url
stringlengths
52
71
title
stringlengths
4
101
body
stringlengths
0
37.6k
https://www.dhammaransi.com/index.php/new/2603-2024-12-24-01-20-48.html
ည အိပ်ယာ မဝင်ခင် သရဏဂုံတည်ပြီးမှ အိပ်ကြပါ။
ည အိပ်ယာ မဝင်ခင် သရဏဂုံတည်ပြီးမှ အိပ်ကြပါ။ သရဏဂုံတည်သောသူသည် ထိုဘဝမှ စုတေသောအခါ တစ်ဘဝတာ တည်ခဲ့သော သရဏဂုံ ကုသိုလ်ကြောင့် (၉၁)ကမ္ဘာ အပါယ်လေးပါးသို့ မကျရောက်ရခြင်း။ အကြိမ်(၈၀) သိကြားမင်းဖြစ်ရခြင်း။ (၇၅)ကြိမ် စကြာမင်းဖြစ်ရခြင်း။ ရိုးရိုးပဒေသရာဇ် ဧကရာဇ်ဘုရင်အဖြစ် အကြိမ်ကြိမ်ဖြစ်နေခြင်း။ အဆုံးဘဝတွင် မြတ်စွာဘုရားသာသနာ၌ (၇)နှစ...
https://www.dhammaransi.com/index.php/new/2602-2024-12-23-22-58-28.html
ဂုဏ်တော်ပွားတယ်ဆိုတာ
.. .စိတ်သန့်ရှင်းရေး လုပ်နေတာပါ မြတ်စွာဘုရားရဲ့ ဣဿာကင်းတဲ့ဂုဏ်ကို ပွားရင်း ပွားရင်း ကိုယ့်စိတ်မှာလည်း ဣဿာဓာတ်တွေ တဖြည်းဖြည်း လျော့ပါးသွားပါတယ်။ ဣဿာဖြစ် ချင်တဲ့စိတ်တွေလည်း မရှိသလောက် ကင်းပြတ် သွားပါတယ်။ အကြောင်းတိုက်ဆိုင်လာလို့ မလွှဲ မရှောင်သာ ဖြစ်လာရင်လည်း ချက်ချင်းသတိဝင် ပြီးပယ်သတ်နိုင်ပါတယ်။ ဒါဟာ ဂုဏ်တော်ပွားခြင်း ရဲ...
https://www.dhammaransi.com/index.php/new/2578-2024-01-03-01-08-14.html
နှလုံးသားတောင်ထိပ်က အရဟံစေတီ
    မိမိရဲ့ နှလုံးသားတောင်ထိပ်မှာ အရဟံစေတီကြီး တည်ကြရအောင်။ အရဟံဂုဏ်တော်ကို ပွားများဆင်ခြင်နေရင် အရဟံစေတီ တည်တာပါပဲ။ `အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား` အဲဒါ အရဟံဂုဏ်တော်ရဲ့ အဓိပ္ပါယ်ပါပဲ။ အဲဒီ အဓိပ္ပါယ်သည်ပင်လျှင် အရဟံဂုဏ်တော် ပွားများတဲ့ နည်းလမ်းပါပဲ။ အရဟံဂုဏ်တော်ဆိုတာ ကိလေသာကင်းစင်ခြင်းပဲဆိုတာ သိပြီး ဘယ်လိ...
https://www.dhammaransi.com/index.php/new/2577-2024-01-03-01-01-25.html
မေတ္တာနှင့် ဒါန သီလ ဝိပဿနာ
•••••••••••••••••••••••••••••••• မေတ္တာက အင်မတန်အရေးကြီးပါတယ်။ လုပ်သမျှ ကုသိုလ်တွေကို အရည်အသွေး မြင့်မားသွားအောင် မေတ္တာက အမွှမ်းတင် ပေးနိုင်ပါတယ်။ မေတ္တာနှင့်ဒါန ••••••••••••••• ဒါနကောင်းမှုပြုရင် စိတ်ထဲကနေ မေတ္တာဓာတ်တွေ ထပ်တလဲလဲ ပို့လွှတ်ပြီးတော့ ပြုမယ်။ တစ်နည်းပြောရရင် မေတ္တာဘာ၀နာ ပွားပြီးတော့ ဒါနပြုမယ်ဆိုရင် အဲဒီဒ...
https://www.dhammaransi.com/index.php/new/2575-2023-12-27-10-57-19.html
ဗုဒ္ဓရှင်တော်မြတ်၏(၃၂)ပါးသော မဟာပုရိသယောကျာ်းမြတ် လက္ခဏာများ
ဗုဒ္ဓရှင်တော်မြတ်၏(၃၂)ပါးသော မဟာပုရိသယောကျာ်းမြတ် လက္ခဏာများ ____________________________ ထိုလက္ခဏာတို့နှင့် ပြည့်စုံတဲ့ ယောက်ျားမြတ်ဟာ နှစ်မျိုးသော အဖြစ်တို့သာလျှင် ရှိပါတယ်။လူ့ဘောင်၌ နေလျှင် စကြဝတေးမင်း ဖြစ်မယ်။ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်လျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင...
https://www.dhammaransi.com/index.php/new/2574-2023-12-27-10-53-41.html
သဲအင်းဆရာတော်ကြီးနှင့်စကြာဝဠာထဲကလူများ
  သတင်းစာဆရာကြီးမိုးကြိုးဦးအုံးခင်သည် ခေတ်ပညာ လည်းတတ်သည်။ပရိယတ္တိစာပေတွင်လည်း နှံ့စပ်စွာ သိ၏။ပရိယတ္တိ စာတတ်ဆရာတော်ကြီးများနှင့် အလွန်ရင်းနှီးသည်။ပညာတတ်ဖြစ်၍ဆရာတော်ကို ကြုံရင်ကြုံသလိုသိချင်သောမေးခွန်းများစွာမေးတော့သည်။သူ၏ သတင်းစာထဲတွင် သဲအင်းဆရာတော်နှင့် အမေးအဖြေများကိုမကြာခဏထည့်လေ့ရှိသည်။ သူ့ကြောင့် ပင် သဲအင်းဆရာတော်၏...
https://www.dhammaransi.com/index.php/new/2565-2022-03-19-07-59-20.html
မင်း လေးပါးစုံ ရွှေတိဂုံ
စွန်းလွန်း ဆရာတော်ဘုရားကြီးကို ဝန်ကြီးချုပ်ဟောင်း ဦးနု မေးလျှောက်ခဲ့သော " မင်း လေးပါးစုံ ရွှေတိဂုံ ကိန်းကျမည် " ဆိုသော တဘောင်၏ အဓိပ္ပာယ် စွန်းလွန်း ဆရာတော်ဘုရားကြီးသည် ရဟန္တာဟု ကျော်ကြားသလို ဝန်ကြီးချုပ်ဟောင်း ဦးနု၏ ကိုးကွယ်ကြည်ညိုသော ဆရာတော်တစ်ပါးလည်း ဖြစ်ပါသည်။ ရဟန္တာ ဟူသော အရိယာပုဂ္ဂိုလ်တို့သည် ရှေ့ဖြစ်လာမည့် အရာမျာ...
https://www.dhammaransi.com/index.php/new/2564-2022-03-19-07-55-35.html
သူလာတော့ မှာမို့
သူလာတော့ မှာမို့ -------------- ဘုရားရှင် လက်ထက်တော် အခါကလည်း ဘုရင်ကြီးက မြို့အသစ် တည်တယ်။ ညဘက်ကျတော့ ကောင်းကင်က အသံတွေ အများကြီး ကြားရတယ်။ ဘုရင်ကြီးက ကြောက်လို့ ဘုရားရှင်ကို လျှောက်တဲ့အခါမှာ ဘုရားရှင်က မင်းကြီး၊ မကြောက်ပါနဲ့ တဲ့။ လူသားတွေက မြေပြင်မှာ မြို့အသစ် တည်လို့ မြေပေါ်မှာ မှူးကြီး၊ မတ်ရာတွေ နေရာ၊ ကုန်သည...
https://www.dhammaransi.com/index.php/new/2563-2022-03-19-07-52-10.html
"ဝိပဿနာ ဘာကြောင့် အားထုတ်သင့်သလဲ”
"ဝိပဿနာ ဘာကြောင့် အားထုတ်သင့်သလဲ” တရားထိုင်တယ် ဆိုတဲ့ Meditation က နည်းအမျိုးမျိုး ရှိပါတယ်။ ဝင်လေထွက်လေကို မှတ်မလား၊ Body scan နည်းကို ရွေးမလား၊ မေတ္တာဘာဝနာ ပွားများမလား၊ ဗုဒ္ဓဂုဏ်တော်ကို အာရုံပြုတဲ့နည်းကို သုံးမလား စသဖြင့် ကိုယ်နဲ့ ကိုက်တာ ရွေးချယ်လို့ ရပါတယ်။ ရေကသိုင်း ရှုတယ်၊ နေကသိုင်း ရှုတယ် စတာတွေလည်း ရှိသေးတယ်။...
https://www.dhammaransi.com/index.php/new/2562-2022-03-19-07-49-55.html
"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ"
  "နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ" ဗုဒ္ဓဘာသာရဲ့ ဘာသာရေးအခမ်းအနားတွေမှာ "နမော တဿ" ဘုရားရှိခိုးနဲ့ ဖွင့်လှစ်တဲ့ ယဥ်ကျေးမှုလေးရှိတယ်။ ယဥ်ကျေးမှုဆိုတာ "အမွေဆက်ခံ ရရှိသော ကျင့်ဝတ်အလေ့အထ" လို့ ဖရန်စစ်ဖူကူယားမားက ဖွင့်ဆိုတယ်။ ကျင့်ဝတ်အလေ့အထ ဖြစ်လာတဲ့အရာတွေဟာကာလာကြာလွန်တဲ့အခါ မူရင်းအဓိပ္ပါယ်၊ ရည်ရွယ်ချက်၊ အနှ...
https://www.dhammaransi.com/index.php/new/2561-2022-03-19-07-48-57.html
သမ္ဗုဒ္ဓေ ဂါထာတော်ကြီးအား ဂါထာစွမ်းအား သတ္တိ ရရှိလာအောင် လိုက်လာအောင် ရွတ်ဆိုနည်း .. .
သမ္ဗုဒ္ဓေ ဂါထာတော်ကြီးအား ဂါထာစွမ်းအား သတ္တိ ရရှိလာအောင် လိုက်လာအောင် ရွတ်ဆိုနည်း .. . နံနက် အရုဏ်တက်ချိန် ၅ နာရီ တွင် သမ္ဗုဒ္ဓေ ဂါထာ တော်ကြီး အား ရွတ်ဖတ်ရပါမည် ။ ရွတ်ဖတ်မည့် ပုဂ္ဂိုလ်မှာ လူပုဂ္ဂိုလ်ဖြစ်ပါလျှင် ကိုယ်လက် သန့်ရှင်းခြင်း ခန္ဓာကိုယ် သန့်ရှင်းခြင်း သန့်ရှင်းသောအ ဝတ်စားကိုဝတ်ဆင်ခြင်း ရဟန်းမှန်သမျှ ဒေသနာကြား ...
https://www.dhammaransi.com/index.php/new/2560-2022-03-19-07-45-09.html
ကုသိုလ် သုံး မျိုး
ကုသိုလ် သုံး မျိုး ____===______ (၁) ငွေပေးပြီး ပြုလုပ်လို့ရသည့် ကုသိုလ် _ --- ဆွမ်း သင်္ကန်း ကျောင်း ငွေအကုန်ခံပြီး ရဟန်းသံဃာတော်များကို လှူဒါန်းခြင်း။ အဘိုးအဘွားနှင့် နေမကောင်းသည့် ဂိလာနများ အာဟာရဖြစ်စေရန် အစားအစာ များလှူဒါန်းခြင်း။ ဆင်းရဲသူ ဆင်းရဲသားများအတွက် ဆန် ဆီ စသည် ငွေအကုန်ခံပြီးလှူဒါန်းခြင်း။ စသည်စသည်များကို ...
https://www.dhammaransi.com/index.php/new/2559-2022-03-19-07-44-02.html
ကုဝေရ နတ်မင်းကြီး အကြောင်း
ကုဝေရနတ်မင်းကြီးသည် မြောက်အရပ်ကို အစိုးရတဲ့ နတ်မင်းကြီးလည်း ဖြစ်ပါတယ်။ နတ်ဘီလူးမင်းကြီးပါ။ ကုဝေရ ဆိုတာက ရုပ်သွင်ကြမ်းတမ်းတယ်လို့ အဓိပ္ပာယ်ရသလို ကမ္ဘာမြေကြီးကိုစောင့်ရှောက်သော အရှင်သခင်လို့လည်း အဓိပ္ပာယ်ရပါတယ်။ ကုဝေရနတ်မင်းကြီးကို ဝေဿဝဏနတ်မင်းလို့လည်း ခေါ်ပါတယ်။ မိုးရွာသွန်းစေနိုင်သော နတ်မင်း မိုးလေဝသကို ပိုင်စိုးသောနတ...
https://www.dhammaransi.com/index.php/new/2482-2019-02-09-00-57-17.html
ကိလေသာကအရှက်ခွဲမလို့စောင့်နေတာ
☆ ကိလေသာကို အထင်သေးလို့မရဘူး။ ရန်သူကို အထင်မသေးပါနဲ့။ ရန်သူကိုအထင်သေးရင်တော့ရှုံးမှာပဲ။ ☆ ငါတို့က စခန်းပွဲဘယ်နှစ်ခါဝင်ပြီးပြီ။ တရားဘယ်နှစ်ခွေနာပြီးပြီ။ ကိလေသာလောက်ကတော့ နိုင်ပါတယ်ဆိုပြီး လျှော့တွက်လို့ ရပါ့မလား။ လျှော့တွက် ရင် မဟာအမှားပဲ။ အဲဒါဆိုရင်တော့ ကိလေသာက နိုင်တော့မယ်။ ပစ္ဆိမဘဝဒါနောက်ဆုံးဘဝ၊ ပဋိသမ္ဘိဒါလေးပါးနဲ့ ...
https://www.dhammaransi.com/index.php/new/2481-2019-02-09-00-55-32.html
‘ရောဂါကုစား စိတ်စွမ်းအား’
‘ရောဂါကုစား စိတ်စွမ်းအား’တဲ့။ စိတ်စွမ်းအားက ရောဂါကို ကုစားပေးနိုင်တယ်။ ဒီကနေ့ ခေတ်ပညာကလည်း ဒါကိုလက်ခံထားတယ်။ ဗုဒ္ဓမြတ်စွာရဲ့ ပိဋကတ်သုံးသွယ် နိကာယ်ငါးရပ် ဓမ္မက္ခန္ဓာ ပေါင်း ရှစ်သောင်းလေးထောင်ရှိတဲ့ တရားတော်တွေထဲမှာလည်း တရားဓမ္မကို နာယူခြင်းဖြင့် စိတ်ဓာတ် အေးငြိမ်းပြီး - ရောဂါပျောက်သွားတဲ့မှတ်တမ်းတွေ ရှိတယ်။ ယနေ့ခေတ်မှာ...
https://www.dhammaransi.com/index.php/new/2480-2019-02-09-00-52-10.html
သီလ လုံးဝမကျိုးတဲ့ ဆောက်တည်နည်း
ဗုဒ္ဓဘာသာဝင် တစ်ယောက်အတွက် ဒါန၊သီလ၊ ဘာဝနာသည် အရေးကြီးပါသည်။ ဒါန၊သီလ၊ဘာဝနာ သုံးပါးထဲတွင် ဘယ်တရားက အရေးကြီးဆုံးလဲ ? ။ ရဟန်းတော်တွေအတွက် ဒါနမပြုလို့ အာပတ်သင့်စေ ဆိုတဲ့ သိက္ခာပုဒ် မရှိသလို ၀ိပဿနာဘာဝနာ မပွားလို့ အာပတ်သင့်စေဆိုတဲ့ သိက္ခာပုဒ်လည်း မရှိပါဘူး။ ဒါပေမယ့် သီလဖောက်ဖျက်ရင်တော့ အာပတ်သင့်စေ ဆိုတဲ့ သိက္ခာပုဒ်တွေက အသင့်...
https://www.dhammaransi.com/index.php/new/2479-2018-11-25-01-13-16.html
ဘာကြောင့် ဘုရားရှင်က ဂုဏ်တော်ကိုပွားခိုင်းရသလဲ
ဒို့စိတ်တွေက ရိုင်းလွန်းလို့ ဒီအတိုင်းမထားနိုင်လို့ ဘုရားဂုဏ်ကိုအာရုံပြုပြီးတော့ ဒို့ရဲ့ရိုင်းတဲ့စိတ်ကို ဘုရားအာရုံလေးနဲ့တွဲပြီးတော့ကပ်ပြီးတော့ ယဉ်အောင် ကျင့်ယူရတာထင်တယ် ။ အဲဒါဗျ ဒို့ချည်းမနိုင်လို့ ဘုရားနဲ့ကပ်ယူရတာ ။ အဲဒီဂုဏ်တော်တွေပွားခြင်းတို့မည်သည်မှာ ' သဒ္ဓါ ' နိုးအောင်လို့ နှိုးပေးတာ ။ ဒို့ စာလိုတော့ လျက်ဆားများ...
https://www.dhammaransi.com/index.php/new/2478-2018-11-25-01-10-04.html
အဘိဓမ္မာကို မယုံသူ (သို့) လက်မခံသူ တရားအားထုတ်ရင်...???
နိုင်ငံခြား ရဟန်းတစ်ပါးရဲ့မေး။ ။ ဆရာတော် တရားအားထုတ်တဲ့ ယောဂီတဦးဟာ အဘိဓမ္မာ၊ အဋ္ဌကထာနဲ့ ဋိကာတွေရဲ့ အဆိုကို မယုံကြည်ဘူး ဒါမှမဟုတ် လက်မခံဘူးဆိုရင် ဘာဖြစ်နိုင်မလဲ။ ဖားအောက် ဆရာတော်ဘုရား အဖြေ ၀ိပဿနာ အားထုတ်တဲ့အခါ သင်ဟာ အဘိဓမ္မာ၊ အဋ္ဌကထာနဲ့ ဋိကာတွေကို သံသယဖြစ်နေရင်တော့ ဒါဟာ သင်တရားရဖို့အတွက် ကြီးမားတဲ့အတားအဆီးတခု ဖြစ်နိုင်...
https://www.dhammaransi.com/index.php/new/2476-2018-11-25-01-07-21.html
လူဆိုတာ သူကြိုက်တာသူလုပ်တာ
(​ဂျာမနီသူ) ဗမာပြည်ကို လှည့်ကြည့်တဲ့အခါ ဘုရားအဟောင်းတွေလည်း အများကြီးတွေ့တယ်။ အသစ်တွေလည်း တည်နေကြတယ်။ ဘုရားတွေ နောက်ထပ်တည်မယ့်အစား စာသင်ကျောင်းမရှိတဲ့နေရာ စာသင်ကျောင်းဆောက်ဖို့ ဆရာတော်တို့ တရားဟောလို့မရဘူးလား။ (ပါချုပ်ဆရာတော်) မရဘူး။ လူဆိုတာ သူကြိုက်တာသူလုပ်တာ။ တချို့က စာသင်ကျောင်းမှမဆောက်ချင်တာ။ ဘုရားပဲ တည်ချင်တာ။ သူ...
https://www.dhammaransi.com/index.php/new/2475-2018-11-25-01-04-32.html
“ကထိန်စစ်စစ် ဖြစ်ရဲ့လား”
အရှင်ဘုရား .... ရဟန်းတော်ကိုယ်တိုင် လှူတဲ့ သင်္ကန်း နဲ့ ကထိန် ခင်းကောင်းပါသလား။ကထိန်ခင်းခဲ့ရင်ရော ကထိန် အထမြောက်ပါသလား။ (မသင်းမဒီ၊ ပြည်မြို့။) ဒကာမလေး မသင်းမဒီ ... “ကထိန်ခင်းတယ်”လို့ ပြောလိုက်ရင် ကထိန်ခင်းတဲ့အလုပ်ကို လူဝတ်ကြောင် ဒကာ၊ဒကာမတွေက လုပ်ကြတယ်လို့ လူအများက ထင်နေကြပါတယ်။ တကယ်တော့ ကထိန်းခင်းတဲ့အလုပ်ဟာ လူဝတ်ကြောင်...
https://www.dhammaransi.com/index.php/new/2468-2018-09-07-11-44-53.html
ကံမကောင်းဘူးဆိုရင် ကံကောင်းအောင် ဘာလုပ်ရမှာလဲ
လောကမှာ ကံမကောင်းဘူးဆိုရင် ကံကောင်းအောင်က ဘာလုပ်ရမှာလဲ၊ မကောင်းတဲ့ကံတွေ ပပျောက်အောင် ကံကောင်းတဲ ့နည်းတွေ မရှိဘူးလားဆို၊ ရှိတယ်။ အကုသိုလ်အကျိုးတွေ ဝင်ရောက်ဖြစ်ပေါ်နေတာကို လူတွေက ကံမကောင်းဘူးလို့ပြောတာ။ အကုသိုလ်ရဲ့ အကျိုးတရားတွေက ကိုယ့်သန္တာန်ရောက်ပြီ၊ ထိခိုက်နေပြီဆိုရင် ဒါက ကံမကောင်းဘူးလို့ ပြောကြတယ်။ အဲဒီအချိန်မှာ ကို...
https://www.dhammaransi.com/index.php/new/2466-2018-09-06-02-54-33.html
အောက်စဖို့ဒ်မှတ်တမ်း တစ်စေ့တစ်စောင်း
မေး ။ ။ ဆရာတော်ဘုရား တပည့်တော် ရိုသေစွာ မေးလျှောက်ပါတယ် ဘုရား။ ဒီလောက် ပညာတွေ ထူးချွန်အောင် ကမ္ဘာကေ ျာ်တက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားနိုင်အောင် ဘယ်လိုစိတ်စွမ်းအင်မျိုးနဲ့ ကြိုးစားအားထုတ်ခဲ့ပါသလဲ။ သိပါရစေ ဘုရား။ စာတွေ ကျက်မှတ်တဲ့အခါ ဘယ်လိုစိတ်ထားမျိုးနဲ့ ကျက်မှတ် လေ့လာပါသလဲဘုရား။ ဖြေ။ ။ ★ ဒါကတော့အရမ်း personal ဖြစ်တယ်...
https://www.dhammaransi.com/index.php/new/2465-2018-09-05-03-18-40.html
ဗုဒ္ဓတရားဒေသနာတော်ကို လေ့လာခြင်း။
ဤတရားတော်သည် မဇ္ဈိမနိကာယ်မှ ရဌပါလသုတ်၌ ပါရှိသော ဓမ္မုဒ္ဒေသ ၄ ပါးကို ရှင်း လင်း ဟောကြားထားသည်။ ဗုဒ္ဓမြတ်စွာ၏ တရားဓမ္မသည် အစ၊ အလယ်၊ အဆုံး အမှန်အတိုင်း ထုတ်ဖေါ်ဟောကြားအပ်သည့် (၁) “သွာက္ခာတ” ဂုဏ်နှင့် ပြည့်စုံပါသည်။ မှန်ကန်စွာ ဟောထားသည်ကို ဟောထားသည့်အတိုင်း လက်တွေ့ကျင့်သုံးခြင်းဖြင့် သိ နိုင်သောကြောင့် (၂) “သန္ဒိဌိကော” ဟုဆ...
https://www.dhammaransi.com/index.php/new/2464-2018-09-05-03-16-50.html
အသိဉာဏ်သည် ဦးနှောက်ထဲတွင်ရှိ ပါသလား...?
အသိဉာဏ်သည် ဦးနှောက်ထဲတွင်မရှိဘဲ ဟဒယရုပ်ဝတ္ထုထဲ၌သာရှိသည် ဟူသောအချက်ကို ဆရာတော် ထင်ထင် ရှားရှား ပြတော်မူပါ ဘုရား။ (မေးမြန်းလျှောက်ထားသူ - ပါမောက္ခ ဂျေ၊ အမ်၊ ဖော့စတာ၊ အမ်အေ၊ အမ်အက်(စ်)စီ၊ ဘုံဘိုင်တက္ကသိုလ် မှ သိပ္ပံပညာ ပါမောက္ခ၊ ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ) (ဆရာတော်က သူ၏ပုစ္ဆာအတွက် အဖြေကို ဖော်ထုတ်ရန် ပါမောက္ခ ဂျေ၊ အ...
https://www.dhammaransi.com/index.php/new/2461-2018-09-04-03-54-44.html
ဓာတ်ကြီးလေးပါးရှုနည်း (သားတော်ရာဟုလာ)
ချစ်သား ရာဟုလာ..... အတွင်းသန္တာန်၌ဖြစ်သော ပထဝီဓာတ်ကို၄င်း။ အပသန္တာန်၌ဖြစ်သော ပထဝီဓာတ်ကို၄င်း။ "ငါ့ဟာမဟုတ်၊ငါမဟုတ်၊ငါ၏အတ္တမဟုတ်"ဟူ၍ ဟုတ်တိုင်းမှန်စွာ ပညာဖြင့်ရှုရမည်။ ဤသို့ကောင်းမွန်စွာရှုမြင်သည် ရှိသော် ပထဝီဓာတ်၌ ငြီးငွေ့၏။ ပထဝီ ဓာတ်၌ စိတ်ကို ကင်းကွာစေ၏။ ထို့အတူ အတွင်းသန္တာန်း၌ဖြစ် သော အပသန္တာန်၌လည်းဖြစ်သော အာပေါဓာတ် ...
https://www.dhammaransi.com/index.php/new/2460-2018-09-04-00-34-40.html
လွတ်လပ်တဲ့သူဟာ မကြွားတော့ဘူး
မျက်မှန်ကို ဒီနေ့မှ စတပ်တဲ့သူဟာ သူ့နှာခေါင်းပေါ်မှာ မျက်မှန်ရှိနေတာကို အချိန်ပြည့် သတိထားမိနေတယ်။ နေရတာ မလွတ်လပ်ဘူး။ ခဏခဏ မျက်မှန်ကို ချွတ်ကြည့်တယ်။ တပ်ကြည့်တယ်။ မျက်မှန်ကို မကြာမကြာ အဝတ်နဲ့သုတ်တယ်။ ဒါပေမယ့် မျက်မှန်တပ်တာ ကြာသွားတဲ့အခါ မျက်မှန်တပ်ထားမှန်း မသိတော့ဘူး။ မျက်မှန်ဟာ ကိုယ့်မျက်နှာရဲ့အစိတ်အပိုင်း တစ်ခုလို ဖြ...
https://www.dhammaransi.com/index.php/new/2459-2018-09-04-00-31-42.html
ဗုဒ္ဓဘာသာ အခြေခံ ၊ အတိုချုပ်
. သင့်ရဲ့ကလေးငယ်ကပဲမေးမေး ၊ ဘာသာခြားကပဲမေးမေး ၊ ဘယ်သူမေးမေး ဗုဒ္ဓဘာသာ အခြေခံ ၊ အတိုချုပ်လောက်တော့ သင်ဖြေနိုင်ရမယ်။ အဲဒီလိုဖြေနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ════════════════════════════ ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော သိမှတ်ဖွယ်ရာများ ═════════════════════════════ . . ═════════════════════ ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရာ...
https://www.dhammaransi.com/index.php/new/2458-2018-09-04-00-21-01.html
၁။ ပထမအကြိမ် မဟာသက္ကရာဇ် (၁၀၄) ခုနှစ် ဒုတိယဝါ သက်တော် ၃၆ နှစ်တွင် ဖိုးဦးတောင် ( ပြည်မြို့အနီး ) သို့ကြွချီတော်မူသည်။ ပြည်ရွှေဆံတော် စေတီပေါ်ထွန်းခဲ့သည်။ ၂။ ဒုတိယအကြိမ် မဟာသက္ကရာဇ် ( ၁၁၁ )ခုနှစ် ဝါတော်( ၈ ) ဝါ သက်တော် ၄၃ နှစ်တွင် သုဝဏ္ဏဘုမ္မိ သထုံပြည် သို့ ရဟန္တာ အရှင် ဂဝံပတိမထေရ်၏ ပင့်လျှောက်ချက်အရ ရဟန္တာ ( ၅၀၀ )တို့ ...
https://www.dhammaransi.com/index.php/new/2457-2018-09-04-00-18-52.html
သောတာပန်ဖြစ်ဖို့ အရေးကြီးတယ်
> ပုဂ္ဂိုလ် ၄ -မျိုး ရှိခဲ့ပါတယ်။ အဲဒီ ပုဂ္ဂိုလ် ၄-မျိုးမှာ ယနေ့ ဘုန်းကြီးတို့ လောလောဆယ် ရှိနေတဲ့ဟာ နေယျပုဂ္ဂိုလ် ပဒပရမပုဂ္ဂိုလ်ပေါ့။ ဥဂ္ဃါဋိတညူပုဂ္ဂိုလ် ဝိပဥ္စိတညူပုဂ္ဂိုလ် နေယျပုဂ္ဂိုလ် ပဒပရမပုဂ္ဂိုလ်လို့ ၄ -မျိုး ရှိတယ်။ ဒါက စာပေအတိုင်းပါပဲ ဟုတ်လား ? အဲဒီ ၄ -မျိုးမှာ ဥဂ္ဃါတညူမျိုးက ရှင်သာရိပုတ္တရာမျိုးလိုပေါ့နော်။ ...
https://www.dhammaransi.com/index.php/new/2456-2018-09-04-00-17-11.html
တရားတစ်ပုဒ်ကြောင့် ချမ်းသာခဲ့ရသူ
{တရား တစ်ပုဒ်ကြောင့် ချမ်းသာခဲ့ရသူ} ဤဘဒ္ဒကမ႓ာမှ ပြန်၍ရေတွက်သည်ရှိသော် သုံးဆယ့်တစ်ကမ႓ာ၌ သိခီမြတ်စွာဘုရားပွင့်တော်မူခဲ့ပါသည်။ အခါတစ်ပါးတွင် သိခီမြတ်စွာဘုရားရှင်သည် တစ်ပါးတည်းနေ၍ ဝိဝေကသုခကို ပွားများလိုသောကြောင့် ရှုချင့်စဖွယ်သစ်ပင်ပန်းမာလ်အမျိုးမျိုးတို့နှင့်ပြည့်စုံသော တောကြီးအတွင်းသို့ ကြွတော်မူကာ အေးချမ်းလှသောကျောက်ဖျ...
https://www.dhammaransi.com/index.php/new/2455-2018-09-04-00-14-05.html
သိပ္ပံအမြင် နဲ့ ဘာသာရေး
အရှင်ဘုရား၊ ဤဘဒ္ဒကမ္ဘာမတိုင်မီ ပျက်သုဉ်းပြီးသော အခြားကမ္ဘာများတွင် ဤကမ္ဘာကဲ့သို့ နေစကြာဝဠာ ဖွဲ့စည်းပုံဖြင့် တည်ရှိပါသလား။ ယခုမျက်မှောက်ခေတ် ကမ္ဘာကဲ့သို့ သိပ္ပံနည်းပညာ တိုးတက်သည့်ခေတ်များ ရှိပါသလား။ သိလိုပါသည်ဘုရား။ (မောင်ကျော်မင်း-ရန်ကန်) (ဖြေ) ကမ္ဘာတိုင်းမှာ နေစကြာဝဠာဖွဲ့စည်းပုံ အတူတူပင် ဖြစ်ပါသည်။ သိပ္ပံပညာဆိုသည်မှာ ...
https://www.dhammaransi.com/index.php/new/2454-2018-09-04-00-12-14.html
နိဗ္ဗာန်ဆိုတာ လက်တစ်ကမ်းမှာ
သံသရာဝဋ် ဒုက္ခဝဋ်က ထွက်မြောက်စေနိုင်တဲ့ နည်းလမ်းကို လိုရင်း ပြောရမယ် ဆိုရင် … သာသနာလို့ ဆိုတာက - အဓိသီလ - အဓိစိတ္တ - အဓိပညာ ဒီသုံးပါးကို ခေါ်ဆိုခြင်း ဖြစ်တယ် … နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်ရှစ်ပါးလမ်းစဉ် ဆိုတာလဲ ဒီ သုံးပါးပါပဲ … အဲ့ဒီ သုံးပါးမှာ သီလ သိက္ခာပုဒ် ဆောက်တည်ပြီး နောက် … - ကာယကံ သောင်းကျန်းမှု ( ကာယဒုစရိုက် ၃ ပ...
https://www.dhammaransi.com/index.php/new/2453-2018-09-04-00-10-35.html
မဟာစည်ဆရာတော်ဘုရားကြီးနှင့် ယနေ့ခေတ်ဝိပဿနာ အမေးအဖြေ
မေး ➳ စာပေကျမ်းဂန်အရ ဖြစ်စေ၊ တစ်ဆင့် ကြားရလို့ ဖြစ်စေ မှတ်ထားတဲ့အတိုင်း မှန်းဆပြီး ဆင်ခြင်တာဟာ သညာသိပါလား၊ ပညာဉာဏ်အသိပါလား။ ဖြေ ✏ အချို့ကလည်း ဒီလို ဖြစ်ခိုက် ရုပ်နာမ် ရှုမှတ်နေရုံနဲ့ မပြည့်စုံသေးဘူးလို့ ထင်ကြတယ်။ ရုပ်ရယ် နာမ်ရယ်လို့ စဉ်းစားဆင်ခြင်လိုက်ရမှ ဖြစ်တယ်, ပျက်တယ်လို့ ဆင်ခြင်လိုက်ရမှ ပြည့်စုံတယ်လို့ ထင်နေကြတယ်...
https://www.dhammaransi.com/index.php/new/2452-2018-09-04-00-08-05.html
ဘုရားအလိုအတိုင်း ရှင်ပြုနည်း။
မြတ်စွာဘုရား ဘုရားဖြစ်ပြီး တစ်နှစ်လောက်အကြာမှာ မွေးရပ်ဇာတိဖြစ်တဲ့ ကပ္ပိလဝတ် နေပြည်တော်သို့ ကြွရောက်သီတင်းသုံး နေတော်မူပါတယ်။ တစ်နေ့တော့ ယသော်ဓရာမိဖုရာက သားတော်ရာဟုလာကို ဘုရားရှင်ထံမှာ အမွေတောင်းခိုင်းပါတယ်။ သားတော်ရာဟုလာကလည်း ကလေးဆိုတော့ ဘုရားထံသွားပြီး အမွေတောင်းပါတော့တယ်။ ဘုရားရှင်ကလည်း “ သာရိပုတ္တ ရာ - ရာဟုလာကို ရှင...
https://www.dhammaransi.com/index.php/new/2451-2018-09-04-00-03-46.html
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဆုံးမသြဝါဒတော်များ
၁။ ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်။ ၂။ ရခဲလှတဲ့ လူ့ဘဝကို အလွဲသုံးစား အချိန်တွေ မဖြုန်းလိုက်ပါနဲ့။ ၃။ ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။ ၄။ သက်တမ်းတိုတဲ့ ဘဝကလေးမှာ တရားအားမထုတ်ဘဲ ချောင်ခိုနေရင် အသေစောက ကိုယ်ကျိုးနည်းလိမ့်မယ်။ ၅။ မနေ့ကထက် ယနေ့သေဖို့ တစ်ရက်နီးသွားပြီ။ ၆။ မမျှော်လင့်ဘဲ ဗြုန်းကနဲ နာလည...
https://www.dhammaransi.com/index.php/new/2450-2018-09-04-00-00-23.html
ဘုန်းကံဆိုတာ လူတစ်ယောက်မှာ အလိုအလျှောက် ရှိနေတာလား
ဘုန်းကံဆိုတာ အလိုအလျောက်ပေါ်ပေါက်လာတာတော့ မဟုတ်ပါဘူး။မိမိအတိတ်ဘဝက ပြုလုပ်ခဲ့သောကုသို လ်ကံကြောင့် လည်းပေါ်ပေါက်လာပါတယ်။ယခုလက်ရှိဘဝပြုလုပ်သော ကုသိုလ်ကံ ကြောင့်လည်း ပေါ်ပေါက်လာပါတယ်။ အနည်းငယ်ရှင်းပြပါရစေ။ အတိတ်ဘဝကံကြောင့် ဘုန်းကံပေါ်ပေါက်လာသူတွေ အများကြီးထဲကဂေါတမမြတ်စွာဘုရား လက်ထပ်တော်၌ ဇမ္ဗူဒိပ်ကျွန်းလုံးဝယ် ကျော်စောထင်...
https://www.dhammaransi.com/index.php/new/2449-2018-09-01-16-12-08.html
ဘာကြောင့် ဘုရားရှင်က ဂုဏ်တော်ကို ပွားခိုင်းရသလဲ..?
