url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2024/04/159592/
အုတ်ဖိုမြို့နယ်၊ တင်းဝါးချောင်းရွာအနီးတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား
["ရန်ကုန်၊ ဧပြီ ၂၇", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ တင်းဝါးချောင်းရွာအနီးတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၅ ဦး သေဆုံးခဲ့ကြောင်း တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်နှင့် ၂၇ ရက်နေ့ နံနက် ...
https://yktnews.com/2024/04/159492/
ပဲခူး၊ ဧရာဝတီနှင့် မန္တလေးတိုင်းတို့တွင် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ငွေကြေးတောင်းခံနေမှုများ ၊ ပေါ်တာဆွဲမှုများနှင့် လူငယ်များကို ဖမ်းဆီးမှုများ အလွန်အမင်း များပြားနေ
["ရန်ကုန်၊ ဧပြီ ၂၇", "ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းတို့တွင် စစ်မှုထမ်းဥပဒေအကြောင်း ပြ၍ ငွေကြေးတောင်းခံနေမှုများ ၊ ပေါ်တာဆွဲမှုများနှင့် လူငယ်များကို ဖမ်းဆီးမှုများ အလွန်အမင်း များပြားနေ ရန်ကုန်ခေတ်သစ်သတင်းဌာနက စုံစမ်းသိရှိရသည်။", "ပဲခူးတိုင်း", "ပဲခူးတိုင်း ကျောက်တံတားမြို့နယ် ဖဒိုမြို့တွင်လည်း အကြမ်းဖက်စစ်တ...
https://yktnews.com/2022/04/17039/
မကွေးတွင် ပျူစောထီး အဖွဲ့ဝင် အောင်ဘောနှင့် မန္တလေးတွင် စစ်တပ် သတင်း ပေးဟု သတ်မှတ်ခံရသူ မျိုးနိုင်တို့ ပစ်ခတ်ခံရကာ သေဆုံး၊ ရန်ကုန်ခရမ်းတွင်လည်း ဆယ်အိမ်မှူး သုမောင်သေဆုံး
["ရန်ကုန်၊ ဧပြီ ၂၇", "မကွေးတိုင်း မြို့သစ်မြို့ ဖိုးကုန်းကျေးရွာတွင်နေထိုင်သော ပျူစောထီး အဖွဲ့ဝင် အောင်ဘောကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဧပြီလ ၂၇ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေနတ်ကျည် ၅ချက် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ယင်းသေဆုံးသူ ပျူစောထီး အဖွဲ့ဝင် အောင်ဘောသည် စစ်...
https://yktnews.com/2022/04/16995/
ထီးလင်းတွင် စစ်တပ်က ရွာဦးကျောင်းဆရာတော်၊ ကိုရင်ငယ်နှင့်သက်ကြီးရွယ်အို အပါအဝင် ပြည်သူ ၂၀ ဦးကို ဓားစာခံထိန်းသိမ်းပြီး သတ်မည်ဟု ခြိမ်း ခြောက် အကျပ်ကိုင်၍ ပိတ်မိနေသောစစ်တပ်ကို လမ်းဖွင့်ပေးခဲ့ရ
["ရန်ကုန်၊ ဧပြီ ၂၇", "မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် ရွာဦးကျောင်းဆရာတော်၊ ကိုရင်ငယ်နှင့်သက် ကြီးရွယ်အို အပါအဝင် အပြစ်မဲ့ ပြည်သူ ၂၀ ဦးကို ဓားစာခံထိန်းသိမ်းပြီး သတ်မည်ဟု ခြိမ်းခြောက်အကျပ်ကိုင်၍ ပိတ်မိနေသောစစ်တပ်ကို လမ်းဖွင့်ပေးခဲ့ရကြောင်း ထီးလင်း YDF က သတင်းထုတ်ပြန်သည်။ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်း ၊ ထီးလင်း အကြည်ဝါးဘင်း...
https://yktnews.com/2024/04/159526/
ထီးလင်းမြို့နယ်၊ ရေမျက်နီ ရဲစခန်းနှင့် ရွှေအောင်သာရွာ၌ တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး
["ရန်ကုန်၊ ဧပြီ ၂၇", "မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီ ရဲစခန်းနှင့် ရွှေအောင်သာရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း YRA ထီးလင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဧပြီလ ၂၅ ရက် နံနက် ၉ နာရီ မိနစ် ၃၀ အချိန်ခန့်က ထီးလင်းမြ...
https://yktnews.com/2024/04/159634/
ပေါက်မြို့နယ်ရဲစခန်းမှ ရဲတပ်သား စည်သူဗိုလ် လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်မှု ဆုငွေ ကျပ်သိန်း ၃၀ ချီးမြှင့်
["ရန်ကုန်၊ ဧပြီ ၂၇", "မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပေါက်မြို့နယ်ရဲစခန်းမှ ရဲတပ်သား စည်သူဗိုလ်သည် လက်နက်ခဲယမ်း နှင့် အတူ အလင်းဝင်ရောက်လာသဖြင့် ဆုငွေ ကျပ်သိန်း ၃၀ ချီးမြှင့်ပေးခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်းထံမှ သိရသည်။", "ယနေ့ဧပြီလ ၂၇ ရက်နေ့တွင် ပေါက်မြို့နယ် ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား စည်သူဗိုလ် ပ...
https://yktnews.com/2022/04/17012/
မန္တလေး ပုသိမ်ကြီးမြို့နယ် NLD ဥက္ကဠ ဦးစိုးဆင့်ကို စစ်တပ်က အင်အားသုံး ဖမ်းဆီး၊ ထားဝယ်တွင်လည်း စစ်တပ်က ပြည်သူ ၇ ဦးကို အကြောင်းမဲ့ ဖမ်းဆီး
["ရန်ကုန်၊ ဧပြီ ၂၇", "မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် NLD ဥက္ကဠ ဦးစိုးဆင့်ကို အကြမ်းဖက် စစ်တပ် တပ်မ ၃၃ က ယနေ့ ဧပြီလ ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ပုသိမ်ကြီး မြို့နယ် ဆင်ရွာတော ကျေးရွာတွင် အင်အားသုံး ဝင်ရောက် ဖမ်းဆီး သွားကြောင်း ဦးစိုးဆင့်၏ ဆွေမျိုး မိတ်ဆွေများထံမှ သိရသည်။အကြမ်းဖက် စစ်တပ်သည် ပုသိမ်ကြီးမြို့နယ် NLD ဥ...
https://yktnews.com/2024/04/159616/
မတ္တရာတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ဟင်္သာကုန်းကျေးရွာအပါအဝင် ကျေးရွာ ၃ ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး
["ရန်ကုန်၊ ဧပြီ ၂၇", "မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်က ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးနေပြီး ဟင်္သာကုန်းရွာကို ရွာလုံးကျွတ် နီးပါး မီးရှို့နေကြောင်း မတ္တရာမြို့နယ် ပကဖ သတင်း တာဝန်ခံ ကိုဘိုတောက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဧပြီလ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်အချိန်...
https://yktnews.com/2025/04/212730/
မန္တလေးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု ပြည်သူများ အထိတ် တလန့်ဖြစ်၊ မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင်ကြီးအပြီး တစ်လပြည့်ချိန် နောက်ဆက်တွဲငလျင်များ လှုပ်နေဆဲ
["ရန်ကုန်၊ ဧပြီ ၂၇", "မန္တလေးမြို့ကို ဗဟိုပြု၍ အင်အား အသင့်အတင့်ရှိသော ငလျင်လှုပ်ခတ်မှု ပြည်သူများ အထိတ် တလန့်ဖြစ်ရကြောင်းNUG ၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောကြားချက် အရ သိရှိရသည်။", "ယနေ့ဧပြီလ ၂၇ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၁၀ နာရီ ၂၅ မိနစ်အချိန်ခန့် မန္တလေးတိုင်း၊ မန္တလေးမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗ...
https://yktnews.com/2022/04/16986/
စစ်ကိုင်းတိုင်း၊ မုံရွာလမ်းပေါ်တွင် မုံရွာဘက်ဦးတည်ပြီး စစ်ကား အစီး ၆၀ နီးပါး သွားလာ
["ရန်ကုန်၊ ဧပြီ ၂၇", "မန္တလေးမှ စစ်ကိုင်းတိုင်း၊ မုံရွာဘက်သို့ စစ်ကား အစီး ၆၀ နီးပါး သွားလာနေကြောင်း စစ်ကားဖြတ်သန်းရာ လမ်းဘေးလမ်းတလျှောက်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်မန္တလေး-မုံရွာလမ်းမကြီးပေါ် စစ်ကိုင်းတက္ကသိုလ်အနီးတွင် စစ်ကား အစီး ၆၀ နီးပါး အလုံပိတ်ပြီး အလ...
https://yktnews.com/2022/04/16959/
မန္တလေး၊ ပုသိမ်ကြီးမြို့နယ်တွင် ခလရ ၄ မှ အရာခံဗိုလ်တစ်ဦးကို မြို့ပြပျောက်ကြား တပ်ပေါင်းစုက ပစ်ခတ်ရှင်းလင်း
["ရန်ကုန်၊ ဧပြီ ၂၇", "မန္တလေး၊ ပုသိမ်ကြီးမြို့နယ်တွင် ခလရ ၄ မှ အရာခံဗိုလ်တစ်ဦးကို မြို့ပြပျောက်ကြား တပ်ပေါင်းစုက ဧပြီလ ၂၆ ရက်နေ့တွင် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ဒေသပျောက်ကြားအဖွဲ့များက သတင်းထုတ်ပြန်သည်။နတ်ဆိုးမြေအောက် တော်လှန်ရေးအဖွဲ့၊ MDY မဟာမိတ်အဖွဲ့များ ပူးပေါင်း၍ မန္တလေး တိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် တပ်မ ၃၃ လက...
https://yktnews.com/2022/04/16998/
မလေးရှားအစိုးရအနေဖြင့် NUG အစိုးရနှင့်ဆက်သွယ်ဆောင်ရွက်မှုများရှိနေဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြောဆို၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် NUCC ဥက္ကဋ္ဌတို့နှင့်တွေ့ဆုံ
["ရန်ကုန်၊ ဧပြီ ၂၇", "မလေးရှားအစိုးရအနေဖြင့် NUG အမျိုးသားညီညွတ်ရေးအစိုးရနှင့်ဆက်သွယ်ဆောင်ရွက်မှုများရှိနေပြီဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြောဆိုလိုက်ကြောင်း Benar News နှင့် The Diplomat သတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က မလေးရှားအစိုးရသည် မြန်မာနိုင်ငံမှ N...
