး ။
သူ့ရဲ့ဘုန်းကံကြောင့်လည်း
တိုင်းပြည်မှာ
တစ်ဦးနှင့်တစ်ဦး
လုယက်ခြင်း တိုက်ခိုက်ခြင်း
လိမ်ညာခြင်း
မူးရူးရမ်းကားခြင်း မရှိတဲ့အတွက်
တရားစီရင်ရေးတွေလုပ်စရာမလိုပဲ
ဘုရင့်စည်းစိမ်သက်သက်ခံစားနေရတာကို
ဒို့ ဘယ်သူစွန့်နိုင်သလဲ ?
ဒို့ ရပ်ကွက်လူကြီးလေးလောက်တောင်
သူတက်မယ် ငါတက်မယ်ဖြစ်နေကြတာ
ဟိုက တစ်ကမာ႓လုံးဗျ
အခုလိုလည်းအရှုပ်အရှင်းမရှိဘူးဗျ
ဘုရင့်စည်းစိမ်သက်သက်ခံစားရုံပဲ ။
အဲဒါတွေအကုန်စွန့်ပြီး
ဘယ်သူတောထွက်ရဲသလဲ ?
နန်းတော်ကြီးနဲ့နေရပါများလို့
သုခကိုပယ်နိုင်တယ်
ထားအုန်း ဒုက္ခကိုခံနိုင်တဲ့
သတ္တိလည်းရှိသေးတယ်
နန်းတော်ကြီး ပယ်စွန့်ပြီး
သစ်တစ်ပင်အောက်
ဘယ်သူနေရဲသတုန်း ?
ပြီးတော့ ဘုရင့်အစားအသောက်
နုပေ့ကောင်းပေ့ဆိုတဲ့
အအီအဆိမ့်တွေပယ်ပြီး ဒီ သူများကလှူတဲ့
ထမင်းအကြမ်း ဟင်းကြမ်းကို ဘယ်သူစားရဲသလဲ ?
သုခကို ရိုးလို့ စွန့်နိုင်တယ်ထားအုန်း
ဒုက္ခကိုခံနိုင်ဖို့ သူ့လိုသတ္တိမျိုး
လူလည်းမရှိဘူး
နတ်တွေမှာလည်းမရှိဘူး
ဗြဟ္မာတွေမှာလည်းမရှိဘူး ။
အဲ့တော့ ဗြဟ္မာမင်းကြီးတွေကလည်း
'ငါ့ထက်သာတယ် '
နတ်မင်းကြီးတွေကလည်း ' ငါ့ထက်သာတယ် '
လူမင်းကြီးတွေကလည်း ' ငါ့ထက်သာတယ် '
ဆိုပြီး မပူဇော်ရဘူးလား ?
အဲ့တော့ လူမင်း
နတ်မင်း ဗြဟ္မာမင်းတို့ကတောင်
ပူဇော်တယ်ဆိုရင် လူသာမာန်
နတ်သာမာန်တွေက
ဘာပြောစရာလိုတုန်း ?
( မလိုပါ ဘုရား )
အဲ့တော့ ဘုရားဟာ
ဒါ့ကြောင့် ပူဇော်အထူးကိုခံထိုက်တယ်လို့
ဆုံးဖြတ်ချက်ချပြီးရင် ဒီအဖြေရလာပြီဆိုရင်
ငါလည်းပဲ ဘုရားသားတော်
ငါလည်းပဲ ဘုရားသမီးတော်ဆိုပြီး
ကိုယ့်ဘက်
လက်ညှိုးထိုးရတော့မယ်ထင်တယ် ။
ငါလည်းပဲ ဘုရားသားတော်
သမီးတော်ဆိုပြီးတော့
ပုလင်းထဲကဆေးကို ဖော်သောက်မိအောင်
အဲဒီဂုဏ်တော်တွေ ပွားခိုင်းတာ ။
ဘုရားက သူ နာမည်ကောင်းရအောင်
ပွားခိုင်းတာမဟုတ်ဘူး ။
ပုလင်းပတ်ကဆေးညွှန်းကိုဖတ်ပြီး
ပုလင်းထဲကဆေးကို သောက်ဖြစ်အောင်လို့
အဲဒီပုလင်းပတ်ကအညွှန်းကိုဖတ်ခိုင်းတာ
ဟုတ်ကဲ့လား ?
( မှန်ပါဘုရား )
(မဟာဗောဓိမြိုင်ဆရာတော်)
|
https://www.dhammaransi.com/index.php/new/308-2018-01-17-01-50-21.html
|
အနာဂါမ်ဆရာသက်ကြီး
|
စျာနလာဘီရဟန်းနှစ်ပါးသည် အရှေ့အရပ်မှ ကောင်း
ကင်ခရီးဖြင့်ကြွတော်မူ၍ ပဲခူးကလျာဏီသိမ်၌ ဆင်းပြီး
သိမ်အတွင်းရှိ ဗုဒ္ဓရုပ်ပွါးတော်အား ဖူးမြင်ကာ ဒေးစွန်ပါ
တောင်သို့ ကောင်းကင်မှကြွတော်မူလေသည် …
ဒေးစွန်ပါသည် ထိုခေတ်အခါက ဆင်နေကျားအောင်း
ပုပ္ပေါင်းထူထပ်သည့် တောနက်ကြီးဖြစ်ရကား တောင်
တစ်ခုစီတွင်သီတင်းသုံးလျက် တရားအားထုတ်တော်
မူကြသည်တွင်… တစ်ညာဉ့်သောကာလ စင်္ကြ ံကြွရင်း
အားထုတ်နေစဉ် တောင်တစ်ခုလုံးလင်းထိန်လျက် …
" အရှင်ဘုရားတို့ ယခုလိုအားထုတ်နေရုံမျှ တရားထူး
မရနိုင်ပါဘုရား "
" အသင် မည်သူနည်း "
" တပည့်တော် ဒေးစွန်ပါတောင်စောင့်နတ်ဖြစ်ပါသည်
ဘုရား …ဒီကနေ တောင်စူးစူးအရပ်ကို ကြွတော်မူပါ
လူပုဂ္ဂိုလ်တစ်ဦး တရားပြနေပါသည်ဘုရား "
တောင်စောင့်နတ်သည် တရားထူးရနိုင်မည့်အရပ်ကို
လျောက်ထားပီး ကွယ်လေလျင် ရဟန်းနှစ်ပါး တောင်
ခြေ၌ဆုံခိုက် အချိန်းအချက်ပြု၍ ထိုညအရုဏ်တက်
တွင် အနာဂါမ်ဆရာသက်ရှိရာ ပျော်ဘွယ်ကြီးရွာသို့
ကြွတော်မူလေသည် ။ တောင်စောင့်နတ်ကား သော
တာပန်တည်ပီး ပုဂ္ဂိုလ်ဖြစ်၏ …
ဆရာသက်တရားပြရာဓမ္မာရုံနှင့် လယ်နှစ်ကွက်ကျော်
တွင် ကောင်းကင်ခရီးမှဆင်းသက်တော်မူပီး ဓမ္မာရုံသို့
ကြွ၍ တရားအားထုတ်ပုံနည်းနာခံယူကြလေရာ ဆရာ
သက်မှ စျာန်အဘိညာဉ်ရ ရဟန်းနှစ်ပါးနှင့် ယောဂီများ
အား အောက်ပါအတိုင်း ဟောကြားတော်မူလေသည်
အနာဂါမ် ဆရာသက်ဟောကြားခဲ့သော တရားတော်--
လူဆိုရင် ငါးပါးသီလ၊ အာဇီဝဋ္ဌမကသီလ၊
ရဟန်းဆို စတုပါရိသုဒ္ဓိသီလရှိရင် ဘယ်အထိ အကျိုးများတယ်
ဆိုတာ သဗ္ဗညုတဉာဏ်တော်နဲ့ မြင်တော်မူလို့ ဖြစ်ပါ
တယ်။ ဒါ့ကြောင့် ဒီကနေ့ ဝိပဿနာကူးကြတဲ့အခါ
လောကကြီးထဲမှာ ပုထုဇဉ်သဘာဝ စွဲလမ်းတပ်မက်
ဖွယ်ဖြစ်တဲ့ စာတန်ခိုး ငွေတန်ခိုး အာဏာတန်ခိုးနဲ့ အဘိညာဉ်တန်ခိုးတွေအားလုံး " ဗြဟ္မာ့ပြည် တဝင်း
ဝင်း ဝက်စားကျင်းတရှုပ်ရှုပ်" ဆိုတဲ့အတိုင်း ဒုက္ခသစ္စာ
တွေချည်းပါကလားလို့ ဆင်ခြင်ရပါလိမ့်မယ်။
ငါဟာ သစ္စာလေးပါး အမှန်မြင်ပြီး တကယ့်နိဗ္ဗာန်ချမ်း
သာ အစစ်ကြီးကို ဧကန်ရတော့မယ်လို့ လေးလေးနက်
နက် ယုံကြည်ရပါမယ်။ ဒုက္ခတွေက လွတ်တော့မယ်
ဆိုပီး မာန်မာနတွေချ စိတ်ကို ပျော့ပျော့ထားရမယ်။
ကိုယ်နှုတ် အမူအရာတွေအားလုံး နူးညံ့သိမ်မွေ့စေရ
ပါမယ်။
ထုံးစံအတိုင်း ပရိကံကို လုပ်ပြီး နှာသီးဖျားမှာ ထွက်လေ
ဝင်လေ တရိပ်ရိပ်နှင့် ဖြစ်၍-ဖြစ်၍ ပျောက်ပျက်-ပျောက်
ပျက် ပြီးသွားတဲ့ အနိစ္စ အချက်ကို မြင်အောင် ရှုနိုင်ရင်
အာနာပါနဟာ သမထအဖြစ်က ဝိပဿနာကို ကူးတော့
တာပါပဲ။
အာနာပါနကို တစ်ချို့က သမထပါကွာလို့ အရမ်းမဲ့စွပ်
စွဲကြပါတယ်။ မဟုတ်ပါဘူး အာနာပါနဆိုတာ စွယ်စုံ
ရတဲ့ ကမ္မဋ္ဌာန်းကြီးပါ။ ဘုရားရှင်တိုင်း သွားတော်မူတဲ့
လမ်းရိုးကြီးပါ။ အာနာပါနဿတိ သုတ်မှာ အနိစ္စာနု
ပဿီ မမြဲတဲ့သဘောတွေကို မြင်အောင်ကြည့်ရမယ်
ဝိရာဂါနုပဿီ တပ်မက်စရာတွေကင်းအောင်ရှုရမယ်
လို့ အာနာပါနကိုပဲ ဝိပဿနာလို့ တိုက်ရိုက်ဟောတော်
မူပါတယ်။ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး
ကလည်း အာနပါနကိုပဲ သမထအဖြစ်ပထမထူထောင်
ပီး ပထမစျာန်ကဖြစ်စေ ဒုတိယစျာန်ကဖြစ်စေ တတိ
ယစျာန်ကဖြစ်စေ ခုန်ကျော်ပြီး ဒီအာနာပါနကိုပဲဝိပဿ
နာအဖြစ် ကူးနိုင်တယ်လို့ အတိအလင်း ရေးတော်မူ
ခဲ့ပါတယ်။
သို့ပါသော်လည်း ကျေးဇူးရှင်ကြီးများ ဆုံမတဲ့အတိုင်း
ထွက်လေဝင်လေ တို့၏ အနိစ္စအချက် ဒုက္ခအချက်
အနတ္တချက်ကို မြင်အောင် ထင်အောင် ဆယ်မိနစ်
ဆယ့်ငါးမိနစ် ရှုပြီးလျှင် စိတ်ကို ငယ်ထိပ်မှာထားပြီး
စိုက်ရှု ကျပ်ပြားဝိုင်းလောက် နေရာမှာ ပူမှုအေးမှု တေဇောဓာတ်ကြီးသဘော မာမှုပျော့မှု ပထဝီဓာတ်
သဘော စသည်ဖြင့် ရုပ်ဓာတ်တစ်ခုခု မိအောင်ဖမ်း
ရလိမ့်မယ်။ လှုပ်လှုပ်လှုပ်လှုပ်၊ ရွရွရွရွ၊ ဖွာဖွာဖွာဖွာ
တဖျစ်ဖျစ်မြည်ပြီး တဖြည်းဖြည်း တစ်ကိုယ်လုံး နယ်
ကျယ်ကာ ဖြစ်-ပျက်-ချုပ်-ပျောက် နေတာကို ဉာဏ်
မျက်စိမှာ မြင်ရပါလိမ့်မယ်။
ရုပ်က မသွားဘဲ နာမ်ကကြိုပြီး ရှေ့ရောက် မနေစေ
ရဘူး။ တဖြည်းဖြည်းချင်း ချဲ့သွားတာကို မီအောင်
လိုက်ပြီး ရှုမှတ်ရမယ်။ ဖောဋ္ဌဗ္ဗဓာတ်နဲ့ ကာယပသာ
ဒတို့ တွေ့ထိဖြစ်ပျက်တာကို နာမ်က သိသိနေပြီး ထိ
တဲ့ရုပ်ရော သိတဲ့နာမ်ပါ ထိုနေရာမှာပဲ အပ်တစ်စိုက်
စာမျှ မရွေ့။ ဖြစ်ပြီးလျှင် ချုပ်-ပျက်တာကို မြင်ရလိမ့်
မယ်။ ထွက်လေဝင်လေ ထဲမှာတင်ပဲ ပထဝီစတဲ့ဓါတ်
ကြီးများကို ရှုမှတ်လိုက ရှုမှတ်နိုင်ပါတယ်။
(သံဃာများဘက်သို့ လှည့်၍) " အရှင်မြတ်များ
သည်အတိုင်းရှုမှတ်လို့ ထင်ပါရဲ့လားဘုရား " ဟု
လျှောက်ရာ ဒေးစွန်ပါမထေရ်ကြီး နှစ်ပါးက ယခုပင်
ထင်ကြောင်း ဆရာကြီးအားပြန်လည်ပြောပြကြသည်။
ကောင်းလှပါသည်ဘုရား ယခုလို ကြားရတာအလွန် ဝမ်းမြောက်လှပါတယ်။ သင်္ဂြိုဟ်ကျမ်းကြီး အဘိဓမ္မာ
ကျမ်းကြီးများမှာ လာတဲ့အတိုင်း ရုပ်တွေအားလုံးသိဖို့
မလိုပါဘူးဘုရား။ အဘိဓမ္မာ ဒေသနာတော်ကတော့ သဗ္ဗညုတဉာဏ်တော်ကြီးအရာ။ ပဋိသမ္ဘိဒါပတ္တအရာ
တွေသာ ဖြစ်ပါတယ်။ ရုပ်တစ်လုံး နာမ်တစ်လုံးရဲ့
အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်ကို လင်း
လင်းထင်ထင် ဉာဏ်မျက်စိမှာ မြင်လျှင် အသင်္ခတ
ခေါ်တဲ့ နိဗ္ဗာန် အငြိမ်းဓာတ်ကြီးသို့ ဆိုက်ရောက်နိုင်ပါ
ပြီ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးလည်း
သည်အတိုင်းပဲ မိန့်မှာရေးသား တော်မူပါတယ်။
အထူးသဖြင့် သတိထားကြရမှာ ကတော့ တစ်နေရာ
က ရခဲ့၊ တစ်ချိန်က သိခဲ့တဲ့ ပရိယတ္တိအသိတွေ၊ စိန္တာ
မယ၊ သုတမယ အသိတွေကို ခဏ ဖယ်ထားကြဖို့
အရေးကြီးပါတယ်။
"သည်အတိုင်း အားထုတ်ကြတာ စာမတတ်တဲ့ သူများ
ပင် တစ်ပတ် နှစ်ပတ်နဲ့ ကျေနပ်အားရစရာ တွေ့ရပါ
တယ်။
ဒါကြောင့် မဟာသတိပဋ္ဌာနသုတ်မှာ ရက်အကန့်အသတ်
နဲ့ ရဲရဲကြီး အာမခံတာကိုးလို့ သဗ္ဗညုတ ဉာဏ်တော်ကြီး
ကို ကြည်ညိုမဆုံးနိုင်ပါ။ ယောဂီများအားလုံး အလုပ်လုပ်
တဲ့အချိန်မှာ သေနတ်လေးမြှားပစ်တဲ့လူဟာ မျက်စိကို
တစ်ဘက်မှိတ်ပြီး ပစ်ရသလို ဒီအာရုံတစ်ခုတည်း ထားရ
မယ်။ ငြိတွယ်စရာတွေ အကုန်ဖြတ်ပြီး ကိုယ်နဲ့အသက်
မငဲ့ကွက်ဘဲ သက်စွန့်ကြိုးပမ်း အားထုတ် နိုင်ကြပါစေ …
ပတ္တမြားတောင်
ဒကာသက် မနက်ကျရင် လင်ပန်းထဲမှာဂွမ်းတစ်မိုက်
ထည့်ထားပါလေဟု မိန့်တော်မူသဖြင့် ဆရာသက်က
ယွန်းလင်ပန်း၌ ဂွမ်းတစ်မိုက်ထည့်ထားခဲ့ရာ စျာန
လာဘီရဟန်းသည် ပတ္တမြားနှစ်လုံးကို လွယ်အိတ်
အတွင်းမှ ထုတ်ယူ၍ ဂွမ်းဆိုင်ပေါ်တင်လိုက်သည်နှင့်
ပတ္တမြားအရည်များယိုစိမ့်ကျလာသကဲ့သို့ ဂွမ်းဆိုင်
တစ်ခုလုံး ချင်းချင်းနီရဲသွားလေသည် …
ဒကာသက်ကို တရားကျေးဇူးဆပ်တဲ့အနေနဲ့ နှစ်သက်
ရာ ပတ္တမြားတစ်လုံးကို ယူပါလေ …
ဤပတ္တမြားတို့ မည်သည့်အရပ်ကဖြစ်သည်ကို
သိပါရစေဘုရား …
ပတ္တမြားတောင်က ယူဆောင်လာခြင်းဖြစ်သည်
တကာ
ကွမ်းသီးပမာဏရှိသောပတ္တမြားသည် ဣစ္ဆာသယ
တောင့်တတိုင်းပြည့်စုံသည့် ပတ္တမြားဖြစ်ပေသည် …
တပည့်တော်အတွက် မလိုအပ်ပါဘုရား ပြန်လည်ယူ
ဆောင်တော်မူပါ ယခုဘဝ၌ မဂ်ဆိုက်ဖိုလ်ဝင် ဖြစ်
အောင် တရားဓမ္မကိုသာ ကြိုးစားအားထုတ်တော်မူပါ
တော်မူပါဘုရား …
|
https://www.dhammaransi.com/index.php/new/309-2018-01-11-00-56-01.html
|
သမုဒ္ဒရာမှာ ဘယ်သူမဆို ရေချိုးခွင့်ရှိတယ်
|
ဂုဏ်ကျေးဇူးတွေ တိုင်းတာနှိုင်းယှဉ်လို့ မရလောက်အောင် ကြီးမားတာရယ်၊ ကျေးဇူးသိပြီး အောက်မေ့ပူဇော် သူတို့ကို အတိုင်းမရှိ ချမ်းသာစေနိုင်တာရယ်၊ ကျေးဇူးကန်း ပြစ်မှားသူတွေကို အတိုင်းမသိဆိုးကျိုး ဒုက္ခဖြစ်စေ တတ်တာရယ်တို့ကြောင့် အနန ္တလို့ ဂုဏ်ပြုသတ်မှတ်ခြင်းခံရတဲ့ ပုဂ္ဂိုလ် ၅ မျိုး ရှိပါတယ်။ အနန ္တငါးပါးလို့ ခေါ်တာပေါ့။
မြတ်စွာဘုရား ဟောတော်မူတဲ့ အစဉ် (ဒေသနက္ကမ) အတိုင်း ပြောရရင်တော့ ဘုရားရယ်၊ တရားရယ်၊ သံဃာရယ်၊ မိဘရယ်၊ ဆရာသမားရယ်ပေါ့။ ဘဝမှာကြုံတွေ့ရတဲ့ ဖြစ်စဉ် (ပဝတ္တိက္ကမ) အတိုင်း ပြောမယ်ဆိုရင်တော့ ‘မိဘရယ်၊ ဆရာရယ်၊ ဘုရား တရား သံဃာဆိုတဲ့ ရတနာသုံးပါးရယ်’ လို့ ပြောရပါလိမ့်မယ်။
အနန ္တငါးပါးတို့ရဲ့ ကျေးဇူးတရားများဟာ ကျေးဇူးပြုပေးသူများဘက်က ဘယ်လိုမှ တန်ဖိုးဖြတ် ကန့်သတ်ထားခြင်းမရှိတဲ့အတွက် ဘယ်ရွေ့ဘယ်မျှ ပေးဆပ်မှ ကျေးဇူးတွေကျေတယ်လို့ မရှိပါဘူး။ ‘ပေးဆပ်လို့မကုန်နိုင်အောင် ကျေးဇူးတွေများပြားတယ်’ လို့ သိရှိခံယူထားတဲ့စိတ် ရှိနေတယ်ဆိုရင်ပဲ ကိုယ့်အတွက် အလွန်ကျေးဇူးများပါတယ်။
ဒီနေရာမှာ တိုက်ရိုက်မဟုတ်ပေမယ့် သွယ်ဝိုက်ပြီး အတုယူစရာ ဥပမာတစ်ခုကို ပြောပြချင်ပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမသာသနာတော်ဟာ အလွန်နက်နဲ ကျယ်ဝန်းပါတယ်။ ဘယ်လောက်ပဲ နက်နဲကျယ်ဝန်းပေမယ့် သတ္တဝါဝေနေယျတို့အနေနဲ့ မိမိတို့ ကိုယ်စွမ်းဉာဏ်စွမ်း ပါရမီဓာတ်ခံစွမ်းရှိသလောက် သာသနာတော်ရဲ့ ကျေးဇူးတွေကို ခံစားခွင့်ရှိတယ်။ သာသနာတော်မှာ သက်ဝင်ကြည်ညို လိုက်နာခွင့်လည်း ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘုရားရှင်က ‘နက်နဲကျယ်ဝန်းတဲ့ သာသနာတော်ဟာ အံ့ဖွယ်ရှစ်ပါးနဲ့ပြည့်စုံတဲ့ သမုဒ္ဒရာနဲ့တူတယ်’ လို့ ဥပမာပေးတော်မူပါတယ်။
သမုဒ္ဒရာကြီးဟာ တိုင်းထောက်လို့ မရနိုင်လောက်အောင်လည်း နက်တယ်။ ကမ်းကို မမြင်နိုင်လောက်အောင်လည်း ကျယ်ဝန်းတယ်ဆိုပေမယ့် တွင်းကြီး၊ ချောက်ကြီးလို နက်တာမျိုး မဟုတ်ဘူး။ ကမ်းစပ်က စပြီး ခြေမျက်စိလောက်၊ ဒူးလောက် စသည်ကနေ အစဉ်အတိုင်းသာ နက်နက်ပြီး ကျယ်ဝန်းသွားတာပါ။ ဒါကြောင့် သမုဒ္ဒရာရေဟာ မိမိတို့စွမ်းနိုင်သလောက် ဘယ်သူမဆို ဆင်းကြည့်ခွင့် ချိုးခွင့် ရှိပါတယ်။
အဲဒီအတိုင်းပဲ မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမ သာသနာတော်ဟာလည်း မဂ်ဖိုလ်နိဗ္ဗာန်နဲ့ ပဋ္ဌာန်းဒေသနာတော် အပါအဝင် အလွန်နက်နဲကျယ်ဝန်းလှပေမယ့် ချောက်ကြီး၊ တွင်းကြီးလို မဟုတ်ဘဲ ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာ၊ မဂ်ဖိုလ်နိဗ္ဗာန် ဆိုပြီး အစဉ်အတိုင်း နက်နက်သွားတာဖြစ်လို့ သတ္တဝါတိုင်းနဲ့ မတန်မရာရယ်လို့ လုံးဝ မရှိဘူး။ ကံနဲ့ ကံရဲ့အကျိုးကို ယုံကြည်လက်ခံတဲ့ သဒ္ဓါတရားရှိသူမှန်သမျှ မိမိစွမ်းနိုင်သမျှ ဒါနမှု၊ သီလမှု၊ သမထ၊ ၀ိပဿနာမှုများနဲ့ သာသနာတွင်းသို့ သက်ဝင်ခွင့်ရှိတယ်။ နိဗ္ဗာန်ကို မုချ မျက်မှောက်ပြုနိုင်မှု၊ မျက်မှောက်ပြုနိုင်ကြောင်း ပါရမီအထောက်အပံ့ကောင်းရမှု၊ လောကီကောင်းကျိုး ချမ်းသာရရှိမှု စတဲ့ သာသနာတော်ရဲ့ အကျိုးများကို ခံစားနိုင်ခွင့်ရှိတယ် ဆိုပြီး အံ့ဖွယ်ရှစ်ဖြာတို့ကို အကျယ်တဝင့် ရှင်းပြခဲ့ပါတယ်။
သမုဒ္ဒရာဟာတစ်စချင်း တစ်စချင်း စွမ်းနိုင်သမျှ အားလုံးကို သက်ဆင်းခွင့်၊ သုံးချိုးခွင့်ရှိသလို အနန္တငါးပါးတို့ရဲ့ ဂုဏ်ကျေးဇူးဟာလည်း လိမ္မာသလောက်၊ သိတတ်သလောက် ဘယ်သူမဆို ခံယူခွင့်၊ ပေးဆပ်ခွင့် ရှိပါတယ်။ ပေးဆပ်နိုင်ပါတယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။ ကိုယ်က ‘ဒီလောက်ဆိုရင် ကျေလောက်ပြီ၊ နောက်ထပ် ပေးဆပ်စရာ မလိုတော့ဘူး’ လို့ တန်ဖိုးဖြတ်မပစ်မိဖို့သာ လိုပါတယ်။ ပေးဆပ်ရာမှာတော့ ဘယ်လောက်ပေးဆပ်မှ ကျေတယ်၊ ဘယ်လောက်ဆိုရင်တော့ ကြွေးကျန်နေသေးတယ်လို့ ပြောစရာ မူလကတည်းက သတ်မှတ်မထားတာမို့ အနန္တကျေးဇူးဂုဏ်တို့အပေါ်မှာ သိမှုအနန္တ ရှိနေဖို့သာ လိုရင်း ဖြစ်ပါတယ်။
ပင်ကိုယ်အားဖြင့် စစ်မှန်တဲ့ သဒ္ဓါသီလ စသည်နဲ့ ပြည့်စုံပြီးဖြစ်တဲ့ မိဘဆရာသမားတို့အပေါ်မှာတော့ ကျေးဇူးသိတတ်တဲ့ စိတ်ထားကလေး အမြဲရှိနေတယ်ဆိုရင်ပဲ မိမိတို့အတွက် အလွန် အကျိုးကြီးမားပါတယ်။ ဒါကြောင့်လည်း ဘုရားရှင်က . . . .
ကျေးဇူးသိတတ်တာဟာလည်း ကုသိုလ်တရားပဲဖြစ်လို့ ကျေးဇူးကိုသိတဲ့ စိတ်ကလေး ထားလိုက်တာကိုက မိမိအတွက် အလွန် အကျိုးကြီးမားပါတယ်။
အနန္တငါးပါးတို့ရဲ့ ဂုဏ်ကျေးဇူးနဲ့ ပတ်သက်ရင် လိမ္မာသူများဟာ လိမ္မာသလောက် သိနိုင်ကြပြီး သိတတ်ကြသလောက် အတိုင်းမရှိတဲ့ ကျေးဇူးတရားတွေကို ရရှိနိုင်တာချည်းပါပဲ။ မှန်းဆလို့ မရနိုင်လောက်အောင် ကြီးမားတာကို ‘မှန်းဆလို့ မရနိုင်လောက်အောင် ကြီးမားပါပေတယ်’ လို့ တွေးပြီး ဝမ်းမြောက်ကြည်ညိုတဲ့ စိတ်ကလေး ဖြစ်နေရင်ကို အတိုင်းမသိ ကောင်းကျိုးချမ်းသာကို ရစေနိုင်ပါတယ်။
သမုဒ္ဒရာဟာ ဘယ်လောက်ပဲ နက်တယ်ဆိုဆို အစဉ်အတိုင်း နက်သွားခြင်းသာဖြစ်လို့ ဘယ်သူမဆို ကိုယ်စွမ်းနိုင်သလောက် သက်ဆင်းချိုးသုံးခွင့်ရှိပြီး ချိုးသုံးနိုင်သလောက် အညစ်အကြေးကင်းစင် အေးမြစေသလို အနန္တဂုဏ် ကျေးဇူးများဟာလည်း ဘယ်လောက်ကြီးမား များပြားတယ်ဆိုဆို ကိုယ်သိနိုင်စွမ်း ရှိသလောက် အောက်မေ့သိရှိပြီး စွမ်းနိုင်သလောက် ပေးဆပ်နေရင် ပေးဆပ်နေသမျှ ကိုယ့်အတွက် ကောင်းကျိုးအဖြာဖြာကို အတိုင်းမရှိ ရရှိနိုင်ကြပါတယ်။
မမှိတ်မသုန် ယုံကြည်သိမှတ် ပေးဆပ်ခံယူနိုင်ကြပါစေ။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) ၏ ဘုန်းရယ်၊ ကံရယ်၊ ကုသိုလ်ရယ် မှ ကောက်နှုတ်ဖော်ပြပါသည်။
|
https://www.dhammaransi.com/index.php/new/310-2018-01-11-00-52-47.html
|
အသက်ကယ်တဲ့ မြတ်ပဋ္ဌာန်း
|
စင်္ကာပူမှာကျေးဇူးရှင်ဗန်းမော်ဆရာတော်ဘုရားကြီး ဦးဆောင်ပြီးတော့ အဘိဓမ္မာဒေသနာတော်မြတ် ဖြစ်တဲ့ ပဋ္ဌာန်းတရားတော်ကို
မတ်လ ၂၀ ရက်နေ့မှ ၂၈ ရက်နေ့ တိုင်အောင် ခြိမ့်ခြိမ့်သဲသဲ
ကျင်းပနေတာ ကို ကြားသိနေရတဲ့ ဒကာလေး တစ်ယောက် က မေးတယ်၊
အရှင်ဘုရား -
အခုလို ပဋ္ဌာန်းရွတ်တာ ဘယ်လို အကျိုးကျေးဇူးတွေ ရလာနိုင်မလဲ ၊
တပည့်တော်တို့လဲ ရွတ်လိုပါတယ် နည်းလမ်း ညွန်ပြပေးပါ - တဲ့။
ဒကာလေး -
စာမေးပွဲ အောင်ချင်လို့ ပဋ္ဌာန်း ( ပရိတ်ကြီး ) ရွတ်ခဲ့ဖူးတယ်၊
အောင်လဲ အောင်ခဲ့တယ်၊
လိုချင်တာ ဖြစ်ချင်တာတွေ ပြည့်ဝဖို့လဲ ရွတ်ခဲ့ဖူးတယ်၊
အချို့ ပြည့်စုံခဲ့တယ်၊နောက်ဆုံး ပဋ္ဌာန်းတရား( ပရိတ် )တရား တော်နဲ့ လူ့ နှစ်ယောက်ကို အသက်ကယ် ခဲ့ဖူးတယ် - လို့ ပြောလို်က်တော့ တော်တော် စိတ်ဝင်စားသွားတယ် ထင်တယ်။
တင်ပါ -
ပြောပါအုံး ဘုရား တော်တော် စိတ်ဝင်စားစရာ ကောင်းလာပြီ တဲ့၊
အေး -
ဘဝမှာ ငယ်ငယ်ကတည်းက စာမေးပွဲ အောင်ချင်လို့
ပဋ္ဌာန်း ( ပရိတ်ကြီး ၁၁ သုတ်ရော ) ရွတ်ခဲ့ဖူးတယ်၊
တကယ်လဲ အောင်နိုင်ခဲ့ပါတယ်၊
ဒါကလဲ ကိုယ့်ရှေ့က အောင်မြင်ပြီးသူတွေကို မေးလို့ သိရတာပါ၊
သူများက အောင်သွားပြီး ကိုယ်က တဘုံးဘုံးကျနေလို့ နည်းလမ်းလေးများ ရှိမလားလို့ မေးမိလို့ သိခဲ့ရတယ်၊
သစ်ရွက်မှာ ဂါထာတွေ ရေးပြီး ဆောင်ခိုင်းတာတို့၊
ခဲတံ ပေတံ ဘောပင် ကွန်ပါဘူး စတာတွေကို သိဒ္ဓိတင်ပြီး
စာဖြေတာတွေလဲ ကြားနေရတယ်၊
ယတြာချေတာ၊ ခေါစာပစ်တာ
( ခေါစာ ပစ်ခြင်း ဆိုသည်မှာ ကြိမ်ခြင်း ပလစ်စတစ်ခြင်း တခုခု ထဲ၌
ထမင်း ဟင်း မုန့် သားရေစာ စသည် အစုံထည့်ပြီး လမ်းလေးခွဆုံနေရာ၌ တစ္ဆေ သရဲ မှင်စာ တို့ စားဖို့ စွန့်ကြဲ ပေးကမ်းခြငး်ဖြစ်သည် )
တို့ မလုပ်ခဲ့မိပါဘူး။
တကယ်တော့ အရာရာ အောင်မြင်ဖို့ ကံ ဉာဏ် ၀ိရီယ စုံရသလိုပဲ
ကိုယ့်ကုသိုလ်ကံ ကောင်းဖို့ မြှင့်တင်ပေးတဲ့ သဘောပါ၊
ဉာဏ်စိုက်ပြီး ကြိုးစားမှု့ ဝီရိယ တော့ သုံးရမှာပါပဲ။
အရင်နှစ်တွေက ဉာဏ် ဝီရိယ ရှိပေမယ့် မအောင်မြင်နိုင်တဲ့ စာမေးပွဲဟာ အဲဒီနှစ် ကံ ဉာဏ် ၀ိရီယ စုံတော့ အောင်ပြီပေါ့။
လူတွေမှာ ဆယ်တန်း စာမေးပွဲဟာ ဘဝ တဆစ်ချိုး ပြောင်းပေးနိုင်တယ်
ဆိုရင် စာရေးသူရည်ညွန်းတဲ့ စာမေးပွဲဟာလဲ ပြောင်းပေးနိုင်တယ်၊
တချို့များ ဘဝ ပြောင်းပြီး လူ့ဘောင် ရောက်ကြရတဲ့ အထိပေါ့။
နောက်ပြီး အမှန်အတိုင်း ဝန်ခံရရင် လိုချင်တာတွေ ဖြစ်ချင်တာတွေ
များလာပြီဆိုရင်လဲ ပဋ္ဌာန်း နဲ့ ပရိတ်ကို နာနာ ရွတ်မိတယ်၊
ဝတ်တခုအနေနဲ့ မပျက်မကွက်အောင် အဓိဋ္ဌာန် ရွတ်မိခဲ့တယ်၊
တကယ်လဲ လိုချင်တာတွေ အားလုံးနီးပါး ပြည့်စုံနိုင်ခဲ့တယ်၊
ဥပမာ ဒီနှစ် ငါ ဘယ်လို တွေ ဖြစ်အောင် လုပ်မယ်၊
ဘာတွေ ဖြစ်အောင် တော့ အားထုတ်လိုက်မယ် စသည်ပေါ့၊
တခုခုကို စိတ်ထဲက နှစ်နှစ် ကာကာ ဇောက်ချ လဲ လုပ်ပေးတယ်ဆိုရင် ဖြစ်လာတာက များတယ်၊ ပဋ္ဌာန်းပဲ ရွတ်နေပြီး စာမကျက်ပဲ အလုပ်မလုပ်ပဲ ထိုင်နေရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး၊
နောက်တမျိုးက အလုပ်တခုကို အဓိပတိ တပ်ပြီး လုပ်ရတယ်၊
အဓိပတိကလည်းလေးပါးရှိတယ်၊ အဲဒီ လေးပါးလုံး ပြည့်စုံပါစေ -
မဖြစ်ဘူး မအောင်မြင်ဘူး ဆိုတာ မရှိစေရဘူး လို့ ဘုရားရှင်က
အာမခံထားတယ်၊
၁ ၊ ဆန္ဒာဓိပတိ - သာမာန် ဖြစ်ချင်တဲ့ စိတ်ဓာတ် မဟုတ်ပဲ စိတ်ဓာတ် ပြင်းထန်နေရမယ်၊ ( ဆန္ဒ - အဓိပတိ - သာမာန်စိတ်မဟုတ်ပဲ ကဲလွန်ခြင်း )
၂၊ ဝီရိယာဓိပတိ - ကြိုးစားမှု့ ဝီရိယ လဲ ရှိရမယ်၊ ( ဝီရိယ - အဓိပတိ )
၃ ၊ စိတ္တာဓိပတိ - ငါ ဖြစ်ကို ဖြစ်ရမယ် အောင်မြင်စေရမယ် ဆိုတဲ့ စိတ်မျိုးပေါ့၊ သွားလဲ ဒီစိတ်၊ စားလဲ ဒီစိတ် ပုံစံမျိုး ပြင်းထန်ရမယ်၊ ( စိတ္တ - အဓိပတိ )
၄ ၊ ဝီမံသာဓိပတိ - ဒါကို ဘယ်လို လုပ်ရင် အောင်မြင်နိုင်မလဲ ၊ စသည်တွေးတောကြံဆတာမျိုး၊ ရှေ့က လူတွေကို နည်းလမ်းမသိသေးရင် မေးမြန်းတာမျိုး ဆိုတဲ့ ထက်မြက်တဲ့ ဖြတ်ထိုးဉာဏ်မျိုးလဲ ရှိရမယ် တဲ့။
( ဝီမံသ -ကြောင်းကျိုး စဉ်းစားတွေးခေါ်တတ်တဲ့ ပညာ ၊ အဓိပတိ )
ကဲ မင်းရော ဘယ်နှစ်မျိုး ပြည့်စုံနိုင်ပြီ လဲ -
လို့ အလစ်အငိုက် အမေးခံလိုက်ရတော့ -
တင်ပါ့ -
အရှင်ဘုရား ရေရေ လည်လည် ထိတယ်၊
ဘာဖြေရမှန်းတောင် မသိတော့ဘူး တဲ့၊
အေး ထားပါတော့ -
ဒါက မင်းတို့ဘဝမှာ စီးပွားရေး လူမှုရေး ဘာသာရေး ဘာရေးပဲ
ဖြစ်ဖြစ် ဖြစ်ဖြစ်မြောက်မြောက် အောင်အောင်မြင်မြင် လုပ်ချင်တယ်
ဆိုရင် မှတ်သားထားပေါ့။
နောက်တချက်ကတော့ အဲဒီ ပဋ္ဌာန်း တရားနဲ့ လူ့အသက်ကို ၂ ယောက်
ကယ်ခဲ့ဖူးတယ်၊ ကယ်လို့ မရခဲ့တာတွေလဲ ရှိတာပေါ့လေ။
ရဟန်းသံဃာ နဲ့ သေခါနီး လူနာ ဆိုတာက မိတ်ဆွေတွေကိုး၊
ဘုရားရှင် လက်ထက်တော်ကတည်းက ဒီအလေ့အထက ရှိခဲ့တယ်
ဆိုတော့ မဆန်းပါဘူး၊
ဘယ်လိုမှ ကင်းလို့ မရဘူး၊ ရက်ကွက်ထဲ လူနာတယောက်
အခြေအနေ သိပ် မဟန်တော့ဘူး ဆိုရင် သေခါနီး ဘဝကူးကောင်းဖို့
ပရိတ် ပဋ္ဌာန်း ရွတ်ပေးဖို့ လာပင့်ကြတော့တာကိုး၊
တချို့များ သေပြီး နောက် ၃ ရက် ၄ ရက် အလောင်းကြီးကို ထားတယ်၊
အညာဒေသ နေကလဲ ပူ ဆိုတော့ အသုဘ ချတဲ့ရက် မှာ နံစော်နေပြီ၊
သံဃာတွေက အဲဒီအနားကပ်ပြီး အသုဘ ရှု့ရတယ်၊
နံလိုက်တာ မပြောပါနဲ့တော့၊
ဒါကတော့ ဘုန်းကြီး ဖြစ်ရတဲ့ ဒုက္ခပေါ့လေ။
တချို့လူများ သတိထားစရာ ကောင်းပါတယ်။
ဒါကြောင့် ကိုယ့်လက်ထဲ နဲ့ ကိုယ့်ရှေ့မှာ အသက်ထွက် သေသွားတဲ့
လူတွေ ဆရာတော်ကြီးတွေ ကတော့ တော်တော် များတယ်၊
ရေတွက်လို့တောင် မလွယ်ဘူး၊
ဒီအထဲကမှ ရှားရှားပါးပါး စာရေးသူ အသက် ၂၅ နှစ် သိက္ခာ ၅ ၀ါ
အရွယ်လောက်ကပေါ့။
ဓမ္မာစရိယစာမေးပွဲ အောင်ပြီးကာစ စာတွေက ပါးစပ်ထဲမှာတော့ ရှိတယ်၊ လက်တွေ့ ပြင်ပလောကဘဝမှာ အသုံးမချတတ်သေးဘူး၊
အဲဒီအချိန် တိုက်တိုက်ဆိုင်ဆိုင် ဧရာဝတီတိုင်း ကွမ်းခြံကုန်းမြို့နယ်
မယ်ရကုန်းရွာ ဆိုတာ ရှိတယ် ၊ တော်တော် ဝေးလံ ခေါင်သီတဲ့နေရာပါ၊
သင်္ဘောတတန် ကားတတန် အဲဒီခေတ်က ထော်လာဂျီ နဲ့တောင်
သွားရတယ်၊
ရောက်ပြီး လေးငါးရက် မြောက်မှာ စတည်းချတဲ့ ကျေးရွာ
ဘုန်းကြီးကျောင်းရဲ့ အနောက်ဖက်က အိမ်တအိမ်မှာ
အဖိုးကြီးတယောက် နေမကောင်းဖြစ်နေတာကြာပြီပေါ့လေ။
အဲဒီ အဖိုးကြီးက ဘယ်လောက်ဆင်းရဲသလဲ ဆိုရင် ညပိုင်း အိမ်မှာ
ထွန်းစရာ ဖယောင်းတိုင်တောင် မပြည့်စုံဘူး၊ မဝယ်နိုင်ဘူး၊
သားသမီးတွေ ၄ ယောက် နဲ့ အဖွားကြီးနဲ့ အားလုံး မိသားစု ၆ ယောက်ပေါ့၊ အိမ်က မိုးလုံခြုံတယ် ဆိုရုံပဲ၊ အရွယ်ရောက်တဲ့ သားသမီး ၂ ယောက်ကလဲ မပြုစုပဲ ပစ်ထားတယ်၊
ဆိုပါတော့ အဲဒီအိမ်က စာရေးသူကို လာပင့်တယ်၊
ဒကာကြီးက အိမ်မှာ အခြေအနေ ဆိုးနေသတဲ့၊ညနေပိုင်း မှောင်ရီ ပျိုးစ
အချိန် ၆ နာရီခွဲ ၇ နာရီလောက်မှာပေါ့၊
တောရွာဆိုတော့ တော်တော် မှောင်နေပါပြီ၊ဆိုလိုတာက
အမှောင်ကြိုက်တဲ့ သစ္ဆေ သရဲ မှင်စာ တွေ အစာရှာ ထွက်တဲ့အချိန်ပေါ့။ အဲဒီအချိန်မှာပဲ - -
"ဟေ့ သွားကြ.
ငါ့ကို လာမခေါ်နဲ့ … …
ငါ မင်းတို့နဲ့ မလိုက်နို်င်ဘူး … …
သွား … …သွား
ငါ့ အိမ်ထဲကို ဝင်မလာ ကြနဲ့၊
ငါ မလိုက်ဘူး "
ဆိုပြီး ပါးစပ်က အော်နေတယ်၊
အိမ်ထဲ ဝင်သွားတော့ လူနာနားမှာ ဖယောင်းတိုင် သေးသေးလေး
တတိုင်အလင်းရောင်ရတယ် ဆိုရုံပဲ ထွန်းထားတယ်၊
ဒကာကြီးရဲ့ ဦးခေါင်းနား အထိ တိုးကပ်သွားပြီး -
သူ သတိဝင်လာအောင် လက်ဖဝါးကို တင်းတင်းဆုတ်ကိုင်ပြီး -
ဒကာကြီး ဘာမှ မပူနဲ့၊ ဦးဇင်း ရောက်လာပြီ၊
စိတ်အား မငယ်နဲ့ လို့ ပထမဆုံး အားပေးစကားတွေ ပြောပေးရတယ်၊
နောက်တော့ သောက်တော်ရေ တခွက်ခပ်ခို်င်းပြီး လူနာ နားမှာ
ထားစေကာ - သူတော်ကောင်း သာသနာတော်စောင့်
နတ်ကောင်းနတ်မြတ်တွေကို ဖိတ်မာန်ပြီး
မေတ္တာပို့၊ ဂုဏ်တော်ရွတ်ပေးပါတယ်၊
နောက်တော့ ပဋ္ဌာန်း ပစ္စယုဒ္ဒေသနဲ့ ပစ္စယနိဒ္ဒေသ
အကျယ်ကို ရွတ်ပေးတယ်၊
ဒါလောက်နဲ့ ပြည်စုံမယ် ထင်လို့ ရပ်ထားပြီး စကားဆက်ပြောနေဆဲပဲ၊
၅ မိနစ်လောက်ပဲ ကြာမယ် ၊ လူနာက ပြန်ပြီး အလန့်တကြား
အော်နေပြန်ရော၊
( သူ့စကားအရ လူမည်းမည်းကြီးတွေက အိမ်ခြံ ဝင်းပေါက်
အပြင်ဘက်ကနေ ခေါ်နေကြသတဲ့၊)
အမှန်က ပိဋကတ်ကျမ်းစာတွေ အလိုအရ သူ့ဘဝရဲ့ နောက်ဆုံးအချိန်
ဂတိနိမိတ် လို့ ခေါ်တဲ့ သူ သွားရောက်ရမည့် ဘဝတွေကို ကြိုတင်
မြင်နေ ထင်နေတာပါ၊
၁။ တချို့က ငရဲခွေးတွေ ခွေးနက်ကြီးတွေ ၀ိုင်းဆွဲခံရတာမျိုး
မြင်နေရရင် ငရဲဘုံကို ရောက်လိမ့်မယ် ၊
၂။ တောတွေ တောင်တွေ မြင်နေရတာမျိုး၊ သမုဒ္ဒရာ မြစ်ကမ်းတွေ
မြင်နေရပြီ ဆိုရင် ကိုယ်နေရမယ့်နေရာ ပေါ့၊ ပြိတ္တာ သစ္ဆေ သရဲ စတဲ့ နာနာဘာဝတွေ ဖြစ်တတ်တယ်၊
၃။ တိရိစ္ဆာန်တွေ၊ သူတို့ရဲ့ ပျော်မြူးနေပုံတွေ မြင်ကွင်းမှာ ပေါ်နေရင်
တိရိစ္ဆာန်ဘုံ ရောက်ရလိမ့်မယ်၊
၄။ အမိ ဝမ်းရေ စတဲ့ နီနီ ရဲရဲ အသားအရေတွေကို မြင်နေရရင်
လူ့ဘဝကို ပြန်လည် ဝင်စားရောက်ရှိလာနိုင်သတဲ့၊
ဒါဆို စာပေ အထောက်အထားအရ အဲဒီ ဒကာကြီးက
ငရဲကို သွားရမယ် ဆိုတဲ့ အရိပ်နိမိတ် ဆိုတာ သိလိုက်တယ်၊
ဒါကြောင့်လဲ အားတက်သရော စိတ်ပါလက်ပါ ရွတ်ပေးခဲ့တယ်၊
လက်ဖဝါးကို ဆုတ်ကိုင်ထားတာက သူက ဝေဒနာခံစားနေရတော့
ဦးဇငး်ရဲ့ အသံကို သတိလွတ်သွားပြီး အာရုံ ပြောင်းသွားမှာ
စိုးရိမ်လို့ ကြိုတွေးထားလို့ပါ။
သူ့ဘဝမှာ ဆင်းရဲ နုံချာလွန်းတော့ အလှူဒါန ကုသိုလ်ကောင်းမှု့
ဆိုတာ မရှိသလောက်ပဲ၊ တခြားကုသိုလ် တွေလဲ သိပ်မရှိဘူး တဲ့၊
တကယ်တော့ ငွေမကုန်ပဲ ရနို်င်တဲ့ ကုသိုလ်ကောင်းမှု့တွေ
အများကြိးရှိပါတယ်၊
ကိုယ်တိုင် စဉ်းစားဉာဏ် မရှိတော့ ကုသိုလ် ရအောင် မယူနိုင်ခဲ့ဘူးပေါ့၊
သီလတွေ ဘာဝနာတွေ ဆိုတာတော့ ဝေလာဝေး။
အတိုချုံး ပြောရရင် တချိန်လုံး လက်ကို ဆုတ်ကိုင်ထားပြီး
ပရိတ်ကြီး ၁၁ သုတ်လုံးကို ရွတ်ပေးရပြန်တယ်၊
ပြီးတော့ အမျှဝေ ပေးတယ်၊
ဒီနောက်တော့ ကိုယ်လဲ မောပြီ၊ ဘာမှ အမောပြေ သောက်စရာက
မရှိဘူးလေ၊ ရွတ်ဖတ်လို့ ပြီးတာနဲ့ စောစောက သောက်တော်ရေခွက်
ပရိတ်ရေကို သောက်လဲ သောက်စေတယ်၊
မျက်နှာကိုလဲ ပက်ဖျန်းစေတယ်၊ ဒီလိုနဲ့ ပထမရက် အဆင်ပြေသွားတယ်၊
ဒုတိယ ရက်လဲ အတူတူပဲ ၊ ည မှောင်ရီပျိုးစ အချိန် သွေးရူးသွေးတန်း
အော်နေလို့ လာပင့်ကြပြန်တယ်၊
အိမ်ကိုကြွဖို့ ပြင်နေဆဲမှာပဲ ကျောင်းမှာ ဝေယျာဝစ္စ ခိုင်းစရာ
လုပ်နေတဲ့ ဒကာတယောက်က ထစ်ထစ်ငေါ့ငေါ့ နဲ့ လျောက်တယ်၊
( သူက စကားထစ်နေတယ် )သူပြောတာလဲ ဟုတ်ပါတယ်၊
အဲဒီ အိမ်က ဘာမှ မလှူနိုင်လို့ ရွာခံ ကိုယ်တော်တွေကိုတောင်
မပင့်ရဲလို့ မပင့်ဘူး တဲ့၊
ဒါကြောင့် လူစိမ်း အာဂန္တုဖြစ်တဲ့ ဦးဇင်းကို ပင့်တယ်ပေါ့လေ။
ကြွမသွားပါနဲ့၊ အဲဒီအိမ် ပရိတ်ရွတ်ကြွရင် ဦးဇင်း ဘာမှ ရမှာ မဟုတ်ဘူးတဲ့၊
သူက တခြား ဘုန်းကြီးတွေ ပရိတ်ရွတ်ရင် ဝတ္ထုငွေ ရတယ် ဆိုတာ
သိနေတာကိုး၊
ဒီတော့မှ -
အေး ငါက ဘာမှ မရနိုင်ဘူးဆိုတာ သိတယ်၊ ငါက စေတနာ
သက်သက်နဲ့ ရွတ်ပေးမှာ လို့ သူ့ကို နားလည်အောင် ပြောရသေးတယ်၊
ဒုတိယနေ့မှာလဲ အရင်ရက်ကလိုပဲ ရွတ်ပေးရတယ်၊
ပဋ္ဌာန်း နဲ့ ပရိတ်ကြီး ၁၁ သုတ်လုံးပဲ၊ နောက်တော့ အမျှဝေ ပေးခဲ့တာပါ၊
အဲဒီနောက်တော့ ရွာကနေ ရန်ကုန်ကို ပြန်ကြွလာခဲ့ရတယ်၊
အံ့သြစရာ ကောင်းတာက အဲဒီဒကာကြီးက နောက် တပတ်လောက်ကြာ တဲ့ အခါ နာလန်ထူလာပြီး လူကောင်းပကတိ လို သွား လာ လှုပ်ရှားနေတယ် လို့ ဒကာတွေက လျောက်ထားလို့ သိရတယ်၊
ကိုယ်တိုင်လဲ ပီတိဖြစ်ရတာပေါ့။ လွန်ခဲ့တဲ့ ၅ နှစ်ကျော်က အဖြစ်အပျက် ဆိုတော့ အခုအထိ အသက်ရှင်သေးသလား ဆိုတာရယ် ၊
နာမည်ရယ်တော့ မှတ်မထားမိဘူး၊ ခဏတွေ့တုံး ကယ်တင်ပေးလိုက်တာပါ၊
နောက်တယောက်ကတော့ ဒကာမကြီးတယောက် မန္တလေးက၊
သူလဲ အတူတူပါပဲ၊ အဲဒီလို အော်ခေါ်နေတယ်၊ မလိုက်နိုင်ဘူး၊
မခေါ်နဲ့ - စသည် အော်နေတာပေါ့။
သားသမီးတွေက ဘာလုပ်ရမလဲ မသိဘူး၊
ဒါနဲ့ ကိုယ်လဲ လူနာ သွားမေးတဲ့ အချိန်နဲ့ ကြုံနေတာကြောင့် ရွတ်ပေးခဲ့တယ်၊ နောက်ရက်တွေမှှာ သာမာန် ဖျားနာတဲ့ သူလိုပဲ ဖြစ်တော့တယ်၊
ကျမ္မာလာတယ်လို့ သိရပါတယ်၊
တကယ်တော့ နည်းလမ်း သိသွားပြီလေ၊ အနာ သိတော့ ဆေးက
ရှိနေပြီကိုး၊ ဒီဆေးနည်းပဲ ပေးရုံ ရှိတယ်၊
ဒီနည်းကလဲ ရောဂါပျောက်တယ် သက်သာတယ် ဆိုတော့ ပြီးပြီပေါ့၊
တို်က်တိုက်ဆိုင်ဆိုင် စကားစပ်မိိလိို့ ပြောရအုံးမယ်၊
အဲဒီ မယ်ရကုန်း ရွာမှာပဲ ဒကာမကြီးတယောက်ရှိတယ်၊
သူက ဘာသာရေး သိပ်လိုက်စားပြီး ပရိတ် ပဋ္ဌာန်း ဓမ္မစင်္ကြာသုတ် အနတ္တလက္ခဏသုတ် အို စုံနေတာပဲ အမြဲ ရွတ်ဖတ် သရဇ္စျာယ်တယ် ဆိုပဲ၊
နောက်ပြီး နတ် ဗြဟ္မာတွေ ချစ်ခံရအောင် လို့တဲ့ ၊
မဟာသမယသုတ်ကိုလဲ ညည သန်းခေါင် ၁၂ နာရီလောက်
တရွာလုံး အိပ်နေချိန်မှာ အော်အော်ပြီး ရွတ်တယ်၊
မရွတ်ခင် ပရလောကက ပုဂ္ဂိုလ်အားလုံးကိုလဲ လာရောက်
တရား နာယူကြဖို့ ဖိတ်ခေါ်တယ် တဲ့၊
ည သန်းခေါင် လောက် မဟာသမယသုတ်ကို ရွတ်နေဆဲအချိန်
တရက်တော့ စိတ်ထဲမှာ သူရွတ်နေတာကို အများက ၀ိုင်းဝန်း
စိုက်ကြည့်နေကြတယ် လို့ ခံစားမိတာနဲ့ အိမ်ဝင်း အပြင်ဘက်လှမ်းကြည့် လိုက် ချိန်မှာ
-- အိုး - - ပုံစံ မျိုးစုံ မျက်နှာ မျိုးစုံ နဲ့ အိမ်ထဲကို စုပြုံပြီး
စိုက်ကြည့်နေကြတာကို မြင်နေရ သတဲ့၊
ဒီနောက်တော့ ဒကာမလဲ ကြောက်လို့ မရွတ်ဖတ် ရဲတော့ဘူး၊
ပြဿနာကို စာရေးသူကို မေးတယ်၊
အေး ကိုယ်က ဖိတ်ထားမှတော့ သူတို့က လာပြီပေါ့၊
လာမှ ကြောက်မနေတော့နဲ့၊ အထူးသဖြင့် နာမည်တွေ ဘာတွေ ရွတ်ပြီး
မဖိတ်ပါနဲ့၊ ရွတ်လိုက် မရွတ်လိုက် ဖြစ်ရင် သူတို့က ကြိုက်မှာ မဟုတ်ဘူး၊
ကိုယ့် လူသားတွေတောင်မှ ကိုယ်က မေတ္တာပေးလိုက်
မပေးလိုက်လုပ်ရင် စိတ်ကွက်တာ တွေ စိတ်ဆိုးတာတွေ ရှိတတ်ကြတယ်၊
တကယ်တော့ နာနာဘာဝတွေက အမျှကုသိုလ် လိုချင်လို့
၀ိုင်းရံနေကြတာပါ၊ သူက ကြောက်နေတော့ မဖြစ်တော့ဘူးပေါ့။
ဒါကြောင့် ရွတ်ဖတ်တာကိုလဲ သတိထား ရွတ်စေချင်ပါတယ်၊
သူများထက် ထူးပြီး လုပ်ရင် ထူးပြီး ဖြစ်တတ်တယ် ဆိုတာ သတိထားဖို့ပါ။
ကဲ ဒီလောက်ဆို ပဋ္ဌာန်းရွတ်တာ က ဘယ်လောက် အကျိုးများတယ်
ဆိုတာ သိလောက်ပါပြီ ဒကာလေးရေ ၊
ဘုရားရှင်ရဲ့ တရားတော်တွေက အသုံးချတတ်ရင် အသုံးချတတ်သလို
ပစ္စုပ္ပန်ဘဝ တမလွန်တွေမှာ အကျိုးပေးနိုင်တဲ့ စွမ်းရည်
သတ္တိတွေ ရှိနေပါတယ်။.
#
ပန်းကမ္ဘာ
|
https://www.dhammaransi.com/index.php/new/311-2017-12-29-15-18-58.html
|
နှလုံးသားတောင်ထိပ်က အရဟံစေတီ
|
မိမိရဲ့ နှလုံးသားတောင်ထိပ်မှာ အရဟံစေတီကြီး တည်ကြရအောင်။ အရဟံဂုဏ်တော်ကို ပွားများဆင်ခြင်နေရင် အရဟံစေတီ တည်တာပါပဲ။
`အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား`
အဲဒါ အရဟံဂုဏ်တော်ရဲ့ အဓိပ္ပါယ်ပါပဲ။ အဲဒီ အဓိပ္ပါယ်သည်ပင်လျှင် အရဟံဂုဏ်တော် ပွားများတဲ့ နည်းလမ်းပါပဲ။ အရဟံဂုဏ်တော်ဆိုတာ ကိလေသာကင်းစင်ခြင်းပဲဆိုတာ သိပြီး ဘယ်လို ပွားများရမလဲလို့ တွေးနေစရာ မလိုပါဘူး။
အရဟံဆိုတာ ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရားလို့ အဓိပ္ပါယ်လေး တစ်ခေါက်သိပြီးတဲ့နောက် အရဟံဂုဏ်တော်ပွားတဲ့အခါမှာ `အရဟံ၊ အရဟံ၊ အရဟံ` နဲ့ အဲဒီလို ပါဠိလိုချည်း ဆက်တိုက်ရွတ်ဆိုရမှာ မဟုတ်ပါဘူး။ ရွတ်လို့လည်း ရတော့ ရပါတယ်။
သို့သော် မိမိက ပါဠိလူမျိုး မဟုတ်တဲ့အတွက်ကြောင့် အရဟံဆိုတာ ကိလေသာကင်းစင်တဲ့သူလို့ အဓိပ္ပါယ်ရတယ်ဆိုတာ သိထားပေမယ့် အရဟံဆိုတဲ့ စကားလုံးသက်သက်ကိုပဲ ထပ်ကာထပ်ကာ ရွတ်တဲ့အခါမှာတော့ ရွတ်တိုင်းရွတ်တိုင်း `ကိလေသာကင်းစင်သူ` ဆိုတဲ့ အဓိပ္ပါယ်ကို သိမြင်မနေတော့ပါဘူး။
ဆိုပါတော့၊ ၁၀၈ လုံး ပုတီးတစ်ပတ် ဆိုရင်ပဲ ၁၀၈ ခေါက်ရှိတယ်။ အဲဒီ ၁၀၈ ခေါက်လုံး အရဟံ၊ အရဟံလို့ ပါဠိသက်သက်ပဲ ရွတ်နေတဲ့အချိန်မှာ ၁၀၈ ခေါက်လုံး `ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား` ဆိုတဲ့ အဓိပ္ပါယ်အပေါ်မှာ အာရုံမရောက်တော့ပါဘူး။
ပထမ နှစ်ခေါက်၊ သုံးခေါက်လောက်ကတော့ အရဟံလို့ ဆိုလိုက်တာနဲ့ ကိလေသာတွေ ကင်းစင်တော်မူသော မြတ်စွာဘုရားလို့ အဓိပ္ပါယ်က အာရုံထဲမှာ ထင်ချင်ထင်လိမ့်မယ်။ နောက်အခေါက်တွေ နောက်အခေါက်တွေကျတော့ အရဟံ အရဟံနဲ့ `အ - ရ - ဟံ` ဆိုတဲ့ စာလုံးလေး သုံးလုံးပဲ မျက်စိထဲ မြင်နေတော့တယ်။
ဒါမှမဟုတ်ရင်လည်းပဲ မိမိကြည်ညိုတဲ့၊ မိမိအာရုံယူထားတဲ့ ရုပ်ပွားတော်တစ်ဆူဆူရဲ့ မျက်နှာတော်၊ ဒါမှမဟုတ် စေတီတော်၊ အဲဒီလိုအားဖြင့် မြတ်စွာဘုရားရှင်ရဲ့ စေတီတော်တွေ၊ ရုပ်ပွားတော်တွေ၊ မျက်နှာတော်တွေကိုပဲ မိမိအာရုံထဲမှာ မြင်နေတော့မှာပဲ။ ကိလေသာကင်းခြင်းဆိုတဲ့ ဂုဏ်သတ္တိ၊ ကိလေသာကင်းခြင်းဆိုတဲ့ စိတ်အရည်အသွေးရဲ့အပေါ်မှာ မိမိစိတ်က အာရုံမရောက်တော့ဘူး။
အဲဒီလိုဆိုရင် မိမိရဲ့ အရဟံစေတီဟာ သိပ်ပြီးတော့ ကြည်ညိုဖွယ်ရာ မဖြစ်တော့ဘူး။ သိပ်ပြီးတော့ မသပ္ပာယ်တော့ဘူး။ သိပ်ပြီးတော့ အစွမ်းသတ္တိ မထက်မြက်တော့ဘူး။ သိပ်ပြီးတော့ တန်ခိုးမကြီးတော့ဘူး။
သပ္ပာယ်ပြီး တန်ခိုးကြီးတဲ့ အရဟံစေတီကို တည်မယ်ဆိုရင်တော့ စိပ်ပုတီးစိပ်တာ ဝါသနာပါတဲ့ ပုဂ္ဂိုလ်များကလည်းပဲ `အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား` အဲဒီလို အပြည့်အစုံ ဆိုပြီးတော့မှ ပုတီးလေး တစ်လုံးချ၊ နောက်တစ်လုံးကျတော့လည်း `အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား` တစ်လုံးချ၊ `အရဟံ` ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား၊ တစ်လုံးချ။ ပါဠိလိုရော၊ မြန်မာလိုအဓိပ္ပါယ်ရော ပွားများပြီးတော့မှ ပုတီးတစ်လုံးစီ ချသွား။ ပါဠိသက်သက်ပွားများတာထက် ပိုပြီးတော့ အစွမ်းသတ္တိ ထက်မြက်ပါတယ်။
မြန်မာလိုပါ တွဲရွတ်တိုင်းရွတ်တိုင်း မြတ်စွာဘုရားရှင် စိတ်အစဉ်မှာ ကိလေသာတွေကင်းစင်နေတဲ့ သဘောလေးကို အာရုံပြုပြီးတော့ ကြည်ညိုလို့ရပါတယ်။ ဂုဏ်တော်အပေါ်မှာ ကြည်ညိုတဲ့စိတ် ဖြစ်မှလည်းပဲ ဂုဏ်တော်ပွားခြင်းကြောင့် ပီတိပဿဒ္ဓိလို့ခေါ်တဲ့ နှစ်သက်ဝမ်းမြောက်မှု၊ ငြိမ်းအေးမှုဆိုတာ ဖြစ်နိုင်ပါတယ်။
ဂုဏ်တော်အပေါ်မှာ ကြည်ညိုပြီး နှစ်သက်ဝမ်းမြောက် ငြိမ်းအေးနေတဲ့ ပီတိပဿဒ္ဓိ အားကောင်းမှသာလျှင် ဂုဏ်တော်ပွားခြင်းရဲ့ လောကီလောကုတ္တရာ တန်ခိုးသတ္တိတွေကို အပြည့်အဝ ရရှိနိုင်ပါတယ်။
ဒါပေမဲ့ ဘာဝနာဆိုတာကတော့ စိတ်ရဲ့အလုပ်မျှသာ ဖြစ်ပါတယ်။ နှုတ်ရဲ့ အလုပ်လည်း မဟုတ်ပါဘူး။ လက်ရဲ့ အလုပ်လည်း မဟုတ်ပါဘူး။ စိတ်သက်သက်နဲ့ အာရုံပြုပွားများနိုင်လောက်အောင် မိမိက စိတ်စွမ်းရည် မပြည့်ဝသေးဘူးဆိုရင်တော့ ပြင်ပရုပ်ဝတ္တုပစ္စည်းတစ်ခုခုရဲ့ အကူအညီကို ယူပြီးတော့ ပွားများရမှာပေါ့။
စိတ်သက်သက်နဲ့ပဲ ပွားများလို့ ရလာအောင်၊ စိတ်သက်သက်နဲ့ပဲ အာရုံပြုကြည်ညိုလို့ ရလာအောင် မိမိမှာ စိတ်စွမ်းရည်ပြည့်ဝနေပြီဆိုရင်တော့ ပြင်ပရုပ်ဝတ္တုပစ္စည်းတွေရဲ့ အကူအညီ လုံးဝ မလိုအပ်တော့ပါဘူး။ နှုတ်ရဲ့ အကူအညီလည်းပဲ လုံးဝ မလိုအပ်တော့ပါဘူး။ လက်ရဲ့ အကူအညီလည်းပဲ လုံးဝ မလိုအပ်တော့ပါဘူး။
ဘာဝနာပွားတဲ့အချိန်ကို ပြောတာပါ။ ဘာဝနာပွားတဲ့နည်းနဲ့ မဟုတ်ဘဲနဲ့ အခြေအနေအားလျော်စွာ ကိုယ့်ဘာသာကိုယ် ကြည်ညိုလို့၊ ကုသိုလ်ရချင်လို့ အသံထွက်ပြီးတော့ ရွတ်ဆိုချင်တယ်၊ ရွတ်ပွားချင်တယ် ဆိုရင်တော့ နှုတ်အကူအညီ၊ လက်အကူအညီ၊ ပုတီးစတဲ့ ရုပ်ဝတ္တုတစ်ခုခု အကူအညီနဲ့ ရွတ်ဆိုလို့၊ ရွတ်ပွားလို့ ရပါတယ်။
စိတ်သက်သက်နဲ့ ဂုဏ်တော်ပွားခြင်းအားဖြင့် ကိုယ့်နှလုံးသားမှာ တည်လိုက်တဲ့ဘုရားက ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ တန်ခိုးအကြီးဆုံးဘုရားပါပဲ။
ပြင်ပမှာ တည်ထားတဲ့ ဘုရားတွေက အလကားနေရင်း အလိုအလျောက် ကိုယ့်ကို လာပြီး ကောင်းကျိုး မပေးနိုင်ပါဘူး။ ကိုယ့်နှလုံးသားမှာ တည်ထားတဲ့ ဘုရားကမှ ကိုယ့်ကို ကောင်းကျိုးပေးနိုင်ပါတယ်။
ပြင်ပက တန်ခိုးကြီးဘုရားတွေကို ဖူးမြော်ပူဇော်တာဟာ အဲဒီဘုရားတွေကို အာရုံပြုပြီး ကိုယ့်နှလုံးသားမှာ ဘုရားတည်ဖို့အတွက်ပါပဲ။ ကိုယ့်နှလုံးသားမှာ ဘုရားပြောင်းမတည်ပဲနဲ့တော့ ဘယ်တန်ခိုးကြီးဘုရားကမှ ကိုယ့်ကို မ, မစနိုင်ပါဘူး။
ဂုဏ်တော်တွေကို တစ်ကြိမ်တစ်ခါလောက် ပွားရုံ၊ အကြိမ်နည်းနည်း ပွားရုံနဲ့လည်း တစ်သက်စာ အားကိုးရလောက်အောင် နှလုံးသားထဲက ဘုရားက တန်ခိုးမကြီးသေးပါဘူး။ အကြိမ်ကြိမ်အထပ်ထပ် ပွားမှ တန်ခိုးကြီးလာတာပါ။
ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(နှလုံးသားတောင်ထိပ်က အရဟံစေတီ မှ)
|
https://www.dhammaransi.com/index.php/new/312-2017-12-27-15-02-19.html
|
ဒုက္ခနဲ့သုခ လဲယူတဲ့ပွဲ
|
✪ ဦးသန်းမောင်ကမသိခင်တုန်းကဘုံဘဝတွေ
ဆုတောင်းပြီးသကာလလူ့ပြည်နတ်ပြည်အကြိမ်ကြိမ်ခံစားရတဲ့ကုသိုလ်ကြီးဖြစ်ရပါလို၏ဆိုတော့
လူ့ပြည်နတ်ပြည်အကြိမ်ကြိမ်ဒုက္ခကြီးရရပါလို၏ဆိုတဲ့
အဓိပ္ပါယ်ကပါသွားတယ်။
✪ ပါသွားတာကိုတရားပွဲရေစက်ချ
ချီးမြှောက်တဲ့အခါကျတော့အမျှယူကြပါလို့ဆိုတော ့ ကျွန်တော့်ကုသိုလ်အမျှယူ
ကြပါဆိုတော့ကုသိုလ်မျှရတာတော့မှန်ပါတယ်တဲ့
ဘုရားကလည်းပေးကောင်းပါတယ်ဟောပါတယ်။ပေးတဲ့ပုဂ္ဂိိုလ်လည်းမလျှော့ဘူးလို့လည်းဟောပါတယ်။
သို့သော်သူ့ကုသိုလ်ကဝဋ်ကုသိုလ်ကြီးဖြစ်နေတယ်။
✪အဲဒါကြောင့် ဒီအမျှမျိုးကို
အတော်ကလေးသတိထားရတယ်လို့အောက်မေ့ရမယ်။ဒါတွေးလုံးနဲ့အမှန်ကိုစဉ်းစားမှနော်။အမှန်ကိုစဉ်းစားမှသာလျှင်ဒီဥစ္စာအမှန်ရောက်တယ်လို့
မှတ်ရမယ် ဓမ္မသဘောနဲ့တစ်ခါစဉ်းစားလိုက်ပြန်တော့
လည်း ဒီအမျှဟာတော်တော်ဆိုးတဲ့အမျှပဲ။
✪ သူကဝဋ်တောင့်တပြီးလုပ်တော့
ကျူပ်ဝဋ်တောင့်တပြီးလုပ်တဲ့အမျှမျိုးကိုခင်ဗျားတို့လည်းတစ်ဝက်ယူကြပါတော့ဆိုတော့ကိုယ်ဝဋ်ရဦးတော့
မလိုလိုဖြစ်နေတာမယူတတ်တဲ့ပုဂ္ဂိုလ်မှာကုသိုလ်ရောဆုတောင်းရောယူတယ်။ယူတတ်တဲ့ပုဂ္ဂိုလ်မှာကုသိုလ်တင်အမျှယူမယ်ဟေ့
သူတောင်းတဲ့ဆုတော့ဒို့မလိုက်ဘူးဒီလိုခွဲယူတဲ့ပုဂ္ဂိုလ်ကလည်းအတော်ရှားလိမ့်မယ်။
✪ တိုတိုပြောကြပါစို့-ရှိကိုမရှိဘူး။
အခုပြောမှကြားဖူးတာတဲ့။ခွဲယူမယ်လို့ကိုမလာဘူး။
အင်း--သူပြုတဲ့ကုသိုလ်ကတော့ ဝဋ်ကုသိုလ်ပဲတို့ကတော့ဖြင့်ကုသိုလ်ပြုတာကို ဝမ်းမြောက်တဲ့သဘောနဲ့သူ့ကုသိုလ်ကိုဒို့အတွက်မယူဘူးဒို့ကြိုက်တာနဲ့ဒို့ကုသိုလ်ပြုတာလေးမျှပဲသာဓု
ခေါ်တယ်သူ့ဆုတောင်းတော့မယူဘူးလို့လာတဲ့
ပုဂ္ဂိုလ်က တော်တော်ရှားတယ်။
► ကုသိုလ်ပြုတာတော့အမျှယူမယ်။►သူ့ဆုတောင်းတော့မယူဘူးလို့ဒီလိုခွဲတတ်တဲ့သူ
ရှားလိမ့်မယ်။
►ရမ်းခေါ်လိုက်တာကများလိမ့်မယ် ။
►အဲဒါတွေထိုးထိုးထွင်းထွင်းသိရတဲ့အတွက်
ဦးသန်းမောင်သဘောပါလိုက်ကဲ့လား။►ခင်ဗျားကဝဋ်တောင့်တပြီးလှူ လိုက်တယ်။►ဝဋ်လည်ဖို့ဒါတွေ ကျူပ်ကုသိုလ်တွေပဲ
ကျူပ်တောင်းထားတဲ့ဆုရောကျူပ် ကုသိုလ်ရော ခင်ဗျားတို့အကုန်အမျှယူကြပါဆိုတော့
ဟိုလူတွေပါဝဋ်လည်ချင်လည်သွားမယ်။
✪ ဒီလိုမလည်ချင်လို့ရှိရင်လည်းကုသိုလ်အမျတော့ ယူပါ၏သူဝဋ်တောင့်တတာတော့ကျုူပ်တို့မကြိုက် ပါဘူးဆိုတဲ့သူ ကလည်းအတော်လေးသိထားမှ။ဒါကလည်းဘုန်းကြီးတို့ဆီဆည်းကပ်ဖူးဦးမှ။မဆည်းကပ်ဖူးတဲ့သူဆိုရင်ရမ်းခေါ်မှန်းခေါ်မှာပဲ။ဒါဖြင့်ကြောက်စရာအင်မတန်ကောင်းတယ်ဆိုတဲ့
အဓိပ္ပါယိမျိုးကိုလည်းဦးသန်းမောင်ကစဉ်းစားရမယ်။
✪ အဲတော့
ယနေ့ကစပြီးငါဆရာကောင်းတပည့်ဖြစ်ပြီ
သူတော်ကောင်းအစစ်ဖြစ်ပြီ။
ဝဋ်ဆိုတာလုံးနေတာ။
ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးလည်နေတာ။
ဒုက္ခနဲ့သမုဒယလှည့်နေတာ။
ဒါကိုတော့ဖြင့်ငါမကြိုက်ပါဘူး။
|
https://www.dhammaransi.com/index.php/new/313-2017-12-26-15-00-47.html
|
ကမ္မဋ္ဌာန်းတရား.. ဘာလို ့အားထုတ်ကြတာလဲ
|
" နိဗ္ဗာန် "ကို တစ်ကြိမ်မြင်ဖူးတဲ ့၊ " သောတာပန် " အရိယာပုဂ္ဂိုလ် တစ်ယောက်ဟာ ဆင်းရဲခြင်းကင်းတဲ့ နိဗ္ဗာန်ကို မျက်ဝါးထင်ထင် ပထမဆုံးတစ်ကြိမ် မြင်တွေ ့သွားတဲ့အတွက်ကြောင့်..
အဲဒီ" သောတာပန်" အရိယာပုဂ္ဂိုလ်ဟာ ဆင်းရဲမှုမှန်သမျှ လုံးဝ ကင်းလွတ်ရာကို နောက်ဆုံးမျက်မှောက်ပြုနိုင်ဖို ့ "ကမ္မဋ္ဌာန်း" တရားကို အစဉ်မပြတ် အားထုတ်နေတတ်တဲ့အကျင့်၊ ကိန်းအောင်းပြီး အမြဲကျင့်ကြံအားထုတ်နေပါတော့တယ် လို ့ဦးစွာ ရေးသားဖေါ်ပြပါရစေ။
အထက်က ခေါင်းစဉ်အရ...
" ကမ္မဋ္ဌာန်းတရားကို ဘာဖြစ်လို ့အားထုတ်ကြရတာလဲ " ဆိုတဲ့ မေးခွန်းကို အဖြေပေးရရင်....
ကိလေသာငြိမ်းတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး အိုခြင်း၊ နာခြင်း၊ သေခြင်း စတဲ့ ဆင်းရဲခြင်းဟူသမျှ လွတ်မြောက်ချင်တဲ့ အတွက် အားထုတ်ရတာပါလို ့ အဖြေပေးလိုက်ပါတယ်။
အထက်ကစကားကို ချဲ ့ပြီး အဓိပ္ပါယ် ထပ်ဖွင့် ရရင်တော့...
သတ္တဝါ တို ့ဟာ " အိုခြင်း၊ နာခြင်း၊ သေခြင်း " ဆိုတာ မရှိဘဲ နဲ ့ "ဆင်းရဲဒုက္ခ"ကိုလည်း မတွေ ့ရဘဲ နဲ ့ အမြဲတမ်းချမ်းချမ်းသာသာ နေလိုကြပါတယ်။
တကယ်တော့..အဲဒီလို အလိုရှိတဲ့ အတိုင်းတော့ ဖြစ်မနေကြပါဘူး။
အို ..ရတယ်၊
နာ...ရတယ်၊
သေ..ရတယ် ဆိုတဲ့ ဘေးဒုက္ခ အမျိုးမျိုး ကို တွေ ့ပြီး စိုးရိမ်ပူဆွေးကြပါတယ်။ငိုကြွေးကြရပါတယ်။ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ အမျိုးမျိုးတို ့ကိုလည်း မကြာခဏတွေ ့ကြုံခံစားနေကြရပါတယ်။
နောက်ဆုံးမှာတော့...
သေလောက်အောင် ဆင်းရဲခြင်း တစ်မျိုးမျိုး နဲ ့တွေ ့ပြီး သေဆုံးသွားကြရပါတယ်၊ ဒါနဲ့တင် အပြီးသတ်သွားပြီလားဆိုတော့..
ကိလေသာ ကင်းစင်ကြတဲ့ ရဟန္တာ အရိယာတွေက လွဲပြီး ကျန်တဲ့ ပုဂ္ဂိုလ်တို ့ဟာ ဘဝကို ခင်မင်တွယ်တာမှု မကင်းသေးတဲ့ သူတွေ ဖြစ်တဲ့ အတွက်ကြောင့် ၊ နောက်တစ်ဖန် ဘဝသစ် ဖြစ်ကြရပြန်ပါတယ်။
အဲဒီလို ဖြစ်ရာ ဘဝအသစ်မှာ လည်း " အိုခြင်း၊ နာခြင်း၊ သေခြင်း "စတဲ့ ဆင်းရဲ ဒုက္ခတို့ကို အရင်အတိုင်းပဲ တွေ ့ကြုံခံစားရပြန်ပါတယ်။ အဲဒီလို သတ္တဝါတို ့ဟာ တစ်ဘဝပြီး တစ်ဘဝ၊ အသစ်အသစ်ဖြစ်ပြီး အလိုမရှိတဲ့ ဆင်းရဲဒုက္ခတွေ ကို တွေ ့ကြုံခံစားနေကြရပါတော့တယ်။
အကြောင်းရင်း ဇစ်မြစ် ကို စိစစ်ကြည့်လိုက်ရင်တော့...
ဘဝအသစ် ပြန်ပြန်ပြီး ဖြစ်ပေါ်နေတဲ့အတွက်ကြောင့်၊ ဆင်းရဲမှုဟူသမျှလွတ်မြောက်ရာ ဘဝအသစ်မဖြစ်ပေါ်အောင် ကြိုးစားအားထုတ်ကြရပါမယ်။ ဘဝအသစ် ဆိုတာဟာ အခုလက်ရှိဘဝမှာ ခင်မင်တွယ်တာ စွဲမက်စရာတွေရှိတဲ့ တဏှာ ရှိနေတဲ့ အတွက်ကြောင့် ( ဘဝဟောင်းက သေခါနီးအချိန် မှာ စွဲလမ်းခဲ့တဲ့ အာရုံကို ငြိတွယ်ပြီးတော့ စိတ်ဝိညာဏ် အသစ်ပေါ်ကာ ) ဖြစ်ပေါ်လာနိုင်ပါတယ်။ အသစ်မဖြစ်စေချင်ဘူးဆိုရင်တော့ အဲဒီဘဝတဏှာ လုံးဝကင်းငြိမ်းအောင် တရားကို အားထုတ်ရတာပဲ ဖြစ်ပါတယ်။
အဲဒီ တဏှာဟာ...ဘယ်လိုဖြစ်နေသလဲဆိုတော့...
( ၁ )ဓမ္မမိတ်ဆွေတို ့ရဲ ့လက်ရှိဘဝ နဲ ့ဆိုင်တဲ့ ရုပ်နာမ်တွေ ကို မိမိကိုယ်တိုင် အပြစ်လို ့မမြင်မိဘူး၊ မကောင်းဘူးလို ့မမြင်မိဘူးဆိုတဲ့သဘောပါ။
( ၂ ) ဓမ္မမိတ်ဆွေတို ့ရဲ ့လက်ရှိဘဝက ရုပ်နာမ်တွေထက် သာလွန်ကောင်းမြတ်လှတဲ့ နိဗ္ဗာန် ဆိုတာကို လက်တွေ့အားဖြင့်မသိသေးဘူး၊ မမြင်ဘူး သေးဘူး ..
ဆိုတဲ့.. အထက်က အဲဒီ နှစ်ရပ်ကြောင့် ဒီတဏှာဟာ လက်ရှိဘဝ ကို စွဲကပ်နေရခြင်းသာပဲ ဖြစ်ပါတယ်။ ရုပ်နာမ် တွေရဲ ့အပြစ်ကိုတွေ ့လို ့အထက်မှာ ဖေါ်ပြခဲ့သလို နိဗ္ဗာန်ကို မျက်ဝါးထင်ထင် မြင်တွေ ့ဖူးသူအဖို ့ကတော့ အဲဒီဘဝတဏှာ မဖြစ်ဖို ့အတွက်သာ ကြိုးစားအားထုတ်နေကြပါတော့တယ်။
ဓမ္မမိတ်ဆွေတို ့ပိုပြီး နားလည်လွယ်အောင် ဥပမာပြရရင်...
သဘာဝ ဘေးအန္တရာယ်တွေ များပြားပြီး အလွန်ဝေးလံ၊ ခေါင်းပါးပြီး တစ်နေရာက တစ်နေရာ သွားဖို ့ခက်လှတဲ့ အရပ်မှာ နေထိုင်တဲ့ သူဆင်းရဲတစ်ယောက်ဟာ...
မိမိ နေရင်း အရပ်ကို အပြစ်လို မမြင်မိပါဘူး၊ သာယာဝပြောပြီး ဘေးကင်းတဲ့ အရပ် သွားရောက်နေထိုင်မယ်ဆိုရင် ချမ်းသာမယ် ဆိုတာ သူမသိပါဘူး၊ ချမ်းသာတဲ့နေရာကို မရောက်ဘူးတော့ မိမိနေထိုင်တဲ့နေရပ်ကိုပဲ အထင်ကြီးပြီး တွယ်တာလျက်ရှိပါတယ်။
အကယ်၍ တစ်ယောက်ယောက်က ပြောပြလို ့သိယုံနဲ ့ မိမိ နေထိုင်တဲ့ အရပ်ကို အပြစ်လို ့မြင်ပြီး၊ တစ်ခြားသာယာဝပြောတဲ့ နေရာရဲ့ ဂုဏ်တွေကို သိခဲ့လို ့ရှိရင် မိမိနေရင်းအရပ်မှာ မတွယ်တာတော့ဘဲ၊ သာဟာဝပြောတဲ့ တစ်ခြားအရပ်ဆီကို ပြောင်းရွှေ ့သွားသလိုမျိုးပါပဲ။ တစ်ကြိမ်လောက်သာ ရောက်ဖူးသွားတဲ့ ပုဂ္ဂိုလ်အတွက်ကတော့ နေရပ်ဟောင်းကို လုံးဝစွန့်လွှတ်ပါတော့တယ်။ အဲဒီသဘောမျိုးပါ။
ဒါ့ကြောင့် ဘဝမှာ ခင်မင်တွယ်တာရတဲ့ တဏှာလုံးဝ ကင်းငြိမ်းသွားစေလိုရင် ဒီဘဝ နဲ ့ဆိုင်တဲ့ ရုပ်နာမ် တို ့ရဲ ့အပြစ်တို ့ကို မြင်ပြီး နိဗ္ဗာန် ကို မျက်ဝါးထင်ထင် မြင်တွေ ့ရန် လိုအပ်ပါတယ်။ အဲဒီလို မြင်တွေ ့နိုင်ဖို ့အတွက် ကမ္မဋ္ဌာန်း တရားကို အားထုတ်မှသာ ပြည့်စုံနိုင်မည်ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင် လက်ထက်တော်မှာ ကမ္မဋ္ဌာန်းတရား အားမထုတ်ပဲ ၊ တရားနာရုံနဲ ့သောတာပန်အရိယာ ဖြစ်တဲ့ ပုဂ္ဂိုလ်တွေရှိကြပေမယ့်၊ တရားနာကြားယုံမျှနဲ့ အရိယာဖြစ်သွားကြတယ်ဆိုတာ အဲဒီပုဂ္ဂိုလ်တို ့ရဲ့ ဖြည့်ကျင့်ခဲ့ရတဲ့ ရှေးက ပါရမီတွေကြောင့်ပဲဖြစ်ပါတယ်။
ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး ပြုစုရေးသားတဲ့ ဓမ္မစင်္ကြာတရားတော်ကြီး စာမျက်နှာ ( ၄၅၂ )မှာ " တရားနာရုံ နဲ ့မဖြစ် အားထုတ်မှဖြစ်သည်" ဆိုပြီးတော့ လည်း ဖေါ်ပြထားတာ ရှိပါတယ်။
တရားဦး ဓမ္မစင်္ကြာတရားတော် ကို မဟာသက္ကရာဇ် ၁ဝ၃-ခုနှစ်၊ဝါဆိုလပြည့်နေ ့ ညနေချမ်း ညဉ့်ဦးယံအချိန်မှာ နာကြားခွင့် ရကြတဲ့ ပဥ္စဝဂ္ဂီ-၅ဦးဟာ....
ဆွမ်းခံတောင်မသွားဘဲ နေ ့ရော ညဉ့်ပါ မပြတ်အားထုတ်ပုံ၊ မြတ်စွာဘုရားကလည်း ဟောကြားပြုပြင်ပေးရန် ကျောင်းတိုက်ထဲမှာ အမြဲရှိနေပုံကို ...
ဝိနည်းပါဠိ နဲ ့သုတ်ပါဠိတွေမှာတော့ ၂-ပါးတစ်စု၊ ၂-ပါးတစ်စု ပေါင်းပြီး အကျဉ်းပြထားပါတယ်။ အဋ္ဌာကထာတွေမှာတော့ တစ်ပါးချင်း တစ်ရက်စီ သောတာပန် ဖြစ်ပုံ ပြဋ္ဌာန်းထားတဲ့ ဒီအချက်တွေကတော့ အာလုံးတစ်ညီတည်း၊ တစ်မျိုးတည်းပါဘဲ။
ဒါကြောင့် " အရှင် ကောဏ္ဍည" တရားနာကြားရင်း ပထမဆုံး သောတာပန်ဖြစ်ပြီး
အရှင်ဝပ္ပဟာ လပြည့်နေ ့ညဉ့်ဦးကစပြီး အားထုတ်တော့ လပြည့်ကျော် ၁-ရက်နေ ့မှာ သောတာပန် ဖြစ်ပါတယ်၊ အဲဒါဟာ မြတ်စွာဘုရား ဆုံးမညွှန်ကြားတဲ့အတိုင်း အားထုတ်လို ့ သောတာပန်ဖြစ်တာပဲ ဖြစ်ပါတယ်။ တရားနာရုံနဲ ့ဖြစ်တာမဟုတ်ပါဘူး။ အရှင်ဘဒ္ဒိယ က ကျတော့ ၂-ရက်လောက်အားထုတ်ရပြီး လပြည့်ကျော်၂-ရက်နေ ့ကျမှ သောတာပန် ဖြစ်ပါတယ်။ အရှင်မဟာနာမ် က ၃-ရက်လောက်အားထုတ်ပြီး လပြည့်ကျော် ၃-ရက်နေ ့ကျမှသောတာပန်ဖြစ်ပါတယ်၊ အရှင်အဿဇိ ကတော့ ၄-ရက်လောက်အားထုတ်ရပြီး လပြည့်ကျော် ၄-ရက်နေ ့ကျမှ သောတာပန်ဖြစ်တာပါ။ တရားနာရုံနဲ့ ဖြစ်ကြတာမဟုတ်ပါဘူး။ မြတ်စွာဘုရားက ကြပ်ကြပ်မတ်မတ် ဆုံးမပြုပြင်ပေးတဲ့အတိုင်း ကြိုးကြိုးစားစား မပြတ်ရှုမှတ် ပွားများအားထုတ်ကြလို ့သောတာပန် ဖြစ်ကြတယ်ဆိုတာ အလွန်ပင်ထင်ရှားပါတယ်။
ဒါ့ကြောင့် ကမ္မဋ္ဌာန်းတရားအားထုတ်မှုဟာ မဂ်ဖိုလ်နိဗ္ဗာန်သွားဖို ့လမ်းကြောင်းဆိုတာ ငြင်းလို ့မရနိုင်ပါဘူး။
ကမ္မဋ္ဌာန်းတရားဆိုတဲ့နေရာမှာ-
( ၁ ) သမထ ကမ္မဋ္ဌာန်း
( ၂ ) ဝိပဿနာ ကမ္မဋ္ဌာန်း ဆိုပြီး နှစ်မျိုးရှိပါတယ်။
ဒီနေရာမှာ ဝိပဿနာ အားထုတ်တာကိုပဲ အဓိကထားပြီး ကုသိုလ်ပြုနေတဲ့အတွက် သမထကမ္မဋ္ဌာန်းအကြောင်းတွေ တိတိကျကျ မဖေါ်ပြတော့ပါဘူး။
ဒါပေမယ့် ဝိပဿနာ အားထုတ်တဲ့အခါမှာလည်း-
( ၁ ) သမထ ကို အခြေခံပြုပြီး အားထုတ်ခြင်း
( ၂ ) သမထ ကို အခြေခံမပြုဘဲ ဝိပဿနာ သက်သက် အားထုတ်ခြင်း ဆိုပြီး နှစ်မျိုးရှိပြန်ပါသေးတယ်။
သမထကို အခြေခံပြုပြီး အားထုတ်တဲ့ပုဂ္ဂိုလ်ကို သမထယာနိက လို ့ခေါ်ပါတယ်။ သမထ အခြေခံဖြင့် နိဗ္ဗာန်သွားသူလို ့ခေါ်ပါတယ်။
သမထ ကို အခြေခံမပြုဘဲ ဝိပဿနာ သက်သက်ကို သာ အားထုတ်တဲ့ပုဂ္ဂိုလ် ကိုတော့ သုဒ္ဓဝိပဿနာယာနိက နည်း လို ့ခေါ်ပါတယ်။ ဝိပဿနာ သက်သက်ဖြင့် နိဗ္ဗာန်သွားသူလို ့ခေါ်ပါတယ်။
သမထယာနိကလမ်း နဲ ့သွားချင်တယ် ဆိုရင်တော့ သမထမှာ ကမ္မဋ္ဌာန်း ( ၄ဝ )ရှိပါတယ်။ ကသိုဏ်း( ၁ဝ )ပါး၊ အသုဘ( ၁ဝ ) ပါး၊ အနုဿတိ( ၁ဝ )ပါး၊ ဗြဟ္မဝိဟာရ ( ၄ )ပါး၊ အာရုပ္ပ( ၄ )ပါး၊ အာဟာရေ ပဋိကူလသညာ( ၁ )ပါး နဲ ့စတုဓာတု ဝဝတ္တာန်( ၁ )ပါး တို ့ဖြစ်ပါတယ်။
စာအုပ်ထုတ်ဝေတဲ့ အခါမှသာ နည်းနည်းအကျယ်ချဲ့ပြီးဖေါ်ပြပေးပါ့မယ်။
ဖေ့စဘုတ်က စာကြောင်းရေးကန့်သတ်ထားတဲ့အတွက်ကြောင့် " သုဒ္ဓဝိပဿနာယာနိက" လို ့ခေါ်တဲ့ ဝိပဿနာ သက်သက် အားထုတ်ပုံကို အကျဉ်းချုပ်သာ ဖေါ်ပြပေးမှာပါ။
ဝိပဿနာရှုတယ် ဆိုတာ ခန္ဓာ ငါးပါး( သို့ ) ရုပ်နာမ် နှစ်ပါးမှာ ဖြစ်ပေါ်နေတဲ့ အမှန်တရားတွေ ကို ဉာဏ် နဲ ့ စောင့်ကြည့်နေရတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။
ခန္ဓာငါးပါးကို ဉာဏ် နဲ ့ကြည့်တဲ့အခါ မှာ...
ဒီခန္ဓာငါးပါး ဟာ အနိစ္စ ( အပျက်သဘော )၊ ဒုက္ခ( ဆင်းရဲခြင်း )၊ အနတ္တ ( အဆိုးမရခြင်း ) အမှန်ဖြစ်တာတွေသာရှိတဲ့အတွက်ကြောင့် အဲဒီ အမှန်သဘောတွေ တို့ကို သာတွေ့ရမှာ ဖြစ်ပါတယ်။
ဓမ္မမိတ်ဆွေတို ့အဲဒီလိုသဘောတွေ ပေါ်လေလေ..နိဗ္ဗာန် နဲ ့ နီ းလေလေ ပါဘဲ။
အဲဒီလို ဝိပဿနာရှုရာမှာ သတိပဋ္ဌာန်လေးပါး ရှိပါတယ်။
(၁) ကာယနုပဿနာ ( ရုပ်ကို ရှုခြင်း )
(၂) ဝေဒနာနုပဿနာ ( ခံစားမှုကို ရှု့ခြင်း )
(၃) စိတ္တာနုပဿနာ ( စိတ်ကို ရှု့ခြင်း )
(၄) ဓမ္မာနုပဿနာ ( သညာ၊သင်္ခါရကို ရှု့ခြင်း ) ဆိုပြီးရှိပါတယ်။
အဲဒီ သတိပဋ္ဌာန်လေးပါးလုံး ကို လေ့လာသိရှိထားသင့်ပြီး အဲဒီကမ္မဋ္ဌာန်းတရားတွေအနက် မှ မိမိရဲ ့စရိုက် နှင့် ကိုက်ညီ တဲ့ သတိပဋ္ဌာန်တရား ကို အဓိကထားအားထုတ်မယ်ဆိုရင်တာ့ "နိဗ္ဗာန်"ကို မြန်မြန်ရမှာပဲ ဖြစ်ပါတယ်။
မိမိ နဲ ့ ဘယ် "ကမ္မဌာန်း" ဟာ ဖြင့် ကိုက်ညီမလဲ...ဆိုတာကတော့ မြတ်စွာဘုရား တစ်ပါးမှလွဲ၍ အခြားမည်သူ တစ်ဦးတယောက်မျှ အတတ်မပြောနိုင်ပါဘူး။ '
ဒါကြောင့် တရားအားထုတ်မည့်သူများ အနေနဲ ့တရားပြပေးမဲ့ ဆရာ လိုပါတယ်။ "ကမ္မဌာန်း ဆရာ" ပေါ့။ "
"သွားချင်တဲ့ ပန်းတိုင်ခရီး တစ်ခုကို ကိုယ့်ဖာသာကိုယ် ယောင်ယောင်ဝါးဝါး ညအမှောင် မှာ အလင်းရောင်ကလည်း မရှိ၊ စမ်းတဝါးဝါး နဲ ့သွားနေရတာထက်၊ လမ်းသိထားတဲ့၊ရောက်ဖူးပြီးသား ဖြစ်တဲ့ လမ်းပြ လိုအပ်ပါတယ်။မြေပုံကြည့်ပြီး သွားလို ့၊ မရောက်ဘူးလို ့တော့ မပြောပါဘူး၊ ရောက်နိုင်ပါတယ်။ဒါပေမယ့် လမ်းမှားတတ်တာပေါ့နော်၊ အဲဒီလို လမ်းမှားတော့ ရောက်ခဲ့ရင်တောင် ကြာတာပေါ့ ။
အဲဒါကြောင့် ဓမ္မမိတ်ဆွေများ အနေ နဲ ့"ဆရာ" ရှာပြီး ၊ကမ္မဋ္ဌာန်းဆရာရဲ့ လမ်းညွှန်မှုအောက်ကနေ ကျင့်ကြံ အားထုတ်ရင်တော့ အသင့်တော်ဆုံးပါလို ့ ဖြည့်စွက်ပြီး အကြံပေးလိုက်ပါရစေ။
ကမ္မဋ္ဌာန်းတရားအားထုတ်တာ တစ်ခုထဲ ကိုပြောတာ မဟုတ်ပါဘူး။
တရားနာတဲ့အခါမှာတောင်မှ ဓမ္မမိတ်ဆွေတို ့ဟာ မိမိတို ့ကြိုက်နှစ်သက်တဲ့တရားကို ရွေးပြီး နာကြလေ့ရှိကြပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ တစ်ဦး နဲ ့တစ်ဦး စရိုက်မတူတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
တစ်ယောက်က ဒီကမ္မဋ္ဌာန်း နဲ ့ရှုမှတ်ရတာ အဆင်ပြေပေမဲ့၊ အခြားတစ်ယောက်ယောက်နဲ့ကျတော့ ရှုမှတ်ရတာ တည့်ချင်မှတည့်တာပါ။
ဒါကြောင့် နတ်ဗြဟ္မာ မရေတွက်နိုင် ကျွတ်တမ်းဝင်ကြတဲ့ မြတ်စွာဘုရားဟောကြားတဲ့ "မဟာသမယသုတ် " မှာ လာရောက်ပြီးတရားနာယူကြတဲ့ နတ်ဗြဟ္မာ တွေဟာ မရေတွက်နိုင်အောင်များပြားလှတဲ့အတွက်
အားလုံး တရားနာကြားနိုင်အောင် မြတ်စွာဘုရားရှှင်ဟာ သတ္တဝါတိုင်းနဲ ့သင့်တော်မဲ့ စရိုက်( ၆ )ပါး တဲ ့အညီ " မဟာသမယသုတ် " မှာ ( ၆ )သုတ်ဟောကြားရပါတယ်။
♦️
( ၁ ) ရာဂစရိုက်ရှိတဲ့သူ...
ရာဂ အဖြစ်များသူတွေအတွက် " သမ္မာပရိဗ္ဗာဇနီယသုတ် " ကို ဟောတော်မူပါတယ်။
♦️
( ၂ ) ဒေါသစရိုက်ရှိတဲ့သူ...
ဒေါသအဖြစ်များတဲ့ သူတွေအတွက် " ကလဟဝိဝါဒသုတ်" ကို ဟောတော်မူပါတယ်။
♦️
( ၃ ) မောဟစရိုက်ရှိတဲ့သူ...
မောဟ အဖြစ်များသူတို ့အတွက် " မဟာဗျူဟာသုတ် "ကို ဟောတော်မူပါတယ်။
♦️
( ၄ ) ဝိတတ်စရိုက်ရှိတဲ့သူ...
ဝိတတ် အဖြစ်များသူတို ့အတွက် "စူဠဗျူဟသုတ် "ကို ဟောတော်မူပါတယ်။
♦️
( ၅ ) သဒ္ဓါတရားရှိတဲ့သူ...
သဒ္ဓါအဖြစ်များသူတို့အတွက် "တုဝဋကသုတ် " တော်ကို ဟောတော်မူပါတယ်။
♦️
( ၆ ) ဗုဒ္ဓိစရိုက်ရှိတဲ့သူ...
ပညာအဖြစ်များသူတွေ အတွက် " ပုရာဘေဒသုတ်" ကို ဟောတော်မူပါတယ်။
အဲဒီသုတ်တော်တွေကို ကြားနာရတဲ့ အတွက် တစ်သုတ်၊ တစ်သုတ် မှာ နတ်ဗြဟ္မာပေါင်း ကုဋေတစ်သိန်းစီ ရဟန္တာဖြစ်ကြပါတယ်။အနာဂမ်၊ သကဒါဂမ်၊ သောတာပန် ဖြစ်ကြတာတွေကတော့ မရေတွက်နိုင်အောင် များတယ်လို ့ဆိုပါတယ်။
ဒီတော့ ဓမ္မမိတ်ဆွေတို ့အနေနဲ့လည်း မိမိကတော့ဖြင့် ဘယ်လို စရိုက်မျိုးရှိတဲ့သူဆိုတာ ကိုယ့်ဖာသာကိုယ်ချင့်ချိန်လို ့ရကြမယ်ထင်ပါတယ်။အဲဒီလို ချင့်ချိန်ပြီး အဆင်ပြေမဲ့" သုတ်တော် " ကို ရှာဖွေဖတ်ရှုသင့်ပါတယ်လို ့အကြံပြုပါရစေ။
ဆက်လက်ပြီး " သုဒ္ဓဝိပဿနာယာနိက" လို ့ခေါ်တဲ့ ဝိပဿနာသက်သက် ကမ္မဋ္ဌာန်း အားထုတ်ပုံကို အကျဉ်းချုံးပြီးဖေါ်ပြရရင်..
လူသတ္တဝါတို ့မှာရှိတဲ့ ရုပ်နာမ်နှစ်မျိုးမှာ ရုပ်တရားဟာ ပိုပြီးထင်ရှားစွာရှိတဲ့အတွက် ရုပ်ကိုစပြီးရှုပါတယ်။
အဲဒီရုပ်မှာလည်း...
မြင်သိရ၊ ကြားသိရ၊ နံသိရ၊ စားသိရတဲ့ ဥပါဒါရုပ်တွေထက် တွေ ့ထိသိရတဲ့ ဘူတရုပ်တို ့က ပိုပြီးထင်ရှားတဲ့အတွက် ကိုယ်ထဲမှာ တွေ ့ထိရတဲ့ ရုပ်ကို စပြီူ ရှုပါတယ်။
အဲဒီလို အထူးထင်ရှားတယ်ဆိုတဲ့ အတွေ ့အထိ ရုပ်ကိုရှုဖို ့အတွက် ထိုင်နေတဲ့ တစ်ကိုယ်လုံးကို သတိနဲ ့စိုက်ပြီး " ထိုင်တယ်၊ ထိုင်တယ်" လို ့မပြတ်ရှုမှတ်ပါတယ်။ အဲဒီလို ရှုနေရင်း တင်ပါးက ဖြစ်ဖြစ်၊ ခြေထောက်က ပဲ ဖြစ်ဖြစ် တစ်နေရာမှာ တွေ ့ထိမှုကို ထင်ရှားစွာ တွေ ့နေပါတယ်။ အဲဒီလို တွေ ့ထိမှု နဲ ့တွဲပြီး " ထိုင်တယ်..ထိတယ်၊ ထိုင်တယ်..ထိတယ်" လို ့ ထိုင်နေတဲ့ ကိုယ်ထဲမှာ တစ်လှည့်၊ ထိနေတဲ့ နေရာတစ်လှည့် ၊ တစ်လှည့်စီမပြတ်ရှုနေရပါတယ်။
အကယ်၍ " ထိုင်တယ်..ထိတယ် " ဆိုတဲ့ ဒီနည်းကို ရှုရတာ ခက်တယ်လို ့ထင်ရင်၊ ဝင်လေ ထွက်လေ ရှုမှတ်မှု၌ ဝင်လေထွက်လေ ထိတဲ့ နှာသီးချိုင့် နေရာကို စူးစိုက်ပြီး " ထိတယ်...ထိတယ်..ထိတယ်" လို ့လည်း ရှု နိုင်ပါတယ်။
ဒါမှမဟုတ် အသက်ရှုလိုက်တိုင်း ဝမ်းဗိုက်ထဲမှာ ဖောင်းချည်၊ပိန်ချည် တောင့်တင်းလှုပ်ရှားလျက် တွေ ့ထိနေတဲ့ရုပ်ကိုလည်း ရှုနိုင်ပါတယ်။ စိတ်သတိကို ဝမ်းဗိုက်ကို စူးစိုက်ထားလိုက်ပါ၊ ဖောင်းတက်လာလိုက်၊ ပိန်ကျသွားလိုက် နဲ ့တောင့်တင်းလှုပ်ရှားလျက် ဗိုက်ထဲမှာ တွေ ့ထိမှုတွေ မပြတ်ဖြစ်နေတာကို တွေ ့ရပါလိမ့်မယ်။ အကယ်၍ စိတ်သိုက်ထားရုံနဲ့ မထင်ရှားသေးဘူးဆိုရင် ဗိုက်ကို လက်နဲ ့ထိထားပါ။( အသက်အောင့်ထားတာတို ့၊မြန်မြန်ရှုတာတို ့၊ ပြင်းပြင်းရှုတာတို ့ ကိုတော့ မလုပ်မိပါစေနဲ ့)
ပုံမှန် ရှုနေကျအတိုင်း ၊ မှန်မှန်လေးပဲ ရှုနေပါ။ ဝမ်းဗိုက် ဖောင်းတက်လာခိုက်မှာ ဖောင်းတယ်လို ့ရှုပါ၊ တစ်ရွေ ့ရွေ ့ခြင်းဖောင်းတက်လာတာကို အစကနေ အဆုံးတိုင်အောင် အစဉ်မပြတ် သိလျက်ရှိနေပါစေ။ဖောင်းတိုင်း..ပိန်တိုင်း...
" ဖောင်းတယ်..ပိန်တယ်၊ ဖောင်းတယ်..ပိန်တယ်၊ ဖောင်းတယ်..ပိန်တယ် လို ့ မပြတ်ရှုမှတ်ပါ။
( အထူးသတိပြုရမှာက...
ထိုင်တယ်..ထိတယ်၊ ဝင်တယ်..ထွက်တယ်၊ ဖောင်းတယ်..ပိန်တယ် စတဲ့ အမည်တွေကို နှုတ်အရွတ်ဆိုဖို ့မဟုတ်ပါဘူး၊ စိတ် နဲ ့သာ အမည်တပ်ပြီး ရှုနေဖို ့ပဲ ဖြစ်ပါတယ်၊အဲဒီအမည်ကလည်း လိုရင်းမဟုတ်ပါဘူး။ ကိုယ်ထဲမှာ တစ်ကယ်ဖြစ်ပေါ်လာတဲ့ တောင့်တင်း၊လှုပ်ရှား တွေ ့ထိမှု စသည်တို ့ကို သိနေခြင်းကသာ လိုရင်းအဓိကကျပါတယ်။ အမည်မပါဘဲ နဲ ့စိတ်သက်သက်ပဲ ရှုနေမယ်ဆိုရင် အာရုံ နဲ ့စိတ် ကောင်းကောင်းမကပ်တာတို ့၊ သေသေခြာခြာပိုင်းခြားပြီး မသိတာတို ့၊ ဝီရိယ လျော့လျော့သွားတတ်တဲ့ အပြစ်တွေ ဖြစ်တတ်တဲ့အတွက်ကြောင့် စိတ်နဲ့ အမည်တပ်ပြီး ရှုဖို ့အကြံပေးရခြင်းသာဖြစ်ပါတယ်။
အဲဒီလို ထိုင်တယ်..ထိတယ်၊ ဝင်တယ်..ထွက်တယ်၊ ဖောင်းတယ်..ပိန်တယ် စတဲ့ ရှုမှတ်နေတဲ့အခါမှာ မိမိစိတ်ဟာ တစ်ပါးအာရုံတွေဆီကိုထွက်ထွက်သွားတဲ့ စိတ်တွေရှိပါလိမ့်မယ်။ အဲဒီလို ထွက်သွားတယ်လို ့ထင်ရင်..အဲဒီထွက်သွားတဲ့စိတ်ကို ရှုလိုက်ပါ။ ကြံတယ်လို ့ထင်လည်း ကြံတယ် လို ့ရှုပါ။ စဉ်းစားတယ်လို ့ထင်ရင် စဉ်းစားတယ်လို ့ရှုလိုက်ပါ။ လိုချင်ရင်လည်း လိုချင်တယ်၊ နှစ်သက်ရင်လည်း နှစ်သက်တယ်၊ စိတ်ဆိုးရင်လည်း စိတ်ဆိုးတယ်၊ စိတ်ပျက်ရင်လည်း စိတ်ပျက်တယ်၊ ပျင်းရင်လည်း ပျင်းတယ်၊ ပျော်ရင်လည်း ပျော်တယ် စသည်ဖြင့် အဲဒီစိတ်တွေ ပျောက်သွားတဲ့အထိ ဆင့်ကာဆင့်ကာ ရှုရပါတယ်။အဲဒီစိတ်တွေ ပျောက်သွာမှသာ မူလ ရှုမှတ်တဲ့ ကမ္မဋ္ဌာန်းဖြစ်တဲ့ "ထိုင်တယ်..ထိတယ်၊ ဝင်တယ်..ထွက်တယ်၊ ဖောင်းတယ်..ပိန်တယ် စသည်တို ့ကိုပြန်ပြီး မပြတ်ရှုမှတ်ပါ။
ကိုယ်ထဲမှာ ညောင်းတာ၊ ပူလာတာ၊ နာကျင်ကိုက်ခဲလာတာ စတဲ့ မခံသာတဲ့ ဒုက္ခတွေ ပေါ်လာလို ့ရှိရင်လည်း အဲဒီမခံသာတဲ့ နေရာကို စူးစိုက်ပြီး " ညောင်းတယ်..ညောင်းတယ်၊ ပူတယ်..ပူတယ်၊ နာတယ်..နာတယ်" စသည်အားဖြင့်ရှုမှတ်ပါ။ အဲဒီမခံသာမှုတွေ ပျောက်ငြိမ်းသွားသောအခါ မူလ ရှုမှတ်တဲ့ ကမ္မဋ္ဌာန်းဖြစ်တဲ့ "ထိုင်တယ်..ထိတယ်၊ ဝင်တယ်..ထွက်တယ်၊ ဖောင်းတယ်..ပိန်တယ် စသည်တို ့ကိုပြန်ပြီး မပြတ်ရှုမှတ်ပါ။ အကယ်၍ ညောင်းတာ၊ ပူတာ၊ နာတာတွေက ပြင်းထန်လာလို ့အလွန်မခံမရပ်နိုင်ဖြစ်လာရင်တော့ ကိုယ်၊ လက်၊ ခြေ အနေအထားတွေကိုတော့ သတိနဲ ့စူးစိုက်ပြီး ဖြည်းဖြည်းချင်း လှုပ်ရှားပြုပြင်ပေးရပါတယ်။
" ကွေးတယ်..ကွေးတယ်၊ ဆန့်တယ်..ဆန့်တယ်၊ လှုပ်တယ်..လှုပ်တယ်၊ ရွှေ ့တာ်..ရွှေ ့တယ်၊ ပြင်တယ်.. ပြင်တယ်၊ ကြွတယ်.. ကြွတယ်၊ ချတယ်..ချတယ် " စသည်အားဖြင့် သူဖြစ်ပေါ်နေတဲ့အတိုင်း အစဉ်မပြတ်လိုက်ပြီး ရှုသွားရပါတယ်။ အဲဒီအမူအရာတွေ ပြီးဆုံးသွားတဲ့အခါကျမှ မူလ ရှုမှတ်တဲ့ ကမ္မဋ္ဌာန်းဖြစ်တဲ့ "ထိုင်တယ်..ထိတယ်၊ ဝင်တယ်..ထွက်တယ်၊ ဖောင်းတယ်..ပိန်တယ် စသည်တို ့ကိုပြန်ပြီး မပြတ်ရှုမှတ်ပါ။
အကျဉ်းချုပ်အားဖြင့်ဆိုရရင်..
ကွေးတာ၊ ဆန် ့တာ၊ ကိုယ်လက်လှုပ်ရှား ပြုပြင်တာမှန်သမျှ ဖြစ်ပေါ်တိုင်း သိအောင် ရှုမှတ်နေရပါမယ်။ကိုယ်ထဲ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဝေဒနာခံစားတာမှန်သမျှကိုလည်း သိအောင်ရှုရပါမယ်။ စိတ်ကူး၊ စဉ်းစား၊ ကြံစည်တာ မှန်သမျှကိုလည်း သိအောင် ရှုမှတ်ရပါမယ်။
ပေါ်လာရာ၊ ပေါ်လာရာ မှန်သမျှ အလွယ်တကူရှုနိုင်တဲ့အခါမှာ အခုလို ပင်တိုင် ရှုစဉ်ထားဖို ့မလိုတော့ပါဘူး။
မြင်တိုင်းသိ၊ ကြားတိုင်းသိ၊ နံတိုင်းသိ၊ စားသိတိုင်း၊ထိ သိတိုင်း၊ ကြံသိတိုင်း၊ ပေါ်လာသမျှတို ့ကိုဖြစ်ပေါ်လာစဉ်အတိုင်း ရှုမှတ်သွားယုံပါပဲ။
ဒါကြောင့် စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် ပေါ်သမျှကို ပေါ်ခိုက်ဖြစ်ခိုက်မှာ လိုက်လိုက်ပြီး သိမှတ်ပေးနေတာဟာ ဝိပဿနာ အားထုတ်ထာ ဖြစ်တဲ့အတွက် အချိန်မရွေး ကိုယ့်ရဲ့ လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုတ်တွေ မှာဘယ်လိုပုံစံမျိုးပဲ ဖြစ်ဖြစ် သတိကပ်ပြီး လိုက်သိ၊ လိုက်မှတ် ကြည့်နေမယ်ဆိုရင် ဝိပဿနာအားထုတ်မှုအတွက် ဓမ္မမိတ်ဆွေဟာ အချိန်နဲ ့အမျှ ကမ္မဋ္ဌာန်းတရား ရှုမှတ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပါပြီလို ့အသိပေးရင် ကမ္မဋ္ဌာန်းတရားအားထုတ်ပုံကို ဓမ္မဒါနပြုလိုက်ပါသည်။
(ခန္ဓာ-၅ပါးတစ်ဦး)
•••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ ့ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။
( ကျေးဇူးရှင် မဟာစည်ဘုရားကြီး ၏ "ကမ္မဋ္ဌာန်းတရား အားထုတ်ရခြင်းအကြောင်း" တရားတော် နဲ ့ အနတ္တလက္ခဏသုတ် တရားတော် တို ့မှ ကိုးကားပြီး ကောက်နှုတ်ဖေါ်ပြပါသည် )
|
https://www.dhammaransi.com/index.php/new/315-qq-q.html
|
"ဝေဒနာ" ကို ပျောက်အောင် ရှုမှတ်ပုံ ရှုမှတ်နည်း"
|
" ဝေဒနာ "
" ဝေဒနာ " အကြောင်း ကို....
(၂ဝ၁၇ ဇန်နဝါရီလ ၊ ၂-ရက် ) တုန်းကတော့.. " ဝေဒနာကို မနာအောင် ရှုနည်း "ဆိုတဲ့ ခေါင်းစဉ် နဲ ့ရေးသားဖေါ်ပြခဲ့တဲ့အပြင်၊ " ဝိပဿနာနဲ့ ဆိုင်ရာစာစုများ " ဆိုပြီး စာအုပ် ထုတ်ဝေတုန်းကလည်း ထည့်သွင်းရေးသားဖေါ်ပြခဲ့ဖူးပါတယ်။
ရန်ကုန်မြို့အပြင် အခြားပြည်နယ်တွေက မြို ့တွေကို ဖြန် ့ဖြူးထားပေမယ့်လည်း၊ တစ်ချို ့ဝေးလံတဲ့ အရပ်တွေမှာ၊ အကြောင်းအမျိုးမျိုးကြောင့် စာအုပ်လက်ဝယ် မရရှိသူတွေ ရှိကြပါတယ်။
ဒါ့အပြင်..
အင်တာနက် ဖေ့စဘုတ်က ဘာ အခက်အခဲ ဖြစ်လဲဆိုရင် ဖတ်ချင်တဲ့ စာမျက်နှာ ကို ရှာဖွေတဲ့အခါ ရေးထားတဲ့ စာစုတွေဟာ အဟောင်းစာမျက်နှာ ဖြစ်လေလေ၊ ရှာဖွေရတာ အချိန်ကြာလေလေ၊ ပြီးတော့..လောလောဆယ်မှာ မြန်မာနိုင်ငံရဲ ့အင်တာနက် ဆက်သွယ်မှုတွေဟာ တစ်ခြားနိုင်ငံက အင်တာနက်လို ့ မြန်ဆန်မှု မရှိလောက်သေးတဲ့အတွက် အခုလို ဖေ့စဘုတ်က စာမျက်နှာအဟောင်းကို ဖတ်ရှုတဲ့ အခါ မှာ ရှာဖွေရ ခက်ခဲမှု ကို ပိုပြီးကြုံတွေ ့ကြရပါတယ်။
ဒါ့ကြောင့်..
စာအုပ်လက်ဝယ်မရရှိဘဲ ပြန်ဖတ်ချင်တဲ့ ဓမ္မမိတ်ဆွေ တချို ့ကလည်း အသစ်ပြန်တင်ပေးဖို ့မေးလာတဲ့အပြင်၊ အခုမှ စပြီး တရားအားထုတ်မယ့် ဓမ္မမိတ်ဆွေတို့အတွက်လည်း မဖြစ်မနေ သိသင့်သိထိုက်တာမို ့...
အရင်က ရေးသားဖေါ်ပြဖို ့ကျန်ခဲ့တာလေးတွေကိုပါ နည်းနည်းဖြည့်စွက်ပြီး တရားစတင်အားထုတ်ကြတဲ့အခါ ဖြစ်လာမယ့်၊ ကြုံတွေ ့လာမယ့် " ဝေဒနာ "ကို ပျောက်အောင် ဘယ်လို ရှုသင့်တယ်ဆိုတဲ့အကြောင်းကို " ဝေဒနာ.. ပျောက်အောင် ရှုမှတ်ပုံ ရှုမှတ်နည်း " ဆိုတဲ့ ခေါင်းစဉ် နဲ ့အသစ် ထပ်မံရေးသားဖေါ်ပြလိုက်ပါတယ်။
ခုမှစပြီး တရားထိုင်တော့မယ်ဆိုရင်၊ တရားအားထုတ်တော့မယ်ဆိုရင်၊ လောလောဆယ်မှာတော့..စိတ်တွေကတော့ မငြိမ်ဘူး၊ တရားတွေ မတက်ဘူး ဆိုတာတွေထက်၊ အကျင့်မရှိဘဲ နဲ ့ခုမှစပြီး တရားအားထုတ်တဲ့သူကတော့ အရင်ဆုံး မဖြစ်မနေ ကြုံတွေ ့ရမှာက..
" ဝေဒနာ "ပါ။
" ဝေဒနာ " ဆိုတာ..
အလွယ်ဆုံးမှတ်သားချင်ရင်တော့..." ခံစားမှု " လို ့ခေါ်ပါတယ်။
ဘာတွေ ကို ခံစားကြတာလဲ ဆိုရင်...
ကောင်းတာကို ...ခံစားချင်တယ်။
မကောင်းတာကို.. မခံစားချင်ပေမယ့်..ခံစားရတယ်။
" ကောင်းတာ နဲ ့မကောင်းတာ” ပေါ့။
တချို ့လည်း နားလည်သဘောပေါက်ပြီးသား ဖြစ်ကြမှာပါ။
ပုထုဇဉ်တို ့အနေ နဲ ့ ...
အများစု က "နာကျင် ကိုက်ခဲ" မှ "ဝေဒနာ" ဆိုပြီး မှတ်ယူနေကြသူတွေ များပါတယ်။ အဲဒီအတွက်ကြောင့် " ဝေဒနာ "အကြောင်းကို အရင်ဆုံး အကြမ်းဖျင်းရှင်းပြပါရစေ...
ဝေဒနာက (၃)မျိုးရှိပါတယ်။
( ၁ )ခံစားလို ့ ကောင်းတယ်၊ ကြိုက်တယ်ပေါ့ ၊ အဲဒီလို ခံသာတဲ့ "ဝေဒနာ"ကို "သုခဝေဒနာ"လို့ခေါ်ပါတယ်။
( ၂ )ခံစားလို ့မကောင်းဘူး၊ မကြိုက်ဘူး ဆိုတဲ့ အဲဒီလို မခံသာတဲ့ "ဝေဒနာ" ကို "ဒုက္ခဝေဒနာ"လို့ခေါ်ပါတယ်။
ပြီးတော့..
( ၃ ) ခံသာတာလဲမဟုတ်ဘူး၊ မခံသာတာလဲမဟုတ်ဘူး ဆိုတဲ့ ဝေဒနာ ကို
"ဥပေက္ခာဝေဒနာ"လို့ ခေါ်ပါတယ်။
နာတဲ့ ဝေဒနာ ကို ပျောက်နေအောင် ဘယ်လိုရှု မှာလဲဆိုပြီး ဖေါ်ပြမှာ ဖြစ်လို ့..
အဲဒီ " ဝေဒနာ" သုံး မျိုးထဲက..
" ဒုက္ခဝေဒနာ " အကြောင်းဘဲ လောလောဆယ် ပြောပါရစေ။
ဘာလို ့လဲဆိုတော့..
အထက်မှာ ရေးပြသလို၊ တရားအားထုတ်ကြသူတိုင်း ကြုံတွေ ့ကြရတာ၊နာကျင် ကိုက်ခဲ တဲ့" ဝေဒနာ" ပါ။ နာကျင် ကိုက်ခဲတာ ကို အများစုက ကြိုက်မှ မကြိုက်ကြတာကိုး..။ဒီဝေဒနာ က ပိုပြီး သိသားလွန်းတဲ့အတွက်..
ဓမ္မမိတ်ဆွေ တို ့ဟာ "ဝေဒနာ" လို ့ပြောလိုက်တာနဲ ့အဲဒီ "ဒုက္ခဝေဒနာ" ကြီး ကို ပြေးပြေးမြင်နေကြပါတယ်၊ တရားအားထုတ်တဲ့ အခါ အဲဒီဝေဒနာ ပေါ်လာမှာ ကို စိုးရိမ်ကြပါတယ်၊ ခန္ဓာ ရှိသ၍.. "ဝေဒနာ" က ပေါ်တာ ဓမ္မတာတရား ပါ။
မိမိတို ့ကိုးကွယ်နေတဲ့ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်တောင် ပျောက်အောင် မလုပ်ပေးနိုင်ပါဘူး။ ကုသပေး၊လုပ်ပေးနိုင်တာ..
မြတ်စွာဘုရားရှင်ကိုယ်တိုင် ရှာတွေ ့ထားတဲ့ မှန်ကန်တဲ့ "ဗုဒ္ဓတရားတော်" တွေကသာ အဲဒီ " ဝေဒနာ " ကို ကုစား ပေးနိုင်တာပါ။
"ဝေဒနာ လာသေးလား "
" ဝေဒနာချုပ်သွားပြီလား"၊ "ဝေဒနာ" ၊"ဝေဒနာ"ဆိုတဲ့ ဒီစကား ကို တရားအား ထုတ်ဖူးသူတိုင်း တရားစခန်းတိုင်းမှာ ပဲ ဖြစ်ဖြစ်၊ အချင်းချင်း တရားဆွေးနွေးကြတဲ့ အခါ မှာပဲ ဖြစ်ဖြစ်၊ တရားနာကြားတဲ့ အခါတွေမှာပဲ ဖြစ်ဖြစ် အမြဲကြားရတဲ့ စကားလုံးဖြစ်နေပါတယ်..
နာကျင်တာကို ပဲ "ဝေဒနာ" လို သတ်မှတ်ကြတာကိုလည်း အပြစ်လို ့မပြောလိုပါဘူး၊ ခုနပြောသလို နာကျင်တာက ထင်ရှားနေတာကိုး...။
တချို ့က......
" ကျနော်ဗျာ.. နေ ့တိုင်း ( ၁ )နာရီ အချိန်မှန်မှန် မကွက်မပျက်တရားအားထုတ်ဖြစ်ပါတယ်။အခုဆို ကျနော့်မှာ ဝေဒနာ ဆိုတာ မရှိတော့ဘူး"..တဲ့။
တချို ့ကျပြန်တော့လည်း...
"ကျမ..ဝေဒနာ ချုပ်သွားပြီ။အရင်က တရားထိုင်ခါစမှာ အရမ်းကိုသေချင်လောက်အောင် နာပါတယ်။ ဝေဒနာ ပေါ်လာလို ့မှတ်ရင်းမှတ်ရင်း နဲ့ အခု ဆို တရားထိုင်တိုင်း အဲဒီဝေဒနာ မလာတော့ဘူး"..တဲ့..၊ "ဝေဒနာချုပ်"သွားပြီတဲ့။
ဒီလိုရှိပါတယ်..
ဥပမာအနေနဲ ့ပြောရရင်..
လူတစ်ယောက်ဟာ အပြေးလေ့ကျင့်တယ် ဆိုကြပါစို့။
လေ့ကျင့်ခါစမှာတော့.. အလေ့ကျင့်မရှိယင် ( ၁ဝ )မိနစ်လောက် ပြေးရင် လည်း မောပါတယ်၊ အမောမခံနိုင်ပါဘူး။ဒီလိုနဲ ့နေ ့တိုင်း ပုံမှန် လေ့ကျင့်လာတဲ့ အခါ ကြာလာတော့ ( ၁ )နာရီ၊( ၂ )နာရီကြာ ပြေးရင်တောင် မှ အမောခံနိုင်လာတာကို တွေ ့ရမှာပါ။ဒါက ဘာလို ့လဲ ဆိုတော့ "အလေ့အကျင့်"ပါ။
ဒီလိုပါဘဲ တရားထိုင်ခါစ မှာ အလေ့ကျင့် မရှိတော့ နာလာ၊ကိုက်ခဲလာတယ် ဆိုတာ မဆန်းပါဘူး။ ဆန်းတယ် ဆိုတာက အဲဒီ နာတာကိုက်ခဲတာ ကို ရှုနိုင်တယ် ဆိုတဲ့ "ဝိပဿနာဉာဏ်"ဘဲ။
ယောဂီ အနေနဲ ့ခုလို နေ့စဉ် ( ၁ )နာရီ၊ (၂ )နာရီ ပုံမှန် တရားထိုင်လို ့" ဝေဒနာ " မလာတော့ဘူးဆိုတာ မဆန်းပါဘူး။ဒါ အကျင့်ဖြစ်သွားပြီကိုး...။
မနာတော့ဘူး ဆိုရင်..ထိုင်နေကျ အချိန်ထက် နည်းနည်း လောက် အချိန်ပိုပြီးထိုင်ကြည့်တဲ့အခါ..ပြင်းထန်တဲ့ နာကျင်တဲ့ ဝေဒနာတွေဟာ ထပ်ပြီးပေါ်လာပါမယ် ဆိုတာ တွေ ့ရပါလိမ့်မယ်။
ခန္ဓာ ရှိရင် "ဝေဒနာ"ဆိုတာ ရှိပါတယ်။ ဝိပဿနာဉာဏ် အားမပြည့်သေးဘဲနဲ ့ ဟိုတွေးဒီတွေး နဲ ့အတွေးချော်နေမှာ စိုးလို ့သတိပေးရတာ ဖြစ်ပါတယ်။
" ဝေဒနာ" ရှိတာကို သိနေရပါမယ်။ အဲဒီပေါ်လာတဲ့ ဝေဒနာ ကို ကိုယ့်အနေနဲ ့ခံနိုင်အောင် ရှုနိုင်တာကမှ..
" ဝေဒနာကို နိုင်တယ် ခေါ်တာ..ဝေဒနာချုပ်တယ်" လို ့ခေါ်တာပါ။
တစ်နေ ့လုံး မထဘဲ ထိုင်ကြည့်လိုက်ပါ၊ အဲဒီ နာကျင်တဲ့ ဝေဒနာ ဟာ ပေါ်လာလိုက်၊ သူဟာသူပျောက်သွားလိုက် အကြိမ်ပေါင်းများစွာဖြစ်ပျက်နေမယ်ဆိုတာ သိလာပါလိမ့်မယ်။ ဒါ သဘာဝတရားပါ ကိုယ်လုပ်ယူနေတာ မဟုတ်ပါဘူး။
ဝေဒနာကို ရှုတဲ့အခါမှာ-
( ၁ ) ဝေဒနာကို ပျောက်သွားအောင် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ရှုတာရယ်၊
( ၂ ) ဝေဒနာကို အပြုတ်တိုက်မယ် ဆိုတဲ့ စိတ်ကြမ်းကြီး နဲ့ ရှုတာရယ်၊
( ၃ ) ဝေဒနာကို သိအောင် ရှုတာရယ် ဆိုပြီးရှိပါတယ်။
ပထမနည်း နဲ့ ဒုတိယနည်းက.....
ပယ်ရမယ့်နည်းပါ။
ဝေဒနာကို ပျောက်ချင်တဲ့ စိတ် နဲ့ မရှုပါနဲ့။ သူများတွေ ဝေဒနာ ကျော်သွားတယ်၊ ပျောက်သွားတယ်ဆိုရင် ကိုယ်လည်း ပျောက်ချင်၊ ချုပ်ချင်တယ်။ အဲဒီစိတ်နဲ့ရှုရင် မှတ်ချက်တိုင်းမှာ ဝေဒနာပျောက်ချင်တဲ့ "လောဘ" ပါနေတယ်။
ဒီ ဝေဒနာ ပျောက်ချင်စိတ်ကြီး နဲ့ ရှုနေတော့ လောဘ ဖြစ်နေမှာပါပဲ။
တချို့ကျတော့လည်း ဒေါသ သမားက ရှိပါသေးတယ်။ ဒီလောက်တောင် နာတဲ့ဟာ ကို အပြုတ်တိုက်မယ် ဆိုတဲ့ဒေါသကြီး နဲ ့ပေါ့ဗျာ။ အဲဒီဒေါသကြီး နဲ့ လည်း ရှုမှတ်လို ့မဖြစ်ပါဘူး။
ဝိပဿနာ ရှုတယ် ဆိုတာ လောဘ၊ ဒေါသ၊ မောဟ ကုန်အောင်၊ ပါးအောင် လုပ်တာ ဖြစ်ပါတယ်။အဲဒါကြောင့် လောဘ၊ ဒေါသကြီး နဲ့ ရှုရင်တော့ ရှုနည်းမှားပါတယ် လို ့ပဲ ဆိုရမှာပါ။
အဲဒါကြောင့်...
"ပျောက်ချင်တဲ့..စိတ်ကြီးနဲ့ မရှုပါနဲ့" တဲ့။
"အပြုတ်တိုက်မယ် ဆိုတဲ့ စိတ်ကြီးနဲ့ မရှုပါနဲ"တဲ့။
ဘယ်လိုနည်းနဲ့ "ရှုမှတ်"ရမလဲဆိုရင်-
ဝေဒနာကို " သိအောင် "ရှုရပါမယ်။
” ဝိပဿနာ ” ဆိုတာ “ ရုပ်တွေ နာမ်တွေရဲ့သဘော ” ကိုသိအောင်လုပ်တာပါ။
လှုပ်ရှားနေတာတွေ၊ မာတာ ပျော့တာတွေ၊ ပူတာအေးတာတွေက "ရုပ်တရား "။
အခုခံစားနေရတဲ့ ဝေဒနာတွေကနာမ်တရားတွေ။ အဲဒီ နာမ်တရားဖြစ်တဲ့ ဝေဒနာ တို့ ၊စိတ်တို့ရဲ့သဘောကို ဝိပဿနာဉာဏ် နဲ့ ရှုမှတ်နေရတာပါ။
" ချမ်းမြေ ့ဆရာတော်ဘုရားကြီး " ဟောကြားတဲ့ ဝေဒနာရှုတာကို ( ၃ )မျိုးခွဲပြီး...
၁။ ရန်သူကို ရင်ဆိုင်တိုက်ခိုက်နည်း၊
၃။ ရန်သူကို ချုံခို တိုက်ခိုက်နည်း။
၃။ ရန်သူကို အချော့သတ်နည်း..ဆိုပြီး ဟောထားတာရှိပါတယ်။
*လူငယ် ၊ လူရွယ် တွေ အသက်ငယ်ပြီး ကျန်းမာရေးကောင်းတဲ့ လူတွေ အတွက် ကတော့...
