url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/06/107227/
ရွှေဘိုတွင် စစ်ကြောင်း မိုင်းမိကာ စစ်သား ၃ ဦးသေဆုံးပြီးနောက် စစ်တပ်က ကျေးရွာ ၄ ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု​ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
["ရွှေဘိုတွင် စစ်ကြောင်း မိုင်းမိကာ စစ်သား ၃ ဦးသေဆုံးပြီးနောက် စစ်တပ်က ကျေးရွာ ၄ ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု​ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ ဇွန် ၁၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကိုးပင်တပ်မှ လာသော အင်အား ၇၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ဇွန် ၁၂ ရက်နေ့ နံနက်ပိုင်းတွင်...
https://yktnews.com/2023/05/100810/
ရွှေဘိုတွင် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် စစ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်
["ရွှေဘိုတွင် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် စစ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်", "ရန်ကုန်၊ မေ ၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှ စစ်ကြောင်းထွက်လာသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Black Wolf Army ထံ...
https://yktnews.com/2024/10/190131/
ရွှေဘိုတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရ၊ ပြည်သူပိုင် ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးပြီး ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ
["ရွှေဘိုတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရ၊ ပြည်သူပိုင် ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးပြီး ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ", "ရန်ကုန်၊ အောက်တိုဘာ ၃၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖ...
https://yktnews.com/2023/06/108840/
ရွှေဘိုတွင် စစ်တပ် ကင်းပုန်းကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
["ရွှေဘိုတွင် စစ်တပ် ကင်းပုန်းကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၂၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကင်းဗျားရွာနှင့် အိုးဗိုကျေးရွာ အကြားရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၂၃ မှ တာဝန်ရှိသူ တစ်ဦး...
https://yktnews.com/2024/11/191123/
ရွှေဘိုတွင် စစ်တပ် စစ်ကြောင်းက ချီပါရွာ၌ တပ်စွဲပြီး ၉ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာလိုအပ်နေ၊ ရွှေဘို-မုံရွာ လမ်းပိုင်းကိုလည်း စစ်တပ်က ပိတ်ဆို့ထား၍ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်
["ရွှေဘိုတွင် စစ်တပ် စစ်ကြောင်းက ချီပါရွာ၌ တပ်စွဲပြီး ၉ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာလိုအပ်နေ၊ ရွှေဘို-မုံရွာ လမ်းပိုင်းကိုလည်း စစ်တပ်က ပိတ်ဆို့ထား၍ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်", "ရန်ကုန်၊ နိုဝင်ဘာ ၇", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ...
https://yktnews.com/2023/03/93363/
ရွှေဘိုတွင် စစ်တပ်က ရွာလုံးကျွတ် မီးရှို့ခဲ့သည့် တင့်တယ်ရွာမှ ပြည်သူ ၁၀၀၀ ကျော် စားနိပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်
["ရွှေဘိုတွင် စစ်တပ်က ရွာလုံးကျွတ် မီးရှို့ခဲ့သည့် တင့်တယ်ရွာမှ ပြည်သူ ၁၀၀၀ ကျော် စားနိပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်", "ရန်ကုန်၊ မတ် ၂၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တင့်တယ်ရွာမှ ပြည်သူ ၁၀၀၀ ကျော် စားနိပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း တမာရင်ခွင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦ...
https://yktnews.com/2023/02/89797/
ရွှေဘိုတွင် စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး၊ အရာတော်၊ ဝက်လက် နှင့် ရွှေဘိုတို့ တွင် စစ်တပ် က အင်အား ၁၀၀၀ ကျော် ဖြင့် ကျေးရွာ များကို စစ်ကြောင်း ထိုး ဖျက်ဆီးမီး ရှို့နေ
["ရွှေဘိုတွင် စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး၊ အရာတော်၊ ဝက်လက် နှင့် ရွှေဘိုတို့ တွင် စစ်တပ် က အင်အား ၁၀၀၀ ကျော် ဖြင့် ကျေးရွာ များကို စစ်ကြောင်း ထိုး ဖျက်ဆီးမီး ရှို့နေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာနှင့် ရွာသစ်ကျေးရွာ အကြားတွင် စစ်တပ်စစ် ကြောင်း မိုင်းဆွဲတိုက်...
https://yktnews.com/2023/03/93266/
ရွှေဘိုတွင် စစ်သင်တန်းတက်ပြီး စစ်ကိုင်းသို့ ပြန်သော ပျူစောထီးများကို မိုင်းဆွဲတိုက် ခိုက်မှု ၉ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ
["ရွှေဘိုတွင် စစ်သင်တန်းတက်ပြီး စစ်ကိုင်းသို့ ပြန်သော ပျူစောထီးများကို မိုင်းဆွဲတိုက် ခိုက်မှု ၉ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ", "ရန်ကုန်၊ မတ် ၁၉", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် ရွှေဘိုထောက်ပို့တပ်တွင် စစ်သင်တန်းတက်ပြီး စစ်ကိုင်းသို့ ပြန်သော ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့...
https://yktnews.com/2023/11/130691/
ရွှေဘိုတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပြုလုပ်
["ရွှေဘိုတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပြုလုပ်", "ရန်ကုန်၊ နိုဝင်ဘာလ ၁၁", "ရွှေဘိုရှိ ကျေးရွာတစ်ရွာတွင် ယနေ့ ၁၁ရက် ၁၁လ အောင်သပြေလှုပ်ရှားမှုတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတစ်ရပ်အနေဖြင့် ပြည်သူများမှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/89365/
ရွှေဘိုတွင် စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် PDF ဟုဆိုကာ ပြည်သူ ၆ ဦးကို စစ်ခုံရုံးက ထောင်ဒဏ် သုံးသက်သုံးကျွန်းနှင့် နှစ်ရှည်များထောင်ဒဏ်များ တွဲဖက်ချမှတ်
["ရွှေဘိုတွင် စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် PDF ဟုဆိုကာ ပြည်သူ ၆ ဦးကို စစ်ခုံရုံးက ထောင်ဒဏ် သုံးသက်သုံးကျွန်းနှင့် နှစ်ရှည်များထောင်ဒဏ်များ တွဲဖက်ချမှတ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် PDF ဟု ဆိုကာ ပြည်သူ ၆ ဦးကို ထောင်ဒဏ် သုံးသက် သုံးကျွန်းနှင့် နှစ်ရှည်...
https://yktnews.com/2024/08/179523/
ရွှေဘိုတွင် ဆန်၊ ဆီ အလှူခံပြီး ပြန်လာသော အမျိုးသမီး ၂ ဦး အပါအဝင် စစ်ဘေးရှောင် ပြည်သူ ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီး
["ရွှေဘိုတွင် ဆန်၊ ဆီ အလှူခံပြီး ပြန်လာသော အမျိုးသမီး ၂ ဦး အပါအဝင် စစ်ဘေးရှောင် ပြည်သူ ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီး", "ရန်ကုန်၊ ဩဂုတ် ၁၉", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဆန်၊ဆီ အလှူခံပြီး ပြန်လာသော စစ်ဘေးရှောင် ပြည်သူ ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည...
