url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2025/02/202383/
AA က သိမ်းပိုက်ထားသော မြောက်ဦးမြို့တွင် တရားမဝင် ပြင်ပအရက်နှင့် ဘီယာများကို အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၅", "ရခိုင်ပြည်တွင် AA က သိမ်းပိုက်ထားသော မြောက်ဦးမြို့အတွင်း တရားမဝင် ပြင်ပအရက်နှင့် ဘီယာများကို အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးနေကြောင်းဒေသသတင်းရင်းမြစ် Arankan Princess Media က သတင်းဖော်ပြသည်။", "AA က၎င်းသိမ်းပိုက်ထားသော မြို့ကြီးများတွင် တရားဥပေဒစိုးမိ...
https://yktnews.com/2022/02/4668/
အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင် ဦးသိန်းညွန့်ပါတီ ရုံးနားရှိ သင်္ဃန်းကျွန်း AGD ဘဏ်တွင် ပေါက်ကွဲမှု ဖြစ်ပွား
["ရန်ကုန်၊ ဖေဖော်ဝါရီ ၅", "ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင် ဦးသိန်းညွန့်၏ အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ပါတီရုံးနားရှိ AGD ဘဏ်တွင် ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ ၄နာရီ ၃ဝမိနစ်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အကြမ...
https://yktnews.com/2022/02/4494/
ရန်ကုန်အင်းစိန်ဇီးအုံကုန်း ချင်းဘုရားကျောင်းဝင်စီးခံရပြီး လူငယ် ၂ ဦးကို စစ်တပ် က ပစ်သတ်၊ ဗုံးကွဲသံသယဖြင့် ဖမ်းဆီးခံရသူ ကြည့်မြင်တိုင်မှ လူငယ်တစ်ဦး စစ်ကြောရေးတွင်သေဆုံး၊ ညအချိန် လမ်းသွားလမ်းလာများကို စစ်တပ်က ရိုက်နှက်မှုများ ဖြစ်နေ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၅", "ရန်ကုန်တိုင်း အင်းစိန်မြို့တွင် စစ်တပ် ပစ်သတ်သောကြောင့် လူငယ် ၂ဦးပွဲသေဆုံးခဲ့ပြီး ကြည်မြင်တိုင်တွင်လည်း စစ်တပ်က ကိုမျိုးဝင်းသန်းကို ဗုံးကွဲမှု သံသယဖြင့် ဖမ်းဆီးကာ စစ်ကြောရေး၌ သတ်ဖြတ်ခဲ့ကြောင်း၊ ညအချိန်တွင် လမ်းသွားလမ်းလာ ပြည်သူများကို စစ်တပ်က ရိုက်နှက်မှုများ ရှိနေကြောင်း ရန်ကုန်မြို့ ပြည်သူမ...
https://yktnews.com/2024/02/143979/
ရန်ကုန်အောင်မင်္ဂလာအဝေးပြေးဝင်း မီးလောင်ပြင်မှ အလောင်း ၃ လောင်းတွေ့ရှိ၊ ရွှေလင်းယုန် ကားဂိတ်မှ ဝန်ထမ်း ၃ ဦး မီးလောင်သေဆုံးခဲ့ဟုဆို
["ရန်ကုန်၊ ဖေဖော်ဝါရီ ၅", "ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းတွင် ယနေ့ နံနက်ပိုင်း မီးလောင်မှု ဖြစ်ပွားပြီးနောက် မီးလောင်ပြင်မှ အလောင်း ၃ လောင်း တွေ့ရှိရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ နံနက် ၅ နာရီ ၅ မိနစ်အချိန်မှစတင်၍ နံနက် ၆ နာရီအချိန်အထိ အောင်မင်္ဂလာအဝ...
https://yktnews.com/2024/02/144016/
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏ၊ နှင်းဆီကုန်း “က” ရပ်ကွက်တွင် လက်နက်များ ရှိနေသည်ဟုဆိုကာ စစ်တပ်နှင့်ရဲများ ဝင်ရောက်စီးနင်းရန် ပြင်ဆင်နေ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၅", "ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏ၊ နှင်းဆီကုန်း “က” ရပ်ကွက်တွင် လက်နက်များ ရှိနေသည်ဟုဆိုကာ စစ်တပ်နှင့်ရဲများ ဝင်ရောက်စီးနင်းရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီမှ စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ ...
https://yktnews.com/2022/02/4801/
သာကေတ ရေတပ်စခန်းဝင်းသို့ ဗုံးပစ်လက်နက်ဖြင့် ပစ်ခတ်ခံရ၊ ပန်းဘဲတန်း၊ ပုဇွန်တောင်၊ ဗဟန်း၊ သင်္ဃန်းကျွန်း၊ မရမ်းကုန်းတို့တွင် ပေါက်ကွဲမှုများဖြစ်ပွား
["ရန်ကုန်၊ ဖေဖော်ဝါရီ ၅", "ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီးပေါ်ရှိ ရေတပ်စခန်းဝင်းအနီးသို့ ယနေ့ညပိုင်း ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်ခံရခြင်း၊ ဗုံးပေါက်ကွဲခြင်းများ ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။” ရေတပ်ဝင်းနားမှာ ဗုံးပေါက်တာရော၊ ကားလမ်းပေါ်ကနေ ဗုံးသီးလက်နက်နဲ့ ပစ်တာရော ရှိတယ်လို့ သိရတယ်။ ပေါက်ကွဲမှု...
https://yktnews.com/2024/02/144033/
TNLA က သိမ်းပိုက်ထားသော မန်တုံ ခလရ ၁၃၀ စစ်တပ်ကုန်းကို TNLA ထိပ်ပိုင်းခေါင်းဆောင်များနှင့် NUG ဖက်ဒရယ် ရေးရာဒုဝန်ကြီးတို့ သွားရောက် ကြည့်ရှု
["ရန်ကုန်၊ ဖေဖော်ဝါရီ ၅", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်ရှိ TNLA က သိမ်းပိုက်ထားသော မန်တုံ ခလရ ၁၃၀ စစ်တပ်ကုန်းကို PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များနှင့်အတူ NUG ဖက်ဒရယ်ရေးရာဒုဝန်ကြီးတို့ သွားရောက် ကြည့်ရှုကြောင်း TNLA က သတင်းထုတ်ပြန်သည်။", "ဖေဖော်ဝါရီလ ၃ ရက်နေ့ မန်တုံမြိုနယ်ရှိ စစ်ကောင်စီ၏ အမှတ်(၁၃၀) ခြေလျင...
https://yktnews.com/2025/02/202427/
ညောင်ရွှေမြို့နယ်၊ လွယ်နွဲ့ရွာနှင့် စစ်ရှောင်စခန်းကုန်းကို စစ်တပ်နှင့် PNA က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၅", "ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ လွယ်နွဲ့ရွာနှင့် စစ်ရှောင်စခန်းကုန်းကို အကြမ်းဖက် စစ်တပ်နှင့် PNA က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းအင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၇ နာရီ ၁၃ မိနစ်ခန့်တွင် ညောင်ရွှေ...
https://yktnews.com/2025/02/202366/
စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် ၁ မှ ၉ အထိ လူငယ် ၄ သောင်းကျော်ကို အဓမ္မ စစ်မှုထမ်းရန် စုဆောင်းခဲ့ပြီး ရှေ့တန်း စစ်မျက်နှာမျိုးစုံကို ပို့ဆောင်ခဲ့
["ရန်ကုန်၊ ဖေဖော်ဝါရီ ၅", "အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် ၁ မှ အပတ်စဉ် ၉ အထိ လူငယ် ၄ သောင်းကျော်ကို အဓမ္မ စစ်မှုထမ်းရန် စုဆောင်းခဲ့ပြီး ရှေ့တန်း စစ်မျက်နှာမျိုးစုံကို ပို့ဆောင်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ-NUG အစိုးရက ထုတ်ပြန်ပြောဆိုသည်။", "NUGအစိုးရက ဇန်နဝါရီလ ၄ ရက်နေ့ ထုတ်လွှင့်သည့် “ပြည်သူလူထုနှင့် နိ...
https://yktnews.com/2025/02/202425/
စစ်အာဏာသိမ်းခဲ့သည့် ၄ နှစ်တာကာလအတွင်း စာသင်ကျောင်းနှင့် ဆေးရုံဆေးခန်းများကို စစ်တပ်က တိုက်ခိုက်မှုကြောင့် ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမ နှင့် CDM ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၃၈၃ ဦးသေဆုံးခဲ့
["ရန်ကုန်၊ ဖေဖော်ဝါရီ ၅", "အကြမ်းဖက် စစ်အုပ်စုက အာဏာသိမ်းခဲ့သည့် ၄ နှစ်တာအတွင်း စာသင်ကျောင်းနှင့် ဆေးရုံဆေးခန်းများကို စစ်တပ်က ပစ် မှတ်ထား တိုက်ခိုက်မှုကြောင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ နှင့် CDM ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၃၈၃ ဦးသေဆုံးခဲ့ကြောင်းNUG အစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ယမန်နေ့တွင် ...
https://yktnews.com/2025/02/202429/
မြောင်းမြတွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံသည့် ကျွန်းထိပ်ရွာ အုပ်ချုပ်ရေးမှူး ဝင်းဦး၊ စာရေး သန်းနိုင်နှင့် နယ်ထိန်း ရဲကို တို့ကို လူတစ်စုက ၀ိုင်းရိုက်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၅", "ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်တွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံသည့် ကျွန်းထိပ်ရွာ အုပ်ချုပ်ရေးမှူး ဝင်းဦး၊ စာရေး သန်းနိုင်နှင့် နယ်ထိန်း ရဲကို တို့ကို အမည်မသိ လူတစ်စုက ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်းဒေသတွင်း သတင်းရင်းမြစ်များကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝ...
https://yktnews.com/2025/02/202380/
၁၂ နှစ်ကြာ ကွဲကာခဲ့သော ညီအစ်ကို ၂ ဦး ပြန်လည်ဆုံတွေ့ချိန် ညီက တော်လှန်ရေးရဲဘော်ဖြစ်နေပြီး အကိုက စစ်ကောင်စီတပ်သားဖြစ်နေကာ လက်နက်ချ အညံ့ခံလာချိန်မှ ညီအစ်ကို ဖြစ်မှန်းပြန်သိကြ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၅", "၂၀၁၃ ခုနှစ်ကတည်းက ကွဲကွာခဲ့ပြီး ၁၂ နှစ်အကြာ ညီအစ်ကို ၂ ဦး ပြန်လည် တွေ့ဆုံချိန် ညီဖြစ်သူမှာ တော်လှန်ရေးရဲဘော်ဖြစ်နေပြီး အကိုဖြစ်သူမှာ စစ်ကောင်စီတပ်သားဖြစ်နေကာ လက်နက်ချ အညံ့ခံလာချိန်မှ ညီအစ်ကိုဖြစ်နေမှန်း ပြန်လည်သိရှိ တွေ့ဆုံကြဖြစ်စဉ် တစ်ခု ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး...
https://yktnews.com/2025/02/202381/
စင်္ကာပူကုမ္ပဏီ၏ ထောက်ပံ့မှုဖြင့် လည်ပတ်နေသော စစ်အုပ်စု၏ ပြည်တွင်းလောင်စာဆီ ထောက်ပံ့ရေးကွင်းဆက်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၅", "၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ နိုင်ငံခြားအရန်ငွေများ လျော့နည်းလာခြင်းများအပါအဝင် ပြည်တွင်းဘဏ်တချို့နှင့် လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်များအပေါ် နိုင်ငံတကာ၏ ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ပြည်ပမှလောင်စာဆီတင်သွင်းရန် ခက်ခဲလာသော စစ်အုပ်စုအတွက...
https://yktnews.com/2024/02/144015/
“၀” ဒေသတွင် ပုန်းအောင်းနေသော အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့် သံသယတရားခံ တရုတ်နိုင်ငံသား ၂၄ ဦးကို တရုတ်ထံသို့ လွှဲပြောင်း
["ရန်ကုန်၊ ဖေဖော်ဝါရီ ၅", "“၀” ပြည်နယ်တွင် ပုန်းအောင်းနေသော အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့် သံသယတရားခံ တရုတ်နိုင်ငံသား ၂၄ ဦးကို တရုတ်ထံသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရှိရသည်။", "ပြည်သူလူထု၏ သတင်း ပေးပို့ တိုင်ကြားချက်အရ UWSA အုပ်ချုပ်နေသော “ဝ” ပြည်နယ်တွင် ပုန်းအောင်း ခိုဝှက်နေသည့် တရုတ်နိုင်ငံသား ကျားဖျန့် သံသယ...
https://yktnews.com/2025/02/202545/
ဘောလခဲ၊ ချိကွဲ့ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အမျိုးသမီး ၁ ဦးသေဆုံးပြီး နေအိမ် ၁၀ လုံး ပျက်စီး၊ မြိုင်တွင် စစ်တပ်က သနပ်ပင်ဇင်းရွာကို ပစ်ခတ်မီးရှို့မှု နေအိမ် ၃၀ လုံးပြာကျပြီး ပြည်သူ ၁ ဦး ကျည်ထိမှန်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊ ချိကွဲ့ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုး သမီး ၁ ဦး သေဆုံးပြီး နေအိမ် ၁၀ လုံး ပျက်စီးခဲ့ကြောင်းBawlakhe PDF ကပြောဆိုသည်။", "ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဘောလခဲမြို့နယ်၊ ချိကွဲ့ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိ...
https://yktnews.com/2025/02/202633/
ဘောလခဲအခြေစိုက် ခမရ ၄၂၉ တပ်ရင်းမှ စစ်မှုထမ်း စစ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "ကရင်နီပြည်၊ ဘောလခဲမြို့အခြေစိုက် ခမရ ၄၂၉ တပ်ရင်းမှ စစ်မှုထမ်းစစ်သား ၁ ဦး လက်နက်ခဲ ယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်းKNDF တပ်ရင်း ၉ က ထုတ်ပြန်သည်။", "ဖေဖော်ဝါရီလ ၃ ရက် နေ့က ဘောလခဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၉ တပ် ရင်း၌ တာဝန်ကျနေသော စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းတက်ရောက်ခဲ့သူ ...
https://yktnews.com/2024/02/144173/
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် ဇန်နဝါရီလအတွင်း တိုက်ပွဲ ၈၉ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ စစ်သား ၄၁ ဦးသေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "ကရင်ပြည်နယ်၊ KNU/KNLA တပ်မဟာ ၅ နယ်မြေတွင် ဇန်နဝါရီလ အတွင်း တိုက်ပွဲပေါင်း ၈၉ ကြိမ် ဖြစ်ပြီး စစ်ကောင်စီတပ်သား ၄၁ ဦးသေဆုံးခဲ့ကြောင်း KNU တပ်မဟာ ၅ က သတင်း ထုတ်ပြန်သည်။", "၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ KNLA-အမှတ် ၅ တပ်မဟာစစ်သည်များနှင့် အကြမ်းဖက်စစ်ကောင်စီ (စကစ)အကြား ထိပ်တိုက်ရင်ဆ...
https://yktnews.com/2025/02/202634/
ရွှေက္ကိုလ်ရှိ ကျားဖြန့်လုပ်ငန်းများတွင် လူကုန်ကူးခံခဲ့ရသည့် နိုင်ငံခြားသား ၆၁ ဦးကို BGF က ထိုင်းအာဏာပိုင်များထံသို့ လွှဲပြောင်း ၊ နယ်စပ်တွင် ရာဇဝတ်မှုများ ပပျောက်အောင် ကြိုးပမ်းမည်ဟု ထိုင်းဒုဝန်ကြီးချုပ် ကတိပြု
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်ရှိ ကျားဖြန့်လုပ်ငန်းများတွင် လူကုန်ကူးခံခဲ့ရသည့် နိုင်ငံခြားသား ၆၁ ဦးကို စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် BGF က ထိုင်းအာဏာပိုင်များထံသို့ လွှဲပြောင်းလိုက်ကြောင်းသိရှိရသည်။", "ယနေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ထိုင်းအစိုးရ၏ ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရ...
https://yktnews.com/2024/02/144132/
ကိုးကန့်ဒေသတွင် နယ်မြေရှင်းလင်းရေး လုပ်စဉ် လက်နက်ပေါင်းစုံ ၆၃၁ လက် သိမ်းဆည်းရရှိ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "ကိုးကန့်ဒေသတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် လက်နက်ပေါင်းစုံ ၆၃၁ လက် သိမ်းဆည်းရရှိကြောင်း MNDAA ၏ ပြန်ကြားရေး The Kokang က သတင်း ထုတ်ပြန်သည်။", "၂၀၂၄ဖေဖော်ဝါရီ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် လက်နက်အမြောက်အမြား တင်ဆောင်ထားသော ရေဖျန်းသည့် ထရပ်ကား တစ်စီး တွေ့ရှိရကြောင်း ပြည်သူများက သတင်းပို့လာကြ...
https://yktnews.com/2022/02/4864/
မတူပီမြို့ ခမရ ၃၀၄ တပ်ရင်းမှ ဒုတပ်ကြပ် ဆန်းလင်းထွေး လက်နက်အပြည့် အစုံဖြင့် အလင်းဝင်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "ချင်းပြည်နယ်၊ မတူပီမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၃၀၄ မှ ဒုတပ်ကြပ်ဆန်းလင်းထွေးသည် လက် နက် အပြည့်အစုံဖြင့် အလင်းဝင်လာကြောင်း CDF-Matupiက သတင်းထုတ်ပြန်သည်။ချင်းပြည်နယ် မတူပီမြို့ အခြေစိုက် ခမရ(၃၀၄) တပ်ရင်း ဒုတပ်ကြပ် ဆန်းလင်းထွေး( တ-၁၂၇၈၈)သည် စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း ...
https://yktnews.com/2022/02/4964/
ကသာမြို့နှင့်ကလေးမြို့တို့တွင် PDF များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၆ ဦး သေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "စစ်ကိုင်တိုင်း ကသာမြို့နယ် နမ့်စမ်းကျေးရွာ အောက်ဖက်တွင် စစ်ကောင်စီ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း ၄၁၅ မှ အင်အား ၁ဝဝ ကျော်ပါသော စစ်ကြောင်းကို PDF တပ်ဖွဲ့ ၃ ခုက ယနေ့ အနီးကပ်ဝင်ပစ်တိုက် ခိုက်ရာ စစ်ကောင်စီဘက်မှ စစ်သား ၁၆ ဦး ထက်မနည်းသေဆုံးကြောင်း ကသာပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သ...
https://yktnews.com/2024/02/144190/
ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ချီတက်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "စစ်ကိုင်းတိုင်း ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၁၀၄၇ ရက်မြောက်နေ့အဖြစ် ‘လူထုတိုက်ပွဲ အရှိန်မြှင့်ကြ ဘုံရန်သူကို ချေမှုန်းကြ’ စာသားကို ကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ချီတက်ခဲ့ကြသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #...
https://yktnews.com/2022/02/4981/
ကလေးမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်၍ တင်သားရွာမှ ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၁၀ ဦးထိမှန်ဒဏ်ရာရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာနှင့် ဟံသာဝတီရွာတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များက ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နံ နက် ၉ နာရီခွဲမှ ၁၁ နာရီအချိန်ခန့်ထိ တင်သားရွာဘက်သို့ လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်ခဲ့ရာ အသက် ၉ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါ အဝင် ပြည်သူ ၁၀ ဦး လက်နက်ကြ...
https://yktnews.com/2024/02/144222/
ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က သဲကုန်းကြီးရွာကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၁၇ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က သဲကုန်းကြီးရွာကို မီးရှို့ဖျက်ဆီးပြီး အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၇ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန...
https://yktnews.com/2024/02/144231/
ဘုတလင်မြို့နယ်၊ ကူတော်ရွာရှိ စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဘုတလင်မြို့နယ် ပကဖ ဒုတာဝန်ခံ က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဘုတလင်မြို့နယ်၊ ကူတော်ရွာရှိ စစ်သားနှင့် ရဲများ ပူးပေါင်း...
https://yktnews.com/2024/02/144151/
မုံရွာမြို့နယ်တွင် ကျေးရွာများကို လှည့်လည်ဖျက်ဆီးနေသော ပျူစောထီးများနှင့်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ် ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ကျေးရွာများကို လှည့်လည် ဖျက်ဆီးနေသော ပျူစောထီးများနှင့် စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ရာ ဗိုလ် ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကြောင်း တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂ ရက်နေ့ မုံရွာမြို့နယ်၊ တောပုပျူစောထီးကျေးရ...
https://yktnews.com/2022/02/4853/
ဒုဗိုလ်မှူးကြီးသီဟဝင်းကို လာဘ်ငွေပေး၍ ချင်းတွင်းမြစ်တွင် တရားမဝင်ရွှေတူးဖော်ရေး လုပ်ကိုင်သူ ၃၅၀ ကျော်ရှိ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊မော်လိုက်မြို့နယ်အတွင်းရှိ ကိုးတန်၊ ဖုန်းသုန်း၊ နန်းတစ် ပင်၊ပန်းသာ၊ခါတွန်ချောင်းရိုးတစ်လျှောက်တွင် စစ်တပ်မှ ဒုတိဗိုလ် မှူးကြီး သီဟဝင်းကို လာဘ်ငွေပေး၍ တရားမဝင်ရွှေတူးဖော်နေသည့် လုပ်ငန်းလုပ်ကိုင်သူ ၃၅၀ ကျော်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။တရားမဝင် ရွှေမျောတ...
https://yktnews.com/2024/02/144252/
မြင်းမူမြို့နယ်ရှိ စစ်တပ် အထိုင် စခန်း ၂ ခုကို ဒရုန်းဖြင့် ဗုံးသီး ၃၂ လုံး ကျဲချ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ စစ်တပ် အထိုင် စခန်း ၂ ခုကို ဒရုန်းဖြင့် ဗုံးသီး ၃၂ လုံး ကျဲချ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Black Eagle Defence Force-MMU မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီ ၂၈ ရက်နေ့တွင် ဂွေးပင်တောရွာအတွင်း အထိုင်ခ...
https://yktnews.com/2022/02/4836/
ပုလဲမြို့ပေါ် ရဲစခန်းနှင့် ထွေ/အုပ်ရုံးကို PDF ဝင်တိုက်၊ ရဲနှင့်စစ်တပ်၏ ပစ်ခတ်မှုကြောင့် လူ ၈ ဦးထက်မနည်းသေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ ပုလဲမြို့မရဲစခန်းနှင့် မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးကို PDF ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ညပိုင်းက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ပြီး ပစ်တ်မှုများကြောင့် လူ၈ ဦးထက်မနည်းထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသခံများနှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်...
https://yktnews.com/2022/02/4913/
မုံရွာတွင် အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဆိုင်ကယ်စီးနေစဉ် ပစ်သတ်ခံရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "စစ်ကိုင်းတိုင်း၊မုံရွာမြို့ ထန်းတောအင်းစပ် ကန်ပတ်လမ်းတွင် ယနေ့ညနေ ၅ နာရီ ဝန်းကျင်ခန့်အချိန် အရပ်ဝတ်ဖြင့် သွားလာနေသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရှိရသည်။“အင်းစပ်အမှိုက်ပုံနားလေးမှာ ဆိုင်ကယ် CZI နဲ့ အရပ်သားအသွင်ယူထားတာ၊တစ်ယောက်က ရဲ၊ နောက် တစ်ယောက...
https://yktnews.com/2025/02/202547/
စစ်အုပ်စုအား ကာလရှည်ထောက်ပံ့နေသည့် စင်္ကာပူကုမ္ပဏီ Interra Resources ကိုကြိုးကိုင်နေသူများ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "စစ်ကောင်စီအနေဖြင့် ၂၀၂၁ အကြမ်းဖက်စစ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း လောင်စာဆီလက်လှမ်းမှီရရှိသုံးစွဲရန် အခက်ခဲဆုံးကာလသို့ ရောက်ရှိနေကြောင်းနှင့် ယင်းအခက်အခဲကို တစိတ်တပိုင်း ဖြေရှင်းရန်အတွက် ပြည်တွင်းလောင်စာဆီချက်လုပ်သုံးစွဲခြင်းသည် ၄င်းတို့အတွက် အရေးပါသည့် လုပ်ငန်းစဥ်ဖြစ်လာပြီး အဆိုပါလောင်စာဆီထောက...
https://yktnews.com/2025/02/202524/
စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများအားလုံးကို ပြည်ပအလုပ်အကိုင်အတွက် ပထမဆုံးအဆင့်ဖြစ်သည့် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ရောက်ခွင့် စစ်ကောင်စီက တရားဝင် ပိတ်ပင်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများအားလုံးကို ပြည်ပသို့ သွားရောက် အလုပ်လုပ်ရန် ပထမဦးဆုံးလုပ်ဆောင်ရသည့် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ရောက်ခွင့် စစ်ကောင်စီက တရားဝင် ပိတ်ပင်လိုက်ကြောင်းရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီများက ပြောဆိုသည်။", "ယခုဖေဖေ...
https://yktnews.com/2022/02/4984/
လောင်းလုံးတွင် ပျူစောထီးများ သတ်ဖြတ်ထားသည့် အမျိုးသား ၃ ဦး အလောင်း တွေ့ရှိ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာအနီး ဖေဖော်ဝါရီလ ၅ရက်နေ့ မွန်းလွဲ ၁၂နာရီခန့်အချိန် စစ်တပ် လက်အောက်ခံ ပျူစောထီး အဖွဲ့များ သတ် ဖြတ်ထားသည့် စစ်ပြဲရွာနှင့် လေးသွန်းခံရွာတွင် နေထိုင်သော အမျိုး သား ၃ ဦး ၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ် သစ် မီဒီယာသို့ ပ...
https://yktnews.com/2024/02/144176/
လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မွန်းမံသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲ ကျင်းပ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အခြေစိုက် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF (လောင်းလုံး-ပကဖ)က အထူးစစ်ဆင်ရေး မွမ်းမံသင်တန်းအပတ်စဉ်- ၁ သင်တန်း ဆင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitth...
https://yktnews.com/2024/02/144274/
လောင်းလုံမြို့နယ်တရားရုံးမှ အကြီးတန်းစာရေး ဒေါ်စန္ဒာစိုးနှင့် ယာဉ်မောင်းတစ်ဦးကို ဖမ်းမိ၊ လူသားချင်းစာနာမှုအရ စစ်ဆေးပြီး ပြန်လွှတ်ပေး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် လောင်းလုံးမြို့နယ်တရားရုံးမှ အကြီးတန်းစာရေး ဒေါ်စန္ဒာစိုးနှင့် ယာဉ်မောင်းတစ်ဦးကို ဖမ်းမိခဲ့ပြီး လူသားချင်းစာနာမှုအရ စစ်ဆေးကာ ပြန် လွှတ်ပေးလိုက်ကြောင်း Nway Oo Guerilla Force တပ်ဖွဲ့ထံမှ သိရသည်။", "ယနေ့ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၀ နာရီမိနစ် ၅၀ အချိန်က လ...
https://yktnews.com/2025/02/202544/
တနင်္သာရီတိုင်းစစ်ဒေသတွင် အဆင့်မြင့် Fixed Wing ဒရုန်းများ တပ်ဆင်နိုင်ရန် “ဝေဟင်စိုးမိုး ဇီ၀ဇိုး” ကမ်ပိန်းတွင် ပြည်သူများ ထည့်ဝင်လှူဒါန်းပေးရန် တိုက်တွန်းနှိုးဆော်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "တိုင်းစစ်ဌာန တနင်္သာရီတိုင်းစစ်ဒေသတွင် အဆင့်မြင့် Fixed Wing ဒရုန်းများ တပ်ဆင်နိုင်ရန် “ဝေဟင်စိုးမိုး ဇီ၀ဇိုး” ကမ်ပိန်း စတင်လိုက်ပြီး ဇန်နဝါရီလ ၂၆ ကနေ မတ်လ ၂၆ ရက်နေ့အထိ အလှူငွေများ ထည့်ဝင်လှူဒါန်းပေးကြရန် တိုက်တွန်းနှိုးဆော်လိုက်ကြောင်းကမ်ပိန်းစီစဉ်သူများက ပြောကြားသည်။", "“ဝေဟင်စိုးမိုး ဇီဝဇိ...
https://yktnews.com/2024/02/144208/
တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော ကောလင်းမြို့ကို စစ်တပ်က စစ်ကြောင်း ၅ ခု၊ အင်အား ၈၀၀ ကျော်ဖြင့် ထိုးစစ်ဆင်နေပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ၊ တိုက်ပွဲများ အပြင်းအထန်ဖြစ်နေ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "တော်လှန်ရေးတပ်များက သိမ်းပိုက်ထားသော စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်တပ်က စစ်ကြောင်း ၅ ခု အင်အား ၈၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာပြီး စစ်ကြောင်းဖြတ်သန်းရာ လမ်းတလျှောက်မှ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေကြောင်း Kawlin Revolution -KR မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", ...
https://yktnews.com/2025/02/202548/
ထိုင်းနိုင်ငံက လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်တောက်ပြီးနောက် BGF နှင့် DKBA က ရာဇဝတ်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်းတိုက်ဖျက်မည်ဟု ကြေညာ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "ထိုင်းနိုင်ငံက လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်တောက်ပြီးနောက် BGF နှင့် DKBA က လူကုန်ကူးမှု တိုက်ဖျက်ပြီး မူးယစ်ဆေးဝါး နှိမ်နင်းရေး၊ ရာဇဝတ်မှုများကို နိုင်ငံတကာနှင့်ပူးပေါင်း နှိမ်နင်းမည်ဟု ကြေညာလာကြသည်။", "ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် – DKBA အနေဖြင့် နိုင်ငံတကာက တိုက်ဖျက်လျက်ရှိသည့် လူကုန်...
https://yktnews.com/2025/02/202631/
နယ်သာလန်နိုင်ငံ The Hague မြို့ရှိ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) နှင့် The Hague မြို့ရှိ တရုတ်သံရုံးရှေ့တွင် မြန်မာစစ်အုပ်စုကို ဆန့်ကျင်ဆန္ဒပြ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "နယ်သာလန်နိုင်ငံ The Hague မြို့ရှိ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) နှင့် The Hague မြို့ရှိ တရုတ်သံရုံးရှေ့တွင် နယ်သာလန်ရောက် မြန်မာများ စုပေါင်း၍ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အကြမ်းဖက် မြန်မာစစ်အုပ်စုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြကြောင်းသိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#my...
https://yktnews.com/2025/02/202590/
နေပြည်တော်၊ ဒက္ခိဏသီရိတွင် ချိုင်းကျေးရွာအုပ်ချုပ်ရေးမှူးက လူငယ်များကို စစ်မှုထမ်း ကင်းလွတ်ပေးမည်ဟု ရုံးသို့ လိမ်ခေါ်ပြီး စစ်ထဲထည့် ၊ လက်ပံတန်းနှင့် သာယာဝတီတွင် လူငယ် ၂၀ နီးပါးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ချိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးက လူငယ်များကို စစ်မှုထမ်း ကင်းလွတ်ခွင့်ပေးမည်ဟု ရုံးသို့ လိမ်လည်ခေါ်ဆောင်ပြီး စစ်တပ်ထဲ ထည့်သွင်းခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၃၀ ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ချိုင်း...
https://yktnews.com/2025/02/202526/
ကျောက်ကြီးမြို့နယ်တွင် ခမရ ၅၈၄ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၄ ဦး လက်နက် ၃ လက်နှင့်အတူ အလင်းဝင်၊ ထားဝယ်နှင့် ရေဖြူတို့တွင်လည်း စစ်ကောင်စီ တပ်သား ၂ ဦး အလင်းဝင်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ခမရ-၅၈၄ တပ်ရင်းမှ စစ်မှုထမ်း စစ်သားသစ် ၄ ဦး လက်နက် ၃ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်းKNU ဗဟိုက သတင်းထုတ်ပြန်သည်။", "ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ခမရ ၅၈၄ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ဒုတပ်ကြပ် ညီညီလွင်၊ တပ်သား ကိုမြင့်ဝင်း၊ တပ်သား မျိုးမင်းသက် နှင့် တပ...
https://yktnews.com/2025/02/202587/
ကျောက်ကြီးမြို့နယ်ရှိ ဘုန်းကြီးနှင့် ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီး တို့ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ် မိန်းကလေး ၁ ဦး သေဆုံးပြီး သံဃာတော် ၁ ပါးနှင့် ပြည်သူ ၁ ဦး ဒဏ်ရာရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ဘုန်းကြီးနှင့် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီး တို့ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ရာ အသက် ၁၆ နှစ်အရွယ် မိန်းကလေး ၁ ဦး သေဆုံးပြီး သံဃာတော် ၁ ပါးနှင့် ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းKNU ဗဟိုက သတင်းထုတ်ပြန်သည်။", "ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်လွ...
https://yktnews.com/2022/02/4858/
ကြို့ပင်ကောက်တွင် NUG Profile တင်ထားသူ ဖုန်းပိုင်ရှင် လူငယ်ကို စစ်တပ်က နောက်ကျောမှ ပစ်သတ်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "ပဲခူးတိုင်း၊ ကြိုပင်ကောက်မြို့နယ်၊ စိုင်းဂေါင်းကျေးရွာမှ မောင်ဖြိုးကျော်ဟန်၏ ဖုန်းအတွင်း NUG Profile တင်ထားမှုကို စစ်တပ်က စစ်ဆေးတွေ့ရှိပြီးနောက် နောက်ကျောမှ ပစ်သတ်လိုက်ကြောင်း ဒေသခံများက ပြောဆိုသည်။ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် စိုင်ဂေါင်းရွာနေ မောင်ဖြိုးကျော်ဟန်နှင့် မောင်ရှိုင်းဝဏ္ဏထက်...
https://yktnews.com/2025/02/202591/
အုတ်ဖိုမြို့ရှိ စစ်မှုထမ်းဟောင်းရုံးကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့ရှိ စစ်မှုထမ်းဟောင်းရုံးကို ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ပဲခူးရိုးမအခြေပြု ရွှေဂဠုန် -စစ် ကြောင်းစစ်ရေးတာဝန်ခံ ဂျာနူးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့၊ မြို့မ ရ...
https://yktnews.com/2025/02/202592/
ဆိပ်ဖြူမြို့နယ်၊ ကျောင်းရွာအနီး စစ်တပ်ဂိတ်ကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကျောင်းရွာအနီးရှိ အကြမ်းဖက်စစ်တပ် ဂိတ်ကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း နယ်စည်းမခြား ဖရီးဒမ်း ဖက်ဒရယ် စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဖေဖော်ဝါရီလ ၁ ရက် နံနက် ၈ နာရီမှ စ၍ ဆိပ်...
https://yktnews.com/2024/02/144271/
ရေစကြိုမြို့အဝင်တွင် မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးချမ်းမြေ့အောင် အပါအဝင် စစ်သား ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "မကွေးတိုင်း၊ ရေစကြိုမြို့အဝင်တွင် မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ၁ ဗိုလ်မှူးချမ်းမြေ့အောင် အပါအဝင် ၅ ဦးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး ချမ်းမြေ့အောင်အပါအဝင် ၄ ဦးသေဆုံးသွားကြောင်း ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဖေဖော်ဝ...
https://yktnews.com/2022/02/4876/
မလှိုင်နှင့် ရွှေဘိုတို့တွင် အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ပျူစောထီးဟု သတ်မှတ်ခံရသူ သားအဖ ၂ ဦး အသတ်ခံရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "မန္တလေးတိုင်း မလှိုင်မြို့နယ် ကျောက်တန်းကျေးရွာတွင် စစ်ကောင်စီခန့် အုပ် ချုပ် ရေးမှူး ဝင်းဆင့် ယနေ့ နံနက်ပိုင်း အသတ်ခံရကြောင်း ဒေသခံများနှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် နံနက် ၇နာရီ ၃ဝမိနစ်အချိန် ဒေသခံကာကွယ် ရေး တပ်ဖွဲ့ ၂ခုမှ အဖွဲ့ဝင်များက အုပ်ချုပ်ရေးမှူး ဝင်း...
https://yktnews.com/2024/02/144267/
မြင်းခြံမြို့နယ် ကန်သွယ်ကျေးရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ပြည်သူ ၃၀၀ ခန့်ကို ဓားစာခံအဖြစ်ဖမ်းဆီးထား
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "မန္တလေးတိုင်း မြင်းခြံမြို့နယ် ကန်သွယ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က မီးတင်ရှို့နေပြီး ဘုန်းကြီးကျောင်းတွင် ရှောင်တိမ်းနေသည့် ပြည်သူ ၃၀၀ ခန့်ကိုလည်း ဓားစာခံအဖြစ်ဖမ်းဆီးထားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "အကြမ်းဖက်စစ်တပ်က မြင်းခြံမြို့နယ်၊ ကန်သွယ်ကျေးရွာကို ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ဝင်ရောက်...
https://yktnews.com/2024/02/144201/
တံတားဦးမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင် ပျူစောထီး အဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း တံတားဦးမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၁၀ နာရီခန့်တွင် တံတားဦးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာမှ ပျူစောထီး အဖွဲ့ဝင် နိုင်ဝင်း...
https://yktnews.com/2024/02/144255/
မြင်းခြံမြို့နယ်၊ မြောက်ကျွန်းရွာရှိ စစ်တပ် အထိုင် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြောက်ကျွန်းရွာ၌ အထိုင်ချထားသော စစ်တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိကြောင်း ငါးဇွန်မြို့နယ်ပကဖမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက် ည ...
https://yktnews.com/2022/02/4833/
မန္တလေးတွင် ကျောင်းသားများက စစ်အာဏာရှင်နှင့်စစ်ကျွန်ပညာရေး စနစ်ကို ဆန့်ကျင်ဆန္ဒပြ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "မန္တလေးမြို့တစ်နေရာတွင် မန္တလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ဗကသများဖွဲ့ချုပ်က ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်း စစ်အာဏာရှင်တော်လှန် ရေးနှင့် စစ်ကျွန်ပညာရေး ဆန့်ကျင်ရေးသပိတ်အဖြစ် လှုပ်ရှားဆန္ဒပြကြသည်။။"]
https://yktnews.com/2022/02/4804/
မန္တလေး၊ တေဇာလင်္ကာရကျောင်းကို စစ်တပ်က ချိတ်ပိတ်ပြီး ကား၊ငွေနှင့်ပစ္စည်းများကို လုယက်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "မန္တလေးမြို့၊ဝိဇိတာရာမတိုက်အတွင်းရှိ သံဃာ့သမဂ္ဂမှ ဆရာတော် အရှင်ကလျာဏ၏ တေဇာလင်္ကာရကျောင်းကို စစ်တပ်က ချိတ်ပိတ်ပြီး အလှူရှင်များ လှူဒါန်းထားသော ကားနှင့်ငွေကြေးများကို လုယူသွားကြောင်း သံဃာ့သမဂ္ဂအဖွဲ့ဝင်ဆရာတော်များထံမှ သိရှိရသည်။ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန် မန္တလေးမြို့ရှိ တေဇာလင်္ကာ...
https://yktnews.com/2024/02/144154/
နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevol...
https://yktnews.com/2025/02/202546/
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသွား လူငယ်များကို စစ်မှုထမ်းရန်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးထား
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသွား လူငယ်အမျိုးသား များကို စစ်မှု ထမ်း ရန်ဟုဆိုကာ စစ်တပ်က ဖမ်း ဆီး ထားကြောင်းဖမ်းဆီးခံရသည့် လူငယ်များ၏ မိဘဆွေမျိုးများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၂ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းကျေးရွ...
https://yktnews.com/2022/02/4916/
ရန်ကုန်အင်းလျားကန်ဘောင်တွင် ဆန္ဒပြလူငယ် ၁ ဦး စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံး၊ စံပြစျေးတွင်လည်း လူငယ် ၂ ဦး ရိုက်နှက်ဖမ်းဆီးခံရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် မြကန်သာလမ်း ပြည်လမ်း လူကူးကုန်းကျော်တံတားပေါ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဗီနိုင်း တက်ရောက် ချိတ်ဆွဲသော ဆန္ဒပြလူငယ် ၁ ဦးကို ယနေ့ မွန်းလွဲပိုင်းတွင် စစ်တပ်နှင့်ရဲက ပစ်ခတ်သဖြင့် ကျည်ထိမှန်ပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ယနေ့ ဖေဖော်ဝါရီလ ၆ရက်နေ့ မွန်းလွဲ ...
https://yktnews.com/2022/02/4879/
ရန်ကုန်မြို့လယ်ခေါင် လသာလမ်း၊ ရွှေပြည်သာ စည်ပင်ရုံး၊မြောက်ဥက္ကလာတို့ တွင် ဗုံးများ ပေါက်ကွဲ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "ရန်ကုန်မြို့လယ်ခေါင် လသာလမ်း၊ ရွှေပြည်သာစည်ပင်ရုံး၊ မြောက်ဥက္ကာလပမြို့ နယ်တို့တွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားပြီး လူထိခိုက်မှုမရှိကြောင်း ရန်ကုန်မြို့ခံများထံမှ သိရှိရသည်။ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၉ နာရီ ၁၉ မိနစ်အချိန် လသာလမ်းနှင့် မဟာဗန္ဓုလလမ်းအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပ...
https://yktnews.com/2024/02/144234/
TNLA သိမ်းပိုက်ထားသည့် မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့ မြိုတို့ကို TNLA ထိပ်ပိုင်းခေါင်းဆောင်များနှင့် NUG ဖက်ဒရယ်ရေးရာဒုဝန်ကြီးတို့ ကွင်းဆင်းစစ်ဆေး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA သိမ်းပိုက်ထားသည့် မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့ မြိုတို့ကို TNLA ထိပ်ပိုင်းခေါင်းဆောင်များနှင့် NUG ဖက်ဒရယ်ရေးရာဒုဝန်ကြီးတို့ ကွင်းဆင်းစစ်ဆေးကြောင်း TNLA က တရားဝင်သတင်းထုတ်ပြန်သည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ TNLA က သိမ်းပိုက်ထားသည့် မိုင်းငေါ့မြို၊...
https://yktnews.com/2025/02/202579/
နောင်ချိုမြို့နယ်၊ သပြေရေတောင်ဘုရားကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ဘုရားနှင့်ကျောင်းဆောင်များပျက်စီးပြီး လူထိခိုက်မှုမရှိ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA က သိမ်းပိုက်ထားသော နောင်ချိုမြို့နယ်၊ သပြေရေတောင်ဘုရားကို စစ်တပ်က ယနေ့နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှု ဘုရားနှင့်ကျောင်းဆောင်များ ပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်းဒေသပြည်သူများက ပြောဆိုသည်။", "ယနေ့ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် နောင်ချို...
https://yktnews.com/2024/02/144228/
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ရှိသည့် ကော်သူးလေ ကရင်ပြည်ကို တည်ထောင်ရမည်ဟု KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ကြေညာ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ရှိသည့် ကော်သူးလေ ကရင်ပြည်ကို ထူထောင်ရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တရားဝင် ကြေညာပြောဆိုလိုက်သည်။", "ဖေဖော်ဝါရီလ ၅ ရက်နေ့ ကျရောက်သည့် KNU ဖွဲ့စည်းတည်ထောင်ခြင်း ၇၇ နှစ်မြောက် နေ့တွင် ၎...
https://yktnews.com/2025/02/202593/
အမေရိကန်ရောက် အထောက်အထားမဲ့နှင့် သက်တမ်းလွန် မြန်မာများကို မြန်မာပြည် ပြန်လိုလျှင် သက်သေခံလက်မှတ် ထုတ် ပေး မည်ဟု စစ်ကောင်စီသံရုံး ကြေညာချက် ရိုးသားမှုမရှိဘဲ တော်လှန်ရေးသမားများကို ဖမ်းလိုစိတ် အပြည့်ရှိနေဟုဆို
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "အမေရိကန်ရောက် အထောက်အထားမဲ့နှင့် သက်တမ်းလွန် မြန်မာများကို မြန်မာပြည်လိုလျှင် သက်သေခံလက်မှတ် ထုတ် ပေးမည်ဖြစ်ကြောင်းအမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ အခြေစိုက် စစ်ကောင်စီသံရုံးက ထုတ်ပြန်ကြေညာသည်။", "ဖေဖော်ဝါရီလ ၅ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာသော စစ်ကောင်စီသံရုံး၏ ကြေညာချက်တွင် အမေရိကန်ရောက...
https://yktnews.com/2022/02/4856/
အင်္ဂပူ ဒုရဲမှူး ညွှန့်လှိုင်က ပြည်သူကို စစ်တပ်ဆန့်ကျင်သူဟု ဖမ်းဆီးငွေတောင်း၊ ပြည်သူ ၈ ဦးထံမှ ငွေကျပ် သိန်း ၂၀၀ ကျော် ခြိမ်းခြောက်ယူ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်၊ မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဒုရဲမှူးညွှန့်လှိုင်(ရဲ-၇၁၂၈) သည် ညစဉ်ညတိုင်း ပြည်သူများကို စစ်တပ်ဆန့်ကျင်သူများဟု အမည်တပ် ဖမ်းဆီးကာ ခြိမ်းခြောက်ငွေကြေးတောင်းယူမှုများ ဆိုးဝါးစွာ ကျူးလွန်လျက်ရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။...
https://yktnews.com/2025/02/202666/
ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့တွင် မြန်မာတိုင်းရင်းသားမိသားစုများ ပူးပေါင်း၍ စစ်အာဏာရှင်ကို ဆန္ဒပြ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့တွင် အကြမ်းဖက်စစ်တပ်၏ မအောင်မြင်သောလေးနှစ်မြောက်အာဏာသိမ်းခြင်း၊ အင်အားကြီး အိမ်နီးချင်းနိုင်ငံ၏ မြန်မာ့နိုင်ငံရေးဝင်ရောက်စွက်ဖက်မှုနှင့် ပြည်တွင်းတွင် မတရားစစ်မှုထမ်းဆင့်ခေါ်မှုဥပဒေကို ဆန့်ကျင်ခြင်းအားဖြင့် ဆစ်ဒနီနှင့် ကင်ဘာရာရှိ မြန်မာတိုင်းရင်းသားမိသားစုများ ပူးပ...
https://yktnews.com/2024/02/144382/
ဖားကန့်တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု သပိတ် ပြုလုပ်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဖေဖော်ဝါရီလ ၇ ရက် နေ့တွင် ဖားကန့်ပြည်သူများက အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု သပိတ် ၃နှစ်ပြည့် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြသည်။", "ဆန္ဒပြ ပြည်သူများ က “KIA PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ” “NUG အစိုးရ ဒို့အစိုးရ “ “ စနစ်ပြောင်းဖို့အတွက် တော်လှန်ရေးမှ တပါး အခြားမရှ...
https://yktnews.com/2022/02/5092/
တနိုင်းရှိ စစ်ကောင်စီ၏ နမ်ကောန်စခန်းကို KIA က သိမ်းပိုက်၊ ပူတာအိုတွင်လည်း စစ်တပ်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်ဒေသရှိ စစ်ကောင်စီ၏ နမ်ကောန်စခန်းကို ကချင်လွတ် လပ်ရေးတပ်မတော် KIA က ယနေ့ နံနက် ၉ နာရီတွင် သိမ်း ပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၉ နာရီ အချိန် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ KIA တပ်မဟာ ၂ တပ်ရင်း ၁၄ ရှိ စကစ နမ်ကောန် ...
https://yktnews.com/2024/02/144431/
ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ မအူပင်ရွာကို စစ်တပ်က အကြောင်းမဲ့ ဝင်ရောက်မီးရှိူ့ဖျက်ဆီးပြီးနောက် ကချင်နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရဆရာ ဦးလရှီးတူးလွမ် အပါအဝင် ပြည်သူ ၃ ဦးကို ဖမ်းဆီး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ဖားကန့်လမ်းပေါ်ရှိ မအူပင်ရွာကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဝင်ရောက်မီးရှိူ့ဖျက်ဆီးသွားကာ ကချင်နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရဆရာ ဦးလရှီးတူးလွမ် အပါအဝင် ပြည်သူ ၃ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက...
https://yktnews.com/2025/02/202796/
ဘောလခဲ၊ နန်းဖဲကျေးရွာသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အမျိုးသမီး ၁ ဦး သေဆုံးပြီး နေအိမ်ဈေးဆိုင် ပျက်စီး၊ မိုးဗြဲတွင်လည်း စစ်တပ်က အလုံး အရင်းဖြင့် ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်းထန်နေ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "ကရင်နီပြည်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအုပ်စုအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး နေအိမ် ဈေးဆိုင်တစ်လုံး ပျက်စီးခဲ့ ကြောင်းKNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန တာ၀န်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဖေဖ...
https://yktnews.com/2025/02/202847/
ကလေးမြို့နယ်တွင် သပိတ်စစ်ကြောင်း ၂ခု ပူးပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "ကလေးမြို့နယ်တွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနှင့်အတူ ကလေးမြို့လူထုသပိတ်စတင်ထွက်ရှိခြင်း ၄ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ” အထွေထွေဖိနှိပ်မှုကို တွန်းလှန်ကြ လွတ်မြောက်ရေးဆီ ချီတက်ကြ” ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြခဲ့ကြကြောင်းသိရှိရသည်။", "#မြန်မာ့နွေဦးတော်လ...
https://yktnews.com/2024/02/144348/
ချင်းပြည်နယ်၊ စစ်ဗျူဟာ(အခြေချ) ဟားခါးမှစစ်ဗျူဟာမှူးဗိုလ်မှူးကြီး ဟိန်းထက်အောင် နှလုံးရပ်သေဆုံးမှု စစ်ဘက်သတင်းရင်းမြစ်အတည်ပြု
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "ချင်းပြည်နယ်၊ စစ်ဗျူဟာ(အခြေချ) ဟားခါးမှစစ်ဗျူဟာမှူးဗိုလ်မှူးကြီး ဟိန်းထက်အောင် နှလုံးရပ်သေဆုံးသွားသည်ဆိုသော သတင်းမှာ မှန်ကန်မှုရှိကြောင်း စစ်ဘက်သတင်းရင်းမြစ်အတည်ပြုပြောဆိုသည်။", "စစ်တက္ကသိုလ်အပတ်စဉ် DSA ၄၂ ကျောင်းဆင်း ဗိုလ်မှူးကြီး ဟိန်းထက်အောင်သည် ခြေလျင်စစ်သားဘ၀မှ တက္ကသိုလ်ဝင်တန်း စားမေးပွဲ...
https://yktnews.com/2025/02/202798/
ပုသိမ် မုံရွာလမ်းမထက်တွင် သပိတ်အင်အားစုများ စုပေါင်း၍ စစ်အာဏာရှင်စနစ် အလိုမရှိဆန္ဒပြ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "စစ်ကိုင်းတိုင်း ပုသိမ် မုံရွာလမ်းမထက်တွင် သပိတ်အင်အားစုများ စုပေါင်း၍ စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း၊ ဖယ်ဒရယ်ပြည်‌ထောင်စုတည်ဆောက်ချင်ကြောင်း ကြွေးကြော်သံများဖြင့် လမ်းလျှောက် ဆန္ဒပြခဲ့ကြကြောင်းသိရှိရသည်။", "ထို့ပြင် ကျဆုံး ရဲဘော်များ၏ အုတ်ဂူဆီကို ဦးညွတ်အလေးနီပြုခြင်း၊ ဝေမြဲနှင်းဆီများဖြင့...
https://yktnews.com/2024/02/144358/
ရေဦးမြို့နယ် ကုက္ကိုစုကျေးရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ပြီး လည်လှီး သတ်ဖြတ်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ကုက္ကိုစုကျေးရွာမှ ပြည်သူ ၂ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ပြီး လည်လှီး ကာ ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ကြောင်း နတ်ဆိုးပြောက်ကျား Local PDF ၏ တာဝန်ခံ ဂျိမ်းစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၆ ရက်နေ့ ည ၁၁ နာရီ ခွဲအချိန်တွင် ...
https://yktnews.com/2025/02/202793/
ကနီမြို့နယ် ဆူးလေကုန်းစံပြရွာကို စစ်တပ်က စက်တပ်လေထီးများဖြင့် ဗုံးကျဲပစ်ခတ်၍ပြည်သူ ၁ ဦးသေဆုံး၊ မကွေးတွင်လည်း စက်တပ်လေထီးများအသုံးပြု၍ စစ်တပ်က တိုက်ခိုက်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ဆူးလေကုန်းစံပြရွာကို စစ်တပ်က စက်တပ်လေထီးများဖြင့် ဗုံးကျဲပစ်ခတ်ခဲ့၍ ပြည်သူ ၁ ဦးသေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ယ‌နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန် မုံရွာရှိ အနောက်မြောက်တိုင်းစစ်ဌ...
https://yktnews.com/2025/02/202759/
ကလေးမြို့နယ်တွင် စစ်မှုထမ်းဥပဒေဖြင့် မတရားဖမ်းဆီးခံရသူ လူငယ် ၁၈၅ ဦးရှိပြီး တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ခံရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဖြင့် မတရား ဖမ်း ဆီးခံရသူ ၁၈၅ ဦးရှိပြီးရှေ့တန်းစစ်မျက်နှာများသို့ ပို့ဆောင်နေကြောင်းကလေးမြို့လူထုတိုက်ပွဲဦး ဆောင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "၂ဝ၂၅ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဒီမိုကရေစီစံနှုန်းများနှင့်ကိုက်ညီ...
https://yktnews.com/2024/02/144396/
ရေဦးမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၁ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၁ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေဦးအခြေပြုPeople’s Defense Comradeပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဖေဖော်ဝါရီလ ၇ ရက်...
https://yktnews.com/2022/02/5108/
ရေဦးမြို့နယ်၊ တောင်ပြင်ငယ်ကျေးရွာအနီးကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ၂ ရက် ဆက်တိုက် ပစ်ခတ်ပြီး စစ်သား အများအပြား ချထား
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တောင်ပြင်ငယ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်များက စစ်ရဟတ်ယာဉ်ဖြင့် ၂ ရက်ဆက်တိုက်ပစ်ခတ်ပြီး စစ်သားအများအပြားကို ရဟတ်ယာဉ်ဖြင့် ချထား လျက်ရှိကြောင်း ဒေ သခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။“မနေ့ညနေကလည်း ရဟတ်ယာဉ်တွေဝဲပြီး ပစ်တယ်။ တ...
https://yktnews.com/2025/02/202797/
ရွှေဘို ဆိပ်ခွန်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေး ၂ ဦး အပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေး ၂ ဦး အပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဇီးဖြူကုန်...
https://yktnews.com/2024/02/144469/
ဟုမ္မလင်းမြို့နယ်တွင် SNA တပ်မှ တပ်စိပ်မှူး ၁ ဦး လက်နက် ခဲယမ်းနှင့်အတူ အလင်းဝင်၊ ဆုငွေကျပ် သိန်း ၃၀ ချီးမြှင့်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင်SNAတပ်မှ တပ်စိပ်မှူး ၁ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာပြီးSNAသည် စစ်ရေးပစ်မှတ် မဟုတ်သဖြင့် အလင်းဝင်ရောက်ကြရန်Homalin People’s Defense Force – HPDF – 124က ထုတ်ပြန်ထားသည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့က ဟုမ္မလင်းမြို့နယ်၊SNAတပ်ဖွဲ့မှ တပ်စိပ်မှူးအဆင့်ရှိသူ...
https://yktnews.com/2025/02/202794/
အရာတော်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ အထိနာ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ညောင်ပင်ကန်ကျေးရွာအနီးတွင်အကြမ်းဖက်စစ်တပ် စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်သားများ တိုက်ခိုက်သေဆုံးမှုရှိကြောင်းBa Thu Kyawal Column က သတင်းထုတ်ပြန်သည်။", "ဖေဖော်ဝါရီလ ၆ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်က မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ မှ ...
https://yktnews.com/2025/02/202865/
စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲမှာ ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီ၍ နိုင်ငံတကာက လက်မခံရန် အပြည်ပြည်ဆိုင်ရာ ရွေးကောက်ပွဲ စောင့်ကြည့် အကူအညီပေးရေးအဖွဲ့ကြီး ၃ ခုက ကြေညာ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲမှာ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီ၍ နိုင်ငံတကာက လက်မခံရန် အပြည်ပြည်ဆိုင်ရာ ရွေးကောက်ပွဲ စောင့်ကြည့်အကူအညီပေးရေးအဖွဲ့ကြီး ၃ ခုက ကြေညာလိုက်သည် ။", "အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ အကူအညီပေးရေး အဖွဲ့အစည်း(International IDEA)၊ လွတ်လပ်သောရွေး...
https://yktnews.com/2024/02/144376/
လောင်းလုံးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး စစ်တပ် တပ်စွဲထားသော နေရာ တချို့ကို မီးရှို့ရှင်းလင်း
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး စစ်တပ် တပ်စွဲထားသော နေရာ တချို့ကို မီးရှို့ရှင်းလင်းခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့-LLPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို...
https://yktnews.com/2025/02/202758/
သရက်ချောင်းမြို့နယ်၊ ဝင်းဝကျေးရွာသို့ အင်အားဖြည့်တင်းရန် လာရောက်သည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၃ ဦးသေဆုံးဟုဆို
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝင်းဝကျေးရွာသို့ အင်အားဖြည့်တင်းရန် လာရောက်သည့် အကြမ်းဖက်စစ်တပ်စစ် ကြောင်းကို ၄ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၃ ဦးသေဆုံးခဲ့ ကြောင်းဒေါင်းညီနောင်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဒီဇင်ဘာလ ၁၃ ရက်နေ့ သရက်ချောင...
https://yktnews.com/2024/02/144371/
တရားမဝင် အာဏာသိမ်းမှုနောက်ပိုင်း သုံးနှစ်တာကာလအတွင်း နိုင်ငံတကာအရေးယူမှုများ လုံလောက်မှု မရှိကြောင်း JFM ပြော။ လက်ရှိထက် ပိုမိုပြင်းထန်စွာ လုပ်ဆောင်ဖို့ တောင်းဆို
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "တရားမဝင် အာဏာသိမ်းကြိုးပမ်းချိန်မှ စတင်ပြီး အကြမ်းဖက်မြန်မာစစ်အုပ်စုအပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများကို Justice for Myanmar က နှိုင်းယှဥ်ဖော်ပြ ဝေဖန်ပြောဆိုလိုက်ပါတယ်။", "နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုကို လက်ရှိအချိန်အထိ ထောက်ပံ့ကူညီနေတဲ့ နိုင်ငံတွေကို...
https://yktnews.com/2022/02/5211/
ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေး ရှောင်တာနယ် လွတ်မြောက်ဟု ဝန်ကြီးချုပ် ဟွန်ဆင်ကြေညာမှု သတင်းအမှားဟု ကမ္ဘောဒီးအစိုးရပြန်ရှင်း
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ရှောင်တာနယ် လွတ်မြောက်လာပြီဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်က ကြေညာမှုသည် သတင်းအမှားကြောင့် ဖြစ်ကြောင်း ကမ္ဘောဒီးယားအစိုးရက ယနေ့ည ကြေညာချက်ထုတ်ပြန်သည်။ ယနေ့ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသော အမှတ် ၇ လမ်းမ ဖွင့်ပ...
https://yktnews.com/2025/02/205580/
ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ စစ်တပ်ဂိတ်စခန်း ၇ ခုကို တိုက်ခိုက်မှု စစ် သား ၈ ဦးသေဆုံးပြီး PDF ၁ ဦးကျဆုံး၊ မုံရွာ ဗောဓိတစ်ထောင် MRTV အသံ လွှင့် တာဝါတိုင်စခန်းကုန်း ကို သိမ်းပိုက်မှု ရဲ ၁၁ ဦးသေဆုံးပြီး လက်နက် ၁၀ လက်နှင့်ခဲယမ်းများ ရရှိ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "ပဲခူးတိုင်း၊ ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီဂိတ်စခန်း ၇ ခုကို တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံးကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ် ပြန် သည်။", "ဖေဖော်ဝါရီလ ၂၅ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တို့တွင် ပဲခူးတိ...
https://yktnews.com/2024/02/144445/
ရေတာရှည်မြို့နယ်၊ သဖန်းဇင်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးထား
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ သဖန်းဇင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဖေဖော်ဝါရီလ ၇ ရက်နေ့ မွန်းလွဲ ပိုင်းမှ စတင်ကာ အကြမ်းဖက် စစ်တပ်က ရေတာရှည...
https://yktnews.com/2025/02/202848/
ကျောမြို့ ကပစ ၂၃ တပ်မှ ဗိုလ်ကြီး ၁ ဦး မိမိကိုယ်ကို အဆုံးစီရင်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့ခြေစိုက် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံ ကပစ ၂၃ တပ်တွင်း၌ ဗိုလ်ကြီး ၁ ဦး ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်ခတ်ကာ အဆုံးစီရင်သွားကြောင်းတပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်၊ ကျောမြို့အ...
https://yktnews.com/2024/02/144455/
စလင်းမြို့နယ်တွင် လက်နက်ကိုင် ပျူစောထီး ၂ ဦးကို ဝင်ရောက် ဖမ်းဆီးစဥ် ပြန်လည် ခုခံသောကြောင့် ပစ်ခတ်ဖမ်းဆီးရာ ၂ ဦးလုံးသေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "မကွေးတိုင်း၊ စလင်းမြို့နယ်တွင် လက်နက်ကိုင် ပျူစောထီး ၂ ဦး ဝင်ရောက် ဖမ်းဆီးစဥ် ပြန်လည် ခုခံသောကြောင့် ပစ်ခတ်ဖမ်းဆီးရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၆ ရက်နေ့ ည ၉ နာရီခန့်တွင် စလင်းမြို့နယ်၊...
https://yktnews.com/2024/02/144365/
ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ စက်ရုံအတွင်းဝင်ရောက်ပြီး မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ( ကပစ ၂၂) ဝင်းအတွင်းသို့ ဝင်ရောက်ပြီး မိုင်းထောင်ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားဆိုး တစ်ကိုယ်တော် ပြောက်ကျား အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဝရဇိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြား...
https://yktnews.com/2024/02/144496/
မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးကျေးရွာကို ရော့ကတ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် အလုံး ၂၀၀ ခန့် ပစ်ခတ်တိုက်ခိုက်မှု ပျူစောထီး ၃ ဦး ဒဏ်ရာရရှိပြီး ပျူစောထီးများနေထိုင်သော နေအိမ် ၂ လုံးမီးလောင် ပျက်စီး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာကို Rocket ၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ဗုံးသီး အလုံး ၂၀၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ‌ပျူစောထီး ၃ ဦးဒဏ်ရာရရှိခဲ့ပြီး ပျူစောထီး နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်းMPL People’s Defense Forceတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာန...
https://yktnews.com/2024/02/144473/
မြင်းခြံမြို့နယ်၊ ကံစွယ်ရွာမှ ပြည်သူ ၅ ဦးကို စစ်တပ်က ပစ်သတ်ပြီး နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီး၊ ပြည်သူပိုင်‌ ရွှေ၊ ငွေများနှင့် ငွေကျပ် သိန်း ၄၀၀ ကျော်ကို စစ်သားများက ခိုးယူသွား
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကံစွယ်ရွာကျေးရွာမှ ပြည်သူ ၅ ဦးကို အကြမ်းဖက် စစ်တပ်က ပစ်သတ်ဖြတ်ခဲ့ပြီး နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင်ရွှေ၊ ငွေနှင့် ငွေကျပ် သိန်း ၄၀၀ ကျော်ကို စစ်သားများက ခိုးယူသွားကြောင်း နွားထိုးကြီးမြို့နယ်သတင်းတာဝန်ခံက ရန် ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြာ...
https://yktnews.com/2024/02/144368/
မန္တလေးအိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသူ မယဉ်မိုး ဆေးဝါးကုသခွင့် မရ၍ ကျောက်ကပ်ရောဂါဖြင့် သေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "မန္တလေးမြို့၊ မန္တလေးအိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ မယဉ်မိုး ဆေးဝါးကုသခွင့် မရ၍ သေဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားကွန်ရက်(PPNM)မှ ကိုသိုက်ထွန်းဦးက ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၄ ရက်နေ့ အသက် ၃၅ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ မယဉ်မိုးသည် ကျောက်ကပ်ရောဂါဖြင့် သေဆ...
https://yktnews.com/2025/02/202754/
နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် လူငယ်များနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ဖြောင့်မတ် မှန်ကန်စွာ တွေးခေါ် ဆင်ခြင် ဆုံးဖြတ်နိုင်စွမ်းမြင့်မားရန် လိုအပ်နေဟု အကြမ်းဖက် မင်းအောင်လှိုင် ပြောပြန်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် လူငယ်များနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် ဖြောင့်မတ်မှန်ကန်စွာ တွေးခေါ် ဆင်ခြင် ဆုံးဖြတ်နိုင်စွမ်းမြင့်မားရန် လိုအပ်နေကြောင်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုပြန်သည်။", "ယနေ့ကျရောက်သည့် ၇၈ နှစ်မြောက် ရှမ်းပြည်နယ်နေ့အဖြစ် မင်းအောင်လှိ...
https://yktnews.com/2022/02/5238/
ကျိုက်ထိုတွင် စစ်တပ်အချင်းချင်း မှားပစ်၍ စစ်သား ၂ ဦး ထက်မနည်းသေဆုံး
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်အချင်းချင်း မှားပစ်၍ စစ် သား ၂ ဦး ထက်မနည်း သေဆုံးကြောင်း KNU က သတင်းထုတ်ပြန်သည်။", "ဖေဖော်ဝါရီလ ၄ ရက်နေ့ ကျိုက်ထိုမြို့နယ် အတွင်း၌ စစ်ကောင်စီ တပ်များ အချင်းချင်းမှားယွင်းပစ်ခတ်ခဲ့ကြပြီး ၂ ဦးထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ် ရာရသူများလည်း ရှိကြောင်း၊ ပ...
https://yktnews.com/2024/02/144480/
ယင်းမာပင်မြို့နယ်အတွင်းရှိ ကျောင်းတစ်ကျောင်းတွင် ကျောင်းကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "ယင်းမာပင်၊ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကော်မတီ၏ Medical Teem သည် ယင်းမာပင်မြို့နယ်တွင်း ခက်ခဲသော ကျောင်းတစ်ကျောင်းသို့ သွားရောက်၍ ကျောင်းကျန်းမာရေး ပြုလုပ်ခဲ့ကြပြီး ကျောင်းအနီးတဝိုက် နာမကျန်းဖြစ်နေသော သက်ကြီးရွယ်အိုများကိုပါ တပါတည်းဆေးကုသခဲ့ကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yk...
https://yktnews.com/2024/02/144404/
ရခိုင်ပြည်မှ အိန္ဒိယနိုင်ငံသားများ ချက်ချင်း ထွက်ခွာရန် အိန္ဒိယအစိုးရ သတိပေးချက် ထုတ်ပြန်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်တွင် အိန္ဒိယနိုင်ငံသားအားလုံး ပြည်နယ်အတွင်းက ချက်ချင်း ထွက်ခွာကြရန် အိန္ဒိယအစိုးရ၏ ပြည်ပရေးရာဝန်ကြီးဌာန (MEA)က သတင်းပေးထုတ်ပြန်လိုက်သည်။", "လုံခြုံရေးအခြေအနေ ယိုယွင်းလာခြင်း၊ ကြိုးဖုန်းများအပါအဝင် ဆက်သွယ်ရေးလမ်းကြောင...
https://yktnews.com/2024/02/144347/
မင်းပြားမြို့မှ ခမရ ၃၇၉ ၊ ခမရ ၅၄၁ တပ်ရင်းများနှင့် မောင်တောမြို့ရှိ တောင်ပြို(လက်ဝဲ) နယ်ခြားစောင့်စခန်းကို AA က တိုက်ခိုက် သိမ်းပိုက်ရရှိ၊ စစ်တပ်ဘက်မှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူများပြားပြီး AA ထံတွင်လည်း လက်နက်ချသူများပြား
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှ ခမရ ၃၇၉ ၊ ခမရ ၅၄၁ တပ်ရင်းများနှင့် မောင်တောမြို့ရှိ တောင်ပြို(လက်ဝဲ) နယ်ခြားစောင့်စခန်းကို AA က တိုက်ခိုက် သိမ်းပိုက်ရရှိကြောင်း မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖေဖော်ဝါရီလ ၆ ရက်နေ့ ညပိုင်းထုတ်ပြန်ကြေညာသည်။", "ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် မင်းပြားမြိုအခြေစိုက် “...
https://yktnews.com/2025/02/202757/
ရန်ကုန်တိုင်းတွင် တစ်ရပ်ကွက်လျှင် လူငယ် ၃ ဦးနှုန်းဖြင့် မြို့နယ်တစ်ခုလျှင် တစ်လ အနည်းဆုံး စစ်မှုထမ်းတပ်သား ၇၀ ဦး စုဆောင်းထားရန် ညွှန်ကြား၊ ဒဂုံမြို့သစ်အရှေ့ပိုင်း ၅၂ ရပ်ကွက်တွင် လူငယ် ၃၀ ကျော် စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "ရန်ကုန်တိုင်းတွင် တစ်ရပ်ကွက်လျှင် လူငယ် ၃ ဦးနှုန်းဖြင့် မြို့နယ်တစ်ခုလျှင် တစ်လ အနည်းဆုံး စစ်မှုထမ်းတပ်သား ၇၀ ဦး စုဆောင်းထားရန် သက်ဆိုင်ရာ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်က ညွှန်ကြားလာကြောင်းကမာရွတ်မြို့နယ်စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့ နှင့်တိုက်ရိုက်ပတ်သက်နေရသည့် သတင်းရင်းမြစ်ကရန်ကုန်ခေတ်သ...
https://yktnews.com/2022/02/5053/
အင်းလျားကန်ဘောင်တွင် စစ်တပ်က ပစ်ခတ်လိုက်သော ဗကသကျောင်းသားကိုကျော်ဉာဏ ကျဆုံးခြင်းမရှိသေးဘဲ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်နေရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်လျားကန်ဘောင်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာချိတ်ဆွဲစဉ် စစ်တပ်က ပစ်ခတ်လိုက်သော ဗကသကျောင်းသား ကိုကျော်ဉာဏ(ခ)ကိုဘုန်းမြတ်လင်းသည် ကျဆုံးခြင်းမရှိသေးဘဲ ဆေးရုံတွင် ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်နေရကြောင်း ဗကသက ကြေညာချက် ထုတ်ပြန်သည်။ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသ...
https://yktnews.com/2022/02/5105/
ကျောက်တန်းတွင် Mytel တာဝါတိုင် ဗုံးခွဲခံရပြီးနောက် NLD လူငယ် ၂၀ ထက်မနည်း ရိုက်နှက်ဖမ်းဆီး စစ်ကြောခံရ၊ ရန်ကုန်တွင် ကင်းပုန်းများချပြီး စစ်တပ်က လုံခြုံရေးတင်းကျပ်
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်တွင် စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ယမန် နေ့ည ၉ နာရီကျော်အချိန် ဗုံးခွဲမှု တစ်ရပ် ဖြစ်ပွားပြီးနောက် ကျောက် တန်းမြို့နယ် ၊ ဇွဲဘာကုန်းတန်းကျေးရွာမှ လူငယ် ၂၀ ဦးထက်မနည်းကို စစ် တပ်က ဖမ်းဆီးရိုက်နှက် စစ်ကြောနေကြောင်း ဒေသခံများက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောဆိုသည...
https://yktnews.com/2024/02/144477/
မြေနီကုန်းကုန်းတံတားအောက်၊ ယာဉ်ထိန်းရဲကင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီးကုန်းကုန်းတံတားအောက်၊ ယာဉ်းထိန်းရဲကင်းတွင် ယနေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်အချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်းရန်ကုန် UG တော်လှန်ရေးရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“မြေနီကုန်း၊ ကုန်းတံတားအောက်က ယာဉ်ထိန်းရဲကင်းကို ဖောက်ခွဲခဲ့ပါတ...
https://yktnews.com/2024/02/144408/
ဆီဆိုင်တွင် တိုက်ပွဲဖြစ်ပွားခြင်းနှင့် ကိုယ့်မိုင်းကိုယ်နင်းမိခြင်းတိုကြောင့် စစ်သား ၈ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိ၊ စစ်တပ်က လွယ်ပွတ်ကျေးရွာကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြည်သူများ ထွက်ပြေးရ
["ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြိုနယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းနှင့် ကိုယ့်မိုင်းကိုယ်နင်းမိခြင်းတိုကြောင့် စစ်ကောင်စီတပ်ဖွဲဝင် ၈ ဦးသေဆု့းပြီး ၂ ဦးအရှင်ဖမ်းမိကြောင်းPNLAမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၆ ရက်နေ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(...