ဒို့စိတ်တွေက ရိုင်းလွန်းလို့ ဒီအတိုင်းမထားနိုင်လို့ ဘုရားဂုဏ်ကို အာရုံပြုပြီးတော့ ဒို့ရဲ့ရိုင်းတဲ့စိတ်ကို ဘုရားအာရုံလေးနဲ့တွဲပြီးတော့ကပ်ပြီးတော့ ယဉ်အောင် ကျင့်ယူရတာထင်တယ် ။ အဲဒါဗျ ဒို့ချည်းမနိုင်လို့ ဘုရားနဲ့ကပ်ယူရတာ ။ အဲဒီဂုဏ်တော်တွေပွားခြင်းတို့မည်သည်မှာ ' သဒ္ဓါ ' နိုးအောင်လို့ နှိုးပေးတာ ။ ဒို့ စာလိုတော့ လျက်ဆားမျာ...
https://www.dhammaransi.com/index.php/new/308-2018-01-17-01-50-21.html
အနာဂါမ်ဆရာသက်ကြီး
စျာနလာဘီရဟန်းနှစ်ပါးသည် အရှေ့အရပ်မှ ကောင်း ကင်ခရီးဖြင့်ကြွတော်မူ၍ ပဲခူးကလျာဏီသိမ်၌ ဆင်းပြီး သိမ်အတွင်းရှိ ဗုဒ္ဓရုပ်ပွါးတော်အား ဖူးမြင်ကာ ဒေးစွန်ပါ တောင်သို့ ကောင်းကင်မှကြွတော်မူလေသည် … ဒေးစွန်ပါသည် ထိုခေတ်အခါက ဆင်နေကျားအောင်း ပုပ္ပေါင်းထူထပ်သည့် တောနက်ကြီးဖြစ်ရကား တောင် တစ်ခုစီတွင်သီတင်းသုံးလျက် တရားအားထုတ်တော် မူကြသည်...
https://www.dhammaransi.com/index.php/new/309-2018-01-11-00-56-01.html
သမုဒ္ဒရာမှာ ဘယ်သူမဆို ရေချိုးခွင့်ရှိတယ်
ဂုဏ်ကျေးဇူးတွေ တိုင်းတာနှိုင်းယှဉ်လို့ မရလောက်အောင် ကြီးမားတာရယ်၊ ကျေးဇူးသိပြီး အောက်မေ့ပူဇော် သူတို့ကို အတိုင်းမရှိ ချမ်းသာစေနိုင်တာရယ်၊ ကျေးဇူးကန်း ပြစ်မှားသူတွေကို အတိုင်းမသိဆိုးကျိုး ဒုက္ခဖြစ်စေ တတ်တာရယ်တို့ကြောင့် အနန ္တလို့ ဂုဏ်ပြုသတ်မှတ်ခြင်းခံရတဲ့ ပုဂ္ဂိုလ် ၅ မျိုး ရှိပါတယ်။ အနန ္တငါးပါးလို့ ခေါ်တာပေါ့။ မြတ်စွာ...
https://www.dhammaransi.com/index.php/new/310-2018-01-11-00-52-47.html
အသက်ကယ်တဲ့ မြတ်ပဋ္ဌာန်း
စင်္ကာပူမှာကျေးဇူးရှင်ဗန်းမော်ဆရာတော်ဘုရားကြီး ဦးဆောင်ပြီးတော့ အဘိဓမ္မာဒေသနာတော်မြတ် ဖြစ်တဲ့ ပဋ္ဌာန်းတရားတော်ကို မတ်လ ၂၀ ရက်နေ့မှ ၂၈ ရက်နေ့ တိုင်အောင် ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေတာ ကို ကြားသိနေရတဲ့ ဒကာလေး တစ်ယောက် က မေးတယ်၊ အရှင်ဘုရား - အခုလို ပဋ္ဌာန်းရွတ်တာ ဘယ်လို အကျိုးကျေးဇူးတွေ ရလာနိုင်မလဲ ၊ တပည့်တော်တို့လဲ ရွတ်လိုပ...
https://www.dhammaransi.com/index.php/new/311-2017-12-29-15-18-58.html
နှလုံးသားတောင်ထိပ်က အရဟံစေတီ
မိမိရဲ့ နှလုံးသားတောင်ထိပ်မှာ အရဟံစေတီကြီး တည်ကြရအောင်။ အရဟံဂုဏ်တော်ကို ပွားများဆင်ခြင်နေရင် အရဟံစေတီ တည်တာပါပဲ။ `အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား` အဲဒါ အရဟံဂုဏ်တော်ရဲ့ အဓိပ္ပါယ်ပါပဲ။ အဲဒီ အဓိပ္ပါယ်သည်ပင်လျှင် အရဟံဂုဏ်တော် ပွားများတဲ့ နည်းလမ်းပါပဲ။ အရဟံဂုဏ်တော်ဆိုတာ ကိလေသာကင်းစင်ခြင်းပဲဆိုတာ သိပြီး ဘယ်လို ပွ...
https://www.dhammaransi.com/index.php/new/312-2017-12-27-15-02-19.html
ဒုက္ခနဲ့သုခ လဲယူတဲ့ပွဲ
✪ ဦးသန်းမောင်ကမသိခင်တုန်းကဘုံဘဝတွေ ဆုတောင်းပြီးသကာလလူ့ပြည်နတ်ပြည်အကြိမ်ကြိမ်ခံစားရတဲ့ကုသိုလ်ကြီးဖြစ်ရပါလို၏ဆိုတော့ လူ့ပြည်နတ်ပြည်အကြိမ်ကြိမ်ဒုက္ခကြီးရရပါလို၏ဆိုတဲ့ အဓိပ္ပါယ်ကပါသွားတယ်။ ✪ ပါသွားတာကိုတရားပွဲရေစက်ချ ချီးမြှောက်တဲ့အခါကျတော့အမျှယူကြပါလို့ဆိုတော ့ ကျွန်တော့်ကုသိုလ်အမျှယူ ကြပါဆိုတော့ကုသိုလ်မျှရတာတော့မှန်ပါတယ...
https://www.dhammaransi.com/index.php/new/313-2017-12-26-15-00-47.html
ကမ္မဋ္ဌာန်းတရား.. ဘာလို ့အားထုတ်ကြတာလဲ
" နိဗ္ဗာန် "ကို တစ်ကြိမ်မြင်ဖူးတဲ ့၊ " သောတာပန် " အရိယာပုဂ္ဂိုလ် တစ်ယောက်ဟာ ဆင်းရဲခြင်းကင်းတဲ့ နိဗ္ဗာန်ကို မျက်ဝါးထင်ထင် ပထမဆုံးတစ်ကြိမ် မြင်တွေ ့သွားတဲ့အတွက်ကြောင့်.. အဲဒီ" သောတာပန်" အရိယာပုဂ္ဂိုလ်ဟာ ဆင်းရဲမှုမှန်သမျှ လုံးဝ ကင်းလွတ်ရာကို နောက်ဆုံးမျက်မှောက်ပြုနိုင်ဖို ့ "ကမ္မဋ္ဌာန်း" တရားကို အစဉ်မပြတ် အားထုတ်နေတတ်တဲ့...
https://www.dhammaransi.com/index.php/new/315-qq-q.html
"ဝေဒနာ" ကို ပျောက်အောင် ရှုမှတ်ပုံ ရှုမှတ်နည်း"
" ဝေဒနာ " " ဝေဒနာ " အကြောင်း ကို.... (၂ဝ၁၇ ဇန်နဝါရီလ ၊ ၂-ရက် ) တုန်းကတော့.. " ဝေဒနာကို မနာအောင် ရှုနည်း "ဆိုတဲ့ ခေါင်းစဉ် နဲ ့ရေးသားဖေါ်ပြခဲ့တဲ့အပြင်၊ " ဝိပဿနာနဲ့ ဆိုင်ရာစာစုများ " ဆိုပြီး စာအုပ် ထုတ်ဝေတုန်းကလည်း ထည့်သွင်းရေးသားဖေါ်ပြခဲ့ဖူးပါတယ်။ ရန်ကုန်မြို့အပြင် အခြားပြည်နယ်တွေက မြို ့တွေကို ဖြန် ့ဖြူးထားပေမယ့်လည်း၊ ...
https://www.dhammaransi.com/index.php/new/316-2017-12-26-14-55-29.html
အတိုဆုံး တရား နဲ ့အားထုတ်ပုံ
မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့ တရားအားထုတ်နည်းတွေထဲမှာ အတိုဆုံးဟောကြားထားတဲ့ တရားအားထုတ်ပုံကို တင်ပြပါရစေ..။ မိဘဖြစ်သူတွေက အသက်ကလေးရလာလို ့၊ ကျန်းမာရေးက ချို ့တဲ့လာပြီး၊ တဖြည်းဖြည်းရောဂါ က ကိုင်ကိုင်လာလို ့မျှော်လင့်စရာ မရှိတော့ဘူးဆိုတဲ့ အခြေအနေရောက်တဲ့အခါကျတော့ ငယ်ငယ်တုန်းက မိဘဆိုဆုံးမ နားမထောင်တဲ့သူတောင်မှ ၊ မိဘရဲ ့အသ...
https://www.dhammaransi.com/index.php/new/317-2017-12-26-14-53-33.html
သောတာပန်လူထွက်
ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးဟောကြားတော်မူထားတဲ့ " အရိယာဝါသ" တရားတော်ကြီး ကို ဖတ်ရှုနေရာမှ... ဝိပဿနုာကျင့်ကြံအားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေ တို ့အတွက်ရော၊ ဝိပဿနာကို ခုမှ စတင်အားထုတ်ဖို ့အတွက် လေ့လာနေကြဆဲ ဖြစ်တဲ့ ဓမ္မမိတ်ဆွေ တို ့အတွက်ပါ အင်မတန်အရေးကြီးလှတဲ့ အတွက်ကြောင့် အသိပေးချင်လှတဲ့ ဓမ္မစာစုလေးကို... " သောတာပန်လူထ...
https://www.dhammaransi.com/index.php/new/318-2017-12-26-14-51-26.html
ဝိပဿနာ ကို အလွယ်ဆုံး ရှုမှတ်နိုင်အောင် နည်းလမ်းပြပုံ
ဝိပဿနာ အလွယ်ဆုံး ရှုမှတ်နည်း ပြမှာ ဆိုတော့ ... ဘုရားဟောတဲ့ နည်းပဲရှိပါတယ်၊ ဝိပဿနာ ကို ဘယ်လိုလုပ်ပြီး လွယ်အောင်ရှုမှာလဲ၊ ဒါ ပိဋိကတ်( ၃ ) ပုံ နဲ ့အညီဟောထားတဲ့ တရားမဟုတ်ဘူး .. စသည်အားဖြင့် အချို ့ဓမ္မမိတ်ဆွေတို ့က စောဒက တက်ဖွယ်ရှိကြမှာပါ။ မဟာသတိပဌာနသုတ်မှာ (၁) ကာယာနုပဿနာ (ရုပ်ကို ရှု့ခြင်း) (၂) ဝေဒနာနုပဿနာ (ဝေဒနာကို ရှု့ခ...
https://www.dhammaransi.com/index.php/new/319-2017-12-26-14-48-15.html
ဓါတ်ခံအားလျော်စွာ အနိစ္စ၊ဒုက္ခ၊အနတ္တမြင်ကြပါ
ယခုခေတ်အခါသည် ဝိပဿနာတရား ထွန်းကားလာသောအခါ ဖြစ်ပေသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် အချိန်ရသမျှ ဝိပဿနာတရားကို ပွားများအားထုတ်လျက် ရှိကြပေသည်။ ဤကဲ့သို့ ဝိပဿနာတရား ပွားများအားထုတ်ကြသောပုဂ္ဂိုလ်တို့သည် မိမိတို့၏ရှေးအတိတ်ဘဝများက ပါလာကြသော ဓါတ်ခံအားလျော်စွာ အနိစ္စ၊ဒုက္ခ၊အနတ္တတို့ကို ထင်ရှားစွာသိမြင်ကြရပေသည်။တစ်ဦး...
https://www.dhammaransi.com/index.php/new/320-2017-12-19-14-38-27.html
ဇလုံတောင်ဘုရား
တည်နေရာ ********** စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် တွင် တည်ရှိပြီး ဗန်းမောက်မြို့မှ မြောက်ဘက် ၁၂ မိုင်ခန့် အကွာ တောတွင်း ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၃ဝ၉ဝ မြင့်သော တောင်ပေါ်တွင် တည်ရှိသည်။ မြေပုံညွှန်း အက်စ်ဂျီ ၄၅၁၃၄၉ ဖြစ်သည်။ တောတောင် လျှိုမြောင်များ နက်ရှိုင်း လှသည်။ ■ဘုရားသမိုင်း ဂေါတမ ဗုဒ္ဓ...
https://www.dhammaransi.com/index.php/new/321-2017-12-19-14-12-03.html
ဝေဘူဆရာတော်ကြီးနှင့် အဘအောင်မင်းခေါင်
မြန်မာ ၁၃၁၁ ခုနှစ် ကဆုန်လပြည့်ေ န့တွင် ဝေဘူဆရာတော်ကြီးမှာ တိလောကသဗ္ဗညု စေတီတော် ထီးတော်တင်နိုင်ရေးအတွက် လူသိများကျော်ကြားစအချိန်ဖြစ်သလို ပုပ္ပါးတွင်လည်း ဘိုးမင်းခေါင် သည် ကျော်ကြားလျှက်ရှိပြီ ဖြစ်လေသည်။ ထိုအချိန်မှာပင် မန္တလေးမြို့ အသောကာရုံတိုက်ထန်းတစ်ပင်ကျောင်းတွင် ဦးအာဒိစ္စနှင့် ဦးပဥ္ဇင်းနှစ်ပါးမှာလည်း စာသင်ကြားလျှ...
https://www.dhammaransi.com/index.php/new/322-2017-12-19-07-06-21.html
ဘာသာမရွေးကျင့်ကြံနိုင်တဲ့ မင်္ဂလာတရားတော်များ
ဘာသာမရွေးကျင့်ကြံနိုင်တဲ့ လကာင်္လေးပါ....။ ၃၈-ဖြာ မင်္ဂလာ ဘာသာမရွေး, ပုဂ္ဂိုလ်မရွေး, လူမျိုးမရွေး, လိုက်နာကျင့်သုံးကြဖို့၊ ထိုသို့လိုက်နာကျင့်သုံးနိုင်ကြမယ်ဆိုရင် ရန်သူရန်ဘက် မနှိပ်စက်နိုင်ခြင်းအကျိုး၊ ဘေးရန်ကင်းကွာ လွန်ချမ်းသာခြင်းအကျိုး၊ တိုးတက်စည်ကား လွန်ကြီးပွားခြင်း အကျိုးများကို ရရှိခံစားကြရဖို့ရာ ၃၈-ဖြာမင်္ဂလာကိ...
https://www.dhammaransi.com/index.php/new/323-2017-12-19-05-27-31.html
တရားနဲ့ပူဇော်တာအမြတ်ဆုံးလို့ ဘာကြောင့်ပြောရတာလဲ
အမေး။ ။အရှင်ဘုရား….ဘုရားရှင်ပရိနိဗ္ဗာန်စံခါနီးမှာ နတ်ဗြဟ္မာတွေက ပန်းနံ့သာတို့နဲ့ပူဇော်လာကြတာကိုအကြောင်းပြုပြီး ဘုရားရှင်က “ငါဘုရားကို ပန်းနံ့သာတို့နဲ့ ပူဇော်ပေမဲ့ ပူဇော်တယ်လို့ မခေါ်သေးပါဘူး။ သီလ သမာဓိ ပညာ တရားအားလျော်တဲ့အကျင့်ပဋိပတ္တိကို ကျင့်နေတဲ့ ပုဂ္ဂိုလ်မှသာ ငါဘုရားကို အမွန်မြတ်ဆုံး ပူဇော်ခြင်းနဲ့ ပူဇော်ရာ...
https://www.dhammaransi.com/index.php/new/324-2017-12-19-04-12-59.html
ယုံကြည်မှုအမှား
“ကံအရှိန်ကြောင့်သာ ဂြိုလ်နက္ခတ်ပြောင်းပါသည်။ ဂြိုလ်နက္ခတ်ကြောင့် ကံအရှိန်ပြောင်းတာမဟုတ်ပါ။” ❖ ဆိုပါအုန်း “ဂြိုလ်နက္ခတ်ကြောင့် ကံအရှိန် ပြောင်းတာမဟုတ်ပါ။ ကံအရှိန်ကြောင့်သာ ဂြိုလ်နက္ခတ် ပြောင်းပါသည်။” ❖ သတိထားကြနော်။ သြစတြေးလျမှာ အခုတော့ ပြန်လွန်တော်မူသွားပြီ ဆရာတော်ကြီးတစ်ပါး ရှိတယ်။ အင်မတန် အေးချမ်းတာ။ ဆရာတော်ကြီးက ဘွ...
https://www.dhammaransi.com/index.php/new/325-2017-12-18-14-22-24.html
အရိ​မေ​တ္တေ​ယျ​မြတ်​စွာ​ဘုရား ကို ဖူး​ခွင့်​ရ​မည့် ပုဂ္ဂိုလ်​များ
၁။ ယခု​ကြုံတွေ့​နေ​တဲ့ ဂေါတမ သာသနာ​တွင်း​မှာ ကိုယ်တိုင် ရဟန်း​သာမဏေ သီလ​ရှင်​ဝတ်​ပြီး ပရိယတ်၊ ပ​ဠိ​ပတ်သာ​သ​နာ​ပြု​တဲ့ ပု​ဂ္ဖို​လ်။ ​၂။ မိမိ​ရင်​မှ​ဖြစ်​တဲ့​သား၊ သူတစ်ပါး​ရင်​မှ ဖြစ်​တဲ့​သား​တွေ​ကို ရဟန်းခံ​ပေး​ခြင်း၊ ရှင်ပြု​ပေး​ခြင်း​ပြု​တဲ့ ပု​ဂ္ဖို​လ်။ ​၃။ မိ​ခင်​ဖ​ခင်​တို့​ကို ဝတ်​ကျေ​တန်း​ကျေ​မဟုတ်​ဘဲ စိတ်ပါ​လက်...
https://www.dhammaransi.com/index.php/new/326-2017-12-18-14-18-35.html
ဘုရားဂုဏ်တော်(၉)ပါး ပါဠိ နှင့် အနက်
ဣတိပိသောဘဂဝါ- (၁) အရဟံ၊ (၂) သမ္မာသမ္ဗုဒ္ဓေါ၊ (၃) ဝိဇ္ဇာစရဏသမ္ပန္နော၊ (၄) သုဂတော၊ (၅) လောကဝိဒူ၊ (၆) အနုတ္တရောပုရိသဓမ္မသာရထိ၊ (၇) သတ္ထာဒေဝမနုဿာနံ၊ (၈) ဗုဒ္ဓေါ၊ (၉) ဘဂဝါ။ ဘုရားဂုဏ်တော်(၉)ပါး အနက် ================= (၁) သောဘဂဝါ -ထိုတပည့်တော်တို့၏ဆရာ မြတ်စွာဘုရားသည်၊ ဣတိပိ -ဤသို့လျှင် ဗြဟ္မာ၊နတ်၊လူ သုံးဘုံသူတို့၏ ကြည်ဖြူကော်...
https://www.dhammaransi.com/index.php/new/327-2017-12-18-14-16-08.html
တရားအားထုတ်တဲ့အခါစကားပြောရမှာလား
အမေး။ ။အရှင်ဘုရား….တရားအားထုတ်ရင် စကားမပြောရဘူး၊ စကားဟာ တရားရဲ့အနှောက်အယှက်ဖြစ်တယ်လို့ပဲ သင်ကြားနာယူခဲ့ရဘူးပါ တယ်။ ဒါပေမဲ့ နောက်ပိုင်းတရားစခန်းတွေမှာတော့ စကားပြောရင် သတိနဲ့ပြောတာကို တရားစခန်းမှာ လေ့ကျင့်ရမယ် အပြင်ရောက်ရင် ကျင့်ဖို့ ဆိုတာ မဖြစ်နို်င်ဘူး။ ဒါကြောင့် သတိထားတတ်အောင် စခန်းဝင်နေတဲ့အချိန်လဲ စကားပြောရမယ်။ သတိနဲ...
https://www.dhammaransi.com/index.php/new/328-2017-12-18-14-13-59.html
ဗုဒ္ဓစာပေလာ စျာန်အဘိဉာဉ်အကြောင်းများ
လူအများစုသည် ဘုရား ရဟန္တာတို့အား စျာန်တရားများ ရရှိထားခြင်းကြောင့် ယခုလို စျာန်ပျံနိုင်သည်၊ ကောင်းကင်မှာ သွားလာနိုင်သည်၊ မြေကြီးမှာ ငုတ်လျိုးသွားနိုင်သည် စသည်ဖြင့် မှတ်ထင်နေတတ်ကြ၏၊ အမှန်စင်စစ်ကား စျာန်တရား ကြောင့် ကောင်းကင်ပျံနိုင်ခြင်း မဟုတ်ပါ၊ စျာန်တရားနှင့်အတူ တွဲပါလာတတ်သော တန်ခိုးအဘိဉာဉ်စွမ်းအား များ ကြောင့်သာ ဖြစ်...
https://www.dhammaransi.com/index.php/new/329-2017-12-18-14-11-23.html
အသိတရားသည် လူတွင်မက တိရိစ္ဆာန်များတွင်လည်းရှိကြသည်။ သူ့ ကျေးဇူးကို သိတတ်သည့်တိရိစ္ဆာန်များ။ မိမိရင်သွေးများကို အစာရှာ ကျွေးမွေးကြသော တိရိစ္ဆာန်များသည် အသိရှိကြသည့်သဘောပင်ဖြစ်သည်။ လူသည် တိရိစ္ဆာန် ထက် သာလွန်မြင့်မြတ်သော အသိတရား ရှိနိုင်၏။ ရှိအောင်လည်း အားထုတ်နိုင်၏။လူဖြစ်ခွင့်ရခြင်းသည် ဒါန သီလ တို့ ၏ ထောက်ပံ့မှုကြောင့် ...
https://www.dhammaransi.com/index.php/new/330-2017-12-17-10-24-34.html
ဘုရားဂုဏ်တော် ရွတ်ဖတ်ပူဇော်ခြင်းအကျိုး
ပုထုဇဉ်လူသားအပေါင်းတို့သည် နေ့စဉ်နှင့်အမျှ စား၊ ဝတ်၊ နေ၊ ရေး အရေးကြီးသုံးပါးကို ဆောင်ရွက်နေကြ၏။ ဉာဏလုပ်သားများကလည်း ဉာဏအလျှောက် ကာယလုပ်သားများကလည်း ကာယအလျှောက် လုပ်ကိုင်နေထိုင်ကြရ၏။ ထိုအလုပ်ခွင်တွင် ကာယလုပ်သားပဲဖြစ်ဖြစ်၊ ဉာဏလုပ်သားပဲဖြစ်ဖြစ်၊ အကုသိုလ်စိတ်ရိုင်းများ မဝင်စေရန် ဗုဒ္ဓဂုဏ်တော်တစ်ခုခုကို စိတ်ထဲမှာ ပွားနေလျှင...
https://www.dhammaransi.com/index.php/new/331-2017-12-12-03-37-18.html
“မြတ်ပန်းသရဏဂုံ”
ဗုဒ္ဓဘုရား ဖြစ်ပွင့်တော်မူခဲ့ကာ ဗုဒ္ဓရတနာမြတ်ကြီး ထင်ရှားပွင့်တော်မူပြီးတဲ့နောက် ဓမ္မရတနာမြတ်ကြီး နှင့် သံဃာရတနာမြတ်ကြီး တို့ဟာလည်း တစ်ဆက်တည်း ပေါ်ပေါက်လာတဲ့အခါ ဗုဒ္ဓဘာသာဝင် သူတော်စင်များဟာ… ဗုဒ္ဓံ = သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားကိုလည်းကောင်း၊ ဓမ္မံ = မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ် ဆယ်ပါးသောတရားတော်မြတ်ကိုလ...
https://www.dhammaransi.com/index.php/new/332-2017-12-06-03-10-57.html
ဓာရဏပရိတ် အညွှန်း
■ ဓာရဏပရိတ်တော်သည် မြတ်ဗုဒ္ဓရှင်တော်ဘုရားကို အန္တရာယ် မပြုနိုင်သော ဂုဏ်တော် ၄-ပါး၊ အာဝေနိက ဂုဏ်တော် ၁၈-ပါးကို ဖေါ်ပြထားပါသည်။ ဤဂုဏ်တော်များသည် မြတ်စွာဘုရားရှင်တို့၏ သီးခြား ကိုယ်ပိုင်ဂုဏ်တော်များ ဖြစ်ကြပါသည်။ အခြား မည်သူ တစ်ဦးတစ်ယောက်၌မျှ ဤဂုဏ်တော်မျိုးမရှိချေ။ ရဟန္တာနှင့် ပစ္စေကဗုဒ္ဓများ၌သော်မှ ဤဂုဏ်သတ္တိမျိုးမရှိကြ။...
https://www.dhammaransi.com/index.php/new/333-2017-12-06-02-50-21.html
ဒီနေ့ကမ္ဘာရွာကြီး
သန္တုဌိ-ရောင့်ရဲဲခြင်းတရားလက်ကိုင် မထားရင် ချမ်းသာလေလေ ပစ္စည်းရှိလေ ဆင်းရဲလေပဲ။ ရောင့်ရဲခြင်း ဆိုတာ ဘာမှမလုပ်ပဲ ထိုင်နေဖို့ ပြောတာမဟုတ်ဘူး။ လူဖြစ်လာတာ လူ့တာဝန် ၊ လူ့အလုပ်တွေ လုပ်နေရမှာပါပဲ။ ဒါပေမယ့် လောဘခိုင်းသမျှ လိုက်လုပ်နေရင် စိတ်အေးအေး မနေနိုင်တော့ဘူး။ လောဘခိုင်းတာ လုပ်ရင် ပစ္စည်းရချင်ရမယ်။ စိတ်ချမ်းသာမှုကို မရနိုင...
https://www.dhammaransi.com/index.php/new/334-2017-12-06-02-43-15.html
ကိုယ်စောင့်ဘာဝနာလေးပါး
တို့သာနာက လုပ်တတ်လို့ရှိရင် တစ်ခါလုပ် နှစ်ခုပြီးတယ်။ တစ်ခုက မိမိတို့ဆောင်ရွက်နေကျအတိုင်း သ ညာအမှတ်ကလေးနဲ့ လုပ်နေတာ။ အဲဒီသညာအမှတ်ကလေးနဲ့ လုပ်နေတဲ့ ရုပ်နာမ်အပေါ် သတိနဲ့မှတ်တာ။ သညာက ပညတ်နဲ့ပြီးတာကိုး ။ သတိအမှတ်က အတွင်းထိ ထိုးဖောက်ပြီး ပရမတ်အထိ သိနိုင်တယ်။ တစ်ခါတည်းနဲ့ နှစ်လုပ်ပြီးနိုင်တယ်။ ဘုရားခေတ်ကလည်း ဘုရင်ကြီးတွေ ဘုရ...
https://www.dhammaransi.com/index.php/new/335-2017-11-30-05-12-04.html
လိပ်စာမသိလို့........စိတ်ရှာကြည့်ရင်
စိတ်အကြောင်းကိုသိချင်ရင်၊ အာရုံကိုလည်းသိမှဖြစ်မယ်၊ စိတ်ကိုနှစ်မျိုးထပ်ခွဲရင် စိတ်ရယ်၊ ေ စတသိတ်ရယ် နှစ်မျိုးရတယ်၊ စိတ်ဆိုတာကလဲ ပါဋ္ဌိစကား“စိတ္တ” ဆိုတာကနေ“တ”တလုံးကိုဖျောက်ပြီး စိတ်လို့မြန်မာမှုပြုတယ်၊ ပါဋ္ဌိလို“စိတ္တ”ဆိုတဲ့စကားကို အဓိပ္ပါယ်ဖွင့်ရရင် အာရုံကိုသိတတ်၊ ကြံစည်တတ်သောကြောင့် စိတ်ဟုခေါ်ပါတယ် စိတ်ဆိုတာ အာရုံကိုသိ...
https://www.dhammaransi.com/index.php/new/336-2017-11-30-05-08-27.html
ဒုလ္လဘ ရဟန်း ဝတ်လျှင် သတိထားဆင်ခြင်နိုင်ရန်
“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဗုဒ္ဓဘာသာသာသနာတော်ကို သက်ဝင်ယုံကြည်သူအမျိုးသားတို့သည် မြန်မာသင်္ကြန် ရုံးပိတ် ရက်တို့၌ ဒုလ္လဘရဟန်းဝတ်တတ်ကြ၏။ ကုသိုလ်ကောင်းမှုတို့ ဖြည့်ဆည်းကြပေသည်။ အပျော်အပါး အမော်အကြွားတို့ကိုရှောင်ကြဉ်ကာ “အလွန်ရခဲလှသည့် ရဟန်းအဖြစ်ကို ဖြည့် ကျင့်ဦးမှ တော်ပေမည်”ဟူ၍တွေးကာ ဒုလ္လဘရဟန်းဝတ်တတ်ကြသည်။ ရ...
https://www.dhammaransi.com/index.php/new/337-2017-11-30-04-58-07.html
ဝိနည်းဆိုတာ
တစ်ချို့တစ်ချို့သောပုဂ္ဂိုလ်တွေက ဝိနည်းဆိုတာကို သူတို့ဘက်ပါ မပါနဲ့ ဆုံးဖြတ်ပြီး ၊ ပုဂ္ဂိုလ်ခင်ပြီး တရားမင်နေတာတွေ တွေ့ရတယ်။ အဲဒီတော့ လူ့အဖွဲ့အစည်း အသီးသီးမှာတောင် အဆိုးအကောင်းတွေရှိနေကြသေးတာ ၊ ဆွမ်းဆန်ထဲ ကြွက်ချေးဆိုတာတော့ ရှိတတ်တာပဲလေ။ ဝိနည်း သိက္ခာပုဒ်တွေ ဘာကြောင့် ဘုရားရှင်ပညတ်တာတုန်းဆိုရင် ကျူးလွန်တဲ့သူရှိလို့သာ ပ...
https://www.dhammaransi.com/index.php/new/338-2017-11-30-04-56-50.html
အပါယ်ငရဲသို့ ကျရောက်စေကြောင်းတရားဆိုးများ
လူသားတို့အား ဆင်းရဲဒုက္ခကြီးစွာခံစားရာ အပါယ်ငရဲသို့ကျရာက်စေကြောင်း မကောင်းမှုကံတို့ကို ကျူးလွန်ပြုလုပ်အောင် အတွင်းမှနေ၍ လှုံ့ဆော်-တိုက်တွန်း-တွန်းအားပေးကြသည့် အခြေခံ အတွင်းဓာတ်ခံ တရားဆိုးများအကြောင်းကိုရှင်းလင်းပြဆိုပါမည်။ (၁) မောဟ = အဝိဇ္ဇာဟူသောတရားဆိုးသည် အမှားနှင့်အမှန်၊ အကောင်းနှင့်် အဆိုး၊ အကြောင်းနှင့်အကျိုး ကံနှ...
https://www.dhammaransi.com/index.php/new/339-2017-11-30-04-49-51.html
ဗုဒ္ဓဝါဒ နှင့် ဗြဟ္မဏဝါဒ ခွဲခြားပုံ
ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာဝင်ပါလို့ ခံယူထားရင် တကယ့်ဗုဒ္ဓဘာသာဝင်ဟုတ်ရဲ့လားလို့ ဆန်းစစ်ကြည့်ကြပြီး တကယ်မဖြစ်သေးရင် ဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။ မြွေဝင် ပျားစွဲခြင်းကြောင့် ချမ်းသာတယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ (ဟိန္ဒူဝါဒ) အလုပ်ကြိုးစားခြင်း၊ ကုသိုလ်ရှိခြင်းကြောင့် ချမ်းသာတယ်လို့ ယူဆရင် ဗုဒ္ဓဝါဒ။ ဖွတ်တက်လို့၊ ဠင်းတနားလို့ ဆင်...
https://www.dhammaransi.com/index.php/new/340-2017-11-30-04-44-00.html
ဒါန၏ အားသာချက်
မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ်က ဖြစ်၏။ တစ်နေ့ သုမနမင်းသမီးသည် အခြံအရံများနှင့်အတူ ဘုရားရှင်ထံသို့ အဖူးမျှော် ရောက်ရှိလာပြီး မြတ်စွာဘုရားရှင်အား မိမိသိလိုသည့် မေးခွန်းများကို မေးလျှောက်လေ၏။ သုမန “အရှင်ဘုရား… သာသနာတော်မှာ တူညီတဲ့ သဒ္ဓါ၊ တူညီတဲ့ သီလ၊ တူညီတဲ့ ပညာ ရှိတဲ့ ဘုရားတပည့် နှ...
https://www.dhammaransi.com/index.php/new/341-2017-11-29-05-31-22.html
ဝင်လေ၊ထွက်လေ ကို မှတ်နေရုံ နဲ.ရှေဆက်ပြီး ဘာတွေ ဖြစ်လာမှာလဲ
ပုထုဇဉ် တို ့ရဲ့ သဘာဝက လေ့လာချင်တယ်၊စူးစမ်းချင်တယ်။အကြောင်းရာတစ်ခုကို မှန်လား၊မှားလား သိချင်တယ်။ ပြီးတော့ အဲဒီ အမှန်အမှားပေါ်မှာဘဲ မှားသည်ဖြစ်စေ၊မှန်သည်ဖြစ်စေ မြိုသိပ်မထားနိုင်ကြဘဲ နဲ ့ငြင်းခုံကြ၊ ပြီးရင် အတော်မသတ်နိုင်ကြသေးဘဲ ဒီအမှန်အမှားတွေရဲ ့အပေါ်မှာ "မောဟ" ဆိုတဲ ့မသိစိတ်တွေက လွှမ်းမိုးရင်းက မိမိကိုယ်ကို မိမိ အကုသ...
https://www.dhammaransi.com/index.php/new/343-qqq-qqq-q.html
"ရှေ့က"ဖြစ်ပျက်"-နောက်က "မဂ်"ဆိုတာ" ဒါမျိုးကို ဆိုလိုတာ"
"ပစ္စုပ္ပန်တည့်တည့်" ဆိုတဲ့စကားကို ပြောလေ့ရှိကြတယ်။ အဲ့ဒီ "ပစ္စုပ္ပန်တည့်တည့်" ဆိုတဲ့စကားက, -"အတိတ် မရှုရဘူး" -"အနာဂါတ် မရှုရဘူး"-ဆိုတဲ့ "အဓိပ္ပါယ်"မယူရဘူး။ အားလုံးဟာ -"ပစ္စုပ္ပန်တည့်တယ်ဆိုတဲ့ သဘောတရား"-က "ဖြစ်လာလို့ရှိရင် ဖြစ်လာတဲ့ခိုက်မှာ သိဖို့"-က ပိုပြီးတော့ အရေးကြီးတယ်။ အဲဒါကြောင့် "ဝိပဿ နာ" ရှုတဲ့အခါမှာ- "ပစ္စုပ...
https://www.dhammaransi.com/index.php/new/344-2017-11-29-02-28-20.html
လက်ငင်းအကျိုးပေးအောင် ပဋ္ဌာန်းပူဇော်နည်း
စံချိန်ကိုက်ရွတ်ဖတ်နည်း (၄)နည်းရှိသည်။ ၄င်းတို့မှာ....... (၁)ခန္ဓာကိုယ် သန့်ရှင်းစေမည်။ (၂)အချိန်မှန်မှန်ရွတ်ဖတ်ရမည်။ (၃)ပီပီသသ အသံကျယ်ကျယ်ရွတ်ဖတ်ရမည်။ (၄)ပြီးလျှင် အမျှဝေ မေတ္တာပွားရမည်။ အဓိပ္ပာယ်အကျယ်- (၁) ခန္ဓာကိုယ်သန့်ရှင်းစေရမည်။ ပဋ္ဌာန်းရွတ်ဖတ်လျှင် အနီးနားရှိ နတ်ဗြဟ္မာများ တရားနာလာကြသည်။ပဋ္ဌာန်းရွတ်ဖတ်သူက နံစော...
https://www.dhammaransi.com/index.php/new/345-2017-11-29-02-25-17.html
မြန်မာတို့ ရှိခိုးနေကျ သြကာသဘုရားရှိခိုး
သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ ၊ ဝစီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက် အုပ်မိုး ၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား။ . ကန်တော့ရသော အ...
https://www.dhammaransi.com/index.php/new/346-2017-11-27-01-52-55.html
အစွဲကင်းမှ နိဗ္ဗာန်ရောက်မှာ
ဒါနဆိုတာ ငါ့ပစ္စည်းဆိုတဲ့ အစွဲကိုစွန် ့လွတ်ပစ်တာ။မမျှော်နဲ ့မျှော်ရင်ချော်မှာပဲ။ မျှော်တာကတဏှာ၊အကျိုးပေးမှာက စေတနာ၊စေတနာသန် ့ရှင်းရင် အကျိုးပေးသန် ့ရှင်းမယ်။ ပစ္စည်းလက်ကစွန် ့ချပြီး ငါစွဲကမလွှတ်မိရင် ငါ-ဝတ္ထု-ပုဂ္ဂိုလ်စွဲများကြောင့် ပြိတ္တာခန်းတန်းဝင်ကြရမယ်။ ရောက်ချင် တာကနိဗ္ဗာန်၊ရောက်နေကြတာကတိရစ ္ဆာန်။ကြက်စွဲက ကြက်ထဲပ...
https://www.dhammaransi.com/index.php/new/347-2017-11-24-08-37-13.html
#ရောင့် ရဲ တင်း တိမ် ခြင်း သည် ပြည့် စုံ ခြင်း မည် ဧ။်
မိမိ၌ ရရှိထားသည့်အတိုင်း ကျေနပ်စွာ လက်ခံထားသူအဖို့ ဘာမျှ မလိုတော့သဖြင့် ပြည့်စုံနေပေတော့သည် ။ မည်မျှပင် ကြွယ်ဝပေါများနေစေကာမူ သည်ထက်လိုချင်နေသောသူသည် ဘယ်တော့မှ မပြည့်စုံနိင်တော့ပေ ။ ရောင့်ရဲတင်းတိမ်ခြင်းသည် ပျင်းရိခြင်းမဟုတ်ပါ ။ ဘာမျှမလုပ်တော့ဘဲ အလုပ်ရပ်ထားခြင်းကို မဆိုလိုပါ ။ မိမိရသင့်တာထက် ပိုမို၍လိုချင်တပ်မက်ခြင်း မ...
https://www.dhammaransi.com/index.php/new/348-2017-11-24-08-28-59.html
၀ိသုဒ္ဓိမဂ် = စင်ကြယ်သန့်ရှင်းသောလမ်းစဉ်
တစ်ခါက နတ်သားတစ်ယောက်က ဘုရားရှင်ကို လာရောက်လျှောက်ထားသည်။အန္တော ဇဋာ ဗဟိ ဇဋာ၊ ဇဋာယ ဇဋိတာ ပဇာ။ တံ တံ ဂေါတမ ပုစ္ဆာမိ၊ ကော ဣမံ ၀ိဇဋယေ ဇဋံ။‘‘အရှင်ဘုရား၊ သတ္တဝါတွေမှာ အတွင်းကလည်း ရှုပ်၊ အပြင်ကလည်း ရှုပ်၊ အားလုံးဟာ အတွင်းရှုပ်၊ အပြင်ရှုပ်တွေနဲ့ ရှုပ်ယှက်ကို ခပ်နေတော့တာပဲဘုရား၊ တပည့်တော် မေးလျှောက်ပါရစေ၊ ဒီအရှုပ်တွေကို ဘယ်လိ...
https://www.dhammaransi.com/index.php/new/349-2017-11-24-08-04-09.html
မိဘဂုဏ်(၁၂)ပါး
မြတ်စွာဘုရား ဟောကြားတော်မူခဲ့သောသောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး..... ၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။ ၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။ ၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။ ၄။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။ ၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။ ၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင်...
https://www.dhammaransi.com/index.php/new/350-2017-11-24-02-40-37.html
ငြိမ်းအေးသော ဘဝပိုင်ရှင်
ငြိမ်းအေးသော ဘဝပိုင်ရှင် လူသားတိုင်း လူသားတိုင်း ကိုယ့်ဘဝကိုယ် ငြိမ်းအေးသောဘဝဖြစ်အောင် တည်ဆောက်ချင်ကြပါတယ်။ ငြိမ်းအေးသော ဘဝပိုင်ရှင် ဖြစ်ချင်တာဟာ လူသားတိုင်းရဲ ့ ကိုယ်စီကိုယ်င ရင်တွင်းဆန္ဒပါ။ ပူလောင်တဲ့ဘဝကို အလိုရှိတဲ့ လူသားရယ်လို့ လောကမှ တစ်ဥိီးတစ်ယောက်မှ ရှိမှာမဟုတ်ပါဘူး။ ငြိမ်းအေးသောဘဝပိုင်ရှင်ဖြစ်ချင်တိုင်း လူသားတွ...
https://www.dhammaransi.com/index.php/new/351-2017-11-24-02-38-33.html
တို့ဗုဒ္ဓက သတိတစ်လုံးပဲဗျာ
နည်းလမ်းတွေ ဘယ်လောက်များများ တို့ဗုဒ္ဓက သတိတစ်လုံးပဲဗျာ။ ဘာလုပ်လုပ် လုပ်တဲ့အလုပ်ကို သတိနဲ့တွဲလုပ်။ အဲဒါ၀ိပဿနာဖြစ်သွားတာပဲ။ သတိနဲ့လုပ်တော့ ကိုယ့်စိတ်ကိုယ့်ဆီမှာရှိတယ်။ ရှိတော့ ကိုယ့်အကြောင်း ကိုယ်သိတာပဲ။ အဲဒါ ၀ိပဿနာဗျ။ ကိုယ်ထဲမှာ နှစ်သက်ရာကိုမှတ်။ တို့ ဘုရားတိုင်း ဘုရားတိုင်းမှတ်တာ နှာခေါင်းပဲ။ နှာခေါင်းမှာ ဝင်လေလေးဝင်တ...
https://www.dhammaransi.com/index.php/new/352-2017-11-21-14-07-33.html
စွန်းလွန်းဖြေကြား ဝိသုဒ္ဓိ (၇) ပါး
ဂြုပ်ပင်ဆရာတော်မှ စွန်းလွန်းဆရာ တော်အား ဝိသုဒ္ဓိခုနစ်ပါး ပြောပြပါဟု မေးရာတွင် တပည့်တော် က စာပေကျမ်းဂန် မတတ်မြောက် ခဲ့တဲ့အတွက် တပည့်တော်ဖြေတတ်သလို ဖြေပါ့မယ်ဘုရား ဟုလျှောက်ထားခဲ့၏။ ================================= ၁။ တရားအားထုတ်သူတို့ဟာ ရှေးဦးစွာ ဘုရား ကန်တော့၊ မေတ္တာပို့၊ အမျှဝေပြီး လျှင် မိမိရဲ့ ခန္ဓာရုပ်နာမ် နှစ်ပါး...
https://www.dhammaransi.com/index.php/new/353-2017-11-21-11-48-29.html
ဘယ်အချိန် ဘာအကြောင်းနဲ့မှ သရဏဂုံမမေ့နဲ
​ခေတ်​ကြီးက မ​ကောင်​း​တော့ဘူး​နော်​ လူ​တွေက ​လောဘ ​ဒေါသ ​မောဟ​တွေဖုံးလွမ်​း​နေပြီး လုဖို့ ရိုက်​ဖို့ သတ်​ဖို့ ဝန်​မ​လေးကြ​တော့ဘူး... မိန်​းခ​လေး​တွေအတွက်​က ပိုအန္တရယ်​ကြီးတာ​ပေါ့... အဲ့ဒီ​တော့ကိုယ်​့မှာလုံခြုံဖို့ မလိုအပ်​​ပေဘူးလား..... မခက်​ပါဘူး​နော်​ စွဲစွဲမြဲမြဲလုပ်​ဖို့ပဲလိုတာပါ။ သရဏဂုံတမျိုးထဲသာ တချိန်​လုံးသတိရတ...
https://www.dhammaransi.com/index.php/new/354-2017-11-21-11-44-26.html
သရဏဂုံတစ်ခဏ နတ်ပြည်တစ်ဘဝ
နေက တဖြည်းဖြည်းမြင့်လာပြီဖြစ်တဲ့အတွက် ကျွနု်ပ်ကိုယ်မှာ ချွေးသံတွေတရွှဲရွှဲဖြစ်လို့လာသည်။ နောက်ထပ် နှစ်မိုင်လောက်လျှောက်လိုက်လျှင်တော့ ရှေ့တည့်တည့်မှ မြင်နေရသော တောအုပ်ကို ရောက်ပေလိမ့်မည်။ ထိုတောအုပ်ရောက်မှပဲ အမောအပန်းဖြေကာ ပါလာသောရိက္ခာထုပ်ကိုစားတော့မည်ဟူသော အတွေးဖြင့်အသွားနှုန်းကို အနည်းငယ်မြှင့်တင်လိုက်မိသည် ။ ကျွနု်...
https://www.dhammaransi.com/index.php/new/355-2017-11-21-11-43-30.html
သရဏဂုံဆိုတာ
သရဏဂုံဆိုတာ ════════════ သရဏဂုံ တည်သူသည် ဗုဒ္ဓဘာသာဝင်၊ ဗုဒ္ဓသာသနာဝင် ဖြစ်သည်။ သရဏဂုံအဓိပါယ် ══════════ ပါဠိဘာသာ သရဏဂမနကို မြန်မာလို သရဏဂုံ ဟုခေါ်သည်။ သရဏ = ကိုးကွယ်ရာ၊ အားကိုးရာ၊ အားထားရာ။ ဂမန = ယုံကြည်ဆည်းကပ်ခြင်း။ မြတ်စွာဘုရားသည် အားကိုးရာ သရဏ။ မြတ်စွာဘုရား၏ တရားတော်သည် အားကိုးရာ သရဏ။ သံဃာတော် အပေါင်းသည် အားကိုးရာ သရ...
https://www.dhammaransi.com/index.php/new/356-2017-11-21-11-12-38.html
ဝိပဿနာ စတင် အားထုတ်
တစ်ကြိမ်တစ်ခါမှ တရားအားမထုတ်ဘူးတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ဝိပဿနာကို ခုမှ စတင်လေ့လာပြီး တရားအားထုတ်တော့မယ်၊ ခုမှစပြီး တရား စထိုင်တော့မယ် ဆိုရင်တော့ ... "ငါ.. ဖြစ်မှ ဖြစ်ပါ့မလား " ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်လေ့ ဖြစ်ထ ရှိကြပါတယ်။အထူးသဖြင့် လူအများနဲ့ ရိပ်သာဝင်ကြတဲ့ တရာစခန်းတွေမှာပေါ့နော်။ အဲဒီလို လုံးဝတရားအားမထုတ်ဘူးတဲ့ ဓ...
https://www.dhammaransi.com/index.php/new/357-2017-11-21-09-57-10.html
တရားထိုင်လျှင် အိပ်ငိုက်ခြင်းအား ဖျောက်နည်း (၇)သွယ်
တရားထိုင်ရင်း အိပ်ငိုက်လို့ရှိရင် အငိုက်ဖျောက်ပုံနည်းလမ်း (၇)သွယ် ဆိုပြီးတော့ " မြတ်စွာဘုရားရှင်"ကပစလာယနသုတ်" မှာ ဟောပါတယ်။ "ပစလာယန"ဆိုတဲ့ အဓိပ္ပါယ်က "အိပ်ငိုက်ခြင်း" ဆိုတဲ့အဓိပ္ပါယ် ရပါတယ်။ခေါင်းတဆတ်ဆတ် နဲ့ ငိုက်တယ်။ ကမ္မဋ္ဌာန်းအားထုတ်တဲ့အချိန်မှာ အိပ်ချင်လာတယ်ဆိုရင် အဲဒီ ကမ္မဋ္ဌာန်းကို စွန့် ပြီး တော့တခြားနည်းပြောင်...
https://www.dhammaransi.com/index.php/new/358-2017-11-21-04-02-09.html
`ဗုဒ္ဓနှစ်၂၆ဝဝပြည့်မှာ ထူးခြားစွာ ကျွတ်တမ်းဝင်ကြဦးမည်´
မြတ်စွာဘုရားရှင်များပွင့်တော်မူပုံ " လူတို့သက်တမ်း (၁၀)နှစ်တမ်းမှ အသချေင်္ယျတမ်း "တက်ကပ်"မှာ ဘုရားရှင်တို့ ပွင့်ရိုးထုံးစံမရှိချေ။ အသချေင်္ယျတမ်းမှ ၁ဝနှစ် တမ်းထိ "ဆုတ်ကပ်"မှာသာ ဘုရားရှင်တို့ ပွင့်ရိုး ထုံးစံရှိခဲ့၏။ တစ်ဖန် မြတ်စွာဘုရားရှင်တို့ မည်သည် အနှစ် (၁)သိန်းတမ်းအထက်မှာ ပွင့်ရိုးထုံးစံ မရှိခဲ့ပေ။ အနှစ် (၁၀၀)တမ်း...
https://www.dhammaransi.com/index.php/new/359-2017-11-21-03-59-46.html
နတ်ကိုးကွယ်မှု နှင့်သရဏဂုံပျက်ရခြင်း
■ သရဏဂုံ ဆိုတာ ပါဠိလို"သရဏဂမန" မြန်မာလို "သရဏဂုံ" အဓိပ္ပာယ်က ကိုးကွယ်ဆည်းကပ်ခြင်း ရတနာမြတ်သုံးပါး အပေါ်လေးလေးနက်နက်နဲ့ သက်ဝင်ပြီး ယုံကြည်မြတ်နိုး ကိုးကွယ်ဆည်းကပ်တဲ့ သဒ္ဒါပညာရှေ့သွားရှိတဲ့ ကုသိုလ်စိတ်ကို "သရဏဂုံ"လို့ခေါ်ပါတယ်။ ■ ရတနာမြတ်သုံးပါးအပေါ် လေးလေးနက်နက်ယုံ ကြည်ခြင်း ကြည်ညိုလေးစားကိုးကွယ်ဆည်းကပ်ခြင်း ရှိတဲ့သူဟာ...
https://www.dhammaransi.com/index.php/new/360-2017-11-21-03-58-10.html
ဝန်ထမ်းနှင့်နတ်ပြည်
မြတ်စွာဘုရားလက်ထက်တော်က သူဌေးကြီး တစ်ယောက်ရှိပါတယ်။ သူက ”နေ့တိုင်း ကုသိုလ်ဖြစ်စေရမယ်” လို့ အဓိဋ္ဌာန်ပြီး ရဟန်းသံဃာတော်တွေကို အိမ်မှာ ဆွမ်းခံကြွစေပါတယ်။ ဒီလိုနဲ့ ဆွမ်းလောင်းလှှှှှှှှှှှှှှှှှှူလာလိုက်တာ ကာလတစ်ခုမှာတော့ သူတို့ ရပ်ကွက်ကို သူခိုးသူဝှက်တွေ မကြာခဏ လာလာကပ်လာပါတယ်။ ဒါကြောင့် ဇနီးလုပ်သူက အိမ်ခြံဝင်းတံခါးကို အမြ...
https://www.dhammaransi.com/index.php/new/362-2017-11-21-03-55-12.html
ရွှေဥမင်ဆရာတော်ဘုရားကြီး၏ တရားအားထုတ်နည်း
သတိကလေး ထားနေရုံပဲ။ စိတ်ကို အတင်းထိန်းလည်း မထားနဲ့၊ တောင့်လည်း မထားနဲ့၊ ချုပ်မထားနဲ့၊ အလိုက်သင့် အလျားသင့် ကလေးနေပြီး ဖြစ်တာကို ဖြစ်တဲ့အတိုင်း သိနေရုံပဲ။ သူ့သဘာဝအတိုင်း ဖြစ်နေတာကို သတိကလေး ထားနေရုံပဲ၊ ပေါ်အောင်လည်း မလုပ်နဲ့၊ ပျောက်အောင်လည်း မလုပ်နဲ့။ သူ့ သဘာဝ ဖြစ်တိုင်း ဖြစ်တိုင်း ဖြစ်တာလေးကို ဖြစ်တဲ့ အတိုင်းသိနေပါ။ ခ...
https://www.dhammaransi.com/index.php/new/363-2017-11-21-03-53-54.html
ကိုယ်စောင့်နတ်အကြောင်းနှင့် လူကို စောင့်ရှောက်ပုံအကြောင်း
မေး > ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိပါသလား၊ ဖြေ > ကိုယ်စောင့်နတ်ဆိုတာတကယ်ရှိပါတယ်၊ မကောင်းမှုပြုသောသူသည် သူမကောင်းမှုပြုတဲ့အကြောင်းကို သူကိုယ်တိုင်ပတမဦးဆုံးသိ၏ ထိုနောက်သူ၏ကိုယ်စောင့်နတ်သိ၏ ထိုနောက်သူတပါး၏ စိတ်ကို ဖောက်ထွင်းသိမြင်နိုင်သော် တန်ခိုးရှင်များသိ၏ လို့" ပါရာဇိကဏ်အဌထာ သုဒိန္ဒကဏ္ဍ "အဖွင့်မှာပါတဲ့စာရပ်ကိုထောက်ပြီး...
https://www.dhammaransi.com/index.php/new/364-2017-11-21-03-52-38.html
ကြည်ညိုဖွယ်ရာ ဗုဒ္ဓတစ်နေ့တာ
ဗုဒ္ဓဟာ သုမေဓာရှင်ရသေ့ဘဝမှာ အဘိဉာဏ် ခြောက်ပါးကို ရပြီးသား တိဟိတ်အာဇာနည် ယောကျ်ားတစ်ယောက် ဖြစ်ပါတယ် ။ ဒီပင်္ကရာမြတ်စွာဘုရားကိုလည်း ဖူးတွေ့ရပြီ ဖြစ်လို့ လေးမဂ်,လေးဖိုလ်ကို အရယူပြီး နိဗ္ဗာန်ကို ချက်ချင်း ကူးသွားနိုင်စွမ်း ရှိပါတယ် ။ ဒါပေမယ့် မကူးခဲ့ပါဘူး ။ -ငါ သံသရာဝဲသြဃယထဲက ကူးမြောက်သလို ဝေနေယျသတ္တဝါတွေကိုလည်း ကူးမြောက်...
https://www.dhammaransi.com/index.php/new/365-2017-11-21-03-50-53.html
ဘဝကောင်းတစ်ခုရချင်ရင် ငါးပါးသီလလုံခြုံမှဖြစ်မယ်
လူ့ဘဝရယ်လို့ရလာပြီဆိုရင် ယေဘုယျအားဖြင့် အရေးကိစ္စ ငါးပါးနဲ့ မလွဲမသွေ ပတ်သက်ရပါမယ်။ လူ့တာဝန်အရေးငါးပါး လို့ဆိုရင်မမှားပါဘူး။ကျန်းမာရေး၊စီးပွားရေး၊အိမ်ထောင်ရေး ၊လူမှုရေးနဲ့ ပညာရေးတို့ပါပဲ။ ကျန်းမာရေးကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် ပါဏာတိပါတသိက္ခာပုဒ် လုံခြုံရပါတယ်။ပါဏတိပါတ သမားတွေဟာ ဖြစ်လေရာဘဝတိုင်း အနာရောဂါများပြီ...
https://www.dhammaransi.com/index.php/new/366-2017-11-21-03-48-53.html
အရှင်မဟာကဿပ
မြတ်စွာဘုရား သက်တော်ထင်ရှားရှိတော်မူစဉ် အခါက သာသနာတော်ကို ချီးမြှောက်သည့်အနေဖြင့် ဘုရားရှင်ကိုယ်တော်တိုင် ထွက်ြွကကြိုဆိုခြင်းပြုတော်မူ သည်ကို ခံယူရသော ပုဂ္ဂိုလ်ထူး (၇)ဦး ရှိတော်မူလေ သည်။ ၁။ အရှင်မဟာကဿပ၊ ၂။ အရှင်မဟာကပ္ပိန၊ ၃။ အရှင်အနုရုဒ္ဓါ၊ ၄။ အရှင်ကောဋိကဏ္ဍသောဏ၊ ၅။ ဝနဝါသီ တိဿသာမဏေ၊ ၆။ ခဒိရဝနိယ ရေဝတသာမဏေ၊ ၇။ ပုက္ကုသာတ...
https://www.dhammaransi.com/index.php/new/367-2017-11-21-03-48-02.html
ခေမာမိဖုရားသို့ မြတ်ဗုဒ္ဓ ဟောကြားတော်မူသော တရားဒေသနာတော်..
က.. ချစ်သမီးခေမာ.. ကျင်နာခံခက် နှိပ်စက်တတ်သော .. မစင်မကြယ် ပုပ်ဟောင် ညှီလှောင်သော အနံ့ရှိသော .... အထက်.. အောက် .. တစက်စက်ယိုတတ်သော လူမိုက်တို့သည် လွန်စွာ စုံမက် နှစ်သက် မြတ်နိုးအပ်သော ခန္ဓာကိုယ်ကို စေ့စေ့ ကြည့်ရှုလော့..။ ခ.. မတင့်တယ် စက်ဆုပ်ဖွယ်ဟု စိတ်ဝါ်ထင်ခြင်းမှာ တစ်ခုတည်းသော အာရုံရှိသော ကောင်းစွာ တည်ကြည်သော ဘာဝနာစ...
https://www.dhammaransi.com/index.php/new/368-2017-11-18-12-03-00.html
ဖောင် ကြီး တက် ၍ စီး ပြည် ကြီး မြတ် နိ ဗ္ဗာန်
မနုဿတ္တ လူ့ဘဝ ရအောင်ခဲကြမင်း ၊ ဗြဟ္မာ့ပြည်က အပ်ကိုချ မြေကအပ်တစ်စင်း ၊ အပ်သွားချင်းသာ ထိဖွယ်ရာ ပမာမှတ်ကြမင်း ၊ လူဖြစ်ကျိုးမှ မခံရ ရှုံးလှချေဧ။်မင်း ။ နင်နှင့် နင့်ကံ စီရင်ဖန် အမှန်ဖြစ်တော့သည် ၊ ဇာတိ ဇရာ မရဏာ မကြာနင်တွေ့မည် ၊ ဘယ်နှစ် ဘယ်လ ရောက်ခါမှ ကာလမရွေးပြီ ၊ ကြီးငယ်မဟူ ကိုယ့်ရွယ်တူ ခုမူသေလှပြီ ၊ ဒါန သီလ ဘာဝနာ နင်သာပ...
https://www.dhammaransi.com/index.php/new/369-2017-11-18-12-02-07.html
ဒါ န ပြု ရာ စေ တ နာ မှန် စွာ ထား ရှိ သင့်
စေတနာ သုံးတန် နှင့် ညီညွတ်သော အလှူဒါနတို့သည် အနာရောဂါကင်း၍ အသက်ရှည်ခြင်း ၊ လုံ့လပြု အားထုတ်သမျှ အကျိုး အမှန်ရရှိခြင်း ၊ ကူညီသူများပြားပြီး စည်းစိမ်ဥစ္စာတိုးပွားခြင်း ၊ ရန်ဟူသမျှ ပြေငြိမ်းအေးချမ်းရခြင်း ၊ ဂုဏ်သတင်းကောင်း ကျော်စောပျံ ့နှ့ံခြင်း စသည့် ကောင်းမြတ်သော အကျိုးတို့နှင့် ပြည့်စုံကြောင်း ဓမ္မပါလ ဇာတ်တော်၌ လာရှိပ...
https://www.dhammaransi.com/index.php/new/370-2017-11-18-12-01-10.html
နိ ဗ္ဗာန် ရောက် ကြောင်း တ ရား
" နိဗ္ဗာန် "ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်တို့ဧ။် နောက်ဆုံးပန်းတိုင် ဖြစ်သည် ။ နိဗ္ဗာန်သည် အကောင်းဆုံး၊ အမြတ်ဆုံး၊ အချမ်းသာဆုံး ဟုဆိုကြသဖြင့် ဗုဒ္ဓဘာသာဝင်တိုင်း လိုချင်ကြသည် ၊ ရောက်ချင်ကြသည် ။ သို့ရာတွင် နိဗ္ဗာန်ဧ။် စစ်မှန်သော အဓိပ္ပာယ်ကို အမှန်တကယ်မသိပါဘဲ ကောင်းမြတ်ချမ်းသာလို့ လိုချင်တယ်ဆိုလျှင် မြင့်မြတ်သော ဆန္ဒအမှန် မဖြစ်သေ...
https://www.dhammaransi.com/index.php/new/371-2017-11-18-12-00-25.html
ဗုဒ္ဓအလိုကျမြတ်ဒါန
အလှူ ဒါန ပြုကြရာတွင် မြတ်စွာဘုရားအလိုတော်ကျအတိုင်းပေးလှ ူနိုင်မှသာ မြတ်သောဒါန ဖြစ်ပါမည်။မြတ်သောဒါန ပေးလှူ နည်း(၅)နည်းကို လေ့လာမှတ်သားမိသမျှ ပြန်လည်မျှဝေလိုက်ပါသည်။ ၁။သဒ္ဓါ ဒါန = ယုံယုံကြည်ကြည်ပေးလှူခြင်း။ ၂။သက္ကစ္စ ဒါန = ရိုရိုသေသေ ပေးလှူ ခြင်း။ ၃။ကာလ ဒါန = အချိန်ကာလ အားလျှော်စွာပေးလှူ ခြင်း။ ၄။အနုဂ္ဂဟိတ ဒါန = ပစ္စည်းဝ...
https://www.dhammaransi.com/index.php/new/372-2017-11-18-11-59-27.html
အံ့ဖွယ်ရှစ်ဖြာသာသနာ
တစ်ခုသော ကာလ၌ ဝေရဥ္စရာပြည်တွင် မြတ်စွာဘုရားရှင်သည် တမာ ပင်ရင်းဝယ် သီတင်းသုံးလျက် နေတော်မူ၏။ ထိုစဉ် ပဟာရဏ အမည် ရသော အသူရာနတ်သားသည် မြတ်စွာဘုရားရှင်ထံလာရောက် ဖူးမျှော် ရှိခိုးလေသည်။ နတ်သားက သမုဒ္ဒရာ၏ အံ့ဖွယ်၊ မြတ်ဘုရားက သာသ နာတော်၏ အံ့ဖွယ်တို့ကို စကားဆိုခဲ့ကြသည်မှာ ဤသို ့ဖြစ်သည်။ မြတ်စွာဘုရား. . . . အသင် နတ်သားတို့သည် သမ...
https://www.dhammaransi.com/index.php/new/373-2017-11-18-11-58-10.html
သီ လ ဟူ သည် ကိုယ် ကျင့် တ ရား
သီလသည် ကိုယ်ကျင့်တရား ဆိုသည့်အလျောက် ခန္ဓာကိုယ်ဧ။် အပြုအမူ နှင့် နှုတ်ဖြင့် ပြောဆိုမှုတို့ပင်ဖြစ်သည် ။ တနည်းအားဖြင့် ကာယကံ နှင့် ဝစီကံ တို့ဖြစ်သည် ။ ကာယကံ , ဝစီကံ ကိုမှ မထိန်းသိမ်းနိုင်သူသည် လောကီလောကုတ်၌ အကျိုးယုတ်ဖို့ပင်ဖြစ်သည် ။ နိဗ္ဗာန်သို့ သွားရန် ကျင့်ကြံရမည့် မဂ္ဂင် ရှစ်ပါးတွင် သီလမဂ္ဂင်သုံးပါးသည် အခြေခံ ဖြစ်သည်...