url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/03/94097/
မြ၀တီမြို့ကုန်သွယ်ရေး ဇုန် တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲပြီး စစ်ရဟတ် ယာဉ်ဖြင့် ပစ်ခတ်နေ၊ ကော့ကရိတ်-မြ၀တီလမ်း မိုင်းပေါက်ကွဲပြီး လမ်းပျက်စီး
["မြ၀တီမြို့ကုန်သွယ်ရေး ဇုန် တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲပြီး စစ်ရဟတ် ယာဉ်ဖြင့် ပစ်ခတ်နေ၊ ကော့ကရိတ်-မြ၀တီလမ်း မိုင်းပေါက်ကွဲပြီး လမ်းပျက်စီး", "ရန်ကုန်၊ မတ် ၂၅", "ကရင်ပြည်နယ်၊ မြ၀တီကုန်သွယ်ရေးဇုန်းတွင် ယနေ့ နံနက်ပိုင်းမှစတင်၍ တိုက် ပွဲ များဖြစ်ပွားနေပြီး စစ်တပ်က ရဟတ်ယာဉ်များဖြင့်ပါ ပစ်ခတ်နေ ကြောင်း ဒေသ ပြည်သူများက ပြော...
https://yktnews.com/2024/07/176049/
မြ၀တီမြို့တွင် ရေကြီးချိန် အသက် ၃ နှစ်အရွယ် ကလေးငယ် တစ်ဦး အိမ်ပေါ်မှ ပြုတ်ကျပြီး ရေထဲမျှောပါ သေဆုံး
["မြ၀တီမြို့တွင် ရေကြီးချိန် အသက် ၃ နှစ်အရွယ် ကလေးငယ် တစ်ဦး အိမ်ပေါ်မှ ပြုတ်ကျပြီး ရေထဲမျှောပါ သေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂၈", "ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် ယမန်နေ့ ရေကြီးနေချိန် အသက် ၃ နှစ်အရွယ်ကလေးငယ် ၁ ဦး အိမ်ပေါ်မှ ပြုတ်ကျပြီး ရေထဲမျှောပါ သေဆုံးသွားကြောင်း သိရှိရသည်။", "ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၈ နာရီအချိန် မြ၀တီမြိ...
https://yktnews.com/2023/08/118822/
မြ၀တီမြို့နယ် လက်ခတ်တောင်ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု သာသနာဆိုင်ရာ အဆောက်အအုံများ ပျက်စီး၊ စနိုက်ပါ ဖြင့်ပစ်ခတ်၍ အကြမ်းဖက် စစ်သား ၁ ဦးသေဆုံး
["မြ၀တီမြို့နယ် လက်ခတ်တောင်ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု သာသနာဆိုင်ရာ အဆောက်အအုံများ ပျက်စီး၊ စနိုက်ပါ ဖြင့်ပစ်ခတ်၍ အကြမ်းဖက် စစ်သား ၁ ဦးသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၁၈", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် လက်ခတ်တောင်ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ယနေ့ ဗုံးကျဲရာ သာသနာဆိုင်ရာ အဆောက်အအုံများ ပျက်စီးသွားပြီး တော်လှန်ရေးတပ်ဖွ...
https://yktnews.com/2023/04/98160/
မြ၀တီမြို့နယ်တွင် KNU ယူနီဖောင်းဝတ်၍ ပုံမှားရိုက်သော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ
["မြ၀တီမြို့နယ်တွင် KNU ယူနီဖောင်းဝတ်၍ ပုံမှားရိုက်သော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဧပြီလ ၁၈", "ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီခရိုင်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ မဲက နယ် အတွင်းသို့ တင်ရောက် လာသောအကြမ်းဖက်စစ်သားများကို တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ...
https://yktnews.com/2023/07/113414/
မြ၀တီမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်သံများဖြင့် တောက် လျှောက်ပစ်ခတ်နေ
["မြ၀တီမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်သံများဖြင့် တောက် လျှောက်ပစ်ခတ်နေရန်ကုန်၊ ဇူလိုင် ၁၇ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ယနေ့ညပိုင်း လက်နက်ကြီးပစ်ခတ်သံများဖြင့် တောက်လျှောက် ပစ်ခတ်နေကြောင်း မြ၀တီမြို့ခံ ပြည်သူများက ပြောဆိုသည်။ယနေ့ည ၉ နာရီခွဲမှစတင်၍ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နခြေင်းဖြစ်ပြီး လက်နက်ကြီးသံမျ...
https://yktnews.com/2023/05/101560/
မြ၀တီမြို့နယ်တွင် စစ်တပ်လက်အောက်ခံ BGF တပ်ဖွဲ့က စောချစ်သူအမိန့်ဖြင့် တပ်သားသစ်များအဖြစ် လူငယ်များကို မဲနှိုက်ခိုင်းပြီး အဓမ္မ စုဆောင်းနေ
["မြ၀တီမြို့နယ်တွင် စစ်တပ်လက်အောက်ခံ BGF တပ်ဖွဲ့က စောချစ်သူအမိန့်ဖြင့် တပ်သားသစ်များအဖြစ် လူငယ်များကို မဲနှိုက်ခိုင်းပြီး အဓမ္မ စုဆောင်းနေ", "တစ်ရွာလျှင် လူငယ် ၁၅ ဦး BGF အတွက် ပေးရမည်ဖြစ်ပြီး မပေးလျှင် ရွာဖျက်ဆီး၍ ပိုင်ဆိုင်မှုသိမ်းမည်ဟု ခြိမ်းခြောက်", "ရန်ကုန်၊ မေ ၈", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် စစ်ကောင်စီလက်အောက်...
https://yktnews.com/2024/04/158406/
မြ၀တီမြို့နယ်တွင် စစ်ဘေးရှောင်ကား ၁ စီး ပစ်ခတ်ခံရပြီး မိန်းကလေးငယ် ၂ ဦး သေဆုံးကာ မိဘ ၂ ဦးဒဏ်ရာရ
["မြ၀တီမြို့နယ်တွင် စစ်ဘေးရှောင်ကား ၁ စီး ပစ်ခတ်ခံရပြီး မိန်းကလေးငယ် ၂ ဦး သေဆုံးကာ မိဘ ၂ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဧပြီ ၂၁", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် စစ်ဘေးရှောင်လာသည့်ကား ၁ စီး ပစ်ခတ်ခံရပြီး မိန်းကလေးငယ် ၂ ဦးသေဆုံးကာ မိဘ ၂ ဦးဒဏ်ရာရရှိကြောင်း မြ၀တီမြို့မှ ပြည်သူများက ပြောဆိုကြသည်။", "ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်း အမှတ်...
https://yktnews.com/2023/04/98294/
မြ၀တီမြို့နယ်တွင် တိုက်ပွဲအကြီးအကျယ်ဖြစ်နေပြီး လက်နက်ကြီးသံများနှင့် ပစ်ခတ်သံများ တောက်လျှောက် ထွက်ပေါ်နေ
["မြ၀တီမြို့နယ်တွင် တိုက်ပွဲအကြီးအကျယ်ဖြစ်နေပြီး လက်နက်ကြီးသံများနှင့် ပစ်ခတ်သံများ တောက်လျှောက် ထွက်ပေါ်နေ", "ရန်ကုန်၊ ဧပြီ ၁၉", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ယနေ့ နံနက်ပိုင်း တိုက်ပွဲအကြီးအကျယ် ဖြစ်နေ ပြီး လက်နက်ကြီးသံများနှင့် ပစ်ခတ်သံများ တောက်လျှောက် ဆိုသလို ထွက်ပေါ်နေကြောင်း မြ၀တီဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သ...
https://yktnews.com/2023/05/103371/
မြ၀တီမြို့နယ်တွင် မနေ့ညပိုင်း၌ စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်
["မြ၀တီမြို့နယ်တွင် မနေ့ညပိုင်း၌ စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်", "ရန်ကုန်၊ မေ ၁၉", "ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၁၈ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်...
https://yktnews.com/2023/04/98487/
မြ၀တီမြို့နယ်တွင် မြန်မာစစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ၊ ထိုင်းလေတပ်က လည်း ထိုင်း-မြန်မာနယ်စပ်တွင် တိုက်လေယာဉ်များဖြင့် ကင်းလှည့်
["မြ၀တီမြို့နယ်တွင် မြန်မာစစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ၊ ထိုင်းလေတပ်က လည်း ထိုင်း-မြန်မာနယ်စပ်တွင် တိုက်လေယာဉ်များဖြင့် ကင်းလှည့်", "ရန်ကုန်၊ ဧပြီ ၂၀", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မဲကနယ်ကျေးရွာ အနီးတွင် ယနေ့ မွန်းလွဲပိုင်း မြန်မာစစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်ခဲ့ပြီး ထိုင်း စစ် တပ် ကလည်း မဲဆောက်-မြ...
https://yktnews.com/2024/11/191486/
မြ၀တီမြို့နယ်တွင် ရထိုက် အပါအဝင် ကျားဖြန့်အွန်လိုင်းငွေလိမ်လည် ကုမ္ပဏီများ ဖျက်သိမ်းမည်ဆိုသော သတင်းများ မဟုတ်မှန်ဆိုသော ကြေညာချက်များ BGF က ဖြန့်ဝေနေ
["မြ၀တီမြို့နယ်တွင် ရထိုက် အပါအဝင် ကျားဖြန့်အွန်လိုင်းငွေလိမ်လည် ကုမ္ပဏီများ ဖျက်သိမ်းမည်ဆိုသော သတင်းများ မဟုတ်မှန်ဆိုသော ကြေညာချက်များ BGF က ဖြန့်ဝေနေ", "ရန်ကုန်၊ နိုဝင်ဘာ ၁၁", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ ရထိုက် အပါအဝင် ကျားဖြန့်အွန်လိုင်းငွေလိမ်လည် ကုမ္ပဏီများ ဖျက်သိမ်းမည်ဆိုသော သတင်းများ မဟုတ်မှန်ဆိုသော ကြေ...
https://yktnews.com/2023/04/98409/
မြ၀တီမြို့နယ်တွင် ၂ ရက်တာတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၂၄ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ၊ PDF ၂ ဦး ကျဆုံး
["မြ၀တီမြို့နယ်တွင် ၂ ရက်တာတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၂၄ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ၊ PDF ၂ ဦး ကျဆုံး", "ရန်ကုန်၊ ဧပြီ ၁၉", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မဲကနယ်ကျေးရွာအနီးတွင် ၂ ရက်တာတိုက်ပွဲအတွင်း စစ်တပ် ဘက်မှ ၂၄ ဦးသေဆုံးပြီး လက်နက်များသိမ်းဆည်းရမိကြောင်း ကော်ဘရာစစ်ကြောင်းက တရား ဝင် သတင်းထုတ်ပြန်သည်။", "ဧပြီ၁၈...
https://yktnews.com/2023/07/114255/
မြ၀တီမြို့နယ်ရှိ စစ်ရေးဗျူဟာ အရအရေးပါလှသည့် စစ်ကောင်စီတပ်၏ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
["မြ၀တီမြို့နယ်ရှိ စစ်ရေးဗျူဟာ အရအရေးပါလှသည့် စစ်ကောင်စီတပ်၏ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဇူလိုင် ၂၁", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ စစ်ရေးဗျူဟာ အရအရေးပါလှသည့် စစ်ကောင် စီ တပ်၏ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို တိ...
https://yktnews.com/2023/09/121340/
မြ၀တီမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာများနှင့် ဌာနဆိုင်ရာ ရုံးများကို ဒရုန်းဖြင့် ထပ်မံ တိုက်ခိုက် မည်ဟု Federal Wings က ကြေညာမှုကြောင့် ဝန်ထမ်း၊ စစ်တပ်နှင့်ရဲ မိသားစုဝင်များ စိုးရိမ် ထိတ်လန့်စွာ ပြောင်းရွှေ့နေ
["မြ၀တီမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာများနှင့် ဌာနဆိုင်ရာ ရုံးများကို ဒရုန်းဖြင့် ထပ်မံ တိုက်ခိုက် မည်ဟု Federal Wings က ကြေညာမှုကြောင့် ဝန်ထမ်း၊ စစ်တပ်နှင့်ရဲ မိသားစုဝင်များ စိုးရိမ် ထိတ်လန့်စွာ ပြောင်းရွှေ့နေ", "ရန်ကုန်၊ စက်တင်ဘာ ၇", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာများနှင့် ရုံးများကို ဒရုန်းဖြင့် ထပ်မံ တိုက်...
https://yktnews.com/2024/12/195638/
မြ၀တီမြို့နယ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ပိတ်မိနေသည့် အိန္ဒိယနိုင်ငံသား ၆ ဦး ပြန်လည် လွတ်မြောက်လာ
["မြ၀တီမြို့နယ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ပိတ်မိနေသည့် အိန္ဒိယနိုင်ငံသား ၆ ဦး ပြန်လည် လွတ်မြောက်လာ", "ရန်ကုန်၊ ဒီဇင်ဘာ ၁၅", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ပိတ်မိနေသည့် အိန္ဒိယနိုင်ငံသား ၆ ဦးကို ပြန်လည် လွတ်မြောက်လာကြောင်း အိန္ဒိယသတင်းများအရ သိရှိရသည်။", "အဆိုပါ ပြန်လည် လွတ်မ...
https://yktnews.com/2023/04/95913/
မြ၀တီမြို့နယ်အတွင်းရှိ စစ်ရေးတင်းမာနေသည့် နေရာတချို့ကို စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ပစ်ခတ်၊ မဲကနယ်တံတား ဗုံးထိထား
["မြ၀တီမြို့နယ်အတွင်းရှိ စစ်ရေးတင်းမာနေသည့် နေရာတချို့ကို စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ပစ်ခတ်၊ မဲကနယ်တံတား ဗုံးထိထား", "ရန်ကုန်၊ ဧပြီ ၅", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ သင်္ကန်းညီနောင် အပါအဝင် စစ်ရေး တင်းမာနေသည့် နေရာတချို့ကို စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ယနေ့ ပစ်ခတ်ကြောင်း PDF သတင်းရင်းမြစ်များထံမှ ...
https://yktnews.com/2025/02/204038/
မြ၀တီမြို့နယ်၊ တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်ရာ ကျောက်ခက်ဒေသတွင် အဆောက်အအုံအသစ်များစွာ အရှိန်အဟုန်ဖြင့် ဆက်လက် တည် ဆောက်နေဆဲ
["မြ၀တီမြို့နယ်၊ တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်ရာ ကျောက်ခက်ဒေသတွင် အဆောက်အအုံအသစ်များစွာ အရှိန်အဟုန်ဖြင့် ဆက်လက် တည် ဆောက်နေဆဲ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်ရာ ကျောက်ခက်ဒေသတွင် အဆောက်အအုံအသစ်များစွာကို အရှိန်အဟုန်ဖြင့် ဆက်လက် တည်ဆောက်နေဆဲဖ...
https://yktnews.com/2024/03/150149/
မြ၀တီမြို့နယ်၊ ဖလူးစစ်ကောင်စီတပ်စခန်းကို ၅ မိနစ်အတွင်း တိုက်ခိုက်သိမ်း ပိုက်ရရှိ၊ စစ်တပ်က တစ်ညလုံး တိုက်လေယာဉ်များ၊ လက်နက်ကြီးများဖြင့် ပစ် ခတ်တိုက်ခိုက်
["မြ၀တီမြို့နယ်၊ ဖလူးစစ်ကောင်စီတပ်စခန်းကို ၅ မိနစ်အတွင်း တိုက်ခိုက်သိမ်း ပိုက်ရရှိ၊ စစ်တပ်က တစ်ညလုံး တိုက်လေယာဉ်များ၊ လက်နက်ကြီးများဖြင့် ပစ် ခတ်တိုက်ခိုက်", "ရန်ကုန်၊ မတ် ၁၂", "ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ မြ၀တီမြို့နယ်ရှိ ဖလူးစစ်ကောင်စီတပ်စခန်းကို ၅ မိနစ်အတွင်း KNLA ဦးဆောင်သော တပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိကြ...
https://yktnews.com/2023/04/99873/
မြ၀တီမြို့နယ်၊ မဲကနယ်၊ ကျောက်တောင်ဘက်သို့ စစ်တပ်က အတွဲလိုက်ဒုံးများ၊ လက်နက်ကြီး များဖြင့် ညလုံးပေါက် ဆက်တိုက် ပစ်ခတ်
["မြ၀တီမြို့နယ်၊ မဲကနယ်၊ ကျောက်တောင်ဘက်သို့ စစ်တပ်က အတွဲလိုက်ဒုံးများ၊ လက်နက်ကြီး များဖြင့် ညလုံးပေါက် ဆက်တိုက် ပစ်ခတ်", "ရန်ကုန်၊ ဧပြီ ၂၉", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မဲကနယ်ကျေးရွာအနီး ကျောက်တောင်ဘက်သို့ စစ်တပ်က အတွဲ လိုက်ဒုံးများ၊လက်နက်ကြီးများဖြင့် ယမန်နေ့ ညပိုင်း ညလုံးပေါက် ဆက်တိုက်ပစ် ခတ်ခဲ့ ကြောင်း ဒေသပြည်သူမျာ...
https://yktnews.com/2024/12/196623/
မြ၀တီမြို့နယ်၊ ရွှေက္ကိုလ် လောင်းကစားမြို့တော်တွင် လူသေဆုံးသည်အထိ ဖြစ်ပွားနေသော ပြင်းထန် ကာလ ဝမ်းရောဂါကြောင့် ထိုင်း-မြန်မာ နယ်စပ် ၁ လကြာ ပိတ်ထားရန် ထိုင်းကာကွယ်ရေးဝန်ကြီး အမိန့်ထုတ်
["မြ၀တီမြို့နယ်၊ ရွှေက္ကိုလ် လောင်းကစားမြို့တော်တွင် လူသေဆုံးသည်အထိ ဖြစ်ပွားနေသော ပြင်းထန် ကာလ ဝမ်းရောဂါကြောင့် ထိုင်း-မြန်မာ နယ်စပ် ၁ လကြာ ပိတ်ထားရန်ထိုင်းကာကွယ်ရေးဝန်ကြီး အမိန့်ထုတ်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၃", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ် လောင်းကစားမြို့တော်တွင် လူသေဆုံးသည်အထိ ဖြစ်ပွားနေသော ပြင်းထန် ကာလ ဝမ်း...
https://yktnews.com/2023/08/118369/
မြ၀တီမြို့နယ်၊ လက်ခတ်တောင်ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်
["မြ၀တီမြို့နယ်၊ လက်ခတ်တောင်ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်", "ရန်ကုန်၊ ဩဂုတ် ၁၅", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လက်ခတ်တောင်တွင် တိုက်ပွဲများ အပြင်း အထန် ဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေကာ တိုက်လေယာဉ်များဖြင့် ဆက်တိုက် ဗုံးကျဲနေကြောင်း မြ၀တီမြို့ ပြည်သူမျ...
https://yktnews.com/2023/08/118772/
မြ၀တီမြို့နယ်၊ လက်ခတ်တောင်ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲ ၊ တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သား အလောင်းများ စစ်ကောင်စီ က လာမကောက်၍ ပုတ်ပွနံစော်နေ
["မြ၀တီမြို့နယ်၊ လက်ခတ်တောင်ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲ ၊ တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သား အလောင်းများ စစ်ကောင်စီ က လာမကောက်၍ ပုတ်ပွနံစော်နေ", "ရန်ကုန်၊ ဩဂုတ် ၁၈", "ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော လက်ခတ်တောင်ကို စစ်ကောင်စီတပ်က တိုက် လေယာဉ်များဖြင့် ယနေ့ ဗုံးကျဲ ...
https://yktnews.com/2023/09/121674/
မြ၀တီမြို့နယ်၊ သင်္ကန်းညီနောင် တံတားထိပ်ရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့ စစ်ဂိတ်ကို PDF က ပစ်ခတ်မှု စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၂ လက် သိမ်း ဆည်းရရှိ၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် သံဃာတော်တစ်ပါး ပျံလွန် တော်မူ
["မြ၀တီမြို့နယ်၊ သင်္ကန်းညီနောင် တံတားထိပ်ရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့ စစ်ဂိတ်ကို PDF က ပစ်ခတ်မှု စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၂ လက် သိမ်း ဆည်းရရှိ၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် သံဃာတော်တစ်ပါး ပျံလွန် တော်မူ", "ရန်ကုန်၊ စက်တင်ဘာ ၉", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မြ၀တီမြို့နယ်၊ သင်္ကန်းညီနောင် တံတားထိပ်ရှိ စစ်တပ်လက်အောက်ခံ ပ...
https://yktnews.com/2024/03/149612/
မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် စစ်တပ်က တစ်ညလုံး လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် မြို့သစ်မှ လူနေအိမ် ၅၀ နီးပါး မီးလောင်ပြာကျ
["မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် စစ်တပ်က တစ်ညလုံး လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် မြို့သစ်မှ လူနေအိမ် ၅၀ နီးပါး မီးလောင်ပြာကျ", "ရန်ကုန်၊ မတ် ၉", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် စစ်တပ်က ယမန်နေ့ ညဉ့်နက်ပိုင်းမှစတင်ပြီး ယနေ့ နံနက်အစောပိုင်းအထိ တ...
https://yktnews.com/2024/03/149663/
မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး သေ ဆုံးမှုများ နေသော စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကို မရပ်မနား လုပ်နေ၊ ခမရ ၃၅၅ တပ်ရင်း အသိမ်းပိုက်ခံရဟု စစ်လော်ဘီများ အတည် ပြု
["မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး သေ ဆုံးမှုများ နေသော စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကို မရပ်မနား လုပ်နေ၊ ခမရ ၃၅၅ တပ်ရင်း အသိမ်းပိုက်ခံရဟု စစ်လော်ဘီများ အတည် ပြု", "ရန်ကုန်၊ မတ် ၉", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် ယနေ့ တတိယနေ့အဖြစ် တိုက်ပွဲများ ဆက် လက်ပြင်းထန်နေပြီး စစ...
https://yktnews.com/2022/11/60264/
မြ၀တီမြို့နယ်၊ သေ့ဘောဘိုးကျေးရွာတစ်၀ိုက်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရဟတ်ယာဉ် များဖြင့် ပစ်ခတ် ဗုံးကျဲ
["မြ၀တီမြို့နယ်၊ သေ့ဘောဘိုးကျေးရွာတစ်၀ိုက်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရဟတ်ယာဉ် များဖြင့် ပစ်ခတ် ဗုံးကျဲ", "ရန်ကုန်၊ နိုဝင်ဘာ ၁၀", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သေ့ဘောဘိုးကျေးရွာတစ်၀ိုက်ကို တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ပစ်ခတ် ဗုံးကျဲလျက်ရှိကြောင်း PDF သတင်းရင်းမြစ်မျ...
https://yktnews.com/2024/04/159296/
မြ၀တီမြို့မှ တိမ်းရှောင်လာသည့် ပြည်သူများကို အစားအသောက်များ လှူဒါန်း
["မြ၀တီမြို့မှ တိမ်းရှောင်လာသည့် ပြည်သူများကို အစားအသောက်များ လှူဒါန်း", "ရန်ကုန်၊ဧပြီ ၂၅", "မြ၀တီမြို့မှ တိမ်းရှောင်လာသည့် ပြည်သူများကို အဝေးရောက် ဧရာဝတီ အသင်း (OIA) က အစားအသောက်များ လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/01/200038/
မြ၀တီမြို့မှ ထွက်ပြေးလာသော အင်ဒိုနီးရှားနိုင်ငံသား ၃၂ ဦး ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်က ဖမ်းဆီးရရှိ
["မြ၀တီမြို့မှ ထွက်ပြေးလာသော အင်ဒိုနီးရှားနိုင်ငံသား ၃၂ ဦး ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်က ဖမ်းဆီးရရှိ", "ရန်ကုန်၊ ဇန်နဝါရီ ၁၉", "ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တွင် အလုပ်လုပ်နေသော အင်ဒိုနီးရှားနိုင်ငံသား ၃၂ ဦးသည် ထွက်ပြေးလာပြီး ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်စဉ် ထိုင်းစစ်တပ်က ဖမ်းဆီးရရှိခဲ့ကြောင်း ထ...
https://yktnews.com/2024/04/155589/
Update News- မြ၀တီမြို့ရှိ မြန်မာ့စီးပွားရေးဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ်တချို့မှ ငွေကြေးများကို သေတ္တာများဖြင့် ထည့်၍ စစ်ကောင်စီလေယာဉ်က မဲဆောက်လေဆိပ်မှ ရန်ကုန်သို့ သယ်ဆောင်သွား
["မြ၀တီမြို့မှ ဝန်ထမ်းများ လေယာဉ်ဖြင့် လိုက်ပါမှု ရှိ၊ မရှိ မရေမရာ ဖြစ်နေ", "ရန်ကုန်၊ ဧပြီ ၈", "အကြမ်းဖက်စစ်ကောင်စီက စေလွှတ်လိုက်သော ATR 72-600 လေယာဉ်သည် မြ၀တီမြို့ရှိ မြန်မာ့စီးပွားရေးဘဏ် အပါအဝင် ဘဏ်တချို့မှ ငွေကြေးများကို သေတ္တာပုံများဖြင့် ထည့်၍ မဲဆောက်လေဆိပ်မှတစ်ဆင့် ရန်ကုန်သို့ သယ်ဆောင်သွားကြောင်း နေပြည်တော်စစ်ဘက်...
https://yktnews.com/2025/03/205962/
မြ၀တီမြို့သို့ ချီတက် ထိုးစစ်ဆင်နေသော အောင်ဇေယျ စစ်ကြောင်းမှ စစ်အရာရှိများက ရဲဘော်များကို အငတ် ထားပြီး အသေခံ စစ်တိုက်ခိုင်းဟု ခလရ ၉၄ မှ အလင်းဝင် တပ်သား နိုင်လင်းထွန်း ပြောဆို
["မြ၀တီမြို့သို့ ချီတက် ထိုးစစ်ဆင်နေသော အောင်ဇေယျ စစ်ကြောင်းမှ စစ်အရာရှိများက ရဲဘော်များကို အငတ် ထားပြီး အသေခံ စစ်တိုက်ခိုင်းဟု ခလရ ၉၄ မှ အလင်းဝင် တပ်သား နိုင်လင်းထွန်းပြောဆို", "ရန်ကုန်၊ မတ် ၂", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်သို့ ထိုးစစ်ဆင်နေသာ စစ်ကောင်စီ၏ အောင်ဇေယျ စစ်ကြောင်းတွင် စစ်အရာရှိများက အောက် ခြေရဲဘော်များကို ထမ...
https://yktnews.com/2024/05/160805/
မြ၀တီမြို့သို့ စစ်ကူသွားနေသည့် စစ်ကောင်စီတပ်မှ ခလရ ၉၄ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး သန့်ဇော်ဝင်း ဒေါနတောင်​ပေါ်တိုက်ပွဲတွင် သေဆုံး
["မြ၀တီမြို့သို့ စစ်ကူသွားနေသည့် စစ်ကောင်စီတပ်မှ ခလရ ၉၄ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး သန့်ဇော်ဝင်း ဒေါနတောင်​ပေါ်တိုက်ပွဲတွင် သေဆုံး", "ရန်ကုန်၊ မေ ၅", "ကရင်ပြည်နယ်၊ မြ၀တီမြို့သို့ စစ်ကူသွားနေသည့် စစ်ကောင်စီတပ် စစ်ကြောင်းမှ ခလရ ၉၄ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူးသန့်ဇော်ဝင်းသည် ဒေါနတောင်ပေါ် တိုက်ပွဲတွင် ဒ...
https://yktnews.com/2024/04/155356/
မြ၀တီမြို့အခြေစိုက် ခလရ ၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာပေါင်းများစွာ လက်နက်ချ အညံ့ခံရန် ညှိနှိုင်းနေဟု မြေပြင်သတင်းရင်းမြစ်များ ပြောဆို
["မြ၀တီမြို့အခြေစိုက် ခလရ ၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာပေါင်းများစွာ လက်နက်ချ အညံ့ခံရန် ညှိနှိုင်းနေဟု မြေပြင်သတင်းရင်းမြစ်များ ပြောဆို", "ရန်ကုန်၊ ဧပြီ ၆", "ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် ခလရ ၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ၍ လက်နက်ချ အညံ့ခံရန် ညှိနှိုင်းနေကြောင်း မြေပြင်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ...
https://yktnews.com/2023/04/96342/
မြ၀တီမြို့အဝင်တွင် အပြန်အလှန်ပစ်ခတ်မှုများဖြင့် တိုက်ပွဲ ဖြစ်ပွား၊ တော်လှန် ရေး အဖွဲ့များက အသွားအလာမလုပ်ရန် တားမြစ်ထားသော ကော့ကရိတ်-မြ၀တီ အာရှလမ်းပိုင်းတွင် ကုန်ကားတချို့ မီးလောင်
["မြ၀တီမြို့အဝင်တွင် အပြန်အလှန်ပစ်ခတ်မှုများဖြင့် တိုက်ပွဲ ဖြစ်ပွား၊ တော်လှန် ရေး အဖွဲ့များက အသွားအလာမလုပ်ရန် တားမြစ်ထားသော ကော့ကရိတ်-မြ၀တီ အာရှလမ်းပိုင်းတွင် ကုန်ကားတချို့ မီးလောင်", "ရန်ကုန်၊ ဧပြီ ၇", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မြ၀တီမြို့ အဝင် မြေနီကုန်းဘက်တွင် ယနေ့ ည ၉ နာရီ ဝန်းကျင်အချိန် လက်နက်ကြီး၊ လက်နက်ငယ်များ...
https://yktnews.com/2024/04/156050/
မြ၀တီမြို့၊ ခလရ ၂၇၅ တွင် ယမန်နေ့ တစ်ညလုံးနှင့် ယနေ့ တစ်မနက်လုံး တိုက်ပွဲပြင်းထန်ပြီး ကုန်သွယ်ရေးဇုန်၊ စိမ်းလဲ့မြိုင်ကားဝင်း အပါအဝင် မြို့၏ နေရာ ၅ ခုထက်မနည်း မီးများလောင်ကျွမ်း
["မြ၀တီမြို့၊ ခလရ ၂၇၅ တွင် ယမန်နေ့ တစ်ညလုံးနှင့် ယနေ့ တစ်မနက်လုံး တိုက်ပွဲပြင်းထန်ပြီး ကုန်သွယ်ရေးဇုန်၊ စိမ်းလဲ့မြိုင်ကားဝင်း အပါအဝင် မြို့၏ နေရာ ၅ ခုထက်မနည်း မီးများလောင်ကျွမ်း", "စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်အခြမ်းမှ ပေါက်ကွဲသံများ အဆက်မပြတ်ကြားနေရ", "ရန်ကုန်...
https://yktnews.com/2023/08/116823/
မြ၀တီမြို့၊ အမှတ် ၃ ရပ်ကွက်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူများ ထိခိုက် ဒဏ်ရာရ
["မြ၀တီမြို့၊ အမှတ် ၃ ရပ်ကွက်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူများ ထိခိုက် ဒဏ်ရာရ", "ရန်ကုန်၊ ဩဂုတ် ၇", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ အမှတ် ၃ စစ်မှုထမ်းဟောင်းရပ်ကွက်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူများ ထိခိုက်ဒဏ်ရာ...
https://yktnews.com/2024/10/188590/
မြ၀တီမြို့၊ အမှတ် ၅ ရပ်ကွက်ရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ရာအိမ်မှူး ၁ ဦးသေဆုံးပြီး အခြားရာအိမ်မှူး ၁ ဦး အပြင်းအထန်ဒဏ်ရာရ
["မြ၀တီမြို့၊ အမှတ် ၅ ရပ်ကွက်ရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ရာအိမ်မှူး ၁ ဦးသေဆုံးပြီး အခြားရာအိမ်မှူး ၁ ဦး အပြင်းအထန်ဒဏ်ရာရ", "ရန်ကုန်၊ အောက်တိုဘာ ၁၉", "ကရင်ပြည်နယ်၊ မြ၀တီမြို့၊ အမှတ် ၅ ရပ်ကွက်ရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အချင်းချင်း စကားများရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး ရာအိ...
https://yktnews.com/2025/02/204766/
မြ၀တီမှ ကျားဖြန့် အွန်လိုင်းလိမ်လည်မှုအတွက် သံသယရှိသူ တရုတ်နိုင်ငံသား ၈၀၀ ကျော်ကို တရုတ်သို့ ပြန်ခေါ်မည်ဖြစ်ပြီး ယနေ့ ပထမအသုတ်အဖြစ် တရုတ် ၂၀၀ ဦးကို ပြန်လည်ခေါ်ဆောင်
["မြ၀တီမှ ကျားဖြန့် အွန်လိုင်းလိမ်လည်မှုအတွက် သံသယရှိသူ တရုတ်နိုင်ငံသား ၈၀၀ ကျော်ကို တရုတ်သို့ ပြန်ခေါ်မည်ဖြစ်ပြီး ယနေ့ ပထမအသုတ်အဖြစ် တရုတ် ၂၀၀ ဦးကို ပြန်လည်ခေါ်ဆောင်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀", "ကရင်ပြည်နယ်၊ မြ၀တီမှ ကျားဖြန့် အွန်လိုင်းလိမ်လည်မှု ကျူးလွန်ခြင်း သံသယရှိသူ တရုတ်နိုင်ငံသား ၈၀၀ ကျော်ကို တရုတ်သို့ ပြန်ခေါ်မ...
https://yktnews.com/2025/02/203379/
မြ၀တီရှိ ကျားဖြန့်များဂိုဏ်းများနှင့် ပတ်သက်ဖွယ်ရှိသည့် ရဲဗိုလ်ချုပ် ၂ ဦးကို အလုပ်တာဝန် မရှိသည့် (Inactive post) ရာထူးများသို့ ပြောင်းရွှေ့ အရေးယူ
["မြ၀တီရှိ ကျားဖြန့်များဂိုဏ်းများနှင့် ပတ်သက်ဖွယ်ရှိသည့် ရဲဗိုလ်ချုပ် ၂ ဦးကို အလုပ်တာဝန် မရှိသည့် (Inactive post) ရာထူးများသို့ ပြောင်းရွှေ့ အရေးယူ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ ကျားဖြန့်များဂိုဏ်းများနှင့် ပတ်သက်ဆက် နွယ်ဖွယ်ရှိသည့် ရဲဗိုလ်ချုပ် ၂ ဦးကို ထိုင်းကာ ကွယ်ရေးဝန်ကြီးက ထိုင်းရဲဌာန...
https://yktnews.com/2024/04/156656/
မြ၀တီအမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၏ စစ်ဆင်ရေးအဖွဲ့ တို့အကြား အဆက်အသွယ် ရရှိသွားပြီး ချိတ်ဆက် အမိန့်ပေး ညွှန်ကြားမှုရှိနေ
["မြ၀တီအမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၏ စစ်ဆင်ရေးအဖွဲ့ တို့အကြား အဆက်အသွယ် ရရှိသွားပြီး ချိတ်ဆက် အမိန့်ပေး ညွှန်ကြားမှုရှိနေ", "ရန်ကုန်၊ ဧပြီ ၁၂", "ကရင်ပြည်နယ်၊ မြ၀တီမြို့၊ ခလရ ၂၇၅ တပ်ကို စွန့်ခွာသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၏ စစ်ဆင်ရေးအဖွဲ့ (အရှေ့တောင်တိ...
https://yktnews.com/2025/01/198443/
မွတ်စလင်ဒုက္ခသည်များကို AA က စားနပ်ရိက္ခာထောက်ပံ့ပြီး လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်နေ
["မွတ်စလင်ဒုက္ခသည်များကို AA က စားနပ်ရိက္ခာထောက်ပံ့ပြီး လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်နေ", "ရန်ကုန်| ဇန်နဝါရီ ၆", "ရခိုင်ပြည် ပေါက်တောမြို့နယ် အနောက်ရဲ IDP စခန်းက မွတ်ဆလင်ဒုက္ခသည်များကို အာရက္ခတပ်တော် AA က စားရိက္ခာထောက်ပံ့ပေးခဲ့ကြောင်း ULA/AA ၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO က ထုတ်ပြန်ထားသည်။", "ဇန်နဝါ...
https://yktnews.com/2024/12/196193/
မွန် ပြည်သူလူထု၏ တောင်းဆိုမှုနှင့် စစ်ရေးလိုအပ်ချက်အရ မွန်ပြည်နယ်တော်လှန်ရေးတပ်ဖွဲ့ တစ်ခု တည်းဖြစ်လာစေရန် ရည်ရွယ်၍ မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ ပထမဆုံး ပူးပေါင်း
["မွန် ပြည်သူလူထု၏ တောင်းဆိုမှုနှင့် စစ်ရေးလိုအပ်ချက်အရ မွန်ပြည်နယ်တော်လှန်ရေးတပ်ဖွဲ့ တစ်ခု တည်းဖြစ်လာစေရန် ရည်ရွယ်၍ မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ ပထမဆုံး ပူးပေါင်း", "ရန်ကုန်၊ ဒီဇင်ဘာ ၁၉", "မွန်ပြည်သူလူထု၏ တောင်းဆိုချက်နှင့် စစ်ရေးလိုအပ်ချက်အရ မွန်ပြည်နယ်တွင် မွန်တော်လှန်ရေး တပ်ဖွဲ့တစ်ခုတည်းဖြစ်လာစေရန် ရည်ရွယ်၍ မွန်တေ...
https://yktnews.com/2024/08/179610/
မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) တပ်စခန်းတွင် ကျင်းပ ပြုလုပ်
["မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) တပ်စခန်းတွင် ကျင်းပ ပြုလုပ်", "ရန်ကုန်၊ ဩဂုတ် ၁၉", "မွန်ပြည်တော်လှန်ရေးတပ် (MSRF) တပ်စခန်းတွင် ၇၇ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။", "အခမ်းအနားတွင် မွန်တော်လှန်ရေး သမိုင်းတလျှောက် အသက်ပေးလှူခဲ့သည့် သူရဲကောင်းများအား အလေးပြ...
https://yktnews.com/2024/01/142351/
မွန်ပြည် တော်လှန်ရေးတပ်မှ ရဲဘော်သစ်များ အခြေခံ စစ်ပညာသင်တန်း ဆင်းပွဲပြုလုပ်
["မွန်ပြည် တော်လှန်ရေးတပ်မှ ရဲဘော်သစ်များ အခြေခံ စစ်ပညာသင်တန်း ဆင်းပွဲပြုလုပ်", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "ဒေါနစစ်ကြောင်းမှ ဦးစီးပြုလုပ်သော အခြေခံစစ်ပညာ သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် လွတ်မြောက်နယ်မြေတစ်နေရာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။", "အခြေခံစစ်ပညာ သင်တန်းဆင်းပွဲကို မွန်ပြည်တော်လှန်ရေးတပ်မှ ရဲဘော...
https://yktnews.com/2025/03/208619/
မွန်ပြည်နယ် အတွင်းရှိ အဝေးပြေးလမ်းပိုင်း လုံခြုံရေးအတွက် ရာမည စစ်ကြောင်းက စစ်ဆေးမှုများ ပြုလုပ်
["မွန်ပြည်နယ် အတွင်းရှိ အဝေးပြေးလမ်းပိုင်း လုံခြုံရေးအတွက် ရာမည စစ်ကြောင်းက စစ်ဆေးမှုများ ပြုလုပ်", "ရန်ကုန်၊ မတ် ၂၃", "မွန်ပြည်နယ် အတွင်းရှိ အဝေးပြေးလမ်းပိုင်း လုံခြုံရေး အတွက် ရာမည စစ်ကြောင်းမှ တော်လှန်ရေး ရဲဘော်များက ယနေ့ မတ်လ ၂၃ ရက်နေ့တွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။", "ရာမည စစ်ကြောင်းကို ဇန်နဝါရီလ ၁၇ ရ...
https://yktnews.com/2024/07/172869/
မွန်ပြည်နယ်တွင် စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ၆ လတာအတွင်း ပြည်သူ ၇၂ ဦးသေဆုံး
["မွန်ပြည်နယ်တွင် စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ၆ လတာအတွင်း ပြည်သူ ၇၂ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၁၃", "မွန်ပြည်နယ်အတွင်းမှာ ၂၀၂၄ ခုနှစ် ပထမ ၆ လတာကာလအတွင်း စစ်ကောင်စီတပ် ၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူပြည်သူ ၇၂ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၃၈ ဦး နဲ့ ဖမ်းဆီးခံရသူ ၇၆ ဦး ရှိတယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် က ထုတ်ဝေတဲ့ လဂွန်းအိမ် စာစဉ်မှာ...