" ရင်ဆိုင်တိုက်ခိုက်နည်း "က ကောင်းပါတယ်။
*ရောဂါရှိတဲ့သူ၊ ဥပမာ-နှလုံးရောဂါရှိတဲ့သူ ဆိုရင် ချုံခိုတိုက်ခိုက်နည်းကကောင်းပါတယ်။ “ ချုံခိုတိုက်ခိုက်နည်း” က ကိုယ့်ရဲ့ ကမ္မဋ္ဌာန်း ကို များများမှတ်ပြီး၊ နောက်မှ...ဝေဒနာ ကို ပြန်ရှုတာ။
ဒါက “ ချုံခိုတိုက်ခိုက်နည်း”ပါ။
*အင်မတန်အသက်ကြီးတဲ့ ပုဂ္ဂိုလ် ကတော့ မှတ်နေကျ ပင်တိုင်ကမ္မဋ္ဌာန်း ကို အကြာကြီး မှတ်၊ မခံမရပ်နိုင် နာကျင်လာရင် ၊ထိုင်တဲ့ ပုံစံလေး ကို အသာလေးပြင် နောက်မှ ဝေဒနာကိုရှု။
အဲ့ဒါ..."အချော့သတ်နည်း"ပေါ့။
"ရင်ဆိုင်တိုက်ခိုက်နည်း" ဆိုတာ...
ဝေဒနာ အပေါ်စိတ်ကိုတည့်တည့်မှတ်မှတ်ထားပြီး၊ နာတဲ့အပေါ် စိတ်ကိုတည့်တည့်ထားပြီး "ထိုင်တယ်၊ ထိတယ်၊ နာတယ်".... "ထိုင်တယ်၊ ထိတယ်၊ နာတယ်"-လို့ စူးစူးစိုက်စိုက်မှတ်။နာတာ ကျဉ်တာတွေကို စိတ်ရှည်ရှည်နဲ့သည်းညည်းခံပြီး မှတ်တာပါ။
ပေါ်လာတဲ့ ဝေဒနာတွေက ဒုက္ခသစ္စာ။
ဖြစ်တဲ့အတိုင်းမှတ်နေတာက မဂ္ဂသစ္စာ။
အပါယ်လေးပါးမကျအောင်လို့ဒုက္ခသစ္စာ ကိုသိဖို့ အတွက် ဝေဒနာ ကို ရှုမှတ်တာ က ပိုပြီးထိရောက်နိုင်တာ ဖြစ်ပါတယ်။
"ဝေဒနာ၊သတိ" ဆိုတာ...
နာရင် နာတယ်လို့မှတ်တာ။အဲဒီလို နာတာကို မှတ်နေရင်း " သတိ "က အားကောင်းလာပြီး.." ဝေဒနာ၊ သမာဓိ "ဖြစ်လာပါတယ်။
အဲဒီ ဝေဒနာနဲ့သမာဓိ ဘောင်ချိန်လိုက်ရင် "ပညာ"ပေါ်လာပါတယ်။
" ဒုက္ခဝေဒနာ "ကို ကျော်လွန်အောင် မမှတ်နိုင်လို့ရှိရင်တော့ ၊ တရားထူးရဖို့တော်တော်လေး ကျင့်ယူရမှာဖြစ်ပါတယ်။
ရင်ဆိုင်တိုက်ခိုက်နည်းတော့.... မြန်မြန်ဆန်ဆန် တရားသဘောတွေ မြန်မြန် ပိုသိနိုင်တာပေါ့..နော်။
အဓိက က .. နာလာတဲ့ ဝေဒနာ ကို သဘောပေါက်ဖို ့အရေးကြီးပါတယ်။
ပထမဆုံးအနေနဲ ့...
"ရောဂါ ကြောင့် နာတာလား ၊ ဝေဒနာ" ကြောင့် နာတာလား..ဆိုတာကို ကွဲပြားအောင် ကြည့်ရပါမယ်။
ကိုယ်ထဲမှာ "နာတာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတာ" အဲဒါက " ရောဂါ " ပါ။
အဲဒီ ကိုယ့် အနာရောဂါ ကို အကြောင်းပြုပြီးတော့ စိတ်ထဲမှာ မခံသာတာ ကတော့ ...
"ဝေဒနာ(ခံစားချက်)" ဖြစ်ပါတယ်။အဲဒီဖောက်ပြန်တဲ့ ရောဂါကိုဘဲ.."နာလှချေ" ရဲ ့ဆိုပြီး ကြည့်နေရင် သိပ်အခံရ ခက်ပါတယ်။
"စိတ် "ထဲ မှာ ရှိနေတဲ့ ...အဲဒီ "မခံသာတဲ့" ဝေဒနာ( ခံစားချက် )ကို ကြည့်ပေးပါ။
"မခံသာတဲ့ ဝေဒနာ"က သပ်သပ်။
"ရောဂါ"က သပ်သပ်...ဆိုတာ မြင်လာပါလိမ့်မယ်။
အဲဒီ မခံသာတဲ့စိတ် ကို ရှုကြည့်နေလိုက် ရင် တော့ "ကိုယ်မှာနာနေတာ"
ဟာ မဆိုင်တော့ဘူး.. ဆိုတာ မြင်လာပါလိမ့်မယ်။
ဥပမာ...
သူများဖြစ်တာလေး ကို ကြည့်နေရသလို၊
ဆရာဝန်က လူမမာ ကို ကြည့်နေရသလိုပါပဲ...
ကိုယ် ပါ ရောပြီး မနာတော့ ပါဘူး။
ကိုယ်နာတာချည်း သွားကြည့်နေရင်...ကိုယ်ရောစိတ်ပါ ရောပြီးနာသွားပါလိမ့်မယ်။
"မခံနိုင်ဘူး။ ပြင်ချင်တယ်။ ပြောင်းချင်တယ်" အဲဒီ စိတ်ကလေးဖြစ်လာရင်လည်း..အဲဒီဖြစ်တဲ့ စိတ် ကို "သိ" နေပေးပါ။
ပျောက်ချင်စိတ် ဖြစ်နေရင်လည်း အဲဒီ"စိတ်ကလေး"ကို ဘဲ သတိထားပြီး ကြည့်ပေးပါ။ မကျေနပ်စိတ်ဖြစ်ရင်လည်း ကြည့်ပေး၊ သိပေးပါ။
ဥပမာ တစ်ခုထပ်ပေးရရင်တော့....
မီးဖိုပေါ်မှာ တည်ထားတဲ့ ဟင်းချိုအိုး က ဟင်းချို ကို "အပေါ့ အငန်" ကို မြည်းသလိုပါဘဲ။ အဲဒီလို "အပေါ့ အငန်" ကို မြည်းတဲ့ အခါမှာ မီးဖိုပေါ်မှာ ရှိတဲ့ ဟင်းချိုအိုး ပွက်ပွက်ဆူနေတာကို ပူမှန်း သိလျက်....ဇွန်း နဲ ့ခပ်ပြီး မြည်းကြတယ်...မဟုတ်လား။ ဘာလို ့ပူမှန်း သိသလဲ ဆိုတော့ မှုတ်ပြီး သောက်ကတည်း က "ပူမှန်း" သိလို ့ပါ။
အဲဒီလို ဟင်းရည်အပူကြီး ပါးစပ်ထဲကို ရောက်တဲ့အခါ..
"ပူတာကို..အာရုံပြုကြ တာလား"
"အပေါ့..အငန် ကို အာရုံပြုကြ တာလား"
ဓမ္မမိတ်ဆွေတို ့ အနေနဲ ့.."ပူတာကို သတိမထားကြပါဘူး..ဂရုမစိုက်ပါကြဘူးနော်။
"အပေါ့အငန်"ကိုပဲ သတိထား ကြပါတယ်။
"အပေါ့အငန်"ကိုပဲ အကဲခတ် ကြပါတယ်။
အဲဒီဥပမာ တွေလို....
ပုထုဇဉ်တွေဟာ အများအားဖြင့် နာတာ၊ကျင်တာကြီး ကို ဂရုစိုက်၊ ကိုက်တာ၊ခဲတာကြီး ဂရုစိုက်နေကြတာဘဲ များကြပါတယ်။
အဲဒါတွေကို ဂရုမစိုက်ပါ နဲ့ ....။
"အပေါ့အငန်"နဲ့ တူတဲ့..
" မခံချင်တာကို ခံစားနေရတဲ့ စိတ် " ကလေးကို သာ ဂရုစိုက်ရပါမယ်။
နာကျင်တဲ့..အပေါ်မှာ ခံစားတယ်၊ ကိုက်ခဲနေတဲ့... အပေါ်မှာ ခံစားတယ်။
ခံစားတာ "ဝေဒနာ" ကိုး....။
အဲဒီ" ဝေဒနာ" အပေါ့အငန် ကိုသာ ကိုယ်က အကဲခတ် ဖမ်းရမှာ ဖြစ်ပါတယ်။
အဲဒီလို...မဖမ်းဘဲ နဲ့ အပေါ့ အငန် နဲ့၊ ငါ နဲ ့ပေါင်းပြီးတော့ ပူတာကြီး အာရုံပြုပြီး၊ ဒီပူတာကြီးကို ကြောက်နေတယ်ဆိုရင်တော့ ဟင်းချို " အရသာ " ကို မသိတော့ဘဲ ဖြစ်သွားပါလိမ့်မယ်။
ဟင်းချို ကို အရသာ မြည်း သလို...ပူတာ ကို ဂရုမစိုက်ရပါဘူး။
အပေါ့အငန် ကို ဂရုစိုက်ရပါတယ်။
နာကျင်၊ ကိုက်ခဲတာကြီး ပေါ်လာတယ်။ ပေါ်လာတဲ့ နာကျင်၊ ကိုက်ခဲတာ ကို “ပဓာန” မထားပါနဲ့။ “ သာမည ” ထားပါ။
အဓိက က ဘယ်သူလဲ၊
နာကျင်၊ ကိုက်ခဲတာ အပေါ်မှာ မခံချင်တာ ခံစားနေရတာ။
အဲဒီ ခံစား နေရတဲ့ "သဘော” ကသာ... "အဓိက” ဖြစ်ပါတယ်။
နာကျင်၊ ကိုက်ခဲတာဟာ "သာမည " ပါ။
ဓမ္မမိတ်ဆွေတို့ " ဝေဒနာ" ခံစားတဲ့ သဘောကို ရှုချင် ရင် “ ဟင်းရည် မြည်းသလိုပဲ ” ရှုတာဟာ အဆင်ပြေဆုံးလို ့ယူဆမိပါတယ်။
ဒီလိုနဲ ့...
နာကျင်နေတဲ့ ဒုက္ခဝေဒနာ ဟာ ဘယ်ရောက်နေမှန်းမသိ.....
ပျောက်ချက်သား ကောင်းနေတော့မှာပါ...ပဲ။
အကျဉ်းချုပ်ရရင်...
အောက်ဆုံးအဆင့်" သောတာပန် " တည်ပြီးသား အရိယာပုဂ္ဂိုလ်ကတော့..
အဲဒီ "နာကျင်ကိုက်ခဲတဲ့.. ဒုက္ခဝေဒနာ " ကျော်လွှားတတ်ကြတဲ့ သူတွေချည်းပါပဲ.. ။
နာကျင်တဲ့ဝေဒနာကို အထိုက်လျောက် ပျောက်နေအောင်ရှုတတ် တဲ့ ပုဂ္ဂိုလ်တွေချည်းပါဘဲ။
ဒါ့ကြောင့်..
ဓမ္မမိတ်ဆွေ တို ့လည်း နာတဲ့ဝေဒနာ ကို ပျောက်နေအောင်ရှုတတ် တဲ့ သူတွေ ဖြစ်ဖို ့...
"ဝေဒနာ ကို ပျောက်အောင် ရှုမှတ်ပုံ ရှုမှတ်နည်း " ဆိုတဲ့ ဤစာစု နဲ ့ ဓမ္မဒါန မျှဝေလိုက်ပါတယ်။
( ခန္ဓာ-၅ပါးတစ်ဦး )
••••••••••••••••••••••••••••••••••
ရွှေဥမင်ဆရာတော် ဘုရားကြီး ဟောကြားသောသြဝါဒများ ၊ ပြည် ဝိဇ္ဇောဒယ (သဲအင်း) ဆရာတော်ကြီး ဦးသီရိဓမ္မ ဟောကြားတော်မူသော တရားတော်များ နှင့် မြစိမ်းတောင်ဆရာတော်ကြီး ရဲ ့-ဝေဒနာရှုနည်းတရားတော် များမှ ကောက်နှုတ်၍ ဓမ္မဒါန ပြုပါသည်။
|
https://www.dhammaransi.com/index.php/new/316-2017-12-26-14-55-29.html
|
အတိုဆုံး တရား နဲ ့အားထုတ်ပုံ
|
မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့ တရားအားထုတ်နည်းတွေထဲမှာ အတိုဆုံးဟောကြားထားတဲ့ တရားအားထုတ်ပုံကို တင်ပြပါရစေ..။
မိဘဖြစ်သူတွေက အသက်ကလေးရလာလို ့၊ ကျန်းမာရေးက ချို ့တဲ့လာပြီး၊ တဖြည်းဖြည်းရောဂါ က ကိုင်ကိုင်လာလို ့မျှော်လင့်စရာ မရှိတော့ဘူးဆိုတဲ့ အခြေအနေရောက်တဲ့အခါကျတော့ ငယ်ငယ်တုန်းက မိဘဆိုဆုံးမ နားမထောင်တဲ့သူတောင်မှ ၊ မိဘရဲ ့အသက်ထွက်ခါနီး နောက်ဆုံးအချိန်ကလေးမှာ ပြောခဲ့တဲ့စကားလေးကို အများအားဖြင့် ပြန်ပြန်ပြီး သတိရနေတတ်ကြပါတယ်။ ရိုရိုသေသေ လိုက်နာတတ်ကြပါတယ်။
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကလည်း မိမိရဲ ့တပည့်သားတွေကို သနားတော်မူလွန်းလို ့ပရိနိဗ္ဗာန်စံခါနီး နောက်ဆုံးအချိန်လေးမှာ ဒီစကားကို မှာကြားတော်မူခဲ့ပါတယ်။
ဘာကို မှာခဲ့သလဲဆိုတော့.....
" ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ၊ ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္မာဒေထ "..တဲ့။
ဘိက္ခဝေ- ရဟန်းတို ့၊
ဟန္ဒ- ဟောဒီမှာ၊
ဣဒါနိ- ယခုအခါလကာလ၌၊
ဝေါ- သင်တို ့အား၊
အဟံ- ငါသည်၊
အာမန္တေယာမိ- နောက်ဆုံးစကားဖြင့် မှာကြားခဲ့ပေအံ့..။
သင်္ခါရ- ပြုလုပ်ခြင်းဆိုတဲ့ " သင်္ခါရ" တရားတို ့ဟာ " ဝယဓမ္မာ" ပျက်စီးခြင်းဆိုတဲ့ သဘောရှိပါတယ်။ "သင်္ခါရ" တရားတွေဟာ ပျက်တတ်တဲ့ တရားတွေချည်းပါပဲ၊ ဘာမှ အားကိုးစရာ မရှိပါဘူး..တဲ့။
အဲဒီစကားဟာ အင်မတန် မှ လေးနက်လွန်းပါတယ်။
အမှုမဲ့၊ အမှတ်မဲ့ ခပ်ပေါ့ပေါ့ လူတွေကတော့၊ ဒါကလေးဟာ ဘာမှမဟုတ်သလို ထင်ကြပေလိမ့်မယ်။
အမှန်ကတော့...
ဒီစကားဟာ အလွန်ပဲ အရေးကြီးလှပါတယ်။
သင်္ခါရ တရားတွေက တစ်ပျက်ထဲပျက်နေတာ..တဲ့၊ ထင်တဲ့ အတိုင်း တည်မြဲနေတာ မဟုတ်ပါဘူး။ ငယ်ငယ်လေးကတည်းက စပြီး စိတ်ကလည်း ဒီစိတ်ထဲပဲ တည်မြဲနေတယ်၊ ငါလို ့ပဲ ဒီလို ထင်နေကြပါတယ်။
ရုပ်ခန္ဓာကိုယ်ကြီးကလည်း ငယ်ငယ်က ကလေးဘဝရုပ်ကိုပဲ တဖြည်းဖြည်းကြီးပြင်းပြီးတော့ လာနေတယ်၊ ဒီကိုယ်ကောင်ကြီးမြဲနေတယ်၊ ငါပဲ လို ့ ဒီလိုထင်နေကြပါတယ်။
အဲဒါဟာ..
မသိသေးလို ့ အမှန်ကို မမြင်သေးလို ့ပါ၊ မိမိတို ့အဲဒီလို ထင်တဲ့အတိုင်းမဟုတ်ပါဘူး။ ရုပ်၊ နာမ်၊ သင်္ခါရ တရားတွေက ခဏမစဲ ပျက်ပျက်နေတာပဲ...တဲ့၊
ဒါ့ကြောင့် ဘာမှ အားကိုးစရာမရှိဘူး၊ ဘယ်အချိန်မဆို ပျက်ဆီးပြီးသေသွားနိုင်ပါတယ်။ ဒီအသက် ဒီခန္ဓာကိုယ် ကို နောက်အကြာကြီးနေရအုံးမှာပဲ လို ့ထင်နေတတ်ကြတယ်။ တကယ်လည်း ထင်နေကြတဲ့ သူတွေချည်းပဲ ဖြစ်ပါတယ်။ အဲဒီလို ထင်နေတဲ့ အတိုင်းတွေဟာ တစ်ခုမှ မဟုတ်ပါဘူး။
သင်္ခါတရားတွေဆိုတာ ခဏမစဲ ပျက်နေတဲ့ တရားတွေချည်းပါပဲ..တဲ့။
အဲဒါတွေကို သိထားရမယ် လို ့ဒီအဓိပ္ပါယ်ကို နားလည်စေလိုတဲ့အတွက် " သင်္ခါရ- ဆိုင်ရာ၊ ဆိုင်ရာ အကြောင်းတရားတွေက ပေါင်းစု ညီညွတ်ပြီး ပြုပြင်ပေးမှ ဖြစ်ပေါ်နိုင်ကြတဲ့ ရုပ်၊ နာမ် တရားတို့ဟာ ဝယဓမ္မာ- ပျက်ခြင်းသဘောရှိကုန်၏.. လို ့ဆိုပါတယ်။
မပျက်ပဲ တည်နေတာရယ်လို ့မရှိပါဘူး။ ဒါကြောင့် အားကိုးစရာမရှိပါဘူးလို ့ဆိုလိုတာပါ။
ဒီလိုအားကိုးစရာ မရှိတော့ ဘာကို အားကိုးရမှာတုန်းဆိုရင်...
အားကိုးစရာ မရှိတဲ့ ဒီသင်္ခါရ တရားတွေက လွတ်မြောက်ပြီးတော့ ဆင်းရဲခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကို အားကိုးရပါမယ်။ နိဗ္ဗာန်ကို အားကိုးပြီးတော့ နိဗ္ဗာန်ရောက်စေနိုင်တဲ့တရားကို ကျင့်ရ အားထုတ်ကြရပါမယ်။
ဘယ်လို ကျင့်ရ အားထုတ်ရမှာလည်း ဆိုရင် အားထုတ်ပုံ တိုတိုကလေး ဟောကြားထားခဲ့ပါတယ်။
" အပ္ပမာဒေန၊ သမ္မာဒေထ " တဲ့
အပ္ပမာဒေန- မမေ့တဲ့ အသိတရားနဲ ့
သမ္မာဒေထ- ပြီးစီးပြည့်စုံအောင် အားထုတ်ရစ်ကြပေတော့..တဲ့။
" မမေ့တဲ့ သတိတရား" နဲ ့ပြီးပြည့်စုံအောင် အားထုတ်ရစ်ကြပေတော့ လို ့မြတ်စွာဘုရား က မှာကြားခဲ့ပါတယ်။
အဲဒါဟာ မြတ်စွာဘုရားရဲ ့နောက်ဆုံးစကား နဲ ့အတိုဆုံးတရား ပါပဲ။
အဲဒီအတိုဆုံးတရားရဲ ့အဓိကဖြစ်တဲ့ "သတိ" ဆိုတဲ့ အသိတရားကို လက်ကိုင်ထားပြီး တရားအားထုတ်ကြဖို ့လိုပါတယ်။
ဓမ္မမိတ်ဆွေတို့သည်လည်း အခုလို အတိုဆုံးတရားကနေ ရရှိလာတဲ့ "သတိ " ဆိုတဲ့ တရားကိုလက်ကိုင်ထားပြီး ကျင့်ကြံကျိုးကုတ် အားထုတ်ပြီး၊ အတိုဆုံးတရားက ရရှိတဲ ့"သတိ " ဆိုတဲ့ တရားတဲ့ ကျင့်ကြံပြီး အမြန်ဆုံး အရိယာသူတော်စင်များ ဖြစ်ကြပါစေလို ့ဆန္ဒပြုလိုက်ပါတယ်။
" အပ္ပမာဒေန သမ္မာဒေထ "
ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးဟောကြားတော်မူလေ့ရှိတဲ့ " အရိယာဝါသ" တရားတော်မှ ကောက်နှုတ်ပါသည်
|
https://www.dhammaransi.com/index.php/new/317-2017-12-26-14-53-33.html
|
သောတာပန်လူထွက်
|
ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးဟောကြားတော်မူထားတဲ့ " အရိယာဝါသ" တရားတော်ကြီး ကို ဖတ်ရှုနေရာမှ...
ဝိပဿနုာကျင့်ကြံအားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေ တို ့အတွက်ရော၊ ဝိပဿနာကို ခုမှ စတင်အားထုတ်ဖို ့အတွက် လေ့လာနေကြဆဲ ဖြစ်တဲ့ ဓမ္မမိတ်ဆွေ တို ့အတွက်ပါ အင်မတန်အရေးကြီးလှတဲ့ အတွက်ကြောင့် အသိပေးချင်လှတဲ့ ဓမ္မစာစုလေးကို...
" သောတာပန်လူထွက်" ဆိုတဲ့ ခေါင်းစဉ် နဲ ့ဖြန့်ဝေဒါန ပြုပါရစေ။
" ဘုန်းကြီးလူထွက်" ဆိုတဲ့ စကားကိုတော့ ကြားဖူးကြမှာဖြစ်တဲ့အတွက် ဘာကြောင့် "ဘုန်းကြီးလူထွက် " လို ့ခေါ်သလဲ ဆိုတာလည်း သိကြမှာပါ။
ရဟန်းသံဃာ တစ်ပါးဟာ သာသနာ့ဘောင်ကနေ မပျော်ပိုက်လို ့ပဲဖြစ်စေ၊ကျန်းမာရေးကြောင့်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် သာသနာဘောင်ကို စွန့်ခွာပြီး လူ ့ဘောင်လောကထဲ ကို ဝင်ရောက်လာတဲ့ အခါ အဲဒီပုဂ္ဂိုလ်ကို " ဘုန်းကြီးလူထွက်" လို ့ခေါ်ကြပါတယ်။
အခုလို " သောတာပန်လူထွက်" လို ့ခေါင်းစဉ်ပေးထားတဲ့အတွက်၊ သောတာပန် အရိယာကနေပြီး သာမန်ပုထုဇဉ် ပြန်ဖြစ်တာလား ဆိုတာ ရှင်းပြဖို ့.....
" သောတာပန် "ဆိုတဲ့အဓိပ္ပါယ်ကို သိတဲ့ ဓမ္မမိတ်ဆွေ ရှိသလို၊ ခုမှ စပြီး လေ့လာဆည်းပူးနေကြတဲ့ ဓမ္မမိတ်ဆွေများထဲမှာ အဓိပ္ပါယ် နားမလည်ကြသေးတဲ့ ဓမ္မမိတ်ဆွေ တို ့ပါကောင်းပါနိုင်မှာ ဖြစ်တဲ့အတွက် သောတာပန် ရဲ ့အကြောင်း ကို အရင်ဆုံးအကြမ်းဖျင်းလောက် ရှင်းပြပါရစေ။
သောတာပန် ဖြစ်သွားတဲ့ ဒီအရိယာ ရဲ ့စိတ်နေစိတ်ထားကို ရှေးဦးစွာ ဖေါ်ပြရရင်....
သောတာပန်ဟာ...
၁။ လောဘ ဒေါသ မောဟ ပေါ်တိုင်း ပေါ်တိုင်း ချက်ချင်းသိပါတယ်။
၂။ အဲဒီလို သိတာနဲ ့တစ်ပြိုင်နက် ငြိမ်းအေးအောင်လုပ်နိုင်ပါတယ်။
၃။ ဒီမြတ်စွာဘုရား ဗုဒ္ဓသာသနာက လွဲပြီး တစ်ခြားသာသနာမှာ ထွက်ရပ်လမ်းလုံးဝမရှိဘူးဆိုတဲ့ ယုံကြည်မှုဟာလဲ သောတာပန်ရဲ့ ယုံကြည်မှုဆိုတဲ့ သဒ္ဓါဟာ ပြင်းပြပါတယ်။
၄။ အကယ်၍ သောတာပန်ဟာ သီလ ကျိူးပေါက်ပါက ကျူးလွန်ထားတဲ့အပြစ်ကို ချက်ချင်း ကုသလိုတဲ့စိတ်ပေါ်တာဟာ သောတာပန်ရဲ ့စိတ်ထားဖြစ်ပါတယ်။
၅။ ကိစ္စကြီးငယ်ရှိလို့ တရားရုံး မှာ အကူညီ သက်သေလိုက်ရပေမယ့်လည်း သီလ အပျက်မခံကြပါဘူး၊ အလွယ်ဆုံးပြောရရင် မလိမ်ဘူးပေါ့နော်။
၆။ တရားတော်တွေကို ကြားနာ ဖတ်ရှု လေ့လာတဲ့ အခါမှာလည်း အာရုံဟာ တစ်ခြား ကို စိတ်မသွားဘဲနဲ ့အနက်အဓိပ္ပါယ်ကို ခက်ခဲမှု မရှိဘဲ နဲ ့သိပြီး နာနိုင်ကြပါတယ်။
၇။ ခန္ဓာဉာဏ်ရောက်တရားတွေနာရတော့ ဝမ်းမြောက်လို့မဆုံး ကြည်ညိုလို့မဆုံး ကျေးဇူးတင်လို့ မဆုံးဖြစ်တာသည် သောတာပန် ပဲ ဖြစ်ပါတယ်။
ပုထုဇဉ် နဲ့ သောတာပန် စိတ်နေစိတ်ထား ဟာ အဲဒီ ( ၇ )ချက်မှာ ကွာခြားပါတယ်တဲ့။
ဒီတော့...
"သောတာပန်" ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ် ဆိုတာဟာ..
နောင်သံသရာမှာ အများဆုံး ( ၇ )ဘဝသာနေရပြီးတော့၊ နောက်ဆုံးဘဝမှာ အိုနာသေ ကင်းရာဖြစ်တဲ့ နိဗ္ဗာန် ကို ရောက်မယ်။နိဗ္ဗာန်မရောက်ခင် ဖြစ်လာမဲ့ နောက်ဘဝတွေမှာလည်း " ငရဲ၊ တိရိစ္ဆာန်၊ပြိတ္တာ၊ အသုရကယ် "ဆိုတဲ့ အပါယ်လေးဘုံ မရောက်တော့တဲ့ အရိယာပုဂ္ဂိုလ် ပါပဲ။
ဒါ့ကြောင့် ဗုဒ္ဓဘာသာဝင် အများစုဟာ ခုလို တရားတွေအားထုတ်လာကြတဲ့အခါ ...
နိဗ္ဗာန် ကတော့ဝေးပါသေးတယ်၊ ရှေ့လာမဲ့ဘဝတွေ မှာ အပါယ်မကျဖို ့အရင် အရေးကြီးတယ် ဆိုပြီး ကျင့်ကြံအားထုတ်ကြတဲ့ ဓမ္မမိတ်ဆွေ တွေကသာ များကြပါတယ်။ခုလိုခေတ်ကာလမှာ...
တစ်မဂ်တစ်ဖိုလ် လောက်ရရင် သာ ပဲ၊ သံသရာမှာ အပါယ်ဆိုတဲ့ ဆင်းရဲက လုံးဝ ကင်းလွတ်ကြရမှာမို ့အားထုတ်သူ ယောဂီတို့ဟာ လောလောဆယ် မှာတော့ နိဗ္ဗာန်မျှော်မှန်းတဲ့ စိတ်ဆန္ဒရှိသူတွေ ထက်၊ သောတာပန် ဖြစ်ချင်တဲ့ စိတ်ဆန္ဒက ပိုများနေတဲ့ ယောဂီတွေ ကသာ များကြပါတယ်။
အဲဒီလို အားထုတ်ကြရင်း..
ဒီခေတ်ဒီကာလ မှာ တရားထူးရပြီး သောတပတ္တိမဂ်ဆိုက် တဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တွေ အများအပြား ပေါ်ပေါက်လာတာနဲ ့အတူ၊ မိမိကိုယ်မိမိ သောတာပန် လို ့ခံယူထားတဲ့ ယောဂီတွေလည်း အများအပြားရှိလှပါတယ်။
ဒါကြောင့် အထက်မှာ ဖေါ်ပြခဲ့သလို၊ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးဟောကြားတော်မူထားတဲ့ " အရိယာဝါသ" တရားတော်ကြီး ကို ဖတ်ရှုပြီး ဓမ္မမိတ်ဆွေတို ့အတွက် သိစေချင်တဲ့ ဒီဓမ္မစာစုကို ..
" သောတာပန်လူထွက် "ခေါင်းစဉ်နဲ ့ဖေါ်ပြလိုက်ပါတယ်။
ဆရာတော်ကြီးက ဘယ်လို ဟောသလဲ ဆိုတော့...
" တစ်ခါက....
ဒကာတစ်ယောက်ဟာ ဘုန်းကြီးထံ လျှောက်ထားဖူးပါတယ်၊ အဲဒီ ဒကာဟာ သာမန် ဒကာတော့ မဟုတ်ပါဘူး၊ ခေတ်ပညာလည်းတတ်၊ ဗဟုသုတကလည်း အတော်အတန် ပြည့်စုံတဲ့ အထက်တန်းစား ဒကာတစ်ယောက်ပါ။
သူက.. ကမ္မဋ္ဌာန်းဆရာတစ်ပါးထံမှာ တရားအားထုတ်ပါသတဲ့၊ အားထုတ်ပြီးတဲ့အခါမှာ သူ ့ဆရာက သူ ့ကို " သောတာပန် " ဖြစ်ပြီလို ့ဆုံးဖြတ်ပေးပါသတဲ့...။
အရိယာ နဲ ့စပ်ပြီး ဒီလိုအဆုံးအဖြတ်မျိုးကို မြတ်စွာဘုရားမှတစ်ပါး၊ ဘယ်ရဟန္တာ၊ ဘယ်မထေရ် ကမှ ဆုံးဖြတ်ပေးဖူးတယ် ဆိုတာ ပိဋကတ်စာပေမှာလည်း မရှိပါဘူး၊ ဘုန်းကြီးတို ့ကတော့ ဒီလို မဆုံးဖြတ်ကောင်းဘူးလို ့လဲ အမြဲတမ်းပြောနေပါတယ်၊ ဉာဏ်စဉ်တရားကိုသာ ဟောပါတယ်၊ အဲဒီဟောလိုက်တဲ့ ဉာဏ်စဉ်တရားနဲ ့တိုက်ဆိုင်ပြီး သူ ့ဟာသူပဲ ဆုံးဖြတ်ဖို ့တာဝန်ပေးထားပါတယ်။
ခုနပြောတဲ့ ဒကာ ကတော့...
သူ ့ဆရာက " သောတာပန်" ဖြစ်ပြီလို ့ဆုံးဖြတ်လိုက်တာနဲ ့သူကလည်း " သောတာပန်" ဖြစ်ပြီလို ့ယုံကြည်ယူဆပြီးတော့၊ ( ၅ )ပါးသီလ ကိုလည်း လုံခြုံအောင် စောင့်တည်နေပါသတဲ့။
တစ်နေ ့ကျတော့..
သူကိုးကွယ်နေတဲ့ တစ်ခြားဆရာတော်ကြီး တစ်ပါးဆီကို သွားပြီးတော့...
သူတရားတွေအားထုတ်ခဲ့ပုံ၊ တွေ ့မြင်ခဲ့ပုံ နဲ ့တကွ " သောတာပန်" ဖြစ်ပြီလို ့ဆုံးဖြတ်ပေးပုံတွေကို လျှောက်ပါသတဲ့၊ အဲဒီဆရာတော်ကြီးကလည်း ဘုန်းကြီးတို ့နဲ ့တော်တော်ရင်းပါတယ်၊ ဆရာလိုပဲ ဖြစ်နေပါတယ်၊ ပိဋကတ်စာပေမှာလည်း ကောင်းကောင်းတတ်ကျွမ်းတဲ့ ဆရာတော်ကြီးပါပဲ၊ အခုထိလည်းရှိပါသေးတယ်၊ အသက်တော်က ( ၈ဝ )ကျော်၊ ( ၉ဝ ) နီးပါး ရှိနေပါပြီ၊ အဲဒီ ဒကာ လျှောက်ပုံက..
" တပည့်တော် တရားအားထုတ်ထားပါတယ်ဘုရား၊ ကိုယ်ထဲမှာ ရှုလိုက်ရင် ဓာတ်တွေ၊ သဘောတရားတွေ တရွရွ တမွမွ နဲ ့ပေါ်နေပါတယ်၊ တပည့်တော် ဆရာကလည်း " သောတာပန်" ဖြစ်ပြီလို ့ဆုံးဖြတ်ပါတယ်၊ တပည့်တော်ကလည်း " သောတာပန် " ဖြစ်ပြီလို ့ယုံကြည်နေပါတယ်..ဘုရား" လို ့သူကလျှောက်ပါသတဲ့။
အဲဒီတော့.. ဆရာတော်ကြီးက ဘယ့်နှယ်ပြောသလဲ ဆိုရင်....
" မင်းဟာ ဘာမှမဟုတ်သေးဘူး"..တဲ့၊ " မင်းဟာ တရားကို မဟုတ်သေးဘူး..မင်းဟာက သောတာပန် ဖြစ်ဖို ့ဆိုတာကတော့ အဝေကြီးပဲ၊ မင်းဥစ္စာ ဘာမှ မဟုတ်သေးဘူး" လို ့အဆုံးအဖြတ်ပေးလိုက်သတဲ့..။
ဒါနဲ ့.. အဲဒီ ဒကာဟာ သူဖြစ်ပုံကို ဆက်ပြီး ပြောပါတယ်၊
" ဒါနဲ ့ဘုရား..အဲဒီတစ်ခါတည်းက စပြီးတော့ မင်းဟာ ဘာမှမဟုတ်သေးဘူး" လို ့ဆရာတော်ကြီးက ပြောလိုက်တဲ့အတိုင်း တပည့်တော်ဟာ ဘာမှမဟုတ်သေးဘဲ ဖြစ်နေပါတယ်၊ အစတုန်းကတော့ တပည့်တော်ဟာ " သောတာပန်" ဖြစ်နေတယ် ဆိုတာနဲ ့သောတာပန်ဆိုတဲ့ အကျင့်နဲ ့ညီအောင် ( ၅ )ပါးသီလ ကို လုံလုံခြုံခြုံ နဲ ့စောင့်ထိန်းနေခဲ့ပါတယ်။ အခုတော့ ဆရာတော်ကြီးက "ဘာမှမဟုတ်သေးဘူး" ပြောတာနဲ ့တပည့်တော်ဟာ " ငါးပါးသီလတောင် မလုံတော့ပါဘူးဘုရား" လို ့အဲဒီ ဒကာ ကပြောပါတယ်။
အဲဒီတော့..
ဘုန်းကြီးက သူ့ကို အားပေးလိုက်ရသေးတယ်..
" ဟာ..ဒကာ ဒီလိုမလုပ် နဲ ့၊ အစက ကိုယ့်ဟာကိုယ် " သောတာပန်" ဖြစ်နေမှတော့၊ ဘယ်သူက ဘာပဲပြောပြော ဖြစ်မြဲသာဖြစ်နေ၊ နောက်ပြန်မဆုတ်နဲ ့၊ ( ၅ ) ပါးသီလ ကလည်း စောင့်မြဲစောင့်နေပေါ့ " ဘုန်းကြီး အားပေးစကားပြောလိုက်ရသေးတယ်။ အဲဒီ ဒကာ လို " သောတာပန်လူထွက်" မဖြစ်သွားဖို ့အင်မတန်မှ အရေးကြီးလှပါတယ်..တဲ့။
အဓိကပြောချင်တာက...
ဓမ္မမိတ်ဆွေတို ့ သောတာပန်ဖြစ်တာ၊မဖြစ်တာထက် ၊ စရဏ လို ့ခေါ်တဲ့ အကျင့်တရားကို သာ "သီလ " လုံလုံခြုံခြုံ နဲ ့ ကျင့်ကြံအားထုတ်ဖို ့လိုပါတယ်။
အကယ်၍များ စာဖတ်သူ ဓမ္မမိတ်ဆွေ တို ့အထဲမှာလည်း မိမိကိုယ်မိမိ သောတာပန်လို ့မှတ်ယူထားရင်၊ ယုံကြည်ထားရင်လည်း အဲဒီယုံကြည်ထားတဲ့အတိုင်း ဆက်လက်နေထိုင်၊ ကျင့်ကြံမြဲ ကျင့်ကြံသွားပါလို ့တိုက်တွန်းပါတယ်။
မြတ်စွာဘုရားတောင်မှ ဟောရုံသာ ဟောပေးနိုင်တာပါပဲ၊ ဒီထက်ပိုပြီး မတတ်နိုင်ပါဘူး၊ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း ကိုယ်တိုင်ကျင့်မှသာ ကိုယ်တိုင်တွေ ့ပြီး သိမှာဖြစ်ပါတယ်။
ကိုယ်တိုင်တွေ ့ပြီး အကြောင်းတရားလေးပါး နဲ ့တိုက်ဆိုင်ဖို ့သာလိုပါတယ်။
သကဒါဂါမိမဂ်ရခြင်းအကြောင်း လေးပါးလို ့မြတ်စွာဘုရား မဟောပါဘူး၊ အနာဂါမိမဂ် ရခြင်း အကြောင်း လေးပါးလို ့လည်း မြတ်စွာဘုရားမဟောပါဘူး၊ ရဟန္တာ ဖြစ်ကြောင်း လေးပါးဆိုပြီးတော့လည်း မဟောပါဘူး၊ သောတာပန် ဖြစ်မဲ့ အကြောင်း လေးပါး ပဲ ဟောပါတယ်။
၁။သူတော်ကောင်းနဲ့ ပေါင်းရမယ်။
၂။တရား နာရမယ်။
၃။နှလုံးသွင်း ကောင်းရ မယ်။
၄။အပျက် နဲ့ မဂ်နဲ့ ကိုက်ရမယ် ဆိုတဲ ့လေးပါးပါ။
အဲဒီတော့ သောတာပန် တည်တာ ကလဲ ဒိဋ္ဌိ ပြုတ်လို့ တည်တာပါပဲ။
ဒိဋ္ဌိ ပြုတ်တယ် ဆိုလို့ ရှိရင် သူ့ဟာသူ နှိုးဆော်သွားပါလိမ့်မယ်။ ရဲရင့်သွားပါလိမ့်မယ်။
ဒိဋ္ဌိ ပြုတ်ရင် "အထက်မဂ်၊အထက်ဖိုလ်"သာ သူရဖို့ ရှိတော့တယ်။ မရပါနဲ့ လို့ တောင် တားလို ့..မရပါဘူး..တဲ့။
သကဒါဂါမ် ဖြစ်ရပါလို၏ လို ့ဆုမတောင်းနဲ့၊ အနာဂါမ် ဖြစ်ရ ပါလို၏ လို ့ လည်းဆုမတောင်းပါနဲ ့၊ ဒီမဂ်က ဆောင်သွားပါလိမ့်မယ်၊ရဟန္တာ ဖြစ်အောင်လည်း သူပဲ ဆောင်ပြီး၊ ဆက်တတ်သွားဖို ့ပဲ ရှိပါတော့တယ်။
ဒီတော့...
သောတာပန် မဖြစ်သေးဘူးဆိုပြီး စိတ်မပျက်ပါနဲ ့..
အရေးကြီးဆုံးက...
သီလ လုံလုံခြုံခြုံ နဲ ့သာ ကျင့်ကြံအားထုတ်ကြဖို ့ထပ်မံပြီး သတိပေးရင်း..
" သောတာပန်လူထွက် " မဖြစ်အောင်၊ ဤစာစုဖြင့် ကုသိုလ်ပြုလိုက်ပါသည်။
( ခန္ဓာ-၅ပါးတစ်ဦး )
|
https://www.dhammaransi.com/index.php/new/318-2017-12-26-14-51-26.html
|
ဝိပဿနာ ကို အလွယ်ဆုံး ရှုမှတ်နိုင်အောင် နည်းလမ်းပြပုံ
|
ဝိပဿနာ အလွယ်ဆုံး ရှုမှတ်နည်း ပြမှာ ဆိုတော့ ...
ဘုရားဟောတဲ့ နည်းပဲရှိပါတယ်၊ ဝိပဿနာ ကို ဘယ်လိုလုပ်ပြီး လွယ်အောင်ရှုမှာလဲ၊ ဒါ ပိဋိကတ်( ၃ ) ပုံ နဲ ့အညီဟောထားတဲ့ တရားမဟုတ်ဘူး .. စသည်အားဖြင့် အချို ့ဓမ္မမိတ်ဆွေတို ့က စောဒက တက်ဖွယ်ရှိကြမှာပါ။
မဟာသတိပဌာနသုတ်မှာ
(၁) ကာယာနုပဿနာ (ရုပ်ကို ရှု့ခြင်း)
(၂) ဝေဒနာနုပဿနာ (ဝေဒနာကို ရှု့ခြင်း)
(၃) စိတ္တာနုပဿနာ (စိတ်ကို ရှု့ခြင်း)
(၄) ဓမ္မာနုပဿနာ (သညာ၊သင်္ခါရ)ကို ရှု့ခြင်း) ဆိုပြီး "သတိပဋ္ဌာန် " လေးပါး ရှိတဲ့အနက် အဲဒီလေးပါးထဲက "ကမ္မဌာန်း" တစ်ခုခု နဲ့ ပွားများအားထုတ်ရတယ် ဆိုပြီး ပြဋ္ဌာန်းထားတာ ရှိတဲ့ အလျောက်..
ဝိပဿနာ အားထုတ်ဖို ့မလွယ်ဘူး၊ ခက်တယ် ၊ ပါရမီရှိမှ ဖြစ်မယ်လို ့ပြောပြောနေကြတာတွေဟာ တစ်ကယ်တော့...
တရားအားမထုတ်ချင်လို ့ ဆင်ခြေပေးနေကြတာတွေပဲဖြစ်ပါတယ်။
တချို ့ကျပြန်တော့လည်း စာတတ်ပေတတ် ကျမ်းကြီပေါက်တွေလို ့ခေါ်ရမလောက် ဗုဒ္ဓစာပေတွေ ကို တတ်ကျွမ်းနေပေမယ့်၊ လက်တွေ ့ကျင့်ကြံအားထုတ်မှုကြတော့ တော်တော်လေးကို အားနည်းတဲ့ ဓမ္မမိတ်ဆွေတို ့လည်းရှိကြပါတယ်။
တရားပွဲတွေတော့ သွားပါရဲ ့၊ ဓမ္မကထိက ဆရာတော်တွေ ဟောကြားတဲ့ တရားကို လိုက်ကျင့်မယ်လို့ မခံယူကြပဲနဲ့၊ အသံမှာပဲ နားထောင်တာလောက် နဲ ့ပဲ လမ်းဆုံး သွားကြပါတယ်။ တရားကို သိစရာ မှတ်စရာလောက်ပဲမြင်ပြီး ကျင့်စရာ ဆောင်စရာအထိ မမြင်တတ်ကြပါဘူး။
အဲဒီလို ဗုဒ္ဓစာပေတွေ ကို တတ်ကျွမ်းနေပေမယ့်၊ လက်တွေ ့ကျင့်ကြံအားထုတ်မှု မရှိဘူးဆိုရင် ဆေးမကုတတ်တဲ့ ဆရာဝန် ၊ စာသင်ထားပြီး အကြောင်းကြောင်း ကြောင့် ဆေးမကုတဲ့ ဆရာဝန်တစ်ယောက်လိုပါဘဲဲ၊ မိမိအတွက်ရော ပတ်ဝန်းကျင်အတွက်ပါ ကောင်းကျိုးတစ်စုံတစ်ရာမှ မဖြစ်လာနိုင်တော့ပါဘူး။
ဒါကြောင့်...
ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ..
တရားအားထုတ်ဖြစ်ဖို ့သာ အဓိက ကျပါတယ်။
ဓမ္မမိတ်ဆွေတို့ အနေနဲ ့...
ဝိပဿနာတရား စပြီးအားထုတ်တော့မယ် ဆိုရင် အရေးကြီးဆုံးလိုအပ်တာက ယုံကြည်မှုလို ့ခေါ်တဲ့ " သဒ္ဓါ" တရားပါပဲ။
တချို ့က...
" ကိုယ်တိုင်တွေ ့ပြီးမှ ယုံကြည်နိုင်မယ်၊ မတွေ ့ခင်တော့ မယုံကြည်နိုင်သေးဘူး" လို ့ဆိုပြီး အဲဒီလို ဆင်ခြေတွေ ပေးကြပြန်ပါတယ်။
တကယ်တော့..
မတွေ ့ခင်မှာပေါ့.."အသင့်ယုတ္တိ နဲ ့ ချင့်ချိန်ပြီး " ယုံကြည်ရတယ်ဆိုတာရှိပါတယ်။ မရောက်ဖူးတဲ့ အရပ်ကို ရထားနဲ့ပဲ ဖြစ်ဖြစ်၊ သင်္ဘော၊ လေယာဉ်ပျံ တို ့နဲ ့ဖြစ်ဖြစ် သွားတဲ့အခါမှာ အဲဒီ ရထား၊ သင်္ဘော၊ လေယာဉ်ပေါ် စီးပြီး လိုက်သွားရင် မိမိအလိုရှိရာ အရပ်ကို ရောက်မယ်ဆိုတာ သူများပြောတာတွေ နဲ ့ဖြစ်နိုင်လား၊ မဖြစ်နိုင်လားကို မှန်းဆပြီး ယုံကြည်ရတာမျိုးတွေလည်း ရှိပါတယ်။ အဲဒီလို ယုံကြည်မှုနဲ ့ဒီရထား၊ သင်္ဘော၊ လေယာဉ် ကို စီးနင်းလိုက်ပါသွားမှသာ မိမိအလိုရှိရာကို ရောက်မှာပါ။
အကယ်၍..
မရောက်ဘူးတဲ့အတွက် မယုံလို ့မစီးဘူးဆိုရင်တော့၊ မိမိ အလိုရှိတဲ့နေရာ၊ သွားချင်နေရာကို ရောက်မှာ မဟုတ်ပါဘူး။
အဲဒီလို...
" ကိုယ်တိုင်တွေ ့မှသာ ယုံကြည်မယ် ဆိုတဲ့ ပုဂ္ဂိုလ်တို ့ဟာ ကြားနားထားတာတွေ နဲ ့ချင့်ချိန်ပြီး ယုံကြည်မှုနဲ ့အားထုတ်ကြရပါတယ်။ အဲဒီလို အားထုတ်ပါမှ " အရိယာဝါသ" ဆိုတဲ့ သူတော်ကောင်းတို ့နေခြင်း နဲ ့ပြည့်စုံပြီး၊ နိဗ္ဗာန် ကိုလည်း သိမြင်ရပါတယ်၊ အရိယာဖြစ်ပြီဆိုရင် လောလောဆယ် အပါယ်လေးပါးဆိုတဲ့ ဘေးတွေကလည်း လွတ်မြောက်ရပါတယ်။
မယုံလို ့အားမထုတ်ပဲ နေရင်တော့ ဘာမှဖြစ်လာမှာလည်း မဟုတ်ပဲ၊ မလုံခြုံတဲ့ ပုထုဇဉ်အိမ်မှာချည်းပဲ နေနေတဲ့အတွက် အဲဒီပုထုဇဉ်နေအိမ်ရဲ့ယိုနေတဲ့ ကြမ်းပေါက်ကြောင့်ပဲ၊ အပါယ်ဘေး နဲ ့သာ မပြတ်တွေ ့ပြီး သံသရာဆက် ဒုက္ခရောက်သွားဖို ့ပဲ ရှိပါလိမ့်မယ်။
နောက်ပြီးတော့..
အထက်ကပြောတဲ့ ဥပမာထဲမှာ..
ခရီးသွားတဲ့ သူဟာ ရထားလမ်းဆုံး၊ သင်္ဘောလမ်းဆုံး၊ လေယာဉ်လမ်းဆုံး ဌာနရောက်တဲ့အခါကျတော့ ကိုယ်ရောက်ချင်တဲ့အရပ်၊ ကိုယ်ရောက်ချင်တဲ့နေရာ ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာ စစ်ဆေးဆင်ခြင်ကြည့်ရပါတယ်။ အဲဒီလို ဆင်ခြင်ကြည့်တဲ့အခါမှာ ကိုယ်ရောက်ချင်တဲ့အရပ် ဟုတ်မှန်နေတယ်ဆိုရင်တော့ မိမိစီးနှင်လာခဲ့တဲ့ ယာဉ်ရထားခရီးစဉ်ဟာ လမ်းမှန်ပါပဲ၊ မူလက ညွှန်ကြားလိုက်တဲ့ စကားတွေဟာ အမှန်ပဲလို ့၊ အဲဒီလို ဧကန်ဆုံးဖြတ်ယုံကြည်ရတာမျိုးပါ။
သူတော်ကောင်းတို ့နေခြင်းဆိုတဲ့ " အရိယာဝါသ" တရားဟာလည်း ဒီအတိုင်းပါပဲ၊ တကယ်တမ်း အားထုတ်ကြည့်တဲ့အခါမှာ ဆရာတော်၊ သံဃာတော်တွေ ဟောပြောညွှန်ပြ ပြောခဲ့တဲ့အတိုင်း သမာဓိဉာဏ်တွေအထူးတွေ ဖြစ်ပေါ်နေတာကို ကိုယ်တိုင်တွေ ့ကြပါလိမ့်မယ်။ အဲဒီတော့မှ မိမိတို ့အလိုရှိတဲ့ တရားစစ်တရားမှန် ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာ စစ်ဆေးကြည့်နိုင်ကြမှာပါ။ အဲဒီလို စစ်ဆေးကြည့်တဲ့ အခါမှာ ဟုတ်မှန်ကြောင်း မျက်မှောက်တွေ ့ရပြီဆိုရင်တော့ " အဝေစ္စပဿဒ" လို ့ခေါ်တဲ့ မတုန်မလှုပ်သက်ဝင်ယုံကြည်တဲ့ သဒ္ဓါတရား နဲ ့ခိုင်ခိုင်မြဲမြဲကြီး ယုံကြည်သွားကြတာပဲ ဖြစ်ပါတယ်။
တချို ့ကျပြန်တော့လည်း..
အစပိုင်းတော့၊ ဒုက္ခတွေရောက်လာလို ့၊ ဝိပဿနာတရားကို သက်ဝင်ယုံကြည်လာပြီး ကျင့်ကြံလာကြပေမဲ့...
ဉာဏ်စဉ်လေးက အတော်လေးမြင့်လာတော့ လောဘ၊ဒေါသ၊ မောဟတွေ ခဏလေး ငြိမ်းနေတာကို ကိုယ့်ဖာသာကိုယ်အဟုတ်ကြီး ထင်ပြီး၊ မြတ်စွာဘုရားသွန်သင်ပြပေးတဲ့ ဝိပဿနာအားထုတ်နည်းတွေကိုလိုက်နာပြီး ကျင့်ကြံလို ့တော့ နေပါတယ်၊ ကျင့်ကြံအားထုတ်လို ့ရတယ် ဗုဒ္ဓဘာသာဝင် တစ်ယောက် အဖြစ် ခံယူစရာတောင်မလိုဘူး၊ ကျင့်ကြံအားထုတ်တာနဲ ့ရနိုင်လောက်တယ်လို ့မှားယွင်းတဲ့ မာနစွဲတွေ ဖြစ်လာတဲ့ သူတွေလည်းရှိကြပါတယ်။အဲဒီလို ဖြစ်တတ်တဲ့ ပုဂ္ဂိုလ်တွေကတော့ အများစုက နိုင်ငံခြားသားတွေသာ ဖြစ်ကြပြီး၊ ဗုဒ္ဓဘာသာကို အစပိုင်းမှာ သက်ဝင်ယုံကြည်လာကြလို ့ ၊ ကျင့်ကြံအားထုတ်နေကြရာက၊ အထက်ကပြောသလို ဉာဏ်စဉ်လေးက အတော်လေးမြင့်လာတော့ လောဘ၊ဒေါသ၊ မောဟတွေ ခဏလေး ငြိမ်းနေတာကို ငါ့လုပ်လို ့ ဖြစ်တာပဲ ဆိုတဲ့အတွေးနဲ ့မြတ်စွာဘုရားရဲ့ သွန်သင်ခဲ့တဲ့နည်းတွေကို ကိုယ့်ရဲ ့နည်းလိုလို စွဲမှတ်ထင်မိကြပါတယ်။
တကယ်တော့ အဲဒီပုဂ္ဂိုလ်တွေဟာ တရားအားထုတ်နေကြပေမယ့်လည်း၊ " တရား "ထူးရဖို ့အင်မတန်မှ ခက်ခဲလှပါတယ်။အဲဒီမှားယွင်းနေတဲ့ အစွဲကို မဖျောက်သ၍ "တရားထူး" မရနိုင်ပါဘူး။
အဲဒါကြောင့်
တရားအားထုတ်မဲ့ ယောဂီဟာ "ဥဇူစ၊ သုဟုဇူစ" ဆိုတဲ့.. ရိုးရှင်းဖြောင့်မတ်ရမယ်၊ အလွန်ကို ရိုးရှင်းဖြောင့်မတ်ဖို ့လိုပါတယ်။
"သဒ္ဓါ " ဆိုတဲ့ ယုံကြည်မှု၊ ရိုးသားဖြောင့်မတ်မှုတို ့အပြင်၊ အားထုတ်လိုတဲ့ ဆန္ဒ နဲ ့ လုံးလ ဝီရိယ လည်း လိုအပ်ပါတယ်။
တရားတော့ အားထုတ်ချင်ပါရဲ ့လုံးဝဝီရိယ မရှိဘူးဆိုတာက တကယ်ကို သဒ္ဓါတရားဖြစ်ပေါ်တဲ့ စိတ် အားနည်းနေသေးလို ့ပါ။
သဒ္ဓါ၊ ဝီရိယ ကို အသာထား၊ အကြောင်းအကျိုး မညီညွတ်ရင်၊ မြတ်စွာဘုရားနဲ ့မျက်မှောက်ရောက်ခဲ့တာတောင်မှ ဉာဏ်ထက်ပြီး တရားမရရှာတဲ့ ပုဂ္ဂိုလ်တွေရှိကြသေးတာပါပဲ။
တချိန်တုန်းက မြတ်စွာဘုရားရှင်ဟာ သံဃာတော် ပရိတ်သတ်တွေ နဲ ့သီတင်းသုံးပြီးနေတုန်း၊ "ကန္ဒရက" ဆိုတဲ့ ပရိဗိုဇ် နဲ ့" ပေဿ " ဆိုတဲ့ လူဝတ်ကြောင် ဒကာတစ်ယောက် ရောက်လာကြပါတယ်။ အဲဒီလိုရောက်လာတဲ့အခါမှာ ...
သာသနာပြင်ပက " ကန္ဒရက" ဆိုတဲ့ ပရိဗိုဇ် ရဟန်း က ပတ်ဝန်းကျင် တိတ်ဆိတ်ပြိမ်သက်မှု ကို လျှောက်ထားတာနဲ ့ပတ်သက်ပြီး ၊ မြတ်စွာဘုရား ဘယ်လို မိန် ့ကြားသလဲဆိုရင်...
" မြတ်စွာဘုရား၊ အဆုံးမတွေကြောင့် ဒီပတ်ဝန်းကျင်မှာရှိနေတဲ့ ပုဂ္ဂိုလ်တွေထဲမှာ တချို ့က ရဟန္တာ၊ တချို ့က သတိပဋ္ဌာန်ပွားများနေတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်၊ ကမ္မဋ္ဌာန်းလက်လွတ်နေတဲ့ ပုဂ္ဂိုလ်ရယ်လို ့မရှိဘူး ..တဲ့။
ဒါကြောင့် တိတ်ဆိတ် ငြိမ်သက်၊ သိပ်ပြီးသိမ်မွေ ့နေတဲ့အကြောင်းကို အဲဒီလို အမိန် ့ရှိတဲ့အချိန်မှာ...
ပရိဗိုဇ် ရဟန်း နဲ ့အတူ ပါလာတဲ့ " ပေဿ " ဆိုတဲ့ လူဝတ်ကြောင်ဒကာ က ဘုရားရှင်ကို လျှောက်ပါတယ်...
" မြတ်စွာဘုရား၊ မြတ်စွာဘုရားဟာ လူတွေကို ဖြောင့်မတ်အောင် ဆုံးမ လမ်းပြတာ အင်မတန်ကောင်းပါတယ်။
တိရစ္ဆာန်တွေဟာ မကောက်ကျစ်ဘူး၊ ဖြောင့်မတ်တယ်။ တိရစ္ဆာန်တွေဟာ သူတို ့လုပ်နေကြတာကို လုပ်တာပဲ၊ ကျင့်ကြီးစွန် ့ချင်ရင် စွန် ့ချလိုက်တာပဲ၊ ကျင်ငယ်စွန် ့ချင်လည်း စွန့်ချလိုက်တာပဲ၊ ဘာတွေညာတွေ သူတို ့မစဉ်းစားဘူး၊ ပြီးတော့ အရှင်သခင်တွေကို လိမ်ညာပြီး၊ ငါဘယ်လိုလုပ်မယ်ဆိုပြီး ကောက်ကျစ်တဲ့ဉာဏ်မရှိပါဘူး။
လူတွေကျတော့...
ကောက်ကျစ်ကြတယ်၊ ရှေ ့မှာတော့ တစ်မျိုး၊ မျက်ကွယ်ရာမှာ တစ်မျိုး နဲ ့အကျိုးမဲ့တာတွေ လုပ်တတ်ကြပါတယ်။ အဲဒီလိုသဘောရှိနေတဲ့ လူတွေရဲ ့စိတ်ဓာတ်တွေကို ဖြောင့်မတ်လာအောင် အရှင်ဘုရားပြုပြင်ထားတာ သိပ်ကောင်းတာပဲဘုရား ၊ တပည့်တော်လည်း လူဝတ်ကြောင်ဖြစ်ပေမယ့်လို ့ ရံဖန်ရံခါ ပွားများနေပါတယ်ဘုရား.. လို ့၊ ချီးကျူးလျှောက်ထားပါတယ်။
အဲဒီလို " ပေဿ " ကလျှောက်ထားတော့..
မြတ်စွာဘုရားက ပုဂ္ဂိုလ်လေးမျိုးအကြောင်း ကို ဟောတော်မူပါတယ်။ ဒီနောက် အဲဒီ ပုဂ္ဂိုလ်လေးမျိုးအကြောင်း ကို အကျယ်ဟောကြားဖို ့ အစပဲ ရှိပါသေးတယ်..
အဲဒီ " ပေဿ " က ဘာပြောသလဲ ဆိုတော့..
" အရှင်ဘုရား..တပည့်တော်မှာ ကိစ္စတွေများတယ်ဘုရား၊ သွားဖို ့အတွက် ခွင့်ပြုပါအုံး " လို ့ မြတ်စွာဘုရားကို လျှောက်ပါတယ်။
မြတ်စွာဘုရားက..
" ပေဿ " ခဏနေပါအုံး၊ ငါဟောတဲ့ တရားကို နာသွားပါအုံး" ဆိုပေမယ့်..
" ပေဿ " ဟာ နေနိုင်မှာလည်း မဟုတ်ဘူး၊ အားနာလို ့နေပြန်ရင်လည်း စိတ်မပါ့တပါ နဲ့ တရားနာနေပြန်ရင်လည်း သူ ့မှာ ဘာအကျိုးမှ ရှိမှာမဟုတ်ပါဘူး။
ဒါ့ကြောင့် မြတ်စွာဘုရားကလည်း ဆက်ပြီး တားမနေတော့ဘဲ၊ သင့်သဘောအတိုင်းပဲ ဆိုပြီး ခွင့်ပြုလိုက်ရပါတယ်။
" ပေဿ" ပြန်သွားတော့၊ မြတ်စွာဘုရားက...
" ချစ်သားတို ့.."ပေဿ" ဟာ ပညာရှိတစ်ယောက်ဖြစ်တယ်၊ အကယ်၍ အခုဟောမဲ ့ဒေသနာတော် ကို ဆုံးအောင် ကြားနာလိုက်ရင် သူဟာ..
သောတပတ္တိမဂ်ဖိုလ်ရမယ်၊ သောတာပန် ဖြစ်မယ်၊ အကျိုးများသွားမယ် လို ့မိန် ့တော်မူပါတယ်။
အဲဒါကို အကြောင်းပြုပြီးတော့..
အဋ္ဌကထာမှာ ဖွင့်ပြထားပုံကတော့
မြတ်စွာဘုရား ရှေ ့မျက်မှောက်ရောက်ခဲ့တာတောင်မှ တရားရထိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်ပေမယ့်၊ တရားမရဘဲ ဖြစ်နိုင်တယ် ဆိုတဲ့ အကြောင်းကို ခုလို ဖွင့်ဆိုထားပါတယ်။
မဂ်ဖိုလ် မရခြင်းဆိုတဲ့ အကြောင်းက..
"ကိရိယ-ပရိဟာနိ" နဲ ့ "ပါပမိတ္တ" ဆိုတဲ့ အကြောင်း နှစ်ခုရှိပါတယ်။
ဟောပြောတဲ့ ပုဂ္ဂိုလ်က ပြုသင့်ပြုထိုက်တာကို ပြည့်စုံအောင်လို ့မပြုတာရယ်၊ နာယူတဲ့ပုဂ္ဂိုလ်ကလည်း ပြုသင့် ပြုထိုက်တာကို ပြည့်စုံအောင် မပြုလုပ်တာရယ်.. ပဲ ဖြစ်ပါတယ်။
ဥပမာ..
ဟောတဲ့ပုဂ္ဂိုလ်က မဂ်ဖိုလ်နိဗ္ဗာန်ရောက်နိုင်လောက်တဲ့ တရားကို ပြည့်ပြည့်စုံစုံ မဟောဘူးဆိုလို ့ရှိရင်၊ ဟောတဲ့ဆရာရဲ ့ဖက်က လိုအပ်နေတာ..တဲ့။
ဟောတဲ့ဆရာ၊ သင်ပြတဲ့ဆရာတွေက ပြည့်ပြည့်စုံစုံ နဲ ့မဟောကြားတတ်ဘူး၊ မသင်ပြတတ်ဘူးဆိုရင် တပည့်ဖြစ်သူတွေကနည်းမှန်လမ်းမှန်နဲ ့ကျင့်ကြံအားထုတ်ဖို ့မလွယ် တဲ့အပြင်၊ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ဖို ့ခက်ခဲလှပါတယ်။ ဒါ့ကြောင့်မို ့ ဟောတဲ့ဆရာ၊ သင်ပြတဲ့ ဆရာရဲ ့ပြည့်စုံမှုမရှိတဲ့ လိုအပ်ချက်ကြောင့် တရားမရနိုင်ပါဘူး...တဲ့။
တရားနာကြားကြတဲ့ ပုဂ္ဂိုလ်တွေ ဖက်က ကြည့်ပြန်တော့လည်း၊ တရားကို ဆုံးအောင် နာယူခြင်းမရှိဘူး၊ တရားနာပြီးလို ့၊ ကျင့်ပါဆိုရင်လည်း မကျင့်ကြဘူး၊ တရားနာဘူး၊ လေ့လာဖတ်ရှုဖူးလို ့၊ ရရှိထားတဲ့ အသိဉာဏ်လောက်နဲ့သာ ကျေနပ်နေကြပြီး၊ တကယ်တန်းကျတော့ တရားကို ကျင့်ကြံအားမထုတ်ကြပါဘူး။ အဲဒီလို ပြည့်စုံအောင် ကျင့်ကြံအားထုတ်မှု မပြုတဲ့အတွက် ရသင့်ရထိုက်တဲ့ တရားကို မရဘဲ ဖြစ်ကြရပါတယ်။
အထက်ကဖေါ်ပြခဲ့တဲ့ "ပေဿ"ဟာ မြတ်စွာဘုရားရဲ ့မျက်မှောက်မှာပဲ၊ တရားကို ဆုံးအောင်မနာလို ့၊ တရားကို ဆုံးအောင်နာပြီး နှလုံးသွင်းလိုက်ရင် သောတာပန်အရိယာဖြစ်သွားနိုင်ပါလျက်နဲ ့အဲဒီအကျိုးကို မရရှိဘဲ ဖြစ်သွားရရှာပါတယ်။
ဒါ့ကြောင့် အကြောင်းအကျိုး မညီညွတ်ရင်၊ မြတ်စွာဘုရားနဲ ့မျက်မှောက်ရောက်ခဲ့ပေမယ့်လည်း တရားထူးမရနိုင်ဘူးလို ့ဆိုလိုတာပဲ ဖြစ်ပါတယ်။
ဒါကြောင့်မို ့..
တရားအားထုတ်မဲ့ ယောဂီဟာ..
"သဒ္ဓါ " ဆိုတဲ့ ယုံကြည်မှု၊ ရိုးသားဖြောင့်မတ်မှု ၊ အားထုတ်လိုတဲ့ ဆန္ဒ နဲ ့ လုံးလ ဝီရိယ လည်း လိုအပ်ပါတယ်။
ဝိပဿနာအားထုတ်တာနဲ ့ပတ်သက်ပြီး " ဝေဘူဆရာတော်ဘုရားကြီး" ဟောကြားထားတဲ့ တရားတော်တွေထဲက ဝိပဿနာအတွက် ကောင်နှုတ်ချက်ကို ဖေါ်ပြရရင်..
ဝိပဿနာတရားဆိုတာ တကယ် ထင်ရှားရှိတဲတရားကို မြင်အောင်ရှုရတာပဲဖြစ်ပါတယ်။ တကယ်ရှိတဲ့အမှန်တရားဟာ သာမာန်ပကတိ မျက်စိနဲ ့မမြင်နိုင်ပါဘူး၊ မျက်စိမှိတ်ပြီး ဉာဏ်နဲ ့ကြည့်မှသာ မြင်နိုင်တာမို ့၊ အဲဒီ ထင်ရှားရှိတဲ့ တရားကို မြင်အောင်မရှုနိုင်ဘူးဆိုရင်"ဝိပဿနာ" မဖြစ်ပါဘူး။
တကယ်တော့..
ထင်ရှားရှိတဲ့ တရားဆိုတာ တခြားမှာသွားပြီး ရှုမှရတာမျိုးမဟုတ်ပါဘူး၊ မိမိကိုယ်" ခန္ဓာ" မှာရှိတဲ့ တရားသာပဲ ဖြစ်ပါတယ်။ ကိုယ်မှာရှိ တဲ့ တရား၊ ခန္ဓာ မှာ ရှိတဲ့ တရား ဆိုတာ "ထွက်သက်၊ဝင်သက်" ဖြစ်တဲ့ " အာနာပါန" ကမ္မဋ္ဌာန်းပါပဲ။
ပြန်သုံးသတ်ကြည့်လိုက်ရင်..
ဒီ "ထွက်သက်၊ ဝင်သက်" ဆိုတာ အမိဝမ်းက နေ စပြီးမွေးဖွားလာကတည်းက၊ သေဆုံးတဲ့ အချိန်ထိ၊ စက္ကန့်မလတ် အမြဲမပြတ် တရစပ်ရှိနေတဲ့ အမှန်တရားသဘောပဲ ဖြစ်ပါတယ်။ ဒီ နှာခေါင်းကနေ လေရှုသွင်းလိုက်၊ ရှုထုတ်လိုက် လုပ်နေတဲ့၊ "ထွက်သက်ဝင်သက်" ဟာ အလုပ်လုပ်နေရင်း၊ စကားပြောနေရင်း၊ စားနေရင်း၊ စာကျက်နေရင်း၊ စဉ်းစားနေရင်း၊ အိပ်ပျော်နေရင်းလည်းရှိတာပဲ ဖြစ်ပါတယ်။
အဲဒီလို "ထွက်သက်၊ ဝင်သက်" ဟာ အမြဲမပြတ်ရှိနေတာတောင်၊ မိမိတို ့ဓမ္မမိတ်ဆွေ တို ့ဟာ အမှတ်တမဲ့၊ အမှုမဲ ့နေကြတဲ့ အတွက်ကြောင့် "သတိမမူ၊ ဂူမမြင် " ဆိုသလို၊ သတိမူရင်" မြူကိုတောင်မြင်ရတယ်" ဆိုတဲ့အတိုင်း ၊ သတိနဲ ့ဂရုစိုက်ပြီး ဉာဏ် နဲ ့ကြည့်မှသာ ရှိမှန်းသိကြ၊ မျက်ဝါးထင်ထင် မြင်ကြမှာဖြစ်ပါတယ်။
သတိထားပြီး ကြည့်တဲ့ အခါမှာ
ဝိပဿနာဉာဏ် ဖြစ်ဖို့အတွက် ...
နှာခေါင်းက ထွက်လာတဲ့ "ထွက်သက်လေ" နဲ ့ နှာခေါင်းထဲ ဝင်သွားတဲ့ "ဝင်သက်လေ" ထိရာ..နှာသီးဖျားမှာ "ရိပ်..ရိပ်..ရိပ်ရိပ် နဲ ့ထိထိ သွားတာကို "သိအောင်"သတိထား ကြည့်ရပါမယ်။
ထိတယ် ဆိုတာ " သိ " လိုက်ကတည်းက .. "ပရမတ်သဘော" ပဲ ဖြစ်ပါတယ်။ တကယ်ထိသွားတာ အမှန်ပါပဲ။ သူများပြောလို ့သိတာမဟုတ်ပါ။
အဲဒီလို ထိတာကို သိတယ်ဆိုတာကနာမ်သဘော ပဲ ဖြစ်ပါတယ်။
တရိပ်ရိပ်၊ တရိပ်ရိပ် နဲ ့ထိတိုင်း၊ ပျောက်တိုင်း၊ ဒီ ရုပ်နာမ်နှစ်ပါး ဖြစ်မှုပျက်မှုတွေ
ဖြစ်၍ပျက်၍နေခြင်းဖြစ်ပါတယ်။ တရိပ်ရိပ် နဲ ့နှာသီးဖျားမှာ ထိလိုက်ပျောက်လိုက် ဖြစ်နေတာတွေကိုသာ တစ်ဆက်တည်းမြင်အောင်ကြည့်နေရင် ကြာလာတော့ ၊ "ဝိပဿနာသမာဓိ" တစ်စထက် တစ်စ၊ တစ်ခဏထက် တစ်ခဏ တိုးတက်ပြီး အားကြီးလာပါလိမ့်မယ်။ အဲဒီလို ဖြစ်လာတဲ့ အခါမှာ နှာသီးဖြား မှာတင်မကဘဲ၊ ခန္ဓာကိုယ်မှာလည်း အလိုလိုတရိပ်ရိပ် တရွရွ ဖြစ်ဖြစ်လာတာတွေကိုလည်း တွေ့ရတက်ပါတယ်။အဲဒီအချိန်မှာ တွေ ့ချင်တဲ့နေရာကို စိတ် နဲ ့စိုက်ပြီး ရှုလိုက်မယ် ဆိုရင်လည်း တရိပ်ရိပ် တရွရွ နဲ ့ပင်တွေ့နေရတက်ပါတယ်။ အဲဒီလို တစ်ကိုယ်လုံးမှာ တရိပ်ရိပ် တရွရွ အဆက်မပြတ် ဖြစ်လိုက်၊ပျက်လိုက် ဖြစ်ပျက်နေတာတွေသာ တွေ ့နေပြီး...
ရုပ်နာမ်" နှစ်ပါး "သာ ရှိပါလား ဆိုတာ သိသိသွားပါတော့တယ်။
ကိုယ်တိုင်သိပြီး တွေ ့သွားတဲ့သဘောပါ။
အဲဒါ လက်တွေ ့အမြင်လို ့ခေါ်ပါတယ်။
နောက်ဆုံးမှာ ဒါပဲ..ရှိပါလား ဆိုတဲ့..
ဒီရုပ်နာမ်တွေကလည်း ရှုလိုက်တိုင်း၊ ရှုလိုက်တိုင်း ပျောက်ပျောက်သွားတယ်။
" နေပါအုံး" လို ့ဆိုပြီး ဆိုင်းထားလို ့လည်းမရ၊
ဒါဆိုရင်..မပေါ်ပါ နဲ ့ဆိုပြီးလည်း တားလို ့မရ၊
သူဖာသာသူ ပေါ်လိုက်ပျောက်လိုက်၊
ရှုလိုက်တိုင်း ရှုလိုက်တိုင်း ...အသစ်သစ်တွေဖြစ်ပြီး၊ ချက်ချင်း ပျက်ပျက်သွားတာကိုပဲ တွေ ့နေရတယ်.... ။
အော်..ဘာ..ရှုရှု ဒီအတိုင်းပါပဲလား၊ ဒါတွေချည်းပါလား။
ငြီးငွေ ့လာတယ်။
စွန် ့လွှတ်ချင်လာတယ်။
စွန် ့လွှတ်ဖို ့လမ်းစ ရှာကြည့်တယ်။ဒီတော့..
ဘယ်လိုစွန် ့လွှတ်ရမလဲ လို ့ ဆက်ရှုတယ်...။
ဆက်ရှုရင်း လွတ်မြောက်တဲ့ လမ်းကို ရှာတယ်၊ ရုပ်နာမ်တွေ မရှိမှ အေးငြိမ်းမှာပဲလို ့ သဘောပေါက်လာတယ်။
နောက်ဆုံး...
ယောဂီဟာ...ရှုမှတ်နဲ့ အာရုံ နှစ်ခုလေးသာ ကျန်ရပါလိမ့်မယ်။ အဲဒီ ရှုမှတ်နဲ့ အာရုံ နှစ်ခုထဲ ကျန်တဲ့ အထိကျိုးစားအားထုတ်ရပါလိမ့်မယ်။
အများအားဖြင့်တော့ တရားစခန်းတွေမှာ တရားအားထုတ်နေကြတဲ့ယောဂီတွေ အနေနဲ့ အများနဲ ့စုပေါင်းပြီး တရားအားထုတ်ရတာဆိုတော့ သာမန်အားဖြင့် ဝင်လေထွက်လေ ဖြစ်တဲ့ အာနာပါနကမ္မဋ္ဌာန်း ကို ရှုကြရတာများပါတယ်။ တကယ်တော့ တရားအားထုတ်တယ်ဆိုတာကလည်း ကိုယ်နဲ ့အဆင်ပြေမယ့်၊ သင့်တော်မယ့် ကမ္မဋ္ဌာန်းဖြစ်ဖို ့ကအရေးကြီးပါတယ်။ ဒါကြောင့် ကမ္မဋ္ဌာန်းပြဆရာတော်တွေဟောကြားကြတဲ့၊ ရေးသားကြတဲ့ ရှုပုံရှုနည်းတွေ ပေါ်ထွက်လာရတာပဲဖြစ်ပါတယ်။
ခုပြောသလို...
တချို ့ယောဂီတွေအနေနဲ ့ကမ္မဋ္ဌာန်း အားထုတ်တဲ့အခါ၊ အာနာပါန လို ့ခေါ်တဲ့ ထွက်လေ၊ဝင်လေ ကို ရှုရတာ အဆင်မပြေတာတွေရှိပါတယ်။ တချို ့က ရှုရှိုက်တာကို ပြင်းပြင်းရှုရမှ ပိုထင်ရှားတယ်၊ မှတ်လို ့လွယ်တယ်ပေါ့၊ ဒါကို မှားနေတယ်၊ ဘုရားဟောနဲ ့မကိုက်ဘူး၊ ပိဋ္ဋိကတ်( ၃ ) ပုံ နဲ ့မညီဘူး ဆိုပြီး အပြစ်မြင်လို ့မရပါဘူူး။
အဲဒီလို အာနာပါန ( လေဝင်၊လေထွက် ) ရှုရတာ အဆင်မပြေတဲ့ ဓမ္မမိတ်ဆွေ တို ့အတွက်၊ ကာယနုပဿနာ (ရုပ်ကို ရှု့ခြင်း) တစ်မျိုးဖြစ်တဲ့ မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတဲ့ ဝိပဿနာရှုပုံအကျဉ်း ဟောထားတဲ့ အကြောင်းကို ဖေါ်ပြကုသိုလ်ပြုပါအုံးမယ်။
( ပါဠိ တွေ နားမလည်လည်း၊ ပါဠိတွေကို ကျော်ဖတ်သွားလို ့ရပါတယ် )
" ယထာပါကဋံ ဝိပဿနာဘိနိ ဝသော " တဲ့၊
"ဝိပဿနာဘိနိ ဝသော "- ဝိပဿနာကို စပြီး နှလုံးသွင်းခြင်း၊ အားထုတ်ခြင်းဟာ...
" ယထာပါကဋံ "- ထင်ရှားတဲ့ တရားစဉ် အတိုင်း ၊ ဟောတိ ဖြစ်၏..တဲ့။
" ဝိသုဒ္ဓိမဂ် မဟာဋီကာ " မှာ ပြဋ္ဌာန်း ထားတာ ဖြစ်ပါတယ်။
ဝိပဿနာ ရှုမယ်ဆိုရင် လွယ်ရာ ထင်ရှားရာ က စပြီးရှုပါ..တဲ့။ မထင်ရှားတဲ့ တရားတွေ ခက်တာတွေက စပြီး မရှုပါနဲ ့...တဲ့။
ခုမှစပြီး တရားအားထုတ်တဲ့ ယောဂီဟာ နဂိုက စာလေးကဖတ်ထားတော့ ...
ဪ.. ဝိပဿနာဆိုတာ ပညတ် ကို မရှုရဘူး၊ ပရမတ် ကို ရှုမှ ဝိပဿာ ဆိုတဲ့ အသိလေးက ရှိထားတဲ့ အတွက်ကြောင့်၊ အဲဒီ ယောဂီဟာ မမြင်ရသေးတဲ့ ပရမတ် ကို မြင်အောင် ရှုကြပါပေတယ်။ ပရမတ်အကြောင်းဖတ်ထားတော့ မမြင်ရဘဲနဲ ့ရှုနေတာဟာ၊ တကယ်တော့ စာအသိပဲ ဖြစ်ပါတယ်၊ တကယ်မြင်ပြီး တကယ်တွေ ့တဲ့ အသိမဟုတ်ပါဘူး။ ပညတ်ပဲ ဖြစ်ဖြစ် လောလောဆယ်မှာ မြင်ရတဲ့၊ ထင်ရှားတဲ့ အာရုံတွေ ကို သာရှုရမှာဖြစ်ပါတယ်။ အဲဒီလို ရှုမှတ်ရင်း နဲ့ ပရမတ်က ထင်ရှားလာမှာ ဖြစ်ပါတယ်။
ကျောင်းနေခါစ၊ စာသင်သလိုပါပဲ၊ အလွယ်ဆုံးက စပြီး မသင်ဘဲ၊ ပါဠိ ကစပြီး သင်လို ့မတတ်ပါဘူး။ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေကလည်း အလွယ်ဆုံးက စပြီး အားထုတ်ရပါတယ်။ မြတ်စွာဘုရားကလည်း အလွယ်ကလေးတွေ ဟောပြထားပြီးသားပါ။
" ဂစ္ဆန္တေဝါ " သွားသည်ရှိသော်လည်း၊ " ဂစ္ဆမီတိ " သွားသည်ဟူ၍၊ " ပဇာနာတိ" သိ၏..တဲ့။
အဓိပ္ပါယ်ကတော့..
သွားရင် သွားတယ်လို ့သိရမယ်..တဲ့။
သွားရင်သွားတယ်လို ့သိရမယ် ဆိုတာ.. ဘာမှ မခက်ပါဘူး။
မခက်ဘူး ဆိုတော့.. ဒါကိုတချို ့က တရားမဟုတ်ဘူး၊ စာအသိလေး နဲ ့ အဲဒါ တရားမဖြစ်ဘူးလို ့ ထင်နေကြတယ်။ အဲဒီလို ဘုရားဟောသွားတာရှိပေလို ့ပဲ၊ ဘုရားဟော မဟုတ်လို ့ရှိရင် ဒီဟာကို အကုန်လုံးတောင် ပယ်ပြစ်လိုက်အုံးမယ်။ မြတ်စွာဘုရားဟောခဲ့တာတောင်မှ " ဒီလိုက မဟုတ်သေးဘူး၊ ဟိုလိုက မဟုတ်သေးဘူး " ဆိုပြီး အညွှန့်တက်ချင်ကြသေးတယ်။
ဘာနဲ ့တူနေသလဲဆိုရင်...
နငယ် ကို အမြီးဆွဲ တဲ့ အယ်ဒီတာ နဲ ့တူနေပါတယ်။ စာအုပ်တိုက်မှာ အယ်ဒီတာက စာစစ်ရတာကိုး၊ အယ်ဒီတာက အမြဲတမ်းတည်းဖြတ်ပြီး ပြင်ရတဲ့ အတွက်၊ ပြင်စရာမရှိဘဲ ဖြစ်နေတဲ့ စာကို ပြင်ချင်တော့၊ နငယ် ကို အမြီးလေး တိုနေတယ် ဆိုပြီး ပြင်လိုက်သလိုပါပဲ.. တဲ့။
" ဂစ္ဆန္တော ဝါ " သွားသည်ရှိသော် ဆိုရာမှာ သွားတာကို သွားတယ်လို ့ရှုရင်..
ခြေထောက်ကားယား၊ ကိုယ်ကားယား တွေ ဖြစ်နေမှာပေါ့၊ ဒါ ပညတ်တွေပဲ၊ ပရမတ် မှ မဟုတ်သေးဘူး ဆိုပြီး ပြင်ကြသေးတယ်။
ဘုရားဟောထားတာပဲ၊ ပြင်စရာမလိုပါဘူး၊ ပရမတ် ရုပ်နာမ်တွေ ကို တွေးဆပြီး ရှုသင့်ရင်တော့.. မြတ်စွာဘုရားက တမျိုး ပြင်ပြီးဟောမှာပေါ့၊
ဒါကြောင့် မြတ်စွာဘုရားဟောကြားခဲ့တဲ့ သတိပဋ္ဌာန်သုတ်မှာ..
" ဂစ္ဆန္တေဝါ " သွားသည်ရှိသော်လည်း၊ " ဂစ္ဆမီတိ " သွားသည်ဟူ၍၊ " ပဇာနာတိ" သိ၏...လို ့ ဟောခဲ့ပါတယ်။
" လယ်တီဆရာတော်ဘုရားကြီး" ရဲ ့ ့အနတ္တဒီပနီကျမ်းမှာ..
"သွားခြင်း ဣရိယာပုတ် ၌ ခြေလှမ်းတိုင်း၊ ခြေလှမ်းတိုင်း ငါသွား၏ ငါသွား၏ ဟု ခြေ၌တည်သောစိတ်ကို ဖြစ်စေ၍ သွားရမည်၊ အမှတ်တမဲ့ နဲ ့တောင်မှ သတိမထားဘဲ ခြေတလှမ်းမျှ မလှမ်းမိစေနဲ ့" စသည်ဖြင့်လည်း ညွှန်ပြထားပါတယ်။
အဲဒီနေရာမှာ..
ငါသွား၏ ငါသွား၏ လို ့ရှုပုံပြတာဟာ အထက်က ပြောခဲ့တဲ့အတိုင်း " ဂစ္ဆမိတိ " ဆိုတဲ့ ပါဠိတော်အတိုင်း အတိအကျ ပြတာပါပဲ။ ဘာမှ ဉာဏ်ကွန် ့ပြီးတော့ထွင်တာမဟုတ်ပါဘူး။
ငါသွား၏ ငါသွား၏ လို ့ အဲဒီလို မှတ်နေပေမယ့်၊ သမာဓိရင့်လာတော့ ၊ သွားတယ်ဆိုတာဟာ သွားချင်တဲ့စိတ်ကြောင့် လှုပ်ရှားမှုတွေ ဖြစ်ပျက်နေတာပဲ လို ့ဒီလို အမှန်တိုင်း သိမြင်လာနိုင်ပါတယ်။
လိုရင်းကတော့...,
" သွားတာလေးကို သိနေရုံပါပဲ "
အဲဒါ အလွယ်ဆုံးပါပဲ၊
ထိုင်နေတဲ့ အခါကျတောလည်း ထိုင်တယ်၊ ထိုင်တယ် လို ့မှတ်နိုင်ပါတယ်၊ ဒါပေမယ့် အဲဒီလို ထိုင်တယ် ဆိုတာချည်း တစ်မျိုးထဲ မှတ်နေရတော့ တချို ့ စိတ်မဝင်စားတာတွေလည်းရှိတတ်ပါတယ်။ အဲဒါကြောင့် မဟာစည်ဆရာတော်ဘုရားကြီးက ရှုမှတ်နည်းတစ်ခုဖြစ်တဲ့ ဝမ်းဗိုက်က ဖောင်းလိုက်၊ ပိန်လိုက် လှုပ်ရှားနေတဲ့ ရုပ်ကိုရှုတဲ့ ကာယနုပဿနာအဖြစ် ဝမ်းဗိုက် ဖောင်းခိုက် ပိန်ခိုက်မှာ " ဖောင်းတယ်၊ ပိန်တယ် " ဆိုတဲ့ မှတ်ပြီး၊ ဝိပဿနာအားထုတ်ဖို ့ဟောကြားပါတယ်။
တချို ့ဓမ္မမိတ်ဆွေ တွေ နဲ ့ခုမှ စပြီး ဝိပဿနာအားထုတ်ကြတဲ့ သူတွေ ကတော့ " ဖောင်းတယ်၊ ပိန်တယ် " မှတ်နေရုံ နဲ ့ဝိပဿနာဉာဏ်ဖြစ်တယ်ဆိုတာ ဟုတ်ပါ့မလား ဆိုပြီး ယုံမှားတွေးတော မိတတ်ကြပြန်ပါတယ်။ အဲဒီလို ဒွိဟဖြစ်နေတဲ့ အတွေး နဲ ့လွတ်နေတဲ့စိတ်တွေဟာ သတိ အစောင့်ရှောက် မရှိတော့ပဲ၊ ဝိပဿနာဉာဏ် ကင်းမဲ့စေပါတယ်။
ဒီတော့ ဘယ်လို ဖြစ်နေတတ်သလဲဆိုတော့..
ကုန်သည်တစ်ယောက်ဟာ အနောက်ရန်သူတွေက မီလာပြီး၊ ပစ္စည်းလဲယူ လူလည်းအသတ်ခံလိုက်ရသလိုပါပဲ..
ဒီလိုရှုတာ ဟုတ်လေသလား၊ မဟုတ်လေသလား ဆိုတာ စဉ်းစားနေရင်၊ အဲဒီလို အကျိုးမဲ့တွေ ဖြစ်လာတတ်တဲ့အတွက် ယောဂီဟာ အဲဒီစိတ်ကို ရှုပြီး၊ ပယ်ပြစ်ရမှာပါ။
အကျဉ်းချုပ်ရရင်..
ဓမ္မမိတ်ဆွေတို ့အနေနဲ့ မိမိတို ့ရှုမှတ်ရတဲ့ ကမ္မဋ္ဌာန်း တရားပေါ်မှာသံသရဖြစ်မနေဘဲနဲ ့၊ အာနာပါန( ထွက်လေဝင်လေ )ပဲ ရှုရှု၊ ဝမ်းဗိုက် ( ဖောင်း ပိန် ) ပဲ ရှုရှု ၊ ကောင်းတာ မကောင်းတာ ကို သူများပြောရုံ နဲ ့လက်မခံဘဲ၊ ယုံယုံကြည်ကြည် နဲ ့သာ ကိုယ်တိုင်လက်တွေ အားထုတ်ကြည့်ရင်၊ ကိုယ်တိုင်တွေ ့ပြီး ကိုယ်တိုင်သိနိုင်မှာ ဖြစ်ပါတယ်။
နောက်ဆုံးအသိပေးလိုတာက..
အဲဒီလို အားထုတ်တဲ့အခါ ဓမ္မမိတ်ဆွေတို ့ဖတ်ထားတဲ့ စာထဲမှာ သိထားတဲ့ ရုပ်နာမ် တွေ နဲ ့ပတ်သက်တဲ ့အကြောင်းတွေ ကို လောလောဆယ်မှာ ခဏလောက် မေ့ထားလိုက်ပြီး...
အာနာပါန ပဲ ဖြစ်ဖြစ်၊ ဖောင်းတာပိန်တာပဲ ဖြစ်ဖြစ်.. မိမိ ခန္ဓာမှာ အထင်ရှားဆုံး ဖြစ်နေတာကို အလွယ်ဆုံးဖြစ်အောင် ရှုမှတ်ရင်း နဲ ့အခုပစ္စုပ္ပန်မှာပဲ မိမိတို ့တောင်းတတဲ့ နိဗ္ဗာန်ကို အထင်ရှား မျက်မှောက်မြင်တွေ ့ကြမှာ မလွဲပါ..လို ့အသိပေးရင်း ဤစာစုအား ဓမ္မဒါနပြုလိုက်ပါသည်။
( ခန္ဓာ-၅ပါးတစ်ဦး )
••••••••••••••••••••••••••••••••••
ကိုးကား- ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးဟောကြားသော အရိယာဝါသ တရားတော်မှ ကောက်နှုတ်ပါသည်။
|
https://www.dhammaransi.com/index.php/new/319-2017-12-26-14-48-15.html
|
ဓါတ်ခံအားလျော်စွာ အနိစ္စ၊ဒုက္ခ၊အနတ္တမြင်ကြပါ
|
ယခုခေတ်အခါသည် ဝိပဿနာတရား ထွန်းကားလာသောအခါ ဖြစ်ပေသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် အချိန်ရသမျှ ဝိပဿနာတရားကို ပွားများအားထုတ်လျက် ရှိကြပေသည်။
ဤကဲ့သို့ ဝိပဿနာတရား ပွားများအားထုတ်ကြသောပုဂ္ဂိုလ်တို့သည် မိမိတို့၏ရှေးအတိတ်ဘဝများက ပါလာကြသော ဓါတ်ခံအားလျော်စွာ အနိစ္စ၊ဒုက္ခ၊အနတ္တတို့ကို ထင်ရှားစွာသိမြင်ကြရပေသည်။တစ်ဦးနှင့်တစ်ဦး သိမြင်ပုံခြင်းမတူကြပေ။ အချို့သောပုဂ္ဂိုလ်များက အနိစ္စကို သိမြင်ကြပေသည်။ အချို့သော ပုဂ္ဂိုလ်များက ဒုက္ခကိုပို၍သိမြင်ကြပေသည်။ အချို့သော ပုဂ္ဂိုလ်များက အနတ္တကိုပို၍ သိမြင်ကြပေသည်။
ဝိပဿနာတရား ရှုမှတ်ပွားများကြသော အချို့သောယောဂီတို့သည် အနိစ္စကိုသာ ထင်ရှားစွာတွေ့သိကြရပေသည်။ ဒုက္ခနှင့် အနတ္တတို့ကို ထင်ရှားစွာတွေ့သိခြင်းမရှိကြပေ။
အချို့သောယောဂီတို့သည် ဒုက္ခကိုသာ ထင်ရှားစွာတွေ့သိကြရပေသည်။ အနိစ္စ နှင့် အနတ္တတို့ကို ထင်ရှားစွာတွေ့သိခြင်းမရှိကြပေ။ အချို့သောယောဂီတို့သည် အနတ္တကိုသာ ထင်ရှားစွာတွေ့သိကြရပေသည်။ အနိစ္စနှင့် ဒုက္ခတို့ကို ထင်ရှားစွာတွေ့သိခြင်းမရှိကြပေ။ ဤကဲ့သို့ အနိစ္စ၊ဒုက္ခ၊အနတ္တ သုံးပါးတို့တွင် တစ်ပါးပါးကိုသာ ထင်ရှားစွာတွေ့သိရ၍ ကျန်နှစ်ပါးကို ထင်ရှားစွာ မတွေ့သိရသဖြင့် မိမိရှုမှတ်သည့်တရားသည် နည်းလမ်းမှန်မှ မှန်ပါရဲ့လားဟု ယုံမှားသံသယများ ဖြစ်လာတက်ကြပေသည်။
ဤကဲ့သို့ ယုံမှားသံသယများဖြစ်နေခဲ့သော် တရားတွေရှေ့သို့တက်တာ နှေးသွားတက်ကြပေသည်။ တရားထူး တရားမြတ််များရတာလည်း နှေးသွားတက်ကြပေသည်။ ထိုကြောင့် ရှေးအတိတ်ဘဝများက ပါလာသောဓါတ်ခံအားလျော်စွာ အနိစ္စ၊ဒုက္ခ၊အနတ္တတို့ကိုတွေ့သိကြရပုံကို သိထားသင့်ကြပေသည်။ သိထားမှသာ ယုံမှားသံသယများကင်း၍ ရှေ့သို့ တရားတွေမြန်မြန်တက်သွားနိုင်ကြမည် ဖြစ်ပေသည်။ တရားထူး တရားမြတ်များလည်း မြန်မြန်ရသွားနိုင်ကြမည် ဖြစ်ပေသည်။
ဓါတ်ခံ (၃)မျိုး
ဝိပဿနာတရား အားထုတ်ကြသောပုဂ္ဂိုလ်တို့သည် မိမိတို့ ရှေးအတိတ် ဘဝများစွာကပါလာသော ဓါတ်ခံအားဖြင့် (၃) မျိုး ကွဲပြားလျက်ရှိကြပေသည်။
၁။ အရာရာတွင် မလိုချင်၊ မတက်မက်သည့် အလောဘ ဓါတ်ခံပါလာသောပုဂ္ဂိုလ်။
၂။ အရာရာတွင် စိတ်မဆိုး၊ အမျက်မထွက်တက်သည့် အဒေါသဓါတ်ခံပါလာသော ပုဂ္ဂိုလ်။
၃။ အရာရာတွင် မတွေမဝေ အမှန်ကိုသိတက်ကြသည့် အမောဟဓါတ်ခံပါလာသောပုဂ္ဂိုလ်။ဟူ၍ (၃)မျိုး ကွဲပြားလျက်ရှိကြသည်။ (အဋ္ဌသာလိနိ-၁၇၃)
အလောဘ ဓါတ်ခံပါလာသောပုဂ္ဂိုလ်၊ အဒေါသဓါတ်ခံပါလာသော ပုဂ္ဂိုလ်၊ အမောဟဓါတ်ခံပါလာသောပုဂ္ဂိုလ်၊တို့သည် ဝိပဿနာတရားရှုမှတ်ပွားများခါစ အနိစ္စ၊ဒုက္ခ၊အနတ္တတို့ကို မမြင်သေးမီမှာတော့ ထူးခြားမှုများ သိပ်မရှိကြပေ။ အနိစ္စ၊ဒုက္ခ၊အနတ္တတို့ကို သုံးသပ်၍သိသော သမ္မသနဉာဏ်သို့ ရောက်သောအခါ ထူးခြားမှုများ ရှိလာကြပေသည်။
သမ္မသနဉာဏ်သည် ဉာဏ်စဉ်အားဖြင့် (၃) နံပါတ်ဉာဏ်စဉ်ဖြစ်ပေသည်။ သမ္မသနဉာဏ်သို့ ရောက်ဖို့ရာမှာ နာမရူပပရိစ္ဆေဒ ဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်သို့ ဖြစ်အောင်အားထုတ်ကြရပေသည်။ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ညွှန်ပြသောနည်းဖြင့် ဝိပဿနာတရား ရှုမှတ်ကြသော ပုဂ္ဂိုလ်တို့သည် ထိုင်၍ရှုမှတ်သောအခါ ဝမ်းဗိုက်ဖောင်းတာ၊ ပိန်တာများကို အဓိကထား၍ ရှုမှတ်ကြရပေသည်။
နာမရုပ ပရိစ္ဆေဒ ဉာဏ်
ရှုမှတ်ခါစ သမာဓိဉာဏ်များ မဖြစ်သေးမီမှာ မည်သို့မျှထူးခြားစွာသိခြင်း မရှိကြပေ။ ဆက်ကာ ဆက်ကာရှုမှတ်၍ သမာဓိဉာဏ်များဖြစ်လာသောအခါ ဖောင်းတယ်၊ ပိန်တယ်ဟု ရှုမှတ်လိုက်သည်ရှိသော် ဖောင်းတာ ပိန်တာတို့က တစ်ခြား၊ မှတ်သိ မှတ်သိလိုက်တာကတခြားဟူ၍ ကွဲပြား၍ သိလာကြပေသည်။
ဖောင်းတာ၊ပိန်တာတို့က ဘာမှမသိတက်သည့် ရုပ်တရား၊ မှတ်သိမှတ်သိလိုက်တာများက သိတက်သည့် နာမ်တရားဟု နာမ်နှင့်ရုပ်ကို ကွဲပြားပိုင်းခြား၍ သိလာကြပေသည်။ ယင်းကဲ့သို့ ပိုင်းခြား၍ သိလာခြင်းသည် နာမရူပ ပရိစ္ဆေဒဉာဏ်ဖြစ်လာခြင်းပင်ဖြစ်ပေသည်။
ပစ္စယပရိဂ္ဂဟဉာဏ်
ဆက်ကာဆက်ကာရှုမှတ်၍ သမာဓိဉာဏ်များ တစ်ဆင့်ရင့်ကျက်ထက်သန်လာသောအခါ ဖောင်းတယ်၊ပိန်တယ်ဟု ရှုမှတ်နေရင်းပင် ဖောင်းတာ ပိန်တာတို့က ရှေ့ကပေါ်ပေါ်ပေးနေလို့ မှတ်သိစိတ်ကနောက်မှ လိုက်၍ လိုက်၍ မှတ်သိနေတာဖြစ်ပေသည်။ ဖောင်းတာ ပိန်တာတို့က အကြောင်းတရား၊ မှတ်သိစိတ်က အကျိုးတရားဖြစ်သည်ဟု သိလာကြပေသည်။ ယင်းကဲ့သို့ အကြောင်းနှင့် အကျိုးကို သိလာခြင်းသည် ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်လာခြင်းပင် ဖြစ်ပေသည်။
သမ္မသနဉာဏ်
ဆက်ကာဆက်ကာရှုမှတ်၍ သမာဓိဉာဏ်များ တစ်ဆင့်ရင့်ကျက်ထက်သန်လာသောအခါ တရားထိုင်၍ မကြာသေးမီမှာပင် နာတာ၊ကျင်တာ၊ညောင်းညာကိုက်ခဲတာ စသည့် ဒုက္ခဝေဒနာများ ထင်ရှားစွာဖြစ်ပေါ်လာကြပေသည်။ ရှုမှတ်နေရင်းပင် ဤခန္ဓာကိုယ်ကြီးသည် ဒုက္ခတုံး၊ဒုက္ခခဲကြီးပါလားဟု ဒုက္ခကိုသုံးသပ်၍ သိလာကြပေသည်။ ဤနာတာ၊ကျင်တာ၊ညောင်းညာကိုက်ခဲတာ စသည့်ဒုက္ခဝေဒနာများသည် တစ်မျိုးပြီး တစ်မျိုးပြောင်းလဲနေသောကြောင့် မမြဲခြင်းအနိစ္စဟု သုံးသပ်၍ သိလာကြသည်။
ဤ နာကျင်ကိုက်ခဲခြင်းစသည့် ဒုက္ခဝေဒနာနှင့် တွေ့ချင်၍ ဝိပဿနာတရား အားထုတ်တာမဟုတ်ပေ။ ချမ်းချမ်းသာသာနှင့် တရားတွေမြန်မြန်တွေ့ချင်၊တရားတွေမြန်မြန်တက်ချင်၍ အားထုတ်တာဖြစ်ပေသည်။ ဤခန္ဓယကိုယ်ကြီးသည် ကိုယ်ဖြစ်ချင်တိုင်း မဖြစ်ပေ။ သူ့သဘောအတိုင်း သူဖြစ်နေပေသည်။ ကိုယ်အစိုးမရသည့် အနတ္တဖြစိပေသည်ဟု သုံးသပ်၍ သိလာကြပေသည်။
ထိုအနိစ္စ၊ဒုက္ခအနတ္တ (၃)မျိုးတို့ကို သိကြရာတွင်
ရှေးအတိတ်ဘဝများက အလောဘဓါတ်ခံပါလာသော ပုဂ္ဂိုလ်တို့ကနာကျင်ကိုက်ခဲခြင်းစသော ဒုက္ခဝေဒနာတို့၏ အမျိုးမျိုးပြောင်းလဲနေသည့် မမြဲခြင်းအနိစ္စကို သုံးသပ်ကာ ပို၍ သိကြပေသည်။
ထို အနိစ္စ၊ဒုက္ခ၊အနတ္တ (၃)မျိုးတို့ကို သိကြရာတွင်
ရှေးအတိတ်ဘဝများက အလောဘဓာတ်ခံပါလာသော ပုဂ္ဂိုလ်တို့က နာကျင်ကိုက်ခဲခြင်းစသော ဒုက္ခဝေဒနာတို့၏ အမျိုးမျိုးပြောင်းလဲနေသည့် မမြဲခြင်းအနိစ္စကို သုံးသပ်ကာ ပို၍သိကြပေသည်။
ရှေးအတိတ်ဘဝများက အဒေါသဓာတ်ခံပါလာသော ပုဂ္ဂိုလ်တို့က နာကျင်ကိုက်ခဲခြင်းစသော ဒုက္ခဝေဒနာများ၏ နှိပ်စက်ခြင်းဒုက္ခကို သုံးသပ်ကာ ပို၍သိကြပေသည်။
ရှေးအတိတ်ဘဝများက အမောဟဓာတ်ခံပါလာသော ပုဂ္ဂိုလ်တို့က နာကျင်ကိုက်ခဲခြင်းစသော ဒုက္ခဝေဒနာများကို မည်ကဲ့သို့မျှ ကာကွယ်၍မရ၊ သူသဘောအတိုင်းဖြစ်နေသည့် အစိုးမရခြင်းအနတ္တကို သုံးသပ်ကာ ပို၍သိကြပေသည်။
ဤကဲ့သို့ မိမိတို့၏ ရှေးအတိတ်ဘဝများက ပါလာကြသောဓါတ်ခံအားလျော်စွာ အနိစ္စ၊ဒုက္ခ၊အနတ္တတို့ကို ထင်ရှားစွာတွေ့ သိကြရပေသည်ဟု သိထားကြသဖြင့် ယုံမှားသံသယကင်း၍ တရားတွေမြန်မြန်တက်သွားနိုင်ကြမည် ဖြစ်ပေသည်။ မိမိတို့၏ ပါရမီအားလျော်စွာ တရားထူး တရားမြတ်များကို မြန်မြန်ရရှိသွားနိုင်ကြမည် ဖြစ်ပေသည်။
သဒ္ဓမ္မရံသီဆရာတော်
|
https://www.dhammaransi.com/index.php/new/320-2017-12-19-14-38-27.html
|
ဇလုံတောင်ဘုရား
|
တည်နေရာ
**********
စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် တွင် တည်ရှိပြီး ဗန်းမောက်မြို့မှ မြောက်ဘက် ၁၂ မိုင်ခန့် အကွာ တောတွင်း ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၃ဝ၉ဝ မြင့်သော တောင်ပေါ်တွင် တည်ရှိသည်။ မြေပုံညွှန်း အက်စ်ဂျီ ၄၅၁၃၄၉ ဖြစ်သည်။ တောတောင် လျှိုမြောင်များ နက်ရှိုင်း လှသည်။
■ဘုရားသမိုင်း
ဂေါတမ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် မဟာ သက္ကရာဇ် ၁၂၃ ခုနှစ် ဝါတော် ၂ဝ အရတွင် သိကြားမင်း ဖန်ဆင်းသော နတ်ပန်းရထား ၅ဝဝ ဖြင့် ရဟန္တာ အရှင်သူမြတ် ၅ဝဝ ခြံရံပြီး ကောင်းကင်ခရီးမှ ဇလုံ တောင်တော်သို့ ကြွလာခဲ့သည်။ ဇလုံတောင် ခေါ် ဂေါဒေါပလ္လင် တောင်တော်သည် အရှေ့ ဧရာဝတီ၊ အနောက် သလ္လာဝတီမြစ် နှစ်လီတို့၏ အလယ်ဗဟို တွင် တည်ရှိသည်။ ဂေါဒေါပလ္လင် တောင်တော်တွင် ဧရာပထ နတ်နဂါးမင်း သားအဖတို့၏ တောင်းပန် လျှောက်ထား မှုကြောင့် ခုနစ်ရက် သီတင်းသုံးကာ နဂါးမင်းသား အဖ လှူဒါန်းသော ဆွမ်းကိုဘုဉ်းပေး သုံးဆောင်ခဲ့သည်။ ကျန်ရှိသောဆွမ်း၊ ဆွမ်းဟင်းများ ကိုလည်း စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံ ပတ္တမြား ရတနာ များဖြစ်စေကြောင်း ဆုတောင်း အဓိဋ္ဌာန် ပြုလျက် တောင်၏ဝဲယာ၊ ရှေ့နောက် စွန့်ကြဲ ပက်ဖျန်း ခဲ့သည် ဟု သမိုင်းကျောက်စာ တွင် ဖော်ပြထားသည်။ ဗျာဒိတ်ပေး ဘုရားပုံတော်ကြီး တစ်ဆူလည်း ဖူးတွေ့နိုင်သည်။ ဗျာဒိတ်စကား မိန့်ကြားတော်မူ သည်မှာ ''ညီဘွား အာနန္ဒာ အောင်မြေ ခေါ်အပ် ဤ ဂေါဒေါပလ္လင် တောင်ကလပ်၌ ပွင့်တော်မူ လတ့ံ္တ သော 'အရိမေတ္တေယျ ဘုရားရှင်' သည် ငါဘုရားကဲ့သို့ အလှူခံယူကာ တရားထူးကို ဟောကြားတော် မူလိမ့်မည်'' ဟု ဗျာဒိတ် ထားခဲ့သည်။
ထိုကြောင့် ထိုဒေသ၏ မြောက်ဘက်တွင် ဖားကန့် ကျောက်စိမ်းတွင်းများ၊ အနောက်ဘက်၊ တောင်ဘက်နှင့် အရှေ့ဘက် တို့တွင် ရွှေတွင်းများ ဖြစ်လာသည် ဟု ဒေသခံများက ယုံကြည် ခဲ့ကြသည်။ ထို့ပြင် အရပ် လေးမျက်နှာလုံး ကျွန်းတောကြီး များသည်လည်း တန်ဖိုးမဖြတ် နိုင်သော ရတနာများ ဖြစ်သည်။ ဘုရား သမိုင်းတွင် ဤ ကျောက်တောင်သည် ငါးဆူမြောက် အရိမေတ္တေယျ ဘုရားရှင် တရားဟောကြား မည့်နေရာ ဖြစ်ကြောင်း ဖော်ပြထားသည်။ ကျောက်တောင် သည် သံတောင် ၄၄၄ တောင်ဖြစ်၍ ပေအားဖြင့် ၆၆၆ပေ မြင့်သည်။ ဤ ကျောက်တောင်ကို ဘုရားပွင့်မည့် သလွန်တောင်တော် ဟု ခေါ်ခဲ့ပြီး နောင်တွင် ဒေသခံများက ဇလုံမှောက် ထားသည်နှင့် တူ၍ ဇလုံတောင် ဟု ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သော နှစ် ၈ဝ ခန့်က မြေပုံ ပေါ်တွင်လည်း သလွန်တောင် ဟုသာ ဖော်ပြထား သည်ကို တွေ့ရသည်။ ကျောက်တောင်ကြီး ပေါ်တွင် ဘုရားတည် ခဲ့သည်မှာ သက္ကရာဇ် ၄၉၂ ခုနှစ်က ဖြစ်သည့်အတွက် နှစ်ပေါင်း ၉ဝဝ ခန့် ကြာခဲ့ပြီ ဖြစ်သည်။ အရှင်ဓမ္မဒဿီ အမည်ရှိ အရှင် အရဟံ နှင့် တပည့် အရှင် အာစာရ မထေရ်မြတ် နှစ်ပါးသည် ဂေါဒေါပလ္လင် ခေါ် ဇလုံတောင်သို့ ကြွရောက် တော်မူပြီး ဣစ္ဆာသယ လိုတရ ချမ်းသာကြီး အောင်တော်မူ၊ အောင်ဆုယူ စေတီများကို ဦးစွာပထမ တည်ထား ကိုးကွယ်ခဲ့သည်။ ထို့နောက် သက္ကရာဇ် ၁၂၁၁ ခုနှစ်တွင် ဝိဇ္ဇာမဟိဒ္ဓိ အရှင်ဟု ပေါ်လွင် ထင်ရှားသော ဘုန်းကြီး ဦးသာအေး အရှင်မြတ် က အောင်တော်မူ၊ အောင်ဆုယူ စေတီများကို ဒုတိယအကြိမ် မွမ်းမံ ပြုပြင်၍ 'အောင်ကျော် အေးအောင် ဇလုံတောင်' ဟု သာသနာပြု မော်ကွန်းတင် ခဲ့သည်။ သက္ကရာဇ် ၁၂၇၆ ခုနှစ်တွင် စက်တောကိုးဌာန အဝင်ကန်ရွာ ကျောင်းဆရာတော် နှင့်တိုက်သူကြီး ဦးရွှေသီး ၊ ရပ်ဝေးရပ်နီးမြို့ရွာ ဒါယကာတို့က ကြေးအချိန် ၂၅ ပိဿာဖြင့် ကြေးခေါင်းလောင်း သွန်းလုပ် လှူဒါန်းပြီး သက္ကရာဇ် ၁၂၉၇ ခုနှစ်တွင် သောင်သွတ်မြို့ ဝဲတက်ရွာ ဇာတိ အရှင်ကုဝေရ က သားတော်တောင် ကျောက်ပလ္လင်၌ ဂန္ဓကုဋိတိုက် စေတီငါးဆူ တည်ထားကာ ဉာဏ်တော် လေးပေရှိ၊ လိုတိုင်းပြည့် ဗျာဒိတ်ပေး ပ ဉ္စလောဟာ ဗုဒ္ဓရုပ်ပွားတော် သွန်းလောင်း၍ တတိယအကြိမ် ထူးခြားစွာ သာသနာပြု ခဲ့ကြောင်း သိရသည်။
သက္ကရာဇ် ၁၃၁၁ ခုနှစ်တွင် စက်တော ကုန်းရိုးကြီးကျောင်း ဆရာတော်ကြီးနှင့် အလယ်ရွာ၊ ကန်ရွာ၊ အနောက်တာ ဆရာတော်ကြီးများ ဦးဆောင်၍ ရပ်ဝေးရပ်နီး မြို့ရွာ ဒါယကာတို့က အောင်ဆုယူ စေတီများ ကို မွမ်းမံပြင်ဆင်၍ စတုတ္ထအကြိမ် ရွှေထီးတော် အထွတ်တင်လှူကာ သာသနာပြု ခဲ့ကြောင်း သာသနာ မော်ကွန်းတင် ကျောက်စာတွင် ဖော်ပြထားသည်။
ဤ ကျောက်တောင်ကြီးမှာ ခမည်းတော်တောင် နှင့် မယ်တော်တောင် ကျောက် လုံးကြီး များ နှစ်လုံးပူးတွဲပြီး ဘေးအနည်းငယ် နိမ့်သော နှစ်ဖက်တွင် သားတော်တောင်၊ သမီးတော်တောင် တွဲနေသည်။ လွန်ခဲ့သော နှစ်လေးဆယ်ခန့်က သမီးတော် ကျောက်တောင်ကြီး ပဲ့ကျခဲ့သည်။ အဆိုပါ ကျောက်လုံးကြီး ပဲ့ကျသော အသံသည် ဗန်းမောက်မြို့နယ် တစ်နယ်လုံး သိမ့်သိမ့်တုန် မြည်ဟည်း ရိုက်ခတ်ခဲ့ကြောင်း သိရသည် ကျောက်တောင်ထိပ် ကို တက်သည့် အခါတွင် ကျော က်တောင်ကြီး နှစ်လုံးကြားမှ အုတ်လှေကားဖြင့် ကွေ့ပတ် တက်ရသည်၊။
ကျဉ်းကျပ်နေသော နေရာတွင် ကျောက်တံခါးကြီး လည်းရှိသည်။ အကုသိုလ်များသူ မကျော်နိုင်၊ မဝင်နိုင်ဟု ဆိုသည်။ အမှန်တကယ် မဝင်နိုင်သူ ကိုလည်း တွေ့ခဲ့ရသည်။ ကျောက်တောင်ကြီး ပေါ်ရှိ ဘုရားများကို တောင်ခြေမှလည်း ထင်ထင်ရှားရှား ဖူးမြော် နိုင်သည်။ ကုတ်ကတ် တွယ်တက်ရသော နေရာလည်း ရှိသည်။ အပေါ် ကျောက်တုံးကြီး တစ်ခုနှင့် တစ်ခုကြား ကျောက်ကျောမှ တစ်ဆင့် ကူးသွားရသည် မှာလည်း နှစ်ဖက်လုံး နက်ရှိုင်းသော ချောက်ကြီးနှင့် ဖြစ်၍ အသည်းယားစရာ ဖြစ်ရသည်၊။ အချို့သူများ မကူးရဲ ပါ။ ဤ ကျောက်တောင်ကြီးတွင် ဇလုံတောင် အရှင်ကြီး ရှိကြောင်း၊ ဤ ဘုရားဖူးလျှင် အရိမေတ္တေယျ ဘုရားဖူး ရန် စာရင်းတွင် ပါဝင်မည် ဖြစ်ကြောင်း အဆိုတစ်ရပ် ရှိသည်။ ''ဇလုံတောင်အရှင် စာရင်းမဝင်ရင် မေတ္တာရှင်နဲ့ လွဲရမယ်'' ဟုဆိုသည်။
ထို့ကြောင့် ရပ်ဝေးရပ်နီး ဒေသများမှ နှစ်စဉ် ဘုရားဖူး လာကြကြောင်း တွေ့မြင်ရသည်။ အချို့ဆိုလျှင် နှစ်ရက်သုံးရက် လမ်းလျှောက် လာကြကြောင်း တွေ့မြင်ရသည်။
■သာသနာပြုဆရာတော်
အ့ံဖွယ်ဂုဏ်ဆောင် ဇလုံတောင် ဘုရားများကို သာသနာပြု နေသူ ဆရာတော်သည် မန္တလေးတိုင်း ဒေသကြီး သံဃနာယက အဖွဲ့ဥက္ကဋ္ဌ စတုဘုမ္မိက ဘဒ္ဒန္တဝိဇယ အဂ္ဂမဟာ ကမ္မဋ္ဌာနာ စရိယဘွဲ့ တံဆိပ်တော်ရ သာသနဓဇ ဓမ္မာစရိယ အထက်ပိုင်း ဗဟိုဌာနချုပ်၊ စတုဘုမ္မိက သာသနာပြု ဥပုသ်တော်ရပ်၊ မန္တလေး ဆရာတော် ဖြစ်သည်။ ဆရာတော်သည် ပြင်ဦးလွင်မြို့ စတုဘုမ္မိက ရိပ်သာ ဆရာတော်လည်း ဖြစ်သည်။
ဘုရားပွဲကိုနှစ်စဉ် သင်္ကြန်အပြီး တစ်ပတ်လုံး ကျင်းပသည်။ သင်္ကြန်ကာလမှ စတင်၍ ရပ်ဝေးရပ်နီး ဘုရားဖူးများ ခြေကျင်၊ ကား၊ ထော်လာဂျီ၊ ဆိုင်ကယ်များဖြင့် လာကြသည်။
ဘုရားကြီး၏ တောင်ဘက် (၂)မိုင်ခန့်အကွာ တောင်ပေါ်တွင် ကျောက်မဏ္ဍပ်ဘုရား ရှိသည်။ ကျောက် မဏ္ဍပ် ဆိုသည်မှာ တောင်ထိပ်တွင် ကျောက်ဖျာကြီိး အလျားပေ ၈ဝ၊ အနံပေ ရဝ ခန့်ရှိပြီး အဆိုပါ တောင်ပေါ်တွင် နှစ်ဖက်နှစ်ခြမ်း ကျောက်အမိုး မဏ္ဍပ်ကြီး ဖြစ်နေခြင်းဖြစ်သည်။
ကျောက်ဖျာပေါ်တွင် စေတီငယ်တစ်ဆူ၊ ကျောက်မဏ္ဍပ် ထဲတွင် ဆင်းတုတော် တစ်ဆူရှိသည်။ တစ်ဖက်ခြမ်းမှာ ကျောက်ဆန်အိတ်များ စီထားပြီး ဘုရားပွင့်လျှင် လှူဒါန်းရန် ဖြစ် သည်။ ကျောက်ပန်းကန်၊ ကျောက်လှေ ၊ ကျောက်မောင်းဆုံ များလည်း ရှိသည်။ တောင် ထိပ်ပေါ် တွင် ကျောက်ဖျာကြီး အုပ်မိုးထားခြင်း ဖြစ်သည်။ အလွန်ထူးခြား ဆန်းကြယ်ပါသည်။ ကျောက်မဏ္ဍပ်မှ အပြန်တွင် သဘာဝ ကျောက်တံတား ကိုလည်း ဖြတ်လျှောက် ရမည်ဖြစ်သည်။
ဇလုံတောင်ခြေတွင် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ(သိမ်) တည်းခိုနေရာများ၊ ရေစက်၊ မီးစက် ရှိသည်။ ဗောဓိညောင်ပင် လည်း စိုက်ပျိုးထားသည်။ ရဟတ်ယာဉ်ကွင်း လည်း ဖောက်လုပ် ထားသည်။ ဇလုံတောင် ဘုရားသည် တောနက်ထဲတွင် ရှိနေ၍ လမ်းပန်း ဆက်သွယ်မှု ခက်ခဲသဖြင့် သောင်းကျန်းသူ များရှိစဉ်က တိမ်မြုပ် ပျောက်ကွယ်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်တွင် ဗန်းမောက်မြို့နယ် ဒေသခံ ဆရာတော်များ ကြိုးပမ်းရှာဖွေ မှုဖြင့် ပြန်လည် ဖော်ထုတ်နိုင်ခဲ့၍ ဘုရားပွဲတော်ကို နှစ်စဉ်ကျင်းပ နိုင်ခဲ့သည်။
ဗန်းမောက်မြို့နယ် မန်စီရွာ မြောက်ဘက်တွင် မြန်မာနိုင်ငံ၏ အကြီးဆုံး ကျွန်းပင်ကြီး တစ်ပင်လည်း တည်ရှိသည်။ လမ်းတစ်လျှောက် လုံးပတ် ကြီးမားသော ကညင်ပင်ကြီး များမှာ ကြီးမား ခံ့ထည်ပြီး မိုးပေါ်သို့ ထောင်တက်နေသည်။ ကျွန်းပင်များလည်း ပေါများပြီး တောတောင် လျှိုမြောင်များ အထပ်ထပ် ရှိသည်။
ဇလုံတောင် ဘုရားလမ်းသည် ကျောက်လမ်း၊ ကတ္တရာလမ်း ဖြစ်လာလျှင် ကလပ်ကဲ့သို့ ကျိုက်ထီးရိုး ဘုရားကဲ့သို့ တန်ခိုးကြီး ဘုရားတစ်ဆူ ဖြစ်လာမည်ဟု ယုံကြည်သည်။ စစ်ကိုင်းတိုင်း ဒေသကြီး၏ ထူးမြတ်သော ရတနာတစ်ပါး ပေါ်ထွက်လာပြီ ဖြစ်၍ ဘုရားဖူးကြွရောက် ဖူးမြော်ရင်း လမ်းများ တိုးတက် ကောင်းမွန်ရေး၊ ဇရပ်၊ တန်ဆောင်း၊ ရေ၊ မီးများ ပိုမိုပြည့်စုံရေး ပါဝင်လှူဒါန်း ကြရန် အလှူရှင်များ လိုအပ်လျက် ရှိသည်။ ဘုရားသွား ကားလမ်း ဖောက်လုပ်ခြင်းကို ဒေသခံ ရွှေလုပ်ငန်းရှင် များနှင့် အလှူရှင် များ၏ အားတက်သရော လှူဒါန်းမှုဖြင့် ယခင် လူသွားလမ်းသာ ရှိရာမှ မြေသားကားလမ်း ဖောက်လုပ် နိုင်ခဲ့ကြပုပ္ပားတောင်သည်။ ၂၀၀၄ ခုနှစ်တွင် အရှေ့ဘက် နှင့် တောင်ဘက်မှကား လမ်းဖောက်လုပ်ရန် လမ်းအူကြောင်း ရှာဖွေခဲ့ကြရာ အရှေ့ဘက်က မတ်စောက်ပြီး ကျောက်ဆောင် များပြား၍ တောင်ဘက်မှ လမ်းကြောင်းကို ရွေးချယ်ခဲ့ြ ကသည်။ ကသာ အနောက် သစ်ထုတ်လုပ်ရေး မှ ဘူဒိုဇာများ ကူညီခဲ့သည်။
၂ဝဝ၄ ခုနှစ်တွင် ခုနစ်မိုင်၊ ၂ဝဝ၅ ခုနှစ်တွင် နှစ်မိုင်၊ ၂ဝဝ၆ ခုနှစ်တွင် သုံးမိုင် ဖောက်လုပ်ခဲ့သည်။ ၂ဝဝ၆ ခုနှစ် မတ်လ ၃ ရက်နေ့တွင် တောင်ခြေ တယ်ပင်ပြန် သို့အရောက် မြေသားလမ်း ဖောက်လုပ် နိုင်ခဲ့သည်။ ဆိုင်ကယ်များ၊ မော်တော်ယာဉ် များ သွားလာနိုင်ပြီ ဖြစ်သည်။ အဆိုပါလမ်းကို ကတ္တရာလမ်းချော ဖြစ်ရန် ကြိုးစားရဦးမည် ဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပေသည်။
|
https://www.dhammaransi.com/index.php/new/321-2017-12-19-14-12-03.html
|
ဝေဘူဆရာတော်ကြီးနှင့် အဘအောင်မင်းခေါင်
|
မြန်မာ ၁၃၁၁ ခုနှစ် ကဆုန်လပြည့်ေ
န့တွင် ဝေဘူဆရာတော်ကြီးမှာ တိလောကသဗ္ဗညု စေတီတော် ထီးတော်တင်နိုင်ရေးအတွက် လူသိများကျော်ကြားစအချိန်ဖြစ်သလို ပုပ္ပါးတွင်လည်း ဘိုးမင်းခေါင် သည် ကျော်ကြားလျှက်ရှိပြီ ဖြစ်လေသည်။
ထိုအချိန်မှာပင် မန္တလေးမြို့ အသောကာရုံတိုက်ထန်းတစ်ပင်ကျောင်းတွင် ဦးအာဒိစ္စနှင့် ဦးပဥ္ဇင်းနှစ်ပါးမှာလည်း စာသင်ကြားလျှက်ရှိပြီး တစ်နေ့တွင် ဦးအာဒိစ္စက ဘိုးမင်းခေါင်ဆိုသောပုဂ္ဂိုလ်ကြီးသည် ပုပ္ပါး၌ထင်ရှားကျော်ကြားနေသဖြင့် သွားရောက်လေ့လာရန်ခေါ်သဖြင့် ဦးစန္ဒိမာလည်းလိုက်သွားခဲ့လေသည်။
ဦးစန္ဒိမာနှင့် သိကြွမ်းရင်းနှီးသောအခါ အင်ကြင်းပင်စေတီတော်ကြီး ထီးတော်တင်ရန်ရှိ၍ ဘိုးမင်းခေါင်မှထီးလျှူချင်ကြောင်းလျှောက်ထားရာ ဦးစန္ဒိမာကိုယ်တိုင် ခင်ဦးမြို့နယ် အင်ကြင်းပင်ရွာသို့ကြွသွှားပြီး ဝေဘူဆရာတော်ကြီးအား ဘိုးမင်းခေါင်လျှောက်ထားသည်ကိုလျှောက်တင်လေသည်။ဝေဘူဆရာတော်ကြီးမှ ကောင်းပါ့ဗျာကောင်းပါ့ဗျာ ဟုမိန့်တော်မူလေသည်။
ဦးစန္ဒိမာသည် အင်ကြင်းပင်သို့ရောက်ရှိခိုက် ဝေဘူဆရာတော်ကြီး၏နိဿယ ကိုခံယူ၍ တရားအားထုပ်သေးသည်။တစ်ညတွင် တရားအားထုပ်ရင်းမိမိရင်ဘတ်ပေါ်မှ ဝေဘူဆရာတော်စျာန်ဖြင့်ကြွသွားကြောင်းဖူးတွေ့လိုက်ရသဖြင့် ချက်ချင်းပင် ဆရာတော်၏ ထန်းရွက်တဲအတွင်းဝင်သွားပြီး ဆရာတော်ကြီးအား ဝတ်ဖြည့်လေလျှင် ရန်ကုန်လက်မှတ်ယူထားပြီး ဘာကြောင့် လမ်းဘူတာဆင်းရတာလည်းဟု ဆီးမေးလေသဖြင့် တပည့်တော်သဘောပေါက်ပါပြီဘုရား ဟု ပြန်လည်လျှောက်တင်သောအခါ ဆရာတော်ကြီးမှ ဒုတတ္တာ ကျာက်ချဉ် ပင်လယ်ရေမြှှုပ်ဗျ မိန့်ကြားတော်မူလေသည်။
ဝေဘူဆရာတော်ကြီး မိန့်ကြားချက်ကို ယနေ့တိုင် အဓိပ္ပါယ် ဖေါ်မရဟုဆိုလေသည်။ထီးတော်တင်ခွင့်ပြုကြောင်း ဘိုးမင်းခေါင်အား ဦးစန္ဒိမာပြန်ပြောသောအခါ ထီးတော်ကိစ္စ၌ မိုးညှင်းဆရာတော်ကြီးဆန္ဒအရ အလုံမြို့့ပွဲစားကြီး ဦးစိုးပေ ဒေါ်တင်တင်မိသားစုတို့မှ ကျပ်ငွေ ၄၀၀၀ ဘိုး မင်းခေါင်အလျှူခံပုးံများမှ ၁၄၀၀ စုစုပေါင်း ၅၄၀၀ ကျပ်ဖြင့် ထီးတော်တင်လျှူကြလေသည်။
ဒုတိယအကြိမ် ဘိုးမင်းခေါင်နှင့် ဝေဘူဆရာတော်ကြီးတို့ တွေ့ဆုံဆက်သွယ်မှု ့တွင်လည်း ဦးစန္ဒိမာကပင် ဆောင်ရွက်ပေးလေသည်။ဘိုးမင်းခေါင်သည် ကမ္ဘာလုးံတံဆိပ်သင်းပိုင် ဗန္ဓုလတံဆိပ်ဧကသီကို ဝေဘူဆရာတော် ဦးကုမာရကို ပေးလျူရန် စေလွှတ်ပြန်လေသည်။
ဘိုးမင်းခေါင်သည် မိမိဦးခေါင်းကို လက်ဖြငိ့သပ်လိုက်ရာ ဆံပင်တစ်ချောင်းပါလာပြီး ၎င်းဆံပင်တစ်ချောင်းကိုပါ ဝေဘူဆရာတော်အားလျုခဲ့ပါ ဟု လျှောက်လိုက်လေသည်။ထိုအချိန်က ဝေဘူဆရာတော်သီတင်းသုးံနေသော ရွှေဘိုအောင်မြေသ ို့ ဦးစန္ဒိမာလိုက်သွားရာ နေဝင်စအချိန်ရောက်ရှိသွားလေသည်။
ဆရာတော်ကြီးအား ဘိုးမင်းခေါင်ဆက်ကပ်လိုက်သော ဆံပင်ကိုကပ်လျူရာ လက်ခံတော်မူပြီး ခေါင်းအုးံကြား ထည့်ထားလိုက်လေသည်။သင်္ကန်းမှာအချိန်မရသဖြင့် နံနက်တွင် ကပ်လျူလေသည်။
ဆွမ်းခံကြွကာနီးအချိန်တွင် ဆက်ကပ်ရာ အခု ဆုချီးမြှင့်ရမည်လားဟု မိန့်သဖြင့် ချီးမြှင့်ပါဘုရားဟု လျှောက်လျှင် ချက်ချင်းပင်သင်္ကန်းကို လဲဝတ်တော်မူသဖြင့် သင်္ကန်းအဟောင်းကို ဦးသုမနက သိမ်းယူသောအခါ ခြေဖြင့်ဖိထားပြီး ဦးစန္ဒိမာယူမှ ကြွပေးတော်မူသည်။
ဦးစန္ဒိမာက သင်္ကန်းဟောင်းကို ပေါင်ပေါ်တင်၍ ကိစ္စပြီးခဲ့ကြောင်းပြောရာ ဘိုးမင်းခေါင်ကသင်္ကန်းကိုယူပြီး လက်ဖြင့်ပိုက်၍ သာသနာတော်ကြီးရောက်လာပြီ သာသနာတော်ကြီးရောက်လာပြီဟု အားရဝမ်းသာ ရှိတော်မူလေသည်။ ထို့နောက်ခေါင်းဖြငိ့ရွက်၍ အရှင်ဥပဂုတ္တ မြသပိတ်ပေါ် တင်ထားလိုက်လေတော့သည်။
ဘိုးမင်းခေါင် ကပ်လျှူလိုက်သေ
ာ သင်္ကန်းမှာ မန္တလေးမြို့ ၂၈လမ်းမှ အမေရင်.ဖွားဖွားရင်.ဧ၊် ကောင်းမှု့ဖြစ်လေသည်။
ဦးစန္ဒိမာကိုယ်တော်မှာ ဟင်္သာတနယ် ဓမ္ဘီဇာတိဖြစ်၍ ယခုအခါ ဝေဘူဆရာတော်ကြီး စျာပန ဗဟိုကော်မတီ ဥက္ကဋ္ဌဖြစ်ပြီး စစ်ကိုင်းမြို့ ဆွမ်းဦးပုညရှင် စေတီတော်ကို ထိမ်းသိမ်းစောင့်ရှောက်ကာဓနုဖြူချောင်တွင် သီတင်းသုးံလျှက်ရှိလေသည်။
မြန်မာ၁၃၁၁ ခုနှစ်တွင် ဆရာတော်သည် ရွှေဘိုမှ ကြွသည်တွင် နိဗ္ဗာန်ဆော် ဦးတင်အောင်နှင့် ဦးချစ်မောင်တို့ လိုက်ပါသွားခဲ့လေသည်။ရန်ကုန်မြို့ တက္ကသိုလ်ဓမ္မာရုံ၌ သီတင်းသုးံတော်မူပြီး တရားဟောတော်မူရာ သမ္မတဟောင်စဝ်ရွှေသိုက် ကိုယ်တိုင် ဆရာတော်အားလာရောက်၍ ဝေယျာဝစ္စဆောင်ရွက်လုပ်ကိုင်ပေးလေသည်။
ဆရာကြီးဦးဘခင် ပင့်ဖိတ်ချက်အရ ရန်ကုန်မြို့ အင်းလျားမြိုင်လမ်း ဓမ္မရောင်ခြည်တည်ရာသို့ ပထမဆုးံ ကြွရောက်တော်မူဖူးလေသည်။
တက္ကသိုလ် ဓမ္မာရုံ၌ ဆရာတော် သီတင်းသုးံနေတော်မူစဉ် တွံတေးဆရာတော် ရန်ကုန်မှ ကျားကူးဆရာတော်တို့လာရောက်တွေ့ဆုံပြီးလျှင် ဆဋ္ဌသင်္ဃာယနာပွဲနီးပြီဖြစ်၍ ဆရာတော်တက်ရောက်စေိုကြောင်း ပရိယတ်မှာပြာ့်စုံသော်လည်း ပဋိပတ်တွင် ဆရာတော်ပါမှ ပြည့်စုံမည်ဖြစ်ကြောင်းလျှောက်ထားတော်မူကြလေသည်။
ရန်ကုန်မြို့တွင် ရှိနေစဉ်အတွင်း ရက်ကွက်အလိုက်ဆွမ်းခံကြွတော်မူရာ သမ္မတဟောင်းစဝ်ရွှေသိုက် ကိုယ်တို်င် သပိတ်ပိုက်၍ လိုက်ပါလေသည်။ ဆရာတော်ကြွရာလမ်းတစ်လျှောက် ယဉ်အသွားအလာကို ယဉ်ထိမ်းရဲများကထိမ်းသိမ်းပေးကြလေသည်ဖူးမြော်ကြည်ညိုသူလူအပေါင်းတိုး၍မပေါက်အောင် စည်ကားသည်။
အလျှူခံရသောပစ္စည်းမျာကို အလျှူခံခဲ့သည့်ရပ်ကွက်များရှိ ကျောင်းပေါင်း၂ဝအားအညီအမျှ ပြန်လည် ခွဲဝေ လျှူဒါန်းတော်မူလေသည်။
လျှူဖွယ်ပစ္စည်းများကို တပည့်ရင်း ဦးသုမနမှ သွားရောက်လျှူဒါန်းပေးရာ ပစ္စည်းများ များပြားလွန်းသဖြင့် ရန်ကုန်မိုးညင်းဆရာတော်ကြီးက ငါတန်ခိုးကြီးလှပြီ အောက်မေ့တာ မောင်ဝေဘူရဲ့ မီးဖိုချောင်လောက်ရှိ ပါသေးလား ဟု ရယ်မောကာပြောဆိုသည်ကို ဦးသုမနနှင့် အတူပါသူ ဦးထင်အောင်တို့်ကိုယ်တိုင် ကြားခဲ့ရသည်ဟု ဆိုလေသည်။
ဆဋ္ဌသင်္ဃာရနာပွဲ ကြွရောက်ရန် ဖိတ်ကြားခြင်းခံတော်မူရသော ဝေဘူဆရာတော်ကြီးသည် ပထမနေ့တွင် အထူးဧည့်သည်တော်အခန်း၌ နေတော်မူသည်
ဒုတိယနေ့တွင် မစိုးရိမ်ဆရာတော်နှင့်အတူ အလယ်ထပ်၌သီတင်းသုးံတော်မူသည်။တတိယနေ့တွင် ညောင်ရမ်းဆရာတော်နှင့် အမြင့်ဆုးံသောနေရာပေးခြင်း ခံယူတော်မူပြီးနောက်ညောင်ရမ်းဆရာတော်ကြီးသည် ဝေဘူဆရာတော်အား လျှိုင်ဂူပေါက်အထိ လိုက်ပါပို့ဆောင်ကာ ပရိသတ်အပေါင်းတို့အားဝေဘူဆရာတော်ဟဲ့ ဖူးကြဖူးကြ ဟုမိန့်တော်မူလေသည်။
သင်္ဃာရနာတင်ပွဲ ပြီးပြီးခြင်း ပြန်ကြွတော်မူရာ ထိုအချိန်ကရန်ကုန်ဘူတာကြီးကို အသစ်တည်ဆောက်ပြီးဖြစ်၍ မီးရထားမင်းကြီး ဦးသိန်းညွန့်ကိုအကြောင်:ပြုပြီး ရန်ကုန်ဘူတာကြီးအားဝေဘူဆရာတော်ကြီးမှ ပရိတ်ရွတ်ကာ ဖွင့်လှစ်ပေးခဲ့သည်။သံဃာအပါး၂ဝဖြင့်မေတ္တာသုတ်ရွတ်ကာ ဘူတာရုံကြီးကိုဖွင့်လှစ်ပေးတော်မူခဲ့လေသည်။
|
https://www.dhammaransi.com/index.php/new/322-2017-12-19-07-06-21.html
|
ဘာသာမရွေးကျင့်ကြံနိုင်တဲ့ မင်္ဂလာတရားတော်များ
|
ဘာသာမရွေးကျင့်ကြံနိုင်တဲ့ လကာင်္လေးပါ....။
၃၈-ဖြာ မင်္ဂလာ
ဘာသာမရွေး, ပုဂ္ဂိုလ်မရွေး, လူမျိုးမရွေး, လိုက်နာကျင့်သုံးကြဖို့၊ ထိုသို့လိုက်နာကျင့်သုံးနိုင်ကြမယ်ဆိုရင် ရန်သူရန်ဘက် မနှိပ်စက်နိုင်ခြင်းအကျိုး၊ ဘေးရန်ကင်းကွာ လွန်ချမ်းသာခြင်းအကျိုး၊ တိုးတက်စည်ကား လွန်ကြီးပွားခြင်း အကျိုးများကို ရရှိခံစားကြရဖို့ရာ ၃၈-ဖြာမင်္ဂလာကို မြတ်စွာဘုရား ဟောကြားတော်မူ ခဲ့ပါသည်။
ဆက်ဆံရေးမင်္ဂလာ ၃-ပါး
၁။ အသေဝနာ စ ဗာလာနံ-လူမိုက်ဆိုလျှင်၊ ဝေးဝေးပင်၊ ရှောင်ကြဉ်နေရမည်။
၂။ ပဏ္ဍိတာနဥ္စ သေဝနာ-ပညာရှိမြတ်၊ ပေါင်းဖော်အပ်၊ ဆည်းကပ်နေရမည်။
၃။ ပူဇာ စ ပူဇနေယျာနံ-ပူဇော်ထိုက်သူ၊ စိတ်ကြည်ဖြူ၊ ပူဇော်နေရမည်။
နေထိုင်ရေးမင်္ဂလာ ၃-ပါး
၁။ ပတိရူပ ဒေသဝါသော စ-သင့်တင့်လျောက်ပတ်၊ ထိုအရပ်၊ မပြတ်နေရမည်။
၂။ ပုဗ္ဗေ စ ကတပုညတာ-အတိတ်ဘဝ၊ မြတ်ဒါန၊ မုချရှိရမည်။
၃။ အတ္တသမ္မာပဏိဓိ စ-မိမိခန္ခာ၊ ထိန်းကျောင်းကာ၊ ကောင်းစွာထားရမည်။
ပညာရေးမင်္ဂလာ ၄-ပါး
၁။ ဗာဟုသစ္စဥ္စ-ပညာဆိုလျှင်၊ ကြား-သိ-မြင်၊ စုံလင် ပြည့်ရမည်။
၂။ သိပ္ပဥ္စ-လက်မှုပညာ၊ စက်မှုပါ၊ စုံစွာတတ်ရမည်။
၃။ ၀ိနယော စ သုသိက္ခိတော-ရဟန်းကျင့်ဝတ်၊ လူကျင့်ဝတ်၊ မချွတ်ထိန်းရမည်။
၄။ သုဘာသိတာ စ ယာ ၀ါစာ-စကားချိုသာ၊ ပျားသကာ၊ ကောင်းစွာဆိုရမည်။
ပြုစုလုပ်ကျွေးရေးမင်္ဂလာ ၃-ပါး
၁။ မာတာပိတု ဥပဋ္ဌာနံ-အမိ-အဖ၊ လုပ်ကျွေးကြ၊ နိစ္စမြဲရမည်။
၂။ ပုတ္တဒါရဿ သင်္ဂဟော-သားနှင့်သမီး၊ ကိုယ့်ဇနီး၊ ချီးမြှင့်ကြရမည်။
၃။ အနာကုလာ စ ကမ္မန္တာ-အပြစ်ကင်းကွာ၊ အလုပ်သာ၊ မှန်စွာလုပ်ရမည်။
ကူညီဆောင်ရွက်ရေးမင်္ဂလာ ၄-ပါး
၁။ ဒါနဥ္စ-ပေးကမ်းစွန့်ကြဲ၊ အလှူပွဲ၊ အမြဲရှိရမည်။
၂။ ဓမ္မစရိယာ စ-ကုသိုလ်တရား၊ လေ့လာပွား၊ ကြိုးစားကျင့်ရမည်။
၃။ ဉာတကာနဥ္စ သင်္ဂဟော-ဆွေမျိုး လူမျိုး၊ အများကျိုး၊ သယ်ပိုးကြရမည်။
၄။ အနဝဇ္ဇာနိ ကမ္မာနိ-ကောင်းမှုထင်လင်း၊ အပြစ်ကင်း၊ မယွင်းပြုစုမည်။
ရှောင်ကြဉ်လိုက်နာရေးမင်္ဂလာ ၄-ပါး
၁။ အာရတီ ပါပါ-မကောင်းမှုလျှင်၊ စိတ်နှင့်ပင်၊ ရှောင်ကြဉ်ကြရမည်။
၂။ ၀ိရတီ ပါပါ-မကောင်းမှုလျှင်၊ ကိုယ်နှုတ်ပင်၊ ရှောင်ကြဉ်ကြရမည်။
၃။ မဇ္ဇပါနာစ သံယမော-သေရည်သေရက်၊ သောက်စားဖက်၊ တသက်ရှောင်ရမည်။
ခြိုးခြံခြင်းမင်္ဂလာ ၄ပါး
၁။ တပေါ စ-ခြိုးုခြံမဖြုန်း၊ သူမြတ်ထုံး၊ ကျင့်သုံးနေရမည်။
၂။ ဗြဟ္မစရိယဥ္စ-စင်ကြယ်မြင့်မြတ်၊ ပဋိပတ်၊ မပြတ်ကျင့်ရမည်။
၃။ အရိယသစ္စာန ဒဿနံ-သစ္စာလေးပါး၊ မြတ်တရား၊ ပိုင်းခြား မြင်ရမည်။
၄။ နိဗ္ဗာန သစ္ဆိကိရိယာစ-အပူကင်းပျောက်၊ နိဗ္ဗာန်ရောက်၊ မျက်မှောက်ပြုရမည်။
မတုန်လှုပ်ခြင်းမင်္ဂလာ ၄-ပါး
၁။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ-လောကဓံများ၊ တွေ့သော်ငြား၊ စိတ်ထားငြိမ်ရမည်။
၂။ အသောကံ-ဆွေမျိုး ပျက်ချိန်၊ ဂုဏ်သေးမှိန်၊ စိုးရိမ်ကင်းရမည်။
၃။ ၀ိရဇံ-ကိလေသာမျိုး၊ ရမ္မက်ဆိုး၊ ဖြတ်ချိုးရှင်းရမည်။
၄။ ခေမံ-ကိုယ်တွင်း ကိုယ်ပြင်၊ ကိလေစင်၊ ဘေးလျှင်ကင်းရမည်။
ဤမင်္ဂလာများကို လိုက်နာကျင့်သုံး နေထိုင်သွားကြမယ်ဆိုရင် မြန်မာ ပြည်သူ ပြည်သား ဗုဒ္ဓဘာသာ ကလျာဏနွယ်ဝင် သူတော်စင် အမျိုးကောင်းသား, အမျိုးကောင်းသမီးတို့မှာ ရန်သူရန်ဘက် မနှိပ်စက်နိုင်ခြင်း၊ ဘေးရန်ကင်းကွာ လွန်ချမ်းသာခြင်း၊ တိုးတက်စည်ကား လွန်ကြီးပွားခြင်းအကျိုးတို့ကို ရရှိခံစားကြရမှာ ဖြစ်ပါသည်။
ချမ်းသာကြီးဆရာတော် ဦးဇောတိက
ဘဝချမ်းသာရေး တွေးမြင်ကြံဆ ဓမ္မအရသာ-စာအုပ်မှ
၃၈-ဖြာ မင်္ဂလာ
( မင်္ဂလာ အမွှန်း )
ယံ မင်္ဂလံ ဒါွဒသဟိ၊ စိန္တယိံသု သဒေဝကာ။
သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတိံသဥ္စ မင်္ဂလံ။
နတ်နှင့်တကွသော လူတို့သည် ၁၂-တိုင်အောင် ကြံစည်တွေးတောပါသော်လည်း မင်္ဂလာတရား၏ အဓိပ္ပါယ်ကို မသိနိုင်ကြကုန်။ မင်္ဂလာတရားသည် အရေအတွက်အားဖြင့် ၃၈-ပါးရှိ၏။ မင်္ဂလာတရားသည် တိုးတက်ကြီးပွား ချမ်းသာများခြင်း၏ အကြောင်းဖြစ်၏။
ဒေသိတံ ဒေဝဒေဝေန၊ သဗ္ဗပါပဝိနာသနံ။
သဗ္ဗလောကဟိတတ္ထာယ၊ မင်္ဂလံ တံ ဘဏာမဟေ။
နတ်တကာတို့သည် မြတ်သော ၀ိသုဒ္ဓိနတ် ဘုရားမြတ်သည် သတ္တဝါအားလုံးတို့၏ အကျိုးစီးပွားအလို့ငှါ မင်္ဂလာတရားကို ဟောတော်မူခဲ့ပါသည်။ အလုံးစုံသော မကောင်းမှုကို ပယ်ဖျောက်တတ်သောကြောင့် မင်္ဂလာဟု ခေါ်ပါသည်။ အို-သူတော်ကောင်းတို့...ထိုမင်္ဂလာတရားတော်ကို ကျွန်ုပ်တို့ ရွတ်ဖတ်ကြပါကုန်စို့။
( မင်္ဂလာနိဒါန်း )
ဧဝံ မေ သုတံ၊ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ၀ိဟရတိ၊ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။
အထ ခေါ အညတရာ ဒေဝတာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏာ ကေဝလကပ္ပံ ဇေတဝနံ သြဘာသေတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိ၀ါဒေတွာ ဧကမန္တံ အဋ္ဌာသိ၊ ဧကမန္တံ ဌိတာ ခေါ သာ ဒေဝတာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ။
အကျွန်ုပ်အာနန္ဒာသည် မင်္ဂလာတရားတော်ကို မြတ်စွာဘုရား၏ ရှေ့မှောက်တော်မှ ဤသို့ ကြားနာမှတ်သားခဲ့ရ ပါသည်။ အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး ဆောက်လုပ်လှူဒါန်းသော ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူပါသည်။
ထိုအခါ မထင်ရှားသော နတ်သားတယောက်သည် သန်းခေါင်ယံအချိန်၌ မြတ်စွာဘုရားရှိရာသို့ ချဉ်းကပ်လာပါ သည်။ ဇေတဝန်တကျောင်းလုံး နတ်သား၏ ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းတောက်ပနေပါသည်။ မြတ်စွာဘုရားရှိရာသို့ ချဉ်းကပ်လာသော နတ်သားသည် သင့်လျော်ရာအရပ်၌ မတ်တတ်ရပ်လျက် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် ဂါထာဖြင့် ဤသို့ မေးလျှောက်လေသည်။
( မင်္ဂလာ တရားတောင်း )
ဗဟူဝေဒါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ များစွာကုန်သော နတ်နှင့်လူတို့သည် စင်ကြယ်သော နိဗ္ဗာန်ချမ်းသာကို လိုချင်တောင့်တကုန်၍ မင်္ဂလာတရားတော်ကို ၁၂-နှစ်ကြာမျှ ကြံစည်တွေးတော ပါသော်လည်း မသိနိုင်ကြပါကုန်။ ထိုမင်္ဂလာတရားကို ရှင်းလင်းဟောကြား ပေးသနားတော်မူပါဘုရား။
( ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃-ပါး )
အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဥ္စ သေဝနံ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ
၁။ လူမိုက်ကို မမှီဝဲ မပေါင်းသင်းခြင်း။
၂။ ပညာရှိကို မှီဝဲဆည်းကပ် ပေါင်းသင်းခြင်း။
၃။ ပူဇော်ထိုက်သူကို ပူဇော်ခြင်း။
ဤသုံးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။
(လင်္ကာ)
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး၊ မြှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
( နေရေး ထိုင်ရေး မင်္ဂလာ ၃-ပါး )
ပတိရူပ ဒေသဝါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
၄။(၁)။သင့်လျော်သောအရပ်၌ နေရခြင်း။
၅။ (၂)။ ရှေး၌ပြုဖူး ကောင်းမှုအထူးရှိခြင်း။
၆။ (၃)။ မိမိ၏ ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းခြင်း။
ဤသုံးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။
(လင်္ကာ)
ကုသိုလ်ပညာ ဥစ္စာရဖို့၊ သင့်ရာဒေသ အမြဲနေ။
ရှေးကတင်ကြို ပြုခဲ့ဖူးသည့်၊ ကောင်းမှုအထူး ရှိပါစေ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့၊ မတိမ်းစေနဲ့ ဆောက်တည်လေ။
ဥစ္စာကိုပေး နေထိုင်ရေး၊ မြှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
( သင်ကြားရေး မင်္ဂလာ ၄-ပါး )
ဗာဟုသစ္စဥ္စ သိပ္ပဥ္စ၊ ၀ိနယော စ သုသိက္ခိတော။
သုဘာသိတာ စ ယာ ၀ါစာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၇။ (၁)။ လောကီ လောကုတ် အကြားအမြင်များခြင်း။
၈။ (၂)။ စက်မှု လက်မှု အတတ်တို့ကို တတ်ခြင်း။
၉။ (၃)။ လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ကောင်းစွာ သင်ကြားနားလည်ခြင်း။
၁၀။ (၄)။ အပြောအဆို ချိုသာ ယဉ်ကျေးခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။
(လင်္ကာ)
တတ်ကောင်းတတ်ရာ ဟူသမျှကို၊ ကြားမြင်သုတ ရှိပါစေ။
အိုးအိမ်တည်ထောင် ဝမ်းစာရေးနဲ့၊ အသက်မွေးဖို့ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို၊ ကောင်းစွာသင်ကြား နားလည်စေ။
မှန်ကန်ယဉ်ကျေး ချိုသာအေး၊ ဆိုရေး တတ်ပါစေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
( ပြုစုရေး မင်္ဂလာ ၃-ပါး )
မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၁။ (၁)။ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုခြင်း။
၁၂။ (၂)။ သားမယားတို့ကို တရားနှင့်အညီ လုပ်ကျွေးခြင်း။
၁၃။ (၃)။ အနှောင့်အယှက်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း။
ဤသုံးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။
(လင်္ကာ)
မြင်းမိုရ်ရွှေတောင် မိဘများကို၊ ကောင်းစွာဆင်ပေး ဝတ်ကျေကျေ။
ကြွေးသစ်ချကာ သားနှင့်မယားကို၊ မြှောက်စားချီးမြှင့် ဝတ်ကုန်စေ။
အလုပ်တာဝန် မလစ်ဟင်းနဲ့၊ အပြစ်ကင်းအောင် လုပ်ပါလေ။
စည်းစိမ်ကိုပေး ပြုစုရေး မြှော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
( လိုက်နာကျင့်သုံးရေး မင်္ဂလာ ၄-ပါး )
ဒါနဥ္စ ဓမ္မစရိယာ စ၊ ဉာတကာနဥ္စ သင်္ဂဟော။
အနဝဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၄။ (၁)။ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း။
၁၅။ (၂)။ သုစရိုက်တရားကို ကျင့်ခြင်း။
၁၆။ (၃)။ ဆွေမျိုးးတို့အား ထောက်ပံ့ကူညီခြင်း။
၁၇။ (၄)။ အပြစ်မရှိသော အမှုတို့ကို ပြုခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။
(လင်္ကာ)
သုံးတန်စေတနာ ဖြူစင်လန်းလို့၊ ပေးကမ်းဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊ သင်္ဂဟတရားနဲ့ ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး လူထုကျိုး သယ်ပိုးရွက်ဆောင်စေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
( ရှောင်ကြဉ်ရေး မင်္ဂလာ ၃-ပါး )
အာရတီ ၀ိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။
အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၈။ (၁)။ မကောင်းမှု မဖြစ်အောင် စိတ်ဖြင့် ရှောင်ကြဉ်ခြင်း။
၁၉။ (၂)။ မကောင်းမှု မဖြစ်အောင် ကိုယ်နှုတ် ၂-ပါးဖြင့် ရှောင်ကြဉ်ခြင်း။
၂၀။ (၃)။ မူးယစ်သေစာ မသောက်စားခြင်း။
၂၁။ (၄)။ ကုသိုလ်တရားတို့၌ မမေ့ မလျော့ခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။
(လင်္ကာ)
မကောင်းမှုတွေ ဟူသမျှကို၊ မတွေ့ခင်က ရှောင်ကြဉ်လေ။
တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့၊ အထူးသဖြင့် စောင့်စည်းလေ။
အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ အရာပေ။
လုပ်ကိုင်ပြောကြား သတိထား တရားမမေ့စေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
( စိတ်ထားရေး မင်္ဂလာ ၅-ပါး )
ဂါရဝေါ စ နိ၀ါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။
ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၂၂။ (၁)။ ရိုသေထိုက်သော သူကို ရိုသေခြင်း။
၂၃။ (၂)။ မိမိကိုယ်ကို နှိမ့်ချရခြင်း။
၂၄။ (၃)။ ရောင့်ရဲလွယ်ခြင်း။ (လောဘအပို အလိုမလိုက်ခြင်း)
၂၅။ (၄)။ သူတပါးကျေးဇူးကို သိခြင်း။
၂၆။ (၅)။ သင့်လျော်သောအခါ တရားနာခြင်း။
ဤငါးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။
(လင်္ကာ)
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊ ဆည်းကပ်ခစား ရိုသေလေ။
မာနတံခွန် ဂုဏ်မကြွနဲ့၊ ကိုယ့်ကိုနှိမ်ချ အမြဲနေ။
လောဘအပို လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်စေ။
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား မြတ်တရား၊ နာကြား မပြတ်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
( သည်းခံရေး မင်္ဂလာ ၄-ပါး )
ခန္တီ စ သောဝစဿတာ၊ သမဏာနဥ္စ ဒဿနံ။
ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၂၇။ (၁)။ သည်းခံခြင်း။
၂၈။ (၂)။ ဆုံးမလွယ်ခြင်း။
၂၉။ (၃)။ ရဟန်းသံဃာတို့အား ဖူးမြော်ခြင်း။
၃၀။ (၄)။ သင့်လျော်သောအခါ တရားဆွေးနွေးခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။
(လင်္ကာ)
ဝတ်စားနေထိုင် ရန်ခပ်သိမ်း၊ စိတ်ကိုချုပ်ထိန်း သည်းခံလေ။
ကျိုးကြောင်းပြညွှန် ဆုံးမစကား၊ ပြောကြားလာက နာလွယ်စေ။
သူမြတ်ပုဂ္ဂိုလ် ဟူသမျှ၊ မကြာခဏ တွေ့ဆုံလေ။
သဘာဝတွေး မှန်ကန်ရေး ဆွေးနွေးမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
( ခြိုးခြံရေး မင်္ဂလာ ၄-ပါး )
တပေါ စ ဗြဟ္မစရိယဥ္စ၊ အရိယသစ္စာနဒဿနံ။
နိဗ္ဗာန သစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
၃၁။ (၁)။ ခြိုးခြံစွာ ကျင့်ခြင်း။
၃၂။ (၂)။ မြတ်သော အကျင့်ကို ကျင့်ခြင်း။
၃၃။ (၃)။ သစ္စာလေးပါးကို သိခြင်း။
၃၄။ (၄)။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။
(လင်္ကာ)
လောကီအာရုံ ဇိမ်ယစ်မူးလို့၊ အပျော်မကြူးနဲ့ ခြိုးခြံလေ။
မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့၊ သူမြတ်ကျင့်ထုံး ယွင်းမသွေ။
လေးပါးသစ္စာ ဉာဏ်မြင်ကြည့်လို့၊ အမှန်သိအောင် ကြိုးစားလေ။
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း အလင်းပေါက်နိုင်စေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
( စိတ်ထားရေး မင်္ဂလာ ၄-ပါး )
ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္မတိ။
အသောကံ ၀ိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၃၅။ (၁)။ လောကဓံတရားနှင့် တွေ့ကြုံသောအခါ စိတ်ဓာတ်မတုန်လှုပ်ခြင်း။
၃၆။ (၂)။ မစိုးရိမ်ခြင်း။
၃၇။ (၃)။ ကိလေသာမြူ ကင်းခြင်း။
၃၈။ (၄)။ ဘေးကင်းခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။
(လင်္ကာ)
ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေကြ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တလဲစီလှည့် အမြဲနေ။
လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
သောကကိုထိန်း ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
မှတ်ချက်။
၁-မှ ၃၂-အထိ လောကီ မင်္ဂလာ။ ကျန် ၆-ပါး လောကုတ္တရာ မင်္ဂလာ။
၁-မှ ၃၃-အထိ အကြောင်း မင်္ဂလာ။ ကျန် ၅-ပါး အကျိုး မင်္ဂလာ-ဟု မှတ်ပါ။
( မင်္ဂလာအကျိုးပြ နိဂုံး )
ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။
ဤ သုံးဆယ့်ရှစ်ပါးသော မင်္ဂလာတရားတို့ကို လိုက်နာပြုကျင့်သောကြောင့် ရန်သူမှန်သမျှ အနို်ငမခံရ၊ အရပ်ဒေသ အားလုံးတို့၌ ကြီးပွား ချမ်းသာခြင်းသို့ ရောက်နိုင်၏။
၃၈-ဖြာ မင်္ဂလာတရားသည် နတ်လူတို့အတွက် အမြတ်ဆုံးသော မင်္ဂလာမည်၏။
(လင်္ကာ)
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို၊ လိုက်နာကျင့်သုံး ပန်သူတွေ။
စီးပွားချမ်းသာ ကျက်သရေတိုးလို့၊ ကောင်းကျိုးစည်ပွင့် တဝေဝေ။
ဘေးကင်းရန်ကွာ ချစ်သူပေါလို့၊ စိတ်ရော ကိုယ်ရော ချမ်းသာမလေ။
ပြောဆိုကြံဆ ဆောင်သမျှ၊ အောင်ရမည် ကိန်းသေ။
အဲဒါကြောင့် ပန်ကြ ဆင်ကြ မင်္ဂလပန်းခိုင်တွေ။
|
https://www.dhammaransi.com/index.php/new/323-2017-12-19-05-27-31.html
|
တရားနဲ့ပူဇော်တာအမြတ်ဆုံးလို့ ဘာကြောင့်ပြောရတာလဲ
|
အမေး။ ။အရှင်ဘုရား….ဘုရားရှင်ပရိနိဗ္ဗာန်စံခါနီးမှာ နတ်ဗြဟ္မာတွေက ပန်းနံ့သာတို့နဲ့ပူဇော်လာကြတာကိုအကြောင်းပြုပြီး ဘုရားရှင်က “ငါဘုရားကို ပန်းနံ့သာတို့နဲ့ ပူဇော်ပေမဲ့ ပူဇော်တယ်လို့ မခေါ်သေးပါဘူး။ သီလ သမာဓိ ပညာ တရားအားလျော်တဲ့အကျင့်ပဋိပတ္တိကို ကျင့်နေတဲ့ ပုဂ္ဂိုလ်မှသာ ငါဘုရားကို အမွန်မြတ်ဆုံး ပူဇော်ခြင်းနဲ့ ပူဇော်ရာရောက်ပါတယ်” လို့ မိန့်တော်မူထားပါတယ်။ တပည့်တော် သိချင်တာက ဘုရားရှင် ဟာ ယခင်က ပစ္စည်းဝတ္ထုနဲ့ ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူ
းကိုဆင်ခြင်ပြီး လှူရင် အကျိုးကြီးမြတ် ကြောင်းကို ဟောကြားတော်မူပါလျှက် ယခုပရိနိဗ္ဗာန် ပြုခါနီးကျမှ ပစ္စည်းနဲ့ပူဇော်တာထက် တရားနဲ့ပူဇော်တာက ပိုပြီး အကျိုးကြီးမြတ်တယ်လို့ ဘာကြောင့် ပစ္စည်းနဲ့ပူဇော်တာကို ပယ်ရတာလဲဘုရား။
မနွယ်နွယ်အေး
ရန်ကုန်
အဖြေ။ ။ ပန်းနံ့သာတို့ဖြင့်ပူဇော်တာထက် သီလ သမာဓိ ပညာတို့ဖြင့် ပူဇော်တာက အမြတ်ဆုံးရယ်လို့ ဟောတော်မူ တဲ့အကြောင်းအရင်းက ဘုရားရှင်ဟာ ပရိသတ်ကို ချီးမြောက်လိုတော်မူတာကတစ်ကြောင်း၊ သာသနာတော်ကြီး အရှည်တည်တံ့ခြင်းကို လိုလားတော်မူတာက တစ်ကြောင်း ဖြစ်ပါတယ်။
ဒီလိုသာဟောတော်မမူခဲ့ဘူးဆိုရင် နောင်အခါမှာ သီလ သမာဓိ ပညာနဲ့ပတ်သက်ပြီး ဟောပြောတိုက်တွန်းမှု နည်းပါးလာကာ ဘာဝနာ တရားအားထုတ်မှုမရှိတော့။ ပန်းနံ့သာစတာတွေနဲ့ ပူဇော်ရတဲ့အကျိုးကိုသာဟောပြောညွန်ကြားကာ ဒကာ-ဒကာမများ အလှှူဒါန(အာမိသပူဇာ) ကိုသာ ပြုနေရစ်ကြပါလိမ့်မယ်။
သာသနိကအဆောက်အအုံဖြစ်တဲ့ ကျောင်းကန်ဘုရားများဟာ သာသနာကို အရှည်တည်တံ့အောင် မစွမ်းဆောင် နိုင်ပါဘူး။ လှူဒါန်းပူဇော်သူရဲ့ လူနတ်နိဗ္ဗာန် သုံးတန်ချမ်းသာအတွက်သာ ဖြစ်တယ်။
အမှန်က ကောင်းမွန်တဲ့အကျင့်ဆိုတဲ့ သီလ သမာဓိ ပညာအကျင့်တရားတွေကသာ သာသနာတော်ကြီး အရှည်တည်တံ့အောင် စွမ်းဆောင်နိုင်ပါတယ်။ အာမိသာပူဇာကို အကျိုးမရှိဘူးလို့ ဟောတော်မမူသလို ပယ်တာလဲမဟုတ်ဘူးဆိုတာ ဖြေကြားပေးလိုက်ပါတယ်။
ဒါကြောင့် အခုခေတ်တရားပွဲတွေမှာ အချို့တရားဟောဆရာများက ဘုရားမှာ အာမိသပူဇာဖြစ်တဲ့ ပန်းနံ့သာစတာတွေကို လှူရင် အပိုအလုပ်တွေပါလို့ ဟောနေပြောနေကြတာတွေကို စာချစ်သူများအား သတိထားဖို့ပြောပါရစေ၊ ဒီဝါဒဟာ ဟိုယခင်တုန်းက ပေါ်ပေါက်ခဲ့တဲ့ အဓမ္မ အယူဝါဒဖြစ်ပါတယ်။ (မဟာဗုဒ္ဓဝင်၊ပဥ္စမတွဲ၊နှာ-၄၂၆-၄၂၇)
စာရေးသူ- ဦးကောဝိဒ(မြိတ)်
|
https://www.dhammaransi.com/index.php/new/324-2017-12-19-04-12-59.html
|
ယုံကြည်မှုအမှား
|
“ကံအရှိန်ကြောင့်သာ ဂြိုလ်နက္ခတ်ပြောင်းပါသည်။ ဂြိုလ်နက္ခတ်ကြောင့် ကံအရှိန်ပြောင်းတာမဟုတ်ပါ။”
❖ ဆိုပါအုန်း “ဂြိုလ်နက္ခတ်ကြောင့် ကံအရှိန် ပြောင်းတာမဟုတ်ပါ။ ကံအရှိန်ကြောင့်သာ ဂြိုလ်နက္ခတ် ပြောင်းပါသည်။”
❖ သတိထားကြနော်။ သြစတြေးလျမှာ အခုတော့ ပြန်လွန်တော်မူသွားပြီ ဆရာတော်ကြီးတစ်ပါး ရှိတယ်။ အင်မတန် အေးချမ်းတာ။ ဆရာတော်ကြီးက ဘွဲ့တွေလည်းပဲ အများကြီးပဲ။ အင်္ဂလိပ်လိုလည်း သီဟိုဠ်မှာ သင်ထား အင်္ဂလန်မှာလည်း သင်တန်းပေးနဲ့ နောက်ဆုံးပိတ် သူ သြစတြေးလျမျာ ဇာတ်မြှုပ်ထားတာ။ ဘဝကို ရင်းထားတာ။ ကြည်ညိုစရာ အင်မတန်ကောင်းတာ။
❖ အဲ့ဒီမှာ ကျောင်းဝိုင်းမှာ ဘုရားတည်တော့ ဘုန်းကြီးက သိခဲ့ရတယ်။ ဂြိုလ်(၈)ခွင်နေရာမှာ မဂ္ဂင်(၈)ပါးပဲ ရေးထားတယ်။ ဂြိုလ်လို့ ရေးမထားဘူး။ ရှစ်ထောင့်မှာနော် ဂြိုလ်ရေးမထားဘူး။ မဂ္ဂင်(၈)ပါးပဲ ရေးထားပြီး ဘုရားလေးတွေ ပူဇော်ထားတော့ သဘောကြလိုက်တာ။
❖ နောင်မျိုးဆက်သစ်တွေအတွက် လမ်းပြခဲ့တာလေ။ ဂြိုလ်စီးဂြိုလ်နင်းဆိုတာ တကယ်မှ မရှိတာကြီးကို။ ဒါလည်း ယုံကြည်မှု အမှားပဲနော်။ ဥပမာဖြင့် နေမကောင်ဘူး အမှုအခင်းတွေ ပေါ်တယ်၊ စိတ်ညစ်စရာတွေ့ရင် အို.. အင်္ဂါဂြိုလ်စီးလို့ စနေဂြိုလ်စီးလို့ဆိုပြီး ဘုရားဂြိုလ်တိုင်သွားပြီး ရေလောင်းရတာအမော။
❖ ဒါကို “သုနက္ခတ္တံ သုမင်္ဂလံ” ပုဗ္ဗဏှသုတ်မှာ ပါပြီးသား။ ဒီနေ့အဖို့ “ကောင်းသော ဝစီကံ၊ ကောင်းသော ကာယကံ၊ ကောင်းသော မနောကံ” ဖြစ်ရင် ကောင်းသောဂြိုလ်နက္ခတ် ပြောင်းသွားတာပါတဲ့။ ဓာတ်တွေ အကုန်ပြောင်းပေးရတာ်။ သဘောပေါက်ရဲ့လား?
❖ အဲ့ဂြိုလ်စီးတာကို ဗေဒင်ဆရာက မြင်ရမလား? (မမြင်ရပါဘူး ဘုရား။) ဂြိုလ်ကြီး မြင်ရမလား။ စီးတာရော တွေ့လား? ဒါလညး် ယုံတာပဲလေ။ ယုံကြည်မှု အမှားတွေပေါ့။ အဲတော့ ဟိုတုန်းကတော့ အကောင်တွေ ပလောင်တွေနဲ့ အရုပ်တွေဆိုတော့ လူတွေက မကြည်ညိုမှစိုးလို့ ဂြိုလ်တိုင်မှာ ဘုရားထားပေးတယ်။ မျက်စိလှည့်ထားတာပေါ့နော်။
..
❖ ဒါကို “သုနက္ခတ္တံ သုမင်္ဂလံ” ပုဗ္ဗဏှသုတ်မှာ ပါပြီးသား။ ဒီနေ့အဖို့ “ကောင်းသော ဝစီကံ၊ ကောင်းသော ကာယကံ၊ ကောင်းသော မနောကံ” ဖြစ်ရင် ကောင်းသောဂြိုလ်နက္ခတ် ပြောင်းသွားတာပါတဲ့။ ဓာတ်တွေ အကုန်ပြောင်းပေးရတာ်။ သဘောပေါက်ရဲ့လား?
❖ ဘုရားမှာ ရေသပ္ပါယ်ရမယ်ဆိုတော့.. ဒကာမတစ်ယောက် ဘုန်းကြီးကကြည့်နေတာ မနက်အစောကြီး ဆောင်းတွင်းကြီး သူက အနွေးထည်နဲ့ ဘုရားကို ရေလောင်းနေတာ။ ဘုန်းဘုန်းက ခေါင်းညိမ့်တယ်.. ဘယ်လိုလုပ် ယတြာ ဘယ်လိုလုပ်ကောင်းမှာလဲ စေတနာက မှန်လား? မမှန်ဘူး။
❖ အဲလို အမှားတွေ အများကြီးတွေ့ရလို့ ဆရာတော်ကြီးက ဂြိုလ်တိုင်မထားဘူးတဲ့ ဘုရားတည်တာနော်။ ထောင့်ရှစ်ထောင့်မှာ မဂ္ဂင်(၈)ပါးပဲ ရေးထာားတယ်။ ဘုရားပူဇော်ထားတယ်။ မကောင်းဘူးလား? ကိုယ်ဘုရားတည်ရင် လုပ်ရဲပါ့မလား? အေး အဲ့အတိုင်းလုပ်ကြ။ သဘောပေါက်လား။ နားလည်တယ်နော်။
❖ ကောင်းပြီနော်။ ဒီတော့ ပြန်ဆိုပါအုန်း “ဂြိုလ်နက္ခတ်ကြောင့် ကံအရှိန် ပြောင်းတာမဟုတ်ပါ။ ကံအရှိန်ကြောင့်သာ ဂြိုလ်နက္ခတ် ပြောင်းပါသည်။” သဘောပေါက်လား?
❖ ဂြိုလ်စီးဂြိုလ်နင်းဆိုတာ ကြောက်စရာလိုသေးလား? အဆင့်မြင့် ဗေဒင်ဆရာကြီးတွေ ရှိပါတယ်။ ဘုန်းဘုန်းရယ်တဲ့ တကယ်တော့ ပါပဂြိုလ်ဆိုတာက ဓာတ်ကိုပြောတာပါတဲ့။ ဘာကို ပြောတာလဲ (ဓာတ်ကို ပြောတာပါ ဘုရား။)
❖ ဥပမာ တနင်္ဂနွေ စနေဆိုရင်တဲ့ မီးဓာတ်တဲ့၊ မီးခဲဓာတ် မီးတောက်ဓာတ်ဆိုတာ အပူဓာတ်ကို ပြောတာပါတဲ့။ မီးဆိုရင် လေပါ မလာဘူးလား? ဗျောက်အိုးဖောက်တယ်ဆိုရင် မီးပေါက်တယ် ပူသွားတာ မဟုတ်လား။ အင်္ဂါ ရာဟု ဆိုတာက ၀ါယောဓာတ်က မီးနဲ့လေနဲ့ တွဲရက်ပြောတာပါတဲ့။
❖ အဲတော့ တဖက်သား မကောင်းကြောင်းတွေးရင် ပါပဂြိုလ်လေးလုံးက ဝင်နေပြီ။ ဒေါသနဲ့ပြောရင် ပါပဂြိုလ်လေးလုံး စီးနေပြီးသားပေါ့။ အကုသိုလ်ပြောတာပါတဲ့။ ဘာပြောတာလဲ (အကုသိုလ်ပြောတာပါ ဘုရား။) သဘောပေါက်ရဲ့လား။
❖ မေတ္တာဆိုရင် သောမဂြိုလ်တဲ့။ တနင်္လာ အင်္ဂါဆိုတာက မြေဓာတ်လေ ကျောက်မြေ မြေပျော့၊ သောကြာဆိုတာ ရေဓာတ်တွေပြောတာ။ အဲတော့ မေတ္တာနဲ့ဆို အေးမနေဘူးလား။ အဲ့ဒါ သောမဂြိုလ်လို့ ပြောလို့ရတာ။ တကယ်တတ်တဲ့ ဗေဒင်ပညာရှင်ကတော့ ဂြိုလ်မပြောဘူး ဓာတ်ပဲပြောတော့တာကို သဘောပေါက်လား။ နားလည်ပါတယ်နော်။
❖ အဲတော့ နုလုံးအေးရင် ကုသိုလ်ဓာတ်က သောမဂြိုလ် ပြောလိုက်တော့။ ပါပဂြိုလ် လာသေးလား။ အဲတော့ ဒီအရှိန်အဟုန်တွေက တကယ်အားကောင်းလာရင် မကောင်းတဲ့ ဂြိုလ်တွေက လာပါ့မလား? (မလာတော့ပါဘူး ဘုရား) ပြောင်းပေးရတာလေ။
❖ ဒါကို “သုနက္ခတ္တံ သုမင်္ဂလံ” ပုဗ္ဗဏှသုတ်မှာ ပါပြီးသား။ ဒီနေ့အဖို့ “ကောင်းသော ဝစီကံ၊ ကောင်းသော ကာယကံ၊ ကောင်းသော မနောကံ” ဖြစ်ရင် ကောင်းသောဂြိုလ်နက္ခတ် ပြောင်းသွားတာပါတဲ့။ ဓာတ်တွေ အကုန်ပြောင်းပေးရတာ်။ သဘောပေါက်ရဲ့လား?
❖ အအေးဓာတ်ကို အပူနဲ့တွေ့ရင် အကုန်ပြောင်းပေးရတာ။ သဘောပေါက်ရဲ့လား။ ဒါဖြင့်ရင် “ဂြိုလ်နက္ခတ်ကြောင့် ကံအရှိန် ပြောင်းတာမဟုတ်ပါ။ ကံအရှိန်ကြောင့်သာ ဂြိုလ်နက္ခတ် ပြောင်းပါသည်။” ဗေဒင်ဆရာ ဘယ်လောက်မကောင်းပြောပြော ကောင်းအောင် နေရမှာပေါ့။ နားလည်ပြီနော်။ သဘောပေါက်ပြီလား။
❖ ဒါဖြင့်ရင် ဘုရားစကားကို ပြန်ချုံ့လိုက်တော့ “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား” နာလည်ပြီလား။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
၂၀၁ရခုနှစ် သြဂုတ်လ ကျောင်းတွင်း (၁၅)ရက်တရားစခန်း “ ဇောအရှိုန်အဟုန်ကြောင့် ဘဝပြောင်းပုံ” တရားတော်မှ ကောက်နှုတ်ချက်တရားလေး ဖြစ်ပါသည်။
|
https://www.dhammaransi.com/index.php/new/325-2017-12-18-14-22-24.html
|
အရိမေတ္တေယျမြတ်စွာဘုရား ကို ဖူးခွင့်ရမည့် ပုဂ္ဂိုလ်များ
|
၁။ ယခုကြုံတွေ့နေတဲ့ ဂေါတမ သာသနာတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ်၊ ပဠိပတ်သာသနာပြုတဲ့ ပုဂ္ဖိုလ်။
၂။ မိမိရင်မှဖြစ်တဲ့သား၊ သူတစ်ပါးရင်မှ ဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း၊ ရှင်ပြုပေးခြင်းပြုတဲ့ ပုဂ္ဖိုလ်။
၃။ မိခင်ဖခင်တို့ကို ဝတ်ကျေတန်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါ ရိုသေစွာပြုစုလုပ်ကျွေးတဲ့ ပုဂ္ဖိုလ်။
၄။ သရဏဂုံသီလ မပြတ် ဆောက်တည်သော ပုဂ္ဖိုလ်။
၅။ ဘုရားသာသနာ တည်စိမ့်သောဌာ စေတီ၊ ပုထိုး၊ စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ် စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဖိုလ်၊ အသစ်ဆောက်လုပ်လှူးဒါန်းတဲ့ ပုဂ္ဖိုလ်။
၆။ ဗောဓိညောင်ပင် စိုက်ပျိုးသော ပုဂ္ဖိုလ်၊ ညောင်ရေသွန်းလောင်းသော ပုဂ္ဖိုလ်။
၇။ ရေတွင်း ရေကန် ရေအိမ် စတုဒီသာ ကျောင်းဇရပ် တံတား ပြုပြင်သောပုဂ္ဖိုလ်၊ အရုဏ်ဆွမ်း နေ့ဆွမ်း လောင်လှူသော ပုဂ္ဖိုလ်။
၈။ ရဟန်းတို့အား ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့သော ပုဂ္ဖိုလ်။
၉။ ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်သော ပုဂ္ဖိုလ်
အားလုံး ဧကန်မုချ မြေကြီး လက်ခတ်မလွဲ၊ အရိမေတ္တေယျဘုရားရှင်ကို ဖူးမြော်ရပြီး နိဗ္ဖာန်ကိုရမယ်။
*အရိမေတ္တေယျမြတ်စွာဘုရား*
ကျွန်တော်တို့ဟာ တကယ်လို့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြမယ်ဆိုရင် ဟောဒီကမ္ဘာမှာ နောင်ပွင်တော်မူမဲ့ မြတ်စွာဘုရားအကြောင်းကို သိချင်ကြမယ်လို့ထင်ပါတယ် တချို့လည်း သိပြီးဖြစ်နေကြမှာပါ မသိရသေးတဲ့ သူတွေအတွက် ဒီပိုစ့်လေးကိုတင်လိုက်တာပါ ဒီမေးလ်လေးကို ပို့ပေးတဲ့ အရှင်ဝိမလဝံသကို အထူးကျေးဇူးတင်ပါသည်ဘုရား။ နောင်ပွင့်တော်မူမည့် အရိမေတ္တေယျဘုရားရှင် ကို ရှိခိုးကန့်တော့လိုက်ပါတယ် ဘုရား
ကျွန်တော်တို့ နေထိုင်သောဟောဒီကမ္ဘာမှာဘုရားငါး ဆူပွင့်မယ်လို့ မှတ်သားကြားသိဖူးပါတယ် အခုဘုရားလေးဆူးပွင့်ထွန်းပြီးပါပြီ နောင်ပွင့်လတ္တံသော မြတ်စွာဘုရားမှာ အရိမေတ္တေယျဘုရားရှင် ဟုသိရပါတယ်။ ဗုဒ္ဓဘာသာတိုင်းရဲ့ရည်မှန်းချက်ပန်းတိုင်းက နိဗ္ဗာန်ဖြစ်ပါတယ် "အလွန်ကြည်ညိုစရာကောင်းသောဘုရားရှင်ရဲ့ တရားတော်အားနာကြားပြီး ရှေ့တော်မှာတင်ကျွတ်တမ်းဝင် နိဗ္ဗာန်စံရမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ။"
အဲဒီအတွက် ကျွန်တော်တိုဘုရားရှင် ဟေားကြားခဲ့သည့်အတိုင်း လိုက်လုပ်ဖို့ လိုပါတယ် …သုံးချက်ထဲပါ
၁။ မကောင်းမှု ကိုရှောင်ရမယ် ။
၂။ ကောင်းမှု ကိုဆောင်ပြီးအစဉ်ပြုလုပ်နေရမယ် ။
၃။ စိတ်ကို ဖြူစင်အောင်ထားရပါမယ် ။
ဂေါတမ မြတ်စွာဘုရားရှင်က ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးနေတဲ့အချိန် အရှင်သာရိပုတ္တရာ၏ လျှောက်ထားချက်အရ အရဟတ္တဖိုလ်ဈာန်သမာပတ် ဝင်စားပြီး အဇိတရဟန်း နောင်အနာဂတ်ကာလမှာ အရိမေတ္တေယျဘုရား ဖြစ်တော်မူမည့်အကြောင်းကို ဟောကြားတော် မူပါတယ်။ အရိမေတ္တေယျဘုရားလောင်းက တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်ကျင့်ပြီး တုသိတာနတ်ပြည်မှာရှိနေမယ်။
နောင်ပွင့်တော်မူမည့်အရိမေတ္တေယျဘုရားရှင်အကြောင်း...
အလောင်းတော်နတ်သားက လူ့ပြည်ကိုဆင်းပြီး ပဋိသန္ဓေနေဖို့ရာအတွက် ဘုရားလောင်းတို့ရဲ့ ထုံးတမ်းအစဉ်အလာ ဓမ္မတာအရ ပဋိသန္ဓေယူတော့မယ်ဆိုရင် ကြည့်ခြင်းငါးပါး အရင်ကြည့်ပြီးမှ ပဋိသန္ဓေယူလေ့ရှိကြတယ်။
ကြည့်ခြင်းငါးပါးဖြင့်ကြည့်တော်မူခြင်းက-..
(၁)ဘုရားဖြစ်မည့်ခေတ်အခါကာလကား အနှစ်တစ်သိန်းမှစပြီး အောက်ဖြစ်သောကာလ အနှစ်တစ်ရာတန်းမှစပြီး အထက်ဖြစ်သောကာလ (တစ်သိန်းနှင့် တစ်သိန်းအောက်- ၁၀ဝအထက်)
(၂)ဘုရားဖြစ်ရာကျွန်းကား ဇမ္ဗူဒိပ်ကျွန်း
(၃)ဘုရားပွင့်ရာဒေသကား မဇ္စျိမဒေသ
(၄)ဘုရားလောင်းဖြစ်ရာ အမျိုးကား မင်းမျိုး ပုဏ္ဏားမျိုး
(၅)မယ်တော်၏အသက်အပိုင်းအခြားကား ဘုရားလောင်းမွေးပြီး ခုနစ်ရက်သာနေရခြင်း
ပဋိသန္ဓေယုခြင်း...
ကေတုမတီပြည်………..သင်္ခစကြဝတေးမင်းနှင့်တိုင်ပင်ကြံစည်ဘက်ကိုးကွယ်ရာဖြစ်သော အတိတ် အနာဂတ်ကိုသိမြင်နိုင်ပြီးပစ္စုပန်သံသရာအစီးအပွားကို ဆုံးမတတ်သော သုဗြဟ္မပုဏ္ဏားကြီး၏ ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေနေလိမ့်မည်။
ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာဆယ်လပြည့်တဲ့အခါမှာ ဣသိပတေနသမင်တောမှာ မယ်တော် ဗြဟ္မဏဝတီသည်ထိုင်လျက်လည်းမဟုတ် အိပ်လျက်လည်းမဟုတ်ဘဲ ရပ်လျက်သာလျှင် သစ်ပင်၏အကိုင်းအခက်ကိုကိုင်လျက် မေတ္တေယျကိုဖွားတော်မူလိမ့်မည်။ဘုရားလောင်းနဲ့အတူ တစ်ချိန်တည်းဖွားတော်မူတဲ့ဖွားဘက်တော် ၁၈ ကုဋေအားလုံးအမတ်တွေချည်းဖြစ်မယ်။ အဇိတဟူသောအမည်ကိုသာပေးလိမ့်မယ်။ ဘုရားလောင်းအဇိတမင်းသားဟာဖွားလျှင်ဖွားချင်း ခုနစ်ဖဝါးလှမ်းပြီး ခြေတော်ချတိုင်းချတိုင်း ကြာပွင့်တွေပေါ်ပေါက်လိမ့်မယ်။
ဖွားလျှင်ဖွားချင်း ခုနစ်လှမ်းလှမ်းပြီး "ယခုဘဝကား ငါ့အဖို့နောက်ဆုံးဘဝတည်း နောက်ထပ်ဘဝမရှိတော့ပြီ အာသဝေါကင်းသည် ဖြစ်သောကြောင့်ငြိမ်းအေးလတ္တံ့" ဟူသောစကားကိုအရပ်လေးမျက်နှာကို ကြည့်ပြီးပြောဆိုလိမ့်မယ်။
ပြာသာဒ်လေးဆောင်ပေါ်လာခြင်း...
အဇိတမင်းသားလောကစည်းစိမ်ခံစားဖိ ု့ရာနေမင်း၏ရောင်ခြည်ကဲ့သို့ လူသားတွေမျက်စိဖြင့် စိန်းစိန်းမကြည့်ဝံ့တဲ့ အရောင်တလက်လက်ဖြင့် ရတနာအရောင် ထွန်းလင်းပြောင်တဲ့တင့်တယ်ခံ့ညားသော ပြာသာဒ်လေးဆောင် ပေါ်ပေါက်လာလိ်မ့်မည်။ ပြာသာဒ်လေးဆောင်ကို တစ်ဆောင်မှာ ပရိဘောဂအသုံးအဆောင် အပြည့်အစုံပါတဲ့တိုက်ခန်းက ခုနစ်ထောင်စီ တစ်ဖက်တစ်ဖက်မှာ ပတ္တမြားကျောက်မျက်ရွဲစီသောနဝရတ်ကိုးပါးနဲ့ ပြည့်စုံသော ပလ္လင်ခုနစ်ထောင်စီ ရတနာခုနစ်ပါးနှင့်ပြည့်စုံသော ထီးဖြူခုနစ်ထောင်စီ ခုတင်ညောင်စောင်းခုနစ်ထောင်စီ ပြာသာဒ်တစ်ဆောင်ကို တိုက်ခန်းက ခုနစ်ထောင်စီဆိုတော့ ပြာသာဒ်လေးဆောင်ဆိုရင် တိုက်ခန်းပေါင်း ၂၈၀၀၀ ရှိမယ်။ ပြာသာဒ်တစ်ဆောင်တစ်ဆောင်ကို ရွှေအိုးကြီးကတစ်လုံးစီ။ ရွှေအိုးတစ်လုံးစီရဲ့အဝကား တစ်ယူဇနာကျယ်မယ်။ ရွှေအိုး၏အမောက်ကား မြေကြီးနဲ့အမျှအောက်မြေကြီးအဆုံ းထိ သုံးလို့မကုန်ဘူး။ ဒါတင်မကသေးဘူး ရွှေအိုးတစ်လုံးစီမှာ ပဒေသာပင်ကြီးခြောက်ပင်စီ ပေါက်လိမ့်မယ်။ ပြာသာဒ်တစ်ဆောင် တစ်ဆောင်မှာ ဆဒ္ဒန်ဆင်မင်းခုနစ်ထောင် လောဟကသိန္ဓောမြင်း တစ်ထောင်ဖြင့် မောင်းနှင်ရသောရထားခုနစ်ရာ မောင်းမပေါင်းတစ်သောင်းခြောက်ေ ထာင်က ဆိုတီးမှုတ်ဖြေဖျော်ဖို့ရာ ကချေသည်အမျိုးသမီးခုနစ်ထောင်တို့ဖြင့်ဖျော်ဖြေကြလိမ့်မည်။
အဇိတမင်းသားအိမ်ထောင်ပြုခြင်း...
အချိန်တန်လို့အရွယ်ရောက်တဲ့အခါ စန္ဒမုက္ခီအမျိုးသမီးနဲ့အိမ်ထောင်ပြုလိမ့်မည်။ စန္ဒမုက္ခီအမျိုးသမီးကလည်း သူမတူ နတ်သမီးတမျှအလွန်လှပပြီး သူ့ရဲ့ခန္ဓာကိုယ်အနံ့ကား စန္ဒကူးသရက္ခန်အနံ့လိုမွှေးကြိုင်နေမယ်။ ခန္ဓာကိုယ်အသားကလည်း ဝါဂွမ်းကဲ့သို့ နူးညံ့မယ်။ ခန္ဓာကိုယ်အရောင်က ဆယ့်နှစ်တောင်အတွင်း မီးမထွန်းဘဲ အရောင်တဝင်းဝင်းထိန်နေမယ်။ အရိမေတ္တေယျဘုရားရှင်ဟာဘယ်လောက်ဘုန်းကြီးလိုက်မလဲဆိုတာ ရှင်ဘုရင်မဟုတ်ဘဲနဲ့ အဇိတမင်းသားဘဝလောက်ရှိတာတောင်မှသင်္ခစကြဝတေးမင်းနှင့်တကွ မြို့ပေါင်းရှစ်သောင်းလေးထောင်က ရှင်ဘုရင်တွေနတ်သားတွေက ဝေယျဝစ္စလုပ်ပေးချင်လို့ပြုလုပ်ခွင့်ပေးဖို့လာပြီးတောင်းပန်ကြတယ်တဲ့။ အဇိတမင်းသားက အကျွန်ုပ်မှာ ဖွားဘက်တော် ၁၈ ကုဋေအမတ်ကြီးနှင့်တကွ ဆင်မြင်းရဲမက်ဗိုလ်ပါတွေ ရှိပါတယ်။ အလိုမရှိတော့ပါဟု ပြောလွှတ်လိမ့်မယ်။
သားတော်ဖွားမြင်ခြင်း...
အဇိတမင်းသားဟာ ပြသာဒ်လေးဆောင်မှာ လောကီစည်းစိမ်ခံစားနေစဉ်မှာ အနှစ်တစ်သောင်းပြည့်တဲ့အခါကျရင် ဗြဟ္မာဝံသ ဆိုတဲ့ သားယောက်ျားလေးမွေးဖွားလိမ့်မယ် ။
နိမိတ်လေးပါးမြင်ခြင်း...
ဗြဟ္မာဝံသ သားယောက်ျားလေးမွေးဖွားပြီးတဲ့အခါ ဘုရားရှင်တို့ရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာအရ ဥယျာဉ်ကထွက်စဉ်မှာ သူအို သူနာ သူသေ ရဟန်း နိမိတ်ကြီးလေးပါးတွေ့မြင်ရရင် သံဝေဂတရားတွေရလာပြီးတော့ တောထွက်မည့်အကြံဖြစ်ပေါ်လာလိမ့်မည်။ ဒိဗျာဝဒါန မေတ္တေယျဗျာကရဏဝဒါန (၃၆-၃၇) မှာပြဆိုထားတာကတော့ သင်္ခမင်း၏ ယဇ်တိုင်အပိုင်းပိုင်းပြတ်သည်ကို မြင်ရပြီး သံဝေဂဖြစ်ပြီးတောထွက်လိမ့်မည်လို့ပြဆိုထားတာရှိသေးတယ်။ ဘယ်လိုပုံနည်းနဲ့ဖြစ်ဖြစ် တောကတော့ထွက်မှာပါပဲ။ အဇိတမင်းသား တောထွက်မယ့်အကြံစိတ်ကို သင်္ခစကြဝတေးမင်းက သိတဲ့အခါ အဇိတမင်းသားပျော်အောင်ဆိုပြီးတော့ ရှစ်သောင်းလေးထောင်သော ကချေသည်တွေမြို့သူ မြို့သား နိဂုံးဇနပုဒ်သူ မင်းသားမင်းမြေး သူဌေး သူကြွယ်စသော လူအပေါင်းတို့က ပန်းနံ့သာစွဲလျက် အဇိတမင်းသားကို ခြံရံပြီး နေကြလိမ့်မယ်။ နတ်ဗြဟ္မာတွေကလည်း နတ်တို့ရဲ့ ထီး တံခွန် ပန်းနံ့သာ ရွှေပေါက်ပေါက် ငွေပေါက်ပေါက် စသည်တို့ဖြင့် ဘုရားလောင်းပြာသာဒ် မိုးကြီးရွာသကဲ့သို့ အပြည့်အလျှံခြံရံခစားနေကြလိမ့်မယ်။ လူ့ဘဝ ကာမဂုဏ်ထဲမှာပျော်အောင်ဖြေဖျော်နေကြတာ။
အဇိတမင်းသားတောထွက်တော်မူခြင်း...
အဇိတမင်းသား တောထွက်မယ်ဆိုတဲ့ စိတ်အကြံကို သင်္ခစကြဝတေးမင်းနှင့်တကွ တိုင်းသူပြည်သား လူတွေအားလုံးသိသွားကြတဲ့အခါမှာ ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာ အဇိတမင်း တောထွက်မယ်ဆိုတဲ့ သတင်းအသံကို အားလုံးသိသွားကြတော့ နန်းတွင်းသူ နန်းတွင်းသား မြို့သူမြို့သားတွေ တောရွာဇနပုဒ်က လူတွေ မင်းသား မင်းမြေး သူဌေး သူကြွယ်အစရှိတဲ့ လူပေါင်းများစွာနှင့်တကွ စန္ဒမုက္ခီ သားတော် ဗြဟ္မာဝံသ အလုပ်အကျွေးကချေသည်တွေရော အဇိမင်းရဲ့ ပြာသာဒ်ထဲမှာ တောထွက်ရင်လိုက်ဖို့ရာအတွက်ပြည့်လျှံပြီးတော့နေမယ်။ တောထွက်မည့် အချိန်လည်းရောက်ရော လူပေါင်းများစွာပြည့်နေတဲ့ ပြာသာဒ်ကြီးဟာ ဘုရားလောင်းတန်ခိုးတော်ကြာင့်လည်းကောင်း စကြဝတေးမင်းအာဏာကြောင့်လည်းကောင်း နတ်ဗြဟ္မာတို့ တန်ခိုးတော်ကြောင့်လည်းကောင်း ဟသာင်္မင်းပျံသကဲ့သို့ ကောင်းကင်ယံသို့ပျံတက်ပြီး ကံ့ကော်ပင်ရှိရာအရပ်သို့ ကောင်းကင်ယံခရီးဖြင့် တောထွက်သွားကြလိမ့်မယ်။ နတ်ဗြဟ္မာများ ပို့ဆောင်ခြင်း ကောင်းကင်ယံ ဟသာင်္ပျံ ပြာသာဒ်ကြီးကို ဗြဟ္မာမင်းက သုံးယူဇနာ ရှိသောထီးကိုကိုင်ပြီး လိုက်မယ်။ သိကြားမင်းက အတောင်ခြောက်ဆယ်ရှိသော လက်ယာရစ် ခရုသင်းကိုကိုင်လျက် သာဓု သုံးကြိမ်ခေါ်ပြီးလိုက်မယ်။ သုတဝံနတ်သားက သားမြီးယပ်ကိုကိုင်ပြီးလိုက်မယ်။ တုသိတာနတ်သားက ပတ္တမြားယပ်ကိုကိုင်ပြီးလိုက်မယ်။ ပဥ္စင်္သိခနတ်သားက စောင်းကိုကိုင်မယ်။ လောကပါလနတ်သားလေးယောက်က သန်လျက်ကိုကိုင်မယ်။ နှစ်သိန်းရှစ်သောင်းရှိတဲ့ ဘီလူးစစ်သည်တွေက လက်နက်ကိုယ်စီကိုင်မယ်။ နတ်သမီးတွေက ရတနာပုဋောင်းကိုကိုင်မယ်။ အသူရာနတ်တို့က သီချင်းဆိုပြီးတော့ နတ်တို့၏ တံခွန်ကိုကိုင်မယ်။ နတ်မင်းတို့က ပတ္တမြားရှိသော ဆီမီးကိုကိုင်မယ်။ ဂဠုန်တို့က စောင်းတီးလိုက်မယ်။ ဂန္ဓဗ္ဗနတ်တို့က စောင်းတီးပြီးလိုက်မယ်။ ဟသာင်္ပျံကောင်းကင်ပြာသာဒ်ထဲမှာ တောထွက်လို့ လိုက်ကြမည့် ပရိသတ်တွေက ရှစ်သောင်းလေးထောင်တဲ့။ ကောင်းကင်ယံပြာသာဒ်ပျံနဲ့ ဆွေစုံမျိုးစုံ သားနဲ့ မယားနဲ့ ရှစ်သောင်းလေးထောင်ပရိသတ်နဲ့ အခြံအရံနဲ့ ကောင်းကင်ခရီးဖြင့် ကံ့ကော်ပင်ရှိရာသို့ တောထွက်မှာ။ အရိမေတ္တေယျဘုရားရှင်ဟာ ကံ့ကော်ပင်အောက်မှာပွင့်မှာပါ။ ကံ့ကော်ပင်ဆီရောက်တဲ့အခါမှာ အဇိတမင်းသားက ကံ့ကော်ပင်အောက်မှာ ဒုက္ကခရစရိယာကို ကျင့်တော်မူပါမယ်။ အဇိတမင်းသားဟာ ဒုက္ကခရစရိယာကို ခြောက်ရက်ကျင့်တော်မူရုံမျှနဲ့ ဘုရားစင်စစ်ဖြစ်လိမ့်မည်။ စန္ဒမုက္ခီမိဖုရားက အဲဒီနေရာမှာပဲ နတ်ဩဇာနဲ့ပြည့်စုံတဲ့ နွားနို့ဆွမ်းလှုလိမ့်မယ်။
သဗ္ဗညုတဉာဏ်ရသည့်အချိန်...
ညနေချမ်းအချိန်ရောက်သည့်အခါ ကံ့ကော်ပင်နဲ့ မနီးမဝေး ရတနာခုနစ်ပါးနဲ့ပြည့်စုံတဲ့ အမြင့် ၆၄တောင်ရှိတဲ့ ရွှေပလ္လင်ပေါ်ပေါက်လာလိမ့်မယ်။ ထိုရွှေပလ္လင်အထက်ဝယ် ထက်ဝက်ဖွဲ့ခွေထိုင်နေတော်မူလျက် အရှေ့လောကဓာတ်ကိုကြည့်ပြီး နတ်ပရိသတ်နဲ့ လူပရိသတ်တွေခြံရံလျက် မာရ်နတ်ရဲ့ရန်ကိုအောင်မြင်လိမ့်မယ်။ ညဉ့်ဦးယံမှာ ပုဗ္ဗေနိဝါသနုဿတိဉာဏ်ကိုရမယ်။ သန်းခေါင်ယံအချိန်မှာ ဒိဗ္ဗစက္ခုဉာဏ်ကိုရမယ်။ မိုးသောက်ယံအချိန် အာသဝက္ခယဉာဏ်တွေရပြီးတော့ နေဝန်းကြီးပေါ်ပေါက်လာတဲ့အချိန်ကျတော့ သစ္စာလေးပါးကိုသိပြီး သဗ္ဗညုတဉာဏ်ကိုရမယ်။
ဘုရားပွင့်တဲ့ကံ့ကော်ပင်ရဲ့ လုံးပတ်က အဲဒီခေတ်အခါမှာ လူတွေရဲ့ အတောင်နဲ့ အတောင်ခုနစ်ဆယ်ရှိမယ်။ အကိုင်းအခက် ကိုးကိုင်း ခက်မကိုးဖြာလို့ခေါ်တယ်။ ကံ့ကော်ပင်ရဲ့ အနံ့တွေက လေအောက်ကိုဆယ်ယူဇနာ လေအထက်ကို ဆယ်ယူဇနာမွှေးမယ်။ ကံ့ကော်ပွင့်တွေက နွားလှည်းဘီးလောက်ကြီးမယ်။ ဘုရားဖြစ်တဲ့နေ့ကစပြီး ပွင့်ကြတဲ့ ကံ့ကော်ပွင့်တွေဟာ ဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ကျမှ ကြွေကြတော့မှာ။ အဲဒီကံ့ကော်ပင်ကို ဘယ်ငှက်မှ မနားဝံ့ကြဘူး။ ဖြတ်ကျော်မပျံ့ဝံ့ကြဘူး။ ကံ့ကော်ပင်းနားရောက်တဲ့ငှက်တို င်း သတ္တဝါတိုင်း ကံ့ကော်ပင်ကို လက်ယာရစ်သုံးပတ်ပတ်ပြီးမှ သွားကြလိမ့်မယ်။ ဗြဟ္မာမင်းက တရားဟောရန် တောင်းပန်ခြင်း အဲဒီကံ့ကော်ပင်ရဲ့ အနီးအနားမှာပဲ သီတင်းသုံးနေတဲ့အချိန် လေးဆယ့်ကိုးရက်ကျော်လွန်တဲ့အခါ ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ထုံးတမ်းအစဉ်အလာအရ ဗြဟ္မာမင်းကြီးရဲ့လောကဂရုကို ခံယူမယ်။ ဗြဟ္မာမင်းကတောင်းပန်မှ တရားဟောရတာက ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ဓမ္မတာဖြစ်လို့ ဟောရတာ။ ဘုရားမပွင့်မီ ဗာဟိရကာလမှ လူဝတ်ကြောင်များ ရသေ့ ပရိဗိုဇ် ရဟန်း ပုဏ္ဏားတို့တွေဟာ ဗြဟ္မာတွေကိုသာ အလေးဂရုပြု ကိုးကွယ်နေကြတာ။ တလောကလုံးက အလေးအမြတ်ပြုသော ဗြဟ္မာကြီးက မြတ်စွာဘုရားအား အလေးပြု ညွှတ်တွားကိုင်းရှိုင်းလာလျှင် တစ်လောကလုံးပင် မြတ်စွာဘုရားကို အလေးပြုညွှတ်တွားကိုင်းရှိုင်းလာလိမ့်မယ်။ အဲဒါကို လောကဂရု ယူလိုက်တာလို့ခေါ်တယ်။
ဓမ္မစကြာတရားဟောကြွခြင်း...
ဗြဟ္မာမင်းထံမှ တရားဟောရန်ဝန်ခံပြီးပြီဆိုလျှင်ပဲ ဣသိပတနဥယျာဉ်တောသို့ ဓမ္မစကြာတရားဟောဖို့ရန်ကြွလိမ့်မယ်။ ဘုရားရှင်ခြေတော်အစုံကို ခံအံ့သောငှာ မြေကြီးကိုခွင်းပြီး အတောင်သုံးဆယ်ရှိတဲ့ ကြာပွင့်ကြီး ၂၄ တောင်ရှိတဲ့ ကြာပွင့်ငယ်တွေက ဘုရားရှင်ခြေချတိုင်း ခြေချတိုင်း ပွင့်ပေးလိမ့်မယ်။ လူပရိသတ် ရှစ်ယူဇနာ နတ်ပရိသတ် စကြာဝဠာတိုက်အပြည့် ဗြဟ္မာပြည်အထက်ဆုံး အကနိဋ္ဌဘုံတိုင်အောင် ပရိသတ်တွေကို ထန်းသီးလုံးလောက်ကြီးသော ရောင်ခြည်တော် ခြောက်ပါးလွှတ်ပြီး ဓမ္မစကြာတရားဟောတဲ့အခါမှာ လူပုဂ္ဂိုလ် ကုဋေတစ်သိန်း နတ်ဗြဟ္မာတွေက ကုဋေတစ်သိန်း ကျွတ်တမ်းဝင်ကြလိမ့်မယ်။
ဘုရားရှင်၏တန်ခိုးတော်...
ဘုရားရှင်၏တန်ခိုးတော်ကြောင့် ရွှေပန်းဆိုင်း ငွေပန်းဆိုင်း ပုလဲပန်းဆိုင်း သန္တာပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်လျက် ရတနာခုနစ်ပါးနှင့် ပြည့်စုံပြီး ဆယ့်နှစ်ယူဇနာကျယ်ဝန်းတဲ့ ဗိမာန်မျက်နှာကျက်သည် ဓမ္မစကြာတရားဦးဟောသည့်နေ့မှစပြီး ပရိနိဗ္ဗာန်ဝင်စံသည့်တိုင်အောင် နေ့ညအမြဲပင်လိုက်ပါပြီး မျက်နှာကျက်အဖြစ် မိုးကာပြီးနေမယ်။ အရိမေတ္တေယျဘုရား နေသန့်စင်သောအခါ နေဖို့ရာအတွက် မြေကြီးတို့ကိုခွဲပြီး ရတနာသုံးပါးနှင့်ပြည့်စုံသော ၁၂ ယူဇနာကျယ်ဝန်းတဲ့ ရွှေမဏ္ဍပ်ကြီးပေါ်ပေါက်လိမ့်မယ်။ ဘုရားရှင်တန်ခိုးတော်ကြောင့် မိတာန်ပန်းဆိုင်း တုရင်တိုင် ထီး တံခွန် ဆီမီး တန်ဆောင်း ရတနာမဏ္ဍပ်ကြီးဟာ ဘုရားရှင်တရားဟောရာ ဌာနတိုင်းမှာ အိမ်မှာဟောမယ်ဆိုရင် အိမ်ပေါက်ဝ ကျောင်းမှာဟောမယ်ဆိုရင် ကျောင်းပေါက်ဝ မြို့မှာဟောမယ်ဆိုရင် မြို့မှာ တောမှာဟောမယ်ဆိုရင် တောမှာ စတဲ့ ဟောတဲ့နေရာတိုင်းမှာ ကောင်းကင်ယံကနေပြီး အမြဲတမ်း ပရိနိဗ္ဗာန်စံအထိ လ်ိုက်ပါနေမှာ။
ရုပ်မြင်သံကြားမေတ္တေယျဘုရား...
အရိမေတ္တေယျဘုရား တရားဟောတဲ့အခါ ဘယ်မြို့ ဘယ်ဒေသ ဘယ်အရပ် ဘယ်ရွာဒေသ ဇနပုဒ် အိမ်ကပဲဟောဟော စကြဝဠာတိုက်တစ်သောင်းလုံး ဘုရားရှင်ရဲ့ တရားဟောအသံကိုကြားနေရမယ်။ ဘုရားရှင်ရဲ့ ပုံသဏ္ဌာန်ကိုလည်းမြင်နေရမယ်။ ရုပ်လည်းမြင်ရမယ် အသံလည်းကြားရမယ်။ မမြင်ချင်လို့ မျက်စိမှိတ်ထားလည်း မရဘူး။ မကြားချင်လို့နားပိတ်ထားလည်းမရဘူး။ ဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ၃၁ ဘုံအကာအရံမရှိ ဖီလာထုတ်ချင်းပေါက်မြင်ကြရမှာ။ အပေါ်ကြည့်ရင် နတ်သား နတ်သမီး ဗြဟ္မာတွေမြင်ရမယ်။ အောက်ငုံ့ကြည့်ရင် ငရဲပြည်မှာ ခံစားနေရတဲ့ ငရဲဒုက္ခမျိုးစုံကိုမြင်ရတော့ ငရဲရောက်အောင် အကုသိုလ်တွေပြုရဲဖို့မရှိတော့ဘူး။ အရိမေတ္တေယျဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ယောက်ျားဆိုရင် နတ်သားလို မိန်းမဆိုရင် နတ်သမီးလို ချောမောလှပတွေချည်းဖြစ်ရာ ရုပ်မချော အင်္ဂါမစုံတစ်ယောက်မှမရှိ။ အကုန်းအကွ အကန်း အနူအဝဲရောဂါသည်တွေ လုံးဝမရှိ။ အသက်ငါးရာပြည့်တဲ့အရွယ်ရောက်ရင် အမျိုးသား အမျိုးသမီးတွေ အိမ်ထောင်ပြုကြလိမ့်မယ်။
ဇနီးမောင်နှံနှစ်ဦး ခိုက်ရန်ဒေါသမရှိ ပြဿနာမရှိ ကွဲကွာသွားခြင်းလည်းမရှိ။ အမြဲအဆင်ပြေမယ်။ ရာသက်ပန်ပေါင်းသင်းရမယ်။ အမျိုးသမီးတိုင်းမှာ ပတ္တမြားနားတောင်း လက်စွပ် လက်ကောက် ခြေကျင်းစသည်တို့ဟာ ရွှေအိုးကြီးတွေထဲက ကြိုက်နှစ်သက်ရာ ယူဝတ်ကြမှာ။ ရွှေမဝတ်နိုင်တဲ့သူမရှိဘူးတဲ့။ စားစရာပဒေသာပင်တွေမှာ ယူစားချင်တဲ့အချိန်ယူစားလို့ရတယ်။ ကျန်းမာရေးအနေနဲ့ကြည့်မယ်ဆိုရင်လည်း ဘာရောဂါမှကိုမရှိဘူး။
နေ့ညခွဲမရ အရိမေတ္တေယျဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့် ကမ္ဘာလောကြီးဟာ နေ့အခါ ညအခါရယ်လို့မရှိ နေ့ရောညပါ အမြဲတမ်းလင်းထိန်ပြီးတော့ မနက်ပွင့်တဲ့ပန်း ညပွင့်တဲ့ပန်း မနက်ပန်း ညပန်း ကြက်တွန်သံတွေကို ကြည့်ရှုနားထောင်ပြီး နေ့ညခွဲယူရလိမ့်မယ်။ ပရိနိဗ္ဗာန်စံမည့်အရွယ် မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်တော်မူပြီးတဲ့အချိန်ကစပြီး ကုဋေခုနစ်ရာသော ပရိသတ်တို့ကို ချေချွတ်တော်မူပြီးလျှင် အနှစ်ရှစ်သောင်းပြည့်တဲ့အချိန်မှာ ပရိနိဗ္ဗာန်စံဝင်လိမ့်မယ်။ ဒါပေမယ့် သာသနာတော်က အနှစ်နှစ်သိန်းခြောက်သောင်း ပြည့်တဲ့အခါ ဘဒ္ဒကမ္ဘာကြီးသည် အချိန်တန်လျှင် ပျက်ပြီး ကမ္ဘာတစ်သိန်းကာလလုံး ဘုရားမပွင့်တော့ဘူးတဲ့။ ဘုရားမပွင့်တဲ့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ မဏ္ဍကမ္ဘာဖြစ်ပြီးတော့ ဥတ္တရာမမင်းသည် ရာမသမ္ဗုဒ္ဓဘုရားဖြစ်လိမ့်မယ်။ ပသေနဒီကောသလမင်းက ဓမ္မရာဇာဘုရားဖြစ်လိမ့်မယ်။ အဲဒီ မဏ္ဍကမ္ဘာမှာဘုရားနှစ်ဆူပွင့်ပြီး ပျက်စီးသွားတဲ့အခါ သာရကမ္ဘာဖြစ်ပေါ်ပြီး အဘိဘူဘုရားတစ်ဆူသာပွင့်လိမ့်မယ်။
သာရကမ္ဘာပျက်ပြီး ကမ္ဘာတစ်သိန်းဘုရားမပွင့်ဘဲနေပြီးတော့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ ဖြစ်ပေါ်လာမယ့် ကမ္ဘာများမှာ ဒီဃသောနိအသူရိန်နတ်သား စန္ဒနီပုဏ္ဏား၊ သုဘလုလင် တောဒေယျပုဏ္ဏား ၊ နာဠာဂီရိဆင်မင်း ပလလေယဆင်မင်းတို့ အစဉ်အတိုင်း ဘုရားဖြစ်လိမ့်မယ်။ အရိမေတ္တေယျဘုရားဖူးမြော်ရန် ပြုလုပ်ရမည့်ကုသိုလ် ယခုကြုံတွေ့နေရတဲ့ ဂေါတမမြတ်စွာဘုရား သာသနာကာလအတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ် ပဋိပတ် သာသနာပြုနေတဲ့ပုဂ္ဂိုလ် မိမိရင်မှဖြစ်တဲ့သား သူတစ်ပါးရင်မှဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း ရှင်ပြုပေးခြင်းပြုတဲ့ပုဂ္ဂိုလ် မိခင်ဖခင်ကျေးဇူးရှင်တွေကို ဝတ်ကျေတမ်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါပြုစုလုပ်ကျွေးသောပုဂ္ဂိုလ် သရဏဂုံသီလမပြတ်ဆောက်တည်သောပုဂ္ဂိုလ် ဘုရားသာသနာတည်စိမ့်သောငှာ စေတီပုထိုး စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ်စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ် အသစ်ဆောက်လုပ်လှုဒါန်းတဲ့ပုဂ္ဂိုလ် ဗောဓိညောင်ပင်စိုက်ပျိုးသောပုဂ္ဂိုလ် ညောင်ရေသွန်းလောင်းသောပုဂ္ဂိုလ် ရေတွင်း ရေအိုင် ရေကန် စတုဒိသာကျောင်းဇရပ် တံတားျ့ပုပြင်သောပု ္ဂိုလ် အရုဏ်ဆွမ်း နေ့ဆွမ်းမပြတ်လောင်းလှုသောပုဂ္ဂိုလ် ရဟန်းတို့အားပစ္စည်းလေးပါးတို့ဖြင့်ထောက်ပံ့လှုဒါန်းသောပုဂ္ဂိုလ် ကမ္မဌာန်းဘာဝနာပွားများအားထုတ်သောပုဂ္ဂိုလ်…. အဲဒီ ပုဂ္ဂိုလ်တွေအားလုံး ဧကန်မုချ မလွဲမသွေ မြေကြီးလက်ခတ်မလွဲ အရိမေတ္တေယျမြတ်စွာဘုရားကို ဖူးမြော်ရပြီး နိဗ္ဗာန်ကိုရမယ်။ အဲဒါက ဂေါတမမြတ်စွာဘုရားကိုယ်တိုင်ပြောပြခဲ့တဲ့ ကုသိုလ်တွေဖြစ်ပါတယ်။
အရိမေတ္တေယျမြတ်စွာဘုရားလောင်းပြောပြခဲ့တဲ့ ကုသိုလ်တွေကတော့….. မဟာဝေသန္တရာဇာတ်တော်ကို နေ့ချင်းကုန်အောင်နာကြားကြသောသူတို့သည် ကျွန်ုပ်ဘုရားမဖြစ်မီအကြား သံသရာ၌ ကျင်လည်လေသမျှမှာလည်း စိတ်နှင့်ကိုယ်ကို အစိုးရ၍ လူကောင်း နတ်ကောင်း စည်းစိမ်ကောင်းကို ခံစားရပြီး ကျွန်ုပ်ဘုရားဖြစ်သောအခါ ရှေးဦးစွာ ဖူးတွေ့ရ၍ ပဋိသမ္ဘိဒါပညာလေးပါးနှင့်တကွ ရဟန္တာအဖြစ်ကို မချွတ်မလွဲရနိုင်ပါလိမ့်မယ်လို့ ရှင်မာလဲမထေရ်မြတ်အား အရိမေတ္တေယျမြတ်စွာဘုရားလောင်းက ပြောပြတော်မူခဲ့ပါတယ်။
နောင်ပွင့်တော်မူမည့် အရိမေတ္တယျ ဘုရား၏ဗုဒ္ဓဝင် အကျဉ်း
၁။ ပွင့်ရာကမ္ဘာ -ဘဒ္ဒကမ္ဘာ
၂။ ဘုရားအမည်တော် -အဇိတ
၃။ ဘုရားဘွဲ့တော် -မေတ္တေယျ
၄။ မျိုးရိုး -ဗြာဟ္မဏပုဏ္ဏားမျိုး
၅။ ဖွားတော်မူရာတိုင်းပြည် -ကေတုမတီ
၆။ ခမည်းတော် -သုဗြဟ္မပုဏ္ဏားကြီး
၇။ မယ်တော် – ဗြဟ္မဝတီပုဏ္ဏေးမကြီး
၈။ ပွင့်တော်မူရာဗောဓိ -ကံ့ကော်ပင်
၉။ ဓမ္မစကြာတရားဟောခြင်း- နာဂဝန ကံ့ကော်တော
၁၀။ သစ္စာလေးပါးသိသော အပိုင်းအခြား – ကုဋေတစ်သိန်း
၁၁။ သာဝကအစည်းအဝေး -သုံးကြိမ်
၁၂။ အမျိုးသားသာဝက (အဂ္ဂသာဝက) -(၁) အသောက (၂) ဗြဟ္မဒေဝ
၁၃။ အလုပ်အကျွေး – သီဟ
၁၄။ အမျိုးသမီးသာဝက (အဂ္ဂသာဝိကာ) -(၁) ပဒုမာ (၂) သုမနာ
၁၅။ ကိုယ်ရောင် -(၂၅) ယူဇနာ
၁၆။ အရပ်တော် – (၈၈) တောင်
၁၇။ ပါရမီဖြည့်ကာလ -(၁၆) အသင်္ချေနှင့် ကမ္ဘာ(၁)သိန်း
၁၈။ ဒုက္ကရစရိယာကျင့်ရက် -(၇) ရက်
၁၉။ သက်တမ်း -အနှစ်ရှစ်သောင်း
၂၀။ စည်းစိမ်ခံစားရာနှစ် -အနှစ်ရှစ်ထောင်
၂၁။ စံရာပြသာဒ် – သီရိဝဎ္ဍ, ဝဎ္ဍမာန, သိဒ ္ဓတ္ထ, စန္ဒက
၂၂။ ကြင်ယာတော် – စန္ဒမုခီ
၂၃။ သားတော် -ဗြဟ္မဝဎ္ဍန
၂၄။ တောထွက်သောယာဉ် -ပြသာဒ်
|
https://www.dhammaransi.com/index.php/new/326-2017-12-18-14-18-35.html
|
ဘုရားဂုဏ်တော်(၉)ပါး ပါဠိ နှင့် အနက်
|
ဣတိပိသောဘဂဝါ-
(၁) အရဟံ၊
(၂) သမ္မာသမ္ဗုဒ္ဓေါ၊
(၃) ဝိဇ္ဇာစရဏသမ္ပန္နော၊
(၄) သုဂတော၊
(၅) လောကဝိဒူ၊
(၆) အနုတ္တရောပုရိသဓမ္မသာရထိ၊
(၇) သတ္ထာဒေဝမနုဿာနံ၊
(၈) ဗုဒ္ဓေါ၊
(၉) ဘဂဝါ။
ဘုရားဂုဏ်တော်(၉)ပါး အနက်
=================
(၁) သောဘဂဝါ -ထိုတပည့်တော်တို့၏ဆရာ မြတ်စွာဘုရားသည်၊ ဣတိပိ -ဤသို့လျှင် ဗြဟ္မာ၊နတ်၊လူ သုံးဘုံသူတို့၏ ကြည်ဖြူကော်ရော် ပူဇော်အထူးကို ခံထိုက်ကြောင်းဖြစ်သော
အတုမရှိသော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိညာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့်လည်း အရဟံ -အရဟံမည်တော်မူ၏။
(၂) သောဘဂဝါ -သည်၊ ဣတိပိ -ဤသို့လျှင်သစ္စာဉေယျဓမ္မအပုံ အလုံးစုံကို အကုန်မကျန် မြတ်ရွှေညဏ်ဖြင့် အမှန်ထိုးထွင်း အလင်းထင်ပေါ် သိမြင်တော်မူသောကြောင့်လည်း၊
သမ္မာသမ္ဗုဒ္ဓေါ -သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏။
(၃) သောဘဂဝါ -သည်၊ ဣတိပိ -ဤသို့လျှင်စရဏအပြား (၁၅)ပါးတည်း သုံးပါးရှစ်ဖြာညဏ်ဝိဇ္ဇာတို့နှင့် ပြည့်စုံတော်မူသောကြောင့်လည်း၊ ဝိဇ္ဇာစရဏသမ္ပန္နော -ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏။
(၄) သောဘဂဝါ - သည်၊ ဣတိပိ - ဤသို့လျှင် သဿတဒိဋ္ဌိဥစ္ဆေဒဒိဋ္ဌိ မကပ်ငြိဘဲ၊ မဇ္စျိမပဋိပတ်၊ ကောင်းမြတ်ဖြောင့်တန်း၊မဂ္ဂင်လမ်းဖြင့် ရွှေနန်းပူရီ၊ ဘေးမဲ့ပြည်သို့ ြ<ွကချီဆိုက်ရောက်တော်
မူသောကြောင့်လည်း၊သုဂတော -သုဂတမည်တော်မူ၏။
(၅) သော ဘဂဝါ -သည်၊ ဣတိပိ-ဤသို့လျှင်ကာမ၊ ရူပ၊ အရူပဟု၊ လောကအပြင်၊ ဘုံတစ်ခွင်ကိုကုန်စင်ခပင်း၊ မကျန်ကြွင်းအောင်၊အလင်းထင်ပေါ်သိမြင်တော်မူသောကြောင့်လည်း၊
လောကဝိဒူ -လောကဝိဒူ မည်တော်မူ၏။
(၆) သော ဘဂဝါ -သည်၊ ဣတိပိ -ဤသို့လျှင် ဇာတိမာန်၊ ပုညမာန်၊ ဂုဏမာန်၊ ဗလမာန်၊ ဣဒ္ဓိမာန်၊ ပညာမန်တို့ဖြင့် မိုးစွန်ကြွားကြွား ငါတကားဟု ကြုံးဝါးခက်ထန် အဆိပ်လျှံသည့် နန္ဒောပနန္ဒ၊
အင်္ဂုလိမာလ၊ သစ္စကနှင့် ဗကဗြဟ္မာ၊ သတ္တဝါတို့ကို ဒေသနာသံ ဆိပ်အံငြိမ်းဆေး အမြန်ပေး၍ ယဉ်ကျေးအောင်ပြု ဆုံးမမှုဝယ် အတုမရှိ လွန်ကဲဘိသောကြောင့်လည်း၊အနုတ္တရောပုရိသဓမ္မသာရထိ -အနုတ္တရောပုရိသဓမ္မသာရထိမည်တော်မူ၏။
(၇)သောဘဂဝါ-သည်၊ ဣတိပိ -ဤသို့လျှင် လူ၊ နတ်၊ ဗြဟ္မာ၊သတ္တဝါအများ သောင်းထိုက်သားတို့၏ ဝပ်တွားရိုပြောင်း ညွတ်ညောင်းခယ ဆုံးမခံရာ ဆရာသခင် ဦးထိပ်တင်ကြီး ဖြစ်တော်မူ
သောကြောင့်လည်း၊ သတ္ထာဒေဝမနုဿာနံ -သတ္ထာဒေဝမနုဿာန မည်တော်မူ၏။
(၈)သောဘဂဝါ-သည်၊ဣတိပိ-ဤသို့လျှင်၊ သစ္စာလေးရပ်တရားမြတ်ကို လူနတ်အများ သိထင်ရှားအောင် ဟောကြားထုတ်ဖော် သိစေတော်မူသောကြောင့်လည်း၊
ဗုဒ္ဓေါ -ဗုဒ္ဓမည်တော်မူ၏။
(၉) သောဘဂဝါ -သည်၊ ဣတိပိ -ဤသို့လျှင် ဘုန်းတော်အနန္တ,ကံတော်အနန္တ, ညဏ်တော်အနန္တ, တန်ခိုးတော်အနန္တ ကြီးမြတ်လှ၍ လောကသုံးပါးလူအများတို့ လေးစားဂရု ချီပမှုကြောင့်လည်း၊
ဘဂဝါ -ဘဂဝါမည်တော်မူ၏။
ဘုရားဂုဏ်တော်(၉)ပါး ပါဠိကဗျာ
=================
ဣတိပိ သော ဘဂဝါ -ဘုရားဂုဏ်တော် သေချာမှတ်ဖို့ ကဗျာစပ်လို့ ဆိုစို့ကွယ်။
၁။ အရဟံ -ကိလေသာတွေ ကင်းစင်ပြတ်လို့ လူ၊ နတ်၊ ဗြဟ္မာ ပူဇော်တယ်။
၂။ သမ္မာသမ္ဗုဒ္ဓေါ -တရားအလုံးစုံ ကိုယ်တိုင်သိလို့ ဆရာမရှိသူ ဖြစ်ပါတယ်။
၃။ ဝိဇ္ဇာစရဏသမ္ပန္နော -ထူးတဲ့အသိညဏ် အကျင့်မှန်များလည်း ကောင်းစွာထင်ရှား ပြည့်စုံတယ်။
၄။ သုဂတော -ကောင်းတဲ့စကားကို မိန့်ဆိုတတ်လို့ နိဗ္ဗာန်မြတ်သို့ ကြွသွားတယ်။
၅။ လောကဝိဒူ -'သတ္တ, သင်္ခါရ, သြကာသ'တဲ့ လောကသုံးပါး သိမြင်တယ်။
၆။ အနုတ္တရောပုရိသဓမ္မသာရထိ -မယဉ်ကျေးသူ ယဉ်အောင် ပြုတဲ့၊ ဆုံးမမှုမှာ သာလွန်တယ်။
၇။ သတ္ထာဒေဝမနုဿာနံ -လူ,နတ်,ဗြဟ္မာ သတ္တဝါများရဲ့၊ ဆရာ ထင်ရှား ဖြစ်ပါတယ်။
၈။ ဗုဒ္ဓေါ -လေးပါးသစ္စာ စိတ်ဖြာသိတဲ့၊ ညဏ်မြင်ရှိသူ ဖြစ်ပါတယ်။
၉။ ဘဂဝါ - ဘုန်းတော်ခြောက်စုံ ဂုဏ်တော်မြတ်နဲ့၊ တစ်စမလပ် ပြည့်စုံတယ်။
ဘုရားဂုဏ်တော် ကိုးဖြာပဲကွယ့်၊ အသည်းစွဲအောင် မှတ်ကြကွယ်။
မှတ်ကွယ် ...မှတ်ကွယ် ...
++++++++++++++++++++++++++++++++++++++++++
“ဘုရားဂုဏ်တော်ပွားနည်း”
"ဗုဒ္ဓါနုဿတိ"
********
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ သန္တာန်တော်မှာ တကယ်ရှိနေတဲ့ အငြိမ်းဓာတ်ကို အာရုံပြုပြီးတော့ ဂုဏ်တော်တွေကို ပွားများကြမှာပါ။
ပွားရိုးပွားစဉ် " အရဟံ။သမ္မာသမ္ဗုဒေါ္ဓ…………" စသည်ဖြင့် သော်လည်းကောင်း ……
* ကိလေသာအညစ်အကြေးတို့မှ ကင်းစင်တော်မူပါသော မြတ်စွာဘုရား
*မဖောက်မပြန်မိမိကိုယ်တိုင်သာလျှင် သစ္စာလေးပါး မြတ်တရားတို့ကို ထိုးထွင်းသိမြင်တော်မူပါသော မြတ်စွာဘုရား စသည်ဖြင့် မြန်မာပြန်သက်သက် အားဖြင့်လည်းကောင်း……
ပါဠိ+ မြန်မာအနက် တွဲလျက်သော်လည်းကောင်း…… မိမိတို့အာရုံယူလို့ အဆင်ပြေဆုံးဖြစ်အောင် ပွားများကြဖို့ပါ။
ပုတီးစိတ်လျက်သော်ပဲဖြစ်ဖြစ် စိတ်ထဲမှာအာရုံယူ၍သော်ပဲဖြစ်ဖြစ် နှုတ်ကမြွက်၍ သော်ပဲဖြစ်ဖြစ်မိမိတို့သဒ္ဓါတရားရှိသလို အဓိက ကတော့ ဗုဒ္ဓဂုဏ်တော်တွေမိမိသန္တာန်မှာကူးစက်ပြီး ငြိမ်းအေးဖို့ရာ ချမ်းသာဖို့ရာဖြစ်ပါတယ်။ ဗုဒ္ဓကျင့်ကြံသလို မိမိတို့လည်းကြိုးစားကျင့်ကြံမယ်လို့ သမ္မာ အယူဝါဒတွေ ကူးစက်ဖို့ရာဖြစ်ပါတယ်။
ဂုဏ်တော်တွေပွား အဓိဋ္ဌာန်တွေဝင်ပြီးတော့ တိုက်ကြီးရဖို့ ကားကြီးစီးဖို့ ထီပေါက်ဖို့ စသည် ကာမဂုဏ်တွေဘက်ကို ဦးတည်ပြီး ဘာဝနာတွေပွား နေတာမျိုးလည်းမဖြစ်စေရပါ။
ဗုဒ္ဓရဲ့သူတော်ကောင်းအငြိမ်းဓာတ်တွေ အအေးဓာတ်တွေ ပြန်နှံ အေးချမ်းစေဖို့ပါ။
ဂုဏ်တော် တန်ခိုးကြောင့် သတ္တလောကကြီးတစ်ခုလုံး ငြိမ်းအေးကြပါစေ။ အေးမြချမ်းသာကြပါစေ။
ရွှေဘုန်းရိပ်ဆရာတော် အရှင် ရာဇိန္ဒ(ကံမ)
++++++++++++++++++++++++++++++++++++++++++
ဘုရားဂုဏ်တော် ပွားရခြင်းအကျိုး ၁၇ မျိုး
======================
၁။ ဂုဏ်တော်ပွားသောသူ၏ ခန္ဓာကိုယ်သည် စေတီကဲ့သို့ ပူဇော်ထိုက်သည်။
၂။ စိတ်ဓာတ်တည်ကြည် ခိုင်မာသည်။
(လောကဓမ်ကို ခံနိုင်ရည်ရှိသည်)
၃။ သေလွန်သည့်နောက် နတ်ပြည်ရောက်ရသည်။
၄။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ဖူးမြင်ရ၍ တရားနာကြားရသော် တရားရလွယ်သည်။
၅။ မြင့်မြတ်သော အမျိုးအနွယ်၌ လူဖြစ်ရသည်။
၆။ လူအများ၏ ရိုသေလေးမြတ်ခြင်းကို ခံရသည်။
၇။ ကိုယ်အင်္ဂါခြေလက် ပြည့်ဝစွာဖြင့် လူဖြစ်ရသည်။
၈။ အဆင်းရူပ လှပချောမောသည်။
၉။ ခန္ဓာကိုယ်တွင် ကြာညိုရနံ့ သင်းပျံ့သည်။
၁၀။ ခံတွင်း၌ ကြာညိုရနံ့သင်းပျံ့သည်။
၁၁။ ပညာဉာဏ်ကြီးမားသည်။
၁၂။ နက်နဲသော ပညာရှိသည်။
၁၃။ ထက်မြတ်သော ပညာရှိသည်။
၁၄။ ရွှင်လန်းသော ပညာရှိသည်။
၁၅။ လျင်မြန်သော ပညာရှိသည်။
၁၆။ ဆန်းကြယ်သော ပညာရှိသည်။
၁၇။ ကောင်းမွန်မြင့်မြတ်သော စကားကိုသာ ပြောဆိုနိုင်သည်။
(အာဝဇ္ဇန်းရွှင်သည်)
|
https://www.dhammaransi.com/index.php/new/327-2017-12-18-14-16-08.html
|
တရားအားထုတ်တဲ့အခါစကားပြောရမှာလား
|
အမေး။ ။အရှင်ဘုရား….တရားအားထုတ်ရင် စကားမပြောရဘူး၊ စကားဟာ တရားရဲ့အနှောက်အယှက်ဖြစ်တယ်လို့ပဲ သင်ကြားနာယူခဲ့ရဘူးပါ တယ်။ ဒါပေမဲ့ နောက်ပိုင်းတရားစခန်းတွေမှာတော့ စကားပြောရင် သတိနဲ့ပြောတာကို တရားစခန်းမှာ လေ့ကျင့်ရမယ် အပြင်ရောက်ရင် ကျင့်ဖို့ ဆိုတာ မဖြစ်နို်င်ဘူး။ ဒါကြောင့် သတိထားတတ်အောင် စခန်းဝင်နေတဲ့အချိန်လဲ စကားပြောရမယ်။ သတိနဲ့ပြောရမယ် လို့ ညွန်ကြားလာတာတွေ ကြားလာရပါတယ်ဘုရား။ ဆရာတော်ကြီးတစ်ပါးရဲ့ ဟောတရားထဲမှာ “စကားမပြောရင် သမ္မာဝါစာမဖြစ်လို့ မဂ္ဂင်တစ်ပါး ချို့ယွင်းနေသလိုလို” ပြောသွားပါတယ်။ ဒါဆိုရင် ဒီယောဂီတွေက မဂ္ဂင် ၈-ပါး မပြည့်လို့ တရားမရကြတော့ဘူးလို့ အဓိပ္ပါယ် ဖြစ်နေပါတယ်။ တပည့်တော်သိချင်တာက တရားကျင့်ရင် စကားပြောရမှာလား မပြောရဘူးလား ဆိုတာကို တိတိကျကျ သိချင်ပါတယ်ဘုရား။
Dr ဒေါ်စန္ဒဝတီ
မြိတ်-မဟာစည်
အဖြေ။ ။ တရားစခန်းမှာ သတိနဲ့စကားပြောတတ်အောင်လေ့ကျင့်ရမယ်ဆိုတာက မဟုတ်သေးပါဘူး။ တကယ်က သတိနဲ့စကားပြောတတ် အောင်လေ့ကျင့်ဖို့ထက် သတိနဲ့ တရားရှုမှတ်တတ်ဖို့က ပိုပြီးအရေးကြီးပါတယ်။
တရားအားထုတ်တဲ့အခါ သတိနဲ့စကားပြောရတယ် ဆိုတာက မဖြစ်မနေစကားပြောဖို့ လိုအပ်တာရှိရင် စကားပြောရပါမယ်။ ပြောတဲ့အခါ သတိနဲ့ပြောရပါမယ်။ စကားပြောဖို့ လုံးဝမလိုအပ်ဘူးဆိုရင်တော့ စကားမပြောဘဲ တရားရှုမှတ်နေက ပိုမို ကောင်းမွန်ပါတယ်။ ယခုအခါ အချို့တရားစခန်းတွေမှာ တရားအားထုတ်ရင် ဝစီပိတ်ဆိုပြီး စကားမပြောဘဲအားထုတ်နေကြပါတယ်။ လိုအပ်တာရှိလဲ စကားမပြောရဘူးဆိုရင် အဆင်မပြေပါဘူး။ လုံးဝစကားပြောရဘူးဆိုတာတော့ မဖြစ်နို်င်ပါဘူး။
ပြောချင်တာက တရားနဲ့စပ်လို့ အခက်အခဲတွေကိုတင်ပြဖို့ လိုအပ်လာပါက တိုကျဉ်းလိုရင်းပြောရမှာ ဖြစ်ပြီး မလိုအပ်ပါက လုံးဝမပြောဘဲ တရားရှုမှတ်နေရပါမယ်။
စကားမပြောရင် မဂ္ဂင်တစ်ပါးချွတ်ယွင်းနေတယ်ဆိုတာနဲ့ပတ်သက်ပြီး ပြောပါ့မယ်။
သမ္မာဝါစာဆိုတာ မဂ္ဂင်ထဲသွင်းရင် သီလမဂ္ဂင်ပါ။ ဒါတင်မက သမ္မာကမ္မ န္တ သမ္မာအာဇီဝ ဆိုတဲ့မဂ္ဂင်နှစ်ပါးလဲ သီလမဂ္ဂင်ပါပဲ။ မဂ္ဂင်ရှစ် ပါးမှာ သီလမဂ္ဂင်ကသုံးပါးပါပါတယ်။
မှန်တဲ့စကားကို ပြောဆိုရင် သမ္မာဝါစာဖြစ်မယ်ဆိုပြီး တရားကျင့်ရင်းစကားပြောရမယ်ဆိုရင် သီလမဂ္ဂင်ထဲကကျန်တဲ့ သမ္မာအာဇီဝကို လဲသတိ ထားရတော့မှာပါ။ သမ္မာအာဇီဝဆိုတာ မှန်ကန်တဲ့အသက်မွေးဝမ်းကျောင်းမှုဖြစ်ပါတယ်။ ဒီအတိုင်းဆိုရင်် တရားအားထုတ်ရင်းနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ပါ လုပ်ရတော့မလိုဖြစ်နေပါပြီ။ စကားမပြောရင် သမ္မာဝါစာမဖြစ်လို့ မဂ္ဂင်တစ်ပါး ချွတ်ယွင်းနေတယ်ဆိုရင် တရားအားထုတ်ရင်းနဲ့ အသက်မွေးဝမ်းကျောင်းမှုမလုပ်ဘူးဆိုရင်လဲ မဂ္ဂင်တစ်ပါးချွတ်ယွင်းနေတယ်လို့ ပြောရမလို ဖြစ်နေပါတယ်။ ဆရာတော်ကြီး ရဲ့အလိုက သမ္မာဝါစာပေါ်လွင်အောင် အသားပေးပြီး ဟောတာလဲ ဖြစ်ချင်ဖြစ်နို်င်ပါတယ်။
အမှန်က တရားရှုမှတ်တဲ့သူများဟာ အစဦးမှာ သီလဆောက်တည်ရပါတယ်။ သီလဆိုတာ ကိုယ်နဲ့နှုတ်ကိုစောင့်ထိမ်းတာပါ။ သီလမဂ္ဂင်ကလဲ ကိုယ်နဲ့နှုတ်ကိုစောင့်ထိမ်းတာပါပဲ။ ဆက်လက်ပြီး တရားအားထုတ်တဲ့အခါ မဂ္ဂင်ဖြစ်ပေါ်ပုံကို ပြောပါ့မယ်။
ဖြစ်ပေါ်လာတဲ့အာရုံကို မှတ်သိနိုင်ဖို့အတွက် ကြောင့်ကျစိုက်ပေးတာ သမ္မာဝါယမမဂ္ဂင်ပါ။ ဖြစ်ပေါ်တိုင်းအာရုံများကို သတိဖြင့် အမှတ်ရ နေတာက သမ္မာသတိမဂ္ဂင်ပါ။ ဖြစ်ပေါ်လာတဲ့အာရုံပေါ်မှာ မှတ်သိစိတ်လေး တည်နေတာက သမ္မာသမာဓိမဂ္ဂင်ဖြစ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ အာရုံပေါ်မှာ မှတ်သိနိုင်အောင် အာရုံပေါ်သို့ မှတ်သိစိတ်ကို တင်တင်ပေးရတယ် အဲဒါကို သမ္မာသင်္ကပ္ပမဂ္ဂင် လို့ခေါ်ပါတယ်။ ဖြစ်ပေါ်လာတဲ့အာရုံမှာ အမှန်အတိုင်းသိမြင်နေတာက သမ္မာဒိဋ္ဌိမဂ္ဂင်ပါ။ တရားအားထုတ်တဲ့အခါ မဂ္ဂင်ငါးပါး (သမာဓိမဂ္ဂင်နဲ့ပညာမဂ္ဂင်)က ရှုမှတ် ချက်တိုင်းမှာ ပါနေပါတယ်။ တရားအားထုတ်လို့ဉာဏ်အားပြည့်တဲ့အခါ မဂ်ဖိုလ်နိဗ္ဗာန်မျက် မှောက်ပြုသွားရင် သီလမဂ္ဂင်ပါ ပြည့်စုံသွား တော့တာပါ။
« ပြန်ခေါက်ထားရန်
စာရေးသူ- ဦးကောဝိဒ(မြိတ်)
|
https://www.dhammaransi.com/index.php/new/328-2017-12-18-14-13-59.html
|
ဗုဒ္ဓစာပေလာ စျာန်အဘိဉာဉ်အကြောင်းများ
|
လူအများစုသည် ဘုရား ရဟန္တာတို့အား စျာန်တရားများ ရရှိထားခြင်းကြောင့် ယခုလို စျာန်ပျံနိုင်သည်၊ ကောင်းကင်မှာ သွားလာနိုင်သည်၊ မြေကြီးမှာ ငုတ်လျိုးသွားနိုင်သည် စသည်ဖြင့် မှတ်ထင်နေတတ်ကြ၏၊ အမှန်စင်စစ်ကား စျာန်တရား ကြောင့် ကောင်းကင်ပျံနိုင်ခြင်း မဟုတ်ပါ၊ စျာန်တရားနှင့်အတူ တွဲပါလာတတ်သော တန်ခိုးအဘိဉာဉ်စွမ်းအား များ ကြောင့်သာ ဖြစ်၏၊
အဘိဉာဉ်တရား ဟူသည်ကား အ့ံသြဖွယ်ကောင်းလောက်အောင် ထူးခြား ဆန်းကြယ်ရကား လူသာမာန်တို့ မကြံစည်အပ် မကြံစည်သင့်သော အရာလေးမျိုးတွင် မြတ်စွာဘုရားက ဟောကြားထားသေး၏၊ ထိုတရားလေးပါး ဟူသည်ကား- (၁)သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့၏ တန်ခိုးအရာနှင့်စပ်သော သဗ္ဗညုတဉာဏ်တော်အကြောင်းကို မကြံစည်အပ်ပေ၊ ကြံစည် သောသူသည် ရူးသွပ်သူအဖြစ်သို့၄င်း၊ အနည်းဆုံးအားဖြင့် စိတ်ဆင်းရဲ ပင်ပန်းခြင်းအဖြစ်သို့၄င်း ရောက်ရှိခံစားရပေ၏ဟု ဟောတော် မူထားခဲ့သည်။
(၂) ဘုရား ရဟန္တာ အရိယာသူတော်ကောင်းတို့၏ စျာန်အကြောင်းကို မကြံစည်သင့်ပေ၊ မနေနိုင်ပဲ ကြံစည်သောသူသည် မိမိဉာဏ်ဖြင့် လိုက်၍ မမှီနိုင်သောကြောင့် မကြံစည်သင့်ကြောင်း ဟောတော်မူခဲ့သည်။
(၃) မည်သူကဖြင့် ဘယ်လိုကြီးပွားသွားတယ်၊ မည်သူကဖြင့် ဘယ်လို ဘယ်လို ဒုက္ခခံစားကာ ဘဝနိဂုံးအဆုံးသတ်သွား တယ် စသည်ဖြင့် လူအချင်းချင်းတို့၏ ကုသိုလ်ကံ၊ အကုသိုလ်ကံအကျိုးပေးတို့ကို၄င်း၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်၊ နတ်ဗြဟ္မာတို့၏ စည်းစိမ်ချမ်းသာများ၊ ဒုက္ခခံစားရပုံများနှင့်စပ်သော ကံတရားတို့၏အကျိုးပေး ဆန်းကြယ်ပုံကို၄င်း မကြံ စည်သင့်ပေ၊ ကြံစည်သော သူသည် ရူးသွပ်ခြင်း၊ စိတ်ဆင်းရဲခြင်းသာ အဖတ်တင်လိမ့်မည်။
(၄) လောကကြီးသည် အဘယ်သို့ ဖြစ်လာသနည်း၊ အဘယ့်ကြောင့်ဖြစ်လာသနည်း၊ သတ္တဝါသည် အဘယ်က စခဲ့လေသနည်း၊ သတ္တါတွေမဖြစ်ခင်က ဘယ်သူတွေ ရှိခဲ့လေသနည်း၊ သက်ရှိ သက်မဲ့အရာဝတ္ထုများသည် အဘယ့်ကြောင့် မတူ ကွဲပြား ခြားနားကြလေသနည်း ဟူသော အနန္တစကြာဝဠာခေါ် လောကကြီးအကြောင်းကိုလည်း မစဉ်းစားသင့်ပေ၊ စဉ်းစားပါက မိမိဉာဏ်က လိုက်၍မမှီနိုင်သောကြောင့် ရူးသွပ်ခြင်း၊ စိတ်ဆင်းရဲခြင်း ဖြစ်တတ်ကြောင်း သတိပေး ဟောကြားတော်မူခဲ့သည်။
( အစိန္တေယျသုတ်၊ အပဏ္ဏကဝဂ်၊ စတုက္ကနိပါတ်၊ အဂုင်္တ္တရပါဠိတော် )
ဤသို့လျင် မြတ်ဘုရားသည် သတ္တဝါတို့၏ အကျိုးစီးပွားကို ငဲ့ညှာတော်မူသောအားဖြင့် မကြံစည်သင့်သော အရာလေးမျိုးတွင် စျာန်အဘိဉာဉ်အကြောင်းကိုလည်း ထည့်သွင်းဟောကြားခဲ့သည်။
ဣဒ္ဓိ၀ိဓအဘိဉာဉ်
ဣဒ္ဓိ၀ိဓအဘိဉာဉ် ဟူသည် တယောက်ထဲမှ အများပုံစံဖန်ဆင်းခြင်း၊ လူအများကြီးမှ တယောက်ထဲပုံစံ ဖန်ဆင်းခြင်း၊ ခန္ဓာ ကိုယ်ကို မြင်အောင်ပြခြင်း၊ မမြင်နိုင်အောင် ကွယ်ထားခြင်း၊ နံရံတဖက်၊ တံတိုင်းတဖက်၊ တောင်စောင်းတောင် တန်းများကွယ်ထားသော်လည်း ကောင်းကင်မှာကဲ့သို့ အတွယ်တာကင်းမဲ့စွာ သွားလာ လှုပ်ရှားနိုင်ခြင်း၊ ရေထဲမှာ ကဲ့သို့ မဟာပထဝီမြေကြီးထဲမှာလဲ ပေါ်လိုက် ငုတ်လိုက် လုပ်စွမ်းနိုင်ခြင်း၊ မြေပေါ်မှာကဲ့သို့ ရေထဲမှာလည်း နှစ်ခြမ်းမကွဲစေပဲ ပေါ်လိုက် ငုတ်လိုက်လုပ်နိုင်ခြင်း၊ ကောင်းကင်၌ ငှက်များပျံနိုင်သလို ထက်ဝယ်တင်ပလ္လင်ဖြင့် သွားနိုင် ထိုင်နိုင်၊ လျောင်း စက်နိုင်၊ စကြံလျောက်နိုင်ခြင်း၊ တန်ခိုးအာနုဘော်ကြီးမားသော လ နေတို့ကိုလည်း လက်ဖြင့် ဆုပ်ကိုင်ဖမ်းနိုင် ခြင်း၊ အထက်ဗြဟ္မာ့ ဘုံတိုင်အောင် စကြာဝဠာအနှံ့အပြားကို မိမိခန္ဓာကိုယ်ဖြင့် ပြည့်စေနိုင်ခြင်း စသော စိတ်အလိုရှိရာ နေရာတိုင်းကို စိတ်အကြံအတိုင်း ဖြစ်စေ နိုင်သော တန်ခိုးအမျိုးမျိုးဖြစ်သည်။
ဒိဗ္ဗသောတ အဘိဉာဉ်
ဒိဗ္ဗသောတ အဘိဉာဉ်ဟူသည် နတ်တို့၏ နားနှင့်တူသော လူတို့ထက် သာလွန်သော အစွမ်းတမျိုးဖြင့် ဘယ်လောက် ဝေးသည်ဖြစ်စေ၊ ဘယ်လောက် နီးသည်ဖြစ်စေ နတ်ပြည် လူ့ပြည် ဘယ်နေရာမှာ ပြောနေသည်ဖြစ်စေ အနားမှာ လာရောက်ပြောကြားနေသကဲ့သို့ ထင်ထင်ရှားရှား ပြတ်ပြတ်သားသား ကြားနိုင်စွမ်းရှိသော တန်ခိုးမျိုးဖြစ်သည်။
ပရစိတ္တဝိဇာနန အဘိဉာဉ်
ပရစိတ္တဝိဇာနန အဘိဉာဉ် ဟူသည် သူတပါးတို့သန္တာန်တွင် ရာဂစိတ်ဖြစ်နေသလား၊ မဖြစ်ဘူးလား၊ ဒေါသစိတ်၊ မောဟ စိတ်တွေ လွှမ်းမိုးနေသလား၊ ကင်းနေသလား၊ သမာဓိတည်ကြည်နေသလား၊ ပျံ့လွင့်နေသလား၊ တောထွက်ချင်စိတ် ဖြစ်နေသလား၊ ကာမစိတ်တွေ ဖြစ်နေသလား၊ မြင့်မြတ်တဲ့ ကုသိုလ်စိတ် စျာန်စိတ်များဖြစ်နေသလား၊ နိမ့်ကျတဲ့ အကု သိုလ်စိတ်ေ တွ ဖြစ်နေသလား၊ ကိလေသာ အနှောင်အဖွဲ့ သံယောဇဉ်တွေကနေ လွတ်မြောက်သွားပြီလား မသွားသေး ဘူးလား စသည်ဖြင့် သူတပါးစိတ်တွင် မည်သို့သော စိတ်ဖြစ်နေသည်၊ အတွေးအကြံဖြစ်နေသည်ကို အာရုံပြုကြည့်စဉ်မှာ ပင် အချိန်မဆိုင်းပဲ သံသယ မရှိ အရှိအတိုင်း သိနိုင် မြင်နိုင်စွမ်းရှိသော တန်ခိုးမျိုးဖြစ်သည်။
ပုဗ္ဗေနိ၀ါသာနုဿတိ အဘိဉာဉ်
ပုဗ္ဗေနိ၀ါသာနုဿတိ အဘိဉာဉ် ဟူသည် ရှေ့ဘဝများတွင် ဘာဖြစ်ခဲ့သည်၊ ဘယ်မျိုးနွယ်ဖြစ်ခဲ့သည်၊ ဘယ်နာမည်ဖြင့် ဖြစ်ခဲ့သည် စသည်ကို သိနိုင်ခြင်းမျိုးဖြစ်၏၊ ဆိုပါစို့ ဤအဘိဉာဉ်ရရှိထားသူသည် အာရုံပြုလိုက်သည်နှင့်တပြိုင်နက် တစ်ဘဝ၊ နှစ်ဘဝ၊ သုံးဘဝ၊ ၄ ဘဝ၊ ၅ ဘဝ၊ ၁၀ ဘဝအားဖြင့် ဘဝပေါင်း ၂၀၊ ဘဝပေါင်း ၄၀၊ ဘဝပေါင်းငါးဆယ်၊ တရာ၊ တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်းအား ဖြင့်၄င်း အာရုံပြုသည်နှင့် ထင်ရှားပြတ်သားစွာမြင်နိုင်လာ၏။
ယခုလက်ရှိကမ္ဘာ၊ နောက်ကပ်ကမ္ဘာ စသည်အားဖြင့်၄င်း၊ ဤမည်သော ဘဝတွင် နာမည် ဘယ်လို ခေါ်ခဲ့သည်၊ ဘယ်လို အမျိုးအနွယ်မှာ မွေးဖွားခဲ့သည်၊ ဘယ်လိုရုပ်အဆင်းသဏ္ဍာန် ရှိခဲ့သည်၊ ဘယ်လို အစာအာဟာရကို မှီဝဲစားသုံးခဲ့ရသည်၊ ဘယ်လိုစီးစိမ်ချမ်းသာမျိုးကိုခံစားခဲ့ရသည်၊ဘယ်လိုဆင်းရဲဒုက္ခမျိုးကိုခံစားခဲ့ရသည်၊သက်တမ်းအားဖြင့်နှစ်ပေါင်းဘယ် လောက်နေခဲ့ရသည် စသည်အားဖြင့် အသေးစိတ်ကို သိနိုင်ပြီး ထိုဘဝမှ စုတေခဲ့သောကြောင့် ဒီဘဝမှာ ဖြစ်ရသည်၊ ဒီဘဝမှာလဲ ဘယ်လိုနာမည် အမျိုးအနွယ် သက်တမ်း၊ ချမ်းသာဆင်းရဲ ခံစားခဲ့ရသည်များကို အသေးစိတ် အစဉ်အတိုင်း သိနိုင်၊ မြင်နိုင်စွမ်းသော တန်ခိုးမျိုးကို ခေါ်သည်၊
ဤတန်ခိုးတွင် ခြွင်းချက်အားဖြင့် တပည့်သာဝကများသည် ဘဝများကို အစဉ်အတိုင်း ဆက်လက် စဉ်းစားမှသာ သိမြင် နိုင်ကြပြီး သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့သည်ကား ဘဝများကိုအစဉ်အတိုင်းဖြစ်စေ၊ ခုန်ကျော်ပြီးဖြစ်စေ၊ ဟိုဘက်ဘဝမှာ ဘာတွေလုပ်ခဲ့သောကြောင့် ဒီဘဝမှာဘယ်လိုအကျိုးကျေးဇူး ခံစားနေရသည် စသည်အားဖြင့် အကြောင်းတရား အကျိုး တရားနှင့်တကွ ဘဝဖြစ်စဉ်တို့ကို သိမြင်နိုင်ကြသည်။
ဒိဗ္ဗစက္ခု အဘိဉာဉ်
ဒိဗ္ဗစက္ခု အဘိဉာဉ်ဟူသည် ပကတိလူသားတို့ထက် သာလွန်သော နတ်မျက်စိနှင့်တူသော အစွမ်းဖြင့် သေခါနီး သတ္တဝါ များ၊ ပဋိသန္ဓေနေပြီးခါစ သတ္တဝါများကို- ဤသတ္တဝါတို့သည် ကိုယ်နှုတ်စိတ် သုံးပါးလုံးဖြင့် မကောင်းမှု အကုသိုလ် ဒုစရိုက် များကို ပြုလုပ်ခဲ့ကြသည်၊ အရိယာ သူတော်ကောင်း ပညာရှိများကိုလဲ စွပ်စွဲပြောဆိုလေ့ရှိကြသည်၊ အယူမှား မိစ္ဆာဒိဋ္ဌိလဲ ယူခဲ့ကြသောကြောင့် ထိုသူတို့ သေလွန်သောအခါ အပါယ်ငရဲသို့ ကျရောက်ကြရသည်။
အချို့သော သတ္တဝါတို့သည်ကား ကုသိုလ်ကောင်းမှုများ၊ သုစရိုက်တရားများကို ကျင့်သုံးကြပြိး ပညာရှိသူတော် ကောင်းများကိုလဲ မစွပ်စွဲမကဲ့ရဲ့ မပုတ်ခတ်ပဲ အမြင်မှန် အကျင့်မှန်ဖြင့် နေခဲ့ကြ သောကြောင့်သုဂတိ နတ်ပြည်များသို့ ရောက်ကြရသည်- စသည်အားဖြင့် ထိုထိုသတ္တဝါတို့၏ ကုသိုလ် အကုသိုလ်ကံတို့နှင့်တကွ ယုတ်နိမ့်သော သတ္တဝါ၊ မြင့်မြတ်သောသတ္တဝါ၊ ရုပ်လှသော သတ္တဝါ၊မလှပသောသတ္တဝါ၊ နတ်ရွာသုဂတိ၊ အပါယ်ဒုဂ္ဂတိသို့ ကျရောက်လတံ့ ကျရောက်ဆဲဖြစ်သော သတ္တဝါတို့သည် ထိုသူတို့ ပြုလုပ်ခဲ့သော ကံတရားများအတိုင်း ရောက်သင့်ရောက်ထိုက်သော ဘုံဘဝများသို့ ရောက်ကြရရှာသည်-ဟု ဘယ်ကံကို ဆည်းပူးခဲ့သောကြောင့် ဘယ်ဘုံဘဝ ရောက်ကြရသည် အားဖြင့် အာရုံပြုလိုက်သည်နှင့်တပြိုင်နက် မြင်နိုင်စွမ်းသော တန်ခိုးမျိုးကို ခေါ်သည်။
အာသဝက္ခယ အဘိဉာဉ်
အာသဝက္ခယအဘိဉာဉ် ဟူသည် ငြိမ်းအေးရာဖြစ်သော နိဗ္ဗာန်သို့ သမာဓိရှေ့ဆောင်သော မဂ်လေးတန်ဖိုလ် လေးတန် ဖြင့်၄င်း၊ ပညာရှေ့ ဆောင်သော မဂ်လေးတန်၊ ဖိုလ်လေးတန်ဖြင့်၄င်း၊ တစ်မျိုးမျိုးသောဉာဏ်ဖြင့် နောက်ထပ်တဖန် ဘဝ သစ် တဖန် ဖြစ်စေတတ်သော အာသဝေါတရားလေးပါး၊ ကိလေသာ သံယောဇဉ်များ၊ အကုသိုလ် များကုန်ခန်းခြင်းကြောင့် လက်ရှိဘဝမှာပင် နိဗ္ဗာန်ချမ်းသာကို ထပ်ကာထပ်ကာ အလိုရှိတိုင်း ခံစားနိုင်သော တန်ခိုးမျိုးကို ခေါ်ဆိုသည်။
( ပံသုဓောဝကသုတ်၊ လောဏကပလ္လဝဂ်၊ တိကနိပါတ)
အရှင်မောဂ္ဂလာန်မထေရ်၏ တန်ခိုးတစ်မျိုး
ဘုရားရှင်သက်တော်ထင်ရှားရှိတော်မူစဉ်ကဖြစ်သည်၊ရာဇဂြိုလ်မြို့တွင်ကုဋေရှစ်ဆယ်ကြွယ်ဝချမ်းသာသော အလွန်နှမြော တွန့်တို တတ်သော သူဋ္ဌေးကြီး တဦးရှိခဲ့သည်၊ မည်သူတဦးတယောက်ကိုမျှ ဘာပစ္စည်းကိုမျှ မပေးကမ်းမစွန့်ကြဲဖူးသော ကြောင့် မစ္ဆရိယကောသိယ- ဦးကပ်စေးနှဲဟု အများက သမုတ်ထားကြသည်၊ တနေ့တွင် ဘုရင့်နန်းတော်သို့ အခစားဝင် ကာ ပြန်လာစဉ်လမ်းဘေးတွင် ရောင်းနေ သော မုန်းပျားသလက်( မုန့်ပြစ်သလက်) ကို စားချင်သော အာသာဖြစ်သည့် အခါ ဝယ်စားလျင် ပိုက်ဆံကုန်မည်၊ အိမ်မှာကိုယ်တိုင်ကျော်ပြီး စားရင်လဲ တစ်အိမ်လုံးကိုကျွေးရမည် ဆိုလျင် ငွေပိုကုန် မည်ဟုတွေးတောကာ ထိုစိတ်ဖြင့်ပင် မစားနိုင် မအိပ်နိုင် ဖြစ်၍ ပိန်ချုံးလာလေ၏။
သူဋ္ဌေးကြီး၏ အခြင်းအရာကို သတိထားမိသော သူဋ္ဌေးကတော်ကြီးသည် ကြံရမရသည့်အဆုံး အဖြေရအောင် စစ်စစ်ပေါက်ပေါက်မေးမြန်းပြီးသကာလ- အော် သူဋ္ဌေးကြီးနှယ်- ပင်ပန်းလိုက်တာ၊ မကုန်တဲ့နည်း ရှိပါတယ် ဆိုပြီး ပတ်ဝန်း ကျင်က မည်သူမှ မသိအောင် သူဋ္ဌေးကြီးတယောက်စာပဲ ကြော်ပြီး ကျွေးပါမည် ဆိုကာ ဘုံခုနှစ်ဆင့်ပြဿဒ် အထက်ဆုံး ကို တက်ပြီး လင်မယားနှစ်ယောက် မုန့်ကြော်ကြပါတယ်။
ထိုအခြင်းအရာ အလုံးစုံကို ဇေတဝန်ကျောင်းတော်မှ မြင်တော်မူသော ဘုရားရှင်သည် သူဋ္ဌေးလင်မယားနှစ်ဦးစလုံး သောတာပန် တည်မည့်အကြောင်းကိုမြင်တော်မူသည့်အတွက်ကြောင့် အရှင်မဟာမောဂ္ဂလာန်ကို ခေါ်တော်မူကာအဆိုပါ သူဋ္ဌေးလင်မယားကို ဆုံးမပြီး မုန့်ကို အလှူခံခဲ့ပါ၊ ငါဘုရား ဇေတဝန်ကျောင်းကနေ စောင့်တော်မူမယ်၊ မုန့်ကို နေ့ဆွမ်း အဖြစ် ဘုန်းပေးတော်မူမယ် လို့ မိန့်တော်မူလိုက်တယ်။
မထေရ်မြတ်ကြီးသည် ပြဿဒ်အထက်ဆုံးထပ် လေသာပြူတင်းပေါက်မှ ကိုယ်ထင်ပြလိုက်လေ၏၊ မထေရ်မြတ်ကို မြင်သော သူဋ္ဌေးကြီးလဲ အောင်မလေး၊ သူများမကြွေးချင်လို့ ကောင်းကင်မှာ တက်ပြီးမုန့်ကြော်ပါတယ်၊ ဒီအထိ အလှူခံက ရောက်လာပါပေါ့လား. ဟုဆိုကာ စိတ်မကောင်းဖြစ်ရှာသည်။
မနေနိုင်သည့်အဆုံး အရှင်ဘုရား ကောင်းကင်မှာ လမ်းလျောက်ပြလဲ တပည့်တော်ကတော့ မလှူနိုင်ပါဘူး ဆိုတော့ မထေရ်ကလဲ လမ်းလျောက်ပြတယ်၊ လမ်းလျောက်ရုံ မဟုတ်ဘူး၊ ထိုင်ပြလဲ မလှူဘူးဘုရား ဆိုတော့ မထေရ်ကလဲ ထိုင်ပြတယ်၊ နောက်ထပ် မီးခိုးတွေ ထွက်အောင်လုပ်ပြလဲ မလှူဘူးဘုရား ဆိုတော့ တစ်အိမ်လုံးကို မီးခိုးတွေနဲ့ ဖုံးလွှမ်းသွားအောင် လုပ်ပြတယ်။
နောက်ဆုံးမှာ သူဋ္ဌေးကြီးဟာ ကြံရာမရတဲ့အဆုံး ရှင်မရယ်- အသေးဆုံးမုန့်ကိုယူပြီး လှူလိုက်စမ်းပါ- ဒီမုန့်မှ မရရင် ဒီမထေရ် ပြန်မယ် မထင်တော့ဘူး ဆိုတော့ မုန့်တခုကို ယူလိုက်တာ အထပ်လိုက် အထပ်လိုက် ကပ်ပါလာသတဲ့။
ဒီလောက်တောင် ဖြစ်လှတာ ငါကိုယ်တိုင် အသေးဆုံးဖြစ်အောင်ကြော်မယ် ဆိုပြီး အနည်းငယ်ထည့်ကာ ကြော်လိုက်တော့ အိုးကင်းအပြည့်ကြီး ဖြစ်လာတာကြောင့် - ကဲ ဒီအခြေအနေကိုရောက်မှတော့ ငါလဲ စားချင်စိတ် အာသာကုန်ပါပြီ၊ အကုန်သာ လှူလိုက်ပါ ရှင်မရယ်-ဟု ပြောလိုက်လေ၏။
လှူချင်သောစိတ်ဖြင့် မုန့်အကုန်လုံးကို လှူဒါန်းသောအခါ အရှင်မောဂ္ဂလာန် မထေရ်မြတ်က-သူဋ္ဌေးကြီး သင်လှူမည့်မုန့်ကို အလှူခံဖို့ မြတ်စွာဘုရားသည် ကျောင်းတော်ကနေ စောင့်တော်မူဆဲဖြစ်တယ်၊ လာ သွားကြရအောင်-ဟု မိန့်တော်မူ သောအခါ ဒီအချိန်ကြီးကျမှ မွန်းလွဲပါတော့မယ်- တပည့်တော်တို့ ဒီလောက်ဝေးတဲ့ခရီးကို သွားပြီး ဘယ်လို လှူရပါမလဲ ဘုရား- ဟု လျောက်သောအခါ ဒါဆိုလဲ မုန့်တောင်းကိုယူပါ၊ အခြားလှူဖွယ်ပစ္စည်းတွေကို ယူပြီး ပြဿာဒ်အောက်ဆုံး လှေခါးကို ဆင်းလိုက်ပါ၊ လှေခါးခြေရင်းရောက်တာနဲ့ ဇေတဝန်ကျောင်းတော်မုဒ်ဦးကိုရောက်ပါလိမ့် မယ်ဆိုပြီး တန်ခိုးနဲ့ အဓိဋ္ဌာန် လိုက်တာ ချက်ချင်းဇေတဝန်ကျောင်းတော်ကိုရောက်သွားကြလေ၏။
ဇေတဝန်ကျောင်းတော်နှင့် ရာဇဂြိုလ်မြို့တို့သည် ယူဇနာပေါင်း (၄၅) ယူဇနာမျှဝေးကွာလှ၏၊ တယူဇနာကို ယခုခေတ် (၈) မိုင်နှုန်းဖြင့်ရေတွက်သော် မိုင်ပေါင်း (၃၆၀) မျှကွာဝေး၏၊ ထိုမျှလောက် ဝေးသောခရီးကို စက္ကန့်ပိုင်းအတွင်းရောက် အောင်ပို့ ဆောင်နိုင်ခြင်းသည် အဘိဉာဉ်ကြောင့်သာလျင် ဖြစ်၏။ ။
နောက်ဆုံးတွင် သူဋ္ဌေးလင်မယားနှစ်ဦးတို့သည် ဘုရားအမှုးရှိသော သံဃာတော်ငါးရာတို့အား မုန့်ဆွမ်းဆက်ကပ်လှူ ဒါန်းကာ တရားနာကြရင်း သောတာပန်အရိယာများ ဖြစ်သွားကြ၏၊ လှူဒါန်းပြီး၍ ဇေတဝန်ကျောင်းတော်က ထွက်လိုက်သည်နှင့် တပြိုင်နက် မိမိနေရာ ပြဿာဒ်လှေခါးဦးသို့ ပြန်လည်ရောက်ရှိသွားကြသည်။
( မစ္ဆရိယကောသိယဝတ္ထု၊ ဓမ္မပဒအဋ္ဌကထာ၊ ဣလ္လိသဇာတ်၊ ဧကနိပါတ်၊ ဇာတကအဋ္ဌကထာ )
အထက်ပါအဖြစ်အပျက်ကို ထောက်ဆသော် မယုံနိုင်စရာ ကောင်းလောက်အောင် အံ့သြစရာများနှင့် ပြည့်နှက် နေသည်ကို တွေ့ရ ပါမည်၊
သို့သော်လည်း တန်းခိုးအဘိဉာဉ်အရာ ဖြစ်လေတော့ မဖြစ်နိုင်ဘူး ဟုလဲ မဆိုသာပေ၊ အဘယ့်ကြောင့်ဆိုသော် မြတ်စွာ ဘုရားသည် စျာန်အဘိဉာဉ်ရနိုင်ကြောင်း နည်းလမ်းကောင်းများ၊ သမထ ၀ိပဿနာနည်း လမ်းတို့အား သတ္တဝါတို့၏ အကြိုက်၊ သတ္တဝါတို့၏စရိုက်၊ သတ္တဝါတို့၏ဝါသနာဓလေ့ ကွာခြားချက်အလိုက်၊ သဒ္ဓါ သီလ ဝီရိယစွမ်းအားတို့အလိုက် သဒ္ဓါစသော ဣန္ဒြေအနုအရင့်အလိုက် ဒီလမ်းကြောင်းကို ဒီလိုလျောက်ပါ၊ ဒီလိုပြောပါ၊ ဒီလိုဆိုပါ၊ ဒီလိုကျင့်ကြံ အားထုတ်ပါက လမ်းဆုံးပန်းတိုင်သို့ ရောက်ပါလိမ့်မည် ဟု အတိအလင်း ဟောကြားခဲ့သည်။
အက္ခာတာရော တထာဂတာ- ဘုရားရှင်တို့သည် စကားဖြင့် လမ်းညွှန်ရုံသာ ညွှန်ပြတတ်ကုန်၏၊
( တုမှေဟိ ကိစ္စ မာတပ္ပံ ) အတ္တာ ဟိ အတ္တနော နာထော- အားထုတ်ရမည်မှာ ကိုယ့်အားကိုယ် ကိုးဖို့ရန် ဖြစ်ကြောင်း မှာတော်မူခဲ့သည်။
ဆရာရှင်ဖြစ်သော ထိုမြတ်ဘုရား သွန်သင်ဆုံးမ ထားသည့်အတိုင်းသာ လျောက်လှမ်းပါက လမ်းဆုံးပန်းတိုင်သို့ ရောက် မည်မှာ မလွဲဧကန်အမှန်ပင် ဖြစ်ပါတော့သည်။
မေတ္တာဖြင့်
ပန်းကမ္ဘာ
|
https://www.dhammaransi.com/index.php/new/329-2017-12-18-14-11-23.html
|
|
အသိတရားသည် လူတွင်မက တိရိစ္ဆာန်များတွင်လည်းရှိကြသည်။
သူ့ ကျေးဇူးကို သိတတ်သည့်တိရိစ္ဆာန်များ။ မိမိရင်သွေးများကို အစာရှာ
ကျွေးမွေးကြသော တိရိစ္ဆာန်များသည် အသိရှိကြသည့်သဘောပင်ဖြစ်သည်။
လူသည် တိရိစ္ဆာန် ထက် သာလွန်မြင့်မြတ်သော အသိတရား ရှိနိုင်၏။
ရှိအောင်လည်း အားထုတ်နိုင်၏။လူဖြစ်ခွင့်ရခြင်းသည် ဒါန သီလ တို့ ၏
ထောက်ပံ့မှုကြောင့် သုဂတိ ဘုံသို့ ရောက်ရခြင်းဖြစ်သည်။ သို့ သော်
အသိတရားရှိအောင် အားမထုတ်သူသည် တိရိစ္ဆာန် နှင့် မခြားသော
အသိတရားဖြင့် ရှင်သန်ကြသည်။စားမှု အိပ်မှု ကာမဂုဏ် ခံစားမှုတို့ ဖြင့်သာ
အချိန်ကို ကုန်လွန်စေတတ်သူသည် တိရိစ္ဆာန်နှင့် မခြားသူသာဖြစ်သည်။
တန်ဖိုးရှိ၍ မြင့်မြတ်သောလူသည် ပညာဖြင့် အသက်မွေးသူဖြစ်သည်။
မျိုးရိုးမြင့်မြတ်ခြင်း ရာထူးဂုဏ်သိန် ကြီးကျယ်ခြင်း ပစ္စည်းဥစ္စာ အခြွေအရံ
ပေါများခြင်း ဘုန်းကံကြီးမား၍ သြဇာ အရှိန်အ၀ါ ကြီးကျယ်ခြင်းများသည်
အတုအယောင်ချမ်းသာခြင်းများဖြစ်ပြီး ထိုထို ပြည့်စုံခြင်းများနှင့် ပြည့်စုံသူကို
တန်ဖိုးရှိ၍ မြင့်မြတ်သူ ဟု မခေါ်ဆိုနိုင်ပေ။
မျိုးရိုးမြင့်မြတ်သည်ဟု ခေါ်တွင်သော ရှင်ဘုရင် ပင် ဖြစ်လင့်ကစား
စိတ်ထားယုတ်မာသူသည် ယုတ်မာသူသာဖြစ်သည် မြင့်မြတ်သူ မဟုတ်ချေ။
ရာထူးဂုဏ်သိန် ကြီးကျယ်၍ ပစ္စည်းဥစ္စာ အခြွေအရံ ပေါများပြည့်စုံသော်လည်း
မေတ္တာ ကရုဏာ တရား နှင့်ဆန့် ကျင်သည့် နေထိုင်ပြုမှုခြင်းများရှိပါက
သီလ စောင့်ထိန်းမှု ချို့ တဲ့ပါက မြင့်မြတ်သူ မဟုတ်ချေ။ ဘုန်းကံကြီးမား၍
သြဇာ အရှိန်အ၀ါ ကြီးကျယ် သော်လည်း စင်ကြယ်သောစိတ်ကို မဆောက်တည်
နိုင်ပါက မြင့်မြတ်သော သူ မဟုတ်ချေ။
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး သက်တော်ထင်ရှားရှိစဉ်ကပင်
ထင်ရှားသော ဗုဒ္ဓ၀င်များကို လေ့လာနှိုင်းယှဉ်သိမြင်နိုင်ကြပေလိမ့်မည်။
ရှင်ဘုရင်သည်၎င်း။ ဒွန်းစဏ္ဍားသည်၎င်း။ မိဖုရားသည်၎င်း။ ပြည့်တန်ဆာမ သည်၎င်း။
ကုသိုလ် အကုသိုလ်၏ အကျိုးပေး ကြောင့် ဘ၀ နေထိုင်မှု အဆင့်အတန်းခြင်း
မတူညီပေ။ ဆင်းရဲ ယုတ်ညံသော ဘ၀နေထိုင်မှု ။ချမ်းသာပြည့်စုံသော
ဘ၀ နေထိုင်မှု များ ကွဲပြားခြားနား ကြသည်။
သို့သော်လည်း စေတီတည်ထိုက်သော တန်ဖိုးရှိသည့် ပုဂ္ဂိုလ်များသည်
ဘ၀ နေထိုင်မှု နှင့်မသက်ဆိုင်တော့ပဲ အသိတရားမြင့်မားခြင်းနှင့်သာ သက်ဆိုင်တော့သည်။ စေတီတည်ထိုက်သော ပုဂ္ဂိုလ်သည် မြင့်မြတ်သော တန်ဖိုးရှိသောပုဂ္ဂိုလ်များဖြစ်ကြသည်။
အဘယ်ပုဂ္ဂိုလ်တို့ နည်း
စေတီ တည်ထိုက်သော ပုဂ္ဂိုလ်(၄)မျိုး
(၁) အရဟံ ဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် မြတ်စွာဘုရားသခင်ကို
စေတီ တည်ထိုက်၏။
(၂)ပစ္စေက ဗုဒ္ဓါကို စေတီတည်ထိုက်၏။
(၃)မြတ်စွာဘုရား၏ သာဝက(အရိယာ)ကို စေတီ တည်ထိုက်၏။
(၄)စကြ၀တေးမင်းကို စေတီတည်ထိုက်၏။
ဖေါ်ပြပါ (၁) (၂)သည် အားလုံးသိပြီးဖြစ်ပါမည်။
(၃)မြတ်စွာဘုရား၏ သာဝက(အရိယာ)ကိုစေတီတည်ထိုက်၏ ဆိုသော
အချက်အတွက် မဟာဗုဒ္ဓ၀င် ပဉ္စမတွဲ စာမျက်နှာ(၄၄၄)တွင် ဖေါ်ပြထားသည်ကိုရေးသားမျှဝေပါမည်။
“ ချစ်သား အာနန္ဒာ….အဘယ်သို့ သော အကျိုးထူးကို စွဲ၍
မြတ်စွာဘုရား၏ တပည့် သာဝက (အရိယာ)ကို စေတီတည်ထိုက်သနည်း
ဟူမူကား………ချစ်သား အာနန္ဒာ.. “ဤ စေတီသည်ကား
အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓ ဂုဏ်ရှင် ထိုဘုရားသခင် တပည့် သာဝက
အရိယာ၏ စေတီတော်တည်း” ဟု လူအများတို့ သည် မိမိ စိတ်ကို
သဒ္ဓါရွှန်းစို ကြည်ညိုစေကြကုန်၏။ ထိုလူတို့ သည် ထိုစေတီတော်၌
သဒ္ဓါရွှန်းစို ကြည်ညိုကြပြီးသော် ကိုယ်ခန္ဓာ ပြတ်ကြွေ စုတေ သည်မှ
နောက်၌ ကောင်းသော လားရာ နတ်ရွာသို့ ရောက်ရကုန်၏။…….
