title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
ကိုယ်ဝန်ဆောင်ချိန်တွင် သင့်ခန္ဓါကိုယ်သည် မည်သို့ ပြောင်းလဲပါသနည်း
ကိုယ်ဝန်ကိုးလကျော်လာချိန်တွင် မိခင်လောင်းများသည် သူမတို့ ခန္ဓါကိုယ်တွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကိုတွေ့ကြုံကြရသည်။ သူမတို့ ဝမ်းဗိုက်အရွယ်အစားကြီးလာသည်မှစ၍ နှလုံးခုန်နှုန်းတိုးလာခြင်းကိုလည်း ခံစားကြရသည်။ရင်သားများပြောင်းလဲခြင်း။ ။ ကိုယ်ဝန်ပထမသုံးလတွင် သင့်ရင်သားများ ကြီးလာပြီးတင်းလာကြောင်းခံစားမိလိမ့်မည်။ ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ နို့ဦးရည်များ စိမ့်ထွက်လာခြင်းကို သတိပြုမိလိမ့်မည်။ ထိုအခြေအနေတွင် သက်တောင့်သက်သာဖြစ်စေမည့် ဘရာစီယာပုံစံများကိုဝတ်ဆင်သင့်သည်။နှာခေါင်းပိတ်ခြင်း။ ။ ကိုယ်ဝန်ဆောင်ချိန်တွင် အဖြစ်များသော အခြေအနေတစ်ခုမှာ နှာခေါင်းပိတ်ခြင်း၊ နှင့် နှာရည်ယိုခြင်း ဖြစ်သည်။ ကလေးအတွက် သင့်သွေးပမာဏ တိုးလာသည့်အတွက် အသက်ရှူလမ်းကြောင်းကို ဖိအားဖြစ်စေသည်။ ထိုသို့ဖြစ်လျှင် နှာခေါင်းထဲသို့ ဆေလိုင်းအရည်ထည့်ပေးခြင်း သို့မဟုတ် နှာခေါင်းထဲမှ အချွဲများကိုစုပ်ထုပ်ခြင်းကို ပြုလုပ်နိုင်သည်။မကြာခဏဆီးသွားခြင်း။ ။ သွေးပမာဏများလာသောကြောင့် ကျောက်ကပ်သည်လည်း ဖိအားကို နှစ်ဆခံစားရသည့်အတွက်မကြာခဏ ဆီးသွားရနိုင်သည်။ ထိုအခြေအနေသည် ကိုယ်ဝန်လရင့်လာသည့်နှင့်အမျှ ကလေး၏ ကိုယ်အလေးချိန်သည်လည်း ဆီးအိမ်ကို ဖိသောကြောင့် ပိုအကြိမ်ရေများလာသည်။ ၎င်းသည် ပုံမှန်အခြေအနေပင်ဖြစ်ပြီး မစိုးရိမ်ပါနှင့်။သွားနှင့် အရိုးများတွင်ပြောင်းလဲခြင်း။ ။ သင့်ခန္ဓါကိုယ်သည် ကလေး၏ ဖွံ့ဖြိုးမှုအတွက်ကယ်ဆီယမ်ဓါတ်ကိုပို၍ ထုတ်ရန်လိုအပ်သောကြောင့် သင့်အာဟာရတွင်လုံလောက်သော ဓါတ်ပမာဏကို မရလျှင် သွားနှင့် အရိုးများကို ထိခိုက်စေနိုင်သည်။ကိုယ်ဝန်ဆောင်ချိန်တွင်ထွက်သော ဟော်မုန်းများသည် သင့်သွားဖုံးကို ထိခိုက်စေနိုင်သောကြောင့် မကြာခဏသွေးထွက်စေနိုင်သည်။ ထို့ကြောင့် သွားကျန်းမာရေးအတွက် သွားဆရာဝန် နှင့် ပြသရန်လိုအပ်ပါသည်။နာကျင်ကိုက်ခဲမှုများဖြစ်ခြင်း။ ။ သင့်၏ အရိုးနုများနှင့် အရွတ်များသည် ကိုယ်ဝန်ဆောင်ချိန်တွင် ကလေးကြီးထွားသည်နှင့်အမျှ လိုက်လျောညီထွေဖြစ်စေရန် နှင့် မွေးသည့်အချိန်တွင် ကလေးထွက်စေရန် ဆန့်ထွက်ပေးရသောကြောင့် သင့်ခန္ဓါကိုယ်အောက်ပိုင်းတွင် နာကျင်ကိုက်ခဲခြင်းများဖြစ်နိုင်သည်။ လက်နှစ်ဘက်လုံးတွင်လည်း Carpel Tunnel Syndrome ဟုခေါ်သော အာရုံကြောညှပ်သောရောဂါ ဖြစ်စေနိုင်သည်။ ထိုအခြေအနေသည် လက်ချောင်းများနှင့် လက်ဖဝါးတွင် နာဗ့်ကြောများကိုဖိအားရှိသောကြောင့် ဖြစ်သည်။ ထိုအခြေအနေ၌ ကိုယ်ဝန်ဆောင်ချိန်တွင် သုံး၍ရသော ဆေးတို့ကိုအသုံးပြုနိုင်သည်။ ဆရာဝန်မှ ညွှန်ကြားသည့်သောက်ရန်လိုအပ်သည်။ ထို့အပြင် ဆရာဝန်မှ နာကျင်မှုသက်သာစေရန် ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးရန်လည်း ညွှန်ကြားနိုင်သည်။အသက်ရှုကြပ်ခြင်း။ ။ ကိုယ်ဝန်နောက်ဆုံးသုံးလတွင်ကလေးသည် ကြီးထွားလာသောကြောင့် သင့်ရင်ခေါင်းကြွက်သားကိုမသက်မသာဖြစ်စေသည်။ လေဝင်နည်းပြီး အသက်ရှုရခက်သည့်အခြေအနေလည်း ကြုံရနိုင်သည်။ သင်နေရတာ မသက်မသာဖြစ်လျင် အဆင်ပြေမည့် အနေအထားကိုပြောင်းလဲပြီး အသက်ရှူရလွယ်ရန်ပြုလုပ်ပေးပါ။ခန္ဓါကိုယ်တွင် ကလေး၏အလေးချိန်ကိုလည်း သယ်ဆောင်ရပြီး၊ ဟော်မုန်းပြောင်းလဲမှုလည်း ရှိသောကြောင့် အမေများသည် ခန္ဓါကိုယ်သည် အံသြစရာကောင်းစွာ ပြောင်းလဲနိုင်သည်ကို တွေ့ကြုံကြရသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် အသားခြောက်ခြင်း၊ အဆစ်များရောင်ခြင်း၊ အစာမကြေဖြစ်ခြင်း၊ ရင်သားများကြီးလာခြင်း၊ နှင့် အသက်ရှူရခက်ခြင်းများ ကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါသည်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/changes-in-your-body-during-pregnancy/
ဆီးချိုရောဂါရှိသူတွေကို ထမင်းလျှော့စားခိုင်းရတဲ့ အကြောင်းအရင်း
ဆီးချိုရောဂါကို ဆင်းရဲသားရောဂါရယ်လို့ ခေါ်ကြတာရှိတယ်နော်။ စားကောင်းခြင်း မစားရဘူးပေါ့။ဆန်ဆိုလည်း ဆန်ချောမစားရဘူး။ ဖြစ်နိုင်ရင်ထမင်းလျှော့စားပါလို့ ပြောတာမျိုးတောင် ရှိပါတယ်နော်။ ဒီတစ်ခေါက်တော့ ဆီးချိုရောဂါရှိသူတွေကို ထမင်းလျှော့စားခိုင်းရတဲ့ အကြောင်းလေးကို အတူတူဆွေးနွေးကြရအောင်လား။အစားအစာစားသောက်မှုပုံစံက ဆီးချိုရောဂါရှိသူတွေကို ကျန်းမာနေစေဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ သာမန်ကျန်းမာတဲ့ လူတစ်ယောက်အတွက်တော့ ဆန်လိုမျိုးကာဗိုဟိုက်ဒရိတ်ပါဝင်တဲ့ ပါဝင်တဲ့အစားအစာတွေက ကျန်းမာစေသလို အင်အားပြည့်စေပေမယ့် ဆီးချိုရောဂါခံစားနေရသူတွေမှာတော့ ဒီလိုမဟုတ်ပါဘူး။ဆီးချိုရောဂါရှိသူတွေက ကိုယ်တွင်းထဲမှာအင်ဆူလင်လုံလောက်စွာမထုတ်နိုင်သလို အင်ဆူလင်ကို ကောင်းကောင်းအသုံးမချနိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အင်ဆူလင်က သွေးတွင်းသကြားဓာတ်ကိုဆဲလ်တွေထဲကိုဝင်ရောက်စေဖို့နဲ့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင်ထုတ်လုပ်တဲ့ ကဏ္ဍမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ဆီးချိုရောဂါရှိသူအနေနဲ့ ကျန်းမာနေဖို့ဆိုရင်အစားအသောက်ကို သင့်တင့်မျှတအောင်စားသုံးဖို့လိုသလို သင့်တော်တဲ့ကိုယ်လက်လေ့ကျင့်ခန်းတွေလုပ်ဆောင်နိုင်ဖို့လည်း လိုအပ်ပါတယ်။ဆီးချိုရောဂါရှိသူတွေက ပုံမှန်အားဖြင့်သွေးတွင်းသကြားဓာတ် မြင့်တက်နေနိုင်ပါတယ်။ ဒီအခြေအနေက သေချာမကုသဘဲ ရေရှည်ထားမယ်ဆိုရင် ခန္ဓာကိုယ်က အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဆီးချိုရှိသူတစ်ယောက်အနေနဲ့ ကျန်းမာနေစေဖို့ဆိုရင်။ခန္ဓာကိုယ်ကို စွမ်းအင်ထောက်ပံ့ပေးတဲ့ ပင်မအရင်းအမြစ်တစ်ခုပါ။ ကစီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ၊ ချိုတဲ့အစားအစာတွေက ခန္ဓာကိုယ်အတွက် စွမ်းအင်ကိုထောက်ပံ့ပေးတဲ့ ကာဗိုဟိုက်ဒရိတ်အပြည့်အဝ ပါဝင်နေပါတယ်။ ဆန်၊ ဂျုံ၊ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုး၊ နို့ထွက်ပစ္စည်းတွေနဲ့ အချိုပါတဲ့ စားစရာတွေကနေ ကာဗိုဟိုက်ဒရိတ်ကိုရနိုင်ပါတယ်။ကာဗိုဟိုက်ဒရိတ်ကိုအစာခြေစနစ်က သကြားဓာတ်အဖြစ် ဖြိုခွဲလိုက်ပါတယ်။ ဒီသကြားဓာတ်ကသွေးထဲကိုရောက်ရှိသွားပြီး အင်ဆူလင်လို့ခေါ်တဲ့ ဟော်မုန်းကို လှုံ့ဆော်ပေးပါတယ်။ အင်ဆူလင်က ဆဲလ်တွေထဲကို အချိုဓာတ်ရောက်ရှိအောင် လုပ်ဆောင်ပေးတာပါ။ ဆဲလ်တွေက အချိုဓာတ်ကို စုပ်ယူလိုက်တာနဲ့ တပြိုင်နက်သွေးတွင်းသကြားဓာတ်က ကျဆင်းသွားပါတယ်။ဆန်ကနေဖြစ်လာတဲ့ ထမင်းက ကာဗိုဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်နေတာကြောင့်သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေမှာကတော့ ပြောနေဖို့တောင်မလိုပါဘူးနော်။ ဒါဆို ဆီးချိုရှိနေရင် သွေးတွင်းသကြားဓာတ် မြင့်တက်နိုင်တာကြောင့် ထမင်းကို လုံးဝမစားရတော့ဘူးလားဆိုတော့ မဟုတ်ပါဘူး။ အတန်အသင့်စားလို့ရပါတယ်။မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံတော်တော်များများရဲ့ အဓိကအစားအစာတွေက ဆန်ကိုအခြေခံထားတာပါ။ ဒါကြောင့် အဓိကစားစရာကိုက ထမင်းပါ။ ထမင်းကြိုက်တတ်သူတွေကို ထမင်းလျှော့စားပါလို့ ပြောရတာ အဆင်မပြေလှပေမယ့် ဆီးချိုရှိပြီး ကျန်းမာဖို့ဆိုရင်တော့ ထမင်းကို တတ်နိုင်သမျှလျှော့စားပြီး ကျန်းမာတဲ့ အဆီ နဲ့ ပရိုတင်းတို့ကို ပိုစားပေးရပါမယ်။ ဒါမှလည်း ကျန်းမာမှာပါ။ဆန်အချောအစား ဆန်လုံးညိုကို စားပေးရင်တော့ ပိုသင့်တော်ပါမယ်။ ဒါ့အပြင် ပေါင်းအိုးနဲ့ချက်ထားတဲ့ ထမင်းထက် ငှဲ့ချက်ထားတဲ့ ထမင်းက ပိုအဆင်ပြေပါတယ်။ ဆန်ချောနဲ့ချက်ထားတဲ့ ထမင်းကို စားသုံးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်မြင့်တက်ပြီးပန်ကရိယက အင်ဆူလင်တွေကို ပိုထုတ်ပေးရပါတယ်။ ဒီလိုကနေ ကာလရှည်ကြာလာတဲ့အခါ ဆီးချိုရှိသူတွေမှာ နောက်ဆက်တွဲကျန်းမာရေးပြဿနာဝင်ရောက်ဖို့ အခွင့်ရသွားမှာဖြစ်ပါတယ်။ထမင်းအမျိုးအစားထက်ပိုပြီး အရေးကြီးတာက ထမင်းပမာဏပါ။ ထမင်းဖြူပဲစားစား၊ ဆန်လုံးညိုပဲစားစား ပမာဏကို ချိန်စားပါ။ ဘယ်လောက်ပဲ ဆီးချိုအတက်နည်းတဲ့ ဆန်ပဲဖြစ်ဖြစ် များများစားရင် တက်မှာ သေချာပါတယ်။ ဆီးချိုမတက်ဘူးဆိုပြီး များများစားရင် များများတက်မှာပါ။ ဒါကြောင့် အမျိုးအစားလည်း အရေးကြီးသလို ပမာဏက ပိုအရေးကြီးတယ်ဆိုတာ သတိထားသင့်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/reason-that-reduce-amount-of-rice-when-you-have-diabetes/
null
null
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/%e1%80%9c%e1%80%b0%e1%80%9b%e1%80%be%e1%80%b1%e1%80%b7%e1%80%9e%e1%80%b0%e1%80%9b%e1%80%be%e1%80%b1%e1%80%b7%e1%80%99%e1%80%be%e1%80%ac-%e1%80%85%e1%80%80%e1%80%ac%e1%80%b8%e1%80%94%e1%80%ac%e1%80%b8/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/beaches-lakes-pools-is-covid-in-the-water/
လက်သည်းတွေမဝါအောင် ဘယ်လိုကာကွယ်ရမလဲ
သင့်လက်သည်းတွေဟာ မာကျောသိပ်သည်းနေတဲ့ အပေါ်ယံအရေပြားဆဲလ်ပြင်ကြီးပါ (epidermis cells)။ သင့်အရေပြားကို ဖြစ်စေတဲ့ ဆဲလ်တွေနဲ့အတူတူပါပဲ။ ဒါပေမဲ့ လက်သည်းပေါ်က ဆဲလ်တွေကတော့ ဆဲလ်သေတွေဖြစ်ပြီး keratin လို့ခေါ်တဲ့ ပရိုတိန်းတွေနဲ့ ဖြည့်ဆည်းထားပါတယ်။ သင့်လက်သည်းခွံရဲ့ ၄ပုံ၃ပုံကသာ အရေပြားနဲ့တွဲဆက်ထားပြီးအရေပြားပေါ်မှာ ရှိနေတာပါ။ လက်သည်းလေး ပြီးပြည့်စုံစွာကြီးထွားလာဖို့ အချိန် ၆လခန့်ယူရပြီး အမျိုးသားတွေရဲ့ လက်သည်းက အမျိုးသမီးတွေရဲ့ လက်သည်းထက် ပိုရှည်လွယ်ပါတယ်။အရေပြားလိုပါပဲ၊ လက်သည်းကျန်းမာဖို့ အောက်ဆီဂျင်လိုပါတယ်။ လက်သည်းထဲမှာရှိတဲ့ keratin က သူတို့ထဲကို ရေတွေဖြတ်သန်း စီးဆင်းစေပါတယ်။ ပုံမမှန်လက်သည်းခွံတွေနဲ့ အရေခွံကွာခြင်း၊ ကွဲအက်ခြင်း၊ အရောင်မညီခြင်းတွေက ဖြစ်နိုင်ခြေရှိတဲ့ ကျန်းမာရေး ပြဿနာတွေရဲ့ သင်္ကေတပါ။ အဝါရောင် လက်သည်းတွေက ဆိုရီရေးစစ်ရောဂါသို့မဟုတ် မှိုစွဲကပ်ခြင်းကို ပြပါတယ်။ အဆုတ်ရောဂါတစ်ခုခု သို့မဟုတ် ဆေးလိပ်သောက်ခြင်း တွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ အခြေအနေတွေ အများကြီးရှိတဲ့အနက် အဝါရောင် လက်သည်းတွေက အစားအစာတစ်ခုခု သို့မဟုတ် လက်သည်းဆိုးဆေးထဲမှာပါဝင်တဲ့ ဓာတုပစ္စည်းတစ်ခုခုကြောင့် ပျက်စီးလာခြင်းရဲ့ ရလဒ်တစ်ခုပါ။ အထက်မှာဖော်ပြခဲ့သလိုပဲ လက်သည်းဝါခြင်းဟာ ကျန်းမာရေးအခြေအနေအပါအဝင် အမျိုးမျိုးသောအကြောင်းတွေကြောင့် ဖြစ်နိုင်ပါ တယ်။ လက်သည်းဆိုးတာကြောင့်လို့ ယူဆမယ်ဆိုရင် သင့်လက်သည်းက လက်သည်းဆိုးဆေးမှာပါဝင်တဲ့ ရောင်ခြယ်ဆေး အချို့ကို စုပ်ယူထားလို့ ဝါနေရတာပါ။ ပန်းရောင်အဖျော့မှစပြီး နီပုပ်ပုပ်အရောင်ထိ အနီရောင်အမျိုးအစားတွေဟာ အကျယ်ပြန့် အတွင်ကျယ်ဆုံး လက်သည်းဆိုးဆေးအရောင်တွေပါ။ အရင့်ဆုံးအနီရောင်တွေကတော့ သင့်လက်သည်းတွေကို အဝါရောင် အစွဲကျန်စေနိုင်ဆုံးပါပဲ။ဒီရောင်ခြယ်ဆေးတွေရဲ့ အမျိုးအစားတစ်ခုဖြစ်တဲ့ Iron oxide တွေကိုလေ့လာကြည့်မယ်ဆိုရင် ကားတို့ သတ္တုပိုက်အဟောင်းတွေမှာသာ မြင်မိရင် သံချေးလို့သတ်မှတ်တဲ့ ဓာတုပစ္စည်းတွေပါနေတာကိုတွေ့ရမှာပါ။ လက်သည်းဆိုးဆေးထုတ်လုပ်သူတွေအပါအဝင် ရောင်ခြယ်ဆေးထုတ်လုပ်သူတွေဟာအများအားဖြင့်တော့ iron oxide တွေကိုအနီရောင်နဲ့ အဝါရောင် ရောင်ခြယ်ဆေးအတွက် အသုံးပြုကြပါတယ်။သင်က အိမ်အဟောင်းတွေမှာ နေတာကြာတဲ့လူဆိုရင် သံပိုက်ဟောင်းတွေကနေ လာတဲ့ရေဟာ သံချေးတွေကြောင့် အညိုရောင် ပြောင်းသွားနိုင်တာကိုတော့ သိမှာပါ။ ဇကာပါတဲ့ ကြွေဇလုံတွေနဲ့ ဒီပိုက်တွေနဲ့ဆက်ထားမယ်ဆိုရင် ရေထဲမှာပါလာတဲ့ iron oxides တွေရဲ့ နီညိုရောင်အရာတွေ ကျန်ထားတာတွေ့ရမှာပါ။ လက်သည်းဆိုးဆေးထဲက iron oxides တွေဟာ မတူညီတဲ့အဖြေတွေ အားလုံးအတွက် ဆုံမှတ်ပါပဲ။ ဘာလို့လဲဆိုတော့ လက်သည်းထဲမှာပါတဲ့ keratin ဟာအရည်တွေကို စုပ်ယူနိုင်ပြီး လက်သည်းကတော့ လက်သည်းဆိုးဆေးထဲက iron oxide တွေကို စုပ်ယူထားနိုင်ပါတယ်။ ရလဒ်အနေနဲ့တော့ လက်သည်းဆိုးဆေး ဖျက်လိုက်ရင်တောင် သင့်လက်သည်းတွေမှာ အညိုရောင် သို့မဟုတ် အဝါရောင်တွေ ကြွင်းကျန်နေမှာဖြစ်ပါတယ်။ကြည်လင်တဲ့ အောက်ခံဆိုးဆေးကိုဆိုးရခြင်းရဲ့ မူရင်းရည်ရွယ်ချက်က လက်သည်းဆိုးတဲ့အခါ ညီညာနေအောင်ပါ။ အချို့သော အောက်ခံဆိုးဆေးတွေဆိုရင် လက်သည်းဆိုးဆေး ပထမအလွှာ အဖြစ်တောင် သုံးလို့ရပါတယ်။ တချို့သောကိစ္စရပ်တွေမှာ ဒီလိုဆိုးပေးတာကရောင်ခြယ်ဆေးနဲ့ လက်သည်းကြားမှာအလွှာတစ်ခုခံထားပေးသလိုဖြစ်နေတာကြောင့် လက်သည်းဝါတာတွေ ဖြစ်စေမှာမဟုတ်ပါဘူး။ဖျက်ဆေးကိုယ်တိုင်က အငွေ့ပျံလွယ်ပြီး အထိအတွေ့များလွန်းရင် အသားအရေပျက်စီးစေပေမဲ့ သူ့ကြောင့် လက်သည်းတွေဝါ သွားတာတော့ မဖြစ်နိုင်ပါဘူး။ လက်သည်းဆိုးဆေးအတွက် ပြင်းထန်တဲ့အရည်ဖြစ်တာကြောင့် လက်သည်းနဲ့ ဆိုးဆေးထဲက ရောင်ခြယ်ပစ္စည်းတွေထိတွေ့တာကိုတော့ ပိုတိုးလာနိုင်စေပါတယ်။ ဒီလိုထိတွေ့တာကိုလျှော့ချဖို့ လက်သည်းဖျက်တဲ့အခါမှာ ဂွမ်းလုံးတွေ သို့မဟုတ် အခြားလက်သည်းဖျက်ရာမှာ သုံးသောကိရိယာတွေကိုခဏခဏအသစ် ပြောင်းသုံးပေးသင့်ပါတယ်။ဆေးလိပ်ဖြတ်တာနဲ့ အောက်ခံလက်သည်းဆိုးဆေးသုံးပေးတာအပြင် လက်သည်းမှာအရောင်တွေစွဲမကျန်နေအောင် အခြားနည်းလမ်းတွေကိုလည်းအသုံးပြုပေးသင့်ပါတယ်။•ရှောက်ရည်: ရှောက်ရည်ထဲ လက်သည်းတွေကို နှစ်ထားတာက စွဲနေတဲ့ အဝါရောင်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ လိုချင်တဲ့ရလဒ်ရသည်အထိ တစ်ရက်ကို ၁၀မိနစ်မှ ၁၅မိနစ်ခန့်ထိနှစ်ပေးထားပါ။•Peroxide နဲ့ မုန့်ဖုတ်ဆိုဒါ: hydrogen peroxide စားပွဲဇွန်း၁ဇွန်းကို မုန့်ဖုတ်ဆိုဒါစားပွဲဇွန်း ၂ဇွန်းခွဲနဲ့ ခွက်တစ်ခုထဲမှာ ရောလိုက်ပါ။ ရလာတဲ့အနှစ်ကို ဂွမ်းစလေးနဲ့ လက်သည်းပေါ်မှာပတ်ထားပါ။ ၃မိနစ်ခန့်ထားပြီး ရေဆေးချလိုက်ပါ။ ရက်သတ္တပတ် ၆ပတ်မှ ၈ပတ်ကို တစ်ကြိမ်လုပ်ပေးပါ။•သွားဖြူစေတဲ့ သွားတိုက်ဆေး: အနီရောင်လက်သည်းဆိုးဆေးတွေသုံးတာကြောင့် လက်သည်းအရောင်စွဲနေတာကို ချက်ချင်း ပျောက်သွားစေချင်တယ်ဆိုရင် သွားဖြူစေတဲ့ သွားတိုက်ဆေးကို စုတ်တံသုံးပြီးလက်သည်းပေါ်မှာ တိုက်ပေးပါ။ ဒါက ကြာရှည်စွဲထင်နေတဲ့ အရောင်တွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။•Light buffing(လက်သည်းကိုအသာအယာတိုက်စားခြင်း) : အဝါရောင်တွေစွဲနေတာက သင့်လက်သည်းရဲ့အပေါ်ဆုံးအလွှာပါ။ လက်သည်းတွေကို တိုက်စားလိုက်ခြင်းအားဖြင့် လက်သည်းအပေါ်ဆုံးအလွှာကို ဖယ်ရှားဖြစ်နိုင်ပြီးစွဲနေတဲ့ အရောင်အချို့ကို အားနည်းစေတာကြောင့် ကောင်းတဲ့နည်းလမ်းတော့ မဟုတ်ပါဘူး။ တကယ်လို့ လက်သည်းကို တိုက်စားပစ်မယ်ဆိုရင် လုပ်ပြီးတာနဲ့ လက်သည်းအားဖြည့်ဆီလေး ထည့်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/nail-care/%e1%80%9c%e1%80%80%e1%80%ba%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%9d%e1%80%ab%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%98%e1%80%9a%e1%80%ba%e1%80%9c/
ဇင့်ဓါတ် နှင့် သွေးပေါင်
ဇင့် သည် နှလုံးနှင့် သွေးကြောများအတွက် လိုအပ်သော ဓါတ်တစ်ခုဖြစ်သည်။ zinc ဓါတ် နည်းလွန်းခြင်း၊ များလွန်ုးခြင်းတို့ဟာ ခန္ဓါကိုယ်ကို သက်ရောက်မှုများရှိပါတယ်။ အသေးစိတ်သိလိုပါက အောက်ပါ ဆောင်းပါးကို ဖတ်ကြည့်နိုင်ပါတယ်။ဇင့် သည် နှလုံးနှင့် သွေးကြောများအတွက် လိုအပ်သော ဓါတ်တစ်ခုဖြစ်သည်။ ခန္ဓါကိုယ်ထဲတွင် သံဓါတ်ပြီးလျှင် အများဆုံးတွေ့ရသော ဓါတ်တစ်မျိုးဖြစ်သည်။ ဆဲလ်တိုင်းလိုလိုတွင် တွေ့ရပါတယ်။ အစားအစာ အတော်များများတွင် ပါဝင်ပါတယ်။ခန္ဓါကိုယ် တွင် ဇင့် ဓါတ်နည်းပါက အသက်အရွယ်ကြီးလာသော အခါ နှလုံးသွေးကြောနှင့် ပက်သက်သော ရောဂါများ ဖြစ်နိုင်ပါတယ်။ခန္ဓါကိုယ် တွင် ဇင့် ဓါတ်များပါက လည်း နှလုံးသွေးကြောနှင့် ပက်သက်သော ရောဂါများ ဖြစ်နိုင်ပါတယ်။ ပိုလျှံသော zinc များဟာ သွေးတိုးစေနိုင်ပါတယ်။ဇင့် ဟာ အခြားသော ဓါတ်များနဲ့ ဓါတ်ပြုနိုင်ပါတယ်။ ဥပမာ- zinc ဓါတ်အများကြီး စားမိပါက ခန္ဓါကိုယ်ထဲ ကော့ပါးဓါတ်များ နည်းစေပါတယ်။ ကော့ပါးနည်းပါက နှလုံးနှင့် သွေးကြောများကို ထိခိုက်စေပါတယ်။ zinc နှင့် ကော့ပါး ဓါတ်မညီမျှပါက လည်းသွေးတိုးတက်ပါတယ်။ဇင့် ကို ဆီးချို၊ ရင်ကြပ်၊ ညဘက်မျက်လုံးမမြင်ခြင်း၊ ဝက်ခြံ၊ အက်ဇီးမား၊ ပြင်းထန်ခေါင်းထိခိုက်ခြင်း၊ အယ်လ်ဇိုင်းမား၊ Down syndrome, Sickle cell disease တို့အတွက် အသုံးပြုနိုင်ပါတယ်။ဇင့် သည် ACE inhibitors များ နှင့်ဓါတ်ပြုနိုင်ပါတယ်။ ထိုဆေးများသည် ခန္ဓါကိုယ်ထဲရှိ zinc ပမာဏကို နည်းစေပါတယ်။ ACE inhibitors များဟာ benazepril(Lotensin), enalapril(Vasotec), moexipril(univasc),quinapril(accupril) တို့ပဲဖြစ်ပါတယ်။ထို့ပြင် ဇင့် သည် thiazide ဆီးဆေးများ နှင့်လည်း ဓါတ်ပြုပါတယ်။ ထိုဆီးဆေးများသောက်ပါက ဇင့် များကို ခန္ဓါကိုယ်ပြင်ပသို့ စွန့်ထုတ်ပြီး သွေးတွင်း ပမာဏနည်းစေပါတယ်။ သင်ဟာ ထိုဆီးဆေးများ သောက်နေပါက ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ဇင့် ဟာ သင့်တော်သော ပမာဏအတိုင်း စားသုံးပါက စိတ်ချရပါတယ်။ လူကြီးများ အနေဖြင့် zinc ကိုတစ်နေ့လျှင် ၈-၁၁ မီလီဂရမ်ခန့် သောက်သုံးနိုင်ပါတယ်။ ကလေးများ အနေဖြင့် တစ်နေ့ကို ၂-၉ မီလီဂရမ်ခန့် သောက်သုံးနိုင်ပါတယ်။သင့်ဆရာဝန်က ညွှန်ကြားသည့်အတိုင်း လည်း သောက်သုံးနိုင်ပါတယ်။ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ ပိန်ခြင်း၊ သွေးနှင့် ပက်သက်သော ရောဂါများ ဖြစ်ခြင်း၊ ရင်ကြပ်ခြင်းနှင့် ပက်သက်သော ရောဂါများ ဖြစ်ခြင်း၊ သိုင်းရွိုက် ဂလင်းပြဿနာများ ဖြစ်ခြင်း၊ ကိုလက်စထရော ပမာဏပြောင်းခြင်း၊ ဝမ်းချုပ်ခြင်း၊ ကော့ပါးပမာဏကို ပါထိခိုက်ခြင်း၊ ဝမ်းလျှောခြင်း၊ မူးဝေခြင်း၊ ခံတွင်းများ ခြောက်ခြင်း၊ ခေါင်းမူးခြင်း ၊ ခေါင်းကိုက်ခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ ကျောက်ကပ်ရောင်ခြင်း၊ ခံတွင်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ကင်ဆာဖြစ်နိုင်ချေများခြင်း၊ အန်ခြင်း၊ ပင်ပန်းခြင်း များ ဖြစ်တတ်ပါတယ်။ ထို့ပြင် သွေးယိုခြင်းများကို လည်းဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့် သွေးခဲခြင်း ပြဿနာရှိသူများအတွက် အန ္တရာယ်ရှိနိုင်ပါတယ်။ ဇင့် ဟာ သွေးတွင်း သကြားဓါတ်ပမာဏကို နည်းစေပါတယ်။သင့်ခန္ဓါကိုယ်တွင်း ရှိသော zinc ပမာဏသည် သင့်သွေးပေါင် အပေါ်သက်ရောက်မှုရှိပါတယ်။ နည်းခြင်း၊ များခြင်း တို့ဟာ သွေးပေါင်တက်ခြင်းနှင့် နှလုံးသွေးကြောပြဿနာများကို ဖြစ်စေနိုင်သဖြင့် ပုံမှန်ပမာဏအတိုင်း ထိန်းထားဖို့ အရေးကြီးပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e1%80%87%e1%80%84%e1%80%b9%e1%80%b7%e1%80%93%e1%80%ac%e1%80%90%e1%80%b9-%e1%80%94%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%b1%e1%80%95%e1%80%ab%e1%80%84%e1%80%b9/
ကိုဗစ် ကာကွယ်ဆေး
ကိုဗစ်ကိုတော့ ထပ်ပြီး မိတ်မဆက်တော့ဘူး။ အခု ပြောချင်တာကတော့ကာကွယ်ဆေးအကြောင်းပါ။ တရုတ်နိုင်ငံမှာ ကာကွယ်ဆေးထုတ်နိုင်ပြီဆိုတဲ့သတင်းတွေကိုလည်း မြင်မိကြမှာပါ။ကာကွယ်ဆေးထုတ်တဲ့အကြောင်းမပြောခင် ကာကွယ်ဆေးတွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာကို အရင်သိသင့်ပါတယ်။ရောဂါမှန်သမျှကို တိုက်ထုတ်ပေးနိုင်ဖို့အတွက် အရေးကြီးဆုံး စွမ်းဆောင်ရှင်က ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ပါ။ကာကွယ်ဆေး (vaccine) ဆိုတာကတော့ အဲဒီ ကိုယ်ခံအားစနစ်ကို စွမ်းအားပြည့်ဝနေအောင် ကြိုတင်ပြီး လေ့ကျင့်ပေးတဲ့အရာတွေပါ။တုပ်ကွေးရောဂါကို ဥပမာကြည့်မယ်ဆိုရင် တုပ်ကွေးဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုးကinfluenzaဗိုင်းရပ်စ်ပါ။သူက ခန္ဓာကိုယ်ထဲကိုဝင်ရောက်လာချိန်မှာ ခန္ဓာကိုယ်က ဒီဗိုင်းရပ်စ်အကြောင်းကို ဘာမှန်းမသိသေးဘူး။ ဝင်လာတဲ့အချိန်မှာလည်း ချက်ခြင်းမတိုက်ထုတ်ဘူး။ စစ်ဆင်ရေးအရပြောမယ်ဆိုရင် အချက်အလက်တွေစုဆောင်းမယ်။ ရန်သူမိတ်ဆွေခွဲမယ်။ ပြီးမှ အဆင့်အလိုက် ပြန်တုံ့ပြန်မယ်။ ဒါပေမယ့် သူပြန်တုံ့ပြန်တဲ့အချိန်မှာ ဗိုင်းရပ်စ်က အင်အားကြီးနေပြီ အများကြီးဖြစ်နေပြီဆိုရင် တိုက်ပွဲက ပြင်းထန်ပြီး ခန္ဓာကိုယ်က ဒဏ်ခံရတယ်။ အရမ်းဆိုးတဲ့အချိန်မှာ ကိုယ်ခံအားစနစ်က ရှုံးသွားတယ်။ အဲဒါဆိုရင်တော့ သေဆုံးတဲ့အခြေအနေထိဖြစ်တယ်ပေါ့။တုပ်ကွေးကာကွယ်ဆေး(flu shot) ထိုးတဲ့အခါမှာကျတော့ ဒီကာကွယ်ဆေးထဲမှာ ဗိုင်းရပ်စ်တစ်ခုလုံးမဟုတ်ဘဲ တစ်စိတ်တဒေသ ဒါမှမဟုတ် သူကထွက်တဲ့ဓာတ်တစ်မျိုးမျိုးပါတယ်။လူကို အန္တရာယ်မပေးနိုင်တဲ့ အနေအထားဖြစ်အောင် ဖန်တီးယူထားတယ်။အဲဒီဟာကို ခန္ဓာကိုယ်ထဲကို ထည့်သွင်းလိုက်တဲ့အခါ ကိုယ်ခံအားစနစ်က အဲဒီအကောင်ကို မှတ်မိသွားတယ်။ မှတ်မိသွားပြီးနောက်မှာ တကယ်လို့များ ဒီအကောင်ထပ်ဝင်လာရင်ဆိုတာတွေအတွက် ပြင်ဆင်ထားလိုက်တယ်။ တကယ်တမ်း တုပ်ကွေးဗိုင်းရပ်စ်လည်းဝင်လာရော အဆင့်တွေအများကြီးလုပ်နေစရာမလိုတော့ဘဲ ဝိုင်းတီးရုံပဲ။အဲဒီတော့ဗိုင်းရပ်စ်မှာလည်း အများကြီးမပွားနိုင်တော့ဘူး။ ခန္ဓာကိုယ်ကိုလည်း ဒုက္ခမပေးတော့ဘူး။ တုပ်ကွေးလည်း မဖြစ်တော့ဘူး။ဒါပေမယ့် ကိုယ်ခံအားစနစ်ရဲ့ အလုပ်လုပ်ပုံက တိကျတယ်။ တုပ်ကွေးဗိုင်းရပ်စ် ကာကွယ်ဆေးထိုးထားရင် ကိုယ်ခံအားစနစ်က တုပ်ကွေးဗိုင်းရပ်စ်ကိုပဲ မှတ်မိမယ်။ တခြားဗိုင်းရပ်စ်တွေကို မမှတ်မိဘူး။အဲဒါဆို ဘာခက်လို့လဲ။ ကိုဗစ်အတွက်လည်း ကာကွယ်ဆေးထုတ်လိုက်ရုံပဲပေါ့။ကံဆိုးချင်တော့ ကာကွယ်ဆေးတစ်ခု ထုတ်ဖို့ဆိုတာက အဲဒီလောက်မလွယ်ဘူး။ကာကွယ်ဆေးထုတ်ဖို့အတွက် အဆင့် (၇)ဆင့်ကို ဖြတ်သန်းရပါတယ်။၁။ ကာကွယ်ဆေးပြုလုပ်မယ့် ပင်မပစ္စည်းကို စမ်းသပ်ရှာဖွေခြင်း (Exploratory stage)။ဒီအဆင့်မှာက ကာကွယ်ဆေးကို ဘယ်အရာနဲ့ ပြုလုပ်လို့ရမလဲဆိုတာကိုရှာဖွေတယ်။ ဥပမာ အားနည်းအောင်လုပ်ထားတဲ့ ဗိုင်းရပ်စ်အကောင်လိုက် (ဥပမာပိုလီယိုကာကွယ်ဆေးလိုမျိုး) သုံးမလား။ ဗိုင်းရပ်စ်က ထွက်ရှိတဲ့ အဆိပ်အနည်းငယ်ကိုသုံးမလား။ ဗိုင်းရပ်စ်ရဲ့ တစ်စိတ်တစ်ဒေသကို သုံးမလားဆိုတာတွေကို ရှာဖွေစမ်းသပ်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ ၂နှစ်ကနေ ၄နှစ်လောက်ကြာပါတယ်တဲ့။၂။ ဓာတ်ခွဲခန်းတွင် စမ်းသပ်ခြင်း (Pre-clinical stage)။ဒီအဆင့်မှာတော့ ဓာတ်ခွဲခန်းထဲမှာ အသားမျှင် တစ်ရှူးတွေ မွေးမြူပြီးစမ်းသပ်တာဖြစ်ဖြစ် တိရစ္ဆာန်တွေကို အသုံးပြုပြီး စမ်းသပ်တာဖြစ်ဖြစ်လုပ်ပါတယ်။ ဘာနဲ့ကာကွယ်လဲသိနေပြီပဲ တစ်ခါတည်းထိုးပါတော့လား လုပ်လို့မရဘူး။ ဒီကာကွယ်ဆေးက တကယ်အလုပ်ဖြစ်ရဲ့လား။ ဘယ်လောက်ထိ အလုပ်ဖြစ်လဲ။ ကိုယ်ခံအားစနစ်ကို ဘယ်လောက်ထိနှိုးဆွပေးနိုင်လဲ။ ဘယ်လောက်ပမာဏထိပေးရမလဲအစရှိတာတွေကို သိဖို့လည်း လိုသေးတယ်လေ။ ဒီအဆင့်ကတော့ ၁နှစ်ကနေ ၂နှစ်လောက် ကြာမြင့်ပါတယ်။၃။ လူသားများတွင် စမ်းသပ်ဖို့အတွက် ခွင့်ပြုချက်ရယူခြင်း (IND Application)။တိရစ္ဆာန်တွေမှာစမ်းသပ်တာက အားရကျေနပ်လောက်တဲ့ရလဒ်တွေပေးနိုင်ပြီဆိုရင် ကာကွယ်ဆေးကိုထုတ်လုပ်မယ့် ကုမ္ပဏီ၊ အဖွဲ့အစည်းက သက်ဆိုင်ရာ အာဏာပိုင်တွေဆီကို တွေ့ရှိထားတဲ့ ရလဒ်တွေ အောင်မြင်မှုတွေနဲ့အတူ လူသားတွေဆီမှာ စမ်းသပ်ဖို့အတွက်ခွင့်ပြုချက်ရယူရပါတယ်။ ဒီမှာ ခွင့်ပြုချက်ရပြီဆိုရင်တော့ ကာကွယ်ဆေးထုတ်လုပ်ဖို့အတွက် လူသားနဲ့ စမ်းသပ်လို့ရပါပြီ။လက်ရှိမှာ ကာကွယ်ဆေးတွေ တရုတ်က ထုတ်လုပ်နေပြီ ခွင့်ပြုလိုက်ပြီဆိုတာက ဒီအဆင့်ဖြစ်ပါတယ်။ ရှေ့က စမ်းသပ်မှုတွေက ဓာတ်ခွဲခန်းထဲမှာပဲ ပြုလုပ်တာဖြစ်ပြီး ခွင့်ပြုချက်ရရှိပြီးမှသာ လူသားတွေဆီမှာ ဆက်လက်စမ်းသပ်မှုပြုလုပ်နိုင်မှာဖြစ်ပါတယ်။ကိုဗစ်စဖြစ်ကတည်းက ပိုးရဲ့မျိုးဗီဇကို ခွဲခြားပြီးသားဖြစ်ပြီး ကာကွယ်ဆေးထုတ်လုပ်ဖို့ကို အားသွန်နေကြတာက ဆေးပညာမှာ ထိပ်တန်းရောက်နေတဲ့ နိုင်ငံတိုင်းပါ။ အခုက ဓာတ်ခွဲခန်းစမ်းသပ်မှုတွေပြီးလို့ လူသားစမ်းသပ်မှုတွေဆက်လုပ်မယ့် အဆင့်ရောက်နေပါပြီ။ လေးလအတွင်းမှာ ရှေ့က အဆင့်တွေ အရမ်းကို မြန်မြန်ဆန်ဆန်ဖြစ်သွားတယ်ဆိုတဲ့ သဘောပါ။၄။ ပထမအဆင့် စမ်းသပ်ခြင်း (Phase I vaccine trials)။ဆယ်ဂဏန်းလောက်ရှိတဲ့ စေတနာ့ဝန်ထမ်းတွေပါဝင်တဲ့ လူအုပ်စုကို စတင်ပြီး စမ်းသပ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဒီကာကွယ်ဆေးက ဘယ်လောက်ထိ စိတ်ချရလဲဆိုတာနဲ့ ဘယ်လောက်ထိ ကာကွယ်နိုင်လဲဆိုတာကို သိနိုင်ဖို့ပါ။ ကာကွယ်ဆေးထိုးထားတဲ့ သူတွေထဲက တချို့ကို ဗိုင်းရပ်စ်နဲ့ ထိတွေ့မှုရှိစေကြည့်ပြီး ကာကွယ်ဆေးက တကယ်အလုပ်ဖြစ်နိုင်မဖြစ်နိုင်ကို စမ်းသပ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်မှု အဆင့်က ဒီအဆင့်ပါ။ လူသားစမ်းသပ်မှုတွေ စတင်ပြုလုပ်နေပါပြီ။၅။ ဒုတိယအဆင့် စမ်းသပ်ခြင်း (Phase II vaccine trials)။တကယ်လို့ ပထမအဆင့်ရလဒ်တွေက အခြေအနေကောင်းနေတယ်ဆိုရင် နောက်အဆင့်တစ်ခုကို ဆက်တက်ပါတယ်။ ဒီအဆင့်မှာတော့ ရာနဲ့ချီတဲ့လူတွေကို စတင်စမ်းသပ်ပါပြီ။ ဘာလို့ အကြိမ်ကြိမ်စမ်းသပ်မှုတွေလုပ်နေရတာလဲဆိုတော့ လူတွေရဲ့ကိုယ်ခံအားစနစ်နဲ့ ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းတုံ့ပြန်မှုတွေက မတူညီနိုင်တဲ့အတွက်ကြောင့် အားလုံးအတွက် အဆင်ပြေမှ ပြေနိုင်ရဲ့လားဆိုတာကို သိနိုင်ဖို့ လိုအပ်လို့ပါ။ တော်ကြာ ကာကွယ်ဆေးထိုးပြီး ကိုဗစ်တော့မဖြစ်ဘဲ ကာကွယ်ဆေးကြောင့် ရုတ်တရက်သေသွားတာမျိုးဖြစ်နိုင်တယ်လေ။၆။ တတိယအဆင့် စမ်းသပ်ခြင်း (Phase III vaccine trials)။ဒုတိယအဆင့်မှာလည်း အောင်မြင်တယ် အားရကျေနပ်လောက်တဲ့ ရလဒ်တွေရှိတယ်ဆိုရင် တတိယအဆင့်ကိုသွားပါတယ်။ ဒီအဆင့်မှာတော့ လူသောင်းဂဏန်းလောက်ပါဝင်ပါတယ်။ကာကွယ်ဆေးက လူတိုင်းမှာ အကျိုးသက်ရောက်မှုရှိလားဆိုတာနဲ့ ဒုတိယအဆင့်မှာ မတွေ့လိုက်တဲ့ ရှားပါးတဲ့ ဘေးထွက်ဆိုးကျိုးတွေများ ရှိနိုင်မလားဆိုပြီးတော့ပါ။၇။ ထုတ်လုပ်မှုခွင့်ပြုခြင်း (Approval and licensure)။တတိယအဆင့်ကိုလည်း ကျေနပ်လောက်စရာ ရလဒ်တွေနဲ့ အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်ပြီဆိုရင် အများကြီးထုတ်လုပ်ဖို့အတွက် လိုင်စင်ချပေးပါတယ်။ ကိုဗစ်အတွက် ကာကွယ်ဆေးထိုးလို့ရပြီဆိုတာက ဒီအဆင့်ပြီးမှပါ။ကာကွယ်ဆေးက ထုတ်ရတာ လွယ်ပေမယ့် လူတွေမှာ ဘေးအန္တရာယ်မရှိဘဲ အကျိုးသက်ရောက်မှုရှိဖို့ဆိုတာက အချိန်အများကြီးပေးပြီး စမ်းသပ်လေ့လာရပါတယ်။ လူတိုင်းမှာ မတူညီတဲ့ တုံ့ပြန်မှုတွေရှိနိုင်တာကြောင့် လူထောင်သောင်းနဲ့ချီ စမ်းသပ်ပြီးမှ သိနိုင်တာမျိုးပါ။ ဒါတောင်မှ ကိုယ်က ကံဆိုးသူဆိုရင် လူအယောက်တစ်သောင်းမှာမဖြစ်ဘဲ ကိုယ့်ကျမှ လာဖြစ်တဲ့ တစ်သန်းမှ တစ်ယောက်ရှိနေတဲ့သူမျိုးလည်း ဖြစ်နေနိုင်ပါသေးတယ်။လောလောဆယ်တော့ ကာကွယ်ဆေးကို လူသားတွေဆီမှာ စတင်စမ်းသပ်နေတာ လေးခုရှိနေပြီး နောက်ထပ် ၆၆ ခုကတော့ ဓာတ်ခွဲခန်းမှာစမ်းသပ်မှုတွေ ပြုလုပ်နေပါတယ်တဲ့။ကံကောင်းတာတစ်ခုက ကိုဗစ်ဟာ သူ့နောင်တော်မျိုးတူဗိုင်းရပ်စ်တွေဖြစ်တဲ့SARSနဲ့MERSရောဂါတွေနဲ့ ပုံသဏ္ဍာန်တူတာတွေရှိတာကြောင့် အဲဒီဗိုင်းရပ်စ်တွေအကြောင်း နားလည်ထားပြီးသား ဖြစ်နေတဲ့ သိပ္ပံပညာရှင်တွေအတွက် လုံးဝအစိမ်းသတ်သတ်ကြီး မဖြစ်နေတော့ဘူး။လူသားစမ်းသပ်မှုတွေမှာ အန္တရာယ်ကင်းကင်းနဲ့ အောင်မြင်ပြီး အသုံးချနိုင်တဲ့ ကာကွယ်ဆေးဟာ အလွန့်အလွန်အစောဆုံးအခြေအနေက စက်တင်ဘာလောက်မှာ ရရှိနိုင်မှာဖြစ်ပြီး နောက်ကျရင်တော့ တစ်နှစ်လောက်ကြာနိုင်ပါတယ်တဲ့။ကျွန်တော်တို့ အကောင်းမြင်ပြီး မျှော်လင့်လို့ ရနိုင်ပေမယ့် လောလောဆယ်အခြေအနေမှာတော့ ကာကွယ်ရေးနည်းလမ်းတွေကိုပဲ သတိရှိရှိဆက်ပြီး လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-vaccine/
စအိုမှ လိင်ဆက်ဆံ ခြင်းကြောင့် ဘာတွေဖြစ်နိုင်သလဲ
လေ့လာချက်တစ်ခုအရအမျိုးသားချင်း လိင်ဆက်ဆံသူများရဲ့ ၉၀ ရာခိုင်နှုန်းနှင့်လိင်စိတ်နိုးကြွတဲ့ အမျိုးသမီးများရဲ့ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိဟာ စအိုကတစ်ဆင့် လိင်ဆက်ဆံခံရတာကို ကြိုက်နှစ်သက်ကြပါတယ်။အမျိုးသားရဲ့ လိင်တံကို စအိုထဲ ထိုးသွင်းပြီး ဆက်ဆံတာကို ခေါ်တာပါ။ စအိုဆိုတာ အာရုံကြောများ ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်လို့ ဒီလိုဆက်ဆံမှုပုံစံဟာ ကျန်းမာရေးအရ ထိခိုက်စေနိုင်တာတွေ ရှိပါတယ်။ စအိုဟာ အဆက်ဆံခံရသူအတွက် လိင်မှုဆိုင်ရာ ခံစားမှုတွေ ပေးနိုင်တဲ့နေရာဖြစ်သလို၊ ထိုးသွင်းဆက်ဆံသူအတွက်လည်း တင်းကြပ်မှုကို ပေးစွမ်းနိုင်ပါတယ်။ တချို့သောလူတွေအတွက် စအိုကတစ်ဆင့် ဆက်ဆံခြင်းဟာ အဆင်ပြေတယ်ဆိုပေမယ့် သေသေချာချာ ဂရုစိုက်ရမယ့်အချက်တွေလည်း ရှိပါတယ်။စအိုကတစ်ဆင့် ဆက်ဆံခြင်းဟာ လိင်ဆက်ဆံနည်းအားလုံးထဲမှာ ကျန်းမာရေးအရ အန္တရာယ်အများဆုံး ဖြစ်ပါတယ်။၁။ မိန်းမကိုယ်လို မဟုတ်ဘဲ စအိုမှာ သဘာဝအရ ထွက်တဲ့ ချောဆီမရှိပါဘူး။ ဒါကြောင့် ထိုးသွင်းဆက်ဆံမယ်ဆိုရင် စအိုမှာ ထိခိုက်ဒဏ်ရာတွေ ရနိုင်ပြီး အဲဒီကတစ်ဆင့် ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ ဝင်လာနိုင်ပါတယ်။HIVပိုးလို လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးတွေလည်း ကူးစက်နိုင်ပါတယ်။ စအိုကတစ်ဆင့် လိင်ဆက်ဆံခံရသူဟာ မိန်းမကိုယ်ကတစ်ဆင့် ဆက်ဆံခံရသူထက် HIV ပိုးကူးစက်ခံရနိုင်ချေ အဆ(၃၀) ပိုများတယ်လို့ တွေ့ရှိချက်တွေက ဆိုထားပါတယ်။ ချောဆီတစ်မျိုးမျိုး သုံးမယ်ဆိုရင်တော့ အထိုက်အလျောက် အဆင်ပြေနိုင်ပြီး ရာနှုန်းပြည့်တော့ ထိခိုက်ဒဏ်ရာတွေကို ကာကွယ်နိုင်မယ် မဟုတ်ပါဘူး။၂။ အဲဒီအပြင် စအိုအတွင်းနေရာတွေဟာ ပြင်ပအရေပြားထက်စာရင် ပိုပြီး နူးညံ့ပြီး ထိခိုက်လွယ်တာကြောင့် စုတ်ပြဲနိုင်ချေ၊ ရောဂါပိုးဝင်နိုင်ချေ ပိုများပါတယ်။၃။ စအိုနေရာဟာ မစင်များနဲ့ ထိတွေ့နေရတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ စအိုနေရာမှာ ကြွက်သားတစ်ခု ရှိပြီး အဲဒီကြွက်သားကို ကျုံ့ထားလိုက်ရင် မစင်တွေအပြင်ထွက်မသွားအောင် ထိန်းထားလို့ရပါတယ်။ အဲဒီကြွက်သား ကျုံ့ထားတဲ့အချိန်ဆို စအိုကတစ်ဆင့် ဆက်ဆံရတာဟာ အဆင်မပြေပါဘူး။ ထပ်ကာထပ်ကာ စအိုကတစ်ဆင့် ဆက်ဆံမှုပြုတဲ့အခါမှာတော့ အဲဒီကြွက်သားဟာ တဖြည်းဖြည်း အားနည်းလာပြီး အထဲက မစင်တွေကို ထိန်းထားနိုင်စွမ်း လျော့လာတတ်ပါတယ်။ ဒီအခါ မစင်စွန့်ဖို့ မထိန်းနိုင်တော့တာတွေ၊ ထွက်ကျတာတွေ ရှိလာနိုင်ပါတယ်။Kegel exerciseလို့ခေါ်တဲ့ လေ့ကျင့်ခန်းမျိုးတွေ လုပ်ပြီး ကြွက်သားတွေ ပြန်သန်စွမ်းလာအောင်တော့ လေ့ကျင့်လို့ ရပါတယ်။၄။ စအိုဟာဘက်တီးရီးယားပိုးတွေနဲ့ ပြည့်နေပါတယ်။ ဒါကြောင့် လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ မကူးပါဘူးဆိုရင်တောင် စအိုထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားပိုးတွေတော့ ကူးစက်ခံရနိုင်ပါတယ်။ စအိုနဲ့ ဆက်ဆံပြီးမှ မိန်းမကိုယ်ကတစ်ဆင့် ဆက်ဆံမယ်ဆိုရင်တော့ အဲဒီရောဂါပိုးတွေဟာ မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်းကိုပါ ကူးစက်သွားနိုင်ပါတယ်။စအိုကတစ်ဆင့် လိင်ဆက်ဆံခြင်းကြောင့် တခြားပြဿနာတွေလည်း ရှိနိုင်ပါတယ်။ စအိုနဲ့ဆက်ဆံပြီး ပါးစပ်နဲ့ ထပ်ဆက်ဆံမယ်ဆိုရင် အသားရောင်အသားဝါပိုးတွေ၊ ရေယုန်တွေ၊HPVပိုးတွေနဲ့ တခြားသောပိုးတွေ ကူးစက်ခံရနိုင်ပါတယ်။သိပ်အဖြစ်များပေမယ့်လည်း စအိုကတစ်ဆင့် ဆက်ဆံခြင်းကြောင့် ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေလည်း ရနိုင်ပါတယ်။ စအိုကွဲသွားတာ၊ လိပ်ခေါင်းကို ထိမိတာတွေကြောင့် သွေးတွေအလွန်အကျွံ ထွက်လာရင်တော့ အရေးပေါ်အခြေအနေအဖြစ် ဆေးရုံဆေးခန်း သွားသင့်ပါတယ်။ ခွဲစိတ်တာ၊ ပိုးသတ်ဆေးသောက်တာ၊ စတဲ့ ကုသမှုများနဲ့ ဆေးရုံတက်ဖို့ လိုကောင်းလိုနိုင်ပါတယ်။အကောင်းဆုံးနည်းလမ်းကတော့ စအိုကတစ်ဆင့် လိင်ဆက်ဆံခြင်း မပြုကြဖို့ပါပဲ။ ဘယ်လိုမှ ရှောင်လို့မဖြစ်ပါဘူးဆိုတောင် ကွန်ဒုံးသုံးပြီး ဆက်ဆံခြင်းက ရောဂါကူးစက်မှုတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။လုပ်ဆောင်သင့်တဲ့ အချက်အချို့ကတော့။၁။ စအိုထဲ ထိုးသွင်းပြီးပြီဆိုရင် နောက်ကွန်ဒုံးအသစ် မလဲဘဲ ပါးစပ် ဒါမှမဟုတ် မိန်းမကိုယ်ထဲ ထိုးသွင်းဆက်ဆံခြင်း မပြုပါနဲ့။၂။ ချောဆီအသုံးပြုခြင်းက စုတ်ပြဲမှုများကို လျော့နည်းစေပါတယ်။Latexနဲ့ ပြုလုပ်ထားတဲ့ ကွန်ဒုံးတွေမှာတော့ ရေပါဝင်တဲ့ ချောဆီအမျိုးအစားများကို အသုံးပြုဖို့ လိုပါတယ်။၃။ စအိုကတစ်ဆင့် ဆက်ဆံခြင်းမပြုမီ အနားယူခြင်းက စုတ်ပြဲမှုများကို သက်သာစေပါတယ်။ မဆက်ဆံခင် ရေနွေးနဲ့ ရေချိုးတာ၊ မှောက်လျက်အနေအထားနဲ့ ဆက်ဆံတာက ထိုးသွင်းမှုကို ပိုပြီး လွယ်ကူစေပါတယ်။၄။ ဘယ်လိုမှ သက်သောင့်သက်သာ မရှိဘူးဆိုရင် စအိုနဲ့ဆက်ဆံမှုကို ရပ်လိုက်ပါ။၅။ စအိုကတစ်ဆင့် ဆက်ဆံပြီးလို့ သွေးထွက်လာတယ်၊ စအိုနားတစ်ဝိုက်မှာ အသားလုံးလို ခံစားမိတယ်၊ တခုခု မူမမှန်တာ ထွက်လာတယ်လို့ စိတ်ထဲသံသယရှိတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/anal-sex-%e1%80%85%e1%80%a1%e1%80%ad%e1%80%af%e1%80%99%e1%80%be-%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%86%e1%80%80%e1%80%ba%e1%80%86%e1%80%b6/
အမျိုးသမီးများတွင် ဖြစ်သော ရုတ်တရက် နှလုံးရပ်ခြင်း လက္ခဏာများ
အမျိုးသမီးများတွင် ဖြစ်တတ်သော ရုတ်တရက် နှလုံးရပ်ခြင်း လက္ခဏာများမှာ အမျိုးသားများနှင့် အမြဲတစေ မတူတတ်ပါ။ ဥပမာ-အမျိုးသားများတွင် ရင်ဘတ်အောင့်ခြင်းဟာ လက်မောင်းတစ်ဖက်ဆီသို့ ကူးပြောင်းသွား တတ်ခြင်းသည် ရုတ်တရက် နှလုံးရပ်ခြင်း လက္ခဏာတစ်ခု ဖြစ်ပါတယ်။ သို့သော် အမျိုးသမီးများတွင် ထိုလက္ခဏာများဟာ ဖြစ်နိုင်သော်လည်း တစ်ခါတစ်ရံ အသေးစားမျှသာ ဖြစ်တတ်ပြီး သတိမထားမိပဲ ဖြစ်တတ်ပါတယ်။နှလုံးကို ထောက်ပံ့ပေးသော သွေးကြောများတွင် ပိတ်ဆို့မှုဖြစ်သောကြောင့် နှလုံးသို့ သွေးမရောက်သည့်အခါ ရုတ်တရက် နှလုံးရပ်ခြင်းဖြစ်ရပါတယ်။ ဆေးလိပ်အလွန်အကျွံသောက်သုံးသူများ၊ စိတ်ဖိစီးမှု အရမ်းများသူများ နဲ့ အဝလွန်သူများဟာ ရုတ်တရက် နှလုံးရပ်ခြင်း အန ္တရာယ်ရှိသူများဖြစ်ပါတယ်။ နှလုံးရောဂါဟာ အမျိုးသမီးများ အသက်ဆုံးရှုံးရသော အချက်ထဲတွင် ထိပ်ဆုံးက ပါဝင်နေပါတယ်။ ထို့ကြောင့် အမျိုးသမီးများရော အမျိုးသားများပါ နှလုံးရောဂါ၏ လက္ခဏာများကို သေချာသတိထားမိဖို့၊ ထိုလက္ခဏာများ ခံစားရပါက ဆရာဝန်ထံ မနှောင့်နှေးဘဲ သွားပြသဖို့၊ ပုံမှန်ဆေးကုသမှု ခံယူဖို့ နှင့် မိသားစုထဲတွင် နှလုံးရောဂါ ရာဇဝင်ကိုလည်း သတိထားဖို့ အရေးကြီးပါတယ်။-ရင်ဘတ်အောင့်ခြင်း။ရင်ဘတ်အောင့်ခြင်းဟာ အဖြစ်အများဆုံးသော နှလုံးရောဂါ လက္ခဏာတစ်ခုဖြစ်ပါတယ်။ သို့သော် အမျိုးသမီးများ ကြုံတွေ့ရသော ရင်ဘတ်အောင့်ခြင်း ဟာ အမျိုးသားများနှင့် ကွဲလွဲနိုင်ပါတယ်။ အမျိုးသမီးများတွင် ရင်ဘတ်အောင့်ခြင်းဟာ ရင်ထဲတစ်ခုခု ပြည့်ကြပ်နေသလို၊ ဆွဲညှစ်ထားသလို ဖြစ်ပြီး ရင်ဘတ်၏ ဘယ်ဖက်အခြမ်းတွင် သာမဟုတ်ပဲ နေရာအနှံ့ ဖြစ်နိုင်ပါတယ်။ ထိုလက္ခဏာဟာ အတော်ခံရခက်ပါတယ်။ အချို့ နှလုံးအထူးကုများက အမျိုးသမီးများတွင် ရင်ဘတ်အောင့်ခြင်းသာမက ပျို့ခြင်း၊ အသက်ရှူကြပ်ခြင်း၊ စသော လက္ခဏာများလည်းဖြစ်တတ်သည်ဟု ဆိုပါတယ်။– ပျို့ခြင်း၊ အသက်ရှူကြပ်ခြင်း၊ခေါင်းမူးခြင်း။အကယ်၍ မည်သည့်အကြောင်းမှ မရှိဘဲ အသက်ရှူကြပ်လာပါက၊ ု ထို့ပြင် အခြားသော လက္ခဏာများပါ ခံစားရပါက ရုတ်တရက်နှလုံးရပ်ခြင်းဖြစ်နိုင်ပါတယ်။ အမှန်တကယ် သင်ဟာ ဘာလှုပ်ရှားမှုမှ မလုပ်ထားသော်လည်း မာရသွန်အပြေးပြိုင်ထားသကဲ့သို့ ခံစားရပါလိမ့်မယ်။ထိုလက္ခဏာများဟာ အမျိုးသမီးများတွင် ပိုဖြစ်လေ့ရှိပါတယ်။ နာကျင်ကိုက်ခဲမှုဟာ ရင်ဘတ်နှင့် ဘယ်ဖက်လက်မောင်းတွင် သာမက မေးရိုး သို့မဟုတ် လည်ပင်း၊ နောက်ကျောတို့တွင်ပါ ခံစားရနိုင်ပါတယ်။ နာကျင်မှုဟာ အနည်းငယ်မှ ပိုနာကျင်လာနိုင်ပါတယ်။ ထို့ပြင် ရုတ်တရက် လည်းနာကျင်နိုင်ပါတယ်။ နာကျင်မှုကြောင့် အိပ်နေရာမှ နိုးလာနိုင်ပါတယ်။ ထို့ကြောင့် နှလုံး အထူးကုဆရာဝန်များက သင့်တွင် နာကျင်ကိုက်ခဲမှုများဟာ ခန္ဓါကိုယ်ခါးအပေါ်ဘက်ပိုင်းတွင် ဖြစ်ခဲ့ပါက ဆရာဝန်များနှင့် ချက်ချင်းသွားပြသရန် ထောက်ခံထားပါတယ်။ ဗိုက်အောင့်ပါက အစာအိမ်ရောင်ခြင်း၊ အနာဖြစ်ခြင်း၊ ရင်ပူခြင်း၊ တုပ်ကွေးကြောင့် ဖြစ်ခြင်းများ ကြောင့်ဖြစ်သည်ဟုသာ မတွေးပဲ နှလုံးကြောင့်လည်းဖြစ်နိုင်ကြောင်း သတိထားရပါမယ်။ အမျိုးသမီးများတွင် နှလုံးရုတ်တရက် ရပ်ပါက ရင်ဘတ်နှင့် ဗိုက်ပေါ် သတ္တဝါအကြီးကြီးတစ်ကောင် တက်ဖိထားသလို ခံစားရနိုင်ကြောင်း နှလုံး အထူးကုများက ဆိုကြပါတယ်။အမျိုးသမီးများတွင် နှလုံးရုတ်တရက် ရပ်ပါက မည်သည်လှုပ်ရှားမှုမှ မလုပ်ထားသော်လည်း ပြင်းထန်သော မောပန်းနွမ်းနယ်မှုကို ခံစားရနိုင်ပါတယ်။ ရင်ဘတ်ထဲတွင် မောပန်းနွမ်းနယ်နေတတ်ပြီး မည်သည့်လှုပ်ရှားမှုမျိုးကိုမှ မလုပ်နိုင်ဘဲ ဖြစ်တတ်ပါတယ်။-ချွေးစေးများထွက်ခြင်း။ရုတ်တရက် နှလုံးရပ်ခြင်းကြောင့် ဖြစ်တတ်သော ချွေးစေးထွက်ခြင်းသည် သာမန် လေ့ကျင့်ခန်းလုပ်ခြင်း နှင့် ရာသီဥတု ပူခြင်းတို့ကြောင့် ချွေးထွက်ခြင်းတို့နှင့် ကွာခြားပါတယ်။ ယခု ချွေးစေးထွက်ခြင်းသည် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုနှင့် ဆက်နွယ်ပါတယ်။နှလုံးရောဂါ ကို အောက်ပါနည်းလမ်းများနှင့် ကာကွယ်နိုင်ပါတယ်။-ဆေးလိပ် ဖြတ်ခြင်း- တစ်နှစ်ခန့် ဆေးလိပ်မသောက်ဘဲ ဖြတ်ထားကြည့်ပါက နှလုံးသွေးကြောကျဉ်း/ပိတ်ဆို့ခြင်း အန္တရာယ်ကို သိသာစွာ လျော့နည်းစေပါတယ်။ထို့ပြင် နေ့စဉ် နာရီဝက်ခန့် လမ်းလျှောက်ခြင်းဖြင့် နှလုံးရောဂါ နှင့် လေဖြတ်ခြင်း အန္တရာယ်ကို လည်းလျှော့ချနိုင်ပါတယ်။အသားများ ကိုလျော့စားခြင်း၊ အသီးအရွက်များကို တိုးစားခြင်း တို့ဖြင့်လည်း ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မှုပုံစံကို ထားရှိသင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%bb%e1%80%96%e1%80%85%e1%80%b9/
သွေးတိုးရောဂါအကြောင်း သိကောင်းစရာ
သွေးတိုးရောဂါအကြောင်း သိထားတာတွေ မှန်ရဲ့လား!။Hypertension ဆိုတာကို သွေးတိုးတယ်လို့ လူသိများပါတယ်။ သွေးပမာဏမြင့်မားပြီး သွေးလွှတ်ကြောနံရံတွေကို ဆန့်ကျင်တွန်းကန်လာတဲ့အခါဖြစ်ပေါ်တဲ့ အခြေအေနေဖြစ်ပါတယ်။ နှလုံးကနေ သွေးလွှတ်ကြောသို့ သွေး ညှစ်ထုတ်လိုက်တာနဲ့ သွေးစီးဆင်းမှုက သင့်ရဲ့သွေးကြောနံရံတွေကို တွန်းတဲ့အခါ သွေးဖိအားအဆက်မပြတ်ပြောင်းလဲစေပါတယ်။ ဒီလို သွေးဖိအားမြင့်တက်ခြင်းက အချိန်ကြာမြင့်စွာဖြစ်နေမယ်ဆိုရင်တော့ သင့်ခန္ဓါကိုယ်မှာ အန္တရာယ်ဖြစ်နိုင်ပါတယ်။သွေးတိုးရောဂါ အမျိုးအစားများစွာရှိပါတယ်။ ဒါပေမယ့်, အဓိကအမျိုးအစားများကတော့ :။Primary hypertension,(essential hypertension , idiopathic hypertension လို့လည်းသိထားကြပါတယ်)။Secondary hypertension (အောက်ခံအကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်တာဖြစ်ပါတယ်။)။Isolated systolic hypertension;။Preeclampsia, (ကိုယ်ဝန်ဆောင်ကာလ သွေးတိုးခြင်း) စတာတွေဖြစ်ပါတယ်။သင် သို့မဟုတ်သင် အလေးထားတဲ့သူမှာ သွေးတိုးရောဂါရှိလျှင် ဆေးဘက်ဆိုင်ရာ ကုသမှုခံယူခြင်းက အရေးကြီးပါတယ်။သင့်ရဲ့သွေးပေါင်ချိန်မှာ ဂဏန်း၂မျိုး ပါဝင်ပါတယ်။ သင့်ခန္ဓါကိုယ်မှာ လည့်ပတ်နေတဲ့ သွေးကြိမ်နုန်းကို တိုင်းတာတာဖြစ်တယ်။– Systolic (အပေါ်ကိန်း) ကတော့ပိုများတဲ့ပမာဏတစ်ခုပါ။ နှလုံးခုန်တဲ့အခါ သွေးကြောထဲမှာဖြစ်သွားတဲ့ ဖိအားကို တန်ဖိုးကိုတိုင်းတာတာပါ။ ဒါဟာ နှလုံးကြွက်သားကျုံ့ညှစ်တဲ့အချိန်မှာ ဖြစ်လာပါတယ်။– Diastolic (အောက်သွေး) ကတော့ ပိုနည်းတဲ့ပမဏဖြစ်ပြီး နှလုံးခုန်သံ တစ်ချက်နဲ့တစ်ချက်ကြားထဲက သွေးကြောထဲမှာဖြစ်သွားတဲ့ ဖိအားကို တိုင်းတာခြင်း ဖြစ်ပါတယ်။ ဒီအချိန်ဟာ နှလုံးက ခဏနားနေပြီး သွေးပြန်ဖြည့်နေတဲ့အချိန်ဖြစ်ပါတယ်။ပြင်းထန်မှုပေါ်မူတည်ပြီး သွေးတိုးခြင်းကို အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်:။Prehypertension: 120/80 mmHg or higher။Stage 1 high blood pressure: 140/90 mmHg or higher။Stage 2 high blood pressure: 160/100 mmHg or higher။Hypertensive crisis (a life-threatening condition): 180/110 mmHg or higher။American Heart Association ၏အဆိုအရ 120/80 mmHg နဲ့ 90/60 mmHg ကြား ပမာဏကို သွေးပေါင်ချိန်ပုံမှန် ဖြစ်တယ်လို့ မှတ်ယူပါတယ်။ တစ်ခါလေးတိုင်းရုံနဲ့ သွေးတိုးရျိတယ်လို့ မှတ်လို့မရပါ။15 မိနစ်အကြာမှာတစ်ခါထပ်တိုင်းပြီးမှ သွေးတိုးနေပြီလို့ သတ်မှတ်ရမှာပါ။သင့်ရဲ့သွေးပေါင်ချိန်ဖတ်တာဟာ တသမတ်တည်း 140/90 mmHg အထက်ရောက်နေရင် သွေးတိုးရောဂါဖြစ်နေပြီလို့ ဆိုနိုင်ပါသည်။ ဒါဟာသင့် သွေးတွေက ဖိအားပိုမြင့်နေပြီး သွေးကြောတွေရော ကိုယ်တွင်းအင်္ဂါအပေါ်ပိုပြီးဖိအားပေး ထိခိုက်နေပြီလို့ဆိုလိုပါတယ်။သွေးတိုးရောဂါဟာ အန္တရာယ်ရှိတယ်လို့ မခံစားရပေမဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါ, နှလုံးရပ်ခြင်း လေဖြတ်ခြင်းနှင့်ကျောက်ကပ်ပျက်ခြင်း စတဲ့အခြေအနေများဖြစ်ပေါ်စေနိုင်ပါတယ်။ သွေးတိုးဝေဒနာရှင်လူအများစုဟာ ရောဂါလက္ခဏာမပြပဲရှိတတ်ပြီး ဒါကြောင့် “အသံတိတ်လူသတ်သမား လို့ခေါ်ဆိုတာ ဖြစ်ပါတယ်။သွေးတိုးဖြစ်စေတဲ့ အတိအကျအကြောင်းရင်း မရှိပေမယ့်ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေက သွေးတိုးစေနိုင်သောအချက်များကို ဖော်ထုတ်ထားပါတယ်။ primary hypertension နဲ့ secondary hypertension ဆိုပြီး ၂မျိုးရှိပါတယ်။Essential hypertension လို့လည်း လူသိကြပါတယ်။ အဖြစ်အများဆုံးအမျိုးအစားဖြစ်ပါတယ်။ နောက်ခံအကြောင်းရင်းလည်းမရှိတဲ့ရောဂါ ဖြစ်ပါတယ်။ လေ့လာချက်များအရ မျိုးရိုးဗီဇ, အသက်နှင့်မျိုးနွယ် စတာတွေနဲ့ ပတ်သက်လိမ့်မယ်လို့ တွေးထားကြပါတယ်။ သည်အခြားအချက်တွေဖြစ်တဲ့ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း, အဝလွန်ခြင်း, ဆေးလိပ်သောက်ခြင်း, အစားအသောက်ထဲတွင်အတွက် အရက်နှင့် ဆားများများ စားသုံးမှုတို့လည်း ပါဝင်ပါတယ်။secondary hypertension ကိုဖြစ်စေတဲ့ အချက်တွေမှာ အိပ်ပျော်စဉ်အသက်ရှူကျပ်ခြင်း, ကျောက်ကပ်ရောဂါ, နှလုံးရောဂါအခြေအနေများနှင့် ထိခိုက်ဒဏ်ရာများ သို့မဟုတ် adrenal ဂလင်းမူမမှန်ဖြစ်ခြင်း စတာတွေပါဝင်ပါတယ်။ဤအခြေအနေများက သွေးပေါင်ချိန်တက်စေနိုင်ပြီး သွေးတိုးရောဂါဖြစ်စေနိုင်ပါတယ်။တချို့သော ဆေးတွေ ဥပမာ အီစရိုဂျင်ပါဝင်တဲ့ ကိုယ်ဝန်တားဆေးများ, steroids နှင့် သွေးကြောကျဉ်းစေတဲ့ ဆေးတွေက သွေးပေါင်တက်စေပါတယ်။ တချို့အမျိုးသမီးတွေမှာတော့ကိုယ်ဝန်ရှိတာ သို့မဟုတ်ဟော်မုန်းကုထုံးတွေက သွေးဖိအားတိုးစေပါတယ်။ ပုံမှန်အားဖြင့် ဆေးကုသမှုခံယူပြီးရင် ပုံမှန်ပြန်ဖြစ်လာပါလိမ့်မယ်။ ဒီကုသမှုက ရက်သတ္တပတ်အတော်ကြာမှာဖြစ်ပြီး သင့်ရဲ့သွေးပေါင်ချိန် ဆက်ပြီး မြင့်မားနေတယ်ဆိုရင် သင့်ဆရာဝန်နဲ့စကားပြောသင့်ပါတယ်။အချက်များစွာ ရှိပါတယ်။ သင့်မှာ အောက်တွင်ဖော်ပြထားသော အချက်များ တစ်ခုထက်ပို ရှိပါက ဖြစ်နိုင်ချေများပါတယ်။– အသက်အရွယ်:အမျိုးသမီးများက အသက် ၆၅ နှစ်နောက်ပိုင်းမှာဖြစ်နိုင်ချေ များပြီး အမျိုးသားတွေကတော့ အသက် ၄၅ နောက်ပိုင်းမှာ ဖြစ်တာပိုများပါတယ်။– လူမျိုး :လေ့လာချက်တွေအရ African-Americans တွေက သွေးတိုးဖြစ်တာ ပိုများပါတယ်။လိင်: အသက် ၅၅ မတိုင်ခင် ယောက်ျားလေးတွေက သွေးတိုးဖြစ်ဖို့ ပိုများပြီး ၅၅ နောက်ပိုင်းမှာတော့ မိန်းကလေးတွေက ပိုဖြစ်ပါတယ်။မိသားစုရာဇဝင် :သင့်ရဲ့ မိသားစုဝင်များ (မိဘသို့မဟုတ်မောင်နှမ) တွေမှာ သွေးတိုးရှိနေပြီဆိုရင် သင့်မှာ ဖြစ်နိုငိချေ များနေပါပြီ။ကိုယ်အလေးချိန်များနေခြင်း သို့မဟုတ်အဝလွန်ခြင်း:သင့်အလေးချိန်နဲ့ သင့်ရဲ့အရပ် အမြင့်က မကိုက်ပဲ ကျန်းမာရေးနဲ့မညီညွတ်တဲ့အခါ သွေးတိုးရောဂါဖွံ့ဖြိုးဖို့ ဖြစ်နိုင်ခြေရှိပါတယ်။ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း :ကိုယ်အလေးချိန်များနေခြင်း သို့မဟုတ်အဝလွန်ခြင်း တို့ဖြစ်နိုင်ပါတယ်။အစားအသောက် မညီမျှခြင်း :ဆားများခြင်း သို့မဟုတ် ပိုတက်စီယမ်ဓါတ် နည်းခြင်းတွေက ခန္ဓါကိုယ်မှ အရည်များဆွဲယူထားမှုကြောင့် သွေးတိုး စေနိုင်ပါတယိ။အရက်နှင့်ဆေးလိပ်:အရက်သို့မဟုတ်ဆေးလိပ်အလွန်အကျွံ သုံးစွဲတာက သွေးပေါင်ချိန်မြင့်တက်စေနိုင်ပါတယ်။ကိစ္စ အများစုမှာ သွေးတိုးရောဂါဆိုတာ သိသာတဲ့ လက္ခဏာတွေမပြဘဲဖြစ်ပွားနိုင်ပါတယ်။ ရောဂါလက္ခဏာတွေဖြစ်ပြီဆိုရင် ခေါင်းကိုက်ခြင်း, ရင်တုန်ခြင်း သို့မဟုတ် နှာခေါင်းသွေးလျှံခြင်း စတာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့်တခါတရံ “အသံတိတ်လူသတ်သမား လို့ခေါ်ဆိုတာ ဖြစ်ပါတယ်။သင့်မှာ ဖြစ်နိုင်ခြေ မြင့်စေတဲ့ အချက်များရှိပါက သွေးတိုးရောဂါကို စောစောသိနိုင်ဖို့ မှန်မှန် သွေးပေါင်ချိန်သင့်ပါတယ်။သင့်မှာ သွေးတိုးရှိတယ်လို့ သံသယရှိလျှင် ဆရာဝန်ကိုဆက်သွယ်သင့်ပါတယ်။ သွေးတိုးရောဂါကို စောစောသိနိုင်ဖို့ သွေးပေါင်ချိန် သေချာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ခေါင်းကိုက်ခြင်း, မူးဝေခြင်း, နဲ့ နှာခေါင်းသွေးလျှံခြင်းစတဲ့ လက္ခဏာတွေဖြစ်နေပြီဆိုရင် သင့်ခန္ဓါကိုယ်က စတင် ပျက်စီးနေပြီဖြစ်ပါတယ်။သင့်ဆရာဝန်က သွေးတိုးရောဂါ ရှာဖွေရန် ဖြစ်နိုင်ခြေများစေသော အချက်များ, မိသားစုရာဇဝင် , ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေ နှင့်သင့်သွေးပေါင်ချိန်ပမာဏ ကိုကြည့်ပြီး အကဲဖြတ်ပါလိမ့်မယ်။ဆရာဝန်သို့မဟုတ်သူနာပြုက gauge , stethoscope (သို့မဟုတ်အီလက်ထရောနစ်အာရုံခံကိရိယာ) နှင့် pressure cuff တွေသုံးပြီးတိုင်းတာပါလိမ့်မယ်။စမ်းသပ်မှုများအတွက်ပြင်ဆင်ထားရန်:။စမ်းသပ်မှုမစခင် မိနစ် ၃၀ အလိုမှာ ကော်ဖီ သို့မဟုတ် စီးကရက်မသောက်ပါနဲ့။ ဤလုပ်ရပ်များက သင့် သွေးဖိအားကို ခဏမြင့်တက်စေနိုင်ပါတယ်။စမ်းသပ်မှုမစခင် သန့်စင်ခန်းကိုသွားပါ။ ဆီးအိမ်တင်းနေရင် သင့် သွေးဖိအား ပြောင်းလဲနိုင်ပါတယ်။စမ်းသပ်မှုမပြုလုပ်မီ 5 မိနစ်အလိုမှာ ငြိမ်ငြိမ် ထိုင်နေပါ။ လှုပ်ရှားနေခြင်းက သွေးဖိအားအတွက် ခဏတာ မြင့်တက်စေနိုင်ပါတယ်။သင့်ရဲ့သွေးပေါင်ချိန်က 140/90mmHg ကျော်နေလျှင်, သင့်ဆရာဝန်က သွေးတိုးရောဂါရှိတယ်လို့ သတ်မှတ်ပါလိမ့်မယ်။ သင့်မှာ ဆီးချိုရောဂါ ဒါမှမဟုတ် နာတာရှည်ကျောက်ကပ်ရောဂါရှိပါက 130/80 mmHg ထက် ပိုမိုမြင့်မားတဲ့သွေးဖိအားကို သွေးတိုးရောဂါလို့ သတ်မှတ်ပါတယ်။အခြားစမ်းသပ်မှုများကတော့။– ဆီးစစ်ခြင်း။– electrocardiogram (ECG)။– ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း။– computed tomography (CT) scan က။ဒီစမ်းသပ်မှုတွေက သင့်သွေးဖိအား တက်စေနိုင်သော ဘယ်အကြောင်းရင်းကို မဆို ဖော်ထုတ်ပေးနိုင်ပါတယ်။ အကြောင်းရင်းလည်းမရှိဘူးဆိုရင် သင့်ရောဂါကို primary hypertension လို့သတ်မှတ်ပါလိမ့်မယ်။ကုသမှုရဲ့ အဓိက ရည်မှန်းချက်တွေကတော့သင့်သွေးဖိအားကို 140/90 mmHg အောက်မှာ ထားဖို့ ဖြစ်ပါတယ်။ သင့်မှာ ဆီးချိုရောဂါဒါမှမဟုတ်နာတာရှည်ကျောက်ကပ်ရောဂါရှိပါက သင့်သွေးဖိအားကို 130/80 mmHg အောက်မှာ ထားဖို့ ပိုလိုပါတယ်။သွေးတိုးရောဂါအတွက်ကုသမှုတွေက လူနေမှုပုံစံ ပြောင်းလဲနေတာကနေ ဆေးဝါးများ အသုံးပြုတဲ့အထိ ကွဲပြားခြားနားပါတယ်။ သင့်ရဲ့ သွေးဖိအားတိုးတာက အရမ်းမပြင်းထန်လျှင် သင့်ဆရာဝန်က ပထမဆုံး လူနေမှုပုံစံပြောင်းလဲဖို့ ညွှန်ကြားပါလိမ့်မယ်။သင့်ရဲ့သွေးပေါင်ချိန်က ထိန်းချုပ်မှုအောက်မှာ ရှိနေပြီဆိုတာနဲ့  ဆေးသောက်ဖို့လိုအပ်ပါလိမ့်မယ်။ “ထိန်းချုပ်မှုအောက်မှာရှိနေတယ်” ဆိုတာက သင့်သွေးဖိအားနံပါတ်များက ပုံမှန် ပမာဏအတွင်းမှာရှိနေတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ သင့်ဆရာဝန်က အချိန်မှန် သွေးဖိအားစမ်းသပ်မှုလုပ်ဖို့ အကြံပြုမှာဖြစ်ပြီး ဘယ်နှစ်ခါတိုင်းရမယ်ဆိုတာ ပြောပြမှာဖြစ်ပါတယ်။အပေါ်ကနည်းနဲ့အလုပ်မဖြစ်တာ သို့မဟုတ်သင့်မှာ ပိုဆိုးတဲ့ သွေးဖိအားရောဂါဖြစ်နေတယ်ဆိုရင် သင့်ဆရာဝန်က ဆေးဝါးနဲ့ကုသဖို့ ညွှန်ကြားပါလိမ့်မယ်။ သွေးတိုးရောဂါကို ကူညီပေးနိုင်တဲ့ဆေးတွေကတော့ –။Water pill အဖြစ်လူသိများတဲ့ ဆီးဆေးတွေကတော့ , ရေနဲ့ ဆားကို စွန့်ထုတ်စေခြင်းဖြင့် ဖိအားကျစေကာ သွေးပေါင်ချိန်ကိုလျော့နည်းစေပါတယ်။Beta blockersတွေက နှလုံးပေါ်သက်ရောက်တဲ့ အားပမာဏလျှော့ချပေးတာတွေ သွေးကြောကျယ်ပေးတာတွေ နဲ့ အလုပ်လုပ်ပါတယ်။Calcium channel blockersတွေက သွေးကြောတွေ ဖြေလျော့စေပြီး နှလုံးခုန်နှုန်းနှေးစေနိုင်ပါတယ်။Angiotensin-converting inbibitor (AOE )သွေးကြောကျဉ်းအောင်လုပ်ပေးတဲ့ အင်ဇိုင်းတွေ ဖွဲ့စည်းခြင်းကို ပိတ်ဆို့ထားပြီး သွေးကြောတွေ ကျယ်စေပါတယ်။Angiotensin II receptor blockers (ARBs) သည်လည်း သွေးကြောကျဉ်းအောင်လုပ်ပေးတဲ့ အင်ဇိုင်းတွေ ဖွဲ့စည်းခြင်းကို ပိတ်ဆို့ထားပြီး သွေးကြောတွေ ကျယ်စေပါတယ်။Renin inhibitor တွေက ကျောက်ကပ်ကနေထုတ်လုပ်တဲ့ သွေးဖိအားမြင့်ပေးတဲ့ renin ဆိုတဲ့ enzyme ထုတ်လုပ်မှုကို နှေးကွေးစေပါတယ်။Vasodilators တွေက သွေးကြောတွေအပေါ်တိုက်ရိုက်သက်ရောက်ပြီး ကျယ်စေကာ သွေးကြောနံရံကို တွန်းစေတဲ့ ပမာဏကို လျှော့ချခြင်းဖြင့် အလုပ်လုပ်ပါတယ်။သင့်ဆရာဝန်က သင့်တိုးတက်မှုကို စောင့်ကြည့်ပြီး ဆေးပမာဏပြောင်းခြင်း သို့မဟုတ် ဆေးထပ်တိုးခြင်း စတာတွေလုပ်ဆောင်ပြီး သင်နဲ့ သင့်တော်မှုရှိတဲ့ ဆေးကို သိအောင်လုပ်ပါလိမ့်မယ်။ ဘယ်ကုသမှုက သင်နဲ့ အသင့်တော်ဆုံးဆိုတာသိရဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။သင် သွေးတိုးရောဂါဖောက်လာပြီဆိုရင် အရေးပေါ်ခန်းသို့မဟုတ်အထူးကြပ်မတ်ဆောင်မှာ ကုသခံရဖို့လိုအပ်ပါလိမ့်မယ်။ သင့် နှလုံးနှင့်သွေးကြောတွေကို စောင့်ကြည့်သွားမှာ ဖြစ်ပြီး အောက်စီဂျင်ပေးတာ ဆေးပေးတာတွေနဲ့ သင့်သွေးပေါင်ချိန်ကို လုံခြုံတဲ့ ပမာဏရောက်အောင် ချထားပါလိမ့်မယ်။သွေးတိုးတာ အချိန်ကြာလာတာနဲ့အမျှ ခန္ဓါကိုယ်ပျက်စီးစေနိုင်ပါတယ်။ သွေးတိုးရောဂါရဲ့ ဆိုးကျိုးများကို အောက်တွင်ဖော်ပြထားပါတယ်။နှလုံးပျက်တယ်ဆိုတာ ခန္ဓါကိုယ်ရဲ့လိုအပ်ချက်များကို ဖြည့်ဆည်းရန်လုံလောက်သောသွေးပမာဏကို ညှစ်ထုတ်ပေးနိုင်စွမ်းမရှိတော့တာ ဖြစ်ပါတယ်။ ဒီအခြေအနေက နှလုံးကို ကျယ်စေပြီး အားပျော့လာစေပါတယ်။Aneurysms ဆိုတာ သွေးကြောထဲမှာဖြစ်တာပါ။Aneurysm ဆိုတာကတော့ သွေးလွှတ်ကြောနံရံရှိ ပုံမှန်မဟုတ်သောဖောင်းကြွနေမှုကို ခေါ်တာဖြစ်ပါတယ်။ Aneurysms အဖြစ်များတဲ့နေရာတွေကတော့ နှလုံးထဲက သွေးကို ခန္ဓါကိုယ်ထိ သယ်ဆောင်သောအဓိကသွေးလွှတ်ကြောများ၊ ဦးနှောက်ထဲမှသွေးလွှတ်ကြောများ , ခြေထောက်နှင့်အူ ၊သရက်ရွက် ကိုသွားသော သွေးလွှတ်ကြောများ ဖြစ်ပါတယ်။ကျောက်ကပ်အတွင်းမှသွေးကြောများ ကျဉ်းပြီး ကျောက်ကပ်ပျက်စီးပါတယ်။နှလုံးရောဂါနှင့်လေဖြတ်ခြင်း: ခန္ဓါကိုယ်တစ်လျှောက်လုံးက သွေးလွှတ်ကြော (အထူးသဖြင့်နှလုံး, ဦးနှောက်, ကျောက်ကပ်, ခြေထောက်ကိုသွားတဲ့) တွေ ကျဉ်းပြီး သွေးမရောက်တော့လို့ဖြစ်ပါတယ်။ ဒါကheart attack , လေဖြတ်ခြင်း, ကျောက်ကပ်ပျက်ခြင်း ဒါမှမဟုတ်ခြေပြတ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။မျက်စိထဲက သွေးကြောတွေပေါက်ပြီး သွေးစိမ့်နိင်ပါတယ်။ ဒါဟာ အမြင်အာရုံ ပြောင်းလဲမှုများသို့မဟုတ် မျက်စိကွယ်တာအထိ ဖြစ်နိုင်ပါတယ်။သင့်ဆရာဝန်ရဲ့ကုသမှုအစီအစဉ်ကို လိုက်နာပါ။ ဒါဟာ နောက်ဆက်တွဲပြသနာတွေကို တားဆီးဖို့ နှောင့်နှေးစေဖို့လုပ်ပေးပြီး သင်အသက်ပိုရှည်အောင် ကူညီပေးနိုင်ပါတယ်။ သင့်မှာ သွေးတိုးရောဂါ မိသားစုရာဇဝင် ရှိပါက, သင့် အန္တရာယ်များကိုလျှော့ချဖို့ ဆရာဝန်နှင့်အတူ တိုင်ပသ်သင့်ပါတယ်။ယေဘုယျအားဖြင့် အောက်ပါနည်းတွေနဲ့ စီမံခန့်ခွဲနိုင်ပါတယ်။– ကျန်းမာပြီး ဆိုဒီယမ်ပမာဏနည်းတဲ့ အစားအစာ စားခြင်း။– ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း။– ကျန်းမာသော ကိုယ် အလေးချိန်ကိုဆက်လက်ထိန်းသိမ်းထားကခြင်း။– ဆေးလိပ်ဖြတ်ခြင်း။– ညွှန်ကြားတဲ့ဆေးတွေကိုdoseမလွတ်ဘဲ အချိန်မှန်သောက်ခြင်း။– အိမ်မှာသွေးပေါင်ချိန်ကိရိယာနဲ့ မှန်မှန် သွေးပေါင်ချိန်ခြင်း။– သင့် ကျန်းမာရေးနှင့်သွေးတိုးရောဂါနှင့် ဘယ်လိုနေထိုင်ရမလဲဆိုတာကို သိလိုတာတွေရှိပါကဆရာဝန်နှင့် တိုင်ပင်ခြင်း စတာတွေဖြစ်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/facts-to-know-about-hypertension/
