url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/04/95884/
ရေစကြိုမြို့အဝင်တွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၅ ဦးသေဆုံး၊ တနင်္သာ ရီတိုင်းတွင် စစ်သားများ လိုက်ပါသော ၁၀ ဘီးကား မိုင်းဆွဲခံရ
["ရေစကြိုမြို့အဝင်တွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၅ ဦးသေဆုံး၊ တနင်္သာ ရီတိုင်းတွင် စစ်သားများ လိုက်ပါသော ၁၀ ဘီးကား မိုင်းဆွဲခံရ", "ရန်ကုန်၊ ဧပြီ ၅", "မကွေးတိုင်း၊ ရေစကြိုမြို့အဝင်တွင် အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ ၅ ဦးသေဆုံးခဲ့ ကြောင်း ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို...
https://yktnews.com/2023/12/134809/
ရေစကြိုမြို့၊ ခလရ ၂၅၈ တပ်အတွင်းမှ ထွက်လာသော စစ်သား ၃ ဦးကို ပစ်ခတ် ဖမ်းဆီးစဥ် ၁ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ
["ရေစကြိုမြို့၊ ခလရ ၂၅၈ တပ်အတွင်းမှ ထွက်လာသော စစ်သား ၃ ဦးကို ပစ်ခတ် ဖမ်းဆီးစဥ် ၁ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဒီဇင်ဘာ ၆", "မကွေးတိုင်း၊ ရေစကြိုမြို့၊ ခလရ ၂၅၈ တပ်အတွင်းမှ ထွက်လာသော စစ်ကောင်စီ တပ်သား ၃ ဦးကို ပစ်ခတ်ဖမ်းဆီးစဥ် တစ်ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ...
https://yktnews.com/2023/11/130618/
ရေစကြိုမြို့၊ ငြိမ်းဇာနည် ရဲစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး၊ ရေတာရှည်နှင့် ပခုက္ကူတို့တွင် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ၅ ဦးသေဆုံး
["ရေစကြိုမြို့၊ ငြိမ်းဇာနည် ရဲစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး၊ ရေတာရှည်နှင့် ပခုက္ကူတို့တွင် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ၅ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၁၀", "မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ ငြိမ်းဇာနည်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်‌ကောင် စီတပ်ဖွဲ့ဝင်...
https://yktnews.com/2023/03/93169/
ရေစကြိုမြို့၊ ဌာနဆိုင်ရာ စုပေါင်းရုံး ကို လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ် သားများသေဆုံးနိုင်၊ ရွှေဘိုတွင်လည်း စစ်တပ် တပ်စွဲထားသော စည်ပင် ရုံးကို တိုက်ခိုက်
["ရေစကြိုမြို့၊ ဌာနဆိုင်ရာ စုပေါင်းရုံး ကို လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ် သားများသေဆုံးနိုင်၊ ရွှေဘိုတွင်လည်း စစ်တပ် တပ်စွဲထားသော စည်ပင် ရုံးကို တိုက်ခိုက်", "ရန်ကုန်၊ မတ် ၁၉", "မကွေးတိုင်း၊ ရေစကြို့မြို့၊ အမှတ် ၂ စည်ပင်သာယာရေးရပ်ကွက်ရှိဌာနဆိုင်ရာ ရုံးတွင် တပ်စွဲထား သော အကြမ်းဖက်စစ်သား များကို လောင်ချာဖြင့် ဝင်...
https://yktnews.com/2023/02/87414/
ရေစကြိုမြို့၊ ဖောင်တော်ဦးရပ်ကွက်ရှိ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၅ ဦး ထက်မနည်းသေဆုံးဟုဆို
["ရေစကြိုမြို့၊ ဖောင်တော်ဦးရပ်ကွက်ရှိ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၅ ဦး ထက်မနည်းသေဆုံးဟုဆို", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "မကွေးတိုင်း၊ ရေစကြိုမြို့၊အမှတ် ၄ ၊ ဖောင်တော်ဦးရပ်ကွက်ရှိ အကြမ်းဖက်စစ်သားများတပ်စွဲထားရာ ငြိမ်းဇာနည်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်း ဖက်စစ်သား ၁၅ ဦးထက်မနည်းသေဆုံးပြီး အများ အပြားဒ...
https://yktnews.com/2023/11/132436/
ရေစကြိုရှိ စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ ၊ ကျောက်ထုနှင့် ပခုက္ကူတွင် စစ်ယာဥ်တန်းနှင့် ဂိတ်စခန်းတို့ကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး
["ရေစကြိုရှိ စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ ၊ ကျောက်ထုနှင့် ပခုက္ကူတွင် စစ်ယာဥ်တန်းနှင့် ဂိတ်စခန်းတို့ကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၂၁", "မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်က...
https://yktnews.com/2023/08/118913/
ရေစကြိုရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ ထားဝယ်တွင်လည်း စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၁ ဦးသေဆုံး
["ရေစကြိုရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ ထားဝယ်တွင်လည်း စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၁ ဦးသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၁၉", "မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခုက္ကူ-မုံရွာ၊ ပခုက္ကူ-မန္တလေးလမ်းမပေါ်ရှိ ကျောက်လှေကားကျေးရွာရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိ...
https://yktnews.com/2023/04/98007/
ရေစကြိုရှိ တပ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာပြင်းထန်
["ရေစကြိုရှိ တပ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာပြင်းထန်", "ရန်ကုန်၊ ဧပြီ ၁၇", "မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ခလရ ၂၅၈ နှင့် ၂၅၆ တပ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာ ပြင်းထန်စွာရရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။", "ဧပြီလ ၁၆ ရက် ...
https://yktnews.com/2023/10/126508/
ရေစကြိုရှိ ပခန်းကြီးရဲစခန်းမှ ရဲ ၂ ဦးကို ပစ်ခတ် ဖမ်းဆီးမှု ၁ ဦးသေဆုံး၊ သာစည်မြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ရေစကြိုရှိ ပခန်းကြီးရဲစခန်းမှ ရဲ ၂ ဦးကို ပစ်ခတ် ဖမ်းဆီးမှု ၁ ဦးသေဆုံး၊ သာစည်မြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၁၄", "မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးရဲစခန်းအနီးရှိ ဘီယာဆိုင်၌ ဘီယာသောက်ပြီးထွက်လာသည့် ရဲ ၂ ဦးကို အရှင်ဖမ်းဆီးရာ ပြန်လည် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးမှ...
https://yktnews.com/2023/07/112366/
ရေစကြို၊ ကိုင်မကြီးရွာမှ နွားကျောင်းသား ကိုကျော်သက်ပိုင်ကို ပျူစောထီး အဖွဲ့က အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်
["ရေစကြို၊ ကိုင်မကြီးရွာမှ နွားကျောင်းသား ကိုကျော်သက်ပိုင်ကို ပျူစောထီး အဖွဲ့က အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်", "ရန်ကုန်၊ ဇူလိုင် ၁၀", "မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကိုင်မကြီးရွာမှ နွားကျောင်းသား ကိုကျော်သက်ပိုင်ကို ပျူစောထီး အဖွဲ့က အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခဲ့​ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည...
https://yktnews.com/2024/03/150316/
ရေစကြို၊ ကျောက်လှေခါး စစ်တပ် စစ်ဆေးရေးဂိတ်ကိုလက်နက်ကြီးဖြင့်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
["ရေစကြို၊ ကျောက်လှေခါး စစ်တပ် စစ်ဆေးရေးဂိတ်ကိုလက်နက်ကြီးဖြင့်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၁၂", "မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ကျောက်လှေခါး စစ်ဆေးရေးအထိုင်စခန်းကို ၆၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်ီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်း...
https://yktnews.com/2024/01/142434/
ရေစကြို၊ ကြူကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ယခုညပိုင်း မီးတင်ရှို့နေ
["ရေစကြို၊ ကြူကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ယခုညပိုင်း မီးတင်ရှို့နေ", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကြူကျေးရွာကို စစ်တပ်က ယခုညပိုင်း မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၈ ရက်နေ့နံနက်ပိုင်း ရေစကြိုမြို့နယ်၊ ကြူကျေးရွာအနီးရှ...