https://yktnews.com/2024/04/159638/
မြန်မာစစ်တပ်က အဓမ္မပြုကျင့်ခြင်းကို စစ်လက်နက်သဖွယ် အသုံးပြုနေကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်း အဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြပြီး နိုင်ငံတကာက အရေးယူပေးရန် တောင်းဆို
["ရန်ကုန်၊ ဧပြီ ၂၇", "မြန်မာစစ်တပ်က အဓမ္မပြုကျင့်ခြင်းကို စစ်လက်နက်သဖွယ် အသုံးပြုနေကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်း အဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြပြောဆိုလိုက်ကြောင်း သိရှိရသည်။", "ဧ​ပြီလ ၂၃ ရက်နေ့နှင့် ဧပြီလ ၂၆ ရက်နေ့ အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် လ...
https://yktnews.com/2024/04/159611/
မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းဘေးရှိ အိမ်ခြေ ၆၀၀ နီးပါးကို ကျူးကျော်ဟုဆိုကာ စစ်တပ်နှင့် စည်ပင်က အတင်းအကျပ် ဖယ်ရှားခိုင်း
["ရန်ကုန်၊ ဧပြီ ၂၇", "ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းဘေးရှိ အိမ်ခြေ ၆၀၀ နီးပါးကို ကျူးကျော်ဟုဆိုကာ စစ်တပ်နှင့် စည်ပင်က ဖယ်ရှားခိုင်းနေကြောင်း ရပ်ကွက်နေ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဧပြီလ ၂၆ ရက်နေ့ နံနက်ပိုင်း မရမ်းကုန်းမြို့နယ် အမှတ် ၃ ရပ်ကွက် အောင်သိဒ္ဓိလမ်း ၈...
https://yktnews.com/2022/04/17021/
ရန်ကုန်မြို့လယ်ခေါင်တွင် သိန်းထောင်ချီငွေသား သယ်ဆောင်သည့် ရွှေကုန်သည်တစ်ဦးကို စစ်တပ်က ဖမ်းဆီးပြီး ငွေညှစ်၊ ကုန်သည်ဖြစ်ကြောင်း သက်သေပြနိုင်သည့်တိုင် စစ်တပ်ကို ငွေကျပ် ၄၈၀၀၀၀ ဆက်ကြေးပေးခဲ့ရ
["ရန်ကုန်၊ ဧပြီ ၂၇", "ရန်ကုန်မြို့လယ်ခေါင်တွင် ငွေကျပ် သိန်းထောင်ချီ ငွေသား သယ်ဆောင်လာသည့် ရွှေလုပ်ငန်းရှင်တစ်ဦးကို စစ်တပ်က ယမန်နေ့ညနေပိုင်းက ဖမ်းဆီးပြီး ငွေညှစ်မှု တစ်ရပ်ဖြစ်ပွားကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရှိရသည်။ဧပြီလ ၂၆ ရက်နေ့ ညနေ ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်း ၊ KBZ ဘဏ်ရုံးရှေ့တွင် စစ်ဆေးရေးဟုဆိုကာ ...
https://yktnews.com/2022/04/17094/
ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်၏ ခင်ပွန်း ကိုခန့်နိုင်ကို စစ်တပ်က ဝင်ဖမ်း၊ စစ်လော်ဘီ ဟန်ငြိမ်းဦးက ဖမ်းရန် လှုံ့ဆော်ပြီးနောက် ဝင်ဖမ်းခြင်းဖြစ်
["ရန်ကုန်၊ ဧပြီ ၂၇", "ရုပ်ရှင်သရုပ်ဆောင် မင်းသမီး ခိုင်သင်းကြည်၏ ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်ကို စစ်တပ်က ယနေ့ညပိုင်းတွင် ဝင်ရောက်ဖမ်းဆီးသွားကြောင်း မိသားစုဝင်များက လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။စစ်လော်ဘီဟန်ငြိမ်းဦးကခိုင်သင်းကြည်၏ ခင်ပွန်း ကိုခန့်နိုင်သည် စစ်တပ်ဆန့်ကျင်သူဖြစ်၍ ဖမ်းဆီးရန် လှုံ့ဆော်ရာမှ ယနေ့ညပိ...
https://yktnews.com/2022/04/17024/
ရွှေဘို-မန္တလေး လမ်းပိုင်းတွင် စစ်ကားယာဉ်တန်း မိုင်းဆွဲခံရပြီး ဒေသခံ ပြည်သူများနှင့် လမ်းသွား လမ်းလာ များကို စစ်တပ်က ပစ်ခတ်နေ ရွာလုံးကျွတ် ထွက်ပြေးနေရ
["ရန်ကုန်၊ ဧပြီ ၂၇", "ရွှေဘို-မန္တလေး လမ်းပိုင်းတွင် ယနေ့ ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၃နာရီခန့်၌ စိုင်နှိုင်ကြီး-စိုင်နှိုင်လေးရွာအနီး စစ်ကောင်စီ ယာဉ်တန်းများ မိုင်းဆွဲ ခံရ ပြီးနောက် ကျေးရွာအတွင်းသို့ အကြမ်းဖက် စစ်တပ်က သေနတ်များဖြင့် ပစ်ခတ်နေသောကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရပြီး လမ်းသွား လမ်းလာ များကိုလည်း ပစ်ခတ်နေကြောင...
https://yktnews.com/2025/04/212756/
မြစ်ကြီးနားလေယာဉ်ကွင်းအနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ
["ရန်ကုန်၊ ဧပြီ ၂၈", "ကချင်ပြည်နယ်၊ မြစ်ကြီးနားလေယာဉ်ကွင်းအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲကြောင်း မြစ်ကြီးနားမြို့မှ ဒေသပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ဧပြီလ ၂၈ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်အချိန် မြစ်ကြီးနားလေယာဉ်ကွင်းအနီးတွင် လက်နက်ကြီးတချို့ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းပေါက်ကွ...
https://yktnews.com/2025/04/212775/
မိုးဗြဲမြို့တွင်းသို့ စစ်တပ်က အလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုကြောင့် ပြည်သူ ၁ ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးပြီး ကာကင်းစခန်းတစ်ခုဆုတ်ပေးလိုက်ရ
["ရန်ကုန်၊ ဧပြီ ၂၈", "ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ကို စစ်တပ်က အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးနှင့် ပြည်သူ ၁ ဦး ကျဆုံးကာ ရှေ့တန်းကာကင်း စခန်းတစ်ခုလည်း ဆုတ်ခွာပေးလိုက်ရကြောင်းရှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ် ၁ သတင်းပြန်ကြားရေးဌာန မှတာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင...
https://yktnews.com/2022/04/17188/
KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ ကျောက်ညပ်ရှေ့တန်းစခန်းကို KNLA တိုက်ခိုက်သိမ်းပိုက်
["ရန်ကုန်၊ ဧပြီ ၂၈", "ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေအတွင်း နယ်မြေကျူးကျော်ကာ ဝင်ရောက်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ၏ ရှေ့တန်းစခန်း ၁ ခုကို KNLA တပ်မဟာ ၅ တပ်ဖွဲ့များက ယနေ့ ဧပြီလ နံနက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သတင်းရရှိသည်။“အဲ့စခန်းကို လွန်ခဲ့သော ၂၀၀၀ ခုနှစ်ခန့်က KNLA တက်သိမ်းဖို့ကြိုးစားပေမယ့် ...
https://yktnews.com/2022/04/17206/
ကျောင်းသားလက်ရုံးတပ်တော် တစ်နှစ်ပြည့် အခမ်းအနားကျင်းပ
["ရန်ကုန်၊ ဧပြီ ၂၈", "ကျောင်းသားလက်ရုံးတပ်တော် (Student Armed Force) ဖွဲ့စည်းခြင်း ၁ နှစ်ပြည့် အခမ်းအနား (တပ်တော်နေ့) ကို ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့တွင် လွတ်မြောက်နယ်မြေရှိ ကျောင်းသားတပ်တော် ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့ကြသည်။အခမ်းအနားတွင် စစ်ရေးပြခြင်း၊ တပ်တော်၏ ခေါင်းဆောင်များမှ မိန့်ခွန်းအသီးသီးပြောကြားခြင်း၊ မဟာမိတ်များမ...
https://yktnews.com/2022/04/17191/
မတူပီ-မင်းတပ်လမ်းတွင် စစ်ကောင်စီယာဉ်တန်းကို CDF-မတူပီ ထပ်မံတိုက်ခိုက်၊ စစ်သား ၇ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ
["ရန်ကုန်၊ ဧပြီ ၂၈", "ချင်းပြည်နယ်၊ မတူပီ-မင်းတပ်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ မတူပီက ယနေ့ ဧပြီလ ၂၈ ရက် နံနက် ၇ နာရီခွဲတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း CDF-မတူပီ က သတင်းထုတ်ပြန်သည်။အဆိုပါ ယာဉ်တန်းသည် စစ်ကား အစီးရေ ၇၀၊ စစ်သား အင်အား ၃၀၀ ခန့်ဖြ...
https://yktnews.com/2025/04/212754/
စစ်ကိုင်းငလျင်ကြီး ၁ လပြည့်သည့် ယနေ့တွင် ရေတာရှည်မြို့အနီးသို့ ဗဟိုပြုပြီး ပြင်းအား ၄ ဒသမ ၃ အဆင့်ရှိ ငလျင်ထပ်မံလှုပ်ခတ်ပြန်
["ရန်ကုန်၊ ဧပြီ ၂၈", "စစ်ကိုင်းငလျင်ကြီး ၁ လပြည့်သည့်နေ့တွင် ရေတာရှည်မြို့အနီးသို့ ဗဟိုပြုပြီး ပြင်းအား ၄ ဒသမ ၃ အဆင့်ရှိ ငလျင် ထပ်မံလှုပ်ခတ်ကြောင်းအမျိုးသားညီညွတ် ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန က ယနေ့ နံနက်ပိုင်းသတင်းထုတ်ပြန်သည်။", "ယနေ့ဧပြီလ ၂၈ ရက်နေ့ နံနက် ၇ နာ...