https://yktnews.com/2025/05/214091/
ရွှေဘိုတွင် ဆိပ်ခွန်ရွာမှ ယာဥ်မောင်းနှင့် အမျိုးသမီး ၁ ဦးတို့ကို ကျန်းမာရေးဆေးပစ္စည်းများ သယ်ယူမှုဖြင့် ဖမ်းဆီးပြီး ကားနှင့် ကုန်ပစ္စည်းများသိမ်းယူ
["ရွှေဘိုတွင် ဆိပ်ခွန်ရွာမှ ယာဥ်မောင်းနှင့် အမျိုးသမီး ၁ ဦးတို့ကို ကျန်းမာရေးဆေးပစ္စည်းများ သယ်ယူမှုဖြင့် ဖမ်းဆီးပြီး ကားနှင့် ကုန်ပစ္စည်းများသိမ်းယူ", "ရန်ကုန်၊ မေ ၁၀", "စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင် ဆိပ်ခွန်ရွာမှ ကုန်ကားတစ်စီးကို ကျန်းမာရေးဆေးဝါးနှင့် ဆေးခန်းသုံးပစ္စည်းများသယ်ယူသည်ဟုဆိုကာ ယာဥ်မောင်းနှင့် အမျိုးသမီ...
https://yktnews.com/2025/02/202506/
ရွှေဘိုတွင် ညောင်ကိုင်းရွာမှ ပျူစောထီး ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်၊ ပခုက္ကူတွင်လည်း စစ်မှုထမ်း တပ်သားသစ် ၂ ဦး အလင်းဝင်
["ရွှေဘိုတွင် ညောင်ကိုင်းရွာမှ ပျူစောထီး ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်၊ ပခုက္ကူတွင်လည်း စစ်မှုထမ်း တပ်သားသစ် ၂ ဦး အလင်းဝင်", "ရန်ကုန်၊ဖေဖော်ဝါရီ ၅", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ညောင်ကိုင်းရွာမှ ပျူစောထီး ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တ...
https://yktnews.com/2023/11/129682/
ရွှေဘိုတွင် ဓာတ်ဆီဆိုင် ၂ ဆိုင်ကို ဓားပြတိုက်၍ ငွေလုသွားသည့် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ၂ ဦးကို တော်လှန်ရေးအဖွဲ့များက ဖမ်းဆီး
["ရွှေဘိုတွင် ဓာတ်ဆီဆိုင် ၂ ဆိုင်ကို ဓားပြတိုက်၍ ငွေလုသွားသည့် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ၂ ဦးကို တော်လှန်ရေးအဖွဲ့များက ဖမ်းဆီး", "ရန်ကုန်၊ နိုဝင်ဘာ ၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် စစ်တပ်လက်အောက်ခံ ပြည်သူစစ်အမည်ခံ ပျူစောထီး ၂ ဦးက နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ဓာတ်ဆီဆိုင် ၂ ဆိုင်ကို ဓားပြတိုက်၍ ငွေသာ...
https://yktnews.com/2023/06/108988/
ရွှေဘိုတွင် ပျူစောထီး ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိ
["ရွှေဘိုတွင် ပျူစောထီး ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဇွန် ၂၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ပျူစောထီး ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်ရာ ၄ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။", "ဇွန်လ ၂၀ ရက်နေ့၊...
https://yktnews.com/2023/12/135554/
ရွှေဘိုတွင် ပျူစောထီးများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ဘုတလင်ရဲစခန်း၊ မုံရွာ၊ သာစည်ရဲစခန်းနှင့် စစ်ကြောင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
["ရွှေဘိုတွင် ပျူစောထီးများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ဘုတလင်ရဲစခန်း၊ မုံရွာ၊ သာစည်ရဲစခန်းနှင့် စစ်ကြောင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်", "ရန်ကုန်၊ ၊ဒီဇင်ဘာ ၁၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ပြည်သူ့လယ်ယာများကို ရိတ်သိမ်းခိုးယူရန် ထွက်လာသော ပျူစော ထီးများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခ...
https://yktnews.com/2023/01/80219/
ရွှေဘိုတွင် ပြည်သူ့ သတင်းပေးလုပ်နေသော ဖရဲသီး ပျူစောထီးမိသားစုဝင် ၈ဦးကို ကယ်ထုတ်
["ရွှေဘိုတွင် ပြည်သူ့ သတင်းပေးလုပ်နေသော ဖရဲသီး ပျူစောထီးမိသားစုဝင် ၈ဦးကို ကယ်ထုတ်", "ရန်ကုန်၊ ဇန်နဝါရီ ၁၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အနောက်ခြမ်းရှိ သီးလုံးကျေးရွာမှ ပြည်သူ့သတင်းပေးလုပ်နေသော ပျူ စောထီးမိသားစုဝင် (၈) ဦးကို ကယ်ထုတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ပျူစောထီးနှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Snak...
https://yktnews.com/2025/02/204155/
ရွှေဘိုတွင် မန္တလေးဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ် အသတ်ခံရမှု ထိထိရောက်ရောက် အရေးယူရန် ခရစ်ယာန်အသိုင်းအဝိုင်း လိုလား
["ရွှေဘိုတွင် မန္တလေးဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ် အသတ်ခံရမှု ထိထိရောက်ရောက် အရေးယူရန် ခရစ်ယာန်အသိုင်းအဝိုင်း လိုလား", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် မန္တလေးဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ် အသတ်ခံရမှု ထိထိရောက်ရောက် အရေးယူရန် လိုလားကြကြောင်း မန္တလေ...
https://yktnews.com/2024/02/143583/
ရွှေဘိုတွင် မြို့လှကျေးရွာကို စစ်တပ်က မီးတင်ရှို့ပြီး ဇီးဖြူကုန်းကျေးရွာအပါ အဝင် ရွာများကို မွှေနှောက်လုယက် ဖျက်ဆီး၊ ပြည်သူများကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်မှုများရှိ
["ရွှေဘိုတွင် မြို့လှကျေးရွာကို စစ်တပ်က မီးတင်ရှို့ပြီး ဇီးဖြူကုန်းကျေးရွာအပါ အဝင် ရွာများကို မွှေနှောက်လုယက် ဖျက်ဆီး၊ ပြည်သူများကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်မှုများရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြို့လှကျေးရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ဇီးဖြူကျေးရွာအပါအဝင် ကျေးရွာများကို မွှေနှောက် လ...
https://yktnews.com/2023/07/115556/
ရွှေဘိုတွင် အိမ်စီးကားဖြင့် ကင်းပတ်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ သရက်ချောင်းရှိ ရငဲရွာ၌ တပ်စွဲထားသော စစ်သားများကို RPG ဖြင့် ပစ်ခတ် တိုက်ခိုက်
["ရွှေဘိုတွင် အိမ်စီးကားဖြင့် ကင်းပတ်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ သရက်ချောင်းရှိ ရငဲရွာ၌ တပ်စွဲထားသော စစ်သားများကို RPG ဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ ဇူလိုင် ၃၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အိမ်စီးကားဖြင့် ကင်းပတ်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း...