https://yktnews.com/2023/06/110448/
ရေစကြို၊ ငတရော်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ဒရုန်းဖြင့် ဗုံးကျဲ ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံး
["ရေစကြို၊ ငတရော်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ဒရုန်းဖြင့် ဗုံးကျဲ ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၃၀", "မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ငတရော်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ဒရုန်းဖြင့် ဗုံးကျဲ ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ရေလယ်ကျွန်း သတင်းအဖွဲ့မှ တာဝန်ရှိသူ တစ...
https://yktnews.com/2022/12/75697/
ရေစကြို၊ ထန်ပင်ချောင်းရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၃၀ ကျော်ပြာကျ
["ရေစကြို၊ ထန်ပင်ချောင်းရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၃၀ ကျော်ပြာကျ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၂", "မကွေးတိုင်း၊ ရေစကြိုမြို့နယ် ထန်ပင်ချောင်းရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု ပြည်သူပိုင် နေအိမ် ၃၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်က ရေ...
https://yktnews.com/2023/04/95619/
ရေစကြို၊ မအူရဲစခန်းသိမ်းတိုက်ပွဲတွင် ရဲစခန်းမှူးမြင့်ကျော် အပါအဝင် ၁၀ ဦး သေဆုံးပြီး ရဲစခန်းကို မီးရှို့ရှင်းလင်း
["ရေစကြို၊ မအူရဲစခန်းသိမ်းတိုက်ပွဲတွင် ရဲစခန်းမှူးမြင့်ကျော် အပါအဝင် ၁၀ ဦး သေဆုံးပြီး ရဲစခန်းကို မီးရှို့ရှင်းလင်း", "ရန်ကုန်၊ ဧပြီ ၃", "မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူရဲစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်း ပိုက်ခဲ့ ရာ စခန်းမှူးမြင့်ကျော် အပါအဝင် ၁၀ ဦးသေဆုံးပြီး စခန်းကို မီးရှို့ရှင်းလင်းခဲ့ ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသ...
https://yktnews.com/2023/03/92652/
ရေစကြို၊ မအူရဲစခန်းအနီးတွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး
["ရေစကြို၊ မအူရဲစခန်းအနီးတွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၁၆", "မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူရဲစခန်းအနီးတွင် အကြမ်းဖက်စစ်သားများလိုက်ပါလာသည့် ဒိုင်နာ ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း ရေစကြို ပကဖမှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသ...
https://yktnews.com/2023/03/93521/
ရေစကြို၊ မီးလောင်ကျွန်းရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်၊ ပြည်သူပိုင် ပစ္စည်းများကိုလည်း မီးရှို့ဖျက်ဆီး
["ရေစကြို၊ မီးလောင်ကျွန်းရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်၊ ပြည်သူပိုင် ပစ္စည်းများကိုလည်း မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ မတ် ၂၁", "မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မီးလောင်ကျွန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၂ ဦး ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း မြောင်ဒေသ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ ...
https://yktnews.com/2023/01/78632/
ရေစကြို၊ မြိုင်အစပ်နှင့် ကောလင်းတွင် စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၄ ဦး သေဆုံး၊ မြင်းမူတွင်လည်း စစ်သားများကို ပါဆယ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်
["ရေစကြို၊ မြိုင်အစပ်နှင့် ကောလင်းတွင် စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၄ ဦး သေဆုံး၊ မြင်းမူတွင်လည်း စစ်သားများကို ပါဆယ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်", "ရန်ကုန် ၊ ဇန်နဝါရီ ၁", "မကွေးတိုင်း၊ ရေစကြိုမြို့နယ်နှင့်မြိုင်မြို့နယ်အစပ် တောရိုးထဲနှင့် ကောလင်းမြို့ပေါ်တို့တွင် အကြမ်းဖက်စစ်သားများတိုက်ခိုက်ခံရပြီး စစ်သား ၄ ဦး...
https://yktnews.com/2025/03/208778/
ရေစကြို၊ မြေတော်ရွာတွင် စစ်တပ်က ကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကို ခေါင်းဖြတ် မီးရှို့ သတ်ဖြတ်ပြီး နေအိမ် ၂၇၂ လုံးကို မီးရှို့ဖျက်ဆီး
["ရေစကြို၊ မြေတော်ရွာတွင် စစ်တပ်က ကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကို ခေါင်းဖြတ် မီးရှို့ သတ်ဖြတ်ပြီး နေအိမ် ၂၇၂ လုံးကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ မတ် ၂၅", "မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မြေတော်ရွာတွင် အကြမ်းဖက် စစ်တပ်က ကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကို ခေါင်းဖြတ် မီးရှို့ သတ်ဖြတ်ပြီး နေအိမ် ၂၇၂ လုံးကို မီးရှို့ဖျက...
https://yktnews.com/2025/03/205854/
ရေစကြို၊ ရေလယ်ကျွန်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ကျော်ပါ စစ် တပ်ကို ပိတ်ဆို့တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၉ ဦးထက်မနည်း သေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိ၊ လက်နက်နှင့်ခဲယမ်းများ ရရှိ
["ရေစကြို၊ ရေလယ်ကျွန်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ကျော်ပါ စစ် တပ်ကို ပိတ်ဆို့တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၉ ဦးထက်မနည်း သေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိ၊လက်နက်နှင့်ခဲယမ်းများ ရရှိ", "ရန်ကုန်၊ မတ် ၁", "မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း၊ ရေလယ်ကျွန်းဒေသသို့ စစ်ကြောင်းထိုးဝင်ရောက်လာ သ...
https://yktnews.com/2025/04/211106/
ရေစကြို၊ သာဂေါင်ကြီးရွာ စာသင်ကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်
["ရေစကြို၊ သာဂေါင်ကြီးရွာ စာသင်ကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ ဧပြီ ၁၂", "မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သာဂေါင်ကြီးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Yesagyo Township Info Committee မှ တာဝန်...
https://yktnews.com/2023/11/133284/
ရေဇွာမြို့တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်
["ရေဇွာမြို့တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်", "ရန်ကုန်၊ နိုဝင်ဘာ ၂၇", "ချင်းပြည်နယ်၊ ရေဇွာမြို့တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်ခဲ့ကြောင်း CDF-ZOTUNG တပ်ဖွဲ့ က ထုတ်ပြန်ထားသည်။", "န...
https://yktnews.com/2023/12/133985/
ရေဇွာမြို့ပေါ်ကို စစ်တပ်က ၂ ရက်ဆက်တိုက် ဗုံးကျဲတိုက်ခိုက်မှု ဘုရားကျောင်း၊ ဆေးရုံ အပါအဝင် နေအိမ်အဆောက်အအုံ အလုံး ၆၀ ကျော် ပျက်စီး
["ရေဇွာမြို့ပေါ်ကို စစ်တပ်က ၂ ရက်ဆက်တိုက် ဗုံးကျဲတိုက်ခိုက်မှု ဘုရားကျောင်း၊ ဆေးရုံ အပါအဝင် နေအိမ်အဆောက်အအုံ အလုံး ၆၀ ကျော် ပျက်စီး", "ရန်ကုန်၊ ဒီဇင်ဘာ ၁", "ချင်းပြည်နယ်၊ ရေဇွာမြို့ကို အကြမ်းဖက် စစ်တပ်က ၂ ရက် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဘုရားကျောင်း၊ ဆေးရုံတို့ အပါအဝင် နေအိမ် အဆောက်အအုံ အလုံး ၆၀ ကျော် ပျက်စီးဆုံးရ...