ဆီးချိုရှိရင် ဆူရှီစားလို့ရလား
ဆူရှီ လူတော်တော်များများကြိုက်ကြတယ်နော်။ ဂျပန် အစားအစာတစ်မျိုးပေါ့။နောက်တစ်ခု လူတော်တော်များများလက်ခံထားတာက ဆူရှီစားရင်ကျန်းမာတယ်ဆိုတဲ့ အချက်ပါ။ ဒီအချက်က လူတိုင်းမှာအကျုံးဝင်ရဲ့လား။ ဆူရှီစား ကျန်းမာတယ်ဆိုတဲ့ အဆိုကဆီးချိုရောဂါရှိနေသူမှာတော့ အကျုံးမဝင်နိုင်ပါဘူး။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတာကို ဒီဆောင်းပါးလေးကနေပြည့်ပြည့်စုံစုံရှင်းပြပေးပါရစေနာ်။အများစုလက်ခံထားတာက ဆူရှီကရေညှိ၊ လတ်ဆတ်တဲ့ပင်လယ်ငါးတွေ၊ပင်လယ်စာတွေက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာပါ။ တကယ်လည်းကောင်းတာပါ။ ဂျပန်လူမျိုးတွေက ကမ္ဘာပေါ်ကလူတွေထဲမှာ အသက်ရှည်တဲ့ လူမျိုးစုတွေဖြစ်ကြပြီး သူတို့ရဲ့စားသောက်မှုပုံစံက ကျန်းမာရေးနဲ့ ညီညွတ်တာ အမှန်ပါ။ဆူရှီစားဖူးတယ်ဟုတ်။ ဆူရှီမှာ ဆန်စေးစေးလေးကို အရသာဝင်အောင်နယ်ထားပြီးရေညှိလေးနဲ့ပတ်ထားပါတယ်။ အပေါ်ကနေတော့ဆယ်လ်မွန်အသားလွှာ၊တူနာနဲ့မက်ကာရယ်ငါးတွေကိုတင်ထားပါတယ်။ ဆူရှီလှလှလေးတွေကို ဝါဆာဘီ အနှစ်ရယ်၊ ပဲငံပြာရည်ရယ်၊ အချဉ်စိမ်ထားတဲ့ချင်းအလွှာလေးတွေနဲ့စားရတာပါ။မရောနိစ်နဲ့ တွဲဖက်စားတာမျိုးလည်းရှိပါတယ်။ခြုံပြီးကြည့်လိုက်ရင် ဆူရှီမှာပါတဲ့ အမယ်တွေက ကျန်းမာရေးနဲ့တော်တော်လေးညီညွတ်တာပါ။ဆီးချိုရှိရင်ရော ဆူရှီစားလို့ရလား။ဆီးချိုရှိတယ်။ ဆူရှီလည်းစားချင်တယ်။ တည့်ပါ့မလားလို့တွေးနေသူတွေကို မစားဖို့ပြောပါရစေနော်။ ဆူရှီက ကျန်းမာရေးအတွက် ညီညွတ်တဲ့ အစားအစာဆိုတာ မှန်ပေမယ့် ဆူရှိလုပ်ရာမှာ သုံးတဲ့ ဆန်ကစေးကပ်မှုများတာကြောင့်သွေးတွင်းအချိုဓာတ်ကိုမြင့်တက်စေနိုင်ပါတယ်။ ဆူရှီမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုကလည်းတော်တော်လေးများပါတယ်။ ဆီးချိုရှိသူတွေအတွက် ကာဗိုဟိုက်ဒရိတ်အရမ်းများတဲ့ စားစရာတွေက ဆီးချိုသမားတွေအတွက်လုံးဝမသင့်တော်ဘူးဆိုတာကတော့ အထွေအထူးပြောနေဖို့ မလိုအောင် သိထားပြီးဖြစ်မှာပါ။ဆူရှီတစ်ပွဲစာမှာ ကယ်လ်လိုရီ ၂၀၀ ကနေ ၅၀၀ အထိပါဝင်နေပါတယ်။ တစ်ပွဲစာမှာပါတဲ့ ဆူရှီ အရေအတွက်နဲ့ အရွယ်အစားကိုလိုက်ပြီးတော့ ကယ်လ်လိုရီ ကွာခြားချက်တော့ရှိနိုင်ပါတယ်။ ပုံမှန်အတိုင်းလုပ်နေတဲ့ ဆူရှီတွေမှာကဆား၊ သကြား၊ဗီနီကာ၊ ပဲငံပြာရည်တွေအပြင် ဆန်စေးစေးတို့မျာပါတဲ့ ကာဗိုဟိုက်ဒရိတ်တွေကြောင့် ဆီးချိုရှိသူတွေစားသုံးဖို့က တကယ့်ကို မသင့်တော်ပါဘူးနော်။ ဒါတွေအပြင်ဆူရှီဆိုင်သွားထိုင်တဲ့အခါ ဆီးချိုသမားတွေအနေနဲ့ ကယ်လီဖိုးနီးယား နဲ့ တန်ပူရာတို့ကိုလည်း မစားသင့်ပါဘူး။ ကာဗိုဟိုက်ဒရိတ်ရော အဆီရောပါဝင်မှုများနေတာကြောင့်ပါနော်။ပဲငံပြာရည်ထဲကို အကြိုက်နှစ်ပြီးစားတာမျိုးလည်း မလုပ်သင့်ပါဘူးနော်။ဆီးချိုရှိပေမယ့် ဆူရှီလည်း ကြိုက်တယ်ဆိုရင်တော့ အခုလိုမျိုးလေး လုပ်စားကြည့်ဖို့ပြောပါရစေနော်။ဆန်-စေးကပ်တဲ့ ဆန် အစား ပုံမှန်စားနေကျ ဆန်ကိုပဲချက်ပေးပါ။ ဒါမှ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုနည်းမှာပါ။ ဆန်ချောမဖြစ်လေကောင်းလေပါနော်။ငါးနဲ့ ပင်လယ်စာတွေ– ဆူရှီရဲ့ အဓိက ပါဝင်ပစ္စည်းပါ။ လတ်ဆတ်တဲ့ရေဘဝဲ၊ ပုဇွန်၊ ငါး နဲ့ အခြားသောပင်လယ်စာတွေကို အသုံးပြုလို့ရပါတယ်။ အရမ်းငန်တာနဲ့ အဆီများတာမျိုးမဖြစ်စေဖို့တော့ ဂရုစိုက်ရပါမယ်။ ကျက်နေအောင်ပြုပြီးမှ စားပေးဖို့လည်းပြောပါရစေနော်။ မလိုလားအပ်တဲ့ကျန်းမာရေးပြဿနာတွေကို ကာကွယ်တဲ့သဘောပါ။သခွားသီး၊ဆလတ်ရွက်တို့လိုမျိုးအသီးအနှံတွေကိုလည်း ထည့်စားပေးပါ။ဆော့စ်-ဆော့စ်ကိုလည်း အချိုကဲ၊ အငန်ကဲတာမျိုးမဟုတ်ဘဲ စားလို့အဆင်ပြေမယ့် အနေအထားတစ်ရပ်လောက်ပဲပြင်ဆင်ပေးပါ။ အချိုကဲ၊ အငန်ကဲတဲ့ဆော့စ်တွေက ဆီးချိုသမားတွေအတွက် အန္တရာယ်ပါပဲ။ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ အများလက်ခံထားတဲ့ ဆူရှီကို ဆီးချိုရှိတယ်ဆိုရင်တော့ မစားပါနဲ့လို့ပြောပါရစေနော်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%9b%e1%80%bd%e1%80%ad%e1%80%9b%e1%80%84%e1%80%b9-%e1%80%86%e1%80%b0%e1%80%9b%e1%80%bd%e1%80%ae%e1%80%85%e1%80%ac%e1%80%b8%e1%80%9c/
Night Terrors (ညအိပ်ရာဝင်ချိန် ဘီလူးစီးခံရခြင်း )
ညအိပ်ရာဝင်ချိန် ဘီလူးစီးခံရခြင်း ဟာ အိပ်စက်စဉ် ကြုံတွေ့ရတဲ့ပြသနာဖြစ်ပြီး အိပ်နေရာကနေ လန့်နိုးလာတတ်ပါတယ်။ ဒီပြသနာခံစားနေရသူများဟာ ခုခံမလား ထွက်ပြေးမလား စတဲ့စနစ် ဖြစ်ပေါ်လာခြင်းကို ကြုံတွေ့ရပါတယ်။ ကလေးတွေဆိုရင် ငိုယိုအော်ဟစ်ပြီး နိုးလာတတ်ပါတယ်။ညအိပ်ရာဝင်ချိန် ဘီလူးစီးခံရခြင်းဟာ အိပ်မောအကျဆုံး အချိန်မှာဖြစ်ပြီး အိပ်စက်မှုစက်ဝန်းရဲ့ ပထမတပိုင်းမှာ ဖြစ်တတ်ပါတယ်။ သူဟာ အိပ်မက်ဆိုးများမက်ခြင်းနဲ့ မတူပါဘူး။ ဘီလူးစီးခံရချိန်မှာ လူဟာ အိပ်တဝက်နိုးတဝက်ဖြစ်နေပြီး ပတ်ဝန်းကျင်ကို မသိဘဲ ရှိတတ်ပါတယ်။ နိုးလာရင်လည်း ဘာဖြစ်ခဲ့တယ်ဆိုတာ မမှတ်မိပါဘူး။သိပ်တော့မတွေ့ရပါဘူး။ အသက် ၁၂နှစ်အောက် ကလေးတွေမှာတော့ အဓိကဖြစ်တတ်ပါတယ်။ ဖြစ်တတ်တဲ့ကလေးတွေမှာ အိပ်နေစဉ်ယောင်ပြီး လမ်းလျှောက်တတ်တာမျိုးလည်း တွေ့ရတတ်ပါတယ်။ ကလေးတွေမှာ ၆.၅%လောက် ဖြစ်တတ်ပြီး လူကြီးတွေမှာ ၂.၂%ခန့် တွေ့ရတတ်ပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။တွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။တခါတရံမှာ ဘီလူးစီးခြင်းဟာ အောက်ပါအကြောင်းအရာတွေနဲ့ ဆက်စပ်နေပါတယ်။မိသားစုရာဇဝင်ရှိခြင်း၊ စိတ်ကျ စိတ်ပူပန်ခြင်း ရာဇဝင်ရှိခြင်း စတာတွေက ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဒီရောဂါရှိတယ်လို့ သံသယရှိရင် ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေနဲ့ အခြားစစ်ဆေးမှုတွေ အသေးစိတ် ပြုလုပ်ပါလိမ့်မယ်။အိပ်စက်မုလေ့လာခြင်းဟာ အသုံးအဝင်ဆုံး စမ်းသပ်မှု ဖြစ်ပါတယ်။Polysomnography လို့ခေါ်ပြီး အိပ်စက်ချိန်ကြုံတွေ့ရတဲ့ ပြသနာများ၊ ဘီလူးစီးခြင်း ဖြစ်စေတဲ့ အကြောင်းအရာများကု ရောဂါရှာဖွေပေးပါတယ်။ စမ်းသပ်တဲ့ ဓါတ်ခွဲခန်းထဲမှာ အိပ်စက်ရပါတယ်။စမ်းသပ်စဉ်မှာ ခေါင်းနဲ့ တကိုယ်လုံးမှာ အာရုံခံကိရိယာတွေ တပ်ထားပြီး ဦးနှောက်လှိုင်းတွေ၊ အောက်ဆီဂျင်ရရှိနှုန်း၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း၊ မျက်လုံးနဲ့ ခြေထောက်လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ပါတယ်။ ဗီဒီယိုနဲ့လည်း မှတ်တမ်းတင်ပါတယ်။ ဆရာဝန်ဟာ တွေ့ရှိချက်တွေကို စစ်ဆေးပြီး အိပ်စက်စဉ် ပြသနာရှိမရှိ သုံးသပ်ပါတယ်။သင့်ကလေး ဒီဖြစ်ရပ်ကို ကြုံနေချိန်မှာ စောင့်ကြည့်ရုံပါပဲ။ အန္တရာယ်မဖြစ်စေပါဘူး။ ပြီးရင် ပြန်အိပ်ပျော်အောင် ညင်သာစွာ သိပ်ပေးပါ။ ဖြေးဆေးသက်သာစွာ ပြောဆိုပါ။ ကိုင်လှုပ်ခြင်း၊ အော်ဟစ်ခြင်းဟာ ပိုဆိုးစေပါတယ်။ များသောအားဖြင့် သူတို့ဖာသာ ရပ်တန့်သွားပါတယ်။အိပ်ပျော်စဉ် ဘီလူးစီးခြင်းကြောင့် နေ့လယ်ပိုင်း လှုပ်ရှားမှုတွေ ထိခိုက်စေလာရင် ကုသမှု လိုအပ်ပါတယ်။အောက်ပါကုသမှုတွေ ပါဝင်ပါတယ်။နောက်ခံအခြေအနေကို ကုသခြင်း။ရောါတခုခု (သို့) စိတ်ကျန်းမာရေးပြသနာ၊ အိပ်စက်ချိန် အသက်ရှူရခက်ခြင်း စတာတွေကြောင့်ဖြစ်နိုင်ပြီး အဲဒီပြသနာတွေကို ကုသရပါမယ်။အိပ်စက်ခြင်းအလေ့အကျင့်ကို တိုးတက်စေခြင်း။အိပ်ရေးပျက်လွန်းတဲ့ ပြသနာကို ဖြေရှင်းခြင်းဟာ ဘီလူးစီးခံရခြင်းကို လျော့နည်းစေနိုင်ပါတယ်။စိတ်ဖိစီးမှုများကို ဖြေရှင်းခြင်း။စိတ်ဖိစီးခြင်း၊ စိတ်ပူပန်ခြင်းများဟာ ဘီလူးစီးခြင်းကို ဖြစ်စေတာမို့ ကုထုံးပညာရှင်တွေနဲ့ ပြသရပါမယ်။ သိမှုဆိုင်ရာ အမူအကျင့်ကုထုံး၊ အိပ်မွေ့ချခြင်း၊ ဇီဝတုံ့ပြန်ချက်ပေးခြင်း စတဲ့နည်းလမ်းတွေနဲ့ ကုသနိုင်ပါတယ်။ဆေးဝါးကုသခြင်း။ဒီနည်းကတော့ ရှားပါးပါတယ်။ လိုအပ်ရင် ဘင်ဇိုဒိုင်ယာဆီပင်နဲ့ ကုသနိုင်ပါတယ်။အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။ဘေးကင်းသော ပတ်ဝန်းကျင်ဖန်တီးခြင်း။ညအချိန် ထိခိုက်ဒဏ်ရာတွေမရအောင် တံခါးတွေကို ပိတ်ထားသင့်ပါတယ်။ အတွင်းပိုင်းတံခါးတွေ ပိတ်ထားပြီး အချက်ပေးကိရိယာတွေ တပ်ထားနိုင်ပါတယ်။အိပ်ရေးဝအောင်အိပ်ခြင်း။ပင်ပန်းနွမ်းနယ်ခြင်းဟာ ဘီလူးစီးခြင်း ဖြစ်စေနိုင်ပါတယ်။ စောစောအိပ်ရာဝင်ပြီး အိပ်ရေးဝအောင်အိပ်ပါ။ တခါတရံ နေ့လယ် တရေးတမောအိပ်ပါ။အိပ်ရာမဝင်မီ ပုံမှန်အနားယူချိန်ထားပါ။တိတ်ဆိတ်ပြီး ငြိမ်သက်တဲ့ လှုပ်ရှားမှုတွေ ဥပမာ စာဖတ်ခြင်း၊ ပဟေဠိဂိမ်းဆော့ခြင်း၊ ရေနွေးနွေးစိမ်ခြင်း၊ တရားထိုင်ခြင်း စတာတွေ ပြုလုပ်ပါ။စိတ်ဖိစီးမှုဖြေဖျောက်ပါ။စိတ်ဖိစီးစေတဲ့ အကြောင်းအရာတွေ ဖော်ထုတ်ပြီး ဖြေရှင်းပါ။ သင့်ကလေးမှာ စိတ်ပူပန်ဖိစီးတဲ့ အခြေအနေတွေ့ရင် မေးမြန်းပါ။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/night-terrors-%e1%80%8a%e1%80%a1%e1%80%ad%e1%80%95%e1%80%b9%e1%80%9b%e1%80%ac%e1%81%80%e1%80%84%e1%80%b9%e1%80%81%e1%80%ba%e1%80%ad%e1%80%94%e1%80%b9-%e1%80%98%e1%80%ae%e1%80%9c%e1%80%b0%e1%80%b8/
သွေးယိုစိမ့်မှုအန္တရာယ်ရှိတဲ့နှလုံးရောဂါရှိသူတွေအတွက် Watchman implant ကုထုံး
စင်ကာပူရဲ့ပုဂ္ဂလိက ကဏ္ဍမှာတော့ ဒီကုထုံးကို Mount Elizabeth Hospitals မှာ ပထမဆုံးအသုံးချကုသခဲ့တာဖြစ်ပြီး သွေးကျဲဆေးအပြင်းစားတွေကိုအသုံးပြုနေရတဲ့အတွက် သွေးယိုစိမ့်မှုအန္တရာယ်ရှိနေတဲ့ နှလုံးရောဂါလူနာတွေအတွက် သွေးကျဲဆေးတွေကို စွန့်လွှတ်ခွင့်ရရှခဲ့ပြီဖြစ်ပါတယ်။ပုဂ္ဂလိကဆေးရုံတစ်ခုမှာ နှလုံးခုန်မမှန်တဲ့၊ သွေးယိုစိမ့်မှုအန္တရာယ်ရှိတဲ့လူနာတွေအတွက် သွေးကျဲဆေးအပြင်းစားတွေအစား ခွဲစိတ်ကုသမှုလုပ်ဆောင်ပေးခဲ့တာ ပထမဆုံးဖြစ်ပါတယ်။နှလုံးအထူးကုဆရာဝန်Dr Paul Chiam က Mount Elizabeth Hospitals မှာ နှလုံးခုန်စည်းချက်မမှန်ခြင်း (AF)ခံစားနေရတဲ့လူနာ Tang Chue Ngan ကိုpercutaneous technique of closing the left atrial appendage (LAA)လို့ခေါ်တဲ့ နှလုံးဘယ်ဘက်အခန်းက အတက်ပိုအသေးလေးကို ခွဲစိတ်မှုနည်းနည်းနဲ့ ပိတ်ဆို့လိုက်တဲ့နည်း တစ်နည်းအားဖြင့် Watchman implant လို့ခေါ်တဲ့ကုထုံးနဲ့ ကုသပေးခဲ့တာဖြစ်ပါတယ်။ လူနာဟာ သွေးကျဲဆေးသုံးစွဲရလို့ သွေးယိုတဲ့လက္ခဏာတွေ ခံစားနေရသူဖြစ်ပါတယ်။အန္တရာယ်ဖြစ်နိုင်ခြေနည်းပါးတဲ့ဒီကုထုံးကြောင့် လူနာက ဆေးရုံမှာတစ်ညပဲနေခဲ့ရပြီး နောက်ပိုင်းမှာလည်း မြန်ဆန်အဆင်ပြေစွာ ပြန်လည်ကောင်းမွန်လာတာတွေ့ရပါတယ်။Watchman implant ကုထုံးဆိုတာ ဘာလဲ။အမေရိကန်အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ၂၀၁၅ ခုနှစ်မှာခွင့်ပြုခဲ့တဲ့ Watchman ဟာ သွေးကြောလမ်းကြောင်းကိုချဲ့ပေးတဲ့ပစ္စည်း (Stent) နဲ့ဆင်တူပြီး ပေါင်ရင်းသွေးကြောမှတဆင့် နှလုံးကို အပျော့စားပြွန်ငယ်ကတဆင့် ထည့်သွင်းတာဖြစ်ပါတယ်။ နှလုံးလက်ယာဘက်သွေးလက်ခံခန်းကို ရောက်ရှိပြီးတဲ့နောက်မှာ လက်ဝဲဘက်သွေးလက်ခံခန်းကို ရောက်ရှိသွားပြီး ထို့နောက်မှာတော့ နှလုံးကိုပြုပြင်ဖို့အတွက် ထုတ်လွှတ်လိုက်ပါတယ်။“တော်တော်လေးအဖြစ်များကြတဲ့ နှလုံးခုန်မမှန်တဲ့ပြဿနာ (AF) မှာဆိုရင် နှလုံးမှာ သွေးခဲဖြစ်ပေါ်မှုတွေရှိနေပါတယ်။ အဲဒီသွေးခဲတွေ ၉၀ရာခိုင်နှုန်းက LAA (နှလုံးဘယ်ဘက်အခန်းက အတက်ပိုအသေးလေး) မှာစတင်ဖြစ်ပေါ်ကြတာဖြစ်ပါတယ်။ နောက်တော့ သွေးခဲတွေက နှလုံးကနေ ဦးနှောက်ကို ရောက်ရှိလာပြီး လေဖြတ်စေတာပါ။ လေဖြတ်နိုင်တဲ့အန္တရာယ်ကိုလျော့နည်းစေဖို့က Warfarin လို့ခေါ်တဲ့ သွေးကျဲဆေးအပြင်းတွေကို သုံးကြတယ်။ ဒါပေမယ့် လူနာအတော်များများ အထူးသဖြင့် သက်ကြီးပိုင်းတွေမှာ သွေးကျဲဆေးသောက်ရင်း သွေးယိုလာနိုင်တဲ့အန္တရာယ်ပိုများပါတယ်” လို့ Dr Chiam ကပြောပါတယ်။Watchman ကုထုံးက သွေးကျဲဆေးတွေရဲ့ အကူအညီမပါဘဲ လေဖြတ်နိုင်ချေကို လျော့နည်းသွားစေနိုင်တာကြောင့် သွေးယိုစီးမှုအန္တရာယ်မြင့်မားနေတဲ့လူနာတွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ ဒီကုထုံးကိုအသုံးပြုခြင်းက LAA (နှလုံးဘယ်ဘက်အခန်းက အတက်ပိုအသေးလေး)ကို ထိခိုက်စေပြီး နှလုံးမှာသွေးယိုစီးမှုဖြစ်နိုင်တဲ့အန္တရာယ်နဲ့ အရေးပေါ်ခွဲစိတ်ကုသမှုတွေလိုနိုင်တာတွေဖြစ်နိုင်ပေမယ့် အရမ်းကိုနည်းပါးပါတယ်။ ဒါပေမယ့်လည်း ကုထုံးရဲ့ရှုပ်ထွေးမှုနဲ့ ကျွမ်းကျင်စွာလုပ်ကိုင်နိုင်တဲ့အထူးကုသမားတော်တွေ ပုဂ္ဂလိက ကဏ္ဍမှာရှားပါးတာကြောင့် Dr Chiam ခွဲစိတ်မှုမလုပ်ခင်အထိ စင်ကာပူပုဂ္ဂလိက ကဏ္ဍမှာ ဒါကို မလုပ်နိုင်ခဲ့ပါဘူး။လူနာရဲ့ အခြေအနေ။လွန်ခဲ့တဲ့ခြောက်နှစ်က နှလုံးအဆို့ရှင်အစားထိုးကုသမှုခံယူခဲ့တဲ့ Tang ဟာ ခွဲစိတ်မှုနောက်ပိုင်းမှာ နှလုံးခန်မမှန် (AF) ဖြစ်လာခဲ့ပြီး သွေးကျဲဆေး စသောက်ခဲ့ရပါတယ်။ သူက လေဖြန်းတဲ့ဖြစ်ရပ်တွေ ခံစားခဲ့ရပြီး မကြာသေးခင်ကမှ အူတွင်းသွေးယိုခြင်းကြောင့် ဆေးရုံတင်ထားရပါတယ်။“သွေးကျဲဆေးတွေသောက်နေရလို့ သွေးယိုစီးမှုကို ခံစားနေရတဲ့အတွက် သူမဟာ ဒီခွဲစိတ်ကုသမှုကို ခံယူဖို့အတွက် သင့်တော်ပါတယ်”လို့ Dr.Chiam က ပြောဆိုခဲ့ပါတယ်။ပြည်သူ့ဆေးရုံမှာခံယူခဲ့တဲ့ ပထမကုသမှုကြောင့် စိတ်ဆင်းရဲနေခဲ့တဲ့ Tang ကို သွေးကျဲဆေးတွေဖြတ်လိုက်ရပြီးနောက် Dr Chiam ပြောတဲ့ ဒုတိယနည်းလမ်းကို လက်ခံခဲ့ပါတယ်။“သူကကျွန်မရဲ့ နှလုံးအခြေအနေ၊ သွေးကျဲဆေးတွေနဲ့ သွေးယိုစိမ့်မှုအန္တရယ်တွေ၊ နောက်ပိုင်းမှာဖြစ်လာမယ့် သွေးခဲတွေရဲ့ အန္တရာယ်တွေကို ကျွန်မကို စိတ်ရှည်လက်ရှည်ရှင်းပြခဲ့ပါတယ်။ ဒီသွေးယိုစိမ့်မှုတွေကိုလျော့ပါးသွားစေဖို့အတွက် အဖြေကိုလည်း ရှင်းပြခဲ့ပါတယ်”လို့ လူနာဖြစ်တဲ့သူမက ပြောပါတယ်။ပုံမှန်ဘဝဆီသို့။လူနာ Tang ကို Mount Elizabeth ရဲ့ နှလုံးခွဲစိတ်ကုသခန်းမှာ မေ့ဆေးပေးပြီး အစားထိုးကုသပေးခဲ့ပြီးနောက်တစ်နေ့မှာ ဆေးရုံဆင်းခွင့်ပြုခဲ့ပါတယ်။ ခွဲစိတ်မှုနောက်ပိုင်း ၄၅ ရက်အကြာ အစာအိမ်နဲ့အူလမ်းကြောင့်ဓါတ်မှန်ရိုက်ပြီးရင် နောက်တစ်လကြာမှ ကျန်းမာရေးစစ်ဆေးမှုလာရောက်ခံယူဖို့ လိုအပ်မှာဖြစ်ပါတယ်။ သွေးကျဲဆေးတွေကိုတော့ ဆက်သောက်ဖို့မလိုတော့ပါဘူး။ရလဒ်နဲ့ပတ်သက်လို့ စိတ်ကျေနပ်မှုရှိတာကြောင့် Tang ဟာ စင်ကာပူပုဂ္ဂလိက ကဏ္ဍရဲ့ပထမဆုံးခွဲစိတ်ကုသမှုမှာ ပါဝင်ခွင့်ရတာကို ကျေနပ်နေပါတယ်။“ဆရာဝန်ရဲ့ အကြံဉာဏ်က အကျိုးရှိတယ်လို့ ခံစားရရင် ယုံကြည်မှုရှိရှိနဲ့ ကုသမှုတွေရဲ့ ကောင်းကျိုးကို ရယူလိုက်စမ်းပါ။ ကျွန်မတို့ စင်ကာပူမှာ အရမ်းကောင်းတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေရှိနေပါပြီ”လို့သူမလိုပဲ အခြေအနေရှိနေတဲ့တခြားလူနာတွေကိုလည်း တိုက်တွန်းခဲ့ပါသေးတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/watchman-therapy/
COVID_19 လား……………. အပူလျှပ်တာလား………………
ပူပြင်းတဲ့နွေရောက်လာရင် အဖြစ်များတဲ့ ပြဿနာတစ်ခုရှိတယ်။ ဒါကတော့အပူလျှပ်တာပါ။ အခုလိုချိန်မှာ ကပ်ရောဂါ COVID_19 ကိုလည်း စိုးရိမ်နေရချိန်ဖြစ်တာကြောင့် ခန္ဓာကိုယ် အပူချိန် မြင့်တာကို လူတိုင်း စိုးရိမ်မိမယ်ထင်ပါတယ်။ ဒီတော့  အပူဒဏ်ကြောင့် အပူလျှပ်ပြီး ကိုယ်ပူနေတာလားCOVID_19ကြောင့် ကိုယ်အပူချိန် မြင့်နေတာလားဆိုတာကို သေသေချာချာလေး သိစေဖို့ ဒီဆောင်းပါးလေးကနေတဆင့် အသိပေးပါရစေ။ ကဲ COVID_19 လား……………. အပူလျှပ်တာလား………………  ဆိုတာကို ကိုယ်တိုင်ဆန်းစစ်လိုက်ပါဦး။COVID_19 လား……………. အပူလျှပ်တာလား………………  ဆိုတာကို လေ့လာလိုက်ရအောင်နော်။နွေအပူချိန် အမြင့်ဆုံးဖြစ်တဲ့ ဒီကာလမှာ အပူလျှပ်တာက အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ အပူချိန်မြင့်နေတဲ့ အချိန်မှာ နေပူထဲမှာ အကြာကြီးနေမိမယ်။ ပင်ပင်ပန်းပန်း နေပူထဲမှာ လုပ်မိတာ၊ ကိုယ်လက်လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မိတဲ့အခါမျိုးမှာ အပူလျှပ်တာမျိုးဖြစ်နိုင်ပါတယ်။အပူလျှပ်တယ်ဆိုတာကအပူဒဏ်ကို အချိန်ကြာမြင့်စွာ ထိတွေ့တာ၊ ပူပြင်းတဲ့ အခြေအနေမှာ လှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်မှုကြောင့် ခန္ဓာကိုယ် အပူချိန် က ပုံမှန်ရှိသင့်တာထက် အရမ်းမြင့်တက်တဲ့ အခြေအနေတစ်ရပ်ပေါ့။အပူလျှပ်တဲ့အခါ ခန္ဓာကိုယ်တွင်းအပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် ဒါမှမဟုတ် ဒီအပူချိန်ထက် မြင့်တက်နေတာမျိုး ဖြစ်နိုင်ပါတယ်။နွေရာသီမှာ အများဆုံး ဖြစ်လေ့ဖြစ်ထရှိတဲ့ကျန်းမာရေးအခြေအနေတစ်ရပ်ပါ။အပူလျှပ်တဲ့အခါမှာ အရေးပေါ်ပြုစုကုသမှု လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ မကုသဘဲ သတိလက်လွတ် ထားလိုက်မယ်ဆိုရင် အပူလျှပ်တာကြောင့်ဦးနှောက်၊နှလုံး၊ကျောက်ကပ်နဲ့ကြွက်သားတို့ဟာ အချိန်တိုအတွင်းမှာ ထိခိုက်ပျက်စီးသွားနိုင်ပါတယ်။ ဒါတွေတင်မကသေးပါဘူး။ ပြင်းထန်တဲ့ နောက်ဆက်တွဲဝေဒနာတွေနဲ့ အသက်သေဆုံးတာမျိုး အထိဖြစ်နိုင်ပါတယ်။အပူလျှပ်တဲ့အခါ –။အပူလျှပ်တာက အရေးပေါ်ကျန်းမာရေး အခြေအနေတစ်ရပ်ပါ။ ချက်ချင်းဆေးကုသမှုခံယူဖို့လိုအပ်ပါမယ်။COVID_19 ဗိုင်းရပ်စ် ကူးစက်ခံရတဲ့အခါ ခန္ဓာကိုယ်မှာ။ကိုယ်တိုင်ကနေစလို့ လူတိုင်းကျန်းမာစေဖို့ အခုပြောခဲ့တဲ့နည်းလေးတွေအတိုင်း လိုက်နာလို့ COVID_19 ကို ကာကွယ်လိုက်ရအောင်ပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid_19-vs-heatstroke/
ကယ်လ်စီယမ်သည် ကိုယ်ဝန်ဆောင်ချိန်တွင် ဘာကြောင့် အရေးကြီးတာလဲ
ကယ်လ်စီယမ်သည် လူအပါအဝင် သက်ရှိသတ္တဝါများအတွက် မရှိမဖြစ်လိုအပ်သော သတ္တုဓါတ်တစ်မျိုးဖြစ်သည်။ အရိုးများကြံ့ခိုင်သန်စွမ်းစေရန်၊ ဦးနှောက် နှင့် ခန္ဓါကိုယ်အစိတ်အပိုင်းများကြား ကျန်းမာသော ဆက်သွယ်မှုကို တည်ဆောက်ထိန်းသိမ်းရန် ကယ်လ်စီယမ်စားသုံးဖို့ လိုအပ်သည်။သင်ကိုယ်ဝန်ဆောင်စဉ် သင်တစ်ဦးတည်းအတွက် ကယ်လ်စီယမ်ကို စားသုံးနေသည်မဟုတ်ပါ။ သင့်ရင်သွေးအောက်ပါ အချက်များ ဖွံ့ဖြိုးဖို့ ကယ်လ်စီယမ်ကို လိုအပ်ခြင်းဖြစ်သည်။အကယ်၍ သင်ကိုယ်ဝန်ဆောင်စဉ် အစားအသောက်ထဲမှ ကယ်လ်စီယမ် အလုံအလောက်မရရှိလျှင် သင့်ကလေးသည် သင့်အရိုးများမှ ကယ်လ်စီယမ်ကို ဆွဲယူသုံးစွဲရလိမ့်မည်။ ၎င်းသည် နောက်ပိုင်းသင့်ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။အမျိုးသမီးအများစုသည် ထိုအရေးကြီးသော သတ္ထုဓါတ်ကို အလုံအလောက်မရရှိကြပေ။အသက် ၁၈ နှစ်အထက် အမျိုးသမီးများ ။ ။ကိုယ်ဝန်မဆောင်ခင်၊ ရှိစဉ်၊ မွေးပြီး တစ်ရက်ကို ၁,၀၀၀ မီလီဂရမ်။အသက် ၁၈ နှစ် နှင့် အောက် အမျိုးသမီးများ ။ ။ကယ်လ်စီယမ်ကြွယ်ဝသော အစားအသောက်များ (သို့) နို့ထွက်ကုန်များ တစ်ရက်ကို လေးကြိမ်စားသုံးရန်။သင့်ကလေး မွေးဖွားပြီးချိန်နှင့် မိခင်နို့ဖြတ်ပြီးချိန်မှာတောင် သင့်ကယ်လ်စီယမ် စားသုံးမှုကို ဆက်လက် ဂရုစိုက်သင့်သည်။ အဘယ်ကြောင့်ဆိုသော် သင့်ဘဝနောက်ပိုင်းတွင် အရိုးများ ကျန်းမာသန်စွမ်းပြီး အရိုးပွရောဂါကို ကာကွယ်ရန် ကယ်လ်စီယမ်ကို လိုအပ်သောကြောင့်ဖြစ်သည်။အကယ်၍ သင်သည် ကိုယ်ဝန်ဆောင် အားဆေး သောက်သုံးနေလျှင် ၎င်းသည် ကယ်လ်စီယမ် အနည်းဆုံး ၁၅၀ မှ ၂၀၀ မီလီဂရမ်ကို ထောက်ပံ့ပေးနိုင်ပါသည်။ သင်သည် ကယ်လ်စီယမ်သက်သက် အားဆေးကိုလည်း သောက်သုံးနိုင်ပါသည်။ သို့သော် သင့်ခန္ဓါကိုယ်သည် တစ်ကြိမ်တွင် ကယ်လ်စီယမ်ပမာဏ ၅၀၀ မီလီဂရမ်ကိုသာ စုပ်ယူနိုင်စွမ်းရှိပါသည်။ ထို့ကြောင့် သင်သည် တစ်ရက်ကို ကယ်လ်စီယမ် ဖြည့်စွက်အားဆေး ပမာဏအနည်းငယ်ကို အကြိမ်များစွာသောက်ဖို့ လိုအပ်ကောင်းလိုအပ်နိုင်သည်။သို့သော် အလွန်အကျွံတော့ မလုပ်ပါနဲ့။ ကယ်လ်စီယမ်ပမာဏ အများအပြားသောက်သုံးခြင်းသည် ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်ပြီး ကျောက်ကပ်ကျောက်တည်ခြင်း ဖြစ်ပွားနိုင်ချေ အန္တရာယ်တိုးပွားစေသည်။ ထို့ပြင် သင့်ခန္ဓါကိုယ်မှ အစားအသောက်တွင် ပါသော သံဓါတ်နှင် ဇင့် စုပ်ယူမှုအားနည်းစေသည်။အစားအသောက်၊ အားဆေး နှင့် ရေမှ စုစုပေါင်း ရရှိသော ကယ်လ်စီယမ် ပမာဏသည် ၂၅၀၀ မီလီဂရမ်ထက်မကျော်ရပါ။ (ရေဘုံဘိုင်ခေါင်းမှ ရေတွင် ပုံမှန်အားဖြင့် ရေတစ်လီတာတွင် ကယ်လ်စီယမ် ပမာဏ ၁ မှ ၁၃၅ မီလီဂရမ်ကြားပါရှိသည်။ သောက်ရေဘူး တစ်လီတာတွင် ပျမ်းမျှ ကယ်လ်စီယမ်၂၀၈ မီလီဂရမ် ကယ်လ်စီပါရှိသည်။ ရေသန့်ဘူးများတွင် ကယ်လ်စီယမ် ပမာဏအနည်းငယ်မျှသာ ပါဝင်သည်။)။ကယ်လ်စီယမ်ဖြည့်စွက်စာများသည် ပုံစံမျိုးစံနှင့် လာပြီး အများဆုံးလာသည်မှာ Calcium citrate နှင့် calcium carbonate တို့ဖြစ်သည်။ Calcium citrate သည် ခန္ဓါကိုယ်မှ အလွယ်ကူဆုံးစုပ်ယူသော ပုံစံဖြစ်သည်။Calcium carbonate သည် အများဆုံး ကယ်လ်စီယမ်ကို ထောက်ပံ့ပေးသည်။ သို့သော် ၎င်းကို ကူညီဖြေရှင်းဖို့ အစာချေအက်ဆစ်အပို ထပ်မံလိုအပ်သည်။ ထို့ကြောင့် ၎င်းကို အစာနှင့်တွဲသောက်သင့်ပါသည်။Calcium citrate သည် စုပ်ယူဖို့ အစာချေအက်ဆစ် မလိုအပ်ပါ။ ထို့ကြောင့် အစား တစ်ကြိမ်နှင့် တစ်ကြိမ်ကြားတွင် သောက်သုံးနိုင်သည်။ အစာချေအက်ဆစ်ကို လျော့ချပေးသော ဆေးဝါးများ သောက်သုံးခြင်းသည်လည်း နည်းလမ်းကောင်းတစ်ခုဖြစ်သည်။ခဲမပါသော ကယ်လ်စီယမ် ဖြည့်စွက်အားဆေးများကို ရှာပါ။ အရိုးမှုန့်ဓါတ်မြေသြဇာ၊ သန္တာကျောက် (သို့) အန္ဓဂူကျောက် ပါဝင်သော အချို့ ကယ်လ်စီယမ်အားဆေးများတွင် ခဲပမာဏ အနည်းငယ်ပါဝင်တတ်သည်။ ခဲ သည် ကြီးထွားနေသော သင့်ကလေးအတွက် အန္တရာယ်ရှိပါသည်။အစားအသောက်တွင် ပါဝင်သော ကယ်လ်စီယမ်ကို များစွာသော မတူညီသော အစားအစာနှင့် သောက်စရာများတွင် တွေ့ရှိနိုင်သည်။ ကျွန်ုပ်တို့ များစွားသော အစားအစာရင်းမြစ်မှ ကယ်လ်စီယမ် စားသုံးရယူခြင်းကိုလည်း ထောက်ခံထားကြပါသည်။အောက်ဖော်ပြပါ အစားအစာ နှင့် သောက်စရာများသည် ကယ်လ်စီယမ် ကြွယ်ဝစွာပါဝင်ပါသည်။Hello health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/%e1%80%80%e1%80%9a%e1%80%ba%e1%80%9c%e1%80%ba%e1%80%85%e1%80%ae%e1%80%9a%e1%80%99%e1%80%ba%e1%80%9e%e1%80%8a%e1%80%ba-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%b1/
သွေးတိုးရောဂါ ကုသခြင်းတွင် သွေးကြောကျယ်ဆေးများ အသုံးပြုခြင်း
သွေးတိုးကုသနည်းများ တွင် အချို့သောဆေးများ ဟာ သင်နဲ့ ရင်းနီးပြီးသားဖြစ်ပါလိမ့်မယ်။ သည်ဆောင်းပါးက သွေးကြောကျယ်ဆေးများ နဲ့ ပက်သက်ပြီး သိသင့်သည့် အချက်အချို့ကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။သွေးကြောကျယ်ဆေးများမှာ။Hydralazine hydrocholoride(apresoline) and minoxidil(loniten) တို့ဖြစ်ပါတယ်။သွေးကြောကျယ်ဆေးများကို အောက်ပါ အခြေအနေများတွင် အသုံးပြုပါတယ်။-သွေးတိုးခြင်း။-ကိုယ်ဝန်ဆိပ် တက်ခြင်း။-အဆုပ်သွေးကြော ဖိအားများခြင်း။-နှလုံးအားနည်းခြင်း။ထိုဆေးများသည် သွေးကြောများရဲ့ နံရံကို ပြေလျော့စေပြီး သွေးကြောကျဉ်းခြင်းမှ ကာကွယ်ပေးပါတယ်။ သွေးကြောများကို ကျယ်စေပါတယ်။ ထိုသို့ဖြင့် သွေးများကို ကောင်းမွန်စွာ စီးဆင်းစေပြီး ဖိအားလျော့နည်းစေပါတယ်။ အခြာဆေးများ နှင့် အလုပ်မဖြစ်ပါက သွေးကြောကျယ်ဆေးများကို အသုံးပြုပါတယ်။သွေးကြောကျယ်ဆေးများဟာ သွေးကြောနံရံများ ပေါ်သက်ရောက်ပါတယ်။ ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ-။သည်ဆေးများသည်လည်း အခြားဆေးများကဲ့သို့ ဘေးထွက်ဆိုးကျိုးများ ရှိပါတယ်။ အပျော့စားမှ ပြင်းထန်အဆင့်ထိ ရှိပါတယ်။အဖြစ်အများဆုံးမှာ-။Hydralazine သည် ခေါင်းကိုက်ခြင်း၊ နှလုံးခုန် ပုံမမှန်ခြင်း၊ မျက်လုံးများ ပတ်လည်တွင် ရောင်ရမ်းခြင်း၊ အဆစ်များ နာကျင်ခြင်း တို့ဖြစ်ပါတယ်။Minoxidil သည် ရေများစုပြုံခြင်း နဲ့ အမွှေးများ ထူခြင်းတို့ကို ဖြစ်စေပါတယ်။ ထို့ပြင် အသက်ရှူခက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မျက်နှာနီခြင်း တို့ကိုလည်းဖြစ်စေပါတယ်။ အများစုဟာ အပျော့စား အဆင့်သာဖြစ်ပြီး ရက်အနည်းငယ်ကြာသော် ပျောက်သွားနိုင်ပါတယ်။ ထို့ကြောင့် ဆေးကို မရပ်သင့်ပါ။ သို့သော် ထိုလက္ခဏာများ ပြင်းထန်ပါက သို့မဟုတ် မသက်သာပါက ဆရာဝန်နှင့် အတတ်နိုင်ဆုံး လျင်မြန်စွာ သွားပြသင့်ပါတယ်။သွေးကြောကျယ်ဆေးများကို သွေးတိုးခြင်းအတွက် အခြားဆေးများနှင့် ရောသုံးလေ့ရှိပါတယ်။ သို့သော် ပထမဦးစားပေး အသုံးပြုသော ဆေးများတော့ မဟုတ်ပါ။ ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်သော်လည်း ဆေးကို မရပ်ဘဲ ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab-%e1%80%80%e1%80%af%e1%80%9e%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8-2/
မကြာခဏလိင်စိတ်ဖြေခြင်းက မျိုးအောင်မှုကို အနှောင့်အယှက်ဖြစ်စေသလား
အမျိုးသားတွေ လုပ်လေ့ရှိတဲ့ လိင်စိတ်ဖြေခြင်း ဆိုတာက သူတို့ရဲ့ လိင်အင်္ဂါကို လိင်ပိုင်းဆိုင်ရာ နှိုးဆွမှု လုပ်ပြီး ဆန္ဒပြီးမြောက်တဲ့အထိ လုပ်ဆောင်တာကို ခေါ်တာပါ။ အဲဒီလို စိတ်ဖြေပြီးသွားရင် သုက်ရည်တွေ ထွက်လာပါတယ်။ စုံတွဲတစ်တွဲက ကလေးယူဖို့ ကြိုးစားနေမယ်ဆိုရင်တော့ အမျိုးသားအနေနဲ့ သူရဲ့ သုက်ရည်တွေကို မျိုးအောင်နိုင်တဲ့ ပမာဏကျန်နေအောင် သူ့ရဲ့ လိင်စိတ်ဖြေမှုကို ထိန်းချုပ်ဖို့ လိုပါတယ်။ဒါပေမယ့်လည်း မကြာခဏ လိင်စိတ်ဖြေခြင်းဟာ ကိုယ့်ရဲ့မျိုးအောင်နိုင်စွမ်းအပေါ် ကြီးမားတဲ့ အနှောင့်အယှက်တော့ မပေးပါဘူး။ တချို့သော အချက်အလက်တွေအရ သုက်ထွက်မှု (၂)ရက် သို့မဟုတ် (၃)ရက်ကြာ မရှိဘူးဆိုရင် သုက်ရည်တွေရဲ့ အရည်အသွေးဟာ ပုံမှန်အနေအထား ပြန်ရောက်သွားပါတယ်။ တချို့သုတေသန တွေ့ရှိချက်တွေမှာဆိုရင် နေ့စဉ် သုက်ထွက်မှုရှိနေရင်တောင်မှ သုက်ကောင်တွေရဲ့ လှုပ်ရှားမှုနဲ့ ပမာဏဟာ ပုံမှန်အတိုင်းပဲ ရှိနေတယ်လို့ ဆိုထားပါတယ်။ဒါကြောင့် လိင်စိတ်ဖြေသည်ဖြစ်စေ၊ မဖြေသည်ဖြစ်စေ၊ တစ်ပတ်ကို ကြိမ်ဖန်များစွာ လိင်ဆက်ဆံခြင်း ပြုမယ်ဆိုရင် ကိုယ့်အဖော်ကို ကိုယ်ဝန်ရသွားနိုင်စေမယ် ဆိုတာကိုတော့ သိထားဖို့ လိုပါတယ်။ဆန္ဒပြီးမြောက်တဲ့အထိ စိတ်ဖြေတဲ့အချိန်တိုင်းမှာ သုက်ရည်ထွက်ပါတယ်။ အဲဒီလို ထွက်သွားတာကြောင့် ခန္ဓါကိုယ်ထဲမှာ သိမ်းထားတဲ့ သုက်ကောင်အရည်အတွက်တွေ နည်းကုန်တာမို့ ကိုယ့်ခန္ဓါကိုယ်ကနေ နောက်ထပ်သုက်ကောင်တွေ ထပ်ထုတ်ရပါတယ်။ ပြောရရင် အဲဒီအတွက် အချိန်လိုတာပေါ့။ ဒီတော့ တစ်နေ့ကို တစ်ကြိမ်ထက်ပိုပြီး လိင်စိတ်ဖြေတဲ့ အမျိုးသားတွေမှာ သိုလှောင်ထားတဲ့ သုက်ကောင်ပမာဏဟာ ပုံမှန်အမျိုးသားတွေမှာထက် ပိုပြီး နည်းတတ်ပါတယ်။ဒါကြောင့် သုက်ကောင်အရေအတွက်ကို များများစားစား သိုလှောင်ထားချင်တယ်ဆိုရင် လိင်စိတ်ဖြေပြီး သုက်ရည်ထွက်တာကို ထိန်းချုပ်ဖို့ လိုပါတယ်။ အဲဒီလိုသာ သုက်ကောင်တွေကို ခန္ဓါကိုယ်ထဲ သိုလှောင်ထားနိုင်မယ်ဆိုရင် ကိုယ့်ရဲ့ မျိုးပွားနိုင်စွမ်းက မြင့်မားပါလိမ့်မယ်။အမျိုးသမီးလိင်စိတ်ဖြေတာကလည်း မျိုးမအောင်နိုင်ခြင်းမှာ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပါဝင်ပါတယ်။ အမျိုးသမီးတစ်ယောက် လိင်ဆန္ဒပြီးမြောက်သွားပြီဆိုရင် သူရဲ့ သားအိမ်ခေါင်းက အောက်ဖက် မိန်းမကိုယ်နားအထိ ကျလာတတ်တယ်။ ဒါက ပိုပြီး ကိုယ်ဝန်ရနိုင်အောင် လုပ်ပေးတဲ့ ခန္ဓါကိုယ်ရဲ့ သဘာဝတုံ့ပြန်မှု ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ သူ့အဖော်နဲ့ ချစ်တင်းနှောနေစဉ်အတွင်း လိင်စိတ်ဖြေနေလို့ သူ့အဖော်ထက် စောပြီး ပြီးမြောက်သွားမယ်ဆိုရင် မိန်းမကိုယ်ရဲ့ အက်ဆစ်ဓါတ်တွေက ရှေ့မှာပြောခဲ့သလို၊ အောက်ကိုကျလာတဲ့ သားအိမ်ခေါင်းထဲ ရောက်သွားပြီး၊ ဆက်ဆံပြီးသွားလို့ အမျိုးသားဆီက ဝင်လာမယ့် သုက်ကောင်တွေကို အသက်မရှင်နိုင်အောင် လုပ်ပစ်နိုင်ပါတယ်။သုက်ကောင်အရေအတွက် များများရှိနေအောင် လုပ်လို့ရတဲ့နည်းတွေ ရှိပါတယ်။ အဲဒီထဲမှာ အတွင်းခံကို ချောင်ချောင်ချိချိ ဝတ်တာ၊ အရက်၊ ဆေးလိပ်ရှောင်တာမျိုးတွေ ပါပါတယ်။ ကိုယ့်ခန္ဓါကိုယ်ထဲမှာ သုက်ကောင်ရည်များများရှိလေ၊ မျိုးအောင်နိုင်စွမ်း များလေပါပဲ။တကယ်လို့ အမျိုးသားတစ်ယောက်အနေနဲ့ သုက်ကောင်ရည်ပုံမှန်ထက် နည်းနေတယ်၊ အဲဒီလိုနည်းတာကြောင့် မျိုးမအောင်နိုင်ဘူးလို့ ယူဆတယ်ဆိုရင် သုက်ကောင်အရေအတွက် စစ်ဆေးမှုကို လုပ်လို့ရပါတယ်။ ပုံမှန်အားဖြင့် သုက်ရည်နမူနာကို ဆေးခန်းမှာ ပေးပြီး စစ်ဆေးနိုင်ပါတယ်။သုက်ကောင်အရေအတွက်ရော အရည်အသွေးပါ များစေနိုင်တဲ့ သဘာဝနည်းလမ်းတွေလည်း ရှိပါသေးတယ်။ ပထမတစ်ခုက အစားအသောက်ပါ။ အာဟာရပြည့်ပြည့်၀၀ စားသောက်ခြင်းက ကိုယ့်ရဲ့ ကျန်းမာရေးကိုသာမက သုက်ကောင်များသန်စွမ်းမှုကို အထောက်အကူပြုပါတယ်။မကြာခင်က လုပ်ထားတဲ့ လေ့လာချက်တစ်ခုမှာဆိုရင် ဇင့်နဲ့ ဖောလစ်အက်ဆစ်ကို တွဲသောက်ခြင်းက သုက်ကောင်များရဲ့ အရည်အသွေးကို ကောင်းမွန်စေတယ်လို့ ပြောထားပါတယ်။ ဆရာဝန်တွေအနေနဲ့ ဖောလစ်အက်ဆစ်ဟာ သန္ဓေသားလောင်းအပေါ်မှာ အကျိုးပြုတယ်လို့ သိထားပေမယ့် သုက်ကောင်ထုတ်လုပ်မှုအပေါ် အကျိုးပြုတယ်ဆိုတာကိုတော့ သိတာမကြာသေးပါဘူး။ကျန်းမာသန်စွမ်းပြီး လုံလောက်တဲ့ သုက်ကောင်များကို ထိန်းသိမ်းထားနိုင်မယ်ဆိုရင် မျိုးအောင်ဖို့အတွက် စိတ်ချရပါတယ်။ ငွေတွေအများကြီး ကုန်ကျမယ့် ကုသနည်းတွေထက် သဘာဝနည်းလမ်းတွေကို စမ်းသပ်ကြည့်တာ အကောင်းဆုံးပါပဲ။ တစ်ကိုယ်ရည် လိင်စိတ်ဖြေတာကို အလွန်အကျွံ မလုပ်ဘူး၊ အာဟာရပြည့်ပြည့်၀၀ စားမယ်၊ ဇင့်နဲ့ ဖောလစ်အက်ဆစ်တို့ပါဝင်တာတွေ စားမယ်ဆိုရင်တော့ အဲဒါဟာ တခြားသော ပြင်ပအကူအညီတွေ မလိုဘဲနဲ့ မိသားစုလေးတစ်ခုကို တည်ဆောက်ဖို့အတွက် ကောင်းမွန်တဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါလိမ့်မယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/%e1%80%99%e1%80%80%e1%80%bc%e1%80%ac%e1%80%81%e1%80%8f%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%96%e1%80%bc%e1%80%b1%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ဆီးချိုရောဂါဖြစ်စေတဲ့ တရားခံတွေက ဘယ်သူလဲ
သွေးတွင်းသကြားဓာတ်တွေကို ကိုယ်ခန္ဓာက ကောင်းစွာ မထိန်းချုပ်နိုင်တဲ့အခါ ဆီးချိုရောဂါ အစပျိုးလာပါတယ်။ လူတွေ အများဆုံး သိကြတဲ့ ဆီးချိုဖြစ်စေတဲ့ တရားခံကတော့အချိုစားသုံးမှု များခြင်းပါပဲ။ ဆီးချိုရောဂါဖြစ်စေတဲ့ တရားခံတွေက ဘယ်သူလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။အချိုစားတိုင်း ဆီးချိုဖြစ်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အချို တစ်နည်းအားဖြင့် သကြား စားသုံးမှုများတဲ့အပြင် လှုပ်ရှားမှုနည်းလာတဲ့အခါ သွေးထဲမှာ သကြားဓာတ်တွေ များလာတယ်။ ကိုယ်ခန္ဓာက သကြားဓာတ်ထဲမှာ ပါဝင်တဲ့ ဂလူးကို့စ်တွေကို မချေဖျက်နိုင်တဲ့အခါ ကိုယ်အလေးချိန်တိုးပြီးအဝလွန်လာတယ်။ နာတာရှည် ဆီးချိုနဲ့ သွေးချိုရောဂါ ဖြစ်လာမယ်။နောက်ဆက်တွဲအနေနဲ့ နှလုံးနဲ့ ဦးနှောက်အပြင်အမြင်အာရုံတွေထိခိုက်လာမယ်။ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်လာစေနိုင်ပါတယ်။ဂလူးကို့စ်ဟာ နေ့စဉ် ကုန်ခမ်းသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့နဲ့ ကြွက်သားနဲ့ တစ်ရှူးတွေကို သန်စွမ်းစေနိုင်ပေမယ့် လိုတာထက် များလာတဲ့အခါ ဆီးချိုအစပြုလာပါတယ်။ ဒါကတော့ လူတွေ အသိများတဲ့ ဆီးချိုဖြစ်ရတဲ့ အကြောင်းရင်းပါပဲ။ ဒါပေမယ့် အချိုစားသုံးမှုများတာအပြင်ကိုမှ နောက်ထပ် ဆီးချိုဖြစ်စေနိုင်တဲ့ တရားခံတွေ ရှိနေပါသေးတယ်။လူတွေမှာ အဖြစ်များတဲ့ ဆီးချိုရောဂါကတော့ အမျိုးအစား (၂) ဖြစ်ပြီး ကိုယ်ဝန်ဆောင်ဆီးချိုနဲ့ အမျိုးအစား (၁) ဆီးချိုရောဂါ ဆိုပြီး ၃မျိုး ရှိပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချိုကတော့ ကလေးမွေးပြီးချိန်မှာ ပျောက်ကင်းသွားနိုင်ပြီး တချို့တွေမှာ ကင်းမပျောက်ဘဲ ဆီးချိုအမျိုးအစား (၂) ဖြစ်သွားနိုင်ပါတယ်။၁။ မကြာခဏ ရေဆာလောင်ခြင်း။၂။ ဆီး ခဏခဏ သွားခြင်း။၃။ ဆာလောင်မွတ်သိပ်မှု ပြင်းထန်ခြင်း။၄။ကိုယ်အလေးချိန်ရုတ်တရက် ကျဆင်းသွားခြင်း။၅။ မောပန်းခြင်း။၆။ စိတ်ကသိကအောက် ဖြစ်ခြင်း၊ ဒေါသထွက်ခြင်း။၇။ အမြင်အာရုံ မှုန်ဝါးခြင်း။၈။ အနာကျက်နှေးခြင်း။၉။သွားဖုံး၊ အရေပြားနဲ့ ယောနိမှာ ရောဂါပိုးကူးစက်ခြင်း တွေဟာ ဆီးချိုရောဂါသည်တွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေပါပဲ။အမျိုးအစား (၁) ဆီးချိုရောဂါဟာ အသက်ငယ်တဲ့ ကလေးတွေနဲ့ လူပျို၊ အပျိုဖော်ဝင်ကာစ အရွယ်တွေမှာ အဖြစ်များတတ်ပြီး အမျိုးအစား (၂) ဆီးချိုကတော့ အသက် ၄၀ နှင့်အထက် အသက်ကြီးပိုင်းတွေမှာ ပိုပြီး အဖြစ်များပါတယ်။ရောဂါတွေကို တိုက်ထုတ်ပေးတဲ့ ကိုယ်ခံအားစနစ်ဟာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကို တိုက်ထုတ်မယ့်အစား အင်ဆူလင်ကို ထုတ်လုပ်ပေးတဲ့ ပန်ကရိယဆဲလ်တွေကို တိုက်ခိုက်ပြီး ဖျက်ဆီးပစ်လိုက်ပါတယ်။ သွေးတွင်းသကြားဓာတ်တွေကို ချေဖျက်ပေးဖို့ အင်ဆူလင်တွေ အလွန်နည်းသွားတာ၊ လုံးဝမကျန်တော့တဲ့ အခြေအနေကို ရောက်သွားတယ်။ ဒီအခါမှာ ဂလူးကို့စ်တွေဟာ အားအင်မဖြစ်တော့ဘဲ သွေးထဲမှာ စုပုံလာပြီး အမျိုးအစား (၁) ဆီးချိုရောဂါ ဖြစ်လာပါတယ်။၁။ မိဘမျိုးရိုးမှာ အမျိုးအစား (၁) ဆီးချိုရောဂါဖြစ်ခဲ့ဖူးတာ။၂။ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး အပြင်းဖျားတာ။၃။ လေထု၊ ရေထု ညစ်ညမ်းတာ၊ ဓာတ်ရောင်ခြည်သင့်တာ။၄။ကိုယ်ခံအား၊ ခုခံအားစနစ် အားနည်းတဲ့သူတွေ။၅။ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်၊ ဒေသ၊ နိုင်ငံမှာ နေထိုင်သူတွေမှာ ဒီလို အမျိုးအစား (၁) ဆီးချို ဖြစ်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်။ဂလူးကို့စ်ကို ချေဖျက်ဖို့ အင်ဆူလင်ကို ပန်ကရိယက အလုံအလောက် မထုတ်နိုင်တော့တဲ့အခါ၊ အင်ဆူလင်ကို ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ ဆဲလ်တွေက မသုံးနိုင်တော့တဲ့အခါ အင်ဆူလင်ကောင်းစွာ အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒီအခါမှာ သကြားဓာတ်တွေဟာ သွေးထဲမှာ စုပုံလာပြီး အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်စေပါတယ်။၁။ အဝလွန်သူတွေမှာ ဆီးချိုရောဂါ ဖြစ်ဖို့ ရာခိုင်နှုန်း အလွန်များပြီး ပိန်တဲ့သူတွေမှာလည်း ဖြစ်နိုင်ခြေရှိပါတယ်။၂။အထိုင်များပြီးကိုယ်လက်လှုပ်ရှားမှု နည်းသူတွေ။၃။ အားကစား၊ လေ့ကျင့်ခန်း မလုပ်သူတွေ။၄။ မိသားစုမျိုးရိုးမှာဆီးချို အမျိုးအစား (၂)ဖြစ်ခဲ့ဖူးရင်။၅။ အသက်အရွယ်ကြီးသူတွေ။၆။ ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ခဲ့ဖူးသူတွေ။၇။ သားဥအိမ်မှာ ရေအိတ်အများကြီးတည်တဲ့ PCOS ရောဂါရှိသူတွေ။၈။သွေးတိုးရှိသူတွေ။၉။ သွေးတွင်း အဆီနဲ့ ကိုလက်စထရော များတဲ့သူတွေမှာ အမျိုးအစား (၂) ဆီးချို ဖြစ်နိုင်ခြေ ပိုများပါတယ်။အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နေစဉ်မှာ ကိုယ်ဝန်မပျက်ကျအောင် ထိန်းပေးဖို့ အချင်းက ဟော်မုန်းတွေ ထုတ်လွှတ်ပါတယ်။ ဒီဟော်မုန်းတွေဟာ အင်ဆူလင်ရဲ့ အလုပ်တာဝန်ကို နှောင့်ယှက်ပါတယ်။ ပန်ကရိယဟာ အားနည်းနေချိန် အင်ဆူလင်ကို ပိုပြီး မထုတ်ပေးနိုင်တဲ့အခါ ကိုယ်ဝန်ဆောင် ဆီးချို ဖြစ်တတ်ပါတယ်။၁။ အသက် ၂၅ နှစ်အထက် အမျိုးသမီးတွေ။၂။ အမျိုးအစား (၂) ဆီးချို ဖြစ်တဲ့ မျိုးရိုးဗီဇ ရှိသူတွေ။၃။ ကိုယ်ဝန်မဆောင်ခင်ကတည်းက အဝလွန်နေတဲ့ အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များတတ်ပါတယ်။၁။ အစာအာဟာရကို မျှတစွာ စားသုံးပါ။၂။ ကိုယ်လက်လှုပ်ရှား အားကစား လုပ်ပေးပါ။၃။ အဆီ၊ အချို၊ အငန် လျှော့စားပါ။၄။ တစ်နေရာထဲမှာ အကြာကြီး ထိုင်တာမျိုး ရှောင်ပါ။၅။ ဆရာဝန်နဲ့ အမြဲပြသပြီး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်ပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/causes-of-diabetes/
Nightmare Disorder (အိပ်မက်ဆိုးဝေဒနာ)
အိပ်မက်ဆိုးဆိုတာ စိုးရိမ်ကြောင့်ကြမှု၊ ကြောက်ရွံ့မှု စတဲ့ မကောင်းတဲ့စိတ်ခံစားချက်တွေနဲ့ ဆက်စပ်ဖြစ်ပေါ်တဲ့၊ သင့်ကို အိပ်ပျော်နေရာက လန့်နိုးစေနိုင်လောက်တဲ့အထိ အနှောင့်အယှက်ပေးတဲ့ အိပ်မက်ကို ဆိုလိုပါတယ်။တကယ်လို့ သင်ဟာ မကြာခဏဆိုသလို အိပ်မက်ဆိုးတွေမက်မယ်၊ ကောင်းကောင်း အိပ်မပျော်နိုင်ဘဲဖြစ်မယ်၊ နောက်ဆက်တွဲအနေနဲ့ နေ့ဘက် အလုပ်လုပ်ရာမှာ အနှောင့်အယှက်ဖြစ်လာမယ် ဒါမှမဟုတ် အိပ်ရမှာတောင် ထိတ်လန့်လာမိတယ် ဆိုရင်တော့ ဒါကို အိပ်မက်ဆိုးဝေဒနာလို့ ခေါ်ရမှာဖြစ်ပါတယ်။အိပ်မက်ဆိုးမက်တာက အလွန်အဖြစ်များပေမယ့် အိပ်မက်ဆိုးဝေဒနာကတော့ အဖြစ်နည်းပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပြီး ကလေးငယ်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ရံဖန်ရံခါ အိပ်မက်ဆိုးမက်တာမျိုးကတော့ စိုးရိမ်စရာမရှိတာ များပါတယ်။အသက် ၃နှစ်ကနေ ၆နှစ်အရွယ်ကြားမှာ အိပ်မက်ဆိုးမက်တာ စဖြစ်လေ့ရှိပြီး အသက် ၁၀နှစ်ကျော်လာရင် တဖြည်းဖြည်း အကြိမ်ရေနည်းလာမှာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်နဲ့ လူငယ်ဘဝမှာ မိန်းကလေးတွေက ယောက်ျားလေးတွေထက်စာရင် အိပ်မက်ဆိုး ပိုမက်လေ့ရှိပြီး တချို့လူတွေမှာတော့ အရွယ်ရောက်တဲ့ထိအောင် အိပ်မက်ဆိုးမက်ကြတာကို တွေ့ရနိုင်ပါတယ်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အိပ်မက်ဆိုးဝေဒနာရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။ညအိပ်ချိန်ရဲ့ ဒုတိယတစ်ဝက်မှာ အိပ်မက်ဆိုးမက်နိုင်ချေ ပိုများပါပြီး တစ်ညကို အကြိမ်အနည်းငယ်ကနေ အကြိမ်များစွာ မက်နိုင်ပါတယ်။ အိပ်မက်ဆိုးမက်တဲ့အချိန်က ယေဘုယျအားဖြင့် တိုတောင်းပေမယ့် သင့်ကိုအိပ်ရာက လန့်နိုးစေသလို ပြန်အိပ်ပျော်ဖို့ရာလည်း အခက်တွေ့စေပါတယ်။အိပ်မက်ဆိုးတစ်ခုရဲ့ လက္ခဏာတွေကတော့။အိပ်မက်ဟာ ပြတ်သားလွန်းပြီး လက်တွေ့ဖြစ်နေသလို ခံစားရခြင်း၊ အချိန်ကြာလာသည်နှင့်အမျှ စိတ်အနှောင့်အယှက် ပိုဖြစ်စေခြင်း။မိမိရဲ့လုံခြုံမှု သို့မဟုတ် အသက်ကို ခြိမ်းခြောက်ခံရသည့် အကြောင်းအရာမျိုး သို့မဟုတ် အခြားစိတ်အနှောင့်အယှက်ဖြစ်စရာ အကြောင်းအရာမျိုးကို အိပ်မက်မက်ခြင်း။လန့်နိုးစေခြင်း။၎င်းအိပ်မက်ကြောင့် ကြောက်ရွံ့မှု၊ စိုးရိမ်မှု၊ ဒေါသ၊ ဝမ်းနည်းမှု သို့မဟုတ် ရွံရှာမှုကို ခံစားရခြင်း။ဇောချွေးပြန်ခြင်း၊ နှလုံးတုန်ခြင်း။နိုးလာလျှင် အိပ်မက်ကို အစအဆုံးပြန်မှတ်မိခြင်း။သင့်ကို အလွယ်အတကူ ပြန်အိပ်မပျော်စေနိုင်လောက်အောင် အနှောင့်အယှက်ပေးခြင်း။အိပ်မက်ဆိုးဝေဒနာအဖြစ် သတ်မှတ်နိုင်တဲ့ အခြေအနေတွေကတော့။မကြာခဏ အိပ်မက်ဆိုးမက်ခြင်း။နေ့ဘက်မှာပါ စိတ်ပူပင်သောက ရောက်ရခြင်း၊ နေထိုင်မကောင်းဖြစ်ခြင်း၊ စိုးရိမ်ကြောင့်ကြဖြစ်နေခြင်း၊ အမြဲထိတ်လန့်နေခြင်း၊ ညအိပ်ရာဝင်ရမည်ကို စိုးရိမ်နေခြင်း။အာရုံစိုက်မရခြင်း၊ မေ့တတ်ခြင်း၊ အတွေးထဲမှ အိပ်မက်ဆိုးပုံရိပ်များကို ဖျောက်မရခြင်း။နေ့ဘက်တွင် အိပ်ငိုက်ခြင်း၊ ခြေကုန်လက်ပမ်းကျခြင်း၊ နုံးနေခြင်း။အလုပ်၊ ကျောင်း၊ လူမှုရေးပတ်ဝန်းကျင်မှာ အခက်အခဲတွေ့ခြင်း။အိပ်ချိန်၊ အမှောင်ကို ကြောက်ရွံ့မှုနှင့် ဆက်စပ်သော အပြုအမူဆိုင်ရာ ပြဿနာများရှိလာခြင်း။ကလေးငယ်ဖြစ်ပါက ညညမအိပ်နိုင်သည့်အတွက် မိဘများ၊ ကလေးစောင့်ရှောက်သူများ စိတ်ပူပင်သောက ရောက်ရခြင်း။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။မကြာခဏ၊ ကာလကြာရှည် အိပ်မက်ဆိုးမက်ခြင်း။အိပ်စက်မှုကို အမြဲအနှောင့်အယှက်ဖြစ်စေခြင်း။အိပ်ရာဝင်ရမှာ ထိတ်လန့်နေခြင်း။နေ့ဘက်တွင် ကောင်းမွန်စွာ အလုပ်မလုပ်နိုင်ခြင်း၊ အပြုအမူဆိုင်ရာ ပြဿနာများကြုံတွေ့ရခြင်း။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဘာတွေကအိပ်မက်ဆိုးဝေဒနာ ဖြစ်ပွားစေသလဲ။အိပ်မက်ဆိုးဝေဒနာကို ဆရာဝန်များက parasomnia လို့ ခေါ်ကြပါတယ်။ အိပ်ပျော်စပြုစဉ်၊ အိပ်ပျော်နေစဉ်နဲ့ အိပ်ရာနိုးစဉ်မှာ မလိုလားအပ်တဲ့ အနှောင့်အယှက်ဖြစ်စရာ အတွေ့အကြုံတွေ ကြုံတွေ့ရခြင်းကို ခေါ်ပါတယ်။ REM လို့ခေါ်တဲ့ အိပ်စက်ခြင်းအဆင့်မှာ အများဆုံးမက်လေ့ရှိပြီး ဘာကြောင့် အိပ်မက်ဆိုးမက်ရတယ် ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။အိပ်မက်ဆိုးမက်စေနိုင်တဲ့ တချို့သောအကြောင်းရင်းတွေကတော့။စိတ်ဖိစီးမှု သို့မဟုတ် စိတ်ပူပင်မှု။တခါတလေမှာ နေ့စဉ်ကြုံတွေ့မြဲဖြစ်တဲ့ သာမန်စိတ်ဖိစီးမှုတွေ (ဥပမာ အိမ်မှာ၊ ကျောင်းမှာ ဖြစ်တဲ့ သာမန်ပြဿနာ) က အိပ်မက်ဆိုးမက်အောင် လှုံ့ဆော်တတ်ပါတယ်။နေရာသစ်ဆီ ပြောင်းရွှေ့တာ၊ ချစ်ခင်ရသူတစ်ယောက်ယောက် ကွယ်လွန်တာ စတဲ့ အပြောင်းအလဲ ကြီးကြီးမားမားတစုံတရာ ကြုံတွေ့ရရင်လည်း အိပ်မက်ဆိုးမက်ဖို့ အလားအလာရှိပါတယ်။ စိုးရိမ်ပူပင်မှုနဲ့ ရင်ဆိုင်ရခြင်းဟာလည်း အိပ်မက်ဆိုးမက်နိုင်ချေ မြင့်စေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ဒဏ်ရာ။မတော်တဆမှု၊ ထိခိုက်ဒဏ်ရာရမှု၊ ကိုယ်ကာယ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခံရမှုနဲ့ အခြား နာကျင်စရာ အဖြစ်အပျက်တစ်ခုခုကို ရင်ဆိုင်ရပြီးတဲ့နောက် အိပ်မက်ဆိုးမက်တတ်တာကို တွေ့ရပါတယ်။ ဒဏ်ရာရဲ့နောက်ဆက်တွဲ စိတ်ဖိစီးမှုဝေဒနာ (PTSD) ခံစားနေရသူတွေဟာ အိပ်မက်ဆိုးမက်လေ့ရှိကြပါတယ်။လုံလောက်စွာမအိပ်စက်ရခြင်း။တနေ့တာ လုပ်ငန်းဆောင်ရွက်မှုအချိန်ဇယား အပြောင်းအလဲရှိတဲ့အခါ အိပ်ချိန်၊ထချိန် ပုံမမှန်ခြင်း၊ အိပ်ချိန်နည်းခြင်း၊ နှစ်နှစ်ခြိုက်ခြိုက်မအိပ်ရခြင်း စတဲ့ အကြောင်းအချက်တွေကြောင့် အိပ်မက်ဆိုးမက်နိုင်ချေ ပိုများပါတယ်။ အိပ်မပျော်ခြင်းဟာလည်း အိပ်မက်ဆိုး ပိုမက်စေနိုင်ပါတယ်။ဆေးဝါးများ။အချို့သော စိတ်ကျရောဂါသက်သာဆေးများ၊ သွေးညှိဆေးများ၊ နှလုံးခုန်ထိန်းဆေးများ၊ ပါကင်ဆန်ရောဂါ ကုသဆေးများ၊ ဆေးလိပ်ဖြတ်ဆေးများကြောင့် အိပ်မက်ဆိုးမက်တတ်ပါတယ်။အရက်၊ မူးယစ်ဆေး သုံးစွဲခြင်း။အရက်နဲ့ အခြား စိတ်အပန်းဖြေဖို့ အသုံးပြုတဲ့ မူးယစ်ဆေးဝါးတွေကြောင့်ဖြစ်စေ၊ ဆေးမသုံးရတဲ့ အခြေအနေမှာဖြစ်စေ အိပ်မက်ဆိုးမက်နိုင်ပါတယ်။အခြား ရောဂါများ။စိတ်ကျရောဂါနဲ့ အခြားစိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေဟာလည်း အိပ်မက်ဆိုးမက်ခြင်းနဲ့ ဆက်စပ်မှုရှိပါတယ်။ နှလုံးရောဂါ၊ ကင်ဆာရောဂါစတဲ့ အချို့သော ရောဂါဝေဒနာ ခံစားနေရသူတွေမှာ အိပ်မက်ဆိုးမက်နိုင်ချေရှိသလို အိပ်ရေး၀၀မအိပ်နိုင်အောင် အနှောင့်အယှက်ပေးတဲ့ အိပ်စက်ခြင်းဆိုင်ရာ အခြားရောဂါတွေကြောင့်လည်း အိပ်မက်ဆိုးမက်နိုင်ပါတယ်။ထိတ်လန့်စရာ စာအုပ်များ၊ ရုပ်ရှင်များ။အချို့သူတွေမှာတော့ မအိပ်ခင် ကြောက်စရာကောင်းတဲ့ စာအုပ်တွေဖတ်မိရင်ဖြစ်ဖြစ်၊ ထိတ်လန့်စရာ ရုပ်ရှင်ကြည့်မိရင်ဖြစ်ဖြစ် အိပ်မက်ဆိုးမက်တတ်ပါတယ်။ဘယ်အရာတွေကအိပ်မက်ဆိုးဝေဒနာ ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။တကယ်လို့ သင့်မိသားစုဆွေမျိုးတွေထဲမှာ အိပ်မက်ဆိုးမက်တတ်တဲ့ ရာဇဝင်ရှိမယ်၊ အိပ်နေရင်း စကားပြောခြင်းကဲ့သို့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာ တစုံတရာရှိမယ်ဆိုရင်တော့ အိပ်မက်ဆိုးမက်နိုင်ချေ ပိုများပါတယ်။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။အိပ်မက်ဆိုးဝေဒနာ ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။အိပ်မက်ဆိုးဝေဒနာ ဟုတ်မဟုတ် ပုံမှန်စစ်ဆေးတဲ့နည်းလမ်းရယ်လို့ မရှိပါဘူး။ သင့်ကို အမြဲစိုးရိမ်ပူပင်ရအောင်၊ အိပ်ရေး၀၀ မအိပ်နိုင်လောက်အောင် အနှောင့်အယှက်ပေးတဲ့ အနေအထားအထိ ရောက်ကာမှ အိပ်မက်ဆိုးဝေဒနာအဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။ ဒီဝေဒနာဟုတ်မဟုတ် အဖြေရှာအတည်ပြုဖို့အတွက် သင့်ဆရာဝန်က သင့်ရဲ့ ရောဂါရာဇဝင်၊ ဖြစ်ပွားနေတဲ့ လက္ခဏာတွေကို မေးမြန်းသုံးသပ်မှာဖြစ်ပါတယ်။ခန္ဓါကိုယ်စမ်းသပ်စစ်ဆေးခြင်း – သင့်မှာ အိပ်မက်ဆိုးမက်စေတတ်တဲ့ ရောဂါတစုံတရာရှိမရှိ စစ်ဆေးစမ်းသပ်မှာဖြစ်ပြီး အကယ်၍ အိပ်မက်ဆိုး ထပ်ကာထပ်ကာမက်ရတဲ့ အကြောင်းရင်းခံဟာ စိုးရိမ်ပူပင်မှု ဖြစ်နေမယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ စိတ်ကျန်းမာရေး ပညာရှင်တစ်ယောက်ယောက်နဲ့ ဆွေးနွေးဖို့ သင့်ဆရာဝန်က အကြံပြုပါလိမ့်မယ်။သင့်မှာဖြစ်နေတဲ့ လက္ခဏာများအကြောင်း ဆွေးနွေးခြင်း။ပုံမှန်အားဖြင့် အိပ်မက်ဆိုးဝေဒနာ ဟုတ်မဟုတ်ကို သင်ပြောပြသမျှ သင်ခံစားနေရတဲ့ အတွေ့အကြုံအပေါ်မူတည်ပြီး အတည်ပြုတာဖြစ်ပါတယ်။ သင့်ဆရာဝန်အနေနဲ့ သင့်မိသားစုဝင်တွေမှာ အိပ်စက်ခြင်းနဲ့ဆက်စပ်တဲ့ ပြဿနာရှိမရှိမေးမြန်းမှာဖြစ်ပြီး သင့်အိမ်ထောင်ဖက်ကိုလည်း သင့်ရဲ့အိပ်စက်ခြင်း အပြုအမူတွေအကြောင်း မေးမြန်းမှာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေအပေါ်မူတည်ပြီး အိပ်မက်ဆိုးဝေဒနာ ဖြစ်နိုင်ချေအကြောင်း ဆွေးနွေးပါလိမ့်မယ်။ညဘက် အိပ်စက်မှုကို လေ့လာခြင်း။အိပ်မက်ဆိုးတွေကြောင့် အိပ်စက်ရာမှာ ဆိုးဆိုးရွားရွား အနှောင့်အယှက်ဖြစ်မယ်ဆိုရင်တော့ ဒီအိပ်မက်ဆိုးတွေဟာ အခြား အိပ်စက်ခြင်းဆိုင်ရာ ဝေဒနာတွေနဲ့ ဆက်စပ်မှုရှိမရှိ သိရအောင် ညဘက်အိပ်စက်မှုကိုလေ့လာတဲ့ နည်းလမ်းအသုံးပြုဖို့ အကြံပြုပါလိမ့်မယ်။ သင့်ခန္ဓါကိုယ်မှာ အာရုံခံကိရိယာတွေ တပ်ဆင်ပေးပြီး အိပ်နေစဉ်မှာဖြစ်ပေါ်တဲ့ ဦးနှောက်လှိုင်းတွေ၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ၊ နှလုံးခုန်နှုန်း၊ အသက်ရှုပုံ၊ မျက်လုံးနဲ့ ခြေထောက်လှုပ်ရှားမှု တွေကို စောင့်ကြည့်မှတ်သားထားမှာ ဖြစ်ပါတယ်။ အိပ်စက်မှု စက်ဝန်းတွေအတွင်း ဖြစ်ပေါ်လာတဲ့ သင့်ရဲ့အပြုအမူတွေကို ဗီဒီယိုမှတ်တမ်းတင်ကောင်း တင်ထားမှာ ဖြစ်ပါတယ်။အိပ်မက်ဆိုးဝေဒနာ ကို ဘယ်လိုကုသလဲ။ပုံမှန် အိပ်မက်ဆိုးမက်ရုံနဲ့တော့ သာမန်အိပ်မက်ဆိုးမက်ရုံနဲ့တော့ ကုသမှုခံယူဖို့ မလိုပါဘူး။ ဒါပေမယ့် နေ့ဘက်မှာပါ ပုံမှန်လုပ်ငန်းဆောင်တာ မလုပ်နိုင်တဲ့အထိ အနှောင့်အယှက်ဖြစ်လာပြီဆိုရင်တော့ ကုသမှုခံယူဖို့ လိုပါလိမ့်မယ်။ဒီလိုကုသတဲ့နေရာမှာ အိပ်မက်ဆိုးဝေဒနာဖြစ်စေတဲ့ အကြောင်းအရင်းအပေါ်မူတည်ပြီး ကုသမှုပေးရတာဖြစ်ပါတယ်။ကုသမှုနည်းလမ်းတွေကတော့။နဂိုရောဂါအခံကို ကုသခြင်း – ရှိရင်းစွဲ ရောဂါအခံတစ်ခုခုကြောင့် အိပ်မက်ဆိုးမက်သူတွေအနေနဲ့ မိမိမှာရှိတဲ့ ရောဂါအခံကို ကုသဖို့လိုအပ်မှာ ဖြစ်ပါတယ်။စိတ်ဖိစီးမှု သို့မဟုတ် စိတ်ပူပင်မှုကို သက်သာစေမည့် ကုထုံး – အထက်ပါအကြောင်းအရင်းတွေကြောင့် အိပ်မက်ဆိုးမက်ရတယ်ဆိုရင်တော့ စိတ်ကျန်းမာရေးပညာရှင်နဲ့တွေ့ဆုံပြီး စိတ်ဖိစီးမှုလျော့ချတဲ့ နည်းစနစ်၊ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးခြင်း၊ စိတ်ကုထုံးတွေ အသုံးပြုဖြေရှင်းဖို့ သင့်ဆရာဝန်က အကြံပြုပါလိမ့်မယ်။ကြိုတင်လေ့ကျင့်ခြင်းကုထုံး – ဒဏ်ရာရဲ့နောက်ဆက်တွဲ စိတ်ဖိစီးမှုဝေဒနာ ခံစားနေရသူတွေမှာ မကြာခဏအသုံးပြုတဲ့ ကုထုံးတစ်ရပ်ဖြစ်ပါတယ်။ ကိုယ်မှတ်မိထားတဲ့ အိပ်မက်ဆိုးရဲ့ ဇာတ်သိမ်းကို နိုးနေစဉ်အချိန်မှာ ပြောင်းလဲပစ်ခြင်းအားဖြင့် ဒီအိပ်မက်ဆိုးဟာ ကိုယ့်ကို မခြိမ်းခြောက်နိုင်တော့တဲ့အထိ လေ့ကျင့်ပြီး အသစ်ဖန်တီးလိုက်တဲ့ ဇာတ်သိမ်းကို စိတ်ထဲမှာစွဲနေအောင် ထပ်မံလေ့ကျင့်ရမယ့် ကုထုံးဖြစ်ပါတယ်။ ဒီကုထုံးကို အသုံးပြုခြင်းအားဖြင့် အိပ်မက်ဆိုးမက်တဲ့ အကြိမ်ရေကို လျော့နည်းစေပါတယ်။ဆေးဝါး – အိပ်မက်ဆိုးမက်ခြင်းအတွက် ဆေးပေးလေ့မရှိပေမယ့် ဒဏ်ရာရဲ့နောက်ဆက်တွဲ စိတ်ဖိစီးမှုဝေဒနာကြောင့် အိပ်မက်ဆိုး ပြင်းပြင်းထန်ထန် မက်တတ်သူတွေအတွက်တော့ ဆေးဝါးအကူအညီ ရယူဖို့ လိုကောင်းလိုနိုင်ပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအိပ်မက်ဆိုးဝေဒနာ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အိပ်မက်ဆိုးဝေဒနာ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အိပ်ရာမဝင်မီ ကိုယ်စိတ်ဖြေလျော့တဲ့ အလေ့အထ ပုံမှန်တည်ဆောက်ပါ။အိပ်ရာဝင်အလေ့အထတစ်ခု စွဲစွဲမြဲမြဲတည်ဆောက်ဖို့ အရေးကြီးပါတယ်။ မအိပ်ခင်မှာ စာအုပ်ဖတ်တာ၊ ပဟေဠိကစားတာ၊ ရေနွေးစိမ်တာ စတဲ့ အေးအေးငြိမ်ငြိမ် အလုပ်တစ်ခုခု လုပ်သင့်ပါတယ်။ တရားထိုင်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်း၊ လူကိုပြေလျော့စေတဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းဖြင့်လည်း အကျိုးရှိနိုင်ပါတယ်။ ကိုယ့်ရဲ့အိပ်ခန်းကိုလည်း သက်သောင့်သက်သာ တိတ်တိတ်ဆိတ်ဆိတ်ရှိအောင် ပြင်ဆင်ထားသင့်ပါတယ်။နှစ်သိမ့်မှုပေးပါ။တကယ်လို့ သင့်ကလေးက အိပ်မက်ဆိုးတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုရင် သူ့အပေါ် စိတ်ရှည်တည်ငြိမ်ပြီး နှစ်သိမ့်မှုပေးသင့်ပါတယ်။ ကလေးက အိပ်မက်ဆိုးကြောင့် အိပ်ရာကလန့်နိုးလာခဲ့မယ်ဆိုရင် မြန်မြန်ဆန်ဆန် တုံ့ပြန်ပြီး သူ့နံဘေးမှာ ချော့မော့ပေးပါ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် နောက်ထပ်အိပ်မက်ဆိုးတွေ မမက်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။အိပ်မက်အကြောင်း စကားပြောကြည့်ပါ။အိပ်မက်ဆိုးမက်တတ်တဲ့ ကလေးကို သူမက်တဲ့အိပ်မက်အကြောင်း ပြောပြဖို့ တိုက်တွန်းကြည့်ပါ။ အိပ်မက်ထဲမှာ ဘာတွေဖြစ်လဲ၊ ဘယ်သူတွေပါလဲ၊ ဘာကြောင့် ကြောက်စရာကောင်းရသလဲ စသဖြင့် မေးမြန်းကြည့်ပါ။ အိပ်မက်ဆိုတာ အစစ်အမှန်မဟုတ်ကြောင်း၊ ကိုယ့်ကို တကယ်မထိခိုက်နိုင်ကြောင်း ကလေးကို ရှင်းပြပေးပါ။အိပ်မက်ဇာတ်သိမ်းကို ပြန်ရေးပါ။အိပ်မက်ဆိုးရဲ့ ကြောက်စရာဇာတ်သိမ်းနေရာမှာ အစားထိုးနိုင်မယ့် ပျော်စရာဇာတ်သိမ်းတစ်ခုခု စဉ်းစားကြည့်ပါ။ အိပ်မက်ဆိုးမက်တတ်တဲ့ သင့်ကလေးကို အိပ်မက်အကြောင်း ပုံဆွဲပြဖို့၊ အိပ်မက်ထဲမှာ ပါတဲ့သူတွေကို စကားပြောကြည့်ဖို့ ဒါမှမဟုတ် ချရေးဖို့ တိုက်တွန်းကြည့်ပါ။ တခါတလေမှာ ဒီလိုတီထွင်ဖန်တီးမှုတွေကလည်း အကူအညီပေးနိုင်ပါတယ်။စိတ်ဖိစီးမှုကို ဖြေရှင်းပါ။တကယ်လို့ အိပ်မက်ဆိုးမက်ရတဲ့ မူလဇစ်မြစ်က စိတ်ဖိစီးမှု သို့မဟုတ် စိုးရိမ်ပူပန်မှု ဖြစ်ခဲ့မယ်ဆိုရင် ဒီအကြောင်းကို ဖွင့်ပြောပါ။ အသက်ပြင်းပြင်းရှူခြင်း၊ ကိုယ်စိတ်ဖြေလျော့ခြင်း စတဲ့ စိတ်ဖိစီးမှုကို သက်သာစေမယ့် ရိုးရိုးရှင်းရှင်း လှုပ်ရှားမှုတွေ လုပ်ကြည့်ပါ။ လိုအပ်ရင် တတ်ကျွမ်းနားလည်တဲ့ စိတ်ကျန်းမာရေးပညာရှင်ရဲ့ အကူအညီရယူပါ။သက်သောင့်သက်သာအိပ်နိုင်အောင် ကူညီပေးပါ။သင့်ကလေးအနေနဲ့ သူအကြိုက်ဆုံး အရုပ်၊ စောင်၊ တခြားအရာဝတ္ထုတစ်ခုခုကို အိပ်ရာထဲထားပြီး အိပ်ခွင့်ရမယ်ဆိုရင် ပိုပြီးလုံခြုံသလို ခံစားရမှာဖြစ်ပါတယ်။ အိပ်ချိန်မှာ တစ်ယောက်ထဲ အထီးကျန်စိတ်မဖြစ်ပဲ သက်သောင့်သက်သာရှိအောင် ကလေးရဲ့ အိပ်ခန်းတံခါးအပြင် မိဘတွေရဲ့ အိပ်ခန်းတံခါးကိုပါ ဖွင့်ထားပေးသင့်ပါတယ်။ညအိပ်မီး ထွန်းပေးပါ။ကလေးရဲ့ အိပ်ခန်းထဲမှာ ညအိပ်မီးထွန်ပေးထားပါ။ ညဘက်နိုးလာတဲ့အခါမျိုးမှာ ဒီညအိပ်မီးကြောင့် စိတ်သက်သောင့်သက်သာ ရှိစေမှာဖြစ်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/nightmare-disorder-%e1%80%a1%e1%80%ad%e1%80%95%e1%80%b9%e1%80%99%e1%80%80%e1%80%b9%e1%80%86%e1%80%ad%e1%80%af%e1%80%b8%e1%80%b1%e1%81%80%e1%80%92%e1%80%94%e1%80%ac/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/pucuk-manis-health-benefits/
null
null
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%86%e1%80%94%e1%80%b9%e1%80%92%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%bb%e1%80%86%e1%80%84%e1%80%ba%e1%80%b8%e1%80%85/
ဆန်ကို ကြည်နေအောင် ဆေးတာက ကျန်းမာစေရဲ့လား!
ကဲ …. အရင်ဆုံး ဒီကနေ မေးချင်တာ ထမင်းချက်ခါနီးတိုင်းဆန်ဆေးရည်ကို ကြည်နေအောင်ဆိုပြီး ဆန်ကို ရေနဲ့ အထပ်ထပ်များ ဆေးမိနေသေးလား! အချို့ဆို ရှိတယ်လေ ဆန်ကို လက်နှစ်ဖက်နဲ့ အသေအချာ ပွတ်တိုက်ဆေး ပြီး ရေကို ၁ ကြိမ် မက ၂ ကြိမ် မက အထပ်ထပ်ဆေးတာမျိုးလေ။ ဆန်ဆေးရည်လေး ကြည်မှ ပိုးတွေ ဖုန်တွေ ကင်းပြီးထမင်းက သန့်မယ်လို့ပေါ့။ ဒါဆိုတကယ်ပဲ ဆန်ကို ကြည်နေအောင် ဆေးတာက ကျန်းမာစေရဲ့လား! ဆိုတာပါ။ဆန်ကို ဆေးကြောတယ်ဆိုတာက ဒီအချက်တွေကြောင့်ပါ။ထမင်းချက်ခါနီးတိုင်း ဆန်ကို ဆေးဖို့ လိုတယ်ဆိုပေမယ့် ဆန်ကို အတင်းပွတ်တိုက်ဆေးတာ၊ ဆန်ကို ကြည်နေအောင် ဆေးတာက ကောင်းတဲ့ နည်းလမ်းတစ်ခုတော့ မဟုတ်ပါဘူး။ဆန်ကို အတင်းကာရော ပွတ်တိုက်ဆေးကြောတာက ဆန်မှာပါတဲ့ အာဟာရဓာတ်တွေ ဖြစ်တဲ့ ဗီတာမင် ဘီဝမ်း၊ ကော့ပါး၊ သံဓာတ်၊ ဇင့်နဲ့ အခြားသော အာဟာရဓာတ်တွေကို ပျက်စီးစေနိုင်ပါတယ်။တကယ်ကတော့ ဆန်ကို ခပ်ဖွဖွလေးနဲ့ နှံ့နေအောင် နှစ်ရေလောက် ဆေးပေးရင်ကို လုံလောက်ပါတယ်။ ဆန်ကို ဆေးတဲ့အခါ လက်နှစ်ဖက်နဲ့ အတင်း ပွတ်တိုက်တာမျိုး မလုပ်ဘဲ ခပ်ဖွဖွလေးနဲ့ စင်ကြယ်အောင်ပဲ ဆေးကြောပေးပါ။နောက်သတိထားရမယ့် အချက်တစ်ခုက ဆန်ကို ဆေးကြောပြီးတာနဲ့ တစ်ခါတည်း တန်းချက်ပါ။ ဆန်ကို ဆေးပြီး ရေစိုစိုနဲ့ အခန်း အပူချိန်မှာ ထားတာက ပိုးပေါက်ဖွားတာမျိုး ဖြစ်စေနိုင်လို့ပါ။ ဒီလို ပိုးပေါက်ဖွားတာက အစာအိမ်အူလမ်းကြောင်းကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။စူပါမားကတ်တွေမှာရောင်းတဲ့ အသင့်စား သန့်စင်ပြီးသားဆန်တွေဆိုရင် ရေဆေးစရာတောင် မလိုတော့ပါဘူး။ ရေထည့်ပြီး တန်းချက်ရုံပါပဲ။ ဒီလိုမဟုတ်ဘဲ ‌စျေးထဲက ဆန်တွေ ဆိုရင်တောင် ဖုန်တွေ၊ ခဲတွေ မပါအောင် ဆေးဖို့ လိုပါတယ်။ တချို့နေရာတွေမှာ ဆန်ကို ခြေထောက်နဲ့ တက်နင်းတာ၊ အခင်းမှာ မပါဘဲ အောက်မှာ ပုံထားတာကို တွေ့ဖူးတယ်ဟုတ်။ ဒါတွေ မြင်ဖူးထားရင်တော့ ဆန်ကို မဆေးဘဲ နေနိုင်မှာ မဟုတ်ပါဘူး။ဒီလိုဆိုရင်လည်း ဆန်ဆေးတဲ့အခါ ရေကြည်တဲ့အထိ အတင်းမဆေးပါနဲ့။ ဆန်ဆေးရည်ထဲမှာ ဖုန်တွေ၊ သဲတွေ မပါတော့ဘူးဆိုရင် သန့်တယ်လို့ ပြောလို့ ရပါပြီ။ ပိုးမွှားတွေ ပါလာရင်ရောဆိုပြီး စိတ်မပူပါနဲ့။ ဆန်က မီးပြင်းပြင်းနဲ့ ချက်တာကြောင့် ပိုးသေသွားပါလိမ့်မယ်။ဆန်က ထမင်းပါပဲ။ ဆန်ကို စားသုံးပေးတာက အခုလို အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။စိတ်ကျန်းမာရေးကောင်းမွန်စေဖို့အတွက် ကာဗိုဟိုက်ဒရိတ်က အရမ်းကို အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဆန်မှာ ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ကာဗိုဟိုက်ဒရိတ် မရှိဘူးဆိုရင် အားမရှိသလို ခံစားရမှာ ဖြစ်ပါတယ်။ဆန်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေ ပါဝင်နေသလိုအမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်နေတဲ့ အစားအစာ တစ်ခုပါ။ အမျှင်ဓာတ်က ခန္ဓာကိုယ်ရဲ့ အစာခြေစနစ် အတွင်းက အဆိပ်အတောက်တွေ၊ ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေကိုဖယ်ရှားပေးပါတယ်။ ဒီလိုမျိုး လုပ်ဆောင်ပေးတာက ဝက်ခြံ ဖြစ်တာနဲ့ အသားအရေ မွဲခြောက်ခြောက် ဖြစ်တာတွေ လျော့ပါးသက်သာစေပြီး အရေပြားကို ကျန်းမာစေနိုင်ပါတယ်။ဆန်မှာ ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာ ပါဝင်တဲ့အပြင် နှလုံး ကျန်းမာစေနိုင်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ကိုလက်စထရောတွေ ပါဝင်နေပါတယ်။ဆန်မှာ အူမကြီး ကျန်းမာရေးကို အထောက်အကူပြုတဲ့ အကျိုးပြုဘက်တီးရီးယားတွေ ပေါက်ပွားလာအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိပါတယ်။ ဒီဘက်တီးရီးယားတွေက ဝမ်းလျှောတာ၊ ဝမ်းကိုက်တာတွေ မဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ နောက်တစ်ခုက ထမင်းက ခန္ဓာကိုယ်အတွက် နေ့စဉ် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်ပေးပါတယ်။ဆန်မှာပါတဲ့ သံဓာတ်က ဟီမိုဂလိုဘင်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဟီမိုဂလိုဘင် အရေအတွက် များလာတဲ့အခါ သွေးအားနည်း ဝေဒနာ ခံစားရနိုင်ခြေကို နည်းသွားစေမှာ ဖြစ်ပါတယ်။ခန္ဓာကိုယ်ထဲမှာ အမျှင်ဓာတ် နည်းတဲ့အခါ အစာအိမ်နဲ့ အူလမ်းကြောင်းကိုထိခိုက်စေနိုင်တဲ့အူမကြီးကင်ဆာလိုမျိုး ကင်ဆာရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဒီလို ဝေဒနာတွေ မဖြစ်အောင် အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကို စားသုံးပေးလို့ရသလို ထမင်းကို စားသုံးပေးလည်းရပါတယ်။ ထမင်းမှာ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေနိုင်တဲ့အပြင် အူမကြီးကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးသလို ရင်သားကင်ဆာဖြစ်နိုင်ခြေကိုလည်းလျော့ကျစေပါတယ်။ဆန်မှာဗီတာမင် Dကြွယ်ဝစွာပါဝင်တာကြောင့် အရိုးတွေကို သန်မာစေပြီး အရိုးပွတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။  နေရောင်ခြည်ကနေလည်း ဗီတာမင် D ရနိုင်သလို ဆန်ကနေလည်း ဗီတာမင် D ရရှိနိုင်ပါတယ်။ ဒါကြောင့် အရိုးပွရောဂါမဖြစ်စေဖို့ အတွက် ဗီတာမင် D ရရှိအောင် ဆန်( ထမင်း) စားပေးလို့ ရပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/do-you-need-to-wash-rice-before-cooking/
စိတ်ဖိစီးမှုများရင် ဒီရောဂါတွေဖြစ်နိုင်တယ်
တစ်နေ့တစ်နေ့ အလုပ်တွေနဲ့လုံးပန်းရင်း မခေါ်ဘဲရောက်လာတဲ့ ဧည့်သည်ကိုလည်းမောင်းထုတ်ရခက်နေတတ်တယ်နော်။ ဒါကတော့ ကိုယ်က မတောင့်တတောင် ကိုယ့်ဆီရောက်လာတတ်တဲ့ စိတ်ဖိစီးမှုလေ။စိတ်ဖိစီးမှုက သိမ်းထားလို့ကောင်းတဲ့အရာမဟုတ်ပါဘူး။ ကြာကြာသိမ်းလေ ကိုယ့်မှာထိခိုက်ရတာတွေ များလာလေလေပါပဲ။ စိတ်ဖိစီးမှုများရင် ဒီရောဂါတွေဖြစ်နိုင်တယ် ဆိုတော့ စိတ်ဖိစီးမှုကို သေချာ ကိုင်တွယ်တတ်ဖို့ လိုပါတယ်။စိတ်ဖိစီးမှု ဆိုတာက ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ်  စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေဖြစ်လာတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ သာမန်တုံ့ပြန်မှုတစ်ခုပေါ့။ ဒီပြောင်းလဲမှုကို ခန္ဓာကိုယ်က ရုပ်ပိုင်းဆိုင်ရာ အရသော်လည်းကောင်း၊စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း ပြန်ပြီး တုံ့ပြန်တတ်ပါတယ်။စိတ်ဖိစီးမှု ဆိုတာမျိုးက နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလိုတောင် ဖြစ်နေတတ်ပါသေးတယ်။ နေ့စဉ်ထိတွေ့ဆက်ဆံနေတဲ့ ပတ်ဝန်းကျင်ကြောင့်၊ ကိုယ်ရဲ့အတွေးတွေနဲ့ ကိုယ့်ရဲ့ အပြုအမူတွေကြောင့် စိတ်ဖိစီးမှုဝင်နိုင်ပါတယ်။လူတွေရဲ့ ခန္ဓာကိုယ်က စိတ်ဖိစီးမှုကို ခံစားတုံ့ပြန်နိုင်စွမ်းရှိကြပါတယ်။ ဒါပေမယ့် ဘယ်လောက်ကြာကြာသိမ်းထားမလဲဆိုတာကတော့ ကိုယ့်ရဲ့ စိတ်ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေမှာပါ။လူတစ်ယောက်ဟာနေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှုကို ခံစားလာရမယ်ဆိုရင်တော့ အပြုသဘောမဆောင်နိုင်တော့ဘဲ အပျက်သဘောဆောင်လာပြီး ခန္ဓာကိုယ်မှာရောဂါတွေဝင်လာတော့တာပေါ့။နှလုံးရောဂါ– ကာလရှည်ကြာစိတ်ဖိစီးတာကြောင့် သွေးပေါင်ချိန်မြင့်ရာကနေ နောက်ပိုင်းမှာ နှလုံးရောဂါခံစားရနိုင်ပါတယ်။ စိတ်ဖိစီးမှုကနှလုံးခုန်နှုန်းနဲ့ သွေးစီးဆင်းမှုကို တိုးစေနိုင်ပြီး သွေးတွင်းကိုလက်စထရောများလာစေတာကြောင့် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ပန်းနာရင်ကျပ်-လေ့လာမှုတွေအရ စိတ်ဖိစီးမှုက ပန်းနာရင်ကျပ်ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ ကာလရှည်ကြာစိတ်ဖိစီးမှုက ပန်းနာရင်ကျပ်ရောဂါ ခံစားရနိုင်ခြေကို တိုးစေနိုင်ပါတယ်။အဝလွန်– စိတ်ဖိစီးမှုများတာက ကိုယ်တွင်းမှာကော်တီစောဟော်မုန်းပမာဏကို တိုးစေပြီးဝမ်းဗိုက်၊ တင်ပါးနဲ့ခြေထောက်တွေမှာ အဆီတွေစုစေရာကနေတဆင့် နောက်ဆုံးမှာ အဝလွန်တာအထိဖြစ်စေနိုင်ပါတယ်။ဆီးချို– အချိုစားများမှ ဆီးချိုဖြစ်တာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုကြောင့် ဆီးချိုဖြစ်နိုင်ခြေ မြင့်စေသလို ဆီးချိုရှိသူတွေမှာလည်း ပိုဆိုးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ ကျန်းမာရေးနဲ့ မညီတဲ့ စားသောက်မှုပုံစံတွေဖြစ်လာစေပြီး သွေးတွင်းအချိုဓာတ်ကိုမြင့်တက်စေမှုကနေတဆင့် ဆီးချိုရောဂါကို ခံစားရစေပါတယ်။ခေါင်းကိုက်– စိတ်ဖိစီးမှုများလာတဲ့အခါ အရင်ဆုံးခံစားရမှာက ခေါင်းကိုက်တာပါ။ စိတ်ဖိစီးမှုများတာက ခေါင်းကိုက်စေတဲ့အပြင် ခေါင်းတစ်ခြမ်းကိုက်ရောဂါကိုပါ ခံစားရစေနိုင်ပါတယ်။စိတ်ဓာတ်ကျ– ကာလရှည်ကြာစိတ်ဖိစီးမှုက စိတ်ဓာတ်ကျတာကို ဖြစ်စေနိုင်တယ်ဆိုတာက အဆန်းကြီးတော့မဟုတ်ပါဘူး။ နေ့စဉ်ထိတွေ့နေရတဲ့ ပတ်ဝန်းကျင်ကနေ စိတ်ဖိစီးမှုကို ခံစားနေရသူတွေက အခြားသူတွေထက် စိတ်ဓာတ်ကျမှုကို ခံစားရနိုင်ခြေ ၈၀ ရာခိုင်နှုန်းပိုများနေနိုင်ပါတယ်။အစာအိမ်အူလမ်းကြောင်းပြဿနာ-အစာမကြေတာ၊ ရင်ပူတာတွေက စားလိုက်တဲ့ အစားအစာတွေကြောင့်ဖြစ်နိုင်သလို ကာလရှည်ကြာ ပိုက်ထားခဲ့ရတဲ့ စိတ်ဖိစီးမှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် စားလိုက်တိုင်း အာဟာရဖြစ်ပြီး အစာခြေစနစ် ကျန်းမာနေစေဖို့ စိတ်ဖိစီးမှုကိုမြန်မြန်အဝေးလွှင့်ပစ်ပါနော်။အယ်လ်ဇိုင်းမားရောဂါ-လေ့လာမှုအရ စိတ်ဖိစီးမှုကြောင့် အယ်လ်ဇိုင်းမားရောဂါခံစားရနိုင်ခြေပိုများစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကရောဂါရှိသူတွေမှာလည်း ပိုဆိုးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုလျှော့ချနိုင်လေလေရောဂါခံစားရနိုင်ခြေနည်းလေလေပါ။အိပ်စက်မှုထိခိုက်နိုင်တယ်– စိတ်ဖိစီးရင် ဘယ်လောက်အိပ်အိပ် အိပ်မပျော်ပါဘူး။ ညဘက်ကောင်းကောင်းအိပ်မပျော်တာ ကြာလာတဲ့အခါ စိတ်ခံစားမှုတွေ မကောင်းသလို မှတ်ဉာဏ်တွေပါ ထိခိုက်လာပါတော့တယ်။ ဒီလိုမျိုး အိပ်ရေးပျက်ညတွေ များလာတာက ခန္ဓာကိုယ်က စိတ်ဖိစီးမှုကို နှင်ထုတ်ရာမှာ အခက်တွေ့သထက် တွေ့စေပါတော့တယ်။အနာကျက်နှေးမယ်– စိတ်ဖိစီးမှုများတဲ့အခါ ခန္ဓာကိုယ်မှာ ကောတီစောပမာဏတွေများလာပြီး အနာကျက်မှုဖြစ်စဉ်ကို အဟန့်အတားဖြစ်စေပါတယ်။ ကိုယ်ခံအား အားနည်းလာပြီး အနာကျက်မှုဖြစ်စဉ် နှေးကွေးလာစေတော့ပါတယ်။ခဏခဏဖျားနာမယ်– ခဏခဏဖျားနာတာကလည်း ကိုယ်တွင်းမှာ စိတ်ဖိစီးမှုများနေတာကြောင့် ကိုယ်ခံအားနည်းလာလို့ ဖြစ်ရတာပါ။အိုမင်းရင့်ရော်စေနိုင်တယ်– စိတ်ဖိစီးမှုက လူရဲ့ရုပ်သွင်ပြင်ကို ထိခိုက်စေနိုင်ပါတယ်။ နေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှုကို ရှောင်လွှဲခွင့်မရဘဲ ရင်ဆိုင်နေရသူတွေမှာ ရှိရင်းစွဲအသက်ထက် ၉ နှစ် ကနေ ၁၇ နှစ်အထိ အိုမင်းရင့်ရော်နိုင်တယ်လို့လေ့လာမှုရလဒ်တွေအရ သိရပါတယ်။အရွယ်မတိုင်ခင်သေဆုံးမယ်– စိတ်ဖိစီးမှုက ကိုယ်ရော စိတ်ကိုပါထိခိုက်စေနိုင်ပါတယ်နော်။ နေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှုကို ရင်ဆိုင်ရသူတွေဟာ အခြားသူတွေက် အရွယ်မတိုင်ခင်သေဆုံးနိုင်ခြေ ၆၃ ရာခိုင်နှုန်းအထိမြင့်တက်နေပါတယ်နော်။စိတ်ဖိစီးမှု ဆိုတာက ကိုယ်ကကြာကြာမွေးထားလို့ ရှိနေတာပါ။ ဒါကြောင့် စိတ်ဖိစီးမှုကြောင့် ကိုယ်ရော စိတ်ပါ မထိခိုက်စေဖို့ဒီနည်းလေးတွေ သုံးပြီးစိတ်ဖိစီးမှုနဲ့ ခပ်ကင်းကင်းနေလိုက်ပါ။ဒီနည်းလေးတွေသုံးလို့ စိတ်ဖိစီးမှုကို ဘိုင့်ဘိုင်လို့ နှုတ်ဆက်ပြီး ရောဂါကင်းကင်းနဲ့ ကျန်းမာပျော်ရွှင်တဲ့ နေ့စဉ်ဘဝလေးကို ပိုင်ဆိုင်လိုက်ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/stress-can-cause-diseases/
နွေပူပူမှာ စားပေးသင့်တဲ့ ဟင်းသီးဟင်းရွက်လေးတွေ
နွေပူလာရင် အတော်လေး နေရခက်တာပါ။ နေပူချိန် အရမ်းပြင်းတဲ့အခါ နေ့ခင်းဘက်မှာ ပူသလို ညဘက်တွေမှာလည်း အရမ်းပူပါတယ်။ ဒီလို ပူပြင်းနေချိန်မှာ ကျန်းမာပြီးခန္ဓာကိုယ်က အပူချိန်ကို ခံနိုင်စေဖို့ စားပေးသင့်တဲ့ အသီးအနှံလေးတွေက သပ်သပ်ကို ရှိတာပါ။ ဒီတော့နွေပူပူမှာ စားပေးသင့်တဲ့ ဟင်းသီးဟင်းရွက်လေးတွေ က ဘာတွေများ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။နွေပူပူမှာ အပူအစပ်တွေ၊ အချဉ်ကဲတာ၊ အငန်ကဲတာတွေကို ရှောင်ဖို့ လိုသလိုရေဓာတ် ခမ်းခြောက်စေနိုင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့အချိုရည်တော်တော်များများကိုလည်း မသောက်သုံးသင့်ပါဘူး။နောက်တစ်ချက်ကတော့ ရေဓာတ်ပြည့်ဝစေမယ့် အသီးအနှံတွေ စားပေးဖို့နဲ့ ရေများများသောက်ပေးဖို့ပါ။ အုန်းစိမ်းရည်လိုမျိုး သဘာဝ အချိုရည်လေးတွေကိုလည်း သောက်သုံးပေးလို့ ရပါတယ်။နွေရာသီမှာဆီကြော်စာတွေစားတာကလည်း နေထိုင်မကောင်း ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက်က လတ်ဆတ်တာကို စားဖို့ပါ။ လတ်ဆတ်မှုရှိတဲ့ စားစရာတွေက အစာခြေစနစ်ပြဿနာ ကင်းစေနိုင်လို့ပါ။ဒီတော့ နွေရာသီမှာအပူဒဏ် ခံနိုင်ဖို့နဲ့ ကျန်းမာစေဖို့ဆိုရင် မှန်မှန်ကန်ကန် စားသောက်မိဖို့ လိုပါမယ်။ပူပြင်းနေတဲ့ အချိန်မှာရေဓာတ်ပြည့်ဝစေဖို့နဲ့ ကျန်းမာနေစေဖို့အတွက် နွေပူပူမှာ စားပေးသင့်တဲ့ အသီးအနှံလေးတွေ က ဒါလေးတွေပါ။သခွားသီးမှာ ရေဓာတ်ကြွယ်ဝစွာ ပါဝင်နေတာက အပူချိန်မြင့်တက်နေတဲ့ အချိန်မှာ ခန္ဓာကိုယ် အေးမြနေစေဖို့ ထောက်ကူပေးနိုင်ပါတယ်။  နောက်တစ်ချက်ကတော့ သခွားသီးက ရေဓာတ်ကြွယ်ဝတာအပြင်၊ ဗီတာမင် K နဲ့ ဗီတာမင် C လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ နွေအပူဒဏ်ကြောင့် ရေနဲ့ ကိုယ်တွင်းသတ္တုဓာတ်တွေ ဆုံးရှုံးတာကို ထိထိရောက်ရောက် ဖြည့်ပေးနိုင်မှာပါ။ခရမ်းချဉ်သီးက ဟင်းလျာတွေရဲ့ အရသာကို တိုးစေနိုင်ပါတယ်။ သုပ်စားစား၊ ဖျော်သောက်သောက်၊ အစိမ်းစားစား စားလို့ရတဲ့ ခရမ်းချဉ်သီးက နွေအပူဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံး အသီးအရွက် တစ်မျိုးပါ။ခရမ်းချဉ်သီးက ဗီတာမင် C၊ ဗီတာမင် K၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။အာဟာရ ကြွယ်ဝသလို ရေဓာတ်လည်း ပြည့်ဝပါတယ်။ နွေအပူဒဏ်ကို ခံနိုင်စေဖို့ဆိုရင် အရသာရှိပြီး ရေဓာတ်ကြွယ်ဝတဲ့ ဘူးသီးလေးကို စားပေးပါ။ ဘူးသီးက ကယ်လ်ဆီယမ် ကြွယ်ဝတာကြောင့် အရိုးတွေကို ကျန်းမာစေနိုင်သလို အစာအိမ်ကို ကျန်းမာစေနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး သွေးတွင်းကိုလက်စထရော မတက်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ခရမ်းသီးကလည်း နွေရာသီမှာ စားပေးသင့်တဲ့ အသီးအနှံတစ်ခုပါ။ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ဖလေဗာနွိုက်၊ ဗီတာမင်၊ ပိုတက်ဆီယမ် နဲ့ အခြားသော အာဟာရဓာတ်တွေ ပါဝင်နေတာက ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။အရသာချိုချိုလေးနဲ့ စားလို့ ကောင်းတဲ့ ရွှေဖရုံသီးက ကိုယ်တွင်းမှာ သကြားဓာတ် ပြည့်ဝနေစေဖို့ ထောက်ကူပေးသလို နွေအပူဒဏ်ကို ခံနိုင်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်ခံအားကိုလည်း ကောင်းစေနိုင်ပါတယ်။အရသာ ခါးခါးနဲ့ ကြက်ဟင်းခါးသီးက လူတိုင်း မကြိုက်ပေမယ့် နွေရာသီမှာတော့ စားပေးသင့်ပါတယ်။ အပူဒဏ်ကို ခံနိုင်စေသလို အပူဒဏ်ကြောင့် အရေပြား ထိခိုက်မှု ဖြစ်တာမျိုးကစလို့ အမျိုးမျိုးသော ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ကြက်ဟင်းခါးသီးမှာ ဗီတာမင် C၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ပိုဆက်ဆီယမ်တို့ ပါဝင်နေပါတယ်။ အပူဒဏ်ကြောင့် သွေးတိုးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အစာကြေစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ငရုတ်ပွကလည်း နွေရာသီမှာ စားပေးသင့်တဲ့ အသီးအနှံတစ်ခုပါ။ ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်ပြီး နွေပူပူမှာ ကျန်းမာနေစေဖို့ ထောက်ကူပေးနိုင်ပါတယ်။အမျှင်ဓာတ် ကြွယ်ဝသလို ဗီတာမင် K၊ ပရိုတင်း၊ သံဓာတ်၊ ဇင့်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတဲ့ ဗိုလ်စားပဲက နွေပူပူမှာ စားပေးသင့်တဲ့ အသီးအနှံတစ်မျိုးပါ။ဗီတာမင် A နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတဲ့ မုန်လာဥနီက နွေပူပူမှာ ကျန်းမာနေစေဖို့ အတော်လေး ထောက်ကူပေးနိုင်တာပါ။ ဟင်းချက်စားလို့ ရသလို ဖျော်ရည်အနေနဲ့ ဖျော်သောက်လို့လည်း ရပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/best-veggies-for-summer/
သွေးယိုစိမ့်မှုအန္တရာယ်ရှိတဲ့နှလုံးရောဂါရှိသူတွေအတွက် Watchman implant ကုထုံး
စင်ကာပူရဲ့ပုဂ္ဂလိက ကဏ္ဍမှာတော့ ဒီကုထုံးကို Mount Elizabeth Hospitals မှာ ပထမဆုံးအသုံးချကုသခဲ့တာဖြစ်ပြီး သွေးကျဲဆေးအပြင်းစားတွေကိုအသုံးပြုနေရတဲ့အတွက် သွေးယိုစိမ့်မှုအန္တရာယ်ရှိနေတဲ့ နှလုံးရောဂါလူနာတွေအတွက် သွေးကျဲဆေးတွေကို စွန့်လွှတ်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။ပုဂ္ဂလိကဆေးရုံတစ်ခုမှာ နှလုံးခုန်မမှန်တဲ့၊ သွေးယိုစိမ့်မှုအန္တရာယ်ရှိတဲ့လူနာတွေအတွက် သွေးကျဲဆေးအပြင်းစားတွေအစား ခွဲစိတ်ကုသမှုလုပ်ဆောင်ပေးခဲ့တာ ပထမဆုံးဖြစ်ပါတယ်။နှလုံးအထူးကုဆရာဝန်Dr Paul Chiam က Mount Elizabeth Hospitals မှာ နှလုံးခုန်စည်းချက်မမှန်ခြင်း (AF)ခံစားနေရတဲ့လူနာ Tang Chue Ngan ကိုpercutaneous technique of closing the left atrial appendage (LAA)လို့ခေါ်တဲ့ နှလုံးဘယ်ဘက်အခန်းက အတက်ပိုအသေးလေးကို ခွဲစိတ်မှုနည်းနည်းနဲ့ ပိတ်ဆို့လိုက်တဲ့နည်း တစ်နည်းအားဖြင့် Watchman implant လို့ခေါ်တဲ့ကုထုံးနဲ့ ကုသပေးခဲ့တာဖြစ်ပါတယ်။ လူနာဟာ သွေးကျဲဆေးသုံးစွဲရလို့ သွေးယိုတဲ့လက္ခဏာတွေ ခံစားနေရသူဖြစ်ပါတယ်။အန္တရာယ်ဖြစ်နိုင်ခြေနည်းပါးတဲ့ဒီကုထုံးကြောင့် လူနာက ဆေးရုံမှာတစ်ညပဲနေခဲ့ရပြီး နောက်ပိုင်းမှာလည်း မြန်ဆန်အဆင်ပြေစွာ ပြန်လည်ကောင်းမွန်လာတာတွေ့ရပါတယ်။Watchman implant ကုထုံးဆိုတာ ဘာလဲ။အမေရိကန်အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ၂၀၁၅ ခုနှစ်မှာခွင့်ပြုခဲ့တဲ့ Watchman ဟာ သွေးကြောလမ်းကြောင်းကိုချဲ့ပေးတဲ့ပစ္စည်း (Stent) နဲ့ဆင်တူပြီး ပေါင်ရင်းသွေးကြောမှတဆင့် နှလုံးကို အပျော့စားပြွန်ငယ်ကတဆင့် ထည့်သွင်းတာဖြစ်ပါတယ်။ နှလုံးလက်ယာဘက်သွေးလက်ခံခန်းကို ရောက်ရှိပြီးတဲ့နောက်မှာ လက်ဝဲဘက်သွေးလက်ခံခန်းကို ရောက်ရှိသွားပြီး ထို့နောက်မှာတော့ နှလုံးကိုပြုပြင်ဖို့အတွက် ထုတ်လွှတ်လိုက်ပါတယ်။“တော်တော်လေးအဖြစ်များကြတဲ့ နှလုံးခုန်မမှန်တဲ့ပြဿနာ (AF) မှာဆိုရင် နှလုံးမှာ သွေးခဲဖြစ်ပေါ်မှုတွေရှိနေပါတယ်။ အဲဒီသွေးခဲတွေ ၉၀ရာခိုင်နှုန်းက LAA (နှလုံးဘယ်ဘက်အခန်းက အတက်ပိုအသေးလေး) မှာစတင်ဖြစ်ပေါ်ကြတာဖြစ်ပါတယ်။ နောက်တော့ သွေးခဲတွေက နှလုံးကနေ ဦးနှောက်ကို ရောက်ရှိလာပြီး လေဖြတ်စေတာပါ။ လေဖြတ်နိုင်တဲ့အန္တရာယ်ကိုလျော့နည်းစေဖို့က Warfarin လို့ခေါ်တဲ့ သွေးကျဲဆေးအပြင်းတွေကို သုံးကြတယ်။ ဒါပေမယ့် လူနာအတော်များများ အထူးသဖြင့် သက်ကြီးပိုင်းတွေမှာ သွေးကျဲဆေးသောက်ရင်း သွေးယိုလာနိုင်တဲ့အန္တရာယ်ပိုများပါတယ်” လို့ Dr Chiam ကပြောပါတယ်။Watchman ကုထုံးက သွေးကျဲဆေးတွေရဲ့ အကူအညီမပါဘဲ လေဖြတ်နိုင်ချေကို လျော့နည်းသွားစေနိုင်တာကြောင့် သွေးယိုစီးမှုအန္တရာယ်မြင့်မားနေတဲ့လူနာတွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ ဒီကုထုံးကိုအသုံးပြုခြင်းက LAA (နှလုံးဘယ်ဘက်အခန်းက အတက်ပိုအသေးလေး)ကို ထိခိုက်စေပြီး နှလုံးမှာသွေးယိုစီးမှုဖြစ်နိုင်တဲ့အန္တရာယ်နဲ့ အရေးပေါ်ခွဲစိတ်ကုသမှုတွေလိုနိုင်တာတွေဖြစ်နိုင်ပေမယ့် အရမ်းကိုနည်းပါးပါတယ်။ ဒါပေမယ့်လည်း ကုထုံးရဲ့ရှုပ်ထွေးမှုနဲ့ ကျွမ်းကျင်စွာလုပ်ကိုင်နိုင်တဲ့အထူးကုသမားတော်တွေ ပုဂ္ဂလိက ကဏ္ဍမှာရှားပါးတာကြောင့် Dr Chiam ခွဲစိတ်မှုမလုပ်ခင်အထိ စင်ကာပူပုဂ္ဂလိက ကဏ္ဍမှာ ဒါကို မလုပ်နိုင်ခဲ့ပါဘူး။လူနာရဲ့ အခြေအနေ။လွန်ခဲ့တဲ့ခြောက်နှစ်က နှလုံးအဆို့ရှင်အစားထိုးကုသမှုခံယူခဲ့တဲ့ Tang ဟာ ခွဲစိတ်မှုနောက်ပိုင်းမှာ နှလုံးခန်မမှန် (AF) ဖြစ်လာခဲ့ပြီး သွေးကျဲဆေး စသောက်ခဲ့ရပါတယ်။ သူက လေဖြန်းတဲ့ဖြစ်ရပ်တွေ ခံစားခဲ့ရပြီး မကြာသေးခင်ကမှ အူတွင်းသွေးယိုခြင်းကြောင့် ဆေးရုံတင်ထားရပါတယ်။“သွေးကျဲဆေးတွေသောက်နေရလို့ သွေးယိုစီးမှုကို ခံစားနေရတဲ့အတွက် သူမဟာ ဒီခွဲစိတ်ကုသမှုကို ခံယူဖို့အတွက် သင့်တော်ပါတယ်”လို့ Dr.Chiam က ပြောဆိုခဲ့ပါတယ်။ပြည်သူ့ဆေးရုံမှာခံယူခဲ့တဲ့ ပထမကုသမှုကြောင့် စိတ်ဆင်းရဲနေခဲ့တဲ့ Tang ကို သွေးကျဲဆေးတွေဖြတ်လိုက်ရပြီးနောက် Dr Chiam ပြောတဲ့ ဒုတိယနည်းလမ်းကို လက်ခံခဲ့ပါတယ်။“သူကကျွန်မရဲ့ နှလုံးအခြေအနေ၊ သွေးကျဲဆေးတွေနဲ့ သွေးယိုစိမ့်မှုအန္တရယ်တွေ၊ နောက်ပိုင်းမှာဖြစ်လာမယ့် သွေးခဲတွေရဲ့ အန္တရာယ်တွေကို ကျွန်မကို စိတ်ရှည်လက်ရှည်ရှင်းပြခဲ့ပါတယ်။ ဒီသွေးယိုစိမ့်မှုတွေကိုလျော့ပါးသွားစေဖို့အတွက် အဖြေကိုလည်း ရှင်းပြခဲ့ပါတယ်”လို့ လူနာဖြစ်တဲ့သူမက ပြောပါတယ်။ပုံမှန်ဘဝဆီသို့။လူနာ Tang ကို Mount Elizabeth ရဲ့ နှလုံးခွဲစိတ်ကုသခန်းမှာ မေ့ဆေးပေးပြီး အစားထိုးကုသပေးခဲ့ပြီးနောက်တစ်နေ့မှာ ဆေးရုံဆင်းခွင့်ပြုခဲ့ပါတယ်။ ခွဲစိတ်မှုနောက်ပိုင်း ၄၅ ရက်အကြာ အစာအိမ်နဲ့အူလမ်းကြောင့်ဓါတ်မှန်ရိုက်ပြီးရင် နောက်တစ်လကြာမှ ကျန်းမာရေးစစ်ဆေးမှုလာရောက်ခံယူဖို့ လိုအပ်မှာဖြစ်ပါတယ်။ သွေးကျဲဆေးတွေကိုတော့ ဆက်သောက်ဖို့မလိုတော့ပါဘူး။ရလဒ်နဲ့ပတ်သက်လို့ စိတ်ကျေနပ်မှုရှိတာကြောင့် Tang ဟာ စင်ကာပူပုဂ္ဂလိက ကဏ္ဍရဲ့ပထမဆုံးခွဲစိတ်ကုသမှုမှာ ပါဝင်ခွင့်ရတာကို ကျေနပ်နေပါတယ်။“ဆရာဝန်ရဲ့ အကြံဉာဏ်က အကျိုးရှိတယ်လို့ ခံစားရရင် ယုံကြည်မှုရှိရှိနဲ့ ကုသမှုတွေရဲ့ ကောင်းကျိုးကို ရယူလိုက်စမ်းပါ။ ကျွန်မတို့ စင်ကာပူမှာ အရမ်းကောင်းတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေရှိနေပါပြီ”လို့သူမလိုပဲ အခြေအနေရှိနေတဲ့တခြားလူနာတွေကိုလည်း တိုက်တွန်းခဲ့ပါသေးတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%9a%e1%80%ad%e1%80%af%e1%80%85%e1%80%ad%e1%80%99%e1%80%b9%e1%80%b7%e1%80%99%e1%82%88%e1%80%a1%e1%82%8f%e1%81%b1%e1%80%9b%e1%80%ac%e1%80%9a%e1%80%b9%e1%80%9b/
null
null
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%80%e1%80%ac%e1%80%9c%e1%80%99%e1%80%be%e1%80%ac-%e1%80%99%e1%80%ad%e1%80%94/
null
null
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/narcolepsy-%e1%80%9b%e1%80%af%e1%80%90%e1%80%b9%e1%80%90%e1%80%9b%e1%80%80%e1%80%b9%e1%80%a1%e1%80%ad%e1%80%95%e1%80%b9%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9%e1%80%9e%e1%80%bc%e1%80%ac%e1%80%b8/
မျိုးရိုးဗီဇ နဲ့ ဆီးချို
ဆီးချို type 2 ဖြစ်ဖို့က အကြောင်းအရင်းများစွာရှိပါတယ်။ အာဟာရနဲ့လေ့ကျင့်ခန်းကလည်း အရမ်းအရေးကြီးပါတယ်။ ဒါပေမယ့်ဆီးချို type 2 ဟာမျိုးရိုးကြောင့်လည်းတစ်စိတ်တစ်ပိုင်းဖြစ်တယ်။ တကယ်လို့သင့်မှာ ဆီးချို type 2 ရှိနေပြီဆိုရင် မိသားစုထဲကိုကြည့်လိုက်ပါ။ သင်တစ်ယောက်တည်းဆီးချိုရှိတာမဟုတ်ပါဘူး။လေ့လာချက်တွေအရ။ဒါပေမယ့် ဆီးချို type 2 တိုင်းကမျိုးရိုးကြောင့်မဟုတ်ပါဘူး။ အဓိက ဖြစ်စေတဲ့အကြောင်းတွေထဲမှာ အဝလွန်ခြင်း နဲ့လှုပ်ရှားမှုနည်းခြင်းတို့လည်း ပါဝင်ပါတယ်။ မျိုးရိုးဗီဇကလည်း ဆီးချို type 2 နဲ့ဆက်စပ်နေပါတယ်။ဒါပေမယ့် သူတို့ချည်းကဘဲဆီးချိုမဖြစ်စေပါဘူး။ ဒါပေမယ့်သူတိုကပတ်ဝန်းကျင်က factorsတွေနဲ့ဆက်နွယ်ပြီး သင့်ရဲ့ ဆီးချိုဖြစ်လာစေနှုန်းများလာပါတယ်။Type 2 ဆီးချိုဖြစ်နိုင်ခြေမှာ မျိုးရိုးဗီဇအများအပြားပါဝင်ပတ်သက်နေကြပါတယ်။ ဒါပေမယ့် ဒီဗီဇတစ်ခုချင်းစီကနေတော့ သူတို့ဘာသာ ဆီးချိုမဖြစ်နိုင်ပါဘူး။ ပတ်ဝန်းကျင်အချက်အအလက်တွေနဲ့ ပတ်သက်ဆက်နွှယ်ပြီးတော့မှ ဆီးချိုဖြစ်နိုင်ခြေမြင့်မားလာတာပါ။ဥပမာ ရောဂါဖြစ်စေတဲ့အဆိပ်တွေ၊ ဗိုင်းရပ်စ်တွေ၊ အစားအသောက်တွေကြောင့်ဖြစ်ပါတယ်။ဆီးချို type 2 က မျိုးရိုးလိုက်ပြီးဖြစ်နိုင်သလို ပတ်ဝန်းကျင်အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မျိုးရိုးဗီဇရဲ့အခန်းကဏ္ဍ ကိုနားလည်ဖို့က ကျန်တဲ့အချက်အလက်တွေကိုပါထည့်တွက်ဖို့လိုပါတယ်။လေ့လာသူတွေက မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲမှုတွေကြောင့် ဆီးချိုဖြစ်နိုင်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဆီးချိုဖြစ်နိုင်တဲ့မျိုးရိုးဗီဇကို ဆက်ခံသူတိုင်းလည်း ဆီးချိုမဖြစ်ပါဘူး။ ဒါပေမယ့် ဆီးချိုရှိတဲ့သူတော်တော်များများက မျိုးရိုးဗီဇကြောင့်ဖြစ်ကြတာပါ။နေထိုင်မှုပုံစံကြောင့် ဆီးချိုဖြစ်ခြင်းနဲ့ မျိုးရိုးကြောင့်ဆီးချိုဖြစ်ခြင်းကို ခွဲခြားဖို့ခက်ခဲနိုင်ပါတယ်။ နေထိုင်မှုပုံစံက မိသားစုအလိုက်ဖြစ်ပေါ်တာများပါတယ်။ လှုပ်ရှားမှုနည်းတဲ့ မိဘတွေမှာ လှုပ်ရှားမှုနည်းတဲ့ကလေးတွေရှိကြပါတယ်။စားသောက်မှုပုံစံမှားယွင်းနေတဲ့မိဘတွေက ဒီစားသောက်မှုပုံစံကိုမျိုးဆက်တွေဆီ လက်ဆင့်ကမ်းသွားတာများပါတယ်။ တစ်ဖက်မှာတော့ မျိုးရိုးဗီဇက ကိုယ်ရဲ့အလေးချိန်ဘက်မှာ အဓိကနေရာကပါဝင်ပါတယ်။ တစ်ခါတစ်လေ အပြုအမူတွေကဘဲ အပြစ်တင်စရာမဟုတ်ပါဘူး။လေ့လာမှုတွေအရ ဆီးချို type 2 က မျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်တယ်လို့ပြောထားပါတယ်။ ဒါပေမယ့်ဒီလေ့လာမှုတွေကို ဆီးချို type 2 ဖြစ်စေတဲ့ ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ရှုပ်ထွေးသွားစေပါတယ်။ဒါပေမယ့်လေ့လာသူတွေရဲ့အဖြေကတော့ မပြောင်းပါဘူး။ ဆီးချို type 2 ဖြစ်စေတဲ့ သန္ဓေပြောင်းမှု တွေ များစွာရှိပါတယ်။ သန္ဓေပြောင်းမှုတစ်ခုချင်းစီရဲ့သက်ရောက်မှုက နည်းပါတယ်။ ဒါပေမယ့် တစ်ခုချင်းစီများလာလေ ဆီးချိုဖြစ်နိုင်ခြ ပိုများလာလေပါပဲ။သကြားဓါတ် ကိုလည်ပတ်စေတဲ့ မျိုးဗီဇတွေထဲမှာပါတဲ့ သန္ဓေပြောင်းမှုတွေကဆီးချို type 2 ကိုဖြစ်စေနိုင်ပါတယ်။ အဲဒီထဲမှာ။သင့်ရဲ့ ဆီးချို type 2 ဖြစ်ပွားစေမှုနဲ့ ဆက်နွယ်နေတဲ့ မျိုးဗီဇ တွေကတော့-။ဆီးချို type 2 နဲ့ဆက်စပ်နေတဲ့ တချို့ မျိုးဗီဇတွေအတွက် စစ်ဆေးမှုတွေရှိပါတယ်။ ဒါပေမယ့် သန္ဓေပြောင်းမှုတွေကြောင့် ဆီးချိုဖြစ်နိုင်ချေနည်းပါတယ်။ တခြားအချက်အလက်တွေက ပိုပြီးသက်ရောက်မှုရှိတာပါ။နောက်ဆုံးအနေနဲ့-။မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်ရဲ့ ပတ်သက်မှုက ဆီးချို type 2 ဖြစ်ပွးစေတဲ့အကြောင်းအမှန်ကို သတ်မှတ်ရခက်စေပါတယ်။ ဒါပေမယ့်ဒါက သင့်ရဲ့ဆီးချိုဖြစ်နှုန်းကို လျှော့ချလို့မရဘူးလို့ မဆိုလိုပါဘူး။ အပြုအမူပြောင်းလခြင်းက သင့်ကို type2ဆီးချို မဖြစ်ဖို့ကူညီနိုင်ပါတယ်။ကိုယ်အလေးချိန်လျော့ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားခြင်းက ဆီးချို type2 ကိုကာကွယ်ပေးနိုင်ပါတယ်။ သွေးထဲကသကြားဓါတ်ကိုလည်းပုံမှန်ပြန်ဖြစ်စေပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%97%e1%80%ae%e1%80%87-%e1%80%94%e1%80%b2%e1%82%94-%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3/
Memory Disorders (မှတ်ဉာဏ် မူမမှန်ခြင်း)
အာရုံကြော အဖွဲ့အစည်းများကို ထိခိုက်ခြင်းကြောင့် မှတ်ဉာဏ်ထိန်းသိမ်းခြင်း၊ သိုလှောင်ခြင်း နှင့် ပြန်လည် စဉ်းစားခြင်း စသည်တို့ပုံမှန်အတိုင်းမဖြစ်တော့ခြင်းကို မှတ်ဉာဏ် မူမမှန်ခြင်းဖြစ်စဉ်များဟု ခေါ်ပါသည်။ထိုသို့ဖြစ်ပါက ဆေးကုသမှု မခံယူလျှင် မှတ်ဉာဏ်များ ပို ချွတ်ယွင်းလာစေသည်။ မှတ်ဉာဏ်ဆိုင်ရာ ပြသနာများသည် အသက်ကြီးသောကြောင့် ဖြစ်သည်ချည်းမဟုတ်ပါ။သို့သော် အသက်ကြီးသောကြောင့် ပုံမှန်ဖြစ်စဉ်အရ မှတ်ဉာဏ်အားနည်းခြင်း နှင့် မှတ်ဉာဏ် မူမမှန်ခြင်းတို့တွင် ကွဲပြားမှုများရှိပါသည်။ အချို့သော မှတ်ဉာဏ်ပြသနာများသည် ကုသနိုင်သော ပြသနာများဖြစ်ကြောင်းတွေ့ရသည်။မှတ်ဉာဏ် မူမမှန်ခြင်းသည် အလွန်အဖြစ်များပြီး အသက်ကြီးသူများတွင် ပို အဖြစ်များပါသည်။ ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။တွေ့ရများသော ရောဂါလက္ခဏာများမှာ။အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။အောက်ပါတို့သည် မှတ်ဉာဏ် မူမမှန်ခြင်းကို ဖြစ်စေသော အကြောင်းများဖြစ်သည်။မှတ်ဉာဏ် မူမမှန်ခြင်းကို ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ပထမဦးစွာ သင့်ဆရာဝန်က သင်သောက်နေသော ဆေးအညွှန်းများ၊ ဆေးအမျိုးအစားများ၊ အစားအသောက်၊ ရောဂါအခံများ နှင့် အထွေထွေကျန်းမာရေး အခြေအနေများ စသည့် သင့်ကျန်းမာရေး ရာဇဝင်ကို မေးမြန်းပါလိမ့်မည်။ ရောဂါခံစားရသူ၏ မိသားစုဝင်များကိုလည်း မေးမြန်းပါလိမ့်မည်။ထိုသို့ အသေးစိတ်အချက်အလက်များကို တိကျစွာသိမှသာလျှင် ရောဂါကို မှန်ကန်စွာရှာဖွေနိုင်မည် ဖြစ်ပါသည်။စိတ်စွမ်းဆောင်ရည်ကို စမ်းသပ်သော စမ်းသပ်မှုများ(မှတ်ဉာဏ်ကို စမ်းသပ်ခြင်း၊ ရေတွက်ခိုင်းခြင်း၊ ပြသနာများကို ဖြေရှင်းစေခြင်း နှင့် ဘာသာစကားများ)ကို လည်းပြုလုပ်ပါမည်။ သွေး၊ ဆီး တို့ကိုစ်ဆေးခြင်းဖြင့်လည်း ရောဂါကိုသိရှိရန် အထောက်အကူပြုနိုင်ပါသည်။ဦးနှောက်ကို ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း ဖြင့်လည်း ဦးနှောက်တွင် အသက်အရွယ်အလိုက်ပြောင်းလဲလာသော ဖြစ်စဉ်များကို သိနိုင်ပါသည်။ ထိုသို့ဓါတ်မှန်ရိုက်ပြီး နောက်ထပ်ရက်အနည်းငယ်အကြာတွင် ထပ်ရိုက်ခြင်းဖြင့် ဦးနှောက်ထဲတွင် ပြောင်းလဲမှုများရှိပါက သိနိုင်ပါသည်။မှတ်ဉာဏ် မူမမှန်ခြင်းကို တိကျသော၊ လိုအပ်သောကုသမှုများပြုလုပ်ရမည်ဖြစ်သည်။ ဥပမာအားဖြင့် အယ်လ်ဇိုင်းမားရောဂါရှိသူများကို ဆေးပေးခြင်း၊ သွေးပေါင်တက်ခြင်းကြောင့် ဦးနှောက်ထိခိုက်နိုင်သော လူနာများကို သွေးပေါင်ကျဆေးပေးခြင်း စသည်တို့ဖြစ်သည်။ရောဂါဖြစ်သော အကြောင်းအရင်းအပေါ်မူတည်ပြီး ကုသမှုများကွာခြားပြီး အချို့သောရောဂါများသည် ဆေးကုသမှု ခံယူလျှင်ပျောက်ကင်းနိုင်ပါသည်။ဥပမာအားဖြင့် ဆေးတခုခုကြောင့် မှတ်ဉာဏ်ချွတ်ယွင်းပါက ထိုဆေးဖြတ်လိုက်လျှင် မှတ်ဉာဏ်ပြန်ကောင်းလာနိုင်ပါသည်။ အာအဟာရချို့တဲ့နေသူများတွင်လည်း အာဟာရဓါတ်များပြည့်ဝအောင် ကုသပေးသောအခါ မှတ်ဉာဏ်ပြန်ကောင်းလာပါသည်။စိတ်ဓါတ်ကျသောရောဂါသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။လေဖြတ်နေသောလူနာများသည်လည်း စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကုသမှုများပြုလုပ်ပေးခြင်းဖြင့် မှတ်ဉာဏ်များပြန်ကောင်းလာစေပါသည်။နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့်မှတ်ဉာဏ် မူမမှန်သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/memory-disorders-%e1%80%99%e1%80%bd%e1%80%90%e1%80%b9%e1%80%a5%e1%80%ac%e1%80%8f%e1%80%b9-%e1%80%99%e1%80%b0%e1%80%99%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
သင်မသိရှိနိုင်တဲ့ ယောက်ျားလေးတွေရဲ့ လိင်စိတ်ဖြေဖျောက်ခြင်း နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်လေးခု
လိင်စိတ်ဖြေဖျောက်ခြင်း ဆိုတာ ယောက်ျားလေးတိုင်း ကျွမ်းကျင်ကြတဲ့ အရာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့မှာလည်း လျှို့ဝှက်ချက်လေးတွေ ရှိပါတယ်၊၊ အောက်ဖော်ပြပါ လျှို့ဝှက်ချက်တွေကို သိရဲ့လားလို့ ကြည့်လိုက်ကြရအောင်။အမျိုးသားတွေက ကိုယ့်ရဲ့လိင်စိတ်ဖြေဖျောက်ခြင်းဟာ ပုံမှန်ဟုတ်ရဲ့လားဆိုတာ တွေးတောတတ်ကြပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေကတောင် ပုံမှန်ဟုတ်ခြင်းနဲ့ ပုံမှန်မဟုတ်ခြင်းကို တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ မပေးနိုင်ပါဘူး။ ဒါဟာ ဘာလို့လဲဆိုတော့ အမျိုးသားတွေကြားမှာ လိင်စိတ်ဖြေဖျောက်တဲ့ အကြိမ်အရေအတွက်နဲ့ ပြုလုပ်ပုံကွာခြားလို့ပဲ ဖြစ်ပါတယ်။နောက်တစ်နည်းပြောရရင် လိင်စိတ်ဖြေဖျောက်ခြင်းဆိုတာ ပုံစံအမျိုးမျိုးရှိနိုင်တဲ့အတွက် ပုံသေသတ်မှတ်ထားလို့မရပါဘူး။ အမျိုးသားတစ်ယောက်ဟာ ကြိုက်တဲ့နေရာမှာ၊ ကြိုက်တဲ့အရာနဲ့ သူ့ဟာသူလိင်စိတ်ဖြေဖျောက်နိုင်ပါတယ်။ဟုတ်ပါတယ်။ လိင်ဆက်ဆံခြင်းကတော့ သွေးဖိအား၊ နှလုံးနဲ့ ဆီးကျိတ်စတာတွေအပေါ် ပုံစံအမျိုးမျိုးနဲ့ အကျိုးပြုပါတယ်။ ဒါပေမယ့်လိင်အထွတ်အထိပ်ရောက်ခြင်းပုံစံအားလုံးကတော့ အကျိုးရရှိပုံခြင်းမတူပါဘူး။ တကယ်တော့ လိင်စိတ်ဖြေဖျောက်ခြင်း ဟာ လိင်ဆက်ဆံခြင်းလိုမျိုး ကျန်းမာရေးအကျိုးကျေးဇူးတွေ မရှိပါဘူး။ဒါဆို ဘာတွေကွာခြားပါသလဲ။ တိကျသေချာတဲ့ သက်သေတော့ မရှိပေမယ့် သင့်ခန္ဓာကိုယ်ဟာ လိင်ဆက်ဆံစဉ်ပြုမူသလိုမျိုး လိင်စိတ်ဖြေဖျောက်မှုမှာ ပြုမူမှာမဟုတ်ပါဘူး။လိင်စိတ်ဖြေဖျောက်ခြင်းဟာအန္တရာယ်အနည်းငယ် ရှိတယ်လို့တော့ ဆိုနိုင်ပါတယ်။ ယေဘုယျအားဖြင့်တော့ လိင်ဆက်ဆံမှုတွေကြားမှာ အလုံခြုံဆုံးပုံစံတစ်မျိုး ဖြစ်ပါတယ်။ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေနဲ့ ကိုယ်ဝန်ရရှိခြင်းတွေ မဖြစ်ပွားနိုင်ပါဘူး။ဒါပေမယ့် အန္တရာယ်အနည်းငယ်တော့ ရှိနေဆဲပါ။ မကြာခဏ (သို့) ပြင်းထန်စွာ လိင်စိတ်ဖြေဖျောက်ခြင်း ဟာ အရေပြားပွတ်တိုက်ထိခိုက်မှုကို ဖြစ်စေနိုင်ပါတယ်။ ထောင်မတ်နေတဲ့ လိင်တံကို အားသုံးပြီး ကွေးလိုက်ခြင်းက အခန့်မသင့်ရင်လိင်တံကျိုးတဲ့ အခြေအနေမျိုးကို ဖြစ်စေနိုင်ပါတယ်။လိင်စိတ်ဖြေဖျောက်တဲ့ အမျိုးသားတွေဟာ လိင်ဆက်ဆံပုံနဲ့ မတူတဲ့ ပုံစံတွေကို ပြုလုပ်ကြပါတယ်။ ဥပမာ အမြန်အဆန်ပြုခြင်း၊ အလွန်အကျွံ ပွတ်ဆွဲခြင်းတွေ လုပ်တတ်ပါတယ်။ ဒီလိုပုံစံတွေကြောင့် သုက်ပိုးထွက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ လိင်ဆက်ဆံစဉ်မှာတောင် လိင်စိတ်အထွတ်အထိပ် မရောက်တော့တာမျိုး ဖြစ်နိုင်ပါတယ်။လိင်စိတ်ဖြေဖျောက်နေတဲ့ နည်းလမ်းဟာ လိင်ဆက်ဆံဖက်နဲ့ ဆက်ဆံတဲ့ပုံစံနဲ့ ကွဲပြားနေသလားဆိုတာ ကိုယ့်ကိုကိုယ် ပြန်မေးသင့်ပါတယ်။ ချစ်သူနဲ့ လိင်ဆက်ဆံတာနဲ့ တူတဲ့ပုံစံမျိုး ပြောင်းလဲပြီး လိင်စိတ်ဖြေဖျောက်နိုင်ပါတယ်။တကယ်က ပြောင်းပြန်လိုဖြစ်နေပြီး ပုံမှန် လိင်ဆက်ဆံတဲ့သူတွေဟာ လိင်မဆက်ဆံတဲ့သူတွေထက် လိင်စိတ်ဖြေဖျောက်မှုကို ပိုမိုလုပ်တတ်ကြပါတယ်။ သီအိုရီကတော့ သူတို့ကိုယ်သူတို့ သာယာတတ်သူတွေဟာ သူတို့ရဲ့ လိင်မှုကိစ္စနဲ့ ပတ်သက်ရင် ပိုပြီးအချိန်ကိုက်တတ်ကြပါတယ်။ ဒါက ဘာကိုဆိုလိုလဲဆိုတော့ သူတို့ဟာ လိင်စိတ်မဖြေဖျောက်သူတွေနဲ့ ယှဉ်ရင် လိင်ဆက်ဆံမှုလည်း ပိုမိုများပြားတယ်လို့ ဆိုလိုပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/4-secrets-of-masturbation-in-males/
ဘေဘီလေးတွေက ဗိုက်ထဲမှာကတည်းက ကြို့ထိုးတတ်ကြပါတယ်နော်
ဘေဘီလေးတွေက မိခင်ဝမ်းထဲမှာ ကြို့ထိုးတတ်တယ် ဆိုတာကို တော်တော်များများကယုံတမ်းစကားလို့ ထင်နေကြပါတယ်နော်။ တကယ်တော့ ကလေးလေးတွေက မိခင်ဝမ်းထဲမှာ ရှိနေစဉ်ကာလကတည်းကိုကကြို့ထိုးတတ်ကြပါတယ်နော်။ ဒါက ဖြစ်လေ့ဖြစ်ထကိစ္စ တစ်ခုဖြစ်ပြီး စိုးရိမ်စရာတော့ မလိုပါဘူး။ကိုယ်ဝန်ဆောင်ကာလဖွံ့ဖြိုးမှုဖြစ်စဉ်တွေထဲကတစ်ရပ်ပေါ့။ဘေဘီလေးတွေက ဗိုက်ထဲမှာကတည်းက ကြို့ထိုးတတ်ကြပါတယ်နော် ဘာကြောင့်လည်း ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား။သန္ဓေသားအရွယ်မှာကတည်းက ကလေးငယ်လေးတွေက ကြို့ထိုးတတ်ကြတာပါ။ရင်သွေးလေးကို စိုးရိမ်တဲ့မေမေတို့အနေနဲ့ကတော့ အရမ်းစိတ်ပူတာမျိုးဖြစ်နိုင်ပါတယ်။ စိတ်မပူဖို့ပြောပါရစေ။ ဒါကသန္ဓေသားလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်တစ်ရပ်ပါ။ဘေဘီလေးအဆုတ်ဖွံ့ဖြိုးမှုစတင်နေပြီဆိုတဲ့ သဘောလို့ ယူဆလက်ခံထားကြပါတယ်။ ဝမ်းသာရမယ့် အခြေအနေပါနော်။အစောဆုံးအနေနဲ့ ကိုယ်ဝန်ဆောင်ကာလရဲ့ ၁၆ ပတ် နဲ့ အပတ် ၂၀ လောက်မှာစခံစားရနိုင်ပါတယ်။နောက်ကျတယ်ဆိုရင်တောင် ကိုယ်ဝန်ဆောင်ကာလရဲ့ ၂၅ ပတ်မြောက်လောက်မှာ ခံစားရနိုင်ပါတယ်နော်။ အချိန်ကာလအားဖြင့်ကတော့ ကိုယ်ဝန်ဆောင်ကာလ ၂၇ ပတ်အထိခံစားရနိုင်ပါတယ်နော်။ ဗိုက်ထဲမှာပြောင်းဖူးပေါက်ပေါက်ဖောက်နေသလိုမျိုးခံစားရနိုင်သလို လိပ်ပြာလေးတောင်ပံခတ်နေသလို ခံစားရနိုင်ပါတယ်။ စည်းချက်ညီညီနဲ့ လှုပ်ရှားနေတဲ့ လှုပ်ရှားမှုတစ်ခုပါ။ တစ်နေ့တာမှာ အခေါက်ရေများစွာ ခံစားရနိုင်သလို တစ်နေ့လုံးနေမှ တစ်ခေါက်ပဲခံစားရတာမျိုးလည်းရှိပါတယ်။လှုပ်ရှားမှုကို ဗိုက်ရဲ့နေရာအနှံ့မှာခံစားရပြီး ပုံစံပြောင်းနေလိုက်တဲ့အခါ သက်သာသွားမယ်ဆိုရင်တော့ ကလေးက အထဲကနေ ကန်နေတာပါ။ပုံစံမှန်မှန်ထိုင်နေချိန်မှာ ဗိုက်ရဲ့ တစ်နေရာတည်းကနေ စည်းချက်ညီညီလေးခုန်နေမယ်ဆိုရင်တော့ဘေဘီလေး ဗိုက်ထဲမှာ ကြို့ထိုးနေတာပါနော်။ စဖြစ်ခါစမှာ ထူးဆန်းနေနိုင်ပေမယ့် အချိန်ကြာလာတာနဲ့အမျှနေသားကျသွားမှာပါ။ဘေဘီလေးက ဗိုက်ထဲမှာ ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေးပဲနေနေတာ၊ အိပ်ပဲအိပ်နေတာလို့ မထင်လိုက်ပါနဲ့နော်။ ဘေဘီလေးတွေက မေမေ့ဗိုက်ထဲမှာ ရှိနေစဉ်ကတည်းက ကြို့ထိုးတတ်တယ်၊ ကန်တတ်တယ်၊ခန္ဓာကိုယ်ကို ဘယ်၊ ညာစောင်းတတ်တယ်၊ လှိမ့်တတ်တယ်၊ လက်နဲ့ တွန်းတတ်တယ်။ ဒါတင်မဟုတ်ပါဘူး။ဘေဘီလေးက ဗိုက်ထဲမှာကတည်းက ပြင်ပက အသံတွေကို ကြားနေသလို အနံ့လည်း ခံတတ်ပါတယ်။ မြင်လည်းမြင်နေရပြီ ဖြစ်သလို အချို့ကလေးလေးတွေဆို ဗိုက်ထဲမှာကတည်းက လက်မလေးစုပ်တတ်နေပါပြီနော်။ဗိုက်ရဲ့ တစ်နေရာတည်းက စည်းချက်မှန်မှန်လေးခုန်နေပြီဆိုရင်တော့ ဗိုက်ထဲက ဘေဘီလေး ကြို့ထိုးနေလို့ ဖြစ်နိုင်ပါတယ်။ ဘေဘီလေးတွေက မမွေးခင်ကတည်း ကြို့ထိုးတာက ယုံတမ်းစကားမဟုတ်ဘူးနော်။ တကယ့်အမှန်ပါနော်………….။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/is-it-normal-for-my-baby-to-get-hiccups-in-the-womb/
Sleep deprivation (အိပ်ရေးပျက်ခြင်း)
အိပ်ရေးပျက်တယ်ဆိုတာ လိုအပ်တဲ့ အိပ်စက်မှုမရရှိတာကို ခေါ်တာပါ။အိပ်ရေးပျက်တဲ့ဒဏ်ကို အသက်ကြီးတဲ့လူတွေက ခံနိုင်ရည်ရှိကြပြီး ကလေးတွေ၊ လူငယ်တွေကတော့ ခံနိုင်ရည်မရှိကြပါဘူး။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။အိပ်ရေးပျက်ခြင်းရဲ့လက္ခဏာတွေက အောက်ပါအတိုင်းပဲဖြစ်ပါတယ်။အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။အထက်တွင်ဖော်ပြထားသော လက္ခဏာတွေရှိမယ်ဆိုရင် ဒါမှမဟုတ် မေးချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နှင့်တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံချင်းမတူညီကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။ကိုယ့်ဘာသာအိပ်ချိန်ကိုနည်းပါးစေခြင်း။အချို့ချို့သောသူတွေဟာ အိပ်စက်ခြင်းကို အချိန်ဖြုန်းတာလို့ သတ်မှတ်ကြပြီး ဖျော်ဖြေရေးတွေ၊ စာလုပ်ဖို့တွေနဲ့ ပိုက်ဆံတွေရှာဖွေဖို့ မိမိဘာသာ လျော့ချပြစ်တတ်ကြပါတယ်။ ထိုအရာတွေက လူငယ်တွေနဲ့ ဆယ်ကျော်သက်တွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။အမှတ်တမဲ့အိပ်ရေးပျက်ကြခြင်း။အချိန်ပိုအလုပ်တွေ၊ မိသားစုကိစ္စတွေနဲ့ မနိုင်ဝန်တွေကြောင့် အိပ်ရေးပျက်ကြရပါတယ်။အိပ်စက်ခြင်းနဲ့ နိုးထခြင်းတို့ လျော်ကန်မှုမရှိခြင်း။နောက်ကျမှအိပ်ခြင်း၊ အိပ်မက်ဆိုးကြောင့်လန့်နိုးခြင်းနဲ့ စောစောနိုးခြင်းတို့က အိပ်စက်ခြင်းကို ထိခိုက်နိုင်ပြီး အိပ်ရေးပျက်ခြင်းတွေ ပုံလာပါလိမ့်မယ်။ေ။ဆေးပညာပိုင်းဆိုင်ရာပြဿနာများ။စိတ်ဓါတ်ကျခြင်း၊ အိပ်စက်စဉ်အသက်ရှုရပ်ခြင်း၊ ဟော်မုန်းမညီမျှုခြင်းနဲ့ အခြားနာတာရှည်ရောဂါများတို့ပဲဖြစ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ကုသမှုကတော့ ဇီဝပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ပြန်လည်ဖြည့်တင်းပေးခြင်း၊ အိပ်ရေးမပျက်စေရန်ကာကွယ်ခြင်းနှင့် အိပ်စက်ချိန်များကို ပြန်လည်ပေးဆပ်ခြင်းတို့ပဲဖြစ်ပါတယ်။ အကြွေးဆပ်ရန်အကောင်းဆုံးနည်းလမ်းကတော့ ထပ်အိပ်ဖို့ပဲဖြစ်ပါတယ်။ အိပ်စက်ဖို့ ဘယ်လောက်အကြွေးကျန်တယ်အပေါ်မူတည်ပြီး အချိန်ဘယ်လောက်ကြာလဲ ကွဲပြားနိုင်ပါတယ်။အိပ်စက်ခြင်းအကြွေးတွေပြန်ပေးဖို့ အိပ်ချိန်ပြန်မပြည့်မချင်း အချိန်ပိုတွေ အိပ်စက်ခြင်းဖြင့် ပြန်လည် ဖြည့်တင်းပေးရပါလိမ့်မယ်။ နောက်ပိုင်းဆိုရင်တော့ အချိန်ပိုအိပ်စက်ဖို့ လိုမှာမဟုတ်တော့ပါဘူး။အိပ်ချိန်အကြွေးတွေက နာရီရာချီ၊ထောင်ချီရှိမယ်ဆိုရင် အသိစိတ်နဲ့ အိပ်စက်မှုပုံစံကို နဂိုအတိုင်းဖြစ်အောင် ပြန်လည်ပုံသွင်းဖို့လိုသလို အချိန်အလုံအလောက်ပေးဖို့လည်း လိုအပ်ပါတယ်။ ပြန်နိုးလာတဲ့အခါမှာ လန်းဆန်းနေမယ်၊ တစ်နေ့လုံး မအိပ်ချင်တော့ဘူးဆိုရင် အိပ်ချိန်အကြွေးတွေ ဆပ်ပြီးပြီဆိုတာ ပြတာပါပဲ။ အိပ်ရေးပျက်တာတွေ ဆက်ဖြစ်နေမယ်၊ မကောင်းတဲ့လက္ခဏာတွေလည်း ဆက်ရှိနေမယ်ဆိုရင်တော့ မိမိဘာသာလေ့ကျင့်နေမယ့်အစား ကျန်းမာရေးကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပါ။အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းတွေနဲ့ အိမ်တွင်းဆေးနည်းတွေက အိပ်ရေးပျက်ခြင်းကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။သိချင်တာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-deprivation-%e1%80%a1%e1%80%ad%e1%80%95%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8%e1%80%95%e1%80%bb%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
Giant Cell Arteritis (သွေးလွှတ်ကြောနံရံများရောင်ခြင်း )
Giant Cell Arteritis မှာ သွေးလွှတ်ကြောနံရံများရောင်ခြင်း ဖြစ်ပါသည်။ မကြာခဏဆိုသလို ခေါင်း အထူးသဖြင့် နားထင်နေရာများမှ သွေးလွှတ်ကြောများတွင် ဖြစ်တတ်၏။ ထို့ကြောင့် Giant Cell Arteritis ကို တစ်ခါတစ်ရံ နားထင်ကြောရောင်ခြင်းဟုလည်း ခေါ်ကြသည်။Giant Cell Arteritis မှာ ခေါင်းကိုက်ခြင်း၊ ဦးရေပြားကို ထိလျှင်နာခြင်း၊ မေးရိုးနာခြင်းနှင့် အမြင်ပြဿနာများကို ဖြစ်စေတတ်သည်။ မကုသပဲထားပါက လေဖြတ်ခြင်း မျက်စေ့ကွယ်ခြင်းတို့ ဖြစ်နိုင်ပါသည်။Giant Cell Arteritis မှာ အသက်အရွယ်မရွေးဖြစ်နိုင်၏။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။Giant Cell Arteritis ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ ခေါင်းကိုက်ခြင်းနှင့် ထိလျှင်နာခြင်း (ဆိုးဆိုးဝါးဝါးနာခြင်း) တို့ဖြစ်ပြီး များသောအားဖြင့် နားထင်နှစ်ဖက်လုံးတွင် ဖြစ်တတ်ပါသည်။ ရောဂါလက္ခဏာစတင်ပုံမှာ တုပ်ကွေးနှင့်ဆင်တတ်၏။ Giant Cell Arteritis ၏ အဖြစ်များသော လက္ခဏာများတွင် အောက်ပါတို့ ပါဝင်ပါသည်။လည်ပင်း၊ ပုခုံး သို့မဟုတ် တင်ပဆုံးဆစ်များ တောင့်တင်း နာကျင်နေခြင်းမှာ ဆက်စပ်ရောဂါ Polymyalgia rheumatic ၏ လက္ခဏာများဖြစ်သည်။ Giant Cell Arteritis ဖြစ်သော လူ ၅၀% တွင် ၎င်းရောဂါတွဲနေတတ်၏။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။ခေါင်းတောက်လျှောက်ကိုက်လာခြင်း သို့မဟုတ် အထက်ပါလက္ခဏာ တစ်ခုခုရှိလာပါက ဆရာဝန်နှင့်ပြသရန် မနှောင့်နှေးပါနှင့်။ သင့်အား Giant Cell Arteritis ရှိကြောင်း အတည်ပြုပြီးပါက စောနိုင်သလောက်မြန်မြန်စောပြီး ကုသမှုခံယူကာ အမြင်မကွယ်ရန် ကာကွယ်လိုက်ပါ။Giant Cell Arteritis ကြောင့် သွေးလွှတ်ကြောနံရံများ ရောင်လာပါမည်။ ထို့ကြောင့် ဖောင်းကြွလာမည်။ ထိုဖောင်းကြွများမှာ သွေးကြောများကိုကျဉ်းသွားစေကာ သွေးပို့နှုန်းကို လျော့စေနိုင်သည်။ ထို့ကြောင့် အောက်စီဂျင်နှင့် မရှိမဖြစ်အာဟာရများ တစ်ရှူးများဆီသို့ မရောက်ကြတော့ပေ။သွေးလွှတ်ကြောကြီးများ သို့မဟုတ် အလတ်စားများတွင် အမြဲလိုလိုဖြစ်တတ်သော်လည်း ဖောင်းကြွခြင်းများက နားထင်ရှိ သွေးလွှတ်ကြောများတွင်သာ ဖြစ်တတ်ပါသည်။ ၎င်းတို့မှာ နားရှေ့ဖက်တွင်တည်ရှိပြီး ဦးရေပြားထိရောက်သော သွေးကြောများဖြစ်သည်။ တစ်ခါတစ်ရံ သွေးကြောတစ်နေရာတွင်သာ ဖောင်းကြွမှုဖြစ်စေပြီး ကျန်သည့်နေရတွင် အကောင်းအတိုင်းလည်း ရှိနေနိုင်၏။ဘာကြောင့်ထိုသို့ရောင်လာရကြောင်းကိုတော့ မသိရသေးပါ။ တစ်ချို့သော ဗီဇများနှင့် ဗီဇမျိုးကွဲများမှာ ဒီအခြေအနေကို ပိုဖြစ်စေကြောင်း တွေ့ရ၏။Giant Cell Arteritis ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။Giant Cell Arteritis အတည်ပြုရန်ခက်ခဲ၏ အဘယ့်ကြောင့်ဆိုသော် အစောပိုင်းမှာလက္ခဏာများမှာ တခြားသော အခြေအနေများနှင့် ဆင်တူသောကြောင့်ဖြစ်သည်။ ထိုကြောင့် ဆရာဝန်မှာ တခြားဖြစ်နိုင်သော ပြဿနာများကို မဟုတ်ကြောင်းအတည်ပြုရန် လိုအပ်မည်ဖြစ်သည်။Giant Cell Arteritis ကိုအတည်ပြုရန် အောက်ပါစစ်ဆေးမှုနှင့် လုပ်ထုံးများကို တစ်ချို့ သို့မဟုတ် အကုန်လုပ်ရန် လိုနိုင်ပါသည်။Giant Cell Arteritis တွင် ပုံရိပ်ဖော်နည်းပညာများကိုလည်း သုံးနိုင်ပါသည်။Giant Cell Arteritis အားကုသရာတွင် ပရက်နီဇိုလုံးခေါ်သော ကော်တီကိုစတီးရွိုက် ပမာဏများများ သုံးရခြင်းတို့ ပါဝင်ပါသည်။ အဘယ်ကြောင့်ဆိုသော အမြင်ဆုံးရှုံးမှုအား ကာကွယ်ရန်အတွက် ချက်ချင်းကုသမှုလိုအပ်သည်ဖြစ်ရာ အသားစစစ်အား ဆေးအတည်မပြုရသေးခင် ဆေးစပေးရန်လိုသောကြောင့် ဖြစ်ပါသည်။ကုသမှုစတင်ခါစ ရက်အနည်းအတွင်း ပိုသက်သာလာသလို စခံစားရပါမည်။ အမြင်မကွယ်သေးပါက သုံးလအတွင် အမြင်ပြဿနာများ ပျောက်ကင်းသွားမည်ဖြစ်သည်။နှစ်နှစ် သို့ ထိုထက်ပိုပြီး ဆေးဆက်သောက်ရန် လိုအပ်နိုင်သည်။ ပထမလပြီးနောက် ဆရာဝန်သည် ဆေးကို တဖြည်းဖြည်းလျော့ပေးကာ ကော်တီကိုစတီးရွိုက်များ အနည်းဆုံးသုံးရမည့် ပမာဏထိအောင် လျော့ပေးပါလိမ့်မည်။တစ်ချို့လက္ခဏာများ အထူးသဖြင့် ခေါင်းကိုက်ခြင်းမှာ ဆေးလျော့နေစဉ် ပြန်ဖြစ်လာတတ်သည်။ ထိုအခြေအနေမှာ Polymyalgia rheumatic လက္ခဏာများ စဖြစ်တတ်သော အခြေအနေဖြစ်ပါသည်။ ထိုသို့ရောဂါပြန်ကြွခြင်းမှာ ကော်တီကိုစတီးရွိုက်များ အနည်းငယ်တိုးပေးလိုက်လျှင် သက်သာသွားမည်ဖြစ်သည်။ မက်သိုထရီးစိတ်ဟုခေါ်သော ဆေးကို ကော်တီကိုစတီးရွိုက်၏ ဘေးထွက်ဆိုးကျိုးများ သက်သာစေရန် ဆရာဝန်မှ ပေးနိုင်ပါသည်။ကော်တီကိုစတီးရွိုက်များမှာ အရိုးပွခြင်း၊ သွေးတိုးခြင်းနှင့် ကြွက်သားအားနည်းခြင်းများလို ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေပါသည်။ ထိုဘေးထွက်ဆိုးကျိုးများကို ပြန်တိုက်နိုင်ရန်အတွက် ဆရာဝန်သည် သင်၏ အရိုးသိပ်သည်းဆကို စောင့်ကြည်ညပီး ကယ်လ်စီယမ်နှင့် ဗီတာမင် ဒီ ပေးခြင်း သို့မဟုတ် အရိုးမပျက်စေမည့် တခြားဆေးများပေးခြင်းတို့ ပြုလုပ်ပါလိမ့်မည်။ ထို့အပြင် လေ့ကျင့်ခန်း၊ အစားအသောက်ပြောင်ခြင်းနှင့် သွေးညှိဆေးများကို ပေးနိုင်ပါသည်။ ကော်တီကိုစတီးရွိုက်များကို တဖြည်းဖြည်းလျော့ပြီး ရပ်လိုက်သည်နှင့် ဘေးထွက်ဆိုးကျိုးများမှာလည်း ပျောက်သွားမည်ဖြစ်သည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/giant-cell-arteritis-%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%9c%e1%80%bd%e1%80%be%e1%80%90%e1%80%ba%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%94%e1%80%b6%e1%80%9b%e1%80%b6%e1%80%99%e1%80%bb/
အရှိအတိုင်း လက်ခံခြင်းဖြင့် စိတ်ကို ဘယ်လိုမျှတစေမလဲ
မိမိကိုယ်ကိုလက်ခံခြင်း ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ စွမ်းရည်၊ အကောင်း၊ အဆိုး ကို အမှန်တိုင်း သိမြင်လက်ခံတာဖြစ်ပါတယ်။ ဒီအပိုင်းမှာ ခန္ဓါကိုယ်အနေအထားကို လက်သင့်ခံခြင်း၊ ဝေဖန်မှုတွေအပေါ် တုံပြန်ခြင်းနဲ့ ကိုယ်ရဲ့ အရည်အသွေးအပေါ် ယုံကြည်ခြင်းတို့ ပါဝင်ပါတယ်။ကိုယ့်ကိုကိုယ် လက်ခံနိုင်စွမ်းရှိဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် ဒီကနေ ပြသနာတွေ ဖန်တီးသလို ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာတွေက သင့်ကို ထိခိုက်စေနိုင်သလို၊ တခြားလူတွေက သင့်ကို ဘယ်လိုမြင်သလဲ၊ ဘယ်လိုဆက်ဆံသလဲ ဆိုတဲ့အပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ အဲဒီပြသနာတွေကတော့ –။မိမိကိုယ်ကို လေးစားယုံကြည်မှုနည်းတာကပဲ သင်လိုချင်တာတွေကို ရယူဖို့ အခက်အခဲ ဖြစ်နိုင်ပါတယ်။ကိုယ့်ကိုကိုယ်လက်မခံဘဲ ကိုယ်မဟုတ်တဲ့တခြားတစ်ခုကို အတင်းပြောင်းဖို့ လုပ်နေရင် မှားနေတာပါပဲ။ ကိုယ့်ဘဝမှာ ကိုယ့်အရှိတရားဖြစ်တဲ့ ကိုယ်ကိုယ်တိုင်ကို လက်မခံရင်တော့ ပြဿနာပါပဲ။အပေါ်ကနှစ်ချက်ရဲ့ ရလဒ်ပါပဲ။ သင့်ကိုယ်ထဲကလာတဲ့ အသံနဲ့ နှလုံးသားကို ငြင်းဆိုခဲ့တာကြောင့် သင်ကိုယ်တိုင်လည်း ပျော်ရွှင်ရမှာမဟုတ်ပါဘူး။သင့်အကြောင်းကို သင်အသိဆုံးပါ။ ကိုယ့်အကြောင်း ကိုယ်လက်မခံဘူးဆိုရင် သူများပြောသမျှ အဟုတ်ထင်ပြီး သူတစ်ပါးလုပ်သမျှ သားကောင်သဖွယ် ငုံ့ခံနေရပါလိမ့်မယ်။မိမိကိုယ်မိမိ ယုံကြည်မှုတည်ဆောက်နိုင်မှသာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာတွေ ကင်းဝေးလာမယ်။ ဒီလိုမှသာလျှင် ဘဝရဲ့ စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင် ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။ ဒီလိုမှလည်း အောင်မြင်နိုင်မှာပါ။ လူတွေကြားမှာ သက်သောင့်သက်သာ နေနိုင်လာမယ်။ လူရှေ့သူရှေ့မှာ ရှက်ခြင်းကြောက်ခြင်း မရှိဘဲ စကားပြောလာနိုင်မှာ ဖြစ်ပါတယ်။မိမိကိုယ်မိမိ လက်ခံခြင်းဆိုတာ ကိုယ်ဘာပဲဖြစ်နေပါစေ စိတ်မညစ်ဘဲ နေထိုင်တာဖြစ်ပါတယ်။ ဒီလိုပြောလိုက်လို့ တိုးတက်မှုမရှိတဲ့ မျှော်လင့်ချက်မဲ့ဘဝမျိုးလို့ ပြောချင်တာမဟုတ်ပါဘူး။ မိမိကိုယ်မိမိ အရင်ဆုံး လက်ခံနိုင်မှသာလျှင် တခြားလိုအပ်ချက်နဲ့ တိုးတက်မှုတွေကို ကြိုးစားပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ခုပြောမယ့် လုပ်ဆောင်ချက်တွေကတော့ မိမိကိုယ်မိမိ လက်ခံနားလည်နိုင်စွမ်း တိုးစေတဲ့အချက်တွေဖြစ်ပါတယ်။ကိုယ့်ပင်ကိုယ်စရိုက်က ဘယ်လိုရှိသလဲ၊ ကိုယ်က ဘယ်လိုနောက်ခံသမိုင်းတွေ ဖြတ်သန်းခဲ့ရလဲ ဆိုတာ အချိန်ယူပြီး စဉ်းစားကြည့်ပါ။ကိုယ့်အတွက် အကောင်းအဆိုး နှစ်ဖက်စလုံးရှိတယ်ဆိုတာ နားလည်ထားပါ။ အရှိတရားကို လက်ခံပါ။သင့်ကိုယ်သင်မကြိုက်တဲ့ အချက်တွေရှိသလား။ ဒါတွေကို သင်ပြုပြင်ပြောင်းလဲပစ်နိုင်ပါတယ်။ အရင်ဆုံးအနေနဲ့ အရှိတရားကို အမှန်တိုင်း မြင်တတ်ပါစေ။သင်မဟုတ်တဲ့ အခြားတစ်ယောက်ယောက်ဖြစ်ဖို့ မကြိုးစားပါနဲ့။ သင့်ဘဝ သင်ပိုင်ဆိုင်တာက သူများဘဝရတာထက် ပိုကောင်းပါတယ်။မိမိကိုယ်မိမိလက်ခံနိုင်စွမ်းဆိုတာ လေ့ကျင့်ယူလို့ရပါတယ်။ ဒါက မွေးရာပါအကျင့် မဟုတ်တတ်တဲ့အတွက် သင့်မှာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျင့်ယူနိုင်ပါတယ်။Hello Health Group သည် မည်သည့်ကျန်းမာရေးဝန်ဆောင်မှုကိုမျှ မပေးပါ။ အကယ်၍ မိမိကျန်းမာရေးနှင့် ပတ်သက်ပြီး မူမမှန်မှုတစ်ခုခုရှိသည်ထင်ပါက ဆရာဝန်၊ ဆရာမနှင့် တိုင်ပင်ဆွေးနွေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%a1%e1%80%9b%e1%80%bd%e1%80%ad%e1%80%a1%e1%80%90%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80%b8-%e1%80%9c%e1%80%80%e1%80%b9%e1%80%81%e1%80%b6%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%bb/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%85%e1%80%ad%e1%80%b9%e1%80%90%e1%80%b9%e1%80%96%e1%80%ad%e1%80%85%e1%80%ae%e1%80%b8%e1%80%b1%e1%80%94%e1%80%81%e1%80%ba%e1%80%ad%e1%80%94%e1%80%b9%e1%80%99%e1%80%bd%e1%80%ac-%e1%80%85%e1%80%ad/
ဓါတ်မတည့်သည့်လက္ခဏာများ-လည်ချောင်းနာခြင်း
သင်ကလေးဘဝက ငုံဆေးတမျိုးမျိုးကြောင့် လည်ချောင်းနာပျောက်သွားဖူးတာကို မှတ်မိပါသလား။ဒါပေမယ့် အခုတော့ ဒီလည်ချောင်းနာဟာ သင်ဘယ်လိုပဲဆေးသောက်သောက် ရက်တွေတော်တော်ကြာအောင် အကင်းမသေဘဲဖြစ်နေနိုင်ပါတယ်။တကယ်လို့ သင့်လည်ချောင်းဟာ ဝတ်မှုန်တွေလို လေထဲမှာပါလာတဲ့ အမှုန်လေးတွေကိုရှူမိလို့ ဓါတ်မတည့်ဘဲ ရောင်နေတာဆိုရင်တော့ ကုသဖို့ဟာ သိပ်မရိုးရှင်းတော့ပါဘူး။ဓါတ်မတည့်ရတဲ့ အကြောင်းရင်းကို တိကျစွာရှာဖွေနိုင်မှ လည်ချောင်းနာသက်သာအောင် ကုသနိုင်မှာဖြစ်ပါတယ်။အတွင်းပိုင်း နှာရည်ယိုခြင်းဟာ ဓါတ်မတည့်လို့ဖြစ်ရတဲ့ လည်ချောင်းနာခြင်းရဲ့ အဓိကအချက်ပါပဲ။ ဓါတ်မတည့်စေတဲ့ ပစ္စည်းတခုခုနဲ့ထိတွေ့တဲ့အခါ နှာခေါင်းအတွင်းပိုင်းကနေ လည်ချောင်းထဲ နှာရည်ကျပြီး ယားနာတဲ့ခံစားမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။နှာရည်ယိုတာကြောင့် –။• ချောင်းဆိုးခြင်း။• အစာမျိုချရန်ခက်ခြင်း။• လည်ချောင်းတွင်းကသိကအောက်နေရခက်ခြင်း။• စကားပြောရန်ခက်ခြင်း စတဲ့ ဝေဒနာတွေ ဖြစ်ပေါ်စေပါတယ်။ဝတ်မှုန်မတည့်သလိုမျိုး ဓါတ်မတည့်မှုများစွာကတော့ ရာသီပေါ်မူတည်ပါတယ်။ အကယ်၍ မိမိရောဂါလက္ခဏာဟာ တနှစ်ပတ်လုံးဖြစ်တတ်တယ်ဆိုရင် လေထမှာ အမှုန်တွေများတတ်တဲ့ ဝတ်မှုန်ကူးချိန် နွေဦးရာသီမှာ ပိုဆိုးလာတတ်ပါတယ်။အခြား အဖြစ်များတဲ့ ဓါတ်မတည့်ခြင်းတွေကတော့။● ဆေးလိပ်ငွေ့။● ကြမ်းပိုး၊ သန်း၊ လှေးများ။● မှိုစွဲခြင်း။● ခွေးသန်း ကြောင်သန်းများ စတာတွေပဲ ဖြစ်ပါတယ်။ဓါတ်မတည့်တဲ့ လက္ခဏာတွေဟာ များသောအားဖြင့် နှာခေါင်းပိတ်ခြင်း၊ နှာချေခြင်း၊ မျက်လုံးများယားခြင်းနဲ့ ချောင်းဆိုးခြင်းတို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ လည်ချောင်းနာတဲ့အပြင် ဖျားပြီး ကိုယ်တွေလက်တွေကိုက်ခဲနေရင် အအေးမိတုတ်ကွေးလို ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်နိုင်ပါတယ်။ လည်ချောင်းအတွင်း ယားယံနေခြင်းဟာ ဓါတ်မတည့်လို့ လည်ချောင်းနာခြင်း ဟုတ်မဟုတ် သိနိုင်တဲ့ နည်းလမ်းတခုပါပဲ။ ဒါ့အပြင် နှာရည်အတွင်းပိုင်းယိုတာကြောင့် ခံစားရခက်တဲ့ ဝေဒနာဖြစ်ပေါ်စေပါတယ်။ အသက်ရှုလမ်းကြောင်းထဲ အမှုန်လေးတွေဝင်တဲ့အခါ ယားယံပြီး အနေရခက်ပါတယ်။ဓါတ်မတည့်တဲ့ အရာတွေကို ရှောင်ရှားတာဟာ လည်ချောင်းနာတာနဲ့ တခြားဆက်စပ်နေတဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။ ပထမအဆင့်ကတော့ မတည့်တဲ့အရာတွေနဲ့ မထိတွေ့အောင် တတ်နိုင်သလောက် ရှောင်ဖို့ပါပဲ။ စီးကရက်ငွေ့တွေ ခွေးသန်းကြောင်သန်းတွေကို ရှောင်ပေးပါ။ အိမ်ပြတင်းပေါက်တွေကို ပိတ်ထားပါ။ လေထဲမှာအမှုန်အပါဆုံး အချိန်တွေမှာ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်သွားပါ။ ဒါပေမယ့် တခါတရံ ကံမကောင်းရင်တော့ ဒီဓါတ်မတည့်စေတဲ့အရာတွေကို အမြရှောင်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီအချိန်မှာတော့ ဆေးဝါးအကူအညီ ယူရပါတော့မယ်။ ဆရာဝန်ညွှန်းစာမပါဘဲ မိမိဖာသာ ဝယ်ယူနိုင်တဲ့ loratadine (Claritin)၊ cetirizine (Zyrtec) စတဲ့ ဆေးတွေကို နေ့စဉ်သောက်သုံးပြီး အဲဒီအချိန်တွေမှာ ဝဒနာသက်သာစေနိုင်ပါတယ်။ အဲဒီဆေးတွေဟာ ခန္ဓါကိုယ်ထဲမှာ histamine ထွက်ခြင်းကို လျော့ကျစေတာကြောင့် သင့်ကို သက်သာစေနိုင်ပါတယ်။သင့်ရဲ့ဝေဒနာ အရမ်းဆိုးနေရင်တော့ သင့်ရဲ့ဆရာဝန်ဟာ အားပိုကောင်းတဲ့ဆေးတွေကို ညွှန်ပေးနိုင်ပါတယ်။လည်ချောင်းနာခြင်းကို ဖြစ်စေတဲ့ နှာရည်ကျခြင်းကိုသက်သာစေတဲ့ နှာပွင့်ဆေး ဖြန်းဆေးတွေပါ ပေးနိုင်ပါတယ်။ဓါတ်မတည့်မှုကုသသူများဟာ သွေးဖောက်စစ်ပြီး ဘာကိုမတည့်တာလဲဆိုတာ တိကျစွာ ပြောနိုင်ပါတယ်။ ဒီလိုအတိအကျသိရင် ဓါတ်မတည့်တဲ့ပစ္စည်းတွေကို ရှောင်နိုင်ရုံမကပဲ immunotherapy လို ကုထုံးမျိုးနဲ့ ကုသဖို့လိုမလိုပါ ဆုံးဖြတ်ပေးနိုင်ပါလိမ့်မယ်။Allergic shots ဆိုတဲ့ကုထုံးဟာ သင့်ကို ဓါတ်မတည့်ခြင်းကနေ ကင်းဝေးရအောင် ရေရှည်ကုသခြင်းနဲ့ အထောက်အကူပြုပါတယ်။ ဒီကုထုံးမှာ ဓါတ်မတည့်ဖြစ်စေတဲ့ အရာကို အနည်းငယ်ထည့်သွင်းထားပြီး သင့်ကို တဖြည်းဖြည်းပေးရင်း ခန္ဓါကိုယ်ကနေတုံ့ပြန်မှုလျော့ကျသွားစေနိုင်မှာဖြစ်ပါတယ်။ အမေရိကန်မိသားစုသမားတော်များ အကယ်ဒမီရဲ့ အဆိုအရတော့ လူနာအများစုအတွက်ခြောက်လစာကုထုံးမှာ တပတ်ကို တကြိမ် သို့ နှစ်ကြိမ် ဆေးထိုးဖို့ လိုအပ်ပါတယ်။ လစဉ်ထိုးနှံမှုတွေဟာ ပျမ်းမျှ သုံးနှစ်ကနေ ငါးနှစ်အထိ လိုအပ်ပါတယ်။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/other-allergies/%e1%80%93%e1%80%ac%e1%80%90%e1%80%b9%e1%80%99%e1%80%90%e1%80%8a%e1%80%b9%e1%82%94%e1%80%9e%e1%80%8a%e1%80%b9%e1%82%94%e1%80%9c%e1%80%80%e1%81%a1%e1%80%8f%e1%80%ac%e1%80%99%e1%80%ba%e1%80%ac%e1%80%b8/
ဆီးစွန့်ပြွန်ကျဉ်းခြင်းနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သော အချက်(၅)ချက်
သင့်ဆီးလမ်းကြောင်းမှ သွေးဒါမှမဟုတ် မူမမှန်တဲ့အရည်တွေ ထွက်လာဖူးပါသလား။ အဒါဆိုရင်တော့ သင် ဆီးလမ်းကြောင်းကျဉ်းခြင်းကို ခံစားနေရတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဆီးလမ်းကြောင်းကျဉ်းခြင်းနှင့် ပတ်သက်တဲ့ အချက်၅ချက်ကို ဖော်ပြပါ့မယ်။ဆီးလမ်းကြောင်းကျဉ်းတယ်ဆိုတာ ဆီးကိုခန္ဓါကိုယ်အပြင်ဘက် စွန့်ထုတ်ဖို့ ပို့ဆောင်ပေးသောပြွန် ကျဉ်းနေတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ အဲဒီပြွန်က သင့်ဆီးအိမ်နဲ့ ခန္ဓါကိုယ်အပြင်ဘက်ကို ဆက်သွယ်ပေးထားပါတယ်။ ဆီးလမ်းကြောင်းကျဉ်းတယ်ဆိုဟာ မိန်းမတွေထက် ယောက်ျားတွေမှာ ပိုအဖြစ်များပါတယ်။ ယင်းအခြေအနေကနေ ပိုဆိုးတဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ ကျောက်ကပ်ရောဂါတွေ အထိ ဖြစ်သွားတတ်ပါတယ်။ဆီးလမ်းကြောင်းကျဉ်းတာဟာ ဆီးပြွန်အတွင်းမှာ အသားတက်လာတာကြောင့်ဖြစ်ပါတယ်။ ခွဲစိတ်မှုခံယူခဲ့ခြင်းကြောင့် ဒါမှမဟုတ် ရောဂါအနာတရ ရခဲ့လို့ အသားတက်ရတာပါ။ ဖြစ်တောင့်ဖြစ်ခဲကတော့ ဆီးလမ်းကြောင်းမှာ အကျိတ် ဖြစ်တာပါပဲ။• လိင်မှတစ်ဆင့်ကူးစပ်တတ်သော ရောဂါများ ခံစားနေရခြင်း။• ဆီးပြွန်ထဲသို့ ကိရိယာများ ထည့်သွင်းရခြင်း ဥပမာ- ဆီးလမ်းကြောင်းအား စစ်ဆေးရန် မှန်ပြောင်းထည့်သွင်းခြင်း ဒါမှမဟုတ် ဆီးပိုက်ထည့်ခြင်း ကဲ့သို့သော လုပ်ငန်းစဉ်များ ခံယူခဲ့ခြင်း။• ဆီးလမ်းကြောင်း ဒါမှမဟုတ် တင်ပါးဆုံ နေရာတွေမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း။• ဆီးလမ်းကြောင်းတွင် ကင်ဆာဖြစ်နေခြင်း။• ဆီးကျိတ်ရောဂါများကြောင့် ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ဖူးခြင်း။တို့ဖြစ်ပါတယ်။ရှားရှားပါးပါး တချို့ကလေးတွေကတော့ မွေးရာပါ ဆီးလမ်းကြောင်းကျဉ်း နေတတ်ပါတယ်။သင့်ဆီးလမ်းကြောင်းကျဉ်းနေပြီဆိုလျှင် အောက်ဖော်ပြပါ လက္ခဏာတွေကို ခံစားရမှာပါ။• ဆီးမှာသွေးပါလိမ့်မယ်။ ဆီးကနဂိုထက် အရောင်ရင့်နေလိမ့်မယ်။• ဆီးသွားတာ နှေးသွားလိမ့်မယ်။ ယင်းအခြေအနေက ဖြည်းဖြည်းခြင်း ဖြစ်နိုင်သလို ရုတ်ချည်းလည်း ဖြစ်သွားနိုင်ပါတယ်။• ခဏခဏ ဆီးသွားချင် နေလိမ့်မယ်။• ဆီးသွားတဲ့အခါ နာကျင်နေလိမ့်မယ်။• ဆီးမထိန်းနိုင်ပဲ ဖြစ်နေလိမ့်မယ်။• ဆီးသွားတဲ့အခါ မကုန်သလို ဆီးသွားပြီးချိန်ထိလည်း ဆက်ထွက်နေလိမ့်မယ်။• သင့်တန်ဆာကနေ ထွက်နေကျမဟုတ်တဲ့ အရည်တွေ ထွက်နေလိမ့်မယ်။• ဝမ်းဗိုက်နဲ့ တင်ပါးဆုံနေရာတွေမှာ နာကျင်နေလိမ့်မယ်။• ဆီးသွားတဲ့အခါ ရေပန်းသလို ဖွာထွက်နေလိမ့်မယ်။• ယောက်ျားတန်ဆာဟာ ရောင်နေလိမ့်မယ်။ဖော်ပြပါ လက္ခဏာတွေကို မှတ်သားထားပြီး ဆရာဝန်ပြတဲ့အခါ ပြန်ပြောပြပေးပါ။ဆီးပြွန်ကို ကိရိယာအသေးစားလေးနဲ့ ချဲ့ပေးနိုင်ပါတယ်။ ထိုကုသမှု မပြုလုပ်ခင် ထုံဆေးပေးပါတယ်။ တစ်ခါတစ်လေ အိမ်မှာတင် ကုသပျောက်ကင်း နိုင်ပါတယ်။ယင်းကုသမှု အလုပ်မဖြစ်ပါက ခွဲစိတ်ရပါလိမ့်မယ်။ ဘယ်လိုခွဲစိတ်မှုမျိုးလုပ်ရမလဲ ဆိုတာကတော့ ကျဉ်းနေတဲ့ဆီးလမ်းကြောင်းရဲ့ အရှည်နဲ့နေရာပေါ်မှာ မူတည်ပါတယ်။ ကျဉ်းနေတဲ့အပိုင်းကို ချဲ့နိုင်သလို ဖြတ်ထုတ်ကာ ပြန်ဆက်နိုင်ပါတယ်။ ကျဉ်းနေတဲ့ အပိုင်းက ရှည်နေပါလျှင် ထိုအပိုင်းကို ဖယ်ရှားကာ ဆီးပြွန်ကို ပြန်လည်ဖန်တီး ပေးပါလိမ့်မယ်။ဆေးဝါးနဲ့ကုသလို့ မပျောက်ကင်း နိုင်ပါဘူး။ ခွဲစိတ်ကုသခြင်းနဲ့ ဆီးပြွန်ချဲ့ ခြင်း အလုပ်မဖြစ်ပါက ဆီးပိုက်ထည့်ပြီး ဆီးများကို အပြင်ထုတ်ပေးနိုင်ပါသေးတယ်။ထပ်တိုးရောဂါတွေမဖြစ်အောင် စိတ်ချလုံခြုံတဲ့ လိင်ဆက်ဆံခြင်း ဖြစ်ရပါမယ်။ အဲဒါမှ လိင်မှတစ်ဆင့် ရောဂါကူးစက်ခြင်း ကို လျော့ချပေးနိုင်မှာပါ။• လိင်ဆက်ဆံစဉ် ကွန်ဒုံးအသုံးပြုပါ။• ယောက်ျားမိန်းမ မပွေရှုပ်ပါနဲ့။ ကိုယ့်အဖော်မှာ ရောဂါ ရှိလားမရှိဘူးလား မသိ နိုင်ပါဘူး။• ကိုယ့်အဖော်မှာ HIV၊ အသည်းရာင်အသားဝါ ဘီ နဲ့ အခြားသော လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ရှိမရှိ မေးပါ။• လိင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါတွေရဲ့ လက္ခဏာတွေ ကို သိရှိနားလည်အောင်လုပ်ပါ။ ထိုလက္ခဏာရှိတဲ့လူတွေနဲ့ မဆက်ဆံမိအောင်နေပါ။ဆီးလမ်းကြောင်း ကျဉ်းတယ်ဆိုဟာ ဆီးကိုခန္ဓကိုယ်အပြင်ကို စွန့်ထုတ်ပေးသေပြွန် ကျဉ်းနေခြင်းခေါ်ပါတယ်။ ယင်းရောဂါဖြစ်နေလျှင် သင်ဆီးသွားရခက်ပါလိမ့်မယ်။ အဲဒီရောဂါက ပိုဆိုးလာနိုင်ပြီး ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ ကျောက်ကပ်ရောဂါတွေအထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ရောဂါလက္ခဏာတွေ ပြနေပြီဆိုပါက ဆရာဝန်ကို အမြန်ဆုံးသွားပြတာ အကောင်းဆုံးပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/%e1%80%86%e1%80%ae%e1%80%b8%e1%80%85%e1%80%bc%e1%80%94%e1%80%b9%e1%80%b9-%e1%80%b7%e1%80%bb%e1%80%95%e1%80%bc%e1%80%94%e1%80%b9%e1%80%80%e1%80%ba%e1%80%a5%e1%80%b9%e1%80%b8%e1%80%bb%e1%80%81%e1%80%84/
ဘယ်အချိန်မှာ ရွှေလက်တွဲဖို့ အသင့်တော်ဆုံးလဲ
လက်ထပ်ဖို့စဉ်းစားနေပြီလား… ဘယ်တော့စားရမှာလဲလို့ ခင်မင်သူတွေကဝိုင်းမေးနေတာ ခဏခဏကြားရတဲ့ ချစ်သူစုံတွဲတွေအတွက်ကတော့ ရွှေလက်တွဲဖို့ အကောင်းဆုံးအချိန်ကို စဉ်းစားရပါပြီ။တွဲလာတာကြာလာလေ မိဘအသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်က လက်ထပ်ဖို့တွန်းအားပေးတာတိုးလာလေ ဖြစ်ရတာ မြန်မာနိုင်ငံရဲ့ ထုံးစံပါပဲ။ အသက်ငယ်လွန်းရင်လည်း မသင့်တော်၊ အသက်ကြီးသွားမှာလည်းစိုးရိမ်ကြရတဲ့အပြင် အိမ်ထောင်ပြုခြင်း ရဲ့နောက်ဆက်တွဲ ကိစ္စတွေအတွက်လည်း ကြိုတွေးသင့်တာကြောင့် လက်ထပ်သင့်တဲ့အချိန်ကို ရွေးချယ်နိုင်ဖို့ အရေးကြီးပါတယ်။အသက်ကြီးမှ အိမ်ထောင်ပြုတာက အိမ်ထောင်ပိုခိုင်မြဲစေတယ်လို့ လက်ခံထားကြတာတွေရှိသလို ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ကျတဲ့အခါ ပြန်ကွဲဖို့ဖြစ်နိုင်ခြေများတယ်လို့ ဆိုကြပါတယ်။ အသက် ၂၀ကျော်ဟာ ကျောင်းပြီးလို့ အလုပ်အကိုင်အတည်တကျဖြစ်ချိန် အိမ်ထောင်ပြုဖို့ အကောင်းဆုံးလို့ လူငယ်တချို့နဲ့မိဘတွေကလက်ခံထားကြပါတယ်။ ဆယ်ကျော်သက်အရွယ်တွေဆို အနာဂတ်အတွက်မရေရာသေး၊ ကျောင်းစာနဲ့မိသားစုလောင်းရိပ်အောက်မှာ ရှိနေသေးချိန်ဖြစ်ပြီး ဦးနှောက်အတွေးအမြင်တွေလည်း မဖွံ့ဖြိုးသေးချိန်ဖြစ်တာကြောင့် အသိအမြင်ပြည့်စုံလောက်တဲ့ ၂၀ နဲ့ ၃၀ ကြားအရွယ်ကို အသင့်တော်ဆုံးအဖြစ် ရွေးချယ်ကြပါတယ်။အရင်ဆုံး ရွှေလက်တွဲဖို့ သင့်တော်တဲ့အသက်အရွယ်မှာရှိနေပြီဆိုရင်တော့ ချစ်သူစုံတွဲတွေအတွက် စဉ်းစားရမယ့်အချက်တွေရှိပါသေးတယ်။(၁) ကိုယ့်စိတ်ကိုယ်သိရဲ့လား။ရင့်ကျက်တဲ့အရွယ်ရောက်နေပြီဖြစ်လို့ လက်ထပ်ဖို့စဉ်းစားနေပြီဆိုရင် ကိုယ့်စိတ်ကိုအရင်သိအောင်လုပ်ပါ။ ချစ်သူနှစ်ဦး ကြားကဆက်ဆံရေးမှာ စိတ်ရင်းနဲ့ရိုးသားကြရဲ့လား၊ ကိုယ့်မှာရှိတဲ့ချို့ယွင်းချက်တွေကိုအပြန်အလှန်ပွင့်လင်းကြရဲ့လား။(၂) ဆက်ဆံရေးကိုဆန်းစစ်ကြည့်ပါ။ကိုယ့်ဘက်ကသေချာပြီဆိုရင် လက်ထပ်ဖို့အထိ ရှေ့ဆက်တိုးဖို့ အပြန်အလှန်ဆက်ဆံရေးကို အချက်တချို့နဲ့ ဆန်းစစ်ကြည့်ပါ။(၃) ချစ်သူချင်းဆက်ဆံရေးကို သုံးသပ်ပါ။ကိုယ့်ချစ်သူကို တကယ်ယုံကြည်ပြီလား၊ ယုံလို့ရောရလားသုံးသပ်ဆုံးဖြတ်ပါ။ ယုံကြည်မှုဆိုတာ ချစ်သူတွေအတွက် အဓိကကျတဲ့အရာတစ်ခုဖြစ်တာကြောင့် ယုံကြည်မှုကို တည်ဆောက်ပြီးချိန်မှ လက်ထပ်ဖို့စဉ်းစားသင့်ပါတယ်။(၄) ရင်းနှီးပွင့်လင်းတဲ့သူတွေဖြစ်ပြီလား။ကိုယ်ကြိုက်တာ မကြိုက်တာတွေကို အချင်းချင်းသိနေကြပြီး ပွင့်ပွင့်လင်းလင်းဆက်ဆံနေကြပြီလား။ ကိုယ့်ကို ပြုမူဆက်ဆံစေလိုတဲ့ ပုံစံအတိုင်း တစ်ဖက်ကို ဆက်ဆံပေးပါ။ သာယာခိုင်မြဲတဲ့ အိမ်ထောင်တစ်ခု တည်ဆောက်နိုင်ပါလိမ့်မယ်။(၅) ကိုယ့်ကို လေးစားမှုရှိလား။လက်တွဲကြတော့မယ့်သူအချင်းချင်း ဆက်ဆံတဲ့အခါ လေးစားမှုရှိသင့်ပါတယ်။ အခန့်မသင့်လို့ ရန်ဖြစ်ချိန်တွေမှာ ဒေါသပေါက်ကွဲတဲ့အခါမျိုးမှာ လေးစားမှုလေးရှိရင်နောင်အခါ မေတ္တာပျက်ဖို့ အခွင့်အလမ်းနည်းစေပါတယ်။(၆) ဘဝအတွက် ရည်မှန်းချက်ပန်းတိုင်တွေ ပေါင်းစည်းပြီးပြီလား။နှစ်ယောက်အတူလျှောက်လှမ်းကြမယ့်ရည်မှန်းချက်လမ်းကြောင်းတွေကို လက်မထပ်ခင်ကတည်းက ရေးဆွဲထားဖို့ လိုပါတယ်။ ကလေးဘယ်နှယောက်ယူမလဲ ၊ဘာအလုပ်တွေလုပ်ကြမလဲ၊ ဘယ်မှာနေမလဲဆိုတာတွေ အတူစဉ်းစားပါ။တကယ်တော့ ရွှေလက်တွဲဖို့ စဉ်းစားနေပြီဆိုရင် အသက်အရွယ်ထက် အထက်ပါအချက်တွေလို အခြေအနေတွေကို ထည့်သွင်းစဉ်းစားတာက အိမ်ထောင်ရေးမှာ ပိုပြီးရလဒ်ကောင်းစေမှာပါ။ အိမ်ထောင်ပြုတာဟာ ဘဝအတွက်ဆုံးဖြတ်ချက် ဖြစ်ရုံတင်မကဘဲ မိသားစုချင်း၊ ဝင်ငွေချင်း၊ဘဝချင်းပေါင်းစည်းတာ ဖြစ်တာကြောင့် အလောတကြီးမဆုံးဖြတ်သင့်ပါဘူး။ ကိုယ်တကယ်လက်ထပ်သင့်တဲ့အနေအထား မှန်ကန်တဲ့အချိန်ကျပြီလားဆိုတာ တွေးဆဆင်ခြင်ပါ။ ကျန်းမာရေးရှုထောင့်အရဆိုရင် အလုပ်အကိုင်၊ ပညာရေးအခွင့်အလမ်းတွေကြောင့် အသက်ကြီးမှ အိမ်ထောင်ပြုသူတွေမှာ ကလေးယူတဲ့အခါ သတိထားရမှာတွေ၊ အန္တရာယ်တွေရှိနိုင်တာကြောင့် အသက်မငယ်လွန်း၊ မကြီးလွန်းတဲ့အရွယ်မှာ အထက်ပါအချက်တွေနဲ့ ကိုက်ညှိပြီး ဆုံးဖြတ်မယ်ဆိုရင် အကောင်းဆုံးပါပဲ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/right-age-to-get-married/
အမျိုးသားတို့ရဲ့ ဖေဖေဖြစ်ဖို့ အခွင့်အရေး
ဘဝမှာ တစ်ချို့သော အရာတွေက အရမ်းများနေရင်လည်း ကျွန်တော်တို့အတွက် မကောင်းသလို အရမ်းနည်းနေရင်လည်း ကျွန်တော်တို့အတွက် မကောင်းပါဘူး။ ဒီအရာထဲက တစ်ခုကတော့ အမျိုးသားတွေရဲ့ သန္ဓေအောင်နိုင်စွမ်းပါ။ မိမိရဲ့ အဖော်ဖြစ်သူနဲ့ ကလေးမလိုချင်တော့လို့ သန္ဓေတားနည်းတွေကို အမြဲတမ်း သုံးနေရတဲ့ အမျိုးသားတွေက ဒီဒုက္ခကိုသိမှာ ဖြစ်သလို မိမိရဲ့ အဖော်ဖြစ်သူနဲ့ ကလေးလိုချင်ပေမဲ့ သန္ဓေမအောင်လို့ လက်မှိုင်ချနေရတဲ့ သူတွေကလည်း ဒီအရာရဲ့ အရေးကြီးပုံကို ကောင်းကောင်းသိကြမှာပါ။ ဒါ့အပြင် ဒီနေ့ခေတ်ကြီးဟာ အရင်ခေတ်ကလို ကလေး ၇ ယောက် ၈ ယောက် ယူကြတော့တဲ့ ခေတ်မဟုတ်တာကြောင့် သန္ဓေအောင်နိုင်စွမ်း ကလည်းများလေ၊ ကောင်းလေ လို့ ယူဆလို့မရတော့ပါဘူး။ ကလေးလိုချင်ပေမဲ့ သန္ဓေမအောင်လို့ ကလေးမရနိုင်သူတွေအတွက်ကျတော့လည်း ဒီအရာကအရမ်းအရေးကြီးပါတယ်။ ဒါဖြင့်ရင် လူလောက မျိုးပွားဖို့အတွက် အရမ်း အဓိကကျတဲ့ အမျိုးသားတွေရဲ့ သန္ဓေအောင်ခြင်း အကြောင်းကို တစ်ချက်လောက် လေ့လာကြည့်ကြရအောင်။ပရိုတင်းနဲ့ ဟော်မုန်းများ အနုစိတ် ဖွဲစည်းထားတဲ့ သုတ်ကောင်တွေ ကျန်းမာမှ ကလေးရနိုင်မှ ဖြစ်ပါတယ်။ ဒီလို အမျိုးသားတွေရဲ့ သန္ဓေအောင်နိုင်ခြေကို မြင်မားစေတဲ့ သဘာဝနည်းလမ်းတွေလည်းရှိပါတယ်။သန္ဓေအောင်နိုင်ခြေ မြင့်မားဖို့အတွက် ပထမဆုံးလုပ်ဆောင်သင့်တဲ့ အရာတွေကတော့ လိင်အင်္ဂါတွေကို အပူဓါတ်နဲ့ မထိတွေ့ပါစေနဲ့။ ဒါကြောင့် ရေနွေးရေချိုးကန်တွေ၊ ရေနွေးနဲ့ ရေချိုးတာမျိုးတွေ၊ ပေါင်းခံတာမျိုးတွေ သိပ်မလုပ်ဖို့လိုပါတယ်။ ဒါ့အပြင် Laptop ကို ပေါင်ပေါ် တင်သုံးတာမျိုး၊ မိုဘိုင်းလ်ဖုန်းတွေ ဘောင်းဘီရှေ့ အိတ်ကပ်ထဲထည့်ထားတာမျိုးတွေ မလုပ်ပါနဲ့။ တက်စတိုစတီရုန်း ဟော်မုန်းအစားထိုးကုသမှုတွေဟာ သုတ်ကောင်ပမာဏကို လျော့နည်းစေတဲ့ အတွက် ဒါကိုလည်း ရှောင်ကြဉ်ဖို့လိုပါတယ်။ သင်က ဆေးဝါးတစ်မျိုးမျိုးကို ပုံမှန်မှီဝဲနေရတယ်ဆိုရင်လည်း ဆေးဝါးတွေက သုတ်ကောင်တွေကို ထိခိုက်စေနိုင်တဲ့အတွက် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သုံးစွဲသင့်ပါတယ်။နောက်တစ်ချက်က ကိုယ့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ဂရုစိုက်ပါ။ ယေဘုယျပြောရမယ်ဆိုရင်တော့ သင့်ရဲ့ နှလုံး၊ ဦးနှောက်ကျန်းမာရေးကို ဂရုစိုက်မယ်ဆိုရင် သင့်ရဲ့ ဝှေးစေ့ အတွက်လည်းကောင်းမွန်ပါတယ်။ ဒါကြောင့် သုတ်ကောင်တွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်မယ့် ဘဝနေထိုင်စားသောက်မှု ပုံစံ အကျင့်တွေ ကို ရှောင်ကြဉ်ဖို့လိုပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ နေထိုင်စားသောက်မှု ပုံစံကိုပြောင်းလဲဖို့လိုပါတယ်။ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ ထိုင်ရာကမထ TV အမြဲကြည့်နေတတ်တာ၊ အဝလွန်တာတွေက ကိုယ်ရဲ့ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ ကျွန်တော်တို့ တွေ ကောင်းကောင်းသိကြပါတယ်။ ဒါ့အပြင် ဒီအချက်တွေ ဟာ မျိုးအောင်နိုင်စွမ်းကို လျော့ကျစေတဲ့ အရာတွေ ဖြစ်ပါတယ်။ ဝမ်းသာစရာ အချက်တစ်ချက်ကတော့ ဒီလိုအကျင့်ဆိုးတွေကို စောစော ဖြတ်ပစ်လေ မျိုးအောင်နိုင်ခြေက မြန်မြန် ပိုမြင့်မားလေပါပဲ။ ဒါ့ကြောင့် သန္ဓေအောင်နှုန်း မြင့်ချင်တယ်ဆိုရင် ဒီလို အကျင့်ဆိုးတွေကို ဖြတ်ပစ်ပြီး အစားအသောက်ဆင်ခြင်ကာ ကိုယ်လက်လှုပ်ရှားမှု များများ ပြုလုပ်သင့်ပါတယ်။ ကျန်းမာရေးနဲ့ မညီတဲ့ အကျင့်ဆိုးတွေကို ဖြတ်ပစ်ပါ။ ရောဂါတစ်ခု ပေါ်လာတဲ့ အထိ စောင့်မနေပါနဲ့။ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအစာတွေနဲ့ အရေးကြီးတဲ့ အာဟာရဓါတ်တွေဟာ သုတ်ကောင် အရည်အတွက်နဲ့ ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။ ဆေးပညာ ကျွမ်းကျင်သူတွေကတော့ သုတ်ကောင်ကျန်းမာရေးအတွက် အန်တီအောက်စီဒန့် (anti-oxidant) ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ဘယ်ရီသီး အမျိုးမျိုး၊ အသီး၊ အရွက်တွေနဲ့ ခန္ဓါကိုယ်အတွက်အဓိကလိုအပ်တဲ့ အာဟာရဓါတ်တွေကို မှီဝဲသင့်တယ် လို့ အကြံပြုထားကြပါတယ်။ အောက်မှာတော့ အမျိုးသားတစ်ယောက်ရဲ့ မျိုးအောင်နိုင်စွမ်းကို မြင့်မားစေတဲ့ အာဟာရဓါတ်တွေကို HelloSayarwon ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးထားပါတယ်။ ဒီလို အာဟာရဓါတ်တွေ မှီဝဲတဲ့အခါမှာလည်း သဘာဝအစားအစာတွေဟာ စတိုးဆိုင်က ဖြည့်စွက်ဆေးတောင့် တွေထက် အာနိသင်ပိုကောင်းပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဖြည့်စွက်ဆေးတောင့် မှီဝဲဖို့လိုနေပြီဆိုရင် ဘယ်လို ဖြည့်စွက်ဆေးတောင့်တွေက အကောင်းဆုံးလည်းဆိုတာကိုဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ချို့သော ဖြည့်စွက်ဆေးတောင့်တွေက ဆေးဝါးတစ်ချို့နဲ့ ဓါတ်မတည့်ကြလို့ပါ။ဒီလိုအာဟာရတွေ အရမ်းများနေရင်လည်း မျိုးအောင်နိုင်စွမ်းအတွက် မကောင်းသလို ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ဒါကြောင့် ဖြည့်စွက်ဆေးတောင့် တွေကို အလွန်အကျွံမစားကြပါနဲ့။ လုံလောက်တဲ့ ပမာဏကို စားသုံးတာနဲ့ အလွန်အကျွံစားသုံးတာကို ခွဲခြားသိဖို့လိုပါတယ်။ဗီတာမင် C ဟာ ရေထဲမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပြီး သုတ်ကောင်တွေကို ပိုသန်စွမ်းစေကာ ခန္ဓါကိုယ်က ဆဲလ်တွေအားလုံးကို ပျက်ဆီးခြင်းမှ ကာကွယ်ပေးပါတယ်။ဗီတာမင် E မရှိရင် ခန္ဓါကိုယ်က မျိုးမပွားနိုင်ပါဘူး။ ၁၉၂၂ ခုနှစ် က လေ့လာချက်တစ်ခုအရ ဗီတာမင် E မပါဝင်တဲ့ အစားအစာတွေကိုသာ စားသုံးရတဲ့ ကြွက်တွေဟာ မြုံသွားကြောင်းတွေ့ရှိခဲ့ကြပါတယ်။ ဒီကြွက်တွေကို ဗီတာမင် E ကြွယ်ဝတဲ့ အစားအစာ wheat germ oil ပြန်လည် ကျွေးလိုက်တဲ့ အခါမှာတော့ ကြွက်တွေ သန္ဓေပြန်လည် အောင်လာကြောင်းတွေ့ရှိခဲ့ရပါတယ်။ ဒီနေ့ ခေတ်မှာလည်း ဗီတာမင် E ဟာ ဆဲလ်တွေရဲ့ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပြီး ဆဲလ်ပျက်ဆီးခြင်းမှ ကာကွယ်ပေးနိုင်ကြောင်းတွေ့ရှိခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ ခန္ဓါကိုယ်ဟာ မျိုးပွားအင်္ဂါတွေနဲ့ သုတ်ကောင်၊ မျိုးဥတို့အပါအဝင် ဆဲလ်ပေါင်း တြီလီယံပေါင်းများစွာနဲ့ ဖွဲ့စည်းထားတာ ဖြစ်တာကြောင့် ဗီတာမင် E မပြတ်တောက်သွားဖို့လိုပါတယ်။Co Enzyme Q 10 ကတော့ ဆဲလ်တွေ အားလုံး ကောင်းကောင်းမွန်မွန် အလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ အရာတစ်ခုဖြစ်ပြီး သုတ်ကောင် အရည်အတွက်နဲ့ လှုပ်ရှားနိုင်စွမ်းကို မြှင့်တင်ပေးနိုင်တဲ့ အာဟာရဓါတ်တစ်မျိုးဖြစ်ပါတယ်။Zinc ဓါတ်ကတော့ သုတ်ကောင်တွေရဲ့ အရည်အသွေးကို မြင့်တက်စေပြီး သန္ဓေရနိုင်ခြေကိုလည်း မြင့်မားစေနိုင်ပါတယ်။Selenium ဟာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ဓါတု ပစ္စည်းတစ်မျိုးဖြစ်ပြီး အောင်စီဂျင်နဲ့ ဓါတ်ပြုခြင်းကြောင့် ဖြစ်ပေါ်တဲ့ ပျက်ဆီးမှုတွေကို ကာကွယ်ပေးကာ သန္ဓေအောင်နိုင်ခြေနဲ့ ကျန်းမာရေးကို တိုးတက်စေပါတယ်။ Selenium သတ္တုဓါတ် အစားအစာတွေမှာ ပါဝင်နှုန်းဟာ နေရာဒေသနဲ့ မြေဩဇာ အခြေအနေတွေအပေါ် အများကြီး မူတည်ပါတယ်။ ဥပမာ တရုတ်နိုင်ငံက ဒေသ တစ်ချို့ရဲ့ မြေကြီးမှာ Selenium ပမာဏ နည်းပါးပါတယ်။ Selenium ဟာ ခန္ဓါကိုယ်အတွက် အစွမ်းထက်တဲ့ anti-oxidant ဓါတ်အဖြစ်လည်း လုပ်ဆောင်ပေးပါတယ်။ Selenium ပါဝင်တဲ့ အစားအစာတွေကတော့ အဝါရောင်ရေယက်ပါ တူနာငါး၊ ဟဲလိဗတ် ပင်လယ်ငါး၊ ငါးသေတ္တာငါး၊ အမဲသား၊ ဥအမျိုးမျိုးတို့မှာ ပါဝင်ပါတယ်။လက်ဖက်စိမ်းမှာ သန္ဓေအောင်နိုင်ခြေကို မြင့်မားစေနိုင်တဲ့ catechins လို့ခေါ်တဲ့ antioxidants ဓါတ်တွေ အများအပြားပါဝင်ပါတယ်။ ဒါကြောက့် လက်ဖက်ရည်ကို သောက်သုံးဖို့လိုပါတယ်။ ဒါပေမဲ့ လက်ဖက်ရည် အတိုင်းသောက်လို့ရအောင် ထုတ်ထားတဲ့ဆေးတောင့်တွေက အသည်းကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက် ရှောင်ကြဉ်ဖို့လိုပါတယ်။အနီရောင်စပျစ်သီးနဲ့ ဒီစပျစ်သီးထွက် စားသုံးကုန်တွေဟာ Resveratrol လိုခေါ်တဲ့ antioxidant အဖြစ်လုပ်ဆောင်ပေးနိုင်တဲ့ ဓါတု ဓါတ်ပေါင်းတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒီဓါတ်ပေါင်းတွေဟာ ကင်ဆာနဲ့ နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ ခန္ဓါကိုယ်ပျက်ဆီးခြင်းတွေကို ကာကွယ်ပေးနိုင်တဲ့ အပြင် သုတ်ကောင်တွေရဲ့ အရည်အသွေးကိုလည်း တိုးတက်စေနိုင်ပါတယ်။ ဒီဓါတ်ပေါင်းတွေဟာ အနီရောင်စပျစ်သီးရဲ့ အခွံမှာ အဓိကပါဝင်ပြီး မြေပဲနဲ့ တစ်ခြား ဘယ်ရီသီးတွေမှာလည်း ဒီဓါတ်ပေါင်းကို တွေ့ရနိုင်ပါတယ်။ဆေးပညာရှင်များရဲ့ လေ့လာချက်အရ လိုင်ကိုပင်း (Lycopene) လို့ခေါ်တဲ့ ခရမ်းချဉ်သီးနဲ့ တစ်ခြားသော အနီရောင် သစ်သီးတွေမှာတွေ့ရတဲ့ အနီရောင်ခြယ် ဓါတ်တစ်မျိုးဟာ မြုံနေတဲ့ အမျိုးသားတွေမှာ နည်းပါးနေကြောင်းကို တွေ့ရှိခဲ့ကြပါတယ်။ အဲ့ဒါကြောင့် ဆန့်ကျင်ဘက်အနေနဲ့ သန္ဓေအောင်နိုင်စွမ်းကို မြှင့်တင်လိုတဲ့ အမျိုးသားတွေဟာ လိုင်ကိုပင်း (Lycopene) ဓါတ်ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။ဗီတာမင် D ပမာဏ နည်းပါးတဲ့ အမျိုးသားတွေဟာ သုတ်ကောင်အရည်အတွက်နည်းပါးလွန်းတဲ့အပြင် သုတ်ကောင်တွေရဲ့ ရွေ့လျားမှုက နှေးကွေးတဲ့အတွက် သန္ဓေအောင်နိုင်ခြင်းကို လျော့ကျစေပါတယ်။ ဒါ့ကြောင့် သန္ဓေအောင်နှုန်း မြင့်ချင်တဲ့ အမျိုးသားတွေ အနေနဲ့ ဗီတာမင် D ကို စားသုံးပေးဖို့လိုပါတယ်။ ဒါပေမဲ့ ဗီတာမင် D များရင်လည်း ခန္ဓါကိုယ်အတွက် အန္တရာယ်ရှိတာကြောင့် ဆင်ခြင်ပြီး မှီဝဲသင့်ပါတယ်။ငါးကြီးဆီတွေဟာ သုတ်ကောင်များရဲ့ အာဟာရဓါတ်ကို ဖြည့်တင်းပေးတဲ့ နေရာမှာ အဓိက ပါဝင်နေပါတယ်။ သဘာဝ ငါးကြီးဆီတွေက ပိုကောင်းတာမို့ ဖြည့်စွက်ငါးကြီးဆီတောင့်တွေအစား ဆယ်လ်မွန်လို ငါးမျိုးမှ ရတဲ့ အဆီကိုသာ မှီဝဲပေးသင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%9b%e1%80%b2%e1%80%b7-%e1%80%9e%e1%80%94%e1%80%b9%e1%80%93%e1%80%b1%e1%80%a1%e1%80%b1/
အလုပ်ရှုပ်သောမိခင်များအတွက် လွယ်ကူသက်သာစေသော နည်းလမ်း ၈ သွယ်
လုပ်စရာတွေ အများကြီးရှိတယ်ဆိုပြီး အရမ်းအလုပ်ရှုပ်နေတဲ့ မိခင်တွေ အကုန်လုံးအတွက် နည်းလမ်းကောင်းများရှိပါတယ်။ အောက်ဖေါ်ပြပါ အချက် ၈ ချက်က အလုပ်ရှုပ်နေသော မိခင်တွေရဲ့ ဘဝမှာ ပျာယာခတ်ခြင်းကို သက်သာစေပါလိမ့်မယ်။လွယ်ကူရိုးရှင်းစွာပြင်ဆင်ရတဲ့ အစားအသောက်တွေကို ချက်ပြုတ်ပါ။ ထိုသို့ချက်ပြုတ်ရာတွင် ပါဝင်ပစ္စည်းတွေကို လှီးဖြတ်ပြီး အိုးထဲထည့်ပါ။ သင်ပြန်လာရင်တော့ အစာဟာ ရယ်ဒီဖြစ်နေရမည်။ ထိုသို့သော အသေးစိတ် အစအဆုံး လုပ်စရာမလိုသော အစားအသောက်တွေကို ရွေးချယ်ပါ။ ရယ်ဒီမိတ် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆော့တွေဟာလည်း သင့်အတွက် သက်သာစေမှာပါ။သင့်ကလေးတွေကို သူတို့ရဲ့ကိုယ်ခန္ဓါ သန့်ရှင်းနေစေခြင်းအားဖြင့် ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုကို သူတို့နားလည်ပါစေ။လုပ်ရမယ့် အလုပ်တွေ၊ အလုပ်ပြင်ပ လှုပ်ရှားမှုတွေ၊ မိသားစု အစီအစဉ်တွေကို ပြက္ခဒိန်ထဲမှာ မှတ်ပါ။ ဒါဟာ ဘာလုပ်ရမလဲဆိုတာ မေ့မနေအောင် ကာကွယ်ပေးမှာပါ။ အရေးအကြီးဆုံးကတော့ လုပ်စရာတွေနဲ့ ပတ်သက်ပြီး ပျော့ပျောင်းစွာသဘောထားပါ။ ဒီနေ့မှာ ဆိုဖာ ကို မရှင်းနိုင်ရင် ကိုယ့်ကိုယ်ကို မကျေမနပ်မဖြစ်သင့်ပါဘူး။ သင့်အတွက် နောက်တစ်ချိန်ဆိုတာ ရှိနိုင်ပါတယ်။အလုပ်တွေလုပ်နေရတာကြောင့် သင့်ဘဝအတွက် ဘာအရေးကြီးသလဲဆိုတာကို မေ့နေနိုင်ပါတယ်။ သင်ချစ်တဲ့သူတွေနဲ့ အချိန်ဖြုန်းပါ။ သင့်အလုပ်ရှင်ဆီက လာတဲ့ အီးမေးလ်ဟာ မိနစ် ၃၀ တော့ စောင့်နိုင်ပါတယ်။ ကွန်ပျူတာကို ပိတ်လိုက်ပြီး ကလေးတွေကို ကြည့်ကာ သူတို့ပျော်ရွှင်မှုတွေကို အနီးကပ်ခံစားလိုက်ပါ။ ဒီလိုခံစားမှုတွေဟာ သင့်ကလေးရဲ့ ဘဝတစ်သက်တာလုံး မှတ်မိနေစေမှာဖြစ်ပါတယ်။ကလေးတွေအတွက် အချိန်ဖယ်ထားပါ။ တီဗွီ ကြည့်မယ့်အစား၊ သူငယ်ချင်းတွေနဲ့တွေ့မယ့်အစား သူတို့ပြောတာနားထောင်ပါ။ ကလေးအိပ်တဲ့အချိန်ကျမှ သင်လုပ်စရာရှိတာကို ဆက်လုပ်ပါ။အိမ်မှာနေပြီး ဆော့ကစားခြင်း (သို့) အဝတ်အစားလဲပြီး ပန်းခြံအတွင်းမှာ ကစားခြင်း၊ အပင်အောက်မှာ စာအုပ်ဖတ်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ ဆော့ကစားခြင်းဟာ ကလေးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ကိုယ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာနဲ့ ခံစားချက်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ သင်နဲ့ သင့်ကလေးငယ်ရဲ့ ရင်းနှီးမှုကိုလည်း တိုးတက်စေပါတယ်။စိတ်ဖိစီးမှုနည်းတဲ့ကလေးတွေဟာ ကြီးလာတဲ့အခါမှာနှလုံးရောဂါဖြစ်ပွားနှုန်းနည်းတယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ သင့်ကျောင်းသားတွေအတွက် စိတ်ဖိစီးမှုနည်းအောင် (ဥပမာ အိမ်စာ) ပြုလုပ်ပေးနိုင်တယ်ဆိုရင် လုပ်ပေးလိုက်ပါ။ သင့်ကလေးကို အိမ်စာလုပ်တဲ့ အကျင့်ကို ပျိုးထောင်ပေးပါ။ တကယ်လို့ အိမ်စာဟာ သူတို့အတွက် ခက်ခဲနေတယ်ဆိုရင် မိဘတွေနဲ့ ဘေးပတ်ဝန်းကျင်ကသူတွေဟာ ကလေးငယ်ရဲ့ ပညာရေးမှာ ပါဝင်ကူညီပေးမယ်ဆိုရင် ဒီလိုကလေးမျိုးတွေဟာ ပညာရေးမှာ ထူးချွန်တတ်ကြပါတယ်။ ဒါပေမယ့် အိမ်စာကို အကုန်လုံးတော့ လုပ်မပေးသင့်ပါဘူး။ အဓိကရည်ရွယ်ချက်က သူတို့ကိုကူညီပေးဖို့ ဖြစ်ပြီး သူတို့အတွက် အကုန် လုပ်မပေးသင့်ပါဘူး။တန်ဖိုးထားမှုတွေဟာ ကလေးတွေကို လမ်းမှန်ကို ရောက်စေဖို့ လမ်းပြပေးပါတယ်။ သင့်ကလေးမှာ ရှိစေချင်တဲ့ တန်ဖိုးထားမှုတွေကို စာရင်းပြုစုထားပြီး အခွင့်အရေးရတိုင်း သင်ကြားပေးသင့်ပါတယ်။ အကောင်းဆုံးဥပမာကတော့ စိတ်ရှည်မှုဆိုပါစို့၊ သင့်ကလေးဟာ ရေချိုးဖို့ သွားတိုက်ဖို့ ငြင်းဆန်တိုင်း စိတ်ရှည်ရှည်နဲ့ တည်ငြိမ်စွာ သင်ကြားပေးသင့်ပါတယ်။မမျှော်လင့်ထားတာတွေကို ကြိုတင်ပြင်ဆင်ထားခြင်း အားဖြင့် စိတ်ချလက်ချနေလိုက်ပါ။ အရေးပေါ်ကုသဆေးတွေနဲ့ အရေးကြီးပစ္စည်းတွေပါတဲ့ အရေးပေါ်အိတ်ဟာ အိမ်တိုင်းမှာ ရှိသင့်ပါတယ်။ အမေတွေဟာ မိသားစုအတွက် အရာရာကို လုပ်ပေးနေရတဲ့ လူတွေဖြစ်ပါတယ်။ ဒါပေမယ့် ဘဝဆိုတာ အလုပ်တွေချည်းလုပ်ရမှာ မဟုတ်ပါဘူး။ အရေးကြီးပြီး လုပ်သင့်တဲ့ အရာတွေလုပ်ခြင်းဟာလည်း တူညီစွာ အရေးပါပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%a1%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%9b%e1%80%be%e1%80%af%e1%80%95%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac%e1%80%99%e1%80%ad%e1%80%81%e1%80%84%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8/
မီးဖွားပြီးနောက်ရင်သွေးလေးကို အိမ်စခေါ်လာချိန်မှာပြင်ဆင်သင့်သည်များ (အပိုင်း ၁)
ကလေးမွေးပြီးရင် သင်ဟာ စိတ်ရှုပ်ထွေးဖွယ် ကိုယ်ဝန်ဆောင်ကာလကို ကျော်လွှားနိုင်တာမို့ ကျေးဇူးတင်နေမှာပါ။ သင်နဲ့ သင့်ကလေး အတူတကွ ဖြတ်သန်းရမယ့် နောင်နှစ်ပေါင်းများစွာကို စောင့်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် တကယ်တမ်းတော့ အရာရာဟာ ထင်ရသလို မရိုးစင်းဘူးဆိုတာ သိထားသင့်ပါတယ်။ ကလေးမွေးပြီးချိန်မှာ ပြဿနာ အဟောင်းတွေ မရှိတော့ပေမယ့် ပြဿနာ အသစ်တွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ မိခင် အသစ်တစ်ယောက်အနေနဲ့ ပထမ ရက်သတ္တပတ်တွေကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာကို ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။မွေးကင်းစ ကလေးတွေရဲ့ စစချင်း ရက်တွေမှာ ကလေးငယ်ဟာ မွေးကင်းစ အလေးချိန်ရဲ့ ၇ ရာခိုင်နှုန်း လျော့သွားခြင်းဟာ ပုံမှန်ဖြစ်ပြီး နောက်နှစ်ပတ်ကြာတဲ့အခါ ကိုယ်အလေးချိန် ပုံမှန်ပြန်ဖြစ်အောင် မိခင်က ကူညီပေးဖို့ အရေးကြီးပါတယ်။ မိခင်အားလုံးဟာ တစ်နေ့ကို နှစ်နာရီလောက် ခြားပြီး မိနစ် ၂၀-၃၀ ခန့် မိခင်နို့တိုက်ကျွေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကလေးငယ်ဟာ အစာစားချိန်မှာ အိပ်ပျော်နေတယ်ဆိုရင် သူတို့ရဲ့ နောက်ကျောကို ပွတ်ပေးခြင်း၊ အနှီးဖြည်ခြင်းနဲ့ စကားပြောခြင်းအားဖြင့် နှိုးနိုင်ပါတယ်။ ကလေးငယ် အတော်များများကို တစ်နေ့မှာ ရှစ်ကြိမ်လောက် နို့ချိုတိုက်ကျွေးသင့်ပေမယ့် အချို့ကတော့ သူတို့ကျေနပ်အောင် တစ်နေ့မှာ ၁၂ ကြိမ်အထိ လိုအပ်နိုင်ပါတယ်။ ဒါကြောင့် မွေးကင်းစ ကလေးငယ်ရဲ့ ဆာလောင်မှုဟာ သူတို့စားသောက်ပုံနဲ့ တဖြည်းဖြည်း ရင်းနှီးလာနိုင်တာကြောင့် ဂရုစိုက်သင့်ပါတယ်။ အဖြစ်များတဲ့ ဆာလောင်မှုလက္ခဏာတွေကတော့ ဆက်တိုက်ငိုခြင်း၊ လက်စုပ်ခြင်း၊ လျှာလျက်ခြင်းတို့ပဲ ဖြစ်ပါတယ်။ဆီးသွားခြင်း။ကလေးငယ်တွေဟာ ၁ နာရီကနေ ၃ နာရီကြား (သို့) တစ်နေ့ကို ၄ ကြိမ်ကနေ ၆ ကြိမ်အထိ မကြာခဏ ဆီးသွားနိုင်ပါတယ်။ ကလေးတွေ ဖျားနေရင် (သို့) ရာသီဥတု လွန်စွာပူပြင်းရင် သူတို့ ဆီးပမာဏဟာ တစ်ဝက်အထိ ကျဆင်းနိုင်ပါတယ်။ သင့်ကလေးငယ်ရဲ့ သေးခံ မှာ ပန်းရောင် အစွန်းတွေရှိခြင်းဟာ ဆီးအလွန်ပျစ်နေတာကို ပြသပြီး ရေဓါတ် လိုအပ်နေတာကို ညွှန်ပြခြင်း ဖြစ်ပါတယ်။ ကလေးဆီးသွားစဉ် သက်တောင့်သက်သာ မရှိခြင်း၊ ဆီးအတွင်း သွေးပါခြင်းတွေ ရှိခဲ့ရင် သင့်ဆရာဝန်ကို ဆက်သွယ်သင့်ပါတယ်။ဝမ်းသွားခြင်း။ကလေးငယ်တွေဟာ သူတို့မွေးပြီး ၁ ရက်၊ ၂ ရက်အတွင်းမှာပဲ ဝမ်းအမည်းတွေသွားတတ်ပါတယ်။ အမည်းရောင်တွေ ထွက်သွားအပြီးမှာ ကလေးသွားတဲ့ ဝမ်းတွေဟာ သူတို့ကို ကျွေးတဲ့ အစာပေါ်မူတည်ပြီး အဝါရောင်၊ အစိမ်းရောင်တွေ ရှိနိုင်ပါတယ်။ ဝမ်းသွားခြင်း သူတို့ရဲ့ အစာပေါ်မူတည်ပြီး တစ်ပတ်မှာ တစ်ခါကနေ တစ်နေ့မှာ အကြိမ်အနည်းငယ်အထိ ဖြစ်နိုင်ပါတယ်။ သင့်ကလေးငယ်ရဲ့ ဝမ်းသွားနှုန်း မမှန်မှုကို စိတ်ပူနေမယ့်အစား မိခင်တွေဟာ ဝမ်းရဲ့ အပျော့အမာ၊ အရောင် အစရှိတာတွေကို ကြည့်သင့်ပါတယ်။ မွေးကင်းစ ကလေးငယ်ရဲ့ ဝမ်းဟာ ပဲထောပတ်ထက် မမာသင့်ပဲ အကျိအချွဲတွေလည်း မပါသင့်ပါဘူး။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%99%e1%80%ae%e1%80%b8%e1%80%96%e1%80%bd%e1%80%ac%e1%80%b8%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%bd%e1%80%b1/
ကြာကွက်ကြောက်ရောဂါ (Trypophobia)
Trypophobia(ကြာကွက်ကြောက်ရောဂါ) ဆိုတာက စုပြုံနေတဲ့အပေါက်တွေကို ကြောက်တဲ့၊ ရွံတဲ့ရောဂါဖြစ်ပါတယ်။ Trypophobia(ကြာကွက်ကြောက်ရောဂါ) ရှိသူတွေက အပေါက်တွေစုပြုံနေတဲ့ မျက်နှာပြင်တစ်ခုကိုမြင်တဲ့အခါ မူးနောက်ပျို့ချင်လာပါတယ်။ ဥပမာ – ကြာခွက်မျက်နှာပြင်၊ စတော်ဘယ်ရီမျက်နှာပြင်တို့က ဒီလိုဖိုးဘီးယားရှိသူတွေအတွက် မအီမသာဖြစ်စေပါတယ်။Trypophobia(ကြာကွက်ကြောက်ရောဂါ) က အဖြစ်များတာမျိုးတော့မဟုတ်ဘူး။ တရားဝင်အရ အသိအမှတ်လည်းမပြုပါဘူး။ Trypophobia(ကြာကွက်ကြောက်ရောဂါ) ကိုလေ့လာတာကလည်း နည်းပါသေးတယ်။ ရောဂါဟုတ်မဟုတ် တရားဝင်သတ်မှတ်လို့ရအောင်လုပ်နေတဲ့ သုတေသနလောက်ပဲ ရှိပါတယ်။ အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။အပေါက် ဒါမှမဟုတ် အပေါက်နဲ့တူတဲ့အရာလေးတွေ စုပြုံနေတာကိုမြင်ရတဲ့အခါ ဖြစ်လာတဲ့လက္ခဏာတွေကို တင်ပြထားကြပါတယ်။ဒါတွေကိုမြင်တဲ့အခါ Trypophobia(ကြာကွက်ကြောက်ရောဂါ) ရှိသူတွေက ရွံတာ ကြောက်တာတွေ ဖြစ်ကြပါတယ်။ တစ်ချို့လက္ခဏာတွေကတော့…။အပေါ်မှာပြောထားတဲ့လက္ခဏာတွေထဲမှာ မပါသေးတဲ့တခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ တစ်ကယ်လို့များ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခု ရှိနေနိုင်လားဆိုပြီး စိုးရိမ်နေရင်တော့ ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေတယ်ဆိုလျှင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုပါလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။Trypophobia(ကြာကွက်ကြောက်ရောဂါ) အကြောင်း အများကြီးမသိရသေးပါဘူး။ ဒါပေမယ့် ဒါကိုဖြစ်စေတဲ့ ခလုတ်တွေကတော့။အရေပြားအပြောက်အစက်၊ သားမွှေးအပြောက်အစက် စတာတွေပါတဲ့ တိရိစ္ဆာန်များ၊ အင်းဆက်များ၊ တွားသွားသတ္တဝါများ၊ နို့တိုက်သတ္တဝါများနဲ့ တခြားသတ္တဝါတွေကလည်း Trypophobia (ကြာကွက်ကြောက်ရောဂါ) ဖြစ်ဖို့ ခလုတ်တွေဖြစ်နိုင်ပါတယ်။Trypophobia(ကြာကွက်ကြောက်ရောဂါ) ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့ အကြောင်းရင်းကို ကောင်းကောင်းမသိရသေးပါဘူး။ ၂၀၁၇ မှာလုပ်ခဲ့တဲ့လေ့လာမှုတစ်ခုမှာ Trypophobia(ကြာကွက်ကြောက်ရောဂါ) နဲ့ အထူးစိတ်ကျရောဂါ၊ စိုးရိမ်စိတ်ရောဂါတို့နဲ့ ဆက်စပ်နေနိုင်ကြောင်း ချိတ်ဆက်မှုကို တွေ့ခဲ့ရပါတယ်။ သုတေသီတွေပြောပုံအရ Trypophobia(ကြာကွက်ကြောက်ရောဂါ) ရှိသူတွေက အထက်ပါရောဂါနှစ်မျိုး ဖြစ်နေနိုင်တယ်လို့ဆိုပါတယ်။ ၂၀၁၆ မှာလုပ်ခဲ့တဲ့ နောက်ထပ်လေ့လာမှုတစ်ခုမှာတော့ Social anxiety နဲ့ Trypophobia(ကြာကွက်ကြောက်ရောဂါ) ဆက်စပ်တယ်လို့ ပြောထားပါတယ်။ ထပ်ပြီးသိလိုပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်တွေမှာ အစားထိုးရန် မသင့်တော်ပါဘူး။ ဆက်လက်သိရှိလိုတဲ့ အချက်အလက်တွေအတွက် သင့်ဆရာဝန်နဲ့သာ အမြဲတိုင်ပင်ဆွေးနွေးပါ။ဖိုးဘီးယားတစ်ခုကို အတည်ပြုမယ်ဆိုရင် ဆရာဝန် သင့်လက္ခဏာနဲ့ပါတ်သတ်တဲ့မေးခွန်းတွေကို မေးပါလိမ့်မယ်။ သင့်ရဲ့ ရောဂါ၊ စိတ်အခြေအနေ၊ လူမှုရေးရာဇဝင်တွေကိုပါ မေးပါလိမ့်မယ်။ ရောဂါအတည်ပြုဖို့အတွက် DSM-5 ကို လွှဲကောင်းလွှဲနိုင်ပါတယ်။ ဖိုးဘိးယားဆိုတာတွေကို ဆေးပညာနှင့် စိတ်ရောဂါကုအဖွဲ့အစည်းကနေ တရားဝင်လက်ခံထားတာမဟုတ်လို့ Trypophobia က အတည်ပြုမရပါဘူး။ဖိုးဘီးယားကိုကုသဖို့အတွက် နည်းအမျိုးမျိုးရှိပါတယ်။ သက်ရောက်မှုအကောင်းဆုံးကုသမှုကတော့ ကြောက်တတ်တာကိုများများထိတွေ့ပေးဖို့ပဲ။ ထိတွေ့ပေးတဲ့ကုထုံးက ကိုယ်ကြောက်တဲ့အရာကပေါ် တုံ့ပြန်နိုင်စွမ်းကို ပြောင်းလဲသွားအောင် အာရုံစိုက်ပေးတဲ့ စိတ်ရောဂါကုထုံးပဲဖြစ်ပါတယ်။ဖိုးဘီးယားအတွက် နောက်ထပ်ကုသမှုတစ်ခုက cognitive behavioral therapy (CBT) ဖြစ်ပါတယ်။ CBT နဲ့ ထိတွေ့ပေးကုထုံးတို့အပြင်တ တခြားနည်းစနစ်ကိုသုံးပြီး သင့်ရဲ့စိုးရိမ်စိတ်ကို စီမံရာတွင် အကူအညီဖြစ်စေပြီး အတွေးတွေကို ထိန်းပေးပါလိမ့်မယ်။တခြားသော ရွေးချယ်စရာကုထုံးတွေကတော့…။စိုးရိမ်စိတ်ရောဂါတွေမှာ ဆေးတွေကိုစမ်းသပ်ပြီး ဖြစ်ပေမယ့်လည်း trypophobia(ကြာကွက်ကြောက်ရောဂါ) အတွက်တော့ မသိရသေးပါဘူး။အောက်ဖော်ပြပါ လူနေမှုပုံစံတွေနဲ့အိမ်သုံးကုထုံးတွေက သင့်အနေနဲ့ Trypophobia(ကြာကွက်ကြောက်ရောဂါ) ကိုကုသတဲ့နေရာ၊ လိုက်လျောညီထွေဖြစ်အောင်လုပ်တဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါလိမ့်မယ်။တစ်ကယ်လို့သင့်ဆီမှာ မေးချင်တာတွေရှိနေတယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ရာအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာဆိုင်ရာ အကြံပေးခြင်း၊ ရောဂါအမည်တပ်ခြင်း သို့မဟုတ် ကုသမှုပေးခြင်းများကို ဆောင်ရွက်မပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/trypophobia-trypophobia/
ကိုယ်ဝန်နုစဉ် ဆောင်ရန် ရှောင်ရန် အချက်များ
ကိုယ်ဝန်နုစဉ် ဆောင်ရန် ရှောင်ရန် အချက်များ ကို သိပြီးပြီလား …… ဒီတစ်ခေါက်တော့ ဘာတွေကို ဆောင် ဘာတွေကိုရှောင်ပြီး ကိုယ်ဝန်ပထမ ၃လကို ဂရုစိုက်ရမလဲ ။ ။ ဆိုတာကို ပြောပြပေးချင်ပါတယ်။အမျိုးသမီးတစ်ယောက်ရဲ့ အရေးအကြီးဆုံး အချိန်ဖြစ်တဲ့ကိုယ်ဝန်ဆောင်ကာလဆိုတာ အသေးစိတ်လေးက အစ သေချာသတိထား ဂရုစိုက်ဖို့လိုတဲ့ကာလတစ်ခုပါ။ ကံတရားအရဖြစ်လာမယ့် ဆိုးတဲ့အရာတွေကို အကုန်လုံးကို တားဆီးလို့ မရဘူးဆိုပေမယ့် ခုပြောပြမယ့် အချက်လေးတွေကို သိထားရင်တော့ ကျန်းမာတဲ့ ကိုယ်ဝန်တစ်ခုကို ပိုင်ဆိုင်ရမှာ အသေအချာပါ။ ဒါဆို ဗိုက်ထဲက ရင်သွေးလေး ဖွံ့ဖြိုးဖို့ တာဆူနေတဲ့ကိုယ်ဝန် ပထမ ၃လမှာ ဘယ်လို အချက်တွေကို လိုက်နာရမလဲ ။ ဘယ်လို အချက်တွေကို ရှောင်ကြဉ်ရမလဲ ။ ။ဘာတွေကို ဆောင် ဘာတွေကိုရှောင်ပြီး ကိုယ်ဝန်ပထမ ၃လကို ဂရုစိုက်ရမလဲ ။ ။ ဆိုတော့ ကိုယ်ဝန် ပထမ ၃ လမှာ ကိုယ်ဝန်ဆောင်တိုင်း အနေနဲ့။ကဲ အရေးကြီးတဲ့ ကိုယ်ဝန် ပထမ ၃ လမှာ ဒီလိုအချက်လေးတွေ သိထားပြီးလိုက်နာရင် မိခင်ရော ဗိုက်ထဲက ကလေးလေးပါ ကျန်းမာမှာ အသေအချာပဲနော် ။ ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/do-and-dont-for-pregnancy/
နွေပူပူမှာ ကိုယ်ဝန်ဆောင်လေဒီတွေ ဘာစားကြမလဲ
ကိုယ်ဝန်ဆောင်ကာလမှာ အာဟာရ ပြည့်ဝဖို့က ပုံမှန် အချိန်တွေထက်ကို ပိုအရေးကြီး ပါတယ်။ ဒါမှမိခင်ရောကလေးပါ ကျန်းမာမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေကအာဟာရ ပြည့်ဝအောင် စားသုံးမှုက ကလေးမှာနာတာရှည်ရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။အစားအစာဆိုတာကလည်း စားတတ်မှ အာဟာရ ဖြစ်တာပါ။ မစားတတ်ဘူးဆိုရင် အာဟာရ ပြည့်ဖို့ဆိုတာထက် ဘေးဥပါဒ် ဖြစ်ဖို့က ပိုများနေနိုင်ပါတယ်နော်။ ဒီတစ်ခေါက်တော့ နွေပူပူမှာ မေမေရော ကလေးပါ ကျန်းမာဖို့ နွေပူပူမှာ ကိုယ်ဝန်ဆောင် လေဒီတွေ ဘာစားကြမလဲ ဆိုတာကို ပြောပြပေးပါရစေနာ်။နွေပူပူမှာ ကိုယ်ဝန်ဆောင်လေဒီတွေ ဘာစားကြမလဲ ………. ဆိုတော့ နွေရဲ့ အပူဒဏ် အောက်မှာ ကျန်းမာနေစေဖို့ ကိုယ်ဝန်ဆောင် လေဒီလေးတို့ အနေနဲ့ ဒါလေးတွေ စားပေးလို့ ရပါတယ်နော်။အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ကိုယ်ဝန်ဆောင် ကာလ အတွင်းမှာကိုယ်ခံအားကောင်းစေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်ကြတဲ့ဗီတာမင် Cနဲ့ဗီတာမင် Eတို့ ပြည့်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် နွေပူပူမှာ ဟင်းသီးဟင်းရွက် ကြော်လေးဖြစ်ဖြစ် ဟင်းရွက်သုပ်လေးဖြစ်ဖြစ် စားပေးလို့ ရပါတယ်နော်။နွေရာသီမှာ ရင်တကယ် အေးစေတဲ့ အသီးတစ်ခုပါ။ ရေဓာတ် ဖြည့်ပေးနိုင်ပြီး လန်းဆန်း စေနိုင်ပါတယ်။နွေပူပူမှာ ဖရဲသီး ချိုချိုအေးအေးလေး စားပေးလို့ ရပါတယ်နော်။ပရိုတင်း ကြွယ်ဝစွာ ပါဝင်ပြီး ကိုယ်ဝန်ဆောင် မေမေတို့ကို အပူဒဏ် ခံနိုင်စေတဲ့ စားစရာ တစ်ခုပါ။ ကိုယ်ဝန်ဆောင် မိခင်တို့ အတွက်လိုအပ်တဲ့ အာဟာရကို ဖြည့်တင်းပေးနိုင်တယ်ဆိုမှတော့ အဆာပြေလေးဖြစ်ဖြစ်တော့ စားသင့်ပါတယ်နော်။ရာသီပေါ်စာလေးတစ်ခုဖြစ်သလို စားလို့လည်းကောင်းပါတယ်နော်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ကိုယ်ဝန်ဆောင် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါသေးတယ်နော်။ ဒီတော့ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီတို့အပါအဝင် ဘယ်ရီသီးလေးတွေကို သင့်တင့်မျှတအောင် စားသုံးပေးပါ။ရေဓာတ်ကြွယ်ဝစွာပါဝင်ပြီးမျက်လုံးအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကိုအေးသွားစေတာပါ။ ညဘက်အိပ်မပျော်တာနဲ့အရေပြားဓာတ်မတည့်မှုတွေကို ပါသက်သာစေနိုင်ပါတယ်နော်။ လေပွမှာစိုးရင်လည်း နည်းနည်းလောက်တော့ စားပေးလို့ရပါတယ်။နေ့တိုင်းချက်ပြုတ်တဲ့ဟင်းလျာတွေမှာ ပါတတ်စမြဲပါနော်။ အရသာရှိသလို ခန္ဓာကိုယ်ကို အေးမြစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။နေလောင်ဒဏ်ကိုလည်းသက်သာစေနိုင်ပါသေးတယ်နော်။နွေအပူဒဏ်ကြောင့် အရေပြားပြဿနာကနေ ကင်းဝေးချင်တဲ့ ကိုယ်ဝန်ဆောင်လေဒီလေးတွေအနေနဲ့ ခရမ်းချဉ်သီးကို မေ့ထားလို့မရပါဘူးနော်။အသားအရေကို အေးစေနိုင်ပါတယ်။ သောက်မယ့်ရေထဲကို ပူဒီနံရွက်လေးထည့်စိမ်ပြီး သောက်ပေးလို့ရပါတယ်။ နွေအပူဒဏ်ကြောင့် မသက်မသာဖြစ်တာတွေကနေ ကင်းဝေးစေဖို့ ပူဒီနံလေးစားပေးလို့ရပါတယ်နော်။ပရိုတင်းဓာတ်ပါဝင်နေသလို ဝမ်းမှန်စေပြီး နွေလတွေရဲ့ အပူဒဏ်ကို လျော့ပါးသက်သာစေမှာ အသေအချာပါ။ဒါတွေအပြင်။နွေပူပူမှာ ကိုယ်ဝန်ဆောင်မေမေတွေ ကျန်းမာနေစေဖို့ အခုပြောခဲ့တာတွေကို စားသုံးပေးလို့ ရပါတယ်နော်။ နေပူထဲမထွက်ဘဲ အရိပ်ရတဲ့နေရာမျာနားနေဖို့ လိုသလို လေဝင်လေထွက်ကောင်းတဲ့ ချည်သားပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ဖို့လည်း မမေ့ပါနုဲ့နော်။ကဲ…….ပူပြင်းတဲ့နွေရာသီကို အကောင်းဆုံးကျော်ဖြတ်ရအောင်လား ကိုယ်ဝန်ဆောင်မေမေတို့ရေ………………….။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/summer-foods-to-eat-during-pregnancy/
null
null
heart-health
heart-health
https://hellosayarwon.com/heart-health/cholesterol/cholesterol-emboli-%e1%80%a1%e1%80%86%e1%80%ae%e1%80%81%e1%80%b2/
null
null
allergies
allergies
https://hellosayarwon.com/allergies/other-allergies/%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%9c%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac-%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%99/
null
null
allergies
allergies
https://hellosayarwon.com/allergies/food-allergies/%e1%80%a1%e1%80%85%e1%80%ac%e1%80%93%e1%80%ac%e1%80%90%e1%80%b9%e1%80%99%e1%80%90%e1%80%8a%e1%80%b9%e1%82%94%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8-%e1%80%99%e1%80%ad%e1%80%99%e1%80%ad%e1%80%80/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%81%e1%80%9b%e1%80%ae%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%ac%e1%80%b8%e1%80%81%e1%80%84%e1%80%b9-%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%90%e1%80%90%e1%80%b9%e1%80%90%e1%80%b2%e1%80%b7/
null
null
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/facts-about-sperm-donations/
ဆေးလိပ်သောက် သူတွေ စားသင့်တဲ့ အစားအစာများ
ဆေးလိပ်ဆိုတာ  စသောက်သောက်တုန်းကတော့ ဒီလောက်ကြီး စွဲမယ်လို့ မထင်ထားပါဘူး။ လွယ်လွယ်နဲ့ ဖြတ်လို့ရမယ်လို့ ထင်ခဲ့တယ်မလား။ ဒါပေမယ့် သောက်တာ ကြာလေလေ စွဲလေလေဖြစ်ပြီး ဖြတ်ရခက်လာပါတယ်။ ဒါက သူ့မှာ ပါဝင်တဲ့နီကိုတင်းကြောင့်ပါ။ နီကိုတင်းကစွဲလမ်းစေတတ်တဲ့ သတ္တိရှိပါတယ်။ ဒါကြောင့် ကြာလေလေ ဖြတ်ရခက်လာလေလေပါ။ ဒါပေမယ့် ဆေးလိပ်ဆိုတာ အဆုတ်ကစလို့ တစ်ကိုယ်လုံး ဘယ်နေရာမှာမှ ကောင်းကျိုးမပေးပါဘူး။ ဒါကြောင့် ဖြတ်ဖို့ကြိုးစားသင့်ပါတယ်။ ဒီလို ကြိုးစားနေတဲ့ စပ်ကြားမှာ စွဲလမ်းတတ်တဲ့ နီကိုတင်းကို ကိုယ်ထဲက အမြန်ထွက်သွားအောင် ကူညီပေးတဲ့ အစားအစာကို စားပေးသင့်ပါတယ်။ ဆေးလိပ်ဖြတ်တာကို အထောက်အကူ ဖြစ်ဖို့ အပါအဝင် နီကိုတင်းကြောင့် ကျန်းမာရေးထိခိုက်တာကို လျော့ကျစေချင်လို့ပါ။ ဆေးလိပ်သောက် သူတွေ စားသင့်တဲ့ အစားအစာများ က ဘာတွေ ဖြစ်မလဲဆိုတာကို ကြည့်ကြည့်ရအောင်။ဆေးလိပ်သောက် သူတွေ စားသင့်တဲ့ အစားအစာများ ကတော့။နီကိုတင်းရဲ့ မကောင်းတဲ့အချက်ကရေဓာတ်ဆုံးရှုံးစေတာပါ။ ရေများများသောက်ပေးတာက နီကိုတင်းကြောင့် ရေဓာတ်ဆုံးရှုံးတာကို ကာမိစေတဲ့အပြင် ကိုယ်ထဲက တခြား အဆိပ်အတောက်တွေကိုလည်း စွန့်ထုတ်ပေးပါတယ်။Dukes University ရဲ့ အဆိုအရတော့ တစ်နေ့ နို့တစ်ခွက် သောက်တဲ့သူတွေက မသောက်တဲ့သူတွေထက် ဆေးလိပ်အရသာကို မခံနိုင်ပါဘူးတဲ့။ ဒါကြောင့် ဆေးလိပ်ဖြတ်ရ ပိုလွယ်သွားတာပေါ့။   နီကိုတင်းကိုလည်း တိုက်ထုတ်ပေးနိုင်ပါသေးတယ်။ဗီတာမင် အေနဲ့ ဘီ ကြွယ်ဝတဲ့ အစားအစာတွေကို ဦးစားပေးစားပေးပါ။ အစိမ်းရောင် အရွက်တွေ၊ အဝါရောင် အသီးတွေ၊ အစေ့အဆန်တွေ ပါအောင် စားပေးပါ။  လေ့လာချက်တွေအရလည်း ဒီဗီတာမင်တွေက နီကိုတင်းကို  ဖြတ်တောက်ပေးနိုင်တဲ့ သတ္တိရှိတာကို တွေ့ရပါတယ်။လိမ္မော်သီး အပါအဝင် ဗီတာမင် စီကြွယ်ဝတဲ့ အစားအစာတွေဟာ ဆေးလိပ်သောက်တဲ့သူတွေ စားသင့်တဲ့ အစားအစာထဲမှာ ပါပါတယ်။ ဆေးလိပ်သောက်တဲ့သူတွေက များသောအားဖြင့်ဗီတာမင်စီချို့တဲ့တာ များပါတယ်။ သူက  metabolismကို မြန်စေတဲ့အပြင်ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့အတွက် ဆဲလ်တွေ ပျက်စီးတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ဖောလစ်အက်စစ်နဲ့ ဗီတာမင်တွေ ပါဝင်တဲ့ ဟင်းနုနွယ်ရွက်ဟာ ဆေးလိပ်အရသာကို မခံနိုင်အောင် ကူညီပေးပါတယ်။ဆေးလိပ်မြန်မြန်ပြတ်စေတဲ့ နည်းတစ်မျိုးပဲပေါ့။ ဒါ့ပြင် ကျန်းမာရေး အတွက် သင့်တော်တဲ့ အရွက်တစ်မျိုးလည်း ဖြစ်ပါတယ်။ဘရိုကိုလီမှာ ဗီတာမင် B5နဲ့ ဗီတာမင် စီတို့ ကြွယ်ဝစွာ ပေါများစွာ ပါဝင်ပါတယ်။ ဒီဗီတာမင်တွေက အဆုတ်ကို နီကိုတင်းဒဏ် မခံရအောင် ကာကွယ်ပေးပါတယ်။နီကိုတင်းဟာ အဆုတ်တင်မကဘူး၊ အရေပြားကိုပါ ထိခိုက်ပျက်စီးစေပါတယ်။ မုန်လာဥမှာ ဗီတာမင် အေ၊ စီ၊ ကေနဲ့ ဘီတွေ ပါဝင်တဲ့အတွက် အရေပြားကို ကျန်းမာစေပါတယ်။ ဒါ့ပြင် ကိုယ်ထဲက နီကိုတင်းကိုပါ စွန့်ထုတ်ပေးပါတယ်။စတော်ဘယ်ရီက စလို့ဘယ်ရီသီးအုပ်စုဝင်တွေဟာ ဗီတာမင် ပြည့်ဝစွာ ပါဝင်ပြီး နီကိုတင်းအပြင် တခြားသော အဆိပ်အတောက်တွေကိုပါ စွန့်ထုတ်ပေးပါတယ်။သလဲသီးဟာ သွေးလည်ပတ်မှုကို ကောင်းစေပြီး သွေးဆဲလ်တွေကို များစေပါတယ်။ နီကိုတင်းကြောင့် သွေးကြောတွေ ချိုးကပ်တာကိုလည်း သက်သာစေပါတယ်။ကီဝီသီးက ဆေးလိပ်သောက်ခြင်းကြောင့် ဆုံးရှုံးသွားတဲ့ ဗီတာမင်တွေက်ု ပြန်ဖြည့်ပေးပါတယ်။ သူ့မှာပါတဲ့ ဗီတာမင် အေ၊ စီ၊ အီးက ခန္ဓာကိုယ်ကနေ နီကိုတင်းတွေ ထွက်သွားဖို့ ကူညီပေးပါတယ်။ဆေးလိပ်သောက်တာက ဖြတ်နိုင်ရင်  အကောင်းဆုံးပါပဲ။ ဖြတ်ဖို့ ကြိုးစားနေတဲ့ သူတွေ ဆေးလိပ်ဖြတ်ဖို့ အာသီသ ပြတ်အောင်ပဲ ဖြစ်ဖြစ်၊ မဖြတ်ခင် စပ်ကြားမှာ နီကိုတင်းပမာဏကို လျှော့ချင်ရင်ပဲ ဖြစ်ဖြစ် အပေါ်မှာ ပြောခဲ့တဲ့ အစားအစာတွေကို စားပေးဖို့ လိုပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/food-for-smokers/
အမြွှာကလေးများတွင် ဖြစ်သော သွေးမမျှတခြင်း လက္ခဏာစုများဆိုတာ ဘာလဲ
အမြွှာကလေးများတွင် ဖြစ်သော သွေးမမျှတခြင်း ပြသနာများသည်သည် ကိုယ်ဝန်ဆောင်ချိန်တွင် အချင်း မူမမှန်မှုကြောင့်ဖြစ်သော ပြသနာများဖြစ်ပါသည်။ ထိုသို့ဖြစ်ရခြင်းသည် ကလေးနှစ်ယောက်သည် အချင်းတစ်ခုတည်းနှင့် အချင်းရှိသွေးကြောများကို မျှပြီး အသုံးပြုနေရသောကြောင့် ဖြစ်ပါသည်။ ဒီလို မျှပြီး သုံးရတဲ့အတွက် ကလေး တစ်ယောက်က ပိုရပြီး တစ်ယောက်က လျော့ရတာမျိုး ဖြစ်နိုင်ပါတယ်။ယင်းဖြစ်စဉ်သည် ထပ်တူညီသော အမြွှာများ၏ ၁၅ % တွင် ဖြစ်လေ့ရှိပါသည်။ အချင်းသီးသန့်စီရှိသော အမြွှာများတွင် ထိုပြသနာ မဖြစ်ပါ။ ကံမကောင်းစွာပင် ထိုသို့ဖြစ်ခြင်းသည် ကာကွယ်မရသော အခြေအနေဖြစ်ပါသည်။ကိုယ်ဝန်ဆောင်ချိန်တွင် အယ်ထွာဆောင်းကို ကြည့်ခြင်းဖြင့် ဆရာဝန်သည် သင့်ကလေးတွင် ထိုပြသနာရှိနိုင်ကြောင်း ခန့်မှန်းနိင်ပါသည်။ ယင်းတို့မှာ။· ကလေး ၂ ယောက်သည် လိင်တူနေပါလျက် အရွယ်အစားများ မမျှတခြင်း။· ရေမွှာအိတ်နှစ်ခု ပမာဏ မတူညီခြင်း။· ချက်ကြိုးများ အရွယ်အစားမတူညီခြင်း။· အချင်း ၁ ခုတည်းရှိခြင်း။· ကလေး ၁ ဦး၏ အရေပြားအောက်တွင် အရည်များစုပုံနေသော လက္ခဏာများ တွေ့ရခြင်း။· သွေးများသော ကလေးတွင် နှလုံးရောဂါ လက္ခဏာများ တွေ့ရခြင်း။· သွေးများသော ကလေးတွင် ရေမွှာရည်များခြင်း။· သွေးမလုံလောက်သော ကလေးတွင် ရေမွှာရည်နည်းခြင်း တို့ဖြစ်ပါသည်။မိခင်များတွင်လည်း ထိုပြသနာဖြစ်ခြင်း၏ လက္ခဏာများကို တွေ့ရတတ်ပါသည်။ ယင်းတို့မှာ။· သန္ဓေသားသည် ရုတ်တရက် လျင်မြန်စွာ ကြီးထွားလာသော ခံစားမှုဖြစ်ခြင်း။· သားအိမ်သည် ကိုယ်ဝန်ရက်နှင့် နှိုင်းစာသော် ကြီးနေခြင်း။· ဗိုက်နာခြင်း၊ တင်းခြင်း၊ သားအိမ်ညှစ်ခြင်း။· ကိုယ်အလေးချိန် ရုတ်တရက်များလာခြင်း။· ကိုယ်ဝန်ဆောင်ကာစအချိန်များတွင် ခြေ၊ လက်များ ဖောရောင်လာခြင်း တို့ဖြစ်ပါသည်။အမြွှာကလေးများတွင် ဖြစ်သော သွေးမမျှတခြင်း ပြသနာများဖြစ်နေခြင်းကို အထက်ပါလက္ခဏာများကို ခံစားရလျှင် စိတ်ထဲမှသံသယရှိလျှင် ဆရာဝန်ထံ လျင်မြန်စွာ သွားရောက်ပြီး ကုသမှုများ ခံယူသင့်ပါသည်။ထိုပြဿနာဖြစ်လျှင် ကလေး၂ ယောက်စလုံး သေဆုံးနိုင်ပါသည်။ တိုးတက်လာသော နည်းပညာများအရ ထိုအခြေအနေကို ကုသပြီး ကလေးများကို အသက်ရှင်စေမည့် နည်း ၂ နည်းရှိပါသည်။ရောဂါကို သိသိချင်း ကုသမှုများကို ချက်ချင်းစတင်ရပါသည်။ ပထမနည်းမှာ ရေမွှာရည်များကို အပြင်သို့စုပ်ထုတ်ခြင်းဖြစ်ပြီး ထိုနည်းဖြင့် အချင်းသို့ သွေးပိုစီးစေပြီး လမစေ့ဘဲမွေးခြင်းကို လျော့ကျစေပါသည်။ ရေမွှာရည်များကို အပြင်သို့ထုတ်လိုက်ခြင်းဖြင့် ရောဂါခံစားနေရသော ကလေးများကို ၆၀ % ကယ်တင်နိုင်ပါသည်။ဆိုးရွားပြင်းထန်သော အခြေအနေများတွင် ကိုယ်ဝန်အပတ် ၂၆ ပတ်မတိုင်မီတွင် ကလေးကို ခွဲစိတ်မှုများ ပြုလုပ်နိုင်ပါသည်။ လေဆာရောင်ခြည်ဖြင့် ခွဲစိတ်ခြင်းဖြင့် ဆက်နေသော သွေးကြောများကို ပိတ်သွားစေပြီး ယင်းကုသမှုသည်လည်း ရောဂါခံစားနေရသော ကလေးများကို ၆၀ % ကယ်တင်နိုင်ပါသည်။ထို့ပြင် လေဆာရောင်ခြည်ဖြင့်ကုသခြင်းသည် ရေမွှာရည်စုပ်ထုတ်ခြင်းကဲ့သို့ထပ်ခါတလဲလဲ မလုပ်ရဘဲ အများစုသည် တစ်ခါတည်းနှင့် ပြီးသော ကုသမှုဖြစ်ပါသည်။ ထိုအချိန်တွင် ကလေးငယ်များ၏ အဆုတ်များသည် သန်စွမ်းနေလျှင် ဆရာဝန်၏ ထောက်ခံချက်ဖြင့် စောမွေးနိုင်ပါသည်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/%e1%80%a1%e1%80%99%e1%80%bd%e1%80%be%e1%80%ac%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%9e/
ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ (steven-Johnson syndrome)
အဓိပ္ပါယ်ဖွင့်ဆိုချက်။Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ဆိုတာဘာလဲ။Stevens-Johnson syndrome ဟာ အရေပြားနဲ့ အမြှေးပါးတွေဖြစ်တဲ့ ရှားပါးပြီး ပြင်းထန်တဲ့ ဓါတ်မတည့်ရောဂါတစ်ခုဖြစ်ပါတယ်။ သူဟာ များသောအားဖြင့် ဆေးတစ်ခုခု (သို့) ရောဂါပိုးတစ်ခုခုကို တုန့်ပြန်ခြင်းကြောင့် ဖြစ်တာဖြစ်ပါတယ်။ တုတ်ကွေးလို လက္ခဏာတွေ စစချင်း ဖြစ်ပြီးတော့ နာကျင်တဲ့ အနီရောင် (သို့) ခရမ်းရောင်အကွက်တွေ ဖြစ်လာပြီး အရည်ကြည်ဖုတွေ ပေါက်လာတတ်ပါတယ်။ အရေပြားရဲ့ အပေါ်ဆုံးလွှာက ဆဲလ်တွေဟာ သေဆုံးသွားပြီး ကွာကျလာပါတယ်။ Stevens-Johnson syndrome ဟာ ဆေးရုံတက်ပြီး ကုသဖို့လိုအပ်တဲ့ ပြင်းထန်တဲ့ အရေးပေါ် အခြေအနေတစ်ခုဖြစ်ပါတယ်။Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။Stevens-Johnson syndrome ဟာ ကမ္ဘာအနှံ့မှာ လူမျိုးစု အစုံမှာဖြစ်ပွားနိုင်ပါတယ်။ အဖြူတွေမှာတော့ ပိုအဖြစ်များပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ ဒီရောဂါဟာ လူတွေမှာတင်မကပဲ ခွေးတွေ၊ ကြောင်တွေနဲ့ မျောက်တွေမှာပါ တွေ့ရှိရပါတယ်။ ဒီအခြေအနေဟာ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ရောဂါလက္ခဏာများ။Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ)ရဲ့ လက္ခဏာတွေက ဘာတွေလဲ။Stevens-Johnson syndrome ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။တကယ်လို့ Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ဖြစ်မယ်ဆိုရင် အကွက်မထခင် ရက်ပေါင်းများစွာတည်းက အောက်ပါ လက္ခဏာတွေ ကြိုတင်ဖြစ်နိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။စောစောစီးစီးရောဂါ ရှာဖွေတွေ့ရှိပြီး ကုသခြင်းဟာ အခြေအနေပိုမိုဆိုးရွားခြင်းကို ရပ်တန့်နိုင်ပြီး အရေးပေါ် အခြေအနေဖြစ်ခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ပြင်းထန်ရောဂါဖြစ်ပွားခြင်းကို ကာကွယ်နိုင်ဖို့ တတ်နိုင်သမျှစောစော ဆရာဝန်ကို ပြသသင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဖြစ်ပွားမှုအကြောင်းရင်းများ။ဘာတွေက Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ဖြစ်ပွားစေသလဲ။Stevens-Johnson syndrome ဖြစ်ပွားတဲ့ အခြေခံအကြောင်းရင်း နှစ်မျိုးရှိပါတယ်။Stevens-Johnson syndrome ဖြစ်စေတဲ့ ဆေးတွေကတော့။Stevens-Johnson syndrome ဖြစ်စေတဲ့ ကူးစက်ရောဂါတွေကတော့။ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။ဘယ်အရာတွေက Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။Stevens-Johnson syndrome ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ဗိုင်းရပ်စ်ရောဂါပိုးများ။ရေယုန်၊ အဆုတ်အအေးပတ်ခြင်း၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (သို့) အသည်းရောင်ခြင်းတွေဖြစ်မယ်ဆိုရင် Stevens-Johnson syndrome ဖြစ်နိုင်ခြေ မြင့်မားနိုင်ပါတယ်။ကိုယ်ခံအားကျဆင်းခြင်း။ကိုယ်ခံအားစနစ် ကျဆင်းမယ်ဆိုရင်လည်း Stevens-Johnson syndrome ဖြစ်ပွားနှုန်းမြင့်နိုင်ပါတယ်။ ကိုယ်အင်္ဂါ အစားထိုး ကုသခြင်း၊ HIV/AIDS နဲ့ မိမိခန္ဓကိုယ်ဆဲလ်များကိုပြန်တိုက်ခိုက်သော ကိုယ်ခံအားစနစ်ချို့ယွင်းသော ရောဂါ (ဥပမာ -အရေပြားလေးဖက်နာ )တွေမှာ ကိုယ်ခံအားကျဆင်းနိုင်ပါတယ်။Stevens-Johnson syndrome ဖြစ်ဖူးခြင်း။အရင်တုံးက ဆေးတစ်ခုခုကြောင့် ဒီရောဂါဖြစ်ဖူးတယ်ဆို ဒီဆေးထပ်သုံးရင် ရောဂါ ထပ်ဖြစ်နိုင်ပါတယ်။Stevens-Johnson syndrome ဖြစ်ဖူးသူ မိသားစုအတွင်းရှိခြင်း။Stevens-Johnson syndrome (သို့) toxic epidermal necrolysis (ပြင်းထန်အရေပြားပျက်စီးသော ရောဂါ) ဖြစ်ဖူးသူ မိသားစုထဲမှာ ရှိရင် ဒီရောဂါ ဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။ဒီရောဂါရှိတယ်လို့ သံသယ ရှိပြီဆိုရင် ကိုယ်ခန္ဓါ စစ်ဆေးမှုနဲ့ သွေးစစ်ဆေးမှုတွေကို ပြုလုပ်နိုင်ပါတယ်။ အရေပြားစစ်ဆေးမှုကိုလည်း ရောဂါအတည်ပြုဖို့ အသုံးပြုနိုင်ပြီး သင့်ဆရာဝန်ဟာ အရေပြားနမူနာကို ဓါတ်ခွဲခန်း စမ်းသပ်ဖို့ ယူနိုင်ပါတယ်။Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ကို ဘယ်လိုကုသလဲ။အောက်ပါကုသမှုတွေ ပါဝင်ပါတယ်။အရေးအကြီးဆုံး ပထမအချက်ကတော့ ဒီရောဂါဖြစ်နိုင်ခြေရှိတဲ့ ဆေးတွေ ရပ်ပစ်ခြင်းပဲ ဖြစ်ပါတယ်။ဆေးရုံတက်စဉ်မှာ ရရှိနိုင်တဲ့ အထောက်အကူတွေကတော့။အရေပြားဆုံးရှုံးမှုဟာ ကိုယ်ခန္ဓါက အရည် အမြောက်အမြား ဆုံးရှုံးမှုကို ဖြစ်စေနိုင်တာကြောင့် အရည်သွင်းပေးခြင်းဟာ အရေးကြီးပါတယ်။ အရည်နဲပ အာဟာရတွေကို နှာခေါင်းပိုက်မှတစ်ဆင့် အစာအိမ်အတွင်းကို သွင်းပေးသင့်ပါတယ်။အနာကို အေးမြတဲ့အရာတွေနဲ့ ဖိထားပေးခြင်းဟာ အရည်ကြည်ဖုတွေကို သက်သာစေပါလိမ့်မယ်။မျက်လုံးအထူးကု ဆရာဝန်က ကြည့်ပေးပါလိမ့်မယ်။Stevens-Johnson syndrome ကိုကုသဖို့ဆေးတွေကတော့။ရောင်ရမ်းမှုကျစေတဲ့ဆေးများ (ကော်တီကို စတီးရွိုက်) တို့ ပဲဖြစ်ပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။တကယ်လို့ ဆေးတစ်ခုကြောင့်ဖြစ်ပွားတာဆိုရင် ဒီဆေးအမည်နဲ့ သူနဲ့ တူတဲ့ဆေးတွေအကြောင်းကို သိထားသင့်ပါတယ်။သင့်မှာ Stevens-Johnson syndrome ဖြစ်ဖူးတယ်ဆိုတာကို ဆရာဝန်ကိုပြောထားပါ။ ဆေးကြောင့်ဖြစ်တာဆိုရင် ဘယ်ဆေးလဲဆိုတာပါ ပြောထားပါ။ရောဂါအခြေအနေနဲ့ ဘာကြောင့်ဖြစ်တယ်ဆိုတာပါ ရေးထားပြီး ဒီ လက်ကောက် (သို့) ဆွဲကြိုးကို အမြဲဆွဲထားသင့်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/other-allergies/%e1%80%86%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%bd%e1%80%ac%e1%80%b8%e1%80%95%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%91%e1%80%94%e1%80%ba-%e1%80%93%e1%80%ab%e1%80%90%e1%80%ba%e1%80%99%e1%80%90/
ကိုဗစ် ကာလမှာ လေ့ကျင့်ခန်းလုပ်ပေးသင့်တဲ့ အကြောင်းအရင်း
ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့COVID_19ဖြစ်ပွားနေချိန်မှာ အလုပ်တွေကို အိမ်ကနေလုပ်နေကြရသလို အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ အချိန်အများစုကိုနေနေကြရပါတယ်။ ဒီလိုကာလမှာ ရောဂါဖြစ်ပွားမှုတွေတိုးလာတိုင်း ကြောက်စိတ်တွေ၊ပူပန်စိတ်တွေတိုးလာသလို ငါ့မှာများ ကူးစက်ခံနေရပြီလားဆိုတဲ့ အတွေးတွေကလည်း နှိပ်စက်မှုကို ခံရနိုင်ပါတယ်။ဒီတော့ အခုလိုကာလမှာကိုယ်ရော စိတ်ပါ ကျန်းမာစေဖို့လုပ်ဆောင်လို့ရတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုရှိနေပါတယ်။ ဒါကတော့ သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာပါ။ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့ မဖြစ်မနေ Gym ကို သွားဖို့မလိုပါဘူး။ အိမ်မှာတင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။ ကိရိယာတွေမှာ မရှိတာလေဆိုရင်တော့ကိရိယာလွတ် လေ့ကျင့်ခန်းတွေစလိုက်​ကြစို့လား။ လေ့ကျင့်ခန်းလုပ်ဖို့က အခင်းပြားတစ်ခုရှိရင်တောင် အဆင်ပြေပြေလုပ်လို့ရပါတယ်။အရင်ဆုံး အကြောလျှော့ပါ။ အ​ကြောလျှော့တာက လေ့ကျင့်ခန်းမလုပ်ခင် မဖြစ်မနေလုပ်သင့်ပါတယ်။ ဒါမှာကြွက်သားတွေထိခိုက်နာကျင်မှု နည်းမှာပါ။ ပြီးရင်တော့ ဒိုက်ထိုးတာ၊Plank ထောက်တာ၊ မတ်တတ်အနေအထားနဲ့ နံရံမှာလက်ထောက်လို့Push-upလုပ်တာ၊ထိုင်ထလုပ်တာ၊အိပ်ထမတင်လုပ်တာ၊ ခါးလှည့်တာ၊ ခြေထောက်လွှဲတာလိုမျိုး လေ့ကျင့်ခန်းတွေကို ကိရိယာတွေ မလိုဘဲလုပ်လို့ရပါတယ်။အလေးမချင်တယ် အလေးတုံးမရှိဘူးဆိုရင်လည်း ၁ လီတာရေသန့်ဗူးထဲကို ရေအပြည့်ဖြည့်လို့ မပေးလို့ရပါတယ်။ခါးအဆီကျစေဖို့အလေးတုံးလေးတွေ သုံးပြီးလေ့ကျင့်ခန်းလုပ်ချင်သူတွေလည်း အဆငပြေမှာပါ။တစ်ခုမှာချင်တာကလေ့ကျင့်ခန်းကို လုပ်နိုင်သလောက်ကနေ နည်းနည်းချင်းစပြီး တစ်နေ့ကို အနည်းဆုံး ၁၀ မိနစ်လောက် ပုံမှန်လေး လုပ်ပေးပါ။ စလုပ်လုပ်ချင်းရက်မှာ ကိုယ်လက်တွေ နာကျင်နိုင်ပါတယ်။ နောက်ရက်တွေကို ဆက်လုပ်သွားဖို့လိုပါမယ်။ ဒါမှ သင့်တင့်တဲ့ လှုပ်ရှားမှုနဲ့အတူသွေးစီးဆင်းလည်ပတ်မှုကောင်းမွန်မှာပါ။ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာက စိတ်ရောကိုယ်ပါကျန်းမာရွှင်လန်းစေဖို့အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဒီလိုပြောရတာက။ကိုဗစ်ကာကွယ်ဖို့ဆိုရင် လေ့ကျင့်ခန်း ပုံမှန်လုပ်တာအပြင်။ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးမှု။လေ့ကျင့်ခန်းလုပ်တာအပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံကိုလည်း ထိန်းသိမ်းရပါမယ်။ ဒါမှာ ကောင်းမွန်ပြည့်စုံတဲ့ ကိုယ်ခံအားနဲ့ ကိုဗစ်ကို ကာကွယ်နိုင်မှာပါ။ နေ့စဉ် အာဟာရပြည့်ဝလုံလောက်အောင် စားသုံးပါ။ရေများများသောက်ပါ။ရေဓာတ်က ခန္ဓာကိုယ် ကျန်းမာဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် အနည်းဆုံး ရေဖန်ခွက် ၈ ခွက်သောက်ပါ။လက်ဆေးပါ။လက်ကို အပြင်ကပြန်လာတိုင်း၊ ညစ်ပေတဲ့အရာတွေကို ကိုယ်တွယ်ပြီးတိုင်း၊ အစားမစားခင်၊ အိမ်မွေးတိရစ္ဆာန်လေးတွေကို ကိုယ်တွယ်ထိတွေ့ပြီးတိုင်း လက်ဆေးပါ။တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ။နေ့စဉ် ရေချိုးတာ၊ မျက်နှာသစ်၊ သွားတိုက်တာတွေကိုလည်း ပုံမှန်လုပ်ပေးပါ။ ဒါတွေက ကိုယ်ကျန်းမာဖို့ရော စိတ်ကြည်လင်စေဖို့ပါ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။အရက်နဲ့ဆေးလိပ်လျှော့ပါ။ကိုယ်ခံအားကောင်းဖို့ လိုအပ်နေချိန်မှာ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်တဲ့ အရက်နဲ့ ဆေးလိပ်ကို ဖြတ်ပါ။ မဖြတ်နိုင်ရင် လျှော့ပါ။မလိုအပ်ဘဲ အိမ်အပြင်မထွက်ပါနဲ့။ကာကွယ်ဆေးရော ကုသဆေးပါ မရှိသေးတဲ့ ကိုဗစ်ရန်ကနေ ကင်းဝေးစေဖို့ဆိုရင် အကောင်းဆုံးသော ကာကွယ်နည်းက မလိုအပ်ဘဲ အိမ်ပြင်မထွက်တာ၊ လူစုလူဝေးတွေကို ရှောင်ကြဉ်တာပါ။ မဖြစ်မနေ အပြင်ထွက်တဲ့အခါ လူတစ်ဦးနဲ့ တစ်ဦး ၆ပေခွာနေပါ။အိပ်ရေး ဝဝအိပ်ပါ။ညဘက်တွေကို ဖုန်းသုံးရင်း၊ ရုပ်ရှင်ကြည့်ရင်း၊ ဂိမ်းဆော့ရင်း အရမ်းနောက်ကျမှ အိပ်တာမျိုး မလုပ်ပါနဲ့။ ကိုယ်ခံအား ကောင်းဖို့ဆိုရင် အနည်းဆုံး တစ်ညတာကိုအိပ်ချိန်၆နာရီက နေ ၈ နာရီအတွင်းရှိဖို့လိုပါမယ်။ကိုဗစ်ကာလမှာ လေ့ကျင့်ခန်းလုပ်ရင်း စိတ်ရောကိုယ်ပါ ကျန်းမာအောင် စောင့်ရှောက်လိုက်ပါ………………။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/be-active-during-covid-19/
ဆေးလိပ်သောက်ခြင်းသည် သင့်ကလေးကို မည်သို့ ထိခိုက်စေပါသလဲ
ဆေးလိပ်သောက်ခြင်းသည် သင့်ကလေးကို မည်သို့ ထိခိုက်စေပါသလဲ …… အားလုံးသိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ဆေးလိပ်ထဲမှာ ဆိုင်ယာနိုက်၊ ခဲနဲ့ အနည်းဆုံး ကင်ဆာဖြစ်စေတဲ့ ဒြပ်ပေါင်းများ ၆၀ ခန့် ပါဝင်သော ဓာတုပစ္စည်းများ ၄၀၀၀ ခန့် ပါဝင်သည်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်သောက်လိုက်ရင် အဆိပ်ငွေ့များက သင့်ကလေးကို အောက်ဆီဂျင်နဲ့ အာဟာရ ပေးရာဖြစ်တဲ့ သွေးထဲသို့ ပျံ့နှံ့ရောက်ရှိသွားပါတယ်။အမျိုးအစား ၄၀၀၀ ထက်ကျော်တဲ့ဓာတုပစ္စည်းတွေမှာသင့်ကလေးအတွက် ကောင်းကျိုးဖြစ်စေမယ့် အရာတစ်ခုမှ မပါဝင်ပါဘူး။ အဲ့ဒီအထဲမှာ နီကိုတင်းဓာတ်နဲ့ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်က အန္တရာယ် အဖြစ်စေဆုံးဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးများရဲ့ အဓိက အကြောင်းရင်းလည်း ဖြစ်ပါတယ်။ဆေးလိပ်သောက်ခြင်းသည် သင့်ကလေးကို မည်သို့ ထိခိုက်စေပါသလဲ ဆိုတော့ ကိုယ်ဝန်ဆောင်ချိန်တွင် ဆေးလိပ်သောက်ခြင်းက ဘာကြောင့် အလွန်အန္တရာယ် ရှိပါတယ်။အောက်ဆီဂျင် ပြတ်လပ်မှုက သင့်ကလေးရဲ့  ဖွံ့ဖြိုးမှုနဲ့ ကြီးထွားမှုကို ဆိုးရွားစွာ ထိခိုက်စေပါသည်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်သောက်ခြင်းက ကလေးကို လမစေ့မီမွေးခြင်း၊ ပေါင်မပြည့်ဘဲမွေးခြင်း၊ ကလေး အသေမွေးခြင်းတို့ကို ဖြစ်နိုင်ခြေ ၂ ဆ များစေပါတယ်။သင်သောက်လိုက်တဲ့ ဆေးလိပ်တစ်လိပ်တိုင်းသည် သင့်ကိုယ်ဝန်အတွက် ဆိုးကျိုးဖြစ်စေပါတယ်။ တစ်နေ့ကို ဆေးလိပ်အနည်းငယ် သောက်ခြင်းက တစ်နေ့ကို တစ်ဘူးလုံးသောက်ခြင်းထက် အနည်းငယ် သက်သာစေတယ်လို့ ထင်ရပေမယ့် ရေရှည်မှာ အကျိုးအပြစ်က သိပ်မကွာခြားလှပါဘူး။ ဆေးလိပ်သောက်သူရဲ့ ခန္ဓာကိုယ်က ဆေးလိပ်ရဲ့နီကိုတင်းဓာတ်ကို သိရှိပြီး တစ်လိပ်၊ နှစ်လိပ်သောက်ရုံနဲ့တင် ဓာတ်ပြုနိုင်တာကြောင့် သွေးကြောများကို မာကြောတောင့်တင်းစေပါတယ်။ ဒါကြောင့် အနည်းအပါးသောက်တဲ့ အလေ့အထရှိရင်တောင် သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။အဆိုးရွားဆုံးသော နောက်ဆက်တွဲ ပြဿနာတွေကတော့ ကလေး အသေမွေးခြင်း၊ လမစေ့ဘဲမွေးခြင်း၊ ပေါင်မပြည့်ဘဲ မွေးခြင်း တို့ဖြစ်ပါတယ်။ နီကိုတင်းနဲ့ ကာဗွန်မိုနောက်ဆိုဒ်က ကလေးရဲ့ အောက်ဆီဂျင် ရရှိမှုကို နည်းစေပါတယ်။ နီကိုတင်းက ချက်မှ သွေးကြောများ အပါအဝင် အခြားသွေးကြောများကို ကျဉ်းစေတာကြောင့် ကလေးထံကို ရောက်တဲ့ အောက်ဆီဂျင်ကို နည်းစေသပါတယ်။ ပိုဆိုးတာက အောက်ဆီဂျင်ကို သယ်ဆောင်တဲ့ သွေးနီဥတွေက အောက်ဆီဂျင်အစား ကာဗွန်မိုနောက်ဆိုဒ်ကို သယ်ဆောင်လာကြတာကြောင့် တစ်ရှူးတွေက အောက်ဆီဂျင် ကောင်းကောင်းမရတော့ပါဘူး။ ရုတ်တရက် ကျဉ်းလာတဲ့ သွေးကြောတွေက သယ်ဆောင်နေကျဖြစ်သော အောက်ဆီဂျင်ပမာကို မသယ်နိုင်တော့လို့ပါ။သင့်အမျိုးသား သို့မဟုတ် တစ်စုံတစ်ယောက်က သင့်အနီးအနားမှာ ဆေးလိပ်သောက်ခဲ့မယ်ဆိုရင် ဆေးလိပ်ငွေ့ကို ရှူမိတာကြောင့် သင်နဲ့ သင့်ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဆေးလိပ်ကို ကိုယ်တိုင်မသောက်ပေမယ့် ဆေးလိပ်ငွေ့ကို တဆင့်ရှူရှိုက်မိခြင်းကလည်း သင့်ကလေးကို ပေါင်မပြည့်ဘဲ မွေးစေနိုင်ပြီးမွေးစအရွယ်မှာ ရုတ်တရက် သေဆုံးခြင်းများကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့ မိဘတွေရဲ့ ကလေးများကလည်း အသက်ရှူလမ်းကြောင်း ရောင်ရမ်းခြင်း၊ အဆုတ် ရောင်ခြင်းများကြောင့် ဆေးရုံတက်ရနိုင်ခြေ ပိုများပါတယ်။ဆေးလိပ်ဖြတ်ခြင်းက သင်နဲ့ သင့်ကလေးကို ချက်ခြင်း အကျိုးပြုနိုင်ပါတယ်။ ဆေးလိပ်ဖြတ်လိုက်တာနဲ့ အန္တရာယ်ရှိစေတဲ့ ဓာတ်ငွေ့များနဲ့ ဓာတုပစ္စည်းတွေက သင့်ခန္ဓာကိုယ်မှာ လျော့နည်းသွားပါလိမ့်မယ်။ သင်ဆေးလိပ်ဖြတ်လိုက်တဲ့အခါ –။ဆေးလိပ်ဖြတ်ခြင်းက သင့်ကလေးရဲ့ အနာဂတ်ကိုလည်း ပိုမိုကောင်းမွန်စေရန် ကူညီပေးပါလိမ့်မယ်။ ဆေးလိပ်သောက်တဲ့ မိဘတွေရဲ့ ကလေးတွေက ရင်ကျပ်ခြင်းနဲ့ တခြားပြင်းထန်တဲ့ ရောဂါများရှိပြီး ဆေးရုံတက်ကုသရနိုင်ခြေ များပါတယ်။ဆေးလိပ်ကို စောစောဖြတ်လေလေ ပိုကောင်းလေလေ ဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်တာ နောက်ကျတယ်လို့ မရှိပါဘူး။ သင်ကိုယ်ဝန် နောက်ဆုံးပတ်မှာ ဆေးလိပ်ကို ဖြတ်ရင်တောင်မှ သင်နဲ့ သင့်ကလေးကို အကျိုးရှိစေမည် ဖြစ်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/how-smoking-affects-your-baby-in-pregnancy/
သင့်ရင်သွေးလေး သားသားလား၊ မီးမီးလား ဘယ်တော့ခွဲခြားနိုင်ပြီလဲ
ဝမ်းဗိုက်ထဲရှိ ရင်သွေးလေး သားသားလား၊ မီးမီးလား မသိရသော သံသယစိတ်သည် မိဘတွေကို နှိပ်စက်နေသော အရာတစ်ခုဖြစ်သည်။ ဤအကြောင်းနှင့် ပတ်သက်ပြီး အာထရာဆောင်း ဆရာဝန်က သင့်ကို ပြောပြနိုင်ပါသည်။ သို့သော် သူတို့သည်လည်း မှားနိုင်ပါသေးသည်။ တကယ့်အမှန်ကို မသိရသေးခင် သင့်ရင်သွေးလေး၏ လိင်အမျိုးအစားကို ခန့်မှန်းဖို့ ဆန်းကြယ်ပြီး ပျော်စရာကောင်းသော နည်းလမ်းအချို့ကို ဤဆောင်းပါးတွင် ဖတ်ရှုလေ့လာကြည့်ပါ။သင့်ရင်သွေးလေး သားသားလား၊ မီးမီးလား ဘယ်တော့ခွဲခြားနိုင်ပြီလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ကိုယ်ဝန်သည်အများစုသည် ကိုယ်ဝန်ဆောင်ကာလ အလယ်ပိုင်းတွင်ရိုက်သော အာထရာဆောင်းတွင် ယောက်ျားလေးလား၊ မိန်းကလေးလားဆိုတာကို သိနိုင်ပါသည်။ များသောအားဖြင့် ၁၆ ပတ်နှင့် အပတ် ၂၀ အတွင်း အာထရာဆောင်းမှာပေါ့။ သို့သော် ဆရာဝန်က သင့်ကလေး၏ အင်္ဂါကို ရှင်းရှင်းလင်းလင်း မမြင်ရလျှင် သားသားလား၊ မီးမီးလား ပြောဖို့ခက်သည်။သင့်ကလေး၏လိင်တံ(သို့) မိန်းမအင်္ဂါဇာတ်သည် ၆ ပတ်လောက်တွင် စပြီး ဖွံ့ဖြိုးလာသည်။ ယောက်ျားလေးနှင့် မိန်းကလေး အသွင်အပြင်သည် ကိုယ်ဝန် ၁၄ ပတ်အထိ အာထရာဆောင်းတွင် အလွန်ဆင်တူပါသည်။ ထိုနောက်ပိုင်း ရက်သတ္တပါတ်များအထိလည်း အတပ်ခွဲခြားပြောဖို့ ခက်နိုင်ပါသေးသည်။ ကိုယ်ဝန် ၁၈ ပတ်တွင် ကလေး အင်္ဂါကို မြင်နိုင်သော အနေအထားဆိုလျှင် အာထရာဆောင်း ဆရာဝန်သည် ကလေးလိင်ကို ခွဲခြားသိနိုင်ပါသည်။ ထိုသို့မဟုတ်ဘူးဆိုလျှင်တောင် နောက်ပိုင်းအာထရာဆောင်းတွင် သင်သည် သားသားလား၊ မီးမီးလား ဆိုတာကို သိနိုင်ပါပြီ။အချို့လူများက သူတို့၏ ကလေးလိင်ကို ရိုးရှင်းသော စမ်းသပ်မှုအချို့နှင့် သိကြပါသည်။ ထိုနည်းမှာ သွေးစစ်ခြင်းဖြစ်သည်။ ထိုသွေးစစ်နည်းသည် ကိုယ်ဝန် ၁၀ ပတ်နှင့် အထက်တွင် ဒေါင်းဆင်ဒရုန်း နှင့် အခြား ခရိုမိုဆုန်း ပြဿနာ အချို့ကို ရှာဖွေသိရှိနိုင်သော နည်းဖြစ်သည်။ ၎င်းသည် သားသားလား၊ မီးမီးလားဆိုတာကို သိနိုင်ဖို့ မိခင်သွေးထဲရှိ ယောက်ျားလေး လိင် ခရိုမိုဆုန်း အပိုင်းအစများကို ရှာဖွေပေးပါသည်။အခြားလူများက သူတို့ကလေး၏ လိင်အမျိုးအစားကို အချင်းစစ်ဆေးခြင်း (သို့) ရေမြွှာရည်စစ်ဆေးခြင်း ကဲ့သို့သော မျိုးရိုးဗီဇ စစ်ဆေးခြင်းမှလည်း သိရှိကြသည်။ ထိုစစ်ဆေးမှုများသည် ကလေးတွင် ဒေါင်းဆင်ဒရုန်း ကဲ့သို့သော မွေးရာပါ မျိုးရိုးဗီဇ ရောဂါ (သို့) ခရိုမိုဆုန်း ရောဂါများ ရှိမရှိစစ်ဆေးပေးသည်။ သို့သော် ထိုစစ်ဆေးမှုများသည်ကိုယ်ဝန်ပျက်ကျနိုင်ခြေအန္တရာယ် အနည်းငယ်ရှိပါသည်။ အချင်းစစ်ဆေးခြင်းကို ကိုယ်ဝန် ၁၀ ပတ်နှင့် ၁၃ ပတ်ကြားတွင် ပြုလုပ်ပြီးရေမြွှာရည်စစ်ဆေးခြင်းကို ကိုယ်ဝန် ၁၆ ပတ်နှင့် ၂၀ ပတ်ကြားတွင် ပြုလုပ်သည်။သင့်ကလေး မမွေးဖွားခင် ကလေး၏ လိင်အမျိုးအစားကို ဖော်ပြနိုင်သော နည်းလမ်းရှိပါသလား။ လိင်အမျိုးအစား ခန့်မှန်းမှုနှင့် ပတ်သက်ပြီး ဒဏ္ဍာရီများစွာ ရှိသောကြောင့် အတုအယောင်နှင့် အစစ်အမှန်ကြား ခွဲခြားဖို့ ခက်ခဲပါသည်။ ကိုယ်ဝန်ဆောင်နှင့် ပတ်သက်သော ယုံတမ်းစကားအားလုံးထဲတွင် ကလေးလိင်ခန့်မှန်းသော အကြောင်းအရာများကို အများဆုံးကြုံတွေ့ရသည်။ အများစုသည် ကလေး၏ နှလုံးခုန်နှုန်းပေါ် မူတည်ပြီး ယောက်ျားလေး၊ မိန်းကလေး ခွဲခြားသည်။အမှန်စင်စစ်တွင် ပုံမှန် ကလေး နှလုံးခုန်သံသည် ၁၂၀ နှင့် ၁၆၀ ကြားတွင် ရှိသည်။ တစ်နာရီအတွင်း ၁၀ မိနစ်ခြားတစ်ခါ ကလေးနှလုံးခုန်နှုန်းကို တိုင်းတာလျှင် မတူညီသော နှလုံးခုန်နှုန်း ခြောက်မျိုးရလိမ့်မည်။ အချို့သည် ၁၄၀ အောက်ဖြစ်ပြီး အချို့သည် ၁၄၀ အထက်ဖြစ်သည်။ထိုမတူညီမှုသည် သန္ဓေသား လိင်အမျိုးအစား ထက် ဦးနှောက်နှင့် ပိုပြီးသက်ဆိုင်သည်။ သန္ဓေသား၏ ဦးနှောက်ကို sympathetic system ဟူသော အာရုံကြောစနစ် (ထွက်ပြေးမလား ၊ တိုက်ခိုက်မလားဟုသော တုန့်ပြန်မှုစနစ်) နှင့် Parasympathetic system ဟူသော အာရုံကြောစနစ် (အနားယူခြင်း)တို့က ထိန်းချုပ်သည်။ သန္ဓေသား ဖွံ့ဖြိုးလာသည်နှင့်အမျှ ထိုအာရုံကြောစနစ်နှစ်ခုသည် အားပြိုင်လာကြသည်။တုန့်ပြန်အာရုံကြောစနစ်က လှုံ့ဆော်သောအခါတွင် နှလုံးခုန်နှုန်း မြန်ဆန်လာပြီး အနားယူသောအာရုံကြောစနစ် က ထိန်းချုပ်သောအခါတွင် နှလုံးခုန်နှုန်း နှေးသွားသည်။ ဆရာဝန်များသည် များသောအားဖြင့် တစ်ကြိမ်တွင် ၁၀ စက္ကန့်မှ စက္ကန့် ၃၀ အထိ ကလေးနှလုံးခုန်နှုန်းကို နားထောင်ကြသည်။ အကယ်၍ ကလေးသည် လှုပ်ရှားနေလျှင် အိပ်နေချိန်ထက်ပိုပြီး နှလုံးခုန်နှုန်းပိုမြန်နေလိမ့်မည်။၎င်းသည် ယုံတမ်းစကားတစ်ခု အနေနှင့်သာမက လက်ရှိခေတ်ထိ ယုံကြည်နေကြသော ယုံကြည်မှုများစွာထဲမှ တစ်ခု အပါအဝင်ဖြစ်သည်။ကိုယ်ဝန်ဆောင်စဉ် ဘယ်အချိန်၊ ဘယ်လိုပျို့အန်သလဲဆိုသော အကြောင်းသည် လွယ်ထားသော ကလေးမှာ ယောက်ျားလေးလား၊ မိန်းကလေးလားဆိုတာကို သဲလွန်စအချို့ပေးပါသည်။ သင်သည် မိန်းကလေးလွယ်ထားရလျှင် ယောက်ျားလေးထက် ပထမသုံးလအတွင်းတွင် ပိုပြီး ပျို့အန်တတ်သည်။သို့သော် ယောက်ျားလေးလွယ်ထားရလျှင် ပထမသုံးလအတွင်းနောက်ပိုင်းတွင် နာကျင်မှုကို ခံစားရစေသည်။ သို့သော် ဆရာဝန်များ၏ အဆိုအရ အကယ်၍ သင်သည် ကိုယ်ဝန်တစ်လျှောက် နေထိုင်မကောင်းဖြစ်လျှင် (သို့) ပျို့အန်ခြင်း ဆိုးဆိုးဝါးဝါး ခံစားရလျှင် ရင်သွေးလေးသည် မိန်းကလေး ဖြစ်ဖို့များသည်။ရှေးအစဉ်အလာစကားအရ အကယ်၍ သင့်ဗိုက်လေးသည် အောက်လျှောကျနေလျှင် ယောက်ျားလေးဖြစ်နိုင်ပြီး သင့်ဗိုက်လေးသည် အပေါ်ကို လုံးတက်နေလျှင် မိန်းကလေး ဖြစ်ဖို့များသည်။ သိပ္ပံပညာရှင်များကတော့ သင်ဝမ်းဗိုက်အနေအထားပုံစံဘယ်လိုရှိသလဲဆိုတာ ကလေးလိင်ကို ညွှန်ပြနေသော အရာမဟုတ်ဘဲ ကလေး ကြွက်သား တောင့်တင်းမှု၊ သင့်တစ်ကိုယ်ရည် ခန္ဓါကိုယ်ပုံစံ နှင့် ကိုယ်ဝန်ဆောင်စဉ် အသက်အရွယ်တို့နှင့် သက်ဆိုင်လျက်ရှိပါတယ်ဟု ဆိုပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/second-trimester-being-pregnant/moms-can-find-out-babys-sex/
Covid-19 ကာလမှာ အစားတွေ ထိန်းမရအောင် စားနေမိပြီလား
ဒီရက်ပိုင်း အိမ်မှာပဲ နေနေရတာဆိုတော့ အရမ်းကို ပျင်းနေမှာပဲနော်။ အပြင်လည်း မသွားရ၊အလုပ်လည်း မလုပ်ရ၊ သူငယ်ချင်းတွေနဲ့လည်း တွေ့ပြီး စကားမပြောရ၊ အဆိုးဆုံးက အိမ်မှာပဲလှောင်ပိတ်ခံထားရသလို ဖြစ်နေတော့ ဘာမှလုပ်စရာ မရှိရင် အစားအသောက်ဘက်ကို မျက်စောင်းထိုးတတ်ကြတာ လူ့သဘာဝပဲလေ။ ဒါ့အပြင် တက်လာတဲ့ ကျန်းမာရေးဆိုင်ရာ သတင်းတွေကလည်းစိုးရိမ်စရာတွေချည်းပဲ ဆိုတော့ လူက စိတ်ဖိစီးပြီး အစားပိုစားချင်လာတော့တာပေါ့။အစာစားတာကတော့ ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုး မရှိသလောက် နည်းပါတယ်။ တစ်ခု သတိထားရမှာက လူတော်တော်များများကစိတ်ဖိစီးမှုကြောင့် ဒါမှမဟုတ် ဘာမှလုပ်စရာ မရှိလို့ ပျင်းနေပြီဆိုရင် တွေ့ရာကို စားတတ်ကြတာပါ။ အာဟာရမဖြစ်တာတွေ စားပြီး ဗိုက်က ပြည့်နေရင် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က တစ်နေ့တာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို လုံလောက်စွာ မရနိုင်တော့ဘဲ အားအင်ချိနဲ့လာမယ်။Gymလည်း မသွားဖြစ်၊ အားကစားလည်း မလုပ်ဖြစ်ရင်တော့ စားလိုက်သမျှ အစာတွေကနေကယ်လိုရီတွေ၊ ကိုလက်စထရောဓာတ်တွေက ကိုယ်ခန္ဓာထဲမှာ စုမိသလို ဖြစ်ပြီး ပိုဆိုးသွားတော့မှာပေါ့။အဓိက ကိုယ် ဘာစားနေလဲ၊ ကိုယ် စားနေတဲ့ အစားအစာတွေက ကိုယ့်အတွက် အာဟာရ ဖြစ်စေရဲ့လား၊ စားလိုက်တဲ့ အစားအစာကြောင့် မလိုလားတဲ့ ဘေးထွက်ဆိုးကျိုး မဖြစ်အောင် ဘယ်လို နေထိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး သိထားဖို့ လိုပါတယ်။အရင်ဆုံး ကိုယ့်စိတ်ကို ပြန်ဆန်းစစ်ကြည့်ပါ။စိတ်ဖိစီးနေတာ၊ စိတ်ညစ်နေတာ၊ စိတ်ဓာတ်ကျနေတာမျိုး စတဲ့ မကောင်းတဲ့ စိတ်လက္ခဏာတွေ ခံစားနေရလား ဆိုတာပေါ့။ လူဆိုတာက စိတ်ညစ်ရင် ကိုယ့်ကိုယ်ကိုယ် ထိခိုက်မယ့် အရာတွေ ရွေးလုပ်တတ်ပါတယ်။ အဲ့လို အရာတွေထဲမှာ အစားသောင်းကျန်းတာလည်း တစ်ခုအပါအဝင်ပဲပေါ့။ အဲ့ဒီ မကောင်းတဲ့ စိတ်တွေကို အရင်နားလည်ဖို့၊ ဖြေဖျောက်ထားဖို့ အရေးကြီးပါတယ်။ဒီစိတ်တွေကို ဘာတွေက ဖြစ်စေသလဲ ပြန်စဉ်းစားကြည့်ပါ။ များသောအားဖြင့် ခုချိန်မှာCovid-19နဲ့ ပတ်သက်ပြီး ကြောက်ရွံ့တဲ့ စိတ်ရယ်၊ အထီးကျန်တဲ့ စိတ်တွေက ပိုများပါတယ်။Covid-19နဲ့ ပတ်သက်ပြီး လောလောဆယ် မြန်မာနိုင်ငံရဲ့ အခြေအနေက တော်တော်တည်ငြိမ်နေတယ်လို့ ဆိုလို့ ရပါတယ်။ ကူးစက်ခံရသူ အရေအတွက် တိုးလာတဲ့တိုင်အောင်၊ တိုင်းပြည်၊ စီးပွားရေး၊ ရောဂါအခြေအနေက တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် အများကြီး အဆင်ပြေနေပါတယ်။ အဲ့တော့ အရမ်းကြီးစိုးရိမ်စိတ်တွေ မများပါနဲ့။ ကိုယ့်ဘက်က ကာကွယ်စရာ ရှိတာတွေ ကာကွယ်မယ်။ မိသားစုကိုလည်း ကျန်းမာနေစေဖို့ သေချာဂရုစိုက်မယ်ဆိုရင် ရပါပြီ။အထီးကျန်တဲ့ စိတ်နဲ့ ပတ်သက်ပြီး လူချင်းတွေ့တာမျိုးထက် စာရင် ဖုန်းခေါ်ပြီး စကားပြောတာမျိုး၊ အင်တာနက်ကနေ စာပို့တာ၊ video call ခေါ်တာမျိုး လုပ်ပေးလို့ ရပါတယ်။ ပြေးတော့ မတွေ့နဲ့ပေါ့ဗျာ။ ဒီကပ်ဘေးတွေ အားလုံးပြီးတဲ့အထိ ခဏလေး စောင့်ပြီးတော့မှ အကုန်လုံးတွေ့ပြီး စကားစမြည်ပြော၊ အလွမ်းသယ်ကြပေါ့။စိတ်ညစ်ပြီဆိုရင် မြင်မြင်သမျှ လျှောက်စားတတ်တာက တကယ့် ပြဿနာပါ။ အဲ့လိုအချိန်ဆိုရင် ချိုလွန်းတဲ့ မုန့်တွေ၊ အအေးတွေ၊ ဆီကြော်တွေကို ပါးစပ်က အာသီသ ပိုဖြစ်တတ်ပါတယ်။ ခုချိန်မှာတော့ မလွဲသာ မရှောင်သာ စားနေရတယ်ဆိုရင်တောင်မှ နည်းနည်းတော့ လျှော့စားပေးပါ။ အာဟာရ ဖြစ်စေမယ့် အစားအစာတွေကိုလည်း စားဖို့ မမေ့ပါနဲ့။ အဓိက အသား၊ ငါး၊ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ဥ၊ နွားနို့လောက်တော့ ပုံမှန်လေး စားပေးပေါ့။အများကြီးစားလိုက်မှ ဗိုက်ပြည့်တာပေါ့လို့ လူတွေက ထင်တတ်ကြတယ်။ တကယ်တမ်း လိုတာထက် ပိုပြီး စားလိုက်တဲ့အခါ ဗိုက်ထဲကို အဆီတွေ၊ ကယ်လိုရီတွေက အများကြီးရောက်သွားတတ်ပါတယ်။ အဲ့တော့ ကိုယ်ခန္ဓာက ဒီကယ်လိုရီတွေကို လောင်ကျွမ်းစေဖို့ ပိုအလုပ်လုပ်ရပြီး အာဟာရဓာတ် စုပ်ယူမှု အားနည်းသွားတယ်။ ကယ်လိုရီတွေက ထင်သလောက် မလောင်ကျွမ်းနိုင်တဲ့အခါ အဆီပိုတွေအဖြစ်နဲ့ ခန္ဓာကိုယ်ထဲမှာ စုမိပြီး အဝလွန်လာတော့မှာပါ။ ဒါကြောင့် အစာစားရင် ပမာဏနည်းနည်းနဲ့ အကြိမ်ရေကို ခွဲပြီး စားပေးတာ အကောင်းဆုံးပါပဲ။ဗိုက်ဆာပြီဆိုရင်လည်း မုန့်ပဲသရေစာတွေ နှိုက်စားတာမျိုးတော့ မလုပ်နဲ့နော်။အပြင်စာဆိုတော့ အိမ်မှာချက်တာနဲ့ ယှဉ်ရင် နည်းနည်းတော့ ပိုအရသာရှိမှာပေါ့။ သုံးထားတဲ့အချိုမှုန့်တွေ၊ ဟင်းခတ်မှုန့်တွေ ဆိုတာ မနည်းမနောပဲကိုး။ နောက်ပြီးတော့ အပြင်စာတွေက ဘယ်လိုချက်ပြုတ်ထားလဲ၊ သန့်ရှင်းမှုရှိလားဆိုတာ ကိုယ်တိုင် မျက်လုံးနဲ့ မမြင်နိုင်ဘူးလေ။ ဒါကြောင့် တတ်နိုင်ရင်တော့ ကိုယ့်ဘာသာပဲ အိမ်မှာ ချက်ပြုတ်စားပေးဖို့ အကြံပေးချင်ပါတယ်။ အနည်းဆုံးတော့ ဆိုင်ချက်လောက် အရသာမရှိရင်တောင် သန့်သန့်ရှင်းရှင်း ချက်ပြုတ်ထားတယ်၊ ဘေးလည်း ကင်းမှာပါ။အလေးတုံးတွေ မရှိလို့ လေ့ကျင့်ခန်း လုပ်လို့မရဘူးဆိုတာ မရှိပါဘူး။ ကိုယ်သာ လုပ်ချင်စိတ်ရှိရင် မဖြစ်ဖြစ်တဲ့ နည်းနဲ့ လုပ်လို့ ရပါတယ်။ ဥပမာ – ရေပုံးကို ရေဖြည့်ပြီး မတာ၊ တန်းတွေ ရှိရင် ဘားခိုတာ၊ အလေးအပင်တွေကို ကိုယ်နိုင်သလို တစ်ဖက်တည်း ဖြစ်စေ၊ လက်နှစ်ဖက်နဲ့ ဖြစ်စေ မလို့ ရပါတယ်။ ဒိုက်ထိုးတာ၊ အိပ်ထမတင် လုပ်တာ၊ ထိုင်ထလုပ်တာအပြင် အိမ်ထဲ လမ်းပတ်လျှောက်တာ၊ ရုပ်ရှင်ကြည့်နေရင်း လက်ချောင်း၊ ခြေချောင်းတွေကို လှုပ်တာ၊ ခြေလက်ဆန့်တန်းတာ၊ယောဂကျင့်တာ၊ တရားထိုင်တာ စတဲ့ လေ့ကျင့်ခန်းမျိုးတွေလည်း လုပ်လို့ ရပါတယ်။အလုပ်မသွားရဘူးဆိုတဲ့ အတွက် နားချိန်ကတော့ ပိုနေမှာပါ။ အဲ့လို နားနေတဲ့အချိန်မှာ ဘာမှမလုပ်ဘဲ ဖုန်းပွတ်တာထက် စာရင် ဘဝအတွက် အကျိုးရှိစေမယ့် စာအုပ်တွေ ဖတ်တာ၊ အင်တာနက်ကနေ ကျန်းမာရေး အကြောင်း လေ့လာတာ၊ဘာသာစကားနဲ့ ပတ်သက်ပြီး ဗီဒီယို ကြည့်ပြီး လေ့လာသင်ယူတာမျိုး အများကြီး လုပ်လို့ ရပါတယ်။အစာလည်း သေချာစား၊ ကိုယ့်အတွက် အာဟာရ ဖြစ်စေမှာကိုပဲ အဓိကစားပေးဖို့ ထပ်ပြီး မှာချင်ပါတယ်။ အစာစားပြီးရင်လည်း ရေများများ သောက်ပေးဖို့ မမေ့နဲ့ဦးနော်။ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်နေပါစေ၊ ကျန်းမာရေးသည် ကိုယ့်ရဲ့ လက်ထဲမှာပဲ ရှိနေသလို ကိုယ့်ရဲ့ နေထိုင်စားသောက်မှု ပုံစံတွေဟာလည်း ကျန်းမာရေးကို တစ်နည်းနည်းနဲ့ သွားပြီး သက်ရောက်မှု ရှိစေနိုင်တယ်ဆိုတာ သတိပြုပေးပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[covid_19]။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါ ရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-19-%e1%80%80%e1%80%ac%e1%80%9c%e1%80%99%e1%80%be%e1%80%ac-%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%b1-%e1%80%91%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%9b%e1%80%a1/
ချမ်းသာချင်သူတိုင်း မွေးမြူသင့်တဲ့ မီလျံနာ အလေ့အထကောင်းများ
လူတိုင်းလိုလိုမှာ ချမ်းသာချင်တဲ့စိတ်ကူးအိပ်မက်တွေကတော့ ရှိစမြဲပါ။ ဒါပေမယ့် ဒီစိတ်ကူး အိပ်မက်တွေကို အကောင်အထည်ပေါ်အောင် ဖော်ဆောင်နိုင်သူက ရှားသလို နည်းစနစ်မှန်မှန်နဲ့ အကောင်အထည် ဖော်နိုင်သူကလည်း ရာခိုင်နှုန်း တော်တော်လေး နည်းပါတယ်။ အချို့ကလည်း ဘယ်လို နည်းလမ်းတွေနဲ့ အကောင်အထည် ဖော်ရမှန်း မသိတာမျိုးလည်း ရှိနေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ချမ်းသာချင်သူတိုင်း မွေးမြူသင့်တဲ့ မီလျံနာ အလေ့အထကောင်းများ အကြောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။တစ်ခုခုကို အောင်မြင်ချင်တဲ့အခါ အကောင်းဆုံး ထောက်ကူပေးနိုင်မယ့် နည်းလမ်း တစ်ခုရှိပါတယ်။ ဒါကတော့ ဒီအခြေအနေကို အောင်မြင်ခဲ့ဖူးတဲ့သူတွေ ကျင့်သုံးခဲ့တဲ့ နည်းလမ်းတွေကို အတုယူတာပါ။ငွေရေးကြေးရေးအရအောင်မြင်ချင်တယ်ဆိုရင် မီလျံနာတွေ၊ ကျိကျိတက်ချမ်းသားနေကြတဲ့ သန်းကြွယ်သူဌေးကြီးတွေရဲ့ အလေ့အကျင့်ကောင်းတွေကို အတုယူရပါမယ်။ အနီးအပါးမှာ မရှိဘူးဆိုရင်လည်း ခေတ်မီလှတဲ့ ဒီဘက်ခေတ်မှာ စာပေတွေကနေ တဆင့် လေ့လာသင်ယူနိုင်သလိုအွန်လိုင်းကနေတဆင့်လည်း လေ့လာသင်ယူနိုင်ပါတယ်။ကဲ …… ချမ်းသာချင်သူတိုင်း မွေးမြူသင့်တဲ့ မီလျံနာ အလေ့အထကောင်းများ က ဘာတွေများ ဖြစ်မလဲဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ချမ်းသာသူတိုင်းမှာ ရှိတတ်တဲ့အလေ့အကျင့်တစ်ခုကတော့ ကိုယ့်ကျန်းမာရေးကို သေချာ ဂရုစိုက်တတ်တာပါ။ မီလျံနာတွေက ဘယ်တော့မှ သူတို့ကိုယ်သူတို့ လျစ်လျူ မရှု့တတ်ကြပါဘူး။ သူတို့တွေက တစ်နေ့တာမှာ စီမံလုပ်ကိုင်ရတဲ့ လုပ်ငန်းပေါင်း များစွာကို သေချာစွာ လုပ်ကိုင်နိုင်စေဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့လေ့ကျင့်ခန်း လုပ်တာ၊အိပ်စက်မှု ပုံစံစတာတွေကို သေချာလေး ဂရုစိုက်လေ့ရှိကြပါတယ်။သူတို့တွေဟာ အနည်းဆုံး တစ်ရက်ကို မိနစ် ၃၀ နှုန်းနဲ့ ၁ ပတ်ကို ၄ ရက်လောက် ကိုယ်လက်လှုပ်ရှားမှု လုပ်လေ့ရှိပါတယ်။ ညတိုင်းမှာလည်း အိပ်ရာဝင်ချိန် မှန်ကြပါတယ်။ ဒါကြောင့်လည်း သူတို့က ကျန်းမာ တက်ကြွနေကြတာပါ။ ဒီတော့ ကိုယ်တိုင်ကလည်း မီလျံနာ စိတ်ကူးအိပ်မက် ရှိတယ်ဆိုရင်ကျန်းမာရေးကို ဂရုစိုက်လို့ကျန်းမာစေမယ့် အလေ့အထလေးတွေကို မွေးမြူပါ။မီလျံနာ တော်တော်များများ လက်ခံထားကြတဲ့ အယူအဆ တစ်ခုရှိပါတယ်။ ဒါကတော့ငွေကြေး စုဆောင်းတတ်မှုက အောင်မြင်မှုအတွက် အရေးပါတယ်ဆိုတာကိုပါ။ မီလျံနာ ၈၈% က ဒီအချက်ကို ကွဲလွဲမှု မရှိ လက်ခံကြပါတယ်။ ကြွယ်ဝချမ်းသာသူတိုင်းက လစဉ် သူတို့ ဝင်ငွေရဲ့ ၂၀% ကို ပုံမှန်လေး စုဆောင်းကြပါတယ်။ ဒါကြောင့် မီလျံနာ အိပ်မက် အကောင်အထည်ပေါ်ချင်တယ်ဆိုရင် ဝင်ငွေရဲ့ ၂၀% ကို ပုံမှန် စုဆောင်းပေးဖို မမေ့ပါနဲ့။မီလျံနာတွေက သူတို့ရဲ့ ဝင်ငွေတွေကို စုဆောင်းကြသလို သူတို့ရဲ့ပိုင်ဆိုင်မှုတွေတိုးပွားစေဖို့လည်း စဉ်ဆက်မပြတ် ကြိုးစားနေတတ်ကြပြန်ပါတယ်။ ရရှိလာတဲ့ ငွေကြေးတွေက ပိုမို ချမ်းသာစေဖို့ မှန်ကန်သင့်တော်ရာမှာ ရင်းနှီးမြှုပ်နှံကြပါတယ်။ ဒါကြောင့် ကိုယ်တိုင်ကလည်း ချမ်းသာချင်တယ်ဆိုရင် မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကိုယ်ကျွမ်းကျင်ရာ နယ်ပယ်မှာ လုပ်ဆောင်ဖို့ လိုပါမယ်။မီလျံနာတွေက ပိုက်ဆံကို ကြိုးကြိုးကုပ်ကုပ် ရှာသလောက် အသုံးအစွဲကျပြန်တော့လည်း တော်တော်လေးခြိုးခြံချွေတာကြပါတယ်။ မလိုအပလံ အပိုမကုန်စေဖို့ စေ့စေ့စပ်စပ် သုံးစွဲကြပါတယ်။ တကယ်ကတော့ မီလျံနာဖြစ်ဖို့ဆိုတာ ကာလရှည်ကြာ ကြိုးပမ်းရတာဖြစ်ပြီး ချမ်းသာစေမယ့် အကောင်းဆုံး နည်းလမ်း ကငွေကြေးကို ကြိုးကြိုးစားစားရှာဖို့၊ မှန်ကန်တဲ့ နေရာမှာ ရင်းနှီးမြှုပ်နှံပြီး ခြိုးခြိုးခြံခြံ သုံးဖို့ပါ။မီလျံနာတွေကအပျော်ခရီးတွေအတွက် ငွေကြေး သုံးစွဲမှု နည်းသလို၊ အိမ်ထောင်မှု အသုံးအဆောင်တွေအတွက်လည်း ငွေကြေး သိပ်မသုံးကြပါဘူး။ နောက်ပြီး ကားစီးတဲ့အခါ အသစ်ထက် တစ်ပတ်ရစ်ကို ပိုစီးကြပါတယ်။မီလျံနာတွေရဲ့ အလုပ်ချိန်က တစ်နေ့ကို မနက် ၉ ညနေ ၅ ဆိုတာထက် ပိုပါတယ်။ သူတို့က အချိန်ရရင် ရသလို အလုပ်ကို လုလုပ်တတ်ကြသူတွေပါ။ သူတို့တွေအား ပျမ်းမျှ တစ်ပတ်ကို အလုပ်ချိန် ၅၈ နာရီထက် ပိုလုပ်လေ့ ရှိကြပါတယ်။ သူတို့တွေရဲ့ ၈၆% လောက်က အလုပ်လုပ်နေရတာကို နှစ်ခြိုက်ကြသူတွေလို့ သိရပါတယ်။သူတို့က အချိန်ကို မဖြုန်းတတ်ဘဲ အချိန်တိုင်းမှာ အကျိုးရှိမယ့် အလုပ်တွေကို လုပ်နေတတ်ကြသူတွေပါ။ ကဲ … မီလျံနာဖြစ်ချင်တယ်ဆိုရင် အချိန်မဖြုန်းကြပါနဲ့နော်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/smart-habits-of-millionaires/
မြွေကိုက် ခံရပြီဆိုရင် ဘာတွေလုပ်သင့်လဲ။
မြွေတွေဟာ ကုန်းပေါ်၊ တောင်ပေါ်၊ ရေထဲ၊ မြက်တွေကြား အပြင် သစ်ပင်တွေအပေါ်ထိပါ နေရာစုံမှာ နေတတ်တဲ့ သတ္တဝါတစ်မျိုးဖြစ်ပါတယ်။အဆိပ်ပြင်းတဲ့ မြွေတွေ ရှိသလိုအဆိပ်မရှိတဲ့မြွေအမျိုးအစားတွေလည်းရှိပါတယ်။မြွေကိုက်ခံရတဲ့ ပြသနာဟာ အဖြစ်များပြီး မြန်မာနိုင်ငံရဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ လည်း မြွေကိုက်ခံရတဲ့ လူနာတွေကို အမြဲမပြတ်တွေ့ရှိနေရပါတယ်။ အဆိပ်ရှိတဲ့ မြွေကိုက်ခံရမယ်ဆိုရင်အသက်အန္တရာယ်ရှိနိုင်တဲ့အပြင် အဆိပ်မရှိတဲ့ မြွေအကိုက်ခံရရင်တောင်မှပဲ တချို့သူတွေမှာဓာတ်မတည့်တဲ့ပြသနာတွေ ဆိုးဆိုးရွားရွားဖြစ်စေနိုင်တာကြောင့် မြွေကိုက်ခံရပြီဆိုရင်တော့ နီးစပ်ရာဆေးရုံကို သွားပြီး အရေးပေါ်ကုသမှုခံယူသင့်ပါတယ်။ဆေးရုံ၊ ဆေးခန်းကို မြွေကိုက်ဒဏ်ရာနဲ့ ရောက်လာကြတဲ့ လူနာအချို့ဟာ မှားယွင်းတဲ့ ရှေးရိုးစွဲနည်း အချို့ကို လုပ်ဆောင်လာကြတာ တွေ့ရပါတယ်။ အဲ့ဒီလို မမှန်ကန်တဲ့ နည်းလမ်းတွေကို အသုံးပြုမယ်ဆိုရင် ပိုပြီး အန္တရာယ်ရှိနိုင် တဲ့အတွက် ဒီဆောင်းပါးလေးမှာ တစ်စုံတစ်ယောက်မြွေကိုက်ခံရတာ တွေ့ပြီဆိုရင် မှန်ကန်တဲ့အခြေခံ ပြုစုနည်းတွေအနေနဲ့ ဘာတွေ လုပ်သင့်တယ်ဆိုတာလေးကို ပြောပြပေးသွားပါမယ်။၁။ မြွေကိုက်ခံရတဲ့နေရာကနေ အန္တရာယ်ကင်းတဲ့နေရာကို ရွှေ့ပါ။တကယ်လို့ ကိုယ့်မျက်စိရှေ့မှာပဲ မြွေကိုက်ခံရတာ တွေ့လိုက်ပြီဆိုရင် ကိုက်ခံရတဲ့ သူကို အန္တရာယ်ကင်းတဲ့ နေရာကို အရင်ရွှေ့ထားသင့်ပါတယ်။ မြွေကို တွေ့လိုက်ရတယ်ဆိုရင်တော့ မြွေကို သတ်တာ၊ အန္တရာယ်ပြုတာ မျိုးကို အချိန်ကုန်ခံပြီး လုပ်မယ့်အစား ဓာတ်ပုံရိုက်ထားတာဖြစ်ဖြစ်၊ ပုံစံကို သေသေချာချာ မှတ်ထားတာမျိုး ဖြစ်ဖြစ်လုပ်သင့်ပါတယ်။၂။ အကိုက်ခံရတဲ့ နေရာမှာ တင်းကျပ်နေတဲ့ ပစ္စည်းတွေရှိရင် ဖယ်ရှားပေးပါ။အကိုက်ခံရတဲ့နေရာမှာ လက်ကောက်၊ လက်စွပ်၊ နဲ့ ကြိုးတွေ၊ လက်ဝတ်ရတနာ စတဲ့ တင်းကျပ်စေနိုင်တဲ့ ပစ္စည်းတွေ ဝတ်ဆင်ထားမယ်ဆိုရင် ဖယ်ရှားပစ်ဖို့လိုပါတယ်။ အကိုက်ခံရတဲ့နေရာဟာရောင်ရမ်းလာနိုင်တာကြောင့် အဲလို တင်းကျပ်နေတဲ့ ပစ္စည်းတွေရှိမယ်ဆိုရင် အန္တရာယ်များပါတယ်။၃။ အကိုက်ခံရတဲ့သူကို အားပေးပါ။ရုတ်တရက် မြွေကိုက်ခံလိုက်ရတဲ့အခါမှာ အကိုက်ခံရတဲ့သူဟာ ကြောက်လန့်တကြားဖြစ်သွားနိုင်ပါတယ်။ အဲဒီအတွက် စိတ်မပူဖို့စိတ်ကိုငြိမ်ငြိမ်ထားဖို့ အားပေးပါ။၄။ အကိုက်ခံရတဲ့သူကို လှုပ်ရှားမှု မပြုဖို့ ကူညီပေးပါ။လှုပ်ရှားလိုက်တဲ့အခါမှာ အဆိပ်ရှိမယ်ဆိုရင် ခန္ဓာကိုယ်တစ်ခုလုံးကို အမြန် ပျံ့နှံ့သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် အကိုက်ခံရတဲ့ သူကို လှုပ်လှုပ်ရှားရှား မဖြစ်စေဖို့ ဂရုစိုက်ပေးရမှာပါ။ နောက်ပြီး အကိုက်ခံရတဲ့ နေရာက ခြေထောက်၊ လက် စတဲ့နေရာတွေမှာ ဆိုရင် မာတဲ့ သစ်သားပြားဖြစ်ဖြစ် တစ်ခုခုကို ဘေးနှစ်ဖက်က ထိန်းထားပြီး မလှုပ်အောင် ကူညီပေးနိုင်ပါတယ်။ တင်းကျပ်အောင် ပတ်တီးတွေနဲ့ စည်းတာမျိုးကိုတော့ လုံးဝမလုပ်သင့်ပါဘူး။ အကိုက်ခံရတဲ့ သူကို နီးစပ်ရာ ဆေးရုံကို ပို့မယ်ဆိုရင်လည်း သူ့ကို လမ်းမလျှောက်စေဘဲ တွန်းလှည်းတစ်ခုခုနဲ့ သယ်တာမျိုးစတဲ့ လှုပ်ရှားမှု မဖြစ်အောင် ဂရုတစိုက်လုပ်ဆောင်သင့်ပါတယ်။၅။ အကိုက်ခံရတဲ့သူကို အမြန်ဆုံး နီးစပ်ရာဆေးရုံကို ပို့ဆောင်ဖို့ပါ။မြွေကိုက်ခံရပြီဆိုရင်အရေးပေါ်ကုသမှုလိုအပ်တာကြောင့် အမြန်ဆုံးဆေးရုံသွားဖို့က အရေးကြီးဆုံးအချက်ပဲ ဖြစ်ပါတယ်။ ဆေးရုံကိုသွားပြီး လူနာရာဇဝင်နဲ့ မြွေပုံစံကို သေသေချာချာ ရှင်းပြပေးသင့်ပါတယ်။၁။ ဆေးရွက်တွေ၊ ဟိုဟိုဒီဒီ ကြားဖူးနားဝရှိတဲ့ အရွက်တွေကို သိပ်ထည့်တာ၊ အုံတာ။၂။ အဆိပ်တွေကို ပါးစပ်နဲ့ စုပ်ထုတ်တာ။၃။အကိုက်ခံရတဲ့နေရာကို တင်းကျပ်အောင် စည်းတာ။၄။ အကိုက်ခံရတဲ့နေရာကို မြှောက်ထားတာ။၅။ အကိုက်ခံရတဲ့ နေရာကို ညှစ်တာ။၆။ ဆရာဝန် မညွှန်ကြားဘဲ မိမိဘာသာ သက်သာအောင် ဆေးတွေ တိုက်တာ။၇။ မီးနဲ့တို့တာ၊ ဓားနဲ့ ခွဲတာ။စတဲ အချက်တွေကို ရှောင်ကြဉ်သင့်ပါတယ်။ဒီဆောင်းပါးလေးကို ဖတ်ပြီး တစ်စုံတစ်ယောက် မြွေကိုက်ခံရတာမျိုး ကြုံတွေ့ရတဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ မှန်ကန်တဲ့ နည်းလမ်းတွေသုံးပြီး ကယ်တင်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။ရေးသားသူ – Khine Phoo Ngon။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/snakebite-treatment/
Hypersomnia disorder (အအိပ်လွန်တဲ့ ပြဿနာ)
အအိပ်လွန်တဲ့ ပြဿနာဆိုတာ နေ့အချိန်မှာအလွန်အမင်း အိပ်စက်နေတာ၊ အိပ်ချိန်အရမ်းလွန်နေတာဖြစ်ပြီး သူဟာနေ့အချိန်မှာတောင် အနေနိုင်လောက်အောင် အိပ်နေတာ ဖြစ်ပါတယ်။ အအိပ်လွန်တဲ့ ပြဿနာခံစားနေရတဲ့လူက အလုပ်မှာဖြစ်ဖြစ်၊ ကားမောင်းနေစဉ်မှာဖြစ်ဖြစ် အချိန်အရွေး အိပ်ပျော်နိုင်ပါတယ်။ အိပ်စက်ခြင်းနဲ့ဆိုင်တဲ့ ပြဿနာတွေဖြစ်တဲ့ အားအင်ကုန်ခမ်းခြင်းနှင့် သေချာစဉ်းစားတွေးတောနိုင်တာ မရှိတော့ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။အအိပ်လွန်တဲ့ ပြဿနာက လူဦးရေရဲ့ ၅ရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်ပြီး အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီးအဖြစ်များပါတယ်။ ထပ်မံသိလိုသော အချက်များရှိပါက ဆရာဝန်နှင့် ဆွေးနွေးပါ။အအိပ်လွန်တဲ့ ပြဿနာရှိတဲ့လူက နေ့အချိန် အလုပ်မှာ၊ အစားစားနေချိန်မှာ ၊စကားပြောနေချိန်မှာ ခဏခဏအိပ်ပျော်တဲ့ပြီး ညဘက်မှာ အိပ်စက်ခြင်းမရှိဘဲ ခနခနနိုးနေတဲ့အတွက် ပင်ပန်းတာမျိုး ခံစားရနိုင်ပါတယ်။ နေ့ခင်းဘက်မှာ အိပ်နေပေမယ့် ပင်ပန်းတာက မသက်သာပါဘူး။ အချိန်အကြာကြီးအိပ်စက်ရာက နိုးထဖို့ခက်သလို အာရုံမစုစည်းနိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။တခြားရောဂါလက္ခဏာတွေကတော့-။စိတ်ဖိစီးမှုများခြင်း။စိတ်အနှောက်အယှက်ဖြစ်ခြင်း။အားအင်ကုန်ခန်းခြင်း။ဂဏှာမငြိမ်ဖြစ်ခြင်း။တွေးခေါ်နိုင်စွမ်းကျဆင်းခြင်း။စကားနှေးခြင်း။အစားအသောက်ပျက်ခြင်း။အာရုံလွဲမှားစွာ မြင်နေခြင်း။မှတ်သားနိုင်စွမ်းနည်းသွားခြင်း။တချိုလူတွေက မိသားစုအလုပ်၊ ပတ်ဝန်းကျင်၊ လူမှုရေးနှင့် တခြားအလုပ်တွေ မလုပ်နိုင်တော့ခြင်း။ဒီအထဲမှာ မပါတဲ့အချက်တွေလည်း ရှိနေနိုင်ပါသေးပါတယ်။ ရောဂါလက္ခဏာအကြောင်း သေချာသိလိုပါက ဆရာဝန်နှင့် ဆွေးနွေးပါ။အထက်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေခံစားနေရလျှင် ၊ ထပ်မံသိလိုတာရှိလျှင် ဆရာဝန်နှင့် ဆွေးနွေးသင့်ပါတယ်။ လူတိုင်းရဲ့ ကိုယ်ခန္ဓါက တုံ့ပြန်မှု မတူကြပါဘူး။ သင့်အခြေအနေကို ဆရာဝန်နှင့် ဆွေးနွေးခြင်းကသာ အကောင်းဆုံး ဖြစ်ပါတယ်။အအိပ်လွန်တဲ့ ပြဿနာကို ဖြစ်စေတဲ့အကြောင်းရင်းတွေက ဘာတွေလဲ။အအိပ်လွန်ခြင်း ပြဿနာရဲ့ မူလအရင်းအမြစ်က ဦးနှောက်အတွင်းရှိ အိပ်စက်ခြင်းနှင့် နိုးထခြင်းကို ထိန်းချုပ်တဲ့ ဦးနှောက်အတွင်းရှိ စနစ်တွေ ပြဿနာဖြစ်ခြင်းကြောင့် ဖြစ်ပါတယ်။တခြားအကြောင်းမှာ အလွန်အမင်းမောပန်းခြင်းနှင့် အိပ်ချိန်မလုံလောက်ခြင်းကြောင့် ဖြစ်ပါတယ်။ ဥပမာ- ညဘက်အသက်ရှူရခက်ခြင်း၊ ညဘက်တချိန်လုံး ခဏခဏအိပ်ရာထရခြင်းတို့ကြောင့် အိပ်ရေးပျြက်ပီး အလွန်အမင်းအိပ်စက်ခြင်းကို ဖြစ်စေနိုင်ပါတူယ်။တချို့ဆေးတွေက အလွန်အမင်း အိပ်စက်ခြင်းကို ဖြစ်စေပါတယ်။အရက်နဲ့ ဆေးတွေကိုသုံးတာကြောင့် နေ့ဘက်မှာ အိပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ သွိုင်းရွိုက်ဟော်မုန်းနဲတာ နဲ့ ဦးခေါင်းဒဏ်ရာကြောင့်လည်း အအိပ်လွန်ခြင်း ဖြစ်စေနိုင်ပါတယ်။အအိပ်လွန်ခြင်းကို အဖြစ်များစေတဲ့ အကြောင်းတွေက ဘာတွေလဲ။နေ့လည်ဘက်မှာ အလွန်အမင်းပင်ပန်းတဲ့လူတွေက အအိပ်လွန်ခြင်း ပိုဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေတွေမှာ အိပ်ရေးပျက်တာ၊ ကျောက်ကပ်မကောင်းတာ၊ နှလုံးရောဂါ၊ ဦးနှောက်ထိခိုက်မှု၊ စိတ်ဓါတ်ကျခြင်းနှင့် သိုင်းရွိုက်ဟော်မုန်းနဲခြင်းတို့ ပါဝင်ပါတယ်။အမေရိကန် အိပ်စက်မှုနဲ့ ပတ်သတ်မှုကို လေ့လာတဲ့အဖွဲ့ရဲ့ အဆိုအရ အမျိုးသားတွေက အမျိုးသမီးတွေထက် အအိပ်လွန်တဲ့ ပြဿနာပိုဖြစ်တယ်လို့ ဆိုပါတယ်။ဆေးလိပ်နဲ့ အရက်ကိုပုံမှန်သောက်သူတွေမှာ အအိပ်လွန်တာ ပိုဖြစ်တတ်ပါတယ်။ လေးလံထိုင်းမှိုင်းစေတဲ့ဆေးတွေမှာ အအိပ်လွန်ခြင်းနဲ့တူတဲ့ ဘေးထွက်ဆိုးကျိုးရှိပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အအိပ်လွန်တဲ့ ပြဿနာကိုသိဖို့အတွက် ဆရာဝန်က ရောဂါရာဇဝင်နှင့် ရောဂါလက္ခဏာကို မေးမြန်းပါလိမ့်မယ်။ တက်ကြွမှုကို စစ်ဆေးနည်းတွေနဲ့ စမ်းသပ်ပါလိမ့်မယ်။ဆရာဝန်က အအိပ်လွန်တဲ့ ပြဿနာကိုသိဖို့ နည်းလမ်းမျိုးစုံနဲ့ စမ်းသပ်ပါလိမ့်မယ်။အိပ်ချိန်ကို မှတ်ထားခြင်း။ ညဘက်သင့်အိပ်ချိန်ကို သိဖို့အတွက် အိပ်ရာဝင်ချိန်နှင့် နိုးထချိန်တွေကို မှတ်ထားခိုင်းပါလိမ့်မယ်။အိပ်ချိန်ကို တိုင်းတာခြင်း။ သင့်အခြေအနေ ဘယ်လောက်ဆိုးနေလဲဆိုတာကို သိဖို့အတွက် တိုင်းတာပါလိမ့်မယ်။အိပ်ချိန်အများအပြားကို တိုင်းတာတဲ့နည်း။ နေ့ဘက်အိပ်ချိန်တွေကို တိုင်းတာရပါမယ်။ ဒီနည်းက သင်အိပ်တဲ့ပုံစံတွေကို တိုင်းတာနိုင်ပါတယ်။Polysmnogram။ ညဘက်အိပ်စက်နားနိုင်တဲ့ နေရာမှာနေပါ။ စက်တွေက သင့်ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေ၊ မျက်လုံးရွေ့လျားမှု၊ နှလုံးခုန်နှုန်း၊ အောက်စီဂျင်ပမာဏနဲ့ လုပ်ငန်းတွေကို တိုင်းတာပါလိမ့်မယ်။အအိပ်လွန်တဲ့ ပြဿနာရှိနေတယ်ဆိုလျှင် ဆရာဝန်က သင့်ရောဂါကို ကုသဖို့အတွက် ဆေးတွေအများအပြားကို ပေးပါလိမ့်မယ်။ လန်းဆန်းစေတဲ့ဆေးတွေ၊ စိတ်ဓါတ်ကျသက်သာစေတဲ့ဆေးတွေ၊ ဆေးအသစ်အဆန်း( Provigil/ Xyrem) တို့ကိုပေးပါလိမ့်မယ်။အိပ်ရင်းအောက်စီဂျင်နဲတဲ့ရောဂါရနေရင် ဆရာဝန်က သင်အိပ်နေစဉ် နှာခေါင်းကို အုပ်ပြီးအောက်စီဂျင် ပေးပါလိမ့်မယ်။နှာခေါင်းကိုအုပ်ထားတဲ့ မျက်နှာဖုံးနဲ့ အောက်စီဂျင်ပေးတဲ့စက်နဲ့ ချိတ်ဆက်ပြီး အောက်စီဂျင်ကို တောက်လျှောက်ပေးပါလိမ့်မယ်။ နှာခေါင်းအတွင်းကို ဝင်ရောက်တဲ့ အောက်စီဂျင်ရဲ့ ဖိအားကြောင့် အသက်ရှူလမ်းကြောင်းကို ပွင့်နေစေပါတယ်။သင်က နုံးစေတဲ့ဆေးတွေသောက်ထားလျှင် ဆရာဝန်ကို အိပ်ချင်စိတ်နဲစေတဲ့ ဆေးတွေနဲ့ အစားထိုးခိုင်းပါ။ သင်က ညဘက်ကို ပိုပြီးအိပ်စက်နိုင်ဖို့ အိပ်ရာစောစောဝင်ပါ။ အရက်နှင့် ကဖိန်းအသုံးပြုတာကို ရပ်လိုက်ပါ။အအိပ်လွန်တဲ့ ပြဿနာအတွက် လိုအပ်တဲ့ နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးတွေက ဘာတွေလဲ။အောက်ပါ နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးတွေက အအိပ်လွန်တဲ့ ပြဿနာကို ကူညီပေးပါလိမ့်မယ်။တချို့ အအိပ်လွန်တဲ့ ပြဿနာကို ကာကွယ်ဖို့ နည်းမရှိပါ။ သင်က တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာအိပ်စက်ခြင်းနှင့် အရက်ဖြတ်ခြင်းတွေက အအိပ်လွန်တဲ့ ပြဿနာကို လျှော့ချပေးနိုင်ပါတယ်။ နုံးစေတဲ့ဆေးတွေနဲ့ ညဘက်အလုပ်လုပ်ခြင်းကို ရှောင်ပါ။သင်သိလိုတာ ရှိပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး သင့်အတွက် သင့်တော်သောအဖြေကို ရယူနိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/hypersomnia-disorder-%e1%80%a1%e1%80%a1%e1%80%ad%e1%80%95%e1%80%b9%e1%80%9c%e1%80%bc%e1%80%94%e1%80%b9%e1%80%90%e1%80%b2%e1%80%b7-%e1%80%bb%e1%80%95%e1%82%86%e1%80%94%e1%80%ac/
နွေရာသီအတွက် အသင့်တော်ဆုံး Detox Drink တွေက ဘာတွေ ဖြစ်မလဲ
နွေပူလာရင်အေးတာလေး သောက်ချင်တယ်။ ဒါပေမယ့် ကျန်းမာရေး ထိခိုက်မှာစိုးလို့ အချိုရည်တွေလည်း မသောက်ချင်ဘူး။ ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး အပူဒဏ်ကိုလည်း သက်သာစေတဲ့သောက်စရာအေးအေးလေးသောက်ချင်တယ်။ ဒါဆိုရင်ကျန်းမာရေးကို ထောက်ကူပေးတယ်ဆိုတဲ့ Detox Drink လေးတွေထဲမှာရော နွေရာသီနဲ့ ကိုက်ညီတာမျိုး မရှိဘူးလား မသိဘူးလို့ တွေးနေပြီလား ……..။ဒီအခြေလေး သိနိုင်ဖို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ဒီတစ်ခေါက်နွေရာသီအတွက် အသင့်တော်ဆုံး Detox Drink တွေက ဘာတွေ ဖြစ်မလဲ ဆိုတာကို ပြောပြပေးပါမယ်။သံပရိုသီး၊ နာနတ်သီးတို့ကို အရွယ်တော်လေးတွေ လှီးပြီးပူဒီနံရွက်လေးတွေ လက်တစ်ဆုပ်စာလောက်ကို ရေခဲတုံး ၂ တုံးလောက်ထည့် ပြီးရင် ရေအေးအေးလေး လီတာဝက်လောက်ထည့်ပြီး တစ်နာရီခွဲလောက် စိမ်ပြီး သောက်ပေးလို့ ရပါတယ်။သခွားသီး နဲ့ ကီဝီသီးကို အကွင်းလိုက် ခပ်ပါးပါးလှီးပြီး ရေခဲတုံး ၂ တုံးလောက်ထည့် ပြီးရင် ရေအေးအေးလေး လီတာဝက်လောက်ထည့်ပြီး တစ်နာရီခွဲလောက် စိမ်ပြီး သောက်ပေးလို့ ရပါတယ်။ ချိုချိုလေးနဲ့ အရသာရှိသလို ရေဓာတ်ပြည့်ဝတဲ့ အသီးလေးတွေ ဖြစ်တာကြောင့် ခန္ဓာကိုယ်ကို အေးမြစေမှာပါ။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာလည်း သောက်လို့ ရပါတယ်။ဗီတာမင် C ကြွယ်ဝပြီး ကယ်လ်လိုရီ ပါဝင်မှု နည်းတဲ့ Detox Drink လေး တစ်ခုပါ။ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ခံတွင်းရှင်းစေမှာပါ။ လိမ္မော်သီးကို မွှာပြီးမုန်လာဥနီကို ပါးပါးလှီးပါ။ ပူဒီနံ ရွက်လေးတွေ လက်တစ်ဆုပ်စာလောက်နဲ့ ရေခဲတုံး ၂ တုံးလောက်ထည့် ပြီးရင် ရေအေးအေးလေး လီတာဝက်လောက်ထည့်ပြီး တစ်နာရီခွဲလောက် စိမ်ပြီး သောက်ပေးလို့ ရပါတယ်။ခပ်ချဉ်ချဉ်လေးနဲ့ ခံတွင်းရှင်းစေနိုင်ပါတယ်။ လန်းဆန်းစေမယ့် သောက်စရာ တစ်မျိုးပါ။ သံပရိုသီး ပါးပါးလှီးပြီးတရုတ်နံနံလက်တစ်ဆုပ်စာလောက်နဲ့ ရေခဲတုံး ၂ တုံးလောက်ထည့် ပြီးရင် ရေအေးအေးလေး လီတာဝက်လောက်ထည့်ပြီး တစ်နာရီခွဲလောက် စိမ်ပြီး သောက်ပေးလို့ ရပါတယ်။နွေရာသီအတွက် အသင့်တော်ဆုံး Detox Drink တွေက ဘာတွေ ဖြစ်မလဲ ဆိုတာ အဖြေထွက်ပြီ ဟုတ် ……..။အခုပြောပြခဲ့တဲ့ Detox Drink လေးတွေထဲက စိတ်ကြိုက်ဖြစ်မယ့် Detox Drinkကို ကိုယ်တိုင် လုပ်ပြီး သောက်သုံးလို့ နွေရာသီကို ကျန်းကျန်းမာမာ ကျော်ဖြတ်လိုက်စို့နော်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/best-summer-detox-drink/
ဘောလုံးပွဲကြည့်တာက ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ
ဘောလုံးပွဲကြည့်တာက ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ ဆိုတာကို သိချင်တယ်ဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။နိုင်ငံတကာမှာ အားကစားပွဲစဉ်တွေ အများအပြား ကျင်းပနေကြပြီး အရင်ကနဲ့မတူဘဲ ကမ္ဘာအရပ်ရပ်မှာ ယှဉ်ပြိုင်ကစားနေတဲ့ အားကစားပွဲစဉ်တွေကို တီဗွီတွေ၊စမတ်ခ်ဖုန်းတွေ၊ ကွန်ပျူတာနဲ့ တက်ဘလက်ခ်တွေ ကနေတဆင့်လည်း ဖမ်းယူကြည့်နိုင်နေပြီ ဖြစ်ပါတယ်။အားကစားပွဲတွေကိုကြည့်ရှုအားပေးတာက ကျွန်တော်တို့ကို နေ့စဉ်တွေ့ကြုံနေရတဲ့ ဘဝအခြေအနေတွေထဲကနေ လွတ်မြောက်ခွင့် ရစေနိုင်တဲ့ အခွင့်အလမ်းတစ်ရပ်ပါ။ဘောလုံးပွဲကြည့်တာကက နေရရှိနိုင်တဲ့ အကျိုးကျေးဇူးများ ကတော့။အားကစားသမားတွေက ရယ်ရင်းမောရင်း ပြေးရင်းလွှားရင်း ယှဉ်ပြိုင်စားနေတာကို ကြည့်ပြီး သူတို့လုပ်နိုင်သလို ငါလည်းလုပ်နိုင်ရမယ်ဆိုတဲ့ အတွေးမျိုး ရရှိသွားတဲ့အခါ စိတ်အားတက်ကြွမှုကို ရရှိခံစားရမှာ ဖြစ်ပါတယ်။လေ့လာမှု တစ်ရပ်အရ အားကစားပွဲတွေကို အားစားကွင်းထဲမှာပဲဖြစ်ဖြစ် တီဗွီဖန်သားပြင် ကနေပဲဖြစ်ဖြစ် အားပေးတဲ့အခါ တစေထိုင်နေတာမျိုး မဟုတ်ဘဲ ထရပ်လိုက်၊ ခုန်ပေါက်လိုက်၊ အော်ဟစ်အားပေးလိုက်၊ လက်တွေဝှေ့ရမ်းပြီး အားပေးလိုက်လုပ်နေတာကြောင့် ခန္ဓာကိုယ်ရဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ဘောလုံးပွဲကို ကွင်းထဲ သွားကြည့်ရတာ မကြိုက်ဘဲ ဖန်သားပြင်ကနေပဲ ကြည့်ချင်တဲ့ သူမျိုးဆိုရင်တော့ သူငယ်ချင်းတွေနဲ့အတူ ချိန်းပြီးကြည့် တာက ခိုင်မာတဲ့ဆက်ဆံရေး တစ်ရပ်ကို ထိန်းသိမ်းနိုင်မှာ ဖြစ်သလို မိမိမိတ်ဆွေ သူငယ်ချင်းတွေရော မိမိကိုယ်တိုင်ပါ အသက်ရှည်နိုင်မယ့် အခွင့်အရေး ၅၀ ရာခိုင်နှုန်းလောက်အထိ တိုးလာမှာ ဖြစ်ပါတယ်။ ကင်ဆာရောဂါ၊နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို တိုက်ထုတ်နိုင်စွမ်းကိုလည်း ၂ ဆတိုးစေတဲ့အပြင် တုပ်ကွေး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ Brigham Young တက္ကသိုလ်ရဲ့ လေ့လာမှု တစ်ရပ်မှာ ပါရှိပါတယ်။သင့်ရဲ့ ချစ်သူက အားကစားဝါသနာပါသူ တစ်ဦးဆိုရင် ကိုယ်က အားကစား ဝါသနာ မပါရင်တောင် သူကြိုက်တဲ့အသင်းကို သူနဲ့အတူ ကြည့်ရှု အားပေးပါ။ အချိန်ကြာလာနဲ့အမျှ သင့်အနေနဲ့ အားကစားပွဲတွေအကြောင်း နားလည်လာပြီး သူနဲ့ထပ်တူ အားကစားပွဲကို စိတ်ဝင်စားလာပါလိမ့်မယ်။ မိမိနှစ်သက်တဲ့ အသင်းအနိုင်ရတဲ့အခါ စိတ်ခံစားချက်ကောင်းမွန်တဲ့ ဟော်မုန်း ထုတ်လုပ်မှုတွေ ဖြစ်ပေါ်လာပြီး စုံတွဲနှစ်ဦးကြားက ဆက်ဆံရေးကို ကောင်းမွန်စေပါတယ်။ ဝါသနာတူတာက စုံတွဲတွေကို လိုက်ဖက်ညီစေပြီး နှလုံးကျန်းမာရေး ကောင်းစေဖို့ အပြန်အလှန် အထောက်အကူပြုစေနိုင်သလို အသက်လည်း ပိုရှည်စေပါတယ်။အားကစားပွဲတွေ ကြည့်ရှုတာက လူမှုဆက်ဆံမှုစွမ်းရည်ကို တိုးတက်စေနိုင်သလို စနစ်တကျ နေထိုင်တတ်အောင်လည်း အထောက်အကူပြုပါတယ်။ အားကစားပွဲတွေ ကြည့်ရှု့တာက ဦးနှောက်အတွက် လေ့ကျင့်ခန်းတစ်ရပ် ဖြစ်ပါတယ်၊ လို့ ၂၀၀၈ ခုနှစ်က ချီကာဂို တက္ကသိုလ်က သုတေသီတွေ ပြုလုပ်တဲ့လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ကောင်းကျိုးများတယ် ဆိုပေမယ့် ဘောလုံးပွဲ ကြည့်တာက ဘယ်လိုဆိုးကျိုး ရှိစေနိုင်လဲ ဆိုတော့။ဘောလုံးပွဲ ကြည့်တဲ့အခါ အချိန်ကြာမြင့်စွာ အလှုပ်အရှား မရှိထိုင်ပြီး အားပေးမိမယ်ဆိုရင်တော့ မတ်တတ်ထရပ်လိုက်တဲ့အခါ မိုက်ခနဲ ဖြစ်သွားတာမျိုးနဲ့နောက်ကျောနာတာမျိုးတွေ ခံစားရနိုင်ပါတယ်။မိမိအားပေးတဲ့ အသင်း အနိုင်ရစေလိုတဲ့စိတ်ကြောင့် စိတ်ဖိစီးတဲ့ဒဏ်ကို ခံစားရပြီး အဆိုပါစိတ်ဖိစီးမှုကြောင့် သွေးတိုးတာ၊ ရုတ်တရက် နှလုံးရပ်သွားတာ၊လေဖြတ်တာနဲ့ အခြားကျန်းမာရေးပြဿနာတွေကို တွေ့ကြုံခံစားရနိုင်ပါတယ်။မိမိအားပေးတဲ့ အသင်းက ဆုဖလားတွေမရဘဲ ရှုံးနိမ့်သွားတာ၊ ကိုယ်အကြိုက်ဆုံး ကစားသမား ထိခိုက်ဒဏ်ရာရတာ၊ အသင်းပြောင်း ရောင်းချခံလိုက်ရတာ၊အသင်းပြောင်းသွားတာမျိုးတွေ တွေ့ကြုံရတဲ့အခါ စိတ်ဓာတ်ကျတာကို ခံစားရနိုင်ပါတယ်။မိမိအားပေးတဲ့အသင်းက ဆုဖလားတွေမရဘဲ ရှုံးနိမ့်သွားတာ၊ ကိုယ်အကြိုက်ဆုံး ကစားသမား ထိခိုက်ဒဏ်ရာရတာ၊ အသင်းပြောင်း ရောင်းချခံလိုက်ရတာ၊အသင်းပြောင်းသွားတာမျိုးတွေကြောင့် စိတ်ဓာတ်ကျတဲ့အခါ ကားမောင်းနေစဉ် အခြားကားတွေကို မရှောင်မိတာ၊ ကားတွေကို မကြည့်ဘဲ သတိလက်လွတ် လမ်းဖြတ်ကူးမိတာ၊ ဆေးသောက်ဖို့ မေ့သွားတာ၊ ကလေးကျောင်းကြိုဖို့ မေ့သွားတာလိုမျိုး အရေးကြီးတဲ့ အရာတွေကို မေ့လျော့သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ဘောလုံးပွဲ ကြည့်ရင်း ဆားတွေ၊ သကြားတွေ၊ ကယ်လိုရီတွေ၊ တာရှည်ခံဆေးတွေနဲ့ အရောင်ဆိုးဆေးတွေ အများအပြား ပါဝင်နေတဲ့ အာလူးကြော်တွေ၊ဆီကြော်မုန့်တွေနဲ့ ဘီယာတွေကို သတိမထားမိဘဲ အများကြီး သောက်သုံးမိတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဘောလုံးပွဲထဲ အာရုံရောက်နေတာကြောင့် အစားအစာတွေ ဘယ်လောက်တောင် စားမိလဲဆိုတာကို သတိမထားမိဘဲ ဖြစ်နိုင်ပါတယ်။ဆိုးကျိုးတွေ မဖြစ်လာအောင် ဒီလို ကာကွယ်ပါ။ဘောလုံးပွဲ ကြည့်တဲ့အခါ ဘောလုံးပွဲက ကစားပွဲတစ်ခုသာဖြစ်ပြီး မိမိဘဝအပေါ် အကျိုးသက်ရောက်မှု အနည်းအကျဉ်းပဲ ရှိတယ်ဆိုတာကို သတိပြုပါ။ မိမိရဲ့လက်တွေ့ဘဝမှာ ပါဝင်နေတဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူတွေ၊ အရာတွေကို အရေးစိုက်ပေးပါ။ဘောလုံးပွဲ ကြည့်တဲ့အခါ တစ်ယောက်တည်း ကြည့်တာက စိတ်ဖိစီးမှု ပိုများစေနိုင်တာကြောင့် မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ နဲ့အတူ ကြည့်ပါ။ သူတို့ရဲ့ပြောဆိုအားပေးမှုမှာ ကိုယ်ပါစီးမျောရင်း စိတ်ဖိစီးမှု လျော့နည်းသွားပါတယ်။ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ထိန်းသိမ်းတာက ဘောလုံးပွဲကြည့်နေတုန်းမှာ အစားတွေ အများကြီး မစားမိအောင် ကာကွယ်ပေးပါလိမ့်မယ်။ဘောလုံးပွဲကြည့်ရင်း မတ်တတ်ထရပ်ပါ။ လမ်းထလျှောက်ပါ၊ အပေါ့အပါး ထသွားပေးပါ။ဘောလုံးပွဲကြည့်နေတာအခါ အေးပြီးစိုစွတ်တဲ့အနေအထားမျိုးဆိုရင် အပေါ်ထပ် အနွေးထည်လေး ဝတ်တာမျိုး၊ နွေးထွေးအောင် နေတာမျိုးတွေကို ဂရုစိုက်လုပ်ဆောင်ပေးပါ။ဘောလုံးပွဲကြည့်ရင်း အစားအသောက်တွေ စားတတ်တယ်ဆိုရင် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အရည်ဓာတ် များများပါတဲ့အရာတွေကိုပဲ မိမိအနီးဝန်းကျင်မှာ ထားရှိပေးပါ။အထက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာလေးတွေကို ဖတ်ရှုပြီး အားကစားဝါသနာရှင်ပရိသတ်တွေအနေနဲ့ မိမိနှစ်သက်တဲ့ အသင်းကို ကျန်းမာရေးနဲ့ညီညွတ်စွာ အားပေးနိုင်ပါစေကြောင်း။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/how-watching-football-match-affects-mental-health/
ချွေးထွက်တာအပြင် သင့်ကို ရေနဲ့ ဓာတ်ဆားဆုံးရှုံးစေတဲ့ အမူအကျင့်များ
ခန္ဓာကိုယ်မှာချွေးထွက်များမှ ရေနဲ့ ဓာတ်ဆား တွေ ဆုံးရှုံးတယ်လို့ မထင်လိုက်ပါနဲ့။ ကိုယ်ရဲ့ နေ့စဉ်အပြုအမူတွေ၊ နေထိုင်စားသောက်မှုပုံစံတွေကလည်း မသိလိုက်ဘဲ ရေနဲ့ ဓာတ်ဆား ဆုံးရှုံးတာကို ဖြစ်စေနိုင်ပါတယ်။ ချွေးထွက်တာအပြင် သင့်ကို ရေနဲ့ ဓာတ်ဆားဆုံးရှုံးစေတဲ့ အမူအကျင့်များ က ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင်။ချွေးထွက်တာအပြင် သင့်ကို ရေနဲ့ ဓာတ်ဆားဆုံးရှုံးစေတဲ့ အမူအကျင့်များ ကတော့။ကော်ဖီအပါအဝင် လက်ဖက်ရည်၊အားဖြည့်အချိုရည်၊ ကာဗွန်ပါတဲ့ တချို့အအေးတွေမှာကဖင်းပါတတ်ပါတယ်။ ကဖင်းက သောက်လိုက်တဲ့ခဏမှာ ရေဓာတ်ရသလို ခံစားရပေမဲ့ နောက်ပိုင်းမှာ ဆီးသွားများတာကြောင့် ရေဓာတ် ဆုံးရှုံးတာမျိုး ဖြစ်တတ်ပါတယ်။အထူးသဖြင့် များများသောက်သူတွေ၊ ကဖင်းသောက်နေကျမဟုတ်တဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။အရက်ကလည်း ကဖင်းလိုပဲ ဆီးရွှင်စေတာကြောင့်ရေဓာတ်ဆုံးရှုံးတတ်ပါတယ်။ ရက်ခြားလောက် အရက်သောက်သူတွေ၊ အရက်တော့ မသောက်ဘူး ဘီယာနဲ့ ဝိုင်တွေကို မကြာခဏ သောက်တယ်ဆိုရင်လည်း ရေဓာတ် ဆုံးရှုံးတတ်ပါတယ်။နောက်ပြီး အရက်ကို ရိုးရိုးသောက်ရာကနေ စွဲတဲ့အထိ ဖြစ်သွားပြီဆိုရင် ထမင်းမေ့ ဟင်းမေ့ သောက်ကြတာကြောင့်ဓာတ်ဆားချို့တဲ့တာတွေပါ ဖြစ်လာပါတယ်။အထူးသဖြင့်တော့ အေးတဲ့ ရာသီဥတုမှာပေါ့။ရေဓာတ်ဆုံးရှုံးတာထက် ရေဓာတ်ကို လုံလောက်အောင် မဖြည့်နိုင်တာမျိုးပါ။ အနည်းဆုံးတော့ ရေဆာချိန်၊ ဆီးအရောင်ရင့်နေချိန်ဆိုရင် ရေသောက်ဖြစ်အောင်  သောက်ပါ။ ဒါခန္ဓာကိုယ်မှာရေဓာတ်နည်းနေပြီလို့ ပြောနေတာပါ။အမြဲသတိထားပြီးရေသောက်တဲ့ အကျင့်လုပ်ပါ။ ဥပမာ အိပ်ရာနိုးနိုးချင်း ရေတစ်ခွက်သောက်မယ်၊ ရေချိုးခါနီး တစ်ခွက်သောက်မယ် စသဖြင့်ပေါ့။ ပြီးတော့ ကိုယ်အလုပ်လုပ်တဲ့နေရာမှာဖြစ်ဖြစ်၊ အပြင်သွားရင်ဖြစ်ဖြစ် ရေဘူးလေးကို အနီးနားမှာ ထားထားပါ။အစားအသောက်မှာဆိုရင် စားတာနဲ့ မစားတာနဲ့ နှစ်ပိုင်း ရှိပါတယ်။ စားတာကနေ စပြောရအောင်။နေ့စဉ်စားတဲ့အခါ အချိုတွေ၊ အငန်တွေ၊ ဆီကြော်တွေ စားတာက ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေပြီး ဓာတ်ဆားမမျှတတာကို ဖြစ်စေပါတယ်။ သကြားဓာတ်နဲ့ ဆိုဒီယမ်ဓာတ်တွေက ရေဆွဲတဲ့အတွက် ခန္ဓာကိုယ်တွင်းမှာ ရေဓာတ် ဆုံးရှုံးမှုကို ဖြစ်စေပါတယ်။ဆိုဒီယမ်ဆိုရင် အိမ်သုံးဆားကနေပဲ ရတာမဟုတ်ပါဘူး။ ငံပြာရည်၊ ပဲငံပြာရည်အကြည်၊ အနောက်၊ ခရုဆီ၊ အချိုမှုန့် စတာတွေမှာလည်း ပါနေပါတယ်။ ဒါကြောင့် အပြင်စာတွေ စားပြီးရင် ရေငတ်တယ်လို့ ခံစားရတာ ဒါကြောင့်ပါ။မစားတာဆိုရင်တော့ ဓာတ်ဆားဓာတ်အောင် လုံလောက်အောင် မစားတာမျိုးပါ။ဓာတ်ဆားဆိုတော့ တကယ်တော့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်ဆီယမ် စတဲ့ သတ္တုဓာတ်တွေကို ပြောတာပါ။ ဒီဓာတ်တွေကို အသီးအရွက်တွေ၊ နို့ထွက်ပစ္စည်းတွေကနေ ရနိုင်ပါတယ်။ အစားပုံမှန်မစားဖြစ်တာ၊ အစားကြေးများတာတွေ ရှိရင် ဒီဓာတ်ဆားဓာတ်တွေ ချို့တဲ့နိုင်ပါတယ်။ဆီးဆေးတွေ၊ သွေးပေါင်ကျဆေးတွေ၊ ဝမ်းပျော့ဆေးကလည်း ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးတာ၊ ဓာတ်ဆားမမျှတတာကို ဖြစ်စေပါတယ်။ရေနဲ့ ဓာတ်ဆား ဆုံးရှုံးတဲ့အခါ ဘာလက္ခဏာတွေ ပြနိုင်လဲ။ချွေးထွက်ရင်တော့ ရေနဲ့ ဓာတ်ဆား ဆုံးရှုံးပြီဆိုပြီး သတိထားမိကြပေမဲ့ အပေါ်က အပြုအမူတွေ လုပ်မိရင်တော့ သတိထားမိမှာ မဟုတ်ပါဘူး။ချွေးထွက်လို့ပဲဖြစ်ဖြစ်၊ အပေါ်က အကြောင်းတွေကြောင့်ပဲဖြစ်ဖြစ် ရေဓာတ်ဆုံးရှုံးတဲ့အခါ။ဓာတ်ဆားပါ ဆုံးရှုံးနေပြီဆိုရင်တော့။ခန္ဓာကိုယ်မှာ ရေနဲ့ ဓာတ်ဆား ဆုံးရှုံးစေတဲ့အမူအကျင့်ကိုပြုပြင်ဖို့နဲ့ ရေနဲ့ ဓာတ်ဆား မချို့တဲ့အောင် နေဖို့က အရေးကြီးပါတယ်။ ဒါကြောင့်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/daily-habits-that-cause-dehydration-other-than-sweating/
ကာတွန်းကား ကြိုက်တာ ဘယ်လိုကောင်းကျိုးတွေရစေနိုင်သလဲ
တစ်နေ့တာလှုပ်ရှားမှုအတွင်း လူတိုင်းမှာပင်ပန်းစိတ်ညစ်စရာတွေကတော့ ရှိကြမယ်ထင်ပါတယ်။ ဒီလိုကြုံတွေ့ရတဲ့ စိတ်ညစ်စရာတွေကိုဖြေဖျောက်ကြပုံကတော့ တစ်ယောက်တစ်မျိုးစီ မတူကြလောက်ပါဘူး။ အချို့က စိတ်ညစ်စရာကို တရားနဲ့ဖြေတယ်၊ အချို့ကတော့ စိတ်ညစ်စရာကို စားစရာနဲ့ဖြေတယ်။ တချို့က ကာတွန်းကား ကြည့်ကြတယ်။ တချို့က သောက်စရာနဲ့ဖြေကြသူတွေလည်းရှိရင်ရှိကြမှာပါ။ဒီတစ်ခေါက် စိတ်ညစ်စရာကြုံတဲ့အခါဖြေဖျောက်လို့ရတဲ့ နည်းလေးတစ်ခုပြောပြပေးပါရစေ။ အကုန်အကျမများသလို ကျန်းမာရေးကိုလည်း ထိခိုက်မှုမရှိစေမယ့် နည်းလေးပါ။လူတိုင်းက ငယ်ရာကကြီးလာတာဆိုတော့ ကာတွန်းကားကို မကြည့်ဖူးတဲ့သူမရှိလောက်ဘူး ထင်ပါတယ်။ ကိုယ်အသည်းစွဲကြိုက်ခဲ့ရတဲ့ ကာတွန်းဇာတ်ကောင်တောင် ရှိရင်ရှိနေကြမှာပါ။ ကာတွန်းကားကြည့်တာက စိတ်ညစ်စရာကို ဘယ်လိုသက်သာစေလဲဆိုတာကို ပြောပြမယ်နော်။ကာတွန်းကားတော်တော်များများက ပျော်စရာလေးတွေနဲ့ အဆုံးသတ်တာများတော့ စိတ်ထဲကြည်နူးမိစေပါတယ်။ ပျော်စရာ၊ ရယ်စရာလေးတွေပါတဲ့ ကာတွန်းကားလေးတွေဆိုရင် ရယ်မောချင်လာအောင် စွဲဆောင်နိုင်တာကြောင့် စိတ်ပျော်ရွှင်တာမျိုး ဖြစ်သွားစေပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့ ကာတွန်းမျိုးဆိုရင်တော့ ကိုယ်တိုင်စီးမျောခံစားရင်းစိတ်ညစ်စရာကို ခဏလောက်တော့ မေ့သွားစေမှာပါ။ ကာတွန်းကားကြည့်ရင် အနည်းဆုံးတော့ပျော်ရွှင်သလို ခံစားရစေတာ အမှန်ပါပဲ။ လေ့လာမှုတစ်ခုအရ စိတ်ဓာတ်ကျနေတဲ့အခါ ကာတွန်းကားကြည့်လိုက်ရင် အတွေးအမြင်အသစ်တွေ ရရှိစေတယ်လို့ သိရပါတယ်။ဒါတွေတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ကတွန်းကားကြည့်တာက အခုလိုအကျိုးကျေးဇူးတွေရရှိနိုင်ပါသေးတယ်။ကာတွန်းကားတွေကို ကြည့်ရင်း စေတနာကောင်းတဲ့သူက အစပိုင်းမှာဘယ်လောက်ပဲ အခက်အခဲတွေတွေ့တွေ့ သူရဲ့ စိတ်ထားကောင်းတာကြောင့် နောက်ဆုံးမှာ ကံကောင်းတာတွေရတယ်ဆိုတာ သိမြင်စေနိုင်ပါတယ်။ ဥပမာပြောပြရရင် – Cindrella story ထဲကလိုမျိုးပေါ့။ကာတွန်းကားကြည့်တာက မိဘတွေကိုလည်း ကလေးငယ်တွေကို ဘယ်လိုပျိုးထောင်ပေးရမလဲဆိုတာကို သိမြင်စေပါတယ်။ ကာတွန်းကားတွေက ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ။ သူငယ်ချင်းကောင်းတွေ ရရှိအောင်ဘယ်လိုလုပ်ရမလဲ။ကိုယ့်ကိုကိုယ်ယုံကြည်မှုဘယ်လိုတည်ဆောက်ရမလဲဆိုတာတွေကို ပြသပေးပါတယ်။ကျန်းမာအောင် စားသောက်နေထိုင်တတ်ဖို့ကိုလည်း ကာတွန်းကားတွေက သင်ယူလို့ရပါတယ်။ ကာတွန်းကားတွေက အကောင်းအဆိုးကို ခွဲခြားသိရှိစေနိုင်ပြီး အခြားသူတွေကို ဘယ်လိုကူညီဖေးမရမလဲဆိုတာနဲ့ အခြားသူတွေနဲ့ မျှဝေတတ်တဲ့ စိတ်သဘောထားတွေကို ရရှိစေနိုင်ပါတယ်။ကာတွန်းကားတွေက ကလေးရော လူကြီးတွေကိုပါ နှစ်ခြိုက်သဘောကျစေနိုင်တဲ့ စိတ်အပန်းဖြေစရာတစ်မျိုးပါ။ ကာတွန်းကားကြည့်တာက နေ့စဉ်လူနေမှုဘဝအတွက် တော်တော်လေးအသုံးတည့်ပါတယ်။ ရယ်စရာကောင်းတဲ့ ကာတွန်းတွေ၊ ချစ်စရာကောင်းတဲ့ ဇာတ်ရုပ်လေးတွေက စိတ်ထဲမှာ ပျော်ရွှင်ကြည်နူးမှုကို ခံစားရစေပါတယ်။ ကာတွန်းကား အကြည့်များတဲ့သူတွေက အကောင်းမြင်သဘောထားပိုများပါတယ်လို့လည်း လေ့လာမှုတွေအရ သိရပါတယ်။ကလေးလေးတွေကို ကာတွန်းကားပြပေးမယ်ဆိုရင်လည်း ကလေးတွေက လူမှုဘဝရဲ့ နေထိုင်မှုပုံစံတွေကို သိရှိနိုင်မှာဖြစ်သလို ဘယ်လိုနေထိုင်ရမလဲဆိုတာကိုပါ သိရှိစေနိုင်မှာဖြစ်ပါတယ်။ ကလေးတွေကို ဗဟုသုတတွေလည်း တိုးတက်စေမှာ အသေအချာပါပဲ။ကလေးတွေအနေနဲ့ ကာတွန်းကားကြည့်တဲ့အခါ ဇာတ်ကောင်လေးတွေကပြောနေတဲ့ စကားလုံးတွေကို နားရည်ဝလာပြီး စကားလုံးတွေကို ပြောတတ်လာမှာပါ။ မသိသေးတာတွေကိုလည်းသိရှိပြီး ဝေါဟာရလည်း ကြွယ်ဝလာမှာ ဖြစ်ပါတယ်။လေ့လာမှုအရ ကာတွန်းကားကြည့်တဲ့ ကလေးလေးတွေက ကာတွန်းကားမကြည့်တဲ့ ကလေးလေးတွေထက် အာရုံစူးစိုက်နိုင်စွမ်းပိုများကြတယ်လို့ သိရပါတယ်။ ကာတွန်းကားကြည့်တဲ့အခါ အချိတ်အဆက်တွေကို သိရအောင် အာရုံစိုက်ကြည့်ရှုတာကြောင့် ကလေးရဲ့ အာရုံစိုက်နိုင်စွမ်းက တိုးလာတာဖြစ်ပါတယ်။ဖျားနေတဲ့ ကလေးလေးကို ကာတွန်းကားပေးကြည့်တဲ့အခါ နာရီအနည်းငယ်ကြာလာရင် ကလေးငယ်ရဲ့ စိတ်ထဲမှာ နေမကောင်းတာကို မတွေးမိတော့ဘဲ ကာတွန်းကားထဲက အကြောင်းအရာတွေကို စိတ်ရောက်သွားပါလိမ့်မယ်။ ဒီလိုမျိုးစိတ်က ဖျားနာခံစားနေရမှုအပေါ်မှာ အာရုံမရှိတော့တဲ့အခါ နေရထိုင်ရကောင်းလာစေမှာပါ။ ကလေးကို အာရုံပြောင်းပေးလိုက်တဲ့သဘောပါ။ကာတွန်းကားတွေကရယ်မောပြီး စိတ်ပျော်ရွှင်ရစေတာကြောင့် ကာတွန်းကား ကြည့်သူတွေမှာ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ နှလုံးရောဂါလိုမျိုးဝေဒနာတွေဖြစ်နိုင်ခြေကိုလျော့နည်းစေပါတယ်။ ကာတွန်းကားကြိုက်တဲ့ လူကြီးတွေက ကလေးငယ်တွေနဲ့ ပိုပြီးကောင်းကောင်းမွန်မွန် ဆက်ဆံနိုင်သလို ပြဿနာတွေကိုလည်း ထိထိရောက်ရောက်ဖြေရှင်းနိုင်တယ်လို့ လေ့လာမှုတွေအရသိရပါတယ်။အခုလောက်ဆိုရင်တော့ ဘာကြောင့် ကာတွန်းကားကြည့်တာကောင်းတယ်လို့ပြောရလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။ စိတ်ညစ်စရာကင်းတဲ့ ဘဝနေထိုင်မှုကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/benefits-of-watching-cartoons/
REM sleep behavior disorder (REM အချိန် အိပ်မက်ယောင်ပြီး လှုပ်ရှားခြင်း )
အိပ်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ REM, rapid eye movement အချိန်မှာ မျက်လုံးဟာ အလျင်အမြန်ရွေ့လျားပြီး အသက်ရှူမမှန်တာ၊ သွေးပေါင်တက်တာနဲ့ ကြွက်သားများအားလျော့တာတွေ ဖြစ်လာပါတယ်။ သို့သော် ဦးနှောက်ကတော့ တက်ကြွနေပြီး REM အချိန်မှာ ဦးနှောက်အလုပ်လုပ်ပုံကို EEG နဲ့ မှတ်တမ်းတင်ကြည့်လျှင် နိုးနေချိန်နဲ့ ဆင်တူနေတာကို တွေ့ရပါတယ်။ အများအားဖြင့် REM အချိန်မှာ အိပ်မက်မက်တတ်ပါတယ်။ အိပ်ချိန်စုစုပေါင်းရဲ့ ၂၀-၂၅%ဟာ REM ဖြစ်ပါတယ်။REM အချိန် အိပ်မက်ယောင်ပြီး လှုပ်ရှားခြင်း (RBD)မှာ ပုံမှန် REM အချိန်မှာ ဖြစ်တတ်တဲ့ ကြွက်သားအားလျော့ခြင်း မရှိတဲ့အတွက် ထိုလူမှာ အိပ်မက်ထဲကအတိုင်း လှုပ်ရှားမှုတွေကို အပြင်မှာ ပြုလုပ်မိတာ ဖြစ်ပါတယ်။ RBD မှာ ထင်ထင်ရှားရှားဖြစ်တဲ့ ပြင်းထန်တဲ့ ကြမ်းတမ်းတဲ့ အိပ်မက်တွေအတိုင်း လှုပ်ရှားမိတတ်ပါတယ်။ အိပ်မက်ထဲကအတိုင်း စကားပြောခြင်း၊ အော်ခြင်း၊ ထိုးနှက်ခြင်း၊ ကန်ကျောက်ခြင်း၊ ထိုင်ခြင်း၊ အိပ်ရာထဲမှ ခုန်ထွက်ခြင်း၊ လက်လွှဲခြင်း၊ ဆုပ်ကိုင်ခြင်းတို့ လုပ်တတ်ပါတယ်။ အရက်/ အိပ်ဆေးများ ပြတ်စအချိန်မှာ ဒီလို ရုတ်တရက် ဖြစ်တတ်ပါတယ်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။REM အချိန်အိပ်မက်ယောင်ပြီး လှုပ်ရှားခြင်း ရဲ့ အဖြစ်အများဆုံးလက္ခဏာတွေကတော့။အိပ်ရာမှနိုးသည့်တိုင် အိပ်မက်ကို အသေးစိတ်မှတ်မိနေပါလိမ့်မယ်။ အိပ်နေစဉ် လုပ်ခဲ့တာတွေနဲ့ ကိုက်ညီနေတာကို တွေ့ရပါမယ်။ ဥပမာ အိပ်မက်ထဲမှာ သင့်နောက်ကို တစ်ယောက်ယောက်က လိုက်နေလျှင် သင်က အိပ်ရာထဲက ခုန်ထွက်ပြီး ထွက်ပြေးတာမျိုး ဖြစ်တတ်ပါတယ်။အများစုမှာတော့ RBD တွေဟာ အိပ်ပျော်ပြီး အနည်းဆုံး ၉၀မိနစ်အကြာမှာ ဖြစ်တတ်ပါတယ်။ အချို့လူတွေမှာ ဒီထက်နောက်ကျမှလည်း ဖြစ်နိုင်ပါတယ်။ တစ်ညကို လေးကြိမ်လောက်အထိ ဖြစ်နိုင်ပါတယ်။ ဒီထက်နည်းပြီးလည်း ဖြစ်နိုင်ပါတယ်။အိပ်မက်ယောင်ပြီးလမ်းလျှောက်ခြင်းဟာ RBD နဲ့ မတူပါ။ အိပ်မက်ယောင်ပြီး လမ်းလျှောက်ခြင်းမှာ RBD လို လှုပ်ရှားမှုတွေ ရှိနိုင်ပေမယ့် RBD ထက် နှိုးရပိုခက်ပါတယ်။ နိုးလာလျှင်လည်း စိတ်ရှုပ်ထွေးနေပြီး အိပ်မက်ကို မမှတ်မိဘဲ ဖြစ်နေတတ်ပါတယ်။ သင်ဟာ အိပ်ပျော်နေစဉ် မျက်လုံးပွင့်လျက်နဲ့ လမ်းလျှောက်၊ အခန်းပြင်ထွက်၊ စားသောက်၊ လိင်မှုကိစ္စများပြုလုပ်၊ အိမ်သာတက် စသဖြင့် လုပ်နိုင်တယ်ဆိုလျှင် အိပ်မက်ယောင်ပြီး လမ်းလျှောက်ခြင်းဖြစ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။သင်အိပ်နေစဉ်မှာ non REM နဲ့ REMဆိုတဲ့ အဆင့်နှစ်ခု ခန္ဓါကိုယ်မှာ ဖြစ်နေပါတယ်။ REM အဆင့်ဟာ အိပ်မက်နဲ့သက်ဆိုင်ပြီး အိပ်စက်ခြင်းရဲ့ အရေးပါတဲ့ အဆင့်ဖြစ်ပါတယ်။ တစ်ညကို မိနစ်၉၀မှ ၂နာရီအထိ ရှိနိုင်ပါတယ်။ပုံမှန် REM အချိန် အိပ်မက်မက်နေချိန်မှာ ကြွက်သားတွေဟာ ယာယီ မလှုပ်ရှားနိုင်ဖြစ်နေပါတယ်။ အချို့လူတွေမှာ ခန္ဓါကိုယ်ကို ငြိမ်သက်စေပြီး ဦးနှောက်ကို တက်ကြွလှုပ်ရှားနေစေတဲ့ ဓါတုပစ္စည်းတွေ ကောင်းစွာအလုပ်မလုပ်တဲံအတွက် အိပ်မက်ယောင်လမ်းလျှောက်ခြင်း၊ အအိပ်လွန်ခြင်းနဲ့ RBD စတဲ့ ပြဿနာများ ဖြစ်လာစေပါတယ်။ RBD ဖြစ်လျှင် ပုံမှန်ဖြစ်သင့်တဲ့ ကြွက်သားတွေဟာ ယာယီ မလှုပ်ရှားနိုင်ခြင်း မရှိတော့ပါ။ ဒါ့ကြောင့် သင့်ခန္ဓါကိုယ်ကို အိပ်မက်အတိုင်း လှုပ်ရှားစေတာ ဖြစ်ပါတယ်။ စကားပြောခြင်း၊ ကြွက်သားလှုပ်ခြင်းစတဲ့ အသေးစားလှုပ်ရှားမှုများက စပြီး ခုန်ခြင်း၊ ကန်ခြင်းစတဲ့ လှုပ်ရှားမှုကြီးတွေအထိ ဖြစ်သွားနိုင်ပါတယ်။ ဒီလိုဖြစ်လျှင် သင်ကိုယ်တိုင်ရော အတူအိပ်သူကိုပါ ထိခိုက်နိုင်ပါတယ်။National sleep foundation အရ အမျိုးသားများမှာ အမျိုးသမီးများထက် ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပေမယ့် အသက်၅၀ကျော်လျှင် ပိုဖြစ်ပါတယ်။ အိပ်မက်ယောင်ပြီး လှုပ်ရှားခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့ အကြောင်းရင်းတွေကတော့ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာရောဂါများဖြစ်တဲ့ ပါကင်ဆွန်ရောဂါနဲ့ multiple system atrophy တို့ဖြစ်ပါတယ်။ ဒုတိယရောဂါဟာ ပါကင်ဆွန်နဲ့တူပေမယ့် ပျက်စီးမှုပိုများပါတယ်။သင့်မှာRBD ရှိလျှင်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဒီအခြေအနေကို အတည်ပြုဖို့ အိပ်စက်ခြင်းအထူးပြု ပညာရှင်နဲ့ ဆွေးနွေးဖို့ လိုပါတယ်။ သင့်ဆရာဝန်က ရောဂါရာဇဝင်ယူခြင်း၊ အာရုံကြောစနစ် စစ်ဆေးခြင်းတို့ ပြုလုပ်ပါမယ်။ ပိုပြီး ပြည့်ပြည့်စုံစုံစစ်ဆေးနိုင်ဖို့ အာရုံကြောအထူးကုထံ လွှဲနိုင်ပါတယ်။သင့်အိပ်စက်တဲ့ ပုံသဏ္ဍာန်ကို သိစေဖို့ အိပ်စက်ခြင်းမှတ်တမ်း ထားရှိရပါတယ်။ Epworth sleepiness scale ဖောင်ကိုလည်း ဖြည့်ခိုင်းပါမယ်။ ဒီတိုင်းတာမှုကနေ သင့်ရဲ့အိပ်စက်မှု ပုံသဏ္ဍာန်က နေ့စဉ်ဘဝကို ဘယ်လောက်အနှောက်အယှက်ပေးနေလဲ သိစေနိုင်ပါတယ်။သင့်ကို အိပ်စက်နေစဉ် တစ်ညကြာလေ့လာမှုများလည်း ပြုလုပ်နိုင်ပါတယ်။ သင့်နှလုံးခုန်နှုန်း၊ ဦးနှောက်လှိုင်းများနဲ့ အသက်ရှူခြင်းကို စောင့်ကြည့်ဖို့ ဓါတ်ခွဲခန်းတစ်ခုထဲမှာ အိပ်စက်ရမှာ ဖြစ်ပါတယ်။ ဒီစောင့်ကြည့်မှုများမှ သင့်ရဲ့အိပ်စက်မှု အဆင့်များ၊ တစ်ညလုံး လှုပ်ရှားနေပုံများနဲ့ အိပ်စက်ခြင်းကို နှောင့်ယှက်နေတဲ့ အခြားရောဂါများရှိမရှိ သိနိုင်ပါတယ်။အများစုမှာ ဆေးနဲ့ အောင်မြင်စွာ ကုသနိုင်ပါတယ်။ clonazepam ဟာ အသုံးများဆုံးဆေး ဖြစ်ပါတယ်။ သင့်ဆရာဝန်က ရောဂါလက္ခဏာများ သက်သာစေဖို့ ဖြည့်စွက်အာဟာရဖြစ်တဲ့ melatonin ကိုလည်း ညွှန်းနိုင်ပါတယ်။ ဆရာဝန်နဲ့ ဆွေးနွေးပြီး သင့်အတွက်အကောင်းဆုံးဆေးကို သိရှိနိုင်ပါတယ်။ သင်ကိုယ်တိုင်နဲ့ အတူအိပ်တဲ့သူကိုပါ ကာကွယ်ဖို့ အောက်ပါနည်းလမ်းများအတိုင်း ပြုလုပ်နိုင်ပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက REMအချိန်အိပ်မက်ယောင်ပြီး လှုပ်ရှားခြင်း ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် REM အချိန်အိပ်မက်ယောင်ပြီး လှုပ်ရှားခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/rem-sleep-behavior-disorder-rem-%e1%80%a1%e1%80%81%e1%80%ba%e1%80%ad%e1%80%94%e1%80%b9-%e1%80%a1%e1%80%ad%e1%80%95%e1%80%b9%e1%80%99%e1%80%80%e1%80%b9%e1%80%b1%e1%80%9a%e1%80%ac%e1%80%84%e1%80%b9/
မိဘများအတွက်လမ်းညွှန် - အစာဓါတ်မတည့်မှု ရှောင်ကြဉ်နိုင်ရန် စာရင်းပြုလုပ်ခြင်း
မိဘတယောက်အနေနဲ့ မိမိကလေးကို ဘယ်အရွယ်ရောက်ရောက် အမြဲစိတ်ပူနေတတ်ပါတယ်။ မိမိကလးမှာ အစာမတည့်တာမျိုးရှိရင် ပိုပြီး ကြောက်ရွံ့စိုးရိမ်တတ်လေ့ရှိပါတယ်။ များသောအားဖြင့် လူတိုင်းဟာ မိမိမထိန်းချုပ်နိုင်တဲ့အရာတွေကို စိုးရွံ့တတ်ကြပါတယ်။ အထူးသဖြင့် မိမိရဲ့ကလေးတွေဟာ အစားမတည့်တဲ့ ပြဿနာကြီးကြီးမားမားရှိရင် ဒီသဘောဟာ ပိုမှန်ကန်တတ်ပါတယ်။ သင့်ရဲ့ကလေးဟာ ကျောင်းအစီအစဉ်နဲ့ ခရီးထွက်နေရင်၊ ဒါမှမဟုတ် သူငယ်ချင်းတယောက်အိမ်ကို ညဘက်သွားလည်နေရင်၊ ဒါမှမဟုတ် အတန်းဖော်တယောက်ရဲ့ မွေးနေ့ပွဲကိုသွားတယ်ဆိုရင် သူ့မှာ အစာပြဿနာရှိမှန်းမသိတဲ့ လူကြီးတွေကြားထဲ ရောက်နေနိုင်ပါတယ်။ဒါဟာ အသက်အန္တရာယ်နဲ့ဆိုင်တဲ့အတွက် ကြောက်စရာကောင်းပါတယ်။ ဒါကြောင့်မို့ သင့်ရဲ့ကလေးကို သူ့ကိုယ်သူဘယ်လိုဂရုစိုက်မလဲဆိုတာ သင်ကြားပေးဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ကလေးဟာ သူ့ရဲ့ဓါတ်မတည့်ဖြစ်တတ်ပုံကို လူကြီးတွေကို ပြောပြတတ်ဖို့၊ မစားခင်မှာ မေးစမ်းတတ်ဖို့ကို ငယ်ရွယ်စဉ်ကတည်းက စသင်ပေးထားရပါမယ်။ တဖြည်းဖြည်းကြီးပြင်းလာတာနဲ့အမျှ သူ့ပြသနာကို ဘယ်လိုကာကွယ်မလဲဆိုတာ နောက်ထပ်သိသင့်တာတွေ သင်ပေးရပါမယ်။အခုဖော်ပြပါအချက်တွေကတော့ သင့်ကလေးရဲ့ အစာမတည့်မှုပြဿနာကို ဖြေရှင်းဖို့ အထောက်အကူုပြုနိုင်ပါတယ်။သင့်ရဲ့ကလေးဟာ သူ့ကိုကျွေးမွေးနေတဲ့ လူကြီးတွေနဲ့ ဆက်သွယ်မှုမပြုနိုင်သေးလောက်အောင် ငယ်လွန်းတယ်မထင်စေလိုပါ။ မူကြိုကလေးငယ်အရွယ်တွေတောင် သူတို့ဖာသာ ဂရုစိုက်နိုင်ပါတယ်။ ငယ်ရွယ်စဉ်ကပဲစပြီး သူ့ရဲ့ဓါတ်မတည့်မှုအကြောင်းကို ရှင်းပြပေးရပါမယ်။ အစာတမျိုးမျိုးမှာ မတည့်တာတမျိုးမျိုးပါနေရင် မစားစေရပါ (ဥပမာ- ပြောင်းဖူးနဲ့ ဓါတ်မတည့်ခဲ့ရင် စက္ကူဘူးနဲ့လာတဲ့ဖျော်ရည်တွေလည်း မသောက်မိအောင် သင်ထားရပါမယ်။ အဲဒီစက္ကူဘူးဖျော်ရည်တွေမှာ ပြောင်းဖူးကိုချိုအောင်ရောစပ်ထားတဲ့ အရည်တွေ ပါဝင်လို့ဖြစ်ပါတယ်) တကယ်လို့ မိမိကလေးဟာ သူတခုခုကိုစားမိရင် ဓါတ်မတည့်ဖြစ်တတ်ကြောင်း နားလည်ဖို့ငယ်သေးရင် အဲဒီအစားအစာတွေကို ရောမစားမိပါစေနဲ့။သင့်ရဲ့ကလေး နေရာသစ်တခုကိုသွားရင် အဓိကကျတဲ့ လူကြီးတဦးဦးကိုရှာဖွေပြီး ဒီပြသနာကိုပြောပြတတ်ဖို့ သင်ကြားထားပါ။ တစ်ခါတလေမှာ သင့်ကလေးရဲ့ ကျန်းမာရေးအခြေအနေကို ဖော်ပြထားတဲ့ လက်ပတ် သို့ လည်ဆွဲတခုခုကို လုပ်ပေးထားတာဟာ အထောက်အကူဖြစ်ပါတယ်။ ဒါဆိုရင် လူကြီးများဟာ ကလေးကို ပိုသတိထားမိပြီး ဂရုစိုက်မှုပိုပေးနိုင်ပါတယ်။သင့်ရဲ့ကလေးဟာ တယောက်ယောက်ကျွေးတာကို မစားမိခင် သူနဲ့မတည့်တာတခုခုပါသလား မေးနိုင်အောင် သင်ကြားပေးထားပါ။တကယ်လို့ ကျွေးလာသူက မသိရင် သင့်ရဲ့ကလေးဟာ ယဉ်ကျေးစွာနဲ့ ငြင်းပယ်နိုင်အောင် ဒါမှမဟုတ် တခြားသိသူတယောက်ယောက်ကို မေးနိုင်အောင် သင်ထားရပါမယ်။ အကယ်၍ သူ့ကိုကျွေးလာတဲ့အစားအစာဟာ ဓါတ်မတည့်မှုဖြစ်နိုင်လို့ လက်ခံဖို့မဖြစ်ရင် ကလေးဆီမှာလည်း သူစားနိုင်တဲ့ အစားအစာပါအောင်တော့ သတိထားရပါမယ်။ ပိုကောင်းတာကတော့ သင့်ကလေးကို ကိုယ်တိုင်အစားအစာ ပြင်ဆင်ပေးလိုက်တာပါပဲ။ ဒါမှလည်း စိတ်ချလက်ချစားနိုင်သလို တခြားအစားအစာတွေ လိုက်စားနေမှာကိုလည်း ကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။ကြက်ဥတလုံးကို ကြက်ဥတလုံးလို့ပဲ မမြင်စေချင်ပါ။ သူ့မှာ lysozyme, mayonnaise, albumin, ovalbumin, meringue, meringue powder, surimi စတဲ့ အင်ဇိုင်းနဲ့ အာဟာရဓါတ်ပစ္စည်းတွေ ပါဝင်နေပါတယ်။ တကယ်လို့ သင့်ရဲ့ကလေးဟာ တချို့စာလုံးတွေကို သိမြင်မှတ်မိလာတဲ့အရွယ်ရောက်လာရင် သူ့ကို တခုခုမစားခင် မတည့်တာတွေပါသလား စစ်ဆေးနိုင်အောင် သင်ထားပေးပါ။ အစားအစာဓါတ်မတည့်မှုအသိပေးရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၀၄) ကို ကျေးဇူးတင်ရမှာကတော့ ကုမ္ပဏီတွေဟာ သူတို့ရဲ့ အစားအစာအဖော်ယမကာတွေမှာ ဓါတ်မတည့်မှု အများဆုံးဖြစ်စေတဲ့ ပစ္စည်း ၈မျိုးထဲက တခုခုပါဝင်သလားဆိုတာ ဖွင့်ဟကြေငြာရတာပါပဲ။ အဲဒီ ၈မျိုးကတော့ နို့၊ ဥအမျိုးမျိုး၊ ကျောက်ပုစွန်နဲ့ ဂဏန်း၊ အခွံမာသီး၊ ပဲနဲ့ ပဲပိစပ်တို့ပဲ ဖြစ်ပါတယ်။ အစာမတည့်မှုဖြစ်ခြင်းရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကျော်ဟာ ၎င်း ၈မျိုးကြောင့်ဖြစ်ပါတယ်။ဒါပေမယ့် ဓါတ်မတည့်မှုဖြစ်စေတဲ့ အစားအစာအမျိုးပေါင်း ၁၆၀ ကျော်ဟာ အခြားသောနာမည်လွှဲတွေနဲ့ တံဆိပ်ကပ်ထားတာမို့ နားလည်သိရှိဖို့ ခက်ခဲပါတယ်။သင့်ရဲ့ကလေးကို အစားမတည့်တတ်တာဟာ ရှက်စရာကိစ္စမဟုတ်ကြောင်း၊ သူဘာစားမယ်ဆိုတာကို ဂရုစိုက်ဖို့သက်သက်ပဲဖြစ်ကြောင်း အသိပေးထားပါ။ သူ့အနေနဲ့ လူကြီးတွေနဲ့ တခြားကလေးတွေကို ဒီအကြောင်းပြောပြဖို့ ရှက်ရွံ့မနေသင့်ပါဘူး။ အဲဒီလိုနေထိုင်ခြင်းဟာ သူ့ကို အမြဲလုံခြုံပြီး ကျန်းမာစေဖို့ အထောက်အကူပြုတယ်ဆိုရင် အရေးပါတဲ့အရာပါပဲ။ ဒီအကြောင်းကို သူသိဖို့လည်း အရေးကြီးပါတယ်။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/food-allergies/%e1%80%99%e1%80%ad%e1%80%98%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%8a%e1%80%bd%e1%80%be%e1%80%94%e1%80%ba-%e1%80%a1/
null
null
health
health
https://hellosayarwon.com/health/general-health-knowledge/health-risks-of-high-humidity/
သနပ်ရွက် နဲ့ ကျန်းမာရေး
သနပ်ရွက်လို့ ပြောလိုက်ရင်မန်ကျည်းရွက်နုနု၊ သနပ်ရွက် နုနုလေးကို ငါးလေးနဲ့ ချက်ထားတဲ့ ချဉ်ရည်ဟင်း ပူပူလေးကို ငပိထောင်းလေးနဲ့ တွဲဖက်စားတာကို ပြေးမြင်မယ် ထင်ပါတယ်။ ဒီလို မိုးဦးကျ လေဦးကျမှာ ထမင်းမြန်စေတဲ့ ဟင်းလျာလေး တစ်ခုဖြစ်တဲ့ သနပ်ရွက်ကကျန်းမာရေးကိုရော ဘယ်လိုမျိုး ထောက်ကူပေးနိုင်လဲဆိုတာကိုရော မသိချင်ဘူးလား။သိချင်တယ်ဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ကိုယ်တိုင် ဖတ်ကြည့်လိုက်နော်။သနပ်ရွက် ဆိုတာ သနပ်ပင်ရဲ့ အရွက်ပါ။ အပင်ကြီးမျိုးဖြစ်ပြီး အရိပ်ရပါတယ်။ အရွက်နုလေးတွေကို စားလို့ရပြီး အရွက်ရင့်တွေကို ဆေးပေါ့လိပ်လိပ်တဲ့နေရာမှာ အသုံးပြုကြပါတယ်။အရွက်က နုစဉ်မှာ ညိုတိုတိုလေးဖြစ်ပြီး ရင့်လာတာနဲ့ အမျှ အစိမ်းနုကနေ အစိမ်းရင့်ရင့် အထိ ဖြစ်လာပါတယ်။ ထိပ်ဖျားမှာ အဖူးလေးတွေပါတတ်ပါတယ်။သနပ်ရွက်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ထမင်းမြိန်စေနိုင်တဲ့ ရာသီစာ သနပ်ရွက်လေးက ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။သနပ်ရွက်က ချောင်းဆိုးတာကို သက်သာစေနိုင်သလို လည်ချောင်းနာတာ၊ လည်ချောင်း ယားယံတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေပြီး ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ပိုးကောင်ကိုက်တာ၊ ထိခိုက်ရှနာနဲ့ အခြားသော အရေပြားပြဿနာ အမျိုးမျိုးကို သက်သာစေဖို့ သနပ်ရွက်ကို စားပေးလို့ရသလို အရွက်ကို ကြိတ်ပြီး အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့လည်း ရပါတယ်။ အရေပြားရောဂါတွေ ကင်းဝေးစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ အနာကျက်စေနိုင်ပါတယ်။သနပ်ရွက်က ဓာတ်တိုးမှုတွေကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။သနပ်ရွက်က ဆီးရွှင်စေနိုင်သလို ဆီးချိုသက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဆီးချို ကာကွယ်ဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။သနပ်ရွက်က ခန္ဓာကိုယ်မှာ ပူလွန်းအေးလွန်းတာမျိုး မဖြစ်စေဖို့ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။သနပ်ရွက်က အသည်းကို သန့်စင်ပေးပြီး အသည်းကျန်းမာစေဖို့ လုပ်ဆောင်ပေးပါတယ်။ အသည်းရောဂါတွေ သက်သာစေဖို့  စားပေးလို့ ရပါတယ်။သနပ်ရွက်က ခံတွင်းထဲက အနာတွေကို သက်သာစေနိုင်သလို အစာအိမ်နဲ့ အူလမ်းကြောင်းထဲက အနာတွေကို သက်သာစေနိုင်ပါတယ်။အဆစ်ရောင်ရောဂါ၊ လေးဖက်နာနဲ့ ဂေါက်ရောဂါတွေကြောင့် အဆစ်နာတာတွေကို သက်သာစေဖို့အတွက်လည်း သနပ်ရွက်ကို စားပေးလို့ ရပါတယ်။ ဆေးဝါးတွေလို ထိထိရောက်ရောက် မသက်သာနိုင်ပေမယ့် အထိုက်အလျောက်တော့ သက်သာစေနိုင်ပါတယ်။ကဲ …… ထမင်းမြိန်စေတဲ့ သနပ်ရွက်လေးက အခုလို ဆေးဖက်ဝင်ပါတယ်။သနပ်ရွက်က ကျန်းမာရေးအတွက် အကျိုးများတယ်ဆိုပေမယ့် အစိမ်းမစားသင့်ပါဘူး။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/cordia-dichotoma-forst-benefits/
အားလပ်ရက်မှာ သာယာကြည်နူးစရာဖိုမကိစ္စဖြစ်အောင် ဘယ်လိုဆောင်ရွက်မလဲ
အားလပ်ရက်တွေဆိုတာ စုံတွဲတွေအတွက် ပျော်စရာအချိန်တွေပါ။ ဒါကြောင့် သင်နေရောင်ကာ ခရမ်တွေ၊ ရေကူးဘောင်းဘီတွေနဲ့ သဘက်တွေထည့်နေတာနဲ့အတူ ဒီတစ်ပတ်ရဲ့ အားလပ်ရက်မှာလိင်ကိစ္စသာယာမှု ဘယ်လိုလုပ်မလဲဆိုတာ ဖော်ပြပေးမယ့် ဒီဆောင်းပါးကို ကော်ပီလေးတော့ကူးယူထားသင့်ပါတယ်။အန္တရာယ်အကင်းဆုံးနည်းကို ရွေးလိုက်ကြရအောင်။ တကယ်လို့သင်က လိင်ကနေကူးစက်တဲ့ရောဂါတွေ (STDs) မကူးစက်နိုင်တာ ၁၀၀% မသေချာဘူးဆိုရငိ ကွန်ဒုံး ဆောင်ထားပါ။ ပြီးတော့ ကွန်ဒုံးဘယ်လောက်ရှိလဲ သိထားပါ။ ဒါမှမဟုတ်ရင်တော့ အစီအစဉ်မရှိဘဲ ကိုယ်ဝန်ရတာတွေဖြစ်သွားနိုင်တယ်။သင့်ဟော်တယ်ခန်းက တောက်ပြောင်သန့်ရှင်း ရိုမန်တစ်ဆန်ပြီး လိင်မှုကိစ္စလုပ်ဖို့ အဆင်ပြေနေပါစေ။ အသံလုံတဲ့ ဟော်တယ်အခန်းမျိုးကို ကြိုတင်ဘွတ်ကင်လုပ်ထားတာ ပိုကောင်းပါတယ်။Foreplay ဆိုတာ သင်အကျီချွတ်မချလိုက်ခင်က စပါတယ်။Foreplay ကလိင်ဆက်ဆံမှုကောင်းအောင်လုပ်မယ့် ပထမအဆင့်ဖြစ်ပါတယ်။ လိင်ဆက်ဆံတယ်ဆိုတာကလည်း လိင်မှုကိစ္စ ရဲ့ သေးငယ်တဲ့အစိတ်ပိုင်းလေးတစ်ခုသာဖြစ်ပါတယ်။ အိမ်ထောင်ပြုတဲ့အခါ ဒီထက်ပိုရင်းနီးအောင်နေစရာတွေအများကြီးရှိတဲ့အတွက် ဘာလို့ဒီတစ်ခုတည်းကိုပဲ အာရုံစိုက်နေမလဲ။ တွေးကြည့်ပါ။ သင်ဟာ လိင်ကိစ္စကို များများတွေးလေပိုလိုချင်လေဖြစ်တာပါပဲ။ စိတ်ကူးယဉ်အချစ်ဝတ္ထုတွေ ရုပ်ရှင်တွေကြည့်ပြီး ဒီကိစ္စကိုနားလည်အောင်လုပ်သင့်တယ်။ လိင်အကြောင်းပါတဲ့magazine တွေဖတ်တာကလဲကောင်းပါတယ်။– တီဗွီကိုပိတ်ပါ။ ဖယောင်းတိုင်လေးတွေထွန်းလိုက်ပါ။– ဒုတိယအနေနဲ့ ဝိုင်တစ်ခွက်သောက်ပြီး ချောကလက်လေးစားပါ။– ပြီးတော့ လိင်ညှို့အားရှိတဲ့ အတွင်းခံလေးတွေဝတ်ဆင်ပါ။သင့်အနေနဲ့ ခရီးသွား ဓာတ်ပုံတွေဗီဒီယိုတွေ နောက်ပြီး အိမ်ပြန်ရောက်တာနဲ့ diary ရေးတာတွေလုပ်နိုင်တယ်။ ဒါမှသင်နဲ့သင့်ချစ်သူဟာ ဒီအားလပ်ရက်မှာ ဘယ်လိုကြည်နူးစရာအချိန်တွေ လုပ်ခဲ့လဲဆိုတာ သတိရတိုင်းပြန်ကြည့်လို့ရတာပေါ့။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/%e1%80%a1%e1%80%ac%e1%80%b8%e1%80%9c%e1%80%95%e1%80%ba%e1%80%9b%e1%80%80%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%9e%e1%80%ac%e1%80%9a%e1%80%ac%e1%80%80%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%b0/
ချောဆီ နှင့် ပတ်သတ်ပြီး သိထားသင့်သော အချက်၆ချက်
ချောဆီ ဆိုတာ လိင်ဆံဆက်ဆံခြင်းကို သက်သောင့်သက်သာနဲ့ ချောမွတ်နေအောင် လုပ်ပေးတဲ့ အရာပါ။ အထူးသဖြင့် လိင်ဆက်ဆံချင်စိတ် ဖြစ်လာပေမယ့်လည်း မအင်္ဂါ မစိုစွတ်နိုင်တဲ့ သူတွေအတွက်ပေါ့။ ဒါ့အပြင် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ ကွန်ဒုံးသုံးတဲ့အခါမှာလည်း ချောဆီက လွယ်လွယ်ကူကူနဲ့ ဆက်ဆံနိုင်စေပြီး ခံစားမှုအပြည့် ရနိုင်အောင် ကူညီပေးမှာပါ။ချောဆီတွေမှာ ဂျယ်ပုံစံနဲ့ အရည်ပုံစံ ဆိုပြီး ရှိပါတယ်။ ချောဆီကို လိင်မဆက်ဆံမီ မိန်းမအင်္ဂါအတွင်းအပြင်နဲ့ လိင်တံတို့ မှာ သုတ်လိမ်းကြပါတယ်။ ပြီးနောက်မှာ အရေပြားက စုပ်ယူသွားပါတယ်။ ရေအခြေခံ၊ အဆီအခြေခံနဲ့ ဆီလီကွန်အခြေခံဆိုပြီး ချောဆီသုံးမျိုးရှိပါတယ်။ရေအခြေခံ၊ ဆီလီကွန်အခြေခံကတော့ အခြေအနေ တော်တော်များများအတွက် အသုံးတည့်ပြီး အဆီအခြေခံကတော့ ကွန်ဒုံးနဲ့တွဲသုံးမယ်ဆိုရင်တော့ အဆင်မပြေပါဘူး။ချောဆီ မရှိတဲ့အခါမှာ တချို့လူတွေက တခြားပစ္စည်းတွေကို အသုံးပြုကြပါတယ်။ အလှဆီ၊ ကလေးလိမ်းဆီနဲ့ အချို့သဘာဝအဆီ ( အုန်းဆီ၊ သံလွင်ဆီ) တို့က ချောဆီနဲ့ ဆင်တူတဲ့ အဆီတွေပါ။ ဒါပေမဲ့လည်း ချောဆီနေရာမှာ ဒီအဆီတွေကို အစားထိုးလို့ မရနိုင်ပါဘူး။ ဒါတွေကကွန်ဒုံးတွေကို ပေါက်ပြဲစေနိုင်ပါတယ်။ ဒါ့အပြင် မသင့်တော်တဲ့အဆီတွေ သုံးမယ်ဆိုရင် မွေးလမ်းကြောင်းပိုးဝင်တာတွေ ဖြစ်စေနိုင်ပါတယ်။အများဆုံးအသုံးပြုနေတဲ့ ချောဆီတွေမှာ benzocaine ၊ ထုံဆေး၊ capsaicin နဲ့ menthol (ပရုတ်တစ်မျိုး) တို့ ပါဝင်ပါတယ်။ ဒါတွေကသုက်လွှတ်မြန်တဲ့အမျိုးသားတွေအတွက် ထုတ်ထားတာတွေပါ။ အဲဒီ ဓာတုဒြပ်ပေါင်းတွေက တချို့အသုံးပြုသူကို စပ်ဖျင်းဖျင်းနဲ့ ဓာတ်မတည့်တာတွေ ဖြစ်စေတတ်ပါတယ်။ဒါ့ပြင် အမွှေးနံ့ထည့်သွင်းထားတဲ့ ချောဆီတွေက အထိအခိုက်မခံတဲ့ အရေပြားပိုင်ရှင်တွေမှာဆိုရင် ဓာတ်မတည့်တာတွေ ဖြစ်စေနိုင်မှာပါ။ Parabens( methyl-, butyl-, ethyl- နဲ့ propyl- parabens များ ) ကတော့ ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ချောဆီဝယ်တဲ့အခါ ပါဝင်ပစ္စည်းတွေကို စစ်ဆေးသင့်ပါတယ်။သဘာဝချောဆီဆိုတာ ချောဆီ တွေမှာပါတဲ့ ဓာတုဒြပ်ပေါင်းတွေနဲ့ ဓာတ်မတည့်တဲ့လူတွေအတွက် ထုတ်ထားတာပါ။ ဗီတာမင်အီးနဲ့ ရှားစောင်းလက်ပပ်တွေ ပါဝင်တဲ့ ချောဆီတွေပဲ ဖြစ်ပါတယ်။ သဘာဝချောဆီအားလုံးထဲမှာတော့ ရှားစောင်းလက်ပပ်ပါတဲ့ ချောဆီဟာ အဆင်ပြေဆုံးပါ။ ဘာလို့လဲဆိုတော့ သူ့ကိုသုံးမယ်ဆိုရင် ဓာတ်မတည့်တာတွေ သိပ်မရှိလို့ပါတဲ့။ ဒါ့အပြင် သဘာဝချောဆီတွေကို ကွန်ဒုံးနဲ့ သုံးမယ်ဆိုရင် အဆင်ပြေမပြေ စမ်းကြည့်သင့်ပါတယ်။မလိုချင်တဲ့ ကိုယ်ဝန်မရဖို့သုက်ပိုးသတ်ဆေးပါတဲ့ ချောဆီတွေဟာ သိပ်ကောင်းတဲ့ ရွေးချယ်မှုပါ။ ဒါပေမဲ့လည်း သုက်ပိုးသတ်ဆေးမှာ ယားယံနာကျင်ခြင်းနဲ့ မသက်မသာ ဖြစ်စေတဲ့ nonoxynol-9 ဒြပ်ပေါင်း ပါဝင်ပါတယ်။ ဒါ့အပြင် သုက်ပိုးသတ်ဆေးက အရေပြားပေါက်ပြဲရာတွေကို ပိုဆိုးစေတဲ့အတွက် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်နိုင်ခြေကို များလာစေပါတယ်။ဒါကြောင့် ကွန်ဒုံးနဲ့ ချောဆီ တွဲသုံးခြင်းက ကိုယ်ဝန်မရစေဖို့နဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။အရသာသွင်းထားတဲ့ ကွန်ဒုံးတွေလိုပါပဲ။ အရသာသွင်းထားတဲ့ ချောဆီတွေဟာ ပါးစပ်ဖြင့် လိင်ဆက်ဆံရာမှာ တစ်မူထူးခြားစေဖို့ အတွက် အသုံးပြုပါတယ်။ တချို့မိန်းမတွေဟာ ပါးစပ်ဖြင့် လိင်ဆက်ဆံဖို့ကို သူတို့အနံ့တွေနဲ့ ရှက်တာကြောင့် မဆက်ဆံရဲကြပါဘူး။ အဲဒီလိုအခြေအနေမျိုးမှာ အရသာသွင်းထားတဲ့ ချောဆီက ကူညီပေးပါတယ်။ ဒါပေမဲ့လည်း ကိုယ်မကြိုက်တဲ့ အရသာတွေ မဖြစ်ရအောင် သေချာဂရုစိုက် သင့်ပါတယ်။ ဥပမာအားဖြင့် ဒူးရင်းအရသာမျိုးတွေပေါ့။ ဒါ့ပြင် ဆီးချိုဖြစ်နေတဲ့ လူတွေလည်း သကြားပါသော ချောဆီတွေကို ရှောင်ရှားသင့်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/6-facts-about-lubricants/
null
null
health
health
https://hellosayarwon.com/health/general-health-knowledge/monsoon-pet-care-guide-for-dogs-and-cats/
ကလေးတွေမှာ ပွန်းပဲ့ပြတ်ရှ ဒဏ်ရာ တွေရခဲ့ရင်ဘာလုပ်ကြမလဲ။
ကလေးငယ်လေးတွေဟာ မသိ၊ မတတ်သေးတဲ့ အရွယ်လေးတွေမို့မတော်တဆထိခိုက်လွယ်၊ ရှလွယ်တဲ့ သူလေးတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိခင်တစ်ယောက်အနေနဲ့ ကလေးငယ်လေးတွေမှာ အဖြစ်များတဲ့ ပွန်းပဲ့ပြတ်ရှဒဏ်ရာလေးတွေရလာခဲ့ရင် ဘာတွေလုပ်ဆောင်သင့်တယ် ဆိုတာလေးတွေကို သိထားဖို့ လိုအပ်ပါတယ်။ အချို့သော ဒဏ်ရာတွေက ဆေးရုံသွားဖို့၊ အရေးပေါ်ကုသဖို့ လိုနိုင်ပေမယ့် အချို့ဒဏ်ရာတွေကတော့ အိမ်မှာပဲရှေးဦးပြုစုနည်းလေးတွေနဲ့ သေသေချာချာကုသရင် လုံလောက်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ ဘယ်လို ပြတ်ရှ ဒဏ်ရာမျိုးဆို ဆေးရုံသွားသင့်တယ်၊ ဘယ်လို ဒဏ်ရာမျိုးဆို ဘာတွေ လုပ်မယ် ဆိုတဲ့ အခြေခံလေးတွေကို မျှဝေပေးသွားပါမယ်။၁။ ကလေးငယ်ရဲ့ ဒဏ်ရာကို မကိုင်တွယ်ခင်လက်ဆေးပါ (သို့) ပိုးသတ်ထားတဲ့ လက်အိတ်မျိုး အသုံးပြုပါ။ဒီအချက်လေးက အရေးကြီးပါတယ်။ မိခင်တွေက ကလေးလေးတစ်ခုခုဖြစ်တဲ့အခါမှာ အစိုးရိမ်လွန်ပြီး အမြန်လုပ်ပေးချင်ဇောနဲ့ သွားကိုင်ကြည့်မိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲဒီအခါမှာ ကိုယ့်လက်ကပိုးတွေနဲ့ ကလေးရဲ့ အနာကို ပိုဆိုးသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် မိမိကလေးမှာ ပြတ်ရှဒဏ်ရာတစ်ခုခု ရလာခဲ့ရင် ဒဏ်ရာကို မကိုင်ခင် လက်ကို စင်ကြယ်အောင် ဆေးဖို့ (သို့) ပိုးသတ်ထားတဲ့ လက်အိတ်ကလေး ဝတ်ဖို့ မမေ့ကြပါနဲ့နော်။၂။ ဒဏ်ရာကို သန့်ရှင်းရေးလုပ်ပေးပါ။ဒဏ်ရာကို သန့်ရှင်းတဲ့ ရေနဲ့ သေသေချာချာဆေးပေး ရပါမယ်။ အထူးသဖြင့် အမှိုက်တွေ၊ ပေကျံနေတာတွေ ရှိတဲ့အခါ အားလုံးစင်ကြယ်သွားတဲ့အထိ ဆေးကြောပေးဖို့ လိုအပ်ပါတယ်။၃။ သွေးထွက်နေရင် သွေးတိတ်အောင်လုပ်ပါ။ဒဏ်ရာကိုပတ်တီးစ(သို့) သန့်စင်တဲ့ အဝတ်စလေးနဲ့ အုပ်ပြီးသွေးတိတ်အောင် ဖိထားပေးရပါမယ်။ အဲဒီ ပထမ အသုံးပြုထားတဲ့ ပတ်တီးစ (သို့) အဝတ်က သွေးတွေပြည့်သွားပြီဆိုရင်လည်း မဖယ်လိုက်ဘဲ နောက်ထပ်တစ်ခု ထပ်အုပ်ပြီး ဖိထားပေးပါ။ မိနစ်အနည်းငယ်အကြာ သွေးတိတ်တဲ့အထိ ဆက်တိုက်လေးဖိထားပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် သွေးထွက်နေတဲ့ ဒဏ်ရာက ခြေထောက်၊ လက် စတဲ့နေရာတွေမှာဆိုရင် ဖြစ်တဲ့ဘက်ကို အနည်းငယ်မြှောက်ထားခြင်းဖြင့် သွေးတိတ်အောင် အကူညီပေးနိုင်ပါတယ်။၄။ ပိုးသတ်ဆေးလိမ်းပေးပါ။သန့်ရှင်းပြီး သွေးတိတ်သွားပြီဆိုရင်တော့ ဒဏ်ရာလေးကိုပိုးသတ်ဆေးပါတဲ့ ointment လေးလိမ်းပေးနိုင်ပါတယ်။၄။အနာကျက်အောင် ကူညီပေးပါ။၅။ စောင့်ကြည့်ပါ။ပြတ်ရှဒဏ်ရာလေးကိုပြည်တည်ခြင်း၊ ရောင်ရမ်းလာခြင်း စတဲ့ ပိုးဝင်တဲ့ လက္ခဏာတွေ ဖြစ်၊ မဖြစ် မျက်ခြေမပြတ် စောင့်ကြည့်နေဖို့လည်း အရေးကြီးပါတယ်။၁။ သွေးထွက်အရမ်းများနေရင်။၂။ ဖိထားပြီး ၁၀မိနစ်နေလို့မှ သွေးမတိတ်ဘူးဆိုရင်။၃။ ဒဏ်ရာက အရမ်းနက်နေရင်။၄။ ထိခိုက်မိတဲ့နေရာကနေ သွေးတွေ စိမ့်ထွက်လာတာမျိုး မဟုတ်ဘဲ ပန်းထွက်လာရင်။၅။ ပစ္စည်းတစ်ခုခုနဲ့ ထိခိုက်မိပြီး အဲဒီပစ္စည်းက အရေပြားကိုဖောက်ပြီး အတွင်းသို့ နစ်ဝင်နေရင်။၆။ ပြတ်ရှတဲ့နေရာက မျက်လုံး၊ ဦးခေါင်း၊ နှာခေါင်း စတဲ့ အန္တရာယ်ရှိတဲ့ နေရာဖြစ်နေရင်။စတဲ့ ဒဏ်ရာအမျိုးအစားတွေ ဆိုရင်တော့ နီးစပ်ရာ ဆေးရုံကိုအမြန်ဆုံးသွားပြီး ကုသမှုခံယူသင့်ပါတယ်။“ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်” ဆိုတဲ့ စကားလေးအတိုင်း ကလေးငယ်တွေကို ထိခိုက်ဒဏ်ရာမရအောင် ကြိုတင်နိုင်ဖို့အတွက် သူတို့ကို ထိခိုက်စေနိုင်တဲ့ ချွန်ထက်တဲ့အရာတွေ၊ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကို အနီးမှာ မထားဖို့၊ ကလေးကို သေသေချာချာ ကြည့်ရှုစောင့်ရှောက်ကြဖို့ နောက်ဆုံးအနေနဲ့ အကြံပြုချင်ပါတယ်။ရေးသားသူ- Khine Phoo Ngon။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%95%e1%80%bd%e1%80%94%e1%80%ba%e1%80%b8%e1%80%95%e1%80%b2%e1%80%b7%e1%80%95%e1%80%bc%e1%80%90%e1%80%ba/
ကိုယ်ဝန်ဆောင်စဉ် အစပ်စားလျှင် ဘာတွေဖြစ်လာနိုင်သလဲ
ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ထူးဆန်းသော ချင်ခြင်းတပ်မှုများ ရှိကြသည်။ သူတို့သည် စားနေကျ ချောကလက်၊ အိုက်စကရင်မ်လို့မုန့်မျိုးထက် အိမ်တွင်းသုံး ဆပ်ပြာကဲ့သို့သော ထူးဆန်းသော အရာများကို တောင့်တစိတ်ဖြစ်ကြသည်။ အငြင်းအပွားဆုံး ချင်ခြင်းတက်မှုများထဲမှ တစ်ခုကတော့ အစပ်စားလိုခြင်းပဲဖြစ်သည်။ လူအများက အစားအသောက် အစပ်များသည် သန္ဓေသားဖွံ့ဖြိုးမှုအတွက် မကောင်းဘူးဟု ဆိုကြသည်။ ဤအဆိုသည် တကယ်ကော မှန်ပါသလား။ကံကောင်းစွာပင် အစပ်စားခြင်းသည် ကလေးကို မထိခိုက်နိုင်ပါ။ စပ်သော အစားအစာသည် ကလေးဝမ်းဗိုက်ထဲမှာ ရှိစဉ် အရသာ ခံစားနိုင်သော အစားအစာအနည်းငယ်ထဲက တစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အစပ်ပမာဏ အနည်းငယ်သည် ရေမြွှာရေထဲသို့ ဖြတ်သန်းရောက်ရှိနိုင်သည်။ တကယ်တော့ သင့်ကလေးသည် ထိုအရသာ အပြောင်းအလဲကို ကြိုက်ကောင်းကြိုက်နိုင်သည်။မမွေးခင်နှင့် မွေးပြီးတွင် ကလေးကို မတူညီသော အရသာများကို ထိတွေ့ခံစားစေခြင်းသည် ကလေး အစာစားသောအရွယ်သို့ရောက်သောအခါ အစားချေးမများစေရန် ကူညီပေးသည်မှာ အထူးပြောရန်ပင်မလိုပါ။ ဖလော်ရီဒါ တက္ကသိုလ် အရသာ သုတေသန Linda Bartoshuk က အရသာများစွာကို ခံစားဖူးသော ကလေးသည် အရသာအသစ်များကို လက်ခံဖို့ ပိုမိုလိုလားသည်ကို တွေ့ရသည်ဟု ဆိုသည်။အကယ်၍ သင့်ကလေးသည် ဝမ်းဗိုက်တွင်းမှာ ရှိစဉ်ကတည်းက အရသာများစွာနှင် ရင်းနှီးပြီး ဖြစ်လျှင် ထိုအလေ့အကျင့်သည် ဘဝတစ်လျှောက် ရရှိသွားမည်ဖြစ်သည်။ အကယ်၍ သင်သည် သင့်ကလေးကို အခြားအစားအသောက်တွေနဲ့ မိတ်ဆက်ပေးဖို့စိတ်ဝင်စားလျှင် ရေမြွှာရေ (သို့) မိခင်နို့ ကို ဖြတ်သန်းရောက်ရှိနိုင်သော အစားအစာ အချို့ရှိပါသည်။ ၎င်းတို့မှာ မုန်လာဥ၊ ကြက်သွန်ဖြူ၊ ဗနီလာ (vanilla) ၊ စမုန်စပါး နှင့် ပင်စိမ်းတို့ဖြစ်ပါသည်။ယေဘုယျအားဖြင့် ကိုယ်ဝန်ဆောင်များသည် အစပ်ရှောင်သင့်သည်ဟု အများက ယုံကြည်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ခန္ဓါကိုယ်အပူချိန်သည် မြင့်မားပြီး အစပ်စားလျှင် ပိုပြီး အပူချိန်မြင့်မားစေသောကြောင့် ဖြစ်သည်။ အချို့ကလည်း အစပ်သည် အစာအိမ်ကို ညှစ်စေပြီး နေ့မစေ့လမစေ့မွေးခြင်း (သို့) ကိုယ်ဝန်ပျက်ကျခြင်းကို ဖြစ်စေသည်ဟု ဆိုသည်။သို့သော် ထိုအဆိုများကို ထောက်ခံသော သိပ္ပံနည်းကျ လေ့လာမှုများ မရှိပါ။ စပ်သော အစားအသောက်များကို ပုံမှန်စားသောက်နေသော အမျိုးသမီးများသည် (ဥပမာ။ ။ ထိုင်း၊ အိန္ဒိယ) ကိုယ်ဝန်ဆောင်စဉ်တွင် သူတို့ စားသောက်မှုပုံစံကို မပြောင်းလဲသော်လည်း အထက်ဖော်ပြပါ ပြဿနာများကို ကြုံတွေ့ရသော သတင်းပို့ချက် တစ်ခုမျှမရှိပါ။အစပ်သည် ကလေးကို မထိခိုက်စေသော်လည်း မိခင်ကိုတော့ မအီမသာဖြစ်စေနိုင်သည်။ ၎င်းသည် ရင်ပူခြင်း၊ စားချဉ့်ပြန်ခြင်း၏ အဖြစ်အများဆုံး အကြောင်းရင်းဖြစ်သည်။ ရင်ပူခြင်းသည် ကိုယ်ဝန်နောက်ဆုံးသုံးလတွင် အဖြစ်များဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကြီးထွားနေသော ကလေးသည် အစာအိမ်အတွင်းရှိ အက်ဆစ်များကို အစာမြိုပြွန်ထဲသို့ တွန်းတင်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုသို့ မခံစားရအောင် အစပ်ကို ရှောင်သင့်သည်။သုတေသန လေ့လာမှုများက အစပ်စားခြင်း၏ အကျိုးကျေးဇူးအချို့ကို သက်သေပြထားပါသည်။အစပ်စားခြင်းသည် သင့်ကို-။အကောင်းဆုံးကတော့ ကျန်းမာရေးနှင့်ညီညွှတ်သော အစားအသောက်ကို စားသုံးပြီး သင့်ကို မအီမသာ ဖြစ်စေသော အစားအသောက်များကို ရှောင်သင့်သည်။ အကယ်၍ သင်သည် တစ်စုံတစ်ရာ စိုးရိမ်ပူပန်မှုရှိလျှင် သင့်ဆရာဝန်နှင့် တိုင်ပင်ပြီး သင်နှင့် သင့်ကလေးအတွက် အကောင်းဆုံးအစားအသောက်ကို ရှာဖွေနိုင်ပါသည်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%89%e1%80%ba-%e1%80%a1%e1%80%85%e1%80%95%e1%80%ba%e1%80%85%e1%80%ac/
ဆီးချိုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲဝေဒနာတွေကို ကာကွယ်နိုင်စေဖို့ ဘဝနေထိုင်မှုပုံစံ
ဆီးချိုက ကမ္ဘာ့လူဦးရေ တော်တော်များများ ခံစားရတဲ့ ရောဂါ တစ်ခုပါ။ ဒီရောဂါက စစချင်းမှာ တစ်ယောက်တည်း လာတတ်ပေမယ့် အချိန် ကြာလာနဲ့အမျှတွေ့သမျှ ရောဂါတွေကို ဖိတ်ခေါ်တော့တာပါပဲ။ အချိန်ကြာလာတာနဲ့အမျှ ဆီးချိုကြောင့်ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေ များလာပါတယ်။ ဒီတစ်ခေါက်တော့ ဆီးချိုဝေဒနာ ခံစားနေရတဲ့ သူတွေအတွက် ဆီးချိုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲဝေဒနာတွေကို ကာကွယ်နိုင်စေဖို့ ဘဝနေထိုင်မှုပုံစံ ကို ပြောပြပေးချင်ပါတယ်။ဆီးချို သက်တမ်းရင့်လာတဲ့အခါဒီရောဂါတွေက မဖိတ်ခေါ်ဘဲ သူ့သဘောနဲ့ သူဝင်လာတတ်ပါတယ်။ဆီးချိုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲဝေဒနာတွေကို ကာကွယ်နိုင်စေဖို့။ကိုယ်အလေးချိန် ချပါ– ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာကသွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ အထောက်အကူပြု ပေးနိုင်ပါတယ်။ ဒါကြောင့် ပုံမှန် ကိုယ်အလေးချိန် ထိန်းဖို့ သတိထားပေးပါ။ပုံမှန်သွေးချို တိုင်းပါ-ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သွေးချိုကို ပုံမှန် တိုင်းတာပေးပါ။ အိမ်မှာ သွေးချိုတိုင်းစက်လေး ဝယ်ထားပြီး တိုင်းပေးလို့ ရသလို နီးစပ်ရာ ဆေးခန်းတွေ ဆေးဆိုင်တွေမှာ သွားရောက်ပြီး တိုင်းတာစစ်ဆေးလို့လည်း ရပါတယ်။ သွေးချို အရမ်းမြင့်နေရင် ထိန်းဖို့လိုအပ်ပါမယ်။ကာဗိုဟိုက်ဒရိတ်ကို စစ်ဆေးပါ– တစ်နေ့တာမှာ ကိုယ်အနေနဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏ ဘယ်လောက်ထိစားလိုက်လဲဆိုတာကို သိဖို့လိုအပ်သလို သတိထားဆင်ခြင်ဖို့လည်း လိုအပ်ပါမယ်။ ကာဗိုဟိုက်ဒရိတ်စားသုံးမှုကို ထိန်းနိုင်မှသွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်မှာပါ။ အစားစားတဲ့အခါ အဆီနည်းပြီး အမျှင်ဓာတ်များတဲ့ အစားအစာတွေကို အဓိကထားစားပေးပါ။အသီးအရွက်တွေ၊ပဲအမျိုးမျိုးနဲ့ အမျှင်ဓာတ်ပါဝင်မှုများတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို စားသုံးပေးပါ။သွေးပေါင်ချိန်ကိုထိန်းညှိပါ– ဆီးချိုရဲ့နောက်ဆက်တွဲအနေနဲ့နှလုံးရောဂါဝင်လာနိုင်တယ်ဆိုတာကို သိထားပြီးဖြစ်မှာပါ။ ဒါကြောင့် သွေးပေါင်ချိန်ကို မေ့ထားလို့မရပါဘူး။ အရိပ်တကြည့်ကြည့်နဲ့ကို စောင့်ကြည့်သင့်တာပါ။သွေးတိုးရောဂါခံစားနေရမယ်ဆိုရင်လည်း ဆရာဝန်နဲ့ သေချာလေးတိုင်ပင်ပြီး လိုအပ်တဲ့ ကုသမှုကိုခံယူဖို့ ပြောချင်ပါတယ်။သွေးတွင်းကိုလက်စထရောစစ်ဆေးပါ-သွေးတွင်းကိုလက်စထရောများတာက ရောဂါတွေကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းခံတစ်ခုပါ။ ဒါကြောင့် ပုံမှန်သွေးတွင်းကိုလက်စထရောပမာဏကို စစ်ဆေးဖို့ လိုပါမယ်နော်။ကိုယ်လက်လှုပ်ရှားမှုရှိပါစေ-နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလုပ်တာက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးရာရောက်သလို သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ သွေးပေါင်ချိန်နဲ့ သွေးတွင်းကိုလက်စထရောပမာဏကိုပါ ထိန်းညှိပေးနိုင်မှာပါ။ ပုံမှန်လမ်းလျှောက်တာဖြစ်ဖြစ် စက်ဘီးစီးတာမျိုးဖြစ်ဖြစ်လုပ်ပေးပါနော်။အိပ်ရေးဝပါစေ– အိပ်ရေးပျက်တဲ့အခါ ပိုစားမိနိုင်ပါတယ်။ ဒီလိုစားမိတာက ကိုယ်အလေးချိန်တက်လာစေနိုင်သလို သွေးတွင်းသကြားဓာတ်ကိုပါ တက်လာစေနိုင်ပါတယ်။ ဒီလိုစားသုံးမိမှုက နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ပြဿနာတွေ တော်တော်လေးများပါတယ်။ ဒါကြောင့် အိပ်ရေးဝဝအိပ်ပါ။ အိပ်ရေးဝတာက ကျန်းမာတဲ့ စားသောက်မှုပုံစံကိုရရှိစေနိုင်သလို သွေးတွင်းသကြားပမာဏကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။စိတ်ဖိစီးမှုကင်းနေအောင် ဂရုစိုက်ပါ– စိတ်ဖိစီးမှု နဲ့ ဆီးချိုက တွဲစပ်မထားသင့်တဲ့အရာတွေပါ။ စိတ်ဖိစီးမှုများလာတဲ့အခါ သွေးတွင်းသကြားဓာတ်က အလိုလိုတက်လာတာပါ။ ဒါကြောင့် စိတ်ဖိစီးမှုကင်းစေဖို့ တစ်ယောက်တည်း တိတ်ဆိတ်တဲ့နေရာမှာနေတာမျိုး၊ တရားထိုင်တာမျိုး၊ယောဂကစားတာမျိုးလုပ်ပေးပါ။ဆရာဝန်နဲ့ ပုံမှန်ပြသပေးပါ– ဆီးချိုအတွက် ဆရာဝန်နဲ့ ပုံမှန်ပြသပေးပါ။ တစ်ခုခုခံစားရတဲ့အခါမျိုးမှာ ဆရာဝန်နဲ့ သွားရောက်ဆွေးနွေးပြသတာမျိုးလုပ်ပေးပါ။ သွေးတိုး ပုံမှန်တိုင်းပေးပါ။ တစ်နှစ် တစ်ကြိမ် မျက်လုံးစစ်ဆေးပါ။ ကျောက်ကပ်စစ်ဆေးမှု၊ နှလုံးစစ်ဆေးမှု နဲ့ အာရုံကြောထိခိုက်မှုတွေရှိ၊ မရှိ စစ်ဆေးပေးပါ။ ခြေထောက်တွေကို သေချာစစ်ဆေးပေးပါ။နောက်ဆက်တွဲရောဂါတစ်ခုခုခံစားနေရတဲ့ လက္ခဏာတွေ့ရပြီဆိုတာနဲ့ ဆရာဝန်ကို ချက်ချင်းသွားပြပေးပါ။ဆေးပုံမှန်သောက်ပါ– ဆီးချိုနဲ့ တခြားရောဂါတွေအတွက်ပေးထားတဲ့ ဆေးတွေကို အချိန်မှန်မှန်၊ ပမာဏမှန်မှန်နဲ့ သေချာလေးသောက်ပေးပါ။နေ့တိုင်း အစားအသောက်အနေအထိုင်တွေကို သေချာဂရုစိုက်လို့ ပုံမှန်စစ်ဆေးမှုတွေလုပ်ပြီး ဆီးချိုကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲဝေဒနာတွေကို ကာကွယ်လိုက်ပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/ways-to-avoid-diabetes-complication/
Stress (ကြောင့်ကြဖိစီးစိတ်)
ကြောင့်ကြဖိစီးစိတ်ဟာ အန္တရာယ်ရှိတဲ့အခြေအနေတွေကို သဘာဝအလျောက် စိတ်ပိုင်းဆိုင်ရာအရ၊ ရုပ်ပိုင်းဆိုင်ရာအရ တုံ့ပြန်တဲ့တုံ့ပြန်မှုဖြစ်တယ်။ တနည်းဆိုရရင် မိမိကိုအန္တရာယ်ပြုနိုင်တဲ့ စိုးရိမ်စရာကောင်းတဲ့ အခြေအနေတွေကို ခန္ဓါကိုယ်ရဲ့ တုံ့ပြန်တဲ့ပုံစံလည်းဖြစ်တယ်။စိုးထိတ်စရာအခြေအနေ ကြုံရတဲ့အခါ ခန္ဓါကိုယ်ကနေ stress hormones လို့နာမည်ပေးထားကြတဲ့ ဟော်မုန်းတွေထုတ်ပါတယ်၊ adrenaline၊ cortisol စသည်တို့ဖြစ်ပြီး ကြုံလာရမယ့် ထိခိုက်မှုကို နိုးကြားသိရှိစေပါတယ်။နှလုံးခုန်တွေမြန်လာမယ်၊ ကြွက်သားတွေတောင့်တင်း တင်းရင်းလာမယ်၊ သွေးပေါင်ချိန်တွေတက်မယ်၊ အသက်ရှူနှုန်းတွေမြန်မယ်၊ အာရုံတွေပါးလျလာမယ်။ ထိုတုံ့ပြန်မှုအခြေအနေကို တိုက်မလား၊ ပြေးမလား လို့တင်စားခေါ်ဝေါ်ထားကြပါတယ်။ကြောင့်ကြပူပန်စိတ်ဟာ သင့်ကိုကာကွယ်နိုင်ဖို့ စွမ်းအားတွေလည်း ပေးနိုင်ပါသေးတယ်၊ ထိခိုက်မှုမတိုင်ခင် ဘရိတ်အုတ်ဖို့သတိပေးလိုက်သလိုပေါ့။ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့လည်း ကူညီသေးတယ်။အလုပ်ကတင်ပြမှုတွေမှာ အာရုံအပြည့်အဝင်စေတယ်၊ ကစားပွဲတစ်ခုမှာ နိုင်ဖို့အားသန်နေစဉ် စိတ်အာရုံတွေအကုန် စူးရှတက်ကြွနေစေတယ်၊ ဒါမှမဟုတ် စာမေးပွဲနီးစဉ် တီဗွီကြည့်နေတာထက် စာကျက်ဖို့အားပေးတာတွေဟာ ကြောင့်ကြစိုးရိမ်စိတ်တွေကြောင့်ဖြစ်တယ်။ဒါပေမယ့် ထိုကဲ့သို့အကူအညီဖြစ်နိုင်တာတွေထက် ကျော်လွန်ပြီး စိတ်ရော၊ကိုယ်ကိုပါ ထိခိုက်မှုတွေဖြစ်လာစေနိုင်ပါတယ်။ အချိန်ကြာမြင့်စွာ စိုးရိမ်ကြောင့်ကြ စိတ်ဖိစီးနေမယ်ဆိုရင်တော့ ကျန်းမာရေးထိခိုက်မှုတွေဖြစ်လာနိုင်ပါပြီ၊။ဥပမာ-။အလွန်ကိုဖြစ်တတ်တာပေါ့၊ အရွယ်မရွေးမှာဖြစ်နိုင်ပြီး လျှော့ချနိုင်မယ့်နည်းတွေနဲ့ ထိန်းသိမ်းနိုင်ပါလိမ့်မယ်။ အသေးစိတ်အတွက်ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။အဖြစ်များသောလက္ခဏာများကတော့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အပြုအမူဆိုင်ရာ လက္ခဏာတွေ အမျိုးမျိုးဖြစ်နိုင်တယ်-။တခြားလက္ခဏာတွေလည်းရှိနိုင်သေးသည့်အတွက် သိလိုသည်များရှိပါက ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။တကယ်လို့အောက်ပါအခြေအနေတွေဖြစ်လာရင် ဆရာဝန်ပြသင့်ပါတယ်-။အခြေအနေတွေ၊ ဖိအားတွေကနေ စိုးရိမ်ကြောင့်ကြစိတ်ဖိစီးစေပါတယ် ။ အပြင်လှုံ့ဆော်မှုတွေ၊ အတွင်းအကြောင်းအရာတွေ၊ ထိခိုက်မှုတွေ စသည်ဖြင့်ရှိတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က လက္ခဏာတွေ၊ စိတ်ထိခိုက်စရာဖြစ်ရပ်တွေနဲ့ ပတ်သတ်တဲ့မေးခွန်းတချို့မေးပြီး စိတ်ဖိစီးမှုရောဂါပြဿနာရှိမရှိစစ်ဆေးပါလိမ့်မယ်။ တခြားကျန်းမာရေးအခြေအနေတွေ၊ ဆေးသုံးစွဲမှုရှိမရှိ၊ မှီဝဲသောဆေးဘေးထွက်ဆိုးကျိုးများနှင့် တခြားသော စိတ်ပိုင်းဆိုင်ရာပြဿနာများကိုပါ ရှာဖွေမေးမြန်းပါလိမ့်မယ်။သင့်လက္ခဏာတွေကို ဖြစ်စေနိုင်ချေရှိတဲ့ ရောဂါအခြေအနေတွေ ရှာဖို့အတွက် ဓါတ်ခွဲစစ်ဆေးမှုတချို့လည်း လုပ်ရနိုင်ပါတယ်။ ထိုစစ်ဆေးမှုတွေပုံမှန်ဖြစ်နေပါက နောက်ထပ်စမ်းသပ်မှုနဲ့ ကုသမှုအတွက် တခြားအထူးပြုဆရာဝန်တစ်ဦးဦးနှင့် တိုင်ပင်ရန် လွှဲပြောင်းပေးနိုင်ပါတယ်။အောက်ပါနည်းလမ်းများထဲမှာ တစ်နည်းသို့မဟုတ် တစ်နည်းနှင့်အထက်သုံးနိုင်ပါတယ်။အောက်ပါနေထိုင်မှုပုံစံတွေက စိတ်ဖိစီးကြောင့်ကြမှုကို ရင်ဆိုင်ကိုင်တွယ်ဖို့ကူညီပေးပါလိမ့်မယ်။သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/stress-%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7%e1%81%be%e1%80%80%e1%80%96%e1%80%ad%e1%80%85%e1%80%ae%e1%80%b8%e1%80%85%e1%80%ad%e1%80%90%e1%80%b9/
ကိုယ်ဝန်ဆောင်တွေမှာဘာကြောင့်ချက်စူလာရတာလဲ
ကိုယ်ဝန်ဆောင်ချိန်မှာ သင့်ချက်မှာအပြောင်းအလဲတချို့ဖြစ်တတ်ပါတယ်။ အဖြစ်အများဆုံးပြောင်းလဲမှုကတော့ ချက်စူလာခြင်းဖြစ်တယ်။ချက်ဟာအမှန်တော့ အမာရွတ်တစ်ခုပါ။ ကျွန်ုပ်တို့မွေးဖွားစဉ်အခါက ချက်ကြိုးဖြတ်လိုက်တဲ့နေရာ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်မှာ ချက်ပုံစံမတူတတ်ကြပါဘူး။ တချို့ကအပြင်ကို စူထွက်နေတတ်ပြီး တချို့ကတော့အတွင်းကို ချိုင့်နေတတ်ပါတယ်။ ပုံမှန်အတွင်းကို ချိုင့်ဝင်နေတတ်သော ချက်ဟာလည်း ကိုယ်ဝန်ဆောင်ချိန်မှာ အပြင်ကိုစူထွက်လာတတ်တယ်။ကိုယ်ဝန်လရင့်လာလို့ ဝမ်းဗိုက်တဖြေးဖြေးကြီးလာနဲ့အမျှ ချက်နားတစ်ဝိုက်ကအရေပြားကို အပြင်ကိုတွန်းထုတ်သလိုဖြစ်တာကြောင့် ချက်စူသွားတတ်ပါတယ်။ ဒါပေမယ့် မိခင်လောင်းတိုင်းဖြစ်တတ်တာတော့မဟုတ်ဘူး။ ဝမ်းဗိုက်အလျင်မြန်ဆုံးဖွံ့ထွားတတ်တဲ့ ကိုယ်ဝန်ဆောင်ကာလရဲ့ဒုတိယပိုင်းမှာ များသောအားဖြင့် စူလာတတ်ပါတယ်။ကိုယ်ဝန်ဆောင်ကာလမှ ချက်စူလာခြင်းက ပုံမှန်အဖြစ်အပျက်တစ်ခုပါ။ ဗိုက်ပူလာတာနဲ့အမျှ တွန်းအားတက်လာတာကြောင့် ချက်စူလာရခြင်းပါ။ ဒါပေမယ့် ချက်စူထွက်ခြင်းဟာ အူကျွံခြင်းကြောင့်လည်းဖြစ်နိုင်တာမို့ ချက်နားတဝိုက်မှာ နာကျင်တာ သို့မဟုတ် တစ်ခုခုထိုးထွက်နေသလို ခံစားရတယ်ဆိုရင်တော့ အူကျွံတာဖြစ်နိုင်ပါတယ်။အူကျွံတာဟာ ကလေးတွေမှာ ဖြစ်တတ်တဲ့ကိစ္စတစ်ခုပါ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေမှာလည်း တွေ့ရတတ်ပါတယ်။ အဖြစ်အများဆုံးကတော့ ချက်နားမှာ အူကျွံခြင်းဖြစ်တယ်။ချက်နားမှာအူကျွံတာဟာ ဝမ်းဗိုက်နံရံကအပေါက်ငယ်လေးက တစ်ဆင့်ဖြစ်တတ်တာပါ။ ထိုအပေါက်ငယ်လေးက များသောအားဖြင့် တစ်သျှူးတွေ အသစ်ဖြစ်လာပြီး တဖြေးဖြေးသူ့ဖာသာသူ ပြန်ကောင်းသွားတတ်တယ်။ ဒါပေမယ့် မိခင်လောင်းတွေမှာတော့ ကလေးရဲ့တွန်းအားကြောင့် ပုံမှန်ထက်ပိုကြာတတ်ပါတယ်။အကောင်းဆုံးကတော့ သူ့ဖာသာသူပျောက်သွားချိန်ကို စောင့်လိုက်တာပါပဲ။ ဘာလို့လဲဆိုတော့ ကိုယ်ဝန်ဆောင်ကာလမှာ တစ်ခုခုလုပ်လိုက်တာက သင့်အတွက်အန္တရာယ်များပါတယ်။ ဒါပေမယ့် အူတွေချက်ကနေ တစ်ဆင့်ထွက်လာတာမျိုး၊ အစာတွေဝင်ပြီး လှောင်နေတာမျိုး စသည်ဖြင့် ပိုဆိုးလာမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ခွဲစိတ်ကုသဖို့လိုပါလိမ့်မယ်။ဒါပေမယ့် ဒီလိုဖြစ်စဉ်တွေက ကိုယ်ဝန်ဆောင်ကာလမှာတောင်မှပဲ ဖြစ်လေ့ဖြစ်ထမရှိတတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ချက်နားတစ်ဝိုက်မှာ နာကျင်မှုခံစားရတယ်ဆိုရင်တော့ စစ်ဆေးကြည့်လိုက်တာ အကောင်းဆုံးပါပဲ။ သင့်အခြေအနေကိုလိုက်ပြီး ဘာလုပ်သင့်လဲဆိုတာ သင့်ဆရာဝန်သိမှာပါ။ကိုယ်ဝန်ဆောင်နေချိန်မှာလည်း သင့်ချက်ဟာ ပင်ကိုပုံစံအတိုင်းပဲဆိုရင်တော့ ဂုဏ်ယူစရာပဲလို့တောင်ပြောရမလိုပါပဲ။ ဒါပေမယ့် မပူပါနဲ့ စူထွက်လာခဲ့ရင်လည်း ကလေးမွေးဖွားပြီးတဲ့အခါ နဂိုပုံစံပြန်ရောက်သွားပါတယ်။တချို့မိခင်လောင်းတွေဟာ ချက်နားတဝိုက်က နာကျင်မှုမရှိတတ်ပေမယ့် တချို့ကတော့ ကိုယ်ဝန်ရှိလာတာနဲ့ နာလာတတ်ပါတယ်။ နောက်ထပ်ကိုယ်ဝန်တွေမှာတော့ မဖြစ်တတ်တော့ပါဘူး။ကလေးဖွံ့ဖြိုးတာ မြန်တဲ့အချိန်မှာ နာကျင်လာတတ်ပြီး ပြီးရင်ပျောက်သွားတတ်ပါတယ်။ ကြာလာရင်တော့ တွန်းအားတွေ ကြွက်သားကိုဆွဲဆန့်ခံရတာတွေကို ကျင့်သားရသွားပါလိမ့်မယ်။ တချို့ကျတော့လည်း ဝမ်းဗိုက်အကြီးဆုံးဖြစ်လာတဲ့ ကိုယ်ဝန်နောက်ဆုံးပတ်မှာ နာကျင်မှုပိုဆိုးလာတတ်တယ်။ဘေးစောင်းပြီး အိပ်တာမျိုး၊ ခေါင်းအုံးတွေနဲ့ ထောက်ပံ့ထားတာမျိုးနဲ့ ဝမ်းဗိုက်ပေါ်ဖိအားနည်းစေခြင်းဖြင့် သက်သာစေနိုင်ပါတယ်။မတ်တပ်ရပ်နေစဉ်မှာ ဝမ်းဗိုက်နဲ့ခါးနာကျင်ရောင်ရမ်းခြင်းကို သက်သာဖို့ ကိုယ်ဝန်သည်တွေအတွက် ခါးစည်းကိုသုံးတာမျိုး၊ ….. အရေပြားယားယံခြင်းတွေအတွက် ကိုယ်ဝန်သည်တွေအတွက် သင့်တော်သော လိုးရှင်းတစ်မျိုးမျိုး သို့မဟုတ် ထောပတ်ဆီတို့ဖြင့် အရေပြားပေါ်လိမ်းကျံပေးခြင်းမျိုးတို့က အကူအညီဖြစ်စေပါလိမ့်မယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac%e1%80%98%e1%80%ac%e1%80%b1/
ချိုင်းမွေးတွေကို သဘာဝနည်းလမ်းလေးတွေ သုံးပြီး ဖယ်ရှားကြရအောင်
ချိုင်းမွေးက ချိုင်းချွေးထွက်ပြီး ချွေးနံဆိုးစေသလို လက်မောင်းအောက်မှာ ယားယံလို့ နေရခက်စေပါတယ်။ လက်ပြတ်အဝတ်အစားလေးတွေ ဝတ်တဲ့အခါ မလှမပဖြစ်နေမယ့်ချိုင်းသား​ကြောင့် လက်မြှောက်ဖို့ ခက်နေတဲ့လေဒီလေးတွေအတွက် ချိုင်းမွေးတွေကို သဘာဝပစ္စည်းလေးတွေ သုံးပြီး အန္တရာယ် ကင်းကင်းဖယ်ရှားနိုင်မယ့်နည်းလမ်းလေးတွေကို ပြောပြပေးမယ်နော်။ချွေးနံ့ နံစေပြီး နေရတာကသိကအောက်ဖြစ်စေတဲ့ ချိုင်းမွေးကို ဖယ်ရှားဖို့ဆိုရင်တော့။သင်္ဘောသီးစိမ်း။သင်္ဘောသီးစိမ်းကခန္ဓာကိုယ်ပေါ်က မလိုချင်တဲ့ အမွေးအမျှင်တွေကို အမြစ်ကနေ ဖယ်ရှားပေးတဲ့ သဘာဝ ပစ္စည်းတစ်ခုပါ။ သင်္ဘောသီးမှာပါတဲ့ papain ကမွေးညှင်းအိတ်လေးတွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။ မလိုချင်တဲ့အမွေးအမျှင်တွေကို အထိရောက်ဆုံးဖယ်ရှားပေးသလို နောက်ထပ် ထွက်မလာအောင်လည်း တားဆီးပေးနိုင်ပါတယ်။သင်္ဘောသီးအစိမ်းကို လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာလောက် ​ကြိတ်ခြေလိုက်ပါ။ ပြီးရင်နနွင်းမှုန့်လက်ဖက်ရည်ဇွန်း တစ်ဝက်စာထည့်လို့ ရောမွှေလိုက်ပါ။ သမနေတဲ့ အနှစ်ကို ချိုင်းကြားမှာ လိမ်းလို့ ၁၅ မိနစ်ကြာ နှိပ်နယ်ပေးပါ။ ခြောက်သွားပြီဆိုရင်ရေနွေးနွေးသုံးလို့ ဆေးချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးပါ။ငှက်ပျောသီးနဲ့ Oatmeal။ငှက်ပျောသီး နဲ့Oatmealတို့က အသားအရေကို သန့်စင်စေပြီးအသားအရေခြောက်သွေ့တာကို သက်သာစေနိုင်ပါတယ်။ ဒီနှစ်မျိုးစလုံးက မလိုချင်တဲ့အမွေးအမျှင်ကိုဖယ်ရှားပေးပြီး အသားအရေကို နူးညံ့စေပါတယ်။ဆဲလ်သေတွေဖယ်ရှားပေးပြီး မလိုချင်တဲ့ အမွေးအမျှင်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ငှက်ပျောသီးမှည့်တစ်လုံးကို ကြိတ်ခြေလိုက်ပါ။ ပြီးရင် oatmeal ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်း ဒါမှမဟုတ် ၂ ဇွန်းစာထည့်လို့ သမအောင်မွှေပေးပါ။ ပြီးရင်တော့ ချိုင်းမှာ စက်ဝိုင်းပုံစံအတိုင်း  လိမ်းလို့ ခြောက်အောင်ထားပါ။ ပြီးရင် ရေနွေးနွေးနဲ့ ဆေးချ လိုက်ပါ။ တစ်ပတ်ကို နှစ်ကြိမ်လုပ်ပေးပါ။ကျောက်ချဉ်နဲ့Rose water။ကျောက်ချဉ်က အမွေးအမျှင်တွေကို ဖယ်ရှားဖို့ ရှေးယခင်ကာလတွေကတည်းက အသုံးပြုခဲ့ကြတာပါ။ rose water က အရေပြားကို နူးညံ့စေပြီး ကျန်းမာစေပါတယ်။ကျောက်ချဉ်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်စာကိုrose waterလက်ဖက်ရည်ဇွန်း ၂ ဇွန်းက နေ ၃ ဇွန်းလောက်၊သံလွင်ဆီနဲ့ နှမ်းဆီ နည်းနည်းတို့ ရောမွှေလိုက်ပါ။ ပြီးရင် ဂွမ်းစလေးနဲ့ တို့ယူလို့ ချိုင်းကြားမှာ လိမ်းပေးပါ။ ခြောက်အောင်ထားပြီး ခြောက်သွားတိုင်း ထပ်ထပ်လူးပေးပါ။ မိနစ် ၅၀ ကနေ တစ်နာရီလောက်အထိ ထားပါ။ခြောက်သွားရင် ရေနွေးနွေးလေးနဲ့ ဆေးချပြီး ခြောက်အောင် သုတ်လို့ သံလွင်ဆီ ခပ်ပါးပါးလေး လိမ်းပေးပါ။ တစ်ပတ်ကို ၂ ကြိမ် ကနေ ၄ကြိမ်လောက်အထိ လုပ်ပေးပါ။ကြက်ဥအကာ။သကြား၊ ပြောင်းမှုန့်၊ ကြက်ဥအကာ တို့က အမွှေးအမျှင်တွေကို အထိရောက်ဆုံး ဖယ်ရှားနိုင်တဲ့အရာပါ။ အမွေးအမျှင်တွေ ဖယ်ရှားတဲ့အပြင်အသားအရေကိုပါ ကြည်လင်သန့်စင်စေပါတယ်။ ကြက်ဥအကာ တစ်လုံးကို ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်စာ သကြားလက်ဖက်ရည်ဇွန်း တစ်ဇွန်းစာတို့ကို ရောလို့ မွှေလိုက်ပါ။ပြီးရင် ချိုင်းကြားအောက်မှာ လိမ်းပေးပြီး ခြောက်သွားအောင် စောင့်ပါ။ ပြီးရင် ဆန့်ကျင်ဘက် ခွာချလိုက်ပါ။ပျားရည်နဲ့ သံပရိုရည်။သံပရိုသီးမှာပါတဲ့citrus acidက အမွေးတွေကို အထိရောက်ဆုံး ဖယ်ရှားနိုင်ပါတယ်။ ပျားရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်းစာကိုသံပရိုသီး၃ စက်နဲ့ရောလိုက်ပါ။ ရလာတဲ့အရောကို ချိုင်းကြားမှာ လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး ရေနွေးနဲ့ ဆေးချလို့ တဘက်စနဲ့ သုတ်လိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ်လောက်အထိ လုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/natural-ways-to-get-rid-of-underarm-hair/
အပူလောင်နာ အမာရွတ်မကျန်စေဖို့
ထိခိုက်ဒဏ်ရာတွေကပြင်းထန်တဲ့အတိုင်းအတာကိုလိုက်ပြီး အပူလောင်ဒဏ်ရာတွေကို အမျိုးအစားခွဲခြားနိုင်ပါတယ်။ အပူလောင်နာကို။ပြင်းထန်တဲ့ အပူရှိန်ကြောင့် အရေပြားမှာ အပူလောင်တာတွေဖြစ်နိုင်ပါတယ်။အရေပြားကို အရမ်းပူတဲ့အရာတွေနဲ့ ထိတွေ့ အပေါ်ယံအရေပြားကတစ်ရှုးတွေနဲ့ဆဲလ်တွေကိုထိခိုက်မိသွားနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ထိခိုက်တာကြောင့် ခန္ဓါကိုယ်ရဲ့ အနာကျက်တဲ့ဖြစ်စဉ်က တာဝန်ယူလှုပ်ရှားမှုကိုစလုပ်ပါတော့တယ်။ ဒီလိုလုပ်တဲ့အခါ ပျက်စီးသွားတဲ့ အရေပြားကိုပြုပြင်ဖို့အတွက်ခန္ဓါကိုယ်ကကော်လာဂျင်လို့ခေါ်တဲ့ပရိုတင်းကို ထုတ်လုပ်ပါတော့တယ်။ ဒီအခြေအနေက အမာရွတ်ကျန်ရှိစေမှုကို စတင်ဖြစ်စေတော့တာပါ။ အပူလောင်နာပြင်းထန်မှုအဆင့်အလိုက် အရေပြားပျက်စီးမှုကကွာခြားပါတယ်။ အရေပြားပျက်စီးမှုများလေလေ အမာရွတ်ကျန်နိုင်လေလေပါ။အပူလောင်နာကပြင်းထန်ရင်နောက်ဆက်တွဲပြဿနာေတွများနိုင်ပါတယ်နော်။ကူးစက်ပိုးဝင်နိုင်ပါတယ်။အခြားထိခိုက်ဒဏ်ရာတွေလိုပဲ အပူလောင်တာကြောင့် အနာကပိုးဝင်တာမျိုးဖြစ်နိုင်ပါတယ်။ အချို့သော ကူးစက်ပိုးဝင်မှုတွေက သိပ်မပြင်းထန်သလို ကုသရလည်းလွယ်ပါတယ်။ ပိုးကသွေးကြောထဲထိရောက်သွားတဲ့အခါမေးခိုင်ပိုးဝင်ပြီး အသက်အန္တရာယ်ထိခိုက်တာမျိုးအထိဖြစ်နိုင်ပါတယ်။ရေဓါတ်ခမ်းခြောက်နိုင်တယ်။အပူလောင်နာကရေဓါတ်ဆုံးရှုံးနိုင်ပါတယ်။ရေဓါတ်အများကြီး ဆုံးရှုံးသွားမှုကသွေးထောက်ပံ့မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။အရိုးအဆစ်တွေကို ထိခိုက်စေနိုင်တယ်။အပူလောင်တာအရမ်းပြင်းထန်တဲ့အခါ အရေပြားတင်မဟုတ်ဘဲ အရိုးတွေနဲ့ အဆစ်တွေကိုပါထိခိုက်စေနိုင်ပါတယ်။ကြွက်သား နဲ့ တစ်ရှုးတွေထိခိုက်ပျက်စီးစေတယ်။အပူလောင်တာကြောင့် အပေါ်ယံအရေပြားတင်မဟုတ်ဘဲ အရေပြားအလွှာအောက်က ကြွက်သားတွေနဲ့တစ်ရှုးတွေပါ ထိခိုက်နိုင်ပါတယ်နော်။စိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်နိုင်တယ်။ကြီးမားတဲ့ အမာရွတ်တွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းစေနိုင်ပါတယ်။ လူမြင်သာတဲ့နေရာမျာဖြစ်နေခဲ့ရင် အမြဲလိုဖုံကွယ်ချသ်စိတ်တွေဖြစ်နေမိမှာပါ။အပူလောင်နာကြောင့် အမာရွတ်မကျန်စေဖို့ဆိုရင်။အနာကျက်ချိန်မှာ ဒါတွေဂရုစိုက်ပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a1%e1%80%95%e1%80%b0%e1%80%b1%e1%80%9c%e1%80%ac%e1%80%84%e1%80%b9%e1%80%94%e1%80%ac-%e1%80%a1%e1%80%99%e1%80%ac%e1%80%9b%e1%80%bc%e1%80%90%e1%80%b9%e1%80%99%e1%80%80%e1%80%ba%e1%80%94%e1%80%b9/
null
null
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/abortion-increase-the-risk-of-problems-in-a-subsequent-pregnancy/
Heat Stroke (သို့) အပူဒဏ်ကြောင့် သတိလစ်ခြင်း ကို ကာကွယ်ကြမယ်။
Heat Stroke (သို့) အပူဒဏ်ကြောင့် သတိလစ်ခြင်း ကို ကာကွယ်ကြမယ်။ တဖြည်းဖြည်း အပူရှိန်မြင့်မားလာတဲ့နွေရာသီရောက်လာတဲ့အခါအပူဒဏ်ကြောင့် ကျန်းမာရေးပြဿနာတွေ အများကြီး ဖြစ်လာရပါတယ်။ အဲဒီအထဲမှာမှ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အပူ ဒဏ်ကြောင့် ဖြစ်တဲ့သတိလစ်ခြင်းကို အထူးသတိပြုကာကွယ်ဖို့ လိုအပ်လာပါတယ်။အပူဒဏ်ကြောင့် ဖြစ်တဲ့ သတိလစ်ခြင်းကို ကြိုတင်ကာကွယ်နိုင်သလို စောစောသိပြီး ကုသမယ်ဆိုရင်လည်း အမြန်ပြန်ကောင်းနိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ အဓိက အနေနဲ့ အပူဒဏ်ကြောင့် သတိလစ်ခြင်း ကို စောစောသိနိုင်အောင် သတိထားရမယ့် လက္ခဏာတွေ၊ ဘယ်လိုတွေ လုပ်ဆောင်သင့်တယ်ဆိုတဲ့ အချက်လေးတွေနဲ့ မဖြစ်အောင် ဘယ်လို ကာကွယ်ရမယ်ဆိုတာလေးကို မျှဝေပေးသွားချင်ပါတယ်။အပူဒဏ်ကြောင့် သတိလစ်ခြင်းဆိုတာ ခန္ဓာကိုယ်ရဲ့ အပူချိန်ဟာ ၁၀၄ ဒီဂရီ ဖာရင်ဟိုက်ထက် ပိုများသွားပြီး ခန္ဓာကိုယ်ကမထိန်းညှိနိုင်တော့ဘဲ တက်ခြင်း၊ သတိလစ်ခြင်း စတဲ့ အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာတွေဖြစ်လာနိုင်တဲ့ အပြင် အသက်ဆုံးရှုံးတဲ့ အထိဖြစ်နိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။အဲဒီ အချက်တွေကို သေသေချာချာလိုက်နာမယ် ဆိုရင်တော့ အပူဒဏ်ကြောင့် သတိလစ်ခြင်းအဆင့်ထိ မရောက်ဘဲ အမြန်သက်သာလာနိုင်ပါတယ်။အထက်ပါ လက္ခဏာတွေအပြင်။အပူဒဏ်ကြောင့် သတိလစ်ခြင်းဟာ အရေးပေါ်အခြေအနေ တစ်ခု ဖြစ်တဲ့ အတွက် အသက်ဆုံးရှုံးတဲ့ထိ မဖြစ်ရအောင် အနီးဆုံး အမြန်ဆုံး ဆေးရုံ၊ ဆေးခန်း သွားပြီး ဆရာဝန် ညွှန်ကြားချက်အတိုင်း လိုက်နာဖို့ အရမ်းအရေးကြီးပါတယ်။ဘယ်လို ကာကွယ်ကြမလဲဆိုတော့။လူသားအားလုံး ပူပြင်းတဲ့ နွေရာသီမှာ အပူကြောင့် ဖြစ်တဲ့ ကျန်းမာရေးပြသနာတွေကို ကာကွယ်နိုင်ကြပါစေ။ရေးသားသူ- Phoo Ngon။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/how-to-prevent-heat-stroke/
ကလေးအသေ မွေးခြင်း အကြောင်းရင်းများက ဘာတွေလဲ။
ကလေးအသေ မွေးခြင်း ဆိုတာက ကိုယ်ဝန် ၂၄ပတ်နောက်ပိုင်းမှာ ဗိုက်ထဲက ကလေးဆုံးပါးသွားတာကို ဆိုလိုတာပါ။ ၂၄ပတ်မတိုင်ခင် ဆိုရင်တော့ ဒါကို ပျက်ကျတယ်လို့ ခေါ်ပါတယ်။ ကလေး အဖတ်မတင်တာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ တချို့ကိုယ်ဝန်တွေမှာဆိုရင် အကြောင်းအရင်းမရှိဘဲနဲ့ကို ကလေးအသေလေး မွေးလာတတ်ပါတယ်။ ကလေးအသေ မွေးခြင်း အကြောင်းရင်းများက ဘာတွေလဲဆိုတာကို သတိထားနိုင်စေဖို့ ပြောပြပေးလိုက်ပါတယ်။ကလေးအသေ မွေးခြင်း အကြောင်းရင်းများက တိတိကျကျ ပြောဖို့တော့ ခက်ပါတယ်။ တချို့တွေမှာဆို ဘာကြောင့်ဒီလို ဖြစ်တယ်ဆိုတာကို မပြောနိုင်သေးပါဘူး။ သိထားပြီးသား အကြောင်းရင်းတွေကတော့။အချင်းဆိုတာက သန္ဓေသားနဲ့ မိခင်ရဲ့ သားအိမ်ကို ဆက်ထားပေးတဲ့ အချိတ်အဆက်ဖြစ်ပါတယ်။ ဒီလမ်းကြောင်းကနေ ကလေးငယ်အတွက် အသက်ရှင်နိုင်မယ့် အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို ပို့ပေးပြီး ကလေးဆီက အညစ်အကြေးတွေကိုလည်း မိခင်ဆီ ပြန်ပို့သန့်စင်ပေးပါတယ်။ ဒါကြောင့် အချင်းရဲ့လုပ်ဆောင်မှုတွေနဲ့ ဖွံ့ဖြိုးမှုတွေ မူမမှန်ဘူးဆိုရင် ကလေးမှာ အသက်အန္တရာယ်ရှိနိုင်ပါတယ်။အထူးသဖြင့် အချင်းစောကွာတာပါ။ ကလေးမမွေးသေးခင် အချင်းစောကွာတဲ့အခါ ကလေးဆီကို အာဟာရနဲ့ အောက်ဆီဂျင်တွေ မရောက်ဘဲ အန္တရာယ်ဖြစ်တတ်ပါတယ်။ အချင်းစောကွာတဲ့အခါ မိခင်မှာ သွေးဆင်းတာ၊ ဗိုက်အောင့်တာတွေ ခံစားရတတ်ပါတယ်။ကလေးမမွေးခင် ဒါမှမဟုတ် မွေးနေချိန်မှာ သွေးထွက်များပြီး မွေးချိန်ကြာနေမယ်ဆိုရင် ကလေးအဖတ်မတင်တာမျိုး ဖြစ်တတ်ပါတယ်။ကိုယ်ဝန်ဆိပ်တက်တယ်ဆိုတာက ကိုယ်ဝန်ဆောင်အမေမှာ ထိန်းမရအောင် သွေးတိုးနေတာ ဖြစ်ပါတယ်။ ဒါကလည်း အချင်းမှာ ရှိတဲ့ သွေးကြောတွေရဲ့ ပြဿနာကြောင့်လို့ ဆိုကြပါတယ်။သားအိမ်ခေါင်းဆိုတာက သားအိမ်ထိပ်ဝမှာ ရှိတဲ့ ပြွန်ပုံစံလေး ဖြစ်ပါတယ်။ ပုံမှန်အတိုင်းဆိုရင် ကလေး ဗိုက်ထဲမှာ ရှိနေချိန်မှာ သားအိမ်ခေါင်းက မပွင့်ဘဲ စေ့နေရပါမယ်။ သားအိမ်ခေါင်းမလုံတဲ့ သူတွေမှာ သားအိမ်ခေါင်းရှိ တစ်သျူးများ အားနည်းတာကြောင့် ပွင့်ကျပြီး ကလေးပျက်ကျခြင်း၊ အသေမွေးခြင်း၊ လမစေ့ဘဲမွေးခြင်းများ ဖြစ်တတ်ပါတယ်။ချက်ကြိုးဆိုတာက အချင်းနဲ့ ကလေးကြားမှာ ဆက်ထားတဲ့ သွေးကြောလို ကြိုးလေးပါ။ ချက်ကြိုးဖြတ်ပြီးရင်  ကလေးမှာ ချက်အနေနဲ့ ကျန်ခဲ့ပါတယ်။ ကလေးမမွေးခင် ချက်ကြိုးက မွေးလမ်းကြောင်းထဲကို ကျွံကျနေမယ်ဆိုရင် ကလေးနဲ့ပိပြီး သွေးကြောပိတ်သလို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ကလေးဆီကို လိုအပ်တဲ့ အာဟာရနဲ့ အောက်ဆီဂျင်တွေ မရောက်တော့လို့ အန္တရာယ်ရှိပါတယ်။နောက်တစ်မျိုးက ကလေးမှာ ချက်ကြိုးပတ်နေတာပါ။ ကလေးရဲ့ လည်ပင်းမှာ ချက်ကြိုးပတ်နေမယ်ဆိုရင်လည်း လည်ပင်းအစ်ပြီး ကလေးအသေ မွေးခြင်း ဖြစ်တတ်ပါတယ်။ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ အသည်းရောဂါပါ။ သွေးထဲမှာ သည်းခြေဆားတွေ များလာတဲ့အတွက် ကိုယ်ဝန်ဆောင်အမေမှာ အသားယားတာတွေ ဖြစ်တတ်ပါတယ်။ အဲ့တာထက် ပိုဆိုးတာက ကလေး အသေ မွေးခြင်း ဖြစ်တတ်တာပါ။မွေးရာပါ ချို့ယွင်းချက်ကြောင့် ကလေးက အသက်ဆက်ရှင်ဖို့ မဖြစ်နိုင်တော့ဘဲ ဗိုက်ထဲမှာတင် ဆုံးသွားတာဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်ဆီးချိုရှိတိုင်းတော့ ကလေး အသေ မမွေးပါဘူး။ ဒါပေမယ့် သွေးတွင်းသကြားဓာတ်တွေ ထိန်းမရအောင် တက်နေရင်တော့ ကလေးကို ထိခိုက်တတ်ပါတယ်။များသောအားဖြင့်တော့ မိခင်ရဲ့ မိန်းမကိုယ်မှာ ပိုးဝင်ကူးစက်တဲ့အခါသားအိမ်ထိရောက်ပြီး ကလေးကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အဖြစ်အများဆုံး ပိုးဝင်ခြင်းတွေကတော့  group B streptococcus၊ အီကိုလိုင်၊ Klebsiella၊ Enterococcus၊ Haemophilus influenza၊ ကလိုင်မိုင်ဒီးယား၊ Mycoplasma၊ Ureaplasma စတဲ့ပိုးတွေကြောင့် အဖြစ်များပါတယ်။အဲ့ဒီထဲမှာမှ ကလိုင်မိုင်ဒီးယား၊ Mycoplasmaနဲ့ Ureaplasmaကလိင်ကနေတဆင့် ကူးစက်တတ်တဲ့ ပိုးတွေဖြစ်ပါတယ်။ အတူနေတဲ့အခါ ကွန်ဒုံးသုံးပြီး ကာကွယ်လို့ ရပါတယ်။ဒါတွေအပြင်ကလေး အသေ မွေးခြင်း ကို ဖြစ်စေတဲ့ တခြားကူးစက်ရောဂါပိုးတွေကတော့။အပေါ်ကအချက်တွေအပြင်ဒီလိုကိုယ်ဝန်ဆောင်တွေကလည်း ကလေးအဖတ်မတင်ဖို့ အခွင့်အလမ်းများပါတယ်တဲ့။ကလေးအသေ မွေးခြင်း က တစ်ခါတလေမှာ အကြောင်းရင်းမရှိဘဲ ဖြစ်တတ်ပေမယ့် အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေကို တတ်နိုင်သမျှ မဖြစ်အောင် ကာကွယ်ထားပါ။ ဒါ့ပြင် ကိုယ်ဝန်ရက်ချိန်း ပုံမှန်ပြပါ။ ဒါမှ ကလေးမှာ တစ်ခုခု ဖြစ်တဲ့အခါ ကြိုတင်သိရှိနိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/causes-of-stillbirth/
လိင်ပိုင်းစော်ကားခံရပြီးတဲ့နောက် သင့်ကိုယ်သင်အပြစ်တင်မိခြင်းက ကျော်လွှားနိုင်မယ့် နည်းလမ်း ၅သွယ်
လိင်ပိုင်းစော်ကားခံရပြီးတဲ့နောက် သင့်အနေနဲ့ ဒီအဖြစ်အပေါ် မကောင်းမြင်စိတ်တွေပေါ်ပေါက်လာပြီး စိတ်ထဲမှာလည်း မကောင်းခံစားရပြီးကိုယ့်ကိုယ်ကို လည်းအပြစ်တင်နေတတ်ပါတယ်။ ဒီခံစားချက်တွေက သင့်ဘဝကိုထိခိုက်နိုင်ပြီး ဘယ်လိုကျော်လွှားရမလဲသိပါသလား?အခြားသူတွေကသင့်ကိုကူညီပေးနိုင်ပေမယ့် သင့်ကိုယ်သင် ကူညီမှာကအရင်ပါ။ သင်တစ်ယောက်တည်းမဟုတ်ဘူးလို့ သတိရပေးပါ။ သင့်ကို နားလည်ပေးနိုင်တဲ့အခြားအမျိုးသမီးတွေလည်းရှိပါသေးတယ်။တစ်ချို့လူအသိုင်းအဝိုင်းဟာ ကျူ းလွန်ခံရသူကို ဒီမတရားမှုအတွက် အပြစ်ဖို့ကြပါတယ်။ သူတို့ယုံကြည်တာကတော့ ဒီလိုဖြစ်ရတာဟာ သင့်အဝတ်အစားကြောင့်, သင့်အပြုအမူကြောင့် , ဒါမှမဟုတ် သင်က အရက်ဆိုင်တွေ ဘားတွေသွားတာကြောင့်လိုပြောကြပါလိမ့်မယ်။ ဒါဟာ အပြစ်ရှိသလိုခံစားရပြီး ကိုယ်ကိုယ်ကိုလည်း အပြစ်တင်တတ်ပါတယ်။ သင့်ကိုယ်သင်ကာကွယ်ဖို့ ဒီကိစ္စမဖြစ်အောင်တားဖို့ သင်တစ်ခုခုလုပ်ခဲ့သင့်တယ်လို့တွေးသလို မလုပ်ခဲ့တာကို နောင်တရသလိုဖြစ်တတ်ပါတယ် ။ တကယ်လို့သင့်မှာ အနာတရတွေရှိမယ်ဆိုရင်တောင် သင်စိတ်သက်သာရာရပါဦးမယ်။ ဘာလို့လဲဆိုတော့ သင်ဟာ မတရားပြုကျင့်ခံရသူဆိုတာ သက်သေပြနေလို့ဖြစ်ပါတယ်။ ဒါတောင်မှ သင့်မိသားစုကို အရှက်ကွဲအောင်လုပ်ထားမိသလိုဖြစ်နေတဲ့အတွက် သင်အပြစ်ရှိသလိုခံစားနေရပါမယ်။ဘာပဲဖြစ်ဖြစ် မုဒိန်းကောင်သာ အမှားကျူ းလွန်သူဖြစ်ပြီး သင်မဟုတ်ပါဘူး။ သင်လုပ်သမျှဟာ ဒီလိုဖြစ်အောင်တောင်းဆိုတာမရှိပါဘူး။ သင်ဟာ ဘယ်တော့မှဒီလိုကိစ္စ ဖြစ်ချင်ခဲ့တာမဟုတ်သလို သင်လိုအပ်နေတာ အကူအညီဖြစ်ပြီး အပြစ်တင်ခံရခြင်းမဟုတ်ပါဘူး။ကံကောင်းတာက သင်ဟာ ဒီလိုလိင်ပိုင်း စော်ကားမှုကို မိသားစုနဲ့ ရဲတွေကိုပြောပြပြီး အခက်အခဲတွေကျော်လွှားနိုင်ပါတယ်။ သင့်မိသားစုက သင့်ကြောင့်ရှက်နေမှာမဟုတ်သလို သင့်ကိုလေးစားမှုတွေ အချစ်တွေနဲ့ ကူညီပေးပါလိမ့်မယ်။ သင့်ဘဝက ဆက်လျောက်လို့ရသေးသလို ပိုတောင်ကောင်းလာနိုင်ပါတယ်။ ပြီးတော့ အားကစား လည်ပတ်တာ နဲ့ ဟင်းချက်တာလိုမျိုး ကြိုက်တဲ့အလုပ်တွေကို ဖြည်းဖြည်းချင်းလုပ်နိုင်ပါတယ်။တစ်ခါတစ်လေမှာ စကားပြောဆိုခြင်းက ကြောက်စိတ်တွေ စိတ်ဓါတ်ကျတာတွေနဲ့ ပင်ပန်းတာတွေကို ကျော်လွှားနိုင်ပါတယ်။ သင့်သူငယ်ချင်း မိဘ မောင်နှမ နဲ့သင်ယုံကြည်ရသူတွေကို စကားပြောနိုင်ပါတယ်။ သူတို့ကိုရှက်စေမယ်လို့မတွေးလိုက်ပါနဲ့ ။ သူတို့ကသင့်ကို အမြဲချစ်နေပြီး ကူညီမှုတွေပေးနေမှာပါ။ သင့်မိသားစုနဲ့နေတာက စိတ်ချလုံခြုံမှုရှိစေပါတယ်။ ဒါကြောင့်သူတို့အကူအညီကို မရှောင်လွဲပါနဲ့ ။သင်ဟာနှစ်သိမ့် ဆွေးနွေးသူ လိုအပ်ပါလိမ့်မယ်။ သူတို့တွေက professional တွေဖြစ်ပြီး အရည်အချင်းပြည့်သူတွေဖြစ်လို့ ဘာလုပ်ရမလဲသိပါတယ်။ သင့်ကြောက်စိတ်တွေ အတွေးတွေကို နှစ်သိမ့် ဆွေးနွေးသူနဲ့ ဆွေးနွေးနိုင်ပါတယ်။ သူတို့က သင့်အတွေးတွေက ဘာပြောသလဲဆိုတာပြောပြပါလိမ့်မယ်။ ပြီးတော့ဒါကိုရင်ဆိုင်ဖို့ကူညီပါလိမ့်မယ်။ သင်ဟာ နှစ်သိမ့် ဆွေးနွေးသူ နုဲ့တစ်ကြိမ်ထက်မကတွေ့ရဖို့ရှိပါတယ်။ ဒါကြောင့် သင်စကားပြောလို့အဆင်ပြေမယ့်သူကိုရွေးပါ။သင့်ကိုယ်သင် အရမ်းဖိအားပေးဖို့မလိုပါဘူး။ ဘယ်အရာမဆိုအချိန်ယူရပါတယ်။ သင်ချက်ချင်းကြီးတော့ ပြန်အဆင်ပြေမှာမဟုတ်ပေမဲ့ အကူအညီကောင်းကောင်းရရင် ပုံမှန်အခြေအနေကို ပြန်ရောက်နိုင်ပါတယ်။ စိတ်ရှည်ပါ။ ကုသမှုလုပ်နေရင် လွယ်လွယ်အလျော့မပေးပါနဲ့။လိင်ပိုင်းစော်ကားခံရပြီးတဲ့နောက် စိတ်ထဲမှာအပြစ်ရှိသလိုခံရတယ်လို့ မိန်းကလေးတိုင်းဖော်ပြကြပါတယ်။ ဒါပေမယ့် ဒီလိုခံစားရတိုင်းလည်း ဆိုးကျိုးတွေ အမြဲတမ်း မရှောင်လွှဲနိုင်ပဲသက်ရောက်မယ်လို့မဆိုလိုပါဘူး။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%85%e1%80%b1%e1%80%ac%e1%80%ba%e1%80%80%e1%80%ac%e1%80%b8%e1%80%81%e1%80%b6%e1%80%9b%e1%80%95%e1%80%bc/
သံပုရာစေ့ စားပေးတဲ့အခါ
သံပုရာရည်သောက်တိုင်း သံပုရာစေ့ တွေ ထွေးပစ်နေတုန်းလား …….. အသုပ် တစ်ခုခု မှာ သံပုရာရည် ညှစ်ထည့်တိုင်း အစေ့တွေကို ဖယ်ပြီး လွှင့်ပစ်နေတုန်းလား….. သံပုရာစေ့ဆိုတာက အပင် ပြန်စိုက်ဖို့ကလွဲရင် စားလို့ မရဘူး။ ခါးတယ်။ အရသာပျက်တယ်လို့ တွေးနေတုန်းဆိုရင်တော့ ဒီအယူအဆကို အခုပဲ ပြင်ဆင်လိုက်ပါ။ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးမှာ မို့လို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်လား။သံပုရာစေ့ ဆိုတာသံပုရာသီးရဲ့ အစေ့ပါ။ အသီးရဲ့ အလယ်အူတိုင်မှာ ရှိတဲ့ အစေ့ဖြူဖြူလေးတွေပါ။ ၆ စေ့ကနေ ၁၀ စေ့လောက်အထိ ပါတတ်ပါတယ်။ အပေါ်ခွံမာမာလေးနဲ့ အထဲကတော့ ကြွပ်ကြွပ်လေးပါ။ အရသာကတော့ ခါးသက်သက်ရှိပါတယ်။သံပုရာသီးရဲ့ အစေ့မှာ အခုလို အာဟာရတွေ ပါဝင်နေပါတယ်။သံပုရာစေ့ စားပေးတဲ့အခါ အခုလိုကျန်းမာရေး အကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။သံပုရာစေ့ စားပေးသင့်တဲ့ အကြောင်းအရင်း တစ်ခုက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာကြောင့်ပါ။ သံပုရာရည် သောက်တဲ့အခါ သံပုရာသီးစေ့ကိုပါ ဝါးစားလိုက်ပါ။ဒီလို စားလိုက်တာက ကိုယ်တွင်းက အဆိပ်အတောက်တွေ၊ ကပ်ပါးပိုးတွေ နဲ့ အခြားသော မလိုအပ်တဲ့ အရာတွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပါတယ်။သံပုရာစေ့မှာ နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်တဲ့ ဓာတ်တစ်မျိုး ဖြစ်တဲ့ salicylic acid ပါဝင်နေပါတယ်။ ဒါကြောင့် ကိုက်ခဲနေတာတွေကို သဘာဝအတိုင်း သက်သာချင်တယ်ဆိုရင် သံပုရာစေ့ စားပေးလို့ ရပါတယ်။အစာခြေစနစ်ထဲက သန်တွေ ကျစေချင်တယ်ဆိုရင် သံပုရာစေ့ကို ကြိတ်ပြီး ရေထဲမှာ စိမ်လို့ ရလာတဲ့ အရည်ကို သောက်ပေးလို့ ရပါတယ်။ ဒီလို သောက်ပေးတာက အစာခြေစနစ်ထဲက သန်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးမှာပါ။သံပုရာစေ့ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ရပ်က အစာခြေစနစ်ထဲက ပိုးမွှားတွေ မှိုပိုးတွေကို ဖယ်ရှားပေးပြီး အစာခြေစနစ် ပိုးဝင်ကူးစက်မှု မဖြစ်အောင် ကာကွယ်ပေးပြီး ပိုးဝင်ကူးစက်ခဲ့ရင်လည်း မြန်မြန် သက်သာစေတာပါ။သံပုရာစေ့ကလည်း သံပုရာသီး လိုပါပဲ ဗီတာမင် C ကြွယ်ဝတာကြောင့် အသားအရေကို ကြည်လင် နုပျိုစေပါတယ်။ အရေပြားကို အာဟာရ ဖြည့်ပေးပြီး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။သံပုရာစေ့က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ဝက်ခြံတွေကို သက်သာစေပါတယ်။ ဝက်ခြံ အမာရွတ်တွေ မဖြစ်စေဖို့ နဲ့ ဝက်ခြံ ပိုးဝင်ရောင်ရမ်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတဲ့ သံပုရာစေ့ကို ဆီးလမ်းကြောင်း ပိုးဝင်တာ သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။သံပုရာရည်က ခြေသည်းလက်သည်း မှိုစွဲတာကို သက်သာစေသလို သံပုရာစေ့ကလည်း သက်သာစေပါတယ်။ ​ခြေသည်းလက်သည်းတွေကို ကျန်းမာစေမှာပါ။သံပုရာစေ့က ကျန်းမာရေးအတွက် အကျိုးများတာ မှန်ပေမယ့်။အလွန်အကျွံစားလွန်းရင်လည်း ဝမ်းချုုပ်တာ၊ ဗိုက်အောင့်တာတွေ ဖြစ်နိုင်ပါတယ်၊၊ အစေ့လိုက် မျိုချတာထက် ကြေညက်အောင် ဝါးစားတာ၊ အမှုန့်ကြိတ်စားတာက အစာအိမ်ကို ထိခိုက်မှု နည်းစေပါတယ်၊၊။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/lime-seed-benefits/
ခြေထောက်အနံ့ ထွက်တာကြောင့် စိတ်ညစ်နေလား
ခြေထောက်အနံ့ ဆိုးထွက်တာကို ဆေးပညာအရ (Bromodosis) လို့ခေါ်ပါတယ်။ ခြေထောက်အနံ့ ဆိုးထွက်ရတဲ့ အဓိက အကြောင်းအရင်းက ခြေထောက်မှာချွေးတွေအရမ်း ထွက်တာကြောင့်ပါ။ ခြေထောက် ချွေးထွက်များတာရဲ့ ရလဒ်က ခြေထောက်အရေပြားမှာဘက်တီးရီးယားတွေပေါက်ဖွားရှင်သန်တာ၊မှိုပိုးတွေပေါက်ဖွားရှင်သန်တာကို ဖြစ်စေပြီး ခြေထောက်အနံ့ဆိုး ဖြစ်စေတာပါ။ခန္ဓာကိုယ်ပေါ်မှာ ချွေးဂလင်းပေါင်း ၄ သန်းကနေ ၅သန်း အထိ ရှိနေပြီး ခြေထောက်မှာတော့ချွေးဂလင်း၂၅၀၀၀၀ ရှိနေပါတယ်။တစ်နေ့တာမှာ ခန္ဓာကိုယ်က ထွက်တဲ့ ချွေးပမာဏရဲ့ ထက်ဝက်နီးပါးက ခြေထောက်ကနေ ထွက်တာပါ။ ခြေထောက်က ချွေးထွက် များလေလေ ဘက်တီးရီးယားတွေ ပျော်လေလေ၊ အနံ့ဆိုး ဖြစ်နိုင်ခြေ များလေလေပါ။ခြေထောက်ကို ချွေးထွက်စေရတဲ့ အကြောင်းအရင်းတွေက။ခြေထောက်အနံ့ ထွက်တာကြောင့် စိတ်ညစ်နေလား ဒါဆိုရင်တော့ သိစေချင်တာက စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ ခြေထောက်အနံ့ ဆိုးဖြစ်တာကို ကာကွယ်လို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။နေ့စဉ်ခြေထောက်ကို သန့်စင်ဆေးကြောပါ။ခြေထောက်ကို နေ့စဉ် ဆပ်ပြာနဲ့ သန့်စင်ဆေးကြောပေးပါ။ ဒီလိုလုပ်ပေးတာက ခြေထောက်ညစ်ပေတာ၊ ခြေထောက်ချွေးထွက်တာတွေကြောင့်ဖြစ်တဲ့ အနံ့ဖြစ်ပေါ်တာကို သက်သာစေနိုင်ပါတယ်။ခြေထောက်ကို ခြောက်သွေ့အောင်ထားပါ။ခြေထောက်ကို ဆေးကြောသန့်စင်ပြီးချိန်တိုင်း၊ဖိနပ်စီးခါနီးတိုင်းမှာ ခြောက်သွေ့အောင်လုပ်ဖို့ မမေ့ပါနဲ့။ ခြေထောက်ကို ခြောက်သွေ့အောင်ထားတာက အနံ့ဆိုးကို ကာကွယ်တာပါပဲ။ခြေထောက်ကိုပေါင်ဒါလိမ်းပေးပါ။ခြေထောက်ကို ဆေးကြောသန့်စင်ပြီးတဲ့အခါတိုင်းမှာ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဆေးပေါင်ဒါတွေကို သုံးပေးဖို့ပါ။ ခြေထောက်ကိုခြောက်သွေ့နေစေပြီး ချွေးထွက်တာကို ထိန်းညှိပေးနိုင်တဲ့အပြင် ခြေထောက်အနံ့ဆိုးကို ကာကွယ်ပေးနိုင်မှာပါ။အရက်ပြန်ဂွမ်းသုံးပါ။ခြေထောက်ကို အရက်ပြန်ဂွမ်းနဲ့ သန့်စင်တာကချွေးပေါက်တွေကို ယာယီပိတ်စေနိုင်သလို ချွေးထွက်တာကိုခေတ္တလောက်တော့ တားဆီးပေးနိုင်မှာပါ။ ဖိနပ်မစီးခင်မှာ ခြေထောက်ကို အရက်ပြန်ဂွမ်းစလေးနဲ့ ပွတ်တိုက်သန့်စင်ပေးပါ။ အသားခြောက်နိုင်တာကိုတော့ သတိထားပေးပါ။ခြေထောက်ကိုဆားရည်စိမ်ပေးပါ။ခြေထောက်ကို ရေနွေးနွေးလေးနဲ့ ဆားရောစပ်ထားတဲ့ရေထဲမှာ ၁၀မိနစ် ကနေ ၁၅ မိနစ်လောက်အထိစိမ်ပေးတာကလည်း ခြေထောက်အနံ့ဆိုးကို သက်သာစေနိုင်ပါတယ်။မုန့်ဖုတ်ဆော်ဒါ။ဖိနပ်မှာ မုန့်ဖုတ်ဆော်ဒါဖြူးပေးတာ ဒါမှမဟုတ် မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာကို ခြေထောက်မြုပ်ရုံ ရေပမာဏလောက်နဲ့ရောစပ်ပြီး တစ်နေ့ကို တစ်ကြိမ်ခြေထောက်ကို ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက်အထိစိမ်ပေးပါ။ ဒီလိုလုပ်ပေးတာကလည်း ခြေထောက်အနံ့ဆိုးကို သက်သာစေမှာပါ။အုန်းဆီ။ခြေထောက်ကို အုန်းဆီလူးပေးတာကလည်း ခြေထောက်အနံ့ဆိုးတာကို သက်သာစေနိုင်ပါတယ်။ အုန်းဆီစစ်စစ်လေးကို လက်ဖဝါးထဲထည့်လို့ ခြေထောက်ကို လူးပြီး နှိပ်နယ်ပေးလိုက်ပါ။ ညမအိပ်ခင် လိမ်းပေးပြီး မနက်ခင်းမှာသေချာပြောင်စင်နေအောင်ဆေးကြောသန့်စင်လိုက်ပါ။ခြေထောက်အနံ့ဆိုးတွေကြောင့် စိတ်ညစ်ခံမနေပါနဲ့တော့။ အခုပြောခဲ့တဲ့ နည်းလေးတွေသုံးလို့ ခြေထောက်အနံ့ဆိုးဖြစ်မှုကို ဟန့်တားလိုက်ပါ……………..။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/how-to-get-rid-of-smelly-feet/
အစွဲအလမ်းလွန်စိတ်ဝေဒနာကို ဘယ်လိုဖြေရှင်းမလဲ
Obsessive compulsive disorder (OCD) ဆိုတာစိုးရိမ်ကြောင့်ကြမှုရောဂါတစ်မျိုးဖြစ်ပြီးပြန့်ကြဲနေတဲ့အတွေးတွေကြောင့်မကျေနပ်ခြင်း၊စိတ်ထဲစွဲနေခြင်းအပေါ်မူတည်ပြီးရောဂါသတ်မှတ်ပါတယ်။OCD ကိုဆေးနည်းတွေ၊စိတ်ပညာကုထုံးတွေနဲ့ကုသနိုင်ပါတယ်။OCDကိုထိန်းချုပ်ဖို့သင့်ဘာသာသင်အသုံးပြုနိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ အခုပြောပြသွာူမှာကဘယလိုထိန်းချုပ်ရမလဲဆိုတဲ့အချက်လေးတွေပါ။OCDဆိုတာစိုးရိမ်ကြောင့်ကျခြင်းရောဂါတစ်မျိုးလို့နားလည်ထားခြင်းကOCDကိုထိန်းချုပ်နိုင်ဖို့ပထမဆုံးခြေလှမ်းပါ။လေ့လာမှုတွေအရလူဦးရေစုစုပေါင်းရဲ့၂ရာခိုင်နှုန်းလောက်ကသူတို့ဘဝရဲ့တစ်ချိန်ချိန်မှာOCDကိုခံစားရတာတွေ့ရပါတယ်။ရောဂါလကဏာတွေကတော့အသက်၁၉လောက်မှာစပေါ်ပြီးဒါတွေကသင့်ဘဝကိုနည်းအမျိုးမျိုးနဲ့ပြသနာရှာပါလိမ့်မယ်။ဘယ်အခြေအနေတွေကသင့်ကိုစိုးရိမ်ကြောင့်ကြမှုဖြစ်စေလဲဆိုတာတွေးကြည့်ပါ။ သင်ကိုယ်တိုင်သင့်ရဲ့အကြောက်တရားကလက်တွေ့မကျမှန်းသိပေမယ့်တကယ်ကြုံလာတဲ့အခါရပ်တန့်လို့မရပါဘူး။ သင့်ကိုစိုးရိမ်ကြောင့်ကြမှုဖြစ်စေတဲ့အတွေးတွေကိုရေးမှတ်ထားပြီးတစ်ခုချင်းစီကိုရှင်းပါ။ သူတို့ကလက်တွေ့ကျတာတွေဘဖြစ်ဖြစ်လက်တွေ့မကျတာတွေဘဖြစ်ဖြစ်အလုပ်ဖြစ်ပါတယ်။ အရင်ကဘာတွေဖြစ်ဖူးလဲဆိုတာတွေစဉ်းစားပြီးဘာကသင့်ကိုစိုးရိမ်ကြောင့်ကြစေလဲရှာကြည့်ပါ။သင့်ရဲ့အကြောက်တရားတွေကိုတွေးကြည့်ပြီးဒါတွေကလက်တွေ့ကျလား?ဒါမှမဟုတ်တခြားအချက်တွေနဲ့ရောထွေးပြီးကြောက်တာလား?သိအောင်လုပ်ပါ။ ဒါ့အပြင်သင့်အတွေးတွေကတိကျလား၊ဒီအတွေးရဲ့မကောင်းတဲ့ဘက်မှာဘာရှိလဲစတာတွေကိုပါစဉ်းစားကြည့်ပါ။ သင့်အကြောက်တရားနဲ့သင်စိန်ခေါ်ပြီးယှဉ်ပြိုင်နေချိန်မှာတခြားအတွေးအသစ်တွေတွေးပြီးအကြောက်တရားကိုအနိုင်ယူပါ။ဥပမာပြောရရင်သင့်အဝတ်လျှော်စက်ကိုပိတ်ထားလားမပိတ်ထားလားဆိုတာ၁၀ကြိမ်လောက်လှည့်ကြည့်နေမိတယ်ဆိုပါတော့။ ဒါကိုတစ်ဖြည်းဖြည်းနဲ့၈ကြိမ်၅ကြိမ်၃ကြိမ်နောက်ဆုံး၁ကြိမ်ဘဲကြည့်တော့တဲ့ထိကြိုးစားကြည့်ပါ။ တကယ်လို့OCDကမသက်သာလာဘူးဆိုရင်ဆရာဝန်ဆီသွားပြီးတခြားဆေးနည်းတွေတောင်းတာဘဖြစ်ဖြစ်စိတ်ဆရာဝန်ဆီသွားပြီးသင့်အခြေအနေနဲ့ကိုက်ညီမယ့်မိမိကိုယ်မိမိကူညီနိုင်မယ့်နည်းလမ်းတွေကိုတောင်းပါ။ဥပမာပြောရရင်သင်တစ်ခုခုကိုထိထားရင်ချက်ချင်းလက်ဆေးရမယ်ဆိုရင်ချက်ချင်းမဆေးသေးဘဲ၁မိနစိ၃မိနစ်၅မိနစ်ကြာအောင်စောင့်ပြီးမှဆေးကြည့်ပါ။ ဒီလိုဘဲအဖြစ်အပျက်တစ်ခုခုနဲ့သင့်ရဲ့လုပ်ရိုးလုပ်စဉ်ကြားကအချိန်ကိုနောက်ဆုံးဘာမှမလုပ်ရလဲအဆင်ပြေတဲ့အထိနှေးသွားပါ။ စိတ်စွဲနေတဲ့အတွေးတွေရှိနေတဲ့သူတစ်ဦးချင်းစီကသူတို့ရဲ့ဘဝမှာသက်တောင့်သက်သာမရှိကြပါဘူး။ သင်ဘာဘဲလုပ်လုပ်၊အဆင်ပြေအောင်မလုပ်နိုင်တော့ပါဘူး။ ဒါပေမယ့အကူအညီရှိပါတယ်။ ကုသမှုနဲ့ကိုယ်တိုင်ပြုလုပ်ရတဲ့နည်းလမ်းတွေကသင့်ကို OCD မဖြစ်စေတော့ဘဲပုံမှန်ဘဝကိုပြန်ရစေပါလိမ့်မယ်။Hello Health Group does not provide medical advice, diagnosis or treatment.။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/%e1%80%a1%e1%80%85%e1%80%bd%e1%80%b2%e1%80%a1%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%9c%e1%80%bd%e1%80%94%e1%80%ba%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%9d%e1%80%b1%e1%80%92%e1%80%94/
နှုတ်ခမ်းပေါ်က အဖြူစက်လေး တွေက အန္တရာယ်ရှိလား
တချို့လူတွေရဲ့  နှုတ်ခမ်းပေါ်မှာ အဖြူစက်လေးတွေ ရှိတတ်ကြပါတယ်။ အထူးသဖြင့်တော့ အပေါ်နှုတ်ခမ်းမှာပေါ့။ တချို့ကလည်း ဒါကို ရောဂါတစ်ခုခုကို ထင်ကြသလို တချို့ကလည်း ပျောက်အောင်ဆိုပြီး ကုတ်ဖဲ့တာတွေ လုပ်တတ်ကြပါတယ်။ အဲ့ဒီ နှုတ်ခမ်းပေါ်က အဖြူစက်လေး တွေကို Fordyce spots လို့ ခေါ်ပါတယ်။Fordyce spots တွေကအဆီဂလင်းတွေ ဖြစ်ပြီးအရွယ်အစားကြီးလာတာကြောင့် အရေပြားပေါ်ကို ဖောင်းထွက်လာတာပဲ ဖြစ်ပါတယ်။ အမွေးမရှိတဲ့အရေပြားနေရာတွေမှာ အဖြစ်များပါတယ်။ဒီ နှုတ်ခမ်းပေါ်က အဖြူစက်လေး တွေက ဘယ်သူ့မှာမဆို ဖြစ်နိုင်ပါတယ်။ အရွယ်ရောက်ပြီး ဟော်မုန်းအပြောင်းအလဲ ဖြစ်တတ်တဲ့အချိန်လောက်ကစပြီး ထွက်လာတတ်ပါတယ်။ အရွယ်ရောက်ပြီး သူတွေရဲ့ ၇၀-၈၀ ရာခိုင်နှုန်းလောက်မှာ ဒီအဖြူစက်လေးတွေ ရှိတတ်ပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက်  ၂ဆလောက် ပိုဖြစ်တာကိုတွေ့ရပါတယ်။တချို့ပညာရှင်တွေရဲ့ အဆိုအရတော့ ဒီအဖြူစက်လေးတွေက မွေးတည်းက ပါလာတာပါတဲ့။ဟော်မုန်းအပြောင်းအလဲဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်ရောက်မှ ပိုပြီး သိသာလာတယ်လို့ ဆိုပါတယ်။ သူ့ကို ဖြစ်စေတဲ့ အကြောင်းရင်း အတိအကျရယ်လို့ မရှိပါဘူး။နှုတ်ခမ်းမှာ အဖြူစက်လေးတွေ ပေါ်လာရင် တခြားရောဂါ တစ်ခုခုလည်း ဖြစ်နိုင်ပါတယ်။ Fordyce spots လို့ ပြောနိုင်တဲ့ အချက်တွေကတော့။Fordyce spots က ကူးစက်ရောဂါ မဟုတ်သလို ကင်ဆာလည်း မဟုတ်ပါဘူး။ ရိုးရိုး အဆီဖုလေးတွေပဲ ဖြစ်ပါတယ်။ နမ်းတာ၊ အစားအသောက် အတူစားတာကနေလည်း မကူးနိုင်ပါဘူး။ ဒါကြောင့် Fordyce spots က အန္တရာယ် မရှိပါဘူး။ဒါပေမဲ့ နှုတ်ခမ်းပေါ်က အဖြူစက်လေး တွေက Fordyce spots မဟုတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ Fordyce spots နဲ့ မှားနိုင်တဲ့ ရောဂါတွေက ‌တော့။ဒါကြောင့် ကိုယ့် နှုတ်ခမ်းပေါ်က အဖြူစက်လေး တွေက ဘာမှန်းမသိဘူးဆိုရင် ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ လိုပါတယ်။ Fordyce spots ဆိုရင်တော့ အန္တရာယ် မရှိပါ။များသောအားဖြင့်တော့ လက္ခဏာကိုပဲ ကြည့်ရှုစစ်ဆေးတာ ဖြစ်ပါတယ်။ တကယ်လို့ တခြား ရောဂါတစ်ခုခုလို့ ထင်ရင်တော့ လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လုပ်ရမှာပါ။ဆရာဝန်နဲ့ ပြသသင့်တဲ့ အခြေအနေတွေကတော့။Fordyce spots တွေက အဖြစ်များတယ်၊ အန္တရာယ်မရှိတာကြောင့် မဖြစ်မနေ ပြသဖို့တော့ မလိုပါဘူး။ တချို့ကလည်း အချိန်ကြာလာရင် သူ့အလိုလိုသက်သာသွားတတ်ပါတယ်။ တကယ်လို့ စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆိုရင်တော့ အောက်ပါ နည်းလမ်းတွေနဲ့ ကုသလို့ ရပါတယ်။အအေးဓာတ်ကို သုံးပြီး တစ်ရှူးတွေကို ဖျက်ဆီးတာ ဖြစ်ပါတယ်။ ကုထုံးအပြီးမှာ နှုတ်ခမ်းတစ်ဝိုက် ၃ရက်လောက် နာနေနိုင်ပါတယ်။လျှပ်စီးပါတဲ့ အပ်ကို သုံးနဲ့ အဖုလေးတွေ ရှိတဲ့နေရာကို စားလိုက်တာ ဖြစ်ပါတယ်။ အနာကျက်ဖို့ ၃-၅ရက်လောက် ကြာတတ်ပါတယ်။လေဆာနဲ့ အဖုလေးတွေရှိတဲ့ အရေပြားကို စားလိုက်တာ ဖြစ်ပါတယ်။ အနာကျက်ဖို့ ၅ရက်ကနေ ၂၁ရက်အထိ ကြာနိုင်ပါတယ်။ခဲတံလို ကိရိယာလေးနဲ့ အရေပြားကို ဖယ်ထုတ်လိုက်တာ ဖြစ်ပါတယ်။ အနာကျက်ဖို့ ၁လလောက် အချိန်ယူရပါတယ်။Retinoidsလို လိမ်းဆေးတွေကို အသုံးပြုပြီး အဖုလေးတွေကို ဖယ်ရှားတာ ဖြစ်ပါတယ်။ အာနိသင်ပြဖို့ ၂ပတ်ကနေ ၆ပတ်အထိ ကြာတတ်ပါတယ်။ဒီကုထုံးတွေကို အသုံးပြုတာက တစ်ယောက်နဲ့ တစ်ယောက်မှာ မတူနိုင်တာကြောင့် ကိုယ်နဲ့ ကိုက်ညီတာကို ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။ကုထုံးတွေအထိ မသွားချင်သေးဘူးဆိုရင် အိမ်မှာ အောက်ပါ နည်းလမ်းတွေနဲ့လည်း စမ်းကြည့်နိုင်ပါသေးတယ်။ပန်းသီးရှာလကာရည်က ချွေးပေါက်တွေကို ကျဉ်းပြီး အဆီတွေကို ခြောက်စေတဲ့ အာနိသင်ရှိပါတယ်။ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်းတစ်ဇွန်းကို ရေ ခွက်၄ပုံ၁ပုံရောပြီး အဖုလေးတွေ နေရာကို တို့ပေးပါ။ တစ်ပတ်ကို ၂-၃ကြိမ် သုံးပေးရင်  ၄ပတ်က ၆ပတ်အကြာမှာ သိသာလာနိုင်ပါတယ်။ဒီအဆီတွေမှာ ဗီဝာာမင် အီး ပါဝင်တာကြောင့် သွေးလည်ပတ်မှု ကောင်းစေပြီး အရေပြားကို တင်းရင်းစေပါတယ်။ အဖုလေးတွေ ရှိတဲ့နေရာကို တစ်ရက် ၂ကြိမ် လိမ်းပေးမယ်ဆိုရင် ၄ပတ်လောက်အကြာမှာ အရွယ်အစား သေးသွားနိုင်ပါတယ်။အသားခြောက်ရင်လည်း အဆီဂလင်းက အဆီတွေ ပိုထုတ်တာကြောင့် အဖုလေးတွေ ပိုသိသာလာတာ ဖြစ်ပါတယ်။ ဒါကြောင့် အဖုလေးတွေ ရှိတဲ့နေရာကိုအုန်းဆီလိမ်းပေးပါ။ အရေပြားအစိုဓာတ်ပြည့်တဲ့အခါ အဆီထွက်တာနည်းပြီး အဖုလေးတွေပါ သက်သာလာပါလိမ့်မယ်။သဘာဝနည်းလမ်းတွေက အန္တရာယ်မရှိဘူးဆိုပေမဲ့ ကိုယ့်အလှည့်ကျမှ ဓာတ်မတည့်တာလည်း ဖြစ်နိုင်လို့ သုံးနေရင်းနဲ့ ပိုပိုဆိုးလာရင်၊ မသက်သာလာရင် ရပ်လိုက်ပြီး ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။နောက်ပြီး နှုတ်ခမ်းပေါ်က အဖြူစက်လေး တွေနဲ့ ပတ်သက်ပြီး မလုပ်ရမှာတွေကတော့။ဒါတွေက အရေပြားကို ပွန်းပဲ့စေပြီး ပိုးဝင်တာတွေ ဖြစ်စေနိုင်လို့ လုံးဝ မလုပ်သင့်ပါဘူး။ အဲ့ဒီအစား တကယ်ထိရောက်တဲ့ နည်းလမ်းတစ်ခုခုနဲ့ ကုသဖို့ အကြံပေးချင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/white-spots-on-lips-or-fordyce-spots/
လုပ်ငန်းခွင်ဓါတ်မတည့်မှုများကိုရှောင်ရှားရန်နည်းလမ်းများ
ဓါတ်မတည့်မှုများသည် အချိန်မရွေး ဖြစ်ပွားတတ်ပြီး အလုပ်ခွင်အတွင်းတွင်ဖြစ်ပါက လုပ်ငန်းခွင်ထိခိုက်မှုကို ဖြစ်စေပါသည်။ နှာရည်ယိုခြင်း၊ နှာစေးခြင်း၊ မျက်စိနီရဲယားယံခြင်းတို့ ခံစားရပြီး အလုပ်အာရုံစူးစိုက်မှုကို ထိခိုက်စေပါသည်။ သင့်အနေဖြင့် ထိုဓါတ်မတည့်မှုများကို လျှော့ချနိုင်ရန် (သို့မဟုတ်) လုံးဝရှောင်ရှားနိုင်ရန် အောက်ပါတို့ကို သိရှိရန် လိုအပ်ပါသည်။ သို့မဟုတ်ပါက အလုပ်ပျက်ပြီးသင်၏ လုပ်ငန်းခွင် စွမ်းအားကိုလည်း လျော့ကျစေမည်ဖြစ်ပါသည်။ဓါတ်မတည့်မှုအတွက် အကောင်းဆုံး ကုသမှုမှာ ဓါတ်မတည့်မှု ဖြစ်စေသော အရာများမှ ရှောင်ရှားခြင်း ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် မိမိနှင့် ဓါတ်မတည့်သော အခြေအနေရှိနိုင်သော အလုပ်အကြောင်း သိသင့်သကဲ့သို့ မည်သည့်အလုပ်က မိမိအတွက်သင့်တော်မည်ကိုလည်း ရွေးချယ်နိုင်စွမ်းရှိရပါမည်။အောက်ပါအလုပ်များသည်ဓါတ်မတည့်ရောဂါရှိသူများအတွက် မသင့်တော်သောအချက်များဖြစ်သည်။(၁)ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်း လုပ်ငန်းများ။ပန်းဝတ်မှုန်နှင့်ဓါတ်မတည့်သူများ အနေဖြင့် ဥယျာဉ်ခြံစိုက်လုပ်ငန်းများ၊ မြေယာလုပ်ငန်းများကိုမပြုလုပ်သင့်ပါ။ သို့မဟုတ်ပါက ဥယျာဉ်ခြံမြေဆိုင်ရာ ကျွမ်းကျင်ဆေးပညာရှင်နှင့်တိုင်ပင်သင့်ပါသည်။ အဓိက ဓါတ်မတည့်မှုဖြစ်စေသောအရာများမှာ အပင်များ၊ မြက်ပင်များ၊ ရေညှိနှင့်မှိုတို့ဖြစ်ပါသည်။(၂)အလှပြင်ဆိုင် (Spa) လုပ်ငန်းများ။ဓါတ်မတည့်နှာစေးခြင်းရောဂါ၊ပန်းနာရင်ကျပ်ရောဂါရှိသူများ။သည ်အလှပြင်ဆိုင်များတွင် အလုပ်လုပ်သောအခါ အမွှေးရနံ့များ၊ အလှပြင်ဆေးရည်များကို ရှုရှိုက်မိပြီး ဓါတ်မတည့်မှုဖြစ်စေနိုင်ပါသည်။ ဓါတု မွှေးရနံ့များ၊ ဆေးရည်များသည် ဓါတ်မတည့်ရောဂါအခံရှိသူတွင် ဓါတ်မတည့်မှုကို ဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။(၃) ဘား နဲ့စားသောက်ဆိုင် လုပ်ငန်းများ။သင့်အနေဖြင့်စားသောက်ဆိုင်တွင်အလုပ်ဝင်မည်ဆိုလျှင်ဆေးလိပ်ငွေ့ကင်းစင်သောပတ်ဝန်းကျင်ဖြစ်/မဖြစ်စုံစမ်းပါ။ အခြားသူများသောက်သော ဆေးလိပ်ငွေ့ကိုရှုမိပါက လည်းဓါတ်မတည့်ခြင်း၊နှာစေးချောင်းဆိုးဖြစ်ခြင်း၊အဆုတ်လေပြွန် ရောင်ရမ်းခြင်းတို့ဖြစ်နိုင်ပါသည်။(၄)အိမ်အကူ လုပ်ငန်းများ။အိမ်တွင်း ထိန်းသိမ်း သန့်ရှင်းရေးလုပ်သူများသည်လည်း ဓါတ်မတည့်ခြင်းနှင့်ကြုံတွေ့ရနိုင်သည်။ ဖုန်မှုန်များ၊ မှိုများ၊ ကြေးချွတ်ဆေးများနှင့် အင်းဆက်ပိုးများကို ထိတွေ့ကိုင်တွယ်ရှုရှိုက်မိသဖြင့်ဓါတ်မတည့်မှုဖြစ်စဉ်များ၊ အရေပြားယားယံ အနီကွက်ထွက်ခြင်းများကြုံတွေ့ရနိုင်သည်။(၅)အိမ်မွေးတိရစ္ဆာန်များ ထိန်းသိမ်းခြင်းလုပ်ငန်းများ။အကယ်၍ သင်သည်တိရစ္ဆာန်လေးများ၏အမွေးနှင့်ဓါတ်မတည့်သူ ဆိုလျှင်အိမ်မွေးခွေးများထိန်းသိမ်းခြင်း၊တိရစ္ဆာန်အရောင်းဆိုင်များတွင်အလုပ်လုပ်ခြင်းကိုရှောင်ရှားသင့်သည်။ တိရစ္ဆာန်ချစ်တတ်သူဖြစ်စေဦး တော့ရှောင်ရှားနည်းကသာလျှင ်သင့်ကိုဓါတ်မတည့်ဝေဒနာမှ ကင်းဝေးစေပါလိမ့်မည်။(၆)ပန်းအလှပြင်ခြင်းနှင့် ပန်းစိုက်လုပ်ငန်းများ။ပန်းဝတ်မှုန်များ၊ ပန်းပင်စိုက်ပျိုးရာတွင် သုံးသောမြေဆွေးထဲရှိမှိုများကို ရှုရှိုက်မိတတ်သည်။ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ သည်လည်း ဓါတ်မတည့်အခံရှိသူအဖို့ ဓါတ်မတည့်ခြင်းကိုဖြစ်စေပါသည်။(၇)စားဖိုမှူး လုပ်ငန်းများ။အစားအသောက်တစ်ခုခုကို ဓါတ်မတည့်ခြင်း (ဥပမာ- ဂျုံ၊၊ ပင်လယ်ငါး၊ ပင်လယ်စာများကို ဓါတ်မတည့် ခြင်း) စသည့်ဝေဒနာရှိပါက ထိုအရာများနှင့်ပြည့်နှက်နေမည့်မီးဖိုချောင်တွင် အစားအသောက် ပြင်ဆင်ချက်ပြုတ် ရသည့်လုပ်ငန်းများကို ရှောင်ရှားသင့်သည်။မည်သို့ပင်အထက်ပါနည်းလမ်းများအတိုင်း ရှောင်ရှားစေကာမူ မိမိ၏ နေ့စဉ်ဘဝတွင် ဓါတ်မတည့်စေသော အရာများက ရှိနေနိုင်သည့်အတွက် ဓါတ်မတည့်မှုနှင့် ပတ်သက်သော ကုထုံးများကို လိုအပ်ပါက ရယူရမည်။ လုပ်ငန်းခွင်တွင်း ဓါတ်မတည့်မှုကို ဆက်လက်ခံစားနေရပါက ဓါတ်မတည့်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်နှင့်လည်း တိုင်ပင်ဆွေးနွေးရပါမည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/other-allergies/%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%84%e1%80%94%e1%80%b9%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%b9%e1%80%93%e1%80%ac%e1%80%90%e1%80%b9%e1%80%99%e1%80%90%e1%80%8a%e1%80%b9%e1%80%b7%e1%80%99/
COVID-19 သံသယလူနာ ၊ စောင့်ကြည့်လူနာ ဆိုတာဘာလဲ။
ခုလတ်တလောမှာ ကြားကြားနေရတာကCOVID-19ပါပဲ။ နောက်ပြီး သတင်းကြေညာချက်တွေမှာလဲ  သံသယလူနာ ၊ စောင့်ကြည့်လူနာ ၊ ပိုးမတွေ့သေးပါ စသဖြင့် ပြောနေတာ ကြားနေရပါတယ်။ နောက်ပြီးစောင့်ကြည့်နေတယ်တွေရော၊ သီးသန့်ခွဲထုတ်ထားတယ်တွေရော ဒါတွေက ဘာကိုဆိုလိုတာလဲ။ ဆေးပညာအသိုင်းအဝိုင်းကလူတွေကတော့ ဒါကို သိပေမယ့် အပြင်လူတွေအနေနဲ့ကတော့ နားရှုပ်နေမှာပါ။ COVID-19က လူတိုင်းနဲ့ သက်ဆိုင်တာကြောင့် ဒါတွေဟာ ဘာကို ပြောချင်တာလဲဆိုတာ သိဖို့လိုပါတယ်။ နောက်ပြီး ခုလက်ရှိမှာ သံသယလူနာ၊ စောင့်ကြည့်လူနာတွေကို ဘာတွေလုပ်ပေးနေလဲ။ ဒါတွေကို ပြောပြပေးသွားပါမယ်။ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သံသယလူနာဆိုတာက(ဒါက version 3ပါ။ အချိန်နဲ့ အမျှ ပြောင်းလဲနိုင်ပါတယ်။)။(၁)-လူနာတစ်ယောက်ဟာ အသက်ရှူလမ်းကြောင်း လက္ခဏာတွေရှိတယ်။ (ဖျားတယ်။ အသက်ရှူလမ်းကြောင်းလက္ခဏာတွေရှိတယ်။ ဥပမာချောင်းဆိုးတာ၊ မောတာ)။-ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကိုလည်း သေချာ မသိဘူး။-ဒီလို လက္ခဏာတွေမပြခင် ၁၄ရက်အတွင်းမှာCOVID-19 ဖြစ်နေတဲ့ နိုင်ငံဒါမှမဟုတ် နေရာကို သွားထားတဲ့သူ ဖြစ်ရမယ်။ဒါမှမဟုတ်။(၂)-လူနာတစ်ယောက်ဟာ အသက်ရှူလမ်းကြောင်း လက္ခဏာတွေရှိတယ်။-လက္ခဏာမပြခင် ၁၄ရက်အတွင်းမှာ COVID-19 ရောဂါ ရှိသူ ဒါမှမဟုတ် ရှိနိုင်တဲ့သူနဲ့ နီးနီးကပ်ကပ် နေထားတဲ့သူ ဖြစ်ရမယ်။ဒါမှမဟုတ်။(၃)- လူနာတစ်ယောက်ဟာ ပြင်းထန်တဲ့အသက်ရှူလမ်းကြောင်းလက္ခဏာတွေရှိတယ်။ (ဖျားတယ်။ အသက်ရှူလမ်းကြောင်းလက္ခဏာတွေရှိတယ်။ ဥပမာ ချောင်းဆိုးတာ၊ မောတာ)။-ဆေးရုံတက်ရလောက်အောင် ပြင်းထန်တယ်။-ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကိုလည်း သေချာ မသိဘူး။အပေါ်မှာ ရေးထားတာ တစ်ခုခုနဲ့ ကိုက်ညီမှသာ သံသယလူနာလို့ သတ်မှတ်မှာပါ။COVID-19 ရောဂါရှိတယ်လို့ ပြောဖို့အတွက်ဆိုရင် ရောဂါလက္ခဏာရှိရှိ မရှိရှိဓာတ်ခွဲခန်းမှာ စစ်ဆေးလိုက်လို့ ပိုးတွေ့တယ်ဆိုရင် ရောဂါရှိတယ်လို့ သတ်မှတ်ပါတယ်။ကိုယ့်ကိုယ်ကို အပေါ်က အချက်တွေနဲ့ ကိုက်နေလို့ပဲ ဖြစ်ဖြစ်၊ နေမကောင်းလို့ ဆေးရုံ၊ ဆေးခန်းသွားတာ၊ ပြင်ပလူနာဌာနကိုပဲ ဖြစ်ဖြစ်သွားပြပြီး ရောဂါသံသယရှိတယ်ဆိုပါစို့။အရင်ဆုံး A, B, C ဆိုပြီး အုပ်စုခွဲလိုက်ပါမယ်။–  လွန်ခဲ့တဲ့ ၁၄ရက်အတွင်း ရောဂါဖြစ်ထားတဲ့ နိုင်ငံ ဒါမှမဟုတ် နေရာကို ခရီးသွားထားတဲ့သူဒါမှမဟုတ်။–  လွန်ခဲ့တဲ့ ၁၄ရက်အတွင်း ရောဂါဖြစ်ထားတဲ့သူနဲ့ နီးနီးကပ်ကပ်နေထားတဲ့သူ။– ဖျားတယ်၊ အသက်ရှူလမ်းကြောင်း ရောဂါလက္ခဏာတွေရှိတယ်။ (ချောင်းဆိုးတယ်၊ မောတယ်။)။– ဖျားတယ်၊ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်း ရောဂါလက္ခဏာတွေ ရှိတယ်၊ ဖြစ်တဲ့ အကြောင်းရင်းလည်း မသိဘူး။ဒါဆိုရင်။– ရောဂါရှိတဲ့သူနဲ့ ထိတွေ့ထားတဲ့သူဆိုရင် အိမ် ဒါမှမဟုတ် ဆေးရုံမှာ ၁၄ရက် ထိန်းချုပ်စောင့်ကြည့်ထားပါမယ်။– နောက်ထပ်စစ်ဆေးပြီး ရောဂါရှာဖွေရပါမယ်။– လူနာကို တခြားလူနာတွေနဲ့ ခွဲထားပါမယ်။-ရောဂါပိုး ထိန်းချုပ်ရေးတွေ လုပ်တယ်။-လူနာကို စမ်းသက်စစ်ဆေးမယ်။-ကျန်းမာရေးဝန်ကြီးဌာနကို သတင်းပို့မယ်။ဒါပြီးရင်။– Person Under Investigation (PUI)အဆုတ်ရောင်ရောဂါနဲ့ ပတ်သတ်ပြီး လူနာကို စောင့်ကြည့်မယ်။လိုအပ်လာရင်။-သီးသန့်အခန်းထဲမှာ ခွဲထုတ်ထားမယ်။-NHL အမျိုးသားဓာတ်ခွဲဌာနကို နှာခေါင်းတို့ဖတ်၊အာခေါင်တို့ဖတ်နမူနာပို့ပြီး စစ်ဆေးမယ်။တကယ်လို့များ “ရောဂါပိုးရှိတယ်”လို့ အဖြေထွက်ခဲ့ရင်။– COVID-19အတွက် စနစ်တကျ ပြင်ဆင်ထားတဲ့ ဆေးရုံကို လွှဲပြောင်းပေးမယ်။-လိုအပ်တဲ့ ကုသမှုတွေ ပေးပါမယ်။ဒါက လက်ရှိမှာ COVID-19 အတွက် ပြင်ဆင်ထားတဲ့ guidelinesတွေပဲ ဖြစ်ပါတယ်။ စောင့်ကြည့်တယ်လို့ ခဏခဏသုံးရတာက ရောဂါလက္ခဏာက တခြားတုပ်ကွေးတို့ အဆုတ်ရောင်ရောဂါတွေနဲ့ တူတဲ့အပြင် ကုသနိုင်တဲ့ ဆေးလည်း မရှိသေးလို့ပါ။ လုပ်နိုင်တာက လူနာခံစားရတဲ့ လက္ခဏာပေါ်လိုက်ပြီး ကုသမှုပေးတာနဲ့ သူများကို မကူးစက်အောင် ကာကွယ်ပေးတာပါ။ ဒီလောက်ဆိုရင် သံသယလူနာဆိုတာ ဘာလဲ၊ ဘယ်သူတွေကို စောင့်ကြည့်မှာလဲဆိုတာ သိလောက်ပါပြီ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-19-%e1%80%9e%e1%80%b6%e1%80%9e%e1%80%9a%e1%80%9c%e1%80%b0%e1%80%94%e1%80%ac-%e1%81%8a-%e1%80%85%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b7%e1%80%80%e1%80%bc%e1%80%8a%e1%80%ba%e1%80%b7%e1%80%9c/
Personality Disorders (ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများ )
ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများသည် သင်တွေးပုံ လုပ်ကိုင်ပုံများအား ထိခိုက်သော ရောဂါများကို ဆိုလိုပါသည်။ ကိုယ်ရည်ကိုယ်သွေးဆိုသည်မှ လူတစ်ဦး၏ သိသာထင်ရှားသော စရိုက်၊ အမူအကျင့်ပုံစံနှင့် တစ်ဦးစီ၏ကိုယ်ပိုင်စရိုက်လက္ခဏာများကို ဖန်တီးပေးသော ပုံစံများကို ဆိုလို၏။ ၎င်းသည် ကျွန်တော်တို့၏ လောကအပေါ် လက်ခံလေ့လာပုံ၊ ကျွန်တော်တို့၏ စိတ်ထား၊ အတွေးနှင့် ခံစားမှုများအပေါ် ထိခိုက်စေခြင်းဖြစ်သည်။ ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများသည် မိသားစု၊ သူငယ်ချင်းများနှင့်တောင်မှ လူမှုဆက်ဆံရေး ခက်ခဲစေနိုင်သည်။ ထိုသူများတွင် ဘယ်လိုအပြုအမူက ပုံမှန်၊ ဘယ်လိုက မူမမှန်ဆိုသည်ကိုလည်း ခွဲခြားရခက်၏။ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများကို အုပ်စုခွဲများအဖြစ်ခွဲနိုင်ပြီး အမူအကျင့်တူရာများကို စုထားခြင်းဖြစ်သည်။ဒီရောဂါသည် အဖြစ်များ၏။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများသည် မြီးကောင်ပေါက်စတွင် စတင်ဖြစ်ပွားတတ်ပြီး နောက်ပိုင်းဘဝတစ်လျှောက်လုံး ဖြစ်နေတတ်ပါသည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ကိုယ်ရည်ကိုယ်သွေးကမောက်ကမရောဂါများ ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ။ဖြစ်နေသော ကမောက်မကရောဂါအမျိုးအစား၊ သက်ဆိုင်ရာ ရောဂါအဖွဲ့ပေါ်လိုက်ပြီး လက္ခဏာများ ကွားခြားနိုင်ပါသည်။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများကို ဖြစ်စေရသည့် အကြောင်းရင်းများစွာရှိပါသည်။ ထိခိုက်မှု သို့မဟုတ် ပြင်းထန်သော ဒရာမာဆန်ဆန် ဖြစ်ရပ်များမှ ဖြစ်ပေါ်လာတ်ပါသည်။ တစ်ချို့သိပ္ပံပညာရှင်များက ဦးနှောက်မှ ဓါတုပစ္စည်းများ မညီမျှကြောင့် ဖြစ်နိုင်ကြောင်း၊ ပါတ်ဝန်းကျင်အခြေအနေများမှ ကိုယ်ရည်ကိုယ်သွေး ပြောင်းလဲမှု စဖြစ်လာစေကြောင်း ယူဆထားကြ၏။ လက္ခဏာများသည် ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါအလိုက် ကွြဲုပါးပါသည်။ကိုယ်ရည်ကိုယ်သွေးကမောက်ကမရောဂါများ ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်မှ သင်၏အပြုအမူများကိုသိရန်နှင့် ၎င်းတို့ကို ရောဂါအမျိုးအစားတစ်ခုစီနှင့် တိုက်ကြည့်ခြင်းများ ပြုလုပ်နိုင်ရန် သင်နှင့် သင့်မိသားစုကို မေးခွန်းများ မေးပါလိမ့်မည်။ သင့်အတွက်အရေးကြီးသော စိတ်ပိုင်းဆိုင်ရာကို ထိခိုက်သွားသော လတ်တလေဖြစ်ရပ်များ ရှိမရှိလည်း မေးနိုင်ပါသည်။ သင်၏ကျန်းမာရေးရာဇဝင်နှင့် နေထိုင်ရာ ပါတ်ဝန်းကျင်ကို ရောဂါအမည်တပ်ရာတွင် ထည့်သွင်းစဉ်းစားပါလိမ့်မည်။ကုသမှုသည် သင့်၌ရှိသော ရောဂါအမျိုးအစားပေါ် မူတည်ပါသည်။ သို့သော ယေဘုယျအားဖြင့် တူညီသော ကုသမှုပုံစံ အနည်းငယ်ရှိပါသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကကိုယ်ရည်ကိုယ်သွေးကမောက်ကမရောဂါများ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် ကိုယ်ရည်ကိုယ်သွေးကမောက်ကမရောဂါများ ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/personality-disorders-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%9b%e1%80%8a%e1%80%b9%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8-%e1%80%80%e1%80%b1/
သင့်လုပ်ငန်းဝန်းကျင် ဓါတ်မတည့်မှုများကို ဘယ်လို ရှောင်ရှားမလဲ
ဓါတ်မတည့်မှုများသည်အချိန်မရွေးဖြစ်ပွားတတ်ပြီးအလုပ်ခွင်အတွင်းတွင်ဖြစ်ပါက လုပ်ငန်းခွင်ထိခိုက်မှုကိုဖြစ်စေပါသည်။ နှာရည်ယိုခြင်း၊ နှာစေးခြင်း၊ မျက်စိနီရဲယားယံခြင်းတို့ခံစားရပြီးအလုပ်အာရုံ စူးစိုက်မှုကိုထိခိုက်စေပါသည်။ သင့်အနေဖြင့် ထိုဓါတ်မတည့်မှုများကို လျှော့ချနိုင်ရန်(သို့မဟုတ်) လုံးဝရှောင်ရှားနိုင်ရန် အောက်ပါတို့ကိုသိရှိရန် လိုအပ်ပါသည်။ သို့မဟုတ်ပါကအလုပ်ပျက်ပြီးသင်၏ လုပ်ငန်းခွင်စွမ်းအားကိုလည်း လျော့ကျစေမည်ဖြစ်ပါသည်။လုပ်ငန်းခွင်ဆိုင်ရာ။ဓါတ်မတည့်မှုအတွက်အကောင်းဆုံးကုသမှုမှာဓါတ်မတည့်မှုဖြစ်စေ။သောအရာများမှရှောင်ရှားခြင်း ဖြစ်သည်။ ထို့ကြောင့်သင့်အနေဖြင့်မိမိနှင့် ဓါတ်မတည့်သောအခြေအနေရှိနိုင်သော အလုပ်အကြောင်းသိသင့်သကဲ့သို့ မည်သည့်အလုပ်က မိမိအတွက်သင့်တော်မည်ကိုလည်း ရွေးချယ်နိုင်စွမ်းရှိရပါမည်။အောက်ပါအလုပ်များသည်ဓါတ်မတည့်ရောဂါရှိသူများအတွက် မသင့်တော်သောအချက်များဖြစ်သည်။(၁)ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်းလုပ်ငန်းများ။ပန်းဝတ်မှုန်နှင့်ဓါတ်မတည့်သူများ အနေဖြင့် ဥယျာဉ်ခြံစိုက်လုပ်ငန်းများ၊ မြေယာလုပ်ငန်းများကိုမပြုလုပ်သင့်ပါ။ သို့မဟုတ်ပါက ဥယျာဉ်ခြံမြေဆိုင်ရာ ကျွမ်းကျင်ဆေးပညာရှင်နှင့်တိုင်ပင်သင့်ပါသည်။ အဓိက ဓါတ်မတည့်မှုဖြစ်စေသောအရာများမှာ အပင်များ၊ မြက်ပင်များ၊ ရေညှိနှင့်မှိုတို့ဖြစ်ပါသည်။(၂)အလှပြင်ဆိုင်(Spa)လုပ်ငန်းများ။ဓါတ်မတည့်နှာစေးခြင်းရောဂါ၊ပန်းနာရင်ကျပ်ရောဂါရှိသူများ။သည ်အလှပြင်ဆိုင်များတွင် အလုပ်လုပ်သောအခါ အမွှေးရနံ့များ၊ အလှပြင်ဆေးရည်များကို ရှုရှိုက်မိပြီး ဓါတ်မတည့်မှုဖြစ်စေနိုင်ပါသည်။ ဓါတု မွှေးရနံ့များ၊ ဆေးရည်များသည် ဓါတ်မတည့်ရောဂါအခံရှိသူတွင် ဓါတ်မတည့်မှုကို ဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။(၃) ဘား နဲ့စားသောက်ဆိုင် လုပ်ငန်းများ။သင့်အနေဖြင့်စားသောက်ဆိုင်တွင်အလုပ်ဝင်မည်ဆိုလျှင်ဆေးလိပ်ငွေ့ကင်းစင်သောပတ်ဝန်းကျင်ဖြစ်/မဖြစ်စုံစမ်းပါ။ အခြားသူများသောက်သော ဆေးလိပ်ငွေ့ကိုရှုမိပါက လည်းဓါတ်မတည့်ခြင်း၊နှာစေးချောင်းဆိုးဖြစ်ခြင်း၊အဆုတ်လေပြွန် ရောင်ရမ်းခြင်းတို့ဖြစ်နိုင်ပါသည်။(၄)အိမ်အကူလုပ်ငန်းများ။အိမ်တွင်း ထိန်းသိမ်း သန့်ရှင်းရေးလုပ်သူများသည်လည်း ဓါတ်မတည့်ခြင်းနှင့်ကြုံတွေ့ရနိုင်သည်။ ဖုန်မှုန်များ၊ မှိုများ၊ ကြေးချွတ်ဆေးများနှင့် အင်းဆက်ပိုးများကို ထိတွေ့ကိုင်တွယ် ရှုရှိုက်မိသဖြင့် ဓါတ်မတည့်မှုဖြစ်စဉ်များ၊ အရေပြားယားယံ အနီကွက်ထွက်ခြင်းများ ကြုံတွေ့ရနိုင်သည်။(၅)အိမ်မွေးတိရစ္ဆာန်များ ထိန်းသိမ်းခြင်းလုပ်ငန်းများ။အကယ်၍ သင်သည်တိရစ္ဆာန်လေးများ၏အမွေးနှင့်ဓါတ်မတည့်သူ ဆိုလျှင် အိမ်မွေးခွေးများ ထိန်းသိမ်းခြင်း၊ တိရစ္ဆာန်အရောင်းဆိုင်များတွင် အလုပ်လုပ်ခြင်းကို ရှောင်ရှားသင့်သည်။ တိရစ္ဆာန်ချစ်တတ်သူ ဖြစ်စေဦးတော့ ရှောင်ရှားနည်းကသာလျှင ်သင့်ကိုဓါတ်မတည့်ဝေဒနာမှ ကင်းဝေးစေပါလိမ့်မည်။(၆)ပန်းအလှပြင်ခြင်းနှင့်ပန်းစိုက်လုပ်ငန်းများ။ပန်းဝတ်မှုန်များ၊ ပန်းပင်စိုက်ပျိုးရာတွင် သုံးသောမြေဆွေးထဲရှိမှိုများကို ရှုရှိုက်မိတတ်သည်။ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများသည်လည်း ဓါတ်မတည့် အခံရှိသူအဖို့ ဓါတ်မတည့်ခြင်းကိုဖြစ်စေပါသည်။(၇)စားဖိုမှူး လုပ်ငန်းများ။အစားအသောက်တစ်ခုခုကို ဓါတ်မတည့်ခြင်း (ဥပမာ ဂျုံ၊ ပင်လယ်ငါး၊ ပင်လယ်စာများကို ဓါတ်မတည့် ခြင်း) စသည့် ဝေဒနာရှိပါက ထိုအရာများနှင့် ပြည့်နှက်နေမည့် မီးဖိုချောင်တွင် အစားအသောက် ပြင်ဆင်ချက်ပြုတ်ရသည့် လုပ်ငန်းများကို ရှောင်ရှားသင့်သည်။လုပ်ငန်းခွင်ဓါတ်မတည့်ခြင်းကို ရှောင်ရှားရန်နည်းလမ်းများ။မည်သို့ပင် အထက်ပါနည်းလမ်းများအတိုင်း ရှောင်ရှားစေကာမူ မိမိ၏ နေ့စဉ်ဘဝတွင် ဓါတ်မတည့်စေသော အရာများက ရှိနေနိုင်သည့် အတွက် ဓါတ်မတည့်မှုနှင့်ပတ်သက်သော ကုထုံးများကို လိုအပ်ပါက ရယူရမည်။ လုပ်ငန်းခွင်တွင်း ဓါတ်မတည့်မှုကို ဆက်လက်ခံစားနေရပါက ဓါတ်မတည့်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်နှင့်လည်း တိုင်ပင်ဆွေးနွေး ရပါမည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/other-allergies/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%84%e1%80%94%e1%80%b9%e1%80%b8%e1%81%80%e1%80%94%e1%80%b9%e1%80%b8%e1%80%80%e1%80%ba%e1%80%84%e1%80%b9-%e1%80%93%e1%80%ab/
ပါတီနဲ့ ကလပ်တွေမှာ အသုံးများလာတဲ့ အက်တက်စီ
ပါတီနဲ့ ကလပ်တွေမှာ အသုံးများလာတဲ့ အက်တက်စီ အကြောင်း ဘာတွေ သိထားဖို့ လိုမလဲ။ စိတ်ကြွဆေးတစ်မျိုးဖြစ်တဲ့ Ecstasy ကို ၁၉၂၁ ခုနှစ်က Merck ဆေးဝါးကုမ္ပဏီက စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ MDMA (3,4-methylenedioxy-methamphetamine ) လို့ သိကြပါတယ်။ ဒီဆေးကို ၁၉၅၃ ခုနှစ်က အမေရိကန်စစ်တပ်က စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေမှာ အသုံးပြုခဲ့ကြပါတယ်။ ၁၉၇၀ ခုနှစ်တွေမတိုင်ခင်မှာ MDMA ကို ပါတီတွေမှာ အသုံးပြုတာမျိုး မရှိခဲ့ကြပါဘူး။၁၉၈၀ ခုနှစ်အစောပိုင်းကာလတွေမှာတော့ MDMA ကို စိတ်ပျော်စေတဲ့ဆေးတစ်မျိုးအနေနဲ့ တော်တော်လေးကို အသုံးပြုလာကြပါတယ်။ စနေ၊ တနင်္ဂနွေပိတ်ရက် ပါတီပွဲတွေတိုင်းမှာ အသုံးပြုလာခဲ့ကြပါတယ်။ ၁၉၈၄ ခုနှစ်အထိ MDMA ကို တရားဝင်ရောင်းချခွင့်ပေးခဲ့ပေမယ့် ၁၉၈၅ ခုနှစ်မှာတော့ဘေးကင်းလုံခြုံရေးစိုးရိမ်တာကြောင့် MDMAရောင်းချမှုကို တားမြစ်လိုက်ပါတယ်။ Ecstasy ကိုဆေးပြားအနေနဲ့တွေ့ရများပြီး ထိုးဆေးအနေနဲ့ ထုတ်ထားတာမျိုးလည်းရှိပါတယ်။Ecstasy ကို။အရာရာတိုင်းက တန်ဆေး လွန်ဘေးဆိုတဲ့စကားအတိုင်းပါပဲ။ Ecstasy က စိတ်ကြွဆေးဆိုပေမယ့် စနစ်တကျအသုံးပြုမယ်ဆိုရင် ကျန်းမာရေးအတွက် အကျိုးပြုတာတွေရှိပါတယ်။ ကျန်းမာရေးအတွက်Ecstasy က ဘယ်လိုအကျိုးပြုပေးလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်ပါ။စိတ်ကို ပျော်ရွှင်ပြီး လန်းဆန်းနေစေပါတယ်။ လူမှုပေါင်းသင်းဆက်ဆံရေးမှာ ပိုမိုကောင်းမွန်လာပြီး လူတိုင်းနဲ့ အဆင်ပြေပြေဖြစ်စေနိုင်ပါတယ်။Ecstasy က လူမှုဆက်ဆံရေးအပြုအမူတွေမှာ အဓိကအခန်းကဏ္ဍကနေပါဝင်နေတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ အောက်ဆီတိုစင်ပမာဏကို တိုးမြှင့်ပေးပါတယ်။MDMA ကို ပြင်းထန်တဲ့ စိတ်ရောဂါတစ်မျိုးဖြစ်တဲ့ Posttraumatic Stress Disorder (PTSD) ကို ကုသရာမှာ အသုံးပြုလို့ရပါတယ်။ MDMA က အဆိုပါ စိတ်ရောဂါဝေဒနာလက္ခဏာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ဒီဆေးက PTSDကြောင့်ဖြစ်တဲ့ ဦးနှောက်တွင်းက မူမမှန်မှုတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။စိတ်ရောဂါဝေဒနာတွေအတွက် အသုံးဝင်တဲ့ဆေးဝါးတစ်ခုပါ။MDMAက ပါကင်ဆန်ရောဂါ၊ Schizophrenia တို့လိုမျိုး စိတ်ကစဉ့်ကလျားရောဂါ ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။MDMA က ပါကင်ဆန်ရောဂါကြောင့်ဖြစ်တဲ့ လက်မောင်းနဲ့ ခြေထောက်ကြွက်သားတွေ လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တာလိုမျိုး ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ Schizophreniaစိတ်ကစဉ့်ကလျားရောဂါကြောင့်ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုလည်း သက်သာလျော့ပါးစေနိုင်စွမ်းရှိပါတယ်။MDMA က ရောင်ရမ်းမှုကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ဒီဆေးက သွေးဖြူဥတွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ချပေးပြီး ရောင်ရမ်းမှုကို ဖြစ်စေနိုင်တဲ့c ytokine IL ပမာဏကို လျော့ကျစေနိုင်ပါတယ်။ ဒီနည်းနဲ့ အဆစ်အမြစ်တွေ နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်စွမ်း ရှိပါတယ်။Ecstasy ကို လိုအပ်တဲ့ပမာဏထက် အလွန်အကျွံသုံးစွဲမယ်ဆိုရင် နှလုံး၊ ဦးနှောက်၊ အသည်း၊ ကျောက်ကပ်တို့ကို ထိခိုက်စေနိုင်ပါတယ်။ အခန့်မသင့်ရင် အသက်သေဆုံးတာမျိုးအထိတောင် ဖြစ်စေနိုင်ပါတယ်။ ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေနိုင်လဲဆိုတာကို ဆက်ပြောပြပေးမယ်နော်။Ecstasyက ဆေးဝါးအနေနဲ့ အသုံးပြုလို့ရပေမယ့် အလွဲသုံးစားလုပ်တဲ့အခါ ကျန်းမာရေး ထိခိုက်လာပါတယ်။ အထူးသဖြင့် ပါတီနဲ့ ကလပ်တွေမှာEcstasyရဲ့စိတ်ကြွစေတဲ့ အာနိသင်ကို အသုံးချပြီး ပျော်ဖို့ ပါးဖို့ သုံးကြပါတယ်။ သူ့ရဲ့ စိတ်ကြွစေတဲ့ အာနိသင်၊ ခံစားမှု ကောင်းစေတဲ့ အာနိသင်ကို အသုံးချပြီး ပါတီပွဲတွေမှာ ‘High’ ကြဖို့ သုံးကြပါတယ်။Ecstasyက စွဲလမ်းတတ်တာမျိုးတော့ မဟုတ်ပေမယ့် အမြဲတမ်းသုံးတဲ့သူတွေမှာ သုံးတာရပ်လိုက်ရင် ယင်းထတာမျိုးတော့ ဖြစ်တတ်ပါတယ်။ စိတ်ကြွရုံနဲ့တော့ မသေဘူးဆိုပေမယ့် နှလုံးခုန်နှုန်းတွေ မြန်လာတာ၊ ကိုယ်အပူချိန် ရုတ်တရက် ထိုးတက်လာတာ၊ ထိန်းချုပ်နိုင်စွမ်းမဲ့ပြီး အန္တရာယ်များတဲ့ အပြုအမူတွေကို လုပ်တာကတော့ အသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/party-drug-ecstasy/
တစ်ဆင့်ခံ ဆေးလိပ်ငွေ့၏ နောက်ဆက်တွဲပြဿနာများ
တစ်ဆင့်ခံဆေးလိပ်ငွေ့တွေမှာ ဓာတုပစ္စည်းအမျိုးပေါင်း (၇၀၀၀) ကျော်ပါဝင်ပါတယ်။တစ်ဆင့်ခံ ဆေးလိပ်ငွေ့ဆိုတာ ဘာကိုခေါ်သလဲဆိုရင်တော့ မိမိကိုယ်တိုင်ဆေးလိပ်မသောက်ပါဘဲ ဆေးလိပ်သောက်သုံးတဲ့လူတွေ ရှူရှိုက်ပြီးမှုတ်ထုတ်လိုက်တဲ့ အငွေ့တွေကို ဆိုလိုတာပါ။ ဆေးလိပ်သောက်သုံးသူ တစ်ယောက်အနားမှာ နေမိရင်တော့ သူရှူရှိုက်လိုက်တဲ့ အငွေ့တွေတင်မကပဲ လောက်ကျွမ်းနေဆဲဖြစ်တဲ့စီးကရက်ကနေထွက်လာတဲ့ အငွေ့တွေကိုပါ ရှူရှိုက်မိတော့မှာပါ။တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်သူတွေအတွက် ကျန်းမာရေးရလဒ်ဆိုးကျိုးတွေကတော့ ဆေးလိပ် သောက်သုံးသူတွေနဲ့ အတူတူပါပဲ။ကင်ဆာရောဂါဖြစ်ပွားစေပါတယ်။ဆေးလိပ်ငွေ့မှာပါဝင်တဲ့ ဓာတုအဆိပ်အတောက် (၇,၀၀၀) ထဲက အမျိုးပေါင်း (၇၀) ဟာ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေပါ။ကိုယ်တိုင်ကိုယ်ကျဆေးလိပ်ကို တစ်ခါမှ မသောက်ဖူးတဲ့သူ ဖြစ်သည့်တိုင် တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် အဆုတ်ကင်ဆာကို ဖြစ်ပွားစေပါတယ်။ အဆုတ်ကင်ဆာတင်မဟုတ်ပါဘူး ခန္ဓာကိုယ်တစ်ကိုယ် လုံးမှာရှိတဲ့ ကလီစာတွေ ကင်ဆာဖြစ်ပွားစေတဲ့အထိဖြစ်စေနိုင်ပါတယ်။ အသံအိုးတစ်ဆင့် လည်မျို ကင်ဆာ၊ နှာခေါင်းကင်ဆာ၊ ဦးနှောက်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ စအိုကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာတို့ကို ဖြစ်ပွား‌စေနိုင်ပါတယ်။ ကလေးတွေမှာဆိုရင်တော့ သွေးကင်ဆာ၊ အသည်းကင်ဆာနဲ့ ဦးနှောက်အကျိတ်တွေအထိ ဖြစ်ပွားစေနိုင်ပါတယ်။ကင်ဆာမှ မဟုတ်ပါဘူး။အခြားရောဂါတွေကိုလည်း ဖြစ်ပွားစေနိုင်ပါသေးတယ်။ ဥပမာအားဖြင့် ဆေးလိပ်ငွေ့ဟာ နှလုံးနဲ့ သွေးကြောကိုထိခိုက်စေနိုင်တာကြောင့် နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေကိုလည်း ခံစားရစေနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာတင်မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အကျိုးသက်ရောက်မှုတွေကိုလည်း ဖြစ်ပေါ်လာစေမှာပါ။ ဥပမာ တစ်ဆင့်ခံဆေးလိပ်ငွေ့ကို အမြဲလိုလိုရှူရှိုက်နေသူဟာ စိတ်ဓာတ်ကျလွယ်ခြင်းနဲ့ တစ်ခြားသော စိတ်ရောဂါတွေကိုပါ ခံစားလာရမှာပါ။တစ်ဆင့်ခံဆေးလိပ်ငွေ့ရဲ့ သားကောင်အများစုဟာ ကလေးတွေပါ။ မိဘတွေနဲ့ လူကြီးတွေ။သောက်သုံးလိုက်တဲ့ ဆေးလိပ်ငွေ့ကို ရှူရှိုက်မိခြင်းကြောင့်ဖြစ်တာပါ။ သူတို့လေးတွေဟာ ဆေးလိပ်နံ့ကို ရှောင်ရှားဖို့တောင် မသိကြပါဘူး။ ဆေးလိပ်ငွေ့ကို ရှူရှိုက်မိတဲ့ ကလေးတစ်ယောက်ဟာ ဘာတွေဖြစ်လာ မလဲဆိုရင်တော့။Sudden Infant Death Syndrome (SIDS)ရုတ်တရက် တစ်နှစ်အောက်ကလေးရောဂါသေဆုံးခြင်း လို့ခေါ်ပါတယ်။ ဒါဟာ ကိုယ်ဝန်ဆောင်စဉ် မိခင်ဟာ ဆေးလိပ်သောက်လို့ဖြစ်စေ၊ မွေးကင်းစမှာ အကြောင်းအမျိုးအမျိုးကြောင့် ဆေးလိပ်ငွေ့ရှူရှိုက်မိလို့ ဖြစ်နိုင်ပါတယ်။ ဆေးလိပ်ငွေ့ဟာ ကလေးရဲ့ ဦးနှောက်ကို သွားရောက်ထိခိုက်ပြီး အသက်ရှူခြင်းကို အခက်အခဲဖြစ်စေလို့ပါ။ဒါတွေကိုကာကွယ်ဖို့ဆိုရင်တော့။(၁)အလုပ်နေရာ။        ။အလုပ်ခွင်ဟာ အရွယ်ရောက်ပြီးသူတွေ ဆေးလိပ်ငွေ့ ရှူရှိုက်မိစေတဲ့ အများဆုံး နေရာပါ။ ဒါကြောင့် ဆေးလိပ်မသောက်ရနယ်မြေအဖြစ် ပြင်းပြင်းထန်ထန်ကန့်ကွက်တာမျိုး၊ ဆေးလိပ် သောက်ရန် သီးသန့်နေရာ ဖန်တီးတာမျိုးကို လုပ်လာကြပါတယ်။ ဒါဟာ ဆေးလိပ်မသောက်သူတွေကို ကာကွယ်နိုင်တဲ့အပြင် သောက်သုံးသူတွေကိုပါ အကြိမ်ရေလျှော့ချတာမျိုး၊ ဆေးလိပ်ဖြတ်လိုက်တာမျိုး တွေအထိ အကျိုးသက်ရောက်နိုင်ပါတယ်။(၂)အများပိုင်နေရာ။    ။ စားသောက်ဆိုင်တွေ၊ ဈေးဝယ်စင်တာတွေ၊ ရထားဘူတာ၊ကားမှတ်တိုင်၊ ပန်းခြံတွေ၊ ကျောင်းတွေဟာ အများပိုင်နေရာတွေပါ။ ဒီလိုနေရာတွေမှာလည်း ကိုယ်ကိုယ်တိုင် ဆေးလိပ်မသောက်ပါဘဲ ဆေးလိပ်ငွေ့ရှူရှိုက်မိစေပါတယ်။ ဒါကြောင့် ဒီလိုနေရာတွေကို ဆေးလိပ်ကင်းစင်နယ်မြေ တွေအဖြစ် သတ်မှတ်သင့်ပါတယ်။(၃)အိမ်။  ။ အိမ်မှာဆေးလိပ်သောက်ခြင်းဟာ သင့်မိသားစု၊ ကလေးတွေအပြင် အိမ်မွေးတိရစ္ဆာန်တွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဆေးလိပ်ငွေ့ဟာ နံရံ၊ ကြမ်းပြင်တွေ၊ လှေကားတွေနဲ့ အိမ်အနှံ့ ပျံ့နှံ့စေနိုင်လို့ပါ။ ဒါကြောင့် မိမိအိမ်မှာ ဆေးလိပ်မသောက်ပါနဲ့။(၄)ကား။ ။ ကားမှန်ချထားသည်ဖြစ်စေ၊ အဲကွန်းဖွင့်ပြီး မှန်ပိတ်ထားသည်ဖြစ်စေ ဆေးလိပ်မသောက်ပါနဲ့။ ကားပါကင်တွေမှာလည်း ဆေးလိပ်မသောက်ရ အမိန့်သတ်မှတ်ထားသင့်တဲ့ နေရာတွေတောင် ရှိနေပါသေးတယ်။ရေးသားသူ-ဒေါက်တာမှူးခင်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/%e1%80%90%e1%80%85%e1%80%ba%e1%80%86%e1%80%84%e1%80%ba%e1%80%b7%e1%80%81%e1%80%b6-%e1%80%86%e1%80%b1%e1%80%b8%e1%80%9c%e1%80%ad%e1%80%95%e1%80%ba%e1%80%84%e1%80%bd%e1%80%b1%e1%80%b7%e1%81%8f-%e1%80%94/
၃၂ ပတ်သားကလေး
သူမ၏ စိတ်ခံစားမှုသည် ပိုပြီးရှင်းလင်းလာပါသည်။ နောက်လာမည့် လများတွင် သင့်ကလေးသည် နှစ်သက်ခြင်း၊ သူများငိုလျှင် လိုက်ငိုခြင်းကဲ့သို့သော စိတ်ခံစားမှုများ အမူအရာများကို အတုခိုးတတ်လာပါလိမ့်မည်။ ရှေ့ဆက်၍ သင့်ကလေးသည် သင် အခြားသူများကို မည်သို့ဆက်ဆံသည်ကို သူမြင်သည့်အတိုင်း သင်ယူပါလိမ့်မည်။၇လ၏ နောက်ဆုံးပတ်တွင် သင့်ကလေးသည်။သင့်ကလေးသည် အခြားအခန်းတွင် သီးခြားအိပ်လျှင် သင်နှင့်ခွဲရမည်ကို စိုးရိမ်စိတ်ရှိလျှင် အိပ်ရာမဝင်ခင် သင့်ကလေးကို စာဖတ်ပြခြင်း၊ ပုခက်လွှဲပေးခြင်း၊ သီချင်းဖွင့်ပြခြင်းများလုပ်ပေးပြီး သူ့အနားတွင် အချိန်ပိုနေပေးပါ။ အိပ်ရာမဝင်ခင် ပုံမှန်လုပ်တတ်သောအရာများကို လုပ်ပေးခြင်းဖြင့် သင့်ကလေးကို စောစောအိပ်ရန် စိတ်လုံခြုံမှုရှိစေပါသည်။သင်အခြားနေရာများတွင် လုပ်စရာရှိသည်များကို လုပ်နိုင်တော့မည် ဆိုလျှင် သင့်ကလေး၏ အခန်းထဲရှိလုပ်စရာများကို သူအိပ်နေတုန်းပြီးအောင် လုပ်ထားပါ။ အရေးကြီးသည်မှာ သင့်ကလေးကို အိပ်ခန်းသည် ကောင်းကြောင်းပြောပြထားပါ။ယခုလတွင် ဆရာဝန်များသည် ကျန်းမာရေးစစ်ဆေးရန် စီစဉ်မည်မဟုတ်ပေ။ ကောင်းသောအချက်မှာ သင့်ကလေးတွင် ဆိုးရွားသော ကျန်းမာရေးအခြေအနေမရှိခြင်းနှင့် မကောင်းသောအချက်မှာ သင့်ကလေး၏ တိုးတက်မှုများကို သင် သတိမထားမိဖြစ်စေသည်။ နောက်တစ်ကြိမ်တွေ့လျှင်မေးရန် မေးခွန်းများကို ကြိုတင်ပြင်ဆင်ထားပါ။ သင့်တွင် စိတ်ပူစရာများရှိနေလျှင် နောက်တစ်ခေါက်တွေ့သည်အထိ စောင့်ဆိုင်းရန်မလိုဘဲ သင့်ဆရာဝန်ကို တွေ့ဆုံဆွေးနွေးနိုင်ပါသည်။အောက်ပါတို့သည် သင်သိထားသင့်သော အကြောင်းအရာတစ်ချို့ဖြစ်ပါသည်။သင့်ကလေးသည် ပုံမှန်ထက်ပိုပြီး ဝမ်းသွားသည့်အကြိမ်ရေများလျှင်၊ အရည်များသွားလျှင် သင့်ကလေးတွင် ဝမ်းလျှောနေကြောင်းသိနိုင်သည်။ ကလေး၏ ဝမ်းသည် အဝါရောင်၊ အစိမ်းရောင်၊ အမဲရောင် ရှိနိုင်ပြီး ပုံမှန်ထက်ပို၍ အနံ့နံနိုင်ပါသည်။အစာအိမ်နှင့်အူလမ်းကြောင်းတွင် ပိုးဝင်ခြင်း၊ ကလေးတွင် ဓါတ်မတည့်သောရောဂါဖြစ်လျှင်၊ ကလေးကို ပိုးသတ်ဆေးများဖြင့် ကုသနေလျှင် ဖြစ်တတ်သည်။ အသီးများအစားများခြင်းနှင့် အသီးဖျော်ရည်များ များများသောက်ခြင်းသည်လည်း ဝမ်းပျက်ခြင်းကို ဖြစ်စေနိုင်သည်။သင့်ကလေးတွင် ဝမ်းလျှောလျင် အောက်ပါတို့ကို လုပ်နိုင်ပါသည်။ဝမ်းလျောမှုကို ကာကွယ်ရန် သင်နှင့် သင့်ကလေး၏ လက်ကို သေချာမကြာခဏဆေးပါ။ အသီးများ၊ ဟင်းသီးဟင်းရွက်များကို လည်း စင်ကြယ်စွာဆေးကြောပါ။သင့်ကလေး၏ သွားများ နေရာမှား၍ထွက်တတ်သည်။ သို့သော် သွားဆရာဝန်ထံပြသရန် မလိုအပ်ပါ။ နို့စို့သည့် အခါ သွားပေါက်ခြင်းကို ထိခိုက်နိုင်သည်။ အရှေ့ဘက် အောက်သွားများတွင် အထူးသဖြင့် ထိခိုက်နိုင်ပြီး ပေါက်သည့်အခါ v ပုံသဏ္ဍာန်ပေါက်တတ်သည်။ အရှေ့ အပေါ်ဘက်သွားများသည် အောက်သွားများနှင့် ယှဉ်လျှင် ကြီးပြီး အောက်သွားများသည် အရင်ပေါက်တတ်သည်။ ထိုအရာများအတွက် သင်စိတ်ပူရန်မလိုပေ။အသက် ၂နှစ် ခွဲသို့ရောက်လျှင် သင့်ကလေးတွင် သွားအချောင်း ၂၀ ရှိလိမ့်မည်။ သွားများသည် ပုံစံမမှန်သေးသော်လည်း စိတ်မပူပါနှင့်။ သင့်ကလေး၏ ငယ်သွားများသည် သင့်ကလေးကြီးလာသည့်အခါ ဖြစ်မည့် သွားပုံစံများကို မထိခိုက်စေပါ။သင့်ကလေး၏ သွားများသည် မီးခိုးရောင်ဖြစ်နေလျှင် သံဓါတ်ကြောင့်ဖြစ်နိုင်ပါသည်။ သင့်ကလေးသည် ဗီတာမင်နှင့် သတ္ထုဓါတ်များသောက်သည့်အခါ သံဓါတ်ပါဝင်သောကြောင့် သွားကို အရောင်ပြောင်းစေပါသည်။ သင့်ကလေး ဆေးသောက်ရပ်သွားလျှင် အရောင်ပြန်ပျောက်သွားပါလိမ့်မည်။ သင့်ကလေးကို ဆေးသောက်သည့်အခါ သွားတိုက်ပေးရန် သို့မဟုတ် သွားကို ဂွမ်းနှင့် သန့်ရှင်းပေးရန်လိုပါသည်။သင့်ကလေးသည် ဖြည့်စွက်စာများကို အရည်အနေနှင့် မသောက်သော်လည်း အိပ်ခါနီးတွင် ဖျော်ရည်များသောက်တတ်လျှင် သွားပိုးစားနိုင်ပါသည်။ သွားပိုးစားခြင်းသည် မွေးရာပါ သွားပေါက်သည့်အခါ ထိခိုက်ခြင်းနှုင့် ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။ သင့်ကလေး၏ သွားအခြေအနေကို သိရှိနိုင်ရန် ဆရာဝန် သို့မဟုတ် သွားဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။အောက်ပါတို့သည် သင်စိုးရိမ်ပူပန်နေသော အကြောင်းအရာများဖြစ်နိုင်ပါသည်။ကလေးကို နို့တိုက်နေစဉ်တွင် သူ၏ လျှာသည် နို့နှင့် သွားကြားတွင် ရှိသည့်အတွက် ကိုက်မိရန်မလွယ်ပေ။ သင့်ကလေးကို နို့တိုက်ရင်း သူမတော်တဆ ကိုက်မိသည့်အခါ သင်အော်လိုက်မိခြင်း၊သင့်ရယ်မောမိခြင်းတို့ ဖြစ်သည့်အခါ ထိုသို့ဖြစ်ခြင်းကို မြင်ရရန် သင့်ကလေးသည် ကိုက်ခြင်းကို ထပ်ခါ ထပ်ခါ လုပ်တတ်ပါသည်။ထိုသို့ရယ်မောခြင်းဖြင့် သူအားတက်အောင် လုပ်မည့်အစား၊ထိုသို့ လုပ်ခြင်းသည် မကောင်းကြောင်း နို့ကို သူ့ပါးစပ်ထဲမှထုတ်လိုက်ပြီး သေချာရှင်းပြရမည်။ အကြိမ်အနည်းငယ် ကြုံပြီးလျှင် သူသိရှိသွားနိုင်ပြီးနောက်လုပ်တော့မည်မဟုတ်ပေ။သူမ၏ နို့စို့ခြင်းနှင့် နို့သီးခေါင်းကို ကိုက်တတ်သည့်အလေ့အထကို နောင်တွင် ပြဿနာမဖြစ်စေရန် တားဆီးဖို့လိုသည်။ ကလေးသည် သွားဆိုသည်မှာ ကိုက်တတ်သည့် အလေ့အထကို ပျောက်ရန် သွားကိုက်သည့် ကွင်းများ၊ စားစရာများဖြင့် အစားထိုးသင်ကြားနိုင်ပြီး သူကိုက်လို့ မဖြစ်သည့် အရာများလည်း ရှိကြောင်း သဘောပေါက်ရန်လိုပါသည်။ကလေး၏ မကောင်းသောအမူအကျင့်များသည်။ထို့နောက် ၃၃ ပတ်တွင် ကလေးသည် မည်သို့ ဆက်လက်ကြီးထွားမည်နည်း။Hello ကျန်းမာရေးအဖွဲ့သည် ကျန်းမာရေးအကြံပြုချက်များ၊ ရောဂါအမည်တပ်ခြင်းများ နှင့် ကုသခြင်းများကို မပြုလုပ်ပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/second-trimester-being-pregnant/%e1%81%83%e1%81%82-%e1%80%95%e1%80%90%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%b1%e1%80%9c%e1%80%b8/
Detox လုပ်ဖို့ တကယ်လိုအပ်သလား၊၊
ဝိတ်ကျအောင်၊ အဆိပ်အတောက်ကင်းအောင် Detox လုပ်ကြတယ်ဆိုတာက ခုခေတ်မှာ တော်တော်လေး ခေတ်စားလာပါပြီ၊၊ Detoxလုပ်တဲ့ နည်းလမ်းတွေကလည်း မျိုးစုံရှိနေကြပါတယ်၊၊ ဒါပေမယ့် မဖြစ်မနေ Detoxလုပ်ဖို့ လိုသလား၊၊ Detoxမလုပ်ရင်အဆိပ်အတောက်တွေ ကိုယ်ထဲမှာ အောင်းနေမှာလား၊၊။ခန္ဓာကိုယ်က သူအသက်ရှင်ဖို့ ဘာလုပ်ရမလဲဆိုတာကို သိပါတယ်၊၊ အစာခြေစနစ်နဲ့ အူလမ်းကြောင်းတွေ၊ အသည်း၊ ကျောက်ကပ်၊ အရေပြားတွေက Detoxနေ့တိုင်း Detoxလုပ်ပေးနေတာပါ၊၊ ဆီးဝမ်းတွေသွားတာ၊ ချွေးထွက်တာ စတာတွေက လူတွေသတိမထားမိပေမယ့် နေ့တိုင်း အဆိပ်အတောက်တွေ ဖယ်ပေးနေတာပါ၊၊။Detoxလုပ်ကြတယ်ဆိုတာက အဖက်မစားဘဲ အရည်ပဲသောက်တာ၊ အသီးအရွက်တွေ ကြိတ်သောက်တာ၊ အချိန်ကြာကြာ အဆာခံတာ စတာတွေကို ရက်ပိုင်းလောက် planတစ်ခုအနေနဲ့ လုပ်ကြတာပါ၊၊။ပုံမှန်ဆိုရင် နေ့တိုင်း ဆီပြန်ဟင်းတွေ၊ အကြော်အလှော်တွေ၊ အချိုအငန်အဆီအစိမ့်တွေ စတဲ့ ကျန်းမာရေးနဲ့မညီညွတ်တာတွေကို စားနေကြတာပါ၊၊ Detox လုပ်တဲ့ရက်တွေမှာတော့ ဒီလို Unhealthy foodတွေကနေ ခဏနားလိုက်ပြီး အသီးအရွက်တွေစား၊ အစားတွေ လျှော့စားပြီး ခန္ဓာကိုယ်ကို အနားပေးလိုက်တာပါ၊၊။ဒီအခါမှာ တချို့က Planလည်း ပြီးရော ဝိတ်ကျသွားတယ်တို့၊ နေရတာ ပေါ့လာတယ်လို့ ဖြစ်လာပါတယ်၊၊။Detoxက စျေးကွက်တစ်ခုလို ဖြစ်လာတဲ့အခါကျတော့ နည်းလမ်းတွေလည်း စုံလာပါတယ်၊၊။Detoxလုပ်လိုက်တာ planလည်း ပြီးရော ဗိုက်ချပ်သွားတယ်တို့၊ ဘယ်နှပေါင်ကျသွားတယ်တို့ ပြောတာ ကြားဖူးမှာပါ၊၊ ဒါက အဆီကျသွားတာ မဟုတ်ပါဘူး၊၊ရေဝိတ်ကျသွားတာပါ၊၊ ဒါ့ပြင် နေ့စဉ်အသီးအရွက်တွေပဲ စားတဲ့အခါကျတော့ ဝမ်းမှန်ပြီး နေရတာ ပေါ့လာတာပဲ ဖြစ်ပါတယ်၊၊။နေ့စဉ် အာဟာရမဖြစ်တဲ့ အဆီအစိမ့်တွေ၊ အချိုကဲတာတွေပဲ စားနေရာကနေ အသီးအရွက်စား၊ ရေများများသောက်တာ ဒါမှမဟုတ် ဘာမှမစားဘဲ နေလိုက်တဲ့အခါကျတော့ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်၊ ရေဓာတ်တွေရပြီး နေလို့ကောင်းလာတာပဲ ဖြစ်ပါတယ်၊၊ ပုံမှန်ဆို အသီးအရွက်စားတာရော၊ ရေသောက်တာရော နည်းကြတာကိုး၊၊ ရေဆာလည်း အချိုရည်ပဲ သောက်ကြတယ်လေ၊၊။နောက်တစ်ခုက စိတ်ကြောင့်ပါ၊၊ ကျန်းမာရေးနဲ့ ညီညွတ်တာပဲ စားနေတာ၊ နေလို့ကောင်းတော့မှာဆိုပြီး ယူဆတဲ့အတွက် စိတ်ဖိစီးတာတွေလည်း သက်သာပြီး နေလို့ထိုင်လို့ ကောင်းတာပဲ ဖြစ်ပါတယ်၊၊။ဒါပေမယ့် ဒါတွေက ယာယီပဲ ဆိုတာ သိထားဖို့ လိုပါတယ်၊၊ Planရပ်ပြီး ပုံမှန်အတိုင်း ပြန်စားတဲ့အခါမှာ နဂိုအတိုင်း ဖြစ်သွားနိုင်ပါတယ်၊၊။Detoxက Balanced diet မျှတတဲ့ အာဟာရမဟုတ်ပါဘူး၊၊ ဆိုလိုတာကDetoxပဲ ရေရှည်လုပ်မယ်ဆိုရင် အာဟာရချို့တဲ့လာမှာပါ၊၊ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီတွေ၊ အသားဓာတ်တွေကို လုံလုံလောက်လောက် ရမှာ မဟုတ်ပါဘူး၊၊ ဒါ့ပြင် အသီးအရွက်တွေပဲ စားတဲ့အတွက် လေပွတာ၊ အစာမကြေတာလိုမျိုး အူလမ်းကြောင်း ပြဿနာတွေ ခံစားရတတ်ပါတယ်၊၊။ဝမ်းချူပြီး အူလမ်းကြောင်း သန့်တဲ့ နည်းဆိုရင် ရေဓာတ်ဆုံးရှုံးမှု များတာကြောင့် နေထိုင်မကောင်း ဖြစ်တတ်ပါတယ်၊၊။ဒါကြောင့် Detox  planတွေကို ရက်ပိုင်း ဒါမှမဟုတ် တစ်လလောက်ပဲ ဆွဲကြတာပါ၊၊။Detox လုပ်တယ်ဆိုတာ နေ့စဉ်စားနေတဲ့ အာဟာရမဖြစ်၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကနေ ခဏနားပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အကျင့်တွေ ဖြစ်တဲ့ ရေများများသောက် အသီးအရွက်များများစားတဲ့ဘက်ကို ခဏပြောင်းလိုက်တာ ဖြစ်ပါတယ်၊၊ ဒါကို အတုယူပြီး နေ့စဉ်စားသောက်တဲ့ထဲမှာ အဆီအစိမ့်တွေ၊ အချိုတွေ၊ အသင့်စားအစားအသောက်တွေကို လျှော့ပြီးကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပုံစံကို အမြဲစားပေးမယ်ဆိုရင် တကူးတက Detoxလုပ်စရာတောင် မလိုပါဘူး၊၊။စားတိုင်း စားတိုင်းမှာ သတိလေးကပ်ပြီး ပမာဏကို ချင့်ချိန်မယ်၊၊ အာဟာရရှိတာကိုပဲ ရွေးစားမယ်ဆိုရင် Detoxမလုပ်လည်းပဲ ခန္ဓာကိုယ်က သန့်စင်ပြီး ကျန်းမာနေမှာ ဖြစ်ပါတယ်၊၊။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/do-you-really-need-to-detox/
ဖုန်းများသည် ကလေး၏ စိတ်ပိုင်းဆိုင်ရာကို မည်သို့ထိခိုက်စေနိုင်ပါသနည်း
လက်ကိုင်ဖုန်းများသည် ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှုကို မည်သို့သက်ရောက်နိုင်သည်ဆိုသည့် အကြောင်းအရာသည် ကလေးမိဘများ၊ ပညာရှင်များနှင့် သုတေသနပညာရှင်များအတွက် ငြင်းခုံဆွေးနွေးဖွယ်ရာ အချက်တစ်ခုဖြစ်ပါသည်။ သို့သော် လက်ကိုင်ဖုန်းများသည် ယခုခေတ်တွင် အသစ်အဆန်းများဖြစ်ပြီး သက်သေသာဓကများသည်လည်း ခိုင်လုံမှုမရှိပေ။ အရေးကြီးသည်မှာ မိဘများသည် လက်ကိုင်ဖုန်းအသုံးပြုမှုမှ ကလေး၏ စိတ်ပိုင်းဆိုင်ရာအပေါ်သက်ရောက်မှုများကို ဖြစ်နိုင်ချေရှိသော အချက်အနေဖြင့် ထည့်သွင်းစဉ်းစားရန်ဖြစ်သည်။ဆရာဝန်များနှင့် ပညာရှင်များသည် မိုဘိုင်းနည်းပညာကို အလွန်အကျွံသုံးစွဲမှုကြောင့် ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်မှုရှိမည်ကို စိုးရိမ်နေကြသည်။လက်ကိုင်ဖုန်းများမှ ထွက်သော ဓာတ်ရောင်ခြည်သည် လက်ကိုင်ဖုန်းများ၏ ဦးနှောက်အပေါ်သက်ရောက်မှုတွင် အဓိက ထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ်သည်။ သို့သော် ဓာတ်ရောင်ခြည်ထုတ်လွှင့်မှုနှင့် ပတ်သတ်ပြီးသေချာစွာ သက်သေမပြထားသော်လည်း ကျွန်ုပ်တို့ကို အန္တရာယ်ပြုနိုင်သည့် အနေအထားအထိ မဖြစ်နိုင်ဟု ယူဆကြသည်။ ထိုအချက်ကြောင့် မိဘများ အနေဖြင့် အနည်းငယ် စိတ်သက်သာရာရသော်လည်း လက်ကိုင်ဖုန်းများမှ ရေဒီယိုဓာတ်သတ္တိထုတ်လွှတ်နိုင်စွမ်းသည် ဦးနှောက်ကို ထိခိုက်မှုရှိနိုင်ကြောင်းသည် သိသာသည်။ ဆယ်ကျော်သက်အရွယ်တွင် ဦးနှောက်၏ ဘေးဘက်နှင့် ထိပ်ဘက် အစိတ်အပိုင်းများသည် ကြီးထွားနေဆဲဖြစ်သဖြင့် ဖုန်းကို ကိုင်၍အသုံးပြုသော အခါ အနီးကပ်ဆုံးသောနေရာများလည်းဖြစ်သည်။ကလေးတစ်ယောက်ကြီးပြင်းလာသည့်အခါ ခေတ်သစ်တီထွင်မှုများနောက်သို့ ပြတ်မကျန်ခဲ့စေရန် နည်းပညာအသစ်အဆန်းများကို လေ့ကျင့်နေရမည်ပင်ဖြစ်သည်။နည်းပညာအသုံးပြုမှုများခြင်းသည် ဦးနှောက်ကို သက်ရောက်မှုရှိစေပြီး လေ့လာသင်ကြားမှု၊ အထူးသဖြင့် စာရေးခြင်း၊ စာဖတ်ခြင်း၊ အာရုံစိုက်ခြင်းတို့ကို သက်ရောက်မှုရှိစေသည်။လက်ကိုင်ဖုန်းနှင့် အင်တာနက်အသုံးပြုမှုများသည် လူမှုဆက်ဆံရေးနှင့် စိတ်ခံစားမှုကို လွှမ်းမိုးနိုင်ပြီး လျှပ်စစ်ပစ္စည်းများ အသုံးပြုမှုများလျှင် ပေါင်းသင်းဆက်ဆံရေးအားနည်းနိုင်သည်။အောက်ပါတို့သည် လက်ကိုင်ဖုန်းအသုံးပြုချိန်အတွက် အကြံပြုချက်အချို့ဖြစ်ပါသည်။ပညာရှင်များသည် လက်ကိုင်ဖုန်း၏ ဦးနှောက်အပေါ် အကျိုးသက်ရောက်မှုများကို သဘောမတူကြပေ။ သုတေသနပညာရှင်များအချင်းချင်းတွင်လည်း မရှာတွေ့သေးသော နည်းပညာများရှိသေးသဖြင့် သဘောထားကွဲလွဲမှုများရှိနေသေးသည်။သို့သော် မိဘများသည် လက်ကိုင်ဖုန်းနှင့်အခြားသော လျှပ်စစ်ပစ္စည်းများ၏ မကောင်းသော ဆိုးကျိုးများကို သတိပြုသင့်သည်။ ထိုသို့သော် သက်သေပြချက်မခိုင်လုံမှုများကြောင့် မိဘများမှ သူတို့၏ ကလေးများကို မည်သည့်အချိန်တွင် လက်ကိုင်ဖုန်းကို အသုံးပြုခွင့်ပေးသင့်သည်ဆိုသည်ကို မေးခွန်းထုတ်လာကြသည်။ သိုသော် အသင့်အတင့်သာ သုံးစွဲခြင်းကို ပညာရှင်များမှ သဘောတူညီကြပုံရသည်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/%e1%80%96%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%9e%e1%80%8a%e1%80%ba-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%81%8f-%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%95/
Covid-19 ကာလမှာ ရေဓာတ်မခန်းခြောက်အောင် ဂရုစိုက်ကြမယ်
ခုရက်ပိုင်းရာသီဥတုက ပူလိုက်၊ အေးလိုက်ပဲနော်။ မိုးတွင်းထဲ ရောက်လို့ အပြင်မှာ မိုးရွာနေတဲ့ အချိန်ကလွဲရင် ကျန်တဲ့ အချိန်တွေက ပူနေမြဲပါပဲ။ ဒါကလည်း ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက်တော့ သိပ်ပြီး ထူးဆန်းမယ် မထင်ပါဘူး။ ဒီလိုမျိုးရာသီဥတုပူပြီဆိုရင် လူတော်တော်များများခေါင်းမူးခေါင်းကိုက်တာ၊ မူးဝေပြီး အန်ချင်သလို၊ ခြေတွေလက်တွေ ညောင်းကိုက်ပြီး အလုပ်မလုပ်ချင်လောက်အောင် မောပန်းတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုလက္ခဏာတွေဟာ သင့်မှာရေဓာတ်ခန်းခြောက်နေပြီဆိုတာကို ပြနေတာပါပဲ။အိမ်မှာပဲနေနေ၊ အပြင်ပဲသွားသွား အပြင်က နေပူဒဏ်က ကိုယ်ခန္ဓာကို သက်ရောက်နေမှာပါ။နေပူဒဏ်ကြောင့် အရေပြားကနေ ချွေးတွေ ထွက်လာပြီး ကိုယ်တွင်းက ရေဓာတ်ဆုံးရှုံးမှာပါ။ ဒါ့အပြင် ဒီလိုရာသီမျိုးမှာ မကြာခဏဖျားနာတတ်တော့ ကိုယ်ခန္ဓာက ရေဓာတ်တွေနည်းပြီး အားမရှိပျော့ခွေနေမှာပါ။ ကိုယ်က ရေသောက်လည်း နည်းတယ်၊ အာဟာရဖြစ်စေတဲ့ အစားအစာတွေ၊ ရေဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေကို မစားဘူး၊ အဲ့လို ဆုံးရှုံးသွားတဲ့ရေဓာတ်ကို ကိုယ်က အစားထိုးပြန်မဖြည့်ဘူးဆိုရင်တော့ နောက်ဆက်တွဲ ရေဓာတ်ခန်းခြောက်မှု ပြဿနာတွေ ဖြစ်လာမှာပါ။လူတွေက ပုံမှန်လို အပြင်ထွက်သွားလာခြင်း မရှိဘဲ အိမ်မှာပဲ ထိုင်နေတာ၊ လှဲနေတာမျိုး၊လေ့ကျင့်ခန်း လုပ်တာတွေလည်း မရှိတော့ ခန္ဓာကိုယ်က ရေဓာတ် ဆုံးရှုံးနေတဲ့တိုင်အောင် ကိုယ့်ကိုယ်ကိုယ် ရေသောက်ဖို့ သတိမရတတ်ပါဘူး။ အထူးသဖြင့် ချွေးမထွက်ဘူးဆိုရင်တောင် ခန္ဓာကိုယ်က ရေဓာတ် အမြဲ ဆုံးရှုံးနေနိုင်တယ်ဆိုတာ သတိထားပေးပါ။ ဒီလိုCovid-19ကာလမှာ ပိုပြီး ဂရုစိုက်ပါလို့ ပြောရခြင်း အကြောင်းရင်းက ရေဓာတ်ခန်းခြောက်တဲ့အခါ လည်ချောင်းက ခြောက်သွားတတ်ပါတယ်။လည်ချောင်း ခြောက်ပြီဆိုရင် ပြင်ပက ဝင်လာမယ့် ရောဂါပိုးတွေက လည်ချောင်းမှာ သွားပြီး ကပ်ငြိကာ ပွားလာနိုင်ပါတယ်။ နောက်ထပ် တစ်ချက်က ရေသောက်နည်းရင် ကိုယ်ခံအားပါ ကျသွားတဲ့ အချက်ပါ။ ခုလိုမျိုး ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် အမြဲ ဂရုစိုက်နေသင့်တဲ့ အချိန်မှာ ကိုယ်ခံအားကျပြီဆိုရင်တော့ ပြင်ပက ဝင်လာမယ့် ရောဂါပိုးတွေကို ဘယ်လိုမှ တိုက်ထုတ်နိုင်တော့မှာ မဟုတ်ပါဘူးနော်။အရင်ဆုံး ရေဓာတ်ခန်းခြောက်နေပြီဆိုတဲ့ အကြောင်းကို အသိပေးဖို့အတွက် ခန္ဓာကိုယ်က လက္ခဏာအမျိုးမျိုး ပြပြီး လှုံ့ဆော်ပါတယ်။ ဒီလက္ခဏာတွေကတော့။• ရေဆာတာ။• ပါးစပ်ထဲမှာ ခြောက်ပြီး စေးကပ်ကပ်ဖြစ်နေတာ။•ဆီးသွားနည်းတာ။• ဆီးအရောင်က ဝါကျင့်ကျင့်အရောင် ဖြစ်နေပြီး အနံ့ပြင်းနေမယ်။• အသားက မွဲခြောက်ခြောက်ဖြစ်လာတာ။• ကိုယ်လက်တွေကိုက်ခဲတာ။• ခေါင်းက မူးဝေနေတာ။•နှလုံးခုန်နှုန်း မြန်လာတာ။• အသက်ရှူသံ ပြင်းလာတာ။• မျက်တွင်းကျတာ။• အမြဲတမ်း လူကအိပ်ချင်နေသလို ဖြစ်နေမယ်။• အားမရှိ ပျော့ခွေနေတာ။• စိတ်ရှုပ်ထွေးပြီး အာရုံစူးစိုက်လို့ မရတာ။• နေရထိုင်ရ ခက်တာတွေ ဖြစ်လာပြီဆိုရင်တော့ ကိုယ်တွင်းမှာ ရေဓာတ်တော်တော်လေး နည်းနေပြီဆိုတာ သိနိုင်ပါပြီ။ရေဓာတ်ခန်းခြောက်တာသည် အချိန်ကြာလာတာနဲ့အမျှ ပိုပြီးပြင်းထန်လာမယ်။ သူ့ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ အရေပြားနေလောင်တာ၊ အပူကြောင့် ကြွက်တက်တာ၊ ဦးနှောက်ရောင်ရမ်းတာ၊ ရုတ်တရက် တက်သွားတာ၊သွေးပေါင်တအားတက်တာ သို့မဟုတ် အရမ်းကျသွားတာ၊ ကျောက်ကပ်ပျက်စီးတာ၊ ကိုမာ (Coma) ဝင်တာအပြင် သေဆုံးနိုင်သည်အထိ ပြင်းထန်လာတတ်ပါတယ်။အသက်အရွယ်မရွေး ရေဓာတ်ခန်းခြောက်မှု ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ငယ်လွန်းတဲ့ ကလေးတွေ၊ အသက်ကြီးပိုင်း လူကြီးမိဘ၊ ဘိုးဘိုးဘွားဘွားတွေ၊လေ့ကျင့်ခန်းအပြင်းအထန် လုပ်သူတွေ၊ ဖျားနေတဲ့သူတွေနဲ့ အလုပ်အရမ်းများပြီး ရေသောက်ဖို့ကို မေ့နေတတ်တဲ့သူတွေမှာ အဖြစ်များပါတယ်။၁။ ရေကို တစ်နေ့ ၃လီတာထက် မနည်းသောက်ပေးပါ။၂။ မနက်အိပ်ရာနိုးတိုင်း ရေတစ်ခွက် အပြည့်သောက်ပါ။၃။ ရေအေးအေးလေးနဲ့ ရေချိုးပေးပါ။၄။ အရည်ရွှမ်းပြီး အာဟာရဖြစ်စေတဲ့အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို ပိုစားပေးပါ။၅။ ကဖင်းဓာတ်ပါတဲ့ ဖျော်ရည်တွေအစား သဘာဝသစ်သီးကို ကြိတ်ပြီး သောက်တာ ပိုကောင်းပါတယ်။၆။အရက်သောက်ခြင်းဟာ ခန္ဓာကိုယ်တွင်း ရေဓာတ်ကို ဆုံးရှုံးစေလို့ တတ်နိုင်သလောက် လျှော့သောက်ပါ။၇။ မနက် ၁၀နာရီမှ နေ့လည် ၂နာရီကြားအချိန်တွေဟာ အပူဆုံးအချိန်ဖြစ်တဲ့အတွက် အဲ့ဒီအချိန်တွေမှာအားကစားလုပ်တာတွေကို ရှောင်ကြဉ်သင့်ပါတယ်။၈။ချွေးထွက်လေ ခန္ဓာကိုယ်က ရေဓာတ်နည်းလေ ဖြစ်တဲ့အတွက် အပြင်သွားတိုင်း ထီး၊ နေကာမျက်မှန်၊ ဦးထုပ် မဖြစ်မနေ ဆောင်းသွားပါ။ကဲ ဒါဆိုရင် ရေဘူးလေး တစ်ဘူးကို ကိုယ့်အနားမှာ အမြဲဆောင်ထားပြီး နာရီဝက်ခြား တစ်ခါလောက် ထုတ်သောက်ပေးခြင်းဖြင့် ရေဓာတ်ခန်းခြောက်ခြင်း မဖြစ်အောင် သေချာဂရုစိုက်ပေးပါနော်။ ကိုယ်တိုင်က ကျန်းမာမှ ကိုယ့်ရဲ့ မိသားစုကို သေချာပြုစုနိုင်မှာပေါ့။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-19-%e1%80%80%e1%80%ac%e1%80%9c%e1%80%99%e1%80%be%e1%80%ac-%e1%80%9b%e1%80%b1%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%99%e1%80%81%e1%80%94%e1%80%ba%e1%80%b8%e1%80%81%e1%80%bc%e1%80%b1%e1%80%ac/
ဆူးပုတ်ရွက် နဲ့ ကျန်းမာရေး
ပဲကြီးဟင်းချိုထဲ ထည့်ချက်လေ့ရှိသလို ဘဲဥနဲ့ ခေါက်ကြော်စားလေ့ရှိတဲ့ ဆူးပုတ်ရွက် က ဟင်းလျာတွေကို အရသာတိုးစေရုံပဲလား။ ကျန်းမာရေးအတွက်ရော ဘယ်လို အထောက်အကူပြုလဲဆိုတာကို သိချင်နေပြီလား။ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဒီတစ်ခေါက်တော့ နေ့စဉ်စားသုံးနေကျ ဟင်းလျာတွေထဲက တစ်ခုဖြစ်တဲ့ ဆူးပုတ်ရွက် နဲ့ ကျန်းမာရေး အကြောင်းလေး ပြောပြပေးချင်ပါတယ်။ဆူးပုတ်ရွက် ဆိုတာ ဆူးပုတ်ပင်ရဲ့ အရွက်ပါ။ အနုအညွှန့်ကိုပဲ စားကြတာ များပါတယ်။ ရိုးတံမှာ အဆူးလေးတွေ ပါတတ်ပြီး အရွက်လေးတွေက သေးငယ်ပြီး ရွက်ဆိုင်လေးတွေ ပေါက်တတ်ပါတယ်။ ရိုးတံတွေ ဖြာပြီး ထွက်တတ်ပါတယ်။ အစိမ်းရောင် စိုစိုလေးပါ။ အရွက်က အနံ့တော့ နည်းနည်း ပြင်းပါတယ်။အရွက်က နူးညံ့ပြီး ကြွပ်ကြွပ်လေးပါ။ အရသာကတော့ နည်းနည်း သက်ပါတယ်။ဆူးပုတ်ရွက်မှာ။ဆူးပုတ်ရွက်ကကျန်းမာရေး ကောင်းစေသလားဆိုတော့ ကောင်းပါတယ်။ ဆူးပုတ်ရွက်က အရွက်တင်မဟုတ်ပါဘူး။ ပင်စည်၊ အခေါက်တွေကအစ ဆေးဖက်ဝင်တာပါ။ဆူးပုတ်ကသွားဖုံးသွေးယိုတာတွေကို သက်သာစေပြီး သွားဖုံးတွေကို ကျန်းမာစေနိုင်ပါတယ်။ ခံတွင်းထဲက ပိုးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် သွားတွေကို ကြံ့ခိုင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ခံတွင်းကျန်းမာစေဖို့လညိး ထောက်ကူပေးပါတယ်။ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေပြီး အရိုးပါးတာ၊ အရိုးပွတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ဆူးပုတ်ကိုင်းက ကြိတ်ပြီး ပန်းနာရင်ကျပ် သက်သာစေဖို့ အသုံးပြုပေးလို့  ရပါတယ်။ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ ဖျားနာတာ၊ အအေးမိတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ဆူးပုတ်ရွက် နုနုလေးတွေကို စားပေးတာက ကိုယ်လက်ကိုက်ခဲတာတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။သံဓာတ် ပါဝင်နေတာကြောင့် သွေးနီဥဆဲလ်တွေကို ဖြစ်ပေါ်စေပြီး သွေးအားကောင်းအောင် ထောက်ကူပေးပါတယ်။ ကိုယ်တွင်းမှာ အောက်ဆီဂျင် ပြည့်ဝစေဖို့ ထောက်ကူပေးပါတယ်။အနံ့ပြင်းပေမယ့် ဆူးပုတ်ရွက်က ခေါင်းကိုက်သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ဆူးပုတ်ပင် အခေါက်ကို သောက်ပေးတာက ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ဆူးပုတ်ပင် အခေါက်ကို သွေးပြီး လိမ်းပေးတာ၊ သောက်ပေးတာက အဆစ်ရောင်တာကို သက်သာစေနိုင်ပါတယ်။ဆူးပုတ်ရွက်က အစာကြေစေသလို အူတွေကို အာဟာရစုပ်ယူနိုင်စေဖို့နဲ့ လှုပ်ရှားမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ဆူးပုတ်ရွက်က ကျန်းမာရေးအတွက် အကျိုးများတယ် ဆိုပေမယ့်။ဆူးပုတ်ရွက်က ကျန်းမာရေးအတွက် အကျိုးများတာ မှန်ပေမယ့်  အလွန်အကျွံ စားသုံးမယ်ဆိုရင်။ကဲ ….. ဆူးပုတ်ရွက် နဲ့ ကျန်းမာရေး အ​ကြောင်းကို ပြည့်ပြည့်စုံစုံ သိလောက်ပြီ ထင်ပါတယ်နော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/cha-om-health-benefits/
အလွန်အကျွံ လိင်ဆက်ဆံခြင်းက အန္တရာယ်ဖြစ်စေသလား
အလွန်အကျွံ လိင်ဆက်ဆံခြင်းက အန္တရာယ်ဖြစ်စေသလား ….. လိင်ဆက်ဆံခြင်းကြောင့် ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ ပိုကောင်းစေတယ်၊ စိတ်ဖိစီးမှုတွေ လျော့ကျစေတယ်လို့ သိပ္ပံပညာရှင်တွေကဆိုထားပါတယ်။ ဒါပေမယ့်လည်း လိင်ဆက်ဆံမှုအကြိမ် အရေအတွက် များလွန်းခြင်းကတော့ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ဘယ်လိုထိခိုက်စေနိုင်သလဲဆိုရင်။အလွန်အကျွံ လိင်ဆက်ဆံခြင်းက အန္တရာယ်ဖြစ်စေသလား ….. ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။အဝတ်နဲ့ ဒါမှမဟုတ် ခန္ဓာကိုယ်ချင်း ပွတ်တိုက်မှုတွေကြောင့် သွေးခြည်ဥတာတွေ၊ အမှတ်အသားတွေ ကျန်ခဲ့နိုင်ပါတယ်။ ဒါဟာ လိင်ဆက်ဆံထားတဲ့၊ ပြောရရင် ပြင်းပြင်းလေး ဆက်ဆံထားတဲ့ လက္ခဏာတွေပါပဲ။ပွန်းပဲ့မှုများကတော့ ပိုပြီး ထင်သာမြင်သာ ပါတယ်။ အဲဒါတွေကြောင့် တချို့သော လိင်ဆက်ဆံမှုပုံစံတွေမှာ မသက်မသာ ဖြစ်စေပြီးသတိထားမိတဲ့အချိန်မှာ နာကျင်မှုတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် အဲဒီလိုသွေးခြည်ဥခြင်း၊ ပွန်းပဲ့ခြင်းများ ဖြစ်စေတဲ့ ပုံစံမျိုးတွေနဲ့ မဆက်ဆံတာကတော့ အကောင်းဆုံးပါပဲ။လိင်ဆက်ဆံခြင်းဟာ ကိုယ်ခန္ဓာလှုပ်ရှားမှုတွေ ပြုလုပ်ရတာကြောင့် ချွေးထွက်တယ်၊ ခန္ဓာကိုယ်ကနေ ရေဓာတ်တွေ ဆုံးရှုံးပါတယ်။ နောက်ဆက်တွဲအနေနဲ့ လိင်ဆက်ဆံမှုပြုပြီး ရေမသောက်ရင် ကိုယ်ခန္ဓာမှာ ရေဓာတ်ခမ်းခြောက်သွားနိုင်ပါတယ်။ အထူးသဖြင့် လိင်မဆက်ဆံခင် နဲ့ ဆက်ဆံနေစဉ်အတွင်းမှာ အရက်သောက်ထားခဲ့မယ်ဆိုရင် ပိုလို့ဖြစ်နိုင်ပါတယ်။ ထူးထူးခြားခြားတော့ မဖြစ်နိုင်ပေမယ့် အချိန်ကြာမြင့်စွာ ရေဓာတ် ခမ်းခြောက်ခြင်းကတော့ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။လူ့ခန္ဓာကိုယ်ဟာ လိင်စိတ်နှိုးဆွမှုများကို ခံနိုင်ရည် ရှိတာမှန်ပေမယ့် ပြင်းထန်တဲ့နှိုးဆွမှုတစ်ခု ပြီးသွားရင်တော့ အာရုံကြောတွေဟာအနည်းငယ် နာကျင်ကိုက်ခဲသွားနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံမှုတွေ အများကြီး ပြုလုပ်ခဲ့မယ်ဆိုရင် ဆန္ဒပြီးမြောက်ဖို့ ခက်ခဲသွားတာ ဖြစ်ပါတယ်။တခြားသော ကိုယ်ကာယလှုပ်ရှားမှုများလိုပဲ လိင်ဆက်ဆံခြင်းဟာလည်း ကြွက်သားများကို နာကျင်စေတယ်။ ပိုဆိုးရင် မလှုပ်ရှားနိုင်တော့တာမျိုးတွေ ဖြစ်စေနိုင်တယ်။ အဲဒီလို ဖြစ်ခဲ့ရင်တော့ ကိုယ့်ခန္ဓာကိုယ် ပြန်ကြံ့ခိုင်လာတဲ့အထိ လိင်ဆက်ဆံခြင်း မပြုဖို့ အကြံပေးရပါလိမ့်မယ်။ တစ်ဖက်မှာလည်း အဲဒီထိခိုက်သွားတဲ့ ကြွက်သားတွေကို သိပ်မသုံးရတဲ့ ပုံစံမျိုးနဲ့ အမြဲတမ်း လိင်ဆက်ဆံသွားဖို့လည်း လိုအပ်ပါမယ်။မောပန်းခြင်းဟာအလွန်အကျွံ လိင်ဆက်ဆံခြင်းကြောင့် ဖြစ်နိုင်တဲ့ သေနိုင်လောက်သော ပြဿနာ တစ်ခုတော့ မဟုတ်တာ မှန်ပေမယ့် ကိုယ့်ရဲ့ ဘဝနေထိုင်မှုမှာတော့ အကျိုးသက်ရောက်နိုင်ပါတယ်။ ဥပမာအားဖြင့် အလွန်အကျွံ လိင်ဆက်ဆံခြင်းက အာရုံလွင့်ပျံ့စေတယ်၊ အားအင်ကုန်ဆုံးစေတယ်၊ ကိုယ့်အလုပ်ချိန်၊ စာသင်ချိန်တွေမှာပါ မောပန်းနွမ်းနယ် စေပါလိမ့်မယ်။တကယ်တော့ လိင်ဆက်ဆံနေစဉ်မှာ ခန္ဓာကိုယ်ကနေ Norepinephrine, Epinephrine, Cortisol စတဲ့ ဟော်မုန်းတွေ ထုတ်ပေးပါတယ်။ အဲဒီ ဟော်မုန်းတွေက နှလုံးခုန်နှုန်းကို မြန်စေတယ်၊ သွေးထဲကို သကြားဓာတ် ထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။ ဒီဟော်မုန်းတွေက လူတစ်ယောက်အသက်ရှင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ဟော်မုန်းတွေပါ။ ဒါပေမယ့် ဒီဟော်မုန်းတွေကို အများကြီး ထုတ်မယ်၊ ခဏခဏ ထုတ်နေမယ် ဆိုရင်တော့ အဲဒါတွေက ကိုယ့်ကို မောပန်းနွမ်းနယ်စေပါလိမ့်မယ်။လိင်ဆက်ဆံခြင်းက ကောင်းမွန်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ဆိုရင် လုံလောက်တယ်လို့ ပြောမှာလဲ။ အဖြေမှန်ရယ်လို့ မရှိပါဘူး။ ကိုယ်ရော ကိုယ့်အဖော်ရော ဒါနဲ့ ပတ်သက်ပြီး သက်သောင့်သက်သာ ဖြစ်နေသရွေ့ စိတ်ပူစရာမလိုပါဘူး။ ဒါပေမယ့် လိင်ဆက်ဆံချင်စိတ်ကို ထိန်းချုပ်တဲ့နေရာမှာ အခက်အခဲ ဖြစ်နေတယ် ဒါမှမဟုတ် ကိုယ့်ခန္ဓာကိုယ်မှာ တခြား ပုံမမှန်တာတွေ ခံစားမိတယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ကုသမှု၊ လမ်းညွှန်မှုတွေ ရယူဖို့ တုံ့ဆိုင်းမနေသင့်ပါဘူး။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/is-oversex-dangerous/
Sleep Apnea (အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း )
အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်းသည် အိပ်စက်ခြင်းဆိုင်ရာ ပြင်းထန်သည့်ရောဂါတစ်မျိုး ဖြစ်ပြီး အိပ်ပျော်နေစဉ် အသက်ရှုခဏခဏ ရပ်သွားခြင်းဖြစ်ပါသည်။ ရလဒ်အနေဖြင့် အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်းရှိသူ၏ အင်္ဂါများ အထူးသဖြင့် ဦးနှောက်တွင် လုံလောက်သော အောက်စီဂျင် မရရှိတော့ပဲ အိပ်စက်မှုအရည်အသွေးလည်း ကျဆင်းစေပါသည်။ ထို့ကြောင့် နေ့အချိန်တွင် ငိုက်မျဉ်းခြင်းများ ဖြစ်စေပါသည်။အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း အဓိကနှစ်မျိုး ရှိပါသည်။ဒီရောဂါသည် အလွန့်အလွန်အဖြစ်များ၏။ အမျိုးသမီးများထက် အမျိုးသားများတွင် ပိုအဖြစ်များ၏။ အမျိုးသမီးတစ်ယောက်တွင် အမျိုးသား ၂-၃ ယောက်နှုန်း ဖြစ်ပါသည်။ အသက်အရွယ်မရွေး ဖြစ်နိုင်သည်။ သို့သော် သတ်လတ်ပိုင်းများတွင် အဖြစ်များ၏။ ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။လေပြွန်ပိတ်ခြင်းနှင့် ဗဟိုအာရုံကြောဆိုင်ရာ အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်းတို့သည် အကြောင်းရင်းကွာခြား၏။အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။လေပြွန်ပိတ်သောအိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း။ဗဟိုအာရုံကြောဆိုင်ရာအိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်းကို သိရှိနိုင်သည့် စစ်ဆေးမှုများမှာ –။လေပြွန်ပိတ်သော အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်းအား ကုသရာတွင် အောက်ပါတို့ပါဝင်ပါသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-apnea/sleep-apnea-%e1%80%a1%e1%80%ad%e1%80%95%e1%80%b9%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9%e1%80%85%e1%80%a5%e1%80%b9-%e1%80%a1%e1%80%9e%e1%80%80%e1%80%b9%e1%80%9b%e1%82%88%e1%80%9b%e1%80%95/
ဓာတ်မတည့်စေတတ်သော အစားအစာများ
ဓာတ်မတည့်စေတတ်သော အစားအစာများ ဆိုသည်မှာ ထိုအစားအစာတွင်ပါဝင်သောပရိုတိန်းကို အန ္တရာယ်ရှိသောအရာဟု။အထင်မှားပြီး ခန္ဓာကိုယ်ခုခံအားစနစ်က ပဋိဇီဝဓါတ်ပေါင်း အင်တီဘော်ဒီများထုတ်ပြီး တိုက်ခိုက်ခြင်းဖြစ်စဉ်ကို ခေါ်ပါသည်။ထိုစားမိလိုက်သောအစားအစာတွင် ပါဝင်သော ပရိုတိန်းကိုတိုက်ခိုက်ရာမှ ဓါတ်မတည့်မှု ဖြစ်စဉ်ဖြစ်ပွားသည်။ မည်သည့်အစားအစာကိုမဆို ဓါတ်မတည့်ခြင်းမျိုးရှိနိုင်သော်လည်း အောက်ဖော်ပြပါအစားအစာ(၈)မျိုးသည် အစာ ဓါတ်မတည့်ခြင်း ဖြစ်စဉ်များ၏ ၉၀ ရာခိုင်နှုန်း နီးပါးကိုဖြစ်စေတတ်ပါသည်။ ၎င်းတို့မှာ နွားနို့၊ကြက်ဥ၊မြေပဲ၊အစေ့အဆံ (ဥပမာ-သီဟိုဠ်စေ့၊သစ်ကြားစေ့) ငါး၊ကဏန်း၊ပဲပိစပ်နှင့် ဂျုံတို့ဖြစ်ကြသည်။သင်သည် နွားနို့နှင့် ဓါတ်မတည့် သူဖြစ်ပါက နို့နှင့်နို့ထွက်ပစ္စည်းများကို စားသုံးခြင်း ရှောင်ကြဉ်သင့်သည်။ နို့ထွက်ပစ္စည်းများသည် ကယ်လ်စီယမ်နှင့် ဗိုက်တာမင်ဒီကြွယ်ဝသဖြင့် ရှောင်ကြဉ်ပါက ထိုအာဟာရဓါတ်များ ကြွယ်ဝသည့်အခြားအစားအစာများ၊ဥပမာ- ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်နှင့် ပဲပိစပ်တို့ကို စားသုံးပေးရန်အရေးကြီးပါသည်။တစ်ခုခုကိုမစားမီ ထိုအထဲတွင်ပါသောအရာများကို သတိပြုပါ။ များစွာသော အသင့်စားပြင်ဆင်ပြီးသော အစားအစာများတွင် နို့ပါဝင်တတ်သည်။ တစ်ခါတစ်ရံတွင်ထုတ်လုပ်သူများက အစားအစာသစ်တစ်မျိုး ပြောင်းလဲထုတ်လုပ်သော် ထိုအထဲတွင်သင်နှင့်မတည့်သောနို့ ပါရှိနေနိုင်သည်ကိုသတိပြုပါ။နို့နှင့်နို့ထွက်ပစ္စည်းများပါဝင်သောအစားအစာများ။နွားနို့၊နို့ခဲ၊နို့မှုန့်၊မလိုင်၊မလိုင်လုံး၊ ထောပတ်၊ဒိန်ချဉ်၊ဒိန်ခဲ၊ထောပတ်၊နို့ဆီ၊ ထောပတ်တု၊ ဒိန်ခဲနှင့်ချက်ထားသော ဟင်းလျာများ၊ချောကလက်နှင့် ကရင်မ်ပါမုန့်များ၊ ပူတင်း၊နို့နှစ်မှထုတ်သောကပ်စေးနှဲ၊နို့ရည်ကြည် (whey)မှ ထုတ်သောအစားအစာများ၊ Malt နှင့်ရောစပ်ထားသောနွားနို့။ပါဝင်သောဓါတ်ပစ္စည်းများ။လက်တို့စ်(Lactose)နို့သကြား၊ကစင်ဓါတ်(Casein)၊ လက်အယ်လ်ဗျူမင် (Lactalbumin)၊ လက်တိုဂလိုဗျူလင်(Lacto-globulin)။စားသုံးသင့်သည့်အစားအစာပုံစံ။နွားနို့အစား၊ ပဲပိစပ်၊ထမင်းရည်နှင့် ဗာဒံစေ့အနှစ်ရည်တို့ကိုစားပေးပါ။ ထို့ပြင် ယနေ့အခါတွင် နို့မပါသော ရေခဲမုန့်၊ ချောကလက်မုန့်နှင့်တကွဒိန်ချဉ်၊ ဒိန်ခဲများလည်း ရရှိနေပါပြီ။ကြက်ဥအပါအဝင် ဥအမျိုးမျိုးနှင့် ဓါတ်မတည့်မှုကို မွေးကင်းစ ကလေးငယ်များ၊ ကလေးများနှင့် အရွယ်ရောက်စ လူငယ်များတွင် တွေ့ရသည်။ ကြက်ဥနှင့် ကြက်ဥကို အခြေခံသော အစားအစာများ ပါဝင်မှုရှိ၊ မရှိကို သတိပြု၍ ရှောင်ကြဉ်ရပါမည်။ကြက်ဥပါဝင်သောအစားအစာများ။ကြက်ဥ၊ ကြက်ဥအကာ၊ ကြက်ဥကြော်၊ ကြက်ဥအခဲနှင့် အမှုန့်၊ကြက်ဥနှင့် ပြုလုပ်သော ကိတ်မုန့်၊ ကွတ်ကီး၊ ကရင်မ်ပေါင်မုန့်များ၊ ရေခဲမုန့်၊ မီယောနိစ့်၊ ကြက်ဥနှစ်နှင့် ပြုလုပ်သော ဆော့စ်များ။ပါဝင်သောဓါတ်ပစ္စည်းများ။ဂလိုဗျုလင်(Globulin)၊ အယ်လ်ဗျူမင်(Albumin)၊ အေပိုဗိုက်တယ်လီနင် (Apovitellenin)၊ လီဗက်တင် (Livetin)၊ အိုဗယ်ဗျုမင်(Ovalbumin)၊ အိုဗိုမြူစင်(Ovomucin)၊ အိုဗိုဗျူဆွိုက်(Ovomuciod)၊ အိုဗီဗိုက်တယ်လင်(Ovovitellin)၊ ဖော့်စ်ဗီတင်(Phosvitin)။စားသုံးသင့်သည့်အစားအစာပုံစံ။ပါဝင်မည့်ပစ္စည်းများကို သေချာစွာဖတ်ပါ။ ဥပမာ- ကြက်ဥ အစားထိုး အစားအစာများတွင်ပင် ကြက်ဥ အကာရည် ပါနေတတ်သည်။အစာနှင့်ဓါတ်မတည့်မှုအဓိက ဖြစ်စေသော အစားအစာတစ်ခုဖြစ်သည်။ ဓါတ်မတည့်စေသော ပစ္စည်းများပါဝင်ပြီး ပြင်းထန်၍ အသက်သေစေနိုင် သည်အထိ ဖြစ်စေတတ်ပါသည်။မြေပဲပါဝင်သောအစားအစာများ။မြေပဲဆီ၊မြေပဲပါသောထောပတ်၊ မြေပဲရောစပ်ပါဝင်သော ဂျုံမှုန့်၊ မြေပဲစေ့၊ မြေပဲနှင့် ပြုလုပ်သော ကိတ်မုန့်၊ ဟင်းလျာ၊ ကွတ်ကီးမုန့်၊ သကြားလုံးများ ။ပါဝင်သောဓါတ်ပစ္စည်းများ။မြေပဲမှရသော ပရိုတိန်းကို အပင်မှရသော ပရိုတိန်း(Plant protein)၊ ဟင်းသီးဟင်းရွက်မှရသော ပရိုတိန်း (Vegetable protein) ဟုလည်း ဖော်ပြတတ်သည်။အစားအသောက်ပုံစံ။အစားအစာထုတ်လုပ်ရာတွင် မြေပဲပါဝင်သော အစားအစာများကိုပြင်ဆင် ချက်ပြုတ်ထားသောနေရာများ တွင်အခြားမြေပဲမပါသောအစားအစာများကိုချက်ပြုတ်ပါက မြေပဲအကြွင်းအကျန်များနှင့် ရောနှောထိတွေ့စေနိုင်သည့်အတွက် သတိပြုပါ။အစေ့အဆန်တစ်ခုနှင့် ဓါတ်မတည့်သူသည် အခြားအစေ့အဆန်များနှင့် ဓါတ်မတည့်ခြင်းမျိုး လည်းရှိနိုင်သည့်အတွက် ကျွမ်းကျင်သူများက အစေ့အဆန်မှန်သမျှ ရှောင်ကြဉ်ရန် တိုက်တွန်းတတ် ကြသည်။အစေ့အဆန်ပါဝင်သောအစားအစာများ။ဗာဒံစေ့၊ သီဟိုဠ်စေ့၊ သစ်ချစေ့၊ ပေါဇဲလ်စေ့၊ သစ်အယ်စေ့၊ ထင်းရှုးစေ့၊ သစ်ကြားစေ့ စသည်။တစ်ခါတစ်ရံ ကိုယ်လိမ်းအဆီနှင့် ခေါင်းလျှော် ရေများတွင်ပင် အစေ့အဆန်တို့မှ ရယူသော ပစ္စည်းများ ပါဝင်နေတတ်သည်ကို သတိပြုပါ။ငါးအမျိုးမျိုးတွင် ပါဝင်သော ပရိုတိန်းဓါတ်သည် အတူတူပဲဖြစ်သဖြင့် မိမိနှင့် ဓါတ်မတည့်သော ငါးအမျိုးအစားကို တိကျစွာ မသိရှိပါက ငါးစားခြင်းမှ ရှောင်ကြဉ်ရန် လိုပါသည်။ငါးပါဝင်သောအစားအစာများ။ငါးပါဝင်သော ဟင်းလျာ၊ အသုပ်၊ မုန့်နှင့် တို့စားစရာအရာများ။ငါးနှင့်ဓါတ်မတည့်သူသည် ပင်လယ်စာဆိုင်များကို ရှောင်ကြဉ်သင့်သည်။ ငါးပါဝင်သော အစားအစာ မဟုတ်စေကာမူ၊ ငါးကိုပြင်ဆင် ချက်ပြုတ်ထားသောဆီ၊ ဟင်းခတ်မှုန့် စသည်တို့နှင့် ထိတွေ့မှု ရှိနိုင်သည်ကို သတိပြုပါ။ငါးကဲ့သို့ပင် အခွံမာရေသတ္တဝါမျိုးစုံသည်လည်း တူညီသော ပရိုတင်းရှိကြည်။ သင်သည် ဘယ်အခွံမာ ရေသတ္တဝါနဲ့ မတည့်မှန်း တိကျစွာ မသိလျှင် အကောင်းဆုံးကတော့ အခွံမာရေသတ္တဝါအားလုံးကို ရှောင်တာပဲ ဖြစ်ပါတယ်။ဥပမာများ – ကဏန်း၊ပုစွန်လုံး၊ ကမာ၊ဂုံး၊ ပင်လယ်ပုစွန်ထုပ်၊ ကင်းမွန်စသည်တို့သည် လည်းဓါတ်မတည့်မှုကိုဖြစ်စေနိုင်သည့်အတွက် သင့်အနေဖြင့် အခွံမာရေသတ္တဝါနဲ့ ဓါတ်မတည့်သူဖြစ်ပါက သတိပြုဆင်ခြင်ရန်လိုအပ်ပါသည်။အစားအသောက်ပုံစံ။ကြော်ထားသော အစားအသောက်များကို သတိထားပါ။ အချို့ စားသောက်ဆိုင် များတွင် ပုစွန်၊ ကြက်သား၊ အာလူးတို့်ကို တူညီသော ဆီနဲ့ကြော်လေ့ရှိသည်။ ပင်လယ်စာတုများ သည်ပင်လျှင် အခွံမာရေသတ္တဝါ အသားများကို အရသာအနေနဲ့ ထည့်ထားလေ့ရှိပါသည်။ ထို့ကြောင့် မစားမီ ပါဝင်ပစ္စည်းကို အမြဲဖတ်ရှုပါ။ပဲပိစပ်ဟူသည်မှာ ပဲမျိုးနွယ်တစ်မျိုးဖြစ်ပါသည်။ အခြားပဲအမျိုးမျိုးမှာ ပဲကတ္တီပါ၊ ပဲနောက်၊ ပဲကြီး၊ ပဲပင်နှင့် တူသော လန်တေးပင်(Lentil)၊ နွယ်ချို၊ မြေပဲတို့ဖြစ်သည်။ အချို့သူများသည် ပဲမျိုးစိတ်တစ်ခုမက ဓါတ်မတည့်ခြင်းမျိုး လည်း ရှိနေနိုင်သဖြင့် သတိပြုစားသောက်ရန် လိုအပ်ပါသည်။ပဲပိစပ်ပါဝင်သောအစားအစာများ။• ပဲပိစပ်ပါဝင်သောနို့၊ အစေ့အဆန်၊ မုန့်၊ ဟင်းလျာများ။• မီဆို(Miso) ၊ ပဲပိစပ်ဆော့စ်၊ တိုဖူး၊ ဟင်းရည်အချို။ပါဝင်သောဓါတ်ပစ္စည်းများ။အစားအစာများတွင် ပဲပိစပ်ပရိုတိန်း(Soy Protein) (သို့မဟုတ်) ဟင်းသီးဟင်းရွက် မှရသော ပရိုတိန်း (Vegetable protein)ဟု ဖော်ပြတတ်သည်။အစားအသောက်ပုံစံ။အသင့်စားသုံးရန်ပြင်ဆင်ပြီး အစားအစာများ၊ စွပ်ပြုတ်ရည်၊ ကလေးငယ် များအတွက် ထုတ်လုပ်ထားသော အာဟာရများတွင်ပဲပိစပ် ပါဝင်နေတတ်သည်ကို သတိပြုရန် လိုအပ်ပါသည်။ဂျုံပါဝင်သော အစားအစာများသည် အမေရိကန်လူမျိုးများ၏ ပင်မအခြေခံ အစားအစာများဖြစ်သည်။ဂျုံပါဝင်သောအစားအစာများ။ဂျုံမုန့်၊ ဂျုံနှင့် ပြုလုပ်ထားသော စားစရာများ၊ ပေါင်မုန့်၊ ကွတ်ကီး၊ ကိတ်မုန့်၊ ဂျုံနု၊ ကရက်ကားမုန့်၊ ကွေကာ၊ ပါစတာစသည်။ပါဝင်ပစ္စည်းများ။ဂလူတန် (Gluten)၊ Gelatinized starch၊ အသီးအရွက် ပရိုတင်း၊ ဂျုံ ဘရမ် (wheat bran)၊ wheat germ ၊ ဂျုံ ဂလူတန် (wheat gluten)၊vegetable gum ၊အသီးအရွက် ကစီဓါတ်။အစားအသောက်ပုံစံ။ပါဝင်အညွှန်းတိုင်းကို သေချာစွာ ဖတ်ပါ။ ရေခဲမုန့်နဲ့ ဆော့စ်ကဲ့သို့သော အစားအစာများတွင်တောင် ဂျုံမှုန့် ပါဝင်နေနိုင်ပါတယ်။ သင့်မှာ ဂျုံဓါတ်မတည့်မှုရှိလျှင် ဂျုံအစား ဆန်၊ ဘာလီ၊ပြောင်း တို့ကို ပြောင်းလဲစားသုံးသင့်ပါတယ်။ခုဆိုရင်တော့ ဓာတ်မတည့်စေတတ်သော အစားအစာများ အကြောင်း သေချာနားလည်ပြီလို့ ထင်ပါတယ်။ အစားမတော် တလုပ် ဆိုတဲ့ စကားလေးလည်း ရှိတာမို့ ပိုဂရုစိုက်စားသောက်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ကျန်းမာပျော်ရွှင်ကြပါစေ။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/food-allergies/common-food-allergies-2/
နွေရာသီမှာလုပ်ငန်းခွင်ဝင်ကြသူများအတွက် ကျန်းမာစေသော တစ်နေ့တာ အစီအစဉ်
အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ နေနေပါ။ ကျွန်တော်က ကုမ္ဓဏီဝန်ထမ်းလေး တစ်ဦးပါ။ အရိပ်ထဲမှာ အလုပ်လုပ်ရပေမဲ့ နေ့တိုင်းအပြင်ထွက်နေရတာကြောင့်နွေရဲ့ အပူဒဏ်ကို အနည်းနဲ့ အများတော့ ခံစားရပါတယ်။ ကျွန်တော့်လိုမျိုး နွေရာသီမှာလုပ်ငန်းခွင်ဝင်ကြသူများအတွက် ကျန်းမာစေသော တစ်နေ့တာ အစီအစဉ် ကို မျှဝေပေးချင်ပါတယ်။ကျွန်တော်ရဲ့ တစ်နေ့တာအစီအစဉ်ကတော့ ဒီလိုပဲ ဖြစ်ပါတယ်။ကျွန်တော့်ရဲ့ တစ်နေ့တာအစီအစဉ်က နွေရာသီမှာ လုပ်ငန်းခွင်ဝင်နေသူတွေအတွက် အများကြီး အထောက်အကူဖြစ်စေမှာပါ။နွေရာသီမှာ အပူဒဏ်ကို အိမ်ထဲမှာနေနေ၊ အပြင်မှာနေနေ လူတိုင်းခံစားရနိုင်တာကြောင့် ဒီနည်းလမ်းတွေနဲ့ အကောင်းဆုံးကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/summer-healthy-tips-for-office-person/