url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2022/05/18156/
ဟားခါး-ဖလမ်း လမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်ပြီး CNA နှင့် CDF ဘက်မှ ၉ ဦးကျဆုံး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးထက်မနည်းသေဆုံး
["ရန်ကုန်၊ မေ ၅", "ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တလန်ဇာရ်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ စစ်ယာဉ်တန်းကို ချင်းပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်ကာ နှစ်ဖက်အကျအဆုံး များပြားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။ဟားခါး-ဖလမ်းကားလမ်း၊ တလန်ဇာရ်ကျေးရွာအနီးတွင် ယနေ့ မေလ ၅ ရက် နံနက်ပိုင်းမှစ၍...
https://yktnews.com/2022/05/18109/
မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ထုတ်ပြန်ချက်ကို လိုက်နာခြင်း မရှိသော Ooredoo ကုမ္ပဏီကား ဖမ်းဆီးခံရ၊ ကားကို သိမ်းဆည်းပြီး ဝန်ထမ်း အားလုံးကို ပြန်လွှတ်ပေး
["ရန်ကုန်၊ မေ ၅", "စစ်ကိုင်းတိုင်း မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းတွင် ယနေ့ မေလ ၅ရက်နေ့၌ Ooredoo ဆက်သွယ်ရေး ကုမ္ပဏီကားသည် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ထုတ်ပြန်ချက်ကို လိုက်နာခြင်း မရှိသည့်အတွက် ကာကွယ်ရေး တပ်ဖွဲ့များက ဖမ်းဆီး ခဲ့ပြီး ယာဉ်ပေါ်ပါလာသည့် ဆီပေပါ ၄လုံးနှင့်ကားကို သိမ်းဆည်း ခဲ့ကြောင်း ချိုမိုင်မိုင် ယင်းမာပင်-ကန...
https://yktnews.com/2022/05/18168/
အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်းမီးရှို့ခဲ့သောကြောင့် ရွာလုံးကျွတ် ပြာကျ ခဲ့သော ကလေးမြို့ အရှေ့စည်းရွာ
["ရန်ကုန်၊ မေ ၅", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း အရှေ့စည်းရွာကို အကြမ်းဖက် စစ်တပ်က မေလ ၁ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။အကြမ်းဖက် စစ်တပ်သည် အရှေ့စည်းရွာရှိ ၎င်းတို့ တပ်စွဲခဲ့သော ဘုန်းကြီး ကျောင်းနှင့် စာသင် ကျောင်း...
https://yktnews.com/2025/05/213522/
ကသာထောင်တွင် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိသောကြောင့် နိုင်ငံရေးအကျဉ်းသား ကိုဟိဏ်းမင်းသူ အတက်ရောဂါဖြင့် ကွယ်လွန်
["ရန်ကုန်၊ မေ ၅", "စစ်ကိုင်းတိုင်း၊ ကသာထောင်တွင် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိသောကြောင့် နိုင်ငံရေးအကျဉ်း သား ကိုဟိဏ်းမင်းသူသည် အတက်ရောဂါဖြင့် ကွယ်လွန်သွားကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်း သားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "...
https://yktnews.com/2025/05/213520/
ကောလင်းမြို့တွင် စစ်ကောင်စီတပ်က အသက် ၅၀ နှစ်အရွယ် ဒေါ်ဥကို ပစ်ခတ်သတ်ဖြတ်
["ရန်ကုန်၊ မေ ၅", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ထဲမှ ထွက်လာသော အကြမ်းက် စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်သားများက အသက် ၅၀ နှစ်အရွယ် ဒေါ်ဥ ကို ပစ်သတ်ခဲ့ကြောင်းKawlin info မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ၄ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်အချိန် ကောလင်းမြို့ထဲမှ ထွက်...
https://yktnews.com/2022/05/18139/
ဆားလင်းကြီး စစ်သား ၃ ဦးလိုက်ပါသော အိမ်စီးကား မိုင်းဆွဲခံရပြီး စစ်သား ၁ ဦးသေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာရ၊ ဗုံးသီးများ သိမ်းဆည်းရမိ
["ရန်ကုန်၊ မေ ၅", "စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး-ဆားလင်းကြီးလမ်းပိုင်းတစ်နေရာတွင် အိမ်စီးကား မိုင်းဆွဲခံရပြီး စစ်သား ၁ ဦး သေဆုံးကာ ၂ ဦး ပြင်း ထန်ဒဏ်ရာရရှိကြောင်း Salingyi G-Z Local PDF က သတင်းထုတ်ပြန်သည်။မေလ ၄ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်တွင် စစ်သား ၃ ဦးလိုက်ပါသော အိမ်စီးကားသည် မိုင်းကွင်းများအကြား ...
https://yktnews.com/2025/05/213525/
ဆားလင်းကြီး၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီအနီး လုံခြုံရေးကင်းယူထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
["ရန်ကုန်၊ မေ ၅", "စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မုံရွာ-ပုသိမ် လမ်းပိုင်းရှိ တရုတ်ဝမ်ပေါင်ကုမ္ပဏီ အနီး လုံခြုံရေးကင်းယူနေသော စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်းBlack Eagle LPDF မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် ဆားလင်းကြီးမြို့နယ...
https://yktnews.com/2025/05/213501/
ရေဦးနှင့် ကနီမြို့နယ်တို့ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု အမျိုး သမီး ၁ ဦးသေဆုံးပြီး နေအိမ်နှင့် အဆောက်အအုံ တချို့ပျက်စီး
["ရန်ကုန်၊ မေ ၅", "စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အင်ပုထိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်းရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။", "ယနေ့‌ မေလ ၅ ရက် ...
https://yktnews.com/2025/05/213499/
ရွှေဘိုမြို့အနီးသို့ ယနေ့ နံနက်ပိုင်း ဗဟိုပြု လှုပ်ခတ်သည့် ၄ ဒသမ ၈ အဆင့်ရှိ ငလျင်ကို ပျော်ဘွယ်၊ ရေဦး၊ ခင်ဦးနှင့် မိုးကုတ်မြို့များတွင်ပါ သိသာစွာ ခံစားရ
["ရန်ကုန်၊ မေ ၅", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနီးသို့ ယနေ့ နံနက်ပိုင်း ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ပြင်းအား ၄ ဒသမ ၈ အဆင့်ရှိ ငလျင်ကြောင့် ပျော်ဘွယ်၊ ရေဦး၊ ခင်ဦးနှင့် မိုးကုတ်မြို့တွင်ပါ သိသာစွာ ခံစားရကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ယနေ့မေလ ၅ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၆ နာရီ ၀၃ မိန...
https://yktnews.com/2022/05/18136/
ဘုတလင် တော်ဦးဘရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၀ဦးခန့် သေဆုံး
["ရန်ကုန်၊ မေ ၅", "စစ်ကိုင်းတွင် ဘုတလင်မြို့နယ် တော်ဦးဘရွာကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်တပ်ကို ယနေ့ မေလ ၅ရက်နေ့တွင် နံနက် ၆နာရီခန့်၌ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၀ ဦးသေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် ကနီသားများ၏ ရင်တွင်း အသံ အဖွဲ့ထံမှ သိရသည်။စစ်ကောင်စီ စစ်ကြောင်းသည် မေလ ...
https://yktnews.com/2022/05/18072/
စစ်သား ၂ ဦးက လက်နက် ၃ လက် သယ်ဆောင်လာပြီး CDF မတူပီထံတွင် CDM လုပ် အလင်းဝင်၊ လက်နက်များ ပြန်ရရေး စစ်တပ်က ပြည်သူများကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက် ဓားစာခံလုပ်နေ
["ရန်ကုန်၊ မေ ၅", "စစ်ကောင်စီတပ်မှ စစ်သား ၂ ဦးက လက်နက် ၃ လက် သယ်ဆောင်လာပြီး CDF မတူပီထံတွင် CDM လုပ် အလင်းဝင်လိုက်ပြီး စစ်တပ်က လက်နက်များ ပြန်ရရေး ပြည်သူများကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက် ဓားစာခံလုပ်နေကြောင်း CDF မတူပီက သတင်းထုတ်ပြန်သည်။မတူပီအခြေစိုက် စစ်ကောင်စီ စစ်ဗျူဟာစခန်းမှ တပ်သား ချစ်ကိုကို တ/၃၈၇၆၈ ၊ မုံရွာ အခြေစို...
https://yktnews.com/2022/05/18099/
ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးကျေးရွာ ရဲစခန်းမှူး ပစ်သတ်ခံရအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ လမ်းများပိတ်ကာ ရွာအတွင်း သေနတ်ပစ်ဖောက် စစ်ဆေးနေ
["ရန်ကုန်၊ မေ ၅", "ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးကျေးရွာရှိ ရဲစခန်းမှူး ဘိုပိန် (အရပ်အခေါ်) သည် ယနေ့ မေလ ၅ ရက် နံနက် ၁၀ နာရီခန့်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် အမည်မသိသေနတ်သမားက လာရောက် ပစ်သတ်သွားကြောင်း သတင်းရရှိသည်။“လက်ဖက်ရည်ဆိုင်ထဲမှာ ၆ ချက် ပစ်ခံရတာ၊ သူ့ကို ဘိုပိန်လို့ပဲ ခေါ်ကြတယ်၊ နာမည်အရင်းတ...
https://yktnews.com/2025/05/213523/
မင်းလှမြို့နယ်၊ ရိုးမဖြတ်ကျော်လမ်းတွင် ပျူစောထီး ၂ ဦးအရှင်ဖမ်းမိသော်လည်း ထွက်ပြေးသွားသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး
["ရန်ကုန်၊ မေ ၅", "ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရိုးမဖြတ်ကျော်လမ်းပေါ်တွင် ပျူစောထီး ၂ ဦးအရှင် ဖမ်း မိခဲ့ပြီး စစ်ဆေးနေစဉ် ထွက်ပြေးသဖြင့်ပစ်ခတ်ဖမ်းဆီး ရာ ၂ ဦးစလုံး သေဆုံးသွားကြောင်းသာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မေလ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အ...
https://yktnews.com/2022/05/18112/
ပြင်းအား ၂ ဆတိုးထားသည့် ဒရုန်းဗုံး အလုံး ၅၀၀ ထုတ်လုပ်ရန် ကူညီထောက်ပံ့မှုလိုအပ်ဟု ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့က ထုတ်ပြန်၊ စစ်ကိုင်းတိုင်း ဒေသကာကွယ်ရေးတပ်များထံ ဖြန့်ဝေပေးမည်
["ရန်ကုန်၊ မေ ၅", "ပြင်းအား ၂ ဆတိုးထားသည့် ဒရုန်းဗုံး အလုံး ၅၀၀ ထုတ်လုပ်ရန် ကူညီထောက်ပံ့မှုလိုအပ်နေကြောင်း ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့က ထုတ်ပြန်ကြေညာသည်။ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီကို ကောင်းကောင်းခြိမ်းခြောက်နိုင်မည့် Aircraft Bomb(drone/UAV bomb) များကို အမြောက်အများ ထုတ်လ...
https://yktnews.com/2022/05/18093/
ပြည်သူ့ကာကွယ်ရေးတပ်မတော် ၁ နှစ်ပြည့်အခမ်းအနား တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ကျင်းပ
["ရန်ကုန်၊ မေ ၅", "ပြည်သူ့ကာကွယ်ရေးတပ်မတော် ၁ နှစ်ပြည့်အခမ်းအနားကို တောင်ပိုင်းစစ်ဒေသနယ်မြေ၊ ဘောဒိုင်းစခန်းတွင် ကျင်းပကြောင်း သိရှိရသည်။ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းခြင်းတစ်နှစ်ပြည့်အခမ်းအနားကို တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံအားအလေးပြုခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီရေးအတွ...
https://yktnews.com/2022/05/18121/
ရေစကြို ကျွန်းလှယဉ်ရွာကို စစ်တပ်က ဝင်စီး လူငယ် ၃၅ ဦးကို ဖမ်းဆီးပြီး ၁ ဦးဆီကို အချက် ၁ဝဝ ကျော် ရိုက်နှက်၊ ပြည်သူပိုင် ရွှေ ၁၅ ကျပ်သား၊ ငွေကြေး သိန်း ၁၅ဝဝ ကိုခိုးယူ လုယက်သွား
["ရန်ကုန်၊ မေ ၅", "မကွေးတိုင်း ရေစကြိုမြို့နယ် ကျွန်းလှယဉ်ရွာကို အကြမ်းဖက် စစ်တပ်က မေလ ၄ ရက်နေ့ နံနက် ၅နာရီခန့်တွက် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာ အတွင်းရှိ လူငယ် ၃၅ ဦးကို ဖမ်းဆီးကာ ၁ ဦးဆီကို အချက် ၁ဝဝ ကျော်ရိုက် နှက်ခဲ့ကြောင်း ဒေသခံပြည်သူက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းရှိ ပြည်...
https://yktnews.com/2025/05/213486/
ပခုက္ကူ၊ မီးသွေးကန်ရွာသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၂ နှစ်ခွဲအရွယ် ကလေးငယ် ကျည်ထိမှန် ဗိုက်ပေါက်သေဆုံးပြီး မိခင် အပါအဝင် ၃ ဦးဒဏ်ရာရ၊ ရွာသား ၇ ဦးကို စစ်တပ်က ဖမ်းဆီး
["ရန်ကုန်၊ မေ ၅", "မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မီးသွေးကန်ကျေးရွာသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၂ နှစ်ခွဲအရွယ် ကလေးငယ် ကျည်ထိမှန် ဗိုက်ပေါက်သေဆုံးပြီး မိခင် အပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ၂ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မကွေးတိုင်း၊ ပခုက္ကုမြ...
https://yktnews.com/2025/05/213498/
တိုင်းပြည်ဘဏ္ဍာငွေကို အကြိုက်သုံး တည်ဆောက်ထားသည့် အကြမ်းဖက်စစ်တပ်ကို ၄ နှစ်သား PDF တပ်များက ဖိအားပေး တိုက်ပွဲဝင်ပြီး အောင်ပွဲများရရှိနေဟု NUG ဝန်ကြီးချုပ်ပြောဆို
["ရန်ကုန်၊ မေ ၅", "မြန်မာနိုင်ငံမှ တိုင်းပြည်ဘဏ္ဍာ ငွေကို အကြိုက်သုံး တည်ဆောက်ထားသည့် အကြမ်းဖက်စစ်တပ်ကို ၄ နှစ်သား PDF တပ်များက ဖိအားပေး တိုက်ပွဲဝင်ပြီး အောင်ပွဲများရရှိနေဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်သည်။", "ယနေ့ကျရောက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းခြင်း ၄ နှစ်ပြည့...
https://yktnews.com/2022/05/18081/
အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းကာ မြန်မာတွင် စက်ရုံဖွင့်ရန် လုပ်ဆောင်နေသော ရုရှားထရပ်ကားကုမ္ပဏီ Kamaz နှင့် ရုရှားကုမ္ပဏီများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် JFM တောင်းဆို
["ရန်ကုန်၊ မေ ၅", "ရုရှားထရပ်ကား ကုမ္ပဏီကြီးဖြစ်တဲ့ Kamaz အနေနဲ့ မြန်မာနိုင်ငံမှာ ထရပ်ကား ထုတ်လုပ်ရေးကို လုပ်ဆောင်ဖို့ လာမယ့်ဇွန်လမှာ နောက်ဆုံးထားပြီး သဘောတူ စာချုပ်တစ်ရပ်ကို အပြီးသတ် ချုပ်ဆိုဖို့ရှိ နေပါတယ်။ဒါနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်က အဆိုပါ ထရပ်ကားကုမ္ပဏီရဲ့ ခေါင်းဆောင်ဖြစ်သူဟာ မြန်မာနိုင်ငံကို လာရောက်ခဲ့...
https://yktnews.com/2025/05/213484/
ယူကရိန်းသမ္မတ၏ လုံခြုံရေးတာဝန်မယူ ဆိုသော စကားကြောင့် နေပြည်တော်တွင် စိုးရိမ်မှုများဖြင့် လှုပ်လှုပ်ခတ်ခတ်ဖြစ်သော် လည်း မင်းအောင်လှိုင် ရုရှားသွားရောက်ရန် ဆုံးဖြတ်ထားဆဲ
["ရန်ကုန်၊ မေ ၅", "ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ပြုလုပ်မည့် ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် ရင်ပြင်နီအောင်ပွဲ အခမ်းအနားသို့ တက်ရောက် မည့် နိုင်ငံ တကာခေါင်းဆောင်တချို့၏ လုံခြုံရေးကို တာဝန်မယူဟု ယူကရိန်းသမ္မတဇန်လစကီး ၏ ထုတ် ဖော်ပြောဆိုမှုကြောင့် နေပြည် တော်တွင် လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားသော်လည်း မင်းအောင်လှိုင် ရုရှားသွား ရေ...
https://yktnews.com/2025/05/213500/
TNLA သိမ်းပိုက်ထားသော ကျောက်မဲမြို့နယ်ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်
["ရန်ကုန်၊ မေ ၅", "ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA သိမ်းပိုက်ထားသော ကျောက်မဲမြို့နယ်ရှိ ပြည်သူ့ ဆေးရုံနှင့် ကျောက်မဲမြို့ နေရာတချို့ကို စစ်ကောင်စီက ဒုတိယအကြိမ် လေယာဉ်ဖြင့် ဗုံးများ ထပ်မံကျဲချကြောင်းဒေသပြည်သူများနှင့် စစ်ရေးသ တင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။", "ယနေ့မေလ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်နှင့် နံနက်...
https://yktnews.com/2022/05/18069/
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် ၊မော်တောင်းရွာအနီးတွင် စစ်သားများလိုက်ပါသော ကား မိုင်းဆွဲခံရပြီး စစ်သား ၁၁ ဦးနှင့် ယာဉ်မောင်းအရပ်သား ၂ ဦးသေဆုံး
["ရန်ကုန်၊ မေ ၅", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်နှင့်မော်တောင်းအကြား မော်တောင်းကျေးရွာအနီး စစ်တပ်က ချောဆွဲလာသည့် ကားကို ဒေသတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့က လက်နက်ကြီးများ၊ ဆွဲမိုင်းများဖြင့် တိုက်ခိုက်ရာ စစ်သား ၁၁ ဦး၊ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် အရပ်သား ၂ ဦး စုစုပေါင်း ၁၃ ဦးသေဆုံးကြောင်း သိရှိရသည်။မေလ ၄ ရ...
https://yktnews.com/2022/05/18162/
အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ရန်ကုန်ရောက်၊ အင်းလျားလမ်းတစ် လျှောက် လုံခြုံရေးများ တင်းကျပ်ထား
["ရန်ကုန်၊ မေ ၅", "အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ရန်ကုန်သို့ ရောက်ရှိနေပြီး ယနေ့ အင်းလျားလမ်းတစ်လျှောက် လုံခြုံရေးတင်းကျပ်ထားကြောင်း စစ်တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။“ဒီနေ့ညနေ ၅ နာရီ ၃၀ မိနစ်လောက်မှာ အင်းလျားလမ်းစိုးဝင်းခြံရှေ့မှာ စစ်ခွေး အယောက် ၃၀ လောက် ရှိနေတယ်။ အခုအချိန်အထိလည်း စစ်ခွေးတွေရှိနေတယ်။ လက်...
https://yktnews.com/2025/05/213524/
သထုံ၊ ဘီးလင်းနှင့်ဘားအံမြို့နယ်ရှိ ကျေးရွာ၊ ဆေးရုံ၊ ဘုန်းကြီးကျောင်းတို့ကို လေယာဉ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်
["ရန်ကုန်၊ မေ ၅", "အကြမ်းဖက်စစ်တပ်က သထုံ မြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် ဘားအံမြို့နယ်အတွင်းရှိပြည်သူများနေထိုင်သော ကျေးရွာ၊ ဆေးရုံနှင့် ဘုန်းကြီးကျောင်းတို့ကို လေယာဉ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းKNU သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ၄ ရက်နေ့ KNU တပ်မဟာ ၁ ထိန်းချုပ်နယ်...
https://yktnews.com/2022/05/18308/
မြစ်ကြီးနားရှိ စစ်တပ်ဘက်တော်သား NDAK ခေါင်းဆောင် ဇခုန်တိန့်ယိန်း နေအိမ် ၄၀ မမ ဗုံးသီးဖြင့်ပစ်ခတ်ခံရပြီး စစ်သား ၂ ဦးသေဆုံး၊ ပေါက်တွင် နေအိမ်မီးရှို့ဖျက်ဆီးလာသော စစ်ကြောင်း မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး
["ရန်ကုန်၊ မေ ၆", "ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်တပ်ထောက်ခံသော ကချင် ဒီမိုကရေစီ သစ်တပ်မတော် (NDAK) ပြည်သူ့စစ်ခေါင်းဆောင် ဇခုန်တိန့်ယိန်း နေအိမ်ကို မြစ်ကြီးနား မြို့ပြ ပျောက်ကျား တပ်ဖွဲ့က ၄ဝ မမ ဗုံးပစ် လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးအစောင့် ၂ ဦးသေဆုံးကြောင်း သိရှိရသည်။မေလ ၆ ရက်နေ့ ည ၁ဝ နာရီ ၃ဝ မိနစ...
https://yktnews.com/2024/05/161010/
KIA က ၈ နှစ်ကြာ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် ဂီဒုန်စခန်းကြီးကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်
["ရန်ကုန်၊ မေ ၆", "ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်ရှိ KIA ၏ အမာခံစစ်စခန်းကြီးဖြစ်ခဲ့သော ဂီဒုန်စခန်းကို ၈ နှစ်ကြာ လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် ယနေ့တွင် စစ်ကောင်စီထံမှ ပြန်လည် တိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် စစ်ကောင်စီက KIA ...
https://yktnews.com/2022/05/18230/
ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့ ၂ ကြိမ် တိုက်ခိုက်၊ စစ်ကား ၂ စီးမီးလောင်ပျက်စီးပြီး စစ်သား ၃ ဦးထက်မနည်းသေဆုံး
["ရန်ကုန်၊ မေ ၆", "ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီ စစ်ယာဉ်တန်းများကို ကရင်နီတပ်မတော် KA နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်ဖွဲ့က မေလ ၄ ရက်နေ့၌ နေရာ ၂ ခုတွင် ၂ ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကား ၂ စီး မီးလောင်ပျက်စီးကာ စစ်သား ၃ ဦးထက်မနည်းသေဆုံးဒဏ်ရာရကြောင်း KNDF က သတင်းထုတ်ပြန်သည်...
https://yktnews.com/2024/05/161015/
KNU တပ်မဟာ ၅ နယ်မြေတွင် ဧပြီလ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၆၄ ဦး သေဆုံးပြီး စခန်း နေရာ ၅ ခုကို စစ်ကောင်စီက စွန့်ခွာသွား
["ရန်ကုန်၊ မေ ၆", "ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် ဧပြီလ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၆၄ ဦး သေဆုံးပြီး စခန်း နေရာ ၅ ခုကို စစ်ကောင်စီက စွန့်ခွာသွားကြောင်း KNU တပ်မဟာ ၅ က တရားဝင်သတင်းထုတ်ပြန်သည်။", "ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ KNU တပ်မဟာ ၅ နှင့်အတူ ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ်ကောင်စီအကြား တိုက်ပွဲပေ...
https://yktnews.com/2024/05/160919/
ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေတိုက်ပွဲတွင် အောင်ဇေယျစစ်ကြောင်းမှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၂ ဦး‌ သေဆုံး
["ရန်ကုန်၊ မေ ၆", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ၏ အောင်ဇေယျ စစ်ကြောင်းမှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန် ထားသည်။", "မေလ ၃ ရက်နေ့ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ နိုင်ငံတော်အဆင့် ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး ထိုးစစ်ဆင်လာသော အက...
https://yktnews.com/2022/05/18183/
KNDO နှင့် ပူးပေါင်းလာသည့် DKBA မှ ဗိုလ်စလုံးနှင့် အင်အား ၂၀၀ ကျော်ကို ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြကိုယ်တိုင် လက်ခံကြိုဆိုဂုဏ်ပြု
["ရန်ကုန်၊ မေ ၆", "ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO ထံ ပူးပေါင်းလာသည့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်မှ ဗိုလ်စလုံးနှင့် တပ်သား ၂၀၀ ကျော်ကို ယမန်နေ့ မေလ ၅ ရက်နေ့တွင် ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြကိုယ်တိုင် လက်ခံကြိုဆို ဂုဏ်ပြုပွဲကို KNDO ထိန်းချုပ်နယ်မြေတနေရာတွင် ပြုလုပ်ခဲ့သည်။ဗိုလ်စလုံနှင့် တပ်သား ၂၀၀ ကျော်သည် ဒေသခံပြ...
https://yktnews.com/2022/05/18244/
ခင်ဦးတွင် စစ်ဆေးရေး ပြုလုပ်ရန် ရောက်လာသည့် စစ်ကြောင်း မိုင်းဆွဲ ခံရကာ စစ်သား ၁၉ ဦးသေဆုံး
["ရန်ကုန်၊ မေ ၆", "စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွာသစ်ကုန်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်သည် ကျေးရွာအနီးရှိ အင်းပတ်ကွေ့တွင် စစ်ဆေးရေး ပြုလုပ်ရန် ထွက်ခွာလာစဉ် ယနေ့ မေလ ၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၁၉ ဦးသေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြာ...
https://yktnews.com/2024/05/161001/
ဆားလင်းကြီးမြို့နယ်ရှိ စစ်ရှောင်စခန်း ၃နေရာရှိ စစ်ရှောင်ပြည်သူများကို နံနက်စာ လှူဒါန်း
["ရန်ကုန်၊ မေ ၆", "စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ စစ်ရှောင်စခန်း ၃နေရာမှ စစ်ရှောင်ပြည်သူများကို အညာ ပစ်တိုင်းထောင်လေးများအဖွဲ့က နံနက်စာအဖြစ် ဂျုံကျို လှူဒါန်းခဲ့ကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#spr...
https://yktnews.com/2022/05/18278/
အကြမ်းဖက်စစ်သားများ မီးတင်ရှို့သော တန့်ဆည်၊ ကြောင်ဆင်းအိုင်နှင့် ကံကလေးကုန်းရွာမှ ရွာသားများကို PDF များက ကယ်ထုတ်ပြီး ဝိုင်းဝန်းမီးငြှိမ်းသတ်
["ရန်ကုန်၊ မေ ၆", "စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကြောင်ဆင်းအိုင်နှင့် ကံကလေးကုန်း ကျေးရွာကို အကြမ်းဖက် စစ်တပ်က မေလ ၅ ရက် ညပိုင်းတွင် ဝင်ရောက် စီးနင်း မီးရှို့ခဲ့ခြင်းကြောင့် နေအိမ် ၃၃ လုံး မီးလောင်ပြာကျခဲ့ပြီး Myanmar Defense Force တပ်ဖွဲ့ဝင်တွေက ရွာသားများကို ကူညီကာ မီးငြှိမ်းသတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။စစ်ကောင်စီ...
https://yktnews.com/2022/05/18260/
တန့်ဆည် ကြောင်ဆင်းအိုင်နှင့် ကံကလေးကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး ပြည်သူပိုင် နေအိမ် ၂၀ ကျော် ပြာကျ
["ရန်ကုန်၊ မေ ၆", "စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကြောင်ဆင်းအိုင်နှင့် ကံကလေးကုန်း ကျေးရွာကို အကြမ်းဖက် စစ်တပ်က မေလ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂၀ ကျော် မီးလောင် ပြာကျခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။ကြောင်ဆင်းအိုင်ရွာကို အကြမ်းဖက် စစ်တပ်က မေလ ၄ ရက်နေ...
https://yktnews.com/2024/05/161022/
တမူးမြို့နယ်တွင် မိုးသက်လေပြင်းကျရောက်မှုကြောင့် စစ်ဘေးရှောင် ကိုယ်ထူကိုယ်ထ စာသင်ကျောင်း အဆောင်များပျက်စီးပြီး စားနပ်ရိက္ခာများဆုံးရှုံး
["ရန်ကုန်၊ မေ ၆", "စစ်ကိုင်းတိုင်း တမူးမြို့နယ်တွင် မိုးသက်လေပြင်းကျရောက်မှုကြောင် စစ်ဘေးရှောင် ကိုယ်ထူကိုယ်ထစာသင်ကျောင်း အဆောင်များနှင့် စားနပ်ရိက္ခာများပျက်စီးသွားကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ သိရှိရသည်။", "မေလ၅ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် မိုးသက်လေပြင်းကြောင့် စစ်ဘေးရှောင် စာသင်ကျောင်းရှိ ဆရာ၊ ဆရာမများနေထိုင်ရာ ...
https://yktnews.com/2022/05/18263/
မြောင်မြို့နယ် မြစ်ဆုံရွာကို စစ်တပ်က မီးရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ
["ရန်ကုန်၊ မေ ၆", "စစ်ကိုင်းတိုင်း မြောင်မြို့နယ် မြစ်ဆုံရွာကို အကြမ်းဖက် စစ်တပ်က မေလ ၆ ရက်နေ့ ညနေ ၄နာရီခန့်တွင် မီးရှို့ဖျက်ဆီးနေပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင် နေရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။အကြမ်းဖက် စစ်တပ်သည် ကျေးရွာကို ဝင်ရောက် စီးနင်းပြီးနောက် ပြည်သူပိုင် နေအိမ်များကို ၂နေ...
https://yktnews.com/2022/05/18294/
ရေဦး နှောကုန်းရွာသူ အမျိုးသမီး ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး ပြည်သူ ပိုင်နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီး၊ ခင်ဦး ရွှေကူတဲစုရွာ ကိုလည်း ပျူစောထီး အဖွဲ့များ မီးဝင်ရှို့၍ ပြည်သူပိုင် နေအိမ် ၆ လုံး ပြာကျ
["ရန်ကုန်၊ မေ ၆", "စစ်ကိုင်းတိုင်း ရေဦးမြို့နယ် နှောကုန်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၆ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာနေ ပြည်သူ အမျိုးသမီး ၁ ဦးကို ပစ်သတ်ကာ ပြည်သူပိုင် နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ထံမှ သိရသည်။အကြမ်းဖက် စစ်တပ်သည် နှောကုန်းကျေးရွာကို ယနေ့ ...
https://yktnews.com/2022/05/18272/
ချင်းတွင်းမြစ်ရိုးတစ်လျှောက်တွင် စစ်တပ်ရိက္ခာသယ်ဆောင်လာသော ရေ ယာဉ် ၃ စီးကို ဖမ်းဆီးပြီး ရိက္ခာအားလုံး သိမ်းဆည်း
["ရန်ကုန်၊ မေ ၆", "စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ရိုးတစ်လျှောက်တွင် စစ်တပ်ရိက္ခာသယ်ဆောင်လာသော ရေယာဉ် ၃ စီးကို ဖမ်းဆီးပြီး ရိက္ခာအားလုံး သိမ်းဆည်းလိုက်ကြောင်း နဂါး ညီနောင်အထူးတပ်ဖွဲ့ (DBTF)က သတင်းထုတ်ပြန်သည်။မေလ ၆ ရက်နေ့ ချင်းတွင်းမြစ်ရိုးတစ်လျှောက် နယ်မြေရှင်းလင်းရေးလုပ် ဆောင် နေစဥ်အတွင်း မုံရွာမြို့မှ ခန္တီးမြို့သို့...
https://yktnews.com/2024/05/160952/
ဆားလင်းကြီးနှင့် နွားထိုးကြီးမြို့နယ်တို့တွင် လုံခြုံရေးယူထားသော စစ်တပ်စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သား ၈ ဦး သေဆုံး
["ရန်ကုန်၊ မေ ၆", "စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ ဘုံကိုးဆင့်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများ ခြင်းခတ်နေစဉ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Monywa Youth Attack Force မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "မေလ ၃ ရက်နေ့ ဆားလင်းကြီးမြို့၊ ...
https://yktnews.com/2024/05/160998/
တန့်ဆည်၊ ကျွန်းလည်ပျူစောထီးစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံး၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ
["ရန်ကုန်၊ မေ ၆", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကျွန်းလည်ပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံးကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့က ပြောဆိုသည်။", "မေလ၆ ရက်နေ့ နံနက် ၁ နာရီအချိန် တန့်ဆည်မြို့နယ်မြောက်ပိုင်း၊ က...
https://yktnews.com/2022/05/18204/
ဘုတလင်၊ ကံသစ်အရှေ့ရွာကို အကြမ်းဖက်စစ်တပ်က မီးတင်ရှို့၊ ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျပြီး အသက် ၇၀ ရွယ်အဖွား ၁ ဦး မီးလောင် သေဆုံး
["ရန်ကုန်၊ မေ ၆", "စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကံသစ်အရှေ့ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့ မေလ ၆ ရက် နံနက် ၄ နာရီခွဲတွင် မီးတင်ရှို့မှုကြောင့် အိမ်ခြေ ၅၀ ကျော် မီးလောင်ပြာကျသွားပြီး အသက် ၇၀ အရွယ် အဖွားအို ၁ ဦးပါ မီးလောင်သေဆုံးသွားကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။“အိမ်ခြေ ၅၀ ကျော်လောင်သွားတာ၊ လေး၊ ငါး လုံးပဲ ကျ...
https://yktnews.com/2022/05/18210/
မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် နဂါးညီနောင်အထူးတပ်ဖွဲ့က လမ်းလုံခြုံရေး စစ်ဆေးဆောင်ရွက်
["ရန်ကုန်၊ မေ ၆", "စစ်ကိုင်းတိုင်း၊ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် နဂါးညီနောင်အထူးတပ်ဖွဲ့ Dragon Brothers Task Force – DBTF က စစ်ကောင်စီတပ်ဖွဲ့များ ဖြတ်သန်းသွားလာခြင်းမရှိစေရန် လမ်းလုံခြုံရေး ဆောင်ရွက်နေကြောင်း သိရှိရသည်။‘ငါတို့မြို့၊ ငါတို့လမ်း ငါတို့ပိုင်တယ်။ ဘယ် မအလ မှ အုပ်ချုပ်ခွင...
https://yktnews.com/2024/05/160985/
ရေဦးမြို့ပေါ်တွင် စစ်တပ်က အမျိုးသား ၂၇ ဦးကို ထပ်မံ ပေါ်တာဆွဲ ဖမ်းဆီး၊ ဖမ်းဆီးခံရသူ ၈၀ ကျော်ထိရှိလာပြီး ပြည်သူများ နေ့ဘက်ပါ အပြင်မထွက်ရဲတော့ဘဲ မြို့ပေါ်တွင် တိတ်ဆိတ်နေ
["ရန်ကုန်၊ မေ ၆", "စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင် စစ်တပ်က အမျိုးသား ၂၇ ဦးကို ထပ်မံ ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရသူ ၈၀ ကျော်ထိရှိလာကာ ပြည်သူများ နေ့ဘက်ပါ အပြင်မထွက်ရဲတော့ဘဲ မြို့ပေါ်တွင် တိတ်ဆိတ်နေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ...
https://yktnews.com/2024/05/160992/
ပုလောတွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားများသေဆုံးပြီး PDF ၂ ဦး ကျဆုံး
["ရန်ကုန်၊ မေ ၆", "တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်း ဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား သေဆုံးပြီး PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း ၁ မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မေလ၂ ရက်နေ့ နံနက် ၆ နာရီ ၄၉ မိန...
https://yktnews.com/2024/05/160953/
ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ဘုန်းကြီး ၁ ပါး ထိခိုက် ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များပျက် စီး၊ စစ်တပ်က ပြည်သူ ၆ ဦးကိုလည်း အကြောင်းမဲ့ ဖမ်းဆီး
["ရန်ကုန်၊ မေ ၆", "ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီး ၁ ပါး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီး ကျောင်း ၁ ကျောင်းနှင့် လူနေအိမ် ၁၆ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟို ထံမှ သိရသည်။", "မေလ ၁ ရက် နံနက် ၉ နာရီ မိနစ် ၂၀ အချိန်ခ...
https://yktnews.com/2022/05/18297/
ထီးလင်းတွင် တပ်မ ၁၁ မှ တပ်ကြပ်ရန်ရှိန်းထန်း ကင်းတာဝန်ကျချိန် ထွက် ပြေးလာကာ YDF တပ်ဖွဲ့ထံ CDM ပြုလုပ်
["ရန်ကုန်၊ မေ ၆", "မကွေးတိုင်း ထီးလင်းမြို့နယ် ဝါးဘိုးချောင်ရွာ၌ ညအိပ် ရပ်နားနေသော စစ်ကောင်စီ စစ်ကြောင်း တပ်မ ၁၁ မှ တပ်ကြပ် အဆင့် ရန်ရှိန်းထန်းသည် မေလ ၅ရက်နေ့၌ YDF (Htilin) တပ်ဖွဲ့ထံ CDM ပြုလုပ်ကြောင်း သိရျိရသည်။တပ်မ ၁၁ မှ တပ်ကြပ် ရန်ရှိန်းထန်းသည် ညဘက် ကင်းတာဝန်ကျချိန်တွင် လက်နက်ထားခဲ့ကာ ထွက်ပြေး လာခြင်းဖြစ်ပြီး YDF (H...
https://yktnews.com/2024/05/160929/
ပေါက်မြို့နယ် ဆေးကြီးတောင်ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရဟတ်ယာဉ်၊ လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်
["ရန်ကုန်၊ မေ ၆", "မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဆေးကြီးတောင်ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရဟတ်ယာဉ်၊ လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "ပေါက်မြို့နယ်၊ ဆေးကြီးတောင်ကို ယမန်နေ့ မေလ ၅ ရက်နေ့ ညနေ ၄ နာရီကျော်အချိန် Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့်လည်းကောင်း၊ ည ၇ နာရီအချ...
https://yktnews.com/2024/05/161018/
စလင်းနှင့် ငါန်းဇွန် မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၆ ဦး သေဆုံး
["ရန်ကုန်၊ မေ ၆", "မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မုံရွာ -ပုသိမ်လမ်းပိုင်း ကြပ္ပါယ်ကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ထံမှ သိရသည်။", "မေလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ကပစ ၂၁ မှ ထွက်လာသော ဖောကား ၂ စီးနှင့် ဆိုင်ကယ်များ ပါဝင်သော ...
https://yktnews.com/2022/05/18266/
မင်းအောင်လှိုင် မိတ်ဆက်ခဲ့သော MRTV Application သာမ MRTV Website အသစ်ပါ အွန်လိုင်းပေါ်မှ ထပ်မံ ဖယ်ရှား ပိတ်ပင်ခံရ
["ရန်ကုန်၊ မေ ၆", "မြန်မာစစ်တပ်၏ ဝါဒဖြန့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) ၏ Website အသစ်သည် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် နေပြည်တော်တွင် တခမ်းတနား ဖွင့်လှစ်ပေးခဲ့အပြီး ၂ ရက်အကြာတွင် အွန်လိုင်းပေါ်မှ ဖြုတ်ချခံလိုက်ရကြောင်း သိရှိရသည်။ယမန်နေ့က အမေရိကန်ကုမ္ပဏီ US developer Apps Web Social က MRTV ၏ Applica...
https://yktnews.com/2024/05/160964/
နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေးချီတက် ဆန္ဒပြ
["ရန်ကုန်၊ မေ ၆", "ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ မေလ၆ ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThit...
https://yktnews.com/2024/05/160910/
မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၈၈ ဦး လှေ ၂ စီးဖြင့် ဘင်္ဂလားဒေ့ရှ်ထဲသို့ ထပ်မံထွက်ပြေးပြန်၊ ယခုမေလအတွင်း တတိယအသုတ်အဖြစ် ထွက်ပြေးလာသူ မြန်မာစစ်သား ၁၂၈ ဦးရှိနေပြီ
["ရန်ကုန်၊ မေ ၆", "ရခိုင်ပြည်နယ်တွင် AA ၏ တိုက်ခိုက်မှုကြောင့် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၈၈ ဦးသည် ဘင်္ဂလားဒေ့ရှ်ထဲသို့ ထပ်မံထွက် ပြေးသွားပြန်ပြီး ယခုမေလအတွင်း တတိယအသုတ်အဖြစ် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူ မြန်မာစစ်သား ၁၂၈ ဦးရှိနေပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများအရ သိရှိရသည်။", "ရက္ခိုင့်တပ်မတော်နှင့် မြန်မာစစ်တပ်တ...
https://yktnews.com/2022/05/18302/
တောင်ဒဂုံမှာ ဒီမိုကရေစီအရေးလှုပ်ရှားသူများကို စစ်တပ်သတင်းပေး ဖမ်းခိုင်းပြီး ဆက်ကြေးကောက်သူ သန့်စင်ဦး ပစ်ခတ်ခံရပြီးသေဆုံး၊ မန္တလေးတွင် မဘသနှင့်စစ်တပ်သတင်းပေး မိုးကို အသတ်ခံရ ၊ စစ်တပ်အမာခံ သွေးသောက်အဖွဲ့က ကျောက်ဆည် NLD ပါတီဝင် ၂ ဦးကို သတ်ဖြတ်
["ရန်ကုန်၊ မေ ၆", "ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ ၂၅ ရပ်ကွက်တွင် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို စစ်တပ်သတင်းပေး၍ ဖမ်းဆီးခိုင်းသူ ခေါင်းဖြူ (ခ) သန့်ဇင်ဦးနှင့် နောက် လိုက်တစ်ဦးကို ယနေ့ သေနတ်သမားတချို့က ပစ်ခတ်ရာ သန့်ဇင်ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ယနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန် ၂၄ ရပ်ကွက် ကြာကန်အနီးတွ...
https://yktnews.com/2022/05/18236/
ရန်ကုန်တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ အကြမ်းဖက် စစ်တပ် ချေမှုန်းရေး စာတန်း ချိတ်ဆွဲ
["ရန်ကုန်၊ မေ ၆", "ရန်ကုန်တွင် စမ်းချောင်း ပင်မ သပိတ်စစ်ကြောင်း (Sc Strike )၊ Revolution Force (RF)၊ Labour Alliance အဖွဲ့ဝင်(CTUM)၊Lgbt Community Yangon၊ အလုံလူငယ်တပ်ဦး (AYF) စသည့် မြေပြင်သပိတ်အင်အားစုများ ပူးပေါင်းကာ ယနေ့ မေလ ၆ရက်နေ့တွင် “သက္ကရာဇ် နှစ်ပြောင်းကာသွားလည်း သွေးကြွေးအတွက်တော့ အကြွေးတောင်းရမယ်” စာတန်းအား ရ...
https://yktnews.com/2022/05/18393/
အမှတ် ၁ ကုတင် ၁,၀၀၀ မင်္ဂလာဒုံ စစ်ဆေးရုံတွင် စစ်ဆင်ရေးအတွင်း ဒဏ်ရာရရှိခဲ့သော အရာရှိများ စစ်သားများဖြင့် ပြည့်နှက်နေ၊ အရိုးကုသဆောင်တွင် လူနာ တစ်ရာကျော်နေဟု CDM ဗိုလ်ကြီး ပြော
["ရန်ကုန်၊ မေ ၆", "ရန်ကုန်၊ မင်္ဂလာဒုံရှိ အမှတ် ၁ ကုတင် ၁,၀၀၀ စစ်ဆေးရုံတွင် တက်ရောက်ကုသနေသော ဒဏ်ရာရ အရာရှိများ စစ်သည်များဖြင့် ပြည့်နှက်နေပြီး ဧပြီလ ၂၃ ရက်နေ့တွင် ဒုဗိုလ်မှူးကြီး ၁ ဦးအပါအဝင် အရာရှိများ တပ်သားများ စုစုပေါင်း ၃၈ ဦး တက်ရောက်ကုသနေကြောင်း အဆိုပါ စစ်ဆေးရုံမှ ပေါက်ကြားလာသည့် လူနာစာရင်းအရ သိရှိရသည်။“အရင်အာဏာမသ...
https://yktnews.com/2022/05/18186/
မင်းအောင်လှိုင်က လက်ရှိအုပ်ချုပ်မှုပုံစံသည် ခွဲဝေပေးသည့်အုပ်ချုပ်မှုပုံစံမျိုးနီးပါးဖြစ်၍ မြန်မာနိုင်ငံနှင့်သင့်တော်သည့် ဖက်ဒရယ်ပုံစံ အုပ်ချုပ်ရေး သွားရမည်ဟုဆို၊ တိုင်းရင်းသားလက်နက်ကိုင်များကို နားလည်အောင်ရှင်းပြမည်ဟုဆို
["ရန်ကုန်၊ မေ ၆", "အကြမ်းဖက် စစ်ရာဇဝတ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်ရှိအုပ်ချုပ်ရေးပုံစံသည် ခွဲဝေ ပေးတဲ့ အုပ်ချုပ်မှု စနစ်ပုံစံမျိုးနီးပါး လုပ်ဆောင်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့်သင့်တော်သည့် ဖက်ဒရယ်စနစ်ကိုသာ သွားခြင်းက ပိုကောင်းလိမ့်မည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ယမန်နေ့ နေပြည်တော်တွင် ကျင်းပသော စစ်ကောင်စီအစည်းအ...
https://yktnews.com/2022/05/18174/
မင်းအောင်လှိုင်ကိုယ်တိုင် တခမ်းတနား ဖွင့်လှစ်ခဲ့သော စစ်တပ်ဝါဒဖြန့် MRTV Application မိတ်ဆက်ပြီး ၁ ရက်အတွင်း အွန်လိုင်း Google Play store နှင့် Apple Store ပေါ်မှ ဖြုတ်ချ ဖယ်ရှားပိတ်ပင်
["ရန်ကုန်၊ မေ ၆", "အကြမ်းဖက် စစ်ရာဇဝတ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တခမ်းတနား ဖွင့်လှစ်ခဲ့သော MRTV Application ကို အမေရိကန်ကုမ္ပဏီ Apps Web Social LLC က မိတ်ဆက်ပြီး ၁ ရက်အတွင်း Google Play store နှင့် Apple Store မှ ဖယ်ရှားလိုက်ကြောင်း သိရှိရသည်။မေ ၄ ရက်နေ့တွင် မင်းအောင်လှိုင်က နေပြည်တော် အခမ်းအနားဖြင့် MRTV A...
https://yktnews.com/2022/05/18219/
တပ်ရင်းတပ်ဖွဲ့များတွင် ပရိတ်၊ ပဋ္ဌာန်းများကို ညွှန်ကြားသည့်နေ့တွင် မဖြစ်မနေ ရွတ်ရန်နှင့် ဝန်ထမ်းများအနေဖြင့် စစ်တပ်ကို မဝေဖန်ရန်နှင့် နိုင်ငံရေး အကြောင်း မပြောရန် စစ်ကောင်စီ အမိန့်ထုတ်
["ရန်ကုန်၊ မေ ၆", "အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း တပ်ရင်းတပ်ဖွဲ့များတွင် ပရိတ်၊ ပဋ္ဌာန်းများ သတ်မှတ်သည့်နေ့တွင် ရွတ်ဖတ် ပူဇော်ကြရန် အမိန့်ထုတ်ပြန် ညွှန်ကြားထားကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။တပ်ရင်း၊ တပ်ဖွဲ့များအနေဖြင့် တပ်တွင်းဓမ္မာရုံများတွင် ပရိတ်၊ ပဋ္ဌာန်းများကို သတ်မှတ်သည့်ရက်များတွင် ရွတ် ဖတ် ပ...
https://yktnews.com/2022/05/18195/
ပြည်သူများ၏ လက်မှတ် ၅ သိန်းကျော်ကြောင့် NUG ကို တရားဝင်မြန်မာအစိုးရအဖြစ် အသိအမှတ်ပြုရန် နယူးဇီလန်လွှတ်တော်က ကြားနာ၊ Democracy For Myanmar Groupနှင့် နယူးဇီးလန်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ
["ရန်ကုန်၊ မေ ၆", "အင်တာနက်မှတစ်ဆင့် မြန်မာပြည်သူများ လက်မှတ်ရေးထိုးတောင်းဆိုလိုက်သည့် လက်မှတ်ပေါင်း ၅ သိန်းကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို နယူးဇီလန်နိုင်ငံက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် နယူးဇီလန် လွှတ်တော်တွင် ကြားနာပွဲများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း နယူးဇီလန်ရောက် မြန်မာ့အရေးလှုပ်ရှားသူများထံမှ သိရှိ...
https://yktnews.com/2024/05/161144/
မိုးမောက်မြို့၊ မံစီမြို့နှင့် ဗန်းမော်မြို့ရှိ စစ်တပ်စခန်းများကို KIA က ယနေ့ နံနက်ပိုင်း တစ်ပြိုင်တည်း ဝင်တိုက်၊ ဗန်းမော်၊စင်းခန်းစခန်း ၊ရဲစခန်းနှင့်ကာကင်းများကို သိမ်းပိုက်ရရှိထား
["ရန်ကုန်၊ မေ ၇", "ကချင်ပြည်နယ်၊ မိုးမောက်မြို့၊ မံစံမြို့နှင့် ဗန်းမော်မြို့တို့ရှိ စစ်ကောင်စီတပ်စခန်းများကို ယနေ့နံနက်ပိုင်းတွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်လျက်ရှိပြီး ဗန်းမော်မြို့ရှိ စင်းစခန်းကို တိုက်ခိုက်ပြီး နာရီပိုင်းအတွင်း သိမ်းပိုက်ရရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်...
https://yktnews.com/2024/05/161098/
ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ သယ်ယူထောက်ပို့ရေး စစ်ရဟတ်ယာဉ် ပစ်ချခံရပြီး ၁၁ ဦးသေဆုံးခဲ့ဟုဆို
["ရန်ကုန်၊ မေ ၇", "ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ သယ်ယူထောက်ပို့ရေး စစ်ရဟတ်ယာဉ် ပစ်ချခံရပြီး ၁၁ ဦးသေဆုံးခဲ့ကြောင်း လေတပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ မေလ ၆ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်အချိန် ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်သို့ လာရောက်သည့် အကြမ်းဖက် စစ်တပ်၏ ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေး...
https://yktnews.com/2022/05/18426/
ကရင်နီပူးပေါင်းတပ်ဖွဲ့က အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်၊ စစ်သား ၂၀ ထက်မနည်းသေဆုံး စစ်ကား ၄ စီး မီးလောင်ပြီး စစ်သား ၆ ဦးကို အရှင်ဖမ်းမိ
["ရန်ကုန်၊ မေ ၇", "ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ယနေ့ မေလ ၇ ရက်တွင် တိုက်ခိုက်၍ စစ်သား ၂၀ ဦးထက်မနည်းသေဆုံးပြီး စစ်ကား ၄ စီး ကို မီးရှို့ဖျက်ဆီးကာ အရှင်ဖမ်းမိသည့် စစ်သားများလည်း ရှိကြောင်း သတင်းရရှိသည်။“ဖရူဆို၊ မုန်တိုင်းရွာဘက်က ထွက်တဲ့ ယာဉ်တန်းပါ၊ KA နဲ့ KNDF က တို...
https://yktnews.com/2022/05/18360/
ကရင်ပြည်နယ်တွင် စစ်တပ်လက်အောက်ခံ BGF က ကြာအင်းဆိပ်ကြီးနှင့်ဘားအံမှ ကျေးရွာသားများကို စစ်ကောင်စီအတွက် ပေါ်တာဆွဲ၊ ပေါ်တာဆွဲခံရသူများ ရိုက်နှက်ခံရပြီး အမျိုးသမီးတချို့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရ
["ရန်ကုန်၊ မေ ၇", "ကရင်ပြည်နယ်တွင် စစ်တပ်လက်အောက်ခံ BGF က ကြာအင်းဆိပ်ကြီးနှင့်ဘားအံမှ ကျေးရွာသားနှင့်ရွာသူများကို စစ်ကောင်စီအတွက် အဓမ္မလုပ်အားပေးခိုင်းစေရန် ပေါ်တာဆွဲလျက်ရှိပြီး ပေါ်တာဆွဲခံရသူ ပြည်သူများရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုများ၊ အမျိုးသမီးတချို့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုများ၊ ငွေကျပ် သိန်းဆယ်ချီတောင်း၍ ...
https://yktnews.com/2025/05/213731/
မြ၀တီတွင် အောင်ဇေယျစစ်‌‌ကြောင်းသို့ ပို့ဆောင်ခံရသော စစ်မှုထမ်း အပတ်စဉ် ၅ မှ တပ်သားသစ် ၃ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး PDF ထံ အလင်းဝင်
["ရန်ကုန်၊ မေ ၇", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် အောင်ဇေယျစစ်‌‌ကြောင်းသို့ ပို့ဆောင်ခံရသော စစ်မှုထမ်း အပတ်စဉ် ၅ မှ တပ်သားသစ် ၃ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး PDF ထံ အလင်းဝင်ရောက်လာကြောင်းPeople Defense Force မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။", "မတ်လ၃၀ ရက်နေ့တွင် အောင်ဇေယျစစ်‌‌ကြောင်းမှ စစ်မှုထမ်...
https://yktnews.com/2022/05/18346/
မတူပီမှ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ်က ၂ ရက်ဆက်တိုက် မိုင်းခွဲတိုက်ခိုက်၊ စစ်သား သေဆုံးမှု များနိုင်
["ရန်ကုန်၊ မေ ၇", "ချင်းပြည်နယ်၊ မတူပီမှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ်က ယမန်နေ့ မေလ ၆ ရက် ညနေပိုင်းနှင့် ယနေ့နံနက်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အသေအဆုံးများနိုင်သော်လည်း အရေအတွက်ကို မသိရှိနိုင်သေးဟု CDF မင်းတပ် ပြောခွင့်ရှိသူထံမှ သိရှိရသည်။“ဒီနေ့တိုက်ပွဲက ကျနော်တို့ ၈ နာရီခွဲ...
https://yktnews.com/2024/05/161120/
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပခဲ့သည့် နွေဦးရုပ်ရှင်ပွဲတော်မှ တော်လှန်ရန်ပုံငွေ သိန်းထောင်ချီ ရရှိ
["ရန်ကုန်၊ မေ ၇", "ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဒုတိယအကြိမ်မြောက် ကျင်းပခဲ့သော နွေဦးရုပ်ရှင်ပွဲတော်တွင် Artists’ Shelter က စီစဉ်သည့် “သတ္တိနဲ့ပွင့်လန်း ချစ်သောပန်းများ” ရုပ်ရှင်ဇာတ်လမ်းတို ၄ ကားတွဲကို ဧပြီလ ၂၉ ရက်နေ့က ပြသခဲ့ရာ ပရိသတ် ထောင်ချီတက်ရောက်ခဲ့ပြီး လေလံအောင်ကြေးများအပါအဝင် တော်လှန်ရေးရန်ပုံငွေ သိန်းထောင်ကျော်ရ...
https://yktnews.com/2024/05/161158/
ကန့်ဘလူ၊ မလည်ကျေးရွာတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြားတိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်
["ရန်ကုန်၊ မေ ၇", "စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မလည်ကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းမှ လာရောက် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့်အတွက် ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "မေလ ၇ ရက်နေ့ နံနက် ၆ နာရီ ဝန်းကျင်မှ စ၍ စစ်ကိုင်းတိုင်း...
https://yktnews.com/2025/05/213701/
ကောလင်းမြို့နယ်၊ ရှောက်ပင်ခြံရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု နေအိမ်နှင့်အဆောက်အအုံများ ပျက်စီး
["ရန်ကုန်၊ မေ ၇", "စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ရှောက်ပင်ခြံရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့၍ ပြည်သူပိုင်နေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားကြောင်းKawlin info မှ တာဝန်ရှိသူကရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "မေလ၇ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီ ၅ မိနစ်အချိန် အကြမ်းဖက်စစ်တပ...
https://yktnews.com/2022/05/18399/
မြောင်မြို့နယ် မြစ်ဆုံရွာကို စစ်တပ် ဝင်စီး၍ ပြည်သူပိုင် နေအိမ် ၈ လုံးနှင့် CDSOMတပ်ဖွဲ့ တောင်ပိုင်း ခေါင်းဆောင် တစ်ဦးနေအိမ်ကို မီးရှို့ ဖျက်ဆီး၊ ငါးရန့်အိုရွာနှင့် ရေစကြို ရွှေလှံရွာကိုလည်း စစ်တပ်က မီးရှို့နေ
["ရန်ကုန်၊ မေ ၇", "စစ်ကိုင်းတိုင်း မြောင်မြို့နယ် မြစ်ဆုံရွာကို အကြမ်းဖက် စစ်တပ်က မေလ ၆ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၈ လုံးနှင့် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) တောင်ပိုင်း ခေါင်းဆောင် ဗိုလ်ကျားသစ် နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။အကြမ်းဖက် စစ်တပ်သည် မြောင...
https://yktnews.com/2024/05/161147/
နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ
["ရန်ကုန်၊ မေ ၇", "စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ မေလ၇ ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrev...
https://yktnews.com/2022/05/18375/
အရာတော်တွင် အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာများရှိ ပြည်သူများအတွက် အစား အသောက်နှင့် အဝတ်အထည်များ လှူဒါန်း
["ရန်ကုန်၊ မေ ၇", "စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်းမီးရှို့ခဲ့သည့် ကျေးရွာများရှိ ပြည်သူများကို တော်လှန်လူငယ်များက ဦးဆောင်ကာ ယနေ့ မတ်လ ၇ ရက်နေ့တွင် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် စားသောက် ကုန် ပစ္စည်းအမျိုးမျိုး၊ အဝတ်အစားများနှင့် ငွေကြေးများ အပါအဝင် အထောက် အပံ့များကို ပြည်သူမှ ပြည်သ...
https://yktnews.com/2024/05/161141/
ကလေးမြို့ ဒကစရုံး၊ လေယာဉ်ကွင်းအပါအဝင် နေရာ ၄ ခုနှင့် စစ်တပ်စစ်ကြောင်းကို ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်
["ရန်ကုန်၊ မေ ၇", "စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဒေသကွက်ကဲမှု စစ်ဌာနချုပ် – ဒကစ (ကလေး)၊ ကလေးလေယာဉ်ကွင်းအပါအဝင် စစ်တပ်တပ်စွဲထားရာနေရာ ၄ ခုနှင့် စစ်ကြောင်းတို့ကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Wings of Kalay ထံမှ သိရသည်။", "မေလ ၆ ရက် နံနက်ပိုင်းမှစ၍ ကလေးမြို့အတွင်းရှိ ဒေသကွက်ကဲရေးမှူး စစ် ဌာနချုပ် ကလေး...
https://yktnews.com/2022/05/18369/
ကသာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် အပြစ်မဲ့ ကျေးရွာသား ၄ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်၊ ဖမ်းဆီးခံရသူ ပြည်သူ ၆ ဦးလည်း သတင်းအစအနမရတော့ဘဲ ပျောက်ဆုံးနေ
["ရန်ကုန်၊ မေ ၇", "စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ အင်းကျေးရွာအုပ်စု၊ ပျဉ်လေးပင်ကျေးရွာအနီးတွင် ဧပြီလ ၃၀ ရက်နေ့တွင် စစ်တပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် အပြစ်မဲ့ ပြည်သူ ကျေးရွာသား ၄ ဦးကို စစ်တပ်က ဖမ်းဆီး မီးရှို့ သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ဧပြီလ ၃၀ ရက်နေ့ ကသာမြို့နယ် ၊အင်းကျေးရွာ ...
https://yktnews.com/2022/05/18387/
ခင်ဦးတွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရကာ စစ်သား ၅ ဦးသေဆုံး၊ မြင်းခြံ၊ တောင်သာ၊ ရေဖြူနှင့် ရေဦးတို့တွင် စစ်ကြောင်းများ မိုင်းဆွဲ တိုက်ခိုက်ခံရ၊ တန့်ဆည်တွင်လည်း တိုက်ပွဲဖြစ်ပွားကာ စစ်သား ၂ဝ ဦးခန့် သေဆုံး
["ရန်ကုန်၊ မေ ၇", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ပြီးနောက် ပြန်လာသည့် စစ်ကား ၆ စီးကို ယနေ့ မေလ ၇ ရက်နေ့ နံနက် ၉ နာရီ ၃ဝ မိနစ်ခန့်တွင် ခင်ဦး-ရေဦး ကားလမ်း ကံသစ်မူးဘောင် တံတားနှင့် ဂွေးကုန်းကျေးရွာ အကြား ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးကာ ၃ ပွင့်ဗိုလ် ...
https://yktnews.com/2025/05/213733/
ခင်ဦးမြို့နယ် ၊မောင်းကျောက်တောရွာနှင့် ရွာစဉ်ရွာတို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျပြီး လက်နက် ကြီးများဖြင့် ပစ်ခတ်
["ရန်ကုန်၊ မေ ၇", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မောင်းကျောက် တောကျေးရွာနှင့် ရွာစဉ်ကျေးရွာတို့ကို စစ်ကောင်စီ တပ်က လေ ယာဉ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဒေသနေပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့မေလ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန် ခင်ဦးမြို့နယ်၊ မောင်းကျော...
https://yktnews.com/2025/05/213734/
ချောင်းဦးမြို့နယ်၊ အရပ်သားပြည်သူများနေထိုင်သော ကျေးရွာများကို စစ်တပ်က လေယာဉ်၊ စက်တပ် လေထီးများဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေ
["ရန်ကုန်၊ မေ ၇", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ အရပ်သားပြည်သူများနေထိုင်သော ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်များ၊ စက်တပ် လေထီးများဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့မေလ ၇ ရက်‌နေ့ နံနက် ၉ နာရီ ၄၉ မိနစ်၊ ၅၀ မိနစ်နှင့် ၅၃ မိနစ်ခန့်...
https://yktnews.com/2022/05/18378/
မြောင်တွင် မိုင်းမိ၍ အတွင်းလူနာ ဖြစ်သော စစ်သား ၄ ဦးကို ဆေးရုံပို့သည့် စစ်ကြောင်း PDF ထောက်ချောက်မိ၍ ကားမှောက်ဒဏ်ရာရ၊ ကူညီရန်လာသော စစ်ကြောင်း ထပ်မံမိုင်းမိပြန်
["ရန်ကုန်၊ မေ ၇", "စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားစဉ် မိုင်းမိ၍ ဒဏ်ရာရရှိသော အတွင်းလူန စစ်သား ၄ ဦးကို မြောင်မြို့နယ် ဆေးရုံမှ မုံရွာမြို့ရှိ ဆေးရုံသို့ ပို့ ဆောင်ပြီး ပြန်လာသည့် စစ်ကြောင်းသည် PDF များထောင်ထားသော ထောက် ချောက်မိ၍ ကားတိမ်းမှောက်သွားကြောင်း သိရှိရသည်။မုံရွာသို့ လူနာပို့ပြီးနောက် ပြန်လ...
https://yktnews.com/2024/05/161192/
ဝက်လက်ရှိ မီးသတ်ရုံးနှင့် တာဝါတိုင်စောင့် စစ်တပ်ကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု စစ်သား ၃ ဦးသေဆုံး
["ရန်ကုန်၊ မေ ၇", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ မီးသတ်ရုံးနှင့် တာဝါတိုင်စောင့် စစ်တပ်ကို ဒရုန်း၊ လက်နက်ကြီး များဖြင့် ပစ်ခတ်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေ ဆုံးခဲ့ကြောင်း ရတနာပုံ တပ်ဦး (မန္တလေးခရိုင် ပ.က.ဖ)မှ တာဝန်ခံ ကိုကီရီကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ယမန်နေ့ မေလ ၆ ရက်နေ့ နံနက် ၁၁ နာရီဝန်...
https://yktnews.com/2024/05/161185/
စစ်ကိုင်း၊ မန္တလေး အပါအဝင် နိုင်ငံအလယ်ပိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်များ အောင်ပွဲရရှိရေး NUG နှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ အာရုံစိုက်ပေးရန် ဒီးမော့ဆို PDF က တိုက်တွန်း
["ရန်ကုန်၊ မေ ၇", "စစ်ကိုင်း၊ မန္တလေး အပါအဝင် နိုင်ငံအလယ်ပိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်များ အောင်ပွဲရရှိရေး NUG နှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ အာရုံစိုက်ပေးရန် ဒီးမော့ဆို PDF က တိုက်တွန်းအကြံပြုထုတ်ပြန်သည်။", "စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း စသော နိုင်ငံ တော်၏အလယ်ပိုင်းမှ ပြည်သူ့ ကာက...
https://yktnews.com/2025/05/213676/
မင်းအောင်လှိုင်က စစ်ဘက်ဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် ဆုံးဖြတ်ခွင့် အများစုကို ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို ပေးအပ်လိုက်ပြီး ဒုတပ်ချုပ်စိုးဝင်းထက်ပင် လုပ်ပိုင်ခွင့် ပိုမိုရရှိလာ
["ရန်ကုန်၊ မေ ၇", "တစ်နိုင်ငံလုံးနှင့်ပတ်သက် ဆက်စပ်နေသော စစ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်အများစုကို ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို မင်းအောင်လှိုင်က ပေးအပ်လိုက်ပြီး ဒုတပ်ချုပ်စိုးဝင်းထက်ပင် လုပ်ပိုင်ခွင့် ပိုမိုရရှိလာကြောင်းနေပြည်တော် စစ်ဘက်သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလအတွင်း ...
https://yktnews.com/2025/05/213730/
ကော့သောင်းမြို့နယ်၊ မလိဝမ်းဒေသသို့ စစ်ကြောင်းထိုး ဝင်‌‌ရောက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ခမရ ၅၈၄ တပ်ရင်းမှ အရာခံ ဗိုလ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံး
["ရန်ကုန်၊ မေ ၇", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းဒေသသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ခဲ့ရာ ခမရ ၅၈၄ တပ်ရင်းမှ အရာခံဗိုလ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်းကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ -ပကဖ မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။"...
https://yktnews.com/2025/05/213702/
ပုလောမြို့ပေါ်ရှိ ဆန်းဝင်း အရက်ဆိုင်တွင် သောက်စားမူးရူးနေသော လက်နက်ကိုင် ပျူစောထီး ၃ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးလုံးသေဆုံး
["ရန်ကုန်၊ မေ ၇", "တနင်္သာရီတိုင်း၊ ပုလောမြို့ပေါ်ရှိ ဆန်းဝင်း အရက်ဆိုင်တွင် သောက်စားမူးရူးနေသော လက်နက်ကိုင် ပျူစောထီး ၃ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ၃ ဦးလုံးသေဆုံးခဲ့ကြောင်းမြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ပုလောမြို့ အမှတ် ၂ ...
https://yktnews.com/2024/05/161208/
လောင်းလုံးမြို့နယ်တွင် စစ်တပ်က လစာ နှင့် လက်နက် တပ်ဆင်ပေးထားသော ပျူစောထီး မောင်အေး ပစ်ခတ်ခံရပြီး သေဆုံး
["ရန်ကုန်၊ မေ ၇", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လစာ နှင့် လက်နက် တပ်ဆင်ပေးထားသော ပျူစောထီး မောင်အေးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင်‌ လ...
https://yktnews.com/2024/05/161163/
သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာတွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ထွက်ပြေး တိမ်းရှောင်နေသော ပြည်သူများ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေ
["ရန်ကုန်၊ မေ ၇", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာတွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေကာ ထွက်ပြေး တိမ်းရှောင်နေသော ပြည်သူများ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း ဒေသပြည်သူများကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ ၅ ရက်နေ့ နံနက...
https://yktnews.com/2024/05/161214/
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ဧပြီလအတွင်း တော်လှန်ရေးအင်အားစုတချို့နှင့် ချင်းမိုင်တွင် တွေ့ဆုံခဲ့ဟုဆို
["ရန်ကုန်၊ မေ ၇", "ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ဧပြီလအတွင်း တော်လှန်ရေးအင်အားစုတချို့နှင့် ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် တွေ့ဆုံခဲ့ကြောင်း ထိုင်းThai Enquirerက သတင်းဖော်ပြသည်။", "ဧပြီလ ၁၃ ရက်နေ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့်အဖွဲ့က ကရင်အမျိုးသားအစည်း အရုံးKNU ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ကချင် KN...
https://yktnews.com/2024/05/161179/
NUG ပြည်ထောင်စုဝန်ကြီးနှင့် နယူးဇီလန်နိုင်ငံရှိ KIA KAHA အဖွဲ့အစည်းနှင့် တွေ့ဆုံဆွေးနွေး
["ရန်ကုန်၊ မေ ၇", "ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် နယူးဇီလန်နိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ Rt.Hon.Helen Clark ဦးဆောင်သည့် KIA KAHA အဖွဲ့အစည်းနှင့် မေလ ၇ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။", "အဆိုပါဆွေးနွေးပွဲတွင် နယူးဇီလန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာထောက်ထားမှု အကူညီများအပါအဝင် လက်တ...
https://yktnews.com/2022/05/18314/
ရေစကြိုမြို့နယ်၊ ဇီးကုန်းကျွန်းရွာသား ဦးမြင့်သိန်းကို စစ်တပ်က ပစ်သတ်ပြီး ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီး ခိုးယူ လုယက်၊ ပေါက်မြို့နယ် ကျွန်းကြီးရွာသား မောင်ငြိမ်းထက်အောင်ကို စစ်တပ်က ပစ်သတ်
["ရန်ကုန်၊ မေ ၇", "မကွေးတိုင်း ဇီးကုန်းရွာကို အကြမ်းဖက် စစ်တပ်က မေလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာနေ ပြည်သူ ဦးမြင့်သိန်းကို ပစ်သတ်ကာ ပြည်သူပိုင် နေအိမ်များကို ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်သွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ကျေးရွာကို...
https://yktnews.com/2022/05/18329/
ဂန့်ဂေါမြို့နယ် စစ်တပ်ထုတ်ကုန်များအားလုံး တားမြစ်ထုတ်ကုန်များအဖြစ် သတ်မှတ်၊ ဂန့်ဂေါ-ကလေးလမ်းပိုင်းကို ဂိတ် ၅ ခုထားရှိ၍ PDF များက ထိန်းချုပ်စစ်ဆေး
["ရန်ကုန်၊ မေ ၇", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် စစ်တပ်ထုတ်ကုန်များအားလုံးကို တားမြစ်ထုတ်ကုန်များအဖြစ် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတ်မှတ်လိုက်ပြီး ဂန့်ဂေါ-ကလေးလမ်းပိုင်းကိုလည်း PDF တပ်များက ထိန်းချုပ် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။မကွေးတိုင်း၊ ဂန့်ဂေါ – ကလေး လမ်းပိုင်းတွင် ဂန့်ဂေါမြောက်ပိုင်း ပြည်သူ့...
https://yktnews.com/2025/05/213700/
ကျောက်ထုမြို့သို့ ဆောက်လုပ်ရေး ပစ္စည်းသွားဝယ်သည့် သံဃာတော်တစ်ပါးနှင့် ပြည်သူတစ်ဦးကို စစ်တပ်က ဖမ်းဆီးရိုက်နှက်နှိပ်စက်မှုကြောင့် သံဃာတော် ပျံလွန်တော်မူ၊ ပြည်သူမှာမူ ဆေးဝါးကုသမှု ခံယူနေရ
["ရန်ကုန်၊ မေ ၇", "မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ထဲကို ဆောက်လုပ်ရေးပစ္စည်းသွားဝယ်သည့် ဦးဇင်းတစ် ပါးနှင့် ဒကာတစ်ဦးကို စစ်တပ်က ဖမ်းဆီးရိုက်နှက်နှိပ်စက်မှုကြောင့် သံဃာတော်မှာ ပျံလွန် တော်မူသွားပြီး အသက် ၃၈ နှစ်အရွယ် ဒကာဖြစ်သူ ဆန်းမင်းဦးမှာ ဆေးဝါးကုသမှုခံယူနေရကြောင်းယောအလင်းတန်းမှ ကိုအောင်ကြီးကရန်ကုန်ခေတ်သစ်သတင်းဌ...
https://yktnews.com/2024/05/161102/
ပခုက္ကူ၊ ကမ္မမြို့မရဲစခန်းနှင့် တောင်သာမြို့နယ် စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ
["ရန်ကုန်၊ မေ ၇", "မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့မရဲစခန်းနှင့် မန္တလေးတိုင်း၊ တောင်သာမြို့နယ် စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကြောင်း မြင်းခြံခရိုင်အမှတ် ၁တပ်ရင်း 27 Revolution Forcesမှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ ၅ ရက်နေ့၊ နံနက် ...
https://yktnews.com/2022/05/18323/
ပေါက်မြို့နယ်တောင်ပိုင်း ချက်ကန်ရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် YRF တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၃၀ ခန့်သေဆုံးနိုင်၊ YRF ရဲဘော် ၂ ဦး ကျဆုံး
["ရန်ကုန်၊ မေ ၇", "မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း ချက်ကန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်ပါးစေ ပျူစောထီး ပူးပေါင်းအင်အား ၇၀ ခန့်ကို Young Revolution Front – YRF က မေလ ၄ ရက်နေ့ နေ့လယ် ၁ နာရီခွဲခန့်တွင် ခုခံတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၃၀ ခန့်သေဆုံးနိုင်ပြီး YRF ရဲဘော် ၂ ဦး ကျဆုံး...
https://yktnews.com/2024/05/161108/
မကွေးမြို့ပေါ်၊ အောင်မေတ္တာရပ်ကွက်ရှိ နေအိမ် ၃၀၀ ခန့်ကို ကျူးကျော်ဟုဆိုကာ မေလကုန် နောက်ဆုံးထား ဖယ်ရှားခိုင်း၊ သင်္ကြန်မတိုင်ခင်ကလည်း မြို့ပေါ်မှ နေအိမ် ၅၀၀ ကို စစ်တပ်က ဖယ်ရှား ဖျက်ဆီးခဲ့
["ရန်ကုန်၊ မေ ၇", "မကွေးမြို့ပေါ်၊ အောင်မေတ္တာရပ်ကွက်ရှိ နေအိမ် ၃၀၀ ခန့်ကို ကျူးကျော်ဟုဆိုကာ စစ်တပ်က မေလကုန် နောက်ဆုံးထား ဖယ်ရှားခိုင်းနေပြီး သင်္ကြန်မတိုင်ခင်ကလည်း မြို့ပေါ်မှ နေအိမ် ၅၀၀ ကို စစ်တပ်က ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "မေလ ၆ ရက်နေ့ မကွေးမြို့ စည်ပင်သာယာရေးကော်မ...
https://yktnews.com/2025/05/213674/
ကျောက်ဆည်မြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု မန္တလေး၊ ပြင်ဦးလွင် အပါအဝင် မြို့ကြီးများမှ ပြည်သူများ သိသာစွာ ခံစားရ
["ရန်ကုန်၊ မေ ၇", "မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ ပြည်သူများ သိသာစွာ ခံစားရကြောင်းမန္တလေး၊ ပြင်ဦးလွင် အပါအဝင် မြို့ကြီးများမှ ပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့မေလ ၇ ရက်နေ့ နံနက် ၁ နာရီ ၂၇ မိနစ်အချိန်ခန့် မန္တလေးတိုင်း၊ ကျောက် ဆည်မြို...
https://yktnews.com/2024/05/161115/
မြန်မာနိုင်ငံမှာ စစ်ကောင်စီကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည် ၃ သန်းကျော်အထိရှိလာ
["ရန်ကုန်၊ မေ ၇", "မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည် ၃ သန်းကျော်ရှိလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာ စစ်ဘေးကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ ဒုက္ခသည် အရေအတွက် ၃ သန်းကျော်ဖြစ်လာတယ်လို့ UNOCHA က...
https://yktnews.com/2024/05/161170/
ရွှေရေကြည် သပိတ်စစ်ကြောင်း ဖက်ဆစ်စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
["ရန်ကုန်၊ မေ ၇", "ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေ ၇ ရက်နေ့တွင် ဖက်ဆစ်စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmy...
https://yktnews.com/2024/05/161137/
သံတွဲမြို့ အပါအဝင် AA ဝင်ရောက်လာနိုင်သော ဝင်ပေါက်များအားလုံးတွင် စစ်ကောင်စီက စီမံချက်ဖြင့် မြေမြုပ်မိုင်းများ ရာချီထောင်နေ
["ရန်ကုန်၊ မေ ၇", "ရခိုင်ပြည်နယ်၊ သံတွဲမြို့ အပါအဝင် AA ဝင်ရောက်လာနိုင်သော ဝင်ပေါက်များအားလုံးတွင် စစ်ကောင်စီက စီမံချက်ဖြင့် မြေမြုပ်မိုင်းများ ရာချီထောင်နေကြောင်း သံတွဲအခြေစိုက်ရဲနှင့်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“သံတွဲမြို့ အပါအဝင် ဝင်ပေါက်၊ AA တပ်တွေ ဝင်လာနိုင်တဲ့ တောပိုင်းတွေထဲအထိ မြ...
https://yktnews.com/2024/05/161198/
သံတွဲမြို့နယ် ပြွန်ခေါင်တောင် ပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေ၊ စစ်သားများ တပ်စွဲထားသော လင်းသီရွာကိုလည်း မှားယွင်း ဗုံးကျဲသွား
["ရန်ကုန်၊ မေ ၇", "ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ပြွန်ခေါင်တောင် ပတ်ဝန်းကျင်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေပြီး စစ်သားများ တပ်စွဲထားသော လင်းသီရွာကိုလည်း မှားယွင်း ဗုံးကျဲသွားကြောင်း ဒေသပြည်သူများကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ မေလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် သံတွဲမြို့နှင့် ၁၅ မိုင်ခန့...
https://yktnews.com/2025/05/213677/
ရောဂါသည်နှင့် စိတ်ရောဂါ အခံရှိသူ မောင်ရန်နိုင်ဖြိုးကို စစ်တပ်က ၃ ကြိမ်မြောက် ပေါ်တာဆွဲပြီး စစ်မှု ထမ်း တပ်သား အဖြစ် စုဆောင်း၊ ဆေးကျ၍ စုဆောင်းရေးတပ်များက လက်မခံဘဲ ပြန်လွှတ်ခဲ့သော်လည်း အခြားတပ်များက ထပ်မံ ပေါ်တာဆွဲ စစ်သားအဖြစ် စုဆောင်းသွားပြန်
["ရန်ကုန်၊ မေ ၇", "ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ရောဂါသည်နှင့် စိတ်ရောဂါ အခံရှိသူ မောင်ရန်နိုင်ဖြိုးကို စစ်တပ်က ၃ ကြိမ်မြောက် ပေါ်တာဆွဲပြီး စစ်မှု ထမ်း တပ်သား အဖြစ် စုဆောင်းထားကြောင်းမောင်ရန်နိုင်ဖြိုး၏ မိတ်ဆွေများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဆိပ်ကြီးခနောင်တိုမြို့နယ်မှ မောင်ရန်နိုင်ဖြိုးသည...
https://yktnews.com/2022/05/18332/
ရန်ကုန်မြောက်ဒဂုံတွင် ရှော့တိုက်ခ်ဒုန်းဖြင့် ပစ်ခတ်မှု လူနေအိမ်ပေါ်ကျရောက်၊ အင်းစိန်အကျဉ်းထောင်အနီး ဗုံးပေါက်ကွဲ၊ နေ့စဉ် ရက်ဆက် စစ်တပ်နှင့်ဆိုင်သော နေရာများ ပစ်ခတ်တိုက်ခိုက်ခံနေရ
["ရန်ကုန်၊ မေ ၇", "ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ရှော့ခ်တိုက်ဒုန်းဖြင့် ပစ်ခတ်မှု တစ်ခု ယမန်နေ့ ညပိုင်းဖြစ်ပွားခဲ့ပြီး လူနေအိမ်ပေါ်သို့ ကျရောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။“မနေ့ည ၁၀ နာရီ ၄၇ မိနစ်လောက်တုန်းက မြောက်ဒဂုံ ၄၆ ရပ်ကွက်၊ အအေးဆိုင် မှတ်တိုင်နားက စပ်စံထွန်း လမ်းမပေါ်က စိန်ဆန်ဆိုင်ဘေးက လူနေအိမ...
https://yktnews.com/2025/05/213673/
ရန်ကုန်တိုင်း၊ လှည်းကူးမြို့ကို ဗဟိုပြု၍ ပြင်းအား ၃ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ ပြည်သူများ သိသာစွာ ခံစားလိုက်ရပြီး လမ်းများပေါ်တွင် နေထိုင်ကြ
["ရန်ကုန်၊ မေ ၇", "ရန်ကုန်တိုင်း၊ လှည်းကူးမြို့ကို ဗဟိုပြု၍ ပြင်းအား ၃ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG က သတင်းထုတ်ပြန်သည်။", "ယနေ့မေလ ၆ ရကနေ့ ည ၁၀ နာရီ ၅၅ မိနစ်အချိန် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းအနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၃ ဒသမ ၇ အဆင့်နှင့် ...
https://yktnews.com/2025/05/213758/
ရန်ကုန်တွင် ယမန်နေ့ညပိုင်း ငလျင်လှုပ်၍ ပြည်သူများ လမ်းပေါ် ဆင်းပြေးချိန် လူငယ်တချို့ စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံရ
["ရန်ကုန်၊ မေ ၇", "ရန်ကုန်တွင် ယမန်နေ့ညပိုင်း ငလျင်လှုပ်၍ ပြည်သူများ လမ်းပေါ် ဆင်းပြေးချိန် လမ်းပေါ်ထွက်လာသော လူငယ်တချို့ ကို စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်းဖမ်းဆီးခံရသော လူငယ်တချို့၏ မိတ်ဆွေတချို့ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ မေလ ၆ ရကနေ့ ည ၁၀ နာရီ ၅၅ မိနစ်အချိန် ရန်ကုန်တိုင်း၊ လှည်းကူ...