https://yktnews.com/2023/12/134867/
ရေဇွာမြို့သိမ်း တိုက်ပွဲတွင် ဒုအရာခံဗိုလ် ရာထူးတိုးပေးပြီး အသေခံတိုက်ပွဲဝင်ခိုင်းခံရသည့် တပ်ကြပ်ကြီး မြင့်ဇော်(ခ) ရဲမြင့်ဇော်(ဗိုလ်လေး) ကို အကြမ်းဖက် မင်းအောင်လှိုင်က သူရဲကောင်းဘွဲ့ပေး
["ရေဇွာမြို့သိမ်း တိုက်ပွဲတွင် ဒုအရာခံဗိုလ် ရာထူးတိုးပေးပြီး အသေခံတိုက်ပွဲဝင်ခိုင်းခံရသည့် တပ်ကြပ်ကြီး မြင့်ဇော်(ခ) ရဲမြင့်ဇော်(ဗိုလ်လေး) ကို အကြမ်းဖက် မင်းအောင်လှိုင်က သူရဲကောင်းဘွဲ့ပေး", "စစ်ကူနှင့် လေယာဉ်လာပြီဟု စစ်ဗိုလ်ချုပ်များက လိမ်လည်ခဲ့ပြီး ဗိုလ်လေး မြင့်ဇော်(ခ) ရဲမြင့်ဇော် သေဆုံးသည်အထိ ဘာမှ ရောက်မလာခဲ့", "ရန်က...
https://yktnews.com/2025/02/205412/
ရေတာရှည် ကျွန်းတောကုန်းရွာတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး
["ရေတာရှည် ကျွန်းတောကုန်းရွာတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျွန်းတောကုန်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း တော်ဝင်လျှပ်စီးစစ်ကြောင်း သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ...
https://yktnews.com/2023/02/88450/
ရေတာရှည်တိုက်ပွဲတွင် သေဆုံးသွားသော စစ်သား ၃၀ ကျော်တွင် အမှတ် ၂၀၂၂ လေကြောင်းရန် ကာကွယ် ရေးတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ဇေယျာထွန်း ပါ သေဆုံးခဲ့
["ရေတာရှည်တိုက်ပွဲတွင် သေဆုံးသွားသော စစ်သား ၃၀ ကျော်တွင် အမှတ် ၂၀၂၂ လေကြောင်းရန် ကာကွယ် ရေးတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ဇေယျာထွန်း ပါ သေဆုံးခဲ့", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ဖြစ်ပွားသော တိုက်ပွဲတွင် သေဆုံးသွားသော စစ်သား ၃၀ ကျော်အနက်တွင် အမှတ် ၂၀၂၂ လေကြောင်းရန် ကာက...
https://yktnews.com/2023/03/94646/
ရေတာရှည်တွင် PDF ထောက်/ပို့မိသားစုကို ချောင်းမြောင်းလုပ်ကြံခဲ့သူ ပျူစောထီး ၂ ဦး ပစ်ခတ်ခံရ‌ပြီး သေဆုံး
["ရေတာရှည်တွင် PDF ထောက်/ပို့မိသားစုကို ချောင်းမြောင်းလုပ်ကြံခဲ့သူ ပျူစောထီး ၂ ဦး ပစ်ခတ်ခံရ‌ပြီး သေဆုံး", "ရန်ကုန်၊ မတ် ၂၈", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာအုပ်စု၊ ကျောက်အိုး ကျေး ရွာနေ PDF ထောက်ပို့ မိသားစုအား ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်သူ ပျူစော ထီး ၂ ဦးကို ဖမ်းဆီးပြီး ပစ်ခတ်ရှင်းလင်းရာ သေဆုံးသွာ...
https://yktnews.com/2023/07/112344/
ရေတာရှည်တွင် ကင်းပုန်းဝပ်ရန် လာသော စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး
["ရေတာရှည်တွင် ကင်းပုန်းဝပ်ရန် လာသော စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၁၀", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ စည်ပိုင်းကျေးရွာတွင် တပ်စွဲထား‌‌သော အင်အား ၁၅၀ ခန့်ရှိ စစ်ကြောင်းမှ စစ်သားတချို့က စည်ပိုင်းကျေးရွာ အရှေ့ သရက်တောတွင် ကင်းပုန်းလာ၀ပ်စဉ် ပစ်ခတ်တိုက်ခိုက်ရ...
https://yktnews.com/2023/02/88385/
ရေတာရှည်တွင် ကျေးရွာများကို ဓားပြတိုက် ပြန်လာသော စစ်ကြောင်းကို တိုက် ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးကျော်သေဆုံးပြီး လက်နက် ၇ လက်၊ ခဲယမ်းများနှင့် ခိုးရာရွှေနှင့်ငွေများ သိမ်းဆည်းရမိ
["ရေတာရှည်တွင် ကျေးရွာများကို ဓားပြတိုက် ပြန်လာသော စစ်ကြောင်းကို တိုက် ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးကျော်သေဆုံးပြီး လက်နက် ၇ လက်၊ ခဲယမ်းများနှင့် ခိုးရာရွှေနှင့်ငွေများ သိမ်းဆည်းရမိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ရေတာရှည်တွင် ကျေးရွာများကို ဓားပြတိုက် ပြန်လာသော စစ်ကြောင်းကို တိုက်ခ...
https://yktnews.com/2025/03/205859/
ရေတာရှည်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သံဃာတော် ၁ ပါး ဒဏ်ရာ ရရှိပြီး ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနှင့် နေအိမ် ၆ လုံးမီးလောင် ပျက်စီး
["ရေတာရှည်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သံဃာတော် ၁ ပါး ဒဏ်ရာ ရရှိပြီး ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနှင့် နေအိမ် ၆ လုံးမီးလောင် ပျက်စီး", "ရန်ကုန်၊ မတ် ၁", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ရဟန်း ၁ ပါး ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနှင့် နေအိမ် ၆ လု...
https://yktnews.com/2023/05/104275/
ရေတာရှည်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
["ရေတာရှည်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ မေ ၂၅", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာ အပြင်းအထန် ရရှိကြောင်း သံတောင် မြောက် ပိုင်းအထူးဒေသ တပ်ခွဲ ၄ ဒေါင်းမင်းသားညီနောင်အဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောဆို...
https://yktnews.com/2023/05/100402/
ရေတာရှည်တွင် စစ်တပ်ထောက်ခံသူ ၁ ဦး ပစ်ခတ် ခံရပြီး သေဆုံးမှုကို NLD ထောက်ခံသူ သေဆုံးမှု အဖြစ် စစ်လော်ဘီများက ဝါဒဖြန့်၊ လှိုင်သာယာတွင်လည်း ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး
["ရေတာရှည်တွင် စစ်တပ်ထောက်ခံသူ ၁ ဦး ပစ်ခတ် ခံရပြီး သေဆုံးမှုကို NLD ထောက်ခံသူ သေဆုံးမှု အဖြစ် စစ်လော်ဘီများက ဝါဒဖြန့်၊ လှိုင်သာယာတွင်လည်း ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး", "ရန်ကုန်၊ မေ ၁", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်တပ်ထောက်ခံသူနှင့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ရေတာရှ...
https://yktnews.com/2023/02/87728/
ရေတာရှည်တွင် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၄ ဦးဒဏ်ရာရ၊ ရွာကို အတင်းအကျပ်ပြောင်းရွှေ့ခိုင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလုယက်
["ရေတာရှည်တွင် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၄ ဦးဒဏ်ရာရ၊ ရွာကို အတင်းအကျပ်ပြောင်းရွှေ့ခိုင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလုယက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး အရပ်သ...
https://yktnews.com/2023/07/115683/
ရေတာရှည်တွင် စစ်တောင်းမြစ်အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ မြိုင်တွင် ပျူစောထီးကျေးရွာများနှင့် ရဲစခန်းများကို ရှော့တိုက်ဒုံး၊ ဒရုန်း များဖြင့် ဗုံးကျဲတိုက်ခိုက်
["ရေတာရှည်တွင် စစ်တောင်းမြစ်အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ မြိုင်တွင် ပျူစောထီးကျေးရွာများနှင့် ရဲစခန်းများကို ရှော့တိုက်ဒုံး၊ ဒရုန်း များဖြင့် ဗုံးကျဲတိုက်ခိုက်", "ရန်ကုန်၊ ဇူလိုင် ၃၁", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ...