https://yktnews.com/2025/04/212732/
စစ်ကိုင်းငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်တန်း အဖြေလွှာ ပျက်စီးခဲ့သည့် ကျောင်းသား ၆၃၀၀၀ ကျော်ကို ဂုဏ်သိက္ခာရှိစေရန် အအောင်မပေးဘဲ စာမေးပွဲ ပြန်ဖြေခိုင်းဟု စစ်ကောင်စီက ပြောပြန်
["ရန်ကုန်၊ ဧပြီ ၂၈", "စစ်ကိုင်းငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်တန်း အဖြေလွှာများ ပျက်စီးခဲ့သည့် ကျောင်းသား ၆၃၀၀၀ ကို ဂုဏ်သိက္ခာရှိစေရန် အအောင်မပေးဘဲ စာမေးပွဲ ပြန်ဖြေခိုင်းခြင်းဖြစ်ကြောင်းစစ်ကောင်စီက ယနေ့ ၎င်း၏ ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ပြောဆိုပြန်သည်။", "မတ်လ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် မန္တလေးတက္...
https://yktnews.com/2022/04/17227/
ကလေးမြို့တိုက်ပွဲမှ စစ်သားအလောင်း ၇ လောင်းနှင့် လက်နက်များ သိမ်း ဆည်းရမိ
["ရန်ကုန်၊ ဧပြီ ၂၈", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တိုက်ပွဲမှ စစ်သား အလောင်း ၇ လောင်းနှင့် လက်နက်များ သိမ်းဆည်းရမိကြောင်း ကလေး PDF ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့် ကလေးမြိုနယ်တောင်ပိုင်း အရှေ့စည်းရွာအနီးဝန်းကျင်၌ PDF (Kalay) တပ်ဖွဲများက နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ...
https://yktnews.com/2025/04/212771/
ချောင်းဦးနှင့်ဖြူးမြို့နယ်တို့တွင် စစ်ယာဉ်တန်းနှင့် စစ်ကြောင်းများကို ပစ်ခတ်တိုက်ခိုက်မှု စစ် တပ်ဘက်မှ ထိ ခိုက်သေဆုံးမှုရှိနိုင်
["ရန်ကုန်၊ ဧပြီ ၂၈", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ် နတ်ရေကန်ကျေးရွာနှင့် ရေပိုးစားကျေး ရွာကြားတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်းPeople’s Defense Force – South Monywa က သတင်းထုတ်ပြန်သည်။", "ယနေ့ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်း မုံရွာမြို့ထဲမ...
https://yktnews.com/2022/04/17209/
ဆားလင်းကြီး ကျားတက်ကျေးရွာရှိ စစ်ကောင်စီရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ဝင်တိုက်၊ ရဲ ၁၀ ဦး သေဆုံးဟုဆို
["ရန်ကုန်၊ ဧပြီ ၂၈", "စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ ဧပြီလ ၂၈ ရက် နေ့လယ်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးကြောင်း စခန်းတွင်းရှိ တဲများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သော်လည်း စက်သေနတ်ရှိသည့် ဘန်ကာကို မကျော်နိုင်၍ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်...
https://yktnews.com/2025/04/212743/
ထီးချိုင့်မြို့နယ်၊ အရပ်ဘက်ဆေးရုံနှင့်စာသင်ကျောင်းကို ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ
["ရန်ကုန်၊ ဧပြီ ၂၈", "စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အရပ်ဘက်ဆေးရုံနှင့်စာသင်ကျောင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်းဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီဝန်းကျင်အချိန် ထီးချိုင့်မြို့နယ်၊ အတွင်းရှိ ကျေး...
https://yktnews.com/2022/04/17167/
စစ်အာဏာရှင်ကို ဆန့်ကျင်နေသူ မော်ဒယ်သရုပ်ဆောင် မင်းသားဟိန်းထက်၏ အဘိုးကို ပစ်သတ်လိုက်ဟု ရန်ကုန်သွေးသောက်အဖွဲ့ အမည်ခံ ထုတ်ပြန်လာ
["ရန်ကုန်၊ ဧပြီ ၂၈", "စစ်အာဏာရှင်ကို လက်နက်ကိုင် ဆန့်ကျင်တော်လှန်တိုက်ခိုက်နေသူ မော်ဒယ်သရုပ်‌ဆောင် မင်းသား ဟိန်းထက်၏ အဘိုးဖြစ်သူကို ပစ်သတ်လိုက်ကြောင်း ရန်ကုန်သွေးသောက်အဖွဲ့ဟု အမည်ခံထားသော အဖွဲ့က လူမှုကွန်ရက်တွင် ထုတ်ပြန်နေပြီး အမျိုးသားရေးအစွန်းရောက်များနှင့် မဘသများက လူမှုကွန် ရက်များတွင် အောင်ပွဲခံလျက်ရှိကြောင်း သိရှ...
https://yktnews.com/2025/04/212755/
မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်များ၊ ဝန်ကြီးများ၊ စစ်တပ်နှင့်ဆက်နွယ်သော လူပုဂ္ဂိုလ် ၁၀၆ ဦး နှင့် အဖွဲ့အစည်း ၂၂ ခုကို ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု ၂၀၂၆ ခုနှစ် ဧပြီလအထိ ထပ်မံသက်တမ်းတိုးမြှင့်
["ရန်ကုန်၊ ဧပြီ ၂၈", "စစ်အာဏာသိမ်းမှုနှင့် ပြည်သူလူထုကို သတ်ဖြတ်မှုများကြောင့် မင်းအောင် လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်များ၊ ဝန်ကြီးများ၊ စစ်တပ်နှင့်ဆက်နွယ်နေသော လူပုဂ္ဂိုလ် ၁၀၆ ဦး နှင့် အဖွဲ့အစည်း ၂၂ ခုကို ဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုကို ဥရောပသမဂ္ဂ(EU)က ၂၀၂၆ ခုနှစ် ဧပြီလအထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်းEU က တရားဝင် သတင်းထ...
https://yktnews.com/2025/04/212753/
ထားဝယ်မြို့နယ်၊ ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းပေါ်ရှိ ဟားလီးကွေ့စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးကို လက်နက် ၁၉ လက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိ
["ရန်ကုန်၊ ဧပြီ ၂၈", "တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းပေါ်ရှိ ဟားလီးကွေ့စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးကို လက်နက် ၁၉ လက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိကြောင်းဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်သည်။", "ဧပြီလ ၂၆ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန် တနင်္သာရီတ...
https://yktnews.com/2022/04/17233/
ပုလောမှာ ခရီးသည်တင်ယာဥ်နှစ်စီးကို စစ်တပ်က ပစ်ခတ်၍ ခရီးသည် ၂ ဦးသေဆုံးဟုဆို
["ရန်ကုန်၊ ဧပြီ ၂၈", "တနင်္သာရီတိုင်း၊မြိတ်ခရိုင်၊ ပုလောမြို့အနီး ဒီနေ့ညနေပိုင်း ခရီးသည်တင်ယာဥ်နှစ်စီးကို စစ်တပ်က ပစ်ခတ်ခဲ့ပြီး ခရီးသည် ၂ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ညနေ ၅ နာရီခွဲဝန်းကျင်က သစ်လှတောရွာအနီးမှာ ရတနာတိုးနဲ့ ရွှေလီရတနာကားနှစ်စီးပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ ပုလောမြို့ခံတွေကပြောပါတယ်။ဒေသခံတွေရဲ့ ပြောဆ...
https://yktnews.com/2022/04/17097/
နေပြည်တော်မှာ ရုရှားနဲ့ ဘယ်လာရု ကုန်တင်လေယာဉ်များရောက်ရှိပြီး ရုရှားကိုယ်စားလှယ်အဖွဲ့တွေ ခြေရှုပ်နေ
["ရန်ကုန်၊ ဧပြီ ၂၈", "နေပြည်တော်မှာ ရုရှားနဲ့ ဘယ်လာရုနိုင်ငံမှ ကုန်တင်လေယာဉ်တွေ ရောက်ရှိနေပြီး ရုရှားနိုင်ငံသားတွေလည်း လေယာဉ်တွေနဲ့ လာခြေရှုပ်နေတယ်လို့ သိရပါတယ်။ဧပြီလ ၂၆ ရက်နေ့ နေပြည်တော်မှာ ရုရှားနိုင်ငံကုန်တင်လေယာဉ်၊ ဘယ်လာရုနိုင်ငံကုန်တင်လေယာဉ် တွေ ရောက်ရှိတဲ့အပြင် ဧပြီလ ၂၇ ရက်နေ့မှာလည်း ရုရှားကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ...
https://yktnews.com/2022/04/17124/
ပေါက်မြို့နယ် သစ်ညီနောင်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီများဝင်ရောက် မီးရှို့ ဖျက်ဆီး
["ရန်ကုန်၊ ဧပြီ ၂၈", "ပေါက်မြို့နယ် သစ်ညီနောင်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီများ ဧပြီ ၂၇ ရက် ညနေ ၅ နာရီ အချိန်ခန့်တွင် အင်အား ၅၀ ခန့်ဖြင့် ဝင်ရောက်ခဲ့ပြီး ယနေ့ မနက် ၈ နာရီခွဲအချိန်မှ စကာ ပြည်သူများ၏ နေအိမ်များကို မီးစတင်ရှို့နေကြောင်း ဒေသခံများထံမှ သိရှိရသည်။အကြမ်းဖက်စစ်ကောင်စီ အင်အား ၅၀ ခန့်တွင် တပ်ကုန်း ပျူစောထီး၊ ပ...
https://yktnews.com/2022/04/17137/
ပဲခူး၊ က၀မြို့နယ်ရဲတပ်ဖွဲ့မှူး ဝင်းနိုင်ကို PDF က ပစ်ခတ်ရှင်းလင်း၊ ဒီပဲယင်းတွင် ပျူစောထီးဟု သတ်မှတ်ထားသူ တက်ရှိန် အသတ်ခံရ
["ရန်ကုန်၊ ဧပြီ ၂၈", "ပဲခူးတိုင်း၊ က၀မြို့နယ်ရဲတပ်ဖွဲ့မှူး ဝင်းနိုင်ကို ပဲခူး PDF က ရှင်းလင်းလိုက်ကြောင်း ပဲခူးတိုင်း PDF က တရားဝင်သတင်းထုတ်ပြန်သည်။ယနေ့ နံနက် ၅ နာရီ ၁၅ မိနစ် ဝန်းကျင်အချိန် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ကဝမြို့နယ် လုံခြုံရေးနှင့် သတင်းစုံစမ်းရေးအဖွဲ့ ဥက္ကဌ ရဲမှူး ဝင်းနိုင်ကို ပဲခူးခရိုင်PDFတပ်ရင်း ၁ တပ်...
https://yktnews.com/2025/04/212774/
မင်းလှတွင် အင်အား ၇၀ ဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သားအလောင်း ၁၀ လောင်း၊ လက်နက် ၁၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ
["ရန်ကုန်၊ ဧပြီ ၂၈", "ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် အင်အား ၇၀ ဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သားအလောင်း ၁၀ လောင်း၊ လက်နက် ၁၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၂၇ ရက်နေ့ နံနက...
https://yktnews.com/2025/04/212776/
ရွှေကျင်နှင့် မူးမြို့နယ်တို့တွင် စစ်တပ်၏ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ ၊ ကျေးရွာ ၇ ခုမှ ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
["ရန်ကုန်၊ ဧပြီ ၂၈", "ပဲခူးတိုင်း၊ ရွှေကျင်နှင့် မူးမြို့နယ်တို့တွင် စစ်တပ်၏ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေ ဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်းKNU ဗဟိုက သတင်းထုတ်ပြန်သည်။", "ဧပြီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း မူးမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ ၄၃၉ တပ်ရင်းက သစ်ဖြူဆိပ်ကျေးရွာအတွင်းသို့ ဒရ...
https://yktnews.com/2022/04/17155/
မြိုင်မြို့နယ် စိုင်းဂေါင်းကျေးရွာကို စစ်တပ်က ဝင်စီး မီးရှို့ဖျက်ဆီးနေသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်
["ရန်ကုန်၊ ဧပြီ ၂၈", "မကွေးတိုင်း မြိုင်မြို့နယ် စိုင်းဂေါင်းကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများ ယနေ့ ဧပြီ ၂၈ ရက်၊ နံနက် ၁၁ နာရီ ဝန်းကျင်တွင် ဝင်ရောက်ကာ ပြည်သူ့နေအိမ်များ၊ မွေးမြူရေးကြက်ခြံများ ဖြိုချဖျက်ဆီးနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။“မွေးမြူရေးကြက်ခြံတွေရော မီးရှို့နေတာ...
https://yktnews.com/2025/04/212827/
ပခုက္ကူမြို့နယ်ရှိ ပျူစောထီး ကျေးရွာများတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးသီး အလုံး ၈၀ ကျဲချ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး
["ရန်ကုန်၊ ဧပြီ ၂၈", "မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ပျူစောထီး ကျေးရွာများတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးသီး အလုံး ၈၀ ကျဲချ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးခဲ့ကြောင်း Rocket Fighter အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ လပြည့် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသ...
https://yktnews.com/2022/04/17109/
ပခုက္ကူ-မြိုင်ကားလမ်းတွင် စစ်ကောင်စီယာဉ်တန်း ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခံရပြီး ကား ၁ စီး ပျက်စီးကာ စစ်သား ၅ ဦးထက်မနည်းသေဆုံး
["ရန်ကုန်၊ ဧပြီ ၂၈", "မကွေးတိုင်း၊ မခုက္ကူမြို့နှင့် မြိုင်မြို့ကို ဆက်သွယ်ထားသော ကားလမ်းပေါ်တွင် သွားလာနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဧပြီလ ၂၇ ရက် ည ၇ နာရီ ၁၀ မိနစ်ခန့်တွင် ပြောက်ကျားအဖွဲ့များက ပဒေသာမိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကား ၁ စီး မြောက်တက်သွားပြီး စစ်သား ၅ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း ပခုက္...
https://yktnews.com/2025/04/212773/
မတ္တရာနှင့် တောင်သာ မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ
["ရန်ကုန်၊ ဧပြီ ၂၈", "မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ဘက်ရှိ ခြမ်းရုံးပင်ကျေးရွာ အနီးတစ်ဝိုက်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းVoice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၂ နာရီ ၁၅ မိနစ်ခ...
https://yktnews.com/2022/04/17105/
ငါန်းဇွန်မြို့နယ်၊ ကုလကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ကြီး အေးကို ရှင်းလင်းခံရ၊ စစ်တပ်နှင့် ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်သော အုပ်ကြီးဟောင်း အောင်ဇော်မင်း ပြီးနောက် ဒုတိယမြောက် ရှင်းလင်းခံရခြင်းဖြစ်
["ရန်ကုန်၊ ဧပြီ ၂၈", "မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ကုလကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ သတင်းပေးဒလန်အဖြစ် သတ်မှတ်ခံထားရသူ အေးကို ကို ယမန်နေ့ ဧပြီလ ၂၇ ရက် ညနေပိုင်းတွင် ရှင်းလင်းခံရကြောင်း သတင်းရရှိသည်။“မနေ့ နေဝင်ခါနီး ၆ နာရီလောက်မှာပေါ့၊ အုပ်ကြီး အေးကိုနဲ့ သူ့တပည့် ဒလန်ဖ...
https://yktnews.com/2023/04/99839/
မန္တလေးတွင် စစ်တပ်က လုံခြုံရေးများ ထူထပ်စွာ ချထားသည့်ကြားမှ ရွှေဆိုင် ၂ ဆိုင် ဆက်တိုက် ဓားပြတိုက်ခံရပြီး သိန်းထောင်ချီ တန်ဖိုးရှိ ရွှေထည်ပစ္စည်း များ ပါသွားဟုဆို
["ရန်ကုန်၊ ဧပြီ ၂၈", "မန္တလေးတွင် စစ်တပ်က လုံခြုံရေးများ ထူထပ်စွာ ချထားသည့်ကြားမှ ရွှေဆိုင် ၂ ဆိုင် ဆက်တိုက် ဓားပြတိုက်ခံရပြီး သိန်းထောင်ချီ တန်ဖိုးရှိ ရွှေထည်ပစ္စည်း များ ပါသွားကြောင်း ဒေသပြည်သူများနှင့် မန္တလေးရဲသတင်းရင်းမြစ်တချို့ ထံမှ သိရှိရသည်။", "ယနေ့ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မီးနစ်အချိန်ဝန်းကျင် ပြည်ကြ...
https://yktnews.com/2025/04/212731/
စစ်ကိုင်းငလျင်ကြီး ၁ လပြည့်ခဲ့ပြီဖြစ်သော်လည်း ငလျင်ဒဏ်သင့်ပြည်သူများ ထိရောက်သော အကူအညီများ မရဘဲ ကိုယ်ထူကိုယ်ထဖြင့်သာ ရှင်သန်ရပ်တည်နေရ
["ရန်ကုန်၊ ဧပြီ ၂၈", "မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ ဖြင့် လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီး ၁ လပြည့်ခဲ့ပြီဖြစ်သော်လည်း ငလျင်ဒဏ်သင့်ပြည်သူများ ထိရောက်သော အကူအညီများ မရဘဲ ကိုယ်ထူကိုယ်ထဖြင့်သာ ရှင်သန်ရပ်တည်နေရကြောင်းရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းခွင့်ရရှိခဲ့သည့် စစ်ကိုင်းနှင့် မန္တလေးဒေသပြည်သူ...
https://yktnews.com/2022/04/17100/
ခေတ်သစ်အပါအဝင် မီဒီယာ ၇ ခုကို အနူဘောမ မီဒီယာဟု စစ်တပ် ပြန်ကြား ရေး ဇော်မင်းထွန်းက ခေါ်ဆိုပြီး NUG ကို ၎င်းသိချင်သော မေးခွန်းများ မေးပေးရန်တောင်းဆို၊ စစ်တပ်နှင့်ရဲ လက်အောက်ခံ သွေး သောက်အဖွဲ့က မီဒီယာသမားများ၏ မိဘဆွေမျိုးအသိုင်းအ၀ိုင်းကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်
["ရန်ကုန်၊ ဧပြီ ၂၈", "ရန်ကုန်ခေတ်သစ်(Khit Thit ) သတင်းဌာနအပါအဝင် မီဒီယာ ၇ ခုကို NUG အနူဂျီ ၊ အနူဘောမီဒီယာများဟု စစ်တပ်ပြန်ကြားရေး ဇော်မင်းထွန်းက ယမန်နေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် ခေါ်ဆိုခဲ့ပြီး NUGကို ၎င်း သိချင်သော မေးခွန်းများ မေးပေးရန် တောင်းဆိုလိုက်သည်။ခေတ်သစ် အပါအဝင် မီဒီယာ ၇ ခုခန့်သည် တိုင်းပြည်ကို ဖျက်ဆီ...
https://yktnews.com/2024/04/159806/
လှိုင်သာယာမြို့နယ်၊ ၅ ထိပ်ရှိ ရဲစခန်းကို ၄၀ မမ ဗုံးလက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်နှင့် တောင်ဒဂုံတို့တွင် ဗုံးများပေါက်ကွဲ
["ရန်ကုန်၊ ဧပြီ ၂၈", "ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၅ ထိပ်ရှိ ရဲစခန်းကို ၄၀ မမ ဗုံးလက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့အ​ေဲခစိုက် Dark Shadow တပ်ဖွဲ့မှ ရဲဘော်ပန်ဒါက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၂၈ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် Dark Shadow အဖွဲ့က “Urban Freedom” စစ်ဆင်ရေး အဖြစ် ...
https://yktnews.com/2025/04/212757/
လှိုင်သာယာ၊ ရွှေလင်ဗန်း စက်မှုဇုန်တွင် အလုပ်သွားလျောက်သည့် အသက် ၁၇ နှစ်အရွယ် မောင်မင်းဟိန်းထက်ကို စစ်တပ်က စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီး
["ရန်ကုန်၊ ဧပြီ ၂၈", "ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်တွင် အလုပ်သွားလျောက်သည့် အသက် ၁၇ နှစ်အရွယ် မောင်မင်းဟိန်းထက်ကို အကြမ်းဖက် စစ်တပ်က စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်းမိသားစုဝင်များကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ဧပြီလ ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် အသက် ၁၇ နှ...
https://yktnews.com/2022/04/17200/
ရန်ကုန်၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ အလတ်ချောင်းရပ်ကွက်တွင် လူငယ် ၁၄ ဦးကို စစ်တပ်က ဝင်ဖမ်းပြီး ၁ ဦးကို ပစ်သတ်၊ မြို့ပြပျောက်ကျားလူငယ်များ ဖြစ်ဖွယ်ရှိဟုဆို
["ရန်ကုန်၊ ဧပြီ ၂၈", "ရန်ကုန်၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ အလတ်ချောင်းရပ်ကွက်တွင် လူငယ် ၁၄ ဦးကို ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် စစ်တပ်က ဝင်ဖမ်းပြီး ၁ ဦးကို ပစ်သတ်လိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် သွေးအလိမ်းလိမ်းဖြင့် မျက်နှာဖူးရောင်နေသော လူငယ်တစ်ဦးကို စစ်တပ် ခ...
https://yktnews.com/2022/04/17141/
မင်းအောင်လှိုင် မိသားစုနှင့် ပတ်သက်ဆက်နွယ်နေတဲ့ စစ်လက်နက်ပွဲစား Star Sapphire group ကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် JFM တောင်းဆို
["ရန်ကုန်၊ ဧပြီ ၂၈", "အကြမ်းဖက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် မိသားစုနဲ့ ဆက်နွယ်ပတ်သက်နေတဲ့ ခရိုနီစီးပွားရေးလုပ်ငန်းစု Star Sapphire group ဟာ မြန်မာစစ်တပ်ရဲ့ စစ်လက်နက်ဝယ်ယူရေးအတွက် ကြားခံပွဲစားအဖြစ် အဓိက အခန်းကဏ္ဍက ပါဝင်နေပါတယ်။ဒါ့အပြင် အဆိုပါ ကုမ္ပဏီဟာ မြန်မာစစ်တပ်ရဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နဲ့လည်း စ...
https://yktnews.com/2024/04/159824/
မြစ်ကြီးနားမြိုနယ်၊ ဆင်ဘိုမြိုရှိ ခလရ ၁၄၁ တပ်ရင်းဌာနချုပ်ကို KIA က သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ အများအပြား သေဆုံး
["ရန်ကုန်၊ ဧပြီ ၂၉", "ကချင်ပြည်နယ်၊ မြစ်ကြီးနားမြိုနယ်၊ ဆင်ဘိုမြိုရှိ ခလရ ၁၄၁ တပ်ရင်းဌာနချုပ်ကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ အများအပြားသေဆုံးကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။", "မြစ်ကြီးနားမြိုနယ်၊ ဆင်ဘိုမြို ရှိ ခလရ ၁၄၁တပ်ရင်းကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစပြီး ...
https://yktnews.com/2024/04/159954/
ဆင်ဘိုမြို့ ခလရ ၁၄၁ တပ်ရင်းစခန်းသိမ်းတိုက်ပွဲတွင် မိုးမောက် ၄၃၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးကို ဒဏ်ရာများဖြင့် အရှင်ဖမ်းဆီးရရှိပြီး ခမရ ၄၃၈ တပ်ရင်းမှူးမှာ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ဗုံးမှားကျဲ၍ သေဆုံး
["ရန်ကုန်၊ ဧပြီ ၂၉", "ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ ခလရ ၁၄၁ တပ်ရင်းစခန်းသိမ်းတိုက်ပွဲတွင် မိုးမောက် ၄၃၇ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးကို ဒဏ်ရာများဖြင့် အရှင်ဖမ်းဆီးရရှိပြီး ခမရ ၄၃၈ တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီးမှာမူ စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုအတွင်းသေဆုံးသွားကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်က...
https://yktnews.com/2024/04/159913/
ကရင်ပြည်နယ်ရှိ စစ်ရှောင်စခန်းနှစ်ခုသို့ အာဟာရဒါနလှူဒါန်း
["ရန်ကုန်၊ ဧပြီ ၂၉", "ကရင်ပြည်နယ်ရှိ စစ်ရှောင်စခန်းနှစ်ခုရှိ ပြည်သူများကို နွေဦးတမာန်တော်လှန်ရေးထောက်ပို့(ထိုင်းအခြေစိုက်)နှင့် မွတ်ဆလင်မ် သာရေးနာရေး(နူရွလ်အစ္စလာမ်ဗလီ မဲဆောက်)တို့က ကြက်သားဒံပေါက်၊အချိုရည်၊ ပေါင်မုန့်နှင့် မုန့်ဖိုးများ‌ သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktn...
https://yktnews.com/2022/04/17333/
စစ်ကိုင်း ညောင်ပင်ဝန်း တံတားပေါ်တွင် အကြမ်းဖက် စစ်တပ်က မစိုးစိုးအေးကို ပစ်သတ်
["ရန်ကုန်၊ ဧပြီ ၂၉", "စစ်ကိုင်း-မုံရွာ လမ်းပိုင်းရှိ ညောင်ပင်ဝန်း တံတားပေါ်တွင် ယနေ့ ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲ ၂နာရီခန့်တွင် ညောင်ပင်ဝန်း ရဲစခန်းမှ အကြမ်းဖက် စစ်တပ်က ဆိုင်ကယ်စီးနင်းလာသည့် မစိုးစိုးအေးကို ပစ်သတ်ခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သော စစ်ကိုင်းတိုင်း သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။အကြမ်းဖက် စစ်တပ်...
https://yktnews.com/2022/04/17301/
ဒီပဲယင်း၊ မဲသည်ရွာတွင် စစ်တပ်က စစ်ရှောင်ပြည်သူ ၄ ဦးကို ပစ်ခတ်ရာ ၁ ဦးပွဲချင်းပြီးသေဆုံး၊ ယင်းတွေရွာနှင့် လပ်တီးရွာကို စစ်တပ်က မီးရှို့နေ
["ရန်ကုန်၊ ဧပြီ ၂၉", "စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မဲသည်ရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်းခဲ့ပြီး စစ်ဘေးရှောင် ပြည်သူ ၄ဦး ပစ်ခတ်ရာ အမျိုးသမီး ၁ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ၁ ဦး ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် Voice Of Depeyin အဖွဲ့ထံမှ သိရသည...
https://yktnews.com/2022/04/17295/
မြင်းမူတွင် စစ်ကူလာသော စစ်ကား ၁စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၇ ဦးသေဆုံး
["ရန်ကုန်၊ ဧပြီ ၂၉", "စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ထီးဆောင်း-အရာတော်လမ်းပိုင်း ခွက်ခွင်းရွာနှင့် ငကင်းရွာကြားတွင် PDF စခန်းများကို လာရောက် တိုက်ခိုက်သော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို စစ်ကူလာသော စစ်ကား ၁စီးကို ယနေ့ ဧပြီလ ၂၉ ရက်နေ့ နံနက် ရနာရီ ၃ဝမိနစ်ခန့်တွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက...
https://yktnews.com/2022/04/17342/
ယင်းမာပင် သီးကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး ပြည်သူပိုင် နေအိမ် ၁၀၀ကျော် မီးလောင် ပြာကျ၊ ရွှေဘို ကျား(တောင်)ရွာ ကိုလည်း စစ်တပ်က မီးရှို့နေ
["ရန်ကုန်၊ ဧပြီ ၂၉", "စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် တမာပင်ဂွ၊ ညောင်ပင်ကြီးစုအုပ်စု၊ သီးကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၂၈ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်ပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးကာ နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် ယင်းမာပင်မြို့နယ် သတင်းမှန် ပြန်ကြားရ...
https://yktnews.com/2022/04/17266/
ကလေးမြို့တိုက်ပွဲမှ စစ်သားအလောင်း ၇ လောင်းနှင့် လက်နက်များ သိမ်း ဆည်းရမိ
["ရန်ကုန်၊ ဧပြီ ၂၉", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တိုက်ပွဲမှ စစ်သား အလောင်း ၇ လောင်းနှင့် လက် နက်များ သိမ်းဆည်းရမိကြောင်း ကလေး PDF ၏ ဧပြီလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ သိရှိရသည်။ဧပြီလ ၂၇ ရက်နေ့က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့် ကလေးမြိုနယ်တောင်ပိုင်း အရှေ့စည်းရွာအနီးဝန်းကျင်၌ PDF (Kalay) တပ်ဖွဲများက နယ်မြေရှင်း လင်းရေး ...
https://yktnews.com/2024/04/159884/
ကလေးမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းချနေသူ ၂ ဦးကို တော်လှန်ရေး ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူ
["ရန်ကုန်၊ ဧပြီ ၂၉", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းချနေသူ ၂ ဦးကို ကလေးမြို့နယ် တော်လှန်ရေး ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။", "ဧပြီလ ၂၈ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်အချိန် ကလေးမြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့ (တောင်ပိုင်း) မှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ကမ္ဘာဟိန်း ဦးစီးပြီ...
https://yktnews.com/2024/04/159841/
မုံရွာ-ချောင်းဦးလမ်းပေါ်တွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ကားတစ်စီးပျက်စီး
["ရန်ကုန်၊ ဧပြီ ၂၉", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းပေါ်တွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီး ပျက်စီးခဲ့ကြောင်းPeople’s Defense Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဧပြီလ ၂၈ ရက် နံနက် ၁၁ နာရီ မိနစ် ၄၀...
https://yktnews.com/2025/04/212900/
စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်
["ရန်ကုန်၊ ဧပြီ ၂၉", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ ဧပြီလ ၂၉ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်အချိန် စစ်ကိုင်းမြို...
https://yktnews.com/2022/04/17283/
မြင်းမူမြို့နယ်ရှိ PDF စခန်းများ စီးနင်းခံရစဉ် စစ်ကူသွားရောက် တိုက်ခိုက်ရင်း မြင်းခြံ Zero အဖွဲ့ ဒုခေါင်းဆောင် CDM ရဲတပ်သား ကိုဟိန်းထက် ကျဆုံး
["ရန်ကုန်၊ ဧပြီ ၂၉", "စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းရှိ PDF စခန်းများကို အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့ ဧပြီလ ၂၉ ရက် နံနက်အစောပိုင်းတွင် ဝင်ရောက်စီးနင်းစဉ် စစ်ကူသွားသော မြင်းခြံ Zero အဖွဲ့မှ ဒုခေါင်းဆောင် ကိုဟိန်းထက် ကျဆုံးခဲ့ကြောင်း GTR မြင်းမူအဖွဲ့က ထုတ်ပြန်သည်။“မြင်းခြံ Zero အဖွဲ့မှ ဒုခေါင်းဆောင် CDM ရဲ ကိုဟိန...
https://yktnews.com/2022/04/17254/
မြင်းမူကာကွယ်ရေးတပ်ဖွဲ့ စခန်းများကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်း၊ တိုက်ပွဲပြင်းထန်ဖြစ် စစ်တပ်က ကန်တော်ရွာကို မီးတင်ရှို့
["ရန်ကုန်၊ ဧပြီ ၂၉", "စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာနှင့် အရာတော်မြို့ကြားရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့ စခန်း ၂ ခုကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက ယနေ့ ဧပြီလ ၂၉ ရက် နံနက် ၄ နာရီခွဲခန့်တွင် ဝင်ရောက်စီးနင်းပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားကာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု ရှိသလို ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ က...
https://yktnews.com/2022/04/17323/
ယင်းမာပင်၊ စုန်းချောင်းကျေးရွာတွင် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက်ဆန္ဒပြ
["ရန်ကုန်၊ ဧပြီ ၂၉", "စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာတွင် အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ဖြုတ်ချရေး ဧပြီလ ၂၉ ရက် ညနေပိုင်း၌ ကြွေးကြော်လှည့်လည်ဆန္ဒပြကြသည်။"]
https://yktnews.com/2022/04/17304/
ရွှေဘိုမြို့နယ် မခေါက်ရွာအနီး တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး PDF ဘက်မှ ၁ ဦးကျဆုံး
["ရန်ကုန်၊ ဧပြီ ၂၉", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မခေါက်ကျေးရွာအနီး တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး PDF ဘက်မှ ၁ ဦးကျဆုံးကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က မခေါက်ကျေးရွာဘက် ထိုးစစ်ဆင်လာပြီး နတ်တောင်နဂါး (ပ က ဖ)ပြောက်ကျားတပ်ဖွဲ့နှင့် ၁၅ မိနစ်ခန့် အပြန်အ...
https://yktnews.com/2025/04/212880/
ဝန်းသိုမြို့နယ်၊ အာမခံရွာအနီး စစ်တပ်က ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့
["ရန်ကုန်၊ ဧပြီ ၂၉", "စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ အာမခံရွာအနီးတွင် အကြမ်းဖက် စစ်တပ်က ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၂၆ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် ဝန်းသိုမြို့နယ် အာမခံကျေးရွာ အနီးတွင် အကြမ်းဖက် စစ...
https://yktnews.com/2024/04/159837/
အကြမ်းဖက် မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်တွေ အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေကို အီးယူက သက်တမ်းထပ်တိုး
["ရန်ကုန်၊ ဧပြီ ၂၉", "စစ်ခေါင်းဆောင်အပါအဝင်၊ စစ်အုပ်စု နဲ့ ပတ်သက်ဆင်နွယ်နေတဲ့ လူပေါင်း ၁၀၀‌ ကျော်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ ကို ၁ နှစ်သက်တမ်းတိုးတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ကြေညာပါတယ်။", "မြန်မာ စစ်အုပ်စုက ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နေတာကြောင့် ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ ဒဏ်ခတ်...
https://yktnews.com/2024/04/159927/
ဆားလင်းကြီးမြို့နယ်ရှိ ရက်ရှည်စစ်ရှောင်စခန်း ၃နေရာကို ထမင်းနှစ်နပ် လှူဒါန်း
["ရန်ကုန်၊ ဧပြီ ၂၉", "ဆားလင်းကြီးမြို့နယ်ရှိ ရက်ရှည်စစ်ရှောင်စခန်း ၃ နေရာကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်များကိုယ်စား ၂၁၄ နပ်မြောက်အဖြစ် ထမင်းနှင့် ဟင်းလှူဒါန်းခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင်ဟဆားလင်းကြီးမြို့နယ်ရှိ ရက်ရှည်စစ်ရှောင်စခန်းတစ်ခုကိုလည်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က ရွှေရင်အေးများ ကျွေးမွေးလှူ...
https://yktnews.com/2024/04/159873/
ပလမြို့ရှိ ရဲစခန်းနှင့် စစ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွား
["ရန်ကုန်၊ ဧပြီ ၂၉", "တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ရှိ ရဲစခန်းနှင့် စစ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၂၈ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် ပလမြို့ ရဲစခန်းကို T2 Drone Team အဖွဲ့က ဗုံးသီး ၂ လုံး၊ ည...
https://yktnews.com/2022/04/17345/
စစ်တပ်က ခရီးသည်ကားတွေကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ ၃ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရဟု ပုလော PDF မဟာမိတ်တပ်ပေါင်းစုက ရှင်းလင်း
["ရန်ကုန်၊ ဧပြီ ၂၉", "တနင်္သာရီတိုင်း၊ ပုလောမြို့အနီး ခရီးသည်တင်ယာဥ်နှစ်စီးပစ်ခတ်ခံရမှုဟာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိလိုက်လံပစ်ခတ်ခဲ့တယ်လို့ ပုလောမြို့နယ် ပြည်သူ့ ကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုက ရှင်းလင်းထုတ်ပြန်ပါတယ်။ဧပြီလ ၂၈ ရက် ညနေ ၅ နာရီဝန်းကျင်က ပုလောမြို့၊ သစ်လှတောရွာအနီး စစ်ကောင်စီက...
https://yktnews.com/2022/04/17244/
လောင်းလုံးမြို့နယ်၊ ပန်းဒလဲ ကျေးရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်နှင့် ပျူစောထီးများ ပစ်သတ်
["ရန်ကုန်၊ ဧပြီ ၂၉", "တနသ်ရီတိုင်း လောင်းလုံးမြို့နယ် ပန်းဒလဲ ကျေးရွာသို့ ဧပြီ ၂၈ ရက် ည ၉ နာရီခွဲ အချိန်ခန့်တွင် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး အင်အား ၂၀ ခန့် ဝင်ရောက်ကာ ရွာသား ၂ ဦးကို အကြောင်းမဲ့ ပစ်သတ်သွားကြောင်း ဒေသခံများက ပြောကြားသည်။“သေနတ်သံက ၅ချက်။ ပြည်သူ ၂ယောက်ကိုပစ်တာ။ တစ်ယောက်ကတော့ သေပြီဗျ။ သေသူ ဦးကျော်...
https://yktnews.com/2024/04/159986/
အုတ်တွင်းနှင့် ထန်းတပင် နယ်စပ်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် ဆက်သွယ်ထားသော ကျေးရွာချင်းဆက် လမ်းများကို ဖျက်ဆီးကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ
["ရန်ကုန်၊ ဧပြီ ၂၉", "ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်နှင့် ထန်းတပင် မြို့နယ် အစပ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်က ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် ဆက်သွယ်ထားသော ကျေးရွာချင်းဆက် လမ်းများကို ဖျက်ဆီးကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသပြည်သူများကရန်ကုန်ခေတ်သစ် မီဒီယ...
https://yktnews.com/2022/04/17317/
မြိုင်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းကို ပြည်သူ့ ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်၊ အကြမ်းဖက်စစ်ကောင်စီဝင် ၅၀ ကျော် သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး
["ရန်ကုန်၊ ဧပြီ ၂၉", "မကွေးတိုင်း မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ ဧပြီ ၂၉ ရက် မနက် ၅ နာရီအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဝင် ၅၀ ကျော် သေဆုံးသွားကြောင်း ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်...
https://yktnews.com/2024/04/159810/
မြိုင်မြို့နယ်၊ စစ်တပ် တပ်စွဲထားသော စက်မှု ၂ အနီးတွင် မုဒိမ်းကျင့် သတ် ဖြတ် ခံထားရသည့် သူနာပြု အမျိုးသမီးငယ်အလောင်းတွေ့ရှိရ၊ စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့် အထောက်အထားများတွေ့ရ
["ရန်ကုန်၊ ဧပြီ ၂၉", "မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ အနီးတွင် မုဒိမ်းကျင့်သတ်ဖြတ်ခံထားရသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို‌ တွေ့ရှိခဲ့ကြောင်းGhost of Enemies – GOE Revolution Forceမှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဧပြီလ ၂၇ ရက်နေ့ အကြမ်းဖက်စစ်သားများ တပ်စွဲနေထိုင်သည့် မြိုင်မြို့နယ...
https://yktnews.com/2022/04/17286/
YDF က ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းကို ပြန်မလွှတ်လျှင် ပြည်သူကို သတ်ဖြတ်ပြီး ကျေးရွာများ မီးရှို့မည့်ဟု စစ်တပ်က ခြိမ်းခြောက်ဖိအားပေး
["ရန်ကုန်၊ ဧပြီ ၂၉", "မကွေးတိုင်း၊ ယောဒေသတွင် YDF က ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း ၁ ဦး ကို ပြန်မလွှတ်လျှင် ပြည်သူကို သတ်ဖြတ်ပြီး ကျေးရွာများ မီးရှို့မည့်ဟု စစ်တပ်က ခြိမ်းခြောက်ဖိအားပေးလာကြောင်း သိရှိရသည်။အကြမ်းဖက် စစ်ကောင်စီနှင့် ယောဒေသကာကွယ်ရေးတပ် (YDF) တို့ ဧပြီလ ၂၅ ရက်နေ့ အကြည်ဝါးဘင်းကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွာ...
https://yktnews.com/2025/04/212906/
ရေစကြိုမြို့နယ်၊ ဗလဘရွာကို ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခဲ့သော စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂၀ ကျော် သေဆုံး
["ရန်ကုန်၊ ဧပြီ ၂၉", "မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဗလဘရွာကို ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂၀ ကျော် သေဆုံးခဲ့ကြောင်း ရေစကြို တပ်ပေါင်းစု သတင်းပြန်ကြားရေး တာဝန်ခံ ZPK က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၂၀ ရက်နေ့တွင် ...
https://yktnews.com/2024/04/159961/
မြင်းခြံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ ၄၀၀ ခန့်ကို ထမင်းနှင့်ဟင်း လှူဒါန်း
["ရန်ကုန်၊ ဧပြီ ၂၉", "မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ ၄၀၀ ဝန်းကျင်ကို ကရင်နီပြည်နယ်အခြေစိုက် We Are Karenni အဖွဲ့သားများနှင့် အလှူရှင်များက ထမင်းတစ်နပ်ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springr...
https://yktnews.com/2025/04/212937/
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦးသေဆုံး
["ရန်ကုန်၊ ဧပြီ ၂၉", "မြန်မာနိုင်ငံတစ်ဝန်း ဧပြီလ ၂၉ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၅၇ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များ အရ သိရှိရသည်။", "ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်...
https://yktnews.com/2022/04/17336/
မြန်မာနိုင်ငံ၊ ရဲတံခွန်သဘာ၀ဓာတ်ငွေ့စီမံကိန်းမှ မလေးရှားအစိုးရပိုင် Petronas ကုမ္ပဏီ ရုပ်သိမ်းထွက်ခွာ
["ရန်ကုန်၊ ဧပြီ ၂၉", "မြန်မာနိုင်ငံရှိ ရဲတံခွန် သဘာ၀ဓာတ်ငွေ့စီမံကိန်းမှ မလေးရှားအစိုးရပိုင် Petronas ကုမ္ပဏီက ရုပ်သိမ်းထွက်ခွာပြီဖြစ်ကြောင်း ယနေ့ ကုမ္ပဏီကတရားဝင် သတင်းထုတ်ပြန်သည်။အဆိုပါကြေညာချက်ကို Justice For Myanmar က ကြိုဆိုလိုက်ပြီး မြန်မာ ပြည်သူများနှင့် ကမ္ဘာတဝှမ်းရှိ တက်ကြွလှုပ်ရှားသူများ၏ ဖိအားပေးမှုကြောင့် အကြ...
https://yktnews.com/2022/04/17314/
ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသား ၃ ဦးနှင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး၊ ထားဝယ်တွင်လည်း ပြည်သူ ၁ ဦး အကြောင်းမဲ့ ဖမ်းဆီးခံရ
["ရန်ကုန်၊ ဧပြီ ၂၉", "ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသား ၃ ဦးနှင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးထားကြောင်း သိရှိရသည်။ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင်၊ ကော်မတီတာဝန်ခံ ကိုကောင်းခန့်နိုင် (စတုတ္ထနှစ် ကုန်ထုတ်ဓာတုဗေဒ)၊ ကိုဟိန်းထက်ဇော် (ဒုတိယနှစ် မြန်မာစာ အဝေး...
https://yktnews.com/2024/04/159834/
ရန်ကုန်နှင့်မန္တလေးမြို့တွင် စစ်မှုထမ်း အပတ်စဉ် ၂ အတွက် တပ်သားသစ်အဖြစ် လူငယ်တချို့ ဖမ်းဆီးခံရ
["ရန်ကုန်၊ ဧပြီ ၂၉", "ရန်ကုန်နှင့် မန္တလေးမြို့ပေါ်တွင်လည်း စစ်မှုထမ်း အပတ်စဉ် ၂ အတွက် တပ် သားသစ်အဖြစ် လူငယ်တချို့ ဖမ်းဆီးခံရမှုများရှိ နေကြောင်း ဒေသပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၂၈ ရက်နေ့ ည ၈ နာရီ ၃၀ အချိန် လှိုင်သာယာမြို့နယ်(အနောက်ပိုင်း)၊ ပေါ်ဆန်းမွှေး ၅ လမ်းတွင် နေထိုင်သူ အသက် ၁၈ န...
https://yktnews.com/2022/04/17310/
ရန်ကုန်၊ မန္တလေး၊ မကွေးတို့တွင် ပျူစောထီး၊ သတင်းပေးဟုသတ်မှတ်ခံရသူ ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ရန်ကုန်၊ ဧပြီ ၂၉", "ရန်ကုန်၊ မန္တလေး၊ မကွေးတို့တွင် ပျူစောထီး၊ သတင်းပေးဟုသတ်မှတ်ခံရသူ ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။မန္တလေးတိုင်းဒေသကြီး၊စဥ့်ကူးမြို့နယ်၊ရှောက်ပင်ရိုးကျေးရွာအတွင်း နေထိုင်သော ပျူစောထီးခေါင်း ဆောင် ကျော်သိန်းကို ယနေ့ မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်အချိန်စဥ့်ကူးမြ...
https://yktnews.com/2022/04/17292/
မင်းအောင်လှိုင် တခမ်းတနားတွေ့ဆုံခဲ့သည့် တာတာစတန်သမ္မတဆိုသူသည် လွတ်လပ်သောနိုင်ငံ့ခေါင်း ဆောင် အဆင့်မဟုတ်ဘဲ ရုရှားလက်အောက်ခံ လူဦးရေ ၄ သန်းနီးပါးရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဖယ်ဒရယ်ဒေသ ခေါင်းဆောင်သာဖြစ်
["ရန်ကုန်၊ ဧပြီ ၂၉", "အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တခမ်းတနားတွေ့ဆုံနေသည့် တာတာစတန် သမ္မတ Mr. Rustam Nurgaliyevich Minnikhanov သည် လွတ်လပ်သော နိုင်ငံတစ်ခု၏ ခေါင်းဆောင်မဟုတ်ဘဲ ရုရှားဖယ်ဒရေးရှင်းနိုင်ငံ၏ လက်အောက်ခံ လူဦးရေ ၄ သန်းနီးပါးရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖယ်ဒရယ် ဒေသ The Republic of Tatarsta...
https://yktnews.com/2022/04/17298/
စစ်သား၊ ရဲများနှင့် ပျူစောထီးများ တပ်စွဲထားသော ရေစကြို၊ ပခန်းငယ်ရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များ ဝင်တိုက်၊ စစ်ကောင်စီဘက်မှ ၁၄ ဦးသေဆုံးပြီး၊ ၃ ဦး ဒဏ်ရာရ
["ရန်ကုန်၊ ဧပြီ ၂၉", "အကြမ်းဖက်စစ်ကောင်စီ စစ်သားများ၊ ရဲများနှင့် ပျူစောထီး စုစုပေါင်းအင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားသော မကွေးတိုင်း၊ ရေစကြိမြို့နယ်၊ ပခန်းငယ်ကျေးရွာရှိ ရဲစခန်းကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ယမန်နေ့ ဧပြီလ ၂၈ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၄ ဦးသေဆုံးကာ ၃ ...
https://yktnews.com/2024/04/159816/
အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း နေပြည်တော်တွင် ရုံးပြန်တက်နေ
["ရန်ကုန်၊ ဧပြီ ၂၉", "အကြမ်းဖက်ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် ဧပြီလ ၂၆ ရက်နေ့မှစတင်ပြီး နေပြည်တော်တွင် ရုံးပြန်တက်နေပြီဖြစ်ကြောင်းရန်ကုန်ခေတ်သစ်၏ စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "ဧပြီလ ၃ ရက်နေ့မှ စတင်ပြီး လူမြင်ကွင်းမှ ပျောက်ကွယ်နေသော အကြမ်းဖက် ဒုစစ်ခေါင်းဆောင်စိုးဝင်းသည် မွန်ပြည်နယ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်း...
https://yktnews.com/2024/04/159861/
ပုသိမ်မြို့နယ် ပ.က.ဖ သတင်းပြန်ကြားရေးရုံးအဖွဲ့က စစ်တပ်ကို ဆန့်ကျင်‌ကြောင်းဆန္ဒပြသပိတ်ပြုလုပ်
["ရန်ကုန်၊ ဧပြီ ၂၉", "ဧရာဝတီတိုင်း ပုသိမ်မြို့နယ် PSTF နှင့် ပ.က.ဖ သတင်းပြန်ကြားရေး ရုံးအဖွဲ့က စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြ သပိတ်ကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2...
https://yktnews.com/2024/04/154624/
မိုးမောက်မြို့နှင့် ၂ မိုင်အကွာ၊ ဗန်းမော်မြို့နှင့် ၇ မိုင်ကျော် အကွာရှိ စစ်ကောင်စီ၏ ကျောက်စခန်းနှင့် မဒါဘွမ် တပ်စခန်းတို့ကို KIA က တိုက်ခိုက်သိမ်းပိုက် ၊ စစ်ကောင်စီတပ်စခန်း ၆၃ ခုကျော် ရရှိထားပြီ
["ရန်ကုန်၊ ဧပြီ ၃", "ကချင်ပြည်နယ်၊ မိုးမောက်မြို့နှင့် ၂ မိုင်အကွာ၊ ဗန်းမော်မြို့နှင့် ၇ မိုင်ကျော်အကွာရှိ စစ်ကောင်စီတပ်၏ ကျောက်စခန်းနှင့် မဒါဘွမ်စစ်စခန်းတို့ကို ယမန်နေ့ ညနေပိုင်းတွင် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းKIA သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၂ ရက်နေ့ ညနေပိုင်းတွင် မိုးမော...
https://yktnews.com/2025/04/210008/
၀ိုင်းမော်တွင် စစ်တပ်က ထိုးစစ်ဆင်ပြီး လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေဟု KIO ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော် အသိပေး
["ရန်ကုန်၊ ဧပြီ ၃", "ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်တွင် စစ်တပ်က ထိုးစစ်ဆင်ပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင် နေကြောင်းKIO ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။", "ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ လမြန် ကျေးရွာအနီး ရှိ KIA စခန်းနေရာကို စစ်ကောင်စီက ...
https://yktnews.com/2024/04/154666/
KNU တပ်မဟာ ၅ နယ်မြေတွင် မတ်လ တိုက်ပွဲများအတွင်း စစ်တပ်ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးအပါ အဝင် စစ်သား ၄၂ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၈ ဦးကျဆုံး ၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၈ ဦးသေဆုံး
["ရန်ကုန်၊ ဧပြီ ၃", "ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ KNU တပ်မဟာ ၅ နယ်မြေတွင် မတ်လ အတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၉၉ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးအပါအဝင် ၄၂ ဦး သေ ဆုံးခဲ့ကြောင်းKNU တပ်မဟာ ၅က တရားဝင် သတင်းထုတ်ပြန်သည်။", "မတ်လ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ကေအဲန်ယူ-မူတြော်ခရိုင်၊ အမှတ် ၅ ...
https://yktnews.com/2022/04/13889/
ပြည်သူနှင့်အတူ ပူးပေါင်းလာသော ခမရ ၅၈၅ ဒု- တပ်ရင်းမှူး ဗိုလ်မှူး တင်လင်းအောင်က ၎င်း ဆိတ်လစေ့မဟုတ်ဘဲ မင်းအောင်လှိုင်က ပြည်သူကို ရန်သူအဖြစ်သတ်မှတ်သည့်အပြင် ရဲဘော်များ၏ဘ၀ကို စတေးနေဟုဆို
["ရန်ကုန်၊ ဧပြီ ၃", "ကရင်အမျိုးသားအစည်းအရုံး KNU ထံဝင်ရောက်ပြီး ပြည်သူနှင့်အတူ ပူးပေါင်းလာသော ခမရ ၅၈၅ ဒု- တပ်ရင်းမှူး ဗိုလ်မှူး တင်လင်းအောင်က ၎င်း ဆိတ်လစေ့မဟုတ်ဘဲ မင်းအောင်လှိုင်က ပြည်သူကို ရန်သူအဖြစ်သတ်မှတ်သည့်အပြင် ရဲဘော်များ၏ဘ၀ကို စတေးနေဟုဆို ပြောဆိုလိုက်သည်။NUG အစိုးရ၏ ပြန်ကြားရေး PVTV နှင့်တွေ့ဆုံမေးမြန်းခန်းတွင်...
https://yktnews.com/2025/04/210040/
ကန်ပက်လက်မြို့ကို စစ်တပ်က လေယာဉ်ဖြင့် အကြိမ်ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များနှင့် အစိုးရ အဆောက်အဦးများ ပျက်စီး
["ရန်ကုန်၊ ဧပြီ ၃", "ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် အကြိမ်ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ နေအိမ်များနှင့် အစိုးရ အဆောက်အဦးများ ပျက်စီးခဲ့ကြောင်းကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးက ပြောဆိုသည်။", "ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ကန်ပက်လက်မြို့ကိ...
https://yktnews.com/2025/04/210006/
ငလျင်ဒဏ်သင့်ပြီး ကူညီသူ အရောက်အပေါက်နည်းပါးနေသော စစ်ကိုင်းတောင်ရိုးရှိ ဘုန်းကြီးကျောင်းများနှင့် သီလရှင်ချောင်များသို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရိက္ခများ လှူဒါန်း
["ရန်ကုန်၊ ဧပြီ ၃", "ငလျင်ဒဏ်သင့်ပြီး ကူညီသူ အရောက်အပေါက်နည်းပါးနေသော စစ်ကိုင်းတောင်ရိုးရှိ ဘုန်းကြီးကျောင်းများနှင့် သီလရှင်ချောင်များသို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရိက္ခများ လှူဒါန်းနေကြောင်းစစ်ကိုင်းမြို့နယ် ပကဖက ပြော သည်။", "ငလျင်ဒဏ်သင့်ခဲ့သည့် စစ်ကိုင်းတောင်ရိုးရှိ ဘုန်းကြီး ကျောင်းများနှင့် သီလရှင်ချောင်များသို့ စစ်...
https://yktnews.com/2025/04/210039/
စစ်ကိုင်းမြို့ သကျဓီတာ သီလရှင် စာသင်တိုက်ပြိုကျမှုတွင် အဆုတ်အထူးကု ဆရာဝန်မကြီး ဒေါက်တာသန္တာသွင် အပါ အဝင် ပြည်သူ ၃ ဦးသေဆုံးပြီး ကျောင်းတိုက်နာယက ဆရာတော် ၃ ပါးအပါအဝင် ၆ ပါး ပျံလွန် တော်မူ
["ရန်ကုန်၊ ဧပြီ ၃", "စစ်ကိုင်မြို့ သကျဓီတာ သီလရှင် စာသင်တိုက်ပြိုကျမှုတွင် အဆုတ်အထူးကု ဆရာဝန်မကြီး ဒေါက်တာသန္တာ သွင် အပါအဝင် ပြည်သူ ၃ ဦးသေဆုံးပြီး ကျောင်းတိုက်နာယက ဆရာတော် ၃ ပါးအပါအဝင် ၆ ပါး ပျံ လွန်တော်မူခဲ့ကြောင်းသကျဓီတာ သီလရှင်စာသင်တိုက်မှ ဆရာလေးမဝံသ ကရန်ကုန်ခေတ်သစ်သတင်းဌာနသို့ မိန့်ကြားသည်။", "မတ်လ ၂၈ ရက်မွန်းတည့် ...
https://yktnews.com/2022/04/13957/
မုံရွာအကျဉ်းထောင်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြော် ဆန္ဒပြ၊ မုံရွာမြို့ပေါ်မှာ ဗုံးပေါက်ပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်နေ
["ရန်ကုန်၊ ဧပြီ ၃", "စစ်ကိုင်းတိုင်း မုံရွာမြို့ မုံရွာအကျဉ်းထောင် အတွင်းမှာ ဧပြီလ (၃)ရက် ညနေပိုင်းက စစ် အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေ ကြွေးကြော်ဆန္ဒပြနေကြတယ်လို့ ကနဦးသိ ရပါတယ်။အကျဉ်းထောင်အတွင်းကနေ ဒို့ပြည်သူတွေ ညီရဲ့လားဟေ့ ဆိုတဲ့ ကြွေးကြော် သံတွေပေါ် ထွက်လာပြီး သေနတ်ပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ မုံရွာဒေသခံတွေကပ...
https://yktnews.com/2024/04/154716/
ရွှေဘို၊ တောင်လှတောင်တွင် တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၅ ဦးထက်မနည်း ဒဏ်ရာရ၊ မတ္တရာတွင်လည်း တပ်ချိန်းရန်လာသော စစ်ကြောင်း မိုင်းကွင်းထဲရောက်ရှိ ဖောက်ခွဲ၍ စစ်သား ၂၀ ဦး ဒဏ်ရာရ
["ရန်ကုန်၊ ဧပြီ ၃", "စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ အရှေ့ခြမ်း ကုလားမလက်ကောက်ကျရွာအနီး တောင်လှတောင်ပေါ် တွင် အခြေပြုတပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံး ၉ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နယ်စည်းမခြားရွှေဘိုသားတပ်ဖွဲ့မှ ဗိုလ်မိုက်ခဲကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော...
https://yktnews.com/2022/04/13918/
ခင်ဦးမြို့နယ်၊ ငါးတင်းကြီးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ကာ ပြည်သူပိုင်နေအိမ်များကို မီးတင်ရှို့
["ရန်ကုန်၊ ဧပြီ ၃", "စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ် ၊ ငါးကြီးတင်းကြီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ အင်အား ၈၀ ခန့်သည် ယနေ့ ဧပြီ ၃ ရက်နေ့ မနက် ၈ နာရီဝန်းကျင်တွင် လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်ကာ ပြည်သူများ နေအိမ်ကို မီးတင်ရှို့နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးထံမှ သိရှိရသည်။“၉ နာရီ ၂၀ မှာ စ မီးတင်ရှ...
https://yktnews.com/2022/04/13979/
ခင်ဦးမြို့နယ်၊ ငါးတင်းကြီးကျေးရွာကို စစ်တပ်က ယခုညမီးရှို့၊ ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံရပြီး PDF ရဲဘော် ၃ ဦး ကျဆုံး
["ရန်ကုန်၊ ဧပြီ ၃", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ငါးတင်းကြီးကျေးရွာကို ယနေ့ည ၈ နာရီဝန်းကျင်တွင် စစ်တပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့လျက်ရှိကြောင်း ခင်ဦးမြို့နယ် သတင်း မှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။ယနေ့ နံနက် ၈ နာရီအချိန်မှစ၍ ခင်ဦးမြို့နယ် ငါးတင်းကြီးကျေးရွာသို့ လက်နက်ကြီး/လက်နက်ငယ်များ အကြောင်းမဲ့ရမ်းသမ်းပစ်ခတ...
https://yktnews.com/2025/04/210004/
မင်းကွန်းဒေသတွင် ငလျင်ကြောင့် ထိခိုက်သေဆုံးသူ ၄၀ နီးပါးရှိပြီး သံဃာတော်များ ဦးဆောင်၍ တော်လှန်ရေးတပ်များ၊ ပြည်သူများ ပူးပေါင်း ကယ်ဆယ်ရေးလုပ်
["ရန်ကုန်၊ ဧပြီ ၃", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသတွင် ငလျင်ကြောင့် ထိခိုက်သေဆုံးသူ ၄၀ နီးပါးရှိပြီး သံဃာတော်တချို့က ဦးဆောင်၍ တော်လှန်ရေးတပ်များနှင့် ပြည်သူများက ရှင်းလင်းကူညီကယ်ဆယ်ရေးလုပ်ဆောင်နေရကြောင်းယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "မတ်လ၂၈ ...
https://yktnews.com/2022/04/13942/
တန့်ဆည်တွင် စစ်ကောင်စီတပ်ဖွဲ့ ၂ ကြိမ် မိုင်းဆွဲခံရပြီး စစ်ကား ၁ စီးမီးလောင်သွားကာ စစ်သားနှင့် ပျူစောထီး ၁၅ ဦးခန့် သေဆုံး
["ရန်ကုန်၊ ဧပြီ ၃", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် စိန်းလန်းရုံးနှင့် ဝရင်ငယ်-ရွာသစ် ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို ယမန်နေ့ ဧပြီလ ၂ ရက် ည ၉ နာရီဝန်းကျင်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကား ၁ စီး မီးလောင်ပျက်စီးသွားကာ စစ်သားနှင့် ပျူစောထီး ၁၅ ဦးခန့် ထိ...
https://yktnews.com/2022/04/13982/
စစ်ကိုင်း၊ မကွေးနှင့် ကချင်တို့တွင် စစ်ကောင်စီ စစ်ကြောင်းနှင့် တပ်စခန်းများ တိုက်ခိုက်ခံရပြီး စစ်သား ၁၉ဦးသေဆုံး
["ရန်ကုန်၊ ဧပြီ ၃", "စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းနှင့် တပ်စခန်းများ ဝင်ရောက်တိုက်ခိုက်ခံရကာ စစ်သား ၁၉ဦးသေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။မကွေး၊ ရေစကြို=========မကွေးတိုင်း ရေစကြိုမြို့နယ် ရှင်မတောင် တောင်တက်လမ်းပိုင်းတွင် ဧပြီလ ၃ ရက်နေ့ နံနက...
https://yktnews.com/2024/04/154628/
မုံရွာမြို့နယ်၊ တောပုရွာပျူစောထီးစခန်းနှင့် မြပုလဲဆီဆိုင် စစ်တပ် ဂိတ်စခန်းကို ဗုံးကျဲမှု စစ်သား၊ ပျူစောထီး ၇ ဦးသေဆုံး
["ရန်ကုန်၊ ဧပြီ ၃", "စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံးပြီး အဆောက်အအုံ ၃ လုံးမီးလောင်ပျက်စီးခဲ့ကြောင်းစစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း – MSPDFမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လွင်ဂူးကရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည...