url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2024/10/190018/
အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ပိတ်ဆို့၍ တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်များအတွက် ပြေးစရာမြေမရှိတော့ဟုဆို
["ရန်ကုန်| အောက်တိုဘာ ၂၉", "ရခိုင်ပြည် အမ်းမြို့သိမ်းတိုက်ပွဲတွင် အာရက္ခတပ်တော် AA ဖက်က အောင်မြင်မှုများနှင့်အတူ စစ်ရေးအသာစီးရနေပြီး စစ်ကောင်စီဖက်လည်း လေကြောင်းပစ်ကူပေး အပြင်းအထန် ခုခံနေကြောင်းသိရသည်။", "အမ်းမြို့တွင် စစ်ကောင်စီ (မြန်မာစစ်တပ်) အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိပြီး ဗျူဟာကုန်းများအပါအဝင် စစ်ကောင်စီ...
https://yktnews.com/2024/10/186944/
ဘူးသီးတောင်တွင် ARSA တပ်စခန်းကို AA သိမ်းပိုက်ရရှိ၊ ပြည်သူ ၂ ဦးပျောက်ဆုံးနေ၍ ရှာဖွေစဉ် ARSA ၏ တိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး
["ရန်ကုန်| အောက်တိုဘာ ၈", "စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် ဘူးသီးတောင်ဒေသတွင် လက်နက်ကိုင်အဖွဲ့ ARSA တပ်စခန်းတစ်ခုကို အောက်တိုဘာလ ၆ ရက် ညနေ ၄ နာရီခန့်က သိမ်းပိုက်ခဲ့ကြောင်းAA က ထုတ်ပြန်သည်။", "AAသိမ်းပိုက်ထားသော ARSA တပ်စခန်းမှာ ဘူးသီးတောင်မြို့နယ် ရွှေထား ရွာ၏ အနောက်ဘက်၌ စခန်းချနေထိုင်နေသာ တပ်စခန်းဖြစ်...
https://yktnews.com/2024/10/186896/
ဂွမြို့နယ်တွင် AA က စစ်တပ်စခန်းတချို့ကို သိမ်းပိုက်ပြီးနောက် ဂွမြို့နှင့် ကျိန္တလီမြို့ ဆက်သွယ်ထားသည့် ကုလားပြင်တံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီး
["ရန်ကုန်| အောက်တိုဘာ ၈", "ရခိုင်ပြည် တောင်ပိုင်းဒေသ ဂွမြို့နှင့် ကျိန္တလီမြို့ကို ဆက်သွယ်ထားသည့် ကုလားပြင် တံတားကို စစ်ကောင်စီတပ်က တပ်ဆုတ်သွားပြီးနောက် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်းAA က ယမန်နေ့ အောက်တိုဘာ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။", "AA ကသံတွဲမြို့ကို သိမ်းပြီးနောက် ကျိန္တလီမှတစ်ဆင့် ဂွမြို့ သိမ်းပိုက်ရန် ထိုးစစ်ဆင်...
https://yktnews.com/2024/10/187099/
နိုင်ငံတစ်ဝန်း စစ်ရှုံးနေသော စစ်ကောင်စီ၏ ထောက်ခံသူများက လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားစေရေး ပိုမိုဖန်တီးလာနေ
["ရန်ကုန်| အောက်တိုဘာ ၉", "မြန်မာနိုင်ငံတွင် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခဖန်တီးမှုများ ပိုမိုများပြားလာပြီး စစ်လော်ဘီများက အဓိက ဖန်တီးနေကြောင်းဉာဏ်လင်းသစ်သုတေသနအဖွဲ့ ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီ လော်ဘီမျ...
https://yktnews.com/2024/10/187084/
စစ်တွေထောင်မှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၃၆၀ ကျော်ကို ရန်ကုန်နှင့် ဧရာဝတီရှိ အကျဉ်းထောင်များသို့ ပြောင်းရွှေ့
["ရန်ကုန်| အောက်တိုဘာ ၉", "ရခိုင်ပြည် စစ်တွေ အကျဉ်းထောင်က အကျဉ်းသား ၃၆၆ ဦးကို ရန်ကုန်နှင့် ဧရာဝတီရှိ အကျဉ်းထောင်များသို့ စစ်ကောင်စီက ယမန်နေ့ အောက်တိုဘာလ ၈ ရက်ညတွင် ပြောင်းရွှေ့လိုက်ကြောင်းသိရသည်။", "မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံရေးအမှုအပါအဝင် အကြမ်းဖက်အမှုဖြင့် အကျဉ်းကျခံနေရသူများပါဝင်ပြီး အများစုမှာ စစ်တွေမြို့နယ် ဗျိ...
https://yktnews.com/2024/10/187028/
ရခိုင်-မြန်မာ တေးသံရှင်နှင့် ပိုးထည်တိုက်ပိုင်ရှင် မဆုမြတ်ထက်ကို နေအိမ်တွင် စစ်တပ်က လာရောက် ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ
["ရန်ကုန်| အောက်တိုဘာ ၉", "ရခိုင်၊ မြန်မာ တေးသံရှင် မာန်အောင် ဒေသခံ မဆုမြတ်ထက်ကို ရန်ကုန်တိုင်းတာမွေ နေအိမ်မှ ယမန်နေ့ အောက်တိုဘာလ ၇ ရက် မွန်းလွဲအချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားကြောင်းစုံစမ်းသိရသည်။", "စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်အချို့၊ အရပ်ဝတ်အချို့ စုစုပေါင်း ၁၀ ဦးခန့်က ရန်ကုန် တာမွေရှိ နေအိမ်မှ စစ်ဆေးစ...
https://yktnews.com/2022/04/14793/
မြန်မာနှစ်သစ်မှာ ပုစဉ်းဖမ်းပွဲ စပြီလို့ Area 21 ကြေညာ
["ရန်ကုန်| ဧပြီ ၁၀", "လူထုရဲ့ ကူညီမှုတွေကြောင့် Area 21 တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ RPG တွေ လက်ဝယ်ပိုင်ဆိုင်ထားပြီးဖြစ်လို့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုယန္တရားကို အဓိကပစ်မှတ်ထားမယ်လို့ ကြေညာပါတယ်။“RPG တွေကို အသုံးပြုပြီး ရန်သူအကြမ်းဖက် စစ်ကောင်စီရဲ့ လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေကို အဓိကထား ပစ်ချတိုက်ခိုက်သွားမှာဖြစ်လ...
https://yktnews.com/2024/04/156446/
မြဝတီမြို့ကို သိမ်းပိုက်ပြီးနောက် KNLA ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့များ မြို့အတွင်း ကင်းလှည့်နေ
["ရန်ကုန်| ဧပြီ ၁၁", "ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ မှ ဦးဆောင်ပြီး တော်လှန်ရေးတပ်ဖွဲ့အများက မြဝတီမြို့အား သိမ်းပိုက်ပြီးနောက် မြို့အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေသည့်ကို မြင်ရကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။", "မြဝတီစစ်ကောင်စီ ၂၇၅ တပ်ရင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျို...
https://yktnews.com/2025/04/211269/
စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် မပါဝင်ရန်၊ မထောက်ပံ့ရန် ချင်းပြည်သူများကို ICNCC သတိပေး
["ရန်ကုန်| ဧပြီ ၁၄", "အာဏာသိမ်း စစ်ကောင်စီက အတင်းအဓမ္မကျင်းပရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲမှာ ချင်းပြည်သူလူထုများအနေဖြင့် ပါဝင်းခြင်း၊ ထောက်ပံ့ပေးခြင်းများကို မပြုကြရန် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC က သတိပေးထားသည်။", "ယမန်နေ့ ဧပြီလ ၁၃ ရက်တွင် ICNCC အဖွဲ့ တည်ထောင်နေ့ ၄ နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ခ...
https://yktnews.com/2025/04/211691/
ရခိုင်ရေပိုင်နက်အတွင်း ကျူးကျော် ဝင်လာသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၅၅ ဦးကို AA က ပြန်လွှတ်ပေး
["ရန်ကုန်| ဧပြီ ၁၈", "ဇန်နဝါရီမှ မတ်လအတွင်း ဖမ်းဆီးထားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၅၅ ဦးကို အာရက္ခတပ်တော် AA က ဧပြီလ ၁၆ ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်းThe Daily Star သတင်းက ဖော်ပြသည်။", "ရခိုင်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးဖမ်းမှုကြောင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများကို အာရက္ခတပ်တော် AA က ဖမ်းဆီးခဲ့...
https://yktnews.com/2024/04/154504/
စစ်ကောင်စီက အင်အားတိုးချဲ့ မိုင်းထောင်နေ၍ ရခိုင်နှင့် မကွေးတိုင်း ဆက်သွယ်ထားသော အမ်း-ပဒါန်း ကားလမ်းကို အကန့်အသတ်မရှိ ပိတ်ပင်ဟု AA က အရေးပေါ်ကြေညာ
["ရန်ကုန်| ဧပြီ ၂", "ရခိုင်ပြည် အမ်းမြို့နယ်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသော ကားလမ်းများတွင် စစ်ကောင်စီက မိုင်းထောင်ခြင်း၊ အင်အားတိုးချဲ့ခြင်းနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်နေ၍ အမ်း-ပဒါန်း ကားလမ်းကို အကန့်အသတ်မရှိ ပိတ်ထားကြောင်း AA က အရေးပေါ်ထုတ်ပြန် ကြေညာသည်။", "အမ်းနှင့် မကွေးတိုင်း ဆက်သွယ်ထားသော ကားလမ်းများတွင် အာ...
https://yktnews.com/2022/04/13845/
ရေစကြိုနယ် ရေလယ်ကျွန်းရွာတွေမှာ စစ်ရေးတင်းမာ၊ အမျိုးသမီးတစ်ဦး ကျည်ထိမှန်ထားပြီး စစ်တပ်က နေအိမ်အချို့ကို မီးရှို
["ရန်ကုန်| ဧပြီ ၂", "ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ကျေးရွာတွေမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေပြီး ရမ်းကားပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ကျည်ထိမှန်ထားသလို နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံနေရတယ်လို့ ကနဦး သိရပါတယ်။စစ်ကောင်စီတပ်ဟာ ရေလယ်ကျွန်းဒေသကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး တစ်ဖွဲ့ကို အင်အား ၅၀ ဝန်းကျင်ပါဝင်ပြီး လှုပ်ရှားန...
https://yktnews.com/2025/04/212210/
ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် KNU ထံသို့ ပို့ဆောင်မည့် ရိုင်ဖယ်သေနတ် ၁၀ လက်၊ ဗုံးပစ်လောင်ချာ ၁၄ လက်နှင့်အတူ ခဲယမ်းများ ဖမ်းဆီးရရှိ
["ရန်ကုန်| ဧပြီ ၂၃", "ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ Khlong Chonprathan လမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်တွင် မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သော KNU ထံသို့ ပို့ ဆောင်မည် လက်နက်ခဲယမ်းများကို ဖမ်းဆီး ရရှိကြောင်းယမန်နေ့ ထိုင်းသတင်း ဌာနများက သတင်းဖော်ပြသည်။", "ထိုင်းအမျိုးသားနှစ်ယောက်က အနက်ရောင်တိုယိုတာကားဖြင့် ...
https://yktnews.com/2024/04/158887/
ရခိုင်ပြည်၊ မြို့တော်စစ်တွေတွင် ၂ ရက်အတွင်း မိုင်းနင်းမိ၍ ပြည်သူ ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရ
["ရန်ကုန်| ဧပြီ ၂၃", "ရခိုင်ပြည် မြို့တော် စစ်တွေမြို့နယ်တွင် ဧပြီလ ၂၀ ရက်နှင့် ၂၁ ရက်နေ့က စစ်ကောင်စီ ထောင်ထားသော မိုင်းကို နင်းမိ၍ အမျိုးသမီးများအပါအဝင် အရပ်သား ၄ ဦးသေဆုံးပြီး ၄ ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြသည်။", "ဧပြီလ ၂၀ ရက် ညည့် ၁၀ နာရီခန့်က စစ်တွေမြို့မှ ထွက်ခွာကြသည့် အသက် ၆၀ ကျော်အရွယ် သက်ကြီးပိုင်း အမျိုးသမီးနှစ်ဦး...
https://yktnews.com/2025/04/212451/
ပဲခူးတိုင်းနှင့်ရခိုင်အစပ် လေးအိမ်စုစခန်းကို အာရက္ခတပ်တော် AA က အင်အား ၁၅၀၀ ဖြင့် တိုက်ခိုက်သိမ်းပိုက်ဟု အလင်းဝင်စစ်မှုထမ်းတပ်သား မင်းခန့် ပြော
["ရန်ကုန်| ဧပြီ ၂၅", "ပဲခူးတိုင်းနှင့် ရခိုင်အစပ် ပန်းတောင်း – တောင်ကုတ်လမ်းပိုင်းရှိ အာဏာသိမ်း စစ်ကောင်စီ၏ လေးအိမ်စုစခန်းကို အာရက္ခတပ်တော် AA က အင်အား ၁၅၀၀ ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်သွားခဲ့ကြောင်းစစ်တပ်၏ ရှေ့ တန်း စခန်းမှ အလင်းဝင်ရောက် လာသည့် စစ်မှုထမ်းတပ်သားမင်းခန့်က ပြောဆိုသည်။", "စစ်တပ်၏ ရှေ့တန်းစခန်းမှ ...
https://yktnews.com/2025/04/212772/
ရခိုင်ပြည်ကို ရိုဟင်ဂျာများအတွက် သီးခြားလွတ်လပ်သော ပြည်နယ် ထူထောင်ပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပါတီ JLBက တရုတ်ကွန်မြူနစ်ပါတီထံသို့ အဆိုပြု
["ရန်ကုန်| ဧပြီ ၂၈", "ရိုဟင်ဂျာများအတွက် ရခိုင်ပြည်ကို သီးခြားလွတ်လပ်သော ပြည်နယ်ထူထောင်ပေးရန် တရုတ်ကွန်မြူနစ်ပါတီနှင့်တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်၏ အကြီးဆုံးနိုင်ငံရေးပါတီဖြစ်သော JLB က အဆိုပြုတောင်းဆိုလိုက်သည်။", "တရုတ်ကွန်မြူနစ်ပါတီ CCP မှ ကိုယ်စားလှယ်များနှင့် ဘင်္ဂလားဒေ့ရှ် အကြီးဆုံးပါတီ ဂျာမတ်-အီ-အစ္စလာမီ JLB ပါတီတို့...
https://yktnews.com/2024/04/159881/
အမ်းရှိ တောဟိန်းတောင် ဗျူဟာကုန်း တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်သား ရာနှင့်ချီ သေဆုံးပြီး ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းနေ
["ရန်ကုန်| ဧပြီ ၂၉", "စစ်ကောင်စီတပ်သားများ ၆၀၀ နီးပါး အထိုင်ချ နေထိုင်သည့် အမ်းမြို့နယ် ကဇုကိုင်းအနီးက တောဟိန်းတောင်ဗျူဟာကုန်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်သား ရာနှင့်ချီ သေဆုံးခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်ရ သိရသည်။", "တောဟိန်းတောင်ဗျူဟာကုန်းကို အာရက္ခတပ်တော် အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက...
https://yktnews.com/2024/04/160136/
မင်းပြားမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး နေအိမ်များ မီးလောင်ပျက် စီး၊ အမ်းမြို့တွင်လည်း စစ်တပ်က လက်နက် ကြီးများပစ်ခတ်၍ အရပ်သားများ ထိခိုက်သေဆုံးပြီး နေအိမ်များ မီးလောင်ပြာကျ
["ရန်ကုန်| ဧပြီ ၃၀", "ရခိုင်ပြည် မင်းပြားမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့ အရပ်သားပြည်သူ ၁၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး နေအိမ် ၅လုံးမီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။", "ယနေ့ ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်တွင် ဗုံး ၃ လုံးကြဲချခဲ့ကြောင်း မင်း...
https://yktnews.com/2024/04/160087/
AA လာရောက်တိုက်ခိုက်မည်ကို စိုးရိမ၍ စစ်ကောင်စီက ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေ ပတ်ပတ်လည်တွင် မြေမြှုပ်မိုင်းများ ထောင်ထား
["ရန်ကုန်| ဧပြီ ၃၀", "ရခိုင်ပြည်၊ စစ်တွေမြို့ အဝင်အထွက်နှင့် စစ်ကောင်စီ၏ တပ်အနီးတစ်ဝိုက်တွင် မြို့ခံများထွက်သွား၍ မရအောင် မြေမြှုပ်မိုင်းများ ထောင်ထားကြောင်း မြို့ပေါ်မှ ထွက်ပြေးလွတ်မြောက်လာသူနှင့် မိုင်းကြောင့် ထိခိုက်ဒဏ်ရာရှိသူများက ပြောသည်။", "တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်တွင် စစ်ကောင်စီ လက်ရှိ စိုးမိုးထားသည့် ...
https://yktnews.com/2024/04/160169/
ရန်ကုန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်
["ရန်ကုန်| ဧပြီ ၃၀", "ရန်ကုန်မြို့တွင်းနေရာအချို့တွင် ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီ(SPTSC) က ရန်ကုန်မြို့အတွင်း လျှပ်စစ်မီးပြတ်တောက်နေမှုနှင့် လူထုနေ့စဉ်တွေ့ကြုံနေသည့် အခက်အခဲများကို ဦးတည်၍ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myan...
https://yktnews.com/2024/04/157689/
ဗမာ ပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA (၃)နှစ်ပြည့် အခမ်းအနားသို့ KNLA ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဘောကျော်ဟဲနှင့် AA မှ တာဝန်ရှိသူတချို့ တက်ရောက်
["ရန်ကုန်| ဧပြီလ၁၇", "ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် BPLAတပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနားကို အမှတ် (၁၀၇) စစ်ဒေသတွင် ယနေ့ ဧပြီ ၁၇ ရက်နေ့တွင် ကျင်းပခဲ့ပြီး အခမ်းအနားကို မဟာမိတ်ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ အခမ်းအနားကို BPLA တပ်မှုးများ၊ ရဲဘော်များ အပတ်စဥ် ၇ စုဆောင်းရေးရဲဘော်များ မဟာမိတ်ခေါ...
https://yktnews.com/2024/08/176754/
စစ်ကောင်စီက အရေးပေါ်ကာလ ၆ ထပ်သက်တမ်းတိုးမှု မြန်မာပြည်သူများ၏ ဆန္ဒနှင့်ဆန့်ကျင်ဟု အမေရိကန် ပြောဆို
["ရန်ကုန်| ဩဂုတ် ၁", "မြန်မာ စစ်အာဏာရှင်က နိုင်ငံကို အရေးပေါ်ကာလ နောက်ထပ် ၆ လ တိုးမြှင့်လိုက်မှုမှာ မြန်မာပြည်သူများ၏ ဆန္ဒသဘော ထားများနှင့် ဆန့်ကျင်နေကြောင်း အမေရိကန်ပြည်ထောင်စုက ပြောဆိုလိုက်သည်။", "စစ်ကောင်စီက ယမန်နေ့ ဇူလိုင်လ ၃၁ တွင် စစ်အာဏာသိမ်းကာလ သက်တမ်းတိုးလိုက်ပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွ...
https://yktnews.com/2024/08/178676/
ရခိုင်ပြည်၊ ဂွမြို့နယ်အထိ AA ၏ ထိုးစစ်များ ရောက်ရှိလာပြီး ကျိန္တလီရဲစခန်းအနီး စစ်ကောင်စီတပ်နှင့် AA အကြား တိုက်ပွဲဖြစ်
["ရန်ကုန်| ဩဂုတ် ၁၃", "ရခိုင်ပြည်၊ ဂွမြို့နယ်အထိ AA ၏ ထိုးစစ်များ ရောက်ရှိလာပြီး ကျိန္တလီရဲစခန်းအနီး စစ်ကောင်စီတပ်နှင့် AA အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။", "ဩဂုတ်လ ၁၀ ရက်နေ့မှစတင်၍ ဂွမြို့နယ် ကျိန္တလီမြို့ ချင်းကွင်းကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တို့ တိုက်ပွဲပြင်းထန်...
https://yktnews.com/2024/08/178825/
ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့တွင် စစ်ကောင်စီတပ်နှင့် AA တို့အကြား တိုက် ပွဲပြင်းထန်
["ရန်ကုန်| ဩဂုတ် ၁၄", "ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့ထဲ ယမန်နေ့ နံနက် ၆ နာရီကျော်အချိန်မှစတင်၍ မွန်းလွဲ ၁ နာရီကျော်အထိ စစ်ကောင်စီနှင့် AA တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြကြောင်း စစ်ရေးအခြေအနေ သိရှိထားသူများက ပြောဆိုသည်။", "စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ” မနက် ၆ နာရီကျော်လောက်နေ ဖြစ်နေကြတာ။ မြို့ထဲနေရာအစုံပါပဲ။ နေ့လယ်အ...
https://yktnews.com/2024/08/179163/
AA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများက ဂွမြို့အထိရောက်ရှိလာ၍ ဒေသပြည်သူများ ဧရာဝတီတိုင်းဘက်သို့ စစ်ဘေး တိမ်းရှောင်
["ရန်ကုန်| ဩဂုတ် ၁၆", "ရခိုင်ပြည် ဂွမြိုအထိ အာရက္ခတပ်တော် AA ထိုးစစ် ရောက်ရှိလာပြီး အာဏာ သိမ်း စစ်ကောင်စီက ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် အပြင်းအထန် ခုခံတိုက် ခိုက်နေကြောင်းဒေသခံများက ပြောသည်။", "ဩဂုတ်လ ၁၀ ရက်နေ့က ဂွမြိုနယ် ကျိန္တလီမြို ချင်းကွင်းကျေးရွာအနီးတွင် စစ်ကောင်စီနှင့် AA တို တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယမန်နေ...
https://yktnews.com/2024/08/179620/
စစ်တွေ၊ ဗျိုင်းဖြူကျေးရွာမှ အသက် ၁၀ နှစ်ကျော်အရွယ် မိန်းကလေး ၂ ဦး အပါအဝင် အမျိုးသမီးငယ် ၃ ဦးထက်မနည်းကို စစ်တပ်နှင့်ပူးပေါင်းတပ်ဖွဲများက အဓမ္မပြုကျင့်ခဲ့
["ရန်ကုန်| ဩဂုတ် ၂၀", "ရခိုင်ပြည်၊ စစ်တွေမြိုနယ်၊ ဗျိုင်းဖြူကျေးရွာမှ အသက် ၁၀ နှစ်ကျော်အရွယ် မိန်းကလေး ၂ ဦး အပါအဝင် အမျိုးသမီး ၃ ဦးထက်မနည်းကို စစ်တပ်နှင့်ပူးပေါင်းတပ်ဖွဲများက အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "အဓမ္မပြုကျင့်မှုဖြစ်စဉ်များမှာ စစ်ကောင်စီတပ်နှင့်ပူးပေါင်းအဖွဲက ဗျိုင်းဖြူ ကျေးရွာအတွင်း ...
https://yktnews.com/2024/08/179812/
စစ်တပ်က အာဏာသိမ်းအပြီး ၃ နှစ်ကျော်အကြာ မြန်မာနိုင်ငံမှ ပြည်သူ ၁၈ ဒသမ ၆ သန်း အရေးပေါ်အကူအညီလိုအပ်နေပြီး အကူအညီလိုအပ်သူ ၆ သန်းမှာ ကလေးငယ်များဖြစ်
["ရန်ကုန်| ဩဂုတ် ၂၁", "မြန်မာနိုင်ငံမှာ စစ်ရှောင်များအပါအဝင် အရပ်သားပြည်သူ လူ ၁၉ သန်းနီးပါး (၁၈ ဒသမ ၆ သန်း) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ်လိုအပ်နေကြောင်းကုလသမဂ္ဂက ဩဂုတ် ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။", "အကူအညီလိုအပ်နေသော လူ ၁၉ သန်းနီးပါးထဲမှ ၆ သန်းမှာ ကလေးငယ်များဖြစ်ပြီး ကျယ်ပြန့်သော ပဋိပက္ခများနှင...
https://yktnews.com/2022/08/30307/
ဆောမြို့တွင်း မိသားစုလိုက် သေဆုံးမှု တော်လှန်ရေးအဖွဲ့များက ရှုတ်ချ၊ စစ်ဆင်ရေးလုပ်ဆောင်သူ YDF ကမူ သေဆုံးသူများမှာ ပျူစောထီးများဖြစ်ပြီး အစည်းအဝေးလုပ်ချိန် ဝင်စီးစဉ် ခုခံခဲ့ကြဟု ဆို
["ရန်ကုန်| ဩဂုတ် ၂၂", "မကွေးတိုင်း၊ ဆောမြို့က ဦးခင်မောင်လင်းနဲ့ မိသားစုဝင်တွေကို ဒလန်ရှင်းလင်းရေး ဆိုတဲ့ ခေါင်းစဉ်တပ်ကာ မိသားတစ်စုလုံးသတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်အပေါ် ဆော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ စု ပေါင်းပြီး ရှုတ်ချကြောင်း ဒီကနေ့ (ဩဂုတ်လ ၂၂ရက်)မှာ ထုတ်ပြန်ကြေညာပါတယ်။", "ဆောမြို့နေ ဦးခင်မ...
https://yktnews.com/2024/08/179949/
ရခိုင်ပြည်၊ အမ်းနှင့် မောင်တောမြို့နယ်မှ စစ်ကောင်စီတပ်သားများ ဇွန်၊ ဇူလိုင်နှင့်ယခုလအတွက် လစာမရ
["ရန်ကုန်| ဩဂုတ် ၂၂", "ရခိုင်ပြည် အမ်းမြို့နယ်နှင့် မောင်တောမြို့တွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဇွန်၊ ဇူလိုင်နှင့် ယခုကာလအတွက် လစာ မရရှိကြကြောင်း စစ် တပ်အသိုင်းအဝိုင်းထံမှ သိရသည်။", "စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဇွန်နှင့် ဇူလိုင်လအတွက် သတ်မှတ်လစာများကို မရရှိသေးခြင်းဖြစ်ပြီး လမ်းကြောင်းအဆင်မပြေ၍ ငွေမရောက...
https://yktnews.com/2024/08/180040/
မြန်မာနိုင်ငံမှာ မျောက်ကျောက်ရောဂါကူးစက်မှုတားဆီးဖို့ ပြည်ပပြန်တွေ အားလုံး လေဆိပ်မှာ ခရီးသွားရာဇဝင်ဖြည့်ရမယ်လို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်
["ရန်ကုန်| ဩဂုတ် ၂၂", "အိမ်နီးချင်းထိုင်းနိုင်ငံကို မျောက်ကျောက်ရောဂါ ကူးစက်ရောက်ရှိနေပြီလို့ သတင်း ထွက်ပေါ်အပြီး မျောက်ကျောက်ရောဂါကူးစက်မှုတားဆီးဖို့ ပြည်ပက ပြန်လာသူတွေ လေဆိပ်မှာ ခရီးသွားရာဇဝင်ဖြည့်စွက်ရမယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။", "ရောဂါဖြစ်ပွားနေတဲ့နိုင်ငံတွေကို သွားတာ ဒါမှမဟုတ် ပြန်ရောက်...
https://yktnews.com/2024/08/180146/
အာဆီယံဒေသတွင်းအထိ ရောက်ရှိလာပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်လာသော မျောက်ကျောက်ရောဂါ
["ရန်ကုန်| ဩဂုတ် ၂၃", "မျောက်ကျောက်ရောဂါ -Mpox (monkeypox) ကူးစက်မှုဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းထိုင်းနိုင်ငံအတွင်း ရောက်ရှိလာပြီလို့ ထိုင်းသတင်းဌာနတွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။", "မျောက်ကျောက်ရောဂါ -Mpox (monkeypox)ဟာ လက်တလော ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO)ရဲ့ ကမ္ဘာ့အရေးပေါ် အခြေအနေအဖြစ် ကြေညာခံထားရတဲ့ ကူးစက်ရောဂါပိ...
https://yktnews.com/2024/08/180138/
စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် တောင်ကုတ်မြို့နယ်တွင် ဗုံးကျဲမှု မွေးကင်းစကလေး မိခင်တစ်ဦး သေဆုံး
["ရန်ကုန်| ဩဂုတ် ၂၃", "ရခိုင်ပြည် တောင်ကုတ်မြို့နယ်၊ မီးချောင်းထိုးကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ယမန်နေ့ ဩဂုတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်အချိန် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ မွေးကင်းစကလေး မိခင် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ရကြောင်းဒေသပြည်သူများထံမှ သိရှိရသည်။", "စစ်တပ၏ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် သ...
https://yktnews.com/2024/08/180813/
Dawei Watch သတင်းထောက်နှစ်ဦးစစ်ကောင်စီက တစ်သက်တစ်ကျွန်းနှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်
["ရန်ကုန်| ဩဂုတ် ၂၈", "Dawei Watch မီဒီယာ၏ တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် သတင်းသမားနှစ်ဦး ဖြစ်သော ကိုမျိုးမြင့်ဦးနှင့် ကိုအောင်ဆန်းဦးတို့ကို အာဏာသိမ်း စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်းDawei Watch က ယမန်နေ့ ဩဂုတ်လ ၂၇ ရက်တွင် ထုတ်ပြန်သည်။", "၎င်းတို့နှစ်ဦးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ညက စစ်က...
https://yktnews.com/2024/08/180837/
စစ်ကိုင်းတိုင်းတွင် စစ်တပ်၏ သတ်ဖြတ်မှုများကြောင့် အရပ်သားများ သေ ဆုံးမှု များပြားနေပြီး လစဉ်သေဆုံးသူ ၇၁ ဦးနှုန်းရှိ၊ ကလေး၊ မုံရွာ၊ ရွှေဘို၊ မြင်းမူ၊ တမူးနှင့် မင်းကင်းမြို့နယ်တို့တွင် အများဆုံး သေဆုံး
["ရန်ကုန်| ဩဂုတ် ၂၈", "၂၀၂၄ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသတွင် အကြမ်းဖက်မှုများကြောင့် အရပ် သားသေဆုံးသူ လစဉ် ပျမ်းမျှ ၇၁ ဦးနှုန်းရှိကြောင်းနှင့် အရပ်သား ဒဏ်ရာရသူ ပျမ်းမျှ ၆၆ ဦးနှုန်းဖြင့် ရှိနေကြောင်းData for Myanmar ၏ ဇူလိုင်လအစီ ရင်ခံစာတွင် ဖော်ပြထားသည်။", "၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ပြည်တွင်...
https://yktnews.com/2022/08/25575/
မြင်းမူ လက်ပန်ကျင်းရွာက အရပ်သား ပြည်သူ ၁၀ဦး ကို စစ်ကောင်စီတပ်က သတ်ဖြတ်
["ရန်ကုန်| ဩဂုတ် ၃", "မြင်းမူမြို့နယ် လက်ပန်ကျင်းရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က စီးနင်းပြီး အရပ်သား ပြည်သူ ၁၀ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံကို ကိုးကားပြီး မြင်းမူသတင်းမှန်ပြန်ကြားရေးက ပြောပါတယ်။", "ဩဂုတ် ၁ရက်က မုံရွာမြို့ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ရဟတ်ယဥ် ၄စီးနဲ့အတူ မြင်းမူမြို့နယ် လက်ပန်ကျင်းရွာကို အကြမ်း...
https://yktnews.com/2024/08/177379/
စစ်တွေတွင် စစ်တပ်က အရပ်သားပြည်သူများကို ရမ်းကား ဖမ်းဆီးညှဉ်းပန်းနှိပ်စက်နေပြီး ဖမ်းဆီးခံရသူ အရေအတွက် ၁၀၀၀ ကျော်လာ
["ရန်ကုန်| ဩဂုတ် ၆", "ရခိုင်ပြည် စစ်တွေမြိုတွင် ပိတ်မိနေကြသူများထဲမှ အရပ်သားအမျိုးသားများကို အဓိက ပစ်မှတ်ထား၍ စစ်ကောင်စီတပ်ဖွဲဝင်များမှာ ဖမ်းချင်တိုင်းဖမ်း၊ ကြမ်းချင်တိုင်းကြမ်းနေဟု ပိတ်မိနေသူ စစ်တွေဒေသခံများက ပြောဆိုကြသည်။", "ဩဂုတ်လ ၄ ရက်နေ့ညက မင်းဂံရပ်ကွက်များနှင့် မြိုထဲရပ်ကွက်များမှ အပြစ်မဲ့အရပ်သားပြည်သူ ၅၀ ဦးထက်မန...
https://yktnews.com/2024/08/177616/
မောင်တောမှာ လက်နက်ကြီးကျ၍ မွတ်စလင် ဒါဇင်နှင့်ချီသေဆုံးပြီး ပစ်ခတ်သူကို နှစ်ဖက် အပြန်အလှန် စွပ်စွဲ
["ရန်ကုန်| ဩဂုတ် ၇", "အာဏာသိမ်း စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် မောင်တောမြိုနယ်မှာ လက်နက်ကြီးနှင့် ဗုံးသီးများကြောင့် ဩဂုတ်လ ၅ ရက်နေ့က မွတ်ဆလင် ဒါဇင်နှင့်ချီသေဆုံးသွားကြောင်း စုံစမ်းသိရသည်။", "တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း စစ်သွားရှောင်ရန် နတ်မြစ်အနီး ရာနှင့်ချီသော မွတ...
https://yktnews.com/2022/08/25948/
ရန်ကုန်မြို့က ထီးသပိတ်ကို ဂုဏ်ပြုပြီး ကမ္ဘာကျော် အော်ပရာဟောက်စ် နောက်ခံနဲ့ ဆစ်ဒနီမှာသရုပ်ဖော်
["ရန်ကုန်| ဩဂုတ် ၈", "ရန်ကုန်မြို့က ထီးသပိတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဩစတြေးလျနိုင်ငံ ဆစ်ဒနီ မြို့ က ကမ္ဘာကျော် Opera House ကို နောက်ခံထားပြီး ရှစ်လေးလုံး ၃၄ နှစ် အထိမ်း အမှတ် ပြန်လည်သရုပ်ဖော်ခဲ့ကြပါတယ်။", "ဒီနေ့ ရန်ကုန်မြို့လယ်ခေါင်နဲ့ အထင်ကရနေရတွေမှာပြုလုပ်ခဲ့တဲ့ ထီးသပိတ် ဟာ စိတ်ကူးအသစ်အဆန်းဖြစ်သလို စစ်ကောင်စီ လုံခြုံရေးတ...
https://yktnews.com/2024/08/178209/
ထိုင်းနိုင်ငံက ပြန်လည်ပို့ဆောင်လိုက်သော မြန်မာ ၁၂၆ ဦး စစ်ကောင်စီက အတင်းအဓမ္မ စစ်သားစုဆောင်းခေါ်ယူသွား
["ရန်ကုန်| ဩဂုတ် ၉", "ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီးနောက် မြန်မာဘက်သို့ ပြန်ပို့ခံရသူများကို စစ်ကောင်စီတပ်က စစ်သားစုဆောင်ရေးအဖြစ် အတင်းအဓမ္မခေါ်ယူ ပို့ဆောင်နေကြောင်း ကော့သောင်းမြို့ခံများထံမှ သိရသည်။", "ထိုင်းနိုင်ငံ ရနောင်းခရိုင် ထိန်းသိန်းရေးစခန်းတွင် ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက်နှင့် ယခု...
https://yktnews.com/2024/08/178243/
စစ်တွေထောင်ဂိတ်စောင့်များက ထောင်ဝင်စာတွေ့သူများထံမှ ငွေကြေး အဆမတန် တောင်းယူနေ
["ရန်ကုန်| ဩဂုတ် ၉", "ရခိုင်ပြည် စစ်တွေမြို့ရှိ စစ်တွေအကျဉ်းထောင်တွင် ထောင်ဝင်စာတွေ့သူ မိသားစုဝင်များ ဂိတ်စောင့်များအား ငွေပေးနေရကြောင်း ထောင်ဝင်စာတွေ့သူများက ပြောဆိုကြသည်။", "အကျဉ်းကျနေသော မိသားစုဝင်ကို အစေားအသောက်များ ပေးလိုပါက ဂိတ်စောင့်အား ပိုက်ဆံပေးပြီးမှ လက်ခံကြကြောင်း ထောင်ဝင်စာသွားတွေ့သူ စစ်တွေဒေသခံတစ်ဦးက ပြောသ...
https://yktnews.com/2024/02/144219/
မင်းပြားမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော် AA ထံ အလင်းဝင်၊ တပ်ရင်းများကို AA က သိမ်းပိုက်လိုက်ပြီးဟု သတင်းများ ထွက်ပေါ်နေ
["ရန်ကုန်|ဖေဖော်ဝါရီ ၆", "ရခိုင်ပြည်၊ မင်းပြားမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်သည် ယနေ့ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက်ပိုင်းက ရက္ခိုင့်တပ်တော် AA ထံ အလင်းဝင်ရောက်ခဲ့ပြီး ကားသုံးစီးဖြင့် ခေါ်ဆောင်သွားကြောင်း မင်းပြား ဒေသခံများက ပြောသည်။", "မင်းပြားအခြေစိုက် စစ်ကောင်စီ ခမရ ၃၈၀ တပ်ရင်းအား ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နေ့တွင...
https://yktnews.com/2023/10/127398/
ရန်ကုန်ခေတ်သစ်သတင်းဌာန ဆက်လက်ရပ်တည်နိုင်ရေး You Tube စာမျက်နှာ ကို Subscribe လုပ်ခြင်း၊ ဝင်ရောက် ကြည့်ရှုခြင်းဖြင့် ကူညီကြပါရန် ပန်ကြားခြင်း
["ရန်ကုန်ခေတ်သစ်သတင်းဌာန ဆက်လက်ရပ်တည်နိုင်ရေး You Tube စာမျက်နှာ ကို Subscribe လုပ်ခြင်း၊ ဝင်ရောက် ကြည့်ရှုခြင်းဖြင့် ကူညီကြပါရန် ပန်ကြားခြင်း", "==========================================", "ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်မှ စတင်ထူထောင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အကြမ်းဖက် စစ်တပ် အာဏာသိမ်းချိန်မှ စတ...
https://yktnews.com/2023/11/130970/
ရန်ကုန်စက်သုံးဆီအရောင်းဆိုင်များတွင် ယနေ့ နံနက် ၄ နာရီကတည်းက ကားများ ကြိတ်ကြိတ်တိုး တန်းစီ ဓာတ်ဆီနှင့်ဒီဇယ်ဆီ ဝယ်နေရ ၊ ယမန်နေ့ထက် ဆီစျေးထပ်တက်
["ရန်ကုန်စက်သုံးဆီအရောင်းဆိုင်များတွင် ယနေ့ နံနက် ၄ နာရီကတည်းက ကားများ ကြိတ်ကြိတ်တိုး တန်းစီ ဓာတ်ဆီနှင့်ဒီဇယ်ဆီ ဝယ်နေရ ၊ ယမန်နေ့ထက် ဆီစျေးထပ်တက်", "ရန်ကုန်၊ နိုဝင်ဘာ ၁၂", "ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် ယနေ့ နံနက် ၄ နာရီကတည်းက ကားများ ကြိတ်ကြိတ်တိုး တန်းစီပြီး ဓာတ်ဆီနှင့် ဒီဇယ်ဆီများ အကန့်အသတ်ဖြင့် ဝယ်ယ...
https://yktnews.com/2023/04/96722/
ရန်ကုန်ဆီဆိုင်တချို့ ပိတ်သိမ်းမှုနှင့် ဆီပြတ်လပ်မှု ကြုံတွေ့နေရ ၊ ကားများ ၁ နာရီခန့် အကြာ တန်းစီ ဝယ်ယူနေရ
["ရန်ကုန်ဆီဆိုင်တချို့ ပိတ်သိမ်းမှုနှင့် ဆီပြတ်လပ်မှု ကြုံတွေ့နေရ ၊ ကားများ ၁ နာရီခန့် အကြာ တန်းစီ ဝယ်ယူနေရ", "ရန်ကုန်၊ ဧပြီ ၁၀", "ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်တချို့ ယာယီ ပိတ်သိမ်းထားမှု၊ ဆီမရှိတော့၍ မရောင်းချတော့မှုတို့ကြောင့် လက်ရှိ စက်သုံးဆီများ တိုးဝှေ့ ဝယ် ယူနေရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။"...
https://yktnews.com/2022/12/78150/
ရန်ကုန်တက္ကသိုလ် ကျောင်းသမဂ္ဂ တွဲဖက်အတွင်းရေးမှူး မနန်းတွယ်တာဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်
["ရန်ကုန်တက္ကသိုလ် ကျောင်းသမဂ္ဂ တွဲဖက်အတွင်းရေးမှူး မနန်းတွယ်တာဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်", "ရန်ုကုန်၊ ဒီဇင်ဘာ ၃၀", "ရန်ကုန် ပညာရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ တွဲဖက်အတွင်းရေးမှူး ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ် အဖွဲ့ဝင် မနန်းတွယ် တာဦး ကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်က...
https://yktnews.com/2023/02/85708/
ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေတွင် နူကလီးယားစင်တာ မင်းအောင်လှိုင် ဖွင့်မည့်သတင်း ပေါက်ကြားမှုကြောင့် ဒရုန်းဖြင့် ဗုံးကျဲခံရမည်၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမည်ကို စစ်ကောင်စီက အထူးစိုးရိမ်ပြီး လုံခြုံရေး အမြင့်ဆုံးတင်းကျပ်
["ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေတွင် နူကလီးယားစင်တာ မင်းအောင်လှိုင် ဖွင့်မည့်သတင်း ပေါက်ကြားမှုကြောင့် ဒရုန်းဖြင့် ဗုံးကျဲခံရမည်၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမည်ကို စစ်ကောင်စီက အထူးစိုးရိမ်ပြီး လုံခြုံရေး အမြင့်ဆုံးတင်းကျပ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေတွင် နူကလီးယားစင်တာကို ယနေ့ ဖေဖော်ဝါရီလ ၆ ရ...
https://yktnews.com/2023/02/85537/
ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေတွင် ရုရှား-မြန်မာ နူကလီးယား အချက် အလက် နည်းပညာစင်တာကို မင်းအောင်လှိုင်ကိုယ်တိုင် မနက်ဖြန် ဖွင့်လှစ်မည်
["ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေတွင် ရုရှား-မြန်မာ နူကလီးယား အချက် အလက် နည်းပညာစင်တာကို မင်းအောင်လှိုင်ကိုယ်တိုင် မနက်ဖြန် ဖွင့်လှစ်မည်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၅", "ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေဝင်း(RC2) အတွင်းတွင် ရုရှား-မြန်မာ နူကလီးယား အချက်အလက် နည်းပညာစင်တာကို အကြမ်းဖက် မင်းအောင်လှိုင်ကိုယ်တိုင် မနက်ဖြန်တွင် တက်ရော...
https://yktnews.com/2023/02/85610/
ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေရှိ ရုရှား-မြန်မာ နူကလီးယား အချက် အလက် နည်းပညာ စင်တာ ဖွင့်ပွဲသို့ မင်းအောင်လှိုင်နှင့်အတူ တက်ရန် ရုရှား အစိုးရ အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM အကြီးအကဲ Aleksei Likhachev က ပုဂ္ဂလိဂျက်လေယာဉ်ဖြင့် ရန်ကုန် လာရောက်
["ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေရှိ ရုရှား-မြန်မာ နူကလီးယား အချက် အလက် နည်းပညာ စင်တာ ဖွင့်ပွဲသို့ မင်းအောင်လှိုင်နှင့်အတူ တက်ရန် ရုရှား အစိုးရ အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM အကြီးအကဲ Aleksei Likhachev က ပုဂ္ဂလိဂျက်လေယာဉ်ဖြင့် ရန်ကုန် လာရောက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၅", "ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေဝင်း(RC2) အ...
https://yktnews.com/2023/04/97497/
ရန်ကုန်တိုင်း စစ်ကောင်စီဝန်ကြီးချုပ် မြို့နယ် သင်္ကြန် မဏ္ဍပ်များကို လှည့်လည်ကြည့်ရှုရာ လူမရှိ၍ ရပ်ကွက်များမှ သောက်စားတတ်သော အရက်ကြိုက်သူများကို လူစု ကခိုင်း၊ သင်္ကြန်အကျနေ့ ရန်ကုန်လူထုက ရေကစားခြင်းမရှိဘဲ လျစ်လျူရှု
["ရန်ကုန်တိုင်း စစ်ကောင်စီဝန်ကြီးချုပ် မြို့နယ် သင်္ကြန် မဏ္ဍပ်များကို လှည့်လည်ကြည့်ရှုရာ လူမရှိ၍ ရပ်ကွက်များမှ သောက်စားတတ်သော အရက်ကြိုက်သူများကို လူစု ကခိုင်း၊ သင်္ကြန်အကျနေ့ ရန်ကုန်လူထုက ရေကစားခြင်းမရှိဘဲ လျစ်လျူရှု", "ရန်ကုန်၊ ဧပြီ ၁၄", "ရန်ကုန်တိုင်း၊ စစ်ကောင်စီဝန်ကြီးချုပ် စိုးသိန်းက ယနေ့ သင်္ကြန်အကျနေ့တွင် ရန်ကုန...
https://yktnews.com/2024/06/166802/
ရန်ကုန်တိုင်း စစ်ဌာန၊ တိုင်းစစ်ဆင်ရေး တာဝန်ခံ ရဲဘော်ဒေဝ က ရဲဘော်သစ်များကို နိုင်ငံရေး လမ်းညွှန်မှုနှင့် တော်လှန်ရေး အတွေ့အကြုံများ ဆွေးနွေး ဝေမျှ
["ရန်ကုန်တိုင်း စစ်ဌာန၊ တိုင်းစစ်ဆင်ရေး တာဝန်ခံ ရဲဘော်ဒေဝ က ရဲဘော်သစ်များကို နိုင်ငံရေး လမ်းညွှန်မှုနှင့် တော်လှန်ရေး အတွေ့အကြုံများ ဆွေးနွေး ဝေမျှ", "ရန်ကုန်၊ ဇွန်် ၁၀", "NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်း စစ်ဌာန၊ တိုင်းစစ်ဆင်ရေး တာဝန်ခံ ရဲဘော်ဒေဝ က အခြေခံစစ်ပညာသင်တန်းသား ရဲဘော်သစ်များကို...
https://yktnews.com/2023/01/83515/
ရန်ကုန်တိုင်း စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီး သန်းထွဋ်နှင့်တပ်ကြပ်ကြီး သတ် ဖြတ်ခံရ ပြီးနောက် ပဲခူးရိုးမ အနောက်ပိုင်းကို စစ်တပ်က အင်အား ၁၀၀၀ နီးပါး ဖြင့် စစ်ကြောင်းထိုးနေ
["ရန်ကုန်တိုင်း စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီး သန်းထွဋ်နှင့်တပ်ကြပ်ကြီး သတ် ဖြတ်ခံရ ပြီးနောက် ပဲခူးရိုးမ အနောက်ပိုင်းကို စစ်တပ်က အင်အား ၁၀၀၀ နီးပါး ဖြင့် စစ်ကြောင်းထိုးနေ", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "ပဲခူးတိုင်းတွင် ရန်ကုန်တိုင်း စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီး သန်းထွဋ် နှင့်အဖွဲ့ သတ်ဖြတ်ခံရပြီးနောက် ပဲခူးရိုးမ အနောက်...
https://yktnews.com/2023/06/109214/
ရန်ကုန်တိုင်း စစ်ဒေသခွဲ၊ တပ်ရင်း ၅၁၀၁ မှ အမျိုးသမီး ရဲမေများ စစ်ရေး လေ့ကျင့်မှု ပြုလုပ်
["ရန်ကုန်တိုင်း စစ်ဒေသခွဲ၊ တပ်ရင်း ၅၁၀၁ မှ အမျိုးသမီး ရဲမေများ စစ်ရေး လေ့ကျင့်မှု ပြုလုပ်", "ရန်ကုန်၊ ဇွန် ၂၂", "ပြည်သူ့ ကာကွယ်ရေး တပ်မတော် PDF၊ ရန်ကုန်တိုင်းစစ်ဒေသခွဲ၊ တပ်ရင်း ၅၁၀၁ မှ အမျိုးသမီး ရဲမေများ​၏ စစ်ရေး စုဖွဲ့လေ့ကျင့်မှု မှတ်တမ်းများကို အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/02/84484/
ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ မြောက်ဥက္ကလာ အဝိုင်းနှင့် တောင်ဥက္ကလာပ မြို့နယ် အတွင်းမှ အသံတိတ် သပိတ်ပါဝင်နေမှု မြင်ကွင်း
["ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ မြောက်ဥက္ကလာ အဝိုင်းနှင့် တောင်ဥက္ကလာပ မြို့နယ် အတွင်းမှ အသံတိတ် သပိတ်ပါဝင်နေမှု မြင်ကွင်း", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "ရန်ကုန်တိုင်း အတွင်း လူအမြဲမပြတ် စည်ကား ယာဉ်ကြော ရှုပ်ထွေး လျက် ရှိသည့် စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းမကြီး၊ မြောက်ဥက္ကလာ အဝိုင်းနှင့် တောင်ဥက္ကလာပ မြိ...
https://yktnews.com/2024/07/170841/
ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ ၃ ရဲဘော်များ မွမ်းမံသင်တန်းဆင်းပွဲ ပြုလုပ်
["ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ ၃ ရဲဘော်များ မွမ်းမံသင်တန်းဆင်းပွဲ ပြုလုပ်", "ရန်ကုန်၊ ဇူလိုင် ၁", "ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရန်ကုန်ပကဖ) ၊ တိုက်ခိုက်ရေးတပ်ဖွဲ့ ၃ ရဲဘော်များ၏ မွမ်းမံသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။"]
https://yktnews.com/2024/04/156160/
ရန်ကုန်တိုင်း မင်္ဂလာဒုံရဲစခန်း၊ မန္တလေးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ကား နှင့် မေမြို့ရှိ အုပ်ချုပ်ရေးမှူး နေအိမ်တို့တွင် ဗုံးများပေါက်ကွဲပြီး ရဲ ၃ ဦးဒဏ်ရာရ
["ရန်ကုန်တိုင်း မင်္ဂလာဒုံရဲစခန်း၊ မန္တလေးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ကား နှင့် မေမြို့ရှိ အုပ်ချုပ်ရေးမှူး နေအိမ်တို့တွင် ဗုံးများပေါက်ကွဲပြီး ရဲ ၃ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဧပြီ ၁၀", "ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့မရဲစခန်းတွင် မိုင်းပေါက်ကွဲပြီး ရဲတပ်ဖွဲ့ဝင် ၃ဦးဒဏ်ရာရရှိကြောင်း Dark Shadow တပ်ဖွဲ့မှ ရဲဘော်ပန်ဒါက ရန်ကုန်ခ...
https://yktnews.com/2023/04/96484/
ရန်ကုန်တိုင်း အစိုးရ အဖွဲ့ရုံးရှေ့ရှိ ဗဟို သင်္ကြန်မဏ္ဍပ် ၂ ခုကို အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်
["ရန်ကုန်တိုင်း အစိုးရ အဖွဲ့ရုံးရှေ့ရှိ ဗဟို သင်္ကြန်မဏ္ဍပ် ၂ ခုကို အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်", "ရန်ကုန်၊ ဧပြီ ၈", "ရန်ကုန်မြို့၊ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ရုံးရှေ့ ပြည်သူ့ရင်ပြင်ရှိ အကြမ်းဖက်စစ်တပ် ကျင်းပမည့် သင်္ကြန် မဏ္ဍပ် ၂ ခုကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow(YGN UG) အ...
https://yktnews.com/2024/03/152017/
စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ရန်ကုန်တိုင်းစက်မှုဇုန်များတွင် အလုပ်သမားပြတ်လပ်မှု ကြုံလာရပြီး စီးပွား ရေးကဏ္ဍတစ်ခုလုံး အပါအဝင် ပြည်သူလူထုအကြား ဆိုးဝါးစွာ ဂယက်ရိုက်ခတ်
["ရန်ကုန်တိုင်းစစ်ကောင်စီက အထူးအစည်းအဝေးခေါ်ယူပြီးလူငယ်တိုင်း စစ်မှုထမ်းရမည့် အခြေအနေများကို ရှင်းလင်းမည်", "ရန်ကုန်၊ မတ် ၂၂", "အကြမ်းဖက်စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သည့် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များတွင် အလုပ်သမားများ နယ်ပြန်ကြခြင်း၊ အလုပ်မှ ထွက်ခွာကြခြင်းများ အကြီးအကျယ် ကြုံတွေ့နေရပြီ...
https://yktnews.com/2023/08/116386/
ရန်ကုန်တိုင်းစစ်ကောင်စီက အိမ်တွင်းစက်မှုလက်မှု စျေးရောင်းပွဲဟုဆိုကာ စီးပွားရေးသမားများ၊ ကျောင်းသားကျောင်းသူများနှင့် ဝန်ထမ်းများကို မလာ မနေရ ဖိအားပေး ဆင့်ခေါ်
["ရန်ကုန်တိုင်းစစ်ကောင်စီက အိမ်တွင်းစက်မှုလက်မှု စျေးရောင်းပွဲဟုဆိုကာ စီးပွားရေးသမားများ၊ ကျောင်းသားကျောင်းသူများနှင့် ဝန်ထမ်းများကို မလာ မနေရ ဖိအားပေး ဆင့်ခေါ်", "ရန်ကုန်၊ ဩဂုတ် ၄", "ရန်ကုန်တိုင်းစစ်ကောင်စီဝန်ကြီးချုပ် စိုးသိန်းက ပြည်သူ့ရင်ပြင်တွင် အိမ်တွင်း စက်မှုလက်မှု စျေးရောင်းပွဲဟုဆိုကာ ၃ ရက်ကြာ ကျင်းပလျက်ရှိပြီး...
https://yktnews.com/2023/05/102200/
ရန်ကုန်တိုင်းစစ်ကောင်စီရုံးဝင်းထဲသို့ ၄၀ မမ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်
["ရန်ကုန်တိုင်းစစ်ကောင်စီရုံးဝင်းထဲသို့ ၄၀ မမ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်", "ရန်ကုန်၊ မေ ၁၂", "ရန်ကုန်တိုင်းလွှတ်တော်ဝင်းအတွင်းရှိ ရန်ကုန်စစ်ကောင်စီအဖွဲ့ရုံးကို ၄၀ မမ ဗုံးသီးဖြင့် ယနေ့ နံနက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တချို့က ပြောဆိုသည်။", "မေလ၁၂ ရက်နေ့ နံနက် ၄ နာရီခွဲအချိန် ဒဂုံမြိ...
https://yktnews.com/2024/03/152218/
ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ဂေါက်ရိုက်ပွဲကို ပြင်းအားမြင့် မိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်မှု ဒုဗိုလ်မှူးကြီးအပါအဝင် စစ်အရာရှိ ၇ ဦး စုစုပေါင်း ၂၀ ဦးသေဆုံးဟု ရန်ကုန်ပကဖ ပြောဆို
["ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ဂေါက်ရိုက်ပွဲကို ပြင်းအားမြင့် မိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်မှု ဒုဗိုလ်မှူးကြီးအပါအဝင် စစ်အရာရှိ ၇ ဦး စုစုပေါင်း ၂၀ ဦးသေဆုံးဟု ရန်ကုန်ပကဖ ပြောဆို", "ရန်ကုန်၊ မတ် ၂၃", "ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း စစ်အရာရှိကြီးများ၏ ဂေါက်ရိုက်ပွဲကို ပြင်းအားမြင့် မိုင်းဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ...
https://yktnews.com/2023/01/82788/
ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ခိုင်းစေချက်အရ မြို့နယ်များတွင် CDM များကို တစ်လအတွင်း အပြီးအပြတ် စစ်ဆေးအရေးယူမှုများ ဆောင်ရွက်မည်ဟုဆို
["ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ခိုင်းစေချက်အရ မြို့နယ်များတွင် CDM များကို တစ်လအတွင်း အပြီးအပြတ် စစ်ဆေးအရေးယူမှုများ ဆောင်ရွက်မည်ဟုဆို", "ရန်ကုန်၊ ဇန်နဝါရီ ၂၄", "ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ခိုင်းစေချက်အရ မြို့နယ်များတွင် CDM များကို တစ်လအတွင်း စစ်ဆေး အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၁၈ ရက်န...
https://yktnews.com/2024/05/165327/
ရန်ကုန်တိုင်းစစ်ဌာနမှ ရဲဘော် အသစ်များ စစ်ပညာ လေ့ကျင့်မှုများ ပြုလုပ်
["ရန်ကုန်တိုင်းစစ်ဌာနမှ ရဲဘော် အသစ်များ စစ်ပညာ လေ့ကျင့်မှုများ ပြုလုပ်", "ရန်ကုန်၊ မေ ၃၁", "အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာနသို့ ဝင်ရောက်လာသော တပ်သားသစ်များ​၏ အခြေခံ စစ်ပညာ လေ့ကျင့်နေမှုများကို ရန်ကုန်တိုင်းစစ်ဌာနက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/08/179264/
ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ ထံ အလင်းဝင်လာသည့် စစ်ကောင်စီ တပ်သား ၂ ဦးကို ဂုဏ်ပြု ဆုငွေ ချီးမြှင့်
["ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ ထံ အလင်းဝင်လာသည့် စစ်ကောင်စီ တပ်သား ၂ ဦးကို ဂုဏ်ပြု ဆုငွေ ချီးမြှင့်", "ရန်ကုန်၊ ဩဂုတ် ၁၆", "ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ ထံ အလင်းဝင်လာသည့် စစ်ကောင်စီ တပ်သား ၂ ဦးကို ဂုဏ်ပြု ဆုငွေ ချီးမြှင့်ခဲ့ကြောင်း ယနေ့ ဩဂုတ်လ ၁၆ ရက်နေ့တွင် ရန်ကုန်တိုင်း စစ်ဌာနက ထုတ...
https://yktnews.com/2023/04/96064/
ရန်ကုန်တိုင်းတွင် ကျေးရွာသားများကို စစ်ဝတ်စုံ ဝတ်ဆင်ခိုင်းပြီး ကင်း စောင့်ခိုင်း
["ရန်ကုန်တိုင်းတွင် ကျေးရွာသားများကို စစ်ဝတ်စုံ ဝတ်ဆင်ခိုင်းပြီး ကင်း စောင့်ခိုင်း", "ရန်ကုန်၊ ဧပြီ ၆", "ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်နှင့် တွံတေးမြို့နယ်တို့တွင် ကျေးရွာသားများကို စစ်ဝတ်စုံများ ဝတ်ဆင်ခိုင်း၍ လုံခြုံမှု အတွက် ကင်းစောင့်ခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "၂၀၂၃ ...
https://yktnews.com/2024/10/188896/
ရန်ကုန်တိုင်းတွင် ခိုးဆိုးလုနှိုက် အပါအဝင် ရာဇဝတ်မှုများဖြင့် အမှုရင်ဆိုင်နေရသော အချုပ်သားတချို့ကို စစ်ကောင်စီက အမှုပယ်ဖျက်ပေးပြီး စစ်မှုထမ်းအပတ်စဉ် ၆ အတွက် စစ်သားများအဖြစ် စုဆောင်း
["ရန်ကုန်တိုင်းတွင် ခိုးဆိုးလုနှိုက် အပါအဝင် ရာဇဝတ်မှုများဖြင့် အမှုရင်ဆိုင်နေရသော အချုပ်သားတချို့ကို စစ်ကောင်စီက အမှုပယ်ဖျက်ပေးပြီး စစ်မှုထမ်းအပတ်စဉ် ၆ အတွက် စစ်သားများအဖြစ် စုဆောင်း", "ရန်ကုန်၊ အောက်တိုဘာ ၂၁", "ရန်ကုန်တိုင်းအတွင်းတွင် ခိုးဆိုးလုနှိုက် အပါအဝင် ရာဇဝတ်မှုများဖြင့် အမှုရင်ဆိုင်နေရသော အချုပ်သားတချို့ကို အ...
https://yktnews.com/2025/03/205864/
ရန်ကုန်တိုင်းတွင် စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက လူငယ်များကို ဖမ်း ဆီးခြင်းနှင့် ငွေညှစ်မှုများ ပြုလုပ်နေပြီး ဆယ်ကျော်သက် အရွယ်လူငယ်တချို့ ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်
["ရန်ကုန်တိုင်းတွင် စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက လူငယ်များကို ဖမ်း ဆီးခြင်းနှင့် ငွေညှစ်မှုများ ပြုလုပ်နေပြီး ဆယ်ကျော်သက်အရွယ်လူငယ်တချို့ ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်", "ရန်ကုန်၊ မတ် ၁", "ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ တောင်ဒဂုံမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ...
https://yktnews.com/2023/02/88781/
ရန်ကုန်တိုင်းမြောက်ဥက္ကလာ ၆ ကွေ့တွင် ပစ်ခတ်မှုဖြစ်ပြီး စမ်းချောင်းမြို့နယ်တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ
["ရန်ကုန်တိုင်းမြောက်ဥက္ကလာ ၆ ကွေ့တွင် ပစ်ခတ်မှုဖြစ်ပြီး စမ်းချောင်းမြို့နယ်တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ", "အင်းစိန်ပေါက်တော၀မီးပွိုင့် ၊ လှိုင်သာယာ နှင့် ဗဟန်း ဗိုလ်စိန်မှန် ရပ်ကွက်ရုံးတို့တွင် ဗုံးခွဲတိုက်ခိုက်မှုနှင့် ပစ်ခတ်မှုများဖြစ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁", "ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ ၆ ကွေ့ တွင...
https://yktnews.com/2023/03/91833/
ရန်ကုန်တိုင်းမှအပ ပြည်နယ်/တိုင်းများတွင် လျှပ်စစ်မီး ၅ နာရီ လာ၊ ၁၀ နာရီ မီးပျက် စနစ်ဖြင့် မီးပေး
["ရန်ကုန်တိုင်းမှအပ ပြည်နယ်/တိုင်းများတွင် လျှပ်စစ်မီး ၅ နာရီ လာ၊ ၁၀ နာရီ မီးပျက် စနစ်ဖြင့် မီးပေး", "ရန်ကုန်တွင်မူ ၄ နာရီလာ၊ ၄ နာရီ မီးပြတ်စနစ်ဖြင့် မီးပေးသော်လည်း ပျက်သည့်အချိန်က ပိုများလာ", "ရန်ကုန်၊ မတ် ၁၁", "ရန်ကုန်တိုင်းမှအပ ပြည်နယ်/တိုင်းများတွင် လျှပ်စစ်မီး ၅ နာရီ မီးပေး၊ ၁၀ နာရီ မီးဖြတ်တောက်သည့် စနစ်ကို ယနေ့ စ...
https://yktnews.com/2023/12/134059/
ရန်ကုန်တိုင်းလွှတ်တော်အနီး ယမန်နေ့ ဗုံးပေါက်ကွဲမှု ဖြစ်၊ မော်လမြိုင် အရှေ့ တောင်တိုင်းစစ်ဌာနချုပ်ထဲသို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
["ရန်ကုန်တိုင်းလွှတ်တော်အနီး ယမန်နေ့ ဗုံးပေါက်ကွဲမှု ဖြစ်၊ မော်လမြိုင် အရှေ့ တောင်တိုင်းစစ်ဌာနချုပ်ထဲသို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်", "ရန်ကုန်၊ ဒီဇင်ဘာ ၂", "ရန်ကုန်တိုင်း၊ အလုံမြို့နယ် ၊ ရန်ကုန်တိုင်းလွှတ်တော်အနီးတွင် ယမန်နေ့ ညပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း တိုင်းလွှတ်တော်အနီးနေထိုင်သူများနှင့် ရဲသတင်းရင်...
https://yktnews.com/2023/09/123856/
ရန်ကုန်တိုင်းအတွင်း ငလျင်လှုပ်သည့် အကြိမ်ရေ ခပ်စိတ်စိတ်ဖြစ်လာပြီး ၉ ကြိမ်ထက်မနည်း ငလျင်ငယ်များ ဆက်တိုက် လှုပ်ခတ်၊ အထပ်မြင့်နေ ပြည်သူများ စိုးရိမ်ထိတ်လန့်
["ရန်ကုန်တိုင်းအတွင်း ငလျင်လှုပ်သည့် အကြိမ်ရေ ခပ်စိတ်စိတ်ဖြစ်လာပြီး ၉ ကြိမ်ထက်မနည်း ငလျင်ငယ်များ ဆက်တိုက် လှုပ်ခတ်၊ အထပ်မြင့်နေ ပြည်သူများ စိုးရိမ်ထိတ်လန့်", "ရန်ကုန်၊ စက်တင်ဘာ ၂၄", "ရန်ကုန်တိုင်းအတွင်း ငလျင်လှုပ်သည့် အကြိမ်ရေ ခပ်စိတ်စိတ်ဖြစ်လာပြီး ၉ ကြိမ်ထက်မနည်း ငလျင်ငယ်များ ဆက်တိုက် လှုပ်ခတ်နေသဖြင့် အထပ်မြင့်နေ ပြည်...
https://yktnews.com/2024/10/189783/
ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်း အပတ်စဉ် ၇ အတွက် တပ်သားသစ်များ ကြိုတင်စုဆောင်းရန် ညွှန်ကြား၊ စစ်မှုထမ်းအပတ်စဉ် ၆ တွင် ပြည်နယ်/တိုင်းတချို့ လူမပြည့်၍ သင်တန်းဖွင့်လှစ်ရက် နောက် ဆုတ်ခဲ့ရ
["ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်း အပတ်စဉ် ၇ အတွက် တပ်သားသစ်များ ကြိုတင်စုဆောင်းရန် ညွှန်ကြား၊ စစ်မှုထမ်းအပတ်စဉ် ၆ တွင် ပြည်နယ်/တိုင်းတချို့ လူမပြည့်၍ သင်တန်းဖွင့်လှစ်ရက် နောက် ဆုတ်ခဲ့ရ", "ရန်ကုန်၊ အောက်တိုဘာ ၂၈", "ရန်ကုန်တိုင်းအတွင်း လာမည့်နိုဝင်ဘာလအတွင်း စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၇ အတွက် တပ် သားသစ်များ ကြိုတင်စုဆောင်...
https://yktnews.com/2025/01/199921/
ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်းအပတ်စဉ် ၉ အတွက် ပေါ်တာဆွဲ စုဆောင်းခံရသူ လူငယ် ၄၀၀ နီးပါးကို ဟိုပုံးမြို့ရှိ စစ်သင် တန်းကျောင်းသို့ ပို့ဆောင်၊ ပေါ်တာဆွဲ ဖမ်းဆီးမှုများ အပါအဝင် အဓမ္မ စုဆောင်းမှုများကြောင့် ရန်ကုန်တိုင်းတွင် လစဉ် စစ်မှုထမ်းတပ်သားသစ် အရေအတွက် ၁၀၀၀ ကျော် အထက် ရရှိနေ
["ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်းအပတ်စဉ် ၉ အတွက် ပေါ်တာဆွဲ စုဆောင်းခံရသူ လူငယ် ၄၀၀ နီးပါးကို ဟိုပုံးမြို့ရှိ စစ်သင် တန်းကျောင်းသို့ ပို့ဆောင်၊ ပေါ်တာဆွဲ ဖမ်းဆီးမှုများအပါအဝင် အဓမ္မ စုဆောင်းမှုများကြောင့် ရန်ကုန်တိုင်းတွင် လစဉ် စစ်မှုထမ်းတပ်သားသစ် အရေအတွက် ၁၀၀၀ ကျော် အထက် ရရှိနေ", "ရန်ကုန်၊ ဇန်နဝါရီ ၁၈", "ရန်ကုန်တိုင်းအတ...
https://yktnews.com/2023/04/97581/
ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များကို ဆီ လုံလုံလောက် လောက် ချထား ပေး ခြင်းမရှိဘဲ ဆိုင်ပိတ်ခွင့်မပေး၊ ကိုယ့်အစီအစဉ်ဖြင့် ဆိုင် ပိတ် လျှင် အရေးယူမည်ဟု စစ်ကောင်စီက အမိန့်ထုတ်
["ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များကို ဆီ လုံလုံလောက် လောက် ချထား ပေး ခြင်းမရှိဘဲ ဆိုင်ပိတ်ခွင့်မပေး၊ ကိုယ့်အစီအစဉ်ဖြင့် ဆိုင် ပိတ် လျှင် အရေးယူမည်ဟု စစ်ကောင်စီက အမိန့်ထုတ်", "ရန်ကုန်၊ ဧပြီ ၁၅", "စစ်ကောင်စီက ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များကို စက်သုံး ဆီ လုံလုံလောက်လောက်ချထားပေးခြင်းမရှိဘ...
https://yktnews.com/2024/01/138849/
ရန်ကုန်တိုင်းအတွင်းရှိ စေတီပုထိုး၊ သိမ်နှင့် ဘုန်းကြီးကျောင်းအားလုံးတွင် ဥပ္ပါတသန္တိ ပရိတ်ရွတ် ယတြာချေပွဲများ အချိန် ၅ လ တိတိ လုပ်ရန် စစ်ကောင်စီက ထပ်မံ ညွှန်ကြား၊ ကာကွယ်ရေးနှင့်ပြည်ထဲရေးဝန်ထမ်းများကို သံဃာများထံမှ ပရိတ်ဖတ်နည်းသင်ခိုင်း
["ရန်ကုန်တိုင်းအတွင်းရှိ စေတီပုထိုး၊ သိမ်နှင့် ဘုန်းကြီးကျောင်းအားလုံးတွင် ဥပ္ပါတသန္တိ ပရိတ်ရွတ် ယတြာချေပွဲများ အချိန် ၅ လ တိတိ လုပ်ရန် စစ်ကောင်စီက ထပ်မံ ညွှန်ကြား၊ ကာကွယ်ရေးနှင့်ပြည်ထဲရေးဝန်ထမ်းများကို သံဃာများထံမှ ပရိတ်ဖတ်နည်းသင်ခိုင်း", "ရန်ကုန်၊ ဇန်နဝါရီ ၇", "ရန်ကုန်တိုင်းအတွင်းရှိ စေတီ၊ ပုထိုး၊ သိမ်နှင့် ဘုန်းကြီး...
https://yktnews.com/2024/02/146982/
ရန်ကုန်တိုင်းအတွင်းရှိ ဆိုင်ကယ်ကယ်ရီသမားများကို ပြည်သူ့လုံခြုံရေးအဖွဲ့များအဖြစ် စစ်ကောင်စီက ဖိအားပေး ဖွဲ့စည်းပေးပြီး မသင်္ကာသော လှုပ်ရှားမှု မှန်သမျှ စစ်တပ်နှင့်ရဲထံသို့ သတင်းပေးရန် စည်းရုံး
["ရန်ကုန်တိုင်းအတွင်းရှိ ဆိုင်ကယ်ကယ်ရီသမားများကို ပြည်သူ့လုံခြုံရေးအဖွဲ့များအဖြစ် စစ်ကောင်စီက ဖိအားပေး ဖွဲ့စည်းပေးပြီး မသင်္ကာသော လှုပ်ရှားမှု မှန်သမျှ စစ်တပ်နှင့်ရဲထံသို့ သတင်းပေးရန် စည်းရုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂", "ရန်ကုန်တိုင်းအတွင်းရှိ ဆိုင်ကယ်ကယ်ရီသမားများကို ပြည်သူ့လုံခြုံရေးအဖွဲ့များအဖြစ် စစ်ကောင်စီက ဖွဲ့စည...
https://yktnews.com/2023/09/123915/
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်တပ်က ပြည်သူ့စစ်များ တိုးချဲ့ ဖွဲ့စည်းရန် လူငယ်များကို အတင်းအဓမ္မ ခြိမ်းခြောက်တောင်းခံနေ
["ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်တပ်က ပြည်သူ့စစ်များ တိုးချဲ့ ဖွဲ့စည်းရန် လူငယ်များကို အတင်းအဓမ္မ ခြိမ်းခြောက်တောင်းခံနေ", "ရန်ကုန်၊ စက်တင်ဘာ ၂၅", "ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်ရှိ ကျေးရွာများတွင် စစ်တပ်က ပြည်သူ့ စစ်ဖွဲ့စည်းရန် ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် လူငယ်များကို အတင်းအဓမ္မ ခြိမ်းခြောက် ရွေးချယ...
https://yktnews.com/2024/05/164451/
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များသို့ ယခုရက်ပိုင်းအတွင်း PDF များ ဝင်ရောက်မည်ဆိုသော သတင်းများကြောင့် ဧည့်စာရင်းတိုင်ကြားသူစာရင်းကို အချိန်နှင့်တပြေးညီ တင်ပြရန် စစ်ကောင်စီက ညွှန်ကြား
["ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များသို့ ယခုရက်ပိုင်းအတွင်း PDF များ ဝင်ရောက်မည်ဆိုသော သတင်းများကြောင့် ဧည့်စာရင်းတိုင်ကြားသူစာရင်းကို အချိန်နှင့်တပြေးညီ တင်ပြရန် စစ်ကောင်စီက ညွှန်ကြား", "ရန်ကုန်၊ မေ ၂၅", "ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များသို့ ယခုရက်ပိုင်းအတွင်း PDF များ ဝင်ရောက်မည်ဆိုသော သတင်းများကြောင့် ဧည့်စာရင်း...
https://yktnews.com/2025/02/202019/
ရန်ကုန်တိုင်း၊ ကမာရွတ်တွင် လူနာတင်ကားဖြင့် စစ်တပ်က လှည့်လည် ပေါ်တာဆွဲ၊ ပုဂံမြို့၊ ကျိုင်းတုံနှင့် ကျောက်ပန်းတောင်းတွင် စစ်တပ်က လူငယ် ၄၀ ကျော်ကို ဖမ်းဆီးပြီး ငွေညှစ်မှုများ လုပ်နေ
["ရန်ကုန်တိုင်း၊ ကမာရွတ်တွင် လူနာတင်ကားဖြင့် စစ်တပ်က လှည့်လည် ပေါ်တာဆွဲ၊ ပုဂံမြို့၊ ကျိုင်းတုံနှင့် ကျောက်ပန်းတောင်းတွင် စစ်တပ်က လူငယ် ၄၀ ကျော်ကို ဖမ်းဆီးပြီးငွေညှစ်မှုများ လုပ်နေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "ရန်ကုန်မြို့၊ ပုဂံမြို့၊ ကျိုင်းတုံနှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင် အကြမ်း ဖက် စစ်တပ်က လူငယ် ၄၀ ကျော်ကို ပ...
https://yktnews.com/2023/02/86085/
ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်တွင် ဗုံးပေါက်ကွဲ၊ ပဲခူးတွင်လည်း ဗုံးများ ဆက်တိုက်ပေါက်
["ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်တွင် ဗုံးပေါက်ကွဲ၊ ပဲခူးတွင်လည်း ဗုံးများ ဆက်တိုက်ပေါက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်တွင် ယနေ့ညပိုင်း ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်အချိန် ကျောက်တန်းမြို့နယ်၊ စစ...
https://yktnews.com/2023/11/133753/
ရန်ကုန်တိုင်း၊ ခရမ်းနှင့် သုံးခွမြို့နယ်ရဲစခန်း၊ ဆည်မြောင်းဂိတ်နှင့် ရေကျော်ကျောင်းတို့ကို ဒရုန်း၊ ၄၀ မမ တို့ဖြင့် ခရမ်း-PDF ပစ်ခတ်တိုက်ခိုက်မှု ရဲတချို့ ထိခိုက်ဒဏ်ရာရ
["ရန်ကုန်တိုင်း၊ ခရမ်းနှင့် သုံးခွမြို့နယ်ရဲစခန်း၊ ဆည်မြောင်းဂိတ်နှင့် ရေကျော်ကျောင်းတို့ကို ဒရုန်း၊ ၄၀ မမ တို့ဖြင့် ခရမ်း-PDF ပစ်ခတ်တိုက်ခိုက်မှု ရဲတချို့ ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ နိုဝင်ဘာ ၃၀", "ရန်ကုန်တိုင်း၊ ခရမ်းနှင့် သုံးခွမြို့နယ်ရဲစခန်း၊ စစ်တပ်တပ်စွဲထားသော ဆည်မြောင်းဂိတ်နှင့် ရေကျော်ကျောင်းတို့ကို ဒရုန်း၊ ၄၀ မမ...
https://yktnews.com/2025/05/213426/
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့မရဲစခန်းကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်
["ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့မရဲစခန်းကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်", "ရန်ကုန်၊ မေ ၄", "ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ မြို့မရဲစခန်းကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ ၃ ရက်နေ့ ည ၁၀ နာရီ ၂၅ မိနစ်အချိန် ဝန်းကျင် ရန်ကုန်တိုင...
https://yktnews.com/2023/03/94612/
ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်ရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို မိုင်းခွဲ ရှင်းလင်း
["ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်ရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို မိုင်းခွဲ ရှင်းလင်း", "ရန်ကုန်၊ မတ် ၂၈", "ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်ရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ယမန်နေ့ ညပိုင်းတွင် မိုင်းခွဲ ရှင်းလင်းမှုဖြစ်ပွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "မတ်လ၂၇ ရက်နေ့ ည ၁၂ နာရီဝန...
https://yktnews.com/2023/10/127212/
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ တိုင်းရင်းသား ဒီကရီကောလိပ်တွင် ကျောင်းသားများကို ပြည်သူ့စစ်သင်တန်း ပေးနေ
["ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ တိုင်းရင်းသား ဒီကရီကောလိပ်တွင် ကျောင်းသားများကို ပြည်သူ့စစ်သင်တန်း ပေးနေ", "ရန်ကုန်၊ အောက်တိုဘာ ၂၀", "ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ တိုင်းရင်းသား ဒီကရီကောလိပ်တွင် စစ်တပ်က ပြည်သူ့စစ်သင်တန်း ပေးနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ယခုအောက်တိုဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီ...
https://yktnews.com/2024/12/195920/
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စစ်ဆေးတက္ကသိုလ်ရှိ စစ်ဗိုလ်လောင်းများ နေထိုင်သော ၅ ထပ်အိပ်ဆောင်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
["ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စစ်ဆေးတက္ကသိုလ်ရှိ စစ်ဗိုလ်လောင်းများ နေထိုင်သော ၅ ထပ်အိပ်ဆောင်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်", "ရန်ကုန်၊ ဒီဇင်ဘာ ၁၇", "ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စစ်ဆေးတက္ကသိုလ်ရှိ စစ်ဗိုလ်လောင်းများ နေထိုင်သော ၅ ထပ်အိပ်ဆောင်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်သူပုန်အဖွဲ့မှ တာဝန်ရှိသူတစ်ဦး...
https://yktnews.com/2024/05/162760/
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ၊ လှိုင်မြို့နယ်နှင့် ဧရာဝတီတိုင်း၊လပွတ္တာတို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဗုံးများပေါက်ကွဲ
["ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ၊ လှိုင်မြို့နယ်နှင့် ဧရာဝတီတိုင်း၊လပွတ္တာတို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဗုံးများပေါက်ကွဲ", "ရန်ကုန်၊ မေ ၁၆", "ရန်ကုန်တိုင်း၊ မင်္ဂလာဒုံနှင့် ဧရာဝတီတိုင်း၊လပွတ္တာတို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဗုံးများပေါက်ကွဲခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များ...
https://yktnews.com/2024/02/147752/
ရန်ကုန်တိုင်း၊ မရန်းကုန်းမြို့နယ် တရားရုံးအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ စစ်မှုထမ်းဥပဒေအပေါ် ကန့်ကွက်သည့်အနေဖြင့် ဗုံးခွဲတိုက်ခိုက်ဟုဆို
["ရန်ကုန်တိုင်း၊ မရန်းကုန်းမြို့နယ် တရားရုံးအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ စစ်မှုထမ်းဥပဒေအပေါ် ကန့်ကွက်သည့်အနေဖြင့် ဗုံးခွဲတိုက်ခိုက်ဟုဆို", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇", "ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် တရားရုံးအနီးတွင် ယမန်နေ့ ညပိုင်း ဗုံးပေါက်ကွဲဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို...
https://yktnews.com/2023/06/108327/
ရန်ကုန်တိုင်း၊ မရမ်းကုန်း၊ တောင်ဒဂုံ၊ လှိုင်သာယာစက်မှုဇုန် ၁ ၊ လှိုင်မြို့နယ် ၊ မြောက်ဥက္ကလာ၊ သာကေတတို့တွင် ဗုံးများ တစ်ပြိုင်နက်တည်း ပေါက်ကွဲ
["ရန်ကုန်တိုင်း၊ မရမ်းကုန်း၊ တောင်ဒဂုံ၊ လှိုင်သာယာစက်မှုဇုန် ၁ ၊ လှိုင်မြို့နယ် ၊ မြောက်ဥက္ကလာ၊ သာကေတတို့တွင် ဗုံးများ တစ်ပြိုင်နက်တည်း ပေါက်ကွဲ", "ရန်ကုန်၊ ဇွန် ၁၈", "ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ လှိုင်သာယာမြို့နယ် စက်မှုဇုန် ၁ ၊ လှိုင်မြို့နယ်၊ မြောက်ဥက္ကလာပ၊ သာကေတ အပါအဝင် မြို့နယ် များတွင် ယ...
https://yktnews.com/2023/12/136035/
ရန်ကုန်တိုင်း၊ မြို့နယ် ၁၁ ခုတွင် ယမန်နေ့ညပိုင်းမှ ယခုနံနက်အစောပိုင်းအထိ ဗုံးများ ဆက်တိုက်ပေါက်ကွဲ
["ရန်ကုန်တိုင်း၊ မြို့နယ် ၁၁ ခုတွင် ယမန်နေ့ညပိုင်းမှ ယခုနံနက်အစောပိုင်းအထိ ဗုံးများ ဆက်တိုက်ပေါက်ကွဲ", "ရန်ကုန်၊ ဒီဇင်ဘာ ၁၆", "ရန်ကုန်တိုင်းအတွင်းရှိ ဗိုလ်တထောင်၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း၊ အလုံ၊ မြောက်ဒဂုံ၊ ဒလ၊ တာမွေ၊ စမ်းချာင်း၊ ကြည့်မြင်တိုင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့် ဒဂုံမြို့သစ်တောင်ပိုင်းတို့ တွင် ယမန်နေ့ညပိုင...
https://yktnews.com/2025/03/206139/
ရန်ကုန်တိုင်း၊ မြို့နယ်များတွင် ပြည်ပရောက်ရှိနေသည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းခိုင်းရန်အတွက် မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူထားရန် မိဘများကို စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက ခေါ်ယူဖိအားပေး
["ရန်ကုန်တိုင်း၊ မြို့နယ်များတွင် ပြည်ပရောက်ရှိနေသည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းခိုင်းရန်အတွက် မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူထားရန်မိဘများကို စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက ခေါ်ယူဖိအားပေး", "ရန်ကုန်၊ မတ် ၃", "ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ပြည်ပရောက်ရှိနေသည့် အသက် ၁၈ နှစ်မှ အသ...
https://yktnews.com/2023/10/126119/
ရန်ကုန်တိုင်း၊ မြို့နယ်အားလုံးမှာ ညလုံးပေါက် မီးမလာဘဲ မီးပျက်မှု အခြေ အနေဆိုးလာ
["ရန်ကုန်တိုင်း၊ မြို့နယ်အားလုံးမှာ ညလုံးပေါက် မီးမလာဘဲ မီးပျက်မှု အခြေ အနေဆိုးလာ", "ရန်ကုန်၊ အောက်တိုဘာ ၁၂", "ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအားလုံးတွင် ယမန်နေ့ ညပိုင်း ညလုံးပေါက် မီးမလာဘဲ မီးပျက်မှု အခြေအနေမှာလည်း အလွန်ဆိုးလာကြောင်း ရန်ကုန်မြို့ မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ အ...
https://yktnews.com/2023/07/111280/
ရန်ကုန်တိုင်း၊ မြောက်ဒဂုံ၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင်သာယာ၊ လှိုင်၊ အရှေ့ဒဂုံ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ဗဟန်းနှင့် တောင် ဒဂုံ တို့တွင် ဗုံးများ တစ်ပြိုင်နက်တည်း ပေါက်ကွဲ
["ရန်ကုန်တိုင်း၊ မြောက်ဒဂုံ၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင်သာယာ၊ လှိုင်၊ အရှေ့ဒဂုံ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ဗဟန်းနှင့် တောင် ဒဂုံ တို့တွင် ဗုံးများ တစ်ပြိုင်နက်တည်း ပေါက်ကွဲ", "ရန်ကုန်၊ ဇူလိုင် ၄", "ရန်ကုန်တိုင်း၊ မြောက်ဒဂုံ၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင်သာယာ၊ လှိုင်၊ အရှေ့ဒဂုံ၊ တောင်ဥက္ကလာ၊ မြေ...
https://yktnews.com/2023/10/126379/
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပတွင် စစ်တပ် ဘက်တော်သား ပိုင် မိုက်တီး ဘီယာဆိုင်ကို သတိပေးဖောက်ခွဲတိုက်ခိုက်မှု ကား ၂ စီး ပျက်စီးပြီး ဆိုင်လုံခြုံရေး ဝန်ထမ်း ၁ ဦးဒဏ်ရာရ
["ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပတွင် စစ်တပ် ဘက်တော်သား ပိုင် မိုက်တီး ဘီယာဆိုင်ကို သတိပေးဖောက်ခွဲတိုက်ခိုက်မှု ကား ၂ စီး ပျက်စီးပြီး ဆိုင်လုံခြုံရေး ဝန်ထမ်း ၁ ဦးဒဏ်ရာရ", "ရန်ကုန်၊ အောက်တိုဘာ ၁၄", "ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် စစ်ကောင်စီဘက်တော်သား ပိုင် မိုက်တီး ဘီယာဆိုင်ကို သတိပေးဖောက်ခွဲတိုက်ခိုက်ရာ ကား ၂ စီ...
https://yktnews.com/2023/03/92770/
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ လှိုင် မြို့ နယ်၊ ဇွဲမင်း ရွှေဆိုင်တို့ကို ဗုံးဖြင့် ဖောက်ခွဲမှုဖြစ်
["ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ လှိုင် မြို့ နယ်၊ ဇွဲမင်း ရွှေဆိုင်တို့ကို ဗုံးဖြင့် ဖောက်ခွဲမှုဖြစ်", "ရန်ကုန်၊ မတ်လ ၁၆", "ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် လှိုင် မြို့နယ်၊ ဇွဲမင်းရွှေဆိုင်တို့ကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားကြေ...
https://yktnews.com/2023/03/92943/
ရန်ကုန်တိုင်း၊ မှော်ဘီ အင်ဂျင်နီယာတပ် လိုင်းခန်း၊ လှည်းကူးတရားရုံးနှင့် မရမ်း ကုန်းမြို့နယ်တို့တွင် ဗုံးများပေါက်ကွဲ
["ရန်ကုန်တိုင်း၊ မှော်ဘီ အင်ဂျင်နီယာတပ် လိုင်းခန်း၊ လှည်းကူးတရားရုံးနှင့် မရမ်း ကုန်းမြို့နယ်တို့တွင် ဗုံးများပေါက်ကွဲ", "ရန်ကုန်၊ မတ် ၁၈", "ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် အင်ဂျင်နီယာတပ် လိုင်းခန်း၊ လှည်းကူးတရားရုံး နှင့် မရမ်းကုန်းမြို့နယ်တို့တွင် မတ်လ ၁၇ ရက်နေ့ ဗုံးများပေါက်ကွဲကြောင်း ရန်ကုန် မြို့ပြပျောက်ကျားတပ်ဖွဲ့...
https://yktnews.com/2024/08/179418/
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် ၅ ရဲတပ်ရင်းမှ ရဲတပ်သား မျိုးချစ်သူ လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်မှု ငွေကျပ် သိန်း ၅၀ ချီးမြှင့်
["ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် ၅ ရဲတပ်ရင်းမှ ရဲတပ်သား မျိုးချစ်သူ လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်မှု ငွေကျပ် သိန်း ၅၀ ချီးမြှင့်", "ရန်ကုန်၊ ဩဂုတ် ၁၈", "ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် ၅ ရဲတပ်ရင်းမှ ရဲတပ်သား မျိုးချစ်သူသည် လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်လာပြီး ငွေကျပ် သိန်း ၅၀ ချီးမြှင့်ကြောင်း တောင်သာမြို့န...
https://yktnews.com/2023/05/104512/
ရန်ကုန်တိုင်း၊ ရွာသာကြီး စီးပွားရေး တက္ကသိုလ်အနီး အမှတ် ၂ လမ်းပေါ်တွင် PDF ဟု စွပ်စွဲပြီး လူငယ် ၅ ဦးကို စစ်တပ်က ပစ်ခတ် သတ်ဖြတ်
["ရန်ကုန်တိုင်း၊ ရွာသာကြီး စီးပွားရေး တက္ကသိုလ်အနီး အမှတ် ၂ လမ်းပေါ်တွင် PDF ဟု စွပ်စွဲပြီး လူငယ် ၅ ဦးကို စစ်တပ်က ပစ်ခတ် သတ်ဖြတ်", "ရန်ကုန်၊ မေ ၂၆", "ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ရွာသာကြီး စီးပွားရေးတက္ကသိုလ်အနီး အမှတ် ၂ လမ်းမကြီးပေါ် တွင် PDF ဟု စွပ်စွဲကာ စစ်ကောင်စီတပ်က လူငယ် ၅ ဦးကို ပစ်ခတ် သတ်ဖြတ်လိုက်ကြော...
https://yktnews.com/2022/08/31547/
ဖြူးမြို့၊ ဆာဂွန်းဂိတ်တွင် ဗုံးပေါက်ကွဲမှု ရဲတပ်ကြပ်မောင်နိုင်၏ အမျိုးသားအင်္ဂါနှင့် မျက်စိ ထိမှန်ပြီး အသက်အန္တရာယ်စိုးရိမ်နေရ၊ အခြားရဲ ၄ ဦးလည်း ဒဏ်ရာရ
["ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် EPC ရုံး၊ မရမ်းကုန်းတရားရုံး၊ တောင်ဒဂုံတို့တွင်လည်း ဗုံးပေါက်", "ရန်ကုန်၊ ဩဂုတ် ၂၆", "ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဆာဂွန်းစစ်ဆေးရေးဂိတ်တွင် ယနေ့နံနက်ပိုင်း ချိန် ကိုက် ဗုံးပေါက်ကွဲပြီး လုံခြုံရေးတာဝန်ကျ ရဲတပ်ကြပ် မောင်နိုင်၏ အမျိုးသားတန်ဆာနှင့် မျက်လုံး ဗုံးထိမှန်ကာ အသက်အန္တရာယ်စိုးရိမ်နေရက...
https://yktnews.com/2023/05/100983/
ရန်ကုန်တိုင်း၊ လှိုင်သာယာတွင် ဆိုင်ကယ်၊ ဆိုင်ကယ်ဘေးတွဲမှန်သမျှကို စစ်တပ်၊ ရဲ၊ လူမိုက်နှင့်ပျူစောထီးများက အကြောင်းမဲ့ ဖမ်းဆီးနေသဖြင့် ပြည်သူများ ဒုက္ခရောက်နေရ၊ ငွေညှစ်၍ ပြန်ရွေးခိုင်း
["ရန်ကုန်တိုင်း၊ လှိုင်သာယာတွင် ဆိုင်ကယ်၊ ဆိုင်ကယ်ဘေးတွဲမှန်သမျှကို စစ်တပ်၊ ရဲ၊ လူမိုက်နှင့်ပျူစောထီးများက အကြောင်းမဲ့ ဖမ်းဆီးနေသဖြင့် ပြည်သူများ ဒုက္ခရောက်နေရ၊ ငွေညှစ်၍ ပြန်ရွေးခိုင်း", "ရန်ကုန်၊ မေ ၅", "ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ဆိုင်ကယ်၊ ဆိုင်ကယ်ဘေးတွဲ(ဆိုက်ဘေးတွဲ) မှန်သမျှကို ယနေ့တွင် စစ်တပ်၊ ရဲ၊ လူမိုက...
https://yktnews.com/2024/01/138094/
ရန်ကုန်တိုင်း၊ လှိုင်သာယာရှိ ရဲတပ်ရင်း ၉ အပါအဝင် စစ်တပ်တပ်စွဲ နေရာ ၆ ခု ကို တပြိုင်နက် တည်းဗုံးခွဲတိုက်ခိုက်၊ မန္တလေးတွင်လည်း ပေါက်ကွဲသံများ နှင့်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေ
["ရန်ကုန်တိုင်း၊ လှိုင်သာယာရှိ ရဲတပ်ရင်း ၉ အပါအဝင် စစ်တပ်တပ်စွဲ နေရာ ၆ ခု ကို တပြိုင်နက် တည်းဗုံးခွဲတိုက်ခိုက်၊ မန္တလေးတွင်လည်း ပေါက်ကွဲသံများ နှင့်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေ", "ရန်ကုန်၊ ဒီဇင်ဘာ ၃၁", "ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရဲတပ်ရင်း ၉ အပါအဝင် စစ်တပ်တပ်စွဲ နေထိုင်ရာ နေရာ ၆ ခုကို တပြိုင်တည်းနက် ဗုံးခွဲတိ...
https://yktnews.com/2023/02/85891/
ရန်ကုန်တိုင်း၊ သာကေတ၊ လှိုင်သာယာနှင့် လှိုင်မြို့နယ်တို့တွင် ဗုံးများပေါက် ကွဲ၊ မန္တလေးမြို့ပေါ်တွင်လည်း မဟာအောင်မြေလျှပ်စစ်ရုံးကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်
["ရန်ကုန်တိုင်း၊ သာကေတ၊ လှိုင်သာယာနှင့် လှိုင်မြို့နယ်တို့တွင် ဗုံးများပေါက် ကွဲ၊ မန္တလေးမြို့ပေါ်တွင်လည်း မဟာအောင်မြေလျှပ်စစ်ရုံးကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "အကြမ်းဖက် မင်းအောင်လှိုင် ရန်ကုန်ရောက်ရှိနေချိန် သာကေတ၊ လှိုင်သာယာနှင့် လှိုင်မြို့နယ်တွင် ယနေ့ ညနေနှင့်ညပိုင်း ဗုံးပေါက်ကွဲမှုများ...