https://yktnews.com/2025/02/202072/
ရွှေဘိုနှင့် ကလေး တို့တွင် စစ်မှုထမ်း တပ်သားသစ် ၁ ဦးနှင့် စစ်ကောင်စီ တပ်သား ၁ ဦး အလင်းဝင်
["ရွှေဘိုနှင့် ကလေး တို့တွင် စစ်မှုထမ်း တပ်သားသစ် ၁ ဦးနှင့် စစ်ကောင်စီ တပ်သား ၁ ဦး အလင်းဝင်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခဲ့သည့် စစ်မှုထမ်း တပ်သားသစ် ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်...
https://yktnews.com/2023/05/100739/
ရွှေဘိုနှင့် ဒီပဲယင်း နယ်မှ စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်ကို အစားအသောက်များ ကျွေးမွေးလှူဒါန်း
["ရွှေဘိုနှင့် ဒီပဲယင်း နယ်မှ စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်ကို အစားအသောက်များ ကျွေးမွေးလှူဒါန်း", "ရန်ကုန်၊ မေ ၃", "စစ်ကိုင်းတိုင်း၊ ရွှေဘိုနှင့် ဒီပဲယင်း မြို့နယ်ရှိ စစ်ဘေး​ရှောင် ပြည်သူ ၂၀၀၀ ကျော်ကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေး အဖွဲ့မှ ယနေ့ မေလ ၃ ရက်နေ့တွင် အစားအသောက်များ ကျွေးမွေး လှူဒါန်းခဲ့ကြောင...
https://yktnews.com/2023/08/116184/
ရွှေဘိုနှင့် ဒီပဲယင်း မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်ကို ဆန်နှင့်ဆီများ လှူဒါန်း
["ရွှေဘိုနှင့် ဒီပဲယင်း မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်ကို ဆန်နှင့်ဆီများ လှူဒါန်း", "ရန်ကုန်၊ သြဂုတ် ၃", "ရွှေဘိုမြို့နယ်နှင့် ဒီပဲယင်း မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်ကို S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က ဆန်နှင့်ဆီများ လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/03/207307/
ရွှေဘိုနှင့် ပုလဲတွင် စစ်ကောင်စီ တပ်သား ၄ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်
["ရွှေဘိုနှင့် ပုလဲတွင် စစ်ကောင်စီ တပ်သား ၄ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်", "ရန်ကုန်၊ မတ် ၁၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး လက်နက် ၁ လက် ယူဆောင်လာပြီး မိသားစုနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန...
https://yktnews.com/2023/10/124856/
ရွှေဘိုနှင့် မြင်းမူရှိ စစ်တပ် တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းများကို ၁ လတာအတွင်း ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်သား ၁၀ ဦးသေဆုံး
["ရွှေဘိုနှင့် မြင်းမူရှိ စစ်တပ် တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းများကို ၁ လတာအတွင်း ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်သား ၁၀ ဦးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် မြင်းမူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းများကို စက်တင်ဘာ...
https://yktnews.com/2024/01/138417/
ရွှေဘိုနှင့် မြိုင် မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်
["ရွှေဘိုနှင့် မြိုင် မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၃", "စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နှင့် မကွေးတိုင်း မြိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့က...
https://yktnews.com/2022/11/60262/
ရွှေဘိုနှင့် မြောင်တွင် စစ်တပ် ကင်းပုန်းများ၊ တပ်နေရာများ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံး၊ ဒီမော့ဆိုတွင်လည်း စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် စစ်သား ၁ ဦးသေဆုံး
["ရွှေဘိုနှင့် မြောင်တွင် စစ်တပ် ကင်းပုန်းများ၊ တပ်နေရာများ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံး၊ ဒီမော့ဆိုတွင်လည်း စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် စစ်သား ၁ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၁၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့နယ်ခွဲတွင် ကင်းပုန်းဝပ်နေသည့် ပျူစောထီးများ ဖောက်ခွဲ တိုက်ခိုက်ခံရပြီး ၁ ဦးသေဆ...
https://yktnews.com/2023/12/137319/
ရွှေဘိုနှင့် ရေဦးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ထောင်နှင့် ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရ
["ရွှေဘိုနှင့် ရေဦးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ထောင်နှင့် ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၅", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် ရေဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ထေ...
https://yktnews.com/2023/09/121681/
ရွှေဘိုနှင့် ဝက်လက် နယ်စပ်တွင် စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်ပြီး မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
["ရွှေဘိုနှင့် ဝက်လက် နယ်စပ်တွင် စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်ပြီး မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၉", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ် အစပ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်ပြီး မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရို...
https://yktnews.com/2023/05/105294/
ရွှေဘိုနှင့် ဝက်လက်ရှိ စစ်ကြောင်းနှင့် ပျူစောထီးစခန်းတို့ကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
["ရွှေဘိုနှင့် ဝက်လက်ရှိ စစ်ကြောင်းနှင့် ပျူစောထီးစခန်းတို့ကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ မေ ၃၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်ရှိ စစ်သားများကို တိုက်ခိုက်ရာ ၃ ဦးသေဆုံးကြောင်း BLACK WOLF – ARMY အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၁၆ ရက်နေ့ နံနက်...
https://yktnews.com/2024/09/182272/
ရွှေဘိုနှင့် ဝက်လက်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["ရွှေဘိုနှင့် ဝက်လက်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ စက်တင်ဘာ ၆", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ဇီးကုန်းလေးရွာ ကင်းစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ...
https://yktnews.com/2025/04/210766/
ရွှေဘိုနှင့် သံတောင်ကြီးတို့တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်
["ရွှေဘိုနှင့် သံတောင်ကြီးတို့တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်", "ရန်ကုန်၊ ဧပြီ ၉", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီးရွာမှ ပြည်သူ့စစ် ၁ ဦး သေနတ် ၁ လက်ယူ ဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း People’s Defence Force Shwebo District မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ...
https://yktnews.com/2023/07/112507/
ရွှေဘိုမြို့ နန်းတော်ရာ အတွင်း တပ်စွဲထားသော စစ်တပ်ကို လက်ပစ်ဗုံးပစ် သွင်းတိုက်ခိုက်မှု ၄ ဦးသေဆုံး၊ ကော့ရွာရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦး သေဆုံး
["ရွှေဘိုမြို့ နန်းတော်ရာ အတွင်း တပ်စွဲထားသော စစ်တပ်ကို လက်ပစ်ဗုံးပစ် သွင်းတိုက်ခိုက်မှု ၄ ဦးသေဆုံး၊ ကော့ရွာရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦး သေဆုံး", "ရန်ကုန်၊ ဇူလိုင် ၁၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ နန်းတော်ရာ အတွင်း တပ်စွဲထားသော စစ်တပ်ကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆ...
https://yktnews.com/2024/01/141774/
ရွှေဘိုမြို့ မြောက်ဖက် မဟာနန္ဒာကန်တော်လမ်းပေါ်ရှိ စစ်ကောင်စီ ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး
["ရွှေဘိုမြို့ မြောက်ဖက် မဟာနန္ဒာကန်တော်လမ်းပေါ်ရှိ စစ်ကောင်စီ ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၂၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ မြောက်ဖက် မဟာနန္ဒာကန်တော်လမ်းပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ရွှေဘို...
https://yktnews.com/2023/07/115810/
ရွှေဘိုမြို့ ရှောင်လမ်းတွင် ကင်းပုန်းဝပ်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦး ဒဏ်ရာရ
["ရွှေဘိုမြို့ ရှောင်လမ်းတွင် ကင်းပုန်းဝပ်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦး ဒဏ်ရာရ", "ရန်ကုန်၊ ဇူလိုင် ၃၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ရှောင်လမ်းတွင် ကင်းပုန်းဝပ်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နယ်စည်းမခြားရွှေဘိုသားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ...
https://yktnews.com/2024/05/163354/
ရွှေဘိုမြို့ အမှတ် ၅ ရပ်ကွက်တွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး
["ရွှေဘိုမြို့ အမှတ် ၅ ရပ်ကွက်တွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး", "ရန်ကုန်၊ မေ ၁၉", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အမှတ် ၅ ရပ်ကွက်တွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ် ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း Buffalo ...
https://yktnews.com/2023/09/120689/
ရွှေဘိုမြို့ အဝင်၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ပခုက္ကူတွင် ပျူစောထီးများ လိုက်ပါလာသော ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်
["ရွှေဘိုမြို့ အဝင်၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ပခုက္ကူတွင် ပျူစောထီးများ လိုက်ပါလာသော ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ စက်တင်ဘာ ၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင် မုဒ်ပေါက်အနီး တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်...
https://yktnews.com/2023/11/133051/
ရွှေဘိုမြို့တွင် ကင်းလှည့်နေသော စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်မှု ၁ ဦးသေဆုံး၊ မြိုင်မြို့နယ်ရှိ လင်းကတောရွာ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["ရွှေဘိုမြို့တွင် ကင်းလှည့်နေသော စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်မှု ၁ ဦးသေဆုံး၊ မြိုင်မြို့နယ်ရှိ လင်းကတောရွာ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ နိုဝင်ဘာ ၂၅", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ကင်းလှည့်နေသော စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ရာ ၁ ဦးသေဆုံ...
https://yktnews.com/2023/10/128329/
ရွှေဘိုမြို့တွင် ငွေတောင်းနေသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ ကျိုက်ထိုတွင် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ရွှေဘိုမြို့တွင် ငွေတောင်းနေသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ ကျိုက်ထိုတွင် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၂၇", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ပြည်သူများထံမှ ငွေတောင်းနေသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ...
https://yktnews.com/2023/05/103254/
ရွှေဘိုမြို့တွင် စစ်တပ် ဂိတ်ပေါက်ကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ဘီးလင်းတွင် စစ်ကြောင်းကို တိုက်ခိုက်မှု ၃ ဦးသေဆုံး
["ရွှေဘိုမြို့တွင် စစ်တပ် ဂိတ်ပေါက်ကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ဘီးလင်းတွင် စစ်ကြောင်းကို တိုက်ခိုက်မှု ၃ ဦးသေဆုံး", "ရန်ကုန်၊ မေ ၁၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ် စုဆောင်းရေးတပ် ဂိတ်ပေါက်ဝ၌ ထွက်လာသော အ ကြမ်းဖက်စစ်သားများကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြ...
https://yktnews.com/2024/12/193974/
ရွှေဘိုမြို့တွင် စစ်တပ်က စျေးသည် ၃ ဦးထံမှ ငွေကျပ် သိန်း ၃၀ လုယက်၊ စစ် တပ်က ဆိုင်ကယ်များကို ဖမ်းဆီးပြီး တစ်စီးလျှင် ငွေကျပ် ၃ သိန်းမှ အများဆုံး သိန်း ၂၀ ဖြင့် ပြန်ရွေးခိုင်း
["ရွှေဘိုမြို့တွင် စစ်တပ်က စျေးသည် ၃ ဦးထံမှ ငွေကျပ် သိန်း ၃၀ လုယက်၊ စစ် တပ်က ဆိုင်ကယ်များကို ဖမ်းဆီးပြီး တစ်စီးလျှင် ငွေကျပ် ၃ သိန်းမှ အများဆုံး သိန်း ၂၀ ဖြင့်ပြန်ရွေးခိုင်း", "ရန်ကုန်၊ ဒီဇင်ဘာ ၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် စစ်ကောင်စီတပ်က စျေးသည် အမျိုးသမီး ၃ ဦးထံမှ စျေးဝယ်မည့်ငွေကျပ် သိန်း ၃၀ ကို လုယက်သွားကြေ...
https://yktnews.com/2024/08/179467/
ရွှေဘိုမြို့တွင် ဆန်နှင့်ဆီများ လှူဒါန်းမှုကြောင့် သွားရောက် ထုတ်ယူပြီး ပြန်လာသည့် စစ်ဘေးရှောင် ပြည်သူ ၁၀ ဦးကျော်ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွား
["ရွှေဘိုမြို့တွင် ဆန်နှင့်ဆီများ လှူဒါန်းမှုကြောင့် သွားရောက် ထုတ်ယူပြီး ပြန်လာသည့် စစ်ဘေးရှောင် ပြည်သူ ၁၀ ဦးကျော်ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွား", "ရန်ကုန်၊ ဩဂုတ် ၁၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ဆန်နှင့်ဆီများ လှူဒါန်းမှုကြောင့် သွားရောက် ထုတ်ယူပြီး ပြန်လာသည့် စစ်ဘေးရှောင် ပြည်သူ ၁၀ ဦးကျော်ကို အကြမ်းဖက် စ...
https://yktnews.com/2025/01/201241/
ရွှေဘိုမြို့တွင် လူငယ်တစ်ဦးကို ပေါ်တာဆွဲ ဖမ်းဆီး၍ သိန်း ၁၃၀ ငွေညှစ်သည့် ရွှေဘိုမြို့နယ် ရဲမှူး သန်းဇော်နှင့် ထွေ/အုပ်စာရေး ၂ ဦး အပါအဝင် စုစုပေါင်း ၃ ဦးကို စစ်တပ်က ပြန်လည် ဖမ်းဆီး
["ရွှေဘိုမြို့တွင် လူငယ်တစ်ဦးကို ပေါ်တာဆွဲ ဖမ်းဆီး၍ သိန်း ၁၃၀ ငွေညှစ်သည့် ရွှေဘိုမြို့နယ် ရဲမှူး သန်းဇော်နှင့် ထွေ/အုပ်စာရေး ၂ ဦး အပါအဝင် စုစုပေါင်း ၃ ဦးကို စစ်တပ်ကပြန်လည် ဖမ်းဆီး", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ဧည့်စာရင်းစစ်ပြီး လူငယ်တစ်ဦးကို စစ်မှုထမ်းရန်ဟုဆိုကာ ပေါ်တာဆွဲ ဖမ်းဆီး၍ သိန်း ၁...
https://yktnews.com/2023/01/81090/
ရွှေဘိုမြို့တွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရပြီး တရားခံ ရှာမတွေ့သေး
["ရွှေဘိုမြို့တွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရပြီး တရားခံ ရှာမတွေ့သေး", "ရန်ကုန်၊ ဇန်နဝါရီ ၁၅", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် အသက် ၁၁ နှစ်အရွယ်မိန်းကလေးတစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရ ကြေင်း ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေး အဖွဲ့ထံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့...
https://yktnews.com/2024/02/147756/
ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာနှင့်ထန်းဇင်ရွာရှိ မူးရေမြောင်း စစ်တပ်နှင့်ပျူစောထီးများက ပိတ်ဆို့၊ ရေမြောင်းလာဖွင့်သော တောင်သူများကို သေနတ်ဖြင့် ပစ်၍ နွေစပါးစိုက်ရန်ခက်ခဲနေ
["ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာနှင့်ထန်းဇင်ရွာရှိ မူးရေမြောင်း စစ်တပ်နှင့်ပျူစောထီးများက ပိတ်ဆို့၊ ရေမြောင်းလာဖွင့်သော တောင်သူများကို သေနတ်ဖြင့် ပစ်၍ နွေစပါးစိုက်ရန်ခက်ခဲနေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်နှင့် ထန်းဇင်ရွာရှိ လယ်ကွင်းများသို့ သွယ်တန်းထားသည့် မူးရေမြောင်းကို အကြမ်းဖက်...
https://yktnews.com/2023/01/81873/
ရွှေဘိုမြို့နယ် တအုံကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ကန့်ဘလူတွင် မိုင်းဆွဲ ခံရမှုကြောင့် ပျူစောထီး ၁ ဦးသေဆုံ
["ရွှေဘိုမြို့နယ် တအုံကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ကန့်ဘလူတွင် မိုင်းဆွဲ ခံရမှုကြောင့် ပျူစောထီး ၁ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၉", "စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ တအုံကျေးရွာကို အကြမ်းဖက်စစ်ကောင်စီဝင်များ ဝင်ရောက်မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ရန်ကုန်ခတ်သစ်မီဒီယာသို့ ပြောကြားသည်။", "“မွန်းလွဲ ၂ နာရီခ...
https://yktnews.com/2024/07/172782/
ရွှေဘိုမြို့နယ် တောင်သူများ နွေစပါး ရိတ်သိမ်းပြီးချိန်တွင် အဝယ်မရှိ၍ အရှုံးပေါ်နေ၊ ချည်ဈေးနှင့် ဆီဈေးများမြင့်တက်မှုကြောင့် ယက်ကန်း လုပ်ငန်းများလည်း ရပ်နားထားရ
["ရွှေဘိုမြို့နယ် တောင်သူများ နွေစပါး ရိတ်သိမ်းပြီးချိန်တွင် အဝယ်မရှိ၍ အရှုံးပေါ်နေ၊ ချည်ဈေးနှင့် ဆီဈေးများမြင့်တက်မှုကြောင့် ယက်ကန်း လုပ်ငန်းများလည်း ရပ်နားထားရ", "ရန်ကုန်၊ ဇူလိုင် ၁၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် တောင်သူများ နွေစပါး ရိတ်သိမ်းပြီးချိန်တွင် အဝယ်မရှိ၍ အရှုံးပေါ်နေကာ ချည်ဈေးနှင့် ဆီဈေးများမြင့်တက်မ...
https://yktnews.com/2024/02/145088/
ရွှေဘိုမြို့နယ် မီးဘေးသင့်ကျေးရွာကို ကုန်စိမ်း ဟင်းသီးဟင်းရွက်များ သွားရောက်လှူဒါန်း
["ရွှေဘိုမြို့နယ် မီးဘေးသင့်ကျေးရွာကို ကုန်စိမ်း ဟင်းသီးဟင်းရွက်များ သွားရောက်လှူဒါန်း", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀", "ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှု‌‌ကြောင့် အိမ်ခြေ ၂၄၀ ခန့် ပြာကျပျက်စီးခဲ့ရသော မြို့လှကျေးရွာသို့ စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်က ကုန်စိမ်း ဟင်းသီးဟင်းရွက်များ လှူဒါန်းပေးခဲ့ကြသည်။"]
https://yktnews.com/2024/11/190495/
ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် စစ်ဘေး တိမ်းရှောင်နေရ၊ စားနပ်ရိက္ခာများ လိုအပ်နေ
["ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် စစ်ဘေး တိမ်းရှောင်နေရ၊ စားနပ်ရိက္ခာများ လိုအပ်နေ", "ရန်ကုန်၊ နိုဝင်ဘာ ၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀...
https://yktnews.com/2024/03/148883/
ရွှေဘိုမြို့နယ် အနောက်ဘက်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ညအချိန် ထွက်ပြေး တိမ်းရှောင်နေရ
["ရွှေဘိုမြို့နယ် အနောက်ဘက်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ညအချိန် ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ မတ် ၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ဘက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ညအချိန် ထွက်ပြေး တိမ်းရှောင်နေရကြောင်း...
https://yktnews.com/2024/04/155430/
ရွှေဘိုမြို့နယ်တွင် ကျေးရွာ လုံခြုံရေးဟု ဆိုကာ ကင်းလှည့်နေသည့် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်မှု ၇ ဦးသေဆုံး
["ရွှေဘိုမြို့နယ်တွင် ကျေးရွာ လုံခြုံရေးဟု ဆိုကာ ကင်းလှည့်နေသည့် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်မှု ၇ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၆", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ကျေးရွာ လုံခြုံရေးဟု ဆိုကာ ကင်းလှည့်နေသည့် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ရာ ၇ ဦးသေဆုံးခဲ့ကြောင်း Shwebo Crocodile အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်...
https://yktnews.com/2023/07/112751/
ရွှေဘိုမြို့နယ်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် စစ်တပ် စစ်ကြောင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်
["ရွှေဘိုမြို့နယ်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် စစ်တပ် စစ်ကြောင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ ဇူလိုင် ၁၃", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Joker SBDF ပကဖအဖ...
https://yktnews.com/2023/10/127686/
ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး
["ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၂၃", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Wild T...
https://yktnews.com/2024/01/141593/
ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်၊ ဆုငွေ ကျပ် သိန်း ၅၀ ချီးမြှင့်
["ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်၊ ဆုငွေ ကျပ် သိန်း ၅၀ ချီးမြှင့်", "ရန်ကုန်၊ ဇန်နဝါရီ ၂၃", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ဆုငွေ ကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့...
https://yktnews.com/2023/11/132713/
ရွှေဘိုမြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
["ရွှေဘိုမြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၂၃", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ခြေလျင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း စိုင်နိုင်တိုက်နယ် (သိဒ္ဓိရှင်) ပြည်သူ့ကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တာဝန်ခံ ဗိုလ်သိဒ္ဓိက ရန်က...
https://yktnews.com/2023/02/88500/
ရွှေဘိုမြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရှိမှုများပြား၊ ရွှေဘိုမြို့မရဲစခန်းနှင့် မြဝတီဘဏ်စောင့် စစ်တပ် တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးဒဏ်ရာရ
["ရွှေဘိုမြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရှိမှုများပြား၊ ရွှေဘိုမြို့မရဲစခန်းနှင့် မြဝတီဘဏ်စောင့် စစ်တပ် တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်တပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင...
https://yktnews.com/2023/12/135694/
ရွှေဘိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးနှင့် ရဲ ၃ ဦးသေဆုံး၊ အလောင်းများနှင့် ဒဏ်ရာရရှိသူများကို ထမ်းစင်ဖြင့် ယူဆောင်သွား
["ရွှေဘိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးနှင့် ရဲ ၃ ဦးသေဆုံး၊ အလောင်းများနှင့် ဒဏ်ရာရရှိသူများကို ထမ်းစင်ဖြင့် ယူဆောင်သွား", "ရန်ကုန်၊ ဒီဇင်ဘာ ၁၃", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦးနှင့် ရဲ ၃ ဦးသေဆုံးခဲ့ကြောင်...
https://yktnews.com/2023/02/88290/
ရွှေဘိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးပွဲချင်းပြီး သေဆုံးဟုဆို
["ရွှေဘိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးပွဲချင်းပြီး သေဆုံးဟုဆို", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊အရှေ့လတ်၊ ရွှေဘို-ကျောက်မြောင်းလမ်းမပေါ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး နေရာတွင်ပင် လဲကျ ပွဲချင်းပြီး သေဆုံးကြောင်း ...
https://yktnews.com/2023/06/106418/
ရွှေဘိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး
["ရွှေဘိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၆", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း MDF shwe Bo အဖွဲ့မှ သတင်းပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ...
https://yktnews.com/2024/07/170849/
ရွှေဘိုမြို့နယ်တွင် စစ်ရှောင် ပြည်သူများ၏ လယ်ယာများကို ရိတ်သိမ်းနေသော ပျူစောထီးများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["ရွှေဘိုမြို့နယ်တွင် စစ်ရှောင် ပြည်သူများ၏ လယ်ယာများကို ရိတ်သိမ်းနေသော ပျူစောထီးများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ ဇူလိုင် ၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ရှောင် ပြည်သူများ၏ လယ်ယာများကို ရိတ်သိမ်းနေသော ပျူစောထီးများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း shwebo Croco...
https://yktnews.com/2024/07/171742/
ရွှေဘိုမြို့နယ်တွင် ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ် လူထုလှုပ်ရှားမှုပြုလုပ်
["ရွှေဘိုမြို့နယ်တွင် ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ် လူထုလှုပ်ရှားမှုပြုလုပ်", "ရန်ကုန်၊ဇူလိုင် ၆", "ရွှေဘိုမြို့နယ်တွင် ” ၇ .၇.၆၂ မမေ့ကြနဲ့ ” စာသားကိုင်စွဲကာ စစ်ကျွန်မခံလိုသော ကျောင်းသားလူငယ်များနှင့် သပိတ်အင်အားစု ရဲဘော်များ ပူးပေါင်းကာ ဆဲဗင်းဂျူလိုင်အရေးတော်ပုံ ၆၂ နှစ်ပြည့်အထိမ်းအမှတ် လူထုလှုပ်ရှားမှုပြုလုပ်...
https://yktnews.com/2024/06/170603/
ရွှေဘိုမြို့နယ်တွင် ပြည်သူများက ကံဆောင်သံဃာများကို ထောက်ခံသပိတ်ပြုလုပ်
["ရွှေဘိုမြို့နယ်တွင် ပြည်သူများက ကံဆောင်သံဃာများကို ထောက်ခံသပိတ်ပြုလုပ်", "ရန်ကုန် ၊ ဇွန် ၂၉", "ရွှေဘိုမြို့နယ်တွင် ပြည်သူများက “သံဃာတော်များ၏ ကံဆောင်သပိတ်ကို ထောက်ခံပါသည်”၊", "“ဘာသာ သာသနာဖျက်တဲ့ စကစ ရဟန်းရှင်လူတို့တိုက်ဖျက်ကြ” စာသားများဖြင့် ကံဆောင်သံဃာများကို ထောက်ခံသပိတ်ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/115739/
ရွှေဘိုမြို့နယ်တွင် လစာထုတ်ရန် ရွာမှ ထွက်လာသည့် ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်မှု ၉ ဦးသေဆုံး
["ရွှေဘိုမြို့နယ်တွင် လစာထုတ်ရန် ရွာမှ ထွက်လာသည့် ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်မှု ၉ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၃၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် လစာထုတ်ရန် ရွာမှထွက်လာသည့် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ရာ ၉ ဦး သေဆုံးခဲ့​ကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ် – Wild Tiger LPDF မှ တာဝန်ရှိသူ...
https://yktnews.com/2023/02/86179/
ရွှေဘိုမြို့နယ်တွင် အိမ်ခြေ ၁၅၀၀ ကျော်ရှိ ဆင်အင်းရွာကို စစ်တပ်က တပ်စွဲပြီး အကြိမ်ကြိမ် မီးရှို့ ဖျက်ဆီးသဖြင့် နေအိမ် ၁၂၀၀ ကျော် ပြာပုံအတိဖြစ်သွား
["ရွှေဘိုမြို့နယ်တွင် အိမ်ခြေ ၁၅၀၀ ကျော်ရှိ ဆင်အင်းရွာကို စစ်တပ်က တပ်စွဲပြီး အကြိမ်ကြိမ် မီးရှို့ ဖျက်ဆီးသဖြင့် နေအိမ် ၁၂၀၀ ကျော် ပြာပုံအတိဖြစ်သွား", "ရန်ကုန်၊ ဖေဖော်ဝါရီ ၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆင်အင်းရွာတွင် တပ်စွဲထားသော စစ်တပ်က ကျေး ရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို အကြိမ်ကြိမ် မီးရှို့ ဖျက်ဆီးသဖ...
https://yktnews.com/2023/04/97289/
ရွှေဘိုမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးကာ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရမိ
["ရွှေဘိုမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးကာ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရမိ", "ရန်ကုန်၊ ဧပြီ ၁၃", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Buffalo Soldiers Freedom Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီ...
https://yktnews.com/2024/02/146192/
ရွှေဘိုမြို့နယ်နှင့် စဥ့်ကူးမြိုနယ်တွင် စစ်တပ် စစ်ကြောင်း၊ ပျူစောထီး ခေါင်းဆောင် နေအိမ်တို့ကို ဒရုန်း လက်နက်ကြီးများဖြင့် တိုက်ခိုက်
["ရွှေဘိုမြို့နယ်နှင့် စဥ့်ကူးမြိုနယ်တွင် စစ်တပ် စစ်ကြောင်း၊ ပျူစောထီး ခေါင်းဆောင် နေအိမ်တို့ကို ဒရုန်း လက်နက်ကြီးများဖြင့် တိုက်ခိုက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါရွာကို ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း BGS Drone Force အဖွဲ့ထံမ...
https://yktnews.com/2024/04/158434/
ရွှေဘိုမြို့နယ်နှင့် မြင်းခြံမြို့နယ်တွင် စစ်စခန်း၊ စစ်ကြောင်းနှင့် လက်နက်ခဲယမ်း ပို့ဆောင်နေသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
["ရွှေဘိုမြို့နယ်နှင့် မြင်းခြံမြို့နယ်တွင် စစ်စခန်း၊ စစ်ကြောင်းနှင့် လက်နက်ခဲယမ်း ပို့ဆောင်နေသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၂၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်း၊ စစ်ကြောင်းနှင့် လက်နက်ခဲယမ်း ပို့ဆောင်နေသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိ...
https://yktnews.com/2024/04/158206/
ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား၊ ချီပါရွာမှ ပြည်သူ ၁၀ ဦးကျော်ကိုလည်း စစ်တပ်က ဖမ်းဆီးထား
["ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား၊ ချီပါရွာမှ ပြည်သူ ၁၀ ဦးကျော်ကိုလည်း စစ်တပ်က ဖမ်းဆီးထား", "ကျေးရွာ ၆ ရွာကျော်မှ ပြည်သူ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ", "ရန်ကုန်၊ ဧပြီ ၂၀",...
https://yktnews.com/2023/02/88554/
ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးတင်ရှို့နေ
["ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးတင်ရှို့နေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ထူးကြီးရွာကိ...
https://yktnews.com/2023/09/120993/
ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၅ ခုကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်မီးရှို့မှုကြောင့် နေအိမ် ၅၀ ကျော် ပြာကျ၊ ပြည်သူ ၂ သောင်း ကျော်ထွက်ပြေးနေရ
["ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၅ ခုကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်မီးရှို့မှုကြောင့် နေအိမ် ၅၀ ကျော် ပြာကျ၊ ပြည်သူ ၂ သောင်း ကျော်ထွက်ပြေးနေရ", "ရန်ကုန်၊ စက်တင်ဘာ ၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၅ ခုကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ဝင်ရောက်မီးရှို့နေသဖြင့် နေအိမ် ၅၀ ကျော်ပြာကျခဲ့ပြီး ပြ...
https://yktnews.com/2023/04/99964/
ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၅ ရွာက စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်ကို အစားအသောက်များ ကျွေးမွေး လှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၅ ရွာက စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်ကို အစားအသောက်များ ကျွေးမွေး လှူဒါန်း", "ရန်ကုန်၊ ဧပြီ ၂၉", "ရွှေဘိုမြို့နယ် အတွင်းရှိ ကျေးရွာ ၅ ရွာက စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်ကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေး အဖွဲ့မှ အစားအသောက်များ ကျွေးမွေး လှူဒါန်း ခဲ့ကြောင်း သိရသည်။", "လက်ရှိချ...
https://yktnews.com/2023/09/120788/
ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းနေသည့် စစ်တပ်က ပြည်သူ ၆ ဦးကို အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်
["ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းနေသည့် စစ်တပ်က ပြည်သူ ၆ ဦးကို အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်", "ရန်ကုန်၊ စက်တင်ဘာ ၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၆ ဦးကို အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ရွှေဘိုမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့ထံမှ သိရသ...
https://yktnews.com/2023/01/84128/
ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က မီးတင်ရှို့ပြီး မအူပင် အရှေ့ရွာမှ ကိုမြင့်သန်းနှင့် ဦးကံထူးတို့ ၂ ဦးကို စစ်တပ် သတ်ဖြတ် အလောင်းဖျောက်
["ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က မီးတင်ရှို့ပြီး မအူပင် အရှေ့ရွာမှ ကိုမြင့်သန်းနှင့် ဦးကံထူးတို့ ၂ ဦးကို စစ်တပ် သတ်ဖြတ် အလောင်းဖျောက်", "ရန်ကုန်၊ ဇန်နဝါရီ ၃၁", "စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်အတွင်းရှိ မအူပင်အရှေ့ရွာ၊ မအူပင်အနောက်ရွာ၊ စိုင်းဒိုးကျေးရွာတို့ကို စစ်တပ်က ပြည်သူ ၂ ဦးကိုလည်း သတ်ဖြတ် မီးရှို့ အလောင...
https://yktnews.com/2023/07/115757/
ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ ၄ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
["ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ ၄ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဇူလိုင် ၃၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာ ၄ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ...
https://yktnews.com/2024/04/157908/
ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုးနေသောကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရ
["ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုးနေသောကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဧပြီ ၁၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ဘက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုးနေသောကြောင့် ထောင်န...
https://yktnews.com/2023/12/137848/
ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့်ပစ်ခတ်ပြီး မြေပြင်မှ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
["ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့်ပစ်ခတ်ပြီး မြေပြင်မှ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၉", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့်ပစ်ခတ်ပြီး မြေပြင်မှ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး နေ၍ ပြည်သူမ...
https://yktnews.com/2023/08/118532/
ရွှေဘိုမြို့နယ်ရှိ ဂွေးကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာ ၄ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
["ရွှေဘိုမြို့နယ်ရှိ ဂွေးကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာ ၄ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ သြဂုတ် ၁၆", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဂွေးကုန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာ ၄ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မ...
https://yktnews.com/2023/05/104136/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းကို Solar power station များ လှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းကို Solar power station များ လှူဒါန်း", "ရန်ကုန်၊ မေ ၂၄", "ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းတွင် တက်ရောက်နေသော ကျောင်းသားကျောင်းသူများကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က Solar power station များ လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/09/123652/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းကို စာသင်ခုံများ လှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းကို စာသင်ခုံများ လှူဒါန်း", "ရန်ကုန်၊ စက်တင်ဘာ ၂၃", "ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်း တစ်ကျောင်းကို S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က စာသင်ခုံများ လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/05/104656/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းများကို solar power station များလှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းများကို solar power station များလှူဒါန်း", "ရန်ကုန်၊ မေ ၂၇", "ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်း ၂ ကျောင်းကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေးအဖွဲ့က မေလ ၂၄ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် Solar power station များ လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/06/109170/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းများကို စာသင်ခုံများ လှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းများကို စာသင်ခုံများ လှူဒါန်း", "ရန်ကုန်၊ ဇွန် ၂၂", "ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းများကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် စာသင်ခုံများ လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/08/116228/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူ ၃၀၀၀ ကျော်ကို အစားအသောက်များ ကျွေးမွေးလှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူ ၃၀၀၀ ကျော်ကို အစားအသောက်များ ကျွေးမွေးလှူဒါန်း", "ရန်ကုန်၊ သြဂုတ် ၃", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူ ၃၀၀၀ ကျော်ကို S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က အစားအသောက်များ ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/110629/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို Solar Power Station များ လှူဒါန်
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို Solar Power Station များ လှူဒါန်း", "ရန်ကုန်၊ ဇူလိုင် ၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က Solar power station များ လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/04/97988/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဆန်နှင့် ဆီများ လှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဆန်နှင့် ဆီများ လှူဒါန်း", "ရန်ကုန်၊ ဧပြီ ၁၇", "ရွှေဘိုမြို့နယ် အတွင်းရှိ ကျေးရွာ တစ်ရွာမှ စစ်ဘေးရှောင် အိမ်ထောင်စု ၁၅၈ စု အတွက် S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့ မှ ဆန်နှင့် ဆီများသွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/04/98154/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဆန်နှင့် ဆီများ လှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဆန်နှင့် ဆီများ လှူဒါန်း", "ရန်ကုန်၊ ဧပြီ ၁၈", "စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် အိမ်ထောင်စု ၁၄၅ စုကို S&C မီးဘေး စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေး အဖွဲ့မှ ဆန်နှင့် ဆီများ လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/112208/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ရေတွင်း ၂ တွင်း တူးဖော်လှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ရေတွင်း ၂ တွင်း တူးဖော်လှူဒါန်း", "ရန်ကုန်၊ ဇူလိုင် ၉", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က ရေတွင်း ၂ တွင်း တူးဖော်လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/04/98696/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်နှင့် အသုံးအဆောင် ပစ္စည်း ၂၂ မျိုးပါဝင်သည့် လွယ်အိတ်များ ပေးအပ် လှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်နှင့် အသုံးအဆောင် ပစ္စည်း ၂၂ မျိုးပါဝင်သည့် လွယ်အိတ်များ ပေးအပ် လှူဒါန်း", "ရန်ကုန်၊ ဧပြီ ၂၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေး စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေး အဖွဲ့က အစားအသောက်နှင့် အသုံးအဆောင် ပစ္စည်း ၂၂ မျိုးပါဝင်သည့...
https://yktnews.com/2023/07/115734/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျေးမွေးလှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျေးမွေးလှူဒါန်း", "ရန်ကုန်၊ ဇူလိုင် ၃၁", "ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က အစားအသောက်များ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။", "ကျန်ရှိနေသော စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်းနှင့် ထမင်းကျွေးရ...
https://yktnews.com/2024/01/141049/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေး လှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေး လှူဒါန်း", "ရန်ကုန်၊ ဇန်နဝါရီ ၂၀", "ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က အစားအသောက်များ ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။", "#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #bu...
https://yktnews.com/2023/03/93368/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေး လှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေး လှူဒါန်း", "ရန်ကုန်၊ မတ် ၂၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က ယနေ့ မတ်လ ၂၀ ရက်နေ့တွင် အစားအသောက်များ ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/115747/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေးလှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေးလှူဒါန်း", "ရန်ကုန်၊ ဇူလိုင် ၃၁", "ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့တွင် အစားအသောက်များ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/08/116263/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေးလှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေးလှူဒါန်း", "ရန်ကုန်၊ သြဂုတ် ၃", "ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူ ၁၃၀၀ ကျော်ကို S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ယနေ့ သြဂုတ်လ ၃ ရက်နေ့တွင် အစားအသောက်များ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/03/149877/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင်သက်ကြီးရွယ်အိုအဘိုးအဘွားများရှိသော အိမ်ထောင်စု ၅၀စာအတွက် လှူဒါန်းထောက်ပံ့မှုများပြုလုပ်ခဲ့
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင်သက်ကြီးရွယ်အိုအဘိုးအဘွားများရှိသော အိမ်ထောင်စု ၅၀စာအတွက် လှူဒါန်းထောက်ပံ့မှုများပြုလုပ်ခဲ့", "ရန်ကုန်၊ မတ် ၁၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာရွာတွင် စစ်ဘေးရှောင် အသက်ကြီးရွယ်အို အဘိုးအဘွားများရှိ‌သော အိမ်ထောင်စု ၅၀ စာအတွက် စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က အလှ...
https://yktnews.com/2024/11/191230/
ရွှေဘိုမြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို ထမင်းနှင့် ဟင်း အာဟာရဒါန ကုသိုလ်ပြု
["ရွှေဘိုမြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို ထမင်းနှင့် ဟင်း အာဟာရဒါန ကုသိုလ်ပြု", "ရန်ကုန်၊နိုဝင်ဘာ ၈", "ရွှေဘိုမြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို ဒီပဲယင်းမြို့နယ်ညီနောင်များက အလှူရှင် Together We Fight ကိုယ်စား ထမင်းနှင့် ဟင်း အာဟာရဒါန ကုသိုလ်ပြုခဲ့ကြောင်း သိရှိရသည်။", "စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်း အကြမ်းဖက် ...
https://yktnews.com/2023/02/87060/
ရွှေဘိုမြို့နယ်ရှိ တင့်တယ်ကျေးရွာနှင့် ကျောက်မြင့်ကျေးရွာကို စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့ ဖျက်ဆီး
["ရွှေဘိုမြို့နယ်ရှိ တင့်တယ်ကျေးရွာနှင့် ကျောက်မြင့်ကျေးရွာကို စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့ ဖျက်ဆီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ တင့်တယ်ကျေးရွာနှင့် ကျောက်မြင့်ကျေးရွာများကို စစ်တပ်က ယနေ့ ရွာလုံးကျွတ် မီးတင်ရှို့ဖျက် ဆီး နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆ...
https://yktnews.com/2023/11/133193/
ရွှေဘိုမြို့နယ်ရှိ တည်သီးတော၊ ညောင်ကိုင်းနှင့် ဇီးဖြူကုန်း ၃ ရွာရှိ စစ်တပ်နှင့်ပျူစောထီးတပ်များကို PDF များက ဝင်ရောက်တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၂၀ခန့် သေဆုံး
["ရွှေဘိုမြို့နယ်ရှိ တည်သီးတော၊ ညောင်ကိုင်းနှင့် ဇီးဖြူကုန်း ၃ ရွာရှိ စစ်တပ်နှင့်ပျူစောထီးတပ်များကို PDF များက ဝင်ရောက်တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၂၀ခန့် သေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ၂၆", "ရွှေဘိုမြို့နယ်ရှိ တည်သီးတော၊ ညောင်ကိုင်းနှင့် ဇီးဖြူကုန်း ၃ ရွာရှိ စစ်တပ်နှင့်ပျူစောထီးတပ်များကို PDF များက ဝင်ရောက်တိုက်ခို...
https://yktnews.com/2025/02/205680/
ရွှေဘိုမြို့နယ်ရှိ နှမစားရစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် သီးလုံးပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ
["ရွှေဘိုမြို့နယ်ရှိ နှမစားရစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် သီးလုံးပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ နှမစားရစ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် သီးလုံးပျူစောထီးရွာကို ဝင်ရောက်...
https://yktnews.com/2024/09/185767/
ရွှေဘိုမြို့နယ်ရှိ ပျူစောထီး ကျေးရွာ ၄ ရွာကို ၃ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ
["ရွှေဘိုမြို့နယ်ရှိ ပျူစောထီး ကျေးရွာ ၄ ရွာကို ၃ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ", "ရန်ကုန်၊ စက်တင်ဘာ ၃၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ပျူစောထီး ကျေးရွာ ၄ ရွာကို ၃ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိခဲ့ကြောင်း Shweb...
https://yktnews.com/2023/11/130414/
ရွှေဘိုမြို့နယ်ရှိ ပျူစောထီးစခန်း ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပျူစောထီး ၂ ဦးသေဆုံး၊ ပေါက်ခေါင်းမြို့နယ်တွင် ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး
["ရွှေဘိုမြို့နယ်ရှိ ပျူစောထီးစခန်း ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပျူစောထီး ၂ ဦးသေဆုံး၊ ပေါက်ခေါင်းမြို့နယ်တွင် ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၉", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ သီးလုံးပျူစောထီးရွာနှင့် မြင်းချင်းပျူစောထီးရွာတို့ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပျူစောထီး...
https://yktnews.com/2023/04/95355/
ရွှေဘိုမြို့နယ်ရှိ ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းတွင် ပညာရည်ချွန် ဆုပေးပွဲ ပြုလုပ်
["ရွှေဘိုမြို့နယ်ရှိ ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းတွင် ပညာရည်ချွန် ဆုပေးပွဲ ပြုလုပ်", "ရန်ကုန်၊ ဧပြီ ၂", "ရွှေဘိုမြို့နယ် အတွင်းရှိ S&C အဖွဲ့မှ ထောက်ပံ့ထားသည့် ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းတွင် ပညာရည်ချွန် ဆုပေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။"]