ချစ်သားအာနန္ဒာ…..ဤ အကျိုးထူးကို စွဲ၍ မြတ်စွာဘုရား၏ တပည့်
သာဝက အရိယာကို စေတီတည်ထိုက်၏။
ဤသို့ မြတ်စွာဘုရားသည် မိန့် တော်မူခဲ့လေသည်။
ထို့ ကြောင့် တန်ဖိုးရှိ၍ မြင့်မြတ်သောသူသည် ဘ၀ နေထိုင်မှု အဆင့်အတန်းနှင့်လုံးဝ မသက်ဆိုင်။ မိမိ ၏ အသိတရား မြင့်မြတ်ခြင်းနှင့်သာ သက်ဆိုင်သည်။
မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ် အချိန်က တန်ဖိုးရှိ၍ မြင့်မြတ်သူနှင့်မြင့်မြတ်ခြင်းတို့ ကင်းကွာလျှက် တန်ဖိုးမဲ့သောသူများစွာကို လေ့လာတွေ့ ရှိနိုင်သည်။
ယသော်ဓရာ၏ ဖခင် ဘုရင် သုပ္ပဗုဒ္ဓသည် ရှင်ဘုရင်ပင် ဖြစ်လင့်ကစား တန်ဖိုးရှိခြင်းမြင့်မြတ်ခြင်းကို နားမလည်သည့်အတွက် မဟာလူသား မြတ်ဘုရားကို ဆဲရေးတိုင်းထွာပြောဆိုခဲ့သည်။
ထို့ သည့် အကျိုးပေးသည် (၇)ရက် အတွင်း မြေမျိုခံလိုက်ရသည်။
လူခြင်းတူသော်လည်း တန်ဖိုးရှိခြင်း မြင့်မြတ်ခြင်း မတူညီပေ။ မြတ်စွာဘုရားသည် လူသားစင်စစ်ပင်ဖြစ်သည်။ လူများ အဟာရ သုံးဆောင်သလို သုံးဆောင်ရသည်သာ။
လူများ ကျင်ကြီးကျင်ငယ်စွန့် သကဲ့သို့ စွန့်ရသည်သာ။ သို့ သော် ပါရမီတော်တို့ နှင့်ကျင့်ကြံအားထုတ်မှု အသိတရား ဥာဏ်အားတို့ သည် သာမာန်လူသားတို့ နှိုင်းယှဉ်တုပြိုင်နိုင်စရာမရှိအောင် မြင့်မြတ် ပြည့်စုံသူ မဟာလူသားဖြစ်သည်။
လူချင်း တူတူပဲ ဟု
နှိုင်းယှဉ် ပြောစရာဆို၍ ခန္ဓာ နှိပ်စက်ခြင်းကိုခံရတာခြင်း တူတာပဲ ရှိသည်။
ဘုရားရှင်သည်လည်း လူ့ ခန္ဓာ နှင့်မို့ နာမှု ကျင်မှု ထုံမှု ကိုက်ခဲမှု တို့ သည် အစဉ်မပြတ်နှိပ်စက်ခံရသည်သာဖြစ်သည်။
ထို့ အတွက်ကြောင့်တော့ လူချင်းတူတူဟူ၍
မနှိုင်းယှဉ်ကောင်းချေ။အတုမရှိ တန်ဖိုးရှိသော အတုမရှိမြင့်မြတ်သော
ဘုန်းတော် အနန။္တ ဥာဏ်တော် အနန။္တ တန်ခိုးတော် အနန္တ နှင့် မဟာလူသား။
ထို့ မဟာလူသားကို မဟာလူသားမှန်းမသိ။ ငါ့သမီး နဲ့ မြေးလေး လူပုံအလယ်မျက်နှာငယ်အောင် ထားခဲ့ရက်တဲ့ သမက်ဟု သမီးခင် မြေးခင်သောစိတ်ဖြင့်ယုတ်ရင်းကြမ်းတမ်းစွာ ဆဲရေးတိုင်းထွာခဲ့သော သုပ္ပဗုဒ္ဓဆိုသည့် ရေမြေ့ အရှင်ဘုရင်မင်းကြီး မြေမျိုခံရသည့်အဖြစ်။လူ ဖြစ်သော်လည်း တန်ဖိုးမရှိ အသိတရားမရှိသည့်အတွက် တန်ဖိုးရှိသည့်အရာကို တန်ဖိုးရှိမှန်းမသိလေသောကြောင့်ပေါက်ကရပြော ပေါက်ကရလုပ် ငါရှင်ဘုရင် လုပ်ချင်ရာလုပ်လို့ ရသည်ဟု အထင်နှင့်ထင်ရာစိုင်း ကာ ရိုင်းလိုက်သည့်အဖြစ် မြေမျိုခံရသည့် အပြင် အ၀ီစိတွင် ငရဲခံနေရလေပြီ။
နောက်ထပ်တစ်ဦး သုပ္ပဗုဒ္ဓ။ သူတောင်းစား လမ်းဘေးတွင်နေ လမ်းဘေးတွင် စားလူဖြစ်သော်လည်း လူလို သူလို ကောင်းစားသော ဘ၀ မဟုတ်။ရှင်ဘုရင် သုပ္ပဗုဒ္ဓ ၏ဘ၀ အဆင့်အတန်းနှင့် ဘာမျှ မဆိုင်။ သူများကျွေးမှ ပေးမှ ကမ်းမှ စားရသောက်ရသောဘ၀ စားကြွင်း စားကျန်ကိုစား။ စွန့် ပစ် အစားအသောက်ကိုစားပြီး အသက်ရှင်နေရသူ။
ဘုရားရှင်၏ တရားပွဲ နှင့် ကြုံရသခိုက် လူကြားသွား၍ တရားပင် မနာရဲရှာ။
အစွန်အဖျားမှာနေ၍ ဘုရားရှင်၏ တရားတော်များနာကြာရင်း နား က တရားနာဥာဏ်က ခန္ဓာလှည့်။ အဖြစ် အပျက် မဂ် ကိုက်ညီ၍ သောတာပန် အရိယာ စင်စစ်သစ္စာသိသူဖြစ်ခဲ့လေသည်။ မြင့်မြတ်သော တန်ဖိုးရှိသော ဘုရားရှင် သားတော်အစစ်ရတနာတစ်ပါး ။ စေတီတည်ထိုက်သောပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ လူက သူတောင်းစား။
နှလုံးသားက ဘုရားတည်။ မြင့်မြတ်သည့်ဘ၀ တန်ဖိုးရှိသည့် ဘ၀ပိုင်ရှင်။
ရှင်ဘုရင် နှင့် သူတောင်းစား ဘ၀ နေထိုင်မှုက ခြားမှ ခြား။ သို့ သော် မြင့်မြတ်ခြင်းတန်ဖိုးရှိခြင်းများကတော့ ဆန့်ကျင်ဘက်။ သူတောင်းစားက နိဗ္ဗာန် ကို မျက်မှောက်ပြုပြီး။
ရှင်ဘုရင်က အ၀ီစိရောက်လေသည်။
မိဖုရား မာဂဏ္ဍီ ။ဘုရင် ဥတေန ၏ အချစ်တွေကို တစ်ဦးတည်းသိမ်းပိုက်လိုသဖြင့်မြင့်မြတ်သော သောတာပန် အရိယာ သာမာဝတီကို အကောက်ကြံ
မီးရှို့ သတ်လိုက်သည့် အကျိုးပေးက လက်ငင်းဘ၀တွင်ပင်ထင်ရှားလွန်းလှသည်။
ဘုရားရှင်ကိုလည်း အငြိုးအတေးထားခဲ့သူ။ ဘ၀နေမှု အဆင့်အတန်းက မိဖုရားမြင့်မြတ်တန်ဖိုးရှိသူ ဘုရားရှင်နှင့် ဘုရားရှင်၏ သာဝက ကိုမှ ပြစ်မှားစော်ကားမိသည့်အဖြစ်။ အပြစ်ကိုခံယူရာ၌ တစ်ဦးတည်းမဟုတ် တစ်ဆွေလုံးတစ်မျိုးလုံး။
မြင့်မြတ်ခြင်း တန်ဖိုးရှိခြင်းကိုလည်းမသိ။ မိမိကိုယ်ကို မြင့်မြတ်အောင် တန်ဖိုးရှိအောင်လည်းမကြိုးစားပဲ အောက်တန်းစားစိတ်ဓါတ် လွန်စွာယုတ်ညံ့ခြင်းကြောင့် အရှင်လတ်လတ် ငရဲခံခဲ့ရရှာသည်။
နောက်တစ်ဦး ပြည့်တန်ဆာမ သီရိမာ
ဘ၀ နေထိုင်မှု အဆင့်အတန်းက လူတကာကို ဖျော်ဖြေတင်ဆက်ရသည့်ဘ၀။ရွံရှာဖွယ်ကောင်းလှသည်။ သို့ သော် သစ္စာတရားကိုနာကြား ခန္ဓာပေါ် ဥာဏ်ရောက်သစ္စာသိအောင် အားထုတ်လိုက်တော့ သာဝက စင်စစ် အရိယာဖြစ်ခဲ့သည်။
မာဂဏ္ဍီ မိဖုရားနှင့် သီရိမာ ပြည့်တန်ဆာမ ဘ၀နေထိုင်မှု အဆင့်အတန်းခြင်းဘာမှ မဆိုင် ။ မိဖုရားသည် တိုင်းပြည်တွင်အဆင့်မြင့်သောမိခင်နေရာ နေရသူ.။
ပြည့်တန်ဆာမ သည် ယုတ်ညံသောဘ၀ဖြင့်အသက်မွေးရသူ။
သို့သော် မြင့်မြတ်ခြင်းတန်ဖိုးရှိခြင်းများကတော့ နှိုင်းယှဉ်၍ မရအောင်
ကွာခြားသွားသည်။အသိတရား ဥာဏ်စွမ်းအားက တန်ဖိုးရှိရာကိုသွားသူသည်တန်ဖိုးရှိပြီး တန်ဖိုးမဲ့ရာကိုသွားသူသည် တန်ဖိုးမဲ့ရပြီ။
ပြည့်တန်ဆာမသည် စေတီတည်ထိုက်သူ ဘုရားရှင်၏တပည့် အရိယာ သာဝကဖြစ်ခဲ့ပြီး.။မိဖုရားသည် သူ၏ အကုသိုလ် အကျိုးပေးရာအတိုင်းငရဲသားအဖြစ်သို့
ရောက်နေရလေပြီ။
ထို သည့်အတွက်ကြောင့်တန်ဖိုးရှိသူ မြင့်မြတ်သူကို တန်ဖိုးရှိမှန်းမြင့်မြတ်မှန်းသိအောင် လေ့လည်းလေ့လာသင့်သည်။ တန်ဖိုးလည်းထားသင့်သည်။
မိမိကိုယ်၌ကလည်း တန်ဖိုးရှိ၍ မြင့်မြတ်သောသူဖြစ်အောင် ကြိုးစား
အားထုတ်သင့်သည်။လူချင်းအတူတူပဲဟူ၍ တန်းတူ မညှိလိုက်ပါနှင့်။
လုံးဝ မတူပါ။အသိတရားချင်း ဥာဏ်ပညာချင်း ကွာခြား၍မြင့်မြတ်တန်ဖိုးရှိခြင်းနှိုင်းယှဉ်၍ မရသည်ကို သိထားအပ်ပါသည်။
အရိယာသူတော်စင်တစ်ဦးမဖြစ်သေးသော်လည်း ခန္ဓာ၏ဒုက္ခကိုသိလျှက်
ဖြစ်ခြင်းပျက်ခြင်းတို့ ကို ရှုမှတ်အားထုတ်နေသူသည် တန်ဖိုးရှိသူ မြင့်မြတ်သူပင်ဖြစ်သည်။ အာစိဏ္ဏကံ ဖြစ်နေသူအတွက်တန်ဖိုးရှိခြင်း မြင့်မြတ်ခြင်းတို့ သည်မချွတ်ဧကန် ဖြစ်မည်မှာ အမှန်ပင်။
ဘုရားရှင်၏တပည့် သာဝက အရိယာများအဖြစ်ကိုရောက်ရှိကြသည်ဖြစ်၍
တန်ဖိုးရှိသော မြင့်မြတ်သော စေတီတည်ထိုက်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ
ဖြစ်နိုင်ကြပါစေ။
|
https://www.dhammaransi.com/index.php/new/330-2017-12-17-10-24-34.html
|
ဘုရားဂုဏ်တော် ရွတ်ဖတ်ပူဇော်ခြင်းအကျိုး
|
ပုထုဇဉ်လူသားအပေါင်းတို့သည် နေ့စဉ်နှင့်အမျှ စား၊ ဝတ်၊ နေ၊ ရေး အရေးကြီးသုံးပါးကို ဆောင်ရွက်နေကြ၏။
ဉာဏလုပ်သားများကလည်း ဉာဏအလျှောက် ကာယလုပ်သားများကလည်း ကာယအလျှောက် လုပ်ကိုင်နေထိုင်ကြရ၏။
ထိုအလုပ်ခွင်တွင် ကာယလုပ်သားပဲဖြစ်ဖြစ်၊ ဉာဏလုပ်သားပဲဖြစ်ဖြစ်၊ အကုသိုလ်စိတ်ရိုင်းများ မဝင်စေရန် ဗုဒ္ဓဂုဏ်တော်တစ်ခုခုကို စိတ်ထဲမှာ ပွားနေလျှင် ကုသိုလ်စိတ်တွေဖြစ်ပြီး အလွန်အကျိုးထူးများရရှိပါ၏။ စာရေးသူ၏ တူမလေး ကျောင်းဆရာမလေးခေါ် အေးကျော့သည် စာသင်ခန်းထဲမှာပဲဖြစ်ဖြစ်၊ အနားယူခန်းမှာပဲဖြစ်ဖြစ် ဗုဒ္ဓ၏ အရဟံဂုဏ်တော်ကိုပဲ အမြဲပွားများနေတတ်၏။
ယင်းအကျိုးကျေးဇူးကြောင့် အိမ်ထောင်ကျသောအခါမှာလည်း သူတော်ကောင်းတရားကို လက်ကိုင်ထားသူ အများအကျိုးကိုဆောင်ရွက်တတ်သူ ပညာရေးမှူးတစ်ဦးဖြင့် အိမ်ထောင်ကျခဲ့ရ၏။
အိမ်ထောင်ကျပြီးတော့ သားကောင်းရတနာ (၃)ဦးကို ရရှိခဲ့ပြန်၏။ အကြီးဆုံးသော သားရတနာက ဝိဇ္ဇာဘွဲ့နှင့် ဓမ္မစရိယတန်းအောင်မြင်ပြီး ပရိယတ္တိစာသင်တိုက်ကြီးတစ်တိုက်မှာ ပဓာန၊ နာယကဆရာတော်တစ်ပါး ဖြစ်နေ၏။
သားလတ်မှာ တပ်မတော်တွင် ဗိုလ်ကြီးအဆင့်ရာထူးဖြင့် အမှူထမ်းဆောင်နေပါ၏။ သားငယ်ကတော့ အိမ်ထောင်မပြုပဲ မိခင်ကြီးကို စောင့်ရှောက်ပြုစုနေပါ၏။ ဤကား မြတ်ဗုဒ္ဓ၏ အရဟံဂုဏ်တော်တစ်ပါးပင် ဖြစ်ပါသေး၏။ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တစ်ပါးစီကိုပွားရသော အကျိုးကျေးဇူးများကို ဖော်ပြပါမည်။
၁။ အရဟံ ဂုဏ်တော် ပွားလျှင်၊ ဘေးရန်ကင်းကျန်းမာ၏၊ လာဘ်လာပေါများ၏၊ နေရာထိုင်ခင်းကောင်းကောင်း နေထိုင်ရ၏။
၂။ သမ္မာသမ္ဗုဒ္ဓေါဂုဏ်တော်ကို ပွားများလျှင်၊ စိတ်ရွှင်လန်း၏၊ ဉာဏ်ပွင့်လင်း၏၊ စာမေးပွဲတွေ လွယ်လွယ်ကူကူအောင်မြင်၏။
၃။ ဝိဇ္ဇာစရဏသမ္ပန္နာဂုဏ်တော် ပွားလျှင်၊ ဝိဇ္ဇာပညာဖြင့် အသက်မွေးရ၏၊ ပြိုင်ဘက်မရှိ တတ်မြောက်ကျွမ်းကျင်ရ၏။
၄။ သုဂတောဂုဏ်တော် ပွားလျှင်၊ စကားစစ်ထိုးနိုင်၏၊ အမှုအခင်းနိုင်၏၊ အရောင်းအဝယ်ကောင်း၏၊ အရေးကြီးကိစ္စပြောဆိုအောင်မြင်၏။
၅။ လောကဝိဒူဂုဏ်တော်ကို ပွားလျှင်၊ လောကရေး၊ လူမှုရေးအဖြာဖြာတို့ကို ရှင်းရှင်းလင်းလင်း ပိုင်ပိုင်နိုင်နိုင်သိ၏။
၆။ အနုတ္တရောဂုဏ်တော်ကို ပွားလျှင်၊ လူ၊ နတ်တို့၏ အလယ်တွင်ကျော်ဇော၏၊ လူတစ်ကာ ချစ်ခင်ခြင်း လေးစားခြင်းကိုခံရ၏။
၇။ သတ္တာဒေဝမနုဿနံဂုဏ်တော်ကို ပွားလျှင်၊ နှုတ်စ၊ လျှာစထက်မြက်ရ၏၊ ဆိုတိုင်းရ၏၊ ပြောတိုင်းအောင်၏၊ ကြံတိုင်းပြီးမြောက်ရ၏။ (စိတ္တဇ၊ ဝေဒနာရှင်များကို ဤဂုဏ်တော်ကိုရွှတ်ပြီး ရေမန်းထုတ်လျှင် ပျောက်ကင်းရ၏။)
၈။ ဗုဒ္ဓါဂုဏ်တော်ကို ပွားလျှင်၊ ဘေးဆိုး၊ ရန်ဆိုး၊ ကြမ္မာဆိုး၊ အမျိုးမျိုးမှလွတ်ကင်း၍၊ ချမ်းသာခြင်း အမျိုးမျိုးနှင့်ပြည့်စုံရ၏။
၉။ ဘဂဝါဂုဏ်တောကို ပွားလျှင်၊ ဘုန်းတန်ခိုးကြီး၏၊ တေဇော်အနုဘော်ကြီး၏၊ မိမိပြောသမျှ၊ ဟောသမျှ၊ အောင်မြင်ရ၏။
ဗုဒ္ဓဘုရားရှင်လက်ထက်တော်က “သုဘူတိ” အမည်ရှိသော ရဟန်းမထေရ်တစ်ပါးရှိခဲ့၏။ ထိုမထေရ် ဘဝတစ်ခုတွင် ဗုဒ္ဓ၏ဂုဏ်တော်များကို အမြဲမပြတ် ရွတ်ဖတ်ခဲ့၏။ ထိုဗုဒ္ဓါနုဿတိဘာဝနာ ကုသိုလ်ကြောင့် ကမ္ဘာပေါင်းများစွာ အပါယ်တံခါးပိတ်၍၊ နတ်သားဘဝ အကြိမ်သုံးသောင်း ဖြစ်ခဲ့ရ၏။ သိကြားမင်းဘဝ အကြိမ် (၈၀) ဖြစ်ခဲ့ရ၏။
စကြာမင်းအဖြစ် အကြိမ်တစ်ထောင် ဖြစ်ခဲ့ရ၏။ ရိုးရိုးပဒေသရာဇ်၊ ဧကရာဇ်မင်းအဖြစ်ကား မရေမတွက်နိုင်အောင် ဖြစ်ခဲ့ရ၏။ ဖြစ်လေရာဘဝတိုင်း စည်းစိမ်ဥစ္စာများ၏။ လျှော့ပါးခြင်းမရှိ။ ယခုနောက်ဆုံး ဂေါတမဗုဒ္ဓဘုရားရှင် လက်ထက်တော်တွင် ထိုမထေရ်သည် အဘိညာဉ်နှင့် စျာန်ဝင်စားသောအရာတွင် အမြတ်ဆုံး ဧတဒက်ဘွဲ့ကို ရရှိ၏။ ရဟန္တာမထေရ်မြတ်ကြီးဖြစ်ပြီး နိဗ္ဗာန်အငြိမ်းစားဓာတ်ကြီးသို့ အပြီးတိုင်စံဝင်သွားတော်မူပါတော့၏။
ဂုဏ်တော်ပွားရခြင်း အကျိုးကျေးဇူးများက များပြားလှ၏။ အကျိုး (၁၇)မျိုးကို ပွားများသူတိုင်း ရရှိပါ၏။
၁။ မိမိခန္ဓာကိုယ် အတွင်းသန္တာန်သည်၊ စေတီအိမ်နှင့် တူသည်ဖြစ်၍ သူတစ်ပါးတို့၏ ပူဇော်မှု လေးစားမှုကို ခံယူရ၏။
၂။ စိတ်ဓာတ် ရဲရင့်တည်ကြည်၏။
၃။ သေခါနီး မတွေဝေဘဲ သေရ၏။ သေပြီးနောက် ကောင်းရာသုဂတိဘုံသို့ ရောက်ရ၏။
၄။ နောင်အခါ ဘုရားနှင့်တွေ့လျှင် သစ္စာလေးပါးတရားတော်ကြီးကို သိလွယ်၏။
၅။ အမျိုး မြတ်၏။
၆။ သူတစ်ပါး အရိုအသေပြုခြင်းကို အမြဲခံရ၏။
၇။ ချီးမွှမ်းထိုက်သော ကိုယ်အင်္ဂါနှင့် ပြည့်စုံ၏။
၈။ အဆင်းလှ၏ အရွယ်နုပျိုရ၏။
၉။ ကိုယ်အနံ့ ကြိုင်သင်းရ၏။
၁၀။ ခံတွင်းရနံ့ မွေးကြိုင်ရ၏။
၁၁။ ကြီးကျယ်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။
၁၂။ နက်နဲသော ဉာဏ်ပညာနှင့် ပြည့်စုံ၏။
၁၃။ ထက်မြက်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။
၁၄။ လျင်မြန်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။
၁၅။ ရွှင်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။
၁၆။ ဆန်းကြယ်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။
၁၇။ စကားကောင်းကို ဆိုနိုင်၏။
ဤဂုဏ်တော်များကို ရွတ်ဖတ်ပါသဖြင့် ရရှိသော အကျိုးကျေးဇူး (၁၇)မျိုးကို ပညာရှိဆရာတော်ကြီးများက လွယ်လွယ်ကူကူမှတ်မိစေရန် ကဗျာ၊ လင်္ကာ၊ သီစပ်ထား၏။
စေတီအတူ၊ စိတ်မူတည်ကြည်၊
ရောက်မှီနတ်ရွာ၊ တွေ့ခါသိလွယ်၊
မြင့်နွယ်အမျိုး၊ ရိုးကျိုးခံရ၊
ပြည့်ဝအင်္ဂါ၊ ဆင်းလှစွာနှင့်
ကာယခံရင်း ကြိုင်သင်းမွှေးကြူ
ကြီးထူပညာ၊ နက်စွာထက်ရွှင်
လျင်မြန်ဆန်းကျယ်၊ ကောင်းကြွယ်စကား
ဆိုနိုင်ငြားသည်၊ ဘုရားဂုဏ်တော်
ပွားကျိုးတည်း။
ဤဘုရားဂုဏ်တော်ပွားရပါသဖြင့် ရရှိသော အကျိုး (၁၇)မျိုးကို ထေရီတေရာပါဠိတော်နှင့် အဌကထာတို့၌ ဖော်ပြထားပါ၏။
ယင်းကြောင့် ဗုဒ္ဓဘာသာဝင်သူတော်ကောင်းတို့သည် စား၊ ဝတ်၊ နေ၊ ရေးဆောင်ရွက်ကြရင်း ဉာဏလုပ်သားပဲဖြစ်ဖြစ်၊ ကာယလုပ်သားပဲဖြစ်ဖြစ် အလုပ်လုပ်ကြရင်း အကုသိုလ်စိတ်များ မဝင်ရပဲ၊ ကုသိုလ်စိတ်များ ဖြစ်နေစေရန် မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တစ်ခုခုကို ပွားများနေနိုင်ကြပါစေရန် တိုက်တွန်းလိုက်ရပါ၏။
ယခုကာလများ ဘေးအန္တရာယ်တွေကလည်း များလှ၏။ ရောဂါအမျိုးမျိုးတို့ကလည်း တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာရ၏။ ကမ္ဘာကြီးသည် လောဘ၊ ဒေါသ၊ မောဟ မီးကြီးသုံးမျိုး လောင်မြိုက်ခြင်းကို ခံနေရ၏။ လူသားတွေ၏ ပြုလုပ်မှုကြောင့် လူသားတွေပဲ ပြန်ခံရ၏။ မည်သည့်တိုင်းပြည်၊ မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်တွေကပဲ လုပ်လုပ် မိမိပြည်တောင်စု နိုင်ငံတော်ကြီးတွင် ဘေးဥပါဒ်အမျိုးမျိုး၊ ရောဂါအမျိုးမျိုးမဖြစ်ပေါ်စေကြစေရန် ဤမျှ လွယ်ကူလှသော ဗုဒ္ဓ၏ဂုဏ်တော်တစ်ခုခုကို လူတိုင်း ပွားများနိုင်ကြပါစေဟု တိုက်တွန်းလိုက်ရပါတော့သတည်း။
အရှင်သုဓမ္မသာရ
(ဇမ္ဗူဒိပ်ဂျာနယ်)
တတတ.ဘတမေ၉၉.ဘူသါျစသအ.ခသာ
___________________________________________________
ဘုရား ဂုဏ်တော်(၉)ပါး ပါဠိ+မြန်မာပြန်နှင့် ဂုဏ်တော်ပွားရကျိုး
^ဂ^ဂ^ဂ^ဂ^ဂ^ဂ^ဂ^ဂ^ဂ^ဂ^ဂ^ဂ^ဂ^ဂ^ဂ^ဂ^ဂ^ဂ^ဂ^ဂ^ဂ^ဂ^ဂ^ဂ^
ဣတိပိ သောဘဂဝါ
(၁)။အရဟံ
(၂)။သမ္မာသမ္ဗုဒ္ဓေါ
(၃)။ဝိဇ္ဇာစရဏသမ္ပနေ႖ာ
(၄)။သုဂတော
(၅)။လောကဝိဒူ
(၆)။အနုတ္တရော ပုရိသဒမ္မသာရထိ
(၇)။သတ္ထာ ဒေဝမနုဿာနံ
(၈)။ဗုဒ္ဓေါ
(၉)။ဘဂဝါ
(၁)။အရဟံ = ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား။
(၂)။သမ္မာသမ္ဗုဒ္ဓေါ = သိစရာမှန်သမျှ တစ်စမကျန် သယမ္ဘူဉာဏ်ဖြင့် အမှန်အတိုင်း သိတော်မူသော မြတ်စွာဘုရား။
(၃)ဝိဇ္ဇာစရဏသမ္ပနေ႖ာ = အသိတရား အကျင့်တရားတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။(ဝါ)ဝိဇ္ဇာသုံးပါး၊ဝိဇ္ဇာရှစ်ပါး၊စရဏတရား (၁၅)ပါးတို့နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဂ ဝိဇ္ဇာသုံးပါး ဂ
(၁)။ပုဗ္ဗေနိဝါသာနုဿတိဉာဏ်=ရှေးရှေးဘဝတို့၌ ဖြစ်ပျက်ခဲ့သမျှကို ပြန်၍ သတိရနိုင်သောဉာဏ်။
(၂)။ဒိဗ္ဗစက္ခုဉာဏ် = နတ်မျက်စိကဲ့သို့ အဝေး၌ရှိသောအရာ၊သေးငယ်သော အရာတို့ကိုမြင်နိုင်သောဉာဏ်။
(၃)။အာသဝက္ခယဉာဏ်=ကိလေသာ အာသေဝေါတို့ကို ကုန်ခန်းစေသော ဉာဏ်။
ဂ ဝိဇ္ဇာရှစ်ပါး ဂ
(၁)။ပုဗ္ဗေနိဝါသာနုဿတိဉာဏ်။
(၂)။ဒိဗ္ဗစက္ခုဉာဏ်။
(၃)။အာသဝက္ခယဉာဏ်။
(၄)။ဝိပဿနာဉာဏ်=ရုပ်နာမ်တို့၏ အနိစ္စ ဒုက္ခ အနတ္တ သဘောတို့ကို သိသောဉာဏ်။
(၅)။စေတောပရိယဉာဏ်=သူတစ်ပါးစိတ်ကိုသိသောဉာဏ်။
(၆)။မနောမယိဒ္ဓိဉာဏ်=မိမိခန္ဓာကိုယ်အတွင်း၌ တစ်ခြားခန္ဓာကိုယ်တစ်ခုကို စိတ်ဖြင့်ဖန်ဆင်းနိုင်းသော ဉာဏ်။
(၇)။ဒိဗ္ဗသောတဉာဏ် =အဝေးမှ အသံ၊ သေးငယ်သော အသံတို့ကို ကြားနိုင်သောဉာဏ်။
(၈)။ဣဒ္ဓိဝိဓဉာဏ်=တန်ခိုး အမျိုးမျိုး ဖန်ဆင်းနိုင်သော ဉာဏ်။
ဂ စရဏတရားတစ်ဆယ့်ငါးပါး ဂ
(၁)။သီလ=ကိုယ် နှုတ် နှစ်ပါးကို စောင့်စည်း ထိန်းသိမ်းခြင်း ငါးပါးသီလ၊ရှစ်ပါးသီလ၊ပါတိမောက္ခသီလစသည်များ။
(၂)။ဣန္ဒြိယသံဝရ=မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ် ဟူသော ဣန္ဒြေခြောက်ပါးနှင့်စပ်၍ ကိလေသာမဖြစ်ရအောင် ဖြစ်ပေါ်သမျှကို သတိဖြင့် ရှုသိနေခြင်း။
(၃)။ဘောဇနေ မတ္တညုတာ=ချင့်ချိန်၍ စားသောက်ခြင်း။
(၄)။ဇာဂရိယာနုယောဂ=နိုးနိုးကြားကြားရှိမှု၊သတိတည်းဟူသော နိုးကြားမှု အမြဲရှိနေခြင်း။
(၅)။သဒ္ဓါ =ရတနာ သုံးပါးနှင့် ကံ ကံ၏ အကျိုးကို ယုံကြည်မှု။
(၆)။သတိ=ကုသိုလ်ကောင်းမှုတို့ကို သတိရခြင်း။
(၇)။ဟိရီ=မကောင်းမှုပြုရမည်ကို ရှက်ခြင်း။
(၈)။သြတ္တပ္ပ=မကောင်းမှုပြုရမည်ကို ကြောက်လန့်ခြင်း။
(၉)။ဝီရိယ=ကုသိုလ်ရေးတို့၌ အားထုတ်ခြင်း။
(၁၀)။သုတ=အပြစ်ကင်းသော အကြားအမြင်ဗဟုသုတ။
(၁၁)။ပညာ=အသိ၊ အလိမ္မာ၊အတတ်ပညာ။
(၁၂)။ပထမစျာန်။
(၁၃)။ဒုတိယစျာန်။
(၁၄)။တတိယစျာန်။
(၁၅)။စတုတ္ထစျာန်။
(၄)။သုဂတော=ကျိုးရှိဟုတ်မှန် နှစ်တန်သော စကားကိုသာ မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား။(ဝါ)ကျိုးရှိဟုတ်မှန် သူခံသာသော စကားနှင့် ကျိုးရှိဟုတ်မှန် သူမခံသာသောစကား ဤနှစ်ပါးကိုသာ မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား။
(၅)။လောကဝိဒူ=သတ္တလောက၊သြကာသလောက၊သခါင်္ရလောက တည်းဟူသော လောကသုံးခွင်ကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။
(၆)။အနုတ္တရော ပုရိသဒမ္မသာရထိ=မယဉ်ကျေးကြငြား သတ္တဝါများကို ယဉ်ပါးလေအောင် သွေးဆောင် ဆုံးမခြင်း၌ တုဘက်ကင်းတော်မူသော မြတ်စွာဘုရား။
(၇)။သတ္တာဒေဝမနုဿာနံ= လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူ အစစ်ဖြစ်တော်မူသော မြတ်စွာဘုရား။
(၈)။ဗုဒ္ဓေါ=သစ္စာလေးပါး အမှန်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော မြတ်စွာဘုရား။(ဝါ)သစ္စာလေးအင်ကိုယ်တိုင်မြင်၍ တပည့်တွေကိုလဲ သိစေတော်မူသော မြတ်စွာဘုရား။
(၉)။ဘဂဝါ=ဣဿရိယ စသည် ဘုန်းခြောက်လီနှင့်စုံညီပြည့်ဝတော်မူသော မြတ်စွာဘုရား။
(က)။ကိုယ်တော်မြတ်၏ စိတ်တော်ကို စိုးပိုင် နိုင်နင်းတော်မူခြင်းတည်းဟူသော ဣဿရိယဘုန်းတော်။
(ခ)။မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာတရားတည်းဟူသော ဓမ္မဘုန်းတော်။
(ဂ)။ဟုတ်တိုင်းမှန်စွာ သုံးဖြာသော လောကတွင် ပျံ့နှံ့ကျော်စေရခြင်းတည်းဟူသော ယသဘုန်းတော်။
(ဃ)။အင်္ဂါကြီးငယ် တင့်တယ် ပြည့်ဖြိုး အချိုးတကျ သပ္ပာယ်တော်မူလှခြင်းတည်းဟူသော သိရီ ဘုန်းတော်။
(င)။အလိုတော်ရှိတိုင်း မဆိုင်းခဏ ပြီးစီးတော်မူရခြင်း တည်းဟူသော ကာမဘုန်းတော်။
(စ)။အရဟတ္တ မဂ်ဉာဏ်၊သဗ္ဗညုတဉာဏ်တိုင်အောင် ရစေနိုင်သည့် ကြ့ံခိုင် ကြီးမားသော ဝီရိယတော်တည်းဟူသော ပယတ္တ ဘုန်းတော်။ ဤ ဘုန်းတော်ခြောက်စုံနှင့် ကုံလုံပြည့်ဝတော်မူသော မြတ်စွာဘုရား။
ဤသို့လျှင် အရဟံစသား ဂုဏ်ကိုးပါးနှင့် ထူးခြားကုံလုံ ပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ မြတ်စွာဘုရား။
ဘုရားဂုဏ်တော်ပွားရခြင်းအကျိုး(လင်္ကာ)
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
စေတီပမာ ၊စိတ်မှာတည်ကြည်။
ရောက်မည်နတ်ရွာ၊တွေ့ကာသိလွယ်။
မြတ်နွယ်အမျိုး၊ရိုကျိုးခံရ။
ပြည့်ဝအင်္ဂါ၊ဆင်းလှစွာဖြင့်။
သာယာခံတွင်း၊ကြိုင်သင်းမွှေးကြူ။
ကြီးမူပညာ၊နတ်ရွာထက်ရွှင်။
လျှင်မြန်ဆန်းကြယ်၊ကောင်းကြွယ်စကား။
ဆိုနိုင်ငြားသည်၊ဘုရားဂုဏ်တော်ပွားကျိုးတည်း။
ကျမ်းကိုး။ ။ချမ်းမြေ့ဆရာတော်(လူငယ်သင် အခြေပျိုးဗုဒ္ဓဘာသာစာအုပ်
|
https://www.dhammaransi.com/index.php/new/331-2017-12-12-03-37-18.html
|
“မြတ်ပန်းသရဏဂုံ”
|
ဗုဒ္ဓဘုရား ဖြစ်ပွင့်တော်မူခဲ့ကာ ဗုဒ္ဓရတနာမြတ်ကြီး ထင်ရှားပွင့်တော်မူပြီးတဲ့နောက် ဓမ္မရတနာမြတ်ကြီး နှင့် သံဃာရတနာမြတ်ကြီး တို့ဟာလည်း တစ်ဆက်တည်း ပေါ်ပေါက်လာတဲ့အခါ ဗုဒ္ဓဘာသာဝင် သူတော်စင်များဟာ…
ဗုဒ္ဓံ = သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားကိုလည်းကောင်း၊
ဓမ္မံ = မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ် ဆယ်ပါးသောတရားတော်မြတ်ကိုလည်းကောင်း၊
သံဃံ = အရိယာနွယ်ဝင် သံဃာတော်အရှင်မြတ်တို့ကိုလည်းကောင်း၊
ရိုသေဝပ်တွား ဆည်းကပ်အားထားကိုးကွယ်ကြရပါတော့တယ်။
အဲဒီလို ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးတို့အား ကိုးကွယ်အားထား ဆည်းကပ်ခြင်းကို သရဏဂုံဆောက်တည်ခြင်း လို့ ခေါ်ပါတယ်။
ဗုဒ္ဓဘာသာဝင်တိုင်း သရဏဂုံ ကို ယုံကြည်လေးစားအားထားပြီး ဆောက်တည်ကြရမှာ ဖြစ်ပါတယ်။
သရဏဂုံဆောက်တည်တယ်ဆိုတာကတော့…
ဗုဒ္ဓံ သရဏံ ဂစ ္ဆာမိ ။ ဓမ္မံ သရဏံ ဂစ ္ဆာမိ ။ သံဃံ သရဏံ ဂစ ္ဆာမိ ။
ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂစ ္ဆာမိ၊ ဆည်းကပ်ပါ၏။ သိမှတ်ပါ၏။
ဓမ္မံ၊ တရားတော်မြတ်ကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂစ ္ဆာမိ၊ ဆည်းကပ်ပါ၏။ သိမှတ်ပါ၏။
သံဃံ၊ သံဃာတော် အရှင်မြတ်ကို၊ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂစ ္ဆာမိ၊ ဆည်းကပ်ပါ၏။ သိမှတ်ပါ၏။
လို့ ၃ကြိမ် ၃ခါ ဆိုရခြင်းပါပဲ။
သရဏံဂုံဆောက်တည်တဲ့နေရာမှာ (၁) ဆွေမျိုးအမှတ်နဲ့ ရှိခိုးတာ ကိုးကွယ်တာ၊ (၂) ဘေးရန်ကြောက်လို့ ရှိခိုးတာ ကိုးကွယ်တာ၊ (၃) ကျေးဇူးတင်ရှိတဲ့ဆရာအမှတ်နှင့် ရှိခိုးတာ ကိုးကွယ်တာတွေဟာ သရဏဂုံ အစစ် မဟုတ်ပါဘူး။ (၄) မြတ်သောအလှူကို ခံယူထိုက်သော ပုဂ္ဂိုလ်အနေဖြင့် နှလုံးသွင်းပြီး ရှိခိုးတာ ကိုးကွယ်တာ သာလျှင် သရဏဂုံအစစ်လို့ ဆိုရပါတယ်။
သရဏဂုံဆိုတာ သရဏဂမန ဆိုတဲ့ ပါဠိမှလာရှိတဲ့စကားဖြစ်ပြီး ( သရဏ - ကိုးကွယ်ရာဟူ၍ ဂမန - အသိအမှတ်ပြု၍ ဆည်းကပ်ခြင်း ) ကိုးကွယ်ရာအနေနှင့် ဆည်းကပ်ခြငး်ကြောင့် ဖြစ်တဲ့ စိတ္တုပ္ပါဒ် ဖြစ်ပါတယ်။ ဘုရားစတဲ့ ရတနာသုံးပါးရဲ့ဂုဏ်ကို အာရုံထားပြီး ကိလေသာကိုခွာတဲ့ အနေနှင့် ပုထုဇဉ်တို့ ဆောက်တည်ကြ တဲ့ သရဏဂုံဟာ လောကီသရဏဂုံ ဖြစ်ပါတယ်။ သစ္စာလေးပါးကို သိမြင်ကြပြီးတဲ့ အရိယာများအဖို့ မဂ်ရဲ့ခဏမှာ သရဏဂုံသိုရောက်ရှိပြီး ကိလေသာမရှိ၊ နိဗ္ဗာန်ဆိုတဲ့ အာရုံသာရှိပြီး အလုံးစုံသော ရတနာ သုံးပါး၌သာ အလိုရှိခြင်းကိစ္စရှိတဲ့ သရဏဂုံဟာ လောကုတ္တရာသရဏဂုံ ဖြစ်ပါတယ်။
သရဏဂုံယူပုံ ၄ မျိုးရှိပါတယ်။ အဲဒါကတော့…
၁။ ဘုရား၊ တရား၊ သံဃာ ဆိုတဲ့ ရတနာသုံးပါးအား သဒ္ဓါယုံကြည်စိတ်ဖြင့် မိမိကိုယ်ခန္ဓာကို အပ်နှံခြင်း။ ( အတ္တသန္နိယျာတန သရဏဂုံ )
၂။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို မှီခိုအားထားခြင်း။ ( တပ္ပရာယန သရဏဂုံ )
၃။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးရဲ့ တပည့်အဖြစ် ခံယူခြင်း။ ( သိဿဘာဝူပဂမန သရဏဂုံ )
၄။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ရိုသေစွာရှိခိုးခြင်း။ ( ပဏိပါတန သရဏဂုံ ) ဆိုတဲ့ (၄) မျိုးအနက် တစ်မျိုးမျိုးကို ပြုလုပ်ရင် ပြုလုပ်သူဟာ သရဏဂုံတည်တယ်လို့ မှတ်ယူရပါတယ်။
ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးအား ထက်သန်သော သဒ္ဓါ ယုံကြည်စိတ်ဖြင့် မိမိခန္ဓာကိုယ်ကို လှူဒါန်းအပ်နှင်းခြင်းဟာ အင်မတန်အကျိုးများတဲ့ ကောင်းမှုအလှူကြီး ဖြစ်ပါတယ်။
လောကမှာ လူတိုင်း လူတိုင်းဟာ မိမိခန္ဓာကိုယ်ကို အချစ်ဆုံး ဖြစ်ကြပါတယ်။
“အတ္တ သမံ ပေမံ နတ္ထိ၊ မိမိကိုယ်ထက် ချစ်တာမရှိဘူး” လို့ ဆိုထားပါတယ်။ ဒါကြောင့် လောကမှာ အမြတ်ဆုံးဖြစ်တဲ့ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးတို့အား လောကမှာ အချစ်ဆုံးဖြစ်တဲ့ မိမိခန္ဓာကိုယ်ကို လှူဒါန်းအပ်နှံခြင်းဟာ အင်မတန်ထူးခြားပြီး အကျိုးများလှတဲ့ ကောင်းမှုအလှူကြီး ဖြစ်ပါတော့တယ်။
အတ္တာနံ နိယျာတေတွာ ဒိန္နတ္တာ၊ သရဏဂမနံ မဟပ္ဖလတရန္တိ ဝုတ္တံ။ ရယ်လို့ အင်္ဂုတ္တိရ်ပါဠိတော်မှာ ဆိုထားပါတယ်။
အဓိပ္ပါယ်ကတော့ အတ္တာနံ၊ မိမိခန္ဓာကိုယ်ကို။ နိယျာတေတွာ၊ အပ်နှင်းပြီး၍။ ဒိန္နတ္တာ၊ ပေးလှူဒါန်းအပ်သည်၏ အဖြစ်ကြောင့်။ ဣဒံသရဏဂမနံ၊ ဤ သရဏဂုံ ခံယူဆောက်တည်မှုသည်။ မဟပ္ဖလတရနိ ္တ၊ အလွန်အကျိုးကြီးမြတ်၏ ဟု။ ဝုတ္တံ၊ ဟောတော်မူအပ်၏။ တဲ့…
ဆိုလိုတာကတော့…
“ရတနာသုံးပါးအား မိမိခန္ဓာကိုယ်ကို လှူဒါန်းအပ်နှင့်၍ သရဏဂုံဆောက်တည်ခြင်းဟာ အင်မတန် အကျိုးကြီးမားလှပါတယ်” လို့ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တာ ဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားရှင်က သရဏဂုံတည်ရခြင်းရဲ့အကျိုးကို ဤကဲ့သို့ ဟောကြားတော်မူပါတယ်။
ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ သရဏ မုတ္တမံ။
ဧတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စရေ။ ။
ဧတံ၊ ဘုရား တရား သံဃာအားဟု သုံးပါးအစုံ မြတ်သရဏဂုံသည်။ ခေါ၊ စင်စစ်ဧကန် မသွေမှန်သဖြင့်။ ခေမံ၊ ဒုက္ခခပ်သိမ်း အကုန်ငြိမ်းစေနိုင်သော။ သရဏံ၊ ကိုးကွယ်ပုန်းအောင်း လဲလျောင်းဖွယ်ရာ မြတ်ရတနာသည်။ ဟောတိ၊ မုချပုံသေ ဖြစ်ပေတော့၏။ ဧတံ၊ ဤဘုရား တရား သံဃာအားဟု သုံးပါးအစုံ မြတ်သရဏဂုံသည်။ ဥတ္တမံ၊ ပြိုင်လာတိုင်းရှုုံး အမြတ်ဆုံးဖြစ်သော။ သရဏံ၊ ကိုးကွယ်ပုန်းအောင်း လဲလျောင်းဖွယ်ရာ မြတ်ရတနာသည်။ ဟောတိ၊ မုချပုံသေ ဖြစ်ပေတော့၏။ ဧတံသရဏံ၊ ဤသို့ရတနာသုံးပါး အားထားမပြတ် ဆည်းကပ်ကိုးကွယ်ခြင်းကို။ အာဂမ္မ၊ အကြောင်းတစ်ခု အစွဲပြု၍။ သဗ္ဗဒုက္ခာ၊ အပါယ်ဘေးနှင့် အိုဘေးတစ်ဖြာ နာဘေးတစ်ထွေ သေဘေးတစ်မျိုး ဆိုးဆိုးဝါးဝါး များပြားဒုက္ခဟူသမျှမှ။ ပမုစ္စရေ၊ ကင်းစင်လွတ်မြောက် ဘေးတွေပျောက်၍ နိဗ္ဗာန်သို့တိုင် ဆိုက်ရောက်နိုင်ကြလေကုန်ရာသတည်း။
သရဏဂုံ ဆိုတဲ့ စကားအဓိပ္ပာယ်ကတော့ “ ဟိ ံ သတီတိသရဏံ ” လို့ ဟောတော်မူချက်အရ ဖိစီးနှိပ်စက် ဖျက်ဆီးတတ်တဲ့အတွက် သရဏဂုံလို့ ခေါ်ခြင်းဖြစ်ပါတယ်။ ဘာကို ဖိစီးနှိပ်စက် ဖျက်ဆီးပါသလဲ လို့ ဆိုတော့ ဘေးရန်တို့ ကြောက်ရွံထိတ်လန့်ခြင်းတို့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခြင်းတို့ အပါယ်လေးပါး သို့ လားရောက်ခြင်းတို့ကို ဖျက်ဆီးတတ်တဲ့အတွက် သရဏဂုံ လို့ ခေါ်ရခြင်းဖြစ်ပါတယ်။
သရဏဂုံတည်သူရဲ့အပေါ်မှာ ကျရောက်ဆဲ ကျရောက်လတ္တံဖြစ်တဲ့ ဘေးအမျိုးမျိုးတွေကို မကျရောက်အောင် ကာကွယ်ဖျက်ဆီး ပေးတတ်တဲ့သဘော ဖြစ်တဲ့အတွက် သရဏဂုံ လို့ ခေါ်ဝေါ် သုံးနှုန်းခြင်း ဖြစ်ပါတယ်။
ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုးကွယ်သူတို့ဟာ အမြတ်ဆုံးကို ကိုးကွယ်သူများ ဖြစ်ကြပါတယ်။ အမြတ်ဆုံးကို ကိုးကွယ်သူတို့ဟာ အမြတ်ဆုံးသော အကျိုးကို ရရှိကြပေတယ် လို့ ဣတိဝုတ်အဂ္ဂပသာဒသုတ် မှာ ဆိုထားပါတယ်။
အမှတ်စင်စစ် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးဟာ လူသတ္တဝါများ ဆင်းရဲဖို့အတွက် ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ လူသတ္တဝါအများ ဆင်းရဲဒုက္ခ အမျိုးမျိုးတို့မှ လွတ်ကင်းချမ်းသာစေဖို့အတွက် ဖြစ်ပေါ်လာရခြင်း သာ ဖြစ်ပါတယ်။
သတ္တဝါအများဟာ ချမ်းသာချင်ကြလို့ ချမ်းသာအောင် အမျိုးမျိုးလုပ်ကြပေမယ့်လို့ အမှန်စင်စစ် မချမ်းသာကြရှာပါဘူး။ လောဘမီး၊ ဒေါသမီး၊ မောဟမီးတွေက တဟုန်းဟုန်းတောက်လောင်နေကြပြီး ကိလေသာ ကြေးညော်တွေနဲ့ အထပ်ထပ်ညစ်ပေကာ ဒုက္ခတောကြီးထဲမှာ တဝဲလည်လည် ဖြစ်နေကြရရှာပါတော့တယ်။
အဲဒီလို ဒုက္ခတောကြီးထဲမှာ တဝဲလည်လည်ဖြစ်နေကြရာမှ ရုန်းကန်ထွက်မြောက်နိုင်အောင် လောကီ လောကုတ္တရာ အကျိုးစီးပွားတွေ ရရှိနိုင်အောင် ဖြစ်ပွင့်တော်မူလာပြီး လမ်းမှန်ကမ်းမှန်ညွှန်ပြ ကယ်တင်ပေးနိုင်သူဟာ ဗုဒ္ဓမြတ်စွာမှတစ်ပါး အခြားမရှိပါဘူး၊ သတ္တဝါအများကို ဆင်းရဲကင်းပျောက် ချမ်းသာရောက်အောင် စောင့်ရှောက်ကယ်တင်နိုင်တာဟာ ရတနာသုံးပါးသာလျှင် ဖြစ်ပါတော့တယ်။ အခြားမရှိပါဘူး။
ဒါကြောင့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ယုံကြည်လေးစား အားထားဆည်းကပ်ခြင်းဟာ ဒုက္ခတောကြီးထဲမှ ထွက်မြောက်အောင်လုပ်ခြင်း၊ ချမ်းသာစစ် ချမ်းသာမှန်ကိုရရှိအောင်လုပ်ခြင်းဖြစ်တဲ့ အတွက်ကြောင့် အမြတ်ဆုံးသော ကိုးကွယ်မှု ဖြစ်တယ်ဆိုတာ ထင်ရှားလှပါတယ်။
အမှန်စင်စစ် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို တကယ်ယုံကြည်လေးစား အားထားတဲ့စိတ်နဲ့ တစ်ကြိမ်တစ်ခါမျှ သရဏဂုံဆောက်တည်ထားလို့ရှိရင်လဲ အဲဒီ ယုံကြည်လေးစားအားထားတဲ့ စိတ်ဓာတ် မပျက်ပြားမချင်း သရဏဂုံဟာ သက်ဆုံးတိုင် တည်ရှိနေတာပါပဲတဲ့။
|
https://www.dhammaransi.com/index.php/new/332-2017-12-06-03-10-57.html
|
ဓာရဏပရိတ် အညွှန်း
|
■ ဓာရဏပရိတ်တော်သည် မြတ်ဗုဒ္ဓရှင်တော်ဘုရားကို အန္တရာယ် မပြုနိုင်သော ဂုဏ်တော် ၄-ပါး၊ အာဝေနိက ဂုဏ်တော် ၁၈-ပါးကို ဖေါ်ပြထားပါသည်။
ဤဂုဏ်တော်များသည် မြတ်စွာဘုရားရှင်တို့၏ သီးခြား ကိုယ်ပိုင်ဂုဏ်တော်များ ဖြစ်ကြပါသည်။ အခြား မည်သူ တစ်ဦးတစ်ယောက်၌မျှ ဤဂုဏ်တော်မျိုးမရှိချေ။ ရဟန္တာနှင့် ပစ္စေကဗုဒ္ဓများ၌သော်မှ ဤဂုဏ်သတ္တိမျိုးမရှိကြ။ စင်စစ်အားဖြင့် ဓာရဏပရိတ်တော်သည် မြတ်စွာဘုရားရှင်တို့၏ အာဝေဏိကဂုဏ်တော်တို့ကို ချီးကျူးပူဇော်ခြင်းပင် ဖြစ်သည်။
ကောင်းမြတ်သော စေတနာဖြင့် ဓာရဏပရိတ်တော်ကို ရွတ်ဖတ်ပါမူ အ,ကာလ မရဏမှ လွတ်မြောက်နိုင်ကြပါသည်။
အ,ကာလမရဏဆိုသည်မှာ သူတစ်ပါးလက်နက်ဖြင့် သေရခြင်း၊ သူတစ်ပါး ပယောဂဖြင့် သေရခြင်း၊ တိရိစ္ဆာန် များကိုက်ခဲ၍ သေရခြင်း၊ ချောက်ကမ်းပါးမှကျ ၍ သေရခြင်း၊ ကားမှောက်၍ သေရခြင်းစသည် ဥပစ္ဆေဒက ကံကြောင့်မသေရ မသေနိုင်ခြင်းကိုဆိုလိုပါသည်။
သတ္တဝါတိုင်း လူတိုင်းပင် တစ်နေ့နေ့၌ သေရမည်မှာ ဓမ္မတာဖြစ်သည်။
အ,ကာလမရဏမှ လွတ်မြောက်သည်ဟု ဆိုသည်မှာ ဥပစ္ဆေဒကကံကြောင့် မသေရ မသေနိုင်ခြင်းကို ဆိုလိုသည်။
¤¤¤¤¤¤¤¤¤¤¤¤¤¤
ဓာရဏပရိတ် ပါဠိတော်
¤¤¤¤¤¤¤¤¤¤¤¤¤¤
နမော တဿ ဘဂဝတော အရဟတော သမ္မာသဗ္ဗုဒ္ဓဿ။
ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဗုဒ္ဓါနံ သဗ္ဗညုတညာဏဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဗုဒ္ဓါနံ အဘိဟဋာနံ စတုန္နံ ပစ္စယာနံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဗုဒ္ဓါနံ အသီတိယာနုဗျဥ္ဇနာနံ ဗျာမပ္ပဘာယ ဝါ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။
ဣမေသံ စတုန္နံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။
အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ၊
အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ၊
ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ။
ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗ္ဗံ ဝစီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ။
ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ ဓမ္မဒေသနာယ ဟာနိ၊ နတ္ထိ ဝီရိယဿ ဟာနိ၊ နတ္ထိ ဝိပဿနာယ ဟာနိ၊ နတ္ထိ သမာဓိဿ ဟာနိ၊ နတ္ထိ ဝိမုတ္တိယာ ဟာနိ။
ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နတ္ထိ ဒဝါ၊ နတ္ထိ ရဝါ၊ နတ္ထိ အဖုဋံ၊ နတ္ထိ ဝေဂါယိတတ္တံ၊ နတ္ထိ အဗျာဝဋမနော၊ နတ္ထိ အပ္ပဋိ-သင်္ခါနုပေက္ခာ၊ ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော၊ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။
နတ္ထိ တထာဂတဿ ကာယဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ ဝစီဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ မနောဒုစ္စရိတံ၊ နတ္ထိ အတီတံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊ နတ္ထိ အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊ နတ္ထိ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊ နတ္ထိ သဗ္ဗံ ကာယကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ ဝစီကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ မနောကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊
ဣမံ ဓာရဏံ အမိတံ အသမံ သဗ္ဗသတ္တာနံ တာဏံ လေဏံ သံသာရဘယ-ဘီတာနံ အဂ္ဂံ မဟာတေဇံ။
ဣမံ အာနန္ဒ ဓာရဏပရိတ္တံ ဓာရေဟိ ပါရေဟိ ပရိပုစ္ဆာဟိ။ တဿ ကာယေ ဝိသံ န ကမေယျ၊ ဥဒကေ န လဂ္ဂေယျ၊ အဂ္ဂိ န ဍဟေယျ၊ နာနာဘယ ဝိကော၊ န ဧကာဟာရကော၊ န ဒွိဟာရကော၊ န တိဟာရကော၊ န စတုဟာရကော၊ န ဥမ္မတ္တကံ၊ န မူဠှကံ၊ မနုေဿဟိ အမနုေဿဟိ န ဟိံသကာ။
တံ ဓာရဏပရိတ္တံ ယထာ ကတမေ၊ ဇာလော မဟာဇာလော၊ ဇာလိတ္တေ မဟာဇာလိတ္တေ၊ ပုဂ္ဂေ မဟာပုဂ္ဂေ၊ သမ္ပတ္တေ မဟာသမ္ပတ္တေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။ ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ သတ္တသတ္တတိ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ၊ ဝတ္တေ အဝတ္တေ၊ ဂန္ဓဝေ အဂန္ဓဝေ၊ နောမေ အနောမေ၊ သေဝေ အသေဝေ၊ ကာယေ အကာယေ၊ ဓာရဏေ အဓာရဏေ၊ ဣလ္လိ မိလ္လိ၊ တိလ္လိ မိလ္လိ၊ ယောရုက္ခေ မဟာယောရုက္ခေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။
ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ နဝနဝုတိယာ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ၊ ဒိဋ္ဌိလာ ဒဏ္ဍိလာ မန္တိလာ ရောဂိလာ ခရလာ ဒုဗ္ဘိလာ။ ဧတေန သစ္စဝဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
ဓာရဏပရိတ္တံ နိဋ္ဌိတံ။
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
''ဓာရဏပရိတ် မြန်မာပြန်''
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
မြတ်စွာဘုရားရှင်တို့၏အသက်ကို တစ်စုံတစ် ယောက််သော သူသည် ဘေးအန္တ-ရာယ် မပြုနိုင်။
မြတ်စွာဘုရားရှင်တို့၏ သဗ္ဗညုတဉာဏ်တော်ကိုတစ်စုံ တစ်ယောက်် သောသူ သည် ဘေးအန္တရာယ်မပြုနိုင်။
မြတ်စွာဘုရားရှင်တို့အတွက် ရည်မှန်းထားသော ပစ္စည်းလေးပါးကို တစ်စုံတစ် ယောက််သောသူသည် ဘေးအန္တရာယ်မပြုနိုင်။
မြတ်စွာဘုရားရှင်တို့၏ ရှစ်ဆယ်သောလက္ခဏာတော် တစ်လံမျှလောက်သော ရောင်ခြည်တော်ကို တစ်စုံ တစ်ယောက််သောသူသည် ဘေးအန္တရာယ်မပြုနိုင်။
ဤလေးပါးကို တစ်စုံတစ်ယောက်သောသူသည် အန္တရာယ်ပြုခြင်းငှာမတတ်နိုင်၊ ထို့အတူ အကျွနု်ပ်အား ဖြစ်ပါစေ။
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား လွန်လေပြီး သောအဖို့၌၊ အဆီးအတားမရှိသော ဉာဏ်တော်သည်ဖြစ်၏။
ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား နောင်လာလတ္တံ့သော အနာဂတ်အဖို့၌၊ အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော်သည်ဖြစ်၏။ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ပစ္စုပ္ပန် မျက်မှောက်ဖြစ်သော အဖို့၌၊ အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော် သည်ဖြစ်၏။
ကျေးဇူးတရားသုံးပါးတို့နှင့် ပြည့်စုံတော်မူသော၊ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ အလုံးစုံသော ကိုယ်ဖြင့်ပြုအပ်သော အမှုသည် ဉာဏ်တော်ပြဋ္ဌာန်းခြင်းရှိသည် ဉာဏ်တော်၏ နောက်သို့အစဉ်လိုက် သည်။ အလုံးစုံသော နှုတ််ဖြင့်ပြု အပ်သောအမှုသည် ဉာဏ်တော်ပြဋ္ဌာန်းခြင်း ရှိသည် ဉာဏ်တော်၏နောက်သို့အစဉ်လိုက်သည်။ အလုံးစုံသော (မနော) စိတ်ဖြင့်ပြုအပ်သောအမှုသည် ဉာဏ်တော်ပြဋ္ဌာန်းခြင်းရှိသည် ဉာဏ်တော်၏ နောက်သို့ အစဉ်လိုက်သည်။
ကျေးဇူးတရားခြောက်ပါးတို့နှင့် ပြည့်စုံတော်မူသော၊ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ သတ္တဝါတို့၏ အကျိုးစီးပွားကိုပြု လိုသော ဆန္ဒသည်ဆုတ်ယုတ်ခြင်းမရှိ။ တရားတော်ကို ဟောပြောရာ၌ ဆုတ်ယုတ်ခြင်းမရှိ။ သူတစ်ပါးတို့၏ အကျိုးစီးပွားကို ဆောင်ရွက်ရာ၌ လုံ့လဝီရိယသည် ဆုတ်ယုတ်ခြင်းမရှိ။ သင်္ခါရတရားတို့ကို အနိစ္စ အစရှိသော လက္ခဏာသုံးပါးဖြင့် ရှုမှု ဝိပဿနာဉာဏ်သည် ဆုတ်ယုတ်ခြင်းမရှိ။ စိတ်တည် ကြည်ခြင်း သမာဓိသည် ဆုတ်ယုတ်ခြင်းမရှိ။ အရဟတ္တဖိုလ်ကို ဝင်စားတော်မူ ခြင်း၌ ဆုတ်ယုတ်ခြင်းမရှိ။
ကျေးဇူးတရား တစ်ဆယ့်နှစ်ပါးတို့နှင့် ပြည့်စုံတော်မူသော၊ ဘုန်းတော်ခြောက်ပါး နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ ရယ်မြူးလို၍ ပြုမူပြောဆိုခြင်းမရှိ။ သတိလွတ်၍ ချွတ်ယွင်းပြုမူပြောဆိုခြင်းမရှိ။ ဉာဏ်တော်ဖြင့် မတွေ့မထိမသိအပ် သော တရားသည်မရှိ။ ဉာဏ်တော်ဖြင့် မဆင်မခြင် အဆောတလျင်ပြုမူခြင်း မရှိ။ သူတစ်ပါးအတွက် ကြောင့်ကြမဲ့သောစိတ်သည်မရှိ။ ဉာဏ်တော်ဖြင့် မဆင်မခြင် လျစ်လျူရှုသော အမှုသည်မရှိ။
ဤကျေးဇူးတရား တစ်ဆယ့်ရှစ်ပါးတို့နှင့် ပြည့်စုံတော်မူသော၊ ဘုန်းတော်ခြောက် ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား၊ ရှိခိုးပါ၏။ ဝိပဿီ, သိခီ, ဝေဿဘူ, ကကုသန္ဓ, ကောဏာဂမဏ, ကဿပ, ဂေါတမ, ခုနှစ်ဆူသော မြတ်စွာဘုရားရှင်တို့အား ရှိခိုးပါ၏။
ဝိပဿီအစရှိသော ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော မြတ်စွာ ဘုရားသည် ကိုယ်ဖြင့်ပြုအပ်သော ''ကာယဒုစရိုက်မှု''သည် မရှိ။ နှုတ်ဖြင့်ပြု အပ်သော ''ဝစီဒုစရိုက်မှု''သည် မရှိ။ စိတ်ဖြင့်ပြုအပ်သော ''မနောဒုစရိုက်မှု'' သည် မရှိ။ လွန်လေပြီးသော ကာလ၌ မြတ်စွာဘုရားရှင်အား ဆီးတားပိတ်ပင် သောဉာဏ်သည်မရှိ။ နောင်လာလတ္တံ့သောကာလ၌ မြတ်စွာ ဘုရားရှင်အား ဆီးတားပိတ်ပင်သော ဉာဏ်သည်မရှိ။
မျက်မှောက်သောကာလ၌ မြတ်စွာ ဘုရားရှင်အား ဆီးတားပိတ်ပင်သော ဉာဏ်သည်မရှိ။ မြတ်စွာဘုရားအား အလုံးစုံကိုယ်ဖြင့်ပြုအပ်သော အမှုသည် ဉာဏ်တော်ရှေ့ သွားမရှိခြင်းသည် မရှိ၊ ဉာဏ်တော်သို့ အစဉ်မလိုက်ခြင်းသည် မရှိ။ မြတ်စွာဘုရားအား အလုံးစုံနှုတ်ဖြင့် ပြုအပ်သော အမှုသည် ဉာဏ်တော်ရှေ့သွားမရှိခြင်းသည် မရှိ၊ ဉာဏ်တော်သို့ အစဉ်မလိုက်ခြင်းသည် မရှိ။ မြတ်စွာဘုရားအား အလုံးစုံစိတ်ဖြင့်ပြုအပ်သော အမှုသည် ဉာဏ်တော်ရှေ့သွားမရှိခြင်းသည်မရှိ၊ ဉာဏ်တော်သို့ အစဉ်မလိုက် ခြင်းသည် မရှိ။
ဤဆောင်ထားအပ်သော ဓာရဏပရိတ်တော်သည် နှိုင်းယှဉ်ရာ တူမျှရာမရှိ၊ ခပ်သိမ်းသောသတ္တဝါတို့၏ မှီခိုကိုးကွယ်ရာလည်းဖြစ်၏။ ပုန်းအောင်းလဲလျောင်း ရာလည်းဖြစ်၏။ သံသရာဘေးကို ကြောက်တတ်သောသူတို့အတွက် အလွန် မြတ်သော အရံအတားဖြစ်၏၊ ကြီးသောတန်ခိုးရှိန်စော် အာနုဘော်ရှိသော အရံအတား ဖြစ်၏။
ချစ်သားအာနန္ဒာ ဤသို့တန်ခိုးတေဇော် အာနုဘော်ကြီးမြတ်သော ဓာရဏ ပရိတ်တော်ကို ရွတ်ဆောင်လော့၊ မှတ်သားလော့၊ မေးမြန်းစူးစမ်းဆင်ခြင်လော့။
ထိုသို့ မှတ်သား မေးမြန်း စူးစမ်းဆင်ခြင်သူ၏ကိုယ်၌ မြွေစသည်တို့၏အဆိပ် သည် မကျရောက်ရာ၊ ရေ၌ မနစ်မွန်းရာ၊ မီးသည်မလောင်ကျွမ်းရာ၊ အထူးထူးသော ဘေးရန်တို့သည် မကျရောက်ရာ၊ တစ်စုံတစ်ယောက်သောသူ သည် တစ်ရက်, နှစ်ရက်, သုံးရက်, လေးရက် မကောင်းမကြံနိုင်ရာ၊ ရူးသွပ်ပျံ့ လွင့်သော စိတ်ဝေဒနာလည်း မဖြစ်နိုင်ရာ၊ တွေဝေမိုက်မဲသော အနာလည်း မဖြစ်နိုင်ရာ၊ ဘီလူးတို့သည်လည်း မညှဉ်းဆဲမဖျက်ဆီး မနှိပ်စက်နိုင်ရာ။
ထိုဓာရဏပရိတ်တော်သည် အဘယ်နည်းဟူမူ၊ စကြဝဠာ ကမ္ဘာတစ်သောင်းကို လောင်ကျွမ်းစေသော နေခုနှစ်စင်း၏ အရှိန်အစော်ကဲ့သို့ ဘေးရန်အပေါင်း တို့ကို လောင်ကျွမ်းပယ်ဖြောက်နိုင်သည့် တန်ခိုးရှိန်စော် အာနုဘော်ရှိ၏။ နတ်, သိကြား, နဂါး, ဂဠုန်, ကုမ္ဘဏ်, ဘီလူး, ရက္ခိုသ် အစရှိသည်တို့ကို တားမြစ်နိုင်သော တန်ခိုးရှိန်စော် အာနုဘော်ရှိ၏။ ရေ, မီး, မင်း, ခိုးသူ, မချစ်မနှစ်လိုသောသူဟု ဆိုအပ်သော ရန်သူအန္တရာယ်အပေါင်းကိုလည်း ဖယ်ရှားတားမြစ်နိုင် ၏။ ရောဂါဘေး, လက်နက်ဘေး, အစာငတ်မွတ်သည့် ဘေးဟုဆိုအပ်သော ကပ်သုံးပါးမှလည်း ကင်းလွတ် စေနိုင်၏။ အမိဝမ်းတွင်း၌ ပဋိသန္ဓေနေသော်လည်း ဆွံ့, အ, နားပင်း, ရူးသွပ်ခြင်း အနာရောဂါ ဘေးမှလွတ် စေနိုင်၏။ သစ်ပင်, တောင်, ခြောက်ကမ်းပါးမှ ကျရောက်သော်လည်း ဘေး မဖြစ်နိုင်။ မရသေးသော စည်းစိမ်ချမ်းသာ ရတနာဥစ္စာကိုလည်း ရစေနိုင်သည်။ ရရှိပြီးသော စည်းစိမ်ချမ်းသာကိုလည်း ကြီးကျယ် ပြန့်ပွားစေနိုင်သည်။ ဟုတ်မှန် သောအားဖြင့် အမိုက်ပြောက်၍ အလင်းရောက်နိုင်သည်။
ချစ်သားအာနန္ဒာ စင်စစ်မူကား ဤဓာရဏပရိတ်တော်ကို ခုနှစ်ဆယ့်ခုနှစ်ကုဋေ ကုန်သော ဘုရားရှင်တို့သည် ကောင်းစွာဟောတော်မူအပ်ပြီ။ ကောင်းသောအ ကျိုးနှင့်ယှဉ်၏၊ မကောင်းသောအကျိုးနှင့်မယှဉ်။ ကောင်းသောတရားအရသာ အနံ့မျိုးကို ဆောင်၏၊ မကောင်းသောတရားအရသာ အနံ့မျိုးကို မဆောင်။ ကောင်းသောစိတ်နှလုံးကိုဆောင်၏၊ မကောင်းသော စိတ်နှလုံးကိုမဆောင်။ သူတော်ကောင်းတို့နှင့်ပေါင်းဖေါ် ယှဉ်တွဲ မှီဝဲရသည်မည်၏၊ သူတော်မဟုတ် သူယုတ်တို့နှင့် မပေါင်းဖေါ်မယှဉ်တွဲ မမှီဝဲရသည် မည်၏။ ကောင်းသောကိုယ် ကိုဖြစ်စေ၏၊ မကောင်းသောကိုယ်ကို မဖြစ်စေရာ။ ကောင်းသောကုသိုလ်အမှုကို ပြုဆောင်ရ၏၊ မကောင်းသောအကုသိုလ်အမှုကို မပြုမဆောင်ရ။ ကောင်းသော အိပ်မက်ကို မြင်မက်ရ၏၊ မကောင်းသော အိပ်မက်ကိုမမြင်မက်ရ။ ကောင်းသော အတိတ်နမိတ်ကို မြင်ရ၏၊ မကောင်းသော အတိတ်နမိတ်ကို မမြင်ရ။
သစ်ပင်တို့ကိုလည်း အကိုင်း, အခက်, အရွက်, အလက်တို့နှင့် ပြည့်စုံစေနိုင်၏။ ဟုတ်မှန်သောအားဖြင့် အမိုက်ပြောက်၍ အလင်းရောက်နိုင်သည်။
ချစ်သားအာနန္ဒာ စင်စစ်မူကား ဤဓာရဏပရိတ်တော်ကို ကိုးဆယ့်ကိုးကုဋေကုန် သော ဘုရားရှင်တို့သည် ကောင်းစွာဟောတော်မူအပ်ပြီ။ မကောင်းသဖြင့် ကြံစည်သူတို့၏ အကြံအစည်ကိုလည်း သိမြင်နိုင်၏။ ဓား, လှံ, လက်နက်, လေး, မြား, မီးပေါက်, အမြောက်အစရှိသော ဘေးတို့သည်လည်း မထိရောက်စေနိုင်။ မန္တန်, မန္တရား, ဂါထာ, အင်းအိုင်တို့သည်လည်း ထက်မြက်နိုင်၏ ရောဂါအန္တရာယ် တို့ကိုလည်း ပယ်ဖျောက်နိုင်၏။ ကြမ်းတမ်းခက်မာသော အနာရောဂါမျိုးတို့ မဖြစ်စေနိုင်။ ကြိုး, ထိတ်, သံခြေကျင်း, ကပ်ဘိ, တွင်းလှောင်, ပင်းသကား, လည်ထောက်ကိုလည်း လွတ်စေနိုင်၏။
ဤမှန်ကန်သော သစ္စာစကားကြောင့် အခါခပ်သိမ်း ငါ့အားချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း။
ဓာရဏပရိတ် မြန်မာပြန်ပြီး၏။
|
https://www.dhammaransi.com/index.php/new/333-2017-12-06-02-50-21.html
|
ဒီနေ့ကမ္ဘာရွာကြီး
|
သန္တုဌိ-ရောင့်ရဲဲခြင်းတရားလက်ကိုင် မထားရင် ချမ်းသာလေလေ ပစ္စည်းရှိလေ ဆင်းရဲလေပဲ။ ရောင့်ရဲခြင်း ဆိုတာ ဘာမှမလုပ်ပဲ ထိုင်နေဖို့ ပြောတာမဟုတ်ဘူး။ လူဖြစ်လာတာ လူ့တာဝန် ၊ လူ့အလုပ်တွေ လုပ်နေရမှာပါပဲ။ ဒါပေမယ့် လောဘခိုင်းသမျှ လိုက်လုပ်နေရင် စိတ်အေးအေး မနေနိုင်တော့ဘူး။ လောဘခိုင်းတာ လုပ်ရင် ပစ္စည်းရချင်ရမယ်။ စိတ်ချမ်းသာမှုကို မရနိုင်ဘူး။ လောဘစိတ်က တစ်ခုရပြီး နောက်တစ်ခု ထပ်လိုချင်၊ နောက်ဆုံးရှိသမျှ အကုန်လိုချင်ဆိုတော့ စိတ်မအေးနိုင်တော့ဘူး။
တို့ရှမ်းပြည်နယ် သုဝဏ္ဏသျှမ်တောင်နေခဲ့တုန်းက လားဟူ၊ လီရှော တိုင်းရင်းသားတွေကြား နေခဲ့ရတာ။ အဲဒီမှာ လီရှောတွေရဲ ့ဘဝနေနည်းကို သတိပြုမိတယ်။ လီရှောတွေဆိုတာ ဒီနေ့ခေတ်ကြီးမှာ ကမ္ဘာဦးတုန်းက လိုပဲ မြေကြီးပေါ်ပဲနေကြ အိပ်ကြတာ။ အိမ်ကို မိုးထားပုံက မြက်ပေါ်မြက်ထပ်ပြီး မိုးထားတာ ။ လားဟူက သက်ကယ် ကို အသုံးပြုတတ်တယ် ။ နေတော့လည်း အခင်းလေးပါသေးတယ်။ ဘယ်လောက်ရောင့်ရဲ ကြလဲဗျာ။ သူ့ရိုးရာ သူ့ဓလေ့နဲ့ အေးအေးချမ်းချမ်း နေတတ်လိုက်ကြတာ။ သာသနာပြုတယ်ဆိုတာလည်း သူတို့ဓလေ့ကို သိမှ လေးစားမှ အောင်မြင်တယ်။ သူတို့ ဓလေ့နဲ့ကိုက်အောင် ဗုဒ္ဓဘာသာနဲ့ ပြုပြင်ပေးရတယ်။
ဒီနေ့ခေတ်ကတော့ဗျာ ၊ ဓလေ့တွေရောကုန်ပြီ။ အင်တာနက်ခေတ်ဆိုတာကိုးဗျ။ ကမ္ဘာကြီးကလည်း ရွာဖြစ် အရှေ့အနောက် ဓလေ့တွေရောကုန်ပြီ။ ဟိုက ထိုင်ရာမထ လွှတ်လိုက်တဲ့ ဓလေ့ဆန်းတွေက တန်းခနဲ ရောက်လာတာ ၊ ဒီလိုခေတ်ကြီးထဲမှာ တို့လူဖြစ်ရမှာ ၊ ငယ်သူတွေ သတိထားရတော့မယ်။ ဓလေ့ချင်း လူမျိုးချင်း အရောခံရတော့မယ်နော်။ ဘာသာချင်းပါ အနှောခံရတော့မယ်။ သတိကြီးကြီးထားပြီး နေကြရတော့မယ်။
တို့ရဟန်းဖြစ်စက ရွှေဘိုဝေဠုဝန်ကျောင်းမှာ နေခဲ့တာကိုး။ အဲဒီမှာ လှူကြတန်းကြတဲ့ ဆွမ်းဟင်းတွေကို ဟင်းလေးအိုးကြီး ဆိုပြီး ဟင်းပေါင်းလုပ်လိုက်ပါရောဗျ။ ကြက် ဝက် ငါး သရက်ချဉ် စသည်ဖြင့် အကုန်ရောထား ပေါင်းစပ်ထားလိုက်တာ ။ ကြက်ကလည်း ကြက်အရသာ မထွက်တော့ဘူး။ ဝက်လည်း ဒီလိုပဲ ။ ငါးလည်း အတူတူပဲ။ ဘူးသီး ၊ ဖရုံသီးတွေ အရသာ သီးခြားအရသာရယ်လို့ ရှာမတွေ့တော့ဘူး။ အားလုံးရောကုန်ပြီ။
ဒီဟင်းလေးအိုးကြီးထဲမှာ ကြက်လည်း ကြက်အရသာပျက် မကောင်းတော့ဘူး။ ဝက်လည်း ဝက်အရသာပျက် မကောင်းတော့ဘူး။ အဲဒီတော့ ဟင်းလေးအိုးကြီးထဲက အသားမဖြစ်ကြစေနဲ့ ။ ဖြစ်ခြင်းဖြစ် ဆား ပဲဖြစ်ကြပါစေ။ ကြက် ဝက် ဆိုတဲ့ အသားတွေအရသာ ပျက်သွားပေမယ့် ဆားကတော့ ငန်တဲ့အရသာ မပျက်ဘူးနော်။
အဲဒီတော့ ဒီနေ့ကမ္ဘာရွာကြီးဆိုပြီး ဓလေ့ပေါင်းစုံ ရောမွှေခံနေရချိန်မှာ ကိုယ့်လူမျိုးရဲ ့ ဓလေ့၊ ကိုယ့်လူမျိုးရဲ ့ ဘာသာသာသနာ ဓလေ့ထုံးတမ်းစဉ်လာကောင်းတွေကို မစွန့်ကြပါနဲ့ ၊ အသားလိုမကျင့်နဲ့ ဆားလိုကျင့်ရမယ့် အချိန်ပါ။ ကိုယ့်လူမျိုးရဲ ့ သတ္တိကို မစွန့်ပါနဲ့ ……. ။
မဟာဗောဓိမြိုင် ဆရာတော် ဘုရား မှ
မဟာမြိုင်တောကြီးမှာဟောတော်မူသောတရားများ
(မောင်သွေးချွန်) စာအုပ်မှ ကူးယူဖော်ပြပေးပါသည်။)
(၂၈-၃-၂၀၁၀ ရွှေဘို ဒကာ၊ ဒကာမများအား ဟောကြားသောတရားတော်မှ)
|
https://www.dhammaransi.com/index.php/new/334-2017-12-06-02-43-15.html
|
ကိုယ်စောင့်ဘာဝနာလေးပါး
|
တို့သာနာက လုပ်တတ်လို့ရှိရင် တစ်ခါလုပ် နှစ်ခုပြီးတယ်။ တစ်ခုက မိမိတို့ဆောင်ရွက်နေကျအတိုင်း သ
ညာအမှတ်ကလေးနဲ့ လုပ်နေတာ။ အဲဒီသညာအမှတ်ကလေးနဲ့ လုပ်နေတဲ့ ရုပ်နာမ်အပေါ် သတိနဲ့မှတ်တာ။ သညာက ပညတ်နဲ့ပြီးတာကိုး ။ သတိအမှတ်က အတွင်းထိ ထိုးဖောက်ပြီး ပရမတ်အထိ သိနိုင်တယ်။ တစ်ခါတည်းနဲ့ နှစ်လုပ်ပြီးနိုင်တယ်။ ဘုရားခေတ်ကလည်း ဘုရင်ကြီးတွေ ဘုရင်လုပ်နေရင်းနဲ့ အရိယာတွေ ဖြစ်သွားကြတယ်။ ဗိမ္မိသာရမင်းကြီးဆိုရင် သောတာပန် မဟုတ်လားဗျ ။ သီဟစစ်သူကြီးလည်း အရိယာပဲ။ ဆိုင်ရာ တာဝန်ထမ်းဆောင်ရင်း သူတော်ကောင်းဖြစ်အောင် ကြိုးစားသွားကြတာ။
အားမှ မှတ်မယ်ဆိုရင် အားချိန်ရှိလို့လား။ အားချိန်စောင့်မနေနဲ့ဗျ။ ရအောင်လုပ်။ လူ့ဘဝရောက်တုန်း လူသက်ကလေး ထိန်းသိမ်းဖို့ လိုသေးတယ်ဗျ။ တို့ခန္ဒာက အသက် (၂) ခုနဲ့သွားနေတာ။ ခန္ဒာမှာရှိနေတာ။ ဓာတ်သက် ၊ သတိနဲ့ ရှုမှတ်နေတာကမှ လူသက်၊ ဓာတ်သက်က ခန္ဒာငါးပါး ကလာတာ။ လူသက်က ကုသိုလ်ပြုစဉ်တုန်းကလာတဲ့ သဒ္ဒါနဲ့ သတိကပေးတာ။ လူ့ဘဝဆိုတာ အင်မတန်ကုသိုလ်ကံ ကောင်းလွန်းမှ ရတာ။ ဒီမှာ လူ့ဘဝမှာ ဓာတ်သက်နဲ့ လူသက်ဆိုပြီး (၂) မျိုးရှိတယ်။ ဓာတ်ကောင်ကဖြစ်တဲ့ ဓာတ်သက်က ဉာဉ်ကိုသွားတယ်။ လူသက်က ဉာဏ်ကိုသွားတယ်။ ဉာဉ်နဲ့ဉာဏ် နှစ်မျိုးနော်။ ဉာဉ်ကို သညာက စောင့်တယ်။ ဉာဏ်ကို သတိကစောင့်တယ်။
ဉာဉ်ဆိုတာ ဓာတ်သက်ကဖြစ်တော့ ဓာတ်စာ အမြဲတောင်းလေ့ရှိတယ် ။ မြေဓာတ်အားကြီးသူက မြေဓာတ်စောင့့်တဲ့ အစာပဲ တောင်းလေ့ရှိ တယ်။ သူ့ဉာဉ် ၊ သူ့ဓာတ်နဲ့တည့်ရင် ကြိုက်တယ်။ မတည့်ရင် မကြိုက်ဘူး ။ ကြိုက်တယ် မကြိုက်ဘူးဆိုတာ ဉာဉ်စကား ၊ ဉာဏ်မဟုတ်သေးဘူး။ ပြီးတော့ ကိုယ်ပိုင် မဟုတ်သေးဘူး ။ ဓာတ်ကောင်ကပိုင်တာ။
ပြီးတော့ မသိမုှဆိုတဲ့ မောဟလည်း ရှိသေးဗျ။ ဥပမာ – အိပ်ပျော်နေချိန် ဘာမှမသိဘူး။ တွေဝေနေချိန် ဘာမှမသိဘူး။ ဘယ်အာရုံမှ မဖမ်းမိတော့ဘူး။ အဲဒါမောဟ၊ အာရုံမိတစ်ချက် မမိတစ်ချက် လည်းမောဟပဲ။ စာလိုပြောတော့ ၀ိစိကိစ္ဆာ ၊ ချီတုံချတုံပေါ့။ ဘယ်အာရုံမှ မဖမ်းမိနိုင်ဘဲ ပြန့်လွင့်နေတဲ့စိတ်ကိုလည်း မောဟခေါ်တယ်။ မသိစိတ်မောဟက အများဆုံးဖုံးထားတာ ။ အဲဒီမသိစိတ်မှီ၍ ဓာတ်တည့်ရင် ကြိုက်တာပဲ။ အဲဒါဉာဉ် ၊ ဉာဏ်မဟုတ်သေးဘူး။ ဓာတ်မတည့်ရင် မကြိုက်တော့ဘူး ။ ဒါလညး်ဉာဉ်ပဲ ။ ဉာဉ်အတိုင်းသွားရင် နောက်ကြောင်းပြန်လှည့်ရမယ်။ နောက်ကြောင်း ဆိုတာဘာတုန်း။ အပါယ်လေးဘုံကို ပြောနေတာ။ ဉာဏ်နဲ့သွားမှ ရှေ ့ တက်ခွင့်ရှိတယ်။
လူသက်မရှိတဲ့ ပုဂိုလ်များဟာ အပါယ်လေးဘုံ နောက်ကြောင်းပြန်ရမှာနော်။ ဒါကြောင့် လူသက်ကို စောင့်ရှောက်ဖို့လိုအပ်သည်။ ဉာဉ်ကိုမွေးတာသညာ။ ဉာဏ်ကိုမွေးထုတ်မှာက သတိ။ သတိဆိုတာ ရှုမှတ်တာကို ဆိုလိုတယ်။ ပြောတဲ့အတိုင်း ကြက်ဆိုကြက် ၊ ထန်းလျက်ဆို ထန်းလျက်အတိုင်း မပါရဘူးပေါ့။ ဘာကိုကြက်ခေါ်တာတုန်း။ ဘာကို ထန်းလျက်ခေါ်တာတုန်း ။ ထန်းလျက်စားပြီး ထန်းလျက်နဲ့ မပြီးရဘူးပေါ့။ ထန်းလျက်ရဲ ့သတ္တိ ။ သူ့ရဲ ့လှုပ်ရှားပုံ သူ့ရဲ ့ဖြစ်ပျက်ပုံ ။ အဲဒါမြင်အောင် စားရင်းကြည့် ။ကြည့်ရင်း စားရတယ်။ အဲဒါသတိပဲ ။
အဲဒီသတိနဲ့ လူသက်ကလေးစောင့်ရှောက် ရမှာ။ စာလိုတော့ စကုအာရက္ခ ။ ကိုယ့်စောင့်ဘာဝနာ လေးမျိုး။ လူသက်ကိုစောင့်ရှောက်မယ့် အဖော်လေးမျိုး။
(၁) ဗုဒ္ဒါ နုဿတိ
ဒီနေ့ လူတွေ လုပ်ကိုင်စားသောက်နေရတာက လွတ်လွတ်ကျွတ်ကျွတ် မဟုတ်ဘူး။ အပြိုင်အဆိုင် အလုအယက်တွေနဲ့ ဘောလုံးကစား နေသလိုပဲ။ ပြေးကြ ၊ လိုက်ကြ၊ ကန်ကြ ၊ တွန်းကြ ၊ လဲကြ၊ ပြိုကြနဲ့ ။ ဒီလိုကြားထဲမှာ ဗုဒ္ဒါနုသတိပွားထားတဲ့ပုဂို်လ်သည် လူစိတ်မပျောက်ဘူး ။
ဗုဒ္ဒါနုသတိမှာ အရဟံ ဂုဏ်တော်က ထိပ်ဆုံးက ပူဇော်အထူးခံထိုက်သော မြတ်စွာဘုရား။ ဘာကြောင့်လဲ ။ မြတ်စွာဘုရားတို့မည်သည် အဆိုးလောကဓံ ပဲလာလာ ၊ အကောင်းလောကဓံပဲလာလာ မတုန်လှုပ်ဘူး။ နာဠာဂီရိဆင်ကြီး အရက်မူးအောင်တိုက်ပြီး ဘုရားကိုသေကြောင်းကြံတော့ ဘုရားက တုန်လှုပ်သလား။ “မတုန်လှုပ်ပါဘုရား”
လှူဖွယ်ဝတ္ထုတွေနဲ့ တောင်ပုံယာပုံ လှူဒါန်းပူဇော်တော့လည်း မတုန်လှုပ်ဘူး။ ကောင်းဆိုးနှစ်တန် လောကဓံ တရားတွေအပေါ်မှာ ညီအမျှထားပြီး ရှုမြင်တော်မူလေ့ရှိတယ်။ ဘုရားဂုဏ်တော် အာရုံပြုနေခြင်းဖြင့် တစ်နည်းအားဖြင့် ဗုဒ္ဒါနုဿတိ ပွားနေခြင်းအားဖြင့် ကြုံတွေ့နေရတဲ ့ အခက်အခဲ တွေအပေါ် မတုန်လှုပ်တော့ဘဲ သဒ္ဒါစိတ် ဖြစ်ပေါ်နိုင်တယ်။
တို့ရဟန်းဖြစ်စက ဥပဇ္စျာယ်ဆရာက ပြောဖူးတယ်။
ငါဘုရားတည်တယ်ကွာ။ ငါ့တရားလေး ငါအေးအေးဆေးဆေး ရှုမှတ်ပြီး တည်ချင်တာ။ သို့သော်ကွာ ငါ့ခေါင်းပေါ် တုတ်ဝဲဓားဝဲနဲ့ တုတ်ကြား ဓားကြားက ဘုရားတည်ခဲ့ရတာ။ ငါစိတ်ဆင်းရဲတာပေါ့ကွာ။ ဒီတော့ ငါ့ဆရာ ငါလျှောက်ထားတယ် ။
တခြားတာဝန်ပေးချင်တာပေးပါ။ ဒီဘုရားတည်တဲ့ တာဝန်တော့မပေးပါနဲ့လို့။
ဒီလောက်တစ်ယောက်တစ်ပေါက်နဲ့ အန္တရာယ်များပြီး ဒေါသနဲ့ လုပ်နေကြတာ။ ဘုရားမတည်ချင်တော့ဘူးလို့ ။ ဆရာက တရားမှတ်နေရာက မျက်လုံးလေး ဖျပ်ခနဲ့ဖွင့်ကြည့်ပြီး….
မင်းတို့သာသနာက ဘယ်သူ့သာသနာလဲလို့ မေးတယ်။
“ဂေါတမဘုရား သာသနာပါဘုရားဆိုတော့”
ဟဲ့ တို့ဘုရားကော အတိုက်အခိုက်ကင်းလို့လား။ စိဥ္စိမာန မိန်းမယုတ်က လူလယ်ခေါင် အရှက်မခွဲဘူးလား။ နာဠာဂီရိ ဆင်ကြီးနဲ့ တိုက်တာလေကွာ။ ဘုရားတောင်ခံရသေးတာ။ မင်းက ဘာမို့လို့တုန်း…… ဆုံးမတော့မှ ငါသဘောပေါက်တယ်ကွ။
သာသနာပြုတဲ့နေရာတောင် လောကဓံဆိုတာ ကြုံရတယ်။ အတိုက် အခိုက်ဆိုတာရှိတယ် ။ လူတွေကြားတော့ပြောမနေနဲ့၊။ နိစ္စဓူဝ လောကဓံ ချည်းပဲ။ ဒီမှာ လောကဓံခံနိုင်ဖို့ဆိုတာ ဗုဒ္ဒါနုဿတိပွားနေမှ လူစိတ်မပျောက် လူသက်မပျက်နေရမှာ ။ ဗုဒ္ဒါနုဿတိပွားမထားရင် ဒေါသ ၊ မာနတွေ ဝင်လာမယ်။ ဒါဆိုရင် ဓာတ်ဉာဉ်ဘက် ပါသွားပြီနော်။ လူသွားလမ်း မဖြောင့်တော့ဘူး။ ဒါကြောင့် ဘုရားဂုဏ်တော် ပွားခြင်း။ ဘုရားဂုဏ်တော်အာရုံပြုခြင်း ဆိုတဲ့ ဗုဒ္ဒါနုဿတိ သည် လူသက်ကို စောင့်တဲ့ ကိုယ်စောင့်ဘာဝနာ ……… ။
(၂) မေတ္တာကမ္မဋ္ဌာန်း
တို့ဘုရားက ကရုဏာပွား သမာပတ်လို့ခေါ်တယ်။ ရန်သူကိုပင် သားတော်ရာဟုလာကဲ့သို့ သဘောထားနိုင်တယ်။ ရန်သူကို ရင်ကဖြစ်သော သားကဲ့သို့ သဘောထားနိုင်တာ ကရုဏာ သမာပတ်ကြောင့်ပဲ။
လူမှာကျတော့ လူ့ဉာဏ်နဲ့ လူသက်ကို မေတ္တာက စောင့်ရှောက်တယ်။ တကယ်လို့ တစ်ဖက်နဲ့ အတိုက်အခံဖြစ်နေရင် သူ့နေရာမှာသာငါဆိုရင် ဒီထက်ပိုဆိုးမှာလို့ နှလုံးသွင်းကြည့်လိုက်ရင် ဒေါသမဝင်သာတော့ဘူး။ ဒေါသရဲ ့နေရာမှာ မေတ္တာနဲ့ အစားထိုးရမှာ။ သူ့အပြစ်မရှုဘဲ ကိုယ့်အပြစ်ကိုယ် ရှုလိုက်တာ တောက်နေတဲ့မီး ငြိမ်းသွားနိုင်တယ်။ သူများအပြစ် ရှုနေရင် ငြိမ်းနေတဲ့မီး ထတောက်နိုင်တယ်။
သူ့နေရာကနေ ကြည့်တတ်မှ တန်းတူစိတ် ဖြစ်သွားတာ။ မေတ္တာဗျ။ မေတ္တာဆိုတာ ကိုယ်နဲ့ထပ်တူထားခြင်း။ မေတ္တာစိတ်ထားမှ ဒေါသနဲ့ မာနဉာဉ်မဝင် သာတော့ဘူး။ ဉာဉ်မဝင်ရင် ဉာဏ်ဝင်လာတေ့ာမယ်။ ဉာဏ်ဝင်လာရင် ဉာဉ်မဝင်နိုင်တော့ဘူး။
(၃) ကောဠာသကမ္မဋ္ဌာန်း
ဒီကမ္မဋ္ဌာနး်က (၃၂) ကောဋ္ဌာသ တစ်စစီအာရုံပြုရတာ။ ဆံပင် ၊ မွေးညှင်း ၊ ခြေသည်း၊ လက်သည်း၊ အရိုး ၊ အကြော စသည် …. တစ်ခုစီ ခွဲကြည့်ပြီး အမြဲဆင်ခြင်နေရင် ငါဆိုတဲ့ အတ္တာမာန် မဝင်သာတော့ဘူး။ ကားပစ္စည်းတွေ တစ်ခုချင်း ဖြုတ်ထားရင်ကားလို့ ခေါ်လို့ရပါဦးမလား။
“မရပါဘုရား”
ဘီးတွေ စက်တွေ တစ်စစီဖြုတ်ထားလိုက်ဗျာ။ ကားမဟုတ်တော့ဘူးလား။ ကားသက်မဝင်တော့ဘူး။ တစ်စစီ ဖြုတ်ထားတဲ့ ပစ္စည်းတွေ ပြန်တပ်လိုက် တော့ ကားဖြစ်သွားရော ။ ကောဋ္ဌာသမရှုရင် မာန်ဝင်ပြီး ဉာဉ်ဘက်ရောက်သွားမယ်။ ဉာဉ်ဘက်ရောက်သွားတိုင်း လူသက်ပျောက်ပြီမှတ်။ ဓာတ်သက်နဲ့ လူသက် ဉာဉ်နဲ့ ဉာဏ်။
ဉာဏ်ဦးစီးမှ အမှန်ရမယ်။ ဘယ်အလုပ်လုပ် ဉာဏ်ဦးစီးပြီး လုပ်ကြပါ။
ဒီနေရာမှာ ဆိုင်းသမားဥပမာ နဲ့ ပြောရဦးမယ် ။ ဆိုင်းဆရာ ဆိုင်းတီးတော့ လက်ဖျားနဲ့တီး။ လက်ဖနှောင့်နဲ့ အုပ်ပြီး တီးတာ။ ဒါမှ အသံမှန် အသံကောင်းထွက်တာ။ လက်ချောင်း လက်ဖျားလေးတွေနဲ့တီး။ လက်ဖနောင့်နဲ့ အုပ်ပေးတာ။ သတိကလေးနဲ့ ရှုမှတ်နေသလိုပဲ ။ လက်ဖနောင့်နဲ့က အသံမှန်အောင် ထိန်းပေးထားတာ။ လက်ဖနောင့်နဲ့သာ အုပ်မတီးရင် သံမှန်မထွက်နိုင်ဘူး။ တုန်ခါသံပဲရမယ်။ တုန်ခါမသွားအောင် လက်ဖနောင့်လေးနဲ့ ထိန်းပြီးတီးသွားတာ။ တို့လည်း သတိလေးနဲ့ ထိန်းထိန်းပေးနေရမှာ။ ကောဋ္ဌာသ ကမ္မဋ္ဌာန်းဟာလည်း အထိန်းတစ်မျိုး။ အစောင့်တစ်မျိုးပဲ။ ကိုယ်စောင့် ဘာဝနာအဖြစ် ပွားများနေရတယ်။
(၄) မရဏသတိကမ္မဋ္ဌာန်း
လူ့ဘဝဆိုတာ နေဖို့သာ သေချာတာ။ သေဖို့တော့ သေချာပါသဗျာ့ ။ ဒါ့ကြောင့် သေခြင်းတရားကိုလည်း ဆင်ခြင်ပွားများနေရတယ်။ ဒါကိုမရဏသတိကမ္မဋ္ဌာန်းလို့ ခေါ်ပါတယ်။ သေခြင်းတရားနှလုံးသွင်းနေရင် ဉာဉ်မဝင်နိုင်တော့ဘူး။ ဉာဏ်ပဲဝင်မယ်။ ဘုရားဟော ဥပမာက အဝေးကလာတဲ့ မြွေဆိုးကြီး လှမ်းမြင်နေရသလို သေခြင်းကို မသေခင် လှမ်းမြင်နေရမယ်တဲ့။ မြွေဆိုးကြီးမြင်နေရတော့ မြွေဆိုးကြီးနဲ့ နီးတဲ့ နေရာရောက်တော့ တုတ်ကလေးနဲ့ မြွေကိုဖယ်ပြီး ကိုယ့်လမ်းကိုယ်သွားနိုင်သလို သေခါနီးကျတော့ သေမင်းကြီးကို ဥပေက္ခာပြုပြီး ကိုယ့်ရိက္ခာထုပ် ကိုယ်ယူပြီး လူ၊နတ်၊ဗြဟ္မာ။အရိယာဘဝတွေဆီ ရှေ့ဆက်သွားနိုင်တယ်။ သေမှာမကြောက်တော့ဘူး။
သေခါနီးမှာ စည်းသုံးတန်ကျော်ရမှာနော်။
ပထမစည်းက ဝေဒနာပြင်းထန်လာချိန် ဒီတောင်ကို ကျော်နိုင်ပါ့မလားဆိုတာ ဒီအချိန်မှာ ကိုယ်စောင်ှု့ဘာဝနာတွေ ပွားမထားခဲ့ရင် ငါသေတော့မယ်ဆိုတဲ့ အတွေးဝင်တော့မယ်။ ကြောက်စိတ်ဝင်တော့မယ်။ ဉာဉ်နဲ့သေရင် နောက်ပြန်ရမယ်။ နောက်ပြန်တာ ဘာကိုပြောတာလဲ၊
‘အပါယ်လေးဘုံကိုပြောတာပါဘုရား’
ဒုတိယစည်းက ငါ့မိသားစုနဲ့ ခွဲရတော့မယ်ဆိုတဲ့ အသိ ၊ အတွေး။ ဒီအသိ၊ ဒီအတွေးနဲ့သေရင် မိသားစုခင်တွယ်စိတ်ကြောင့် ပြိတ္တာဖြစ်သွား တတ်တယ်။ ကိုယ်စောင့်ဘာဝနာပွားထားသူဟာ ဒီစည်းကိုကျော်နိုင်ပြီး ဘဝကောင်းဆီ ရှေ့ဆက်နိုင်မယ်။
တတိယစည်းကတော့ မီးစာကုန် ဆီခမ်းနေချိန် ကိုယ်တွင်းက ဓာတ်လေးပါး ပဋိပက္ခကြား သတိမဝင်ရင် စွဲရာဘဝ သွားရတော့မှာနော်။ လယ်တီဆရာတော်ဘုရားကြီး ပြောခဲ့တာက ၀ိနိပါတိကဘေး။ ထန်းသီးခိုင်ကြီး ချိုင်ပြီးပစ်ချလိုက်သလို ဟိုတစ်လုံး သည်တစ်လုံး ဖွာလန်ကြဲဲပြီး ရောက်မိရောက်ရာ ရောက်တော့မယ်နော်။
ကို်ယ်စောင့်ဘာဝနာတရားလေးပါး ပွားထားသူကတော့ ထန်းသီးခိုင်ချိုင်ပြီး ကြိုးနဲ့ချပေးသလို လိုရာရောက် တယ်။ မှန်းရာရောက်တယ်။ ဒါကြောင့် အပါယ်လေးဘုံဆိုတဲ့ နောက်ကြောင်း မပြန်ချင်ရင် လူနတ်ဗြဟ္မာ အရိယာဆိုတဲ့ ဘဝကောင်းတွေဆီ ရှေ့ဆက်သွားချင်ရင် လူသက်ကို စောင့်ရှောက်ရမယ်။ ဘာနဲ့စောင့်ရှောက်ရမှာလဲ။
ကိုယ်စောင့်ဘာဝနာ တရားလေးပါးနဲ့ပါဘုရား။
အေးဗျာ ။ လူသက်နဲ့ ရှေ့ခရီးဆက်နိုင်ကြဖို့ ကိုယ်စောင့်ဘာဝနာ တရာလေးပါး ပွားများနိုင်ကြပါစေ။
သာဓု….. သာဓု ….. သာဓု ။
(၁၃၇၁ ခု ၊ ပြာသိုလပြည့် ၃၀.၁၂.၂၀၀၉ တွင် မုံရွာမြို ့မှ ဌာနဆိုင်ရာ တာဝန်ရှိပုဂ်ဂိုလ်များနှင့် ဒေသခံဝေနေယျများအား ဟောကြားသည်)
မဟာဗောဓိမြိုင်ဆရာတော် မဟာမြိုင်တောကြီးမှာဟောတော်မူသောတရားများ (မောင်သွေးချွန်) စာအုပ်မှ ကူးယူဖော်ပြပေးပါသည်။
|
https://www.dhammaransi.com/index.php/new/335-2017-11-30-05-12-04.html
|
လိပ်စာမသိလို့........စိတ်ရှာကြည့်ရင်
|
စိတ်အကြောင်းကိုသိချင်ရင်၊ အာရုံကိုလည်းသိမှဖြစ်မယ်၊ စိတ်ကိုနှစ်မျိုးထပ်ခွဲရင် စိတ်ရယ်၊ ေ
စတသိတ်ရယ် နှစ်မျိုးရတယ်၊ စိတ်ဆိုတာကလဲ
ပါဋ္ဌိစကား“စိတ္တ” ဆိုတာကနေ“တ”တလုံးကိုဖျောက်ပြီး စိတ်လို့မြန်မာမှုပြုတယ်၊ ပါဋ္ဌိလို“စိတ္တ”ဆိုတဲ့စကားကို အဓိပ္ပါယ်ဖွင့်ရရင် အာရုံကိုသိတတ်၊
ကြံစည်တတ်သောကြောင့် စိတ်ဟုခေါ်ပါတယ် စိတ်ဆိုတာ အာရုံကိုသိတတ်တဲ့သဘော၊ အာရုံကိုရယူတတ်တဲ့သဘောဆိုရင် စေတသိတ်ကဘာလဲဆိုတော့“စေတသိကဘဝဏ်”စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အရာကိုစေတသိတ်လို့ခေါ်တယ်စိတ်မပါဘဲစေတသိတ်ဆိုတာဖြစ်လို့မရဘူး စိတ်၊ စေတသိတ်ပေါင်းစပ်ပြီးတော့မှ “နာမ်” ဆိုတဲ့ဝေါဟာရကိုသုံးတာ၊“ နာမ်”ဆိုတဲ့စကားလုံးဟာ ပါဋ္ဌိလို“နာမ”ဆိုတဲ့ဝေါဟာရကို မြန်မာမှုပြုထားတာဖြစ်တယ် နောက်တခုနာမ်ဆိုတာကိုအဓိပ္ပါယ်ဖွင့်ရရင် အာရုံရှိရာသို့ညွှတ်ကိုင်းခြင်းလို့ဆိုပါတယ်၊
နာမဆိုတဲ့နာမ်ဆိုတာ စိတ်ရယ်၊ စေတသိတ်ရယ်၊ နှစ်ခုပေါင်းထားတာပါ ၊ အဘိဓမ္မာမှာစိတ်ကို(၈၉)မျိုးခွဲခြားထားတယ်၊ စေတသိတ်ကတော့(၅၂)မျိုးခွဲထားတယ်
ဒီတော့စိတ်နဲ့စေတသိတ် နှစ်ခုပေါင်းထားတဲ့“နာမ်”အကြောင်းကိုလေ့လာကြည့်ရအောင် ဥပမာ လူတွေက စိတ်ဆိုးတယ်လို့ပြောလိုက်ရင်တခုထဲ
ထင်ရပေမယ့် ဒီစိတ်ဆိုးတယ်ဆိုတဲ့ နေရာမှာ သဘာဝတရားပေါင်း(၂၂)ခုရှိတယ် ဒီ(၂၂)မျိုးထဲကမှတခုခုကလုပ်တာပါ၊ စိတ်ဆိုးတယ်၊ စိတ်မကောင်းဘူး၊ စိတ်ချမ်းသာလိုက်တာ ဆိုတာ၊ စေတသိတ်တွေနဲ့တွဲပြောနေကြတာပါ၊
“ဗုဒ္ဓအလိုအရစိတ်ဆိုတာ ရှိနေတဲ့အရာမဟုတ်ဘူး
ဖြစ်လာတဲ့အရာပါ” (၀ိသုဒ္ဓိမဂ်) စိတ်ရဲ့အခြေခံ ဝတ္ထုရုပ်(၆)ပါးရှိတယ်......?
(၁)စက္ခုပသာဒ မျက်စိအကြည်မှစိတ်ဖြစ်ပေါ်လာဖို့အကြောင်းတခု၊
(၂)သောတပသာဒ အသံကိုသိတဲ့စိတ် ဖြစ်ပေါ်လာဖို့အကြောင်းတခု၊
(၃)ဂန္ဓာပသာဒ အနံကိိုုသိတဲ့စိတ် ဖြစ်ပေါ်လာဖို့အကြောင်းတခု၊
(၄)ဇိိဝှါပသာဒ လျှာအရသာကိိုုသိတဲ့စိတ် ဖြစ်ပေါ်လာဖို့အကြောင်းတခု၊
(၅)ကာယပသာဒ ခန္ဓာကိုယ်ထိ၊သိကိိုုသိတဲ့စိတ် ဖြစ်ပေါ်လာဖို့အကြောင်းတခု၊
(၆)မနောပသာဒ အတွေးစိတ်၊ကြံစည်တွေးတောခြင်းကိုတော့ ဟာဒယဝတ္ထုလို့ခေါ်ပါတယ်...။
***အာရုံခြောက်ပါး***
==============
စိတ်ရဲ့အခြေခံဝတ္ထုခြောက်ပါးကို လာတိုက်မှာကတော့ အာရုံခြောက်ပါးဖြစ်တယ်၊ အာရုံဆိုတာကလဲ စိတ်ရဲ့ပျော်မွေ့ရာဖြစ်လို့အာရုံလို့ခေါ်တာ
ပါ၊ စိတ်ဖြစ်လိုက်တာနဲကအာရုံဆီရောက်သွားပါတယ် ဒီအာရုံတွေကတော့
(၁)ရူပါရုံ၊
(၂)သဒ္ဒါရုံ၊
(၃)ဂန္ဓာရုံ၊
(၄)ရသာရုံ၊
(၅)ဖောဋ္ဌဗ္ဗာရုံ၊
(၆)ဓမ္မာရုံ
တို့ဖြစ်ပါတယ်၊
(ဒီဓမ္မာရုံဆိုတာကတော့ အာရုံသိစိတ်အားလုံးပေါင်း သိလို့ရတာ၊စိတ်၊ စိတ်ခြင်းသိစိတ်၊ စေတသိတ်တွေ၊ ရုပ်တွေ၊ နိဗ္ဗာန်အထိ
ဓမ္မာရုံမှာပါသွားတယ်)
စိတ်ဖြစ်တာကိုသိချင်ရင်၊ ဒီအာရုံခြောက်ပါးကိုလဲသိထားဖို့လိုအပ်ပါတယ်၊ နောက်တခုကအာရုံနဲ့ဆက်သွယ်တဲ့တံခါးပေါက်
ခြောက်ခုရှိတယ် ဒါကိုဒွါဒ ခြောက်ပေါက်လို့လဲခေါ်တယ်၊ စက္ခုပသာဒရုပ်ကို စက္ခုဒွါဒလို့ခေါ်တယ်၊ သောတပသာဒရုပ်ကိုသောတဒွါဒလို့ခေါ်တယ်၊
ဂန္ဓာပသာဒရုပ်ကိုဂန္ဓာဒွါဒလို့ခေါ်တယ်၊ ဇိဝှါပသာဒရုပ်ကို ဇိဝှါဒွါဒလို့ခေါ်တယ်၊ ကာယပသာဒရုပ်ကိုကာယဒွါဒလို့ခေါ်တယ်၊ မနောဒွါဒကြတော့
ဘဝင်စိတ်လေးလို့ခေါ်ပါတယ်၊ မိခင်ဝမ်းတွင်းစသည်မှ “ဇာတိ”စိတ်ဖြစ်ပြီး တသက်လုံးရှိနေသည့်စိတ်ကို “ဘဝင်”စိတ်ဟုခေါ်ပြီးနောက်ဆုံးဖြစ်တဲ့
စိတ်ကိုတော့“စုတိ”စိတ်လို့ခေါ်ပါတယ်၊ ဘဝင်စိတ်ကတော့ကံအကြောင်းတရားပေါ်မှာဖြစ်ပေါ်လာတာပါ ကံရှိသလောက်ဘဝင်စိတ်ရှိနေပါတယ်
ဝတ္ထုရုပ်(၆)ပါးကိုမှတ်ထားပါ၊ အာရုံ(၆)ပါးကိုမှတ်ထားပါ၊ ဒွါဒ(၆)ပါးကိုမှတ်ထားပါ၊
* မြင်သိစိတ်၊စက္ခုဝိဉာဉ်စိတ် =မျက်စိကိုမှီပြီးဖြစ်ပေါ်လာတဲ့စိတ်...။
* ကြားသိစိတ်၊သောတဝိဉာဉ်စိတ် =နားကိုမှီပြီးဖြစ်ပေါ်လာတဲ့စိတ်...။
* နံသိစိတ်၊ ဂန္ဓဝိဉာဉ်စိတ် = နှာခေါင်းကိုမှီပြီးဖြစ်ပေါ်လာတဲ့စိတ်...။
* အရသာသိစိတ်၊ ဇိဝှါ၀ိဉာဉ်စိတ် =လျှာကိုမှီပြီးဖြစ်ပေါ်လာတဲ့စိတ်...။
* ကိုယ်သိစိတ်၊ကာယဝိဉာဉ်စိတ် =ခန္ဓာကိုမှီပြီးဖြစ်ပေါ်လာတဲ့စိတ်...။
* တွေး၊ကြံစိတ်၊မနောဝိဉာဉ်စိတ် =မနကိုမှီပြီးဖြစ်ပေါ်လာတဲ့စိတ်...။
ဘဝင်မနကိုမှီတာပါ၊
အဲဒီခြောက်မျိုးဟာ စေတသိတ်တွေနဲ့ပေါင်းပြီး“နာမ်တရား”တွေဖြစ်ပေါ်လာပါတယ်၊ နာမ်တရားဆိုတာ ရှိနေတဲ့တရားမဟုတ်ပါဘူး၊ရုပ်တရားတွေ
ပေါ်မှာမှီပြီးဖြစ်ပေါ်လာတဲ့ နာမ်တရားများသာဖြစ်ပါတယ်၊
***စိတ်ဆိုတာ၊ ဦးဏှောက်မှာရှိတာလား...? နှလုံးသားမှာရှိတာလား...? ရင်ဘတ်ထဲမှာရှိတာလား...? ဆိုတာဒီလောက်ဆို ဓမ္မမိတ်ဆွေ
သဘောပေါက်လောက်ပြီထင်ပါတယ်...။
(ဒေါက်တာ - အရှင်နန္ဒမာလာဘိဝံသ ဆရာတော်ကြီး)
အဘိဓမ္မာ မြတ်ဒေသနာ တရားတော်များမှ
|
https://www.dhammaransi.com/index.php/new/336-2017-11-30-05-08-27.html
|
ဒုလ္လဘ ရဟန်း ဝတ်လျှင် သတိထားဆင်ခြင်နိုင်ရန်
|
“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”
ဗုဒ္ဓဘာသာသာသနာတော်ကို သက်ဝင်ယုံကြည်သူအမျိုးသားတို့သည် မြန်မာသင်္ကြန် ရုံးပိတ် ရက်တို့၌ ဒုလ္လဘရဟန်းဝတ်တတ်ကြ၏။
ကုသိုလ်ကောင်းမှုတို့ ဖြည့်ဆည်းကြပေသည်။ အပျော်အပါး အမော်အကြွားတို့ကိုရှောင်ကြဉ်ကာ “အလွန်ရခဲလှသည့် ရဟန်းအဖြစ်ကို ဖြည့် ကျင့်ဦးမှ တော်ပေမည်”ဟူ၍တွေးကာ ဒုလ္လဘရဟန်းဝတ်တတ်ကြသည်။
ရဟန်းအဖြင့်နှင့် နိဗ္ဗာန်ရောက်ကြောင်း ပါရမီအကျင့်ကောင်း၊ အကျင့်မြတ်တို့ကို ထိုသင်္ကြန်ရုံးပိတ်ရက်၊ ခွင့်ရ သည့်ရက်များ၌ အကျိုးရှိအောင် အသုံးချလိုသည့် စေတနာကောင်းဖြင့် ရဟန်းဝတ်ကြခြင်း ဖြစ်၏။ဒုလ္လဘရဟန်း- ရခဲလှသည့်ရဟန်းအဖြစ်သည် ဒုလ္လဘငါးပါးတွင် တစ်ခုအပါအဝင်ဖြစ်ပါ၏။
ဒုလ္လဘငါးပါးတို့မှာ-
(၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ= ဘုရားပွင့်သောကာလနှင့် ကြုံကြိုက်ခဲခြင်း၊
(၂) မနုဿတဘာဝ ဒုလ္လဘ= လူအဖြစ်ကိုရခဲခြင်း၊
(၃) သဒ္ဓါ သမ္ပတ္တိ ဒုလ္လဘ= သဒ္ဓါတရားနှင့် ပြည့်စုံနိုင်ခဲခြင်း၊၊
(၄) ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ= ရဟန်းအဖြစ်၊ ရဟန်းဘဝကိုရခဲခြင်း၊
(၅) သဒ္ဓမ္မသဝနအတိ ဒုလ္လဘ= သူတော်ကောင်းတရား (မှန်ကန်သောတရား)တို့ကို ကြားနာရခြင်း ကို အလွန်ရခဲခြင်းတို့ ဖြစ်ကြပေသည်။
ထိုသို့ငါးပါးရှိရာတွင် သာသနာတော်၏ အနှစ်သာရ ဘဝဖြစ်သော ရဟန်းအဖြစ်နှင့် အချိန်ကိုကုန်လွန်စေကာ အသုံးချကြသည့်အတွက် လွန်စွာမှ အကျိုးရှိလှပါပေသည်။ဤသို့ သဒ္ဓါတရားရှိပြီး မြင့်မြတ်သောရဟန်းဘဝအဖြစ်နှင့် အချိန်ကို လွန်စွာအကျိုးရှိစေရန် အသုံးချသည်ကမှန်၏။ သို့သော်လည်း ရဟန်းအဖြစ်နှင့် မည်သို့မည်ပုံ ဖြည့်ကျင့်မှ ပို၍အကျိုး ရှိလှသည်၊ မှန်ကန်လှသည်ကို ၀ိနည်းတော်တို့အား သင်ကြားတတ်မြောက်ထားသော ရဟန်း တော်များလောက် သိမထားသော်လည်း သိထားသင့်သည့်ဝိနည်းတော်(စည်းကမ်း)များနှင့် လိုက်နာသင့်သည့်အချက်တို့ကို ဒုလ္လဘရဟန်းမဝတ်ခင် ကြိုတင်သိထားသင့်၏။
ထို့ကြောင့် ဤဓမ္မဆောင်းပါးဖြင့် သံသရာ၌ တင်ခဲ့ဖူးသော ကျေးဇူးတရားများကို ကျေးဇူးဆပ်ရေးသား ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။
ရဟန်းဝတ်ရန် ကျောင်းသို့ ချဉ်းကပ်စဉ်ကပင် နှလုံးသွင်းသင့်သည်မှာ သံသရာဒုက္ခဘေးမှ လျင်မြန်စွာလွတ်ကင်းရန်အတွက် လူဝတ်ကိုစွန့်၊ ရဟန်းအဝတ် သင်္ကန်းဖြင့် တရားအားထုတ် ရန် လာခဲ့သည်ဟု ဦးစွာနှလုံးသွင်းသင့်၏။ သံသရာဘေးမှ လျင်မြန်စွာလွတ်ကင်းရန်ဟု ဆိုရခြင်းမှာ ရဟန်းတော်အဖြစ်သည် အကျဉ်းအားဖြင့် (၂၂၇)ပါး၊ အကျယ်အားဖြင့် ကုဋေကိုး ထောင်ကျော်သော သီလတော်မြတ်တို့ကို စနစ်ကျမှန်ကန်စွာ မပျောက်၊ မကျား၊ မကျိုးရ အောင် အားထုတ်တတ်ပါလျှင် သီလသိက္ခာ၏အစွမ်းအာနိသင်ကြောင့် တရားအားထုတ်ရာ၌ သမာဓိ၊ ပညာ(မဂ်၊ ဖိုလ်)တရားတို့ လျင်မြန်စွာရောက်ရှိနိုင်သောကြောင့်ဖြစ်၏။
လူစိတ်ကိုဖျောက်၊ ရဟန်းတော်စိတ်ဖြင့် မအပ်စပ်သည့် လက်စွပ်၊ ဆွဲကြိုး၊ လက်ပတ်နာရီ တို့ကို ချွတ်ထားခဲ့ကာ ဝတ္ထုငွေတို့ကိုလည်း ရဟန်းအဖြစ်သို့ ရောက်ခါနီးမှအစပြု၍ မထိမကိုင်၊ လူ့အလုပ်တွေ နှလုံးမသွင်း၊ ရဟန်းအလုပ်သာ မှန်စွာဆင်ခြင်ရတော့မည်ဟု ဆုံးဖြတ်ထားရ မည်။ လက်ကိုင်ဖုံးများကိုလည်း ယူဆောင်မလာသင့်ပေ။ အိမ်အလုပ်များ ကျောင်းအထိ ပါမလာအောင် ထားနိုင်ခဲ့ရပါမည်။ လူဝတ်အဖြစ်၌ သူဌေးသူကြွယ်၊ ရာထူးဂုဏ်ထည်၊ ခေတ်ပညာတွေ လွန်စွာ တင့်တယ်ခဲ့သည့်အဖြစ်တို့ကို နှလုံးမသွင်း ရိုးရှင်းရှင်း စိတ်ရင်းဖြင့်သာ မာနကို ခဝါချ၍ “မိမိကို ရဟန်းအဖြစ်တင်ပေးမည့် ကျောင်းရှိ သံဃာတော်တို့၏ ဆုံးမ သွန်သင်မှုအောက်တွင်သာနေမည်”ဟု ဆုံးဖြတ်ထားသင့်ပေသည်။
စဦးဆုံးကြုံတွေ့ရမည့် တရားအားထုတ်ရန် ကမ္မဋ္ဌာန်းမှာ ခေါင်းစရိတ်ချိန်၌ (အရေလျှင် ငါးခု မြောက်ရှိသောအဖို့အစု)တို့ကို ဆင်ခြင်ရမည့် တစပဥ္စကကမ္မဋ္ဌာန်းပင်ဖြစ်ပါသည်။
ဆင်ခြင်ပုံ မှာ- “အတ္ထိ ဣသ္မိံ ကာယေ ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော။”
(ဣသ္မိံ ကာယေ-ဤကိုယ်ကာယ တလံမျှ၌၊ ကေသာ- ဆံပင်၊ လောမာ- အမွေး၊ နခါ- ခြေသည်း လက်သည်း၊ ဒန္တာ- သွား၊ တစော- အရေတို့သာလျှင်၊ အတ္ထိ သန္တိ- ရှိကြကုန်၏။)
“ငါ၏ခန္ဓာကိုယ်၌ ဆံပင်၊အမွေး၊ ခြေသည်း လက်သည်း၊ သွား၊ အရေတို့သာ ရှိချေသည်။”ဟူ၍ ဉာဏ်ဖြင့် သေချာဆင်ခြင်ရှုမှတ်ရပေမည်။
ဆင်ခြင်ပုံကမ္မဋ္ဌာန်းတိုသောကြောင့် ပေါ့ပျက် ပျက် သဘောမထားဘဲ အလေးအနက်ထား ဆင်ခြင်ပွါးများရမည်ဖြစ်သည်။ အဘယ်ကြောင့် ဆိုရမူ- ဘုရားရှင်လက်ထက်က ပါရမီတရားတို့ ဖြည့်ကျင့်ထားခဲ့ကြသောပုဂ္ဂိုလ်တို့သည် ထို ကမ္မဋ္ဌာန်းဖြင့်ပင် ရဟန္တာအဖြစ်သို့ ရောက်ရှိသွားခဲ့ကြပြီ။ မိမိလည်း မည်မျှပါရမီ ဖြည့်ကျင့်ခဲ့ သည်ကို မသိနိုင်သောကြောင့် ခေါင်းရိတ်နေစဉ်၌ အလေးအနက်ထားဆင်ခြင်သင့်ပေသည်။
ပြီးနောက် သိမ်ထဲ၌ ရဟန်းအဖြစ်သို့ သိက္ခာတော်မတင်ခင် သိမ်ဝင်သံဃာတော်များ၏ စစ်ဆေးမေးမြန်းမည့် မေးခွန်းတို့ကို မှန်ကန်စွာ ဖြေဆိုရမည်ဖြစ်သည်။
မေးပုံနှင့် ဖြေကြားပုံ တို့မှာ-
(၁) ကုဋ္ဌံ, ဂဏ္ဍော, ကိလာသော, သောသော, အပမာရောတေ- သင်ပဥ္စင်းလောင်းအား၊ ဧဝရူပါ- ဤသို့သဘောရှိကုန်သော-(ကုဋ္ဌံ- သဖန်း၊ နီဖြူ၊ လူချင်းမတူအောင်၊ အနုအကွက်၊ သမင်ရက်မျိုး၊ အနာဆိုးတို့သည် လည်းကောင်း၊ဂဏ္ဍော- သားရေစိုစို၊ ပြည်ယိုယိုမျိုး၊ အနာဆိုးတို့သည်လည်းကောင်း၊ကိလာသော- တင်းတိပ် ပွေးညှင်း၊ ခရုသင်းနှင့်၊ ဆင်ညှင်းကြီးမျိုး၊ အနာဆိုတို့သည် လည်းကောင်း၊သောသော- ရှူနာရှိုက်နာ၊ ကြက်ညှာ ချောင်းဆိုး၊ အနာမျိုးသည်လည်းကောင်း၊အပမာရော- ခွေးရူးဝက်ရူး၊ ဘီလူးဖမ်းစား၊ မြေဘုတ်များကြောင့်၊ စကားသွပ်ပေါ၊ သတိလျော့ ၍၊ မေ့လျော့တတ်သော အနာမျိုးသည်လည်းကောင်း)သန္တိနုခေါ- ရှိကုန်သလော။
(သင့်၌ ကူးစက်တတ်သောရောဂါ၊ ထိုသို့သောအနာဆိုးများ ရှိပါသလား?)
(နတ္ထိ ဘန္တေ- မရှိပါဘုရား)
(၂) မနုဿာ အတ္ထမနုေဿာ- လူသားစင်စစ် ဧကန်ဖြစ်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင်သည် လူသားစင်စစ် ဧကန်ဖြစ်ပါသလား?)(အာမဘန္တေ- လူသားစင်စစ် ဧကန်ဖြစ်ပါသည်ဘုရား)
(၃) ပုရိသာ အတ္ထပုရိေဿာ- နပုလ်းပဏ္ဍုပ်၊ မဟုတ်ဣတ္ထိ၊ မျိုးဇာတိနှင့်၊ ပုရိသစစ်၊ ယောကျ်ားဖြစ်သည်၊ အသိ- ဖြစ်ပါ၏လော။(သင်သည် ယောကျ်ားစင်စစ် ဧကန်ဖြစ်ပါသလား?)
(အာမဘန္တေ- ယောကျ်ားစင်စစ် ဧကန်ဖြစ်ပါသည်ဘုရား)
(၄) ဘုဇိသာ အတ္ထဘုဇိေဿာ- သူ့ကျွန်သူ့ကျေး၊ ခင်းမှုရေးကြောင့်၊ ထွက်ပြေးကြဉ်ဖဲ၊ ခေါ်ငင်ဆဲတွင်၊ ရှောင် လွှဲမဖြစ်၊ တော်လှန်စစ်သည်၊ အသိ- ဖြစ်ပါ၏လော။(သင်သည် သူ့ကျွန်အဖြစ်မှ လွတ်ပါသလား?)
(အာမဘန္တေ- သူ့ကျွန်အဖြစ်မှ လွတ်ပါသည်ဘုရား)
(၅) အဏဏ အတ္ထအဏဏော- ယခုအခါ၊ သူ့ဥစ္စာကို၊ များစွာယူချေး၊ ကြေအောင်ပေး၍၊ မြီကျွေးမတင်၊ သန့် ရှင်းစင်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင့်သည် သူတစ်ပါးတို့ထံမှ ငွေကြေးဥစ္စာ ချေးှငှါးထားပြီး ကျေအောင် ပြန်ဆပ်ပြီးပြီလား?)
(အာမဘန္တေ- သူ့ကျွေးမတင် ကြွေးသန့်ရှင်း ကင်းစင်ပါသည်ဘုရား)
(၆) နတ္ထ ရာဇာဘဋာရာဇာဘဋော- မင်းပါးစိုးခွင်၊ ချဉ်းကပ်ဝင်၍၊ အစဉ်လှုပ်ရှား၊ မင်းခစားသည်၊ န အသိ- မဖြစ်ဘဲ ရှိပါ၏လော။
(သင်သည် မင်းခစားအဖြစ်မှ လွတ်မြောက်ပါသလား?)
(အာမဘန္တေ- မင်းခစားဘဝမှ လွတ်မြောက်ပါသည်ဘုရား။)
မှတ်ချက်။ အရပ်သားအစိုးရဝန်ထမ်း၊ လခစားများဖြစ်ပါက ခွင့်ယူရပါမည်။ ခွင့်ရက်ရရှိမှ ရဟန်းပြုသင့်သည်။ စစ်မှုထမ်းများဖြစ်ပါက ဒုလ္လဘရဟန်းဝတ်ရန်ဟူသော အကြောင်း အရာဖြင့် ခွင့်တင်ပြီး ခွင့်ပြုချက်ကျထားပြီး ဖြစ်ရပါမည်။
(၇) အနုညာတာ အတ္ထ မာတာပိတူဟိနာဂ- မဂ်ဖိုလ်နီးကြောင်း ပဥ္စင်းလောင်း၊ တေ- သင်ပဥ္စင်းလောင်း၏၊ မာတာပိတူဟိ- သင်၏ ကျေးဇူးဂုဏ်ရှင်၊ မိခင်ဖခင်တို့က၊ အနုညာတော- ရဟန်းပြုရန် အနူးအညွတ် ခွင့်ပြုလွှတ်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင့်အား မိဘများက ရဟန်ပြုရန် ခွင့်ပြုကြပါသလား?)
(အာမဘန္တေ- မိဘနှစ်ပါက ရဟန်းပြုရန် ခွင့်ပြုကြပါသည်ဘုရား)
(၈) ပရိပုဏ္ဏဝီသတိဝဿာ အတ္ထပရိပုဏ္ဏဝီသတိဝေဿာ- သန္ဓေကလလ၊ ရေတည်စက၊ စ၍ချင့်တွက်၊ ဤသည့်ရက်တွင်၊ အသက်တိတိ၊ နှစ်ဆယ်ပြည့်သည်၊ အသိ- ဖြစ်ပါ၏လော။
(သင့်ကို မိခင်က မမွေးဖွားခင် ကိုယ်ဝန်ဆောင်ထားခဲ့သောကာလနှင့် မွေးဖွားပြီး လက်ရှိအချိန် အထိကာလ နှစ်ခုပေါင်း သင့်၌ အသက်နှစ်ဆယ် ပြည့်ပါသလား?)
(အာမဘန္တေ- အသက် ၂၀ ၊ ပြည့်ပါသည်ဘုရား)
(၉) ပရိပုဏ္ဏံ ဝေါ ပတ္တစီဝရံတေ- သင့်အား၊ ပတ္တစီဝရံ- သပိတ်သင်္ကန်းသည်၊ ပုဏ္ဏံ- ပြည့်စုံပါပြီလော။
(အာမဘန္တေ- ပြည့်စုံပါပြီဘုရား)
(၁၀) ကိံနာမာ အတ္ထကိန္နာမောသိ- ဟူသော ပါဌ်ဖြင့် မိမိ၏အမည်ကို မေးလျှင်-[အဟံ ဘန္တေ နာဂေါ နာမ- (ဘန္တေ- အရှင်ဘုရား၊ အဟံ- တပည့်တော်သည်၊ နာဂေါ နာမ- နာဂအမည်ရှိပါသည်ဘုရား)](တပည့်တော်၏အမည်သည် “နာဂ”အမည် ရှိပါသည်ဘုရား)ကောနာမောတေ ဥပဇ္ဈာယော- ဟူသော ပါဌ်ဖြင့် မိမိ၏ ဥပဇ္ဈာယ်ဆရာတော်ကို မေးလျှင်-[ဥပဇ္ဈာယော မေ ဘန္တေ အာယသ္မာ တိဿတ္ထေရောနာမ (ဘန္တေ- အရှင်ဘုရား၊ မေ- တပည့် တော်၏၊ ဥပဇ္ဈာယော-ဥပဇ္ဈာယ်ဆရာသည်၊ အာယသ္မာ တိဿတ္ထေရောနာမ- အရှင်တိဿ မထေရ်အမည်ရှိပါသည်ဘုရား)](တပည့်တော်၏ဆရာ့အမည်သည်အရှင်တဿမထေရ်အမည် ရှိပါသည်ဘုရား)ဤသည်မှာ သိမ်တွင်း၌ မေးပုံနှင့် ဖြေကြားပုံများဖြစ်၏။
ထိုသို့ မေးသောအခါများတွင် ဖြေ ကြားရမည်မှာလည်း ဖြေကြားပုံအတိုင်းသာဖြစ်၏။ မှန်သည်မှားသည်အရေးမကြီး ဤအတိုင်း ဖြေကြားရမည်ဆိုသောကြောင့် မိမိ၌ပြည့်စုံထားရမည့်အချက်တို့ကို မပြည့်စုံပါဘဲ လိမ်ညာဖြေ ကြားလျှင် အစတည်းက မုသာဝါဒကံနှင့် စမိနေသလိုဖြစ်နေပေမည်။ “အစကောင်းမှ အနှောင်းသေချာ”ဆိုသလို အစတည်းက သန့်ရှင်းကောင်းမွန် နေရန် ပြင်ဆင်ထားရမည်ဖြစ်ပါသည်။ရဟန်းသိက္ခာတော်တင်ပေးမည့် ဆရာတော်များအနေဖြင့်လည်း ရဟန်းဝတ်ရန်လာကြသူများ ကို သင်ပေးပါလိမ့်မည်။ သို့သော် တချို့ကျောင်းများ၌ ဒုလ္လဘရဟန်းဝတ်ရန်လာကြသူများ အလွန်များလှသောကြောင့် သေချာကျ န သင်ချိန်မရ၍ မိမိတို့အနေဖြင့် ကြိုတင်သိရှိထားလျှင် ပို၍ကောင်းသည်။
သိက္ခာတော် တင်ပေးကြမည့် ရဟန်းတော်များသည် အနည်းဆုံး ငါးပါး ရှိ ထားကြပြီး မိမိတို့ကို ရဟန်းခံ အစီအစဉ်အတိုင်း လုပ်ဆောင်သွားကြပါလိမ့်မည်။ ထိုသို့ စီစဉ်တကျ လုပ်ဆောင်တိုင်း၌ လေးနက်စွာ ဆင်ခြင်နေသင့်သည်မှာ ရဟန်းမဖြစ်သေးခင်၌
”ငါသည် မြင့်မြတ်သောရဟန်းဘောင်သို့ မကြာခင်ရောက်ရတော့မည်၊ လူဘောင် လူ့အလုပ် စွန့်ရတော့မည်။”၊ ရဟန်းအဖြစ်ရောက်သွားသောအခါ၌လည်း “ငါသည် မြင့်မြတ်သော ရဟန်းဘောင်သို့ ရောက်ခဲ့ချေပြီ။ လူတွေကဲ့သို့ မနေအပ်တော့။”ဟူ၍ ဝမ်းမြောက်ပီတိ ဖြစ်နေ ရပါမည်။
ရဟန်းအဖြစ်သို့တင်ရန် ပထမ ကိုရင်အဖြစ်တင်၊ ပြီးနောက် ရဟန်းအဖြစ် သိက္ခာတော်များ တင်ခြင်း အစဉ်တကျလုပ်ဆောင်ရာတွင် သရဏဂုံရွတ်ဆိုရာ၌ ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုရ မည်ဖြစ်၏။ အာဖျားလျှာဖျားလေးဖြင့် ရွတ်ဆို၍မသင့်ပေ။ ဆရာတော်များ၏ ကမ္မဝါစာ ရွတ်ဆို တော်မူခြင်းကိုလည်း လေးနက်စွာနာကြားရပါမည်။ ရွတ်ဆိုသောပါဠိအဓိပ္ပါယ်တို့ကို နား မလည်သော်လည်း ဘုရားရှင်ဆုံးမထားခဲ့သော ၀ိနည်း(စည်းကမ်း)များအတိုင်း မိမိကို ရဟန်း အဖြစ် သိက္ခာတော်များ တင်ပေးနေကြသည်ဟူ၍ နှလုံးသွင့်ဆင်ခြင်သင့်၏။ အဓိပ္ပါယ်တို့ကို သိရှိက ပိုကောင်း၏။ ကမ္မဝါစာရွတ်ဆိုကြသော ရဟန်းတော်များ၏ ဌာန်ကရိုဏ်းကျနစွာ ရွတ်ဆိုသံများကို ကြားရပါမည်။ ပထမတစ်ခေါက်ဖြင့် ဌာန်းကရိုဏ်မကျသော စာလုံးများ ပါခဲ့ခြင်းမဖြစ်ရအောင် ကမ္မဝါစာကို နှစ်ခေါက် ရွတ်ဆိုကြသည်။ အမြဲတမ်းဝတ်မည့် ရဟန်း လောင်းဖြစ်လျှင် သုံးခေါက်ရွတ်ဆိုကြ၏။သိမ်မှအထွက် သိမ်ဆွမ်းလောင်းလှူကြသော ဒကာဒကာမများလည်း တွေ့ကြုံရတတ်ပေ သည်။ ထိုအခါတွင်လည်း သာယာတပ်မက်ခြင်းမဖြစ်စေရန် နှလုံးသွင်းသင့်၏။
သိမ်ဆင်း ဆွမ်းလောင်းနေကြသော ဒကာဒကာမတို့ကို မေတ္တာပို့ပေးနေရမည်။ “မိမိကိုခင်လို့ ကျွေးသည်”ဟူ၍ နှလုံးမသွင်းသင့်။ ဒကာဒကာမတို့သည် သံဃာတော်အရှင်သူမြတ်တို့ကို ကြည်ညိုကြသောကြောင့် သာသနာတော်စည်ပင်ကြောင်း “ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး” စသည့် ရှင်လေးပါးမှ ဆွမ်းအလှူဒါနဖြင့် ကုသိုလ်ယူလိုသောကြောင့်၊ လယ်ယာမြေကောင်း ဖြစ်သော သံဃာတော်အရှင်သူမြတ်တို့ထံ၌ ကုုသိုလ်မျိုးစေ့များ လာရောက်စိုက်ပျိုးနေကြ သည်ဟုဆင်ခြင်ပြီး နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေရန် ရဟန်းကျင့်ဝတ်ဖြင့် ပြည့်စုံစွာရှိနေရ ပေမည်။“ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး”စသည့် ပစ္စည်းလေးပါး မသုံးဆောင်ခင်တို့၌လည်း နှလုံးသွင်း ဆင်ခြင်ရန် ကမ္မဋ္ဌာန်းများရှိပါသည်။ ၎င်းကမ္မဋ္ဌာန်းတို့ကိုလည်း အလေးအနက်ထား ဆင်ခြင် ပွါးများရပါမည်။ သီရိလင်္ကာ၌ သံဃရက္ခိတမထေရ်ကြီး၏ ကျောင်းတွင် ခုနစ်နှစ်သား ကိုရင်လေး ဆွမ်းစားရန်ပြင်နေချိန်တွင် ပန်းကန်သံများကို ကြားနေရသော သံဃရက္ခိတ မထေရ်ကြီးက ကိုရင်လေးကို သတိပေးစကား ပြောကြားလိုက်သည်မှာ “လျှာအပူလောင်မယ်၊ သတိထားစား”ဟူ၍ဖြစ်၏။
ကိုရင်လေးလည်း သတိဝင်ပြီး ဆွမ်း၌ဆင်ခြင်ရမည့် ကမ္မဋ္ဌာန်းကို ဆွမ်းမစားခင် ဆင်ခြင်ရာတွင် ခန္ဓာဉာဏ်ရောက် တရားပေါက်၍ ကိလေသာကုန်ခန်းကာ ရဟန္တာဖြစ်ခဲ့သည်မှာ ဆွမ်းမစားခင် ဆွမ်း၌ဆင်ခြင်ရမည့်ကမ္မဋ္ဌာန်းကို လေးနက်စွာဆင်ခြင်ခဲ့ သောကြောင့်ဖြစ်၏။ ထို့ကြောင့် “ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး” ပစ္စည်းလေးပါး မသုံးဆောင် ခင်တိုင်း၌ ရဟန်းတော်များအနေဖြင့် အလှူရှင်များကို မေတ္တာပို့ခြင်း၊ မသုံးဆောင်ခင် ဆင်ခြင် ပွါးများရသည့်ကမ္မဋ္ဌာန်းတို့ကို မပျက်မကွက် ဆင်ခြင်နှလုံးသွင်းကြရပေသည်။
ပစ္စည်းလေးပါးဆင်ခြင်ပုံတို့ကို ပါဠိတော်ဖြင့် ဆင်ခြင်ရန် အခက်အခဲရှိကလည်း မြန်မာလို ဆင်ခြင်နိုင်ပေသည်။ ဆင်ခြင်ပွါးများရာ၌ အနက်အဓိပ္ပါယ်ကို သိရှိနားလည်ထားရန်သာ လိုရင်းဖြစ်ပါသည်။
ထိုဆင်ခြင်ပုံများကို သေချာကျက်မှတ်ထားသင့်၏။သင်္ကန်း၌ဆင်ခြင်ပုံပါဠိ။ “ပဋိသင်္ခါ ယောနိသော စီဝရံ ပဋိသေဝါမိ၊ ယာဝဒေဝ သီတဿ ပဋိဃာတာယ၊ ဥဏှဿ ပဋိဃာတာယ၊ ဍံသ မကသ ၀ါတာတပ သရီသပ္ပ သမ္ဖဿာနံ ပဋိဃာတာယ၊ ယာဝဒေဝ ဟိရိကောပိနပ္ပဋိစ္ဆာဒနတ္ထံ။”(မြန်မာ။ “ကင်းမြွေလွှဲသုန်၊ ဟိရီဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကိုစံပယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ်မသန်း၊ ဤသင်္ကန်းကို၊ ဖုံးလွှမ်း သုံးဆောင်ပါ သတည်း။”)ကျောင်း၌ဆင်ခြင်ပုံပါဠိ။ “ပဋိသင်္ခါ ယောနိသော သေနာသနံ ပဋိသေဝါမိ၊ ယာဝဒေဝ သီတဿ ပဋိဃာတာယ၊ ဥဏှဿ ပဋိဃာတာယ၊ ဍံသ မကသ ၀ါတာတပ သရီသပ္ပ သမ္ဖဿာနံ ပဋိဃာတာယ၊ ယာဝဒေဝ ဥတုပရိဿယ ပိနောဒနပ္ပဋိသလ္လာနာရာမတ္ထံ။”(မြန်မာ။ “ချမ်းပူ ကိုဖျက်၊ ခြင်မှက်လေနေ၊ ကင်းမြွေဝေးမှု၊ ဥတုဘေးကြမ်း၊ မသန့်ကင်းစင်၊ စိတ်ကြည်လင် ကြောင်း၊ နေရာကျောင်းကို၊ ကိန်းအောင်းမှီခိုပါသတည်း။”ဆွမ်း၌ဆင်ခြင်ပုံပါဠိ။ “ပဋိသင်္ခါ ယောနိသော ပိဏ္ဍပါတံ ပဋိသေဝါမိ၊ နေဝ ဒဝါယ၊ နမဒါယ၊ န မဏ္ဍနာယ၊ န ၀ိဘူသနာယ၊ ယာဝဒေဝ ဣမဿ ကာယဿ ဌိတိယာ ယာပနာယ၊ ၀ိဟိံသူပရတိယာ ဗြမစရိယာ နုဂ္ဂဟာယ၊ ဣတိ ပုရာနဥ္စဝေဒနံ ပဋိဟင်္ခါမိ၊ နဝဥ္စ ဝေဒနံ န ဥပါဒေဿာမိ၊ ယတြာ စ မေ ဘဝိဿတိ၊ အနဝဇ္ဇာတာ စ ဖာသုဝိဟာရော စ။”(မြန်မာ။ “ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတန်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာ ဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုက်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင် ဟု၊ သုံးဆောင်မှီဝဲပါသတည်း။”ဆေးပစ္စည်း၌ဆင်ခြင်ပုံပါဠိ။ “ပဋိသင်္ခါ ယောနိသော ဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရံ ပဋိသေဝါမိ၊ ယာဝဒေဝ ဥပ္ပာန္နာနံ ဝေယျာဗျာဓိကာနံ၊ ဝေဒနာနံ ပဋိဃာတာယ၊ အဗျာပဇ္ဇာ ပရမတ္တာယ။”(မြန်မာ။ “ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊ ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊ စွန့်ခွါပယ်ရှင်း၊ ဆင်းရဲကင်း၍၊ လူမင်းမြတ်စွာ၊ သာသနာကို၊ ကြည်သာရွှင်လန်း၊ ကျင့်ဖြည့်စွမ်းနိုင်ဖို့ ရည်မှန်း သုံးဆောင်ပါသ တည်း။
”အခြားအသုံးအဆောင်တို့၌ဆင်ခြင်ပုံ“ဖိနပ်ဆီမီး၊ ထီးတောင်ဝှေးစ၊ ဟူသမျှကို၊ အေးမြချမ်းပူ၊ မြေငူသစ်ငုတ်၊ ခလုတ်ဆူးငြောင့်၊ မနှောင့်ဘေးကျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်၍၊ အားအင်ပြည့်မာ၊ သာသနာကို၊ ကောင်းစွာကျင့်ဆောင်၊ ဖြည့်နိုင်အောင်ဟု၊ သုံးဆောင်မှီဝဲပါသတည်း။”ထိုပစ္စည်းလေးပါးတို့မှာ ရဟန်းတော်များအတွက် “ရှင်လေးပါး”တို့ဖြစ်ကြပြီး “သေလေးပါး”မှာ ပါရာဇိကလေးပါးတို့ဖြစ်ကြ၏။
ပါရာဇိကအာပတ်သင့်မိသွားလျှင် အာပတ်ဖြေလို့မရသော ကြောင့် ရဟန်းမဟုတ်တော့ပေ။ ထို့ကြောင့် “သေလေးပါး” ဟုခေါ်ခြင်းဖြစ်၏။ ပါရာဇိက အာပတ်များ ကျူးလွန်မိသွားလျှင် သင်္ကန်းဆင်မြန်းထားသော်လည်း ရဟန်းအဖြစ်၊ ရဟန်းဘဝ မဟုတ်တော့ပေ။
ထို့ကြောင့် ရဟန်းတော်များအတွက် လုံးဝ သိရှိနားလည်းထားရမည့် အာပတ်များ ဖြစ်ကြပေသည်။ ပါရာဇိကလေးပါးတို့မှာ-
(၁) မေထုန ပါရာဇိက- မေထုန်ဟူသော မမြတ်သောအကျင့်ကိုကျင့်ခြင်း။ (တစ်နည်းနည်းဖြင့် မေထုန်မှီဝဲလျှင် ပါရာဇိကကျ၏။)
(၂) အဒိန္နဒါန ပါရာဇိက- သူတစ်ပါးဥစ္စာကို ခိုးယူခြင်း။ (တစ်မတ်တန်၊ တစ်မတ်အထက် ထိုက်တန်သောပစ္စည်းကိုယူလျှင် ပါရာဇိကကျ၏။)
(၃) မနုဿဝိဂ္ဂဟ ပါရာဇိက- လူစင်စစ် အသက်ကိုသေစေလိုသောစိတ်ဖြင့်သတ်ခြင်း။ ကိုယ်ဝန်ကျဆေးပေးလျှင်ပင် ပါရာဇိကကျ၏။)
(၄) ဥတ္တရိမနုဿဓမ္မ ပါရာဇိက- မရသေးသောစျာန်မဂ်ဖိုလ်တရားတို့ကို ရ၏ဟု ဟောပြောချင်းတို့ဖြစ်ကြသည်။
မြတ်ဗုဒ္ဓ ၏ သာသနာ
|
https://www.dhammaransi.com/index.php/new/337-2017-11-30-04-58-07.html
|
ဝိနည်းဆိုတာ
|
တစ်ချို့တစ်ချို့သောပုဂ္ဂိုလ်တွေက ဝိနည်းဆိုတာကို
သူတို့ဘက်ပါ မပါနဲ့ ဆုံးဖြတ်ပြီး ၊
ပုဂ္ဂိုလ်ခင်ပြီး တရားမင်နေတာတွေ တွေ့ရတယ်။
အဲဒီတော့ လူ့အဖွဲ့အစည်း အသီးသီးမှာတောင်
အဆိုးအကောင်းတွေရှိနေကြသေးတာ ၊
ဆွမ်းဆန်ထဲ ကြွက်ချေးဆိုတာတော့ ရှိတတ်တာပဲလေ။
ဝိနည်း သိက္ခာပုဒ်တွေ ဘာကြောင့် ဘုရားရှင်ပညတ်တာတုန်းဆိုရင် ကျူးလွန်တဲ့သူရှိလို့သာ ပညတ်ရတာပါ၊
သာသနာအထွန်းကားဆုံးအချိန်ဖြစ်တဲ့ ဘုရားရှင်လက်ထက်မှာတောင် ကျူးလွန်နေကြသေးတာ..
အခုလို သာသနာနှောင်းပိုင်းကာလမှာလည်းပဲ ကျူးလွန်ကြမှာမလွဲပါဘူး။
ဆွမ်းဆန်ထဲမှာ ကြွက်ချေးပါတာနဲ့ ဆန်အိုးကြီးတစ်ခုလုံး သွန်ပစ်ဖို့မှမဟုတ်တာ ပါလာတဲ့ကြွက်ချေးကို ဖယ်စားလိုက်ပေါ့။
ဝိနည်းမှာက ဂရုကအာပတ် (ကုစားလို့ မရတဲ့ အာပတ် )နဲ့
လဟုကအာပတ် (ပြန်လည်ကုစားလို့ရတဲ့ အာပတ် )ဆိုပြီး
နှစ်မျိုးရှိပါတယ်။
အဲဒီထဲမှာ အကြီးလေးဆုံး အာပတ်ဆိုတာကတော့
ပါရာဇိက (၄)ပါး ဖြစ်ပါတယ်။
ပါရာဇိကလေးပါးဆိုတာက
၁။ မေထုန်မှီဝဲခြင်း
၂။ သူတစ်ပါးပစ္စည်းခိုးယူခြင်း
၃။ လူသတ်ခြင်း
၄။ စျာန်.မဂ်ဖိုလ် မရဘဲနဲ့ ရတယ်လို့ပြောခြင်း
ဒီလေးပါးဟာ သာသနာမှာ အကြီးမားဆုံးသော ဂရုကအာပတ်များဖြစ်ကြပါတယ်။
ဤလေးပါး တစ်ပါးပါး ကျူးလွန်မိတဲ့သူဟာ ရဟန်းမဟုတ်တော့တဲ့သူပါ။( ကုစားလို့ မရတော့သော အာပတ် )
အဲဒီနောက် သံဃာဒိသေသ်( ၁၃ )ပါးဆိုတာ ရှိပါတယ်
ဒုတိယ အပြစ်အကြီးဆုံး သိက္ခာပုဒ်လို့ဆိုနိုင်ပါတယ်၊
သူကတော့ သိမ်ထဲမှာ သံဃာပါး ( ၂၀ )ခန့်နဲ့ ကုစားမယ်ဆိုရင်တော့ အာပတ်မှ စင်ကြယ်ပါတယ်။
ကုစားလို့ ရနိုင်ပါတယ်၊
ကျန်တဲ့ သိက္ခာပုဒ်တွေဆိုတာကတော့ ဒေသနာကြားရင်
အပြစ်ကြေပါတယ်။
ဥပမာ. ညစာစားမိတာတို့ ၊ အရက်သေစာသောက်မိတာတို့ ၊
ရုပ်ရှင် ဗွီဒီယိုဇာတ်ပွဲ အငြိမ့်ပွဲ ကြည့်မိတာတို့ ၊စတဲ့ သိက္ခာပုဒ်တွေကတော့ လဟုက အာပတ်လို့ ခေါ်ပါတယ်။
သေးမွှားတဲ့အာပတ် ဒေသနာကြားရင် အပြစ်ကြေတယ်ဆိုတဲ့
အာပတ်မျိုးပေါ့။
ဒီတော့ သေးမွှားတဲ့ အာပတ်လေးကို ကျူးလွန်မိတာနဲ့
ရဟန်းမဟုတ်တော့ဘူး ၊ ဝိနည်းနဲ့ မညီတော့ဘူးဆိုပြီး
မိမိက အပြစ်တင်ကဲ့ရဲ့နေတဲ့အချိန် ၊ဟိုရဟန်းက
အာပတ်စင်ကြယ်အောင် ဒေသနာကြားခြင်းကိစ္စဆောင်ရွက်ပြီးလို့
အာပတ်စင်ကြယ်နေတဲ့အချိန်မှာသွားပြီး
စော်ကားမိမယ်ဆိုရင်တော့ ...တစ်ကယ်မလွဲ အပါယ်ငရဲပါပဲ။
ဒီတော့ကား ရဟန်းတစ်ပါး သူ့ဖာသာ ဝိနည်းနဲ့
ညီသည် ဖြစ်စေ ၊ မညီသည် ဖြစ်စေ
သူ့လုပ်တဲ့ အပြစ် သူပဲခံရမှာပါ ၊ မိမိမျှခံစရာ မလိုပါဘူး။
မိမိက မကြည်ညိုရင် မကိုးကွယ်နဲ့ မလှူနဲ့ပေါ့ ။
မလှူလို့ မတန်းလို့ မကိုးကွယ်လို့ အပြစ်မဖြစ်ပါဘူး
ဒါပေမယ့်... စော်ကားပြစ်မှားမိရင်တော့ အပြစ်ဖြစ်ပါတယ်။
အဲဒီတော့ သူက သူကိုယ်တိုင် အပြစ်လုပ်လို့ ငရဲသွားရတာ ၊
မိမိက ကိုယ်တိုင်မလုပ်ဘဲ ပါးစပ်လေးနဲ့ စော်ကားပြီး
ငရဲကို အဖော်လိုက်ပေးရတာ တန်ပါ့မလား ။
ဒါကြောင့် မကြည်ညိုလို့ ၊ မကိုးကွယ်လို့ ဘာမှမဖြစ်ပါဘူး ၊
စော်ကားမိရင်တော့ အကုသိုလ်ဖြစ်ပါတယ်ဆိုတာကို
နားလည်သဘောပေါက်ပြီးသကာလ ၊
ကိုယ်နဲ့ ဆန္ဒတူသည် ဖြစ်စေ ၊ မတူသည် ဖြစ်စေ
ကိုယ့်ဘက်ပါသည်ဖြစ်စေ ၊ မပါသည်ဖြစ်စေ
မပြစ်မှားမိအောင် မစော်ကားမိအောင် နေနိုင်ကြပါစေလို့ တိုက်တွန်းလိုက်ပါတယ်။
|
https://www.dhammaransi.com/index.php/new/338-2017-11-30-04-56-50.html
|
အပါယ်ငရဲသို့ ကျရောက်စေကြောင်းတရားဆိုးများ
|
လူသားတို့အား ဆင်းရဲဒုက္ခကြီးစွာခံစားရာ အပါယ်ငရဲသို့ကျရာက်စေကြောင်း မကောင်းမှုကံတို့ကို ကျူးလွန်ပြုလုပ်အောင် အတွင်းမှနေ၍ လှုံ့ဆော်-တိုက်တွန်း-တွန်းအားပေးကြသည့် အခြေခံ အတွင်းဓာတ်ခံ တရားဆိုးများအကြောင်းကိုရှင်းလင်းပြဆိုပါမည်။
(၁) မောဟ = အဝိဇ္ဇာဟူသောတရားဆိုးသည် အမှားနှင့်အမှန်၊ အကောင်းနှင့််
အဆိုး၊ အကြောင်းနှင့်အကျိုး ကံနှင့်ကံ၏ံအကျိုးကို ခွဲခြား၍သိနိုင်သော၊ အမှန်ကိုအမှားဟု၎င်း ၊ အမှားကိုအမှန်ဟု၎င်း၊ တလွဲသိမြင်သော ကံနှင့်ကံ၏အကျိုးကို၎င်း (အကြောင်းကံကြောင့် အကျိုးတရားဖြစ်လာရသည်ကို၎င်း) မသိမြင်နိုင်
သောတရားမျိုးဖြစ်၏။ ယင်း အမှန်ကိုမသိမှု တရားဆိုးများကြောင့် (ပညာမျက်စိကန်းနေမှုကြောင့်) လူမိုက်တို့သည် မပြုသင့်သည့်မကောင်းမှုကံတွေကို ပြုမိ
၍၊ ပြုသင့်သည့် ကောင်းမှုကံတို့ကိုမူကား မပြုကြသဖြင့်၊ အပါယ်ငရဲသို့သာ ကျရောက်၍ နတ်ပြည်သို့ မရောက်နိုင်ကြကုန်။
(၂) အဟိရိကဟူသောတရားဆိုးသည် မပြုသင့်သည့်မကောင်းမှုတွေကို (ယင်းတို့၏ဆိုးကျိုးများကို မသိမှုကြောင့်) ကျူးလွန်ပြုလုပ်ရမှာ လုံးဝမရှက်စေတတ်-အရှက်မရှိစေတတ်သည့် တရားမျိုး ဖြစ၏။ ယင်းတရားဆိုးကြောင့် လူမိုက်တို့သည် မကောင်းမှုကံတွေကို ပြုလုပ်ရမှာ အနည်းငယ်မျှ မရှက်ကြသဖြင့် အပါယ်ငရဲသို့ ကျရောက်ရကုန်၏။
(၃) အနောတ္တပ္ပဟူသောတရားဆိုးသည် မပြုသင့်သည့် မကောင်းမှုကံတွေကို
(ယင်းတို့၏ ဆိုးကျိုးများကို မသိမှုကြောင့်) ကျူးလွန်ပြုလုပ်ရမှာ လုံးဝမ
ကြောက်စေတတ်သည့် တရားမျိုးဖြစ်၏။ ယင်းတရားဆိုးကြောင့် လူမိုက်တို့
သည် (မီးရောင်ကို ရွှေထင်ပြီး မီးကိုတိုးဝှေ့၍ တစ်ကောင်ပြီးတစ်ကောင် သေသွားကြသည့်ပိုးဖလံများကဲ့သို့ လူသတ်ခြင်း၊ နွားသတ်ခြင်း စသည့် မကောင်းမှုများကိုပင် မကြောက်မရွံ့ရဲရဲကြီးပြုလုပ်သဖြင့် အပါယ်ငရဲသို့ ကျရောက်ရကုန်၏။
(၄) လောဘ=တဏှာဟူသောတရားဆိုးသည် မိမိကိုယ်ကို၎င်း၊ မိမိ၏သားမ
ယား ပစ္စည်းဥစ္စာ ရာထူးဌာနန္တရ၊ ဂုဏ်သိရ်တို့ကို၎င်း လွန်စွာမက်မော-တပ်မက်စွဲလမ်းစေတတ်သည့်၊ သူတပါးကို စည်းစိမ်ဥစ္စာကို ရယူချင်သည့်တရားမျိုးဖြစ်၏။ ယငး်တရားဆိုးကြောင့် လူမိုက်တို့သည် သူတပါး၏မယား၊ သမီးများကို အတင်းအဓမ္မပြုကျင့်သိမ်းယူခြင်း စသည့် မကောင်းမှုကြီးတွေကိုပင် ကျူးလွန်ကြသဖြင့် အပါယ်ငရဲသို့ ကျရောက်ကြရကုန်၏။
(၅) မိစ္ဆာဒိဋ္ဌိ=အယူမှားခြင်းဟူသော တရားဆိုးသည်ကား ဆိုးကျိုးများစွာကို ဖြစ်စေသည့်မကောင်းမှုဟှုသမျှကိုကျူးလွန်ဘို့ရန် ဝန်မလေးအောင် တိုက်တွန်းလှုံ့ဆော်ပေးသဖြင့် တရားအားလုံးတို့တွင် ကြောက်မက်ဖွယ် အကောင်းဆုံးတရားဆိုး ဖြစ်၏။
မိစ္ဆာဒိဋ္ဌိအမျိုးမျိုးရှိရာတွင် အချုပ်အားဖြင့်-
၁-ပေးကမ်းလှူဒါန်းခြင်း၊ အကျင့်သီလစောင့်ထိန်းခြင်း၊ ကမ္မဋ္ဌာန်းဘာဝနာအားထုတ်ခြငး် စသည့် ကောင်းမှုကံတွေကို မည်သည့်ကောင်းကျိုးကိုမှမပေးဟု မှားယွင်းစွာယုံကြညြ်ခင်း ၊
၂-လူကျွဲနွားတိရစ္ဆာန်သတ္တဝါကို သတ်ဖြတ်ခြင်းစသည့် မကောင်းမှုတွေသည်
မည်သည့်အကျိုးကိုမှမပေးဟု မှားယွင်းစွာယူခြင်း ၊
၃-ဤမျက်မှောက်ဘဝ၌ တြေ့ွကုခံစားရသည့် ချမး်သာသုခ ၊ ဆင်းရဲဒုက္ခဟူသမျှသည်(ပစ္စုပ္ပန်ဘဝ)အတိတ်ဘဝများက ပြုခဲ့သည့် ကောင်းမှုကံ၊ မကောင်းမှုကံ
တွေကြောင့် ဖြစ်ရသည်မဟုတ်၊ အကြောင်းတိုက်ဆိုင်မှုကြောင့်(၀ါ)အကြောင်း
မြဲ့ဖစ်လာရသည်ဟု မှားယွင်းစွာယူခြင်း၊
၄-ဤဘဝမှ သေသွားပြီးနောက် နောင်ဘဝတွေဆက်မဖြစ်တော့ဟု (နောင်ဘဝကို ပစ်ပယ်၍) မှားယွင်းစွာယူခြင်း၊
၅-လူတို့၏ပကတိမျက်စိဖြင့် မမြင်ရသည့်ငရဲ၊ ပြိတ္တာ၊ နတ်၊ ဗြဟ္မာကဲ့သို့သော
သတ္တဝါမျိုးတို့သည်၎င်း၊ ထိုသတ္တဝါ ဖြစ်ရာနေထိုင်ရာ ငရဲပြည်၊ ပြိတ္တာဘုံ၊ နတ်
ပြည၊် ဗြဟ္မာပြည်ကဲ့သို့သော ဘုံဌာနများသည်၎င်း လုံးဝမရှိဟု မှားယွင်းစွာယူခြင်း ၊၆-ကမ္မဋ္ဌာန်းဘာဝနာအကျင့်မြတ်ကို ကျင့်ကြံအားထုတ်၍ ၊ အဘိညာဉ်တန်ခိုး ၊ သစ္စာဉာဏ၊် ဗောဓိဉာဏ်များကို ရရှိကြသည့် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ အရိယာသူတော်စင်ပုဂ္ဂိုလ်မြတ်တို့ဟူသည် လောက၌လုံးဝမရှိဟု မှားယွင်းစွာယူခြင်း
တို့ဖြစ်သည်။ [ယင်းအယူမှား=မိစ္ဆာဒိဋ္ဌိအားလုံးသည် ကံနှင့်ကံ၏အကျိုး(၀ါ)အ
ကြောင်းနှင့်အကျိုးကို ပစ်ပယ်သည့် အဆိုးဆုံးတရားမျိုးချည်းဖြစ်သည်။]
(၆) မာန=မာန်ထောင်လွှားခြင်းဟူသော တရားဆိုးသည် မိမိ၏ဥစ္စာစည်းစိမ်၊ ရာထူး၊ အာဏာ၊ ဂုဏ်သိရ်စသည်တို့ကြောင့်၊ မိမိကိုယ်ကို အထင်ကြီး၍ သူတပါးတို့ကို အထင်သေးစေတတ်သည့် တရားမျိုးဖြစ်၏။ ယင်းတရားဆိုးကြောင့် လူမိုက်တို့သည် ရိုသေလေးစားအပ်သော ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမား၊ လူကြီးသူမ၊ ကျေးဇူးရှင်၊ သူတော်စင်များကိုပင်၊ မရိုမသေမလေးမစား-စော်ကားပြော
ဆိုမှုပြုကြ၍၎င်း၊ မိစ္ဆာဒိဋ္ဌိအယူမှားတို့သည် ငါဘုရားမှတပါး မည်သူ့ကိုမှ အရိုအသေမပြုရဟူသော ထိုအတ္တစိတ်ကြီးမားဘုရားဆိုသူူက ပြောသည့်အတိုင်း မှတ်ယူကျင့်ကြံ ပြုမူကြ၍၎င်း၊ အပါယ်ငရဲသို့ ရောက်ကြရသဖြင့် ထိုမိစ္ဆာဒိဋ္ဌိနှင့်ဘုရား
ဆိုးကြီးတို့ကြောင့် ဆိုးကျိုးကြီးကို ခံကြရသည်မှာ အလွန်ပင်သနားဖွယ်ကောင်း
လှ၏။ထို့ပြင် ဘုရားဆိုးကြီးက တခြားဘာသာတွေကို သတ်ဖြတ်လေလေ ငါဘုရားကကောင်းချီးပြုလေလေဟူ၍(နဂိုကသူတော်ကောင်းစိတ်ရှိသူတို့ကိုပင်)
မိုက်ဇာတ်သွင်းပြီး၊ ငရဲသို့ပို့ပေးပြန်သဖြင့် အလွန်ကြောက်ဖွယ်ကောင်းလှ၏။
(၇) ဒေါသ=အမျက်ဒေါသဟူသော တရားဆိုးသည်ခက်ထန်- ကြမ်းတမ်းသည့်စိတ်မျိုး၊ ကို်ယ်ချင်းစာစိတ်ကင်းမဲ့သောစိတ်မျိုး၊ သူတပါးတို့အား သေစေလိုပျက်
စီးစေလိုသည့် စိတ်ယုတ်မာမျိုးဖြစ်သည်။ ယင်း တရားဆိုးကြောင့် လူတို့သည်
လူ-ကျွဲနွားတိရစ္ဆာန်သတ္တဝါတွေကို ရက်စက်စွာ သတ်ဖြတ်-ညှဉ်းပန်းနှိပ်စက်-နိုင်ထက်ကလူပြုမူကြသည်မက မိမိတို့မုန်းသူတို့၏ ပစ္စည်းဥစ္စာများကို မီးရှို့ဖျက်ဆီးကြသဖြင့် အပါယ်ငရဲသို့ မနှေးအမြန် ကျရောက်ရကုန်၏။
(၈) ဣဿာ=မနာလိုခြင်းဟူသော တရားဆိုးသည် မိမိထက်သာလွန်သည့် သူတပါးတို့၏ ကြီးပွားချမ်းသာ-ရာထူးဂုဏ်သိရ်ကျော်စောမှုစသည်တို့နှင့် ပြည့်စုံခြင်းကို မနာလို-ငြူစူသောအောက်တန်းကျ-စိတ်ယုတ်မာမျိုး ဖြစ်၏။ ယငး်တရားဆိုးကြောင့် လူမိုက်တို့သည် ထိုသို့ မိမိထက်သာလွန်နေသော ပုဂ္ဂိုလ်တွေအား ပျက်စီးရာပျက်စီးကြောင်းကို နည်းမျိုးစုံသုံး၍ အကောက်ဉာဏ်နှင့်လုပ်ဆောင်ကြသ
ဖြင့် အပါယ်ငရဲသို့ ကျရောက်ရကုန်၏။
(၉) မစ္ဆရိယ=နှမြောတွန့်တိုမှုဟူသော တရားဆိုးသည် မိမိ၏စည်းစိမ်-ဥစ္စာ
ကို လွန်စွာတပ်မက်၍ တရားဓမ္မကို လေ့လာအားထုတ်နေကြသည့် ရဟန်းသံ
ဃာတော်များနှင့်မရှိဆင်းရဲသားတို့အား မိမိ၏စည်းစိမ်ဥစ္စာ အနည်းငယ်ကိုပင်
မျှဝေ-ပေးကမ်း-လှူဒါန်းလိုစိတ်မရှိသည့် တရားမျိုး ဖြစ်၏။ ထိုတရားဆိုးကြောင့် လူချမ်းသာမိုက်တို့သည် သေသည့်အခါ မိမိတို့၏ စည်းစိမ်ဥစ္စာတို့ကို ထားရစ်ခဲ့
ရပြီး ဒါနဟူသော ဘဝခရီးရိက္ခာမပါရှိသဖြင့် အပါယ်ငရဲသို့သာကျရောက်ရကုန်၏။
(၁၀) ဝစိကိစ္ဆာ=တရားမှန်ကို ဝေခွဲမသိ- ယုံမှားမှုဟူသောတရားဆိုးသည် ဘုရားစစ် ဘုရားမှန်၊ တရားစစ် တရားမှန်၊ သံဃာစစ် သံဃာမှန် (ရတနာအစစ် ၃-ပါး)
တို့၏ တန်ဘိုးမှန်ကို ဧကန်မသိ- ဒွိဟဖြစ်စေသော လူမိုက်တို့သည် ယင်းတို့ကိုမကိုးကွယ်မိပဲ သူတပါးတို့က ဆရာမှားတို့က ပြောသမျှကို အကန်းယုံမိ၍ မကောင်းမှုကံတွေကို ပြုမြိကသဖြင့် သေသည့်အခါ အပါယ်ငရဲသို့ ကျရောက်ရကုန်၏။
ဦးမြင့်ဆွေ
(ကျောင်းအုပ်၊ ဗုဒ္ဓတက္ကသိုလ်-မန္တလေး)
|
https://www.dhammaransi.com/index.php/new/339-2017-11-30-04-49-51.html
|
ဗုဒ္ဓဝါဒ နှင့် ဗြဟ္မဏဝါဒ ခွဲခြားပုံ
|
ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာဝင်ပါလို့ ခံယူထားရင် တကယ့်ဗုဒ္ဓဘာသာဝင်ဟုတ်ရဲ့လားလို့ ဆန်းစစ်ကြည့်ကြပြီး တကယ်မဖြစ်သေးရင် ဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။
မြွေဝင် ပျားစွဲခြင်းကြောင့် ချမ်းသာတယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ (ဟိန္ဒူဝါဒ) အလုပ်ကြိုးစားခြင်း၊ ကုသိုလ်ရှိခြင်းကြောင့် ချမ်းသာတယ်လို့ ယူဆရင် ဗုဒ္ဓဝါဒ။
ဖွတ်တက်လို့၊ ဠင်းတနားလို့ ဆင်းရဲတယ် ခိုက်တယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ အလုပ်မလုပ်လို့ နှစ်လုံး သုံးလုံး လောင်းကစားလုပ်လို့ အကုသိုလ်ရှိလို့ ဆင်းရဲတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ။
လက်ယပ်ခေါ်တဲ့ အရုပ်ကလေးရှိလို့၊ ပုလင်းအစိမ်းထဲမှာ နှင်းဆီပွင့် စိုက်ထားလို့ ပိုက်ဆံနဲ့ ပုံဖော်ထားတဲ့ ဇီးကွက်ရုပ်(လာဘ်ခေါ်အဆောင်ကဒ်ပြား) ရှိလို့ စျေးရောင်းကောင်းတာလို့ ယူဆရင် ဗြဟ္မဏဝါဒ၊ ဝီရိယဉာဏ်ယှဉ် စေတနာမေတ္တာထားပြီး ရောင်းလို့ စျေးရောင်းကောင်းတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ၊
ရက်ရာဇာမှ ကောင်းကျိုးပေးပြီး ပြဿဒါးက မကောင်းကျိုးပေးတယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ ကုသိုလ်က ကောင်းကျိုးပေးပြီး၊ အကုသိုလ်က မကောင်းကျိုးပေးတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ၊
စနေ တနင်္ဂနွေအစရှိသော ဂြိုလ်တွေက ကောင်းကျိုး မကောင်းကျိုးပေးတယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ ကုသိုလ် အကုသိုလ်က ကောင်းကျိုး ဆိုးကျိုးပေးတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ။
ခရီးသွားတဲ့အခါ နဂါးလှည့်သင့်မှု၊ မသင့်မှုကြောင့် ကောင်းကျိုး ဆိုးကျိုးပေးတယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ ကုသိုလ် အကုသိုလ်က ကောင်းကျိုး ဆိုးကျိုးပေးတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ။
စုံဂဏန်း၊ မဂဏန်း(၁၃)ဂဏန်း၊ ကိုးဂဏန်းတွေက ကောင်းကျိုး ဆိုးကျိုးပေးတယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ ကုသိုလ် အကုသိုလ်က ကောင်းကျိုးဆိုးကျိုးပေးတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ၊
အသုဘယာဉ်ကို ကျောင်းဝိုင်းထဲ အိမ်ဝိုင်းထဲထားရင် မြို့မြင်ရွာပြင်မှာ ဆုံးတဲ့ ရုပ်အလောင်းကို မြို့ထဲရွာထဲပြန်သွင်းရင် မြို့ခိုက်တယ်၊ ရွာခိုက်တယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ ထိုအကြောင်းများကြောင့် မြို့ရွာကိုမခိုက် အကုသိုလ်ကြောင့်သာ မြို့ရွာကို ခိုက်တယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ၊
အလောင်းကိုင်တာချင်းတူပါလျက် သုဘရာဇာကို အဝေးမှရှောင်ပြီးဆရာဝန် ဖြစ်မည့်သူကို သမက်ဖမ်းခြင်းသည် ဗြဟ္မဏဝါဒ၊ အယူအစွဲမရှိဘဲ နှစ်ဦးစလုံးကို တန်းတူဆက်ဆံခြင်းသည် ဗုဒ္ဓဝါဒ၊
ဒက္ခိဏသာခါရုပ်ပွားကို ကိုးကွယ်လျှင် မီးကွင်းသည် ဆင်စီးမြင်းရံဘုရားကို ကိုးကွယ်လျှင် စီးပွားတက်သည် ဇမ္ဗုပတိချွတ်ခန်း (မကိုဋ်စလွယ်ဆင်) ဘုရားကို ကိုးကွယ်လျှင် ရာထူးတက်သည်ဟု ယူဆ၍ ကိုးကွယ်လျှင် ဗြဟ္မဏဝါဒ၊ ဒက္ခိဏသာခါပုံကို ထုလုပ်လျှင် ဗုဒ္ဓ၏သပ္ပါယ်သော ရုပ်လက္ခဏာတော်ကို ဖျက်ဆီးရာရောက်သည်။
ဆင်စီး မြင်းရံဘုရားကို ထုလုပ်လျှင် ဘုရားရှင်၏ မဟာကရုဏာတော်ကို ပြက်ရယ်ပြုရာရောက်သည်။ မကိုဋ်စလွယ်ဆင် ရုပ်ပွားကို ထုလုပ်လျှင် ရဟန်းတစ်ပါးကို ယုတ်နိမ့်သော လူအဝတ်အစာ းများဖြင့် ဝတ်ဆင်ပေးရာရောက်သည်ဟု တွေးခေါ်မြော်မြင်ပြီး ထိုပုံမျိုးကို မကိုးကွယ်ဘဲ ရဟန်းနှင့်တူသော ရုပ်ပွားတော်ကိုသာ ကိုးကွယ်ခြင်းသည် ဗုဒ္ဓဝါဒ။
တန်ခိုးရှိသော ရုပ်ပွားစေတီကို ရှိခိုးပူဇော်လျှင် ကောင်းကျိုး များများရသည် တန်ခိုးမရှိသော ရုပ်ပွားစေတီကို ရှိခိုးပူဇော်လျှင် ကောင်းကျိုးနည်းနည်းသာ ရသည်ဟု ယူဆလျှင် ဗြဟ္မဏဝါဒ၊ ရုပ်ပွားစေတီက အဓိကမဟုတ် မိမိစေတနာ ကသာ အဓိကဖြစ်သည်။ စေတနာ အကြီးအသေးက ကောင်းကျိုး အကြီးအသေးကို ဖြစ်စေသည်ဟု ယူဆလျှင် ဗုဒ္ဓဝါဒ။
လူသေပြီး ခုနှစ်ရက်လည်မှ အိမ်မှထွက်သည်ဟု ယူဆလျှင် ဗြဟ္မဏဝါဒ၊ စုတိနောင် ပဋိသန္ဓေဖြစ်သည် သို့မဟုတ် သေပြီး စက္ကန့်မခြားဘဲ နောက်ဘဝသစ်၌ ချက်ခြင်းဖြစ်သည်ဟု ယူဆလျှင် ဗုဒ္ဓဝါဒ။
မိမိကောင်းစားချမ်းသာဖို့ အဓိကထားပြီးလှူလျှင် ဗြဟ္မဏဝါဒ၊ အလှူခံပုဂ္ဂိုလ် ချမ်းသာဖို့ အဓိကထားပြီး လှူလျှင် ဗုဒ္ဓဝါဒ၊ ဝါတွင်းကာလ၌ အိမ်မပြောင်းကောင်းဟု ယူဆလျှင် ဗြဟ္မဏဝါဒ၊ အဆင်ပြေသည့် အချိန်တွင် ပြောင်းကောင်းသည်ဟု ယူဆလျှင်ဗုဒ္ဓဝါဒ။
လက္ခဏာတွင် အာယုလမ်းကြောင်း ရှည်သောကြောင့် အသက်ရှည်သည်၊ အာယုလမ်းကြောင်း တိုသောကြောင့် အသက်တိုသည်ဟု ယူဆလျှင် ဗြဟ္မဏဝါဒ၊ သူ့အသက်ကို မသတ်ခြင်း သူတစ်ပါး အသက်ရှည်ခွင့်ရအောင် ဆေးဝါးလှူဒါန်းခြင်းဟူသော ကုသိုလ်တို့ကြောင့် အသက်ရှည်သည် သူတစ်ပါးအသက်ကို သတ်ဖြတ်ခဲ့သော အကုသိုလ်ကြောင့် အသက်တိုသည်ဟု ယူဆလျှင် ဗုဒ္ဓဝါဒ၊ အာယုလမ်းကြောင်းသည် သင်္ကေတနိမိတ်သာဖြစ်သည်။
အရှင်ဇဝန(မေတ္တာရှင်-ရွှေပြည်သာ)၏ ဆောင်းပါးမှကောက်နှုတ်ချက်။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ ကောင်းကျိုးလိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
|
https://www.dhammaransi.com/index.php/new/340-2017-11-30-04-44-00.html
|
ဒါန၏ အားသာချက်
|
မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ်က ဖြစ်၏။ တစ်နေ့ သုမနမင်းသမီးသည် အခြံအရံများနှင့်အတူ ဘုရားရှင်ထံသို့ အဖူးမျှော် ရောက်ရှိလာပြီး မြတ်စွာဘုရားရှင်အား မိမိသိလိုသည့် မေးခွန်းများကို မေးလျှောက်လေ၏။
သုမန
“အရှင်ဘုရား… သာသနာတော်မှာ တူညီတဲ့ သဒ္ဓါ၊ တူညီတဲ့ သီလ၊ တူညီတဲ့ ပညာ ရှိတဲ့ ဘုရားတပည့် နှစ်ဦးရှိတယ်လို့ ဆိုပါစို့ဘုရား..။ သူတို့နှစ်ဦးဟာ သဒ္ဓါ၊ သီလ၊ ပညာ တူပေမယ့် တစ်ဦးက ပေးလှူတတ်ပြီး တစ်ဦးက မပေးလှူတတ်ပါဘူးဘုရား။ သူတို့နှစ်ဦး သေဆုံးတဲ့အခါ နှစ်ဦးလုံး သုဂတိနတ်ပြည်ကို ရောက်ကြပါတယ်။ နတ်ဖြစ်ကြတဲ့ သူတို့နှစ်ဦးရဲ့ ထူးခြားကွာခြားမှု တစ်စုံတစ်ရာ ရှိနိုင်ပါသလား၊ ဒါမှမဟုတ် ထူးခြားမှုမရှိ အကျိုးပေး အတူတူပဲ ဖြစ်ပါသလားဘုရား..”
{မြတ်ဗုဒ္ဓ}
“သုမန… ထူးခြားကွာခြားချက် ရှိပါတယ်၊ သဒ္ဓါ၊ သီလ၊ ပညာတူပေမယ့် အလှူဒါန ပေးလှူတတ်တဲ့သူဟာ မပေးလှူတတ်တဲ့ သူထက် နတ်အသက်၊ နတ်အဆင်း၊ နတ် ချမ်းသာ၊ နတ် အခြံအရံ အကျော်အစော၊ နတ်ရဲ့ အစိုးရခြင်းဆိုတဲ့ အကြောင်းတရားငါးပါးမှာ သာလွန်ပြီး မပေးလှူတတ်တဲ့သူကို ဒီငါးပါးနဲ့ လွှမ်းမိုးနိုင်ပါတယ်..”
{သုမန}
“အရှင်ဘုရား… ဒီလို သဒ္ဓါ၊ သီလ၊ ပညာတူပြီး အလှူဒါနပိုင်းမှာ ကွဲပြားသွားတဲ့ သူတို့နှစ်ဦးဟာ နတ်ပြည်ကနေစုတေပြီး လူ့ပြည်မှာ ဖြစ်တယ်လို့ ဆိုပါစို့ဘုရား..။ လူဖြစ်လာတဲ့ သူတို့နှစ်ရဲ့ ထူးခြားကွဲပြားမှုရော ရှိနိုင်ပါသလား…၊ ဒါမှမဟုတ် ကွဲပြားမှုမရှိ အတူတူပဲ ဖြစ်နိုင်ပါသလားဘုရား…”
{မြတ်ဗုဒ္ဓ}
“သုမန… ထူးခြားကွာခြားချက် ရှိပါတယ်၊ သဒ္ဓါ၊ သီလ၊ ပညာတူပေမယ့် အလှူဒါန ပေးလှူတတ်တဲ့သူဟာ မပေးလှူတတ်တဲ့ သူထက် လူ့အသက်၊ လူ့အဆင်း၊ လူ့ချမ်းသာ၊ လူ့ အခြံအရံ အကျော်အစော၊ လူရဲ့ အစိုးရခြင်းဆိုတဲ့ အကြောင်းတရားငါးပါးမှာ သာလွန်ပြီး မပေးလှူတတ်တဲ့သူကို ဒီငါးပါးနဲ့ လွှမ်းမိုးနိုင်ပါတယ်..”
{သုမန}
“အရှင်ဘုရား… တကယ်လို့ သူတို့နှစ်ဦးဟာ လူ့ဘောင်ကထွက်ပြီး ရဟန်းဝတ်သွားကြတယ် ဆို့ပါစို့ဘုရား..။ ရဟန်းဖြစ်လာတဲ့ သူတို့နှစ်ဦးရဲ့ ထူးခြားကွဲပြားမှု ကွာခြားချက် တစ်စုံတစ်ရာ ရှိနိုင်ပါသလား…၊ ဒါမှမဟုတ် ထူးခြားမှုမရှိ အတူတူပဲ ဖြစ်နိုင်ပါသလားဘုရား..”
{မြတ်ဗုဒ္ဓ}
“သုမန… ထူးခြားမှု ဖြစ်နိုင်ပါတယ်၊ သဒ္ဓါ၊ သီလ၊ ပညာ တူကြပေမယ့် အလှူဒါနကို ပေးလှူတတ်တဲ့သူဟာ ရဟန်းဘဝမှာလည်း ဆွမ်းသင်္ကန်းကျောင်းဆေး ပစ္စည်းလေးပါးမှာ မိမိက အထူးလိုက်ပြီး ရှာဖွေအလှူခံစရာ မလိုဘဲ အများအားဖြင့် လူဒကာ၊ ဒကာမများရဲ့ တောင်းပန်မှုဖြင့်သာ သင်္ကန်းကို သုံးဆောင်ရပါတယ်၊ လူဒကာဒကာမများရဲ့ တောင်းပန်လျှောက်ထားမှုဖြင့်သာ ဆွမ်းကို သုံးဆောင်ရပါတယ်၊ လူဒကာဒကာမများရဲ့ တောင်းပန်လျှောက်ထားမှုဖြင့်သာ ကျောင်းကို သုံးဆောင်ရပါတယ်၊ လူဒကာဒကာမများရဲ့ တောင်းပန်လျှောက်ထားမှုဖြင့်သာ ဆေးပစ္စည်းကို သုံးဆောင်ရပါတယ်၊ အတူနေ သီတင်းသုံးဖော်တို့ရဲ့ နှစ်သက်လိုလားဖွယ် ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာတို့နဲ့ ပူဇော်ဆက်ဆံမှုကိုသာ ခံယူရတတ်ပါတယ်၊ ဒီငါးမျိုးဟာ အလှူဒါန ပေးလှူတတ်တဲ့သူရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်…”
{သုမန}
“အရှင်ဘုရား… အကယ်၍ သူတို့နှစ်ဦးဟာ ရဟန္တာအဖြစ်ကို ရရှိခဲ့တယ်လို့ ဆိုကြပါစို့ဘုရား..။ အဲဒီရဟန္တာ ဘဝမှာလည်း ထူးခြားကွဲပြားမှု ဖြစ်နိုင်ပါသေးလားဘုရား…”
{မြတ်ဗုဒ္ဓ}
“သုမန ကိလေသာကုန်ခမ်းပြီး ရဟန္တာဖြစ်သွားတဲ့ အခါမှာတော့ သူတိုနှစ်ဦးမှာ တစ်ပါးရဲ့ ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်နဲ့ တစ်ပါးရဲ့ ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်တို့ရဲ့ ထူးခြားကွဲပြားမှု မရှိတော့ပါဘူး၊ အရဟတ္တဖိုလ် အရာမှာတော့ အတူတူပဲ ဖြစ်ပါ့တယ်…”
ဤကာား သုမနမင်းသမီး အမေးနှင့် ဘုရားရှင်တို့၏ အဖြေများပင် ဖြစ်ပါ၏။
ထိုအဖြေကို ကြားနာရသည့်အခါ သုမနမင်းသမီးက မြတ်စွာဘုရားရှင်အား “အရှင်ဘုရား… အံ့သြဖွယ်ပါပဲ ဘုရား၊ အလှူဒါနဟာ တကယ့်ကိုပဲ ပြုလုပ်ဖို့ သင့်တဲ့ကုသိုလ်ဖြစ်ပါတယ် ဘုရား၊ အလှူဒါန ကုသိုလ်ကောင်းမှုဟာ နတ်ဖြစ်သူကိုလည်း ကျေးဇူးပြုတတ်၊ လူဖြစ်သူကိုလည်း ကျေးဇူးပြုတတ်၊ ရဟန်းဖြစ်သူကိုလည်း ကျေးဇူးပြုတတ်တယ်ဆိုတာ အမှန်ပါပဲဘုရား…” ဟု အားရဝမ်းသာ လျှောက်ထား၏။
ထိုအခါ မြတ်ဗုဒ္ဓက သုမနမင်းသမီး၏ လျှောက်ထားချက် မှန်ကန်ကြောင်းမိန့်တော်မူကာ အောက်ပါတရားစကားကို ဟောကြားတော်မူလေ၏။
“လောက၌ ကောင်းကင်ခရီးဖြင့်သွားသော အညစ်အကြေးကင်းသော လမင်းသည် အလုံးစုံသော ကြယ်တာရာ အပေါင်းတို့ကို အရောင်အလင်းဖြင့် သာလွန်၍ တင့်တယ်သကဲ့သို့ ထို့အတူပင် လောက၌ သီလနှင့်ပြည့်စုံ၍ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်သည် နှစ်မြောဝန်တိုခြင်း ရှိသူအားလုံးကို စွန့်ကြဲပေးကမ်းခြင်းဖြင့် သာလွန်တင့်တယ်ပေ၏။
လျှပ်စစ်ပန်းနွယ်ရှိသည့် အရာမကသော တိမ်ထွတ်တိမ်တောင်တို့နှင့် ပြည့်စုံသော မိုးသည် ကြည်းကုန်းမြေကိုလည်းကောင်း၊ ချိုင့်ဝှမ်းမြေကိုလည်းကောင်း၊ ထစ်ချုံးရွာသွန်းလျက် ပြည့်စေသကဲ့သို့ ဤအတူသာလျှင် သောတာပတ္တိ ဉာဏ်အမြင်နှင့် ပြည့်စုံသော မြတ်စွာဘုရားရှင်၏ တပည့်သာဝဖြစ်သည့် ပညာရှိသည် နှစ်မြောဝန်တိုသူကို အကြောင်းငါးမျိုးတို့ဖြင့် လွှမ်းမိုးနိုင်၏။
ထိုသူသည် စင်စစ် ပေးလှူအပ်သော စည်းစိမ်ဥစ္စာတို့က ထောက်ပံ့တင်ပို့အပ်သည်ဖြစ်၍ အသက်ဖြင့်လည်းကောင်း၊ အခြံအရံ အကျော်အစောဖြင့်လည်းကောင်း၊ ရုပ်အဆင်းဖြင့်လည်းကောင်း၊ ချမ်းသာဖြင့်လည်းကောင်း၊ တမလွန်လောကဝယ် နတ်ပြည်လောက၌ ဝမ်းမြောက်ရလေသတည်း..”
(အင်္ဂုတ္တိုရ်ပါဠိတော်၊ ပဌမပဏ္ဏာသ၊ သုမနဝဂ်၊ သုမနသုတ်ကို
ကိုးကား၍ နားလည်လွယ်စေရန် ပြန်လည်ရေးသား တင်ပြပါသည်။)
စာရေးသူ
အရှင်ဝိစိတ္တ (မနာပဒါယီ) ။
|
https://www.dhammaransi.com/index.php/new/341-2017-11-29-05-31-22.html
|
ဝင်လေ၊ထွက်လေ ကို မှတ်နေရုံ နဲ.ရှေဆက်ပြီး ဘာတွေ ဖြစ်လာမှာလဲ
|
ပုထုဇဉ် တို ့ရဲ့ သဘာဝက လေ့လာချင်တယ်၊စူးစမ်းချင်တယ်။အကြောင်းရာတစ်ခုကို မှန်လား၊မှားလား သိချင်တယ်။ ပြီးတော့ အဲဒီ အမှန်အမှားပေါ်မှာဘဲ မှားသည်ဖြစ်စေ၊မှန်သည်ဖြစ်စေ မြိုသိပ်မထားနိုင်ကြဘဲ နဲ ့ငြင်းခုံကြ၊ ပြီးရင် အတော်မသတ်နိုင်ကြသေးဘဲ ဒီအမှန်အမှားတွေရဲ ့အပေါ်မှာ "မောဟ" ဆိုတဲ ့မသိစိတ်တွေက လွှမ်းမိုးရင်းက မိမိကိုယ်ကို မိမိ အကုသိုလ်နယ်ပယ်သို ့ အလိုလျောက် တွန်းပို ့နေသူများပင်ဖြစ်ကြပါတယ်။ ဒါဟာ ပုထုဇဉ် ရဲ ့သဘောလက္ခဏာပါဘဲ။
ပိုပြီးနားလည်လွယ်အောင်ပြောရရင်..
ပုထုဇဉ်ဟာ စပ်စုတယ်၊ ပုထုဇဉ်ဟာ လျှာရှည်တယ်.. တဲ့။ အဲဒါဘာကြောင့် ဖြစ်ရသလဲ ဆိုတဲ့ အဖြေက.. " အရိယာ" မဖြစ်သေးလို ့ဘဲ ဖြစ်ပါတယ်..တဲ့။
"အရိယာ" ဖြစ်သွားကြရင်.. နေတတ်သွားကြပါပြီ။ မြတ်စွာဘုရားရှင် ဟောကြားထားတဲ့ "အရှင် ဓမ္မဿာမီဘိဝံသ ရေးသားတော်မူတဲ့ ဓမ္မပဒ ဝတ္ထုတော်ကြီး ပထမတွဲ ထဲမှာလည်းရှိပါတယ်။ အောက်ထစ်ဆုံး သောတာပန် အရိယာဖြစ်သွားတာ နဲ ့အဲဒီပုဂ္ဂိုလ်ဟာ ပုထုဇဉ် နဲ ့မတူတော့ဘဲ စိတ်နေစိတ်ထားက ပြောင်းလဲလာပါတော့တယ်။
သာမာန်ပုထုဇဉ် တွေ ဖြစ်ကြတဲ့ မိမိ နဲ ့ဓမ္မမိတ်ဆွေတို ့ဟာ ခုလို သံသရာ ဝဋ္ဋ်ဆင်းရဲမှ လွတ်မြောက်ဖို ့ခုလို ဝိပဿနာ စတင် ကျင့်ကြံအားထုတ်တဲ့ အခါမှာ..
မိမိတို ့ကျင့်ကြံအားထုတ်နေတာဟာ မှန်သလား၊ မှားသလား သိချင်ကြမယ် ဆိုတာ အပြစ်ပြောဖွယ်မရှိပါဘူး။ ဒီလိုနဲ ့ကိုယ့် ဖာသာကိုယ် အားထုတ်ရင်းက မှန်သလား၊မှားနေသလား ကွဲကွဲပြားပြားလည်းမသိ၊ တစ်ဝဲလည်လည် နဲ ့ဘဲ မိမိတို ့ရဲ ့ကျင့်ကြံအားထုတ်နေတဲ့ ကမ္မဌာန်းကို ကြာလာတော့ သံသယ ဖြစ်လာကြပါတယ်။ သံသယ ဖြစ်လာကြသူတွေလည်း ရှိကြမှာပါ။
စားဝတ်နေရေးက တဖက်၊ တခြားလူမှုရေးကိစ္စတွေ နဲ ့ တရားစခန်း ရိပ်သာတွေမှာ တရားသွားအားမထုတ်နိုင်တဲ့အတွက်ကြောင့် မအားလပ်တဲ့ ကြားက ဗုဒ္ဓစာပေတွေ ကို ဆရာတော်ကြီးတွေ ရေးသားပြုစုတဲ့ စာအုပ်တွေ နဲ ့တစ်ခြား အင်တာနက်စာပေတွေကနေ ဝိပဿနာ အားထုတ်နည်း တွေကို ဖတ်ရှုလေ့လာပြီးတော့ မိမိရဲ ့နေအိမ်မှာဘဲ အချိန်ကို လုပြီး တရားအားထုတ်ကြတဲ့ ဓမ္မမိတ်ဆွေတွေ များစွာရှိကြပါတယ်။
အများအားဖြင့် တရားအားထုတ်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ " ဝင်လေ၊ထွက်လေ" အာနာပါန ကမ္မဌာန်းသာ ရှုမှတ်ကြတဲ့သူများပါတယ်။
ဒီလိုနဲ ့မိမိ အားထုတ် ရှုမှတ်နေတဲ့ ကမ္မဌာန်း အလိုက်.. ဓမ္မမိတ်ဆွေဟာ.. နေ ့စဉ်တရားအားထုတ်ရင်းက.. ကြာလာတော့..စဉ်းစားမိလာပါတယ်။
" အော်.. ငါ့မှာ တစ်နေ ့တစ်နေ ့.. ဒီနှာခေါင်းက အသက်ရှုနေတဲ့ လေကို ဝင်တယ်၊ထွက်တယ် ဘဲ မှတ်နေရတယ်.. ဘာမှလည်းထူးမလာဘူး၊ ထူးတယ်ဘဲ ထားအုံးတော့ ..ဒီအတိုင်းဘဲ တောက်ရှောက်မှတ်နေလို ့..ဘာတွေထူးလာမှာလဲ၊ တကယ်လို ့ တစ်ခုခုထူးလာရင်တောင်မှ ငါ..ဘာတွေကို ဆက်လုပ်ရမှာလဲ.. တစ်နေ ့တစ်နေ ့ နာကျင်တဲ့ဝေဒနာတွေ ခံစားရလိုက်၊ ဝေဒနာ မခံစားရတဲ့ နေ ့တွေကျတော့လည်း ဒီလို စိတ်ခံစားမှုတွေ နဲ ့သို ့လော၊သို့လော ဖြစ်နေကြပါတယ်။
ဒီလို ဖြစ်ပေါ်ကြတယ်ဆိုတာက တော့ အဆန်းအပြားတော့ မဟုတ်ပါဘူး။ မိမိတို ့ဟာ အထက်က ပြောသလို ပုထုဇဉ် ဘဲ ဖြစ်နေတာရယ်..
ပြီးတော့.. တကယ်တန်း တရားအားထုတ်ကြတယ်ဆိုရင်ဖြင့် ခုခေတ်မျက်မှောက်ကာလ မပြောနဲ ့ဘုရားရှင်လက်ထက်မှာ ကတည်းက .. တရားပြဆရာ၊ ကမ္မဌာန်းဆရာလိုပါတယ်။ ဆရာမပါဘဲ၊သွန်သင်မှု ၊တရားနာကြားမှု မရှိဘဲ နိဗ္ဗာန်ရောက်တာ မြတ်စွာဘုရားတစ်ပါးသာရှိပါတယ်။
ခုလို ဓမ္မမိတ်ဆွေ တို ့ကိုယ့်ဖာသာကိုယ် အားထုတ်တဲ့ ပုဂ္ဂိုလ်အတွက် ခုလို အခက်ခဲတွေ ဖြစ်တာဟာ သင်ပြမဲ့ ဆရာလိုအပ်တာပါ။ ဒါ့ကြောင့် ဆရာ လိုပါတယ်။ ဘယ်သူတွေမှာ ဆရာလိုအပ်သလဲ ဆိုရင် ပရိယတ္တိ( ဗုဒ္ဓစာပေ )တွေ ကြွယ်ဝစွာမသိသေး၊ နားမလည်သေးတဲ့ ပုဂ္ဂိုလ်တွေ အဖို ့ဆရာ လိုပါတယ်။
အိမ်မှာ ကိုယ့်ဖာသာကိုယ် အားထုတ်တဲ့ လူတွေအတွက်ကတော့ "ပရိယတ္တိ" က ဓမ္မမိတ်ဆွေ တို ့ရဲ ့ ကမ္မဌာန်းဆရာ ပါဘဲ။ဒါ့ကြောင့် ဆရာမရှိလို ့၊ပညာမပြည့်လို ့ဆိုတဲ့ အချက်တွေ ကြောင့်လည်း ဖြစ်ပါတယ် လို ့ဆိုချင်ပါတယ်။
ဓမ္မမိတ်ဆွေတို ့ကို မိမိတို ့ရှုမှတ်နေတဲ့ ကမ္မဌာန်းအကြောင်းပြောရရင်...
တစ်ကယ်တော့ ဓမ္မမိတ်ဆွေ ဟာ မိမိရှုမှတ်နေတဲ့ ဝင်လေ ထွက်လေ ကမ္မဌာန်း ကို ရှုမှတ်ယင်း၊ရှုမှတ်ယင်း ကနေ အခြားသော ကမ္မဌာန်း များသို ့အလိုလို ပြောင်းလဲ သွားတတ်တဲ့ သဘောကို နားမလည်လို ့၊ သတိမထားမိလို ့ဘဲ ဖြစ်ရတာပါလို ့ပထမဦးစွာအသိပေးပါရစေ။
ဓမ္မမိတ်ဆွေဟာ ကာယာနုပဿနာလို ့ခေါ်တဲ့ ဝင်လေ၊ထွက်လေ အာနာပါန ရှုမှတ်နည်းကို ရှုမှတ်ရင်းကနေ ပြီး အသေးစိတ် သိလာတဲ့အခါ မှာ အဲဒီ ကာယာနုပဿနာနှင့်တွဲပြီး ဝေဒနာနုပဿနာလည်း ပါလာပါတယ်။ အဲဒီအခါကျတော့ ဝေဒနာနုပဿနာ ကို ရှုနေရင်းကနေ..
ဝေဒနာရဲ ့အနိစ္စသဘော၊
ဝေဒနာရဲ ့ဒုက္ခသဘော၊
ဝေဒနာရဲ ့အနတ္တသဘော.... တွေကို တဖြည်းဖြည်းသိလာပါတယ်။အဲဒီလို တဖြည်းဖြည်းဆင်ခြင်မိလာတာ ကို ကိုယ့်ဖာသာကိုယ် မေ့နေတာပါ။ သတိမထားမိတာပါ။
အဲဒါဘာဖြစ်လို ့လဲဆိုတော့ လေ့လာမှုအားနည်းနဲ့ အတွက်ကြောင့်ရယ်၊ ဉာဏ်ပညာနည်းတဲ့ အတွက်ကြောင့်ရယ်ဘဲဖြစ်ပါတယ်။
အဲဒီလို အားထုတ်ရင်း ကနေ ဓမ္မမိတ်ဆွေဟာ...တဖြည်းဖြည်း "စိတ်" ကိုလည်း ကြည့်တတ်လာပါတယ်။ "သတိ၊ သမာဓိ" ကောင်းလာတော့ စိတ်ထဲမှာ အတွေးအမျိုးမျိုး ပေါ်တိုင်း ပေါ်တိုင်း "ချက်ချင်း" သိနေပါတော့တယ် ။တစ်ခါတလေ ဘယ်လောက်ထိ သိလဲဆိုရင် အတွေးလေးတစ်ခု ပေါ်တော့မယ် ဆိုတာကိုတောင် ကြိုသိနေလိုက်သလိုမျိုး သိနေပြန်ပါတော့တယ်။
လုပ်ဖူးတဲ့ ဓမ္မမိတ်ဆွေကတော့..အခု ဒီစာ ကို ဖတ်နေတဲ့အချိန်မှာ ဖတ်ယင်း နဲ့ ကိုယ်ဖြစ်ဖူးတာကို ပြန်စမ်းစစ်ကြည့်ပါလိမ့်မယ်။ အဲဒီအခါကျမှ ..ဟုတ်ပါလားဆိုပြီး ပီတိ ဖြစ်နေမှာ..သေခြာပါတယ်။
ဒါကို မလုပ်ဖူးတဲ့သူ ဆို ယုံနိုင်မှာ မဟုတ်ဘူး။ "အတွေးတစ်ခု ပေါ်တော့မယ်ဆိုတာ ဘယ်လိုလုပ် သိမှာလဲ"လို ့ မေးပါလိမ့်မယ်။
အဲဒီလို စိတ်ကလေး ဦးလှည့်တာကို သိပါတယ်။ လက်ရှိအာရုံမှာ ကောင်းကောင်း မနေချင်တော့တာကိုလည်း သိတယ်။ လက်ရှိအာရုံကို လွှတ်ချင်သလိုလို ဖြစ်လာပြီ ဆိုတာကိုလည်း သိတယ်။ အာရုံ က သိပ်မထင်ရှားတော့ဘူး။ ထင်ရှားအောင်လည်း မကြိုးစားချင်တော့ သလိုလို ဖြစ်ပြီး နောက်အာရုံ တစ်ခုဖက် ကို စိတ်ဦးလှည့် လာတယ်။ တစ်ခါတလေ ဘယ်အာရုံဘက် ကို သွားတော့မယ် ဆိုတာကိုတောင်မှ နဲနဲလေး ရိပ်မိနေတတ်ပါတယ်။ ဒါကတော့ တော်တော်လေး သမာဓိကောင်းတဲ့ အဆင့်ကျမှ သိလာတာပါ။
အဲဒီလို သွားတော့မယ် ဆိုတာကို သိလိုက်တာနဲ ့ ပြန်ငြိမ်သွားတယ်။ တခြားအတွေးတစ်ခု ပေါ်လာရင်လည်း တွေးတယ်လို ့ သိလိုက်ပါတယ်။ သိလိုက်တာ နဲ ့ ပြန်ပျောက်သွားတယ်။ ပြန်ပျောက်သွားတော့ "စိတ်"က အတွေးမရှိဘူး။
ရှင်းပြီးငြိမ်နေတယ်။ ငြိမ်နေတာကိုသိတယ်။ "သိနေတာကိုတစ်ခါပြန်ပြီး နောက်က အသိတစ်ခု က ထပ်သိ" ပြန်တယ်။ ဓမ္မမိတ်ဆွေ တို ့ ဖြစ်ဖူးကြမှာပါ။ပြန်စဉ်းစားကြည့်လိုက်ပါ။
အဲဒီလို ပါဘဲ ဓမ္မမိတ်ဆွေ တို ့"သိနေတာ ကို သိဖူးကြမှာပါ"...။ အဲဒီတော့ အေးချမ်းနေတယ်။ အေးချမ်းနေတာကိုသိတယ်။ မှတ်နေရင်း နဲ ့ ပီတိသဘောမျိုးတွေ ဖြစ်လာတယ်။ နှစ်သက်နေတယ်။ သဘောကျ နေတယ်။ ကျေနပ်နေတယ်။
တရားအားထုတ်ရတာ မပျင်းဘူး။ အဲဒီစိတ်ကို ပြန်ရှုပါ။ ဒါဟာ နှစ်သက်နေတဲ့သဘော၊ သဘောကျနေတဲ့ သဘောလို ့ မြင်လို ့ ရှိရင် "ဓမ္မာနုပဿနာ" ဖြစ်သွားတာပဲ။ အားရကျေနပ် နှစ်သိမ့်ရွှင်လန်းမှု လို ့ခေါ်တဲ့ "ပီတိသမ္ဗောဇ္စျင်" ကိုု ရှုမှတ်တဲ့သဘောမျိုး ဖြစ်နေတယ်။ တရားအားထုတ်နေရင်း အားထုတ်နေရတာ ကောင်းလိုက်တာ ဆိုပြီး ပိုပြီးတော့ ကြိုးစားချင်တဲ့စိတ် ဖြစ်နေတယ်။ ပျင်းတယ်ဆိုတဲ့စိတ် မရှိတော့ဘူး။ လျှော့ချင်တဲ့စိတ် မရှိတော့ဘူး။ တိုးတိုးပြီးတော့ပဲ အားထုတ်ချင်တော့တယ်။ အဲဒီစိတ်တွေကို ပြန်ကြည့်ပါ။ ကြည့်လို ့ ရတယ်။ "သဒ္ဓါတရား" တော်တော်ကောင်းတယ်။ "ဝီရိယ" တွေလည်း တော်တော် ကောင်းလာတယ်။ ဒါဟာ "သဒ္ဓါတရား၊ ဒါဟာ ဝီရိယ" လို ့ကြည့်လို ့ ရတယ်။ အတွေးတွေ တော်တော်နဲသွားပြီးတော့ ရှင်းနေတဲ့အခါမှာ ပေါ်လာတဲ့ စိတ်ကလေးတွေက တစ်လုံးချင်း ပေါ်လာတယ်။ အရင်တုန်းကလို ဒလဟောကြီး ဝင်မလာတော့ဘူး။ အဲဒီလို အခါမျိုးမှာ စိတ်တော်တော်များများကို ကြည့်လို ့ ရတယ်။ စိတ်ကလေးတစ်ခုခု ဖြစ်လာပြီဆိုရင် သူ ့ကို အေးအေးဆေးဆေး ကြည့်လို့ရတယ်။
တရားအားထုုတ်တဲ့အခါမှာ သဒ္ဓါတရားတွေ ဖြစ်တယ်။ ကောင်းလိုက်တာ၊ ဟုတ်လိုက်တာ၊ မှန်လိုက်တာဆိုတဲ့ စိတ်တွေဖြစ်တယ်။ ဘုရားကို ကြည်ညိုတဲ့စိတ်တွေ ဖြစ်လာတယ်။
“တကယ် မလုပ်ကြသေးလို ့ တကယ် မဖြစ်ကြတာပါ။ လုပ်ကြည့်ပါ” လို ့ ပြောချင်တဲ့ စိတ်တွေလည်း ဖြစ်တတ်တယ်။ အဲဒီစိတ်ကိုပါ ပြန်ရှုမှတ်မှ။ ပြောချင်နေတဲ့စိတ်ကို မရှုမှတ်ရင် စိတ်ထဲမှာ တရားဟော တတ်တယ်။ အဲဒီအချိန်မှာ စိတ်ထဲမှာ တရားဟောရင် မကောင်းဘူး။ ကုသိုလ်စိတ် ဖြစ်ပေမယ့် တရားအားထုတ်မှုမှာ အနှောင့်အယှက် ဖြစ်တယ်။ မိတ်ဆွေ၊ အပေါင်းအသင်း၊ ဆွေမျိုး၊ မိဘတွေကို ကရုဏာ ဖြစ်တဲ့စိတ် ဖြစ်လာရင်လည်း အဲဒီစိတ်ကို ရှုမှတ်ပြစ်ရပါမယ်။ "ဒီကရုဏာစိတ်ကို ကြာကြာလက်မခံမထားသင့်ပါဘူး"
ဘာလို ့လည်းဆိုတော့ဒီအချိန်ဟာ ဝိပဿနာဉာဏ်ကို အနှောင့်အယှက် ဖြစ်သွားနိုင်ပါတယ်။ ဖြစ်ပေါ်လာနေတဲ့ ကရုဏာစိတ်ကို ပြန်ကြည့်ပါ။ သေသေချာချာမြင်အောင် ကြိုးစားကြည့်ပါ။ မြင်အောင် ကြည့်နိုင်ရင် သိပ်ရှင်းပါတယ်။ အားလည်း အားရတယ်။ သိပ်ကျေနပ်ဖို ့လည်းကောင်းပါတယ်။
အဲဒီအခါမှာ ဘုရားဟောတဲ့ အဘိဓမ္မာကို သွားဖတ်ကြည့်ရင် ကောင်းကောင်း သဘောပေါက်မှာပါ။ အဲဒီအခါကျမှ အဘိဓမ္မာဟာ တကယ်ဟုတ်လို ့ ဟောထားတာပဲ ဆိုတာ ယုံကြည်သွားပါလိမ့်မယ်။
ဒါကြောင့် ဓမ္မမိတ်ဆွေ တို ့အနေနဲ ့စာဖတ်တာတို ့၊တရားနားတာတို ့မကြာမကြာပြုလုပ်သင့်ပါတယ်။
အားထုတ်ရင်းနဲ ့ ကိုယ့်စိတ်ထဲမှာ ဖြစ်ပုံကို သေသေချာချာ ကြည့်ပါ။ တစ်ခါတလေ စိတ်ထဲမှာ အေးနေတယ်။ အေးတာမှ စိတ်တင်မကဘူး။ ခန္ဓာကိုယ်ကြီးပါ အေးနေတယ်လို့ ခံစားရတယ်။ ကိုယ်အပူချိန် တကယ်ပဲ ကျသွားနိုင်တယ်။ တရားအားထုတ်လို ့ "ပဿဒ္ဓိ" ဖြစ်တဲ့ အချိန်မှာ ကိုယ်အပူချိန် ကျသွားတယ် ဆိုတာ သေသေချာချာ စမ်းသပ်ကြည့်လို ့ရတယ်။ အဲဒီ အေးနေတာလေးကို ပြန်ကြည့်ရင် သိလို့ ရတယ်။ စိတ်ရဲ့ အေးငြိမ်းခြင်းဆိုတဲ့ စိတ်တစ်ခု ဖြစ်နေတယ်။ အေးငြိမ်းခြင်းရဲ့ သဘောလေးကို ပြန်ကြည့်လို ့ရတယ်။ "ဓမ္မာနုပဿနာ" ဖြစ်ပြန်တယ်။ ကိုယ်ရောစိတ်ပါ အေးချမ်းလို့သွားတတာကို ခေါ်တဲ့ "ပဿဒ္ဓိသမ္ဗောဇ္စျင်" ကို ပွားများပြီးသားဖြစ်နေပါတယ်။
တစ်ခါတလေလည်း စိတ်က ထားတဲ့အာရုံမှာ ကပ်ပြီး တည်ငြိမ်နေတယ်။ အဲဒီလိုပဲ စိတ်က အာရုံတစ်ခုကို ရှုမှတ်လိုက်ရင် အာရုံမှာ ကပ်သွားတယ်။ အာရုုံကနေ ပြန်ကွာမထွက်ဘူး။ သာမန် "သတိ၊ သမာဓိ"နည်းတဲ့ အခြေအနေမှာတော့ အာရုံတစ်ခုကို ရှုမှတ်ဖို ့ ကြိုးစားရင်း သိသလိုလို ဖြစ်ပြီးတော့ ပြန်ကွာသွားတယ်။ တခြားအာရုံကို ရောက်ရောက်သွားတတ်တယ်၊ ထားတဲ့အာရုံမှာမနေဘူး။ အဲဒီလိုစိတ်ကို သေသေချာချာကြည့်နိုက်ပြီးတော့ စိတ်ကရှင်းသွားရင် "သတိ၊ သမာဓိ"ကလည်း ကောင်းနေတဲ့ အတွက်ကြောင့် စိတ်ကို အာရုံတစ်ခုပေါ်မှာ ဦးတည်လိုက်ရင် အဲဒီမှာပဲ ကပ်နေတယ်။ ဆက်ခါဆက်ခါ အဲဒီအာရုံမှာပဲထား၊ ဘယ်လောက် ကြာကြာဖြစ်ဖြစ် ထားလို့ ရတယ်။ တခြားအာရုံဆီမှာ ကြာရှည် မနေဘူး။ "ကျယ်လောက်တဲ့အသံတစ်ခု ကြားရင်တောင်မှ တစ်ချက်ကြားပြီးတော့ ပြီးသွားတယ်။ အဲဒါ ဘာသံလဲဆိုတာကို လုံးဝ မစုံစမ်းဘူး"။ကြားလိုက်ပြီးတော့ ဘာသံမှန်း မသိလိုက်ဘူး။ ကြား၊ သိ၊ ပျောက်ပဲ။ ကြားခါမျှ ဖြစ်သွားတယ်။
အတွေးတစ်ခု ပေါ်လည်း ဒီအတိုင်းပဲ ပေါ်တော့မလို ဖြစ်သွားတာ နဲ ့ ပျောက်သွားတယ်။ ပေါ်လာရင်လည်း ပေါ်လာတာကို သိတာ နဲ့ ပျောက်သွားတာပဲ။ ဘာဆိုတာကို "ပညတ်တဲ့အဆင့် ၊ နာမည်တပ်တဲ့ အဆင့်"ထိ မရောက်တော့ဘူး။ တစ်ခုခု ဖြစ်လာတယ်။ သိတယ်။ ချက်ချင်း မရှိတော့ဘူး။ အဲဒီလို "သတိ သမာဓိ" ကောင်းနေရင် စိတ်က တခြား အာရုံတွေကိုပြောင်းဖို့ မလွယ်တော့ဘူး။ အဲဒီလို မလွယ်တဲ့အတွက် စိတ်ကို ဒီအတိုင်း လွှတ်ထားလို ့ရတယ်။ လွှတ်ထားရင်လည်း နဂိုထားနေကျ အာရုံမှာပဲ ဆက်ပြီးနေတယ်။ အလိုလိုသိနေတယ်။ အဲဒီအခါမှာ ဘယ်လိုတွေးမိလဲဆိုတော့...
"တရားက သူ့ဟာသူ အားထုတ်နေတာပါလား" လို ့ တွေးမိတယ်။
ငါ တရားအားထုတ်တာ မဟုတ်တော့ဘူးလို ့ သိလာတယ်။
ပြင်ပ ကာမဂုဏ်အာရုံ တွေကို တွေးတောကြံစည်နေတဲ့ စိတ်ကလည်း မရှိတော့ဘူး။ စိတ်မှာဖြစ်နေတဲ့ ပစ္စုပ္ပန် အခြေအနေတွေကို တိုက်ရိုက် သိနေတဲ့ အခါမှာ ငြိမ်သက်နေရင် ငြိမ်သက်နေမှန်း သိတယ်။
သိနေတဲ့ စိတ်ကလေးကို ကြည့်ရင်သိတယ်။ သိတယ်ဆိုတဲ့ သဘောလေးတွေကို ပြန်သိတယ်။ အဲဒီ သိနေတဲ့ စိတ်ကလေးကို ရှုမှတ်နေရတာကိုက ပိုကောင်းနေပြန်တယ်။ ငြိမ်သက်နေတာ သက်သက်ကိုပဲ ရှုနေရင် ငြိမ်နေတာက အားကောင်းလာပြီးတော့ သိနေတာက အားနဲနေပြန်ရင် အနိစ္စကို မမြင်နိုင်တော့ဘူး။ သိတဲ့သဘော မှာလည်း အနိစ္စသဘော ပါတယ်။
သိတာကလည်း တစ်ချက်ချင်း၊တစ်ချက်ချင်း သိတယ် ဆိုတာကို သိတယ်။ တစ်သိပြီးရင် နောက်တစ်သိ။ သိတဲ့သဘောလေးဟာ တစ်ခုချင်း တစ်ခုချင်း ဖြစ်လာတယ်ဆိုတာ ပြန်မြင်လာတယ်။ ကြာရင် အဲဒီ သိတဲ့သဘောလေးက တဖြည်းဖြည်း မြန်လာတယ်။ မြန်မြန်သိလာတယ်။ "သတိ၊ သမာဓိ" သိပ်ကောင်းတုန်းမှာ အခြေအနေအမျိုးမျိုး စိတ်မှာ ဖြစ်ပေါ်လာတာကို သေသေချာချာ ဆက်တိုက် ကြည့်တတ်ရင် အလွန်သိမ်မွေ ့တဲ့ စိတ်တွေ ဖြစ်လာတယ်။ အဲဒီအခါမှာ သိစရာ မရှိတော့သလို ဖြစ်သွားတယ်။
တစ်ချက်မှတ်လိုက်ရင် ပျောက်သွားပြီးတော့ နောက်ထပ် ဘာမှ မပေါ်လာတော့ဘူးလို ့ ထင်ရတယ်။ ဘာမှ မရှိတာကြီးကို သိနေတယ်။ အဲဒီ အခြေအနေ သဘောသဘာဝ လက္ခဏာဟာ "အာကိဥ္စညာယတန" ဆိုတဲ့ "အရူပစျာန်"နဲ ့ အတော်လေး သွားတူနေတယ်။ တစ်ခါတလေ သိနေတာလေးက "သိမ်မွေ ့လွန်း"လို ့ "သိသလိုလို မသိသလိုလို" တောင် ဖြစ်တတ်တယ်။ အဲဒီလို ဖြစ်ပြီဆိုရင် အဲဒါတွေကို တတ်နိုင်သလောက် သိအောင် ကြိုးစားရမှာဖြစ်ပါတယ်။ မသိလို ့ရှိရင် ဘာမှ ရှုမှတ်စရာမရှိ ဖြစ်ပြီးတော့ ဒီအတိုင်းပဲ ငြိမ်နေပြီး ဘာမှ မသိတော့သလို ဖြစ်နေတတ်တယ်။ ဒီအချက်က သိပ်အရေးကြီးပါတယ်။
တစ်ခါတလေ အဲဒါကိုပဲ "တရားထူး"လို ့ ထင်တတ်တယ်။
ဘာမှ မရှိတော့ဘဲ အကုန်ချုပ်နေတယ်။ ဘာမှ မသိသလို ဖြစ်နေရင် သိတဲ့စိတ် ရှိသေးသလား ဆိုတာ ပြန်ကြည့်ပါ။ သိတဲ့စိတ်ကို ပြန်သိလို ့ရသေးရင် ဒါ-လောကီစိတ်ပဲ။ လောကီအဆင့်မှာပဲ ရှိသေးတယ်။
*လောကုတ္တရာစိတ် က သိတာကို ပြန်သိလို ့မရတော့ပါဘူး*
ဒီလိုအားထုတ်လို ့ အဆင်ပြေလာတဲ့ အခါမျိုးမှာ ကိုယ့်ရဲ ့အားထုတ်မှုကို ရပ်တန် ့မပစ်ဘဲ ဆက်ပြီး အားထုတ်ဖို ့ အရေးကြီးပါတယ်။
တချို့ဓမ္မမိတ်ဆွေတွေဟာ သူတို ့အားထုတ်တာ အတော်ကို ကောင်းနေပြီ။ ဆက်ကြိုးစားမယ် ဆိုရင် အများကြီး တိုးတက် သွားနိုင်ပါတယ်။ အဲဒီအခါ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး ဆက်အားထုတ်မယ်ဆိုရင် တကယ် တိုးတက်လာမှာပါ။
ဓမ္မမိတ်ဆွေတို ့အနေနဲ ့မိမိရှုမှတ်နေတဲ့ ကမ္မဌာန်းတရား ကို သံသယ မဖြစ်ဘဲ.. သတိ ကို လက်မလွှတ်ပဲ၊ ဉာဏ်အားစိုက်ပြီး ကျင့်ကြံအားထုတ်ရင်ဖြင့် မြင့်သည်ထက် မြင့်တဲ့ဘက်ကို ဦးတည်ပြီး နောက်ဆုံးမှာ အမြင့်ဆုံးဖြစ်တဲ့ အရိယာသူတော်ကောင်းတွေဖြစ်ပြီး "အရဟတ္တမဂ်" ရဖို ့အသေခြာဆုံးဖြစ်သွားမှာပါ.. လို ့တင်ပြရင်း ဓမ္မဒါန ပြုလိုက်ပါသည်။
( ခန္ဓာ-၅ပါးတစ်ဦး )
••••••••••••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့်
စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ ့ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။(ခန္ဓာ-၅ပါးတစ်ဦး)
ကိုးကား (ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)၏“ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်” မှ ကောက်နှုတ်၍ ရေးသားဖေါ်ပြပါသည်။
|
https://www.dhammaransi.com/index.php/new/343-qqq-qqq-q.html
|
"ရှေ့က"ဖြစ်ပျက်"-နောက်က "မဂ်"ဆိုတာ" ဒါမျိုးကို ဆိုလိုတာ"
|
"ပစ္စုပ္ပန်တည့်တည့်" ဆိုတဲ့စကားကို ပြောလေ့ရှိကြတယ်။
အဲ့ဒီ "ပစ္စုပ္ပန်တည့်တည့်" ဆိုတဲ့စကားက,
-"အတိတ် မရှုရဘူး"
-"အနာဂါတ် မရှုရဘူး"-ဆိုတဲ့ "အဓိပ္ပါယ်"မယူရဘူး။
အားလုံးဟာ -"ပစ္စုပ္ပန်တည့်တယ်ဆိုတဲ့ သဘောတရား"-က
"ဖြစ်လာလို့ရှိရင် ဖြစ်လာတဲ့ခိုက်မှာ သိဖို့"-က
ပိုပြီးတော့ အရေးကြီးတယ်။
အဲဒါကြောင့် "ဝိပဿ နာ" ရှုတဲ့အခါမှာ-
"ပစ္စုပ္ပန္နဥ္စ ယော ဓမ္မံ တတ္ထ တတ္ထ ဝိပဿတိ "လို့
"ဘဒ္ဒေကရတ္တသုတ်"မှာ "မြတ်စွာဘုရား" ဟောထားတယ်။
"ပစ္စုပ္ပန်အခိုက် ရှုရမယ်"ဆိုတဲ့နေရာ
"ပစ္စုပ္ပန်"ကို ခွဲခြားသိဖို့ လိုသေးတယ်။
"ပစ္စုပ္ပန်"ဟာ-
-"ခဏပစ္စုပ္ပန်"၊
-"သန္တတိ ပစ္စုပ္ပန်"၊
-"အဒ္ဓါပစ္စုပ္ပန်"- ရှိတယ်။
"ခဏပစ္စုပ္ပန်"ဟာ "ဖြစ်ခိုက်ကလေး"ကို ပြောတာ။
အဲဒီ"ဖြစ်ခိုက်ကလေး"မှာ "နာမ်"ကို ရှုလို့မရဘူး။
"စိတ်"က "နှစ်ခု"မဖြစ်ဘူး။
"စိတ်"ကို "ရှုတဲ့စိတ်"-"အရှုခံစိတ်"ပေါ့။
"စိတ် ကို စိတ် နဲ့ရှုတယ်"ဆိုတဲ့နေရာမှာ-
-"အရှုခံ စိတ်ကလေး"က တစ်ခု၊
-"ရှုတဲ့စိတ်"က တစ်ခု။
"အရှုခံစိတ်ကလေး" ဖြစ်နေတဲ့အခိုက်မှာ "ရှုတဲ့စိတ်"က
မပေါ်နိူင်သေးဘူး။
"အရှုခံ စိတ်လေး"-"ပျက်သွားတဲ့ အချိန်"ကျမှ
"ရှုတဲ့စိတ်"-ပေါ်လို့ရတယ်။
"နှစ်ခုပြိုင် ဖြစ်လို့မရ"-ဘူး။
"နှစ်ခုပြိုင်ဖြစ်လို့မရ"သည့် အတွက်ကြောင့်-
"ပစ္စုပ္ပန် တည့်တည့်ရှုတယ်"-ဆိုတာ
"ခဏ ပစ္စုပ္ပန်"-ကို ပြောတာမဟုတ်ဘူး။
"နာမ်"နဲ့ ပတ်သတ်လာရင် "သန္တတိ ပစ္စုပ္ပန်"ကို ပြောတာ။
ဖြစ်စဉ်လေးတစ်ခု ..
ဥပမာ-
"မျက်စိ"ကနေ "အဆင်း"ကို မြင်ပြီးတော့
ထို"အဆင်း"ပေါ်မှာ "တွေးနေတဲ့ အချိန်ပိုင်း"ဟာ "ပစ္စုပ္ပန်"ပဲ။
"သန္တတိ ပစ္စုပ္ပန်"လို့ ခေါ်တယ်။
"ဖြစ်ဆဲလေး တစ်ခုဟာ ပစ္စုပ္ပန်တစ်ခု"။
အခု ဒီစာကို ဖတ်နေတယ် ..
-ဖတ်နေတဲ့ အချိန်အတိုင်းအတာတစ်ခု,
-အချိန်ကာလတစ်ခု-ကို "ပစ္စုပ္ပန်"လို့ခေါ်တယ်။
အဲဒီ "ပစ္စုပ္ပန်"ကိုလည်း ရှုလို့ရတယ်။
ပြီးဆုံးသွားတာက "အတိတ်" ဖြစ်သွားပြီ။
အဲဒီတော့-
"ပစ္စုပ္ပန်တည့်တည့်"ဆိုတာ-
-အခု လက်ရှိ "သန္တတိပစ္စုပ္ပန်, အဒ္ဓါပစ္စုပ္ပန်" တို့ကနေပြီးတော့
"သန္တတိပစ္စုပ္ပန်"ကိုရှုရင်,
-"အရှုခံစိတ်"နဲ့ "ရှုမှတ်တဲ့စိတ်"-နှစ်ခုဟာ ကပ်နိူင်သမျှ ကပ်သွားလို့ရှိရင်,
ကြားထဲမှာ "ကိလေသာ" မညပ်တော့ဘူးပေါ့။
နောက်ကျမှ "ရှု"ရင် ကြား ထဲမှာ အများကြီးကွာသွားပြီ။
ဆိုလိုတာက -
"ဝီထိ"-"တစ်ခု"နဲ့ "တစ်ခု"ပေါ့။
-"အာရုံ"ကို သိတဲ့ "ဝီထိ"က တစ်ခု
-ပြန်ပြီးတော့ "မှတ်"တဲ့ "ဝီထိ"ကတစ်ခု။
အဲဒီ "ဝီထိနှစ်ခု"ကြား "ကိလေသာ"ညပ်တာ "မရှိဘူး"-ဆိုရင်
-ဒါ"ပစ္စုပ္ပန်တည့်သွားပြီ"-လို့ ပြောလို့ရပါတယ်။
သို့သော်-
ခုနကလို "ဖြစ်ခိုက် တည့်တည့်"မဟုတ်ဘူး။
"သန္တတိပစ္စုပ္ပန်, အဒ္ဓါပစ္စုပ္ပန်"ပဲ ဖြစ်နိူင်တယ်။
"ခဏပစ္စုပ္ပန်"မဖြစ်နိူင်ပါဘူး။
ဆိုပါစို့ ...
"မျက်စိ"က မြင်လို့
-"မြင်သည့် စိတ်တွေရဲ့ဖြစ်စဉ်"(Process) "ဝီထိ"က တစ်ခု,
-အဲဒါကိုပြန်ပြီးတော့
-"ရှုတဲ့စိတ်ရဲ့ဖြစ်စဉ်" (Process)က တစ်ခု ပေါ့။
အဲဒီကြားမှာ
-မြင်ပြီးတဲ့နောက်မှာ သာယာတဲ့ "လောဘ"တွေ
-မုန်းတီးတဲ့ "ဒေါသ"တွေ မဖြစ်ရအောင်-
မြင်ပြီးတာနဲ့တပြိုင်နက် "ရှုမှတ်တဲ့စိတ်"-နောက်က ကပ်လိုက်လာတာ။
ဒီ(Process)ပြီးရင် နောက်(Process)က
"မှတ်တဲ့စိတ်" ဖြစ်သွားတယ်။
အဲဒါဆိုရင် ကြားထဲမှာ "ကိလေသာ" မညပ်တော့ဘူး။
အဲ့ဒါကိုပဲ "ပစ္စုပ္ပန်တည့်တယ်"လို့ ပြောတယ်။
"ပစ္စုပ္ပန်တည့်တယ်"ဆိုတာ -
ကြားထဲမှာ
"ကိလေသာ" ခိုမသွားအောင်
-ညပ်မသွားအောင် ရှုတာ။
အဲ့ဒီ အဆင့်ရောက်သွားပြီဆိုရင်-
"ရှေ့"ကဖြစ်တာ "နောက်"ကသိတယ်။
"မိုးကုတ်ဆရာတော်ဘုရားကြီး"ပြောတဲ့…
"ရှေ့က"ဖြစ်ပျက်"-နောက်က "မဂ်"ဆိုတာ"
အဲ့ဒါမျိုးကို ဆိုလိုတာပေါ့။
"ပါမောက္ခချုပ် ဆရာတော်ကြီး
ဒေါက်တာ နန္ဒမာလာ ဘိဝံသ"
━━━━━━━
မှီခိုရာ ကျမ်းကိုး-
━━━━━━━
("ပါမောက္ခချုပ် ဆရာတော်ကြီးဒေါက်တာ နန္ဒမာလာဘိဝံသ"၏ "ဓမ္မဗျူ ဟာ အမေးအဖြေ" "မှ)
|
https://www.dhammaransi.com/index.php/new/344-2017-11-29-02-28-20.html
|
လက်ငင်းအကျိုးပေးအောင် ပဋ္ဌာန်းပူဇော်နည်း
|
စံချိန်ကိုက်ရွတ်ဖတ်နည်း (၄)နည်းရှိသည်။
၄င်းတို့မှာ.......
(၁)ခန္ဓာကိုယ် သန့်ရှင်းစေမည်။
(၂)အချိန်မှန်မှန်ရွတ်ဖတ်ရမည်။
(၃)ပီပီသသ အသံကျယ်ကျယ်ရွတ်ဖတ်ရမည်။
(၄)ပြီးလျှင် အမျှဝေ မေတ္တာပွားရမည်။
အဓိပ္ပာယ်အကျယ်-
(၁) ခန္ဓာကိုယ်သန့်ရှင်းစေရမည်။
ပဋ္ဌာန်းရွတ်ဖတ်လျှင် အနီးနားရှိ နတ်ဗြဟ္မာများ တရားနာလာကြသည်။ပဋ္ဌာန်းရွတ်ဖတ်သူက နံစော်နေပါလျှင်
ပဋ္ဌာန်းတရားနာသည့် နတ်ဗြဟ္မာတို့က နှာခေါင်းရှုံ့သွားပြီး ပြန်သွားကြသည်။
သို့အတွက် ခန္ဓာကိုယ်သန့်ရှင်းပါစေ။ချွေးစော် ချေးညှိစော် မနံပါစေနှင့်။
(၂) အချိန်မှန်မှန် ရွတ်ဖတ်ရမည်။
ပဋ္ဌာန်းရွတ်ဖတ်ပါများလျှင် နတ်ဗြဟ္မာတို့ တရားနာလာကြသည်
အချိန်ကိုမှတ်ထားပြီး ည ၈-နာရီ ၊ ၉-နာရီ စသည်ဖြင့် အချိန်မှတ်ပြီး
လာကြသည်။အခြားမြို့ရွာတို့မှ နတ်ဗြဟ္မာတို့ကို၄င်း ၊ အခြားတိုင်းပြည်
အခြား စင်္ကြာဝဠာမှ နတ်ဗြဟ္မာတို့ကို၄င်း ၊ခေါ်လာတတ်ကြသည်။
၄င်း နတ်ဗြဟ္မာတို့ တရားနာရန် လာချိန်၌ ပဋ္ဌာန်းရွတ်ဖတ်သူက ပဋ္ဌာန်းမရွတ်ပဲ
ဟိုလုပ် ဒီလုပ် လုပ်နေလျှင် ၄င်း နတ်ဗြဟ္မာများ
စိတ်ပျက်ပြီး ပြန်သွားကြလေသည်။
(၃) ပီပီသသ အသံကျယ်ကျယ်ရွတ်ဖတ်ရမည်။
တိုးတိုးလေး ဆီမန်း မန်းသလို ရွတ်ဖတ်လျှင် တရားနားနတ်ဗြဟ္မာများ
နာ၍အားမရ နားမလည်၍ စိတ်တိုပြီးပြန်သွားတတ်ကြသည်။
(၄)ပြီးလျှင် အမျှဝေ မေတ္တာပွားရမည်။
ပဋ္ဌာန်းရွတ်ဖတ်ပြီးလျှင် ပဋ္ဌာန်းတရားနာရန် ကြွရောက်လာကြသည့် နတ်ဗြဟ္မာအပေါင်းတို့အား အမျှပေးဝေပါ၏။
အခြား ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်တို့ကိုလည်း အမျှပေးဝေပါ၏ သာဓုခေါ်ကြပါ။နတ်၌ဖြစ်သော စည်းစိမ်ချမ်းသာတို့ကိုလည်း
ရရှိ၍ နတ်းစည်းစိမ်ချမ်းသာ တိုးတက်ကြပါစေ။ကျွနု်ပ်၏ သာသနာပြုလုပ်ငန်းတို့ကိုလည်း ပြီးစီးအေင်မြင်အောင် စောင့်ရှောက်ကြပါစေ။
★ တရားနာလာကြသည့် တစ္ဆေသရဲ ပြိတ္တာ မှင်စာ
အပါယ်လေးဘုံသားတို့အားလည်း အမျှပေးဝေပါ၏
အမျှရ၍ကျန်းမာချမ်းသာကြပါစေဟု
အမျှဝေမေတ္တာပွားပါလေ။
ဤကဲ့သို့ ပဋ္ဌာန်းတရားကို ရွတ်ဖတ်ပွားများပါလျှင် လောကီအကျိုးများ တနေ့တခြားတိုးပွား၍ ဘုန်းကြီး သက်ရှည် ရောဂါအန္တရာယ်တွေ
ကင်းသွားပါလိမ်မည်။
★ ပဋ္ဌာန်းတရားဆိုတာကတော့ ပြဋ္ဌာန်းတဲ့အကြောင်းတရားပေါ့။ အဲ့ဒီလိုပြဋ္ဌာန်းတဲ့အကြောင်းက(၂၄)ပါး ၊
(၂၄)ပါးသော အကြောင်းတရား ၊
အကြောင်းတရားဆိုသဖြင့်
သူနဲ့ဆက်သွယ်တဲ့ အကျိုးတရား ပစ္စည်းတရား ပစ္စုယုပ္ပန်တရား အကြောင်းတရား၊
အကျိုးတရား အကြောင်းအကျိုးတွေ ခွဲခြားပြီးတော့ မြတ်စွာဘုရားသခင် ဟောကြားတဲ့
တရားတော်။အဲ့ဒါကို ပဌာန ကာရဏ ။ပဋ္ဌာန်းလို့ (န)သတ်လိုက်တော့ ပဋ္ဌာန်းလို့ဖြစ်သွားတယ်။
တကယ်ကတော့ ပဌ်ဌာန်းပေါ့လေ။
ပဋ္ဌာန-ပဋ္ဌာန်းလို့ ဆိုပေမယ့်လို့ ဗမာက ပေါ့ပေါ့ရွတ်ဆိုတဲ့အကျင့်ရှိလို့မို့ ပဋ္ဌာန်းလို့ ဒီလိုဖြစ်သွားတာ။
★ အဲ့ဒီ ပဋ္ဌာန်းတရားတော်ကို မြတ်စွာဘုရားသခင် ဘုရားဖြစ်ပြီးတော့
သတ္တသတ္တာဟ(၇) သတ္တာဟ၊ ခုနှစ် ခုနှစ်လီ (၄၉)ရက်
ဗောဓိပင်နဲ့ရွှေပုလင်တော်နားနေပြီး သတင်းသုံးနေတဲ့အချိန်စတုတ္တထ
သတ္တာဟ ။ပထမက ပလ္လင်္ကသတ္တာဟ-ဗောဓိပင်အောက်(၇)ရက်နေ။ဒုတိယက
ဗောဓိပင်ရဲ့အရှေ့မြောက် (၁)ဖာလုံလောက် ဝေးတဲ့နေရာကနေ ဒီနေရာ
ငါတရားထူးတရားမြတ်ရတဲ့နေရာ ဘုရားဖြစ်တဲ့ သဗ္ဗေညုတဉာဏ် ရရှိတော်မူတဲ့နေရာဆိုပြီးတော့ (၇) မျက်တောင်မခပ်ဘဲနဲ့ မတ်တပ်ရပ်ပြီးတော့ ကြည့်နေတဲ့နေရာ။ဒါကို အနိမိသ သတ္တာဟ ။
နိမိတ-ဆိုတာက မျက်တောင်ခတ်တယ်ပေါ့ အနိမိတ-ဆိုတာက
မျက်တောင်မခတ်ဘူး။ မျက်တောင်မခတ်ပဲနဲ့နေနိုင်ဘို့ဆိုတာက
သိပ်မလွယ်ဘူး။
★ နတ်တွေ ဗြဟ္မာတွေပဲ နေနိုင်တယ်။
လူတွေထဲက မျက်တောင်မခတ်ဘဲ နေ့ရောညရော နေနိုင်ဖို့ မတတ်နိုင်ပါဘူး။
ပီးတော့မှ ပလ္လင်နဲ့ အနိမိတ သတ္တဟ ကြားထဲမှာ စင်္ကြန်လျှောက်ပြီးတော့
(၇)ရက်နေပါတယ် ဒါကို စင်္ကမ သတ္တာဟ ။ပလ္လင်္က သတ္တာဟ၊ အနိမိသ သတ္တာဟ ၊ စင်္ကမ သတ္တာဟ (၂၁)ရက်ကြာသွားတယ်။(၂၁)ပြီးတော့မှ (၂၂) ကနေစပြီးတော့
စတုတ္တထ သတ္တာဟ အဲ့ဒီမှာ အဘိဓမ္မာ(၇)ကျမ်း သုံးသပ်စဉ်ခြင်တော်မူပါတယ်။
ဓမ္မသင်္ဂဏီကျမ်း၊ ၀ိဘင်းကျမ်း၊ ဓာတုကထာကျမ်း၊ ပုဂ္ဂလပညတ်ကျမ်း၊
ကထာဝတ္ထုကျမ်း၊ ယမိုက်ကျမ်း၊ ဆိုပြီး ဒီလို ရှေ့(၆)ကျမ်းကို ဆင်ခြင်သုံးသပ်တဲ့အခါမှာ ဘာမှမထူးပါဘူး။
★ ပဋ္ဌာန်းကျမ်းကြီးဆင်ခြင်သုံးသပ်တဲ့အချိန်ကြမှ ရောင်ခြည်တော်တွေ အိမ်လုံးမက တောင်လုံးမက ရောင်ခြည်တော်တွေ အကြီးအကျယ်ထွက် ရောင်ခြည်တော်တွေ
အနန္တစင်္ကြာဝဠာ ပြေးသွားနေကြ။
အခုခေတ် သိပ္ပံနည်းနဲ့ တိုင်းတာတဲ့အခါ အရောင်တွေရဲ့ ပြေးနှုန်းသွားနှုန်းဟာ တစ်စက္ကန့်ကို ၁၂၆၀၀၀ လောက်သွားပါတယ်။
အဲ့ါဒီပြေးနှုန်းနဲ့ ရောင်ခြည်တော်တွေ ပြေးသွားနေတာ အခုထိ ပြေးတုန်းသွားနေတုန်းပဲ အဲ့ဒါနောက် သာသနာ(၅၀၀၀)ရှိတဲ့အခါ ကွေ့ပြီးတော့ စကြာင်္ဝဠာရဲ့သဘောက
ဝေ့ပြီးတော့သွားတဲ့သဘောရှိတာ သိပ္ပံနည်းအရလည်း ကမ္ဘာကြီးက လည်နေတော့ လည်လိုက်တဲ့အခါမယ် ဝိုင်းသွားတာ။ဝိုင်းသွားတော့ ရောင်ခြည်တော်တွေက
အစသွားတုန်းကတော့ အဖြောင့်ပြေးသွားတာ။နောက်ကျတော့ ဝိုင်းသွားတော့ ဒီနေရာပြန်ရောက်တယ် ပြန်ရောက်တဲ့နေရာကို ရောင်တော်ပြန်ပွဲလို့
သာသနာ(၅၀၀၀) ရှိတဲ့အခါ ရောင်ခြည်တော်တွေ အစထွက်တဲ့နေရာ ပြန်ရောက်လာလို့ ရောင်တော်ပြန်ပွဲလို့ခေါ်တယ်။
အဲ့ဒီရောင်တော်ပြန်ပွဲမှာ အကြီးအကျယ် တရားထူးတရားမြတ်များ
ရကြလိမ့်ဦးမယ်။
★ ပြောလိုရင်းကတော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတော်မှ ပဋ္ဌာန်းတရားဆင်ခြင်သုံးသပ်မှ ရောင်ချည်တော် အကြီးအကျယ်ထွက်တယ်။
လူလည်းပဲ ဗြဟ္မာတွေလည်းပဲ
တစ်ဦးတစ်ရောက်ဟာ အကျိုးမပေးဘူး ကံမကောင်းဘူးလို့ ဖြစ်နေရင်
ပဋ္ဌာန်းတရားတာ ရွတ်ဖတ်သရစျာယ် အကျိုးပေးလာတာ။ကံကောင်းလာတယ်။အဲ အကျိုးမပေးပဲ အကုသိုလ်တွေက ပိတ်ပင်တားဆီးထားတော့
တစ်ချို့စာတတ်တယ် တစ်ချို့ ပညာတတ်တယ် စာတတ်ပြီး
ပညာတတ်ပေမယ့်လို့ ဘာမှဘုန်းမကြီးဘူး။ဘုန်းနည်း ကံနည်းနဲ့
နေရ။အဲ့ဒီလို ပုဂ္ဂိုလ်တွေ ပဋ္ဌာန်းတာရွတ်လိုက် ချမ်းသာပြီ။လိုချင်တာတွေ အကုန်ရပြီ။အဲ့ဒီလို မြတ်စွာဘုရားသခင်ရဲ့ပဋ္ဌာန်း တရားတော်သည်
အလွန်တရာမှ တန်ခိုးအာနုဘော်
ရှိပါတယ်။ဘေးဥပါဒ်အန္တရာယ်တွေလည်းကင်းပါတယ်။
★ တပည့်တော်တို့ မင်းကွန်းတိပိဋကဆရာတော်ကြီး တစ်ခါတော့ မြန်မာနိုင်ငံမိုးကုတ်ရဲ့အရှေ့ဘက် မိုးမိတ်မြို့ဆိုတာ ရှိသေးတယ်။မိုးမိတ်မြိုသွားတရားဟော မိုးမိတ်မြို့တရားဟော
ပြန်လာတဲ့အခါကျတော့ မိုးကုတ်ကကားနဲ့ဖြတ်မောင်းပြီးတော့ ပြန်လာတယ်။
အဲ့ဒီမှာ မိုးကုတ်က ဒကာတွေကလျှောက်တယ် ဆရာတော်ရှေ့
မဆက်နဲ့တော့ ဘုရား တပည့်တော်တို့ မိုးကုတ်မှာ တညကြိမ်းပါ။
ဘာလို့လဲဒကာကြီးတို့ဆိုတော့ အခုလေးတင် ရေဒီယိုက ကြေညာသွားတယ်ဘုရား
လေမုန်တိုင်းကြီး စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအကြား အကြီးအကျယ်
တိုက်လိမ့်မယ်။အဲ့ဒီတော့ အဲ့ဒီနေရာအတွင်း အပြင်ရောက်နေတဲ့လူတွေက ဘေးဥပါတ်ကင်းမယ့်နေရာလေးမှာ တိမ်းရှောင်နေကြပါ။ကိုယ့်အိမ်အတွင်းက လူတွေကလည်း
အိမ်အတွင်းလေဘေးခံနိုင်တဲ့နေရာမှာ နေကြပါလို့
ကြေညာသွားတယ်ဆရာတော်။ဆက်သွားရင်
လေမုန်တိုင်းမိလိမ့်မယ်ဘုရားဆိုတော့
အာ အဲ့ဒါမှ ကျုပ်ကသွားရမှာဗျာဆိုပြီး ဆရာတော်က
ကားပေါ်ကကို
ဆင်းမနေတော့ဘူး တခါတည်းဆက်သွား။
★ ဆက်သွားတော့ သပိတ်ကျင်းရောက်။ သပိတ်ကျင်းရောက်တဲ့အခါ ကျောင်းတစ်ကျောင်းဝင်တဲ့ပြီးတော့
ပဋ္ဌာန်းစာအုပ် (၅)အုပ်ထုတ်ခိုင်း ကဲရှိတဲ့ ကိုရင်တွေ
ဦးပုဇဉ်းတွေ တစ်လှည့်စီ ဖတ်။ဟိုက လေမုန်တိုင်းကြီးလာနေတယ်။လေအန္တရာယ်ကင်းအောင် ဖတ်ကြပါ။မရပ်နဲ့ဆိုပြီးတော့ ဖတ်ခိုင်း။အဲ့ဒီကနေ ပြီးတော့ အောက်သွား
အောက်နားလေးရောက်တဲ့အခါကျတော့ စဥ့်ကူးဆိုတာ ရှိတယ်။
အဲ့ဒီ စဥ့်ကူးကျတော့လည်း ဒီလိုပဲ ကျောင်းတစ်ကျောင်းဝင်
ပဋ္ဌာန်းစာအုပ် (၅)အုပ် ထုတ်ခိုင်း
ထုတ်ပြီးတော့ ဦးပုဇဉ်းတွေ ကိုယ်ရင်တွေ ဖတ်ကြဆိုပြီးတော့ ပဋ္ဌာန်းဖတ်ခိုင်း။အဲ့ဒီကနေ မြစ်အနောက်ဖက် ကူး။
ရွှေဘိုရောက် ရွှေဘိုကြတော့လည်း အဲ့ဒီလို ခိုင်းခဲ့ပြီးတော့
ဆရာတော်ကလည်း လမ်းတစ်လျှောက်လုံး
ပဋ္ဌာန်းပစ္စယနိဒ္ဒေသရွတ်ဖတ်ပြီးတော့ သရစျာယ်လာတယ်။
★ ဒီရွှေဘိုရဲ့တောင်ဘက်နားလေးရောက်တော့ ရေဒီယိုက
ပြန်ကြေညာတယ်
စစ်ကိုင်းတိုင်း မန္တလေးတိုင်း တိုက်မယ့် လေမုန်းတိုင်းကြီး
အနောက်ဖက်ရွေ့သွားပြီ
ဒီဘက်မတိုက်တော့ဘူး။လို့ အဲ့လိုကြေညာပါတယ်။အဲ့ဒီလို တကယ့်အန္တရာယ်ကြီးတွေကင်းပါတယ်။ တပည့်တော်တို့
နာဂစ်မုန်တိုင်းတုန်းကလည်း
ဒီလိုပဲ။နာဂစ်မုန်တိုင်းတုန်းက ဒီပြင်ရွာတွေ မြို့တွေသာ ဒုက္ခရောက်တာ။
ပုသိမ်မြို့က ဒုက္ခမရောက်ဘူး။
ပုသိမ်မြို့ အဲ့ဒီအချိန်မှာ ကိုးဋ္ဌာန ကိုးပိုင်းခွဲပြီးတော့
တစ်မြို့လုံးဖြန့် ပဋ္ဌာန်းရွတ်နေကြတယ်။
ပဋ္ဌာန်းရွတ်နေတဲ့အတွက် ပဋ္ဌာန်းရဲ့တန်ခိုးကြောင့် ပုသိမ်မြို့မယ်
အဲ့ဒီနာဂစ်မုန်တိုင်းကြီး မတိုက်ဘူး။ ဘေးကျော် တိုက်ချသွားတယ်။
အဲ့ဒီလို ဘေးဥပါဒ်အန္တရာယ် ရန်အသွယ်သွယ်လည်းကင်းစေနိုင်တယ်။
ဘုန်းတန်ခိုး အာနုဘော်ကိုလည်း ကြီးစေနိုင်တဲ့ ပဋ္ဌာန်းတရားကို
ကြိုးစားပြီးတော့ ရွတ်ဖတ်ကြပါ။
★ အဲ့ဒီလိုရွတ်ဖတ်သဖြင့် တပည့်တော်တို့ သိပ္ပံပညာရှင်တွေက
ကြေညာတယ်မို့လား တစ်ချို့လည်း ကြားမိမယ်။တစ်ချို့လည်း မကြားမိလောက်ဘူး။
ကမ္ဘာကြီးအတွင်းကို ဒီပြင်စင်္ကြာဝဠာက ဂျူပီတာ ပလမ်နက် ခေါ်တဲ့ ကြာသပတေး ဂြိုလ်လောက်ကြီးတဲ့ ဂြိုလ်ကြီးတစ်လုံး အမှတ်မထင် ဝင်လာနေတယ်။
(၂၀၁၂ ခုနှစ်နဲ့ ၂၁၁၃ ခုနှစ်) (၂)နှစ် တပည့်တော်တို့ ကမ္ဘာဂြိုလ်ကို ဒုက္ခပေးနိုင်တယ်။ရေတွေအကြီးအကြယ်ကြီးမယ် ဒီဂြိုလ်ကြီးဝင်လာတဲ့အတွက်
လေမုန်တိုင်းတွေ တိုက်မယ် မီးတောင်တွေပေါက်ကွဲမယ် လူတွေ ဒုက္ခရောက်ပါ့မယ်လို့ အဲ့ဒီလို ဒုက္ခဘေးတွေမှ ကင်းဝေးအောင် တပည့်တော်တို့
ကယ်နိုင်တဲ့ တရားကတော့ ပဋ္ဌာန်းတရားပဲ ရှိပါတယ်။အဲ့ဒါကြောင့် ပဋ္ဌာန်းတရား ကြိုးစားပြီးတော့ ရွတ်ဖတ်သရစျာယ် မူကြပါ။ကိုယ်တင်မကပဲ ကိုယ်နဲ့ဆက်သွယ်တဲ့သူတွေ
ကိုလည်း ခိုင်းပေးကြပါဗျာ။တပည့်တော် ဂျပန်ပြည်သွားလည်း ဂျပန်ပြည်ခိုင်းတယ်ဘုရား အမေရိကမှာလည်း ကိုယ်ကိုယ်တိုင်လည်းရွတ်ခဲ့တယ်။သူတို့ကိုလည်း ရွတ်ဖို့ရန်
တိုက်တွန်းခဲ့တယ်။
★ အဲ့ဒီလိုရွတ်ခိုင်းတာက ရောက်မယ့်ဘေးအန္တရာယ်တွေကို
ကာကွယ်နိုင်မှာက တပည့်တော်တို့ ပဋ္ဌာန်းတရားရှိပါတယ်။
ပဋ္ဌာန်းတရားက ကယ်မှာ အဲ့ဒါကြောင့်
ရွတ်တဲ့အါမှာလည်း ကြိုးစားပြီးတော့ ရွတ်ကြပါဘုရား။
နတ်တွေ ဗြဟ္မာတွေလည်း လာပါတယ်ဘုရား။
အရှင်ဘုရားတို့ကတော့ ကြုံချင်မှ ကြုံဘူးမယ်
တပည့်တော်က နတ်တွေ
ဗြဟ္မာတွေလာတာလည်း ကြုံဖူးတယ်ဘုရား။
သူတို့လာရင် ဘယ်လိုသိသလဲဆိုတော့ တစ်ခန်းလုံးမွှေးကြိုင်နေတာပဲ။
အဲ့ဒီအခါဆိုရင် နတ်တွေ ဗြဟ္မာတွေလာပြီ။
နတ်တွေဗြဟ္မာတွေလာပြီဆိုရင် ကိစ္စတော်တော်လေး
ပြီးမြှောက်အောင်မြင်ပါတယ်ဘုရား။
တပည့်တော်က နတ်တွေ ဗြဟ္မာတွေလာမှန်းသိတော့
ဘယ်လိုပြောဖူးတုန်းဆိုတော့
အသင်နတ်တို့ ဗြဟ္မာတို့ ခင်များတို့ လာတာ ကျုပ်နှာခေါင်းက
သိတယ်ဗျာ ဒါပေမယ့်ကျုပ်က မျက်စိနဲ့မြင်ချင်တာ ခင်များတို့
နတ်တွေ ဗြဟ္မာတွေပြစမ်းပါ ဘယ်လိုပုံရှိတုန်းဆိုတော့
အဲ့သူတို့ပြပါတယ်ဘုရား ။အဲ့ဒီတော့ တပည့်တော်က
ပဋ္ဌာန်းရွတ်ကျိုးနပ်တယ်။
★ တပည့်တော် နတ်တွေဗြဟ္မာတွေလည်း မြင်ဘူးတယ်။
အရှင်ဘုရားတို့ရော
မြင်ဖူးကြလား။မြင်ဖူးချင်ရင်တော့ ပဋ္ဌာန်းရွတ်ကြပေါ့ဗျာ။အရင်ဆုံးကတော့ မွှေးကြိုင်လာဖို့လိုတယ်ဗျာ။
အဲ့ဒါဆိုရင် လာပြီသူတို့က။ပြီးတော့ကြတော့ နတ်တွေ ဗြဟ္မာတွေ
မွှေးကြိုင်လာတာကို တပည့်တော်ကို နည်းပေးတဲ့ သီလရှင်ကြီး
ဒေါ်စိတ္တရာကပြောတယ်။
တပည့်တော်က ဘာသိတုန်းဆိုတော့ ပိုသိတာ ပုပ်အဲ့လာတာတွေလည်း ရှိတယ်အရှင်ဘုရား။တစ်ခါတစ်လေများ ခွေးသေကောင်ကြီး
အနားဆွဲလာတဲ့အတိုင်း ပုပ်ပြီးတော့လာတယ်အဲ့ဒါဆိုရင်
တစေတွေ သရဲတွေ လာပြီ။ပြီးပြီဆိုတာ ကိုယ့်ခြောက်မလို့
လာတာမဟုတ်ဘူး။သူက သာဓုခေါ်ချင်လို့ အဲ့ဒါအမျှဝေပြီးတော့
မေတ္တာပွားလိုက်ရင်
ဒီကောင်တွေလည်းပဲ ဝမ်းသာပြီးတော့ သွားကြတယ်။
။ခွေးတွေဘာတွေ အူ ပုပ်အဲ့လာပြီဆိုရင် တစေ သရဲတွေ လာပြီ။လာလည်းမကြောက်နဲ့ အရှင်ဘုရားတို့ ရွတ်တာရွတ်ဖတ် သူတို့ကို မေတ္တာပို့ အမျှဝေလိုက်။
★ အဲ့ဒါကြောင့် တပည့်တော် ပဋ္ဌာန်းနဲ့ပတ်သက်ပြီးတော့ အတွေ့အကြုံပေါ့ဗျာ လက်တွေ့။အရှင်ဘုရားတို့လည်း ကြိုးစားပြီးတော့ ရွတ်ဖတ်သရစျာယ်ပါ။ရွတ်ဖတ်သရစျာယ်သဖြင့်
ကိုယ်နဲ့ ပတ်သက်တဲ့ နိုင်ငံသူ နိုင်ငံသားတွေ
ကိုယ့်ဒီကမ္ဘာလုံးကြီးမယ်နေထိုင်ကြတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေ
ကျန်းမာချမ်းသာကြပါစေ လို့ မေတ္တာလည်းပွားကြပါဘုရား။
ဒီလောက်ဆိုရင် တော်လောက်ပါပြီ။
သာဓု သာဓု သာဓု။
တရားချစ်ခင်သူတော်စင်များ ကျန်းမာချမ်းသာကြပါစေရှင်
_/\_ _/\_ _/\_
ဤတရားတော်အား အသံနားထောင်၍ ရေးရသောကုသိုလ်တို့ကြောင့် တိုင်းပြည်နှင့်သာသနာတော်အတွက် ကြီးစွာသော
အလုပ်အကြွေးအထောက်အပံ့အစောင့်အရှောက် ပြုရပါလို၏။
ဗန်းမော်ဆရာတော်ဘုရားကြီး
ဘဒ္ဒန္တ ကုမာရာဘိဝံသ
|
https://www.dhammaransi.com/index.php/new/345-2017-11-29-02-25-17.html
|
မြန်မာတို့ ရှိခိုးနေကျ သြကာသဘုရားရှိခိုး
|
သြကာသ၊ သြကာသ၊ သြကာသ၊
ကာယကံ ၊ ဝစီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော
အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် မြောက်အောင်
ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို
အရိုအသေ အလေးအမြတ် လက် အုပ်မိုး ၍ ရှိခိုးပူဇော်
ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား။
.
ကန်တော့ရသော အကျိုးအား ကြောင့်
အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး ၊
၀ိပတ္တိတရားလေးပါး ၊ဗျဿနတရားငါးပါး တို့မှ အခါခပ်သိမ်း
ကင်းလွတ်ငြိမ်းသည်ဖြစ်၍ နိဗ္ဗာန်ချမ်းသာ တရားတောာ်မြတ်ကို
ရပါလို၏အရှင် ဘုရား။
.
{အနက်}
.
သြကာသ သြကာသ ၊သြကာသ -
ရှိခိုးပါရစေ အခွင့်ပြုတော်မူပါ (၃)ကြိမ်။
ကာယကံ ၊ဝစီကံ ၊ မနောကံ သဗ္ဗဒေါသ
ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ -
ကိုယ်ဖြင့် ပြုမူပြစ်မှားမိခဲ့သော ကာယအမူ၊နှုတ်ဖြင့် ပြောဆိုပြစ်မှား
မိခဲ့သော ဝစီအမှု ၊ စိတ်ဖြင့်ကြံစည်ပြစ်မှားမိခဲ့သော မနောအမှု
စသည့် ထိုကံသုံးပါးတွင် တစ်ပါးပါးသော ကံတို့ဖြင့်
ဘုရား၊ တရား၊ သံဃာ၌ လည်းကောင်း၊ ဆရာသမား မိဘ
ဘိုးဘွား အစရှိသော လူကြီးသူမများ၌လည်း ကောင်း ပြစ်မှားမိခဲ့လျှင်
ကင်းရှင်းပြေပျောက်ပါစေခြင်း အကျိုးငှာ၊
ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊နှစ်ကြိမ် ၊
သုံးကြိမ်မြောက်အောင်-ပထမက ဒုတိယ၊ ဒုတိယ က တတိယ၊
တစ်ကြိမ်က နှစ်ကြိမ်၊ နှစ်ကြိမ်က သုံးကြိမ်တိုင်အောင်၊
ဘုရားရတနာ၊ တရားရတနာ ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို
အရိုအသေ အလေး အမြတ် လက်အုပ်မိုး၍-
နှစ်သက်မွေ့လျော်ခြင်းကို ဖြစ်စေတတ်သော၊
အလေး အမြတ်ပြုအပ်သော ၊ အလွန်ရခဲသော၊ ရှေးဘုန်းရှေးကံ
ရှိသူတို့သာ တွေ့ကြုံခွင့် ရနိုင်သော
“ဘုရားအမြတ်ဆုံးရတနာ၊ တရားအမြတ်ဆုံးရတနာ၊သံဃာအမြတ်ဆုံး ရတနာ”ဟု ဆိုအပ်သော ရတနာမြတ်သုံးပါးတို့အား ရိုသေမြတ် နိုး လက်အုပ်မိုး၍၊ ရှိခိုးပူဇော် ဖူးမြော်မာန်လျောကန်တော့့ပါ၏အရှှင်ဘုရား-
ဟိတ်ဟန်မပြ မာန်မာန လျော့ချ၍ ကြည့်ရှုဖူးမြော်
ကန်တော့ပါ ၏အရှင်ဘုရား။
ကန်တော့ရသော အကျိုးအားကြောင့်-
ဤကန်တော့ရသော ကုသိိုလ်အကျိုးအား အစွမ်းကြောင့်၊
အပါယ်လေးပါး-
(၁) ကုသိုလ်ကောင်းမှု များစွာပြုခွင့်မရကြသော ငရဲကြီးများဖြစ်ကြသည့်
(က) အကုလိုလ်ကံ မကုန်သေးသမျှတစ်ခါတည်း သေ ကြေ ပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ အသက်ရှင်လျှက် ငရဲထိန်းတို့၏ ခုတ်ဖြတ်မှုကိုသာ
ပြင်းစွာခံကြရရှာသောသိဥ္စိုးငရဲ၊
(ခ) ငရဲသားတို့ကို ငရဲထိန်း တို့က သားကောင်ကို ခွေးတွေလိုက်သလိုအတင်းလိုက်ကြပြီး မောဟိုက်သွား သည့်အခါ သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး ၊ မှောက်လျက်တစ်မျိုး ၊ ဝဲယာတစ်မျိုး ၊ ရှေ့နောက်တစ်မျိုး အားဖြင့် အကုလိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြဘဲ အမျိုးမျိုးခုတ်ရွေခံကြရသည့်ကာဠသုတ်ငရဲ၊
(ဂ) အောက်မြေအပြင်မှာ မီးလျံတွေ ထလျှက် အထု (၉) ယူဇနာရှိသောသံမြေပြင်ကြီးဖြစ်၌ ငရဲသားတို့ဟာထန်းပင် ငုတ်လေးတွေစိုက်ထားသလို ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှ လာသော သံတောင်ကြီးက စားမည်ဝါးမည်ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်း မြည်ဟီးလျက် ကြိတ်ကာကြိတ်ကာ အနောက်အရပ်သို့သွားပြီးတောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက်အရပ်သို့ သွား ပြီးလျှင် အနောက်အရပ်သို့ ရောက်ပြီးသော သံတောင်ကြီး ကလည်းအရှေ့ အရပ်သို့ ကြိတ်ကာကြိတ်ကာပြန်၍လာခြင်းဖြင့် အရပ်လေးမျက်နှာမှ သံတောင် တွေ သန်းဥတုတ်သလို ဖိနှိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံမကုန်သမျှ ငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရရှာသောသံဃာတငရဲ ၊
(ဃ) မီးေတောက်တို့သည် တဝုန်းဝုန်း့ ထလျက်ငရဲသို့ကျရောက်သူတို့၏ ဒွါရ(၉)ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာတစာစာ အော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့်မီးတောက်မီးလျှံ အလောင်ခံံနေ ကြရသောရောရုာဝငရဲ ၊
(င) မီးခိုးတို့တစ်ငရဲလုံးဖုံးလွှွမ်းနေပြီး ငရဲသို့ကျရောက် သူတို့ကို မီးခိုးတို့က အတွင်းအပြင် အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူငရဲသားတို့မှာ ဘာမှမတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာသောမဟာရောရုဝငရဲ၊
(စ) ငရဲသို့ကျရောက်သော သတ္တဝါများကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံထနေသည့်သံတံကျင်၌ မလှုပ်နိုင်အောင် စိုက် ထား ပြီးလျှင်ထိ သံတံမှထွက်သောမီးလျှံတို့က အမြဲပူလောင်စေတတ်သော တာပနငရဲ၊
(ဆ)မီးလျှံထနေသောသံတောင်ကြီးနှင့် ထိုသံတောင်၏ အောက်ခြေ၌ သံတံကျင် တွေစိုက်ထူထားပြီးငရဲသူငရဲသားတို့ကို ငရဲထိန်းတို့က သံတောင် ပေါ်သို့ မတက်တက်အောင်ရိုက်နှက်၍ တင်ကြပြီးသံေတောင်ပေါ်သို့ ရောက်သော အခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင် ခြေ၌ ရှိသောတံကျင်ပေါ်ရောက်အောင်တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကားခနဲ စူးဝင်ခြင်းခံကြရရှာသောမဟာတာပနငရဲ၊
(ဇ) မီးတောက်မီးလျှံများအကြား မရှိပဲ တစ်ငရဲလုံး မီးလျှံများ ဆက်နေပြီး ငရဲသားချင်းလည်း ၀ါးကျည်တောက် အတွင်း မုန်ညှင်းစေ့ကလေးတွေပြည့်ကျပ်နေသကဲ့သို့ အကြားမရှိ ပြည့်ကျပ် နေအောင် ဆင်းရဲဒုက္ခ အကြားအရှိ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ၊ သတ္တဝါ၊ ဆင်းရဲခြင်း ဒုက္ခ ဤသုံးမျိုးတို့ဆက်စပ်ေနေသော အဝီစိငရဲတို့နှင့် ထို ငရဲတစ်ထပ်တစ်ထပ်၌ဘင်ပုပ်ငရဲ၊ ပြာပူငရဲ ၊ လက်ပံတော ငရဲ ၊ သန်လျက်ရွက်တောငရဲ ၊ဝေတ္တရဏီ “သံရည်မြစ်ငရဲ” တို့က တံတိုင်းခတ် သကဲ့ဲသို့ ရံပတ်၍နေသောငရဲအရပ်၌ ကျရောက်ရခြင်းလည်းကောင်း ၊
(၂) ဆင်၊ မြင်း၊ ကျွဲ၊ နွား ၊ ခွေး၊ ကြက်၊ ငှက် ငါးလိပ်စသော ကုန်းနေ ရေနေ အခြေလေး ချောင်း၊ အခြေနှစ်ချောင်း၊ အခြေအများ သတ္တဝါတို့နှင့်မြွေ စသောအခြေမရှိသော သတ္တဝါများဖြစ်ကြသည့်တိရစ္ဆာန် အဖြစ်ရောက်ရခြင်းလည်းကောင်း ၊
(၃) တစ္ဆေ ၊ မှင်စာ၊ သရဲ သဘက် အစိမ်း ဖုတ်ကောင် ကျတ်ကောင်စသည့် ပြိတ္တာ ဖြစ်ရခြင်းလည်းကောင်း ၊
(၄) ပြိတ္တာအကြီးစားများ ဖြစ်ကြပြီး နေ့စံညခံ ၊ ညခံနေ့စံ စသည်ဖြင့်လည်း ခံနေကြရရှာသော အသူတကာယ်အရပ်၌ ကျရောက် ရခြင်းလည်းကောင်း၊ ကပ်သုံးပါး-
(၁) တုတ် ဓါး သေနတ် ဗုံး အမြောက် စသောလက်နက်ဖြင့် သေကြေပျက်စီးရခြင်း(သတ္တန္တရကပ် ) ၊
(၂) ပလိပ်ရောဂါ ၊ ကာလရောဂါ၊ ကျောက်ရောဂါ ၊ အဖျားရောဂါ စသည်ဖြင့် ကူးစက်မြန်သောကြောင့် မြို့နယ်အနှံ့ သေကြေပျက်စီးရခြင်း (ရောဂန္တရကပ်)၊
(၃) မြို့နယ်အနှံ့အပြားတို့၌ အစားအသောက်ပြတ်ငတ်၍ သေကြေပျက်စီးရခြင်း (ဒုဗ္ဘိက္ကန္တရကပ် )တို့နှင့် ကြံကြိုက်ရခြင်းလည်းကောင်း၊ ရပ်ပြစ်ရှစ်ပါး- မဂ်ဖိုလ်ရအောင် တရားအားထုတ်ခွင့် မရခြင်းကြောင့် အပြစ်ဖြစ်သော အရပ်ဒေသ များဖြစ်ကြသည့်
(၁၊၂၊၃)ဘုရား ပွင့်နေဆဲအခါငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာစသော အပါယ်အရပ််(အသူတကယ်ကို ပြိတ္တာ မျိုး၌ယူ)၊
(၄) ဘုရားရှင်ပွင့်ဆဲဘုရားရှင်ကို မဖူးတွေ့နိုင်၊ တရားမနာနိုင်ကြရှာ သောခန္ဓာကိုယ်သာရှိ၍ စိတ်ဝိညာဏ်မရှိသော အသညသတ်ဗြဟ္မာများနှင့်စိတ် ၀ိ ညာဏ်သာရှိပြီး ခန္ဓာကိုယ်မရှိသော အရူပဗြဟ္မာများဖြစ်ကြသည့် ဒီဃာယုနတ် တို့အရပ်၊
(၅)အစွန်အဖျား တောတောင်အကြား လူရိုင်းများနေသည့် ပစ္စန္တရာဇ် အရပ် ၊
(၆) ဘုရား ပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိရှိနေခြင်း ၊
(၇) ဘုရားပွင့်ဆဲအခါ တရားနားလည်လောက်သော ဉာဏ်မရှိသူ ၊
(၈) တတ်သိ နားလည်လောက် သောဉာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါလူ ဖြစ်ရခြင်းလည်းကောင်း၊ ရန်သူမျိုးငါးပါး-
(၁) ရေ၊
(၂) မီး၊
(၃) ခိုးသူ ၊
(၄) အမွေခံသားဆိုး သမီးဆိုး
(၅) မင်းဆိုး စသည့် ဘေးငါးမျိုးနှင့်ကြုံတွေ့ရခြင်းလည်းကောင်း၊
၀ိပတ္တတရား လေးပါး- ဖောက်ပြန်ချို့ယွင်းခြင်း၊ ပျက်စီးခြင်းဟုဆိုအပ်သော
(၁)မင်းဆိုးမင်း ယုတ် အုပ်စိုးသောအခါ ဖြစ်သည့်ကာလဝိပတ္တိ ၊
(၂)အပါယ်လေးပါးတို့၌ဖြစ်ရခြင်း စသည့်မကောင်းသော ဂတိိဖြစ်၍ဂတိ၀ိပတ္တိ၊
(၃) ရုပ်အဆင်းအင်္ဂါချို့တဲ့ ခြင်း စတဲ့ ဥပဓိ၀ိပတ္တိ၊
(၄)အသိအလိမ္မာဉာဏ်ပညာသတိဝီရိယမရှိပဲ ပြုမူ၊ပြောဆို၊ကြံစည် မူပယောဂဝိပတ္တိစသည့်မကောင်းသောအဖြစ်ဆိုးတို့နှင့်လည်းကောင်း၊
ဗျဿန တရားငါးပါးတို့မှ-
(၁) ဆွေမျိုးပျက်စီးခြင်း - ဉာတိဗျဿန၊
(၂)စည်းစိမ်ဥစ္စာပျက်စီး ခြင်းဘောဂဗျဿန၊
(၃)အနာရောဂါဖြစ်ခြင်းရောဂဗျဿန၊
(၄)မှားယွင်းသောမိစ္ဆာအယူကိုယူခြင်းဒိဋ္ဌိဗျဿန၊
(၅)သီလပျက်ခြင်းသီလဗျဿန စသောပျက်စီးခြင်းတို့ နှင့်ကြုံတွေ့ရခြင်းစူသော၊ အခါခပ်သိမ်းကင်း လွတ်ငြိမ်း သည်ဖြစ်၍- ဤမကောင်း သောတရားတို့မှအခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍၊ မဂ်တရား- သောတာ ပတ္တိမဂ်၊ သကဒါဂါမိမဂ်၊အနာဂါမိမဂ်၊အရဟတ္တမဂ်၊ ဖိုလ်တရား- သောတာပတ္တိ ဖိုလ်၊ သကဒါဂါမိဖိုလ်၊အနာဂါမိဖိုလ်၊အရဟတ္တဖိုလ်၊ နိဗ္ဗာန်ချမ်းသာ- ခန္ဓာအသစ် တစ်ဖန်မဖြစ်ရာ၊ သေခြင်းသဘောလည်းမရှိရာ၊ ဒုက္ခအပေါင်းမှလည်း ကင်းဝေးရာ အမြတ်ဆုံးချမ်းသာဖြစ်သည့်နိဗ္ဗာန်စသော၊ တရားတော်မြတ်ကိုရပါလို၏ အရှင် ဘုရား- တရားတော်မြတ်တို့ကိုသံသရာ၌ ကြာရှည်စွာမကျင်လည်ရတော့ပဲ အမြန်ဆုံးရရပါလို၏ အရှင်ဘုရား။
ဒုတိယအပိုဒ်တွင် ဆုတောင်းများပါရှိပါသည်။ထိုသို့ဆုတောင်းနေရုံတစ်ခုတည်းဖြင့် ကောင်းကျိုးတရားတို့သည် အလိုလိုရရှိခြင်းသည်လည်းကောင်း၊ ဆိုးကျိုးတို့ လွဲသွေရခြင်းလည်းကောင်း ဖြစ်လာလိမ့်မည် မဟုတ်ပါပေ။ မိိမိ၏ ကိုယ်ကျင့် သီလတို့ကို အပျက်မခံဘဲ “တရားအားထုတ်၊ ကုသိုလ်လုပ်၊ အဟုတ်မပျင်းနှင့်” ဆိုသည့်အတိုင်း ဆုတောင်းနေရုံတင်မဟုတ်ဘဲ လက်တွေ့ကျင့်ကြံသွားမှသာလျှင် မိမိတို့အလိုရှိသော ကောင်းကျိုးတရားတို့သည် ထပ်ချပ်မကွာ ရောက်ရှိလာပေ မည်။
စာဖတ်သူတို့အားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် တရားဘာဝနာ၌ မွေ့လျော်နိုင်ကြပါစေ။
စာရေးသူ - ထွန်းထွန်းလှိုင်
|
https://www.dhammaransi.com/index.php/new/346-2017-11-27-01-52-55.html
|
အစွဲကင်းမှ နိဗ္ဗာန်ရောက်မှာ
|
ဒါနဆိုတာ ငါ့ပစ္စည်းဆိုတဲ့ အစွဲကိုစွန် ့လွတ်ပစ်တာ။မမျှော်နဲ ့မျှော်ရင်ချော်မှာပဲ။
မျှော်တာကတဏှာ၊အကျိုးပေးမှာက စေတနာ၊စေတနာသန် ့ရှင်းရင် အကျိုးပေးသန် ့ရှင်းမယ်။
ပစ္စည်းလက်ကစွန် ့ချပြီး ငါစွဲကမလွှတ်မိရင် ငါ-ဝတ္ထု-ပုဂ္ဂိုလ်စွဲများကြောင့် ပြိတ္တာခန်းတန်းဝင်ကြရမယ်။
ရောက်ချင် တာကနိဗ္ဗာန်၊ရောက်နေကြတာကတိရစ ္ဆာန်။ကြက်စွဲက ကြက်ထဲပို ့မှာ၊ ဝက်စွဲကဝက်ထဲပို ့မှာ။
တိရစ္ဆာန်မျိုးရယ်လို ့သီးခြားမရှိ။လူတွေထဲက အစွဲမတတ်တဲ့ ပုဂ္ဂိုလ်တွေသွားလိမ့်မယ်။
လူရယ်လို ့လည်းသီးခြားမရှိ၊တိရစ္ဆာန်တွေထဲက အစွဲကုန်လို ့
ကံကြွင်း ကံစ ကုသိုလ်ကံလေးကြောင့် လူလာဖြစ်တာပါ။
စွဲနေတာမှန်သမျှ ပညတ်ပေါ်စွဲနေတာ။ပရမတ် စွဲစရာမရှိဘူး။ကောင်းလည်းကောင်းစွဲစွဲ မကျန်ရစ်စေနဲ ့။
ဆိုးလည်းဆိုးစွဲစွဲ မကျန်ရစ်စေနဲ ့။အမှတ်က လေးနဲ ့သွားရမယ်။
စွဲရင် စွဲတဲ့နေရာငြိနေမှာပေါ့။အစွဲကင်းမှနိဗ္ဗာန်ရောက်မှာ။
အာရုံတွေနဲ ့ခင်မင်စိတ်အားကြီးနေတာ
(ခွေးသေကောင် ပုပ်တွေ ့လို ့ထိုးချင် ဆိတ်ချင်တာ)
လင်းတ စိတ်မပျောက်သေးလို ့။ဘယ်အာ
ရုံ ခံစားခံစားဒုက္ခလွတ်တာမရှိဘူး။
လောကီချမ်းသာမှန်သမျှ ဒုက္ခမှာလမ်းဆုံးတာပဲ။လုပ်ချင် တဲ့အလုပ်လုပ်ပါ။
ခံစားချင် တဲ့အာရုံခံစားပါ။သတိလေးတော့မလွတ်ပါစေနဲ့။
မတောင်းတနဲ ့၊တောင့်တရင် ကြောင့်ကြရမယ်။
အမြဲတမ်းဟောဒီဘက်က တစ်ကျပ်သားလိုချင်စိတ် ရှိရင်ဟောဒီဘက်ကလည်းတစ်ကျပ်သား သောကရှိမယ်။
လိုချင်တဲ့တဏှာကြီးလေ အောက်ကျခံပေါင်းရ လေရှုံးလေပဲ။လိုချင်လေလေ ဘယ်သူမှ မပေးချင်လေလေပဲ၊မလိုချင်ရင် မလိုချင် သလောက်ရတယ်။
(လိုချင်နေ သေးသ ရွေ ့လိုနေမည်သာ၊မလိုမှပိုထွက်လာသည်သာ)
စိတ်ကို အအားမထားနှင့်၊အနားမထားနှင့်၊အချိန်မရွေးတစ်သိထဲသိနေပါ။
မမေ့သော ထိုအမှတ် သတိသည် ကိုယ့်စိတ်ကိုလည်း အစိုးရပြီးသား
ကိလေသာလည်းပယ်ပြီးသား၊သိစရာလည်းသိပြီးသား။
မိမိစိတ်ကိုသတိတည်းဟူသောကြိုးဖြင့်ချည်နှောင်ကာ မိမိကိုယ်နှင့်မကွာအမြဲရှိ နေစေရမည်။
စိတ်ရောက်တဲ့နေရာလေးကိုသတိ ကလေးနဲ ့ကိုယ်သိတဲ့အတိုင်းမှတ်လိုက်ရုံပဲ။
အမှတ်တစ်မှတ်၊မှတ်လို ့အလကားမထင် ပါနဲ ့။ကိလေသာငြိမ်းအေးသွားပြီး
စင်ကြယ်တဲ့စိတ်ကလေးဖြစ်လိုခြေလှမ်းတစ်လှမ်း မဂ်ဖိုလ်တိုးနေပါတယ်။သတိနဲ ့မှတ်နေတာ။
သွားရင်းနဲ ့ကိလေသာသတ်နေတာ။ကိလေသာ ကျားစဉ်းလဲရဲ ့ရန်ကို နွားလိုငုံ ့ခံနေရင်
နောက်ဆုံး အသေနာရုံပဲရှိမယ်။
(မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး)
|
https://www.dhammaransi.com/index.php/new/347-2017-11-24-08-37-13.html
|
#ရောင့် ရဲ တင်း တိမ် ခြင်း သည် ပြည့် စုံ ခြင်း မည် ဧ။်
|
မိမိ၌ ရရှိထားသည့်အတိုင်း ကျေနပ်စွာ လက်ခံထားသူအဖို့ ဘာမျှ မလိုတော့သဖြင့် ပြည့်စုံနေပေတော့သည် ။
မည်မျှပင် ကြွယ်ဝပေါများနေစေကာမူ သည်ထက်လိုချင်နေသောသူသည် ဘယ်တော့မှ မပြည့်စုံနိင်တော့ပေ ။
ရောင့်ရဲတင်းတိမ်ခြင်းသည် ပျင်းရိခြင်းမဟုတ်ပါ ။ ဘာမျှမလုပ်တော့ဘဲ အလုပ်ရပ်ထားခြင်းကို မဆိုလိုပါ ။
မိမိရသင့်တာထက် ပိုမို၍လိုချင်တပ်မက်ခြင်း မဖြစ်သည်ကို ဆိုလိုရင်း ဖြစ်ပါသည် ။
လိုချင်တပ်မက်ခြင်းကို " တဏှာ " ဟူ၍ဆိုရဧ။် ။ ယင်း တဏှာ ကြောင့်သာ လူတို့သည် အကုသိုလ်အမှုတို့ကို
ကျူးလွန်ဖောက်ဖျက်နေကြခြင်းဖြစ်သည် ။
ဗုဒ္ဓဝါဒသဘောအရ ဤတဏှာကို ပယ်သတ်နိုင်ပါမှ အဆုံးပန်းတိုင်
နိဗ္ဗာန်သို့ တက်လှမ်းနိုင်မည်ဖြစ်သည် ။
သို့ရာတွင် သံသရာအဆက်ဆက်မှာ မိမိဧ။် ဘဝသံသရာခရီးကို ကြိုးကိုင်
ချယ်လှယ်လာခဲ့သော တဏှာကို လွယ်လွယ်နှင့် ပယ်သတ်နိုင်မည် မဟုတ်ပေ ။ အရှိန်နှေးသွားရန်သာ အစပြု၍
ကြိုးစားအားထုတ်ကြရမည် ဖြစ်သည် ။
ရောင့်ရဲတင်းတိမ်ခြင်း(သို့) အလိုနည်းခြင်းဟူသည်မှာ တဏှာကို ပယ်သတ်ရန် ကနဦး ကျင့်ဆောင်ရမည့် တရား
ဖြစ်ပေသည် ။ ရောင့်ရဲလွယ်ခြင်းတရားကို " သန္တောသ " တရားဟူ၍ ခေါ်ရသည် ။
သန္တောသ တရားတွင် သုံးမျိုးပါဝင်သည် ။
ယင်း သုံးမျိုးမှာ - - -
၁။ ယထာလာဘ သန္တောသ ။
၂။ ယထာဗလ သန္တောသ ။
၃ ။ ယထာသာရုပ္ပ သန္တောသ ။ တို့ဖြစ်သည်။
(၁) ယထာလာဘ သန္တောသ
ယင်း သန္တောသ သည် ရသမျှနှင့် ရောင့်ရဲခြင်း ၊ ကျေနပ်ခြင်းပင်ဖြစ်သည် ။
မိမိဧ။် ရိုးသားစွာ ကြိုးစား၍ ရလာသမျှကို
နည်းသည် များသည် မမှတ်ဘဲ ကျေကျေနပ်နပ် လက်ခံနိုင်ခြင်း ဖြစ်သည် ။
ရလာတာထက် ပိုလိုချင်သည့်တဏှာ ဖြစ်
ခဲ့သော် မတရားမှု အကုသိုလ်ကို ပြုလုပ်ရန် ဝန်မလေးတော့ပေ ။
ရောင့်ရဲခြင်းဆိုသည်မှာ ' ငါ့ဥစ္စာ ၊ ငါ့ပစ္စည်း ' ဟု
မစွဲလမ်းဘဲ လောဘဖြင့် မသိမ်းပိုက်ခြင်းပင်ဖြစ်သည် ။
မိမိဧ။် စည်းစိ်မ်ဥစ္စာ ရုပ်ပိုင်းဆိုင်ရာတန်ဖိုးများ မတိုးပွားစေကာမူ
စိတ်ဓာတ်ကျခြင်း ၊ စိုးရွံ့အားငယ်ခြင်း ၊ မကျေမနပ်ဖြစ်ခြင်းများ အလျှင်းမရှိပေ ။
မိမိဧ။် သိက္ခာ ၊ စေတနာ ၊ လုံ့လအပေါ်၌
အမြဲတမ်းပင် ကျေနပ်နေတတ်ပါသည် ။
စိတ်သည်လည်း အပြည့်အဝ ချမ်းသာမှု ဖြစ်နေပေသည် ။ လုပ်ငန်းတစ်ခုခုတွင်
ဖြစ်စေ ၊ ဥစ္စာရှာဖွေရာတွင်ဖြစ်စေ ၊ မိမိရယူခံစားနိုင်ရန်အတွက် ဦးစားမပေးဘဲ လောကအတွက် ပေးဆပ်ရန် , အကျိုးပြုရန်
ရည်ရွယ်မှုမျိုးဖြင့် ရှာဖွေလုပ်ကိုင်ခြင်းကို ယထာလာဘ သန္တောသ ဟု ဆိုပါသည် ။
(၂) ယထာဗလ သန္တောသ
ယင်း သန္တောသ သည် လိုအပ်သလောက်ဖြင့်သာ ရောင့်ရဲခြင်း ၊ ကျေနပ်ခြင်းဖြစ်သည် ။
မိမိဧ။် ပြည့်ဝသော အရည်အချင်းဖြင့်
ရှာဖွေရရှိသမျှသော ဥစ္စာပစ္စည်းများအနက်မှ ပိုလျှံအောင်မယူဘဲ မိမိအတွက် လိုအပ်သလောက်ဖြင့်သာ တိုင်းဆရယူကျေနပ်ခြင်း
သည် ယထာဗလ သန္တောသ ပင်ဖြစ်သည် ။
အလုပ်များ လုပ်ကိုင်ကြရာ၌ လုပ်သလောက်ရရှိခြင်းမှာ အခါအခွင့် သင့်မှု ၊ လုပ်ရည်
ကိုင်ရည် ကောင်းမွန်မှု ၊ လုပ်နည်းကိုင်နည်း မှန်ကန်မှု ၊ အမှီသဟဲ ကောင်းမွန်မှု စသည့် သမ္ပတ္တိ လေးပါး ပြည့်စုံမှုတို့ကြောင့်ဖြစ်သည်။
လုပ်ကိုင်သလောက် ရရှိသည်ဖြစ်စေ ၊ မရရှိသည်ဖြစ်စေ ရလာသရွေ့အား ကျေနပ်ရောင့်ရဲလျက် မိမိအတွက်လိုအပ်သလောက်သာ
တိုင်းဆယူငင်ပြီး ကျန်သည့် ဥစ္စာပစ္စည်းတို့ကို လိုအပ်သောနေရာတို့၌ အသုံးပြုစေခြင်းသည် မြင့်မြတ်သောသူတို့ဧ။် စိတ်နေသဘောထား
ဖြစ်ပါသည် ။
သူတော်ကောင်းတို့ မြတ်နိုးသော ကျင့်သုံးမှုလည်း မည်ပါသည် ။ ယင်းသို့ မျှဝေသုံးစွဲ ကျင့်ကြံမှုကို ယထာဗလ သန္တောသ ဆိုရသည် ။
(၃) ယထာသာရုပ္ပ သန္တောသ
ယင်း သန္တောသ သည် မိမိဧ။် အဆင့်အတန်း အခြေအနေတို့ကို လေ့လာချိန်ဆ၍ လိုက်လျောညီထွေမှုဖြစ်သော ဥစ္စာ ၊ ပစ္စည်း ၊ ဝတ္ထု
များနှင့်သာ သုံးဆောင်ရောင့်ရဲခြင်း ၊ ကျေနပ်ခြင်းကို ဆိုလိုသည် ။
မိမိဧ။်ဝင်ငွေဖြင့် မျှတလုံလောက်စေရန် ရရှိနိုင်သော အစားအစာ ၊
အဝတ်အထည် ၊ အသုံးအဆောင် ပစ္စည်းများကို ဝယ်ယူသုံးစွဲတတ်မှုပင် ဖြစ်သည် ။
မိမိဧ။် ဝင်ငွေနှင့် မမီသော အရာဝတ္ထု အသုံးအဆောင်
များကို မမှန်းခြင်းလည်း ဖြစ်သည် ။
လူမှုရေး ၊ ကျန်းမာရေး ၊ စသည့် ကိစ္စများတွင်လည်း ထိုနည်းတူ ချင့်ချိန်သုံးစွဲတတ်ခြင်းပင် ဖြစ်သည် ။
ထိုသို့ ကျင့်သုံးရောင့်ရဲနိုင်ခြင်းကို ယထာသာရုပ္ပ သန္တောသ ဟု ခေါ်ဆိုရသည် ။
စင်စစ်သော်ကား ချမ်းသာသုခအတွက် သန္တောသ တရားတို့ကို အမှန်ပင် ကျင့်သုံးအပ်ပါသည် ။
ဤကဲ့သို့ ကြိးစားကျင့်သုံးခြင်းသည်
အမှန်တကယ် တောင့်တအပ်သော ချမ်းသာသုခကို ရှာဖွေခြင်းဖြစ်သည် ။
သန္တောသ တရားများ ရှိသူနှင့် မရှိသူ တို့မှာ အလင်း နှင့်
အမှောင်ကဲ့သို့ ခြားနားမှုမျိုးဖြင့် တဖြောင့်မတ်မတ် ဆန့်ကျင်လျက်ရှိပေသည် ။
သန္တောသ တရားမကျင့်သုံးသူတို့သည် အမှားသံသရာ၌
လည်လျက် နိဗ္ဗာန်ချမ်းသာနှင့် ဝေးသည်ထက် ဝေးသွားပါတော့သည် ။
သန္တောသ တရားကို လက်ကိုင်ထား ကျင့်သုံးသူများသည်
ယခုလက်ရှိ ဘဝတွင်လည်း အမှန်တကယ် စိတ်ချမ်းသာ ပျော်ရွှင်ရလျက် သံသရာမှ မလွတ်မြောက်ရန် ဆွဲငင်ထားသော တဏှာကို
အဆင့်ဆင့် ချိုးနှိမ်ဖြိုဖျက်နိုင်ကာ နိဗ္ဗာန်ချမ်းသာကိုု ရရှိပိုင်ဆိုင်နိုင်မည်မှာ မလွဲဧကန် အမှန်ပင် ဖြစ်ပေတော့သတည်း ။
|
https://www.dhammaransi.com/index.php/new/348-2017-11-24-08-28-59.html
|
၀ိသုဒ္ဓိမဂ် = စင်ကြယ်သန့်ရှင်းသောလမ်းစဉ်
|
တစ်ခါက နတ်သားတစ်ယောက်က ဘုရားရှင်ကို လာရောက်လျှောက်ထားသည်။အန္တော ဇဋာ ဗဟိ ဇဋာ၊ ဇဋာယ ဇဋိတာ ပဇာ။ တံ တံ ဂေါတမ ပုစ္ဆာမိ၊ ကော ဣမံ ၀ိဇဋယေ ဇဋံ။‘‘အရှင်ဘုရား၊ သတ္တဝါတွေမှာ အတွင်းကလည်း ရှုပ်၊ အပြင်ကလည်း ရှုပ်၊ အားလုံးဟာ အတွင်းရှုပ်၊ အပြင်ရှုပ်တွေနဲ့ ရှုပ်ယှက်ကို ခပ်နေတော့တာပဲဘုရား၊ တပည့်တော် မေးလျှောက်ပါရစေ၊ ဒီအရှုပ်တွေကို ဘယ်လိုပုဂ္ဂိုလ်များ ရှင်းနိုင်ပါ့မလဲဘုရား’’နတ်သားလျှောက်မည်ဆိုလည်း လျှောက်ချင်စရာပင်၊ တော်တော်ရှုပ်သည့် လောကကြီးပဲဟု ညည်းတွားယူရ မလောက်ဖြစ်သည်၊ စီးပွားရေးလောက၊ ကုန်သည်လောက၊ စာပေ လောက၊ အနုပညာလောက စသည်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသည့် အလုပ်အကိုင်ကို အခြေခံပြီး လောကတစ်ခုဟု သတ်မှတ် ခေါ်ဝေါ်ကြသည့် လောကတိုင်းမှာတော့ သူ့အရှုပ်နှင့်သူ ရှုပ်နေကြသည်က များသည်၊ အရှုပ်ကြီးနှင့် အရှုပ်လေးသာ ကွာလိမ့်မည်၊ တချို့က အတွင်းမှာပဲ ပတ်ရှုပ်၊ တချို့က အပြင်မှာပဲရှုပ်၊ တချို့က အတွင်းအပြင်ရော ရှုပ်သည်၊ ကိုယ့်အရှုပ်နှင့် ကိုယ်တော့ တစ်ခုမဟုတ် တစ်ခု ရှုပ်နေကြသည်က များသည်။
အရှုပ် အရှင်းကင်းသော နေရာဆိုတာ ရှိပါရဲ့လားဟုတောင် မေးယူရမလောက် ဖြစ်သည်။‘လူတစ်ခု ပူမှုရယ်က ဆယ်ကုဋေ’ ဟု ဆိုကြသော်လည်း တကယ့်လက်တွေ့က ဆယ်ကုဋေလည်း ကချင်မှ ကမည်။ ဆယ်ကုဋေကျော်သူတွေလည်း မနည်းမနောရှိလိမ့်မည်။လောဘ၊ ဒေါသမကင်းနိုင်ကြတော့ လောဘ၊ ဒေါသအလျောက် ပူကြရမည်၊ လောဘ၊ ဒေါသကြီးလေ ပိုပူလေ၊ ပူကြရမှာ တော့ မလွဲဧကန်ဖြစ်သည်။ မရှိဒုက္ခ၊ ရှိဒုက္ခမို့ မရှိသူကလည်း မရှိသည့်ဒုက္ခ၊ ရှိသူကလည်း ရှိသည့်ဒုက္ခ၊ တချို့ရှိသူက မရှိသူထက် ပို ဒုက္ခကြီးတာ၊ ပိုဒုက္ခရောက်တာကိုလည်း တွေ့ နေရသည်၊ အားလုံး ဒုက္ခမကင်းနိုင်ကြတော့ ပူတာကတော့ ပူကြရမည်။
လောဘဒေါသ သည် ပူပန်စေတတ်သလို ရှုပ်ထွေးလည်း ရှုပ် ထွေးစေတတ်သည်၊ ဘာကြောင့်ရှုပ်နေကြ သလဲဟု ကြည့်လိုက်တော့ လောဘ၊ ဒေါသ စသည့် ကိလေသာတွေကြောင့်ပဲ ရှုပ်နေကြရသည်။အစုရှိလျှင် အမှုရှိတာမို့ ဆွေမျိုးစု၊ လူ မျိုးစု စသည့် အစုတွေရှိနေလျှင် အမှုဆိုသည့် ပြဿနာအရှုပ်တွေကတော့ ရှိနေလိမ့်မည်။ဘုရားရှင်က မင်္ဂလသုတ်မှာ အနာကုလာ စ ကမ္မန္တာ- ‘မိမိတို့ အလုပ်တွေ မရှုပ်ခြင်း၊ တစ် နည်း မိမိတို့ ကာယကံ၊ ဝစီကံ၊ မနောကံတွေ မရှုပ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်’ ဟု မိန့်ခဲ့သည်။အလုပ်မရှုပ်ရ၊ အလုပ်ရှုပ်လျှင် အမင်္ဂလာ၊ အလုပ်ရှင်းမှ မင်္ဂလာဖြစ်သည်၊ စကားမရှုပ်ရ၊ စကားရှုပ်လျှင် အမင်္ဂလာ၊ စကားရှင်းမှ မင်္ဂလာဖြစ်သည်၊ စိတ်မရှုပ်ရ၊ စိတ်ရှုပ်လျှင် အမင်္ဂလာ၊ စိတ်ရှင်းမှ မင်္ဂလာ ဖြစ်သည်
။ဘယ်အရာမှ မရှုပ်စေနှင့်၊ ရှုပ်တာ မှန်သမျှ မင်္ဂလာမဟုတ်၊ အမင်္ဂလာသာဖြစ် သည်၊ အမှိုက်ရှုပ်နေလျှင်ကို ကျက်သရေ မင်္ဂလာ မရှိတော့၊ အမှိုက်ရှင်းနေမှ ကျက်သရေ မင်္ဂလာရှိသည်။မိမိတို့အလုပ်တွေ ပြီးသင့်သည့်အချိန် မပြီးပြတ်လျှင် တစ်ခုနှင့်တစ်ခု ရောထွေးယှက် တင် ရှုပ်ထွေးပွေလီ သွားလိမ့်မည်၊ မနက်ခင်း ပြီးရမည့် အလုပ်ကို မနက်ခင်း ပြီးအောင် လုပ်၊ နေ့ခင်းအလုပ်နှင့် ရောထွေးရှုပ်မသွားစေ နှင့်၊ နေ့ခင်းပြီးရမည့်အလုပ်ကို နေ့ခင်းပြီး အောင်လုပ်၊ ညနေခင်းအလုပ်နှင့် ရောထွေးရှုပ် မသွားစေနှင့်၊ ယနေ့ပြီးရမည့်အလုပ်ကို ယနေ့ ပြီးအောင်လုပ်၊ နောက်နေ့ ကူးမသွားစေနှင့်၊ မနက်ဖြန်အလုပ်နှင့် ရောထွေးရှုပ်မသွားစေ နှင့်၊ သက်ဆိုင်ရာအလုပ်တွေ သူ့အပိုင်းနှင့် သူ ပြီးအောင်၊ ပြတ်အောင်၊ ရှင်းအောင် လုပ် တာ မင်္ဂလာဖြစ်သည်၊ အလုပ်ဆိုတာ နိုင်ဝန် သာ ထမ်းရမည်၊ မနိုင်ဝန် မထမ်းရ၊ မနိုင်ဝန် ထမ်းလျှင် အလုပ်ရှုပ်တတ်သည်၊ ကျွမ်းကျင်မှ လိမ္မာဟုဆိုသည့်အတိုင်း ကိုယ်ကျွမ်းကျင် သည့် အလုပ်ကို လုပ်မှ လူလိမ္မာဖြစ်သည်၊ ကိုယ်မကျွမ်းကျင်သည့် အလုပ်ကိုလုပ်လျှင် အလုပ်ရှုပ်တတ်လို့ လူမိုက်ဖြစ်တတ်သည်။
တာဝန်တစ်ခုယူထားလျှင် ထိုတာဝန် ကို ကျေပွန်အောင် ထမ်းဆောင်ရမည်၊ တာ ဝန်မကျေလျှင် အလုပ်ရှုပ်တတ်သည်၊ အလုပ် ရှုပ်လျှင် အမင်္ဂလာဖြစ်သည်။ရိုးရှင်းဟုဆိုသည့်အတိုင်း ရိုးမှသာ ရှင်း သည်။ မရိုးလျှင် မရှင်း၊ ရိုးရိုးရှင်းရှင်းဟု ဆို သည့်အတိုင်း ရိုးရိုးသားသားလုပ်မှ ရှင်းရှင်း လင်းလင်းဖြစ်မည်။ မရိုးမသားလုပ်လျှင် ရှင်း ရှင်းလင်းလင်းမဖြစ်ဘဲ မရှင်းမလင်းနှင့် ရှုပ် ရှုပ်ယှက်ယှက်သာ ဖြစ်တော့မည်။ မရှင်း မလင်း ရှုပ်ရှုပ်ယှက်ယှက်ဆိုလျှင်တော့ အ မင်္ဂလာသာ ဖြစ်လိမ့်မည်။သံယောဇဉ်အမြှင်တန်း အရှင်ကန်း ဘယ်သူဖြတ်နိုင်ပါ့ဆိုသည့်အတိုင်း အများစု မှာ သံယောဇဉ်အမြှင်က တန်းနေတော့ မဖြတ် နိုင်ကြ၊ မဖြတ်နိုင်တော့ မပြတ်၊ မပြတ်တော့ မရှင်း၊ မရှင်းတော့ ရှုပ်ကုန်၏၊
တစ်လိမ်နှစ်လိမ် ပွေလိမ်ရှုပ် အမယ်ဘုတ် ရဲ့ သူ့ချည်ငင်ဆိုသလို အစရှာမရအောင် ရှုပ် ကုန်တော့သည်၊ ငါဆိုသော အတ္တဒိဋ္ဌိသံယော ဇဉ်၊ ငါ့ဟာဆိုသော လောဘတဏှာ သံယော ဇဉ်၊ ငါ့ဟာ လာမထိနှင့်ဆိုသော ဒေါသ သံ ယောဇဉ်၊ ငါပဲ ကောင်းစားချင်သော မစ္ဆရိယ သံယောဇဉ်၊ သံယောဇဉ်အမြှင်တွေက များ လွန်းတော့ အများစုက ရှင်ကန်းမဖြတ်နိုင်ကြ ဘဲ ဖြစ်နေ၏။ကြီးကျယ်ဆိုသည့်အတိုင်း အသက်ကြီး လာသည်နှင့်အမျှ သံယောဇဉ်နယ်ပယ်က ပိုပိုကျယ်ကျယ်လာ၏။ သံယောဇဉ်များလေ၊ သံယောဇဉ်ကြီးလေ ပိုပိုရှုပ်တော့သည်၊ သံ ယောဇဉ်တွေ၏ ရစ်ပတ်နှောင်ဖွဲ့မှုတွေက ပို ပိုများလေတော့ မစွန့်နိုင်၊ မလွှတ်နိုင်၊ မဖြတ် နိုင်၊ မပြတ်နိုင်နှင့် အမယ်ဘုတ်ဇာတ်ကြီးက မိုးမလင်းနိုင်တော့ချေ။ကိုယ်တာဝန်ယူလုပ်သည့် အလုပ်မှန် သမျှ ရှင်းအောင်၊ ပြတ်အောင်လုပ်၊ မရှုပ်စေ နှင့်၊ လူမှုရေးလည်း မရှုပ်နှင့်၊ စီးပွားရေးလည်း မရှုပ်နှင့်၊ ခြေလည်း မရှုပ်နှင့်၊ စကားလည်း မရှုပ်နှင့်၊ ပြဿနာလည်း မရှုပ်နှင့်၊ အမှိုက် လည်း မရှုပ်နှင့်၊ အရှုပ်မှန်သမျှ ဘယ်အရှုပ်မှ မကောင်း၊ မလိမ်မညာနှင့်၊ လိမ်ညာလျှင် စကားရှုပ်တတ်သည်၊ သွေးခွဲစကားမပြောနှင့်၊ သွေးခွဲစကားပြောလျှင် စကားရှုပ်တတ်သည်၊
ကြမ်းတမ်းသောစကားမပြောနှင့်၊ ကြမ်းတမ်း သော စကားပြောလျှင် စကားရှုပ်တတ်သည်၊ အသိမ်အဖျင်း၊ အတင်းအဖျင်းစကား မပြော နှင့်၊ အသိမ်အဖျင်း၊ အတင်းအဖျင်းပြောလျှင် စကားရှုပ်တတ်သည်။လူကောင်းတစ်ယောက်ဆိုတာ နေတော့လည်း ရိုးရိုးရှင်းရှင်းလေး နေသွားပြီး သေတော့လည်း ရိုးရိုးရှင်းရှင်းလေး သေသွားဖို့ အရေးကြီးသည်၊ နေတော့လည်း လိပ်ပြာသန့်သန့်နှင့် နေသွားပြီး သေတော့လည်း လိပ်ပြာသန့်သန့် နှင့် သေရမည်၊ အနေလည်း ရှင်း၊ သေလည်း ရှင်းမှ ကောင်းသည်၊ မသေခင်တော့ ရှင်း သင့်၊ ရှင်းထိုက်သော ကိုယ့်အရှုပ်တွေ အပြတ် ရှင်းထားမှ ဖြစ်မည်။
နတ်သားက ‘‘ဒီအတွင်းရှုပ်၊ အပြင်ရှုပ်တွေ ဘယ်သူများ ရှင်းနိုင်ပါ့မလဲ’’ ဟု ဘုရားကို လျှောက်တော့ ဘုရားက -သီလေ ပတိဋ္ဌာယ နရော သပညော၊ စိတ္တံ ပညဥ္စ ဘာဝယံ။ အာတာပီ နိပကော ဘိက္ခု၊ သော ဣမံ ၀ိဇဋယေ ဇဋံ။ဤသို့ ရှင်းပုံရှင်းနည်း ပေးထားခဲ့သည်။ဘုရားရှင်၏ ဤအဖြေဂါထားကိုပဲ အရှင်မဟာဗုဒ္ဓဃောသက အကျယ်ဖွင့်ဆိုလိုက်ရာ ၀ိသုဒ္ဓိမဂ်ကျမ်းကြီးတစ်ဆူ ဖြစ်လာသည်။ အကျယ်ကို သိလိုမူ ကျေးဇူးရှင် မဟာစည်ဆရာတော် ဘုရားကြီး၏ ၀ိပဿနာရှုနည်းကျမ်း နှစ်တွဲကို လေ့လာပါကုန်။အရှုပ်တွေကို ရှင်းလိုပါမူ သို့မဟုတ် သန့်ရှင်းစင်ကြယ်သော ဘဝကို ပိုင်ဆိုင်လိုပါမူ သပညော- ပင်ကိုဉာဏ်ရှိရမည်၊ သီလေ ပတိ ဋ္ဌာယ- သီလ၌ တည်ရှိရမည်၊ စိတ္တံ ပညဥ္စ ဘာဝယံ- စိတ်နေစိတ်ထား တိုးပွားစေရမည်။
အသိဉာဏ်ပညာကိုလည်း တိုးပွားစေရမည်။ အာတာပီ- အရှုပ်တွေ ရှင်းအောင် ကြိုးစားရမည်။ နိပကော- ရင့်ကျက်မှု ရှိရမည်၊ အရှုပ်တွေ ရှင်းဖို့ လိုအပ်ချက်က ခြောက်မျိုးရှိသည်။လူမှာ ပင်ကိုဉာဏ်ရှိဖို့ အရေးကြီးသည်။ စဉ်းစားတတ်၊ ဆင်ခြင်တတ်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်သော ပင်ကိုဉာဏ်ရှိရမည်။ ဒါက အရှုပ်တွေကိုရှင်းဖို့အတွက် ပထမ လိုအပ်ချက်ဖြစ်သည်။
လူမှာ ငါးပါးသီလလုံ လျှင်ကို ပြည့်စုံပါပြီ။ သူတစ်ပါးအသက်နှင့် ခန္ဓာကို မထိခိုက်စေနှင့်၊ သူတစ်ပါး အိုးအိမ် စည်းစိမ်ကို မထိခိုက်စေနှင့်၊ လူမှုရေးစည်းမ ဖောက်နှင့်၊ အိမ်ထောင်ရေး စည်းမဖောက်နှင့်၊ မလိမ်နှင့်၊ မညာနှင့်၊ မလှည့်စားနှင့်၊ မူးယစ် သေစာ၊ မူးယစ်ဆေးဝါးနှင့် လုံးဝမပတ်သက် စေနှင့်၊ ဒါဆိုလျှင် အရှုပ်တွေ ရှင်းပါလိမ့်မည်။ငါးပါးသီလလုံလျှင်ကို အရှုပ်တွေ ရှင်းနိုင်ပါသည်။ပါဏာတိပါတသိက္ခာပုဒ်အရ သူတစ်ပါးကို မညှဉ်းပန်းနှင့်၊ မနှိပ်စက်နှင့်၊ ချောက်မတွန်းနှင့်၊ ဒုက္ခမပေးနှင့်။အဒိန္နာဒါန သိက္ခာပုဒ်အရ သူတစ်ပါး ပိုင်ဆိုင်မှု၊ ပိုင်ဆိုင်ခွင့်၊ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်ကို မတော်မတရား မယူနှင့်၊ ယူဖို့ မကြိုးစားနှင့်၊ မောင်ပိုင်မစီးချင်နှင့်။ကျန်သိက္ခာပုဒ်သုံးခုက တော့ ရှင်းပါသည်။အရှုပ်တွေကို ရှင်းကြရာတွင် သုံးနှင့် လေး လိုအပ်ချက်က စိတ်ထားကို တိုးပွားစေရမည်၊ အသိဉာဏ်ကို တိုးပွားစေရမည်ဟု ဆိုသည်၊ ဒါကို အဋ္ဌကထာက သမာဓိနှင့် ၀ိပဿနာကို ပွားများရမည်ဟု ဖွင့်သည်၊ အဋ္ဌကထာက ရဟန္တာဖြစ်သည်အထိ ရည်ရွယ်၍ ဖွင့်ဆိုခြင်းပင်ဖြစ်သည်။
မိမိတို့နှင့် လက် လှမ်းမီသလောက် ဆိုရလျှင် မြင့်မြတ်သော စိတ်ထားသဘောထားနှင့် ဖြေရှင်းရမည်။သဘောထားကြီးကြီးထား၍ ဖြေရှင်းရမည်။ ဉာဏ်ပညာ ကြီးမားစွာဖြင့် ဖြေရှင်းရမည်။ငါးအချက်က အရှုပ်တွေကို ဖြေရှင်းရာမှာ အဋ္ဌကထာက ကိလေသာတို့ကို ပူပန်စေတတ်၊ လောင်မြိုက်တတ်သော ဝီရိယရှိရမည်ဟု ဆိုသည်၊ လက်လှမ်းမီသလောက် ပြောရလျှင် ရှုပ်စေတတ်သော အကြောင်းတရားတွေကို လက်တွေ့ကျကျ ပယ်ရှားပြီးတော့ ရှင်းလင်းရမည်၊ ဥပမာ အတ္တတွေ၊ မာနတွေကို လျှော့ရမည်၊ ရှင်းရမည်၊ တစ်ကိုယ်ကောင်းမဆန်နှင်၊့ တစ်ယူမသန်နှင့်၊ ခေါင်းမမာနှင့်၊ ထင်ရာမစိုင်းနှင့်၊ ဒါဆိုလျှင် အရှုပ်တွေ ရှင်းသွားလိမ့်မည်။နောက်ဆုံးအချက်က ရင့်ကျက်သော ပညာရှိရမည်၊ ရင့်ကျက်သော ပညာဟူသည် ကိစ္စအားလုံးကို ဦးဆောင်ဦးရွက် ပြုနိုင်သော ပါရိဟာရိကပညာဟု အဋ္ဌကထာက ဆိုသည်၊ မိမိတာဝန်ယူ ဆောင်ရွက်သော ကိစ္စရပ်တိုင်းကို မှန်မှန်ကန်ကန် သုံးသပ်၊ မှန်မှန်ကန်ကန် ဆုံးဖြတ်၊ မှန်မှန်ကန်ကန် ဦးဆောင်မှုပေးကာ၊ မှန်ကန်သော ပြီးမြောက်အောင်မြင်မှု တစ်ခု ရယူနိုင်သော ပညာကို ပါရိဟာရိက ပညာဟုခေါ်သည်၊
ဤပါရိဟာရိကပညာနှင့် ရှင်းလျှင် အရှုပ်ဟူသမျှ ရှင်းသွားပါလိမ့်မည်။လူတိုင်းမှာ လောဘဒေါသစသည့် ကိလေသာတွေ ရှိနေသမျှ အရှုပ်တွေ ရှိနေလိမ့်ဦးမည်၊ အရှုပ်တွေ ဘယ်လိုရှင်းကြမလဲ၊ အရှုပ်တွေရှင်းနည်း ဘုရားပေးထားခဲ့သည်၊ သီလ သမာဓိ ပညာ သိက္ခာသုံးပါးနှင့် ဖြေရှင်းရမည်၊ ထိုသို့ ဖြေရှင်းလျှင်ဖြင့် အရှုပ်ဟူသမျှ ရှင်းသွားပါလိမ့်မည်၊ မိမိတို့အရှုပ်တွေ မသေခင် ရှင်းထားနိုင်မှ တော်ကာကျမည်၊ အရှုပ်တွေ ရှင်းနိုင်မှ သန့်ရှင်းစင်ကြယ်မည်။
Writer: အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော် )
|
https://www.dhammaransi.com/index.php/new/349-2017-11-24-08-04-09.html
|
မိဘဂုဏ်(၁၂)ပါး
|
မြတ်စွာဘုရား ဟောကြားတော်မူခဲ့သောသောဏနန္ဒဇာတ်လာ
မိဘဂုဏ်(၁၂)ပါး.....
၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၄။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။
မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို
ထင်ရှားစေသော စာသားများဖြစ်သည်။ အချို့သော သားသမီး
တို့သည် မိဘကို ပစ်ပယ်၍ဘိုးဘွားရိပ်သာ သို့ပို့ထားကြသည်။
အချို ့သော သားသမီးများကမိဘတို့ကို စော်ကားကြသည်၊
ထိုသို့သာ သားသမီးများကမိဘကိုစော်ကားနေလျှင် ငရဲရောက်
မည်မှာ ဧကန်ဖြစ်သည်။ထိုသို့ မဖြစ်ရလေအောင် လူတိုင်း
သိရှိပြီးလိုက်နာနိုင်ရန်ရေးသားလိုက်ရပါသည်။
အထက်ပါစာသားများ၏ အကျယ်ရှင်းလင်းချက်မှာ......
၁။ သားသမီးအပေါ်တွင် ထာဝစဉ်မေတ္တာထားသောကြောင့်
ဗြဟ္မာ ဖြစ်ပါသည်....
၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေဟူ၍ သင်ကြား
ပြသပေးသောကြောင့်လက်ဦးဆရာ ဖြစ်သည်။
၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။
သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး
ထိုက်သောအာဟုနေယျ ပုဂ္ဂိုလ် ဖြစ်သည်။
၄။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင်တိုးတက်အောင်
စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။
၅။ သားသမီးမမွေးခင် ကတည်းကကြိုတင်ချစ်ခင်လွန်းသောကြောင့်
သုဟဒ ဟုမည်သည်။
၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သောမိခင်၏ ဂုဏ်ကို ဇနေတ္ထိ
ဟုခေါ်သည်။
၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။
၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သောမိခင်၏ဂုဏ်ကို ပေါသေန္တ
ဟုခေါ်သည်။
၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့်အာပါဒက
ဟုမည်သည်။
၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများသိသမျှ သားသမီး
များသိရအောင်ပြောပြသောကြောင့် ဒေဿတာရဟုခေါ်သည်။
၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင်ပြောသောကြောင့်
တောသယန္တိ ဂုဏ်မည်သည်။
၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကိုကိုယ် ကိုယ်တိုင်မသုံးရက် ၊
မစားရက်အောင် သားသမီး အတွက်ချန်ထားသောကြောင် ့ရသော
ဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။
မိဘဂုဏ်ကျေးဇူးကိုသိ၍ မိဘကျေးဇူးဆပ်တတ်သော သားကောင်း၊
သမီးမြတ်များဖြစ်ကြပါစေ...။
|
https://www.dhammaransi.com/index.php/new/350-2017-11-24-02-40-37.html
|
ငြိမ်းအေးသော ဘဝပိုင်ရှင်
|
ငြိမ်းအေးသော ဘဝပိုင်ရှင်
လူသားတိုင်း လူသားတိုင်း ကိုယ့်ဘဝကိုယ် ငြိမ်းအေးသောဘဝဖြစ်အောင် တည်ဆောက်ချင်ကြပါတယ်။ ငြိမ်းအေးသော ဘဝပိုင်ရှင် ဖြစ်ချင်တာဟာ လူသားတိုင်းရဲ ့ ကိုယ်စီကိုယ်င ရင်တွင်းဆန္ဒပါ။ ပူလောင်တဲ့ဘဝကို အလိုရှိတဲ့ လူသားရယ်လို့ လောကမှ တစ်ဥိီးတစ်ယောက်မှ ရှိမှာမဟုတ်ပါဘူး။
ငြိမ်းအေးသောဘဝပိုင်ရှင်ဖြစ်ချင်တိုင်း လူသားတွေရဲ ့ဘဝ ငြိမ်းအေးကြသလားဆိုတော့ မငြိမ်းအေးကြပါဘူး။ လူသားအများစုရဲ ့ ဘဝဟာ အနည်း
နဲ့အများဆိုသလို အမြဲတမ်းပူလောင်နေကြပါတယ်။ တချို ့လူသားတွေရဲ ့ ဘဝဆိုရင် ငြိမ်းအေးသောဘဝပိုင်ရှင်ဖြစ်ချင်တဲ့ ဆန္ဒရှိမှရှိပါ့မလားလို့ ထင်မှတ်ရလောက်အောင် ကိုယ်ကိုယ်တိုင် စိတ်လိုလက်ရ ဖန်တီးထားတဲ့ ပူလောင်မှုတွေနဲ့ အချိန်ပြည့် မီးဟုန်ဟုန်တောက်နေပါတယ်။
ကိုယ့်ဘဝရဲ ့ ပူလောင်မှု၊ ငြိမ်းအေးမှုကို ကိုယ့်စိတ်ကပဲ ဖန်တီးပါတယ်။ စိတ်ပူလောင်ရင် ဘဝပူလောင်ပြီး၊ စိတ်ငြိမ်းအေးရင် ဘဝငြိမ်းအေးပါတယ်။ ဘဝဆိုတာ စိတ်ရဲ ့ပုံ ရိပ်ပါ။ ဘဝဆိုတာ စိတ်ရဲ ့ ပုံတူရေး ပန်းချိီးကား တစ်ချပ်ပါ။
ငြိမ်းအေးသော ဘဝပိုင်ရှင်တစ်ယောက်ဖြစ်ဖို့အတွက် ပထမဆုံးနဲ့ အရေးအကြီးဆုံး၊ အဓိက ပဓာနအကျဆုံး အရည်အသွေးကတော့ “တဏှာကင်းစင်ခြင်း” ဆိုတဲ့ အရည်အသွေးပါပဲ။
ဒီနေရာမှာ တဏှာကင်းရင် ငြိမ်းအေးတယ်လို့ မြတ်စွာဘုရားက ရိုးရိုးလေးမဟောဘဲနဲ့ “ဝီတတဏှော ပုရာဘေဒါ= မသေခင်မှာ တဏှာကင်းရင် ငြိမ်းအေးတယ်”လို့ “မသေခင်=ပုရာဘေဒ” ဆိုတဲ့ စကားလုံးလေး အပိုထည့်ပြီးတော့ မိန့်ကြားတော်မူရခြင်းရဲ ့ အဓိပ္ပာယ်ကတော့ မြတ်စွာဘုရားရှင် ရဲ ့ တရားတော်ဟာ သေပြီးနောက် အကျိုးရနိုင်တဲ့ တရားမျိုးမဟုတ်ဘူး၊ မသေခင်ကာလမှာကို ချက်ချင်လက်ငင်း အကျိုးရနိုင်တဲ့ တရား၊ ဒီဘဝဒီခန္ဓာမှာကိုပဲ အကျိုးရနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ပြပါတယ်။
မသေခင်မှာ ကောင်းကျိုးရ၊ ချမ်းသာမယ့်တရား၊ အားကိုးထိုက်တဲ့တရားတော်တွေကို ညွှန်ကြားပြသတဲ့ မြတ်စွာဘုရားရှင်ဟာလည်း အင်မတန်မှ ကျေးဇူးတင်ထိုက်တဲ့ အတွက် “လောကသားတို့ရဲ ့ အနှိုင်းမဲ့ ကျေးဇူးရှင်” လို့ ဂုဏ်တင်ချိီးမွမ်းကြရပါတယ်။
တဏှာကင်းရင် ငြိမ်းအေးတယ်ဆိုတဲ့ စကားဟာ အင်မတန်ပြိီးပြည့်စုံတဲ့စကားဖြစ်တယ်။ တဏှာဆိုတာ တပ်မက်တယ်၊ သာယာတယ်၊စွဲလမ်းတယ်၊ လိုချင်တယ်၊ တောင့်တတယ်၊ ငြိကပ်တယ် စသည်ဖြင့် အမျိုးမျိုး အဓိပ္ပာယ်တွေနဲ့ ပြောဆိုနေကြတယ်။ ဒါပေမယ့် အဲဒီအဓိပ္ပာယ်ဟာ တဏှာဆိုတဲ့ စကားလုံးက တိုက်ရိုက်ထွက်လာတဲ့ အဓိပ္ပာယ်တွေမဟုတ်ဘူး။ တဏှာဆိုတဲ့ စကားလုံးက တိုက်ရိုက်ထွက်လာတဲ့ အဓိ်ပ္ပာယ်ကတော့ “တဿတိ ပရိတဿတီတိ တဏှာ”လို့ဆိုတဲ့ အတိုင်း ဆာတတ်တဲ့တရားကို တဏှာလို့ ခေါ်ပါတယ်။ တဏှာဆိုတဲ့ ပါဋ္ဌိစကားလုံးက “ဆာခြင်း”လို့ အဓိပ္ပာယ်ရတယ်။
မျက်စိက အဆင်းအာရုံအမျိုးမျိုးကိုဆာမယ်၊ နားက အသံအာရုံအမျိုးမျိုးကိုဆာမယ်၊ နှာခေါင်းက အနံ့အာရုံအမျိုးမျိုးကိုဆာမယ်၊ လျှာက အရသာအာရုံအမျိုးမျိုးကိုဆာမယ်၊ ကိုယ်ကလည်း အထိအတွေ့အာရုံ အမျိုးမျိုးကိုဆာမယ်၊ မနောလို့ခေါ်တဲ့ စိတ်ကလည်း အတွေးအကြံအာရုံအမျိုးမျိုးကိုဆာမယ်။ အဲဒီလိုအားဖြင့် အာရုံအမျိုးအစားကိုလိုက်ပြီးတော့ တဏှာခြောက်မျိုး ကွဲပြားသွားတယ်။
အဲဒီအာရုံအမျိုးမျိုးကို ဆာလောင်မွတ်သိပ်တဲ့ တဏှာကြောင့်ပဲ လူသားတွေ ဆင်းရဲ ဒုက္ခရောက်နေကြရခြင်း၊ ပူလောင်နေကြရခြင်းဖြစ်တယ်။
ဆာလောင်မွတ်သိပ်တဲ့ တဏှာကို အကြောင်းပြုပြီးတော့ အဆာပြေရာပြေကြောင်း အာရုံအမျိုးမျိုးကို ရှာဖွေပေးနေရတဲ့အတွက် “ပရိယေသနဒုက္ခ=ရှာဖွေခြင်းဆင်းရဲ”နဲ့လည်း လူသားတွေ ပင်ပန်းဆင်းရဲ နေကြတယ်။
ကိုယ်ရှာထားတဲ့အာရုံလေး ကိုယ်ဆာတဲ့အချိန် အဆင့်သင့်စားနိုင်ဖို့အတွက် မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ထားရတဲ့ “အာရက္ခဒုက္ခ=စောင့်ရှောက်ရခြင်းဆင်းရဲ” နဲ့လည်း လူသားတွေ ပင်ပန်းဆင်းရဲ နေကြတယ်။
ကိုယ်ဆာလောင်တဲ့အချိန် သုံးဆောင်စားသောက်ဖို့ ရှာထားတဲ့ အာရုံလေး ကိုယ်မသုံးဆောင်လိုက်ရခင် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားတဲ့အခါမှာလည်းပဲပျက်စီးသွားရလေခြင်း၊ မသုံးဆောင်လိုက်ရလေခြင်း ဆိုပြီးတော့ “၀ိပရိဏမဒုက္ခ=ပျက်စီးခြင်းဆင်းရဲ” နဲ့လည်း လူသားတွေ ပင်ပန်းဆင်းရဲ နေကြတယ်။
ပရိယေသနဒုက္ခ=အာရုံကို ရှာဖွေရတဲ့ဒုက္ခ
အာရက္ခဒုက္ခ=ရှာဖွေထားတဲ့ အာရုံတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ထားရတဲ့ ဒုက္ခ
၀ိပရိဏမဒုက္ခ=ရှာထား၊စုထား၊စောင့်ရှောက်ထားပါရက်နဲ့ အကြောင်းမညီညွတ်လို့ ဆုံးရှှုံးပျက်စီးသွားတဲ့အခါမှာ ကိုယ်စိတ်နှစ်ပါး ဆင်းရဲရတဲ့ ဒုက္ခ။
ဒီဒုက္ခသုံးမျိုးဟာ အာရုံတွေကို ဆာလောင်မွတ်သွပ်တဲ့ တဏှာရှိသူတိုင်းကို အမြဲဖိစီးနှိပ်စက်နေတဲ့ အခြေခံအကျဆုံး ဒုက္ခတွေပါပဲ။ အာရုံတစ်ခုကိုဆာတိုင်း အဲဒီအာရုံမှာ ဒီဒုက္ခသုံးမျိုး ၀ိုင်းပတ် ခြံရံနေတယ်ဆိုတာကို အမြဲသတိပြုရပါမယ်။
အဲဒီလိုအားဖြင့် အာရုံအမျိုးမျိုးကို ဆာလောင်တဲ့သဘော(တဏှာ)ကြောင့် လူသားတွေမှာ ဆင်းရဲဒုက္ခ တွေ ဖြစ်နေကြရတယ်။ ပူလောင်မှု၊ ပင်ပန်းမှုတွေ ဖြစ်နေကြရတယ်။ စိတ်ချမ်းသာမှု၊ စိတ်အေးချမ်းမှု မရကြဘူး။
မြတ်စွာဘုရားရှင်က တရားဂါထာတစ်ပုဒ်မှာ-
“တဏှာယ ဇာယတီ သောကော၊
တဏှာယ ဇာယတီ ဘယံ။
တဏှာယ ၀ိပ္ပမုတ္တဿ၊
နိတ္ထိ သောကော ကုတော ဘယံ။” လို့ ဟောကြားတော်မူပါတယ်။
ဆာလောင်တဲ့တဏှာကြောင့် ပူလောင်တဲ့ သောကဖြစ်ရတယ်။ ဆာလောင်တဲ့တဏှာကြောင့် ဆင်းရဲတဲ့ ဘေးဒုက္ခ ဖြစ်ရတယ်။ ဆာလောင်တဲ့တဏှာမှ လွတ်မြောက်သူ၊ တဏှာကင်းစင်သူမှာတော့ ပူလောင်တဲ့ သောကလည်း လုံးဝမရှိ၊ ဆင်းရဲတဲ့ ဘေးဒုက္ခလည်း လုံးဝမရှိ၊ ပကတိ ငြိမ်းအေးချမ်းသာလှပါတယ်။
တဏှာကင်းတဲ့ပုဂ္ဂိုလ်မှာ သောကဒုက္ခမှန်သမျှ ဘာမှမရှိတော့ဘူးဆိုလို့ တဏှာကနေရင်းထို်င်ရင်း အလိုအလျောက် ကင်းသွားရောလားလို့ မေးစရာပါပဲ။ နေရင်းထိုင်းရင်းနဲ့တော့ တဏှာက အလိုအလျောက် ကင်းမသွားနိုင်ပါဘူး။ တဏှာကင်းကြောင်းအကျင့်ကိုကျင့်မှ တဏှာက ကင်းသွားမှာပါ။ တဏှာကင်းကြောင်း အကျင့်က သုံးမျိုးရှိပါတယ်။ သီလအကျင့်၊ သမာဓိအကျင့်၊ ပညာအကျင့်လို့သုံးမျိုး၊ သီလ၊သမာဓိ၊ပညာ အကျင့်သုံးပါး၊ သိက္ခာသုံးပါးဟာ တဏှာကင်းကြောင်းအကျင့်ပါပဲ။
ငြိမ်းအေးသော ဘဝပိုင်ရှင်ဖြစ်လိုသူတိုင်းတဏှာကင်းကြောင်း အကျင့် သုံးပါးကို ကျင့်ကြံပွားများ အားထုတ်နိုင်ပြီး ငြိမ်းအေးချမ်းသာကြပါစေ…
မေတ္တာဖြင့််
အရှင်ဆန္ဒာဓိက ရဲ ့ “ ငြိမ်းအေးသော ဘဝပိုင်ရှင်” မှ ထုတ်နုတ် စာပြန်ကူးပြီး ဓမ္မဒါနပြုပါသည်။
Shared from Ma Monica Pyone
_____________________________________________________
"ငြိမ်းအေးသော ဘဝပိုင်ရှင်ဖြစ်ဖို့ "
ငြိမ်းအေးသော ဘဝပိုင်ရှင်ဖြစ်ဖို့ ပထမဆုံးနဲ့ အရေးကြီးဆုံး အရည်အသွေးက " တဏှာကင်းစင်ခြင်း " ဆိုတာပါပဲ ။
ငြိမ်းအေးချင်တဲ့ ပုဂ္ဂိုလ်ဟာ တဏှာကင်းရပါမယ် ။ တဏှာ နဲနဲကင်းရင် နဲနဲငြိမ်းအေးမယ် , တဏှာများများကင်းရင် များများ ငြိမ်းအေးမယ် ။ တဏှာလုံးဝ ကင်းရင်တော့ လုံးဝ ငြိမ်းအေးသွားပါပြီ ။
တဏှာဆိုတာ -
တက်မက်တယ် , သာယာတယ် , တောင့်တတယ် , ငြိကပ်တယ်
စသည်ဖြင့် အဓိပါယ်တွေနဲ့ ပြောဆိုကြတယ် ။ အဲဒီ အဓိပါယ်တွေက
သိလွယ် , မြင်လွယ်အောင် ပြောကြတဲ့စကားသာ ဖြစ်တယ် ။
တဏှာဆိုတဲ့ စကားလုံးက တိုက်ရိုက်ထွက်တဲ့ အဓိပါယ်က
ဆာတတ်တဲ့တရားကို တဏှာလို့ ခေါ်ပါတယ်။ ပါဠိစကားနဲ့ ဆာခြင်း လို့ အဓိပါယ် ရပါတယ် ။ ဆာလောင်မွတ်သပ်တဲ့ သဘောပါ ။
အဆင်း , အသံ , အနံ့ , အရသာ အာရုံအမျိုးမျိုးကို ဆာမယ် ,
အတွေးအကြံ အာရုံအမျိုးမျိုးကို ဆာမယ် ။ အဲလိုအားဖြင့် အာရုံ ခြောက်မျိုးကို ဆာလောင်တဲ့ သဘောကို " တဏှာ " လို့ ခေါ်ရပါတယ် ။
အာရုံအမျိုးမျိုးကို ဆာလောင်တဲ့ တဏှာကြောင့် လူသားတွေမှာ ဆင်းရဲဒုက္ခတွေ ဖြစ်ကြရတယ် ။ ပူလောင်မှု , ပင်ပမ်းမှု တွေ ဖြစ်တယ် ။ စိတ်အေးချမ်းမှု မရကြဘူး ။
------------------------------------
မြတ်စွာဘုရားရှင် လက်ထက်တုန်းက -
ပုဏ္ဏားကြီးတစ်ယောက် , လယ်ထွန်ဖို့ လယ်မြေထဲ အမှိုက်သရိုက်တွေ , ပေါင်းမြက်တွေ , ဆူးငြောင့်ခလုတ်တွေ ရှင်းလင်းနေတယ် ။
အဲဒီအချိန် မြတ်စွာဘုရားက ကြွသွားပြီး
" အို ပုဏ္ဏားကြီး ဘာလုပ်နေလဲ " ပုဏ္ဏားက
" အို ဂေါတမ ရဟန်း ကျွနု်ပ် လယ်ထွန်ဖို့အတွက် လယ်ရှင်းနေတာပါ "
" သြော် ဟုတ်လား " ဒီလောက်ပဲ ပြောပြီး မြတ်စွာဘုရားက ရှေ့ဆက်ကြွတယ် ။ ပုဏ္ဏားကြီးဟာ ဗုဒ္ဓဘာသာ မဟုတ်ဘူး ။
လယ်ထွန်တဲ့ အချိန် , စပါးကြဲတဲ့အချိန် , စပါးပင်လေးတွေ ပေါက်လာတဲ့ အချိန် , စပါးသီးနှံတွေ ဖွံ့ဖြိုးလာတဲ့အချိန် , ရင့်မှည့်လာတဲ့ အချိန် , အဲလိုအချိန်ပိုင်းလေးတွေမှာ ရက်လေးတွေ ခြားပြီး မြတ်စွာဘုရားက ကြွကြွသွားပြီး မေးတယ် ။
အဲလိုနဲ့ မနက်ဖြန် စပါးရိတ်တော့မယ့်အချိန် ဒီနေ့လိုညမှာ ပုဏ္ဏားကြီးက စိတ်ကူးယဉ်ပြီး ပီတိတွေ ဖြစ်တယ် ။
ရဟန်းဂေါတမဆိုတဲ့ ကိုယ်တော်ဟာ ခင်စရာကောင်းတဲ့ ပုဂ္ဂိုလ်ပဲ ။ မကြာမကြာ လာပြီး မေးတယ် ။ဘာသာ မယူဝါဒ မတူသော်လည်း ငါ့ရဲ့ ဝမ်းစာစပါးထဲက ခွဲပြီး ပေးဦးမှပဲ ။ အဲလို စိတ်ကူးယဉ်ပြီး ပျော်နေလိုက်တာ အိပ်တောင်မပျော်ဘူး ။
အဲဒီညမှာ အခါမဲ့မိုး ရွာသွန်းချလိုက်တဲ့အတွက် ပုဏ္ဏားကြီးရဲ့ လယ်ထဲက ရင့်မှည့်နေတဲ့ စပါးတွေဟာ ပျက်စီးကုန်တယ် ။
------------------------------------
ပုဏ္ဏားကြီးဟာ ထမင်းမစား ရေမသောက် တော့ဘူး ။တံခါးပိတ်ပြီးတော့ ရှိုက်ကြီးတငင် ငိုကြွေးတယ် ။ မျက်ရည်ဖြိုင်ဖြိုင်ကျပြီး စိတ်ဆင်းရဲမှု , ပူပင်သောကဒဏ်ကို အကြီးအကျယ် ခံရတယ် ။
အဲဒီအချိန် မြတ်စွာဘုရားရှင် ကြွသွားပြီးတော့ -
ပုဏ္ဏားကြီး သင်ဘာဖြစ်နေလဲ ?
ကျွနုပ်ရဲ့စိတ်တွေ အင်မတန် စိတ်ဆင်းရဲပြီး ပူလောင်နေတယ် ။
ဘယ်လို ဖြစ်လို့လဲ ?
ဒီလို ဆိုပြီး ဖြစ်ကြောင်းကုန်စင် ပြောပြတော့ ,
ပုဏ္ဏားကြီး သင်အခု ဖြစ်တဲ့ ဆင်းရဲဒုက္ခ ပူပန်မှုဟာ ဘာကြောင့် ဖြစ်တယ် ထင်သလဲ ?
အဲလို မေးတော့ နည်းနည်းစဉ်းစားတယ် , စပါးတွေ ရေမြှုပ်ပျက်စီးလို့ စိတ်ညစ်ရတယ် လို့ပဲ တွေးမိတယ် ။ မြတ်စွာဘုရား ဆိုလိုရင်း အကြောင်း သူမသိဘူး ။ ဒါကြောင့် -
ရဟန်း ဂါတမ ကျွနု်ပ်မသိဘူး , အမိန့်ရှိပါ ဆိုတဲ့အခါ
ပုဏ္ဏားကြီး သင်အခု ဆင်းရဲဒုက္ခ , ပူပန်သောက တွေ ဖြစ်ရတာ
တဏှာကြောင့် ဖြစ်ရတာ ။
ဒီစပါးတွေနဲ့ ဒီစပါးတွေကို ရောင်းချခြင်းကြောင့် ဖြစ်ပေါ်လာမယ့်
ရွှေ, ငွေ ရတနာတွေ အပေါ် စွဲလန်းတပ်မက်တဲ့ တဏှာကြောင့် အခုလို ဖြစ်ရခြင်း ဖြစ်တယ် ။
အဲဒီလို မိန့်တော်မူပြီး တရားဂါထာတစ်ပုဒ် ဟောကြားတော်မူတယ်။
- ဆာလောင်တဲ့ တဏှာကြောင့် ဆင်းရဲတဲ့ ဘေးဒုက္ခ ဖြစ်ရတယ်။
- ဆာလောင်တဲ့ တဏှာမှ လွတ်မြောက်သူ , တဏှာကင်းစင်သူမှာ
ပူလောင်တဲ့ သောက လုံးဝ မရှိဘူး ။ ဆင်းရဲတဲ့ ဘေးဒုက္ခလည်း မရှိ ။ ငြိမ်းအေးချမ်းသာလှပါတယ် တဲ့ ။
----------------------------
ဒီနေ့ခတ်မှာလည်း စီးပွားရေး လုပ်ငန်း လုပ်နေတဲ့ ပုဂ္ဂိုလ်တွေ
အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာနဲ့အဝှမ်း ဖြစ်နေတဲ့ အခြေအနေ
အကြပ်အတည်းတွေကြောင့် ကိုယ်လုပ်နေတဲ့ စီးပွားရေး အဆင်မပြေလို့ စိတ်ညစ်ကြတယ် ။ ပူပန်သောက ဖြစ်ကြတယ် ။
ဘယ်သူ့ကြောင့် , ဘယ်ဝါကြောင့် ဆိုပြီး တွေးမိတတ်ကြတယ် ။
လက်ညှိုးထိုးမိတတ်ကြတယ်။ အသိဉာဏ်ရှိတဲ့ သူတော်ကောင်းတွေကတော့ ပြသနာရဲ့ အရင်းအမြစ်ကို စီစစ်တတ်သူပီပီ -
"အော် ငါစီးပွားရေး အဆင်မပြေလို့ စိတ်ညစ်ရတာဟာ ဘယ်သူ့ကြောင့်မှ မဟုတ်ဘူး ။ တဏှာကြောင့်ပါလား ။ ဒီစီးပွားဥစ္စာတွေကြောင့် ဖြစ်ပေါ်လာမယ့် ခံစားမှုတွေ ဒါတွေအပေါ်မှာ ဆာလောင်မွတ်သိပ်တဲ့ တဏှာကြောင့် အခုလို စိတ်ညစ်ရတာ , ပူလောင်ရတာပါလား။
အဲလို တွေးလိုက်တော့
သူတပါးအပေါ် အပြစ်လည်း မတင်တော့ဘူး ။
ကိုယ့်စိတ်ထဲမှာလည်း သက်သာရာ ရသွားတယ် ။ ငြိမ်းအေးသွားတယ်။ တဏှာအဆာဓါတ် အထိုက်အလျောက် ပြေလျော့သွားတယ်။
ဆင်းရဲဒုက္ခအားလုံးဟာ " အဆာမပြေသမျှ တာရှည်ရဦမှာပါလား"
ဆိုတာ နက်နက်နဲနဲ သိလာတော့ -
ဆင်းရဲဒုက္ခအားလုံးရဲ့ အကြောင်းရင်း ဖြစ်တဲ့ တဏှာအဆာဓါတ်ကို ပယ်သတ်ရတဲ့ ကုသိုလ်ဆန္ဒတွေသာ ပေါ်လာတော့တယ် ။
"ဆရာတော် အရှင်ဆန္ဒာဓိက - ရွှေပါရမီတောရ "
( ငြိမ်းအေးသောဘဝပိုင်ရှင် ၊ စာ - ၂၂- ၂၈ ) မှ အကျဉ်းအား
ကောက်နုတ်ပူဇော်ပါ၏။
|
https://www.dhammaransi.com/index.php/new/351-2017-11-24-02-38-33.html
|
တို့ဗုဒ္ဓက သတိတစ်လုံးပဲဗျာ
|
နည်းလမ်းတွေ ဘယ်လောက်များများ တို့ဗုဒ္ဓက သတိတစ်လုံးပဲဗျာ။
ဘာလုပ်လုပ် လုပ်တဲ့အလုပ်ကို သတိနဲ့တွဲလုပ်။
အဲဒါ၀ိပဿနာဖြစ်သွားတာပဲ။
သတိနဲ့လုပ်တော့ ကိုယ့်စိတ်ကိုယ့်ဆီမှာရှိတယ်။
ရှိတော့ ကိုယ့်အကြောင်း ကိုယ်သိတာပဲ။
အဲဒါ ၀ိပဿနာဗျ။
ကိုယ်ထဲမှာ နှစ်သက်ရာကိုမှတ်။
တို့ ဘုရားတိုင်း ဘုရားတိုင်းမှတ်တာ နှာခေါင်းပဲ။
နှာခေါင်းမှာ ဝင်လေလေးဝင်တာထွက်တာကို စာလို ဝင်သက်ထွက်သက်ခေါ်တယ်ဗျာ။ အဲဒါ အသက်ပဲဗျာ။
လူတစ်ယောက်လုံးရဲ့အသက်ဟာ နှာခေါင်းမှာရှိတယ်။
ဝင်လေထွက်လေကိုပြောတာ။
ဒီနှာခေါင်းကနေထိုင်ပြီးမှတ်ရင် တစ်ကိုယ်
လုံးအကုန်သိတယ်ဗျာ။
စာလို ပင်တိုင်ကမ္မဋ္ဌာန်းလို့ ခေါ်တယ်။
ကျန်တဲ့အလုပ်တွေလုပ်ရင်းလည်း နှာခေါင်းဝကိုမှတ်ဗျာ။
ဝေဘူဆရာတော်ကြီးကဒီအတိုင်းမှတ်သွားတာဗျ။
မှတ်နိုင်ပါ့မလားဗျအဲဒါကျတော့ဗျာ။
မျက်စိကမြင်တဲ့အခါ ကြည့်စရာရှိရင် မျက်စိမှာ သတိချထားဗျာ။
နားကကြားတဲ့အခါမှာ နားထိပ်မှာ ချထားဗျာ။
သတိနဲ့သွားဗျာ။
တသက်လုံးလုပ်သွားဗျ။
ဘယ်တော့မှ မလွှတ်နဲ့ သိရုံသိသွားဗျာ။
တွေးတဲ့စိတ်ကတော့ တွေးမှာပဲ။
၀ိပဿနာဉာဏ်တွေဘယ်လောက်တက်တက်တွေးမှာပဲ။ စိတ်ကိုမနိုင်ရကောင်းလားဆိုပြီး ရန်မလုပ်ရဘူး။
လျှော့လည်းမလျှော့ရဘူး။
မှတ်စရာရှိတာသာမှတ်။
အမှတ်များရင်အတွေးက သူ့ဟာသူလျော့သွားလိမ့်မယ်။
လူတိုင်းလူတိုင်းဟာ မွေးကတည်းက အတွေးနဲ့မွေးလာတာ။
တစ်သက်လုံးလည်းအတွေးနဲ့နေတာ။
လုပ်စရာရှိလည်း အတွေးနဲ့လုပ်နေတာ။
အဲဒါ ထိုင်မှတ်တာ ခဏလေးရှိသေးတယ်။
ချက်ချင်းတော့ မရနိုင်သေးဘူး။
မှတ်အားကောင်းရင်သူ့ဟာ သူတက်သွားမှာပဲ။
ဘုရားဟောတဲ့အထဲမှာ သတိပဋ္ဌာန်ဆိုတာရှိတယ်။
အဲဒါ သတိပဋ္ဌာန်ခေါ်တယ်။
နှာခေါင်းမှတ်မှု ပင်တိုင်ထားပြီး တွေးတာနဲ့နှာခေါင်းနဲ့ ဘယ်ကို စိတ်ရောက်များလဲ။
တွေးတဲ့စိတ်ကိုအရောက်များရင် နှာခေါင်းမှတ်တာ ခဏလွှတ်လိုက် တွေးပြီးတာနဲ့ နှာခေါင်းပြန်မှတ်။
တစ်ခါနှာခေါင်းမှတ်ရင်း ခန္ဓာကိုယ်က နာလာမယ်ဆိုရင် နာတဲ့ဘက်စိတ်အရောက်များရင် နှာခေါင်းမှတ်တာကိုလွှတ်ပစ်ပြီး နာတာကိုမှတ်။
ပြီးမှနှာခေါင်းကိုပြန်မှတ်။
အသံကိုကြားလို့ ကြားတာဘက်စိတ်ရောက်တာများသွားလို့ရှိရင် နှာခေါင်းအမှတ်ကိုလွှတ်ပြီး ကြားတဲ့ဘက်ကို မှတ်။
ပြီးမှ နှာခေါင်းကိုပြန်မှတ်။
တို့ ရန်ကုန်ကတည်းက ဒီမေးတာတွေ အိမ်တွင်းရေးတွေက အစ မေးလျှောက်တာ
တွေ အဲဒါတွေ ဒိုင်ခံပြောလာတာ တစ်ယောက်ကစ တစ်ရာဆိုသလို ဖြစ်လာတယ်။ အဲဒီကတည်းက ကြောက်လာတာ။
တစ်ဦးပြောလိုက်ရင် တစ်တိုင်းပြည်လုံးကလာမှာ။ ဒီလောကီကိစ္စတွေကလျှောက်ရမှာမဟုတ်ဘူး။ တို့ဒီတောထဲကနေအာရုံပြုပေးနေတာပဲ။
တို့ရှုမှတ်နေတာဟာ ဒေါသကင်းနေတဲ့အတွက် မေတ္တာပဲ။
ဘုရားတို့ ရဟန္တာတို့ဆိုတာက ဘယ်သူဘယ်ဝါ ကျန်းမာပါစေလို့ တိုက်ရိုက်ပေးတာမဟုတ်ဘူး။
ရှုမှတ်နေတာဟာ ဓမ္မဓါတ်လှိုင်းပေးနေတာပဲ။
လ ဟာတစ်ကမ္ဘာလုံးသာနေတာပဲ။
မော့ကြည့်သူ ထွက်ကြည့်သူအေးတာပေါ့။
ကိုယ့်ဘက်က ယုံယုံကြည်ကြည်နဲ့ လထွက်ကြည့်သလို ထွက်ကြည့်နေရင် အကုန်ပြီးတယ်။
ထပ်ပြီးအဆစ်ပေးလိုက်ဦးမယ်။
သမာဓိ(၃)မျိုးရှိတယ်။တစ်ခါမှတ်တစ်ခါတည်ရင် ပထမ သမာဓိပဲ။
(၅)မိနစ် (၁၀)မိနစ်ကလေးတည်နေရင် အဲဒါဒုတိယ သမာဓိပဲ။ ၀ိပဿနာအထက်ပိုင်းရောက်ရင် စိတ်ကဘယ်မှမထွက်တော့ဘူး။
အဲဒါတတိယသမာဓိပဲ။
ထိုင်လို့ သတိမြဲနေပြီဆိုပါစို့။
သတိမြဲကြောင်းကိုနှာခေါင်းရှုရင် နှာခေါင်းမှာ လေနိမိတ်ပေါ်ရတယ်။
တို့တုန်းကဖောင်းပိန်မှတ်တော့ ဖောင်းနိမိတ် ပိန်နိမိတ် ပေါ်တာပေါ့။ စိတ်တည်ကြောင်းပြတဲ့နိမိတ်ခေါ်တယ်။
စက်များဆိုရင် ဘယ်နှစ်မိုင်ရောက်ရင် ဘယ်နှစ်မိုင်ရောက်ကြောင်းအချက်ပြသလို တို့ဒီမှာလည်း နှာခေါင်းမှတ်ရင်နှာခေါင်းအချက်ပြရှိတယ်။
အဲဒီလိုဖြစ်နေတဲ့အချိန်မှာ တို့သံသရာအဆက်ဆက်က ပါလာတဲ့ဉာဉ်နဲ့ ဒီကသတိနဲ့သွားတဲ့ဉာဏ်နဲ့ အဲဒီနေရာမှာ အတိုက်အခံ သွားလုပ်တော့ ဉာဉ်ဘက်က အာရုံဆန်းတွေပေါ်တတ်တယ်။
တခြားက လာပြီးပြတာမဟုတ်ဘူး။
စရိုက်လိုက်ပြီး ပေါ်တတ်တယ်။
ဒေါသကြီးသူ ဒေါသကြီးတဲ့အလျောက်ပြမှာ။
ရာဂကြီးတဲ့သူ ရာဂအလိုက်ပြမှာ။
လာချင်တာ လာမှတ်မှာပဲ။
အများဆုံးတွေ့ရတာက သမာဓိတည်ကြည်ခါစ ၀ိပဿနာဉာဏ်တက်တော့ စာလို
အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာမြင်ရတာကိုတို့ကအတ္တစွဲတာကိုး။
ဟိုက အနတ္တပြမှာ တို့က နိစ္စစွဲတာ။
ဟိုက အနိစ္စပြမှာ တို့က သုခလို့ထင်တာကို။
အဲဒီအချိန်မှာပေါ်တာပဲ။
သဒ္ဓါထက်သူကျတော့ ဘုရား ရဟန္တာတို့ပေါ်တယ်။
နတ်တို့ပေါ်တယ်။
ပေါ်ရုံတင်မက လာကိုပြောတာရှိတယ်။
မြင်ရုံမြင်တာပဲရှိတယ်။
အဲဒါကို ဘယ်ကိုမှမလိုက်ဘဲ ကိုယ့်ရှုကွက်ကို လက်မလွှတ်နဲ့။
အဲဒါဆိုရင် မှားစရာမရှိဘူး။
ကိုယ့်ရှု့ကွက်ကို လက်လွှတ်ပြီး အဲဒီနောက်သွားရင် လမ်းမှားပြီ။
တစ်ရက် နှစ်ရက်လောက်နဲ့တော့ မတွေ့နိုင်ဘူး။
သတိအားကောင်းမှ အတွေးမဝင်မှပေါ်တာ။
တို့ကိုယ်ခန္ဓာမှာ သွေးကလည်ပတ်နေတာ။
အတွေးနဲ့လည်တယ်။
သောကနဲ့လည်တယ်။
မာနနဲ့လည်တယ်။
အဲဒီအချိန်မှာတို့သွေးက မည်းနေတာ။
သွေးကမကြည်ဘူး။
နောက်နေတာ။
အဲဒီတော့ မှတ်ဟဲ့။
မှတ်ပါများတော့ အဲဒီစိတ်တွေမပါဘူး။
အတွေးမပါတော့ သွေးကြည်တာပေါ့လေ။
သွေးကြည်ပါများတော့ မှန်ကြည့်တော့ အရိပ်ပေါ်သလိုပေါ့လေ။ အဲဒီတော့မှနိမိတ်ပေါ်တာ။
တရားရအောင်လုပ်မယ်လို့ စိတ်ဘယ်တော့မှ မထားနဲ့။
ကြိုးစားချင်တဲ့စိတ်သာ ရှိရမယ်။
ရချင်တဲ့စိတ်မရှိရဘူး။
သူပြတဲ့နေရာကို ကြည့်နေရင် တရားက သူ့ဟာသူ ဇာတ်ကောင်တွေက ပြလာမှာ။
လိုချင်စိတ်နဲ့ကြည့်ရင် တွေ့ခဲတယ်။
စိတ်မပါလက်မပါကြည့်ရင် သွေးကမဲနေလို့မမြင်ရဘူး။
မရရအောင် မခံချင်စိတ်နဲ့လုပ်တော့ သွေးကမည်းတယ်။
အဲဒီတော့ မမြင်ရဘူးပေါ့။
အဲဒီတော့ တရားရှာတဲ့အခါ အဲဒီစိတ် (၃)စိတ်မပါရဘူး။
သတိနဲ့မှတ်တော့ ကိုယ်မမြင်ဖူးတဲ့ရှု့ကွက်တွေထဲက အရာတွေမြင်လိမ့်မယ်။ နှာသီးဝဆိုနှာသီးဝပေါ့။
လေရဲ့နိမိတ်တွေ လေတန်းတွေမြင်ချင်မြင်မှာပေါ့။
မြင်လာတော့ ယုံလာတယ်။
ခန္ဓာဖြစ်ပျက်မြင်လေလေ ယုံလေလေပဲ။
ဆရာသမားအပေါ်ယုံတာလည်း ဖြစ်နိုင်တယ်။
ဒီလိုယုံလာရင်သွေးကကြည်လာတာ။
ကြည်လာမှ ဒီဖြစ်ပျက်မြင်လာတာ။
ထိုင်မယ့်အချိန်မှာ သီလယူပါ။
သီလယူတယ်ဆိုတာ အရင်တုန်းကဟာတွေကို အဖြတ်ခိုင်းတာပဲ။
ဘာစည်းမှ ချဖို့မလိုဘူး။
ဘေးက အနှောင့်အယှက်မလုပ်နိုင်အောင် သာသနာတော်စောင့်နတ်တွေက စောင့်ရှောက်ပေးရတယ်။
ဆိုင်ရာနတ်တွေက စောင့်ရှောက်ပေးရမယ်။
သာသနာတော်စောင့်နတ်တွေက တာဝန်ယူပေးရတာ။
ဒါကြောင့် သီလယူရတာ။
ကိုယ်လုပ်ချင်တာကိုလုပ်၊ သတိလေးနဲ့လုပ်၊ သတိမပါရင် တို့ဉာဉ်ကခိုင်းတာလုပ်ရလိမ့်
မယ်။
သတိပါတော့ တို့ခိုင်းတာကို ဉာဉ်ကလုပ်ပေးရမှာ။
ဘုရားတရားအပေါ်မှာ ဖြည်ချုပ်ပြီး ဝယ်ရတာမရှိဘူး။
အောင့်ပြီးဖယ်ရတာမရှိဘူး။
အမှတ်မှတ်ရင်းနဲ့ နောက်တော့ သူ့ဟာသူသိသွားပြီး သတိက ဝယ်သွားတာ။ တို့ဝယ်တာမဟုတ်ဘူး။
သတိရှိရင် ဘုရားသားပဲ။
သတိမရှိရင် အလကားပဲ။
ဘုရားသားဖြစ်ချင်ရင် သတိရှိမှဖြစ်တာ။
တို့ဒကာဒကာမတွေ ကျမ်းမှာချမ်းသာကြပါစေ။
ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
|
https://www.dhammaransi.com/index.php/new/352-2017-11-21-14-07-33.html
|
စွန်းလွန်းဖြေကြား ဝိသုဒ္ဓိ (၇) ပါး
|
ဂြုပ်ပင်ဆရာတော်မှ စွန်းလွန်းဆရာ တော်အား ဝိသုဒ္ဓိခုနစ်ပါး ပြောပြပါဟု မေးရာတွင် တပည့်တော် က စာပေကျမ်းဂန် မတတ်မြောက် ခဲ့တဲ့အတွက် တပည့်တော်ဖြေတတ်သလို ဖြေပါ့မယ်ဘုရား ဟုလျှောက်ထားခဲ့၏။
=================================
၁။ တရားအားထုတ်သူတို့ဟာ ရှေးဦးစွာ ဘုရား ကန်တော့၊ မေတ္တာပို့၊ အမျှဝေပြီး လျှင် မိမိရဲ့ ခန္ဓာရုပ်နာမ် နှစ်ပါးကို အားထုတ်ဆဲအခါ အချိန်ကို မပိုင်းနဲ့။ မိမိစွမ်းနိုင်သမျှအားထုတ်၊ သမာဓိ ရလာတော့ ခန္ဓာကိုယ်ပေါ်မှာ ပူမှု၊ အေးမှုစတဲ့ ဝေဒနာတွေ ပေါ်လာလိမ့်မယ်။ ပေါ်လာတဲ့ဝေဒနာကို ရှုဆဲအခါ၌ မျက်စိကလည်း တောင်ကြည့်မြောက်ကြည့် မကြည့်တော့ဘူး။ ပါးစပ်ကလည်း စကားမပြောတော့ဘူး။ လက်က လည်း ကိုးရို့ကားယားမလုပ်တော့ဘူး။ အဲဒီတော့ စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ဃာနိန္ဒြေ၊ ဇီဝှန္ဒြေ၊ ကာယိန္ဒြေဆိုတဲ့ ဣန္ဒြေငါး ပါးလုံနေ တယ်။ အဲဒါသီလစင်ကြယ်နေတယ်။ သီလဝိသုဒ္ဓိလို့ခေါ်တယ်။
=================================
၂။ ဝေဒနာပေါ်မှာ စိတ်တည်နေတော့ စိတ်စင်ကြယ် တယ်။ အဲဒါ စိတ္တဝိသုဒ္ဓိ လို့ခေါ်တယ်။
=================================
၃။ သီလကလည်းစင်ကြယ်၊ စိတ်ကလည်း စင်ကြယ်တော့ မှန်တာမြင်တာပေါ့။ အဲသလို မြင်ရတော့ ငါ့မှာ ခြေလည်းမရှိ၊ လက်လည်းမရှိ၊ ကိုယ် လည်းမရှိ၊ ဦးခေါင်းလည်းမရှိ၊ ခန္ဓာကိုယ် ကြီး သုဉ်းသွားတယ်။ အဲသည်တော့ အမြင်စင် ကြယ်တယ်။ အဲဒါ ဒိဋ္ဌိဝိသုဒ္ဓိလို့ခေါ်တယ်။
=================================
၄။ အဲသလိုမြင်ရတော့ ဟုတ်ပါပေတယ်၊ မှန်ပါ ပေတယ်လို့ ဘုရားကို ယုံကြည်ခြင်းဖြစ်လာ တယ်။ ယုံမှားသံသယကင်းသွားတယ်။ အဲဒါ ကင်္ခါဝိတရဏဝိသုဒ္ဓိလို့ ခေါ်တယ်။
=================================
၅။ အဲဒီလိုုမြင်တွေ့ရတော့ ဝမ်းသာတာပေါ့။ ခန္ဓာ ကိုယ်ပေါ်မှာ ဝေဒနာတွေချုပ်ပြီးအေးနေတယ်။ အဲဒါ အန္တရာယ် (၁၀) ပါးထဲမှာ နစ်ပြီးတွယ်နေ တာပေါ့။ အဲသလို တွယ်နေရာမှ "ငါ့ဟာမဟုတ်ပါ ဘူး"ဆိုပြီး ခန္ဓာကိုယ်ပေါ်ကို အာရုံပြန်ပြီး ထိန်းလိုက် တယ်။ အဲဒါ မဂ္ဂါ မဂ္ဂ ဉာဏဒဿနဝိသုဒ္ဓိလို့ ခေါ်တယ်။
=================================
၆။ အဲသလို ခန္ဓာပေါ်သို့ အာရုံရောက် လာတော့ ဝေဒနာ တွေပြန်ပြီးပေါ်လာတယ်။ အာရုံက အထက်လွန်သွားလိုက် အောက်ပြန်ကျသွား လိုက်နဲ့ ဖြစ်နေတယ်။ မဇ္ဈိမပဋိပဒါ မကျသေး ဘူး။ ဇောကိုတင်ပြီး တဖြည်းဖြည်းချလာတော့ မဇ္ဈိမပဋိပဒါ ကျသွားရော။ အဲဒါ ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိလို့ ခေါ်တယ်။
=================================
၇။ အဲသလို ပဋိပဒါလည်းကျသွားရော သေနတ်ကို ယမ်းတောင့်ထည့်ပြီး စိတ်က ကိုင်ဖြုတ်လိုက် သလို "ဒင်း"ဆို ပြတ်သွားပါရော။ အဲဒါ ဉာဏဒဿန ဝိသုဒ္ဓိလို့ ခေါ်တယ်။
=================================
စွန်းလွန်းဆရာတော်
ဓမ္မာစရိယဦးဌေးလှိုင် (၅၆၆)
|
https://www.dhammaransi.com/index.php/new/353-2017-11-21-11-48-29.html
|
ဘယ်အချိန် ဘာအကြောင်းနဲ့မှ သရဏဂုံမမေ့နဲ
|
ခေတ်ကြီးက မကောင်းတော့ဘူးနော်
လူတွေက လောဘ ဒေါသ မောဟတွေဖုံးလွမ်းနေပြီး
လုဖို့ ရိုက်ဖို့ သတ်ဖို့ ဝန်မလေးကြတော့ဘူး...
မိန်းခလေးတွေအတွက်က ပိုအန္တရယ်ကြီးတာပေါ့...
အဲ့ဒီတော့ကိုယ့်မှာလုံခြုံဖို့ မလိုအပ်ပေဘူးလား.....
မခက်ပါဘူးနော် စွဲစွဲမြဲမြဲလုပ်ဖို့ပဲလိုတာပါ။
သရဏဂုံတမျိုးထဲသာ တချိန်လုံးသတိရတိုငး်ရွတ်ပါ နှလုံးသွင်း
ကြပါ၊ တခုမေးကြတာက မကောင်းတာတခုခုလုပ်နေချိန်
မှာကော ရွတ်လို့ရပါသလားတဲ့?
ရပါတယ် ရွတ်ပါ၊ ယုံယုံကြည်ကြည်နဲ့ရွတ်ပါ
မလုပ်တာထက်စာရင် အကျိုးကျေးဇူးအလွန်ကြီးပါတယ်၊
အိမ်သာထဲရောက်နေလို့ နောက်ဆုံး ကာမအမှု
ဟိုဒင်းပြုနေတဲ့အချိန်မှာတောင်
သတိရကောင်း ရွတ်ဆိုကောင်းပါတယ်။
သာဓကအနေနဲ့..
မြတ်စွာဘုရားရှင်ရဲ့ကျောင်းအမကြီးဖြစ်သူ ဝိသာခါကျောင်း
အမကြိးဟာ ဘုရားကိုကြည်ညိုလွန်းတော့ အိမ်သူလင်
ယောက်ကျားနဲ့ ကာမအမှုပြုကြတဲ့ အချိန်မှာတောင် မြတ်စွာ
ဘုရားကို သတိရကြည်ညိုမိသတ၊ဲ့ သူစိးုရိမ်တာက အပြစ်ဖြစ်
နိုင်မလားပေါ့၊
ဒါနဲ့မြတ်စွာဘုရားကို လျျော်ထားမေးမြန်ခဲ့တယ်လေ...
" အရှင်ဘုရား တပည့်တော်မသည် အရှင်ဘုရားကို
မေထုန်အမှုပြုသည့်အချိန်မှာပင် သတိရကြည်ညိုမိသည်မှာ
အပြစ်ရှိ/ဖြစ်ပါသလားလို့လျျောက်ထားရာ၊
မြတ်စွာဘုရားက..
ချစ်သမိးဝိသာခါ ငါဘုရားအား ဘယ်ချိန်ခါမဆို သတိရခြင်း
သည် မြတ်၏" လို့ဖြေကြားတော်မှုခဲ့တဲ့အတွက်....
အချိန်မရွေးရွတ်ကြပါ သတိရကြပါ၊
ဘယ်လိုအန္တယ်အပေါင်းမှ မကျရောက်နိုင်တဲ့အပြင်
မျက်နှာမြင်ချစ်ခင်ပါစေ အသံကြားသနားပါစေလို့
ဆုတောင်းစရာမလိုအောင် ပြည့်စုံပီး အခြားသော
လိုရာဆန္ဒတွေနဲ့ပြည့်စုံကြရမှာဖြစ်လို့ မေတ္တာ စေတနာနဲ့
တိုက်တွန်းနိုးဆော်လိုက်ပါတယ်....
လက်ရှိလုပ်နေတဲ့ သား/သမီးတွေကို ဝမ်းသာစွာ
သာဓုခေါ်သလို မလုပ်ဖြစ်သေးတဲ့ သား/သမီးတို့လည်း
လုပ်ကြပါလို့ တို်က်တွန်းချင်ပါတယ်နော်.......
သရဏဂုံ ကိုယ်လုံးခြုံ လုံကြပါစေ.....
|
https://www.dhammaransi.com/index.php/new/354-2017-11-21-11-44-26.html
|
သရဏဂုံတစ်ခဏ နတ်ပြည်တစ်ဘဝ
|
နေက တဖြည်းဖြည်းမြင့်လာပြီဖြစ်တဲ့အတွက် ကျွနု်ပ်ကိုယ်မှာ ချွေးသံတွေတရွှဲရွှဲဖြစ်လို့လာသည်။ နောက်ထပ် နှစ်မိုင်လောက်လျှောက်လိုက်လျှင်တော့ ရှေ့တည့်တည့်မှ မြင်နေရသော တောအုပ်ကို ရောက်ပေလိမ့်မည်။ ထိုတောအုပ်ရောက်မှပဲ အမောအပန်းဖြေကာ ပါလာသောရိက္ခာထုပ်ကိုစားတော့မည်ဟူသော အတွေးဖြင့်အသွားနှုန်းကို အနည်းငယ်မြှင့်တင်လိုက်မိသည် ။
ကျွနု်ပ်၏ အမည်က ဆတ္တ ၊ ဘာသာက ဗြာဟ္မဏ (ဟိန္ဒူ) ဘာသာ ၊ ဇာတိက သေတဗျမြို့ ၊ ယခုသွားနေသည်က တက္ကသိုလ်ပြည်က ဒိသာပါမောက္ခဆရာကြီးထံ ပညာသင်ခ အသပြာတစ်ထောင်ပူဇော်ရန် တောအုပ်လေးထဲရောက်ခါနီး မိုင်ဝက်လောက်အလိုတွင် လွင်တီးခေါင်၌ စင်္ကြလျှောက်နေသော အသက်ကြီးကြီး ရဟန်းတစ်ပါးကို တွေ့လိုက်ရသည် ။
ဘာသာချင်းမတူသည်မို့ မသိချင်ယောင်ဆောင်ကာ ဆက်လျှောက်သွားမည် အပြုတွင် -
"ချစ်သား ဆတ္တ ၊ အဘယ်အရပ်သို့ ခရီးဆက်မလို့ပါလဲ" ဟူေသော အကျွန်ုပ်ရဲ့အမည်ကို ခေါ်ပြီး နှုတ်ဆက်မေးမြန်းလိုက်တဲ့ အသံကြောင့် ခေတ္တရပ်ပြီး ပြန်လည်ဖြေကြားရပါတော့တယ်။ တောအုပ်ထဲ မြန်မြန်ရောက်ချင်နေတာဆိုတော့ စိတ်ကတော့ တိုချင်ချင်ပဲ။
"တက္ကသိုလ်က ဒိသာပါမောက္ခဆရာကြီးကို ဉာဏ်ပူဇော်ခ ကန်တော့ရအောင် သွားမလို့ပါ ရဟန်းကြီး"
"သင် - ချစ်သားအတွက် အပန်းမကြီးဘူးဆိုရင် ငါဘုရားထံမှာ သရဏဂုံသုံးပါး ဆောက်တည်သွားပါလား"
သြော် - လက်စသတ်တော့ ဂေါတမဗုဒ္ဓကိုယ်တော် ဖြစ်နေပါလား ၊ ဘုရားဆိုရင် ကုဋေများစွာတန်တဲ့ ကျောင်းတိုက်ကြီးမှာ သူဌေးတွေ ဘုရင်တွေရဲ့ အကိုးအကွယ်ခံပြီး အေးအေးဆေးဆေးနေမယ်ထင်နေတာ အခုတော့ ဒီလိုမဟုတ်ပါလား။
လူသူမရှိတဲ့ တောကြီးမျက်မည်းထဲထိလာပြီး သာသနာပြုရှာပါလား ၊ ပြီးတော့ ကျွနု်ပ်ထင်ထားတာက သူ့အယူဝါဒကိုလက်ခံတဲ့ ဗုဒ္ဓဘာသာတွေလောက်သာ မေတ္တာကရုဏာ ထားမယ်ထင်တာ ၊ အခုတော့ ဒီလိုမဟုတ်ဘဲ ဘာသာခြားဖြစ်တဲ့ ကျွနု်ပ်လိုသာမာန်ပုဂ္ဂိုလ်တစ်ယောက် အပေါ်မှာတောင် မေတ္တာကရုဏာထားပြီး လာရောက်နှုတ်ဆက်မေးမြန်းတရားဟောရှာပါလားဆိုတဲ့ အတွေးကြောင့် လေးစားရိုသေတဲ့စိတ်တွေ အလိုလိုပေါ်လာပြီး ကျွနု်ပ်ခြေထောက်တွေ အလိုလိုဒူးထောက်ပြီးသား ဖြစ်သွားတယ်။
ဘာသာခြားဖြစ်တော့ သရဏဂုံကို ချက်ချင်းမဆောက်တည်သေးဘဲ နည်းနည်းတော့ စောဒက တက်လိုက်မိသေးတယ်။
"အရှင်ဂေါတမ - အဲသလို သရဏဂုံ တည်ဆောက်တဲ့အတွက် ကျွနု်ပ်မှာ ဘယ်လိုကောင်းကျိုးတွေ ခံစားလာနိုင်ပါသလဲ"
"ချစ်သား ဆတ္တ - ချစ်သားကို ငါဘုရား ပြန်မေးပါ့မယ် ၊ သင်ချစ်သား သဘောပေါက်သလို ဖြေနိုင်ပါတယ် ၊ သင်ချစ်သား ဘယ်အသက်အရွယ်မှာ သေမယ်လို့ ကြိုတင်သိပါသလား"
"မသိနိုင်ပါ အရှင်ဘုရား"
"ဘယ်အနာရောဂါနဲ့ သေရမယ်ဆိုတာရော ကြိုတင်သိနိုင်ပါသလား"
"မသိနိုင်ပါ အရှင်ဂေါတမ"
"နံနက် ၊ နေ့လယ် ၊ ည ဘယ်ကာလမှာ သေမယ်လို့ရော ကြိုတင်သိနိုင်ပါသလား"
"မသိနိုင်ပါ အရှင်ဂေါတမ"
"သေပြီးနောက် ဘယ်သချႋုူင်းမှာ သ င်္ဂြိုဟ်မယ်ဆိုတာရော ကြိုသိနိုင်ပါသလား"
"မသိနိုင်ပါ အရှင်ဂေါတမ"
"သေပြီးနောက် ဘယ်ဘုံရောက်မယ်လို့ရော ကြိုတင်သိနိုင်ပါသလား"
"မသိနိုင်ပါ အရှင်ဂေါတမ"
"ချစ်သားဆတ္တ - ပုထုဇဉ်မှန်သမျှ အဲဒီအခြင်းအရာ ငါးမျိုးကို ဘယ်သူမှ ကြိုတင်ပြီးမသိနိုင်ပါဘူး ၊ အကယ်၍ အသင်ချစ်သားအနေနဲ့ ငါဘုရားထံမှာ သရဏဂုံသုံးပါး ဆောက်တည်ပြီးလို့ အဲဒီသရဏဂုံမြဲသွားပြီဆိုရင်တော့ ဘယ်ချိန်ချိန်သေသေ ပုထုဇဉ်တိုင်းကြောက်ရွံတဲ့ အပါယ်လေးဘုံ မရောက်တော့ဘူး"
"အို - သရဏဂုံဆိုတာ သံသရာအတွက်ပါ အားကိုးရတဲ့ တရားကြီးပါလား ၊ ကျွနု်ပ်သိပ်ပြီးတော့ အားရဝမ်းသာဖြစ်သွားပါတယ်။ ပြီးတော့ မြတ်စွာဘုရားက ဒီတောနက်ကြီးထဲထိရောက်အောင်ကြွပြီး ကျွနု်ပ်လို သာမန်
ဘာသာခြားတစ်ယောက်ကို တရားဟောတယ်ဆိုတာ ထူးခြားတဲ့အကြောင်းတစ်ခုရှိရမယ်ဆိုတာတော့ ကျွနု်ပ် သေသေချာချာ သတိထားလိုက်မိပါတယ်။
ဒါ့ကြောင့်လည်း ကျွနု်ပ်ဘုရားရှင်ထံမှာ သရဏဂုံသုံးပါးကို လေးလေးစားစား ဆောက်တည်ပြီး ဗုဒ္ဓဘာသာအဖြစ်ကိုခံယူလိုက်ပါတယ်။ ပြီးတော့ ကျွန်ုပ်တို့ လူမျိုးတွေရဲ့ အဆုံးအမစကားလေး တစ်ခုရှိတယ် ၊ အဲဒီစကားလေးက -
"အလုပ်တစ်ခုကို အတ္တဟိတလား ၊ ပရဟိတလားဆိုတာ ခွဲခြားသိချင်ရင် အဲဒီအလုပ်အပေါ်မှာ မေတ္တာစေတနာ ဘယ်လောက်ပါသလဲ ဆိုတဲ့ ပေတံနဲ့ပဲတိုင်းတာရမယ်" တဲ့။
အခု ရှင်တော်မြတ်ဘုရားကိုယ်တိုင် ဒီတောနက်ကြီးထဲထိ ကြွလာပြီး တရားဟောတယ်ဆိုကတည်းက ကျွနု်ပ်အပေါ်မှာထားတဲ့ မေတ္တာစေတနာထုထည် ဘယ်လောက်ထိ ကြီးမားတယ်ဆိုတာ ထင်ရှားနေပါပြီ။ ကိုယ့်ဘာသာဝင်ဦးရေ တိုးပွားရုံသက်သက် ကတော့ မြို့ပေါ်မှာ အသားကျနေပြီး ဆွဲဆောင်လဲဖြစ်တာပဲ မဟုတ်ပါလား။
နောက်တစ်ချက်က ဗုဒ္ဓရဲ့မျက်နှာတော်မှာထင်နေတဲ့ မေတ္တာကရုဏာ စေတနာဟာ ဘာသာလူမျိုး မခွဲခြားဘူးဆိုတာ ကျွန်ုပ်ရင်ထဲက အလိုလိုသိနေတယ်လေ။ ကြည်ညိုသပ္ပာယ်စရာကောင်းလှတဲ့ ဗုဒ္ဓရဲ့မျက်နှာတော်ကို အားရပါးရ ဖူးမျှော်ကန်တော့ပြီး ကျွနု်ပ်ရဲ့ရှေ့ခရီးကို ဆက်ခဲ့ရပါပြီ။ ဗုဒ္ဓရှင်တော်လဲ မိုင်ပေါင်းများစွာဝေးတဲ့ ဇေတဝန်ရွှေကျောင်းကို ပြန်ကြွတော်မူခဲ့ပြီပေါ့။
ကျွနု်ပ်နားဖို့ရည်ရွယ်ထားတဲ့ တောအုပ်အစပ်ကို ဝင်လိုက်တယ်ဆိုရင်ပဲ ဗုဒ္ဓရှင်တော်မြတ် ကျွနု်ပ်ဆီကို ဘာကြောင့် ကြွလာရတယ်ဆိုတဲ့အဖြေကို ကျွန်ုပ်သိလိုက်ရပါပြီ။ တခြားဟုတ်ပါရိုးလား ၊ ကျွန်ုပ်လာမယ့်သတင်းကို ကြိုရထားတဲ့ ခိုးသားဓားပြငါးရားတို့ ကျွနု်ပ်ကိုမြင်တာနဲ့ တပြိုင်နက် အဆိပ်လူးမြှားတွေနဲ့ ဝိုင်းပြစ်လိုက်ကြတာ ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဓမ္မံ သရဏံ ဂစ္ဆာမိ ။
သံဃံ သရဏံ ဂစ္ဆာမိ ။
လို့ သရဏဂုံဆောက်တည်ရင်းပဲ ကျွန်ုပ်ဆတ္တတစ်ယောက် ဝိညာဉ်စဲလို့ သေပွဲဝင်ခဲ့ရပါပြီကော။ ဒါပေမယ့် ကျွနု်ပ်ဝမ်းမနည်းမိဘူး ၊ ဘာကြောင့်လဲဆိုတော့ ငွေတစ်ကျပ်ဆုံးရှုံးရပေမယ့် ကုဋေပေါင်းများစွာ ပြန်ရတဲ့လူတစ်ယောက်လို လူ့ဘဝကဆုံးရှုံးသွားရပေမယ့် သေခါနီးမှာကပ်ပြီး ဆောက်တည်ခဲ့တဲ့ သရဏဂုံကုသိုလ်ကြောင့် လူ့သက်နဲ့ဆိုရင် နှစ်ပေါင်း သုံးကုဋေနဲ့ အနှစ်ခြောက်သန်းအသက်ရှည်တဲ့ တာဝတိံသာနတ်ပြည်ကို ရောက်ခဲ့ရလို့ပဲ။ ကျွနု်ပ်လို ဘာသာခြားတစ်ယောက်ကိုတောင် သေခါနီးလေးမှာကပ်ပြီး ဆောက်တည်တဲ့ သရဏဂုံကုသိုလ်က တာဝတိံသာနတ်ပြည်ထိ ပို့ပေးနိုင်ရင် နေ့တိုင်းသရဏဂုံဆောက်တည်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေကတော့ ကျွနု်ပ်ထက်သာလွန်တဲ့ နတ်ဘုံတွေကို ရောက်မှာပဲလို့ ခဏခဏတွေးကြည့်နေမိတာပါပဲ။
မှတ်ချက်။ ။ ဝိမာနဝတ္ထုအဋ္ဌကထာ ၊ ဆတ္တမာဏဝ ဝတ္ထုကို မှီငြမ်းပြု ရေးဖွဲ့ပါသည်။
BTNR မှ ဆရာတော်အရှင်ဇဝန ( မေတ္တာရှင် - ရွှေပြည်သာ ) ၏ သရဏဂုံအစွမ်းအံ့မခန်းဖြစ်ရပ်ဆန်းများ စာအုပ်မှ ကူးယူဖော်ပြပူဇော်ခြင်း ဖြစ်ပါသည် ။
|
https://www.dhammaransi.com/index.php/new/355-2017-11-21-11-43-30.html
|
သရဏဂုံဆိုတာ
|
သရဏဂုံဆိုတာ
════════════
သရဏဂုံ တည်သူသည် ဗုဒ္ဓဘာသာဝင်၊ ဗုဒ္ဓသာသနာဝင် ဖြစ်သည်။
သရဏဂုံအဓိပါယ်
══════════
ပါဠိဘာသာ သရဏဂမနကို မြန်မာလို သရဏဂုံ ဟုခေါ်သည်။
သရဏ = ကိုးကွယ်ရာ၊ အားကိုးရာ၊ အားထားရာ။
ဂမန = ယုံကြည်ဆည်းကပ်ခြင်း။
မြတ်စွာဘုရားသည် အားကိုးရာ သရဏ။
မြတ်စွာဘုရား၏ တရားတော်သည် အားကိုးရာ သရဏ။
သံဃာတော် အပေါင်းသည် အားကိုးရာ သရဏ။
လူတို့ အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်ခြင်းသည် ဂမန = ဂုံ။
ထို့ကြောင့် ဘုရား၊ တရား၊ သံဃာ၊ ရတနာ သုံးပါးကို အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်ခြင်းကို သရဏ ဂမန = သရဏဂုံ သုံးပါး ဟု ခေါ်သည်။
မြတ်စွာဘုရားကို အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်လျှင် ဗုဒ္ဓသရဏဂုံ တည်သည်။
မြတ်စွာဘုရား၏ တရားတော်ကို အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်လျှင် ဓမ္မသရဏဂုံ တည်သည်။
သံဃာတော် အပေါင်းကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်လျှင် သံဃသရဏဂုံ တည်သည်။
သရဏဂုံ တည်သူသည် ဗုဒ္ဓဘာသာဝင်၊ ဗုဒ္ဓသာသနာဝင် ဖြစ်သည်။
ဆောင်ပုဒ်
══════
ရတနာသုံးဖြာ၊ အားကိုးရာဟု၊ ဆည်းကပ်ပြု၊ ခေါ်မှု သရဏဂုံ။
သရဏဂုံ သုံးပါး၊ တည်သူများ၊ ရငြား ချမ်းသာစုံ။
ရှိခိုးတိုင်း သရဏဂုံ မဖြစ်
-------------------------------
မည်သည့် ပုဂ္ဂိုလ်ကို မဆို ရှိခိုးတိုင်း သရဏဂုံ မဖြစ်၊ ယုံကြည်ဆည်းကပ်မှု မဟုတ်။ သီလ သမာဓိ ပညာ ကိုယ်ကျင့်တရားတို့နှင့် ပြည့်စုံ၍ မြင့်မြတ်သော ပုဂ္ဂိုလ်အဖြစ်ဖြင့် ရှိခိုးမှသာ သရဏဂုံ ဖြစ်သည်။ ယုံကြည် ဆည်းကပ်မှု ဖြစ်သည်။
ဆွေမျိုးဖြစ်၍ ရှိခိုးခြင်း
ကြောက်၍ ရှိခိုးခြင်း
ဆရာဖြစ်၍ ရှိခိုးခြင်း
ဤ ရှိခိုးခြင်းများသည် သရဏဂုံ မဖြစ်။ မြတ်စွာဘုရားကိုပင် ဆွေမျိုးဖြစ်၍ ရှိခိုးလျှင် သရဏဂုံ မဖြစ်ပေ။
(ဒီ-ဋ္ဌ ၁၊ ၂၀၇)
ဆောင်ပုဒ်
══════
ဆွေမျိုးအဖြစ်၊ ရှိခိုးလစ်၊ မဖြစ် သရဏဂုံ။
ကြောက်ရသူအဖြစ်၊ ရှိခိုးလစ်၊ မဖြစ် သရဏဂုံ။
ဆရာအဖြစ်၊ ရှိခိုးလစ်၊ မဖြစ် သရဏဂုံ။
ပုဂ္ဂိုလ်မြတ်ဟူ၊ ရှိခိုးမူ၊ ရယူ သရဏဂုံ။
သရဏဂုံ တည်က၊ ပါယ်လေးဝ၊ လားရ မရှိကုန်။
ရှိခိုးသော်လည်း သရဏဂုံမပျက်
--------------------------------------
ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်သဖြင့် သရဏဂုံတည်နေသော ဗုဒ္ဓဘာသာဝင် တယောက်သည် တခြားဘာသာမှ ဘုရား ဆိုသူများ၊ ဘုန်းကြီး ဆိုသူများကို ဆွေမျိုးဖြစ်ခြင်း၊ ဆရာဖြစ်ခြင်းကြောင့် ရှိခိုးသော်လည်း တည်ပြီးသားသရဏဂုံ မပျက်။ မြင့်မြတ်သောပုဂ္ဂိုလ်ဟု ယူဆ၍ ရှိခိုးမှသာ သရဏဂုံ ပျက်သည်။
(ဒီ-ဋ္ဌ ၁၊ ၂၀၇)
သရဏဂုံ ညစ်နွမ်းခြင်း ၄ မျိုး
════════════════
ရတနာသုံးပါး၏ ဂုဏ်ကို မသိလျှင် ဖြစ်စေ
အသိမှားလျှင် ဖြစ်စေ
ယုံမှား သံသယ ရှိလျှင် ဖြစ်စေ
ရတနာ သုံးပါးကို မရိုသေလျှင် ဖြစ်စေ သရဏဂုံ ညစ်နွမ်း၏။ သရဏဂုံ ညစ်နွမ်းလျှင် ကြီးကျယ် ဖွံ့ဖြိုးသော ကောင်းကျိုးကို မရနိုင်ပေ။
(ခုဒ္ဒကပါဋ္ဌ-ဋ္ဌ၊ ၇)
ဆောင်ပုဒ်
═══════
ဘာသာတပါး၊ ကိုးကွယ်ငြား၊ ပျက်ပြား သရဏဂုံ။
သေဆုံးလေငြား၊ ထိုသူအား၊ ပျက်ပြား သရဏဂုံ။
သရဏဂုံ မတည်နိုင်သူ
═════════════
သရဏဂုံ တည်နေသူသည် တခြားဘာသာကို ပြောင်းလဲ ကိုးကွယ်မှုမပြုသမျှ မသေမချင်း သူ့ သန္တာန်၌ သရဏဂုံ တည်နေ၏။ သေလျှင်ကား သရဏဂုံ ပျက်သွားပေပြီ။ သေပြီးနောက် စိတ်မရှိတော့သော ဥတုဇ ရုပ်အလောင်း၌မူ သရဏဂုံ မတည်နိုင်ပေ။ စိတ်သည်လည်း ဥတုဇ ရုပ်ကြွင်းအနီး၌ မရှိတော့ပဲ နောက် တဘဝ၌ ဖြစ်ပျက် အစဉ်အတိုင်း ဖြစ်လျက် နေလေပြီ။
သရဏဂုံ ၂ မျိုး
════════
ပုထုဇဉ် ပုဂ္ဂိုလ်တို့၏ သန္တာန်၌ ယုံကြည်ဆည်းကပ်မှုဖြင့် တည်သော လောကီသရဏဂုံ၊ အရိယာတို့၏ သန္တာန်၌ မဂ်ဉာဏ်နှင့် အတူတကွဖြစ်သည်လာသော လောကုတ္တရာ သရဏဂုံ ဟု ၂ မျိုး ရှိ၏။ လောကီ သရဏဂုံသည် ညစ်လည်း ညစ်နွမ်း နိုင်၏။ ပျက်လည်း ပျက်စီးနိုင်၏။ လောကုတ္တရာ သရဏဂုံ သည် ညစ်လည်း မညစ်နွမ်း၊ ပျက်လည်း မပျက်စီးပေ။ (ခုဒ္ဒကပါဋ္ဌ-ဋ္ဌ၊ ၇)
သရဏဂုံ အကျိုး
═════════
သရဏဂုံ တည်လျှင် ဘဝကောင်း ဘဝမွန်တွေကို ရခြင်း၊ စည်းစိမ် ဥစ္စာပြည့်စုံခြင်းမှ စ၍ ဆင်းရဲခပ်သိမ်း ငြိမ်းသည်အထိ ကောင်းကျိုးချမ်းသာကို ရရှိနိုင်၏။
နတ်ဖြစ်ရသော တံငါသည်
═══════════════
ရှေးက သီဟိုဠ်ကျွန်း၌ မဓုအင်္ဂဏ ရွာတွင် တမီလ် လူမျိုး တံငါသည် တယောက် ရှိ၏။ သူသည် နှစ်ပေါင်း ငါးဆယ်တိုင်တိုင် တံငါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြီးနောက် အိုမင်းမစွမ်း ဖြစ်သောအခါ ရောဂါ နှိပ်စက်၍ အိပ်ရာထက်၌ လဲလျောင်း နေရ၏။
ရဟန်းတော်တစ်ပါးသည် ထို တံငါသည်နှင့် သိကျွမ်းသဖြင့် သေခါနီး တံငါသည်မှာ အနည်းငယ် မျှပင် ထောက်တည်ရာ ရစေတော့ ဆိုသော သဘောဖြင့် သူ့အိမ်သို့ ကြွသွား၏။ အိမ်သို့ ရောက်သောအခါ လူမမာ တံငါသည်ကို သရဏဂုံ ဆောက်တည် စေ၏။ တံငါသည်သည် သေဘေးကို ကြောက်သဖြင့် သရဏဂုံကို လိုလိုလားလား ခံယူ ဆောက်တည်၏။ ရဟန်းတော်က ဆက်လက်၍ ငါးပါးသီလ တိုင်ပေးသောအခါ လူမမာမှာ မေးခိုင်သွား၍ လိုက်မဆိုနိုင်တော့ပေ။
ရဟန်းတော်က သင့်လောက်ပြီဟု ဆိုကာ ကျောင်းသို့ ပြန်ကြွသွား၏။ မကြာမီပင် တံငါသည် ကွယ်လွန်၍ စတုမဟာရာဇ် နတ်ပြည်၌ နတ်စည်းစိမ်ချမ်းသာကို ခံစားရ၏။
ဤတံငါသည် နှစ်ပေါင်းငါးဆယ် ပြုလုပ်ခဲ့သော ပါဏာတိပါတ ( အာစိဏ္ဏကံ ) အကုသိုလ်ကို သေခါနီးမှ ပြုရသော ( အာသန္နကံ ) သရဏဂုံ ကုသိုလ်က တားမြစ်လိုက်ကာ ကောင်းကျိုးချမ်းသာကို ပေးခြင်းဖြစ်သည်။ ( အံ-ဋ္ဌ ၂၊ ၁၀၇ )
၇ နှစ်သား ရဟန်းကလေး
═══════════════
ဝိပဿီ မြတ်စွာဘုရား လက်ထက်တော်အခါက ဆင်းရဲသော သူငယ်တယောက်သည် မျက်မမြင် မိဘ နှစ်ပါးကို ရိုသေစွာလုပ်ကျွေး ပြုစုလျက် နေ၏။ ဆင်းရဲလှသဖြင့် ဒါန စသော ကုသိုလ်များကို မပြုနိုင်ပဲ အဂ္ဂသာဝက တပါး ဖြစ်သော နိသဘမထေရ် ထံ၌ သရဏဂုံကိုသာ ခံယူဆောက်တည်လျက် အသက်ထက်ဆုံး နေထိုင်ခဲ့၏။ ထိုသူငယ် ကွယ်လွန်သောအခါ နတ်ပြည်၌ ဖြစ်ရ၏။
နောက်နောက် ဘဝများတွင်လည်း လူ့ချမ်းသာ၊ နတ်ချမ်းသာ တို့ကိုသာ လှည့်လည် ခံစားပြီးနောက် ဂေါတမ မြတ်စွာဘုရား ပွင့်တော်မူသော အခါ၌ သာဝတ္ထိပြည်တွင် သဌေးသား ဖြစ်လာ၏။ ပါရမီဓာတ်ခံ ပြည့်သူဖြစ်၍ အဖော်ကလေးများနှင့်အတူ ဇေတဝန် ကျောင်းတော်သို့ သွားရခြင်းကို အလွန် နှစ်သက်၏။
ရဟန္တာဖြစ်ပြီ တနေ့တွင် ဇေတဝန်ကျောင်းတော်သို့ သွားကြရာ ရဟန်းတော်တပါးက ကလေးများကို သရဏဂုံ ခံယူဆောက်တည် စေ၏။ သရဏဂုံ ဆောက်တည်ပြီးနောက် အဆိုပါ ကလေးငယ်သည် ရှေးဘဝက မိမိ တသက်လုံး သရဏဂုံ တည်ခဲ့သည်ကို ပြန်လည် သတိရ ဆင်ခြင်မိ၍ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိတွေ အတိုင်းမသိ ဖြစ်ပေါ်လေ၏။ ထိုပီတိကို ဝိပဿနာ ရှုသောအခါ ခဏချင်းပင် ဝိပဿနာ ဉာဏ်တွေ ရင့်ကျက်၍ အရဟတ္တ မဂ်ဉာဏ်၊ အရဟတ္တ ဖိုလ်ဉာဏ်အထိ ရရှိပြီးလျှင် ရဟန္တာ အဖြစ်သို့ ရောက်ကာ ကိလေသာဆင်းရဲ လုံးဝ ငြိမ်းစဲ လေတော့၏။ (အပ-ဋ္ဌ ၂၊ ၃၉)
သာသနာတော်၌ အသက် ၂၀ ပြည့်မှ ရဟန်းပြုခွင့် ရှိသော်လည်း ဤ ရဟန္တာကလေးကိုမူ မြတ်စွာဘုရားသည် အသက် ၇ နှစ်မှာပင် ရဟန်း ပြုပေးလေသည်။
သရဏဂုံတည်ခြင်း၏ အကျိုးတရားကား ကြီးမားလှ၏။
သရဏဂုံ အမှားများ
════════════
ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးမှ တပါး တခြားတရား တခြား အရာကို မိမိတို့ ဆင်းရဲကို ငြိမ်းပေးနိုင်သည်ဟု ထင်မှတ်ကာ အားကိုးရာ အနေဖြင့် ယုံကြည် ဆည်းကပ် ကိုးကွယ်လျှင် မှားယွင်းသော ယုံကြည် အားကိုးမှု၊ မှားယွင်းသော ကိုကွယ်မှုသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုတရား ထိုအရာတို့၌ ဆင်းရဲငြိမ်းကြောင်း အကျင့်ကောင်း အကျင့်မှန် မရှိကြသောကြောင့်ပင်။
မြတ်စွာဘုရား လက်ထက်တော် အခါက အဂ္ဂိဒတ္တ ရသေ့ကြီးနှင့် တပည့် တသောင်းတို့သည် သစ်ပင်၊ တော၊ တောင်၊ သစ်သီး ဥယျာဉ်၊ ပန်း ဥယျာဉ်၊ နတ်ကွန်းတွေကို ကိုးကွယ်နေကြ၏။
မြတ်စွာဘုရားက သူတို့ ကိုးကွယ်နေကြသည်မှာ မှားယွင်းသော ကိုးကွယ်မှုတွေ ဖြစ်ကြောင်း၊ ဆင်းရဲကို မငြိမ်းစေနိုင်ကြောင်း၊ ရတနာသုံးပါးကို ယုံကြည် ကိုးကွယ်မှသာလျှင် အမှန်တရား လေးပါးကို သိ၍ ဆင်းရဲငြိမ်းစေနိုင်ကြောင်း ဟောကြားလျက် လမ်းမှန်ကို ပြပေးရ၏။ ထိုအခါမှ ပင် အဂ္ဂိဒတ္တနှင့် တပည့်အားလုံး အသိမှန် အမြင်မှန် ရကာ ရဟန္တာ ဖြစ်သွားကြ၏။ ( ဓမ္မ-ဋ္ဌ ၂၊ ၁၅၉ )
အမှားအမှန် ဝေဖန်နည်း မြတ်စွာဘုရား သက်တော် ၈၀ ပြည့်သည့်ည ပရိနိဗ္ဗာန် စံခါနီး၌ ကုသိနာရုံပြည် အင်ကြင်းဥယျာဉ်ကြီး အတွင်းဝယ် ကိုးကွယ်ရာ ဘာသာအယူဝါဒ အမှား အမှန် ဝေဖန် ရွေးချယ်နိုင်ရန် သုဘဒ္ဒပရိဗိုဇ် အား အောက်ပါ သဘောတရားကို ဟောကြားတော် မူခဲ့၏။
မဂ္ဂင်ရှစ်ပါး ကျင့်စဉ်ပါသော ဘာသာအယူဝါဒ သည်သာလျှင် ကိလေသာကို ငြိမ်းစေ၏။ ကိလေသာ ငြိမ်းမှ ဆင်းရဲငြိမ်း၏။ ဆင်းရဲငြိမ်းမှ မှန်ကန်သော ဘာသာအယူဝါဒ၊ မှန်ကန်သော ကိုးကွယ်ရာ ဖြစ်၏။
မဂ္ဂင်ရှစ်ပါး ကျင့်စဉ်မပါသော ဘာသာအယူဝါဒသည် ကိလေသာကို မငြိမ်းစေနိုင်။ ထို့ကြေင့် ဆင်းရဲကို မငြိမ်းနိုင်သဖြင့် မှန်ကန်သော ဘာသာ အယူဝါဒ မဟုတ်၊ မှန်ကန်သော ကိုးကွယ်ရာ မဟုတ်။
ထို့ကြောင့် မဂ္ဂင်ရှစ်ပါးကို အားထားကိုးကွယ်ရာ သရဏ = ဘာသာအယူဝါဒ မှန် မမှန် ခွဲခြား ဝေဖန်ရန် ဘာသာရေးစံ၊ သာသနာရေး မှတ်ကျောက် အဖြစ် မှတ်ယူ သင့်ပေသည်။
အကျင့်လမ်းမှန် မဂ္ဂင်ရှစ်တန်
════════════════
ပညာမဂ္ဂင် ၂ ပါး
----------------------
သမ္မာဒိဋ္ဌိ = မှန်စွာ သိမြင်မှု
သမ္မာသင်္ကပ္ပ = မှန်စွာ ကြံစည်မှု
သီလမဂ္ဂင် ၃ ပါး
--------------------
သမ္မာဝါစာ = မှန်စွာ ပြောဆိုမှု
သမ္မာကမ္မန္တ = မှန်စွာ ပြုလုပ်မှု
သမ္မာအာဇီဝ = မှန်စွာ အသက်မွေးမှု
သမာဓိမဂ္ဂင် ၃ ပါး
----------------------
သမ္မာဝါယာမ = မှန်စွာ ကြိုးစားအားထုတ်မှု
သမ္မာသတိ = မှန်စွာ သတိရမှု
သမ္မာသမာဓိ = မှန်စွာ စူးစိုက်တည်ငြိမ်မှု
ဆောင်ပုဒ်
══════
ရွေးချယ်ကြ
--------------
ဘာသာဝါဒ၊ ရွေးချယ်ကြ၊ မှန်မှ ကျိုးများသည်။
အယူဝါဒ၊ မှားယွင်းက၊ မုချ ကျိုးနည်းမည်။
အမှား အမှန်၊ ရွေးချယ်ရန်၊ စံမှန် ရှိရမည်။
မှတ်ကျောက်မှာတင်၊ စံမှာယှဉ်၊ ရွေးလျှင် မမှားပြီ။
မှတ်ကျောက်နှင့် စံ
----------------------
မဂ္ဂင်ရှစ်တန်၊ စံကောင်းမှန်၊ တင်ရန် မှတ်ကျောက် ဖြစ်ပေသည်။
ရှစ်ဖြာမဂ္ဂင်၊ ဘောင်မဝင်၊ ကျင့်စဉ် မှားလှသည်။
ရှစ်ဖြာမဂ္ဂင်၊ ဘောင်၌ဝင်၊ ကျင့်စဉ် မှန်လှသည်။
ကျင့်စဉ် မှန်မှ၊ ယူဝါဒ၊ ဒုက္ခ ငြိမ်းစေသည်။
ဒုက္ခ ငြိမ်းမှ၊ ထိုဝါဒ၊ မုချ စစ်မှန်သည်။
ဆင်းရဲ ငြိမ်းသူနှင့် မငြိမ်းသူ
--------------------------------
မဂ္ဂင်ရှစ်ထွေ၊ ကျင့်သူတွေ၊ ကိလေ ငြိမ်းကြသည်။
ကိလေ ငြိမ်းမှ၊ ဝဋ်ဒုက္ခ၊ မုချ ငြိမ်းပေသည်။
မဂ္ဂင်ရှစ်ထွေ၊ မကျင့်ပေ၊ ကိလေ မငြိမ်းပြီ။
ကိလေ မငြိမ်း၊ ဆင်းရဲကိန်း၊ အေးငြိမ်းချမ်းသာ မရှိပြီ။
ချမ်းသာမဆောင်၊ တရားယောင်၊ ဝေးအောင် ရှောင်ရမည်။
စစ်မှန်သော ဘာသာဝါဒ
------------------------------
ဗုဒ္ဓသာသနာ၊ မဂ်ရှစ်ဖြာ၊ သေချာ ရှိပေသည်။
ရှစ်မဂ္ဂင်ပွါး၊ ကိလေများ၊ ငြိမ်းသွား ချမ်းသာသည်။
ထို့ကြောင့် ဗုဒ္ဓ၊ ယူဝါဒ၊ မုချ စစ်မှန်သည်။
ကြုံကြိုက်ခဲစွာ၊ သာသနာ၊ ကြုံလာ ရပေသည်။
ကြုံလာသော်လဲ၊ သင်ယူလွဲ၊ သင်ပဲ ဆင်းရဲမည်။
မလွဲစေချင်၊ ရှစ်မဂ္ဂင်၊ တွင်တွင် ပွါးရမည်။
မဂ္ဂင်ပွါးလျှင်၊ ကိလေစင်၊ ပြေးဝင် နိဗ္ဗာန်ပြည်။
မဂ္ဂင်ရှစ်ပါး
-------------
သိမှန် ကြံမှန်၊ ပြောပြု မှန်နှင့်၊ ကောင်းမှန် သက်မွေး၊ ဖြူစင်ဖွေး၍၊ မှန်ရေး ကြိုးစား၊ မှန်ငြားသတိ၊ သမာဓိဟု၊ ဤသည့် ရှစ်ဖြာ၊ ကျင့်စဉ်ပါမူ၊ ဘာသာဝါဒ၊ ဝဋ်ဒုက္ခ၊ မုချ ငြိမ်းစေသည်။
ဥပါသကာ ဥပါသိကာ
════════════
စစ်မှန်သော အားကိုးရာ ကိုးကွယ်ရာ ဖြစ်သည့် ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်သော အမျိုးသားကို ဥပါသကာ၊ အမျိုးသမီးကို ဥပါသိကာ ဟု ခေါ်သည်။
ဥပါသကာ = ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်သူ အမျိုးသား။
ဥပါသိကာ = ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်သူ အမျိုးသမီး။
ဆောင်ပုဒ်
══════
ရတနာသုံးရပ်၊ မြဲဆည်းကပ်မူ၊ ထိုသည့်သူ၊ မှတ်ယူ ဥပါသကာ။
ဥပါသကာ၏ သီလ ဥပါသကာ ဥပါသိကာ တို့သည် ( ၁ ) လက်နက်၊ ( ၂ ) လူ၊ ( ၃ ) သားငါး၊ ( ၄ ) အရက်သေစာ၊ ( ၅ ) အဆိပ် တို့ကို ရောင်းဝယ် ကုန်သွယ်ခြင်း မပြုရ။ ဤငါးမျိုးကို မိစ္ဆာဝဏိဇ္ဇာ = အပြစ် မကင်းသော ကုန်သွယ်မှု ဟု ခေါ်သည်။
ဤ မိစ္ဆာဝဏိဇ္ဇာနှင့် ကာယ ဒုစရိုက် ၃ ပါး၊ ဝစီ ဒုစရိုက် ၄ ပါးကို ရှောင်ကြဉ်၍ အသက် မွေးဝမ်းကျောင်း ပြုလျှင် ဥပါသက အာဇီဝ ပြည့်စုံ စင်ကြယ်တော့သည်။
|
https://www.dhammaransi.com/index.php/new/356-2017-11-21-11-12-38.html
|
ဝိပဿနာ စတင် အားထုတ်
|
တစ်ကြိမ်တစ်ခါမှ တရားအားမထုတ်ဘူးတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ဝိပဿနာကို ခုမှ စတင်လေ့လာပြီး တရားအားထုတ်တော့မယ်၊ ခုမှစပြီး
တရား စထိုင်တော့မယ် ဆိုရင်တော့ ...
"ငါ.. ဖြစ်မှ ဖြစ်ပါ့မလား "
ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်လေ့ ဖြစ်ထ ရှိကြပါတယ်။အထူးသဖြင့် လူအများနဲ့ ရိပ်သာဝင်ကြတဲ့ တရာစခန်းတွေမှာပေါ့နော်။
အဲဒီလို လုံးဝတရားအားမထုတ်ဘူးတဲ့ ဓမ္မမိတ်ဆွေတို့ကို ရှေးဦးစွာ အသိပေးလိုတာကတော့ ဝိပဿနာ ဆိုတာဟာ ဉာဏ်နဲ ့လုပ်ရတဲ့ "ဉာဏ်အလုပ်" သာ ဖြစ်တဲ့အတွက် စဉ်းစားတတ်တဲ့ "ဉာဏ်" ရှိရင် ဝိပဿနာ အားထုတ်ဖို ့အတွက် ပြည့်စုံနေတဲ့ သူ ဖြစ်နေပါပြီ လို ့အသိပေးလိုက်ပါရစေ။
လုံးဝနားမလည်ဘဲ ခုမှ စပြီး အားထုတ်မယ်ဆိုရင်တော့ အစကနေ တစ်ကယ့်ကို မှန်မှန်ကန်ကန် သေသေခြာခြာ သဘောပေါက် နားလည်စေချင်ပါတယ်။ဒါကြောင့် ဝိပဿနာစတင်အားထုတ်ပုံ ဆိုပြီး ရေးသား ကုသိုလ်ပြုမှာ ဖြစ်တဲ့အတွက် နာကြားဖူးခဲ့ရတဲ့ ကျေးဇူးရှင် ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ ဟောကြားခဲ့တဲ့ "ဝိပဿနာအစ၊ ဝိပဿနာ အဆုံး"ဆိုတဲ့ တရားတော်ထဲက ကောက်နှုတ်ပြီး ဓမ္မဒါနပြုလိုက်ရပါတယ်။
" ဝိပဿနာ စတင်အားထုတ်ပုံ" ရဲ ့" အားထုတ်နည်း " ကို ပြောပါဆိုလို ့ရှိရင်တော့ ..
ဝိပဿနာ မှာ "အခြေခံ " ဆိုတာ မရှိပါဘူးလို ့ဦးစွာအသိပေးပါရစေ။
ဘာကြောင့် " အခြေခံ" ဆိုတာ မရှိတာလဲ ဆိုရင်..
ဝိပဿနာ ဆိုတာ ...
ကျက်မှတ်ရတဲ့ "ဘာသာရပ်" သဘောမျိုး မဟုတ်တဲ့အတွက်ကြောင့်ပါ။
ကျင့်ယူမှသာ ရတဲ့ " ကျင့်စဉ် "သာ ဖြစ်ပါတယ်။
တစ်ချို ့က နားမလည်ကြတော့ " ဝိပဿနာအခြေခံ" ဘာဘာညာညာ ဆိုပြီး ခေါ်ဝေါ်ရေးသား သုံးစွဲကြတာတွေ ကြားဖူးကြမှာပါပဲ။ ဒါက အဓိကပြဿနာတော့မဟုတ်ပါဘူး။မှန်မှန်ကန်ကန်သိစေချင်တဲ့ စေတနာသက်သက်နဲ ့ဖေါ်ပြလိုက်တာပါ။
အထက်က စကားကို ပြန်ကောက်ရရင် ဝိပဿနာ မှာ အခြေခံ ဆိုတာ မရှိပါဘူး။ ဝိပဿနာမှာ "ဝိပဿနာ အစ" နဲ ့ဝိပဿနာ အဆုံး" ပဲရှိပါတယ်။
ဘာဖြစ်လို ့ဝိပဿနာ အစ လို ့ပြောရတာလဲ ဆိုရင် အဆုံး ကို ထောက်ရှုသောအားဖြင့် ပြောရတာပဲဖြစ်ပါတယ်။
"အဋ္ဌာကထာ" တွေ၊ စာပေတွေမှာတော့ ပြောထားတာရှိပါတယ်၊ ဝိပဿနာ ရဲ ့အဆုံးဆိုတာ" အရိယာ မဂ်ဉာဏ်" ပါ..တဲ့။
" သောတာပန်"မဖြစ်သေးတဲ့ ပုဂ္ဂိုလ်ဟာ ဝိပဿနာအားထုတ်လို ့ " သောတာပတ္တိမဂ်ဉာဏ် " ရရင် အဲဒါဘာလဲဆိုတော့ "သောတာပန်အရိယာ" တစ်ယောက်အတွက် " ဝိပဿနာဆုံးသွားပြီ" လို ့ခေါ်ပါတယ်။
အဲဒီတော့....
ဒီ " သောတာပန်အရိယာ" က နောက်တစ်ခါ ထပ်ပြီးအားထုတ်တဲ့အခါကျတော့ " သကဒါဂမ်မိ မဂ်ဉာဏ်" ရဲ ့အစ ပေါ့။ အဲဒီလို ဆက်လက်အားထုတ်လို ့" သကဒါဂမ်မဂ်ဉာဏ်" ရပြန်ရင် " သကဒါဂမ်" အတွက် ဝိပဿနာ ဆုံးသွားပြီ လို ့ခေါ်ပြန်ပါတယ်။ ထို ့အတူ " အနာဂမ်" ပုဂ္ဂိုလ် အတွက် ဆိုလည်း အဲဒီသဘောပါပဲ။ ဒါကြောင့် " ဝိပဿနာ မဂ်ဉာဏ်" ရဲ ့အဆုံးဟာ "အရိယာမဂ်ဉာဏ်" ပဲ ဖြစ်ပါတယ်။
ရှေးဦးစွာ " ဝိပဿနာ မဂ်ဉာဏ်" ရဲ ့အစ ကို ပြန်ကြည့်ကြမယ်ဆိုရင်..
ဝိပဿနာမဂ်ဉာဏ် ဆိုတာကတော့ ဒီလိုရှိပါတယ်။
တကယ်ကို ပွားများအားထုတ်လို ့နားလည်လာတဲ့ အသိလို ့ခေါ်တဲ့" ဘာဝနာမယဉာဏ် "နဲ ့မဂ်ဉာဏ်လည်း ရှိပါတယ်။
ဒါမှမဟုတ်ရင်လည်း စိတ်ထဲက စဉ်းစားပြီး စဉ်းစားရင်းရတဲ့ ဉာဏ်လည်းရှိပါတယ်။
ဒါမှမဟုတ်ပြန်ရင်လည်း ဗဟုသုတတွေ ကို နာကြားမှတ်သား၊ ဖတ်ထား မှတ်သားပြီးရတဲ့ သုတဉာဏ် ဆိုတာလည်း ရှိပါတယ်။
အလွယ်ကူဆုံးပြောရရင်တော့..
ဝိပဿနာ ရဲ့ အစဟာ ဘာလဲ ဆိုရင် ဝိပဿနာ "သိအောင်လုပ်တဲ့..ဗဟုသုတ" က အစ၊ ဝိပဿနာ အားထုတ်တာကို "တစ်ကယ်တန်း စလုပ်" အဲဒါဟာ "ဝိပဿနာ အစ" ပါပဲ။
အရှင်းဆုံး ပြောရရင်တော့ ဝိပဿနာအစ ဆိုတာ "ဗဟုသုတ " ပဲ ဖြစ်ပါတယ်။
ဗဟုသုတ မရှိပဲ တရားအားထုတ်လို ့မရပါဘူး။ ဗဟုသုတ မရှိပဲ နိဗ္ဗာန်ရောက်တယ် ဆိုတာ မရှိပါဘူး။ ဗဟုသုတ မရှိဘဲ ဝိပဿနာဉာဏ် ဖြစ်တယ် ဆိုတာ မရှိပါဘူး။
အထူးသဖြင့် အခုမျက်မှောက်ခေတ်မှာတော့..ဗဟုသုတ ပိုပြီးလိုအပ်ပါတယ်။ ဘာ ဗဟုသုတ လဲ ဆိုရင်...
( ၁ ) ဝိပဿနာဆိုတာဘာလဲ ဆိုတာသိဖို ့ဗဟုသုတ
( ၂ ) ဝိပဿနာဆိုတာ ဘာလုပ်ရတာလဲ ဆိုတာ သိဖို ့ဗဟုသုတ ပဲ ဖြစ်ပါတယ်။
ရှင်းလင်းနားလည်အောင် ထပ်ပြီးရေးသားပြရင်တော့...
ဝိပဿနာဆိုတာဘာလဲ..
ဝိပဿနာ ဆိုတာ ဘာလုပ်ရတာလဲ..ဆိုတဲ့ ဒီနှစ်ခုပါ။
တရားအားထုတ်မဲ့ ပုဂ္ဂိုလ်က...
မိမိ လုပ်ရမဲ့အလုပ် ဘာကြောင့်လုပ်ရတယ်၊ ဘယ်လိုလုပ်ရတယ်ဆိုတာသိဖို ့တော့လိုအပ်ပါလိမ့်မယ်။
ဥပမာ..
နေ ့တိုင်း တရားအားထုတ်နေတဲ့ ဓမ္မမိတ်ဆွေတို ့ဟာ "အချိန်မရတဲ့ အတွက်ကြောင့်ပဲ ဖြစ်ဖြစ်၊ မအားလို ့ဘဲ ဖြစ်ဖြစ် မနေ ့က တရားအားမထုတ်မိလိုက်လို ့၊ ဒီနေ ့တော့ ပိုပြီး အားထုတ်လိုက်အုံးမယ် " ဆိုပြီး လုပ်လို ့လည်းမရပါဘူး။ကြာကြာထိုင်ရမယ်၊ ကြာကြာထိုင်မှ တရားရမှာပါဆိုပြီးတော့လည်း မြတ်စွာဘုရား မဟောကြားခဲ့ပါဘူး။
ဘာလို ့လဲဆိုတော့..
ဝိပဿနာ ဆိုတာ ဉာဏ်နဲ ့လုပ်ရတဲ့ အလုပ်ဖြစ်တဲ့ ပညာဉာဏ်ပဲ ဖြစ်ပါတယ်။ ဝိပဿနာအားထုတ်တာ ပညာဉာဏ်မပါရင် ဝိပဿနာ မဖြစ်ပါဘူး။ သမာဓိဘယ်လောက်ကောင်းကောင်း ၊ ဝီရိယ ဘယ်လောက်ရှိရှိ၊ သဒ္ဓါတရား ဘယ်လောက်ထက်သက်ထက်သန်၊ သုံးလေးနာရီ မလှုပ်မယှက် ပဲ ထိုင်ထိုင် ပညာဉာဏ် မပါဘဲ အားထုတ်ရင် ဝိပဿနာ မမြောက်ပါဘူး။ ပညာဉာဏ် ရှိမှသာ ဝိပဿနာဉာဏ်ဆိုတာဖြစ်ပါလိမ့်မယ်။
ဝိပဿနာဉာဏ် ရှိမှ "မဂ်ဉာဏ်" ဖြစ်မယ်၊
မဂ်ဉာဏ် လာမှ "ဖိုလ်ဉာဏ်" ရမယ်။
ဒီတော့ ဝိပဿနာ ဆိုတာ ဘာလဲဆိုရင် "ပညာဉာဏ်" လို ့ခေါ်ပါတယ်။
နောက်ပြီးတော့...
ဝိပဿနာ ဆိုတာ ဘာကိုလုပ်ရမှာလဲ ဆိုရင်....
လောကကြီးထဲမှာ ရှိရှိသမျှ "ဓမ္မ"မှန်သမျှကို " အနိစ္စ၊ ဒုက္ခ၊ အနတ္တ" ဆိုတဲ့ လက္ခဏာတွေနဲ ့မြင်တတ်၊ ကြည့်တတ်ရမှာ ဖြစ်ပါတယ်။
လွယ်အောင်ပြောရရင် အခုစာဖတ်နေတဲ့အချိန်ပေါ့ ..
အခုအချိန်မှာ မြင်မြင်သမျှ၊ ကြားကြားသမျှ၊ နံနံသမျှ၊ ထိထိသမျှ၊ သိသိသမျှတွေ ကို " မမြဲပါလား၊ ဆင်းရဲပါလား၊ အပျက်တွေပါလား " ဆိုတဲ့ သဘောနဲ့ မြင်တတ်ရမှာ၊ ကြည့်တတ်ရမှာ ပဲ ဖြစ်ပါတယ်။
" မြင်တာ" နဲ ့"ကြည့်တာ" ဆိုတဲ့ စကားနှစ်ခုက မတူဘူးဆိုတာ သတိထားပြီး ဖတ်ရှုပေးစေချင်ပါတယ်။
နားလည်လွယ်အောင် ပြန်ရှင်းရမယ်ဆိုရင် ( ၂ )ပိုင်းရှိပါတယ်။
ဝိပဿနာက ဘာလဲဆိုရင် ပညာဉာဏ်၊
ဝိပဿနာက ဘာလုပ်ရမှာလဲဆိုရင် မြင်မြင်သမျှအားလုံးကို မြင်တတ်ကြည့်တတ်ရမှာပါ။ဘယ်လို မြင်တတ်၊ ကြည့်တတ်ရမှာလဲဆိုတော့ " အနိစ္စ၊ဒုက္ခ၊ အနတ္တ" သဘောတွေနဲ ့မြင်တတ်ရမယ်၊ကြည့်တတ်ရမယ်။
" မြင်တတ်တယ်" ဆိုတာက ပညာဉာဏ် နဲ ့မြင်ရမှာပါ။
" ကြည့်တတ်တာ"က ပညာဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ပါ။
" အနိစ္စ၊ဒုက္ခ၊ အနတ္တ" သဘောတရားအားဖြင့် ဓမ္မသဘောတရားတွေကို မြင်တတ်၊ ကြည့်တတ်တာဟာ " ဝိပဿနာအလုပ်" လို ့ခေါ်ပါတယ်။ အလုပ်က နှစ်မျိုးပါ။
မြင်လည်းမြင်တတ်ရပါမယ်။
ကြည့်လည်းကြည့်တတ်ရပါမယ်။
ဥပမာ..
ဓမ္မမိတ်ဆွေတို ့ဟာ အခုစာဖတ်နေတဲ့ စာစုကို ..အင်တာနက်ဖေ့စဘုတ် စာမျက်နှာမှာရေးထားတော့ မိမိတို ့ရဲ ့လက်ကိုင်ဖုန်း နဲ ့ပဲ ဖတ်ရှုနေတယ်ပဲ ဆိုကြပါစို ့။
အခု ဒီအတိုင်းကြည့်လိုက်ရင် မိမိတို ့ရဲ ့လက်ကိုင်ဖုန်း ကို လက်ကိုင်ဖုန်း လို ့ပဲ မြင်မှာဖြစ်ပါတယ်။
သာမာန်ပုဂ္ဂိုလ်ကတော့ လက်ကိုင်ဖုန်းဟာ လက်ကိုင်ဖုန်း လို ့ပဲ မြင်ပါတယ်။ ဒါပေမဲ့ ပညာဉာဏ် ရှိတဲ့ ပုဂ္ဂိုလ်က ဒီလက်ကိုင်ဖုန်းဟာ မမြဲဘူးဆိုတာဆင်ခြင်ပြီး မြင်ပါတယ်။ အဲဒီလို မြင်တာက မျက်စိက မြင်တာမဟုတ်ပါဘူး။ တစ်ကယ်တော့ "ဉာဏ်"က မြင်လိုက်တာပါနော်။ လက်ကိုင်ဖုန်းလို ့သာ မိမိကတွေ ့လိုက်တာပါ။ အဲဒီလို လက်ကိုင်ဖုန်း လို ့တွေ ့လိုက်တာနဲ့ ခုန မမြဲပါလားဆိုတဲ့ ဉာဏ်အမြင်ကို" မြင်" အောင် လူက" ကြည့်" ရပါလိမ့်မယ်။
အဲဒီလို လက်ကိုင်ဖုန်းက စာကို ဖတ်နေရင်းနဲ ့ ရုတ်တရက် ဖုန်းက လွတ်ကျပြီး တစ်စစီကွဲသွားတယ် ဆိုပါစို့။
အဲဒီလို ကျကွဲသွားပြီး တစ်စစီဖြစ်သွားတော့ "အနိစ္စ"ပါလားဆိုတဲ့ မမြဲဘူးဆိုတာလက်တွေ့ ပေါ်လာတာတွေ ့တာပေါ့နော်။အဲဒီလို ကိုယ်တွေ ့ကြုံလိုက်တော့မှသာ "အနိစ္စ " မမြဲပါလားဆိုတာ သိသွားကြပါတော့တယ်။ တစ်ချို ့ကျတော့လည်း အနိစ္စ ဆိုတဲ့ သဘောကိုတောင် မသိဘဲ၊ ကျကွဲသွားတဲ့ ..အဖြစ်ကို ၊ ကျကွဲလို ပျက်စီးသွားတဲ့ ပစ္စည်းကို နှမြောတသ နဲ ့ယူကြုံးမရ ဖြစ်ကြရတဲ့သူတွေလည်းရှိပါတယ်။
တကယ်တော့...
အနိစ္စ ဆိုတဲ့ သဘောက အဲဒီလက်ကိုင်ဖုန်း လွတ်ကျလို ့တစ်စစီကွဲပြီးမှ " အော် အနိစ္စပါလား" ဆိုပြီး သိသွားတာ ထက်၊ မကွဲခင် ကတည်းက ကွဲတတ်မှန်း သိရမှာဖြစ်ပါတယ်။ တယ်လီဖုန်း ဆိုတာ ကွဲတတ်တယ်၊ ပျောက်တတ်တယ်၊ ပျက်တတ်တယ် ဆိုတာ သိနေကြပေမဲ့ ဓမ္မမိတ်ဆွေတို ့က မေ့နေကြတာပါ။ အဲဒီ မကွဲခင်၊ မပျက်စီးခင်ကတည်းက ကွဲတတ်တယ်၊ ပျက်တတ်တယ်၊ ပျောက်တတ်တယ် ဆိုတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောကို ကြိုပြီး သိထားရင်၊ သေသေခြာခြာ သဘောပေါက်နားလည်ထားရင် ပျက်စီးသွားသွား၊ ကျကွဲသွားသွား၊ ပျောက်ဆုံးသွားသွား ဘာမှ ဖြစ်နေစရာမရှိပါဘူး၊ ဘာမှ ဖြစ်မှာလည်း မဟုတ်ပါဘူး။
ဘာမှ မဖြစ်တော့ဘူးဆိုတာ အကုသိုလ် ကိလေသာ မဖြစ်တော့ဘူးလို ့ဆိုလိုတာဖြစ်ပါတယ်။
မကွဲခင် ကတည်းက ကွဲတတ်မှန်းသိရင်၊ မကျိုးခင် ကတည်းက ကျိုးတတ်မှန်းသိရင်၊ ကုန်ကုန်ပြောရရင် အခုတော်စပ်နေတဲ့ မိဘဆွေမျိုး ခင်ပွန်း၊ဇနီး၊ သားသမီး တွေ နဲ ့မခွဲခင်ကတည်းက ခွဲရမှန်း သိခဲ့ရင် ဆိုတဲ့ ဗဟုသုတဟာ အင်မတန်အရေးကြီးပါတယ်။
ဝိပဿနာ ဉာဏ်အစစ်တွေ ၊ နိဗ္ဗာန်တွေ ကို ခဏဘေးဖယ်ထားလိုက်ပါအုံး..ဓမ္မမိတ်ဆွေတို ့ခုလောက်လေးသာ သိထားတဲ့ ဗဟုသုတ ဉာဏ်ကလေးလောက် ရှိနေရင်ပဲ ..ပူပင်မှုတွေ၊ ကြောင့်ကျမှုတွေ ၊ စိုးရိမ်မှုတွေ လာပေမဲ့ ခံနိုင်ရည်ရှိလာကြတော့မှာပါ။
ဒါ ဗဟုသုတ ရှိထားတဲ့အတွက်ပါ..။ဒါဟာ ဝိပဿနာရဲ ့အစတွေပဲ ဖြစ်ပါတယ်။ အဲဒီလို လေ့လာပြီး သိတဲ့ အသိဗဟုသုတ လေးတွေကို စပြီးသိအောင်လုပ်တာဟာ ဝိပဿနာအစ ပါပဲ။ အဲဒီဗဟုသုတအဖြစ် လေ့လာနေတဲ့အစ ဆိုတာက လည်း ဝိပဿနာ အားထုတ်နေတာပါပဲ။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး မိန် ့တော်မူတာက..
ထိုင်ပြီး တရားအားထုတ်မှ ဝိပဿနာ အားထုတ်တာလို ့ဆိုလိုတာ မဟုတ်ပါဘူးနော်၊ သွားရင်း လာရင်း နဲ ့လည်း ရုပ်နာမ်သဘာဝတွေရဲ ့ကြောင်းကျိုးတွေကို ဆင်ခြင်နေတာဟာလည်း ဝိပဿနာ အားထုတ်နေတာပါပဲ..တဲ့။
ဒါ့ကြောင့် ဝိပဿနာစတင် အားထုတ်ပုံ ကို တင်ပြဖို ့အတွက် ဝိပဿနာအစ ဖြစ်တဲ့ ဗဟုသုတ လိုတယ်ဆိုတာ ကို အသိပေးတာပဲ ဖြစ်ပါတယ်။
ဒါဆိုရင် ဓမ္မမိတ်ဆွေတို ့သဘောပေါက်မယ်လို ့ယူဆမိပါတယ်။
ဒီတော့..
ဝိပဿနာ အစ ဆိုတာ ပညာဉာဏ်။
ပညာဉာဏ် ရဲ ့အစက ဗဟုသုတဉာဏ်။
ဗဟုသုတဉာဏ် ကဘာလဲဆိုတော့..ဖြစ်ပြီးရင်ပျက်တယ်၊ ပေါ်ပြီးရင်ပျောက်တယ်၊ အထင်ရှားရှိပြီးရင် ချုပ်တတ်တယ် ဆိုတဲ့ လောကဓမ္မတွေကို ဗဟုသုတနဲ ့သိထားတဲ့ ဗဟုသုတဉာဏ် ပါ။အဲဒီလို သိထားမှသာ ဒီအမှန်တရားတွေ၊ ပရမတ် တရားတွေဖြစ်တဲ့ " ရုပ် နာမ်" တွေရဲ ့သဘာဝကို ဆင်ခြင်ပြီး ရှုရမှာ ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။
ဘယ်လိုရှုမှတ်ရမှာတုန်းဆိုတော့....
လူနာရှင်က လူမမာအတွက် ဆရာဝန်ကို ပင့်ပြီး ဆေးကုသလိုမျိုးပေါ့ နော်။ ဆရာဝန်ပင့်တယ်ဆိုတာ လူနာရှင်က ကိုယ့်လူနာ ဘာဖြစ်နေတယ်ဆိုတာသိဖို ့လိုပါတယ်။ လူမမာက မကျန်းမာဘူးဆိုတာ လူနာရှင်က သိတော့နေတယ် ဒါပေမဲ့ မကုတတ်ဘူး၊ ဒီတော့ ကုသတတ်တဲ့ ဆရာဝန် ကို ပင့်ရပါတယ်။ ဆရာဝန်ပင့်တော့ ခြေကြွခ လိုပါတယ်။
ဥပမာ
လူနာရှင် ဟာ ကိုယ့် ရဲ ့စိတ်ကလေး ဆိုရင်၊ အရှုခံတွေဟာ ကိုယ်ကြည့်နေတဲ့ လူမမာပါပဲ။ ကြည့်နေတယ်ဆိုတော့ ကိုယ်ရဲ့အရှုခံတွေမှာ ဖေါက်ပြန်နေတဲ့သဘာဝတရားတွေကို မြင်လာတယ်။ ဒါပေမဲ့ မြင်သာမြင်တယ် စိတ်က မကုတတ်ပါဘူး။ပြီးတော့ ကုသတတ်တဲ့ဆရာဝန် နဲ ့တူတဲ့ စဉ်းစားဝေဖန်ပိုင်းခြားတတ် တဲ့ ဉာဏ် ကို အကြောင်းကြားရပါတယ်။ ဒီတော့ ဉာဏ်အလုပ်ဖြစ်လာပြီ ဖြစ်တဲ့အတွက် ..ဆရာဝန်က လူနာကို ကုသလို ကုစားတော့မှာကိုး..။
ရှုမှတ်နေရင်း အဲဒီအချိန်မှာ နာကျင်တဲ့ဝေဒနာပေါ်ပေါ်၊ ဘယ်လိုခံစားမှုကိုပဲ ပေါ်ပေါ် အဲဒီ ဉာဏ်က ဆုံးဖြတ်ပေးပါလိမ့်မယ်။ဒီဉာဏ် ဆိုတာကလည်း ယောဂီပုဂ္ဂိုလ်က ဗဟုသုတ နဲ ့သိထားတဲ့ ဉာဏ်ဖြစ်မယ်ဆိုရင်တော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေကို လွယ်ကူစွာပိုင်းခြားတတ်ပြီး ကုစားသွားနိုင်မှာပါ။ရှုမှတ်တဲ့အခါမှာလည်း ပေါ်လာသမျှကို မလွတ်အောင် စောင့်ကြည့် ရှုမှတ်နေဖို ့အရေးကြီးပါတယ်။ ဒါမှလည်း ပေါ်လာသမျှကို ဉာဏ်ကို အသိပေးနိုင်မှာပါ။ အဲဒီလို မလွတ်တမ်းစောင့်ကြည့်နေရတာကို " သတိ" လို ့ခေါ်ပါတယ်။ အဲဒီ "သတိ" မပါရင် ဉာဏ်က မသိနိုင်ပါဘူး။
အဲဒီစောင့်ကြည့်ရတယ်ဆိုတဲ့ "သတိ" ဟာ " ခြေကြွခ"ပါပဲ။ "ခြေကြွခ" မပေးရင် ဆရာဝန်ပင့်လို ့မရသလို ပဲ၊ သတိ နဲ ့စောင့်မကြည်နိုင်ရင်လည်း ဉာဏ်က မသိနိုင်ပါဘူး။
ဝိပဿနာ အားထုတ်ပုံ ဆိုတာ အဲဒီသဘောပါပဲ။ အားထုတ်ပုံ အားထုတ်နည်းနဲ ့ ပတ်သက်လို ့တစ်ခြားစာမျက်နှာတွေမှာလည်းရေးသားခဲ့ဖူးတဲ့အတွက် ထပ်မံမဖေါ်ပြတောပါဘူး။
အကျဉ်းချုပ်ရရင်တော့...
ဓမ္မမိတ်ဆွေ တို ့အနေနဲ ့ရုပ်ကိုပဲရှုရှု၊ နာမ် ကိုပဲ ရှုရှု၊ ကိုယ်နှစ်သက်ရာ အဆင်ပြေရာ ကမ္မဌာန်းကို ရှုမှတ်ပွားများ အားထုတ်လို ့ရပါတယ်။ ညောင်းရင်ပြင်ဖို ့အကြံပြုပါတယ်။ မပြင်ရဘူးလို ့မြတ်စွာဘုရား မိန် ့ကြားချက်အထဲမှာ မပါပါဘူး။ ဒီလိုပဲ တစ်နေ ့နည်းနည်း၊ နည်းနည်း အားထုတ်လာရင်း နဲ့ ဓမ္မမိတ်ဆွေတို့ရဲ ့ကျင့်ကြံအားထုတ်မှု တိုးတက်လာ ကို တဖြည်းဖြည်း တွေ ့လာပါလိမ့်မယ်။
အခုမျက်မှောက်ခေတ်ကာလမှာတော့ အင်တာနက်၊ မီဒီယာတွေ တိုးတက်လာတာတွေ နဲ ့အမျှ တရားတွေကို လွယ်လွယ်နဲ့ သိနိုင်နေကြပါပြီ။ သူသူကိုယ်ကိုယ် သိရှိကြတဲ့ တရားဓမ္မတွေ ကို ဖလှယ်ကြရင်း၊တချို ့ဘာသာရေးဆိုင်ရာ အင်တာနက် ဝက်ဆိုဒ် တွေ မှလည်း ဗုဒ္ဓစာပေတွေကိုလည်း လွယ်လွယ်နဲ့ ဖတ်နိုင်ကြပါတယ်။ ကျေနပ်စရာ ကောင်းလှပါတယ်။
ဓမ္မမိတ်ဆွေများအနေနဲ ့ဒီလို ဝိပဿနာ ရှုနည်းတွေ ဖတ်ရှုရပြီး၊ ကျင့်ကြံအားထုတ်ဖိုတော့ လည်းလိုပါတယ်။လေ့လာ ဖတ်ရှုတဲ့အခါ ဘယ်လောက်ပဲ လွယ်လွယ်၊ လက်တွေ့အားထုတ်မှု မရှိရင် ဘာမဆို ခက်နေတတ်တဲ့ သဘောရှိနေသလို၊အလေ့အကျင့်ရသွားတဲ့အခါ၊ မိမိ အားထုတ်ရင် အားထုတ်သလောက် အကျိုးခံစားကြရမှာပါ လို ့ အကြံပြုရင်း ဝိပဿနာစတင်အားထုတ်ပုံ ကို ဓမ္မဒါန အဖြစ် ပူဇော်လိုက်ပါတယ်။
|
https://www.dhammaransi.com/index.php/new/357-2017-11-21-09-57-10.html
|
တရားထိုင်လျှင် အိပ်ငိုက်ခြင်းအား ဖျောက်နည်း (၇)သွယ်
|
တရားထိုင်ရင်း အိပ်ငိုက်လို့ရှိရင် အငိုက်ဖျောက်ပုံနည်းလမ်း (၇)သွယ် ဆိုပြီးတော့ " မြတ်စွာဘုရားရှင်"ကပစလာယနသုတ်" မှာ ဟောပါတယ်။
"ပစလာယန"ဆိုတဲ့ အဓိပ္ပါယ်က "အိပ်ငိုက်ခြင်း" ဆိုတဲ့အဓိပ္ပါယ် ရပါတယ်။ခေါင်းတဆတ်ဆတ် နဲ့ ငိုက်တယ်။
ကမ္မဋ္ဌာန်းအားထုတ်တဲ့အချိန်မှာ အိပ်ချင်လာတယ်ဆိုရင် အဲဒီ ကမ္မဋ္ဌာန်းကို စွန့် ပြီး တော့တခြားနည်းပြောင်းပြီးအားထုတ်ရ တယ်လို ့ဆိုပါတယ်။
အိပ်ငိုက်တဲ့ "အမှတ်သညာမျိုး"ကို ဖယ်ရှားပစ်ရပါမယ်။
အငိုက်ဖျောက်ပုံ (၇)မျိုးရှိသည်။
.
■ နံပါတ် (၁) ■
တရားအားထုတ်တဲ့အခါ ကို ကမ္မဋ္ဌာန်း ကို နှလုံးသွင်းလို့ "အိပ်ငိုက်တယ်" ဆိုလို့ ရှိရင် အဲဒီ အိပ်ငိုက်စေတက် တဲ့ "အမှတ်သညာ၊ ကမ္မဋ္ဌာန်းတရားမျိုး" ကို ရပ်ထားလိုက်ပါ။ တခြားအာရုံတစ်မျိုးပြောင်းပြီး ရှုလိုက်ပါ။
.
■ နံပါတ်(၂) ■
အဲဒီလိုရှုလို့မှ "အိပ်ငိုက်မပြေ"သေးဘူး ဆိုရင် နောက်ထပ်တစ်ခု ပြောင်းလုပ်ရပါမယ်။
ဘာလဲ ဆိုတော့ကိုယ်အာဂုံဆောင်( အလွတ်ကျက်မှတ် ) ထားတဲ့ တရားဓမ္မတွေ၊( ဒါမှမဟုတ် )သင်ထားတဲ့ တရားဓမ္မတွေ ကို "စိတ်ထဲကနေတွေးပါ"။
ဥပမာ- ပရိတ်ကြီးရရင် "ပရိတ်ကြီး" ပေါ့။နှုတ်ကနေ ထုတ်ရွတ်ဆိုတာ တော့ မဟုတ်ပါဘူး။ စိတ်နဲ့ ကြံတွေးပြီး ရွတ်ဆိုကြည့်တာ ကို ပြောတာပါ။အဲဒီလိုဆိုလို့ ရှိရင် အိပ်ငိုက်မှု ဟာ ပျောက်သွားနိုင်ပါတယ်။
.
■ နံပါတ်(၃) ■
ရတဲ့စာတွေ တွေးနေတာမှ အိပ်ငိုက်မှုက မပျောက်သေးဘူး ။ အိပ်ချင်တုန်းပဲဆိုရင်ကိုယ်နှုတ်တက်အာဂုံဆောင်ထားတဲ့စာတွေကိုရွတ်ဖတ် သရဇ္ဈာယ် လိုက်ပါ။
“ဣတိပိသော”ပဲဖြစ်ဖြစ်၊ဘာပဲဖြစ်ဖြစ်ရွတ်ဖတ်သရဇ္ဈာယ်လိုက်ပါ။အသံထွတ်ပြီး အဲဒီလိုရွတ်ဖတ်သရဇ္ဈာယ်ပြီးလို့ရှိရင် အိပ်ငိုက်မှု ဟာ ပျောက်သွားနိုင်တယ်။
.
■ နံပါတ်(၄) ■
မပျောက်သေးဘူးဆိုရင် ဘာဆက်လုပ်ဖို့ လိုတုန်းဆိုတော့ ကိုယ့်နားရွက်ကို ပူသွားအောင်ဆွဲတဲ့။ ခန္ဓာကိုယ်ကို တစ်ကိုယ်လုံးပွတ်သပ်တဲ့။
အညောင်း အညာတွေဖြေ။
နားရွက်ဆွဲ တစ်ကိုယ်လုံးပွတ်သပ် အဲဒီလို လုပ်လိုက်လို့ ရှိရင်လည်း လူဟာ လန်းဆန်းပြီးတော့ အိပ်ချင်ပြေသွားနိုင်ပါတယ်။
.
■နံပါတ်(၅) ■
အဲဒီလိုလုပ်လို့မှ အိပ်ချင်မပြေဘူး ဆိုလို့ ရှိရင် ဘာလုပ်ရမလဲ။
မျက်နှာသစ်၊ မျက်လုံးကို ရေဆွတ် ပါတဲ့။
မျက်လုံးကို ရေဆွတ်ပြီး ကမ္မဋ္ဌာန်း ကျောင်းထဲကထွက် ကောင်းကင်ကိုကြည့်၊ နက္ခတ်တွေ့ရှိရင် နက္ခတ်ကြည့်၊ လရှိရင် လကြည့်ပေါ့။ ကောင်းကင်ကို မော့ကြည့် ဟိုကြည့် ဒီကြည့်။ အရပ်မျက်နှာတွေကို ကြည့်။ လေကောင်း လေသန့်တွေကို ရှူ။ အရပ်မျက်နှာတွေကို မော့ကြည့်လိုက်တဲ့အခါအိပ်ချင်ပြေသွား နိုင်တယ်ပေါ့။
.
■ နံပါတ်(၆) ■
အဲဒီလိုမှ မရဘူး။ဆက်ပြီး အိပ်ချင်နေသေးတယ် ဆိုလို့ရှိရင် "အာလောကသညာ "အလင်းကို နှလုံးသွင်းရမယ်တဲ့။
အမှောင်ထဲမှာ မနေပါနဲ့။အလင်းထဲမှာ နေပါ။
အာလောကသညာ ကို နှလုံးသွင်း။"ညကို နေ"့လို့စိတ်ထဲမှာထား။အလင်းရောင်ကြီးထဲမှာနေ။ မှောင်နေတယ် ဆိုတာကို မေ့ထားလိုက်ပါ။ လင်းနေတယ် ဆိုတာကို နှလုံးသွင်းပါ။ အဲဒီလို နှလုံးသွင်း အားထုတ် လိုက်မယ် ဆိုလို့ရှိရင် အိပ်ချင်တာတွေ၊ငိုက်မြည်းတာတွေ ပျောက်သွားနိုင်ပါတယ်တဲ့။
.
■ နံပါတ်(၇) ■
အဲဒီလိုမှ မပျောက်သေးဘူး ဆိုလို့ ရှိရင် စင်္ကြံလမ်းလေး ကို သတ်မှတ်ပြီး....
သဒ္ဓါတို့၊ဝီရိယတို့၊ သတိတို့၊သမာဓိတို့၊ပညာတို့ ဆိုတဲ့ ဣန္ဒြေစွမ်းအားတွေ ကို ထိန်းချုပ်ထားပြီး စင်္ကြံလျှောက်လိုက်ပါတဲ့။
အဲဒီလို စင်္ကြံလျှောက်တာတောင် အိပ်ချင်တာက မပြေသေးဘူးဆိုရင်တော့ ဘာလုပ်ရမတုန်း ဆိုတော့...
"အိပ်လိုက်ပါ" တော့.....တဲ့။
ဒါ မြတ်စွာဘုရား ကိုယ်တိုင် ဟောခဲ့တာပါ...။
နောက်ဆုံးကျတော့ အိပ်ချင်မပြေရင် အိပ်ရတယ်...တဲ့။
မြတ်စွာဘုရားက အငိုက်ဖျောက်ပုံ နည်းလမ်း ခုနစ်သွယ်ကို ပေးထားတာ။
မရဘူးဆိုရင် အိပ်ပါတဲ့။
အိပ်ရင်လည်း စနစ်တကျ အိပ်ရမယ်လို ့..ဆိုပါတယ်။
ဘယ်လို စနစ်တကျ အိပ်ရမတုန်းဆိုရင် ဖြင့် " လက်ယာဘက်" ( ညာဖက် )ကို စောင်းအိပ်..ပါ တဲ့။
ခြေထောက်နှစ်ခု ခြေမျက်စိချင်း မထိစေနဲ့ တဲ့။ ထိရင် အရိုးချင်းထိသည့် အတွက်ကြောင့် နာကျင်မှု ဖြစ်လာတတ်တယ်..တဲ့။ ဒါကြောင့်မို့လို့ ခပ်လွှဲလွှဲလေးထားပါ..တဲ့။
“ပါဒေ ပါဒံ အစ္စာဓာယ” အိပ်ပုံအိပ်နည်းကို မြတ်စွာဘုရား လမ်းညွှန်ပေးထားတာ ဖြစ်ပါတယ်..။
ဆရာတော်က မိန့်ပါတယ် "ပဲခူးရောက်လို့ရှိရင် ရွှေသာလျောင်းဘုရားကို သွားပြီးဖူးကြည့်။ ခြေဖဝါး နှစ်ခုဟာ တညီတည်းထားလို့ရှိရင် စာနဲ့မညီဘူး။ ခြေဖဝါး နှစ်ခုက တစ်ဖက်က အတို၊တစ်ဖက်က အရှည်ထားပြီးခြေမျက်စိချင်းမထိအောင် ထားရမှာ"....တဲ့။
"ရွှေသာလျောင်းဘုရားတွေ မှာ စနစ်တကျ ထုရင် အောက်ခြေထောက်ပေါ် အထက်ခြေထောက်က ဒူးကွေးထား။ခြေမျက်စိချင်း မထိဘူး။ ဒါ "စာ နဲ့အညီ " လက်ယာခြေပေါ်မှာ လက်ဝဲခြေထောက်ကလေးတင်ပြီး“ဥဋ္ဌာနသညံ မနသိကတွာ”တဲ့။ဘယ်အချိန် ထမယ်ဆိုတာ အမှတ်သညာလေးထားပြီး အိပ်ပါတဲ့...."
မြတ်စွာဘုရားက စနစ်တကျ အိပ်ခိုင်းပါတယ်။ ဒီနေရာမှာ ဘာသွားသတိရတုန်းဆိုရင် အမေရိကန်နိုင်ငံ မှာ Stop ဆိုတဲ့စာအုပ်ကို ကားမောင်း သင်တန်း တက်မယ့်ပုဂ္ဂိုလ်တိုင်း ကြေအောင် ဖတ်ကြရပါတယ်။
ဖတ်ပြီးရင် မေးခွန်းတွေ ဖြေရတယ်ပေါ့။အဲဒီထဲမှာ မေးခွန်းရဲ့အဖြေတွေ ပေးထားတာရှိတယ်။ အဖြေကတော့...အမျိုးမျိုး ပေးထားပါတယ်။
ကားမောင်းရင်း...အိပ်ချင်ရင် ဘာလုပ်ရမလဲ...
အဖြေတစ်ခုက....
ကားမောင်းရင်းအိပ်ချင်လာရင် "ကော်ဖီသောက်"ဆက်မောင်း။
သီချင်း နားထောင်ပြီးတော့ ဆက်မောင်းတဲ့။
အဲဒီလို အဖြေမျိုး ပေးထားပြီး နောက်ဆုံးအဖြေက ဘာတုန်းဆိုရင်
"အိပ်စက် အပန်းဖြေပြီး" မှ ဆက်မောင်းပါ..တဲ့။
အဲဒီ အဖြေတွေထဲက ကော်ဖီ သောက်ပြီး ဆက်မောင်း ဆိုတဲ့အဖြေက အမှန်မဟုတ်ဘူး၊ မှားတယ်။ သီချင်းဖွင့်ဆက်မောင်း ဆိုတာကလည်း မှားတယ်။ ဘာလုပ်ရမှာတုန်း ဆိုရင် အိပ်ချင်လို့ရှိရင် အိပ်လိုက်တဲ့။ အိပ်ပြီးမှ ဆက်မောင်းတဲ့။ အဲဒီဟာကမှ အဖြေမှန်ပါ။
ကားမောင်းတယ်ဆိုတာ အလွန်အန္တရာယ် များတာကိုး၊ အိပ်ချင်နေတဲ့အချိန်မှာ အိပ်ချင်စိတ် မပျောက်ဘဲ နဲ့ ဆက်မောင်းရင် ဒုက္ခရောက်သွားနိုင်ပါတယ်။ ဒါကြောင့်မို့ အိပ်ချင်လို့ ရှိရင် အိပ်ပြီးမှမောင်းလို့ ပြောတာပါ။
မြတ်စွာဘုရားက လည်း တရားအားထုတ်လို့ ခုနက နည်းလမ်းတွေ နဲ့ ဖြေပျောက်လို့မရဘူး။အိပ်ချင်ပြီဆိုလို့ရှိရင် အိပ်လိုက်ပါ တဲ့။
အိပ်တဲ့အခါမှာ ခုန ပြောသလို...လက်ယာ စောင်းပြီးတော့အိပ်။လက်ယာခြေပေါ်မှာ လက်ဝဲခြေကလေးကို လွှဲပြီးတော့ တင်ထား။ ဘယ်အချိန်ထမယ်ဆိုတဲ့ အမှတ်သညာလေး ထားပြီးတော့ အိပ်ပါတဲ့။
နိုးလာတာနဲ့ တပြိုင်နက် ချက်ချင်းထတဲ့။ဇိမ်ခံ မနေနဲ့...တဲ့။ လူတွေက အိပ်ပြီးလို့ရှိရင် နိုးလာပေမယ့် တော်ရုံနဲ့ မထသေးဘူး။မှေးနေသေးတယ်။ဇိမ်ခံတာခေါ်ပါတယ်။
"သေယျသုခ” အိပ်ခြင်းကြောင့်ဖြစ်တဲ့ ချမ်းသာ။
"ပဿသုခ” ဟိုဘက်စောင်းလိုက်၊ဒီဘက် စောင်းလိုက် ( ကလေးတွေဆို နိုးလည်း တော်ရုံမထဘူး။ ဇိမ်ခံနေတာ)။
အဲဒီအိပ်ရတဲ့ ဇိမ်ကတစ်မျိုး၊ အိပ်ရာထဲ မှေးနေရတဲ့ဇိမ်က တစ်မျိုးနဲ့ တူပါတယ်။အားလုံး ဒီဇိမ်တော့ ရဖူးကြမှာပါ။
အဲဒါ ကို "သေယျသုခ၊ ပဿသုခ၊ မိဒ္ဓသုခ".....တဲ့။ အဲဒီလိုဇိမ်ခံမနေပါနဲ့....တဲ့။ ချက်ချင်း ထပါ...တဲ့။ ဖျက်ကနဲ နိုးလိုက်တာနဲ့ လူးလဲထ၊ ထပြီးတော့ "တရားအားထုတ်ပါ"တဲ့။
အဲဒါဟာ..အရှင်မောဂ္ဂလ္လာန် ကို မြတ်စွာဘုရားက နည်းလမ်းတွေ ပေးထာတာပါ။
ဒါ ကမ္မဋ္ဌာန်းအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ အိပ်ချင်ပြီဆိုရင် ဒီနည်းစနစ်ကို
လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။
ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
ပြန်လည်ဟောကြားထားသောအဂုင်္တ္တရနိကာယ် ပစလာယနသုတ္တန် ထဲမှ
ကောက်နှုတ်ချက်ကို တင်ပြရင်းဓမ္မဒါနပြုရခြင်းဖြစ်ပါတယ်။
|
https://www.dhammaransi.com/index.php/new/358-2017-11-21-04-02-09.html
|
`ဗုဒ္ဓနှစ်၂၆ဝဝပြည့်မှာ ထူးခြားစွာ ကျွတ်တမ်းဝင်ကြဦးမည်´
|
မြတ်စွာဘုရားရှင်များပွင့်တော်မူပုံ
" လူတို့သက်တမ်း (၁၀)နှစ်တမ်းမှ အသချေင်္ယျတမ်း "တက်ကပ်"မှာ ဘုရားရှင်တို့ ပွင့်ရိုးထုံးစံမရှိချေ။ အသချေင်္ယျတမ်းမှ ၁ဝနှစ် တမ်းထိ "ဆုတ်ကပ်"မှာသာ ဘုရားရှင်တို့ ပွင့်ရိုး ထုံးစံရှိခဲ့၏။ တစ်ဖန် မြတ်စွာဘုရားရှင်တို့ မည်သည် အနှစ် (၁)သိန်းတမ်းအထက်မှာ ပွင့်ရိုးထုံးစံ မရှိခဲ့ပေ။
အနှစ် (၁၀၀)တမ်းအောက် မှာလည်း ပွင့်တော်မမူနိုင်ပေ။ (၄)အသချေင်္နှင့် ကမ္ဘတစ်သိန်းအတွင်း ပွင့်တော်မူခဲ့သော ဘုရားရှင်ပေါင်း (၂၈)ဆူအနက် (၁)သိန်းတမ်းမှာ (၁၀)ဆူနှင့် (၉)သောင်းတမ်းမှာ (၁၀)ဆူပွင့်တော်မူခဲ့၏။ တခြား (၇)ဆူအနက် (၆)သောင်းတမ်းမှာ (၂)ဆူ။ ၈၊ ၇၊ ၄၊ ၃၊ ၂သောင်း တမ်းများမှာ (၁)ဆူစီပွင့်တော်မူခဲ့၏။ ထို(၂၈)ဆူ အနက် အနှစ်(၁၀၀)တမ်းမှာကား ကျွနု်ပ်တို့၏ ဂေါတမမြတ်စွာဘုရားရှင် (၁)ဆူတည်းသာ ပွင့်တော်မူခဲ့၏။
ယခုဘဒ္ဒကမ္ဘာမှာ ကကုသန် မြတ်စွာ ဘုရားရှင်သည် အနှစ်(၄)သောင်းတမ်း၊ ကောဏာဂုံ မြတ်စွာဘုရားရှင်သည် အနှစ်(၃) သောင်းတမ်း၊ ကဿပမြတ်စွာဘုရားရှင် သည် အနှစ်(၂)သောင်းတမ်းမှာ ပွင့်တော်မူခဲ့ကြ၏။ ကျွန်ုပ်တို့၏ ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင်မှာကား အနှစ်(၁)သောင်းတမ်းမှာ ပွင့်တော် မူရမည့် အစား အနှစ်(၁၀၀)တမ်း မှာသာ ပွင့်တော်မူခဲ့၏ အကြောင်းမှာ အနှစ်(၁)သောင်းတမ်းမှ (၁၀၁)နှစ် တမ်းအထိ ပါရမီဖြည့်ကျင့်နေရဆဲ ဖြစ်နေ၍ အနှစ် (၁၀၀)တမ်း ရောက်မှသာ ဘုရားပွင့်တော်မူခဲ့ရခြင်း ဖြစ်ကြောင်းတိပိဋကဆရာတော် ဦးဝိစိတ္တသာရာ ဘိဝံသ၏ မဟာဗုဒ္ဓဝင်ကျမ်းကြီးမှာ အကျယ်တဝံ့ ရှင်းပြထား၏။
အနှစ်(၁)သိန်းတမ်း၊ (၉)သောင်းတမ်း ကဲ့သို့ နှစ်များသောတချို့ သက်တမ်းမှာ ပွင့်တော်မူ ခဲ့သည့် ဘုရားရှင်တို့သည် ပရိနိဗ္ဗာန် ပြုပြီးလျှင် သာသနာတော် မချန်ရစ်ခဲ့ပေ။ ဂေါတမမြတ်စွာ ဘုရားရှင်မှာကား အနှစ်(၁၀၀)တမ်းမှာ ပွင့်တော် မူခဲ့ခြင်းကြောင့် ဗုဒ္ဓသာသနာတော်နှစ်(၅၀၀၀) (မက) ချန်ထားခဲ့၏။ ယခုခေတ် ကျွန်တော်တို့ (၇၅)နှစ်ဝန်းကျင်ခန့် သက်တမ်းမှာ မြတ်စွာ ဘုရားရှင်၏ သာသနာတော်၊ သားတော် သံဃာတော်များ ကျန်ရှိနေခြင်းသည်။
ကျွတ်တမ်းဝင်ရန် ပုဂ္ဂိုလ်များ ကျန်ရှိနေခြင်း ကြောင့်ဖြစ်သည်။ "ဗုဒ္ဓနှစ် ၂၆၀၀ ပြည့် ရောက်တော့မည်" အကယ်၍သာ ဂေါတမမြတ်စွာ ဘုရားရှင်သည် အနှစ် ၁၀၀၀၀ (တစ်သောင်း) တမ်း မှာပွင့်တော်မူခဲ့ပါက ၇၅နှစ် ဝန်းကျင်ခန့် သက်တမ်းရှိ ကျွန်တော်တို့သည် ကျွတ်တမ်းဝင်ရန် အကြောင်း မရှိတော့ပေ။ ယခု သာသနာတော် တဝက်ကျော် နေပြီဖြစ်၏။
ဗုဒ္ဓသာသနာတော်နှစ် ဆိုသည်မှာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး (၃)လအကြာမှာ ပထမ သင်္ဂါယနာတင်ခဲ့ကြသော ရှင်မဟာ ကဿပ၊ အရှင်အာနန္ဒာ ... အစရှိသော ရဟန္တာကြီးများနှင့် အဇာတသတ်ဘုရင်မင်းမြတ်တို့ ညှိနှိုင်းကာ (၁) (၂) (၃) ... ဆိုပြီး ရေတွက် လာခဲ့သောနှစ် ဖြစ်သည်။ ယခု (၁၃၇၂)ခု ကဆုန် လပြည့်နေ့မှာ သာသနာတော်နှစ် (၂၅၅၃)နှစ် ကုန်ဆုံး၍ (၂၅၅၄)ခုသို့ စတင် ဝင်ရောက်လာပြီ ဖြစ်၏။
တစ်ဖန် (၁၃၇၃)ခု ကဆုန်လပြည့် (ခရစ်နှစ် ၂၀၁၁ခု၊ မေလ (၁၇)ရက်) မှာ သာသနာတော်နှစ် (၂၅၅၄) ကုန်ဆုံး၍ (၂၅၅၅)ခု သို့ စတင်ရောက်ရှိတော့မည် ဖြစ်ပါသည်။ မြတ်စွာဘုရားရှင်ပွင့်တော်မူချိန်ကို နှစ်ဖြင့် တွက်ရလျှင် သာသနာတော်နှစ် (မြတ်စွာ ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး) (၂၅၅၅)ခုနှစ်သို့ ဗုဒ္ဓသက်တော်ထင်ရှား တရားဟောချိန် (၄၅)၀ါ ထည့်၍ ပေါင်းရပါမည်။ ထို့ကြောင့် "မြတ်စွာ ဘုရားရှင်ပွင့်တော်မူချိန" သည် (၄၅ ၀ါ+ သာသနာနှစ် ၂၅၅၅)= "ဗုဒ္ဓနှစ် ၂၆ဝဝပြည့်" သို့ ရောက်ရှိတော့မည် ဖြစ်ပါသည်။
"ရတနာ(၃)ပါးပေါ်ထွန်းချိန်" (၁၃၇၃)ခု ၀ါဆိုလပြည့် (ခရစ်နှစ် ၂၀၁ဝခု၊ ဇူလိုင်လတွင် မြတ်စွာ ဘုရားရှင်သည် ပÍ္စဝဂ္ဂီငါးဦးအားတရားဦး စတင် ဟောတော်မူချိန် (၂၆၀၀) ပြည့်မြောက်ကို စတင် ရောက်ရှိတော့မည် ဖြစ်သည်။ မြတ်စွာဘုရားရှင် ပွင့်တော်မူပြီး (၂) လအကြာမှ တရားတော်နှင့် သံဃာတော် ပေါ်ထွန်းခဲ့ပေသည်။
ထိုအချိန် ရောက်မှသာ ဘုရား၊ တရား၊ သံဃာ ရတနာ (၃) ပါးပေါ်ထွန်းတော်မူခြင်းဖြစ်သည်။ ထို့ကြောင့် ရတနာ (၃) ပါးပေါ်ထွန်းတော်မူချိန်သည် ၁၃၇၃ ခု ၀ါဆိုလပြည့်ညနေမှာနှစ်ပေါင်း (၂၆၀၀) ပြည့် မြောက်တော့မည်ဖြစ်ပါသည်။ "သာသနာတော်နှစ်နှင့် ဗုဒ္ဓနှစ် ရာစုနှစ်၊ ထောင်စုနှစ်တို့မှာ ထူးခြားစွာ ကျွတ်တမ်းဝင်ကြသည်" သာသနာတော်နှစ်ကို (၄၅)၀ါ ထည့်ပေါင်းပါက မြတ်စွာဘုရားရှင် ပွင့်တော်မူချိန် (အတိုကောက် "ဗုဒ္ဓနှစ်" ) ဖြစ်ရကြောင်း တင်ပြရခြင်းမှာ မြတ်စွာဘုရားရှင်၏ သာသနာတော် နှစ်နှင့် ဗုဒ္ဓနှစ် ရာစု၊ ထောင်စုနှစ် တို့မှာ ထူးထူး ခြားခြား ကျွတ်တမ်းဝင် ခဲ့ကြသည့် အထောက် အထားများ မြောက်မြားစွာ ရှိခဲ့သောကြောင့် ဖြစ်၏။
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး သာသနာတော်နှစ် (၁၀၀)မှာ ဝေသာလီပြည်တွင် ရဟန္တာပေါင်း (၇၀၀)စုပေါင်းပြီး ဒုတိယ သင်္ဂါယနာ တင်ခဲ့ရာ ကျွတ်တမ်းဝင်ခဲ့ကြသူများ ကုဋေချီပြီး ရှိခဲ့၏။ သာသနာတော်နှစ် (၂၃၅)ခုမှာ ပါဋလိ ပုတ်ပြည် (ယခု ပတ္တနား)တွင် သီရိဓမ္မာသောက မင်းကြီးလက်ထက် ရဟန္တာပေါင်း (၁၀၀၀) စုပေါင်း ပြီး တတိယသင်္ဂါယနာတင်ခဲ့၏။
ထိုအချိန်မှစ၍ (၉)တိုင်း၊ (၉)ဌာနသို့ ဓမ္မဒူတခေါ် သာသနာ့စေတမန် ရဟန္တာများကို စေလွှတ်တော်မူခဲ့၏။ ထို(၉)တိုင်းအနက် "သုဝဏ္ဏ ဘူမိ" ခေါ် "ရာမညတိုင်း" (ယခု ပုသိမ်၊ ဒလ၊ မုတ္တမ)သို့လည်း သာသနာပြု ရဟန္တာ (၅)ပါး ရောက်လာ၏။ အရှင်သောဏ၊ အရှင်ဥတ္တရ၊ အရှင် အနုရုဒ္ဓ၊ အရှင်တိဿဂုတ္တနှင့် အရှင် သောဏေယျ တို့ဖြစ်ကြ၏။ ထိုအချိန်မှာ "သုဓမ္မပူရ"ခေါ် သထုံပြည်တွင် သီရိမာသောက မင်း အုပ်စိုးချိန်ဖြစ်၏။ "ဗုဒ္ဓနှစ် ၃၀၀ ခန့်မှာ" တတိယ သင်္ဂါယနာတင်ချိန်၌ သာ သနာတော်နှစ် ၂၃၅နှစ်ဖြစ်ပြီး ဗုဒ္ဓပွင့်ပြီးချိန် (၄၅၀ါ+ ၂၃၅နှစ်) = ၂၈၀ နှစ်ရှိပြီဖြစ်၏။
(၉)တိုင်း (၉)ဌာန (အရှေ့တောင်အာရှနှင့် အာရှတိုက် တစ်ခွင်) သို့ ရဟန္တာများ ပျံ့နှံ ရောက်ရှိချိန် ဗုဒ္ဓနှစ် (၃၀၀)ခန့်မှာ ရဟန္တာများ မြောက်မြားစွာ ပေါ်ထွန်းခဲ့သလို သောတာပန်ပေါင်း ကုဋေချီပြီး ကျွတ်တမ်းဝင်ခဲ့ ကြ၏။ ထိုဗုဒ္ဓနှစ် (၃၀၀)ခန့် (၄၅၀ါ+သာသနာ ၂၅၅ခန့်) မှာပင် ကျွန်တော်တို့ ၏ မြန်မာနိုင်ငံအတွင်း သထုံ၊ ပုသိမ်၊ ဒလ၊ မုတ္တမ ...စသည်တို့မှာ ရဟန္တာများ ပေါ်ထွန်း ခဲ့ကြသလို သောတာပန် ... အရိယာများ အဖြစ် အမြောက်အမြား ကျွတ်တမး် ဝင် ခဲ့ကြ၏။
"ဗုဒ္ဓနှစ် ၅၀၀ ခန့်မှာ" သာသနာနှစ် (၄၀၀)ဝန်းကျင်မှစ၍ အိန္ဒိယပြည် မဇ္ဈိမဒေသမှာ ဗုဒ္ဓသာသနာမှေးမှိန် လာရာ သာသနာနှစ် (၆၀၀)ခန့်မှာ လုံးဝကွယ် ပျောက်သွား၏။ သာသနာတော်နှစ် ၄၅ဝမှာ သီဟိုကျွန်း (ယခု သီရိလင်္ကာ)တွင် ဝဋ္ဋဂါမဏိ မင်းကြီးသည် အရှင်ဓမ္မရက္ခိတ အမှူးပြုသော ရဟန္တာ (၅၀၀)အား ကြပ်မတ်စေပြီး စတုတ္ထ သင်္ဂါယနာ အဖြစ် ပေရွက်ပေါ်မှာ ပိဋကတ်စာများ ရေးမှတ်စာတင်ပြီး သာသနာပြုခဲ့၏။ ဗုဒ္ဓပွင့်တော် မူပြီးချိန် (၄၅ ၀ါ + သာသနာ ၄၅၀) = ဗုဒ္ဓနှစ် ၄၉၅နှစ် မှာ သီဟိုဠ်တွင် သာသနာတော် ထွန်းကားလာ၏။
ဗုဒ္ဓနှစ် (၅၀၀)အရောက်မှာ ပိဋက (၃)ပုံ ပါဠိစာပေကို အဋ္ဌကထာ၊ ဋီကာ စသည်ဖြင့် ချဲ့ထွင်ရေးသားမှုများ ပေါ်ပေါက်လာရာ ရဟန္တာများ နေပျောက်မထိုးနိုင်လောက်အောင် ပေါများခဲ့ပြီး သောတာပန် ... အရိယာများ အဖြစ် ကုဋေချီပြီး ကျွတ်တမ်းဝင်ခဲ့ကြ၏။ "သာသနာနှစ် ၅၀၀ ခန့်မှာ" သာသနာနှစ် (၅၀၀)မှာပင် (၉)တိုင်း (၉)ဌာနအနက် ယောနကတိုင်း (ယခု အာဖဂန် နစ္စတန်)တွင် မိလိန္ဒမင်းနှင့် အရှင်နာဂသေန ပညာရှင် (၂)ဦး ပေါ်ထွန်းခဲ့ရာ ထေရဝါဒ ဗုဒ္ဓ သာသနာတော်မှာ မိလိန္ဒပဥှာကျမ်းအဖြစ် နေလို လလို အထူးထင်ရှားခဲ့၏။
"ဗုဒ္ဓနှစ် ၁၇၀၀၊ ၁၈၀၀ ဝန်းကျင်မှာ" သာသနာ (၁၆၀၀) ဝန်းကျင်က အနော်ရထာ မင်းလက်ထက်မှာ သထုံမှ (မြန်မာပြည် အလယ်ပိုင်း) ပုဂံပြည်သို့ ပိဋက(၃)ပုံ နှင့်အတူ ဗုဒ္ဓသာသနာ ထွန်းကား လာပြန်သည်။ ကျန်စစ်သားမင်း နန်းတက်စဉ် ဗုဒ္ဓနှစ် ၁၇၀၀ (၄၅ ၀ါ+ သာသနာ ၁၆၅၅) ဝန်းကျင်မှာ အရိယာများ အမြောက်အမြားပေါ်ထွန်းခဲ့၏။ ဗုဒ္ဓနှစ် (၁၈၀၀)ဝန်းကျင်၌ နရပတိစည်သူမင်းနှင့် ကျစွာမင်း လက်ထက်အထိ ပုဂံမှာ စေတီပုထိုးများ လက်ညှိုးထိုး မလွဲလောက်အောင် စည်ကားခဲ့၏။
ပုဂံခေတ် အမျိုးသမီးများပင် ပိဋက (၃)ပုံကို အာဂုံ ဆောင်နိုင်သည်အထိ သာသနာတော် ထွန်းကား ခဲ့၏။ "သာသနာ ၂၄၀၀ မှာ" သာသနာ (၂၄၁၅)ခု၌ မင်းတုန်းမင်း လက်ထက်မှာ ပဥ္စမသင်္ဂါယနာကို သံဃာတော် (၂၄၀၀) တို့ဖြင့် စီစစ်ကာ ကျောက်ထက်အက္ခရာ တင်တော်မူခဲ့၏။ ပိဋက (၃)ပုံကို ကျောက်စာချပ် ပေါင်း (၇၂၉) ချပ်ပေါ်မှာ တင်ခဲ့၏။ သာသနာ (၂၄၀၀)ကို ရည်မှန်းသော်လည်း ၂၄၁၅ ခန့် ရောက်မှသာ ပြီးစီးခဲ့၏။ ထိုအချိန်မှာ လယ်တီ ဆရာတော် ဖြစ်မည့် ရဟန်းတော် အရှင် ဉာဏဓဇ (၂ ၀ါ) သည်လည်း ပဥ္စမသင်္ဂါယနာ တင်ပွဲမှာ အသက် အငယ်ဆုံးအဖြစ် ကထာ ဝတ္ထုပါဠိတော်ဖြင့် ပါဝင် ဆင်နွှဲခဲ့ရဖူး၏။
ထိုအချိန်မှစ၍ အရှင် ဉာဏဓဇ သည် ဒီပနီ ကျမ်းပေါင်းမြောက်မြားစွာကို ရေးသား တော်မူခဲ့ရာ ပရမတ္ထဒီပနီဋီကာကြောင့် အာရှတိုက်ရှိ ဗုဒ္ဓသားတော် သံဃာထုကြားမှာ ပွက်လော ညံသွားကာ ၃၅နှစ်တိုင်တိုင် ဋီကာစစ်ပွဲ ကြီး ဖြစ်ခဲ့ရ၏။
"ဗုဒ္ဓနှစ် ၂၅၀၀ မှာ" ထိုကဲ့သို့ပင် ပုဂံခေတ်က အရှင်အဂ္ဂဝံသ ၏ သဒ္ဒနီတိကျမ်းကြီး ပေါ်ထွက်ခဲ့ဖူးသလို သာသနာ တော် ၂၄ဝဝကျော်မှာလည်း လယ်တီဆရာတော်၏ ပရမတ္ထဒီပနီဋီကာသည် လည်း သီဟိုဠ်ခေတ် ဋီကာများကို အံတုနိုင်ခဲ့ လောက်အောင် အထူးကျော်ကြားခဲ့ပေသည်။
သာသနာ တော်နှစ်အားဖြင့် ၂၄၅ဝကျော်၊ (၄၅ ၀ါ+သာသနာ ၂၄၅၅)= ဗုဒ္ဓနှစ် ၂၅ဝဝမှာ လယ်တီဆရာတော် ဘုရားကြီး၏ ဒီပနီကျမ်းများ သည် အာရှတစ်ခွင် သာမက ဥရောပကမ္ဘာအထိ ကျယ်ပြန့်သွား ခဲ့သည်။ ထို့ကြောင့် လယ်တီ ဆရာတော်ဘုရား သည် နိုင်ငံတကာမှ ပထမဦးဆုံး စာပေပါရဂူ (ဒီလစ်)ဘွဲ့တံဆိပ်တော် ဆက်ကပ် ခြင်း ကို ခံရသလို ထိုခေတ်က အလွန်ရှားပါးသော "အဂ္ဂမဟာပဏ္ဍိတ" ဘွဲ့တံဆိပ်တော်လည်း ရရှိတော်မူခဲ့ပေသည်။
မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာ ရဟန်းတော် လယ်တီဆရာတော်ဘုရားသည် ကမ္ဘာစစ်ကြီးအတွင်းမှာပင် "ဗုဒ္ဓနှစ် ၂၅၀၀"မှာ တစ်ကမ္ဘာလုံးက ဗုဒ္ဓဘာသာကို အာရုံစိုက်လောက် အောင် စွမ်းဆောင်နိုင်ခဲ့ပေသည်။ "လူပုဂ္ဂိုလ်များတရားကျင့်လာကြ" ဗုဒ္ဓနှစ် ၂၅၀၀ ဝန်းကျင်မှာပင် လူပုဂ္ဂိုလ်များ အုပ်စုလိုက် သမထဝိပဿနာ ဘာဝနာ ကျင့်ကြံ လာကြအောင် တရားစခန်းများ ထူထောင်ရန် လယ်တီဆရာတော်က အနာဂါမ် ဆရာသက်ကြီးအား တွန်းအားပေး မျိုးစေ့ချ ပေးခဲ့၏။
ယခင်တချိန်က လူပဂ္ဂိုလ်တို့သည် အလှူဒါနပြု၊ တရားနာ၊ တရားစာရွတ်၊ ဥပုသ် သီလစောင့်၊ ပုတီးစိတ် စသည့် အဆင့်လောက် ဖြင့်ကျေနပ်ကြ၏။ ယခုလယ်တီဆရာတော်၏ တိုက်တွန်းအားပေးမှုကြောင့် အနာဂါမ်ဆရာ သက်ကြီး၏ တပည့်များမှ တစ်ဆင့် မြန်မာနိုင်ငံ သာမက တကမ္ဘာလုံးရှိ ဘာသာပေါင်းစုံ လူပုဂ္ဂိုလ် တို့သည် တရားထိုင် တရားကျင့်၊ ပဋိပတ္တိအကျင့် ကိုအားစိုက်လာကြ၏။
ထိုမတိုင်မီက ၀ိပဿနာ ကျင့်စဉ်၊ ပဋိပတ္တကျင့်စဉ်ကို ကျင့်ကြံအားထုတ် မည်ဆိုလျှင် လူဝတ်ကြောင်ကို ချွတ်ပြီး ရဟန်း ဘောင်ဝင်၊ တောထွက်ခဲ့ကြ၏ ၎င်းင်းကျင့်စဉ်သည် ရဟန်း သံဃာများနှင့် သာသက်ဆိုင်သည်ဟု ယူဆခဲ့ကြ၏။ လူပုဂ္ဂိုလ်များကျင့်ကြံလျှင်လည်း သမထ အဆင့်သာကျင့်ကြံပြီး ဘိုးတော်အဖြစ် အားထုတ်ခဲ့ကြ၏။ လယ်တီဆရာခေတ်မှာမူ လူဝတ်ကြောင် ဘဝဖြင့်ပင် သားမယား အိုးအိမ်ကို အချိန်ပိုင်းစွန့်ခွာပြီး သမထ ၀ိပဿနာတရား အား ထုတ်ရမှန်း သိလာကြ၏။
"သာသနာ ၂၅ဝဝမှာ" သာသနာတော်နှစ် ၂၅ဝဝမှာ မြန်မာနိုင်ငံ ကမ္ဘာအေး မဟာပါသာဏလိုဏ်ဂူတွင် ညောင်ရမ်း ဆရာတော် အမှူးပြုပြီး၊ မဟာစည်ဆရာတော်၊ တိပိဋက ဆရာတော် ဦးဝိစိတ္တသာရာ ဘိဝံသတို့ ဦးဆောင်၍ သံဃာတော် ၂၅ဝဝကျော် ဖြင့် ဆဋ္ဌသင်္ဂါယနာ (စာထက်အက္ခရာ) တင်တော်မူခဲ့သည်။ လယ်တီဆရာတော်ခေတ်မှ စတင်ဖောက်ထွင်း ခဲ့ရာ သာသနာတော် ၂၅ဝဝမှာ တစ်ကမ္ဘာလုံးသို့ ပိဋက (၃)ပုံ စာအုပ်များ ပျံ့နှံ့ခဲ့၏။
မဟာစည် ဆရာတော်၏ သတိပဌာန်ကျင့်စဉ်နှင့် မိုးကုတ် ဆရာတော်၏ ပဋိစ္စသမုပ္ပ တရားတို့သည် လူပုဂ္ဂိုလ်များထံပျံ့နှံ့သွားကြ၏။ "သာသနာ၂၅၀၀ ကျော်မှာ" လယ်တီ၊ မဟာစည်၊ မိုးကုတ်သာမက စွန်းလွန်း၊ သဲအင်းဂူ၊ ဖားအောက်၊ ---- စသည်ဖြင့် တရားစခန်းပင်မ၊ ရိပ်သာခွဲပေါင်း မြောက်မြားစွာ ပေါ်ထွန်းခဲ့၏။
"ဗုဒ္ဓ၏ကျင့်စဉ် တစ်ကမ္ဘာလုံးသို့ပျံ့နှံ့" ယခု သာသနာတော် ၂၅၅ဝကျော်မှာ လယ်တီဆရာတော်၏သား တပည့်၊ မြေးမှ မြစ် တပည့် ဦးဂိုအင်ကာသည် တစ်ကမ္ဘာလုံးမှာ တရား စခန်းရိပ်သာခွဲပေါင်း အများဆုံး ဖွင့်လှစ်နိုင်ခဲ့၏။ ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော ၀ိပဿနာ စေတီတော်ကြီးသည် ယောဂီပေါင်း (၁၀ç၀၀၀)ခန့် တစ်ပြိုင်နက် တရားထိုင်နိုင်လောက်အောင် ကြီးကျယ်ခမ်းနားလှ၏။
၎င်းသည် (၄၅ ၀ါ+ သာသနာ ၂၅၅၅) = ဗုဒ္ဓနှစ် ၂၆၀၀ ဝန်းကျင်မှာ ဗုဒ္ဓသာသနာတော်၏ အထွတ်အထိပ်၊ လယ်တီ ဆရာတော်၏ အရှိန်အဝါ၊ ဆဋ္ဌသင်္ဂါယနာ၏ တွန်းအား၊ ဗုဒ္ဓဘာသာဝင်တို့၏ သဒ္ဓါတရားတို့ကြောင့် ထင်ရှားကျော်ကြား နေခြင်း ဖြစ်သည်။ ထိုဝိပဿနာစေတီတော်ကြီးကြောင့် တစ်ကမ္ဘာ လုံးမှ ဘာသာပေါင်းစုံတို့က ဗုဒ္ဓသာသနာ၏ အထွတ် အထိပ်ဆုံး ကျင့်စဉ် ဖြစ်သည့် ၀ိပဿနာ ဘာဝနာကို အထူး စိတ်ဝင်စားပြီး အားထုတ် လာကြ၏။
"တိုးတက်လာပြီ" ယခင်တချိန်က ရပ်ကွက်ဓမ္မာရုံ သာသနာ့အဆောက်အဦတို့ မည်သည် အလှူ ဒါနပြုခြင်း၊ တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် သီလဆောက်တည်ခဲ့သော ဗုဒ္ဓသာသနာ ပြုရာနေရာ ဌာနဖြစ်ခဲ့၏။ ယခုခေတ် (၁၀)စုနှစ် အတွင်းမှာ ယဉ်ကျေးမှုသင်တန်းများ၊ တရားဓမ္မ ဟောပြော ဆွေးနွေးရာ သင်တန်းများ ပို့ချရာ နေရာများအဖြစ် တိုးတက်လာခဲ့၏။
"သာသနာ့ အဆောက်အဦး များပြားသော်လည်း" ရပ်ကွက်ဓမ္မာရုံ၊ ကျေးရွာဓမ္မာရုံ၊ မြို့နယ်ဓမ္မာရုံ ဘုရားကျောင်းတန်ဆောင်း၊ ---စသည့် သာသနာ့အဆောက် အဦးများ မြန်မာ နိုင်ငံမှာ အမြောက်အမြားပေါများလှ၏။ သို့သော် တစ်နှစ် တစ်ကြိမ်၊ တစ်လတစ်ကြိမ် ---- စသည်ဖြင့် အခါကြီးရက်ကြီး အချိန်များမှာသာ သော့ဖွင့်ကာ အလှူဒါနပြုခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ တရားပွဲများကျင်းပခြင်းတို့ ပြုလုပ်ခဲ့ကြ၏။ ကျန်အချိန်များမှာ သော့ပိတ်ထား ကြသည်ကများလှ၏။
"ခတ်ထားသည့်သော့များ ဖွင့်လိုက်ကြပါစို့" အထက်ပါ သာသနာ့ အဆောက်အဦး များကို သော့ခတ်ထားမည့်အစား တရားပွဲများ၊ ဆွေးနွေးပွဲများ ပရိယတ္တိသင်တန်းများ၊ ပဋိပတ္တိ ကျင့်စဉ်များ အားထုတ်နိုင်ရန် အပတ်စဉ်၊ လစဉ် ဖွင့်လှစ်ကာ ဆောင်ရွက်ကြမည်ဆိုလျှင် ကျေးရွာ၊ ရပ်ကွက်၊ မြို့၊ တိုင်း၊ နိုင်ငံအဝှမ်း လောကုတ္တရာ အသိဉာဏ်တံခါးများပွင့်လာကြပေမည်။ "ထူးခြားစွာကျွတ်တမ်းဝင်ကြဦးမည်"
ယခုကဲ့သို့ (၄၅ ၀ါ+ သာသနာ ၂၅၅၅) = ဗုဒ္ဓနှစ် ၂၆၀၀ ပြည့်ရောက်ရန် (၁)နှစ်အလိုမှာ ပရိယတ္တိ သာသနာ၊ ပဋိပတ္တိ သာသနာကို ရပ်ကွက်တိုင်း၊ ကျေးရွာတိုင်း မြို့နယ်တိုင်း၊ တိုင်းပြည်တိုင်း တိုးတက်ပြန့်ပွား အောင် အားထုတ်နိုင်ကြ မည်ဆိုလျှင် ထူးထူး ခြားခြား ကျွတ်တမ်းဝင်ကြဦးမည့် ခေတ်ကို ရောက်ရှိ ပေဦးတော့မည်။ မောဟအမှောင်ထုမှ အမောဟ အလင်းတံခါးကို ဖြတ်သန်းကာ အရိယာ (သောတာပန်) မှတစ်ဆင့် အမြိုက်နိဗ္ဗာန်သို့ ဦးတည်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
==============================
မှီငြမ်းကျမ်းများ (၁) လယ်တီဆရာတော်ဘုရား၏ ဒီပနီပေါင်းချုပ် (၂) တိပိဋကဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ၏ မဟာဗုဒ္ဓဝင် (၃) ကျီးသဲလေးထပ်ဆရာတော်၏ မဟာဝင်ဝတ္ထု (၄) အသျှင်ရာဇိန္ဒ၏ သာသနဗဟုဿုတပ္ပ ကာသနီကျမ်း (၅) ဓမ္မာစရိယ ဦးဌေးလှိုင်၏ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ (၆) ခင်မောင်အေး(သချင်္ာ)၏ (၂၈)ဆူ ဗုဒ္ဓဝင်နှင့် ရှင်းချက်များ၊ ။
|
https://www.dhammaransi.com/index.php/new/359-2017-11-21-03-59-46.html
|
နတ်ကိုးကွယ်မှု နှင့်သရဏဂုံပျက်ရခြင်း
|
■ သရဏဂုံ ဆိုတာ ပါဠိလို"သရဏဂမန" မြန်မာလို "သရဏဂုံ" အဓိပ္ပာယ်က ကိုးကွယ်ဆည်းကပ်ခြင်း ရတနာမြတ်သုံးပါး အပေါ်လေးလေးနက်နက်နဲ့ သက်ဝင်ပြီး ယုံကြည်မြတ်နိုး ကိုးကွယ်ဆည်းကပ်တဲ့ သဒ္ဒါပညာရှေ့သွားရှိတဲ့ ကုသိုလ်စိတ်ကို "သရဏဂုံ"လို့ခေါ်ပါတယ်။
■ ရတနာမြတ်သုံးပါးအပေါ် လေးလေးနက်နက်ယုံ ကြည်ခြင်း ကြည်ညိုလေးစားကိုးကွယ်ဆည်းကပ်ခြင်း ရှိတဲ့သူဟာ သရဏဂုံတည်တဲ့သူပါ။ သရဏဂုံတည်သူဟာ ရတနာမြတ်သုံးပါး ကျေးဇူးကို မသိတတ်ရင် ရတနာသုံးပါးအပေါ် သံသယဝင်ခဲ့ရင် အတွေးမှား အသိမှားနေခဲ့ရင် သရဏဂုံ ညှိုးနွမ်းညစ်နွမ်းပါတယ်။
■ အယူဝါဒပြောင်းရင ် သရဏဂုံပျက်တယ် သေဆုံးတဲ့အခါမှာလည်း သရဏဂုံပျက်တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ သေဆုံးတဲ့အခါ သရဏဂုံပျက်သွားလို့ သရဏဂုံပြန်တင်ရတယ်။
■ အလောင်းကောင်ကြီးကိုတင်တာတော့မဟုတ်ဘူး။ ဒီအနီးအနားမှာ တစ္ဆေသရဲစတဲ့ဘဝမျိုးမှာ ဖြစ်နေခဲ့ရင် သရဏဂုံပြန်တည်ပါ စေဆိုတဲ့ အနေနဲ့သရဏဂုံတင်ပေး ရတာပါ။
ဗုဒ္ဓဘာသာဝင်တွေထဲမှာ နတ်ကိုးကွယ် ကြတာလည်းရှိပါတယ်။ ရတနာသုံးပါးထက် နတ်ကိုပိုအလေးထားရင်သရဏဂုံပျက် တယ်။ သာမန်ကိုးကွယ်နေရင် သရဏဂုံမပျက်ပေမယ ့် သရဏဂုံညစ်နွမ်းညှိုးနွမ်းမှာတော့ သေချာတယ်။ ဗုဒ္ဓဘာသာစစ်စစ်တစ်ယောက်ဟာ ရတနာသုံးပါးမှတစ်ပါး အခြားကိုးကွယ်ရာ မရှာကောင်းပါဘူး။
■ ဘုရား တရား သံဃာကို စွန့်ပယ်၍ အခြားသော ဘိုးတော် မယ်တော်များ ၃၇-မင်းနတ်များ ရိုးရာနတ်များ နတ်စိမ်းများကို အရှင်ကြီး အရှင်ကောင်းတို့အား ကျွနု်ပ်တို့၏ အသက်နှင့် ခန္ဓာကိုယ်ကို အပ်နှင်းကိုးကွယ်ပါ၏ဟု အဓိဋ္ဌာန်ပြု၍ ဦးချလိုက်လျှင် သရဏဂုံပျက်သည်။ ယင်းသို့ပျက်ခြင်းသည် အပြစ်ရှိသော သရဏဂုံပျက်ခြင်းဖြစ်သည်။
■ ဘုရား တရား သံဃာကိုလည်း မစွန့် ထိုဘိုးတော် မယ်တော်များကိုလည်း ကိုးကွယ်ဆည်းကပ်နေမယ်ဆိုရင် သရဏဂုံမပျက်သော်လည်း ညှိုးနွမ်းသွားပ ါတယ်။ ထို့ကြောင့် သရဏဂုံတည်သူများ ရရှိမည့် ကောင်းကျိုးများကို တင်းပြည့်ကျပ်ပြည့် မရနိုင်တော့ပါ။
■ အပ်ဝင် ပေါက်ဆိန်ထွက် ဟူသော စကားကဲ့သို့ ဖြစ်တတ်ပါတယ်။
အပ်တစ်ချောင်းဝင်လာပြီး ပေါက်ဆိန်တစ်ချောင်း ထွက်သွားမည်ဆိုရင် မိမိအတွက် ဆုံးရှုံးတာသာဖြစ်ပါတယ်။
■ တစ်ဘဝတာ သရဏဂုံတည်မြဲသူများ ရရှိမယ့် ကောင်းကျိုးများကို အပါဒါန်ပါဠိတော်မှာ ဟောကြားထားတာ ရှိပါတယ်။ လွန်ခဲ့သော ၉၁ ကမ႓ာက ပွင့်တော်မူခဲ့ေ သာ အနောမဒဿီ မြတ်စွာဘုရား လက်ထက်တော်အခါက အမျိုးသားတစ်ယော က်သည် မျက်မမြင်မိဘနှစ်ပါးကို လုပ်ကျွေးရင်း တစ်ဘဝတာ သရဏဂုံတည်ခဲ့သည်။
ထိုတစ်ဘဝတာ သရဏဂုံတည်ခဲ့သော ကုသိုလ်ကြောင့် ၉၁ကမ႓ာ အပါယ်တံခါးပိတ်သည်။ အကြိမ် ၈၀ သိကြားမင်းဖြစ်သ ည်။ ၇၅ ကြိမ် စကြာမင်းဖြစ်သည် ။ ရိုးရိုးဧကရာဇ်ဘုရင် ဘဝ အကြိမ်ပေါင်းမျာ းစွာဖြစ်သည်။ ယခုဘုရားသာသနာ၌ အိန္ဒိယနိုင်ငံ၌ သူဋ္ဌေးသား သွားဖြစ်သည်။ သူ ရနှစ်သား အရွယ်ခန့်တွင် တခြားရွယ်တူကလေးများနှင့်အတူ ပြေးလွှားဆော့ကစားရင်း ရဟန္တာတစ်ပါးသီတင ်းသုံးသည့် ကျောင်းထဲသို့ ရောက်သွားသည်။ မထေရ်သည် ကလေးများကို တွေ့သည်နှင့် သရဏဂုံဆောက်တည်ပေးသည်။ ကလေးများက ရွတ်ဆို ဆောက်တည်ကြသည်။ ထိုသရဏဂုံအဆုံးမှာပင် လွန်ခဲ့သော ၉၁ ကမ႓ာက တစ်ဘဝတာ သရဏဂုံတည်ခဲ့သော ကလေးသည် ရဟန္တာဖြစ်သွားခဲ့သည်။
သူ၏ဘွဲ့အမည်မှာ တိသရဏဂမနိယမထေရ်ဟုခေါ်သည်။ ဤကောင်းကျိုးများသည် မိမိထံမှာရှိနေသောပေါက်ဆိန် နှင့်တူသည်။
ဘိုးတော် မယ်တော် ၃၇ မင်း ရိုးရာနတ်များကိ ု ကနားပေးပြီး ကိုးကွယ်လိုက်လျှင် သရဏဂုံမပျက်တောင် သရဏဂုံ ညှိုးနွမ်း သွားပါတယ်။
ထိုသို့နတ်များကိုးကွယ်သည့်အတွက် စီးပွားတက်ခြင်း ရာထူးတက်ခြင်းသည် အပ်တစ်ချောင်းဝင ်လာနဲ့တူပါတယ်။ အကြောင်းမှာ စီးပွားတက်ခြင်း ရာထူးတက်ခြင်းကြောင့် ရရှိလာတဲ့စီးပွာ းဥစ္စာဟာ တစ်ဘဝတစ်နပ်စာသာ ရှိသောကြောင့်ပဲဖြစ်ပါတယ်။ သရဏဂုံညှိုးနွမ် းသွားရင် ၉၁ ကမ႓ာ အပါယ်တံခါးပိတ်ရခြင်း စသောကောင်းကျိုးများကို မရတော့ပါ။ ဒါဟာ မိမိထံမှ ပေါက်ဆိန်တစ်ချောင်း ပြန်ထွက်တာနဲ့တူပါတယ်။
နတ်ကိုးကွယ်မှုနဲ့စပ်လို့ အစဉ်အလာအရ နတ်ကိုပူဇော်ချင်တယ်ဆိုရင် ပူဇော်လို့ရတယ်။ ပသလို့ရတယ်။ ဒါပေမယ့်မကိုးကွ ယ်ကောင်းဘူး။ ပူဇော်တာနဲ့ ကိုးကွယ်တာဟာ မတူပါဘူး။ အချို့အိမ်တွေမှ ာ ကိုးကွယ်ပူဇော်မှုတွေ ရောရော နှောနှောဖြစ်နေတ ာတွေ့ရပါတယ်။ ဘုရားကျောင်းဆောင်မှာ နတ်ရုပ် ဘိုးတော် မယ်တော်ရုပ်တွေ မထားကောင်းပါဘူး။ ဘုရားနဲ့တစ်တန်းတည်း ဘာကိုမှမထားရပါဘူး။ တစ်ခြားဟာတွေ ပူဇော်ချင်ရင် တစ်နေရာရာမှာ သီးသန့်ပူဇော်ပါ။ ဒါပေမယ့် ကိုးတော့ မကိုးကွယ်လိုက်ပါနဲ့။ ဥစ္စာစည်းစိမ်ဆင် းရဲတာက တစ်ဘဝသာဒုက္ခရောက်မှာပါ။ အသိဉာဏ်ပညာ ဆင်းရဲခဲ့ရင်တော့ သံသရာအဆက်ဆက် ဒုက္ခရောက်သွားပါလိမ့်မယ်။
■ အားကိုးမလွဲစေနဲ့ ■
လောကမှာ အမြင့်မြတ်ဆုံးဘုရားနဲ့ တွေ့လျက်သားနဲ့ ဘုရားကိုအားမကိုးပဲ နတ်တွေ ဘိုးတော်မယ်တော် စတာတွေကို အထင်ကြီးအားကိုးနေတာဟာ လူကြားလို့ မကောင်းပါဘူး။
ဒါဟာကိုယ့်ဦးနှောက်ကို ကိုယ် အလွဲသုံးစားလုပ်တာပဲ။ လောကမှာ ဘုရားကိုအားကိုးတာဘုရားစကားနားထောင်တာ လောက် ကောင်းတာ ဘာမှမရှိဘူး။ သိပ္ပံခေတ်လူသားလုပ်နေကြပြီး အတွေးချော်မနေကြ နဲ့။
Thanks:
#အရှင်ဝိစိတ္တသာရ(လေးအိမ်စု)
#အရှင်ဇဝန(မေတ္တာရှင်-ရွှေပြည်သာ)
#အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်)
|
https://www.dhammaransi.com/index.php/new/360-2017-11-21-03-58-10.html
|
ဝန်ထမ်းနှင့်နတ်ပြည်
|
မြတ်စွာဘုရားလက်ထက်တော်က သူဌေးကြီး တစ်ယောက်ရှိပါတယ်။ သူက ”နေ့တိုင်း ကုသိုလ်ဖြစ်စေရမယ်” လို့ အဓိဋ္ဌာန်ပြီး ရဟန်းသံဃာတော်တွေကို အိမ်မှာ ဆွမ်းခံကြွစေပါတယ်။
ဒီလိုနဲ့ ဆွမ်းလောင်းလှှှှှှှှှှှှှှှှှှူလာလိုက်တာ ကာလတစ်ခုမှာတော့ သူတို့ ရပ်ကွက်ကို သူခိုးသူဝှက်တွေ မကြာခဏ လာလာကပ်လာပါတယ်။ ဒါကြောင့် ဇနီးလုပ်သူက အိမ်ခြံဝင်းတံခါးကို အမြဲပိတ်ခိုင်းထားလိုက်ပါတယ်။
ဒီတော့ ဆွမ်းခံကြွလာတဲ့ ရဟန်းသံဃာတော်တွေက ပိတ်ထားတဲ့ တံခါးကိုကြည့်ပြီး ပြန်လှည့်သွားကြပါတယ်။ ပထမတော့ အိမ်ရှင်သူဌေးကြီးက စီးပွားရေးအလုပ်တွေနဲ့ ရှုပ်နေတဲ့အတွက် သတိမထားမိပါဘူး။ တစ်နေ့ အလုပ်အားတဲ့ရက် သံဃာတော်တွေ ကြွမလာတာ တွေ့တာနဲ့ အိမ်ရှင်ဇနီးကို မေးကြည့်ပါတယ်။
“ရှင်မရေ အိမ်မှာ သံဃာတော်တွေကော နေ့စဉ် ဆွမ်းခံကြွရဲ့လား”
“အခုတလော မကြွဖြစ်ကြပါဘူး”
“ဟင်…. ဘာဖြစ်လို့လဲ”
“အခုတလော ရပ်ကွက်မှာ သူခိုးတွေ ကပ်ကပ်နေတယ်။ ဒါကြောင့် အိမ်တံခါးကို အမြဲသော့ခတ်ထားရတယ်”
“အို.. ဖြစ်မှဖြစ်ရလေ စောစောကပြောရောပေါ့။ ဆွမ်းဒါနကုသိုလ်ကတော့ မရလို့ မဖြစ်ဘူး။ ဆွမ်းလောင်းနိုင်အောင်တော့ စီစဉ်ပေးပါဦးမယ်”
အိမ်ရှင်သူဌေးကြီးက အိမ်ရှင်မကို အဲဒီလိုပြောပြီး သူနဲ့သိကျွမ်းတဲ့ လူငယ်ကောင်လေးတစ်ယောက်ယောက်ဆီ သွားပါတယ်။ လူငယ်လေးကိုတွေ့တော့ အကျိုးအကြောင်းပြောပြပြီး
“မောင်ရင်လေးရယ် ဦးတို့တံခါးကို အထူးလုံခြုံအောင် စောင့်ပေးပါ။ ရဟန်းသံဃာတွေ ကြွလာတဲ့အခါ တံခါးဖွင့်ပေးပြီး၊ သံဃာတွေ အိမ်ထဲရောက်တဲ့အခါ တံခါးကို သေချာပြန်ပိတ်ပေးပါ။ မောင်ရင်လေးအတွက်လည်း လခများများ ပေးပါ့မယ်” လို့ ပြောလိုက်ပါတယ်။
လူငယ်ကောင်းလေးကလည်း “ကျွန်တော် ဦးတို့ စိတ်တိုင်းကျ ဆောက်ရွက်ပေးပါ့မယ်” လို့ ပြန်ပြောလိုက်ပါတယ်။
ဒီလိုနဲ့ လူငယ်လေးဟာ သူဌေးကြီးအိမ်မှာ တံခါးစောင့်ရာထူး ရသွားရောပဲ ဆိုပါတော့ အလုပ်ဝင်ကတည်းက လူငယ်လေးဟာ သူ့ရဲ့စိတ်ကို အထူးပဲ စောင့်ရှောက်ထားပါတယ်။ အထူးသဖြင့်တော့ သူ့ရဲ့ ကိုယ်အမူအရာတိုင်းကို သတိကပ်ထားပါတယ်။
ရဟန်းသံဃာတွေ ကြွလာလို့ တံခါးဖွင့်ရပြီဆိုရင် လူငယ်လေးက “ငါ့ရဲ့ တံခါးဖွင့်ပေးမှုကြောင့် ရဟန်းသံဃာတော်တွေ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ဆွမ်းခံကြွ ဘုဉ်းပေးနိုင်ပါစေ။ အိမ်ရှင် မိသားစုတွေလည်း ကုသိုလ်ဝတ်ကို စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ပြုနိုင်ကြပါစေ” လို့ မေတ္တာစိတ်ကလေး ညွတ်ပြီး ပြန်ပိတ််ပါတယ်။
သံဃာတော်တွေ အိမ်ထဲရောက်တဲ့အခါမှာလည်း ဆွမ်းစားဖို့အတွက် ကူလုပ်ပေးပြန်ပါတယ်။ ကူလုပ်နေတဲ့အခါတိုင်း အလုပ်တစ်ခုလို သဘောမထားဘဲ၊ ကုသိုလ်တွေလို့ပဲ သဘောထားပြီး မေတ္တာစိတ်ကလေးကို အထူးညွတ်ညွတ်ပြီးကူပါတယ်။ သံဃာတော်တွေ ဆွမ်းစားပြီးလို့ သရဏဂုံ သီလပေးတဲ့အခါ ဝင်ယူသလို၊ တရားဟောပြီးလို့ အလှူရှင်ဖြစ်တဲ့ အိမ်ရှင်တွေက ရေစက်ချ အမျှပေးဝေတဲ့အခါမှာလည်း စိတ်ကလေးကို အထူးပဲ သတိကပ်ပြီး ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ပါတယ်။
အလုပ်တိုင်းကို အလုပ်လို သဘောမထားဘဲကုသိုလ်တွေလိုပဲ နှလုံးသွင်းထားမိတဲ့အတွက် လုပ်နေရတဲ့အလုပ်ကို ပင်ပန်းတယ်လို့ အာရုံမပြုမိတော့သလို “ငါက ဒီအိမ်မှာ တံခါးစောင့်ရတဲ့ အနိမ့်ဆုံး ရာထူးပဲ” ဆိုပြီးလည်း သိမ်ငယ်မနေတော့ပါဘူး။
ဒီလိုနဲ့ သေလွန်တဲ့အခါမှာတော့ အိမ်ရှင်အမျိုးသားကြီးဟာ ယာမာနတ်ပြည်မှာ သွားဖြစ်ပါတယ်။ တံခါးစောင့်လူငယ်လေးကတော့ တာဝတိံသာနတ်ပြည်မှာ အလွန်လှတဲ့ ရွှေဗိမာန်ကြီးနဲ့ သွားဖြစ်ပါတယ်။ အလွန်လှတဲ့ နတ်သမီးတွေကလည်း တစ်ဖက်ငါးရာနဲ့ပါ။ နတ်သမီးလေးတွေက သူ့ကို ဘယ်လိုခေါ်ကြသလဲဆိုတော့ “ကိုကို တံခါးစောင့်နတ်သားလေး” တဲ့။ လူ့ပြည်က တံခါးစောင့်ဘဝကနေ ရောက်လာတဲ့အတွက် “ကိုကို တံခါးစောင့် နတ်သားလေး” လို့ ခေါ်ကြတာပါ။
ကျန်တဲ့ဝန်းကျင်က နတ်သားတွေကလည်း တံခါးစောင့် နတ်သားလေးလို့ပဲ ခေါ်ကြပါတယ်။ နတ်သားတစ်ဖြစ်လဲ လူငယ်ကလေးကလည်း သူ့ကို တံခါးစောင့်နတ်သားလေးလို့ ခေါ်ကြတာကို လုံးဝစိတ်မဆိုးပါဘူး။ အဲဒီလိုခေါ်တဲ့အတွက် သူ့ကိုယ်သူ ပိုတောင်ဂုဏ်ယူပါသတဲ့။ သူ့ရဲ့ သာမန် တံခါးစောင့်အလုပ်ကလေးက ဒီဘဝရောက်အောင် ပို့ပေးလိုက်လို့ပါတဲ့။ ဒီစာရေးနေဆဲ၊ ဒီစာဖတ်နေဆဲမှာ တံခါးစောင့် နတ်သားကလေးကတော့ နတ်သမီးတစ်ဖက်ငါးရာနဲ့ တာဝတိံသာနတ်ပြည်မှာ ဒီနေ့ ဒီအချိန်အထိ ပျော်ရွှင်ဆဲရှိချင်ရှိဦးမှာပါပဲ။
*************
ခန္ဓာရှိနေတဲ့အတွက် မိသားစုရှိနေတဲ့အတွက် အရွယ်ရောက်လာရင် ဝန်တမ်းတော့ လုပ်ရမှာပါ။ ပုဂ္ဂလိကဝန်တမ်းပဲဖြစ်ဖြစ်၊ အစိုးရဝန်တမ်းပဲ ဖြစ်ဖြစ် တစ်ခုခုပေါ့။
ဒီတော့ ကိုယ်က ဘယ်လိုဝန်ထမ်းပုံစံမျိုးနဲ့ ဖြတ်သန်းမလဲ။
ကိုးနာရီခွဲ ဆယ်နာရီလောက် ရုံးတက်၊ လေးနာရီခွဲလောက် ရုံးဆင်း၊ ရုံးချိန် အလုပ်အားတဲ့အချိန်တွေမှာ စုစု, စုစုနဲ့ သူတစ်ပါးအတင်းပြော၊ ကိုယ့်ထက်သာသွားတဲ့လူကို မနာလို ဣဿာမစ္ဆရိယဖြစ်၊ ဝန်ထမ်းဘဝကို အဲဒီလိုပုံစံမျိုးနဲ့ ဖြတ်သန်းမလား ……?
…………………………………
အဲဒီလိုပုံစံမျိုးနဲ့ ဖြတ်သန်းရင်တော့ သေတဲ့အခါ အထက်မတက်ဘဲ အောက်စိုက်သွားနိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် သေချာပြန်ကြည့်ရင် အမြင့်မြတ်ဆုံးဖြစ်တဲ့ လူ့ဘဝကို ရထားတာပါ။ နိဗ္ဗာန်မရသေးရင်တောင် ဘဝကို အဓိပ္ပါယ်ရှိရှိလေးတော့ နေသွားဖို့ ကောင်းပါတယ်။
အဲဒီအတွက် အဓိက,ကတော့ စိတ်ကလေးပါပဲ။ ကောင်းတာပြုချင်တာလည်း ဒီစိတ်ပဲ၊ မကောင်းတာပြုချင်တာလည်း ဒီစိတ်ပဲ။ ဒီတော့ ကိုယ့်ရဲ့စိတ်ကလေးကို မြင့်မြတ်တဲ့လမ်းကြောင်းလေးပေါ်ကို တင်ပေးလိုက်ရုံပါပဲ။
အသိကောင်လေးတစ်ယောက် ရှိပါတယ်။ သူက ကုမ္ပဏီတစ်ခုမှာ လုပ်ပါတယ်။ သူက ဆောင်ပုဒ်တစ်ခုကို အသေလက်ကိုင်ထားပါတယ်။ သူ့ရဲ့ ဆောင်ပုဒ်က “ကောင်းတဲ့စိတ်ထားရင် ကောင်းတဲ့အကျိုး ပေးမယ်၊ မကောင်းတဲ့စိတ်ထားရင် မကောင်းတဲ့အကျိုး ပေးမယ်” ဆိုတဲ့ ဆောင်ပုဒ်ကလေးပါ။
ဒီဆောင်ပုဒ်ကလေးကို သူက တစ်နေ့သုံးကြိမ်လောက် ရင်ထဲရောက်နေအောင် နှလုံးသွင်း ဆင်ခြင်ပါသတဲ့။ အဲဒီဆောင်ပုဒ်ကလေးနဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ပါသတဲ့။
ဒီတော့ သူ့အနေနဲ့ ရာထူးလေးတွေ ဆင့်ကဲဆင့်ကဲ တိုးတိုးသွားခဲ့ပါတယ်။ ပြီးတော့ ကုမ္ပဏီရဲ့စရိတ်နဲ့ပဲ အပြင်သင်တန်းတွေပါ တက်ခွင့်ရပါတယ်။
ဒါပေမယ့် သူနဲ့အတူတူ အလုပ်ဝင်ဖက်တစ်ယောက်ကတော့ သူ့အပေါ် အမြဲဝန်တိုနေပါသတဲ့။
အဲဒီဝန်တိုနေတဲ့ သူနဲ့လုပ်ဖော်ကိုင်ဖက်မိတ်ဆွေဟာ ရာထူးက တိုးတိုးမလာဘဲ ဒုံရင်းဒုံရင်းအတိုင်းပါပဲတဲ့။
ဒါကိုကြည့်ပြီး သူက ဘယ်လိုနှလုံးသွင်းပြန်သလဲဆိုတော့ “ကောင်းတဲ့စိတ်ထားရင် ကောင်းတဲ့ အကျိုးပေးတယ်၊ မကောင်းတဲ့စိတ်ထားရင် မကောင်းတဲ့ အကျိုးပေးတယ်” လို့ နှလုံးသွင်း ဆင်ခြင်ပါသတဲ့။ နှလုံးသွင်းတဲ့နေရာမှာ သူတစ်ပါး ရာထူးမတက်တာကို ဝမ်းသာစိတ်နဲ့ နှလုံးသွင်းတာမဟုတ်ဘဲ မကောင်းတဲ့စိတ်ရဲ့ ဆိုးကျိုးကို သံဝေဂစိတ်နဲ့ နှလုံးသွင်းဆင်ခြင်တာပါတဲ့။
ကောင်လေးက သူ့ရဲ့လက်တွေ့ဘဝနဲ့ အသုံးတည့်နေလို့ ဆင်ခြင်နေပေမယ့် သူ ခြင်ဆင်နေတဲ့ ဆောင်ပုဒ်ကလေးက ဘယ်ပါဠိက လာတယ်ဆိုတာတော့ သူ မသိပါဘူးတဲ့။ တကယ်တော့ ပါဠိကို သိတာမသိတာက သိပ်ပြီးအရေးမကြီးလှပါဘူး။ ကိုယ်နားလည်တဲ့ ဘာသာစကားနဲ့ ကိုယ့်ရဲ့ လက်တွေ့ဘဝထဲမှာ အသုံးတည့်နေရင် ပြီးတာပါပဲ။
ဒါပေမယ့် စာဖတ်သူတွေကတော့ ပါဠိလေးကို ဗဟုသုတအဖြစ် မှတ်ထားလိုက်ပါဦး။
ကုသလံ အနဝဇ္ဇ သုခ ၀ိပါက လက္ခဏံ
ကုသိုလ်ဟာ အပြစ်ကင်းပြီး ကောင်းကျိုးကိုပေးခြင်း လက္ခဏာရှိတယ်။
အကုသလံ သာဝဇ္ဇ ဒုက္ခ ၀ိပါက လက္ခဏံ
အကုသိုလ်ဟာ အပြစ်နှင့်တကွ မကောင်းကျိုးကိုပေးခြင်း လက္ခဏာရှိတယ်
ဒါက ပါဠိရှိတဲ့အတိုင်း တိုက်ရိုက် မြန်မာပြန် ပေးတာပါ။ တကယ်လို့ ကိုယ်က ပါဠိလေးပါတွဲပြီး ဆင်ခြင်ချင်တယ်ဆိုရင် ဆင်ခြင်လို့ရအောင်ပါ။
ဘယ်လိုပဲဆင်ခြင်ဆင်ခြင် ကိုယ့်ရဲ့လက်တွေ့ဘဝထဲမှာ အသုံးတည့်နေဖို့ပဲ အရေးကြီးပါတယ်။
ပုထုဇဉ်တစ်ယောက်မှာ သိဖို့ရယ်၊ ကျင့်ဖို့ရယ် ဆိုပြီး အဆင့်နှစ်ဆင့် ရှိပါတယ်။ ပထမ သိအောင် လေ့လာရပါမယ်၊ ဒုတိယအသိကို အခြေခံပြီး လက်တွေ့ ကျင့်သုံးကြည့်ရပါမယ်။
ကဲ… ဥပမာပဲ ထားပါတော့။ မြန်မာ့အသံက ဆေးပညာရပ်ဆိုင်ရာ တစ်ခုကို ထုတ်လွှင့်တော့မယ် ဆိုပါစို့။ အသံလွှင့်ဖို့အတွက် တစ်ယောက်တည်း လွှင့်လို့ မရပါဘူး။ အနည်းဆုံး ဝန်တမ်းနှစ်ဆယ်ကျော်လောက်နဲ့ လုပ်ကြရတော့မှာပါ။ အသံလွှင့်ဖို့ ဆေးပညာဆိုင်ရာစာစုကို ကွန်ပြူတာ စာစီမယ်၊ စာစီတဲ့သူကလည်း “ငါစီလိုက်တဲ့ စာလေးဖတ်ပြီး ပြည်သူ ပြည်သားတွေ ဆေးဗဟုသုတလေးတွေရပြီး ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ” ဆိုပြီး မေတ္တာစိတ်ညွတ်ပြီး စာစီမယ်ဆိုရင် ကုသိုလ်တွေ ဖြစ်နေတာပါ။
ဒီလိုပါပဲ အသံလွှင့်ချက်ကို ဖတ်ကြားမယ့်သူ၊ အသံဖမ်းမယ့်သူ၊ စက်ကိုကြီးကြပ်မယ့်သူ၊ မီးကိုဂရုစိုက်ပြီး ကြည့်ပေးမယ့်သူ၊ အသံလွှင့်နေတုန်း ဝင်းတံခါးကို စောင့်ပေးနေမယ့်သူ စသည်ဖြင့် အများကြီးပါပဲ။
အသံလွှင့်ဖို့ စီစဉ်အားထုတ်သူအားလုံးဟာ အလုပ်လုပ်နေကြဆဲမှာ “ငါတို့ထုတ်လွှင့်တဲ့ ဆေးပညာ ဗဟုသုတလေးတွေကို နားထောင်ပြီး ပြည်သူပြည်သားတွေ ဆေးပညာဗဟုသုတတွေ ရကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ။ စိတ်ဆင်းရဲ ကင်းကြပါစေ” လို့ မေတ္တာစိတ်ကလေးညွတ်ပြီး လွှင့်နေရင် မေတ္တာကုသိုလ်တွေ တစ်လှေကြီး ရနေတာပါ။
ဒီလို ကောင်းတဲ့စိတ်ကလေး ဖြစ်နေတဲ့အတွက် ကောင်းကျိုးတွေကလည်း ဆင့်ကဲဆင့်ကဲ ဖြစ်နေမှာဖြစ်သလို သေလွန်တဲ့အခါမှာလည်း နတ်ပြည်မှာ နတ်သမီး တစ်ဖက်ငါးရာက အသင့်ကြိုနေဦးမှာပါ။ ကိုယ်က အမျိုးသမီးဆိုရင်လည်း နတ်သမီးလှလှလေး ဖြစ်ဦးမှာပါ။
နောက်အကျိုးတစ်ခုကတော့ အဘိဓမ္မာ သဘောတရားအရ စိတ်ဆိုတာ အာရုံနှစ်ခု ယူလို့ရတာ မဟုတ်တော့ မေတ္တာစိတ်ကလေး ဖြစ်နေတဲ့အချိန်မှာ ဝန်ထမ်းအချင်းချင်း တစ်ဦးအပေါ်တစ်ဦး မနာလိုဝန်တိုတတ်တဲ့ ဣဿာမစ္ဆရိယစိတ်လည်း ဖြစ်မနေတော့ပါဘူး။ မကောင်းတဲ့စိတ်က ကိုယ့်သန္တာန်မှာ ရှိမနေတဲ့အတွက် နေရထိုင်ရ လုပ်ရကိုင်ရတာလည်း ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ ပျော်ရွှင်နေတတ်ပါတယ်။ စိတ်ပျော်ရွှင်နေရင် အလုပ်လုပ်ရတာလည်း ပင်ပန်းတယ်လို့ မထင်တော့ပါဘူး။
အဲဒီအရသာဟာ ဘာနဲ့မှလဲလို့ မရပါဘူး။
အလုပ်အားနေတဲ့အချိန်လေးတွေမှာလည်း အပိုအဆစ်အနေနဲ့ ရုံးမှာ တံမြက်စည်းလှည်းနေလိုက်မယ်၊ ပြတင်းပေါက်တံခါးတွေကိုလည်း အဝတ်စုတ်ကလေးတစ်ခုနဲ့ ဖုန်လိုက်သုတ်ပေးနေလိုက်မယ်၊ သောက်ရေအိုးတွေကို ရေဖြည့်မယ်၊ သောက်ရေခွက်ကလေးတွေကို တိုက်ချွတ်ဆေးကြောမယ်၊ အများသုံး အိမ်သာကိုလည်း သန့်ရှင်းရေး သွားလုပ်ပေးနေလိုက်မယ်ဆိုရင်လည်း ပိုက်ဆံမကုန်ဘဲနဲ့ ကုသိုလ်တွေ ရနေတာပါ။
နောက် အပိုအဆစ်တစ်ခုအနေနဲ့ ရုံးဆင်းခါနီးမှာလည်း “ဒီနေ့ပြုသော ကုသိုလ်အဖို့ကို ဤရုံးကို စောင့်ရှောက်နေကြသော နတ်ကောင်းနတ်မြတ်အပေါင်းအား လည်းကောင်း၊ ဤမဟာပထဝီမြေကြီးကို စောင့်ရှောက်နေကြသော နတ်ကောင်းနတ်မြတ်အပေါင်းအား လည်းကောင်း၊ အမျှ အမျှ အမျှ ပေးဝေငှပါ၏။ အမျှ အမျှ အမျှ ယူတော်မူကြပါ” လို့ နတ်ကောင်းနတ်မြတ်တွေကိုလည်း အမျှပေးဝေလိုက်ပါဦး။
တကယ်လို့ ဘဝမှာ အခက်အခဲတစ်စုံတစ်ရာနဲ့ ကြုံလာတဲ့အခါ ကိုယ်နေ့စဉ် အမျှပေးဝေခဲ့တဲ့ နတ်ကောင်းနတ်မြတ်တွေကို တိုင်တည်ပြီး အကူအညီ တောင်းလို့လည်း ရပါတယ်။ အမျှပေးဝေထားတဲ့ နတ်ကောင်းနတ်မြတ်တွေကလည်း ကူညီမစမှာပါ။
ရေသောက်တဲ့အခါတိုင်း “ဤရေအေးမြသလို ငါ့ရဲ့လုပ်ဖော်ကိုင်ဖက် ရုံးသူရုံးသားတွေလည်း စိတ်ကော ရုပ်ကော အေးမြကြပါစေ” လို့ မေတ္တာပို့ သောက်မယ်။ အားတဲ့အခါလေးတွေမှာလည်း မျက်လုံးလေးမှိတ်ပြီး “ဒီရုံးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရုံးသူရုံးသားအားလုံး ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ အစစအရာရာ အဆင်ပြေကြပါစေ” လို့ ကိုယ့်ရဲ့ ရုံးသူရုံးသားတွေကို သီးသန့် သီးခြားလေး ဝတ်တစ်ခုလိုထားပြီး မေတ္တာပို့ပေး နေလိုက်မယ်ဆိုရင်လည်း ကုသိုလ်တွေ ဖြစ်နေတာပါ။ ကိုယ်က သူတို့ရဲ့ မေတ္တာကို လိုချင်ရင် ကိုယ်က အရင်ပေးရမှာပါ။
တွေ့ကြဆုံကြတယ်ဆိုတာလည်း တကယ့်ခဏလေးပါ။ တစ်သက်လုံး တွေ့မနေကြပါဘူး။ အချိန်စေ့တော့လည်း ခွဲကြရမှာပါ။ တွေ့ခိုက်ဆုံခိုက်လေးမှာ မေတ္တာနဲ့နေကြတာတော့ အကောင်းဆုံးနေထိုင်မှုပါပဲ။
အဲဒီလိုမှမဟုတ်ဘဲ မထားသင့်တဲ့ စိတ်တွေထားပြီး သေသွားရင် ရောက်ရာဂတိက သိပ်ပြီးမကောင်းနိုင်ပါဘူး။
ကုသိုလ်ဆိုတာ ရှင်တစ်ထောင် ရှင်တစ်သောင်းပြုပေးမှ၊ ကျောင်းဆောင်ကြီးတွေ ဆောက်လှူမှ ကုသိုလ်မဟုတ်ပါဘူး။ စာဝတ်နေရေးအတွက် လုပ်နေရတဲ့ အလုပ်တွေဟာလည်း စိတ်ထားတတ်ရင် ကုသိုလ်တွေပါပဲ။ ဘာမှ မခက်လှပါဘူး။ ကိုယ့်စိတ်ကလေးကို အမည်လေး ပြောင်းတပ်ပေးလိုက်ရုံပါပဲ။ စိတ်ကို စိတ်နဲ့ပဲ ပြန်ပြောင်းပေးရတာဆိုတော့ ဘာမှလည်း မပင်ပန်းပါဘူး။
အရာဝတ္တုတော်တော်များများကို စိတ်ကပဲနာမည်တွေ လိုက်တပ်ထားတာပါ။ စိတ်တပ်ထားတဲ့ နာမည်လေးတွေကို ကိုယ်က သတိနဲ့ပြန်ပြီး နာမည်လေး ပြန်ပြောင်းတပ်လိုက်ရုံပါပဲ။ ရုံးမှာလုပ်နေရတဲ့ အလုပ်တွေကို ဒါတွေဟာ ကုသိုလ်တွေလို့ နာမည်ပြောင်းတတ်လိုက်ရုံပါပဲ။ မခက်ပါဘူး။
အဲဒီလိုသာ ကိုယ့်စိတ်ကလေးကို ကျင့်ကျင့်ပေးသွားရင် မကြာခင်မှာ စိတ်ထားမြင့်မြတ်တဲ့ လူသားတစ်ယောက် ဖြစ်လာမှာပါ။ စိတ်ထားမြင့်မြတ်တဲ့သူကို နေရာတိုင်းက လိုချင်ကြပါတယ်။
ဒီလိုပါပဲ။ အကျင့်ဆိုတာ ကျင့်ကျင့်ပြီး ယူသွားရတာပါပဲ။ အကျင့်ဆိုတာ ကျင့်ပါများသွားရင် အထုံ ဖြစ်သွားတတ်ပါတယ်။ အထုံဖြစ်သွားပြီဆိုရင် အထူးကြောင့်ကြစိုက်စရာ မလိုတော့ဘဲ ဘာပဲလုပ်လုပ် အလိုလို မေတ္တာစိတ်ကလေး ညွတ်ပြီးသား ဖြစ်နေတတ်ပါတယ်။ မေတ္တာစိတ်ရှိနေတဲ့ သူ့ရဲ့မျက်နှာဟာကြည်ပြီး သိပ်သိသာနေတတ်ပါတယ်။ မျက်နှာကြည်နေတဲ့အတွက် မြင်ရတဲ့လူတိုင်းကလည်း အလိုလိုချစ်ပြီးသား ဖြစ်နေတတ်ပါတယ်။ သေတဲ့အခါကျရင်လည်း နတ်ပြည်ကို ရောက်ရဦးမှာပါ။
***********
ကဲ …. စာဖတ်သူ၊ မနက်ဖြန်ကစပြီး ရုံးတက်ရင် ဘာပဲလုပ်လုပ် မေတ္တာစိတ်ကလေးညွတ်ပြီးလုပ်တော့နော်။ ရာထူးတွေ မြန်မြန်တိုးပြီး လူချစ်လူခင်များသွားအောင်လို့ပါ။ ပြီးတော့ သေတဲ့အခါမှာလည်း တာဝတိံသာနတ်ပြည်မှာ ……………လို့ပါ။
ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)
|
https://www.dhammaransi.com/index.php/new/362-2017-11-21-03-55-12.html
|
ရွှေဥမင်ဆရာတော်ဘုရားကြီး၏ တရားအားထုတ်နည်း
|
သတိကလေး ထားနေရုံပဲ။
စိတ်ကို အတင်းထိန်းလည်း မထားနဲ့၊
တောင့်လည်း မထားနဲ့၊
ချုပ်မထားနဲ့၊
အလိုက်သင့်
အလျားသင့် ကလေးနေပြီး
ဖြစ်တာကို
ဖြစ်တဲ့အတိုင်း
သိနေရုံပဲ။
သူ့သဘာဝအတိုင်း
ဖြစ်နေတာကို
သတိကလေး
ထားနေရုံပဲ၊
ပေါ်အောင်လည်း မလုပ်နဲ့၊
ပျောက်အောင်လည်း မလုပ်နဲ့။
သူ့ သဘာဝ ဖြစ်တိုင်း ဖြစ်တိုင်း
ဖြစ်တာလေးကို
ဖြစ်တဲ့ အတိုင်းသိနေပါ။
ချုပ်မရှူ့နဲ့၊
လုပ်မရှူ့နဲ့
သူ့ သဘာဝအတိုင်း
ဖြစ်တာကို
သိနေဖို့ပဲ။
သတိရှိနေဖို့ပဲ။
ကိုယ်မှာ ဖြစ်တိုင်း ဖြစ်တိုင်း၊
စိတ်မှာ ဖြစ်တိုင်းဖြစ်တိုင်း
ကိုယ်ရော
စိတ်ရော
သိမှ။
အဲ့လို သိနေဖို့က
သွားတိုင်းလာတိုင်း၊
စားတိုင်း၊
သောက်တိုင်း ၊
မြင်တိုင်း၊
သတိရှိနေရမယ်။
ရှေ့ သတိနဲ့ နောက်သတိ၊
ရှေ့သမာဓိနဲ့ နောက်သမာဓိ၊
ရှေ့အသိနဲ့ နောက်အသိ၊
အမြဲ ဆက်စပ်နေရမယ်။
သိက္ခာသုံးပါး ဖြည့်ကျင့်ခြင်း
ဘာပဲဖြစ်ဖြစ်
ကောင်းကောင်းဆိုးဆိုး သတိထား၊
ကိုယ်မှာ ဖြစ်တိုင်းဖြစ်တိုင်း၊
စိတ်မှာ ဖြစ်တိုင်း ဖြစ်တိုင်း
သတိထား။
အစမှာတော့
နှာသီးဖျားမှာ
သတိထား
ထွက်တိုင်းသိ
ဝင်တိုင်းသိ။
တိုးပြီးဝင်သွားတာ သိနေ၊
တိုးပြီး ထွက်နေတဲ့
ထိမှုကလေးကို
သိသိနေဖို့ပါပဲ။
အမှန်သိမှု
ဉာဏ်ကုသိုလ်တွေ ဖြစ်သွားမယ်။
ဖြစ်တာကို ဖြစ်တဲ့အတိုင်း
သိနေတာဟာ ၀ိပဿ နာပဲ့။
ဖြစ်အောင်လဲ မလုပ်ရ၊
ပျက်အောင်လည်း မလုပ်ရဘူး။
အဲ့လို ဖြစ်တိုင်း ဖြစ်တိုင်း
သိရုံမျှ သိပေးနေရုံပဲ။
အဲ့လို သိနေတဲ့အတွက်
(ဣန္ဒြိယသံဝရသီလစတဲ့)
သီလ သိက္ခာတွေလည်း
လုံခြုံပြီးနေတယ်။
သတိရှိနေတဲ့အတွက်
သမာဓိ သိက္ခာလည်း
ညီညွတ် မျှတနေတယ်။
သတိရှိနေတဲ့ အတွက်
(ပညာသိက္ခာ)
သိစရာတွေကို အမှန်တိုင်း
ပိုင်းခြားပြီး သိနေတယ်။
သတိထားလိုက်တိုင်း
သိက္ခာသုံးပါး
ဖြည့်ကျင့်ပြီးသား
ဖြစ်သွားတယ်။
သိက္ခာသုံးပါးရှိတဲ့ ပုဂ္ဂိုလ်ဟာ
လူ၊ နတ်၊ ဦးခိုက်ပူဇော်ထိုက်တဲ့
အဆင့်မြင့်ပုဂ္ဂိုလ် ဖြစ်သွားတယ်။
စိတ်ပျံ့လွင့်သော်
စိတ်ပျံ့လွင့်တာကို
အတင်းထိန်းမထားပါနဲ့၊
ပျံ့လွင့်ရင်
ပျံ့လွင့်မှန်း သိဖို့ပဲ။
စိတ်မငြိမ်တာကို
မငြိမ်မှန်းသိဖို့ပဲ့၊
စိတ်ပြေးရင် ပြေးမှန်း၊
တွေးရင်တွေးမှန်း၊
စိတ်ကူးရင် စိတ်ကူးမှန်း၊
ကြံရင် ကြံမှန်း
သိနေရုံပဲ။
သိရင်တော်ပြီ၊
တည်ငြိမ်လို့ ကောင်းလို့
သဘောကျနေရင်လည်း
မဟုတ်သေးဘူး။
တည်တာကို
ကောင်းတယ်ထင်ပြီးတော့လဲ
မစွဲရဘူး။
ပျံ့လွင့်တာကို
မကောင်းဘူးထင်ပြီးတော့လည်း
စိတ်မပျက်ရဘူး။
သိနေဖို့ပဲ။
ကောင်းကောင်း
မကောင်းကောင်း
တည်တာကိုလည်း သိ၊
မတည်တာကိုလည်း သိရမယ်။
တရားအားထုတ်တယ်ဆိုတာ
စိတ်ကလေးကို
ပဝါဖြူလေးလို
ဖြူ စင်သန့်ရှင်းအောင်
လုပ်နေတာပါ။
စိတ်ကို ကိလေသာတွေနဲ့
မပေါင်းမိအောင်၊
စိတ်ကို ပူလောင်စေတတ်၊
ညစ်နွမ်းစေတတ်၊
နှိပ်စက်ညှဉ်းပန်းတတ်တဲ့
လောဘ၊ ဒေါသ၊ မောဟ
ကိလေသာတွေနဲ့
မပေါင်းမိအောင်
စင်ကြယ်သန့်ရှင်းတဲ့
စိတ်ကလေး အမြဲဖြစ်နေအောင်
သတိကလေးထားပြီး အမြဲနေရမှာ။
(ရွှေဥမင်ဆရာတော်ဘုရားကြီး သြဝါဒ)
|
https://www.dhammaransi.com/index.php/new/363-2017-11-21-03-53-54.html
|
ကိုယ်စောင့်နတ်အကြောင်းနှင့် လူကို စောင့်ရှောက်ပုံအကြောင်း
|
မေး > ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိပါသလား၊
ဖြေ > ကိုယ်စောင့်နတ်ဆိုတာတကယ်ရှိပါတယ်၊
မကောင်းမှုပြုသောသူသည် သူမကောင်းမှုပြုတဲ့အကြောင်းကို သူကိုယ်တိုင်ပတမဦးဆုံးသိ၏ ထိုနောက်သူ၏ကိုယ်စောင့်နတ်သိ၏ ထိုနောက်သူတပါး၏ စိတ်ကို ဖောက်ထွင်းသိမြင်နိုင်သော် တန်ခိုးရှင်များသိ၏ လို့" ပါရာဇိကဏ်အဌထာ သုဒိန္ဒကဏ္ဍ "အဖွင့်မှာပါတဲ့စာရပ်ကိုထောက်ပြီး လူကိုနတ်စောင့်တယ်ဆိုတာ သိရပါတယ်၊
နောက်မေးခွန်းတခုက ...
မေး > လူကို ဘယ်လိုစောင့်ရှောက်သလည်းဆိုတာပါ၊
ဘုန်းကံကြီးမားတဲ့ လူကို စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုရှိတဲ့ သူတော်ကောင်းနတ်များက စောင့်ရှောက်ကြပါတယ် ဘုန်းကံမွဲမွဲ လူများကိုတော့ တန်ခိုးသေးနုပ်ပြီး စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှု မရှိတဲ့ နတ်သေးနတ်မွှား လေးတွေက စောင့်ရှောက်ကြပါတယ်၊
တန်းခိုးအင်အားကြီးမားလေ လုပ်နိုင်တဲ့
အရာတွေ၊ လုပ်ပိုင်ခွင့်တွေ ပိုရှိလေမို့ သူလုပ်နိုင်တဲ့ပမာဏ သူလုပ်ခွင့်ရှိတဲ့ အတိုင်းအတာထဲကနေ ကူညီစောင့်ရှောက် ပေးကြပါတယ်၊
ရှေးက ဗရာဏသီမင်းဟာ ကောသလမင်းကို သတ်ပြီး တိုင်းပြည်ကိုသိမ်းပိုက်၊ ကောသလမင်းရဲ့ မိဖုရားကိုလည်း သူမိဖုရားအဖြစ် သိမ်းပိုက်ခဲ့ပါတယ်၊
အဲဒီမိဖုရားကြီးမှာ သွားလေသူ ကောသလမင်းကြီးနဲ့ ရထားတဲ့ ကိုယ်ဝန်ကျန်ခဲ့ပါတယ်၊ အချိန်တန်တော့ သားယောကျာ်းလေး မွေးဖွားခဲ့တယ်၊ အရွယ်ရောက်လာချိန်မှာ အခြားမိဖုရားနဲ့ ရထားတဲ့ ကုဂုင်္ဂဒေဝီဆိုတဲ့ မင်းသမီးလေးနဲ့ ချစ်ကြိုက်သွားကြတယ်၊
ဒါကို ဗရာဏသီမင်းကြီးကသိလို့ မင်းသားကိုသတ်ဘို့ လုပ်တယ်၊ အဲဒါကို မင်းသားလေးကို သေဘေးကလွတ်အောင် ကယ်တင်ပေးခဲ့တယ်၊ ကယ်တင်ပေးသူက မင်းသားလေးရဲ့ ကိုယ်စောင့်နတ်ပဲ ဖြစ်ပါတယ်၊ နတ်က သူလုပ်ပိုင်ခွင့်ရှိတဲ့ ပမာဏ အားလျှော်စွာ လုပ်ကိုင်စောင့်ရှောက် ပေးတယ်လို့ မှတ်သားစေခြင်ပါတယ်၊
နောက်မေးခွန်းတခုက ......
နတ်က လူ့ကိုယ့်ထဲမှာ နေသလား
အပြင်မှာ နေသလားဆိုတဲ့မေးခွန်းပါ၊
လူကိုယ်ထဲမှာ မနေပါဘူး အပြင်ဘက်မှာနေပါတယ်၊ ကိုယ်စောင့်နတ်ဆိုတာ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ဘုမ္မစိုး၊ ရုက္ခစိုး အစရှိတဲ့ နတ်တွေပါ၊
လူ့ ကိုယ်ထဲမှာ နတ်ရှိရင် အဲဒီလူမျိုးကို တချို့က စုန်းလို့သတ်မှတ်ကြပါတယ်၊
နောက်မေးခွန်းတခု ....
လူတိုင်းမှာ ကိုယ်စောင့်နတ်ရှိပါသလား
ဆိုတဲ့မေးခွန်းပါ၊
လူတိုင်းမှာ သဘာဝအားဖြင့် ကိုယ်စောင့်နတ်ရှိပါတယ်၊
အထက်မှာဆိုထားသလို ဘုန်းကံကြီးမားတဲ့လူကို စိတ်ဓာတ်အင်အား ခိုင်မာ တောင့်တင်းတဲ့ သူတော်ကောင်းနတ်များက စောက်ရှောက်ပြီး ဘုန်းကံမွဲမွဲ လူများကိုတော့ တန်ခိုးသေးနုပ် စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှု မရှိတဲ့ နတ်သေးနတ်မွှားလေးတွေက စောင့်ရှောက်ပါတယ်၊
ကိုယ်စောင့်နတ်တွေဆိုတာ လူစောင့်ရှောက်တဲ့ လူရဲ့အလိုကို လိုက်ပြီး ပြောင်းလဲတတ်ကြပါတယ်၊
များသောအားဖြင့် တန်ခို့သေးနုပ်ပြီး စိတ်ဓါတ်အင်အား ခိုင်မာတောင့်တင်းမှုမရှိတဲ့ ကိုယ်စောင့်နတ်တွေပေါ့၊ ဒီလိုနတ်တွေက သူစောင့်ရှောက်တဲ့ လူကကောင်းရင် သူလည်း လိုက်ကောင်းပြီး သူစောင့်ရှောက်တဲ့သူက ဆိုးရင် သူလည်း လိုက်ပြီးဆိုးသွားတတ်ပါတယ်၊
တန်ခိုးကြီးမားပြီး စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းတဲ့ နတ်များကတော့ သူတို့မကြိုက်တာလုပ်ရင် အဲဒီလူကို စွန့်ပယ်ပြီး ထွက်သွားတတ်ကြပါတယ်၊ လူပြောင်းတိုင်းလည်း သူကလိုက်ပြီး မပြောင်းလွဲတတ်ပါဘူး၊
ဥပမာအားဖြင့်...စေတိယမင်းကို တန်ခိုးကြီးတဲ့ နတ်သားလေးပါး စောင့်ရှောက်ပါတယ်၊ စေတိယမင်း မုသားပြောတော့ နတ်သားလေးပါးက စေတိယမင်းကို တခါထဲ စွန့်ပြစ်ထွက်သွားကြပါတယ်၊
ဒါကြောင့် လူတိုင်းမှာ သဘာဝအားဖြင့်ကိုယ်စောင့်နတ် ရှိကြသော်လည်း ကိုယ်စောင့်နတ်မကြိုက်တာလုပ်လို့ ကိုယ်စောင့်နတ်ရဲ့ စွန့်ပြစ်ခြင်း ခံကြရလို့ ကိုယ်စောင့်နတ် မရှိတဲ့ လူမျိုးတွေလည်းရှိကြပါတယ်၊
ဒါကြောင့်ကိုယ်စောင့်နတ် မြဲခြင်ရင် သီလမြဲကြပါလို့ တိုက်တွန်းပါရစေ.....၊
ရေးသူ > အရှင်ခေမာနန္ဒ
______________________________________
အောင်ဝိုင်းဖြိုးရဲ့ အမေးမှာ -
"အရှင်ဘုရား တပည့်တော် အား ကိုယ်စောင့်နတ် နှင့် ပတ်သတ်သော အကြောင်းအရာများကို ဖြေကြားပေးပါဘုရား.
ကိုယ်စောင့်နတ်သည် မည်သည့် နတ်အနွယ်ဝင် ဖြစ်ပါသလဲ ဘုရား.
ကိုယ်စောင့်နတ်သည် အစဉ်အမြဲ စောင့်ရှောက်ခြင်း ရှိပါသလား ဘုရား.
ကိုယ်စောင့်နတ် အဖြစ်ကို မည်သည့် ပုဂ္ဂိုလ်များ ရောက်ရှိနိုင်ပါသလဲ ဘုရား.
အရှင်ဘုရားကို ရှိခိုးဦးချပါတယ် ဘုရား"
နိုင်ငံခြားသား ရဟန်း ချက်ဇ် ဦးသရဏရဲ့ အဖြေ -
ဗုဒ္ဓဘာသာမှာ ကိုယ်စောင့်နတ်ရှိလိုတယ်ဆိုရင် ခြောက်နည်း ဖြစ်နိုင်ပါတယ် -
၁။ ကံကောင်းလို့ အရင်ဘဝမှ ဆွေမျိုးတစ်ယောက်က အခု နတ်ဖြစ်ရင် ဒကာ ဒကာမတို့ရဲ့ ကိုယ့်စောင့်နတ်ဖြစ်နိုင်ပါတယ်။ ဥပမာဆိုပါတော့ ရန်ကုန်မှ ဆရာကြီး ဦးရှိန်ဟာ လူတွေရဲ့ အပမှီတဲ့ရောဂါ ( သရဲစီးတဲ့ရောဂါ) တွေကို (အရင်ဘဝက သူ့အမေ) အခု ဒီဘဝမှာ သူ့ကိုယ်စောင့်နတ်ဖြစ်သူရဲ့ စွမ်းအားနဲ့ ကုသပေးပါတယ်။ (ကုသမှု မှန်ကန်လို့ PhDဆုလည်း ရပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်လောက်က ဆုံးသွားပါပြီ။) ဗုဒ္ဓဘာသာကျမ်းဂန်မှပြောမယ်ဆိုရင် ဥဒါန ဗာဟိယသုတ်မှာဆိုတော့ ဗာဟိယ ဒါရုစီရိယ အရင်ဘဝမှ ဆွေမျိုး ဒီဘဝမှာ နတ်ဖြစ်တဲ့ နတ်တစ်ပါးဟာ ဗာဟိယဆီလာပြီး ဓမ္မမဟုတ်တဲ့အကျင့်ကို ပြောပြပြီး၊ မြတ်စွာဘုရားနဲ့ တွေဖို့ နှိုးဆော်ပေးပါတယ်။ ဒါဆို ဒီလို ကံကောင်းလို့ ကိုယ့်စောင့်နတ်တစ်ဦး ရနိုင်ပါတယ်။ ဒါ ပထမနည်း။
၂။ ပရိတ် ရွတ်တဲ့အခါ နတ်တွေက လာစောင့်ရှောက်တတ်ကြပါတယ်။ အထူးသဖြင့် (သက်သတ်လွတ်စားပြီး) မဟာသမယသုတ်ကို နေ့တိုင်း နေ့တိုင်း မနက် ၁ နာရီ တစ်ခါ မနက် ၃ နာရီတစ်ခါ ရွတ်လိုက်ရင် ၃ လလောက်ကြာပြီး နတ်တွေက လာစောင့်ရှောက်မယ် ကိုယ့်ကြိုက်တာတွေ လုပ်ပေးမယ် ဆောင်ရွက်ပေးမယ်။ (သက်သတ်လွတ်စားရတာ နတ်တွေက အသားအနံ့ မကြိုက်လို့ သူတို့ကို ကိုယ့်အနီးလာစေချင်တယ်ဆိုရင် သက်သတ်လွတ်စားရပါတယ်။)
၃။ သီလကို ဆောက်တည်တယ်ဆိုလို့ရှိရင် နတ်တွေက စောင့်ရှောက်လိမ့်မယ်။ အထူးသဖြင့် သကြားမင်းက စောင့်ရှောက်ပေးပါတယ် - ရှိခိုးတောင် ရှိခိုးပါတယ်။ သံယုတ်နိကာယ် ဂဟဋ္ဌဝန္ဒနာသုတ်မှာ သိကြားမင်းက မိန့်တယ် - ဗြာဟ္မဏပုဏ္ဏား၊ ခတ္တိယာ၊ မဟာရဇ်၊ နတ်ကြီး ၃ဝကလည်း သိကြားမင်းကို ရှိခိုးကြပါတယ်။ သို့သော် သိကြားမင်းက သီလပြည့်စုံတဲ့ ပုဂ္ဂိုလ်များတို့ကို ရှိခိုးတယ်လို့ ပြောထားပါတယ်။
၄။ လှူဒါန်းပြီး နတ်တွေကို အနုမောဒနာ (ဝမ်းသာဖို့) သာဓုခေါ်ဖို့ ဖိတ်ခေါ်တယ်ဆိုရင်လည်း နတ်တွေက ကာကွယ်ကြမယ်။ သီရိလင်္ကာမှာ အိမ်က ဆွမ်းကပ်ပြီး ဆွေမျိုးညာတိတွေကို အမျှဝေလိုက်ရင်တော့ "ကိုယ့်ပြုလုပ်ထားတဲ့ ကုသိုလ်မှ ဝမ်းသာပြီး ကာကွယ်ပါစေ"လို့ ဖိတ်ခေါ်ဆုတောင်းကြပါတယ် -
အာကာသဋ္ဌာ စ ဘုမ္မဋ္ဌာ၊
ဒေဝါ နာဂါ မဟိဒ္ဓိကာ၊
ပုညံ တံ အနုမောဒိတွာ
စိရံ ရက္ခန္တု မံ ပရန္တိ။"
၅။ မေတ္တာဘာဝနာ ပွားရင်လည်း ကိုယ်စောင့်နတ်တွေက လာပြီး ကာကွယ်မယ်လို့ အင်္ဂုတ္တိုရ်နိကာယ် ၁၁ မေတ္တာနိသံသသုတ် မှာ မြတ်စွာဘုရား ဟောကြားတော်မူပါတယ်။ မေတ္တာဘာဝနာ အားထုတ်ရင် ကောင်းကျိုး ၁၁ မျိုးရပါတယ်။ အဲဒီ ကောင်းကျိုး ၁၁ မျိုးမှာ တစ်မျိုးက "ဒေဝတာ ရက္ခန္တိ" (နတ်များ ကာကွယ်ကြမည်) လို့ ဖြစ်ပါတယ်။ ပိလိန္ဒဝစ္ဆမထေရ်ကြီးရဲ့ မေတ္တာစွမ်းအားက အင်မတန်မှ ကြီးမားပါတယ်။ အင်္ဂုတ္တိုရ်နိကာယ် ၁ ဧတဒဂ္ဂဝဂ္ဂမှာ မြတ်စွာဘုရား ပိလိန္ဒဝစ္ဆမထေရ်ကြီးကို ဒီလို ချီးမွှမ်းတော်မူပါတယ်
"ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဒေဝတာနံ ပိယမနာပါနံ ယဒိဒံ ပိလိန္ဒဝစ္ဆော။"
"ရဟန်းတို့ ငါဘုရား တပည့်သာဝကာတို့တွင် နတ်တို့၏ချစ်ခြင်းမှာ အမြင့်မြတ်ဆုံးရဟန်းသည် ပိလိန္ဒဝစ္ဆမထေရ် ဖြစ်ပါတယ်။"
၆။ မဂ် ဖိုလ် ရမယ်ဆိုလိုရှိရင်လည်း နတ်တွေက ကာကွယ်လိမ့်မယ်။ ဓမ္မပဒ အဋ္ဌကထာရဲ့ ပထမဆုံး ပုံဝတ္ထုဟာ စက္ခုပါလမထေရ်ရဲ့ အတ္ထုပ္ပတ္တိကို ပြောပြပါတယ်။ အဲဒီမှာ စက္ခုပါလမထေရ်ကြီးက ရဟန္တာဖြစ်ပြီး သူ့မျက်စိတွေက ပျက်သွားပါတယ်။ မမြင်နိုင်တော့ပါဘူး။ ခရီးထွက်တဲ့အခါ လမ်းပြတဲ့ ရဟန်းတော်ဟာ မိန်းမတစ်ယောက်နဲ့ ပါရာဇိကကျတော့ စက္ခုပါလမထေရ်ကြီးက သူ့ကို နှင်ထုတ်တော်မူပါတယ်။ ဒါကြောင့်လည်း တစ်ပါးတည်းပဲ လမ်းပေါ်မှာ ကျန်တော်မူတယ်။ဒါကို သိကြားမင်းက သိသွားပြီး စက္ခုပါလမထေရ်ကြီးကို ကိုယ့်တိုင်လာပြီး လမ်းပြပါတယ်။
အတိုချုပ်ပြောမယ်ဆိုရင် ကိုယ့်စောင့်နတ်ရဖို့ - (၁) အရင်ဘဝမှ ဆွေမျိုးရှိရမယ်၊ (၂) ပရိတ်ရွတ်ရမယ် (၃) သီလပြည့်စုံရမယ် (၄) လှူဒါန်းပြီး အနုမောဒနာပြုရမယ် (၅) မေတ္တာဘာဝနာ ကျင့်ကြံအားထုတ်ရမယ် (၆) မဂ်ဖိုလ်အောင်မြင်ရမယ်။
ကိုယ့်စောင့်နတ်တွေ ဘယ်နှစ်ပါး ဖြစ်ပါသလဲလို့ သိဖို့ မလွယ်ပါဘူး။ သူတို့ကလည်း ကူညီပေးချင်စိတ်ရှိမှပဲ ကူညီပေးကြပါတယ်။ အဲ့လို သူတို့ကို တာဝန် ပေးမထားပဲနဲ့ လွတ်လပ်စွာ စောင့်ရှောက်ကြပါတယ်။ ကုသိုလ်မလုပ်ဘဲ အကုသိုလ်များရင်တော့ ပြေးကြမှာပေါ့။
ဒါကြောင့် ဒကာ ဒကာမတွေက ကုသိုလ်တွေ အတတ်နိုင်ဆုံး လုပ်ပြီး နတ်တို့ရဲ့ အချစ်ကို မပျောက်စေတဲ့ ရဟန္တာဆုကို အောင်မြင်နိုင်ကြပါစေကုန်သတည်း။
သတ္တဝါ အားလုံး ကျန်းမာချမ်းသာကြပါစေ။
နိုင်ငံခြားသား ရဟန်း ချက်ဇ် ဦးသရဏပါ။
|
https://www.dhammaransi.com/index.php/new/364-2017-11-21-03-52-38.html
|
ကြည်ညိုဖွယ်ရာ ဗုဒ္ဓတစ်နေ့တာ
|
ဗုဒ္ဓဟာ သုမေဓာရှင်ရသေ့ဘဝမှာ အဘိဉာဏ် ခြောက်ပါးကို ရပြီးသား တိဟိတ်အာဇာနည် ယောကျ်ားတစ်ယောက် ဖြစ်ပါတယ် ။
ဒီပင်္ကရာမြတ်စွာဘုရားကိုလည်း ဖူးတွေ့ရပြီ ဖြစ်လို့ လေးမဂ်,လေးဖိုလ်ကို အရယူပြီး နိဗ္ဗာန်ကို ချက်ချင်း ကူးသွားနိုင်စွမ်း ရှိပါတယ် ။
ဒါပေမယ့် မကူးခဲ့ပါဘူး ။
-ငါ သံသရာဝဲသြဃယထဲက ကူးမြောက်သလို ဝေနေယျသတ္တဝါတွေကိုလည်း ကူးမြောက်စေမယ် ။
-ငါ (၃၁)ဘုံ ဝဋ်ဆင်းရဲက လွတ်မြောက်သလို ဝေနေယျသတ္တဝါတွေကိုလည်း လွတ်မြောက်စေမယ် ။
-ငါ သစ္စာလေးပါးသိသလို ဝေနေယျသတ္တဝါတွေ ကိုလည်း သိစေမယ် . . ဆိုတဲ့ မေတ္တာစေတနာနဲ့
အပါယ်လေးပါးအကျခံပြီး လေးသချေင်္နဲ့ ကမ္ဘာ တစ်သိန်း ဘုရားဖြစ်အောင် ပါရမီ ဖြည့်ခဲ့ရတယ်။
မိမိဘာသာ နိဗ္ဗာန်ကူးလို့ ရရဲ့သားနဲ့ မကူးဘဲ ဝေနေယျသတ္တဝါတွေအတွက် အပင်ပန်း အဆင်းရဲခံပြီး ဘုရားဖြစ်အောင် ပါရမီ ဖြည့်ခဲ့တဲ့ မေတ္တာ , ဂရုဏာကို လေးစားတဲ့အနေနဲ့ ဝိပဿနာတရားကို ပွားများအားထုတ်သင့်ကြပါတယ်နော် ။
--------------------------------------------
ဘုရားဖြစ်တော်မူပြန်တော့လည်း ဘုရားရှင်ဟာ အားချိန် , နားချိန်တောင် မထားဘဲ မဂ်ဖိုလ် ရအောင် တရားများကို ဟောကြားပြသတော်မူတယ် ။
ဘုရားရှင်ရဲ့ တစ်နေ့တာအလုပ်ကလေးကို ကြည်ညိုကြည့်ရအောင်. . . ။
နံနက်(၄)နာရီလောက် ရှိတာနဲ့ ဗုဒ္ဓဟာ
ဂရုဏာသမာပတ် ဝင်စားပြီး စင်္ကြာဝဋ္ဌာတိုက် တစ်သောင်းက ကျွတ်ထိုက်တဲ့ ဝေနေယျ သတ္တဝါများကို ရှာဖွေကြည့်ရှုတော်မူပါတယ် ။
ကျွတ်ထိုက်သူကိုတွေ့ရင် ယူဇနာ ဘယ်လောက်ဝေးဝေး အရောက်သွားပြီး ချေချွတ်တော်မူတယ် ။ အဝေးမှာရှိတဲ့ သတ္တဝါတွေ ချေချွတ်ပြီးတာနဲ့ မိုးလင်းသွားပါပြီ ။
-----------------------------------------------
မိုးလင်းတာနဲ့ သံဃာများစွာ ခြံရံပြီး ဆွမ်းခံကြွတော်မူတယ် ။ ဆွမ်းခံရင်းနဲ့ ကျွတ်ထိုက်သူ တွေ့ရင် တရားဟောရင်း ချေချွတ်တာပဲ ။
ဆွမ်းခံက ပြန်ရောက်လို့ ခြေဆေးတဲ့ အချိန်မှာတောင် ဒုလ္လဘတရား ငါးပါးကို ဟောကြားလိုက်ပါသေးတယ် ။
----------------------------------------------
ဆွမ်းစားပြီးလို့ ၁၂ နာရီထိုးလောက် ရှိတာနဲ့ ရဟန်းအပါး ငါးရာကျော်တို့က ကမ္မဋ္ဌာန်းတရားနဲ့ ပတ်သက်တဲ့ ပုစ္ဆာပြသနာတွေ မေးကြတယ် ။
ဒါနဲ့ပဲ ညခုနှစ်နာရီ ရောက်သွားတယ် ။
ဒီအချိန်မှာ တရားနာ ရောက်လာတဲ့ ဒကာ , ဒကာမတွေက ကျောင်းထဲမှာ ပြည့်လျှံနေပါပြီ ။
ဒါကြောင့် ဘုရားရှင်ဟာ အနားယူချိန် မရဘဲ မဂ်ဖိုလ်ရကြောင်း တရားများကို ဆက်ပြီး ဟောကြားတော်မူရပါတယ် ။
လူပရိတ်သတ်တွေ တရားဟောပြီးတဲ့အချိန်မှာ ည(၁၁)နာရီကျော်လောက် ရှိပါပြီ ။
ပလ္လင်ပေါ်က ဆင်းပြီး ကျိန်းစက်ရာ ဂန္ဓီကုဋီတိုက်ထဲ ရောက်တာနဲ့ သိကြားမင်းနဲ့ တကွ နတ်ပရိတ်သတ်က တရားနာဖို့ စောင့်နေပါပြီ ။
----------------------------------------------
နတ်တွေကို တရားဟောပြီးတာနဲ့ ညတစ်ချက်ခွဲလောက် ရှိသွားပါပြီ ။ ဒီအချိန်မှာ ဗြဟ္မာတွေ တရားနာလာပြန်ပါတယ် ။
ဗြဟ္မာတွေကို တရားဟောပြီးတဲ့အချိန်မှာတော့ သုံးနာရီ ထိုးခါနီးပါပြီ ။
အဲဒီအချိန်ကျမှ ဘုရားရှင်ဟာ တစ်နာရီနဲ့ မိနစ်နှစ်ဆယ်ခန့်လောက်ပဲ ကျိန်းစက်အနားယူခွင့် ရပါတယ် ။
မနက်လေးနာရီထိုးတာနဲ့ မဟာကရုဏာသမာပတ် ဝင်စားပြီး တစ်နေ့တာ ယန္တရားကြီး လည်ပတ်ပြန်ပါတယ် ။
-----------------------------------------------
မြတ်စွာဘုရား အဲသလောက် အပင်ပမ်းခံတယ် ဆိုတာ . . .
ဒါနပြုတတ်ရုံ
သီလ ဆောက်တည်တတ်ရုံ
သမထ ပွားတတ်ရုံလောက် . . အတွက် မဟုတ်ပါဘူး ။
ဒီကုသိုလ်တွေက သာသနာတွင်းလည်းရှိ , သာသနာပလည်း ရှိတဲ့ တရားတွေပါ ။ အချိန်မရွေး ပြုလုပ်လို့ ရပါတယ် ။
ဝိပဿနာဘာဝနာတရားကတော့ သာသနာတွင်းမှာသာ ရနိုင်တဲ့တရားပါ ။ မဂ်ဖိုလ်ကို တိုက်ရိုက်ပေးနိုင်တဲ့ တရားပါ ။
ဒါကြောင့်လည်း ဘုရားရှင်က ရသမျှအချိန်လေးမှာ မနားမနေ ချေချွတ်တော် မူတာ ဖြစ်တယ် ။ မြတ်စွာဘုရားရှင်ရဲ့ မေတ္တာ , စေတနာကို လေးစားသောအားဖြင့် ဒီဝိပဿနာ ဘာဝနာကို ပွားများအားထုတ်သင့်ပါပြီ ။
" မေတ္တာရှင် ရွှေပြည်သာ"
မဂ်တားဖိုလ်တား အန္တရာယ်များ(စာ၂၀-၂၃)
|
https://www.dhammaransi.com/index.php/new/365-2017-11-21-03-50-53.html
|
ဘဝကောင်းတစ်ခုရချင်ရင် ငါးပါးသီလလုံခြုံမှဖြစ်မယ်
|
လူ့ဘဝရယ်လို့ရလာပြီဆိုရင် ယေဘုယျအားဖြင့် အရေးကိစ္စ ငါးပါးနဲ့ မလွဲမသွေ ပတ်သက်ရပါမယ်။ လူ့တာဝန်အရေးငါးပါး လို့ဆိုရင်မမှားပါဘူး။ကျန်းမာရေး၊စီးပွားရေး၊အိမ်ထောင်ရေး ၊လူမှုရေးနဲ့ ပညာရေးတို့ပါပဲ။
ကျန်းမာရေးကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် ပါဏာတိပါတသိက္ခာပုဒ် လုံခြုံရပါတယ်။ပါဏတိပါတ သမားတွေဟာ ဖြစ်လေရာဘဝတိုင်း အနာရောဂါများပြီး ကျန်းမာရေးညံ့ဖျင်းတတ်ပါတယ်။
စီးပွားရေးပြည့်စုံတဲ့သူတစ်ယောက်ဖြစ်ဖို့အတွက် အဒိန္နာဒါနသိက္ခာပုဒ်လုံခြုံရပါတယ်။ အဒိန္နဒါနသမားတွေဟာ ဖြစ်လေရာဘဝတိုင်း ပစ္စည်းဥစ္စာချို့တဲ့ပြီး စီးပွားရေးနိမ့်ကျတတ်ပါတယ်။
အိမ်ထောင်ရေးသာယာတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် ကာမေသုမိစ္ဆာစာရသ်ိက္ခာပုဒ် လုံခြုံရပါတယ်။ကာမေသုမိစ္ဆာစာရ သမားတွေဟာ ဖြစ်လေရာဘဝတိုင်း ပြဿနာရှုတ်ထွေးပြီး အိမ်ထောင်ရေးကံ ဆိုးတတ်ပါတယ်။
လူမှုရေးအဆင်ပြေတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက် မုသာဝါဒသိက္ခာပုဒ် လုံခြုံရပါတယ်။မုသာဝါဒသမားတွေဟာ ဖြစ်လေရာဘဝတိုင်း လူအယုံအကြည် ကင်းမဲ့ပြီး လူမှုဆက်ဆံရေးလွဲချော်တတ်ပါတယ်။
ပညာရေးမြင့်မားတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် သုရာမေရယသိက္ခာပုဒ် လုံခြုံရပါတယ်။သုရာမေရယသမားတွေဟာ ဖြစ်လေရာဘဝတိုင်း အသိဉာဏ်ထုံထိုင်းပြီး ပညာရေးအောက်တန်းကျတတ်ပါတယ်။
လူ့တာဝန်အရေးငါးပါးလုံးမှာ အောက်ကျနောက်ကျမဖြစ်ပဲ အထက်တန်းကျကျ ၊ အဆင့်အတန်းမြင့်မြင့်ဖြစ်နေဖို့အတွက် ငါးပါးသီလ သိက္ခာပုဒ် ၅ ခုကို အဖြူစင်ဆုံး ၊ အသန့်ရှင်းဆုံးဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။
လူရယ်လို့ဖြစ်လာတိုင်း ဘဝကောင်းတစ်ခုရပြီလို့ မဆိုနိုင်သေးပါဘူး။ ငါးပါးသီလ ဖောက်ဖျက်မှုရဲ့ အကျိုးဆက်တွေနဲ့ ထုဆစ်ထားတဲ့ လူတစ်ယောက်ရဲ့ ဘဝဟာ ဘဝကောင်းမဟုတ်သေးပါဘူး။ငါးပါးသီလ လုံခြုံမှုရဲ့ အကျိုးဆက်တွေနဲ့ ထုံမွှမ်းလွှမ်းခြုံနေတဲ့ လူတစ်ယောက်ရဲ့ ဘဝကိုသာ အဖိုးတန်ဘဝကောင်းလို့ဆိုနိုင်ပါတယ်။
လူတစ်ယောက်ငါးပါးသီလတွေလုံခဲ့တယ် မလုံခဲ့ဘူးဆိုတာကို သူ့ရဲ့အကျိုးပေးကိုကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။
ပါဏာတိပါတသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊သူတပါးအသက်ကိုသတ်ဖြတ်တဲ့သူဟာ ဖြစ်လေရာဘဝတိုင်း မျက်စိ၊နား၊နှာ ၊ အင်္ဂါ၊ခြေလက် ချို့ယွင်းတတ်ပါတယ်။ ရုပ်ဆင်းသွင်ပြင် စိုစိုပြည်ပြည် မရှိပဲ မွဲပြာခြောက်ညှိုးနေတတ်ပါတယ်။
အင်အားချို့ယွင်းပြီး အားနည်းနေတတ်ပါတယ်။လျင်မြန်ဖျတ်လတ်ခြင်းကင်းဝေးပြီး တုံ့နှေး တုံ့နှေးဖြစ်နေတတ်ပါတယ်။ဘေးရန်တစ်စုံတစ်ခုပေါ်ပေါက်လာရင် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်နေတတ်ပါတယ်။
သူတစ်ပါးရဲ့ အသတ်အဖြတ်ခံရတတ်သလို ကိုယ့်ဘာသာကိုယ် အဆိပ်သောက် ၊ သေကြောင်းကြံစည်ပြီးလည်း သေရတတ်ပါတယ်။ အနာရောဂါ များတတ်ပါတယ်၊ အခြွေအရံပျက်စီးတတ်ပါတယ်။ အသက်တိုတတ်ပါတယ်။
အဒိန္နဒါနသိက္ခာပုဒ်မလုံခြုံတဲ့သူ ၊ ပိုင်ရှင်မပေးပဲ သူတစ်ပါးပစ္စည်းကို မတရားယူတဲ့သူဟာ ဖြစ်လေရာ ဘဝတိုင်း ပစ္စည်း ဥစ္စာမွဲတတ်ပါတယ်။ လူဆင်းရဲဖြစ်တတ်ပါတယ်။အငတ်ငတ် အပြတ်ပြတ် နေရတတ်ပါတယ်။ အလိုရှိတာမရပဲ ဖြစ်တတ်ပါတယ်။
လုပ်ငန်းမကျွမ်းကျင်ခြင်း ၊ သူတစ်ပါးလိမ်လည်ခြင်း စတဲ့ အကြောင်းအမျိုးမျိုးကြောင့် စီးပွားဥစ္စာပျက်စီးတတ်ပါတယ်။ ရေ၊ မီး၊ သူခိုး ၊ အမွေခံသားသမီးဆိုး၊ မင်းဆိုးဆိုတဲ့ ရန်သူမျိုး ၅ပါးရဲ့ နှောက်ယှက်ဖျက်ဆီးမှုကြောင့် ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာတွေ လက်လွှတ်ဆုံးရှုံးရတတ်ပါတယ်။
ကာမေသုမိစ္ဆာစာရပုဒ် မလုံခြုံတဲ့သူ ၊ မိမိကာမပိုင်မဟုတ်သူနဲ့ ဖောက်ပြန်ကျုးလွန်သူဟာ ဖြစ်လေရာ ဘဝတိုင်းမှာ မလိုမုန်းထားသူပေါများတတ်ပါတယ်။ရန်သူလဲများတတ်ပါတယ်။လာဘ်လာဘရှားပါ တိတ်ဆိတ်တတ်ပါတယ်။ ချမ်းသာမှု ကင်းဆိတ်တတ်ပါတယ်။
မိန်းမဖြစ်ရတတ်ပါတယ်။မိန်းမမဟုတ် ၊ ယောကျင်္ားမဟုတ် ပဏ္ဍုပ် ( မိန်းမလျာ ၊ ယောကျ်ားလျာ) ဖြစ်ရတတ်ပါတယ်။ ယောကျင်္ားဖြစ်ပြန်ရင်လဲ တည်ငြိမ်ရင့်ကျက် မြင့်မြတ်တဲ့ ယောကျာင်္းကောင်းတစ်ယောက်မဖြစ်နိုင်ပါပဲ ၊ မိန်းမတစ်ယောက်လို ဟိုစပ်စပ် ဒီစပ်စပ်နဲ့ သူတစ်ပါးအပေါ် မကောင်းမြင် ပြစ်တင်ဝေဖန်တတ်လွန်းတဲ့ အထင်ကြီးစရာလုံးဝမကောင်းတဲ့ ယုတ်ညံ့တဲ့ အမျိုးသား တစ်ယောက်ပဲ ဖြစ်ရတတ်ပါတယ်။
မျက်နှာပျက်ပြီးတော့ အရှက်ကွဲရတတ်ပါတယ်။ရုပ်ဆင်းအင်္ဂါ လက္ခဏာ တို့ချို့ယွင်းသေးသိမ်တတ်ပါတယ်။ စိုးရိမ်ကြောင့်ကြမှုအားကြီး တတ်ပါတယ်။ကိုယ်ချစ်တဲ့သူတွေနဲ့ ခွဲခွါကွေကွင်းရတတ်ပါတယ်။
မုသာဝါဒသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊ မဟုတ်မမှန်တဲ့စကားကို လိမ်ညာလှည့်ပတ် ပြောဆိုတတ်တဲ့သူဟာ ဖြစ်လေရာဘဝတိုင်း စကားပီပီသသ မပြောတတ်တဲ့သူဖြစ်ရပါတယ်။သွားတွေမညီမညွတ်ရှိတတ်ပါတယ်။ခံတွင်း ပါးစပ်ပုတ်ညှီတတ်ပါတယ်။
ကိုယ်အသားအရေ စိုစိုဖတ်ဖတ်မရှိပဲ ခြောက်ကပ်ပူရှိန်နေတတ်ပါတယ်။ပုံဟန်သွင်ပြင် မလှပပဲ ဆိုး
၀ါးဖောက်ပြန်ချို့ယွင်းနေတတ်ပါတယ်။
သူတစ်ပါးအပေါ် သြဇာမရောက် ၊ အာဏာမတည်ဖြစ်တတ်ပါတယ်။နှုတ်ခမ်းထော်၊လျှာကြမ်းပြီး အပြောအဆို သရမ်းတတ်ပါတယ်။ စိတ်တည်ငြိမ်မှု လုံးဝမရှိပဲ လျှပ်ပေါ်လော်လီပြီး အထင်ကြီးစရာကောင်းနိုင်တဲ့ လူတစ်ယောက် ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။
သုရာမေရယသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊သေရည်သေရက် သောက်စားတဲ့သူဟာ ဖြစ်လေရာဘဝတိုင်း အရေးအခွင့် သင့်မသင့်ကို နားမလည်တတ် ၊မသိတတ်ပါဘူး။ပျင်းရိတတ်ပါတယ်။ အရူးအနှမ်းဖြစ်တတ်ပါတယ်။
သူတစ်ပါးပြုဖူးတဲ့ ကျေးဇူးတွေကို မသိတတ်၊ မဆပ်တတ်တော့ပါဘူး။ဟိရိသြတ္တပ္ပ လို့ခေါ်တဲ့ အရှက် အကြောက်ကင်းတတ်ပါတယ်။ ဘယ်အကုသိုလ်ကိုမှ မရှောင်ပဲ မကောင်းမှု အကုသိုလ်တွေအားလုံးကို အလွယ်တကူပြုမိတတ်ပါတယ်။
ငါးပါးသီလနဲ့ပတ်သက်တဲ့ ဆောင်ပုဒ်ကလေးငါးခုကို နှုတ်တက်အလွတ်ရအောင်ကျက်ထားနိုင်ကြရင် အလွန်ကောင်းပါတယ်။
ပါဏာတိပါတ် ၊သူ့သက်သတ်က
ချို့တတ်အင်္ဂါ ၊ မွဲပြာရုပ်သွင်
အားအင်ချို့ယွင်း ၊လျင်ခြင်းလဲဝေး
ဘေးကိုကြောက်တတ် ၊ အသတ်ခံရာ
အနာများလျှက် ၊ခြွေရံပျက်၍
အသက်တိုလျ ၊ ပြစ်များစွာ့သည်
ရှောင်က အပြန်အကျိုးတည်း။
အဒိန္နဒါ ၊ ခိုးမိပါမူ
ဥစ္စာနည်းမွဲ ၊ ဆင်းရဲငတ်ဘိ
လိုရှိမရ ၊ ဘောဂပျက်စီး
ရေမီးသူခိုး ၊ မွေခံဆိုးနှင့်
မင်းဆိုးအပြား ၊ ရန်မျိုးငါးကြောင့်
ပျက်ပြားဥစ္စာ ၊ ပြစ်များစွာသည်
ရှောင်ခါ အပြန်အကျိုးတည်း။
မိစ္ဆာစာရ ၊ ကျူးလွန်ကလည်း
မုန်းကြသူများ ၊ရန်သူပွား၍
ရှားပါးလာဘ်တိတ် ၊ ချမ်းသာဆိတ်၏
ဣတ္ထိပဏ္ဍုက် ၊မျိုးရုပ်ခါခါ
မျက်နှာမလှ ၊ အရှက်ရလျှက်
လက္ခဏဣန္ဒြေ ၊ယွင်းသွေချို့သိမ်
စိုးရိမ်များစွာ ၊ ချစ်သူကွာသည်
ရှောင်ခါ အပြန်အကျိုးတည်း။
မုသားစကား ၊ ပြောဆိုငြားမူ
စကားမပီ ၊ သွားမညီတည်း
ပုတ်ညှီပါးစပ် ၊ ခြောက်ကပ်ကိုယ်ရေ
ဣန္ဒြေနောက် ၊ ပုံယွင်းဖောက်၏
မရောက်သြဇာ ၊ နှုတ်လျှာကြမ်းထော်
လျှပ်ပေါ်လော်လီ ၊ စိတ်မတည်သည်
ရှောင်ပြီအပြန်အကျိုးတည်း။
သေရည်သောက်လင့် ၊သင့်မသင့်၌
ရေးခွင့်မသိ ၊ ပျင်းရိမေ့ရူး
ကျေးဇူးမဆပ် ၊ဟိရောတ္တပ်ကင်း
ခမင်းများထို ၊ အကုသိုလ်ကို
မငြိုလွယ်ရာ ၊ပြုကျင့်ရာသည်
ရှောင်ခါအပြန်အကျိုးတည်း။
ငါးပါးသီလနဲ့ ပါတ်သက်တဲ့ ဒီဆောင်ပုဒ် ငါးခုကို နှုတ်တက်အလွတ်ရအောင်ကျက်ထားပါ။ဆောင်ပုဒ်မှာပါတဲ့ အကျိုးအပြစ်တွေကို တစ်ခုချင်း စဉ်းစားဆင်ခြင်ပါ။ငါးပါးသီလ မလုံခြုံခြင်းရဲ့ အကျိုးဆက်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ လူတစ်ယောက်ရဲ့ဘဝဟာ လူဖြစ်ရကျိုးမနပ်တဲ့ဘဝမျိုးဖြစ်လို့ အဲဒီလိုလူ့ဘဝမျိုး မရောက်ရလေအောင် ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံအောင် ထိန်းသိမ်းစောင့် ရှောက်နိုင်ကြပါစေ။
--------------------------------------------------------
" ခေါင်းပေါ်ကဆံပင်လို အလေးအနက်ထားရမယ်
ခါးပေါ်က လုံချည်လို ကိုယ်နဲ့မကွာ မြဲရမယ် "
တော်သလင်းလပြည့်နေ့ဟာ ဂရုဓမ္မ အခါတော်နေ့ ဖြစ်ပါတယ် ။ ဂရုဓမ္မဆိုတာ . . . ငါးပါးသီလကို ပြောတာပါ ၊
ဗုဒ္ဓဘာသာဝင်တွေရဲ့ အခြေခံအကျဆုံး ကျင့်စဉ်ဖြစ်တဲ့ ငါးပါးသီလကို ဂရုဓမ္မ လို့ ခေါ်ပါတယ် ၊
တရားနာပရိတ်သတ်များ " ဝိပဿနာ ၊ ဝိပဿနာ နဲ့ တွင်တွင်ကြီးသုံးပြီး လူကြားသူကြားထဲ အာပေါင်အာရင်းသန်သန် ဆရာကြီး လုပ်နိုင်ရုံနဲ့ ကျေနပ်မနေကြနဲ့နော် . . . ။
ငါးပါးသီလကို အလေးအနက်မထားဘဲ ပစ်ပယ်ပြီး ဝိပဿနာ စကားနဲ့သာ လူတွင်ကျယ် လုပ်နေရင် . . .
အောက်ပိုင်း ကိုယ်တုံးလုံးနဲ့ အပေါ်က တိုက်ပုံအကျီင်္ ဝတ်ထားသလို ဖြစ်နေမယ် ၊ လုံးဝ ကြည့်မကောင်းဘူးနော် ၊
---------------------------------------------------
ဂရုဓမ္မလို့ ဘာကြောင့် ခေါ်သလဲ ? ဆိုတော့ . . .
အထူးအလေးအမြတ်ထားပြီး ကျင့်ရမယ့် တရားမို့လို့ ၊
မိမိတို့ရဲ့ ခေါင်းပေါ်မှာ ရှိတဲ့ဆံပင်လို အထူးအလေးအမြတ် ထားပြီး ကျင့်ရမယ့်တရားမို့လို့ ဂရုဓမ္မ လို့ ခေါ်တာပါ ၊
မွေးလာကတည်းက မိမိခေါင်းပေါ်မှာရှိတဲ့ ဆံပင်ကို သေတဲ့အထိ မချဘဲနဲ့ ဦးထိပ်မှာ ရွက်ထားသလို ၊ ဦးထိပ်မှာ အမြဲတင်ထားသလို . . . .
ငါးပါးသီလ ဆိုတဲ့ ကိုယ်ကျင့်တရားကိုလည်းပဲ မိမိရဲ့ ကိုယ်ပေါ် ၊ နှုတ်ပေါ် ၊ ဦးထိပ်ပေါ်မှာ အမြဲတမ်း ရွက်ထား ၊ တင်ထား ၊ ကပ်ဆောင်ထားရမယ် ။
ခေါင်းပေါ်ကဆံပင်လို အလေးအမြတ်ထားပြီး ကျင့်သုံးရမှာမို့ ငါးပါးသီလကို ဂရုဓမ္မလို့ ခေါ်ပါတယ် ၊
-----------------------------------------------
နောက်တနည်းအားဖြင့်လည်း ငါးပါးသီလကို နိစ္စသီလ လို့ ခေါ်တယ် ။
နိစ္စ ဆိုတာ မြဲတာ ၊
နိစ္စသီလ ဆိုတာ အမြဲတမ်းကျင့်ရမယ့် ကိုယ်ကျင့်တရား ၊
ငါးပါးသီလဆိုတာ လူတိုင်းအမြဲတမ်းကျင့်ရမယ့် ကိုယ်ကျင့်တရား ဖြစ်တယ် ။
ခါးဝတ်ပုဆိုးလို ခါးဝတ်လုံချည်လို မြဲရမယ့် တရားမို့လို့ နိစ္စသီလ လို့ ခေါ်ပါတယ် ။
မိမိတို့ခါးမှာ ဝတ်ထားတဲ့ အဝတ်ဟာ ရှက်ကြောက်တတ်တဲ့ အရွယ်ကစလို့ သေဆုံးချိန်ထိ ချွတ်တယ်လို့ မရှိ ၊ အမြဲ ဝတ်ထားရသလို . . .
ငါးပါးသီလ ဆိုတဲ့ ကိုယ်ကျင့်တရားကိုလည်း မိမိတို့ အသက်ခန္ဓာမြဲနေသ၍ ဘယ်တော့မှ မချွတ်ဘဲ ရုပ်ခန္ဓာအစဉ်မှာ အမြဲ ကိန်းဝပ်နေအောင် ကြိုးစားသင့်လို့ . . . နိစ္စသီလ လို့ ခေါ်ပါတယ်။
------------------------------------------------------
သီလ ဆိုတာ သူ့ရဲ့တိုက်ရိုက်ထွက်တဲ့ အဓိပါယ်က အလေ့ ပါ ။ အလေ့အထကို သီလ လို့ ခေါ်တာ ။
လူမျိုးတိုင်း ၊ ဘာသာဝင်တိုင်း ၊ သက်ရှိလူသားရယ်လို့ ဖြစ်လာရင် ၊ လူမှန်ရင် ကျင့်ရမယ့်တရား မို့လို့ သီလ လို့ ခေါ်တာပါ ။
သီလ ဆိုတော အလေ့ ။
ခေါင်းပေါ်က ဆံပင်လို ရာသက်ပန် အလေးအမြတ် ထားသင့်လို့ ဂရုဓမ္မ ၊
ခါးဝတ်လုံချည် လို ထာဝရ မြဲမြံသင့်လို့ နိစ္စ ။
အားလုံးပေါင်းလိုက်တော့ ဂရုဓမ္မနိစ္စသီလ ။
ဒါကြောင့်မို့ ငါးပါးသီလကို ဂရုဓမ္မနိစ္စသီလ လို့ ခေါ်ပါတယ် ။
တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မနိစ္စသီလ နေ့လို့ ခေါ်ပါတယ် ။ လိုရင်းတိုရှင်းနဲ့ဆို ဂရုဓမ္မအခါတော်နေ့ လို့ခေါ်ပါတယ် ၊
------------------------------------------------------
ဂရုဓမ္မအခါတော်နေ့ကို တနည်းအားဖြင့် ကုရုဓမ္မ အခါတော်နေ့ လို့လဲ ခေါ်တယ် ၊
ကုရုဆိုတာ . . ကရုတိုင်းသားတွေ ။
ဓမ္မ ဆိုတာ . . ကျင့်သုံးတဲ့ တရား ။
ကုရုဓမ္မ ဆိုတာ . . ကုရုတိုင်းသားတွေ ကျင့်သုံးတဲ့ တရား ။
မြတ်စွာဘုရားအလောင်းတော် ကုရုတိုင်းမှာ အုပ်ချုပ်မင်းလုပ် စဉ်က မင်းကျင့်တရားဆယ်ပါးနှင့်အညီ အုပ်ချုပ်တဲ့အပြင် ငါးပါးသီလ ကိုလည်း အထူးစင်ကြယ်အောင် စောင့်ထိန်း ကျင့်သုံးတယ် ။
ကုရုမင်းတစ်ဦးတည်းသာမကဘူး ၊ ကုရုတိုင်းသူ တိုင်းသား အားလုံး ကျင့်သုံးကြတဲ့ တရားမို့လို့ ငါးပါးသီလကို ကုရုဓမ္မ လို့ ခေါ်တာ ။
ကျင့်သုံးကြပြန်တော့လည်း ပေါ့ပေါ့လျော့လျော့ ကျင့်သုံးကြတာ မဟုတ်ဘူး ။ လေးလေးနက်နက် အထွတ်အမြတ် ထားပြီး ကျင့်သုံးကြပါတယ်။
--------------------------------------------------
တစ်ခါတော့ ကုရုတိုင်းရဲ့ အိမ်နီးချင်းတိုင်းပြည် ဖြစ်တဲ့ ကာလိင်္ဂတိုင်းမှာ အကြီးအကျယ် မိုးခေါင်တော့ . . .
ငတ်မွတ်ခေါင်းပါးကုန်ကြတယ်၊ အစာအာဟာရ ချို့တဲ့တဲ့အတွက် ရောဂါမျိုးစုံ နှိပ်စက်မှုဒဏ် ခံရလို့ တိုင်းတပါးကို ဒုက္ခသည် အဖြစ်နဲ့ ထွက်ပြေးတိမ်းရှောင်ကြရတယ် ။
ဗဟုသုတ ရှိတဲ့အမတ်ကြီးတွေရဲ့ အကြံပေးချက်အရ မိုးရွာအောင် ဆိုပြီး အလှူပေး ၊ သီလဆောက်တည် ၊ ကျက်သရေ တိုက်ခန်းမှာ မြေဇာမြက် ခင်းအိပ်ပြီး ဓာတ်ရိုက်ဓာတ်ဆင် ယတြာ ချေပေမယ့် မိုးက မရွာပါဘူး ၊
အဆောင်လက်ဖွဲ့ကို အထင်ကြီးတဲ့အမတ်တွေက . .
ကုရုတိုင်း မိုးကောင်းတာ မင်္ဂလာဆင်တော်ကြောင့် ဖြစ်တယ် ဆိုပြီး ကုရုမင်းရဲ့ မင်္ဂလာဆက်တော်ကို အဆောင်အဖြစ် အလှူခံပြီး ဆောင်ထားဖို့ အကြံပေးကြပြန်တယ် ၊
ကုရုမင်းက ကြည်ကြည်ဖြူဖြူ လှူလိုက်လို့ မင်္ဂလာဆင်တော် ကို ဆောင်ထားပေမယ့် မိုးက မရွာသွန်းခဲ့ပါဘူး ၊ ဒါကြောင့်လဲ မင်္ဂလာဆင်တော်ကို ပြန်ပို့ရတယ် ။
-----------------------------------------------------
အယူမှန်ကန်တဲ့ ပညာရှိသူတော်ကောင်း အမတ်ကြီးတွေက ကုရုတိုင်းမှာ မိုးကောင်းတာဟာ . . .
မင်းနဲ့တကွ တိုင်းသူပြည်သားတွေ ကုရုဓမ္မကို အထူး စင်ကြယ်အောင် စောင့်ထိန်းကြလို့ ဖြစ်တယ် ၊ ကုရုတိုင်းသားတွေ ကျင့်သုံးတဲ့ ကုရုဓမ္မကို ရွှေပြားနဲ့ ရေးကူးယူဆောင်လာပြီး ကာလိင်္ဂတိုင်းသားတွေ လိုက်နာကျင့်သုံးကြမယ် ဆိုရင်
ကာလိင်္ဂတိုင်းသားတွေ မိုးခေါင်တဲ့ဘေးမှ လွှတ်မြောက် လိမ့်မယ် အကြံပေးကြတယ် ၊
အကြံပေးချက်အတိုင်း ကုရုတိုင်းကနေ ရွှေပြားနဲ့ ရေးကူး ဆောင်ယူလာတဲ့ ကုရုဓမ္မကို . . .
ကာလိင်္ဂမင်းကြီးနဲ့ တိုင်းသူပြည်သားတွေ စင်ကြယ်အောင် စောင့်ထိန်းကျင့်သုံးလိုက်မှပဲ မိုးကောင်းကောင်း ရွာသွန်းတော့တယ် ၊
မိုးခေါင်ဘေး ၊ ငတ်မွတ်ဘေးနဲ့ ရောဂါဘေး ၊ ဘေးကြီးသုံးပါး လုံးဝ ငြိမ်ပျောက်ပြီး တိုင်းနိုင်ငံဟာ အစာရေစာမှအစ အစစအရာရာ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်လာတယ် ။
---------------------------------------------------
ကုရုတိုင်းသားတွေ ကျင့်သုံးတဲ့ တရား ( ကုရုဓမ္မ ) ဆိုတာ ငါးပါးသီလ ပါပဲ။
အဲဒီ ကုရုဓမ္မရဲ့ ဂုဏ်ကျေးဇူး ၊ တန်ခိုး ၊ အစွမ်းသတ္တိတွေဟာ မိုးတွင်းကာလမှာ မိုးခေါင်တဲ့ ကာလိင်္ဂတိုင်းနဲ့ ဆက်စပ်ပြီး သိသိသာသာ ပေါ်လွင်ထင်ရှားခဲ့တဲ့အတွက် . . .
မိုးတွင်းကာလရဲ့ လပြည့်နေ့တစ်ခုဖြစ်တဲ့ တော်သလင်း လပြည့်နေ့ကို ကုရုဓမ္မ အခါတော်နေ့ လို့ ဂုဏ်ပြုသတ်မှတ်ခဲ့ခြင်း ဖြစ်တယ် ။
ကုရုဓမ္မကို ကုရုတိုင်းသားတွေ ကျင့်သုံးပုံက
အလေးအနက် ရှိလွန်း ၊ အလေးအမြတ် ထားလွန်း ၊ ဂရုစိုက် လွန်းတာမို့ " ကရုဓမ္မအခါတော်နေ့ " လို့ လည်း ခေါ်ပါတယ် ။
" ဆရာတော် အရှင်ဆန္ဒာဓိက- ရွှေပါရမီတောရ"
( လောက၌ အကောင်းဆုံးသောအရာ ၊ စာ-၄၃-၅၃ )
အကျဉ်းအား ကောက်နုတ်ပူဇော်ပါ၏
|
https://www.dhammaransi.com/index.php/new/366-2017-11-21-03-48-53.html
|
အရှင်မဟာကဿပ
|
မြတ်စွာဘုရား သက်တော်ထင်ရှားရှိတော်မူစဉ် အခါက သာသနာတော်ကို ချီးမြှောက်သည့်အနေဖြင့် ဘုရားရှင်ကိုယ်တော်တိုင် ထွက်ြွကကြိုဆိုခြင်းပြုတော်မူ သည်ကို ခံယူရသော ပုဂ္ဂိုလ်ထူး (၇)ဦး ရှိတော်မူလေ သည်။
၁။ အရှင်မဟာကဿပ၊
၂။ အရှင်မဟာကပ္ပိန၊
၃။ အရှင်အနုရုဒ္ဓါ၊
၄။ အရှင်ကောဋိကဏ္ဍသောဏ၊
၅။ ဝနဝါသီ တိဿသာမဏေ၊
၆။ ခဒိရဝနိယ ရေဝတသာမဏေ၊
၇။ ပုက္ကုသာတိမင်းကြီး တို့ဖြစ်ကြ၏။
၁။ အရှင်မဟာကဿပ
အရှင်မဟာကဿပ၏ ငယ်နာမည်မှာ ပိပ္ပလိ ဖြစ်၏။ ရုပ်ဆင်းအင်္ဂါ အလွန်ချစ်စရာကောင်းလွန်းသည့် အတွက်ကြောင့် ပိပ္ပလိဟု မှည့်ခေါ်ကြခြင်းဖြစ်လေသည်။
အရှင်မဟာကဿပအလောင်းအလျာ ပိပ္ပလိ သတို့သားကို မဂဓတိုင်း မဟာတိတ္ထပု္ဏဏားမှာ မင်းပု္ဏဏားကြီး ကပိလနှင့် မိဖုရားဘဒ္ဒကာတို့မှ မွေးဖွား ခြင်းဖြစ်၏။ မျိုးရိုးဇာတ်အားဖြင့်လည်း အလွန်မြင့်မြတ် စင်ကြယ်သည့် ကဿပအမျိုးအနွယ်များဖြစ်ကြသည်။ ပိပ္ပလိသတို့သား အသက်နှစ်ဆယ်ပြည့်မြောက်သည့် အချိန်တွင် မိဘများသည် ဂုဏ်ရည်တန်းတူ အမျိုး ကောင်းသမီးတစ်ဦးနှင့် လက်ထပ်ထိမ်းမြားပေးချင်သည့် ဆန္ဒ ရှိနေကြလေသည်။
သို့သော် ပိပ္ပလိသတို့သားသည် အိမ်ရာ ထောင်မှုမပြုပါရစေနဲ့၊ ကျေးဇူးရှင်မိဘနှစ်ပါးတို့ကိုသာ ပြုစုသွားပါရစေ၊ မိဘနှစ်ပါး ကွယ်လွန်သည့်အခါ ရဟန်းပြုဖို့သာ ဆန္ဒရှိနေပါတယ်ဟု ပြောလေ၏။ မိဘ များကလည်း တစ်ဦးတည်းသောသားဖြစ်နေသည့် အတွက် မိဘဘိုးဘွားတို့၏ မျိုးနွယ်ဇာတ်ကို မပြတ် မပျက်စေရန် အားကိုးတကြီးနှင့် အမျိုးမျိုး တောင်းပန် ကြလေသည်။ ပိပ္ပလိသတို့သားကလည်း အကြိမ်ကြိမ် အဖန်ဖန် ငြင်းဆန်မြဲဖြစ်လေသည်။ ထိုအခါမိဘများမှာ မည်သို့မှ မတတ်နိုင်ရှာဘဲ စိတ်ဆင်းရဲမှုကို ခံစားနေရ လေသည်။
ထိုသို့ မိဘများ စိတ်ဆင်းရဲနေကြသည်ကို တွေ့မြင်ရသောအခါ ဝိပ္ပလိသတို့သားမှာ မရွှင်ပြနိုင် ဖြစ်ရလေသည်။ ထို့ကြောင့် ကိုယ့်အပြစ်လည်းမဖြစ်ရ လေအောင် အိမ်ထောင်ရက်သားလည်း မပြုရလေ အောင် တွေးတောကြံဆရလေတော့သည်။ ထိုသို့ တွေးတောကြံဆသည့်အတိုင်း လူလည်းမမီ၊ နတ်လည်း မမျှ၊ အလွန်လှပသော မိန်းမလှရွှေစင်ရုပ်တုတစ်ရုပ်ကို ပိပ္ပလသတို့သားသည် အနုပညာရှင် တတ်ကျွမ်းသူတို့ အား သဘာဝမိန်းကလေးတစ်ယောက်နှင့် အရွယ်တူ သွန်းထုပြုလုပ်ပါသည်။ ပညာရှင်များကလည်း နှစ်ရှည် လများ ကြိုးစားသွန်းထုပြုလုပ်ပြီးသည့်အခါ ရွှေစင် ရုပ်တုမှာ အသက်ဝင်နေသည်လားဟုပင် ထင်မှတ်မှား ခဲ့ကြလေသည်။
ထို့နောက် ပိပ္ပလသတို့သားသည် ရွှေစင်ရုပ်တု ကို မိဘတို့အား ပြသ၍ ဤရွှေစင်ရုပ်တုနှင့်တူအောင် လှပသည့် သတို့သမီးကိုရလျှင် မိမိ အိမ်ထောင်ပြုမည် ဖြစ်ကြောင်း မိဘများကို အကြပ်ကိုင် ပြောဆိုလေသည်။ မိဘများကလည်း သူတို့၏ဆန္ဒကို အလျော့မပေးကြချေ။ ထို့ကြောင့် ပညာဗဟုသုတနှင့်ပြည့်စုံသည့် ပု္ဏဏားတော် ရှစ်ပါးကို ရွှေစင်ရုပ်တုအပ်ပြီး၊ အနယ်နယ် အရပ်ရပ် အတိုင်းတိုင်း အပြည်ပြည်သို့ သတို့သမီးရှာဖွေရန် စေလွှတ်လေတော့၏။
ပညာရှိပု္ဏဏားတော်များသည် ဇမ္ဗူဒိပ်ကျွန်း၌ လှလွန်းဆွေ အမျိုးသမီးကောင်းတို့ ပေါ်ထွက်ရာ ဒေသ အဖြစ်ထင်ရှားသည့် မဒ္ဒရာဇ်တိုင်း၊ သာဂလနေပြည်တော် သို့ တိုက်ရိုက်သွားရောက်ကြလေသည်။ ဝေသန္တရာ မင်းကြီး၏ မိဖုရားမဒ္ဒီဒေဝီသည် မဒ္ဒရာဇ်တိုင်းသူ ဖြစ်၏။ ငါးရာ့ငါးဆယ်ဇာတ်တော်မှ ကုသမင်းကြီး၏ မိဖုရား ဖြစ်သော၊ ခုနစ်ဆောင်တိုက်ခန်းတွင် မီးမထွန်းဘဲနှင့် လင်းလောက်အောင်လှသူ ပဘာဝတီမှာလည်း သာဂလ မြို့သူဖြစ်၏။
စကားချပ်။ ။ အများက ပပဝတီဟု ခေါ်ဝေါ် သုံးစွဲနေခြင်းသည် မှား၏။ ပပဝတီမဟုတ်ပါ။ ပဘာဝတီ ဖြစ်၏။ ပ၊ ဘာ ဆိုသည့်ပါဠိမှာ အရောင်၊ အလင်းဟု မြန်မာ အဓိပ္ပာယ်ရသည်။
ပု္ဏဏားတော် ရှစ်ပါးတို့သည် သာဂလမြို့တော် မှာပင် ရွှေစင်ရုပ်တုနှင့်တူသည့် အလွန်လှပသည့် သတို့သမီးကို တွေ့လိုက်ကြရလေသည်။ ထိုသတို့သမီး မှာပု္ဏဏားကြီးကောသိယ၏သမီး၊ တစ်ဆယ့်ခြောက်နှစ် အရွယ်သာရှိသေးသည့် ဘဒ္ဒကာပိလာနီဆိုသူဖြစ်၏။ ပု္ဏဏားတော်ရှစ်ပါးတို့သည်လည်း ရွှေစင်ရုပ်တုကို အတွင်းဥစ္စာပြုလျက် ကောသိယပု္ဏဏားကြီးထံတွင် ပိပ္ပလိ သတို့သားအတွက် တောင်းရမ်းစေ့စပ်လေ၏။ ကောသိယပု္ဏဏားကြီးကလည်း ပိပ္ပလိသတို့သား၏ မျိုးရိုးဥစ္စာ ဂုဏ်သိက္ခာတို့ကို မေးမြန်းပြီး နှစ်သက် ကျေနပ်စွာလက်ခံလေ၏။
ဤသို့ဖြင့် ပု္ဏဏားတော် ရှစ်ပါးတို့ အောင်မြင် စွာ ပြန်လည်ရောက်ရှိလာကြသည်။ ပိပ္ပလိသတို့သား၏ မိဘနှစ်ပါးတို့မှာ ပု္ဏဏားတော်များ၏ စကားကိုကြားရ သည့်အခါ အတိုင်းမသိ ဝမ်းမြောက်ကြည်နူးမိကြလေ၏။ သို့သော် ပိပ္ပလိသတို့သားအဖို့မူ အလွန်တရာ စိတ် ညစ်ညူးစွာ ခံစားနေရလေသည်။ အိမ်ထောင်မပြုရ လေအောင် ပရိယာယ်ဝေဝုစ်ဖြင့် ရွှေစင်ရုပ်တုနှင့် တူ သူကို ဤဇမ္ဗူမှာ ရှာတွေ့နိုင်မည် မဟုတ်ဟု ထင်ခဲ့မိ လေသည်။ သို့သော် မကြာခင် လက်ထပ်ပွဲဆင်နွှဲရမည့် အခြေအနေသို့ ဆိုက်ရောက်ရပေတော့မည်။ ထို့ကြောင့် နောက်ထပ် တွေးတောကြံဆရပြန်လေတော့သည်။
ပိပ္ပလိသတို့သားသည် သူ ယုံကြည်ရသည့် လူယုံတော်များကို သာဂလနေပြည်တော်မှ ဘဒ္ဒ ကာပိလာနီသတို့သမီးကလေးထံသို့ လျှို့ဝှက်စာ တစ်စောင်ရေး၍ ပေးပို့စေခိုင်းလိုက်လေသည်။ စာထဲ တွင် နှမ ဘဒ္ဒကာပိလာနီ-ငါနှင့်အိမ်ထောင်ပြုရန် မလို လားပါနှင့်၊ ငါကား မိဘများကွယ်လွန်သော် ရဟန်းပြု မည့်သူဖြစ်သည်၊ ထိုအခါတွင် သင်တစ်ဦးတည်း စိတ် ဆင်းရဲစွာ ကျန်ရစ်ခဲ့ပါလိမ့်မည်ဟု ရေးသားထား၏။
ထိုအချိန်တွင် ပါရမီရှင် ဆုကြီးပန်တို့၏ တိုက်ဆိုင်မှုသည် အံ့ဩဖွယ် ဖြစ်ချေသည်။ သာဂလ နေပြည်တော်မှ ဘဒ္ဒကာပိလာနီ အမျိုးသမီးကလေးမှာ လည်း အိမ်ထောင်ပြုရမည်ကို အလွန်ပင် ထိတ်လန့် စက်ဆုပ် ရွံရှာနေလေ၏။ ထို့ကြောင့် ဘဒ္ဒကာပိလာနီ သတို့သမီးသည်လည်း သူမ၏ အစေအပါး လူယုံတော် ယောကျာ်းသားများကို ခေါ်ယူ၍ ပိပ္ပလိသတို့သားထံ စာတစ်စောင်ရေး၍ လျှို့ဝှက်စွာ ပေးခိုင်းလိုက်၏။ စာ ထဲတွင် သူမအား လက်မထပ်လိုပါနှင့်၊ ရဟန်းမဘိက္ခုနီ ပြုရန်သာ စိတ်ဆန္ဒရှိသည့် အကြောင်းဖြစ်၏။
ထိုသို့ တိုက်ဆိုင်ရသည့်အကြောင်းသည်ကား အရှင်မဟာကဿပအလောင်းတော် ပိပ္ပလိလုလင်နှင့် ဘဒ္ဒကာပိလာနီအမျိုးသမီးတို့သည် လွန်ခဲ့သည့် ကမ္ဘာတစ်သိန်းအချိန်က ပွင့်ထွန်းတော်မူခဲ့သည့် ပဒုမုတ္တရဘုရားရှင်ထံတွင် ဆုကြီးပန်ခဲ့ကြသူများဖြစ်၏။ ထိုအချိန်မှစ၍ ဘဝပေါင်းများစွာ ပါရမီဖြည့်ခဲ့ကြလေ သည်။ တစ်ခုသောဘဝတွင် စည်းစိမ်ဥစ္စာတို့ကို ပယ်စွန့် ပြီး တစ်ဦးက ရဟန်း၊ တစ်ဦးက ရဟန်းမ ပြုခဲ့ကြသည်။ အသက်ထက်ဆုံး ဈာန်ဝိပဿနာပွားများ အားထုတ်ကြ ပြီး ဗြဟ္မာ့ပြည်သို့လားကြရသည်။ ယခု ဂေါတမ ဘုရားရှင်လက်ထက်တော်တွင် ဗြဟ္မာ့ပြည်မှ စုတေခဲ့ ကြပြီး ပိပ္ပလိလုလင်နှင့် ဘဒ္ဒကာပိလာနီ သတို့သမီး ဖြစ်လာခဲ့ကြ၏။ ထို့ကြောင့် အိမ်ရာတည်ထောင် လူတို့ ဘောင်မှာ ကိလေသာအညစ်အကြေးများနှင့် မနေလိုကြ ခြင်း ဖြစ်လေသည်။
ပိပ္ပလိသတို့သားနှင့် ဘဒ္ဒကာပိလာနီသတို့ သမီးတို့သည် တစ်ယောက်နှင့်တစ်ယောက် လက်မထပ် ဖြစ်ရန် သဝဏ်လွှာစေတမန်များ လျှို့ဝှက်စွာ စေလွှတ် ခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြပါချေ။ အဘယ် ကြောင့်ဆိုသော် နှစ်ပြည်ထောင်နယ်ခြား အပန်းဖြေ စခန်းတစ်ခုတွင် စေတမန်အချင်းချင်းတို့ တွေ့ဆုံကြ ပြီး အပေါင်းအသင်းဖြစ်သွားကြလေ၏။ ဤသို့ပြောဆို ကြရင်းမှ သဝဏ်လွှာအကြောင်း စကားစပ်မိကြလေ သည်။ ထိုသို့ စကားစပ်မိကြပြီး သူတို့သခင် သခင်မ အကြောင်းကို သိလိုက်ကြရ၏။ စေတမန်များသည် လောကီအာရုံကာမဂုဏ်နယ်အတွင်းမှ လူသားများ ဖြစ်ကြသဖြင့် ရင်ထုမနာဖြစ်မိကြလေသည်။ ထို့ကြောင့် စေတမန်များသည် သူတို့စေတနာဖြင့် လက်ထပ်ပွဲ ဖြစ်အောင် သဝဏ်လွှာတွင်ပါသည့်စာများကို ပြင်ဆင် ရေးသားပြီး ပေးလိုက်ကြလေသည်။
ဤသို့ဖြင့် ပိပ္ပလိသတို့သားနှင့် ဘဒ္ဒကာပိလာနီ သတို့သမီးတို့ ကြီးကျယ်စွာ လက်ထပ်လိုက်ကြလေ၏။
ထိုလက်ထပ်သည့်ညတွင် မိဘတို့က စီမံ ခင်းကျင်းထားသည့် အိပ်ခန်းတွင်းသို့ ဝင်သည့်အခါ တစ်ဦးနှင့်တစ်ဦးကြား၌ ပန်းကုံးများခြားပြီး သန့်ရှင်း စင်ကြယ်စွာ အိပ်စက်ကြလေသည်။ ရာဂမဖက် မေတ္တာ သက်သက်နှင့်သာ ပြောဆိုဆက်ဆံကြလေသည်။ ဤသို့ နေထိုင်လာခဲ့ကြပြီး နောက်ဆုံး မိဘများ ကွယ်လွန် သွားကြသည့်အခါတွင် အလုံးစုံသော ဥစ္စာပစ္စည်းများကို စွန့်လွှတ်၍ မြတ်စွာဘုရားရှင်ကို အာရုံပြုလျက် ပရိက္ခရာသင်္ကန်းနှင့် ရဟန်းဝတ်ပြီး သဘောထားချင်း တူညီစွာ တောထွက်ခဲ့ကြလေတော့သည်။
ထိုအချိန်တွင် မြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူလေ၏။
ပိပ္ပလိရဟန်းနှင့် ဘဒ္ဒကာပိလာနီရဟန်းမ တို့သည် ရာဇဂြိုဟ်ပြည်သို့ ဦးတည်လျက် တစ်ခရီး တည်းအတူလာခဲ့ကြ၏။ ထိုသို့ ရှေ့သွားနောက်လိုက် အစဉ်တစ်စိုက် သွားလာနေကြရာမှ ပိပ္ပလိရဟန်းက ဤသို့ စဉ်းစားမိလေသည်။ ရဟန်းနှင့် ရဟန်းမ အတူ တကွ သွားလာနေကြတာဟာ လူများမြင်လို့ မတင့်တယ် နိုင်ပါလား၊ ရဟန်းဝတ်ထားပါလျက် မိန်းမသား တစ်ယောက်ကို မခွဲနိုင် မခွာရက်သကဲ့သို့ ဖြစ်နေတယ်။ ဒါကြောင့် သူနဲ့ငါ လမ်းခွဲမှ သင့်လျော်ပေလိမ့်မည်ဟု စဉ်းစား ဆုံးဖြတ်လိုက်လေသည်။
မကြာခင် ခရီးလမ်းဆုံ လမ်းနှစ်သွယ်သို့ရောက် လာသည့်အခါ ပိပ္ပလိရဟန်းက အကျိုးအကြောင်း ရှင်းပြပြီး ခရီးလမ်းခွဲကြရန် ပြောလေသည်။ ထိုအခါ ဘဒ္ဒကာပိလာနီရဟန်းမကလည်း သဘောတူမျှစွာဖြင့် လက်ခံလေသည်။ ပိပ္ပလိရဟန်းက လက်ဝဲလမ်း လက်ယာလမ်းနှစ်သွယ် ကြိုက်ရာလမ်း ရွေးချယ်ရန် ဘဒ္ဒကာ ပိလာနီရဟန်းမအား အခွင့်အရေးပေးလေ သည်။ ဘဒ္ဒကာပိလာနီရဟန်းမကလည်း မင်းယောကျာ်း တို့ မည်သည် လက်ယာလမ်းကိုယူ၍ မင်းမိန်းမများ သည် လက်ဝဲလမ်းကိုသာ ယူသင့်သည် ဖြစ်၍ မိမိက လက်ဝဲလမ်းကိုသာ လိုက်ပါတော့မည်၊ သံသရာဘဝ အဆက်ဆက်က ပါရမီကို တူညီစွာဖြည့်ကျင့်ခဲ့သည့် မိမိအနေနှင့် အရှင်ဘုရားအား နောက်ဆုံးကန်တော့ ခြင်းဖြင့် တပည့်တော်မက ရှိခိုးကန်တော့လိုက်ပါတယ် ဘုရားဟုဆိုလျက် မြေကြီးပေါ်၌ ပုဆစ်တုပ် ဦးချ ကန်တော့လိုက်လေသည်။
ထိုသို့ ကန်တော့ပြီးနောက် တစ်ယောက် တစ်လမ်းတစ်ခရီးစီ ခွဲခွာလိုက်ကြသည်နှင့်တစ်ပြိုင်နက် မဟာပထဝီမြေကြီးသည် ပဲ့တင်သံဟည်းလျက် ပြင်းထန်စွာ တုန်လှုပ်လေတော့၏။
မဟာပထဝီမြေကြီး တုန်ဟည်းလှုပ်ခါသည်ကို သမန္တစက္ခုရှင် မြတ်စွာဘုရားသခင် သိမြင်တော်မူ လိုက်လေသည်။ ထိုကြောင့် ရာဇဂြိုဟ်ပြည်နှင့် နာလန္ဒ မြို့အကြား ဗဟုပုတ္တကပညောင်ပင်ရင်းအရောက် ဝေဠုဝန်ကျောင်းတော်မှ သုံးဂါဝုတ်မျှခရီးကို မြတ်စွာ ဘုရားရှင် တစ်ကိုယ်တည်း ြွကရောက်တော်မူလာပြီး လျှင် ဒိသာဖရဏရောင်ခြည်တော်ခြောက်သွယ် လွှတ် တော်မူလျက် စံနေကြိုလင့်တော်မူလေသည်။ အရှင်မဟာကဿပမထေရ်ကြီးသည် ဓုတင် အရာတွင် ဧတဒဂ်ရတော်မူပြီး ဘဒ္ဒကာပီလာနီ ရဟန္တာ ထေရီသည် ပုဗ္ဗေနိဝါသဧတဒဂ်ကို ရတော်မူသည်။
အရှင်မဟာကဿပမထေရ်မြတ်ကြီးသည် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးသည့်နောက် ဗုဒ္ဓဘုရားရှင်တော်မြတ် ဟောကြားတော်မူသမျှ ဓမ္မ ဝိနယတို့ကို ယနေ့တိုင် မပျောက်ပျက် တည်တံ့နေစေ ရန်၊ ဦးစွာပထမ ဦးဆောင်ဦးရွက်ပြုတော်မူ၍ သံဂါယနာ တင်တော်မူခဲ့သည့် ကျေးဇူးရှင် မထေရ်မြတ်ကြီးတစ်ပါး ဖြစ်၏။ အရှင်မဟာကဿပမထေရ်မြတ်ကြီး၏ ဂုဏ် ကျေးဇူးကို သိမြင်တော်မူသည့် မြတ်စွာဘုရားရှင်က အရှင်မဟာကဿပမထေရ်မြတ်ကြီးနှင့် သင်္ကန်းချင်း အလဲအလှယ်ပြုပြီး ဝတ်ရုံခွင့် ပေးတော်မူလေသည်။ ဤသို့ချီးမြှောက်ခြင်းခံတော်မူရသည်မှာ ဤသာသနာ တော်၌ အရှင်မဟာကဿပမထေရ်မြတ်ကြီး တစ်ပါး တည်းသာ ရှိတော်မူ၏။
မြတ်စွာဘုရားရှင် ဝတ်ရုံတော်မူသည့် သင်္ကန်း ၏ ဂုဏ်တော်ကြီးမားပုံမှာလည်း ဗုဒ္ဓမြတ်စွာကိုယ်တော် တိုင် သေနနိဂုံး လူသေကောင်စွန့်ပစ်ရာအရပ်မှ သင်္ကန်း အလျာအဖြစ် ပံ့သကူကောက်ယူတော်မူစဉ်က မဟာ ပထဝီမြေကြီး သိမ့်သိမ့်တုန်သွားရလေသည်။ ထိုမျှ တန်ခိုးရှိန်စော် အာနုဘော်ကြီးသည့် သင်္ကန်းဖြစ်၏။ အရှင်မဟာကဿပမထေရ်မြတ်လည်း မြတ်စွာဘုရား ရှင်၏ ပံ့သကူသင်္ကန်းတော်မြတ်ကို ဝတ်ရုံလိုက်သည့် အချိန်မှစပြီး ဓုတင်အကျင့်(၁၃)ပါးကို အသက်ထက်ဆုံး ကျင့်ဆောင်သွားတော်မူလေသည်။
ဓုတင်ဆိုသည့် စကားလုံး၏အဓိပ္ပာယ်ကို သိမှ သာလျှင် ကျင့်ကြံအားထုတ်တော်မူကြသည့် သဒ္ဓါ ဝီရိယကို အံ့ဩချီးမွမ်း၍မဆုံး ကြည်ညိုနိုင်ကြမည်ဖြစ်၏။
ဓုတင်ဆိုသည်မှာ ကိလေသာအနှောင်အဖွဲ့မှ ခါထွက်ခြင်းဟု အဓိပ္ပာယ်ရသည်။ ခါထွက်ခြင်းဆိုသည့် စကားကလည်း လုံ့လဝီရိယနှင့် ဆောင့်ခါရုန်းထွက်သည့် သဘော၊ သာယာမှုမှန်သမျှကို တွန်းလှန်ဖယ်ရှားသည့် သဘောကို ဆိုလိုခြင်းဖြစ်၏။
ဓုတင်(၁၃)ပါး ရှိသည်။
၁။ ပံ့သကူဓုတင် - ဒါယကာတို့လှူဒါန်းသော သင်္ကန်း ကို မဝတ်ရုံဘဲ လူတို့စွန့်ပစ်ထားသော အဝတ်များကို သာ လျှော်ဖွပ်အရောင်ဆိုး၍ ချုပ်ဖာဆက်စပ်ပြီး ဝတ်တော်မူခြင်း။
၂။ တိစီဝရိတ်ဓုတင် - ခါးဝတ်သင်းပိုင်၊ ကိုယ်ရုံဧကသီ၊ ပခုံးတင်ဒုကုဋ်၊ သင်္ကန်းကြီး ဤသုံးထည်မှအပ အပို မထားရှိ၊ မသုံးဆောင်ခြင်း။
၃။ ပိဏ္ဍပတ်ဓုတင် - ဆွမ်းခံ၍ရသော ဆွမ်းမှအပ လာဘ်ပိုလာဘ်လျှံအား အလှူမခံခြင်း။
၄။ သပဒါနစာရိကဓုတင် - ဆွမ်းရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အိမ်စဉ်အတိုင်းသာရပ်၍ ဆွမ်းခံခြင်း။
၅။ ဧကာသနိုက်ဓုတင်- တစ်ထိုင် တစ်နေရာတည်း တွင်သာ ဆွမ်းစားခြင်း။
၆။ ပတ္တပိုင်ဓုတင်- သပိတ်တစ်လုံးတည်းဖြင့်သာ ဆွမ်းစားခြင်း (တချို့က ဗတ်လဗိုင်ဟု လွဲမှားစွာ ပြောဆို ကြ၏၊ ဆွမ်းနှင့်ဟင်းကို ရောနှော၍စားခြင်းကို ဗတ်လဗိုင် ဟု ဆိုကြ၏။ အမှန်မှာ သပိတ်တစ်လုံးမှတစ်ပါး အခြား ခွက် ပန်းကန်များနှင့် အလှူမခံသည့်သဘော ဖြစ်၏။ ပတ္တဆိုသည်က ခွက်သပိတ်ကိုခေါ်၏။ ပတ္တပိဏ္ဍက ဆို သည့်ပါဠိမှ ပတ္တပိုဏ်ဖြစ်လာ၏။ ထိုမှ ပတ္တပိုင် ဖြစ်လာ၏။ ဤသည်ကို ဗတ်လဗိုင်ဟု လွဲမှားစွာ ပြောဆိုကြခြင်း ဖြစ်၏။)
၇။ ခလုပစ္ဆာဘတ္တဓုတင် - အကပ်ခံပြီးသော ဆွမ်းç ဘောဇဉ်ကို ဘုဉ်းပေးပြီးသည့်နောက် ထိုဆွမ်းç ဘောဇဉ် ကို ဝိနည်းတော်အရ ပရိကံပြုပြီး၍ နောက်ထပ်လာကပ် ပြန်သော်လည်း လက်ခံသုံးဆောင်မှု မရှိခြင်း။
၈။ အာရညိကဓုတင်- ရွာကျောင်းတွင်မနေဘဲ တော ကျောင်း၌သာနေခြင်း။
၉။ ရုက္ခမူဓုတင် -အမိုးအကာရှိသောကျောင်းတွင် မနေဘဲ သစ်တစ်ပင်ရင်း ဝါးတစ်ပင်အောက်၌သာနေ ခြင်း။
၁၀။ အဗ္ဘောကာသိကဓုတင်- ကျောင်း၌လည်းမနေ၊ သစ်ပင်အောက်၌လည်း မနေဘဲ လွင်တည်းခေါင်၌သာ နေခြင်း။
၁၁။ သုသာနဓုတင်- သုသာန်၌သာနေခြင်း။
၁၂။ ယထာသန္တသိဓုတင် - နေရာကောင်း၊ေ ကျာင်း ကောင်း၊ ဆွမ်းကောင်းတို့ကို မရွေးချယ်ဘဲ ရသမျှနှင့် တင်းတိမ်ကျေနပ်ခြင်း။
၁၃။ နိသဇ်ဓုတင် -လဲလျောင်းခြင်း၊အိပ်စက်ခြင်းမပြုဘဲ ထိုင်ခြင်း၊ထခြင်း၊စင်္ကြံသွားလျက်သာနေခြင်း။ စသည်တို့ဖြစ်၏။
ကိလေသာစက်ကွင်းမှ ရုန်းထွက်ချင်ကြသည့် သူတော်ကောင်းများအဖို့ ငြိုငြင်စိတ်မရှိဘဲ ချမ်းသာစွာ ဖြင့် ဓုတင်ကို ကျင့်တော်မူကြသည့်အတွက် ဓုတင် ကျေးဇူး (၂၈)ပါး ရရှိနိုင်ကြလေသည်။
မြတ်စွာဘုရားရှင်သည် သက်တော်(၈၀)၊ ဝါတော် (၄၅)ဝါတွင် မဟာသက္ကရာဇ်(၁၄၈)ခုနှစ်၊ ကဆုန် လပြည့် အင်္ဂါနေ့၌ ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်တော်၌ ပရိနိဗ္ဗာန်စံတော်မူလေသည်။ မြတ်စွာဘုရားရှင်၏ ရုပ်ကလာပ်တော်ကို ပူဇော်သည့် အစီအရင်အတိုင်း မီးပူဇော်၍သဂြိုဟ်ကြလေသည်။ သို့သော် မြတ်စွာဘုရားရှင်၏ ရုပ်ကလာပ်တော်မှာ မီးကူးစက် လောင်ကျွမ်းခြင်းမရှိသည်ကို တွေ့မြင်ကြရ လေသည်။ အဘယ်ကြောင့်ဆိုသော် အရှင်မဟာ ကဿပမထေရ်မြတ်ကြီး ရောက်မလာသေးသဖြင့် ဘုရားရှင်၏ ရုပ်ကလာပ်တော်ကို မဖူးမြော်၊ မပူဇော် ရသေးသောကြောင့် ဖြစ်၏။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး ခုနစ်ရက် မြောက်နေ့တွင်-
အရှင်မဟာကဿပမထေရ်မြတ်ကြီးသည် တပည့်ရဟန်းငါးရာနှင့်အတူ ကုသိနာရုံသို့ ြွကရောက် တော်မူလာသည်။ ထိုသို့ ြွကရောက်တော်မူလာပြီး မြတ်စွာဘုရားရှင်အား နောက်ဆုံးပူဇော်ခြင်းဖြင့် မြတ်စွာဘုရားရှင်၏ ခြေဖဝါးတော်အစုံကို ဦးခိုက်ဖူးလိုက် ပါရစေသားဟု အဓိဋ္ဌာန် ပြုလိုက်လေသည်။ ထိုအခါ ကြီးမားလှသည့် အတောင် (၁၂၀)မြင့်သည့် နံ့သာ ကရမက်၊ စန္ဒကူးထင်းပုံကြီး အတွင်းမှ ဘုရားရှင်၏ ခြေဖဝါးတော်အစုံတို့သည် တင့်တယ်စွာ ထွက်ြွကတော် မူလာပြီးအရှင်မဟာကဿပ မထေရ်မြတ်ကြီး၏ ဦးခေါင်းတော်၌ တည်နေလေသည်။ အားရကျေနပ် လောက်သည်အထိ အရှင်မဟာကဿပ မထေရ်မြတ် ကြီး ထိပ်တင်မြတ်နိုး ရှိခိုးပြီးသည့်အခါတွင်မှသာ မူလစံတော်ရာဆီသို့ ခြေတော်အစုံ ပြန်လည် ကြွရောက် တော်မူသွားလေသည်။ ထိုအခါကျမှသာလျှင် ဘုရားရှင်၏ ရုပ်ကလာပ်တော်မှာ အလိုအလျောက် တေဇောဓာတ် လောင်ကျွမ်းတော်မူခဲ့လေတော့သည်။
အရှင်မဟာကဿပမထေရ်မြတ်ကြီး၏
ဂုဏ်တော်များ -
၁။ ရဟန်းဝတ်၍ တောထွက်လာစဉ် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ကြွရောက်၍ ကြိုဆိုတော်မူခြင်း၊
၂။ မြတ်စွာဘုရား၏ သင်္ကန်းတော်ကို အလဲအလှယ် ပြု၍ ဝတ်ရုံတော်မူရခြင်း၊
၃။ ဓုတင်တစ်ဆယ့်သုံးပါးကို အသက်ထက်ဆုံး ကျင့်ဆောင်တော်မူခြင်း၊
၄။ မြတ်စွာဘုရားရုပ်ကလာပ်တော်ကို နောက်ဆုံးဖူးမြော် ခြင်းဖြင့် ဖူးမြော်ပြီးမှ တေဇောဓာတ် တောက်လောင် တော်မူခြင်း၊
၅။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် ပထမဆုံး သံဂါယနာတင်တော်မူခြင်းကို ဦးဆောင် ဦးရွက်ပြုတော်မူခြင်း၊
၆။ သက်တော် (၁၂၀) ရှည်တော်မူခြင်း၊
၇။ အမည်တူ ငါးဦးရှိသည့်အနက် မဟာဘွဲ့ကို အသိ အမှတ်ပြုခံရခြင်း၊
မြတ်စွာဘုရား၏ သာဝကရဟန်းတော်များ အနက် ကဿပဆိုသည့် အမည်တူ၊ ဘွဲ့တူ ရဟန်း (၅)ပါး ရှိ၏။ ထိုကဿပဆိုသည့်အမည်မှာ အမျိုးအနွယ် အလိုက် ခေါ်ကြသည့် အမည်များဖြစ်၏။ ဗြာဟ္မဏ လူမျိုးများသည် မျိုးဆက်နာမည်များကို ငယ်နာမည် ထက် တန်ဖိုးထားကြ၏။ ထို့ကြောင့် ကဿပအမျိုး အနွယ်များဖြစ်နေကြသဖြင့် နာမည်တူများဖြစ်နေကြ ခြင်းဖြစ်၏။
၁။ ဂင်္ဂါမြစ်တွင်နေသော ကဿပကို နဒီကဿပ ဟု ခေါ်ကြ၏။
၂။ ဥရုဝေလတောတွင်နေသော ကဿပကို ဥရုဝေလ ကဿပဟု ခေါ်၏။
၃။ ဂယာအရပ်မှာ နေသော ကဿပကို ဂယာ ကဿပဟု ခေါ်၏။
၄။ ဘုရင့်သားတော်ဖြစ်သည့်ကဿပကို ကုမာရ ကဿပဟု ခေါ်၏။
၅။ ပိပ္ပလိလုလင်မည်သော ကဿပသည် ဂုဏ်ကျေးဇူး အထူးကြီးကျယ်သည့် ကဿပ ဖြစ်သောကြောင့် အရှင်မဟာကဿပဟု ခေါ်ဆိုကြခြင်းဖြစ်လေသတည်း။
ဥက္ကလာမြင့်သန်းအောင်
အပ္ပမာဒဓမ္မရသမဂ္ဂဇင်း
|
https://www.dhammaransi.com/index.php/new/367-2017-11-21-03-48-02.html
|
ခေမာမိဖုရားသို့ မြတ်ဗုဒ္ဓ ဟောကြားတော်မူသော တရားဒေသနာတော်..
|
က.. ချစ်သမီးခေမာ..
ကျင်နာခံခက် နှိပ်စက်တတ်သော .. မစင်မကြယ် ပုပ်ဟောင် ညှီလှောင်သော အနံ့ရှိသော ....
အထက်.. အောက် .. တစက်စက်ယိုတတ်သော လူမိုက်တို့သည် လွန်စွာ စုံမက် နှစ်သက် မြတ်နိုးအပ်သော ခန္ဓာကိုယ်ကို စေ့စေ့ ကြည့်ရှုလော့..။
ခ.. မတင့်တယ် စက်ဆုပ်ဖွယ်ဟု စိတ်ဝါ်ထင်ခြင်းမှာ တစ်ခုတည်းသော အာရုံရှိသော ကောင်းစွာ တည်ကြည်သော ဘာဝနာစိတ်ကို ပွားစေလော့..။
ကာယကောဋ္ဌာသ ၌ ဖြစ်သော အောက်မေ့ခြင်း သတိသည် သင့်အား ဖြစ်စေလော့..။ ငြီးငွေ့ခြင်းများသည် ဖြစ်စေလော့..။
ဂ... ချစ်သမီးခေမာ.. ဤ ငါ့ထံကပ်ခို မိန်းမ၏ကိုယ်သည် အိုမင်းရွတ်တွ ပျက်စီးရသကဲ့သို့ ထို့အတူ သင်၏ ကိုယ်သည် အိုမင်းရွတ်တွ ပျက်စီးလတ္တံ့..။
သင်၏ ကိုယ်သည် မသေခင် တင့်တယ်လှပသည်ဟု ထင်ရသကဲ့သို့ ထို့အတူ ငါ့ထံကပ်ခို ဤမိန်းမ၏ ကိုယ်သည် မသေခင် တင့်တယ်လှပသည်ဟု ထင်ရ၏ ။
အတွင်း အပလည်း ဖြစ်သော ကိုယ်၌ တပ်မက်သော ဆန္ဒရာဂကို ပယ်စွန့်ဖြတ်တောက်လော့..။
ဃ.. ပေါင်း၍တည်ဟန် သဏ္ဌာန် အကောင်အထည်မရှိဟု ခွဲထုစပ်ဖန် အဖြစ်အပျက်ကို ရှု့သော ၀ိပဿ နာဉာဏ်ကိုလည်း ပွားစေလော့..။
ထောင်လွှားသော မာနကို စွန့်ပယ်လော့ ။ ထိုသို့စွန့်ပယ်ခြင်းကြောင့် ၁၁ ပါးသောမီး ငြိမ်းကုန်သည် ဖြစ်၍ နိဗ္ဗာန်ထုတ်ချောက် ရောက်ရလတ္တံ့..။
င... ပင့်ကူကောင်သည် မိမိပြုအပ်သော ကွန်ယက်အသွင် ပင့်ကူချည်မျှဉ်သို့ အစဉ်လျှောက်၍ နေသကဲ့သို့ အကြင်သတ္တဝါတို့သည် ရာဂဖြင့် တပ်မက်မောကုန်၏ ။
ထိုသတ္တဝါတို့သည် မိမိပြုအပ်သော
#
ကိလေသာအလျဉ်ခန္ဓာအစဉ်သို့အစဉ်လိုက်
၍နေကြကုန်၏ ။
ပညာရှိတို့သည် ကာမဂုဏ်ချမ်းသာကို ငဲ့ကွက်တွယ်တာ ခြင်းမရှိဘဲ ပယ်စွန့်ကုန်၍ ထိုကိလေသာအလျဉ် ခန္ဓာအစဉ် က်ုိလည်း တစမကျန် တွန်းလှန် ဖြတ်တောက်ကုန်၍ နိဗ္ဗာန် ထုတ်ချောက် သွားရောက်ကြကုန်၏ ။
.......××××××.........
ဤတရားဒေသနာတော်ကို ကြားနာရ၍ ခေမာမိဘုရား သည် ထိုနေရာ၌ပင်
#
သောတာပတ္တိဖိုလ်သို့
ဆိုက်ရောက်လေ သတည်း.....။....။....။
|
https://www.dhammaransi.com/index.php/new/368-2017-11-18-12-03-00.html
|
ဖောင် ကြီး တက် ၍ စီး ပြည် ကြီး မြတ် နိ ဗ္ဗာန်
|
မနုဿတ္တ လူ့ဘဝ ရအောင်ခဲကြမင်း ၊
ဗြဟ္မာ့ပြည်က အပ်ကိုချ မြေကအပ်တစ်စင်း ၊
အပ်သွားချင်းသာ ထိဖွယ်ရာ ပမာမှတ်ကြမင်း ၊
လူဖြစ်ကျိုးမှ မခံရ ရှုံးလှချေဧ။်မင်း ။
နင်နှင့် နင့်ကံ စီရင်ဖန် အမှန်ဖြစ်တော့သည် ၊
ဇာတိ ဇရာ မရဏာ မကြာနင်တွေ့မည် ၊
ဘယ်နှစ် ဘယ်လ ရောက်ခါမှ ကာလမရွေးပြီ ၊
ကြီးငယ်မဟူ ကိုယ့်ရွယ်တူ ခုမူသေလှပြီ ၊
ဒါန သီလ ဘာဝနာ နင်သာပြုသင့်ပြီ ။
ကလျာဏ မိတ္တ ပဏ္ဌိတ ပေါင်းဖေါ်ရဧ။်မင်း ၊
နိဗ္ဗာန်လမ်းစ ဤသို့ပြ မှတ်ကြနှလုံးသွင်း ၊
အနိစ္စကောင် ဒုက္ခကောင် အနတ္တကောင်
အသုဘကောင် ထင်အောင် နှလုံးသွင်း ၊
ဤသို့ထင်မှ မဂ်လမ်းစ ရမည်မှတ်စင်းစင်း ၊
မဂ္ဂင်ဖောင်ကြီး တက်၍စီး ပြည်ကြီး အမတ နိရောဓ
ရမည်မှတ်ကြမင်း ။ ။
( ထွဋ်ခေါင် ဆရာတော်ကြီးဧ။် ကမ္မဋ္ဌာန်းလင်္ကာ )
|
https://www.dhammaransi.com/index.php/new/369-2017-11-18-12-02-07.html
|
ဒါ န ပြု ရာ စေ တ နာ မှန် စွာ ထား ရှိ သင့်
|
စေတနာ သုံးတန် နှင့် ညီညွတ်သော အလှူဒါနတို့သည် အနာရောဂါကင်း၍ အသက်ရှည်ခြင်း ၊
လုံ့လပြု အားထုတ်သမျှ အကျိုး အမှန်ရရှိခြင်း ၊ ကူညီသူများပြားပြီး စည်းစိမ်ဥစ္စာတိုးပွားခြင်း ၊
ရန်ဟူသမျှ ပြေငြိမ်းအေးချမ်းရခြင်း ၊ ဂုဏ်သတင်းကောင်း ကျော်စောပျံ ့နှ့ံခြင်း စသည့်
ကောင်းမြတ်သော အကျိုးတို့နှင့် ပြည့်စုံကြောင်း ဓမ္မပါလ ဇာတ်တော်၌ လာရှိပါသည် ။
စေတနာသုံးတန်ဆိုသည်မှာ - ၁။ ပုဗ္ဗ စေတနာ ၂။ မုဥ္စ စေတနာ ၃။ အပရ စေတနာ တို့ဖြစ်သည် ။
၁ ။ ' ပုဗ္ဗ စေတနာ '
ရှေးဦးပထမ အလှူတစ်ခုပြုလုပ်ရန် ရည်သန်၍ ပစ္စည်းရှာဖွေ စုဆောင်းစီမံ ဆောင်ရွက်နေသည့်အခိုက်
မကျေနပ်သော ဒေါသစိတ် ၊ တွန့်တိုသော စိတ် ၊ စသည့် ညစ်ညူးနောက်ကျိသော အကုသိုလ်စိတ်တို့
မဖြစ်ရလေအောင် သတိဖြင့် စောင့်ထိန်းလျက် လှူဖွယ် အရပ်ရပ်ကို ပျော်ရွှင် ဝမ်းမြောက်စွာ စီစဉ်ခြင်း၊
တက်ကြွရွှင်လန်းစွာ စီမံဆောင်ရွက်ခြင်းများသည် ' ပုဗ္ဗ စေတနာ ' အတွက် ပြည့်စုံပေသည် ။
အလှူဒါန မပြုလုပ်မီ တွန့်တိုသည့် အဟန့်အတား၊ အကုသိုလ်စိတ်တို့ ဖြစ်ပေါ်ပါက ၊ ခြေလက်အဂါင်္ ချို့တဲ့ခြင်း၊
နိမ့်ကျသော အမျိုး၌ ဖြစ်ရခြင်း ၊ တန်းခိုးအာဏာ အရှိန်အဝါ သေးနုတ်ခြင်း ၊ ကြံစည်သမျှ ပျက်စီးခြင်း ၊
မိမိပြုသမျှ မည်သူမျှ အကောင်းမမြင်ခြင်း စသော မကောင်းကျိုးများ ဖြစ်တတ်သည် ။
၂ ။ ' မုဥ္စ စေတနာ '
လှူဖွယ်ပစ္စည်းတို့ကို လှူဒါန်းနေစဉ် အခိုက်၌ ပစ္စည်းပေါ်တွယ်တာသော တဏှာလောဘစိတ် မဖြစ်စေဘဲ
အလှူခံပုဂ္ဂိုလ်အား သံသယစိတ် မရှိစေရပါ ၊ အကုသိုလ်စိတ်များကင်းရှင်းစွာဖြင့် လောကီအကျိုး
တစ်စုံတစ်ရာကိုမျှ မမျှော်လင့်ဘဲ အနှစ်သာရရှိသော ကုသိုလ်ရရှိပြီဟု စိတ်ကြည်လင်ရွှင်ပျ ဖြစ်နေသော
ကုသိုလ်စေတနာသည် ' မုဥ္စ စေတနာ ' နှင့်ပြည့်စုံပေသည် ။
အလှူဒါန ပြုဆဲကာလတွင် လောဘစိတ် ၊ တွန့်တိုစိတ် ၊ သံသယစိတ် ၊ စသည့် အဟန့်အတား အကုသိုလ်
စိတ်တို့ ဖြစ်ပေါ်ပါက မိမိကြိုးစား လုပ်ကိုင်သမျှ မအောင်မြင်ခြင်း ၊ အခြံအရံ နည်ပါးပြီး လူချစ်လူခင် နည်းခြင်း၊
ရန်သူမျိုးငါးပါးကြောင့် ပစ္စည်းဥစ္စာများ ဆုံးရှုံးရခြင်း ၊ ပညာသင်ယူရာ၌ မရနိုင်ဘဲ ဉာဏ်ထိုင်းမှိုင်းခြင်း ၊
ကျန်းမာရေး ချို့တဲ့ခြင်း စသည့် မကောင်းကျိုးတို့ ဖြစ်စေသည် ။
၃ ။ ' အပရ စေတနာ '
အလှူဒါနပြုပြီးသောအခါ၌ ' မြတ်စွာဘုရားရှင်နှင့် တကွ သူတော်စင် သူတော်ကောင်းတို့ ပြုလေ့ရှိသော
မွန်မြတ်သည့် ဒါန ၊ မြတ်စွာဘုရားရှင် နှင့် သူတော်ကောင်းတို့ဧ။် ချီးမွမ်းအပ်သော အလှူဒါန တို့ကို
အောင်မြင်စွာ ပြီးမြောက်ပေပြီ ၊ နိဗ္ဗာန်အကျိုး ရရှိရန် အထောက်အပံ့ကောင်းကို ရပေပြီ၊ ကောင်းလေစွ'
ဟူ၍ ဝမ်းမြောက် ဝမ်းသာ ကြည်လင် ရွှင်ပျနေခြင်းသည် ' အပရ စေတနာ ' မည်ပေသည် ။
အလှူဒါန ပေးလှူပြီးနောက် တွန့်တိုသောစိတ် ဖြစ်ပေါ်ခြင်း ၊ စိတ်မချမ်းသာ ပူပန်သောက ဖြစ်ခြင်း ၊
' မှားလေစွ ' ဟု နောင်တစိတ်ဖြင့် သုံးသပ်ခြင်းများဖြစ်ခဲ့သော် မိမိပိုင်ဆိုင်ထားသော စည်းစိမ် ဥစ္စာ ၊
ပစ္စည်း အသုံး အဆောင်များကို ခံစား စံစား လိုသောစိတ်ပင် မဖြစ်ပေါ်တော့ပေ ၊ ရရှိထားသော
စည်းစိမ်ဥစ္စာများ ရုတ်တရက် ဆုတ်ယုတ် ပျက်စီးခြင်း ၊ အိုမင်းသည့်အခါ ဆင်းရဲဒုက္ခ အမျိုးမျိုးကို
ကြုံတွေ့ရခြင်း ၊ သေလွန်ပြီးနောက် သူများ ဥစ္စာကို စောင့်ကြပ်ရသော ပြိတ္တာ ဖြစ်ရခြင်း ၊ စသည့်
မကောင်းသော ဆိုးကျိုးများ ရရှိခံစားရတတ်သည် ။
အလှူဒါနပြုပြီးသောအခါ ဆုတောင်းမမှားရန် ရှေးသူတော်ကောင်း တို့ ဆုတောင်းစကား မိန့်ကြားခဲ့ကြသည် ။
" ဣဒံ မေ ပုညံ နိဗ္ဗာန်နဿ ပစ္စယော ဟောတု " ဟူ၍လည်းကောင်း ၊ မြန်မာစကားအားဖြင့် -
" အကျွနု်ပ် ပြုသော ဤကောင်းမှုသည် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်းကို ဖြစ်ပါစေသတည်း " ။ ။
|
https://www.dhammaransi.com/index.php/new/370-2017-11-18-12-01-10.html
|
နိ ဗ္ဗာန် ရောက် ကြောင်း တ ရား
|
" နိဗ္ဗာန် "ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်တို့ဧ။် နောက်ဆုံးပန်းတိုင် ဖြစ်သည် ။ နိဗ္ဗာန်သည် အကောင်းဆုံး၊ အမြတ်ဆုံး၊ အချမ်းသာဆုံး ဟုဆိုကြသဖြင့်
ဗုဒ္ဓဘာသာဝင်တိုင်း လိုချင်ကြသည် ၊ ရောက်ချင်ကြသည် ။ သို့ရာတွင် နိဗ္ဗာန်ဧ။် စစ်မှန်သော အဓိပ္ပာယ်ကို အမှန်တကယ်မသိပါဘဲ ကောင်းမြတ်ချမ်းသာလို့
လိုချင်တယ်ဆိုလျှင် မြင့်မြတ်သော ဆန္ဒအမှန် မဖြစ်သေးချေ ။
နိဗ္ဗာန်ကို ရောက်လိုကြောင်း အမြဲဆုတောင်းနေသောသူတစ်ယောက်အား ယခုပဲ နိဗ္ဗာန်ကိုသွားကြစို့ ဟု ခေါ်သည်တွင် အိမ်နှင့်တိုင်ပင်ပါရစေဦး ဟူ၍
လူအများ ဟာသပုံပြင်ပြုလုပ်၍ ပြောဆိုနေကြသည်မှာ နိဗ္ဗာန်ကို အမှန်တကယ် နားမလည်သေးကြောင်း သိစေလို၍ ဖြစ်သည် ။
ဒါယကာတစ်ဦးက ဆရာတော်ကြီးတစ်ပါးကို နိဗ္ဗာန်အကြောင်း ရှင်းလင်းပြောပြပေးပါရန် လျှောက်ထားသည်တွင် ၊ ဆရာတော်ကြီးက " နိဗ္ဗာန်ကို မရောက်ဖူးသေး၍
နိဗ္ဗာန်အကြောင်းကိုတော့ ရှင်းမပြနိုင်ပါ ၊ နိဗ္ဗာန်ရောက်ကြောင်း အားထုတ်ရန် တရားကိုတော့ ပြပေးနိုင်တယ် ၊ အတူတူအားထုတ်ပြီး နိဗ္ဗာန်ရောက်မှ ဆုံရှင်းကြတာပေါ့"လို့
မိ်န့်ကြားသည်မှာလည်း နိဗ္ဗာန်သည် လွယ်လွယ်နားလည်ရန် ခက်ခဲကြောင်း ပြဆိုလိုရင်းဖြစ်သည် ။
နိဗ္ဗာန်ကို လူသာမန် မဆိုထားနှင့် မျက်မှောက်ပြုပြီးသော အရိယာသူတော်စင်တို့ကိုယ်တိုင်ပင် အတိအကျ သဘောပေါက် နားလည်ရန် ရှင်းလင်းမပြနိုင်ကြခြင်းဖြစ်သည် ။
ပါဠိတော်၌ နိဗ္ဗာန်ကို ဥပမာ ငါးဆယ်ကျော်ဖြင့် ရှင်းလင်းပြသထားသော်လည်း လောကလူအများ အဓိပ္ပာယ်ကို ရှင်းလင်းစွာ သဘောပေါက်ရန် ခက်ခဲလျက်ပင်ရှိသည် ။
အထိုက်အလျောက် သိမြင်တွေးထင်နိုင်ရန် ပညာရှိသူတော်ကောင်းတို့မှ ရေးသားဟောပြောထားသည်များကိုသာ ဖတ်ရှုကြားနာရပေသည် ။
နိဗ္ဗာန်ချမ်းသာကို ရရှိခံစားကြရာ၌ အသက်မသေဆုံးမီ ရရှိသောနိဗ္ဗာန်သည် ကိလေသာတို့ဧ။် ငြိမ်းအေးခြင်း (ကိလေသာများကုန်ခမ်းပျောက်ကင်းခြင်း) ဟူသော
" ကိလေသ ပရိနိဗ္ဗာန် " ဖြင့် ရရှိခြင်းသည် ခန္ဓာရှိလျှက်နှင့် နိဗ္ဗာန်ရရှိခြင်း တစ်မျိုး ဖြစ်သည် ။ တဖန် အသက်သေဆုံးပြီးမှ ရုပ်ခန္ဓာဧ။် ငြိမ်းအေးခြင်း(ခန္ဓာအသစ်မဖြစ်တော့ခြင်း)
ဟူသော " ခန္ဓ ပရိနိဗ္ဗာန် " ဖြင့် ငြိမ်းအေးခြင်းကို အစဉ်အမြဲ ခံစားရရှိခြင်း တစ်မျိုး ဖြစ်သည် ။ ထိုသို့ဆိုရသော်လည်း နိဗ္ဗာန်နှစ်မျိုးရှိသည်ဟု မဆိုလို၊ နိဗ္ဗာန်သည် သီးခြားမရှိ ၊
တစ်မျိုးတည်းသာရှိသည် ။
အသက်မသေဆုံးမီ နိဗ္ဗာန်ကို မျက်မှောက်ပြုသည် (ရဟန္တာ ဖြစ်သွားသည်) ဆိုသည်မှာ ၊ ယင်းပုဂ္ဂိုလ်မြတ်ဧ။် သန္တာန်မှာ ကိလေသာဟူသမျှ ကုန်ဆုံးပျောက်ကွယ်သွားခြင်း
(ကိလေသ ပရိနိဗ္ဗာန်ပြုခြင်း) ကြောင့် အပူအလောင်များ လုံးဝကင်းစင်သွားကာ ငြိမ်းအေးချမ်းသာမှု ရရှိခြင်းကို ဆိုလိုသည် ။ ပုထုဇဉ်တို့အနေဖြင့် ပူဆွေးငိုကြွေး ဆင်းရဲပင်ပန်း
ဖြစ်ရခြင်းမှာ ကိလေသာအပူလောင်ခြင်းကြောင့် ဖြစ်သည် ။ တဏှာလောဘ၊ ဒေါသ၊ မာန၊ ဣဿာ၊ မစ္ဆရိယ၊ စသည့် ပူလောင်စေတတ်သော ကိလေသာတို့ကို ဖယ်ရှားရှင်းထုတ်
နိုင်မည်ဆိုလျှင် ကြီးမားသော ဘဝအေးငြိမ်းချမ်းသာခြင်း ရရှိမည်ကို ဆင်ခြင်ကြည့်တတ်မည်ဆိုပါက ၊ ရဟန္တာ သူတော်စင်တို့ဧ။် ငြိမ်းအေးခြင်းကို ခန့်မှန်းနိုင်ပါလိမ့်မည် ။
ဤသို့ မသေဆုံးမီ နိဗ္ဗာန်ကို မျက်မှောက်ပြုသည့် သူတော်စင်တို့အဖို့ ၊ အိုခြင်း ကိုလည်း မမှုတော့ပါ ၊ နာခြင်း ကိုလည်း မခံစားရတော့ပါ ၊ သေခြင်း ဆိုရာ၌ ခန္ဓာကိုထမ်းထားရသော
ဝန်ထုပ်ဝန်ပိုးကြီးမှ အပြီး လွတ်မြောက်တော့မည် ဖြစ်၍ ၊ ဥဒါန်းများပင် ကျူးရင့်ကာဖြင့် ခန္ဓာကို အားရပါးရ စွန့်ပစ်ခဲ့ကြလေသည် ။ ရုပ်နာမ်ခန္ဓာကို အမြတ်တနိုး နှစ်သက်တွယ်တာ
နေသော မိမိတို့လို ပုထုဇဉ်တွေအတွက် အလွန်ပင် ရှက်ဖွယ် ကောင်းလှပေတော့သည် ။
ဗုဒ္ဓလက်ထက်တော်တုန်းက ရဟန်းတော်တစ်ပါးသည် အရှင် သာရိပုတ္တရာ မထေရ်ကို မေးလျှောက်ဖူးသည် ။
" အရှင်ဘုရား , ခန္ဓာလည်းမရှိ ၊ ခံစားမှုလည်းမရှိသော နိဗ္ဗာန်သည် အဘယ်သို့လျှင် 'ချမ်းသာ' မည်ပါသနည်း "
" ငါ့ရှင် , ခံစားမှု မရှိခြင်း ပင်လျှင် 'ချမ်းသာ' ဖြစ်ပါဧ။် " ဟူ၍ ဖြေကြားဖူးပါသည် ။ သာမန် စဉ်းစားကြည့်ရုံမျှဖြင့် နားလည်ရ ခက်ပေစွ ။
အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ ဟူသော အာရုံ(ကာမဂုဏ်တရား) တို့ကို ကောင်းမြတ်ချမ်းသာသည်ဟု ခံစားခြင်းကို " ဝေဒယိတ သုခ " ဟု ဆိုရသည် ။ ယင်းသုခချမ်းသာသည်
ခံစားစံစား၍ ကုန်ကုန်သွားသည့်အတွက် အသစ်အသစ် ရအောင် ရှာဖွေထူထောင်ရဧ။်။ ထိုသို့ အသစ်အသစ်တို့ကို ရှာဖွေထူထောင်ရသော ဆင်းရဲဒုက္ခကား ခံစားရသော သုခထက်
အဆမတန်များလှပေသည် ။ (ထမင်းတစ်နပ်အတွက် ရှာရ၊ ဖွေရ၊ ဝယ်ရ၊ ချမ်းရ၊ ချက်ရ၊ ပြုတ်ရ၊ ခူးရ၊ ခပ်ရသည့် ဒုက္ခတစ်ခုကိုသာထောက်ကြည့်ပါ) ။ ရှာဖွေစဉ်မှာလည်း အကုသိုလ်တို့ကို
ပြုမိကြသဖြင့် အပါယ်ဒုက္ခကို အပိုဆောင်း၍ မပြီးနိုင် မစီးနိုင် ခံကြရဦးမည် ဖြစ်ပေသည် ။
ခန္ဓာမရှိတော့သော နိဗ္ဗာန်ချမ်းသာကို " သန္တိ သုခ " = ပျက်စီးမှုမရှိသော (အစဉ်အမြဲတည်ရှိနေသော) အေးငြိမ်းခြင်း ဟူ၍ ခေါ်ဆိုရပေသည် ။ ခန္ဓာ မဖြစ်တော့ခြင်းကြောင့် ၊ အဖြစ်မရှိက
အပျက်လည်း မရှိနိုင်တော့သဖြင့် အဖြစ်အပျက် လှုပ်လှုပ်ရွရွ အပူအလောင် မရှိသောကြောင့် အလွန်အေးငြိမ်းခြင်း ဖြစ်ရလေသည် ။ ထိုအေးငြိမ်းခြင်းသည် နိဗ္ဗာန်ဧ။် " သန္တိ " ဟုခေါ်သော
ထူးခြားသည့် လက္ခဏာပင် ဖြစ်ပေသည် ။
ထို ' သန္တိသုခ ' ခေါ်သော နိဗ္ဗန်ချမ်းသာကို ရရှိနိုင်ရန် အသက် မသေဆုံးမီ ' ကိလေသ ပရိနိဗ္ဗာန် ' ပြုခြင်းဟုဆိုသော ကိလေသာများ ကုန်ခမ်း ပျောက်ကင်းရန် အားထုတ်ကြရမည်ဖြစ်သည် ။
ထိုကြောင့် ကိလေသာ အပူအလောင်များ နည်း၍ နည်း၍ လာမှသာ ထိုအားထုတ်အပ်သော ကမ္မဌာန်း ဘာဝနာသည် မှန်သောလမ်းစဉ် ဖြစ်သည် ။ " နိဗ္ဗာန် ရောက်ကြောင်းတရား " အမှန်
ဖြစ်သည် ။ ကမ္မဌာန်း ဘာဝနာ အားထုတ်သော်လည်း ကိလေသာတို့ နည်းပါးမသွားလျှင် ကမ္မဌာန်းသော်လည်း မှားနေပေလိမ့်မည် ၊ သို့မဟုတ် မိမိကသော်လည်း ကိလေသာနည်းလိုသောဆန္ဒ
မရှိသောကြောင့် ဖြစ်လိမ့်မည် ။ ကမ္မဌာန်းကလည်း နည်းမှန်သည် ၊ မိမိဧ။် ဆန္ဒကလည်း ကိလေသာများကို အမှန်ကုန်ခမ်းစေလိုသည် ဆိုပါက ၊ ကမ္မဌာန်းဟူသမျှသည် ကိလေသာ နည်းပါးရာမှ
တစ်စ တစ်စ ကုန်ဖို့ရန်သာ ဖြစ်ပေတော့သည် ။
ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် ကိလေသာများ အမှန်တကယ် ပျောက်ကင်းစေချင်သော သဒါ္ဓ ဆန္ဒ ပြည့်ဝကြလျက် ကိလေသာနည်းပါးမည့် ကမ္မဌာန်း " နိဗ္ဗာန် ရောက်ကြောင်းတရား " ကို
လေ့လာတွေ့မြင်ပြီး ကြိုးစားအားထုတ် နိုင်ကြပါစေသော် ။
|
https://www.dhammaransi.com/index.php/new/371-2017-11-18-12-00-25.html
|
ဗုဒ္ဓအလိုကျမြတ်ဒါန
|
အလှူ ဒါန ပြုကြရာတွင် မြတ်စွာဘုရားအလိုတော်ကျအတိုင်းပေးလှ ူနိုင်မှသာ
မြတ်သောဒါန ဖြစ်ပါမည်။မြတ်သောဒါန ပေးလှူ နည်း(၅)နည်းကို လေ့လာမှတ်သားမိသမျှ
ပြန်လည်မျှဝေလိုက်ပါသည်။
၁။သဒ္ဓါ ဒါန = ယုံယုံကြည်ကြည်ပေးလှူခြင်း။
၂။သက္ကစ္စ ဒါန = ရိုရိုသေသေ ပေးလှူ ခြင်း။
၃။ကာလ ဒါန = အချိန်ကာလ အားလျှော်စွာပေးလှူ ခြင်း။
၄။အနုဂ္ဂဟိတ ဒါန = ပစ္စည်းဝတ္ထု အပေါ်တွယ်တာကပ်ငြိမှုကင်းစွာ ပေးလှူ ခြင်း။
၅။အတ္တာနဥ္စ ပရဥ္စအနုပဟဥ္စဒါန= မိမိ သူတစ်ပါး မထိခိုက်စေပဲ ပေးလှူ ခြင်း။
၁။ယုံယုံကြည်ကြည်ပေးလှူ ခြင်းကြောင့် သူတစ်ပါးထက်ရုပ်ဆင်းရူပကာ လှပ တင့်တယ်၍
လူပုံအလယ်တွင် ထင်ရှား ကျော်ကြားသည့်အကျိုးကျေးဇူး ကိုရပေမည်။
၂။ရိုရိုသေသေပေးလှူ ခြင်းကြောင့်သူတစ်ပါး အပေါ်`၌ သြဇာညောင်းခြင်း ထင်ပေါ်ခြင်း အကျိုးကျေးဇူး
ကို ရပေမည်။
၃။အချိန်ကာလ အားလျှော်စွာပေးလှူ ခြင်းကြောင့် မိမိ အလိုရှိသည့်အချိန်တိုင်း ပြည့်စုံရခြင်း အကျိုးကို
ရပေမည်။
၄။ပစ္စည်းဝတ္ထုပေါ်တွင် တွယ်တာကပ်ငြိခြင်းကင်းစွာပေးလှူ ခြင်းကြောင့် ပစ္စည်း ဥစ္စာ ကြွယ်ဝ ချမ်းသာ
ပြီး ၎င်းပစ္စည်းဥစ္စာတို ့အပေါ် `၌ နှမျော တွန် ့တိုခြင်း မရှိ ပေးကမ်းလှ ူဒါန်းခြင်း သုံးစွဲခြင်းကိုပြုနိုင်ပေမည်။
ပစ္စည်း ဝတ္ထုကို တွယ်တာကပ်ငြိပြီးလှူ ဒါန်းမိပါက ပစ္စည်းဥစ္စာ ကြွယ်ဝ ချမ်းသာသော်လည်း မစားရက်
မသောက်ရက် မလှူ ရက် မသုံးစွဲ ရက်ပဲ နှမျောတွန် ့တို စေးနှဲသူ ဖြစ်တတ်သည်။
၅။မိမိ သူတစ်ပါး မထိခိုက်စေပဲ ပေးလှူ ခြင်းကြောင့်လှ ူဒါန်းရမှုအစုစု အတွက် ပီတိ ဖြစ်ရပေမည်။
ဤသို ့မဟုတ်မူပဲ မိမိသူတစ်ပါးထိခိုက်စေခဲ့ပါမူ(ဥပမာ-မိမိ တတ်နိုင်သည်ထက်ပို၍လှူ ဒါန်းမှု ပြုလုပ်
ပြီး ၎င်း အတွက် ကြွေးမြီများဖြင့် ပူပန်ခြင်းမကင်းရသော် အလှူ ဒါန အတွက် ပီတီဖြစ်ရမည်မဟုတ်သဖြင့်
ပြည့်စုံသော အလှူ တစ်ခု မဖြစ်တော့ပေ။)လှူ သမျှအတွက် ကုသိုလ် ပြည့်စုံစွာ အကျိုးမခံစားနိုင်
ဖြစ်တတ်ပါသည်။
ဖေါ်ပြပါနည်းအတိုင်းပြည့်စုံသောအလှူ ဒါန ကို စွမ်းဆောင်နိုင်ကြပါစေ။
|
https://www.dhammaransi.com/index.php/new/372-2017-11-18-11-59-27.html
|
အံ့ဖွယ်ရှစ်ဖြာသာသနာ
|
တစ်ခုသော ကာလ၌ ဝေရဥ္စရာပြည်တွင် မြတ်စွာဘုရားရှင်သည် တမာ ပင်ရင်းဝယ် သီတင်းသုံးလျက် နေတော်မူ၏။ ထိုစဉ် ပဟာရဏ အမည် ရသော အသူရာနတ်သားသည် မြတ်စွာဘုရားရှင်ထံလာရောက် ဖူးမျှော် ရှိခိုးလေသည်။ နတ်သားက သမုဒ္ဒရာ၏ အံ့ဖွယ်၊ မြတ်ဘုရားက သာသ နာတော်၏ အံ့ဖွယ်တို့ကို စကားဆိုခဲ့ကြသည်မှာ ဤသို ့ဖြစ်သည်။
မြတ်စွာဘုရား. . . . အသင် နတ်သားတို့သည် သမုဒ္ဒရာတွင်
ပျော်ပျော်ပါးပါး နေထိုင်နိုင်ကြပါရဲ့လား။
နတ်သား . . . . အကျွနု်ပ်တို့နေထိုင်ရာ သမုဒ္ဒရာသည် အံ့သြဖွယ်ရာ
ရှစ်ဖြာနှင့် ပြည့်စုံသည်နှင့် လျော်စွာ ပျော်ပျော်ပါးပါး နေထိုင်နိုင်
ကြပါတယ် အရှင်မြတ်ဘုရား။
မြတ်စွာဘုရား . . . . သမုဒ္ဒရာမှာ ပြည့်စုံပါတယ်ဆိုတဲ့ အံ့သြဖွယ်ရှစ်
မျိုးကို ပြောပြပေလော့ နတ်သား။
နတ်သား . . . ."အစဉ်နက်ဝှမ်း၊ ကမ်းကိုမလွန်၊ ရွံဖွယ်ဆယ်ပစ်၊
တစ်မည်ဖြစ်ခြင်း၊ မယွင်းမတိုး၊ ဆယ်မျိုးရတနာ၊ ရသာဆားတူ၊ ကြီးသူနေရာ၊ အံ့ရှစ်ဖြာတည်း" ဆိုသည်နှင့်အညီ သမုဒ္ဒရာတွင် ထိုထိုသော အံ့ဖွယ်အသီးသီး ရှိပါတယ်ဘုရား။
မြတ်စွာဘုရား . . . . တစ်ခုချင်းကို ရှင်းပြပေဦးတော့ အမောင်နတ်သား။
နတ်သား . . . . "အစဉ်နက်ဝှမ်း" ဆိုတာက သမုဒ္ဒရာကြီးဟာ ကမ်းစပ်
က ရေလယ်ရောက်သည်အထိ ချောက်ကမ်းပါးမရှိအစဉ်အတိုင်း နက်ရှိုင်းသွားခြင်းကို ဆိုလိုပါတယ်ဘုရား။
"ကမ်းကိုမလွန်" ဆိုတာက မြစ်ကြီးမြစ်ငယ် အသွယ်သွယ်နဲ ့
မိုးရေတွေ ဘယ်လောက်ပဲ စီးဝင် ကျဆင်းပေမဲ့ သမုဒ္ဒရာထဲ က ရေဟာ လျှံသွားတယ် ဆိုတာ မရှိပါ။ အမြဲတမ်း ရေနဲ့ကမ်း ဟာ တစ်ညီတည်း ရှိနေပါတယ်ဘုရား။
"ရွံဖွယ်ဆယ်ပစ်" ဆိုတာက အမှိုက်သရိုက် အသေကောင် စ တဲ့ ရွံရှာဖွယ်ရာတွေ သမုဒ္ဒရာထဲ ဝင်ရောက်လာခဲ့သော် သမုဒ္ဒ ရာရေက အလိုလိုကမ်းပေါ်တင်စေပြီး ဆယ်ပစ်တတ်ပါတယ် ဘုရား။
"တစ်မျိုးမည်ခြင်း" ရဲ့ဆိုလိုရင်းကတော့ ဘယ်မြစ်တွေက စီး ဆင်းလာတဲ့ ရေဖြစ်စေ သမုဒ္ဒရာထဲကို ရောက်ရှိလာတဲ့ အခါ မှာ ဂင်္ဂါရေ၊ ယမုန်နာရေ စသည်ဖြင့် အမည်နာမ အမျိုးမျိုး ကွဲပြားမှု မရှိတော့ဘဲ သမုဒ္ဒရာရေဟုသာ အမည်တစ်မျိုး
တည်း တွင်ပါတော့တယ်ဘုရား။
"မယွင်းမတိုး" ဆိုတာက ရေများများ စီးဝင်လာလို့ လွန်သွား တယ်ဆိုတာ မရှိသလို ရေအဝင်နည်းလို ့ လျော့သွားတယ် ဆိုတာ မရှိတာဟာ သမုဒ္ဒရာပါဘုရား။
"ဆယ်မျိုးရတနာ" ဆိုတာက သမုဒ္ဒရာထဲမှာ ပုလဲ မြ ခရုသင်း သန္တာ ရွှေ ငွေအစရှိတဲ့ ရတနာ တွေဟာ မရေတွက်နိုင်အောင်
ပေါကြွယ်လှပါတယ်ဘုရား။
"ရသာဆားတူ" ဆိုတာက မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာမှ စီးဆင်းလာတဲ့ ရေဖြစ်ပေမဲ့ သမုဒ္ဒရာရေဟာ ငန်တဲ့အရသာ တစ်မျိုးတည်းသာ ရှိပါတယ်ဘုရား။
"ကြီးသူနေရာ" ဆိုတာက သမုဒ္ဒရာကြီးဟာ အလွန်ကြီးမား လှတဲ့ ငါးကြီးများနဲ ့သတ္တဝါများရဲ့ နေထိုင်ရာ အလွန်ကျယ် ဝန်းသော နေရာဖြစ်ပါတယ်ဘုရား။
ဤအံ့ဖွယ်ရှစ်ဖြာ ပြည့်စုံရာ သမုဒ္ဒရာမှာ နေထိုင်ရတဲ့ တပည့်
တော်တို့ဟာ အဘယ်မှာလျှင် မပျော်ပိုက်ဘဲ ရှိပါ့မလဲ အရှင် ဘုရား။
အရှင်မြတ်ဘုရားရဲ့ ဓမ္မဝိနယ ဟုခေါ်သော သာသနာတော် တွင်းမှာ တပည့်တကာတကာမနဲ ့ရဟန်းတော်တို့သည်လည်း
ပျော်ပျော်ပါးပါး နေထိုင်နိုင်ကြပါရဲ့လား အရှင်ဘုရား။
မြတ်စွာဘုရား . . . . သင်တို့ရဲ့သမုဒ္ဒရာပမာ ငါဘုရားရဲ့သာသနာမှာလဲ
အံ့ဖွယ်ရှစ်ဖြာ ရှိလေတာကြောင့် တပည့်တကာ တကာမနဲ ့
ရဟန်းတော်အပေါင်းတို့ဟာ ပျော်ပျော်ပါးပါး နေထိုင်နိုင်ကြပေ
တယ် နတ်သား။
နတ်သား . . . . ထင်ရှားပေါ်လွင်အောင် ရှင်းပြတော်မူပါ အရှင်ဘုရား။
မြတ်စွာဘုရား . . . . ငါဘုရားရဲ့သာသနာတော်မှာ သိက္ခာစဉ်များရှိတဲ့
အတွက် "အစဉ်အတိုင်းနက်ရှိုင်း" သွားပေတယ်။
တပည့်စစ်၊ သားတော်သမီးတော်များဟာ ငါဘုရား ပညတ်ထား တဲ့ သိက္ခာပုဒ်များကို အသက်လို ပမာထားပြီး "မကျော်ကြ မလွန်ကြ" ကုန်။
သာသနာတွင်းသို ့သီလမရှိသူဝင်ရောက်လာခဲ့လျှင် ပေါင်းသင်းမှု
မပြုဘဲ "နှင်ထုတ်ပစ်" တတ် ကြပေတယ်။
မင်း၊ ပုဏ္ဏား၊ သူဋ္ဌေး၊ ဆင်းရဲသား မည်သူမဆို သာသနာတွင်း သို ့ဝင်ရောက်လာခဲ့သော် "ဘုရား သားတော်" ဟူသော "အမည်နာမ တစ်ခုတည်း" သာ ခေါ်တွင်ပေတယ်။
တရားအားထုတ်တဲ့အတွက် ရဟန္တာအဖြစ်များလို့ "နိဗ္ဗာန်မှာ ပိုလျှံသွားတယ်" လို ့ မရှိသလို ရဟန္တာအဖြစ်နည်းလို့ "နိဗ္ဗာန် မှာလျော့သွားတယ်" ရယ်လို့လဲ မရှိပေဘူး။
သတိပဋ္ဌာန်၊ သမ္မပ္ပဓာန်၊ ဣဒ္ဓိပါဒ်၊ ဣန္ဒြေ၊ ဗိုလ်၊ ဗောဇ္ဈင်၊ မဂ္ဂင် စသော "ရတနာများဖြင့်" သာသနာမှာ အလွန်ပျော်မွေ့ဖွယ်
ဖြစ်တယ်။
ငါဘုရားရဲ့သာသနာတော်မှာ "ဝိမုတ္တိရသ" ဆိုတဲ့ "အရသာ တစ်မျိုးတည်း" သာ ရှိတဲ့အတွက် အကောင်းမြတ်ဆုံး အရ သာဖြစ်ပေတယ်။
ငါဘုရားရဲ့သာသနာဟာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် နဲ ့ရဟန္တာဖြစ်ဖို ့ကျင့်ကြံအားထုတ်နေသူများနဲ ့ ဖြစ်ပြီးကြသူ များ ဖြစ်တဲ့ အလွန် "သီလသမာဓိဂုဏ် ကြီးကျယ်ကြသူများ ရဲ့နေထိိုင်ရာ" ဖြစ်ပေတယ်။
ဤရှစ်ဖြာသည်ကား ငါဘုရား၏ အံ့ဖွယ်သာသနာပေတည်း။
နတ်သား . . . . ကောင်းမြတ်လှပါဘိ အရှင်မြတ်ဘုရား။
သာဓု... သာဓု... သာဓု
ကျမ်းကိုး။ ။ဇနိတာလင်္ကာရ၊ အရှင်။ "သာသနာ့ရိပ်မှာ ပျော်မွေ ့ပါ" တရားတော်။ ရန်ကုန်၊ ၂၃၊ ၇၊ ၀၈။
|
https://www.dhammaransi.com/index.php/new/373-2017-11-18-11-58-10.html
|
သီ လ ဟူ သည် ကိုယ် ကျင့် တ ရား
|
သီလသည် ကိုယ်ကျင့်တရား ဆိုသည့်အလျောက် ခန္ဓာကိုယ်ဧ။် အပြုအမူ နှင့်
နှုတ်ဖြင့် ပြောဆိုမှုတို့ပင်ဖြစ်သည် ။ တနည်းအားဖြင့် ကာယကံ နှင့် ဝစီကံ တို့ဖြစ်သည် ။
ကာယကံ , ဝစီကံ ကိုမှ မထိန်းသိမ်းနိုင်သူသည် လောကီလောကုတ်၌ အကျိုးယုတ်ဖို့ပင်ဖြစ်သည် ။
နိဗ္ဗာန်သို့ သွားရန် ကျင့်ကြံရမည့် မဂ္ဂင် ရှစ်ပါးတွင် သီလမဂ္ဂင်သုံးပါးသည် အခြေခံ ဖြစ်သည် ။
သီလမရှိပါက မည်သည့် ကုသိုလ်အလုပ်မျှ လုပ်၍အကျိုး မရနိုင်တော့ပေ ။
သီလဆိုရာ၌ ကာယကံ သုံးပါး နှင့် ဝစီကံ လေးပါးဖြစ်သည် ။ အဓိကအားဖြင့် ငါးပါးသီလပင် ဖြစ်သည် ။
အမှန်အားဖြင့် သောတာပန် အရိယာ ပုဂ္ဂိုလ်ဧ။် သီလမှာ ငါးပါးသီလကို အသက်စွန့်၍ စောင့်ထိန်းခြင်းပင်။
သာမန် ပုထုဇဉ်များအဖို့ ငါးပါးသီလကို အမြဲစောင့်ထိန်းနိုင်ပါက အကျိုးများစွာ ရရှိနိုင်လေသည် ။
ငါးပါးသီလစောင့်ထိန်းသူကို သိကြားမင်းပင် ရှိခိုးလေသည် ။
ပြုသမျှ ကုသိုလ်တို့ကို အောင်မြင်ပြီးမြောက်စေပြီး
ရလာသည့် အကျိုးသည်လည်း သန့်ရှင်းစင်ကြယ်စွာ ဖြင့် လက်ငင်းရရှိနိုင်သည် ။
သီလရနံ့သည် ဗြဟ္မာပြည်တိုင်
မွှေးပြန့်လေသည် ။
သီလရှိသူအား နတ်တို့စောင့်ရှောက်ကြပြီး ဘေးရန်ခပ်သိမ်း ကင်းငြိမ်းချမ်းသာရလေသည် ။
လောကုတ္တရာ သာမက လောကီအရေးတို့ကိုလည်း အခက်အခဲမရှိ ပြီးစီးနိုင်သည် ။
သီလရှိသူသည် အနာရောဂါ
ကင်းပစွာဖြင့် အသက်ရှည်ရလေသည် ။
နောက်နောင်ဘဝများတွင်လည်း ကျန်းမာ၍ အသက်ရှည်သောအကျိုးကိုရသည် ။
မတော်တဆ ထိခိုက်သေကြေခြင်းဘေးမှလည်း လွတ်ကင်းရသည် ။ သီလဧ။် အကျိုးကျေးဇူးများသည် ရေးမကုန်နိုင်တော့ပေ ။
ထို့ကြောင့် ယနေ့ခေတ်ဧ။် အန္တရာယ်များလှသော အခြေအနေမျိုးတွင် ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းခြင်းဖြင့်
အန္တရာယ်အသွယ်သွယ်မှ လွတ်ကင်းချမ်းသာရပြီး လားရာဂတိကိုလည်း စိတ်ချရသဖြင့် ရဲရဲဝံ့ဝံ့ သေခြင်းကို ရင်ဆိုင်နိုင်သည် ။
သို့အတွက် ညအိပ်ရာဝင် နှင့် နံနက် အိပ်ရာထတို့တွင် ငါးပါးသီလဆောက်တည်ပြီး ကောင်းမွန်ရိုသေစွာစောင့်ထိန်းသင့်ပေသည် ။
စောင့်ထိန်းခါစ၌ တစ်ခါတစ်ရံ သတိလွတ်၍ဖောက်ဖျက်တတ်သော်လည်း ချက်ချင်းပြန်လည် တည်ဆောက်နိုင်ပါသည် ။
အိပ်ရာဝင် , အိပ်ရာထ ငါးပါးသီလမယူမီ ဦးစွာ သရဏဂုံ တောင်းခံပြီးမှ ဆောက်တည်ရသည် ။
သရဏဂုံ တောင်းရန် - -
၁။ ဆင်းရဲကိုဖျောက် ၊ ချမ်းသာရောက် ၊ စောင့်ရှောက်ဘုရား ကိုးကွယ်ဧ။် ။
( ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ )
၂။ ဆင်းရဲကိုဖျောက် ၊ ချမ်းသာရောက် ၊ စောင့်ရှောက်တရား ကိုးကွယ်ဧ။် ။
( ဓမ္မံ သရဏံ ဂစ္ဆာမိ )
၃။ ဆင်းရဲကိုဖျောက် ၊ ချမ်းသာရောက် ၊ စောင့်ရှောက်သံဃာ ကိုးကွယ်ဧ။် ။
( သံဃံ သရဏံ ဂစ္ဆာမိ )
ဒုတိယအကြိမ် ( ဒုတိယမ္ပိ ) ၊ တတိယအကြိမ် ( တတိယမ္ပိ ) ၊ သုံးကြိမ်ဆိုပါ ။
ငါးပါးသီလ ဆောက်တည်ရန် - -
၁။ သူ့အသက်လဲ ၊ မသတ်ဘဲ ၊ အမြဲရှောင်ကြဉ်မည် ။ ( ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ )
၂။ သူ့ဥစ္စာလဲ ၊ မခိုးဘဲ ၊ အမြဲရှောင်ကြဉ်မည် ။ ( အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ )
၃။ ကာမဂုဏ်လဲ ၊ မမှားဘဲ ၊ အမြဲရှောင်ကြဉ်မည် ။ ( ကာမေသုမိစ္ဆာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ )
၄။ လိမ်ညာ၍လဲ ၊ မပြောဘဲ ၊ အမြဲရှောင်ကြဉ်မည် ။ ( မုသာဝါဒါ ဝေရမဏိ သိက္ခာဒံ သမာဒိယာမိ )
၅။ သေအရက်လဲ၊ မသောက်ဘဲ၊ အမြဲရှောင်ကြဉ်မည် ။ ( သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ )
*မူးယစ်ဆေးလဲ ၊ မသုံးစွဲ ၊ အမြဲရှောင်ကြဉ်မည် ။
အသေအချာ စောင့်ထိန်းပါမည်ဟု ဝန်ခံကတိ ပြုပါဧ။် အရှင်ဘုရား ။
( အာမ ဘန္တေ ပါ အရှင်ဘုရား )
|
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.