url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/04/99375/
တန့်ဆည်မြို့နယ်၊ နားဋောင်းကျကျေးရွာရှိ စစ်ကောင်စီ၏ စစ်စခန်းကို တိုက် ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး လက်နက် ၇ လက်နှင့် ခဲယမ်း များ သိမ်းဆည်းရမိ
["တန့်ဆည်မြို့နယ်၊ နားဋောင်းကျကျေးရွာရှိ စစ်ကောင်စီ၏ စစ်စခန်းကို တိုက် ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး လက်နက် ၇ လက်နှင့် ခဲယမ်း များ သိမ်းဆည်းရမိ", "ရန်ကုန်၊ ဧပြီ ၂၅", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ နားဋောင်းကျကျေးရွာတွင် အထိုင်ချ တပ်စွဲ ထားသော စစ်တပ်နှင့်ပျူစောထီး စစ်စခန်းကို PDF တပ်များက တိုက်ခိုက်...
https://yktnews.com/2023/11/133734/
တန့်ဆည်မြို့နယ်၊ ရွာရှည်(မ) ကျေးရွာရှိ စာသင်ကျောင်းနှင့် ဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချ
["တန့်ဆည်မြို့နယ်၊ ရွာရှည်(မ) ကျေးရွာရှိ စာသင်ကျောင်းနှင့် ဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချ", "ရန်ကုန်၊ နိုဝင်ဘာ ၃၀", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရွာရှည်(မ) ကျေးရွာရှိ စာသင်ကျောင်းနှင့် ဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချတိုက်ခိုက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...
https://yktnews.com/2023/11/133743/
တန့်ဆည်မြို့နယ်၊ ရွာရှည်(မ)ရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲမှု စာသင်ကျောင်း ထိခိုက်ပျက်စီးပြီး လူထိခိုက်မှုမရှိ
["တန့်ဆည်မြို့နယ်၊ ရွာရှည်(မ)ရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲမှု စာသင်ကျောင်း ထိခိုက်ပျက်စီးပြီး လူထိခိုက်မှုမရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၃၀", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရွာရှည်(မ)ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ရွာရှည်(မ) အထက်...
https://yktnews.com/2023/02/86473/
တန့်ဆည်မြို့နယ်၊ အင်ကုက္ကားကျေးရွာ စစ်တပ်စခန်းကို PDF တပ်များ ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ပျူစောထီးနှင့်စစ်သား ၃၀ ကျော်သေဆုံးပြီး PDF ၂ ဦးကျဆုံး
["တန့်ဆည်မြို့နယ်၊ အင်ကုက္ကားကျေးရွာ စစ်တပ်စခန်းကို PDF တပ်များ ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ပျူစောထီးနှင့်စစ်သား ၃၀ ကျော်သေဆုံးပြီး PDF ၂ ဦးကျဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၉", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်ကုက္ကားကျေးရွာ စစ်တပ်စခန်းကို PDF တပ်များ ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ပျူစောထီးနှင့်စစ်သား ၃၄ သေဆ...
https://yktnews.com/2024/03/151387/
တန့်ဆည်မြို့နယ်၊ အင်းရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ဘုန်ကြီး ၁ ပါး ထိခိုက်ဒဏ်ရာရ
["တန့်ဆည်မြို့နယ်၊ အင်းရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ဘုန်ကြီး ၁ ပါး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ မတ် ၁၈", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်းရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ဘုန်ကြီ...
https://yktnews.com/2023/09/123521/
တန့်ဆည်မြို့ပေါ် တပ်စခန်းများနှင့်ရုံးများကို PDF များက တိုက်ခိုက် သိမ်း ပိုက်ပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်နေ၊ မြေပြင်တွင်လည်း ကြည်းတပ်များ အင်အားဖြည့်တင်းနေ
["တန့်ဆည်မြို့ပေါ် တပ်စခန်းများနှင့်ရုံးများကို PDF များက တိုက်ခိုက် သိမ်း ပိုက်ပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်နေ၊ မြေပြင်တွင်လည်း ကြည်းတပ်များ အင်အားဖြည့်တင်းနေ", "ရန်ကုန်၊ စက်တင်ဘာ ၂၂", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားသော ဌာနဆိုင်ရာရုံးများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်...
https://yktnews.com/2023/09/123629/
တန့်ဆည်မြို့ပေါ် တပ်စခန်းများနှင့်ရုံးများကို PDF များက တိုက်ခိုက် သိမ်း ပိုက်ပြီးနောက် စစ်တပ်က လေကြောင်းဖြင့် တုံ့ပြန်တိုက်ခိုက်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးဒဏ်ရာရ
["တန့်ဆည်မြို့ပေါ် တပ်စခန်းများနှင့်ရုံးများကို PDF များက တိုက်ခိုက် သိမ်း ပိုက်ပြီးနောက် စစ်တပ်က လေကြောင်းဖြင့် တုံ့ပြန်တိုက်ခိုက်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးဒဏ်ရာရ", "ရန်ကုန်၊ စက်တင်ဘာ ၂၃", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ် တပ်စခန်းများနှင့်ရုံးများကို PDF များက တိုက် ခိုက် သိမ်း ပိုက်ပြီးနောက် စစ်တပ်က လေကြေ...
https://yktnews.com/2023/11/133702/
တန့်ဆည်မြို့ပေါ် တိုက်ပွဲများတွင် ရဲစခန်းကို သိမ်းပိုက်ခါနီး စစ်တပ်က လေ ကြောင်း တိုက်ခိုက်ခြင်းနှင့် စစ်ကူရောက်လာခြင်းကြောင့် PDF တပ်များ ပြန် ဆုတ်ခွာရ၊ စစ်သား ၃၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ
["တန့်ဆည်မြို့ပေါ် တိုက်ပွဲများတွင် ရဲစခန်းကို သိမ်းပိုက်ခါနီး စစ်တပ်က လေ ကြောင်း တိုက်ခိုက်ခြင်းနှင့် စစ်ကူရောက်လာခြင်းကြောင့် PDF တပ်များ ပြန် ဆုတ်ခွာရ၊ စစ်သား ၃၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ", "PDF ၁ ဦးကျဆုံးပြီး ပြည်သူ ၁ ဦး စစ်တပ်၏လက်နက်ကြီးကျည် ထိမှန်သေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၂၉", "စစ်ကိုင်...
https://yktnews.com/2023/09/123987/
တန့်ဆည်မြို့ပေါ်တွင် စစ်တပ်က ပိတ်ဆို့စစ်ဆေးနေပြီး ပြည်သူ ၃၀ ကျော် ထက်မနည်းကို ပစ်ခတ် ဖမ်းဆီး၊ ရွှေတလားကျေးရွာမှ ဦးပြားကို ပစ်ခတ် သတ်ဖြတ်ခဲ့
["တန့်ဆည်မြို့ပေါ်တွင် စစ်တပ်က ပိတ်ဆို့စစ်ဆေးနေပြီး ပြည်သူ ၃၀ ကျော် ထက်မနည်းကို ပစ်ခတ် ဖမ်းဆီး၊ ရွှေတလားကျေးရွာမှ ဦးပြားကို ပစ်ခတ် သတ်ဖြတ်ခဲ့", "ရန်ကုန်၊ စက်တင်ဘာ ၂၅", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ စစ်တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေး တပ်များက တိုက်ခိုက်ခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်က မြို့ကို အင်အားသုံး ပိတ်ဆို့က...
https://yktnews.com/2024/06/170747/
တန့်ဆည်မြို့ပေါ်တွင် စစ်တပ်က သေနတ် ပစ်ဖောက်၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
["တန့်ဆည်မြို့ပေါ်တွင် စစ်တပ်က သေနတ် ပစ်ဖောက်၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ ဇွန် ၃၀", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က သေနတ် ပစ်ဖောက်၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s ...
https://yktnews.com/2023/10/128075/
တန့်ဆည်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တည်းခိုးခန်း၊ ကားဂိတ်၊ ဘော်ဒါဆောင်နှင့် ကော်ဖီဆိုင်များကို မီးရှို့ပြီး ပြည်သူ ၅ ဦးကို ဖမ်းဆီး
["တန့်ဆည်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တည်းခိုးခန်း၊ ကားဂိတ်၊ ဘော်ဒါဆောင်နှင့် ကော်ဖီဆိုင်များကို မီးရှို့ပြီး ပြည်သူ ၅ ဦးကို ဖမ်းဆီး", "ရန်ကုန်၊ အောက်တိုဘာ ၂၆", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူပိုင် နေအိမ်အဆောက်အအုံ ၅ လုံးကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီး...
https://yktnews.com/2025/05/214805/
တန့်ဆည်မြို့ပေါ်တွင် အထိုင်ချနေကြသော ခမရ ၃၆၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်
["တန့်ဆည်မြို့ပေါ်တွင် အထိုင်ချနေကြသော ခမရ ၃၆၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်", "ရန်ကုန်၊ မေ ၁၆", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်တွင် အထိုင်ချနေကြသော ခမရ – ၃၆၁ တပ်တွင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ် ၂လက် ယူဆောင် အလင်းဝင်ရောက်ခဲ့ကြောင်း အမှတ်-၅၂ ဗျူဟာ-People’s Defence Force...
https://yktnews.com/2024/01/139352/
တန့်ဆည်မြို့ပေါ်ရဲစခန်းနှင့် ထွေ/အုပ်ရုံးကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်၊ ရွှေဘို ၊ ကျောက်မြောင်းမြို့မှ ခမရ ၁၂ စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ
["တန့်ဆည်မြို့ပေါ်ရဲစခန်းနှင့် ထွေ/အုပ်ရုံးကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်၊ ရွှေဘို ၊ ကျောက်မြောင်းမြို့မှ ခမရ ၁၂ စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ", "ရန်ကုန်၊ ဇန်နဝါရီ ၁၀", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ စစ်တပ်အခြေစိုက်စခန်းများကို တာဝေးပစ် ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိ...
https://yktnews.com/2023/09/121052/
တန့်ဆည်မြို့ပေါ်ရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ် ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
["တန့်ဆည်မြို့ပေါ်ရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ် ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၄", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ် ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Vikings အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီ...
https://yktnews.com/2023/10/128007/
တန့်ဆည်မြို့ပေါ်ရှိ နေအိမ်များနှင့် စျေးဆိုင်များကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၇ ဦးကို ဖမ်းဆီးသွား
["တန့်ဆည်မြို့ပေါ်ရှိ နေအိမ်များနှင့် စျေးဆိုင်များကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၇ ဦးကို ဖမ်းဆီးသွား", "ရန်ကုန်၊ အောက်တိုဘာ ၂၅", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ လမ်းဆုံမြို့ပေါ်ရှိ နေအိမ်များနှင့် စျေးဆိုင်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသ...
https://yktnews.com/2024/01/138205/
တန့်ဆည်မြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စစ်ကောင်စီတပ်စခန်းများကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးထက်မနည်း သေဆုံး
["တန့်ဆည်မြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စစ်ကောင်စီတပ်စခန်းများကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးထက်မနည်း သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ် အခြေစိုက်စခန်းများကို ရှော့တိုက်ဒုံး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြို့မရဲစခန်းနှင့် ထွေအုပ်ရုံ...
https://yktnews.com/2023/12/137858/
တန့်ဆည်မြို့မ ရဲစခန်းမှ စစ်ကောင်စီ တပ်သား ၁ ဦး အလင်းဝင်၊ မြိုင်မြို့နယ်တွင် ကင်းထွက်စောင့်သည့် ရဲ ၃ ဦး လမ်းပျောက်လာစဥ် PDF တပ်ဖွဲ့က ဖမ်းဆီး
["တန့်ဆည်မြို့မ ရဲစခန်းမှ စစ်ကောင်စီ တပ်သား ၁ ဦး အလင်းဝင်၊ မြိုင်မြို့နယ်တွင် ကင်းထွက်စောင့်သည့် ရဲ ၃ ဦး လမ်းပျောက်လာစဥ် PDF တပ်ဖွဲ့က ဖမ်းဆီး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၉", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မရဲစခန်းတွင် တာဝန်ကျ‌နေသော ခမရ ၃၆၁ မှ တပ်သားတစ်ဦး ရွှေဘိုခရိုင် တပ်ရင်း ၁၆ TRF ထံ အလင်းဝင်ရောက်လာခဲ့ကြောင်း TRF တာဝန်ရှိသူတ...
https://yktnews.com/2022/12/76033/
တန့်ဆည်ရှိ ကျေးရွာ ၆ ခုကို စစ်တပ်က ၄ ရက်ဆက်တိုက် မီးရှို့မှု နေအိမ် ၆၀၀ ကျော် ပြာကျပြီး ပြည်သူ ၁ ဦးပစ်သတ်ခံရ
["တန့်ဆည်ရှိ ကျေးရွာ ၆ ခုကို စစ်တပ်က ၄ ရက်ဆက်တိုက် မီးရှို့မှု နေအိမ် ၆၀၀ ကျော် ပြာကျပြီး ပြည်သူ ၁ ဦးပစ်သတ်ခံရ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၄", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ ၆ ခုကို အကြမ်းဖက် စစ်တပ်က ၄ ရက်ဆက်တိုက် မီးရှို့မှု နေအိမ် ၆၀၀ ကျော်ပြာကျခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များနှင့် ပြည်သူများထံမှ သိ...
https://yktnews.com/2024/03/148871/
တန့်ဆည်၊ ကံထူးမရဲစခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းနှင့်မော်တော်ယာဉ် အမြောက်အမြား သိမ်းဆည်းရရှိ
["တန့်ဆည်၊ ကံထူးမရဲစခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းနှင့်မော်တော်ယာဉ် အမြောက်အမြား သိမ်းဆည်းရရှိ", "ရန်ကုန်၊ မတ် ၄", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရဲစခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းနှင့်မော် တော်ယာဉ် အမြောက်အမြား...
https://yktnews.com/2024/02/147828/
တန့်ဆည်၊ ကံထူးမရဲစခန်းနှင့် စစ်ကူ စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်မှု စစ်သား ၃၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
["တန့်ဆည်၊ ကံထူးမရဲစခန်းနှင့် စစ်ကူ စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်မှု စစ်သား ၃၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရဲစခန်းတိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကူလာသည့် စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၄ ဦး သေဆုံးပြီး လ...
https://yktnews.com/2023/01/78892/
တန့်ဆည်၊ ဆင်ငယ်ရွာရှိ ပျူစောထီး စခန်းကို PDF တပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၃၀ ဦးခန့်သေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံ
["တန့်ဆည်၊ ဆင်ငယ်ရွာရှိ ပျူစောထီး စခန်းကို PDF တပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၃၀ ဦးခန့်သေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၃", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဆင်ငယ်ရွာရှိ ပျူစောထီး စခန်းကို PDF တပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၃၀ ဦးခန့်သေဆုံးခဲ့ကြောင်း တန့်ဆည် ပကဖ အဖွဲ့...
https://yktnews.com/2023/02/89826/
တန့်ဆည်၊ မြင်းမူတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်တပ်က ခေါင်းဖြတ်သတ်လိုက် သော PDF ရဲဘော် ၂ ဦး၏ အလောင်း ပြန်လည် ရရှိ၊ ခင်ဦးတွင်လည်း PDF ရဲဘော် ၂ ဦး ကျဆုံး
["တန့်ဆည်၊ မြင်းမူတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်တပ်က ခေါင်းဖြတ်သတ်လိုက် သော PDF ရဲဘော် ၂ ဦး၏ အလောင်း ပြန်လည် ရရှိ၊ ခင်ဦးတွင်လည်း PDF ရဲဘော် ၂ ဦး ကျဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၇", "စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်၊သရက်ခါးရွာအနီး မြို့ထင်ကျောင်းတွင် တပ်စွဲ ထား သော စစ်ကောင်စီတပ်နှင့် ဒေသပြည်သူ ကာကွယ်ရေးအဖွဲ့တို့အကြား ...
https://yktnews.com/2025/03/208455/
တန့်ယန်းတွင် ကျားဖြန့်နှင့်ပတ်သက်မှုကြောင့် ဖမ်းဆီးခံရသော ရမခ တိုင်းမှူးဟောင်း ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို စစ်ဆေးရာတွင် မူးယစ်ဆေးနှင့်လက်နက် သယ်ယူမှုများပါ ပေါ်ပေါက်ပြီး ပြည်ငြိမ်းဆန်းကားလိုင်းနှင့် ကားများပါ ပိတ်သိမ်းအရေးယူခံရ
["တန့်ယန်းတွင် ကျားဖြန့်နှင့်ပတ်သက်မှုကြောင့် ဖမ်းဆီးခံရသော ရမခ တိုင်းမှူးဟောင်း ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို စစ်ဆေးရာတွင် မူးယစ်ဆေးနှင့်လက်နက် သယ်ယူမှုများပါပေါ်ပေါက်ပြီး ပြည်ငြိမ်းဆန်းကားလိုင်းနှင့် ကားများပါ ပိတ်သိမ်းအရေးယူခံရ", "ရန်ကုန်၊ မတ် ၂၂", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် တရုတ်ကျားဖြန့်ငွေလိမ်ဂို...
https://yktnews.com/2024/07/172662/
တန့်ယန်းဒေသတွင် ပဋိပက္ခများ ကူးမလာစေရေးအတွက် UWSA တပ်ဖွဲ့များ ဝင်ရောက်ထိန်းချုပ်ဟု “၀” တပ်ဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ် အတည်ပြု
["တန့်ယန်းဒေသတွင် ပဋိပက္ခများ ကူးမလာစေရေးအတွက် UWSA တပ်ဖွဲ့များ ဝင်ရောက်ထိန်းချုပ်ဟု “၀” တပ်ဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ် အတည်ပြု", "ရန်ကုန်၊ ဇူလိုင် ၁၁", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းဒေသတွင် တန့်ယန်းဒေသတွင် ပဋိပက္ခများ ကူးမလာစေရေးအတွက် UWSA တပ်ဖွဲ့များ ဝင်ရောက်လာခြင်းဖြစ်သည်ဟု “၀” တပ်ဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးညီ...
https://yktnews.com/2025/02/202712/
တန့်ယန်းမြို့ ကြေးတိုင်နှင့် မြေစာရင်း ဦးစီးမှူး တမ်ကီးက ပုံစံ ၁၀၅/၁၀၆ ရေးဆွဲခွင့်အတွက် ငွေကျပ် သိန်းထောင်ချီ တောင်းခံပြီး ရပ်ကွက်မြေနေရာများကိုလည်း စိတ်ကြိုက် ရောင်းစား
["တန့်ယန်းမြို့ ကြေးတိုင်နှင့် မြေစာရင်း ဦးစီးမှူး တမ်ကီးက ပုံစံ ၁၀၅/၁၀၆ ရေးဆွဲခွင့်အတွက် ငွေကျပ် သိန်းထောင်ချီ တောင်းခံပြီး ရပ်ကွက်မြေနေရာများကိုလည်း စိတ်ကြိုက်ရောင်းစား", "ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "ရှမ်းပြည်နယ်၊ တန့်ယန်းမြို့ ကြေးတိုင်နှင့် မြေစာရင်း ဦးစီးမှူး တမ်ကီးက ပုံစံ ၁၀၅/၁၀၆ ရေးဆွဲခွင့်အတွက် ငွေကျပ် သိန်းထောင်ခ...
https://yktnews.com/2025/01/200836/
တန့်ယန်းမြို့ မူးယစ်တပ်ဖွဲ့ ခေါင်းဆောင် ရဲအုပ် ဝင်းမင်းထွေး ကိုယ်တိုင် မူး ယစ် ဆေးသုံးစွဲပြီး အနှိပ်ခန်းများတွင် မူးယစ်ဆေးဝါးများ ရောင်းချ ဝင်ငွေရှာ
["တန့်ယန်းမြို့ မူးယစ်တပ်ဖွဲ့ ခေါင်းဆောင် ရဲအုပ် ဝင်းမင်းထွေး ကိုယ်တိုင် မူး ယစ် ဆေးသုံးစွဲပြီး အနှိပ်ခန်းများတွင် မူးယစ်ဆေးဝါးများ ရောင်းချ ဝင်ငွေရှာ", "ရန်ကုန်၊ ဇန်နဝါရီ ၂၅", "ရှမ်းပြည်နယ်၊ တန့်ယန်းမြို့ပေါ်တွင် အမှတ် ၂၃ မူးယစ်တပ်ဖွဲ့စုမှ ခေါင်းဆောင် ရဲအုပ် ဝင်းမင်းထွေး ကိုယ်တိုင် မူးယစ်ဆေးသုံးစွဲပြီး အနှိပ်ခန်းများတ...
https://yktnews.com/2025/01/201182/
တန့်ယန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူး နေလင်းက KTV ၊ Bar ၊ ကားဂိတ်များနှင့် ဆီဆိုင်များထံမှ လစဉ် ငွေကျပ် သိန်း ထောင်ချီ တောင်းခံပြီး ကိုယ်ကျိုးရှာနေ
["တန့်ယန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူး နေလင်းက KTV ၊ Bar ၊ ကားဂိတ်များနှင့် ဆီဆိုင်များထံမှ လစဉ် ငွေကျပ် သိန်း ထောင်ချီ တောင်းခံပြီး ကိုယ်ကျိုးရှာနေ", "ရန်ကုန်၊ ဇန်နဝါရီ ၂၇", "ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင် ၁ ဗိုလ်မှူး နေလင်းက KTV ၊ Bar ၊ ကားဂိတ်များနှင့် ဆီဆိုင်...
https://yktnews.com/2022/09/35780/
မြောင်တွင် PDF အယောင်ဆောင် စစ်အရာရှိ ပစ်ခတ်မှုကြောင့် သေဆုံးပြီး အလောင်းရရှိ၊ တိုက်ပွဲတွင် အခြား စစ်သား ၃ ဦးလည်းသေဆုံး၊
["တန့်ဆည်တွင်လည်း မြန်မာ့စီးပွားရေးဘဏ်၌ တပ်စွဲထားသော စစ်သားများ ပစ်ခတ်တိုက်ခိုက်ခံရ", "ရန်ကုန်၊ စက်တင်ဘာ ၈", "စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် PDF ဟန်ဆောင်ကာ ကင်းလှည့်နေသည့် အရာရှိနှင့် တပ်သားတို့ ပစ်ခတ် တိုက်ခိုက်ခံရပြီး အရာရှိ ၁ ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံးကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သ...
https://yktnews.com/2024/09/183304/
တပ်ကုန်းမြို့နယ်၊ ဖောင်းတောကျေးရွာ တစ်ရွာလုံး ရေနစ်မြှုပ်သွားပြီး ရွာလုံးကျွတ် မြေကြီးအောက်ရောက်သွား၍ အရေးပေါ် အကူအညီများ လိုအပ်နေ
["တပ်ကုန်းမြို့နယ်၊ ဖောင်းတောကျေးရွာ တစ်ရွာလုံး ရေနစ်မြှုပ်သွားပြီး ရွာလုံးကျွတ် မြေကြီးအောက်ရောက်သွား၍ အရေးပေါ် အကူအညီများ လိုအပ်နေ", "ရန်ကုန်၊ စက်တင်ဘာ ၁၃", "နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဖောင်းတောကျေးရွာတစ်ရွာလုံး ရေနစ်မြှုပ် သွားပြီး ရွာလုံးကျွတ် မြေကြီးအောက်ရောက်သွား၍ အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ဖောင်တော်ဦ...
https://yktnews.com/2025/04/210265/
တပ်ကုန်းမြို့၊ မကျီးပင်ရွာမှ လူငယ် ၇ ဦးကို စစ်မှုထမ်းခိုင်းရန်အတွက် စစ်တပ်နှင့်ပျူစောထီးများက နေအိမ်ထဲအထိ အတင်း အဓမ္မ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီး
["တပ်ကုန်းမြို့၊ မကျီးပင်ရွာမှ လူငယ် ၇ ဦးကို စစ်မှုထမ်းခိုင်းရန်အတွက် စစ်တပ်နှင့်ပျူစောထီးများက နေအိမ်ထဲအထိ အတင်း အဓမ္မ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီး", "ရန်ကုန်၊ ဧပြီ ၅", "နေပြည်တော်၊ တပ်ကုန်းမြို့၊ မကျီးပင်ရွာမှ လူငယ် ၇ ဦးကို စစ်မှုထမ်းခိုင်းရန် စစ်တပ်နှင့် ပျူစောထီးများက နေအိမ်ထဲအထိ အတင်း အဓမ္မ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီ...
https://yktnews.com/2023/02/89711/
တပ်တွင်း ပုန်ကုန်မှုများနှင့် အမိန့်မနာခံမှုများစွာ ဖြစ်ပေါ်လာပြီးနောက် မင်းအောင်လှိုင် ကိုယ်တိုင် စစ်သားများ အမိန့်နာခံမှု ရှိရမည်ဟု လိုက်ပြောနေရ
["တပ်တွင်း ပုန်ကုန်မှုများနှင့် အမိန့်မနာခံမှုများစွာ ဖြစ်ပေါ်လာပြီးနောက် မင်းအောင်လှိုင် ကိုယ်တိုင် စစ်သားများ အမိန့်နာခံမှု ရှိရမည်ဟု လိုက်ပြောနေရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇", "အကြမ်းဖက် စစ်တပ်အတွင်း ဒုဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူးများ ကိုယ်တိုင် တပ်တွင်း ပုန်ကုန်မှုများနှင့် အမိန့်မနာခံမှုများစွာ ဖြစ်ပေါ်လာပြီးနောက်...
https://yktnews.com/2023/04/96552/
တပ်တွင်းတွင် သင်္ကြန်ပွဲများ ပြုလုပ်မည်ဆိုပါက လုံခြုံရေးတင်းကျပ်ထားရန် လုံခြုံရေးစည်းဖောက်ဖျက်လာသူများကို အသေပစ်ခတ်ရန် ညွှန်ကြား ချက်ထုတ်
["တပ်တွင်းတွင် သင်္ကြန်ပွဲများ ပြုလုပ်မည်ဆိုပါက လုံခြုံရေးတင်းကျပ်ထားရန် လုံခြုံရေးစည်းဖောက်ဖျက်လာသူများကို အသေပစ်ခတ်ရန် ညွှန်ကြား ချက်ထုတ်", "ရန်ကုန်၊ ဧပြီ ၉", "အကြမ်ဖးက်စစ်ကောင်စီက တပ်ဖွဲ့တပ်ရင်းများတွင် တပ်တွင်း သင်္ကြန်ပွဲများ ပြုလုပ်မည်ဆိုပါက လုံခြု့ရေး အထူးတင်းတင်းထားရန်နှင့် လုံခြုံရေး စည်း ဖောက် ဖျက်လာသူများကို...
https://yktnews.com/2024/08/179360/
တပ်ပေါင်းစုချီ အညာထီက စစ်ရှောင်ဦးရေ ၁၀၀၀ ကျော်အတွက် ထမင်း ဟင်း ၃ ရက်စာ လှူဒါန်း
["တပ်ပေါင်းစုချီ အညာထီက စစ်ရှောင်ဦးရေ ၁၀၀၀ ကျော်အတွက် ထမင်း ဟင်း ၃ ရက်စာ လှူဒါန်း", "ရန်ကုန်၊ ဩဂုတ် ၁၇", "တပ်ပေါင်းစုချီ အညာထီက တော်လှန်ရေးကာလ စစ်ဘေးရှောင်ပြည်သူများအတွက် ကျပ်သိန်း ၂၀ လှူဒါန်းခဲ့ပြီး စစ်ရှောင်ဦးရေ ၁၀၀၀ ကျော်အတွက် ထမင်း ဟင်း ၃ ရက်စာ လှူဒါန်းနိုင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/113475/
တပ်မ ၃၃ မှ ထီးဆောင်းသို့ အင်အားဖြည့်ရန်လာသည့် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး
["တပ်မ ၃၃ မှ ထီးဆောင်းသို့ အင်အားဖြည့်ရန်လာသည့် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး", "ရန်ကုန်၊ ဇူလိုင် ၁၈", "စစ်ကိုင်းမြို့ အခြေစိုက် တပ်မ-၃၃ မှ မြင်းမူမြို့နယ်ရှိ ထီးဆောင်းစခန်းသို့ အင်အားဖြည့်ရန်လာသော အ ကြမ်းဖက် စစ်ကောင်စီ စစ်ကား ၄ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း...
https://yktnews.com/2024/01/142542/
Breaking News- သင်္ဃန်းညီနောင် ခမရ ၃၅၅ သို့ လာသည့် စစ်ရဟတ် ယာဉ် ၂ စီးကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ဝိုင်းဝန်း ပစ်ခတ်မှု ရဟတ်ယာဉ် တစ်စင်း ပျက်စီးသွား
["တပ်မ ၄၄ တပ်မှူး ဗိုလ်မှူးချုပ် အေးမင်းနောင် အလွန်အပြင်းအထန်ဒဏ်ရာရပြီး အခြားအဆင့် ၅ ဦးလည်း ဒဏ်ရာရ ထား", "ရန်ကုန်၊ ဇန်နဝါရီ ၂၉", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင် ခမရ ၃၅၅ တပ်သို့ တပ်ချိန်းရန်လာသည့် စစ်ရဟတ်ယာဉ် ၂ စီးကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ၀ိုင်းဝန်းပစ်ခတ်ရာ ရဟတ်ယာဉ် တစ်စီး ထိမှန်ပျက်စီးပြီး တ...
https://yktnews.com/2023/07/112923/
တပ်မဟာ ၅ နယ်မြေ၌ ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၁၄၆ ဦး သေဆုံး
["တပ်မဟာ ၅ နယ်မြေ၌ ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၁၄၆ ဦး သေဆုံး", "ရန်ကုန်၊ ဇူလိုင် ၁၄", "ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်ဟာ ၅ နယ်မြေအတွင်း ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၁၄၆ ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ-မူတြော်သတင်းစဥ်က ထုတ်ပြန်​ထားသည်။", "တပ်မဟာ ၅ နယ်မြေတွင် ဇွ...
https://yktnews.com/2024/05/165166/
တိုင်းစစ်ဌာနချုပ်နယ်မြေ ၈ ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးကို မင်းအောင်လှိုင်က တန်းပြည့်စစ်မှုထမ်းသူများအဖြစ် အမိန့်ပေးသတ်မှတ်မှု တပ်မိသားစုဝင်များကို အသိမပေး၍ မည်သူမှ မသိရှိ
["တပ်မိသားစုဝင်များအားလုံး နာရေး၊သာရေး၊ ကျန်းမာရေးနှင့် မည်သည့်ကိစ္စအတွက်မှ တပ်ပြင်ပ ခရီးသွားခွင့်မရရှိမှု လချီကြာမြင့်နေ", "ရန်ကုန်၊ မေ ၃၁", "အကြမ်းဖက်မင်းအောင်လှိုင်က တိုင်းစစ်ဌာနချုပ်နယ်မြေ ၈ ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးကို မင်း တန်းပြည့်စစ်မှုထမ်းသူများအဖြစ် အမိန့်ပေးသတ်မှတ်မှုကို အဆိုပါတိုင်းစစ်ဌာနချုပ် ၈ ခုမှ...
https://yktnews.com/2023/12/134369/
တပ်ရင်းတပ်ဖွဲ့များတွင် စစ်သားမယားများကို လက်နက်ကိုင် လုံခြုံရေးစောင့်ခိုင်းရသည်အထိ အင်အားမရှိတော့၍ စစ်ပြေးနှင့်ခွင့်မဲ့ ပျက်ကွက် သူများကို တပ်ထဲပြန်ဝင်လျှင် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု ဖိတ်ခေါ်
["တပ်ရင်းတပ်ဖွဲ့များတွင် စစ်သားမယားများကို လက်နက်ကိုင် လုံခြုံရေးစောင့်ခိုင်းရသည်အထိ အင်အားမရှိတော့၍ စစ်ပြေးနှင့်ခွင့်မဲ့ ပျက်ကွက် သူများကို တပ်ထဲပြန်ဝင်လျှင် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု ဖိတ်ခေါ်", "ရန်ကုန်၊ ဒီဇင်ဘာ ၄", "နိုင်ငံတစ်ဝန်းရှိ တပ်ရင်းတပ်ဖွဲ့များတွင် စစ်သားမယားများကို လက်နက်ကိုင် လုံခြုံရေးစောင့်ခိ...
https://yktnews.com/2023/01/81925/
တမူးတွင် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရုံးကို မီးရှို့ဖျက်ဆီး
["တမူးတွင် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရုံးကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဇန်နဝါရီ ၁၉", "စစ်ကိုင်းတိုင်း၊ တမူးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရုံးကို ယနေ့ ဇန်နဝါရီလ ၁၉ ရက် နံနက် ၁၀ နာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ တာဝန်ခံ စင်္ကြာက ပြော...
https://yktnews.com/2022/12/78285/
တမူးတွင် စစ်အရာရှိ ၁ ဦး ၊ စစ်တပ်မိတ်ဖက် SNA အရာရှိ ၊ ပျူစောထီးများ အပါအဝင် ၇ ဦး လိုက်ပါ သော ကား ပစ်ခတ်တိုက်ခိုက်ခံရပြီး အားလုံး သေဆုံး၊ လက်နက် ၆ လက်ရရှိ
["တမူးတွင် စစ်အရာရှိ ၁ ဦး ၊ စစ်တပ်မိတ်ဖက် SNA အရာရှိ ၊ ပျူစောထီးများ အပါအဝင် ၇ ဦး လိုက်ပါ သော ကား ပစ်ခတ်တိုက်ခိုက်ခံရပြီး အားလုံး သေဆုံး၊ လက်နက် ၆ လက်ရရှိ", "ရန်ကုန်၊ ဒီဇင်ဘာ ၃၁", "စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် လက် အောက် ခံSNA နှင့်ပျူစောထီးများ လိုက်ပါလာသော ကားကို PDF ပူးပေါင်း တ...
https://yktnews.com/2024/02/147700/
တမူးနယ်စပ်တွင် ကိုယ်ထူကိုယ်ထ နွေဦးစာသင်ကျောင်း ကျောင်းဆင်းပွဲ ပြုလုပ်
["တမူးနယ်စပ်တွင် ကိုယ်ထူကိုယ်ထ နွေဦးစာသင်ကျောင်း ကျောင်းဆင်းပွဲ ပြုလုပ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆", "တမူးမြို့နယ်စပ်တစ်နေရာရှိ ကိုယ်ထူကိုယ်ထ နွေဦးစာသင်ကျောင်းတွင် “၂၀၂၃/၂၄ ပညာသင်နှစ်", "ကျောင်းဆင်းပွဲ” ကျင်းပ ပြုလုပ်ခဲ့ပြီး ၂၀၂၂/၂၃ ပညာသင်နှစ်(ပညာထူးချွန်ဆု)၊ ၂၀၂၃/၂၄ ပညာသင်နှစ်အတွင်း အာဇာနည်နေ့အထိမ်းအမှတ်နှင့် ကမ္ဘာ့ဆရာ...
https://yktnews.com/2023/02/88514/
တမူးနယ်စပ်ရှိ NUG အစိုးရ ဖွင့်လှစ်ထားသော ကျောင်းများ၌ အတန်းတင် စာမေးပွဲများ စတင် စစ်ဆေး
["တမူးနယ်စပ်ရှိ NUG အစိုးရ ဖွင့်လှစ်ထားသော ကျောင်းများ၌ အတန်းတင် စာမေးပွဲများ စတင် စစ်ဆေး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀", "တမူးမြို့ နယ် အစပ်ရှိ NUG အစိုးရ ဖွင့်လှစ်ထားသော ကျောင်းများ၌ ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်ကာ အတန်းတင် စာမေးပွဲများ စတင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2024/02/148065/
တမူးမြိုနယ် ကမ္ဘာလုံးစေတီကုန်း၌ တပ်စွဲထားသော SNA စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး လက်နက် ၅ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိ
["တမူးမြိုနယ် ကမ္ဘာလုံးစေတီကုန်း၌ တပ်စွဲထားသော SNA စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး လက်နက် ၅ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကမ္ဘာလုံးစေတီဘုရားကုန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ SNA စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကော...
https://yktnews.com/2024/10/187858/
တမူးမြို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးခေါင်းဆောင် ပန်းချီချမ်းမြေ့အဖွဲ့က အရပ်သား ပြည်သူ ၃ ဦးကို ပစ်သတ်ပြီး အလောင်းများ စွန့်ပစ်ထားခဲ့
["တမူးမြို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးခေါင်းဆောင် ပန်းချီချမ်းမြေ့အဖွဲ့က အရပ်သား ပြည်သူ ၃ ဦးကို ပစ်သတ်ပြီး အလောင်းများ စွန့်ပစ်ထားခဲ့", "ရန်ကုန်၊ အောက်တိုဘာ ၁၄", "စစ်ကိုင်းတိုင်း၊ အိန္ဒိယနယ်စပ်၊ တမူးမြို့မှာ အောက်တိုဘာ ၁၂ ရက်နေ့ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသားနှစ်ဦးကို စစ်တပ်လက်အောက်ခံ ပျူစောထီးတွေက ပစ်ခတ်သတ်ဖြတ်ပြီး ...
https://yktnews.com/2024/11/192194/
တမူးမြို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများက မြို့မှ တိမ်းရှောင်ရန်ကြိုးစားသည့် လူငယ် ၃ ဦးကို ဖမ်းဆီး
["တမူးမြို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများက မြို့မှ တိမ်းရှောင်ရန်ကြိုးစားသည့် လူငယ် ၃ ဦးကို ဖမ်းဆီး", "ရန်ကုန်၊ နိုဝင်ဘာ ၁၅", "စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် မြို့ထဲမှ ထွက်လာသည့် မိန်းကလေး ၂ ဦး နှင့် ယောကျ်ာလေး ၁ ဦး ကို စစ်တပ် လက်အောက်ခံ ပျူစောထီးများက ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "နိုဝင်ဘာ ၁၃ ...
https://yktnews.com/2024/02/146596/
တမူးမြို့နယ်စပ်ရှိ “ကိုယ်ထူကိုယ်ထ နွေဦးစာသင်ကျောင်း”တွင် Grade 5 မှ Grade 10 အထိ နှစ်ဆုံးစစ်ဆေးခြင်းပြုလုပ်
["တမူးမြို့နယ်စပ်ရှိ “ကိုယ်ထူကိုယ်ထ နွေဦးစာသင်ကျောင်း”တွင် Grade 5 မှ Grade 10 အထိ နှစ်ဆုံးစစ်ဆေးခြင်းပြုလုပ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "စစ်ကိုင်းတိုင်း တမူးမြိုနယ်စပ် တစ်နေရာရှိ စစ်ဘေးရှောင် “ကိုယ်ထူကိုယ်ထ နွေဦးစာသင်ကျောင်း”တွင် အာဏာရှင် ဆန့်ကျင်ရေး စာတန်းများရေးသားကာ “တော်လှန် စာမေးပွဲ”ကို ဖေဖော်ဝါရီ ၁၉ နေ့တွင် Gra...
https://yktnews.com/2023/11/131601/
တမူးမြို့နယ်နှင့် ခမ်းပတ်မြို့ရှိ စစ်တပ်၏ ခလရ-၂၂၈ တပ်ရင်း စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
["တမူးမြို့နယ်နှင့် ခမ်းပတ်မြို့ရှိ စစ်တပ်၏ ခလရ-၂၂၈ တပ်ရင်း စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၁၆", "စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်နှင့် ခမ်းပတ်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ-၂၂၈ တပ်ရင်း စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက...
https://yktnews.com/2023/12/137174/
တမူးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လေကြောင်းဖြင့် နေ့စဥ် ဗုံးကျဲပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး
["တမူးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လေကြောင်းဖြင့် နေ့စဥ် ဗုံးကျဲပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၄", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ စေတီရွာနှင့် အောင်ဇေယျရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် နေ့စဥ် ဗုံးကျဲပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒ...
https://yktnews.com/2023/12/135317/
တမူးမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးကာ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရ
["တမူးမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးကာ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရ", "ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးကာ ပြည်သူများ ရွ...
https://yktnews.com/2023/06/109812/
တမူးမြို့နယ်ရှိ စစ်တပ်၏ နဂါးမင်းသမီး တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ ရွှေဘိုတွင် KTV မှ ပြန်လာသည့် ရဲကားကို မိုင်းဆွဲမှု ရဲ ၁ ဦးသေဆုံး
["တမူးမြို့နယ်ရှိ စစ်တပ်၏ နဂါးမင်းသမီး တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ ရွှေဘိုတွင် KTV မှ ပြန်လာသည့် ရဲကားကို မိုင်းဆွဲမှု ရဲ ၁ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၂၆", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ နဂါးမင်းသမီး တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၇ ဦးခန့်သေဆုံးပြီး အမ...
https://yktnews.com/2023/11/133800/
တမူးမြို့နယ်ရှိ တော်လှန်ရေး တပ်ဖွဲ့များ စိုးမိုးနယ်မြေတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူများ တွေ့ဆုံ ဆွေးနွေး
["တမူးမြို့နယ်ရှိ တော်လှန်ရေး တပ်ဖွဲ့များ စိုးမိုးနယ်မြေတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူများ တွေ့ဆုံ ဆွေးနွေး", "ရန်ကုန်၊ နိုဝင်ဘာ ၃၀", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ တော်လှန်ရေး တပ်ဖွဲ့များ စိုးမိုးနယ်မြေတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူများ တွေ့ဆုံ ဆ...
https://yktnews.com/2024/02/145179/
တမူးမြို့နယ်၊ စစ်ကောင်စီ၏ အောင်ဇေယျစခန်းကုန်းကို အပြီးသတ်သိမ်းပိုက်မှု စစ်သား ၆ ဦးသေဆုံး
["တမူးမြို့နယ်၊ စစ်ကောင်စီ၏ အောင်ဇေယျစခန်းကုန်းကို အပြီးသတ်သိမ်းပိုက်မှု စစ်သား ၆ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ အောင်ဇေယျစခန်းကုန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ် ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ကူကီးအမျိုးသားတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသိ...
https://yktnews.com/2023/12/135177/
တမူးမြို့နယ်၊ တုံးကျော်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၇ လုံးကျော် ပြာကျ
["တမူးမြို့နယ်၊ တုံးကျော်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၇ လုံးကျော် ပြာကျ", "ရန်ကုန်၊ ဒီဇင်ဘာ ၉", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ တုံးကျော်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၇ လုံးကျော်ပြာကျခဲ့ကြောင်း ...
https://yktnews.com/2023/12/134377/
တမူးမြို့နယ်၊ ထန်းတပင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က မီးရှိူ့ဖျက်ဆီးသဖြင့် နေအိမ်အများအပြား ပြာကျပျက်စီး
["တမူးမြို့နယ်၊ ထန်းတပင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က မီးရှိူ့ဖျက်ဆီးသဖြင့် နေအိမ်အများအပြား ပြာကျပျက်စီး", "ရန်ကုန်၊ ဒီဇင်ဘာ ၄", "စစ်ကိုင်းတိုင်း၊ တမူးမြို့တောင်ဘက် ၁၀ မိုင်အကွာ၊ ကလေး – တမူး လမ်းမပေါ်က ထန်းတပင်ကျေးရွာကို စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ပျူစောထီး တွေက မနေ့ ဒီဇင်ဘာ ၃ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခ...
https://yktnews.com/2023/11/132642/
တမူးမြို့နယ်၊ ထန်းတပင်ကျေးရွာအနီး တိုက်ပွဲတွင် ပျူစောထီးခေါင်းဆောင် မြင့်အောင်အပါအဝင် ၅ ဦးအရှင် ဖမ်းမိကာ ခုခံထွက်ပြေးစဉ် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ မန်မော်ကျေးရွာတွင် စစ်သား ၃ ဦး မိုင်းထိသေ
["တမူးမြို့နယ်၊ ထန်းတပင်ကျေးရွာအနီး တိုက်ပွဲတွင် ပျူစောထီးခေါင်းဆောင် မြင့်အောင်အပါအဝင် ၅ ဦးအရှင် ဖမ်းမိကာ ခုခံထွက်ပြေးစဉ် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ မန်မော်ကျေးရွာတွင် စစ်သား ၃ ဦး မိုင်းထိသေ", "ရန်ကုန်၊ နိုဝင်ဘာ ၂၃", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ထန်းတပင်ကျေးရွာအနီးတိုက်ပွဲတွင် ကြံ့ခိုင်ရေးအမတ်ဟောင်း ပျူစောထီးခေါင်း...
https://yktnews.com/2023/12/134540/
တမူးမြို့နယ်၊ ထန်းတပင်ရွာကို စစ်တပ်က မီးထပ်မံ ရှို့ပြီး ပြည်သူ ၄ ဦးကို ပစ်သတ်
["တမူးမြို့နယ်၊ ထန်းတပင်ရွာကို စစ်တပ်က မီးထပ်မံ ရှို့ပြီး ပြည်သူ ၄ ဦးကို ပစ်သတ်", "ရန်ကုန်၊ ဒီဇင်ဘာ ၅", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ထန်းတပင် ကျေးရွာကို မနေ့ ဒီဇင်ဘာ ၄ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီအဖွဲ့ဝင်တွေက ထပ်မံမီးရှိူ့ပြီး ဒေသခံအရပ်သား လေးဦးကိုပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။", "တမူးမြို့တောင်ဘက် ကလေး – တမူး လမ်းမက...
https://yktnews.com/2024/10/189349/
တမူးမြို့နယ်၊ နမွန်းတားကျေးရွာအနီး၌ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်တပ် လက်အောက်ခံ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရရှိ
["တမူးမြို့နယ်၊ နမွန်းတားကျေးရွာအနီး၌ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်တပ် လက်အောက်ခံ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ အောက်တိုဘာ ၂၄", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ နမွန်းတားကျေးရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ် လက်အောက်ခံ ကသည်း လက်နက်ကိုင် တပ်ဖွဲ့ဝင...
https://yktnews.com/2023/03/94040/
တမူးမြို့နယ်၊ ဘုက္ကန်နယ်မြေရဲစခန်းကို PDFက တိုက်ခိုက်သိမ်းပိုက်မှု လက် နက် ၁၅ လက်၊ မိုင်း၊ ဗုံးနှင့် ခဲယမ်းကျည်မျိုးစုံ သိမ်းဆည်းရရှိ၊ ရဲများ ထွက်ပြေး
["တမူးမြို့နယ်၊ ဘုက္ကန်နယ်မြေရဲစခန်းကို PDFက တိုက်ခိုက်သိမ်းပိုက်မှု လက် နက် ၁၅ လက်၊ မိုင်း၊ ဗုံးနှင့် ခဲယမ်းကျည်မျိုးစုံ သိမ်းဆည်းရရှိ၊ ရဲများ ထွက်ပြေး", "ရန်ကုန်၊ မတ် ၂၄", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ဘုက္ကန်နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်က သိမ်း ပိုက် မီးရှို့ရှင်းလင်းရာ လက်နက် ၁၅ လက်၊ ကျည်မျိုးစုံနှင့် ရဲအ...
https://yktnews.com/2023/03/94022/
တမူးမြို့နယ်၊ ဘုက္ကန်နယ်မြေရဲစခန်းကို PDFက သိမ်းပိုက် မီးရှို့ရှင်းလင်း၊ ရဲများသေဆုံးမှုရှိပြီး စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်
["တမူးမြို့နယ်၊ ဘုက္ကန်နယ်မြေရဲစခန်းကို PDFက သိမ်းပိုက် မီးရှို့ရှင်းလင်း၊ ရဲများသေဆုံးမှုရှိပြီး စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်", "ရန်ကုန်၊ မတ် ၂၄", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ဘုက္ကန်နယ်မြေရဲစခန်းကို PDF တပ်များက သိမ်းပိုက် မီးရှို့ရှင်းလင်းလိုက်ပြီး ရဲများ သေဆုံးမှုရှိကြောင်း PDF သတင်းရင်းမြစ်များထံမှ သိရှိရသည်။",...
https://yktnews.com/2023/11/130239/
တမူးမြို့နယ်၊ မန်မော်ကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်
["တမူးမြို့နယ်၊ မန်မော်ကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်", "ရန်ကုန်၊ နိုဝင်ဘာ ၈", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကလေး – တမူးလမ်းပိုင်း၊ မန်မော်ကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း တမူးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄...
https://yktnews.com/2024/05/161930/
တမူးမြို့နယ်၊ မြို့သစ်မြို့ကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်၊ ရဲ ၂၁ ဦး လက်နက်ချ အညံ့ခံ
["တမူးမြို့နယ်၊ မြို့သစ်မြို့ကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်၊ ရဲ ၂၁ ဦး လက်နက်ချ အညံ့ခံ", "ရန်ကုန်၊ မေ ၁၁", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မြို့သစ်မြို့ကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး ရဲ ၂၁ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားသည်။", "မ...
https://yktnews.com/2023/10/127521/
တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာတွင် ပြည်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီး ပစ်သတ်၊ ဆားလင်းကြီးတွင် စစ်ရေယာဥ် အုပ်စု၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး
["တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာတွင် ပြည်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီး ပစ်သတ်၊ ဆားလင်းကြီးတွင် စစ်ရေယာဥ် အုပ်စု၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၂၂", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာသား ပြည်သူ ၁ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီး ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများက ရ...
https://yktnews.com/2023/12/135548/
တမူးမြို့နယ်၊ အောင်ဇေယျ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု လက်နက်ခဲယမ်းများအပြင် ကားပါ သိမ်းဆည်းရရှိ
["တမူးမြို့နယ်၊ အောင်ဇေယျ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု လက်နက်ခဲယမ်းများအပြင် ကားပါ သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဒီဇင်ဘာ ၁၂", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အထက်ပိုင်း၊ အောင်ဇေယျကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံ တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်သတင်းပေး ၆ ဦးဖမ်းမိသည့်အပြင် စစ်လက်နက်ခဲယမ်း...
https://yktnews.com/2023/12/135287/
တမူးမြို့နယ်၊ အောင်ဇေယျကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်မှု စစ်ကောင်စီဘက်တော်သား ၆ ဦးဖမ်းမိပြီး KNA – Burma ရဲဘော် ၂ ဦး ကျဆုံး
["တမူးမြို့နယ်၊ အောင်ဇေယျကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်မှု စစ်ကောင်စီဘက်တော်သား ၆ ဦးဖမ်းမိပြီး KNA – Burma ရဲဘော် ၂ ဦး ကျဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အထက်ပိုင်း၊ အောင်ဇေယျကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံ တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်သတင်းပေ...
https://yktnews.com/2023/02/87207/
တမူးမြို့ရှိ NUG အစိုးရ စာသင်ကျောင်းတွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်
["တမူးမြို့ရှိ NUG အစိုးရ စာသင်ကျောင်းတွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃", "တမူးမြို့နယ်တွင် NUG အစိုးရ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ နွေဦး စာသင်ကျောင်းတွင် ၁၀၈ နှစ်ပြည့် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် အစားအသောက် ကျွေးမွေးခြင်းနှင့် အမှတ်တရ စကား မျှဝေခြင်းများ အခမ...
https://yktnews.com/2023/03/93960/
တရားမဝင် စစ်ကောင်စီ (သို့မဟုတ်) တရားဝင်ကြောင်း စစ်ကောင်စီ၏ လီဆယ်ပြောဆိုမှုအပေါ် နိုင်ငံတကာ၏ တုန့်ပြန်ချက်
["တရားမဝင် စစ်ကောင်စီ (သို့မဟုတ်) တရားဝင်ကြောင်း စစ်ကောင်စီ၏ လီဆယ်ပြောဆိုမှုအပေါ် နိုင်ငံတကာ၏ တုန့်ပြန်ချက်", "By လမ်းသစ်", "“Illegal and Illegitimate: Examining the Myanmar Military’s Claim as the Government of Myanmar and the International Response” အမည်ရှိ Conference Room Paper အားမိတ်ဆက်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးက...
https://yktnews.com/2024/02/146760/
တရားမဝင် စစ်မှုထမ်းဥပဒေ နှင့် ပတ်သက်၍ အကူအညီတောင်းခံသူ ၄၈ နာရီအတွင်း ၁၀၀၀ ကျော်ရှိ၊ အကူအညီပေးရေး ဖြေကြားမည့် တယ်လီဂရမ်ချန်နယ်များ ထပ်မံတိုးချဲ့
["တရားမဝင် စစ်မှုထမ်းဥပဒေ နှင့် ပတ်သက်၍ အကူအညီတောင်းခံသူ ၄၈ နာရီအတွင်း ၁၀၀၀ ကျော်ရှိ၊ အကူအညီပေးရေး ဖြေကြားမည့် တယ်လီဂရမ်ချန်နယ်များ ထပ်မံတိုးချဲ့", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀", "အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်သည့် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အကူအညီများ တောင်းခံသူ ၄၈ နာရီအတွင်း ၁၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း လွတ်လပ်သော CDM အင...
https://yktnews.com/2023/03/93653/
တရားမဝင် စစ်အာဏာသိမ်းမှုနှင့် တရားမဝင် စစ်ကောင်စီ
["တရားမဝင် စစ်အာဏာသိမ်းမှုနှင့် တရားမဝင် စစ်ကောင်စီ", "By လမ်းသစ်", "“စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ မှန်ကန်သင့်တော်တဲ့ အစိုးရတစ်ရပ်အဖြစ် သတ်မှတ်ဖို့ ဆိုတာဟာ ဘယ်လိုမှ ကျိုးကြောင်းဆီလျော်တဲ့ ကိစ္စမဟုတ်ပါဘူး” ….", "——————-", "ဒါကတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ်အန်ဒရူး (Tom...
https://yktnews.com/2023/02/87159/
တရားမဝင် အာဏာသိမ်း စစ်အုပ်စုကို ပံ့ပိုးကျားကန်ပေးရင်း အကျိုးအမြတ်များစွာ ဆက်လက်ရရှိနေတဲ့ နိုင်ငံတကာ ရေနံကုမ္ပဏီကြီးများ (အပိုင်း- ၂)
["တရားမဝင် အာဏာသိမ်း စစ်အုပ်စုကို ပံ့ပိုးကျားကန်ပေးရင်း အကျိုးအမြတ်များစွာ ဆက်လက်ရရှိနေတဲ့ နိုင်ငံတကာ ရေနံကုမ္ပဏီကြီးများ (အပိုင်း- ၂)", "By Dominic Rushe, Nick Mathiason and Diarmid O’Sullivan", "အ‌မေရိကန် စွမ်းအင်ကုမ္ပဏီကြီးဖြစ်တဲ့ Chevron က မြန်မာနိုင်ငံတွင်း “ရတနာစီမံကိန်း”က ၎င်းတို့ရဲ့ ရှယ်ယာ ၄၁ ဒဿမ ၁ ရာခိုင်နှုန်...
https://yktnews.com/2023/02/86805/
တရားမဝင် အာဏာသိမ်း စစ်အုပ်စုကို ပံ့ပိုးကျားကန်ပေးရင်း အကျိုးအမြတ်များစွာ ဆက်လက်ရရှိနေတဲ့ နိုင်ငံတကာ ရေနံကုမ္ပဏီကြီးများ
["တရားမဝင် အာဏာသိမ်း စစ်အုပ်စုကို ပံ့ပိုးကျားကန်ပေးရင်း အကျိုးအမြတ်များစွာ ဆက်လက်ရရှိနေတဲ့ နိုင်ငံတကာ ရေနံကုမ္ပဏီကြီးများ", "By Dominic Rushe, Nick Mathiason and Diarmid O’Sullivan", "ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်ဝန်ဆောင်မှု ကုမ္ပဏီအချို့ဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဝန်ဆောင်မှုလုပ်ငန...
https://yktnews.com/2023/09/121359/
တရားရုံးချုပ်နဲ့ နိုင်ငံတကာ တားမြစ်ပိတ်ပင်မှုတွေကို မသိကျိုးကျွံပြုပြီး အစ္စရေးက မြန်မာစစ်တပ်ကို အဆင့်မြင့်လက်နက်များ ဆက်လက်ရောင်းချခဲ့
["တရားရုံးချုပ်နဲ့ နိုင်ငံတကာ တားမြစ်ပိတ်ပင်မှုတွေကို မသိကျိုးကျွံပြုပြီး အစ္စရေးက မြန်မာစစ်တပ်ကို အဆင့်မြင့်လက်နက်များ ဆက်လက်ရောင်းချခဲ့", "ရန်ကုန်၊ စက်တင်ဘာ ၇", "အစ္စရေး စစ်လက်နက် ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ တရားမဝင် စစ်အာဏာသိမ်းယူမှု ဖြစ်ပွားပြီး နောက်ပိုင်းမှာလည်း မြန်မာစစ်အုပ်စုထံ အဆင့်မြင့်နည်းပညာသုံး လေကြောင်း...
https://yktnews.com/2023/03/93823/
တရားဝင်မှု အလျင်းမရှိသည့် တန်းမဝင် ဘောင်မဝင် မြန်မာအကြမ်းဖက် စစ်ကောင်စီ
["တရားဝင်မှု အလျင်းမရှိသည့် တန်းမဝင် ဘောင်မဝင် မြန်မာအကြမ်းဖက် စစ်ကောင်စီ", "By လမ်းသစ်", "Conference Room Paper အားမိတ်ဆက်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အခမ်းအနားတခုအတွင်း စစ်ကောင်စီ၏ တရားမဝင်မှုကို ရှင်းလင်းထောက်ပြ ဆွေးနွေးခဲ့သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ်အန်ဒရူး (Tom Andre...
https://yktnews.com/2023/08/116139/
တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ၂ ဦး၊ ဝန်ကြီး ၄ ဦး နှင့် စစ်ကောင်စီအဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၁၀ ဦးကို ရာထူးမှ ထုတ်ပယ် အနားပေး
["တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ၂ ဦး၊ ဝန်ကြီး ၄ ဦး နှင့် စစ်ကောင်စီအဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၁၀ ဦးကို ရာထူးမှ ထုတ်ပယ် အနားပေး", "ရန်ကုန်၊ ဩဂုတ် ၂", "အကြမ်းဖက်စစ်ကောင်စီက တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်၊ အဂတိလိုက် စားမှု တိုက်ဖျက်ရေး၊ အမျိုးသားလူ့အ...
https://yktnews.com/2024/09/181947/
မကွေးမြို့ပေါ်တွင် စစ်မှုထမ်းဟောင်းများ၊ Non-CDM ဝန်ထမ်းများ၊ မီးသတ်များနှင့် ပျူစောထီးများကို ဒရုန်မောင်းနည်း သင်တန်းများး တရုတ်တချို့က သင်တန်းပေး၊ စစ်ကိုင်းတိုင်းရှိ ပြည်သူ့စစ်များကိုလည်း ဒရုန်းသင်တန်းများ အကြီးအကျယ်ပို့ချပေးနေ
["တရုတ် AheadX ကုမ္ပဏီထံမှ ထောက်လှမ်းရေးဒရုန်းအများအပြားကိုလည်း စစ်ကောင်စီက ဝယ်ယူထား", "ရန်ကုန်၊ စက်တင်ဘာ ၅", "မကွေးတိုင်း၊ မကွေးမြို့ပေါ်တွင် စစ်မှုထမ်းဟောင်းများ၊ Non-CDM ဝန်ထမ်းများ၊ မီးသတ်များနှင့် ပျူစောထီးများကို ဒရုန်း မောင်းနည်း သင်တန်းများကို တရုတ်တချို့က လာရောက် သင်ကြားပေးလျက်ရှိကြောင်းစစ်မှုထမ်းဟောင်းတချို့ထ...
https://yktnews.com/2023/12/137038/
တရုတ် စီမံကိန်း တည်ရှိရာ ကျောက်ဖြူရှိ တောင်မော်ဦး စစ်ကောင်စီရေတပ်စခန်းမှ လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်နေ
["တရုတ် စီမံကိန်း တည်ရှိရာ ကျောက်ဖြူရှိ တောင်မော်ဦး စစ်ကောင်စီရေတပ်စခန်းမှ လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်နေ", "ရန်ကုန်| ဒီဇင်ဘာ ၂၃", "တရုတ်စီမံကိန်းတည်ရှိရာ ရခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် (၁၈) တောင်မော်ဦး ရေတပ်စခန်းဖက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုတို့ ပြုလုပ်နေကြောင်း ဒေသတွင်းနေထိုင်သူ...
https://yktnews.com/2025/03/205892/
တရုတ် ရေနက်ဆိပ်ကမ်း နှင့် စီးပွားရေးဇုန်စီမံကိန်း ရှိရာ ကျောက်ဖြူ မြို့နယ်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်
["တရုတ် ရေနက်ဆိပ်ကမ်း နှင့် စီးပွားရေးဇုန်စီမံကိန်း ရှိရာ ကျောက်ဖြူ မြို့နယ်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်", "ရန်ကုန်|မတ် ၁", "ရခိုင်ပြည်၊ ကျောက်ဖြူမြို့ နယ်၊ စစ်ကောင်စီ၏ ဓညဝတီရေတပ်အနီး အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများ၏ ပြော...
https://yktnews.com/2024/01/140406/
ကွတ်ခိုင်၊ နမ့်ဖတ်ကာ တွင် KIA က ပစ်ချလိုက်သည့် တိုက်လေယာဉ်မှာ တရုတ် ထုတ် FTC 2000G အမျိုးအစားဖြစ်ပြီး စစ်လေယာဉ်မှူး ဗိုလ်မှူးနှင့် တွဲဘက်လေယာဉ်မှူး ဗိုလ်ကြီးတို့ သေဆုံး
["တရုတ် လုပ် FTC 2000 G အပေါ့စားတိုက်လေယာဉ် တစ်စီးလျှင် အမေရိ ကန် ဒေါ်လာ ၈ သန်းခွဲဝန်းကျင်တန်ဖိုးရှိ", "ရန်ကုန်၊ ဇန်နဝါရီ ၁၇", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ကျေးရွာ၊ မနူယာန် ဒေသတွင် ဗုံးလာကျဲသည့် စစ်ကောင်စီ၏ တိုက် လေယာဉ်စီးကို KIA က ပစ် ခတ်လိုက်ရာ အဆိုပါ လေယာဉ်မှာ တရုတ်လုပ် FTC 2000G အမျိုးအစာ...
https://yktnews.com/2025/01/201009/
တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပြည်တွင်းပြည်ပ မလိုလားသော အဖွဲ့များက နည်းလမ်းမျိုးစုံဖြင့် သွေးခွဲ နေ၍ နှစ်နိုင်ငံ တာဝန်ရှိသူများနှင့် ပြည်သူများ အထူးဂရုစိုက်ကြရန် မင်းအောင်လှိုင် ပြော
["တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပြည်တွင်းပြည်ပ မလိုလားသော အဖွဲ့များက နည်းလမ်းမျိုးစုံဖြင့် သွေးခွဲ နေ၍ နှစ်နိုင်ငံ တာဝန်ရှိသူများနှင့် ပြည်သူများအထူးဂရုစိုက်ကြရန် မင်းအောင်လှိုင် ပြော", "ရန်ကုန်၊ ဇန်နဝါရီ ၂၆", "တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပြည်တွင်းပြည်ပ မလိုလားသော အဖွဲ့များက နည်းလမ်းမျ...
https://yktnews.com/2023/11/132968/
တရုတ်-မြန်မာနယ်စပ်တွင် တရုတ်စစ်တပ်က ပုံမှန် စစ်ရေး လေ့ကျင့်မှုကို အကြမ်းဖက် စစ်ကောင်စီက ၎င်းတို့အတွက် ပြုလုပ်သယောင် ဇော်မင်းထွန်း ဝါဒဖြန့်နေ
["တရုတ်-မြန်မာနယ်စပ်တွင် တရုတ်စစ်တပ်က ပုံမှန် စစ်ရေး လေ့ကျင့်မှုကို အကြမ်းဖက် စစ်ကောင်စီက ၎င်းတို့အတွက် ပြုလုပ်သယောင် ဇော်မင်းထွန်း ဝါဒဖြန့်နေ", "ရန်ကုန်၊ နိုဝင်ဘာ ၂၅", "တရုတ်-မြန်မာနယ်စပ်တွင် တရုတ်စစ်ရေး လေ့ကျင့်မှုကို အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့အတွက် ပြုလုပ်သယောင် ဇော်မင်းထွန်းက ဝါဒဖြန့်လျက်ရှိကြောင်း သိရှိရသည်။", ...
https://yktnews.com/2024/08/180530/
တရုတ်-မြန်မာနယ်စပ်တွင် တရုတ်စစ်တပ်က ဝေဟင်နှင့် မြေပြင် စစ်ရေးကင်းလှည့်မှုများလုပ်ဆောင်
["တရုတ်-မြန်မာနယ်စပ်တွင် တရုတ်စစ်တပ်က ဝေဟင်နှင့် မြေပြင် စစ်ရေးကင်းလှည့်မှုများလုပ်ဆောင်", "ရန်ကုန်၊ ဩဂုတ် ၂၆", "တရုတ်-မြန်မာနယ်စပ်တွင် တရုတ်စစ်တပ်က ဝေဟင်နှင့် မြေပြင် စစ်ရေးကင်းလှည့်မှုများလုပ်ဆောင်နေကြောင်း တရုတ်စစ်တပ်က တရားဝင်ကြေ ညာသည်။", "ယနေ့ဩဂုတ် ၂၆ ရက်နေ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ တောင်ပိုင်းစစ်ဒ...
https://yktnews.com/2024/06/167386/
ကချင်ပြည်တွင် ၃လခွဲနီးပါး စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ၁၂၅ ခု နှင့် မြို့ ၅ ခုကို KIAက သိမ်းပိုက်
["တရုတ်-မြန်မာနယ်စပ်မြို့ လွယ်ဂျယ်မြို့၊ ဆင်ဘိုမြို့၊ ဆွမ်ပရာဘွမ်မြို့၊ မြို့လှ၊ ဆဒုံးမြို့ တို့ကို KIO က ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်", "ရန်ကုန်၊ ဇွန် ၁၃", "ကချင်ပြည်နယ်တွင် ၃လခွဲနီးပါးကြာ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်စခန်း ၁၂၅ ခုနှင့် မြို့ ၅ ခုကို KIA က သိမ်းပိုက်ရရှိထားကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။", ...
https://yktnews.com/2023/09/124328/
တရုတ်-မြန်မာနယ်နယ်စပ်အနီးတွင် အွန်လိုင်းငွေလိမ်ရာဇဝတ်ဂိုဏ်းများ၏ လူကုန်ကူးမှုများကို တားဆီးရေး ကန့်သတ်ဇုန်တစ်ခုကို တရုတ်အစိုးရက ထူထောင်မည်
["တရုတ်-မြန်မာနယ်နယ်စပ်အနီးတွင် အွန်လိုင်းငွေလိမ်ရာဇဝတ်ဂိုဏ်းများ၏ လူကုန်ကူးမှုများကို တားဆီးရေး ကန့်သတ်ဇုန်တစ်ခုကို တရုတ်အစိုးရက ထူထောင်မည်", "ရန်ကုန်၊ စက်တင်ဘာ ၂၈", "တရုတ်-မြန်မာနယ်နယ်စပ်အနီးတွင် အွန်လိုင်းငွေလိမ်ရာဇဝတ်ဂိုဏ်းများ၏ လူကုန်ကူးမှုများကို တားဆီးရေး ကန့်သတ်ဇုန်တစ်ခုကို တရုတ်နိုင်ငံ၊ ယူနန် ပြည်နယ် အစိုးရက ထ...
https://yktnews.com/2025/05/214829/
တရုတ်က မစွက်ဖက်ရေးမူဝါဒကို လက်ကိုင်ပြုသည်ဟု ပြောဆိုပြီး ရှမ်းမြောက်အရေးတွင် ဝင်ရောက်စွက်ဖက်နေမှု မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိခိုက်နေဟု SAC-M က ထောက်ပြ
["တရုတ်က မစွက်ဖက်ရေးမူဝါဒကို လက်ကိုင်ပြုသည်ဟု ပြောဆိုပြီး ရှမ်းမြောက်အရေးတွင် ဝင်ရောက်စွက်ဖက်နေမှု မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိခိုက်နေဟု SAC-M ကထောက်ပြ", "ရန်ကုန်၊ မေ ၁၇", "တရုတ်နိုင်ငံက မြန်မာ့အရေးနှင့်ပတ်သက်၍ ကြားဝင် မစွက်ဖက်ရေးမူဝါဒကို လက်ကိုင်ပြုသည်ဟု ထပ်ခါတလဲလဲ ပြောဆိုနေသော်လည်း ရှမ်းပြည်နယ...
https://yktnews.com/2025/04/211785/
တရုတ်တွင် ဇနီးမယားအဖြစ် ရောင်းစားခံခဲ့ရသော မခင်စန္ဒာ ပြန်လွတ်မြောက်လာချိန် လူကုန်ကူးခဲ့သူများကို တိုင်ကြားသော် လည်း ပြည်ထဲရေးနှင့်ရဲတပ်ဖွဲ့ကအမှုပေးမဖွင့်ဘဲ တိုင်ကြားသူကို ပြန်ခြိမ်းခြောက်
["တရုတ်တွင် ဇနီးမယားအဖြစ် ရောင်းစားခံခဲ့ရသော မခင်စန္ဒာ ပြန်လွတ်မြောက်လာချိန် လူကုန်ကူးခဲ့သူများကို တိုင်ကြားသော် လည်း ပြည်ထဲရေးနှင့်ရဲတပ်ဖွဲ့ကအမှုပေးမဖွင့်ဘဲတိုင်ကြားသူကို ပြန်ခြိမ်းခြောက်", "ရန်ကုန်၊ ဧပြီ ၁၆", "တရုတ်နိုင်ငံသို့ လူကုန်ကူးခံရပြီး တရုတ်မယားအဖြစ် ရောင်းစားခံခဲ့ရသော မခင်စန္ဒာက ပြန်လည် လွတ်မြောက်လာချိန် လူက...
https://yktnews.com/2024/05/162838/
တရုတ်ထုတ် စစ်သုံးမော်တော်ယာဥ်များ မြန်မာနိုင်ငံတွင် အကြီးအကျယ်ထုတ်လုပ်နေပြီး စစ်ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုများတွင် ထိုယာဥ်များက အဓိကအခန်းကဏ္ဍမှ ပါဝင်နေ
["တရုတ်ထုတ် စစ်သုံးမော်တော်ယာဥ်များ မြန်မာနိုင်ငံတွင် အကြီးအကျယ်ထုတ်လုပ်နေပြီး စစ်ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုများတွင် ထိုယာဥ်များက အဓိကအခန်းကဏ္ဍမှ ပါဝင်နေ", "မေ ၁၆၊ ၂၀၂၄", "မြန်မာပြည်သူများအပေါ် ကျူးလွန်နေသည့် စစ်အုပ်စု၏ ဖိနှိပ်အကြမ်းဖက်မှုများတွင် တရုတ်နိုင်ငံပိုင်ကုမ္ပဏီ Sinotruk ထုတ် ထရပ်ကားများက အဓိကအခန်းကဏ္ဍက ပါဝင...
https://yktnews.com/2024/08/179492/
တရုတ်နိုင်ငံက စစ်ကောင်စီထံသို့ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ချေးငှားမည်ဆိုသော သတင်းများ မှန်ကန်မှုမရှိ
["တရုတ်နိုင်ငံက စစ်ကောင်စီထံသို့ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ချေးငှားမည်ဆိုသော သတင်းများ မှန်ကန်မှုမရှိ", "စစ်တပ်လော်ဘီများက ကျပ်ငွေတန်ဖိုးတက်ပြီး ဒေါ်လာတန်ဖိုးကျဆင်းစေရန် ရည်ရွယ်ထုတ်လွှင့်သော သတင်းအတု သတင်းအမှားသာဖြစ်", "ရန်ကုန်၊ ဩဂုတ် ၁၈", "တရုတ်နိုင်ငံက အကြမ်းဖက်စစ်ကောင်စီထံသို့ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ထုတ်ချေးမည်ဆိုသော...
https://yktnews.com/2023/12/137337/
တရုတ်နိုင်ငံက ၀ရမ်းထုတ်ထားသည့် ကိုးကန့် ဥက္ကဋ္ဌ ဟောင်း ပယ်ဆောက်ချိန် လက်ကိုင်တုတ် အမှတ် ၂၁ ရဲတပ်ရင်း၏ ဒုတပ်ရင်းမှူး လီဖုဆိုကို MNDAA က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ
["တရုတ်နိုင်ငံက ၀ရမ်းထုတ်ထားသည့် ကိုးကန့် ဥက္ကဋ္ဌ ဟောင်း ပယ်ဆောက်ချိန် လက်ကိုင်တုတ် အမှတ် ၂၁ ရဲတပ်ရင်း၏ ဒုတပ်ရင်းမှူး လီဖုဆိုကို MNDAA က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၅", "တရုတ်နိုင်ငံက ၀ရမ်းထုတ်ထားသည့် ကိုးကန့်ဒေသ ဥက္ကဋ္ဌ ဟောင်း ပယ်ဆောက်ချိန်၏ လက်ကိုင်တုတ် အမှတ် ၂၁ ရဲတပ်ရင်း၏ ဒုတပ်ရင်းမှူး လီဖုဆိုက...
https://yktnews.com/2024/08/178794/
တရုတ်နိုင်ငံခြားရေးဝန်ကြီး ယနေ့ မွန်းတည့်အချိန် နေပြည်တော် ရောက်ရှိမည်
["တရုတ်နိုင်ငံခြားရေးဝန်ကြီး ယနေ့ မွန်းတည့်အချိန် နေပြည်တော် ရောက်ရှိမည်", "နေပြည်တော်တွင် အာဏာသိမ်းမှု ထပ်ဖြစ်ရန်မှာ ဖြစ်နိုင်ခြေ အလွန်နည်းပါးပြီး တတ်စွမ်းနိုင်သူမှာ တစ်ဦးတည်းသာ ရှိဟု စစ်ဘက်သတင်းရင်းမြစ် ပြောဆို", "ရန်ကုန်၊ ဩဂုတ် ၁၄", "အကြမ်းဖက် စစ်ဗိုလ်ချုပ်များအကြား အာဏာလုယူမှုများဖြစ်ပေါ်သည်ဆိုသော အတည်မပြုနိုင်သေးသ...
https://yktnews.com/2023/11/129551/
တရုတ်နိုင်ငံရှိ ချင်းရွှေဟော်မှ မြန်မာ စစ်ဘေးရှောင် ပြည်သူ ၅၀၀၀ ကျော်ကို နေရာပြောင်းရွှေ့ ၊ စစ်ဘေးရှောင်ပြည်သူများ နေထိုင်မကောင်း လျှင် ကိုယ်ပိုင်ငွေကြေးဖြင့် စျေးကြီးကြီးပေး၍ ကုသနေရ
["တရုတ်နိုင်ငံရှိ ချင်းရွှေဟော်မှ မြန်မာ စစ်ဘေးရှောင် ပြည်သူ ၅၀၀၀ ကျော်ကို နေရာပြောင်းရွှေ့ ၊ စစ်ဘေးရှောင်ပြည်သူများ နေထိုင်မကောင်း လျှင် ကိုယ်ပိုင်ငွေကြေးဖြင့် စျေးကြီးကြီးပေး၍ ကုသနေရ", "ရန်ကုန်၊ နိုဝင်ဘာ ၄", "တရုတ်နိုင်ငံတွင် ထွက်ပြေးရောက်ရှိနေသော ချင်းရွှေဟော်မှ မြန်မာ စစ်ဘေးရှောင် ပြည်သူ ၅၀၀၀ ကျော်ကို နယ်စပ်နေရာမှ ...
https://yktnews.com/2024/06/166843/
တရုတ်နိုင်ငံလုပ် စိုက်ပျိုးရေးသုံး ဒရုန်း ရာပေါင်းများစွာ ကို စစ်ကောင်စီက စစ်ဆင်ရေးများ အတွက် ဝယ်ယူပြီး ဗုံးတပ်ဆင် အသုံးပြုရန် တပ်ရင်းများသို့ ဖြန့်ဝေ
["တရုတ်နိုင်ငံလုပ် စိုက်ပျိုးရေးသုံး ဒရုန်း ရာပေါင်းများစွာ ကို စစ်ကောင်စီက စစ်ဆင်ရေးများ အတွက် ဝယ်ယူပြီး ဗုံးတပ်ဆင် အသုံးပြုရန် တပ်ရင်းများသို့ ဖြန့်ဝေ", "ရန်ကုန်၊ ဇွန် ၁၀", "အကြမ်းဖက်စစ်ကောင်စီက တရုတ်နိုင်ငံလုပ် စိုက်ပျိုးရေးသုံး ဒရုန်းစင်းရေ ရာပေါင်းများစွာကို စစ်ရေးဆိုင်ရာ စစ်ဆင်ရေးအတွက် ဝယ်ယူပြီး ဗုံးတပ်ဆင် အသုံးပ...
https://yktnews.com/2023/11/129395/
တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရသည့် မြန်မာစစ်ဘေးရှောင် ပြည်သူများကို တရုတ်အာဏာပိုင်များက ဖုန်းပေးမသုံးဘဲ မိုဘိုင်းဖုန်းများ သိမ်း ဆည်းထားကာ မသန့်ရှင်းသော အစားအစာများသာ ကျွေးမွေး
["တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရသည့် မြန်မာစစ်ဘေးရှောင် ပြည်သူများကို တရုတ်အာဏာပိုင်များက ဖုန်းပေးမသုံးဘဲ မိုဘိုင်းဖုန်းများ သိမ်း ဆည်းထားကာ မသန့်ရှင်းသော အစားအစာများသာ ကျွေးမွေး", "နေရပ်ပြန်လိုသော စစ်ဘေးရှောင်များကိုလည်း ပြန်ခွင့်မပေးဘဲ ချုပ်နှောင်ထား", "ရန်ကုန်၊ နိုဝင်ဘာ ၃", "ရှမ်းပြည်မြောက်ပိုင်း၊ ချင်းရွှေဟေ...
https://yktnews.com/2024/01/139637/
တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက် ရရှိထားကြောင်း MNDAA ထုတ်ပြန်
["တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက် ရရှိထားကြောင်း MNDAA ထုတ်ပြန်", "ရန်ကုန်၊ ဇန်နဝါရီ ၁၂", "တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် အကြမ်းဖက် စစ်ကောင်စီတို့ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက် ရရှိထားကြ...
https://yktnews.com/2025/03/206931/
တရုတ်နှင့် ဆက်နွှယ်နေသော မြန်မာ့စီးပွားရေးလုပ်ငန်းများတွင် အကျိုးစီးပွားပဋိပက္ခ ရှိမရှိနှင့် ပတ်သက်၍ မြန်မာဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အား စုံစမ်းစစ်ဆေးရန် JFM တောင်းဆို
["တရုတ်နှင့် ဆက်နွှယ်နေသော မြန်မာ့စီးပွားရေးလုပ်ငန်းများတွင် အကျိုးစီးပွားပဋိပက္ခ ရှိမရှိနှင့် ပတ်သက်၍ မြန်မာဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အား စုံစမ်းစစ်ဆေးရန် JFMတောင်းဆို", "ရန်ကုန်၊ မတ် ၉", "ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘိရှော့သည် တရုတ်နှင့် ဆက်နွှယ်နေသော မြန်မာ့စီးပွားရေးလုပ်...
https://yktnews.com/2024/03/153176/
တရုတ်နိုင်ငံယူနန်ပြည်နယ်ထဲသို့ မြန်မာဘက်က ပစ်ခတ်လိုက်သော လက် နက်ကြီးကျည် ၂ လုံးကျရောက်မှု တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်
["တရုတ်ဘက်ကျရောက်သော လက်နက်ကြီးကျည်မှာ စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည်များဟု အတည်ပြုနိုင်", "ရန်ကုန်၊ မတ် ၂၇", "တရုတ်နိုင်ငံယူနန်ပြည်နယ်ထဲသို့ မြန်မာဘက်က ပစ်ခတ်လိုက်သော လက်နက် ကြီးကျည် ၂ လုံးကျရောက်၍ တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ယနေ့ တရားဝင် သတင်းထုတ်ပြန်လိုက်သည်။", "မတ်လ ၂၇ ရက်နေ့ စစ်ကောင်စီတပ်နှင့် KI...
https://yktnews.com/2023/08/117361/
တရုတ်ဝမ်ပေါင် ၊ ယန်စီကုမ္ပဏီများက စစ်တပ်နှင့် ပူးပေါင်း၍ ပြည်သူများကို ဖိနှိပ်နေမှု ချက်ချင်းရပ်တန့်ရန် သပိတ်အင်အားစု ၁၇ ဖွဲ့ ပြင်းပြင်းထန်ထန် သတိပေး
["တရုတ်ဝမ်ပေါင် ၊ ယန်စီကုမ္ပဏီများက စစ်တပ်နှင့် ပူးပေါင်း၍ ပြည်သူများကို ဖိနှိပ်နေမှု ချက်ချင်းရပ်တန့်ရန် သပိတ်အင်အားစု ၁၇ ဖွဲ့ ပြင်းပြင်းထန်ထန် သတိပေး", "ရန်ကုန်၊ ဩဂုတ် ၉", "စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ကြေးနီစီမံကိန်းများ ဆောင်ရွက်နေ သော တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီနှင့် ယန်စီကုမ္ပဏီတို့က အကြမ်းဖက် စစ...
https://yktnews.com/2025/01/200208/
တရုတ်အစိုးရ ညွှန်ကြားချက်အရ ဝ ပြည်နယ်မှနေ၍ ကိုးကန့်ဒေသကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့် စတင် ခွင့်ပြု
["တရုတ်အစိုးရ ညွှန်ကြားချက်အရ ဝ ပြည်နယ်မှနေ၍ ကိုးကန့်ဒေသကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့် စတင် ခွင့်ပြု", "ရန်ကုန်၊ ဇန်နဝါရီ ၂၀", "တရုတ်နိုင်ငံ အစိုးရ ညွှန်ကြားချက်အရ ဝ ပြည်နယ်မှနေ၍ ကိုးကန့်ဒေသကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့် စတင်ခွင့်ပြုပြီဖြစ်ကြောင်း သိရသည်။", "ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ...
https://yktnews.com/2024/06/167154/
တရုတ်အစိုးရက အကြမ်းဖက်စစ်ကောင်စီထံသို့ ကင်းလှည့်ရေ ယာဉ် ၆ စီး ပေးအပ်
["တရုတ်အစိုးရက အကြမ်းဖက်စစ်ကောင်စီထံသို့ ကင်းလှည့်ရေ ယာဉ် ၆ စီး ပေးအပ်", "ရန်ကုန်၊ ဇွန် ၁၁", "အကြမ်းဖက်စစ်ကောင်စီထံသို့ တရုတ်နိုင်ငံအစိုးရက ကင်းလှည့်ရေယာဉ် ၆ စီး ပေးအပ်လိုက်ကြောင်း ရန်ကုန် တရုတ်သံရုံးက ထုတ်ပြန်သည်။", "ယနေ့ဇွန်လ ၁၁ ရက် နေ့တွင် တရုတ်အစိုးရက မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့သော ကင်းလှည့် ရေယာဥ် ၆ စီးကို ရန်က...
https://yktnews.com/2025/02/204149/
တရုတ်၊ကူမင်းမြို့ ဆွေးနွေးပွဲ မတိုင်မီ စစ်ကောင်စီက နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနှင့်လေယာဉ်ဗုံး ၁၇၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်
["တရုတ်၊ကူမင်းမြို့ ဆွေးနွေးပွဲ မတိုင်မီ စစ်ကောင်စီက နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနှင့်လေယာဉ်ဗုံး ၁၇၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် ကူမင်းမြို့ တွင် အကြမ်းဖက် စစ်ကောင်စီနှင့် TNLA တို့အကြား ဆွေးနွေးပွဲ မတိုင်မီ စစ်ကောင်စီက နောင်ချိ...
https://yktnews.com/2024/01/139660/
တရုတ်၏ ကြားဝင်မှုဖြင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့အကြား ရှမ်းမြောက်ဒေသ တစ်ခုတည်းတွင် အပစ်ရေး သဘောတူညီ
["တရုတ်၏ ကြားဝင်မှုဖြင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့အကြား ရှမ်းမြောက်ဒေသ တစ်ခုတည်းတွင် အပစ်ရေး သဘောတူညီ", "စစ်ကောင်စီက ရှမ်းမြောက်ဒေသရှိ ညီနောင် ၃ ဖွဲ့ ထိန်းချုပ်၊ သိမ်းပိုက်ထား သောနေရာများအားလုံးသို့ လေကြောင်း၊ လက်နက် ကြီးပစ်ခတ်တိုက်ခိုက်မှု မလုပ်ရန် သဘောတူ", "ရန်ကုန်၊ ဇန်နဝါရီ ၁၂", "တရုတ်၏ ကြားဝင်မ...
https://yktnews.com/2024/11/193317/
တရုတ်၏ ကြိုးပမ်းမှုနှင့် စစ်ဘေးဒဏ်သင့် ပြည်သူများကို ငဲ့ညှာမှုတို့ကြောင့် စစ်ရေးပဋိပက္ခများ အဆုံးသတ်ရေး တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိဟု TNLA က ထုတ်ပြန်
["တရုတ်၏ ကြိုးပမ်းမှုနှင့် စစ်ဘေးဒဏ်သင့် ပြည်သူများကို ငဲ့ညှာမှုတို့ကြောင့် စစ်ရေးပဋိပက္ခများ အဆုံးသတ်ရေး တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိဟု TNLA က ထုတ်ပြန်", "ရန်ကုန်၊ နိုဝင်ဘာ ၂၅", "တရုတ်အစိုးရ၏ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေး ကြိုးပမ်းမှု နှင့် စစ်ဘေးဒဏ် ဆိုးရွားစွာခံစားနေရသည့် ပြည်သူများ၏ အကျိုးကို ငဲ့ညှာထောက...