url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2024/01/142520/
ရေစကြို၊ ကြူကျေးရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က မီးတင်ရှို့မှု သက်ကြီးရွယ်အို ၂ ဦးမီးလောင်သေဆုံးပြီး အိမ်ခြေ ၃၀၀ နီးပါး ရွာလုံးကျွတ် ပြာကျ
["ရန်ကုန်၊ ဇန်နဝါရီ ၂၈", "မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကြူကျေးရွာကို စစ်တပ်က ယမန်နေ့ညပိုင်း မီးတင်ရှို့ခဲ့ရာ သက်ကြီးရွယ်အို ၂ ဦး မီးလောင်သေဆုံးပြီး အိမ်ခြေ ၃၀၀ နီးပါး ရွာလုံးကျွတ် ပြာကျသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၈ ရက်နေ့နံနက်ပိုင်း ရေစကြိုမြို့နယ်၊ ကြူကျေးရွာအနီးရ...
https://yktnews.com/2022/01/2589/
ကျိုက်ထို၊ သိမ်ဇရပ်လမ်းခွဲရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခု လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရပြီး စစ်သားနှင့် ရဲအချို့သေဆုံး၊ စစ်ကောင်စီတပ်ဖွဲ့က ရမ်းသန်းပစ်ခတ်လို့ ပြည်သူ ၁ ဦး ကျည်ထိမှန်သေဆုံး
["ရန်ကုန်၊ ဇန်နဝါရီ ၂၈", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ သိမ်ဇရပ်လမ်းခွဲရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာ စစ်ဆေးရေးဂိတ်ကို KNLA နှင့် ပူးပေါင်းတပ်ဖွဲ့က ယနေ့ ဇန်နဝါရီလ ၂၈ ရက် မွန်းလွဲ ၂ နာရီခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ရဲအချို့သေဆုံးကာ စစ်ကောင်စီဘက်မှ...
https://yktnews.com/2022/01/2448/
မင်းအောင်လှိုင်နှင့်စစ်အုပ်စု၏ ပြည်သူကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်နေမှုများကြောင့် အာဏာသိမ်းပြီး တစ်နှစ်အကြာ မြန်မာနိုင်ငံမှ ထွက်ခွာသွားသည့် နိုင်ငံခြားကုမ္ပဏီများ
["ရန်ကုန်၊ ဇန်နဝါရီ ၂၈", "အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အကြမ်းဖက်စစ်တပ်၏ ပြည်သူကို သတ်ဖြတ်နေမှုများကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော နိုင်ငံခြားကုမ္ပဏီကြီးများ ဆက်တိုက်ထွက်ခွာလျက်ရှိနေပြီဖြစ်သည်။ဇန်နဝါရီလ ၂၇ ရက်နေ့တွင် Woodside Petroleum သည် Chevron နှင့် TotalEnergies တို့နှင့်ပူးပေါင်းကာ...
https://yktnews.com/2024/01/142525/
မိုးညှင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း မိုးညှင်းမြို့နယ် KPDF တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၉ ...
https://yktnews.com/2022/01/2826/
မြစ်ကြီးနား Asia Energy ဆီဆိုင်ရှေ့ရှိ MPT ဆက်သွယ်ရေးပုံး မိုင်းခွဲခံရ
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ် Asia Energy ဆီဆိုင်ရှေ့ရှိ MPT ဆက်သွယ်ရေးပုံးကို ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် မိုင်းဖောက်ခွဲတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ဒေသ ခံထံမှ သိရှိရသည်။ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၃ နာရီ ဝန်းကျင် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်နှင့် မြို့သစ်ကြီးရပ်ကွက် လမ်းဆုံရှိ A...
https://yktnews.com/2025/01/201411/
ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၃၁ တပ်မှ အရာခံဗိုလ် လက်နက်နှင့်အတူ အလင်းဝင်
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ ခမရ ၅၃၁ တပ်မှ အရာခံဗိုလ် ၁ ဦး လက်နက်နှင့်အတူ အလင်းဝင်ခဲ့ကြောင်းKNDF – Karenni Nationalities Defense Force က သတင်းထုတ်ပြန်သည်။", "ဇန်နဝါရီလ ၂၇ရက်နေ့ ဖရူဆိုမြို့အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ ခမရ ၅၃၁ တပ်မှ အရာခံဗိုလ် ၁ ဦးသည် MA-3 သေနတ် ၁ ...
https://yktnews.com/2025/01/201363/
လွိုင်‌ကော်မြို့နယ် ဘောလခဲ အခြေစိုက် ခမရ ၄၂၉ တပ်ရင်းမှ စစ်မှုထမ်း သင်တန်းဆင်း တပ်သား ၄ ဦး သေနတ် ၃ လက် ယူဆောင်လာပြီးအလင်းဝင်
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "ကရင်နီပြည်နယ်၊ လွိုင်‌ကော်မြို့နယ် ဘောလခဲ အခြေစိုက် ခမရ ၄၂၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၄ ဦး သေနတ် ၃လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်းLoikaw Local PDF မှ ဗဟို ပြန်ကြားရေး တာဝန်ခံ လင်းလင်းကရန်ကုန်ခေတ်သစ်သတင်းဌာထံသို့ပြောဆိုသည်။", "ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်အစောပိုင်းတွင် လွိုင်‌ကော်မြိ...
https://yktnews.com/2025/01/201409/
မြ၀တီရှိ BGF ထိန်းချုပ်ထားသော ရွှေက္ကိုလ် ကျားဖြန့် လောင်းကစား မြို့ကို တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာန လက် ထောက် ဝန်ကြီးက ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်အခြမ်းမှ ကြည့်ရှုစစ်ဆေး
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ BGF နယ်ခြားစောင့်တပ်က ထိန်းချုပ်ထားသော ရွှေက္ကိုလ် ကျားဖြန့် လောင်းကစား မြို့ကို တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး Liu Zhongyi က ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်အခြမ်းမှ ကြည့်ရှုစစ်ဆေးကြောင်းထိုင်း The Reporter က သတင်းဖော်ပြသည်။", "တရုတ်...
https://yktnews.com/2024/01/142553/
သင်္ဃန်းညီနောင်တွင် စစ်ကောင်စီ ရဟတ်ယာဉ်တစီးကို ပစ်ချလိုက်ပြီး တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင် အပါအဝင် ၅ ဦးခန့်သေဆုံးဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်း စစ်ဒေသက အတည်ပြု
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "ကရင်ပြည်နယ်၊ မြ၀တီမြို့အနီး သင်္ဃန်းညီနောင်တွင် သင်္ဃန်းညီနောင်တွင် စစ်ကောင်စီ ရဟတ်ယာဉ်တစီး ပစ်ချလိုက်ပြီး တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင် အပါအဝင် ၅ ဦးခန့်သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်း စစ်ဒေသမှ တာဝန်ရှိသူတစ်ဦးကအတည်ပြုပြောဆိုသည်။", "ယနေ့မွန်းလွဲ ၂:၃၀ အချိန...
https://yktnews.com/2024/01/142493/
မြန်မာ့အရေး ကုလသမဂ္ဂကျွမ်းကျင်သူများ ဆွေးနွေးပွဲမှာ စစ်ကောင်စီအကြံပေး ဒေါက်တာဇော်ဦးကို ဖိတ်ကြားထား
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "ကုလသမဂ္ဂအေဂျင်စီများဆိုင်ရာ အမြဲတမ်းကော်မတီ(IASC) က ဦးစီးကျင်းပတဲ့ မြန်မာ့အရေး “ကျွမ်းကျင်သူများ ဆွေးနွေးပွဲ” မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ အနီးကပ် တွဲဖက်လုပ်ကိုင်နေတဲ့ ဒေါက်တာဇော်ဦးကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။ IASC ဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို တုံ့ပြန်ဖို့ရန်အတွက် မူဝါဒ...
https://yktnews.com/2022/01/2763/
အကြမ်းဖက် စစ်ကောင်စီတပ်များ ယောက်သွားအိုင်ရွာထဲ ဝင်ကာ အပြစ်မဲ့ ပြည်သူ နှစ်ဦးကို ပစ်သတ် ၊ ရွာသားများကို ဖမ်းဆီး စစ်ဆေး
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "ခင်ဦးမြို့နယ် ယောက်သွားအိုင်ရွာတွင် အကြမ်းဖက် စစ်ကောင်စီ တပ်များ နံနက်ခင်း အစောပိုင်းတွင် ဝင်ရောက်ပြီး အပြစ်မဲ့ ရွာသား ၂ ဦးကို ပစ်သတ်သွားကြောင်း ဒေသခံများက ပြောဆိုသည်။", "”၁၅ ဦးလောက်တော့ ရှိမယ်ထင်တယ်ဗျ တချို့ကလည်း လာတာကြားတော့ ဘုန်းကြီးကျောင်းထဲပြေးကြတာလေ” ဟု အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးခံရသူ ...
https://yktnews.com/2025/01/201393/
ဂျပန်နိုင်ငံမှ အာဏာရပါတီ အပါအဝင် နိုင်ငံရေးပါတီ ၄ ခု၏ ခေါင်းဆောင်များကို တွေ့ဆုံပြီး မြန်မာနိုင်ငံမှ ဆိုးရွာသောအခြေအနေများအကြောင်း ရှင်းပြ
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "ဂျပန်နိုင်ငံမှ အာဏာရပါတီ အပါအဝင် နိုင်ငံရေးပါတီ ၄ ခု၏ ခေါင်းဆောင်များနှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံမှ ဆိုးရွားသော အခြေအနေများကို ရှင်းပြခဲ့ကြောင်းသိရှိရသည်။", "ယမန်နေ့ ဇန်နဝါရီလ၂၈ရက်နေ့ နံနက်ပိုင်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား အဖွဲ့အစည်းအသီးသီးမှ တာဝန်ခံများမှ လက်ရှိအာဏာရပါတီအပါအဝင် အထင်...
https://yktnews.com/2025/01/201348/
စင်ကာပူကုမ္ပဏီ Interra Resources က မြန်မာစစ်အုပ်စုထံသို့ ဒေါ်လာ သန်း ၁၅၀ ဖိုး ရေနံများရောင်းချခဲ့၊ စစ်အုပ်စု၏ အကြမ်းဖက် စစ်ဆင်ရေးအတွက် လောင်စာဖြည့်တင်းမှု ချက်ချင်းရပ်တန့်ရန် JFM တောင်းဆို
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "စင်ကာပူကုမ္ပဏီ Interra Resources က မြန်မာစစ်အုပ်စုထံသို့ ဒေါ်လာ သန်း ၁၅၀ ဖိုး ရေနံများရောင်းချခဲ့ပြီး အဆိုပါရောင်းချမှုမှာ စစ်အုပ်စု၏ အကြမ်းဖက် စစ်ဆင်ရေးအတွက် လောင်စာဖြည့်တင်းမှု ချက်ချင်းရပ်တန့်ရန် Justice for Myanmar (JFM) က တောင်းဆိုသည်။", "မြန်မာစစ်အုပ်စုက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တရားမဝင်...
https://yktnews.com/2022/01/2817/
ကောလင်းတွင် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲခံရကာ စစ်သား ၁ဝဦးထက်မနည်းသေဆုံး
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "စစ်ကိုင်းတိုင်း ကောလင်းခရိုင် ကောလင်းမြို့တွင် ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၁ဝခန့်က ကောလင်းအနောင်ဘက်သို့လာသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို The Secret Warrior Kawlin တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ဝဦးထက်မနည်း သေဆုံးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ထံမှ သိရသည်။", "အဆိုပါ အကြမ်းဖက် စ...
https://yktnews.com/2022/01/2799/
ဝက်လက် သစ်ဆိမ့်ကြီးရွာကို စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်သောကြောင့် အရပ်သား ပြညသူ ၃ဦး သေနတ်ကျည် ထိမှန်
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီး ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၁နာရီခန့်က စတင်ကာ မော်တော်များဖြင့် ရောက်ရှိလာကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျေးရွာတွင်းသို့ အကြောင်းမဲ့ ပစ်ခတ်ခဲ့ပြီး အရပ်သား ပြည်သူ ၃ဦး သေနတ်ကျည် ထိမှန်ခဲ့ကြောင်း ဝက်လက...
https://yktnews.com/2024/01/142530/
ကန့်ဘလူမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာ ၅ ရွာကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာ ၅ ရွာကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", ...
https://yktnews.com/2025/01/201408/
ရေဦးတွင် ယခု ဇန်နဝါရီလအတွင်း ခရီးသည်တင်ကားများပေါ်မှ လူငယ် ၁၀၀ နီးပါးကို စစ်မှုထမ်းရန် စစ်တပ်က ဖမ်းဆီး
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် ယခု ဇန်နဝါရီလအတွင်း ဖြတ်သန်းသွားလာနေသော ခရီးသည်တင်ကားများပေါ်မှ လူငယ် ၁၀၀ နီးပါး စစ်မှုထမ်းရန် စစ်တပ်၏ ဖမ်းဆီးမှု ခံရကြောင်းရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁ ရ...
https://yktnews.com/2022/01/2784/
ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်လို့ စစ်ကောင်စီမှ ၃ ဦး သေဆုံး၊ ကောလင်းတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ရွာအတွင်းသို့ ပစ်ခတ် ပြည်သူ ၂ ဦး ဒဏ်ရာရ
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ထန်းဇင်ရွာ နှင့် ဆိပ်ခွန်ရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်း အင်အား ၂၀ ကျော် အဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၃ ဦးထက်မနည်းဒဏ်ရာရကာ ထိခိုက်ဒဏ်ရာရသူများ ရှိကြောင်း သတင်းရရှိသည်။ဒေသကာက...
https://yktnews.com/2025/01/201407/
ကော့သောင်းတွင် “PDF တွေ သေချင်ရင် လာခဲ့” ဟု စိန်ခေါ်ထားသော လက်နက်ကိုင် ပျူစောထီးခေါင်းဆောင် မြင့်ဆွေ ပစ် ခတ်ခံရပြီး သေဆုံး
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် “PDF တွေ သေချင်ရင် လာခဲ့” ဟု စိန်ခေါ်ထားသော လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင် ခေါင်းဖြူ (ခ)မြင့်ဆွေ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်းကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇန်နဝါရီလ ၂၇ ရက်န...
https://yktnews.com/2024/01/142496/
ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေး ၂ ဦး အပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရပြီး စစ်တပ် ထောင်ထားသော မိုင်းနင်းမိ၍ ပြည်သူ ၁ ဦးဒဏ်ရာရ
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်နှင့် မူးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့် ၁၈ နှစ်အောက် ကလေးငယ် ၂ ဦး အပါအဝင် အပြစ်မဲ့အရပ် သားပြည်သူ ၃ ဦး ထိခိုက် ဒဏ် ရာ ရရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များ ထောင်ထားသော မိုင်းကို နင်းမိသဖြင့် အမျိုးသ...
https://yktnews.com/2025/01/201360/
ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီးလက်နက်ကြီးများဖြင့် ပစ်ခတ်မှု ဘုရားဆင်းတုတော်များနှင့်ဘုန်း ကြီး ကျောင်းပြိုကျ ပျက်စီး၊ ပြည်သူ ၃ ဦး ဒဏ်ရာရ
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့် ဘုရားဆင်းတုတော်များ ပျက်စီးကြောင်း၊ ပြည်သူ ၃ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်းပဲခူးခရိုင် ပကဖ တာဝန်ခံကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...
https://yktnews.com/2025/01/201362/
အုတ်ဖိုတွင် “PDF များကို မျိုးဖြုတ်ပစ်မည်” ဟု ကြွေးကြော်ထားသည့် စစ်မှု ထမ်းဟောင်း တင်နိုင်ထွန်း ပစ်ခတ်ခံရပြီး သေဆုံး၊ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရရှိ
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် “PDFများကို မျိုးဖြုတ်ပစ်မည်” ဟု ကြွေးကြော်ထားသည့် စစ်မှုထမ်းဟောင်း တင်နိုင်ထွန်းကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းသာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသ...
https://yktnews.com/2022/01/2897/
မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို PDF ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၊ စစ်သားနှင့်ရဲများ ထွက်ပြေးပြီး မိသားစုဝင်များကို ဖမ်းမိသော်လည်း ပြန်လွှတ်ပေးခဲ့၊ လက်နက် ၉ လက်နှင့်ခဲယမ်းများသိမ်းဆည်းရမိ
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "မကွေးတိုင်း၊ မြိုင် လင်းကတောရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက် မီးရှို့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း မြိုင် PDF က သတင်းထုတ်ပြန်သည်။ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ယနေ့ မွန်းလွဲ နာရီ ဝန်းကျင်ခန့်က မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ဆာ...
https://yktnews.com/2024/01/142536/
ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းဒေသကို ရိက္ခာလာပို့သည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ များပြား
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းဒေသကို ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ များပြားခဲ့ကြောင်း ညောင်ဦးမြို့နယ် ပကဖ တာဝန်ခံ ကိုစစ်ပိုင်က ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ...
https://yktnews.com/2022/01/2833/
မန္တလေးတွင် ဆိုင်ကယ်ရပ်မပေးသဖြင့် ကြံ့ခိုင်ရေးပါတီဝင် ငြိမ်းချမ်းဝင်းကို စစ်တပ်က ပစ်သတ်၊ ကိုယ်ဝန်ဆောင်ဇနီးသည် ဆိုင်းမင်းသမီး နှင်းပွင့်ဖြူ ကျန်ရစ်
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "မန္တလေးတွင်ဇန်နဝါရီလ ၂၇ ရက်နေ့ ညပိုင်း ဆိုင်ကယ်စီးလာသော ကြံ့ခိုင်ရေးပါတီဝင် ကိုငြိမ်းချမ်းဝင်းကို ဆိုင်ကယ်ရပ်မပေးသဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်သတ်လိုက်ကြောင်း ဒေသခံများက ပြောကြားသည်။ သေဆုံးသွားသူမှာ စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်တွင် နေထိုင်သူ ကိုငြိမ်းချမ်းဝင်းဆိုသူဖြစ်ပြီး အမျိုးသမီးဖြ...
https://yktnews.com/2022/01/2757/
ပြည်သူကို သတ်ဖြတ်နေသည့် လေတပ်ကွပ်ကဲမှူ ဌာနချုပ်မှူး ဗိုလ်ချုပ်လှညွှန့်၏ H & K ရေသန့်ကို မသောက်သုံးရန် နှိုးဆော်၊ စစ်တပ်အသိုင်းအ၀ိုင်းက လုပ်ကိုင်နေသည့်ပဲခူး Pann Oo Yin မူကြိုကိုလည်း သပိတ်မှောက်ရန် တိုက်တွန်း
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "မြန်မာနိုင်ငံတစ်ဝန်းတွင် လေကြောင်း တိုက်ခိုက်မှုများဖြင့် ပြည်သူကို သတ်ဖြတ်နေသည့် လေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်လှညွှန့်က ရန်ကုန်တွင် H & K ရေသန့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိပြီး အဆိုပါ ရေသန့်ကို ပြည်သူများ သောက်သုံးခြင်းမပြုကြရန် Operation Spitfire အဖွဲ့က ပြောသည်။", "ရန်ကုန်တိုင်း၊ မှ...
https://yktnews.com/2024/01/142488/
ကျိုက်ထိုမြို့နယ်တွင် စစ်တပ်အာဏာသိမ်းမှု ၃ နှစ်ပြည့် အကြိုအဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှား
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့လယ်ခေါင် လူစည်းကားရာနေရာတွင် အကြမ်းဖက်စစ်အုပ်စု၏ မတရားအာဏာလုယူမှု ၃ နှစ်ပြည့် အကြိုလှုပ်ရှားမှုတစ်ရပ်အဖြစ် “နှစ်သစ်ရောက်လည်း ထောက်ပို့ကာ အမြဲ ဖက်ဆစ်ကိုလည်း ဖြိုမှာပဲ” စာသားပါ ဘန်နာချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားကြသည်။။", "အဆိုပါ စစ်အာဏာရှင်ဆန့်ကျင်ရေး ...
https://yktnews.com/2024/01/142476/
နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၂၉ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution"]
https://yktnews.com/2022/01/2845/
ရန်ကုန် ကမာရွတ်မြို့နယ်၊ ရွှေပိတောက်အိမ်ရာအတွင်းသို့ စစ်တပ်က ဝင်စီးပြီး လူငယ် ၁ ဦးကို ပစ်သတ်၊ ၄ ဦးကို ဖမ်းဆီး
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ရွှေပိတောက်ရိပ်မွန်အိမ်ရာဝင်းအတွင်းသို့ စစ် တပ်က ယနေ့ နံနက် ၁ နာရီအချိန်ဝင်ရောက်စီးနင်းပြီး လူငယ် ၁ ဦးကို ပစ်သတ်ကာ ၄ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်တွင် ကမာရွတ်မြို့နယ် ဘ...
https://yktnews.com/2024/01/142504/
ရန်ကုန်မြို့တွင် တော်လှန်လူငယ်များက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "ရန်ကုန်မြို့တွင် စစ်အာဏာသိမ်းမှုကို အတူတကွ ဆန့်ကျင်ခဲ့ကြသည့် ၂၀၂၁ ဖေဖော်ဝါရီ လူထုအုံကြွမှု စိတ်ဓာတ်ကို ပြန်လည် အမှတ်ရမိစေရန် ရည်ရွယ်ပြီး ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့၌ ရန်ကုန်လူထုသပိတ်မှ တော်လှန်လူငယ်များက 3 Year Ago movement အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။", "#...
https://yktnews.com/2022/01/2851/
ရန်ကုန်သာကေတ Fortune Plaza အနီးတွင် ဗုံးကွဲပြီး ပစ်ခတ်မှုများဖြစ်၊ ကျိုက်ထို၊ ကော့စနိုင်တံတားရဲကင်းနှင့် မန္တလေးအောင်မြေသာစံ ရပ်ကွက်ရုံး ဗုံးပစ်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး အခြားစစ်သားများ ဒဏ်ရာရ
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "ရန်ကုန်၊ သာကေတမြို့နယ်၊ Fortune Plaza အနီးတွင် ယနေ့ ညနေ ၅ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ဗုံးပေါက်ကွဲပြီး ပစ်ခတ်မှုများ ဖြစ်ပွားကာ လူနာတင် ကားများ သွားလာမှုမြင်ရကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် သာကေတမြို့နယ်၊ Fortun...
https://yktnews.com/2024/01/142533/
ရုရှားနိုင်ငံ စစ်ဘက်ဆိုင်ရာ နည်းပညာပူးပေါင်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့ မြန်မာနိုင်ငံတွင် ရောက်ရှိနေပြီး ၁၁ ရက်ကြာနေထိုင်မည်
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "ရုရှားနိုင်ငံ စစ်ဘက်ဆိုင်ရာ နည်းပညာပူးပေါင်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့ မြန်မာနိုင်ငံတွင် ရောက်ရှိနေပြီး ၁၁ ရက်ကြာနေထိုင်မည်ဖြစ်ကြောင်း နေပြည်တော်စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ရုရှားနိုင်ငံ၊ Federal Service of Military-Technical Cooperationမှ ညွ...
https://yktnews.com/2025/01/201346/
စစ်ကောင်စီက စစ်မှုထမ်း နည်းဥပဒေ ပြဋ္ဌာန်းပြီးနောက် ပဲခူးနှင့် ဧရာဝတီတို့တွင် ရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများက လစဉ် တောင်းခံနေသော စစ်မှုထမ်းကြေးများကို သိန်းချီ တိုးမြှင့်ကောက်နေ
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်း နည်းဥပဒေ ပြဋ္ဌာန်းပြီးနောက် ပဲခူးနှင့် ဧရာဝတီတို့တွင် ကျေးရွာနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လစဉ် စစ်မှုထမ်းကြေးများကို ပမာဏ အများအပြား သိန်းချီ တိုးမြှင့်ကောက်ခံနေကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ...
https://yktnews.com/2025/01/201361/
စစ်မှုထမ်းလူငယ်များကို ရှေ့တန်း မထွက်ခိုင်းဟု လိမ်လည် သတင်းထုတ်ပြန်ခဲ့ဖူးသော စစ်ကောင်စီက အမျိုးသမီးများကို စစ်မှုထမ်းခိုင်းရန် စာရင်းကောက်နေသည့်သတင်းများ မဟုတ်မှန်ဟု ငြင်းဆိုပြန်
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "အကြမ်းဖက် စစ်ကောင်စီက အမျိုးသမီးများ စစ်မှုထမ်းရန် စာရင်းကောက်နေသည့်သတင်းများမှာ မဟုတ်မှန်ကြောင်း ယနေ့ သတင်းထုတ်ပြန်ငြင်းဆိုသည်။", "မြို့နယ်တချို့တွင် ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် အသက်အရွယ် အကျုံးဝင်သည့် အမျိုးသမီးများကို စာရင်းကောက်ခံနေသည်ဆိုသော သတင်းများမှာ ကောလာဟလ သတင်းများဖြစ်ကြောင်း၊ အမ...
https://yktnews.com/2025/01/201344/
မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ အရာရှိများကို ဝန်ကြီးဌာန အုပ်ချုပ်ရေး ယန္တရားများအတွင်းသို့ အရပ်ဘက်ရာထူးကြီးများဖြင့် အလုံးအရင်း ပြောင်းရွှေ့ သွတ်သွင်းနေ
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ အရာရှိများကို ဝန်ကြီးဌာနဆိုင်ရာ ယန္တရားများအတွင်း အရပ်ဘက်ရာထူးကြီးများဖြင့် အစားထိုးလျက်ရှိကြောင်းတပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ အကြမ်းဖက်မင်းအောင်လှိုင်၏ အမိ...
https://yktnews.com/2024/01/142539/
စစ်ကောင်စီနှင့်ပူးပေါင်းနေသော UMFCCI ဥက္ကဋ္ဌ အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၆၄ ဦးကို NUG အစိုးရ အမည်ပျက်စာရင်းသွင်း
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသော ကုန်သည်စက်မှုအသင်း UMFCCI ဥက္ကဋ္ဌ အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၆၄ ဦးကို အမျိုး သားညီညွတ်ရေးအစိုးရ-NUG က အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း NUG က တရားဝင် သတင်းထုတ်ပြန်သည်", "အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ဒီ...
https://yktnews.com/2024/01/142460/
ဝါရှင်တန်ဒီစီတွင် NUG ဝန်ကြီးများ ၊ CRPH မှ လွှတ်တော်ကိုယ်စားလှယ်တချို့နှင့် အမေရိကန်ရောက် မြန်မာများ တွေ့ဆုံ
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင် NUG ဝန်ကြီးများ ၊ CRPH မှ လွှတ် တော်ကိုယ်စားလှယ်တချို့နှင့် အမေရိကန်ရောက် မြန်မာများ ယနေ့ တွေ့ဆုံကြကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၂၈ရက်နေ့ ညနေ ၅ နာရီမှ ည ၇ နာရီအထိ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၉ ရက်နေ့) အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ရှိအမျိုးသား...
https://yktnews.com/2024/01/142451/
အီတလီ၊ မီလန်မြို့တွင် မြန်မာစစ်အာဏာရှင် ကျဆုံးရေး ဆန္ဒပြ
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "အီတလီနိုင်ငံ၊ မီလန်မြို့တွင် မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းခြင်း မအောင်မြင်မှု ၃ နှစ်ပြည့်အဖြစ် မြန်မာစစ်တပ်နှင့် စစ်အာဏာရှင် ကျဆုံးရေး အီတလီရောက် မြန်မာများက ဆန္ဒပြကြသည်။", "မြန်မာစစ်တပ်က ပြည်သူ့အာဏာကိုသိမ်းယူမှုသည် လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ဆိုလျှင် စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်မြောက်တော့မည်ဖြစ...
https://yktnews.com/2025/01/201450/
ဧရာ၀တီတိုင်းနှင့်ရခိုင်ပြည်အစပ်တိုက်ပွဲများမှ ဒဏ်ရာရရှိသော စစ်သားများကို ဖောကားများဖြင့် ပြန်သယ်လာပြီး စစ်အရာရှိ ၂ ဦး ဆေးကုသမှု ခံယူစဉ် သေဆုံးခဲ့
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "ဧရာ၀တီတိုင်းနှင့်ရခိုင်ပြည်အစပ်တိုက်ပွဲများမှ ဒဏ်ရာရရှိသော စစ်သားများကို ဖောကားများဖြင့်သယ်ဆောင်လာခဲ့ပြီး စစ်အရာရှိ ၂ ဦးမှာမူ ဆေးကုသမှု ခံယူစဉ် သေဆုံးခဲ့ကြောင်း​ဒေသသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ရွှေသောင်ယံ၊ ဘောမိကျေးရွာတိုက်ပွဲမှ အရာရှိများနှင့်စစ်သားများ ဒဏ်ရာရရှိခ...
https://yktnews.com/2025/01/201412/
သာပေါင်းမြို့နယ်၊ သစ်ဖြူ စစ်တပ်စခန်းသို့ ရိက္ခာသွားပို့သည့် စခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦး စနိုက်ပါဖြင့် ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံး၊ AA က သာပေါင်းမြို့ နယ်အတွင်းအထိ ရောက်ရှိလာ
["ရန်ကုန်၊ ဇန်နဝါရီ ၂၉", "ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်၊ သစ်ဖြူ စစ်တပ်စခန်းသို့ ရိက္ခာသွားပို့သည့် သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦးသည် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးကြောင်းသာပေါင်းမြို့နယ်ရဲစခန်းမှ ရဲအသိုင်းအ၀ိုင်းက ပြော ဆိုသည်။", "ဇန်နဝါရီလ ၂၈ ရက်နေ့ သာပေါင်းမြို့နယ်၊ မြို့မရဲစခန်းမှူးသည...
https://yktnews.com/2025/01/198101/
တော်လှန်ရေးတွင် ကိုယ်ကျိုးစီးပွားရှာပြီး ပြည်သူကို မျက်နှာမမူသူ နှင့် ဥပဒေ ချိုးဖောက် သူများကို ကိုင်တွယ်ရန်အချိန်တန်ပြီဟု NUG ဝန်ကြီးချုပ် ပြော
["ရန်ကုန်၊ ဇန်နဝါရီ ၃", "စစ်အာဏာရှင် တိုက်ဖျက်ချေမှုန်းနေသည့် တော်လှန်ရေးတွင် ကိုယ်ကျိုးစီးပွားရှာပြီး ပြည်သူကို မျက်နှာမမူသော လုပ်ရပ် ပြုလုပ် သူများနှင့် ဥပဒေ ချိုးဖောက် သူများကို ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ရန် အချိန်တန်ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်သည်။", "ဇန်နဝါ...
https://yktnews.com/2025/01/198102/
မင်းလှတွင် အသက် ၆၀ အရွယ် ဦးရွှေကို စစ်တပ် လှည့်ကင်းက ပစ်သတ်ပြီး ဆိုင်ကယ်၊ ဆွဲကြိုး၊ လက်စွပ်များကို လုယက်သွား
["ရန်ကုန်၊ ဇန်နဝါရီ ၃", "ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် မြေးဖြစ်သူ အချိုရည်သောက်ရန် ထွက်ဝယ်သည့် အသက် ၆၀ အရွယ် ဦးရွှေကို အကြမ်းဖက် စစ်တပ် လှည့်ကင်းက ပစ်သတ်ပြီး ဆိုင်ကယ်၊ ဆွဲကြိုးနှင့် လက်စွပ်များကို စစ်သားများက လုယက် ယူဆောင်သွားကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ဇန်နဝါရီလ ၃ ရက်နေ့ နံနက...
https://yktnews.com/2025/01/198070/
အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့ကို PDF က တိုက်ခိုက်မည်ဆိုသော သတင်းကြောင့် စစ်တပ်က ပဲခူးရိုးမအစပ်တွင် မြေမြုပ်မိုင်းများ ထောင်ထား၍ ပြည်သူများ သွားလာရေး ခက်ခဲနေ
["ရန်ကုန်၊ ဇန်နဝါရီ ၃", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်မည်ဆိုသော သတင်းကြောင့် အကြမ်းဖက် စစ်တပ်က ပဲခူးရိုးမအစပ်တွင် မြေမြုပ်မိုင်း အမြောက်အများ လိုက်လံ ထောင်ထား၍ ပြည်သူများ သွားလာရေး ခက်ခဲနေကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလအတွင်း ...
https://yktnews.com/2025/01/198039/
သဘာ၀ဓာတ်ငွေ့ မရရှိတော့ခြင်း၊ ရေအားလျှပ်စစ်စက်ရုံများ မပြင်ဆင်နိုင်သေး ခြင်းတို့ကြောင့် ဓာတ်အားထုတ်လုပ်မှု အခြေအနေ ဆိုးလာပြီး တစ်နိုင်ငံလုံးလိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းသာထုတ်နိုင်၊ တစ်ရက်လျှင် စစ်ကောင်စီက နာရီပေါင်း ၂၀ မီးဖြတ်တောက်
["ရန်ကုန်၊ ဇန်နဝါရီ ၃", "ပြည်တွင်းလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ကဏ္ဍတွင် ပိုက်လိုင်းများ ပြုပြင်နေခြင်းကြောင့် သဘာ၀ဓာတ်ငွေ့ မရရှိတော့ခြင်း၊ ရေအားလျှပ်စစ်စက်ရုံများ မပြင်ဆင်နိုင်သေးခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အခြေအနေအဆိုးလားပြီး တစ်နိုင်ငံလုံးလိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းသာထုတ်နိုင်တော့ကြောင်းလျှပ်စစ်ဝန်ကြီ...
https://yktnews.com/2025/01/198020/
မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံ၊ UMFCCI အပါအဝင် အင်တာနက်ဝန် ဆောင်မှု ကုမ္ပဏီတချို့က VPN Service Provider ဝန်ဆောင်မှုလုပ်ငန်း လုပ် ကိုင်ကြမည်
["ရန်ကုန်၊ ဇန်နဝါရီ ၃", "မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံ၊ UMFCCI အပါအဝင် စီးပွားရေးကုမ္ပဏီတချို့က VPN Service Provider ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ကြမည်ဖြစ်ကြောင်းကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် နီးစပ်သော သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝ...
https://yktnews.com/2025/01/198069/
တောင်သာမြို့နယ်၊ ကျောင်းကုန်းရွာအနီးကို စစ်တပ်က စက်တပ် လေထီးများဖြင့် ဒုတိယ အကြိမ် ထပ်မံ ဗုံးကျဲ တိုက်ခိုက်
["ရန်ကုန်၊ ဇန်နဝါရီ ၃", "မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကျောင်းကုန်းရွာအနီးကို အကြမ်းဖက် စစ်တပ်က စက်တပ် လေထီးများဖြင့် ဒုတိယ အကြိမ် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်းမြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ဇန်နဝါရီလ ၃ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီခန့်တွင် တောင်...
https://yktnews.com/2025/01/198022/
နွားထိုးကြီး၊ မျက်ရှုရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး စစ်ကြောင်းထိုးဝင်ရောက်၊ ပြည်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်ကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွား
["ရန်ကုန်၊ ဇန်နဝါရီ ၃", "မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မျက်ရှုရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး မြေပြင်မှ စစ်ကြောင်းထိုးဝင်ရောက်၍ ပြည်သူ ၁ ဦး ပစ်သတ်ကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် နွားထိုးကြီးမြို့နယ်၊ မျက်ရှ...
https://yktnews.com/2025/01/198066/
သပိတ်ကျင်း၊ ချောင်းကြီးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရ ၊ နတ်နန်း၊ မီးသတ်ရုံး၊ နေအိမ်များ ၊ ကား ၅ စီး အပါအဝင် ပျက်စီးဆုံးရှုံးမှု အလွန်များပြား
["ရန်ကုန်၊ ဇန်နဝါရီ ၃", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရရှိကြောင်းသပိတ်ကျင်းတိုက်နယ်(ပကဖ)မှ ဗိုလ်လင်းယုန်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီ ၂ ရက်နေ့ ည ၈ နာရီ ၀၁ မိနစ်အချိန် မန္တလေ...
https://yktnews.com/2025/01/198037/
အမရပူရ၊ မြစ်ငယ်မြို့ ၊ ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး စောနေထွန်း အရက်ဆိုင်တွင် ဆက် ကြေးကောက်ခံနေစဉ် ပစ်ခတ်ခံရပြီး သေဆုံး
["ရန်ကုန်၊ ဇန်နဝါရီ ၃", "မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ မြို့မ အုပ်စု (၁) ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး စောနေ ထွန်းသည် ဂျက်ဝမ်း အရက်ရောင်းဝယ်ရေးဆိုင်တွင် ဆက်ကြေးကောက်ခံနေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်းပစ်ခတ်ခဲ့သော တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇန်နဝါရီလ ၁ ရ...
https://yktnews.com/2025/01/198041/
မန္တလေးမြို့နန်းတွင်းသို့ မော်တော်ကား သွားရောက်ပို့ဆောင်ပြီးပြန်လာသော မကွေး၊ ထောက်ပို့ ၁၂၁ တပ်မှ တပ်ကြပ်ကြီး ဝင်ဇော်ဦး နှင့် ပျူစောထီး မြင့်နိုင်ဝင်းတို့ကို အရှင် ဖမ်းမိသော်လည်း ခုခံ ထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးရာမှ ၂ ဦးစလုံးသေဆုံး
["ရန်ကုန်၊ ဇန်နဝါရီ ၃", "မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နန်းတွင်းသို့ မော်တော်ကားပို့ဆောင်ပြီး ပြန်လာသော တပ်ကြပ်ကြီး ၁ ဦးနှင့် ပျူစောထီး ၁ ဦးတို့ကို အရှင် ဖမ်းမိရရှိခဲသော်လည်း ခုခံ ထွက်ပြေးသဖြင့် လိုက်လံရှာဖွေဖမ်းဆီးရာ အသေ ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြောင်းနတ်မောက်မြို့နယ် ပကဖတာဝန်ခံကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ...
https://yktnews.com/2025/01/198021/
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်တွင် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်နှင့်အဖွဲ့က လူငယ် ၆၀ ဦးကို စစ်မှုထမ်းရန် ဖမ်းဆီးပြီး စစ်တပ် လက်ထဲအပ်၊ မင်္ဂလာတောင်ညွန့်၊ သပြေကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးက မိသားစု ၁၀၀ ထံမှ တစ်အိမ်လျှင် ငွေကျပ် ၆ သောင်းကောက်ခံ
["ရန်ကုန်၊ ဇန်နဝါရီ ၃", "ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်တွင် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင် ဦးဆောင်သော လူမိုက်များနှင့် အကြမ်းဖက် စစ်တပ်က လူငယ် ၆၀ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်းဒေသ ပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၃၁ ရက်နေ့ ညပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့...
https://yktnews.com/2025/01/198067/
စစ်ကိုင်းတိုင်းတွင် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ရောက်ရှိနေပြီး ၂၀၂၅ နှစ်သစ်ကူး အထိမ်းအမှတ် အားကစားပြိုင်ပွဲများသို့ တက်ရောက်အားပေး
["ရန်ကုန်၊ ဇန်နဝါရီ ၃", "အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သည် စစ်ကိုင်းတိုင်းတွင် ရောက်ရှိနေပြီး ၂၀၂၅ ခုနှစ် နှစ်သစ်ကူး အထိမ်းအမှတ် အားကစားပြိုင်ပွဲများ တက်ရောက်အားပေးကြောင်းအမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။", "ဇန်နဝါရီလ ၁ ရက်နေ့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေး...
https://yktnews.com/2025/01/198038/
အိမ်မဲတွင် အုပ်ချုပ်ရေးမှူး ပြုံးချိုက လစဉ် စစ်မှုထမ်း လူစားထိုးမှု အတွက် စစ်တပ်ထံသို့ တစ်လ ကျပ်သိန်း ၁၂၀ ပေးရသည်ဟုဆိုကာ တစ်အိမ်ထောင်လျှင် ငွေ ငါးသောင်း ကောက်ခံ ၊ ကြံခင်းတွင်လည်း အုပ်ချုပ်ရေးမှူး နိုင်ကြီးက စစ်မှု ထမ်းကြေး တစ်အိမ်ထောင်လျှင် ၂ သိန်း တောင်းယူ
["ရန်ကုန်၊ ဇန်နဝါရီ ၃", "ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် ကြံ့ဖွတ်ပါတီဝင်လည်းဖြစ်၊ လူကောင်းကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ပြုံးချိုက စစ်မှုထမ်း လူစားထိုးရန် အကြမ်းဖက် စစ်တပ်ကို တစ်လလျှင် သိန်း ၁၂၀ ပေး၍ လူစားထိုးဝယ်ရသည်ဟု ဆိုကာ ပြည်သူများထံမှ လစဉ် စစ်မှုထမ်းကြေး ခြိမ်းခြောက်ကောက်ခံနေကြောင်းဒေသပြည်သူများကရန်ကုန...
https://yktnews.com/2022/01/3077/
လွိုင်ကော်တွင် ယနေ့ တိုက်ပွဲ စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးပြီး KNDF ရဲဘော် ၁ ဦးကျဆုံး
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် ယနေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးပြီး KNDF ဘက်မှ ရဲဘော်တစ်ဦးကျဆုံးကြောင်း KNDF က သတင်းထုတ်ပြန်သည်။ယနေ့ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေကျေးရွာအုပ်စု ကုန်းဆွတ...
https://yktnews.com/2024/01/142712/
ကြံခင်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "ကြံခင်းမြို့တွင် ပြည်သူများက ယနေ့ ဇန်နဝါရီ ၃၀ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #aga...
https://yktnews.com/2022/01/3006/
ခင်ဦး မဒေါင်းလှနှင့် ညောင်ကန် ရွာရှိ ပျူစောထီး အဖွဲ့ဝင် ၃ဦး ပစ်သတ်ခံရ
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မဒေါင်းလှနှင့် ညောင်ကန် ရွာက လက်နက်ကိုင် ပျူစောထီး သက်မာ၊ ဇာနည်အောင်နှင့် အဖွဲ့ဝင် ရဝေအောင်တို့ ၃ဦးကို ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် နယ်မြေခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။", "မဒေါင...
https://yktnews.com/2022/01/2946/
တမူး-ကလေး လမ်းပိုင်းတွင် စစ်ကောင်စီ ကား ၂ စီးကို တမူး PDF တပ်ရင်း ၃ ပစ်ခတ်တိုက်ခိုက်ပြီး ၁ နာရီခန့် တိုက်ပွဲပြင်းထန်၊ စစ်သား သေဆုံးထိခိုက်မှုရှိ
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "စစ်ကိုင်းတိုင်း၊ တမူးမြို့မှ ကလေးမြို့ဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီ စစ်ကား ၂ စီးကို ယနေ့ ဇန်နဝါရီလ ၃၀ ရက် နံနက်တွင် ဗိုလ်ဇီးကွက် ဦးဆောင်သည့် တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃ က ပစ်ခတ်တိုက်ခိုက်ပြီး ၁ နာရီခန့် တိုက်ပွဲဖြစ်ကာ စစ်သားသေဆုံးမှုများရှိကြောင်း သတင်းရရှိသည်။", "“ဒီနေ့မနက် ၁၀ နာ...
https://yktnews.com/2022/01/3130/
ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့ဝင်တိုက်ရာ စစ်တပ် အထိနာ၍ ရဟတ်ယာဉ်ဖြင့် ဗုံးလာကျဲ၊ ကျောက်ဆည်တွင်လည်း မိုင်းကွဲပြီး စစ်သား ၁ ဦးသေဆုံး
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ဝင်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ယနေ့ ဇန်နဝါရီ ၃၀ ရက်နေ့ ည ၇ နာရီခွဲ ဝန်းကျင်တွင် လာရောက် ပစ်ခတ်ကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန...
https://yktnews.com/2022/01/2927/
ပုလဲ၊ မင်းတုန်းနှင့်မြိုင်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်းသေဆုံး
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့်မင်းတုန်းမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်းသေဆုံးကြောင်းဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ဇန်နဝါရီ ၂၉ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်တွင် အောင်ဆန်းတပ...
https://yktnews.com/2024/01/142741/
ဆားလင်းကြီးမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်တိုက်ပွဲပြုလုပ်
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "ဆားလင်းကြီးမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်တိုက်ပွဲကို မုံရွာပင်မလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ လက်ပံတောင်း တောင်ပင်မသပိတ်နှင့် မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့က ပူးပေါင်းထွက်ရှိခဲ့ကြသည်။", "အဆိုပါ လူထုသပိတ်တိုက်ပွဲကို ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး (ပအဖ)၊ ဆားလင်း...
https://yktnews.com/2024/01/142713/
ဆားလင်းကြီးတွင် မီးဘေးသင့်ကျေးရွာမှ ဘိုးဘွားများကို မုန့်၊ပုဝါနှင့် Ovaltine များ လှူဒါန်း
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "ဆားလင်းကြီးရှိ မီးဘေးသင့်ကျေးရွာမှ သက်ကြီး ဘိုးဘွား ၆၀ ဦးကို မုန့်၊ပုဝါနှင့် Ovaltine များကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က", "ဖြင့် ကန်တော့ခဲ့ကြကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #Khi...
https://yktnews.com/2022/01/3167/
ထားဝယ်နဲ့ ရေဖြူမြို့နယ်မှ ရွာတွေကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်သား ၃၀ နီးပါးသေ
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့နယ်ထဲ ရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေထဲက စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ PDF အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ ဒေသခံတွေရဲ့ပြောဆိုချက်တွေအရ သိရပါတယ်။စစ်ကောင်စီတပ်တွေဟာ ထားဝယ်မြို့နယ်ထဲက ခေါင်တိုင်ပြင်၊ မြင်းမတ်တပ်၊ ပိန္နဲချောင်း(ကု...
https://yktnews.com/2025/01/201570/
ထားဝယ်ရှိ ရွှေဂူ စစ်တပ်ဂိတ်စခန်းနှင့် စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိ၊ လက်နက် ၁၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ရွှေဂူ စစ်တပ်ဂိတ်စခန်းနှင့် စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ၄ ဦးအရှင် ဖမ်းဆီးရမိခဲ့ကြောင်းဒူရကစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ၂ နာရီခန့်တွင်...
https://yktnews.com/2022/01/2991/
နိုင်ငံတစ်ဝန်း စည်ပင်ရုံးများနှင့် ထွေအုပ်ရုံးများ ဗုံးကွဲ၊ စစ်တပ် ထောက်ခံပွဲ လုပ်ရေးဦးဆောင်သူ ၁ဦးနှင့် သတင်းပေး သတ်မှတ်ခံရသူ ၁ဦး သတ်ခံရ
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "နိုင်ငံတစ်ဝှမ်းတွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ်ပြုလုပ်မည့် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ဈေးဆိုင်များနှင့် ဈေးများ အတင်းအဓမ္မဖွင့်လှစ်ခိုင်းသည့် စည်ပင်ရုံးများနှင့် ထွေအုပ်ရုံးများ ဗုံးခွဲတိုက်ခိုက်ခံရကာ စစ်တပ် ထောက်ခံပွဲ ပြုလုပ်မည့်သူ ၁ ဦးနှင့် စစ်တပ် သတင်းပေး သတ်မှတ်ခံရသူ ၁ဦး သ...
https://yktnews.com/2022/01/3003/
နေပြည်တော်၊ ပျဉ်းမနားတွင် ဖေဖော်ဝါရီ ၁ အသံတိတ်သပိတ်နေ့တွင် အရက်ဆိုင်များ မပိတ်ရေး စစ်ကောင်စီက ခေါ်ယူ ခြိမ်းခြောက်
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "နေပြည်တော်၊ပျဉ်းမနားတွင် စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်နေ့၊ အသံတိတ် သပိတ်နေ့တွင် အရက်ဆိုင်များ မပိတ်ရန် မြို့နယ်စစ်ကောင်စီက ခေါ်ယူ ခြိမ်းခြောက်လျက်ရှိကြောင်း စားသောက်ဆိုင် ပိုင်ရှင်တချို့ထံမှ သိရှိရသည်။ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ယင်းကဲ့သို့ မြို့နယ်ကောင်စီက ခေါ်ယူ သတိပေ...
https://yktnews.com/2025/01/201535/
ပဲခူးတိုင်းနှင့်ရခိုင်အစပ်တွင် AA က သိမ်းပိုက်ထားသော မိုးထိတောင်တပ်စခန်းကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်တပ်က အင်အား ၁၀၀၀ ဝန်းကျင်ဖြင့် စစ်ဆင်ရေးပြင်၊ သာယာဝတီတွင် ပျူစောထီးများကို လက်နက်များ တပ်ဆင်ပေးနေ
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "ပဲခူးတိုင်းနှင့်ရခိုင်အစပ် ပန်းတောင်းမြို့နယ်တွင် AA က သိမ်းပိုက်ထားသော မိုးထိတောင်တပ်စခန်းကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်တပ်က အင်အား ၁၀၀၀ ဝန်းကျင်တိုးချဲ့နေပြီး ရခိုင်ရိုးမပေါ်ကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်းဒေသ သတင်းရင်းမြစ်များကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၇ ရက်...
https://yktnews.com/2025/01/201539/
စလင်းမြို့နယ်၊ ဆင်ကျုံးရွာထိပ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၅ ဦးသေဆုံး
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "မကွေးတိုင်း ၊ စလင်းမြို့နယ်၊ ဆင်ကျုံးရွာထိပ်ရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၅ ဦးသေဆုံးခဲ့ကြောင်းမင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း မှ တာဝန် ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက် နံနက်ပိုင်းက စလင်းမြို့နယ်၊ ...
https://yktnews.com/2022/01/2937/
CDM လုပ်ရန် ပြင်ဆင်နေသည့် ဂန့်ဂေါမြို့နယ်မှူး ဒုရဲမှူးခင်မောင်ထွေးကို မင်းအောင်လှိုင်ထောက်ခံသူရဲက သတ်ဖြတ်၊ မိုင်းထိသည်ဟု မိသားစုကို အသိ ပေးပြီး နာရေးလာခွင့်မပြု
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးခင်မောင်ထွေးသည် ဇန်နဝါရီလ ၂၈ ရက်နေ့ သေဆုံးသွားပြီး CDM လုပ်ရန် ပြင်ဆင်နေစဉ် မင်းအောင်လှိုင် ထောက်ခံသည့် ရဲအုပ်က သတ်ဖြတ်ခြင်းဖြစ်သော်လည်း မိသားစုကို မိုင်းထိ၍ သေဆုံးသည်ဟုဆိုကာ နာရေးလာခွင့်မပြုခဲ့ကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။ မကွေးတိ...
https://yktnews.com/2025/01/201569/
ပေါက်မြို့နယ်၊ ကိုင်းလယ်ရဲစခန်းတွင် အထိုင်ချ တပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေးတပ်များ ဝင်ရောက် တိုက် ခိုက်
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကိုင်းလယ်ကျေးရွာ၊ ကိုင်းလယ်ရဲစခန်းတွင် အထိုင်ချ တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ ကြောင်းPeople’s Defense Organization – Magway Region က သတင်းထုတ်ပြန်သည်။", "ဇန်နဝါရီလ ၂၄ ရက်နေ့ ပေါက်မြို့နယ် ကိုင်းလယ်ကျေးရွာ...
https://yktnews.com/2022/01/3035/
မြိုင် မြို့ခင်းသာရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး မီးဝင်ရှို့ နေအိမ် ၄လုံး၊ ဆိုင်ကယ် ၄စီး မီးလောင် ပျက်စီး
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "မကွေးတိုင်း၊ မြိုင်မြို့နယ်‌၊ မြို့ခင်းသာရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် လက်နက်ကြီးများနှင့် ပစ်ခတ်ပြီး ပြည်သူပိုင် နေအိမ်များကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ၄လုံးနှင့် ဆိုင်ကယ် ၄စီး မီးလောင် ပျက်စီးခဲ့ကြောင်း မြိုင်မြို့နယ် ကျေးရွာများ တော်လှန်ရေ...
https://yktnews.com/2024/01/142813/
ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦး ပြင်းထန် ဒဏ်ရာရ
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇန်နဝါရီလ ၂၈ ရက် နံနက်ပိုင်းက ...
https://yktnews.com/2024/01/142742/
ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မရိုးကုန်းကျေးရွာနှင့် နတ်ကြီးကျေးရွာကြားတွင် အကြမ်းဖက်စစ် ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း စစ် ကိုင်းခရိုင်တပ်ရင်း ၄ – MSPDF မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည...
https://yktnews.com/2024/01/142740/
နွားထိုးကြီးမြို့နယ်နှင့် မလှိုင်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နှင့် မလှိုင်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း ထံမှ သိရသည်။", "ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် နွားထိုးကြီးမ...
https://yktnews.com/2024/01/142814/
မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူစောထီးရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ကျောက်ကန်ပျူစောထီးကျေးရွာ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေါင်း မင်းတမန်အထူးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ယနေ့ဇန်နဝါရ...
https://yktnews.com/2025/01/201606/
ရမည်းသင်းမြို့နယ်တွင် တာဝန်ကျနေသော ခမရ ၃၆၉ တပ်မှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး အလင်းဝင်
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်တွင် တာဝန်ကျနေသော အကြမ်းဖက်စစ်ကောင်စီတပ် စစ်မှုထမ်း တပ်သားသစ်တစ်ဦး အလင်းဝင်ရောက်ခဲ့ကြောင်းEarthquake People’s Defense Force မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။", "ယနေ့ဇန်နဝါရီလ ၃၀ ရက်နံနက် ၁၀ နာရီ ရမည်းသင်းမြို့နယ်တွင် တာဝန်ကျနေသော ဟုမ္မလင်း အခြေစိုက် ခမရ ၃၆၉ တပ် ...
https://yktnews.com/2024/01/142816/
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦးသေဆုံး
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "မြန်မာနိုင်ငံတစ်ဝန်း ဇန်နဝါရီလ ၃၀ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။", "ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထ...
https://yktnews.com/2025/01/201521/
ရန်ကုန်မြို့တွင် လာရောက် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်ပြည်သူ အရေ အတွက် စစ်ကောင်စီက စတင်ကောက်ယူနေပြီး တော်လှန် ရေးတပ်ဖွဲ့နှင့် ဆက် နွယ်သူများကိုပါ စိစစ် ဖမ်းဆီးရန်ရှိနေ
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "မြန်မာနိုင်ငံတစ်ဝန်းမှ ရန်ကုန်မြို့သို့ လာရောက် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်အရေအတွက်ကို အကြမ်းဖက် စစ်ကောင်စီက စတင်ကောက်ယူနေကြောင်းလှိုင်သာယာမြို့နယ်အနောက်ပိုင်း အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်က ပြော ဆိုသည်။", "ရန်ကုန်မြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က စစ်ဘေးတိမ်းရှောင်လာသူများကို...
https://yktnews.com/2025/01/201571/
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၄ နှစ်အကြာအထိ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအတွက် တရားမျှတမှု မရရှိသေးဟု IIMM အကြီးအကဲပြော
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၄ နှစ်အကြာအထိ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအတွက် တရားမျှတမှု မရရှိသေးဟု မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား(IIMM) ၏ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ထုတ်ပြန်ပြောဆိုလိုက်သည်။", "လွန်ခဲ့သည့် ၄ နှစ် မြန်မာနိုင်ငံ၏ ရွေးကောက်ခံအစိုးရကို စစ်တပ်က အ...
https://yktnews.com/2025/01/201520/
မြန်မာနိုင်ငံမှ ကျောင်းသားများအတွက် ပေးအပ်နေသည့် အမေရိကန်ဒေါ်လာ ၄၅ သန်းတန်ဖိုးရှိ ပညာသင်ဆုများကို သမ္မတထရမ့် အမိန့်ဖြင့် ရပ်ဆိုင်း ၊ အီလွန်မက်ဦးဆောင်သော Department of Government Efficiency က ပညာသင်ဆုရပ်ဆိုင်းရေး အဓိက အခန်းကဏ္ဍမှ ဦးဆောင်ပါဝင်ခဲ့
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "မြန်မာနိုင်ငံမှ ကျောင်းသားများအတွက် ပေးအပ်နေသည့် အမေရိကန်ဒေါ်လာ ၄၅ သန်းတန်ဖိုးရှိ ပညာသင်ဆုများကို သမ္မတ ထရမ့်အမိန့်ဖြင့် အမေရိကန်အစိုးရက ရပ်ဆိုင်းကြောင်းတရားဝင် သတင်းထုတ်ပြန်ကြေညာသည်။", "ယခင်သမ္မတ ဘိုင်ဒင်အစိုးရလက်ထက် မတူကွဲပြားမှု၊ သာတူညီမျှပါဝင်ခွင့်နှင့် လက်လှမ်းမီပိုင်ခွင့်မူဝါဒများအရ (Div...
https://yktnews.com/2024/01/142812/
ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၃၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThit...
https://yktnews.com/2024/01/142738/
လက်ပံတောင်းတောင်ဒေသတွင် စစ်အာဏာရှင်စနစ် ကျရှုံးရေး လူထုဟစ်ကြွေးသံများနှင့် သပိတ်ချီတက်
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "လက်ပံတောင်းတောင်ဒေသတွင် “အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင် ချီ ” စာသားကိုကိုင်စွဲကာ ယနေ့ ဖေဖော်ဝါရီ ၃ဝ ရက်နေ့တွင် စစ်အာဏာရှင်စနစ်ကျရှုံးရေး လူထုဟစ်ကြွေးသံများနှင့် သပိတ်ချီတက်ထွက်ရှိခဲ့ကြကြောင်း သိရှိရသည်။", "ဓာတ်ပုံ – လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အ...
https://yktnews.com/2024/01/142711/
အရာတော်မြို့နယ်တွင် The Way တော်လှန်ရုပ်ရှင်ပြသ
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "အရာတော်မြို့နယ် ကျေးရွာအနှံ့အပြားတွင် The Way တော်လှန်ရုပ်ရှင်ဇာတ်ကားကို အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီက ဦးဆောင်၍ ၃ ရက်ဆက် ပြသခဲ့ပြီး ကျေးရွာပေါင်းစုံမှ ပြည်သူလူထုထောင်ချီ လာရောက်အားပေးကြည့်ရှု့ခဲ့ကြကြောင်း သိရှိရသည်။", "မြန်မာနွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #me...
https://yktnews.com/2025/01/201567/
တီမောနိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ဆက်ဆံရေးရုံးကို တရားဝင် ဖွင့်လှစ်
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "အရှေ့တီမောလက်စတေနိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ဆက်ဆံရေးကို တရားဝင် ဖွင့်လှစ်လိုက်ပြီး တီမော သမ္မတ ဟိုဆေးရာမို့ဟောတာက မြန်မာ့အရေးကို နိုင်ံငံတကာတွင် ပွင့်ပွင့်လင်းလင်း ထောက်ခံပြောဆိုလျက်ရှိကြောင်းအမျိုး သားညီညွတ်ရေးအစိုးရ- NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုသည်။", "ယမန...
https://yktnews.com/2024/01/142739/
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၃၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။", "အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “နိုင်ငံနဲ့နေရာကို အတင်းအဓမ္မလုထားတာ သုံးနှစ်ပြည့်တော့မယ်၊ငါတို့တရက်မပျက်သွေးမအေးခဲ့ဘ...
https://yktnews.com/2025/01/201538/
AA ထိုးစစ်ရောက်ရှိလာနိုင်သောကြောင့် ချောင်းသာမြို့တွင် စစ်တပ်က ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရပ်/ကျေး အဖွဲ့ဝင်များကို စစ်တပ်က လက်နက်ပစ်ခတ်မှု သင်တန်းပေးမည်
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များကို လက်နက် ပစ်ခတ်မှုနှင့် စစ်သင်တန်းပေးမည်ဖြစ်ပြီး AA ထိုးစစ်ရောက်ရှိလာနိုင်သောကြောင့် ထိုသို့ စစ်သင်တန်းများ ပေးရန် စီစဉ်နေခြင်းဖြစ်ကြောင်းရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တချို့ကရန်ကုန်...
https://yktnews.com/2025/01/201568/
ငါးသိုင်းချောင်းမြို့တွင် ဆိုင်ကယ်ကယ်ရီသမားများကို ရခိုင်ပြည်၊ ဂွမြို့သို့ ရိက္ခာ၊ ဆေးဝါး၊ ကုန်ပစ္စည်းနှင့်ခရီးသည်များ သွားရောက် ပို့ဆောင်ခြင်း မပြုရန် စစ်တပ်က ဖိအားပေး လက်မှတ်ထိုးခိုင်း
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တွင် ဆိုင်ကယ် ကယ်ရီသမားများကို ရခိုင် ပြည်နယ်၊ ဂွမြို့နယ်သို့ ခရီးသည်၊ ရိက္ခာ၊ ဆေးဝါးနှင့် ကုန်ပစ္စည်းများ ပို့ဆောင်ခြင်း မပြုလုပ်ရန် စစ်တပ်နှင့်ရဲများက လက်မှတ်ရေးထိုးခိုင်းကြောင်းဆိုင်ကယ်ကယ်ရီသမားတချို့ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်...
https://yktnews.com/2025/01/201522/
ပုသိမ်တွင် လောင်းကစားဒိုင်တချို့ကို ရဲကဝင်ဖမ်းပြီး ငွေကျပ် သိန်းရာချီတောင်းယူ၍ ပြန်လွှတ်ပေး၊ ဧရာ၀တီတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်ဇော်ထွန်းနှင့်လက်အောက်ခံရဲများက အဓိက လုပ်ဆောင်ခဲ့
["ရန်ကုန်၊ ဇန်နဝါရီ ၃၀", "ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် လောင်းကစားဒိုင်တချို့ကို ရဲကဝင်ဖမ်းပြီးနောက် ငွေကျပ် သိန်းရာချီတောင်းယူ၍ ပြန်လွှတ်ပေးလိုက်ပြီး အဆိုပါ လွှတ်ပေးမှုနောက်ကွယ်တွင် ဧရာ၀တီတိုင်းရဲတပ်ဖွဲ့ ရဲမှူးကြီး တင်ဇော်ထွန်းနှင့်လက်အောက်ခံရဲများက အဓိ က ပါဝင်ပတ်သက်လျက်ရှိကြောင်းရဲသတင်းရင်းမြစ်က ပြောဆိုသည်။", "၂၀၂၁ ခ...
https://yktnews.com/2022/01/3340/
စစ်ကောင်စီတပ်၏လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လသားအရွယ် ကလေးငယ်နှင့် အမျိုးသမီးတစ်ဦး သေဆုံး၊ KNU တပ်မဟာ ၅ နယ်မြေကို စစ်တပ်က တိုက်လေယာဉ်များ ပစ်ခတ်ရုံမျှမက လက်နက်ကြီးများဖြင့်ပါပစ်ခတ်
["ရန်ကုန်၊ ဇန်နဝါရီ ၃၁", "ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်ဒေသရှိ ထီးလော်သေထကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက ပစ်ခတ်သဖြင့် လသားအရွယ်ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။“၂၉ ရက်နေ့ ညနေ ၆ နာရီလောက်က ပစ်တာ။ ကလ...
https://yktnews.com/2025/01/201671/
၇၆ နှစ်မြောက်ကရင့်တော်လှန်ရေးနေ့တွင် KNU ဌာနချုပ်ရှိရာ တပ်မဟာ ၇ ရှိ စစ်ရေးပြကွင်းကို ဒရုန်းဖြင့် ဗုံးကျဲ
["ရန်ကုန်၊ ဇန်နဝါရီ ၃၁", "ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို ဌာနချုပ်ရှိရာ တပ်မဟာ ၇ ရှိ စစ်ရေးပြကွင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်းKNU သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်အချိန် KNU ဌာနချုပ်ရှိရာ တပ်မဟာ ၇ ရှိ စစ်ရေးပြ...
https://yktnews.com/2022/01/3186/
ကန်ပက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များကို CDF ကန်ပက်လက် ဝင်ရောက်ပစ်ခတ် စစ်သား ၃ ဦး သေဆုံး
["ရန်ကုန်၊ ဇန်နဝါရီ ၃၁", "ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ မြို့နယ်ပညာရေးမှူးရုံ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ရန်အောင်စေတီတို့တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ ဇန်နဝါရီလ ၃၁ ရက် နံနက် ၆ နာရီခွဲတွင် CDF ကန်ပက်လက်က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးကြောင်း သတင်းရရှိသည်။ပစ်ခတ်တိုက်ခိုက်မှုသည် ၁ နာရီခ...
https://yktnews.com/2024/01/142940/
ဟားခါးမြို့မှ ရဲတပ်သား ၁ ဦး G-3 သေနတ် ယူဆောင်လာပြီး အလင်းဝင် လာသောကြောင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်
["ရန်ကုန်၊ ဇန်နဝါရီ ၃၁", "ချင်းပြည်နယ်၊ ဟားခါးမြို့မှ ရဲတပ်သား ၁ ဦး G-3 သေနတ် ယူဆောင်လာပြီး အလင်းဝင် လာသောကြောင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း CDF – KKG က ထုတ်ပြန်ထားသည်။", "ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဟားခါးမြို့ မှ ရဲတပ်သား ၁ ဦး G-3 သေနတ် ၁ လက် နှင့် ကျည်ဆံ အတောင့် ၂၃၂ ယူဆောင်လာပြီး CDF – KKG ထံ အလင်းဝင်လာခြင်းဖ...
https://yktnews.com/2022/01/3365/
ကနီတွင် စစ်ကောင်စီ ရေယာဉ်အုပ်စု ၃ကြိမ် တိုက်ခိုက်ခံရပြီး စစ်သား ၃ဝ ထက်မနည်း သေဆုံး
["ရန်ကုန်၊ ဇန်နဝါရီ ၃၁", "စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ကင်းရွာနှင့် ရွာအနီးတွင် တပ်ချ ထားသော အကြမ်းဖက် စစ်ကောင်စီ ရေယာဉ်အုပ်စုကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဝိုင်းဝန်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ဝထက်မနည်း သေဆုံးကြောင်း People’s Defense Force (Kani)တပ်ဖွဲ့ထံမှ သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်ကောင်...
https://yktnews.com/2022/01/3199/
ဒီပဲယင်း၊ ငဝဲတော ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ အကြမ်းဖက်ဝင်ရောက် မီးရှို့နေ
["ရန်ကုန်၊ ဇန်နဝါရီ ၃၁", "စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ငဝဲတောကျေးရွာသို့ ယနေ့ ဇန်နဝါရီလ ၃၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး နေအိမ် ၂ လုံးထက်မနည်း မီးစွဲလောင်နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။”မှန်သာ ဘက်ကနေ နှစ်ဖွဲ့ခွဲပြီးတော့ ဝင်လာတာ၊ သေနတ်နဲ့လည်း အကတ်လိုက်ကို ဆွ...
https://yktnews.com/2022/01/3236/
မုံရွာနှင့် ရေစကြိုရှိ ပျူစောထီး အဖွဲ့ဝင် ၃ဦး သတ်ခံရပြီး ကသာမြို့ စာတိုက်ရုံးတွင် ဗုံးပေါက်ကွဲ
["ရန်ကုန်၊ ဇန်နဝါရီ ၃၁", "စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာမှ ပျူစောထီး တပ်စိတ်မှူးတစ်ဦးဖြစ်သည့် ယဉ်နွယ်သိမ့်(ခ)မီးမီးကို ဇန်နဝါရီလ ၃ဝရက်နေ့ ည ၉နာရီ ၄၅မိနစ်တွင် ဗိုလ်စနေ ဦးဆောင်သည့် အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ သေဆုံးသူ ယဉ်နွယ်သိမ့်သည် ပန်းရောင်းသည့် အလုပ်လုပ်က...
https://yktnews.com/2022/01/3322/
ပုလဲ မွေ့တုံရွာကို စစ်တပ်က ညအချိန် ပြည်သူပိုင် နေအိမ်များကို မီးရှို့နေ
["ရန်ကုန်၊ ဇန်နဝါရီ ၃၁", "စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မွေ့တုံကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက် စီးနင်း တပ်စွဲခဲ့ပြီး ည ၈နာရီခန့်က စတင်ကာ ကျေးရွာတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ...
https://yktnews.com/2025/01/201673/
အရာတော်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး
["ရန်ကုန်၊ ဇန်နဝါရီ ၃၁", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင်အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် ကင်းပုန်းစစ်သားများကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ကြောင်းမုံရွာခရိုင် အမှတ် ၁၉ တပ်ရင်း – ရောင်နီတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၉ ...
https://yktnews.com/2022/01/3348/
စစ်ကောင်စီခန့် တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ အကျင့်ပျက်ခြစားမှု ကော်မရှင်ဥက္ကဋ္ဌ၊ ဦးတေဇနှင့်သားသမီး ၂ ဦး၊ ဂျော်နသန်မျိုးကျော်သောင်း၊ စီးပွားရေးကုမ္ပဏီ ၁ ခု၊ စစ်တပ်ဌာန ၁ ခုတို့ကို အမေရိကန်က ပိတ်ဆို့ အရေးယူ၊ ဗြိတိန်နှင့်ကနေဒါပါ ပူးပေါင်းပါဝင်
["ရန်ကုန်၊ ဇန်နဝါရီ ၃၁", "စစ်ကောင်စီခန့် တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ အကျင့်ပျက်ခြစားမှု ကော်မရှင်ဥက္ကဋ္ဌ၊ ဦးတေဇနှင့်သားသမီး ၂ ဦး၊ ဂျော်နသန်မျိုးကျော်သောင်း၊ စီးပွားရေးကုမ္ပဏီ ၁ ခု၊ စစ်တပ်ဌာန ၁ ခုတို့ကို အမေရိကန်အစိုးရက ပိတ်ဆို့ အရေးယူလိုက်ပြီး ဗြိတိန်နှင့်ကနေဒါ ပူးပေါင်းပါဝင်ကြောင်း အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာသည်။...
https://yktnews.com/2025/01/201713/
စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ကျင်းပမည့် ရွေးကောက်ပွဲကို လက်မခံသည့်အပြင် အားလုံး အတူတကွ ဆန့်ကျင်ကြရန် KNU ဥက္ကဋ္ဌ တိုက်တွန်း
["ရန်ကုန်၊ ဇန်နဝါရီ ၃၁", "စစ်တပ်စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကို လက်မခံသည့်အပြင် အားလုံး အတူတကွ ဆန့်ကျင်ကြရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တိုက် တွန်းပြောဆိုသည်။", "ယနေ့ကျရောက်သည့် ကရင့်အမျိုးသားတော်လှန်ရေး ၇၆ နှစ်ပြည့် မိန့်ခွန်...
https://yktnews.com/2024/01/142840/
နိုင်ငံရေးတွင် စစ်တပ်ပါဝင်နေခြင်း အဆုံးသတ်ရန်၊ ၂၀၀၈ အခြေခံ ဥပဒေကို အသက်သွင်းမှု တိုက်ဖျက်ရန်၊ ဖွဲ့စည်းပုံ ဥပဒေ အသစ် ရေးဆွဲရန် အပါအဝင် ဘုံသဘောထားရပ်တည်ချက်များကို NUG ၊ KNU ၊ KNPP နှင့် CNF တို့ကကြေညာ
["ရန်ကုန်၊ ဇန်နဝါရီ ၃၁", "စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် NUG ၊ KNU ၊ KNPP နှင့် CNF တို့က ဘုံသဘော ထားရပ်တည်ချက်များကို ယနေ့ ထုတ်ပြန်ကြေညာသည်။", "ပြည်ထောင်စုအတွင်းနေထိုင်ကြသည့် စုံလင်ကွဲပြားသော လူမျိုးများ၏ သရုပ်လက္ခဏာ (Identity) များကို ကာကွယ်မြှင့်တင်ပေးသည့် ဒီမိုကရ...
https://yktnews.com/2025/01/201745/
စစ်တပ်၏ ထိုးစစ်ကြောင့် တနင်္သာရီ -မောတောင်လမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေသဖြင့် ခရီးသွားလာ ခြင်းမပြုကြရန် တော်လှန်ရေးတပ်က သတိပေး
["ရန်ကုန်၊ ဇန်နဝါရီ ၃၁", "တနင်္သာရီတိုင်း ၊ တနင်္သာရီမြို့နယ်၊ တနင်္သာရီ -မောတောင်လမ်းပိုင်းတွင် စစ်တပ်၏ ထိုးစစ်ကြောင့် တိုက်ပွဲများပြင်းထန်နေသ ဖြင့် သေရေး ၊ နာရေးမှအပ ခရီးသွားလာ ခြင်းမပြုကြရန်BLACK COBRA COLUMN က သတိပေး ချက် ထုတ် ပြန်သည်။", "၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှစ၍ တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ် စခန်းအား ...