url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2022/10/47058/
မြောင်၊ ညောင်ကားယားရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၅ လုံးပြာကျပြီး ပစ္စည်းများလည်း ဖျက်ဆီးခံရ
["ရန်ကုန်၊ အောက်တိုဘာ ၉", "စစ်ကိုင်းတိုင်း ​မြောင်မြို့နယ် ညောင်ကားယားရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးသောကြောင့် နေအိမ် ၅ လုံးပြာကျခဲ့ကြောင်း ပြည်သူများထံမှ သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညောင်ကားယားရွာကို အောက်တိုဘာလ ၈ ရက်နေ့မှ စတင်ကာ အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းထိ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပ...
https://yktnews.com/2022/10/47543/
ကနီ၊ မြောင်၊ နတ်တလင်းတွင် တိုက်ပွဲများဖြစ်ပြီး စစ်သား ၂၁ ဦးသေဆုံး
["ရန်ကုန်၊ အောက်တိုဘာ ၉", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မြောင်မြို့နယ်နှင့် ပဲခူးတိုင်း နတ်တလင်းမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်သား ၂၁ ဦးသေဆုံးကြောင်း‌ ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။", "ပဲခူးတိုင်း နတ်တလင်းမြို့နယ် ကရင်ဆင်ဆွဲရွာ အကြမ်းဖက် စစ်တပ် စစ် ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၄...
https://yktnews.com/2022/10/47541/
ကနီ၊ မြောင်၊ နတ်တလင်းတွင် တိုက်ပွဲများဖြစ်ပြီး စစ်သား ၂၁ ဦးသေဆုံး
["ရန်ကုန်၊ အောက်တိုဘာ ၉", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မြောင်မြို့နယ်နှင့် ပဲခူးတိုင်း နတ်တလင်းမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်သား ၂၁ ဦးသေဆုံးကြောင်း‌ ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။", "ပဲခူးတိုင်း နတ်တလင်းမြို့နယ် ကရင်ဆင်ဆွဲရွာ အကြမ်းဖက် စစ်တပ် စစ် ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၄...
https://yktnews.com/2024/10/187092/
ခင်ဦးမြို့ပေါ် ဆေးရုံတွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု
["ရန်ကုန်၊ အောက်တိုဘာ ၉", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ် ဆေးရုံတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်းFUTURE HERO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၆ ရက်နေ့တွင် ခင်ဦးမြို့ဆေးရုံ၌ တပ်စွဲထားသော အ...
https://yktnews.com/2024/10/187030/
ပင်လည်ဘူးမြို့ကို သိမ်းပိုက်ပြီးနောက် စစ်တပ်စခန်းအတွင်းမှ ဘိန်းဖြူနှင့်မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိ၊ အညံ့ခံ သော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ဝန်းသိုမြို့ဘက်သို့ ဆုတ်ခွာခွင့်ပေးခဲ့ပြီး တိုက်ပွဲတွင် ဖမ်းမိသော စစ်သုံ့ပန်းများလည်းရှိ
["ရန်ကုန်၊ အောက်တိုဘာ ၉", "စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို KIA ၊ PDF ပူးပေါင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်စီတပ်စခန်းများအတွင်းမှ ဘိန်းဖြူနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိကြောင်းKIA သတင်းရင်းမြစ်က ပြောဆိုသည်။", "ယမန်နေ့ အောက်တိုဘာလ ၈ ရက်နေ့ နံနက်အစောပိုင်းတွင် ပင်လည်ဘူးမြို့ကို KIA နှင့် PDF ...
https://yktnews.com/2024/10/187050/
ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်သုံ့ပန်းများ၊ အလင်းဝင်သူများကို လက် နက် ၄၀၀ ကျော်နှင့်အတူ ဖမ်းဆီးရရှိထားဟု စစ်ကိုင်းပကဖ ထုတ်ပြန်
["ရန်ကုန်၊ အောက်တိုဘာ ၉", "စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်သုံ့ပန်းများ၊ အလင်းဝင်သူများကို လက်နက် ၄၀၀ ကျော်နှင့်အတူ ဖမ်းဆီးရရှိထားကြောင်းစစ်ကိုင်းတိုင်းပကဖက သတင်းထုတ်ပြန်သည်။", "ဩဂုတ်လ ၁၅ ရက်နေ့မှစတင်၍ ပင်လည်ဘူးမြို့ကို စတင်တိုက်ခိုက်ခဲ့ပြီး စတင်တိုက်ခိုက်ခဲ့ပြီး ၅၃ရက်အကြာ တိုက်ပွဲမျ...
https://yktnews.com/2022/10/47048/
ဗန်းမောက်မြို့မရဲစခန်းကို KIA နှင့် PDF ပူးပေါင်းတိုက်ခိုက်ခဲ့မှု ရဲတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံး ၊ အင်တာနက်လိုင်းသာမက ဖုန်းလိုင်းပါ ဖြတ်တောက်ထား
["ရန်ကုန်၊ အောက်တိုဘာ ၉", "စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် ဗန်းမောက်မြို့မရဲစခန်းကို KIA နှင့် PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးခဲ့ကြောင်း ဒေသ PDF သတင်းရင်းမြစ် Banmauk Revolution – BRထံမှ သိရှိရသည်။", "အောက်တိုဘာလ ၄ ရက်နေ့တွင် ဗန်းမောက်မြို့နယ...
https://yktnews.com/2022/10/47014/
မုံရွာမြို့နယ်တွင် PDF နှင့် ပျူစောထီးများ ထိတွေ့ တိုက်ပွဲဖြစ်ပြီး ပျူစောထီးများ ထိခိုက်သေဆုံးနိုင်၊ ချောင်းဦးတွင် စစ်ကောင်စီ ထောက်ပို့ယာဉ်တန်း မိုင်းခွဲပစ်ခတ်ခံရ
["ရန်ကုန်၊ အောက်တိုဘာ ၉", "စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် Monywa Sepcial ဒိတ်ဒိတ်ကြဲ PDF နှင့် ပျူစောထီးအဖွဲ့များသည် အောက်တိုဘာလ ၈ ရက် ယမန်ညတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီးများဘက်မှ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း သတင်းရရှိသည်။", "ယမန်ညတွင် မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာ၍ မိုင်းဆင်နေသော PDF များနှင့်...
https://yktnews.com/2024/10/187107/
မုံရွာမြို့၊ ညောင်ပင်စောက်ရပ်ကွက်တွင် သန်းခေါင်စာရင်း ကောက်ယူနေသူများကို မိုင်းဆွဲ တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး
["ရန်ကုန်၊ အောက်တိုဘာ ၉", "စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ညောင်ပင်စောက်ရပ်ကွက်အတွင်း သန်းခေါင်စာရင်း ကောက်ယူနေသူများကို မိုင်းဆွဲ တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်းidiots Column အဖွဲ့က ပြောဆိုသည်။", "အောက်တိုဘာလ ၈ ရက် နံနက် ၁၀ နာရီခန့်က မုံရွာမြို့၊ ညောင်ပင်စောင့်အပိုင်းအတွင်း သန်းခေါင်စာရင်းကောက်ယူရန် လာရောက်သည့် ရဲ၊...
https://yktnews.com/2022/10/47156/
ရေဦး-တန့်ဆည် အစပ်တွင် PDF ရဲဘော် ၃ ဦး ကျဆုံးပြီး ၄ ဦးပျောက်ဆုံး၊ ဝက်လက်တွင်လည်း ဒလန်သတင်းပေးမှု ကြောင့် PDF စခန်း ဝင်စီးခံရပြီး ၈ ဦး ကျဆုံး
["ရန်ကုန်၊ အောက်တိုဘာ ၉", "စစ်ကိုင်းတိုင်း၊ ရေဦး-တန့်ဆည်မြို့နယ်အစပ် တက်သစ်(မ)ကျေးရွာအနီးတွင် ယမန်နေ့ ဖြစ်ပွား‌သောတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးသကဲ့သို့ PDF ဘက်မှာလည်း ရဲဘော် ၃ ဦးသေဆုံးပြီး ၄ ဦးပျောက်ဆုံးလျက်ရှိကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြိုနယ်၊ တက်သစ်(မ)ရွာသို့ ရောက...
https://yktnews.com/2024/10/187029/
ရွှေဘိုထောင်တွင် ဗိုလ်မှူးကြီး အောင်အောင် အမိန့်ဖြင့် နိုင်ငံရေးအကျဉ်းသားများကို မိသားစုဝင်များနှင့် ထောင်ဝင်စာ ဧည့်တွေ့ခွင့်မပြုဘဲ ပိတ်ပင်ထား
["ရန်ကုန်၊ အောက်တိုဘာ ၉", "စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်တွင် အကျဉ်းထောင်အာဏာပိုင်များက တပ်နယ်မှူး ဗိုလ်မှူးကြီး အောင်အောင် အမိန့်ဖြင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများကို မိသားစုဝင်များနှင့် ထောင်ဝင်စာ ဧည့်တွေ့ခွင့် ခွင့်မပြုဘဲ ပိတ်ပင်ထားကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက...
https://yktnews.com/2024/10/187102/
တနင်္သာရီတိုင်းတွင် စက်တင်ဘာလအတွင်း စစ်တပ်၏ လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ပြည်သူ ၈ ဦး ထက်မနည်းသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ
["ရန်ကုန်၊ အောက်တိုဘာ ၉", "တနင်္သာရီတိုင်းတွင် စက်တင်ဘာလ အတွင်း အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ပြည်သူ ၈ ဦး ထက်မနည်းသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်းဒေသပြည်သူများထံမှ သိရှိရသည်။", "စစ်တင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ထိခိုက်သေဆုံးခဲ့ရသည့် ဖြစ်စဥ် ၄ ခုရှိခဲ့ပြီး ...
https://yktnews.com/2024/10/187064/
ထိုင်းနိုင်ငံရောက် MOU မြန်မာအလုပ်သမား ၁ သိန်းကျော်ထံမှ လစဉ် လစာငွေ ၂၅ ရာခိုင်နှုန်း စစ်ကောင်စီ၏ဘဏ်များထံသို့ ပြန်ပို့ပေးရေး ပြည်ပအလုပ်အကိုင်အေဂျင်စီများက ဆောင်ရွက်ပေးရန် စစ်တပ်က အမိန့်ထုတ် ဖိအားပေး
["ရန်ကုန်၊ အောက်တိုဘာ ၉", "ထိုင်းနိုင်ငံရောက် MOU မြန်မာအလုပ်သမား ၁ သိန်းကျော်ထံမှ လစဉ် လစာငွေ ၂၅ ရာခိုင်နှုန်း စစ်ကောင်စီ၏ဘဏ်များထံသို့ ပြန်ပို့ပေးရေး ပြည်ပအလုပ်အကိုင်အေဂျင်စီများက ဆောင်ရွက်ပေးရန် စစ်တပ်က အမိန့်ထုတ် ဖိအားပေးနေကြောင်းပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည...
https://yktnews.com/2024/10/187080/
ထိုင်းနိုင်ငံတွင် MOU စာချုပ်ပါ အလုပ်မရဘဲ ဒုက္ခရောက်နေသည့် မြန်မာ အလုပ်သမား ၂၀၀ ကျော်ကို စာချုပ်ပါ လစာ၏ ၇၅ ရာခိုင်နှုန်းပေးရန်နှင့် အလုပ်သစ် ရှာပေးရန် အေဂျင်စီဘက်က သဘောတူ လက်မှတ်ရေးထိုး
["ရန်ကုန်၊ အောက်တိုဘာ ၉", "ထိုင်းနိုင်ငံ၊ ချွန်ပူလီမြို့တွင် MOU စာချုပ်ပါ အလုပ်မရဘဲ ဒုက္ခရောက်နေသည့် အလုပ်သမားများအတွက် အလုပ်ရှာပေးရန်နှင့် အလုပ်ရှာမပေးနိုင်သေးပါက စာချုပ် လုပ်ခလစာ၏ ၇၅ ရာခိုင်နှုန်း ပေးရန် အလုပ်အကိုင်အေဂျင်စီ ZIN TUN WIN 999 ကုမ္ပဏီနှင့် လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်းWorker Alliance Group မှ အလုပ်သမားအ...
https://yktnews.com/2024/10/187095/
ကျောက်တံခါးနှင့် သရက်ချောင်း မြို့နယ်တို့တွင် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်ယူသူများကို အရေးယူမည်ဟု PDF တပ်ဖွဲ့များ အသိပေး
["ရန်ကုန်၊ အောက်တိုဘာ ၉", "ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်း၌ အကြမ်းဖက် စစ်ကောာင်စီ၏ အတုအယောင်ရွေးကောက်ပွဲ အတွက် သန်းခေါင်စာရင်းကောက်ယူသူများကို အရေးယူမည်ဖြစ်ကြောင်းကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။", "ယခုအခါ အကြမ်းဖက် စစ်ကောင်စီသည် အတုယောင် ရွေးကောက်ပွဲကို အကြောင်းပြကာ အောက် တိုဘာလ ၁ ရက်နေ...
https://yktnews.com/2022/10/47520/
ပေါက်မြို့နယ်နှင့် လောင်းလုံးမှ ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးကာ လက်နက်များ သိမ်းဆည်းရမိ၊ မြစ်ကြီးနားတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ အသတ်ခံရ
["ရန်ကုန်၊ အောက်တိုဘာ ၉", "မကွေးတိုင်း ပေါက်မြို့နယ် ရွှေလံရွာ ပျူ‌စောထီးအဖွဲ့ဝင် စောလင်း ကို အောက် တိုဘာလ ၉ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ကတိုက်ခိုက်ခဲ့သဖြင့် စောလင်း သေဆုံးခဲ့ကြောင်း သိရသည်။", "ရွှေလံရွာ ပျူစောထီး အဖွဲ့ဝင် စောလင်းသည် ပေါက်မြို့နယ် ပျူစောထီး ခေါင်းဆောင် စိုးသိုက်ထွန်း၏ ညာလက်ရ...
https://yktnews.com/2022/10/47045/
ဂန့်ဂေါတွင် NUG ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူများကို ကျန်းမာရေးအသိပညာပေးပြီး သန်ချဆေးများတိုက်ကျွေး
["ရန်ကုန်၊ အောက်တိုဘာ ၉", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် အတွင်းရှိ ကျောင်းများတွင် NUG ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲများပြုလုပ်ပေးခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်းများကို NUG ကြားကာလပညာရေး သင်ကြားနေသော ပညာရေးဝန်ထမ်းများနှင့် အတူတကွပူးပေါင်းဆောင်ရွက်ကြသည်။"]
https://yktnews.com/2022/10/47043/
ဂန့်ဂေါတွင် NUG ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူများကို ကျန်းမာရေးအသိပညာပေးပြီး သန်ချဆေးများတိုက်ကျွေး
["ရန်ကုန်၊ အောက်တိုဘာ ၉", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် အတွင်းရှိ ကျောင်းများတွင် NUG ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲများပြုလုပ်ပေးခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်းများကို NUG ကြားကာလပညာရေး သင်ကြားနေသော ပညာရေးဝန်ထမ်းများနှင့် အတူတကွပူးပေါင်းဆောင်ရွက်ကြသည်။"]
https://yktnews.com/2022/10/47161/
ဒူဘိုင်းတွင် အိမ်အကူ အလုပ် လုပ်ရန် သွားရောက်ကြသည့် နွားထိုးကြီးမှ မြန်မာအမျိုးသမီး ၁၂ ဦး နိုင်ငံကူးလက်မှတ် သိမ်းဆည်းခံရပြီး အခန်းတစ်ခုထဲတွင် သော့ခတ် ပိတ်လှောင်ခံထားရ
["ရန်ကုန်၊ အောက်တိုဘာ ၉", "မန္တလေးတိုင်း မြင်းခြံ ခရိုင်၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲ+မြင်းနီ ရွာမှ ကျေးရွာသူ ၅ ဦးအပါအဝင် မြန်မာအမျိုးသမီး ၁၂ ဦးသည် ဒူဘိုင်းတွင် အိမ်အကူ အလုပ်ရမည်ဟု ဆိုကာ တစ်ဦးလျှင် အေဂျင်စီဝန်ဆောင်ခ ကျပ် ၁၀ သိန်း ၅ သောင်းနှုန်းဖြင့် ဒူဘိုင်းသွားရောက်ခဲ့ပြီး ဒူဘိုင်းရောက်ရှိချိန်တွင် အမျိုးသမီး ၁၂ ဦးလုံ...
https://yktnews.com/2022/10/47022/
မတ္တရာတွင် ရဲတပ်သား စိုးကိုကို ပစ်ခတ်ခံရပြီး သေဆုံး၊ တွံတေးတွင် စစ်တပ်သတင်းပေး လူမိုက် လင်မယား ၂ ဦးကို ပစ်ခတ်ခံရပြီး သေဆုံး
["ရန်ကုန်၊ အောက်တိုဘာ ၉", "မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကွေးတောကျေးရွာနှင့် ပိဿနိုးကျေးရွာကြားတွင် အောက်တိုဘာ ၇ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန် ကွေးတောကျေးရွာသား ရဲတပ်သား စိုးကိုကို သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။", "ရဲတပ်သား စိုးကိုကိုကို သေနတ်သမားတချို့က သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ရာမှ သေဆ...
https://yktnews.com/2024/10/187075/
မြင်းခြံ၊ ကျောက်ကန်ပျူစောထီးရွာသို့ စစ်ကူလာသည့် စစ်ကြောင်းကို ဖြတ်တောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်းသေဆုံး
["ရန်ကုန်၊ အောက်တိုဘာ ၉", "မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူစောထီးရွာ စခန်းသိမ်းတိုက်ပွဲသို့ စစ်ကူလာသည့် စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်းMyingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲကရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။", "အောက်တိုဘာလ ၇ ရက် နံနက်...
https://yktnews.com/2024/10/187027/
မြင်းခြံမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ကင်းစောင့်နေသော စစ်သားများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက် ခိုက်မှု စစ်သား ၂ ဦးအပြင်းအထန် ဒဏ်ရာရ
["ရန်ကုန်၊ အောက်တိုဘာ ၉", "မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ကင်းစောင့်နေသော စစ်သားများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်းMyingyan Black Tiger -MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "အောက်တိုဘာလ ၆ ရက် ...
https://yktnews.com/2022/10/47121/
မန္တလေး၊ မွန်နှင့် စစ်ကိုင်းတို့တွင် စစ်တပ်နှင့်သက်ဆိုင်သော နေရာများ ဗုံးခွဲ ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပွားပြီး ထိခိုက် မှုများရှိ
["ရန်ကုန်၊ အောက်တိုဘာ ၉", "မန္တလေးတိုင်း၊ မွန်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့နှင့်ပတ်သက်သော နေရာများကို ဗုံး ဖောက်ခွဲ၊ ပစ်ခတ် တိုက်ခိုက်မှုများ ရှိပြီး ထိခိုက် ဒဏ်ရာ ရရှိမှုတချို့ ရှိကြောင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။", "မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ အထက ၂ ကျောင်းရှေ့တွင...
https://yktnews.com/2022/10/47583/
ဝမ်းတွင်းမြို့မ ရဲစခန်းမှ စခန်းမှူး ရဲအုပ် စောနိုင်ဦး(ခ) ဗိုလ်စော ယခုည ပစ် ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံး
["ရန်ကုန်၊ အောက်တိုဘာ ၉", "မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့မ ရဲစခန်းမှ စခန်းမှူး ရဲအုပ် စောနိုင်ဦး(ခ) ဗိုလ်စောသည် ယနေ့ညပိုင်းတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "အောက်တိုဘာလ ၉ ရက်နေ့ည ၉ နာရီအချိန် မိတ္ထီလာခရိုင်၊ဝမ်းတွင်းမြို့နယ် မြို့မမစခန်းမှ ရဲအုပ် စောနိုင်ဦး(ခ)ဗိုလ်စော (ယာယီစခန်းမှူးနှင့်နယ်ထိန်းခေါင်းဆေ...
https://yktnews.com/2024/10/187060/
သာစည်မြို့မှ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်နှင့် ဗိုလ်ချုပ်ရင်ပြင်ကို ယနေ့ နံနက် ၁ နာရီ စစ်တပ်က မြေကော်ကားများဖြင့် ဖျက်ဆီးပြီး ရွှေ့ယူသွား
["ရန်ကုန်၊ အောက်တိုဘာ ၉", "မန္တလေးတိုင်း၊ သာစည်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု စိုက်ထူထားသော ဗိုလ်ချုပ်ရင်ပြင်ကို ယနေ့ နံနက် ၁ နာရီအချိန် မြေကော်ကားများဖြင့် ဖျက်ဆီးပြီး ရုပ်တုကို သယ်ဆောင်သွားကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁ နာရီ ဝန်းကျင်အချိန် စစ်...
https://yktnews.com/2022/10/46854/
နိုင်ငံတစ်ဝန်း ကုန်တင်ကားများကို စစ်တပ်နှင့်ရဲက ဆက်ကြေးကောက်မှု ပိုမိုများပြားလာပြီး ငွေကျပ်သိန်းဂဏန်းချီ ပေးရ၊ ငွေ မပေးလျှင် ပစ်သတ်မည်ဟုပင် စစ်တပ်က သေနတ်ပြ ခြိမ်းခြောက်
["ရန်ကုန်၊ အောက်တိုဘာ ၉", "မြန်မာနိုင်ငံ တစ်ဝန်း အဝေးပြေး ကုန်တင်ကား မောင်းနှင်သူများကို အကြမ်းဖက် စစ်တပ် ဦးစီးပြီး လမ်းတစ်လျှောက် ဆက်ကြေးကောက်ခံ မှုများ ပိုမိုများပြားလာကြောင်း ကုန်တင်ကား မောင်းနှင်သူများထံမှ သိရသည်။", "ကုန်တင်ကား မောင်းနှင်သူများကို သက်ဆိုင်ရာ လမ်းပိုင်း တစ်လျှောက်ရှိ အကြမ်းဖက် စစ်တပ်မှ ဦးစီးဖွင့် ...
https://yktnews.com/2022/10/47011/
ယင်းမာပင် မြောက်ပိုင်း ကျေးရွာ ၃ ရွာ သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
["ရန်ကုန်၊ အောက်တိုဘာ ၉", "ယင်းမာပင် မြောက်ပိုင်း ကျေးရွာ ၃ ရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၉ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/10/187192/
ရှမ်းတောင်တွင် တာဝန်ကျ ခလရ ၂၂၂ တပ်မှ အရာရှိများက သေဆုံးဒဏ်ရာရ စစ်သည်များ အတွက်ဟု ဆိုကာ အောင်ဘာလေထီလက်မှတ် ၁၀ စောင်လျှင် ငွေ ၁ သိန်းနှုန်းဖြင့် စီးပွား ရေးသမားများနှင့် ပြည်သူများကို ခြိမ်းခြောက် ရောင်းနေ
["ရန်ကုန်၊ အောက်တိုဘာ ၉", "ရှမ်းပြည်နယ်တောင်ပိုင်းတွင် တာဝန်ကျသည့် ခလရ ၂၂၂ တပ်မှ အရာရှိများက တိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရ စစ်သည်များအတွက်ဟုဆိုကာ စီးပွားရေးလုပ်ငန်းရှင်များနှင့်ပြည်သူများကို အောင်ဘာလေထီလက်မှတ် ၁၀ စောင်လျှင် ၁ သိန်းနှုန်းဖြင့် လိုက်လံခြိမ်းခြောက် ရောင်းချနေကြောင်းဒေသနေပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသိ...
https://yktnews.com/2024/10/187087/
လာအိုတွင် အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနေပြီး ထိုင်းနိုင်ငံက မြန်မာ့အရေး ဖြေရှင်းရေး နည်းလမ်းသစ် အဆိုပြုမည်၊ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတစ်ခုကို ထိုင်းကဦးဆောင် ၍ ဒီဇင်ဘာလတွင် ကျင်းပမည်
["ရန်ကုန်၊ အောက်တိုဘာ ၉", "လာအိုနိုင်ငံတွင် အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနေပြီး အာဆီယံနိုင်ငံများမှ နိုင်ငံ့ခေါင်း ဆောင်များ တက်ရောက်နေကာ ထိုင်းနိုင်ငံက မြန်မာ့အရေး ဖြေရှင်းရေး နည်းလမ်းသစ် အဆိုပြုမည်ဖြစ်ကြောင်းရိုက်တာနှင့် AP သတင်းများအရ သိရှိရသည်။", "ယနေ့အောက်တိုဘာလ ၉ ရက်နေ့ လာအိုနိုင်ငံတွင် ကျင်းပသည့် ထိပ်သီးဆွေးနွေး...
https://yktnews.com/2022/10/44886/
ရှမ်းပြည်နယ်၊ နမ့်စန်း ဧည့်စုမိုတယ်တွင် ပစ်ခတ်မှုများဖြစ်
["ရန်ကုန်၊ အောက်တိုဘာလ ၃", "ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်းမြို့နယ်၊ ဧည့်စုမိုတယ်တွင် ယနေ့ ညနေပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၃ ရက်နေ့ ညနေ ၅ နာရီခွဲတွင် ရှမ်းပြည်နယ်၊ နမ့်စန်းမြို့နယ်ရှိ ဧည့်စုတည်းခိုခန်းအနီးတွင် ပစ်ခတ်မှု ဖြစ်ပွားကြောင်း၊ ပစ်ခတ်မ...
https://yktnews.com/2024/10/190222/
အမေရိကန် ပြည်သူ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၄ ခုနှစ် ညီလာခံတွင် မြန်မာ့နွေဦးတော်လှန်ရေး ကျန်း မာရေး သူရဲကောင်းများနှင့် NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာနကို The Edward Barsky Award ဆု ချီးမြှင့်
["ရန်ကုန်၊ အောက်တိုဘာလ ၃၁", "အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၄ ခုနှစ် ညီလာခံတွင် မြန်မာ့နွေဦးတော်လှန်ရေး ကျန်း မာရေးသူရဲကောင်းများနှင့် NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအား The Edward Barsky Award ဆု ချီးမြှင့်ခဲ့ကြောင်းသိရသည်။", "၂၀၂၁ခုနှစ်တွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်တပ်က ဥပဒေမဲ့ စစ်အာဏာသိမ်းရန် ကြိုးပမ်းပြီး နေ...
https://yktnews.com/2024/10/185845/
မူဆယ်တွင် တရားခံပြေးများ အပါအဝင် ကျားဖြန့် ငွေလိမ်သူ တရုတ်နိုင်ငံသား ၃၁၃ ဦးကို စစ်ကောင်စီက တရုတ်ထံသို့ လွှဲပြောင်းပေး
["ရန်ကုန်၊ အောက်တိုဘာ၁", "မြန်မာနိုင်ငံအတွင်းရှိသော တရားခံပြေး အပါအဝင် အွန်လိုင်းငွေလိမ်သူ တရုတ်နိုင်ငံသား ၃၁၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး တရုတ်ရဲတပ်ဖွဲ့အား လွှဲပြောင်းပေးလိုက်ကြောင်းစစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။", "ကျားဖြန့် ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသား ၃၁၃ ဦးထဲတွင် တရားခံပြေး ၄၅ ဦးပါဝင်ပြီး စက်တင်ဘာလ ၂၆ ရက်...
https://yktnews.com/2022/10/48325/
တန့်ဆည် ယနေ့ တိုက်ပွဲတွင် အင်အား ၁၀၀ ပါ စစ်တပ်စစ်ကြောင်းမှ ၂၀ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရ
["ရန်ကုန်၊ အောက်တိုဘာ၁၁", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရွှေတကျေးရွာအနီးသို့ စစ်ကြောင်းထိုး‌လာသော စစ်ကောင်စီတပ်နှင့် တန့်ဆည် PDFတို့ အောက်တိုဘာလ ၁၁ရက် နံနက် ၉ နာရီခန့်အချိန်တွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး ၂၀ ဦးခန့် ဒဏ်ရာရှိခဲ့ကြောင်း တန့်ဆည် PDF ထံမှ သိရသည်။", "အင်...
https://yktnews.com/2022/10/48018/
မလေးရှားသို့ သွားရန် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာ ၁၅ဦးကို ထိုင်း အာဏာပိုင်များက ဖမ်းဆီး
["ရန်ကုန်၊ အောက်တိုဘာ၊ ၁၀", "ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်တွင် ကော့သောင်းမြို့မှတဆင့် တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၅ ဦးကို ယနေ့ အောက်တိုဘာ ၁၀ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိကြောင်း အမှတ် (၂၅) ထိုင်းအထူးခြေမြန်တပ်ရင်းက ထုတ်ပြန်သည်။", "ရနောင်းခရိုင် စုက်စာရမ်ဒေသ နာ့ခါးရွာအနီးတွင် အမိုးပိ...
https://yktnews.com/2022/10/47703/
မြောက်ဦးတွင် စစ်တပ်နှင့် AA တို့အပြန်လှန်ပစ်ခတ်မှုဖြစ်၊ မောင်တောတွင်လည်း တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်အထိနာဟုဆို
["ရန်ကုန်၊ အောက်တိုဘာ၊ ၁၀", "ရခိုင်ပြည်နယ်၊ မြောက်ဦးတွင် စစ်ကောင်စီတပ်နှင့် AA တို့အပြန်လှန်ပစ်ခတ်မှုဖြစ်ပြီး ယနေ့နံနက်ပိုင်း မောင်တောတွင်လည်း တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်အထိနာနေကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်များနှင့်ဒေသခံများထံမှ သိရှိရသည်။ယမန့်နေ့ အောက်တိုဘာ ၉ ရက် သီတင်းကျွတ်လပြည့်ည၌ မြောက်ဦးမြို့နယ်တွင် စစ်ကောင်...
https://yktnews.com/2022/10/51368/
စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် မင်းပြားမှ ကျောင်းဆရာမနာရေး ပြည်သူထောင်ချီလိုက်ပို့
["ရန်ကုန်၊ အောက်တိုဘာ၊ ၁၉", "ရခိုင်ပြည်နယ်၊ မင်းပြားတွင် အောက်တိုဘာ ၁၇ ရက်နေ့ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် မင်းပြားမှ မူလတန်းပြဆရာမ ဒေါ်မမြစောကို မင်းပြားသုဿာန်၌ ယနေ့ အောက်တိုဘာ ၁၉ ရက်နေ့သင်္ဂြိုဟ်ခဲ့သည်။", "ဆရာမ ဒေါ်မမြစော၏ နာရေးကို မင်းပြားမြို့နယ်မှ ဒေသခံများ လူပေါင်းထောင်နှင့် ချီ၍ လိုက်ပါပို့ဆောင...
https://yktnews.com/2022/10/51344/
ရသေ့တောင်တွင် တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ၇ တန်း ကျောင်းသူ တစ်ဦး ထိမှန်သေဆုံး
["ရန်ကုန်၊ အောက်တိုဘာ၊ ၁၉", "ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာကို စစ်ကောင်စီတပ်မှ လက် နက်ကြီး များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအတွင်းမှ ကျောင်းသူ ၁ ဦးသေဆုံးသွားခဲ့ကြောင်း ဒေသခံများကပြောသည်။", "ယနေ့ အောက်တိုဘာ ၁၉ ရက် မွန်းလွဲပိုင်း ၁၁ နာရီကျော်ခန့်တွင် ရသေ့တောင် ရေစိုးချောင်း ဗျူဟာမှ လက်နက်က...
https://yktnews.com/2022/10/54984/
ကမ္ဘာ့နိုင်ငံများတွင် တီဘီရောဂါ ကူးစက်ခံရသူ ပြန်များလာပြီး သေဆုံးသူတိုးလာသည့် နိုင်ငံများတွင် မြန်မာနိုင်ငံပါဝင်လာ
["ရန်ကုန်၊ အောက်တိုဘာ၊ ၂၈ ရက်", "တီဘီရောဂါသည် အရေအတွက် နှစ်ပေါင်းများစွာ ကျဆင်းခဲ့ပြီးနောက် တကျော့ပြန် မြင့်တက်လာကာ ၂၀၂၁ ခုနှစ်မှာ ခန့်မှန်းခြေ လူ ၁ ဒသမ ၆ သန်း သေဆုံးခဲ့ပြီး နှစ်နှစ်အတွင်း ၁၄ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နောက်ဆုံး ထုတ်ပြန်လိုက်သည့် အချက်အလက်များသိရသည်။", "တစ်ကမ္ဘာလုံ...
https://yktnews.com/2022/10/55996/
အိန္ဒိယတွင် မြစ်ကူးကြိုးတံတား ပြတ်ကျမှု သေဆုံးသူ ၁၄၁ ဦးရှိလာပြီး အများအပြား ပျောက်ဆုံးနေဆဲ
["ရန်ကုန်၊ အောက်တိုဘာ၊ ၃၁ရက်", "အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ် ပြည်နယ်တွင် ယမန်နေ့အောက်တိုဘာ ၃၀ရက်နေ့ တနင်္ဂနွေနေ့ ညဦးပိုင်းက မြစ်ကူးကြိုးတံတားတစ်စင်း ပြိုကျခဲ့ရာ တွင် ကလေး သူငယ်များ အပါအဝင် သေဆုံးသူ ၁၄၁ ဦးအထိ ရှိလာပြီး နောက်ထပ် အများအပြား ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရှိရသည်။", "အင်္ဂလိပ်ကိုလိုနီလက်ထက်တွင် တည်ဆေ...
https://yktnews.com/2022/10/55591/
ငါးဇွန်မြို့နယ် KTV ၌ မူးရူးနေသည့် ရဲများ ပစ်ခတ်ခံရပြီး ဒုရဲအုပ် အပါအဝင် ၉ ဦးသေဆုံး
["ရန်ကုန်၊ အောက်တိုလာ ၃၀", "မန္တလေး၊ ငါန်းဇွန်မြို့နယ်တွင် KTV၌ မူးရူးနေသည့် ရဲများ ပစ်ခတ် တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံးကြောင်း သိရသည်။", "အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မြို့သာ စက်မှုဇုန်အနီး ဖွင့်လှစ်ထားသော ဝါဆိုဦး KTV၌ မူးရူးနေသည့် ငါန်းမြာ ရဲစခန်းမှ စခန်းမှူးနှင့် ဒုရဲအုပ် ရာဇာဝင်းမြင့် အပါအဝင် ရဲတပ်သား ...
https://yktnews.com/2022/10/52586/
မုံရွာတွင် PDF ရဲဘော် ၁ ဦး ဓာတုလက်နက် ထိမှန်ပြီး ဖမ်းဆီး သတ်ဖြတ်ခံရ၊ ဝက်လက်တွင် စစ်ရှောင် ပြည်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်
["ရန်ကုန်၊ အောင်တိုဘာ ၂၂", "မုံရွာတွင် Fight For People အဖွဲ့မှ PDF ရဲဘော် ၁ ဦး ဓာတု လက်နက်ထိမှန်ပြီး ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်ထံမှ သိရသည်။", "အောက်တိုဘာလ ၂၂ ရက်နေ့တွင် Fight For People အဖွဲ့၏ စခန်းကို အကြမ်းဖက် စစ်တပ်က စီးနင်း တိုက်ခိုက်ချိန် ပြန်လည်ခုခံနေသည့် အသက် ၁၉ နှစ်အရွယ် P...
https://yktnews.com/2024/10/186151/
ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေး ကားဝင်းအနီးရှိ စရဖဝင်းကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်
["ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေး ကားဝင်းအနီးရှိ စရဖဝင်းကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ အောက်တိုဘာ ၂", "ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေး ကားဝင်း အနီးရှိ အကြမ်းဖက် စစ်တပ်၏ စရဖဝင်းကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Rangoon Urban Column (R.U.C) စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ...
https://yktnews.com/2024/02/143955/
ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်း ယနေ့နံနက်အစောပိုင်း မီးလောင်မှု ကားဂိတ်နှင့် ဆိုင်ခန်း ၁၀ ခန်း ထက်မနည်း မီးထဲပါသွား၊ ၂ ဦးသေဆုံးပြီး ၁ ဦး ပျောက်ဆုံးနေ
["ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်း ယနေ့နံနက်အစောပိုင်း မီးလောင်မှု ကားဂိတ်နှင့် ဆိုင်ခန်း ၁၀ ခန်း ထက်မနည်း မီးထဲပါသွား၊ ၂ ဦးသေဆုံးပြီး ၁ ဦး ပျောက်ဆုံးနေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၅", "ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်းတွင် ယ နေ့ နံနက်ပိုင်း မီးလောင်ကျွမ်းရာ ကားဂိတ်နှင့် ဆိုင်ခန်း ၁၀ ခန်း...
https://yktnews.com/2022/04/16512/
ကလေးမြို့၊ ရှေရှင်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်ကြီးထက်အောင်ခိုင်၊ ရဲ ၁ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး အလောင်း မကောက်နိုင်ဘဲ ထွက်ပြေးရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးဒဏ်ရာရ
["ရန်ကုန်၊ ဧပြီ ၂၃", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ဘက်တွင် ဧပြီလ ၂၂ ရက်နေ့ ဖြစ်ပွားသော ရေရှင်ကျေးရွာ တိုက် ပွဲ တွင် ဗိုလ်ကြီးထက်အောင်ခိုင် အပါအဝင် ၄ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိကြောင်း၊ လက်ရှိအချိန်အထိ သေဆုံးသူ စစ်ဗိုလ်အလောင်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများမကောက်နိုင်သေးကြောင်း စစ်တပ်သတင်းရင်းမြစ်မျ...
https://yktnews.com/2022/04/16551/
ကလေးမြို့၊ ရှေရှင်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်ကြီးထက်အောင်ခိုင်၊ ရဲ ၁ ဦးအပါအဝင် ၂၀ ခန့်သေဆုံးပြီး အလောင်း မကောက်နိုင်ဘဲ ထွက်ပြေး
["ရန်ကုန်၊ ဧပြီ ၂၃", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ဘက်တွင် ဧပြီလ ၂၂ ရက်နေ့ ဖြစ်ပွားသော ရေရှင်ကျေးရွာအနီး တိုက်ပွဲတွင် အရာရှိ ၃ ဦးအပါအဝင် စစ်သားနှင့် ပျူစောထီး ၂၀ ခန့် သေဆုံးကြောင်း PDF Kalay က သတင်းထုတ်ပြန်သည်။အဆိုပါတိုက်ပွဲတွင် ဗိုလ်ကြီးထက်အောင်ခိုင် အပါအဝင် စစ်သားအများအပြားသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိကြောင်း၊ လက်ရ...
https://yktnews.com/2024/04/154277/
THE WAY Musical Film ရန်ပုံငွေများနှင့် တော်လှန်ပြည်သူတို့၏ ကူညီမှုများကို လိုအပ်သည့်နေရာများသို့ လှူဒါန်း
["ရန်ကုန်၊ ဧပြီ ၁", "THE WAY Musical Film ဇာတ်ကား ပြသရာမှ ရရှိသည့် ရန်ပုံငွေများနှင့် တော်လှန်ပြည်သူတို့၏ ကူညီမှုများကို ယင်းမာပင်မြို့နယ်သပိတ်အင်အားစုက အလှူရှင်များ ကိုယ်စား လိုအပ်သည့်နေရာများသို့ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။", "အလှူငွေများကို လမ်းပမ်းဆက်သွယ်ရေးအခြားဆက်သွယ်ရေးလိုင်း ခက်ခဲသည့်နေရာမှ CDM ပြ...
https://yktnews.com/2024/04/154171/
စိန်လုံတိုက်ပွဲကြောင့် ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ ဗန်းမော်မြို့နယ် ဂျန်မိုင်ရွာတွင် ပိတ်မိနေစဉ် စစ်တပ်က လေယာဉ်ဖြင့်ဗုံးကျဲမှု ပြည်သူ ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ
["ရန်ကုန်၊ ဧပြီ ၁", "ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ စိန်လုံတောင်တွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ခရီးသည်တင်ကားများနှင် ကုန်ကားများ ဗန်းမော်မြို့နယ်၊ ဂျန်မိုင်ကျေးရွာတွင် ပိတ်မိနေခဲ့ကြောင်း၊ ယင်းနေရာကို စစ်တပ်က ယနေ့ နံနက်ပိုင်း တိုက်လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ပြည်သူ ၅ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "...
https://yktnews.com/2024/04/154134/
မိုးမောက်မြို့နယ်၊ စိန်လုံတောင် ဗျူဟာစစ်စခန်းကို ကာကွယ်ထားသော စစ်တပ်စခန်း ၂ ခုကို KIA က တိုက်ခိုက် သိမ်းပိုက်၊ စစ်တပ်စခန်းပေါင်း ၆၀ ခုကို သိမ်းပိုက်ရရှိထား
["ရန်ကုန်၊ ဧပြီ ၁", "ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်နယ်စပ်ဂိတ်အနီး စိန်လုံတောင် စစ်တပ် ဗျူဟာစစ်စခန်းကြီးကို ကာကွယ်ထားသော စစ်ကောင်စီတပ်စခန်း ၂ ခုကို ယမန်နေ့တွင်KIAက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းKIAသတင်းရင်းမြစ်က ပြောဆိုသည်။", "မတ်လ ၃၁ ရက်နေ့ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်နယ်စပ်ဂိတ်အနီး စိန်လုံတောင် ဗျူဟာစစ်စခန...
https://yktnews.com/2022/04/13737/
ကရင်နီပြည်နယ်တွင် မတ်လ နောက်ဆုံးတပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၂၃ ဦး ထက်မနည်းသေဆုံး၊ KNDF ရဲဘော် ၁ ဦး ကျဆုံး
["ရန်ကုန်၊ ဧပြီ ၁", "ကရင်နီပြည်နယ်၊ ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်နှင့် ရှမ်း-ကယားအစပ် မိုးဗြဲမြို့များတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား မတ်လ ၂၄ ရက်မှ ၃၁ ရက်နေ့အထိ တပတ်အတွင်း ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်သား ၂၃ ဦးထက်မနည်းသေဆုံးပြီး KNDF တပ်ရင်း (၁၅) မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း ကရင်န...
https://yktnews.com/2022/04/13722/
KNU တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲများဖြစ်ပွားပြီး BGF နှင့်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး
["ရန်ကုန်၊ ဧပြီ ၁", "ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် မတ်လ ၃၀ ရက်နေ့ တိုက်ပွဲများဖြစ်ပွားပြီး BGF နှင့်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးကြောင်း KNU တပ်မဟာ ၅ မူတြော်သတင်းစဉ်က သတင်းထုတ် ပြန်သည်။မတ်လ ၃၀ ရက်နေ့တွင် ဖာပွန်မြို့ပြင်၊ ရှမ်းကိုင်းရပ်ကွက်ရှိ စစ်ကောင်စီ တပ်အင်အားဖြည့်တင်းခြင်း၊ လက်နက်ခဲယမ်းပို့ဆောင်ခြင်းနှင...
https://yktnews.com/2022/04/13779/
ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ရဲစခန်းတွင် အပြန်အလှပစ်ခတ်မှုဖြစ်၊ တောင်ငူတွင် စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
["ရန်ကုန်၊ ဧပြီ ၁", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်နယ်မြေရဲစခန်းကို ယနေ့ည ဧပြီလ ၁ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်အချိန်တွင် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး စက်သေနတ်သံများ လက်နက်ကြီးထုသံများ ကြားရကြောင်း‌ ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။“မိနစ် ၂၀ လောက်ရှိတယ်။ အပြန်အလှန်ပစ်ကြတာ။ စက်သေန...
https://yktnews.com/2024/04/154309/
မြ၀တီမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ တိုက်လေယာဉ်ဖြင့် မီးလောင်ဗုံးများ ကျဲချမှုကြောင့် ညီနောင်မြို့ ပြာကျပြီး မြ၀တီမြို့ အမှတ် ၅ ရပ်ကွက်အတွင်း မီးလောင်မှုဖြစ်ပွား
["ရန်ကုန်၊ ဧပြီ ၁", "ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၅ ရပ်ကွက်အတွင်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲသောကြောင့် မီးလောင်နေကြောင်း ဒေသပြည်သူများကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဧပြီလ ၁ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် အာရှလမ်းမကြီးဘေး၊ တောင်ကလေးဘုန်းကြီး ကျောင်းအနီးရှိ အမှတ် ၅ ရပ်က...
https://yktnews.com/2022/04/13785/
ခင်ဦးရှိ ကျေးရွာ ၆ ခုကို စစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့၊ စစ်တပ်က ဘုန်း ကြီး ကျောင်းများပါ ဖျက်စီးခံရပြီး သံဃာတော်များ ထွက်ပြေးတိမ်းရှောင်နေရ
["ရန်ကုန်၊ ဧပြီ ၁", "စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းရှိ ကုလားလူး၊ ရှားလွင်၊ ငါးတင်းကြီး၊ ပေပင်ကုန်း၊ ထနောင်းကိုင်းကြီး၊မင်းဝံစိုက်ကွင်း ကျေးရွာတို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဝင်ရောက်စီးနင်း မီးရှို့ ဖျက်ဆီးလျက်ရှိပြီး ကုလားလူးနှင့် ရှားလွင် ရွာရှိ ဘုန်းကြီးကျောင်းများကို စစ်တပ်က ဖျက်ဆီးသဖြင့် သံဃာ တော်မျ...
https://yktnews.com/2024/04/154202/
ကောလင်းမြို့နယ်တွင် ရွာများကို မီးရှို့ပြီး ဘုန်းကြီးကျောင်းနှင့် စာသင် ကျောင်းတို့တွင် တပ်စွဲထားသော စစ်တပ် စစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂၀ ကျော် သေဆုံး
["ရန်ကုန်၊ ဧပြီ ၁", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ခြမ်း၊ ကျောက္ကာ၊ မင်းကုန်း၊ ဖန်းခါးကုန်းရွာတို့ကို မီးရှို့ပြီး ဘုန်းကြီး ကျောင်းနှင့် စာသင်ကျောင်းတို့၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးခဲ့ကြောင်း ကောလင်းခရိုင် အမှတ် ၂ တပ်ရင်းနှင့် ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေ...
https://yktnews.com/2024/04/154214/
ချောင်းဦးမြို့နယ်တွင် ဒဏ်ရာ စစ်သားများကို တင်ဆောင်ပြီး ပြန်လာသော စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြား
["ရန်ကုန်၊ ဧပြီ ၁", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ဒဏ်ရာရ စစ်သားများကို တင်ဆောင်ပြီး ပြန်လာသော စစ်ကား တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၇ ဦး သေဆုံးခဲ့ကြောင်းPeople’s Defense Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "မတ်လ ၂၈ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိန...
https://yktnews.com/2024/04/154179/
တော်လှန်ရေးသွေးမအေး တောင်ပုသွေး သပိတ်စစ်ကြောင်း မတရားသည့် စစ်မှုထမ်းဥပဒေကို အလိုမရှိ ကြွေးကြော် ချီတက်ဆန္ဒပြ
["ရန်ကုန်၊ ဧပြီ ၁", "စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ”တော်လှန်ရေးသွေးမအေး တောင်ပုသွေး ” သပိတ်စစ်ကြောင်းသည် ကျောင်းသားပြည်သူလူထုနှင့်အတူ အကြမ်းဖက်စစ်အုပ်စု၏ မတရားသည့် စစ်မှုထမ်းဥပဒေကို အလိုမရှိကြောင်းကြွေးကြော် ချီတက် ဆန္ဒပြခဲ့ကြသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#fory...
https://yktnews.com/2024/04/154257/
ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ် အတွင်း စစ်တပ်က ၁၁ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ စစ်ရှောင် ပြည်သူ ၈၀၀၀ ကျော် စားနပ်ရိက္ခာများ လိုအပ်နေ
["ရန်ကုန်၊ ဧပြီ ၁", "စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က ၁၁ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ စစ်ရှောင် ပြည်သူ ၈၀၀၀ ကျော် စားနပ်ရိက္ခာများ လိုအပ်နေကြောင်းBlack Vote Fighter အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ ၂၂ ရက်နေ့မှ စတ...
https://yktnews.com/2024/04/154141/
အရာတော်မြို့နယ် ထွေ/အုပ်ရုံးတွင် သင်္ကြန်ပွဲ ကျင်းပရန် ဌာနဆိုင်ရာ အစည်းအဝေး ပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ မှု စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာရ
["ရန်ကုန်၊ ဧပြီ ၁", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့ ထွေအုပ်ရုံးတွင် အကြမ်းဖက် စစ်သားများ နှင့် NON-CDM ဝန်ထမ်းများ သင်္ကြန်ပွဲ ကျင်းပရန် အစည်းအဝေး ပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းBGS Drone Forceမှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ ၃၀ ရက်နေ့ နံနက် ...
https://yktnews.com/2022/04/13734/
စစ်ကောင်စီ၏ အတုအယောင် သင်္ကြန်ပွဲကို ပြည်သူများ ပါဝင်ခြင်းမပြုကြရန် အင်းစိန်းထောင် နိုင်ငံရေးအကျဉ်းသားများက လူထုကို တိုက်တွန်း မေတ္တာရပ်ခံ
["ရန်ကုန်၊ ဧပြီ ၁", "စစ်ကောင်စီ၏ အတုအယောင် သင်္ကြန်ပွဲကို ပြည်သူများ ပါဝင်ခြင်းမပြုကြရန် အင်းစိန်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ လူထုကို တိုက်တွန်း မေတ္တာရပ်ခံသော ကြေညာချက်တစ်ရပ်ထုတ်ပြန်သည်။မကြာမီကျရောက်လာမည့် မြန်မာသင်္ကြန်ကာလတွင် အင်းစိန်အကျဉ်းဦးစီးအပါအဝင် စစ်ကောင်စီနှင့် လက်ပါးစေများက ထောင်တွင်းထောင်ပြင် ပျော်ပွဲရွ...
https://yktnews.com/2022/04/13759/
ထားဝယ်-ထီးခီးလမ်း၊ ရမ္မဇူရွာအနီး ဆီဘောက်ဆာကား နှစ်စီးမီးရှို့ခံရ၊ ရေဖြူမြို့နယ် အထက်တန်းကျောင်းအနီး ဗုံးပေါက်
["ရန်ကုန်၊ ဧပြီ ၁", "တနင်္သာရီတိုင်း၊ ထားဝယ်-ထီးခီးလမ်းမပေါ် ရမ္မဇူရွာနဲ့ လိပ်ကြယ်ပြောင်ရွာအကြား ဆီဘောက်ဆာကားနှစ်စီးမီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ဒီနေ့နံနက် ပိုင်းကတည်းက မေတ္တာဘက်ကနေ ထားဝယ်မြို့ဘက်ကိုမောင်းနှင်လာတဲ့ ဘောက်ဆာကားနှစ်စီးကို ရမ္မဇူရွာအနီး တားဆီးခံခဲ့ရပြီး ယာဥ်မောင်းနှစ်ဦးထွက်ပြေးသွားခဲ့တယ်လို့ သ...
https://yktnews.com/2024/04/154143/
ထားဝယ်၊ ၃၀၂ အမြောက်တပ်ရင်းသို့ မြေသယ်ကား ၂ စီးဖြင့် စစ်သားများ တင်ဆောင် အင်အားလာဖြည့်သော ယာဉ်တန်းကို တိုက်ခိုက်မှု ကား ၁ စီး တိမ်းမှောက်သွားပြီး စစ်သား ၄၀ ဦးခန့် သေဆုံး
["ရန်ကုန်၊ ဧပြီ ၁", "တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အမြောက်တပ် ၃၀၂ တပ်ရင်းသို့ စစ်အင် အားဖြည့်တင်းရန် လာ ရောက်သည့် မြေသယ်ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကား ၁ စီးလမ်းဘေးထိုးကျတိမ်းမှောက် သွားပြီး ကားပေါ်ပါ စစ်သား ၄၀ ဦးခန့်သေဆုံးခဲ့ကြောင်းဗထူးတပ်မတော် – BHAမှ တာဝန်ရှိသူတစ်ဦး ကရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသ...
https://yktnews.com/2024/04/154142/
လောင်းလုံးတွင် စစ်သားများ လိုက်ပါလာသော မြေတင်ကားကို ဒရုန်းဖြင့် ဗုံးကျဲ မှု စစ်သား ၁၂ ဦးသေဆုံး၊ တန င်္သာရီ၊ ခမရ ၅၅၇ ၊ခမရ ၅၅၈ တပ်ရင်း ၂ ခု နှင့် ကျွန်းစုမြို့နယ်ရှိ စစ်သင်္ဘောကို ဒရုန်းဖြင့် ဗုံးကျဲ
["ရန်ကုန်၊ ဧပြီ ၁", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါ လာသော မြေတင်ကားကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ မြေတင်ကားထဲ ဗုံးသီး ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ်PDFမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "...
https://yktnews.com/2024/04/154217/
ထားဝယ်မြို့နယ်တွင် ဥဩဆေးအဖွဲ့က စစ်ဘေးရှောင်ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုပေး
["ရန်ကုန်၊ ဧပြီ ၁", "ထားဝယ်မြို့နယ်တွင် (ထားဝယ်-ပ.က.ဖ ) ဥဩဆေးအဖွဲ့က စစ်ဘေးရှောင်ပြည်သူများနှင့် ပြည်သူ့ရဲဘော်များကို ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyan...
https://yktnews.com/2025/04/209819/
သနပ်ပင်မြို့နယ်၊ အောင်ချမ်းသာရွာတွင် စစ်တပ်၊ရဲနှင့် အုပ်ချုပ်ရေးမှူး မြနိုင်တို့ပူးပေါင်း၍ စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးပြီး ငွေ ကြေး ခြိမ်းခြောက်တောင်းခံ ၊ လူအများအပြား စစ်မှုထမ်းတပ်သားအဖြစ် ပို့ဆောင်ခံရ
["ရန်ကုန်၊ ဧပြီ ၁", "ပဲခူးတိုင်း သနပ္ပင်မြို့နယ် အောင်ချမ်းသာရွာရှိ အကြမ်းဖက်စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး မြနိုင်က ပြည်သူများကို စစ်မှုထမ်း လစဉ်ကြေးအတင်းအဓမ္မကောက်ခံနေပြီး ငွေမပေးနိုင်သည့် လူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းတပ်သားများအဖြစ် ဖမ်းဆီးခေါ်ဆောင်နေကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "...
https://yktnews.com/2024/04/154274/
ထန်းတပင်မြို့နယ်၊ ဒိုးသောင်ရွာအနီးရှိ ရွှေလုပ်ကွက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံး
["ရန်ကုန်၊ ဧပြီ ၁", "ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဒိုးသောင်ရွာအနီးရှိ ဧက ၁၀၀ ရွှေလုပ်ကွက်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ ၃၁ ရက်နေ့ ည ၁၀ နာရီခန့်တွင် ဒိုးသောင်တံတားတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ...
https://yktnews.com/2024/04/154196/
ပဲရစ်မြို့တွင် ဒေါက်တာမီမီဝင်းဘတ်နှင့် မြန်မာ့အရေးစိတ်ဝင်စားသည့် ပြင်သစ်လူမျိုးများ၊ မြန်မာနိုင်ငံဖွားတိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေး
["ရန်ကုန်၊ ဧပြီ ၁", "ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဒေါက်တာမီမီဝင်းဘတ်နှင့် မြန်မာ့အရေးစိတ်ဝင်စားသည့် ပြင်သစ်လူမျိုးများ၊ မြန်မာနိုင်ငံဖွားတိုင်းရင်းသားများနှင့် တွေ့ဆုံကာ အနာဂတ်ဖယ်ဒရယ်ရေးကိစ္စများ၊ စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည်များအပြင် လက်ရှိမြန့်မာ့အရေးအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတေ...
https://yktnews.com/2024/04/154205/
ဘုတလင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ချီတက်
["ရန်ကုန်၊ ဧပြီ ၁", "ဘုတလင်မြို့နယ်တွင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြီး “စစ်သုံးစစ်ကို အမြစ်ဖြတ်ဖို့၊ တပ်ပေါင်းစုကိုတည်ဆောက်စို့” ဆိုသည့် ကြွေးကြော်သံများဖြင့် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး သပိတ်ချီတက်ခဲ့ကြောင်းသိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#...
https://yktnews.com/2024/04/154243/
မြိုင်မြို့ပေါ်ရှိ စစ်တပ်က တပ်စွဲထားသော ဆေးရုံနှင့် မန္တလေးဂိတ်ကို PDF တပ်ဖွဲ့က တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်၊ လဝကရုံးနှင့် ဆေးရုံ အတွင်းရှိ စစ်သားများ နေထိုင်ရာ အဆောက်အအုံအချို့ကို မီးရှို့ ရှင်းလင်း
["ရန်ကုန်၊ ဧပြီ ၁", "မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော ဆေးရုံနှင့် မန္တလေးဂိတ်ကို PDF တပ်ဖွဲ့က တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ပြီး လဝကရုံးနှင့် ဆေးရုံ အတွင်းရှိ စစ်သားများ နေထိုင်ရာ အဆောက်အအုံအချို့ကို မီးရှို့ ရှင်းလင်းနိုင်ခဲ့ကြောင်း မြိုင် ပကဖ မှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထ...
https://yktnews.com/2022/04/13719/
CDM စစ်သားများ ဩစတြေးလျတွင် ခိုလှုံခွင့်ဗီဇာပေးမှု စစ်တပ်ထဲတွင် နူကလီးယားဗုံးပေါက် သကဲ့ သို့ တုန်ခါရိုက်ခတ်၊ စစ်အရာရှိကြီးများက တပ်နယ်အားလုံး ဆင်း၍ အလိမ်အညာသတင်း၊ သတင်းအတုဟု ရှင်းလင်းနေ၊ ဩစတြေးလျက မြန်မာနိုင်ငံမှ စွန့်ခွာလာသူ ၂၀၀၀ ကို ခိုလှုံခွင့်ထပ်ပေးမည်ဟု တရားဝင်ကြေညာ
["ရန်ကုန်၊ ဧပြီ ၁", "မင်းအောင်လှိုင်စစ်တပ်ကို စွန့်ခွာလာသော CDM စစ်သားများကို ဩစတြေးလျနိုင်ငံတွင် ခိုလှုံခွင့်ဗီဇာပေးအပ်သည်ဆိုသော သတင်းသည် စစ်တပ်ထဲတွင် နူကလီးယားဗုံးပေါက်သကဲ့သို့ တုန်ခါသွားသဖြင့် စစ်အရာရှိကြီးများက တပ်နယ်အားလုံး ဆင်း၍ အဆိုပါသတင်းသည် အလိမ်အညာသတင်း၊ သတင်းအတုဖြစ်ကြောင်း ရှင်းလင်းပွဲလုပ်ဆောင်နေရသည်ဟု တပ်သတ...
https://yktnews.com/2022/04/13752/
မန္တလေး အိုဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ရေဖြတ်တောက်ခံရပြီး အိမ်သာရေကို ဘက်စုံအသုံးပြုခိုင်း ၊ အင်းစိန်ထောင်တွင် နိုင်ငံရေး အကျဉ်း သားများထံမှ ငွေညှစ်မှုများ ရှိနေ
["ရန်ကုန်၊ ဧပြီ ၁", "မန္တလေး အိုးဘိုထောင်တွင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများအတွက် သောက်ရေနှင့်သုံးရေကို စက်ပျက်နေသည်ဟုဆိုကာ ဖြတ်တောက်ထားပြီး အိမ်သာရေများကိုသာ ဘက်စုံ အသုံးပြု နေထိုင်နေရကြောင်း နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုဝင် များထံမှ သိရသည်။အိုးဘိုထောင်တွင် နိုင်ငံရေး အကျဉ်းသားများ ရေဖြတ်တောက် ခံထားရ...
https://yktnews.com/2025/04/209747/
ပျော်ဘွယ်မြို့တွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၆၀ ကျော်ရှိလာ ကိုယ်ထူကိုယ်ထ ရှာဖွေကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေ
["ရန်ကုန်၊ ဧပြီ ၁", "မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့တွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၆၀ ကျော်ရှိလာ ကိုယ်ထူကိုယ်ထ ရှာဖွေကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ဒဏ်ကြောင့် ပျော်ဘွယ်မြို့တွင်လည်း အဆောက်အဦး ပြိုကျမှု ...
https://yktnews.com/2022/04/13788/
ပြင်ဦးလွင်စစ်တက္ကသိုလ်ဂိတ်ပေါက်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ မန္တလေးတွင် မြို့နယ်ထွေ/အုပ်ရုံးနှင့်ရပ်ကွက်အုပ်ချုပ်ရေးရုံးကို ဝင်ပစ်ခတ်မှု စစ်သား ၃ ဦးသေဆုံး
["ရန်ကုန်၊ ဧပြီ ၁", "မန္တလေးတိုင်း၊ ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ် ဂိတ်ကို ယနေ့ညပိုင်းတွင် လက်ပစ် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြင်ဦးလွင် PDF က သတင်းထုတ်ပြန်သည်။အဆိုပါတိုက်ခိုက်မှုကို PDF POL နှင့် MMUGR တို့ က ပူးပေါင်း တိုက်ခိုက်ခြင်းဖြစ်ပြီး ပြင်ဦးလွင်စစ်တက္က သိုလ် စာပေ ၂ ရှိရာ ဂိတ်ပေါက်ကို လက်ပစ်ဗုံး ဖြင့် ယန...
https://yktnews.com/2024/04/154235/
မွန်ပြည် ပေါ်ထွန်းရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) က ကြေညာ
["ရန်ကုန်၊ ဧပြီ ၁", "မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အနေဖြင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် အခွင့်အရေး အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနှင့် မွန်ပြည်ပေါ်ထွန်းရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (စစ...
https://yktnews.com/2022/04/13728/
ရန်ကုန်နှင့် တနင်္သာရီတွင် စစ်တပ်က မတရားဖမ်းဆီးထားသည့် ကျောင်းသားပြည်သူ ၂၈ ဦးကို ထောင်ဒဏ်များ ချမှတ်ပြီး သေဒဏ်ချမှတ်ခံရသူ ၉ ဦး ပါဝင်
["ရန်ကုန်၊ ဧပြီ ၁", "ရန်ကုန်တိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် အကြမ်းဖက် စစ်တပ်က မတရားဖမ်းဆီးထားသည့် ကျောင်းသား ပြည်သူ ၂၈ဦးကို အလုပ်နှင့်ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့ပြီး သေဒဏ်ချမှတ်ခံရသူ ၉ ဦးပါဝင်ကြောင်း သိရသည်။ကိုစိုးပြည့်အောင်၊ မစိုးမီမီကျော်၊ မလျှားပြည့်ခင်တို့ကို ထောင်ဒဏ် ၇ နှစ်ချ=================================...
https://yktnews.com/2024/04/154320/
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နှင့် အရှေ့ပိုင်းမြို့နယ်မှ စစ်မှုထမ်းရမည့် လူငယ်များကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တပ်များသို့ ပို့ဆောင်မှု မှန်ကန်ဟုဆို
["ရန်ကုန်၊ ဧပြီ ၁", "ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နှင့် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်များမှ စစ်မှုထမ်းရမည့် လူငယ်များကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တပ်များသို့ ပို့ဆောင်ထားသည်မှာ မှန်ကန်ကြောင်း အဆိုပါမြို့နယ်များမှ အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒဂုံမြိ...
https://yktnews.com/2024/04/154269/
မှော်ဘီမြို့နယ်၊ စစ်တပ်ရှေ့ရှိ ကိုးလုံးကွင်းရပ်ကွက်ရုံးတွင် ဗုံးပေါက်ကွဲ
["ရန်ကုန်၊ ဧပြီ ၁", "ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ စစ်မှုထမ်းဟောင်း အိမ်ရာအနီး စစ်တပ်ရှေ့ရှိ ကိုးလုံးကွင်းရပ်ကွက်ရုံးတွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲကြောင်း ဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် မှော်ဘီမြို့နယ်၊ စစ်တပ်ရှေ့၊ စစ်မှုထမ်းဟောင်းအိမ်ရာအနီး က...
https://yktnews.com/2022/04/13770/
မန္တလေး နည်းပညာ တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်း အနား ကျောင်းသား ကျောင်းသူ ၇ဦးဖြင့် ပြုလုပ်၊ ဘွဲ့ယူသူများကို ကျောင်းသား သမဂ္ဂက သစ္စာဖောက် လက်ပါးစေများဟု ကြေညာ
["ရန်ကုန်၊ ဧပြီ ၁", "အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော ဖက်ဆစ် စစ်တပ် တိုင်းပြည် မတရား အာဏာသိမ်းယူ ပြီးနောက် နည်းပညာ တက္ကသိုလ် မန္တလေး ဘွဲ့နှင်းသဘင် အခမ်းအနားကို မတ်လ ၂၉ရက်နှင့် ၃ဝ ရက်နေ့တွင် တက္ကသိုလ် ပင်မဆောင် အသစ်၌ ကျောင်းသား ကျောင်းသူ ၇ဦးဖြင့် ပြုလုပ်ခဲ့ကာ ဘွဲ့ယူသူများကို သစ္စာဖောက် လက်ပါးစေများဟု နည်...
https://yktnews.com/2022/04/13756/
စစ်ကောင်စီက မှတ်ပုံတင်မပါသူများကို ဟိုတယ်၊ မိုတယ်၊ INN နှင့်တည်း ခိုခန်းတို့တွင် တည်းခိုခွင့်မပြုရန်နှင့် မှတ်ပုံတင်များ စစ်ဆေးရန် ညွှန်ကြား၊ လူငယ် ဧည့်သည်များကို အဓိကထား စောင့်ကြည့်ရန် ညွှန်ကြား
["ရန်ကုန်၊ ဧပြီ ၁", "အကြမ်းဖက် စစ်ကောင်စီက ဧပြီလ ၁ ရက်နေ့ နံနက် ၆ နာရီမှ စတင်၍ မှတ်ပုံတင်မပါသူများကို ဟိုတယ်၊ မိုတယ်၊ INN နှင့်တည်းခိုခန်းတို့တွင် တည်းခိုခွင့်မပြုရန်နှင့် မှတ်ပုံတင်များ စစ်ဆေးရန် ညွှန်ကြားထားကြောင်း သိရှိရသည်။ဟိုတယ်၊ မိုတယ်၊ INN နှင့် တည်းခိုခန်းများတွင် ဧပြီလ ၁ ရက်နေ့မှစတင်၍ မှတ်ပုံတင်များ စစ်ဆေး၍ တည...
https://yktnews.com/2024/04/154264/
စစ်ကောင်စီက စစ်မှုထမ်းဟောင်းများကို တပ်ထဲပြန်လည်ခေါ်ယူရာတွင် ရှေ့တန်းသို့ ချက်ချင်းတန်းပို့
["ရန်ကုန်၊ ဧပြီ ၁", "အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဟောင်းများကို တပ်ထဲသို့ ပြန်လည်ခေါ်ယူရာတွင် ရှေ့တန်းသို့ တစ်ခါတည်း ပို့ဆောင်နေကြောင်း စစ်မှုထမ်းဟောင်း မိသားစုများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဧရာ၀တီတိုင်းမှ စစ်မှုထမ်းဟောင်းများကို မတ်လ ၃၁ ရက်နေ့တွင် ခေါ်ယူလာပြီး တောင်ငူမြို့နယ်ရှိ ရှေ့တန်း စစ်မျက်န...
https://yktnews.com/2022/04/13731/
ရဲကြေးနန်း၊ ရုံးစာများ ပေါက်ကြားနေ၍ ပြည်ထဲရေးဝန်ကြီးထံ တိုက်ရိုက်ဖုန်းဆက်ကြရန် လျှို့ဝှက်ညွှန်ကြားစာ ထပ်မံပေါက်ကြား
["ရန်ကုန်၊ ဧပြီ ၁", "အကြမ်းဖက်စစ်ကောင်စီက ရဲကြေးနန်း၊ ရုံးစာများ ပေါက်ကြားနေ၍ ပြည်ထဲ ရေးဝန်ကြီးထံ တိုက်ရိုက်ဖုန်းဆက်ကြရန် ညွှန်ကြားထားသော လျှို့ဝှက်ကြေး နန်း စာ ထပ်မံပေါက်ကြားကြောင်း Myanmar Police CDM Channel က သတင်းထုတ်ပြန်သည်။ရုံးစာများ၊ အရေးကြီးသတင်းများ၊ ထူးခြားဖြစ်စဉ်များ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ပေါက်ကြ...
https://yktnews.com/2024/04/154240/
ဖျာပုံ အကျဉ်းထောင်တွင် ပစ်ခတ်သံ ထွက်ပေါ်ပြီးနောက် စစ်ကားများ ဝင်ရောက်သွား၊ ပစ်ခတ်ဖြိုခွင်းမှု အတွင်း နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၁၇ ဦး ထိခိုက်ဒဏ်ရာရ
["ရန်ကုန်၊ ဧပြီ ၁", "ဧရာဝတီတိုင်း၊ ဖျာပုံ အကျဉ်းထောင်တွင် ပစ်ခတ်သံ ထွက်ပေါ်ပြီးနောက် အကျဉ်းထောင်ထဲကို စစ်ကားများ ဝင်ရောက်သွားကာ ပစ်ခတ်ဖြိုခွင်းမှု အတွင်း နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (PPNM)၏ ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွ...
https://yktnews.com/2022/04/14713/
ဖရူဆိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကရင်နီတပ်ဖွဲ့များ ချုံခိုတိုက်ခိုက်၊ စစ်သား ၁၀ ဦးသေဆုံး
["ရန်ကုန်၊ ဧပြီ ၁၀", "ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ဖွဲ့ကြား ယနေ့ ဧပြီလ ၁၀ ရက် နံနက် ၈ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြောင်း သိရှိရသည်။ဒေါညေးခူနှင့် ထီးကလူဒေါကျေးရွာကြားတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီအမျို...
https://yktnews.com/2025/04/210846/
လူသောမြို့နယ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၄ လုံးပျက်စီး
["ရန်ကုန်၊ ဧပြီ ၁၀", "ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်းKNU ဗဟိုက ထုတ်ပြန်ထားသည်။", "ဧပြီလ ၈ ရက်နေ့ ညနေ ၅ နာရီ ၂၄ မိနစ်ခန့်တွင် လူသောမြို့နယ်၊ လယ်မူပလော ကျေးရွာအုပ်စု၊ ဘလယ်ဝေါ် ကျေးရွာနှင့...
https://yktnews.com/2025/04/210804/
တီးတိန်မြို့နယ်၊ ဆိုင်းဇန်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေး ၄ ဦး အပါအဝင် မိသားစုဝင် ၆ ဦးပွဲချင်းပြီး သေဆုံး၊ မင်းတပ်မြို့ကိုလည်း လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများကျဲချ
["ရန်ကုန်၊ ဧပြီ ၁၀", "ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆိုင်းဇန်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချ ခဲ့ရာ ကလေး ၄ ဦး အပါအဝင် မိသားစုဝင် ၆ ဦးပွဲချင်းပြီး သေဆုံးကြောင်းချင်းတော်လှန်ရေးအသိုင်းအ၀ိုင်းကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ဧပြီလ ၁၀ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန် ...
https://yktnews.com/2022/04/14781/
ဂျပန်ကုမ္ပဏီတွေအနေနဲ့ တာဝန်ယူမှုအပြည့်နဲ့ ရဲတံခွန်သဘာဝဓာတ်ငွေ့ စီမံကိန်းကနေ နှုတ်ထွက်ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုမှုမှာ ပါဝင်နိုင်
["ရန်ကုန်၊ ဧပြီ ၁၀", "ဂျပန်အစိုးရ၊ ENOS နဲ့ Mitsubishi Corporation တို့အနေနဲ့ ရဲတံခွန်သဘာဝဓါတ်ငွေ့ စီမံကိန်းမှ တာဝန်ယူမှုအပြည့်နဲ့ ဂုဏ်သိက္ခာရှိစွာ ထွက်ခွာပေးဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုမှာ အားလုံးပါဝင်ပေးကြဖို့ တိုက်တွန်းကြောင်း Justice for Myanmar (JFM) က ယမန်နေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိ...
https://yktnews.com/2022/04/14784/
ကလေးမြို့တွင် ဗုံး ၄ ကြိမ်ကွဲပြီး မြို့တွင်း တိုက်ပွဲပြင်းထန်နေ၊ ယမန်နေ့တွင်လည်း ဗုံး ၂ ကြိမ် ကွဲ
["ရန်ကုန်၊ ဧပြီ ၁၀", "စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ယနေ့ ဧပြီလ ၁၀ ရက် ညတွင် ဗုံးပေါက်ကွဲသံများ ၄ ကြိမ်ခန့် ထွက်ပေါ်လာပြီးနောက် လက်နက်ငယ် ပစ်ခတ်သံများ တရစပ်ကြားရပြီး မြို့တွင်းတိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။“ည ၆ နာရီ ၄၀ လောက်ကပေါ့ ဗုံး ၁ လုံး စ ကွဲတယ်၊ ကွဲတာကတော့ ပင်လုံ လမ်းမတော် ဆိုတဲ့နေရာမှာပေါ့၊ ...
https://yktnews.com/2025/04/210844/
ကောလင်းမြို့နယ်၊ အင်ပင်လှရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချတိုက်ခိုက်မှု အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၃ ဦး ပြင်းထန် ဒဏ်ရာရ
["ရန်ကုန်၊ ဧပြီ ၁၀", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ အင်ပင်လှရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခြင်းကြောင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်းKawlin info မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို...
https://yktnews.com/2022/04/14730/
တန့်ဆည် အင်္ကုက္ကားရွာအနီး ကင်းလှည့်နေသော စစ်သားနှင့် ပျူစောထီးများမိုင်းဆွဲခံရပြီး ၅ ဦးခန့်သေဆုံး၊ နတ်မောက်ပညာရေးမှူးရုံးကို ငါးပြေမပြောက်ကျားတပ်ဖွဲ့ မိုင်းဖောက်ခွဲသတိပေး
["ရန်ကုန်၊ ဧပြီ ၁၀", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်္ကုက္ကားကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ စစ်သားများနှင့် လက်ပါးစေ ပျူစောထီးများ ကင်းလှည့်နေစဉ် ယမန်နေ့ ဧပြီလ ၉ ရက် ည ၈ နာရီခန့်၌ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်၍ စစ်ကောင်စီတပ်ဖွဲ့မှ ၅ ဦးခန့် သေဆုံးနိုင်ကြောင်း သတင်းရရှိသည်။“မနေ့ညက...
https://yktnews.com/2022/04/14695/
ဘုတလင်၊ ကူတော်ရဲစခန်းကို ဝင်တိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၃ လောင်းနှင့် လက်နက်များ သိမ်းဆည်းရမိ
["ရန်ကုန်၊ ဧပြီ ၁၀", "စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရဲစခန်းကို PDF တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ရာတွင် အလောင်း ၃ လောင်းနှင့် လက်နက်များ သိမ်းဆည်းရမိကြောင်း ဂဠုန်တပ်တော် ဒီပဲယင်းအခြေစိုက် GALON PDFက သတင်းထုတ်ပြန်သည်။ဧပြီလ ၈ ရက်နေ့ ည ၁၁ နာရီဝန်းကျင် ဘုတလင်၊ကူတော်ရဲစခန်းစခန်းသိမ်း တိုက်ပွဲတွင် ဂဠုန်တပ်တော် တပ်...
https://yktnews.com/2022/04/14723/
နွေဦးတော်လှန်ရေး တိုက်ပွဲဝင်နေသည့် ကျောင်းသားလက်ရုံးတပ်တော်ကို ရက္ခိုင့်တပ်တော် AA၏ နယ်မြေတွင်ကူညီထောက်ပံ့မှုဖြင့် ဖွဲ့စည်းခဲ့၊ PRA တပ်ဖွဲ့ကိုလည်း AA က ထောက်ပံ့ကူညီ
["ရန်ကုန်၊ ဧပြီ ၁၀", "စစ်အာဏာရှင် ဖြုတ်ချရေး နွေဦးတော်လှန်ရေး တိုက်ပွဲဝင်နေသော ကျောင်းသားလက်ရုံးတပ်တော် (က.လ.တ) ကို ရက္ခိုင့်တပ်တော်၏ နယ်မြေတွင် ထောက်ပံ့ကူညီမှုဖြင့် ဖွဲ့စည်းနိုင်ခဲ့ကြောင်း ၄င်းတို့၏ ၁၃နှစ်မြောက် ရက္ခိုင်တပ်တော်နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။ကျောင်းသားလက်ရုံးတပ်တော်သည် ရန်ကုန်အခြေစိုက...
https://yktnews.com/2025/04/210806/
စစ်အာဏာရှင်တိုက်ဖျက်ရေး နွေဦးတော်လှန်ရေးအင်အားစုများနှင့်အတူ အစပြုခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကို တော်လှန်ရေးအောင်ပွဲ ရောက်ရှိသည်အထိ စည်းလုံးညီညွတ်မည်ဟု မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ကတိပြု
["ရန်ကုန်၊ ဧပြီ ၁၀", "စစ်အာဏာရှင်တိုက်ဖျက်ရေး နွေဦးတော်လှန်ရေးအင်အားစုများနှင့်အတူ အစပြုခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကို တော်လှန်ရေးအောင်ပွဲ ရောက်ရှိသည်အထိ စည်းလုံးညီညွတ်မည်ဟု မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ကတိပြုပါကြောင်းယနေ့ ထုတ်ပြန်ကြေညာသည်။", "ယနေ့ဧပြီလ ၁၀ ရက်တွင် ကျရောက်သော အာရက္ခတပ်တော် AA ၏ ၁၆ နှစ်မြောက် တပ်တည်ထောင်နေ့ နှ...
https://yktnews.com/2025/04/210803/
ခမောက်ကြီးမြို့နယ်တွင် ဆက်ကြေးကောက်လာသော မာရမ်းတိုက်နယ်ရဲစခန်းမှူး ရဲအုပ်မင်းအောင်စိုး ဦးဆောင်သော ရဲတပ်ဖွဲ့ကို တိုက်ခိုက်မှု ရဲစခန်းမှူး အပါအဝင် ရဲ ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်း များ ရရှိ
["ရန်ကုန်၊ ဧပြီ ၁၀", "တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်တွင် ဆက်ကြေးကောက်ပြီး ပြန်လာသော မာရမ်းတိုက်နယ်ရဲစခန်းမှ ရဲစခန်းမှူး ရဲအုပ်မင်းအောင်စိုးပါ ရဲ ၅ ဦးအဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းမှူး အပါအဝင် ရဲ ၃ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်းကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖ...
https://yktnews.com/2023/04/96732/
သရက်ချောင်းမြို့မရဲစခန်းတွင် စခန်းမှူး ဒုရဲမှူး နေမင်းစိုးကို ဒုရဲအုပ်က ပစ်သတ် ၊ ပစ်ခတ်သူ ဒုရဲအုပ်နှင့်နယ်ထိန်းကို ဖမ်းဆီးအရေးယူထား
["ရန်ကုန်၊ ဧပြီ ၁၀", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မြို့မရဲစခန်းတွင် ယမန်နေ့ မွန်းလွဲပိုင်း ပစ်ခတ်မှုဖြစ်ပြီး စခန်းမှူး ဒုရဲမှူး နေမင်းစိုး သေဆုံးသွားကြောင်း ဒေသ သတင်း ရင်းမြစ်များနှင့် ရဲသတင်းရပ်ကွက်က ပြောသည်။", "ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် သရက်ချောင်းမြို့နယ်၊ မြို့မရဲစခန်း တွင် စခန်းမှူး ဒုရဲမှ...
https://yktnews.com/2025/04/210842/
အုတ်ဖိုမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာ၌ ဦးဆောင်ပါဝင်နေသည့် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံး
["ရန်ကုန်၊ ဧပြီ ၁၀", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာ၌ ဦးဆောင်ပါဝင်နေသည့် ပျူစောထီး ၂ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံး သေဆုံးခဲ့ကြောင်းသာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၅ ၊ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီ...
https://yktnews.com/2022/04/14819/
ပေါက်မြို့နယ် ဇီးတောရွာကို စစ်တပ်က ညအချိန် မီးဝင်ရှို့နေ၊ ပြည်သူ ၇ဝကျော် ဖမ်းဆီးခံထားရ
["ရန်ကုန်၊ ဧပြီ ၁၀", "မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ် တောင်ပိုင်း ဇီးတောရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဧပြီလ ၁ဝရက်နေ့ ည ၈နာရီ ၃ဝမိနစ်ခန့်တွင် ဝင်ရောက် စီးနင်းမီးရှို့နေပြီး ပြည်သူ ၇ဝကျော်ကိုလည်း ဖမ်းဆီးထားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ...
https://yktnews.com/2022/04/14802/
ပခုက္ကူ ကိုင်းရွာအနီးတွင်လည်း စစ်တပ်က လူငယ် ၁ဦးကို ပစ်ခတ်ဖမ်းဆီး မီးရှို့သတ်ဖြတ်၊ ကမ္မတွင် မောင်ဝေယံထွန်းနှင့် သူငယ်ချင်းဖြစ်သူတို့ကို အမျိုးသား ၂ဦး ဆိုင်ကယ်စီးသည်ဆိုကာ စစ်တပ်က ပစ်သတ်၊ ပခုက္ကူမြို့ပေါ်တွင်လည်း စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေ
["ရန်ကုန်၊ ဧပြီ ၁၀", "မကွေးတိုင်း ပခုက္ကူမြို့နယ် ကိုင်းရွာအနီးတွင် အကြမ်းဖက် စစ်တပ်က ဧပြီလ ၉ရက်နေ့ ညနေပိုင်း၌ လမ်းသွားလမ်းလာ လူငယ် ၁ဦးကို ပစ်ခတ်ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။အကြမ်းဖက် စစ်တပ်သည် ပခုက္ကူ-မြိုင် လမ်းပိုင်းရှိ အင်ပင်ကျေးရွာနှင့် ယောင်းမစွန် ဆီဆိုင်အနီးတွင် မိုင်းဆွဲ တိုက်...
https://yktnews.com/2025/04/210845/
စလင်းမြို့နယ်၊ တောင်ဘိုရွာသား ကိုကောင်းခန့်ငြိမ်းကို စစ်တပ်က PDF ဘောင်းဘီဝတ်ဆင်ခိုင်းပြီး သတ်ဖြတ်ကာ ရုပ်အလောင်းကို ရွာပြင်၌ စွန့်ပစ်ခဲ့
["ရန်ကုန်၊ ဧပြီ ၁၀", "မကွေးတိုင်း၊ စလင်းမြို့နယ်၊ တောင်ဘိုရွာသား ကိုကောင်းခန့်ငြိမ်းကို အကြမ်းဖက် စစ်တပ်က PDF ဘောင်းဘီဝတ်ဆင်ခိုင်းပြီး သတ်ဖြတ်ကာ ရုပ်အလောင်းကို ရွာပြင်၌ စွန့်ပစ်ခဲ့ကြောင်းစလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၆ ရက်နေ့တွင် စလင်းမြို့နယ...
https://yktnews.com/2025/04/210843/
မြိုင်၊ ဝေါ နှင့် ရွှေကျင် တို့တွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးကာ သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်း ရရှိ
["ရန်ကုန်၊ ဧပြီ ၁၀", "မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ မှ ထွက်လာသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦး သေဆုံးပြီး သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်းမြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဧပြီလ ၉ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် မ...
https://yktnews.com/2025/04/210807/
ဂုဏ်သိက္ခာဆိုင်ရာ ဝေဖန်အငြင်းပွားဖွယ်ရာများ ရှိ‌နေသည့်ကြားက ကုလသမဂ္ဂအထူးသံတမန် ဂျူလီဘိရှော့ မြန်မာနိုင်ငံသို့ ရောက်ရှိလာ
["ရန်ကုန်၊ ဧပြီ ၁၀", "မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂအထူးသံတမန် ဂျူလီဘိရှော့သည် ယမန်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး၊ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်းသိရှိရသည်။", "ထိုသို့တွေ့ဆုံစဉ် ငလျင်ဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္...
https://yktnews.com/2025/04/210783/
နိုင်ငံတစ်ဝန်းရှိ စစ်တပ်ရှေ့တန်းစခန်းများနှင့် စစ်မြေပြင်များတွင် ယတြာအဖြစ် ရတနာသုတ်ကို ၉ ရက်၊ ၉ ကြိမ် ညတိုင်း ရွတ်ဖတ်ခိုင်း
["ရန်ကုန်၊ ဧပြီ ၁၀", "မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်တပ်ရှေ့တန်းစခန်းများနှင့် စစ်မြေပြင်များတွင် ယတြာအဖြစ် ရတနာသုတ်ကို ၉ ရက်တိတိ ၉ ကြိမ် ရွတ်ဖတ်ခိုင်းနေကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "ဧပြီလ ၈ ရက်နေ့မှ စတင်၍ ဧပြီလ ၁၆ ရက်နေ့အထိ နေ့စဉ် ည ၇ နာရီအချိန်တိုင်း တစ်နိုင်ငံလုံးရှိ စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌ...