url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/06/106548/
ကယားပြည်နယ်ရှိ CDM ကျန်းမာရေးဝန်ထမ်း ၃၉ ဦးကို တစ်ဦးလျှင် ၁ သိန်းကျပ် လှူဒါန်း
["ကယားပြည်နယ်ရှိ CDM ကျန်းမာရေးဝန်ထမ်း ၃၉ ဦးကို တစ်ဦးလျှင် ၁ သိန်းကျပ် လှူဒါန်း", "ရန်ကုန်၊ ဇွန် ၇", "ကယားပြည်နယ်ရှိ CDM ကျန်းမာရေး ဝန်ထမ်း ၃၉ ဦးကို ယနေ့ ဇွန်လ ၇ ရက်နေ့တွင် ကျေးလက်မြေအဖွဲ့ ဒါရိုက်တာ မမူစဲက ၁ ဦးလျှင် ၁ သိန်းကျပ်နှုန်းဖြင့် ၃၉ သိန်းကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/08/117615/
ကယားပြည်နယ်ရှိ CDM ပညာရေးဝန်ထမ်း တချို့ကို တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်း ထောက်ပံ့လှူဒါန်း
["ကယားပြည်နယ်ရှိ CDM ပညာရေးဝန်ထမ်း တချို့ကို တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်း ထောက်ပံ့လှူဒါန်း", "ရန်ကုန်၊ သြဂုတ် ၁၀", "ကယားပြည်နယ်ရှိ CDM ပညာရေးဝန်ထမ်း တချိူ့ကို ကျေးလက်မြေ အဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက်က ယနေ့ သြဂုတ်လ ၁၀ ရက်နေ့တွင် တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်း ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။", "ထို့ပြင် ကယားပြည်နယ်ရှိ ကျန်ရှိနေသော CDM ဝန်ထမ်းများကိုလည်း ဆက်လက်ပြီး ချိတ်ဆက် ကူညီ လှူဒါန်းနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/128645/
ကယားပြည်နယ်ရှိ CDM များကို ထောက်ပံ့ငွေ ၁ သိန်းစီ ပေးအပ်လှူဒါန်း
["ကယားပြည်နယ်ရှိ CDM များကို ထောက်ပံ့ငွေ ၁ သိန်းစီ ပေးအပ်လှူဒါန်း", "ရန်ကုန်၊ အောက်တိုဘာ ၂၉", "ကယားပြည်နယ်က CDM များကို အလှူရှင်ကိုယ်စား ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ ပညာရေး၊ရဲ၊လျှပ်စစ် CDM အချို့ကို ၁၅ သိန်းကျပ် ထောက်ပံ့ကူညီလှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/123922/
ကယားပြည်နယ်ရှိ CDM ဝန်ထမ်းများကို တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် ၁၁၅ သိန်း ထောက်ပံ့လှူဒါန်း
["ကယားပြည်နယ်ရှိ CDM ဝန်ထမ်းများကို တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် ၁၁၅ သိန်း ထောက်ပံ့လှူဒါန်း", "ရန်ကုန်၊ စက်တင်ဘာ ၂၅", "ကယားပြည်နယ်ရှိ ပညာရေးနှင့် ကျန်းမာရေး CDM ဝန်ထမ်းများကို ကျေးလက်မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက်နှင့် ဒါရိုက်တာဒေါ်မူစဲတို့က တစ်ဦးလျှင် ၁ သိန်းကျပ်နှုန်းဖြင့် ငွေကျပ် ၁၁၅ သိန်း ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။"]
https://yktnews.com/2023/11/129650/
ကယားပြည်နယ်ရှိ CDM အချို့ကို ငွေကျပ် ၉ သိန်းလှူဒါန်း
["ကယားပြည်နယ်ရှိ CDM အချို့ကို ငွေကျပ် ၉ သိန်းလှူဒါန်း", "ရန်ကုန်၊ နိုဝင်ဘာ ၄", "ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ အုပ်ချုပ်ရေး၊ ပညာရေး၊ ရဲ CDM ၉ ဦးကို တစ်ယောက်လျှင် တစ်သိန်းကျပ်နှင့် ငွေကျပ် ၉ သိန်းကို အလှုရှင်ကိုယ်စား ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/119301/
ကယားပြည်နယ်ရှိ ကရင်နီပြည်ရဲတပ်ဖွဲ့မှ CDM ရဲတပ်သားများကို တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်း ထောက်ပံ့လှူဒါန်း
["ကယားပြည်နယ်ရှိ ကရင်နီပြည်ရဲတပ်ဖွဲ့မှ CDM ရဲတပ်သားများကို တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်း ထောက်ပံ့လှူဒါန်း", "ရန်ကုန်၊ သြဂုတ် ၂၂", "ကယားပြည်နယ်ရှိ ကရင်နီပြည်ရဲတပ်ဖွဲ့မှ CDM ရဲတပ်သားများကို ကျေးလက်မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက်နှင့် ဒါရိုက်တာ မမူစဲတို့က တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်း ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/124399/
ကယားပြည်နယ်ရှိ ကြားကာလပညာရေးကျောင်းတွင် ပန်းနှင့် သစ်ပင်များစိုက်ပျိုး
["ကယားပြည်နယ်ရှိ ကြားကာလပညာရေးကျောင်းတွင် ပန်းနှင့် သစ်ပင်များစိုက်ပျိုး", "ရန်ကုန်၊ စက်တင်ဘာ ၂၈", "ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်က ကြားကာလပညာရေးကျောင်းတွင် ကလေးငယ်များ စိတ်ပိုင်းဆိုင်ရာကုစားမှုအစီအစဉ်ဖြင့် ကျေးလက်မြေအဖွဲ့ဒါရိုက်တာ ဒေါ်မူစဲနှင့် တာဝန်ခံဦးဇော်မင်းထိုက်တို့မှ ဆရာမ ကျောင်းသူ/ကျောင်းသားများနှင့်အတူ ပန်းပင်နှင့် သီးပင် /စားပင်များကို စိုက်ပျိုးပေးခဲ့ကြောင်း သိရှိရသည် ။"]
https://yktnews.com/2023/11/131476/
ကယားပြည်နယ်ရှိ ကြားကာလပညာရေးကျောင်းသို့ လှူဒါန်း
["ကယားပြည်နယ်ရှိ ကြားကာလပညာရေးကျောင်းသို့ လှူဒါန်း", "ရန်ကုန်၊ နိုဝင်ဘာ ၁၅", "ကယားပြည် ဒီးမော့ဆိုမြို့နယ်ရှိ ကြားကာလပညာရေးကျောင်းတစ်ခုကို အာဟာရကျွေးရန်နှင့် လိုအပ်သည်များသုံးစွဲရန် ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်နှင့် ဒါရိုက်တာဒေါ်မူစဲတို့မှ ငွေကျပ် ၇၅၀,၀၀၀ကို လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/81522/
ကယားပြည်နယ်ရှိ စစ်ဘေးရှောင် ကလေးငယ်များကို ကျေးလက်မြေအဖွဲ့က အစားအသောက်များ လှူဒါန်း
["ကယားပြည်နယ်ရှိ စစ်ဘေးရှောင် ကလေးငယ်များကို ကျေးလက်မြေအဖွဲ့က အစားအသောက်များ လှူဒါန်း", "ရန်ကုန်၊ ဇန်နဝါရီ ၁၇", "ကယားပြည်နယ်အတွင်းရှိ စစ်ဘေးရှောင် ကလေးငယ်များကို ထိုင်းနိုင်ငံရောက် အလှူရှင် တစ်ဦး ထောက်ပံ့မှုဖြင့် ကျေးလက်မြေအဖွဲ့က ကြက်သားဆန်ပြုတ်/နို့နှင့် မုန့်အချိူ့ကို ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/02/89586/
ကယားပြည်နယ်ရှိ စစ်ဘေးရှောင် ကလေးငယ်များကို ကျေးလတ်မြေ အဖွဲ့က အအေးနှင့် မုန့်များ ကျွေးမွေး လှူဒါန်း
["ကယားပြည်နယ်ရှိ စစ်ဘေးရှောင် ကလေးငယ်များကို ကျေးလတ်မြေ အဖွဲ့က အအေးနှင့် မုန့်များ ကျွေးမွေး လှူဒါန်း", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆", "ကယားပြည်နယ်အတွင်းရှိ စစ်ရှောင် ကလေးငယ်များကို ကျေးလတ်မြေ အဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် အအေး၊ ပေါင်မုန့်နှင့် ရေခဲချောင်းများ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/02/86835/
ကယားပြည်နယ်ရှိ စစ်ဘေးရှောင် ကလေးငယ်များကို အစားအသောက်နှင့် ကျောင်းသုံး စာရေး ပစ္စည်းများ လှူတန်းပြီး ဆရာ၊ ဆရာမ များကို အလှူငွေများ ပေးအပ်
["ကယားပြည်နယ်ရှိ စစ်ဘေးရှောင် ကလေးငယ်များကို အစားအသောက်နှင့် ကျောင်းသုံး စာရေး ပစ္စည်းများ လှူတန်းပြီး ဆရာ၊ ဆရာမ များကို အလှူငွေများ ပေးအပ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂", "ကယားပြည်နယ်ရှိ စစ်ဘေးရှောင် ကလေးငယ်များကို နွေဦး တော်လှန်ရေး ဆရာတော်နှင့် အလှူရှင်များက အာဟာရတိုက်ကျွေးခြင်း၊ ကျောင်းသုံးပစ္စည်းများနှင့် စာရေးကိရိယာများလှူတန်းပြီး ဆရာ၊ ဆရာမများကို ထောက်ပံ့ငွေ​များ ပေးအပ်ခဲ့​ကာ Freelance volunteer myanmar မှ လိုက်ပါ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/111162/
ကယားပြည်နယ်ရှိ စစ်ဘေးရှောင် ကလေးငယ်များကို အစားအသောက်များ ကျွေးမွေး လှူဒါန်း
["ကယားပြည်နယ်ရှိ စစ်ဘေးရှောင် ကလေးငယ်များကို အစားအသောက်များ ကျွေးမွေး လှူဒါန်း", "ရန်ကုန်၊ ဇူလိုင် ၄", "ကယားပြည်နယ်ရှိ စစ်ဘေးရှောင် ကလေးငယ်များကို ကျေးလက်မြေအဖွဲ့ ဒါရိုက်တာ မမူစဲက သုသု၏ မွေးနေ့အလှူအဖြစ် ယနေ့ ဇူလိုင်လ ၄ ရက်နေ့တွင် ရှမ်းခေါက်ဆွဲ၊ မြေအိုးသုပ်၊ ပဲနို့၊ ပေါင်မုန့်နှင့် ချိူချဉ်တို့ကို သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/06/109025/
ကယားပြည်နယ်ရှိ စစ်ဘေးရှောင် ကလေးငယ်များကို အစားအသောက်များ ကျွေးမွေးလှူဒါန်း
["ကယားပြည်နယ်ရှိ စစ်ဘေးရှောင် ကလေးငယ်များကို အစားအသောက်များ ကျွေးမွေးလှူဒါန်း", "ရန်ကုန်၊ ဇွန် ၂၁", "ကယားပြည်နယ်ရှိ စစ်ဘေးရှောင် ကလေးငယ်များကို ကျေးလက်မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက်က JMFA ကိုယ်စား ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် အမဲသားဟင်း၊ ဝက်သား၊ လက်ဖက်သုပ်၊ ရှမ်းခေါက်ဆွဲ၊ မြေအို အီကြာကွေး၊ စမူဆာနှင့် ကောက်ညှင်းလိပ်တို့ကို သွားရောက် လှူဒါန်း ကျွေးမွေးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/06/108465/
ကယားပြည်နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို စားသောက်ကုန် ပစ္စည်းနှင့် မိုးကာများလှူဒါန်း
["ကယားပြည်နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို စားသောက်ကုန် ပစ္စည်းနှင့် မိုးကာများလှူဒါန်း", "ရန်ကုန်၊ ဇွန် ၁၉", "ကယားပြည်နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို Japan Myanmar Friendship Association အဖွဲ့မှ လှူဒါန်းသော ဆန်၊ ဆီနှင့် မိုးကာများကို ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျေးလက်မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက်က သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်"]
https://yktnews.com/2023/06/108819/
ကယားပြည်နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို စားသောက်ကုန်ပစ္စည်းနှင့် မိုးကာများ လှူဒါန်း
["ကယားပြည်နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို စားသောက်ကုန်ပစ္စည်းနှင့် မိုးကာများ လှူဒါန်း", "ရန်ကုန်၊ ဇွန် ၂၀", "ကယားပြည်နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို Japan Myanmar Friendship Association အဖွဲ့က လှူဒါန်းသော ဆန်၊ ဆီနှင့် မိုးကာများကို ကျေးလက်မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက်က သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/11/131606/
ကယားပြည်နယ်ရှိ စစ်ဘေးရှောင်များကို အာဟာရလှူဒါန်း
["ကယားပြည်နယ်ရှိ စစ်ဘေးရှောင်များကို အာဟာရလှူဒါန်း", "ရန်ကုန်၊ နိုဝင်ဘာ ၁၆", "ကယားပြည်နယ်ရှိ စစ်ဘေးရှောင်အချို့ကို Helping Hand(Burma) အဖွဲ့မှ လှူဒါန်းပေးသော ကြက်သားဗူးသီးဟင်း၊ ချဉ်ပေါင်နီသီးမြေပဲဆံထောင်း၊အသဲအမြစ်ဟင်း၊ သီးစုံချဉ်ဟင်းတို့ကို အလှူရှင်ကိုယ်စား ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။"]
https://yktnews.com/2023/06/107978/
ကယားပြည်နယ်ရှိ စစ်ဘေးရှောင်များအတွက် မိုးကာများ လှူဒါန်း
["ကယားပြည်နယ်ရှိ စစ်ဘေးရှောင်များအတွက် မိုးကာများ လှူဒါန်း", "ရန်ကုန်၊ ဇွန် ၁၇", "ကယားပြည်နယ်ရှိ စစ်ဘေးရှောင်များကို ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ Japan Myanmar Friendship Association ကိုယ်စား မိုးကာများကို လှူဒါန်းခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/129948/
ကယားပြည်နယ်ရှိ စစ်ဘေးရှောင်အချို့အတွက် အာဟာရဒါနနှင့် ငွေကြေးလှူဒါန်း
["ကယားပြည်နယ်ရှိ စစ်ဘေးရှောင်အချို့အတွက် အာဟာရဒါနနှင့် ငွေကြေးလှူဒါန်း", "ရန်ကုန်၊ နိုဝင်ဘာ ၆", "ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်အချို့အတွက် ကြက်ဥခေါက်ဆွဲသုပ်နှင့် ငွေကျပ်ငါးသိန်းကို ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်"]
https://yktnews.com/2023/08/119904/
ကယားပြည်နယ်ရှိ စစ်ရှောင်စခန်းသို့ အာဟာရဒါန လှူဒါန်း
["ကယားပြည်နယ်ရှိ စစ်ရှောင်စခန်းသို့ အာဟာရဒါန လှူဒါန်း", "ရန်ကုန်၊ ဩဂုတ် ၂၇", "ကယားပြည်နယ်ရှိ စစ်ရှောင်စခန်းတစ်ခုကို Helping Hands အဖွဲ့မှ လှူဒါန်းပေးသော လက်ဖက်ရည်၊အီကြာကွေးနှင့် စမူဆာတို့ကို ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/82358/
ကယားပြည်နယ်ရှိ စစ်ရှောင်ပြည်သူများကို ကျေးလက်မြေအဖွဲ့က အစားအသောက်များ လှူဒါန်း
["ကယားပြည်နယ်ရှိ စစ်ရှောင်ပြည်သူများကို ကျေးလက်မြေအဖွဲ့က အစားအသောက်များ လှူဒါန်း", "ရန်ကုန်၊ ဇန်နဝါရီ ၂၂", "ကယားပြည်နယ်ရှိ စစ်ရှောင် စခန်းတစ်ခုကို ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အလှူရှင် ကိုယ်စား ကျေးလက်မြေအဖွဲ့မှ အစားအသောက်များ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။", "ကရင်နီ စစ်ရှောင် ၂၂၇ ဦးအတွက် ကြက်သားဟင်း၊ ပဲကုလားဟင်း၊ ကျောက်ဖရုံသီး ကြက် ခေါင်း၊ ခြေထောက် တောင်ပံဟင်းချိူ၊ ဂေါ်ဖီထုတ်သုပ်၊ တိုင်းရင်းသားရိုးရာအထောင်းတို့ကိုပါ ကျွေးမွေးခဲ့ပြီး မုန့်လက်ကောက်၊ မုန့်လုံးကြီးကြော်၊ ကြက်သွန်ကြော်၊ ပဲစိမုန့်ကြော်နှင့် မြင်းခွာရွက်ကြော် တို့ကိုလည်း ကျွေးမွေးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/11/132498/
ကယားပြည်နယ်ရှိ ပြည်သူအချို့ကို ငွေကျပ် ဆယ်သိန်းနှစ်သောင်း ထောက်ပံ့လှူဒါန်း
["ကယားပြည်နယ်ရှိ ပြည်သူအချို့ကို ငွေကျပ် ဆယ်သိန်းနှစ်သောင်း ထောက်ပံ့လှူဒါန်း", "ရန်ကုန်၊ နိုဝင်ဘာ ၂၂", "ကယားပြည် ဒီးမော့ဆိုမြို့နယ်ရှိ ကျန်းမာရေးအတွက်ဆေးဝါးကုသရန်နှင့် ပညာရေးအတွက်လိုအပ်နေရာသုံးစွဲရန်အတွက် အလှူငွေဆယ်သိန်းနှစ်သောင်းကျပ်ကို အလှူရှင်ကိုယ်စား ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/129037/
ကယားပြည်နယ်ရှိ ရဲဘော်များကို သီတင်းကျွတ်မုန့်ဖိုးပေးအပ်
["ကယားပြည်နယ်ရှိ ရဲဘော်များကို သီတင်းကျွတ်မုန့်ဖိုးပေးအပ်", "ရန်ကုန်၊ အောက်တိုဘာ ၃၁", "ကယားပြည်နယ်ရှိ အမှန်တရားဘက်ရပ်တည်ကာ ပြည်သူကို အကာအကွယ်ပေးနေသည့် ရဲဘော်အချို့အတွက် သီတင်းကျွတ်မုန့်ဖိုးကို ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ ပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/92874/
ကယားပြည်နယ်အတွင်း စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်နိုင်ရေး သင်တန်းများ ဖွင့်လှစ်
["ကယားပြည်နယ်အတွင်း စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်နိုင်ရေး သင်တန်းများ ဖွင့်လှစ်", "ရန်ကုန်၊ မတ် ၁၇", "ကယားပြည်နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်နိုင်ရေး ကျေးလက်မြေ အဖွဲ့က ဦးဆောင်ကာ လူ့အခွင့်အရေး သင်တန်းများ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။", "ကယားပြည်နယ်အတွင်း စစ်တပ်၏ ဆက်တိုက် တိုက်ခိုက်မှုများ ခံရပြီးနောက် ပြည်သူများ၏ အသက်အိုးအိမ်များ ဆုံးရှုံးပျက်စီးခဲ့ရကြောင်း၊ လူ့အခွင့်အရေး အမျိူးမျိူး ချိူးဖောက် ခံနေရသည်များကို ထုတ်ဖော်ပြောဆိုနိုင်ရန် အရေးကြီးသည့် အတွက် ဒီလူ့အခွင့်အရေး ဆိုင်ရာ သင်တန်းများ ပို့ချခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/98682/
ကယားပြည်နယ်အတွင်း ၆ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်သား ၅၃ ဦးသေဆုံးပြီး လက်နက်အမျိုးမျိုး ၂၉ လက်နှင့် ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိ
["ကယားပြည်နယ်အတွင်း ၆ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်သား ၅၃ ဦးသေဆုံးပြီး လက်နက်အမျိုးမျိုး ၂၉ လက်နှင့် ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဧပြီ ၂၁", "ကယားပြည်နယ်အတွင်း ဧပြီလ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့ထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်သား ၅၃ ဦးသေဆုံးကာ လက်နက်အမျိုးမျိုး ၂၉ လက်နှင့် ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ထံမှ သိရသည်။", "ဒီးမော့ဆိုမြို့နယ် ဒေါညေးခူကျေးရွာ အနီး အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ထိုးလာသောကြောင့် ဧပြီလ ၁၆ ရက်နေ့မှစကာ ယနေ့ အချိန် အထိ တိုက်ပွဲများရှိ​ပြီး ကရင်နီတပ်မတော် (KA)၊ KNDF/B10 ၊ KNDF/B15 ၊KND/B04၊ KNDF B/16 ၊ KNDF/B01၊ KNDF/B05၊ KNDF/B06၊ KNDF/B07၊ KNDF ETD(Drome Unit) ၊ Loikaw PDF (Drome Unit)တို့ ပူပေါင်းကာ တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။", "ဧပြီလ ၁၄ ရက်နေ့တွင် လွိုင်ကော် – မိုးဗြဲ လမ်းပိုင်းရှိ ဆောင်ကန်းကျေးရွာ လမ်းဆုံတွင် သင်္ကြန်ရေ ထွက်ပက်နေသည့် စစ်သားများကို KNDF/B03 မှ အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ဧပြီ ၁၅ ရက်နေ့တွင်လည်း မိုးဗြဲမြို့အဝင်၌ ရေပက်ကစား နေသည့် စစ်သားများကို ထပ်မံ တိုက်ခိုက်ခဲ့ပြီး ထိခိုက် သေဆုံးမှု အခြေနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "ဧပြီလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်သား ၄၀ ဦး ကျော် သေဆုံးပြီး အများအပြား ပြင်းထန်း ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း စစ်တပ်ထံမှ MA-1 ၃ လက်၊ MA-3 ၁၁ လက်၊ SK-1 ၁ လက်၊ MA-2 ၃ လက်၊ MA-4 ၃ လက်၊ ငါးကြင်းမြီး ၁ လက်၊ 66mm ပြောင်း ၁ ပြောင်း ၊ RPG 7 ၁ လက်၊ မိုင်းရှာစက် ၁ ခု ၊ ကွန်ပျူတာ ၁ လုံး၊ မှန်ဘီလူး ၂ ခု၊ ဆက်သွယ်ရေးစက် ၁ လုံး၊ ဖုန်း ၈ လုံး နှင့် မိုင်းများ ၊ ဆက်စပ် ခဲယမ်း မီးကျောက်များ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။", "ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဘောလခဲ နှင့် ဒေါညေးခူ အကြား၌ အကြမ်းဖက် စစ်တပ်၏ ခလရ ၈၀ တပ်ဖွဲ့များ နှင့် KA ၊ KNDF/B21 ၊ ဘောလခဲ PDF ပူးပေါင်းတပ်ဖွဲ့များ အကြား တစ်နာရီကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၈ ဦးသေဆုံးပြီး ၁ ဦးအား အရှင် ဖမ်းဆီးရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ထံမှ MA -1 ၂ လက်၊ MA-3 ၃ လက်၊ MA-4 ၁ လက် ၊ ကျည်ဘောက် ၁၇ ခု နှင့် ကျည်တချို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။", "ဧပြီလ ၁၅ ရက်နေ့မှစ၍ ဒေါညေးခူကျေးရွာ အနီး ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီမှ လက်နက်ကြီးပစ်ကူများ အပြင် လေကြောင်းပစ်ကူများဖြင့် ယနေ့ထိ နေ့စဥ် ဂျက်ဖိုက်တာ ၃ စီးဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း အကြိမ်ရေ ၃၀ ကျော်ပစ်ခတ် ဗုံးကျဲခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ဒေါညေးခူကျေးရွာအနီး တိုက်ပွဲအတွင်း KA မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်သည် ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ် အကြား ရှိ တောင်မဲသင်း ၊ တောင်စလုံး ၊ မြောက်စလုံးရွာ တွင်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်မှ လေကြောင်း တိုက်ခိုက်မှု များကိုပါ လုပ်ဆောင်ခဲ့ကြောင်း၊ ဒီးမော့ဆိုမြို့နယ် ဒေါညေးခူကျေးရွာ အနီးတွင် ထိတွေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ပြီး တနီးလာလဲ ၊ ဒေါတငူး ကျေးရွာများ အနီးတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် KNDF/B09 ၊ KNDF/B10 တို့အကြား ထိတွေ့ တိုက်ပွဲငယ်များ ဖြစ်ပွားလျက်ရှိပြီး ၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်း ၊ ဖရူဆိုမြို့နယ် ၊ လွိုင်ကော်မြို့နယ် ၊ မိုးဗြဲမြို့နယ် များတွင်လည်း KNDF တပ်ရင်းများမှ စစ်ကောင်စီ တပ်ဖွဲ့များကို အလစ်အငိုက် တိုက်ခိုက်ခြင်း များကို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။", "ကရင်နီပြည်နယ်အတွင်း နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ ၊ ပင်လောင်မြို့နယ်များ အကြား အကြမ်းဖက် စစ်တပ်က မတ်လမှ စတင်ကာ လက်ရှိချိန်ထိ စစ်ကြောင်း ထိုးလျက်ရှိပြီး ကရင်နီ ပူးပေါင်းတပ်များနှင့် ပြည်သူ့ကာကွယ်ရေး တပ်များ မှ ခုခံတိုက်ခိုက်လျက်ရှိကာ ရက်ရှည် တိုက်ပွဲများအတွက် ရလဒ်ကောင်းများ ဆက်လက် ဖော်ဆောင်နိုင်ရန် ပြည်သူများမှ လိုအပ်သည့် ကူညီထောက်ပံ့ မှုများအား အလေးထား လုပ်ဆောင်ပေးကြပါရန် တိုက်တွန်းကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/10/126041/
ကယားရှိ CDM ရဲဘော်များကို အာဟာရဒါနလှုဒါန်း
["ကယားရှိ CDM ရဲဘော်များကို အာဟာရဒါနလှုဒါန်း", "ရန်ကုန်၊ အောက်တိုဘာ ၁၁", "ကယားပြည်နယ်ရှိ ပြည်သူ့ဘက်ရပ်တည်ပေးခဲ့သည့် CDM ရဲမေ၊ရဲဘော်အချို့ကို 9/MDY မှ လှူဒါန်းပေးသော ဝက်သားဟင်း၊အာလူး ဂေါ်ဖီဟင်းရည်နှင့် ရိုးရာအထောင်းတို့ကို ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/131021/
ကယားရှိ ကလေးငယ်များကို ကျေးလက်မြေအဖွဲ့မှ အာဟာရလှူဒါန်း
["ကယားရှိ ကလေးငယ်များကို ကျေးလက်မြေအဖွဲ့မှ အာဟာရလှူဒါန်း", "ရန်ကုန်၊ နိုဝင်ဘာ ၁၂", "ကယားပြည်နယ်ရှိက ကလေးငယ်အချို့ကို ခေါက်ဆွဲနှင့် ကြက်ဥပြုတ်တို့ကို ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။"]
https://yktnews.com/2023/10/125029/
ကယားရှိ ကြားကာလပညာရေးကျောင်းတွင် စာသင်ခုံအတွက် အသုံးပြုရန် ငွေကျပ် ၅ သိန်းလှုဒါန်း
["ကယားရှိ ကြားကာလပညာရေးကျောင်းတွင် စာသင်ခုံအတွက် အသုံးပြုရန် ငွေကျပ် ၅ သိန်းလှုဒါန်း", "ရန်ကုန်၊ အောက်တိုဘာ ၃", "ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ကြားကာလပညာရေးကျောင်းတွင် စာသင်ခုံဝယ်ယူရန် Helping Hand-Burma အဖွဲ့မှ လှုဒါန်းပေးသော ငွေကျပ် ၅ သိန်းကို ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။"]
https://yktnews.com/2023/11/131162/
ကယားရှိ စစ်ဘေးရှောင် ကလေးငယ်များကို အာဟာရလှူဒါန်း
["ကယားရှိ စစ်ဘေးရှောင် ကလေးငယ်များကို အာဟာရလှူဒါန်း", "ရန်ကုန်၊ နိုဝင်ဘာ ၁၃", "ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်ကလေးငယ်များကို အလှူရှင်ကိုယ်စား ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ ပဲနို့နှင့် မုန့်များကို လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။"]
https://yktnews.com/2023/10/128633/
ကယားရှိ စစ်ဘေးရှောင် ကလေးငယ်များကို အာဟာရလှူဒါန်း
["ကယားရှိ စစ်ဘေးရှောင် ကလေးငယ်များကို အာဟာရလှူဒါန်း", "ရန်ကုန်၊ အောက်တိုဘာ ၂၉", "ကယားပြည် ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင် ကလေးငယ်များကို ကြက်ဥနှင့် အာဟာရမုန့်မျိူးစုံကို မခိုင်ဟေမာန်နှင့် မဝါဝါခိုင်တို့ရဲ့အလှူအတွက် ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/89395/
ကယားရှိ စစ်ဘေးရှောင်များကို ကျေးလက်မြေအဖွဲ့ ထမင်း၊ ဟင်းများလှူဒါန်း
["ကယားရှိ စစ်ဘေးရှောင်များကို ကျေးလက်မြေအဖွဲ့ ထမင်း၊ ဟင်းများလှူဒါန်း", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅", "ကယားရှိ စစ်ဘေးရှောင်အချို့ကို ပြည်သူမှ ပြည်သူ့ထံ အကူအညီနှင့်အတူ ကျေးလက်မြေအဖွဲ့မှ ထမင်း၊အမဲသားဟင်း ၊ အထောင်းများ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။", "ကယားတွင် စစ်ရှောင်လူဦးရေ ၂ သိန်းကျော်အထိရှိနေကြောင်းနှင့် စစ်ရှောင်များကို စိတ်ခွန်အားပေးခြင်း၊လူ့အခွင့်အရေး၊ကျားမတန်းတူရေးသင်တန်းများပေးခြင်း၊ ဆန်,ဆီ, အဝတ်အထည်လှူဒါန်းခြင်း၊ သောက်သုံးရေလှူဒါန်းခြင်းများ အပါအဝင် စာသင်ကြားရာတွင် အထောက်အကူ ဖြစ်စေရန် အထက်တန်း ကျောင်းသူ ကျောင်းသား ၁၀ ဦး၊ အလယ်တန်း ကျောင်းသူ ကျောင်းသား ၁၅ ဦး စုစုပေါင်းကျောင်းသူ ကျောင်းသား ၂၅ ဦးရဲ့ လစဉ်ကျောင်းလခကို ကူညီထောက်ပံ့ပေးခြင်း၊ မူလတန်းနှင့် အထက်တန်းပြဆရာ ဆရာမအချို့အတွက် အကူအညီပေးခြင်းတို့ လုပ်ဆောင်နေကြာင်း ကျေးလက်မြေအဖွဲ့၏ နာယက ဦးဇော်မင်းထိုက်က ပြောသည်။"]
https://yktnews.com/2023/11/129642/
ကယားရှိ စစ်ဘေးရှောင်များကို ခရမ်းချဉ်သီးများလှုဒါန်း
["ကယားရှိ စစ်ဘေးရှောင်များကို ခရမ်းချဉ်သီးများလှုဒါန်း", "ရန်ကုန်၊ နိုဝင်ဘာ ၄", "ကယားပြည်နယ်ရှိ စစ်ဘေးရှောင်အချို့ကို နတ်မောက်မြို့မှ အလှုူရှင် မမနု၏ ကိုယ်စား ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက် ခရမ်းချဉ်သီးပိဿာချိန် ၁၅၀ ကို လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/125893/
ကယားရှိ စစ်ဘေးရှောင်များကို ဆန်နှင့်ဆီ လှူဒါန်း
["ကယားရှိ စစ်ဘေးရှောင်များကို ဆန်နှင့်ဆီ လှူဒါန်း", "ရန်ကုန်၊ အောက်တိုဘာ ၁၀", "ကယားပြည်နယ်က စစ်ဘေးရှောင်အချို့ကို ထိုင်းနိုင်ငံနေ ဆိုင်ဟ ပုံးစက်ရုံနှင့် မူလီရုံ တွင် အလုပ်လုပ်ကိုင်နေသော ပြည်သူများမှ ပြည်သူမှ ပြည်သူ့ထံသို့လှူဒါန်းပေးသော ဆန်နှင့် ဆီအလှူကို ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။"]
https://yktnews.com/2023/11/129203/
ကယားရှိ စစ်ဘေးရှောင်များကို ဆန်လှူဒါန်း
["ကယားရှိ စစ်ဘေးရှောင်များကို ဆန်လှူဒါန်း", "ရန်ကုန်၊ နိုဝင်ဘာ ၁", "ကယားပြည်နယ်ရှိ စစ်ဘေးရှောင်များအတွက် အင်္ဂလန်နိုင်ငံနေ Sandee Mcgrath မှ လှူဒါန်းပေးသည့် ဆန်အလှူကို ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/109122/
ကယားရှိ စစ်ဘေးရှောင်များကို ဆန်၊ဆီနှင့် မိုးကာများ လှူဒါန်း
["ကယားရှိ စစ်ဘေးရှောင်များကို ဆန်၊ဆီနှင့် မိုးကာများ လှူဒါန်း", "ရန်ကုန်၊ ဇွန် ၂၂", "ကယားရှိ စစ်ဘေးရှောင်များကို JMFA၏ လှူဒါန်းပေးမှုမှတစ်ဆင့် ဆန်၊ဆီ၊မိုးကာများကို ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ လှုဒါန်းပေးခဲ့ကြောင်းသိရှိရသည်။"]
https://yktnews.com/2023/10/127585/
ကယားရှိ စစ်ဘေးရှောင်များကို ရုံးသုံး၊ ကျောင်းသုံး၊ပစ္စည်းများလှူဒါန်း
["ကယားရှိ စစ်ဘေးရှောင်များကို ရုံးသုံး၊ ကျောင်းသုံး၊ပစ္စည်းများလှူဒါန်း", "ရန်ကုန်၊ အောက်တိုဘာ ၂၂", "ကယားပြည်နယ်ရှိ ပြည်သူလူထုဘက်မှာ ရပ်တည်ပေးနေကြသော အဖွဲ့အချို့အတွက် ဘက်ထရီအိုး၊စာသင်ရန်ဝှိုက်ဘုတ်၊စစ်ဘေးရှောင်များကို အကူအညီပေးရန် သွေးပေါင်ချိန်စက်တို့ကို ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်၊မအဂ္ဂနက်နှင့် မဖြိုးတို့မှ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/130148/
ကယားရှိ စစ်ဘေးရှောင်များကို အာဟာရဒါနလှူဒါန်း
["ကယားရှိ စစ်ဘေးရှောင်များကို အာဟာရဒါနလှူဒါန်း", "ရန်ကုန်၊ နိုဝင်ဘာ ၇", "ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ၅၀၀ ဝန်းကျင်အတွက်ကို စင်ကာပူနိုင်ငံမှ ကောင်းစည်သူမြတ်၏ မွေးနေ့အလှူအဖြစ် ဝက်သားဟင်း၊သီးစုံပဲကုလားဟင်း၊ ခရမ်းချဉ်သီးဂေါ်ဖီသုပ်နှင့် ရိုးရာအထောင်းတို့ကို မွေးနေ့ရှင်ကိုယ်စား ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။"]
https://yktnews.com/2023/11/132079/
ကယားရှိ စစ်ဘေးရှောင်များကို အာဟာရလှူဒါန်း
["ကယားရှိ စစ်ဘေးရှောင်များကို အာဟာရလှူဒါန်း", "ရန်ကုန်၊ နိုဝင်ဘာ ၁၉", "ကယားပြည်နယ်ရှိ စစ်ဘေးရှောင်များကို စင်ကာပူနိုင်ငံနေ The Card’s don’t lie soul family (Singapore)မှ လှူဒါန်းပေးသော ဝက်သားအာလူးဟင်း၊ကြက်သားဟင်း၊ငါးခြောက်ခရမ်းချဉ်သီးဟင်း၊ ခရမ်းချဉ်သီး ဂေါ်ဖီသုပ်တို့ကို အလှူရှင်ကိုယ်စား ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။"]
https://yktnews.com/2023/11/132248/
ကယားရှိ စစ်ဘေးရှောင်များကို အာဟာရလှူဒါန်း
["ကယားရှိ စစ်ဘေးရှောင်များကို အာဟာရလှူဒါန်း", "ရန်ကုန်၊ နိုဝင်ဘာ ၂၀", "ကယားပြည် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်များကို ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ ထမင်းနှင့် ငါးဟင်းတို့ကို လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။"]
https://yktnews.com/2023/10/126601/
ကယားရှိ စစ်ဘေးရှောင်များကို အာဟာရလှူဒါန်း
["ကယားရှိ စစ်ဘေးရှောင်များကို အာဟာရလှူဒါန်း", "ရန်ကုန်၊ အောက်တိုဘာ ၁၅", "ကယားပြည်နယ်က စစ်ဘေးရှောင်မိသားစုများ၊ဒေသခံရွာသူ ရွာသားများနှင့် ကလေးငယ်အပါအဝင် ရွာလုံးကျွတ်အလှူကို ထိုင်းနိုင်ငံမှ Naw Genesis Kyaw Swar ၏ ၁၁ နှစ်ပြည့်တွင် ဝက်သားအာလူးဟင်းဟသီးစုံပဲကုလားဟင်း၊ လက်ဘက်ပဲချမ်းသုပ်၊ ခရမ်းချဉ်သီးဂေါ်ဖီသုပ်နှင့် ကိတ်မုန့်တို့ကို ကျေးလက်မြေအဖွဲ့ဒါရိုက်တာ ဒေါ်မူစဲနှင့် တာဝန်ခံ ဦးဇော်မင်းထိုက်တို့မှ လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။"]
https://yktnews.com/2023/10/128860/
ကယားရှိ စစ်ဘေးရှောင်များကို အာဟာရလှူဒါန်း
["ကယားရှိ စစ်ဘေးရှောင်များကို အာဟာရလှူဒါန်း", "ရန်ကုန်၊ အောက်တိုဘာ ၃၀", "ကယားပြည်နယ်ရှိ စစ်ဘေးရှောင်အချို့ကို နော်ထိုလွီခူ၏ ၁၂ နှစ်ပြည့်မွေးနေ့အဖြစ် ကြက်သားဆီပြန်ဟင်း၊သီးစုံပဲကုလားဟင်း၊ခရမ်းချဉ်သီး ဂေါ်ဖီသုပ်နဲ့ ရိုးရာအထောင်းတို့ကို အလှူရှင်ကိုယ်စား ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/99351/
ကယားရှိ စစ်ရှောင်ပြည်သူများကို ကျေးလက်မြေအဖွဲ့မှ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးသင်တန်းပို့ချ
["ကယားရှိ စစ်ရှောင်ပြည်သူများကို ကျေးလက်မြေအဖွဲ့မှ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးသင်တန်းပို့ချ", "ရန်ကုန်၊ ဧပြီ ၂၅", "ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းနှင့် ဒေသခံအမျိုးသမီးများကို ကျေးလက်မြေအဖွဲ့မှ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးခေါင်းစဉ်နှင့် သင်တန်းပေးခဲ့ပြီး စိတ်ပိုင်းဆိုင်ရာကုစားမှုအစီအစဉ်ကိုလည်း လုပ်ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။", "သင်တန်းအစီအစဉ်ကို လူကြီးများအတွက် လုပ်ဆောင်ပေးပြီး ကုစားမှုအစီအစဉ်ကိုတော့ ကလေးငယ်များအတွက်လုပ်ဆောင်ပေးခဲ့ကြောင်း ကျေးလက်မြေအဖွဲ့ဒါရိုက်တာမမူစဲက ပြောကြားသည်။"]
https://yktnews.com/2023/04/97337/
ကယားရှိ စစ်ရှောင်များကို ထမင်းဟင်းနှင့် သောက်သုံးရေများ လှူဒါန်း
["ကယားရှိ စစ်ရှောင်များကို ထမင်းဟင်းနှင့် သောက်သုံးရေများ လှူဒါန်း", "ရန်ကုန်၊ ဧပြီ ၁၃", "တိုက်ပွဲများ ပြင်းထန်နေ၍ စစ်ဘေးရှောင်နေရသည့် ကယားပြည် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ၂၅၀ ဦးကို ကျေးလက်မြေအဖွဲ့မှ ထမင်း၊ ဝက်သားဟင်း၊သီးစုံချဉ်ဟင်း၊ရိုးရာအထောင်းနှင့် သောက်သုံးရေများကို ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် လှူဒါန်းခဲ့သည်။"]
https://yktnews.com/2023/11/129199/
ကယားရှိ ပြည်သူ့ဘက်တော်သားအချို့ကို သီတင်းကျွတ်မုန့်ဖိုးနှင့် အာဟာရလှူဒါန်း
["ကယားရှိ ပြည်သူ့ဘက်တော်သားအချို့ကို သီတင်းကျွတ်မုန့်ဖိုးနှင့် အာဟာရလှူဒါန်း", "ရန်ကုန်၊ နိုဝင်ဘာ ၁", "ကယာပြည် ဒီးမော့ဆိုမြို့နယ်ရှိ ပြည်သူလူထုကို အကာအကွယ်ပေးနေသည့် ပြည်သူ့ဘက်တော်သား ရဲဘော်အချို့ကို ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ ထမင်း၊ ကြက်သားကြော်၊ ငုံးဥပြုတ်၊အအေးနှင့် သီတင်းကျွတ်မုန့်ဖိုးတို့ကို ပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2022/12/76498/
ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
["ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၅", "ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2022/12/75970/
ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
["ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၃", "ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/03/151510/
ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
["ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ", "ရန်ကုန်၊ မတ် ၁၉", "ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ် ၁၉ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/10/187840/
ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် နွေဦးတော်လှန်ရေး ရန်ပုံငွေစျေးရောင်းပွဲတော်ကျင်းပ
["ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် နွေဦးတော်လှန်ရေး ရန်ပုံငွေစျေးရောင်းပွဲတော်ကျင်းပ", "ရန်ကုန်၊ အောက်တိုဘာ ၁၄", "အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် Free Burma Action Committee-Northern California က ဦးဆောင်၍ ၁၉ ကြိမ်မြောက် မြေပြင်သို့ တိုက်ရိုက်လှူဒါန်းမည့် နွေဦးတော်လှန်ရေး ရန်ပုံငွေစျေးရောင်းပွဲတော်ကို အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။", "အဆိုပါစျေးရောင်းပွဲတွင် မန္တလေးတိုင်း ဝန်ကြီးချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်၏ ရက်လည်ဆွမ်းကပ်နှင့် အမှတ်တရစကားပြောခြင်းအခမ်းအနားကိုလည်း ကျင်းပခဲ့ကာ တတိယ အကြိမ်မြောက် အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ဖလားပွဲတွင် အနိုင်ရရှိသော ဘောလုံးအသင်းများ ဆုပေးပွဲအခမ်းအနားကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/09/183524/
ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရန် ဝန်းရံထောက်ခံတောင်းဆိုပွဲ ပြုလုပ်
["ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရန် ဝန်းရံထောက်ခံတောင်းဆိုပွဲ ပြုလုပ်", "ရန်ကုန်၊ စက်တင်ဘာ ၁၅", "အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ရှိ United Nations Plaza တွင် ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ခွင့် ရရှိရန် ဝန်းရံထောက်ခံတောင်းဆိုပွဲ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။", "အဆိုပါ ပွဲတွင် မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသားများ၊ နွေဦးတော်လှန်ရေးအင်အားစုများ၊ ကျောင်းသူကျောင်းသားများနှင့် Free Burma Action Committee-Northern California ၏ ၁၃၉ ကြိမ်မြောက်မြေပြင်လူထုသပိတ်တို့က အတူပေါင်းစည်းကာ ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကြီးအဖြစ် စက်တင်ဘာ ၁၄ ရက်နေ့တွင် စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/154081/
ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် “ စစ်မှုထမ်းဥပဒေကို ပုန်ကန်ကြ ဖက်ဆစ်မှန်သမျှ တော်လှန်ကြ” ဆိုသည့် ခေါင်းစဉ်ဖြင့် မြေပြင်လူထုသပိတ် ကျင်းပ
["ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် “ စစ်မှုထမ်းဥပဒေကို ပုန်ကန်ကြ ဖက်ဆစ်မှန်သမျှ တော်လှန်ကြ” ဆိုသည့် ခေါင်းစဉ်ဖြင့် မြေပြင်လူထုသပိတ် ကျင်းပ", "ရန်ကုန်၊ မတ် ၃၁", "အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် “ စစ်မှုထမ်းဥပဒေကို ပုန်ကန်ကြ ဖက်ဆစ်မှန်သမျှ တော်လှန်ကြ” ဆိုသည့် ခေါင်းစဉ်ဖြင့် ၁၂၈ ကြိမ်မြောက် မြေပြင်လူထုသပိတ်ကို Free Burma Action Committee – Northern California က ဦးဆောင်ကျင်းပခဲ့သည်။", "ထို့ပြင် ဖက်ဆစ်တော်လှန်ရေးနေ့ဖြစ်သော မတ်လ ၂၇ ရက်နေ့တွင် ဆန်ဖရန်စစ္စကို မြန်မာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြီး ဆန်ဖရန်စစ္စကို ဖက်ဒရယ်အဆောက်အအုံရှေ့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီး ဖက်ဆစ်တော်လှန်ရေးနေ့ အထူးအစီအစဉ်ဖြင့် FBAC မှ သမ္မတဂျိုးဘိုင်ဒဲန်လက်မှတ်ရေးထိုးလိုက်သော Burma Act အောက်မှ မြန်မာပြည် ဒီမိုကရေစီအရေးအတွက် ရရှိမည့် အမေရိကန်ဒေါ်လာ ၁၂၁ သန်းနှင့် စပ်လျဉ်းပြီး ထဲထဲဝင်ဝင်ဆောင်ရွက်နေသည့် ဆရာဂျိမ်းရွှေနှင့် မြန်မာကွန်မြူနီတီကို ခွဲဝေကျင့်သုံးမှုဆိုင်ရာ အကြောင်းအရာများ သိရှိစေရန် တွေ့ဆုံပွဲကိုလည်း စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/04/210544/
ကယ်လီဖိုးနီးယားပြည်နယ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းနှင့် မြန်မာမိသားစု အသိုင်းအဝိုင်းတို့ တွေ့ဆုံပွဲ ကျင်းပ
["ကယ်လီဖိုးနီးယားပြည်နယ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းနှင့် မြန်မာမိသားစု အသိုင်းအဝိုင်းတို့ တွေ့ဆုံပွဲ ကျင်းပ", "ရန်ကုန်၊ ဧပြီ ၇", "အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း(Kim Aris) နှင့် မြန်မာမိသားစု အသိုင်းအဝိုင်းတို့ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။", "ထို အခမ်းအနားပွဲကို ဧပြီလ ၆ ရက်နေ့တွင် ကျင်းပပြုလုက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးအတွက် တိုက်တွန်းနိုးဆော်ရန်၊ မြန်မာပြည်၏ အကြပ်အတည်းကို နိုင်ငံတကာမှ သတိပြုမိစေရန် နှင့် ဝိုင်းဝန်းကူညီကြရန်၊ စစ်ကောင်စီအပေါ် ပြင်းထန်သော အရေးယူမူများ ပြုလုပ်ရန်၊ လွတ်လပ်သောမီဒီယာများမှ ဝိုင်းဝန်းကူညီကြစေရန် စသည်တို့ကို ညှိုနှိုင်းတိုင်ပင်ရန် အဓိကထားရည်ရွယ်၍ တွေ့ဆုံပွဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။", "ထိုတွေ့ဆုံပွဲကို ဆန်ဖရန်စ္စကို ပင်လယ်အော်ဒေသ မှ Newark မြို့တော်ဝန် Mr Michael K. Hannon နှင့် Union City council member Mr Jeff Wang တို့တက်ရောက် အားပေးစကားများပြောကြားခဲ့ခြင်းဖြစ်ပြီး ကိုထိန်လင်း ( Kim Aris) အား ဂုဏ်ပြုလွှာ ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ပန်းချီဆရာမနုယဉ်ကိုယ်တိုင်တက်ရောက်၍ သူမရေးဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီကားကို လေလံတင်ရောင်းချခဲ့ပြီး မပန်ဆယ်လိုမှလည်း သူမပိုင် လည်ဆွဲစသည်များကို လေလံတင်လှူဒါန်းခဲ့ကြောင်း၊ ထို့ပြင် ရွှေနှင်းဆီ၊ အမေစုနှင့်သူမခွေးလေးပုံပါ ပန်းချီကားတို့ကိုလည်း အလှူငွေများထည့်ဝင်ကြကာ မဲဖောက်ပေးခဲ့ကြောင်း သိရသည်။", "ထိုမှ ရရှိသော အလှူငွေများကို မြန်မာပြည်သူများအတွက် သောက်သုံးရေ၊ အစားအစာ၊ ဆေးဝါးနှင့် ကွယ်လွန်သူများအတွက် သင်္ဂြိုလ် စရိတ်များ၊ အခြားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အတွက် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။", "မြန်မာပြည်သူပြည်သားများ ခံစားနေရသော စစ်ဘေးစစ်ဒဏ်၊ သဘာဝဘေးအန္တရာယ်ဒဏ် အသီး သီးမှ လွတ်မြောက်ကြစေရန် မီးထွန်း ဆုတောင်းခြင်းနှင့် ဘာသာပေါင်းစုံမှ စုပေါင်း မေတ္တာပို့ ဆုတောင်းခြင်းများ တဆက်တည်း ကျင်းပခဲ့ကြောင်း သိရသည်"]
https://yktnews.com/2024/10/189573/
ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် NUG ဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် တိုင်းရင်းသားများ တွေဆုံဆွေးနွေးပွဲ ပြုလုပ်
["ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် NUG ဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် တိုင်းရင်းသားများ တွေဆုံဆွေးနွေးပွဲ ပြုလုပ်", "ရန်ကုန်၊ အောက်တိုဘာ ၂၆", "အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် မြန်မာနွယ်ဖွားပြည်ထောင်စုတိုင်းရင်းသားများ တွေဆုံဆွေးနွေးပွဲကို Myanmar Community & Cultural Center တွင် အောက်တိုဘာလ ၂၅ ရက်နေ့ကပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့် နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကိစ္စတွင် ပြည်သူများအားလုံးဝိုင်းဝန်းတိုက်တွန်းဆောင်ရွက်ကြရန်၊ အမျိုးသားညီညွတ်ရေးအစိုးရ( NUG) နှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း ( EROs) များအကြား ရရှိထားသော နိုင်ငံရေး ဘုံသဘောထားရပ်တည်ချက် အဆင့်ဆင့်ကို ရှင်းလင်းတင်ပြကာ ဖယ်ဒရယ်အဆင့် အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ ( T-NUG) ဖွဲ့စည်းနိုင်ရေးရှင်းလင်းဆွေးနွေးခဲ့ကာ မေးခွန်းများကို ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/02/203065/
ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် ဧရာဝတီတိုင်း ဗျုဟာ ၂၉ ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ရန်ပုံငွေစျေးရောင်းပွဲ ကျင်းပ
["ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် ဧရာဝတီတိုင်း ဗျုဟာ ၂၉ ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ရန်ပုံငွေစျေးရောင်းပွဲ ကျင်းပ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၉", "အေမရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာရှိ ဧရာဝတီချစ်သူများက ဦးဆောင်၍ ခြေသံလုံလုံ နှင့် တည်ဆောက်နေသော ဧရာဝတီတိုင်း ဗျုဟာ ၂၉ ၏ အဘက်ဘက်မှ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် “အိမ်ပြန်မည့် လှိုင်း ဧရာတိုင်း” ရန်ပုံငွေစျေးရောင်းပွဲကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။", "ရန်ပုံငွေဈေးရောင်းပွဲကို ဆန်ဖရန်စစ္စဗေးဧရိယာရှိ နွေဦးအင်အားစုများ၊ မြန်မာပြည်ဖွား ထောက်ပို့ပြည်သူများက ညီညီညွတ်ညွတ်ဖြင့် ဝိုင်းရံအားဖြည့်ခဲ့ကြပြီး စျေးရောင်းပွဲနှင့် Zoom Meeting တို့မှ စုစုပေါင်းရရှိလာသောဒေါ်လာ ၉၀၀၀ ကို ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမန်းဂျော်နီ (နယက) ဦးဆောင်နေသော ဗျူဟာ၂၉ ကမ်ပိန်း ဘဏ္ဍာရေးကော်မတီထံသို့ တိုက်ရိုက် လှုဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/209654/
ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာ၌ ငလျင်ဘေးကူညီကယ်ဆယ်ရေးရန်ပုံငွေပွဲပြုလုပ်
["ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာ၌ ငလျင်ဘေးကူညီကယ်ဆယ်ရေးရန်ပုံငွေပွဲပြုလုပ်", "ရန်ကုန်၊ မတ် ၃၁", "အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာ၌ မြန်မာငလျင်ဘေးကူညီကယ်ဆယ်ရေးရန်ပုံငွေပွဲကို “လက်တွဲကူညီ၊ ကံဆိုးလွန်းပေစွ၊ တို့တိုင်းပြည်” ခေါင်းစဉ်ဖြင့် One Myanmar Community (OMC)က ဦးဆောင်၍ နံနက် ၁၁ နာရီမှ ညနေ ၆ နာရီထိ မြန်မာကွန်မြူနီတီနှင့် ယဉ်ကျေးမှု့စင်တာတွင် ကျင်းပခဲ့ကြောင်းသိရှိရသည်။", "လာရောက်လှူဒါန်းသော အလှူရှင်များကို ကျောင်းသားလူငယ်များက ဂီတဖျော်ဖြေမှုများ၊ စေတနာအလှူရှင်များက အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးခြင်းများ ပြုလုပ်ခဲ့ပြီး လက်ခံရရှိသော အလှူငွေ အမေရိကန်ဒေါ်လာသုံးသောင်းရှစ်ထောင်ကျော်ကို ငလျင်ဒဏ်အဆိုးရွားဆုံးခံစားနေရသော ဒေသများထံသို့ ပြည်သူနှင့် အတူပူးပေါင်းဆောင်ရွက်နေသော ကယ်ဆယ်ရေး အဖွဲ့အစည်းများထံသို့ သေချာစိစစ်၍ တိုက်ရိုက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/90850/
ကရင် နှင့် မွန်ပြည်နယ်ကို ဖြတ်သန်း၍ လိုင်စင်မဲ့ကား သယ်ယူမှု ၊ နွား၊ သစ် တင်ပို့မှုများနှင့် တရားမဝင် ကုန်သွယ် ရေး အလွန်မြင့်တက်လာပြီး စစ်တပ်နှင့်ရဲ အကြီးအကျယ်စီးပွားဖြစ်နေ
["ကရင် နှင့် မွန်ပြည်နယ်ကို ဖြတ်သန်း၍ လိုင်စင်မဲ့ကား သယ်ယူမှု ၊ နွား၊ သစ် တင်ပို့မှုများနှင့် တရားမဝင် ကုန်သွယ် ရေး အလွန်မြင့်တက်လာပြီး စစ်တပ်နှင့်ရဲ အကြီးအကျယ်စီးပွားဖြစ်နေ", "ရန်ကုန်၊ မတ် ၅", "ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ကို ဖြတ်သန်း၍ တရားမဝင် လိုင်စင်မဲ့ကား သယ်ယူမှုများ၊ ကျွဲနွားတင်ပို့မှုများ၊ သစ်တင်ပို့မှုများ အလွန်မြင့်တက်လာနေပြီး လမ်းကြောတစ်လျှောက် တာဝန်ကျ အဖွဲ့အစည်း၊ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ အကြီး အကျယ် စီးပွားဖြစ်နေကြောင်း သိရှိရသည်။", "တရားမဝင် ကုန်သွယ်ရေး လမ်းကြောင်းတွင် စသုံးလုံး၊ စစ်တပ်၊ ရဲနှင့် ပျူစောထီး(ခေါ်) ပြည်သူ့စစ်များ ပူးပေါင်း၍ လိုင်စင်မဲ့ နွား ၊သစ်၊ လိုင်စင်မဲ့ကားများ ခိုးသွင်း၊ ခိုးထုတ် စျေးကွက်ကြီးထွားနေကြောင်း၊ ဆက်က်ကြေး ခွဲဝေမှု မညီမျှ၍ ဌာနအချင်းချင်းအကြား မကျေနပ်မှုများဖြစ်ပွားကာ အချက်အလက်များနှင့်တကွ တိုင်ကြားသော်လည်း စစ်ကောင်စီထိပ်ပိုင်းက အရေးယူမှုမရှိဘဲ လွှတ်ထားကြောင်း သိရှိရသည်။", "စစ်အာဏာသိမ်းပြီးနောက် တရားမဝင် လိုင်စင်မဲ့ကားများ ဆက်တိုက်တင်သွင်းနေသည့် အပြင် တရားမဝင် ကုန်ပစ္စည်းများ ဆက်တိုက် တင်သွင်းမှု မြင့်မားလာနေကြောင်း၊ လမ်းခရီးတစ်လျှောက်ရှိ ရဲများနှင့် စစ်သားများ ၏ ဝင်ငွေမှာ အနိမ့်ဆုံး လစဉ် သိန်းဆယ်ချီမှ ရာချီအထိ ရာထူးနှင့်အဆင့်လိုက်၍ ဝင်ငွေရရှိနေကြောင်း သိရှိရသည်။", "“တရားမဝင် ကုန်သွယ်ယူ တင်သွင်းမှုကတော့ အခု အမြင့်ဆုံးဖြစ်နေတယ်။ ဥပမာ- မြဝတီကနေလာတဲ့ ဝှစ်သောက်ကားတွေဟာ မြဝတီသင်္ကန်း ညီနောင်က BGF၊ ဒန ၊ ရဲတွေကိုလိုင်းကြေးပေးပြီးဖြတ်ကြပါတယ်။ ပြီးတော့ ကော့ကရိတ်၊ လှိုင်ဝ၊ တံတာကျိူးဂိတ်က ရဲ၊ မော်တော်ပီကယ်၊ စစ်တပ်၊ BGF တွေကို ငွေပေးပြီး ဖြတ်တယ်။ အဲဒီနောက် ကျူံဒိုး၊ ကမ်းနီကနေတဆင့်မော်လမြို့ကနေသယ်ကြတဲ့အခါ မော်တော်ပီကယ်၊ စရဖ၊ စစ်တပ်၊ စစ ရဲ၊ ဒန၊ တွေကိုပိုက်ဆံတွေပေးပြီး ဖြတ်ကြပါတယ်။ အဲဒီလို ဝှစ်သောက်ကား သယ်ယူပို့ဆောင်ရေးကနေ တစ်လကို သိန်းပေါင်းများစွာရပြီး တာဝန်ကျတွေ ဘယ်သူမှ မခွာနိုင်ကြဘူး။ မော်လမြိုင်မှာရှိတဲ့ မော်တော်ပီကယ်တစ်ဦး လစာဟာ သိန်းရာဂဏန်းထိဝင်ငွေရှိလာတယ်။ ရာထူးအဆင့်ဆင့်တိုင်းမှာ ငွေလုပ်ကွက်ကြီးဖြစ်နေတာ။ သိတယ်။ တိုင်တယ်။ အရေးမယူဘူး။ လွှတ်ထားတာပဲ” ဟု ရန်ကုန်ခေတ် သစ်၏ သတင်းရင်းမြစ်က ပြောသည်။", "ထို့ပြင် တရားမဝင် ကျွဲနွား တင်ပို့မှု လမ်းကြောင်းမှာလည်း အကြီးအကျယ် ဖြစ်ထွန်းနေပြီး နယ်မြေခံတပ်များက ဆက်ကြေးကောက်ယူခွင့်ပြုထားကြောင်း၊ ထိုင်းဘက်သို့ ကျွဲနွားများ တရားမဝင်တင်ပို့နေကြရာတွင် KNU (PC) ၊ BGF တို့က စစ်တပ်နှင့်အတူ ပူးပေါင်းပါဝင်နေကြောင်း သိရှိရသည်။", "“ရန်ကုန်ဘက်ကနေ ဖောင်ကြီး-ပဲခူး ကြီးလေးကြီး လမ်းလို့ခေါ်တဲ့ တောလမ်းမှ သွားကာ ဖောင်ကြီး ရွာအလွန်၌ အမြန်လမ်းကို တက်တဲ့ လမ်းရှိတယ်။ အဲဒီအမြန်လမ်း ၉ မိုင် ၂ ဖာလုံ မှ တက်၍ ၇၂ မိုင် မှဆင်းကာ ဒိုက်ဦးနယ်ထဲက ရွာလေးမှာ နွားတွေကျွဲတွေ ချတယ်။ အဲဒီခြံပိုင်ရှင်နာမည်က ဦးသောင်းထွန်းမင်းပါ။ သူက ပျဥ်ပုံကြီး တပ်နယ်မှူးကို နွားကား၁ စီးလျင် ၅ သိန်းကျပ် ပေးရတယ်။ စစ်တောင်းတံတား ပိတ်ခါနီးလျင် ဒိုက်ဦး-ညောင်ခါး ရှည်လမ်းမှ ကဖြတ်၍ စစ်တောင်းတံတား ကို ကျော်ခွင့်ပြုထားတယ်။ စစ်တောင်းတဖက်ကမ်း မုပ္ပလင်ဘက်မှ KNU (PC) ၊ BGF တို့က နွားကားတစီးကို လမ်း ကြေး သိန်း ၁၂၀ ယူပြီး မြဝတီ သို့ပို့ဆောင်ပေးတယ်။ အဲဒီကနေတစ်ဆင့် ဟိုဘက်ကိုပို့တယ်” ဟု တရားမဝင်တင်ပို့မှု လမ်းကြောင်းကို အသေးစိတ် သိရှိထားသူက ရှင်းပြသည်။", "ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်တွင် မကြာသေးမီ ရက်ပိုင်းအတွင်း ကျွဲနွားများ တရားမဝင် သယ်ယူမှုကို ဖမ်းဆီး ပြဿနာတက်မှုဖြစ်ပွားခဲ့ကြောင်း၊ တရားမဝင် ဆက်ကြေးကောက် သယ်ယူရာတွင် အဝေမတည့်၍ ဖမ်းဆီး ပြဿနာတက် ခြင်းဖြစ်ကြောင်း၊ တိုက်ကြီးမြို့နယ် စီမံဥက္ကဌ အောင်ကျော်စိုး နှင့် စရဖ တာဝန်ခံ တပ်ကြပ် ထွန်း လင်းအောင် တို့က နွားမှောင်ခို ကားတစီးလျင် ငွေကျပ် ၃ သိန်းယူကာ ခွင့်ပြုပေးထားကြောင်း၊ လမ်းခရီးရှိလေးတိုင်စင် ရဲဂိတ်ကလည်း စခန်းအရာရှိများ အတွက်အပါအဝင် နွားကားတစီးလျင် ငွေကျပ်၂ သိန်း ယူခွင့်ပြုခဲ့ကြောင်း၊ သို့ရာတွင် နယ်မြေခံ တပ် နှင့် ဆက်ကြေးခွဲဝေမှုတွင် အချင်းချင်း ပြဿနာတက်ပြီး ဖမ်းဆီး အရေးယူမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။", "တရားမဝင် ကုန်သွယ်လမ်းကြောင်းအတွင်းရှိနေသည့် မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်အတွင်းရှိ ထွေ/အုပ်များ၊ စသုံးလုံးများ၊ ရဲများနှင့် နယ်မြေခံတပ်များက လိုင်စင်ဖြင့် တရားဝင် ကုန်သွယ်မှုများကိုအမျိုးမျိုး အနှောင့်အယှက်ပေးကြပြီး ဆက်ကြေးဖြတ်သန်းမှုများကို စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ခွင့်ပြုနေခြင်းကြောင့် တရားမဝင် ကုန်သွယ်ရေး လမ်းကြောင်း ပိုမိုကြီးထွားလာခြင်းဖြစ် သည်ဟု သိရှိရသည်။", "“လိုင်စင်နဲ့ စာရွက်စာတမ်းပါရင်တောင် ငွေမရတော့ ပစ်ထားတယ်။ မြန်မြန် ဆန် ဆန် လုပ်မပေးဘူး။ ဒါပေမယ့် တစ်ဖက်မှာက ကုန်ကားတစ်စီးကို ၅ သိန်းလောက်ပေးလိုက်ရင် အစစ်အဆေးမရှိ ဖြတ်လို့ရတော့ နောက်ပိုင်းမှာ ငွေပေးဖြတ်တာက စိတ်ချမ်းသာပြီး မြန်မြန်အလုပ်ပြီးတာမျိုးဖြစ်နေတယ်။ တော် တော် များများလည်း ဆက်ကြေး ပေးပြီး ဖြတ်သန်းတာမျိုးလုပ်ကြတယ်။ လိုင်စင် စာရွက်စာတမ်းက လွယ်လွယ်ကူကူ ချောချောမွေ့ မဖြစ်တဲ့အပြင် အရမ်းကို ကြာတယ်” ဟု ရန်ကုန်-မြ၀တီ ကုန်သွယ်ရေးလုပ်သူ စီးပွားရေ းသမားတစ်ဦးကလည်း ဆိုသည်။", "ဓာတ်ပုံ- မွန်ပြည်နယ်အတွင်းရှိ စစ်တပ် ဂိတ်တစ်ခု။ (ပုံအဟောင်းဖြစ်သည်။ )", "Photo- Reuters"]
https://yktnews.com/2024/09/183498/
ကရင်နီ -ရှမ်းတောင် အစပ် လွိုင်လင်လေးမြို့တွင်းရှိ စစ်စခန်း အပါအဝင် စခန်း ၅ ခုကို တိုက်ခိုက်မှု စစ်သား ၃၀ ကျော်သေဆုံး၊ စစ်တပ်က ဒရုန်း လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံး
["ကရင်နီ -ရှမ်းတောင် အစပ် လွိုင်လင်လေးမြို့တွင်းရှိ စစ်စခန်း အပါအဝင် စခန်း ၅ ခုကို တိုက်ခိုက်မှု စစ်သား ၃၀ ကျော်သေဆုံး၊ စစ်တပ်က ဒရုန်း လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၁၅", "ကရင်နီပြည်နယ်နှင့် ရှမ်းတောင်နယ်စပ်ရှိ လွိုင်လင်လေးမြို့တွင်းရှိ စစ်စခန်း အပါအဝင် အကြမ်းဖက် စစ်ကောင်စီတပ် ကင်းစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ကျော်သေဆုံးပြီး စစ်တပ်က ဒရုန်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း KNDF ဗဟိုကပြောဆိုသည်။", "စက်တင်ဘာလ ၅ ရက်နေ့မှစ၍ ကရင်နီ – ရှမ်းတောင်နယ်စပ်ရှိ စစ်ကောင်စီတပ်များ တပ်စွဲစခန်း ချ ထားသည့် လွိင်လင်လေးမြိုတွင်းရှိ ကာကင်းစခန်းများ ၊ ကျောင်းကုန်း ၊ ကုန်းဆွတ် ၊ အောင်ပလ ၊ ကယန်းလေးတာဝါတိုင်ကုန်း စသည့်နေရာများတွင် တပ်စွဲထားသော စစ်ကောင်စီစခန်းများအား တော်လှန်ရေးတပ်ပေါင်စုံမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စက်တင်ဘာလ ၈ ရက်နေ့ထိ ၄ ရက်ကြာ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ပွဲ ၄ ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးကာ ၃ ဦး အရှင် ဖမ်းမိခဲ့ပြီး လက်နက်ကြီး/ငယ်အစုံ ၂၄ လက်ကို တော်လှန်ရေး တပ်ပေါင်းစုံမှ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။", "တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ထိခိုက်မှုများခဲ့၍ လေကြောင်းဖြင့်ပစ်ကူပေးတိုက်ခိုက်ခဲ့သည့် အပြင် ဒရုန်းများ ၊ လက်နက်ကြီးများဖြင့်လည်း တောက်လျှောက်အသုံးပြု၍ တိုက်ပွဲဖြစ်ပွားနေသည့် နေရာမဟုတ်ဘဲ အရပ်သာပြည်သူများနေထိုင်ရာ လွိင်လင်လေးမြို့၊ ရပ်ကွက်အတွင်းရှိ နေအိမ်ပေါ် သို့ စစ်ကောင်စီဖက်မှ ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တို့ လုပ်ဆောင်ခဲ့ရာ ဒေသနေ အရပ်သား အမျိုးသမီး ၁ ဦး ၊ အမျိုးသား ၃ ဦး သေဆုံးခဲ့ရပြီး ၅ ဦးခန့် ထိခိုက် ဒဏ်ရာများ ရရှိခဲ့ ကြောင်း သိရသည်။", "လက်ရှိအချိန်ကာလအထိ လွိင်ကော်-လွိင်လင်လေး-ဆီဆိုင် လမ်းမကြီးအနီး တွင်လည်း တော်လှန် ရေးတပ်များ နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ကြိုကြားထိတွေ့မှုများရှိနေခြင်းကြောင့် ဒေသခံများ နှင့်အတူ အများပြည်သူများအနေဖြင့် စစ်ရေးသတိကြီးစွာထား၍ နေထိုင်သွားလာကြပါရန် KNDF ဗဟိုက အသိပေးထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/01/80440/
ကရင်နီ ပြည်နယ်ရှိ စစ်ဘေးရှောင် စခန်း တစ်ခုကို ပြည်ပရောက် မြန်မာနိုင်ငံသားများက အစားအသောက်များ လှူဒါန်း
["ကရင်နီ ပြည်နယ်ရှိ စစ်ဘေးရှောင် စခန်း တစ်ခုကို ပြည်ပရောက် မြန်မာနိုင်ငံသားများက အစားအသောက်များ လှူဒါန်း", "ရန်ကုန်၊ ဇန်နဝါရီ ၁", "ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် စခန်း တစ်ခုကို ဂျာမနီ နိုင်ငံတွင် နေထိုင်သည့် ပြည်ပရောက် မြန်မာနိုင်ငံသား ဇနီးမောင်နှံ ၂ ဦးက ရှမ်းခေါက်ဆွဲ၊ မုန့်လက်ကောက်၊ ခါဂျာမုန့်၊ ပဲလိပ်မုန့်နှင့် စမူဆာမုန့်တို့ကို လှူဒါန်းခဲ့ပြီး ကျေးလက်မြေအဖွဲ့မှ အလှူရှင်ကိုယ်စား သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/01/83589/
ကရင်နီစစ်ရှောင်များကို လူတစ်ဦးလျှင် အဝတ်အစားတစ်စုံစီ လှူဒါန်း
["ကရင်နီစစ်ရှောင်များကို လူတစ်ဦးလျှင် အဝတ်အစားတစ်စုံစီ လှူဒါန်း", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "တိုက်ပွဲများ နေ့စဉ်ပြင်းထန်နေသည့် ကယားပြည်နယ်ရှိ စစ်ရှောင်စခန်းတစ်ခုကို လူတစ်ဦးလျှင် အဝတ်စားတစ်စုံစီဖြင့် စစ်ရှောင်မိသားစုများအားလုံးကို ရန်ကုန်မြို့မှ အလှူရှင်က ဇန်နဝါရီ ၂၈ ရက်နေ့တွင် လှူဒါန်းခဲ့ကြသည်။"]
https://yktnews.com/2023/11/132194/
ကရင်နီတပ်ဖွဲ့များ ပစ်ချလိုက်သော စစ်တပ်တိုက်လေယာဉ်မှ လေထီးဖြင့် ခုန်ချ လွတ်မြောက်ခဲ့သည့် လေ ယာဉ်မောင်း ပိုင်းလော့ ဗိုလ်မှူးကို ကယားနှင့်ကရင်ပြည်နယ်အစပ်တွင် ဖမ်းဆီးရမိ၊ ကရင်နီထဲသို့ ပြန်လည်ခေါ်ဆောင်ထား
["ကရင်နီတပ်ဖွဲ့များ ပစ်ချလိုက်သော စစ်တပ်တိုက်လေယာဉ်မှ လေထီးဖြင့် ခုန်ချ လွတ်မြောက်ခဲ့သည့် လေ ယာဉ်မောင်း ပိုင်းလော့ ဗိုလ်မှူးကို ကယားနှင့်ကရင်ပြည်နယ်အစပ်တွင် ဖမ်းဆီးရမိ၊ ကရင်နီထဲသို့ ပြန်လည်ခေါ်ဆောင်ထား", "ရန်ကုန်၊ နိုဝင်ဘာ ၂၀", "ကရင်နီ(ကယား)ပြည်နယ်အတွင်း တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပစ်ခတ်ခံရပြီး လေ ယာဉ်ပျက်မှုတွင် လေထီးဖြင့် ခုန်ချထွက်ပြေးလွတ်မြောက်ခဲ့သည့် လေယာဉ်မှူး ၂ ဦးအနက် ဗိုလ်မှူး တစ်ဦး ကို ဖမ်းဆီးရရှိခဲ့ကြောင်း KA စစ်ဘက်ဆိုင်ရာ အရာကြီးတန်းအရာရှိတစ်ဦးကရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်နေ့က ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ် အစပ်၊ လိပ်သိုမြို့နယ်၊ တန်ကလူးကျေးရွာအနီးတွင် ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့များထံသို့ လေယာဉ်မှူးကို ပြန်လည် ပေးအပ်လိုက်ခြင်းဖြစ်ကြောင်း၊ သိရသည်။", "“လိပ်သို၊ ယာသိုဘက်နယ်စပ်မှာ မိတာ၊ သိရသလောက်တော့ ကရင်နီနယ်စပ်ပေါ်မှာရှိတဲ့ တန် ကလူးတဲ့ရွာနာမည်က လိပ်သို၊ ယာသိုနဲ့ ကျနော်တို့ ကရင်နီနယ်စပ်လေ၊ အဲဒီမှာ မိတယ်ပြောတယ်၊ ဖမ်းမိပြီးတော့ အဲဒီမှာ မထားဘဲနဲ့ ကရင်နီဘက်ကို ပို့လိုက် တာ၊ ဖမ်းမိတဲ့နေရာက နယ်စပ်ဆိုတော့ ကျနော်တို့ လူတွေလည်းရှိတယ်၊ KNDF လည်းရှိတယ်၊ PDF လည်းရှိတယ်၊ အစုံရှိပါတယ်၊ နေရာတိုင်းမှာ အဖွဲ့အစုံရှိ တယ်၊ ဘယ်အဖွဲ့က မိသလဲတော့ မသိရ သေးဘူး၊ ဒီးမော့ဆို၊ ဖရူဆိုဘက်ဆိုတော့ KSPP တို့၊ KA တို့ အဖွဲ့ တွေရှိတယ်၊ ဘယ်အဖွဲ့ဆီပို့လိုက်လဲ တော့ အတိအကျ မသိရသေးဘူး၊ မိတာကတော့ သေချာပါ တ ယ်၊” ဟု KA စစ်ဘက်ဆိုင်ရာ အကြီး တန်းအရာရှိတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "နိုဝင်ဘာလ ၁၁ ရက်နေ့ ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ပြီး ပျက်ကျသွားသော တိုက် လေ ယာဉ်မှ လေယာဉ်မှူး ၂ ဦး လွတ်မြောက်သွားခဲ့ကြောင်း ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့အတည်ပြုပြောဆိုခဲ့သည်။", "ဓာတ်ပုံ- တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ပျက်ကျသွားသည့် စစ်ကောင်စီ၏ တိုက်လေယာဉ်။"]
https://yktnews.com/2023/05/104784/
ကရင်နီတိုက်ပွဲတွင် သေဆုံးသော စစ်သား ၄၀ ခန့်တွင် ခမရ ၄၂၅ တပ်ရင်းမှ ဗိုလ်မှူးဇေယျာမျိုး ပါ၀င် သေဆုံးပြီး အလောင်းပြန်မရဘဲ နာရေးလုပ်ရ
["ကရင်နီတိုက်ပွဲတွင် သေဆုံးသော စစ်သား ၄၀ ခန့်တွင် ခမရ ၄၂၅ တပ်ရင်းမှ ဗိုလ်မှူးဇေယျာမျိုး ပါ၀င် သေဆုံးပြီး အလောင်းပြန်မရဘဲ နာရေးလုပ်ရ", "ရန်ကုန်၊ မေ ၂၈", "ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အမှတ် ၄၂၅ ခြေမြန်တပ်ရင်းမှ ဗိုလ်မှူးဇေယျာမျိုး သေဆုံးခဲ့ကြောင်း မိသားစုနှင့်နီးစပ်သူများက အတည်ပြုပြောဆိုသည်။", "မေလ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာ အခြေစိုက် ခမရ ၄၂၅ မှ အသက် ၃၅ နှစ်အရွယ် ဗိုလ်မှူးဇေယျာမျိုး သေဆုံးသွားကြောင်း၊ ဗိုလ်မှူးဇေယျာမျိုးသည် သေဆုံးချိန်တွင် ဇနီးနှင့်သားတစ်ဦး ကျန်ရစ်ကြောင်း၊ ဇနီးဖြစ်သူတောင်ကြီး တက္ကသိုလ်မှ ဆရာမတစ်ဦးဖြစ်ပြီး သေဆုံးချိန်တွင် အလောင်းပြန်မရကြောင်း သိရှိရသည်။", "“သူ့မိဘတွေက ရွှေပြည်သာမှာနေပြီး နာရေးကို ရွှေပြည်သာအိမ်မှာလုပ်တယ်။ အလောင်းပြန်မရလို့ နာရေးရက်လည်ပဲ လုပ်မယ်။ ကရင်နီမှာ တိုက်ပွဲကျပါတယ်။ ဗိုလ်ကြီးအဆင့်နဲ့ ဗိုလ်မှူးလစာ စားနေပြီ။ ဗိုလ်မှူး ရာထူး အပွင့် တင်တော့မယ့် ဆဲဆဲ ကျသွားတာ” ဟု ရွှေပြည်သာမှ မိတ်ဆွေတစ်ဦးက ဆိုသည်။", "ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း မေလ ၁၄ ရက်နေ့မှ မေလ ၂၃ ရက်နေ့ အထိ ဖြစ်ပွားသော ၉ ရက် ကြာတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဗိုလ် ကြီး ၁ ဦး အပါအဝင် ၄၀ ဦး နီးပါးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိကာ လက် နက် ခဲယမ်း အမြောက်များ သိမ်းဆည်းရရှိကြောင်း KNDF က တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။", "မေလ ၁၄ ရက်နေ့မှစတင်၍ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက် ခြမ်းရှိ တနီးလာလဲကျေးရွာတောင်ပေါ်မှ ဒေါလျားခူ ကျေးရွာ တောင်ပေါ် ဖက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်ဖွဲ့များကို ကရင်နီပူးပေါင်းတပ်များမှ တန်ပြန်ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်", "ဒေါလျားခူကျေးရွာ၏ အရှေ့ဖက်တောင်ပေါ်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခမရ(၄၂၅)၊ ခမရ(၅၁၇)၊ ခလရ(၂၈၇) တပ်ရင်းများအား မေလ(၁၄)ရက်နေ့မှစ၍ ကရင်နီတပ်မတော်(KA)၊ KNDF စစ်ဗျူဟာအမှတ်(၆)၊ KNDF စစ်ဗျူ ဟာအမှတ်(၄)၊ KNDF-ETD၊ KNDF-UAV နှင့် Loikaw PDF တို့ ပူးပေါင်း၍ တန်ပြန်ထိုးစစ်ဆင်ကာ မေလ(၂၃)ရက်နေ့ အထိ ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "၉ ရက်ကြာ ရက်ရှည်တိုက်ပွဲအတွင်း စစ်ကောင်စီမှ အထိနာကာ အထိ အခိုက်များစွာဖြင့် တနီးလာလဲကျေးရွာ၏ အရှေ့ဖက် တောင်ကြောပေါ်သို့ တဖြည်းဖြည်း ဆု တ်ခွာခဲ့ပြီးယနေ့ထိ ကရင်နီ ပူးပေါင်းတပ်များ က လိုက်လံ တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း၊ ၁၀ ရက်နီးပါး ဖြစ်ပွားခဲ့သော ထိတွေ့ တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦး၊ဗိုလ်အဆင့် ရှိသူ ၂ ဦး အပါအဝင် စစ်ကောင်စီတပ်သား ၄၀ နီးပါး သေဆုံးခဲ့ပြီး ဗိုလ်ကြီး အဆင့်ရှိသူအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူလည်းများပြားခဲ့ကြောင်း သိရှိရ သည်။", "စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး နှင့် ယာယီတပ်ရင်းမှူးတစ်ဦးတို့သည် တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာများဖြင့် အနောက်သို့ပြန်ပြေး၍ ဆုတ် ခွာလာကြသော တပ်ဖွဲ့ဝင်များအား လုံးဝဆုတ်ခွာခွင့်မပေးဘဲ ရှေ့သို့ အတင်း အကျပ်တက်ခိုင်း၍ လူသားမဆန်သော အမိန့်အာဏာများကို အနောက်မှ နေ၍အမိန့်ပေးစေခိုင်းပြီး မြေပြင်တိုက်ပွဲများအတွင်း ငယ်သားဗိုလ် နှင့် တပ်သားများအား အသေခံခိုင်းနေသည့် အခြေအနေများကို စစ်ကောင်စီ၏ သက်ဆိုင်ရာ နောက်တန်းတပ်မိသားစုများအား သိရှိစေလိုကြောင်း တရားဝင် ထုတ်ပြန်ခဲ့သည်။", "တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လွိုင်ကော်၊ ငွေတောင် နှင့် ဖရူဆိုအခြေစိုက် တပ်များမှ နေ့စဉ် လက်နက်ကြီးများ အလွန်အကျွံအသုံးပြု၍ ပစ်ကူပေးခဲ့ပြီး ဂျက်ဖိုက်တာ(Jet Fighter) များဖြင့် အကြိမ်​ ရေ စုစုပေါင်း ၆၀ ထက်မနည်းဗုံး ကျဲခြင်း၊ ပစ်ခတ်ခြင်းများပြုလုပ်ခဲ့ကြောင်း၊ ၉ ရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များထံမှ MA-1 ၈ လက်၊ MA-2 ၁ လက်၊ MA-3 ၃ လက်၊ MA-4 ၁ လက်၊ 9mm Pistol ၁ လက်၊ RPG ၂ လက် နှင့် ဆက်စပ် ခဲယမ်းမီး ကျောက်များ၊ ဆက်သွယ်ရေးပစ္စည်းများ နှင့် စစ်အသုံးအဆောင်အမြောက် အများ သိမ်းစည်းရရှိခဲ့ပြီး စစ်သား စစ်သုံ့ပန်း (၂)ဦး အားအရှင်ဖမ်းဆီးနိုင်ခဲ့ ကြောင်း သိရှိရသည်။", "တိုက်ပွဲများအတွင်း KNDF/B01 မှရဲဘော်(၁)ဦး ၊ KNDF/B07 မှ ရဲဘော်(၂)ဦး၊ KNDF/B09 မှ ရဲဘော်(၃)ဦး၊ KNDF/B10 မှ ရဲဘော်(၁)ဦး နှင့် ကရင်နီ တပ်မတော် (KA) မှ ရဲဘော်(၁)ဦး စုစုပေါင်း ၈ ဦး ကျဆုံးခဲ့ရကြောင်း သိရှိရသည်။", "ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ ဒေါစဲ၊ ဒေါတငူး နှင့် တနီးလာလဲ ကျေးရွာများဖက်သို့ စစ်ကြောင်းထိုးလျက်ရှိသော စစ်ကောင်စီတပ်ဖွဲ့များနှင့် ၂၀၂၃ခုနှစ်၊ မတ်လမှ စတင် ၍ ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး ယနေ့ မတ်လ၂၄ ရက်နေ့ အထိ တနီးလာလဲကျေးရွာ၏ အရှေ့ဖက်တောင်ပေါ်တွင် စစ်ကောင်စီ တပ်ဖွဲ့ များ နှင့် မိမိတို့ပူးပေါင်းတပ်များကြား ထိတွေ့တိုက်ပွဲများ ဆက်၍ ဖြစ်ပွားနေ သောကြောင့် အဆိုပါနေရာများအနီးသို့ ပြည်သူများအနေဖြင့် ဖြတ်သန်းသွား လာခြင်း များကို တတ်နိုင်သမျှမပြုလုပ်ပါရန် တိုက်တွန်းထားသည်။"]
https://yktnews.com/2023/08/118538/
ကရင်နီတိုက်ပွဲများတွင် ကလောအခြေစိုက် ခလရ ၃ မှ တပ်ရင်းမှူး ဒု ဗိုလ်မှူး ကြီး၊ ဒုတပ်ရင်းမှူး အပါအဝင် ၁၆ ဦး၊ ခလရ ၁၁၂ တပ်မှ အရာရှိနှင့်စစ်သား ၁၄ ဦး စုစုပေါင်း စစ်သား ၃၀ ဦး သေဆုံး
["ကရင်နီတိုက်ပွဲများတွင် ကလောအခြေစိုက် ခလရ ၃ မှ တပ်ရင်းမှူး ဒု ဗိုလ်မှူး ကြီး၊ ဒုတပ်ရင်းမှူး အပါအဝင် ၁၆ ဦး၊ ခလရ ၁၁၂ တပ်မှ အရာရှိနှင့်စစ်သား ၁၄ ဦး စုစုပေါင်း စစ်သား ၃၀ ဦး သေဆုံး", "ရန်ကုန်၊ ဩဂုတ် ၁၆", "ကရင်နီပြည်နယ်တွင် ယခုရက်ပိုင်းအတွင်းဖြစ်ပွားသော တိုက်ပွဲများတွင် က လော အခြေစိုက် တပ်မ ၅၅ လက် အောက်ခံ ခလရ ၃ တပ်နှင့် ခလရ ၁၁၂ တပ်မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ အရာရှိနှင့်စစ်သည် ၃၀ ဦး သေဆုံးသွား ကြောင်း စစ်ကောင်စီ၏ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သတင်းရင်းမြစ်က အတည် ပြု ပြောဆိုသည်။", "ဩဂုတ်လ ဒုတိယအပတ်အတွင်း ဖြစ်ပွားခဲ့သော ကရင်နီပြည်နယ်အတွင်း တိုက်ပွဲများတွင် တပ်မ ၅၅ လက် အောက်ခံ ခလရ ၃ မှ တပ်ရင်းမှူး ဒုဗိုလ်မှူး ကြီး၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး အပါအဝင် ၁၆ ဦးသေဆုံးခဲ့ကြောင်း၊ ယမန်နေ့ တိုက်ပွဲတွင် ခလရ ၁၁၂ မှ အရာရှိနှင့်စစ်သည် ၁၄ ဦးသေဆုံး သွားခဲ့ ကြောင်း သိရှိရသည်။", "“ကလော ခလရ ၃ မှာ တပ်ရင်းမှူး နဲ့ ဒုတိယတပ်ရင်းမှူး အပါ ၂ + ၁၄ = ၁၆ ဦးသေဆုံးပါတယ်။ ဒါ့အပြင် ကလောမြို့အခြေစိုက် ခလရ ၁၁၂ မှ အရာရှိ နဲ့ စစ်သည် ၁၄ ဦး မနေ့က ထပ်ပြီး သေဆုံးပါတယ်။ တပ် နှစ်ခုလုံးက တပ်မ ၅၅ လက်အောက်ခံတွေပါ။ စုစုပေါင်း စစ်သား ၃၀ ဦးသေဆုံးပါတယ်။ အခုထက် ထိတော့ ကရင်နီဘက်ခြမ်းမှာ ကလောတပ်တွေ ရှိနေတုန်းပဲ” ဟု စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။", "ရှမ်းပြည်နယ်မှ စစ်ကောင်စီတပ်များမှာ ကရင်နီပြည်နယ်အတွင်းသို့ အလုံး အရင်းဖြင့် ထိုးစစ်ဆင်နေရပြီး စစ်တပ်ကလည်း ၎င်းတို့ ဆုံးရှုံးသွားခဲ့သော တပ်စခန်းများနှင့် စခန်းကုန်းများကို ပြန်လည်ရရှိစေရန် ကုန်းကြောင်း၊ လေကြောင်းဖြင့် အကြီး အကျယ် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရှိရ သည်။", "ဓာတ်ပုံ- ယမန်နှစ်ဩဂုတ်လတွင် ကော့ကရိတ်တွင် ပစ်ခတ်မှုကြောင့် သေဆုံးသွားကြသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2025/03/206208/
ကရင်နီတိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၇ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ၊ စစ်တပ်၏ ပစ် ခတ်မှုများကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး အဆောက်အအုံ ၇၀ ဝန်းကျင်ပျက်စီး
["ကရင်နီတိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၇ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ၊ စစ်တပ်၏ ပစ် ခတ်မှုများကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး အဆောက်အအုံ ၇၀ ဝန်းကျင်ပျက်စီး", "ရန်ကုန်၊ မတ် ၄", "ကရင်နီတိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၇ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကာ စစ်တပ်၏ ပစ် ခတ်မှုများကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး အဆောက်အအုံ ၇၀ ဝန်းကျင်ပျက်စီးကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိလွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့ တို့တွင် စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများကို ပစ်မှတ် ထား၍ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ပစ် မှတ်ထားတိုက်ခိုက်မှုများကြောင့် အသက် ၁၀ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၁၀ နှစ်အရွယ် ကလေးသူငယ် ၁ ဦး၊ ၁၇ နှစ်အရွယ် လူငယ် ၂) ဦးနှင့် အရပ်သားပြည်သူ ၁ ဦး စုစုပေါင်း ပြည်သူ ၅ ဦး သေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် စစ်ကောင်စီတပ်၏ ဒရုန်း၊ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးဗြဲမြို့တွင် ထိခိုက်မှုများခဲ့ပြီး ပြည်သူနေအိမ် ၅၀ လုံးထက်မနည်း၊ စာသင်ကျောင်း ၄ ကျောင်းနှင့် ဘာသာရေး အဆောက်အဦး ၄ ခု တို့မီးလောင်ပျက်စီးခဲ့ပြီး အခြားမြို့နယ်များတွင်လည်း ပြည်သူနေအိမ် ၈ လုံး၊ ဆေးပေးခန်း ၁ ခန်း၊ စာသင်ကျောင်း ၁ ကျောင်း နှင့် ဘုန်းကြီးကျောင်း ၁ ကျောင်း ထိခိုက် ပျက်စီးခဲ့ ကြောင်း သိရသည်။", "“မိုးဗြဲမြို့နဲ့အနီးတဝိုက်မှာရှိတဲ့ စစ်ရှောင်တွေ၊ အထူးသဖြင့် ကျေးရွာအချို့တွေကလည်း တိုက်ပွဲဖြစ် နေတဲ့နေရာတွေ၊ တိုက်ပွဲဧရိယာနဲ့နီးတဲ့နေရာတွေကို ဖြတ်သန်းသွားလာတာတွေမလုပ်ဖို့နဲ့ နယ်မြေ ခံ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာပေးဖို့ တိုက်တွန်းချင်ပါတယ်။ စစ် ကောင်စီဘက်က လက်နက်ကြီးတွေ၊ လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတဲ့အတွက် လုံခြုံ ရေးအသိ၊ လုံခြုံရေးသတိရှိကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "တိုက်ပွဲများအနေဖြင့် ဖေဖော်ဝါရီလ ၅ ရက်နေ့ မိုးဗြဲမြို့၊ ကသလစ်စေတမန်ကျောင်း၌ တပ်စွဲထားသော စစ်ကောာင်စီ တပ်သားများကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးကာ ဒဏ်ရာ အများအပြား ရရှိခဲ့ကြောင်း၊ ထို့အပြင် စစ်ကောင်စီတပ်သားများထံမှ လက် နက်ကြီး၊ လက်နက်ငယ် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ထောက်ပို့ လေယာဥ်ဖြင့် ဗုံးသီးကျဲချခြင်း၊ ဒရုန်းများဖြင့် ဒရော့ဗုံးချခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း စသည် တို့ကို တစ်နေကုန်နီးပါး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "“မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီက အပြင်းအထန် ကြိုးစားနေပါတယ်။ သူတို့အတွ်က ထောက်ပို့လမ်းကြောင်းအရ အတော်အရေးပါတဲ့ လမ်းဆုံမြို့တစ်ခုလည်းဖြစ်တယ်၊ ဒီးမော့ဆိုဘက်ကိုလည်းထောက်ပို့လမ်းကြောင်းတွေ ဖောက်လို့ရသလို လွိုင်ကော် -မိုးဗြ- ဖယ်လုံ လမ်းကြောင်းကိုလည်း ထိန်းချုပ်လို့ရတဲ့အနေအထားမျိုးဖြစ်တဲ့အတွက် စစ်ကောင်စီက မိုးဗြဲမြို့ကို အပြင်းအထန် ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ စစ်ကောင်စီက မိုးဗြဲမြို့ကို ထိန်းချုပ်မှုရရှိသွားပြီ ဆို ရင်တော့ ဒီးမော့ဆိုတို့၊ လွိုင်ကော်တို့ကို စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှု ပိုပြီးတော့ခံရနိုင်ဖွယ်ရှိတဲ့ အ တွက် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း အပြင်းအထန် ခုခံတိုက်ခိုက်နေရခြင်းပါတယ်” ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဖေဖော်ဝါရီလ ၁ လအတွင်း ကရင်နီပြည်နယ်၊ ဖားဆောင်း၊ ဘောလခဲနှင့် လွိုင်ကော်မြို့နယ်တို့တွင် တိုက်ပွဲများ ကြိုကြားဖြစ်ပွားခဲ့ကြောင်း၊ ထို့အတူ မိုးဗြဲမြို့တွင်လည်း စစ်ကောင်စီမှမြို့အား ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက်ထိုးစစ်ဆင်ခဲ့သဖြင့် တစ်လတာလုံး တိုက်ပွဲပြင်းထန်ခဲ့ပြီး KNDF မှ ရဲဘော် ၅ ဦး မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း သိရသည်။", "ဖေဖော်ဝါရီလအတွင်း KNDF ထံ ဘက်ပြောင်းခိုလှုံလာသူ စစ်ကောင်စီတပ်သား လက်နက်ပါ ၅ ဦး နှင့် လက်နက်မဲ့ ၂ ဦး စုစုပေါင်း ၇ ဦးရှိပြီး၊ ရှေ့တန်းစစ်မြေပြင်တွင် ဦးတည်ရာမဲ့ထွက်ပြေးသော တပ် ပြေး ၈ ဦးတို့ကိုလည်း ဖမ်းဆီးကာ ကောင်းမွန်လုံခြုံစွာ ထိန်းသိမ်းထားကြောင်း အသိပေးထားသည်။"]
https://yktnews.com/2023/09/122187/
ကရင်နီတော်လှန်ရေးအကြောင်း ရိုက်ကူးသည့် ဗြိတိန်ဓာတ်ပုံသတင်းထောက် ဆုရ
["ကရင်နီတော်လှန်ရေးအကြောင်း ရိုက်ကူးသည့် ဗြိတိန်ဓာတ်ပုံသတင်းထောက် ဆုရ", "ရန်ကုန်| စက်တင်ဘာ ၁၃", "ကရင်နီ (ကယား) လူမျိုးတို့၏ လက်နက်ကိုင်တော်လှန်ရေးနှင့် ဒေသခံပြည်သူ များ စစ်ကျွန်ဘဝသို့ ရောက်နေရသော အခြေအနေများကို ရိုက်ကူးသည့် ဗြိတိန်ဓာတ်ပုံသတင်းထောက် Visa d’or News Award ဆုံကို ရရှိကြောင်း သိရသည်။", "မြန်မာပြည်တွင်းစစ်ကို လွှမ်းခြုံနိုင်သည့် ဓာတ်ပုံများဖြင့် ပြင်သစ်နိုင်ငံ နိုင်ငံတကာသတင်းဓါတ်ပုံပွဲတော်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အီတလီလူမျိုး ဗြိတိန်သတင်းထောက် Siegfried Modola က ၂၀၂၃ ခုနှစ်အတွက် ဆုရရှိခဲ့ခြင်းဖြစ်ကြောင်း ကနေဒါသတင်းစာစောင် The Globe and Mail က စက်တင်ဘာလ ၁၀ ရက်နေ့က ဖော်ပြသည်။", "ကရင်နီပြည်နယ်အတွင်းမှ ၇ ပတ်ကြာ နေထိုင်ဖြတ်သန်းခဲ့စဉ် ကရင်နီလူမျိုးများက စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့်အကြောင်း ထင်ဟပ်စေသည့် ဓါတ်ပုံပေါင်း ၂၀ ကျော်နှင့် ရိုက်ကူးဖော်ထားသော “မြန်မာနိုင်ငံတွင်း လက်နက်ကိုင် အုံကြွမှု” “Inside Myanmar’s armed uprising” အမည်ရ သတင်းဓာတ်ပုံအက်ဆေးကို ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။", "လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ဖြတ်သန်းနေသည့် လူငယ်များ၏ မြင်ကွင်းများ၊ စစ်မြေပြင်ကြားက ဒဏ်ရာရရဲဘော်များကို ဆေးကုသနေကြသည့် မြင်ကွင်များနှင့် ဒေသခံပြည်သူများမှ တိုက်ပွဲကြားမှ အသက်လုပြေးနေရသည့် မြင်ကွင်များအပြင် စစ်ပွဲများကြောင့် ဒေသခံပြည်သူများ မည်မျှထိ ဒုက္ခရောက်ကြရသည့် လူမှုဘဝအကြောင်းကို တင်ဆက်ထားခြင်းဖြစ်သည်။", "ဓာတ်ပုံသတင်းထောက် Siegfried Modola မှာ The Globe and Mail အတွက် သတင်းယူရင်း မြန်မာနိုင်ငံသို့ အခက်အခဲပေါင်းများစွာဖြင့် နယ်စပ်များမှတစ်ဆင့် ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက ဝင်ရောက်ခဲ့ပြီး စစ်ကောင်စီကို တော်လှန်နေကြသော လက်နက်ကိုင်အဖွဲ့အစည်းများစွာဖြင့် နေထိုင်ဖြတ်သန်းခဲ့ကာ ဓါတ်ပုံများကို ရိုက်ကူးခဲ့သည်။", "ဓာတ်ပုံသတင်းထောက် Siegfried Modola ၏ ဓါတ်ပုံများမှာ မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်ကို လွှမ်းခြုံနိုင်သလို စစ်တပ်က တိုင်းရင်းသားပြည်သူများအား ဖိနှိပ်ခြင်း၊ ရက်စက်ကြမ်းကြုပ်ခြင်းနှင့် ဒေသခံပြည်သူများမှာ အိုးအိမ်စွန့်ခွာပြီး အသက်လုပြေးကြရသည့် အခြေအနေများကို ပေါ်လွန်သောကြောင့် ၎င်း၏", "လုပ်ဆောင်ချက်များအတွက် ဂုဏ်သိက္ခာရှိသော နိုင်ငံတကာဆုကို ရရှိခဲ့ခြင်းဖြစ်သည်ဟု The Globe and Mail မှ တာဝန်ရှိသူက ဆိုသည်။", "၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်မှ အာဏာသိမ်းခြင်းသည် ဗိုလ်ချုပ်နေဝင်းပြီးနေက် ပထမဆုံးသော ဒီမိုကရေစီအုပ်ချုပ်မှုကို အကျဉ်းချုပ် အဆုံးသတ်လိုက်ခြင်းဖြစ်သည်ဟု ဓာတ်ပုံသတင်းထောက် Siegfried Modola က ဆိုသည်။", "“ကမ္ဘာတဝှမ်းက ဇာတ်လမ်းတွေ၊ ယူကရိန်းနဲ့ တခြားအရာအားလုံးကြောင့် ဒါဟာ မလွယ်ပါဘူး။ မြန်မာနိုင်ငံဟာ ပဋိပက္ခအနည်းငယ်ကို မေ့လျော့နေတယ်။ ” ဟု ပြောကြားခဲ့သည်။", "ဓာတ်ပုံသတင်းထောက် Siegfried Modola မှာ ပြိုင်ပွဲက ဆုအနေဖြင့် ယူရိုငွေ ၈၀၀၀ ကိုလည်း ရရှိခဲ့သည်။", "ဗြိတိန်သတင်းထောက် ရရှိသည့်ဆုမှာ စစ်ကောင်စီအာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးနှင့်ပတ်သက်ပြီး Visa d’or News Award မှာ ဒုတိယ အကြိမ်မြောက်ဆုရရှိခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်ကလည်း အမည်မဖော်လိုသည့် မြန်မာဓာတ်ပုံသတင်းထောက်တစ်ဦးသည် Visa d’or News Award ဆုချီးမြှင့်ခံခဲ့ရသည်။", "ဓါတ်ပုံ – The Globe and Mail ၊ Visa Pour I’Image"]
https://yktnews.com/2023/12/136902/
ကရင်နီတွင် စစ်ကောင်စီတပ်များအနေဖြင့် “ချေမှုန်းခံမလား၊ လက်နက်ချမလား။ ကြိုက်တဲ့လမ်းရွေး။ ချေမှုန်းခံမယ်ဆိုရင် ရယ်ဒီလုပ်ထားပါ” ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီ သတိပေး
["ကရင်နီတွင် စစ်ကောင်စီတပ်များအနေဖြင့် “ချေမှုန်းခံမလား၊ လက်နက်ချမလား။ ကြိုက်တဲ့လမ်းရွေး။ ချေမှုန်းခံမယ်ဆိုရင် ရယ်ဒီလုပ်ထားပါ” ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီ သတိပေး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၂", "ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်များအနေဖြင့် “ချေမှုန်းခံမလား၊ လက် နက်ချမလား။ ကြိုက်တဲ့လမ်းရွေး။ ချေမှုန်းခံမယ်ဆိုရင် ရယ်ဒီလုပ်ထားပါ” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ဒုစစ်ဦးစီးချုပ် မာဝီ သတိပေး ပြောဆိုလိုက်သည်။", "ယနေ့ဒီဇင်ဘာလ ၂၂ ရက်နေ့ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတစ်ဆင့် သတိ ပေးချက် ဗီဒီယိုထုတ်ပြန်၍ အထက်ပါအတိုင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီက စစ်ကောင်စီတပ်များကို သတိပေးလိုက်ခြင်းဖြစ်သည်။", "“လူထုနဲ့ပူးပေါင်းပြီးတော့ လက်နက်ချမလား၊ ချေမှုန်းခံမလား၊ လမ်း ၂ လမ်းရှိတယ်။ ကြိုက်တဲ့လမ်းရွေး။ နောက်တစ်လှိုင်းထပ်လာမယ်။ ချေမှုန်းခံမယ်ဆိုရင် ရယ်ဒီလုပ်ထားပါ ” ဟု မာဝီက သတိပေးသည်။", "KNDF ဒုစစ်ဦးစီးချုပ် မာဝီ၏ ဗီဒီယိုတွင် မာဝီ အပါအဝင် KNDF ရဲဘော်များက စက်သေနတ်များ၊ ငါးကြင်းမြီး ဟုခေါ်ဆိုသည့် MG 3 သေနတ်များကို ကျည်အပြည့်အစုံဖြင့် ကိုင်ဆောင်ထားကြသည်ကို မြင်တွေ့ရသည်။"]
https://yktnews.com/2023/09/123073/
ကရင်နီတွင် စစ်တပ်က နည်းပညာမြင့် MAM-03 MLRS Multiple Rocket Launcher အတွဲလိုက် ဒုံးပစ်ကားတချို့ အသုံးပြုရန် ပြင်ဆင်နေ
["ကရင်နီတွင် စစ်တပ်က နည်းပညာမြင့် MAM-03 MLRS Multiple Rocket Launcher အတွဲလိုက် ဒုံးပစ်ကားတချို့ အသုံးပြုရန် ပြင်ဆင်နေ", "ရန်ကုန်၊ စက်တင်ဘာ ၁၉", "အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ရေးအရ မရှုမလှ ရှုံးနိမ့်နေသည့် ကရင်နီ ပြည် နယ်တွင် MAM-03 MLRS Multiple Rocket Launcher အတွဲလိုက် ဒုံးပစ်ကားတချို့ ကို အသုံးပြုရန် ပြင်ဆင်မှုများရှိနေကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်ကို ကရင်နီပြည် နယ် ဘက်မှ အင်အားစုများက ရောက်ရှိ ခြိမ်းခြောက်လာနိုင်သဖြင့် ကရင်နီ ပြည် နယ်အတွင်း စစ်ရေးအရ အသာရစေရန် အတွဲလိုက် ဒုံးပစ်ကားများ၊ MAM-03 MLRS Multiple Rocket Launcher ကားများကို အသုံးပြုရန် ပြင်ဆင်မှု များ ရှိလာကြောင်း သိရှိရသည်။", "“စစ်ရေးအရ ကရင်နီဘက်ကို ဟန့်တားနိုင်ဖို့ လေကြောင်း၊ ကုန်းကြောင်း ဖြစ်နိုင်သမျှ အင်အားတိုးမြှင့်သုံးစွဲဖို့ ညွှန်ကြားထားတာတွေရှိပါတယ်။ MLRS အတွဲလိုက်ဒုံးတွေကတော့ ရှေ့မှာလည်း သုံးခဲ့တာရှိပါတယ်။ အခုက နောက်ဆုံး MAM-03 MLRS Multiple Rocket Launcher တွေပါ ထုတ်သုံးဖို့ လုပ်လာတာ။ နောက်ဆုံး နည်းပညာသုံးတဲ့ အတွဲလိုက်ဒုံးပစ်လက်နက်တွေပါ ထပ်သုံးဖို့ ပြင်နေတာတွေရှိတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီ အခြေစိုက်ထားသော နေပြည်တော်ကို ကရင်နီ တော်လှန်ရေးအင်အားစုများက ခြိမ်းခြောက်လာနိုင်သဖြင့် ဖြစ်နိုင်သမျှ ကရင်နီ တော်လှန်ရေး အင်အားစုများဘက် ထိုးစစ်များ မဆောင်ရွက်နိုင်ရန် ဟန့်တားရန် စစ်ကောင်စီဘက်က စစ်ရေးအရ ပိုမိုအင်အားတိုးမြှင့် သုံးစွဲလာရန် စီစဉ် နေခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/89788/
ကရင်နီတွင် စစ်တပ်က နယ်မြေ မစိုးမိုးနိုင်တော့၍ ကားလမ်းမကြီးများကို မသုံးရဲသဖြင့် ရှမ်းပြည် ဘက်မှ ဝင်ရောက် ရိက္ခာပို့ရန် ကြိုးပမ်း၊ ရှားတောတွင် စစ် ရိက္ခာသယ် ယာဥ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
["ကရင်နီတွင် စစ်တပ်က နယ်မြေ မစိုးမိုးနိုင်တော့၍ ကားလမ်းမကြီးများကို မသုံးရဲသဖြင့် ရှမ်းပြည် ဘက်မှ ဝင်ရောက် ရိက္ခာပို့ရန် ကြိုးပမ်း၊ ရှားတောတွင် စစ် ရိက္ခာသယ် ယာဥ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇", "ကရင်နီပြည်နယ်တွင် စစ်တပ်က နယ်မြေ မစိုးမိုးနိုင်တော့၍ ကားလမ်းမကြီးများကို မသုံးရဲသဖြင့် ရှမ်းပြည်ဘက်မှ ဝင်ရောက်ပြီး ကရင်နီပြည်နယ်အတွင်းရှိ စစ်စခန်းများကို ရိက္ခာပို့ရန် ကြိုးပမ်း လျက်ရှိရာ ရှားတောမြို့နယ်တွင် စစ် ရိက္ခာသယ် ယာဥ်တန်း ကြားဖြတ် တိုက်ခိုက်ခံရပြီး စစ်သား ၅ ဦးသေဆုံးကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေး အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။", "ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ကယားပြည်နယ်၊ ရှားတောမြို့တွင် အိမ်စီးကားများဖြင့် ရိက္ခာ သယ်နေသည့် ယာဥ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးကြောင်း ၊", "ယ မန် နေ့ နံနက် ၃ နာရီ ၄၅ မိနစ်တွင် ရှားတောမြို့၊ သံလွင်မြစ်ကမ်း​ခြေ တာတမောစခန်းမှ ရှားတောမြို့ ဗျူဟာကုန်းကို ပြည်သူပိုင် ကားများဖြင့် ရိက္ခာသယ်ဆောင်နေသည့် ယာဥ်တန်းကို ရှားတောမြို့နှင့် စလောင်းရွာ အကြား ချောင်းဆုံးတစ်နေရာတွင် ကရင်နီတပ်မတော် KA နှင့် KNDF တို့က ဖြတ်တောက် တိုက်ခိုက်ခဲ့ပြီး ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။", "“လွိုင်ကော်- ရှားတော လမ်းမကြီးရှိတယ်လေ။ သူတို့ မသုံးရဲဘူး။ နယ်မြေလည်း မစိုးမိုးနိုင်တော့ ရှမ်းပြည်ဘက်ကနေ ဖြတ်ဝင်ပြီး ရိက္ခာပို့ဖို့ ကြိုးစားနေတာ။ လွိုင်ကော်-ရှားတော ကားလမ်း မ ကြီး အတိုင်းလာလည်း ဖြတ်တိုက်ခံရမှာပဲ။ ရှားတောမှာ ခမရ ၄၂၈ ရှိတယ်။ ဒါပေမယ့် အင်အားမရှိဘူး။ ရှမ်းပြည်ဘက်က ခမရ ၅၁၀ က လာပေါင်းပြီး ရိက္ခာပို့ဖို့ ကြိုးစားနေတာ” ဟု ကရင်နီ စစ်ဘက် ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေး အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်စ်သတင်းဌာနထံသို့ ပြော ဆိုသည်။", "စစ်ယာဥ်တန်းတွင် ရှားတောမြို့နယ်အတွင်းရှိ ဒေသကွက်ကဲမှု စစ်ဌာနချုပ်လက်အောက်ခံ ခမရ ၄၂၈ နှင့် ရှမ်းပြည်ဖက်မှ ဆင်းလာသည့် ခမရ ၅၁၀ တို့ စစ်သားများပါဝင်ပြီး တိုက်ပွဲအတွင်း ရိက္ခာ ပို့ယာဥ်တန်းပေါ် လိုက်ပါလာသည့် စစ်သား ၅ ဦးသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ ကာ လမ်းကင်းလုံခြုံရေး ယူပေးသည့် စစ်သားများက ၈၁ မမ လက် နက်ကြီးများဖြင့် ပစ်ခတ် ပေးသောကြောင့် ရ​ဲဘော် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "စစ်တပ်အနေဖြင့် လွိုင်ကော်မှ ရှားတော ဒေသ နယ်စပ်စခန်းများကို စစ်ရိက္ခာနှင့် လက်နက် ခဲယမ်း များ ပို့ဆောင်ရန် ကြိုးစားနေပြီး ခမရ ၅၁၀ တပ်ရင်းသည် ရှမ်းပြည်တောင်ပိုင်း ကျိုင်းခမ်းမြို့ အခြေစိုက် တပ်ရင်းဖြစ်ပြီး အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ)၏ တိုက်ရိုက်ကွက်ကဲမှုဖြင့် တာ တမော စခန်းမှ ရှားတောမြို့ရှိ ဗျူဟာကုန်းကို ရိက္ခာပို့ဆောင်ရန် စီစဥ်နေစဥ် တိုက်ခိုက် ခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် ယမန်နှစ် မိုင်းထိထားသော စစ်တပ်ကားတစ်စီးကို တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2023/11/130872/
ကရင်နီတွင် စစ်တပ်စခန်း ၇ ခုကို တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ကောင်စီ၏ တိုက်လေယာဉ်ကို ပွိုင့်ဖိုက် လက်နက်ဖြင့် ပစ်ချနိုင်ခဲ့
["ကရင်နီတွင် စစ်တပ်စခန်း ၇ ခုကို တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ကောင်စီ၏ တိုက်လေယာဉ်ကို ပွိုင့်ဖိုက် လက်နက်ဖြင့် ပစ်ချနိုင်ခဲ့", "၁၁.၁၁ စစ်ဆင်ရေး ဟု အမည်တပ်လိုက်ပြီး စစ်ကောင်စီဘက်မှ သေဆုံးသူများပြားသည့်အပြင် စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၁၁", "ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်စခန်း ၇ ခုကို တိုက်ခိုက်သိမ်းပိုက်ပြီး တိုက်လေယာဉ်ကို ပွိုင့်ဖိုက် လက်နက်ဖြင့် ပစ်ချနိုင်ခဲ့ ကြောင်း KNDF က တရားဝင်သတင်းထုတ်ပြန်သည်။", "နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်ရှိ နန်းမယ်ခုံမြို့ရှိ တပ်စခန်းများအပါအဝင် မိုးဗြဲမြို့ နှင့် လွိုင်ကော်မြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို KA ၊ KNDF ၊ KNPLF ၊ DMO PDF ၊ Loikaw PDF ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ မြို့ပြပျောက်ကျားတပ် နှင့် ရှမ်းတောင် PDF တို့ အတူပါဝင်၍ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စခန်းပေါင်း(၇)ခု အား ယနေ့တွင် အောင်မြင်စွာ စတင်သိမ်းပိုက်ယူနိုင်ခဲ့ကြောင်း သိရှိရသည်။", "စစ်ကောင်စီ၏ တပ်များ နှစ်ကာလအတန်ကြာ တပ်စွဲအထိုင်ချထားသော ဝါရီဆူးပလိုင်၊ နန့်စံခန်း၊ ဘုရားဖြူ၊ ညောင်ဝိုင်း၊ ဝါရီကောခူ၊ ရေယို နှင့် ချိကယ် စသည့် ကျေးရွာဒေသများရှိ တပ်စခန်းများကို ယနေ့ နံနက် ၅ နာရီ အချိန်မှစ၍ တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များမှ စစ်ကြောင်း (၃) ကြောင်းဖြင့် တစ်ပြိုင် တည်း ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီ၏ တပ်စခန်းများအား တိုက်ခိုက်ရာတွင် ဒီးမော့ဆို ၊ လွိုင်ကော် နှင့် မိုးဗြဲ အခြေ စိုက် စစ်ကောင်စီတပ်များက လက်နက် ကြီးများ အလွန်အကျွံ ပစ်ကူပေးခဲ့သလို လွိုင်ကော် နှင့် ဒီးမော့ဆိုမြို့နယ် အတွင်း တိုက်ပွဲများထဲသို့ တိုက်လေယာဥ်(၂)စီးဖြင့် အကြိမ် (၂၀) နီးပါး လာရောက် ပစ်ခတ်ခဲ့ပြီး တိုက်ခိုက်ရေးရဟတ်ယာဉ် ဖြင့်လည်း (၂)ကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။", "စစ်ကောင်စီ၏ အမျိုးအမည်မသိ တိုက်လေယာဉ် ၁ စီးကို KNDF-B01 နှင့် KA တို့မှ ပွိုင့်ဖိုက်(.5)များဖြင့် တန်ပြန်ပစ်ခတ်နိုင်ခဲ့ပြီး လေယာဉ်အတောင်ပံ နှင့် ကိုယ်ထည်ပိုင်းအား ကျည်ဆံထိမှန်ခဲ့ပြီး မီးခိုးအများအပြားထွက်ကာ ပြန်လှည့်ထွက်သွားခဲ့ကြောင်း၊ ယင်းနောက် စစ်မြေပြင်နှင့် အဝေးတစ်နေရာတွင် ပျက်ကျခဲ့ပြီး အဆိုပါလေယာဉ်အတွင်း ပါဝင်သူ နှစ်ဦးအား နှစ်ဖက်တပ်များမှ လိုက် လံရှာဖွေနေဆဲ ဖြစ်ကြောင်း သိရှိရသည်။", "ယနေ့တိုက်ခိုက်ခဲ့သော စစ်ကောင်စီ၏ တပ်စခန်းများကို တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များဖက်က အပြီးပြတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးသူများပြားခဲ့သလို၊ စခန်းစွန့်ခွာ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများလည်း အများအပြားရှိကာ၊ မိမိတို့ဖက်မှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များအား ဖမ်းဆီးရရှိ ခြင်းများလည်း ရှိကြောင်း စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ လက်နက်ကြီး ၊ လက်နက်ငယ် မျိုးစုံ (၁၀၀) ခန့် နှင့် ခဲယမ်းကျည်ဆံများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုများ၏ စစ်ဆင်ရေးကို “၁၁.၁၁ စစ် ဆင်ရေး” (11.11 Operation) ဟု ခေါ်ဆိုမည်ဖြစ်ပြီး စစ်ဆင်ရေးတွင်မိမိတို့ ကရင်နီပြည်နယ်တွင် ညီညွတ်မှုအင်အားဖြင့် အာဏာရှင်ဖြုတ်ချရေးနှင့် ကိုယ့်ကံကြမ္မာကိုယ်တိုင်ဖန်တီးနိုင်ရေးအတွက် အားလုံးနှင့်အတူတကွရှေ့ဆက်၍ တိုက်ပွဲများ ကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။", "ယနေ့ စတင်ဖော်ဆောင်ခဲ့သည့် “၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) တွင် မိမိတို့ တော်လှန်ရေးတပ်ပေါင်းစုံဖက်မှ စစ်ကောင်စီတပ်များနှင့် တိုက်ခိုက်ရင်း ရဲဘော်တချို့ မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း၊ ကျဆုံးခဲ့သော ရဲဘော်များအား အမျိုးသားအာဇာနည်သူရဲကောင်းများအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုအပ်ကြောင်း ထုတ်ပြန်ထားသည်။", "မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲရာတွင် အရပ်သားပြည်သူလူထု နှင့် အဆောက်အဦ ထိခိုက်ပျက်ဆီးမှုများ ရှိလာနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံမည့် အစီအမံများ နှင့် သက်ဆိုင်ရာ ကြိုတင်ပြင်ဆင် ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ စစ်အာဏာရှင်အား ခုခံတော်လှန်ရသည့် တော်လှန်ရေးအခန်းကဏ္ဍတွင် စစ်အုပ်ချုပ်ရေးယန္တရားများ အခိုင်အမာရှိနေသည့် မြို့ရွာများအပေါ်တွင် စစ်ဆင်ရေး၏ တစ်စိတ်တစ်ဒေသအဖြစ် တိုက်ပွဲများ ဖော်ဆောင်ရခြင်းအပေါ် မိဘပြည်သူများအနေဖြင့် နားလည်ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း နှင့် ရှေ့ဆက်လည်း အတူတကွလက်တွဲကာ ပူးပေါင်းဆောင်ရွက်ပေးရန် မေတ္တာရပ်ခံထားသည်။"]
https://yktnews.com/2023/11/133148/
ကရင်နီတွင် စစ်ဘေးရှောင်နှင့် ဒေသပြည်သူများကို ကြက်သားဆန်ပြုတ်လှူဒါန်း
["ကရင်နီတွင် စစ်ဘေးရှောင်နှင့် ဒေသပြည်သူများကို ကြက်သားဆန်ပြုတ်လှူဒါန်း", "ရန်ကုန်၊ နိုဝင်ဘာ ၂၆", "ကရင်နီပြည် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်ရှိ ကယော၊ကယန်း စစ်ဘေးရှောင်များနှင့် ဒေသပြည်သူများကို ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက် နှင့် ဒါရိုက်တာဒေါ်မူစဲတို့မှ ကြက်သားဆန်ပြုတ်တို့ကို လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/130848/
ကရင်နီတွင် စစ်လေယာဉ်တစ်စီး ပျက်ကျမှုကို “ကရင်နီငှက်ကင် အတည်ပြုပါတယ်” ဟု KNDF ဒုစစ်ဦးစီးချုပ်ပြောဆို၊ ကရင်နီတပ်မတော်ဘက်မူ စုံစမ်းနေဆဲဟုဆို
["ကရင်နီတွင် စစ်လေယာဉ်တစ်စီး ပျက်ကျမှုကို “ကရင်နီငှက်ကင် အတည်ပြုပါတယ်” ဟု KNDF ဒုစစ်ဦးစီးချုပ်ပြောဆို၊ ကရင်နီတပ်မတော်ဘက်မူ စုံစမ်းနေဆဲဟုဆို", "ရန်ကုန်၊ နိုဝင်ဘာ ၁၁", "ကရင်နီတွင် စစ်ကောင်စီတပ်၏ စစ်လေယာဉ်တစ်စီး ပျက်ကျမှုကို “ကရင်နီငှက်ကင် အတည်ပြုပါတယ်” ဟု KNDF ဒုစစ်ဦးစီးချုပ်မာဝီက လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။", "ယနေ့လွိုင်ကော်အပါအဝင် ကရင်နီပြည်နယ်တစ်ဝန်းရှိ စစ်ကောင်စီစခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ပြီးနောက် စစ်တပ်ဘက် လေကြောင်း မှတစ်ဆင့် တိုက်ခိုက်လာကြောင်း၊ ယင်းနောက် ညနေ ၄ နာရီဝန်းကျင်အချိန် ယာဒို(သို့မဟုတ်) ဖရူဆိုတွင် စစ်လေယာဉ် ပျက်ကျသွားကြောင်း ကရင်နီသတင်းရင်းမြစ်တချို့ က ပြောဆိုသည်။", "သို့ရာတွင် စစ်လေယာဉ်ပျက်ကျမှု သတင်းကို ဆက်လက် အတည်ပြုနိုင်ရန် ကြိုးပမ်းနေသည်ဟု ကရင်နီတပ်မတော်က ပြောသည်။", "“သတင်းကတော့ အမျိုးမျိုးထွက်နေတယ်၊ အခုကတော့ လိုက်ပြီးတော့ စုံစမ်းခိုင်းတုန်းပဲ၊ ကျနော်က လည်းအတည်ပြုလို့မရနိုင်သေးဘူး၊ သတင်းက အမျိုးမျိုးဖြစ်နေတယ်၊ တစ်ချို့ကလည်း ဖရူဆိုလို့ ပြော တယ်၊ တချို့ကလည်း ယာဒိုလို့ပြောတယ်၊ ကျနော်လည်း နားကိုမလည်နိုင်တော့ဘူးလေ၊ အတည်ပြုလို့ ခက်တယ်၊ တိအကျမှုမရှိတော့ အတုအယောင်ဖြစ်နိုင်တယ်လေ၊ တိကျမှဖြေပေးလို့ရတာဆိုတော့ သည်းခံပေးဦးနော်” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောကြားသည်။", "စစ်လေယာဉ်ပေါ်မှ လေယာဉ်မှူး နှစ်ဦး ထွက်ပြေးသည်ဆိုသော လေထီးနှင့် လေယာဉ်ဦးထုပ်၏ ဓာတ်ပုံများကို Mizzima သတင်းဌာနက ဖော်ပြထားပြီး ကရင်နီရှေ့တန်းသတင်းရင်းမြစ်တချို့ကလည်း Mizzima သတင်းဌာန၏ ဓာတ်ပုံများကို ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပေးပို့လာသည်။", "ကရင်နီပြည်တွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီတပ်စခန်း ၇ ခုကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိထားကြောင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။", "ဓာတ်ပုံ- Mizzima သတင်းဌာနက တင်ထားသည့် လေယာဉ်ပျက်ကျမှုမှ ဓာတ်ပုံမှတ်တမ်းတချို့။"]
https://yktnews.com/2023/11/130861/
ကရင်နီတွင် တိုက်လေယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ပြီး ပျက်ကျသွားသော တိုက်လေယာဉ်မှ လေယာဉ်မှူး ၂ ဦးကို စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် ရှာဖွေနေ
["ကရင်နီတွင် တိုက်လေယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ပြီး ပျက်ကျသွားသော တိုက်လေယာဉ်မှ လေယာဉ်မှူး ၂ ဦးကို စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် ရှာဖွေနေ", "ရန်ကုန်၊ နိုဝင်ဘာ၁၁", "ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ပြီး ပျက်ကျသွားသော တိုက်လေယာဉ်မှ လေယာဉ်မှူး ၂ ဦးကို စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် ရှာဖွေနေကြောင်း ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့အတည်ပြုပြောဆိုသည်။", "ယနေ့နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ဖရူဆိုအနီးတွင် စစ်ကောင်စီ၏ တိုက်လေယာဉ်ကို ပစ်ချနိုင်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်သည့် လက်နက်ကိုပါ အတည်ပြုထားကြောင်း သိရှိရသည်။", "“အတည်ပြုလို့တော့ရပြီ၊ ပျက်ကျတာကမှန်တယ်၊ KNDF စစ်ရေးချုပ်နဲ့ KA က စစ်ရေးချုပ်က ဘယ် သေနတ်နဲ့ ပစ်တယ်ဆိုတာ ပို့တဲ့စာတစ်စောင်ရှိတယ်ဆိုတော့ အဲအတည်ပြုလို့ရတယ်ပေါ့၊ တိုက်လေ ယာဉ်ပျက်ကျတဲ့ကိစ္စက၊ နေရာက ဖရူနားမှာလို့ပြောတယ်၊ ဒီးမော့ဆိုအောက်က ဖရူဆိုမှာ၊ လေယာဉ် အမျိုးအစားတော့မသိဘူး၊ ပုံတော့ ပြတယ်၊ လေယာဉ်မှူးနှစ်ယောက်ကိုတော့ ဟတ်စကီးနဲ့ လိုက်ရှာ နေတယ်လို့ပြောတယ်၊ ဒီညတော့ မရသေးဘူး၊ မနက်ဖြန်မှ သိရမယ်ထင်တယ်” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဓာတ်ပုံ- စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တချို့။ (ပုံအဟောင်းဖြစ်ပါသည်"]
https://yktnews.com/2023/11/130957/
ကရင်နီတွင် တိုက်လေယာဉ်ကို ပွိုင့်ဖိုက်လက်နက်ဖြင့် ပစ်ခတ်ခံရ၍ ပျက်ကျမှုကို စက်ချို့ယွင်းမှုကြောင့် ပျက်ကျမှုဟု ဇော်မင်းထွန်း ဗြောင်လိမ်ပြန်
["ကရင်နီတွင် တိုက်လေယာဉ်ကို ပွိုင့်ဖိုက်လက်နက်ဖြင့် ပစ်ခတ်ခံရ၍ ပျက်ကျမှုကို စက်ချို့ယွင်းမှုကြောင့် ပျက်ကျမှုဟု ဇော်မင်းထွန်း ဗြောင်လိမ်ပြန်", "ရန်ကုန်၊ နိုဝင်ဘာ ၁၂", "ကရင်နီတွင် တိုက်လေယာဉ်တစ်စီးကို ယမန်နေ့ တော်လှန်ရေးတပ်ဖွဲ့များက ပွိုင့်ဖိုက်လက်နက်ဖြင့် ပစ်ချ၍ ပျက်ကျမှုကို စက်ချို့ယွင်း၍ ပျက်ကျခြင်းဖြစ်သည်ဟု အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်း ဗြောင်လိမ်လိုက်သည်။", "“ကယားပြည်နယ်ဘက်မှာ လေ့ကျင့်ရေး အပေါ့စား တိုက်ခိုက်ရေး လေယာဉ်တစ်စီး စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့တာရှိတယ်။လေယာဉ်မှူး၊ တွဲဖက် လေယာဉ်မှူးနဲ့ ဆက်သွယ်မှု ရရှိထားပါတယ်” ဟု အကြမ်းဖက် ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက ပြောဆိုသည်။", "ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ပြီး ပျက်ကျသွားသော တိုက်လေယာဉ်မှ လေယာဉ်မှူး ၂ ဦးကို စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် ရှာဖွေနေကြောင်း ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့အတည်ပြုပြောဆိုသည်။", "ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ဖရူဆိုအနီးတွင် စစ်ကောင်စီ၏ တိုက်လေယာဉ်ကို ပစ်ချနိုင်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်သည့် လက်နက်ကိုပါ အတည်ပြုထားကြောင်း သိရှိရသည်။", "KNDF ၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်ကို ပွိုင့်ဖိုက်လက်နက်ဖြင့် ပစ်ချလိုက်ခြင်းဖြစ်ပြီး အဆိုပါ ပစ်ချသည့် ရုပ်သံကိုလည်း KNDF က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/12/135632/
ကရင်နီတွင် ပစ်ချခံရ၍ ပျက်ကျခဲ့သော စစ်တိုက်လေယာဉ်မှ လေယာဉ်မှူး ၂ ဦး နှင့် အဆက်အသွယ်ရရှိသည်ဟု စစ်ကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ် ဇော်မင်းထွန်း လိမ်လည်ပြောဆိုခဲ့မှု ပိုင်းလော့ ဗိုလ်မှူး ခိုင်သန့်မိုး ဖော်ထုတ်
["ကရင်နီတွင် ပစ်ချခံရ၍ ပျက်ကျခဲ့သော စစ်တိုက်လေယာဉ်မှ လေယာဉ်မှူး ၂ ဦး နှင့် အဆက်အသွယ်ရရှိသည်ဟု စစ်ကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ် ဇော်မင်းထွန်း လိမ်လည်ပြောဆိုခဲ့မှု ပိုင်းလော့ ဗိုလ်မှူး ခိုင်သန့်မိုး ဖော်ထုတ်", "By ရန်ကုန်ခေတ်သစ်", "ကရင်နီပြည်နယ်တွင် ဖမ်းဆီးခံထားရသည့် လေတပ်မှ လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို တော်လှန်ရေးအဖွဲ့များက စစ်မေးမှုများအရ ပျက်ကျသော တိုက်လေယာဉ်မှ လေယာဉ်မှူး ၂ ဦးနှင့် အဆက်အသွယ်ရရှိသည်ဟု စစ်ကောင်စီပြောခွင့်ရ ပုဂ္ဂိုလ် ဇော်မင်းထွန်း ပြောဆိုမှုသည် လိမ်လည်ဝါဒဖြန့်မှုဖြစ်ကြောင်း သိရှိရသည်။", "လွန်ခ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီလေတပ် ၏ K 8W အမျိုးစားတိုက်လေယာဉ်ပျက်ကျခဲ့ရာ တိုက်လေယာဉ်မှူး ၂ ဦး လေယာဉ်မှ ခုန်ထွက် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ယင်းလေယာဉ်မှူးနှစ်ဦးထဲမှ ဗိုလ်မှူးခိုင်သန့်မိုးကို တော်လှန်ရေးဖွဲ့များမှ နိုဝင်ဘာ ၁၉ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။", "ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး အကြမ်းဖက် ပြောခွင့်ရ ပုဂ္ဂိုလ် ဇော်မင်းထွန်းက ပြောဆိုရာတွင် ပျက်ကျသွားသည့် တိုက်လေယာဉ်မှူးနှင့် တွဲဘက်လေယာဉ်မှူး တို့ကို အဆက်အသွယ်ရရှိထားကြောင်း၊ ကယ်ဆယ်ရန် ကြိုးစားနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။", "သို့ရာတွင် တော်လှန်ရေးအဖွဲ့များ၏ စစ်ဆေးမေးမြန်းမှုများအရ စစ်ကောင်စီနှင့် တိုက်လေယာဉ်မောင်း ပိုင်းလော့ ဗိုလ်မှူးခိုင်သန့်မိုးတို့ မည်သည့် အဆက်အသွယ်မျှ မရရှိခဲ့ကြောင်း၊ ထို့ကြောင့် အဆက်အသွယ်ရရှိသည်ဟုအကြမ်းဖက်ဇော်မင်းထွန်း၏ ပြောဆိုမှုသည် လိမ်လည် ဝါဒဖြန့်မှုသာ ဖြစ်ကြောင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။", "K 8W တိုက်လေယာဉ်သည် ကရင်နီပြည်နယ် ဒီးမော့ဆိုရှိ ဘုရားဖြူ ပစ်မှတ်ကို ၂၃ မမ စက်အမြှောက် အချက် ၂၀ နှင့် Rocket ၄ စင်းပစ်ခဲ့ကြောင်း၊ ယင်းနောက် တိုက်လေယာဉ်သည် အချက်ပြ သတိပေးမှု စနစ် (Warning) မြည်လာပြီးနောက် စက်ရပ်သွားကြောင်း ၊မြေပြင်က သေနတ်ဖြင့် ပစ်ခတ်မှု သို့မဟုတ် စက်ချွတ်ယွင်းမှုလားဆိုသည်ကို သဲသဲကွဲကွဲ မသိကြောင်း၊ စက်ရပ်သွားသည်နှင့် တိုက်လေယာဉ်ကနေ ခုန်ထွက်ခဲ့ကြောင်း တိုက်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုး ကဆိုသည်။", "တိုက်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးသည် တိုက်လေယာဉ်မှ ခုန်ထွက်ပြီး မြေပြင်မှ သေနတ်သံများ နီးကပ်စွာ ဆက်တိုက် ပစ်ခတ်နေသည်ကို ကြားနေရ၍ ပစ္စတိုသေနတ်နှင့်အရေးပေါ်သုံး ပစ္စည်းများ ကို လေထီးပေါ်မှ ဖြုတ်ချခဲ့ရ ကြောင်း ၎င်းက ထွက်ဆိုသည်။", "ပျက်ကျသွားသည့် တိုက်လေယာဉ်ပေါ်မှ အတူတူခုန်ထွက်ခဲ့သည့် တွဲဖက်လေယာဉ်မှူး ဗိုလ်ဇာနည်ထက်မောင် နှင့်လူစုကွဲသွားပြီး တောထဲတွင် တစ်ပတ်ခန့် လမ်းပျောက်နေခဲ့ကြောင်း၊ လမ်းတွင်တွေ့သည့် အသီးအနှံ့များစားသောက်ခဲ့ရပြီး တောင်ယာတစ်ခုတွင် အစားအသောက်လာရှာရမှာ ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းကဆိုသည်။", "၎င်းအနေဖြင့် တော်လှန်ရေးအဖွဲ့များက ပေးသည့် ပြစ်ဒဏ်ကို ခံယူသွားမည်ဖြစ်ပြီး မိသားစုဖြင့်ပြန်လည်ဆုံတွေ့လိုကြေင်း၊ ယင်းပြစ်ဒဏ်ပြီးပါက အိမ်ပြန်လိုကြောင်း၊သားနှင့်သမီးကို ဖခင်မဲ့သူများ မဖြစ်စေလိုကြောင်း ဗိုလ်မှူးခိုင်သန့်မိုးကပြောသည်။"]
https://yktnews.com/2023/12/135361/
ကရင်နီတွင် ပစ်ချခံရ၍ ပျက်ကျခဲ့သော စစ်တိုက်လေယာဉ်မှ လေယာဉ်မှူး ၂ ဦး နှင့် အဆက်အသွယ်ရရှိသည်ဟု စစ်ကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ် ဇော်မင်းထွန်း လိမ်လည်ပြောဆိုခဲ့မှု ပိုင်းလော့ ဗိုလ်မှူး ခိုင်သန့်မိုး ဖော်ထုတ်
["ကရင်နီတွင် ပစ်ချခံရ၍ ပျက်ကျခဲ့သော စစ်တိုက်လေယာဉ်မှ လေယာဉ်မှူး ၂ ဦး နှင့် အဆက်အသွယ်ရရှိသည်ဟု စစ်ကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ် ဇော်မင်းထွန်း လိမ်လည်ပြောဆိုခဲ့မှု ပိုင်းလော့ ဗိုလ်မှူး ခိုင်သန့်မိုး ဖော်ထုတ်", "လေယာဉ်မှူး ခိုင်သန့်မိုး၏ ကနဦး ထွက်ဆိုချက်များကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ် တွင် ကြည့်ရှုနိုင်", "ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "ကရင်နီပြည်နယ်တွင် ဖမ်းဆီးခံထားရသည့် လေတပ်မှ လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို တော်လှန်ရေးအဖွဲ့များက စစ်မေးမှုများအရ ပျက်ကျသော တိုက်လေယာဉ်မှ လေယာဉ်မှူး ၂ ဦးနှင့် အဆက်အသွယ်ရရှိသည်ဟု စစ်ကောင်စီပြောခွင့်ရ ပုဂ္ဂိုလ် ဇော်မင်းထွန်း ပြောဆိုမှုသည် လိမ်လည်ဝါဒဖြန့်မှု ဖြစ်ကြောင်း သိရှိရသည်။", "လွန်ခ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီလေတပ် ၏ K 8W အမျိုးစားတိုက်လေယာဉ်ပျက်ကျခဲ့ရာ တိုက်လေယာဉ်မှူး ၂ ဦး လေယာဉ်မှ ခုန်ထွက် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ယင်းလေယာဉ်မှူးနှစ်ဦးထဲမှ ဗိုလ်မှူးခိုင်သန့်မိုးကို တော်လှန်ရေးဖွဲ့များမှ နိုဝင်ဘာ ၁၉ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။", "ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး အကြမ်းဖက် ပြောခွင့်ရ ပုဂ္ဂိုလ် ဇော်မင်းထွန်းက ပြောဆိုရာတွင် ပျက်ကျသွားသည့် တိုက်လေယာဉ်မှူးနှင့် တွဲဘက်လေယာဉ်မှူး တို့ကို အဆက်အသွယ်ရရှိထားကြောင်း၊ ကယ်ဆယ်ရန် ကြိုးစားနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။", "သို့ရာတွင် တော်လှန်ရေးအဖွဲ့များ၏ စစ်ဆေးမေးမြန်းမှုများအရ စစ်ကောင်စီနှင့် တိုက်လေယာဉ်မောင်း ပိုင်းလော့ ဗိုလ်မှူးခိုင်သန့်မိုးတို့ မည်သည့် အဆက်အသွယ်မျှ မရရှိခဲ့ကြောင်း၊ ထို့ကြောင့် အဆက်အသွယ်ရရှိသည်ဟုအကြမ်းဖက်ဇော်မင်းထွန်း၏ ပြောဆိုမှုသည် လိမ်လည် ဝါဒဖြန့်မှုသာ ဖြစ်ကြောင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။", "K 8W တိုက်လေယာဉ်သည် ကရင်နီပြည်နယ် ဒီးမော့ဆိုရှိ ဘုရားဖြူ ပစ်မှတ်ကို ၂၃ မမ စက်အမြှောက် အချက် ၂၀ နှင့် Rocket ၄ စင်းပစ်ခဲ့ကြောင်း၊ ယင်းနောက် တိုက်လေယာဉ်သည် အချက်ပြ သတိပေးမှု စနစ် (Warning) မြည်လာပြီးနောက် စက်ရပ်သွားကြောင်း ၊မြေပြင်က သေနတ်ဖြင့် ပစ်ခတ်မှု သို့မဟုတ် စက်ချွတ်ယွင်းမှုလားဆိုသည်ကို သဲသဲကွဲကွဲ မသိကြောင်း၊ စက်ရပ်သွားသည်နှင့် တိုက်လေယာဉ်ကနေ ခုန်ထွက်ခဲ့ကြောင်း တိုက်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုး ကဆိုသည်။", "တိုက်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးသည် တိုက်လေယာဉ်မှ ခုန်ထွက်ပြီး မြေပြင်မှ သေနတ်သံများ နီးကပ်စွာ ဆက်တိုက် ပစ်ခတ်နေသည်ကို ကြားနေရ၍ ပစ္စတိုသေနတ်နှင့်အရေးပေါ်သုံး ပစ္စည်းများ ကို လေထီးပေါ်မှ ဖြုတ်ချခဲ့ရ ကြောင်း ၎င်းက ထွက်ဆိုသည်။", "ပျက်ကျသွားသည့် တိုက်လေယာဉ်ပေါ်မှ အတူတူခုန်ထွက်ခဲ့သည့် တွဲဖက်လေယာဉ်မှူး ဗိုလ်ဇာနည်ထက်မောင် နှင့်လူစုကွဲသွားပြီး တောထဲတွင် တစ်ပတ်ခန့် လမ်းပျောက်နေခဲ့ကြောင်း၊ လမ်းတွင်တွေ့သည့် အသီးအနှံ့များစားသောက်ခဲ့ရပြီး တောင်ယာတစ်ခုတွင် အစားအသောက်လာရှာရမှာ ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းကဆိုသည်။", "၎င်းအနေဖြင့် တော်လှန်ရေးအဖွဲ့များက ပေးသည့် ပြစ်ဒဏ်ကို ခံယူသွားမည်ဖြစ်ပြီး မိသားစုဖြင့်ပြန်လည်ဆုံတွေ့လိုကြေင်း၊ ယင်းပြစ်ဒဏ်ပြီးပါက အိမ်ပြန်လိုကြောင်း၊သားနှင့်သမီးကို ဖခင်မဲ့သူများ မဖြစ်စေလိုကြောင်း ဗိုလ်မှူးခိုင်သန့်မိုးကပြောသည်။", "လေယာဉ်မှူး ခိုင်သန့်မိုး၏ ကနဦး ထွက်ဆိုချက်များကိုရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်https://t.me/khitthitnews/150949တွင် ကြည့်ရှုနိုင်ပါသည်။"]
https://yktnews.com/2024/05/161872/
ကရင်နီတွင် ပြည်သူလူထုပိုင် ပစ္စည်းများနှင့် အိုးအိမ်ပစ္စည်းများကို ဖျက်ဆီး၊ဖောက်ထွင်းခိုးယူရောင်းချသူ၊ ဝယ်ယူများကို အရေးယူမည်ဟု ကြေညာ
["ကရင်နီတွင် ပြည်သူလူထုပိုင် ပစ္စည်းများနှင့် အိုးအိမ်ပစ္စည်းများကို ဖျက်ဆီး၊ဖောက်ထွင်းခိုးယူရောင်းချသူ၊ ဝယ်ယူများကို အရေးယူမည်ဟု ကြေညာ", "ရန်ကုန်၊ မေ ၁၁", "ကရင်နီပြည်နယ်တွင် စစ်မြေပြင်အတွင်းရှိ ပြည်သူပိုင်ပစ္စည်းများနှင့် ပြည်သူလူထု၏ အိုးအိမ်ပစ္စည်းများ ကို ဖျက်ဆီး၊ဖောက်ထွင်းခိုးယူရောင်းချသူ၊ ဝယ်ယူများအား အရေးယူမည်ဟု ကရင်နီပြည်ကြား ကာလ အုပ်ချုပ်ရေးကောင်စီက ယနေ့ ထုတ်ပြန်ကြေညာသည်။", "ကရင်နီပြည် စစ်မြေပြင်အတွင်း ပြည်သူပိုင်ပစ္စည်းများနှင့် ပြည်သူလူထု၏ အိုးအိမ်ပစ္စည်းများကိုဖျက် ဆီးခြင်း၊ ဖေါက်ထွင်း ခိုးယူဖြုတ်ရောင်းခြင်းနှင့် ဝယ်ယူခြင်း ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိကြောင်း ၊ ထို ကဲ့သို့သော စည်းကမ်းမဲ့သည့် လုပ်ရပ်များကို ကိုင်တွယ်ဖြေရှင်းရန် မေလ ၈ ရက် နေ့က ကရင်နီ ပြည် ကြားကာလ အုပ် ချုပ်ရေး ကောင်စီ (IEC) အပါအဝင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ကရင်နီ အမျိုးသား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး ရေးပါတီ (KNPDP)၊ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) တို့ ပါဝင်သော တပ်ပေါင်းစုတို့ အစည်းအဝေး ပြုလုပ်ကာ ဆုံးဖြတ်ချက်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ ဆုံးဖြတ်ချက်တွင် ကရင်နီပြည် စစ်မြေပြင်အတွင်းနှင့် မည်သည့်နေရာ၌မဆို ပြည်သူပိုင် ပစ္စည်းများနှင့် ပြည်သူ လူထု၏ အိုးအိမ်ပစ္စည်းများကို ဖေါက်ထွင်း ခိုးယူခြင်း၊ ဖြုတ်ရောင်းခြင်း၊ ဝယ် ယူခြင်းနှင့် ဖျက်ဆီးခြင်းစသည့် တရားမဝင် လုပ်ရပ်များကို လုံးဝ တားမြစ်သည်ဟု ဆိုသည်။", "ယင်းတားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်သည့် မည်သူ့ကိုမဆို တွေ့ရှိပါက ထိရောက်စွာအရေး ယူသွားမည်ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက တရားဝင် အမိန့်ထုတ်ပြန်သည်။", "ဓာတ်ပုံ- ၂၀၂၁ ခုနှစ် မြို့ကြီးများတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက် သတ်ဖြတ် နှိမ်နင်းပြီး ပြည်သူပိုင် ဆိုင်ကယ်များကို လုယက် ခိုးယူခဲ့ကြစဉ်။"]
https://yktnews.com/2024/09/183381/
ကရင်နီတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုခြင်းများကြောင့် စားနပ်ရိက္ခာ၊ တစ်ကိုယ်သုံးပစ္စည်းများနှင့် သောက်သုံးရေများ အရေးပေါ် လိုအပ်နေ
["ကရင်နီတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုခြင်းများကြောင့် စားနပ်ရိက္ခာ၊ တစ်ကိုယ်သုံးပစ္စည်းများနှင့် သောက်သုံးရေများ အရေးပေါ် လိုအပ်နေ", "ရန်ကုန်၊ စက်တင်ဘာ ၁၄", "ကရင်နီပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုများ၊ မြေပြိုခြင်းများ နေရာအနှံ့ဖြစ်ပေါ်နေပြီး ရေဘေးသင့် ပြည်သူများအတွက် စားနပ်ရိက္ခာ၊ တစ်ကိုယ်သုံးပစ္စည်းများနှင့် သောက်သုံးရေများ အရေးပေါ် လိုအပ်နေကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနကသတင်းထုတ်ပြန်သည်။", "လက်ရှိတွင် ယာယီရွှေ့ပြောင်းနေထိုင်ရသူ ၂၈၇၃၅ ဦးအတွက် အခြေခံစားနပ်ရိက္ခာများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် အိမ်ထောင်စု ၅၇၄၇ စုအတွက် အရေးပေါ် တစ်ကိုယ်သန့်ရှင်းရေးအပါအဝင် သောက်သုံးရေးများ လိုအပ်လျက်ရှိကာ ပါဝင်လှူဒါန်းရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနက နှိုးဆော်ထားသည်။", "ဖယ်ခုံမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် စစ်ရှောင်စခန်း ၃ ခု၊ လူဦးရေ ၂၆၀၀ ကျော် ရေဘေးသင့်နေရသည့်အပြင် တိကျိတ်ကျေးရွာတွင် တောင်ကျရေစီးဆင်းသည့်အတွက် မြေပြိုကာ လူ ၃ ဦးသေဆုံးခဲ့ကြောင်း၊ နေအိမ် ၂၅ လုံးခန့်ပျက်စီးခဲ့ရကြောင်း၊ လွိုင်ကော်မြို့တွင်မူ အကြမ်းဖက်စစ်တပ်က မိုးဗြဲရေကာတာက ရေထပ်မံလွှတ်ချလိုက်၍ လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာနှင့် စစ်ရှောင်စခန်း ၁ ခုတွင် လူဦးရေ ၅၀၀၀ ခန့် ရေလွှမ်းမိုးမှု ခံနေရကြောင်း၊ စိုက်ပျိုးထားသည့် လယ်ယာစပါးဧက ၃၀၀၀ ကျော် ရေလွှမ်းမိုးပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ဒီးမော့ဆိုမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ရေဘေးသင့် ကျေးရွာနေ ပြည်သူများအပါအဝင် စစ်ရှောင်ပြည်သူရေ စုစုပေါင်း ၁၀၀၀၀ ခန့်ရှိကြောင်း၊ ရေကြီးရေလျှံသည့်အတွက် စစ်ရှောင်စခန်း ၇ ခုရေလွှမ်းခံ၍၍ အရေးပေါ် ရွှေ့ပြောင်း ယာယီနေရာချထားရကာ စပါးစိုက်ခင်းဧက ၁၀၀၀ အပါအဝင် အခြား ကောက်ပဲ သီးနှံ့နှင့် နှမ်းစိုက်ခင်းများ လွှမ်းမိုးပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ဖရူဆိုမြို့နယ်တွင်လည်း တစ်ပတ်အတွင်း မိုးအဆက်မပြတ်ရွာသည့်အတွက် ကျေးရွာတစ်ရွာတွင် မြေပြိုမှုဖြစ်ပွားကာ ကျေးရွာခန်းမဆောင် ၁ ဆောင်၊ စပါးကျီ ၁ လုံး ပျက်စီးကာ ကျေးရွာအတွင်း မြေအက်ကြောင်းများ ဖြစ်ပြီး အိမ်ခြေ ၃၀ ၊ လူဦးရေ ၂၀၀ ခန့် အရေးပေါ် ပြောင်းရွှေ့ခဲ့ရသည့်အပြင် လမ်းနှင့် တံတားများ ပြိုကျပျက်စီးမှုကြောင့် ဒေသပြည်သူများနှင့် စစ်ရှောင် ၁၀,၀၀၀ ခန့် သွားလာရေးအခက်အခဲများ ဖြစ်ပေါ်နေကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနက သတင်းထုတ်ပြန်ထားသည်။", "ရှားတောမြို့နယ် ခေါ် ဆိုမိုပရေဆိုးလေးမြို့နယ်အတွင်းတွင်လည်း ပွန်ချောင်းရေကြီးရေမြင့်တက်မှုကြောင့် စူးဖဲလော့ကျေးရွာ၊ နော်ပလုကျေး ရွာ၊ ပွန်ချောင်း ကျေးရွာနှင့် စစ်ရှောင်စခန်တစ်ခုတို့ကို ရေလွှမ်းမိုးခဲ့သည့်အတွက် လူဦးရေ ၁၃၃၅ ဦးခန့် ရေဘေးသင့်ကာ နေအိမ်များအပါ အဝင် ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။", "ထိုသို့ ရေကြီး ရေလျှံမှုများကြောင့် အခက်အခဲတွေ့နေရသည့် ပြည်သူများအ တွက် အရေးပေါ် တဲဆောက်လုပ်နေထိုင်နိုင်ရန် မိုးကာ၊ ဝါးနှင့် သွပ်ကြိုးများလည်း လိုအပ်နေပြီး ပါဝင်လှူဒါန်းလိုသူများ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာန၏ တယ်လီဂရမ်နှင့် Signal ဖြစ်သည့် +66955751317 တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ကရင်နီတွင် ရေကြီးမှုကြောင့် လမ်းများ ပျက်စီးနေစဉ်။", "Photo- Lay Myar Phray Facebook ။"]
https://yktnews.com/2023/11/132992/
ကရင်နီတွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ပြုလုပ်
["ကရင်နီတွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ပြုလုပ်", "ရန်ကုန်၊ နိုဝင်ဘာ ၂၅", "ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ ဘာသာခေါင်းဆောင်များ၊ ဒေသခံများနှင့်အတူ KSCC/KSP အစရှိသည့် ကရင်နီပြည်ကြားကာလ အစိုးရအဖွဲ့ဝင်အချို့နဲ့အတူ ကျေးလက်မြေအဖွဲ့ဒါရိုက်တာ ဒေါ်မူစဲနှင့် တာဝန်ခံ ဦးဇော်မင်းထိုက်တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/130954/
ကရင်နီတွင် ၁၁၁၁ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၇ ခုကို တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄ ဦးထက်မနည်း သေဆုံးကာ ၉ ဦး အရှင်ဖမ်းမိ၊ တိုက်လေယာဉ်တစ်စင်း ပစ်ချနိုင်ခဲ့
["ကရင်နီတွင် ၁၁၁၁ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၇ ခုကို တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄ ဦးထက်မနည်း သေဆုံးကာ ၉ ဦး အရှင်ဖမ်းမိ၊ တိုက်လေယာဉ်တစ်စင်း ပစ်ချနိုင်ခဲ့", "ရန်ကုန်၊ နိုဝင်ဘာ ၁၂", "ကရင်နီတွင် ယမန်နေ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၇ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄ ဦးထက်မနည်း သေဆုံးကာ ၉ ဦး အရှင်ဖမ်းမိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။", "နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်ရှိ နန်းမယ်ခုံမြို့ရှိ တပ်စခန်းများအပါအဝင် မိုးဗြဲမြို့ နှင့် လွိုင်ကော်မြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို KA ၊ KNDF ၊ KNPLF ၊ DMO PDF ၊ Loikaw PDF ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ မြို့ပြပျောက်ကျားတပ် နှင့် ရှမ်းတောင် PDF တို့ အတူပါဝင်၍ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စခန်းပေါင်း(၇)ခု အား ယမန်နေ့တွင် အောင်မြင်စွာ စတင်သိမ်းပိုက်ယူနိုင်ခဲ့ကြောင်း သိရှိရသည်။", "“စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးအရှင် ဖမ်းမိတယ်။ ခွေးသေက မျက်မြင် ၂၄ ဦးထက်မနည်းရှိတယ်။ PDF ၁ ဦးကျတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။", "စစ်ကောင်စီ၏ တပ်များ နှစ်ကာလအတန်ကြာ တပ်စွဲအထိုင်ချထားသော ဝါရီဆူးပလိုင်၊ နန့်စံခန်း၊ ဘုရားဖြူ၊ ညောင်ဝိုင်း၊ ဝါရီကောခူ၊ ရေယို နှင့် ချိကယ် စသည့် ကျေးရွာဒေသများရှိ တပ်စခန်းများကို", "ယမန်နေ့ နံနက် ၅ နာရီ အချိန်မှစ၍ တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များမှ စစ်ကြောင်း (၃) ကြောင်းဖြင့် တစ်ပြိုင် တည်း ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊", "စစ်ကောင်စီ၏ တပ်စခန်းများအား တိုက်ခိုက်ရာတွင် ဒီးမော့ဆို ၊ လွိုင်ကော် နှင့် မိုးဗြဲ အခြေ စိုက် စစ်ကောင်စီတပ်များက လက်နက် ကြီးများ အလွန်အကျွံ ပစ်ကူပေးခဲ့သလို လွိုင်ကော် နှင့်", "ဒီးမော့ဆိုမြို့နယ် အတွင်း တိုက်ပွဲများထဲသို့ တိုက်လေယာဥ်(၂)စီးဖြင့် အကြိမ် (၂၀) နီးပါး လာရောက် ပစ်ခတ်ခဲ့ပြီး တိုက်ခိုက်ရေးရဟတ်ယာဉ် ဖြင့်လည်း (၂)ကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့ကြောင်း KNDF က ထုတ်ပြန်သည်။", "စစ်ကောင်စီ၏ အမျိုးအမည်မသိ တိုက်လေယာဉ် ၁ စီးကို KNDF-B01 နှင့် KA တို့မှ ပွိုင့်ဖိုက်(.5)များဖြင့် တန်ပြန်ပစ်ခတ်နိုင်ခဲ့ပြီး လေယာဉ်အတောင်ပံ နှင့် ကိုယ်ထည်ပိုင်းအား ကျည်ဆံထိမှန်ခဲ့ပြီး မီးခိုးအများအပြားထွက်ကာ ပြန်လှည့်ထွက်သွားခဲ့ကြောင်း၊", "ယင်းနောက် စစ်မြေပြင်နှင့် အဝေးတစ်နေရာတွင် ပျက်ကျခဲ့ပြီး အဆိုပါလေယာဉ်အတွင်း ပါဝင်သူ နှစ်ဦးအား နှစ်ဖက်တပ်များမှ လိုက် လံရှာဖွေနေဆဲ ဖြစ်ကြောင်း သိရှိရသည်။", "ယမန်နေ့တိုက်ခိုက်ခဲ့သော စစ်ကောင်စီ၏ တပ်စခန်းများကို တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များဖက်က အပြီးပြတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးသူများပြားခဲ့သလို၊ စခန်းစွန့်ခွာ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများလည်း အများအပြားရှိကာ၊", "မိမိတို့ဖက်မှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များအား ဖမ်းဆီးရရှိ ခြင်းများလည်း ရှိကြောင်း စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ လက်နက်ကြီး ၊ လက်နက်ငယ် မျိုးစုံ (၁၀၀) ခန့် နှင့် ခဲယမ်းကျည်ဆံများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုများ၏ စစ်ဆင်ရေးကို “၁၁.၁၁ စစ် ဆင်ရေး” (11.11 Operation) ဟု ခေါ်ဆိုမည်ဖြစ်ပြီး စစ်ဆင်ရေးတွင်မိမိတို့ ကရင်နီပြည်နယ်တွင် ညီညွတ်မှုအင်အားဖြင့်", "အာဏာရှင်ဖြုတ်ချရေးနှင့် ကိုယ့်ကံကြမ္မာကိုယ်တိုင်ဖန်တီးနိုင်ရေးအတွက် အားလုံးနှင့်အတူတကွရှေ့ဆက်၍ တိုက်ပွဲများ ကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။", "ယမန်နေ့ စတင်ဖော်ဆောင်ခဲ့သည့် “၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) တွင် မိမိတို့ တော်လှန်ရေးတပ်ပေါင်းစုံဖက်မှ စစ်ကောင်စီတပ်များနှင့် တိုက်ခိုက်ရင်း ရဲဘော်တချို့ မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း၊", "ကျဆုံးခဲ့သော ရဲဘော်များအား အမျိုးသားအာဇာနည်သူရဲကောင်းများအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုအပ်ကြောင်း ထုတ်ပြန်ထားသည်။", "မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲရာတွင် အရပ်သားပြည်သူလူထု နှင့် အဆောက်အဦ ထိခိုက်ပျက်ဆီးမှုများ ရှိလာနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံမည့် အစီအမံများ နှင့် သက်ဆိုင်ရာ ကြိုတင်ပြင်ဆင် ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ကြောင်း၊", "စစ်အာဏာရှင်အား ခုခံတော်လှန်ရသည့် တော်လှန်ရေးအခန်းကဏ္ဍတွင် စစ်အုပ်ချုပ်ရေးယန္တရားများ အခိုင်အမာရှိနေသည့် မြို့ရွာများအပေါ်တွင် စစ်ဆင်ရေး၏ တစ်စိတ်တစ်ဒေသအဖြစ်", "တိုက်ပွဲများ ဖော်ဆောင်ရခြင်းအပေါ် မိဘပြည်သူများအနေဖြင့် နားလည်ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း နှင့် ရှေ့ဆက်လည်း အတူတကွလက်တွဲကာ ပူးပေါင်းဆောင်ရွက်ပေးရန် မေတ္တာရပ်ခံထားသည်။"]
https://yktnews.com/2023/03/92967/
ကရင်နီနှင့် ဖယ်ခုံဘက်သို့ ရှေ့တန်းထွက်ခိုင်းချိန် အသေမခံနိုင်ဟုဆိုကာ ခလရ ၂၄၇ မှ ဗိုလ်မှူးနှင့် စစ်သား ၂ ဦး ထွက်ပြေး
["ကရင်နီနှင့် ဖယ်ခုံဘက်သို့ ရှေ့တန်းထွက်ခိုင်းချိန် အသေမခံနိုင်ဟုဆိုကာ ခလရ ၂၄၇ မှ ဗိုလ်မှူးနှင့် စစ်သား ၂ ဦး ထွက်ပြေး", "ရန်ကုန်၊ မတ် ၁၈", "ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်၊ ဖယ်ခုံဘက်သို့ နမ့်စန် ခလရ ၂၄၇ တပ်မှ စစ်သည်များကို ရှေ့တန်းထွက်ခိုင်းချိန်တွင် ယင်းတပ်မှ ဗိုလ်မှူး တစ်ဦးနှင့် စစ်သည် ၂ ဦး ထွက်ပြေးသွားကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။", "မတ်လ၁၄ ရက်နေ့ ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ် အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၄၇ တပ်မှ စစ်သည်များကို ဖယ်ခုံနှင့် ကရင်နီပြည်နယ်ဘက်သို့ စစ် ဆင်ရေး ရှေ့တန်းထွက်ရန် တာဝန်ပေးစဉ် ဗိုလ်မှူး တစ်ဦးနှင့် စစ်သား ၂ ဦး ထွက်ပြေးသွားခြင်းဖြစ်ပြီး လက်ရှိတွင် လိုက်လံ ရှာဖွေ ဖမ်းဆီး လျက်ရှိကြောင်း၊ လက်ရှိအချိန်အထိ ဖမ်းမိသည်ဆို‌သော သတင်းမသိရှိရသေးဟု သိရှိရသည်။", "“ဖယ်ခုံကို ရှေ့တန်းသွားရမှာ ကြောက်ပြီး သွားရင်သေမယ်ဆိုတာသိလို့ အသေ တော့မခံနိုင်ဘူး၊ ရာထူးက ဘာမှသုံးစားမရဘူးလို့ ​ပြောပြီး ပြေးသွားတယ်လို့ ပြန်သိရတယ်” ဟု ဒေသသတင်းရင်းမြစ်က ဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း လက်ရှိတွင် တပ်ပြေးများ အလွန်များ ပြားနေကြောင်း၊ အထူးသဖြင့် ကရင်နီ၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေး တိုင်းနှင့် ကချင်ပြည်နယ်တိုက်ပွဲများ တွင် စစ်တပ်ဘက်မှ သေဆုံးမှု အလွန် များပြား နေကာ ယမန်နေ့ တစ်ရက်တည်း စစ်တပ်ဘက်မှ ၁၅၆ ဦး သေဆုံးခဲ့ ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ကရင်နီပြည်နယ်ရှိ တိုက်ပွဲတစ်ခုအတွင်း ယခုရက်ပိုင်းအတွင်း သေဆုံးနေသည့် အကြမ်းဖက် စစ်သား တစ်ဦး။"]
https://yktnews.com/2024/09/181882/
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက တရားဥပဒေစိုးမိုးရေးနှင့် စပ်လျဉ်း၍ ပြည်သူများကို အရေးပေါ် အသိပေးချက်များ ထုတ်ပြန်
["ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက တရားဥပဒေစိုးမိုးရေးနှင့် စပ်လျဉ်း၍ ပြည်သူများကို အရေးပေါ် အသိပေးချက်များ ထုတ်ပြန်", "ရန်ကုန်၊ စက်တင်ဘာ ၄", "ကရင်နီပြည်နယ်တွင် ကြားကာလ အုပ်ချုပ်ရေးကောင်စီက တရားဥပဒေစိုးမိုးရေးနှင့် စပ်လျဉ်း၍ ပြည်သူများကို အရေးပေါ် အသိပေးချက်များကို ယနေ့ စက်တင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။", "တော်လှန်ရေးကာလအတွင်း ကရင်နီပြည်နယ်တွင် လူမှုဘဝလုံခြုံပြီး မျှတစွာ ရှင်သန်ရပ်တည်ခွင့် ရှိစေရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) သည် ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့) နှင့် ပူးပေါင်း၍ “တရားဥပဒေစိုးမိုးရေးစီမံချက်” တစ်ရပ် ချမှတ်ကာ အကောင်အ ထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။", "ကရင်နီပြည်အတွင်း တရားဥပဒေစိုးမိုးရေးဆိုင်ရာ အကောင်အထည်ဖော်ရာတွင် ပြည်သူလူထုအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ပြည်သူလူထုများအနေဖြင့် အထူးစီမံ တားမြစ်သည့် လုပ်ငန်းများကို ရှောင်ကြဉ်ကြရန် IEC က သတိပေးထားသည်။", "IEC ၏ အထူးတားမြစ်ချက်မှာ စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးများ အရောင်းအဝယ်ပြုလုပ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် သုံးစွဲခြင်းတို့ကို တားမြစ်သည်။", "တော်လှန်ရေးနှင့် လူမှုကျင့်ဝတ်မညီသော လုပ်ငန်းများဖြစ်သည့် လိင်ဖျော်ဖြေရေးလုပ်ငန်း၊ အများပြည်သူနှင့် တော်လှန်ရေးကို ထိခိုက်စေသည့် ဆူညံမှု၊ မီးရောင်ပြမှု၊ မမှန်သတင်းဖြန့်ဝေမှုများနှင့် သတင်းပေးမှုများ၊ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများနှင့် အစွန်းရောက် အကြမ်းဖက်ဖြစ်စေသည့် လုပ်ရပ်များ၊ တရားမဝင်အာဏာသိမ်းစစ်တပ်အတွက် ထောက်လှန်းရေး လုပ်ဆောင်ခြင်းတို့ကို ကန့်သတ်တားမြစ်ထားသည်။", "တပ်ဖွဲ့ဝင်များမဟုတ်သည့် တရားမဝင် လက်နက်များ ကိုင်ဆောင်မှုနှင့် လက်နက်ခဲယမ်းများ ရောင်းဝယ်ဖောက်ကားမှုကို ခွင့်ပြုချက်မရှိဘဲ မကိုင်ရ၊ မရောင်းရဟု IEC က ဆိုသည်။", "မြေပြင်နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများဖြစ်ကြသည့် မြေပြင်လောင်းကစားရုံများ၊ အွန်လိုင်းဂိမ်းများ (Online Game) – Slot Game၊ ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီးဂိမ်း၊ ဖဲဂိမ်း၊ ကျွဲဂိမ်း၊ ကြက်တိုက်ဂိမ်း စသည်တို့အပါအဝင် အခြားသော အွန်လိုင်းဂိမ်းများကို အသုံးပြု၍ စီးပွားဖြစ်လုပ်ဆောင်နေသော လောင်းကစားလုပ်ငန်းများကိုလည်း ကန့်သတ်တားမြစ်ထားသည်။", "ရပ်ရွာလူထုအတွင်း ကိုင်ဆောင်ထားသည့် ပစ္စတိုများ၊ တစ်ထောင့်ထိုး လက်နက်များ၊ ရိုးရာတူမီးသေနတ်များ၊ လေသေနတ်များ၊ လက်လုပ် လေသေနတ်များကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC စာရင်းကောက်ယူပြီး ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သွားမည်ဟု သိရသည်။", "“တရားဥပဒေစိုးမိုးရေးစီမံချက်” နှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၄) ရက် မှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်အထိ ပြည်သူများအကြား အသိပညာပေးမှုများ ဆောင်ရွက်မည်ဟု IEC က ထုတ်ပြန်သည်။", "အသိပညာပေးကာလ ကုန်ဆုံးပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်မှစ၍ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နှင့် ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့) တို့က စီမံချက်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ “တရားဥပဒေ စိုးမိုးရေးဆိုင်ရာအလုပ်အဖွဲ့ (Task Force) နှင့် အထူးတပ်ဖွဲ့ (Special Force)” တို့ကို ဖွဲ့စည်းကာ ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်မည်ဟု သိရသည်။"]
https://yktnews.com/2023/12/134720/
ကရင်နီပြည် အစိုးရ၏ လက်အောက်တွင် ရဲလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး အထောက်အကူပြုနိုင်ရန် ကရင်နီပြည် ရဲဌာန ဥပဒေကို ပြဌာန်း
["ကရင်နီပြည် အစိုးရ၏ လက်အောက်တွင် ရဲလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး အထောက်အကူပြုနိုင်ရန် ကရင်နီပြည် ရဲဌာန ဥပဒေကို ပြဌာန်း", "ရန်ကုန်၊ ဒီဇင်ဘာ ၆", "အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအဖွဲ့ဝင် ကရင်နီပြည် အစိုးရ၏ လက်အောက်တွင် ရဲလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး အထောက်အကူပြုနိုင်ရန် ကရင်နီပြည်ရဲဌာနဥပဒေကို ပြဌာန်းလိုက်ခြင်းဖြစ်ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ထားသည်။", "ကရင်နီပြည်ရဲ (KSP) ကို CDM ရဲများနှင့် ရဲလုပ်ငန်းစိတ်ဝင်စားကြသည့် ပြည်သူများဖြင့် ဖွဲ့စည်းထားပြီး ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ၏ နိုင်ငံရေးဦးဆောင်မှုအောက်တွင် ဖွဲ့စည်းထားကြောင်း သိရသည်။", "ကရင်နီပြည်ရဲ (KSP) သည် ကရင်နီပြည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူပူးပေါင်းပါဝင်မှုအားကောင်းပြီး စွမ်းဆောင်ရည်မြင့်မားပြည့်ဝသော ကရင်နီပြည် ရဲဌာနအဖြစ် ရည်တည်လုပ်ဆောင်ရန် ၊ နယ်မြေဒေသခံများနှင့် ပူးပေါင်း၍ ပြည်သူလူထု ဗဟုပြုဝန်ဆောင်မှုများကို ဆောင်ရွက်ရန်၊ ရာဇဝတ်မှုများ ကြိုတင်ကာကွယ်ရေးအလေးပေးဆောင်ရွက်ရန် ရည်ရွယ်ချက်များနှင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရဲသားရာထူးအဆင့်မှ ရဲချုပ်ရာထူးအဆင့်အထိ ပါဝင်မည်ဖြစ်ကြောင်းသိရှိရသည်။", "ကရင်နီပြည်နယ် ကြားကာလလွှတ်တော်မှ ရေးစွဲပြဌာန်းထားသော ဥပဒေ ၊ နည်းဥပဒေများအပြင် ကမ္ဘာ့ကုလသမဂ္ဂမှ ထုတ်ပြန်ထားသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းလေးစာလိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "ထို့ပြင် လက်ရှိကြားကာလတွင် စနစ်တကျ ကျင့်သုံးဆောင်ရွက်နိုင်ရေးနှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအဖွဲ့ဝင်ကရင်နီပြည် အစိုးရ၏ လက်အောက်တွင် ရဲလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး အထောက်အကူပြုနိုင်ရန် ကရင်နီပြည်ရဲဌာနဥပဒေကို ပြဌာန်းလိုက်ခြင်းဖြစ်ကြောင်းလည်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။", "ကရင်နီပြည် ရဲများအနေနှင့် ပြည်နယ်တွင်း ပြစ်မှုများကို စုံစမ်းစစ်ဆေးခြင်း၊ အမှုဖွင့်အရေးယူခြင်းများကို ဥပဒေနှင့် အညီဆောင်ရွက်နိုင်ပြီး ပြည်သူ၏ လုံခြုံရေးဆိုင်ရာ စီမံချက်များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်သစ်များ ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ သင်တန်းပေးခြင်း၊ အသိအမှတ်ပြုခြင်းနှင့် ဌာနတွင်းအရေးယူအပြစ်ပေးခြင်းတို့ကို ဒေသအလိုက် ဦးစားပေး ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် ပြည်နယ် တရားရေးဌာနနှင့် ပူးပေါင်း၍ ပြည်နယ်အတွင်း ပြစ်မှုကျူးလွန်သော တရားခံများကို အမှုဖွင့်ဆောင်ရွက်နိုင်ပြီး ပြည်သူများပူးပေါင်းပါဝင်သည့် ရဲလုပ်ငန်းဖြစ်စေရန် ဆက်သွယ်စည်းရုံးခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကာ ရဲအရေးပိုင်သည့် မှုခင်းကိစ္စရပ်များကို ဥပဒေနှင့် အညီ ကိုင်တွယ်ဆောင်ရွက်ပိုင်ခွင့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "ကရင်နီပြည် ရဲအဖွဲ့ဝင်များသည် (က) အချုပ်သား၊ အကျဉ်းသားများကို တာဝန်ယူရပါက ညှဉ်းပမ်းနှိပ်စက်ခြင်း မပြုရန်နှင့် ထွက်ပြေးလွတ်မြောက်ခြင်း မပေါ်စေရေး အထူးဂရုစိုက်ရမည်၊ (ခ) လက်နက်ခဲယမ်းများကို ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ အကြောင်းမဲ့ ပစ်ခတ်ခြင်း မပြုရန်၊ (ဂ) လက်နက်ခဲယမ်းများပျက်စီး ပျောက်ဆုံးမဖြစ်ပေါ်စေရေး အထူးသတိပြု တာဝန်ယူရန်၊ (ဃ) ကရင်နီပြည်အမည်ကို ဖြစ်စေ၊ အဖွဲ့ပိုင် ပစ္စည်းကိုဖြစ်စေ မသမာသော နည်းဖြင့် အလွဲသုံးစားခြင်း၊ ဖျက်ဆီးခြင်း မပြုလုပ်ရန်၊ (င) ဥပဒေကြောင်းအရ လူတစ်ဦးတစ်ယောက်ကို အကြောင်းမဲ့ ဖမ်းဆီး ချုပ်နှောင်ခြင်း မပြုရန်၊ (စ) မှုခင်းနှင့် ပတ်သက်သည့် သိမ်းဆည်းထားသည့် သက်သေခံပစ္စည်းများကို အလွဲသုံးစားပြုခြင်း ပေါ့လျော့မှုကြောင့် ပျောက်ဆုံးပျက်စီးခြင်းနှင့် ဖျောက်ဖျက်ခြင်း၊ ဖျက်ဆီးခြင်း မပြုရန်၊ (ဆ) ခွင့်မဲ့ ပျက်ကွက်ခြင်း၊ ခွင့်ဖြင့် နေထိုင်လျှင် သတ်မှတ်ခွင့်ပြုချက်ထက် ပိုယူခြင်း မပြုရန် နှင့် ပြန်လည်ရောက်ရှိပါက သတင်းပို့ရမည်ဖြစ်ကြောင်း ၊ (ဇ) အကြောင်းမဲ့ ပျက်ကွက်ခြင်းနှင့် အရက်သေစာ သောက်စားခြင်း မပြုရန်နှင့် (ဈ) ကရင်နီပြည်နယ် ကြားကာလလွှတ်တော်မှ ရေးစွဲပြဌာန်းထားသော ဥပဒေ ၊ နည်းဥပဒေများအပြင် ကမ္ဘာ့ကုလသမဂ္ဂမှ ထုတ်ပြန်ထားသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းလေးစာလိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်းကမ်းသတ်မှတ်ချက်များ သတ်မှတ်ထားသည်။", "ကရင်နီပြည် ရဲတပ်ဖွဲ့ဝင်မှ ပုဒ်မခွဲ က မှ င ပါ စည်ကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက အများဆုံးထောင်ဒဏ် ၁ နှစ်အထိ ကျခံစေရမည်ဖြစ်ပြီး ပုဒ်မခွဲ စ မှ ဇ ပါ စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက အများဆုံး ထောင်ဒဏ် ၆ လ အထိ ကျခံစေရမည်ဖြစ်ကြောင်း၊ ကရင်နီပြည်ရဲ ဌာနအနေနှင့် ပြည်ထောင်စု ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိရသည်။", "Photo – ကရင်နီပြည်နယ်အတွင်း လမ်းပိုင်း စစ်ဆေးရေး ပြုလုပ်နေသော ကရင်နီပြည် ရဲတပ်ဖွဲ့ဝင်များ"]
https://yktnews.com/2025/04/209927/
ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဘောလခဲ၊ ဖားဆောင်းတို့ရှိ ကာကင်းစခန်း များကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၆၀ ကျော်သေဆုံးပြီး လက်နက်မျိုးစုံ ၄၀ ကျော် သိမ်း ဆည်းရရှိ
["ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဘောလခဲ၊ ဖားဆောင်းတို့ရှိ ကာကင်းစခန်း များကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၆၀ ကျော်သေဆုံးပြီး လက်နက်မျိုးစုံ ၄၀ကျော် သိမ်း ဆည်းရရှိ", "ရန်ကုန်၊ ဧပြီ ၂", "ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဘောလခဲ၊ ဖားဆောင်းတို့ရှိ စစ်ကောင်စီ အခြေစိုက် ကာကင်းစခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၆၀ ကျော်သေဆုံးပြီး လက်နက်မျိုးစုံ ၄၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ – JCS ကထုတ်ပြန်သည်။", "မတ်လ ၄ ရက်နေ့မှစ၍ ကရင်နီပြည် စစ်ဦးစီးအဖွဲ့ JCS ၏ ကွပ်ကဲမှုဖြင့် ဘောလခဲနှင့် ဖားဆောင်းတို့ ရှိ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ဆင်ရေးစတင်ချိန်တစ်လအတွင်း အကြမ်း ဖက် စစ်ကောင်စီတပ်၏ ဗျူဟာတပ်အခြေစိုက် ကင်းများဖြစ်သည့် ဘောာလခဲမြို့နယ် ကာကင်းများ ဖြစ်သော အမှိုက်ကျင်း၊ ကျောက်ခွဲစက်၊ ရေကျော်၊ ရေနီပေါက်၊ ဝမ်ပလန်း စသည့် ကာကင်းစခန်း များကို တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခဲ့ကြေင်း သိရသည်။", "အလားတူ ဖားဆောင်း မီးသတ်တိုက်နှင့် ရေဆိပ်များကို တိုက်ခိုက်ကန့်သတ်နိုင်ခဲ့ပြီး ယင်း ကာကင်း စခန်းသိမ်းပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဝ ဦးကျော်သေဆုံး၍ အချို့ကို အရှင်ဖမ်းဆီးရမိကာ လက်နက်မျိုးစုံ ၄၀ နှင့် ကျည်မျိုးစုံတို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "၂၀၂၅ ဇန်နဝါရီလ မှ စတင်၍ အကြမ်းဖက်စစ်ကောင်စီတပ်များသည် လွိုင်ကော်မြို့နှင့် မိုးဗြဲမြို့ဆက် ထားသည့် လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းသဖြင့် စစ်ကောင်စီတပ်များ၏ ထိုးစစ်ကို ကရင်နီပြည်ရှိ တပ်ပေါင်းစုံမှ ခုခံကာကွယ်ခဲ့ရကြောင်း၊ ထိုထိုးစစ်များကြောင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ တပ်သားအချို့မှာ သူရဲကောင်းပီသစွာ အသက်ပေးကာကွယ်ခဲ့ရကြောင်း သိရ သည်။", "ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ မိုးဗြဲဒေသသို့ ထိုးစစ်များကို ကန့်သတ်နိုင်ရန်အတွက် ကရင်နီ ပြည်ရှိ တော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပေါင်းစုံပါဝင်သော စစ်ဆင်ရေးများကို ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ (Joint Chiefs of Staff – JCS) အား ဖွဲ့စည်းကာ၂၀၂၅ ခုနှစ် မှ စ၍ ခံစစ်နှင့် ထိုးစစ်များကို စတင်ကွပ်ကဲခဲ့ကြောင်း အသိပေးထားသည်။", "ကရင်နီတစ်ပြည်လုံး အကြမ်းဖက်စစ်ကောင်စီ လက်အောက်မှ လွတ်မြောက်နိုင်ရေး ရည်မှန်း ချက် ဖြင့် ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ (Joint Chiefs of Staff – JCS) အား ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ (Joint Chiefs of Staff – JCS) နှင့် စစ်ဆင်ရေး တပ်သားတို့ သည် အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးနှင့် ကရင်နီပြည်တွင် ဖက်ဒရယ်တပ် တစ်ရပ်စတင်တည်ဆောက်နိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိ ပြုထားသည်။", "သို့ရာတွင် မတ်လ ၂၈ ရက်နေ့တွင် ငလျင်ကြီးများစွာ လှုပ်ခတ်မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည် တော် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက် စီး နေကြောင်းတွေ့ရှိရသဖြင့် ငလျင်ဘေးကြောင့် အသက်သေဆုံးရှုံးရသူများနှင့် ထိခိုက်ဒဏ်ရာရသူ များ အတွက် ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ (Joint Chiefs of Staff – JCS)မှ မိသားစုများ နှင့် ထပ်တူ ဝမ်းနည်းရပါကြောင်း ပြောကြားသည်။", "ကရင်နီပြည်နယ်တစ်ဝှမ်းလုံးတွင် စစ်ကောင်စီဖက်မှ တိုက်ခိုက်မှုအမျိုးမျိုးအား ရပ်တန့်ထားခြင်း မရှိ ဘဲ ဆက်လက်လုပ်ဆောင်နေသည့် အခြေအနေများကြောင့် မိမိတို့တပ်များဘက်မှ သဘာဝဘေး အန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများအပေါ် ချိန်ညှိ၍ မိမိတို့ကာကွယ်ထိန်းချုပ်ထားသည့် ဒေသနှင့် ပြည်သူများအပေါ် စကစမှ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာသည့်အခြေနေများပေါ်မူတည်၍ စစ်ဆင်ရေးများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ – JCS က ထုတ်ပြန်ထားသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/03/93138/
ကရင်နီပြည်တပ်မတော်က အသက်ကယ်ခဲ့ဖူးသော PNO ခေါင်းဆောင် အောင်ခမ်းထီ မင်းအောင်လှိုင်နှင့်ပေါင်း၍ ကျေးဇူးရှင်ကို ပြစ်မှားဟု KA ဒုစစ်ဦးစီးချုပ်ပြော
["ကရင်နီပြည်တပ်မတော်က အသက်ကယ်ခဲ့ဖူးသော PNO ခေါင်းဆောင် အောင်ခမ်းထီ မင်းအောင်လှိုင်နှင့်ပေါင်း၍ ကျေးဇူးရှင်ကို ပြစ်မှားဟု KA ဒုစစ်ဦးစီးချုပ်ပြော", "ရန်ကုန်၊ မတ် ၁၉", "အကြမ်းဖက် မင်းအောင်လှိုင်နှင့် ပူးပေါင်း သစ္စာခံသည့် PNO ခေါင်းဆောင် ဦးအောင်ခမ်းထီသည် ကရင်နီတပ်မ တော် က အသက်ကယ်ခဲ့ဖူးသော ကျေးဇူး ကို မထောက်ဘဲ ပင်လောင်းမှ စစ်တပ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို KA/KNDF ကလုပ်ဆောင်သည်ဟု ဝါဒအမျိုးမျိုးဖြန့်၍ ကျေးဇူးရှင်ကို ပြစ် မှားနေသည်ဟု ကရင်နီတပ်မတော် KA ဒုစစ်ဦးစီးချုပ်ကပြောဆိုလိုက်သည်။", "ကရင်နီတပ်မတော်(KA) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က KA တပ် မှူး တပ်သားများနှင့် KNDF ခေါင်း ဆောင်များ တပ်ရင်း ရဲဘော်များကို ယမန် နေ့ မတ်လ ၁၈ရက်နေ့ တွင် အသိပေး စာ တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်း အသိပေး စာတွင် PNO ခေါင်းဆောင် ဦးအောင်ခမ်းထီးကို ရည်ညွှန်း၍ ရန်သူ ၏ မိတ်ဆွေသည် မိတ်ဆွေမဖြစ်နိုင်ကြောင်း ပြောဆိုသည်။", "မတ်လ ၁၁ရက်နေ့ ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် နမ်းနိန်ရွာ၌ သံဃာ ၃ ပါး အပါအဝင် အရပ်သား ပြည်သူ ၂၂ဦး ထက်မနည်းကို စစ်ကောင်စီတပ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ယင်းသတ်ဖြတ်မှုကို အကြောင်းပြုပြီး KA/KNDF အပေါ် ဝါဒအမျိုးမျိုးဖြန့်နေကြောင်း ဒုစစ်ဦးစီးချုပ်က ပြောသည်။", "“အခုတလော နမ်းနိမ့်ကျေးရွာတွင် အစုလိုက် သတ်ဖြတ်မှုကိစ္စကို အကြောင်း ပြုပြီး မိမိတို့ KA/KNDF ကို ဝါဒအမျိုးမျိုး ဝါဒဖြန့်ကြသည်။ ဒါဟာ ရန်သူ့ လက် ချက် ရန်သူ အလုပ်လုပ်နေတာဖြစ်သည်။ အားလုံး ပြောချင်တယ်။ အမှန် တရားဆိုတာ ဖုံးဖိလို့မရပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ်လာပါလိမ့်မည်။ ရန်သူ မိတ်ဆွေဟာ တို့မိတ်ဆွေမဖြစ်နိုင်ဘူးလို့ အမြဲပြောပြတာ။ ယခုဆိုရင် ရဲဘော် ရဲဘက်များအားလုံး သဘောပေါက် လောက်ပြီ ထင်ပါတယ်” ဟု ကရင်နီ ပြည်တပ်မတော် KA စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က ပြောသည်။", "၁၉၈၄ ခုနှစ် မတ်လ ထိုင်းနယ်စပ်၌ ဦးအောင်ခမ်းထီ နှင့် ရဲဘော် ၆၀ ခန့်ကို ဗိုလ်ချုပ်အောင်မြတ် ကိုယ်တိုင် ရဲဘော် ၂ ဦးနှင့်အတူ အသက်စွန့်ပြီး ထိုင်း နယ်စပ် ၊ ရှမ်း-ကရင်နီနယ်စပ်ဆုံရာ ယခု လွိုင်ဆမ်မိတ် သို့ သွားကြိုခဲ့ကြောင်း၊ ဦးအောင်ခမ်းထီနှင့်အဖွဲ့အား ယခု တောင်ကုန်းအမှတ် ၂၈၈၈ တွင် နေထိုင်ခွင့် ပြုခဲ့ကြောင်း၊ ၃လ အကြာတွင် နယ်စပ်နှင့် နီး၍ ဘိန်းဘုရင် ခွန်ဆာမှ လိုက်လံ သတ်ဖြတ်မည်ကို ကြောက်၍ သံလွင်မြစ်ဘေးတွင် နေထိုင်လိုကြောင်း တောင်း ဆို၍ လက်ရှိ တောင်နီချောင်းဆုံတွင် နေထိုင်ခွင့်ပြုခဲ့ကြောင်း ဗိုလ်ချုပ် အောင်မြတ်က ရေးသားထားသည်။", "“ PNO ဥက္ကဋ္ဌ ခွန်အောင်ခမ်းထီ တို့သည် (မယ်အော) တွင် ခွန်ဆာမှ လာ ရောက် တိုက်ခိုက်သဖြင့် မိမိကိုယ်တိုင် သွားရောက်ကယ်တင်ခဲ့သည်။ မိမိ အနေဖြင့် ကျေးဇူးပြုခဲ့သည်ကို ပြန်ပြီး မပြောပြလိုသော်လည်း (တပ်မှူးများ၊ ရဲဘော်များ) သိအောင် ပြောပြရခြင်းဖြစ်သည် ” ဟု ဗိုလ်ချုပ်အောင်မြတ်က​ဆိုသည်။", "ဦးအောင်ခမ်းထီးအနေဖြင့် ကျေးဇူးရှင်ကို ပြစ်မှားလျှင် ကိုယ့်ထိုက်နှင့်ကိုယ်ကံ မည်သို့ ပင်ဖြစ်ဖြစ် ခံရမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။", "“KA နဲ့ KNDF ကို ထိရင် မခံနိုင်ဘူး။ဒါကြောင့်အမိန့်နာခံကြရန်၊စစ်စည်း ကမ်း များကို တသွေမတိမ်း လိုက်နာကြရန်၊လူ့အခွင့်အရေးများကို လိုက်နာကြရန် မှာချင်ပါသည်။ နာမည်မကြီးချင်သော်လည်း သူများတွင် မိမိတို့ကို နာမည်ကြီး အောင် လုပ်နေပြန်ပြီ “ရုရှယ်” မဖြစ်စေနှင့်” ဟု KA ဒုစစ်ဦးစီးချုပ်က ရေး သားထားသည်။", "PNO ဦးအောင်ခမ်းထီးက ပင်လောင်းမှ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် KNDFနှင့် PDF လက်ချက် ဖြစ်သည်ဟု စစ်ကောင်စီ၏ လေသံအတိုင်း ထုတ် ပြန်ချက် တစ်ရပ်ထုတ်ပြန်ခဲ့ပြီး ပအိုဝ်း ပြည်သူများကို အတင်းအကျပ် ဖိအား ပေး၍ ဆန့်ကျင်ကန့်ကွက်ပွဲများ တက်ရောက် ဆန္ဒပြစေခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- အကြမ်းဖက်မင်းအောင်လှိုင်နှင့် ပူးပေါင်းသော PNO ခေါင်းဆောင် အောင်ခမ်းထီ။"]
https://yktnews.com/2023/09/123386/
ကရင်နီပြည်တွင် စစ်ကောင်စီ တပ်ကို ဆန့်ကျင် တိုက်ပွဲဝင်ရာ၌ အမျိူးသမီး ရဲဘော်များလည်း ပူးပေါင်းပါဝင်
["ကရင်နီပြည်တွင် စစ်ကောင်စီ တပ်ကို ဆန့်ကျင် တိုက်ပွဲဝင်ရာ၌ အမျိူးသမီး ရဲဘော်များလည်း ပူးပေါင်းပါဝင်", "ရန်ကုန်၊ စက်တင်ဘာ ၂၁", "ကရင်နီပြည်နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ကို ဆန့်ကျင် တိုက်ပွဲဝင်ရာ၌ အမျိူးသမီး ရဲဘော်များလည်း ပူးပေါင်းပါဝင်ကြောင်း KNDF/B-12 က ထုတ်ပြန်ထားသည်။", "တော်လှန်ရေးအတွင်း အမျိူးသားရဲဘော်များနှင့် အတူ တစ်သားတည်း ပါဝင်နေကြသည့် အမျိူးသမီး ရဲဘော်လေးများ လည်းရှိကြောင်း၊ အမျိူးသမီး ရဲဘော်များသည် စစ်သင်တန်းကို လွယ်ကူစွာ ကျော်ဖြတ်ခဲ့ရခြင်း မဟုတ်ဘဲ လက်နက်ကိုင် လမ်းစဥ်ကို ရွေးချယ်ခဲ့ရသည်မှာ လွယ်ကူသည့် ဆုံးဖြတ်ချက် မဟုတ်ခဲ့ကြောင်း သိရသည်။", "အမျိုးသမီး ရဲဘော်များသည် ကျရာ တာဝန်ဖြစ်သည့် ထောက်ပို့ပိုင်း၊ ဘဏ္ဍာရှာ ဖွေ ရေးပိုင်း၊ ကျန်းမာရေးပိုင်း၊ စာရင်းအင်းပြုစုမှူ (ရုံးပိုင်းဆိုင်ရာ)ပိုင်းတွေမှာလည်း အားတက်သရော ပါဝင်လျက်ရှိကြောင်း၊ အမျိူးသားများနှင့် တန်းတူ စစ်ကောင်စီတပ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့် အမျိူးသမီးများ၏ အခန်းကဏ္ဍကို ပိုမိုမြင့်မားလာစေရန်အတွက် အမျိူးသမီးရဲဘော်လေး တွေရဲ့ လှုပ်ရှားမှူပုံရိပ် တစ်ချို့ ကို မှတ်တမ်းတင် ဂုဏ်ပြုကြောင်း KNDF/B-12 က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/08/119310/
ကရင်နီပြည်တွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း စစ်တပ်ထံမှ တင့်ကား ၁ စီး သိမ်းဆည်းရရှိထားပြီး NUG အစိုးရက ဆုချီးမြှင့်မည်
["ကရင်နီပြည်တွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း စစ်တပ်ထံမှ တင့်ကား ၁ စီး သိမ်းဆည်းရရှိထားပြီး NUG အစိုးရက ဆုချီးမြှင့်မည်", "ရန်ကုန်၊ သြဂုတ် ၂၂", "ကရင်နီပြည်တွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း တော်လှန်ရေးတပ်ဖွဲ့များ က အကြမ်းဖက် စစ်တပ်ထံမှ တင့်ကား ၁ စီး သိမ်းဆည်းရရှိထားပြီး NUG အစိုးရက ဆုချီးမြှင့်မည်ဖြစ်ကြောင်း NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ် နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောဆိုသည်။", "၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် နှင့်NUG ဘဏ္ဍာရေးနှင့်စီမံကိန်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ ပါဝင်ဆွေးနွေးသည့် “ဘီလီယံပေါင်း ၂ သောင်းရိုက်ထုတ်အပြီး တကျော့ပြန် စူဇကာစစ်ဆင်ရေးနဲ့ ခေတ်ပျက်သူဌေးတွေရဲ့ အနာဂတ်” နွေဦးတော်လှန်ရေး စကားဝိုင်းတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "ယင်း စကားဝိုင်းတွင် ဦးမင်းကိုနိုင်က ကရင်နီပြည်၌ ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များက တင့်ကား ၁ စီး သိမ်းဆည်းရရှိခြင်းကို NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန အနေဖြင့် ဂုဏ်ပြုချီးမြှင့်ရန် အဆင်သင့်ရှိမရှိမေးမြန်းခဲ့ကြောင်း သိရသည်။", "“ကျွန်တော်တို့ပေးမှာပါ ပေးဖို့လည်း အလုံအလောက်ရှိတယ်။ ရှေ့မှာလည်ါ် ကျနော်တို့ ချင်းပြည်နယ်မှာဆိုရင်လည်း တင့်ကား ၂ စီး ဖျက်ဆီးနိုင်တဲ့အတွက် ဆိုပြီးတော့ ကျွန်တော်တို့ပေးခဲ့ပါတယ်။ ငွေအတွက်နဲ့ကတော့ အနေ ခက်မနေနဲ့လို့ ပြောရမှာဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့ဘက်ကနေပြီးတော့ ဆုချီးမြှင့်တဲ့ ကိစ္စကတော့ အပြည့်အဝ တာဝန်ယူပါတယ်။ ပိုက်ဆံလည်းရှိပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် ကပြောဆိုခဲ့သည်။", "အလားတူ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာအနီး တိုက်ပွဲ၌ အကြမ်းဖက် စစ်တပ်၏ သံချပ်ကာ ကား ၂ စီးကို ဧပြီလ ၁၃ ရက်နေ့တွင် CNA၊ CDF ပူးပေါင်းအဖွဲ့က ဖျက်ဆီးနိုင်ခဲ့ပြီး ဇူလိုင်လ ၄ ရက်နေ့တွင် NUG အစိုးရက ငွေကျပ် သိန်း ၄၀၀၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။", "ဓာတ်ပုံ- ယခုနှစ် ဧပြီလ ၁၃ ရက်နေ့က ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ များက ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်၏ သံချပ်ကာ ကား ၂ စီးနှင့် ယာဥ်တန်းကို တိုက်ခိုက် ဖျက်ဆီးခဲ့စဉ်။"]
https://yktnews.com/2024/11/193874/
ကရင်နီပြည်တွင် ၁ နှစ်အတွင်း ကိုယ်ပိုင်ရေးတရားရေးစနစ်၊ ဥပဒေရုံးများနှင့် အကျဉ်းထောင် ၂ ခု တည်ထောင်နိုင်ခဲ့ပြီး ရာဇဝတ်မှုပေါင်း ၇၁ မှု လက်ခံဆောင်ရွက်
["ကရင်နီပြည်တွင် ၁ နှစ်အတွင်း ကိုယ်ပိုင်ရေးတရားရေးစနစ်၊ ဥပဒေရုံးများနှင့် အကျဉ်းထောင် ၂ ခု တည်ထောင်နိုင်ခဲ့ပြီး ရာဇဝတ်မှုပေါင်း ၇၁ မှု လက်ခံဆောင်ရွက်", "ရန်ကုန်၊ နိုဝင်ဘာ ၃၀", "ကရင်နီပြည်တွင် ၁ နှစ်အတွင်း ကိုယ်ပိုင်ရေးတရားရေးစနစ်၊ ဥပဒေရုံးများနှင့် အကျဉ်းထောင် ၂ ခု တည်ထောင်နိုင်ခဲ့ပြီး ရာဇဝတ်မှုပေါင်း ၇၁ မှု လက်ခံဆောင်ရွက်နိုင်ခဲ့ကြောင်း က ရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)က တရားဝင် အစီရင်ခံစာ ထုတ်ပြန်သည်။", "ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက တရားရေးဌာနကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခု ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ၁ နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ ကရင်နီပြည်တွင် လွတ်လပ်၍ တရားမျှတသော တရားစီရင်ရေး မဏ္ဍိုင်တစ်ခုဖော်ဆောင်ရာတွင် အထောက်အကူပြုနိုင်ရန်၊ ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရာတွင် အထောက်အကူပြုနိုင်ရန်၊ ပြည်သူလူထု၏ ဥပဒေပါ အခွင့် အရေးများ ရရှိစေရန်၊ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန် ဖြစ်ကြောင်း သိရှိရသည်။", "ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ၏ တရားရေးဌာနတွင် ဌာနရုံး၊ စီမံ/ဘဏ္ဍာဌာနခွဲ၊ ဥပဒေရေးရာကြီးကြပ်မှု ဌာနခွဲ၊ အကျင့်စာရိတ္တပြုပြင်ရေးနှင့် ပြန်လည် ထူထောင်ရေးဌာနခွဲတို့ပါဝင်ကြောင်း သိရှိရသည်။", "ထို့ပြင် အကျဉ်းထောင်များ၊ ရဲစခန်း အချုပ်ခန်းများကိုလည်း ထူထောင်ခဲ့ပြီး တရားရေးဌာနသည် ၁ နှစ်စ်အတွင်း ရာဇဝတ်ကြီးမှုပေါင်း ၇၁ မှု လက်ခံဆောင်ရွက်ခဲ့ကြောင်း၊ လတ်တလော ၂၆ မှု ပြီးပြတ်ထားကြောင်း၊ အဆိုပါ ရာဇဝတ်ကြီးမှု ၇၁ မှုတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ စွဲဆိုသည့် အမှု ၂၀ မှု၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေအရ စွဲဆိုသည့် အမှု ၄၁ မှု၊ မတရားအသင်း အက်ဥပဒေအရ စွဲဆိုသည့် အမှု ၁ မှု၊ လူသတ်မှု ၂ မှု နှင့် ရာဇသတ်ကြီးအရ စွဲဆိုသည့်အမှု ၇ မှုတို့ ပါဝင်ကြောင်း၊ ထို့နောက် အကြမ်းဖက်တိုက်ဖျက်ရေးအမှု ၁၀ မှု၊ မူးယစ်ဆေးဝါးအမှု ၁၀ မှု၊ မတရားအသင်းအမှု ၁ မှု နှင့် ရာဇသတ်ကြီး အမှု ၅ မှု တို့ကို ပြီးပြတ်သည်အထိ အရေးယူဆောင်ရွက်ထားခဲ့ပြီး လူသတ်မှု ၂ မှုမှာမူ မပြီးပြတ်သေးကြောင်း သိရှိရသည်။", "တရားရေးဌာနတွင် လူ့စွမ်းအား အရင်းအမြစ်လိုအပ်ချက်ကြီးမားခြင်း၊ လုံခြုံရေးအရ စိန်ခေါ်မှု ကြီးမားခြင်းတို့ကြောင့် လိုအပ်ချက်များစွာရှိကြောင်း၊ သို့ရာတွင် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ ဥပဒေပါ အခွင့်အရေးများ ရရှိရေး ဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။", "ဓာတ်ပုံ- ကရင်နီပြည် အကျဉ်းထောင် ၁ ကို စစ်ဆေးနေကြစဉ်။"]
https://yktnews.com/2024/03/152265/
ကရင်နီပြည်တွင် ၁၁၁၁ စစ်ဆင်ရေးစတင်ပြီးနောက် မြို့ ၆ ခုနှင့် စစ်တပ်စခန်း ၆၅ ခုကို သိမ်းပိုက်ရရှိထားဟု တော်လှန် ရေးတပ်ပေါင်းစုက ကြေညာ
["ကရင်နီပြည်တွင် ၁၁၁၁ စစ်ဆင်ရေးစတင်ပြီးနောက် မြို့ ၆ ခုနှင့် စစ်တပ်စခန်း ၆၅ ခုကို သိမ်းပိုက်ရရှိထားဟု တော်လှန် ရေးတပ်ပေါင်းစုက ကြေညာ", "ရန်ကုန် ၊ မတ် ၂၃", "ကရင်နီပြည်တွင် ၁၁၁၁ စစ်ဆင်ရေးစတင်ပြီးနောက် မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတော၊မော်ချီးနှင့်မိုးဗြဲ စသည့် မြို့ ၆ မြို့နှင့် စစ်တပ်စခန်းပေါင်း ၆၅ ခုကို သိမ်းပိုက်ရရှိထားကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု က ကြေညာသည်။", "ကရင်နီ- ထိုင်းနယ်စပ်တစ်လျှောက် ၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင်စတင်ခဲ့သော မိုခါမုန်တိုင်း စစ်ဆင်ရေးနှင့် နိုဝင်ဘာလတွင် စတင်သော ၁၁၁၁ စစ်ဆင်ရေး၏ အရှိန်အဟုန်တို့ကြောင့် ကရင်နီ ပြည် အတွင်းရှိ မြို့နယ်အချို့နှင့် နယ်စပ်တစ်လျှောက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို အပြီးတိုင်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သဖြင့် သံလွင်အရှေ့ဘက်ခြမ်းနှင့်မယ်စဲ့၊ ရှားတောမြို့နယ် တို့သည် စစ်ကောင်စီ ကင်းစင်နယ်မြေများအဖြစ်ဖြစ်လာခဲ့ပြီဖြစ်ကြောင်း သိရသည်။", "မိုခါမုန်တိုင်းစစ်ဆင်ရေးတွင် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များမှ နယ်စပ် စခန်း ၇ ခုနှင့် မဲစဲ့မြို့ ကို အပြီး သတ်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။", "၁၁၁၁ စစ်ဆင်ရေးအစိတ်အပိုင်း တစ်ခုဖြစ်သော လွိုင်ကော်မြို့သိမ်းတိုက်ပွဲကြောင့် ရွာသစ်မြို့၊ မော် ချီး နှင့် မဲစဲ့မြို့နယ်တို့မှ စစ်ကောင်စီတပ်များ တပ်ဆုတ်လာကာ လွိုင်ကော်မြို့သို့ တပ်အင်အား ဖြည့် တင်းရကြောင်း၊ ၁၁၁၁ စစ်ဆင်ရေး အရှိန်ဖြင့် စစ်ကောင်စီတပ်ဘက်မှ မြို့နယ်များ နှင့် ရှေ့တန်း စခန်း အချို့ကို လက်လွတ်ခဲ့ရသည့်အပြင် သံလွင်အရှေ့ဘက်ကမ်းရှိ စစ်ကောင်စီ ရှေ့တန်း စခန်း ကုန်းများ၊ နယ်စပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များမှ ဆက်လက်တိုက်ခိုက်သိမ်းပိုက်သဖြင့် နယ်မြေထိန်းချုပ်နိုင်မှု အခြေအနေ မရှိတော့ဘဲ တပ်ဆုတ်ထွက်ပြေးသွားကြောင်း သိရသည်။", "၁၁၁၁ စစ်ဆင်ရေး နောက်ပိုင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ၏ စိုမိုးနယ်မြေများမှာ ပိုမိုကျယ်ပြန့် လာပြီး ကရင်နီပြည်တဝှမ်းလုံးတွင် စိုးမိုးတပ်ဖြန့်နိုင်သဖြင့် စစ်ကောင်စီတပ်များသည် ၄င်းတို့ တပ် များတည်ရှိသော နေရာ အနည်းငယ်တွင်သာ နယ်မြေစိုးမိုးနိုင်တော့ကြောင်း ကရင်နီတော်လှန် ရေးတပ်ပါင်းစုက ထုတ်ပြန်ထားသည်။", "၁၁၁၁ စစ်ဆင်ရေး စတင်ပြီးနောက် ကရင်နီပြည်နယ်ရှိ မယ်စဲ့၊ဒီးမော့ဆို၊ ရွာသစ်၊ရှားတောနှင့် မော် ချီး၊ မိုးဗြဲ စသည့် မြို့ ၆ မြို့ကို တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ၁၁၁၁ စစ် ဆင် ရေးနောက်ပိုင်း စစ်ကောင်စီမှ စွန့်ခွာ တပ်ဆုတ်သွားသော စခန်း (၁၆) ခုရှိခဲ့ကြောင်း သိရသည်။", "ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သော စစ်ကောင်စီတပ်စခန်းများမှာ လွိုင် ကော်မြို့နယ်တွင် စခန်း ၁၂ ခု၊ ဒီးမော့ဆိုမြို့နယ်တွင် စခန်း ၁၃ ခု၊ ဖားဆောင်မြို့နယ်တွင် စခန်း ၉ ခု၊ ဘောလခဲမြို့နယ်တွင် စခန်း ၅ ခု၊ ရှားတောမြို့နယ်တွင် စခန်း ၇ ခု၊ ဖယ်ခုံမြို့နယ်တွင် ၁၇ ခု၊မယ် စဲ့မြို့နယ်တွင် ၁ ခု နှင့် ဖရူဆိုမြို့နယ်တွင် ၁ ခု စုစုပေါင်း တပ်စခန်း ၆၅ ခုဖြစ်ကြောင်း သိရသည်။", "ကရင်နီပြည်အတွင်းရှိ တော်လှန်ရေးအင်အားစုများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စည်းလုံး ညီညွှတ်မှုနှင့် ပြည်သူများ၏ ကူညီထောက်ပံ့မှု၊ အားပေး ထောက်ခံမှုတို့ကြောင့် မြို့သိမ်း တိုက်ပွဲ များနှင့် စခန်းသိမ်းတိုက်ပွဲများအောင်မြင်မှုရရှိခြင်းဖြစ်ပြီး တော်လှန်ရေးအတွင်း အသက်ပေး သွား သော တော်လှန်ရေးရဲဘော်များ၊ ရဟန်းရှင်လူများနှင့်ပျက်စီးသွားသော ပြည်သူလူထု ၏ အသက် အိုးအိမ် စည်းစိမ်များ အပေါ် တိုင်တည်ပြီး အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တော်လှန် တိုက်ခိုက် သွားမည်ဖြစ်ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ကတိပြုထားသည်။"]
https://yktnews.com/2023/11/131800/
ကရင်နီပြည်နယ် ကြားကာလလွှတ်တော်ကို ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထား
["ကရင်နီပြည်နယ် ကြားကာလလွှတ်တော်ကို ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထား", "စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနှင့် မကွေးတိုင်း လွှတ်တော် အစည်းအဝေးတွင် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေကို အတည်ပြု ပြဌာန်း", "ရန်ကုန်၊ နိုဝင်ဘာ ၁၇", "ကရင်နီပြည်နယ် ကြားကာလလွှတ်တော်ကို ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။", "ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (Karenni State Consultative Council) ဖွဲ့စည်းသောအခါ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကရင်နီပြည်နယ်၏ နိုင်ငံရေး ဦးဆောင်မှုတွင် အရေးပါသောထောက်တိုင်တစ်ရပ်အဖြစ်ရပ်တည်ပြီး ပြည်နယ်အတွင်းရှိ အခြားသော တော်လှန်ရေး အင်အားစုများနှင့်အတူ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အဖြစ်ပါဝင်ခဲ့ကြောင်း၊ ထို့ပြင် စစ်ကောင်စီနှင့်ပူးပေါင်းခြင်းမရှိသော အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကို ကရင်နီပြည်နယ်၏ နိုင်ငံရေးအခင်းအကျဉ်းတွင် ဆက်လက်ပါဝင်နိုင်ရေးအတွက် ကရင်နီပြည်နယ် ကြားကာလအစီအမံတွင် ဥပဒေပြုရေး ကော်မတီ အဖြစ် ထည့်သွင်း ပြဋ္ဌာန်းထားရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ ကရင်နီပြည်နယ် ကြားကာလအစီအမံအရ ဥပဒေပြုရေးကော်မတီကို ပေးအပ် ထားသော လုပ်ပိုင်ခွင့်အာဏာများသည် လွှတ်တော်တစ်ရပ်၏ အခွင့်အာဏာများနှင့် ညီညွတ်နေခြင်းကြောင့် သော်လည်းကောင်း၊ နိုင်ငံရေးအရ မဏ္ဍိုင်ကြီး ၃ ရပ်တွင် တစ်ခု အပါအဝင် ဖြစ်နေခြင်းကြောင့် သော်လည်းကောင်း ကရင်နီပြည်နယ် ကြားကာလ ဥပဒေပြုရေး ကော်မတီကို ကရင်နီပြည်နယ် ကြားကာလလွှတ်တော် အဖြစ် အမည်ပြောင်းလဲ ခေါ်ဝေါ်သုံးစွဲရန် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) သို့ အဆိုပြုတင်သွင်းခဲ့ပြီး မူအရ သဘောတူညီမှုရရှိခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် ကရင်နီပြည်နယ် ကြားကာလလွှတ်တော် ပြောင်းလဲပြီး လွှတ်တော်ဆိုင်ရာ လုပ်ငန်းစဉ်များကို အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။", "ကရင်နီပြည်နယ် ကြားကာလ လွှတ်တော်ကို ဥက္ကဠ၊ ဒုဥက္ကဠ ၁ ၊ ဒုက္ကဠ ၂ အပါအဝင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးဖြင့် ကနဦး ဖွဲ့စည်းထား​ပြီး ဥပဒေပြုရေး မဏ္ဍိုင်တစ်ရပ်အဖြစ် ကြားကာလ အတွင်း ကရင်နီပြည်နယ်အတွက် လိုအပ်သော ဥပဒေပြုခြင်း၊ မဲဆန္ဒရှင် ပြည်သူလူထုများအား ကိုယ်စားပြုခြင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်များအား စောင့်ကြည့်ထိန်းညှိမှုပြုခြင်း စသည့်လုပ်ငန်းစဉ်များဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။", "ကြားကာလ လွှတ်တော်သည် ပြည်သူလူထုအား အကာအကွယ်ပြုသည့် ဥပဒေများနှင့် အခြားကျင့်သုံးနိုင်ရန် လိုအပ်သည့် ဥပဒေများအား ရေးဆွဲပြဋ္ဌာန်းခြင်း ၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်တို့ကို စောင့်ကြည့်ထိန်းညှိခြင်း ၊ ကရင်နီပြည်နယ်အတွင်းရှိ နိုင်ငံရေးအင်အားစုများ၏ ညီညွတ်ရေးနှင့် ပူးပေါင်း ပါဝင်ရေးကို ဆောင်ရွက်ခြင်း ၊ ပြည်တွင်း၊ ပြည်ပရှိ နိုင်ငံရေးအင်အားစုများနှင့် ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်ခြင်း ၊ ပြည်သူလူထု၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန်အတွက် သက်ဆိုင်ရာအစုအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း စသည့် လုပ်န်းစဥ် ၅ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။", "ကရင်နီပြည်နယ် ကြားကာလလွှတ်တော်သည် ပြည်သူလူထုနှင့်အတူ အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီစနစ် ထွန်းကားရေးနှင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို အစဉ်ရပ်တည် ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း လွှတ်တော်၊ တနင်္သာရီတိုင်း လွှတ်တော်နှင့် မကွေးတိုင်း လွှတ်တော်တို့သည် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အနာဂတ် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တည်ဆောက် နိုင်ရေးအတွက် အလွန်အရေးကြီးသော ကြားကာလအစီအမံ၊ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ဥပဒေအား အတည်ပြု ပြဌာန်းနိုင်ခဲ့သည့်အတွက် ပြည်သူများကိုယ်စား မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့် များစွာ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ထုတ်ပြန်ထားသည်။", "လွှတ်တော်အချင်းချင်းအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် ပြည်ထောင်စုအဖွဲ့ဝင် ဒီမိုကရေစီ ဖက်ဒရယ်စနစ်တစ်ရပ် ပေါ်ပေါက်လာရေးအတွက် ပူးပေါင်းဆောင် ရွက်ရေးတို့သည် အပြန်အလှန် အားရကျေနပ်မှုရှိစွာ ဆက်လက်ဖွံ့ဖြိုး တိုးတက်နေမည် ဟု ခိုင်မြဲစွာ ယုံကြည်ကြောင်း၊ မန္တလေးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ယနေ့ကျင်းပသည့် အစည်းအဝေးသည် စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနှင့် မကွေးတိုင်းတို့တွင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အလွန်အရေးပါသည့် ခြေလှမ်းတစ်ရပ် ဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း သဝဏ်လွှာ ပေးပို့ထားသည်ဟု သိရသည်။"]
https://yktnews.com/2024/03/152444/
ကရင်နီပြည်နယ် စစ်ဘေးရှောင် ပြည်သူများအတွက် ဆန်များလှူဒါန်းပွဲပြုလုပ်
["ကရင်နီပြည်နယ် စစ်ဘေးရှောင် ပြည်သူများအတွက် ဆန်များလှူဒါန်းပွဲပြုလုပ်", "ရန်ကုန်၊ မတ် ၂၄", "ကရင်နီပြည်နယ် ဒီမောဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်မိသားစု ၃၆ စုစာအတွက် S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က ယနေ့ မတ်လ ၂၄ရက်နေ့တွင် ဆန်များ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။"]
https://yktnews.com/2024/04/155788/
ကရင်နီပြည်နယ် စစ်ရှောင်စခန်းတစ်ခုတွင် ရေလှူဒါန်း
["ကရင်နီပြည်နယ် စစ်ရှောင်စခန်းတစ်ခုတွင် ရေလှူဒါန်း", "ရန်ကုန်၊ ဧပြီ ၈", "ကရင်နီပြည်နယ်ရှိ စစ်ရှောင်စခန်းတစ်ခုတွင် Karenni Humanita rian Team-KHTအဖွဲ့က အလှူရှင်ကိုယ်စား စစ်ရှောင်စခန်းမှ ပြည်သူများ ရေကို အဆင်ပြေပြေအသုံးပြုနိုင်စေရန် ရေလှူဒါန်းပေးခဲ့ကြောင်းသိရသည်။"]
https://yktnews.com/2024/05/162655/
ကရင်နီပြည်နယ် ဒီမောဆိုဘက်ခြမ်းရှိ ရွှေလင်းယုန်စစ်ဘေးရှောင်စခန်းကို စားနပ်ရိက္ခာနှင့် သောက်သုံးရေများ လှူဒါန်း
["ကရင်နီပြည်နယ် ဒီမောဆိုဘက်ခြမ်းရှိ ရွှေလင်းယုန်စစ်ဘေးရှောင်စခန်းကို စားနပ်ရိက္ခာနှင့် သောက်သုံးရေများ လှူဒါန်း", "ရန်ကုန်၊ မေ ၁၅", "ကရင်နီပြည်နယ် ဒီမောဆိုဘက်ခြမ်းရှိ ရွှေလင်းယုန်စစ်ဘေးရှောင်စခန်းအတွက် စားနပ်ရိက္ခာနှင့် သောက်သုံးရေများကို စစ်ရှောင်ကော်မတီက အလှူရှင်များဖြစ်သည့် ယော်ယော်နှင့်ပြည်ပရောက်သူငယ်ချင်းများကိုယ်စားသွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/125808/
ကရင်နီပြည်နယ် ရှေ့တန်း စစ်မျက်နှာပြင်တွင် အမျိုးသမီး စစ်သည်များပါ ပူးပေါင်း တာဝန် ထမ်းဆောင်နေ
["ကရင်နီပြည်နယ် ရှေ့တန်း စစ်မျက်နှာပြင်တွင် အမျိုးသမီး စစ်သည်များပါ ပူးပေါင်း တာဝန် ထမ်းဆောင်နေ", "ရန်ကုန်၊ အောက်တိုဘာ ၉", "ကရင်နီပြည်နယ် ရှေ့တန်း စစ်မျက်နှာပြင်တွင် အမျိုးသမီး စစ်သည်များပါ ပူးပေါင်း တာဝန် ထမ်းဆောင်နေကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်းအမှတ် ၅ က ထုတ်ပြန်ထားသည်။", "နွေဦးတော်လှန်ရေးတွင် အမျိုးသမီးများသည် အဖက်ဖက်မှ ပါဝင်ရုံတင် မကဘဲ KNDF ၏ ပထမဆုံး အမျိုးသမီးတပ်ခွဲ (တပ်ခွဲ – ၄ ) အဖြစ် တပ်ရင်း အမှတ် ၅ တွင် ပါဝင်လာသည်မှာ တစ်နှစ်‌ကျော်ပြီဖြစ်ကြောင်း သိရှိရသည်။", "အမျိုးသမီးများ ပါဝင်လာသည့် နိုင်ငံရေး၊ တော်လှန်ရေးကို ကြည့်ခြင်းအားဖြင့် နိုင်ငံရေး ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားလာသည်ကို ပြသနေခြင်းနှင့်အတူ ယနေ့ နွေဦးတော်လှန်ရေးသည် ယခင်လို တောခိုတော်လှန်ရေး မဟုတ်တော့ဘဲ အမျိုးသမီး‌‌များ အပါအဝင် နည်းပညာ‌‌များနှင့်အတူ လူထုက အင်တိုက်အားတိုက် ပါဝင်လာသည့် တော်လှန်ရေး တစ်ခုဖြစ်ကြောင်း၊ အမျိုးသမီးများ ခံစားခဲ့ရသည့် အကြမ်းဖက်မှုများ ၊ ဖိနှိပ်မှုများ ၊ ခွဲခြားဆက်ဆံများအတွက် နောင်တစ်ချိန် ဖယ်ဒရယ်စနစ် ထူထောင်သွားသည့်အခါ နိုင်ငံရေးစကားဝိုင်းများ ၊ ညှိနှိုင်းမှုများ ၊မူဝါဒများ ရေးဆွဲသည့် အခါ အမျိုးသမီးများ ပါဝင်နိုင်ရန် ဆက်၍ ကြိုးစားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/01/82134/
ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ ပြန်လည် ဖွဲ့စည်းရေးတွင် ပါဝင်မည့် အဖွဲ့အစည်းများက စစ်အာဏာရှင် တော်လှန်ရေး အစွမ်းကုန် တိုက်ပွဲဝင်မည်ဟု ထုတ်ပြန်
["ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ ပြန်လည် ဖွဲ့စည်းရေးတွင် ပါဝင်မည့် အဖွဲ့အစည်းများက စစ်အာဏာရှင် တော်လှန်ရေး အစွမ်းကုန် တိုက်ပွဲဝင်မည်ဟု ထုတ်ပြန်", "ရန်ကုန်၊ ဇန်နဝါရီ ၂၀", "ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ ပြန်လည် ဖွဲ့စည်းတွင် ပါဝင်မည့် အဖွဲ့အစည်းများက အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး အစွမ်းကုန် တိုက်ပွဲဝင်သွားမည်ဟု ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။", "ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ ပြည်လည်ဖွဲ့စည်းရေးတွင်ပါဝင်မည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ ကရင်နီပြည်နယ်ကြားကာလ ဥပဒေပြုရေးအဖွဲ့၊ ကရင်နီပြည်အမျိုးသမီးများအင်အားစု၊ ကရင်နီပြည်လူမျိုးစု လူငယ်အင်အားစုနှင့် ကရင်နီပြည်နယ် အရပ်ဖက်အဖွဲ့အစည်းတို့က ပြည်သူလူထုနှင့် တစ်သားတည်း အတူတကွ ရပ်တည်ပြီး စုပေါင်းခေါင်းဆောင်ခြင်းအား အခြေခံလျက် စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်အားလုံးချုပ်ငြိမ်းသည်အထိ နိုင်ငံရေး၊ စစ်ရေး၊ သံတမာန်ရေးရာ တိုက်ပွဲများတွင် အစွမ်းကုန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်​ ကြေညာထားသည်။", "ထို့ပြင် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီအတွင်းရှိ အဖွဲ့ဝင်အဖွဲ့အစည်းအားလုံးသည် စစ်အာဏာရှင်နှင့် အာဏာရှင်မှန်သမျှ အမြစ်ပြတ်ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ကရင်နီပြည်နယ်၏ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်နှင့် ပြည်နယ်အချုပ်အခြာ အာဏာ ပိုင်ဆိုင်ခွင့်တို့ကို တော်လှန်ရေးကာလကြားကာလမှ စတင်၍ အပြည့်အဝ အကောင်အထည် ဖော်ဆောင်ကျင့်သုံးသွားရန်လိုအပ်သည်ဟု ကြေညာချက်တွင်ပါရှိသည်။", "အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုသည် နိုင်ငံတော်၏ အာဏာကို မတရားသိမ်းယူရန်ကြိုးပမ်းခဲ့ပြီး အပြစ်မဲ့ ပြည်သူလူထုများအား ဥပဒေမဲ့ ဖမ်းဆီး အကျဥ်းချခြင်း၊ သတ်ဖြတ်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်း၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းစသော လူမဆန်သည့် လုပ်ရပ်များကို ရက်စက်စွာကျူးလွန်လျက်ရှိကြောင်း၊ နိုင်ငံအတွင်းရှိ လူငယ်များ၊ အမျိုးသမီးများ၊ ပြည်သူများ၊ အရပ်ဖက် အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ သပိတ်အဖွဲ့ဝင်များ၊ CDM များနှင့် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများမှ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးအတွက် အင်တိုက်အားတိုက် တိုက်ပွဲဝင်ကြကြောင်း ဖော်ပြထားသည်။"]
https://yktnews.com/2023/03/92853/
ကရင်နီပြည်နယ်တွင် ခလရ ၁၃၅ ရှေ့တန်းစခန်းကို သိမ်းပိုက်ပြီးနောက် စစ် သား အလောင်း ၃ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
["ကရင်နီပြည်နယ်တွင် ခလရ ၁၃၅ ရှေ့တန်းစခန်းကို သိမ်းပိုက်ပြီးနောက် စစ် သား အလောင်း ၃ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ", "ဖယ်ခုံမြို့နယ် ၈ ရက်တာတိုက်ပွဲတွင်း စစ်တပ်ဘက်မှ ၄၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ", "ရန်ကုန်၊ မတ် ၁၇", "ကရင်နီပြည်နယ်၊ သံလွင်အရှေ့ခြမ်းတွင် ခလရ ၁၃၅ ရှေ့တန်းစခန်းကို ကရင်နီ ကွန်မန်ဒိုတပ်ဖွဲ့က ဝင်ရောက်သိမ်းပိုက်ပြီးနောက် စစ်သားအလောင်း ၃ လောင်း နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောသည်။", "မတ်လ ၁၆ ရက်နေ့ ညနေ ၅ နာရီမှ ၆ နာရီအတွင်း ကရင်နီပြည် သံလွင် အရှေ့ ခြမ်း ရှိ ခလရ ၁၃၅ ရှေ့တန်းတပ်စခန်းတစ်ခုကို ကရင်နီကွန်မန်ဒိုတပ်ဖွဲ့က ဝင် ရောက် သိမ်း ဆည်းနိုင်ခဲ့ကြောင်း၊ ၎င်းတပ်စခန်းအတွင်း ခလရ ၁၃၅ တပ်မှ စစ်သား အလောင်း ၃ လောင်း သိမ်းဆည်းရမိပြီး လက်နက်မျိုးစုံ ၆ လက်၊ ခဲယမ်း များ၊ ဆက်သွယ်ရေးစက်ကြီးတစ် လုံး သိမ်းဆည်းရမိခဲ့ကြောင်း၊ ကျန် စစ် သားတချို့ ထွကတ်ပြေးသွားကြကြောင်း သိရှိရသည်။", "အလားတူ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ခေါင်အိကျေးရွာအုပ်စုအနီးတွင် ကရင် နီ တပ်ပေါင်းစုနှင့် ဖယ်ခုံဘက်သို့ စစ် ကြောင်း ထိုးလာသော စစ်ကောင်စီ တပ် များနှင့် ၈ ရက်တာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၄၅ ဦးသေဆုံး ကြောင်း ကရင်နီတပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။", "မတ်လ ၈ ရက်နေ့ ဖယ်ခုံမြို့နယ်၊ ခေါင်အိကျေးရွာအုပ်စုဘက်သို့ စစ်ကောင်စီ တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ မတ်လ ၁၆ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကို ဖယ်ခုံPDF1002 တပ်ရင်းနှင့်အတူ KNDF BO11၊ KA ၊ DMO LOCAL PDF ၊ ဖယ်ခုံ PDF 1006 တပ်ရင်း၊PDF မိုးဗြဲ 1001 ၊ SSLRU၊ 1008 ၊ 1004 ၊ KRU ၊ 1005 စသည့် မဟာမိတ်တပ်ပေါင်းအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ဖယ်ခုံ ၈ ရက်တာတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အရာရှိ အပါအဝင် စစ်သား ၄၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်း ဆည်းရမိကြောင်း၊ ဖယ်ခုံ PDF နှင့် မဟာ မိတ်တပ်ဖွဲ့များဘက်မှ ၈ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/209124/
ကရင်နီပြည်နယ်တွင် စစ်ကောင်စီ တပ်သား ၁ ဦးနှင့် စစ်မှုထမ်း တပ်သားသစ် ၃ ဦး လက်နက် ၁ လက် ယူဆောင်လာပြီး KNDF ထံ အလင်းဝင်
["ကရင်နီပြည်နယ်တွင် စစ်ကောင်စီ တပ်သား ၁ ဦးနှင့် စစ်မှုထမ်း တပ်သားသစ် ၃ ဦး လက်နက် ၁ လက် ယူဆောင်လာပြီး KNDF ထံ အလင်းဝင်", "ရန်ကုန်၊ မတ် ၂၇", "ကရင်နီပြည်နယ်တွင် စစ်ကောင်စီ တပ်သား ၁ ဦး နှင့် စစ်မှုထမ်း တပ်သားသစ် ၁ ဦး လက်နက် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KNDF တပ်ရင်း ၅ က ပြောဆိုသည်။", "မတ်လ ၂၆ ရက်နေ့တွင် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အမှတ် ၅ တပ်ရင်း တာဝန် ယူထားသော ရှေ့တန်းနယ်မြေမှ စစ်ကောင်စီ တပ်သား ၁ ဦးနှင့် စစ်မှုထမ်း တပ်သားသစ် ၃ ဦးသည် MA-1 အမျိုးအစား သေနတ် ၁ လက် နှင့် အတူ ထွက်ပြေးလာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အလင်းဝင်လာသော စစ်ကောင်စီ တပ်သားများသည် ၎င်းတို့ စိတ်ဆန္ဒအရ ဝင်ရောက်ခဲ့ခြင်းမဟုတ်ဘဲ အတင်းအဓမ္မ စုဆောင်းခံရပြီး တပ်တွင်း ရောက်လာရသူများဖြစ်ကာ စစ်ကောင်စီမှ သင်တန်း ပို့ချနေသည့် ကာလများတွင်လည်း ထွက်ပြေးရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြောင်း၊ သို့သော်လည်း လွတ်မြောက်ခြင်းမရှိဘဲ ရှေ့တန်းစစ်မြေပြင်သို့ အဓမ္မ ပို့ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်း ဝန်ခံ ထွက်ဆိုထားသည်ဟု KNDF တပ်ရင်း ၅ က ပြောဆိုသည်။", "တော်လှန်ရေး ကြာမြင့်လာသည်နှင့်အမျှ စစ်ကောင်စီ ဘက်တွင် စစ်ဆင်ရေးများ အထိနာ၍ တပ်သား ပျောက်ဆုံးမှုများ တိုးလာခြင်း၊ လူ့စွမ်းအား ပြတ်လပ်လာခြင်း စသည့် ပြဿနာများကြောင့် မတရား ဖမ်းဆီး၍ လူသစ်စုဆောင်းမှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းကို တွေ့ရှိရပြီး ထိုသို့ အတင်း အဓမ္မဖမ်းဆီးမှုများကြောင့် ထွက်ပြေး ဘတ်ပြောင်းသူများ ပိုမို များပြားလာကြောင်း သိရသည်။", "ဘတ်ပြောင်း ခိုလှုံလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို KNDF အမှတ် ၅ တပ်ရင်းက သက်ဆိုင်ရာ ဌာနသို့ လွှဲပြောင်း၍ လုံခြုံဘေးကင်းစွာ စောင့်ရှောက်ထားပြီး ဖြစ်ကြောင်း၊ ကျန်ရှိနေသော စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များအနေဖြင့် အာဏာရှင် စစ်ကောင်စီကို ကျောခိုင်း၍ ပြည်သူလူထုကို မျက်နှာမှုကာ လာရောက် ပူးပေါင်းကြရန် KNDF က ဖိတ်ခေါ်ထားသည်။"]
https://yktnews.com/2023/05/102852/
ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်သား စစ်သုံ့ပန်းများအပေါ် ကျင်စက်ဖြင့် တို့သည့် တော်လှန်ရေးရဲဘော်တချို့ကို KNDF က အရေးယူ
["ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်သား စစ်သုံ့ပန်းများအပေါ် ကျင်စက်ဖြင့် တို့သည့် တော်လှန်ရေးရဲဘော်တချို့ကို KNDF က အရေးယူ", "ရန်ကုန် ၊ မေ ၁၆", "ကရင်နီပြည်နယ်တွင် KNDF ၏ ရဲဘော်တစ်ဦးမှ စစ်သုံ့ပန်းတစ်ဦးကို ကျဉ်စက်ဖြင့် တို့နေသည့် ဗီဒီယိုတစ်ခု ဧပြီလ ၂၇ ရက်နေ့တွင် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီး အဆိုပါ ဗီဒီယိုပါ တော်လှန်ရေး ရဲဘော်နှင့် ‌ဘေးနားမှ နောက်ပြောင် ကျီဆယ်နေသူရဲဘော်များကို အရေးယူလိုက်ပြီဖြစ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က မေ ၁၅ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် သည်။", "စစ်ကောင်စီတပ်သားများကို ကျင်စက်ဖြင့် တို့သည့် အဆိုပါ ဖြစ်ရပ်ကို ကျူး လွန် သူ တော်လှန်ရေးရဲဘော်များသည် နှိပ်စက်ညှဉ်းပန်းလိုသည့်ရည်ရွယ် ချက်နှင့် ပြုလုပ်ခဲ့ခြင်းမဟုတ်ကြောင်း၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အနေနှင့် ပြည်သူလူထုမှ ပေါက်ဖွားလာပြီး ပြည်သူကို ညှဉ်းဆဲသတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ရင်ဆိုင်တိုက်ခိုက်နေသော၊ ပြည်သူလူထုကို အကြမ်းဖက်စစ်ကောင်စီ ၏ ရန်မှ ကာကွယ်နေသော အဖွဲ့အစည်း ဖြစ်ကြောင်း၊ KNDF တွင် စနစ်ကျနသည့် မူဝါဒများ၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်နေသည့်အဖွဲ့အစည်းဖြစ်ရာ KNDF မှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကိုလည်း ဂျီနီဗာကွန်ဗန်းရှင်း/KNDF၏စစ်သုံ့ပန်းဆိုင်ရာမူဝါဒ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း KNDF က ပြောသည်။", "လူ့အခွင့်အရေးနှင့် ဆန့်ကျင်ပြီး ပြည်သူလူထုနှင့် စစ်သုံ့ပန်းများကို နှိပ်စက်ညှဉ်းပန်းခြင်းကို တားမြစ်ပြီး ပြုလုပ်သူကိုလည်း သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်း ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။", "လက်တလော ‌လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံဗီဒီယိုနှင့် ပတ်သက်၍ အမှန်တရားနှင့်ငြိမ်းချမ်းရေးကို လိုလားသော ပြည်တွင်းပြည်ပမှ ပြည်သူများ၊ အဖွဲ့အစည်းများနှင့် နိုင်ငံများကို ဝမ်းနည်းစိတ် အနှောင့်အယှက်ဖြစ်စေသည့်အတွက် KNDF အနေဖြင့်လည်း ထပ်တူတပ်မျှ စိတ်မကောင်းဖြစ်ရပြီးအနူးအညွတ်ဝန်ချတောင်းပန်ထားသည်။", "KNDFအနေဖြင့် အမှန်တရားနှင့် ပြည်သူလူထုအတွက် ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ တရားမျှတမှုမရှိခြင်းနှင့် လူ့အခွင့် အရေးချိုးဖောက်မှု ပုံစံမှန်သမျှကို ကန့်ကွက်ရှုတ်ချပါကြောင်း KNDF က ပြည်သူ လူထုကို အသိပေးထားသည်။"]
https://yktnews.com/2023/06/109906/
ကရင်နီပြည်နယ်တွင် စစ်ကောင်စီဘက်တော်သား မဝင်ရောက်လာရေး၊ မူး ယစ် ဆေးဝါး သယ်ဆောင်မှုများ တားမြစ်ရေး တော်လှန်ရေး ပူးပေါင်းအဖွဲ့များ စစ်ဆေး
["ကရင်နီပြည်နယ်တွင် စစ်ကောင်စီဘက်တော်သား မဝင်ရောက်လာရေး၊ မူး ယစ် ဆေးဝါး သယ်ဆောင်မှုများ တားမြစ်ရေး တော်လှန်ရေး ပူးပေါင်းအဖွဲ့များ စစ်ဆေး", "ရန်ကုန်၊ ဇွန် ၂၇", "ကရင်နီပြည်နယ်တွင် စစ်ကောင်စီဘက်တော်သား မဝင်ရောက်လာရေး၊ မူး ယစ် ဆေးဝါး သယ်ဆောင်မှုများ တားမြစ်ရေး တော်လှန်ရေး ပူးပေါင်း အဖွဲ့ များ က ပူးပေါင်း စစ်ဆေးကြကြောင်း ကရင်နီပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။", "ကရင်နီပြည်နယ်အတွင်း ခရီးသွားလာပြည်သူများအကြားတွင် စစ်ကောင်စီ ဘက်တော်သားများနှင့် မူးယစ်ဆေးဝါးများ ပါဝင်ခြင်းမရှိစေရေး KSP I KNDF I PDF တို့က ပူးပေါင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/85233/
ကရင်နီပြည်နယ်တွင် ဇန်နဝါရီလအတွင်း တိုက်ပွဲ ၃၆ ကြိမ်ဖြစ်ပွားကာ စစ်သား ၂၂ ဦးသေဆုံးပြီး KNDF ရဲဘော် ၅ ဦး ကျဆုံး
["ကရင်နီပြည်နယ်တွင် ဇန်နဝါရီလအတွင်း တိုက်ပွဲ ၃၆ ကြိမ်ဖြစ်ပွားကာ စစ်သား ၂၂ ဦးသေဆုံးပြီး KNDF ရဲဘော် ၅ ဦး ကျဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၃", "ကရင်နီပြည်နယ်တွင် ဇန်နဝါရီလအတွင်း တိုက်ပွဲ ၃၆ ကြိမ် ဖြစ်ပွားကာ စစ်သား ၂၂ ဦးသေဆုံးပြီး KNDF ရဲဘော် ၅ ဦး ကျဆုံး​ခဲ့ကြောင်း KNDF ဗဟို သတင်းနှင့် ပြန်ကြားရေး ဌာနမှ သိရသည်။", "ဇန်နဝါရီလ ဒုတိယပတ်မှစ၍ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ၃ ကြောင်းသည် ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ စံပြ ၆ မိုင်နေရာအနီးတဝိုက်တွင် ၆ ရက်ကြာတိုက်ပွဲပြင်း ထန်ခဲ့ကြောင်း၊ ထိုမှတဆင့် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းဖြစ်သော ဇရပ်ဖြူကျေးရွာနှင့် နန်းဟူတွေ ကျေး ရွာ ဘက်သို့ ဇန်နဝါရီလ တတိယပတ်တွင် အကြမ်းဖက်စစ်တပ်မှ ဆက်လက်စစ်ကြောင်းထိုးခဲ့ရာ နန်း ဟူထွေကျေးရွာအနီးတွင် တိုက်ပွဲပြင်းနေသည်မှာ ယနေ့အထိဖြစ်ကြောင်း သိရသည်။", "အလားတူ လွိုင်ကော်မြို့နယ်၊ အရှေ့ဘက်ခြမ်းသို့ ဇန်နဝါရီလ ၁၉ ရက်နေ့ မှစ၍ အကြမ်းဖက် စစ် ကောင်စီတပ်မှ စစ်ကြောင်းထိုးခဲ့ရာ လွိုင်ကော်အရှေ့ခြမ်းနှင့် ရှားတောမြို့နယ် နယ်စပ်တို့တွင် ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။", "ဇန်နဝါရီလ ၂၀ ရက်နေ့ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဗျူဟာ မြောက် မယ့်စလောင်းတောင် စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ချေမှုန်းတိုက်ခိုက်သိမ်း တိုက်ပွဲ ဆင်နွှဲခဲ့ရာ ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်ခစစ်သား ၅ ဦးသေဆုံးကာ အကြမ်းဖက် စစ်တပ်မှ အသုံး ပြုသော လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ခဲယမ်းအမြောက်အမြား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရ သည်။", "ကရင်နီတပ်မတော် (KA) ၊ KNDF နှင့် မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်များမှ ကရင်နီပြည်နယ် အ တွင်းရှိ ဖယ်ခုံမြို့နယ်အပါအဝင် ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ လွိုင်ကော်မြို့နှင့် ဖားဆောင်းမြို့နယ်တို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းများ၊ ကင်းပုန်းစခန်းများ၊ စစ်ဆေးရေး ဂိတ်များ၊ ရှေ့တန်းစခန်းများ၊ လှုပ်ရှားစစ်ကြောင်းများကို၊ ချေမှုန်းတိုက်ခိုက်ခြင်း၊ ရှောင်တခင်တိုက် ခိုက်ခြင်း၊ ပျောက်ကြားတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့်တိုက်ခိုက်ခြင်း၊ ဒရုန်းများဖြင့်တိုက်ခိုက်ခြင်း၊ စခန်းသိမ်းတိုက်ခိုက်ခြင်းများကို ဇန်နဝါရီလ တစ်လတာအတွင်း အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ သည်ဟု ဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ဇန်နဝါရီလ ၂၂၊ ၂၃ ၊ ၂၄ ရက်နေ့တို့တွင် သည် လွိုင်ကော်မြို့၊ တီးလုံ ကျေးရွာ အုပ်စုရှိ စစ်ရှောင်စခန်းနှင့် ကျေးရွာများသို့ လေကြောင်းဖြင့် ၄ ကြိမ်တိတိ ဗုံးကြဲခဲ့ကြောင်း၊ အလားတူ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ လွိုင်ကော်မြို့၊ ဘော်လခဲမြို့နယ် နှင့် ရွာသစ်မြို့နယ်ခွဲတို့ အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်တပ်၏‌ လေကြောင်းမှ တိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများကြောင့် ပြည်သူ များ နေအိမ်ထိုင်ရာ နေအိမ် ၅ လုံး ၊ ဘုန်းကြီးကျောင်း ၂ ကျောင်း၊ ဘုရားစေတီ တစ်ဆူ ထိခိုက်ပျက် စီးခဲ့ကြောင်း၊ အရပ်သား ပြည်သူ ၁ ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ရကာ ၅ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/08/177148/
ကရင်နီပြည်နယ်တွင် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်သား ၅၀ ဦး သေဆုံးပြီး လက်နက် ၃၄ လက် သိမ်းဆည်းရရှိ
["ကရင်နီပြည်နယ်တွင် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်သား ၅၀ ဦး သေဆုံးပြီး လက်နက် ၃၄ လက် သိမ်းဆည်းရရှိ", "လွိုင်ကော်မြို့ပေါ်ရှိ နေအိမ် အလုံး ၉၀ ကျော်ကို စစ်တပ်က ဗုံးကျဲ မီးရှို့ ဖျက်ဆီး", "ရန်ကုန်၊ ဩဂုတ် ၃", "ကရင်နီပြည်နယ်တွင် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ အကြမ်းဖက် စစ်သား ၅၀ ဦး သေဆုံးပြီး လက်နက် ၃၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNDF ဗဟိုက ထုတ်ပြန်ထားသည်။", "ဇူလိုင်လ ၄ ရက်နေ့တွင် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်၊ ရွာတန်းရှည် ၊ GTC ကျောင်း၊ မြကလပ်တောင်၊ ထူဒူငံသ နှင့် ပန်ကန်းတို့ဘက်သို့ အင်အား ဖြည့်တင်းပြီး စစ်မျက်နှာများ ဖြန့်ခွဲကာ ဝင်ရောက်လာသော အကြမ်းဖက် စစ်သားများနှင့် ဇူလိုင်လ ၁ လ လုံး တိုက်ပွဲဖြစ်ပွားခဲ့ကာ အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ငယ် ၄ လက်နှင့် ခဲယမ်း မီးကျောက်များ ၊ အသုံးဆောင်များ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ပွဲကာအတွင်း အကြမ်းဖက်စစ်သား ၁ ဦး သေနတ် ၁ လက်နှင့်အတူ KNDF ထံ လာ ရောက်အလင်းဝင်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် နာနတ်တော ၊ ထေးငှားလျားရပ်ကွက် နှင့် ဘာဒိုကျေးရွာ ၊ ထီရိကျေးရွာများ ဘက်တွင် စစ်ကြောင်းထိုး တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို KNDF က တန်ပြန် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ထိတွေ့တိုက်ပွဲများ ကြိုကြားဖြစ်ပွားခဲ့ကြောင်း သိရသည်။", "ရှမ်းပြည်နယ်တောင်ပိုင်းမှ ကရင်နီပြည်နယ်ဘက်သို့ ဦးတည်လာသော စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ပူးပေါင်း အင်အား ၅၀၀ ကျော်ပါ စစ်ကြောင်းသည် ဇွန်လ ၁၅ ရက်နေ့မှ ဇူလိုင်လ ၁၅ ရက်နေ့ထိ တစ်လကြာ ပင်လောင်းဘက်မှ ဆောင်းပြောင်း ၊ နောင်ဝိုးဘက်သို့ စစ်ကြောင်းထိုးလာခြင်းကြောင့် ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်များက ဇွန်လ ၃၀ ရက်နေ့မှစ၍ တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇူလိုင်လ ၂ ရက်နေ့ အထိ ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်း စစ်ကြောင်းဘက်မှ ၂၀ ဦး နီးပါး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "အလားတူ ဆောင်းပြောင်းရှိ အထိုင်စခန်းကုန်း ၁ ခု နှင့် ရဲစခန်းတို့အား ကရင်နီတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့မှ သိမ်းပိုက် မီးရှိရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ငယ်စုံ ၁၅ လက်နှင့် ခဲယမ်း မီးကျောက်များ ၊ အသုံးအဆောင်များအား သိမ်းဆည်းရရှိခဲ့သည့်အပြင် စစ်သုံ့ပန်းများလည်း ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။", "နောင်ဝိုးဘက်ထိ ရောက်ရှိလာသော စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်း စစ်ကြောင်းများသည် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များ၏ တန်ပြန်တိုက်ခိုက်မှုများကြောင့် အထိခိုက်များစွာဖြင့် ဆောင်းပြောင်းဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း၊ ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ ညောင်ရွှေမြို့နယ် နှင့် ဖယ်ခုံမြို့နယ် အစပ်တွင်ရှိသော မှော်ဘီ – ဆီဆိုင် လမ်းပိုင်းပေါ်ရှိ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ပူးပေါင်းထားသော လွယ်လုံစခန်းကုန်း ၊ စစ်ဆေးရေးဂိတ်တို့ကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စခန်းကုန်း ၂ ခုနှင့် စစ်ဆေးရေးဂိတ်တို့ကို မီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား ၃၀ ကျော် သေဆုံးပြီး ၎င်းတို့ထံမှ လက်နက်ငယ် ၁၅ လက်နှင့် ခဲယမ်း ၊မီးကျောက်များ ၊ အသုံး အဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "ဇူလိုင်လ ၁ လတာ အတွင်းနှင့် လက်ရှိချိန်ထိ ဆောင်းပြောင်း ၊ ဖယ်ခုံနှင့် ညောင်ရွှေ နယ်စပ်ရှိ စံကား နှင့် မှော်ဘီ ဘက်တို့တွင် စစ်ကောင်စီ၏ စစ်ကြောင်းများ ဆက်ရှိနေ၍ နေ့စဉ် နီးပါး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း KNDF ဗဟိုက ပြောဆိုသည်။", "ဖားဆောင်းမြို့ရှိ စစ်ကောင်စီ၏ အခြေစိုက်တပ်များနှင့် ကာကင်းစခန်းများကို ကရင်နီတော်လှန်ရေး တပ်ဖွဲ့များက စဉ်ဆက်မပြတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ထိတွေ့ တိုက်ပွဲများ ကြိုကြား ကြိုကြား ဖြစ်ပွားခဲ့ကြောင်း၊ ထို့အတူ ဒီးမောဆိုမြို့နယ် အခြေစိုက်စစ်ကောင်စီ၏ အမှတ် ၄၂၇ တပ်ဘက်မှ စစ်ကြောင်းတစ်ခုသည် ဒီးမော့ဆို – ၆ မိုင်လမ်းမကြီးပေါ် ရှိ ဒေါခလိုက်လင်းကျေးရွာဘက်သို့ ဇူလိုင်လ ၂၂ ရက်နေ့တွင် ရောက်ရှိလာပြီး ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တန်ပြန် တိုက်ခိုက် ခဲ့ရာ ထိတွေ့တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။", "ကရင်နီပြည်နယ်တွင် ဇူလိုင်လ ၁ လတာအတွင်း လွိင်ကော် ၊ ဖားဆောင်း နှင့် ဒီးမော့ဆိုမြို့ နယ်များတွင် လည်းကောင်း၊ ကရင်နီနှင့် ရှမ်းတောင် နယ်စပ် ဖယ်ခုံ ၊ ပင်လောင်း ၊ ညောင်ရွှေမြို့နယ်များ တွင် လည်းကောာင်း၊ လွိုင်ကော်မြို့ ထေးငှားလျား ၊ နာနတ်တော ၊ဘာဒို ၊ ထီရိ ၊ မိုင်းလုံး ၊ ရွာတန်းရှည် ၊ ထူဒူငံသ နှင့် ပန်ကန်း ရပ်ကွက်/ကျေးရွာများ တစ်လျှောက်တွင်လည်းကောင်း အကြမ်းဖက်စစ်‌ ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတောင်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ အကြား တိုက်ပွဲဖြစ်ခဲ့ပြီး ယင်းတိုက်ပွဲ များအတွင်း အသက်ပေးသွားခဲ့ရသည့် KNDF ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ် အစဉ်အမြဲ လေးစားမှတ်တမ်းတင်ထားမည်ဖြစ်ကြောင်း KNDF ဗဟိုက ထုတ်ပြန်ထားသည်။", "လွိင်ကော်မြို့ တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးများ ၊ ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်မှု ကြောင့် ပြည်သူ ၅ ဦး အထက် သေဆုံးမှုရှိနိုင်ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း၊ ထို့အတူ စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုင်ခြင်း နှင့် မီးရှို့ဖျက်ဆီးခြင်းများကြောင့် လွိုင် ကော်မြို့၊ မိုင်းလုံး ၊ ရွာတန်းရှည် ၊ ပန်ကန်းတစ်လျှောက်ရှိ ပြည်သူလူထု နေအိမ် ၉၀ ကျော် မီးလောင် ပျက်ဆီးခဲ့ရကြောင်း သိရသည်။", "ထို့ပြင် ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း တစ်ခုကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်လာ ရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်နေအိမ် ၅ လုံးခန့်နှင့် စာသင်ကျောင်းတစ်ခု ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/130995/
ကရင်နီပြည်နယ်တွင် တော်လှန်ရေးတပ်များက ပစ်ချခဲ့မှုကြောင့် ပျက်ကျသွားသည့် စစ်တိုက်လေယာဉ်မှ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ
["ကရင်နီပြည်နယ်တွင် တော်လှန်ရေးတပ်များက ပစ်ချခဲ့မှုကြောင့် ပျက်ကျသွားသည့် စစ်တိုက်လေယာဉ်မှ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၁၂", "ကရင်နီပြည်နယ်တွင် တော်လှန်ရေးတပ်များက ပစ်ချခဲ့မှုကြောင့် ပျက်ကျသွားသည့် စစ်တိုက်လေယာဉ်မှ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။", "ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည် တော်တိုင်း စစ်ဌာန တပ်ရင်းများက သိမ်းဆည်းရမိသည့် စစ်လေယာဥ်သုံး ဆက်စပ်ပစ္စည်းများမှာ-", "(၁) လေထီး ၁ စုံ", "(၂) ကယ်ဆယ်ရေး လေထိုးလှေငယ် ၁ စင်း", "(၃) စကားပြောစက်ကြီး ၁ လုံး", "(၄) လက်ကိုင်စကားပြောစက် ၁ ခု", "(၅) လေယာဉ်မှူးထိုင်ခုံ ၁ ပိုင်း", "(၆) အသက်ရှုအောက်ဆီဂျင်စက် ၁ စုံ", "(၇) Helmet ၁ လုံး", "(၈) ဆေးဝါးများ၊ ဓာတ်စာများ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။", "ယမန်နေ့ တော်လှန်ရေးတပ်ဖွဲ့မှ ပစ်ချလိုက်သည့် တိုက်လေယာဉ်မှ လေယာဉ်မှူး ၂ ဦးသည် အသက်အန္တရာယ်လွတ်မြောက်သွားခဲ့ပြီး တော်လှန်ရေးတပ်များနှင့် စစ်တပ်ဘက် လိုက်လံရှာဖွေလျက်ရှိကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ် ဇော်မင်းထွန်းက တိုက်လေယာဉ်သည် ကယားပြည်နယ်တွင် လေ့ကျင့်ပျံသန်းရင်း စက်ချို့ယွင်းမှုကြောင့် ပျက်စီးခဲ့ရကြောင်း၊ လေယာဉ်မှူး တွဲဖက်လေယာဉ်မှူး ၂ ဦးလုံးနှင့် အဆက်အသွယ်ရရှိကြောင်း သတင်းအမှန်ကို ဗြောင်လိမ်၍ သတင်းထုတ်ပြန်ခဲ့သည်။"]
https://yktnews.com/2023/07/115145/
ကရင်နီပြည်နယ်တွင် ပစ်ချခံခဲ့ရသော K8W တိုက်လေယာဉ်ကို မောင်းနှင်ရင်း သေဆုံးခဲ့သော ဗိုလ်ကြီးသော်ဇင်နှင့် ဗိုလ်အောင်ဖြိုးကျော်တို့ကို မင်းအောင် လှိုင် က ရာထူးတိုးဖြင့် သူရဘွဲ့ ချီးမြှင့်
["ကရင်နီပြည်နယ်တွင် ပစ်ချခံခဲ့ရသော K8W တိုက်လေယာဉ်ကို မောင်းနှင်ရင်း သေဆုံးခဲ့သော ဗိုလ်ကြီးသော်ဇင်နှင့် ဗိုလ်အောင်ဖြိုးကျော်တို့ကို မင်းအောင် လှိုင် က ရာထူးတိုးဖြင့် သူရဘွဲ့ ချီးမြှင့်", "ရန်ကုန်၊ ဇူလိုင် ၂၇", "ကရင်နီပြည်နယ်တွင် ပစ်ချခံခဲ့ရသော K8W တိုက်လေယာဉ်ကို မောင်းနှင်ရင်း သေဆုံးခဲ့သော ဗိုလ်ကြီးသော်ဇင်နှင့် ဗိုလ်အောင်ဖြိုးကျော်တို့ကို မင်းအောင် လှိုင် က ရာထူးတိုးပြီး သူရဘွဲ့ ချီးမြှင့်ခဲ့ကြောင်း ကရင်နီပြည်လူမျိုး ပေါင်းစုံပြည် သူ့ လွတ် မြောက် ရေးတပ်ဦး(ကလလတ)၊ စစ်ဦးစီးဌာနက ယနေ့တရားဝင် သတင်းထုတ်ပြန်သည်။", "ဇွန်လ ၃၀ ရက်နေ့ ကရင်နီပြညန်ယ်၊ ရွာသစ်ဒေသအနီးတိုက်ပွဲတွင် စစ်ကောင် စီ ၏ တိုက်လေ ယာဉ်တစ်စင်းကို ကလလတ တပ်ဖွဲ့များနှင့် ပူးပေါင်းတပ်ဖွဲ့ များ က ပစ်ခတ်ခဲ့ကြကြောင်း၊ မီးခိုးများ စွာထွက်၍ ပျက်ကျသွားကြောင်း သက် ဆိုင်ရာ တပ်ဖွဲ့တပ်မှူးများက နိုင်ငံရေးဌာန နှင့် စစ်ဦးစီးဌာနသို့ အစီရင်ခံခဲ့ ကြောင်း၊ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး လိုအပ်သော စုံစမ်းထောက် လှမ်း မှုများကို ပြုလုပ်နေခဲ့ကြောင်း၊ ယခုအခါ ရရှိလာသော အချက်အလက် များက ထိုဖြစ်ရပ်ထိုသတင်း တိကျခိုင်လုံစွာ သိရှိလာရ ပြီဖြစ်သဖြင့် တရားဝင် သတင်း ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ကရင်နီပြည်နယ်တွင် ပစ်ချခဲ့သော တိုက်လေယာဉ်အမျိုးအစားမှာ K-8W ဖြစ်ပြီး လေယာဉ်အမှတ် (၃၉၃၅) ဖြစ်ကြောင်း၊ ထိုလေ ယာဉ်ကို ဗိုလ်ကြီး သော်ဇင်၊ ဗိုလ်အောင်ဖြိုးကျော် တို့က မောင်းနှင်ခဲ့ပြီး တောင်ငူလေယာဉ် ကွင်းက နေပျံတက်လာကြောင်း၊ ရွာသစ်ဒေသ အရှေ့ဖက်တောတွင်းသို့ ထိုးကျပျက်စီးသွားသော ထိုလေယာဉ်ပျက်ကို မိမိတို့ ဒရုန်းတပ်ဖွဲ့က ဓာတ်ပုံ ရိုက်ယူရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း ရှင်းလင်းသော မြင်ကွင်းအထိ ချဉ်း ကပ်ရန် မလွယ်ကူသဖြင့် အဝေးကသာ မှတ်တမ်းတင်ဓာတ်ပုံအချို့ ရိုက်ယူ နိုင် ခဲ့ ကြောင်း၊ ထိုလေယာဉ်ပျက်ကျရာ ဒေသတဝိုက်ကို (စကစ) စစ်တပ်က လုံခြုံ ရေး တင်းကြပ်စွာချကာ အပူတပြင်းရှာဖွေပြီး လေယာဉ်အပျက် အစီး များ ကို တစမကျန် ကောက် ယူသွားကြောင်း သိရှိရသည်။", "ထို K-8W တိုက်လေယာဉ်၊ လေယာဉ်အမှတ် (၃၉၃၅)နှင့် တစ်ပါတည်း ပျက် ကျ သေဆုံးသွားသော ဗိုလ်ကြီး သော်ဇင်(လေ) နှင့် ဗိုလ်အောင်ဖြိုးကျော်တို့ကို ဇူလိုင်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သော စစ်ကောင်စီ၏ အမိန့် ကြော် ငြာစာအမှတ် ၁၂၅/၂၀၂၃ အရ အဆင့်တိုးရာထူးကိုယ်စီဖြင့် “သူရဘွဲ့” နှင့် “သူရဲကောင်းမှတ်တမ်းဝင်တံ ဆိပ်” များ ပေးအပ်ထားကြောင်း သိရှိရသည်။", "သေဆုံးသွားသော ဗိုလ်ကြီးသော်ဇင် ကို “ဗိုလ်မှူး/သူရဘွဲ့” ပေးအပ်ပြီး၊ ဗိုလ် အောင် ဖြိုးကျော်ကို “ဗိုလ်ကြီး/ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်” ပေးအပ် ခဲ့ကြောင်း၊ စစ်ကောင်စီတိုက်လေယာဉ်ကို ရှိသမျှလက် နက်ငယ်များဖြင့် စုံပြုံပစ် ခတ်ခဲ့ရကြောင်း၊လေယာဉ်ကိုပစ်ခတ်နိုင်သော လက်နက်အမျိုးအ စားမရှိသော်လည်း သူသေငါရှင် ရုတ်တရက်ကြုံရသော ဖြစ်ရပ်တွင် တပ်ဖွဲ့ဝင် တပ်မှူးတပ်သား များက ရှိသမျှ လက်နက်ငယ်များဖြင့် ယခုကဲ့သို့ ရဲရဲရင့်ရင့် ရင်ဆိုင်ပစ်ခတ်ခဲ့သဖြင့် တိုက်လေယာဉ် K-8W ပျက် ကျသွားရခြင်း ဖြစ် ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/111474/
ကရင်နီပြည်နယ်တွင် ပစ်ချခံခဲ့ရသော စစ်ကောင်စီတိုက်လေယာဉ်ပျက် နေရာကို ဒရုန်းဖြင့် ဓာတ်ပုံ ရိုက်ကူးခွင့်ရရှိခဲ့ပြီး လေယာဉ်ပျက်အပိုင်းအစများ မရှိတော့
["ကရင်နီပြည်နယ်တွင် ပစ်ချခံခဲ့ရသော စစ်ကောင်စီတိုက်လေယာဉ်ပျက် နေရာကို ဒရုန်းဖြင့် ဓာတ်ပုံ ရိုက်ကူးခွင့်ရရှိခဲ့ပြီး လေယာဉ်ပျက်အပိုင်းအစများ မရှိတော့", "ရန်ကုန်၊ ဇူလိုင် ၆", "ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲတွင် ကရင်နီတပ်များက ပစ်ချလိုက်သော စစ်ကောင်စီတပ်၏ လေယာဉ်ပျက်နေရာကို ဒရုန်းဖြင့် ဓာတ်ပုံရိုက်ကူးနိုင်ခဲ့ပြီး အဆိုပါ ဓာတ်ပုံ များ ကို ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး-ကလလတ ၉၄၂၂ တပ်ရင်းက တရားဝင် ထုတ်ပြန်သည်။", "ဇွန်၃၀ ရက်နေ့တွင် တာဆန်းလဲကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ တိုက်လေယာဉ် ၁ စီး အနိမ့်ပျံသန်းလာစဉ် ကရင်နီ ပူးပေါင်းတပ်များက ပစ်ချခဲ့ပြီး လေယာဉ်မှာ ပျက်ကျခဲ့ကြောင်း၊ ယင်းပျက်သည့်နေရာကို စစ်ကောင်စီတပ်များက ဝန်းရံခဲ့ပြီး ကရင်နီ တော်လှန်ရေး တပ်များ မရောက်ရှိစေရန် တားဆီးခဲ့ကြောင်း၊ ဇူလိုင်လဆန်းပိုင်းတွင် စစ်ကောင်စီတပ်များ ပြန်လည်ထွက်ခွာချိန်တွင် ယင်းလေယာဉ်ပျက်ကျသည့် နေရာသို့ ဒရုန်းဖြင့် ဓာတ်ပုံရိုက်ကူးနိုင်ခဲ့ကြောင်း၊ သို့ရာတွင် လေယာဉ်ပျက်ကို မတွေ့ရတော့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။", "“လေယာဉ်ပျက်တဲ့နေရာကို မနေ့ကမှ ကပ်လို့ရတယ်။ လေယာဉ်ပျက်တော့မရှိတော့ဘူး။ စစ်တပ်က အကုန်ပြန်သယ်သွားပြီး အရာပဲကျန်တော့တယ်။ အ ခု လေယာဥ်ပျက်ကျတဲ့ဘက်ကို ကပ်တာနဲ့ စစ်တပ်လေယာဥ်တက်လာတယ်။ သူတို့က အဲဒီ လေယာဉ်ပျက်ကျတဲ့သက်သေတွေ ရမှာ စိုးရိမ်လို့ ဖျောက်နေတာ” ဟု မြေပြင်သတင်းရင်းမြစ်က ပြောဆိုသည်။", "ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး-ကလလတ ၉၄၂၂ တပ်ရင်းက ထုတ်ပြန်သော သတင်းဓါတ်ပုံတွင် လေယာဉ်ပျက်ကျထားသည့် မီးလောင်ထားသည့်နေရာ၊ မြေပြင်အခြေအနေများကို မြင်တွေ့ရသည်။", "ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲ၊ သံလွင်မြစ်ဘေး၊ BGF တပ်ရင်း ၁၀၀၅ အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ တိုက်လေယာဉ် တစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း ကရင်နီပြည်လူမျိုး ပေါင်း စု ပြည်သူ့လွတ် မြောက် ရေးတပ်ဦး (ကလလတ) မှ ခေါင်းဆောင် တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ဇူလိုင်လ ၁ ရက်နေ့တွင် အတည်ပြုပြောကြားခဲ့သည်။", "ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် အကြမ်းဖက်စစ်တပ် တိုက် လေယာဉ် တစ်စီးကို ပစ် ခတ် ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပစ်ချလိုက်သည့် တိုက် လေယာဉ် အနီးတွင် တိုက်လေယာဉ်၊ ရဟတ် ယာဉ်များ အပြင် မြေပြင် စစ် ကြောင်း များပါ ဝန်းရံထားသဖြင့် ပျက်ကျသွားသည့် တိုက်လေယာဉ်အနား ကပ်ခွင့် မရဘဲဖြစ်နေကြောင်း သိရှိရသည်။"]