url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2024/11/192707/
ပေါက်မြို့နယ်အတွင်းရှိ ကိုင်းလယ်ရဲစခန်း အပါအဝင် စစ်သားများ တပ်စွဲထားသော နေရာ ၃ ခုကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၃၀၀ ကျော် ကျဲချ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ
["ရန်ကုန်၊ နိုဝင်ဘာ ၂၀", "မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ကိုင်းလယ်ရဲစခန်း အပါအဝင် စစ်သားများ တပ်စွဲထားသော နေရာ ၃ ခုကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၃၀၀ ကျော် ကျဲချ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်းပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ကိုစစ်မုန်းကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ...
https://yktnews.com/2024/11/192691/
မန္တလေးမြို့တွင် သခင်ဘဟိန်း ကွယ်လွန်မှု ၇၈ နှစ်ပြည့်အဖြစ် ❝ မြင်းခွါတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ့မယ် ❞ ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှား
["ရန်ကုန်၊ နိုဝင်ဘာ ၂၀", "မန္တလေးမြို့တွင် သခင်ဘဟိန်း ကွယ်လွန်မှု ၇၈ နှစ်ပြည့်အဖြစ် ❝ မြင်းခွါတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ့မယ် ❞ ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားကြကြောင်းသိရှိရသည်။", "ကိုလိုနီခေတ် ကြွေးကြော်သံဖြစ်သော ❝ မြင်းခွါတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ့မယ် ❞ ပြောကြားခဲ့သူ သခင်ဘဟိန်းသည်...
https://yktnews.com/2022/11/64741/
ရေး-သံဖြူဇရပ် လမ်းပိုင်းတွင် စစ်ကားများကို ၃ ကြိမ် တိုက်ခိုက်မှု ၈ ဦးသေဆုံး၊ တန့်ဆည်တွင်လည်း ပျူစောထီးများကို ဖောက်ခွဲတိုက်ခိုက်မှု ၈ ဦးသေဆုံး
["ရန်ကုန်၊ နိုဝင်ဘာ ၂၀", "မွန်ပြည်နယ်၊ ရေးမှ သံဖြူဇရပ်သို့ တက်လာသည့် စစ်ကားများကို ကာကွယ်ရေး တပ်ဖွဲ့များက ၃ ကြိမ် တိုက်ခိုက်ခဲ့ပြီး ၈ ဦးသေဆုံးကြောင်း သိရသည်။", "နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၃၈ မိနစ်တွင် ရေးမြို့မှ သံဖြူဇရပ်သို့ တက်လာသည့် စစ်ကား ၇ စီးကို ကွမ်ကြိုက်နှင့် ကနင်ကမော့ရွာ အကြားတွင် တောင်ညိုပြည်သူ့ ပြောက်...
https://yktnews.com/2022/11/64614/
မင်္ဂလာဒုံတွင် စစ်တပ်က တပ်ပိုင်မြေဟုဆိုကာ ဖျက်ခိုင်းနေသည့် ရပ်ကွက် ၅ ခုတွင် ဘုန်းကြီး ကျောင်း ၆၀ ခန့် ပါဝင်နေ၊ ဘိုးဘွားပိုင်မြေအဖြစ် တရားရုံးတွင် အနိုင်ဒီဂရီ ရရှိထားသော မြေများဖြစ်ပြီး ပြည်သူအများစုက အိမ်ဖျက်ပေးရန် ငြင်းဆန်
["ရန်ကုန်၊ နိုဝင်ဘာ ၂၀", "ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုကို စစ်တပ်က တပ်ပိုင် မြေ ကျူးကျော်သည်ဟုဆိုကာ ဖျက် သိမ်းခိုင်းနေသည့် ရပ်ကွက် ၅ ခု၊ အိမ်ခြေ ၁၀၀၀၀ နီးပါးတွင် ဘုန်းကြီးကျောင်း ၆၀ ခန့် ပါဝင်နေပြီး နိုဝင်ဘာလ ၂၂ ရက် နေ့ အပြီးဖျက်သိမ်းရန် စစ်တပ်က ထပ်မံ ခြိမ်းခြောက်လာကြောင်း ဒေသခံများ က ပြောသည...
https://yktnews.com/2022/11/65051/
မြောက်ဥက္ကလာ ဋ္ဌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးဖောက်ခွဲခံရ ၊ သခင်မြပန်းခြံ အိမ်သာ ထဲတွင် ဗုံးပေါက်ပြီး လူငယ် ၁ ဦးဒဏ်ရာရ
["ရန်ကုန်၊ နိုဝင်ဘာ ၂၀", "ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဋ္ဌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယ နေ့ ညပိုင်းတွင် ဗုံးဖောက် ခွဲ တိုက်ခိုက်မှုဖြစ်ပွားကြောင်း ဒေသခံများက ပြော သည်။", "နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်အချိန် မြောက်ဥက္ကလာပမြို့ နယ် တွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ပေါက်ကွဲမှုနေရာမှာ ...
https://yktnews.com/2022/11/64633/
သန်လျင်မြို့ သာသနာ့ဗိမာန်ရှိ စစ်တပ်နှင့် ကျောက်တော်ကြီးဘုရားအနီးတွင် တပ်စွဲထားသော စစ်တပ်ဂိတ်ကို ဖောက်ခွဲတိုက်ခိုက်မှု စစ်သားတချို့ ထိခိုက် သေဆုံးမှုရှိနိုင်
["ရန်ကုန်၊ နိုဝင်ဘာ ၂၀", "ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သာသနာ့ဗိမာန်တွင် စခန်းချထားသော စစ် တပ် နှင့် အင်းစိန်မြို့နယ်၊ ကျောက်တော်ကြီး ဘုရားအနီးတွင် တပ်စွဲထားသော စစ်တပ်ဂိတ်များကို မြို့ပြပျောက်ကျားတပ်ဖွဲ့များက တိုက်ခိုက်ကြောင်း အဆိုပါ အဖွဲ့များက ပြောသည်။", "နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်အချိန် သန်လျင်မြို့ ကျို...
https://yktnews.com/2024/11/192663/
တရုတ်နိုင်ငံက မိမိတို့ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော
["ရန်ကုန်၊ နိုဝင်ဘာ ၂၀", "အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နိုင်ငံအနေဖြင့် မိမိတို့ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်နေကြောင်းထုတ်ဖော်ပြောဆိုသည်။", "ယမန်နေ့ နေပြည်တော် ပြုလုပ်သော အကြမ်းဖက်စစ်ကောင်စီ အစည်းအဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။", "နိုဝင်ဘာလဆန်းပိုင်း မဲခေါင်နို...
https://yktnews.com/2022/11/64593/
ကရင်နီစစ်ဘေးရှောင်စခန်းများတွင် သောက်သုံးရေခက်ခဲ
["ရန်ကုန်၊ နိုဝင်ဘာ ၂၀", "အကြမ်းဖက်စစ်တပ်၏ ထိုးစစ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ကရင်နီပြည်သူများ၏ စစ်ဘေးရှောင်စခန်းများတွင် သောက်သုံး ရေ ခက်ခဲမှု များရှိနေပြီး အလှူရှင်တစ်ဦးက သောက်သုံးရေများ လှူဒါန်းချိန် တန်းစီ လက်ခံနေကြရသည့်မြင်ကွင်းများဖြစ်သည်။"]
https://yktnews.com/2022/11/64596/
အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာန အတွင်းဝန်နှင့်အဖွဲ့ စစ်တပ်အထူး လေယာဉ် ဖြင့် နေပြည်တော်သို့ ခိုးကြောင်ခိုးဝှက် လျှို့ဝှက်လာရောက်
["ရန်ကုန်၊ နိုဝင်ဘာ ၂၀", "အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာ ဝန်ကြီးဌာန အတွင်းဝန် Mr. Vinay Mohan Kwatra နှင့်အဖွဲ့သည် အိန္ဒိယစစ်တပ်အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ယနေ့ ခိုးကြောင်ခိုးဝှက် လျှို့ဝှက်လာရောက်ကြောင်း သိရှိရသည်။", "အိန္ဒိယအစိုးရမှ အဆင့်မြင့်အရာရှိ ၁၀ ဦးပါသော အိန္ဒိယ ပြည်ပ ရေးရာ ဝန်ကြီး ဌာန အတွင်းဝန် Mr. Vinay Mohan ...
https://yktnews.com/2022/11/65362/
ကျွန်းလှမြို့နယ်မှ အိမ်ခြေ ၂၀၀ ခန့်ရှိသော ခဝါသည်ကျေးရွာကို စစ်တပ်က ညအချိန်အထိ မီးတင်ရှို့နေ၊ ပြည်သူ ၇၀၀၀ ခန့် ထွက်ပြေးနေရ
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ အိ‌မ်ခြေ၂၀၀ ခန့်ရှိသော ခဝါသည်ရွာကို အကြမ်းဖက်စစ်တပ်က နိုဝင်ဘာလ၂၁ရက် နေ့လယ်ပိုင်းက စတင်ပြီး မီးရှို့ လျက်ရှိရာ ယနေ့ညပိုင်းအထိ ရွာလုံးကျွတ် လောင်ကျွမ်းလျက်ရှိကြောင်း ‌ ဒေသခံများထံမှ သိရသည်။", "အင်အား၃၀၀ခန့်ရှိသော စစ်ကောင်စီတပ်သည် ခဝါသည်ရွာကို မွန်းလွဲ ၃နာရီ မ...
https://yktnews.com/2022/11/65152/
ခင်ဦးမြို့နယ်၊ စောကြီးရွာ၊ သေနပ်စိန်ရွာ၊ မဒေါင်းကြီးရွာ၊ ရွှေကာ ရွာတို့ကို စစ်တပ်က မီးတင်ရှို့ ၊ အသက်ကြီးပိုင်း ပြည်သူ ၂ ဦးကို စစ်တပ်က သတ် ဖြတ်
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ စောကြီးကျေးရွာ၊ သေနပ်စိန်ကျေးရွာ၊ မဒေါင်း ကြီး ကျေးရွာ နှင့် ရွှေကာရွာ တို့ကို စစ်တပ်က ယမန်နေ့ညပိုင်းနှင့် ယနေ့ နံ နက် ပိုင်းတွင် မီးတင်ရှို့လျက်ရှိကြောင်း သိရှိရသည်။", "နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်အချိန် ခင်ဦးမြို့နယ်တွင် လှည့် လည် မီးရှို့နေသော အက...
https://yktnews.com/2024/11/192848/
ချောင်းဦးမြို့အဝင်နှင့် မြင်းမူမြို့နယ်တို့တွင် စစ်ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့အဝင်နှင့်မြင်းမူမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် စစ်ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်းBLDF အညာမိုင်းတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်...
https://yktnews.com/2024/11/192871/
ဒီပဲယင်းတွင် ဆေးဝါး လုံလောက်မှုမရှိ၍ စစ်ဘေးရှောင်ပြည်သူ ၃ ဦးသေဆုံးသွားပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်မှ ၄ လနီးပါးကြာ စစ်ရှောင် လာသည့် ပြည်သူ ၁၀၀ ကျော်အနက်မှ ဆေးဝါး လုံလောက်မှု မရှိ၍ ပြည်သူ ၃ ဦးသေဆုံးသွားခဲ့ပြီး ဆေးဝါးနှင့် စားနပ် ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်းရေဦးအခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကရန်ကုန်ခေတ်သစ်သတင...
https://yktnews.com/2022/11/65165/
မုံရွာတွင် ပျူစောထီးဟု သတ်မှတ်ခံရသူ ၁ ဦးနှင့် ကျိုက်ထိုတွင် စစ်မှု ထမ်း ဟောင်း ၁ ဦးတို့ တိုက်ခိုက်ခံရပြီး သေဆုံး၊ မန္တလေးမြို့တွင် အပြန်အလှန် ပစ် ခတ်မှုဖြစ်
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ၊ ပျူစောထီးကျေးရွာဖြစ်သည့် တောပုရွာမှ ပျူစော ထီး အဖွဲ့ဝင် စန်းစန်းဝင်း တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့ မိတ်ဆက်စျေး၌ ပန်းရောင်း နေသည့် တောပုရွာမှ ပျူစောထီးအဖွဲ့ဝင် စန်းစန်းဝင်းကို Area 71 people defens...
https://yktnews.com/2024/11/192827/
ဆားလင်းကြီးမြို့နယ်တွင် ရဲဘော်မင်းမင်းထက် ကျဆုံးခြင်း ၁နှစ်နှင့် ၁၁လပြည့် ဝမ်းနည်းခြင်း အခမ်းအနားနှင့် စစ်တပ်ကို အလိုမရှိ ဆန္ဒပြ
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ်သပိတ်စစ်ကြောင်းနှင့် ပြည်သူများက နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ရဲဘော်မင်းမင်းထက် (ခ) ဖက်တီး ကျဆုံးခြင်း ၁နှစ်နှင့် ၁၁လပြည့် ဝမ်းနည်းခြင်း အခမ်းအနား ကျင်းပခြင်းနှင့် အကြမ်းဖက်စစ်တပ်၊ မီးရှို့စစ်တပ်ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yk...
https://yktnews.com/2022/11/65384/
ထားဝယ်၊ ပခုက္ကူ၊ မြိုင်၊ မြောင်နှင့် ခင်ဦးတို့တွင် စစ်ကြောင်းများကို PDF က တိုက်ခိုက်မှု စစ်သား ၁၈ ဦးသေဆုံး
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ မကွေးတိုင်း ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်၊ စစ်ကိုင်းတိုင်း မြောင်မြို့နယ်နှင့် ခင်ဦးမြို့နယ်တို့တွင် စစ်ကောင်စီ တပ်သား များကို တိုက်ခိုက်မှု ၁၈ ဦးသေဆုံးကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ထံမှ သိရသည်။", "တနင်္သာရီ ထားဝယ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်က...
https://yktnews.com/2022/11/65064/
လောင်းလုံးတွင် စစ်တပ်က ဆိုင်ကယ်များကို အကြောင်းမဲ့ ပစ်ခတ်သဖြင့် ၁၄ နှစ်အရွယ် မောင်အောင်ဝေယံ အပါအဝင် ၂ ဦး သေဆုံး
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်တွင် ဆိုင်ကယ် စီးနင်းလာသည့် လူငယ်များကို စစ်တပ်က အကြောင်း မဲ့ ပစ်ခတ်သောကြောင့် ၁၄ နှစ်အရွယ် မောင်အောင်ဝေယံ အပါအဝင် လူ ၂ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် လောင်းလုံးမြို့ပေါ် ပြည်သူ့ဆေးရုံကြီး အနီး၌ စစ်ဆေးရေး လုပ်ဆောင်နေသ...
https://yktnews.com/2022/11/65068/
နေပြည်တော်မှ ဒုလက်ထောက် စစ်ရေးနှင့်စစ်ထောက်ချုပ် ဗိုလ်မှူးနေလင်းထွန်း သေဆုံး
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "နေပြည်တော်တွင် ဒုတိယလက်ထောက်၊ စစ်ရေးနှင့်စစ်ထောက်ချုပ် ဗိုလ်မှူးနေလင်းထွန်း သေဆုံးသွားပြီး နိုဝင်ဘာလ ၂၀ ရက်နေ့တွင် သဂြိုလ်ကြောင်း နာရေးဖိတ်စာနှင့် ကျန်ရစ် သူမိသားစုဆက်စပ်နေသူတချို့ထံမှ သိရှိရသည်။", "ဗိုလ်မှူးနေလင်းထွန်းသည် နိုဝင်ဘာလ ၁၈ ရက်နေ့ နေပြည်တော်ကုတင် ၁၀၀၀ စစ် ဆေးရုံတွင် သေဆုံးခဲ့ခြင်းဖ...
https://yktnews.com/2024/11/192816/
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဝန်ကြီးဟောင်း၊ ဗိုလ်မှူးချုပ်ဟောင်းများနှင့် စစ်အရာရှိဟောင်းများ၏ နေအိမ်များကို စည်ပင်ပိုင်မြေ ကျူးကျော်သည်ဟုဆိုကာ စစ်တပ်၊ရဲနှင့်စည်ပင်များက ဝင်ရောက်ဖျက်ဆီး
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဝန်ကြီးဟောင်း၊ ဗိုလ်မှူးချုပ်ဟောင်းများနှင့် စစ်အရာရှိဟောင်းများ၏ နေအိမ်များကို စည်ပင်ပိုင်မြေ ကျူးကျော်သည်ဟုဆိုကာ စစ်တပ်၊ရဲနှင့်စည်ပင်များက ဝင်ရောက်ဖျက်ဆီးနေကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှစ...
https://yktnews.com/2024/11/192861/
နေပြည်တော်၊ ပျဉ်းမနား၊ ခြောက်အိမ်စုရွာတွင် တပ်စွဲထားသော စစ်တပ်ကို KNDOနှင့် PDF ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်မှု ခလရ ၈၄ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံး
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ခြောက်အိမ်စုရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို KNDO၊ PDF ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာ ခလရ ၈၄ တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ကြောင်းKNDO တပ်ခွဲ ၄မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...
https://yktnews.com/2024/11/192864/
ပုတီးကုန်းမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် စုဆောင်းနေသော ရာအိမ်အိမ်မှူး ဌေးလွင် ပစ်ခတ်ခံရပြီးသေဆုံး
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "ပဲခူးတိုင်း၊ ပုတီးကုန်းမြို့နယ်တွင် စစ်တပ်အတွက် စစ်မှုထမ်း တပ်သားသစ်များ စုဆောင်းပေးနေသော ရာအိမ်အိမ်မှူး ဌေးလွင် ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၄ န...
https://yktnews.com/2024/11/192842/
ငဖဲမြို့နယ်တွင် ရခိုင်၊ အမ်းဘက်သို့ စစ်ကူသွားမည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၉ ဦးသေဆုံးပြီး ၁၀ ဦးဝန်းကျင် ဒဏ်ရာရ
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် ရခိုင်၊ အမ်းဘက်သို့ စစ်ကူသွားသည့် စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၉ ဦးသေဆုံးပြီး ၁၀ ဦးဝန်းကျင် ဒဏ်ရာရရှိကြောင်းလူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA- Magway) မှ ပြန်ကြားရေးတာဝန်ခံကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန...
https://yktnews.com/2022/11/65143/
ပေါက်မြို့နယ်၊ ကျွန်းတိုင်ကျေးရွာကို စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့နေ
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရဲစန်းသို့ ရိက္ခာလာပို့သည့် စစ်ကြောင်းကို PDF တပ်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံး ပြီး နောက် စစ်တပ်က အနီးအနားရှိ ကျွန်းတိုင်ကျေးရွာကို ၂ ရက်ဆက်တိုက် မီးရှို့လျက်ရှိ ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လင်္ကျာ က ပြောသည်။", "န...
https://yktnews.com/2024/11/192879/
ပွင့်ဖြူမြို့နယ်၊ ဆင်လူးရွာရှိ စစ်တပ် ဂိတ်နှင့် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံး
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ဆင်လူးရွာကျေးရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်နှင့် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်းမင်းဘူးခရိုင် အမှတ်-၄ တပ်ရင်း (ပွင့်ဖြူမြို့နယ်) မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်မီဒီယာသတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေ...
https://yktnews.com/2022/11/65159/
မြိုင်မြို့နယ်ဗဟင်းရဲစခန်းအနီးရှိ နေအိမ်များနှင့် ဗဟင်းကျေးရွာကို စစ်တပ်က မီးတင်ရှို့နေ
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရဲစခန်းအနီးရှိ နေအိမ်များနှင့် ဗဟင်းကျေးရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်းမှစတင်၍ မီးတင်ရှို့နေကြောင်း PDF သတင်းရင်းမြစ်များနှင့် ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၁၈ ရက်နေ့မှစတင်ပြီး အင်အား ၁၀၀ ဝန်းကျင်ပါသော စစ်ကောင်စီစစ်ကြောင်းသည...
https://yktnews.com/2024/11/192856/
မြင်းခြံမြို့နယ်တွင် ၇ ကြာတိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၃၀ ကျော်သေဆုံးဟုဆို
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ်တောင်ဘက် ၅ မိုင်ခန့်အကွာနေရာ၌ ၇ ကြာတိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၃၆ ဦးသေဆုံးခဲ့ကြောင်းMyingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "နိုဝင်ဘာလ ၁၁ ရက်နေ့မှစ၍ မြင်းခြံမြ...
https://yktnews.com/2024/11/192839/
ကျောက်ဆည်မြို့ပေါ်တွင် လူငယ် ၇၀ ဝန်းကျင် ပေါ်တာဆွဲ ဖမ်းဆီးခံရ ၊ ဒိုက်ဦးနှင့်မကွေးတို့တွင်လည်း လူငယ်များကို စစ်တပ်က ဖမ်းဆီးငွေညှစ်
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ပေါ်တွင် လူငယ် ၇၀ ဦးဝန်းကျင်ကို စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ ကျောက်ဆည်မြို့ပေါ်တွင် စစ်တပ်၊ ရဲနှင့် ...
https://yktnews.com/2022/11/65054/
တံတားဦးလေဆိပ်မှ တိုက်လေယာဉ်များ ပျံတက်သွား၊ မြောက်ဘက်သို့ ဦးတည်နေသဖြင့် ကချင်ဘက်သို့ ဖြစ်ဖွယ်ရှိ
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "မန္တလေးတိုင်း၊ တံတားဦလေးဆိပ်မှ ယနေ့ နံနက်အစောပိုင်းတွင် တိုက် လေယာဉ် များ ပျံတက်နေပြီး မြောက်ဘက်သို့ပျံသန်းသွားပုံရှိသဖြင့် ကချင် ဘက်သို့ ဖြစ်နိုင်ကြောင်း ပြည်သူများက ရန်ကုန် ခေတ်သစ် သတင်း ဌာနထံသို့ သတင်းပေးပို့ကြသည်။", "ယနေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန်မှစ၍ တံတားဦးလေဆိပ်မှ တိုက်လေ ယာဉ် အနည်းဆ...
https://yktnews.com/2024/11/192882/
မတ္တရာတွင် ဗိုလ်မှူး ကျော်ဇေယျ ဦးဆောင်သော ခမရ ၇၀၁ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံးပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိ
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အကြမ်းဖက် စစ်တပ်၏ ခမရ ၇၀၁ တပ်ရင်းမှ ဗိုလ်မှူး ကျော်ဇေယျ ဦးဆောင်သော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်းအမှတ် ၁ စစ်ဒေသ က သတင်းထုတ်ပြန်သည်။", "နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် အမှတ် ၉၁၀ စစ်အင်ဂျင်နီ...
https://yktnews.com/2022/11/65357/
တောင်ကလေးရဲစခန်းကို တက်သိမ်းခဲ့သည့် မဟာမိတ်ပူးပေါင်းတပ်များတွင် ပါဝင်သည့် Lion Battalion Commando စစ်ကြောင်းမှ ရဲဘော်များ
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ တောင်ကလေးရဲစခန်းကို တက်သိမ်းခဲ့ သည့် မဟာမိတ်ပူးပေါင်းတပ်များတွင် Lion Battalion Commando – ဗျူဟာ စစ်ကြောင်းမှ ရဲဘော်များပါဝင်ခဲ့ပြီး တောင်ကလေး ရဲစခန်း၏ ဆိုင်း ဘုတ်ပေါ် တက်၍ ဓာတ်ပုံရိုက်ခံသည့် ပုံများကို ထုတ်ပြန်သည်။", "ယနေ့ နံနက်အစောပိုင်းမှစတင်ပြီး တောင်ကလေး...
https://yktnews.com/2024/11/192802/
ရခိုင်ပြည် ရေပိုင်နက်အတွင်း ကျူးကျော် ဝင်ရောက် ငါးခိုးဖမ်းသည့်ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀ ဦးနှင့် ငါးဖမ်းလှေများကို AA စစ်ဆေးပြီးနောက် ပြန်လည် လွှဲပြောင်း၊ နောက်နောင် ကျူးကျော်ဝင်ရောက်မှုများကို AA ၏ ဥပဒေနှင့်အညီ အရေးယူမည်ဟု သတိပေး
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "ရခိုင်ပြည် ရေပိုင်နက်အတွင်းသို့ ကျူးကျော် ဝင်ရောက် ငါးခိုးဖမ်းသည့်ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀ ဦးကို AA က စစ်ဆေးပြီးနောက် ပြန် လည် လွှဲပြောင်း ပေးလိုက်ကြောင်းAA က သတင်းထုတ်ပြန်သည်။", "နိုဝင်ဘာလ ၅ ရက်နေ့တွင် အာရက္ခရေပိုင်နက်အတွင်းသို ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်...
https://yktnews.com/2022/11/65091/
မင်္ဂလာဒုံတွင် စစ်တပ်က တပ်ပိုင်မြေဟုဆိုကာ ရပ်ကွက် ၅ ခုကို ဖယ်ရှားခိုင်း မှုကြောင့် မြ၀တီ ၁ ရပ်ကွက် မှ ဦးဝင်းဌေး ကိုယ့်ကိုကိုယ် ကြိုးဆွဲချ အဆုံးစီရင်၊ စစ်တပ်ကြောင့် နေစရာမရှိတော့၍ စိတ်ဆင်းရဲကာ အဆုံးစီရင်သွားမှုကို ရဲက သတင်းမဖြန့်ရန် ပိတ်ပင်
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုကို စစ်တပ်က တပ်ပိုင် မြေ ကျူးကျော်သည်ဟုဆိုကာ ဖျက် သိမ်းခိုင်းနေသည့် ရပ်ကွက် ၅ ခု၊ အိမ်ခြေ ၁၀၀၀၀ နီးပါးတွင် ပါဝင်နေသည့်အတွက် ပြည်သူတစ်ဦးက စိတ်ဆင်းရဲပြီး မိမိကိုယ်ကိုကိုယ် ကြိုးဆွဲချ၍ အဆုံးစီရင်သွားကြောင်း သိရှိရသည်။", "စစ်တပ်က ရပ်ကွက် ၅ ခ...
https://yktnews.com/2022/11/65404/
မှော်ဘီလေတပ်မှ တိုက်လေယာဉ် ၃ စီး ပျံတက်သွားပြီး ကရင်ပြည်နယ်ဘက်သို့ အထူးစစ်ဆင်ရေး တက်သွားဟုဆို
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်မှ တိုက်လေယာဉ် ၃ စီး ပျံတက်သွားပြီး ကရင်ပြည်နယ်ဘက်သို့ ဦး တည်နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။", "နိုဝင်ဘာလ ၂၁ ရက်နေ့ ည ၁၁ နာရီ ၃၀ အချိန်တွင် မှော်ဘီလေတပ်မှ တိုက်လေယာဉ် ၃ စီး ရှေ့ဆင့် နောက် ဆင့် ပျံတက်သွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်...
https://yktnews.com/2022/11/65135/
သာကေတတွင် ကုန်စုံဆိုင် အနုကြမ်းစီးခံရပြီး အသက် ၆၀ အရွယ်ရှိ ဆိုင်ရှင် ဒေါ်ချောချာကို ဓားဖြင့် ထိုးသတ်ကာ ရွှေ၊ ငွေများ လုယက်သွား
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၄ တောင်ရပ်ကွက်၊ အောင်မေတ္တာလမ်းရှိ ချောရတနာကုန်စုံဆိုင်တွင် ယနေ့ နံနက်ပိုင်း အနုကြမ်းစီးမှု ဖြစ်ပွားပြီး ဆိုင် ပိုင် ရှင်ဖြစ်သူ အသက် ၆၀ နှစ်အရွယ် ဒေါ်ချောချောကို ဓားဖြင့် ထိုး သတ် သွား ကြောင်း သိရှိရသည်။", "နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၇ နာရီအချိန် သာကေတ မြို့နယ် ၄/တ...
https://yktnews.com/2022/11/65401/
တောင်ဥက္ကလာတွင် စစ်တပ်တပ်စွဲထားသော မီးသတ်စခန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးထိခိုက်နိုင်၊ အင်းစိန်၊ လှိုင်၊ မရမ်းကုန်းနှင့်တောင်ဒဂုံတို့တွင် ဗုံးပေါက်သံနှင့်ပစ်ခတ်သံများကြားရ
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "ရန်ကုန်၊ တောင်ဥက္ကလာမြို့နယ်၊ မေတ္တာလမ်းပေါ်ရှိ မီးသတ်စခန်းမှ စစ်ကောင်စီ တပ်သားများ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီအချိန် မေတ္တာလမ်းပေါ်ရှိ မီးသတ်စခန်းမှ လူများက စစ်ယူနီ ဖောင်းလဲပြီး ပြည်သူများအပေါ် အကြမ်းဖက်စစ်ဆေးမှုများ ပြုလုပ်နေစဥ် အဝေးထိန်း ဗုံးဖြင်...
https://yktnews.com/2024/11/192803/
နောင်ချိုနှင့် ရေစကြိုမြို့နယ်တို့ကို စစ်ကောင်စီက စစ်လေယာဉ်များဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "အကြမ်းဖက် စစ်ကောင်စီက နောင်ချိုမြို့နယ်နှင့် ရေစကြိုမြို့နယ်တို့ကို ယနေ့ နံနက်အစောပိုင်း စစ်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "TNLAက သိမ်းပိုက်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်သို့ နိုဝင်ဘာလ ၂၁ ...
https://yktnews.com/2024/11/192810/
စစ်ကောင်စီက ဆုံးရှုံးသွားသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် စစ်တပ်ဒကစနှင့် ဗျူဟာဌာနများ၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်း ပုံအတိုင်း ပြင်ဆင်ဖွဲ့စည်း၊ နယ်မြေများ ပြန်သိမ်းပိုက်ပြီးပါက ချက်ချင်းအစားထိုးနိုင်ရေး အသင့်ပြင်ထားရန် ညွှန်ကြား
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "အကြမ်းဖက်စစ်ကောင်စီက ဆုံးရှုံးသွားသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် စစ်တပ်ဗျူဟာယန္တရား၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ယန္တရားများကို ဖွဲ့စည်းပုံအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး နယ်မြေများ ပြန်သိမ်းပိုက်ပြီးပါက ချက်ချင်းအစားထိုးနိုင်ရေး အသင့်ပြင်ထားရန် ညွှန်ကြားထားကြောင်းသိရှိရသည်။", "အကြမ်း...
https://yktnews.com/2022/11/65343/
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းတွင် ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိ ငလျင် လှုပ်ခတ်မှု လူ ၅၆ ဦးသေဆုံးပြီး ၇၀၀ ဒဏ်ရာရ
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းတွင် ယနေ့ ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် လူ ၅၀ ကျော် သေဆုံးပြီး ၇၀၀ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။။", "အနောက်ဂျာဗားပြည်နယ်အုပ်ချုပ်ရေးမှူး Ridwan Kamil က ငလျင်ကြောင့် သေဆုံးသူ ၅၆ ဦးရှိကြောင်း အတည်ပြုခဲ့ပြီး ငလျင်ဗဟိုချက်မှာ မြို့တော် ဂျ...
https://yktnews.com/2022/11/65101/
အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့တွင် “မသောက်မိသော မိုးခါးရေ” ဇာတ်ကား ဆက် လက်ပြသနေပြီး ရုံအပြည့် ကြည့်ရှုသူများပြား
["ရန်ကုန်၊ နိုဝင်ဘာ ၂၁", "အင်္ဂလန်နိုင်ငံ Manchester မြို့တွင် “မသောက်မိသောမိုးခါးရေ” တော်လှန် ရေး ရန်ပုံငွေ ဇာတ်ကားကို ဆက်လက် ပြသနေပြီး ရုံပြည့်ရုံလျှံဖြင့် ကြည့်ရှု သူ များပြားလျက်ရှိကြောင်း သိရှိရသည်။", "အဆိုပါ ရုပ်ရှင်ပြပွဲကို NUG အမျိုးသားညီညွတ်ရေး အစိုးရ စီးပွားရေးနှင့် ကူး သန်း ရောင်းဝယ်ရေး ပြည်ထောင်စု ဝန်ကြီး ဒ...
https://yktnews.com/2024/11/192941/
ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး အပါအဝင် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိပြီး လက်နက် ၁၀၀ ကျော်နှင့် ဒရုန်းများပါ သိမ်းပိုက်ရရှိ၊ KIA က အလံတင်ပြီးနောက် တရုတ်က နယ်စပ်ဂိတ်ကို ပိတ်ထား
["ရန်ကုန်၊ နိုဝင်ဘာ ၂၂", "ကချင်ပြည်နယ်၊ တရုတ်-မြန်မာနယ်စပ်ရှိ ကန်ပိုက်တီမြို့ကို KIA က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး အပါအဝင် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိပြီး လက်နက် ၁၀၀ကျော်နှင့် ဒရုန်းများပါ သိမ်းပိုက်ရရှိကြောင်းKIA သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၀ ရက်နေ့ ကန်ပိုက...
https://yktnews.com/2022/11/65498/
KNU တပ်မဟာ ၆ နယ်မြေရှိ သတ္တုတူးဖော်ရေး လုပ်ငန်းများရှိရာ မိုင်းလုပ် ကွက် များကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ညအချိန်မတော် ဗုံးကျဲ
["ရန်ကုန်၊ နိုဝင်ဘာ ၂၂", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားဆူမြို့၊ KNU တပ်မဟာ ၆ နယ်မြေရှိ သတ္တုတူးဖော်ရေး လုပ်ငန်းများရှိရာ မိုင်းလုပ်ကွက်များကို စစ်တပ် က ယမန်နေ့ညပိုင်း လေယာဉ်ဖြင့် ညအချိန်မတော် ဗုံးကျဲသွားကြောင်း KNU သတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။", "နိုဝင်ဘာလ ၂၁ ရက်နေ့ ည ၁၂ နာရီအချိန်တွင် မှော်ဘီလေတ...
https://yktnews.com/2022/11/65416/
KNU တပ်မဟာ ၅ နယ်မြေရှိ ဖာပွန်ရဲစခန်း၊ လယ်တိုးစခန်း၊ ကော်သွေးကျိုးစခန်းများ ကို KNLA တပ်က ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး
["ရန်ကုန်၊ နိုဝင်ဘာ ၂၂", "ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ ဖာပွန်ရဲစခန်း၊ စစ်တပ်လယ်တိုးစခန်း၊ ကော်သွေးကျိုးစခန်းများ ကို KNLA တပ်က ဝင်ရောက်တိုက်ခိုက်ကြောင်း KNU-Mutraw Newsက သတင်းထုတ်ပြန်သည်။", "နိုဝင်ဘာလ ၁၉ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၂၀ မိနစ် အချိန် KNLA-ကရင် အမျိုးသား လွတ်မြောက် ရေးတပ်မတော်၊ အမှတ် ၅ တ...
https://yktnews.com/2022/11/65801/
စစ်ကိုင်းတိုင်းမှ PDF များကို အသိဉာဏ်မဲ့သူများဟု ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီပြော၊ မျက်ရည်ကိုသုတ် ဓားကိုဆုပ် ရှေ့တိုးရင်ဆိုင်ရန် ပါတီဝင်များကို စေခိုင်း
["ရန်ကုန်၊ နိုဝင်ဘာ ၂၂", "စစ်ကိုင်းတိုင်းမှ PDF များသည် အသိဉာဏ်မဲ့လူငယ်များဖြစ်‌ပြီး ကြံ့ဖွတ် ပါတီ ဝင် များအနေဖြင့် မျက်ရည်ကိုသုတ် ဓားကိုဆုပ် ရှေ့တိုးရင်ဆိုင်ရန် ကြံ့ဖွတ် ဥက္ကဋ္ဌ ခင်ရီက ပါတီဝင်များကို မှာကြားသည်။", "နိုဝင်ဘာလ ၂၁ ရက်နေ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ ကြံ့ဖွတ်ပါတီဝင်များနှင့် တွေ့ ဆုံ စဉ် ထိုသို့ ပြောဆို...
https://yktnews.com/2024/11/192939/
ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်း တိုက်နယ် ဆေးရုံကို စစ်တပ်က ဝင်ရောက် စီးနင်း တပ်စွဲပြီးနောက် စစ်လေယာဉ်ဖြင့် ဗုံးကျဲနေ၍ ပြည်သူ ထောင်ချီ ထွက်ပြေးနေရ
["ရန်ကုန်၊ နိုဝင်ဘာ ၂၂", "စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်း တိုက်နယ် ဆေးရုံကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီးနောက် တပ်စွဲထားကာ ကုက္ကိုကုန်းကျေးရွာအနီးကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်လာသဖြင့် ကျေးရွာ ၅ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်းဒေသတွင်း စစ်ရေး သတင်းရင်းမြစ်များ...
https://yktnews.com/2024/11/192992/
မုံရွာမြို့နယ်ရှိ ကျေးရွာ ၂ ရွာ ဝင်ရောက်စီးနင်းခံရပြီးနောက် စစ်တပ်က ပြည်သူ ၂၀ ကျော်ထက်မနည်းကို ဖမ်းဆီးသွားသည့်အပြင် နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးခဲ့
["ရန်ကုန်၊ နိုဝင်ဘာ ၂၂", "စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြီးအုပ်ရွာနှင့် ဘန်စီရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးသွားကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၁၉ ရက်နေ့ မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်...
https://yktnews.com/2024/11/192973/
ရွှေဘိုနှင့် မတ္တရာမြို့နယ်တို့တွင် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းနှင့် စစ်ကြောင်းထိုးလာခြင်းတို့ကြောင့် ညအချိန် ပြည်သူများ ထွက်ပြေးတိမ်းရှောင်ရ
["ရန်ကုန်၊ နိုဝင်ဘာ ၂၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် ညအချိန် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ဒုတိယအပတ်တွင် စစ်ကောင်စီတပ်များက ရွှေဘိုမြို့ ၊ မင်းကုန်းဘုန်းကြီးကျောင်းတွင် အ...
https://yktnews.com/2023/11/132526/
ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို စားသောက်ကုန် ပစ္စည်းများ လှူဒါန်း
["ရန်ကုန်၊ နိုဝင်ဘာ ၂၂", "ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲ၊ ငပိဗူး၊ ငါးသေတ္တာနှင့် စားသောက်ကုန်ပစ္စည်းများ လှူဒါန်ပေးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/11/192999/
မြိတ်မြို့နယ်၊ တုံးဗျောရွာတွင် စျေးသည် ၁ ဦးနှင့် ပြည်သူ ၁ ဦးကို စစ်တပ်က အကြောင်းမဲ့ ပစ်သတ်
["ရန်ကုန်၊ နိုဝင်ဘာ ၂၂", "တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တုံးဗျောရွာတွင် ဆိုင်ကယ်ဖြင့် ဈေးလိုက်ရောင်းသည့် စျေးသည် ၁ ဦးနှင့် ဈေးဝယ်ထွက်သည့် ပြည်သူ ၁ ဦးကို စစ်တပ်က အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်းတနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပ...
https://yktnews.com/2024/11/192985/
ဆိပ်ဖြူမြို့အနီး စစ်တပ်စစ်ဆေးရေးဂိတ်နှင့် မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
["ရန်ကုန်၊ နိုဝင်ဘာ ၂၂", "မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့အနီးရှိ အကြမ်းဖက်စစ်တပ် ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မကွေးတိုင်းပကဖ ရွေ့လျားစစ်ကြောင်းYenanthar Column မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ဝေဝ နာရီ ၂၀ မိနစ်အချိန်တွင်...
https://yktnews.com/2024/11/192962/
ပေါက်မြို့နယ်တွင် ပျူစောထီး ၃ ဦးအရှင်ဖမ်းမိပြီး စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရ
["ရန်ကုန်၊ နိုဝင်ဘာ ၂၂", "မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ပျူစောထီး ၃ ဦးအရှင်ဖမ်းမိခဲ့ပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်းပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။", "နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန...
https://yktnews.com/2022/11/65834/
ပေါက်မြို့နယ်ရှိ စသိန်းရွာ နှင့် ဂွေးဂုဏ်ရွာကို စစ်တပ်က ညအချိန်မတော် မီးတင်ရှို့နေ
["ရန်ကုန်၊ နိုဝင်ဘာ ၂၂", "မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ဂွေးဂုဏ်နှင့် စသိန်းရွာကို စစ်တပ်က ယနေ့ ည ပိုင်း မီးရှို့ဖျက်ဆီး နေကြောင်း ပေါက်မြို့နယ် မြောက်ပိုင်း ကျေးလက်ဒေသ ပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။", "ပေါက်ဒေသသတင်းရင်းမြစ်များ၏ အဆိုအရ ပေါက်မြို့နယ်အတွင်း ဝင် ရောက် နေသည့် စစ်ကြောင်း က ပေါက်မြို့နယ်၊ မြောက်ပိုင်း စသိန်...
https://yktnews.com/2022/11/65505/
မြိုင်မြို့နယ်၊ ဗဟင်း ရဲစခန်းကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ရဲများ နှင့် မိသားစု ဝင်များကို ခေါ်ဆောင်ကာ စခန်း စွန့်ခွာသွား၊ လေဖြတ် နေ သည့် ရဲဒုတပ်ကြပ် ဝင်းကိုကိုအောင်ကို ငွေ ၁၀၀၀၀ ဖြင့် ချန်ထားခဲ့မှု PDF က ပြန်စောင့် ရှောက် ထားရ
["ရန်ကုန်၊ နိုဝင်ဘာ ၂၂", "မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်း ရဲစခန်းကို အကြမ်းဖက် စစ်ကောင်စီ တပ် သား များက မီးပြန်ရှို့ပြီး စခန်းမှ စွန့်ခွာသွားကြောင်း မြိုင်ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့နှင့်ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။", "နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ပိုင်းတွင် ဗဟင်း ရဲစခန်းမှ စစ်သားနှင့်ရဲများက ရဲစခန်းကို မီးရှို့ဖျ...
https://yktnews.com/2022/11/65586/
မြိုင်၊ ဗဟင်းရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၅၂ လုံးပြာကျပြီး ကားနှင့် ဆိုင်ကယ်များလည်း မီးရှို့ဖျက်ဆီးခံရ
["ရန်ကုန်၊ နိုဝင်ဘာ ၂၂", "မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးမှုကြောင့် နေအိမ် ၅၂ လုံး ပြာကျခဲ့ကြောင်း မြိုင်မြို့ နွေဦးတော်လှန်ရေး အဖွဲ့ထံမှ သိရသည်။", "နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ပိုင်းတွင် ဗဟင်း ရဲစခန်းမှ စစ်သားနှင့်ရဲများက ရဲစခန်းကို မီးရှို့ဖျက်ဆီးပြီးနောက် ညနေပိုင်းတွင် က...
https://yktnews.com/2022/11/65454/
ချမ်းမြသာစည်မြို့နယ်မှ အိမ်ခြေ ၅၀၀၀ ခန့်ကို ကျူးကျော်ဟုဆိုကာ ညတွင်းချင်းဖျက်ခိုင်း၊ ပြည်ကြီးတံခွန်တွင်လည်း လူနေအိမ်များကို ဖျက်ဆီးနေ
["ရန်ကုန်၊ နိုဝင်ဘာ ၂၂", "မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှ အိမ်ခြေ ၅၀၀၀ ခန့်ကို ကျူးကျော်ဟုဆိုကာ စစ်တပ်က ယမန်နေ့ညတွင်းချင်းဖျက်ခိုင်း နေသဖြင့် ပြည်သူများ ဒုက္ခရောက်နေကြကြောင်း သိရှိရသည်။", "နိုဝင်ဘာလ ၂၁ ရက်နေ့ညပိုင်းတွင် ချမ်းမြသာစည်မြို့သစ် သိုးခြံရထားသံလမ်းဘေးတစ်လျှောက်တွင်နေထိုင်နေသော အိမ်ခြေ ၅ထောင်နီးပါးကို ညတ...
https://yktnews.com/2024/11/192982/
မတ္တရာမြို့နယ်၊ စိန်ပန်းကုန်းကျွန်းရွာနှင့် သဲကျွန်းရွာ အနီးကို စစ်တပ်က လေယာဉ်ဖြင့် ဓာတု အဆိပ်ဗုံးများ အပါအဝင် ဗုံး ၁၁ လုံးကျဲချ တိုက်ခိုက်မှု ပြည်သူ ၈၀ ကျော် မူးမေ့လဲကျပြီး သတိလစ်နေ
["ရန်ကုန်၊ နိုဝင်ဘာ ၂၂", "မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စိန်ပန်းကုန်းကျွန်းရွာနှင့် သဲကျွန်းရွာ အနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဓာတု အဆိပ်ဗုံးများ အပါအဝင် ဗုံး ၁၁ လုံးကျဲချ တိုက်ခိုက်မှု ပြည်သူ ၈၀ ကျော် မူးမေ့လဲကျပြီး သတိလစ်နေကြောင်းVoice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသ...
https://yktnews.com/2022/11/65457/
သာကေတတွင် အသတ်ခံရသူ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ချောချော ကြံ့ဖွတ်ပါတီ အမှုဆောင် ဖြစ်ပြီး အနုကြမ်းစီးခံရမှု မဟုတ်မှန် ၊ ပခုက္ကူတွင် အုပ်ချုပ်ရေးမှူး မြင့်သိန်း ပစ်ခတ်ခံရပြီးသေဆုံး
["ရန်ကုန်၊ နိုဝင်ဘာ ၂၂", "ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ယမန်နေ့ အသတ်ခံရသူ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ချောချောသည် စစ်တပ်အတွက်အလုပ်လုပ်နေသည့် ကြံ့ဖွတ်တာဝန်ခံဖြစ်ပြီး နေအိမ် အနုကြမ်းစီးခံရမှုမဟုတ်ကြောင်း ဒေသခံများ၊ ကြံ့ဖွတ်ပါတီနှင့်နီးစပ်သူများထံမှ သိရှိရသည်။", "နိုဝင်ဘာလ ၂၁ ရက်နေ့နံနက်ပိုင်း သာကေတမြို့နယ်၊ ၄ တောင်ရပ်ကွ...
https://yktnews.com/2024/11/192940/
တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်
["ရန်ကုန်၊ နိုဝင်ဘာ ၂၂", "ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် အမှတ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်းမြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "နိုဝင်ဘာလ ၂၁ ရက်နေ့ ည ၉ နာ...
https://yktnews.com/2024/11/192956/
နောင်ချိုတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိ၊ နိုဝင်ဘာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချိုတွင် ပြည်သူ ၁၇ ဦးသေဆုံး
["ရန်ကုန်၊ နိုဝင်ဘာ ၂၂", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကြောင်းTNLA က သတင်းထုတ်ပြန်သည်။", "နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ၃ နာရီအချိန်တွင် စစ်ကောင်စီတပ်က ကုန်းကြီးကျေးရွာသို ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကြဲချရာ ဘုန်းကြီး ကျောင်းအတွင်း ကျ...
https://yktnews.com/2024/11/192951/
ပုသိမ်၊ ကြက်ပေါင်ရွာတွင် စစ်မှုထမ်းရန် တပ်သားသစ် စုဆောင်းမပေးနိုင်သော အုပ်ချုပ်ရေးမှူးကို ဖြုတ်ချပြီး ကြံ့ဖွတ် ပါတီဝင် မောင်ဌေးကို အစားထိုးခန့်အပ်၊ စစ်တပ်က မြို့တွင် ပေါ်တာဆွဲဖမ်းနေ
["ရန်ကုန်၊ နိုဝင်ဘာ ၂၂", "ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ၊ ကြက်ပေါင်ရွာတွင် အကြမ်းဖက် စစ်တပ်အတွက် လူစုဆောင်းပေးနိုင်ခြင်းမရှိသော အုပ်ချုပ်ရေးမှူးကို ဖြုတ်ချပြီး လောင်းကစားဒိုင်၊ အမှုပွဲစား ကြံ့ဖွတ် ပါတီဝင် မောင်ဌေးကို ခန့်အပ်လိုက်ကြောင်းပုသိမ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။",...
https://yktnews.com/2022/11/66228/
ခင်ဦး-ကန့်ဘလူ – ရေဦးမြို့နယ် အစပ်တွင် ရွာမီးရှို့နေသော စစ်တပ် စစ် ကြောင်း ကို PDF တပ်ပေါင်းစုများက တိုက်ခိုက်မှု စစ်သား ၄၀ ဦးခန့် သေ ဆုံးနိုင်
["ရန်ကုန်၊ နိုဝင်ဘာ ၂၃", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကျေးရွာများကို မီးရှို့ထွက်လာသော စစ်တပ် စစ်ကြောင်းကို ခင်ဦးမြို့နယ်-ကန့်ဘလူမြို့နယ်နှင့် ရေဦး မြို့နယ်အစပ် တွင် PDF တပ်ပေါင်းစုများက စုပေါင်း တိုက် ခိုက်ခဲ့ရာ စစ်သား ၄၀ ဦးခန့် သေဆုံးနိုင်ကြောင်း HERO ARMY-KHIN U အဖွဲ့က သတင်းထုတ်ပြန်သည်။", "နိုဝင်ဘာလ ၂၃ ရက်...
https://yktnews.com/2022/11/65865/
တန့်ဆည်မြို့နယ်၊ နနွင်းတောရွာနှင့် ခင်ဦးမြို့နယ်၊ ဖို့ကုန်းကျေးရွာကို စစ် တပ်က ယနေ့နံနက်ပိုင်း မီးတင်ရှို့နေ
["ရန်ကုန်၊ နိုဝင်ဘာ ၂၃", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ နနွင်းတောရွာကို နိုဝင်ဘာလ၂၃ ရက်နေ့ နံ နက် ၇ နာရီ ၁၅ မိနစ်အချိန်တွင် စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး နေအိမ်များ မီးလောင်ကျွမ်းနေကြောင်း ဒေသခံများထံမှ သိရသည်။", "အင်အား၂၀၀ကျော်ရှိသော စစ်ကောင်စီစစ်ကြောင်းက နိုဝင်ဘာလ ၂၁ ရက်နေ့ မှ စ၍ နနွင်းတောရွာကို တပ်စွဲနေပြီး နိုဝ...
https://yktnews.com/2022/11/66032/
မုံရွာတွင် ပျူစောထီး ဟု သတ်မှတ်ခံရသည့် လင်မယား ဖမ်းဆီး စစ်ဆေးခံရ စဥ် သေဆုံး၊ မြစ်ငယ်မြို့ တွင် စစ်တပ် သတင်းပေးဟု သတ် မှတ် ခံရသူ ၁ ဦး သေဆုံး
["ရန်ကုန်၊ နိုဝင်ဘာ ၂၃", "စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပုရစ်ကုန်းတောင်ရွာတွင် နေထိုင်သည့် ပျူစောထီး လင်းမယားကို PDF တပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေစဥ် ရေသီးပြီး သေဆုံး သွား ကြောင်း Area 71 people defense force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော ဆိုသည်။", "နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ပုရစ်ကုန်း တောင်ရွ...
https://yktnews.com/2022/11/65887/
ရေဖြူမြို့နယ်တွင် ရဲထောက်လှမ်းရေး ၁ ဦးနှင့် အငြိမ်းစား ရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ရန်ကုန်၊ နိုဝင်ဘာ ၂၃", "တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် ရဲထောက်လှမ်းရေး ၁ ဦးနှင့် အငြိမ်းစား ရဲ ၁ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။", "ရေဖြူမြို့နယ်အတွင်း၌ နိုဝင်ဘာလ ၁၈ ရက်နေ့ ညပိုင်းက ရဲထောက်လှမ်းရေး တစ်ဦးဖြစ်သည့် လင်းအောင်ကို တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြ...
https://yktnews.com/2022/11/66222/
ရွှေကျင်မြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က ရပ်ကွက် ၂ ခုနှင့် ရွာ ၁ ရွာ၌ နေထိုင်သော ပြည်သူများကို ဖယ်ရှားခိုင်း
["ရန်ကုန်၊ နိုဝင်ဘာ ၂၃", "ပဲခူးတိုင်း၊ ရွှေကျင်မြို့ပေါ်ရှိ ရပ်ကွက် ၂ ခုနှင့် ရွာ ၁ ရွာကို အကြမ်းဖက် စစ်တပ်က ဖယ်ရှားခိုင်းကြောင်း ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံး ဗဟိုထံမှ သိရသည်။", "အကြမ်းဖက် စစ်တပ်သည် ကေအဲန်ယူ−ကရင် အမျိုးသား အစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ညောင်လေးပင် ခရိုင် တပ်မဟာ (၃) နယ်မြေရှိ ရွှေကျင်မြို့စ...
https://yktnews.com/2022/11/65877/
ပေါက်မြို့နယ်ရှိ စသိန်းရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်းတွင်လည်း မီးတင်ရှို့ခဲ့ပြီး ရွာလုံးကျွတ်ပြာကျ၊ ညောင်ရင်းရွာကိုလည်း မီးစရှို့နေ
["ရန်ကုန်၊ နိုဝင်ဘာ ၂၃", "မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စသိန်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်းတွင်လည်း ထပ်မံ မီးရှို့ဖျက်ဆီးနေပြီး ရွာလုံးကျွတ် ပြာကျသွားကြောင်း ပေါက်မြို့နယ် မြောက်ပိုင်း ကျေးလက်ဒေသ ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်ခန့်မှ စတင်ကာ အကြမ်း...
https://yktnews.com/2022/11/66161/
ပေါက်မြို့နယ်၊ စသိန်းကျေးရွာကို မီးရှို့လာသော စစ်ကြောင်း နှင့် ဗဟင်းရွာကို မီးရှို့ဆုတ်ခွာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံး
["ရန်ကုန်၊ နိုဝင်ဘာ ၂၃", "မကွေးတိုင်း၊ ပေါက်မြို့နယ်၊ စသိန်းကျေးရွာကို မီးရှို့လာသော စစ်ကြောင်းကို ယနေ့ နံနက်ပိုင်းတွင် PDF တပ်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၆ ဦး သေ ဆုံးကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ခေါင်းဆောင် ဗိုလ် လင်္ကျာ ကပြောသည်။", "ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် စသိန်းကျေးရွာကို မီးရှို့ထ...
https://yktnews.com/2022/11/66076/
မြိုင်တွင် ပျူစောထီး ၂ ဦးက လက်နက် ၃ လက်နှင့်ခဲယမ်းများ ယူဆောင်ကာ အလင်းဝင်
["ရန်ကုန်၊ နိုဝင်ဘာ ၂၃", "မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပျူစောထီး ၂ ဦးက လက်နက် ၃ လက်နှင့် ခဲယမ်း များ ယူဆောင် အလင်းဝင် လာ ကြောင်း မြိုင်ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့မှ ဗိုလ်င်္ကျာက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။", "မြိုင်မြို့နယ်မှ ပျူစောထီးများဖြစ်ကြသည့် ကံလှကျေးရွာမှ ဖိုးချစ်နှင့် မရွေး ကုန်းကျေးရွာမှ ခိုင...
https://yktnews.com/2022/11/66133/
ရေးဘီလူးတပ်ဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရေးမြို့နယ် ရဲစခန်းမှူး ဒုရဲမှူး လှဌေးနှင့် တပ်ကြပ်ကြီး ဗဟိန်းတို့ သေဆုံး၊ အလောင်းမီးရှို့ခံထားရဟု ရဲကြေးနန်းတွင်ဖော်ပြ
["ရန်ကုန်၊ နိုဝင်ဘာ ၂၃", "မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ရေးဘီလူးတပ်ဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရေးမြို့နယ် ရဲစခန်းမှူး ဒုရဲမှူး လှဌေးနှင့် တပ်ကြပ်ကြီး ဗဟိန်းတို့ သေဆုံး၊ အလောင်းမီးရှို့ခံထားရဟု ရဲကြေးနန်းတွင်ဖော်ပြထားသည်။", "ရေးမြို့နယ် မြို့မရဲစခန်းမှ ရဲစခန်းမှူး ဒုရဲမှူး လှဌေးလိုက်ပါသော YGN/2N-2426 နံပါတ် ပါဂျဲရိ...
https://yktnews.com/2022/11/65869/
Breaking News- ရေးဘီလူးအဖွဲ့၏ ဝင်ရောက်ပစ်ခတ်မှုကြောင့် ရေးမြို့မ ရဲစခန်းမှူး အပါအဝင် ရဲ ၃ ဦးကို သေဆုံး၊ M 16 သေနတ် ၁ လက် ရရှိ
["ရန်ကုန်၊ နိုဝင်ဘာ ၂၃", "မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ရေးဘီလူးအဖွဲ့၏ ဝင်ရောက်ပစ်ခတ်မှုကြောင့် ရေးမြို့မရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲ ၃ ဦးကို သေဆုံးပြီး M 16 သေနတ် ၁ လက် ရရှိကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၂၀ အချိန် ရေးမြို့မ ရဲစခန်းမှ စခ...
https://yktnews.com/2022/11/66212/
စမ်းချောင်း၊ ဗဟိုလမ်း ၊ မြိတ်ကတ်ကြေးကိုက်ဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပြီး လူတစ်ဦး ဒဏ်ရာအပြင်းအထန်ရ ၊ အသက်ရှင်ရန် အခွင့်အလမ်းနည်းပါး
["ရန်ကုန်၊ နိုဝင်ဘာ ၂၃", "ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်း ၊ မြိတ်ကတ်ကြေးကိုက်ဆိုင်တွင် ယနေ့ ညပိုင်း ပေါက်ကွဲမှုဖြစ်ပြီး စမ်းချောင်းဒေသခံတစ်ဦး ခြေထောက်ပြတ် ဒဏ်ရာအပြင်းအထန်ရရှိကာ အသက်အန္တရာယ်အလွန်စိုးရိမ်ရကြောင်း စမ်း ချောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၃ ရက်နေ့ ည ၇ နာရီ...
https://yktnews.com/2022/11/65851/
မင်္ဂလာဒုံတွင် တပ်ပိုင်မြေဟုဆိုကာ ပြောင်းရွှေ့ခိုင်းမှုကြောင့် အိုးအိမ်မဲ့သွားရသည့် ပြည်သူတချို့ လမ်းဘေးတွင် ဖြစ်သလို တဲထိုးနေရ
["ရန်ကုန်၊ နိုဝင်ဘာ ၂၃", "ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုကို တပ်ပိုင် မြေ ကျူးကျော် သည်ဟု ဆိုကာ ရပ်ကွက် ၅ ခု၊ အိမ်ခြေ ၁၀၀၀၀ နီးပါးကို နိုဝင်ဘာလ ၂၂ ရက်နေ့ နောက်ဆုံးထား ဖျက် သိမ်းခိုင်း ထားခဲ့ရာ ပြည်သူတချို့မှ စတင် ပြောင်းရွှေ့မှုများ ရှိနေပြီး တချို့ပြည်သူများမှာမူ ပြောင်းရွှေ့မှု မရှိကြောင်း သ...
https://yktnews.com/2022/11/65921/
မှော်ဘီ၊ သဲဖြူရွာအနီး အမှတ် ၄ လမ်းမကြီး စစ်ဆေးရေးဂိတ်ကို မိုင်းဆွဲ တိုက်ခိုက်၊ အင်းစိန်နှင့်မရမ်းကုန်းတို့တွင် ဗုံးပေါက်ကွဲမှုနှင့်ပစ်ခတ်သံများ ထွက်ပေါ်
["ရန်ကုန်၊ နိုဝင်ဘာ ၂၃", "ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှော်ဘီမြို့နယ် သဲဖြူကျေးရွာအနီး အမှတ် ၄ လမ်းမ ပေါ်ရှိ စစ်ဆေးရေးဂိတ်ကို ယနေ့နံနက်ပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက် ခဲ့ကြောင်း Yangon Urban Guerrilla Army(YUGA MO-7 Eagles)မှ တာဝန်ခံ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။", "ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၂...
https://yktnews.com/2022/11/65860/
တပ်မတော်(လေ) ၇၅ နှစ်မြောက် စိန်ရတုပွဲကို မင်းအောင်လှိုင် တက်ရောက်ပြီး ရုရှား Su-30 တိုက်လေယာဉ် များနှင့် တရုတ် FTC 2000 G တိုက်လေယာဉ်သစ်များ ထုတ်ကြွားမည်
["ရန်ကုန်၊ နိုဝင်ဘာ ၂၃", "အကြမ်းဖက်စစ်ကောင်စီက လာမည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ ကျရောက်မည့် တပ်မတော်(လေ) ၇၅ နှစ်မြောက် စိန်ရတု နှစ်ပတ်လည်နေ့တွင် ရုရှား Su-30 တိုက်လေယာဉ်များနှင့် တရုတ် FTC 2000 G တိုက်လေယာဉ်များ ထုတ်ပြ တပ်တော်ဝင်မည်ဖြစ်ကြောင်း လေတပ်သတင်းအရင်းမြစ်များထံမှ သိရှိရသည်။", "စိန်ရတု ၇၅ နှစ်မြောက် လေတပ် နှစ်ပတ်လည်နေ့...
https://yktnews.com/2022/11/66338/
ဖားကန့်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူ ၁ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာ၊ ရေစကြိုတွင်လည်း စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးဒဏ်ရာရ
["ရန်ကုန်၊ နိုဝင်ဘာ ၂၄", "ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကော်ဆန်မှော်ဘက်တွင် စစ်တပ်က လက် နက် ကြီးများဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁၀ ဦးထက် မနည်း ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၃ ရက်နေ့ ဖားကန့်မြို့နယ်၊ကောင်ဆန်မှော်အနီး တောင်ကော် ကျေးရွာဘက်သို့ စစ်တပ်က ...
https://yktnews.com/2022/11/66466/
မြ၀တီ ၊ မုံရွာ၊ ထားဝယ်နှင့် မြင်းခြံတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီ တပ် ဘက်မှ ၁၇ ဦးသေဆုံး
["ရန်ကုန်၊ နိုဝင်ဘာ ၂၄", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နှင့် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံးကြောင်း သိရှိရသည်။", "ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ မြဝတီ-ဝေါလေ လမ်း ပိုင်း ဘလက်ဒိုရွာအနီးတွင် စ...
https://yktnews.com/2022/11/66532/
ခင်ဦးတွင် စစ်တပ်က အသက် ၁၄ နှစ်အရွယ် ရဲမင်းနောင်ကို သေနတ်ဖြင့် ပစ်သတ်ပြီး ကိုထွန်းထွန်းဝင်းကို လည်ပင်းဖြတ် သတ်ဖြတ်၊ ကြံ့ခိုင်ရေးပါတီ လူငယ် ၆ ဦးအပါဝင် ပြည်သူ ၁၀ ဦးကို စစ်တပ်က ဓားစာခံ ဖမ်းဆီး
["ရန်ကုန်၊ နိုဝင်ဘာ ၂၄", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ်က အသက် ၁၄ နှစ်အရွယ် မောင် ရဲမင်းနောင်ကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး အသက် ၂၇ နှစ်အရွယ် ကို ထွန်းထွန်းဝင်းကို လည်ပင်းဖြတ်၍ သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။", "နိုဝင်ဘာလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းတွင် ခင်ဦးမြို့နယ်မြောက်ဘက်ပိုင်းမှ လာ သော စစ်ကြောင်းသည်...
https://yktnews.com/2022/11/66549/
စစ်တပ်ဘက်မှ ၄၀ နီးပါးသေဆုံးသော ခင်ဦး၊ မုံလှကျေးရွာ တိုက်ပွဲတွင် စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ရဲဘော် လှိုင်ဝင်း အပါအဝင် PDF ၆ ဦး တိုင်းပြည်အတွက် အသက်စွန့်သွား၊ အသက် ၇ နှစ်အရွယ်ကလေးငယ်အပါ အဝင် ပြည်သူ ၄ ဦး သေဆုံး
["ရန်ကုန်၊ နိုဝင်ဘာ ၂၄", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှကျေးရွာအနီးတွင် ယမန်နေ့ဖြစ်ပွားသော တိုက်ပွဲ တွင် စစ်တပ်ဘက်မှ ၄၀ နီးပါ းသေဆုံးသကဲ့သို့ စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ရဲဘော်လှိုင်ဝင်း အပါအဝင် PDF ရဲဘော် ၆ ဦး တိုင်းပြည် အတွက် အသက်ပေးလှူခဲ့ရကြောင်း PDF သတင်းရင်းမြစ်များက အတည်ပြု ပြောဆိုသည်။", "နိုဝင်ဘာလ ၂...
https://yktnews.com/2022/11/66552/
စစ်တပ်ဘက်မှ ၄၀ နီးပါးသေဆုံးသော ခင်ဦး၊ မုံလှကျေးရွာ တိုက်ပွဲတွင် စစ် ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် PDF ၆ ဦး တိုင်းပြည်အတွက် အသက် စွန့် သွား၊ အသက် ၇ နှစ် ကလေးငယ်အပါ အဝင် ပြည်သူ ၄ ဦး သေဆုံး
["ရန်ကုန်၊ နိုဝင်ဘာ ၂၄", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှကျေးရွာအနီးတွင် ယမန်နေ့ဖြစ်ပွားသော တိုက်ပွဲ တွင် စစ်တပ်ဘက်မှ ၄၀ နီးပါး သေဆုံးသကဲ့သို့ စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် PDF ရဲဘော် ၆ ဦး တိုင်းပြည် အတွက် အသက်ပေးလှူ ခဲ့ရကြောင်း PDF သတင်းရင်းမြစ်များက အတည်ပြု ပြောဆိုသည်။", "နိုဝင်ဘာလ ၂၃ ရက်နေ့ စစ်တပ် စစ်ကြောင...
https://yktnews.com/2022/11/66327/
ပေါက်မြို့နယ်ရှိ စသိန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၄၁ လုံးပြာ ကျပြီး ဘုရားဆင်းတုတော် များကိုပါ စစ်သားများက ဖျက်ဆီးသွား
["ရန်ကုန်၊ နိုဝင်ဘာ ၂၄", "မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စသိန်းရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက် ဆီးမှု နေအိမ် ၂၄၁ လုံး ပြာကျခဲ့ကြောင်း ပေါက်မြို့နယ် မြောက်ပိုင်း ကျေး လက်ဒေသ ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "စသိန်းရွာကို အကြမ်းဖက် စစ်တပ်က နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့ထိ ၂ ရက်ဆက်တိုက် မီးရှို့...
https://yktnews.com/2022/11/66308/
မြိုင်တွင် စစ်တပ် စစ်ကြောင်းကို ပေပါမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး ဖုန်း ၈ လုံး သိမ်းဆည်းရမိ
["ရန်ကုန်၊ နိုဝင်ဘာ ၂၄", "မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း Black God ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် မြိုင်မြို့နယ် အနောက်ပိုင်း ဘောင့်ဘင်ရွာနှင...
https://yktnews.com/2022/11/66571/
မန္တလေးတွင် လက်နက်ကိုင် ပျူစောထီးများ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး၊ တနင်္သာရီတွင်လည်း စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ရန်ကုန်၊ နိုဝင်ဘာ ၂၄", "မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပျူစောထီး အဖွဲ့ဝင် သန်းစိုးဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။", "နိုဝင်ဘာလ ၂၃ ရက်နေ့ ည ၇ နာရီခန့်တွင် မန္တလေးမြို့ ၁၁၈ လမ်း နှင့် ၅၁ လမ်းထောင့်ရှိ ပျူစောထီးအဖွဲ့ဝင် သန်းစိုးဦး၏ နေအိမ်ကို မြို့ပြ ပြောက်ကျား တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခို...
https://yktnews.com/2022/11/66237/
မန္တလေး၊ အောင်ပင်လယ်ရှိ နေအိမ်ရာပေါင်းများစွာကို စစ်တပ်က ဘူဒိုဇာဖြင့် ဖျက်ဆီးမည်ဖြစ်၍ အချိန်မီ ဖျက်သိမ်းထွက်ခွာရန်ပြော၊ ငွေကြေးပေး လာဘ်ထိုးနိုင်သည့် အိမ်များ မဖျက်ဘဲ ချန်ထားခဲ့
["ရန်ကုန်၊ နိုဝင်ဘာ ၂၄", "မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ် ဘက်မှ နေအိမ်ရာချီကို စစ်တပ်က ယနေ့ ဘူဒိုဇာဖြင့် ဖျက် ဆီးမည်ဖြစ်၍ အချိန်မီ ဖျက်သိမ်းထွက်ခွာရန် အမိန့်ပေးလာကြောင်း ရပ်ကွက်သူ၊ ရပ်ကွက်သားများက ပြော ဆို သည်။", "နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ် ၅၁ လမ်း ချောင်းဘေးတစ် ...
https://yktnews.com/2022/11/66330/
စဥ့်ကူးမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ လောင်းလုံး တွင် လည်း သတင်းပေးဟု သတ်မှတ်ခံရသူနှင့် ပျူစောထီးများ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး
["ရန်ကုန်၊ နိုဝင်ဘာ ၂၄", "မန္တလေး၊ စဥ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ အုပ်ချုပ်ရေးမှူး လှဌေး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ညောင်ပင်ရွာ အုပ်ချုပ် ရေးမှူး လှဌေးကို Bo Tiger ဗိုလ်ကျားကြီးအဖွဲ့မှ ဗိုလ်နေမင်း ဦးဆောင်သည့် အဖွဲ့က တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့...
https://yktnews.com/2022/11/66246/
မင်္ဂလာဒုံတွင် တပ်ပိုင်မြေဟုဆိုကာ ရပ်ကွက် ၅ ခုမှ ပြည်သူ ၅ သောင်းနီးပါးကို အတင်းအကျပ် ရွှေ့ပြောင်းခိုင်းမှုတွင် စစ်ကောင်စီက ပဋိပက္ခ ဖြစ်စေရန် ဖန်တီးနေ
["ရန်ကုန်၊ နိုဝင်ဘာ ၂၄", "ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုကို တပ်ပိုင် မြေ ကျူး ကျော် သည်ဟု ဆိုကာ ရပ်ကွက် ၅ ခု၊ အိမ်ခြေ ၁၀၀၀၀ နီးပါးကို စစ်တပ်က အတင်း အကျပ် ရွှေ့ပြောင်းခိုင်းနေရာတွင် စစ် တပ်၊ ရဲ နှင့် ပြည်သူများအကြား ပဋိပက္ခများ ဖြစ်ပေါ်စေရန်လည်း ရည်ရွယ်ချက်ရှိရှိ ဖန်တီး လျက် ရှိကြောင်း သိရှိရသ...
https://yktnews.com/2022/11/66315/
မင်္ဂလာဒုံမြို့နယ် ထွေ/အုပ် အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး စစ်တပ်၊ ရဲများက ဘူဒိုဇာ ဖြင့် ရပ်ကွက်များရှိ နေအိမ်များကို ဖျက်ဆီး၊ ဓာတ်ပုံနှင့်ဗီဒီယို ရိုက်ကူး ပါက ရိုက်နှက် သတ်ဖြတ်မည်ဟု ခြိမ်းခြောက်
["ရန်ကုန်၊ နိုဝင်ဘာ ၂၄", "ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုရှိ ရပ်ကွက် ၅ ခုကို တပ်ပိုင်မြေဟုဆိုကာ ယနေ့ နံနက်ပိုင်း မင်္ဂလာဒုံမြို့နယ်၊ အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးကိုယ်တိုင် ဦးဆောင်၍ စစ်တပ်၊ ရဲများက ဂုံညှင်းနီ ရပ်ကွက်ရှိ နေအိမ်များကို ဘူဒိုဇာဖြင့် ဖျက်ဆီးလျက်ရှိကြောင်း ဒေသခံမျာ...
https://yktnews.com/2022/11/66231/
မှော်ဘီလေတပ်မှ တိုက်လေယာဉ် ၂ စီးထက်မနည်း ညအချိန်မတော် တက်သွား
["ရန်ကုန်၊ နိုဝင်ဘာ ၂၄", "ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီလေတပ်မှ ဂျက်တိုက်လေယာဉ် ၂ စီး ယနေ့ နံနက် ၀၀ နာရီ ၅ မိနစ်အချိန်တွင် ရှေ့ဆင့်နောက်ဆင့် တက်သွား ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "လေတပ်သတင်းရင်းမြစ်ကမူ ညစဉ် မှော်ဘီလေတပ်စခန်းသည် လက်ရှိအချိန် တွင် ကရင်ပြည်နယ်ဘက်သို့ အထူးစစ်ဆင်ရေ...
https://yktnews.com/2022/11/66603/
ဖားကန့်တွင် နိုဝင်ဘာ တတိယပတ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၄၀ ထက်မနည်း သေဆုံး၊ မြ၀တီ နှင့်ရေး တို့တွင်လည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်
["ရန်ကုန်၊ နိုဝင်ဘာ ၂၅", "ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင် နိုဝင်ဘာတတိယပတ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၄၀ ထက်မနည်းသေဆုံးပြီး ကရင်ပြည်နယ်၊ မြ၀တီမြို့ နယ်နှင့် မွန်ပြည်နယ်၊ ရေးမြို့နယ်တို့တွင်လည်း တိုက်ပွဲများ ဆက်တိုက် ဖြစ် ပွား ကာ စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးကြောင်း သိရှိရသည်။", "ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL...
https://yktnews.com/2022/11/66742/
ကယားပြည်နယ်တွင် ကလေးငယ်များ စွမ်းအင် မြှင့်တင်ရေး ပြိုင်ပွဲကျင်းပ
["ရန်ကုန်၊ နိုဝင်ဘာ ၂၅", "ကယားပြည်နယ်၊ ဒီမော့ဆို အတွင်းရှိ မူကြိုကျောင်း ၈ ကျောင်းမှ ကလေးငယ်များ ပါဝင်သည့် ယှဉ်ပြိုင်သည့် စွမ်းအင် မြှင့်တင်ရေး ပြိုင်ပွဲကျင်းပ လျက်ရှိကြောင်း သိရသည်။", "ကလေးငယ်များမှင့် မိဘများသည် အခက်အခဲမျိူးစုံ ကြားမှ ကရင်နီပြည်ရှိ) ရပ်မိရပ်ဖများ ဆရာ ဆရာမများ ကလေးငယ်များရဲ့မိဘများဟာ ကရင်နီကလေးငယ်တွေက...
https://yktnews.com/2022/11/66754/
မိုင်ဂျာယန်မြို့တွင် ဖားကန့် အနန့်ပါ ဗုံးကြဲခံရမှု တစ်လပြည့် နေ့အဖြစ် ဝမ်းနည်းခြင်း အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ်
["ရန်ကုန်၊ နိုဝင်ဘာ ၂၅", "ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့တွင် ကျောင်းသားဘလူငယ်များဘစုပေါင်းကာ “တော်လှန်ရေးကို မမေ့နဲ့” စာတန်း ကိုင်ဆောင်ကာ ဖားကန့် အနန့်ပါ ဗုံးကြဲခံရမှု တစ်လပြည့် နေ့အဖြစ် ဝမ်းနည်းခြင်း အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ဖားကန့်မြို့နယ် အနန့်ပါ၌ လေယာဉ်ဗုံးကြဲခံရမ...
https://yktnews.com/2022/11/66945/
ကန့်ဘလူတွင် စစ်တပ်၏ ထိုးစစ်ဆင်မှုများကြောင့် ကျေးရွာ ၈ ရွာမှ ပြည်သူ သောင်းချီ ဘေးလွတ်ရာသို့ ထွက်ပြေး ရှောင်တိမ်းနေရ
["ရန်ကုန်၊ နိုဝင်ဘာ ၂၅", "စစ်ကိုင်းတိုင်း ကန့်ဘလူ မြို့နယ်အတွင်း ၇ ရက်တာအတွင်း အကြမ်းဖက် စစ် တပ် စစ်ကြောင်းများ၏ ထိုးစစ်ဆင် စီးနင်းမှုများကြောင့် ရွာ ၈ ရွာမှ သောင်းနှင့် ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "ကန့်ဘလူမြို့နယ် တောင်ဘက်ပိုင်းရှိ ကျောက်တိုင်၊ ကျီစု၊ ရသား၊ ပြေကွင်း၊ ဖို့ကုန်း၊ ရွာသစ်၊ သေ...
https://yktnews.com/2022/11/66617/
ခင်ဦးမြို့နယ်တွင် ၁၀ ရက်တာအတွင်း စစ်တပ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၈ ဦးနှင့် PDF ရဲဘော် ၁၀ ဦးကျဆုံး၊ ရွာ ၉ ရွာ မီးရှို့ဖျက်ဆီးခံရပြီး နေအိမ် ၅၄၃ လုံးပြာကျ
["ရန်ကုန်၊ နိုဝင်ဘာ ၂၅", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ၁၀ ရက်တာအတွင်း ကျေးရွာ ၉ ရွာကို စီးနင်းဖျက်ဆီးခဲ့ပြီး ပြည်သူ ၈ ဦးနှင့် PDF ရဲဘော် ၁၀ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခင်ဦးမြို့နယ်အတွင်း နိုဝင်ဘာလ ၁၅ ရက်နေ့က စတင်ကာ လက်ရှိချိန်ထိ စစ်ကြောင်းထိုး ဝင်ရောက်ခ...
https://yktnews.com/2022/11/66684/
တမူးတွင် ပျူစောထီးအဖွဲ့က ဂေါ်ရခါး လူငယ် ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး ရူပီးငွေ ၃ သိန်းကို လုယက်သွား
["ရန်ကုန်၊ နိုဝင်ဘာ ၂၅", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် ဂေါ်ရခါး လူငယ် ၁ ဦးကို ပျူစောထီးအဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ပြီး ရူပီးငွေ ၃ သိန်း လုယက်ယူဆောင် သွားကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။", "နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် တမူးမြို့၊ ကံကြီးဝ တံတားအနီးတွင် ဂေါ်ရခါး အမျိုးသားတစ်ဦးဖြစ်သူ မောင် Raju ကို အက...
https://yktnews.com/2022/11/66671/
ဝက်လက်၊ မူးကြီးရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၅၀ ကျော် ပြာကျပြီး၊ အဖွားအို ၁ ဦး မီးရှို့သတ်ဖြတ်ခံရ
["ရန်ကုန်၊ နိုဝင်ဘာ ၂၅", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မူးကြီးရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၅၀ ကျော် ပြာကျခဲ့ကြောင်း GZ special task force – wetlet တပ်ဖွဲ့ထံမှ သိရသည်။", "နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မူးကြီးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ညနေ ၅ နာရီခန့်တွင် အက...
https://yktnews.com/2022/11/66655/
အရာတော်၊ နမသင်းကျေးရွာမှ အသက် ၈၀ ကျော်အရွယ် အဘွားအို ဒေါ်ဌေးကို စစ်တပ် က မီးရှို့သတ်ဖြတ်၊ ခင်ဦး၊ မြင်းဒေါင်းကျေးရွာကိုလည်း မီးတင်ရှို့
["ရန်ကုန်၊ နိုဝင်ဘာ ၂၅", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နမသင်းကျေးရွာကို စစ်တပ်က ယနေ့ နံနက် ပိုင်း မီးတင်ရှို့ရာတွင် အသက် ၈၀ ကျော်အရွယ်‌‌ ဒေါ်ဌေးကိုပါ အိမ်ထဲ တွင် ပိတ်၍ မီးရှို့သတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။", "“ဒီမနက် နမသင်းရွာကို မီးရှို့ ရာမှာ စစ်ခွေးတွေက မြေပြင်မှာ ခြ...
https://yktnews.com/2022/11/66865/
ထားဝယ်-လောင်းလုံး ရေကြောင်း လမ်းပိုင်းတွင် ပျူစောထီးများ လိုက်ပါလာသည့် လှေ ၁ စီးကို PDF များက တိုက်ခိုက်ခဲ့ပြီး ၄ ဦးသေဆုံး
["ရန်ကုန်၊ နိုဝင်ဘာ ၂၅", "တနင်္သာရီတိုင်း၊ ထားဝယ်-လောင်းလုံး ရေကြောင်း လမ်းပိုင်းတွင် ပျူစောထီးများ လိုက်ပါလာသော လှေ ၁ စီးကို PDF များက တိုက်ခိုက်ခဲ့ပြီး ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဒေါ်ဝင်းခိုင်ကျော် အပါအဝင် ပျူစောထီး ၄ ဦး လိုက်ပါလာသော လှေ ၁ စီးကို လောင်းလုံး ပြည်သူ့ကာကွယ...
https://yktnews.com/2022/11/66827/
ပဲခူး၊ ခမရ ၅၉၈ တပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်၊ စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် စစ်ကားများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး
["ရန်ကုန်၊ နိုဝင်ဘာ ၂၅", "ပဲခူးတိုင်း၊ ဇလုပ်ကြီးရွာရှိ အကြမ်းဖက် စစ်တပ် ခမရ ၅၉၈ တပ်ကို ပြည်သူ့ ကာကွယ်ရေးတပ်များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ကြောင်း kyaikhto revolution and information network အဖွဲ့က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် အစောပိုင်းတွင် Nighthawks တပ်ဖွဲ့မှ ခမရ ၅၉၈ ...
https://yktnews.com/2022/11/66620/
သုံးဆယ်မြို့လယ်တွင် စစ်ကောင်စီခန့် စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ထွန်းထွန်း ပစ်ခတ်ခံရပြီး သေဆုံး
["ရန်ကုန်၊ နိုဝင်ဘာ ၂၅", "ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ စံရွေးတန်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ထွန်းထွန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။", "နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်တွင် သုံးဆယ်မြို့မ စျေးလယ်ကောင်တွင် စံရွေးတန်းရပ်ကွက် အုပ် ချုပ်ရေးမှူး ထွန်းထွန်းကို ပဲခူးတိုင်း နန်းထိုက်အောင် စစ်ဆင်...
https://yktnews.com/2022/11/66841/
ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
["ရန်ကုန်၊ နိုဝင်ဘာ ၂၅", "ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2022/11/66948/
ဒဂုံမြို့သစ်မြောက်ပိုင်း EPC ဓာတ်အားခွဲရုံကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ၊ ကျောက်တံတားမြို့နယ်တွင်လည်း ပေါက်ကွဲသံ ထွက်ပေါ်ခဲ့
["ရန်ကုန်၊ နိုဝင်ဘာ ၂၅", "ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် မြို့နယ်လျှပ်စစ်(EPC) ဓာတ်အား ခွဲရုံ တွင် ယနေ့ ညနေပိုင်း အဝေးထိန်း မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့ ကြောင်း တော်လှန်ရေးမြို့ပြပျောက်ကျားတပ်ဖွဲ့များက ပြောသည်။", "နိုဝင်ဘာ ၂၅ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန် မြောက်ဒဂုံမြိုနယ် ပြည် ထောင် စု လမ...
https://yktnews.com/2022/11/66676/
မင်္ဂလာဒုံ၊ စံသမာဓိရပ်ကွက်ကို ဘူဒိုဇာ ၄ စီးဖြင့် စစ်တပ်က ဖျက်ဆီးနေပြီး အိမ်ခြေ ၅၀၀ ကျော် ဖျက်ဆီးခံရ၊ အိမ်အဖျက်မခံသူ ရခိုင်တိုင်းရင်းသူ မခိုင်နှင်း ဝေနှင့် ၂ နှစ်အရွယ်သားငယ်ကို ဖမ်းဆီး၊ ဓာတ်ပုံ ရိုက်သူများလည်း အဖမ်းခံရ
["ရန်ကုန်၊ နိုဝင်ဘာ ၂၅", "ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့၊ ပျဉ်းမပင်ကျေးရွာအုပ်စုရှိ ရပ်ကွက် ၅ ခု၊ အိမ်ခြေ ၁၀၀၀၀ နီးပါးကို တပ်ပိုင်မြေ ကျူး ကျော်သည်ဟုဆိုကာ စစ်တပ်က ဖျက်သိမ်း ခိုင်းထားရာမှ ယနေ့ နံနက်ပိုင်းတွင် စံသမာဓိရပ်ကွက်ကို စစ်တပ်နှင့်ရဲ များက ဘူဒိုဇာ ၄ စီးဖြင့် ဝင်ရောက် ဖျက်ဆီးနေကြောင်း သိရှိရသည်။", "နိုဝင်ဘာလ ၂၅ ရက...