https://yktnews.com/2025/01/201212/
ရေတာရှည်တွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး၊ စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု နေအိမ်များ ပျက်စီး
["ရေတာရှည်တွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး၊ စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု နေအိမ်များ ပျက်စီး", "ရန်ကုန်၊ ဇန်နဝါရီ ၂၇", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ကြောင်...
https://yktnews.com/2023/01/81699/
ရေတာရှည်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က သေဆုံးသူ များပြားကာ PDF ရဲဘော် ၁ ဦးကျဆုံး၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
["ရေတာရှည်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က သေဆုံးသူ များပြားကာ PDF ရဲဘော် ၁ ဦးကျဆုံး၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၈", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး အရာရှိ ၃ ဦးအပါအဝ...
https://yktnews.com/2023/04/97658/
ရေတာရှည်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ထိခိုက်သေဆုံးသူ များပြား၊ ပေါင်းတည်မြို့ရှိ သင်္ကြန်မဏ္ဍပ်၌ ဗုံးပေါက်ပြီးနောက် မဏ္ဍပ် ဖျက်သိမ်း
["ရေတာရှည်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ထိခိုက်သေဆုံးသူ များပြား၊ ပေါင်းတည်မြို့ရှိ သင်္ကြန်မဏ္ဍပ်၌ ဗုံးပေါက်ပြီးနောက် မဏ္ဍပ် ဖျက်သိမ်း", "ရန်ကုန်၊ ဧပြီ ၁၅", "ပဲခူတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ဗိုလ် တစ်ဦးအပါအဝင် ၂၀ ကျော်သေဆုံးခဲ့ကြောင်း ရေ တာ...
https://yktnews.com/2023/04/97839/
ရေတာရှည်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး၊ ယင်းမာပင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ပစ်ခတ်တိုက်ခိုက်
["ရေတာရှည်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး၊ ယင်းမာပင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ပစ်ခတ်တိုက်ခိုက်", "ရန်ကုန်၊ ဧပြီ ၁၆", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး အင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း တောင်ငူခရိုင်...
https://yktnews.com/2023/07/112462/
ရေတာရှည်တွင် ပျူစောထီး ကျွဲကြီး(ခ)ဇင်မျိုးထွန်းနှင့် အောင်လံမြို့တွင် တပ်ကုန်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပစ်ခတ်ခံရပြီးသေဆုံး
["ရေတာရှည်တွင် ပျူစောထီး ကျွဲကြီး(ခ)ဇင်မျိုးထွန်းနှင့် အောင်လံမြို့တွင် တပ်ကုန်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပစ်ခတ်ခံရပြီးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၁၁", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကင်းလဲဆိပ်ကျေးရွာတွင် သမီးအရင်းဖြစ်သူနှင့် ပြည်သူတစ်ဦးကို ရက် စက်စွာ လည်လှီးသတ်ဖြတ်ခဲ့သူ စစ်ပြေး ပျူစောထီးသင်တန်းဆင်း ကျွဲကြီး(ခ)ဇင်မျို...
https://yktnews.com/2024/11/190578/
ရေတာရှည်တွင်​ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲ မှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ပြည်သူ ၂ ဦး အပြင်းအထန်ဒဏ်ရာရ
["ရေတာရှည်တွင်​ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲ မှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ပြည်သူ ၂ ဦး အပြင်းအထန်ဒဏ်ရာရ", "ရန်ကုန်၊ နိုဝင်ဘာ ၃", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ​ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး...
https://yktnews.com/2024/10/189328/
ရေတာရှည်နှင့် ညောင်လေးပင်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး အသက် ၂ နှစ် ၊ ၁၀ နှစ် နှင့် ၁၅ နှစ်အရွယ် ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရ
["ရေတာရှည်နှင့် ညောင်လေးပင်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး အသက် ၂ နှစ် ၊ ၁၀ နှစ် နှင့် ၁၅ နှစ်အရွယ် ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရ", "ရန်ကုန်၊ အောက်တိုဘာ ၂၄", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဒိုးတန်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာထဲကို လက်နက...
https://yktnews.com/2022/12/77862/
ရေတာရှည်နှင့် တောင်ငူတွင် တိုက်ပွဲဖြစ်ပြီး စစ်အရာရှိ တစ်ဦးအပါအဝင် ၉ ဦးသေဆုံး
["ရေတာရှည်နှင့် တောင်ငူတွင် တိုက်ပွဲဖြစ်ပြီး စစ်အရာရှိ တစ်ဦးအပါအဝင် ၉ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၈", "ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်နှင့်တောင်ငူမြို့နယ်တွင် စစ်ကောင် စီတပ်နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပြီး စစ် အရာရှိတစ်ဦး အပါအဝင် စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း Bago Region PDF မှ တာဝန်...
https://yktnews.com/2024/09/182089/
ရေတာရှည်နှင့် မြိုင် မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦး ပြင်းထန်ဒဏ်ရာရ
["ရေတာရှည်နှင့် မြိုင် မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦး ပြင်းထန်ဒဏ်ရာရ", "ရန်ကုန်၊ စက်တင်ဘာ ၅", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျွဲကေားပင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျ...
https://yktnews.com/2024/10/189503/
ရေတာရှည်နှင့် ရေစကြို ရှိ စစ်တပ် စခန်းများကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး
["ရေတာရှည်နှင့် ရေစကြို ရှိ စစ်တပ် စခန်းများကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၂၅", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာတွင် စစ်တပ် စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ် သား ၁ ဦးသေဆုံးပြီး အကြမ်းဖက် စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြော...
https://yktnews.com/2024/12/195551/
ရေတာရှည်နှင့် လက်ပံတန်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး
["ရေတာရှည်နှင့် လက်ပံတန်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၄", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ခြမ်း၊ ပိတောက်ကုန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း ၉၀၁...
https://yktnews.com/2024/03/149028/
ရေတာရှည်မြို့ အဝင်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး၊ ပေါက်မြို့နယ်တွင် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်မှု ၁ ဦးသေဆုံး
["ရေတာရှည်မြို့ အဝင်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး၊ ပေါက်မြို့နယ်တွင် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်မှု ၁ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၅", "ပဲခူးတိုင်း၊ ရေတာရှည်မြို့ အဝင်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Daung Minn Thar -Yeda...
https://yktnews.com/2023/05/100317/
ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီအတွက် အလုပ်လုပ်နေသော စစ်သားဟောင်း တင့်ဆန်း ပစ်ခတ်ခံရပြီး သေဆုံး
["ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီအတွက် အလုပ်လုပ်နေသော စစ်သားဟောင်း တင့်ဆန်း ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ မေ ၁", "ပဲခူတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော စစ်သားဟောင်း တင့်ဆန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေါင်းမင်းသား ညီနောင်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်...
https://yktnews.com/2023/04/98756/
ရေတာရှည်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ထိခိုက်သေဆုံးသူ များပြားဟု ပြောဆို
["ရေတာရှည်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ထိခိုက်သေဆုံးသူ များပြားဟု ပြောဆို", "ရန်ကုန်၊ ဧပြီ ၂၁", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းမင်းသားညီနောင် တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပ...
https://yktnews.com/2023/02/89612/
ရေတာရှည်မြို့နယ်တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ရေတာရှည်မြို့နယ်တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ရေတာရှည်မြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၅ ရက်နေ့...
https://yktnews.com/2024/01/138485/
ရေတာရှည်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး
["ရေတာရှည်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၄", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ သဖန်းဇင်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း ပုဝါနီစစ်...
https://yktnews.com/2023/09/121890/
ရေတာရှည်မြို့နယ်တွင် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၅ ဦးသေဆုံး
["ရေတာရှည်မြို့နယ်တွင် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၅ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၁၀", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၂၅ ဦးသေဆုံးကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။", "စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၉...
https://yktnews.com/2023/07/112480/
ရေတာရှည်မြို့နယ်တွင် စစ်တပ်၏ ကျွဲရိုင်းပြင် စစ်ဆေးရေးဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်
["ရေတာရှည်မြို့နယ်တွင် စစ်တပ်၏ ကျွဲရိုင်းပြင် စစ်ဆေးရေးဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ ဇူလိုင် ၁၁", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ကျွဲရိုင်းပြင် စစ်ဆေးရေးဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်...
https://yktnews.com/2024/09/183449/
ရေတာရှည်မြို့နယ်တွင် ရေဘေးသင့် ပြည်သူများကို ကယ်ထုတ်နေစဉ် ရေစီးထဲ မျောပါသွားပြီး PDF ရဲဘော် ၁ ဦး ကျဆုံး၊ ရေဘေးသင့် ပြည်သူ ၃ ဦးလည်း သစ်ပင်ပိ၍ သေဆုံးပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ
["ရေတာရှည်မြို့နယ်တွင် ရေဘေးသင့် ပြည်သူများကို ကယ်ထုတ်နေစဉ် ရေစီးထဲ မျောပါသွားပြီး PDF ရဲဘော် ၁ ဦး ကျဆုံး၊ ရေဘေးသင့် ပြည်သူ ၃ ဦးလည်း သစ်ပင်ပိ၍ သေဆုံးပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ", "စစ်တပ်က ကယ်ဆယ်ရေး သမားများကို သွားရောက် ခွင့်မပေးဘဲ လမ်းပိုင်းများကို ပိတ်ဆို့ထား", "ရန်ကုန်၊ စက်တင်ဘာ ၁၄", "ပဲခူးတိုင်း၊ ရေတာရှ...
https://yktnews.com/2024/02/146946/
ရေတာရှည်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ၈၁ မမ ဗုံးသီးများ ကျဲချပြီး စက်လက်ဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရ
["ရေတာရှည်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ၈၁ မမ ဗုံးသီးများ ကျဲချပြီး စက်လက်ဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်ဖြင့် ၈၁ မမ ဗုံးသီးများ ကျဲချပြီး...
https://yktnews.com/2023/09/123393/
ရေတာရှည်မြို့နယ်ရှိ ကွမ်းအုံကျေးရွာ ရာအိမ်မှူးမောင်လွင် ပစ်ခတ်ခံရ၊ ကွမ်းအုံရွာရှေ့ တာရိုး၌ PDF အင်အား ၁၀၀ ခန့်ရောက်ရှိနေ
["ရေတာရှည်မြို့နယ်ရှိ ကွမ်းအုံကျေးရွာ ရာအိမ်မှူးမောင်လွင် ပစ်ခတ်ခံရ၊ ကွမ်းအုံရွာရှေ့ တာရိုး၌ PDF အင်အား ၁၀၀ ခန့်ရောက်ရှိနေ", "ရန်ကုန်၊ စက်တင်ဘာ ၂၁", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကွမ်းအုံကျေးရွာ ရာအိမ်မှူး မောင်လွင်ကို သွားရောက် သတိပေးပစ်ခတ် ခဲ့ရာ ဒဏ်ရာရရှိခဲ့ပြီး ကွမ်းအုံရွာရှေ့ တာရိုး၌ PDF အင်အား ၁၀၀ ခန့်ရောက်ရှိကာ...
https://yktnews.com/2023/09/122260/
ရေတာရှည်မြို့နယ်ရှိ စစ်တပ်၏ ဆိပ်ဖူးတောင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ စစ်သား ၁၅ ဦးသေဆုံး
["ရေတာရှည်မြို့နယ်ရှိ စစ်တပ်၏ ဆိပ်ဖူးတောင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ စစ်သား ၁၅ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၁၃", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဆိပ်ဖူးတောင်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင် အမှတ် ၃၅၀၁ တပ်ရင်းထံမှ သိရသည်။", "စက်တင...
https://yktnews.com/2023/06/107649/
ရေတာရှည်မြို့နယ်ရှိ စစ်တောင်းမြစ်ကူး တံတား စစ်ဆေးရေးဂိတ် ဖောက်ခွဲ တိုက်ခိုက်မှု ပျူစောထီး ခေါင်းဆောင် ၁ ဦး သေဆုံး၊ ဂိတ်စောင့်စစ်သား ဦးခေါင်းထဲ မိုင်းစဝင်ပြီး သေဆုံးရန် ရာခိုင်နှုန်းများပြား
["ရေတာရှည်မြို့နယ်ရှိ စစ်တောင်းမြစ်ကူး တံတား စစ်ဆေးရေးဂိတ် ဖောက်ခွဲ တိုက်ခိုက်မှု ပျူစောထီး ခေါင်းဆောင် ၁ ဦး သေဆုံး၊ ဂိတ်စောင့်စစ်သား ဦးခေါင်းထဲ မိုင်းစဝင်ပြီး သေဆုံးရန် ရာခိုင်နှုန်းများပြား", "ရန်ကုန်၊ ဇွန် ၁၄", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ စစ်တောင်းမြစ်ကူး တံတား စစ်ဆေးရေးဂိတ် ဖောက်ခွဲ တိုက်ခိုက်ရာ ပျူစောထီး ခေါ...
https://yktnews.com/2024/12/194489/
ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား၊ စစ်တပ်က အင်အား ထပ်မံဖြည့်တင်းနေ၍ စစ်ရေးတင်းမာနေ
["ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား၊ စစ်တပ်က အင်အား ထပ်မံဖြည့်တင်းနေ၍ စစ်ရေးတင်းမာနေ", "ရန်ကုန်၊ ဒီဇင်ဘာ ၅", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် အနောက်ခြမ်း၊ နှောပင်ကျေးရွာအနီးကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ...
https://yktnews.com/2023/07/111193/
ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး
["ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး", "ရန်ကုန်၊ ဇူလိုင် ၄", "ပဲခူတိုင်း၊ ရေတာရှည်မြို့နယ် အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တောင် ငူ ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ...
https://yktnews.com/2023/11/129227/
ရေတာရှည်မြို့နယ်အတွင်း တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ၂ ဦးအပါအဝင် ၈၀ ဦးထက်မနည်း သေဆုံး
["ရေတာရှည်မြို့နယ်အတွင်း တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ၂ ဦးအပါအဝင် ၈၀ ဦးထက်မနည်း သေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၁", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ၂ ဦးအပါအဝင် ၈၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင...
https://yktnews.com/2024/02/146195/
ရေတာရှည်မြို့နယ်၊ ကံလှကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၊ စစ်တပ်က ကံလှရွာရှိ နေအိမ် ၅၈ လုံးကို မီးရှို့ ဖျက်ဆီး
["ရေတာရှည်မြို့နယ်၊ ကံလှကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၊ စစ်တပ်က ကံလှရွာရှိ နေအိမ် ၅၈ လုံးကို မီးရှို့ ဖျက်ဆီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကံလှကျေးရွာအနီးကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၁ ဦ...
https://yktnews.com/2024/03/150267/
ရေတာရှည်မြို့နယ်၊ ကျွန်းတောစု ကျေးရွာတွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၂ ဦး ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး
["ရေတာရှည်မြို့နယ်၊ ကျွန်းတောစု ကျေးရွာတွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၂ ဦး ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး", "ရန်ကုန်၊ မတ် ၁၂", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ သိုင်းဝကျေးရွာအုပ်စု၊ ကျွန်းတောစုကျေးရွာတွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ရွှေအိုးနှင့် ခင်စိုးရီတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံးသွားခဲ့ကြောင်း ဒေသပြည်သူများက ...
https://yktnews.com/2024/10/189801/
ရေတာရှည်မြို့နယ်၊ ကြို့ပင်သာရွာရှိ စစ်တပ်ဂိတ်ကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ
["ရေတာရှည်မြို့နယ်၊ ကြို့ပင်သာရွာရှိ စစ်တပ်ဂိတ်ကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ အောက်တိုဘာ ၂၈", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကြို့ပင်သာရွာရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့...
https://yktnews.com/2024/01/139348/
ရေတာရှည်မြို့နယ်၊ ကွမ်းအုံကျေးရွာအတွင်း တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၁၅ ဦး သေဆုံး
["ရေတာရှည်မြို့နယ်၊ ကွမ်းအုံကျေးရွာအတွင်း တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၁၅ ဦး သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၀", "ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကွမ်းအုံကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း နေပြည် တော် PDF ဗျူဟာ ၁ စစ်က...
https://yktnews.com/2024/04/157857/
ရေတာရှည်မြို့နယ်၊ ခင်တန်းကြီးရွာအနီး တိုက်ပွဲတွင် စစ်သား ၂၀ ခန့်သေဆုံးပြီး PDF ရဲဘော် ၂ ဦး ကျဆုံး
["ရေတာရှည်မြို့နယ်၊ ခင်တန်းကြီးရွာအနီး တိုက်ပွဲတွင် စစ်သား ၂၀ ခန့်သေဆုံးပြီး PDF ရဲဘော် ၂ ဦး ကျဆုံး", "ရန်ကုန်၊ ဧပြီ ၁၈", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ခင်တန်းကြီးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၂၀ ခန့်သေဆုံးကာ PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း အလယ်ပိုင်းတိုင်း စစ်ဌာန၊ တပ်ရင်း ၉၀၁ မှ တာဝန်ရှိသူတစ်ဦးက ...
https://yktnews.com/2023/07/113494/
ရေတာရှည်မြို့နယ်၊ စစ်တောင်း မြစ်ကူးတံတားပေါ်ရှိ စစ်ဆေးရေးဂိတ်စခန်းကို ၄၀ မမ ၊ စနိုက်ပါတို့ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး
["ရေတာရှည်မြို့နယ်၊ စစ်တောင်း မြစ်ကူးတံတားပေါ်ရှိ စစ်ဆေးရေးဂိတ်စခန်းကို ၄၀ မမ ၊ စနိုက်ပါတို့ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၁၈", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်း မြစ်ကူးတံတားပေါ်ရှိ စစ်ဆေးရေးဂိတ်စခန်းကို ၄၀ မမ ၊ စနိုက်ပါတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ...
https://yktnews.com/2024/02/146355/
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ကူးတံတားဂိတ်နှင့် ရေဦးမြို့နယ်အနောက်ခြမ်းရှိ စစ်တပ်စစ်ကြောင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
["ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ကူးတံတားဂိတ်နှင့် ရေဦးမြို့နယ်အနောက်ခြမ်းရှိ စစ်တပ်စစ်ကြောင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင် စစ်တောင်းမြစ်ကူးတံတား၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက...
https://yktnews.com/2024/11/191146/
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဘေးရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ မီးလောင်ပျက်စီး
["ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဘေးရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ မီးလောင်ပျက်စီး", "ရန်ကုန်၊ နိုဝင်ဘာ ၇", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဘေးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့်...
https://yktnews.com/2024/07/175595/
ရေတာရှည်မြို့နယ်၊ ဆံတော်ပို့ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးများက ပြည်သူများထံမှ ခြိမ်းခြောက် ကောက်ယူထားသော ငွေကြေးများကို ပကဖ အဖွဲ့က ပြည်သူများထံ ပြန်လည် ပေးအပ်
["ရေတာရှည်မြို့နယ်၊ ဆံတော်ပို့ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးများက ပြည်သူများထံမှ ခြိမ်းခြောက် ကောက်ယူထားသော ငွေကြေးများကို ပကဖ အဖွဲ့က ပြည်သူများထံ ပြန်လည် ပေးအပ်", "ရန်ကုန်၊ ဇူလိုင် ၂၅", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် အနောက်ခြမ်း ဆံတော်ပို့ ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးများက ပြည်သူများထံမှ ခြိမ်းခြောက်ကောက်ခံထား...
https://yktnews.com/2023/06/107275/
ရေတာရှည်မြို့နယ်၊ ဆွာမြို့ မြောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဝင်းတင် သေနတ်ဖြင့် ၆ ချက် ပစ်ခတ်ခံရပြီး ထိုင်လျက် ငုတ်တုတ် သေဆုံး
["ရေတာရှည်မြို့နယ်၊ ဆွာမြို့ မြောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဝင်းတင် သေနတ်ဖြင့် ၆ ချက် ပစ်ခတ်ခံရပြီး ထိုင်လျက် ငုတ်တုတ် သေဆုံး", "ရန်ကုန်၊ ဇွန် ၁၂", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့ မြောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဝင်းတင် သေနတ်ဖြင့် ၆ ချက် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း စစ်တပ်ဘက်မှ သတင်းထုတ်ပြန်မှုနှင့် ...
https://yktnews.com/2023/02/88088/
ရေတာရှည်မြို့နယ်၊ ဇရစ်ရိုးကုန်းနှင့် ပင့်သီလာကျေးရွာမှ ‌ပြည်သူပိုင် နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြု
["ရေတာရှည်မြို့နယ်၊ ဇရစ်ရိုးကုန်းနှင့် ပင့်သီလာကျေးရွာမှ ‌ပြည်သူပိုင် နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြု", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ မိချောင်းအိုင်ကျေးရွာအုပ်စု၊ ဇရစ်ရိုးကုန်းနှင့် ပင့်သီလာကျေးရွာမှ ပြည်သူ ပိုင်နေအိမ်များအား ဖေဖော်ဝါရ...
https://yktnews.com/2023/10/125435/
ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာနှင့် လက်ပံဖြူကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်
["ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာနှင့် လက်ပံဖြူကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်", "ရန်ကုန်၊ အောက်တိုဘာ ၆", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာနှင့် လက်ပံဖြူကျေးရွာကို စစ်တပ် က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ကြ...
https://yktnews.com/2025/01/200636/
ရေတာရှည်မြို့နယ်၊ နှောပင်ရွာတွင် စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲနေသော စစ်သားများနှင့် စစ်ကူစစ်ကြောင်းကို PDF အမျိုးသမီး ရဲဘော်များ ပါဝင်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦး ဒဏ်ရာရ
["ရေတာရှည်မြို့နယ်၊ နှောပင်ရွာတွင် စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲနေသော စစ်သားများနှင့် စစ်ကူစစ်ကြောင်းကို PDF အမျိုးသမီး ရဲဘော်များ ပါဝင်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဇန်နဝါရီ ၂၃", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ နှောပင်ရွာတွင် စစ်ကြောင်းထိုး ဝင်ရောက် တပ်စွဲနေသော အကြမ်းဖက် စစ်သားများနှင့် စစ်ကူစစ်ကြော...
https://yktnews.com/2023/11/132052/
ရေတာရှည်မြို့နယ်၊ ပိတောက်ကုန်းကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ် ခမရ ၁၉ မှ ဗိုလ်မှူး တစ်ဦးအပါအဝင် ၄၀ ကျော်သေဆုံး
["ရေတာရှည်မြို့နယ်၊ ပိတောက်ကုန်းကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ် ခမရ ၁၉ မှ ဗိုလ်မှူး တစ်ဦးအပါအဝင် ၄၀ ကျော်သေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၁၉", "ပဲခူးတိုင်းရေတာရှည်မြို့နယ်၊ ပိတောက်ကုန်းကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ခမရ ၁၉ မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ၄၀ ကျော်သေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဌာန က တရားဝင်...
https://yktnews.com/2024/12/195674/
ရေတာရှည်မြို့နယ်၊ ပိတောက်ကုန်းရွာ ၂ ရက်တာ တိုက်ပွဲအတွင်း စစ်သား ၁၂ ဦးသေဆုံး
["ရေတာရှည်မြို့နယ်၊ ပိတောက်ကုန်းရွာ ၂ ရက်တာ တိုက်ပွဲအတွင်း စစ်သား ၁၂ ဦးသေဆုံး", "ရန်ကုန် ၊ ဒီဇင်ဘာ ၁၅", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်း ပိတောက်ကုန်းရွာ၌ ၂ ရက်တာတိုက် ပွဲဖြစ်ပြီး စစ်သား ၁၂ ဦးသေဆုံးခဲ့ကြောင်း ကီးကူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဒီဇင...
https://yktnews.com/2025/01/198349/
ရေတာရှည်မြို့နယ်၊ ပိန်းနှဲပင်နှင့် ကဲလင်းဆိပ်ကျေးရွာတို့ကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲပြီး မီးရှို့ဖျက်ဆီး
["ရေတာရှည်မြို့နယ်၊ ပိန်းနှဲပင်နှင့် ကဲလင်းဆိပ်ကျေးရွာတို့ကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲပြီး မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဇန်နဝါရီ ၅", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ပိန်းနှဲပင်နှင့် ကဲလင်းဆိပ်ကျေးရွာတို့ကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲပြီး မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို...
https://yktnews.com/2023/12/137876/
ရေတာရှည်မြို့နယ်၊ မရိုးခုံကျေးရွာကို မီးရှို့ဖျက်ဆီး နေသော စစ်သားများကို လက်နက်ကြီး၊ စနိုက်ပါ တို့ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး
["ရေတာရှည်မြို့နယ်၊ မရိုးခုံကျေးရွာကို မီးရှို့ဖျက်ဆီး နေသော စစ်သားများကို လက်နက်ကြီး၊ စနိုက်ပါ တို့ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၉", "ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မရိုးခုံကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်သားက မီးရှို့ဖျက်ဆီးနေစဉ် လက်နက်ကြီး၊ စနိုက်ပါဖြင့် ပစ်ခတ...
https://yktnews.com/2024/09/185076/
ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး
["ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၂၅", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်း ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကီးကူစစ်ကြောင်းမှ ...
https://yktnews.com/2025/03/207572/
ရေတာရှည်မြို့နယ်၊ ရွာသစ်ရွာကို မီးရှို့နေသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ
["ရေတာရှည်မြို့နယ်၊ ရွာသစ်ရွာကို မီးရှို့နေသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ", "ရန်ကုန်၊ မတ် ၁၄", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ရွာကို မီးရှို့နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း တော်ဝင်လျှပ်စီးစစ်ကြောင်း သတင...
https://yktnews.com/2024/02/144552/
ရေတာရှည်မြို့နယ်၊ သဖန်းဇင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီ တပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် ၄ ဦးသေဆုံး
["ရေတာရှည်မြို့နယ်၊ သဖန်းဇင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီ တပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် ၄ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "ပဲခူးတိုင်း၊‌ ရေတာရှည်မြို့နယ်၊ သဖန်းဇင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အ...
https://yktnews.com/2024/10/187696/
ရေတာရှည်မြို့နယ်၊ သဖန်းဇင်ရွာ နာရေး အခမ်းအနားနှင့် ရွှေကဇောင်းရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သားအမိ ၂ ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၉ ဦး ပြင်းထန် ဒဏ်ရာရ
["ရေတာရှည်မြို့နယ်၊ သဖန်းဇင်ရွာ နာရေး အခမ်းအနားနှင့် ရွှေကဇောင်းရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သားအမိ ၂ ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၉ ဦး ပြင်းထန် ဒဏ်ရာရ", "ရန်ကုန်၊ အောက်တိုဘာ ၁၃", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ သဖန်းဇင်ရွာ နာရေး အခမ်းအနားနှင့် ရွှေကဇောင်းရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်...
https://yktnews.com/2023/07/112139/
ရေတာရှည်မြို့ပေါ်ရှိ လဝက ရုံးကို ဖောက်ခွဲတိုက်ခိုက်မှု စစ်​သား ၂ ဦးသေဆုံး
["ရေတာရှည်မြို့ပေါ်ရှိ လဝက ရုံးကို ဖောက်ခွဲတိုက်ခိုက်မှု စစ်​သား ၂ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၉", "ပဲခူးတိုင်း၊ ရေတာရှည်မြို့ပေါ်ရှိ လဝက ရုံးကို ဖောက်ခွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Daung Minn Thar-Yedashe-PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၇ ရက်နေ့ ညနေ ၆ နာရီ ၃၇ ...
https://yktnews.com/2024/03/153840/
ရေတာရှည်မြို့အဝင်တွင် နေပြည်တော် စစ်ရေးပြ အခမ်းအနားမှ ပြန်လာသည့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု လေတပ်မှ ဒုဗိုလ်မှူးကြီး ၁ ဦး အပါအဝင် ၅ ဦး သေဆုံး
["ရေတာရှည်မြို့အဝင်တွင် နေပြည်တော် စစ်ရေးပြ အခမ်းအနားမှ ပြန်လာသည့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု လေတပ်မှ ဒုဗိုလ်မှူးကြီး ၁ ဦး အပါအဝင် ၅ ဦး သေဆုံး", "ရန်ကုန်၊ မတ် ၂၉", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရေတာရှည်မြို့အဝင်တွင် နေပြည်တော် စစ်ရေးပြ အခမ်းအနားမှ ပြန်လာသည့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ လေတပ...
https://yktnews.com/2024/07/171702/
ရေတာရှည်မြို့၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်ဇော်အောင်က စစ်မှုထမ်း ဥပဒေဖြင့် ၁ အိမ်လျှင် ငွေကျပ် ၅၀၀၀၀ နှုန်း လိုက်လံ ကောက်ခံနေ
["ရေတာရှည်မြို့၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်ဇော်အောင်က စစ်မှုထမ်း ဥပဒေဖြင့် ၁ အိမ်လျှင် ငွေကျပ် ၅၀၀၀၀ နှုန်း လိုက်လံ ကောက်ခံနေ", "ရန်ကုန်၊ ဇူလိုင် ၆", "ပဲခူးတိုင်း၊ ရေတာရှည်မြို့၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်ဇော်အောင်က စစ်မှုထမ်း ဥပဒေဖြင့် ၁ အိမ်လျှင် ငွေကျပ် ၅၀၀၀၀ နှုန်း လိုက်လံ ကောက်ခံနေကြောင်း ဒေသ...
https://yktnews.com/2024/10/188887/
ရေတာရှည်ရှိ ကျေးရွာများသို့ သန်းခေါင်စာရင်း ကောက်ရန် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၂ ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး
["ရေတာရှည်ရှိ ကျေးရွာများသို့ သန်းခေါင်စာရင်း ကောက်ရန် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၂ ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၂၁", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ ကျေးရွာများသို့ သန်းခေါင်စာရင်း ကောက်ရန် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင...
https://yktnews.com/2023/08/119814/
ရေတာရှည်ရှိ နဂျပ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးဒဏ်ရာရ၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကိုလည်း စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု နေအိမ်များ ပျက်စီး
["ရေတာရှည်ရှိ နဂျပ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးဒဏ်ရာရ၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကိုလည်း စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု နေအိမ်များ ပျက်စီး", "ရန်ကုန်၊ သြဂုတ် ၂၆", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ နဂျပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးဒဏ်ရာရရှ...
https://yktnews.com/2023/05/101702/
ရေတာရှည်၊ ကျောက်ပုံရွာရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်နှင့် ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့သည့် စစ်တပ် အတွက် အလုပ်လုပ်သူ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ရေတာရှည်၊ ကျောက်ပုံရွာရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်နှင့် ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့သည့် စစ်တပ် အတွက် အလုပ်လုပ်သူ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ မေ ၉", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျောက်ပုံရွာရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်နှင့် ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့သည့် စစ်တပ် အတွက် အလုပ်လုပ်သူ...
https://yktnews.com/2023/04/95845/
ရေတာရှည်၊ နှောပင်ကျေးရွာအနီးတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၁၀ လုံး ကျော် ကျဲချ၊ စစ်ကြောင်း အချင်းချင်း မှားယွင်း ပစ်ခတ်၍ စစ်သား ၃ ဦးသေဆုံး
["ရေတာရှည်၊ နှောပင်ကျေးရွာအနီးတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၁၀ လုံး ကျော် ကျဲချ၊ စစ်ကြောင်း အချင်းချင်း မှားယွင်း ပစ်ခတ်၍ စစ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၄", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ နှောင်ပင်ကျေးရွာအနီးတွင် စစ်တပ်က လေ ယာဉ် ဖြင့် ဗုံး ၁၀ လုံးထက် မနည်းကျဲချခဲ့ကြောင်း KNU သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ပြောဆ...
https://yktnews.com/2025/04/211018/
ရေတာရှည်၊ ပိတောက်ကုန်းကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ
["ရေတာရှည်၊ ပိတောက်ကုန်းကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ", "ရန်ကုန်၊ ဧပြီ ၁၁", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ပိတောက်ကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသား ၁ သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်က...
https://yktnews.com/2024/09/182430/
ရေတာရှည်၊ ဖြူးနှင့် သထုံမြို့နယ်တို့တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၁၈ ဦးဒဏ်ရာရ၊ ပြည်သူ ၉၁ ဦးကို စစ်တပ်က ဖမ်းဆီး
["ရေတာရှည်၊ ဖြူးနှင့် သထုံမြို့နယ်တို့တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၁၈ ဦးဒဏ်ရာရ၊ ပြည်သူ ၉၁ ဦးကို စစ်တပ်က ဖမ်းဆီး", "ရန်ကုန်၊ စက်တင်ဘာ ၈", "ပဲခူးတိုင်း၊ ရေတာရှည်နှင့်ဖြူးမြို့နယ်၊ မွန်ပြည်နယ်၊ သထုံမြို့နယ်တို့တွင် စစ် တပ် ၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး စစ်တပ်က မြေမြှုပ်မိုင်းများ ဆက်တိုက်...
https://yktnews.com/2023/11/131100/
ရေတာရှည်၊ မြင်းမူနှင့် ငါန်းဇွန် မြို့နယ်တို့ရှိ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ကြောင့် ဘုန်းကြီး ၁ ပါး သေဆုံး
["ရေတာရှည်၊ မြင်းမူနှင့် ငါန်းဇွန် မြို့နယ်တို့ရှိ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ကြောင့် ဘုန်းကြီး ၁ ပါး သေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၁၃", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း၊ အင်းကြီးပေါက်ကျေးရွာအနီးတွင် တိုက် ပွဲဖြစ်ပွားပြီး စစ်က...
https://yktnews.com/2025/01/200977/
ရေတာရှည်၊ အိုးမြေဒူးရွာတွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး
["ရေတာရှည်၊ အိုးမြေဒူးရွာတွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၂၆", "ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ၊ အိုးမြေဒူးကျေးရွာ၌ တပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေးတပ်များက ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ကီးကူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်း...
https://yktnews.com/2024/07/171921/
ရေနံချောင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဆဲဗင်းဇူလိုင်အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်
["ရေနံချောင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဆဲဗင်းဇူလိုင်အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်", "ရန်ကုန်၊ ဇူလိုင် ၇", "ရေနံချောင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ၆၂ နှစ်မြောက် ဆဲဗင်းဇူလိုင်အောက်မေ့ဖွယ်အခမ်းအနားနှင့်အတူ ဟောပြောပွဲ၊လက်ကမ်းစာစောင်မျှဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါအခမ်းအနားကို ရေနံချောင်းတက္ကသိုလ်...
https://yktnews.com/2023/09/121089/
ရေနံချောင်းတွင် ခလရ ၇၇ က ပြည်သူများ၏ ဆိုင်ကယ်များကို သိမ်းဆည်းပြီး တပ်တွင်း မိသားစုများကို အိမ်ထောင်စု တစ်စုလျှင် ဆိုင်ကယ် တစ်စီးဖြင့် ပြန်လည်ဝေပေ
["ရေနံချောင်းတွင် ခလရ ၇၇ က ပြည်သူများ၏ ဆိုင်ကယ်များကို သိမ်းဆည်းပြီး တပ်တွင်း မိသားစုများကို အိမ်ထောင်စု တစ်စုလျှင် ဆိုင်ကယ် တစ်စီးဖြင့် ပြန်လည်ဝေပေး", "ရန်ကုန်၊ စက်တင်ဘာ ၅", "မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း အမှတ် ၇၇ (ခလရ ၇၇ ) က မြို့ပေါ်တွင် ဆိုင်ကယ်များကို ဖမ်းဆီး စစ်ဆေး သိမ်းဆည်းပြီး ...
https://yktnews.com/2024/05/161633/
ရေနံချောင်းမြို့နယ်၊ သာလူးကန်ကျေးရွာမှ အသက် ၂၀ နှစ်အရွယ် မောင်ဖိုးချစ်ကို စစ်တပ်က အပြစ်တစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေ
["ရေနံချောင်းတွင် စစ်တပ်က လူငယ် ၄၀ ကျော် တပ်သားသစ်အဖြစ် စုဆောင်းဖမ်းဆီးသွား", "ရန်ကုန်၊ မေ ၁၀", "မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ သာလူးကန်ကျေးရွာမှ အသက် ၂၀ နှစ်အရွယ် မောင်ဖိုးချစ်ကို စစ်တပ်က အကြောင်း ပြချက်မရှိ၊ အပြစ်တစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်မရရှိတော့ဘဲ ပျောက်ဆုံးနေကြောင်း မိသားစုနှင့်နီးစပ်သူမျ...
https://yktnews.com/2024/10/189646/
ရေနံချောင်းတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သား ၁၀ ဦးသေဆုံးဟုဆို
["ရေနံချောင်းတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သား ၁၀ ဦးသေဆုံးဟုဆို", "ရန်ကုန်၊ အောက်တိုဘာ ၂၇", "မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း People’s Defense Force -Yenangyaung (YNG-PDF) မှတာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်...
https://yktnews.com/2024/08/180397/
ရေနံချောင်းမြို့နယ်တွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများနှင့် အတင်းအဓမ္မ စစ်မှုထမ်းရန် ဆင့်ခေါ်မှုများကြောင့် လူငယ်များ လုပ်ငန်းခွင် မသွားရဲ၊ နေအိမ်များတွင် မနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေရမှုများ အလွန်များပြားပြီး အလုပ်သမားရှားပါးမှုပြဿနာကြုံနေရ
["ရေနံချောင်းမြို့နယ်တွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများနှင့် အတင်းအဓမ္မ စစ်မှုထမ်းရန် ဆင့်ခေါ်မှုများကြောင့် လူငယ်များ လုပ်ငန်းခွင် မသွားရဲ၊ နေအိမ်များတွင် မနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေရမှုများ အလွန်များပြားပြီး အလုပ်သမားရှားပါးမှုပြဿနာကြုံနေရ", "ရန်ကုန်၊ ​ဩဂုတ် ၂၅", "မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် စစ်တပ်က တပ်...
https://yktnews.com/2024/05/160814/
ရေနံချောင်းမြို့နယ်တွင် စစ်ရေးတင်းမာနေပြီး တိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် ည ၈ နာရီမှ နံနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြရန် မေတ္တာရပ်ခံ
["ရေနံချောင်းမြို့နယ်တွင် စစ်ရေးတင်းမာနေပြီး တိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် ည ၈ နာရီမှ နံနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြရန် မေတ္တာရပ်ခံ", "ရန်ကုန်၊ မေ ၅", "မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် စစ်ရေးတင်းမာနေပြီး တိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် ည ၈ နာရီမှ မနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခြင်း မပြုကြရန် မ...
https://yktnews.com/2023/12/137896/
ရေနံချောင်းမြို့နယ်၊ ကုက္ကိုခွရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား
["ရေနံချောင်းမြို့နယ်၊ ကုက္ကိုခွရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား", "ရန်ကုန်၊ ဒီဇင်ဘာ ၂၉", "မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ကုက္ကိုခွရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၇ ဦးသေဆုံးကြောင်း မကွေးခရိုင်အ...
https://yktnews.com/2024/08/178579/
ရေနံချောင်းမြို့နယ်၊ ရွှေတုတ်ကန်ရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံး၊ စလင်းမြို့မ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စခန်းမှူး အပါအဝင် ၄ ဦးသေဆုံး
["ရေနံချောင်းမြို့နယ်၊ ရွှေတုတ်ကန်ရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံး၊ စလင်းမြို့မ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စခန်းမှူး အပါအဝင် ၄ ဦးသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၁၂", "မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ရွှေတုတ်ကန်ရွာတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပ...