title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
လိင်ကိစ္စနဲ့ပတ်သက်လို့ သင်သိထားသင့်တဲ့အချက် ၁၄ ချက်
လိင်မှုကိစ္စဆိုတာ လူရယ်လို့ဖြစ်လာရင် အရွယ်ရောက်လာသူတိုင်း သိထားသင့်တဲ့သဘာဝတစ်ခုပါ။ ဒါ့ကြောင့် လူ့ဘဝမှာ အရေးပါတဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေတဲ့ လိင်မှုရေးရာကိစ္စတွေကို လိင်ပညာပေးအဖြစ်နဲ့လေ့လာသိရှိထားဖို့ ရှက်ရွံ့နေစရာမလိုပါဘူး။ လိင်ကိစ္စနဲ့ပတ်သက်လို့ သိသင့်သိထိုက်တာတွေကို သိနားလည်ထားခြင်းက ကောင်းမွန်တဲ့ ဗဟုသုတကို ပိုင်ဆိုင်ထားခြင်းသာဖြစ်ပါတယ်။လိင်မှုကိစ္စမှာဗဟုသုတရှိမထားတဲ့ မိန်းကလေးတွေဟာ မတော်တဆကိုယ်ဝန်ရသွားတာလိုမျိုး လိင်ကိစ္စကြောင့်မလိုလားအပ်တဲ့နောက်ဆက်တွဲတွေ ကြုံရတတ်တဲ့ အတွက် ပိုပြီး သိထားသင့်ပါတယ်။လိင်ဆက်ဆံမှုနဲ့ လိင်ကျန်းမာရေးအကြောင်းအရာတွေကို သိထားမှ ကိုယ့်ဘဝအတွက်ဆုံးဖြတ်ချက်မှန်ကန်ပြီး ပိုအဆင်ပြေ၊ပိုဘေးကင်းတဲ့ လိင်မှုဘဝကိုရရှိပိုင်ဆိုင်နိုင်မှာဖြစ်လို့ အရွယ်ရောက်ပြီးသူတိုင်း အတွက် အရေးကြီးပါတယ်။ လူတိုင်းသိထားသင့်တဲ့ လိင်မှုရေးရာအချက် ၁၄ ချက်ကိုဖော်ပြလိုက်ပါတယ်။၁ ။ လိင်ဆက်ဆံမှုမှာ နှစ်ဦးနှစ်ဘက် စိတ်ပျော်ရွှင်မှုတူညီတယ်။ယောက်ျားတွေက မိန်းမတွေထက် လိင်ကိစ္စမှာပိုစိတ်ပါတယ်ဆိုတဲ့ယူဆချက်ကို သိပ္ပံနည်းကျအထောက်အထားရှိမနေပါဘူး။ လူ့အဖွဲ့အစည်းရဲ့စောင့်ထိန်းရမယ့်ဓလေ့ထုံးစံတွေနဲ့ ပုံသေအတွေးအခေါ်တွေကြောင့်ပဲ မိန်းကလေးတွေဟာ သဘာဝအရလိင်ကိစ္စမှာသာယာပျော်ရွှင်တဲ့ စိတ်ခံစားချက်တွေကိုရှက်ရွံ့စိတ်နဲ့ဖုံးကွယ်ထားကြပုံပါပဲ။ ဒါပေမယ့် မိန်းကလေးတွေဟာယောကျာ်းလေးတွေလောက် လိင်ကိစ္စကိုစိတ်မပါဘူးဆိုတာကတော့ မှားပါတယ်။၂။ပထမဆုံးအကြိမ် အတူနေရုံနဲ့ ကိုယ်ဝန်ရနိုင်ပါတယ်။မိန်းကလေးတစ်ယောက်က ပထမဆုံးအကြိမ် ချစ်တင်းနှောရုံနဲ့ ကိုယ်ဝန်မရနိုင်ဘူးလို့ ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ အမှန်ကတော့ ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် အကာအကွယ်မသုံးရင်တော့ ပထမဆုံးအကြိမ်မှာတင် ကိုယ်ဝန်ရနိုင်ပါတယ်။ယောက်ျားလေးက မိန်းကလေးတစ်ယောက်နဲ့ ပထမအကြိမ် အတူနေရုံနဲ့ ကိုယ်ဝန်ရစေနိုင်ပါတယ်။ မိန်းကလေးအတွက်က ပထမအကြိမ် ဓမ္မတာလာပြီးတဲ့အချိန်ကစပြီး ကိုယ်ဝန်ဆောင်နိုင်နေပြီဖြစ်ပါတယ်။ ငယ်လွန်းတဲ့အရွယ်ပဲဖြစ်ဖြစ်၊ အရွယ်ရောက်ပြီးသူပဲဖြစ်ဖြစ် မလိုချင်တဲ့ကိုယ်ဝန်ရရှိခြင်းကို မဖြစ်ရစေဖို့ အရေးပေါ်သားဆက်ခြားသောက်ဆေးသောက်လို့ရပါတယ်။ ဒီဆေးကို ပုံမှန်သားဆက်ခြားသောက်ဆေး သောက်ဖို့မေ့တာ၊ လိင်ဆက်ဆံစဉ် ကွန်ဒုံးပေါက်ပြဲသွားတာ ၊လိင်အကြမ်းဖက်ခံရတာ စသဖြင့် ကိုယ်ဝန်ရရှိသွားစေနိုင်တဲ့ အခြေအနေတွေမှာအရေးပေါ်သောက်သုံးနိုင်ပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ၇၂နာရီအတွင်း သောက်သုံးပါက ၈၉% အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။အိမ်ထောင်သည်တွေအနေနဲ့ ကလေးမလိုချင်သေးတဲ့အချိန်မှာ သန္ဓေတားဆေးသုံးခြင်းက ကိုယ်ဝန်မရနိုင်အောင်တားဆီးပေးနိုင်ပါတယ်။ကွန်ဒုံး ကို အသုံးပြုမယ်ဆိုရင်တော့ လိင်ကြောင့်ကူးစက်တတ်တဲ့ရောဂါ တွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ အတူမနေခင်မှာ သင့်အဖော်နဲ့ ဘယ်လိုအကာအကွယ်သုံးမလဲဆိုတာ တိုင်ပင်ပြီး သေချာအသုံးပြုသင့်ပါတယ်။၃။သုက်မလွှတ်ခင် လိင်တံအပြင်ထုတ်ခြင်းက ကိုယ်ဝန်တားဖို့ စိတ်ချရတဲ့နည်းလမ်းမဟုတ်ပါဘူး။ဆက်ဆံဖော် အမျိုးသားက သုက်မလွှတ်ခင် လိင်တံ အပြင်ထုတ်ခြင်းဖြင့်လဲ ကိုယ်ဝန်ရရှိနိုင်ခြင်းကို မတားဆီးနိုင်ပါဘူး။ အမျိုးသားတွေ သုက်မလွှတ်ခင် လိင်စိတ်လှုပ်ရှားမှုကြောင့်သုက်မလွှတ်ခင် ထွက်တဲ့ အရည်ကြည် ထဲမှာ သုက်ကောင်တွေ ပါရှိတတ်ပါတယ်။ အမျိုးသမီးတစ်ဦး ကိုယ်ဝန်ရဖို့ သုက်ကောင် တစ်ကောင်သာ လိုအပ်တာပါ။ ဒါ့အပြင် ထိုအရည်ကြည်ထဲမှာ လိင်ကြောင့် ကူးစက်တတ်တဲ့ ရောဂါပိုးမွှားတွေပါဝင်တာကြောင့် သုက်မလွှတ်ခင် အပြင်ထုတ်ခြင်းဟာလည်း လိင်ကြောင့်ကူးစက်တတ်တဲ့ ရောဂါတွေ (STIs) ကိုလည်း မကာကွယ်နိုင်ပါဘူး။တကယ်လို့ သင့်ဆက်ဆံဖော်အမျိုးသားက သုက်မလွှတ်ခင် အပြင်ထုတ်ပေးမယ်လို့ ပြောရင် မယုံပါနဲ့။ ဘယ်သူမှ အဲ့ဒီစိတ်ကို မထိန်းနိုင်ပါဘူး။ ဒါကြောင့် ကွန်ဒုံးကို အသုံးပြုပါ။ ကွန်ဒုံးက လိင်ဆက်ဆံခြင်းမှ တစ်ဆင့်ကူးစက်ရောဂါ ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်မလိုချင်ပါက တခြား သားဆက်ခြား နည်းလမ်းများကိုလည်း အသုံးပြုနိုင်ပါတယ်။၄။ရာသီလာစဉ်ချစ်တင်းနှောလျှင်လည်း ကိုယ်ဝန်ရနိုင်ပါတယ်။ရာသီလာစဉ် အတူနေရင် ကိုယ်ဝန်မရနိုင်ဘူးဆိုတဲ့ ကောလာဟလကို ကြားဖူးမှာပါ။ အမှန်က အမျိုးသမီးတစ်ဦးက ဘယ်အချိန်မှာမဆို အကာအကွယ်မသုံးဘဲ အတူနေရင် ကိုယ်ဝန်ရနိုင်ပါတယ်။ သုက်ကောင်တွေက သင့်ကိုယ်တွင်းမှာ ရက်အတန်ကြာ အသက်ရှင်နိုင်တာကြောင့် ရာသီလာစဉ် အတူနေသော်လည်း အချိန်အတန်ကြာ အသက်ရှင်နိုင်တဲ့ သုက်ကောင်တွေက သင့်ကို ကိုယ်ဝန်ရသွားစေနိုင်ပါတယ်။ဒါ့ကြောင့် သန္ဓေတားဖို့ စိတ်ချချင်ရင် ၃ လခံ သားဆက်ခြားထိုးဆေးကိုရွေးနိုင်ပါတယ်။ တစ်ခါထိုးပြီးရင် ၃လသန္ဓေတားနိုင်စွမ်းရှိပြီး သားဆက်ပုံမှန်ခြားလိုပါက ၃လပြည့်တိုင်း နောက်တစ်ခါထပ်ထိုးပေးရမှာဖြစ်ပါတယ်။ ကိုယ်ဝန်မလိုချင်ဘူးဆိုရင် တားဆေး တစ်မျိုးမျိုး၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ကာကွယ်ရန်အတွက် ကွန်ဒုံးတို့ကို သုံးသင့်ပါတယ်။၅။အိပ်မပျော်ခြင်းကို ကုသနိုင်တယ်။လိင်ကိစ္စအထွတ်အထိပ်ရောက်တဲ့အခါoxytocinဟော်မုန်းထွက်လာတာကကောင်းကျိုးတစ်ခုပါ။ အမျိုးသားရော အမျိုးသမီးပါ လိင်စိတ်ပြင်းထန်လာချိန်မှာ ဒီဟော်မုန်းထွက်လာတတ်ပါတယ်။oxytocin က အနားယူပြေလျော့ခြင်းနဲ့ အိပ်ချင်စိတ်ကို ပိုဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့်ပဲ ချစ်တင်းနှောပြီး ချက်ချင်းဆိုသလို အိပ်ပျော်သွားတတ်ကြတာဖြစ်ပါတယ်။၆။ကွန်ဒုံးတွေမှာ သက်တမ်းကုန်ဆုံးရက်ပါရှိပါတယ်။တခြားကုန်ပစ္စည်းတွေလိုပဲ ကွန်ဒုံးတွေမှာလည်း သက်တမ်းကုန်ဆုံးရက်ပါရှိပြီးဖြစ်ပါတယ်။ ကွန်ဒုံးတစ်ခုကို ၃ နှစ်ကနေ ၅ နှစ်အတွင်း အသုံးပြုလို့ရပါတယ်။ အကောင်းဆုံးကတော့ ကာကွယ်မှုအပြည့်အဝရစေဖို့ ကွန်ဒုံးကိုအသုံးမပြုခင် သက်တမ်းကုန်ဆုံးရက်ကို ကြည့်ပါ။၇။ချစ်တင်းနှောတဲ့ ပုံစံတွေကလည်း ကိုယ်ဝန်ရခြင်းကို မတားဆီးနိုင်ပါဘူး။ထိုင်ထလုပ်တာတွေ၊ မတ်တပ်ရပ်ချစ်တင်းနှောတာ၊ ထိုင်လျက်ချစ်တင်းနှောတာတွေက ကိုယ်ဝန်မရစေနိုင်ဘူးဆိုတဲ့ စကားအမှားတွေကိုလဲ မယုံသင့်ပါဘူး။ ကိုယ်ဝန်မရအောင် အတူနေလို့ရတဲ့ ပုံစံ၊ နေရာဆိုတာ မရှိပါဘူး။ အကာအကွယ်တစ်မျိုးမျိုး၊ ကွန်ဒုံးသုံးမှသာ တားဆီးနိုင်မှာပါ။ ဘယ်လိုပုံစံ ဘယ်လိုနေရာမှာ အတူနေပါစေ၊ သုက်ကောင်နဲ့ မျိုးဥ ပေါင်းမိတာနဲ့ ကိုယ်ဝန်ရရှိမှာပါ။၈။ တစ်ကိုယ်ရည်အာသာဖြေတဲ့အခါ အမျိုးသမီးတွေကလည်း အမျိုးသားတွေနဲ့ ကြာချိန်အတူတူပါပဲ။ လေးမိနစ်လောက်ကြာတတ်ပါတယ်။၉ ။ ဒါပေမယ့် လိင်စိတ်အထွတ်အထိပ်ရောက်တဲ့အကြိမ်ရေကတော့ ကွာခြားပါတယ်။အမျိုးသားရဲ့လိင်စိတ်အထွတ်အထိပ်ရောက်တဲ့အကြိမ်ရေက ၃ ကြိမ်မှာ အမျိုးသမီးဘက်က တစ်ကြိမ်သာရှိပါတယ်။ အမျိုးသမီးတွေရဲ့ စိတ်သာယာမှုအကြောင်းကို ထုတ်ပြောကြလေ့မရှိတာကြောင့်လည်းဖြစ်နိုင်ပါတယ်။၁၀။ ကိုယ့်အဖော်နဲ့ ပွင့်လင်းတဲ့ပြောဆိုဆက်ဆံမှုရှိတာကလည်း လိင်ဆက်ဆံစဉ်အတွင်း လိင်စိတ်အထွတ်အထိပ်ရောက်နိုင်ဖို့ အခွင့်အလမ်းပိုများစေပါတယ်။၁၁ ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရင် ပိုစိတ်ပါစေတယ်။ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးခြင်းက အမျိုးသမီးတွေရဲ့လိင်စိတ်နိုးကြွမှုကိုမြှင့်တင်ပေးနိုင်ပြီး အမောခံနိုင်စွမ်း၊ခွန်အားနဲ့ ယုံကြည်မှုကိုပိုရှိစေပါတယ်။၁၂။ချစ်တင်းနှောတာက ကယ်လိုရီလောင်ကျွမ်းစေပါတယ်။အိပ်ရာပေါ်မှာ တစ်နာရီလောက် အလုပ်ရှုပ်နေရတဲ့ ချစ်တင်းနှောခြင်းအမှုက အပြေးအားကစား မိနစ် ၃၀ စာနဲ့ ညီမျှတဲ့ ကယ်လိုရီလောင်ကျွမ်းမှုရှိစေနိုင်တယ်လို့University of Quebec ရဲ့သုတေသနမှာဖော်ပြထားပါတယ်။ လိင်မှုကိစ္စအတွင်းမှာ အမျိုးသားတွေက တစ်မိနစ်ကို ၄.၂ ကယ်လိုရီလောင်ကျွမ်းပြီး အမျိုးသမီးတွေက တစ်မိနစ်ကို ၃.၁ ကယ်လိုရီလောင်ကျွမ်းတယ်လို့ ဆိုပါတယ်။ တစ်ကြိမ်ချစ်တင်းနှောရင် အမျိုးသားကစုစုပေါင်း ၁၀၁ ကယ်လိုရီနဲ့ အမျိုးသမီးက ၆၉ ကယ်လိုရီလောင်ကျွမ်းပါတယ်။၁၃။ လိင်ဆက်ဆံတဲ့အကြိမ်ရေများလေ၊ ပိုပြီးဖြစ်ချင် လိုချင်လေပါပဲ။ ဆန့်ကျင်ဘက်ပြောရရင်လည်း ဒီအတိုင်းပဲ။ လိင်မဆက်ဆံဘဲနေတာ ကြာလွန်းရင်လည်း လိင်ကိစ္စမှာဘယ်လောက်သာယာခံစားခဲ့လဲဆိုတာမေ့သွားလောက်ပါတယ်။၁၄။ ကျီဂဲလ်လေ့ကျင့်ခန်းတွေက တင်ပါးဆုံကြွက်သားတွေကိုသန်မာစေတယ်။ဒီကြွက်သားတွေက အမျိုးသမီးတွေအတွက် လိင်ဆက်ဆံချိန်အတွင်း ထိန်းချုပ်မှုပိုရစေသလို ခံစားချက်ကို ပိုပြင်းထန်စေပါတယ်။ နည်းကတော့ ဆီးကိုအောင့်ထားသလိုမျိုး ကြွက်သားကို ညှစ်ထားပြီးမှပြန်ဖြေလျော့ပေးရတာဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%80%e1%80%ad%e1%80%85%e1%80%b9%e1%80%85%e1%80%94%e1%80%b2%e1%80%b7%e1%80%95%e1%80%90%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%b7/
ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ
ပိုတက်ဆီယမ်ဟာကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ သတ္တုဓာတ်တမျိုးဖြစ်ပါတယ်။ ကိုယ်ခန္ဓာထဲမှာရှိတဲ့ ပိုတက်ဆီယမ်ဓာတ် စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို ကြွက်သားဆဲလ်တွေမှာ တွေ့နိုင်ပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုတော့ အရိုးများ၊ အသည်းနဲ့သွေးနီဥဆဲလ်တွေမှာ တွေ့နိုင်ပါတယ်။ ပိုတက်ဆီယမ်ဟာ ရေမှာပျော်ဝင်လွယ်ပြီး ဓာတ်ပြုမှုမြန်ဆန်ပါတယ်။ ရေထဲပျော်ဝင်သွားတဲ့အခါ အဖိုဓာတ်အိုင်းယွန်းတွေ ဖြစ်ပေါ်ပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာအတွင်း လျှပ်စီးခြင်းကို အားပေးခြင်း ဇီဝဖြစ်စဉ်အများအပြားအတွက် အထောက်အကူပြုပါတယ်။ယခုဆက်လက်ဖော်ပြမယ့်အကြောင်းအရာတွေကတော့ ပိုတက်ဆီယမ်၏အကျိုးကျေးဇူးများပဲ ဖြစ်ပါတယ်။ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ ကတော့။ကိုယ်ခန္ဓာရဲ့ ၆၀ ရာခိုင်နှုန်းကို အရည်များနဲ့ ဖွဲ့စည်းထားပါတယ်။ အဆိုပါအရည်စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကို ဆဲလ်တွေထဲမှာ တွေ့ရပြီး အဆိုပါအရည်များကို ICF လို့ အတိုကောက်ခေါ်ပါတယ်။ ကျန်တဲ့အရည်များကို ဆဲလ်ရဲ့ပြင်သမှာ သွေး၊ ခါးရိုးဆစ်တွင်းအရည် စတာတွေအနေနဲ့ တွေ့ရှိရပြီး ECF လို့ အတိုကောက်ခေါ်ပါတယ်။အဆိုပါအရည်များရဲ့ ပမာဏဟာ သူတို့မှာပါဝင်တဲ့ ပိုတက်ဆီယမ်၊ ဆိုဒီယမ်စတဲ့ ဓာတ်ဆားတွအပေါ် မူတည်ပါတယ်။ အထူးသဖြင့် ပိုတက်ဆီယမ်ဟာ ICF အရည်များကို ထိန်းညှိရာမှာ အရေးပါပါတယ်။ICF အရည်များနဲ့ ECF အရည်များဟာ ဟန်ချက်မညီရင် ဆဲလ်တွေအတွက် ပြဿနာရှိပါတယ်။ ဥပမာ ဆဲလ်ထဲကရေတွေ အပြင်ကိုထွက်သွားရင် ဆဲလ်ဟာ သေးကျုံ့သွားပြီး ဆဲလ်ထဲကို ရေတွေဝင်လာရင်တော့ ဆဲလ်များဟာ ဖောင်းတင်းလာပြီး ပေါက်ကွဲပျက်စီးသွားနိုင်ပါတယ်။ ပိုတက်ဆီယမ်ဟာ ဒီပြဿနာတွေမဖြစ်အောင် အရည်များကို ဟန်ချက်ထိန်းညှိပေးပါတယ်။အရည်များဟန်ချက်မညီတဲ့ ပြဿနာတခုကတော့ ရေဓာတ်ခန်းခြောက်ခြင်းဖြစ်ပါတယ်။ ရေဓာတ်ခန်းခြောက်ခြင်း ဆိုးရွားရင် နှလုံးနဲ့ ကျောက်ကပ်တွေကို ထိခိုက်နိုင်ပါတယ်။အာရုံကြောစနစ်ဟာ သင့်ဦးနှောက်နဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကြားကို ဆက်သွယ်ပေးပါတယ်။ ဦးနှောက်ရဲ့ ညွှန်ကြားချက်တွေကို အာရုံကြောများက အချက်ပြစနစ်များအနေနဲ့ လက်ဆင့်ကမ်းသယ်ဆောင်သွားပြီး ကြွက်သားများဆီ ပို့ဆောင်ကာ လှုပ်ရှားမှုတွေကို ဖြစ်ပေါ်စေပါတယ်။နှလုံးခုန်ခြင်း၊ လမ်းလျှောက်ခြင်း၊ တခုခုကို တုံ့ပြန်ခြင်း စတာတွေအားလုံး အကျုံးဝင်ပါတယ်။ အဆိုပါ အာရုံကြောအချက်ပြမှုတွေကို လက်ဆင့်ကမ်းရာမှာ ပိုတက်ဆီယမ်ဟာ လျှပ်စစ်ဓာတ်ပါတဲ့ အိုင်းယွန်းများအနေနဲ့ ဆက်သွယ်ပေးပါတယ်။ သွေးထဲမှာ ပိုတက်ဆီယမ်နည်းပါးမယ်ဆိုရင်တော့ အာရုံကြောအချက်ပြနှုန်းတွေ လျော့ကျသွားနိုင်ပါတယ်။ကိုယ်ခန္ဓာမှာ ဆိုဒီယမ်တက်လာရင် သွေးပေါင်ချိန်ကို တက်စေပါတယ်။ သွေးတိုးရောဂါအခံရှိသူတွေမှာ ပိုဆိုးတတ်ပါတယ်။ ပိုတက်ဆီယမ်ဟာ သွေးထဲမှာ ပိုလျှံနေတဲ့ ဆိုဒီယမ်တွေကို ဖယ်ရှားပေးပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ သုတေသနတခုမှာဖော်ပြချက်အရ ပိုတက်ဆီယမ်ကို ပုံမှန်စားသုံးပေးသူတွေဟာ ပိုတက်ဆီယမ်ကောင်းကောင်းမရသူတွေထက် ပျမ်းမျှအားဖြင့် အပေါ်သွေးပေါင်ချိန် ၆ ယူနစ်၊ အောက်သွေးပေါင်ချိန် ၄ ယူနစ်ခန့် လျော့နည်းတယ်လို့ သိရပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တာကြောင့် နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့နှလုံးရောဂါ၊ လေဖြတ်ခြင်း စတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။အရိုးများရဲ့ ကျန်းမာရေးအတွက် အဓိကကျတာက ကယ်လ်ဆီယမ်ဖြစ်ပါတယ်။ ကယ်လ်ဆီယမ်ဆုံးရှုံးမှုများရင် အရိုးများနဲ့ သွားများကို ချည့်နဲ့စေပါတယ်။ သုတေသနတွေအရ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအစာများဟာ ဆီးမှတဆင့် ကယ်လ်ဆီယမ်များ ဆုံးရှုံးခြင်းကို လျှော့ချပေးနိုင်တာကြောင့် အရိုးပွခြင်းကို ကာကွယ်ပေးပါတယ်။ အသက် ၄၅ နှစ်နဲ့ ၅၅ နှစ်ကြား အမျိုးသမီးများကို လေ့လာတဲ့ သုတေသနတခုမှာလည်း ပိုတက်ဆီယမ်ပုံမှန်ရရှိသူတွေမှာ အရိုးသိပ်သည်းဆ ပိုများတာကို တွေ့ရှိရပါတယ်။ကျောက်တည်ခြင်းကို ဖြစ်စေတဲ့အဓိကပစ္စည်းကတော့ ကယ်လ်ဆီယမ်ဖြစ်ပါတယ်။ ဆီးသွားနည်းလာရင် ကာ်လ်ဆီယမ်များလည်း အနည်ထိုင်များလာပြီး ကျောက်များဖြစ်လာစေပါတယ်။ ပိုတက်ဆီယမ်ဆိထရိတ်ဟာ ဆီးထဲမှာ ကယ်လ်ဆီယမ်ဓာတ်ကို လျော့ကျစေပါတယ်။ ဒီနည်းနဲ့ ဆီးကျောက်တည်နိုင်ခြေကို လျှော့ချပေးပါတယ်။ပိုတက်ဆီယမ်ကို ပြုပြင်မှုနည်းပါးတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်နဲ့ ငါးအမျိုးမျိုးကနေ ရနိုင်ပါတယ်။ အထူးသဖြင့် သကြားမုန်လာ၊ ဘိုကိတ်ပဲ၊ အာလူး၊ ကန်စွမ်းဥ၊ ဟင်းနုနွယ်၊ ကိုက်လန်၊ ငှက်ပျောသီး၊ဆယ်လ်မွန်ငါးစတာတွေမှာ ပိုတက်ဆီယမ်ကြွယ်ဝပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/what-does-potassium-do/
ခရု စားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ။ ။
ခရု ဆိုတာပင်လယ်စာတွေ ထဲက တစ်မျိုး ဖြစ်ပြီး ရခိုင်စားသောက်ဆိုင်တွေမှာ မပါမဖြစ်တဲ့ မီနူးတွေ ထဲက တစ်ခုပါ။ ခရု သုပ်၊ ခရု ချဉ်စပ်၊ ခရု ဟင်းချို တို့ဆိုတာ စားဖူးတဲ့ သူတိုင်း ကြိုက်တဲ့ ကောင်းမှကောင်း ဟင်းလျာတွေပါ။ အရမ်း ကြိုက်ကြတဲ့ သူတွေ ရှိသလို တချို့ ခရုနဲ့ဓာတ်မတည့်တဲ့သူတွေလည်း ရှိပါတယ်။ ခုဆောင်းပါးထဲမှာ ပြောပြချင်တာ ကတော့ ခရု ကြိုက်တဲ့ သူတွေအတွက် သတင်းကောင်းပဲ ဖြစ်ပါတယ်။ ခရု စားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ အကြောင်းပါ။ခရု စားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများကတော့။၁။ပရိုတင်း။ပင်လယ်စာ တို့ရဲ့ ထုံးစံ အတိုင်း ခရု ဟာကယ်လိုရီအများကြီး မပါတဲ့ ပရိုတင်း ကြွယ်ဝသော အသား တစ်မျိုးပါ။ ဒါ့ကြောင့် ကိုယ်အလေးချိန် လျော့ချနေသူတွေ၊ကြွက်သားတက်အောင် လုပ်နေတဲ့ သူတွေ အတွက် စားပေးလို့ ရတဲ့ အသား တစ်မျိုးပဲ ဖြစ်ပါတယ်။ ပင်လယ်စာတွေ အားလုံးထဲမှာမှ ခရု က ပရိုတင်း အကြွယ်ဝဆုံးပါ။၂။ သံဓာတ်။ခရု တွေဟာသံဓာတ်အကြွယ်ဝဆုံး အစားအစာတွေ ထဲက တစ်ခု ဖြစ်တဲ့အတွက် သံဓာတ် ချို့တဲ့သွေးအားနည်း ရောဂါခံစားနေရတဲ့ သူတွေ အတွက် အရမ်းကို သင့်တော်တဲ့ အစားအစာ တစ်ခုပါ။၃။ ဗီတာမင် B 12။နောက်ပြီး ခရု ဟာဗီတာမင် B12ကြွယ်ဝတဲ့ အစားအသောက် တစ်ခု ဖြစ်တာကြောင့် သင့်အာရုံကြော အားကောင်းဖို့ အတွက်လည်း သူက ကူညီပေးဦးမှာပါ။.။၄။ မဂ္ဂနီဆီယမ်။သွေးပေါင်ချိန်ထိန်းညှိဖို့၊နှလုံး အားကောင်းဖို့ နဲ့အရိုးတွေ သန်မာဖို့ အတွက် မဂ္ဂနီဆီယမ်က မရှိမဖြစ် ပါဘူး။ ဒီတော့မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ အစားအသောက် တစ်ခုကို လိုက်ရှာ နေတယ် ဆိုရင် ခရုက အကောင်းဆုံးပါ။၅။ selenium။ကိုယ်ခန္ဓာမှာ selenium ဓာတ်ကို အများကြီး မလိုအပ်သော်လည်းခုခံအားစနစ်နဲ့ ကိုယ်တွင်း ဆဲလ်တွေ ထိခိုက်တာကို ကာကွယ်ပေးဖို့အတွက် selenium မရှိမဖြစ်ပါ။ ခရုမှာ ကိုယ်တွင်း လိုအပ်ချက် စနစ်နဲ့ ကိုက်ညီတဲ့ selenium ပါပြီးသား ဖြစ်တဲ့ အတွက် စားပေးသင့်တဲ့ အရာ တစ်ခုပါ။၆။ Omega-3။နှလုံး အတွက် တကယ်ကို အရေးကြီးတဲ့ Omega-3 ဟာပင်လယ်စာတိုင်းမှာ ပါသလို ခရု မှာလည်း ကြွယ်ဝစွာ ပါတဲ့အတွက် ခရုဟာ သင့်နှလုံး အတွက် ထောက်ပံ့ပေးမယ့် အကောင်းဆုံး အစားအစာ တစ်ခုပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/snail/
Glucose , Sucrose, နဲ့ fructose သူတို့ ၃ မျိုး ဘာကွာလဲ ။ ။
ကိုယ်ကဝိတ်ချဖို့လုပ်နေပြီးသကြားလျှော့ဖို့လုပ်နေတဲ့အခါ Sucrose,Glucose နဲ့ fructose ဆိုတဲံ သကြားဓါတ်ပေါင်း ၃ မျိုးအကြောင်း သိထားဖို့လိုပါလိမ့်မယ်။ ဒီ ၃ မျိုးထဲမှာ ဘယ်ဟာက ကျန်းမာရေးကို အထိခိုက်ဆုံးလဲက ပိုအရေးကြီးတာပေါ့။ Sucrose,Glucose နဲ့ fructose တို့ဟာ သကြား ဓါတ်ပေါင်း ၃ မျိုးဖြစ်ပြီး အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေနဲ့ ကောက်ပဲသီးနှံတွေမှာ ဒီ သကြားဓါတ်ပေါင်း ၃ မျိုးကို သဘာဝအတိုင်း တွေ့ရတတ်ပါတယ်။သူတို့ ၃ မျိုးကိုကွာခြားသွားစေတာကတော့ သူတို့ရဲ့တည်ဆောက်ပုံ၊ ကိုယ်ခန္ဓါက ချေဖျက်ပုံ၊ စုပ်ယူပုံတွေနဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုတို့ပဲ ဖြစ်ပါတယ်။ ဒီထပ် သူတို့ တစ်ခုချင်းစီကို အသေးစိတ်တဲ့ လေ့လာမှုတွေနဲ့ ဆက်ကြည့်ရအောင် ။Sucrose ဆိုတာ စားပွဲတင်သကြားရဲ့ သိပ္ပံနာမည်ပါ။ monosaccharides နဲ့disaccharides ဆိုတဲ့သကြားအုပ်စုကြီး ၂ ခုအောက်မှာ Sucrose က disaccharides အောက်မှာပါပါတယ်။ disaccharides ဆိုတာ monosaccharides နှစ်ခုကိုပေါင်းထားတာပါ။ ဒါ့ကြောင့် sucrose မှာ glucose မော်လီကျူ ၁လုံးနဲ့ Fractose မော်လီကျူး ၁လုံးဆီပါပါတယ်။Sucrose က သဘာဝအတိုင်းရတဲ့ကာဘိုဟိုက်ဒရိတ်တစ်မျိုးဖြစ်ပြီး သူ့ကို အသီးတွေ ကောက်ပဲသီးနှံတွေ မှာ အများဆုံးတွေ့ရပါတယ်။ သကြားလုံး၊ရေခဲမုန့်၊စည်သွပ်အစားအစာနဲ့ ဆိုဒါပါတဲ့ အချိုရည်တွေစတဲ့ တာရှည်ခံအစားအသောက်တွေထဲကို ထည့်သွင်းပြုလုပ်တဲ့ sucrose ကတော့ ကြံတွေက လာတာဖြစ်ပါတယ်။Sucrose ရဲ့ အရသာကတော့ fructose လောက်မချိုပေမယ့် glucose ထက်တော့ ချိုတဲ့ ဓါတ်ပေါင်းတစ်ခုပါ။Glucoseကတော့ monosaccharide. ဓါတ်ပေါင်းဖြစ်ပြီး ကိုယ်ခန္ဓါရအတွက် အားအင်တွေဖြည့်ပေးနိုင်ဆုံး အစားအစာတစ်ခုပါ။ monosaccharide ဆိုတာ mono ဆိုတဲ့အတိုင်း ဓါတ်ပေါင်း တစ်မျိုးတည်းပါတာဖြစ်လို အခြား ဓါတ်ပေါင်းတွေနဲ့ပေါင်းပြီး sucrose and lactose တို့အဖြစ် ပြောင်းလဲဖွဲ့စည်းတတ်ပါတယ်။Sucrose,Glucose နဲ့ fructose ၃ မျိုးထဲမှာ glucose ကအချိုဓါတ်ပါဝင်မှု အနည်းဆုံးပါ။Fructose။Fructose က အသီးတွေမှာအများဆုံးတွေ့ရတတ်ပြီး သူက glucose လိုပဲ monosaccharide. ဓါတ်ပေါင်းတစ်ခုပါ။ သူ့ကို အသီးတွေ၊ ပျားရည်တွေ၊ မှာ တွေ့ရတတ်ပြီးတာရှည်ခံအစားအစာတွေမှာတော့high-fructose corn syrupအနေနဲ့တွေ့ရပါတယ်။ Fractose ဟာသကြားမုန်လာ၊ ကြံနဲ့ ပြောင်းဖူးတို့က အဓိကရတဲ့ ဓါတ်ပေါင်းတစ်မျိုးလည်းဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့တဲ့ သကြား ဓါတ်ပေါင်း ၃ မျိုးထဲက သူက အချိုဆုံး ဖြစ်ပေမယ့် သွေးတွင်းသကြားဓါတ်အပေါ် သက်ရောက်မှု နည်းနည်းလေးပဲ ရှိပါတယ်။ချေဖျက်မှု အပိုင်းမှာတော့။Monosaccharide နဲ့ဖွဲ့စည်းထားတဲ့ Fructose နဲ့ Glucose တို့ဟာ သွေးထဲကို တိုက်ရိုက်ရောက်သွားနိုင်ပေမယ့် disaccharide ဖြစ်တဲ့ sucrose ကတော့ အရင်ချေဖျက်ခံပြီးမှ သွေးထဲ ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။အဝလွန်တာ၊ အသည်းအဆီဖုံးတာ၊ ဆီးချို ေရာဂါ စတာတွေနဲ့ ပက်သက်မှု အရှိဆုံးကတော့ Fructose ပဲ ဖြစ်ပါတယ်။ Fructose များများစားလေ ဗိုက်ဆာတာကို လှုံ့ဆော်လေလေဖြစ်ပြီး အချိုစွဲတဲ့ ပြဿနာကိုလည်း ရစေတတ်ပါတယ်။လူတစ်ယောက်တစ်နေ့ အများဆုံး စားနိုင်တဲ့ သကြားပမာဏက လက်ဖက်ရည်ဇွန်း ၆ ဇွန်း ( ၂၄ ဂရမ်) ပမာဏ ပဲ ဖြစ်ပါတယ်။ အဲဒါထက် ပိုစားတဲ့အခါ ကျန်းမာရေးအပေါ် ထိခိုက်နိုင်မှုတွေ ရှိလာနိုင်ပါတယ် ။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/glucose-sucrose-fractose/
အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ သက်သာစေဖို့
အိပ်- ဟောက် – အသက်ရှူပိတ် ရောဂါလို့ ခေါ်တဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ကအိပ်စက်မှုဆိုင်ရာ ကျန်းမာရေး ပြဿနာတစ်ရပ်လို့ ယူဆစရာ ရှိပေမယ့် အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။အိပ်- ဟောက်- အသက်ရှူပိတ်ရောဂါက အသက်ရှူလမ်းကြောင်း အထက်ပိုင်း တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် လုံးဝပိတ်ဆို့သွားတဲ့ အခြေအနေပါ။ ဒီလို ပိတ်ဆို့သွားတက အိပ်နေစဉ်မှာ ခေတ္တခဏ အသက်ရှူရပ်သွားတာကို ဖြစ်စေပါတယ်။အကြောင်းကတော့ အိပ်နေစဉ်မှာ လည်ချောင်းအနောက်ဘက်က ကြွက်သားတွေ ပြေလျော့ပြီး လေပြွန်ကို ပိတ်ဆို့သွားတာပါ။ဒီတစ်ခေါက်တော့ ပြင်းထန်လာရင် အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ သက်သာစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ သက်သာစေဖို့။နှာခေါင်းကနေ လေကောင်းကောင်းစီးဆင်းနိုင်စေဖို့ ဘောလုံးမှုတ်တာလိုမျိုး အသက်ကို ပြင်းပြင်းရှူသွင်း ရှူထုတ်လုပ်ရတဲ့ လည်ပင်းလေ့ကျင့်ခန်း လုပ်ဆောင်ပေးဖို့ လိုပါမယ်။တစ်နေ့ကို ၅ ကြိမ်လောက် အသက်ရှူတဲ့ လည်ပင်းလေ့ကျင့်ခန်း လုပ်ပေးတာက လေစီးဆင်းမှုကို တိုးတက်စေပြီး အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါကို သက်သာစေဖို့ ထောက်ကူပေးနိုင်မှာပါ။အိပ်ရာမဝင်ခင်ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ သောက်ပေးတာက အိပ်ပျော်စေပြီး လည်ချောင်းအတွင်းနံရံတွေကို အရောင်ကျစေနိုင်သလို  အိပ်တဲ့အခါ မဟောက်အောင် ထောက်ကူပေးနိုင်ပါတယ်။ဒါက လည်ချောင်း တစ်ရှူးရောင်ရမ်းတာကြောင့် ဟောက်တတ်တဲ့ သူတွေမှာပဲ အသုံးဝင်တာပါ။ အိပ်ရာမဝင်ခင်မှာ ရေနွေးနွေး တစ်ခွက်စာထဲကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ထည့်မွှေပြီး သောက်ပေးပါ။ဝတဲ့သူတိုင်း အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ ဖြစ်တာ မဟုတ်ပေမယ့် အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ ဖြစ်တဲ့သူအများစုကအဝလွန်နေပါတယ်။ ဒါကြောင့် အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါကို သက်သာစေဖို့ဆိုရင် ကိုယ်အလေးချိန်ကို လျှော့ချဖို့ လိုပါမယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ရရှိအောင် ထိန်းထားဖို့ လိုပါမယ်။အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ လက္ခဏာကို သက်သာစေဖို့ဆိုရင် ညဘက် အိပ်တဲ့ ဦးခေါင်းကို ခပ်မြင့်မြင့် ထားပေးပါ။ ခေါင်းကို မြင့်မြင့်ထားတာက အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါကို သက်သာစေပြီး အောက်ဆီဂျင် ပိုမို ရရှိစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ပက်လက်အိပ်တာက အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါကို ပိုဆိုးစေတဲ့ အကြောင်းအရင်းတစ်ခုပါ။ ဒါကြောင့် အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါကို သက်သာစေဖို့ဆိုရင် ဘေးစောင်းအိပ်ပါ။ ဘေးစောင်းအိပ်တာက သက်သာစေပါတယ်။ယောဂ လေ့ကျင့်ခန်း လုပ်တာက ကြွက်သားတွေကို ပြေလျော့စေပြီး အိပ်ပျော်စေပါတယ်။ ယောဂ ပုံမှန် လုပ်တာက အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါကို သက်သာစေဖို့ ထောက်ကူပေးနိုင်တာကြောင့် တစ်နေ့ကို ယောဂ လေ့ကျင့်ခန်း မိနစ် ၃၀ လောက် လုပ်ပေးပါ။အိပ်နေစဉ် အိပ်ရာဘေးမှာ အစိုဓာတ်ထိန်းစက် ဖွင့်ပေးတာက အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့်နှာခေါင်းပိတ်တာကို သက်သာစေပြီး အသက်ရှူလမ်းကြောင်းကို ကျန်းမာစေပါတယ်။ဆေးလိပ် သောက်သုံးတာ အရက် သောက်သုံးတာတွေက အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါရှိမယ်ဆိုရင် ဆေးလိပ်ဖြတ်ပါ။ အရက်ဖြတ်ပါ။ မဖြတ်နိုင်ရင် လျှော့သောက်ပါ။# ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေဖို့။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-apnea/home-remedies-for-sleep-apnea/
သင့်မှာ သွေးတိုးရှိနေရင် ဒီအမှန်အမှားတွေကို သိထားဖို့ လိုအပ်ပါတယ်
သွေးတိုးဝေဒနာက အဖြစ်များတဲ့ ဝေဒနာတစ်မျိုးပါ။WHOရဲ့ မှတ်တမ်းမှတ်ရာတွေအရဆိုရင် ကမ္ဘာ့လူဦးရေရဲ့ ၁၄% (၁.၁၃ ဘီလီယံ) ဟာ သွေးတိုးဝေဒနာခံစားနေရသူတွေပါတဲ့။ အမေရိကန်မှာဆိုရင်လည်း တိုင်းပြည်လူဦးရေရဲ့ ၄၅% လောက်က သွေးတိုးသမားတွေပါ။သွေးတိုးဝေဒနာဆိုတာကနှလုံးသွေးကြောနံရံတွေကို ပြင်းထန်တဲ့ဖိအားသက်ရောက်တာဖြစ်ပြပါတယ်။ သွေးဖိအားဟာ ပုံမှန်အတက်အကျရှိနေတဲ့ အခြေအနေမျိုးဖြစ်ပေမယ့် သဘာဝကိုဆန့်ကျင်ပြီး ဖြစ်ပျက်လာတဲ့ ပြင်းထန်တဲ့ ဖိအားမျိုးကို သွေးတိုးတယ်လို့ဆိုလိုပါတယ်။ ဒီဝေဒနာဟာနှလုံးရောဂါ၊လေဖြတ်ခြင်းတွေနဲ့ဆက်စပ်နေတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ဒီတော့ အဖြစ်များတဲ့ ရောဂါတွေရဲ့ ထုံးစံအတိုင်း ဆေးမြီးတိုတွေ၊အိမ်တွင်းကုထုံးတွေ၊ယုံတမ်းစကားတွေလည်း များတယ်ဆိုပါတော့။ ဒီလိုမျိုး ယုံတမ်းတွေ၊ တဆင့်စကားတွေများတာမို့ မလိုလားအပ်တဲ့အမှားတွေ ပြုမူမိတတ်ကြပါတယ်။တခါတလေရောဂါပျောက်မယ်ထင်ပြီး ယုံတမ်းစကားတွေဆေးမြီးတိုတွေကို အသုံးချမိတာမို့ အခြေအနေပိုဆိုးသွားတာ ဒါမှမဟုတ် တခြားဘေးထွက်ဆိုးကျိုးတွေ ကြုံရတာတွေလည်း ဖြစ်တတ်ပါသေးတယ်။ နောက်ပြီး နားလည်မှုလွဲမှားတာတွေလည်း အဖြစ်များတတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါသေးတယ်။ ဒါကြောင့်လည်း သွေးတိုးဝေဒနာနဲ့ တစ်နှစ်ကို လူ ၇.၆ သန်းလောက် အသက်ဆုံးရှုံးနေရတာဖြစ်ပါတယ်။ဒီလိုအသက်အန္တရာယ်နဲ့နီးစပ်ပြီး အဖြစ်များတဲ့ ဝေဒနာမျိုးတွေနဲ့ပတ်သက်လာရင် ယုံတမ်းအမှားတွေ၊ ဆေးမြီးတိုအမှားတွေလည်း ပိုများတတ်ပါတယ်။ ဒီမှားယွင်းသိမြင်ထားတဲ့ ယုံတမ်းစကားတွေက ဘေးအန္တရာယ်ဆီကို ပိုပြီး ခေါ်ဆောင်သွားနိုင်တာမို့ သတိထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း သွေးတိုးဝေဒနာနဲ့ပတ်သက်ပြီး လူသိများတဲ့ ယုံတမ်းအမှားတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။သင့်မှာ သွေးတိုးရှိနေရင် ဒီအမှန်အမှားတွေကို သိထားဖို့ လိုအပ်ပါတယ် ယုံတမ်းတွေ ဆေးမြီးတိုတွေကြောင့် အခြေအနေပိုဆိုးသွားတာ ကြုံရနိုင်ပါတယ်။ ဒါကြောင့် အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။၁။ သွေးတိုးက အန္တရာယ်ရှိတဲ့ ရောဂါမဟုတ်ဘူး– မှားပါတယ်။ သွေးတိုးက အန္တရာယ်ရှိရုံသာမက ဖြစ်ဖို့လွယ်သလို ဝေဒနာသည်လည်းများတဲ့ ရောဂါတစ်မျိုးပါ။ လူတိုင်းနီးပါး သွေးတိုးနေတာမို့ သာမန်ရောဂါတစ်ခုလို့ ထင်မှတ်မှားစရာရှိပေမယ့် တစ်ကမ္ဘာလုံးမှာ သွေးတိုးဝေဒနာသည် ၁.၁၃ ဘီလီယံရှိနေပြီး တစ်နှစ်ကို လူ ၇.၆ သန်း ဒီဝေဒနာကြောင့် အသက်ဆုံးရှုံးနေပါတယ်။ ဒါ့အပြင် လူတစ်ယောက်မှာ သွေးတိုးဝေဒနာရှိနေပြီဆိုရင် နှလုံး၊အသည်း၊မျက်စိ၊လိင်စွမ်းဆောင်ရည်ပျက်ယွင်းတာ၊ လေဖြတ်တာနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေလည်း ကပ်ပါလာမှာဖြစ်ပါတယ်။၂။ သွေးတိုးကမျိုးရိုးလိုက်တယ်– ဟုတ်ပါတယ်၊ သွေးတိုးက မျိုးရိုးလိုက်တတ်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ လေ့လာချက်အရဆိုရင် အဘိုးအဘွားမှာ သွေးတိုးရှိဖူးရင် မြေးဖြစ်သူမှာ သွေးတိုးဖြစ်နိုင်ခြေ အလွန်မြင့်မားတယ်လို့ဆိုပါတယ်။ ဒါပေမယ့် သွေးတိုးကို အဖြစ်စေနိုင်ဆုံးအကြောင်းအရင်းက မျိုးရိုးမဟုတ်ပါဘူး။ လူနေမှုပုံစံဖြစ်ပါတယ်။ မျိုးရိုးမှာ သွေးတိုးသမားရှိဖူးသလို ကိုယ်တိုင်ကလည်း ကျန်းမာရေးနဲ့မညီညွတ်အောင်နေတတ်သူမျိုးဖြစ်နေမှ သွေးတိုးဖြစ်လာမှာပါ။၃။ သွေးတိုးတာ အိုမင်းလာလို့– သွေးတိုးဝေဒနာက အသက်အရွယ်နဲ့ မဆိုင်ပါဘူး။ ဘယ်အသက်အရွယ်မှာမဆို ဖြစ်နိုင်ပါတယ်။ လူကြီးပိုင်းတွေမှာ ပိုဖြစ်ရတဲ့အကြောင်းကအိုမင်းလာတာကြောင့်မဟုတ်ပဲ ဘဝတစ်သက်တာမှာ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်နေထိုင်ခဲ့ခြင်းမရှိတာကြောင့်ပါ။ သွေးတိုးဖြစ်နိုင်ခြေကို အသက်အရွယ်နဲ့ ပိုင်းခြားမယ်ဆိုရင် ၁၈-၃၉ အရွယ်မှာ ဖြစ်နိုင်ခြေ ၃၃.၂%၊ ၄၀-၅၉ အရွယ်မှာ ၆၃.၁% ဖြစ်ပါတယ်။၄။ သွေးတိုးရှိနေရင် လက္ခဏာတွေပြတယ်– သွေးတိုးဝေဒနာသည်တိုင်း ရောဂါလက္ခဏာပေါ်တတ်တာမဟုတ်ပါ။ ကိုယ့်မှာ သွေးတိုးရှိမရှိကို ကျန်းမာရေးစစ်ဆေးပြီးမှသိနိုင်ပါတယ်။ လေ့လာချက်တွေအရ သွေးတိုးဝေဒနာသည်တွေရဲ့ ၁၅% လောက်က ရောဂါလက္ခဏာမပြတာမို့ သူတို့ကိုယ်သူတို့ သွေးတိုးမရှိဘူးလို့ ထင်မြင်နေကြပါတယ်တဲ့။ ဒါကြောင့်သွေးတိုးကို Silent Killer လို့ ခေါ်ကြတာပါ။၅။ ဆားလျှော့စားနေလို့ သွေးတိုးမပူရတော့ဘူး– WHO ရဲ့ သတ်မှတ်ချက်အရ လူတစ်ယောက်အတွက် တစ်နေ့တာ ဆိုဒီယံလိုအပ်ချက်က တစ်နေ့ကို ၅ ဂရမ်ဖြစ်ပါတယ်။ ဒီပမာဏက လူ့ကျန်းမာရေးအတွက် မဖြစ်မနေလိုအပ်တဲ့ ပမာဏပါ။ ကမ္ဘာပေါ်မှာ တစ်နှစ်ကို လူ ၂.၅ သန်း ဆိုဒီယံချို့တဲ့မှုကြောင့် သေဆုံးနေကြပါတယ်။ ဆားအလွန်အကျွံစားတာက သွေးတိုးစေနိုင်တယ်ဆိုပေမယ့် လုံလောက်အောင် မဖြည့်တင်းနိုင်ရင်လည်း အသက်ဆုံးရှုံးနိုင်တာကို သတိထားသင့်ပါတယ်။CDC အကြံပေးချက်အရဆိုရင် အောက်ပါ အစားအစာ ၁၀ မျိုးဟာ နေ့စဉ် ဆိုဒီယံလိုအပ်ချက်ရဲ့ ၄၀% ကို ဖြည့်ဆည်းပေးနိုင်ပါတယ်တဲ့။ ဆားကိုရှောင်ကျဉ်ပေမယ့် ဒါတွေစားပြီး ဆားဓာတ်ဖြည့်တင်းနိုင်တယ်ဆိုတဲ့ သဘောပေါ့။ ဒါတွေကတော့။၆။ ဆေးသောက်ပေမယ့် သွေးတိုးမပျောက်ရင် ဆေးဆက်မသောက်သင့်တော့ဘူး –  သွေးတိုးဝေဒနာကို ဆေးဝါးနဲ့ ထိမ်းချုပ်ကြတာများပါတယ်။ ဒါပေမယ့် တချို့လူတွေမှာတော့ ဆေးဝါးတွေနဲ့ အဆင်မပြေတာမျိုး ရှိတတ်ပါတယ်။ အထူးသဖြင့် သွေးတိုးသက် ရင့်နေသူမျိုးတွေမှာပေါ့။ ဒီလိုအခြေအနေမျိုးတွေ ကြုံလာရရင် ဆေးဝါးကို ရပ်ပစ်တာမျိုးထက် ဆရာဝန်ညွှန်ကြားချက်နဲ့ ကုထုံးပြောင်းတာက နည်းလမ်းမှန်ဖြစ်ပါတယ်။၇။ သွေးတိုးဝေဒနာကို ကုစားလို့ရတယ်– သွေးတိုးက ကုသနိုင်တဲ့နည်းမရှိပါဘူး။ သွေးတိုးကို ကုစားနိုင်တယ်လို့ဆိုလာရင် လိမ်နေတာသာဖြစ်ပါတယ်။ ထိန်းချုပ်နိုင်တဲ့နည်းလမ်းနဲ့ သက်သာလျော့ပါးအောင် ကုသတဲ့နည်းလမ်းတွေသာရှိပြီး လုံးဝပျောက်ကင်းအောင် မကုသနိုင်သေးပါဘူး။အောက်ပါနည်းလမ်းတွေကတော့ သင့်ရဲ့ သွေးတိုးဝေဒနာကို သက်သာအောင် ကူညီနိုင်ပါလိမ့်မယ်။၈။ သွေးတိုးက အမျိုးသားတွေမှာပဲဖြစ်တယ်– သွေးတိုးက ကျား၊ မ အသက်အရွယ်မရွေးဖြစ်ပါတယ်။ အမျိုးသားတွေမှာ ဖြစ်နိုင်ခြေပိုများတာတော့ အမှန်ပါ။ ငယ်ရွယ်စဉ်မှာ ဆေးလိပ်၊ အရက်မှီဝဲမှုရှိတတ်တာမို့ အမျိုးသားတွေဟာ အသက်ကြီးရင့်လာချိန်မှာ သွေးတိုးဝေဒနာခံစားရဖို့ အခွင့်အလမ်းပိုများပါတယ်။ ဒါပေမယ့် အသက် ၆၄ နှစ်တန်းကိုကျော်လွန်လာရင်တော့ အမျိုးသမီးတွေက သွေးတိုးဖြစ်နှုန်းပိုမြင့်မားတာကို ထူးခြားစွာ တွေ့ရပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/medical-myths-all-about-hypertension/
ဆီးချိုသွေးချိုလူနာတွေ ဥပုသ်ဆောက်တည်တဲ့အခါ သွေးတွင်းသကြားဓာတ်ထိန်းထားနိုင်ဖို့
ဝါတွင်းကာလမှာ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ကုသိုလ်ယူပြီးဥပုသ်ဆောက်တည်တတ်ကြပါတယ်။ သာမန်လူတွေအတွက်တော့ ပြဿနာမရှိလှပေမဲ့ ဆီးချိုသွေးချိုလူနာတွေကတော့ မိမိရဲ့ ရောဂါကိုပါ ထည့်သွင်းစဉ်းစားရမှာပါ။ ဒါကြောင့် ဆီးချိုသွေးချိုလူနာတွေ ဥပုသ်ဆောက်တည်တဲ့အခါ သွေးတွင်းသကြားဓာတ်ထိန်းထားနိုင်ဖို့ ဘာတွေလိုက်နာရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ဖို့  အကြံပြုချင်ပါတယ်။ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ အဓိကထား စောင့်ကြည့်ရမှာက သွေးတွင်းသကြားဓာတ်ပါ။သွေးတွင်းသကြားဓာတ်ရုတ်တရက် မြင့်တက်လာတာကဆီးချိုသွေးချိုရောဂါရှိသူတွေမှာ အရေးပေါ်ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်သလိုရုတ်တရက်သွေးတွင်းသကြားဓာတ် ကျဆင်းတာကလည်း အသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ဝါတွင်းကာလ ဥပုသ်ဆောက်တည်တဲ့အခါ ဆီးချိုသွေးချိုရောဂါရှိသူတွေက အချိန်ကြာမြင့်စွာ အစားမစားဘဲ နေတာကြောင့် သွေးတွင်းသကြားဓာတ် ကျဆင်းတာကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ဥပုသ်ထွက်ချိန်မှာ အစားအစာတွေကို တစ်ထိုင်တည်းနဲ့ အများကြီး စားမိတာကြောင့် ရုတ်တရက်သွေးချို မြင့်တက်တာမျိုးကိုလည်း ဖြစ်တတ်ပါတယ်။ဒါကြောင့် ဆီးချိုသွေးချိုရောဂါ ရှိသူတွေအနေနဲ့ ဥပုသ်ဆောက်တည်ချိန်မှာ သွေးတွင်းသကြားဓာတ် တက်လွန်းတာ၊ ကျလွန်းတာတွေ မဖြစ်စေဖို့ လိုက်နာရမယ့် အချက်လေးတွေကို ဆက်လက်ဝေမျှ ပေးသွားပါမယ်။ဆီးချိုသွေးချိုရောဂါ ရှိသူတွေအနေနဲ့ ဥပုသ်ဆောက်တည်တဲ့အခါ အာဟာရပြည့်ဝမျှတအောင် စားသောက်ဖို့ လိုသလို ကျန်းမာတဲ့ နေထိုင်မှုပုံစံကိုလည်း လိုက်နာဖို့ လိုပါမယ်။ ဒါမှ ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး၊ ကျဆင်းတာမျိုးတွေ မဖြစ်နိုင်မှာပါ။ဒါကြောင့် ဆီးချိုသွေးချိုလူနာတွေ ဥပုသ်ဆောက်တည်ချိန်မှာ သွေးတွင်းသကြားဓာတ်ထိန်းထားနိုင်ဖို့ ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။ဆီးချိုသွေးချိုရောဂါရှိပေမယ့် ဥပုသ်ဆောက်တည်လို့ရသူတွေ ရှိသလို မရသူတွေလည်း ရှိပါတယ်။ ဒါက တစ်ဦးချင်းစီရဲ့ ကျန်းမာရေးအခြေအနေ၊ သွေးတွင်းသကြားဓာတ်ထိန်းနိုင်စွမ်း စတာတွေအပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် အရင်ဆုံး ဥပုသ်ဆောက်တည်လို့ ရလား၊ ကျန်းမာရေးထိခိုက်နိုင်လားဆိုတာကို ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ဆီးချိုသွေးချိုရောဂါ ရှိသူတွေအနေနဲ့ ဥပုသ်ဆောက်တည်မယ်ဆိုရင် လက်ရှိသောက်လက်စ ဆေးတွေကို ဒီအတိုင်းဆက်သောက်ရမှာလား။ လျှော့ဖို့လိုသလား။အင်ဆူလင်ထိုးနေတယ်ဆိုရင်ရော ဆေးပမာဏကို ဘယ်လိုပြန်ချိန်ရမလဲ စတာတွေကို ဆရာဝန်နဲ့ ကြိုတိုင်ပင်ပါ။ဆီးချိုသွေးချိုရောဂါ ရှိသူတွေအနေနဲ့ ပုံမှန်အားဖြင့်လည်း သူတို့ရဲ့ စားသောက်မှုပုံစံကို ဂရုတစိုက် စောင့်ကြည့်ဖို့ လိုပါမယ်။ ဥပုသ်ဆောက်တည်ချိန်မှာဆို ပိုပြီးတောင် သတိထားရပါမယ်။တစ်နပ်လျှော့စားရတာကြောင့် သွေးတွင်းသကြားဓာတ်ကျမှာ စိုးရိမ်ပြီး နေ့လယ်စာကို များများစားတာကို ရှောင်ပါ။ စားလို့ရတဲ့ အချိန်တွေမှာ အသား၊ ငါး၊ အသီးအရွက် မျှတအောင် စားပါ။ အဆာခံအောင် မွန်းမတည့်ခင်နဲ့ အချိန်ကိုက်ပြီး စားနိုင်ပါတယ်။မွန်းလွဲချိန်မှာလည်း သွေးတွင်းသကြားဓာတ်ကျမှာစိုးရိမ်ပြီး ခဏခဏသကြားလုံးတွေစားတာ၊ အချိုရည်တွေ သောက်တာမျိုးကို ရှောင်ပါ။ သွေးတွင်းသကြားဓာတ်ကျတဲ့ လက္ခဏာတွေကို စောင့်ကြည့်ပြီး လိုအပ်မှ စားပေးပါ။ဥပုသ်ထွက်ထွက်ချင်းမှာလည်း အစားတွေ အများကြီး တစ်ထိုင်တည်းစားတာကို ရှောင်ပါ။ ကြေညက်လွယ်တဲ့ အစားအစာတွေကို နည်းနည်းချင်း ခွဲစားပေးလို့ ရပါတယ်။ဆီးချိုသွေးချိုရှိသူတွေအနေနဲ့  ဥပုသ်ဆောက်တည်မယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို သာမန်အချိန်တွေထက် ပိုပြီး ခပ်စိပ်စိပ် စစ်ဖို့ လိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်မှာ ဘယ်နှကြိမ်စစ်ရမလဲဆိုတာ အနည်းငယ်ကွာခြားနိုင်တာကြောင့် အသေးစိတ်ကို ပြနေကျ ဆရာဝန်နဲ့ တိုင်ပင်ပါ။တကယ်လို့ ဒီလိုစစ်လိုက်တဲ့အခါမှာသွေးတွင်းသကြားဓာတ်ပမာဏက များလွန်းနေတာ ဒါမှမဟုတ် နည်းလွန်းနေတာမျိုး ဖြစ်မယ်ဆိုရင်တော့ လိုအပ်တဲ့ကုသမှုကို ခံယူဖို့ လိုပါမယ်။  ဒါမှ ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကာကွယ်ပေးနိုင်မှာပါ။ လိုအပ်မယ်ဆိုရင် ဥပုသ်ဆောက်တည်တာကို ရပ်လိုက်ဖို့ လိုပါတယ်။အခုပြောပြပေးတဲ့ အချက်လေးတွေကို သေချာလေး ဂရုစိုက်ပေးမယ်။ ဆေးတွေကိုလည်း ပမာဏ မှန်မှန် အချိန်မှန်မှန် သောက်မယ်၊ အင်ဆူလင်ကိုလည်း ပမာဏ မှန်မှန်၊ အချိန်မှန်မှန်လေး အသုံးပြုပေးမယ်ဆိုရင်ဝါတွင်းကာလမှာသွေးတွင်းသကြားဓာတ်ထိန်းနိုင်ပြီး ကျန်းကျန်းမာမာနဲ့ ဥပုသ်ဆောက်တည်နိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/diabetes-and-fasting/
null
null
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/curry-leaf/
null
null
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/benefits-of-guava-seeds/
အမျိုးသားနဲ့ အတူနေပြီးနောက်ပိုင်း မိန်းမကိုယ်ကနေ သွေးဆင်းတာ ဘာဖြစ်လို့လဲ။
တစ်ခါမှလိင်ဆက်ဆံဖူးခြင်းမရှိသေးတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပထမဦးဆုံး လိင်ဆက်ဆံပြီးတဲ့ နောက်ပိုင်းမှာ မိန်းမကိုယ်ကနေ သွေးဆင်းတာမျိုး ပုံမှန်လို့ ဆိုရပေမယ့် အိမ်ထောင်ကျတာလည်း ကြာပြီ။ အရင်တုန်းကတော့ဘာမှမဖြစ်ဘဲ ခုရက်ပိုင်းမှ အမျိုးသားနဲ့ အတူနေပြီးနောက်ပိုင်း မိန်းမကိုယ်ကနေ သွေးဆင်းတာ ဆိုရင်တော့ စိုးရိမ်တတ်ကြတာ သဘာဝပါ။ ဘာများဖြစ်လို့လဲ။ ကိုယ်ဝန်ပျက်ကျတာလား၊ ရာသီလာနေတာလား၊ ကင်ဆာလားဆိုပြီး တွေးရခက်တဲ့ မေးခွန်းပေါင်းများစွာ ဝင်လာပါလိမ့်မယ်။ဒီဆောင်းပါးထဲမှာတော့ အမျိုးသားနဲ့အတူနေပြီးနောက်ပိုင်း မိန်းမကိုယ်ကနေ သွေးဆင်းခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေ ကိုပြောပြပေးမှာပါ။ ဒါတွေကို သိထားတော့ ကိုယ်ဖြစ်နေတာနဲ့ ဘာနဲ့ ကိုက်ညီလဲဆိုတာသိရပြီး စောစော ကုသမှုခံယူလို့ရတာပေါ့။အမျိုးသားနဲ့ အတူနေပြီး နောက်ပိုင်း မိန်းမကိုယ်ကနေ သွေးဆင်းတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။ကိုယ်သောက်နေတဲ့ ဟော်မုန်းပါတဲ့ သန္ဓေတားဆေးတွေကြောင့်မိန်းမကိုယ်ခြောက်သွေ့တတ်ပြီး အတူနေတဲ့အခါ မိန်းမကိုယ်နာတာ၊ နေပြီး နောက်ပိုင်း သွေးဆင်းတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါက လူတိုင်းမှာ ဖြစ်တတ်တာမျိုး မဟုတ်သလို အမြဲတမ်းဖြစ်တာမျိုးလည်း မဟုတ်ပါဘူး။ ဒါကြောင့် ခဏစောင့်ကြည့်သင့်ပါတယ်။တကယ်ပဲ ဒီတားဆေးတွေကြောင့် အတူနေပြီးတိုင်း မိန်းမကိုယ်သွေးဆင်းတာမျိုးဖြစ်နေတယ်ဆိုရင်တော့ အခြား သန္ဓေတားနည်းတစ်ခုကို ပြောင်းပြီးရွေးချယ်သ့င်ပါတယ်။လိင်ဆက်ဆံရာကနေ ကူးစက်တတ်တဲ့ရောဂါတွေဖြစ်တဲ့ chlamydia, gonorrhea ဂနို နဲ့ trichomoniasis တို့ဟာသားအိမ်ခေါင်းကိုရောင်ရမ်းစေတာကြောင့် အတူနေပြီးတိုင်း မိန်းမကိုယ်ကနေ သွေးဆင်းတာ၊ ဗိုက်အောင့်တာတွေကို ဖြစ်စေတတ်ပါတယ်။အမျိုးသမီးတွေ အဖြစ်များတဲ့ ကိစ္စတစ်ခုပါ။ သားအိမ်တို့၊ သားအိမ်ခေါင်းတို့ကနေ အသားလုံးလေးတွေ တွဲကျနေတတ်ပြီး အမျိုးသားနဲ့ အတူနေတဲ့ အခါတိုင်း သွားသွားပွတ်မိနေတတ်လို့ သွေးကြောလေးတွေ ပေါက်ပြီး သွေးဆင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလို သားအိမ်မှာတည်တဲ့ အသားလုံး ( endometrial polyp ) တွေက ကင်ဆာမဟုတ်ပါဘူး။ပုံမှန်ဆို စိုစွတ်နေရမယ့်မိန်းမကိုယ်က ခြောက်သွေ့တဲ့အခါ အတူနေတဲ့အချိန်တိုင်း နာကျင်တာ၊ အတူနေပြီးတော့လည်း အောင့်ပြီးကျန်ခဲ့တာ ရံဖန်ရံခါ သွေးဆင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကိုသက်သာစေချင်ရင်တော့ မိန်းမကိုယ် အစိုဓာတ်ထိန်းခရမ်တွေ၊ ချောဆီတွေ သုံးပေးလို့ရပါတယ်။ တစ်ခုရှိတာက ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ ကိုယ်နဲ့ သင့်တော်တဲ့ ခရင်မ်တွေ ရွေးချယ်သုံးစွဲဖို့ဖြစ်ပါတယ်။ ဓာတ်မတည့်တာတွေ သုံးမိရင် ဖြစ်နေတဲ့ ဝေဒနာ ပိုဆိုးသွားတတ်လို့ပါ။မိန်းမကိုယ်မှိုစွဲတာ၊မိန်းမကိုယ် ပိုးဝင်တာမျိုးတွေ ဖြစ်တဲ့အခါမိန်းမကိုယ်ရောင်ရမ်းနေလို့ အမျိုးသားနဲ့ အတူနေတဲ့အချိန် နာကျင်တာနဲ့ အတူနေပြီးတိုင်း သွေးဆင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ မိန်းမကိုယ်မွေးလမ်းကြောင်းမှာပဲ ပိုးဝင်နေရင်တော့ သွေးဆင်းတာမျိုးသိပ်မဖြစ်ဘဲ ယားယံ နာကျင်တာမျိုးသာရှိတတ်ပေမယ့် သားအိမ်ခေါင်းအထိကိုပါ ပိုးဝင်သွားရင်တော့ သွေးဆင်းတာမျိုးတွေ ရှိတတ်ပါတယ်။သားအိမ်ခေါင်းကင်ဆာကလည်း မိန်းမကိုယ်ကနေ သွေးဆင်းခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ သူ့မှာ ထူးခြားတာက ဆင်းလာတဲ့ ညိုညစ်ညစ် အရည်တွေဟာအနံ့ဆိုးတတ်ပြီး အခြား နာကျင်တဲ့ ဝေဒနာတွေတော့မပြတတ်ပါဘူး။ ဒါ့ကြောင့် မိန်းမကိုယ်ကနေ အနံ့နံတဲ့ အရည်တွေ ဆင်းလာပြီဆိုတာနဲ့ မပေါ့ဆဘဲ ဆေးခန်းသွားပြဖို့ လိုအပ်ပါတယ်။ ဒီတိုင်း ဆင်းတာမျိုးလည်း ရှိသလို အတူနေပြီးမှ ဆင်းတာမျိုးလည်း ရှိပါတယ်။ဒါတွေကတော့ အမျိုးသားနဲ့အတူနေပြီး နောက်ပိုင်း မိန်းမကိုယ်ကနေသွေးဆင်းခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ပဲ ဖြစ်ပါတယ်။ ဆောင်းပါးထဲမှာ ပြောထားတဲ့အတိုင်း သွေးဆင်းခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေက များတာကြောင့် ဘယ်လိုအကြောင်းအရာကြောင့် ဖြစ်တာလဲဆိုတာ သေချာသိဖို့ စစ်ဆေးမှုတွေ ခံယူသင့်တယ်နော်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/bleeding-after-sex/
မနက်ပိုင်းမှာ ဆီးချိုတက်ရတဲ့ အကြောင်းရင်း
မနက်ပိုင်းဘာမှမစားရသေးဘဲ ဆီးချိုဖောက်ကြည့်လိုက်လို့ ဆီးချိုတက်နေရင် လူနာတွေက စိတ်ညစ်ကြပါတယ်။ ဘာမှ မစားရသေးတာတောင် တက်နေရင်  စားများစားလို့ကတော့ တော်တော်ကြီး တက်သွားမှာဆိုပြီး စိုးရိမ်ကြပါတယ်။ ဒီတော့ အစားအသောက် အလွန်အကျွံတွေရှောင်၊ အစာနဲ့ ဆေးနဲ့ မကိုက်တော့ ဒုက္ခတွေများကုန်တာပေါ့။ မနက်ပိုင်းမှာ ဆီးချိုတက်ရတဲ့ အကြောင်းရင်း တွေက အများကြီး ရှိပါတယ်။ တစ်ခုချင်းဆီကို လေ့လာကြည့်ရအောင်။မနက်အစောပိုင်းမှာဆိုရင် တစ်နေ့တာလုံး လန်းဆန်းနေအောင်ဆိုပြီး ခန္ဓာကိုယ်က သဘာဝအလျောက် ကော်တီစောတွေ၊ ကြီးထွားဟော်မုန်းတွေ ထွက်ပါတယ်။ဒီဟော်မုန်းတွေက အသည်းကနေ ခန္ဓာကိုယ် အလုပ်လုပ်ဖို့ စွမ်းအင်ရအောင်ဆိုပြီး အသည်းကနေ သကြားဓာတ်တွေကို ထုတ်ခိုင်းပါတယ်။ ဒီလိုနဲ့ သွေးတွင်းသကြားဓာတ် တက်လာပါရော။ခက်တာက ကိုယ့်မှာ ဆီးချိုရှိနေတော့ အင်ဆူလင် မထွက်တာ၊အင်ဆူလင် မတိုးဘူး ဖြစ်နေတာပေါ့။ သာမန်လူတွေဆိုရင်တော့ အင်ဆူလင်ထွက်လာရင် သွေးတွင်းသကြားဓာတ်က ပြန်ကျသွားမှာ ဖြစ်ပေမယ့် ဆီးချိုရှိနေတော့ တက်မြဲတက်နေမှာ ဖြစ်ပါတယ်။The dawn phenomenon ဆိုတဲ့ ကိစ္စက အမျိုးအစား ၁ဖြစ်ဖြစ်၊ အမျိုးအစား ၂ဖြစ်ဖြစ် ကြုံရတတ်ပါတယ်။ ဆီးချိုရှိသူတွေရဲ့ တစ်ဝက်လောက်မှာ ဖြစ်တတ်ပါတယ်။တချို့ဆီးချိုလူနာတွေမှာအင်ဆူလင်ထိုးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းထားရပါတယ်။ တစ်နေ့လုံး ဆီးချိုကို ပုံမှန်လေး ထိန်းနိုင်ဖို့ အင်ဆူလင်ပမာဏကို တစ်နေ့စာအတွက် တွက်ချက်ပြီး သူ့အချိန်နဲ့ သူထိုးရပါတယ်။အင်ဆူလင်ပမာဏက မနက်ထိ မခံရင်ဖြစ်ဖြစ်၊ ပမာဏနည်းနေရင် ဖြစ်ဖြစ်  မနက်အိပ်ရာထထချင်းမှာ ဆီးချိုတက်နေတာမျိုး ဖြစ်တတ်ပါတယ်။Somogyi effectဆိုတာက ညဘက်မှာ သွေးတွင်းသကြားဓာတ်က ကျနေလို့ ခန္ဓာကိုယ်က ပြန်ထိန်းပေးတဲ့ ဖြစ်စဉ်ပါ။ ဥပမာ ကိုယ်က ညစာမစားဘူး ဒါမှမဟုတ် ညစာစားပြီး အင်ဆူလင်ကို အများကြီး ထိုးလိုက်တယ် ဆိုပါတော့။ ဒါဆိုရင် အိပ်တဲ့အချိန်မှာ သွေးတွင်းသကြားဓာတ်က ကျလာပါပြီ။သွေးတွင်းသကြားဓာတ် ကျလွန်းရင် အန္တရာယ်ရှိတာဖြစ်တဲ့အတွက် ခန္ဓာကိုယ်က အလိုအလျောက် သွေးထဲကို သကြားဓာတ်တွေ လွှတ်လိုက်ပါတယ်။ ဒါကြောင့် မနက်မှာ တိုင်းလိုက်တဲ့အခါ ဆီးချိုတက်နေပါတယ်။ဒါတွေအပြင်။မနက်ပိုင်းမှာ ဘာမှမစားရသေးဘဲ ဆီးချိုတက်နေရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။ ၂-၃ရက်လောက် မနက်ပိုင်းသွေးတွင်းသကြားဓာတ်ကို နေ့တိုင်းဖောက်ပြီး စာအုပ်မှာ မှတ်ထားပါ။ တက်နေတယ်ဆိုရင် ဆရာဝန်ကို ပြန်ပြပါ။ ဆီးချိုဆေးတွေ၊ အင်ဆူလင်တွေကို ပြန်ချိန်ညှိပေးမှာ ဖြစ်သလို ဆီးချိုတက်စေတဲ့ တခြားအကြောင်းရင်းတွေကိုလည်း ရှာဖွေမှာ ဖြစ်ပါတယ်။ဒါတွေအပြင် ကိုယ်တိုင် လုပ်နိုင်တဲ့ တခြားနည်းလမ်းတွေကတော့။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/causes-of-high-morning-blood-glucose/
ကင်ဆာရောဂါတွေ ကို ကြိုတင်သိရှိနိုင်စေဖို့
ကင်ဆာရောဂါလူနာတွေ အဖိတ်အစင်များတယ်ဆိုတာ တကယ်တော့ ရောဂါကို နောက်ကျမှ သိရလို့ပါ။ ကင်ဆာရောဂါတွေ ရဲ့ သဘာဝကလည်း ရောဂါနုချိန်ဆို လက္ခဏာပြခဲပါတယ်။ ရောဂါရင့်လာမှာ လက္ခဏာပြတဲ့အတွက် တကယ်တမ်း ကုသတဲ့အချိန်မှာ နောက်ကျနေပါပြီ။ ဒါကြောင့် ကင်ဆာရောဂါတွေကိုသာ စောစောသိမယ်။ ရောဂါနုချိန်မှာတည်းက စစ်ဆေးသိရှိမယ်ဆိုရင် စောစောကုသနိုင်မှာပါ။ကင်ဆာရောဂါတွေကို ကြိုသိနိုင်ဖို့ဆိုရင် ပုံမှန်စစ်ဆေးနေဖို့ လိုပါတယ်။ ရောဂါလက္ခဏာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အချိန်တစ်ခုကြာတိုင်းမှာ ပုံမှန်စစ်ဆေးနေရပါမယ်။ ဒီတော့မှ စောစောသိပြီး စောစောကုသလို့ ရမှာပါ။ ဒါကိုScreeningလုပ်တယ်လို့ ခေါ်ပါတယ်။လက္ခဏာမပြခင်အကျိတ်သေးချိန်မှာ တွေ့ရှိခဲ့မယ်ဆိုရင် ကင်ဆာရောဂါကို ကုသရတာ ပိုလွယ်ပါတယ်။ ဘယ်ကိုမှလည်း ပြန့်ဦးမှာမဟုတ်ပါဘူး။ ဒါကြောင့် ကင်ဆာရောဂါကို ကုသတဲ့နေရာမှာ Screeningဆိုတာ အရေးပါလာပါပြီ။ပုံမှန်အားဖြင့် medical check upလုပ်ပြီး စစ်ကြတာလည်း ရှိသလို ကင်ဆာအမျိုးအစားအလိုက် လိုအပ်တာကိုပဲ စစ်ဆေးကြတာလည်း ရှိပါတယ်။ ကင်ဆာ ရောဂါစစ်ဆေးတာကို ကျား/ မ အသက်အရွယ်မရွေး လုပ်သင့်ပါတယ်။ ကင်ဆာဆိုတာက လူတိုင်းမှာ ဖြစ်နိုင်တာမျိုးပါ။ အထူးသဖြင့်။ကင်ဆာရောဂါတွေ အများကြီး ရှိပေမယ့် အစစ်များကြတဲ့  Screening test တချို့ကို ဖော်ပြပေးလိုက်ပါတယ်။အသက် ၄၀ကနေ စပြီး စစ်ဆေးသင့်ပါပြီ။ မိသားစုထဲမှာ အူမကြီး ကင်ဆာမျိုးရိုးရှိရင်၊ အူမကြီး အသားပိုရှိနေရင် ဒီထက်ပိုစောပြီး စစ်ဆေးသင့်ပါတယ်။ ရတဲ့ အဖြေပေါ် မူတည်ပြီး ဘယ်နှနှစ်တစ်ကြိမ် စစ်သင့်တယ်ဆိုတာ ဆရာဝန်က ပြောပါလိမ်မ့ယ်။အသက် ၇၅နှစ်အထိ ပုံမှန်စစ်သင့်ပါတယ်။ အသက် ၇၅နှစ်ထိ ကောင်းတယ်ဆိုရင်တော့ နောက်ပိုင်းမှာ ဆက်စစ်ဖို့ လိုမလို ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။ရင်သားကင်ဆာကတော့ အရွယ်မရွေး အမျိုးသမီးတိုင်း တစ်လတစ်ခါ အိမ်မှာ ကိုယ်တိုင် စစ်ဆေးသင့်ပါတယ်။ အသက် ၄၀နဲ့ ၄၄နှစ်ကြား၊ ကင်ဆာမျိုးရိုးတော့ မရှိဘူးဆိုရင် ရင်သားဓာတ်မှန်ရိုက်ပြီး စစ်ဆေးဖို့ လိုလားဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။ အသက် ၄၅နှစ် အထက်ဆိုရင်တော့ မျိုးရိုး ရှိရှိ မရှိရှိ တစ်နှစ်တစ်ခါလောက် ရင်သားဓာတ်မှန်ရိုက်ပြီး စစ်ဆေးသင့်ပါတယ်။အသက်၂၁-၂၉နှစ်ထိ ဆိုရင် သားအိမ်ခေါင်းအချွဲကို ၃နှစ်တစ်ခါ စစ်သင့်ပါတယ်။ အသက် ၃၀ကျော်လာရင်တော့ သားအိမ်ခေါင်းအချွဲကို ၃နှစ်တစ်ခါ စစ်တာ ဒါမှမဟုတ် HPV testကို ၅နှစ်တစ်ခါ သူ့ချည်းသက်သက်  ဒါမှမဟုတ် သားအိမ်ခေါင်းအချွဲနဲ့ တွဲပြီး စစ်သင့်ပါတယ်။ကာကွယ်ဆေး ထိုးထားလည်း စစ်ဆေးဖို့ လိုပါတယ်။ အသက် ၆၅နှစ်ကျော်ပြီး ရှေ့အဖြေတွေကောင်းတယ်ဆိုရင်တော့ ဆက်စစ်ဖို့ မလိုတော့ပါဘူး။အမျိုးသားတွေက အသက်ကြီးလာလေလေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ များလာလေလေပါ။ ဒါကြောင့် အသက် ၄၅နှစ်လောက်ကစပြီး ပုံမှန်စစ်ဆေးသင့်ပါတယ်။ အမျိုးထဲမှာ ဆီးကျိတ်ကင်ဆာဖြစ်ဖူးတဲ့သူ ရှိတယ်။ အသက် ၆၅နှစ် မတိုင်ခင်လည်း ဖြစ်တယ်ဆိုရင်တော့ အသက်  ၄၀လောက်ကစပြီး စောစောစစ်ဆေးသင့်ပါတယ်။အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲ ဖြစ်ဖြစ် ဆေးလိပ်သောက်တတ်တယ်ဆိုရင် အသက် ၅၅နှစ်ကျော်လာတဲ့အခါ အဆုတ်ကင်ဆာစစ်ဖို့ လိုလာပါပြီ။ ဆေးလိပ်ဆက်သောက်နေတာဖြစ်ဖြစ်၊ ဖြတ်ထားတာ ၁၅နှစ်လောက်  ရှိတာဖြစ်ဖြစ် ကင်ဆာစစ်ဆေးဖို့ လိုပါတယ်။ ဆေးလိပ်ရဲ့ ကင်ဆာဖြစ်နိုင်ခြေက သင်ထင်ထားတာထက်  ပိုဆိုးပါတယ်။Retinoblastoma လို့ခေါ်ပြီး မျိုးရိုးလိုက်ကင်ဆာပါ။ ကလေးငယ်လေးတွေမှာ အဖြစ်များပြီး အမြင်အာရုံ ဆုံးရှုံးတဲ့အထိ ပြင်းထန်ပါတယ်။ ဒါကြောင့် မျိုးရိုးထဲမှာ Rb ဖြစ်ဖူးတဲ့သူရှိရင် ကလေးတွေကို စောစောစီးစီး စစ်ပေးဖို့ လိုပါတယ်။ကင်ဆာရောဂါကို ဖြစ်လာမှ ထိုင်ကုတာထက် ကိုယ်ကစပြီး ရှာဖွေတာ ပိုကောင်းပါတယ်။ ပုံမှန် screening လုပ်ရင်းနဲ့ မတော်တဆ တွေ့သွားခဲ့ရင်တောင် ဒါကြောက်စရာ မဟုတ်ပါဘူး။ စောစောသိတဲ့အတွက် စောစောကုသမှု ခံယူနိုင်မှာပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/common-cancer-screening-tests/
null
null
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/%e1%80%b1%e1%80%86%e1%80%b8%e1%80%80%e1%80%af%e1%80%9c%e1%80%ac%e1%80%b8%e1%80%99-tragacanth-gum-herb-3/
ကလေးကို ရိုက်ပြီးဆုံးမမှာလား ဆိုးကျိုးတွေ ရှိနိုင်ပါတယ်
သင်ဟာသားသမီးကိုရိုက်နှက်ဆုံးမတတ်သူလား။ ရိုက်ဆုံးမတဲ့နည်းလမ်းက ကလေးကို တကယ်လိမ္မာသွားစေမှာလား။မိဘတွေဟာ ကလေးတွေကိုရိုက်ဆုံးမတဲ့အခါဒေါသထွက်နေချိန်ဖြစ်တာကြောင့် တစ်ခါတရံ စိတ်မထိန်းနိုင်ဘဲ ကိုယ့်စိတ်ဖြေသလို လုပ်နေမိတတ်ပါတယ်။ မိဘအနေနဲ့ ကိုယ့်စိတ်ကို အရင်ထိန်းပြီးဆုံးမသင့်သလောက်သာဆုံးမမယ်ဆိုရင်အကောင်းဆုံးပါ။မိဘတွေက ကလေးကို ရိုက်ရတော့မယ်လို့ တွေးလိုက်ရင် အလိုလိုကို စိတ်မာထားရမယ်လို့ ခံယူထားကြပါတယ်။ အသည်းမာရမယ်ပေါ့။ ဒါ့ကြောင့်ပဲ ကလေးကို ရိုက်ပြီးမှ သနားပြီး ပြန်ငိုတဲ့ တချို့မိဘတွေ ရှိပါတယ်။နောက်တစ်ချက်က အခုလို ရိုက်ခံရအောင် ကလေးက သူ့ဘာသာ ဖန်တီးခဲ့တာလို့ တွေးထားတာ ဖြစ်ပါတယ်။ အရိုက်ခံရအောင် လုပ်တာ သူတို့အမှားပဲ၊ ငါတို့မှားတာ မဟုတ်ဘူးလို့ တွေးကြတာပါ။ကလေးတစ်ယောက်ဟာ အရိုက်ခံလိုက်ရတဲ့အချိန်မှာ သူ့ရဲ့လေ့လာနိုင်စွမ်း၊နားလည်မှတ်သားနိုင်စွမ်းနဲ့ ဆိုင်တဲ့ ဦးနှောက်အပိုင်းမှာ နှိုးဆွလိုက်သလိုဖြစ်စေပါတယ်။ ဒါ့ကြောင့် ရိုက်ဆုံးမခြင်းကို အန္တရာယ်လို ကလေးက သတိအနေအထားနဲ့သိရှိလက်ခံလိုက်ပြီး ချက်ချင်းတုံ့ပြန်လာပါတယ်။ ကလေးကို ဆုံးမတဲ့အခါ ရိုက်တဲ့နည်းပဲ ကျင့်သုံးခဲ့ရင် ကလေးရဲ့နောက်ပိုင်းဘဝမှာ ဆိုးကျိုးသက်ရောက်မှုတွေရှိလာစေနိုင်ပါတယ်။ကိုယ့်မိဘတွေရဲ့ ယုံကြည်ချက်၊ အယူအဆ၊ထုံးတမ်းစဉ်လာတွေကို လက်ခံနာယူတာကောင်းပေမယ့် သူတို့မှန်တယ်ထင်ခဲ့တဲ့အရာတိုင်း ကိုလိုက်နာလက်ခံရတော့မှာမဟုတ်ပါဘူး။ ကလေးကို ထိန်းကျောင်းမွေးမြူတဲ့နေရာမှာ အစွန်းမရောက် မှန်ကန်လောက်တဲ့ နည်းလမ်းသစ်တွေကို လိုက်လုပ်ကြည့်ပါ။ ကလေးကိုရိုက်ခြင်းကြောင့်နောက်ပိုင်းမှာဖြစ်လာနိုင်တဲ့ သက်ရောက်မှုတွေထဲက တချို့ကိုဖော်ပြလိုက်ပါတယ်။မိဘတွေကကလေးတွေထက် လူကောင်ပိုကြီး၊ အားပိုကြီးကြပါတယ်။ ကလေးတွေထက် ပိုသိတယ်၊ဦးနှောက်ဉာဏ်ရည်ပိုသာသလို ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်းလည်းပိုကောင်းပါတယ်။ ဒီလိုမိဘတွေက ကလေးတွေကိုအလွယ်တကူရိုက်မယ်ဆိုရင် အားနည်းသူကို ရိုက်တာက မှန်တယ်၊အနိုင်ရနိုင်တယ်လို့ မှတ်ယူသွားစေနိုင်ပါတယ်။ ဒီလိုကြီးပြင်းလာတဲ့ကလေးတွေကကျောင်းမှာ ကိုယ့်ထက်ငယ်တဲ့တခြားကလေးတွေကို ရိုက်တဲ့လူတွေဖြစ်လာရင် ဒါမှမဟုတ် အရွယ်ရောက်လာလို့အိမ်ထောင်ကျတဲ့အခါ မိန်းမကိုရိုက်နှက်တတ်တဲ့သူဖြစ်လာရင် အံ့သြစရာတော့မရှိတော့ပါဘူး။ကိုယ့်ကလေးကို ရိုက်ဆုံးမဖို့ ကိုယ့်စိတ်ကိုယ်ခွင့်ပြုထားတယ်ဆိုရင် အင်အားသုံး အနိုင်ယူတတ်သူ ဖြစ်မှန်းမသိ ဖြစ်သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ လူကြီးတွေကအပြင်မှာစိတ်ဖိစီးလာ၊ပင်ပန်းလာ၊စိတ်တိုလာပြီးအိမ်ပြန်လာတဲ့အခါ ကလေးက လာနှောင့်ယှက်တာ၊ စိတ်ရှုပ်စေတာတွေလုပ်လာရင် တစ်ချက်ထရိုက်လိုက်တာနဲ့ ကိုယ်စိတ်ပေါ့သလို ခံစားလာရတတ်ပါတယ်။ ဒီလိုမသိစိတ်က ခံစားချက်ကြောင့်ပဲ အစလုပ်မိရင်နောက်ပိုင်းမှာ ပိုပိုပြီးရိုက်မိလာပြီး ပိုကြမ်းလာနိုင်ပါတယ်။ စိတ်လိုက်မာန်ပါဆိုတာ ဘယ်အရာမှမကောင်းပါဘူး။အသက်ပိုကြီးတဲ့၊ လူကောင်ပိုကြီးတဲ့သူတွေက ငယ်တဲ့သူတွေ၊သေးတဲ့သူတွေကို ရိုက်လို့ရတယ်၊အနိုင်ယူလို့ရတယ်ဆိုတဲ့အတွေး ကလေးတွေမှာရသွားစေမှာပါ။ ကလေးကို တခြားတစ်ယောက်ယောက်အပေါ် ရိုက်နှက်ဖို့ ကိုယ်ကသင်ပေးသလိုဖြစ်စေနိုင်ပါတယ်။ပြီးတော့ကိုယ့်သားသမီးက မိဘထက်လူကောင်ပိုကြီးလာတဲ့အရွယ်ရောက်ချိန်ကျရင် ဘယ်လိုတွေဖြစ်မယ်ထင်ပါသလဲ။ မိဘကို ပြန်အနိုင်မကျင့်လာဘူးလို့ ပြောနိုင်ပါသလား။အရိုက်ခံရတဲ့ကလေးတွေက အကြမ်းနည်းသုံးရင် ဘဝရဲ့ပြဿနာတွေကိုဖြေရှင်းနိုင်မယ်လို့ထင်လာတတ်ပါတယ်။ ငါမကြိုက်တာမလုပ်နဲ့၊ လုပ်ရင်ရိုက်မယ် ဆိုတဲ့ပုံစံက ကလေးကိုယ်တိုင်က အနိုင်ကျင့်ဗိုလ်ကျတဲ့စိတ်အတွေးကို ဆက်ခံရယူသွားနိုင်ပါတယ်။ကိုယ့်ကို ကာကွယ်ပေးမယ်လို့ ထင်ထားတဲ့သူတွေက ရိုက်တာခံရတဲ့ ကလေးတွေဟာ “ငါဘာများ ဖြစ်နေပြီလဲ၊အချစ်မခံရတော့ဘူးလား” စတဲ့အတွေးတွေနဲ့ ယုံကြည်မှု ပျောက်လာနိုင်ပါတယ်။သုတေသန အသစ်တစ်ခုအရ အရွယ်ရောက်ပြီးသူတွေမှာတွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာ ငယ်ဘဝက စည်းကမ်းသွင်းခံရတဲ့ ဖြစ်ရပ်တွေနဲ့ သက်ဆိုင်နေတယ်လို့ သိရပါတယ်။ ကလေးကို ရိုက်မိတဲ့အချိန်မှာတော့ရေရှည်စိတ်ကျန်းမာရေးပြဿနာတွေဖြစ်စေဖို့တော့ မိဘတွေကရည်ရွယ်မယ်မထင်ပါဘူး။ ဒါပေမယ့် သတိထားသင့်တဲ့အချက်ပါ။ကိုယ်ငယ်ငယ်ကအရိုက်ခံရတဲ့အခါမျိုးကို မှတ်မိလား။ ငါ့မိဘက ငါ့ကိုချစ်လွန်းလို့ရိုက်ခဲ့တာပဲလို့ တွေးခဲ့မိပါ့မလား။ မတွေးနိုင်လောက်ပါဘူး။ ကလေးအနေနဲ့ကတော့ ငါ့ကိုမချစ်တော့ဘူး လို့တွေးမိမှာပါ။ ရိုက်ဆုံးမခြင်းက ကလေးနဲ့သင့်ကြားက ရင်းနှီးမှု၊ ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။ကြောက်စိတ်ဝင်နေတဲ့အချိန်မှာ သင်ယူမှတ်သားနိုင်ဖို့ကမဖြစ်နိုင်ပါဘူးလို့ သုတေသနတွေကထောက်ပြပါတယ်။ ကလေးကို ဒါလုပ်ဦးမလား၊နောက်တစ်ခါဆိုးဦးမလားဆိုပြီး ရိုက်ဆုံးမတာက မှတ်မသွားစေနိုင်ဘဲ အကျိုးမထူးနိုင်ဘူးဆိုတဲ့အဓိပ္ပါယ်ပါ။ ကလေးကို မှတ်မှတ်သားသားဖြစ်စေချင်တယ်ဆိုရင်ကြောက်စိတ်တိုးလာဖို့ထက်ကြောက်စိတ်လျော့အောင်အရင်လုပ်ပါ။ရိုက်ဆုံးမခြင်းရဲ့ရလဒ်ကတော့ ရိုက်တတ်တဲ့အဖေ သို့မဟုတ်အမေ မရှိတဲ့အခါ ကလေးကိုတားမရ၊ပြောစကားနားမထောင်တာဖြစ်တတ်ပါတယ်။ ဒီလိုနေလို့ရတာသိလာတဲ့ကလေးက ရိုက်တတ်တဲ့ အဖေ သို့မဟုတ် အမေရဲ့ မျက်စိရှေ့မှာနေဖို့ရှောင်တတ်လာပါတယ်။ကိုယ်ထိလက်ရောက်ဆုံးမတဲ့နည်းက ကလေးတွေကြားမှာစံနမူနာတစ်ခုဖြစ်လာနိုင်ပါတယ်။ ကလေးတွေဟာ သူတို့အပြစ်လုပ်လို့ ဆုံးမခံရတဲ့ပြစ်ဒဏ်အနေနဲ့ အရိုက်ခံရတဲ့အဖြစ်ကြောင့်ကျောင်းတွေမှာ အချင်းချင်းရန်လိုတတ်လာတယ်လို့American Academy of Pediatrics ကပြောပါတယ်။ကိုယ်ထိလက်ရောက်ပြစ်ဒဏ်ပေးခံရတဲ့အခါ ကလေးရဲ့ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးမှုကို သက်ရောက်မှုရှိနိုင်တယ်လို့ သိရပါတယ်။ ရိုက်ခံရရင် ကလေးရဲ့ဦးနှောက်မှာ သင်ယူလေ့လာနိုင်စွမ်းအတွက်အရေးပါတဲ့grey matter အပိုင်းကို ဆုတ်ယုတ်စေတယ်လို့ သုတေသနက ဆိုပါတယ်။ရိုက်နှက်ဆုံးမခံရတဲ့ ကလေးတွေမှာ စိတ်ခံစားချက်ပိုင်းမှာလည်း ထိခိုက်စေပါတယ်။ နှုတ်နဲ့ဖြစ်စေ ကိုယ်ထိလက်ရောက်ဖြစ်စေ ကြမ်းကြမ်းဆက်ဆံခံရတဲ့ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေပိုရှိနေတတ်ပြီး အရွယ်ရောက်လာတဲ့အခါပေါင်းသင်းဆက်ဆံရေး အရည်အချင်းတွေကျဆင်းတာ။ ပူပန်စိတ်နဲ့ စိတ်ကျရောဂါတွေဖြစ်လာစေနိုင်ပါတယ်။ကဲ ရိုက်ဆုံးမတာမကောင်းဘူးဆိုတော့ ဘယ်လိုဆုံးမကြမလဲ-။ကလေးကပြောမရလို့ အစပိုင်းမှာ ဒေါသထွက်ပြိး ကလေးကိုရိုက်မိတော့မယ်ဆိုရင် အဲဒီအနေအထားကနေ ခဏလောက်ခွာထွက်လိုက်ပါ။ ခဏလောက်စိတ်ငြိမ်အောင်ထားပြီးမှ ပြောဆိုဆုံးမလို့ရမယ့် တခြားနည်းလမ်းကိုစဉ်းစားပါ။ကလေးကပြောစကားနားမထောင်တာ၊ပြောတဲ့အတိုင်းမလုပ်တာဆိုရင် မိဘကရိုက်ရတော့မယ့်အနေအထားဖြစ်နေပါတယ်။နောက်ဆုံးတော့ အပြုအမူမှန်ကန်အောင်လို့ ရိုက်လိုက်ရပါတယ်။နောက်တစ်နည်းကတော့ ကလေးကို မျက်နှာချင်းဆိုင်သေချာကြည့်ပြီး ကြင်ကြင်နာနာ စကားပြောပါ။ ကိုယ်ဖြစ်စေတဲ့အရာကို သူ့ကို ခပ်ရှင်းရှင်းနဲ့ တည်တည်တံ့တံ့ပြောပါ။ အဲဒီအချိန်မှာ ရင်းနှီးပြီးသားအမူအရာနဲ့အရောမဝင်လိုက်ပါနဲ့။ ဥပမာ- သား..မင်းခဏတိတ်တိတ်နေရင်ကောင်းမယ်ကွာ လို့ ခပ်ဆတ်ဆတ်အသံနဲ့ သတိပေးလိုက်တာမျိုး။ကလေးကိုရွေးချယ်စရာတွေပေးလိုက်တာက ရိုက်နှက်ဆုံးမခြင်းအစား သုံးလို့ရမယ့်နည်းလမ်းပါ။ ကလေးက ထမင်းစားပွဲမှာ မစားဘဲ စားစရာတွေနဲ့ကစားနေတယ်ဆိုရင် “စားစရာတွေကိုဆော့နေတာရပ်မလား ဒါမှမဟုတ် စားပွဲကဖယ်မလား”လို့မေးလိုက်ပါ။ ကလေးက ဆက်ဆော့ဖို့ကိုရွေးတယ်ဆိုရင် စားပွဲကနေဖယ်ပြီး အာရုံပြောင်းပြီးပဲဖြစ်ဖြစ် ညင်ညင်သာသာပြောပြသွန်သင်ပါ။ မဆော့တော့ဘဲ တကယ်ထမင်းစားမယ်ဆိုရင်တော့ စားပွဲကိုပြန်လာစားလို့ရတယ်လို့ပြောလိုက်ပါ။ကလေးက ခံပြောနေရင် မိဘကရိုက်နှက်ရတဲ့အထိဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေရောက်ပြီဆိုရင်တော့ ကိုယ့်သားသမီးအတွက် ချက်ချင်းရှောင်လိုက်တာအကောင်းဆုံးပါပဲ။ဒေါသနဲ့တော့ မထားခဲ့ပါနဲ့။ပြောသင့်တာကိုပုံမှန်လောက်ပြောပြီးထွက်ခဲ့ပါ။နောက်တစ်ကြိမ် သူ့ဘက်က လေးလေးစားစားနဲ့ဆက်ဆံတဲ့အချိန်မှ စကားပြန်ပြောပါ။ဒေါသစိတ်ဟာ လူ့အဖွဲ့အစည်းမှာ အကြမ်းဖက်မှုဖြစ်လာစေတဲ့ အကြောင်းရင်းခံဖြစ်ပါတယ်။ မိသားစုတစ်ခုမှာ ဖြစ်လာသမျှပြဿနာတွေကိုအားမသုံးဘဲ၊ အကြမ်းနည်းမသုံးဘဲ ဘယ်လိုအတူပူးပေါင်း၊ဖြေရှင်းကြမလဲဆိုတာကို သိမှ မိသားစုမည်ပါတယ်။ တစ်ခါတစ်ရံမှာ အလွန်အကျွံမဟုတ်ဘဲ အတန်အသင့် ရိုက်ဆုံးမမှဖြစ်တဲ့ အချိန်မျိုးရှိတတ်ပါတယ်။ ဒါပေမယ့် ဒီလိုဖြေရှင်းနိုင်မယ့် တခြားနည်းလမ်းတွေအများကြီးရှိသေးတာကြောင့် ကလေးတွေကို အလားအလာကောင်းစေဖို့ ပျိုးထောင်ရင်း မိသားစုကို ထိန်းသိမ်းနိုင်ပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/what-happens-when-you-hit-your-kids/
လေးလံတဲ့ကျောပိုးအိတ်တွေက ကလေးတွေအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိနေသလဲ
ကျောင်းတက်ရင် ကျောပိုးအိတ် လှလှလေးနဲ့မှ တက်ချင်တယ်ဆိုတဲ့ သားသားမီးမီးတို့ကို ကျောပိုးအိတ် လှလှလေး မဝယ်ပေးခင် ဖေဖေမေမေတို့အနေနဲ့ ဒီဆောင်းပါးလေးကို အရင်ဖတ်ကြည့်စေချင်ပါတယ်။ ကဲ …… လေးလံတဲ့ကျောပိုးအိတ်တွေက ကလေးတွေအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိနေသလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။ကျောပိုးအိတ်တွေကို အရောင်အသွေးစုံစုံလင်လင်၊အရွယ်အစားအမျိုးမျိုး။ အသားအမျိုးမျိုး၊ဒီဇိုင်းအမျိုးမျိုးနဲ့ ထွက်ရှိနေတာကြောင့် ကလေးတွေဟာသူတို့ရဲ့ အသက်အရွယ်နဲ့ အလိုက်ရွေးချယ်နိုင်သလို သူတို့နှစ်သက်တဲ့ဒီဇိုင်းတွေကိုလည်းရွေးချယ်နိုင်ပါတယ်။ကျောပိုးအိတ်တော်တော်များများမှာကျောင်းသားတွေအနေနဲ့ စာအုပ်တွေနဲ့လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ယူဆောင်လို့အဆင်ပြေစေဖို့ အကန့်တွေအများအပြားထည့်သွင်းပြုလုပ်ထားပါတယ်။ဘေးလွယ်အိတ်တွေ၊စလွယ်သိုင်းလွယ်လို့ရတဲ့ အိတ်တွေ၊ လက်ကနေပိုက်လို့ရတဲ့ အိတ်တွေ နဲ့ကျောပိုးအိတ်တွေကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင် ခန္ဓါကိုယ်ရဲ့ သန်မာတဲ့ကြွက်သားတွေဖြစ်တဲ့နောက်ကျောကြွက်သွား နဲ့ ဝမ်းဗိုက်ကြွက်သားတွေက အိတ်ရဲ့အလေးချိန်ကိုထောက်ပံ့ပေးနိုင်တာကြောင့်ကျောပိုးအိတ်လွယ်တာက အခြားအိတ်တွေထက် ပိုအဆင်ပြေပါတယ်။ကျောပိုးအိတ်ကို နည်းစနစ်မှန်မှန်နဲ့လွယ်မယ်ဆိုရင်ကျောပိုးအိတ်ရဲ့အလေးချိန်က ခန္ဓါကိုယ်တစ်ခုလုံးအပေါ်မှာ သက်ရောက်မှာဖြစ်ပြီး အခြားအိတ်တွေလွယ်သလိုမျိုး ပခုံး၊ဂုတ်ပိုးတွေအပေါ်မှာ ဝန်ပိတာမျိုးဖြစ်ပေါ်နိုင်ခြေကိုလျော့ကျစေပါတယ်။တကယ်လို့များကျောပိုးအိတ်ကို နည်းစနစ်မှန်မှန်မလွယ်ရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် အရမ်းလေးလံအောင်ပစ္စည်းတွေထည့်ပြီးလွယ်ရင်ပဲဖြစ်ဖြစ် ကြွက်သားတွေနဲ့အဆစ်တွေအပေါ်မှာ ဝန်ပိတာမျိုးနဲ့ ခါးနာတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ဆရာဝန်တွေနဲ့ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေက ကလေးတွေကို သူတို့ကိုယ်အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းထက်ပိုများတဲ့ကျောပိုးအိတ်တွေကို မလွယ်ခိုင်းသင့်ပါဘူး၊ လို့ အကြံပြုထားပါတယ်။လေးလံတဲ့ကျောပိုးအိတ်ကို ပခုံးပေါ်မှာ ပုံသဏ္ဍန်မှန်မှန်မထားဘူးဆိုရင် အိတ်ရဲ့အလေးချိန်က ကလေးကိုနောက်ကိုဆွဲနေသလိုဖြစ်နေမှာဖြစ်ပါတယ်။ အလေးချိန်များလွန်းတဲ့ကျောပိုးအိတ်ကြောင့် ကလေးတွေမှာ လက်ပျဉ်ကိုင်းတာနဲ့ ခါးကိုင်းတာမျိုးတွေဖြစ်ပေါ်ခံစားရလာနိုင်ပါတယ်။ကျောရိုးပေါ်မှာ ပုံမှန်မဟုတ်တဲ့ ဝန်ပိမှုက ပခုံး၊ဂုတ်ပိုးနဲ့ခါးနာတာတွေကိုဖြစ်ပေါ်စေပါတယ်။ပခုံးတစ်ဖက်တည်းမှာပဲကျောပိုးအိတ်ကို လွယ်တာက ပိုမိုလွယ်ကူအဆင်ပြေတယ်ဆိုပေမယ့်လို့ ပခုံးတစ်ဖက်တည်းမှာပဲ အလေးချိန်အများကြီးကိုလွယ်ထားတာက ခန္ဓါကိုယ်ကို တစ်ဖက်တည်းကိုကိုင်းနေစေတာမျိုးဖြစ်စေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ခါးနာတာ၊နောက်ကျောအောင့်၊ပခုံးနဲ့ဂုတ်ပိုးကြွက်သားတွေတောင့်တင်းနာကျင်တာမျိုးကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ကျောင်းသားတွေရဲ့ကျောပိုးအိတ်က ခန္ဓါကိုယ်အလေးချိန်ရဲ့ ၁၅ ရာခိုင်နှုန်းထက်မပိုသင့်ပါဘူး၊ လို့American Occupational Therapy Association က အကြံပြုထားပါတယ်။ ကိုယ်အလေးချိန်ပေါင် ၁၀၀ ရှိတဲ့ကျောင်းသားတစ်ဦးအနေနဲ့ ကိုယ်အလေးချိန်ရဲ့ ၁၅ ရာခိုင်နှုန်းမကျော်တဲ့ကျောပိုးအိတ်ကိုပဲ လွယ်သင့်ပါတယ်။လေးလံတဲ့ကျောပိုးအိတ်တွေက ကလေးတွေအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိနေသလဲ ဆိုတော့။ပခုံးပေါ်မှာလေးလံတဲ့အိတ်ကိုလွယ်ထားရတာက ကလေးကို အရှေ့ဘက်ကိုကိုင်းတာမျိုး၊ ဒါမှမဟုတ် တစ်ဖက်ဖက်ကိုကိုင်းတာမျိုးတွေဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ပခုံးတစ်ဖက်တည်မှာ ကျောပိုးအိတ်ကို လွယ်မယ့်အစား ပခုံးနှစ်ဖက်မှာ မျှလွယ်တာက အလေးချိန်ကိုမျှတစွာ ထမ်းပိုးဖြစ်စေတာကြောင့် ကလေးကို ကျောရိုးကိုင်းတာနဲ့ လက်ပျဉ်ကိုင်းတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်လို့ American Occupational Therapy Association ကဆိုပါတယ်။လေးလံတဲ့ကျောပိုးအိတ်တွေက ကလေးရဲ့ ခန္ဓာကိုယ်ကို အရှေ့ဘက်ကိုကိုင်းတာ၊ကျောပိုးအိတ်ကို သယ်ဆောင်နိုင်ဖို့ ကိုယ်ကိုရှေ့ငိုက်ပြီး သယ်ဆောင်တာမျိုးတွေဖြစ်ပေါ်စေပါတယ်။ ထိုကဲ့သို့ အနေအထားမမှန်တဲ့ကိုယ်နေဟန်ထားတွေကကျောရိုးပေါ်မှာဝန်ပိတာမျိုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်လို့ KidsHealth ကဖော်ပြခဲ့ပါတယ်။ကျောပိုးအိတ်ကြိုးက ကလေးရဲ့ ပခုံးနဲ့ ဇက်ပိုးမှာရှိတဲ့သွေးကြောတွေနဲ့ အာရုံကြောတွေအပေါ်မှာ ဖိအားဖြစ်စေနိုင်ပါတယ်။ အဆိုပါဖိအားကြောင့် လက်မောင်း၊လက်၊ခြေထောက်နဲ့ဇက်ပိုးမှာ နာကျင်တာနဲ့ တစစ်စစ် နာကျင်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ချုပ်ပုံ ချုပ်သားကောင်းမွန်တဲ့ကျေပိုးအိတ် သိုင်းကြိုးတွေက ဖိအားတွေအလွန်အကျွံသက်ရောက်မှုကို ကာကွယ်ပေးနိုင်ပါတယ်၊ လို့American Occupational Therapy Association ကဖော်ပြခဲ့ပါတယ်။ကျောပိုးအိတ်ကို နည်းစနစ်မှန်မှန်မလွယ်ဘူးဆိုရင် နောက်ကျောကြွက်သားနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို နာကျင်ဝန်ပိတာနဲ့ ထိခိုက်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကျောပိုးအိတ်ကို ကြိုးရှည်ရှည်ထားပြီး လျော့ရဲရဲလွယ်မယ်ဆိုရင် အလေးချိန်က ခန္ဓာကိုယ်ကိုနောက်ဘက်ကိုဆွဲထားသလိုမျိုးဖြစ်နိုင်ပါတယ်။ ကျောပိုးအိတ်က ကလေးနဲ့ သင့်တော်တဲ့အရွယ်အစားမျိုးမဟုတ်ဘူးဆိုရင် အလေးချိန်က ကိုယ်ခန္ဓာတစ်ခုလုံးပေါ်မှာ မျှမျှတတသက်ရောက်တာမျိုးမဟုတ်ဘဲ မလိုအပ်ဘဲ ဝန်ပိတာမျိုးကိုဖြစ်စေနိုင်မှာဖြစ်ပြီး ကလေးကိုကြွက်သားနာကျင်မှုတွေခံစားရစေမှာဖြစ်ပါတယ်။လေးလံတဲ့ကျောပိုးအိတ်တွေက နောက်ကျောနာတာနဲ့ ခါးနာတာမျိုးတွေကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ကျောပိုးအိတ်တွေကြောင့် ကိုယ်အနေအထားမမှန်တာမျိုးဖြစ်စေနိုင်သလိုခါးနာတာကိုလည်းပိုဆိုးစေနိုင်ပါတယ်။လေးလံတဲ့ကျောပိုးအိတ်တွေက ကလေးတွေကိုနောက်ကျောနာတာ၊ခါးနာတာနဲ့ လည်ပင်းနာကျင်တာမျိုးတွေကို ခံစားရစေနိုင်ပါတယ်။လေးလံတဲ့ကျောပိုးအိတ်လွယ်ထားရတဲ့ ကလေးရဲ့ကျောပိုးအိတ်က မတော်တဆ အခြားကလေးတွေပေါ်ကိုပြုတ်ကျတာ၊ကျောပိုးအိတ်နဲ့ခိုက်မိတာမျိုးတွေဖြစ်မယ်ဆိုရင် ထိခိုက်ဒဏ်ရာရတာမျိုးတွေဖြစ်စေနိုင်ပါတယ်။လေးလံတဲ့ကျောပိုးအိတ်က ကလေးလမ်းလျှောက်တဲ့အခါမှာ အနှောင့်အယှက်ဖြစ်စေပြီးချော်လဲတာမျိုး၊ ခလုတ်တိုက်လဲတာမျိုးတွေဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။အထက်မှာဖော်ပြခဲ့သလိုပြဿနာလေးတွေရှိပေမယ့်လည်း နည်းစနစ်မှန်မှန်အသုံးပြုမယ်ဆိုရင်ကျောပိုးအိတ်ကတော်တော်လေးအသုံးဝင်ပါတယ်။ကျောပိုးအိတ် တစ်အိတ်မဝယ်ခင်အရင်စဉ်းစားသင့်တာကကျောပိုးအိတ်ကိုဘယ်လိုချုပ်လုပ်ထားလဲဆိုတဲ့အချက်ပါ။မှန်ကန်တဲ့ကျောပိုးအိတ်ရွေးချယ်နည်းအချို့ကိုမျှဝေပေးလိုက်ပါတယ်။ပေါ့ပါးတဲ့ကျောပိုးအိတ်ကိုရွေးချယ်ပါ –ကျောပိုးအိတ်ထဲမှာ ကလေးကသူ့ရဲ့လိုအပ်တဲ့ စာအုပ်တွေနဲ့ ပစ္စည်းပစ္စယတွေကို ထည့် ရဦးမှာဖြစ်တာကြောင့်ကျောပိုးအိတ်ဝယ်တဲ့အခါပေါ့ပါးတဲ့အိတ်ကိုရွေးချယ်ဝယ်ယူပါ။ ဥပမာပြောပြရရင် သားရေအိတ်က အမြင်တင့်တင်ပေမယ့် မိုးရေကာဖျင်လိုအစနဲ့ ချုပ်ထားတဲ့ကျောပိုးအိတ်ကပိုပြီးပေါ့ပါးပါတယ်။ကျောပိုးအိတ်သိုင်းကြိုးနှစ်ခုအကြား အကွာအဝေးကျယ်တဲ့အိတ်ကိုရွေးချယ်ဝယ်ယူပါ –သိုင်းကြိုး နှစ်ခု တအားကပ်နေရင် ပခုံးပေါ်မှာဝန်ပိစေနိုင်တာကြောင့် သိုင်းကြိုး နှစ်ခုကြားအကွာအဝေးကျယ်တဲ့ အိတ်ကိုရွေးချယ်ဝယ်ယူပါ။အကန့်လေးတွေပါတဲ့ အိတ်ကိုဝယ်ပါ –အကန့်တွေပါတဲ့အိတ်ကဝန်ကိုတော့ပိုပေါ့မသွားစေပေမယ့် ကလေးကို ခဲတံ၊ပေတံစွန်းနဲ့ ချွန်ထက်တဲ့အရာတွေ စူးမိတာကနေတော့ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ခါးပတ်ကြိုးပါတဲ့ အိတ်ကိုရွေးချယ်ပါ –ခါးပတ်ကြိုးပါတဲ့ကျောပိုးအိတ်က အလေးချိန်ကို ခန္ဓာကိုယ် တစ်ခုလုံးဆီကိုအချိုးကျကျရောက်ရှိစေအောင် အထောက်အကူပြုပေးနိုင်တာကြောင့် ခါးပတ်ကြိုးပါတဲ့ အိတ်ကိုရွေးချယ်ပါ။အကန့်သေးသေးလေးတွေအများကြီးပါတဲ့ အိတ်ကိုရွေးချယ်ပါ –အိတ်မှာ အကန့်သေးသေးလေးတွေအများကြီးပါတာက အလေးချိန်ကို အိတ်တစ်ခုလုံးပြန့်နှံ့ရောက်ရှိအောင် အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ကလေးကိုကျောပိုးအိတ်လေးလံတာကြောင့် ဝန်ပိတာမျိုးမဖြစ်အောင် မိဘတွေပါဝင်လုပ်ဆောင်နိုင်သလိုကျောင်းတွေအနေနဲ့လည်းပါဝင်လုပ်ဆောင်ပေးနိုင်ပါတယ်။ကျောင်းတွေအနေနဲ့ ကလေးတွေကိုကျောပိုးအိတ်ကြောင့်ဝန်ပိတာမျိုးမဖြစ်အောင်လုပ်ဆောင်ပေးနိုင်မယ့် အချက်အချို့ကို မျှဝေပေးလိုက်ပါတယ်။တကယ်လို့များ ကလေးဟာ ခါးနာတာနဲ့ ခြေထောက်တွေ၊လက်တွေထုံကျဉ်တာ၊ အားမရှိတာမျိုးတွေခံစားနေရမယ်ဆိုရင် ဆရာဝန် (သို့)ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ဆွေးနွေးတိုင်ပင်ပါ။အထက်မှာဖော်ပြထားတဲ့ အကြောင်းအရာတွေကိုဖတ်ရှုပြီး သားသား မီးမီးတွေအတွက်ျန်းမာရေးနဲ့ညီညွတ်စေမယ့်ကျောပိုးအိတ်လေးတွေကိုရွေးချယ်ဝယ်ယူနိုင်ပါစေကြောင်း။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/what-are-the-dangers-of-heavy-backpacks-for-children/
Amaranth (ကြက်မောက်ပန်းပင်)
ကြက်မောက်ပန်းပင်၏ အရွက်သည် ဗီတာမင် C ဓါတ်ကြွယ်ဝပြီး တစ်ပင်လုံးသည် ဆေးဖက်ဝင်သောကြောင့် အောက်ပါရောဂါများအတွက် အသုံးပြုနိုင်ပါသည်။ကြက်မောက်ပန်းပင်သည် ဓါတ်တိုးဆန့်ကျင်ဓါတ်ကြွယ်ဝသောကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေသည်။ အစားအစားများတွင် လည်း ထည့်စားနိုင်သည်။အမေရိကန် သစ်ချသီးမှထုတ်ကုန်များကို အဖျော်ယမကာများတွင်လည်း ထည့်သွင်းအသုံးပြုနိုင်သည်။ဆေးဖက်ဝင်အပင်များနှင့် ပက်သက်ပြီး လုံလောက်သော လေ့လာမှုများမရှိသဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။ သို့သော် အချို့သောလေ့လာမှုများအရ ကြက်မောက်ပန်းပင်သည် ရောင်ရမ်းမှုများကို လျော့စေသည်ဟုဆိုပါသည်။အောက်ပါအချက်များရှိပါက တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ပါ။ဆေးဖက်ဝင်အပင်များ တိုင်းရင်းဆေးများသည် ဆေးဝါးများလောက် သတ်မှတ်စံနှုန်းနှင့် အညီသောက်သုံးရန်မလိုသော်လည်း တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ သောက်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက်လည်း ကြက်မောက်ပန်းပင် နှင့် ပက်သက်ပြီး လုံလောက်သော လေ့လာမှုများမရှိသဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။ကြက်မောက်ပန်းပင်၏ ဘေးထွက်ဆိုးကျိုးများနှင့် ပက်သက်ပြီး သိလိုသော် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။ဆေးဖက်ဝင်အပင်များသည် သင်သောက်နေသောဆေးများ၊ သင့်ရောဂါအခြေအနေများ နှင့် ဓါတ်ပြုမှုများရှိနေနိုင်သဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။အောက်ပါရောဂါများရှိလျှင် ဓါတ်မတည့်မှုများဖြစ်နိုင်ပါသည်။ကြက်မောက်ပန်းပင်သည် သွေးထဲရှိ စီရိုတိုနင် ဓါတ်ကို လျော့နည်းစေသည်။ ထို့ကြောင့် ကိုယ်ခံအားစနစ်ကို ပြုပြင်ပေးသော အခြားသော တိုင်းရင်းဆေးများ နှင့် ဖြည့်စွက်စာများ မှီဝဲနေလျှင် ကြက်မောက်ပန်းပင်ကို သတိနှင့် မှီဝဲသင့်သည်။ကြက်မောက်ပန်းပင်တွင် အာရုံကြော စနစ်ကို ထိခိုက်စေသော ကတ်မီယံ၊ နိုက်တြိတ်၊ Anti trypsin ပရိုတင်း နှင့် အပူနှင့် ထိလျှင် ပျက်စီးသောအရာများစွာပါဝင်ပါသည်။ကြက်မောက်ပန်းပင်တွင် Oxalate ဓါတ်များစွာပါဝင်ခြင်းကြောင့် ကျေက်ကပ်ရောဂ်ရှိသူများတွင် သတိနှင့် အသုံးပြုပါ။ကြက်မောက်ပန်းပင်သည်သွေးတွင်းအချိုဓါတ်ကို လျော့နည်းစေသောကြောင့် သွေးတွင်းအချိုဓါတ်ကို နည်းစေသော အခြားသော ဆေးများနှင့် ဖြည့်စွက်စာများစားနေလျှင် အထူးသတိပြုပါ။ သင့် သွေးတွင်းအချိုဓါတ်ကို ထိန်းညှိရန် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူနှင့် မှန်မှန်ပြသရန် လိုအပ်ပါသည်။ကြက်မောက်ပန်းပင်သည် သွေးပေါင်ကျစေ လျော့နည်းစေသောကြောင့် သွေးပေါင်ကျစေသော အခြားသော ဆေးများနှင့် ဖြည့်စွက်စာများစားနေလျှင် အထူးသတိပြုပါ။ သင့် သွေးပေါင်ကို ထိန်းညှိရန် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူနှင့် မှန်မှန်ပြသရန် လိုအပ်ပါသည်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။ကြက်မောက်ပန်းပင် ကို။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/amaranth-%e1%82%80%e1%80%80%e1%80%80%e1%80%b9%e1%80%b1%e1%80%99%e1%80%ac%e1%80%80%e1%80%b9%e1%80%95%e1%80%94%e1%80%b9%e1%80%b8%e1%80%95%e1%80%84%e1%80%b9/
Ambrette (ကပ်စေးနဲပင်)
ကပ်စေးနဲပင်မှရသော အစေ့ကို လက်ဖက်ရည်အဖြစ်သောက်သုံးကြပြီး အောက်ပါရောဂါများအတွက်လည်း အသုံးပြုကြပါသည်။အချို့က အားတိုးဆေး၊ မြွေဆိပ်ဖြေဆေး အနေနှင့် သုံးသလို ဆေးစိမ်ဝိုင်၊ အခါးရည် စသည့်အစားအစာများတွင်လည်း ထည့်သွင်းအသုံးပြုနိုင်ပါသည်။ဆေးဖက်ဝင်အပင်များနှင့် ပက်သက်ပြီး လုံလောက်သော လေ့လာမှုများမရှိသဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။အောက်ပါအချက်များရှိပါက တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ပါ။ဆေးဖက်ဝင်အပင်များ တိုင်းရင်းဆေးများသည် ဆေးဝါးများလောက် သတ်မှတ်စံနှုန်းနှင့် အညီသောက်သုံးရန်မလိုသော်လည်း တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ သောက်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ကပ်စေးနဲပင် သည် အစားအစာများနှင့် ဖျော်ရည်များတွင် ပါဝင်သောပမာဏသည် အန္တရာယ်မဖြစ်စေပါ။ သို့သော် ဆေးအနေနှင့် ပမာဏများစွာ သောက်သုံးပါက အန္တရာယ်ရှိမရှိ လုံလောက်သော လေ့လာမှုများ မရှိပါ။ကပ်စေးနဲပင်မှရသော အဆီကို အရေပြားပေါ်တွင်လိမ်းပါက အရေပြားနှင့် ဓါတ်မတည့်မှုများဖြစ်နိုင်ချေရှိပါသည်။ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ။ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အတွက်လည်း ကပ်စေးနဲပင် နှင့် ပက်သက်ပြီး လုံလောက်သော လေ့လာမှုများမရှိသဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။ခွဲစိတ်ခြင်း။ကပ်စေးနဲပင်သည် သွေးတွင်းအချိုဓါတ်ကို ကျဆင်းစေသည့်အတွက် ခွဲစိတ်ချိန်တွင်သွေးချိုထိန်းရခက်စေသည်။ ထို့ကြောင့် မခွဲမီ ၂ ပတ်အလိုတွင် ကပ်စေးနဲပင်မှထွက်သော အရာအားလုံးကို ဖြတ်ထားပါ။ကပ်စေးနဲပင် သည်။အထက်တွင် မဖော်ပြထားသည်များလည်း ရှိနေနိုင်ပါသည်။ သို့သော် လူတိုင်း ထိုဆိုးကျိုးများခံစား၇သည်မဟုတ်ပါ။ ဘေးထွက်ဆိုးကျိုးများနှင့် ပက်သက်ပြီး သိလိုသော် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။ဆေးဖက်ဝင်အပင်များသည် သင်သောက်နေသောဆေးများ၊ သင့်ရောဂါအခြေအနေများ နှင့် ဓါတ်ပြုမှုများရှိနေနိုင်သဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။ အောက်ပါ ကျန်းမာရေးအခြေအနေများသည် ကပ်စေးနဲပင်နှင့် ဓါတ်ပြုမှုများဖြစ်နိုင်သော အခြေအနေများဖြစ်သည်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။လူတဦး နှင့် တဦးအပေါ်မူတည်ပြီးဆေးအညွှန်းများ ကွာခြားမှုရှိပါသည်။ အသက်အရွယ် ၊ ကျန်းမာရေး အခြေအနေများ အပေါ်မူတည်ပြီး လည်းကွာခြားနိုင်ပါသည်။ လုံခြုံစိတ်ချမှုရှိစေရန် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ကပ်စေးနဲပင်မှရသော အစေ့များကိုကြိတ်ခြင်းဖြင့်ရသော ဆီကို အသုံးပြုကြပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/ambrette-%e1%80%80%e1%80%95%e1%80%b9%e1%80%b1%e1%80%85%e1%80%b8%e1%80%94%e1%80%b2%e1%80%95%e1%80%84%e1%80%b9/
ရာသီလာချိန် tampon သုံးလား Pad သုံးလား။ ဘယ်ဟာက ပိုကောင်းတယ်ထင်လဲ။
ရာသီလာချိန် tampon သုံးလား Pad သုံးလား။ ဘယ်ဟာက ပိုကောင်းတယ်ထင်လဲ။ဓမ္မတာလာတဲ့ အချိန်ရောက်ပြီဆို ကိုယ့်ထဘီ၊ စကပ်၊ ဘောင်းဘီမှာ ပေများနေမလားဆိုတဲ့ စိုးရိမ်စိတ်တွေ မိန်းကလေးတိုင်းမှာ ကြီးစိုးနေတတ်ပါတယ်။ ဒီအချိန်တွေမှာဆို ကိုယ်နဲ့ သင့်တော်တဲ့လစဉ်သုံး ပစ္စည်းကို ရွေးသုံးဖြစ်ဖို့ဆိုတာ သိပ်ကို အရေးကြီးတဲ့အရာတစ်ခုပါ။ ဒါကြောင့် ဒီနေ့မှာ ပျိုမေတို့ အသုံးအများဆုံးဖြစ်တဲ့Tampon( တမ်ပွန်) နဲ့Pad( တစ်ခါသုံး လစဉ်သုံးပစ္စည်း) အကြောင်းပြောပြပေးချင်ပါတယ်။ သူတို့ နှစ်ခုမှာ ဘယ်ဟာက ပိုကောင်းလဲ။ရာသီလာချိန် tampon သုံးလား Pad သုံးလား။ ဘယ်ဟာက ပိုကောင်းတယ်ထင်လဲ။ ကိုယ်အတွေး ဘယ်လောက်ထိ မှန်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။သူကတော့ မြန်မာ မိန်းကလေးတွေ လုံးဝကို မစိမ်းတဲ့ အရာတစ်ခုပါ။ အတောင်ပံ ပါတာနဲ့ မပါတာဆိုပြီး ၂ မျိုးရှိပါတယ်။ သူ့မှာကပ်ခွာပါတာကြောင့် ဘောင်းဘီမှာ ကပ်လိုက်ရုံပါပဲ။ အထဲမှာလည်း ပိုးသတ်သန့်စင်ပြီးသား ဂွမ်းတွေလည်းပါတာကြောင့် စုပ်ယူအားကောင်းပြီး သင့်ကို လုံခြုံစိတ်ချမှု ရရှိစေမှာပါ။ဒါကလည်း  မိန်းကလေးတွေ အသုံးများလာတဲ့ လစဉ်သုံးပစ္စည်းတစ်မျိုးပါ။ ဂွမ်းလိပ်ရှည်ရှည်လေး တစ်ခုဖြစ်ပြီး အရွယ်အစားမျိုးစုံရှိကာ စုပ်ယူအားလည်း ကောင်းတဲ့ လစဉ်သုံးပစ္စည်းတစ်မျိုးပါ။ ရာသီလာချိန်ဆို ဂွမ်းလိပ်လေးကို မိန်းမကိုယ်ထဲ ထည့်ထားလိုက်ရုံပါပဲ။ သက်သောင့်သက်သာ ရှိတဲ့ အပြင် ရာသီလာနေတယ်ဆိုတာကို သတိထားမိမှာတောင် မဟုတ်လောက်အောင် သူက သိုသိပ်ပါတယ်။အားသာချက်။အားနည်းချက်။ကဲ ဒီလိုတွေ ယှဉ်ပြီးသွားတဲ့ သကာလ ဘယ်ဟာက ပိုကောင်းလဲဆိုတာကို ဆုံးဖြတ်ဖို့အတွက် အချိန်ရောက်လာပါပြီ။ Tampon နဲ့ Pad ဘယ်ဟာက ပိုကောင်းသလဲ။ တကယ်တော့ သူတို့ နှစ်ခုလုံးမှာ ကောင်းတဲ့အချက်တွေရော၊ အားနည်းချက်တွေ ရော ကိုယ်စီရှိကြတဲ့အတွက် ဘယ်ဟာက ပိုကောင်းလဲ ပြောဖို့ခက်ပါတယ်။ Tampon သုံးရတာ အဆင်ပြေတဲ့သူလည်း ရှိသလို Pad နဲ့မှ အဆင်ပြေတဲ့သူလည်း ရှိတာကြောင့် ကောင်းတယ်၊ မကောင်းဘူးဆိုတာ သုံတဲ့သူရဲ့ အမြင်ပေါ်မှာပဲ မူတည်တာပါ။ရေးသားသူ- Dr Thin Yadanar@ Frances။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/tampon-and-pad/
မိန်းမကိုယ်နှုတ်ခမ်းသားမှာ အဖုအကျိတ်အလုံး လေးတွေ စမ်းမိတယ်။ ဘာရောဂါဖြစ်နိုင်လဲ။
အမျိုးသမီး တစ်ယောက်အတွက်မိန်းမကိုယ်ဆိုတာ အရမ်းကို ဂရုစိုက် ရတဲ့ အရာတစ်ခုပါ။ သန့်သန့်ရှင်းရှင်းဖြစ်ဖို့မိန်းမကိုယ်အပြင်ပိုင်းကို သန့်စင်ဆေးကြောရတယ်။မိန်းမကိုယ် ပိုးဝင်တာ မဖြစ်ဖို့ အတွင်းခံကို မှန်မှန်လဲပေးရတယ်။ ဒီလောက် ဂရုစိုက်နေတဲ့ ကြားထဲကတောင် မိန်းမကိုယ်နှုတ်ခမ်းသား မှာ အဖုအကျိတ်လေးတွေ ထွက်လာခဲ့ရင် ခေါင်းကြီးသွားတတ်ကြတာ မိန်းကလေးတိုင်းပါ။ ဒီလို မိန်းမကိုယ်နှုတ်ခမ်းသားမှာ အဖုအကျိတ်အလုံး လေးတွေ ပေါ်လာတဲ့ ကိစ္စက စိုးရိမ်ရလား။သားဖွားမီးယပ်ဆရာဝန်တွေ ပြောပြချက်အရတော့ ဒီလိုမိန်းမကိုယ်နှုတ်ခမ်းသားမှာ အလုံးအကျိတ်လေးတွေ စမ်းမိတိုင်း ကင်ဆာကို စိတ်ပူစရာ မလိုပါဘူး။ မိန်းမကိုယ်က အလုံးအကျိတ်တွေဟာ များသောအားဖြင့် ယာယီလောက်သာဖြစ်တတ်ပြီး သူ့ဘာသာပြန်ပျောက်သွားတာများပါတယ်။ ဒါပေမယ့် ဘယ်လို အကြောင်းအရာတွေကြောင့် မိန်းမကိုယ်နှုတ်ခမ်းသားမှာ အလုံးအကျိတ်တွေပေါက်လဲဆိုတာ သိထားရင် ပိုကောင်းတာပေ့ါ။( ၁ )လိင်အင်္ဂါတစ်ဝိုက် ဝက်ခြံပေါက်ခြင်း။ဝက်ခြံဆိုတဲ့အရာဟာ မျက်နှာမှာပဲ ပေါက်တတ်တဲ့ အမျိုးမဟုတ်ပါဘူး။ မျက်နှာအပြင် အခြားကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ မှာလည်း ပေါ်တတ်ပါတယ်။ အဲဒီအထဲမှာမိန်းမကိုယ်လည်းပါတာပေ့ါ။ မျက်နှာမှာပေါက်တဲ့ဝက်ခြံတွေလိုပဲ နီရဲပြီးရောင်နေတဲ့ အနီဖုလေးတွေ အနေနဲ့ တွေ့ရမှာဖြစ်ပါတယ်။ဒီလို မိန်းမကိုယ်အရေပြားမှာပေါက်တဲ့ ဝက်ခြံက အခြားနေရာက ဝက်ခြံတွေလိုပဲ သူ့ဘာသာ ပြန်ပျောက်သွားတာများပါတယ်။( ၂ ) ဆီးခုံမွေးဖယ်ရှားခြင်း။ဆီးခုံ‌မွေးတွေရိတ်ပြီးတဲ့နောက် မိန်းမကိုယ်နားမှာ စူးနေတာမျိုး၊ ယားနေတာမျိုးခံစားဖူးကြမှာပါ။ ဒါ့အပြင် နောက်ပိုင်း အမွေးတွေ ပြန်ထွက်လာတဲ့အခါ အသားကို အမွေးတွေ မဖောက်နိုင်လို့ အဖုသေးသေးလေးတွေဖြစ်ပြီး ရောင်နေတာမျိုး၊ ရိတ်လိုက်တဲ့နေရာကနေ ပိုးဝင်သွားတာမျိုးတွေ ဖြစ်ပြီး မွေးညှင်းအိတ်လေးတွေရောင်တာကနေ အဖုသေးသေးလေးတွေ ပေါက်နေ နာနေတာ မျိုး ဖြစ်တတ်ပါတယ်။( ၃ ) အဆီဂလင်းများရောင်ခြင်း။မိုးလင်းကနေ မိုးချုပ်ထိ အလုပ်စားပွဲမှာ အလုပ်ထိုင်လုပ်ရတာများရင်မိန်းမကိုယ်အတွင်းပိုင်းမှာ ချွေးအိုက်ပြီး အတွင်းခံတွေမှာ ချွေးစိုနေတတ်ပါတယ်။ တစ်ချိန်လုံးလည်း ထိုင်နေရတော့မိန်းမကိုယ်ကို ရသင့်သလောက် အောက်ဆီဂျင်တွေ မရတော့တာကတစ်ကြောင်း၊ ချွေးစိုနေတဲ့ အတွင်းခံနဲ့ ပွတ်ပွတ်မိနေတာကတစ်ကြောင်း မိန်းမကိုယ်နှုတ်ခမ်းသား မှာ အဆီဖုလေးတွေ ပေါက်တတ်ပါတယ်။ ဒါကလည်း စိုးရိမ်စရာမရှိလဲ သူ့ဘာသာသူ ပြန်ပျောက်သွားတတ်ပါတယ်။( ၄ )လိင်အင်္ဂါကြွက်နို့။မိန်းမကိုယ်အရေပြားတစ်ဝိုက်မှာ အဖုအကျိတ်တွေပေါ်ရင်လိင်အင်္ဂါကြွက်နို့ကို ချန်ထားခဲ့လို့ မရပါဘူး။ လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်တတ်တဲ့HPV ဗိုင်းရပ်စ်ပိုး ကြောင့် ဖြစ်ရတာပါ။ အဖုလေးတွေရဲ့ မျက်နှာပြင်က ချောချောလေးဖြစ်နေပြီး အသားအရောင်တိုင်း ( ဒါမှမဟုတ်) အသားအရောင်ထက် ရင့်နေတဲ့ အဖုလေးတွေ အဖြစ်မြင်ရမှာ ဖြစ်ပါတယ်။ကြွက်နို့ကိုယ်တိုင်ကတော့ အခြားပြဿနာကြီးကြီးမားမားမဖြစ်စေပေမယ့် HPV ဗိုင်းရပ်စ်ကြောင့်ဖြစ်ရင်သားအိမ်ခေါင်းကင်ဆာတွေပါ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့သေချာသွားစစ်ဆေးဖို့တော့လိုပါတယ်။( ၅ ) Bartholin’s cyst။မိန်းမကိုယ် အပေါက်ဝနားတစ်ဝိုက်က အရေပြားပေါ်မှာ အဖုလေးတွေ စမ်းမိရင် မိန်းမကိုယ်တွင်းရောဂါပိုးဝင်ရာကကြောင့် Bartholin ဂလင်းရောင်တာဖြစ်နိုင်ပါတယ်။ ဒီ ဂလင်းတွေသီးသန့်ဆို ဘာပြဿနာမှ မရှိတတ်ပေမယ့် ပိုးဝင်ပြီး နာနေတာ၊ ပြည်တည်နေတာမျိုးဖြစ်ရင်တော့ ပြည်တွေဖောက်ထုတ်ခွဲစိတ်ဖို့လိုလာပါပြီ။သေးရင်တော့ သူ့ဘာသာ ပြန်ပျောက်သွားမယ့် အချိန်ကို စောင့်ရမှာဖြစ်ပြီး ကြီးပြီး နာနေရင်တော့ ဆရာဝန်ဆီ သေချာသွားပြသင့်ပါတယ် ။( ၆ ) အခြားဖြစ်တတ်တဲ့ ပြဿာနာတွေကတော့။မိန်းမကိုယ် အရေပြားမှာ ပေါက်တတ်တဲ့ အဖုအကျိတ်လေးတွေက အများအားဖြင့် ယာယီသာပေါက်ပြီး သူ့ဘာသာပြန်ပျောက်သွားတယ်ဆိုပေမယ့် ကြီးကြီးမားမား ပြဿနာတွေလည်း ရှိနိုင်တာကြောင့် မပေါ့ဆဘဲ ဆရာဝန်ဆီ သေချာသွားပြတာ အကောင်းဆုံးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/bumps-on-valva/
ဆားဘယ်လောက် စားသင့်သလဲ
ကိုယ်ခန္ဓာထဲက အရည်တွေ ဟန်ချက်ညီစေဖို့၊ကြွက်သားနဲ့ အာရုံကြောလုပ်ငန်းတွေ ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ ဆားကို စားသုံးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဆားကို အလွန်အကျွံသုံးစွဲမိရင်တော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။တကယ်တော့ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာ ဆိုဒီယမ် (ဆား) ကို ဘယ်လောက်ထားရှိသင့်သလဲဆိုတာ ထိန်းညှိပေးပါတယ်။ ကိုယ်ခန္ဓာထဲ ဆားများလာရင် ရေငတ်ပြီး ရေများများသောက်ချင်စိတ် ဖြစ်လာရပါတယ်။ကျောက်ကပ်ကလည်း စွန့်ထုတ်ဖို့ ပိုမိုအရှိန်မြှင့် လုပ်ဆောင်ပါတယ်။ကိုယ်ခန္ဓာထဲ ဆိုဒီယမ်ဆား များလွန်းခြင်းဟာ ဆီးကျောက်တည်ခြင်း၊ သွေးတိုးခြင်းနဲ့ နှလုံးရာဂါတွေ ဖြစ်စေပါတယ်။နည်းပါးရင်လည်း သွေးတွင်းဆိုဒီယမ်နည်းခြင်း (hyponatremia)၊ ခေါင်းမူးခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ကြွက်သားများအကြောဆွဲခြင်း၊ တက်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။သင်နေ့စဉ်စားသုံးနေတဲ့ အိမ်သုံးဆားဟာ ဆိုဒီယမ်ကလိုရိုဒ်ဖြစ်ပါတယ်။ ဆိုဒီယမ် ၄၀ ရာခိုင်နှုန်းပါဝင်ပြီး ကျန်တာကတော့ ကလိုရင်း ဖြစ်ပါတယ်။ခန္ဒာကိုယ်ထဲမှာအရည်ဓာတ်တွေအများအပြားစုမိသွားရင် ဆိုဒီယမ်နည်းသွားနိုင်ပါတယ်။ အဆဆိုပါအခြေအနေမှာ ဖောရောင်ခြင်းကို ကာကွယ်နိုင်ဖို့ ဆရာဝန်ကနေ ဆီးဆေးညွှန်တာ ဖြစ်နိုင်ပါတယ်။ကိုယ်ခန္ဓာထဲမှာ ဆိုဒီယမ်ဓာတ် နည်းပါးသွားစေတဲ့ အကြောင်းတွေကတော့။– အက်ဒီဆင် (Addison)။– အူသိမ်အတွင်း ပိတ်ဆို့ခြင်း။– ဝမ်းပျက်ခြင်း၊ အန်ခြင်း။– သိုင်းရွိုက်အလုပ်မလုပ်ခြင်း။– နှလုံးပျက်စီးခြင်း။–ရေအလွန်အကျွံသောက်ခြင်း။– မီးလောင်ဒဏ်ရာရခြင်း စတာတွေပဲ ဖြစ်ပါတယ်။သွေးအတွင်းမှာ ဆိုဒီယမ်နည်းသွားရင် ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို သက်ရောက်မှု ဖြစ်စေပါတယ်။ လူတယောက်ကို နှေးကွေးလေးလံပြီး ထိုင်းမှိုင်းသွားစေပါတယ်။ ကြွက်သားများ အကြောဆွဲပြီး တက်ခြင်း၊ သတိလစ်ခြင်း၊ သေဆုံးခြင်းများ ဖြစ်နိုင်ပါတယ်။ ဆိုဒီယမ်လျော့နည်းတာမြန်ရင် အဆိုပါပြဿနာများ အလွန်လျင်မြန်စွာ ဖြစ်လာနိုင်ပါတယ်။ အသက်ကြီးသူတွေမှာ ပိုဆိုးတတ်ပါတယ်။ဆိုဒီယမ် များပြားခြင်းဟာ အရိုးပွခြင်း၊ ကျောက်ကပ်ရောဂါ၊ သွေးတိုးခြင်း၊ လေဖြတ်ခြင်းနဲ့ တခြား နှလုံးရောဂါများနဲ့ ဆက်စပ်နေပါတယ်။သွေးထဲမှာ ဆိုဒီယမ်များလာရင် ခန္ဓာကိုယ်ထဲကရေကို သွေးကြောထဲကို ဆွဲယူလိုက်ပါတယ်။ အဲဒီအခါ သွေးပမာဏများပြားလာပြီး နှလုံးက ပိုပြီးညှစ်အား သုံးလာရပါတယ်။ တချိန်တည်းမှာပဲ သွေးကြောနံရံတွေဟာ ပိုပြီးချဲ့ကားပေးရတဲ့အတွက် ထိခိုက်ပျက်စီးလွယ်လာပါတယ်။ဒါ့အပြင်သွေးကြောတွေထဲမှာ အနည်ဖတ်တွေဖြစ်လာစေပြီး နှလုံးသွေးကြောပိတ်ဆို့ကာ လေဖြတ်ခြင်း၊ နှလုံးရောဂါနဲ့ လေဖြတ်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် ဆိုဒီယမ်ဟာ ကိုယ်ခံအားစနစ်ကို အလွန်အကျွံလှုံ့ဆော်ပေးတာကြောင့် မိမိကိုယ်ခံအားက ပြန်လည်တိုက်ခိုက်တဲ့ ပြဿနာများ (lupus၊ multiple sclerosis၊ ဓာတ်မတည့်ခြင်းနဲ့ တခြားရောဂါများ) ဖြစ်စေနိုင်ပါတယ်။လူတယောက်ရဲ့ ပျမ်းမျှဆားစားသုံးမှုနှုန်းဟာ ၃၄၀၀ မီလီဂရမ် ရှိပါတယ်။ ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ အဆိုအရ နေ့စဉ် ဆိုဒီယမ်စားသောက်မှုနှုန်းဟာ ၁၅၀၀ မီလီဂရမ်ကို မကျော်သင့်ဘူးလို့ သိရပါတယ်။ ဒီပမာဏဟာ ထမင်းစားဇွန်း တဝက်ကျော်ကျော်သာရှိတဲ့ ပမာဏဖြစ်ပါတယ်။ အထူးသဖြင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါရှိသူများဟာ တရက်ကို ၁၅၀၀ မီလီဂရမ် မကျော်ဖို့ သတိပြုသင့်ပါတယ်။ဆိုဒိယမ် ၁၅၀၀ မီလီဂရမ်ကို မှန်းဆနိုင်ဖို့အတွက် အစားအစာတွေမှာ ဆိုဒီယမ်ပါဝင်မှုနှုန်းကို နမူနာ ဖော်ပြရရင်။• ကြက်ဥတလုံးမှာ ၁၄၀ မီလီဂရမ်။• လတ်လတ်ဆတ်ဆတ်နွားနို့ ၂၃၀ ဂရမ်မှာ ၅၀ မီလီဂရမ်ခန့်။• ဒိန်ချဉ် ၂၀၀ ဂရမ်မှာ ၄၀ မီလီဂရမ်။• တရုတ်နံနံ ၅၀ ဂရမ်မှာ ၁၄၀ မီလီဂရမ်။• ချက်ပြုတ်ပြီး ဟင်းနုနွယ် ၆၀ ဂရမ်မှာ ၁၂၀ မီလီဂရမ် စသဖြင့် ဖြစ်ပါတယ်။တခြားဟင်းသီးဟင်းရွက်တွေမှာ ဆိုဒီယမ်နည်းပါးပါတယ်။ ဒါပေမယ့် စည်သွပ်အသီးအနှံတွေမှာ ဆိုဒီယမ် ပိုမိုပါဝင်ပါတယ်။ တနှစ်အောက်ကလေးတွေကို ဆားမကျွေးသင့်ပါဘူး။ ကျောက်ကပ် ကောင်းကောင်း မဖွံ့ဖြိုးသေးလို့ ဖြစ်ပါတယ်။အကယ်၍ အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေ၊စည်သွပ်အစားအစာတွေကို ဝယ်ယူစားသုံးမယ်ဆိုရင် အညွှန်းစာတွေကို ဖတ်ရှုသင့်ပါတယ်။ ဘယ်လိုပါဝင်ပစ္စည်းတွေ ပါဝင်သလဲ၊ ဘယ်လောက်ပါဝင်သလဲ သိရအောင် ဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/sodium-rate/
ခြေချင်းဝတ်နာကျင်မှုကို ဘာတွေကဖြစ်စေတာလဲ။ ဖြစ်နိုင်ချေရှိတဲ့ အခြေအနေ ၁၇မျိုး
ခြေချင်းဝတ်နာကျင်မှုတွေဟာ ခြေချင်းဝတ်မှာရှိတဲ့ ဘယ်အစိတ်အပိုင်းမှာမဆိုဖြစ်နေတဲ့ နာကျင်မှု အားလုံး ဒါမှမဟုတ် သက်တောင့်သက်သာမဖြစ်မှုတွေအားလုံးကို ကိုယ်စားပြုပါတယ်။ ဒါဟာ အသက်အရွယ်မရွေးဖြစ်နိုင်သလို အကြောင်းရင်း အမျိုးမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဒါဟာ လူတစ်ယောက်ကို လမ်းမလျှောက်နိုင်အောင် လုပ်နိုင်တဲ့အပြင် အချို့သော ညင်ညင်သာသာ လှုပ်ရှားမှုတွေကိုတောင် မလုပ်နိုင်လောက်အောင် ဖြစ်စေနိုင်ပါတယ်။ ဒီနာကျင်မှုတွေဟာ ခြေချင်းဝတ် တစ်ဘက်တည်းမှာဖြစ်စေ၊ နှစ်ဘက်လုံးမှာဖြစ်စေ ဖြစ်နိုင်ပါတယ်။ခြေချင်းဝတ်လည်သွားတဲ့အခါမျိုး ခြေခေါက်တဲ့အခါမျိုးတွေမှာ sprain (ကြွက်သားနာခြင်း) ဖြစ်တတ်ပါတယ်။ ဒီလို လည်သွား၊ ခေါက်သွားတဲ့အချိန်မှာ ခြေချင်းဝတ်က မြေကြီးဘက်ကို လည်သွားတာကြောင့် အရွတ်ကွာတာ၊ စုတ်ပြဲသွားတာတွေ ဖြစ်တတ်ပါတယ်။ ခြေခေါက်သွားတဲ့အချိန်မှာ ကြွက်သားကြောတွေနဲ့ အရိုးနုတွေကို ထိခိုက်စေတာမျိုးလည်း ဖြစ်တတ်ပါတယ်။Osteoarthritisကတော့ အဆစ်ကို ပုံမှန်သုံးနေရင်းကပဲ ထိခိုက်ဒဏ်ရာရသွားတာမျိုးပါ။ အသက်တွေကြီးလာလေလေ Osteoarthritis ဖြစ်လာနိုင်လေလေပါပဲ။ကြွက်သားညောင်းညာတာနဲ့ တင်းမာနေတာတွေကတော့ ကိုယ်လက်လှုပ်ရှားမှုတွေကြောင့်ဖြစ်ရတဲ့ ထိခိုက်မှုတွေပါ။ ဒီထိခိုက်မှုတွေက အဖြစ်များတဲ့အပြင် အပျော့စားကနေ ပြင်းထန်တဲ့အဆင့်ထိ အမျိုးမျိုးရှိပြီး ထိခိုက်မှုဖြစ်တဲ့ အခြေအနေပေါ်မူတည်ပါတယ်။ အများစုကတော့ အသေးစားထိခိုက်မှုတွေဖြစ်ပြိး ဆေးကုသစရာ မလိုပါဘူး။Arthritis။ကြွက်သားကြော ရောင်ရမ်းခြင်း ၊ ကြွက်သားကြောတွေဟာ အရိုးတွေနဲ့ ကြွက်သားတွေကို ဆက်သွယ်ထားပေးတဲ့ ထူထဲတဲ့ ကြိုးတွေပါ။ တကယ်လို့များ ဒီကြွက်သားကြောတွေက နာကျင်လာပြီ၊ ဒါမှမဟုတ် ရောင်ရမ်းလာပြီဆိုရင်တော့ ဒါကို tendinitis ( ကြွက်သားကြောရောင်ခြင်း)လို့ခေါ်ပါတယ်။ ဒီအခြေအနေဟာ စူးစူးရှရှနာကျင်မှုတွေနဲ့ အထိမခံနိုင်လောက်အောင် နာကျင်မှုတွေ ဖြစ်စေနိုင်ပြီး ထိခိုက်ထားတဲ့ အဆစ်ကို ရွေ့လျားရခက်စေပါတယ်။အရွတ်အိမ် ရောင်ရမ်းခြင်း။ အရွတ်အိမ်ရောင်ရမ်းခြင်းကတော့ အရွတ်မှာ ထိခိုက်ဒဏ်ရာရရှိခြင်း ဒါမှမဟုတ် နီးစပ်ရာ ကြွက်သား၊ အရိုးမှာ ဒဏ်ရာရရှိတဲ့ အကျိုးဆက်ကြောင့် ဖြစ်ရတာပါ။လေးဘက်နာ။တကယ်လို့ သင့်ခြေထောက်က ပြားနေတယ်ဆိုရင် သင်မတ်တပ်ရပ်လိုက်တဲ့အခါမှာ ပုံမှန် ညီမျှတဲ့ ရပ်တည်မှု ပုံစံရှိမှာမဟုတ်ပါဘူး။ ဒါက ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်တဲ့အချိန်မှာ နာကျင်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ကျိုးပဲ့ခြင်း။အရိုးကျိုးတာပါပဲ။ အက်ရာလေး ထင်တာကနေစလို့ လုံးဝကျိုးသွားတဲ့ထိ ဖြစ်နိုင်ပါတယ်။ အရိုးတွေဟာ နေရာအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ ကျိုးနိုင်ပါတယ်။ လုံးဝ ကြေသွားတဲ့ထိလည်း ဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံး အရိုးကျိုးရတဲ့ အကြောင်းကတော့ ဖိအားတွေနဲ့ သက်ရောက်တဲ့ အားတွေများလို့ ဖြစ်ရတာပါ။နေရာလွဲခြင်း။နေရာလွဲတယ်ဆိုတာက အရိုးက အဆစ်ကနေ ချော်ထွက်သွားတာကို ပြောတာပါ။ အဲဒီလို ချော်ထွက်သွားတာ လွတ်ထွက်သွားတာမျိုးဖြစ်ပြီဆိုရင် သင့်မှာ အဆစ်ပြုတ်နေတဲ့ လက်မောင်းကြီးဖြစ်သွားပါပြီ။ ဒီလိုအဆစ်လွဲတာမျိုးက ခန္ဓါကိုယ်ရဲ့ ဘယ်အဆစ်မှာမဆိုဖြစ်နိုင်ပါတယ်။ ဒူးတွေ၊ခါးတွေ၊ ခြေချင်းဝတ်တွေ၊ ပုခုံးတွေက အစပေါ့။Bursitis Bursaeဆိုတာဟာ အရွတ်ထဲမှာရှိတဲ့ အရည်တွေပြည့်နေတဲ့ အိတ်တွေကို ပြောတာပါ။ သူတို့တွေဟာ အရွတ်တေါ၊ အရည်ပြားတွေ၊ ကြွက်သားတစ်သျှူးတွေနဲ့ အရိုးနဲ့ ထိတွေ့တဲ့နေရာတစ်ဝိုက်မှာ ရှိနေတတ်ပါတယ်။ သူတို့တွေက လှုပ်ရှားမှုတွေမှာ ပွတ်တိုက်မှုတွေကို လျော့နည်းစေဖို့ ချောဆီတွေကို ထုတ်ပေးပါတယ်။Reactive arthritisဒါကတော့ ခန္ဓါကိုယ်တွင်းမှာ ပိုးဝင်မှုကြောင့်ဖြစ်တဲ့ အကြောရောင်နာတစ်မျိုးပါ။Juvenile rheumatoid arthritis(JRA) ဒါကို juvenile idiopathic arthritis လို့လည်းခေါ်ပြီး ကလေးတွေမှာဖြစ်တတ်တဲ့ အကြောရောင်နာတွေထဲက အဖြစ်အများဆုံး အကြောရောင်နာ တစ်မျိုးပါ။Rheumatic fever ။ဒါကတော့ Strep throat (ပိုးဝင်ခြင်းကြောင့်ဖြစ်တဲ့ လည်ချောင်းနာခြင်း) နဲ့ ဆက်စပ်နေတဲ့ နောက်ဆက်တွဲ ပြဿနာတစ်ခုပါ။ ဒါကတော့ ပြင်းထန်တဲ့ ရောဂါတွေနဲ့ ဆက်စပ်နေပြီး လေဖြတ်ခြင်းတွေ၊ နှလုံးကို ရာသက်ပန်ထိခိုက်စေတာတွေဖြစ်စေတတ်ပါတယ်။ တကယ်လို့များ မကုသရင်တော့ သေဆုံးသည်ထိ ဖြစ်နိုင်ပါတယ်။Kawasaki ရောဂါ။လေ့ကျင့်ခန်းမလုပ်ခင် သွေးပူလေ့ကျင့်ခန်းလုပ်ခြင်းက ခြေချင်းဝတ် ဒဏ်ရာရရှိမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ကိုယ်နဲ့ မှန်ကန်သင့်လျော်တဲ့ ရှူးဖိနပ်တွေစီးပြီး ဒေါက်ဖိနပ်တွေကို ရှောင်ကြဉ်တာကလည်း ခြေချင်းဝတ် ဒဏ်ရာရစေတာကနေ ကာကွယ်ပေးနိုင်ပါတယ်။ တကယ်လို့များ ခြေချင်းဝတ်မှာ ဒဏ်ရာ ရခဲ့ပြိဆိုရင် ဆရာဝန်ညွှန်ကြားချက်အတိုင်းလိုက်နာတာက အခြေအနေကို ပိုပြီး မြန်မြန်ဆန်ဆန်ကောင်းမွန်စေပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%81%e1%80%bc%e1%80%b1%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%b8%e1%80%9d%e1%80%90%e1%80%ba%e1%80%94%e1%80%ac%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%80%e1%80%ad/
နေ့လယ်ခင်း တစ်ရေးအိပ်တာ ကောင်းပေမယ့်
တစ်ရေးအိပ်တာ၊ နေ့လယ်ခင်း တစ်ရေးလောက် မှေးတာက ကျန်းမာရေး ကောင်းစေတယ်လို့ သိထားကြပါတယ်။ နေ့လယ်ခင်း တစ်ရေးအိပ်တာက သွေးတိုး ကျစေတယ်။ ဦးနှောက်စွမ်းဆောင်ရည် ကောင်းစေတယ်။ အာရုံစူးစိုက်မှု ကောင်းစေတယ် ဆိုပေမယ့် နေ့လယ်ခင်းကို ခဏခဏ တစ်ရေးအိပ်တာကတော့ မကောင်းပါဘူးတဲ့နော်။ ဒီအကြောင်းလေးကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။တစ်ရေးအိပ်တာကကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် လေ့လာမှု အသစ်တစ်ရပ်အရ နေ့လယ်ခင်းမှာ ခဏခဏ တစ်ရေးအိပ်တာကသွေးတိုးတာနဲ့ လေဖြတ်တာကို ခံစားရနိုင်တယ် ဆိုတာပါ။လေ့လာမှုအတွင်း နေ့လယ်ဘက် လုံးဝ မအိပ်တဲ့သူတွေထက် နေ့လယ်ဘက် ပုံမှန် အိပ်လေ့ရှိသူတွေက သွေးတိုးရောဂါ ခံစားရနိုင်ခြေ ၁၂ % နဲ့လေဖြတ်နိုင်ခြေ၂၄ % ပိုများနေပါတယ်။မကြာသေးခင်ကAmerican Heart Associationကထုတ်ပြန်ခဲ့တဲ့ လေ့လာမှု အသစ်တစ်ရပ်အရ နေ့လယ်ခင်းမှာ တစ်ရေးအိပ်လေ့ရှိတာက အမြဲလိုလို အိပ်မယ်ဆိုရင်သွေးတိုးရောဂါခံစားရနိုင်ခြေ နဲ့ လေဖြတ်နိုင်ခြေ ပိုများနေပါတယ်။မကြာခဏဆိုသလို နေ့လယ်ဘက် အိပ်လေ့ရှိတဲ့ သူတွေက သွေးတိုးတာနဲ့ဦးနှောက်ဆီ သွေးရောက်ရှိမှုနည်းတာကြောင့် လေဖြတ်တာမျိုး ခံစားရနိုင်ခြေ ပိုများနေပါတယ်။လေ့လာမှုအတွင်း သွေးတိုးရောဂါ မရှိသူနဲ့ လေဖြတ်တာက လုံးဝမခံစားရဖူးသူ ၃၅၈၄၁၅ ဦးကို ၁၁ နှစ်ကြာ လေ့လာခဲ့ပါတယ်။ လေ့လာမှုအတွင် နေ့လယ်ခင်း အိပ်စက်မှုနဲ့ ပတ်သက်ပြီး မကြာခဏ အိပ်လေ့ရှိတဲ့သူ၊ တစ်ခါတလေမှ အိပ်တဲ့သူ၊ လုံးဝမအိပ်တဲ့သူဆိုပြီး ခွဲခြား လေ့လာခဲ့ပါတယ်။လေ့လာမှု ရလဒ်အရ မကြာခဏဆိုသလို နေ့လယ်ဘက် တစ်ရေးအိပ်လေ့ရှိတဲ့သူတွေမှာ နေ့လယ်ခင်း မအိပ်တဲ့သူတွေထက် သွေးတိုးနိုင်ခြေ ၁၂ % ပိုများနေသလို လေဖြတ်နိုင်ခြေက ၂၄ % ပိုများနေပါတယ်။ အသက် ၆၀ အောက် လူငယ်တွေမှာ သွေးတိုးနိုင်ခြေက ၂၀ % ပိုများနေတာပါ။မကြာခဏမှေးတတ်တဲ့သူတွေကို ကြည့်လိုက်မယ်ဆိုရင် အများစုက အမျိုးသား၊ ပညာရေးနိမ့်ကျတဲ့သူ၊ ဝင်ငွေနည်းတဲ့သူ၊ နေ့တိုင်းနီးပါး အရက်ဆေးလိပ်သောက်သူ၊ အိပ်မပျော်ရောဂါရှိသူ၊ ဟောက်တတ်သူတွေ ဖြစ်စ်နေတာကို တွေ့ရပါတယ်။ ဒီအချက်တွေကလည်း သွေးတိုးရောဂါနဲ့ လေဖြတ်တာကို တွန်းပို့နေသလိုပါပဲ။နေ့လယ်ခင်းမှာ အိပ်တာက သွေးတိုးရောဂါနဲ့ လေဖြတ်နိုင်ခြေ ပိုများတယ်ဆိုတာကို တွေ့ရပေမယ့် ဒီနှစ်ခုကြားက ဆက်စပ်မှုကိုတော့ ထပ်ပြီး လေ့လာရဦးမှာပါ။နေ့တိုင်းလိုလို နေ့လယ်ခင်း တစ်ရေးအိပ်လေ့ရှိတဲ့သူတွေက အခြားသူတွေထက် သွေးတိုးတာနဲ့ လေဖြတ်တာကို ခံစားရနိုင်ခြေ ပိုများနေပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် တစ်ပတ်ကို  ၂ ကြိမ် ၃ ကြိမ်လောက်ပဲ နေ့လယ်ခင်းကို အိပ်သင့်ပါတယ်။ အိပ်တဲ့ အခါမှာလည်း မိနစ် ၂၀၊ နာရီဝက်ထက် ပိုမအိပ်သင့်ပါဘူး။အိပ်ရေးမဝတာကြောင့် နေ့လယ်ပြန်အိပ်ရတာဆိုရင်တော့ ညဘက်မှာ အိပ်ရေးဝဝ အိပ်ဖို့ အကြံပြုလိုပါတယ်။ အိပ်ရေးဝဝအိပ်တာက နှလုံးကျန်းမာစေသလို ဦးနှောက်ကိုလည်း ကျန်းမာစေပါတယ်။ကိုယ်ခံအားကောင်းစေပြီးစိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ဒါကြောင့် နေ့လယ်ခင်း တစ်ရေးအိပ်တာ ကောင်းပေမယ့် ခဏခဏဆိုရင် ရေရှည်မှာ ကျန်းမာရေး ထိခိုက်လာနိုင်တာကြောင့် သေချာလေး သတိထားဖို့ အကြံပြုလိုက်ပါရစေ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/frequent-napping-linked-to-high-blood-pressure-and-stroke-risk/
မသိမသာနဲ့ သက်တမ်းကိုလျော့စေတဲ့ အစားအသောက်တွေ
တစ်နေ့တာမှာ စားလိုက်တဲ့အစားအစာတွေကအာဟာရြဖစ်ရဲ့လားလို့တွေးမိဖူးလား။ တစ်နေ့တာမှာ စားလိုက်တဲ့အစားအစာတိုင်း ကအာဟာရမဖြစ်ပါဘူး။ ကြိုက်လို့ဆိုပြီးနေ့တိုင်းလိုလိုစားမိနေတဲ့ အချို့အစားအစာတွေက လူ့သက်တမ်းကိုတောင် တိုစေနိုင်ပါတယ်။ ဒီအစားအစာတွေကို ကိုယ်တိုင်လည်း စားမိနေနိုင်တာကြောင့် သတိထားနိုင်ဖို့ ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးပါရစေ။အာလူးကြော်။အကြာကြီးကြော်ထားတဲ့ အစားအသောက်တွေမှာacrylamide လို့ခေါ်တဲ့ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေပါဝင်နေပါတယ်။ ဒီဓါတ်က အာလူးကြော်မှာလည်း ပါပါတယ်။ ဒီဓါတ်တွေကိုနေ့စဉ်နဲ့အမျှစားမိတဲ့အခါ အူမကြီးကင်ဆာ၊ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အစာဟောင်းအိမ်ကင်ဆာတွေခံစားရနိုင်ပါတယ်။ ဒါကြောင့် အာလူးကြော်ကို ကြိုက်ရင်တောင် အိမ်မှာပဲကြော်စားပေးပါ။Hot Dogs။တာရှည်ခံပစ္စည်းတွေပါဝင်တာကြောင့် ကျန်းမာရေးအတွက် တကယ်ကိုမညီညွတ်တဲ့ အစားအစာတစ်ခုပါ။ Hot dogs ကိုစားသုံးတာကဆေးလိပ်သောက်သလိုပဲ ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။ အငန်ကဲတာနဲ့ တာရှည်ခံပစ္စည်းပါဝင်တာကြောင့်Hot dogs စားသုံးမှုကကင်ဆြာဖစ်နိုင်ခြေကိုတိုးစေနိုင်ပါတယ်။မာဂျရင်း။မနက်ခင်းတိုင်းပေါင်မုန့်ကို မာဂျရင်းလေးသုတ်ပြီး စားရတာကိုသဘောကျနေလား။ ဒါကတကယ်ရောကျန်းမာရေးအတွက်ကောင်းရဲ့လား။ မာဂျရင်းမှာ ဟင်းသီးဟင်းရွက်ဆီတွေနဲ့ အသွင်ပြောင်းအဆီတွေပါဝင်နေတာကြောင့်သွေးတွင်းကိုလက်စထရောကိုများစေနိုင်သလိုသွေးကြောတွေကို ထိခိုက်စေနိုင်ပြီးနှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။သကြား။ချိုချိုလေးမှ ကြိုက်တယ်ဆိုတဲ့သူတွေသတိထားပါ။အချိုဓါတ်က လူကို စွဲလမ်းစေတတ်သလိုသွေးတွင်းသကြားဓါတ်ကိုမြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့်ဆီးချို၊ကင်ဆာ၊အဝလွန်၊ နှလုံးရောဂါတွေကနေ ကင်းဝေးစေဖို့ အချိုတွေကိုလျှော့စားဖို့ပြောပါရစေ။ သကြားအစား သဘာဝပျားရည်စစ်စစ်ကို အစားထိုးစားသုံးပေးလို့ရပါတယ်။အချိုရည်တွေ။အချိုရည်တွေက ကျန်းမာရေးကို အထိခိုက်စေနိုင်ဆုံးအရာတွေထဲက တစ်ခုပါ။အရေပြား၊သွေးတွင်းသကြားဓါတ်၊ဟော်မုန်းပမာဏ နဲ့ စိတ်ခံစားမှုတွေအပေါ်မှာပါသက်ရောက်မှုရှိနေတာပါ။ အချိုရည်တွေက သကြားဓါတ်ပါဝင်မှုများသလိုတာရှည်ခံပစ္စည်းတွေလည်းပါဝင်နေတာကြောင့် ကျန်းမာရေးအတွက်ကောင်းကျိုးမရှိသလောက်ပါပဲ။ ဒါကြောင့် ကိုယ်တိုင် သစ်သီးကို လတ်လတ်ဆတ်ဆတ် ကြိတ်ပြီးသောက်ဖို့ပြောပါရစေ။အစားအသောက်တိုင်းကကျန်းမာရေးကိုထိခိုက်စေတာမဟုတ်ပေမယ့် တာရှည်ခံပစ္စည်းတွေ၊ အချိုပမာဏကဲတာတွေ နဲ့ အခြားသော အန္တရာယ်ရှိတဲ့ ဓါတုပစ္စည်တွေပါဝင်နေတာကြောင့်ကျန်းမာရေးကို ထိခိုက်စေတာပါ။ ဒါကြောင့် ကိုယ်စားသုံးလိုက်တဲ့ အစားအသောက်တွေကခန္ဓါကိုယ်ကို ထိခိုက်တာမျိုးမဖြစ်စေဖို့ အစားအသောက်တွေကိုစားသုံးတဲ့အခါ ပါဝင်ပစ္စည်းတွေက ဘာတွေလဲဆိုတာကိုသေချာဖတ်ကြည့်ပြီးရွေးစေချင်ပါတယ်။ဘေးကင်းတဲ့ စားသောက်မှုပုံစံကိုမွေးမြူကြဖို့ တိုက်တွန်းချင်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/everyday-foods-that-are-slowly-killing-you/
ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်း အကြောင်းများနှင့် ကုသမှုများ
ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်းဆိုသည်မှာ ခြေထောက်အောက်ဆုံးအပိုင်းတွင် ခုံးနေသော အနေအထားကို ထိန်းပေးထားသော ထူထဲသည့် တစ်သျူးအလွှာများရောင်ရမ်းခြင်းကို ခေါ်ပါသည်။ ခြေဖနောင့်နာခြင်းသည်လည်း ထိုဖြစ်စဉ်ကြောင့် အများဆုံးဖြစ်ရခြင်းဖြစ်သည်။ယင်းသို့ဖြစ်လျှင် အနားယူခြင်း၊ သက်တောင့်သက်သာရှိသော ဖိနပ်စီးခြင်း၊ ခြေဖနောင့်အောက်တွင် အနာသက်သာစေရန် ခုခံခြင်း၊ အနာပျောက်ဆေးများသောက်ခြင်း၊ လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့် နာကျင်မှုကို သက်သာစေနိုင်ပါသည်။ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းသည် အသက်ကြီးသူများတွင်ဖြစ်လေ့ရှိသော်လည်း ယင်းကိုဖြစ်စေသော အကြောင်းရင်းကို တိတိကျကျမသိရသေးပါ။သို့သော် ခြေထောက်ကို အမှတ်မထင်ဘဲ ထပ်ခါထပ်ခါ ထိခိုက်မှုများစုပေါင်းလာခြင်းမှ ကြာလာသောအခါ ဒဏ်ဖြစ်ခြင်းဖြစ်သည်ဟု ယူဆရပါသည်။ နာကျင်ဒဏ်ရာသည် ခြေဖနောင့်အရှေ့ ၄ စင်တီမီတာခန့်တွင်ဖြစ်တတ်ပြီး ထိလိုက်လျှင် နာကျင်တတ်ပါသည်။ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းကို ဖြစ်စေနိုင်သော အခြေအနေများမှာ အောက်ပါတို့ဖြစ်ပါသည်။· အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးလွှားခြင်း(အထူးသဖြင့် သင်သည်ထိုအပြုအမူများနှင့် ကျင့်သားမရသေးခြင်း၊ လှုပ်ရှားမှုနည်းသော နေထိုင်မှုပူံစံမျိုးဖြစ်ခြင်း)။· ခြေဖနောင့်နာစေသော၊ ခြေဖဝါးအောက်ခံ မကောင်းသော ရှုးဖိနပ်များ၊ ဒေါက်မြင့် ဖိနပ်များစီးခြင်း။· ကိုယ်အလေးချိန်များလွန်းခြင်းကလည်း ခြေထောက်အောက်ပိုင်း အခုံးနေရာကို ဖိအားများစေပြီး နာကျင်မှုဖြစ်စေသည်။· ခြေဖဝါးကို ဆွဲဆန့်သော အနေအထားများပြုလုပ်မိခြင်း (ဥပမာ- လှေကားထစ်များတက်ခြင်း၊ ခြေဖျားထောက်ခြင်း)။· ခြေချင်းဝတ်နေရာ အကွေးအဆန့်ကောင်းစွာမပြုလုပ်နိုင်သောသူများတွင်လည်း ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းဖြစ်စေနိုင်ပါသည်။ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများသည် အရွတ်များကဲ့သို့ပင် တဖြေးဖြေးချင်းသာ အနာကျက်ခြင်းဖြစ်သည့်အတွက် နာကျင်မှုသည် အချိန်ကြာမြင့်မည်ဖြစ်သည်။သို့သော် အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် အနာကျက်မြန်စေနိုင်ပါသည်။ပြေးလွှားခြင်း၊ လမ်းများများလျှောက်ခြင်း၊ ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း ၊ သင့်ခြေဖဝါးကို ဆွဲဆန့်သော အနေအထားပြုလုပ်ခြင်း စသည့် အပြုအမူများသည်ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းနေချိန်တွင် ဖြစ်နိုင်သမျှ ရှောင်ကျဉ်ရမည့် အရာများဖြစ်ပေသည်။မာကြောသော မျက်နှာပြင်များပေါ်တွင် ခြေဗလာနှင့် လျှောက်ခြင်း ရှောင်ကျဉ်ပါ။ သင့်ခြေဖနောင့်ကို ကောင်းမွန်စွာထောက်ပံမပေးနိုင်သော ရူးဖိနပ်များစီးခြင်းကိုရှောင်ကျဉ်ပါ။ ခြေညှပ်ဖိနပ်များစီးခြင်းထက် ကြိုးသိုင်းဖိနပ်များကို ပိုစီးသင့်ပါသည်။သင့်ခြေဖနောင့်အောက်နှင့် ခြေအခုံးအောက်တွင် သက်တောင့်သက်သာဖြစ်စေရန် ရေမြှုပ်ကဲ့သို့ ပစ္စည်းများကို ခုခံပေးပါ။ အမြဲတမ်းခုခံထားလျှင် ပိုကောင်းပါသည်။ ထိုသို့ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ သင့်ခြေဖနောင့်ကို ပုံမှန်ထက် ၁ စင်တီမီတာခန့်မြင့်တက်စေခြင်းဖြင့် အနာသက်သာစေသောကြောင့်ဖြစ်သည်။ခြေဖနောင့်ကို ရေခဲဖြင့် ၁၅- ၂၀ မိနစ်ခန့်ကပ်ပေးခြင်းဖြင့် အနာသက်သာစေပါသည်။ Paracetmol ကဲ့သို့ အနာပျောက်ဆေးများသည် အနာသက်သာစေသလို Ibuprofen အရောင်ကျဆေးများကိုလည်း တခါတရံသုံးစွဲနိုင်ပါသည်။ သို့သော်ထိုဆေးများမသောက်မီ ကျန်းမာရေးဝန်ထမ်းများ၏ အကြံပေးချက်များကို ခံယူသင့်ပါသည်။ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းသူအများစုသည် ခြေချင်းဝတ်အရွတ်များ တင်းနေခြင်းကြောင့်းအများဆုံးဖြစ်သောကြောင့် ခြေချင်းဝတ်နေရာကို ဖြေးညှင်းစွာ ဆွဲဆန့်ပေးခြင်းဖြင့် နာကျင်မှုများကို သက်သာစေပါသည်။ ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများသည် ညဘက်အိပ်ရာမှနိုးလျှင် တင်းမာပြီး နာကျင်မှုများကို ပိုဆိုးစေပါသည်။ထိုလေ့ကျင့်ခန်းကို ပြုလုပ်ခြင်းဖြင့် ခြေဖနောင့်၏ အောက်နှင့် အပေါ်တွင်ရှိသော တွယ်ဆက်တစ်သျူးများနှင့် အရွတ်များကို ပြေလျော့စေပြီး နာကျင်မှုကို သက်သာစေပါသည်။ ထို့ပြင် သင့်ဆရာဝန်ကလည်း ကိုယ်လက်သန်စွမ်းရေးကုထုံးများကို ကုသရန်အကြံပေးပါလိမ့်မည်။အချုပ်ဆိုရသော်ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းသည် မကုဘဲထားလျှင် နာတာရှည်သွားနိုင်ပါသည်။ ထို့ကြောင့် ပြန်လည်သက်သာစေရန် အထက်ပါနည်းများ လိုက်နာဆောင်ရွက်ပါ။ ထိုသို့မဟုတ်လျှင် ခြေဖဝါး၊ ဒူးနှင့် ပေါင်၊ တင်ပါးများနာကျင်ခြင်းကြောင့် သင့်နေ့စဉ်အလုပ်များကို ထိခိုက်လာနိုင်ပါသည်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/%e1%80%81%e1%80%bc%e1%80%b1%e1%80%96%e1%80%9d%e1%80%ab%e1%80%b8%e1%80%9b%e1%80%be%e1%80%ad%e1%80%90%e1%80%bd%e1%80%9a%e1%80%ba%e1%80%86%e1%80%80%e1%80%ba%e1%80%90%e1%80%85%e1%80%ba%e1%80%9e%e1%80%bb-3/
ကျောက်ချဉ် (Alum) ကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူး နဲ့ အသုံးဝင်ပုံများ
ကျောက်ချဉ် (alum) ဆိုတဲ့ အသံကိုကြားလိုက်မယ်ဆိုရင် ချိုင်းလိမ်းတဲ့နေရာမှာ သုံးတာလို့ပဲ အများစုက မြင်ပါလိမ့်မယ်။ ဒါပေမယ့် ကျောက်ချဉ်ကို အသုံးပြုလို့ရတဲ့ အခြားနည်းလမ်း‌တွေ အများအပြားရှိပါတယ်။ ကျောက်ချဉ်ဆိုတဲ့နေရာမှာလည်း ကျောက်ချဉ်အမျိုးအစားတွေက အမျိုးမျိုးရှိပြီး အိမ်တွင်းသုံးနည်းလမ်းတွေမှာ အသုံးပြုလို့ရတဲ့ ကျောက်ချဉ်က ပိုတက်ဆီယမ်ကျောက်ချဉ်တစ်မျိုးတည်းသာ ဖြစ်ပါတယ်။ကျောက်ချဉ်ကို ကမ္ဘာတလွှားမှာ ရေသန့်စင်ရာမှာနဲ့ ချိုင်းလိမ်းတဲ့နေရာမှာ အများဆုံးအသုံးပြုလေ့ရှိပါတယ်။ ကျောက်ချဉ်ကို ခံတွင်းအနာတွေ၊ ဖနောင့်ကွဲတာတွေကို သက်သာစေဖို့ အသုံးပြုနိုင်သလို ခံတွင်းနံ့ကောင်းစေဖို့လည်း အသုံးပြုနိုင်ပါတယ်။ ကျောက်ချဉ်က ဈေးသက်သာသလို ရောဂါတော်တော်များများအတွက် အိမ်တွင်းကုထုံးအဖြစ်လည်း အသုံးပြုပါတယ်။ကျောက်ချဉ်က ဆေးဖက်ဝင်သလို ကျန်းမာရေးကို အထောက်အကူပြုပေမယ့်လည်း ကိုယ်တွင်းဝေဒနာတွေအတွက် ကျောက်ချဉ်ကို စားသုံးတဲ့အခါ ခန္ဓာကိုယ်အတွက် သင့်တင့်မျှတတဲ့ပမာဏဖြစ်ဖို့ လိုအပ်ပါတယ်။ ကျောက်ချဉ်ကို အများအပြားစားသုံးမယ်ဆိုရင် ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ကျောက်ချဉ်ကို ကျန်းမာရေးနဲ့ညီညွတ်အောင်ဘယ်လိုအသုံးပြုရမလဲဆိုတာနဲ့ ကျောက်ချဉ်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။ကျောက်ချဉ် (Alum) ကနေ ရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူး နဲ့ အသုံးဝင်ပုံများ ကတော့။(၁)ခံတွင်းအနာတွေကို သက်သာစေခြင်း။ပါးစပ်ထဲမှာ အနာဖြစ်နေမယ်ဆိုရင်ကျောက်ချဉ်အနည်းငယ်ကိုယူ၊ အမှုန့်ကြိတ်ပြီး ခံတွင်းအနာပေါ်မှာ ဖိသိပ်ပေးပါ။ နည်းနည်းတော့ စပ်ဖျဉ်းဖျဉ်းနိုင်တယ်ဆိုပေမယ့် နောက်တစ်ရက်မှာ သက်သာသွားပါလိမ့်မယ်။ ကလေးငယ်လေးတွေမှာတော့ မလုပ်သင့်ပါဘူး။ကျောက်ချဉ်မှုန်ပမာဏများလွန်းသွားရင် ကလေးတွေမှာ အနာဖြစ်စေနိုင်တာကြောင့်ပါ။ ဆားအနည်းငယ်နဲ့ ကျောက်ချဉ်အနည်းငယ်ကိုရောပြီး ရေနွေးနဲ့ဖျော်စပ်ထားတဲ့ ခံတွင်းဆေးရည်နဲ့ အာလုပ်ကျင်းပေးပါ။ တစ်နေ့ကို ၂ ကြိမ်ကနေ ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။ ကျောက်ချဉ်မှုန့်ထည့်ထားတဲ့ ခံတွင်းဆေးရည်ကို မျိုမချမိအောင် သတိထားပါ။(၂) မျက်စိပြည်တည်နာ (eye abscess) ကို သက်သာစေခြင်း။ကျောက်ချဉ်က မျက်စိပြည်တည်နာအတွက် လည်းကောင်းတယ်လို့ဆိုပါတယ်။ ကျောက်ချဉ်ကိုစန္ဒကူးအနှစ်နဲ့ ရောစပ်ပြီး အသုံးပြုလို့ရပါတယ်။ ကျောက်ချဉ်ကို နှစ်ချီပြီး ထားလို့ရပါတယ်။(၃) ခြေဖနောင့်ကွဲတာတွေကို သက်သာစေခြင်း။ကျောက်ချဉ်မှုန့်ကခြေဖနောင့်ကွဲတာကို ကုသရာမှာလည်း အသုံးဝင်ပါတယ်။ ကျောက်ချဉ်ကို အပူပေး အအေးခံပြီးတဲ့နောက်မှာ အမှုန့်ကြိတ်ပြီး အုန်းဆီနဲ့ရောစပ်ပြီးလိမ်းပေးလို့ရပါတယ်။(၄) မုတ်ဆိတ်ရိတ်တာအတွက် အသုံးပြုနိုင်ခြင်း။ကျောက်ချဉ်အရည်ကို မုတ်ဆိတ်ရိတ်ပြီးတဲ့အခါ လိမ်းလေ့ရှိပါတယ်။ ပထမဆုံးတစ်ကြိမ်မှာတော့ ဘာမှသိပ်သိသာမှာမဟုတ်ပေမယ့် ဆက်တိုက်အသုံးပြုမယ်ဆိုရင်တော့အသားအရေအတွက် အကျိုးထူးတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။(၅) ရေသန့်စင်အောင်လုပ်ဆောင်ပေးနိုင်ခြင်း။ကျောက်ချဉ်ကရေကိုသန့်စင်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ရွှံရည်တွေကို သန့်စင်စေပါတယ်။ကျောက်ချဉ်က ရေထဲမှာပါတဲ့ အနယ်အနှစ်တွေကို စစ်ထုတ်အနည်ထိုင်စေနိုင်တဲ့အစွမ်းရှိပါတယ်။(၆) ချွေးနံ့ပျောက်ဆေးအဖြစ်အသုံးပြုနိုင်ခြင်း။ကျောက်ချဉ်မှာ အနံ့ဆိုးတွေကို တိုက်ဖျက်နိုင်ပြီးဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့်ချွေးနံ့ပျောက်ဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ နေ့စဉ်အသုံးပြုပေးဖို့တော့လိုအပ်ပါတယ်။(၇) အမွေးကျွတ်ဆေး(hair removal)အဖြစ် အသုံးပြုနိုင်ခြင်း။ကျောက်ချဉ်ကို အမျိုးသမီးတွေမှာ ခန္ဓာကိုယ်မှာပေါက်တတ်တဲ့ မလိုလားအပ်တဲ့ အမွေးအမျှင်တွေကို ဖယ်ရှားဖို့ လည်းအသုံးပြုလို့ရပါတယ်။(၈) အရေးအကြောင်းတွေကို သက်သာစေခြင်း။ကျောက်ချဉ်ကအရေပြားကို တင်းရင်းစေနိုင်တာကြောင့် မျက်နှာနဲ့လည်ပင်းတဝိုက်မှာဖြစ်တဲ့ အရေးအကြောင်းတွေကို လျော့ပါးသက်သာစေဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ မျက်နှာအတွက် အစိုဓာတ်ထိန်းပေးတဲ့ လိမ်းစရာအနေနဲ့လည်း အသုံးပြုလို့ရပါတယ်။(၉) ဝက်ခြံတွေကို သက်သာစေခြင်း။ကျောက်ချဉ်ကို ကြက်ဥအကာနဲ့ ရောစပ်ပြီး ဝက်ခြံတွေအတွက် အသုံးပြုလို့လည်းရပါတယ်။ ကျောက်ချဉ်က ဝက်ခြံတွေအတွက်လည်း အရမ်းကောင်းပါတယ်။(၁၀) သန်းကင်းစေနိုင်ခြင်း။ဆံပင်မှာသန်းတွယ်နေရင်လည်းကျောက်ချဉ်ကို အသုံးပြုပြီး သန်းကင်းအောင်လုပ်ဆောင်လို့ရပါတယ်။ ကျောက်ချဉ်၊ လက်ဖက်ဆီနဲ့ ရေတို့ကိုရောစပ်ပြီး သန်းကင်းဆေးအဖြစ်အသုံးပြုလို့ရပါတယ်။(၁၁) ခံတွင်းသန့်စင်ဆေးအဖြစ်အသုံးပြုနိုင်ခြင်း။ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားတာက ခံတွင်းနံ့ဆိုးရစေတဲ့ အဓိကအကြောင်းအရင်း တစ်ရပ်ဖြစ်ပါတယ်။ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ အက်ဆစ်တွေကြောင့်လည်း ခံတွင်းနံ့ဆိုးတာမျိုးရှိပါတယ်။ ခံတွင်းကို ကျောက်ချဉ်ရည်နဲ့ ဆေးကြောပေးတာက ဘက်တီးရီးယားတွေပေါက်ဖွားတာကို ကာကွယ်ပေးနိုင်ပါတယ်။(၁၂) အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာကို တားဆီးပေးနိုင်ခြင်း။ကျောက်ချဉ်မှုန့်မှာ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာကို တိုက်ထုတ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိမှန်း လူတော်တော်များများကမသိကြပါဘူး။ ကျောက်ချဉ်မှုန့်က အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာကို တားဆီးပေးနိုင်သလို အရေပြားကိုချောမွေ့တောက်ပစေပါတယ်။(၁၃) ဆားဝက်ခြံတွေကို သက်သာစေခြင်း။ကျောက်ချဉ်မှုန့်ကို ရေ (သို့) rose water တို့နဲ့ရောစပ်ပြီး ဆားဝက်ခြံတွေပေါ်ကို လိမ်းပေးလို့ရပါတယ်။ မျက်နှာပါင်းတင်လို့လည်း ရပါတယ်။(၁၄) ချိုင်းမည်းတာကို သက်သာစေနိုင်ခြင်း။ချိုင်းမည်းတာတွေကို ကျောက်ချဉ်သုံးပြီး သက်သာအောင် လုပ်လို့ရပါတယ်။ နေ့စဉ်တော့ အသုံးမပြုသင့်ပါဘူး။(၁၅) မျက်ကွင်းညိုတာကို သက်သာစေခြင်း။ကျောက်ချဉ်ကို မျက်ကွင်းညိုတာအတွက်လည်းအသုံးပြုလို့ရပါတယ်။ကျောက်ချဉ်မှုန့်ကို ရေနဲ့ရောပြီး မျက်ကွင်းညိုတဲ့နေရာတွေမှာ အသုံးပြုပေးလို့ရပါတယ်။ သတိထားအသုံးပြုဖို့တော့လိုအပ်ပါတယ်။(၁၆) သဲဝဲစားတာကို သက်သာစေခြင်း။ကျောက်ချဉ်ကို သဲဝဲစားတာအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ကျောက်ချဉ်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်းကိုရေနွေးထဲထည့်ပြီး ခြေထောက်စိမ်ပေးလို့ရပါတယ်။ အနည်းဆုံးမိနစ် ၂၀ စိမ်ထားပေးရမှာဖြစ်ပါတယ်။(၁၇) ဗောက်ပျောက်စေနိုင်ခြင်း။ခေါင်းလျှော်တဲ့အခါ ကျောက်ချဉ် အနည်းငယ် ထည့်လျှော်ပေးမယ်ဆိုရင် ဗောက်တွေကို သက်သာစေပြီး ဦးရေပြားယားယံတာကို သက်သာစေမှာဖြစ်ပါတယ်။ အများကြီးမသုံးမိဖို့တော့ သတိပြုရမှာဖြစ်ပါတယ်။ကျောက်ချဉ်ကို အလွန်အကျွံသုံးစွဲမယ်ဆိုရင်တော့ သတိလစ်တာနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ အရေပြားမှာ အသုံးပြုမယ်ဆိုရင် တည့်မတည့် အရင်စမ်းဖို့ လိုပါတယ်။ ဒါက အိမ်တွင်းကုထုံးသာ ဖြစ်တဲ့အတွက် ကိုယ့်မှာ ခံစားနေရတဲ့ ဝေဒနာ မသက်သာဘူးဆိုရင် ကျောက်ချဉ်ကိုပဲ အားမကိုးဘဲ တတ်ကျွမ်းနားလည်သူနဲ့ ပြသသင့်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/alum-benefits/
အလေ့ကျပေါက်တဲ့ သကြားသီး လေးက ဒီလိုဆေးဖက်ဝင်ပါတယ်
ဒီ သကြားသီး ဆိုတာက ဈေးကွက်ထဲမှာရောင်းချနေတဲ့ သကြားသီး မဟုတ်ပါဘူး။ အလေ့ကျပေါက်ပင်လိုမျိုးတွေ မိမိပတ်ဝန်းကျင်မှာမြင်တွေ့နေရတဲ့ အသီးနီနီလေးတွေ သီးတဲ့ သကြားပင်ရဲ့ အသီးနီနီလေးတွေကို ဆိုလိုချင်တာပါ။ အသီးလေးတွေက သီးစမှာ အစိမ်းရောင်ဆိုပေမယ့် မှည့်လာတဲ့အခါ အနီရောင် လေးတွေဖြစ်လာပါတယ်။ အခွံကခပ်ပျော့ပျော့ရှိပြီး တစ်လုံးလုံးကို စားလို့ရပါတယ်။ အခုတစ်ခေါက် ဒီအသီးလေးတွေက ဘယ်လိုဆေးဖက်ဝင်လဲ ဆိုတာကိုပြောပြပေးပါရစေ။ ဒီအပင်က ဖိလစ်ပိုင်နဲ့မက္ကဆီကို မျိုးရင်းပင်တွေပါ။သကြားသီး ဆိုတာက အရွက်မှာ ခပ်စူးစူး အမွှေးပါးပါးလေး ပါပြီး အဖြူရောင်အပွင့်လေးတွေ ပွင့်တတ်တဲ့ အပင်ကနေ သီးတဲ့ အနီရောင် သကြားသီးလေးတွေပါ။ အသီးလေးတွေက သီးစမှာ အစိမ်းရောင်ဆိုပေမယ့် မှည့်လာတဲ့အခါ အနီရောင် လေးတွေဖြစ်လာပါတယ်။ အခွံကခပ်ပျော့ပျော့ရှိပြီး တစ်လုံးလုံးကို စားလို့ရပါတယ်။ဒီအပင်က ဖိလစ်ပိုင်နဲ့မက္ကဆီကို မျိုးရင်းပင်တွေပါ။ မြန်မာနိုင်ငံမှာလည်း ပေါက်ရောက်ပါတယ်။အရောင်ရဲရဲလေးနဲ့ သကြားသီးလေးက။သကြားသီးကခန္ဓာကိုယ်ထဲကို ပြင်ပက ဘက်တီးရီးယားတွေမဝင်ရောက်နိုင်အောင် တိုက်ထုတ်ပေးပါတယ်။ သကြားသီးမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိနေတာကြောင့် ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။သကြားသီးက ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်ပါတယ်။ သဘာဝ အရောင်ကျဆေးတစ်မျိုးလို့လည်း ဆိုလို့ရပါတယ်။ သကြားသီးက အရောင်ကျဆေးတွေ နီးပါး ထိရောက်မှုရှိ ပါတယ်။အဖျားကိုလည်း သက်သာစေနိုင်ပါတယ်။ဂေါက်ရောဂါဆိုတာက အဆစ်တွေရောင်ရမ်းပြီး နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။အဆစ်ထဲကနေ တဆစ်ဆစ်နာပြီး နီရဲရောင်ရမ်းနေတတ်ပါတယ်။ဂေါက်ရောဂါက အမျိုးသားတွေမှာ အဖြစ်များပြီး အဆစ်တွေ၊ အရွတ်တွေနဲ့ အခြားတစ်ရှူးတွေကို ထိခိုက်စေနိုင်ပါ တယ်။ သကြားသီးကို ဂေါက်ရောဂါသက်သာစေဖို့အတွက် စားသုံးပေးလို့ရပါတယ်။ တစ်နေ့ကို သကြားသီး ၉ လုံးကနေ ၁၂ လုံးအထိစားသုံးပေးမယ်ဆိုရင် အရိုးအဆစ်တွေထိခိုက်နာကျင်တာကို သက်သာစေနိုင်မှာပါ။ဖလေဗာနွိုက်ကြွယ်ဝတဲ့ အစားအစာတွေက ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုနဲ့ လုပ်ဆောင်မှုတွေကောင်းမွန်အောင် အထောက်အကူပြုပေးပါတယ်။ သကြားသီးမှာ ဖလေဗာနွိုက်ကြွယ်ဝစွာပါဝင်နေတာကြောင့်သိမြင်မှုစွမ်းရည်ကို ကောင်းမွန်စေပြီး လူကြီးတွေမှာဖြစ်တတ်တဲ့ အသက်အရွယ်ရလာလို့ မေ့တတ်တာကိုလည်း သက်သာစေနိုင်ပါတယ်။သကြားသီးမှာပါတဲ့ Cytoxic Flavnoids က ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ရာမှာ တော်တော်လေးအသုံးဝင်ပါတယ်။ အသီးတင်မကဘဲ သကြာသီးပင်ရဲ့ အရွက်ကပါ ကင်ဆာကိုတိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိနေတာပါ။ရင်သားကင်ဆာကလွဲလို့ အခြားကင်ဆာတွေကိုတိုက်ဖျက်ရာမှာ သကြားသီးက အထောက်အကူပြုပေးပါတယ်။သကြားသီးမှာ ခန္ဓာကိုယ်တွင်းမှာ ယူရစ်အက်ဆစ်တွေ ပိုလျှံနေတာမျိုးမဖြစ်အောင် ကာကွယ်ရာမှာ အထောက်အကူပြုပေးတဲ့ Anthrosyanin လို့သိကြတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေပါတယ်။ သကြားသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက ကိုယ်တွင်း ယူရစ်အက်ဆစ်ပမာဏကို ကျဆင်းစေနိုင် ပါတယ်။သကြားသီးမှာပါတဲ့ဖလေဗာနွိုက်က ခန္ဓာကိုယ်မှာ ကင်ဆာကျိတ်တွေ ဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။ သကြားသီးရဲ့ အရွက်နဲ့ ပင်စည်တွေမှာပါ ကင်ဆာကျိတ်ကို တားဆီးနိုင်တဲ့ အာနိသင်ရှိတာပါ။သကြားသီးမှာပါတဲ့ ဒြပ်ပေါင်းက အစာအိမ်ထဲမှာ လေထတာကို သက်သာစေနိုင်ပါတယ်။ သကြားသီးက လေသက်စေနိုင်သလို၊ ဓာတ်တိုးဆန့်ကျင်အာနိသင်လည်းရှိပြီး ရောင်ရမ်းမှုကိုလည်း လျော့ပါးသက်သာစေ နိုင်ပါတယ်။သကြားသီးက ချိုတယ်ဆိုပေမယ့်သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးနိုင်စွမ်းရှိပါတယ်။ ဆီးချိုသမားတွေအနေ နဲ့ သကြားသီးကိုစားသုံးပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်မှာဖြစ်ပါတယ်။သကြားသီးရော သကြားသီးပင်ရဲ့ အပွင့်ကပါ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို လျော့ပါးသက်သာစေနိုင်ပါတယ်။သကြားသီးမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်တွေပါဝင်နေပါတယ်။ သကြားသီးက သွေးတွင်းအဆီနဲ့ကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး ဝမ်းလည်းမှန်စေပါတယ်။အစာအိမ်အနာရှိသူတွေအနေနဲ့ သကြားသီး စားသုံးပေးသင့်ပါတယ်။ သကြားသီးက အစာအိမ်အနာကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်ခုပါ။ သကြားသီးပင်က ရောင်ရမ်းနာကျင်မှုကိုလျော့ပါးသက်သာစေနိုင်တာကြောင့် အစာအိမ်ထဲက အနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။သကြားသီးမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပါဝင်တာကြောင့်ကိုယ်ခံအားကို ကောင်းမွန်စေနိုင်ပါတယ်။ ကိုယ်ခံအားနည်းသူတွေအတွက် အထူးသင့်တော်ပါတယ်။ သွေးအားနည်းသူတွေလည်းစားသုံးပေးသင့်ပါတယ်။သကြားသီးမှာ ဗီတာမင် C ပါဝင်တာကြောင့်အအေးမိ၊ ချောင်းဆိုး၊ တုပ်ကွေးရောဂါတွေလိုမျိုး ကိုယ်ခံအားနည်းတာကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။သကြားသီးပင်အရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့် နှလုံးသွေးကြောကျဉ်းတာ၊ နှလုံးရောဂါတွေကို သက်သာစေနိုင်ပါတယ်။ သကြားသီးက နှလုံးဆိုင်ရာ ဝေဒနာတွေဖြစ်မလာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။သကြားသီးရောအရွက်ကပါအအေးမိတုပ်ကွေးဝေဒနာကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ဝေဒနာကို သက်သာစေနိုင် ပါတယ်။ ခေါင်းကိုက်တဲ့အခါ သကြားသီးကို စားပေးတာဖြစ်ဖြစ် အရွက်ကို ရေစင်အောင်ဆေးပြီး ရေနွေးထဲ ခတ်သောက်တာမျိုးဖြစ်ဖြစ်လုပ်လို့ရပါတယ်။လူတိုင်းလိုလို စားလို့ ရပါတယ်။ အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/ceri-kampung/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/all-about-milk/
ခြေကျင်းဝတ်နာကျင်ခြင်း - ရောဂါလက္ခဏာများ
သင့်ရဲ့ ခြေချင်းဝတ်နဲ့ပတ်သက်တဲ့ပြဿနာတွေကို သင်ခံစားနေရနိုင်ပါတယ်။ နာကျင်မှုတွေ၊ အားနည်းမှုတွေ ဒါမှမဟုတ် အခြားသောအရာတွေကို ခံစားနေရနိုင်ပါတယ်။ ဒါတွေက သင့်ရဲ့ကျန်းမာရေးအကြောင်းဘာတွေပြောနေသလဲဆိုတာကို လေ့လာကြည့်ရအောင်။ခြေချင်းဝတ်နာကျင်ခြင်းဟာ ခြေချင်းဝတ်မှာ ဒဏ်ရာရရှိခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ဥပမာ – ကြွက်သားညောင်းညာတာ၊ တင်းမာနေတာတွေနဲ့ ကျိုးပဲ့တာတွေကြောင့်ဖြစ်နိုင်ပါတယ်။ကြွက်သားညောင်းညာခြင်းဟာ အဖြစ်အများဆုံး ခြေချင်းဝတ်ပြဿနာပါပဲ။ ဒီမှာတော့ သင့်ရဲ့ ခြေချင်းဝတ်မှာရှိတဲ့ အရွတ်တွေဟာ စုတ်ပြဲသွားတာ ဒါမှမဟုတ် ကွာသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ သင့်တစ်သက်တာမှာ ခြေချင်းဝတ်လည်သွားတာမျိုး တစ်ခါလောက်တော့ ရှိဖူးပါလိမ့်မယ်။ဒါပေမဲ့ ဒီခြေချင်းဝတ်လည်ခြင်းဟာ ရောင်ရင်းခြင်းနဲ့ နာကျင်ခြင်းတွေဖြစ်ခဲ့မယ်ဆိုရင်တော့ ခြေချင်းဝတ်က ကြွက်သားတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီလို အဖြစ်မျိုးတွေ ထပ်ကာထပ်ကာဖြစ်တယ် ဒါမှမဟုတ် ပြင်းပြင်းထန်ထန်ဖြစ်ရင်တော့ နောက်ပိုင်းမှာ နာတာရှည်ခြေချင်းဝတ်နာတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။အဖြစ်များတဲ့ လက္ခဏာတွေကတော့-။ထိခိုက်တဲ့နေရာမှာ ရောင်ရမ်းပြီး အညိုအမည်းစွဲခြင်း။သင်ရွေ့လျားလိုက်တဲ့အခါတိုင်း ဒါမှမဟုတ် ခြေထောက်ပေါ် အလေးတစ်ခုခုတင်လိုက်တိုင်း နာကျင်ခြင်း။ထိလိုက်တဲ့အချိန်တိုင်း ကျဉ်နေခြင်း။တစ်ခုခုစုတ်ပြဲနေသလို ခံစားရခြင်း။မကုသဘဲထားလိုက်တဲ့အချိန်မှာ နာကျင်မှုတွေ ပိုပြီးပြင်းထန်လာခြင်း စတာတွေပါ။Strain ကတော့ ကြွက်သားတွေ ဆွဲဆန့်ခံရပြီး စုတ်ပြဲသွားတဲ့အချိန်မှာ ဖြစ်တတ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့။ခြေချင်းဝတ်နဲ့ အဆစ်တွေကို အသုံးပြုတဲ့အချိန်တိုင်း ဒါမှမဟုတ် အနားပေးလိုက်တဲ့အချိန်တိုင်းမှာ ကြွက်သားတွေနာကျင်ခြင်း။ထိခိုက်တဲ့နေရာမှာ ရောင်ရမ်းခြင်း၊ အညိုအမည်းစွဲခြင်းနဲ့ နီရဲခြင်း။ခြေချင်းဝတ်ရဲ့ ထိခိုက်ထားတဲ့နေရာတွေမှာ ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေ လျော့ကျလာခြင်း။ခြေချင်းဝတ်ကျိုးခြင်းဟာ ခြေချင်းဝတ်မှာရှိတဲ့ အရိုး တစ်ခု သို့မဟုတ် တစ်ခုနဲ့အထက် ကျိုးသွားတဲ့ အခြေအနေမှာဖြစ်ပေါ်ပါတယ်။ ဒီလိုကျိုးခြင်းဟာ ရိုးရှင်းတဲ့အခြေအနေကနေ ပြင်းထန်တဲ့အခြေအနေထိ ဖြစ်ပေါ်နိုင်ပါတယ်။အရိုးတစ်ချောင်း ရိုးရိုးကျိုးခြင်းဟာ သင့်ရဲ့လှုပ်ရှားမှုတွေကို ကန့်သတ်ထားမှာ မဟုတ်ဘဲ ပြင်းထန်တဲ့ ကျိုးပဲ့ခြင်းတွေကတော့ သင့်ရဲ့ လှုပ်ရှားမှုနိုင်တဲ့ အတိုင်းအတာကို လျှော့ချနိုင်သလို ခြေချင်းဝတ်ပေါ်ကိုလည်း ဘယ်လိုဖိအားမျိုးမှ ပေးနိုင်တော့မှာ မဟုတ်ပါဘူး။တကယ်လို့ ခြေချင်းဝတ်မှာ အရိုးကျိုးတာမျိုး ရှိခဲ့ရင် ဒီလက္ခဏာတွေ သင့်မှာ ရှိနေနိုင်ပါတယ်။ရုတ်တရက်ပြင်းပြင်းထန်ထန် နာကျင်ခြင်း။ခြေချင်းဝတ်မှာ ရောင်ရမ်းပြီး အညိုအမည်းစွဲခြင်း။ထိလိုက်ရင် နာကျင်ခြင်း။ပုံမှန်မဟုတ်တဲ့ ပုံသဏ္ဍာန်ဖြစ်နေခြင်း။ခန္ဓါကိုယ်ရဲ့ အချို့သော ရောဂါတွေကလည်း ခြေချင်းဝတ်ကို ထိခိုက်စေနိုင်ပြီး နာကျင်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ သူတို့မှာတော့ Osteoarthritis, rheumatoid arthritis , လေးဘက်နာ သို့မဟုတ် ပိုးဝင်ပြီးအဆစ်နာခြင်း စတာတွေ ပါဝင်ပါတယ်။ဒါကတော့ အဖြစ်အများဆုံးပြဿနာဖြစ်ပါတယ်။ သင့်မှာ ဒီပြဿနာ ရှိခဲ့တယ်ဆိုရင်တော့ ခြေချင်းဝတ် အဆစ်ရဲ့ အရိုးတွေကြားမှာ ကြားခံအဖြစ်ဆောင်ရွက်ပေးတဲ့ cartilage ဟာ ထိခိုက်ပျက်စီးသွားလို့ပါ။အဖြစ်များတဲ့ လက္ခဏာတွေကတော့-။ခြေချင်းဝတ်ကို ထိလိုက်တဲ့အချိန်တိုင်း နာကျင်ခြင်း။ဖြစ်တဲ့ နေရာတစ်ဝိုက်မှာ နာကျင်ခြင်း။ခြေချင်းဝတ် မလှုပ်ရှားနိုင်ခြင်း။ခြေချင်းဝတ်က အလေးချိန်တွေကို ခံနိုင်ရည်မရှိခြင်း။ခြေချင်းဝတ်အဆစ်မှာ ရောင်ရမ်းခြင်း၊ တောင့်တင်းခြင်း။ဒါကတော့ သင့်ရဲ့ ခုခံအားစနစ်က အဆစ်တွေကို တိုက်ခိုက်တဲ့အချိန်မှာ ဖြစ်ပေါ်ပါတယ်။ ဒါဟာ နာတာရှည်အခြေအနေတစ်ခုဖြစ်ပြိး အဆစ်တွေကတော့ ရောင်ရမ်းတာ၊ တောင့်တင်းတာနဲ့ နာကျင်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါဟာ အနီးနားမှာရှိတဲ့ cartilage နဲ့ အရိုးတွေကို ထိခိုက်စေနိုင်ပါတယ်။သင့်မှာ ဒီပြဿနာရှိခဲ့ရင်တော့ အဖြစ်များတဲ့ ဒီလက္ခဏာတွေ တွေ့ရမှာပါ။ခြေချင်းဝတ်တွင် နာကျင်ခြင်း။ရောင်ရမ်းခြင်း၊ တောင့်တင်းခြင်း။ပင်ပန်းခြင်းနဲ့ ကိုယ်အလေးချိန်ကျခြင်း။အဆစ်တွေမှာ ပူနွေးနေခြင်း။ခြေချင်းဝတ်ကို သိပ်မလှုပ်ရှားနိုင်ခြင်း။လေးဘက်နာကတော့ သွေးထဲမှာ ယူရစ်အက်စစ်တွေ များနေတဲ့အခါ ဖြစ်တတ်ပါတယ်။ ပြီးရင်တော့ ယူရစ်အက်စစ်တွေဟာ ကျောက်တွေအဖြစ် အဆစ်တွေမှာ ဖြစ်ပေါ်လာပါတယ်။ အချိန်တွေကြာလာတဲ့အခါ လေးဘက်နာဟာ အဆစ်တွေ၊ ကြွက်သားကြောတွေနဲ့ အခြားသော တစ်သျှူးတွေကို ထိခိုက်စေနိုင်ပါတယ်။အဖြစ်များတဲ့ လက္ခဏာတွေကတော့ နာကျင်ခြင်း၊ ရောင်ယမ်းခြင်း၊ နီရဲခြင်းနဲ့ ပူခြင်း စတာတွေပါ။ သင်က လမ်းလည်းမလျှောက်နိုင်၊ မတ်တပ်လည်းမရပ်နိုင်တဲ့အခြေအနေမျိုးလည်း ဖြစ်နိုင်ပါတယ်။ဒါကိုတော့ septic arthritis လု့ိလည်းခေါ်ပြီး ခြေချင်းဝတ်အဆစ်မှာ ပိုးဝင်တာပါ။ ပိုးဝင်ခြင်းဟာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် သို့မဟုတ် မှိုကြောင့်ဖြစ်တတ်ပါတယ်။ လက္ခဏာတွေမှာတော့-။အဆစ်မှာ နာကျင်ခြင်း။ထိခိုက်တဲ့နေရာမှာ ရောင်ရမ်း နီရဲခြင်း။အနည်းငယ်ဖျားပြီး ကြက်သီးထခြင်း။လမ်းလျှောက်ရခက်ခဲခြင်း သို့မဟုတ် ထိခိုက်ထားတဲ့ ခြေချင်းဝတ်အဆစ်လှုပ်ရှားဖို့ ခက်ခဲခြင်း။အချို့သော ဆေးဝါးတွေနဲ့ အိမ်မှာအရင်ကုသကြည့်ပါ။ ဒါပေမဲ့ ကျွမ်းကျင်သူတွေဆီက အကူအညီကို ဘယ်တော့ယူရမယ်ဆိုတာ သိဖို့ကလည်း အရေးကြီးပါသေးတယ်။ဆေးပညာဆိုင်ရာ အကူအညိအတွက်-။တကယ်လို့ သင့်ရဲ့ လက္ခဏာတွေက ပြင်းထန်နေခဲ့ပြီး အောက်ပါအချက်တွေထဲက တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ဆေးရုံသို့မဟုတ် ဆေးကုသရေးစင်တာ တစ်ခုခုကို သွားသင့်ပါပြီ။ခြေချင်းဝတ်မှာ ပြင်းပြင်းထန်ထန် နာကျင်တာ။ခြေချင်းဝတ်ရောင်နေတာ။ထိခိုက်မိတဲ့နေရာမှာ အနာတွေ့တာ (open wound)။ထိခိုက်မိတဲ့ခြေချင်းဝတ်က ပုံနဲ့ မတူဘဲ လုံးဝ ကွဲပြားခြားနားနေတာ။ခြေချင်းဝတ်မှာဖြစ်နေတဲ့ ပြဿနာနဲ့ဆက်စပ်နေတယ်လို့ထင်ရတဲ့ ပိုးဝင်တာမျိုး ရှိနေတယ်ထင်ရင် ဆိုလိုတာက သိပ်မပြင်းထန်တဲ့ အဖျားရှိမယ် (၃၇၊ ၃၈ ဒီဂရီ ဆဲလ်စီးယပ်စ်လောက်ရှိမယ်)၊။နာကျင်မှုတွေ၊ နီရဲနေတာတွေနဲ့ နာကျင်နေတဲ့ နေရာတစ်ဝိုက်မှာ ပူနေတာတွေရှိခဲ့မယ်ဆိုရင်။လှုပ်ရှားရခက်ခဲနေတယ်ဆိုရင်။ ဆိုလိုတာက သင်က မလှုပ်ရှားနိုင်ဘူး ဒါမှမဟုတ် ခြေချင်းဝတ်က ဘာအလေးချိန်ကိုမျ မခံနိုင်ဘူးဆိုရင်။ဆရာဝန်က အချို့သောဆေးဝါးတွေ ဒါမှမဟုတ် ကုထုံးတွေ ဥပမာ- အပူ၊အအေးကုထုံး (hot/ cold compresses) တွေကိုညွှန်းပေးနိုင်ပါတယ။် ဒါမှမဟုတ် သင့်ရဲ့ခြေချင်းဝတ်နာတာ သက်သာဖို့အတွက် အိမ်တွင်းဆေးဝါးတွေကိုလည်း သင်အသုံးပြုနိုင်ပါတယ်။ဒါပေမဲ့ ရက်သတ္တပတ် အနည်းငယ်ကြာလာတဲ့ထိ ခြေချင်းဝတ်နာတာက မပျောက်ကင်းဘူးဆိုရင်တော့ ဆရာဝန်နဲ့ တွေ့သင့်ပါပြီ။ သင့်ဆရာဝန်နဲ့ ဒီပြဿနာအကြောင်းတွေ၊ အခြားထိရောက်မယ့် ကုထုံးတွေအကြောင်း ဆွေးနွေးနိုင်ပါတယ်။ဆရာဝန်တွေနဲ့ တွေ့တဲ့အခါ သူတို့က ဖြစ်ရတဲ့ အဓိက အကြောင်းရင်းပေါ်မူတည်လို့ ရောဂါအမည်တပ်ပါလိမ့်မယ်။ရောဂါတစ်ခုကို အတည်ပြုနိုင်ဖို့အတွက် ပထမဆုံးလုပ်ရတာက ဆေးမှတ်တမ်းတွေကို ပြန်လည်စစ်ဆေးတာပါ။ သူတို့သင့်ကိုမေးနိုင်တဲ့ မေးခွန်းအချို့ကို ဒီမှာဖော်ပြထားပေးပါတယ်။သင့်ရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ခြေချင်းဝတ်မှာ နာကျင်မှုတွေ၊ ထုံကျဉ်မှုတွေနဲ့ အားနည်းမှုတွေ ခံစားနေရသလား။ဒီလက္ခဏာတွေပေါ်တာ ဘယ်လောက်ကြာပြီလဲ။အားကစားနဲ့ပတ်သက်တဲ့ ဒဏ်ရာတစ်ခုခုများ ဒီရက်ပိုင်းရထားသေးလား။ ချော်လဲတာ ဒါမှမဟုတ် ယာဉ်မတော်တဆမှု တစ်ခုခု စသဖြင့်။ခြေချင်းဝတ်ကို ဘယ်လိုကုသထားသလဲ။ နာကျင်မှုသက်သာဖို့ ဘာတွေ လုပ်ခဲ့သလဲ။ ဒါမှမဟုတ် ရောင်ရမ်းမှုသက်သာဖို့ ဘာတွေလုပ်လဲ။အရင်ကရော ခြေချင်းဝတ်ပြဿနာ တစ်ခုခုရှိဖူးလား။အဲ့လိုအခြေအနေဖြစ်ခဲ့တုန်းက ဘာလုပ်ခဲ့လဲ။ဒီပြဿနာပြီးတဲ့နောက် ခြေချင်းဝတ်က လုံးဝ ပြန်ကောင်းသွားသလား။သင့်အခြေအနေပေါ်မူတည်ပြီး မေးခွန်းတွေကတော့ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမဲ့ အခြေအနေတွေအားလုံးမှာတော့ အားလုံးကိုမှတ်မိနေဖို့နဲ့ ရိုးရိုးသားသားဖြေဆိုဖို့ လိုအပ်ပါတယ်။သင့်ရဲ့ ဆေးမှတ်တမ်းကို ကြည့်ပြိးပြီဆိုရင်တော့ သင့်ခြေချင်းဝတ်ရဲ့ အပြင်ပိုင်းပုံသဏ္ဍာန်ကို စစ်ဆေးပြီး စမ်းသပ်ချက်အချို့လုပ်ခိုင်းပါလိမ့်မယ်။ ခြေချင်းဝတ်မှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ဥပမာ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း သို့မဟုတ် နီရဲနေခြင်းတွေ ရှိမရှိ ရှာဖွေပါလိမ့်မယ်။သင့်ရဲ့ခြေချင်းဝတ်ကိုသူတို့လည်း လှုပ်ကြည့်ပါလိမ့်မယ်။ သင့်ကိုလည်း လှုပ်ခိုင်းပါလိမ့်မယ်။ ပြီးရင်တော့ သင့်ရဲ့ တုန့်ပြန်မှုနဲ့ လှုပ်ရှားနိုင်မှုတွေကို စစ်ဆေးပါလိမ့်မယ်။ ဆရာဝန်က သင့်ကို သင့်ရဲ့ ခံစားမှုတွေအကြောင်းမေးတဲ့အခါ ရိုးရိုးသားသားဖြေဆိုပါ။ဒီလိုစစ်ဆေးမှုတွေကတော့ တစ်ခါတလေမှာ သင့်ခြေချင်းဝတ်ကျိုးသွားတဲ့အခြေအနေအတွက် ပုံတွေနဲ့ အချက်အလက်တွေကို အသေးစိတ်သိရဖို့အတွက် လုပ်ခိုင်းကြတာပါ။ အမျိုးမျိုးသော ဓါတ်မှန်တွေက သင့်အရိုးတွေရရဲ့ အခြေအနေတွေကို ဖော်ပြနိုင်ပါလိမ့်မယ်။CT sanတွေမှာတော့ ခြေချင်းဝတ်မှာ ပါဝင်တဲ့ ဖွဲ့စည်းပုံတွေကို ပိုင်းဖြတ်ပြီးရိုက်ထားတဲ့ ဥပမာ အင်္ဂါတွေ၊ သွေးကြောတွေနဲ့ အရိုးတွေကို ရိုက်ထားတဲ့ ပုံတွေ ပါဝင်ပါတယ်။ MRI scan ကတော့ ခြေချင်းဝတ်အတွင်းဖွဲ့စည်းပုံတွေကို အနက်၊ အဖြူနဲ့ မီးခိုးရောင် ပုံတွေအဖြစ်ထုတ်ပေးပါတယ်။သူကတော့ cartilage တွေ၊ ကြွက်သားကြောတွေနဲ့ အရွတ်တွေ ရောင်ရမ်းနေသလား ဒါမှမဟုတ် ပြဿနာဖြစ်နေသလားဆိုတာ ဆုံးဖြတ်အတည်ပြုနိုင်ဖို့ အသုံးဝင်ပါတယ်။ခြေချင်းဝတ်နာကျင်ခြင်းဟာ အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ ဒါဟာ ခြေချင်းဝတ်မှာရှိတဲ့ ရိုးရှင်းတဲ့ ပြဿနာလေးရဲ့ ရလဒ်လည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပြင်းထန်တဲ့ ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ သင့်ရဲ့လက္ခဏာတွေကို စောစောသိနိုင်အောင်နဲ့ လိုအပ်တဲ့အချိန်မှာ အကူအညီရယူနိုင်အောင် စစ်ဆေးထားသင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%81%e1%80%bc%e1%80%b1%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%b8%e1%80%9d%e1%80%90%e1%80%ba%e1%80%94%e1%80%ac%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-4/
Transient Ischemic Attack (လေဖြန်းခြင်း)
Transient ischemic attack (TIA) ဆိုတာ ၂၄နာရီအောက်သာကြာမြင့်လေ့ရှိတဲ့ ပုံမှန်အားဖြင့် မိနစ်ပိုင်းသာကြာတဲ့ အာရုံကြောသို့ ခဏတာ သွေးရောက်ရှိမှု ပြတ်လတ်သွားတဲ့ ရောဂါ ပုံစံမျိုးဖြစ်ပါတယ်။ဒီရောဂါကို mild stroke လေဖြန်းခြင်းလို့လည်း ခေါ်ကြပါတယ်။ ဒီဖြစ်ရပ်က က ဦးနှောက်တစ်စိတ်တစ်ပိုင်းကို သွေးမရောက်တဲ့ အခါဖြစ်တတ်ပါတယ်။ အရင်က သွေးကြောရုတ်တရက်ပိတ်ဖူးလျှင် ဒီရောဂါဖြစ်နိုင်ချေပိုများပါတယ်။အသက် ၆၀ ကျော်တွေမှာ ပိုအဖြစ်များနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ အာရှ၊ အာဖရိက နှင့် မြေထဲပင်လယ်တွေမှာ ဖြစ်နိုင်ချေပိုများပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ဒီလူမျိုးစုတွေမှာ ဦးနှောက်သွေးမရောက်ခြင်းကို ဖြစ်စေနိုင်တဲ့ ဝမ်းချုပ်ခြင်း နှင့် သွေးတိုးနိုင်ခြင်တို့ကြောင့် ဖြစ်ပါတယ်။transient ischemic attack ရဲ့ အဖြစ်အများဆုံးရောဂါ လက္ခဏာတွေကတော့ တကိုယ်လုံးက အာရုံကြောတွေ အားနည်းသလို ခံစားရမှာ ဖြစ်ပါတယ်။ တခြားလက္ခဏာ တွေကတော့ ခေါင်းမူးခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အမြင်နှစ်ထပ်ဖြစ်ခြင်း၊ မှတ်ဉာဏ်ပျောက်ခြင်း၊ ထုံခြင်း၊ စကားပြောခက်ခဲခြင်း၊မျိုချရခက်ခဲခြင်း၊ ကျင်ခြင်း၊ အမြင်အာရုံ နင့် လမ်းလျှောက်ခြင်းဆိုင်ရာ ပြသနာများ တို့ဖြစ်ကြပါတယ်။လူနာ ၇၀% လောက်မှာ လက္ခဏာတွေက ၁၀ မိနစ်တောင် မကြာပဲ ပျောက်သွားနိုင်ပြီး ၉၀%လောက်ကတော့ ၄ နာရီလောက် အကြာမှာ ပျောက်ကင်းသွားနိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ လေဖြန်းခြင်း၏ လက္ခဏာတွေ ပြလာပြီဆိုလျှင် ဆရာဝန်နဲ့ ပြပါ။ အချိန်နဲ့ အမျှ ကုသနိုင်လျှင် နောက်ဖြစ်လာနိုင်တဲ့ လေဖြတ်ခြင်း ကို ကာကွယ်ရာရောက်ပါတယ်။TIA ကိုဖြစ်စေတဲ့ အကြောင်းကတော့ သွေးလွှတ်ကြောထဲမှာ သွေးများရပ်တန့်ပြီး ခဲစေကာ သွေးစီးဆင်းနေမှုကို ပိတ်ဆို့စေခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ များသောအားခြင့် သင့်ခန္ဒါကိုယ်က ဒီသွေးခဲကို ဖျက်ဆီးနိုင်ပြီး ပုံမှန်ပြန်ဖြစ်စေနိုင်ပါတယ်။TIA က ဦးနှောက်သွေးကြောထဲမှာ သွေးပိတ်မိရာကနေလဲ ဖြစ်နိုင်ပါတယ်။ ဒီသွေးခဲက နှလုံး သို့ လည်ပင်းသွေးလွှတ်ကြောမှ လာပြီး ပိတ်မိကာ ဦးနှောက်ကို သွေးမရောက်ခြင်းဖြစ်စေခြင်းဖြင့် ဦးနှောက်က သွေးအတွင်းမှ အောက်ဆီဂျင်မရနိုင်ဖြစ်စေပါတယ်။transient ischemic attack ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။သို့သော် သင်ထိန်းချုပ်နိုင်တဲ့ အန္တရာယ်တွေရှိပါတယ်။ ၎င်းတို့မှာ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က သင့်ကို ကျန်းမာရေးဆိုင်ရာ မေးခွန်းတွေ မေးခြင်း နှင့် လက်တွေ့စမ်းသပ်မှုတွေ လုပ်ခြင်ဖြင့် ရောဂါရှာဖွေပါလိမ့်မယ်။ ဦးနှောက်၏ မူမမှန်မှုတွေကို သိရှိနိုင်ရန် CT သို့ သံလိုက်ဓါတ်မှန်ရိုက်ခြင်းတို့လည်း လုပ်နိုင်ပါတယ်။ကုသမှုက သင့်ရဲ့ရောဂါအခြေအနေပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ လေဖြတ်ခြင်းအား ကာကွယ်နိုင်ရန် ဆရာဝန်က အကြံဉာဏ်တွေ ပေးပါလိမ့်မယ်။သွေးတိုး၊ဆီးချို၊ ဆေးလိပ်ဆွဲခြင်း၊ ကျန်းမာရေးနဲ့ မညီတဲ့ လူနေမှုပုံစံ နှင့် ကိုလက်စထရောများခြင်းတွေကို ကုသသင့်ပါတယ်။ ဆရာဝန်က သင့်ကို aspirin, clobidogrel and warfarin တွေ သောက်ခိုင်းစေပြီး သွေးကျဲစေပြီး သွေးခဲခြင်ကို ကာကွယ်ပါမယ်။ ပိတ်နေတဲ့ သွေးလွှတ်ကြောကို ဖွင့်ဖို့ ခွဲစိပ်ရနိုင်ချေ ၇၀ % ရှိပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကtransient ischemic attackကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် transient ischemic attack ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/transient-ischemic-attack-%e1%80%9c%e1%80%b1%e1%80%96%e1%80%bc%e1%80%94%e1%80%ba%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
မုတ်သုံမှာ ဘာတွေစားပေးသင့်လဲ
စိတ်ကူးယဉ်ဆန်တဲ့ သဘာဝအလှတရားကို ခံစားနိုင်မယ့်မိုးရာသီလေး ရောက်လာပါပြီ။ ဒီရာသီလေးကို ကျန်းကျန်းမာမာဖြတ်သန်းပြီး ပျော်ရွှင်စရာကောင်းတဲ့အချိန်လေးတွေ ပိုင်ဆိုင်နိုင်စေဖို့ မုတ်သုံမှာ ဘာတွေစားပေးသင့်လဲ ဆိုတာ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။မုတ်သုံမှာ ဘာတွေစားပေးသင့်လဲ ဆိုတော့ မုတ်သုံမှာကျန်းမာနေစေဖို့ ဒါလေးတွေစားပေးပါ။ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တာကြောင့် ကြက်သွန်ဖြူလေးတွေကကိုယ်ခံအားကိုကောင်းပြီးအစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန် စေနိုင်ပါတယ်။ မိုးတွင်းမှာ ဘာစားစား ကြက်သွန်ဖြူလေးထည့်စားပေးတာအအေးမိ၊ ဖျားနာကင်းစေမယ့် နည်းလမ်းတစ်ခုပါ။ချင်းကစိတ်ခံစားမှုကိုကောင်းစေသလိုကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်ပြီး ဖျားနာမှုကင်းစေမယ့်အစားအစာတစ်ခုပါ။ မိုးရာသီရဲ့ မနက်ခင်းတိုင်းမှာ ရေနွေးပူပူတစ်ခွက်ထဲကို ချင်း တစ်ပြားလောက်ထည့်၊ပျားရည်နည်းနည်း၊ သံပုရာရည်နည်းနည်းနဲ့ ရောစပ်လို့သောက်ပေးပါ။ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်နေတာကြောင့် အဖျားကင်းစေပြီး ခန္ဓာကိုယ်ကို ကျန်းမာနေစေမှာပါ။ တစ်ပတ်ကို တစ်ကြိမ်လောက် သစ်တော်သီးကြွပ်ကြွပ်လေးကို အရသာရှိရှိလေးစားပေးပါ။ကြွပ်ကြွပ်ရွရွနဲ့ စားရတာ အရသာရှိတဲ့ အခွံ ညိုညိုလေးနဲ့ အယ်လ်မွန်စေ့က အဆီ ပါဝင်မှု နည်းပြီး ပရိုတင်း ပါဝင်မှု များတာကြောင့် ကျန်းမာရေး အတွက် အထောက်အကူ ပြုပေးပါတယ်။ ဝမ်းမီးကောင်းစေပြီး အစာခြေစနစ်ကို ကျန်းမာစေတာကြောင့် ခန္ဓာကိုယ်ကို ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ မုတ်သုံမှာ ကျန်းမာစေဖို့ အဆာပြေ အယ်လ်မွန်စေ့လေး ဝါးစားပေးလို့ အဆင်ပြေပါတယ်။တစ်နေ့ကို ပန်းသီး တစ်လုံး စားတာက ခန္ဓာကိုယ်ကို ကျန်းမာစေ နိုင်ပါတယ်။ ပန်းသီးမှာရောဂါပိုးတွေကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်တွေပါဝင်နေတာကြောင့် မိုးတွင်းမှာ အဖျား ကင်းလို့ ကျန်းမာချင်တယ် ဆိုရင်မေ့ထားလို့ မဖြစ်ပါဘူး။အနီရောင် စိုစိုလေးနဲ့ စားလို့ ကောင်းတဲ့ သလဲသီးကဗီတာမင် စီကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေနိုင်ပါတယ်။ အစာခြေစနစ်ကို ကျန်းမာ သန့်စင်စေနိုင်ပြီး ခန္ဓာကိုယ်ကို အဖျား ရောဂါ အမျိုးမျိုးကနေ ကာကွယ်ပေးပါတယ်။ခန္ဓာကိုယ် ကျန်းမာဖို့ဆိုရင် လုံးဝ မေ့ထားလို့ မဖြစ်ပါဘူး။ ရာသီဥတု အေးနေတာကြောင့် ရေ မသောက်မိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးတွေ ရွာနေလည်း လုံလောက်တဲ့ ရေပမာဏကို သောက်သုံးလို့ မုတ်သုံမှာ ကျန်းမာအောင် နေပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/moonsoon-foods/
Alpinia (တရုတ်ဂျင်းပင်)
တရုတ်ဂျင်းပင် အပင်မျိုးနွယ်ဖြစ်ပြီး မြေကြီးအောက်တွင် အပြင်လိုက်ရှိနေသော အပင်၏ အမြစ်များကို ဆေးအနေနှင့် အောက်ပါတို့အတွက် အသုံးပြုနိုင်သည်။ဆေးဖက်ဝင်အပင်များနှင့် ပက်သက်ပြီး လုံလောက်သော လေ့လာမှုများမရှိသဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။ သို့သော် အချို့သောလေ့လာမှုများအရ တရုတ်ဂျင်းပင် တွင် ပါဝင်သည် ဓါတ်များသည် ရောင်ရမ်းမှုဖြစ်စဉ်ကို သက်သာစေသည်ဟုဆိုပါသည်။အောက်ပါအချက်များရှိပါက တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ပါ။ဆေးဖက်ဝင်အပင်များ တိုင်းရင်းဆေးများသည် ဆေးဝါးများလောက် သတ်မှတ်စံနှုန်းနှင့် အညီသောက်သုံးရန်မလိုသော်လည်း တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ သောက်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။တရုတ်ဂျင်းပင် သည် အစားအစာများနှင့် ဖျော်ရည်များတွင် ပါဝင်သောပမာဏသည် အန္တရာယ်မဖြစ်စေပါ။ ဆေးအနေနှင့် သောက်သုံးလျှင်ဖြစ်ေ၊ အရေပြားပေါ်တွင်လိမ်းလျှင်ဖြစ်စေ များသောအားဖြင့် အန္တရာယ်မရှိပါ။နွယ်ချို၊ ဟင်းခတ်အမွှေးအကြိုင်ပင်များ၊ဖက်ယားပ်ငနှင့် စပျစ်နွယ်များနှင့် လည်းတွဲ၍ ဖော်စပ်အသုံးပြုကြသည်။ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက်လည်း တရုတ်ဂျင်းပင် နှင့် ပက်သက်ပြီး လုံလောက်သော လေ့လာမှုများမရှိသဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။တရုတ်ဂျင်းပင် သည် အဆစ်များနာကျင်ခြင်း၊ အနီဖုများထွက်ခြင်း စသည့်ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်ပါသည်။သို့သော် လူတိုင်း ထိုဆိုးကျိုးများခံစား၇သည်မဟုတ်ပါ။ ဘေးထွက်ဆိုးကျိုးများနှင့် ပက်သက်ပြီး သိလိုသော် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။ဆေးဖက်ဝင်အပင်များသည် သင်သောက်နေသောဆေးများ၊ သင့်ရောဂါအခြေအနေများ နှင့် ဓါတ်ပြုမှုများရှိနေနိုင်သဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။ အောက်ပါဆေးများသည် တရုတ်ဂျင်းပင် နှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပါသည်။တရုတ်ဂျင်းပင် သည် အစာအိမ်၏ အက်ဆစ်ဓါတ်ကို လျော့နည်းစေသော အထက်ပါ ဆေးများ၏အာနိသင်ကို ဆန့်ကျင်ကာ အက်ဆစ်ဓါတ်ကို ပိုများစေသည်။တရုတ်ဂျင်းပင် သည် အစာအိမ်၏ အက်ဆစ်ဓါတ်ကို လျော့နည်းစေသော အထက်ပါ ဆေးများ၏အာနိသင်ကို ဆန့်ကျင်ကာ အက်ဆစ်ဓါတ်ကို ပိုများစေသည်။တရုတ်ဂျင်းပင် သည် အစာအိမ်၏ အက်ဆစ်ဓါတ်ကို လျော့နည်းစေသော အထက်ပါ ဆေးများ၏အာနိသင်ကို ဆန့်ကျင်ကာ အက်ဆစ်ဓါတ်ကို ပိုများစေသည်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။လူတဦး နှင့် တဦးအပေါ်မူတည်ပြီးဆေးအညွှန်းများ ကွာခြားမှုရှိပါသည်။ အသက်အရွယ် ၊ ကျန်းမာရေး အခြေအနေများ အပေါ်မူတည်ပြီး လည်းကွာခြားနိုင်ပါသည်။ လုံခြုံစိတ်ချမှုရှိစေရန် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။တရုတ်ဂျင်းပင် ကို။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/alpinia-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%b9%e1%80%82%e1%80%ba%e1%80%84%e1%80%b9%e1%80%b8%e1%80%95%e1%80%84%e1%80%b9/
Heart Valve Disease (နှလုံးအဆို့ရှင်ရောဂါ)
နှလုံးအဆို့ရှင်ရောဂါဆိုတာ နှလုံးမှာရှိသော အဆို့ရှင်က သူရဲ့ပုံမှန်လုပ်ငန်းတာဝန်များကို မလုပ်ဆောင်နိုင်တော့ခြင်းဖြစ်ပါတယ်။ နှလုံးမှာ အဆို့ရှင် လေးခုရှိပါတယ်။ ဒီအဆို့ရှင်များက သွေးများကို မှန်ကန်စွာစီးဆင်းနိုင်စေရန် အထောက်အကူပေးပါတယ်။ နှလုံးတစ်ချက်ခုန်တိုင်း အဆို့ရှင်များသည် အဖွင့်အပိတ်လုပ်ပေးပါတယ်။အဆို့ရှင်များ အဖွင့်အပိတ်လုပ်ဆောင်မှု မမှန်တဲ့အခါ သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ နှလုံးအဆို့ရှင်ရောဂါမှာ သူနဲ့ ပတ်သတ်တဲ့ အရာအားလုံး(ဥပမာ- လည်ပင်းသွေးလွှတ်ကြောမကြီးကျဉ်းခြင်း) ပါဝင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါနဲ့ ဆက်စပ်နေတဲ့ သွေးတိုးရောဂါ၊နှလုံးပျက်စီးခြင်း တို့ကိုလည်း ဖြစ်စေနိင်ပါတယ်။နှလုံးအဆို့ရှင်ရောဂါဟာ မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်ပါတယ်။ အသက်ကြီးတဲ့သူတွေမှာ ပိုအဖြစ်များတာတွေ့ရပါတယ်။နှလုံးအဆို့ရှင်ရောဂါကြောင့် ဖြစ်ပွားတတ်တဲ့ ရောဂါလက္ခဏာများစွာရှိပါတယ်။ အတွေ့ရများသော လက္ခဏာများမှာ…။• အသက်ရှူရခက်ခြင်း။•ရင်တုန်ခြင်း။• နွမ်းနယ်ခြင်း။•ရင်ဘက်အောင့်ခြင်း သို့ မအီမသာဖြစ်ခြင်း။• မူးဝေခြင်း သို့ အားနည်းခြင်း။• မိုက်ခနဲမူးခြင်း။• ခေါင်းကိုက်ခြင်း။• ချောင်းဆိုးခြင်း။• အဆုတ်အတွင်း အရည်များဖြင့် ပြည့်နေခြင်းကြောင့်လှဲအိပ်ရင် မောလာခြင်း။• ခြေကျင်းဝတ်၊ ခြေဖမိုး သို့ ဝမ်းဗိုက် ဖောရောင်ခြင်း။တချို့သော နှလုံးအဆို့ရှင်ရောဂါများဟာ မွေးရာပါဖြစ်ပါတယ်။ သို့သော် တစ်ခါတရံတွင် ကျန်းမာရေးပြသနာများကြောင့်လည်း ရောဂါဖြစ်ပွားတတ်ပါတယ်။ နှလုံးအဆို့ရှင်ရောဂါ ဖြစ်ပွားစေသော အခြေအနေတချို့မှာ…။•နှလုံးကြွက်သားများ ရောင်ရမ်းသည့်ရောဂါ။•လေးဖက် နာရောဂါ( Streptococcus ဘက်တီးရီးယားကြောင့်ဖြစ်သော အဆစ်ရောင်ရောဂါ)။• နှလုံးသွေးကြောကျယ်ခြင်း။• သွေးလွှတ်ကြောများမာကြောခြင်း။• Mitral valve ရှိ တွယ်ဆက်ကြွက်သားများရောင်ခြင်း။• နှလုံးကြီးသည့်ရောဂါ။• ကာလသားရောဂါ။• တွယ်ဆက်ကြွက်သားများ ရောင်ရမ်းသည့်ရောဂါ။• အကျိတ်များ။• တချို့သောဆေးများနဲ့ ဓာတ်ရောင်ခြည်များ စသည်တို့ပဲဖြစ်ပါတယ်။ဆရာဝန်မှ သင့်နှလုံးခုန်သံကို နားကြပ်ဖြင့်နားထောင်ခြင်းဖြင့် သင့်နှလုံးခုန်သံမမှန်ခြင်းနဲ့ ပက်သတ်ပြီး နှလုံးအဆို့ရှင်ရောဂါ ကို ရှာဖွေနိုင်ပါတယ်။ထို့အပြင် ရောဂါရှာဖွေသောစက်များ၊ သွေးစစ်ဆေးခြင်းများဖြင့်လည်း နှလုံးအဆို့ရှင်ကိုစစ်ဆေးပြီး သင့်တော်သော ကုသမှုခံယူနိုင်ပါတယ်။•ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း။သင်၏နှလုံး အရွယ်အစား၊ ပုံစံအနေအထားတို့ကို သိနိုင်ပါတယ်။ နှလုံးအဆို့ရှင်ရောဂါဟာ တစ်ခါတရံ နှလုံးကြီးစေနိုင်ပါတယ်။• Echocardiography။အသံလှိုင်းကို အသုံးပြု၍ နှလုံးနှင့် သွေးကြောများ၏ ပုံစံကို ရိုက်ယူနိုင်ပါတယ်။• နှလုံးသွေးကြောထဲသို့ ပြွန်ထည့်၍သွေးစီးဆင်းမှုပုံမှန် မမှန် နှင့် နှလုံးအဆို့ရှင် ပြသနာရှိ မရှိလေ့လာခြင်း။ဆရာဝန်က သင့်ရောဂါအခြေအနေပေါ်မူတည်၍ သင့်တော်သော ကုသမှုကိုလမ်းညွှန်နိုင်ပါတယ်။ သင်ဟာ တိကျသော ကျန်းမာရေးစောင့်ရှောက်မှုကိုခံယူသင့်ပါတယ်။ ဆေးလိပ်သောက်တတ်သူဖြစ်ပါက ဆေးလိပ်ဖြတ်ရပါမယ်။ကျန်းမာရေးနှင့်ညီညွတ်သောအစားအသောက်များ စားရပါမယ်။ ဆရာဝန်ညွှန်ကြားထားသော ဆေးများကို တိကျစွာသောက်ရမယ်။ နှလုံးခုန်နှုန်းနှင့် သွေးပုံမှန်စီးရန်အတွက် beta-blocker ၊ Ca channel blocker.တို့အပြင် သွေးကြောကို ပွင့်စေရန်နဲ့ ကျယ်စေရန်အတွက် သွေးကြောကျယ်ဆေး၊ ဆီးဆေးများလည်းပေးနိုင်ပါတယ်။ပြင်းထန်သောအခြေအနေများတွင် ခွဲစိတ်ကုသမှုခံယူရန်လိုအပ်ပါလိမ့်မယ်။ ခွဲစိတ်ကုသမှုများတွင် ကိုယ်ပိုင်ကြွက်သားဖြင့် အဆို့ရှင်ပြင်ဆင်ခြင်း၊နှလုံးအဆို့ရှင်အတု (သို့) စက်ဖြင့် အစားထိုးခြင်းတို့ပါဝင်ပါတယ်။Takeaways။နှလုံးအဆို့ရှင်က လေးခုရှိပြီး လေးခုလုံးမှာ ရောဂါဖြစ်တတ်ပါတယ်။ ဆေးနဲ့ ထိန်းလို့ ရသလို ခွဲစိတ်ပြီး ကုသရတာမျိုးလည်း ရှိပါတယ်။ လက္ခဏာတွေကို သိထားပြီး ကိုယ့်ကိုယ်ကို သံသယရှိတာနဲ့ ဆရာဝန်နဲ့ ပြသဖို့ အကြံပြုလိုပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-valve/heart-valve-disease/
လိင်ဆက်ဆံအပြီး သန့်ရှင်းရေးလုပ်ဖို့ အလျင်လိုနေပြီလား
လိင်ဆက်ဆံအပြီး သန့်ရှင်းရေးလုပ်ဖို့ အလျင်လိုနေပြီလား …..လိင်ဆက်ဆံနေချိန်မှာတော့ ဘာကိုမှ မတွေးဘဲ ဖြစ်ချင်သလို ဖြစ်လိုက်ပေမယ့် ဆန္ဒပြီးမြောက်သွားချိန်မှာ ပုံမှန်အသိစိတ်ဝင်လာပြီး သန့်ရှင်းရေးလုပ်ဖို့ကို အရမ်းတာဆူတတ်ကြပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ၊ အသန့် အရမ်းကြိုက်တဲ့သူတွေပေါ့။တကယ်တော့ ဆက်ဆံပြီးတဲ့အချိန်လေးမှာ အလျင်အမြန်ထပြီး သန့်ရှင်းရေးလုပ်တာမျိုးထက် အိပ်ရာလေးမှာ ကိုယ်ချစ်တဲ့သူနဲ့ လက်ပွန်းတသီးနေတာ၊ အသားချင်းထိတာ၊ပွေ့ဖက်နမ်းရှုံ့တာမျိုး လုပ်ပေးနိုင်ရင် နှစ်ဦးကြား သံယောဇဉ် ပိုတိုးစေနိုင်တယ်နော်။ဒီတော့ ဘယ်လိုအခြေအနေမှာ သန့်ရှင်းရေးအမြန်လုပ်သင့်လဲ၊ ဘာတွေကို ဦးစားပေးမလဲ၊ လိင်ဆက်ဆံအပြီး သန့်ရှင်းရေးလုပ်ဖို့ အလျင်လိုသင့်၊ မလိုသင့်နဲ့ ပတ်သက်ပြီး ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။လိင်ဆက်ဆံအပြီး သန့်ရှင်းရေးလုပ်ဖို့ အလျင်လိုနေပြီလား ဒါလေးကို အရင်ဖတ်ကြည့်လိုက်နော်။၁။ မိန်းမကိုယ်ကို အမြန်သန့်ရှင်းရေးလုပ်ဖို့ မလိုပါဘူး။ဥပမာ အမျိုးသားက အထဲမှာသုက်ရည်လွှတ်လိုက်တယ်ဆိုပါတော့၊ကိုယ်ဝန်ရသွားမှာ၊ ရောဂါပိုးကူးသွားမှာ အစရှိတဲ့အကြောင်းပြချက်တွေနဲ့ ရေချိုးခန်းကို အလျင်အမြန်သွားပြီး ဆေးကြောတတ်ကြပါတယ်။ တကယ်တော့ အထဲမှာသုက်လွှတ်ပြီးသွားဆိုရင် အမြန်ပြေးပြီး သန့်ရှင်းရေးလုပ်လို့လည်း ဘာမှမထူးတော့ပါဘူး။စိတ်ကလောကြီးနေတာနဲ့ အထဲထိ လက်နဲ့နှိုက်ချွတ်ဆေးကြောနေရင် ပွန်းပဲ့ထိခိုက်မိပြီး ပိုးဝင်တာ၊သုက်ပိုးက အထဲကိုဝင်ဖို့ ပိုလွယ်သွားနိုင်ပါတယ်။ ဒါကြောင့် သန့်ရှင်းရေးလုပ်ဖို့ မလောပါနဲ့။ မိန်းမကိုယ်ကိုလည်း ဆပ်ပြာတွေ၊ စပရေးတွေနဲ့ သန့်စင်တာမျိုး မလုပ်ပါနဲ့။၂။ ဆီးအမြန်သွားစရာလည်း မလိုပါဘူး။ရေချိုးရမှာကို အချိန်ကုန်လို့၊ အလုပ်ရှုပ်တယ်လို့ ထင်ကြတဲ့သူတွေအတွက် နောက်ထပ်သန့်ရှင်းရေးလုပ်လို့ရမယ့် နည်းလမ်းက ဆီးသွားတာပဲလို့ ထင်တတ်ကြပါတယ်။ ဆီးနဲ့အတူ မိန်းမကိုယ်ထဲမှာရှိနေတဲ့ အညစ်အကြေးတွေ အပြင်ထွက်သွားကောင်း ထွက်သွားနိုင်တယ်ဆိုတဲ့အတွေးနဲ့ပေါ့။ တကယ်တော့ ဒီလိုလုပ်လို့ ထိရောက်သွားတဲ့ အကျိုးရလဒ်မျိုး မရှိနိုင်ပါဘူး။ဆီးသွားမယ်ဆိုရင်လည်း အိပ်ရာပေါ်မှာ ချစ်တဲ့သူနဲ့အတူ နေပြီးမှ ထသွားပါ။ ချက်ချင်းထသွားတာမျိုးတော့ မလုပ်ပါနဲ့။ ဆက်ဆံအပြီး နာရီဝက်အတွင်း ဆီးသွားတယ်ဆိုရင်တော့ သင့်ရဲ့ ဆီးလမ်းကြောင်းမှာ ဘာပြဿနာမှ မရှိနိုင်ပါဘူး။၃။ စအိုဖြင့် လိင်ဆက်ဆံတာကတော့ ချွင်းချက်ပါ။မိန်းမကိုယ်နဲ့ မဟုတ်ဘဲစအိုဖြင့် ထိုးသွင်းဆက်ဆံတာဆိုရင်တော့ အမျိုးသားရော၊ အမျိုးသမီးပါ အမြန်သန့်ရှင်းရေးလုပ်ဖို့ လိုအပ်ပါတယ်။ မိန်းမကိုယ်ထက် ပိုနူးညံ့ပြီး ကျပ်လွန်းတဲ့ တစ်ရှူးတွေနဲ့ ဖွဲ့စည်းထားတာကြောင့်ရော၊ အညစ်အကြေးပေါင်းစုံ ထွက်လာတဲ့နေရာဖြစ်တာမို့ လိင်ဆက်ဆံပြီးတာနဲ့ အမျိုးသားဆိုရင် လိင်တံပတ်ပတ်လည်ကို ဆပ်ပြာနဲ့ သေချာဆေးကြောဖို့လိုပါတယ်။ဆက်ဆံခံရသူမှာလည်း သွေးတွေ၊ အညစ်အကြေးတွေ ပေကျံနေနိုင်တာမို့ ရေတစ်ခေါက် အမြန်ချိုးလိုက်တာတော့ အကောင်းဆုံးပါပဲ။စအိုပတ်လည် ယားယံတာ၊ နာကျင်ကိုက်ခဲတာ သက်သာစေဖို့ ရေနွေးနဲ့ချိုးပေးပါ။၄။ လိင်ဆက်ဆံရာမှာ အသုံးပြုတဲ့အရုပ်တွေကို သန့်ရှင်းဖို့ မမေ့ပါနဲ့။ကိုယ့်ရဲ့ လိင်စိတ်က ဆက်ဆံနေစဉ် ဒီလိုအရုပ်မျိုးတွေ အသုံးပြုတာ၊ နှိုးဆွရတာကြိုက်တယ်ဆိုရင် သန့်ရှင်းရေးလုပ်တဲ့အချိန် ဒီအရုပ်တွေကိုပါ ဆေးကြောပေးဖို့ လိုပါတယ်။ဘာကြောင့်လဲဆိုတော့ ကိုယ်တွင်းကထွက်တဲ့အရည်တွေက အရုပ်မှာပေသွားပြီး ကြာလာရင် ဘက်တီးရီးယားပိုးတွေ ပွားဖို့ ပိုလွယ်နိုင်တာကြောင့်ပါ။ ဒါကြောင့် ထိုးသွင်းဆက်ဆံရာမှာ အသုံးပြုတဲ့အရုပ်မှန်သမျှ ဆပ်ပြာနဲ့ ရေနွေးဖြင့် သေချာဆေးကြောသင့်ပါတယ်။၁။ အိပ်ရာပေါ်မှာ မျက်နှာသုတ်ပဝါအကြီးတစ်ထည် ဖြန့်ထားပါ။၂။ အညစ်အကြေးနဲ့ အနံ့အသက်တွေကို ထပြီးဆေးကြောဖို့မလိုအောင် Wet Tissue ဆောင်ထားပါ။၃။ ရေတစ်ခွက်ကို အနားမှာဆောင်ထားပါ။ လိင်ဆက်ဆံခြင်းမပြုခင်နဲ့ ပြီးသွားတဲ့အချိန်မှာ သောက်ပေးပါ။ မလိုအပ်ဘဲနဲ့ အများကြီးမသောက်ပါနဲ့။၄။ကိုယ်နံ့၊ ချွေးနံ့တွေ ရှိတယ်လို့ ခံစားရရင် ချိုင်းလိမ်းဆီ၊ သို့မဟုတ် ကိုယ်ဖျန်းစပရေး ဆောင်ထားပါ။၅။ လိင်အင်္ဂါကို ရေမွှေးဆွတ်တာတော့ မလုပ်ပါနဲ့။၆။လိင်ဆက်ဆံခြင်းမပြုခင် ရေချိုးထားပါ။ လိင်အင်္ဂါတွေကို သေချာရေနဲ့ ပြောင်စင်အောင် ဆေးကြောထားပါ။၇။ ခံတွင်းအနံ့ကြောင့် စိတ်မလုံသလိုဖြစ်နေရင် ခံတွင်းသန့်စင်ဆေးရည်သုံးပါ။ သွားမတိုက်ပါနဲ့။သန့်ရှင်းရေးလုပ်တယ်ဆိုတာလည်း အခြေအနေပေါ်မှာ မူတည်ပါတယ်။ ပေကျံတာမျိုးမရှိဖို့ ကြိုတင်ကာကွယ်ထားမယ်ဆိုရင် ဆန္ဒပြီးမြောက်သွားရင်တောင် သန့်ရှင်းရေးအမြန် ပြေးလုပ်စရာမလိုဘဲ ကိုယ်ချစ်တဲ့သူနဲ့ ကြင်ကြင်နာနာ စကားပြောရင်း နွေးနွေးထွေးထွေးနေလို့ ရတာပေါ့။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/clean-up-after-sex/
လိင်ဆက်ဆံခြင်းနှင့်ပတ်သက်တဲ့ အယူအဆအမှားများ
[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/mythsandfacts/
ကိုယ်ဝန်ဆောင်နဲ့ အိပ်ချ်အိုင်ဗီ (HIV)
အိပ်ချ်အိုင်ဗီ(HIV)ရောဂါပိုး ရှိတဲ့ အမျိုးသမီးတစ်ယောက်က ကိုယ်ဝန်ဆောင်ထားချိန်မှာဖြစ်ဖြစ်၊ကလေးမွေးချိန်မှာဖြစ်ဖြစ်၊မိခင်နို့တိုက်ကျွေးနေချိန်မှာဖြစ်ဖြစ် ကလေးကို ရောဂါပိုး ကူးစက်သွားနိုင်ပါတယ်။ ဒီလို ကူးစက်မှုကို perinatal transmission လို့ခေါ်ပြီး ကလေးငယ်တွေ အိပ်ချ်အိုင်ဗီ(HIV)ပိုး ကူးစက်ခံရတဲ့ အဓိက အကြောင်းအရင်းလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်တော့ Hello Sayarwon စာဖတ်ပရိတ်သတ်တွေအတွက် အိပ်ချ်အိုင်ဗီ(HIV) ပိုးရှိတဲ့ အမျိုးသမီးတွေ ကလေးမွေးဖွားတာနဲ့ပတ်သက်လို့ သိထားသင့်တာလေးတွေ  နည်းနည်းလောက် ပြောပြချင်ပါတယ်။အကယ်၍ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဟာ အကြောင်းကြောင်းကြောင့် HIV ပိုး ကူးစက်ခံထားရတယ် ဆိုကြပါစို့။ ရောဂါပိုးရှိတာကိုသိရဲ့သားနဲ့ဖြစ်ဖြစ်၊ မသိသေးလို့ပဲဖြစ်ဖြစ် ဘာကုသမှုမှ မခံယူထားဘဲ ကလေးမွေးဖွားခဲ့မယ်ဆိုရင် မွေးလာတဲ့ကလေးငယ်ကို HIV ပိုးကူးစက်နိုင်ခြေ ၁၅% ကနေ ၄၅% အထိတောင် ရှိတာကို တွေ့ရပါတယ်။ တကယ်လို့ မိခင်က HIV ပိုး ရှိမှန်းသိလို့ လိုအပ်တဲ့ဆေးတွေသောက်မယ်၊ သေသေချာချာ ကုသမှု ခံယူထားမယ်ဆိုရင် ပိုးကူးစက်နိုင်ခြေက ၅% အောက်အထိ ကျဆင်းသွားပါလိမ့်မယ်။ ကောင်းပြီ၊ ဒါဆို ဘယ်လိုပြင်ဆင်မှု၊ ကုသမှုတွေ လုပ်ကြမလဲ?။ကလေးယူဖို့ စဉ်းစားနေတဲ့ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ထားရတဲ့ အမျိုးသမီးတိုင်း HIV ပိုး ရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှု ခံယူသင့်ပါတယ်။ လင်မယား ၂ ယောက်စလုံး စစ်ရင် ပိုကောင်းပါတယ်။ နည်းပညာတွေရဲ့ အဆင့်မြင့်လာမှုကြောင့် အခုဆို သွေးစစ်ပြီး မိနစ်ပိုင်းနဲ့တင် ရောဂါပိုး ရှိ၊ မရှိ သိနိုင်နေပါပြီ။တကယ်တော့ မိခင်ကနေ ကလေးဆီ HIV ပိုး ကူး၊ မကူးဆိုတာ အချက်တွေ အများကြီးပေါ် မူတည်ပါသေးတယ်။ မိခင်ဖြစ်သူက HIV ပိုးကူးစက်ခံရတာသိပ်မကြာသေးရင် ကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုးကောင်ရေ အရမ်း မများသေးတဲ့အတွက် ကလေးဆီ ကူးစက်ဖို့ အခွင့်အလမ်းနည်းပါတယ်။ မိခင်က အစားအသောက်ကိုအာဟာရ ပြည့်ဝအောင်စားသောက်မယ်၊ ကျန်းမာရေး သေချာဂရုစိုက်မယ်ဆို ပိုတောင်ကူးစက်နိုင်ခြေ နည်းပါသေးတယ်။ ဒါပေမဲ့ မိခင်က။–           ဆေးလိပ်သောက်သူ။–           မူးယစ်ဆေးသုံးစွဲသူ။–           ဗီတာမင် အေ ချို့တဲ့နေသူ။–           လိင်မှတဆင့်ကူးစက်တဲ့ ရောဂါ တစ်ခုခုရှိတဲ့သူ။–           အစာအာဟာရချို့တဲ့နေတဲ့သူ။–           HIV ပိုး ကူးစက်ခံရပြီး ကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုး ပမာဏ အရမ်းများနေတဲ့သူ  တွေထဲက တစ်မျိုးမျိုး ဖြစ်နေမယ်ဆိုရင် အမေကနေ ကလေးကို ရောဂါကူးနိုင်ခြေ ပိုများသွားပြီ ဖြစ်ပါတယ်။တကယ်လို့ ကိုယ်ဝန်ဆောင်မိခင်မှာ HIV ပိုး ရှိတာ သေချာသွားပြီဆိုရင် ကလေးကို ရောဂါပိုး မကူးဖို့နဲ့ အဆင်ပြေပြေ မီးဖွားနိုင်ဖို့ ဆေးကုသမှု၊ စိတ်ပိုင်းဆိုင်ရာ အားပေးမှု၊ ကျန်းမာရေး အသိပညာပေးမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။ မိခင်ကနေ ကလေးဆီရောဂါပိုးမကူးစက်အောင် သောက်ဆေးတချို့လည်းသောက်ဖို့လိုအပ်မှာဖြစ်ပါတယ်။  အတိုကောက် ZDV (zidovudine) လို့ခေါ်တဲ့သောက်ဆေးကို ကိုယ်ဝန် ၄လလောက်ကစပြီး သောက်ဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်က ဘာဆေးမှမသောက်ထားဘဲ ကလေးမွေးဖွားချိန်မှ ဆေးစသောက်မယ်ဆိုရင်တော့ ZDV ဆေးအပြင် တခြားဆေးဝါးတွေပါ ပူးတွဲသောက်သုံးရမှာပါ။ကလေးမွေးဖွားတဲ့နည်းလမ်းကလည်း ရောဂါကူးစက်မှုအပေါ်သက်ရောက်ပါတယ်။ HIV ပိုး ရှိတဲ့ကိုယ်ဝန်ဆောင်တွေအနေနဲ့ ရိုးရိုးမွေးတာထက် ခွဲစိတ်မွေးဖွားရင် မိခင်ကနေ ကလေးဆီရောဂါကူးစက်နိုင်ခြေ ပိုနည်းတာကြောင့် ခွဲစိတ်မွေးဖွားနည်းကို ရွေးချယ်သင့်ပါတယ်။ မိခင်နို့တိုက်တာနဲ့ပတ်သက်ရင်တော့။– HIV မရှိဘူး ဒါမှမဟုတ် ပိုး ရှိ၊ မရှိမသေချာခဲ့ရင် ကလေးအသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းပဲ တိုက်ကျွေးပါ။– HIV ပိုး ရှိလို့ ကလေးကိုမိခင်နို့မတိုက်ဘူး၊ ဖြည့်စွက်စာပဲ ကျွေးချင်တယ်ဆို မကျွေးခင် ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးပါ။– HIV ပိုး ရှိတယ်၊ ဒါပေမဲ့ မိခင်နို့ပဲတိုက်ကျွေးချင်တယ်ဆို ကလေးအသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းပဲစွဲစွဲမြဲမြဲတိုက်ကျွေးရပါမယ်။ မိခင်နို့တိုက်လိုက် ဖြည့်စွက်စာကျွေးလိုက် လုံးဝမလုပ်ရပါဘူး။ ဒီလိုဟိုပြောင်းဒီပြောင်းလုပ်ရင် ကလေးအတွက် ပိုအန္တရာယ်ရှိပါတယ်။ဒါကတော့ HIV ရောဂါပိုးရှိတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ သိရှိထားသင့်တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။ ဟိုးအရင်ကယူဆခဲ့သလို မိခင်မှာ HIV ပိုး ရှိရင် မွေးလာမယ့် ကလေးမှာပါရောဂါကူးစက်နိုင်တယ်ဆိုတာ အယူအဆအမှားဖြစ်ပြီး ကျန်းမာရေးအသိရှိမယ်၊ ကြိုတင်ဆေးစစ်မှုတွေလုပ်ထားမယ်၊ ဆေးဝါးတွေကြိုတင်သောက်သုံးထားမယ်ဆိုကလေးကိုရောဂါပိုးမကူးစက်အောင်လုပ်နိုင်ကြောင်း သိစေလိုတဲ့စေတနာနဲ့ ရေးသားဖော်ပြလိုက်ရခြင်းပဲဖြစ်ပါတယ်။ရေးသားသူ – Dr.Htoo Tint။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/pregnancy-and-hiv/
သင့်မှာ မဟော်မုန်းနည်းနေလား၊ ဘယ်လိုသိနိုင်မလဲ
သင့်မှာ မဟော်မုန်းနည်းနေလား၊ ဘယ်လိုသိနိုင်မလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။အမျိုးသမီးတစ်ယောက် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက် ကိုယ်ခန္ဓာကနေမဟော်မုန်းတွေ ကို အများအပြား ထုတ်လွှတ်ပေးရပါတယ်။ အမျိုးသမီးတွေအတွက် မရှိမဖြစ် အဓိကအကျိုးပြု မဟော်မုန်းကတော့ အက်စထရိုဂျင်ဟော်မုန်းပါပဲ။ ဒီဟော်မုန်းက အပျိုဖော်ဝင်စကနေ အသက် ၄၀ မတိုင်ခင်အထိ ပုံမှန်ထုတ်လွှတ်ပေးနေပြီး အဲ့ဒီနောက်ပိုင်းမှာ ဟော်မုန်းထုတ်လွှတ်နှုန်းက ကျဆင်းသွားပါတယ်။• အမျိုးသမီးများရဲ့ရင်သားကို ကြီးထွားလာစေခြင်း။• အရိုးအားကောင်းစေခြင်း။• ခန္ဓာကိုယ်ရဲ့ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်များကို ပုံမှန်လည်ပတ်အလုပ်လုပ်စေခြင်း။• ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း။•မိန်းမကိုယ်ကျန်းမာစေခြင်း။• လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးခြင်း စတဲ့နေရာတွေမှာ ကူညီပေးပါတယ်။ အမျိုးသမီးတစ်ယောက် အပျိုဖော်ဝင်ကာစအရွယ်ကနေ အသက်ကြီးတဲ့အထိ မဟော်မုန်းတွေကို အဆက်မပြတ်ထုတ်လုပ်ပေးနေပြီး ဘဝသက်တမ်းတစ်လျှောက်လုံးမှာ ကျန်းမာစေဖို့ ကူညီပံ့ပိုးပေးပါတယ်။အတွေ့များတဲ့ လက္ခဏာတွေကတော့။• မိန်းမကိုယ်မှ စိုစွတ်မှုနည်းသွားပြီး ခြောက်သွေ့လာခြင်း။•လိင်ဆက်ဆံစဉ် အလွန်အမင်း နာကျင်ခြင်း။• ရာသီလာချိန် ပုံမှန်မဟုတ်ခြင်း သို့မဟုတ် ရာသီထိမ်သွားခြင်း။•စိတ်ခံစားချက်အပြောင်းအလဲမြန်ခြင်း။• ဆီးလမ်းကြောင်း ခြောက်သွေ့ပြီး ပိုးဝင်ရန်လွယ်ကူသွားခြင်း။• ရုတ်တရက် အချမ်းတက်ခြင်း။• ရင်သားက ပျော့တွဲလာခြင်း။•ခေါင်းကိုက်ဝေဒနာ ပိုပြင်းထန်လာခြင်း။• စိတ်ဓာတ်ကျခြင်း။• အာရုံစူးစိုက်မရခြင်း။• မောပန်းပြီး အားမရှိခြင်း။• အရိုးအဆစ်များ ကျိုးပဲ့ပျက်စီးရန် လွယ်ကူလာခြင်း၊ အရိုးအားနည်းခြင်း စတာတွေကို တွေ့ရနိုင်ပါတယ်။အက်စထရိုဂျင်ဆိုတဲ့ မဟော်မုန်းတွေကို Ovaries လို့ခေါ်တဲ့ မမျိုးဥအိမ်ကနေ အဓိက ထုတ်လွှတ်ပေးပါတယ်။ ဒီမမျိုးဥအိမ်မှာ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာတဲ့အခါ မဟော်မုန်းထုတ်လွှတ်ခြင်းကို နှောင့်နှေးသွားစေနိုင်ပါတယ်။အသက်ငယ်သေးတဲ့ အမျိုးသမီးတွေမှာဆိုရင်။•လေ့ကျင့်ခန်းကို အပြင်းအထန်လုပ်ခြင်း။• စားသောက်မှုပုံစံ မမှန်တဲ့ စိတ်ဝေဒနာ။• Pituitary Gland က ပုံမှန်အလုပ်မလုပ်နိုင်တာ။•မျိုးရိုးဗီဇကြောင့် မွေးကတည်းက မမျိုးဥအိမ် ချို့ယွင်းနေတာ။• ပြင်းထန် ကျောက်ကပ်ရောဂါကြောင့် မဟော်မုန်း နည်းတတ်ပါတယ်။အသက် ၄၀ နှင့်အထက် အမျိုးသမီးတွေမှာ သွေးဆုံးချိန်နှင့် နီးကပ်လာတာနဲ့အမျှ မဟော်မုန်းတွေ နည်းလာတတ်ပါတယ်။ ဒီလိုကာလကို သွေးဆုံးခါနီး အစောပိုင်းကာလ (Perimenopause) လို့လည်း ခေါ်ပါတယ်။ ဒီကာလအတွင်းမှာ မမျိုးဥအိမ်က အက်စထရိုဂျင်ဟော်မုန်းတွေကို ထုတ်လုပ်နေသေးတဲ့တိုင်အောင် ငယ်ရွယ်စဉ်ကာလနဲ့ ယှဉ်လိုက်ရင် ထုတ်လုပ်တဲ့ ပမာဏ အရမ်းကို နည်းသွားပါတယ်။ သွေးဆုံးပြီးသွားတဲ့အချိန်မှာတော့ ကိုယ်ခန္ဓာက မဟော်မုန်းထုတ်လုပ်ခြင်း ရပ်တန့်သွားပါတယ်။ဖြစ်နိုင်ခြေအများဆုံးလို့ သတ်မှတ်လို့ ရတဲ့ အခြေအနေတွေကတော့။• အသက် ၄၀နောက်ပိုင်း အမျိုးသမီးတွေ။•မမျိုးဥအိမ်မှာ ရေအိတ်တည်တတ်တဲ့ ရောဂါ။• မိခင်မျိုးရိုးမှာ ဟော်မုန်းမျှခြေ ပျက်ယွင်းနေတဲ့ ဗီဇပါနေတာ။• စားသောက်ပုံ မမှန်တာ။• Diet ကြောင့် အစားရွေးလွန်းတာ။• လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာ။• Pituitary Gland မှာ ချို့ယွင်းချက်ရှိနေတဲ့ အမျိုးသမီးတွေမှာ ပုံမှန်ထက် မဟော်မုန်းပိုနည်းနိုင်ပါတယ်။ဒါကြောင့် အထက်မှာပြောပြခဲ့တဲ့ လက္ခဏာတွေ ခံစားနေရပြီလို့ ကိုယ့်ကိုယ်ကိုယ် သံသယရှိတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသကြည့်သင့်ပါတယ်။ မိဘမျိုးရိုးမှာ ခံစားခဲ့ရဖူးတဲ့ ကျန်းမာရေးပြဿနာတွေ၊ ကိုယ့်ရဲ့ရာသီလာချိန်ပုံမှန်ရှိခြင်း၊ မရှိခြင်းကို မေးမြန်းပြီး ကိုယ့်ရဲ့ ရောဂါလက္ခဏာနဲ့ အရင်ဆုံးတိုက်ကြည့်မှာဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ မဟော်မုန်းပမာဏကို သွေးဖောက်ထုတ်ပြီး တိုင်းထွာစစ်ဆေးဖို့ လိုအပ်ပါတယ်။မဟော်မုန်းနည်းတယ်ဆိုတဲ့ ဆေးစစ်ချက်အဖြေလွှာ ထွက်ရှိလာပြီဆိုတာနဲ့ ကိုယ့်ရဲ့ အခြေအနေပေါ် မူတည်ပြီး ဆရာဝန်က သင့်လျော်မယ့် ကုသမှုနည်းလမ်းများကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေထဲမှာ ဟော်မုန်းအစားထိုးကုသတဲ့ သောက်ဆေး၊ လိမ်းဆေး၊ မိန်းမကိုယ်တွင်းထည့်ဆေး၊ ထိုးဆေးတွေ ပါဝင်ပါတယ်။ များသောအားဖြင့် ဟော်မုန်းအစားထိုးကုသမှု ပြီးသွားဖို့ အချိန် တစ်နှစ်မှ နှစ်နှစ်ထိ ကြာနိုင်ပြီး ဒီ့ထက်ပိုကြာနိုင်တာမျိုးလည်း ရှိပါတယ်။ သွေးဆုံးခါနီး အမျိုးသမီးတွေဆိုရင်တော့ သွေးဆုံးနေစဉ် ဝေဒနာသက်သာစေဖို့ ကုသမှုဆက်လက်ခံယူတာမျိုး လုပ်ပေးနိုင်ပါတယ်။မဟော်မုန်းနည်းခြင်းဟာ အမျိုးသမီးတွေရဲ့ ဘဝမှာ အဓိကပြဿနာတွေ ဖြစ်တဲ့ အရိုးပါးရောဂါ၊ သွေးဆုံးကိုင် ဝေဒနာကို ပိုဆိုးရွားစေနိုင်တာကြောင့် ပေါ့ဆလို့တော့ မဖြစ်ပါဘူး။ ဘယ်လိုကျန်းမာရေးပြဿနာမဆို စောစောစီးစီး သိပြီး ကုသမှုခံယူနိုင်ရင် ကိုယ့်အတွက် အကျိုးများစွာ ရှိနိုင်တာကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်တဲ့ နည်းလမ်းသည် အကောင်းဆုံးဆိုတာ မမေ့ဖို့ ထပ်မံ အကြံပြုလိုက်ပါတယ်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/female-hormonal-imbalance/how-can-you-know-you-have-low-female-hormone/
ချိုချိုလေးနဲ့စားကောင်းတဲ့ ဂေါ်ရခါးသီး
ဂေါ်ရခါးသီး လို့ ပြောလိုက်ရင် ထွေထွေထူးထူး ပြောနေစရာမလိုအောင် သိထားပြီးဖြစ်မှာပါ။ ဂေါ်ရခါးသီးကို ကြက်ဥ၊ ဘဲဥတွေနဲ့ ရောကြော်ပြီး စားကြသလို ကြက်သားနဲ့ ကာလသားချက်လေးလည်း ချက်စားတတ်သေးတယ်နော်။ မုန့်နှစ်နဲ့ ကြော်ပြီး အချဉ်လေးနဲ့ပဲ တို့စားစား၊ ဂျူးမြစ်လေးနဲ့ပဲ ချဉ်ရည်ချက်ချက် စားကောင်းတာကတော့ အမှန်ပါပဲ။ စားလိုက်တိုင်းမှာ အရည်ရွှမ်းရွှမ်း ချိုချိုလေးဖြစ်နေတာကိုက ဂေါ်ရခါးသီးရဲ့ ထူးခြားတဲ့ ပင်ကိုသဘာဝ အရသာလေးပါ။အစိမ်းရောင် ခပ်ဖျော့ဖျော့အခွံလေးရှိပြီး ခပ်ရှည်ရှည်အသီးလေးပါ။ မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ်မှာ ပေါက်ရောက်လေ့ရှိပြီး အရှေ့တောင်အာရှ နိုင်ငံတော်တော်များများမှာ စားသုံးကြတဲ့ အသီးလေးတစ်မျိုးပါ။ရေဓာတ်ပါဝင်မှုများတာကြောင့်ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်နော်။ဘာဓာတ်တွေပါလဲ။ဂေါ်ရခါးသီးမှာ အခုလို အာဟာရဓာတ်တွေပါဝင်နေပါတယ်။ဂေါ်ရခါးသီးက စားကောင်းသလို အခုလို ကျန်းမာရေးအကျိုးကျေးဇူးလေးတွေလည်း ရရှိစေနိုင်ပါသေးတယ်။ဝိတ်ကျစေတယ်– ဂေါ်ရခါးသီးကကယ်လ်လိုရီပါဝင်မှုနည်းပြီးကိုလက်စထရောနဲ့ ပြည့်ဝဆီလုံးဝမပါဝင်တာကြောင့်ကိုယ်အလေးချိန်ချချင်နေသူတွေ စိတ်ကြိုက်စားပေးလို့ရပါတယ်။မွေးရာပါ ချို့ယွင်းချက်မပါအောင် ကာကွယ်ပေးတယ်– ဂေါ်ရခါးသီးမှာ ဗီတာမင်B complex၊ ဖောလိတ်တို့လိုမျိုး ကိုယ်ဝန်ဆောင်ချိန်မှာ စားပေးသင့်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ စားသုံးပေးမယ်ဆိုရင် မွေးလာမယ့် ကလေးမှာ မွေးရာပါချို့ယွင်းချက်ပါတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။သွေးတွင်းကိုလက်စထရောကျစေနိုင်တယ်– ဂေါ်ရခါးသီးက ပြည့်ဝဆီ လုံးဝမပါဝင်တာကြောင့် သွေးတွင်းကိုလက်စထရောကို မတက်စေဘဲ ကိုလက်စထရောပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။သက်လုံကောင်းစေနိုင်တယ် –ဂေါ်ရခါးသီးမှာပိုတက်ဆီယမ်ပါဝင်တာကြောင့်ခန္ဓာကိုယ်ကို သက်လုံကောင်းစေပြီး အမောခံနိုင်စေပါတယ်။အရွယ်မတိုင်ခင် အိုမင်းတာကို ကာကွယ်ပေးတယ်– ဂေါ်ရခါးသီးမှာဖလေဗာနွိုက်ပါဝင်တာကြောင့် ခန္ဓာကိုယ်နဲ့အရေပြားဆဲလ်တွေကို ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေက အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဂေါ်ရခါးသီး ပုံမှန်စားပေးခြင်းက အရွယ်တင်နုပျိုစေမယ့် နည်းလမ်းတစ်ခုပေါ့။ကျောက်ကပ်ကျောက်တည်တာကို သက်သာစေနိုင်ပါတယ်-လေ့လာတွေ့ရှိချက်တွေအရ ကျောက်ကပ်ကျောက်တည်နေသူတွေအနေနဲ့ ဂေါ်ရခါးသီး စားပေးမယ်ဆိုရင် သက်သာစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ဝမ်းချုပ်တာကို သက်သာစေနိုင်တယ်– ဂေါ်ရခါးသီးမှာခန္ဓာကိုယ်အတွက် လုံလောက်တဲ့ အမျှင်ဓာတ် များစွာပါဝင်နေတာကြောင့်အစာခြေစနစ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်တာကြောင့် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။သွေးတိုးကျစေနိုင်တယ်– ဂေါ်ရခါးသီးက ပိုတက်ဆီယမ်ပါဝင်တာကြောင့် သွေးတိုးကျစေနိုင်ပါတယ်။ သွေးတိုးရှိသူတွေ၊ သွေးတိုးကာကွယ်ချင်သူတွေ စားပေးသင့်ပါတယ်။နှလုံးရောဂါကာကွယ်ပေးနိုင်တယ် –ဂေါ်ရခါးသီးမှာဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။သွေးအားနည်းရောဂါ-သွေးတွင်းမှာ သွေးနီဥဆဲလ်တွေ နည်းနေတာကြောင့် သွေးအားနည်းရောဂါ ဖြစ်ရတာပါ။ ဂေါ်ရခါးသီးမှာ သံဓာတ်နဲ့ ဗီတာမင် B2 တို့ပါဝင်နေတာကြောင့်သွေးနီဥဆဲလ်တွေကိုဖြစ်ပေါ်စေပြီး သွေးအားမနည်းအောင် ကာကွယ်ပေးနိုင်ပါတယ်။ဂေါ်ရခါးသီး ချိုချိုလေးကို အရသာရှိတဲ့ ဟင်းတစ်ခွက်အဖြစ် ပြောင်းလဲလို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းနိုင်ကြပါစေကြောင်း…..။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/chayote/
ချွန်ထက်သော အရာများဖြင့် လိင်စိတ်ဖြေဖျောက်ခြင်း (Piquerism)
လူတော်တော်များများမှာ Fetish လို့ခေါ်တဲ့ ပုံမှန်မဟုတ်တဲ့လိင်စိတ်တွေ ရှိတတ်ကြပါတယ်။ ကိုယ့်မှာရှိမှန်း သိတဲ့သူနဲ့ မသိတဲ့သူဆိုပြီးတော့ပဲ ကွာသွားတာပါ။ ဒီနေ့ပြောပြပေးမှာကတော့ ပုံမှန်မဟုတ်တဲ့ လိင်စိတ်တွေထဲကမှ ချွန်ထက်တဲ့ အရာဝတ္ထုတွေနဲ့ အသားနာအောင် ထိုးဆွမှ လိင်စိတ်ဆန္ဒအမြင့်ဆုံးရောက်တဲ့သူတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒီအခြေအနေကို ချွန်ထက်သော အရာများဖြင့် လိင်စိတ်ဖြေဖျောက်ခြင်း (Piquerism) လို့ ခေါ်ပါတယ်။ချွန်ထက်သော အရာများဖြင့် လိင်စိတ်ဖြေဖျောက်ခြင်း (Piquerism) ဆိုတာက လိင်ဆက်ဆံတဲ့အခါ ကိုယ့်ရဲ့အဖော်ကို နှိပ်စက်ညှင်းပန်းလိုတဲ့ ဆန္ဒနဲ့ လုပ်တဲ့အပြုအမူပဲဖြစ်ပါတယ်။ ပုံမှန်မဟုတ်ဘူးလို့လည်း ဆိုနိုင်သလို ပြင်းထန်လွန်းတဲ့လိင်စိတ်ဖြေဖျောက်ခြင်းမှာ ပါဝင်ပြီး တစ်ဖက်သားကိုပါ အသက်အန္တရာယ်ပေးနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ချွန်ထက်တဲ့ အရာဝတ္ထုတိုင်းကို အသုံးပြုနိုင်ပါတယ်။ အပ်၊လက်သည်း၊ ဓား၊ သင်တုန်းဓား၊ တွယ်ချိတ်၊ ကပ်ကြေး၊ ဘောပင်၊ ခဲတံစတာတွေကို အများဆုံးအသုံးပြုတတ်ကြပါတယ်။ အသားကို ဖြည်းဖြည်းချင်းလှီးရတာ၊ သွေးထွက်အောင် လုပ်တာ၊ နာကျင်အောင် ထိုးဆွနေရင် လိင်စိတ်ထကြွလာပါတယ်။လိင်စိတ် ဖြေဖျောက်တဲ့ အမူအကျင့်ဖြစ်တာကြောင့် အမျိုးသား လိင်အင်္ဂါ၊ပေါင်ခြံ၊ မိန်းမကိုယ်၊ တင်ပါး၊ ရင်သားတွေပေါ်မှာ အများဆုံးထိခိုက်အောင် လုပ်တတ်ပါတယ်။ တချို့လူတွေအတွက်တော့ ခန္ဓာကိုယ်တစ်ခုလုံးကို နှိပ်စက်ညှင်းပန်းလိုစိတ်ရှိတတ်ပြီး ဒီလိုလုပ်တာဟာ သူတို့အတွက်လိင်စိတ်ဆန္ဒအထွတ်အထိပ်ကိုရောက်ဖို့ ပိုမြန်တတ်ပါတယ်။များသောအားဖြင့် မွေးကတည်းက အတွင်းစိတ်မှာ ကိန်းအောင်းလာတတ်ပြီး တချို့တွေမှာ ကလေးဘဝအိမ်တွင်းအကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအစော်ကားခံရတာကြောင့် ဖြစ်နိုင်သလို အကြောင်းရင်းမရှိဘဲနဲ့လည်း ဒီလိင်စိတ်ဆန္ဒ ဖြစ်လာတတ်ပါတယ်။ ထိုးသွင်းဆက်ဆံခြင်းမပြုခင်၊ ပြုနေစဉ်မှာ ချွန်ထက်တဲ့အရာများဖြင့် လိင်ဆက်ဆံဖော်ကို နှိပ်စက်ခြင်း (အလွန်ရှားပါးသော ဖြစ်စဉ်များတွင် မိမိကိုယ်ကို နှိပ်စက်ခြင်း) ဖြင့် လိင်စိတ်ဆန္ဒကို အမြင့်ဆုံးထိရောက်အောင် မြှင့်တင်ကြပါတယ်။ ပုံမှန်အတိုင်း နှိပ်စက်နေရတာမျိုးမဟုတ်ဘဲ လိင်စိတ်ဆန္ဒ ပြည့်ဝရန် ရည်ရွယ်ချက်ဖြင့်သာ လုပ်တဲ့အပြုအမူဆိုလည်း မမှားပါဘူး။ပုံမှန်မဟုတ်သောလိင်စိတ်(Fetish) တွေထဲမှာ တော်တော်လေးကို အတွေ့နည်းတယ်လို့ဆိုနိုင်ပါတယ်။ BDSM လို့ခေါ်တဲ့ လိင်ဆက်ဆံဖော်ကို နှိပ်စက်ရမှ သို့မဟုတ် အနှိပ်စက်ခံရမှ အားရကျေနပ်သူတွေမှာတော့ ဒီအပြုအမူဟာ တော်တော်လေးကို လူကြိုက်များတတ်ပါတယ်။ယေဘုယျအားဖြင့်ပြောမယ်ဆိုရင်တော့ အပြုခံရတဲ့ လိင်ဆက်ဆံဖော်အတွက်တော့ ဒဏ်ရာအနာတရ ဖြစ်နိုင်သလို အခန့်မသင့်လို့ သွေးကြောထိမိရင် ရောဂါပိုးဝင်တာ၊ သွေးအလွန်အကျွံထွက်ပြီး အသက်အန္တရာယ်ကိုပါ စိုးရိမ်ရနိုင်ပါတယ်။ကိုယ့်မှာ ဒီလို ပုံမှန်မဟုတ်တဲ့ လိင်စိတ် ရှိတယ်ဆိုတာ သိထားရင် ကိုယ့်အဖော်ကို ပွင့်ပွင့်လင်းလင်း ပြောပြထားဖို့လိုပါတယ်။ နှစ်ဦးနှစ်ဖက် သဘောတူမှသာ ရှေ့ဆက်တာအကောင်းဆုံးပါပဲ။ ဆက်ဆံတဲ့အခါမှာ။ပုံမှန်မဟုတ်တဲ့ လိင်စိတ်ဆိုတာ တားဆီးလို့မရတဲ့ အရာပါ။ ကိုယ့်ရဲ့လိင်စိတ်က တခြားသူတွေထက် ပိုပြင်းထန်တယ်လို့ ယူဆရင်တော့ ဒါတွေနဲ့ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေကို လေ့လာထားဖို့လိုသလို ကိုယ့်ချစ်သူကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြထားတာ အကောင်းဆုံးပါပဲ။နောက်ထပ်အရေးကြီးတာက ဒီလိုမျိုး အပြုအမူတွေကြောင့် သွေးကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေ ဝင်နိုင်ပါတယ်။ ဒါ့ပြင် ကိုယ့်အဖော်က ဒီစိတ်ရှိနေပြီး ကိုယ်က ဒါမျိုးဆက်ဆံခံရတာ မကြိုက်ရင် ပွင့်ပွင့်လင်းလင်း ပြောပါ။ သင့်အနေနဲ့ ငြင်းဆန်ပိုင်ခွင့် အပြည့်ရှိပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/facts-to-know-about-piquerism/
နမ်းရုံနဲ့ အလွယ်တကူ ကူးစက်နိုင်တဲ့ ရေယုန်ဗိုင်းရပ်စ်
များသောအားဖြင့်ရေယုန်ဆိုတာ လိင်အင်္ဂါတစ်ဝိုက်မှာ ပေါက်တတ်ပြီး ရေယုန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဗိုင်းရပ်စ်ပိုးတွေဟာလိင်အင်္ဂါမှာသာမက တခြားအရေပြားပေါ်မှာလည်း ကူးစက်နိုင်ပါတယ်။HIVနဲ့ မတူဘဲ တံတွေးကတစ်ဆင့် ကူးစက်နိုင်တဲ့အတွက် ရေယုန်ပေါက်နေတဲ့ သူနဲ့ နမ်းမိတာ၊ လိင်အင်္ဂါကို ပါးစပ်နဲ့ နှိုးဆွပေးတဲ့အခါ ရေယုန်ဗိုင်းရပ်စ်က တံတွေးကနေ ကိုယ်ထဲကိုကူးစက်ပြီး နှုတ်ခမ်းတစ်ဝိုက်မှာ ရေယုန်ပေါက်လာစေပါတယ်။ အခုတစ်ခေါက်တော့ နမ်းရုံနဲ့ အလွယ်တကူ ကူးစက်နိုင်တဲ့ ရေယုန်ဗိုင်းရပ်စ် အကြောင်းလေး ပြောပြပေးချင်ပါတယ်။ရေယုန်ဗိုင်းရပ်စ်လို့ ပြောရင် လိင်အင်္ဂါမှာ ရေယုန်ဖြစ်စေတဲ့ HSV 2ဗိုင်းရပ်စ်ရယ်၊ နှုတ်ခမ်းတစ်ဝိုက်မှာ ဖြစ်စေတဲ့ HSV 1ဗိုင်းရပ်စ်ရယ်ဆိုပြီး ၂မျိုး ရှိပါတယ်။ နှုတ်ခမ်းတစ်ဝိုက်မှာ ရေယုန်ဖြစ်တယ်ဆိုရင် ရောဂါပိုးရှိသူရဲ့ လိင်အင်္ဂါကို ပါးစပ်နဲ့ နှိုးဆွပေးတာကြောင့်လည်း ဖြစ်နိုင်သလို လိင်ဆက်ဆံတာကြောင့် မဟုတ်ဘဲလည်း ဖြစ်နိုင်ပါတယ်။ဥပမာ သူများရဲ့ နှုတ်ခမ်းမှာ ရေယုန်ရှိနေမယ်။ ကိုယ်က မသိဘဲ နမ်းတာ၊ မုန့်တစ်ခုတည်းကို မျှစားတာ၊ ပိုက်၊ ဇွန်းစတာတွေကို အတူသုံးစွဲမိရင်လည်း ကူးစက်နိုင်ပါတယ်။ ဒီလိုမျိုး သူများနှုတ်ခမ်းက ရေယုန် ‌ကိုယ့်နှုတ်ခမ်းဆီ ကူးစက်လာတာက HSV 1 ‌ဗိုင်းရပ်စ်ကြောင့်ပါ။ဆိုလိုတာက နှုတ်ခမ်းတစ်ဝိုက်မှာ ရေယုန်ပေါက်တိုင်း လိင်ကတဆင့် ကူးတာ မဟုတ်ပါဘူး။ အထက်ပါနည်းလမ်းတွေနဲ့လည်း ကူးစက်နိုင်တယ်ဆိုတာ သိထားစေချင်ပါတယ်။အအေးမိလက္ခဏာတွေ ဖြစ်တဲ့ အဖျားတက်တာ၊ ကိုယ်လက်ကိုက်ခဲတာ၊နှာစေးနှာပိတ်တာ၊ ချောင်းဆိုးတာအပြင်၊ လည်ချောင်းထဲမှာရှိတဲ့ အကျိတ်တွေ ရောင်တာအစရှိတဲ့ လက္ခဏာတွေကို စတင်တွေ့ရပါတယ်။ တစ်ဆက်တည်းမှာပဲ ရေယုန်လက္ခဏာတွေဖြစ်တဲ့ အရည်ကြည်ဖုတွေ ပေါက်လာမယ်။ ပေါက်သွားတဲ့အခါ အရမ်းစပ်ပြီး အနာအဖြစ်ကျန်ခဲ့မှာပါ။အရည်ကြည်ဖု၊ အနာတွေကို နှုတ်ခမ်းနဲ့ ပါးစပ်ပတ်လည်မှာ တွေ့ရတတ်ပြီး ယားယံတာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ အသားထဲက စူးနေသလို ခံစားရနိုင်ပါတယ်။အအေးမိလက္ခဏာ အများစုကတော့ တစ်ပတ်လောက်ဆိုရင် ပျောက်သွားတတ်ပြီး အရည်ကြည်ဖုကနေ ဖြစ်လာတဲ့ အနာတွေပျောက်ဖို့ကတော့ ၁ပတ်ကနေ ၂ပတ်လောက်ထိ ကြာနိုင်ပါတယ်။ နာကျင်ကိုက်ခဲမှု သက်သာစေဖို့ လိမ်းဆေးလိမ်းပေးလို့ ရပါတယ်။လက္ခဏာအားလုံး ပျောက်သွားတဲ့တိုင်အောင်ရေယုန်လက္ခဏာက ကိုယ်ခန္ဓာထဲမှာ ရှိနေမှာဖြစ်ပြီး အခြေအနေပေးရင် (ဥပမာ ခုခံအားကျရင်) လက္ခဏာတွေ ထပ်ပြီးတော့လည်း ဖြစ်လာနိုင်ပါတယ်။ ထပ်ဖြစ်တဲ့ လက္ခဏာတွေကတော့ ပထမဆုံးအကြိမ်လောက် နာကျင်မှုဖြစ်စေမှာ မဟုတ်ပါဘူး။HSV1ကြောင့် နှုတ်ခမ်းမှာပဲ  ရိုးရိုးရေယုန်ပေါက်တာဆိုရင်တော့ သီးသန့်ကြီး စစ်စရာ မလိုပါဘူး။ တကယ်လို့ HIVပါ တွဲရှိနိုင်တယ်လို့ ယူဆရင်တော့ ဆေးသေချာစစ်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီအခါကျရင်လည်း ရေယုန်ကို စစ်တာ မဟုတ်ဘဲ HIVကို စစ်တာ ဖြစ်ပါတယ်။တကယ်လို့ လိင်အင်္ဂါမှာ ရေယုန်ရှိတယ်ဆိုရင်တော့ ကိုယ့်ရော၊ ကိုယ့်အဖော်မှာပါ တခြား လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ရှိမရှိဆိုတာ ဆက်စစ်ဖို့ လိုနိုင်ပါတယ်။Acyclovir, Famciclovir, Valacyclovir ပါဝင်တဲ့ ဗိုင်းရပ်စ်ပိုးသတ်ဆေးတွေဟာ ရေယုန်ကြောင့် ဖြစ်တဲ့အနာအတွက် အကောင်းဆုံးပါပဲ။ ဆေးတွေကို ကိုယ့်သဘောနဲ့ ကိုယ်ဝယ်တာထက် ဆရာဝန်နဲ့ အရင်ဆုံးပြပြီး တိုင်ပင်ကြည့်တာ ပိုကောင်းပါတယ်။ဒီဆေးတွေဟာ ရောဂါလက္ခဏာကို အမြန်ဆုံး သက်သာစေဖို့ ကူညီပေးနိုင်တာဖြစ်ပြီး ကိုယ်ထဲမှာရှိနေတဲ့ ဗိုင်းရပ်စ်ပိုးကိုတော့ သေစေနိုင်ခြင်း မရှိပါဘူး။အကောင်းဆုံးကတော့ သူစိမ်းတွေနဲ့ လိင်ဆက်ဆံတဲ့အခါ အကာအကွယ် (ကွန်ဒုံး) အသုံးပြုဖို့ လိုပါတယ်။ တစ်ခုသိထားရမှာက ကွန်ဒုံးက လိင်တံကိုပဲ စွပ်တာ ဖြစ်တဲ့အတွက် တခြားနေရာမှာ ရေယုန်ပေါက်နေရင် ကူးတာကို တားနိုင်မှာ မဟုတ်ပါဘူး။ ဥပမာ ပေါင်ခြံ၊ စအိုမှာ ရေယုန်ရှိနေရင် ကူးသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ ဒါမှမဟုတ် ကိုယ့်အဖော်မှာ ရေယုန်ရှိ‌နေရင် မပျောက်မချင်း အတူနေတာကို ရှောင်သင့်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/genital-and-oral-herpes/can-hsv2-be-transmitted-orally/
Chronic Glomerulonephritis (နာတာရှည် ဂလိုမာရူးလပ်ကျောက်ကပ်ရောင်ရောဂါ)
နာတာရှည် ကျောက်ကပ်ရောင်ရောဂါဆိုသည်မှ ကျောက်ကပ်ရောဂါများကို စုခေါ်သော ရောဂါဖြစ်ပြီး ၎င်းတွင် အညစ်အကြားများအား ဆီးအဖြစ် ဖယ်ရှားပေးသော ဂလိုမာရူလိုင်များ – ကျောက်ကပ်၏ ကောတက်အပိုင်းတွင် တွေ့ရသော ဆံချည်သွေးကြော အစုအဝေးများ- အချိန်နှင့်အမျှ တဖြည်းဖြည်း ပျက်စီးလာခြင်းဖြစ်သည်။နာမည်ကဲ့သို့ပင် နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါသည် အချိန်အကြာကြီးဖြစ်နေသော အခြေအနေဖြစ်သည်။ နာတာရှည်ကျောက်ကပ်အလုပ်မလုပ်တော့ခြင်း ဖြစ်ရသည့် ထိပ်ဆုံးအကြောင်းရင်း တစ်ချက်ဖြစ်ပြီး နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါများဖြစ်ရသည့် အကြောင်းရင်းလဲဖြစ်သည်။နာတာရှည် ဂလိုမာရူလပ် ကျောက်ကပ်ရောင်ရောဂါအတွက် ကုသရန်နည်းမရှိပါ။ ၎င်းသည် အသက်ဆုံးရှုံးနိုင်သည့်ရောဂါ ဖြစ်ပါသည်။ သို့သော် စောလျင်စွာ သိရှိကုသခြင်းဖြင့် နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါကြောင့် အသက်ဆုံးနိုင်ချေ နည်းသွားနိုင်ပါသည်။နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။နာတာရှည် ဂလိုမာရူးလပ်ကျောက်ကပ်ရောင်ရောဂါ ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ-။ဆီးအများကြီးသွားခြင်း။ဆီးတွင်သွေးပါခြင်း။အမြှုပ်ထလွန်သော ဆီး – ဆီးသွားနေစဉ် အမြှုပ်ထခြင်းကို တွေ့နိုင်ပါသည်။သွေးတိုးခြင်း။နှာခေါင်းသွေး ခဏခဏထွက်ခြင်း။မောပန်းလွယ်ခြင်း၊ ကြွက်သားကိုက်ခြင်းနှင့် ညအခါတွင် ကြွက်တက်ခြင်း။သွေးအားနည်းရောဂါ၏ လက္ခဏာများ –။အရေပြားဖျော့ခြင်း၊ မောပန်းခြင်းနှင့် မူးနောက်နောက်ဖြစ်ခြင်း။အစားသောက်ပျက်ခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်း။အရေးပြားခြောက်သွေ့ခြင်း (ယားခြင်းနှင့်တွဲနိုင်သည်)။အိပ်မပျော်ခြင်း။ပျို့ခြင်း၊ အန်ခြင်းနှင့် ဝမ်းလျှောခြင်း။ဗိုက်ကယ်နေသလို ခံစားရခြင်း။အသက်ရှူရခက်ခြင်းနှင့် ချောင်းဆိုးခြင်း။နောက်ဆုံးအဆင့်ရောဂါတွင် အာရုံကြောဆိုင်ရာ လက္ခဏာများ ရှိလာနိုင်သည်။တက်ကြွမှုနည်းသွားခြင်း။ငိုက်မျဉ်းခြင်း။စိတ်ဂဏာမငြိမ်ခြင်း။ကယောင်ကတမ်းဖြစ်ခြင်း။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါသည် အမျိုးမျိုးသော အချက်များကြောင့် ဖြစ်နိုင်ပါသည်။ ၎င်းတို့မှာ တစ်ချို့မှာ –။ဆီးချိုကြောင့် ကျောက်ကပ်ထိခြင်း– ဆီးချိုမထိန်းခြင်းသည် နောက်ဆက်တွဲအနေဖြင့် ကျောက်ကပ်ကို အများကြီး ပျက်စီးစေနိုင်ပါသည်။Focal segmental glomerulosclerosis (FSGS): ကျောက်ကပ်တစ်ရှူးများ အမာရွတ်ဖြစ်ခြင်းသည် သူ၏လုပ်ငန်းစဉ်ကို ထိခိုက်နိုင်ပြီး နက်ဖရိုတစ်ရောဂါကို ဖြစ်စေနိုင်ပါသည်။IgA nephropathy– IgA ပဋိပစ္စည်းများ ကျောက်ကပ်တစ်ရှူးတွင် ပုံလာသောအခြေအနေဖြစ်ပြီး တစ်ရှူးများကို ပျက်စီးစေနိုင်ပါသည်။Systemic lupus erythematosus (SLE သို့ လူးပတ်စ်)– SLE တွင်တွေ့ရသော ကိုယ့်ကိုယ်ကိုပြန်တိုက်သည့် ပဋိပစ္စည်းများသည် ကျောက်ကပ်တစ်ရှူးများကို တိုက်ခိုက်ပြီး ၎င်း၏လုပ်ငန်းစဉ်များကို ထိခိုက်နိုင်ပါသည်။ရုတ်တရင်ပြင်းထန် ဂလိုမာရူလပ် ကျောက်ကပ်ရောင်ခြင်း ခဏခဏဖြစ်သူများတွင် အချိန်ကြာလာသည်နှင့် နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါကို ဖြစ်သွားစေနိုင်ပါသည်။ရောဂါတွင် ဗီဇကြောင့်လဲ တစ်ပိုင်းပါနိုင်သည်။ အဘယ်ကြောင့်ဆိုသော် တစ်ချို့သောမိသားစုများတွင် ဖြစ်ပွားနှုန်းများနေခြင်းကို သက်သေပြထားပြီး ဖြစ်ပါသည်။မူမမှန်သည့် ကိုယ်ခံအားစနစ်သည် နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါကို ဖြစ်စေနိုင်သည်။ မူမမှန်သော ကိုယ်ခံအားသည် နည်းလမ်းအမျိုးမျိုးဖြင့် ကျောက်ကပ်တစ်ရှူးများကို ထိခိုက်စေနိုင်ပါသည်။သွေးတိုးကို မထိန်းခြင်းသည် ကျောက်ကပ်ကိုထိခိုက်နိုင်ပြီး အချိန်တစ်ခုကြာလျှင် ယခုလို နာတာရှည်ကျောက်ကပ်ရောဂါကို ဖြစ်စေနိုင်ပါသည်။ ဖြစ်ရပ် ၄ခု ၁ခုတွင် နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါ၏ အကြောင်းကို မသိရပါ။နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။တစ်ချို့မိသားစုများတွင် အဖြစ်များကြောင်း သိထားပြီးသားဖြစ်သည်။ ထိုကြောင့် ဗီဇကြောင့်လဲ ဖြစ်နိုင်ပါသည်။အဲလ်ပေါ့ရောဂါရှိသူများ။ရုတ်တရတ်ပြင်းထန် ဂလိုမာရူလပ် ကျောက်ကပ်ရောင်ရောဂါ ခဏခဏ ဖြစ်သူများတွင် ကုသမှုကို မခံယူပါက နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါကို တဖြည်းဖြည်း ဖြစ်လာစေနိုင်ပါသည်။သွေးကြောရောင်ခြင်း– သွေးလွှတ်ကြောများ မူမမှန်စွာ ရောင်ရမ်းခြင်း။အချိန်အတော်ကြာအောင် ဆေးလိပ်သောက်ခြင်း။ဟိုက်ဒရိုကာဗွန် ပျော်ဝင်ပစ္စည်းများဖြစ်သည် အိမ်သုတ်ဆေး၊ လောင်ဆာ (ဂတ်စ်နှင့် ဓါတ်ဆီ)၊ ဆိုင်ကယ်ကား အိတ်ဇောငွေ့များ၊ ကော်နှင့် ကော်ပစ္စည်းများ၊ အော်ဂဲနစ် ပျော်ဝင်ပစ္စည်းများ၊ တစ်ချို့သော် အေရီယိုစောများနှင့် ပိုးသတ်ဆေးများ စသည်တို့သည် အန္တရာယ်တိုးစေနိုင်ပါသည်။ထို့ကြောင့် ဆေးသုတ်၊ ပရင့်ထုတ်၊ ကားဆိုင်ကယ် ပြုပြင်ရေး၊ အဝတ်အထည်၊ မီးသတ်၊ အော်ဂဲနစ် ဓါတုပစ္စည်းများနှင့် ဆေးဝါးထုတ်လုပ်ခြင်း၊ ကားဆိုင်ကယ် အိတ်ဇောငွေ့များနှင့် တောက်လျှောက် ထိတွေ့ရခြင်း စသည့် လုပ်ငန်းများတွင် လုပ်နေရသူတို့သည် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ချေ များပါသည်။ကင်ဆာရောဂါရှိခြင်း– ကင်ဆာများသည် ကျောက်ကပ်အပါအဝင် တခြားအင်္ဂါများ၏ လုပ်ငန်းများကို ထိခိုက်စေနိုင်ပါသည်။Goodpasture ရောဂါ နှင့် SLE တို့လို ကိုယ်ခံအားမှ ကိုယ့်ကိုယ်ကိုပြန်တိုက်သော ရောဂါများ။ဆီးချိုမထိန်းခြင်း။ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်တို့လို ပိုးကူးစက်ခြင်းများသည် နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါ ဖြစ်နိုင်ချေကို မြင့်စေနိုင်ပါသည်။ ဘက်တီးရီးယား ပိုးကူးစက်ခြင်းတွင် ဘက်တီးရီးယားကြောင့် နှလုံးရောင်ခြင်းနှင့် post-streptococcal infection များ။ ဗိုင်းရပ်စ်ပိုးကူးခြင်းတွင် HIV, အသည်းရောင် ဘီနှင့်စီ စသည်များ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါကို အမည်တပ်ရာတွင် အောက်ပါတို့ ပါဝင်ပါသည်။ပြည့်စုံသောရောဂါရာဇဝင်။သေသေချာချာ စမ်းသပ်ကြည့်ရှု့ခြင်း။သွေးစစ်ရာတွင် အောက်ပါတို့ပါဝင်သည်။Complete Blood Count (CBC)။သွေးတွင်း ဂလူးကို့စ်လယ်ဗယ်နှင့် ဟေမိုဂလိုဗင် A1c။Creatinine သန့်စင်နှုန်း သွေးစစ်ဆေးမှု။သွေးတွင်း ယူရီယား နိုင်ထိရိုဂျင်နှင့် ခရီရတနင်း လယ်ဗယ် စစ်ခြင်း။ပဋိပစ္စည်းများနှင့် ကွန်ပလိမန့်လယ်ဗယ်များကို စစ်ပြီး ကိုယ်ခံအားမူမမှန်ခြင်းကို သိရှိနိုင်မည့် အထူးသွေးစစ်ဆေးမှုများ။၂၄ နာရီ ဆီးတွင်ပါသည့် ပရိုတင်းအား ခွဲခြမ်းခြင်း – သွေးတွင် သို့ ဆီးတွင် ပရိုတင်းပါဝင်နှုန်းများနိုင်ပါသည်။ရင်ဘတ်ဓါတ်မှန်။ကျောက်ကပ် အာထရာစောင်း။ဝမ်းဗိုက် စီတီနှင့် အမ်အာအိုင်ရိုက်ခြင်း။Intravenous pyelogram – ဆိုးဆေးကိုသုံးပြီး ကျောက်ကပ်ပုံမှန်မဟုတ်သည်များကို ဖမ်းမိနိုင်သော ဓါတ်မှန်စီးရီး။ကျောက်ကပ်အသားစစစ်ခြင်း။တစ်ခါတစ်ရံ ရောဂါဗေဒပညာရှင်မှ အထူးလေ့လာမှုများကိုပြုလုပ်နိုင်ပါသည်။ ၎င်းတွင် immunohistochemical ဆိုးဆေး, molecular စစ်ဆေးခြင်းနှင့် အီလက်ထရွန်မိုက်ခရိုစကုပ်ဖြင့် စစ်ဆေးခြင်းများကို ရောဂါအမည်တပ်ရာတွင် အထောက်အကုပြုရန် လေ့လာနိုင်ပါသည်။ရောဂါအခြေအနေအမျိုးမျိုးသည် တူညီသော လက္ခဏာများ ရှိတတ်ပါသည်။ သင်၏ ကျန်းမာရေးစောင့်ရှောက်သူမှ တိကျသည့် ရောဂါအမည်တပ်နိုင်ရန် တခြားရောဂါများ မဟုတ်ကြောင်း သိနိုင်ရန်အတွက် ထပ်ဆောင်း စစ်ဆေးမှုများ ပြုလုပ်ရနိုင်ပါသည်။နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါကို ကုသရန် ခုလက်ရှိတွင် ကုထုံးမရှိသေးပါ။ ကုသမှုပုံစံသည်လည်း တစ်ဦးနှင့်တစ်ဦး မတူနိုင်ပါ။ အောက်ခံရောဂါပေါ်ကိုလဲ မူတည်ပါသည်။ တစ်ချို့သောကုထုံးများသည် ရောဂါလက္ခဏာကို သက်သာလာအောင် အာရုံစိုက်ပါသည်။မကြာခဏဆိုသလို သွေးတိုးကျအောင်လုပ်ခြင်းသည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါကို ကုသရာတွင် ဦးစားပေးအနေဖြင့်လုပ်ရပြီး ဆေးများ၊ အစားအသောက်များ အဓိအားဖြင့် ဆိုဒီမ် ပိုတက်စီယမ်နည်းသည်များကို စားခိုင်းခြင်းဖြင့် ထိန်းနိုင်ပါသည်။ အရည်နှင့် အီလက်ထရိုလိုက်များ မျှတအောင် ပြုလုပ်ရပါသည်။ခန္ဓါကိုယ်တွင် လုံလောက်သည့် ပရိုတင်းရနေစေရန်လဲ ထိန်းရသည်။ကုသမှုအမျိုးမျိုးကိုသုံးကာ ဆီးချိုထိန်းရသည်။မျက်နှာဖောခြင်း ရောင်ခြင်းများကို ကုသရန်အတွက် ဆီးဆေးများသောက်ရန်လည်း လမ်းညွှန်နိုင်ပါသည်။နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါ ဖြစ်ရခြင်းအကြောင်းရင်းသည် ကိုယ်ခံအားမှပြန်တိုက်သော ရောဂါများကြောင့်ဆိုပါက ပျက်စီးမှုကိုဖြစ်စေသည့် ပဋိပစ္စည်းလယ်ဗယ်ကို လျော့ချနိုင်ရန်အတွက် Plasmapheresis ကိုလုပ်ရန် စဉ်းစားနိုင်သည်။ကိုယ်ခံအားစနစ် ပုံမှန်မဟုတ်ခြင်းကြောင့်ဆိုပါက ကော်တီကိုစတီးရွိက်များနှင့် တခြားသာ ကိုယ်ခံအားဖိနိပ်ဆေးများကို ပေးနိုင်ပါသည်။ကျောက်ကပ်ပျက်စီးမှုသည် နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါထိဖြစ်လာပါက သွေးပြန်သန့်ရန် လိုအပ်ပါသည်။ သို့မဟုတ် ကျောက်ကပ်အစားထိုးရန် စဉ်းစားရပါမည်။အုပ်စုလိုက်ပါဝင်ဆွေးနွေးခြင်းဖြင့် ရောဂါအခြေအနေနှင့် တစ်ချို့သော ဖိစီးမှုလျော့စေနိုင်သည့် အချက်များကို ပိုမိုနားလည်လာနိုင်ပါသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကနာတာရှည် ကျောက်ကပ်ရောင်ရောဂါ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် နာတာရှည် ကျောက်ကပ်ရောင်ရောဂါ ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။အရည်များခြင်း၊ ဖောခြင်းနှင့် သွေးတိုးကို ထိန်းချုပ်နိုင်ရန်အတွက် ဆားကိုလျော့ပါ။သွေးတွင်း၌ အညစ်အကြေားများ စုပုံလာမှုကို လျော့နည်းစေရန် ပရိုတင်းနှင့် ပိုတက်စီယမ်ကို ဖြတ်ပါ။ကျန်းမာရေးနှင့် ညီညွှတ်သော ကိုယ်အလေးချိန်ကို ထိန်းပါ။ဆီးချိုရှိလျှင် သွေးတွင်းသကြားဓါတ်ကို ထိန်းပါ။ဆေးလိပ်ဖြတ်ပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/chronic-glomerulonephritis-%e1%80%94%e1%80%ac%e1%80%90%e1%80%ac%e1%80%9b%e1%80%bd%e1%80%8a%e1%80%b9-%e1%80%82%e1%80%9c%e1%80%ad%e1%80%af%e1%80%99%e1%80%ac%e1%80%9b%e1%80%b0%e1%80%b8%e1%80%9c%e1%80%95/
ပုရိသတို့ သားကြောဖြတ်ပြီးဘယ်လောက်အကြာ လိင်ဆက်ဆံလို့ရပြီလဲ
သားကြောဖြတ်ခြင်း (Vasectomy) ဆိုတာသုက်ရည်ထဲသို့ သုက်ပိုးများဝင်ရောက်လာအောင် ပို့ဆောင်ပေးတဲ့ ပြွန်ကို ဖြတ်တောက်ခြင်းဖြစ်ပါတယ်။ သုက်ရည်ထဲမှာ သုက်ပိုးများ မပါရှိတော့တာကြောင့် သုက်လွှတ်ပြီးနောက်မှာလည်းကိုယ်ဝန်ရနိုင်ခြေ မရှိတော့ပါဘူး။ ဒီနည်းလမ်းဟာ အမျိုးသားတွေအတွက် အထိရောက်ဆုံး သန္ဓေတားနည်းဆိုလည်း မမှားပါဘူး။ ခုဆောင်းပါးမှာတော့ အမျိုးသားတွေ အမေးများတဲ့ သားကြောဖြတ်ခြင်းနှင့်လိင်မှုဘဝသက်ရောက်မှုအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ကဲ ….. ပုရိသတို့ သားကြောဖြတ်ပြီးဘယ်လောက်အကြာ လိင်ဆက်ဆံလို့ရပြီလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ပုရိသတို့ သားကြောဖြတ်ပြီးဘယ်လောက်အကြာ လိင်ဆက်ဆံလို့ရပြီလဲ ဆိုတော့ သားကြောဖြတ်ဖို့ ခွဲစိတ်ထားတဲ့ နေရာမှာ အနာမကျက်မချင်း လိင်ဆက်ဆံမှုကို ရှောင်ဖို့ လိုအပ်ပါတယ်။ ခွဲစိတ်ပြီး အနည်းဆုံး တစ်ပတ်အထိ သို့မဟုတ် ခွဲထားတဲ့နေရာမှာ ရောင်နေတာ၊ နာကျင်နေတာမျိုး လုံးဝမခံစားရတော့တဲ့အချိန်မှ လိင်ဆက်ဆံမှု ပြန်စတာ အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ခွဲစိတ်မှု ပြီးပြီးချင်း လိင်ဆက်ဆံတဲ့အခါ ချုပ်ထားတဲ့ချုပ်ရိုးတွေက ပြန်ပြည်ပြီး ဘက်တီးရီးယားပိုးတွေ ဝင်သွားနိုင်တာကြောင့်ပါပဲ။လိင်ဆက်ဆံနေစဉ်ကပ္ပယ်အိတ်တစ်ဝိုက် အနည်းငယ်နာကျင်တာ၊သုက်ရည်ထဲမှာ သွေးစအနည်းငယ်ပါတာ၊ လိင်အင်္ဂါနဲ့ ကပ္ပယ်အိတ်မှာ အနည်းငယ်ဖောရောင်နေသလိုဖြစ်တာ၊ ကပ္ပယ်အိတ်အတွင်း သွေးခဲတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေဟာ ရက်သတ္တပတ်အနည်းငယ် ကြာနိုင်ပြီး လိင်ဆက်ဆံမှုပြုလေ အနာကျက်နှေးလေ ဖြစ်နိုင်ပါတယ်။အမျိုးသားအများစု သားကြောဖြတ်အပြီးသုက်ပိုးလုံးဝကင်းစင်သွားဖို့ လအနည်းငယ် စောင့်ရတတ်ပါတယ်။ အနည်းဆုံး အကြိမ် ၂၀နဲ့အထက် သုက်လွှတ်ပြီးတဲ့အခါမှသာ သုက်ရည်ထဲမှာ သုက်ပိုးလုံးဝကင်းစင်သွားမှာဖြစ်ပြီး ကိုယ်ဝန်ကို ထိရောက်စွာ တားဆီးပေးနိုင်မှာဖြစ်ပါတယ်။ ဆရာဝန်အနေနဲ့ သုက်ပိုးကောင်ရေ ဘယ်လောက်ကျန်သေးလဲဆိုတာကို ခွဲစိတ်ကုသမှုအပြီး ၆ပတ်မှ ၁၂ပတ်အထိ ဓာတ်ခွဲခန်းမှာ သုက်ရည်ကို စစ်ဆေးမှာ ဖြစ်ပါတယ်။ ဆရာဝန်ရဲ့ သုက်ပိုးကင်းရှင်းကြောင်း အတည်ပြုစာ မကျသေးသ၍ သန္ဓေတားဆေး သို့မဟုတ် ကွန်ဒုံးကို အသုံးပြုဖို့ လိုအပ်ပါတယ်။ခွဲစိတ်မှုကြောင့်လိင်စွမ်းဆောင်မှုပိုင်းကို မထိခိုက်နိုင်ပေမဲ့ မတော်တဆ ကိုယ်ဝန်ရသွားမှာ စိုးရိမ်တာ၊ မမျှော်လင့်ဘဲ ရလာတဲ့ ကိုယ်ဝန်ကြောင့် တာဝန်ယူရတော့မယ်ဆိုတဲ့ ဝန်ပိတဲ့ စိတ်တွေ၊ သန္ဓေတားဖို့ ကုန်ကျစရိတ်တွေကြောင့် စိတ်ပိုင်းဆိုင်ရာနဲ့ နောက်ဆက်တွဲ လိင်မှုကိစ္စမှာပါ အကျိုးသက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့် သားကြောဖြတ်ပြီးတဲ့အမျိုးသားတစ်ယောက်မှာ အရင်ကထက် စိုးရိမ်စိတ်နည်းသွားတတ်ပြီး လိင်မှုကိစ္စမှာ စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်တာကို တွေ့ရှိရပါတယ်။လိင်တံထောင်မတ်နိုင်စွမ်းဟာ အမျိုးသားတစ်ယောက်ရဲ့ ကျားဟော်မုန်းနဲ့ ကျန်းမာရေးအခြေအနေပေါ်မှာ မူတည်တာဖြစ်ပါတယ်။ သားကြောဖြတ်ခြင်းဟာ သုက်ပိုးကောင်ကို သုက်ရည်ထဲမဝင်စေဖို့ ထိန်းပေးတာဖြစ်ပြီးကျားဟော်မုန်းအပြောင်းအလဲ မဖြစ်စေတာကြောင့် ခွဲစိတ်မှုမပြုခင်မှာ ကောင်းကောင်းထောင်မတ်နိုင်တယ်ဆိုရင် ဘာမှစိတ်ပူဖို့ မလိုပါဘူး။အထက်မှာပြောခဲ့သလိုပါပဲ၊ သားကြောဖြတ်ခြင်းဟာ သုက်ရည်ထဲကို သုက်ပိုးမဝင်သွားစေဖို့ ကာကွယ်ပေးတာဖြစ်ပြီး သုက်ရည်ရဲ့ ပမာဏ၊ အရောင်၊ အနံ့၊ သုက်လွှတ်လိုက်တဲ့ ခံစားချက် ပြောင်းလဲမှုတစ်စုံတစ်ရာ မဖြစ်စေပါဘူး။အချုပ်အားဖြင့် ပြောရမယ်ဆိုရင် အမျိုးသားအများစု စိုးရိမ်နေကြသလို သားကြောဖြတ်ခြင်းကြောင့် လိင်စွမ်းဆောင်ရည်၊ လိင်စိတ်ဆန္ဒ၊ လိင်တံထောင်မတ်နိုင်စွမ်းနဲ့ သုက်လွှတ်တဲ့နေရာမှာ ဆိုးကျိုးမဖြစ်စေပါဘူး။ ပုံမှန်အားဖြင့် ခွဲစိတ်အပြီး တစ်ပတ် ၂ပတ်အကြာ ခွဲထားတဲ့အနာကျက်ပြီဆိုရင်ကွန်ဒုံးအသုံးပြုပြီး လိင်ဆက်ဆံလို့ ရပါပြီ။ သုက်ရည်ကို စစ်ဆေးကြည့်တဲ့အခါ သုက်ပိုးကောင်ရေ ကင်းရှင်းကြောင်းထောက်ခံချက်ရလာပြီဆိုရင် အကာအကွယ်မဲ့ လိင်ဆက်ဆံလို့ ရပါပြီ။ သားကြောဖြတ်ခြင်းဟာ ကိုယ်ဝန်ကို အဓိကတားဆီးပေးတဲ့ အမျိုးသားသန္ဓေတား နည်းလမ်းဖြစ်ပြီး လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေကိုတော့ ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။ ခွဲစိတ်မှုအပြီး ၂ပတ်အကြာအထိ အလွန်အမင်းနာကျင်တာ၊ ဖောရောင်နေတာ အစရှိတဲ့ လက္ခဏာတွေ ရှိနေသေးတယ်ဆိုရင်တော့ ဆရာဝန်နဲ့ စစ်ဆေးကြည့်တာ အကောင်းဆုံးပါပဲ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/sex-after-vasectomy/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%80%e1%80%bc%e1%80%80%e1%80%ba%e1%80%a5%e1%80%98%e1%80%b2%e1%80%a5%e1%80%85%e1%80%ac%e1%80%b8%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%81%e1%80%bb%e1%80%80/
အစားကြေးများတဲ့ ကလေး ဘယ်လိုချော့ကျွေးကြမလဲ
ကလေးကို ထမင်းစကျွေးပြီဆိုတာနဲ့ မိဘတွေတိုင်ပတ်တဲ့ဇာတ်လမ်းကစလာပါပြီ။ အရာရာသူ့ဘာသာလုပ်မယ်တကဲကဲနဲ့ ဖွံ့ဖြိုးလာတဲ့ ကလေးကြောင့်ပါ။ ဘာကျွေးကျွေး ခုကြိုက်လိုက်၊တော်ကြာထွေးထုတ်လိုက်၊ သူ့လက်နဲ့ပြန်ကောက်စားလိုက် လုပ်ရင်လုပ်တတ်သေးတယ်။ ဘယ်အစားအစာကိုကြိုက်မလဲ မှန်းဆရလည်းတော်တော်ခက်တဲ့အရွယ်ပါ။ အစားတစ်မျိုးကို ခဏပဲကြိုက်တာကိုး။ဆော့ရင်းကစားရင်း လိုက်ခွံ့ရတာ၊ထမင်းပန်းကန်ကိုင်ပြီး ကလေးနဲ့စိန်ပြေးလိုက်တမ်းကစားရတာလည်း အမော။ ဒီလိုကာလတွေမှာအတော်ပင်ပန်းရပေမယ့် ဒါဟာ ကလေးတွေရဲ့ပုံမှန်ဖွံ့ဖြိုးမှုအဆင့်တစ်ခုဖြစ်နေပြန်ပါတယ်။ သိပ်စိတ်ပူနေဖို့တော့ မလိုပါဘူး။ မေမေတို့အနေနဲ့ ဉာဏ်ရှိရှိနဲ့ဖြတ်သန်းနိုင်မယ်ဆိုရင်ကလေးလည်းအာဟာရမလျော့ဘဲ အချိန်နဲ့အမျှ အဆင်ပြေလာမှာပါ။ကလေးအများစုက တစ်ခါတရံ စားစရာကိုငြင်းဆန်နေရင်တောင်မှ မိဘတွေရဲ့ ကြိုးပမ်းမှု(ဉာဏ်ကစားမှု)ကြောင့် စားသင့်သလောက် စားဝင်ကြပါတယ်။ တစ်ခုသတိထားရမှာက ကလေးရဲ့အစာအိမ်ကသေးသေးလေးရယ်။ ဒီလောက်ဝင်မှဖြစ်မယ်ဆိုပြီး တစ်ကြိမ်တည်းမှာ ပုံတိုက်သတ်မှတ်ပြီး အတင်းမကျွေးမိဖို့ပါ။ ထိုက်သင့်သလောက်စားဝင်ပြီးမှ ကလေးက ဆက်မစားချင်တော့ရင်အတင်းအကျပ်ဆက်မကျွေးသင့်ပါဘူး။ကဲ ဘယ်လိုနည်းလမ်းတွေသုံးပြီးဇီဇာကြောင်တဲ့ကလေးကို အစားချော့ကျွေးနိုင်မလဲ ကြည့်ရအောင်။ကိုယ်နဲ့အတူကျွေးကြည့်ပါ။လူကြီးတွေစားတဲ့ထမင်းဝိုင်းနားမှာဖြစ်ဖြစ်၊ တစ်ဝိုင်းတည်းထိုင်ခိုင်းတာဖြစ်ဖြစ် တတ်နိုင်သလောက် တူတူထမင်းစားကြည့်ပါ။ အချိန်မရတဲ့သူတွေအတွက် နည်းနည်းတော့ခက်ခဲနိုင်ပေမယ့် ကလေးတစ်ယောက်တည်းကိုထမင်းခွံ့ရင်း အချိန်ကြာရ၊ပင်ပန်းရတာနဲ့စာရင် ပိုအဆင်ပြေနိုင်ပါတယ်။လူကြီးတွေ စားတာကြည့်ရင်း ကလေးကစားချင်စိတ်ပိုများလာနိုင်သလို၊ အစားအစာအသစ်အဆန်းတွေကိုလည်းမြည်းကြည့်ချင်စိတ်ဖြစ်လာစေနိုင်ပါတယ်။ သူတို့လက်ထဲ ပန်းကန်တစ်ချပ်ပေးထားပြီး စားစရာနည်းနည်းထည့်ပေးထားရင် သူ့ဘာသာစားတဲ့အလေ့အကျင့်ဖြစ်စေမယ်၊ငြိမ်ဆေးကျွေးသလိုဖြစ်စေမယ်ပေါ့။ကိုယ့်ဘာသာစားတတ်အောင်လေ့ကျင့်ပေးပါ။ကျန်းမာရေးနဲ့ညီတဲ့ စားစရာတွေကို ကိုယ်တိုင်စားနိုင်အောင်ပြင်ဆင်ပေးပြီး လွတ်လွတ်လပ်လပ်စားခွင့်ပေးလိုက်ပါ။(တစ်ဆို့စေမယ့်၊အစာနင်စေမယ့် အစားအစာမျိုးမဖြစ်အောင် သတိထားပြင်ဆင်ရပါမယ်) ကိုယ်တိုင်လုပ်ခွင့်ရမှကျေနပ်တဲ့အရွယ်မို့ သူ့ဘာသာအလုပ်ရှုပ်နေတာနဲ့တင် ထမင်းစားချိန် လျှောက်ပြေးမဆော့အားတော့ပါဘူး။ထမင်းစားချိန်တွေကို ပျော်စရာကောင်းအောင်ဖန်တီးပေးပါ။ပျော်အောင်လုပ်ပေးရမယ်ဆိုတာနဲ့ တီဗီဖွင့်၊ ကာတွန်းကား၊ သီချင်းမြူးမြူးတွေဖွင့်ပေးထားဖို့မဟုတ်ဘူးနော်။ အဲဒါတွေက အာရုံပြောင်းထားတာဖြစ်ပေမယ့် ကလေးက တီဗီကိုအာရုံစိုက်နေတုန်းထမင်းထိုးခွံ့ရတာ နည်းလမ်းကောင်းမဟုတ်ပါဘူး။ အာရုံသေချာမရှိဘဲ မျိုချနေတဲ့အတွက် အစာခြေစနစ်အတွက်မကောင်းသလို ဘယ်အစားအစာကိုစားမိမှန်း၊ ဘာကိုကြိုက်မှန်းမကြိုက်မှန်းမသိတော့တဲ့အတွက် အစာစားခြင်းနဲ့ပတ်သက်တဲ့ ကလေးရဲ့လေ့လာဖွံ့ဖြိုးမှုအပိုင်းမှာ အကျိုးမရှိဖြစ်စေပါလိမ့်မယ်။အိုးပုတ်လေးတွေ၊ စားစရာအသီးအနှံအတုတွေ၊ အရုပ်လေးတွေနဲ့ပေးကစားထားတာမျိုးမှ အစားအသောက်ကို အာရုံပိုရှိစေနိုင်တယ်။ စားချင်စိတ်ပိုဖြစ်စေနိုင်ပါတယ်။ အစားအသောက်အကြောင်း၊ အခုစားနေတဲ့ဟင်းရဲ့ပါဝင်ပစ္စည်းတွေအကြောင်းရှင်းပြတာတွေ နဲ့ကလေးရဲ့အာရုံကို ဖမ်းဆုပ်နိုင်ပါတယ်။(ဥပမာ- ထမင်းခွံ့နေရင်း….သားရေ..ငါးငါး စားကြည့်ပါဦး၊ ဟောဟိုရှေ့ကရေကန်ထဲက ငါးတွေသိတယ်မလား၊ ငါးလေးတွေရေဘယ်လိုကူးလဲသိလား၊ စသည်ဖြင့် ဆက်စပ်ပြီး ကလေးနဲ့စကားပြောကြည့်လို့ရပါတယ်)။ကလေးက စားချင်စိတ်ရှိမရှိ ကိုသတိပြုကြည့်ပါ။ကလေးက မဆာဘူးဆိုရင် အတင်းမကျွေးပါနဲ့။ ဒါလေးကုန်အောင်စားနော်၊ အကုန်စားရင်ရေခဲမုန့်ကျွေးမယ်တို့ ဘာတို့ တခြားစားစရာတခုခုနဲ့ မက်လုံးမပေးသင့်ပါဘူး။ ဆုချခံရမယ့် စားစရာအတွက် စိတ်လောပြီး လက်ရှိ ဆာလောင်တာတွေ ပြည့်အောင်မစားတော့တာ၊ ဗိုက်ပြည့်တာလည်း မသိတော့တာတွေ ဖြစ်လာနိုင်ပါတယ်။ပုံမှန်အချိန်ဇယား သတ်မှတ်ထားပါ။ဒီနေ့ ဒီအချိန်ကျွေးရင်နောက်နေ့လည်း ဒီအချိန်ပဲကျွေးပါ။ ထမင်းကျွေးချိန်ကို သတ်သတ်မှတ်မှတ်ထားပါ။ထမင်းစားနည်းတဲ့နေ့ဆိုရင် အာဟာပြည့်တဲ့သရေစာတစ်ခုခုလုပ်ကျွေးပါ။ ဥပမာ ကြက်ဥပူတင်း ကိုယ်တိုင်လုပ်ကျွေးတာမျိုး။ အတတ်နိုင်ဆုံး အပြင်စာ မုန့်တွေမကျွေးတာကောင်းပါတယ်။ အချိုရည်တွေ၊ အသင့်စားသရေစာမုန့်တွေ ခဏခဏ မကျွေးပါနဲ့။ ထမင်းစားချင်စိတ်လျော့သွားနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/feeding-fussy-toddlers/
သွေးတိုးကျဆင်းစေမည့် သဘာဝနည်းလမ်းများ
သွေးတိုးခြင်းဟာ နှလုံးကို ထိခိုက်ပျက်စီးစေတဲ့ အခြေအနေဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ လူပေါင်း တစ်ဘီလျံခန့်ကို ဒုက္ခပေးနေတဲ့ ရောဂါလည်း ဖြစ်ပါတယ်။ ထိရောက်စွာ မကုသခဲ့ရင် နှလုံးရောဂါ၊ လေဖြတ်ခြင်း စတဲ့အခြေအနေတွေ တွေ့ကြုံနိုင်ပါတယ်။ကောင်းတဲ့အချက်ကတော့ သွေးတိုးခြင်း ကို သက်သာစေဖို့ လုပ်ဆောင်နိုင်တဲ့ နေထိုင်မှုပုံစံတွေ ရှိနေပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ သွေးတိုးကျဆင်းစေမည့် သဘာဝနည်းလမ်းများက ဘာတွေလဲ ဆိုတာပါပဲ။လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ သွေးတိုးလျှော့ချနိုင်တဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းအားဖြင့် နှလုံးကို ပိုမိုသန်မာစေပြီး သွေးများကို ညှစ်ထုတ်ပေးရာမှာ ပိုမိုထိရောက်စေပါတယ်။ သုတေသနတွေအရ လမ်းလျှောက်ခြင်းကဲ့သို့ ပုံမှန်လေ့ကျင့်ခန်းမျိုးကို တပတ်မှာ ၁၅၀ မိနစ်၊ ပြေးုခြင်းကဲ့သို့ အားစိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းမျိုးကို တပတ် ၇၅ မိနစ်ခန့် ပုံမှန်ပြုလုပ်ပေးခြင်းဟာ သွေးပေါင်ချိန်ကို မှန်စေပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ တနေ့ကို နာရီဝက်ခန့် လမ်းလျှောက်ပေးရင် လုံလောက်ပါတယ်။ဆားများများစားမိရင် သွေးတိုးပြီး နှလုံးပြဿနာတွေ ကြုံနိုင်ပါတယ်။ လူတယောက်ချင်းစီရဲ့ မျိုးရိုးဗီဇပေါ် မူတည်ပြီး ဆိုဒီယမ် (ဆား) အပေါ် တုံ့ပြန်ပုံ ကွာခြားနိုင်ပါတယ်။ ဒါပေမယ့် ဆိုဒီယမ်နဲ့ သွေးပေါင်ချိန်မြင့်တက်ခြင်းဟာ ဆက်စပ်နေကြောင်း သုတေသနတွေမှာ တွေ့ရှိထားပါတယ်။ သွေးတိုးအခံရှိရင် ဆားများများပါတဲ့ အစားအစာတွေ၊ အဆင့်ဆင့်ပြုပြင်ထားတဲ့ စားစရာတွေကို ရှောင်ကြဉ်သင့်ပါတယ်။အရက်ကြောင့် သွေးတိုးစေနိုင်ပါတယ်။ စစ်တမ်းတွေအရ အယ်လ်ကိုဟောဟာ ကမ္ဘာတလွှားက သွေးတိုးပြဿနာများရဲ့ ၁၆ ရာခိုင်နှုန်းနဲ့ ဆက်စပ်နေပါတယ်။ ပုံမှန်အားဖြင့် အမျိုးသမီးတွေဆိုရင် တနေ့တခွက်၊ အမျိုးသားများဆိုရင် တနေ့နှစ်ခွက်ထက် ပိုမသောက်ရပါဘူး။ပိုတက်ဆီယမ်ဟာ အရေးကြီးတဲ့ သတ္တုဓာတ်တမျိုးပဲ ဖြစ်ပါတယ်။ ပိုတက်ဆီယမ်ဟာ ဆိုဒီယမ်ကို လျော့နည်းစေပြီး သွေးပေါင်ကျစေပါတယ်။ ပိုတက်ဆီယမ်များများရဖို့အတွက် အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေကို လျှော့စားပြီး လတ်ဆတ်တဲ့ အစားအသောက်တွေကို ပိုမိုစားသုံးသင့်ပါတယ်။ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေကတော့။– အရွက်စိမ်းများ၊ ခရမ်းချဉ်သီး၊ အာလူး၊ ကန်စွန်းဥ။– ဖရဲသီး၊ ငှက်ပျောသီး၊ ထောပတ်သီး၊ လိမ္မော်သီး၊ တရုတ်ဆီးသီး။– နို့၊ ဒိန်ချဉ် စသည့် နို့ထွက်ပစ္စည်းများ။– တူနာငါး၊ ဆယ်လ်မွန်ငါး။– အစေ့အဆန်များ။– ပဲအမျိုးမျိုး စတာတွေ ဖြစ်ပါတယ်။စိတ်ဖိစီးခြင်းဟာလည်း သွေးတိုးစေတဲ့ အကြောင်းအရင်းတရပ် ဖြစ်ပါတယ်။ စိတ်ဖိစီးမှုများလာရင် နှလုံးခုန်မြန်လာပြီး သွေးကြောများကို ကျဉ်းလာစေပါတယ်။ စိတ်ဖိစီးမှုကြောင့် သွေးတိုးခြင်းပါ ဖြစ်မလာအောင် တေးဂီတနားထောင်ခြင်း၊ တရားထိုင်ခြင်း၊ အပင်စိုက်ခြင်း ပျိုးထောင်ခြင်း စတဲ့ နည်းလမ်းတွေနဲ့ ဖြေလျှော့နိုင်ပါတယ်။ စိတ်ဖိစီးမှုဖြစ်စေတဲ့ လုပ်ငန်းခွင်ကနေ ခေတ္တ အနားယူသင့်ပါတယ်။ချောကလက်ညိုနဲ့ ကိုကိုးမှာ flavonoid လို့ခေါ်တဲ့ ဓာတ်တမျိုးပါဝင်ပါတယ်။ ၎င်းပစ္စည်းဟာ သွေးကြောတွေကို ကျယ်စေတဲ့ အာနိသင်ရှိတာကြောင့် သွေးတိုးကျစေပါတယ်။ကိုယ်အလေးချိန်များနေရင်၊ အဝလွန်နေရင် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ သုတေသနတခုအရ ကိုယ်အလေးချိန်ရဲ့ ၅ရာခိုင်နှုန်းကို လျှော့ချနိုင်ရင် သွေးတိုးခြင်းကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ကိုယ်အလေးချိန်လျော့သွားရင် နှလုံးရဲ့ ကျုံ့နိုင်ပြန့်နိုင်အား ပိုကောင်းလာပြီး နှလုံးသွေးလွှတ်ခန်းကနေ သွေးကို ပိုမိုညှစ်ထုတ်ပေးနိုင်ပါတယ်။ဆေးလိပ်သောက်လိုက်တိုင်းမှာ သွေးပေါင်ချိန်ကို အနည်းငယ်တက်စေပါတယ်။ ဆေးရွက်ကြီးမှာပါတဲ့ ဓာတ်ပစ္စည်းများဟာ သွေးကြောတွေကို ထိခိုက်စေပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် သွေးပေါင်တက်ခြင်းကို အမြဲတမ်းဖြစ်စေသလား အထောက်အထား ခိုင်မာစွာ မရှိပေမယ့် ဆေးလိပ်သောက်ခြင်းရော သွေးတိုးခြင်း နှစ်မျိုးစလုံးဟာ နှလုံးရောဂါဖြစ်နိုင်ခြေမြင့်တာကြောင့် ဆေးလိပ်ဖြတ်သင့်ပါတယ်။ဘယ်ရီသီးဟာ အရည်ရွှမ်းပြီး polyphenol ဆိုတဲ့ ဓာတ်ပစ္စည်းတမျိုး ပါဝင်ပါတယ်။ အဆိုပါပစ္စည်းဟာ နှလုံးအတွက် ကောင်းမွန်ပြီး သွေးတိုးလည်း ကျစေတယ်လို့ သိရပါတယ်။တရားထိုင်ခြင်းနဲ့ အသက်ရှူလေ့ကျင့်ခန်းများဟာ ကိုယ်ခန္ဓာကို ပြေလျော့စေပါတယ်။ နှလုံးခုန်နှုန်းကို နှေးစေပြီး သွေးတိုးကျစေပါတယ်။မဂ္ဂနီဆီယမ်ဟာ သွေးကြောတွေကို ပျော့ပြောင်းပြေလျော့စေပါတယ်။ သုတေသနတချို့အရ မဂ္ဂနီဆီယမ် နည်းပါးသူများဟာ သွေးတိုးလွယ်ကြောင်း သိရပါတယ်။ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ နို့ထွက်ပစ္စည်း၊ ပဲအမျိုးမျိုး၊ ကြက်သား၊ အသားငါး၊ မပြုမပြင်ရသေးတဲ့ အစေ့အဆန် စတာတွေကို စားသုံးပေးခြင်းဟာ သွေးပေါင်ချိန်ထိန်းပေးနိုင်ဖို့ အထောက်အကူ ပြုပါတယ်။…………………………………။သွေးတိုးခြင်းဟာ နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်း စတဲ့ပြဿနာတွေကို ဖြစ်ပွားစေနိုင်တဲ့ ရောဂါပဲဖြစ်ပါတယ်။ သွေးတိုးရောဂါဖြစ်လာရင် ဆရာဝန်နဲ့ ပုံမှန်ပြသသင့်ပြီး သွေးကျဆေးများကို ပုံမှန်သောက်သုံးသင့်ပါတယ်။ဆေးဝါးများ သောက်သုံးတဲ့အပြင် ဖော်ပြခဲ့တဲ့ စားသောက်မှုပုံစံ၊ နေထိုင်မှုပုံစံတွေကို ပုံမှန်ဆောင်ရွက်ရင် သွေးပေါင်ချိန်ကို ပုံမှန်အနေအထားမှာ ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။အခုပြောပြခဲ့တာတွေကတော့ သွေးတိုးကျဆင်းစေမည့် သဘာဝနည်းလမ်းများ ပါပဲ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/home-reedies-for-hypertension/
ကိုလက်စထရောမြင့်မားခြင်းကြောင့် ခန္ဓာကိုယ်ပေါ် အကျိုးသက်ရောက်ခြင်းများ
ကိုလက်စထရောဆိုတာ သွေးထဲ ဒါမှမဟုတ် ဆဲလ်ထဲမှာ ရှိတဲ့ အဆီဓာတ်တမျိုးပဲ ဖြစ်ပါတယ်။ ကိုလက်စထရောအများစုကိုအသည်းကနေ ထုတ်လုပ်ပြီး ကျန်တာကိုတော့ အစားအစာကနေ ရရှိပါတယ်။ ကိုလက်စထရောဟာ lipoproteins လို့ ခေါ်တဲ့ ပရိုတိန်းထဲမှာစုဝေးပြီး သွေးထဲမှာ လှည့်လည်ပါတယ်။ကိုလက်စထရောဟာ ပုံစံနှစ်မျိုးနဲ့ တည်ရှိပါတယ်။• Low-density lipoprotein (LDL)။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ကိုလက်စထရောဖြစ်ပြီးသွေးလွှတ်ကြောတွေကို ပိတ်ဆို့စေတတ်ပြီး နှလုံးနဲ့သွေးကြောစနစ်ကို ဒုက္ခပေးပါတယ်။• High-density lipoprotein (HDL)။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုလက်စထရောဖြစ်ပြီး မကောင်းတဲ့ LDL ကိုလက်စထရောကို သွေးကြောထဲကနေ အသည်းဆီ ပို့ဆောင်ပြီး ခန္ဓာကိုယ်ပြင်ပ ဖယ်ထုတ်နိုင်အောင် ကူညီပေးပါတယ်။ကိုလက်စထရောဟာ သူ့ဖာသာဆိုရင် ဒုက္ခမပေးတတ်ပါဘူး။ ကိုယ်ခန္ဓာကနေ ဟော်မုန်းများ၊ ဗီတာမင်ဒီ၊ အစာချေရည် စတာတွေကို ထုတ်လုပ်ဖို့အတွက် ကိုလက်စထရောကို လိုအပ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းများရဲ့ လုပ်ငန်းတာဝန်တွေအတွက် ကိုလက်စထရောကို လိုအပ်ပါတယ်။ဒါပေမယ့် LDL ကိုလက်စထရောပဲ အများအပြားရှိနေခြင်းဟာ ကျန်းမာရေးအတွက်ပြသနာ ဖြစ်ပါတယ်။ LDL ကိုလက်စထရောဟာ အချိန်ကြာမြင့်စွာ မြင့်တက်နေမယ်ဆိုရင် သွေးကြောတွေကို ပျက်စီးစေပြီး နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။ လေဖြတ်နိုင်ခြေအန္တရာယ်ရှိပါတယ်။ ဒါကြောင့် ဆရာဝန်ပုံမှန်ပြသပြီး ကိုလက်စထရောအတက်အကျကို စစ်ဆေးသင့်ပါတယ်။ကိုယ်ခန္ဓာထဲမှာ LDL ကိုလက်စထရောများနေရင် သွေးလွှတ်ကြောတွေထဲ စုဝေးလာပါတယ်။ သွေးကြောတွေကို ပိတ်ဆို့စေပြီး အကျဉ်းအကျယ် သိပ်မရှိတော့ပါဘူး။ သွေးကြောတွေ မာကြောတောင့်တင်းလာပြီး သွေးဟာ ကောင်းစွာစီးဆင်းနိုင်ခြင်း မရှိတော့ပါဘူး။ နှလုံးကလည်း မာကြောနေတဲ့ သွေးကြောတွေကတဆင့် သွေးကို အားစိုက်ပြီး တွန်းထုတ်လာရပါတယ်။ ဒီအခြေအနေကြာလာပြီဆိုရင် နှလုံးရောဂါဖြစ်သွားနိုင်ပါတယ်။နှလုံးသွေးကြောတွေထဲမှာလည်း အနည်ဖတ်များ ကပ်ငြိလာပြီး အောက်ဆီဂျင်ပါဝင်တဲ့သွေးတွေ နှလုံးကြွက်သားတွေဆီ ကောင်းကောင်းမရောက်အောင် ဟန့်တားလိုက်ပါတယ်။ အဆိုပါ အခြေအနေမှာ နှလုံးအောင့်တာကြောင့် ရင်ဘတ်ကနေ စူးအောင့်သလို ခံစားရပါတယ်။ ဒီလိုအောင့်ခြင်းဟာ heart attack တော့ မဟုတ်သေးပါဘူး။ နှလုံးသွေးကြော သွေးစီးဆင်းမှု ခဏတာပြတ်တောက်ခြင်း ဖြစ်ပါတယ်။ ဒါဟာ တချိန်မှာ heart attack ဖြစ်လာနိုင်တဲ့ အနေအထားဖြစ်ပါတယ်။တကယ်လို့နှလုံးသွေးကြောနံရံမှာ ကပ်ငြိနေတဲ့ အနည်ဖတ်ဟာ ပြုတ်ထွက်သွားပြီး သွေးစီးကြောင်းအတိုင်း မျောပါသွားရင် သွေးကြောတနေရာရာမှာ သွားပိတ်နိုင်ပါတယ်။ အဆိုပါအခြေအနေမှာ heart attack ဖြစ်ပေါ်စေပါတယ်။ ဒီဖြစ်စဉ်ဟာ တကယ်လို့ ဦးနှောက်ထဲမှာဖြစ်ခဲ့မယ်ဆိုရင်တော့ လေဖြတ်ခြင်းဝေဒနာ ခံစားရမှာ ဖြစ်ပါတယ်။ တခါတရံ ခန္ဓာကိုယ်အစွန်အဖျားက သွေးကြောတွေဆီကို ရောက်သွားခဲ့ရင် အစွန်အဖျားပိုင်း သွေးကြောရောဂါကို ဖြစ်စေနိုင်ပါတယ်။ အူလမ်းကြောင်း၊ ခြေထောက်၊ ခြေဖဝါး စတာတွေမှာ ဖြစ်တတ်ပါတယ်။ကိုယ်ခန္ဓာမှာရှိတဲ့ ဟော်မုန်းဂလင်းများဟာ ကိုလက်စထရောကို အသုံးပြုပြီး အီစထရိုဂျင်၊ တက်စ်တိုစတီရုန်း၊ ကော်တီဆော စတဲ့ဟော်မုန်းတွေကို ထုတ်လုပ်ပေးပါတယ်။ ဟော်မုန်းတွေဟာ ကိုလက်စထရောအပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ သုတေသနတွေအရ အီစထရိုဂျင်ဟော်မုန်းဟာ အမျိုးသမီးများ ဓမ္မတာချိန်မှာ မြင့်တက်နေတတ်ပါတယ်။ အဲဒီအချိန်မှာ HDL ကိုလက်စထရောကို မြင့်တက်စေပြီး LDL ကိုလက်စထရောကို ကျစေပါတယ်။ ဒီအချက်ဟာ အမျိုးသမီးများ သွေးဆုံးပြီးမှ နှလုံးရောဂါ ဖြစ်လာနိုင်ခြေတိုးလာခြင်းကို ညွှန်ပြနေပါတယ်။ကိုလက်စထရောဟာ လူ့ဦးနှောက်အတွက် အရေးကြီးတဲ့ ပစ္စည်းတခု ဖြစ်ပါတယ်။ အမှန်တကယ်တော့ ဦးနှောက်ထဲမှာ တကိုယ်လုံးမှာရှိတဲ့ ကိုလက်စထရောရဲ့ ၂၅ရာခိုင်နှုန်း ပါဝင်နေပါတယ်။ ဒီပစ္စည်းဟာ အာရုံကြောဆဲလ်တွေကို ကာကွယ်ဖို့၊ ဖွံ့ဖြိုးဖြစ်ပေါ်စေဖို့ အရေးပါပါတယ်။ ဒီအာရုံကြောဆဲလ်တွေကတဆင့် ဦးနှောက်ကို ကျန်ခန္ဓာကိုယ်တခုလုံးနဲ့ ဆက်သွယ်ပေးခြင်း ဖြစ်ပါတယ်။ဦးနှောက်ရဲ့ ပုံမှန်လုပ်ငန်းတာဝန်တွေကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ ကိုလက်စထရောကို လိုအပ်ပေမယ့် အလွန်အမင်းများလာရင်တော့ ထိခိုက်ပျက်စီးမှု ဖြစ်စေနိုင်ပါတယ်။ သွေးလွှတ်ကြောထဲမှာ ကိုလက်စထရောတွေ အမြောက်အမြားရှိနေရင် လေဖြတ်နိုင်ခြေများပါတယ်။ လေဖြတ်ပြီး သွေးလည်ပတ်မှုပြတ်တောက်တဲ့အခါ မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ မလှုပ်ရှားနိုင်ခြင်း၊ အစားစားရခက်ခြင်း၊ စကားပြောရခက်ခြင်း စတာတွေအပြင် တခြားအရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေကို ပျက်စီးစေပါတယ်။သွေးတွင်းကိုလက်စထရောတက်ရုံနဲ့တင် မှတ်ဉာဏ်ချို့ယွင်းခြင်း၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်း စတဲ့ ပြဿနာတွေ ကြုံနိုင်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါကို ပိုဆိုးစေနိုင်ပါတယ်။လူ့ကိုယ်ခန္ဓာထဲမှာ အစာတွေကိုချေဖျက်ပြီး အာဟာရဓာတ်တွေကို စုပ်ယူဖို့ အားပေးတဲ့ သည်းခြေရည်ရှိပါတယ်။ ကိုလက်စထရောဟာ သည်းခြေရည်ထုတ်လုပ်ရာမှာ ပါဝင်ကူညီပါတယ်။ ဒါပေမယ့် သည်းခြေရည်ထဲမှာ ကိုလက်စထရောတွေ အလွန်အမင်းများလာရင်တော့သည်းခြေကျောက်တည်လာနိုင်ပါတယ်။……………..။ကိုလက်စထရောကို ပုံမှန်ရှိမရှိ အမြဲစစ်ဆေးနေသင့်ပါတယ်။ ဒါမှသာနှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပြီး ဘဝရဲ့ အရည်အသွေးတွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
heart-health
heart-health
https://hellosayarwon.com/heart-health/cholesterol/cholesterol-effects-on-body/
null
null
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/when-should-you-take-hiv-tests/
ဟောက်တတ်သူတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ
ဟောက်တယ်ဆိုတာက အိပ်စက်ချိန်မှာ အနှောင့်အယှက်ဖြစ်စေတယ်ဆိုတဲ့ အခြေအနေ ထက်ပိုတဲ့ အခြေအနေ တစ်ရပ်ပါ။ လေ့လာမှုတွေအရကတော့ ညအိပ်နေချိန်မှာ ဟောက်တာက အိပ်မပျော်တာကြောင့် ဖြစ်တာမဟုတ်ဘဲ လေပြွန်တွေထဲကို လေကောင်းကောင်း မဝင်တာကြောင့် ဖြစ်တာလို့ လေ့လာမှုတွေက ဆိုပါတယ်။ ဒီတစ်ခေါက်တော့ အိပ်နေချိန်မှာ ဘာလို့ ဟောက်ရတာလဲ ဆိုတာနဲ့ ဟောက်တတ်သူတွေမှာ ဖြစ်တတ်တဲ့ကျန်းမာရေးပြဿနာများအကြောင်း ပြောပြပေးချင်ပါတယ်။ဟောက်တယ် ဆိုတာက လေတွေ ပါးစပ် နဲ့ နှာခေါင်းကို အလွယ်တကူ ဖြတ်သန်း မစီးဆင်းနိုင်တဲ့ အခြေအနေ တစ်ရပ်ပါ။ လေတွေက ပါးစပ်ထဲမှာ ရှိနေတဲ့ အာခေါင်ပျော့၊ နှာခေါင်း နဲ့ လည်ချောင်းတို့လိုမျိုး အစိတ်အပိုင်းတစ်ခုခုမှာ ဖြစ်နေတဲ့  ပိတ်ဆို့မှုကို အားနဲ့ ဖြတ်သန်းစီးဆင်းတဲ့ အခြေအနေ တစ်ရပ်မှာ ဖြစ်လာတဲ့ အနေအထားတစ်ရပ်ပါ။ တုန်ခါမှုလိုမျိုးပေါ့။ ဒီလို တုန်ခါမှုက ဟောက်သံကို ထွက်စေတာပါ။ဟောက်တာက အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေရုံတင်မဟုတ်ဘဲအိပ်ဟောက်အသက်ရှူရပ်ရောဂါလို့ ခေါ်တဲ့ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာကို ဖြစ်စေနိုင်သလို အခြားသော ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ခြေရှိတယ်ဆိုတဲ့ရှေ့ပြေးလက္ခဏာတွေလည်း ဖြစ်နိုင်ပါတယ်။ဟောက်တာက တော်တော်လေး အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။အမျိုးသားတွေအထူးသဖြင့် အသက် ၅၀ အထက် အမျိုးသားတွေ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတဲ့ အမျိုးသားတွေ၊အဝလွန်နေတဲ့ အမျိုးသားတွေမှာ အဖြစ်များပါတယ်။ အမျိုးသမီးတွေလည်း ဟောက်တတ်ပါတယ်။လူတိုင်းကတော့ တစ်ချိန် မဟုတ် တစ်ချိန်မှာ အိပ်ရင်းဟောက်တာကို ခံစားရနိုင်ခြေ များပါတယ်။ဘေဘီလေးတွေ၊ ကလေးလေးတွေ နဲ့ အရွယ်ရောက်ပြီးသူ အားလုံးမှာ ဟောက်တာကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် အချို့သူတွေကတော့ အခြားသူတွေထက် ပိုပြီး ဟောက်နိုင်ခြေ များပါတယ်။အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြွက်သားတွေ လျှော့ရဲလာတာကြောင့် အသက်အရွယ်ရလာသူတွေက ဟောက်နိုင်ခြေ ပိုများပါတယ်။အရက် နဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေ၊ ကြွက်သားတွေကို ပြေလျော့စေတဲ့ ဆေးတွေ၊ အိပ်ဆေးလိုမျိုး ဆေးဝါးတွေက ပါးစပ်၊ နှာခေါင်း နဲ့ လည်ချောင်းတလျှောက်က လေစီးဆင်းမှုကို ပိတ်ဆို့စေပြီး ဟောက်တာကို ဖြစ်စေနိုင်ပါတယ်။အမျိုးသား ဖြစ်နေတာကလည်း အိပ်ရင်းဟောက်တာကို ခံစားရနိုင်ခြေ များတဲ့ အချက် တစ်ခုပါ။မိသားစုထဲမှာ ဟောက်တတ်တဲ့ မိသားစုဝင်ရှိဖူးသူတွေက အခြားသူတွေထက် ပိုဟောက်နိုင်ပါတယ်။ဓာတ်မတည့်မှု၊ အအေးမိတာလိုမျိုး နှာခေါင်းပိတ်တာတွေကြောင့် ပါးစပ် နဲ့ နှာခေါင်းထဲမှာ လေဝင်ထွက်စီးဆင်းမှု ပိတ်ဆို့တာတွေကို ဖြစ်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲ ဖြစ်တာ၊ ကိုယ်အလေးချိန် ပြောင်းလဲတာတွေကြောင့်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ ဟောက်တာ ဖြစ်နိုင်ပါတယ်။အိပ်နေချိန်မှာ အသက်ရှူတာ ပုံမှန် မဟုတ်တဲ့ အခြေအနေတွေနဲ့ ဟောက်တာကို ခံစားရတဲ့ အဓိက အကြောင်းအရင်းက ရှိသင့်တဲ့ ကိုယ်အလေးချိန် ထက်များနေတာ၊ အဝလွန်နေတာကြောင့်ပါ။ဟောက်တာကကြောင့် အိပ်ရေးပျက်တာမျိုး မဖြစ်စေဖို့ဆိုရင်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-apnea/snoring-and-health-risks/
နှလုံးထိခိုက်မှု (Heart Attack) ဖြစ်ပြီးချိန် လိုက်နာသင့်သော နေထိုင်မှုပုံစံများ
နှလုံးထိခိုက်မှု(heart attack)ဟာ လူတိုင်း ကိုယ်တိုင်ဖြစ်စေ၊ မိမိဝန်းကျင်မှာဖြစ်စေ ကြုံတွေ့ဖူးတဲ့ ပြဿနာဖြစ်ပါတယ်။ များသောအားဖြင့် နှလုံးရောဂါကို ဖြစ်စေနိုင်တဲ့ နေထိုင်စားသောက်မှု ပုံစံတွေကြောင့် ဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။ နှလုံးထိခိုက်မှုဖြစ်ပွားပြီးချိန်မှာလည်း အစားအသောက် အနေအထိုင်ကို ဆင်ခြင်ပြီး နေသွားရမှာ ဖြစ်ပါတယ်။နေထိုင်မှုပုံစံကို စနစ်တကျ နေထိုင်စားသောက်ခြင်းအားဖြင့် နောက်တကြိမ်heart attackထပ်မဖြစ်ရအောင် ကာကွယ်ပေးနိုင်ပါတယ်။အောက်ပါအချက်တွေကတော့ နေ့စဉ် ဘယ်လိုမျိုး နေထိုင်စားသောက်သင့်သလဲ ဆိုတာပါပဲ။ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်ခြင်းဟာ နှလုံးနဲ့သွေးကြော ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အဓိကကတော့ တနေ့တာမှာ ကယ်လိုရီ ဘယ်လောက်စားသောက်ဖြစ်သလဲ ဆိုတာ မှတ်ထားပေးဖို့ ဖြစ်ပါတယ်။ အခုအခါမှာ စမတ်ဖုန်းတွေမှာ ကယ်လိုရီတွက်တဲ့ စနစ်တွေ ပါဝင်နေပြီဖြစ်ပါတယ်။ တနေ့တာမှာ ကယ်လိုရီ ဘယ်လောက်စားသောက်မိသလဲ တွက်ချက်ပြီး ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးသင့်ပါတယ်။အာဟာရဓာတ်သိပ်မပါဘဲ ကယ်လိုရီများတဲ့ အစားအစာတွေကို ရှောင်သင့်ပါတယ်။ ပြည့်ဝဆီ၊ ပုံပြောင်းဆီ၊ ဆား၊ သကြား (သို့) အချိုဓာတ်ကဲတဲ့ အစားအစာတွေကို လျှော့ချရပါမယ်။ အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာများမှာ ဆိုဒီယမ်နဲ့ သကြားဓာတ် လွန်ကဲတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ အရက်ကိုလည်း သင့်တင့်သလောက်ပဲ သောက်သုံးသင့်ပါတယ်။အဲ့ဒီအစားအသီးအရွက်များ၊၊ အဆီနည်းသော နို့ထွက်ပစ္စည်းများ၊ ပရိုတိန်းများ၊ ကျန်းမာရေးနဲ့ ညီညွတ်သောအဆီများ စတာတွေကိုပဲ စားသုံးသင့်ပါတယ်။နှလုံးကျန်းမာရေးကို ကောင်းစေတဲ့ Cardio လေ့ကျင့်ခန်းတွေကို ပြုလုပ်နိုင်ပါတယ်။ အဆိုပါလေ့ကျင့်ခန်းများဟာ သင့်နှလုံးကို သန်မာစေပြီး သွေးတိုးကျစေပါတယ်။ ကိုလက်စထရောကိုလည်း ကျစေပါတယ်။ စိတ်ဖိစီးမှုကိုလည်း ကျဆင်းစေပြီး စိတ်ကြည်လင်လန်းဆန်းစေပါတယ်။အမေရိကန်နှလုံးဆေးပညာအသင်းကြီးအနေနဲ့ အသင့်အတင့် အားသုံးရတဲ့ လေ့ကျင့်ခန်းမျိုးကို တပတ်မှာ မိနစ် ၁၅၀ ဖြစ်စေ၊ ပြင်းထန်စွာ လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းမျိုးကို တပတ်မှာ ၇၅ မိနစ်ဖြစ်စေ ပြုလုပ်ပေးသင့်ကြောင်း တိုက်တွန်းထားပါတယ်။ လမ်းလျောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း စတဲ့လေ့ကျင့်ခန်းတွေ ပြုလုပ်နိုင်ပါတယ်။အကောင်းမြင်စိတ်၊ အပြုသဘောဆောင်တဲ့စိတ်ဟာ ကျန်းမာရေးကို ဘက်ပေါင်းစုံက အထောက်အကူပြုပါတယ်။ မိမိရဲ့စားသောက်နေထိုင်ပုံအပေါ် အပြုသဘောဆောင် လက်ခံခြင်းဟာ နှလုံးထိခိုက်ခြင်းဖြစ်ပြီးနောက် ကုသရာမှာ အထောက်အကူပြုပါတယ်။Heart attack ကို ကြုံပြီးချိန်မှာစိတ်ခံစားမှုပိုင်းဆိုင်ရာအများအပြား ကြုံနိုင်ပါတယ်။ စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်ခြင်း စတာတွေ တွေ့နိုင်ပါတယ်။ အဆိုပါ စိတ်ခံစားချက်တွေဟာ ကျန်းမာရေးပြန်ကောင်းအောင် မိမိကိုယ်ကို ပြန်လည်တည်ဆောက်ရာမှာ အနှောက်အယှက် ဖြစ်စေပါတယ်။ မိမိစိတ်အခြေအနေကို သတိကပ်ပြီး ကြည့်ပါ။ လိုအပ်ရင် စိတ်ကျန်းမာရေး နှစ်သိမ့်ဆွေးနွေးခြင်း ခံယူပါ။ဆေးလိပ်သောက်ခြင်းဟာ နှလုံးကျန်းမာရေးကို နည်းပေါင်းစုံနဲ့ ထိခိုက်စေပါတယ်။ သွေးကြောများရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်စေပါတယ်။ အောက်ဆီဂျင်များတဲ့သွေးတွေကို ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေနဲ့ ကိုယ်တွင်းအင်္ဂါများဆီ ပို့ဆောင်ပေးနိုင်ခြင်းကနေ အဟန့်အတားဖြစ်စေပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ခြင်းဟာ နှလုံးရောဂါတွေ ဖြစ်စေပြီး heart attack လည်း ဖြစ်နိုင်ခြေ ရှိပါတယ်။သင်ဟာ ဆေးလိပ်သောက်သူတဦးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးလိပ်ဖြတ်ပါ။ မိသားစုဝင်တွေမှာ ဆေးလိပ်သောက်တတ်သူရှိလည်း တဆင့်ခံအန္တရာယ်ရှိလို့ ဆေးလိပ်ငွေ့တွေကို ရှောင်ရှားသင့်ပါတယ်။ကိုယ်အလေးချိန်များနေရင် သင့်နှလုံးဟာ ပိုပြီးအားစိုက်ရပါတယ်။ ဒါဟာ နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်လာစေပါတယ်။ သွေးတိုးရှိရင်၊ ကိုလက်စထရောများနေရင်၊ သွေးတွင်းသကြားဓာတ်များရင် ဖြစ်နိုင်ခြေ ပိုများစေပါတယ်။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၊ အစားအသောက် ဆင်ခြင်ခြင်း စတာတွေနဲ့ ကိုယ်အလေးချိန်းပြီး ဖြစ်နိုင်ခြေတွေကို လျှော့ချနိုင်ပါတယ်။သွေးတိုးခြင်းဟာ နှလုံးနဲ့သွေးကြောတွေကို ထိခိုက်စေပါတယ်။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၊ ဆားလျှော့စားခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်း စတာတွေဟာ လက်တွေ့အသုံးဝင်ပါလိမ့်မယ်။သွေးပေါင်ချိန်ကို ပုံမှန်တိုင်းတာ သင့်ပါတယ်။ မိမိသွေးပေါင်ချိန်ကို မှတ်တမ်းပြုလုပ်ထားပြီး ဆရာဝန်ဆီမှာ ပြသတိုင်ပင်သင့်ပါတယ်။ ကိုလက်စထရောပမာဏကို သိရအောင် သွေးဖောက်စစ်ဆေးခြင်းမျိုးကို သူ့အချိန်နဲ့သူ စစ်ဆေးရပါမယ်။ ကိုလက်စထရောများနေရင် ဆရာဝန်ဟာ ကိုလက်စထရောကျဆေး ညွှန်ကောင်းညွှန်ပါလိမ့်မယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/coronary-artery-disease/lifestyle-changes-after-heart-attack/
null
null
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/stress-and-high-blood-pressure/
တံတောင်ဆစ်က ဘယ်လို ပုံစံရှိပြီးတော့ သူ့ရဲ့လုပ်ဆောင်မှုတွေက ဘာတွေလဲ
တံတောင်ဆစ်နာကျင်မှုဟာ အများအားဖြင့်တော့ ပြင်းထန်တဲ့ရောဂါတစ်ခုမဟုတ်ပါဘူး။ သင့်ရဲ့ တံတေင်ဆစ်ကို သုံးတာများလွန်းလို့ ဖြစ်ရတာပေမယ့် တံတောင်ဆစ်နာကျင်မှုဟာ တကယ်ကို စိတ်ပျက်စရာကောင်းလွန်းလှပါတယ်။တံတောင်ဆစ်ဟာ အဓိက အရိုးသုံးချောင်း ပေါင်းဆုံရာနေရာဖြစ်ပြိး အရွတ်တွေနဲ့ သွယ်ဆက်ထားပါတယ်။ အရိုးတွေကို ကြွက်သားကြောတွေနဲ့ ဆက်သွယ်ခြင်းအားဖြင့် ကြွက်သားတွေက ဒီအရိုးတွေကို နည်းအမျိုးမျိုးနဲ့ လှုပ်ရှားစေပါတယ်။တံတောင်ဆစ်ကို ဖန်တီးထားတဲ့ အရိုးတွေကတော့-။လက်မောင်းရိုး (Humerus) ။ ။ပုခုံးအရိုးကွင်းကနေထွက်လာတဲ့ ဒီအရိုးရှည်ကြီးဟာ လက်ဖျံရိုးနှစ်ချောင်းဖြစ်တဲ့ radius နဲ့ Ulna တို့နဲ့ ဆက်သွယ်ပြီး တံတောင်ဆစ်ဖြစ်လာပါတယ်။Radius (လက်ဖျံရိုး)။ ။ဒီလက်ဖျံရိုးကတော့ တံတောင်ဆစ်ကနေ လက်ကောက်ဝတ်ဘေး လက်မ ထိ ရှိပါတယ်။Ulna ( လက်ဖျံရိုး) ။ ။ဒီလက်ဖျံရိုးကတော့ တံတောင်ဆစ်ကနေပြီး လက်ကောက်ဝတ်ဘေး လက်သန်းထိ ရှည်ပါတယ်။အဓိက အရိုးသုံးချောင်းရဲ့ ဦးတည်ရာကိုလိုက်ပြီး တံတောင်ဆစ်ကလည်း အနေအထားသုံးမျိုး ပြောင်းလဲလို့ရပါတယ်။ ပထမတစ်မျိုးကတော့ Large hinge action ဖြစ်ပြီး လက်မောင်းကို အဓိကထားသုံးတဲ့ ကိစ္စမျိုးတွေမှာ တွေ့ရပါတယ်။ ဥပမာ – စာရေးကိရိယာ အိတ်တွေကို သယ်လာတာမျိုးတွေ၊ bicep curls (အလေးကိုင်ပြီး လက်ကိုကွေးတဲ့လေ့ကျင့်ခန်းမျိုးတွေ) စတာတွေမှာ တွေ့ရပါတယ်။အခြားလှုပ်ရှားမှုတွေကတော့ သေးငယ်လွန်းတာမို့ အနေအထားတွေ ပြောင်းလဲသွားတာကို မျက်လုံးက သတိပြုမိမှာ မဟုတ်ပါဘူး။ ဒါတွေကလည်း လက်နဲ့ လက်ကောက်ဝတ်တွေရဲ့ လှုပ်ရှားမှုတွေမှာ အရေးပါလှပါတယ်။တံတောင်ဆစ်ရဲ့ အတွင်းနဲ့ အပြင်မှာ အရွတ်တွေ သွယ်ဆက်ထားတဲ့ နေရာတွေရှိပါတယ်။ ဒီအရွတ်တွေဟာ လက်ကောက်ဝတ်နဲ့ လက်လှုပ်ရှားမှုတွေကို လုပ်ဆောင်ပေးရတာပါ။ ဥပမာ – လက်ကိုလှည့်တာမျိုးပေါ့။ တံတေင်ဆစ်အရိုးဟာ Ligaments လို့ခေါ်တဲ့ အမျှင်တစ်သျှူး (fibrous tissue)တွေကို အဓိက သုံးပြီး တွယ်ဆက်ထားတာပါ။ulnar collateral ligament ( UCL) ဟာ ခန္ဓါကိုယ်နဲ့အနီးဆုံး အဆစ်ရဲ့ အတွင်းပိုင်းမှာ တည်ရှိပြီး ဒါကလည်း အဓိက တည်ငြိမ်အောင်ထိန်းထားပေးတဲ့ အရာတစ်ခုပါ။ ဒီ ထူပြီး တြိဂံပုံရှိတဲ့ ကွင်းဟာ လက်မောင်းရိုးထိပ်နဲ့ လက်ဖျံရိုးနှစ်ချောင်းရဲ့ထိပ်တွေကို တွဲဆက်ထားပေးတာပါ။ဒါကတော့ တံတောင်ဆစ်အပြင်က အရိုးအစိတ်အပိုင်းတစ်ခုဖြစ်ပြိး လက်ဖျံက ကြွက်သားတွေက အရွတ်တွေကတစ်ဆင့် တံတောင်နဲ့ဆက်သွယ်တဲ့နေရာမှာ တည်ရှိပါတယ်။ဒီ အရွတ်တွေဟာ ဒဏ်ရာရနိုင်ပါတယ်။ အထူးသဖြင့် လက်ဖျံကို ထပ်ခါ ထပ်ခါ အသုံးပြုနေတဲ့ အပြုအမူတွေကြောင့် ဖြစ်ရတာပါ။ ဥပမာ – လက်လှည့်ဝက်အူရစ်တို့၊ ပြူတင်းပေါက်ဆေးကြောတာတို့ ဒါမှမဟုတ် တင်းနစ်ကစားနေတုန်း လက်ပြန်ရိုက်တာတို့ စတာတွေ ပါ။ဒါဟာ အရွတ်တွေ ရောင်ရမ်းမှုကြောင့်ဖြစ်ရတာဖြစ်ပြိး တံတောင်ဆစ်အပြင်မှာ နာကျင်စေပါတယ။် ပြီးရင်တော့ ပူလောင်ခြင်းနဲ့ ရောင်ရမ်းခြင်းတွေ တွဲပါလာမှာဖြစ်ပြိး အများအားဖြင့်တော့ ထိခိုက်မခံဘဲ နာကျင်လွယ်ပါတယ်။ဒါကတော့ လက်ဖျံရဲ့ အရွတ်တွေက တံတောင်ရဲ့ အတွင်းရိုး (bony prominence) နဲ့ ဆက်ထားတဲ့နေရာမှာ ရောင်ရမ်းတာပါ။ ဥပမာ ဒီအရွတ်တွေက ဂေါက်ရိုက်ဖို့ လွှဲလိုက်တဲ့အချိန်မှာ တင်းနေတတ်ပြီး ဒီလိုထပ်ကာထပ်ကာ လှုပ်ရှားနေမယ်ဆိုရင် အရွတ်ကို ဒဏ်ရာရစေနိုင်ပါတယ်။ဒါဟာ တစ်နေရာတည်းမှာ နာကျင်မှုနဲ့ တံတောင်ဆစ်အတွင်းဘက်မှာ အထိမခံနိုင်လောက်အောင် နာကျင်တဲ့အခါမှာ ဖြစ်ပါတယ်။Olecranon bursitis (တံတောင်ဆစ်ထိပ်က bursaရောင်ရမ်းခြင်း) ဒါကတော့ ထိခိုက်ဒဏ်ရာရလို့ပဲဖြစ်ဖြစ် အသေးစား ဒဏ်ရာကြောင့်ပဲဖြစ်ဖြစ် ဖြစ်နိုင်ပြီး လေးဘက်နာတို့လို ဒါမှမဟုတ် rheumatoid arthritis တို့လို ရောဂါတွေရဲ့ ရလဒ်ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ပိုးဝင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဒါကတော့ တံတောင်ဆစ်ထိပ်မှာ ရောင်ရမ်းနေတာနဲ့ ဆက်စပ်နေပါတယ်။ တံတောင်ဆစ်အတွင်းပိုင်းကိုလည်း သိပ်ပြီး လှုပ်ရှားနိုင်မှာ မဟုတ်ပါဘူး။တကယ်လို့များသင့်မှာ ဒါတွေဖြစ်နေခဲ့ရင် ဆရာဝန်ကို ချက်ချင်းခေါ်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/%e1%80%90%e1%80%b6%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%86%e1%80%85%e1%80%ba%e1%80%80-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c-%e1%80%ad%e1%80%af%e1%80%95%e1%80%af%e1%80%b6%e1%80%85%e1%80%b6/
ကလေးကို ကော်ဖီတိုက်လို့ရသလား
ကော်ဖီ၊ လက်ဖက်ရည်ဆိုတာ တော်တော်များများမကင်းနိုင်တဲ့ သောက်စရာဖြစ်ပါတယ်။ သူတို့မှာပါတဲ့ ကဖင်းဓာတ်က လန်းဆန်းစေတဲ့အတွက် နှစ်သက်ကြပါတယ်။ မိုးအေးတဲ့အချိန်ဆိုကော်ဖီပူပူလေးနဲ့မှ၊ အိမ်မှာအနားယူနေလည်းကော်ဖီလေးနဲ့၊ မိသားစု မုန့်စားကြလည်းကော်ဖီလေးနဲ့။နေ့စဉ်စားသောက်နေတဲ့အထဲမှာချောကလက်၊ ကိုလာနဲ့အားဖြည့်အချိုရည်တွေလိုကဖင်းဓာတ်ပါတဲ့ တခြားအစားအသောက်တွေကလည်း ပါနေတာပါပဲ။ ပုံမှန်တော့ သတိမထားမိကြပေမယ့် ကလေးရှိတဲ့မိသားစုမှာတော့ ဒါကိုထည့်တွေးသင့်ပါတယ်။ လူကြီးတွေ စားသမျှကို စားချင်နေတဲ့ ကလေးတွေကိုရော ကိုယ်သောက်နေတဲ့ကော်ဖီသို့မဟုတ် ကဖင်းပါတဲ့သောက်စရာတွေ နည်းနည်းမျှတိုက်လိုက်တာပဲလား။ကိုယ်ခန္ဓာရဲ့ဖွံ့ဖြိုးကြီးထွားမှုမပြည့်စုံသေးတဲ့အသက်အရွယ်မှာ ကဖင်းဓာတ်ကြောင့် ဘယ်လိုသက်ရောက်မှုရှိစေနိုင်မလဲတွေးမိပါရဲ့လား။ တကယ်လို့ ကလေးက ကဖင်းကိုစွဲလမ်းသွားရင် ကျောင်းတက်လည်းကော်ဖီဘူး၊ အားဖြည့်အချိုရည်ဘူးတွေ မကြာခဏသောက်တော့မှာပါ။ကဖင်းဓာတ်ကဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်နှိုးဆွပေးနိုင်လို့ အာရုံလန်းဆန်းစေတာဖြစ်ပါတယ်။ ဒါပေမယ့် ကလေးရော လူကြီးမှာပါ ကဖင်းဓာတ်လွန်ကဲရင် ဒီလက္ခဏာတွေဖြစ်လာနိုင်ပါတယ် –။ဒါ့ကြောင့်  ကလေးတွေကို မကြာခဏ ကော်ဖီအကျင့်မလုပ်ပေးသင့်ပါဘူး။ ကဖင်းပါတဲ့အချိုရည်တွေကိုလည်း အတူတူပါပဲ။ကလေးရဲ့ကဖင်းသောက်သုံးမှုကို ကန့်သတ်ရတဲ့ အကြောင်းရင်းတွေကတော့ –။လေ့လာမှုတွေအရဆိုရင် ကဖင်းဓာတ်သောက်သုံးမှုများတဲ့ ကလေးတွေဟာ စိတ်အလိုမကျဖြစ်လွယ်ပြီး နှလုံးခုန်သံမူမမှန်ဖြစ်လေ့ရှိတယ်လို့တောင် ဖော်ပြကြပါတယ်။ပြောရရင် ကလေးတွေရဲ့ကျန်းမာရေးအတွက် တစ်နေ့ထက်တစ်နေ့ တဖြည်းဖြည်းချင်းထိခိုက်စေနိုင်တဲ့ကဖင်းက မသင့်တော်တဲ့အရာဖြစ်ပါတယ်။ ဒါ့ကြောင့် ကလေးစိတ်ကျေနပ်အောင်ပဲဖြစ်ဖြစ် မိဘတွေအနေနဲ့ လူကြီးစားတဲ့၊ သောက်တဲ့အရာရာတိုင်းကို ကလေးကိုအကျင့်လုပ်ပြီး မကျွေးသင့်ဘူးဆိုတာလေး သတိချပ်သင့်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/can-baby-drink-coffee/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%95%e1%80%b2%e1%80%94%e1%80%ad%e1%80%af%e1%80%b7%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac-%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8/
ဘေဘီလေးတွေနဲ့သနပ်ခါး။ ဘယ်လိုကောင်းကျိုးတွေရှိလဲ။
ကလေးလေးတွေက မိသားစုတွေဆီကိုပျော်ရွှင်ခြင်းတွေယူဆောင်လာပေးတဲ့ အိန်ဂျယ်လ်ပိစိလေးတွေပေါ့။ သူတို့လေးတွေ ကိုယ့်ဘဝထဲရောက်လာတာနဲ့နေ့စဉ် သူတို့လေးတွေ ကျန်းမာဖို့ကမိဘဖြစ်တဲ့ကိုယ်တွေအတွက် အရေးကြီးဆုံးအရာပဲနော်။ သူတို့ရဲ့အစားအသောက်ကစလို့ ခန္ဓာကိုယ်တွင်းကိုယ်ပ ကျန်းမာဖို့ကအဆုံး အရာရာကို မပြတ်ဂရုစိုက်ရပြီလေ။ ဒီလိုဂရုစိုက်တဲ့အခါဘေဘီလေးရဲ့အသားအရေကိုလည်း မဖြစ်မနေထည့်သွင်းရပြီပေါ့။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေနဲ့သနပ်ခါး။ ဘယ်လိုကောင်းကျိုးတွေရှိလဲ။ ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ဘေဘီလေးတွေနဲ့သနပ်ခါး။ ဘယ်လိုကောင်းကျိုးတွေရှိလဲ။ ဆိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်လား။မွေးကင်းစဘေဘီလေးတွေရဲ့အရေပြားက ထိခိုက်လွယ်ပါတယ်။ဘေဘီလေးတွေရဲ့ကိုယ်ခံအားစနစ်ကလည်းပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် ကလေးလေးတွေဟာဓာတုပစ္စည်းတွေ၊ ရနံ့တွေ၊အဝတ်အထည်တွေမှာ အသုံးပြုထားတဲ့ဆိုးဆေးတွေ၊ ဆပ်ပြာမှုန့်တွေ နဲ့ ကလေးတွေအတွက်ထုတ်ထားတဲ့ ပစ္စည်းအချို့မှာပါနေတဲ့ ဓာတုပစ္စည်းတွေကြောင့်အရေပြားခြောက်သွေ့တာတွေ၊ ထိခိုက်တာတွေဖြစ်နိုင်ပါတယ်။ဒါကြောင့် ထိခိုက်လွယ်တဲ့ဘေဘီလေးတွေအသားအရေအတွက် အသင့်တော်ဆုံးက သဘာဝပစ္စည်းစစ်စစ်တွေပါ။ ဒါဆိုဘေဘီလေးတွေအတွက် အသင့်တော်ဆုံးဖြစ်မယ့် အသားအရေထိန်းသိမ်းမှုကို ဘယ်လိုလုပ်ပေးရမလဲတွေးရခက်နေလားမေမေဖေဖေတို့….။မိရိုးဖလာအသုံးပြုခဲ့တဲ့ အသားအရေထိန်းသိမ်းပေးတဲ့အရာတွေဖြစ်တဲ့သနပ်ခါးတို့မုန်ညင်းဆီတို့ကိုမေ့နေသလား။ဘေဘီလေးတွေကို ကျန်းမာတဲ့ အသားအရေပိုင်ဆိုင်အောင် ဒီသဘာဝပစ္စည်းလေးတွေအသုံးပြုပြီး လုပ်ပေးလို့ရပါတယ်။သနပ်ခါးက သနပ်ခါးပင်ရဲ့ အခေါက်၊အမြစ်တို့ကနေရရှိတဲ့ အနှစ်တစ်မျိုးပါ။အဝါရောင်နဲ့ အဖြူရောင်ဆိုပြီး အရောင်တွေ ကွာခြားနိုင်ပေမယ့် အကျိုးပြုပုံချင်းကတော့ တူတူပါ။ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀လောက်ကတည်းက သနပ်ခါးကို အသားအရေ လှပကျန်းမာစေဖို့ အသုံးပြုခဲ့ကြပါတယ်။ သနပ်ခါးက အသားအရေကိုအေးမြစေပြီးနေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေကိုချောမွေ့စေပြီး အပြစ်အနာအဆာကင်းစေမှာပါ။ လူကြီးတွေမှာဆိုရင် ဝက်ခြံ သက်သာစေဖို့အတွက် သနပ်ခါးလိမ်းပေးလို့ရပါတယ်။ဘေဘီလေးတွေကိုရေချိုးပေးပြီးခါးခါးလေးလူးပေးလိုက်ရင် သနပ်ခါးနံ့မွှေးမွှေးလေးနဲ့ ပိုပြီးချစ်ဖို့ကောင်းတယ်နော်။ဘေဘီလေးပါးပေါ်က သနပ်ခါးမွှေးမွှေးလေးက ကလေးကိုလည်း စိတ်ကြည်လင်စေမှာ အသေအချာပါ။ သနပ်ခါးက သဘာဝပစ္စည်းစစ်စစ်ဖြစ်သလို အရေပြားအမျိုးအစားအားလုံးအတွက် သင့်တော်တာကြောင့် ဘေဘီလေးက ဘယ်လိုအသားအရေအမျိုးအစားဖြစ်ဖြစ် စိတ်ချလက်ချအသုံးပြုပေးလို့ရပါတယ်။သနပ်ခါးက မှိုပိုးတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိတာကြောင့် ကလေးငယ်တွေအရေပြားကို မှိုပိုးကနေထိထိရောက်ရောက်ကာကွယ်ပေးနိုင်မှာပါ။ ဒါတွေတင်မဟုတ်သေးပါဘူး။ သူ့ရဲ့ အအေးဓာတ်ကြောင့် ကလေးငယ်လေးတွေအရေပြားမှာဖြစ်တတ်တဲ့မိတ်၊အင်ပြင်၊ အဖုအပိမ့်ထွက်တာနဲ့ အခြားသောအရေပြားပြဿနာတွေကို သက်သာစေနိုင်စွမ်းလည်းရှိပါတယ်။သနပ်ခါးက အရေပြားကိုနေလောင်ဒဏ်ကနေကာကွယ်ပေးနိုင်သလိုပတ်ဝန်းကျင်မှာရှိနေတဲ့ညစ်ညမ်းတဲ့လေထုကြောင့် အသားအရေထိခိုက်မှု၊free radicalsတွေကြောင့် အသားအရေပျက်စီးတာတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးပြီး အရေပြားကိုလည်းအစိုဓာတ်ထိန်းပေးပါသေးတယ်။ ဘက်တီးရီးယားတွေကို ကာကွယ်ပေးနိုင်စွမ်းရှိနေသေးတော့ ဘေဘီလေးတွအရေပြားအတွက် အကောင်းဆုံးဖြစ်မယ်ဆိုတာ ပြောနေစရာတောင်မလိုတော့ပါဘူး။ နွေရာသီလိုမျိုး အချိန်မှာ ကလေးရဲ့ အသားအရေကို သနပ်ခါးက ထိထိရောက်ရောက် ကာကွယ်ပေးမှာပါ။ဆောင်းရာသီလိုမျိုးအချိန်မှာတော့ သနပ်ခါးက သိပ်မသင့်တော်ပါဘူး။ အသားခြောက်နိုင်တာဖြစ်တာကြောင့် ဆောင်းရာသီမှာဆိုရင်တော့ မုန်ညင်းဆီ၊ သံလွင်ဆီ၊အုန်းဆီလိုမျိုး သဘာဝအဆီတစ်မျိုးမျိုး ဒါမှမဟုတ် ဘေဘီလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ Baby Oilလေးတွေကို အသုံးပြုပေးပြီးဘေဘီလေးတွေရဲ့ အသားအရေကို ကျန်းမာနေအောင်လုပ်ဆောင်ပေးလို့ရပါတယ်။သနပ်ခါးကို ခပ်ထူထူလေးတာက ကလေး အသားအရေနဲ့ မွေးညင်းပေါက်ကို ပိတ်စေတတ်လို့ အတန်အသင့်ပဲ လိမ်းပါ။ကလေးတိုင်း သနပ်ခါးနဲ့ မတည့်ပါဘူး။ လိမ်းပြီးမှ အင်ပျဉ်လို အကွက်တွေ ထွက်လာရင် ဆက်မလိမ်းပါနဲ့။သနပ်ခါးတုံးနဲ့ ကျောက်ပျဉ် သန့်ရှင်းနေပါစေ။ မှိုတက်နေရင် ကလေးအရေပြားထိခိုက်တတ်ပါတယ်။ကလေးကို သနပ်ခါးလိမ်းပေးလို့ ရပေမယ့် လသားကလေးတွေမှာ သနပ်ခါး မခွံ့ဖို့ အကြံပေးလိုပါတယ်။အသင့်လိမ်းသနပ်ခါးတွေထက်စာရင် သနပ်ခါးတုံးကိုပဲ သွေးလိမ်းပေးဖို့ အကြံပြုပါရစေ။သဘာဝပစ္စည်း စစ်စစ်လေးတွေ သုံးပြီး ချစ်ဖို့ကောင်းတဲ့ ဘေဘီလေးတွေရဲ့ အသားအရေကိုထိန်းသိမ်းပေးလိုက်နော်မေမေဖေဖေတို့……။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/baby-and-thanakha/
ကိုယ်ဝန်ဆောင်ချိန် မှာ မေမေဗိုက်တို့ ဘယ်လိုဝတ်စားမလဲ
ကိုယ်ဝန်ဆောင်ချိန်မှာ အဝတ်အစားတွေဟာ သက်သောင့်သက်သာဖြစ်စေဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ်ဝန်လမရင့်သေးခင်မှာတည်းက ဗိုက်ဖုံးအင်္ကျီတွေတန်းဝတ်လို့တော့ အဆင်မပြေလောက်ပါဘူး။ လက်ဆောင်ပေးကြတယ်ဆိုရင်တောင်ကိုယ်ဝန်ဆောင်အတွက်ဆို ဗိုက်ဖုံးအင်္ကျီပဲ ဆင်တတ်ကြတာရယ်။အရင်က ဒီလိုဆိုပေမယ့် အခုနောက်ပိုင်းတော့ ကိုယ်ဝန်ဆောင်ပါဝတ်လို့ရတဲ့ ပေါ့ပေါ့ပါးပါးအင်္ကျီဒီဇိုင်း၊ ဂါဝန်ဒီဇိုင်းအဆန်းလေးတွေများလာပါပြီ။ ကိုယ်ဝန်ဆောင်ချိန်ကနေ ကလေးမွေးဖွားပြီးနောက်ပိုင်းအထိ ဝတ်လို့ရတဲ့ဒီဇိုင်းတွေ ရှိလာပါတယ်။ တချို့အင်္ကျီတွေများဆို ကလေးအမေတွေအတွက်လို့ကို မထင်ရတာနော်။ဒါ့ကြောင့်ပြောတာ ကိုယ်ဝန်ဆောင်ချိန်မှာ ဝတ်ဖို့ဆိုပေမယ့် အမြဲတမ်းကြီး ဗိုက်ဖုံးအင်္ကျီချည်းပဲဝတ်ရမယ်လို့မဆိုလိုဘူး။ ကိုယ်နေရထိုင်ရအဆင်ပြေပြီး ဗိုက်မှာကျပ်စည်းမနေလောက်တဲ့ ချောင်ချောင်ချိချိအဝတ်အစားဆို ရပြီလေ။ ကိုယ်ဝန်လသိပ်မရင့်သေးရင် ဗိုက်ကမသိသာသေးတော့ (ဝကိတ်လေးတွေ ဗိုက်ခေါက်ထွက်နေသလောက်ပဲရှိတာမျိုး) plus size အဝတ်အစားတွေနဲ့ဆို အတော်ပဲ။ကိုယ်ဝန်ပထမသုံးလမှာ ဖုံးဖုံးဖိဖိ သပ်ရပ်စွာဝတ်စားနိုင်ဖို့ စဉ်းစားတတ်ကြပါတယ်။လေဒီတို့မှာ မသိမသာလေးဗိုက်ထွက်နေရင် ကိုယ်ဝန်ဆောင်မှန်းတောင် မထင်မိဘဲ အပေါ်မှာပြောခဲ့သလိုဗိုက်ခေါက်ထွက်လာသလို၊ ဝလာသလို အထင်ခံရနိုင်တာကရှိသေးတယ်။ အချိုးအစားကျကျနနဝတ်စားတတ်တဲ့ မိန်းကလေးတွေဆို အလှပျက်မှာကို ပိုဂရုစိုက်တတ်ပါတယ်။ဒီအချိန်မှာ ကိုယ်ကျပ်အဝတ်အစားတွေသိပ်မဝတ်ဘဲ ခန္ဓာကိုယ်အတိ fittingလေးတွေပဲ ဝတ်သင့်ပါတယ်။ အသစ်ဝယ်စရာမလိုသေးပေမယ့် ရှိတဲ့အဝတ်အစားတွေထဲက free sizeဖြစ်တဲ့အဝတ်အစားတွေလည်း ဝတ်လို့ရပါတယ်။ဗိုက်က နည်းနည်းသိသာလာပြီဆိုတော့ ကိုယ်ဝန်ဆောင်အဝတ်အစားတွေ ဝတ်ရပါပြီ။ ပထမသုံးလတုန်းက အဝတ်အစားသိပ်မရွေးရပေမယ့် အခုတော့ ဗိုက်ကိုသိပ်ကျပ်စည်းစေမယ့် ဘောင်းဘီတွေ၊ ထမီစကပ်တွေကို ခဏသိမ်းပြီး ဆွဲသားပါတဲ့ အဝတ်အစားတွေကို ရှာသင့်ပါပြီ။ကိုယ်ဝန်ဆောင်တွေဝတ်လို့ရတဲ့ ဆွဲသား ဒူးဖုံး fitting ဂါဝန်လေးတွေလည်း ခုနောက်ပိုင်းတော်တော်ဝတ်ကြပါတယ်။ အင်္ကျီဆိုလည်း အပွလေးတွေဝတ်လို့ရပါတယ်။ ဗိုက်ဖုံးအင်္ကျီလှလှလေးတွေ ဝယ်လို့ကောင်းတဲ့အချိန်လည်းဖြစ်ပါတယ်။ကိုယ်ဝန်နောက်ဆုံးပတ်မှာတော့ ဗိုက်ဖုံးအင်္ကျီတကားကားနဲ့နေရတဲ့အချိန်ပါ။ တခြားဟာမှ မတော်တော့တာကိုး။ ဂါဝန်ဆိုလည်း အကြီးနဲ့မှ။ ဒါပေမယ့် ချည်သားပဲ ဝတ်ဆင်တာအကောင်းဆုံးပါ။ အဝတ်အစားခပ်ပွပွဝတ်တာက ဝတ်ရချွတ်ရလွယ်ကူစေတဲ့အပြင်လေဝင်လေထွက်ကောင်းစေတာမို့ ကြိုကြိုကြားကြားအရေပြားမှာ လှောင်ပိတ်ပြီး ချွေးနဲ့လောင်တာမျိုးမဖြစ်စေတော့ပါဘူး။ကောက်ညှင်းထုပ်လိုဖြစ်နေရမယ့် ခံစားမှုကိုပဲတွေးကြည့်ပါဦး။ကိုယ်ဝန်ကြောင့်ပျို့အန်ခြင်းပိုဆိုးလာနိုင်ပါတယ်။ဗိုက်ထဲက ကလေးဖွံ့ဖြိုးကြီးထွားလာတာနဲ့အမျှ ခန္ဓာကိုယ်ထဲက သွေးနဲ့ အရည်ပမာဏပိုများလာတာကြောင့် ခြေထောက်တွေရောင်လာတတ်ပါတယ်။ အဲဒီအခါခြေထောက်မှာ အရမ်းကျပ်မနေစေမယ့်၊ ကိုယ်အလေးချိန်ကြောင့် ဖိစီးမှုမဖြစ်စေမယ့် ဖိနပ်မျိုးကို ရွေးချယ်သင့်ပါတယ်။ချော်လဲနိုင်တဲ့အန္တရာယ်များသလို ခါးကိုလည်းထိခိုက်နိုင်ပါတယ်။ဖြစ်နိုင်ရင် ဖိနပ်အပါးတွေပဲ စီးပါ။အတွင်းခံတွေ သေချာရွေးဝယ်ပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ဝိတ်တက်လာတဲ့အပြင် မိခင်နို့တိုက်ရမှာ ဖြစ်တဲ့အတွက် ရင်သားတွေလည်း ကြီးလာပါတယ်။ ဒါကြောင့် အတွင်းခံတွေကို ဆိုဒ်အသစ်ပြန်ဝယ်ပါ။ ကိုယ်နဲ့ တော်ပြီး သက်သောင့်သက်သာ ဖြစ်မယ့် အတွင်းခံကို ရွေးချယ်ပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba/
Supraventricular Tachycardia (နှလုံးခုန်မြန်သော ပြဿနာတစ်မျိုး)
supraventricular tachycardia ဆိုသည်မှာ နှလုံးခုန်အရမ်းမြန်သည့်အခါ နှလုံးနေရာအားလုံးကို သွေးကောင်းစွာ မလည်ပတ် မရောက်ရှိနိုင်ခြင်း ဖြစ်သည်။ နှလုံးသည် ပုံမှန်အားဖြင့် တစ်မိနစ်လျှင် အချက် ၆၀ မှ ၁၀၀ အထိခုန်လေ့ရှိသည်။သို့သော် supraventricular tachycardia ဖြစ်လျှင် နှလုံးခုန်နှုန်းသည် ၁၅၀ မှ ၂၅၀ အထိရောက်နိုင်သည်။ supraventricular tachycardia အမျိုးအစားများ များစွာရှိသည့်အနက် chronic atrial fibrillation (AFIB)၊ paroxysmal sinus tachycardia၊ atrioventricular nodal reentry tachycardia (AVNRT) နှင့် atrioventricular reciprocating tachycardia (AVRT)၊ Wolff-Parkinson-White syndrome တို့ပါဝင်သည်။သင့်တွင် supraventricular tachycardia ရှိသည်ဟု ထင်လျှင် ဆေးကုသမှု ချက်ချင်းရယူသင့်ပါသည်။supraventricular tachycardiaသည် အမျိုးသားများနှင့် အမျိုးသမီးများ အားလုံးတွင် ဖြစ်နိုင်သည်။ သို့သော် အမျိုးသမီးများတွင် ပို၍ ဖြစ်ပွားနိုင်သည်။supraventricular tachycardiaသည် ကလေးငယ်များတွင် အဖြစ်အများဆုံးဖြစ်သော နှလုံးခုန်မမှန်ခြင်း ဖြစ်သည်။ဖြစ်ပွားနိုင်ချေများသော အကြောင်းရင်းများကို လျော့ချခြင်းဖြင့်supraventricular tachycardiaဖြစ်ပွားခြင်းကို လျော့ချနိုင်သည်။ ပိုမို၍ သိရှိနိုင်ရန်သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။အဖြစ်အများဆုံးမှာ ရင်တုန်ခြင်းနှင့် နှလုံးခုန်နှုန်း မြန်ခြင်းဖြစ်သည်။အခြားလက္ခဏာများတွင် ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ မိုက်ခနဲဖြစ်ခြင်း၊ နှလုံးအောင့်ခြင်း၊ မောပန်းခြင်း၊ ချွေးပြန်ခြင်း၊ နှင့် ပျို့အန်ခြင်း များပါဝင်သည်။ လက္ခဏာများသည် အချိန်တိုအတွင်း ပေါ်လာပြီး ပြန်ပျောက်သွားနိုင်ပါသည်။အချို့လူများတွင် အထက်ပါ လက္ခဏာများတစ်ခုမှ မတွေ့ကြုံရသည်လည်း ဖြစ်နိုင်ပါသည်။ အချို့သော ပြင်းထန်သော အခြေအနေများတွင် လူနာများ သတိလစ်သည်အထိ ဖြစ်နိုင်ပါသည်။အထက်တွင် ဖော်ပြထားသည့်အထဲတွင် မပါဝင်သော အခြားသောရောဂါလက္ခဏာများလည်း ရှိနိုင်ပါသည်။ ပိုမိုသိရှိနိုင်ရန် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။သင့်တွင် အထက်ပါလက္ခဏာများတွေ့ပါက ဆေးရုံသို့ချက်ချင်းတက်ရန်လိုအပ်ပါသည်။ လူတစ်ယောက်ချင်းစီသည် ခန္ဓါကိုယ်တုံ့ပြန်မှု မတူညီသည့်အတွက် သင့်အတွက် အကောင်းဆုံးဖြစ်နိုင်မည့် နည်းလမ်းကို ရှာရန်သင်၏ ဆရာဝန်နှင့် ပြသဆွေးနွေးပါ။ပုံမှန်အားဖြင့် နှလုံး၏ sinoatrial (SA) node မှစတင်သော လျှပ်စစ်အချက်ပြမှုများသည် နှလုံးအပေါ်အခန်းများ ကျုံ့ခြင်းကို ဖြစ်စေသည်။ ထို့နောက် နှလုံးအောက်အခန်းများကို ကျုံ့စေသည်။ supraventricular tachycardia သည် နှလုံးတွင် လျှပ်စစ်အချက်ပြမှု အပိုများဖြစ်ပေါ်သောကြောင့် နှလုံးပိုခုန်လာသောအခါတွင် ဖြစ်ပေါ်လာသည်။supraventricular tachycardia ဖြစ်စေသော အကြောင်းရင်းများတွင် အောက်ပါအချက်များပါဝင်သည်။• digoxin, theophylline ကဲ့သို့သော ဆေးဝါးများ။• ရေတာရှည် အဆုတ်လမ်းကြောင်းများ ပိတ်သောရောဂါ ကဲ့သို့သော အဆုတ်ရောဂါများ။• အရက်၊ ကဖင်းဓါတ်၊ ဥပဒေအရပိတ်ပင်ထားသော ဆေးဝါးများ၊ နှင့် ဆေးလိပ်သောက်ခြင်း များသည် supraventricular tachycardia ကို ဖြစ်နိုင်ချေပိုများစေသည်။supraventricular tachycardia အမျိုးအစား တစ်ခု ဖြစ်သော Wolff-Parkinson-White (WPW) syndrome သည် မျိုးရိုးဗီဇအရ ဖြစ်ပွားနိုင်သည်။ဤရောဂါကို ပို၍ဖြစ်စေနိုင်သော အကြောင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။အထက်ပါအချက်များ မရှိခြင်းကြောင့်supraventricular tachycardiaမဖြစ်နိုင်ဟု မဆိုလိုပါ။ ထိုအချက်များသည် ပြဌာန်းချက်သာလျှင်ဖြစ်ပြီး ထပ်မံ၍ အသေးစိတ်သိရှိလိုပါက သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ECG သည် သမားတော်များ တွင်ကျယ်စွာအသုံးပြုသော အသုံးဝင်သောsupraventricular tachycardiaနှင့် အခြား နှလုံးသွေးကြော ပြသနာများကို ရောဂါရှာဖွေအမည်တပ်ရန်အတွက် စက်တစ်မျိုးဖြစ်သည်။ဆရာဝန်သည် ရောဂါအမည်တပ်နိုင်ရန်အတွက် နှလုံးခုန်သံနားထောင်ခြင်းဖြင့် သိနိုင်သည်။ သွေးသည် နှလုံးအဆို့ရှင်များကို ပုံမမှန်စွာ ဖြတ်သန်းသွားသည့်အတွက် murmur ဟုခေါ်သော ပုံမှန်မဟုတ်သော နှလုံးခုန်သံများကို နားကြပ်နှင့် နားထောင်သည့်အခါ ကြားရနိုင်ပါသည်။ ကြားရသည့် အချိန်နှင့် နေရာပေါ်မူတည်ပြီး မည်သည့် အဆို့ရှင် ထိခိုက်နေသည်ကို ဆရာဝန်မှ သိရှိနိုင်ပါသည်။ဆရာဝန်များသည် ရောဂါရှာဖွေရန်အတွက် ခန္ဓါကိုယ်ကို စစ်ဆေးခြင်း၊ ရောဂါရာဇဝင်မေးမြန်းခြင်း၊ ECG ရိုက်ခြင်း၊ ဓါတ်ခွဲခန်းတွင်စစ်ဆေးခြင်းများ၊ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းများ ကို ပြုလုပ်လေ့ရှိပါသည်။ဆရာဝန်မှ ၂၄ နာရီအတွင်း နှလုံးခုန်ပုံမမှန်ခြင်း ဘယ်လောက်ဖြစ်ပေါ်သည်ကို သိရှိနိုင်ရန် Holter monitor, နှင့် portable 24-hour ECG များကို သုံး၍ စောင့်ကြည့်နိုင်ပါသည်။ ပိုမိုတိုကျသော အဖြေကို ရရှိနိုင်ရန် electrophysiology study (EPS) ကိုလည်း အသုံးပြုနိုင်ပါသည်။ရောဂါလက္ခဏာမပြသူမျာတွင် ကုသမှုမလိုအပ်ပါ။ရောဂါလက္ခဏာရှိသူများတွင် Valsalva maneuver ကဲ့သို့သော vagal maneuvers ကုသမှု သို့မဟုတ် ချောင်းဆိုးခြင်း၊ မျက်နှာပေါ်သို့ ရေခဲရေဖြန်းခြင်းများကို ပြုလုပ်နိုင်ပါသည်။adenosine, diltiazem နှင့် verapamil ကဲ့သို့သော ဆေးဝါးများနှင့်လည်း ကုသနိုင်ပါသည်။ ဆရာဝန်သည် အရေးပေါ်ကုသမှုအတွက် အခြားကုသမှုများအလုပ်မဖြစ်လျှင် electrical cardioversion ကို အသုံးပြုနိုင်ပါသည်။ပြန်ဖြစ်ပေါ်သောsupraventricular tachycardiaအတွက် beta-blockers ကဲ့သို့သော ဆေးများပေးခြင်း၊ နှလုံးစက်တပ်ခြင်း၊ ပိုက်တပ်ခြင်း နှင့် ခွဲစိတ်ကုသခြင်းများနှင့် ကုသနိုင်ပါသည်။အောက်ပါတို့သည် ဤရောဂါကို သက်သာအောင်ပြုလုပ်နိုင်သောနည်းလမ်းများဖြစ်ပါသည်။• အရက်သောက်ခြင်းကို အတိုင်းအတာနှင့်သောက်ပါ။ သို့မဟုတ် ဖြတ်ပါ။• များများအနားယူပါ။• ကော်ဖီ နှင့် လက်ဘက်ရည်ကို လျော့သောက်ပါ။• ကိုကိန်း ကဲ့သို့သော မူးယစ်ဆေးများမသုံးပါနှင့်။• လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပြီး ကျန်းမာရေးနှင့်ညီညွှတ်အောင် စားသောက်ပါ။• ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ ကိုယ်အလေးချိန်များခြင်းသည် နှလုံးသွေးကြောရောဂါများကို ဖြစ်ပွားနိုင်ချေ များစေသည်။• သွေးပေါင်ချိန်နှင့် ကိုလက်စထရောကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပါ။• ဆေးလိပ်ဖြတ်ဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။• နှလုံးခုန်မြန်စေသော ဆေးများကို သတိနှင့် သုံးပါ။ သင်ရှောင်ရမည့် ဆေးများကို သိရှိရန် ဆရာဝန်နှင့် တိုင်ပင်ပါ။• စိတ်ဖိစီးမှုကို ဖြေရှင်းနိုင်ဖို့ကြိုးစားပါ။• နှလုံးခုန်မမှန်ခြင်းကို စောင့်ကြည့်ပြီး ဘာကြောင့်ဖြစ်သည်ကို သိရှိအောင်လုပ်ထားပါ။ ဥပမာ ကော်ဖီသောက်ခြင်း။သင့်တွင် မေးမြန်လိုသည်များရှိပါက သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး သင့်အတွက် အကောင်းဆုံးနည်းလမ်းကို ရှာဖွေပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-arrhythmias/supraventricular-tachycardia-%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%81%e1%80%af%e1%80%94%e1%80%b9%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac-%e1%80%bb/
null
null
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/things-to-know-about-diabetes/
ကလေးတွေမှာ တွေ့ရတတ်တဲ့ အစာအိမ်အချဉ်ရည် ဆန်တက်ခြင်း ပြဿနာ
ကလေးအများစုဟာ တခါတရံ အန်လေ့ရှိကြပါတယ်။ တနေ့ထဲမှာ အကြိမ်ရေ အတော်များများတောင် အန်တတ်ကြပါသေးတယ်။ ဒါဟာစိုးရိမ်စရာမရှိပေမယ့် အန်တာကနေ အခြားသော ပြဿနာတွေဆီ ဦးတည်လာတယ် ဒါမှမဟုတ် အခြားရောဂါလက္ခဏာတွေနဲ့ တွဲလာတယ်ဆိုရင်တော့ အစာအိမ်အချဉ်ရည်ဆန်တက်တာကြောင့် ဖြစ်နိုင်ပြီး ဆေးပညာအရ gastroesophageal reflux disease (GERD) လို့ ခေါ်ပါတယ်။GERD ဟာ အကြမ်းဖြင်းအားဖြင့် အရွယ်ရောက်ပြီးသူတွေမှာသာ ဖြစ်ပွားတတ်ပေမယ့် မွေးကင်းစနဲ့ ကလေးတွေမှာလည်း ဖြစ်လာနိုင်ပါတယ်။ ကလေးတွေမှာဆိုရင် အောက်ဖော်ပြပါ လက္ခဏာတွေ အများဆုံးပြလေ့ရှိပါတယ်။· မကြာခဏ အန်ခြင်း။· ချောင်းဆိုးတာရှည်ခြင်း။· အစားကောင်းကောင်း မစားတော့ခြင်း ဒါမှမဟုတ် အစာစားရခက်ခြင်း (သီးတာ၊နင်တာတွေ ဖြစ်လာပါလိမ့်မယ်)။· အစာစားနေစဉ် ဒါမှမဟုတ် စားပြီးတဲ့အချိန်မှာ ငိုခြင်း။· ရင်ပူခြင်း၊လေထခြင်း ဒါမှမဟုတ် ဗိုက်နာခြင်း။အစာအိမ်ထဲမှာရှိတဲ့ အက်ဆစ်နဲ့ အစာတွေ အပေါ်ကိုဆန်တက်ပြီး အစာရေမြိုထဲရောက်လာတာကြောင့် အစာအိမ်အချဉ်ရည်ဆန်တက်ခြင်း ဖြစ်ပေါ်ပါတယ်။ တခါတရံ ပါးစပ်ထဲအထိရောက်နိုင်သလို ပါးစပ်ကတဆင့် အပြင်ကိုတောင် ထွက်လာနိုင်ပါသေးတယ်။ဒီအခြေအနေနဲ့ ကြုံတွေ့နေရတဲ့ ကလေးအများစုဟာ ကျန်းကျန်းမာမာပဲ ရှိတတ်ကြပြီး အခုလိုဖြစ်ရခြင်းဟာ သူတို့ရဲ့ အစာအိမ်နဲ့အူလမ်းကြောင်း ကောင်းစွာမဖွံ့ဖြိုးသေးတာကြောင့် ဖြစ်ပါတယ်။အသက်တစ်နှစ်ကျော်သွားရင်တော့ GERD ပျောက်သွားလေ့ရှိပြီး အသက်ကြီးတဲ့ ကလေးတွေမှာ GERD ဖြစ်ရတဲ့ အကြောင်းရင်းဟာ ကလေးငယ်တွေနဲ့ အရွယ်ရောက်ပြီးသူတွေမှာ ဖြစ်တဲ့ အကြောင်းရင်းနဲ့ ကွာခြားပါတယ်။ အစာအိမ်နဲ့ အစာရေမြိုကြားမှာရှိတဲ့ ကြွက်သားအဆို့လေး လျော့တိလျော့ရဲ ဖြစ်တာကြောင့် ဒါမှမဟုတ် ၎င်းအဆို့ရဲ့ အောက်မှာ ဖိအားတွေများပြီး တင်းလာလို့ ဖြစ်နိုင်ပါတယ်။မိဘတွေပြောပြတဲ့ ရောဂါလက္ခဏာတွေ နဲ့ ကလေးရဲ့ ရောဂါရာဇဝင်ပေါ်မူတည်ပြီး ဆရာဝန်တွေအနေနဲ့ ဒီရောဂါကို ရှာဖွေဖော်ထုတ်နိုင်ပါတယ်(အထူးသဖြင့် ရောဂါလက္ခဏာတွေ တောက်လျှောက်ပြနေတဲ့အတွက် နေမထိထိုင်မသာဖြစ်စေတယ်ဆိုရင်ပေါ့)။ ဓါတ်မှန်သုံးဆိုးဆေးအသုံးပြုပြီး ဓါတ်မှန်ရိုက်တာ၊pH ပမာဏကို စစ်ဆေးတာ၊အူလမ်းကြောင်းအထက်ပိုင်းကို မှန်ပြောင်းကြည့်တာ စတဲ့ စစ်ဆေးမှုတွေကိုတော့ တခါတရံမှသာ ပြုလုပ်ဖို့ လိုပါလိမ့်မယ်။စားသောက်နေထိုင်မှုပုံစံလေးတွေကို အနည်းငယ်ပြောင်းလဲပေးရပါမယ်။ဥပမာမွေးကင်းစကလေးတွေအတွက်။· သူတို့လေးတွေရဲ့ ပုခက် ဒါမှမဟုတ် အိပ်ယာခေါင်းပိုင်းကို မြှင့်ထားပါ။· သူတို့လေးတွေကို အစာကျွေးပြီး/နို့တိုက်ပြီး နာရီဝက်လောက်အထိ မတ်မတ်ထားပါ။· နို့ဗူးတိုက်တဲ့အခါ cereal လေးတွေထည့်ပြီး ပိုပျစ်အောင် ဖျော်ပါ (ကလေးအထူးကုဆရာဝန်နဲ့ အရင်တိုင်ပင်ဆွေးနွေးပြီး အကြံဉာဏ်တောင်းခံရပါမယ်)။· အစားအသောက်ကျွေးတဲ့/နို့တိုက်တဲ့ အချိန်နဲ့ပုံစံကို ပြောင်းလဲကြည့်ပါ။· (ကလေးအထူးကုဆရာဝန်က ခွင့်ပြုရင်) အရည်အပြင် အဖတ်လေးတွေလည်း ကျွေးကြည့်ပါ။နည်းနည်းပိုကြီးတဲ့ ကလေးတွေအတွက်။· အိပ်ယာခေါင်းရင်းကို မြှင့်ထားပေးပါ။· အစာစားပြီး နှစ်နာရီလောက်အကြာထိ မတ်မတ်နေပါစေ (မလှဲပါစေနဲ့)။· ထမင်းသုံးနပ်ကို အပီအပြင်တွယ်မယ့်အစား တနေကုန် နည်းနည်းချင်းစီ စားပါစေ။· အစာအိမ်အချဉ်ရည်ပြန်ဆန်တက်တာကို ပိုဆိုးစေတဲ့ ဘယ်လိုအစားအသောက်မျိုးကို မဆို မစားမိ၊မသောက်မိပါစေနဲ့။· ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ချင်လာအောင် တိုက်တွန်းအားပေးပါ။ရောဂါမသက်သာရင် ဒါမှမဟုတ် ပိုဆိုးလာရင် ဆေးဝါးကုသမှု စတင်ခံယူဖို့ လိုလာပါပြီ။Simethicone နဲ့ Calcium carbonate antacid အစရှိတဲ့ ဆေးတွေဟာ ရောဂါလက္ခဏာတွေကို သက်သာစေမှာ ဖြစ်ပါတယ်။ အစာအိမ်က အက်ဆစ်ထွက်ရှိမှုကို လျော့ကျစေနိုင်မယ့် ဆေးတွေကိုလည်း သင့်ဆရာဝန်ကို ပေးကောင်းပေးပါလိမ့်မယ်။ဒါပေမယ့် ဒီဆေးတွေဟာ မွေးကင်းစကလေးတွေမှာ အကျိုးသက်ရောက်မှုရှိမရှိကို သုတေသနပညာရှင်တွေအနေနဲ့ယတိပြတ်မပြောနိုင်သေးပါဘူး။ယေဘုယျအားဖြင့် antacids တွေနဲ့ လေနိုင်ဆေးတွေဟာ ဘာပြဿနာဆိုးကျိုးမှ မရှိတတ်ပေမယ့် ဆေးပမာဏများရင်တော့ ဝမ်းလျှောတာ အစရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ကလေးတွေအနေနဲ့ အထက်ပါဆေးတွေကို ကာလကြာရှည်စွာ ပမာဏခပ်များများ သုံးစွဲမယ်ဆိုရင် အရိုးပါးခြင်း နဲ့ ဗီတာမင် B12 ချို့တဲ့ခြင်း စတဲ့ ပြဿနာတွေကို ရင်ဆိုင်ရစေနိုင်ပါတယ်။အစာအိမ်အချဉ်ရည်ပြန်ဆန်တက်တဲ့ ဝေဒနာကို ခံစားနေရတဲ့ ကလေးအများစုအတွက်တော့ ခွဲစိတ်မှုခံယူဖို့ မလိုအပ်တာ အမှန်ပါ။ ဒါပေမယ့် ဆေးမျိုးစုံပြီး မသက်သာတဲ့ ကလေးတွေ၊GERD ကြောင့် နမိုးနီးယားကဲ့သို့သော် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်လာရတဲ့ ဒါမှမဟုတ် အခြားသော ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေကို ခံစားလာရတဲ့ ကလေးတွေမှာတော့ ခွဲစိတ်မှုပြုလုပ်နိုင်ပါတယ်။ဘယ်လိုခွဲစိတ်မှုမျိုးမဆို အနည်းနဲ့ အများတော့ အန္တရာယ်ရှိတာချည်းပဲမို့ ခွဲစိတ်မှုမခံယူခင်မှာ ဆရာဝန်နဲ့ သေချာစွာ တိုင်ပင်ဆွေးနွေးပါ။ ဒါမှသာ ခွဲစိတ်ခြင်းဟာ ကလေးအတွက် မှန်ကန်တဲ့ ကုသမှုနည်းလမ်း ဟုတ်မဟုတ်ကို မိဘတွေအနေနဲ့ သိရှိဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%90%e1%80%bd%e1%80%b1%e1%80%b7%e1%80%9b%e1%80%90%e1%80%90%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-2/
null
null
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/will-diabetes-be-curable/
သွေးတိုးရှိလျှင် ဆားလျှော့စားပါ။
သင့်သွေးပေါင်ချိန်ကို လျှော့ချဖို့ အမြန်ဆုံးနည်းလမ်းကတော့ (အထူးသဖြင့် သင့်မှာ သွေးပေါင်တက်နေတယ်ဆိုရင်) ဆားလျှော့စားခြင်းပဲ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာတည်းက သင်ဟာ ဒီအကြံဉာဏ်ကို ကြားဖူးပြီးသားဖြစ်နိုင်ပါတယ်။ ဆားကိုလျှော့စားပါ။ ဘာလို့လဲဆိုတော့ ဒါဟာ သင့်နှလုံးအတွက် မကောင်းပါဘူး (ကျောက်ကပ်နဲ့ အခြားအင်္ဂါတွေကိုတော့ ပြောမနေပါနဲ့တော့)။ဆားဟာ သွေးပေါင်ချိန်ကို မြင့်တက်စေပါတယ်။ ဆားများများ စားလေလေ သွေးပေါင်ချိန်တက်လေလေပါပဲ။ဆားဟာ သင့်ခန္ဓါကိုယ်က ရေဓါတ်ကို သိုလှောင်ထားမှု များစေပါတယ်။ ဆားစားတာ များပြားရင် သင့်ခန္ဓါကိုယ်မှာ ပိုလျှံတဲ့ ရေတွေ သိုလှောင်ထားပြီး သွေးပေါင်တက်စေပါတယ်။ ဒါဟာ သင့်မှာသာသွေးတိုးရှိနေမယ်ဆိုရင်တော့ ပြဿနာ ဖြစ်စေမှာပါ။ ပြီးတော့ ဆားအများကြီးစားခြင်းဟာ သွေးပေါင်ကျဆေးတွေဖြစ်တဲ့ ဆီးဆေး တွေကို ကောင်းကောင်း အလုပ်မလုပ်စေပါဘူး။ဆားဘယ်လောက်စားရင ်များတယ်လို့ပြောသလဲ။ဆား (သို့) ဆိုဒီယမ်ဟာ အသက်ရှင်ဖို့အတွက် အရေးကြီးတဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်ပါတယ်။ သူ့ကို ကျောက်ကပ်က ထိန်းညှိပေးပြီးတော့ သူက သင်ခန္ဓါကိုယ်ရဲ့ အရည်ပမာဏ ထိန်းညှိမှုကို လုပ်ဆောင်ပါတယ်။ ဆားဟာ အာရုံကြော နှိုးဆွမှု ဖြစ်စေပြီး ကြွက်သားတွေရဲ့ လုပ်ငန်းဆောင်တာကို အကျိုးသက်ရောက်ပါတယ်။ ဆားဟာ ရေ သိုလှောင်ခြင်းကို ထိန်းညှိပေးတဲ့အတွက် သင့်ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒါဟာ သွေးပမာဏနဲ့ ဖိအားကို ထိန်းချုပ်တဲ့နေရာမှာ အလွန်အရေးကြီးတဲ့ ကဏ္ဍကပါဝင်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်ဟာ ဆားကို တစ်နေ့ ၆ဂရမ်ထက်ပိုပြီး မစားသင့်ပါဘူး။ ဒါပေမယ့် လူအတော်များများကတော့ ပိုပြီး စားနေကြပါတယ်။ညီမျှမှုကတော့ အလွန်အသေးစိတ်ပါတယ်။ ဆားအများကြီး စားခြင်းဟာ သွေးဖိအားနဲ့ဆက်နွယ်နေတဲ့ ကိုယ်ခန္ဓါထဲမှာ အရည်တွေ သိုလှောင်ထားခြင်းကို ဖြစ်စေပါတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်တွေကတော့ ဒါဟာ မော်လီကျူးအဆင့်မှာ ဘယ်လိုအလုပ်လုပ်လဲဆိုတာ သိရှိမှု နည်းပါးတယ်လို့ ဆိုပါတယ်။နေ့စဉ်စားသောက်တဲ့ ဆားပမာဏအများစုဟာ မမြင်နိုင်ပါဘူး။ အကြမ်းဖျင်းအားဖြင့် ၈၀ ရာခိုင်နှုန်းသော ဆားတွေဟာ ပြုလုပ်ပြီးသား အစားအစာတွေဖြစ်တဲ့ ပေါင်မုန့်၊ ဘီစကစ်၊ မနက်စာ စားသောက်ဖွယ်၊ အသင့်စား အစားအသောက်တွေနဲ့ ယူဆောင်သွားလို့ရတဲ့ အစားအသောက်တွေ အတွင်းမှာ တည်ရှိနေပါတယ်။ ၂၀ ရာခိုင်နှုန်းကသာ ဟင်းချက်တဲ့နေရာမှာ အသုံးပြုတဲ့ ဆား ပုံစံနဲ့ လာပါတယ်။ဆားပမာဏဆိုတာ ဘာကိုဆိုလိုပါသလဲ။မမြင်နိုင်တဲ့ ဆားပမာဏကို လျှော့ချဖို့ နဲ့ဆားစားတာ လျှော့ ဖို့ဆိုရင် ဆားနည်းနည်းပဲ ပါတဲ့အစားအသောက်တွေ စားသောက်ခြင်းနဲ့ ဟင်းချက်တဲ့အခါ ဆားမထည့်ခြင်းက အကောင်းဆုံး နည်းလမ်းပါပဲ။အစားအသောက် အညွှန်းတွေမှာ ဆားပမာဏ နည်းလား၊ အနေတော်လား၊ များလားဆိုတာ မြင်တွေ့နိုင်ပါတယ်။ (ဆိုဒီယမ်နဲ့ မမှားသင့်ပါဘူး)။ဆိုဒီယမ် ပမာဏဆိုတာ ဘာကိုဆိုလိုပါသလဲ။တချို့အညွှန်းတွေမှာတော့ ဆားဘယ်လောက်ပါတယ်ဆိုတာ ပြောမှာ မဟုတ်ပဲ ဆိုဒီယမ် ဘယ်လောက်ပါလဲဆိုတာသာ ပါနိုင်ပါတယ်။ ဆိုဒီယမ်ဟာ ဆားမှာပါတဲ့ ဓါတုပစ္စည်းတစ်မျိုးဖြစ်ပြီးဆိုဒီယမ် ၁ ဂရမ်ဟာဆား၂.၅ ဂရမ်နဲ့ ညီမျှပါတယ်။တကယ်လို့ အညွှန်းမှာ ဆား (သို့) ဆိုဒီယမ် ဘယ်လောက်ပါလဲ ပြောမထားဘူးဆိုရင် ပါဝင်ပစ္စည်း စာရင်းကို ကြည့်ပါ။ ဆားဟာ စာရင်းရဲ့ အပေါ်ကိုရောက်လေလေ ဆားများများ ပါနိုင်လေလေပါပဲ။ဆိုဒီယမ်ဟာ ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲ။သူဟာ သွေးပေါင်ထိုးတက်စေကာ အသံတိတ်လူသတ်သမားလို့လဲ ခေါ်ကြပါတယ်။ ဘာလို့လဲဆိုတော့ လက္ခဏာတွေဟာ အမြဲတမ်း ထင်ထင်ရှားရှား မရှိသောကြောင့် ဖြစ်တယ်။သင့်မှာ သွေးတိုးမရှိဘူးရင်တောင် ဆိုဒီယံကိုအနည်းငယ်သာ စားသုံးခြင်းဟာ အသက်အရွယ်ကြီးရင့်ခြင်းကြောင့် ဖြစ်လာတဲ့ သွေးပေါင်တက်ခြင်း၊ နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ရောဂါ၊ အရိုးပွရောဂါ၊ အစားအိမ်ကင်ဆာနဲ့ ခေါင်းကိုက်ခြင်းတို့ ဖြစ်ပွားနှုန်းကို လျှော့ချပေးပါတယ်။ ကိုယ်ခန္ဓါထဲ ရှိ ပိုလျှံနေတဲ့ ရေတွေဟာ ကိုယ်အလေးချိန်တက်ခြင်းကိုလဲ ဖြစ်စေပါတယ်။ဆားလျှော့စားပြီး သွေးဖိအားထိန်းသိမ်းနည်း ရှစ်ချက်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%bd%e1%80%ad%e1%80%9c%e1%80%bd%e1%80%ba%e1%80%84%e1%80%b9-%e1%80%86%e1%80%ac%e1%80%b8%e1%80%b1%e1%80%9c%e1%80%bd/
null
null
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/g6pd-2/
ဆီးချိုရှိရင် ပြောင်းဖူးစားလို့ ရမလား!
ပြောင်းဖူးဆိုတာက မီးကင်စားစား၊ ဟင်းရည်ပဲ ချက်သောက်သောက်၊ အသားစွပ်ပြုတ်တွေထဲပဲ ထည့်ထည့်၊ ကြော်ပဲစားစား စားလို့ ကောင်းတဲ့ အစားအစာ တစ်မျိုးပါ။ အာဟာရပြည့်ဝသလို စားလို့လည်းကောင်းတဲ့ ပြောင်းဖူးကိုဆီးချိုရှိသူတွေရော စားလို့ရလားဆိုပြီး သိချင်နေတဲ့သူတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ဆီးချိုရှိရင် ပြောင်းဖူးစားလို့ ရမလား! ဆိုတဲ့ အကြောင်းလေးကို ပြောပြပေးချင်တာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ပြောင်းဖူးဆိုတာက တစ်ကမ္ဘာလုံး စားသုံးနေကြတဲ့ ကောက်နှံတစ်မျိုးပါ။ ပြောင်းဖူးက ကာဗိုဟိုက်ဒရိတ် ပါဝင်မှု များသလို အမျှင်ဓာတ်လည်း ကြွယ်ဝပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ပရိုတင်း၊ အဆီဓာတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်နေပါတယ်။ပြောင်းဖူးဆိုတဲ့နေရာမှာသကြားပြောင်းလို့ ခေါ်တဲ့ အဝါရောင်ပြောင်းဖူး၊ အဖြူရောင်လေးနဲ့ စားလိုက်ရင် စေးစေးကလေး ဖြစ်နေတဲ့ ပလို့ပြောင်း၊ ခရမ်းရောင်အဆင်းရှိပြီး စားလိုက်ရင် တဖောက်ဖောက်နဲ့ စေးစေးလေး ရှိတဲ့ ခရမ်းရောင်ပြောင်းတွေပါ။ဆီးချိုရှိရင် ပြောင်းဖူးစားလို့ ရမလား ဆိုတော့ အတိုင်းအတာ တစ်ခုအထိတော့ စားလို့ ရပါတယ်။ အများကြီးတော့ စားလို့ မရပါဘူး။ နေ့တိုင်း စားလို့လည်းတော့ မရပါဘူး။ အကြောင်းကတော့ ပြောင်းဖူးမှာ သကြားဓာတ် ပါဝင်မှု များနေတာကြောင့် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တာကြောင့်ပါ။အထူးသဖြင့် သကြားပြောင်းပါ။ သကြားပြောင်းကသကြားဓာတ်ပါဝင်မှု မြင့်ပါတယ်။ သကြားပြောင်း ၁၀၀ ဂရမ်မှာ ကာဗိုဟိုက်ဒရိတ် ၁၉ ဂရမ်၊ ပရိုတင်း ၃.၂ ဂရမ်၊ အဆီဓာတ် ၁.၁၈ ဂရမ် ပါဝင်နေပါတယ်။ ဒီပမာဏက ဆီးချိုရှိသူတွေအနေနဲ့ အသင့်အတင့် စားသုံးမယ်ဆိုရင်တော့ ကျန်းမာရေးကိုရော သွေးတွင်းသကြားဓာတ်ကိုပါ ထိခိုက်စေမှာ မဟုတ်ပါဘူး။နောက်တစ်ချက်က ပြောင်းဖူးက အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့်လည်း စားပြီးချိန်မှာရုတ်တရက် သွေးချို မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ဆီးချိုရှိသူတွေအနေနဲ့ ပြောင်းဖူးကို အနည်းအကျဉ်း စားပေးလို့ ရပါတယ်။ ဒီလို စားပေးမယ်ဆိုရင်တော့ ပြောင်းဖူးမှာ ဗီတာင် B1၊ B3၊ B6 တို့ ပါဝင်နေတာကြောင့် စားလိုက်တဲ့ အစားအစာတွေကို စွမ်းအင်အဖြစ် ထိထိရောက်ရောက် ပြောင်းလဲပေးနိုင်ပြီး ဦးနှောက်၊ ကိုယ်ခံအား နဲ့ အာရုံကြောစနစ်တွေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။နောက်တစ်ချက် အနေနဲ့ကတော့ ပြောင်းဖူးက အစာကြေညက်ခဲတာကြောင့်သွေးတွင်းသကြားဓာတ်ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပြောင်းဖူးက အမျှင်ဓာတ်ကြွယ်ဝလို့ ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ အဆီပါဝင်မှု နည်းတာကလည်း ဆီးချိုရောဂါ ရှိသူတွေမှာ သွေးတွင်းအဆီများတာကို ကာကွယ်ပေးပြီး နှလုံးကျန်းမာစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာကလည်း ကိုယ်ခံအားကောင်းစေပြီး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ပြောင်းဖူးစားတဲ့အခါ ပြုပြင်ထားတဲ့ ပြောင်းဖူးမဟုတ်တဲ့ သဘာဝအတိုင်း ပြောင်းဖူးကို စားပေးဖို့ လိုပါမယ်။ ဒါမှအမျှင်ဓာတ်ကြွယ်ဝစွာ ရရှိပြီး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ဆိုလိုတာက ပြောင်းဖူးကို ဆီများများနဲ့ သုတ်ထားတာတို့၊ ဆားလေးနဲ့ လှိမ့်ထားတို့၊ သကြားနဲ့ ဖောက်ထားတဲ့ ပြောင်းဖူးပေါက်ပေါက်တို့ဆိုရင် စားဖို့ မသင့်တော်ပါဘူး။ဆီးချိုရှိမယ်ဆိုရင် အစားအစာတိုင်းကို သေချာလေး ဂရုစိုက်ဖို့ လိုမယ်ဆိုတာကို ထွေထွေထူးထူး ပြောစရာ မလိုအောင်ပါ။ ဒါကြောင့် ပြောင်းဖူးစားမယ်ဆိုရင် သေချာလေး ဂရုစိုက်ဖို့ လိုမှာပါ။ ပြောင်းဖူးက ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အများကြီး စားလို့ မရတာတော့ အသေအချာပါ။ဒီတော့ပြောင်းဖူးကိုစားဖို့ဆိုရင် ၉လက်မအချင်းရှိတဲ့ အရွယ်တော် ပန်းကန် တစ်ချပ်ရဲ့ ၄ ပုံပုံ ၁ ပုံစာလောက်ပဲ စားသင့်ပါတယ်။ဒီလိုမျိုး အချိုးအစား မှန်မှန်လေး စားသုံးပေးမယ်ဆိုရင်တော့ ဆီးချိုရှိသူတွေမှာ သွေးတွင်းသကြားဓာတ် မြင့်တက်စေတာမျိုး မရှိဘဲ ပြောင်းဖူးကနေ ရရှိတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုပါ ရရှိဦးမှာပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/does-sweet-corn-increase-blood-sugar/
နှလုံးကျန်းမာရေးအတွက် လျှို့ဝှက်ချက် ၁၀ ချက်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြောင့် အရှေ့တိုင်းသားတွေက အနောက်တိုင်းနေထိုင်မှုဘဝပုံစံတွေဘက်ကို ခြေဦးလှည့်လာကြပါတယ်။ ကျွန်ုပ်တို့ဟာ အဆီနဲ့ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အစားအစာတွေကို တဖြည်းဖြည်း ပိုစားသုံးလာကြပါတယ်။ အဝလွန်ရောဂါဖြစ်စေနိုင်တဲ့အကြောင်းရင်းဖြစ်တဲ့ ၎င်းဓါတ်တွေကြောင့်ပဲ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေများလာစေပါတယ်။ဒါပေမယ့်လည်း စားသောက်မှုပုံစံပြောင်းလဲခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပိုလုပ်ခြင်း၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကိုထိန်းသိမ်းခြင်း၊ ဆေးလိပ်ဖြတ်ခြင်းတို့ဖြင့် နှလုံးရောဂါဖြစ်ပွားမှု ၉၀ ရာခိုင်နှုန်းကို ကြိုတင်ကာကွယ်နိုင်ပါတယ်။ အောက်ပါအချက် ၁၀ချက်ကိုလိုက်နာရင်းနဲ့ပဲ နှလုံးရောဂါအန္တရာယ် နည်းပါးအောင် သင့်ကိုယ်သင်ကာကွယ်နိုင်ပါတယ်။အဆင့်(၁) သင့်ခန္ဓါကိုယ်ရဲ့ပျမ်းမျှညွှန်းကိန်းကို သိရှိအောင်လုပ်ပါ။ကုလသမဂ္ဂထုတ်ပြန်ချက်အရ ကမ္ဘာအနှံ့ကနှလုံးရောဂါဖြစ်ပွားမှုတွေရဲ့ သုံးပုံတစ်ပုံဟာ သွေးတွင်းကိုလက်စထရောပမာဏမြင့်မားမှုနဲ့ဆက်နွှယ်နေပါတယ်။ သင့်မှာရှိနေတဲ့ ကိုလက်စထရော ( အဆီပါဝင်ပစ္စည်း) ပမာဏကို အောက်ပါညွှန်းကိန်းတွေနဲ့ တိုင်းတာသိရှိနိုင်ပါတယ်။အဆင့် (၂) အန္တရာယ်ကို တွက်ဆပါ။နှလုံးရောဂါအန္တရာယ်ပိုများစေနိုင်တဲ့ အကြောင်းရင်းခံအချက်တွေအများကြီးရှိပါတယ်။ ဥပမာ- သင်ဟာ ဆေးလိပ်သောက်တတ်သူ၊ သွေးတိုးရှိသူ၊ ဒါမှမဟုတ် သွေးတွင်းကိုလက်စထရောများသူ ဆိုတဲ့ အခြေအနေသုံးမျိုးထဲက တစ်ခုမှာပါဝင်နေခဲ့ရင် ခြောက်နှစ်ကာလအတွင်း နှလုံးရောဂါဖြစ်နိုင်တဲ့အလားအလာ က နှစ်ဆပိုများပါတယ်။ သင့်မှာသုံးမျိုးစလုံးရှိနေခဲ့ရင် အန္တရာယ်က ၈ ဆတိုးပါလိမ့်မယ်။ ဒါပေမယ့် ဒီအချက်တွေထဲက တစ်ခုကိုပဲ ဖယ်ရှားနိုင်မယ်ဆိုရင်တော့ သင့်ကျန်းမာရေးက ရလဒ်ပိုကောင်းနိုင်မှာဖြစ်ပါတယ်။ ဥပမာ- သင်ကဆေးလိပ်ဖြတ်လိုက်တာ၊ ဒါမှမဟုတ် ကိုလက်စထရောကို ဘေးကင်းတဲ့အဆင့်ထိလျှော့ချနိုင်မယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေက ထက်ဝက်လျော့ပါးသွားမှာဖြစ်ပါတယ်။( ဒီအချက်တွေမရှိတဲ့ ကျန်းမာတဲ့လူတစ်ယောက်နဲ့ယှဉ်ရင် အန္တရာယ်အဆင့်က ၈ ဆများမယ့်အစား ၄ဆ သာရှိတော့မှာဖြစ်ပါတယ်)။အဆင့်(၃) လိုအပ်ရင် ကိုယ်အလေးချိန်ကိုလျှော့ချပါ။သုတေသနဖော်ပြချက်အရ သင်ဟာ ကိုယ်အလေးချိန် ၇၀ ကီလိုရှိသူဖြစ်ရင် ကိုယ်အလေးချိန်ရဲ့ ၅/ ၁၀ ရာခိုင်နှုန်းအထိ သို့မဟုတ် ၄/၇ ကီလိုဂရမ်လောက်အထိ လျှော့ချဖို့ပဲလိုမှာဖြစ်ပါတယ်။ ဒါဆိုရင် သင့်မှာ သွေးပေါင်ချိန်မှန်မယ်၊ ဆီးချိုရောဂါအန္တရာယ်လျော့နည်းမယ်၊ကိုလက်စထရောအနေအထားလည်း ကောင်းမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင်ဟာ ကိုယ်အလေးချိန်များနေပြီလားဆိုတာကို ခန္ဓါကိုယ်ထုထည်ညွှန်းကိန်း (BMI) တွက်ချက်ကြည့်ခြင်းအားဖြင့် အဖြေရှာနိုင်ပါတယ်။ ၁၈.၅ ကနေ ၂၄.၉ အထိက ပုံမှန် BMI ဖြစ်ပြီး ၂၅ ကနေ ၂၉.၉ အထိက ကိုယ်အလေးချိန်များနေသူဖြစ်ပါတယ်။ BMI ၃၀ နဲ့အထက်ကတော့ အဝလွန်သူအဖြစ် သတ်မှတ်ပါတယ်။အဆင့် (၄) ပြည့်ဝအဆီများလျှော့စားပါ။ထောပတ်၊ခရင်မ်၊အသားဆော့စ်နဲ့ မဲရိုးနစ်တို့မှာ ပြည့်ဝဆီ၊ မကောင်းတဲ့ကိုလက်စထရောတွေအများအပြား ပါဝင်တာကြောင့် နှလုံးသွေးကြောတွေထဲမှာ အဆီတွေကပ်ပြီးစုလာစေပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကယ်လိုရီစုစုပေါင်းထဲမှာ ပြည့်ဝဆီစားသုံးမှု ကို ၅ ရာခိုင်နှုန်းအောက် ပိုနည်းအောင် လျှော့စားသင့်ပါ တယ်။ (တစ်နေ့တာကယ်လိုရီစုစုပေါင်းကိုရဖို့ ကိုယ်အလေးချိန်ကို ၁၂ နဲ့စားပါ) ထောပတ်အစား အသီးအရွက်ဆီ၊ သံလွင်ဆီ၊နဲ့ အထူးသဖြင့် မုန်ညင်းစေ့အဆီကို အစားထိုးစားပါ။ ဒါတွေအားလုံးက သင့်ရဲ့ နှလုံးအတွက် ကောင်းတဲ့ monounsaturated အဆီတွေပါဝင်ပါတယ်။ ဒါ့အပြင်အဆီများတဲ့ အသားတွေ အစား ကြက်သား၊ငါးနဲ့ပဲအမျိုးမျိုး တို့ကိုပြောင်းလဲစားသုံးသင့်ပါတယ်။အဆင့် (၅) အသင့်အလွယ်စား အစားအစာတွေမစားပါနဲ့။ထုပ်ပိုးထားတဲ့အစားအစာများ၊ဆီကြော်မုန့်များ၊ပေါင်မုန့်နဲ့ အခြားထောပတ်တုပါဝင်တဲ့စားသောက်ကုန်တွေ အတော်များများမှာ trans fats အတု (hydrogenated oils) များပါဝင်ပြီး မကောင်းတဲ့ကိုလက်စထရောများ ကို ပိုများစေတယ်လို့ သုတေသီတွေက ဆိုကြပါတယ်။ အဆီဓါတ်တွေရဲ့ဇီဝယန္တရားကနေ လူဦးရေသန်းပေါင်း များစွာကို နှလုံးရောဂါနဲ့ အရွယ်မတိုင်မီသေဆုံးစေတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ သရေစာမုန့်အထုပ် ပေါ်မှာ ရိုက်နှိပ်ထားတဲ့ ‘ပါဝင်သောအာဟာရဓါတ်’ ဆိုတဲ့နေရာကို သတိထားကြည့်ရှုသင့်ပါတယ်။ “no fat metabolism” လို့ဖော်ပြထားရင် တစ်ထုပ်မှာပါဝင်တဲ့ trans fat ပမာဏဟာ ဝ.၅ ဂရမ်အောက် သာရှိနေနိုင်တယ်လို့ ထင်ပါသလား၊ ၀ အထိ ဖြစ်နေဖွယ်ရှိတယ်လို့ ထင်ပါသလား။ သင်ဟာ “no fat metabolism” ဖြစ်တဲ့စားသောက်ကုန်တွေကို စားသုံးနေတာသေချာစေဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ “hydrogenated oil” ပါဝင်တဲ့ကုန်ပစ္စည်းတွေကို ရှောင်ဖို့ပါပဲ။ အာဟာရပြည့်ဝတဲ့ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေနဲ့ အစေ့အဆန်တွေကို သရေစာအဖြစ်စားတာပိုကောင်းပါလိမ့်မယ်။အဆင့်(၆) အမျှင်ဓါတ်များတဲ့အစားအစာတွေကိုပိုစားပါ။အမျှင်ဓါတ်ပါတဲ့ ဓါတ်စာတွေကနှလုံးရောဂါအန္တရာယ်ကို လျှော့ချနိုင်တယ်လို့ သုတေသနများစွာက ညွှန်းဆို ကြပါတယ်။ အမျိုးသမီးကျန်းမာရေးဆိုင်ရာသုတေသနတစ်ခုအရ အမျှင်ဓါတ်ပါတဲ့အစားအစာတွေကို များများစားတဲ့သူတွေဟာ နည်းနည်းစားတဲ့လူတွေနဲ့ယှဉ်ရင် နှလုံးရောဂါဖြစ်နိုင်တဲ့အန္တရာယ် ၄၀ ရာခိုင်နှုန်းကျော်ပိုနည်းပါးတယ်လို့ သိရပါတယ်။မကောင်းတဲ့ကိုလက်စထရောဓါတ်တွေရဲ့ပမာဏလျော့ကျစေဖို့အတွက် ပျော်ဝင်နိုင်တဲ့အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကိုပိုစားပေးပါ။ ပျော်ဝင်နိုင်တဲ့အမျှင်ဓါတ်ဟာ သည်းခြေရည်အက်စစ်နဲ့ ဆက်နွှယ်မှုရှိပြီး ခန္ဓါကိုယ်အတွင်းမှာ ကိုလက်စထရောကြောင့်ဖြစ်လာတဲ့ အဆီကိုချေဖျက်ရာမှာ၎င်းက အရေးပါတဲ့အချက် ဖြစ်ပါတယ်။ အမှန်တော့ ကျွန်ုပ်တို့က အမျှင်ဓါတ်ကိုချေဖျက်လို့မရနိုင်တာကြောင့် သည်းခြေရည်အက်စစ်နဲ့ ပေါင်းမိတဲ့အခါ အမျှင်ဓါတ်ကိုခန္ဓါကိုယ်က အညစ်အကြေးအဖြစ်စွန့်ထုတ်မှာဖြစ်ပါတယ်။ ပို့လွှတ်မှုမလုပ်ဆောင်မီ ခန္ဓါကိုယ်က ကိုလက်စထရောတွေကို သည်းခြေရည်အဖြစ်သို့ ပြောင်းလဲပေးဖို့လိုအပ်ပြီး သူ့အလိုအလျောက် ကိုလက်စထရောလျှော့ချပေးသလိုဖြစ်စေတာပါ။ ပျော်ဝင်လွယ်သော အမျှင်ဓါတ်တွေကြွယ်ဝတဲ့ အစားအစာတွေထဲမှာ အုပ်ဂျုံ၊ မုယောစပါး၊ပဲ၊ရုံးပတီ၊ ခရမ်းသီးနဲ့ လိမ္မော်သီးလို အချဉ်ဓါတ်ပါတဲ့အသီးတွေ ပါဝင်ပါတယ်။အဆင့်(၇) whole grain နေရာမှာ သန့်စင်ပြီးသား အစေ့အဆန်တွေအစားထိုး စားသုံးပါ။သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေ (ပေါင်မုန့်အဖြူ၊ ကိတ်မုန့်၊ပါစတာ၊စသည်)ကို စားလွန်းရင် ခန္ဓါကိုယ်က triglycerides တွေထုတ်ပေးပါလိမ့်မယ်။ ဒါ့အပြင် ပြုပြင်စီမံထားတဲ့အစေ့အဆန်တွေက သကြားဓါတ်အဖြစ် လျင်မြန်စွာပြောင်းလဲပေးမှာဖြစ်ပါတယ်။ သကြားဓါတ်က သွေးတွင်းအချိုဓါတ်ပမာဏမြင့်တက်စေပြီး အမျိုးအစား၂ ဆီးချိုရောဂါဖြစ်စေနိုင်ပါတယ်။ ဒီဆီးချိုရောဂါက နှလုံးရောဂါဖြစ်စေနိုင်တဲ့ ဆင့်ပွားရောဂါအခံ ဖြစ်ပါတယ်။ ဆန်လုံးညို၊ wheat berries တွေနဲ့ ပါစတာ တို့လို whole grains တွေကို အာဟာရပြည့်တဲ့ စားဖွယ်တွေအဖြစ် ရွေးချယ်နိုင်ပါတယ်။ ဒါတွေနဲ့မှ ကစီဓါတ်ကနေ သကြားဓါတ်နဲ့ ကျန်းမာရေးအတွက် မသင့်တော်တဲ့အဆီတွေအဖြစ် ပြောင်းလဲတဲ့ ဖြစ်စဉ်ကို အမျှင်ဓါတ်က နှေးကွေးစေမှာဖြစ်ပါတယ်။အဆင့် (၈) ငါး စားပါ။တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်ခန့် ငါးစားပေးတာက ရေရှည်မှာ နှလုံးရောဂါပြဿနာတွေ ဖြစ်လာနိုင်ခြေကို ၃၀ ရာခိုင်နှုန်းလျော့နည်းစေနိုင်တယ်လို့ သုတေသီတွေက ထောက်ပြပါတယ်။ ငါးတွေမှာ triglycerides ပမာဏကို လျှော့ချပေးပြီး သွေးခဲမှုဖြစ်စဉ်ကို ကာကွယ်တားဆီးပေးနိုင်တဲ့ omega-3 အဆီဓါတ်တွေပါဝင်ပါတယ်။ omega-3 က သွေးဖိအားကိုလည်းအနည်းငယ်ကျစေနိုင်ပြီး နှလုံးခုန်မူမမှန်ခြင်းကို ကာကွယ်ပေးပါတယ်။ omega-3 ကို ငါးတွေမှာတင်မကဘဲ နှမ်းကြတ်ဆီ၊ကန်နိုလာဆီ၊ နဲ့ သစ်ကြားသီးတို့မှာ တွေ့ရှိနိုင်ပါတယ်။အဆင့်(၉) အစေ့အဆန်တွေစားပေးပါ။သစ်ကြားသီး၊ ပီကန်စေ့၊ ဗာဒံစေ့၊ဟေဇယ်သီး၊ ပီစတာချီအို၊ pine nuts နဲ့ မြေပဲစေ့တို့ကို တစ်ပတ် ၂ ကြိမ်မှ ၄ ကြိမ်အထက် စားပေးရင် အနည်းငယ်သာစားသူတွေထက် နှလုံးပြဿနာဖြစ်နိုင်ခြေလျော့ပါးစေနိုင်တယ်လို့ သုတေသနတွေက ဖော်ပြပါတယ်။ အစေ့အဆန်အားလုံးမှာ နှလုံးအတွက်ကောင်းတဲ့ monounsaturated အဆီပမာဏ အလုံအလောက်ပါရှိပါတယ်။အဆင့် (၁၀) ယမကာ တော်သင့်ရုံသောက်ပါ/ ဆေးဖြစ်ဝါးဖြစ်သောက်ပါ။ယမကာကို အတန်အသင့်သောက်သုံးသူတွေဟာ လုံးဝရှောင်သူများထက် နှလုံးရောဂါဖြစ်နိုင်ခြေ ပိုနည်းတယ်လို့ သိပ္ပံပညာအရ သက်သေပြခဲ့ကြပါတယ်။ ဝိုင်က ကောင်းတဲ့ကိုလက်စထရောကို တိုးစေနိုင်စွမ်း ရှိပါတယ်။ အထူးသဖြင့် သွေးကိုကျဲစေနိုင်ပါတယ်(hemostasis ဖြစ်ခြင်းကိုလျော့နည်းစေ)။ ထို့ပြင် ဝိုင်မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကလည်း နှလုံးသွေးကြောတွေကနေကိုလက်စထရောစုပ်ယူမှုကို ကာကွယ်တားဆီးပေးပြီး သွေးကြောတွေမှာ အဆီချိုးတွေကပ်ငြိမှုကို ကာကွယ်ပေးပါတယ်။ ဒါပေမယ့် ယမကာသောက်သုံးရာမှာ သင့်တင့်တဲ့ အတိုင်းအတာက ဘီယာဆို ၃၆၀ မီလီလီတာ၊ ဝိုင် ၁၅၀ မီလီလီတာ၊ ဒါမှမဟုတ် အရက်ဆိုရင် ၄၅ မီလီလီတာ ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။[embed-health-tool-bmi]
heart-health
heart-health
https://hellosayarwon.com/heart-health/cholesterol/%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%b1%e1%80%9b%e1%80%b8%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%9c/
သဘာဝနည်းအတိုင်း သားဆက်ခြားမယ်
ဒီနည်းလမ်းတွေဟာ သင့်ခန္ဓာကိုယ်ရဲ့ သဘာဝ လုပ်ငန်းဆောင်တာတွေအပေါ်မူတည်ပြီး လတစ်လရဲ့ ဘယ်ရက်တွေဟာ ကိုယ်ဝန်ရနိုင်ချေ အများဆုံးလဲဆိုတာကို ဆုံးဖြတ်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ ဒါကို သဘာဝနည်းအတိုင်း သားဆက်ခြားခြင်းလို့လည်း ခေါ်ပါသေးတယ်။ရက်ရှောင်နည်း၊ ခန္ဓာကိုယ်ရဲ့ အနည်းဆုံးအပူချိန်၊ သားအိမ်ခေါင်းအကျိအချွဲပေါ်မူတည်တဲ့ နည်း အစရှိတာတွေကို ပေါင်းစပ်အသုံးပြုပြီး သင့်ခန္ဓာကိုယ်ဟာ ဘယ်အချိန်တွေမှာ မျိုးအောင်နိုင်ချေ အများဆုံးလဲဆိုတာကို သိရှိစေပါတယ်။သင့်ခန္ဓာကိုယ်ရဲ့ သားဥကြွေချိန်နဲ့ မျိုးအောင်နိုင်တဲ့အချိန်တွေကို သိရှိမယ်ဆိုရင် အဆိုပါ အချိန်တွေမှာ လိင်ဆက်ဆံမှုကို ရှောင်ရှားခြင်း ဒါမှမဟုတ် အကာအကွယ်သုံးပြီး လိင်ဆက်ဆံခြင်းတို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ပထမဆုံးလုပ်ရမယ့်အချက်က သင့်ရာသီစက်ဝန်းအကြောင်း တိတိပပသိရှိရမှာဖြစ်ပြီး မျိုးအောင်နိုင်မယ့်ရက်တွေ၊ ကိုယ်ဝန်မရနိုင်မယ့် ရက်တွေကို သိထားဖို့ပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ရာသီစက်ဝန်းဟာ ၂၂ရက်ကနေ ၃၅ရက် အတွင်း ကြာမြင့်တတ်ပါတယ်။သင့်ရာသီစက်ဝန်းကို ခန့်မှန်းတွက်ချက်နိုင်ဖို့အတွက် ပုံမှန်ဓမ္မတာစက်ဝန်းမှာ ဖြစ်ပေါ်လေ့ရှိတဲ့ အချက်တွေကို ရက်အပိုင်းအခြားနဲ့ ဖော်ပြပေးထားပါတယ်။ရာသီသွေးစဆင်းတဲ့နေ့ဟာ သင့်ဓမ္မတာစက်ဝန်းရဲ့ ပထမဆုံးနေ့ပဲ ဖြစ်ပါတယ်။ခုနှစ်ရက်မြောက်နေ့မှာ သင့်မမျိုးဥဟာ အဖိုသုတ်ပိုးနဲ့ ထိတွေ့ပြီး မျိုးအောင်ခြင်းဖြစ်ပေါ်ဖို့ အသင့်ဖြစ်နေပါပြီ။သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟော်မုန်းတွေကြောင့် သားဥအိမ်ထဲက မမျိုးဥလေးထွက်လာမှာဖြစ်ပြီး ဒါကို သားဥကြွေခြင်းလို့ ခေါ်ပါတယ်။ မမျိုးဥလေးဟာ သားဥပြွန်မှာ မျိုးအောင်ခြင်းဖြစ်ပေါ်ဖို့ ၁၂နာရီကနေ ၂၄နာရီအထိ စောင့်ဆိုင်းမှာ ဖြစ်ပါတယ်။တကယ်လို့ အဖိုသုက်ပိုးက မမျိုးဥထဲကို ထိုးဖောက်ဝင်ရောက်လိုက်ပြီဆိုရင်တော့ အသစ်ဖြစ်ပေါ်လာတဲ့ မျိုးအောင်ပြီးသား ဥကလေးဟာ သားအိမ်နံရံမှာ ကပ်တွယ်လိုက်ပြီးတော့ စတင်ကြီးထွားလာမှာပဲ ဖြစ်ပါတယ်။ တကယ်လို့ မျိုးအောင်ခြင်း မဖြစ်ပေါ်ဖူးဆိုရင် မမျိုးဥလေးဟာ ပျက်စီးသွားမှာဖြစ်ပါတယ်။မမျိုးဥဟာ မျိုးအောင်ခြင်းလုပ်ငန်းစဉ်ဖြစ်ပေါ်ခြင်းမရှိဖူးဆိုရင် (မျိုးမအောင်ဖူးဆိုရင်) ရက်ပိုင်းအတွင်းမှာပဲ ဟော်မုန်းပမာဏကျသွားမှာဖြစ်တဲ့အတွက် သားအိမ်နံရံတွေ၊အကာအရံတွေကို ကြွေကျပျက်စီးစေမှာဖြစ်ပြီး ဒီလိုဖြစ်စဉ်ကို ဓမ္မတာလာခြင်းလို့ ခေါ်ပါတယ်။ဒီနေရာမှာ သိထားသင့်တဲ့ အရေးကြီးအချက်တစ်ချက်က ရာသီစက်ဝန်းရဲ့ ပထမပိုင်း (သားဥမကြွေခင်အချိန်)ဟာ အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်မတူကွဲပြားတယ်ဆိုတာ ဖြစ်ပြီး တစ်ယောက်တည်းမှာတောင် လအလိုက်ပြောင်းလဲနိုင်ပါသေးတယ် ဆိုတာပါပဲ။သားဥမကြွေခင် ကြာမြင့်တဲ့ရက်ပေါင်းဟာ ၁၃ရက်ကနေ ရက်၂၀လောက်အထိ ဖြစ်နိုင်ပါတယ်။ ရာသီစက်ဝန်းရဲ့ ဒုတိယတစ်ဝက်ကတော့ အမျိုးသမီးအများစုမှာ အတော်လေးတူညီကြပါတယ်။ဘာလို့လဲဆိုတော့ သားဥကြွေတဲ့နေ့ကနေ နောက်တစ်ကြိမ် ရာသီလာချိန်အထိ ကြာမြင့်ချိန်က ၁၂ရက် ကနေ ၁၆ရက်လောက်အထိ ရှိတတ်လို့ပဲ ဖြစ်ပါတယ်။ပြက္ခဒိန်ရက်တွက်နည်း : သင့်ရာသီစက်ဝန်းကို ပြက္ခဒိန်မှာ အသေအချာမှတ်သားထားခြင်းအားဖြင့် လတစ်လမှာ ကလေးရနိုင်တဲ့ ရက်တွေကို ယေဘုယျတွက်ချက်နိုင်ပါတယ်။ခန္ဓာကိုယ်အပူချိန်တိုင်းတာခြင်းနည်းလမ်းဟာ သားဥကြွေပြီးကာစမှာ အပူချိန်ပြောင်းလဲခြင်းဖြစ်ပေါ်ပြီး နောက်ရာသီစက်ဝန်းစတင်ချိန်အထိ ကိုယ်အပူချိန်ဆက်လက်မြင့်တက်နေတာကို သိရှိနိုင်အောင် ကူညီပေးပါတယ်။ပြီးခဲ့တဲ့ ရာသီစက်ဝန်းအနည်းငယ်မှာ ဖြစ်ပေါ်ပြောင်းလဲခဲ့တဲ့ ကိုယ်အပူချိန်တွေကို လေ့လာစောင့်ကြည့်မယ်ဆိုရင် သားဥကြွေတဲ့ အချိန်ကာလကို ခန့်မှန်းနိုင်ပါတယ်။ဘာလို့လဲဆိုတော့ သားဥအိမ်ကနေ မမျိုးဥမထုတ်ပေးခင်လေးမှာ သင့်ခန္ဓာကိုယ်အပူချိန်က အနည်းငယ် ကျဆင်းသွားကာ သားဥကြွေပြီး ၂၄နာရီအကြာမှာတော့ ကိုယ်အပူချိန်ပြန်လည်တက်လာပြီး နောက်ထပ်ရက်အနည်းငယ်အထိ အဆိုပါ အပူချိန်အတိုင်း ဆက်ရှိနေမှာပဲ ဖြစ်ပါတယ်။သားဥမကြွေခင်မှာ အမျိုးသမီးတစ်ဦးရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ ၃၆.၁ – ၃၆.၄ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပြီး သားဥကြွေအပြီးမှာတော့ ၃၆.၄ – ၃၇ ဒီဂရီစင်တီဂရိတ်လောက်အထိ ရှိနေနိုင်ပါတယ်။ဒါကြောင့် သင့်ခန္ဓာကိုယ်အပူချိန်ကို မနက်တိုင်းပုံမှန်တိုင်းတာပေးခြင်းအားဖြင့် ရာသီစက်ဝန်းကို စောင့်ကြည့်ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။ မနက်တိုင်း အိပ်ရာမထခင် အချိန်မှန်မှန် တိုင်းတာရပါမယ်။ပြီးရင် ဇယားလေးပြုလုပ်ပြီး မှတ်သားထားရမှာဖြစ်ကာ သင့်ရာသီစက်ဝန်းပုံမှန်တယ်ဆိုရင်တော့ နောက်တစ်ကြိမ်သားဥကြွေမယ့်အချိန်ကို အနီးစပ်ဆုံး ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။သားအိမ်ခေါင်းအကျိအချွဲရဲ့ စေးပျစ်မှုအတိုင်းအတာဟာ ရာသီစက်ဝန်းအတွင်းမှာ ပြောင်းလဲလေ့ရှိပါတယ်။ ပုံမှန် ရာသီစက်ဝန်းမှာဆိုရင် ဓမ္မတာငါးရက်လာပြီးနောက်မှာ ၃-၄ရက်လောက် ခြောက်နေလေ့ရှိပါတယ်။ဒီနောက်မှာတော့ အကျိအချွဲတွေစိုစွတ်မှုဟာ နေ့စဉ်အနည်းငယ်စီ ပိုများလာမှာဖြစ်ကာ အစိုစွတ်ဆုံးရက်ကို ရောက်ရှိဖို့ ပျမ်းမျှအားဖြင့် ကိုးရက်လောက် ကြာမြင့်မှာပဲ ဖြစ်ပါတယ်။ အဆိုပါ အနေအထားရောက်ပြီဆိုရင် သင့်သားအိမ်ခေါင်းအကျိအချွဲကို အလွယ်တကူ သတိထားမိနိုင်မှာပါ။သူတို့ဟာ ချွဲကျိကျိနဲ့ ကြည်လင်နေမှာဖြစ်ပြီး လက်နဲ့ကိုင်လိုက်ရင်လည်း အမျှင်တန်းနေမှာဖြစ်ကာ ကြက်ဥအကာရည်နဲ့ ဆင်ဆင်တူပါတယ်။ ဒီလိုမျိုး ကြက်ဥအကာရည်နဲ့တူတဲ့ သားအိမ်ခေါင်းအကျိအချွဲမရှိရင် မျိုးအောင်ဖို့ ခက်ပါတယ်။ဒါပေမယ့် ပြဿနာတစ်စုံတစ်ရာ (ဥပမာ မိန်းမကိုယ်ပိုးဝင်တာ) ပေါ်ပေါက်လာမယ်ဆိုရင်လည်း ခန္ဓာကိုယ်ကနေ သဘာဝတုံ့ပြန်မှုအဖြစ် အကျိအချွဲတွေကို ပိုမိုထုတ်လုပ်ပေးပါတယ်။ ပုံမှန်လူတွေမှာ အကျိအချွဲတွေအများဆုံးထွက်ပြီး တစ်ရက်နှစ်ရက်အတွင်းမှာ သားဥကြွေခြင်းဖြစ်ပေါ်လေ့ရှိပါတယ်။ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင်တော့ မိန်းမကိုယ်တွင်းဆေးတဲ့ အရည်တွေ နဲ့ သုက်ပိုးသတ်တဲ့လိမ်းဆေးခရင်မ်တွေကို မသုံးစွဲရပါဘူး။ ဘာလို့လဲဆိုတော့  ဒီအရည်တွေ၊ခရင်မ်တွေဟာ ကူးစက်ပိုးဝင်နိုင်ချေများစေတဲ့အပြင် အကျိအချွဲတွေကို ဆေးကြောပစ်လိုက်နိုင်သလို သူတို့ရဲ့ ပုံစံကိုလည်း ပြောင်းလဲစေနိုင်လို့ပါပဲ။မှန်မှန်ကန်ကန်အသုံးပြုမယ်ဆိုရင် အထက်ပါနည်းလမ်းတွေရဲ့ ထိရောက်မှုက ၉၀% လောက်အထိ ရှိပြီး သင့်ရာသီစက်ဝန်းကို ဘယ်လောက်အထိ အတိအကျ မျက်ခြေမပြတ်စောင့်ကြည့်သလဲ၊မျိုးအောင်နိုင်တဲ့ ကာလမှာ လိင်မဆက်ဆံဘဲ ဘယ်လောက်အထိ ရှောင်ရှားသလဲ ဒါမှမဟုတ် ဆက်ဆံရင်လည်း အကာအကွယ်(ကွန်ဒုံး)သုံးသလား အစရှိတဲ့ အချက်တွေပေါ်မူတည်မှာပါ။သာမန်အသုံးပြုမယ်ဆိုရင်တော့ ကလေးရသွားနိုင်ချေက အကြမ်းဖျင်းအားဖြင့် ၂၅% လောက်ရှိမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်ရာသီစက်ဝန်းကို အတိအကျ မျက်ခြေမပြတ်စောင့်ကြည့်ပြီး မှတ်သားထားမယ်၊လိုက်နာဆောင်ရွက်မယ်ဆိုရင်တော့ သားဆက်ခြားတာ ပိုမိုအောင်မြင်မှာပဲ ဖြစ်ပါကြောင်း။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/%e1%80%9e%e1%80%98%e1%80%ac%e1%80%9d%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%a1%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8-%e1%80%9e%e1%80%ac%e1%80%b8%e1%80%86%e1%80%80%e1%80%ba%e1%80%bc/
Bladder Stone (ဆီးအိတ်ကျောက်တည်ခြင်း)
ဆီးအိမ်ကျောက်တည်ခြင်းဟာ ဆီးအိမ်အတွင်းမှာ သတ္တုအပိုင်းအစလေးတွေ ရှိနေခြင်း ဖြစ်ပါတယ်။ ဆီးအိမ်ကျောက်တည်ခြင်းဟာ ဆီးအိမ်က ဆီးတွေကို ကုန်စင်အောင်မထုတ်တာကြောင့် ဆီးတွေက ဆီးအိမ်အတွင်း စုပြီး ကျောက်ဖြစ်လာခြင်းဖြစ်ပါတယ်။ဒီအခြေအနေဟာ ဆီးပုံမှန်မသွားတဲ့သူတွေမှာအဖြစ်များပါတယ်။ ဒါပေမယ့် အသက် ၅၀ကျော် အမျိုးသားတွေမှာအဖြစ်အများဆုံး ဖြစ်ပြီး အမျိုးသမီးတွေမှာ အဖြစ်နည်းပါတယ်။Bladder stones ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် အထူးသဖြင့် ရေရှည် ဗိုက်အောင့်ခြင်း၊ ဆီးမကြာခဏသွားခြင်းနဲ့ ဆီးအတွင်း သွေးပါခြင်း ရှိခဲ့မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ သင့်အခြေအနေရဲ့ ရောဂါရှာဖွေဖို့အတွက် မသေချာရင် ဆရာဝန်ကို ပြသတာအကောင်းဆုံးဖြစ်ပါတယ်။ဆီးအိမ်ကျောက်တည်ခြင်းဟာ ဆီးအိမ်မှ ဆီးအကုန်မထုတ်တဲ့အခါ ဖြစ်ပွားနိုင်ပါတယ်။ ဆီးအတွင်းမှာ ရှိတဲ့ သတ္တုဓါတ်တွေဟာ ကျောက်ဖြစ်လာပါတယ်။ ဆီးအိမ်ကျောက်တည်ခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။Cyscotele – အမျိုးသမီးတွေမှာ ဆီးအိမ်နံရံဟာ အားနည်းပြီး မိန်းမကိုယ်အတွင်းဆင်းလာတာကြောင့် ဆီးသွားခြင်းကို ပိတ်ဆို့ကာ ဆီးကျောက်တည်စေနိုင်ပါတယ်။Bladder stones ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။Bladder expansion surgery – ဆီးမထိန်းနိုင်ခြင်းကို ကုသတဲ့ ခွဲစိတ်မှုအပြီး အမျိုးသမီးတွေမှာ ဆီးကျောက်တည်နိုင်ပါတယ်။ဆီးကျောက်တည်ခြင်းကို စစ်ဆေးမှုမျိုးစုံနဲ့ တွေ့ရှိနိုင်ပါတယ်။Intravenous pyelogram – သင့်ဆရာဝန်က သွေးပြန်ကြောအတွင်းကို အရည်ထိုးထည့်ပေးပြီး ကျောက်ကပ်နဲ့ ဆီးအိမ်ကို ဖြတ်သန်းစေမှာ ဖြစ်ပါတယ်။တကယ်လို့ ဆီးအိမ်ကျောက်တွေဟာ သေးငယ်နေရင် ဒီကျောက်တွေကို ကိုယ်ခန္ဓါမှ သဘာဝအတိုင်းထုတ်နိုင်အောင် ရေများစွာ သောက်သင့်ပါတယ်။တကယ်လို့ သူတို့ဟာ ကြီးလွန်းပြီး ဆီးအိမ်အတွင်းပိတ်မိနေတယ်ဆိုရင် ခွဲစိတ်ခြင်းနဲ့ ကျောက်တွေကို ခွဲကာ ဖယ်ရှားခြင်း ပြုလုပ်နိုင်ပါတယ်။ဆီးကျောက်တွေကို ခွဲခြင်း။Cystolitholapaxy လို့ ခေါ်တဲ့ ကုသမှုမှာတော့ ဆရာဝန်က ဆီးပြွန်ထဲကို သေးငယ်တဲ့ ပြွန်တစ်ခုထည့်မှာဖြစ်ပါတယ်။ အပေါက်ဝက လိင်တံအဆုံး (သို့) မိန်းမကိုယ်ပေါ်မှာ ရှိမှာဖြစ်ပါတယ်။ ဆရာဝန်က ကင်မရာမှတစ်ဆင့် ကျောက်တွေကို မြင်နိုင်မှာဖြစ်ပြီး လေဆာ၊ Ultrasound၊ ကိရိယာတစ်ခုခုအသုံးပြုကာ ဖယ်ရှားမှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်မှုမှာ ထုံဆေးလိုအပ်ပါတယ်။ဒီကုသမှုရဲ့ ဆိုးကျိုးတွေကတော့ ရှားပါးပါတယ်။ ဒါပေမယ့် တခါတရံမှာ ဆီးအိမ်နံရံပြဲခြင်းနဲ့ ရောဂါပိုးဝင်ခြင်းတွေဖြစ်နိုင်ပါတယ်။ ရောဂါပိုးဝင်ခြင်းကို လျှော့ချဖို့ ပိုးသတ်ဆေးကို ကြိုသောက်သင့်ပါယတ်။ခွဲစိတ်ပြီး ကျောက်ဖယ်ခြင်း။တကယ်လို့ ကျောက်တွေဟာ ခွဲဖို့အတွက် ကြီးလွန်းနေရင် ခွဲစိတ်ပြီး ထုတ်နိုင်ပါတယ်။ ဆရာဝန်က ဗိုက်ကိုခွဲပြီး ကျောက်တွေကို ထုတ်မှာဖြစ်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Bladder stones ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/bladder-problems/bladder-stone-%e1%80%86%e1%80%ae%e1%80%b8%e1%80%a1%e1%80%ad%e1%80%90%e1%80%b9%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%80%e1%80%b9%e1%80%90%e1%80%8a%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9/
အင်ဆူလင်ကို သတ်မှတ်ထားသောအပူချိန်၌ သိမ်းဆည်းရန် အရေးကြီးပုံနှင့် သေချာမသိမ်းဆည်းပါက ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲဆိုးကျိုးများ
အင်ဆူလင်ကို အအေးကောင်းကောင်းနဲ့ ထိန်းထားနိုင်ဖို့လိုတယ်လို့ မပြောခင်မှာ အင်ဆူလင်ကို ဘယ်သူတွေ လိုအပ်လဲဆိုတာကို အရင်ပြောပြချင်ပါတယ်။ အင်ဆူလင်ဆိုတဲ့ စကားလုံးက ရင်းနှီးကျွမ်းဝင် မရှိပေမယ့် ဆီးချိုသွေးချိုရောဂါဆိုတာကိုတော့ ကြားဖူးကြမယ် ထင်ပါတယ်။အရင်က ဆီးချိုသွေးချိုရောဂါဆိုတဲ့ စကားလုံးက မြန်မာလူမျိုးတွေနဲ့ အတော်လေး အလှမ်းဝေးခဲ့တာပါ။ အခုတော့ မြန်မာနိုင်ငံမှာလည်း ဆီးချိုသွေးချိုရောဂါ ဖြစ်သူ အရေအတွက်က များလာတာကြောင့် ဆီးချိုသွေးချိုရောဂါဆိုတဲ့ စကားလုံးက နေ့စဉ်ဘဝရဲ့ စကားလုံး တစ်လုံးလိုတောင် ဖြစ်လာပါပြီ။  အင်ဆူလင်ဆိုတာကို အရင်မပြောခင် ဆီးချိုသွေးချိုရောဂါ အမျိုးအစားလေး ခွဲပြချင်ပါတယ်။ဆီးချိုသွေးချိုရောဂါဆိုတဲ့နေရာမှာ အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါ၊ အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါဆိုပြီး အဓိကအနေနဲ့ နှစ်မျိုးခွဲထားပါတယ်။အမျိုးအစား(၁)ဆီးချိုသွေးချိုရောဂါ။အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါဆိုတာက autoimmune disease တစ်မျိုးပါ။ ခန္ဓာကိုယ်က ကိုယ်ခံအားဆဲလ်တွေကို မှားယွင်းတိုက်ခိုက်ရာကနေ အစပြုလာတဲ့ ရောဂါအခြေအနေတစ်မျိုးပေါ့။ အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါ ခံစားရတဲ့အခါ ခန္ဓာကိုယ်က အင်ဆူလင်ကိုမထုတ်လုပ်နိုင်တော့ပါဘူး။ အကြောင်းကတော့ ကိုယ်ခံအားစနစ်က အင်ဆူလင်ထုတ်ပေးတဲ့ ဆဲလ်တွေကို ဖျက်ဆီးလိုက်လို့ပါ။အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါက ကလေးငယ်တွေ၊ လူငယ်တွေမှာ အဖြစ်များပါတယ်။အမျိုးအစား(၂)ဆီးချိုသွေးချိုရောဂါ။အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါဆိုတာကတော့ အင်ဆူလင်ဟော်မုန်း ခုခံအားတက်လာတဲ့အခြေအနေပါ။ ခန္ဓာကိုယ်မှာ အင်ဆူလင်မတိုးတော့တာပေါ့။ ဒါကဘာကိုဆိုလိုသလဲဆိုတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ ခန္ဓာကိုယ်က အင်ဆူလင်ကို ပိုမိုလိုအပ်တယ်ဆိုတဲ့သဘောပါ။ဒီလိုအခြေအနေမှာသွေးတွင်းသကြားဓာတ်ကို ထိန်းဖို့အတွက် ခန္ဓာကိုယ်က အင်ဆူလင်ကို ပိုမိုထုတ်လုပ်ပါတယ်။ ဒီလိုထုတ်လုပ်မှုက နှစ်ကာလကြာလာတဲ့အခါ အင်ဆူလင်ထုတ်ပေးတဲ့ ပန်ကရိယကဆဲလ်တွေ အားအင်ကုန်ခမ်းပြီး အင်ဆူလင်ထုတ်နိုင်စွမ်းကျသွားပါတော့တယ်။ ဒီလိုနဲ့ လုံလောက်တဲ့ အင်ဆူလင်ကို မရတဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်ပြီး အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါ ဖြစ်လာပါတယ်။အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါက အသက်အရွယ်မရွေးဖြစ်နိုင်ပြီး သက်လတ်ပိုင်းတွေမှာ ပိုအဖြစ်များပါတယ်။အင်ဆူလင်ဆိုတာက ဆီးချိုသွေးချိုရောဂါဖြစ်တဲ့သူတွေအတွက် ကုထုံး တစ်ရပ်ပေါ့။ အပေါ်မှာ ပြောခဲ့တဲ့ ဆီးချိုသွေးချိုရောဂါ အမျိုးအစား ၂ခုစလုံး အတွက် အသုံးပြုလို့ ရပါတယ်။သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ ခန္ဓာကိုယ်က အင်ဆူလင် ဟော်မုန်းကို အလုံအလောက် မထုတ်နိုင်တဲ့အခါ ဆီးချိုသွေးချိုရောဂါ ဖြစ်လာပါတယ်။ ဒီလို ဆီးချိုသွေးချိုရောဂါဖြစ်လာတဲ့အခါ သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ ဆေးတွေ သောက်ကြတာ ရှိပေမယ့် ဆေးသောက်ကြတာ ရှိသလို အင်ဆူလင်ထိုးရတာလည်း ရှိပါတယ်။အင်ဆူလင်က အရေပြားအောက်အဆီပြင်ထဲကို ထိုးရတာဖြစ်တာကြောင့် လွယ်ကူပြီး နာကျင်ခြင်းလည်း နည်းပါတယ်။ ဆေးပညာတွေ တိုးတက်လာတာနဲ့အမျှ အင်ဆူလင်ကို ပုလင်းထဲက ဆေးကိုစုပ်၊ အပ်နဲ့ ထိုးတာမျိုး မဟုတ်ဘဲ သယ်ယူသိမ်းဆည်းရလွယ်တဲ့ အင်ဆူလင်ထိုး ကိရိယာလေးတွေ ပေါ်လာပါပြီ။ သိမ်းဆည်းနည်းတွေလည်း လွယ်ကူလာပါတယ်။ဆီးချိုသွေးချိုရောဂါရှိပေမယ့်လည်း သက်တမ်းစေ့နေထိုင်နိုင်စေဖို့ အင်ဆူလင်က အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။အင်ဆူလင် ထိုးတာကဆီးချိုသွေးချိုရောဂါကုသမှုအတွက် အထိရောက်ဆုံး ကုထုံးတစ်ရပ်ပါ။ ဒါပေမယ့် အင်ဆူလင်က အထိရောက်ဆုံး ကုထုံးဆိုတဲ့ စကားအတိုင်း ညီဖို့ဆိုရင် အင်ဆူလင်ကို အအေးသေချာလေး ထိန်းဖို့ လိုပါမယ်။ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ အင်ဆူလင်က အပူချိန် အပြောင်းအလဲကြောင့် ပျက်စီးထိခိုက်လွယ်တဲ့ ဆေးဝါး အမျိုးအစားပါ။အင်ဆူလင်က အပူနဲ့ တိုက်ရိုက် ထိတွေ့ရင်ဖြစ်ဖြစ် သတ်မှတ်ထားတဲ့ အပူချိန်ထက် ပိုများတဲ့အပူချိန်နဲ့ ထိတွေ့မိရင်ဖြစ်ဖြစ် အင်ဆူလင်ရဲ့ အာနိသင်က ပျက်စီးသွားနိုင်ပါတယ်။အာနိသင် ပျက်စီးသွားပြီဆိုကတည်းက ဒီအင်ဆူလင်ကို ထိုးတဲ့အခါမှာလည်း ထိရောက်မှု အာနိသင် မရှိတော့တာမျိုး ဖြစ်မှာပါ။ ဒီတော့ သွေးချိုကို မထိန်းနိုင်ဘဲ မလိုအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားလာရနိုင်ပါတယ်။အင်ဆူလင်က အပူချိန်အပြောင်းအလဲကို လိုက်ပြီး ပျက်စီးနိုင်တာကြောင့် သင့်တော်တဲ့ အပူချိန်မှာ မှန်မှန်ကန်ကန် သိမ်းဖို့ လိုပါတယ်။ခုနောက်ပိုင်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံက ဆီးချိုသွေးချိုလူနာတွေ အင်ဆူလင်ပုံမှန်ထိုးနိုင်အောင်၊ လျှပ်စစ်မီး အခက်အခဲကြောင့် ရေခဲသေတ္တာ မလွယ်တဲ့ ဒေသတွေ၊ ပူလွန်းတဲ့ နိုင်ငံတွေမှာ အင်ဆူလင် မသိမ်းနိုင်တာကြောင့် မထိုးရဘူးဆိုတာ မဖြစ်ရအောင် နည်းပညာတွေ မြှင့်တင်လာကြပါပြီ။ဘာကြောင့် အင်ဆူလင်အတွက်cold chainက အရေးကြီးရတာလဲ။Cold chain ပျက်စီးနေတဲ့ တစ်နည်းအားဖြင့် သေချာမသိမ်းထားတဲ့အင်ဆူလင်ကအာနိသင်ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ထိုးသာ ထိုးနေရပေမယ့် သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုနဲ့။ဆီးချိုသွေးချိုရောဂါလူနာတွေအတွက် Cold chain ကောင်းမွန်တဲ့ နေရာကလာတဲ့ Insulin ကိုရရှိဖို့က အရေးကြီးပါတယ်။ Cold chain တစ်ခါပျက်သွားရင် ဆေးအာနိသင်ပြန်မကောင်းနိုင်တဲ့အတွက်ကြောင့် Insulin ဝယ်ယူမယ့် ဆေးရုံဆေးခန်း သို့မဟုတ် Organization တွေမှာ Registration Number ရှိ၊ မရှိ သေသေချာချာစစ်ဆေးသင့်ပါတယ်။အင်ဆူလင်ကိုအသုံးပြုတဲ့အခါဒါလေးတွေသတိထားပါ။အင်ဆူလင်ကိုအသုံးပြုတဲ့အခါမှာလည်း။နောက်ဆုံး တစ်ချက်ကဆီးချိုသွေးချိုရောဂါကို အင်ဆူလင်နဲ့ ထိထိရောက်ရောက် ကုသချင်တယ်ဆိုရင် အရည်အသွေးကောင်းတဲ့ အင်ဆူလင်ကို သတ်မှတ်ထားတဲ့ အပူချိန်တွင် သေချာထိန်းဖို့က မေ့ထားလို့ မရတဲ့အရာပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/insulin-and-cold-chain-related/
သွေးတိုးရောဂါ မဖြစ်အောင် အသက် ၃၀ မတိုင်ခင်မှာ ဘယ်လိုနေထိုင်စားသောက်ရမလဲ
သွေးတိုးရောဂါဟာ အဖြစ်များပြီး လူတိုင်းမှာဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ အမေရိကန်နှလုံးရောဂါအသင်းကြီးရဲ့ အဆိုအရ အသက် ၄၀ ကျော်ချိန်မှာ သွေးတိုး မဖြစ် စေဖို့အတွက် အသက် ၃၀ မတိုင်ခင်ကာလ နေထိုင်စားသောက်ပုံက အရေးကြီးတယ်လို့ဆိုပါတယ်။သွေးတိုးရောဂါ မဖြစ်အောင် အသက် ၃၀ မတိုင်ခင်မှာ စနစ်ကျတဲ့နေထိုင်စားသောက်ပုံရှိခဲ့မယ်ဆိုရင် အသက်ကြီးလာချိန်မှာ သွေးတိုးရောဂါဖြစ်နိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်တဲ့။ ကျန်းမာရေးနဲ့ကိုက်ညီစွာမ နေထိုင်ဘူးဆိုရင်တော့ အသက် ၄၀ ကျော်ချိန်မှာ သွေးတိုးဖြစ်နိုင်ခြေ ၄၂% ရှိတယ်လို့ဆိုပါတယ်။American Heart Association ဟာ ဒီလိုသွေးတိုးဝေဒနာကို ရှောင်လွှဲနိုင်ဖို့ဆိုရင် ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာကို လမ်းညွှန်ချက်လည်း ထုတ်ပြန်ထားပါတယ်။“Life’s Simple 7″ လို့ခေါ်ဆိုတဲ့ AHA ရဲ့ ဒီလမ်းညွှန်ချက်မှာတော့ နေထိုင်ပုံဆိုင်ရာ အကြံပြုချက်တွေ ပါဝင်နေပါတယ်။ ဒီအချက် ၇ ချက်ကတော့ အောက်ပါအတိုင်းပါပဲ။ဒီအချက် ၇ ချက်ကို လိုက်နာမယ်ဆိုရင် သင့်ရဲ့ သွေးတိုးရောဂါဖြစ်ပေါ်နိုင်ခြေကို ၄၂% အထိလျှော့ချနိုင်မှာဖြစ်တယ်လို့ လေ့လာချက်တွေအရ သိထားရပါတယ်။ဒါပေမယ့် ဒီအချက်တွေတိုင်းကို တိတိကျကျလိုက်နာဖို့အတွက် အရေးပါတဲ့အချက်တစ်ခုကိုလည်း အာရုံစိုက်သတိထားထိမ်းကွပ်ဖို့ လိုအပ်တယ်လို့ AHA က သတိပေးပါတယ်။ ဒါကတော့ စိတ်ဖိစီးမှုဖြစ်ပါတယ်။အထက်ပါ ၇ ချက်လုံးကို လိုက်နာနိုင်ဖို့ဆိုရင်စိတ်ဖိစီးမှုကင်းဝေးအောင်နေထိုင်ဖို့ လိုအပ်တယ်လို့ AHA က ဆိုခဲ့သလို ဒီအချက် ၇ ချက်ကို လိုက်နာခြင်းကြောင့်လည်း စိတ်ဖိစီးမှုကို သိသိသာသာ လျော့ကျစေနိုင်တာမို့ အပြန်အလှန်ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီအခြေအနေတစ်ရပ်လို့လည်းဆိုပါတယ်။ဒါ့အပြင် “Life’s Simple 7″ ကို လိုက်နာတဲ့အခါမှာ သွေးတိုးရောဂါ တင်မက သွေးတိုးရောဂါ နဲ့ ဆက်စပ်ဝေဒနာတွေဖြစ်ကြတဲ့ လေဖြတ်ခြင်း၊ နှလုံးဖောက်ပြန်ခြင်း၊ အမြင်အာရုံချို့ယွင်းခြင်းနဲ့ နှလုံးပျက်စီးခြင်းတွေဖြစ်မလာနိုင်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်တဲ့။ဒါ့အပြင် သွေးတိုးကို ကာကွယ်နိုင်ဖို့ သားသောက်သင့်တဲ့ ပုံစံကိုလည်း AHA က ထုတ်ပြန်ထားပါတယ်။ ဒါကိုတော့ DASH diet (Dietary Approaches to Stop Hypertension) လို့ ခေါ်ပါတယ်။ သွေးတိုးကို ရပ်တန်နိုင်စေဖို့ အထောက်အကူဖြစ်စေမယ့် အစားအစာတွေပေါ့။DASH အစားအစာတွေဆိုတာကတော့ အောက်ပါ အစားအစာတွေကိုဆိုလိုတာပါ။ဒီအစားအစာတွေကို အဓိက မှီဝဲပဲပြီး အသင့်စား အစားအစာတွေ၊ ပြုပြင်ထားတဲ့ အသားတွေ၊ အချိုတွေ၊ အငန်တွေကို ရှောင်ကြဉ်မယ်ဆိုရင် သင် အသက် ၄၀ ကျော်မှာ သွေးတိုးရောဂါ နဲ့ ခပ်ဝေးဝေးနေရာမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်ရှင်သန်ခွင့် ရနေမှာဖြစ်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/tips-for-your-30s-to-prevent-high-blood-pressure-in-your-40s/
ကိုယ်ဝန်ဆောင်မေမေတွေကို ဘာလို့ သံဓာတ်အားဆေးသောက်ခိုင်းတာလဲ
ကိုယ်ဝန်ဆောင်ချိန်မှာ အများဆုံး သောက်ရတဲ့ အားဆေးက ဖောလစ်အက်စစ်နဲ့သံဓာတ် အားဆေးတွေပါ။ ဖောလစ်အက်စစ်က သန္ဓေသား ဖွံ့ဖြိုးမှုကို အကျိုးပြုတယ် ဆိုတာတော့ သိတယ်။ ဒါဆို သံဓာတ်ကရော။ ကိုယ်ဝန်ဆောင်မေမေတွေကို ဘာလို့ သံဓာတ်အားဆေးသောက်ခိုင်းတာလဲ ။ ဘာလို့ အရေးပါတာလဲ၊ သောက်ရင် ဘာအကျိုးတွေ ထူးမှာလဲ ဆိုပြီး Hello ဆရာဝန်ရဲ့ မေမေဗိုက်တို့ လာလာမေးကြတယ်လေ။တကယ်တော့ ကိုယ်ဝန် စရှိပြီ ဆိုတာနဲ့ ခန္ဓာကိုယ်က ဘေဘီလေး အတွက် သွေးတွေ ပိုဖြစ်တည်လာဖို့ သံဓာတ် ပိုသုံးလာရတယ်။ ဒီတော့ ကိုယ့်မှာ သံဓာတ် လိုအပ်ချက်က အရင်ကထက် နှစ်ဆ ပိုများလာပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင် မေမေတွေမှာ အရေးပါတဲ့ သံဓာတ် ချို့တဲ့တာ၊ မလုံလောက်တာက အဖြစ်များတဲ့ ကိစ္စပါ။ဒါကို ဖြည့်တင်းနိုင်ဖို့က သံဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေ စားဖို့နဲ့ ဆရာဝန် ညွှန်ကြားတဲ့ သံဓာတ်အားဆေးတွေ သောက်သုံးဖို့ပဲ ရှိပါတယ်။အပေါ်မှာ ပြောခဲ့သလိုပဲ။ မေမေနဲ့ ရင်သွေးလေး အတွက် ဟေမိုဂလိုဘင် လိုအပ်ချက်ကြောင့် သံဓာတ်ကို ခန္ဓာကိုယ်က ပိုအသုံးပြုရ ပါတယ်။ သံဓာတ်က သွေးနီဥကနေတဆင့် ခန္ဓာကိုယ် တစ်ခုလုံးကိုရော၊ ဗိုက်ထဲက ဘေဘီလေးဆီကိုပါ အောက်စီဂျင် ပေးပို့ဖို့ အထောက်အကူပေး ပါတယ်။သံဓာတ်ကို လုံလောက်အောင် ရရှိမှ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ့ကို ပင်ပန်းနွမ်းနယ်တာ၊ သွေးအားနည်းတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သံဓာတ် ချို့တဲ့ပြီးသွေးအားနည်းတဲ့ မေမေဟာဘေဘီလေးကို ပေါင်မပြည့်ဘဲ မွေးတာ ဒါမှမဟုတ် လမစေ့ဘဲ မွေးတာတွေ ဖြစ်လာနိုင်ပါတယ်။အများအားဖြင့်တော့ အသားတွေ၊ အသီးအရွက်တွေကနေ သံဓာတ်ကို ရနိုင်ပါတယ်။ ဒါ့ပြင် သံဓာတ် ကြွယ်ဝတဲ့ တခြားအစားအစာတွေကတော့ အသည်း၊ အမဲသား၊ ကြက်သား၊ ကြက်ဆင်သားနဲ့ဝက်သားတို့ဖြစ်ပါတယ်။ သက်သတ်လွတ် ထဲမှာဆို ပဲအမျိုးမျိုး၊ ဟင်းနုနွယ်၊ တို့ဟူး၊ သံဓာတ် ဖြည့်စွက်ထားတဲ့ အသင့်သောက် ကွေကာနဲ့ အာဟာရ ဖျော်ရည်တွေ ဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက် ကနေ သံဓာတ် အလုံအလောက် ရရှိဖို့က သိပ်မလွယ်တဲ့ အတွက် ဆရာဝန်တွေက လိုအပ်မယ့်ဓာတ်တွေ အစုံ ပါဝင်ပြီးသား ကိုယ်ဝန်ဆောင် အားဆေးတွေကို ညွှန်ကြားကြတာ ဖြစ်ပါတယ်။အထူးသဖြင့် ကိုယ်ဝန်ဆောင်မေမေက အသား မကြိုက်တဲ့သူ၊ အသီးအရွက်ပဲ စားတတ်တဲ့သူဆို ပိုဆိုးပါတယ်။ သူတို့မှာ သွေးအားနည်းခြင်း၊ သံဓာတ် အားနည်းခြင်း မဖြစ်ရအောင် ပိုဂရုစိုက်သင့်ပါတယ်။အားဆေးကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ပမာဏ အတိအကျ သောက်ပါ။ သံဓာတ် အားဆေးကို လိုအပ်တဲ့ ပမာဏထက် ကျော်လွန်ပြီး သောက်သုံးတဲ့အခါ ဘေးထွက်ဆိုးကျိုး တချို့ဖြစ်လာစေ နိုင်တာကြောင့်ပါ။သံဓာတ်အားဆေးက ဘေးထွက်ဆိုးကျိုးအနေနဲ့ မအီမသာဖြစ်တာ၊ ပျို့အန်တာ၊ဝမ်းချုပ်တာ၊ ဝမ်းလျှောတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် အကောင်းဆုံးက ကိုယ့်ဆရာဝန်နဲ့သာ အရာရာ တိုင်ပင်ပါ၊ ညွှန်ကြားချက်တွေ လိုက်နာပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/iron-and-pregnancy-why-you-need-it/
မြေစာဥ ဆိုတာ ဘယ်လိုဆေးဖက်ဝင်တာလဲ
အိမ်က လူကြီးတွေ သိပ်ကြိုက်ကြတဲ့မြေစာဥဆိုတာ တကယ်တော့ စိမ်းစားဥတို့လိုပဲနော်။ အစိမ်းစားလို့ ရတယ်။ ဝက်မြေစာဥလို့လည်း ခေါ်ကြတယ်။ ဆေးဖက်ဝင်တယ်၊ အရသာအရမ်းကောင်းတယ်လို့ ညွှန်းကြလွန်းလို့ စားကြည့်တော့ ချိုချိုလေးနဲ့ စားကောင်းသား။ဘယ်လိုဆေးဖက်ဝင်လဲလို့ လေ့လာကြည့်ပြန်တော့ ကာဗိုဟိုက်ဒရိတ်၊ ကစီနဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ သူ့မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် ရေဓာတ်လည်း ပါဝင်မှုမနည်းပါဘူး။ ဒီလိုတွေပါတော့ ဘာအတွက်အကျိုးပြုတာလဲ ဆက်ပြီးကြည့်ရအောင်။catechin gallate ၊epicatechingallate နဲ့ gallocatechin gallate တို့လို phenolic ဒြပ်ပေါင်းတွေနဲ့ flavonoidsတွေ ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေမယ့်ဓာတ်တွေကို ဖယ်ရှားပေးပါတယ်။ ဓာတ်တိုးပစ္စည်းတွေရန်က ကာကွယ်တားဆီးပြီး နာတာရှည်ရောဂါတွေ ဖြစ်မလာအောင် တားဆီးပေးပါတယ်။ပိုတက်စီယမ်ပါဝင်မှုများလို့ သွေးဖိအားကို ကျစေဖို့ ကူညီပေးတယ်။ ပိုတက်စီယမ်က သွေးကြောတွေကို ကျယ်စေပြီး သွေးလည်ပတ်မှုကို ကောင်းစေနိုင်ပါတယ်။ ပိုတက်စီယမ်ကြွယ်ဝတဲ့အစားအသောက်တွေက နှလုံးရောဂါနဲ့လေဖြတ်ခြင်းတို့ကိုလည်း ဖြစ်နိုင်ခြေနည်းစေပါတယ်။မြေစာဥ က နှလုံးရောဂါဖြစ်နိုင်ခြေနည်းအောင် နည်းလမ်းနှစ်မျိုးနဲ့ ကာကွယ်ပေးပါတယ်။ သူတို့က ခန္ဓာကိုယ်ထဲက ဆိုဒီယမ်ပမာဏကို ထိန်းညှိပြီး ရေဓာတ်စုခြင်းကို လျှော့ချပေးတယ်၊သွေးတိုးကို လျှော့ချပေးတယ်။ သူတို့မှာ ကိုလက်စထရောမပါဘူး၊ အဆီဓာတ်နည်းနည်းလေးပါတယ်၊ တခြားဥတွေ၊ အစေ့အဆန်တွေထက် ကယ်လိုရီနည်းတယ်။ကိုလက်စထရောမပါတဲ့အပြင် အမျှင်ဓာတ်ကကြွယ်ဝနေတော့ အဆီချဖို့ အတော်ပဲပေါ့။ သူ့မှာ ကယ်လိုရီနည်းတော့ ဟင်းရည်ချက်သောက်တာ၊ ဖျော်ရည်လုပ်သောက်တာ၊ အစိမ်းစားတာတွေ လုပ်လို့ရတယ်။ အာဟာရပါဝင်မှုကများတော့ အဆီချdiet planမှာ ထိုက်သင့်သလောက် ထည့်သုံးလို့ရပါတယ်။သူကကင်ဆာဆဲလ်တွေ ပြန့်ပွားမှုကို ဟန့်တားပေးပြီး ခန္ဓာကိုယ်ထဲ ကင်ဆာပျံ့နှံ့ခြင်းကို တားဆီးပေးလို့ အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာတွေ၊ ရင်သားကင်ဆာတွေကို ရင်ဆိုင်တိုက်ဖျက်ပေးပါတယ်။မြေစာဥ မှာ penicillin လို အာနိသင်ရှိတဲ့ puchin ဆိုတဲ့ ပဋိဇီဝဒြပ်ပေါင်းတစ်မျိုး ပါရှိပါတယ်။ ဒီဒြပ်ပေါင်းက ဘက်တီးရီးယားတွေကို သေစေနိုင်စွမ်းရှိပါတယ်။တခြားအကျိုးကျေးဇူးတွေက –။သတိထားဖို့က တန်ဆေးလွန်ဘေးဆိုတာပါ။ မြေစာဥ ကို အလွန်အကျွံစားရင် မအီမသာဖြစ်တာ၊ ပျို့အန်တာတွေ ခံစားရပြီး တောက်သွားတတ်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%9d%e1%80%80%e1%80%b9%e1%80%b1%e1%80%bb%e1%80%99%e1%80%85%e1%80%ac%e1%80%a5-%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac-%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af%e1%80%b1%e1%80%86/
သတိထားရမယ့် နှလုံးပိုးဝင်ခြင်း ပြဿနာ
နှလုံးနဲ့ နှလုံးအပြင်ဘက်က Pericardium ၊ Endocardium အလွှာပါးအကြား ဘက်တီးရီးယား ပိုးမွှားတွေကြောင့် ရောင်ရမ်းတဲ့ ပြဿနာ ကို နှလုံးပိုးဝင်ခြင်း (Endocarditis) ဒါမှမဟုတ် Heart infections လို့ ခေါ်တာဖြစ်ပါတယ်။ သတိထားရမယ့် နှလုံးပိုးဝင်ခြင်း ပြဿနာ ဟာ ရှားပါးပေမယ့် ပြင်းထန်တဲ့ နှလုံးရောဂါတစ်မျိုးပါ။နှလုံးပိုးဝင်တဲ့အခါ နှလုံးအပြင်ဘက်က Pericardium အလွှာပါး ရောင်ရမ်းတာ၊ နှလုံးနဲ့ Pericardium အကြား အရည်စုတာတွေ ဖြစ်နိုင်ပါတယ်။နှလုံးပိုးဝင်တဲ့ရောဂါရဲ့ လက္ခဏာအများစုကတော့ သိသာထင်ရှားခြင်းမရှိတတ်ပါဘူး။ တဖြည်းဖြည်းချင်း အားကောင်းလာတာမျိုးပါ။ ရောဂါလက္ခဏာအများစုဟာ ဖျားနာတဲ့ ရောဂါလက္ခဏာတွေနဲ့ ဆင်တူပါတယ်။ ဒါကြောင့် တခါတရံမှာ ရောဂါမှန်ပေါ်ဖို့ ရှာဖွေရခက်ခဲနေတတ်ပါတယ်။ ဒီတစ်ခေါက်တော့ သတိထားရမယ့် နှလုံးပိုးဝင်ခြင်း ပြဿနာ အကြောင်းလေး ပြောပြပေးချင်ပါတယ်။နှလုံးပိုးဝင်ခြင်း ပြဿနာ ဟာ ရုတ်တရက်ဆိုရင် အဖျားဝေဒနာနဲ့ဆင်တူတာကြောင့် တခါတစ်ရံမှာ ဖျားနာနေတာလို့ အထင်မှတ်မှားတတ်ပါတယ်။ ဒီရောဂါဖြစ်ပြီဆိုရင် အဖြစ်များတဲ့ လက္ခဏာတွေကတော့။အဖြစ်နည်းတဲ့ ရောဂါလက္ခဏာတစ်ချို့ကတော့။နှလုံးပတ်ဝန်းကျင်မှာ ဘက်တီးရီးယားပိုးမွှားတွေ အရေအတွက်အမြောက်အမြား တိုးပွားလာခြင်းက နှလုံးပိုးဝင်ခြင်းရဲ့ အဓိကလက်သည်ဖြစ်ပါတယ်။ များသောအားဖြင့်ဘက်တီးရီးယားပိုးမွှားတွေဟာ ခန္ဓာကိုယ်ရဲ့ အပြင်ပိုင်းနဲ့ အတွင်းပိုင်းတွေမှာ ရှင်သန်နေနိုင်ကြပါတယ်။ဒါပေမယ့် တချို့ရောဂါပိုးတွေဟာ အစားအသောက်တွေကနေတဆင့် သွေးထဲကိုဝင်ရောက်သွားတတ်ကြပါတယ်။ ကိုယ်ခံအားစနစ်က ဒီပိုးမွှားတွေကို တိုက်ထုတ်ပါတယ်။ ဒါပေမယ့် တစ်ချို့အခြေအနေ ဒါမှမဟုတ် တစ်ချို့လူတွေဟာ ဒီပိုးမွှားတွေကို တိုက်မထုတ်နိုင်ကြပါဘူး။ ဒီလိုဖြစ်ခြင်းက နှလုံးပိုးဝင်ခြင်းရဲ့ အစပဲဖြစ်ပါတယ်။သွေးစီးကြောင်းထဲက ဘက်တီးရီးယားတွေဟာ နှလုံးအထိ ရောက်သွားပြီး Endocarditis ဖြစ်စေတာပါ။ ဒါပေမယ့် ဘက်တီးရီးယားတစ်မျိုးတည်းက နှလုံးပိုးဝင်ခြင်းဝေဒနာကိုဖြစ်စေတာမဟုတ်ပါဘူး။ ဗိုင်းရပ်စ်ပိုးတွေ၊ Germs ပိုးမွှားတွေနဲ့ မှိုတွေကလည်း ဒီဝေဒနာကိုဖြစ်စေနိုင်ပါတယ်။ပိုးမွှားတွေ နှလုံးဆီကိုရောက်သွားစေတဲ့ အကြောင်းအရင်းတွေကလည်း အစားအသောက်တွေကြောင့်ချည်းတော့မဟုတ်ပါဘူး။ တခြားသော အကြောင်းအရင်းတွေကြောင့်လည်း နှလုံးဆီကို ပိုးမွှားတွေရောက်ရှိနိုင်ပါသေးတယ်။ ဒါတွေကတော့။နှလုံးပိုးဝင်တဲ့ကျန်းမာရေးပြဿနာဟာ သူ့ချည်းတင်ဒုက္ခပေးတာမဟုတ်ပါဘူး။ တခြားသော ကျန်းမာရေးပြဿနာတွေဖြစ်လာအောင်လည်း တွန်းအားပေးပါတယ်။ နှလုံးဆီကိုရောက်လာတဲ့ပိုးအများစုဟာ အဆုတ်၊ ဦးနှောက်၊ ကျောက်ကပ်၊ ခြေလက်နဲ့ တခြားသော ကိုယ်တွင်းအင်္ဂါတွေဆီကိုလည်း ရောက်ရှိနိုင်တာကြောင့်ပါ။ဒါကြောင့် နှလုံးပိုးဝင်တဲ့ပြဿနာကို ရင်ဆိုင်ရသူတွေဟာ အောက်ပါကျန်းမာရေးပြဿနာတွေဖြစ်ပွားဖို့လည်း နီးစပ်နေမှာဖြစ်ပါတယ်။တခြားနှလုံးရောဂါတွေနည်းတူ နှလုံးပိုးဝင်တာကိုလည်း ကာကွယ်လို့ရပါတယ်။ ဒါပေမယ့် နှလုံးပိုးဝင်တာဟာ တခြားနှလုံးရောဂါတွေနဲ့ သဘောသဘာဝအားဖြင့်တော့ တူညီခြင်းမရှိတာမို့ ကာကွယ်နည်းတွေကလည်း အတန်ငယ်ကွဲပြားပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-infections/endocarditis/
ကလေးတွေ ကျောင်းတက်ခါစမှာအဆင်ပြေစေဖို့
ကျောင်းဖွင့်တဲ့ရာသီရောက်ပြီဆိုတော့ အဖြူအစိမ်းလေးတွေနဲ့ ကလေးတွေကျောင်းသွားကျောင်းပြန် သွားသွားလာလာမြင်နေရတာ ကြည်နူးစရာကောင်းတဲ့မြင်ကွင်းပါ။ မိဘတွေအနေနဲ့ကိုယ့်သားသမီးတွေ ကျောင်းတက်တာကို စိတ်ပူခြင်းများစွာကြားထဲက အဆင်အပြေဆုံးနဲ့အကောင်းဆုံးဖြစ်အောင် စီစဉ်ပြင်ဆင်ပြီး ကျောင်းကိုပို့ပေးမှာတော့ အသေအချာပါပဲ။ ဒါပေမယ့် အခုမှကျောင်းစတက်တာမဟုတ်တဲ့ကလေးတွေအတွက် ကျောင်းတက်ရတာက အထူးအဆန်းမဖြစ်လောက်ပေမယ့် ကျောင်းစတက်ကာစ ကလေးတွေအတွက်တော့ ဒီလိုအချိန်မျိုးဟာ ပျော်ရွှင်တာထက် ကြောက်လန့်စိတ်ညစ်မှုတွေ ပိုနေမယ်လို့ထင်ပါတယ်။အခုမှကျောင်းစတက်ကာစကလေးတွေဆိုတာ အသက် ၅နှစ်ပတ်ချာလည်ဆိုတော့ ငယ်သေးတယ်လို့ ဆိုရမှာပါ။ ဒီလိုအသက်ငယ်ငယ်မှာ ကြုံတွေ့ခံစားရတဲ့အရာတွေကကလေးရဲ့စိတ်ခံစားချက်နဲ့ ဦးနှောက်ပိုင်းဆိုင်ရာအတွက် အရမ်းကိုအရေးကြီးလှပါတယ်။ တကယ်တော့ ကျောင်းစတက်ကာစကလေးအဖို့ ကျောင်းစတက်တဲ့ပထမတစ်ပတ်လောက်ကနေ တစ်လ နှစ်လလောက်အထိကတော့ အထိုင်ကျပြီးအဆင်ပြေဖို့ဆိုတာ ခဲယဉ်းပါတယ်။ နှစ်လသုံးလနောက်ပိုင်းမှာမှ ကလေးက ကျောင်းတက်ရတာကို အပြင်းအထန်ကြောက်လန့်နေသေးတယ်ဆိုရင်တော့ မိဘတွေအနေနဲ့ စဉ်းစားစရာလေးတွေရှိလာပါပြီ။ပထမဆုံးအနေနဲ့ အချိန်ကာလတစ်ခုကြာတဲ့အထိ ကလေးကကျောင်းတက်ဖို့ကို ခါးခါးသီးသီးငြင်းဆန်နေသေးတယ်ဆိုရင်တော့ မိဘတွေအနေနဲ့ ဒီအချက်လေးတွေစတင်စဉ်းစားပါ။၁။ ကလေးက အပြောင်းအလဲတစ်ခုကိုကြောက်လန့်တဲ့စိတ်ကြောင့် သာမန်လက်မခံနိုင်ခြင်းတွေဖြစ်နေတာလား။၂။ ကလေးကိုထားတဲ့ကျောင်းနဲ့ အတန်းပတ်ဝန်းကျင်ပုံစံအနေအထားကဘယ်လိုရှိလဲ။၃။ အတန်းထဲမှာ ကိုယ့်ကလေးကသာမန်ကလေးတွေလိုပဲ သွားလာနေထိုင်မိတ်ဖွဲ့တာတွေရှိရဲ့လား။၄။ သင်ပြပေးတဲ့သင်ခန်းစာတွေနဲ့ပတ်သက်ပြီး သာမန်ကလေးတွေလိုစိတ်ပါဝင်စားမှုရှိရဲ့လား။၅။ သူငယ်ချင်းတွေရနေရင်ရော သူ့သူငယ်ချင်းတွေကသူ့ကိုဘယ်လိုဆက်ဆံလဲ။၆။ သူ သူ့သူငယ်ချင်းတွေနဲ့ဘာအကြောင်းတွေအဓိကပြောလေ့ရှိလဲ။အဲ့ဒီအချက်လေးတွေကို မသိမသာကိုယ့်နည်းကိုယ့်ဟန်နဲ့အကဲခတ်ဖို့လိုပါတယ်။ ဖော်ပြထားတဲ့အချက်တွေထဲမှာ သာမန်ကလေးတွေနည်းတူစိတ်ခံစားချက်မျိုးရှိနေတာဆိုရင် ပြဿနာမရှိပေမယ့် ဆက်ဖော်ပြမယ့်အချက်မျိုးတွေတွေ့လာရရင်တော့ ကိုယ့်ကလေးစိတ်ဒဏ်ရာကြီးကြီးမားမားမရခင် အတတ်မှားတွေမကောင်းတဲ့အလေ့အကျင့်တွြေဖစ်မလာခင် မိဘတွေအနေနဲ့တခြားအပြောင်းအလဲတွေ စဉ်းစားဖို့လိုလာပါပြီ။ဒါဆိုဘယ်လိုအချက်တွေတွေ့ရှိလာရင် မိဘတွေစသတိထားသင့်ပြီလဲ။၁။ ထားတဲ့ကျောင်းက အိမ်နဲ့အရမ်းဝေးလံလို့ ကလေးကကျောင်းသွားကျောင်းပြန်အရမ်းပင်ပန်းလာတာမျိုး။၂။ အတန်းထဲမှာ ကိုယ့်ကလေးက သူငယ်ချင်းမရှိဘဲသီးသန့်ဖြစ်နေတာမျိုး။၃။ ရှိတဲ့သူငယ်ချင်းတွေကလည်း အနိုင်ကျင့်တာမျိုး၊ အရမ်းစနောက်တာမျိုး။၄။ သင်ပြတဲ့သင်ခန်းစာတွေကို လုံးဝနားမလည်တာမျိုး။၅။ ဆရာ၊ ဆရာမ တစ်ယောက်ယောက်ကို အရမ်းကြောက်လန့်နေတာမျိုး စတဲ့အချက်မျိုးတွေရှိနေရင် မိဘတွေအနေနဲ့ အကောင်းဆုံးထပ်မံပြင်ဆင်ပေးဖို့လိုလာပါပြီ။ဘယ်လိုပြင်ဆင်ပေးရမလဲ။၁။ ကလေးပင်ပန်းတာသက်သာအောင် ကျောင်းသွားကျောင်းပြန်ကို အချိန်အတိုဆုံးနဲ့ ပင်ပန်းမှုအနည်းဆုံးဖြစ်မယ့်သွားလာခြင်းမျိုးစီစဉ်နိုင်အောင် ကြိုးစားပါ။၂။ ကလေးကို တခြားကလေးတွေနဲ့မိတ်ဖွဲ့တတ်အောင်သင်ပေးပါ။ မိဘကိုယ်တိုင်လဲ တခြားအတန်းဖော်ကလေးငယ်တွေနဲ့ကိုယ့်ကလေးကိုမိတ်ဆက်ဆော့ကစားခိုင်းပါ။ စကားပြောခိုင်းပါ။၃။ အနိုင်ကျင့်စနောက်တဲ့သူတွေရှိနေရင် အဲ့ဒီကလေးနဲ့ရောကလေးမိဘနဲ့ပါကောင်းကောင်းမွန်မွန် စကားခေါ်ပြောပါ။၄။ နားမလည်တဲ့သင်ခန်းစာတွေကို ကိုယ်ကိုယ်တိုင်ပြန်လည်ရှင်းပြနိုင်ရင်ရှင်းပြပါ။ ဒါမှမဟုတ်လည်း နားမလည်တဲ့ဘာသာရပ်သင်ပြတဲ့ဆရာ၊ဆရာမကို လိုက်လံတွေ့ဆုံပြီး အနည်းငယ်ဂရုစိုက်ပေးဖို့ မေတ္တာရပ်ခံပါ။၅။ ဆရာ၊ဆရာမတွေကိုကြောက်လန့်နေတာမျိုးမဖြစ်အောင်လည်း ဆရာ၊ဆရာမတွေကိုလိုက်လံတွေ့ဆုံပြီး ကလေးနဲ့စကားပြောစေပါ။ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် ကလေးရဲ့စိတ်မှာ မလိုလားအပ်တဲ့စိတ်ရှုပ်စိတ်ညစ်စိတ်အားငယ်စရာတွေ အတိုင်းအတာတစ်ခုအထိလျော့ကျသွားနိုင်သလို၊ စိတ်ထိခိုက်ဒဏ်ရာဖြစ်ရမယ့်အခြေအနေတွေလည်း လျော့ကျနိုင်တာအသေအချာပါပဲ။ငယ်ရွယ်နုနယ်တဲ့အချိန်မှာ ကလေးလေးတွေအပေါ်သက်ရောက်တဲ့သက်ရောက်မှုတိုင်းဟာ ကလေးတွေရဲ့စိတ်ကို အလွယ်တကူရောင်ပြန်ဟပ်၊ ထိခိုက်လာနိုင်တဲ့အတွက် မိဘတွေအနေနဲ့ မိမိကလေးကိုအမြဲစောင့်ကြည့်နေပြီး ကလေးရဲ့ခံစားချက်တွေကို နားလည်ပေးနိုင်ဖို့ကလည်း အဓိကကျပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-milestones/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%90%e1%80%bd%e1%80%b1-%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%80%e1%80%ba%e1%80%81%e1%80%ab/
Simple partial seizure အမျိုးအစား အတက်ရောဂါများအကြောင်းသင်သိထားသင့်သော အရာများ။
ဝက်ရူးပြန်ရောဂါဟာ မကြာခဏ တက်ခြင်းနှင့် ပတ်သက်ဆက်နွယ်နေတဲ့ ရောဂါအမျိုးအစားအုပ်စုတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)ရဲ့ တင်ပြချက်များအရ ကမ္ဘာပေါ်မှာ အတက်ရောဂါခံစားနေရတဲ့ လူနာပေါင်းဟာ အကြမ်းဖျင်းအားဖြင့် ၅၀မီလီယံရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဝက်ရူးပြန်ရောဂါနှင့် အတက်ရောဂါမှာ အမျိုးအစားများစွာရှိပါတယ်။ သူတို့ထဲကအုပ်စု တစ်ခုကတော့ simple partial seizure အမျိုးအစား အတက်ရောဂါအုပ်စု ဖြစ်ပါတယ်။ ခံစားရတဲ့ ရောဂါလက္ခဏာတွေရဲ့ သဘာဝတွေပေါ် မူတည်ပြီး အမျိုးအစား၄မျိုး ထပ်မံခွဲခြား နိုင်ပါတယ်။simple partial seizure ရောဂါဆိုတာ ဘာလဲ။Simple partial seizure ဟုခေါ်သောအတက်ရောဂါ အမျိုးအစားကို လူနာရဲ့တွေ့ကြုံခံစားရတဲ့ ရောဂါလက္ခဏာ အမျိုးအစားပေါ် မူတည်ပြီး အမျိုးအစားများ ခွဲခြားနိုင်ပါတယ်။ကြွက်သားပိုင်းဆိုင်ရာလှုပ်ရှားမှုများနှင့် ဆိုင်သော တက်ခြင်း။ဒီအတက် ရောဂါအမျိုးအစားမှာ ကြွက်သားများ ဆတ်ခနဲ ကျုံ့ခြင်း၊ ဆန့်ခြင်းနှင့် ကြွက်သားများ တောင့်တင်းခြင်းကဲ့သို့ ပြောင်းလဲမှုတွေ ဖြစ်လာပြီဆိုရင် ဒီအတက်ရောဂါခံစားနေရပြီလို့ ဆိုနိုင်ပါတယ်။ ဒီလိုပုံမှန်မဟုတ်တဲ့ ကြွက်သားတွေရဲ့ လှုပ်ရှားမှုဟာ ခန္ဓါကိုယ်ရဲ့ တစ်ဖက်တည်းမှာပဲ ရှိနေနိုင်သလို အခြားတစ်ဖက်ကို ကူးစက်သွားတာလည်း ရှိတတ်ပါတယ်။ အခြား ဥပမာအနေနဲ့ ပြောရရင်တော့ ဒီလိုကြွက်သားများ အားနည်းတဲ့အခါ စကားပြောရာမှာ အခက်တွေ့ခြင်း၊ ရယ်မောခြင်း သို့မဟုတ် အလိုအလျောက် လက်လှုပ်ရှားမှုများ စတဲ့အချိတ်အဆက်မိမိ ပြုလုပ်ရသော ကိစ္စတွေမှာလည်း ထိခိုက်နိုင်ပါတယ်။အထိအတွေ့ခံစားမှုနှင့်ဆိုင်သော တက်ခြင်း။အာရုံ၅မျိုးဖြစ်တဲ့ အမြင်၊ အကြား၊ အနံ့၊ အရသာနှင့် အတွေ့စတာတွေမှာ ပုံမှန်မဟုတ်ပဲ ပြောင်းလဲလာပြီး သူတို့ထဲမှ တစ်ခုပြောင်းလဲချို့ယွင်းလာမယ်ဆိုရင် ဒီအတက်ရောဂါ အမျိုးအစားလို့ ခေါ်ပါတယ်။ တစ်ချို့ အတက်ရောဂါတွေမှာဆိုရင် လူနာအချို့ဟာ နာကျင်မှုကို ခံစားရတဲ့အထိကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုလူနာတွေဟာ သူတို့ကိုယ် သူတို့လွင့်မျောနေတယ် သို့မဟုတ်လည်း အာကာသထဲမှာ လွင့်မျောနေတယ်လို့ ခံစားရနေနိုင်ပါတယ်။ တကယ်မရှိတဲ့ ပစ္စည်းတွေရဲ့ အနံ့တွေ၊ အရသာတွေကိုလည်း သူတို့ခံစား ရနိုင်ပါတယ်။ ကလစ်နှိပ်သံ၊ ဖုန်းမြည်သံ သို့မဟုတ် တစ်ခြားလူတစ်ယောက်ရဲ့ အသံ၊ စသော တကယ်မရှိတဲ့ အသံတွေကိုလည်း သူတို့ဟာ ကြားနေနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ပင်အပ် သို့မဟုတ် အပ်ချွန်နဲ့ ထိုးသကဲ့သို့ ခံစားရခြင်း၊ ထုံကျင်ခြင်း စတာတွေကိုလည်း ခံစားရနေနိုင်ပါတယ်။ ဒါ့အပြင်လည်း တကယ်မရှိသော အလင်းရောင်အချို့ သို့မဟုတ် လူတစ်ချို့ပါသော မြင်ကွင်းများ စတာတွေကိုလည်း အမြင်မှားပြီး မြင်နေနိုင်ပါတယ်။ သူတို့ဟာ ယုံမှားခြင်းကိုလည်း ခံစားရနိုင်ပါတယ်။ အမှန်တကယ် ခံစားရသည်များကို ထင်ယောင်ထင်မှား ဖြစ်ခြင်း။ ဥပမာအားဖြင့် ရပ်ထားသော ကားဟာ အဝေးကိုရွေ့သွားတယ်လို့ ယုံမှားခြင်း ဖြစ်ပါတယ်။ဦးနှောက်နှင့် အာရုံကြောတွင် အလိုအလျောက်စနစ် ဆိုင်ရာ ပြဿနာကြောင့် တက်ခြင်း။အာရုံကြောစနစ်ရဲ့ အစိတ်အပိုင်းအချို့ ပြောင်းလဲခြင်းကြောင့်သာ ခံစားရတာ ဖြစ်ပါတယ်။ ဒီအာရုံကြော စနစ်မှာ နှလုံး၊ အစာအိမ်၊ ဆီးအိတ်၊ အူ စတဲ့ ကလီစာတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်တဲ့ အာရုံကြောအစုလိုက်ဟာ ပြောင်းလဲလာတဲ့အခါမှာ ဒီလိုအတက်ရောဂါ ခံစားရပါတယ်။ ဒါကြောင့် အလိုအလျောက် အာရုံကြောစနစ် ပျက်စီးတဲ့အခါ ဖြစ်ပေါ်လာတတ်တဲ့ နှလုံးခုန် မမှန်ခြင်း၊ အစာအိမ် အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ ဆီးအိမ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ခြင်း စတာတွေ ဖြစ်ပေါ်လာပါတယ်။ အဖြစ်အများဆုံး လက္ခဏာတွေကတော့ နားထင်နားမှာရှိတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်း ပြဿနာဖြစ်တာကြောင့် ဝက်ရူးပြန်ရောဂါ ရှိတဲ့ လူနာအချို့မှာဆိုရင် အစာအိမ်မှာ ထူးဆန်းတဲ့ ခံစားမှုမျိုး ဖြစ်ပေါ်တယ်ဆိုပြီး ခံစားရလေ့ရှိပါတယ်။စိတ်ကျန်းမာရေးအခြေအနေ ပြောင်းလဲမှု ဆိုင်ရာကြောင့် တက်ခြင်း။ဒီလိုအတက်ရောဂါမှာဆိုရင် လူတွေရဲ့ တွေးခေါ်ပုံ၊ ခံစားပုံ သို့မဟုတ် အချို့ အကြောင်းအရာတွေကို ဘယ်လိုလက်ခံထားတယ် ဆိုတာတွေ ပြောင်းလဲလာခြင်းဖြစ်ပါတယ်။ ဒီလိုအမျိုးအစားလူနာတွေမှာဆိုရင် မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်ခြင်း၊ စကား ပလုံးပထွေး ပြောခြင်း၊ မှန်ကန်သောစကားလုံးကို ရှာဖွေနိုင်စွမ်းမရှိခြင်း သို့မဟုတ် ပြောထား ရေးထားသော ဘာသာစကားကို နားလည်နိုင်ရန် ခက်ခဲခြင်း စတာတွေဖြစ်ပါတယ်။ သူတို့ဟာ ထူးထူးခြားခြား အကြောင်းအရာ မရှိပဲနှင့် ကြောက်ခြင်း၊ စိတ်ဓါတ်ကျခြင်း သို့မဟုတ် ပျော်ရွှင်ခြင်း စတဲ့စိတ်ခံစားမှုတွေဟာ ရုတ်တရက် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အချို့လူနာတွေမှာ သူတို့ရဲ့ အပြင်လောကမှ အရာတွေနဲ့ ပတ်သက်ပြီး ခံစားချက် ပြောင်းလဲတာကို တွေ့ရနိုင်ပါတယ်။ တစ်ခါမှ မရောက်ဖူးသောနေရာကို အရင်က လာဖူးတယ်လို့ ခံစားချက်ဖြစ်ခြင်း သို့မဟုတ် အမှန်တကယ်ရင်းနှီးနေသော နေရာအနေအထား၊ ရောက်ဖူးသောနေရာဖြစ်သော်လည်း မရောက်ဖူးဘူးဟု စိတ်ထဲတွင် ထင်မှတ်ခြင်း စတဲ့ပြောင်းလဲမှုတွေကို တွေ့ရမှာဖြစ်ပါတယ်။ဘယ်သူတွေက simple partial seizures ရောဂါခံစားရဖို့ ဖြစ်နိုင်ခြေများသလဲ။ဘယ်သူမဆို ဒီရောဂါ ဖြစ်နိုင်ပါတယ်။ သို့သော် ဦးခေါင်းထိခိုက်ဒဏ်ရာ ရထားသူ၊ ဦးနှောက်ပိုးဝင်ထားဖူးသူ၊ လေဖြတ်ဖူးသူ သို့မဟုတ် ဦးနှောက် အကျိတ်ရောင်ရောဂါ ဖြစ်ဖူးသူတွေဟာ ပိုပြီးဖြစ် နိုင်ခြေများပါတယ်။ ဒါပေမယ့်လည်း ဖြစ်ရတဲ့ အကြောင်းအရင်းကိုတော့ မသိသေးပါဘူး။simple partial seizureရောဂါအမျိုးအစား တက်နေတဲ့အခါ ဘာတွေဖြစ်လာသလဲ။ခြုံကြည့်မယ်ဆိုရင် ဒီအမျိုးအစား အတက်ရောဂါဟာ ၂ မိနစ်အောက်သာ ကြာလေ့ရှိပါတယ်။ လူနာဟာ တက်နေတဲ့ အချိန်မှာ လုံးဝ နိုးနိုးကြားကြားရှိပြီး တက်ကြွနေပါလိမ့်မယ်။ ဒါ့အပြင် တက်နေတဲ့ တစ်လျှောက်လုံးမှာလည်း သူဟာနိုးကြားနေပါတယ်။ အခြားရောဂါများဖြစ်တဲ့ အစာအိမ်ရောဂါ ရှိသူများ၊ အာရုံကြောထိခိုက်နာကျင်နေသူများမှာ လည်းလက္ခဏာဆင်တူပဲ ခံစားရလေ့ရှိပါတယ်။ ယုံမှားခြင်း၊ စိတ်ချောက်ခြားခြင်း၊ စိတ်ကစဉ့်ကလျား ဖြစ်ခြင်းဆိုတာ ဟာလည်း စိတ်ရောဂါ အခြေအနေတစ်ခု ရဲ့နောက်ဆက်တွဲကြောင့် ဖြစ်နိုင်ပြီး သို့မဟုတ်လည်း ဆေးတစ်ချို့ သောက်လိုက်မိခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အရင်ကတစ်ခါမှ မသွားဘူးတဲ့ နေရာကို ရောက်ဖူးသလို၊ မသိတဲ့လူတွေကို သိနေသလို ခံစားရတဲ့ လက္ခဏာ အချို့ဟာလည်း လူတိုင်းနီးပါးမှာ တစ်ခါတလေ ခံစားရလေ့ရှိပါတယ်။ ဒီလိုအတက်ရောဂါ အမျိုးအစားဖြစ်လာတဲ့အခါ ရောဂါလက္ခဏာတွေဟာ သင်ဘယ်လောက် ကြာကြာဖြစ်နေသလဲ ပေါ်မှာမူတည်ပါတယ်။ ဒါ့အပြင် အချိန်အခါအလိုက် ပြောင်းလဲမှု ရှိသလား သို့မဟုတ် တခြားသော အတက်ရောဂါအမျိုးအစားများနှင့် ဆက်စပ်မှုရှိသလားဆိုတာကိုလည်း ကြည့်ရမှာဖြစ်ပါတယ်။simple partial seizure ရောဂါကြောင့် တက်ပြီးတဲ့အခါ ဘာတွေ ဖြစ်လာသလဲ။လူနာဟာတက်ပြီးတဲ့အခါ မတက်ခင်က သူတို့လုပ်ထားတဲ့ ဘယ်အရာကိုမဆို သူတို့ဟာဆက်ပြီးလုပ်လေ့ မရှိပါဘူး။ တကယ်လို့ ဒီအမျိုးအစား အတက်ရောဂါဟာ အန္တရာယ်ဖြစ်တော့မယ် အရိပ်အရောင် တစ်ခုခုဖြစ်လာပြီဆိုရင်တော့ ပိုပြီးပြင်းထန်တဲ့ တက်ခြင်းနှင့် သတိလစ်ခြင်း စတာတွေပါလိုက်လာနိုင်ပါတယ်။ ဒီလိုအတက်ရောဂါ အမျိုးအစားအတွက် အရေးပေါ် ကုသဖို့ မလိုအပ်ပါဘူး။simple partial seizures ရောဂါဟာ ဘယ်နှစ်ကြိမ်လောက် တက်လေ့ရှိသလဲ။လူနာအချို့ဟာ တစ်ကြိမ်တစ်ခါသာလျှင် တက် တတ်သော်လည်း အချို့ကတော့ဆက်တိုက်ပဲ အတက်ရောဂါ ဖြစ်နိုင်ပါတယ်။simple partial seizure အတက်ရောဂါရှိနေတဲ့သူကို သင်ဘယ်လို ပြောပြနိုင်သလဲ။လူနာဟာ အပြည့်အဝ တက်ကြွပြီး လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နိုင်တဲ့အတွက် သူဟာ Simple partial seizure အတက်ရောဂါရတဲ့ အချိန်မှာ ဘယ်သူကမှသူ့ကို မပြောပြမချင်း သူကိုယ်တိုင်လည်းသိမှာ မဟုတ်ပါဘူး။simple partial seizure အတက်ရောဂါ ဟုတ်မဟုတ်ကို ဘယ်လို အဖြေရှာ အတည်ပြုသလဲ။ပြည့်စုံလုံလောက်တဲ့ ရောဂါ ရာဇာဝင် ယူခြင်းနှင့် ကိုယ်ခန္ဓါကို စမ်းသပ်ခြင်းအားဖြင့် အခြားဖြစ်နိုင်ခြေရှိတဲ့ ရောဂါတွေကို စစ်ဆေးဖယ်ရှားပြီး ဝက်ရူးပြန်ရောဂါ ဖြစ်နိုင်ခြေ ရှိတဲ့အရာတွေကို စမ်းသပ်စစ်ဆေးပါလိမ့်မယ်။ EEG ရိုက်ခြင်းဟာလည်း အကူအညီပေးနိုင်ပေမယ့် ဒီလိုတက်နေတဲ့ အချိန် အတွင်းမှာ မူမမှန်တာတွေကို ပြမှာမဟုတ်ပါဘူး။simple partial seizure အတက်ရောဂါကို ဘယ်လိုကုသလဲ။Simple partial seizure အမျိုးအစားအတက် ရောဂါကို ကာကွယ်ရန် ဆေးဝါးအများကြီး ရှိပါတယ်။ ဒီအတက်ရောဂါအမျိုးအစားဟာ များသောအားဖြင့် သင့်တော်တဲ့ဆေးဝါးနဲ့ တွေ့တဲ့အခါ သက်သာလေ့ရှိပါတယ်။စိတ်ရောဂါပိုင်းဆိုင်ရာ ပြောင်းလဲမှုကြောင့် အတက်ရောဂါ အမျိုးအစားဖြစ်တဲ့ Simple partial seizure ထဲကအမျိုးအစားဟာ မမြင်ဖူး မတွေ့ဖူးသူကို မြင်ဖူးတွေ့ဖူးသူဟု ခံစားရခြင်း၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ ကြောက်ခြင်း/ ပျော်ခြင်း သို့မဟုတ် အခြားသော ရှုပ်ထွေးတဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ဖြစ်စဉ်များကို ကြုံတွေ့ရလေ့ရှိပါတယ်။ Simple partial seizure အမျိုးအစား ၄ မျိုးရှိပါတယ်။ ကြွက်သားများ၏ လှုပ်ရှားမှုပိုင်းဆိုင်ရာပြောင်းလဲ မှုကြောင့်ဖြစ်ပေါ်သော အတက်ရောဂါ၊ အထိအတွေ့ ခံစားမှုပိုင်းဆိုင်ရာ ပြောင်းလဲမှုကြောင့် ဖြစ်သော အတက်ရောဂါ၊ အာရုံကြောစနစ်ရဲ့ အလိုအလျောက် အာရုံကြောစနစ် ပြောင်းလဲမှု ကြောင့် ဖြစ်ပေါ်သော အတက်ရောဂါ၊ စိတ်ပိုင်းဆိုင်ရာအခြေအနေ ပြောင်းလဲမှုကြောင့် ဖြစ်သော အတက်ရောဂါစတာတွေ ဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/simple-partial-seizure-%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%b8-%e1%80%a1%e1%80%90%e1%80%80%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab/
သွေးတွင်းသကြားဓာတ် မြင့်တက်နေပြီဆိုရင် ဘာတွေ ခံစားရမလဲ!
သွေးတွင်းသကြားဓာတ် မြင့်တက်တာကအမျိုးအစား – ၁ ဆီးချိုရောဂါ ခံစားနေရသူတွေမှာရောအမျိုးအစား – ၂ ဆီးချိုခံစားနေရသူတွေအပြင် ကိုယ်ဝန်ဆောင်ဆီးချိုခံစားနေရသူတွေမှာလည်း ခံစားရနိုင်ပါတယ်။ ဒီလိုဆိုပေမယ့် တစ်ခါတလေမှာ ဆီးချို မရှိသူတွေမှာလည်း သွေးတွင်းသကြားဓာတ် မြင့်တက်တာကို ခံစားရနိုင်ပါတယ်။ နောက်ပြီး သွေးတွင်းသကြားဓာတ် မြင့်တက်တာက နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒီတော့ ကြိုတင် သတိထားမိနိုင်စေဖို့ ဆီးချိုရှိသူတွေမှာ သွေးတွင်းသကြားဓာတ် မြင့်တက်နေပြီဆိုရင် ဘာတွေ ခံစားရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ဆီးချိုရောဂါ ရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ပုံမှန်အတိုင်းအတာဖြစ်အောင်ထိန်းညှိပေးတာက ဆီးချိုရဲ့ အဓိကကုထုံး တစ်ခုပါ။ ဒါပေမယ့်လည်း ဆီးချိုရှိမယ်ဆိုရင် အမြဲလိုလို သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်ဖို့က ခက်ပြီး  တစ်ခါတလေမှာ ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး ခံစားရနိုင်ပါတယ်။သွေးတွင်းသကြားဓာတ် မြင့်တက်တာက သေချာလေး ကုသမှု ခံယူဖို့ လိုပါမယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အခန့်မသင့်ရင်ဆီးချိုကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်တာက အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။သွေးတွင်းသကြားဓာတ် မြင့်တက်မှုက အမြဲလိုလို ဖြစ်နေမယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ ရှိတဲ့ မျက်လုံးတွေ၊ အာရုံကြောတွေ၊ ကျောက်ကပ်နဲ့သွေးကြောတွေမှာ ထိခိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ သွေးတွင်းသကြားဓာတ် မြင့်တက်နေပြီဆိုရင် ဘာတွေ ခံစားရမလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။သွေးတွင်းသကြားဓာတ် မြင့်တက်တာက များသောအားဖြင့် လက္ခဏာ မပြတတ်ပါဘူး။ ဒါကြောင့် ဆီးချိုရှိလို့ ရှိမှန်း နှစ်တွေအကြာကြီး မသိတာမျိုး ဖြစ်နိုင်ပါတယ်။ နောက်ဆုံး သွေးတွင်းသကြားဓာတ်တွေ တက်လွန်းလို့ နောက်ဆက်တွဲပြဿနာတွေ (ဥပမာ ကျောက်ကပ်ထိတာ၊ မျက်လုံးဝါးတာ)ဖြစ်မှ သိကြတာမျိုးတောင် ရှိပါတယ်။တချို့သူတွေမှာတော့ သွေးတွင်းသကြားဓာတ် မြင့်တက်နေပြီဆိုရင် အခုလို လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။သွေးတွင်း သကြားဓာတ် အရမ်းမြင့်တက်နေပြီဆိုရင်တော့ –။ရာသီဥတု ပူတာမျိုးလည်း မဟုတ်၊ ပင်ပင်ပန်းပန်း လေ့ကျင့်ခန်း လုပ်ထားတာမျိုးလည်း မရှိပေမယ့် ရေက အရမ်းကို ငတ်နေတာ၊ တစ်ခါတလေဆို ရေကို ရိုးရိုးရေတင် မဟုတ်ဘဲ ရေခဲရေ အေးအေးစိမ့်စိမ့်ကိုမှ သောက်ချင်တာမျိုး အထိ ဖြစ်နိုင်ပါတယ်။ခံတွင်းထဲမှာ တံထွေး မရှိဘဲ ခံတွင်းခြောက်တာကလည်း သွေးတွင်းသကြားဓာတ် မြင့်တက်တာကို ခံစားနေရတာပါ။ဆီးက ခဏခဏ သွားနေရတာမျိုး ဖြစ်နေပြီဆိုရင်တော့ သွေးတွင်းသကြားဓာတ်ကို စစ်ဆေးကြည့်ဖို့ လိုနေတာပါ။ သွေးတွင်းသကြားဓာတ်က ပုံမှန်ရှိသင့်တာထက် မြင့်တက်နေပြီဆိုရင်တော့ ဆီးခဏခဏ သွားတာကို ခံစားရနိုင်ပါတယ်။အကြောင်းအရင်း မရှိဘဲ အမြဲလိုလို ခြေကုန်လက်ပမ်းကျတာကို ခံစားနေရတာမျိုး ဖြစ်မယ်။ ဆီးချိုလည်း ရှိနေမယ်ဆိုရင်တော့ သွေးတွင်းသကြားဓာတ် မြင့်တက်နေတာမျိုး ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သေချာလေး သွေးချိုတိုင်းကြည့်ဖို့ လိုပါမယ်။အမြင်အာရုံတွေက သဲသဲကွဲကွဲ မမြင်ရဘဲ အမြင်အာရုံ​တွေ ဝေဝါးလာတာကလည်း သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုးကို ခံစားရတာ ဖြစ်နိုင်ပါတယ်။ကိုယ်အလေးချိန် ထိန်းဖို့ဆိုပြီး အစားလျှော့တာ၊ လေ့ကျင့်ခန်းတွေ လုပ်ပေးနေတာမျိုး မရှိပါဘဲ ကိုယ်အလေးချိန်က အကြောင်းအရင်းမရှိဘဲ ကျဆင်းလာတာက သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး ဖြစ်နိုင်ပါတယ်။ရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာက လူတိုင်းမှာ ဖြစ်နိုင်တယ် ဆိုပေမယ့် မကြာခဏဆိုသို ဖြစ်နေပြီဆိုရင်တော့ ဆီးချိုရှိတာကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်တာကို ခံစားရနိုင်ပါတယ်။ ပိုးဝင်ကူးစက်တယ်ဆိုတဲ့ နေရာမှာ မှက္ခရု၊ဆီးလမ်းကြောင်းပိုးဝင်တာ၊ အရေပြား ပိုးဝင်တာ၊ အနာကျက်ဖို့ နှေးတာ‌‌ပါ။ဒီအချက်တွေ ခံစားနေရပြီဆိုရင်တော့ သွေးတွင်းသကြားဓာတ် မြင့်တက်နေတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလို လက္ခဏာတွေက တခြားရောဂါတွေမှာလည်း ခံစားရနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက သွေးတွင်းသကြားဓာတ်တိုင်းကြည့်တာပါ။ တိုင်းကြည့်လိုက်လို့။မနက်စာ မစားခင်မှာ >7mmol/l (126mg/dl)။အစာစားပြီး ၂နာရီမှာ >8.5mmol/l (174mg/dl) ထက်များနေရင်  ဒါသွေးတွင်းသကြားဓာတ် တက်နေတာပါ။ဒီဂဏန်းတွေရဲ့ သတ်မှတ်ချက်က တစ်ယောက်နဲ့ တစ်ယောက်မှာ ကွာခြားမှုရှိနိုင်လို့ အကောင်းဆုံးက ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။ သွေးတွင်းသကြားဓာတ် တက်နေပြီဆိုရင် ဆီးချိုအပါအဝင် တခြားဖြစ်နိုင်တဲ့ရောဂါတွေကို စဉ်းစားပြီး ကုသရမှာ ဖြစ်ပါတယ်။# ဆီးချို ရှိနေတာလား!။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/signs-of-hyperglycaemia-high-blood-sugar/
စိတ်ဖိစီးမှုဆိုတာ နှလုံးနဲ့သွေးကြောရောဂါတွေကို ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။
သင်ငွေအကုန်အကျများနေတဲ့အချိန်၊ အလုပ်အဆင်မပြေတဲ့အချိန်၊ အိမ်ထောင်ရေးအဆင်မပြေတဲ့အချိန်နဲ့ ကားပိတ်နေတဲ့အချိန်တွေ ရှိပါတယ်။ အဲဒီအချိန်တွေက သင့်ကို စိတ်ဖိစီးစေနိုင်ပါတယ်။ ကြာကြာစိတ်ဖိစီးလာပါက သင့်ရဲ့နှလုံးကို ထိခိုက်စေမှာပါ။ အဲဒါကြောင့် နှလုံးနဲ့သွေးကြောရောဂါ ဖြစ်နိုင်ခြေကို လျော့ချဖို့ စိတ်ဖိစီးမှုတွေကို စတင်လျော့ချပါလိုက်ပါတော့။စိတ်ဖိစီးတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ သင်စိတ်ဖိစီးနေတဲ့အခါ ခေါင်းကိုက်တာတွေ၊ ဗိုက်နာတာတွေနဲ့ ကျောနာတာတွေ ကြုံတွေ့ ရနိုင်ပါတယ်။ ဒါ့အပြင် သင်စိတ်ဖိစီးနေတဲ့အခါမှာ အားအင်မရှိပဲ နုံးချိနေတာ မျိုးကိုလည်း ကျုံတွေ့ နိုင်ပါသေးတယ်။ နောက်ပိုင်းမှာ သင်အထိန်းအကွပ်မဲ့ ပေါက်ကွဲထွက်တာတွေ နဲ့ အိပ်လို့မရတာတွေကိုတောင် ဖြစ်လာပါလိမ့်မယ်။စိတ်ဖိစီးနေတဲ့အချိန်မှာ သင့်ခန္ဓါကိုယ်က Adrenaline ဆိုတဲ့ဟော်မုန်းတစ်မျိုးကို ထုတ်ပေးပါတယ်။ အဲဒီဟော်မုန်းက သင်ကို အသက်ရှုမြန်လာအောင်၊ နှလုံးခုန်မြန်လာအောင်နဲ့ သွေးပေါင်ချိန်တွေ တက်လာအောင် လုပ်ပါတယ်။စိတ်ဖိစီးမှုက သင့်ရဲ့အပြုအမူတွေကိုလည်း ပြောင်းလဲစေနိုင်ပါတယ်။ သင်စိတ်အရမ်းဖိစီးနေတဲ့အခါမှာ စိတ်သက်သာရစေမယ့် နည်းလမ်းတွေကို ရှာမှာအမှန်ပါပဲ။ တစ်ခါတစ်ရံမှာ အဲဒီနည်းလမ်းတွေက ကျန်းမာရေးနဲ့ မကိုက်ညီပါဘူး။ ဥပမာအားဖြင့် ဆေးလိပ်သောက်တာမျိုး၊ ပီဇာ၊ ပိုင်မုန့်၊ ကွတ်ကီးကဲသို့ အဆီများ ကိုလက်စ်ထရော များတဲ့ အစားအစာတွေ စားတာမျိုး၊ အရက်အလွန်အကျွံ သောက်တာမျိုးတွေပဲ ဖြစ်ပါတယ်။ ရွေးလိုက်မယ့်နည်းလမ်းတွေက ကျန်းမာရေးကို ကောင်းကျိုးထက် ဆိုးကျိုးတွေ ပိုပေးနေပါတယ်။ အတိအကျပြောရမယ်ဆိုရင်တော့ အဲဒါတွေက သွေးတိုးစေပြီး သွေးကြောတွေကို ပျက်စီးစေတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။စိတ်ဖိစီးမှုနဲ့ နှလုံးနှင့်သွေးကြောရောဂါဟာ ဆက်စပ်နေတာကြောင့် စိတ်ဖိစီးမှုတွေကို လျော့ချခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ချတာတဲ့ အတူတူပါပဲ။ စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်း၅သွယ်ကို ဖော်ပြပါ့မယ်။အကောင်းမြင်သမားတွေဟာ အဆိုးမြင်သမားတွေထက် အသက်ရှည်ရှည်ပိုနေရကြောင်း လေ့လာတွေ့ရှိရပါတယ်။ ရီမောခြင်းက သင့်နှလုံးအတွက် အကျိုးရှိတယ်ဆိုတာ သင်မသိလောက်ပါဘူး။ ရီရီမောမောနေတဲ့လူတွေက Stress Hormones တွေနည်းနေတတ်ပြီး၊ ကျန်းမာရေးအတွက် ကောင်းတဲ့ ကိုလက်စ်ထရောတွေ များများရှိတတ်ကြပါတယ်။ဒါကြောင့် နှစ်လိုဖွယ်ကောင်းတဲ့ ရာသီဥတုနဲ့ ရှုခင်းလှလှတွေ လိုမျိုး ကောင်းတဲ့ အတွေးလေးတွေ တွေးပေးပါ။ အလုပ်နဲ့ ငွေလိုမျိုး စိတ်ဖိစီးစေတဲ့ အရာတွေကို အာရုံမထားပဲ နေပေးပါ။ကိုယ်လက်အားကစားတွေကတော့ ကျန်းမာရေးအတွက် အမြဲ အကျိုးရှိပါတယ်။ ကိုယ်လက်လှုပ်ရှားလုပ်နေတဲ့အခါက ခန္ဓါကိုယ်က အန်ဒေါ်ဖင် လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်ပေးပါတယ်။ အဲဒီဟော်မုန်းက သင့်ကို နေလို့ထိုင်လို့ ကောင်းစေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက နှလုံးကြွက်သားတွေကို အားကောင်းစေပါတယ်၊ သွေးတိုးကျစေပါတယ်၊ ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်မှာ ထိန်းထားပေးပါလိမ့်မယ်။ လမ်လျောက်၊ ရေကူး နဲ့ စက်ဘီး စီးတာမျိုးတွေကို ကြိုးစားကြည့်နိုင်ပါတယ်။သင်ဆေးလိပ် ဒါမှမဟုတ် အရက်တွေ အရမ်းသောက်နေတယ်ဆိုရင် ဖြတ်ပစ်လိုက်ပါ။ အဲဒီ အကျင့်ဆိုးတွေက သင့်ကို နှလုံးသွေးကြောပိတ်တာနဲ့ လေဖြတ်တာတွေ ဖြစ်စေတတ်ပါတယ်။ကောင်းမွန်တဲ့ အစာစားသောက်ပုံစံက သင့်ကျန်းမာရေးကို အထောက်အကူပြုလိမ့်မယ်။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ ခန္ဓါကိုယ်ကော နှလုံးကပါ အားအင်ပြည့်ဝလာပါလိမ့်မယ်။ ဒါ့အပြင် ဓါတ်စာစားခြင်းက သွေးတိုးကျစေပြီး သွေးထဲရှိ ကိုလက်စ်ထရောကို နည်းစေပါတယ်။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ ပိုစားပါ။ ကြက်ကြော်နဲ့ ပီဇာလို အဟာရ မပြည့်ဝတဲ့ အစားစာတွေကို ရှောင်ပေးပါ။စိတ်ဖိစီးမှုလျော့ချပေးတဲ့ အခြားကျန်းမာသော နည်းလမ်းတွေ အများကြီးရှိပါတယ်။ အကြိုက်ဆုံးသီးချင်းတွေ နားထောင်နိုင်ပါတယ်။ အကြိုက်ဆုံးစာအုပ်တွေ ဖတ်နိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်နိုင်ပါတယ်။ သင်ဘာပဲရွေးရွေး သင်စိတ်ချမ်းသာစေမဲ့အရာဖြစ်ဖို့ အရေးကြီးပါတယ်။အချိန်ကြာကြာ စိတ်ဖိစီးမှုတွေကို သိမ်းစည်းထားမယ်ဆိုရင် နှလုံးနဲ့သွေးကြော ရောဂါတွေကို ဖြစ်စေပါလိမ့်မယ်။ တတ်နိုင်သမျှ စိတ်မဖိစီးအောင် နေပါ။ အရက်နဲ့ ဆေးလိပ်တွေပေါ်မှာ မမှီခိုပါနဲ့။ အကောင်းမြင်ပါ။ ကိုယ်လက်အားကစားလုပ်ပါ။ ကျန်းမာတဲ့အစားအစာတွေ စားပေးပါ။ အဲဒီနည်းတွေက ကူညီပေးနိုင်ပါလိမ့်မယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%96%e1%80%ad%e1%80%85%e1%80%ae%e1%80%b8%e1%80%99%e1%82%88%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac-%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8/
Circumcision For Children (ကလေးများ လိင်တံ အရေပြားဖြတ်ခြင်း)
ကလေးများ လိင်တံ အရေပြားဖြတ်ခြင်း ဆိုတာဘာလဲ။လိင်တံ အရေပြားဖြတ်ခြင်းဆိုတာ ယောက်ျားတန်ဆာရဲ့ ထိပ်ပိုင်းကို ဖုံးအုပ်ထားတဲ့ အရေပြားကို ခွဲစိတ်ပြီး ဖြတ်တောက်ဖယ်ရှားခြင်း ဖြစ်ပါတယ်။ တချို့ဒေသတွေမှာ အရေပြားဖြတ်ခြင်းကို မွေးခါစကလေးတွေမှာ လုပ်ဆောင်တတ်ကြပါတယ်။ ကြီးမှလုပ်လည်း ရပါတယ်။တချို့မိသားစုတွေမှာ ဘာသာရေးထုံးတမ်းအရ လုပ်ဆောင်ကြပါတယ်။ ဒါ့အပြင် အရေပြားဖြတ်ခြင်းက လိင်အင်္ဂါသန့်ရှင်းရေး အလွယ်တကူ လုပ်နိုင်ခြင်းနဲ့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကျဆင်းစေခြင်း စတဲ့ကောင်းကျိုးတွေ ရှိပါတယ်။အောက်ပါ အခြေအနေတွေမှာ လုပ်ဆောင်ပါတယ်။-ပန်းငုံခြင်း (အရေပြား မပွင့်နိုင်ခြင်း)။-Balanitis xerotica obliterans (ပန်းငုံခြင်းနဲ့ ဆီးလမ်းကြောင်းကျဉ်းခြင်းကို ဖြစ်စေတဲ့ အရေပြားရောဂါ)။–ရောဂါပိုး ကူးစက်မှုမကြာခဏဖြစ်ပွားခြင်း။အာဖရိကမှ လူမျိုးစုများနဲ့ ကမ္ဘာအနှံ့က လူမျိုးအချို့ဟာ ဘာသာရေးထုံးတမ်းအရ အရေပြားဖြတ်ခြင်းကို လုပ်ဆောင်တတ်ကြပါတယ်။တချို့နိုင်ငံတွေမှာ လိင်တံအရေပြားဖြတ်ခြင်းကို ပုံမှန် လုပ်ဆောင်လာကြတဲ့ အကြောင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။၁၉ရာစုအတွင်းမှာ ဆေးပညာရှင်တွေဟာ လိင်တံအရေပြားဖြတ်ထားသူတွေက မဖြတ်ထားသူတွေထက် တစ်ကိုယ်ရေသန့်ရှင်းမှု ပိုကောင်းတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ဒါကြောင့် ဘာသာရေးထုံးတမ်းကို ထည့်မတွက်ရင်တောင် ဆေးပညာရှုထောင့်အရ ယောက်ျားလေးများ အရေပြားဖြတ်ခြင်းကို အင်္ဂလန်မှာ ကျယ်ပြန့်စွာ လုပ်ဆောင်ခဲ့ကြပါတယ်။ ဆေးပညာအသိုင်းအဝိုင်း အချို့မှာတော့ ဒီလိုအရေပြားဖြတ်ခြင်းဟာ ထင်ရှားသိသာတဲ့ အကျိုးကျေးဖူးတွေ မရဘူးလို့ ငြင်းခုံခဲ့ကြပြီး ပုံမှန်လုပ်ငန်းအနေနဲ့ လုပ်ဆောင်ခြင်း လျော့နည်းလာခဲ့ပါတယ်။ဒီနည်းလမ်းကို အစားထိုးလုပ်ဆောင်နိုင်တဲ့ ကုသမှုတွေ ရှိပါတယ်။– ပန်းငုံခြင်းနဲ့ ဆီးလမ်းကြောင်းကျဉ်းတဲ့ အရေပြားရောဂါအတွက်တော့ လိင်တံအရေပြား ဖြတ်ခြင်းဟာ အကောင်းဆုံးပါပဲ။– တခြားရောဂါတွေအတွက် ဖုံးနေတဲ့ထိပ်ပိုင်း အရေပြားကို ဖြတ်တောက်ခြင်း၊ အရေပြားရဲ့ ပုံပန်းသဏ္ဍာန်ကို ပြန်လည်ပြုပြင်ခြင်း စတာတွေ ပါဝင်ပါတယ်။– ပန်းငုံပြီး ဆီးလမ်းကြောင်းကျဉ်း အရေပြားရောဂါ မရှိရင်တော့ ဆရာဝန်ဟာ အရေပြားနောက်ပိုင်း ခွဲစိတ်ခြင်းကိုပဲ အားပေးပါလိမ့်မယ်။ ဒီနည်းနဲ့ အရေပြားထိပ်ပိုင်းကို ကျယ်လာစေပါလိမ့်မယ်။ကလေးများ လိင်တံအရေပြားဖြတ်ခြင်းရဲ့ ဖြစ်နိုင်ခြေ အန္တရာယ်တွေက ဘာတွေလဲ။အရေပြားဖြတ်ခြင်းဟာ အကျိုးကျေးဇူး များစွာရှိပါတယ်။ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေကို လျော့ကျစေပါတယ်။ ဒါပေမယ့် ဆေးပညာရှင် အချို့ကတော့ အရေပြားဖြတ်ခြင်းကြောင့် ရံဖန်ရံခါ ရောဂါပိုးဝင်ခြင်း၊ သွေးထွက်များခြင်း စတာတွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ မေ့ဆေးရဲ့ ဘေးထွက်ဆိုးကျိုးလည်း ကြုံရနိုင်ပါတယ်။အရေပြားဖြတ်ခြင်းကြောင့်လိင်တံထိပ်အရေပြားမှာ အောက်ပါပြသနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ဒါကြောင့် ခွဲစိတ်မှု မခံယူခင် ဖြစ်နိုင်ခြေအန္တရာယ်တွေ၊ နောက်ဆက်တွဲပြသနာတွေ သိနားလည်ထားဖို့ အရေးကြီးပါတယ်။ ကောင်းကျိုးဆိုးကျိုးကို ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ အသေးစိတ်တိုင်ပင်သင့်ပါတယ်။ခွဲစိတ်မှုမပြုခင်မှာ ဆရာဝန်က ခွဲစိတ်ခြင်းရဲ့ အကျိုးရော အပြစ်ပါ ရှင်းပြပါလိမ့်မယ်။ အုပ်ထိန်းသူက ခွဲစိတ်မှုခံယူဖို့ နားလည်သဘောတူကြောင်း လက်မှတ်ထိုး ရပါမယ်။ ကလေးက ဘာဆေးတွေသောက်နေသလဲ၊ ဘာနဲ့ ဓာတ်မတည့်သလဲ၊ ဘာရောဂါတွေရှိလဲ ဆရာဝန်ကို ပြောပြရပါမယ်။ မေ့ဆေးဆရာဝန်နဲ့လည်း တွေ့ဆုံ ဆွေးနွေးရပါမယ်။ ခွဲစိတ်မှုမတိုင်မီ ဆောင်ရန် ရှောင်ရန် ညွှန်ကြားချက်တွေကို လိုက်နာဖို့လည်း အရေးကြီးပါတယ်။မေ့ဆေးနဲ့လုပ်ဆောင်ပြီး နာရီဝက်ခန့်ကြာနိုင်ပါတယ်။သင့်ကလေးက ခွဲစိတ်ခုတင်ပေါ်မှာ ရှိနေပါမယ်။ ဆရာဝန်ဟာ ကလေးရဲ့ လိင်တံတစ်ဝိုက်ကို သန့်ရှင်းပါလိမ့်မယ်။ ပြီးရင် အရေပြားကို ဖြတ်တောက်ပါလိမ့်မယ်။ နောက်ဆုံးမှာတော့ သွေးကြောလေးတွေက သွေးထွက်တာကို ရပ်တန့်စေပြီး အရေပြားကို ပြန်ချုပ်ပါလိမ့်မယ်။သိလိုတဲ့အချက်တွေ စိုးရိမ်ပူပန်တာတွေရှိရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။သင့်ရဲ့ကလေး လုံးဝပြန်ကောင်းလာဖို့ ၁၀ရက်လောက် ကြာမြင့်နိုင်ပါတယ်။ အစပိုင်းမှာ လိင်တံခေါင်းဟာ နာကျင်၊ နီရဲပြီး ရောင်နေပါလိမ့်မယ်။ တစ်ခါတစ်ရံ အဝါရောင် အရည်တချို့ ထွက်လာနိုင်ပါတယ်။ လိင်တံခေါင်းပေါ် လေးလံတဲ့အရာနဲ့ မဖိမိအောင် ဂရုပြုရပါမယ်။နေ့တိုင်း ဆေးထည့်ပေးပြီး အနာကို သန့်ရှင်းအောင် ထားရပါမယ်။ အများစုက တစ်ပတ်လောက်နေရင် အနာကျက်သွားပါလိမ့်မယ်။ လုံးဝပြန်ကောင်းသွားပြီးတဲ့အခါ ရေနဲ့ ဆပ်ပြာသုံးပြီး ဆေးကြောနိုင်ပါတယ်။ အောက်ပါလက္ခဏာတွေ တွေ့ရင်တော့ ဆရာဝန်ပြန်ပြသင့်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/facts-for-circumcision-in-children/
null
null
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/more-stis-stds/painful-urination/
အတက်ရောဂါဖြစ်ရခြင်း၏ အကြောင်းရင်းများ
ဝက်ရူးပြန်ရောဂါဆိုတာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တဲ့ နာတာရှည် ဦးနှောက် ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ၎င်းရောဂါဟာ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါတွေဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ လေဖြတ်ခြင်းနှင့် သူငယ်ပြန်ရောဂါတို့ပြီးရင် အဖြစ်များဆုံး နံပါတ် ၄ နေရာမှာ ရှိပါတယ်။ အောက်ဖော်ပြပါတို့ဟာ အတက်ရောဂါ ဖြစ်ရခြင်းရဲ့ အကြောင်းအရင်းများကို ပိုမိုသိရှိစေရန် ရေးထားတဲ့ သတင်းအချို့ ဖြစ်ပါတယ်။၎င်းရောဂါကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ သာမန်ဖျားနာခြင်းမှအစ ဦးနှောက် ထိခိုက်ခြင်းတို့အပါအဝင် ဦးနှောက် ဖွံ့ဖြိုးမှုပုံမှန်မဟုတ်ခြင်းစတဲ့ အာရုံကြောစနစ်များရဲ့ လှုပ်ရှား တက်ကြွမှုကို ပုံမှန်မဖြစ်အောင် နှောင့်ယှက်နေတဲ့ ဘယ်အရာမဆို အတက်ရောဂါကို ဖြစ်စေနိုင်ပါတယ်။မျိုးရိုးဗီဇဆိုင်ရာ ပုံမမှန်မှုများ။မျိုးရိုးဗီဇ ပုံမမှန်ဖြစ်ခြင်းဟာလည်း ဝက်ရူးပြန်ရောဂါကို ဖြစ်စေနိုင်တဲ့ အရေးကြီးဆုံး အချက်များထဲမှာ ပါဝင်ပါတယ်။ အချို့သော အခြေအနေတွေမှာဆိုရင် မိဘမျိုးရိုးမှာ ဝက်ရူးပြန်ရောဂါ မရှိလျှင်တောင်မှ လူနာရဲ့ မျိုးရိုးဗီဇကြောင့် ဝက်ရူးပြန်ရောဂါကို ဖြစ်စေနိုင်တာမျိုးလည်း ရှိပါတယ်။ ဝက်ရူးပြန်ရောဂါရဲ့ အခြားအမျိုး အစားတွေဟာ မိသားစုတွေမှာ ဆက်ခံ ဆင်းသက်လျက်ရှိပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဝက်ရူးပြန်ရောဂါကို မျိုးရိုးဗီဇက လွှမ်းမိုးနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ဝက်ရူးပြန်ရောဂါ ရှိနေတဲ့ လူအများမှာ ပုံမှန်မဟုတ်ပဲ တက်ကြွနေတဲ့ မျိုးရိုးဗီဇပုံစံကို တွေ့ရပြီး ၎င်းမျိုးရိုးဗီဇဟာ ဆေးမတိုးခြင်းကို ပိုဖြစ်စေနိုင်တယ်လို့ တွေ့ရပါတယ်။ ဒီလိုလူနာတွေမှာ ပုံမှန်မဟုတ်ပဲ အသစ်ဖြစ်လာတဲ့ သို့မဟုတ် သန္ဓေပြောင်းလာတဲ့ ဝက်ရူးပြန်ရောဂါနှင့် ဆက်စပ်နေသော မျိုးရိုးဗီဇကို တွေ့ရပါတယ်။ အာရုံကြောစနစ် ဖွံ့ဖြိုးကြီးထွား ရွေ့လျားမှုကို ထိန်းချုပ်ထားတဲ့ မျိုးရိုးဗီဇများ ပုံမှန်ဟုတ်ခြင်း၊ မဟုတ်ခြင်းတွေဟာ ဦးနှောက်ဖွံ့ဖြိုးရာမှာ အရေးကြီးဆုံး အဆင့်တစ်ဆင့် ဖြစ်ပါတယ်။ ထိုကဲ့သို့ ပုံမှန်မဟုတ်ခြင်းဟာ အာရုံကြောမျှင်များမူမမှန်ဖြစ်ခြင်း သို့မဟုတ် နေရာလွဲမှားခြင်း သို့မဟုတ် ကြီးထွားမှု မမှန်ကန်ခြင်းကို ဖြစ်စေပါတယ်။ ဒါ့ကြောင့် ဒီလိုမျိုးဖြစ်နေတဲ့ လူတစ်ချို့အတွက်ဆိုရင်တော့ အတက်ရောဂါ ပျောက်ဆေးတွေဟာ ကောင်းကောင်းအလုပ် လုပ်မှာမဟုတ်ဘူးဆိုတာ သိနိုင်ပါတယ်။ဝက်ရူးပြန်ရောဂါ ရှိတဲ့ လူနာတစ်ချို့မှာ အာရုံကြောစနစ်မှထုတ်လုပ်သော တက်ကြွပစ္စည်းများရဲ့ ပမာဏမြင့်မားနေတယ်လို့ ဆရာဝန်ကယုံကြည်ကြပါတယ်။ ဒါဟာ အာရုံကြောစနစ်ရဲ့ တက်ကြွမှုကို အလွန့်အကျွံဖြစ်စေပါတယ်။ တစ်ဖက်မှာလည်း အခြားလူနာတွေမှာ ပုံမှန်မဟုတ်ပဲ အာရုံကြောစနစ်ရဲ့ တက်ကြွမှုတွေကို တားဆီးတဲ့ ပစ္စည်းလေးတွေ ပမာဏနည်းနေတာကို တွေ့ရပါတယ်။ ဒီလိုအာရုံကြောစနစ်ရဲ့ တက်ကြွမှုကို တားဆီးပေးတဲ့ ပစ္စည်းတွေဟာလည်း ဦးနှောက်ရဲ့ လှုပ်ရှားတက်ကြွမှုကို လျော့ကျစေပါတယ်။ ဒီလိုလူနာ ၂ မျိုးစလုံးမှာ အာရုံကြောစနစ် လှုပ်ရှားတက်ကြွမှု အလွန်များခြင်းကို ဖြစ်ပေါ်စေတဲ့အတွက် ဝက်ရူးပြန်ရောဂါကို ဖြစ်နိုင်ပါတယ်။ ဝက်ရူးပြန်ရောဂါမှာ တွေ့ရအများဆုံး အာရုံကြောစနစ်မှ ထုတ်လွှတ်တဲ့ပစ္စည်းတွေထဲက တစ်ခုကတော့ GABA ပဲ ဖြစ်ပါတယ်။ လူတွေကတော့ ၎င်းကို gamma-aminobutyric acid လို့ခေါ်ပြီး ၎င်းဟာ အာရုံကြောစနစ်ရဲ့ လှုပ်ရှားတက်ကြွမှုစနစ်ကို တားဆီးပေးတဲ့ ပစ္စည်းလေးပဲ ဖြစ်ပါတယ်။လူနာအများစုမှာတော့ ဝက်ရူးပြန်ရောဂါဟာ အခြားသောရောဂါ ပြသနာများကြောင့် ဦးနှောက်ထိခိုက်လာတဲ့အတွက် ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ သူတို့ဟာဦးနှောက်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေကို ပြောင်းလဲစေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဥပမာအားဖြင့် ၎င်းဟာ ဦးနှောက်ရဲ့ ဆဲလ်တွေကို အောက်စီဂျင် ပေးပို့မှုကို လျော့ကျစေပါတယ်။ ဒါ့အပြင် ဦးနှောက်အကျိတ်ရောဂါ ရှိသူများ၊ အရက်စွဲသူများနှင့် သူငယ်ပြန်ရောဂါ ရှိသူတွေဟာ သူတို့ရဲ့ ဦးနှောက်မှာ အောက်စီဂျင် ကောင်းကောင်း မရတဲ့အတွက်ကြောင့် အချို့သော လူနာတွေမှာ ဝက်ရူးပြန်ရောဂါလည်း ဖြစ်စေနိုင်ပါတယ်။ ဦးနှောက်အမြှေးရောင်ခြင်း၊ AIDS ရောဂါပိုးရှိခြင်း၊ virus ကူးစက်မှုကြောင့်ဦးနှောက် ရောင်ရမ်းခြင်း၊ ကပ်ပါးပိုးဝင်ခြင်း စတာတွေ ဦးနှောက်မှာ ဖြစ်တဲ့အခါ ဝက်ရူးပြန်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါတွေအကုန်လုံးကို သေချာစွာကုသပြီးတဲ့အခါမှာတော့ အတက်ရောဂါ ဟာချက်ခြင်းသက်သာသွားလေ့ရှိပါတယ်။ ဒါ့အပြင် ဝက်ရူးပြန်ရောဂါဟာ ဖွံ့ဖြိုးကြီးထွားမှုပိုင်းဆိုင်ရာ ပြသနာရှိသူများနှင့် ဇီဝကမ္မဆိုင်ရာ ခန္ဓါကိုယ် လုပ်ငန်းဆောင်တာများမှာ ပြသနာရှိသူတွေနဲ့ ဆက်စပ်နေပါတယ်။ ၎င်းရောဂါများကတော့ မမွေးဖွားမီ၊ မွေးဖွားစဉ် နှင့် မွေးဖွားပြီးစ ဦးနှောက်ထိခိုက်ချို့ယွင်းမှု ကြောင့်ခန္ဓါကိုယ်အနေအထားနှင့်လှုပ်ရှားမှု ယို့ယွင်းခြင်းရောဂါ ၊ အာရုံကြောမှ ဖုံးထားသော အမျှင်တစ်ရှူး မှဖြစ်သည့် အဖုအကြိတ် မွေးရာပါရောဂါ၊ ကာဗွန်ဟိုက်ဒရိုပ် ဓါတ်ပြုပျက်ပြယ်၍ ရသောပစ္စည်းနှင့် ဆိုင်သောရောဂါ၊ ခန္ဓါကိုယ် နေရာအနှံ့အပြားတွင် ကင်ဆာမဟုတ်သော အကြိတ်များ ထွက်လာသည့် မျိုးရိုးဗီဇဆိုင်ရာရောဂါ၊ ကလေးဘဝမှစ၍ တဖြည်းဖြည်းဖြစ်လာသော အထီးကျန်စိတ်ဝေဒနာ ရှိခြင်းနှင့် Landau-Kleffner syndromeရောဂါ ရှိခြင်း စတဲ့ရောဂါတွေလည်း ပါဝင်ပါတယ်။– အရက်ဖြတ် လူနာများ၊။– အကောင်ကိုက်ခံရခြင်း၊။– ဆူးစူးမိခြင်း သို့မဟုတ် အဆိပ်မိခြင်း၊။– ဦးနှောက်အမြှေးရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်ကပ်ပါးပိုး ဝင်ခြင်းကဲ့သို့ ဦးနှောက်တွင် ပိုးဝင်ခြင်းများ ၊။– ကလေးမမွေးခင် သို့မဟုတ် ကလေးမွေးပြီး ဝန်းကျင်အချိန်များတွင် ဦးနှောက်ထိခိုက်ဒဏ်ရာ ရခြင်း၊ ဥပမာ ကလေးမွေးစဉ် ကလေး၌အောက်စီဂျင် ပြတ်လတ်ခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာ ရခြင်း၊ ပေါင်မပြည့်ခြင်း၊။– ဦးနှောက်ကောင်းစွာ မဖွံ့ဖြိုးခြင်းနှင့် ဆက်စပ်နေတဲ့ မွေးရာပါ ပုံမှန်မဟုတ်ခြင်းများ သို့မဟုတ် မျိုးရိုးဗီဇ ဆိုင်ရာ အခြေအနေများ၊။– အစာသီးခြင်း၊။– အရက်အလွန်အကျွံ သောက်သုံးခြင်း၊။– ဆေးစွဲခြင်း၊။– ဆေးဖြတ်နေခြင်း ၊။– ခန္ဓါကိုယ်၏ electrolyte ဓါတ်ဆား ပမာဏ မမျှတခြင်း၊။– ဓါတ်လိုက်ခြင်း၊။– ဝက်ရူးပြန်ရောဂါ ရှိခြင်း၊။– အလွန်သွေးပေါင်တက်ခြင်း၊။– ဖျားခြင်း၊။– ပြင်းထန်သောဦးခေါင်း ထိခိုက်ဒဏ်ရာ ရထားခြင်း၊။– ကျောက်ကပ် သို့မဟုတ် အသည်း ပျက်စီးခြင်း၊။– သွေးတွင်း ကလူးကို့ဓါတ် နည်းနေခြင်း၊။– လေဖြတ်ခြင်း၊ လေဖြတ်တဲ့အခါ ဦးနှောက်ကို သွားတဲ့အောက်ဆီဂျင် ပမာဏကို ကန့်သတ်လျှော့ချ လိုက်တဲ့အတွက် အာရုံကြောစနစ်တွေရဲ့ ချိတ်ဆက်မှုဟာ ပုံမှန်မဟုတ်တော့ပဲ အမှုမဲ့ အမှတ်မဲ့ဖြစ်သွားပါတယ်။အဆိပ်မိခြင်း။ဒါ့အပြင် အတက်ရောဂါဟာ ခဲဓါတ် ကာဗွန်မိုနိုက်ဆိုက်ဓါတ်ငွေ့ စတာတွေနဲ့ အထိအတွေ့များသူများ၊ တရားမဝင်အိပ်ဆေး သို့မဟုတ် မူးယစ်ဆေးဝါးလိုမျိုး ဆေးသုံးစွဲသူများ၊ စိတ်ကျရောဂါအတွက် သောက်သောဆေးများကို အလွန်အကျွံ သုံးစွဲသူများမှာလည်း အတက်ရောဂါ ဖြစ်နိုင်ပါတယ်။ နှစ်ခြိုက်စွာ မအိပ်ခြင်း သို့မဟုတ် ရာသီစက်ဝန်းကြောင့် ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း စတာတွေဟာလည်း အတက်ရောဂါကို ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းဟာလည်း အတက်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ စီးကရက်ထဲမှာပါတဲ့ နီကိုဒင်းဓါတ်ဟာ ဦးနှောက်ထဲမှာရှိတဲ့ အာရုံကြော တက်ကြွလှုပ်ရှားမှုကို ဖြစ်စေတဲ့ပစ္စည်း acetylcholine ပေါင်းတဲ့နေရာတွေမှာ သွားပြီးပေါင်းတဲ့အတွက်ကြောင့် အာရုံကြောလှုပ်ရှားတက်ကြွမှုကို အလွန်မြင့်တက် စေပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/%e1%80%a1%e1%80%90%e1%80%80%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%9b%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%81%8f-%e1%80%a1%e1%80%b1/
ကလေးတွေမှာ အဝလွန်တာကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေ
ကလေးပဲ ဝပါစေ၊ ချစ်ဖို့တောင် ကောင်းသေးဆိုပေမယ့် အရမ်းဝတာကတော့ မကောင်းဘူးနော်။ ကလေးက ဖွံ့တာလောက်က ကိစ္စမရှိပေမယ့် အရမ်းဝလွန်းနေရင်တော့ မကောင်းပါဘူး။အဝလွန်တာက အဝလွန်တယ်ဆိုတာမှာတင် ရပ်မနေပါဘူး။ နောက်ဆက်တွဲပြဿနာတွေ တော်တော်များများ ရှိနေပါတယ်။လူကြီးအရွယ်မှာ အဝလွန်တာက ကိုယ်ဖန်တီးတဲ့ ကိုယ့်ကိစ္စလို့ ဆိုနိုင်ပေမယ့် ကလေးအရွယ်မှာ အဝလွန်တာ မဖြစ်စေဖို့ကတော့ မိသားစုမှာ တာဝန် ရှိပါတယ်။ကလေးက သူ့အသက်အရွယ်မှာ ရှိသင့်တဲ့ ပုံမှန်ကိုယ်အလေးချိန်ထက် များနေမယ်။BMIက ရှိသင့်တာထက် ပိုနေမယ်ဆိုရင် အဝလွန် နေပြီလို့ ပြောလို့ရပါတယ်။ ကလေး တစ်ယောက်ကို အဝလွန်စေတဲ့ အကြောင်းအရင်းတွေက လူကြီးတွေမှာ အဝလွန်စေတဲ့ အကြောင်းအရင်းနဲ့ တူတူပါပဲ။ နေ့စဉ်နေထိုင်တဲ့အပြုအမူအလေ့အထတွေ နဲ့ မျိုးရိုးလိုက်တာတွေကြောင့် ကလေးတွေမှာ အဝလွန်တာတွေ ဖြစ်နိုင်ပါတယ်။ အဝလွန်တာက နေ့စဉ်လူမှုဆက်ဆံရေးဘဝကို ထိခိုက်စေသလိုကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။အဝလွန်တာက နေ့စဉ်လုပ်မိတဲ့ အပြုအမူတွေကြောင့် အများကြီးပါပါတယ်။ပတ်ဝန်းကျင် အခြေအနေတွေကလည်း ကလေးတွေကို အဝလွန် စေနိုင်ပါတယ်။အဝလွန်တာက ကလေးမှာရော လူကြီးမှာရော မကောင်းသလို ရေတို အတွက်ရော ရေရှည် အတွက်ပါ မကောင်းတာ အမှန်ပါ။ ကလေးငယ်တွေ အနေနဲ့ အဝလွန်မယ် ဆိုရင် နောက်ဆက်တွဲ မဖိတ်ခေါ်ဘဲ ဖြစ်လာနိုင်တဲ့ ပြဿနာတွေက –။ဒါတွေတင် မကပါဘူး။ ကလေးက အဝလွန်မယ်ဆိုရင် သူငယ်ချင်းတွေရဲ့ စနောက်မှုတွေကြောင့် စိတ်ထိခိုက်တာ၊ ကလေးအချင်းချင်းကြားမှာ အနိုင်ကျင့်ခံရတာတွေကြောင့် စိတ်ထိခိုက်ခံစားရနိုင်သလိုစိတ်ဖိစီးတာ၊ စိတ်အားငယ်တာ၊ စိုးရိမ်စိတ် များတာလိုမျိုး ပြဿနာတွေလည်း ခံစားရနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရမှုတွေကြောင့် ကလေးဟာ သင်ယူမှုပိုင်းမှာပါ ထိခိုက်တာမျိုးတွေ ရှိလာနိုင်ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/childhood-obesity/
Whey Protein ကိုဘယ်လိုအသုံးပြုနိုင်လဲ။ ဘာတွေကောင်းကျိုးတွေရှိလဲ။
အခုနောက်ပိုင်းဖြည့်စွက်စာအဖြစ်ခေတ်စားလာတဲ့ ပရိုတင်းတစ်မျိုးရှိနေပါတယ်။ ဒါကတော့နာတာရှည်ရောဂါခံစားနေရသူတွေအတွက်ရော ကြွက်သားတက်လာအောင်လေ့ကျင့်ခန်းလုပ်နေတဲ့ သူတွေအတွက်ပါတော်တော်လေးထိရောက်မှုရှိတဲ့ အာဟာရဓါတ်တစ်မျိုးဖြစ်တဲ့ Whey Protein ပါပဲ။ ဒီအာဟာရဓါတ်က ခန္ဓါကိုယ်ကျန်းမာဖို့အတွက်ရောကြွက်သားတွေဖွံ့ဖြိုးသန်မာစေဖို့ အတွက်ပါတော်တော်လေးအထောက်အပံ့ပေးပါတယ်။ ဒီဆောင်းပါးလေးထဲမှာ Whey Protein ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံလေးကိုပြောပြပေးပါရစေ။Whey ဆိုတာက ဒိန်ခဲလုပ်တဲ့အခါမှာ ထွက်လာတဲ့ ပစ္စည်းတစ်ခုပေါ့။ နို့အရည်ကြည်ထဲမှာပါတတ်တဲ့ ဓါတ်တစ်မျိုးပါ။ အခုလက်ရှိမှာတော့ ကမ္ဘာတလွှားမှာ Whey protein ကို အမှုန့်ပုံစံနဲ့ရရှိနေပြီး အားကစားလုပ်ဆောင်သူတွေအတွက် အာဟာရဖြည့်တဲ့အရာတစ်ခုအနေနဲ့ သုံးဆောင်ကြတာများပါတယ်။ Whey protein က အစာကြေမြန်ပြီးအစာခြေစနစ်က အာဟာရဓါတ်တွေကိုမြန်မြန်စုပ်ယူနိုင်အောင်လုပ်ဆောင်ပေးပါတယ်။ပြီးရင်တော့သွေးကြောတွေနဲ့ ကြွက်သားတွေဆီကို လိုအပ်တဲ့အာဟာရဓါတ်တွေကို မြန်မြန်ပို့ဆောင်ပေးလိုက်ပါတယ်။ ဒီလိုလုပ်ဆောင်ပေးမှုက အားကစားပြင်းပြင်းထန်ထန်လုပ်ဆောင်မှုကြောင့် ကြွက်သားထိခိုက်မှုတွေကိုပြန်လည်ကောင်းမွန်လာအောင်လုပ်ဆောင်ပေးသလို ကြွက်သားတွေဖွံ့ဖြိုးကြီးထွားအောင်လည်း လုပ်ဆောင်ပေးပါတယ်။Whey proteinကနို့နဲ့နို့ထွက်ပစ္စည်းတွေထဲမှာ အများဆုံးတွေ့ရတဲ့ပရိုတင်းတစ်မျိုးပါ။ Whey protein မှာ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်လည်းပါဝင်နေပါတယ်။ကိုယ်အလေးချိန်ကျစေနိုင်တယ်– ခန္ဓါကိုယ်က အဆီပိုတွေကိုလျှော့ချပြီး ကြွက်သားတက်လာအောင်လေ့ကျင့်နေသူတွေအတွက် သင့်တော်တဲ့ အာဟာရတစ်မျိုးပါ။ကင်ဆာကာကွယ်ပေးနိုင်တယ်– Whey protein မှာ ကင်ဆာကို ခုခံနိုင်တဲ့အာနိသင်ရှိနေတယ်လို့ သုတေသနအချို့အရသိရပါတယ်။ကိုလက်စထရောကျစေနိုင်တယ်-သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေကို ကျဆင်းအောင် လုပ်ဆောင်ပေးနိုင်စွမ်းလည်းရှိပါတယ်။ပန်းနာရင်ကျပ်သက်သာစေနိုင်တယ်– ပန်းနာရင်ကျပ်ရောဂါရှိသူတွေအနေနဲ့ Whey protein ကိုစားသုံးပေးမှုကကိုယ်ခံအားေကာင်းစေပြီး ရောဂါကို သက်သာစေနိုင်တယ်လို့လေ့လာမှုတွေအရ သိရပါတယ်။သွေးတိုးကျဆင်းစေနိုင်တယ်-သွေးပေါင်ချိန်ကိုလျော့ကျစေနိုင်တာကြောင့်သွေးတိုးရောဂါရှိသူတွေအတွက် သင့်တော်ပါတယ်။နောက်တစ်ချက်ကသွေးတိုးတာကြောင့်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့လေဖြတ်တာနဲ့ နှလုံးရောဂါတွေဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်ခြေနည်းစေတယ်– ကိုယ်ခံအားကျန်းမာအောင်လုပ်ဆောင်ပေးနိုင်သလိုသွေးဖိအားကိုကျဆင်းစေနိုင်တာကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို သက်သာစေနိုင်ပါတယ်။ခုခံအားကျဆင်းမှု ကူးစက်ရောဂါကြောင့် ကိုယ်အလေးချိန်ကျတာကိုလျှော့ချပေးနိုင်ပါတယ်– ခုခံအားကျဆင်းမှုကူးစက်ရောဂါနဲ့ အခြားနာတာရှည်ရောဂါတွေ ခံစားနေရတာကြောင့် ကိုယ်အလေးချိန်လျော့ကျလာမှုကနေ ကာကွယ်ပေးနိုင်စွမ်းလည်းရှိပါတယ်။အာဟာရပြည့်ဝစေတယ်– ခန္ဓါကိုယ်အတွက် လိုအပ်တဲ့အာဟာရဓါတ်ကိုပြည့်ဝစေနိုင်တာကြောင့် အာဟာရချို့တဲ့မှုကနေ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာပါ။အနာကျက်စေနိုင်တယ်– အနာကျက်စေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အနာကျက်နှေးသူတွေ၊ရောဂါအခံတစ်ခုခုကြောင့် အနာကျက်ဖို့ ခက်သူတွေအနေနဲ့ စားသုံးပေးသင့်ပါတယ်။အင်ဆူလင်ထွက်စေတယ်– Whey protein က ဆီးချိုသမားတွေကို အစားစားပြီးချိန်မှာသွေးချို အရမ်းတက်သွားတာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်သလို ခန္ဓါကိုယ်က အင်ဆူလင်ထုတ်ပေးအောင် လှုံ့ဆော်ပေးနိုင်စွမ်းလည်းရှိပါတယ်။ကြွက်သားဖွံ့ဖြိုးမှုအပေါ်မှာ ဒီလိုသက်ရောက်နေတာပါ။Whey protein ကကြွက်သားတွေကို သန်မာစေနိုင်သလို ကြွက်သားဖွံ့ဖြိုးစေဖို့လည်း အထောက်အပံ့ပေးပါတယ်။ Whey protein အမှုန့်မှာ ပရိုတင်းဓါတ်ပြည့်ဝစွာပါဝင်နေသလို ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့leucine ပါဝင်နေပါတယ်။ ဒီဓါတ်က ကြွက်သားတွေ ဖွံ့ဖြိုးသန်မာဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် အဆီပိုတွေ ကင်းပြီးကျစ်လျစ်လှပတဲ့ ခန္ဓါကိုယ်ကို ပိုင်ဆိုင်ချင်တဲ့လေဒီတွေနဲ့ ကြွက်သားလှလှနဲ့ ယောက်ျားဆန်ဆန်ကြည့်ကောင်းချင်တဲ့ အမျိုးသားတွေအတွက် သင့်တော်တဲ့ အာဟာရဓါတ်တစ်မျိုးပါ။ သက်ကြီးရွယ်အိုတွေအတွက်လည်း ကြွက်သားဆုံးရှုံးမှုပြဿနာ ကနေကင်းဝေးစေဖို့နဲ့နှလုံးကြွက်သားတွေကျန်းမာသန်စွမ်းစေဖို့ whey protein ကိုတိုက်ကျွေးလို့ရပါတယ်။ဆီးချိုထိန်းချုပ်မှုအပေါ်မှာ ဒီလိုသက်ရောက်နေတာပါ။Whey protein ရဲ့နောက်ထပ်အားသာချက်တစ်ခုက ဆီးချိုထိန်းချုပ်ရာမှာကောင်းကောင်းထောက်ပံ့ပေးနိုင်တာပါ။ဒီအာဟာရဓါတ်မှာ L-Cysteine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ကြွယ်ဝစွာပါဝင်နေသလိုသွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောပမာဏကို ကျဆင်းစေပြီး အင်ဆူလင်ထုတ်လုပ်မှုကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ အင်ဆူလင်ထွက်ရှိအောင်လှုံ့ဆော်ပေးတာကြောင့် အစားစားပြီးချိန်မှာ သွေးတွင်း သကြားဓါတ်မြင့်တက်တာမျိုးမဖြစ်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ Whey protein က အဆာခံစေပြီးရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ဆီးချိုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲရောဂါတွေဖြစ်ကြတဲ့အမြင်အာရုံထိခိုက်တာ၊ကျောက်ကပ်ပျက်စီးတာနဲ့ အခြားသော ဆီးချိုရဲ့နောက်ဆက်တွဲဝေဒနာတွေကို ကာကွယ်ပေးနိုင်ပါသေးတယ်။မကြာသေးခင်ကပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ခုအရ ပုံမှန်စားသုံးတဲ့ အစားအစာထဲမှာ Whey protein ပါဝင်အောင်စားသုံးသူတွေရဲ့ သွေးတွင်းသကြားဓါတ်က ပုံမှန်ထက် ၂၈ ရာခိုင်နှုန်းပိုမိုကျဆင်းနေတာကိုတွေ့ရှိခဲ့ရပါတယ်။ အင်ဆူလင်ထုတ်လုပ်မှုပမာဏကလည်း ၂ ဆ ထိမြင့်တက်နေပြီး အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကလည်း ပုံမှန်ထက် အချိန်ပိုကြာကြာခံတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် အင်ဆူလင် ထွက်ရှိမှုနည်းတာ၊ အင်ဆူလင်တုံ့ပြန်နိုင်စွမ်းနည်းတာတွေကို ခံစားနေရသူဆီးချိုဝေဒနာရှင်တွေအနေနဲ့ Whey protein ကို သုံးဆောင်ပေးသင့်တယ်လို့ အကြံပြုလိုပါတယ်။ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ လိုအပ်တဲ့ အာဟာရဓါတ်တွေပြည့်ဝပြီး ကျန်းမာနေစေဖို့အတွက် Whey protein ကမေ့ထားလို့ မဖြစ်တဲ့ အာဟာရဓါတ်တစ်ခုပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/where-can-you-use-whey-protein/
Fast Heart Beat (နှလုံးခုန်မြန်ခြင်း)
Fast Heart Beat (နှလုံးခုန်မြန်ခြင်း) အကြောင်း လေ့လာလိုက်ရအောင်နော်။နှလုံးခုန်မြန်ခြင်း,သွေးခုန်နှုန်းမြန်ခြင်း , ကြိမ်နှုန်းမြန်ခြင်း ဆိုတာတွေက သင့်နှလုံးခုန်မြန်နေတာ ခုန်ချက်ကျော်လွန်တာတွေကို သိတဲ့ခံစားမှုဖြစ်ပါတယ်။ သင့်နှလုံးက ပုံမှန်မဟုတ်တဲ့ စည်းချက်နဲ့ ခုန်နေတာကို သင်ခံစားရတတ်ပါတယ်။ ဒီအခြေအနေက လည်ပင်းနဲ့ ရင်ဘတ်တွေမှာဖြစ်တတ်ပါတယ်။နှလုံးခုန်မြန်တာဟာ အဖြစ်များတဲ့ ရောဂါပါ။ အသက်အရွယ်မရွေးဖြစ်တတ်ပြီး ဖြစ်စေတဲ့အချက်တွေကိုလျော့ချခြင်းဖြင့် ကုသနိုင်ပါတယ်။ သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။ယေဘုယျ လက္ခဏာတွေက :။• အသက်ရှူရခက်ခြင်း၊ မောခြင်း။• မူးဝေခြင်း။• ရုတ်တရက် နွမ်းနယ်ခြင်း။• နှလုံးခုန်သံ ပုံမှန်မဟုတ်ခြင်း။• ရင်ဘတ်အောင့်ခြင်း။• မတ်တပ်ရပ်ချိန်တွင် ခေါင်းမူးခြင်း။• မေ့မြောခြင်း။နှလုံးခုန်မြန်ရောဂါရှိသူ အချို့ဟာ လက္ခဏာမပြပဲ ကျန်းမာရေးစစ်ဆေးချိန်မှခုန်နှုန်းမြန်နေတာကိုသိရှိပါတယ်။စာရင်းထဲမပါဝင်တဲ့ လက္ခဏာတွေရှိနိုင်ပါတယ်။ ရောဂါတွေ့ရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။အထက်ဖော်ပြပါ လက္ခဏာတွေရှိရင်ပြသင့်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် တည်ဆောက်ပုံမတူကြတဲ့ အတွက် သင့်အတွက်သင့်တော်မယ့် အခြေအနေကို ဆွေးနွေးပါ။သင့်နှလုံးလုပ်ငန်းကို ပက်သတ်မှုရှိတဲ့ အရာတွေကနှလုံးမြန်ခြင်းကိုဖြစ်စေပါတယ်။ အဲ့အရာတွေကတော့ :။•နှလုံးရောဂါ။• မွေးရာပါနှလုံးရောဂါများ။• သွေးအားနည်းရောဂါ။• လေ့ကျင့်ခန်းပြင်းထန်စွာ လုပ်ခြင်း။• စိတ်ဖိစီးမှု။• သွေးပေါင်တက်ခြင်း။• ဆေးလိပ်သောက်ခြင်း။• အဖျား။• ခန္ဓါကိုယ်တွင်း ဓါတ်များမညီမျှမှုဖြစ်ခြင်း။• အရက်, ကဖိန်း, ကိုကင်း လွန်ကံျွစွာ သုံးစွဲခြင်း။• ဆေး ဘေးထွက်ဆိုးကျိုးများ။• သိုင်းရွှိက် ဂလင်းကြီးခြင်းတို့ဖြစ်ပါတယ်။နှလုံးခုန်မြန်ခြင်းကိုဖြစ်နိုင်ချေ များစေတဲ့ အချက်တွေ ကတော့ :။• နှလုံးသွေးကြောရောဂါ။• နှလုံးရောဂါ။• သွေးတိုးရောဂါ။• အရက် ကဖိန်း လွန်စွာ သုံးခြင်း။• စိတ်ဖိစီးမှု။• သွေးအားနည်းရောဂါ။• မွေးရာပါနှလုံးရောဂါ။• နှလုံးရောင်ရမ်းတဲ့ အခြေအနေတွေ။• နာတာရှည် အဆုတ်ရောဂါ။• အသက် ( အသက်ကြီးလေ နှလုံးမြန်ခြင်းကိုဖြစ်နိုင်ချေ များလေ ဖြစ်ပါတယ်)။• မျိုးရိုးလိုက်ခြင်းတို့ဖြစ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ဆရာဝန်က နှလုံခုန်မြန်ခြင်း ဖြစ်ရတဲ့အကြောင်းရင်းကိုသိဖို့အတွက် ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွေပြုလုပ်ပါမယ်။ သင့်ရဲ့ လှုပ်ရှားမှုတွေ, စိတ်ဖိစီးမှုတွေ, သင်သောက်နေတဲ့ ဆေးဝါးတွေ နဲ့ လက်ရှိကျန်းမာရေးအခြေအနေတွေ စတာတွေကို မေးနိုင်ပါတယ်။သင့်ရောဂါရှာဖွေစဉ်မှာ ာပါဝင်နိုင်တဲ့ အခြားစမ်းသပ်မှုတွေကတော့:။• သတ္ထုဓါတ်နဲ့ သိုင်းရွှိက်ဂလင်း ပုံမှန်ရှိမရှိကို သိနိုင်ဖို့ သွေးစစ်, ဆီးစစ်ပါမယ်။• နှလုံးရဲ့ လျှပ်စစ်ကြိမ်နှုန်းနဲ့ ခုန်နှုန်းပြသနာအတွက် ECG ဆွဲပါမယ်။• Event recording : ရင်ဘတ်မှာ recorder တပ်ဆင်ပြီး နှလုံးလျှပ်စစ်ကြိမ်နှုန်းကိုမှတ်တမ်းတင်ပါမယ်။• ရင်ဘတ် X – rays။• Echocardiogram – နှလုံးပုံစံနဲ့ လုပ်ငန်းဆောင်တာကို စမ်းသပ်ဖို့အတွက် အက်ထရာဆောင်း သုံးပြီးစမ်းသပ်ခြင်း ဖြစ်ပါတယ်။နှလုံးရောဂါကုသတာဟာ ဖြစ်ပွားမှုပေါ်မူတည်ပါတယ်။ တစ်ခါတစ်လေမှာ နှလုံးမြန်ခြင်းဟာ အန္တရာယ်မရှိပဲ ကုသမှုလည်းမလိုအပ်ပါဘူး။ တကယ်လိုသင့်ရဲ့ နှလုံးမြန်ခြင်း ဟာအခြားအကြောင်းကိစ္စတစ်ခုကြောင့်ဆိုရင် သင့်ရဲ့ဆရာဝန်က ရောဂါသက်သာဖို့နဲ့ ထပ်ပြီးဆိုးမလာဖို့ ကုသမှုတွေပေးပါလိမ့်မယ်။ဆေးဝါး :။တိကျတဲ့ ဆေးဝါးတွေဟာ သင့်နှလုံးခုန်နှုန်းကိုလျော့ချပေးနိုင်ပါတယ်။ နှလုံးမြန်ခြင်းက သွေးခဲတွေဖြစ်ပေါ်စေနိုင်တဲ့ အတွက် သွေးကျဲဆေးတွေပေးပြီး လေဖြတ်ခြင်းနဲ့ နှလုံးရပ်ခြင်းမဖြစ်အောင် ကုသပေးတတ်ပါတယ်။Physical Therapy :။ဆရာဝန်က vagal maneuver တွေ shock device တွေသုံးပြီး သင့်နှလုံးခုန်သံက်ု ပုံမှန်ပြန်ရောက်အောင် လုပ်ပေးနိုင်ပါတယ်။ခွဲစိတ်ခြင်း :။တစ်ခါတစ်ရံ နှလုံးရဲ့ လျှပ်လမ်းကြောင်းတစ်ချို့ကို ဖယ်ထုတ်ဖို့အတွက် ခွဲစိတ်နည်းကိုသုံးရပါတယ်။pacemaker :။pacemaker ဆိုတာသေးငယ်တဲ့ စက်လေးပါ။ သင့်ရဲ့ အရေပြားအောက်မှာတပ်ထားပြီး ပုံမှန်နှလုံးခုန်သံရအောင် ကူညီပေးနိုင်ပါတယ်။Implantable။cardioverter defibrillator (ICD):။ရင်ဘတ်ထဲကို ခွဲစိတ်ပြီးထည့်ထားရတဲ့ ပစ္စည်းပါ။ သင့်ရဲ့ နှလုံးခုန်သံကို အချက်ပေးပြီး normal ရောက်အောင်လုပ်ပေးနိုင်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-arrhythmias/fast-heart-beat-explained/
null
null
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/how-to-choose-shoes-for-diabetic/
null
null
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/walking-benefits-for-diabetes-patients/
မန်ကျည်းရွက်ရဲ့ ဆေးဖက်ဝင်ပုံက
မန်ကျည်းပင်ကနွေရာသီမှာဆိုရင်အေးမြတဲ့အရိပ်ကိုပေးနိုင်ပါတယ်။နွေပူပူမှာ မန်ကျည်းရိပ်အေးအေးလေးမှာထိုင် အကြမ်းရည်သောက်ရင်း အညာဓလေ့အတိုင်း ထန်းလျက်လေးစားလက်ဖက်သုပ်လေးဝါးရတာကတော်တော်လေးအရသာရှိတယ်နော်။ အညာအငွေ့အသက်လေးတွေကတော်တော့်ကိုချစ်စရာကောင်းတာနော်။ မန်ကျည်းပင်ရဲ့ အသုံးတည့်မှုကဒီလောက်နဲ့ပြီးမသွားပါဘူး။ မန်ကျည်းပင်က အရွက်၊ အသီး၊ အခေါက်တစ်ပင်လုံးနီးပါး အသုံးဝင်ပါတယ်။ အခုတစ်ခေါက်တော့ နွေရာသီ ရောက်လာတဲ့အခါရာသီစာတစ်ခု အနေနဲ့ စားတတ်ကြတယ် မန်ကျည်းရွက်ရဲ့ ဆေးဖက်ဝင်ပုံအချို့ကိုပြောပြပေးမယ်နော်။မန်ကျည်းရွက်နုနုလေးတွေကို ကြက်သွန်စိမ်း၊ ပုဇွန်ခြောက်မှုန့်၊မြေပဲမှုန့်၊ ဆီစိမ်း၊ အချို အငန်အရသာထည့်ပြီးသုပ်စားကြတာမျိုးရှိသလို ချဉ်ရည်ဟင်းချက်စားတာမျိုးလည်း ရှိပါတယ်။ ဘယ်လိုပဲစားစား စားလို့ကောင်းတာကတော့ အမှန်ပါ။မန်းကျည်းရွက် ဆိုတာ မန်ကျည်းပင်ရဲ့ အရွက်ပါ။ အရွက်နုနုလေးတွေကို ဟင်းချက်စားတာ၊ သုပ်စားတာတွေ၊ အသုပ်တွေထဲမှာ ထည့်စားတာမျိုးတွေ ရှိကြပါတယ်။အရွက်သေးသေးလေးတွေ မျက်နှာချင်းဆိုင်ပြီး ရိုးတံရှည်ရှည်လေးမှာ အစီအရီထွက်နေတတ်တာပါ။ နုစဉ်မှာ အစိမ်းရောင်ဖျော့ဖျော့လေး ဖြစ်ပြီး ရင့်လာချိန်မှာတော့ အစိမ်းရောင် ရင့်ရင့်လေး ဖြစ်လာပါတယ်။မန်ကျည်းရွက်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။မန်းကျည်းရွက်လေးတွေက စားလို့တင်ကောင်းတာမဟုတ်ပါဘူး။ ကျန်းမာရေးအကျိုးအာနိသင်ထူးတွေလည်းရှိနေပါသေးတယ်။ မန်ကျည်းရွက်ရဲ့ ဆေးဖက်ဝင်ပုံက။ဆီးချိုသက်သာစေနိုင်တယ်– မန်ကျည်းရွက်ကသွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်ပြီးခန္ဓာကိုယ်ရဲ့အင်ဆူလင်ပမာဏကိုတိုးလာအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်– မန်ကျည်းရွက်က နာကျင်ရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်။တွယ်ဆက်တစ်ရှုးတွေရောင်ရမ်းတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ငှက်ဖျားသက်သာစေနိုင်တယ်– မန်ကျည်းရွက်ရဲ့ အဆီအနှစ်က ငှက်ဖျားရောဂါပိုးကို ကာကွယ်ဟန့်တားပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ခံတွင်းအနာကို သက်သာစေနိုင်တယ်– မန်ကျည်းရွက်ပြုတ်ရည်က ခံတွင်းအနာတွေကို သိသိသာသာ သက်သာစေနိုင်ပါတယ်။နို့ထွက်ကောင်းစေတယ်– မန်ကျည်းရွက်ရဲ့ အဆီအနှစ်က နို့တိုက်မိခင်တွေကို နို့ထွက်ကောင်းအောင် လုပ်ဆောင်ပေးပါတယ်။ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်တယ်-လေဒီတွေခံစားရတဲ့ လစဉ်တိုင်း နာကျင်ကိုက်ခဲမှု ဝေဒနာ သက်သာစေဖို့အတွက် မန်ကျည်းရွက်နဲ့ မန်ကျည်းပင် အခေါက်တို့ကို အသုံးပြုပေးလို့ရပါတယ်။ခံတွင်းကျန်းမာရေးအတွက်ကောင်းတယ်– ခံတွင်းကျန်းမာရေးက လူတိုင်းအတွက်အရေးပါတာပါ။ ဒါကြောင့်ခံတွင်းအနံ့ဆိုးကင်းအောင် မန်ကျည်းရွက်ကို စားသုံးပေးလို့ရပါတယ်။သွားကိုက်သွားနာတာအတွက်လည်း မန်ကျည်းရွက်ကို အသုံးပြုလို့ရပါတယ်။သွေးတိုးသက်သာစေနိုင်တယ်– ယနေ့ခေတ်ရဲ့လူနေမှုပုံစံက အလွယ်တကူသွေးတိုးဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာကကင်းဝေးစေဖို့ဆိုရင် မန်ကျည်းရွက် ကိုစားသုံးပေးလို့ရပါတယ်။သွေးတိုးကျအောင် လုပ်ဆောင်နိုင်မှုကလေဖြတ်နိုင်ခြေ၊နှလုံးသွေးကြောရောဂါနဲ့ အခြားသော ရောဂါအမျိုးမျိုးကို ကာကွယ်ရာ ရောက်မှာပါ။ဒါတွေတင် မကသေးပါဘူး။ မန်ကျည်းရွက်ကအသည်းရောဂါတွေကို သက်သာစေနိုင်သလိုအသည်းရောင်အသားဝါရောဂါ၊ဆီးလမ်းကြောင်းပိုးဝင်တာလိုမျိုးဝေဒနာတွေကို သက်သာစေနိုင်စွမ်း ရှိပါတယ်။ မန်ကျည်းရွက်ရဲ့ ဆေးဖက်ဝင်ပုံက တော်တော်လေးကို များတာပါ။မန်ကျည်းရွက်က ဆေးဖက်ဝင်သလို လူတော်တော်များများနဲ့ တည့်ပါတယ်။ အလွန်အကျွံမစားမိဖို့တော့ လိုပါမယ်။ ရောဂါအခံ ရှိမယ်။ ဆေးတစ်ခုခု သောက်နေရမယ် ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ စားစေချင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/tamarind-leaves-health-benefits/
ကလေးများတွင် အဖျားကြီး၍ တက်ခြင်းဆိုတာ ဘာလဲ
ဝက်ရူးပြန်ရောဂါဟာ မကြာခဏ တက်ခြင်းနှင့် ပတ်သက်ဆက်နွယ်နေတဲ့ ရောဂါအမျိုးအစားအုပ်စုတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)ရဲ့ တင်ပြချက်များအရ ကမ္ဘာပေါ်မှာ အတက်ရောဂါခံစားနေရတဲ့ လူနာပေါင်းဟာ အကြမ်းဖျင်းအားဖြင့် ၅၀မီလီယံရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဝက်ရူးပြန်ရောဂါနှင့် အတက်ရောဂါမှာ အမျိုးအစားများစွာရှိပါတယ်။ သူတို့ထဲက တစ်ခုကတော့ febrile seizures လို့ခေါ်ပါတယ်။febrile seizures ဆိုတာဘာလဲ။Febrile seizure ဆိုတဲ့ အတက်ရောဂါအမျိုးအစားဟာ ကလေးငယ်တွေမှာ အဖျားအလွန်ကြီးတဲ့အခါ တက်တာကို ခေါ်ပါတယ်။ ဒီလိုတက်လာတဲ့အခါမှာ မိဘတွေနဲ့ အခြားဂရုစိုက်သူတွေဟာ အလွန်အမင်း စိုးရိမ်ထိတ်လန့်သွားနိုင်ပါတယ်။Febrile seizure အတက်ရောဂါဟာ ဘယ်သူတွေမှာ ဖြစ်နိုင်သလဲ။အသက်၁ နှစ်မပြည့်ခင်မှာ ပထမဆုံးအကြိမ် ဖျားပြီးတက်ကြတဲ့ ကလေးအားလုံးထဲကမှ တစ်ဝက်ဟာဆိုရင် အနည်းဆုံး တစ်ကြိမ်ထက်ပိုပြီး တက်လေ့ရှိပါတယ်။ အသက် ၁နှစ်ထက်ကြီးပြီး ပထမဆုံးအတက်ရောဂါ စဖြစ်ကြတဲ့ ကလေး လေးယောက်မှာ တစ်ယောက်ဟာ နောက်ပိုင်းမှာလည်း ဆက်ပြီးအတက်ရောဂါဖြစ်လေ့ရှိပါတယ်။ တကယ်လို့ ကလေးရဲ့ မိဘတွေ၊ ဝမ်းကွဲတွေ သို့မဟုတ် သွေးရင်းသားရင်းတွေမှာလည်း ဖျားလျှင်တက် တဲ့ရောဂါရှိတဲ့အခါ ကလေးမှာလည်း သူတို့လိုပဲ ဖြစ်နိုင်ခြေရှိပါတယ်။ တစ်ခါတလေမှာ တက်တာဟာ မမျှော်လင့်ပဲလည်း ဖြစ်နိုင်ပါတယ်။ ကျန်းမာရေးကောင်းတဲ့ ကလေးတွေမှာဆိုရင် ဖျားနာခြင်းဟာ ရုတ်တရက် တိတ်တဆိတ် ဝင်ရောက်ခြင်းနဲ့ စတင်ပါတယ်။ ဒီအခါမှာ တက်ခြင်းဟာဆိုရင် ကလေးနေမကောင်း ဖြစ်နေတယ်ဆိုတာကို မိသားစုကိုဖော်ပြပေးနေတဲ့ ပထမဦးဆုံး လက္ခဏာဖြစ်နိုင်ပါတယ်။ဖျား၍ တက်ခြင်း ဖြစ်နိုင်ခြေကို မြင့်စေနဲ့ အရာတွေကတော့။• ဖျားပြီးမတက်ခင်မှာ ကလေးဟာ ပုံမှန်ဖွံ့ဖြိုးကြီးထွားမှု မရှိခြင်း။• complex febrile seizures ဟုခေါ်သော အတက်ရောဂါ အမျိုးအစားရှိခြင်း- ဒီလိုအတက်ရောဂါဟာ တက်တဲ့အခါ ၁၅ မိနစ်ထက်ပိုပြီးကြာပါတယ်။ ၂၄ နာရီအတွင်းမှာလည်း ၁ကြိမ်ထက် ပိုပြီးတက် တတ်ပါတယ်။ ပြီးတော့ ဒီလိုတက်တဲ့အခါမှာ ခန္ဓါကိုယ်ရဲ့ တစ်ခြမ်းသာလျှင် ထိခိုက်ပါတယ်။• မိဘများ၊ အစ်ကို၊အစ်မများတွင် ဖျား၍တက်ခြင်း ရာဇာဝင်မရှိပဲ တက်ခြင်း။လေ့လာသူအချို့က မိသားစုအချို့မှာ ဖျား၍တက်ခြင်းကိုဖြစ်စေနိုင်တဲ့ အမျိုးမျိုးသော မျိုးရိုးဗီဇ လက္ခဏာတွေကို တွေ့နေရပါတယ်။ ဒီမျိုးရိုး ဗီဇလက္ခဏာတွေကိုလေ့လာခြင်းအားဖြင့် ဖျား၍တက်ခြင်းကို ဘယ်လိုကာကွယ်နိုင်မလဲဆိုတာ နှင့် နားလည်မှုအသစ်များကိုရရှိနိုင်မှာ ဖြစ်ပါတယ်။ဖျား၍ တက်ခြင်းကို ဘယ်လိုကုသလဲ။ကလေးတက်နေစဉ်မှာ ကလေးကို တစ်ဖက်တစ်ချက်ကိုစောင်းပြီး အန္တရာယ်ကင်းတဲ့ မြေပြင်မှာထားပါ။ ခဏစောင့်ကြည့်ပါ။ တကယ်လို့တက်တဲ့ အချိန်ဟာ ၅မိနစ် ထက်ပိုပြီးကြာလာမယ်ဆိုရင် ကလေးကိုအရေးပေါ်ကုသမှုခံယူရန် အမြန်ပို့ဆောင်ပါ။ဖျား၍တက်နေသော ကလေးအား ရေကြက်သီးနွေးဖြင့် ရေချိုးပေးခြင်း သို့မဟုတ် ရေအေးဝတ်ကို ကလေးရဲ့ ဦးခေါင်းသို့မဟုတ် ခန္ဓါကိုယ်မှာ ကပ်ပေးခြင်းအားဖြင့် မကာကွယ်နိုင်ပါဘူး။ acetaminophen (Tylenol) or ibuprofen (Advil, Motrin) ကဲ့သို့အဖျားကျဆေးတွေ သုံးခြင်းကလည်း မကူညီနိုင်ပါဘူး။ ဒီလိုမျိုးအရာတွေ ပြုလုပ်ပေးခြင်းက ဖျားနေတဲ့ကလေးကို ပိုပြီးနေလို့ကောင်းအောင် လုပ်ပေးခြင်းသာဖြစ်ပါတယ်။ ဖျား၍တက်ခြင်းကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။ဖျားလျှင် တက်လေ့ရှိတဲ့ ကလေးအများစု ကိုနေ့စဉ်နေ့တိုင်း အတက်ရောဂါ ပျောက်ဆေးတွေ တိုက်ပေးဖို့ရာ မလိုအပ်ပါဘူး။ ခဏ ခဏ ဖျား၍ တက် တတ်သောကလေးအချို့ကို phenobarbital, Depakote (valproate)စတဲ့ ဆေူများ (သို့) အခြားအတက်ရောဂါ ပျောက်ဆေးများနှင့် ကုသနိုင်ပါတယ်။ကျန်းမာရေးစောင့်ရှောက်မှု ပေးဖို့ရာ မလွယ်ကူတဲ့ တစ်နယ်တစ်ကျေး အရပ်ဒေသမှာ နေထိုင်သည့်အပြင် ခဏခဏ ဖျားလျှင်တက် တတ်တဲ့ကလေးများဟာ ကုသမှုခံယူရန် စဉ်းစားသင့်ပါတယ်။ ရှားရှားပါးပါး အချိန်အကြာကြီး ဖျားလျှင်တက် တတ်သော အချို့ကလေးများ သို့မဟုတ် မကြာခဏဖျားလျှင်တက် တတ်သောကလေးများကို ကာကွယ်သည့် အနေဖြင့် phenobarbital ဆေး တိုက်ပေးသင့်ပါတယ်။ အခြားဆေးများကိုလည်း ဖျား၍တက်နေတဲ့အချိန်မှာ ပေးသင့်ပါတယ်။အိပ်ဆေးတစ်မျိုး ဖြစ်တဲ့ Diastat လို့ခေါ်တဲ့ diazepam အပျစ် သို့မဟုတ် အရည်ကိုတော့ စအိုကနေပေးရန် ဖြစ်ပါတယ်။Klonopin (clonazepam) ဝေဖာကို လျှာပေါ်တွင် တင်ပေးခြင်း သို့မဟုတ် diazepam အပြားကို တိုက်ခြင်း သို့မဟုတ် Lorazepam ဆေးကို ကြိတ်ချေ၍ ပါးစောင်နှင့်သွားဖုံးကြားတွင် ထည့်ပေးခြင်း စတာတွေပြုလုပ်နိုင်ပါတယ်။ကလေးကို စဖျားပြီ ဆိုတာနဲ့ diazepam သို့မဟုတ် Valium ကိုပေးခြင်းဟာ ခဏခဏဖျား၍ တက်ခြင်း ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ Valium ဆေးနှင့် ကုသမှု ခံယူထားတဲ့ ကလေးတွေရဲ့ ၃၀ ရာခိုင်နှုန်းဟာဆိုရင် အိပ်ငိုက်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်းနှင့် အလုပ်ကောင်းကောင်း မလုပ်ဆောင်နိုင်ခြင်း စတာတွေကို ရက်ပေါင်း များစွာဖြစ်နေတာ တွေ့နိုင်ပါတယ်။ ဒါဟာ ၎င်းဆေး ရဲ့ ဘေးထွက်ဆိုးကျိုး အချို့ပဲ ဖြစ်ပါတယ်။ယခင်က ဆရာဝန်တွေဟာ ကလေးတွေ ဖျားပြီးတက်တဲ့အခါမှာ ဝက်ရူးပြန်ရောဂါကို ကာကွယ်ဖို့အတွက် အတက်ပျောက်ဆေးတွေကို ပေးလေ့ရှိကြပါတယ်။ သို့သော် ဖျားပြီးတက်တဲ့ကလေးအများစုဟာ ဝက်ရူးပြန်ရောဂါ မဖြစ်လာနိုင်ပါဘူး။ ဒါ့အပြင် အတက်ပျောက်ဆေးတွေကို အချိန်အကြာကြီး ကလေးတွေကို ပေးတဲ့အခါ ဦးနှောက် ပျက်စီးခြင်း သို့မဟုတ် အခြားမလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဖျားပြီးတက် တတ်တဲ့ကလေး အများစုကို အတက်ပျောက်ဆေး နေ့စဉ်တိုက်ပေးဖို့ရာ မလိုအပ်ပါဘူး။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%a1%e1%80%96%e1%80%ba%e1%80%ac%e1%80%b8%e1%82%80%e1%80%80%e1%80%ae%e1%80%b8%e1%81%8d/
စုံတွဲတွေအနေနဲ့ ပုံမှန်လိင်ဆက်ဆံမှု ဘယ်နှစ်ကြိမ် ပြုလုပ်သင့်လဲ
ကြင်စဦးဇနီးမောင်နှံတွေအနေနဲ့ မကြာခဏ လိင်ဆက်ဆံမှုပြုတာ သဘာဝပဲဆိုပေမယ့် အချိန်အတိုင်းအတာတစ်ခုအထိ ပေါင်းသင်းနေထိုင်ပြီးတဲ့ စုံတွဲတွေမှာတော့ ညားကာစလောက်တော့ လက်ပွန်းတသီးနေတာမျိုး သိပ်မရှိတော့ဘူးပေါ့။ ဒါပေမယ့်လည်း ဇနီးမောင်နှံရယ်လို့ ဖြစ်လာတဲ့အခါ လုံးဝလိင်မှုကိစ္စကို ရှောင်တာမျိုးထက် အကြိမ်ရေ သတ်မှတ်ထားတာတော့ ပိုကောင်းပါတယ်။ ဒီတစ်ခေါက်တော့ စုံတွဲတွေအနေနဲ့ ပုံမှန်လိင်ဆက်ဆံမှု ဘယ်နှစ်ကြိမ် ပြုလုပ်သင့်လဲ ဆိုတာကို ပြောပြပေးသွားပေးပါမယ်။စုံတွဲတွေအနေနဲ့ ပုံမှန်လိင်ဆက်ဆံမှု ဘယ်နှစ်ကြိမ် ပြုလုပ်သင့်လဲ ဆိုတော့ ပြောကြတာကတော့ အမျိုးမျိုးပါပဲ။ တစ်ပတ်တစ်ကြိမ်လိင်ဆက်ဆံတာက အကောင်းဆုံး၊ တစ်လကို တစ်ကြိမ်ဆက်ဆံတာက ပုံမှန်ဖြစ်တယ် အစရှိသဖြင့်ပေါ့။ တကယ်တမ်းမှာ အိမ်ထောက်ဖက် တစ်ဦးနဲ့ တစ်ဦး လိင်မှုကိစ္စမှာ စိတ်ပါပုံချင်း၊ စွမ်းဆောင်ပုံချင်းက မတူညီတာကြောင့် ပုံမှန်လိင်ဆက်ဆံတဲ့ အကြိမ်ရေကို တိတိကျကျ တွက်ဆလို့ မရပါဘူး။ ညားကာစမှာဖြစ်စေ၊ နောက်ပိုင်းအသားကျသွားတဲ့အခါမှာဖြစ်စေ လင်နဲ့ မယား လိင်ဆက်ဆံဖို့ ရက်ကို သေချာညှိနှိုင်းပြီး သတ်မှတ်တာက အကောင်းဆုံးပါပဲ။လူရယ်လို့ ဖြစ်လာပြီဆိုရင်ကာမကိစ္စသည် မပါမဖြစ် လုပ်ငန်းဆောင်တာထဲမှာ ပါနေပါတယ်။ အထူးသဖြင့် ချစ်လို့ယူထားကြတဲ့ ဇနီးမောင်နှံတွေမှာ လိင်မှုကိစ္စရပ်လိုက်တဲ့အခါ အိမ်ထောင်ရေးနဲ့ မိသားစုရေးမှာ ပြဿနာတက်လာမှာပါ။ လိင်ဆက်ဆံမှု မရှိတဲ့အခါ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ စိတ်ဆိုးဒေါသထွက်လွယ်လာမယ်၊သံယောဇဉ်တွေနည်းသွားမယ်၊ ဖောက်ပြန်ဖို့ ကြိုးစားလာမယ်၊ အဆုံးသတ်မှာကွာရှင်းပြတ်စဲသည်အထိ ဖြစ်လာနိုင်ပါတယ်။အဓိကကတော့ အသက်အရွယ်ပေါ့။ အိမ်ထောင်ပြုထားတာလည်း ကြာပြီ၊ နှစ်ဦးလုံးကလည်းအသက်ကြီးပြီဆိုရင်တော့ ငယ်ရွယ်စဉ်ကလောက် လိင်ဆက်ဆံချင်စိတ်က နည်းသွားတတ်ပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ လိင်ဆက်ဆံမှု တစ်နည်းအားဖြင့် ထိုးသွင်းဆက်ဆံမှု မရှိရင်တောင် လင်နဲ့ မယား လက်ပွန်းတသီးနေတာ၊ ကြင်ကြင်နာနာ ဆက်ဆံတာ၊ နှစ်ကိုယ်ကြား တီးတိုးစကားပြောဆိုတာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။နောက်တစ်ချက်ကတော့ လိင်စိတ်ဆန္ဒပါ။ အသက်ကြီးလာရင် လိင်စိတ်ဆန္ဒနည်းသွားတတ်တယ်ဆိုပေမယ့် နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေ၊စိတ်ဖိစီးမှုတွေ၊ အိမ်ထောင်ရေး၊ မိသားစုရေး၊ ငွေရေးကြေးရေး အဆင်မပြေတာတွေ၊ ကျန်းမာရေးပြဿနာတွေဟာလိင်စိတ်ဆန္ဒကို သွားပြီးသက်ရောက်နိုင်ပါတယ်။ ဒါကြောင့် နှစ်ဦးလုံး ဘဝမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖွင့်ဟပြောဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် ရိုင်းပင်းကူညီမှ သာယာပျော်ရွှင်ဖွယ် အိမ်ထောင်ရေးဘဝကို ပိုင်ဆိုင်ရမှာပါ။အိမ်ထောင်ကျပြီး ၁နှစ် ၂နှစ်လောက်မှာ ကိုယ့်ချစ်သူက အရင်ကလောက် လိင်ဆက်ဆံဖို့ စိတ်မပါတော့ဘူးဆိုတာတွေ၊ ကိုယ်က လိင်ပိုင်းဆိုင်ရာမှာ အရမ်းစိတ်အားထက်သန်ပေမယ့် ကိုယ့်အိမ်ထောင်ဖက်က ကိုယ်စိတ်တိုင်းကျရလောက်တဲ့အထိ သာယာမှု မပေးနိုင်တဲ့ ကိစ္စမှာတော့ နှစ်ဦးနှစ်ဖက် သူ့အကြိုက်၊ ကိုယ့်အကြိုက်ကို သေချာညှိနှိုင်းကြည့်တာ အကောင်းဆုံးပါပဲ။လိင်မှုကိစ္စမှာ ပိုပြီးစွမ်းဆောင်နိုင်ဖို့နဲ့ လိင်စိတ်ဆန္ဒတက်စေဖို့ ကိုယ့်ရဲ့ တစ်နေ့တာ နေထိုင်စားသောက်မှုပုံစံကိုလည်း ပြင်ဖို့တော့ လိုပါတယ်။ အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့ အကျင့်ကို ဖျောက်ပါ။ အမျိုးသားဆိုရင် အားကစားလုပ်ပါ၊Gymသေချာကစားပါ။အမျိုးသမီးတွေဆိုရင်လည်း ပုံမှန်လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာမျိုး လုပ်ပေးပါ။ ကျန်းမာပြီး အာဟာရရှိတဲ့ အစားအစာတွေကို အဓိကစားပေးပါ။ ကိုယ်အလေးချိန်ကို ထိန်းပါ။ လင်မယားကြား ဆက်ဆံရေး သွေးမအေးသွားစေဖို့ ပုံမှန်ကြင်ကြင်နာနာ စကားပြောဆက်ဆံပါ။ တစ်ယောက်ကို တစ်ယောက် ရိုင်းပင်းကူညီပါ။ ပြဿနာတွေကို တစ်ယောက်တည်းမျိုသိပ်လိုက်တာထက် ဖွင့်ပြောပြီး အတူဖြေရှင်းနိုင်ရင်တော့ အကောင်းဆုံးပါပဲ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/how-often-do-normal-couples-have-sex/
Atonic seizure အမျိုးအစား အတက်ရောဂါအကြောင်း သင်သိထားသင့်သော အရာများ။
Atonic seizure ဆိုတာ”drop attacks” သို့ “drop seizures” လို့ခေါ်တဲ့ ရုတ်တရက်ပြုတ်ကျပြီး တက်တဲ့ အတက်ရောဂါအမျိုးအစားကို ခေါ်ပါတယ်။ ဒီလိုတက်တဲ့အခါမှာ အထူးသဖြင့် လက်မောင်းနှင့် ခြေထောက် မှာရှိတဲ့ ကြွက်သားတွေရဲ့ တင်းအားဟာ ရုတ်တရက် အားလုံး ဆုံးရှုံးသွားပြီး လဲကျသွားတဲ့ရလဒ်ကို ဖြစ်စေပါတယ်။Atonic seizure ဆိုတာဘာလဲ။Atonic seizure အမျိုးအစားအတက်ရောဂါမှာ ကြွက်သားတွေဟာ ရုတ်တရက် စွမ်းအားတွေ၊ စွမ်းအင်တွေမရှိတော့ပဲ ယုတ်လျော့သွားပါတယ်။ ဒါ့အပြင် မျက်ခွံတွေဟာလည်း လေးကျလာနိုင်ပါတယ်။ ဦးခေါင်းဟာလည်း ရှေ့ကိုငိုက်ကျ သွားပြီး လူနာဟာ များသောအားဖြင့် မြေပြင်ပေါ်သို့ လဲကျသွားလေ့ရှိပါတယ်။ ဒီရောဂါဟာ များသောအားဖြင့် ကလေးငယ်စဉ်မှာ ဖြစ်လေ့ရှိပြီး Lennox Gastaut syndrome ရောဂါနှင့် လက္ခဏာချင်း ဆင်တူပါတယ်။ Atonic seizure အမျိုးအစား အတက်ရောဂါ ရှိတဲ့ သူတွေဟာ လဲကျသွားတဲ့ အတွက်ကြောင့် ဒဏ်ရာ ရနိုင်ပါတယ်။ ဒါကြောင့် ဦးထုပ်အမာ ကဲ့သို့ အကာအကွယ်ပစ္စည်း သုံးဖို့ရာအတွက် ရွေးချယ်စဉ်းစား ပေးသင့်ပါတယ်။ဘယ်သူတွေဟာ atonic seizure အမျိုးအစား အတက်ရောဂါ ဖြစ်နိုင်ခြေများသလဲ။Atonic seizure အမျိုးအစားအတက်ရောဂါဟာ များသောအားဖြင့် ကလေးငယ်စဉ်မှာ စတတ်ပြီး ကလေးကြီး ဖြစ်လာတဲ့အချိန် အထိကို ကြာနိုင်ပါတယ်။Atonic seizure ရောဂါအမျိုးအစား တက်နေတဲ့အခါ ဘာတွေဖြစ်လာသလဲ။ဒီအမျိုးအစားအတက်ရောဂါဖြစ်လာရင် လူနာရဲ့ ခန္ဓါကိုယ်ဟာ မြေပြင်ပေါ်ကို ပုံရက်သား ကျသွားပါတယ်။ သူတို့ဟာ များသောအားဖြင့်တော့ သတိရှိနေလေ့ ရှိပါတယ်။ ဒီလိုတက်လာတဲ့ အခါမှာ ယေဘုယျ အားဖြင့်တော့ ၁၅ စက္ကန့် အောက်သာ ကြာတတ်ပါတယ်။ တကယ်လို့ လူနာဟာ မတ်တပ်ရပ်နေမယ်ဆိုရင် ကြမ်းပြင်ပေါ်ကို ပုံရက်သားပြုတ်ကြသွားပါတယ်။ ထိုင်နေမယ်ဆိုရင်လည်း သူရဲ့ ဦးခေါင်း သို့မဟုတ် ခန္ဓါကိုယ်အပေါ်ပိုင်းဟာ ကွေးညွှတ်ပြီး ပျော့ခွေသွားပါတယ်။ အတက်ရောဂါ ရှိတဲ့ လူတစ်ယောက်ဟာ တောင့်တောင့်ကြီး လဲကျသွားမယ် ဆိုရင်တော့ ဒီလိုအတက်ရောဂါဟာ များသောအားဖြင့် tonic seizure လို့ခေါ်တဲ့ ရုတ်တရက် ကြွက်သားတောင့်တင်းကာ ကျုံ့ ခြင်းလို့ခေါ်တဲ့ အတက်ရောဂါ အမျိုးအစားကြောင့် ဖြစ်နိုင်ပါတယ်။ဒီအမျိုးအစားအတက်ရောဂါ ရပြီးတဲ့နောက် ဘာတွေဖြစ်လာသလဲ။ဒီအမျိုးအစားအတက်ရောဂါ တက်ပြီးတဲ့အခါမှာ လူနာဟာ ဝေဝေဝါးဝါးလည်း ဖြစ်နိုင်ပါတယ်။ ဝေဝေဝါးဝါး မဟုတ်တာလည်းဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဒီအတက်ရောဂါ အမျိုးအစားဟာ ထိခိုက်ဒဏ်ရာ ပွန်းပဲ့ရာတွေ ဖြစ်လာနိုင်တဲ့အတွက်ကြောင့် ရှေးဦးသူနာပြုစုဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအတက်ရောဂါ ဖြစ်တဲ့အခါမှာ များသောအားဖြင့် လဲကျသွားတာဖြစ်လို့ပါ။ ဒီအမျိုးအစားလူနာတွေဟာ များသောအားဖြင့် ဦးထုပ်ဆောင်းပေးဖို့ လိုအပ်ပါတယ်။Atonic seizure အမျိုးအစား အတက်ရောဂါဟာ ဘယ်နှစ်ကြိမ်လောက် ဖြစ်လေ့ရှိသလဲ။ဒီအမျိုးအစား အတက်ရောဂါ လူနာရှင်တွေဟာ တစ်ကြိမ် သို့မဟုတ် ဆက်တိုက်အကြာကြီးဖြစ်နေနိုင်ပါတယ်။ ဒီအတက်ရောဂါ အမျိုးအစားဖြစ်နေပြီဆိုရင်တော့ လူနာဟာ လဲကျတဲ့အခါ ဒဏ်ရာရခြင်းကို ကာကွယ်ဖို့ရာ လုံခြုံတဲ့နေရာတစ်ခုမှာ ရှိနေဖို့ အရေးကြီးပါတယ်။Atonic seizure အမျိုးအစား အတက်ရောဂါ ရှိနေတဲ့ တစ်စုံတစ်ဦးကို သင်ဘာတွေပြောပြနိုင်သလဲ။ဒီအမျိုးအစားအတက်ရောဂါဟာ အတော်အသင့်ကို ထင်ရှားပါတယ်။ ဘာကြောင့်လဲဆိုတော့ တကယ်လို့ လူနာက ရပ်နေမယ်ဆိုရင် ရုတ်တရက် လဲကျပြီး မြေပြင်ပေါ်ကို ပုံလျက်သား ပြုတ်ကျသွားနိုင်ပါတယ်။ တစ်ဖက်ကပြောရလျှင် တကယ်လို့လူနာက ထိုင်နေမယ်ဆိုရင်လည်း သူရဲ့ ဦးခေါင်းဟာရုတ်တရက် ကွေးညွှတ်သွားပါတယ်။ လူနာရဲ့ တက်တဲ့အခါမှာ ဘေးမှာရှိနေတဲ့ မျက်မြင်သက်သေတွေက တက်တဲ့ပုံစံအနေအထားကို ပြောပြခြင်းအားဖြင့် အဖြေရှာအတည်ပြုနိုင် ပါတယ်။atonic seizure အမျိုးအစား အတက်ရောဂါ ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။အချို့သောEEG စက်ဖြင့် မှတ်တမ်းတင်စစ်ဆေးခြင်းကလည်း ဒီရောဂါဖြစ်နေတယ်ဆိုတာကို သေချာအောင် လုပ်ဆောင်နိုင်ပါတယ်။ တကယ်လို့ တက်တာဟာ အမြဲတမ်းလိုလို ဖြစ်နေမယ်ဆိုရင် လူနာဟာ နှလုံးခုန်နှုန်းအပြောင်း အလဲကြောင့် သို့မဟုတ် သွေးပေါင် အတက်အကျကြောင့် လဲကျတာ ဟုတ်မဟုတ် ဆိုတာ သေချာအောင် အခြားသော စစ်ဆေးမှုများကို ပြုလုပ်ရန်လိုအပ်ပါတယ်။atonic seizure ရောဂါကို ဘယ်လိုကုသလဲ။Atonic seizure အမျိုးအစားအတက်ရောဂါကို ကာကွယ်ရန် ကူညီပေးနိုင်တာကတော့ ဆေးသောက်ခြင်း၊ vagus အာရုံကြောကို လှုံ့ဆော်ပေးသော ပစ္စည်းဖြင့် လှုံ့ဆော်ခြင်း၊ ketone ဓါတ်ပါသော အစားအသောက်များ သို့မဟုတ် ပြုပြင်ထားသော Atkin ဟုခေါ်သည့် အဆီများပြီး ကစီဓါတ်နည်းသော အစားအသောက်များ စားခြင်းနှင့် corpus callosum ဟုခေါ်သော ဦးနှောက်အတွင်းရှိ တစ်ရှူးပိုင်းလေးကို ခွဲစိတ်ခြင်း စတာတွေက ကူညီပေးနိုင်ပါတယ်။Atonic ဆိုတဲ့ အဓိပ္ပါယ်ကတော့ ရုတ်တရက် ကြွက်သားရဲ့ တင်းအားတွေ ဆုံးရှုံးသွားခြင်းကို ခေါ်ပါတယ်။ ၎င်းကို ဒေါ့အတက် လို့လည်း ခေါ်ပါတယ်။ အချို့သောကလေးတွေမှာ သူတို့ရဲ့ ဦးခေါင်းဟာ ရုတ်တရက် ညွတ်ကျသွားပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/atonic-seizure-%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%b8-%e1%80%a1%e1%80%90%e1%80%80%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%a1/
Glomerulonephritis (ကျောက်ကပ်ရောင်ရောဂါ)
ဒီရောဂါဟာ ကျောက်ကပ်ထဲမှာရှိတဲ့ ပြွန်တွေရောင်ခြင်းကြောင့် ဖြစ်ပေါ်လာတယ်။ သင့်ကျောက်ကပ်ထဲမှာ သွေးကြောသေးသေးလေးတွေနဲ့ လုပ်ထားတဲ့ ဇကာစစ်လေးတွေအများကြီးရှိပြီး သင့်သွေးအတွင်းက ပိုလျှံနေတဲ့ အရည်တွေ၊ သတ္တုဓါတ်တွေနဲ့ အညစ်အကြေးတွေကို ဆီးအဖြစ်စွန့်ထုတ်ပေးပါတယ်။ ကျောက်ကပ်ပြွန်တွေ ပျက်ဆီးတဲ့အခါ သင့်ကျောက်ကပ်က ကောင်းစွာအလုပ်မလုပ်နိုင်ဘဲ ကျောက်ကပ်ပျက်ဆီးနိုင်ပါတယ်။ကျောက်ကပ်ရောင်ခြင်းဆိုတာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဖြစ်များပါတယ်။ ဒီရောဂါဟာ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကို လျှော့ချပြီး ရောဂါကာကွယ်နိုင်ပါတယ်။ ထပ်မံသိလိုသောအချက်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ကျောက်ကပ်ရောင်ခြင်းရဲ့ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေမှာ။ဒီထဲမှာမပါတဲ့ အချက်တွေလည်း ရှိပါတယ်။ သင့်ရဲ့ လက္ခဏာအကြောင်းသိရှိလိုပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ဒီထဲမှာမပါတဲ့ ရောဂါလက္ခဏာအကြောင်း သိလိုပါက ဆရာဝန်နှင့်ဆွေးနွေးနိုင်ပါတယ်။ လူတိုင်းရဲ့ ကိုယ်ခန္ဓါက တုံ့ပြန်မှု မတူတတ်ကြပါဘူး။ သင့်အခြေအနေကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသာ အကောင်းဆုံးဖြစ်ပါတယ်။တကယ်တော့ ကျောက်ကပ်ရောင်ခြင်းကို ဖြစ်စေတဲ့ တချို့အကြောင်းတွေကို မသိရသော်လည်း ဖြစ်စေတဲ့အကြောင်းတွေက များစွာရှိနိုင်ပါတယ်။ ဒါတွေကတော့။ကျောက်ကပ်ရောင်တာကို အဖြစ်များစေတဲ့ အချက်တွေက အများကြီးရှိပါတယ်။ ဒါတွေကတော့။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆီးစစ်ခြင်းဖြင့် ကျောက်ကပ်ရောင်ရောဂါကို သိရှိနိုင်ပါတယ်။ ဆီးစစ်ခြင်းဖြင့် ဆီးထဲ သွေးနီဥဘယ်လောက်ပါတယ်ဆိုတာ သိနိုင်ပါတယ်။ ဒါဟာ ကျောက်ကပ်အထဲမှာရှိတဲ့ ပြွန်တွေ ဘယ်လောက်ပျက်ဆီးလဲဆိုတာ ပြသပါတယ်။ ဒါ့ပြင် ရောဂါပိုးဝင်ရောင်ရမ်းခြင်းကို ပြသတဲ့ သွေးဖြူဥပမာဏကို သိနိုင်သလို ကျောက်ကပ်ဆဲလ်တွေပျက်ဆီးတာကို ပြသတဲ့ ပရိုတင်းတွေများနေတာကိုလည်း သိနိုင်ပါတယ်။ သွေးစစ်ခြင်းဖြင့်လည်း စွန့်ထုတ်တဲ့ အညစ်အကြေး( Creatinine၊ Urea ၊ နိုက်ထရိုဂျင်) တွေကိုလည်း သိရှိနိုင်ပါတယ်။တစ်ခါတစ်ရံ ဆရာဝန်က သင့်ကျောက်ကပ်ကို ဓါတ်မှန်၊ အာထရာဆောင်း( အသံလှိုင်းဖြင့် ပုံရိပ်ဖော်စက်)၊ ကွန်ပျူတာဓါတ်မှန် ရိုက်ပြီးလည်း စစ်ဆေးပေးပါလိမ့်မယ်။ရောဂါရှာဖွေတဲ့ နောက်တစ်နည်းကတော့ ကျောက်ကပ်အသားစကိုယူပြီး ဓါတ်ခွဲစစ်ဆေးတာပဲ ဖြစ်တယ်။ ကျောက်ကပ်ရဲ့ အသားစအနည်းငယ်ကိုယူဖို့ အထူးပြုလုပ်ထားတဲ့အပ်ကိုသုံးပြီး အသားစယူကာ အနုကြည့်မှန်ပြောင်းစစ်ဆေးခြင်းဖြင့် ကျောက်ကပ်ရောင်ခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းကို ရှာဖွေနိုင်ပါတယ်။ကျောက်ကပ်ရောင်ရောဂါကို သူ့ရောဂါအမျိုးအစားပေါ်မူတည်ပြီး ကုသနိုင်ပါတယ်။ ကုသနည်းတစ်ခုမှာ သွေးပေါင်တက်တာကို ထိန်းခြင်းဖြစ်တယ်။ သွေးပေါင်တက်တာက ရောဂါကို ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုပဲ ဖြစ်တယ်။သင့်သွေးပေါင်ချိန်ကို မထိန်းနိုင်ဘူးဆိုလျှင် ဆရာဝန်က သင့်ကို သွေးပေါင်ထိန်းညှိဆေး captopril၊ lisinopril၊ perindopril (ACE inhibitors) ပေးပါလိမ့်မယ်။ သင့်ကိုယ်ခံအားက သင့်ကျောက်ကပ်ကို ပြန်ပြီးတိုက်ခိုက်တဲ့အခံ ကိုယ်ခံအားကို လျှော့ချဖို့ စတီးရွိုက်တွေကို သုံးနိုင်ပါတယ်။ ဒါနဲ့ ရလဒ်တူတဲ့ နောက်တစ်နည်းကတော့ သွေးရည်ကြည်ကို လဲပစ်တာပဲ ဖြစ်ပါတယ်။ ဒီနည်းက ကိုယ်တွင်းက သွေးရည်ကြည်တွေကို ဖောက်ထုတ်ပြီး သူ့အစား ကိုယ်ခံအားမပါတဲ့ သွေးရည်ကြည် သို့မဟုတ် အကြောဆေးရည်တွေ သွင်းပေးတာပဲ ဖြစ်တယ်။သင့်ရဲ့ရောဂါကို ကုသဖို့အတွက် သင့်အစားအစာတွေထဲပါတဲ့ ပရိုတင်း(အသားဓါတ်)၊ ဆားနဲ့ ပိုတက်ဆီယမ်တွေကို ချင့်ချိန်စားသင့်တယ်။ ရေဘယ်လောက်သောက်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း သေချာစဉ်းစားထားဖို့ လိုအပ်ပါတယ်။သင့်ရောဂါက ပိုဆိုးလာပြီး ကျောက်ကပ်ပျက်ဆီးတဲ့အထိ ဖြစ်လာရင် ဆရာဝန်မှ ကျောက်ကပ်ဆေးဖို့ ညွှန်ကြားပါလိမ့်မယ်။ ဒါ့အတွက် သုံးတဲ့စက်တွေက သင့်သွေးတွေ စစ်ထုတ်ဖို့ ကူညီပါလိမ့်မယ်။ နောက်ဆုံးမှာ ကျောက်ကပ်အစားထိုးနိုင်ပါတယ်။အောက်မှာပြထားတဲ့ နေထိုင်မှုပုံစံပြောင်းခြင်းနဲ့ အိမ်တွင်းကုထုံးတွေက ကျောက်ကပ်ရောင်တာကို ကာကွယ်ပေးနိုင်ပါတယ်။သိလိုသောအချက်များရှိပါက ဆရာဝန်နှင့် ဆွေးနွေးပြီး သင့်အတွက်အကောင်းဆုံးအဖြေကို ရှာဖွေပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/glomerulonephritis-%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%80%e1%80%b9%e1%80%80%e1%80%95%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab/
သွေးတိုးကျချင်တာလား လမ်းများများလျှောက်လေ
သွေးတိုးတယ်ဆိုတိုင်း ဆေးသောက်ရတော့မှာပဲဆိုပြီး စိတ်ညစ်နေပြီလား။ သွေးတိုးရှိတယ်။ ဒါပေမယ့် ဆေးမသောက်ချင်ဘူးဆိုတဲ့သူလေးတွေရှိလား။ ဒါဆိုရင်တော့ သွေးတိုးကျချင်တာလား လမ်းများများလျှောက်လေ လို့ ပြောချင်ပါတယ်။ ဘာကြောင့် ဒီလို ပြောရလဲဆိုတာကို ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်လိုက်ပါနော်။သွေးပေါင်ချိန်ကကျန်းမာရေးထိခိုက်နိုင်လောက်တဲ့ အနေအထားထိ မြင့်တက်သွားတာကို သွေးတိုးတယ် လို့ခေါ်ကြတာပါ။ သွေးတိုးကနောက်ဆက်တွဲရောဂါအနေနဲ့ ဝင်လာနိုင်သလိုရှေ့ကနေ ဦးဆောင်သူအနေနဲ့လည်း ဝင်လာနိုင်ပါတယ်။သွေးတိုးတယ်ဆိုတာကသွေးပေါင်ချိန်ပုံမှန်ထက်မြင့်တက်တဲ့အခြေအနေပေါ့။ အရမ်းပြင်းထန်မယ်ဆိုရင်လေဖြတ်တာအထိဖြစ်နိုင်ပါတယ်။သွေးပေါင်ချိန်အရမ်းမြင့်သွားမယ် အပေါ်သွေး ၁၈၀ mm Hg၊ အောက်သွေး ၁၂၀ mm Hgဖြစ်နေမယ်။ ဒါမှမဟုတ် အပေါ်သွေးက ၁၈၀ mm Hgကျော်နေမယ်၊အောက်သွေးက ၁၂၀ mm Hg ထက်များနေမယ်ဆိုရင်သွေးပေါင်ချိန်အရမ်းမြင့်နေပြီလို့ဆိုရပါမယ်။သွေးအရမ်းတိုးတာကသွေးကြောတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။သွေးကြောတွေ ရောင်ရမ်းလာပြီးသွေးယိုစိမ့်တာ ဒါမှမဟုတ်သွေးရည်ကြည်လိုမျိုး အရည်တွေ ယိုစိမ့်တာမျိုး ဖြစ်နိုင်ပါတယ်။ ရလဒ်အနေနဲ့ကတော့နှလုံးကသွေးတွေကို ထိထိရောက်ရောက် ညှစ်မထုတ်နိုင်တော့ပါပဲ။သွေးတိုးလာပြီဆိုရင်။သွေးတိုး လာတဲ့အခါနှလုံးက သွေးတွေကို ညှစ်ထုတ်ပေးနိုင်စွမ်း ကျသွားပါမယ်။ ဒီလိုအခြေအနေမျိုးမှာ။သွေးတိုးကျချင်တာလား လမ်းများများလျှောက်လေ လို့ ပြောရတဲ့ အကြောင်းအရင်းက လေ့လာမှုအသစ်တစ်ရပ်အရလမ်းများများလျှောက်တာက သွေးတိုးကို ကျစေနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ လက်ရှိမှာလက်ခံထားတဲ့ ကျန်းမာရေး အယူအဆတစ်ခုက လှုပ်လှုပ်ရှားရှား နေတာကနှလုံးကို ကျန်းမာစေနိုင်တယ် ဆိုတာပါ။သွေးတိုးရောဂါက သေစေနိုင်လောက်တာ မဟုတ်ပေမယ့် ကုသပျောက်ကင်းဖို့ မဖြစ်နိုင်တာတော့ အသေအချာပါ။ လူတော်တော်များများမှာ ခံစားနေရသလို သွေးတိုးရှိမှန်း မသိတဲ့သူတွေကလည်း ဒုနဲ့ဒေးပါ။ နောက်တစ်ခုက သွေးတိုးဟာ သေချာကုသစောင့်ရှောက်မှု မလုပ်ဘူးဆိုရင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။သွေးတိုးကို သေချာမကုသဘဲ ထားတာက ရေရှည်မှာ နှလုံးရောဂါ နဲ့လေဖြတ်တာလိုမျိုးနာတာရှည်ရောဂါတွေ ခံစားရနိုင် ပါတယ်။ ဒါကြောင့် လေ့လာတွေ့ရှိချက် အသစ်တွေအရ သွေးတိုးကို ကာကွယ်ဖို့ဖြစ်ဖြစ် ကုသဖို့အတွက် အထောက်အပံ့ အနေနဲ့ဖြစ်ဖြစ် နေ့စဉ်ပုံမှန် လမ်းလျှောက်ပေးဖို့ပါ။အရင်ကလုပ်ဆောင်ခဲ့တဲ့ သုတေသန တွေ့ရှိချက်တွေအရ ပုံမှန်လေ့ကျင့်ခန်းလုပ်တာက သွေးတိုးကို ကာကွယ်ပေးနိုင် တယ်ဆိုတာပါ။ လေ့လာမှုအသစ်ကတော့ ပုံမှန်လေ့ကျင့်ခန်းလုပ်တာက သွေးတိုးကိုတင် ကာကွယ်ပေးနိုင်တာ မဟုတ်ဘဲနှလုံးသွေးကြောဆိုင်ရာရောဂါတွေကိုပါ ကင်းစေတယ်ဆိုတာပါ။ဒီလေ့လာမှုကို ဆန်ဖရန်စ္စကိုမှာရှိတဲ့ ကယ်လ်လီဖိုးနီးယား တက္ကသိုလ်က သုတေသီတွေ ဦးဆောင်ခဲ့တဲ့ လေ့လာမှုမှာ လူတစ်ယောက်ရဲ့ နေ့စဉ်လမ်းလျှောက်တဲ့နှုန်းက သွေးပေါင်ချိန်နပြ ဆက်စပ်မှုရှိနေတယ်ဆိုတာပါ။ဒီလေ့လာမှုအတွင်း လူ ၆၃၈ ယောက်ရဲ့ နေ့စဉ် လမ်းလျှောက်မှုနှုန်းကို လေ့လာခဲ့ပါတယ်။ တစ်ခါလမ်းလျှောက်တဲ့အခါတိုင်း ၅ နာရီထက်မနည်း လမ်းလျှောက်ကြပါတယ်။ တစ်နေ့တာမှာ လှမ်းတဲ့ခြေလှမ်းအရေအတွက်ကိုလည်း သေချာမှတ်ထား ပါတယ်။ဒီလိုလေ့လာမှုနဲ့အတူသွေးပေါင်ချိန်ကိုလည်း တိုင်းတာကြည့်ခဲ့ပါတယ်။ ဒီလေ့လာမှုကို ၅ လကြာလုပ်ဆောင်ခဲ့တဲ့အခါမှာ တွေ့ရှိရတာက လမ်းပုံမှန်လျှောက်နေတာကြောင့် နှလုံးက ကျန်းမာသလို အသက်ရှူနှုန်းကလည်း ပုံမှန်ပါပဲ။ သွေးပေါင်ချိန် ကလည်း ရှိသင့်တဲ့ ပမာဏအတိုင်းရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။ခြေလှမ်း၁၀၀၀၀ လှမ်းတိုင်းမှာ သွေးပေါင်ချိန်က ၂.၂၅ mm Hg ကျဆင်းသွားတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီလို ပုံမှန် လမ်းလျှောက်နေတာက သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးပြီးသွေးတိုးကို ကာကွယ်ပေးသလို နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။တစ်နေ့တာကို မနက်ခင်းစောစောမှာဖြစ်ဖြစ် အလုပ်သွားရင်းဖြစ်ဖြစ် အနည်းဆုံး ၁၅ မိနစ် နာရီဝက်လောက် ပုံမှန် လမ်းလျှောက် ပေးပါ။ ဒီလိုလမ်းလျှောက်ပေးတာကစိတ်ရောကိုယ်ပါကျန်းမာစေပြီး နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ သွေးတိုးရောဂါကိုလည်း သက်သာစေမယ်။ ကာကွယ်ပေးမယ်ဆိုမှတော့ ပုံမှန်လမ်းလျှောက်သင့်တယ်ဆိုတာ သိလောက်ပြီပေါ့။ကဲ……သွေးမတိုးအောင် ကာကွယ်ချင်သူတွေရော၊ သွေးတိုးကြောင့် စိတ်ညစ်နေသူတွေရော နေ့စဉ် အနည်းဆုံး ၁၅ မိနစ် ထက်မနည်း လမ်းလျှောက်ပြီး ကျန်းမာရေးကို စောင့်ရှောက်လိုက်ကြပါလို့ တိုက်တွန်းပါရစေ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/walking-more-linked-with-lower-blood-pressure/
ဝိတ်ချခြင်းနဲ့ ပက်သက်ပြီးတော့ မှားနေတဲ့ အယူအဆလေးတွေ။
ခုခေတ်မှာ တော်တော်များများက ကိုယ်ခန္ဓါအချိုးကျလှပဖို့ အတွက် အာရုံစိုက် အချိန်ပေးလာကြပါတယ်။ပိန်တဲ့သူတွေ ကိတ်အောင် ၊ ဝတဲ့သူတွေ ပိန်အောင် GYMတွေမှာ သွားကစားတာ။ အစားတွေလျှော့စားတာတွေ လုပ်လာကြပါတယ်။ ဝိတ်ချတဲ့နေရာမှာ မှန်ကန်တဲ့ အကြံပေးချက်တွေရှိသလို တစ်ချို့မှားနေတဲ့အယူအဆတွေလည်းရှိနေတာပါပဲ။ မှန်ကန်တဲ့ လမ်းကြောင်းပေါ်လျှောက်မှသာ ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို မြန်မြန် ရောက်မှာလေ။ ခုပြောပြချင်တာက ဝိတ်ချတာနဲ့ ပက်သက်လို့ လူတွေအသိမှားနေတဲ့ အချက်တွေပဲဖြစ်ပါတယ်။ဝိတ်ကျဖို့ဆိုလေ့ကျင့်ခန်းတစ်ခုတည်းနဲ့ ချလို့မရပါဘူး။ အစားပါလိုက်မထိန်းရင် ပလိုင်းပေါက်နဲ့ ဖားကောက်နေသလိုပဲ ဘယ်လောက်ပဲ လေ့ကျင့်ခန်းလုပ်လုပ် ကိုယ်လိုချင်တဲ့ အလေးချိန်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ပါဘူး။ မှန်ကန်တဲ့ ဝိတ်ချခြင်းမှာ လေ့ကျင့်ခန်းမှန်မှန်လုပ်တာရောအစားအသောက်ထိန်းစားတာကရော နှစ်ခုလုံး အရေးကြီးပါတယ်။ အစားပဲလျှော့မယ် ။လေ့ကျင့်ခန်းမလုပ်ဘူးဆိုလည်း မဖြစ်ပြန်ဘူးနော်။တစ်နေ့လုံးနေမှ ပန်းသီးတစ်လုံးပဲစားတာ ၊ ထမင်းသုံးလုတ်လောက်ပဲစားတာတွေက သင့်ကို ဝိတ်ကျစေမှာ မဟုတ်ဘဲအစာအိမ်ရောဂါတောင် ပိုဖြစ်စေပါတယ်။ လူ့ခန္ဓါကိုယ်ရဲ့ သဘောအရ အစာအငတ်ခံတာကို ၅ရက်ထက်ပိုကြာကြာလုပ်လို့မရပါဘူး။ ၅ရက်ထက်ကြာလာရင် အစာကို တောင့်တစိတ် ပိုပြင်းပြလာပြီး ပြန်စားမိတဲ့အခါ အရင်စားနေကျထက် နှစ်ဆ လောက်ပိုစားဖြစ်သွားပါတယ်။ ဘာလို့လဲဆိုတော့ ဗိုက်တွေဆာနေတာကတစ်ကြောင်း၊ သွေးက အစာကို တောင့်တလွန်ုးနေတာက တစ်ကြောင်း၊ ကိုယ့်ကိုကိုယ်သနားနေတာက တစ်ကြောင်း အကြောင်းကြောင်းကြောင့် ပိုစားဖြစ်သွားရော။ အဲအခါကျ ဝိတ်လည်းမကျတဲ့အပြင် အစာအိမ်ရောဂါတောင် အဆစ်ဖြစ်လိုက်သေးတယ်။ဇီဝကမ္မဖြစ်စဉ်ဆိုတာ ကိုယ်ခန္ဓါ တစ်ခုအတွက် စားလိုက်တဲ့ အစာတွေကို ချေဖျက်ပေးပြီး ထွက်လာတဲ့ အာဟာရတွေကို လိုအပ်တဲ့ နေရာတွေကို ပို့ပေးရတာပဲဖြစ်ပါတယ်။ တစ်ချို့သော အစားအစာတွေက ဇီဝကမ္မဖြစ်စဉ်တွေကို ပိုမြန်စေပြီးအဆီတွေမြန်မြန်လောင်ကျွမ်းစေတယ်လို့ပြောကြပါတယ်။ အဲလိုအစားအစာတွေကိုပဲ များများစားရင် ဝိတ်မြန်မြန်ပိုကျတယ်လို့လည်းထင်နေတတ်ကြပါတယ်။ မှားပါတယ်။ သိပ္ပံနည်းကျလေ့လာထားချက်များလည်း မရှိသေးသလို စားလိုက်တဲ့ အစားတွေမြန်မြန်ကုန်သွားတော့ ဗိုက်လည်းမြန်မြန်ပြန်ဆာ အဲတော့ ထပ်စားဖြစ်ပြန်ရော။ ဝိတ်လည်းမကျ ပိုလည်းစားဖြစ်နေမယ်နော်။အဆီချဆေး။ ဆေးဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ပို အစွမ်းထက်တယ်။ အစားမလျှော့ လေ့ကျုင့်ခန်းမလုပ်လည်း အဆီချဆေးသောက်တာနဲ့တင် ဝိတ်ကျနိုင်တယ်။ တကယ်ကို မှားနေတာပါ။ ဈေးကွက်မှာ စိတ်ချရတဲ့ အဆီကျဆေးတွေ ရှိနေသလို ကျန်းမားရေးကို ပါထိခိုက်စေနိုင်တဲ့ အဆီချဆေးတွေလည်း အများကြီးရှိနေပါတယ်။ ပိန်ချင်ရင်တော့ ဆေးကိုပဲ အားကိုးနေလို့မရပါဘူး။ ကိုယ်ကိုတိုင်ကလည်း လေ့ကျင့်ခန်းလုပ်၊ အစားလည်းထိန်းပေးမယ်ဆို ပိုမှန်ကန်တဲ့ နည်းလမ်းဖြစ်မှာပါ။ တန်ဆေးလွန်ဘေးဆိုတာကလည်း ရှိသေးတယ်လေ။အဆီပါတဲ့ အစားအစာများများ စားလိုက်တာနဲ့ အဆီတက်တော့မှာပဲဆိုတာ တွေးကြည့်တော့ မှန်သလိုလိုပဲ။ ခန္ဓါကိုယ်မှာ အဆီစုတယ်ဆိုတာ တကယ်တော့ စားလိုက်လို့ ပိုနေတဲ့ အရာတွေကို အဆီအဖြစ် သိမ်းထားလိုက်ခြင်းပဲဖြစ်ပါတယ်။ အဆီစားလိုက်တိုင်း အဆီတက်တာ မဟုတ်ပါဘူး။ အစားတွေထဲပါတဲ့ အဆီတွေက နှလုံးသွေးကြောကို အဓိက ဒုက္ခပေးပြီးကစီဓါတ်ပါတဲ့ အစားအစာ( ထမင်း၊ အာလူး။၊ ဂျုံနဲ့လုပ်ထားတဲ့အစားအစာ) တွေကသာ ဝိတ်တက်စေတာဖြစ်ပါတယ်။ထမင်း အသားတွေစားရင်ကယ်လိုရီတွေပိုတက်လို့ အချိုအရည်တွေပဲသောက်တော့မယ်လို့ သင်ဆုံးဖြတ်ထားရင် ချက်ချင်းပြင်လိုက်ပါ။ သင်ပြောနေတဲ့အချိုရည်ထဲမှာပါတဲ့ သကြားဓါတ်ရဲ့ ကယ်လိုရီက သင်ထမင်းစားလိုက်လို့ရနိုင်တဲ့ ကယ်လိုရီထက်တောင် ပိုများနေပါဦးမယ်။ အရည်ကြီးပဲ သောက်နေရင် ဗိုက်ကခဏပဲ ပြည့်တာပဲဖြစ်ပြီး ပြန်ပြန်ဆာဆာနေဦးမှာပါ။ဝိတ်ကျပြီး သွယ်လျလှပချင်ရင် မှန်ကန်တဲ့ လမ်းကြောင်း အတွင်းကပဲသွားပါ။ အစွန်းရောက်တယ်ဆိုတာ ဘယ်မှာမှ မကောင်းပါဘူး။ လေကျင့်ခန်းလေးလည်းမှန်မှန်လုပ် ၊ အစားတွေလည်းထိန်းစားမယ်ဆို ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို မြန်မြန်ရောက်မှာပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/%e1%80%9d%e1%80%ad%e1%80%90%e1%80%ba%e1%80%81%e1%80%bb%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%b2%e1%80%b7-%e1%80%95%e1%80%80%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%95%e1%80%bc/
Angina Unstable (နှလုံးရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း)
angina ဆိုတာ နှလုံးကို သွေးမရောက်နိုင်ခြင်းတို့ကြောင့် ဖြစ်လေ့ရှိတဲ့ နှလုံးအောင့်ခြင်းကို ခေါ်ပါသည်။ ဒါဟာ ခန္ဒါကိုယ်တွင်း သွေးကြောများ ကျဉ်းခြင်း သို့ ပိတ်ခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ သင့်ရဲ့ နှလုံးဟာ သွေးများ သယ်ယူရန် oxygen( အောက်ဆီဂျင်) လိုအပ်ပါတယ်။ Angina ၃ မျိုးရှိပါတယ်။ ၎င်းတို့မှာ။ရင်ဘတ်အောင့်တိုင်းလည်း angina မဟုတ်ပါဘူး။ သင်ရင်ဘတ်အောင့်တဲ့ အခါ ဆရာဝန် နှင့် ချက်ချင်း ပြသင့်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့် လူတိုင်း angina ရနိုင်ပါတယ်။ နှလုံးရောဂါ အခံရှိသူတွေမှာ angina ပိုဖြစ်တတ်ပါတယ်။ အသက် ၄၅ နှစ်အထက် အမျိုးသားတွေ နှင့် အသက် ၅၅ နှစ် အထက် အမျိုးသမီးတွေမှာ ဖြစ်နိုင်ချေ ပိုများပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Angina ရဲ့ ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေကတော့။ရောဂါလက္ခဏာတွေက သင့်မှာ ရှိတဲ့ angina အမျိုးအစား အလိုက် ပြောင်းလဲနိုင်ပါတယ်။Stable angina။Stable angina ဖြစ်လျှင် ရင်ဘတ်အောင့်ခြင်းဟာ ပုံမှန် အားဖြင့် လှုပ်ရှားမှု သို့ စိတ်ဖိစီးမှုတွေ နဲ့ အတူဖြစ်လေ့ရှိပါတယ်။ ဖြစ်တဲ့ ရင်ဘတ်အောင့်ခြင်းတွေက လှုပ်ရှားမှု ပမာဏတစ်ခု သို့ စိတ်ဖိစီးမှု အတိုင်းအတာတစ်ခုရောက်မှ ဖြစ်လေ့ရှိပါတယ်။သင့်မှာ stable angina ဖြစ်ပြီဆိုလျှင် သူ့ရဲ့ ဖြစ်လာနိုင်မယ့် အချိန်ကို ဖြစ်တဲ့ ပုံစံကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။ သင်အနားယူလိုက်ချိန် သို့ ဆေးသောက်လိုက်ချိန်မှာ အောင့်တာက မိနစ်ပိုင်းအတွင်း သက်သာသွားတတ်ပါတယ်။Unstable angina။Unstable angina ကတော့ ရောဂါလက္ခဏာတွေ အမျိုးမျိုးပြောင်းလဲတတ်ပါတယ်။ သင် ညဘက်အိပ်နေတဲ့ အချိန် မှာ ဖြစ်လေ့ရှိပါတယ်။ stable angina ထက်ပိုပြင်းထန်စွာ ဖြစ်လေ့ရှိပါတယ်။ unstable angina က သင့်မှာ လှုပ်ရှားမှုတစ်ခုပြုသည်ဖြစ်စေ သို့ မပြုသည် ဖြစ်စေ ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ အနားယူ ဆေးသောက်လျှင်လည်း မသက်သာပါဘူး။Variant angina။Variant angina ကတော့ ရှားပါတယ်။ coronary artery နှလုံးသွေးကြော ပိတ်လို့ရှိလျှင် ဖြစ်တတ်ပါတယ်။ သူဟာ သင်အနားယူနေတဲ့ အချိန်မှာ ဖြစ်လေ့ရှိပြီး ပြင်းထန်နိုင်ပါတယ်။ သူဟာ ညသန်းခေါင်ချိန် နှင့် မနက် အစောပိုင်းတွေမှာ ဖြစ်တတ်ပါတယ်။ ဆေးသောက်လျှင် သက်သာနိုင်ပါတယ်။သင့်မှာ angina ရောဂါလက္ခဏာတွေ ပြလာလျှင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ Stable angina က heart attack မဟုတ်သေးပေမယ့် နောင်တစ်ချိန်မှာ heart attack ဖြစ်လာနိုင်ပါတယ်။Unstable anginaကတော့ အန္တရာယ်များပြီါ် အရေးပေါ်ကုသမှု လိုအပ်ပါတယ်။ ဒီ ANGINA အမျိုးအစားက သိပ်မကြာခင်မှာ heart attack ဖြစ်တော့မယ်လို့ ဆိုလိုပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။Angina က နှလုံးကို သွေးရောက်မှု နည်းပါးခြင်းကြောင့် ဖြစ်တာပါ။ အောက်ပါတို့က ၎င်းကို ဖြစ်စေတဲ့အရာများ ဖြစ်ပါတယ်။anginaဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါကို အတည်မပြုမီ ဆရာဝန်က အောက်ပါစစ်ဆေး စမ်းသပ်မှုတွေ လုပ်ပါမယ်။ရည်ရွယ်ချက်ကတော့ နှလုံးသွေးလွှတ်မှု ကောင်းမွန်ဖို့ သို့ နှလုံး၏ ဝန်ကို လျှော့ချပေးဖို့ပါပဲ။ အနားယူခြင်းနှင့် လှုပ်ရှားမှုတွေ လျှော့ခြင်းက ပထမကုသနည်းပါပဲ။Aspirin က သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ Nitrates တွေဖြစ်တဲ့ nitroglycerin ကတော့ သွေးကြောကျယ်စေပြီး သွေးလမ်းကြောင်းကို ကောင်းစွာ စီးဆင်းစေပါတယ်။ တခြားဆေးတွေကတော့ betablockers တွေက နှလုံးခုန်နှုန်းကို လျှော့ချပေးပြီး နှလုံး၏ဝန်ကို ပေါ့စေပါတယ်။ပုန်းကွယ် ငုပ်လျှိုးနေတဲ့ ရောဂါတွေ ဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ arrhythmias နှင့် ကိုလက်စထရော များခြင်းတို့ကို လည်း ကုသဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေနဲ့ အလုပ်မဖြစ်လျှင် ခွဲစိပ်ရပါမယ်။ ခွဲစိပ်မှုတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် angina ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• ဆေးပြင်းလိပ်သောက်ခြင်းကို ရပ်ပါ။• အဆီစားတာ လျှော့ပြီး ဟင်းသီး ဟင်းရွက်နှင့် အသီးအနှံများ စားပေးပါ။• သင့်တော်တဲ့ နေ့စဉ် လေ့ကျင့်ခန်းလုပ်ရန် ဆရာဝန် နဲ့ တိုင်ပင်ပါ။• သင်ဟာ ကိုယ်အလေးချိန်များနေလျှင် သင့်ကျန်းမာရေးအခြေအနေအတွက် ကိုယ်အလေးချိန်လျှော့ချတဲ့ နည်းလမ်းကို ဆရာဝန်အား မေးပါ။• ဆရာဝန်ရက်ချိန်းတွေ ကို မှန်မှန်သွားပြီး ညွှန်ကြားတဲ့ အတိုင်းလုပ်ပါ။• Angina က သွေးတိုး၊ ဆီးချို နှင့် ကိုလက်စထရောများ ခြင်းကြောင့် ဖြစ်တယ်ဆိုလျှင် အဲ့ဒီ ရောဂါတွေကို အရင် ကုပါ။• လုံလောက်စွာ အနားယူဖို့ အချိန်ပေးပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/coronary-artery-disease/angina-unstable-%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%af%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7-%e1%80%9b/
အမျိုးအစား (၁.၅) ဆီးချိုရောဂါ
ဆီးချိုရောဂါ ဆိုတာကသွေးတွင်းအချိုဓာတ်(သကြားဓာတ်) ပမာဏအပေါ်မှာ သက်ရောက်မှုရှိနေတဲ့ ရောဂါတစ်မျိုးပါ။ ပန်ခရိယလို့ ခေါ်တဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းလေးက အင်ဆူလင်ကို ထုတ်လုပ်ပေးပါတယ်။ ဒီအင်ဆူလင်က သွေးတွင်းသကြားဓာတ်ကို ကျန်းမာတဲ့ အတိုင်းအတာအတွင်း ရှိနေစေဖို့ ထိန်းညှိပေးပါတယ်။ဒါပေမယ့် ဆီးချိုရှိတဲ့သူတွေမှာတော့ ပန်ခရိယကအင်ဆူလင်ကို လုံလောက်အောင် မထုတ်နိုင်တော့သလို ခန္ဓာကိုယ်ကလည်း အင်ဆူလင်ကို ကောင်းကောင်း မတုံ့ပြန်တော့ပါဘူး။ အင်ဆူလင်က ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ သွေးတွင်းသကြားဓာတ် ပမာဏ မြင့်တက်လာပြီး မကုသဘဲ ထားမယ်ဆိုရင် ရေရှည်မှာ ကျန်းမာရေး ထိခိုက်တာတွေ ဖြစ်လာတာပါ။ဆီးချိုက ကမ္ဘာပေါ်မှာ အဖြစ်များပါတယ်။ ကမ္ဘာ့လူဦးရေရဲ့  ၉ ရာခိုင်နှုန်းလောက်ကဆီးချိုရောဂါကိုခံစားနေကြရတာ ဖြစ်ပြီး ဆီးချိုခံစားနေရသူ ၄ ဦးမှာ ၁ ဦးလောက်က သူတို့မှာ ဆီးချိုရှိနေတာကို သူတို့ကိုယ်တိုင် မသိကြပါဘူး။ ဒီလို ဆီးချိုရှိတာကို မစစ်ဆေးမိတာ၊ မသိတာတွေကပဲ ဆီးချိုနောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရတာပါ။နေထိုင်စားသောက်မှုပုံစံတွေ ပြောင်းလဲလာတာကြောင့် လူတော်တော်များများဟာ ဆီးချိုရောဂါ အကြိုအဆင့်ကို ခံစားနေကြရပေမယ့် သွေးတွင်းသကြားဓာတ်က ဆီးချိုလို့ သတ်မှတ်လို့ ရအောင်အထိ မြင့်တက်နေတာမျိုးမရှိတာကြောင့် သတိပြုမိသူက တော်တော်လေး နည်းပါတယ်။ တကယ်ကတော့ ဆီးချိုရောဂါ အကြိုအဆင့်ကို ခံစားနေရတာကအမျိုးအစား (၂) ဆီးချိုရောဂါဖြစ်နိုင်ခြေ တော်တော်လေး များနေတဲ့ သဘောပါ။ ဆီးချိုရောဂါ အကြိုလက္ခဏာ ခံစားနေရသူတွေထဲက ၃၀ % လောက်ဟာ နောက် ၅ နှစ် ကြာတဲ့အခါ အမျိုးအစား (၂) ဆီးချိုကို ခံစားကြရပါတယ်။လူတော်တော်များများက ဆီးချိုဆိုရင် အားလုံးကို အတူတူပဲလို့ ယူဆနေကြတာက များပါတယ်။ တကယ်ကတော့ ဆီးချိုမှာ အမျိုးအစား -၁ ဆီးချို၊ အမျိုးအစား -၁.၅ဆီးချို နဲ့ အမျိုးအစား- ၂ ဆီးချိုဆိုပြီး ခွဲခြားနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ စာဖတ်သူတွေ ဗဟုသုတ ရစေဖို့ အမျိုးအစား (၁.၅) ဆီးချိုရောဂါ အကြောင်း ပြောပြပေးချင်ပါတယ်။ဒီဆီးချို အမျိုးအစားက အမျိုးအစား (၁) ဆီးချိုနဲ့ အတော်လေး ဆင်တူပါတယ်။ ကွာခြားနေတာ တစ်ခုက သူက မွေးရာပါ မဟုတ်ဘဲ အရွယ်ရောက်လာမှ ခံစားရတာမျိုးပါ။ များသောအားဖြင့် အသက် ၃၀ ဝန်းကျင်လောက်မှာ ခံစားရနိုင်ပါတယ်။ဒါကြောင့်လည်းLatent Autoimmune Diabetes in Adults (LADA)လို့ ခေါ်တာပေါ့။ ဒီအမျိုးအစား ဆီးချိုက ဆယ်ကျော်သက်အရွယ်လောက်မှ ခံစားရတာ များပါတယ်။  ဒီအမျိုးအစား ဆီးချိုကို အမျိုးအစား (၂) ဆီးချိုနဲ့ အမှတ်မှားတတ် ကြပါတယ်။ လက္ခဏာတွေက ခပ်ဆင်ဆင် တူတာကြောင့်လည်း ပါပါတယ်။ဒီ အမျိုးအစား ဆီးချိုမှာ ခန္ဓာကိုယ်က မုန့်ချိုအိတ်က ဘီတာဆဲလ်တွေကို တိုက်ခိုက်တာကြောင့်  အင်ဆူလင် ထုတ်လုပ်မှုကို အပြင်းအထန် ကန့်သတ်ခံရပြီး သွေးတွင်း သကြားဓာတ် မြင့်လာရတာပါ။မျိုးရိုးထဲမှာအမျိုးအစား (၁) ဆီးချို၊ ဒါမှမဟုတ် အမျိုးအစား (၂) ဆီးချို ရှိသူတွေမှာ ပိုအဖြစ်များပါတယ်။ အချိန်ကြာလာတဲ့အခါ အမျိုးအစား (၁) ဆီးချိုလိုပဲ အင်ဆူလင် လုံးဝ မထွက်တော့တာမျိုးဖြစ်လာနိုင်ပါတယ်။ဒီ ဆီးချို အမျိုးအစားအတွက် ကုသမှုမှာ အင်ဆူလင် ထိုးတာ ပါသလို အခြားဆေးဝါးတွေ သောက်သုံးရတာ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်တာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာတွေကို ဂရုတစိုက် လုပ်ဆောင်ဖို့ လိုပါမယ်။အမျိုးအစား – ၁.၅ ဆီးချိုကိုပန်ကရိယ(မုန့်ချိုအိတ်)က အင်ဆူလင် ထုတ်တာနည်းလာတာကြောင့် ဖြစ်တဲ့ဆီးချို  (LADA) လို့လည်း ခေါ်ကြပါတယ်။ ဒီဆီးချို အမျိုးအစားကို အမျိုးအစား – ၂ ဆီးချိုလို့လည်း ခေါ်ကြပါတယ်။ ဒီအမျိုးအစားဆီးချိုက အရွယ်ရောက်ပြီးသူတွေမှာ ဖြစ်တာများပါတယ်။ အမျိုးအစား -၁ ဆီးချိုလိုမျိုး ကလေးအရွယ်မှာကတည်းက ဖြစ်တာ မဟုတ်ပါဘူး။အမျိုးအစား – ၁.၅ ဆီးချိုမှာ နောက်ထပ်အမျိုးအစားကွဲတစ်ခုအနေနဲ့ Maturity onset Diabetes of the Young  (MODY) ဆိုတာ ရှိပါတယ်။ ဒီဆီးချို အမျိုးအစားက လူငယ်တွေမှာ ဖြစ်တတ်ပါတယ်။ဆီးချို အမျိုးအစား ၃ ခုစလုံးရဲ့ တူညီတာက အင်ဆူလင် လုံလောက်အောင် မထုတ်နိုင်တာကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်လာတာပါ။ အမျိုးအစား – ၁.၅ ဆီးချိုက autoimmune ရောဂါတစ်ရပ်ဖြစ်ပြီး ကိုယ်ခံအားက ခန္ဓာကိုယ်ဆဲလ်တွေကို မှားယွင်းတိုက်ခိုက်ရာကနေ ဖြစ်လာတာပါ။ ဒီအမျိုးအစား ဆီးချိုမှာ ကိုယ်ခံအားက ပန်ခရိယမှာရှိတဲ့ အင်ဆူလင် ထုတ်ပေးတဲ့ ဘီတာဆဲလ်တွေကို အဓိကထား တိုက်ခိုက်ပါတယ်။  ဒီလိုနဲ့ အင်ဆူလင် ထုတ်လုပ်နိုင်စွမ်း ကျလာပြီးသွေးတွင်းသကြားဓာတ်မြင့်တက်လာရတာပါ။လက္ခဏာတွေ အနေနဲ့ကတော့။အမျိုးအစား – ၂ ဆီးချိုနဲ့ မူတာက အမျိုးအစား -၁ ဆီးချို နဲ့ အမျိုးအစား -၁.၅ ဆီးချိုဖြစ်ရတဲ့ အကြောင်းအရင်းကို လူသိနည်းတာပါ။ အမျိုးအစား -၁.၅ ဆီးချိုက အသက် ၃၀ အထက် သူတွေမှာ ဖြစ်ပွားတာဖြစ်ပြီး တစ်ခါတလေမှာ အမျိုးအစား – ၂ ဆီးချိုလို့ မှားယွင်း အဖြေထုတ်မိတတ်ပါတယ်။အမျိုးအစား -၁.၅ ဆီးချိုမှာ ရောဂါခံစားနေရသူက စစချင်းမှာ ပန်ခရိယက အလုပ်လုပ်နေဆဲဖြစ်ပြီး အင်ဆူလင်ကိုလည်း ဆက်လက်ထုတ်လုပ်နိုင်ပါတယ်။ ကျန်းမာတဲ့ သွေးချိုပမာဏ ရရှိအောင် ထိန်းညှိနိုင်တဲ့ အနေအထားတော့ မဟုတ်ဘူးပေါ့။အမျိုးအစား – ၁.၅ ကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းလို့ ယူဆရတဲ့ အချက်ကတော့ ပန်ခရိယဆဲလ်၊ အင်ဆူလင် ဒါမှမဟုတ် ပန်ခရိယအင်ဇိုင်းလုပ်ငန်းစဉ်တွေကို ပြန်လည်တိုက်ခိုက်မယ့်  autoantibodies ရှိနေတာကြောင့် ဖြစ်ပါတယ်။အမျိုးအစား -၁.၅ ဆီးချိုရှိသူတွေက အဝမလွန်ကြပါဘူး။ သူတို့က ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်တောင် နည်းနေတတ်ကြပါတယ်။ သွေးတွင်းသကြားဓာတ် မြင့်တက်မှုကြောင့် ကိုယ်အလေးချိန် ကျလာတဲ့ သဘောပါ။အမျိုးအစား -၁.၅ ဆီးချို ရှိပေမယ့်လည်း နေ့စဉ်ဘဝမှာ ကျန်းမာပျော်ရွှင်စွာနဲ့ သက်တမ်းစေ့အောင် နေထိုင်လို့ ရပါတယ်။ ဒီလို ကျန်းမာနေစေဖို့ဆိုရင်။ဒီလို လုပ်ဆောင်ပေးတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာမှာ အထောက်အကူ ဖြစ်စေနိုင်သလို နောက်ဆက်တွဲ ရောဂါတွေ ဝင်မလာအောင်လည်း တားဆီးနိုင်မှာပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-1-5-diabetes/
ဓမ္မတာလာခြင်းနဲ့ ပတ်သက်တဲ့ မှားယွင်းသော အယူအဆများ
မိန်းကလေးတွေ အရွယ်ရောက်လာတာနဲ့ ဓမ္မတာရာသီပန်း ပွင့်လန်းတတ်ကြတာဟာ ကမ္ဘာဦးအစကတည်းက ဖြစ်ပါတယ်။ ဒါဟာ ရှောင်လွဲလို့ မရတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ သိပ္ပံပညာနဲ့ ဆေးပညာတွေ မထွန်းကားခင်တုန်းက မိန်းကလေးတွေ ရာသီပန်းပွင့်လန်းတာကို ညစ်ပတ်တဲ့ ကိစ္စတစ်ခု အဖြစ်ရှုတ်ချထားကြတာတဲ့။ ဒီတစ်ခေါက်တော့ ဓမ္မတာလာခြင်းနဲ့ ပတ်သက်တဲ့ မှားယွင်းသော အယူအဆများ အကြောင်းကို ပြောပြပေးချင်ပါတယ်။တင်းကြပ်တဲ့ ဒေသတွေမှာရာသီလာတဲ့ မိန်းကလေးတွေကို မကောင်းဆိုးဝါး မိန်းမတွေ အဖြစ် ဖယ်ကျဉ်ထားကြတဲ့ အတွက်ကြောင့် မိန်းကလေးများ အနေဖြင့် ရာသီလာတဲ့ ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ မရတာက တစ်ကြောင်း၊ အသိပညာ ဗဟုသုတ နည်းတာကြောင့် ရာသီပန်း ပွင့်လန်းခြင်း အကြောင်းကို ရှင်းလင်း သေချာစွာ မသိတာက တစ်ကြောင်း အကြောင်း အမျိုးမျိုးကြောင့် ဓမ္မတာလာခြင်း ကိစ္စမှာ မှားယွင်းနေသော တစ်ချို့ အယူအဆတွေ ရှိခဲ့ပါတယ်။မြန်မာ အမျိုးသမီးတွေဆိုတာ နဂိုကတည်းက အရှက်အကြောက်ကြီးတဲ့သူတွေ မဟုတ်လား။ ခုခေတ် ဗဟုသုတတွေ တိုးတက်လာပေမယ့်လည်း မိရိုးဖလာမှ ဆင်းသက်လာတဲ့ ရာသီနဲ့ ပတ်သက်တဲ့ မှားယွင်းတဲ့ အယူအဆတွေ ရှိနေဆဲပါ။ အဲ့ဒီထဲက ထိပ်ဆုံး (၅) ခုကို ပြောပြချင်ပါတယ်။ တော်တော်များများ သိထားမိနိုင်တဲ့ ဓမ္မတာလာခြင်းနဲ့ ပတ်သက်တဲ့ မှားယွင်းသော အယူအဆများ ကတော့။၁ ။ ရာသီလာရင် ခေါင်းမလျှော်ရဘူး။ဒါကတော့ မိန်းကလေးတိုင်းသိနေတဲ့ ကိစ္စပါ။ မျိုးရိုးစဉ်ဆက် အမေကနေ သမီးကိုလက်ဆင့်ကမ်းရင်ကမ်း၊ မဟုတ်ရင်လည်း မိန်းကလေး သူငယ်ချင်း အချင်းချင်း သတိပေးကြတဲ့ ကိစ္စဖြစ်နေပါတယ်။ရာသီလာနေတဲ့ မိန်းကလေးတစ်ယောက်ဟာ ခေါင်းလျှော်လို့မရ၊ ခေါင်းလျှော်ရင် အအေးပိုမိနိုင်တယ်၊ ဗိုက်ပိုအောင့်နိုင်တယ်ဆိုတာတွေအားလုံးက အယူအဆ အမှားတွေပဲ ဖြစ်ပါတယ်။ ရာသီလာတဲ့ မိန်းကလေးတစ်ယောက်ဟာ ပုံမှန်အတိုင်း ခေါင်းလျှော်နိုင်တယ်။ ရေချိုးနိုင်တယ်။ ဦးခေါင်းနှင့် မျိုးပွားအင်္ဂါဟာ ဆက်စပ်မှုမရှိပါဘူး။ ခေါင်းလျှော်လိုက်ရင် အပူအပုတ်တွေတောင် ကင်းစင်ပြီး သန့်ရှင်းသွားတယ်လေနော့်။၂ ။ ရာသီလာနေစဉ် လေ့ကျင့်ခန်း လုပ်၍မရ။ရာသီလာနေတဲ့ မိန်းကလေးတွေဟာ ငြိမ်ငြိမ်နေရမယ်။ အိမ်တွင်းပုန်းနေရမယ်။ အပြင်ထွက်ပြီး စကားမပြောရ။ စတာတွေက ရှေးတုန်းကမှားယွင်းတဲ့ အယူအဆတွေသာ။ ရာသီလာခြင်းဟာ သဘာဝတရားကြီးက ဖန်တီးပေးထားတာဖြစ်ပြီး လူသိမခံနိုင်လောက်အောင် ဆိုးရွားတဲ့ ကိစ္စမဟုတ်။ သာမန် အချိန်တွေမှာ လုပ်သမျှအရာအားလုံးကို လုပ်နိုင်တဲ့အတွက်လေ့ကျင့်ခန်းလည်းလုပ်နိုင်တယ်နော်။ လေ့ကျင့်ခန်းလုပ်ရင် ရာသီလာခြင်းကြောင့် ကိုက်ခဲနေတာတွေတောင် သက်သာသွားသေးတယ်တဲ့နော်။ ရာသီလာတိုင်းလေ့ကျင့်ခန်းလုပ်လို့မရဘူးဆိုရင် အိုလံပစ်ပြိုင်ပွဲ ဝင်ပြိုင်တဲ့ မမတွေဆို ဘယ်လိုလုပ်မလဲနော့။၃ ။ ရာသီလာနေစဉ် ကာမဆက်ဆံ၍မရ။ရာသီလာနေစဉ် ကာမဆက်ဆံ၍ မရဘူးဆိုတဲ့ မှားယွင်းတဲ့ အယူအဆဟာ ရှေးခေတ်အခါက တင်းကြပ်သောဘာသာရေး အယူအဆများမှ ဆင်းသက်လာတာလို့ ယူဆရတယ်။ရာသီလာစဉ် ကာမဆက်ဆံခြင်းဟာ သင့်ကျန်းမားရေးကို မထိခိုက်နိုင်ပါ။ ကာမဆက်ဆံခြင်းဖြင့် သင်ကိုက်ခဲနေတာတောင်သက်သာ သွားနိုင်တယ်တဲ့။၄ ။ ရာသီလာနေစဉ် ကာမဆက်ဆံလျှင် ကိုယ်ဝန်မရနိုင်။လုံးဝကိုမှားယွင်းတယ်။ သင်ကိုယ်ဝန်ရနိုင်ဖို့ မမျိုးဥနှင့် သုက်ပိုးကောင်တို့ ထိတွေ့ရမယ်။မမျိုးဥဆိုတာ ရာသီစလာပြီး ၁၄ ရက်အတွင်းမှ ကြွေတာမှန်ပေမယ့် ရာသီပုံမှန်မလာသူ (သို့မဟုတ်) လာရင်လည်း ရက်ကြာကြာလာတတ်သူဖြစ်ရင်တော့ ရာသီလာချိန်နှင့် မမျိုးဥကြွေချိန် ထပ်သွားတတ်တယ်။ ဒါ့ကြောင့် ကိုယ်ဝန်မရချင်ရင် သန္ဓေတားဆေးထိုးတာ၊ သောက်တာ၊ သားဆက်ခြားပစ္စည်းကို သားအိမ်ထဲထည့်တာ ၊ လက်မောင်းထဲထည့်တာနဲ့ ကွန်ဒုံးသုံးပြီး ကာမဆက်ဆံသင့်တယ်။ ရာသီလာနေချိန် ကွန်ဒုံးသုံးပြီး ကာမဆက်ဆံရင် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပြီးသားဖြစ်တယ်။ ရက်ရှောင်နည်းသုံးနေကြတဲ့ မမတွေ သေချာတွက်ချက်သင့်တယ်နော်။၅ ။ Tampon (တမ်ပွန်) ကို ပထမဆုံးရာသီလာသော အချိန်တွင် မသုံးသင့်ပါ။သုံးလို့ရပါတယ်။ အနောက်နိုင်ငံတွေမှာ ရာသီလာရင် မိန်းမကိုယ်ထဲ Tamစon လို့ခေါ်တဲ့ ဂွမ်းလိပ်ရှည်ရှည်လေးတွေထည့်ပြီးအသုံးများကြတယ်။ တစ်ချို့ သူတွေ ယူဆတာက ရာသီပထမဆုံးလာတဲ့အခါ Tampon မထည့်သင့်လို့ပြောကြတယ်။ အဲ့လိုပြောတာက Tampon ထည့်ရင် ရာသီလာတာကို ထိခိုက်စေနိုင်တာကြောင့် မဟုတ်ဘဲ စစလာတဲ့ အချိန်မှာ Tampon ကို သေချာမှန်မှန်ကန်ကန် မထည့်နိုင်မှာစိုးလို့ဖြစ်ပါတယ်။ဒါတွေကတော့ ရာသီလာခြင်းနဲ့ ပတ်သက်တဲ့ မှားယွင်းသော အယူအဆတွေဖြစ်ပါတယ်။ ရှောင်လွဲလို့ မရတဲ့ ရာသီလာတဲ့ ကိစ္စမှာ မိန်းကလေးတို့ဒီဆောင်းပါးလေးဖတ်ပြီး မှားယွင်းတဲ့ အယူအဆတွေနဲ့ ကင်းဝေးနိင်ကြပါစေ။ရေးသားသူ – Dr.Thinl Yadanar။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/period-myths-that-moms-can-bust/
နှလုံးကို ထိခိုက်စေမယ် လို့ ထင်မထားမိတဲ့ အရာတွေ
နှလုံး ကျန်းမာဖို့ ဘာတွေ သတိထားရမလဲ သိလား။ အဆီများတာ တွေ စားပြီးသွေးတွင်းအဆီဓာတ်များတာ၊ လှုပ်ရှားမှု နည်းတာ နဲ့စိတ်ဖိစီးမှုစတဲ့ အရာတွေကို နှလုံးကျန်းမာရေး အတွက် မကောင်းတဲ့ အကြောင်းရင်းတွေ လို့ သိထားကြတယ်။ ဒါပေမယ့် နောက်ထပ်ရော ကိုယ်ထင်မထားတဲ့ ဘယ်အရာတွေက နှလုံးကို ထိခိုက်စေမယ် ဆိုတာ မသိချင်ဘူးလား…။(၁) သွား ပြဿနာများ။သွားကျန်းမာရေးကို ဂရုမစိုက်ရင် ဖြစ်လာမယ့် ထိခိုက်လာမယ့် အကျိုးဆက်က ခံတွင်းကျန်းမာရေး တစ်ခုတည်း မဟုတ်ပါဘူးနော်။ သွားဖုံးရောဂါ ရှိသူ တွေမှာနှလုံးရောဂါဖြစ်နိုင်ခြေ ပိုများတယ် လို့ သိရပါတယ်။မကျန်းမာတဲ့ သွားဖုံးကနေ ဝင်ရောက်တဲ့ဘက်တီးရီးယားကသွေးလည်ပတ်မှုထဲ ရောက်ရှိသွားပြီး သွေးကြောတွေကို ရောင်ရမ်းစေတာ အပါအဝင် တခြားနှလုံးပြဿနာ တွေကို ဖြစ်စေတယ် လို့ ပညာရှင်တွေက ယူဆကြပါတယ်။(၂) အလုပ်ဆိုင်း မမှန်တာ။ညဆိုင်းအလုပ်တွေ လုပ်တာ ဒါမှမဟုတ်အလုပ်ချိန်ပုံမှန်မရှိတာကနှလုံးအမောဖောက်နိုင်ခြေပိုများစေတယ်လို့ သုတေသနတွေက ဆိုပါတယ်။အလုပ်ဆိုင်းတွေ မမှန်တာက ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းဇီဝနာရီကို မကောင်းတဲ့ ထိခိုက်မှုတွေ ဖြစ်စေပြီး နှလုံးကို ထိခိုက်စေတယ်။(၃) ကားပိတ်တာ။ကားတွေ ပိတ်လို့ ထိခိုက်ရတာ သွားရလာရ နောက်ကျတာ လောက်ပဲ မဟုတ်ပါဘူး။စိတ်ဖိစီးရ၊ ပူပန်ရ၊ ဒေါသထွက်ရတဲ့ စိတ်ပင်ပန်းမှုကြောင့် လူ့ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ကားပိတ်တဲ့ ကြားမှာ တစ်နာရီ ကြာနေပြီ ဆိုရင် နှလုံး ရုတ်တရက် အမောဖောက်နိုင်ခြေ ပိုများတယ် လို့ သုတေသနတွေက ဖော်ပြထားပါတယ်။ ဆူညံသံတွေ ကြောင့်လည်း နှလုံးရောဂါကို ဖြစ်နိုင်ခြေများစေနိုင်ပါတယ်။(၄)သွေးဆုံးချိန်စောတာ။အမျိုးသမီးတစ်ယောက်က  အသက် ၄၆ နှစ် မတိုင်ခင် သွေးဆုံးတဲ့အခါ နှလုံး ရုတ်တရက် အမောဖောက်နိုင်ခြေ သို့မဟုတ် လေဖြတ်နိုင်ခြေ နှစ်ဆပိုများနိုင်ပါတယ်။ဒီကိစ္စမှာအက်စထရိုဂျင်ဟော်မုန်း ကျဆင်းမှုက အဓိကကျတာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သွေးဆုံးချိန်စောတဲ့ အမျိုးသမီးတွေဟာ သွေးတွင်းကိုလက်စထရောများတာလိုမျိုး နှလုံးရောဂါ ဖြစ်နိုင်ခြေ အန္တရာယ်တွေကို ပိုဂရုစိုက် ရှောင်ဖို့ လိုပါတယ်။(၅) ဟောက်တတ်တာ။ညအိပ်ချိန်ဟောက်တတ်တဲ့သူတွေဟာ အိပ်ပျော်စဉ် အသက်ရှူ ခေတ္တရပ်စေတဲ့ ရောဂါ ရှိနေနိုင်ပါတယ်။ အသက်ရှူလမ်း‌ကြောင်းမှာ တစ်စိတ်တစ်ပိုင်း ပိတ်ဆို့နေပြီး အသက်ရှူ ခဏ ရပ် ရပ် သွားတာ ဖြစ်ပါတယ်။ဒီရောဂါက သွေးတိုးခြင်း၊ နှလုံးခုန်မမှန်ခြင်း၊လေဖြတ်ခြင်း၊ နှလုံးရပ်ခြင်း တို့နဲ့ ဆက်နွှယ်နေပါတယ်။ အရမ်း ဟောက်တတ်တဲ့သူတွေ အနေနဲ့ ဆရာဝန် ပြပြီး လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ နေထိုင်မှုပုံစံ ပြောင်းလဲတာတွေ လုပ်သင့်ပါတယ်။(၆)အသည်းရောင် စီရောဂါ။ကိုယ့်မှာ အသည်းရောင် စီရောဂါ ရှိနေတယ် ဆိုရင် သူများထက် ပိုပြီး ကိုလက်စထရော နည်းတာ ၊ သွေးဖိအား ကျတာ ဖြစ်နိုင်ခြေ များပါတယ်။ ဒါပေမယ့် ဒါတောင်မှ နှလုံးရောဂါ အန္တရာယ် ရှိနေပါသေးတယ် တဲ့။အသည်းရောင် စီပိုးက နှလုံး အပါအဝင် ခန္ဓာကိုယ်ရဲ့ ဆဲလ်နဲ့ တစ်ရှူးတွေကို ရောင်ရမ်း စေနိုင်တာ ကြောင့် ဖြစ်မယ် လို့ သုတေသီ တွေက ပြောပါတယ်။(၇)အိပ်ရေး မဝတာ။တစ်ညကို အိပ်ချိန် ၆ နာရီ တောင် မပြည့်ရင် သွေးတိုးနဲ့ ကိုလက်စထရော မြင့်ဖို့ ဖြစ်နိုင်ခြေ များပါတယ်။ အိပ်ရေးပျက်ခြင်းကြောင့် အဝလွန်နိုင်ခြေ ပိုများပြီး ဆီးချိုလည်း ဖြစ်လာနိုင်ပါတယ်။အဲဒီကနေ နှလုံး ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် အိပ်စက်ချိန် ၉ နာရီထက် ကျော်သွားပြန်ရင်တော့ ဆိုးကျိုးတွေ ရှိနိုင်သေးတာမို့ ညအိပ်ချိန်ကို ၆ နာရီနဲ့ ၉ နာရီကြား ရှိအောင် ထိန်းထားသင့်ပါတယ်။(၈) စိတ် မပေါ့ပါးတာ။စိတ်ခံစားချက် နဲ့ပတ်သက်တဲ့ ပြဿနာတွေက အများကြီး ရှိသလို လူတစ်ယောက်နဲ့ တစ်ယောက်မှာလည်း မတူကြပါဘူး။ အထီးကျန်စိတ်ကို ခံစားနေရတဲ့သူတွေ၊ အိမ်ထောင်ရေး အဆင်မပြေသူတွေ၊ စိတ်ဖိစီးလေးလံနေသူတွေမှာ နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။(၉) ဗိုက် အဆီများနေတာ။ကိုယ်အလေးချိန် များနေတာကလည်း နှလုံးကို ထိခိုက်စေပါတယ်။ ဒါပေမယ့် ဗိုက်အဆီ များနေတာက ပိုပြီး အန္တရာယ်ရှိပါတယ်။ ဗိုက်အဆီကြောင့် ခန္ဓာကိုယ်မှာ ဟော်မုန်းတွေနဲ့ တခြား ဓာတုပစ္စည်းတွေကို ပိုထွက်ရှိစေပါတယ်။ အဲဒီကနေ သွေးတိုးမြင့်စေတာ၊ သွေးကြောတွေကို သက်ရောက်မှုမကောင်းတာ၊ ကိုလက်စထရော မြင့်တက်တာတွေ ဖြစ်လာစေနိုင်တယ်။(၁၀)အထိုင်များတာ။အထိုင်များတဲ့ သူတွေမှာ သွေးတိုး၊ အဝလွန် ဖြစ်နိုင်ခြေ အပြင် နှလုံးရောဂါ အန္တရာယ် စိုးရိမ်ရပါတယ်။ တီဗီရှေ့ သို့မဟုတ် ကွန်ပျူတာ၊ ဖုန်းနဲ့ အချိန်ကြာကြာ ကုန်ဆုံးတတ်သူတွေက တစ်နာရီပိုထိုင်တိုင်းမှာ ဒီရောဂါအန္တရာယ်တွေ ၂၀ ရာခိုင်နှုန်း နီးပါး ပိုများစေနိုင်ပါတယ်။(၁၁) တစ်ခါတည်းနဲ့ လေ့ကျင့်ခန်း အများကြီးလုပ်တာ။ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ  လုပ်တာ နှလုံး အတွက် ကောင်းပါတယ်။ ဒါပေမယ့် ကိုယ်က ဝနေသူ ဒါမှမဟုတ် တစ်ခါတလေမှ လေ့ကျင့်ခန်းလုပ်တတ်သူ ဆိုရင်တော့ ဖြည်းဖြည်းချင်းပဲ စတင်သင့်ပါတယ်။ စစချင်းမှာပဲ လေ့ကျင့်ခန်းကို ပြင်းပြင်းလုပ်မယ်၊ ကြာကြာလုပ်မယ်ဆိုရင် နှလုံးထိခိုက်နိုင်တဲ့အပြင် တခြားရောဂါပြဿနာတွေ ရှိလာနိုင်တယ်လို့ သုတေသနတွေက ပြောပါတယ်။ဒါ့ကြောင့် အလေ့အကျင့်မရှိသေးသူ တွေဟာ လမ်းလျှောက်ထွက်တာ လောက်နဲ့ အစပြုသင့်ပါတယ်။ နောက်မှ တစ်ဆင့်ချင်း ဖြည်းဖြည်းရှေ့တိုးတာ အကောင်းဆုံးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/bad-habits-you-dont-think-damage-your-heart/
Polycystic Kidney (ကျောက်ကပ်ရေအိတ်တည်ခြင်း)
Polycystic Kidney ဟာ ကျောက်ကပ်မှာ အရည်အိတ်တွေ ဖြစ်စေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ကျောက်ကပ်အိတ်ဟာ အရည်တွေနဲ့ ပြည့်နေတဲ့ ပုံမှန်မဟုတ်တဲ့ အိတ်တစ်မျိုးဖြစ်ပါတယ်။ Polycystic kidney disease cysts တွေဟာ ကျောက်ကပ်တွေရဲ့ ပုံမှန် တည်ဆောက်ပုံကို အစားထိုးပြီး ကျောက်ကပ်တွေ ကြီးလာကာ နာတာရှည်ကျောက်ကပ်ရောဂါကိုဖြစ်စေပြီး အချိန်ကြာလာတာနဲ့ အမျှ ကျောက်ကပ် လုပ်ငန်းဆောင်တာကို လျော့ကျစေပါတယ်။Polycystic kidney disease ရဲ့ အဓိက အမျိုးအစား နှစ်မျိုးကတော့ autosomal dominant Polycystic kidney disease နဲ့ autosomal recessive Polycystic kidney disease တို့ပဲ ဖြစ်ပါတယ်။Polycystic kidney ရောဂါဖြစ်နှုန်းဟာ လူအယောက် ၁၀၀၀မှာ ၄၀၀ လောက်ဖြစ်ပါတယ်။ Polycystic kidney disease ဟာ တစ်ကမ္ဘာလုံးမှာဖြစ်ပြီး လူမျိုးတိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒီရောဂါဟာ အမျိုးသားရော၊ အမျိုးသမီးပါ တူညီစွာဖြစ်ကြပြီး အမျိုးသားတွေမှာတော့ ပိုပြီး ကျောက်ကပ်ပျက်စီးနိုင်ပါတယ်။ ကိုယ်ဝန်သုံးယောက်နဲ့ အထက်ဆောင်ထားပြီး Polycystic kidney disease ရှိသူ အမျိုးသမီးတွေဟာ ပိုပြီးကျောက်ကပ်ပျက်စီးနိုင်ပါတယ်။ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။လူအတော်များများဟာ လက္ခဏာမရှိပဲ Polycystic kidney disease နဲ့ နှစ်ပေါင်းများစွာ နေထိုင်ကြပါတယ်။ ရောဂါလက္ခဏာ ရှိမရှိဟာ အရည်အိတ်ရဲ့ အရွယ်အစားပေါ်မူတည်ပြီးတော့ အရည်အိတ် လက်မဝက် (သို့) ဒီထက်ကြီးလာမယ်ဆိုရင် လက္ခဏာ ပေါ်လာနိုင်ပါတယ်။ Polycystic kidney disease နဲ့ ဆက်စပ်နေတဲ့ လက္ခဏာတွေကတော့။Autosomal recessive Polycystic kidney disease ရှိတဲ့ ကလေးငယ်တွေမှာ အောက်ပါ လက္ခဏာတွေ ရှိတတ်ပါတယ်။ကလေးတွေမှာ ဖြစ်တဲ့ လက္ခဏာတွေဟာ အခြားရောဂါလက္ခဏာတွေနဲ့ ဆင်တူတတ်ပါတယ်။ရောဂါကိုစောစီးစွာ သိရှိပြီး ကုသခြင်းဟာ ရောဂါပိုဆိုးလာခြင်းနဲ့ အခြားအရေးပေါ် အခြေအနေဖြစ်ခြင်းတွေကနေ ကာကွယ်ပေးနိုင်တာကြောင့် ဒီလိုအခြေအနေကို ကာကွယ်ဖို့ ဆရာဝန်နဲ့ စကားပြောသင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။Polycystic kidney disease ဟာ မျိုးရိုးဗီဇကြောင့် ဖြစ်ပွားနိုင်ပြီး မျိုးရိုးလိုက်နိုင်ပါတယ်။ ရှားရှားပါးပါး genetic mutation ကြောင့် Polycystic kidney disease ဖြစ်နိုင်ပါတယ်။ မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ Polycystic kidney disease အမျိုးအစား နှစ်မျိုးရှိပါတယ်။• Autosomal dominant polycystic kidney disease (ADPKD) – ADPKD ရဲ့ လက္ခဏာတွေဟာ အသက် ၃၀နဲ့ ၄၀ ကြားမှာ ပြတတ်ပါတယ်။ ဟိုအရင်တုံးကတော့ ဒီအမျိုးအစားကို လူကြီးတွေမှာ ဖြစ်တဲ့ polycystic kidney disease လို့ခေါ်ပေမယ့် ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ဒီရောဂါကိုဖြစ်ဖို့ မိဘတစ်ဦးဦးကသာ ဒီရောဂါဖြစ်နေဖို့ လိုအပ်ပါတယ်။ မိဘတစ်ဦးမှာ ADPKD ဖြစ်နေရင် ကလေးတစ်ယောက်စီမှာလည်း ဒီရောဂါဖြစ်ဖို့ ၅၀% ရှိပါတယ်။ ဒီအမျိုးအစားဟာ polycystic kidney disease တွေရဲ့ ၉၀%လောက်ဖြစ်ပါတယ်။Autosomal recessive polycystic kidney disease (ARPKD) – ဒီရောဂါကတော့ ADPKD ထက်အဖြစ်နည်းပါတယ်။ လက္ခဏာတွေက မွေးပြီးမကြာခင် ပျောက်သွားတတ်ပါတယ်။ တခါတရံမှာ လက္ခဏာတွေဟာ ကလေးအသက်ကြီးလာချိန် (သို့) လူပျိုဖေါ်အပျိုဖေါ် ဝင်ချိန်အထိ ဖြစ်မလာတတ်ပါဘူး။Polycystic kidney disease ဟာ မျိုးရိုးလိုက်တဲ့ရောဂါဖြစ်တာကြောင့် သူ့ကို ကာကွယ်လို့မရပါဘူး။Polycystic kidney disease ကိုအတည်ပြုဖို့အတွက် အချို့စစ်ဆေးမှုတွေဟာ အရည်ဖုတွေရဲ့ အရွယ်အစားနဲ့ အရေအတွက်ကို ဖေါ်ပြပေးပြီး ကျန်းမာတဲ့ ကျောက်ကပ်တစ်ရှူးတွေပမာဏကိုပါ တွက်ဆပေးပါတယ်။Ultrasound exam – Ultrasound ရိုက်နေစဉ်မှာ transducer လို့ခေါ်တဲ့ ကိရိယာလေးကို ကိုယ်ခန္ဓါပေါ်မှာ အသုံးပြုမှာဖြစ်ပါတယ်။ သူဟာ မကြားနိုင်တဲ့ အသံလှိုင်းတွေကို ထုတ်လုပ်ပြီး transducer ပေါ်ကို sonar လိုမျိုးပြန်ကျလာပါတယ်။ ကွန်ပျူတာက ကျောက်ကပ်ပုံရိပ်တွေပေါ်က အသံလှိုင်းတွေကို ဘာသာပြန်ပေးပါတယ်။CT scan – ရွေ့လျားနိုင်တဲ့ စားပွဲတစ်ခုပေါ်မှာ လဲလျောင်းနေရမှာဖြစ်ပြီး ဒိုးနပ်ပုံစက်ထဲကို ဝင်ရမှာဖြစ်ကာ ထိုစက်က ကိုယ်ခန္ဓါပေါ်ကို X-rays တွေ ထိုးလိုက်ပါတယ်။ ဆရာဝန်က ကျောက်ကပ်တွေရဲ့ ထောင့်ဖြတ်ပုံ ပုံရိပ်တွေကို မြင်နိုင်မှာဖြစ်ပါတယ်။MRI – ကြီးမားတဲ့ cylinder ထဲမှာ လဲလျောင်းနေရမှာဖြစ်ပြီး magnetic fields နဲ့ ရေဒီယိုလှိုင်းတွေဟာ ကျောက်ကပ်တွေရဲ့ ထောင့်ဖြတ်ပုံ ပုံရိပ်တွေကို မြင်ရမှာဖြစ်ပါတယ်။Polycystic kidney disease ကိုကုသခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ လက္ခဏာတွေကို သက်သာစေပြီး နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်ပေးဖို့ပဲဖြစ်ပါတ်။ သွေးပေါင်ထိန်းခြင်းဟာ ကုသမှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အချို့ကုသမှုတွေကတော့။ဆိုးရွားပြီး ကျောက်ကပ်ပျက်စီးစေတဲ့ Polycystic kidney disease တွေမှာတော့ ကျောက်ကပ်ဆေးခြင်းနဲ့ ကျောက်ကပ်အစားထိုးခြင်းတွေ လိုအပ်နိုင်ပါတယ်။ ကျောက်ကပ်တစ်ခု (သို့) နှစ်ခုလုံးကို ဖယ်ထုတ်ရနိုင်ပါတယ်။အစားအသောက်နဲ့ ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင်က မှန်ကန်တဲ့ အစားအသောက်တွေ ရွေးချယ်ပေးဖို့ ကူညီပေးနိုင်ပါတယ်။ Polycystic kidney disease အပါအဝင် ကျောက်ကပ်ရောဂါရှိသူတွေဟာ သူတို့အစားသောက်ထဲကို ဘာတွေထည့်စားရမလဲဆိုတာနဲ့ ဘယ်အစားအစာက ဆိုးကျိုးဖြစ်စေလဲဆိုတာကို ကျွမ်းကျင်သူနဲ့ စကားပြောသင့်ပါတယ်။Polycystic kidney disease ဟာ သွေးပေါင်ထိန်းချုပ်ဖို့အတွက် အစားအသောက်ပြောင်းလဲခြင်းတွေလိုအပ်နိုင်ပါတယ်။ ကျောက်ကပ်ရောဂါဟာ အစားအသောက်ပြောင်းလဲမှုတွေ လိုအပ်တဲ့ရောဂါဖြစ်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/polycystic-kidney-%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%80%e1%80%b9%e1%80%80%e1%80%95%e1%80%b9%e1%80%b1%e1%80%9b%e1%80%a1%e1%80%ad%e1%80%90%e1%80%b9%e1%80%90%e1%80%8a%e1%80%b9%e1%80%bb%e1%80%81/
လက်ချောင်း အနိမ့်အမြင့်လေးတွေက ပြောပြနေတဲ့ နှလုံးကျန်းမာရေး
ဒီဆောင်းပါးလေးကို မဖတ်ခင်လက်လေးကိုဖြန့်လို့လက်ချောင်း လေးတွေကိုအရင်ကြည့်လိုက်နော်။ ပြီးရင်တော့ လက်ချောင်းလေးတွေ ရှည်လား၊ တိုလားဆိုတာကိုမှတ်ထားပါ။ ပြီးရင်တော့ ဆောင်းပါးလေးဖတ်ပြီး အဖြေထုတ်ကြည့်ရအောင်လား…….။မကြာသေးခင်က Liverpool တက္ကသိုလ်မှာ လုပ်ခဲ့တဲ့ လေ့လာမှုရလဒ်အရ လက်ညှိုးက လက်သူကြွယ်ထက်ရှည်နေတဲ့သူတွေဟာနှလုံးရောဂါခံစားရနိုင်ခြေ များနေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ အကြောင်းကတော့ လက်သူကြွယ်နိမ့်နေတဲ့ အမျိုးသားတွေဟာtestosteroneဟော်မုန်းနည်းနေသူတွေပေါ့။ ဒီဟော်မုန်းနေည်းနေတာက နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်မားစေနိုင်ပါတယ်။အဆိုပါလေ့လာမှုအတွင်း အသက် ၃၅ နှစ် ကနေ အသက် ၈၀ အတွင်းရှိတဲ့ အမျိုးသား ၁၅၁ ယောက်ကို လေ့လာမှုတွေလုပ်ခဲ့ပါတယ်။ လေ့လာမှုအတွင်းတွေ့ခဲ့ရတာကလက်ညှိုးက လက်သူကြွယ်ထက်ပိုမြင့်နေတဲ့ အမျိုးသားတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေ များနေတာကို တွေ့ရှိခဲ့ရပါတယ်။ လက်ညှိုးက လက်သူကြွယ်ထက်ရှည်နေသူတွေမှာ နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့ testosterone ဟော်မုန်းနည်းနေတာကိုတွေ့ရှိခဲ့ရပါတယ်။ဒါကြောင့် အမျိုးသားတွေအနေနဲ့ လက်ညှိုးက လက်သူကြွယ်ထက်ပိုရှည်နေမယ်ဆိုရင်တော့ နှလုံးရောဂါဖြစ်နိုင်များနေတယ်ဆိုတဲ့လက္ခဏာပါ။ လေဒီလေးတွေမှာတော့ လက်ညှိုးက လက်သူကြွယ်ထက်ပိုမြင့်နေမယ်ဆိုရင်သန္ဓေအောင်နိုင်စွမ်းနည်းနေနိုင်သလို ရင်သားကင်ဆာဖြစ်နိုင်ခြေလည်းများနေတယ်လို့ဆိုပါတယ်။ လက်ချောင်းလေးတွေအနိမ့်အမြင့်ကိုကြည့်ပြီး မှန်းနိုင်တဲ့ရောဂါတွေက ဒီတစ်ခုတည်းတော့မဟုတ်ပါဘူး။ ဒါကြောင့် လက်ကလေးတွေကို ဖြန့်လို့ လက်ချောင်းလေးတွေရဲ့ အနိမ့်အမြင့်ကိုကြည့်ပြီး ကိုယ့်မှာ နှလုံးရောဂါဖြစ်နိုင်ခြေရှိလားဆိုတာကို ခန့်မှန်းလိုက်နော် အမျိုးသား တို့ရေ……။နှလုံးရောဂါက မွေးရာပါဖြစ်နိုင်သလိုနေထိုင်စားသောက်မှုပုံစံမှားယွင်းနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒီအခြေအနေတွေက နှလုံးရောဂါဖြစ်နိုင်ခြေကို ပိုတိုးစေနိုင်ပါတယ်။နှလုံးရောဂါခံစားနေရတဲ့အခါ။နှလုံးရောဂါမဖြစ်စေဖို့ဆိုရင်။ဒီအလ့အထလေးတွေကိုငယ်စဉ်ကတည်းက ပျိုးထောင်လို့ ကျန်းမာပျော်ရွှင်ပြီး နှလုံးရောဂါကင်းစင်တဲ့ လူနေမှုပုံစံကို ဖန်တီးဖို့ တိုက်တွန်းပါရစေနော်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/fingers-are-an-indicator-of-heart-disease/
အတက်ရောဂါဟာ ကလေးရဲ့ ဖွံ့ဖြိုးမှုကို ဘယ်လို ထိခိုက်နိုင်သလဲ
ဝက်ရူးပြန်ရောဂါဆိုတာ ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပြီး ခံစားရတဲ့ ရောဂါလက္ခဏာတွေရဲ့ ပြင်းထန်ပုံ နှင့်အကြိမ်အရေအတွက် အပေါ်မူတည်ပြီး ကလေးတစ်ဦးမှ တစ်ဦးကွာခြားနိုင်ပါတယ်။ သူတို့ရဲ့ အတတ်ပညာဆိုင်ရာ သင်ယူနိုင်စွမ်း၊ အမူအရာနှင့် စိတ်ခံစားမှုဆိုင်ရာ စီမံခန့်ခွဲနိုင်စွမ်း၊ ထိန်းချုပ်နိုင်စွမ်းတို့နှင့် လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ မှာလိုက်လျောညီထွေ ဖြစ်နိုင်စွမ်း စတာတွေပေါ် မူတည်တာပဲဖြစ်ပါတယ်။ အတက်ရောဂါကို ဆေးတွေနှင့် ကောင်းမွန်စွာ ထိန်းချုပ် နိုင်ခဲ့မယ်ဆိုရင်တောင် ဒီလိုမျိုးပြဿနာတွေ ရှိလာနိုင်ပါတယ်။ ဒါတွေဟာ ဦးနှောက်ဖွဲ့စည်းမှု ပုံမှန်မဟုတ်ခြင်း သို့မဟုတ် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာများ ပုံမှန်မလုပ်ဆောင်နိုင်ခြင်း သို့မဟုတ် အတက်ရောဂါ ပျောက်ဆေးများရဲ့ ဘေးထွက်ဆိုးကျိုးများ စတာတွေကြောင့် ဖြစ်ပါတယ်။ပညာသင်ကြားခြင်းဆိုင်ရာ ရလဒ်များ။ဝက်ရူးပြန်ရောဂါ ရှိတဲ့ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး လုပ်ဆောင်နိုင်စွမ်းဟာ ပုံမှန်ကလေး များနှင့် နှိုင်းယှဉ်လို့ ရပါတယ်။ သို့သော် သူတို့မှာ သင်ကြားမှုပိုင်းဆိုင်ရာနှင့် ပညာပါရမီ ပိုင်းဆိုင်ရာတို့တွင် ပြဿနာအချို့ ရှိနိုင်ပါတယ်။ အတွေးအခေါ်နှင့် စာလေ့လာခြင်းဆိုင်ရာ စွမ်းရည်တွေကို ထိန်းချုပ်ထားတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်း တချို့ပျက်စီး တာဟာ အဖြစ်များလေ့ရှိပါတယ်။ သူတို့ဟာ အာရုံစူးစိုက်နိုင်စွမ်း၊ မှတ်မိနိုင်စွမ်း၊ တွေးခေါ်နိုင်စွမ်း၊ ခြုံငုံသုံးသပ်နိုင်စွမ်းနှင့် ပညာပါရမီပိုင်းဆိုင်ရာ တွေမှာအခက်အခဲ ရှိနေနိုင်ပါတယ်။ဒါ့အပြင် ဦးနှောက်ရဲ့ ဆုံချက်နေရာတစ်ခုမှာ ပုံမှန်မဟုတ်တဲ့ အတွက်ကြောင့် ဒီလိုမျိုးကလေးတွေမှာ သင်ကြားမှု ပိုင်းဆိုင်ရာ ပြဿနာအချို့ ရှိနေရခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် နားထင်ပိုင်းတွင် ရှိသောဦးနှောက်ရဲ့ အမွှာအလယ်ပိုင်းမှာ အမာရွတ် ရှိနေတဲ့ ကလေးတွေဟာ လတ်တလော မြင်ဖူးကြားဖူးနေတဲ့ အရာတွေကို ပြန်မမှတ်မိ၊ မကြားဖူးပဲ ဖြစ်နေနိုင်ပါတယ်။ ဒါ့အပြင် အခြားကိစ္စတွေဖြစ်တဲ့ တက်ခြင်း၊ အတက်ပျောက်ဆေးများ သောက်ထားခြင်း နှင့် မောပန်းနွမ်းနယ်ခြင်း စတာတွေက ခဏတာစာသင်ကြားမှု ပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ တက်နေတဲ့အခါနှင့် တက်ပြီးတဲ့အခါမှာ မောပန်းနွမ်းနယ်ခြင်း နှင့် ဝေဝါးခြင်း တွေကစာသင်ကြား ကျက်မှတ်ရာတွင် မိနစ်ပိုင်းသို့မဟုတ် နာရီပိုင်းလောက်ထိခိုက်သွားနိုင်ပါတယ်။ ဝက်ရူးပြန်ရောဂါရှိတဲ့ ကလေးတွေမှာ များသောအားဖြင့် တွေ့ရတဲ့ ပင်ပန်းနွမ်းနယ်ခြင်းဟာ သူတို့ရဲ့ စာသင်ကြားလေ့လာ သင်ယူနိုင်စွမ်းကို လျော့ကျစေတဲ့ အရေးကြီးဆုံး အချက်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကလေးတွေရဲ့ စာလေ့လာသင်ယူနိုင်စွမ်းဟာ တစ်နေ့နဲ့ တစ်နေ့အပြောင်းအလဲ ဖြစ်နေပါတယ်။စိတ်ခံစားမှု ပိုင်းဆိုင်ရာ နှင့်အပြုအမှုပိုင်းဆိုင်ရာ ရလဒ်များ။ဝက်ရူးပြန်ရောဂါရှိတဲ့ ကလေးတွေမှာ များသောအားဖြင့် စိတ်ခံစားမှု ပိုင်းဆိုင်ရာနှင့် အပြုအမှုပိုင်းဆိုင်ရာမှာ အခက်အခဲတွေ ရှိလေ့ရှိပါတယ်။ တစ်ချို့သော ကလေးတွေမှာ ဝက်ရူးပြန်ရောဂါရှိ သော်လည်းအတက်သက်သာဆေးများ သောက်နေတဲ့ အတွက်သူတို့ရဲ့ အပြုအမူပိုင်းဆိုင်ရာ တွေမှာ ထိခိုက်မှု မရှိပါဘူး။ သို့သော် အချို့သော မိဘတွေက သူတို့ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် အပြုအမူ ပိုင်းဆိုင်ရာ ပြောင်းလဲတာတွေကို သတိထားမိလေ့ရှိကြပါတယ်။ အဖြစ်များလေ့ရှိတဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ နှင့်အပြုအမူပိုင်းဆိုင်ရာ အခက်အခဲ အချို့ကတော့ စိတ်ပူပန်မှု များခြင်း။ စိတ်ကျဝေဒနာ ခံစားရခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အလွန်လှုပ်ရှား တက်ကြွလွန်းခြင်း၊ ရန်မူတတ်ခြင်း၊ အကြောင်းအရာမရှိ ဒေါသထွက်လွယ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် စကားပြောဆိုခြင်း ဆိုင်ရာ သို့မဟုတ် အပြုအမူ ပိုင်းဆိုင်ရာနှင့် ရန်လိုတတ်ခြင်း စတဲ့ လက္ခဏာတွေ အမြဲတမ်းသို့မဟုတ် ဖြစ်လိုက်ပျောက်လိုက် ဖြစ်နေတတ်တဲ့ ဝက်ရူးပြန် ရောဂါရှိသောကလေးတွေအကြောင်းကို လေ့လာစမ်းသပ်မှု အနည်းငယ် ပြုလုပ်ထားတာတွေ ရှိပါတယ်။ ဒါ့အပြင် ဒီလိုကလေးတွေမှာ ရန်မူခြင်းဟာ ဘာကြောင့်ဖြစ်တယ် ဆိုတာကို တိတိကျကျ မသိထားပါဘူး။ထင်မြင်ရသည်ကတော့ ဒီလိုကလေးတွေဟာ အချို့သော အခြေအနေတွေ ကိုသူတို့အတွက် စိတ်အနှောင့် အယှက် ဖြစ်စရာလို့ ခံယူနေတာကြောင့် ဖြစ်ပါတယ်။ ဥပမာ ဝက်ရူးပြန်ရောဂါ ရှိတဲ့ အချို့ကလေးတွေဟာ အကြားအာရုံပိုင်းဆိုင်ရာနှင့် ပတ်သက်ရင် အလွန်ထိရှ လွယ်တတ်ပါတယ်။ စာသင်ခန်းထဲမှ အလွန်ဆူညံသောအသံများဟာ သူတို့ကို ပေါက်ကွဲစရာ အမူအရာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီကလေးတွေဟာ များသောအားဖြင့် သူတို့ကိုယ် သူတို့ အပြစ်တင်လေ့ရှိပါတယ်။ ဥပမာ ငါဟာမကောင်းတဲ့သူတစ်ယောက်ပါ လို့ပြောတတ်ကြပါတယ်။ ဒီလိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ဖယ်ရှားပေးခြင်း သို့မဟုတ် ကလေးကို ဒီလို လှုံ့ဆော်မှုတွေကနေ ဖယ်ရှားပေးလိုက်ခြင်းဟာ တစ်ခါတရံမှာ သူတို့ရဲ့ ဒေါသပေါက်ကွဲမှုတွေကို ယုတ်လျော့သွားစေနိုင်ပါတယ်။လူမှု ဆက်ဆံရေးပိုင်းဆိုင်ရာ ရလဒ်များ။ကိုယ်ကာယပိုင်းဆိုင်ရာ လှုပ်ရှားမှုများ၊ သက်တူရွယ်တူများ နှင့်လူမှုဆက်ဆံရေး ပိုင်းဆိုင်ရာအချိတ်အဆက် အပြောအဆိုများ စတာတွေဟာ အထူးသဖြင့် အရေးကြီး ပါတယ်။ ကလေးတွေဟာ အတက်ရောဂါ ရှိနေတဲ့အတွက်ကြောင့် စာလေ့လာရေးပိုင်းဆိုင်ရာမှာပဲ ဖြစ်ဖြစ်၊ ပြန်လည်ဖန်တီးနိုင်စွမ်းဆိုင်ရာ အတွေ့အကြုံမှာပဲ ဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာတွေမှာပဲ ဖြစ်ဖြစ်အပြည့်အဝ ပါဝင်ဆောင်ရွက်ရခြင်း မရှိပဲနေတတ် ကြပါတယ်။ ကလေးအများစု ခွင့်ပြုချက်ရထားတဲ့ ပုံမှန်ကျောင်းတက်ကြွလှုပ်ရှားမှု အစီအစဉ်တွေမှာ အတက်ရောဂါရှိတဲ့ကလေးတွေရဲ့ မိဘတွေဟာ ကန့်ကွက်လေ့ရှိကြပါတယ်။ ဒီလိုလုပ်ခြင်းဟာ ကလေးကို လူမှုကွန်ယက်ကနေ ဖယ်ထုတ် လိုက်သလိုဖြစ်နိုင်ပါတယ်။ သီးခြားနေခိုင်းသလို ဖြစ်နေပါတယ်။ ဒီလိုမျိုး အရေးပါတဲ့ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ လေ့လာသင်ယူစရာ အတွေ့အကြုံ ကောင်းတွေကနေ သီးသန့်ဖယ်ထုတ် လိုက်ခြင်းဟာ မိမိကိုယ်ကို မကောင်းမြင်ဝါဒတွေ ပိုများလာစေဖို့အတွက် အားပေးသလို ဖြစ်နေပါတယ်။ ဝက်ရူးပြန်ရောဂါ ရှိတဲ့ ကလေးအများစုဟာလည်းပဲ အခြားကလေးတွေ ပါဝင်ဆောင်ရွက်နေတဲ့ တက်ကြွလှုပ်ရှားမှု တွေကို ပါဝင်ဆောင်ရွက်နိုင်ပါတယ်။ ရေကူးခြင်းလိုမျိုး၊ စက်ဘီးစီးခြင်းလိုမျိုး လှုပ်ရှားမှုတွေ လုပ်တဲ့အခါ အန္တရာယ်ကင်းအောင် ဘေးကနေ ရိုးရှင်းစွာလုပ်ဆောင်ပေးနိုင်ပါတယ်။ ဥပမာ သင့်ကလေး တက်လာတဲ့အခါမှာ ဘယ်လိုကူညီပေးရမယ်ဆိုတာကို သိတဲ့လူတစ်ယောက်နှင့် သင့်ကလေးကို ထားပေးသင့်ပါတယ်။အတက်ရောဂါဆိုတာ အလွန်ရှုပ်ထွေးသော ရောဂါတစ်မျိုးဖြစ်ပြီး ကလေးရဲ့ ဖွံ့ဖြိုးကြီးထွားမှုနှင့် လုပ်ငန်းဆောင်တာ လုပ်ဆောင်နိုင်စွမ်း စတဲ့အပိုင်းများစွာမှာ ထိခိုက်စေပါတယ်။ ရလဒ်အနေနဲ့ကတော့ ဒီလိုကလေး အများစုဟာ ကျောင်းပိုင်းဆိုင်ရာ အတွေ့အကြုံတွေ ရလဒ်တွေမှာ များသောအားဖြင့် မအောင်မြင်ပဲ ရှိနေတတ်ကြပါတယ်။ ရွယ်တူ တန်းတူတွေနှင့် လူမှုဆက်ဆံရေး ပိုင်းဆိုင်ရာ တွေမှာလည်း အခက်အခဲတွေရှိကြပြီး လူမှုဆက်ဆံရေးဆိုင်ရာ စွမ်းရည်များ မလုံမလောက်ဖြစ်ကာ မိမိကိုယ်ကို တန်ဖိုးမထားပဲ ရှိနေတတ်ကြပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/%e1%80%a1%e1%80%90%e1%80%80%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%9f%e1%80%ac-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9b%e1%80%b2%e1%82%95-%e1%80%96%e1%80%bc%e1%80%b6%e1%82%95/
ကိုယ်ဝန်ဆောင်မေမေထောပတ်သီးစားလို့ဖြစ်ပါ့မလား
ကိုယ်ဝန်ဆောင်မေမေတစ်ယောက်က သာမန်လူတစ်ယောက်နဲ့မတူပါဘူး။ စားလိုက်သမျှအစားအသောက်တိုင်းက ကောင်းကျိုးရှိရင် နှစ်ဦးစလုံးအတွက် အကျိုးရှိမှာဖြစ်ပြီး ထိခိုက်မယ်ဆိုရင်လည်း မေမေရောဘေဘီလေးမှာပါထိခိုက်မှာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေရချိန်မှာ တစ်ခုခုစားချင်တိုင်းအဆင်ပြေပါ့မလားဆိုတာကို အရင်တွေးကြည့်သင့်ပါတယ်။အခုချိန်က ထောပတ်သီးတွေပေါ်ချိန်မို့ နေ့လယ်နေ့ခင်းထောပတ်သီးဖျော်ရည် ချိုချိုအေးအေးလေးသောက်ချင်ပေမယ့် ဘေဘီလေးကို ထိခိုက်မလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက စိုးရိမ်မှုအတွက် အကောင်းဆုံးဖြေရှင်းပေးနိုင်မှာပါ။ကိုယ်ဝန်ဆောင်မေမေက ထောပတ်သီးစားလို့ရပါတယ်။ ထောပတ်သီးစားသုံးမှုက မေမေရော ဘေဘီလေးမှာပါ ထိခိုက်မှုမရှိတဲ့အပြင်ကျန်းမာရေးအတွက် ကောင်းကျိုးတွေတောင်ပေးပါသေးတယ်။ မေမေထောပတ်သီးစားသုံးပေးမှုက မေမေနဲ့ ဘေဘီလေးအတွက် ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေရစေတာလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ အတူတူဆက်ကြည့်ရအောင်လား။ထောပတ်သီးထဲမှာကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့အာဟာရတွေတော်တော်များများပါဝင်နေပါတယ်။• ဖောလိတ်။• ပိုတက်ဆီယမ်။• ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီ။• ကယ်လ်လိုရီ။• ဆိုဒီယမ်။• အမျှင်ဓာတ်။• ပရိုတင်း။• ဗီတာမင် A။• ဗီတာမင် C။• ဗီတာမင် B (B1/B2/B5/B6)။•ဗီတာမင် E။• ဗီတာမင် K။• ကယ်လ်ဆီယမ်။• သံဓာတ်။• ကာဗိုဟိုက်ဒရိတ်။• choline။• ကော့ပါး။• ဇင့်။• မဂ္ဂနီဆီယမ် တို့ပါဝင်နေပါတယ်။ထောပတ်သီးက ဖောလိတ်ပါဝင်မှုများတာကြောင့် ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ စားပေးတာက ဘေဘီလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာဖြစ်ပြီး ဘေဘီလေးမှာမွေးရာပါချို့ယွင်းချက်ဖြစ်မလာအောင် ကူညီပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ထောပတ်သီးကိုစားသုံးပေးတာက မေမေအတွက်ရော ဘေဘီလေးအတွက်ပါ အကောင်းဆုံး အထောက်အပံ့ပေးနိုင်တာပါ။ဘေဘီလေးကို မွေးရာပါချို့ယွင်းချက်ကင်းစေတယ်။ထောပတ်သီးမှာဖောလိတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် ဘေဘီလေးရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဖွံ့ဖြိုးစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်တာကြောင့် မွေးရာပါချို့ယွင်းမှုမရှိအောင် အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။သွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်။ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်အားနည်းတာက မေမေ့မှာ သွေးအားနည်းရောဂါကိုဖြစ်စေနိုင်ပါတယ်။ ထောပတ်သီးကသံဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် သွေးအားနည်းရောဂါကို ကာကွယ်တဲ့အနေနဲ့ စားသုံးပေးသင့်ပါတယ်။အစာကြေစေနိုင်တယ်။ကိုယ်ဝန်ဆောင်ချိန်မှာ အစာမကြေတာ၊ဝမ်းချုပ်တာတွေက အမြဲလိုလိုခံစားရလေ့ရှိတဲ့ရောဂါပါ။ ဒီပြဿနာတွေကင်းစေဖို့ဆိုရင် အမျှင်ဓာတ်ကြွယ်ဝတာကို စားဖို့လိုအပ်ပါမယ်။ ဒါကြောင့် အမျှင်ဓာတ်ကြွယ်ဝတဲ့ ထောပတ်သီးကို စားသုံးပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာအစာခြေစနစ်ကို ကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ကိုယ်ဝန်ဆောင်ချိန်ပျို့အန်တာကို သက်သာစေနိုင်တယ်။ကိုယ်ဝန်အစောပိုင်းကာလမှာ ခံစားရနိုင်တဲ့ ပျို့အန်တာကို သက်သာစေဖို့ဆိုရင် ဗီတာမင် C ကြွယ်ဝဖို့လိုပါမယ်။ ဒီပြဿနာကိုလည်း ထောပတ်သီးစားသုံးမှုကအကောင်းဆုံးဖြေရှင်းပေးနိုင်မှာပါ။သွေးတွင်း အဆီဓာတ်နဲ့သကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်။ထောပတ်သီးကို ပုံမှန်စားသုံးပေးမှုက ကိုယ်ဝန်ဆောင်မေမေတို့ကို ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတွင်းသကြားဓာတ်နဲ့ အဆီဓာတ်တွေတိုးမလာစေဖို့ အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ဆီးချိုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ကြွက်တက်တာကို သက်သာစေနိုင်တယ်။ကိုယ်ဝန်ဆောင်ကာလမှာ မေမေတို့ကြုံရနိုင်တဲ့ ပြဿနာတစ်ခုက ကြွက်တက်တာပါ။ ဒိလိုမျိုး ခြေထောက်တွေကြွက်တက်တာကို ထောပတ်သီးက အထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။ ငှက်ပျောသီးထက် ပိုတက်ဆီယမ် ကြွယ်ဝသလို ကယ်လ်ဆီယမ်လည်းပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန် ကြွက်တက်တာကို အထိရောက်ဆုံးသက်သာစေနိုင်မှာပါ။ဘေဘီလေးကိုဦးနှောက်ဖွံ့ဖြိုးစေနိုင်တယ်။ထောပတ်သီးမှာ choline ပါဝင်နေသလို ဖောလိတ်လည်းကြွယ်ဝစွာပါဝင်နေမှုက ဘေဘီလေးရဲ့ ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးမှုကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။အာဟာရစုပ်ယူနိုင်စွမ်းကောင်းစေတယ်။ထောပတ်သီးက အာဟာရတွေထောက်ပံ့ပေးရုံတင်မဟုတ်ဘဲ အခြားအစားအစာတွေမှာပါတဲ့ အာဟာရဓာတ်တွေကိုပါ အကောင်းဆုံးစုပ်ယူနိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။ကိုယ်ဝန်ဆိပ်တက်တာကို လျော့ကျစေတယ်။ပိုတက်ဆီယမ်ကြွယ်ဝမှုက သွေးပေါင်မတက်အောင်ကာကွယ်ပေးနိုင်ရုံမက ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ သွေးဆိပ်တက်တာကိုပါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မေမေ့မှာ နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း သိသိသာသာလျော့ကျစေနိုင်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/eating-avocados-during-pregnancy/
သင့်ရဲ့ အတက်ရောဂါအတွက် ကုသမှုဆိုင်ရာနည်းလမ်းများကို နားလည်ခြင်း
အတက်ရောဂါဆိုတာဦးနှောက်ရဲ့အာရုံကြောဆဲလ်တွေ လှုပ်ရှားမှုပုံမှန်မဟုတ်တဲ့အတွက်ကြောင့်ဖြစ်လာတဲ့ အာရုံကြောဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)ရဲ့တင်ပြချက်များအရ ကမ္ဘာပေါ်မှာ အတက်ရောဂါခံစားနေရတဲ့ လူနာပေါင်းဟာ အကြမ်းဖျင်းအားဖြင့် ၅၀ မီလီယံရှိတယ်လို့ ခန့်မှန်းထားပါတယ်။ အတက်ရောဂါအတွက်ကုသမှု ခံယူခြင်းဟာ ဖြစ်ပွားရတဲ့အကြောင်းအရင်းပေါ် မူတည်ပါတယ်။ ဒီရောဂါ ဖြစ်ရခြင်းရဲ့အကြောင်းအရင်းကို ကုသခြင်းအားဖြင့် နောက်ထပ် အတက်ရောဂါ ဖြစ်မလာအောင် ကာကွယ်နိုင်ပါတယ်။အတက်ရောဂါကို ၎င်း ဖြစ်ရတဲ့ အကြောင်းအရင်းပေါ် မူတည်ပြီး အလွယ်တကူပဲ ကုသနိုင်ပါတယ်။ ပုံမှန်ကုသမယ်ဆိုရင် ၎င်းရဲ့ ရောဂါလက္ခဏာတွေဟာ ရပ်တန့်ယုတ်လျော့သွားမှာ ဖြစ်ပါတယ်။ ဝက်ရူးပြန်ရောဂါ ကြောင့် ဖြစ်တဲ့ အတက်ရောဂါကို ကုသရာမှာ အောက်ပါတို့ ပါဝင်ပါတယ်။• ဆေးသောက်ခြင်း။• ဦးနှောက်ရဲ့ ပုံမှန်မဟုတ်တဲ့ အစိတ်အပိုင်းများကို မှန်ကန်သွားအောင် ခွဲစိတ်ခြင်း၊။• အာရုံကြောဆိုင်ရာ လှုံ့ဆော်မှု ပြုလုပ်ခြင်း။• ketogenic dietဟု ခေါ်သော အထူးအစားအသောက်များ စားပေးခြင်းစတာတွေပဲ ဖြစ်ပါတယ်။ဆေးသောက်ခြင်း။အတက်ရောဂါရှိတဲ့ လူနာတွေကို အချို့သော အတက်ရောဂါပျောက်ဆေးများ ညွှန်ကြားပေးသင့်ပါတယ်။ သင့်ရဲ့ကျန်းမာရေး အခြေအနေကို ထိန်းချုပ်ဖို့ရာအတွက် သင့်ဆရာဝန်က တစ်ကြိမ်ထဲမှာပဲ ဆေးကိုတစ်မျိုးထက်ပိုပြီး ပေးနိုင်ပါတယ်။ အတက်ရောဂါကို ကုသဖို့ရာ ဆေးများစွာ ရှိပါတယ်။ ဒီဆေးတွေထဲမှာတော့။• Ativan (lorazepam);။• Depakote (divalproex sodium);။• Dilantin (phenytoin);။• Klonopin (clonazepam);။• Lamictal (lamotrigine);။• Lyrica (pregabalin);။• Neurontin (gabapentin);။• Tegretol (carbamazepine);။• Valium (diazepam) စတာတွေပါဝင် ပါတယ်။corpus callosum ဟုခေါ်သည့် ဦးနှောက်တစ်ခြမ်းမှာ ဆက်သွယ်ပေးထားသော အာရုံကြောမျှင်တစ်ရှူးကို ခွဲစိတ်ပေးခြင်း။သင်ဖြစ်နေတဲ့ အတက်ရောဂါအမျိုးအစားနှင့် သင့်ရဲ့ ဦးနှောက်မှာဖြစ်နေတဲ့ နေရာပေါ်မူတည် ပြီး ဝက်ရူးပြန်ရောဂါဆိုင်ရာ ဦးနှောက်ခွဲစိတ်မှုအမျိုးအစားပေါင်းများစွာရှိပါတယ်။ ဥပမာ-။ဖြတ်ထုတ်ခြင်း။တက်ခြင်းကို စဖြစ်စေတဲ့ ဦးနှောက်ရဲ့ပျက်စီးနေသောအစိတ်အပိုင်းကို ဖယ်ရှားပစ်ခြင်းလည်း ဒီခွဲစိတ်မှုမှာ ပါဝင်ပါတယ်။Multiple subpial transection။ဖြတ်ထုတ်ခြင်းပြုလုပ်၍မရသော အချိန်တွေမှာ အရေးကြီးသော အာရုံကြောစနစ်များမထိခိုက်စေရန် ဦီးနှောက်အပြင်လွှာမှာ များစွာခွဲစိတ်ဖြတ်တောက်ပေးခြင်း၊ အစိတ်အပိုင်းကို ခွဲစိတ်ဖြတ်ထုတ်ခြင်းပြုလုပ်နေရတဲ့ အချိန်တွေ ရှိပါတယ်။ ပျက်စီးနေတဲ့ ဦးနှောက်ရဲ့အပိုင်းကို ဘေးပတ်ဝန်းကျင်ကနေ ခွဲထုတ်လို့ရအောင် ဓါးရာတွေ များစွာပေးပြီး ခွဲစိတ်ဆရာဝန်က ပြုလုပ်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုကနေ အခြားအပိုင်းတစ်ခုကိုကူးစက်ပြီး တက်ခြင်းကို ရပ်သွားစေနိုင်ပါတယ်။ဦးနှောက်အခြမ်းနှစ်ခု၏ ဆက်သွယ်မှုကို ဖြတ်တောက်ပေးခြင်း။ဒီခွဲစိတ်မှုရဲ့ ရည်ရွယ်ချက်ကတော့ ဦးနှောက်အခြမ်းနှစ်ခုကို သီးခြားစီ ဖြစ်စေဖို့ရာ ဖြစ်ပါတယ်။ ဒီလိုခွဲစိတ်မှုမျိုးဟာ များသောအားဖြင့် အတက်ရောဂါ အရမ်းဆိုးတဲ့အခါမှာ ဦးနှောက်အခြမ်းတစ်ဖက်ကနေ အခြားတစ်ဖက်ကိုပြန့်သွားတာမျိုးဖြစ်နိုင်တဲ့အတွက် ဒီလိုမျိုးခွဲစိတ်ရန် ညွှန်ကြားလေ့ရှိပါတယ်။ဦးနှောက်တစ်ခြမ်း၏ အပြင်လွှာတစ်ခုလုံးကို ဖယ်ထုတ်ပစ်ခြင်း။ဒါဟာအရေးကြီးတဲ့ ခွဲစိတ်မှုဖြစ်ပါတယ်။ ဒီခွဲစိတ်မှုမှာ ဦးနှောက် လုံးခြမ်းတစ်ခုလုံးရဲ့တစ်ဖက်မှာရှိတဲ့ အပြင်လွှာတစ်ခုလုံးကို ဖယ်ထုတ်ပစ်လိုက်ပါတယ်။ သင့်ရဲ့ ဦးနှောက်တစ်ခြမ်းလုံးဟာ ပျက်စီးနေပြီး အတက်ရောဂါရနေတာဆိုရင် ဒီခွဲစိတ်မှုကို ပြုလုပ်ပါလိမ့်မယ်။ ခွဲစိတ်စဉ်မှာ ဆရာဝန်က သင့်ကိုအတက်ရောဂါ ဖြစ်စေတဲ့ဦးနှောက်ရဲ့အစိတ်အပိုင်းတွေကို ဖယ်ရှားပေးပါလိမ့်မယ်။ ခွဲစိတ်ပြီးသွားတဲ့အခါ အချို့လူနာတွေဟာ အတက်ရောဂါ လုံးဝပျောက်ကင်းသွားလေ့ရှိပါတယ်။ သို့မဟုတ်လည်း အတက်ရောဂါကို ထိန်းချုပ်သွားနိုင်ကြပါတယ်။ လူနာအနည်းငယ်ကတော့ ခွဲစိတ်မှု ထပ်ပြီးပြုလုပ်ပေးဖို့ လိုအပ်နေတာလည်း ရှိနိုင်ပါတယ်။ ဒီလိုခွဲစိတ်မှု အားလုံးမပြုလုပ်ခင်မှာ မခွဲစိတ်မီ စစ်ဆေးမှု တစ်ခုကို ပြုလုပ်ရပါတယ်။ ဒီစစ်ဆေးမှုမှာ EEG ရိုက်ခြင်းကို videoဖြင့် အချိန်အကြာကြီး မှတ်တမ်းတင်ခြင်း နှင့် အခြားသော စစ်ဆေးမှုများပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အတက်ရောဂါကို ဖြစ်စေသော ဒဏ်ရာရနေတဲ့ ဦးနှောက်ဆဲလ်လေးတွေရဲ့နေရာအတိအကျကို သိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီခွဲစိတ် ကုသမှုဟာ အတက်ရောဂါကို တိုးတက်ကောင်းမွန် စေဖို့အတွက်သာဖြစ်ပြီး စကားပြောခြင်းနှင့် မှတ်ဉာဏ်ပိုင်းဆိုင်ရာ အရေးကြီးတဲ့လုပ်ဆောင်မှုများကို မထိခိုက်စေဖို့တော့သေချာရပါမယ်။အခြားသော ဝက်ရူးပြန်ရောဂါဆိုင်ရာ ကုသမှုနည်းလမ်းများ။အာရုံကြောများကို လှုံ့ဆော်ပေးခြင်း။အခြားသော အတက်ရောဂါဆိုင်ရာကုသမှုများနှင့် တွဲဖက်ပြီး vagusအာရုံကြော လှုံ့ဆော်ပေးခြင်းကိုများသောအားဖြင့်ပြုလုပ်ပေးလေ့ရှိပါတယ်။ ဒီလှုံ့ဆော်မှုလုပ်တဲ့အခါ လူနာရဲ့ ရင်အုံအရေပြားအောက်နေရာမှာ လျှပ်စစ်ဆိုင်ရာပစ္စည်းတစ်ခုကိုထားပြီး ဒီပစ္စည်းကထွက်တဲ့လှုံ့ဆော်မှုကို လည်ပင်းမှာရှိတဲ့ အာရုံကြောကို ပို့ပေးပါတယ်။အဆီများပြီး ကစီဓါတ်နည်းသောအစားအစာများ စားခြင်း။ketogenic diet ဆိုတာ အဆီများများပါပြီး ကစီဓါတ်နည်းသော အစားအသောက်များကို ဆိုလိုပါတယ်။ သင်စားသောက်လိုက်တဲ့ အစားအသောက်တွေကို ဂရုတစိုက်စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သင့်ရဲ့အစားအသောက် နဲ့ ဆေးဝါးဆိုင်ရာကြီးကြပ်သူ မပါပဲ ဒီအစားအသောက်တွေကို မစားသင့်ပါဘူး။ဝက်ရူးပြန်ရောဂါ သက်သာစေဖို့အတွက် ကိုယ်တိုင် လုပ်ဆောင်သင့်တဲ့ အချက်တွေကတော့ ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးများကို သောက်ပေးခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း၊ စိတ်ဖိစီးမှု လျှော့ချ ခြင်းနှင့် အလွန်စူးသော အလင်းရောင်ကဲ့သို့ အတက်ရောဂါ ဖြစ်စေတဲ့အရာများကို ရှောင်ကြဉ်ခြင်း စတာတွေကို လုပ်ပေးသင့်ပါတယ်။ဝက်ရူးပြန် ရောဂါအတွက် ဆေးများ၊ အတက်ပျောက် ဆေးများသောက်ပေးခြင်းကသာလျှင် အဓိက ထိန်းချုပ်ပေးမှာ ဖြစ်ပါတယ်။ သို့သော် ခွဲစိတ်ကုသမှု နည်းလမ်းများကလည်း ကုသမှုရဲ့အခြားအစိတ်အပိုင်းဖြစ်ပါတယ်။ ဒါ့အပြင် ဆေးကုသမှုကို ကောင်းစွာမတုံ့ပြန်တဲ့လူနာတွေမှာ အလွန်အကျိုးရှိတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အာရုံကြောလှုံ့ဆော်မှုများနှင့် ketongenic diet အစာများစားပေးခြင်းလည်း ပြုလုပ်ပေးနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%9b%e1%80%b2%e1%82%95-%e1%80%a1%e1%80%90%e1%80%80%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%80/
Hello ဆရာဝန်က Global Diabetes Walk 2022 အခုလို ပါဝင်ခဲ့ပါတယ်
အမေရိကန် ဆီးချို အဖွဲ့အစည်းက လမ်းများများ လျှောက်လေလေဆီးချိုဖြစ်နိုင်ခြေကို လျှော့ချနိုင်လေလေလို့ အကြံပြုပြောကြားထားတာ ရှိပါတယ်။ ဒါကြောင့် လမ်းလျှောက်ခြင်းက ဆီးချိုရောဂါကာကွယ်မှုကို အသိပေးတဲ့ နည်းလမ်းတစ်ခု အဖြစ် သတ်မှတ်လို့ ရပါတယ်။ ဒါကြောင့် နိုဝင်ဘာလ ၁၁ ရက်နေ့ ၂၀၂၂ ခုနှစ်က Helloဆရာဝန် မြန်မာနိုင်ငံ မိသားစုက နှစ်စဉ် ကျင်းပနေကျ ဖြစ်တဲ့ Global Diabetes Walk 2022  ကမ်ပိန်းမှာ ပါဝင်ခဲ့ပြီး ဆီးချိုရောဂါ ကာကွယ်ဖို့အတွက် ခြေလှမ်း ၃၀၀၀ ကျော် လမ်းလျှောက်ခဲ့ကြပါတယ်။Global Diabetes Walkကို ၂၀၀၄ ခုနှစ်က ရိုးစင်းတဲ့ အတွေးတစ်ခုကနေ စတင်လာခဲ့တာ ဖြစ်ပြီး အခုချိန်ထိဆိုရင် ၁၈ နှစ်အထိ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကမ်ပိန်းကို စတင် လုပ်ဆောင်ချိန်ကစပြီး အခုချိန်ထိ လူ ၅ သန်းကျော် ပါဝင်ခဲ့ပြီး မရေမတွက်နိုင်တဲ့ အသက်တွေကို ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ ဆီးချိုအကြောင်း ပိုသိလာလေလေ ကာကွယ်မှုအတွက် ဗဟုသုတ ပိုရှိလာလေလေ ဖြစ်ပြီး အချို့ကိစ္စတွေမှာ လူထုတွေရဲ့ အယူအဆတွေကိုလည်း ပြောင်းလဲစေဖို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ဆီးချို ကာကွယ်ဖို့ လမ်းလျှောက်တာကို နိုဝင်ဘာလရဲ့ ဘယ်ရက်မှာမဆို လုပ်ဆောင်လို့ ရပါတယ်။ များသောအားဖြင့်ကတော့ ကမ္ဘာ့ဆီးချိုရောဂါနေ့ဖြစ်တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ လျှောက်ကြတာများပါတယ်။မြန်မာနိုင်ငံက လူတိုင်းယုံကြည်စိတ်ချရတဲ့ ကျန်းမာရေးဝဘ်ဆိုက် တစ်ခုဖြစ်တဲ့ Helloဆရာဝန် အနေနဲ့ ဆီးချိုရောဂါ ဖြစ်ပွားမှုဟာ စိုးရိမ်စရာကောင်းပြီး ကြီးထွားလာနေတဲ့ ပြည်သူ့ကျန်းမာရေးပြဿနာ ဖြစ်လာနေတယ်ဆိုတာကို အသိအမှတ်ပြုပါတယ်။ စစ်တမ်းတွေအရ မြန်မာနိုင်ငံမှာ ဆီးချို ဖြစ်ပွားမှုနှုန်းဟာ အတော်လေး မြင့်တက်နေတာကို တွေ့ရပါတယ်။ရာခိုင်နှုန်း အတိအကျ​ ပြောရမယ်ဆိုရင် ဆီးချို ခံစားနေရသူ အမျိုးသား အရေအတွက်က အယောက် ၁၀၀ မှာ ၁၀.၈ ရာခိုင်နှုန်း ကနေ ၁၁.၅ ရာခိုင်နှုန်း အထိရှိပြီး အမျိုးသမီးအရေအတွက်က အယောက် ၁၀၀ မှာ ၉.၂ ရာခိုင်နှုန်းအထိ ရှိပါတယ်။ဆီးချိုရောဂါ အကြို လက္ခဏာခံစားနေရသူ အရေအတွက်က အယောက် ၁၀၀ မှာ အမျိုးသား ၁၆.၅ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၂၃ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ ဒီအရေအတွက် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ဆိုရင် တော်တော်လေးကို များပြားလှတဲ့ပမာဏပါ။ဒါကြောင့်ပဲ Helloဆရာဝန် မိသားစုဝင်တွေက Global Diabetes Walk မှာ ခြေလှမ်း ၃၀၀၀ ပါဝင်လျှောက်ရင်း ကျန်းမာရေး အသိပေးမှုကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို လမ်းလျှောက်မှုကို Hello ဆရာဝန်အဖွဲ့ဝင်တွေအပြင် သူတို့ရဲ့ မိသားစုဝင်တွေပါ အတူပါဝင်ခဲ့ကြပါတယ်။Helloဆရာဝန်ဟာ မြန်မာနိုင်ငံသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ကျန်းမာစေဖို့အတွက် ဆေးဖက်ဆိုင်ရာ အချက်အလက်တွေကို သေချာစိစစ် အတည်ပြူထားတဲ့ ဆောင်းပါးတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို ပေးစွမ်းနိုင်တဲ့ တစ်ခုတည်းသော နိုင်ငံတွင်း ကျန်းမာရေးဝဘ်ဆိုက် တစ်ခုအဖြစ် ဂုဏ်ယူမိပါတယ်။ဆီးချိုရောဂါရဲ့ ပြင်းထန်မှုတွေကြောင့် ဆီးချိုရောဂါဟာ Helloဆရာဝန် ဝဘ်ဆိုက်ရဲ့ ဦးစားပေး ကျန်းမာရေးအခြေအနေတွေထဲက တစ်ရပ်ဖြစ်လာသလို ဆီးချိုရောဂါနဲ့ ပတ်သက်တဲ့ ရောဂါလက္ခဏာတွေ၊ ကုသစောင့်ရှောက်မှုတွေ၊ ဂရုစိုက်နည်းတွေ နဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို စာဖတ်သူတွေအနေနဲ့ ဝဘ်ဆိုက်မှာ အသေးစိတ် ရှာဖွေနိုင်စေဖို့ လုပ်ဆောင်ပေးထားပါတယ်။ဒါတွေအပြင် ဆရာဝန်တွေကိုယ်တိုင် စိစစ်တည်းဖြတ်ထားပေးတဲ့ ဆောင်းပါးတွေကို ဖတ်နိုင်သလို ကျန်းမာရေး အခြေအနေတွေကို စစ်ဆေးနိုင်မယ့် ကျန်းမာရေးစစ်ဆေးမှု ကိရိယာတွေကိုလည်း ဝဘ်ဆိုက်မှာ လေ့လာနိုင်ပါတယ်။ ကျွန်တော်တို့ ဝဘ်ဆိုက်မှာ ရှိတဲ့ဆီးချို ဖြစ်နိုင်ခြေကို စစ်ဆေးတဲ့ ကျန်းမာရေးစစ်ဆေးမှု ကိရိယာကို အသုံးပြုပြီး စစ်ဆေးနဲ့အခါသွေးတွင်းသကြားဓာတ်က ပုံမှန်ထက် ပိုများနေမယ်ဆိုရင်တောင် ဆီးချို ဖြစ်နေပြီလို့တော့ တထစ်ချ မှတ်ယူလို့ မရသေးပါဘူး။ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ထပ်မံ လုပ်ဆောင်ဖို့တော့ လိုပါမယ်။ဆီးချိုရောဂါ ရှိပြီးကြောင်း စစ်ဆေး သိရှိပြီးသူတွေအတွက်တော့ ဒီစစ်ဆေးမှုက အတော်လေး အထောက်အကူပြုနိုင်မှာပါ။ ကျွန်တော်တို့ရဲ့ ဝဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ဆီးချိုစောင့်ရှောက်မှု နည်းလမ်းတွေက ဆီးချိုရှိသူတွေအတွက် ဘယ်လို အထောက်အကူပြုနိုင်သလဲ ဆိုတာကိုတော့ ကိုယ်တိုင် ဆန်းစစ်ကြည့်လိုက်ပါ။ကမ္ဘာ့ဆီးချိုရောဂါနေ့နဲ့အတူ စာဖတ်သူတွေကို ဆီးချိုနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ ကျန်းမာရေး စစ်ဆေးမှု ကိရိယာတွေ နဲ့ ဆီးချိုအဖွဲ့အစည်းတွေကို အလွယ်တကူ ဝင်ရောက်လေ့လာနိုင်စေဖို့  spotlight page တစ်ခု လုပ်ဆောင်ပေးထားပါတယ်။ဆီးချိုကို ကာကွယ်ဖို့ဆိုရင်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/global-diabetes-walk-2022/
လိင်အပျော်အပါးလိုက်စားသူတိုင်း သိထားသင့်တဲ့ PrEP နဲ့ PEP ဆေး
PrEP နဲ့ PEP ဆေး တွေဟာHIVပိုး ကူးစက်ခံရခြင်း လျော့နည်းစေဖို့ ကာကွယ်ပေးတဲ့ ဆေးတွေ ဖြစ်ပါတယ်။ ကိုယ်က လိင်အပျော်အပါး မကြာခဏ လိုက်စားတဲ့သူဖြစ်စေ၊ ကိုယ့်ချစ်သူမှာ HIV ပိုးရှိတယ်ဆိုရင် ဒီဆေးတွေအကြောင်း နားလည်ထားဖို့ လိုပါတယ်။လိင်အပျော်အပါးလိုက်စားသူတိုင်း သိထားသင့်တဲ့ PrEP နဲ့ PEP ဆေးအကြောင်းလေး ဆက်ကြည့်လိုက်ရအောင်နော်။PrEP နဲ့ PEP ဆေး ၂မျိုးလုံးကို သေချာသောက်ပေးမယ်ဆိုရင် HIV ပိုးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေဖြစ်တဲ့ လိင်အင်္ဂါကြွက်နို့၊ ဂနို၊ကာလသားရောဂါတွေ၊ အရေပြားပြဿနာတွေ၊ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကိုတော့ ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် ဘေးကင်းအန္တရာယ်ရှင်းစွာ လိင်ဆက်ဆံနိုင်ဖို့ ကွန်ဒုံးအသုံးပြုဖို့ အကြံပေးလိုက်ချင်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/what-are-prep-and-pep-medications/
လက်ချောင်းထိပ်လေးကို စမ်းသပ်ရုံနဲ့နှလုံးရောဂါဖြစ်နိုင်ခြေရှိလားဆိုတာကို ခန့်မှန်းနိုင်မယ့်နည်းလမ်းသစ်
လက်ချောင်းလေးတွေက ကိုင်တွယ်ဖို့၊နေ့စဉ်လှုပ်ရှားမှုတွေမှာ အဆင်ပြေအောင်အထောက်အကူပြုပေးရုံပဲ အသုံးဝင်တာလား။ မဟုတ်ပါဘူး။ လက်ချောင်းလေးတွေကို ကြည့်ပြီး သင့်မှာ နှလုံးရောဂါဖြစ်နိုင်ခြေရှိလားဆိုတာကို ခန့်မှန်းလို့ရတယ်လို့ မကြာသေးခင်ကလုပ်ခဲ့တဲ့ လေ့လာမှုအရသိရပါတယ်။ လက်ချောင်းလေးတွေကနှလုံးရောဂါဖြစ်နိုင်ခြေကို ဘယ်လိုဖော်ပြနေလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။နှလုံးရောဂါကြောင့် နှစ်စဉ်သေဆုံးသူဦးရေမနည်းပါဘူး။ ဒီလိုမျိုး လူတော်တော်များများကိုအသက်အန္တရာယ်ခြိမ်းခြောက်နေတဲ့ရောဂါကိုသွေးတစ်စက်မထုတ်ရဘဲ စစ်ဆေးလို့ရတော့မယ်ဆိုတော့ ဘယ်လောက်တောင်ကောင်းလိုက်သလဲနော်။ ဒီတော့လူတော်တော်များများကို အသက်ဆုံးရှုံးစေနေတဲ့ နှလုံးရောဂါကို ခန့်မှန်းနိုင်မယ့် နည်းလမ်းလေးက ဘယ်လိုမျိုးလဲဆိုတာကို ကြည့်လိုက်ရအောင်လား။အရေပြားကို အပ်နဲ့တောင်ထိုးစိုက်မှုတစ်ချက်မလုပ်ဘဲ လက်ထိပ်လေးကိုပဲ စမ်းသပ်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေရှိလားဆိုတာကို စမ်းသပ်ပေးမယ့် နည်းလမ်းကို reactive hyperemia peripheral arterial tonometry (RH-PAT) လို့ခေါ်ပါတယ်။ လက်ရှိမှာ စမ်းသပ်လုပ်ဆောင်ပေးနိုင်မှုနည်းနေသေးပေမယ့် နောက်ပိုင်းမှာ ဆရာဝန်တိုင်းရဲ့ ဆေးခန်းတွေမှာ အလွယ်တကူထားရှိစစ်ဆေးပေးနိုင်တော့မှာပါ။ဒီစမ်းသပ်မှုက လက်ချောင်းထိပ်လေးကသွေးစီးဆင်းမှုကို စစ်ဆေးတာပါ။ သွေးပေါင်ချိန်တိုင်းကိရိယာနဲ့ လက်မာင်းကို ပတ်ထားပြီး သွေးခုန်နှုန်းတိုင်းတာမှု မလုပ်ခင်နဲ့လုပ်ပြီးချိန်မှာ လက်ချောင်းထိပ်လေးမှာရှိနေတဲ့ သွေးစီးဆင်းမှုကို တိုင်းတာတာပါ။ ဒီစစ်ဆေးမှုကသွေးကြောနံရံတွေကျန်းမာမှုရှိလားဆိုတာကို စစ်ဆေးတာပါ။ ကျန်းမာနေတဲ့သွေးကြောလေးတွေရဲ့ လုပ်ဆောင်မှုက နှလုံးရောဂါဖြစ်နိုင်ခြေရှိလားဆိုတာကို ခန့်မှန်းဖို့ အကောင်းဆုံးအထောက်အကူပြုပေး နိုင်ပါတယ်။ဒီလေ့လာမှုအတွင်း လူ ၉၄ ဦးကိုလေ့လာစမ်းသပ်ခဲ့ပါတယ်။ လေ့လာမှုအရ သူတို့ထဲကထက်ဝက်လောက်က နှလုံးရောဂါခံစားရနိုင်ခြေရှိတယ်လို့ တွေ့ခဲ့ရပြီး ဆေးစစ်ကြည့်တဲ့ခါမှာ နှလုံးရောဂါရဲ့ အစောပိုင်းလက္ခဏာတွေကို ခံစားနေရတာကို တွေ့ရှိခဲ့ရပါတယ်။ လက်ချောင်းထိပ်လေးတွေက သွေးစီးဆင်းမှုကို စစ်ဆေးပြီး နှလုံးရောဂါခံစားရနိုင်ခြေရှိသလားဆိုတာကို ခန့်မှန်းတာပါ။စစ်ဆေးမှုကိုခံယူတဲ့အခါ RH-PAT ညွှန်းကိန်းက မြင့်နေမယ်ဆိုရင်သွေးကြောတွေက ကျန်းမာတဲ့အနေအထားပါ။ တကယ်လို့ RH-PAT ညွှန်းကိန်းက နည်းနေမယ်ဆိုရင် သွေးကြောတွေရဲ့ ကျန်းမာမှုက အားနည်းနေပြီပဲဖြစ်ပါတယ်။ RH-PAT ညွှန်းကိန်းနည်းနေသူတွေက နှလုံးရောဂါဖြစ်နိုင်ခြေလည်း တော်တော်လေးများနေပါတယ်။ လက်ချောင်းထိပ်က သွေးကြောလေးတွေ မကျန်းမာဘူးဆိုတာက နှလုံးတဝိုက်က သွေးကြောလေးတွေလည်း မကျန်းမာဘူးဆိုတာကို ဖော်ပြနေတာပါ။နှလုံးရောဂါက မွေးရာပါဖြစ်နိုင်သလိုနေထိုင်စားသောက်မှုပုံစံမှားယွင်းနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒီအခြေအနေတွေက နှလုံးရောဂါဖြစ်နိုင်ခြေကို ပိုတိုးစေနိုင်ပါတယ်။နှလုံးရောဂါခံစားနေရတဲ့အခါ။နှလုံးရောဂါမဖြစ်စေဖို့ဆိုရင်။RH-PATနည်းလမ်းက လက်ရှိမှာ စမ်းသပ်ဆဲအဆင့်ပဲ ရှိပါသေးတယ်။ နောက်ပိုင်း အောင်မြင်လာရင်တော့ လူအများအတွက် တော်တော်အသုံးဝင်တဲ့ နည်းလမ်းတစ်ခု ဖြစ်လာမှာပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/tracing-heart-disease-through-the-fingers/