https://yktnews.com/2025/01/200200/
မွန်ပြည်နယ်တွင် မွန်တော်လှန်ရေး တပ်ဖွဲ့ ၄ ခု စုပေါင်းထားသည့် ရာမညစစ်ကြောင်း ဖွဲ့စည်းလိုက်ပြီး စစ်အာဏာရှင်ကို ဆန့် ကျင် တိုက်ထုတ်သော စစ်ဆင်ရေးများ မကြာမီ စတင်မည်
["မွန်ပြည်နယ်တွင် မွန်တော်လှန်ရေး တပ်ဖွဲ့ ၄ ခု စုပေါင်းထားသည့် ရာမညစစ်ကြောင်း ဖွဲ့စည်းလိုက်ပြီး စစ်အာဏာရှင်ကို ဆန့် ကျင် တိုက်ထုတ်သော စစ်ဆင်ရေးများ မကြာမီ စတင်မည်", "ရန်ကုန်၊ ဇန်နဝါရီ ၂၀", "မွန်ပြည်နယ်တွင် တပ်ဖွဲ့ ၄ ဖွဲ့ စုပေါင်း၍ ရာမညပူးတွဲစစ်ကြောင်း ဖွဲ့စည်းပြီးဖြစ်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ထုတ်သွားမည်ဖြစ်ကြောင်...
https://yktnews.com/2024/04/157140/
မွန်ပြည်နယ်တွင် ရထားနှင့် ကားတိုက်မှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရ
["မွန်ပြည်နယ်တွင် ရထားနှင့် ကားတိုက်မှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရ", "ရန်ကုန်၊ ဧပြီ ၁၅", "မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ရထားနှင့်ကားတိုက်မှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရကြောင်း သိရှိရသည်။", "ယမန်နေ့ ဧပြီ ၁၄ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်တွင် မွန်ပြည်နယ် ပေါင်မြို့နယ် ကျွဲခြံ က...
https://yktnews.com/2024/04/155530/
မွန်ပြည်နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီက “အ” သုံးလုံး သင်တန်းများ စတင်ဖွင့်လှစ်နေပြီး ပြည်သူတိုင်း စာတတ်မြောက်ရမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်း ကြွေးကြော်နေ
["မွန်ပြည်နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီက “အ” သုံးလုံး သင်တန်းများ စတင်ဖွင့်လှစ်နေပြီး ပြည်သူတိုင်း စာတတ်မြောက်ရမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်း ကြွေးကြော်နေ", "ရန်ကုန်၊ ဧပြီ ၇", "မွန်ပြည်နယ်ရှိ မြို့နယ်တချို့မှ ကျေးရွာများတွင် အကြမ်းဖက် စစ်ကောင်စီ၏ အစီအစဉ်ဖြင့် “အ” သုံးလုံး သင်တန်းများ စတင်ဖွင့်လှစ်နေကြ...
https://yktnews.com/2023/11/131075/
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲကင်းစခန်းနှင့် ချောင်းနှစ်ခွ တံတားကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိဟုဆို
["မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲကင်းစခန်းနှင့် ချောင်းနှစ်ခွ တံတားကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိဟုဆို", "ရန်ကုန်၊ နိုဝင်ဘာ ၁၃", "မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲကင်းစခန်းနှင့် ချောင်းနှစ်ခွ တံတားကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်း...
https://yktnews.com/2023/03/94309/
မွန်ပြည်နယ်၊ ရေးမြို့နယ် စာရင်းစစ်ရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်
["မွန်ပြည်နယ်၊ ရေးမြို့နယ် စာရင်းစစ်ရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်", "ရန်ကုန်၊ မတ် ၂၆", "မွန်ပြည်နယ်၊ ရေးမြို့နယ် စာရင်းစစ်ရုံးတွင် ယ နေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွား ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "မတ်လ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန် ရေးမြို့နယ် စာရင်းစစ်ရုံးတွင် ဗုံးပေါက် ကွဲမှု ဖြစ်ပွားခြင်းဖြစ်ပြီး ထိခိုက...
https://yktnews.com/2023/10/125238/
မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းနှင့်မြောက်ပိုင်းကို ထိန်းချုပ်နိုင်ရေး စစ်ရေး အရှိန်မြှင့် တိုက်ခိုက်မည်
["မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းနှင့်မြောက်ပိုင်းကို ထိန်းချုပ်နိုင်ရေး စစ်ရေး အရှိန်မြှင့် တိုက်ခိုက်မည်", "ရန်ကုန်၊ အောက်တိုဘာ ၅", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် မွန်ပြည်နယ်၊ ရေးမြို့နယ်တို့၌ ၃ လ အတွင်း စစ်ဆင်ရေး ၇ ကြိမ်ဖော်ဆောင်ခဲ့ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ် သား ၂၈ ဦးသေဆုံးပြီး မွန်ပြည်နယ်၊ ရေးမြို့နယ်တေ...
https://yktnews.com/2023/02/84786/
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးက YGF တပ်ဖွဲ့ထံ ကျည်ဆံ၊ ပစ္စတို ၂ လက်နှင့် လက်ပစ်ဗုံးများ လာရောက် အပ်နှံ
["မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးက YGF တပ်ဖွဲ့ထံ ကျည်ဆံ၊ ပစ္စတို ၂ လက်နှင့် လက်ပစ်ဗုံးများ လာရောက် အပ်နှံ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးက YGF-ရေးပြောက်ကျားတပ်ဖွဲ့ထံ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျည်ဆံ၊ ပစ...
https://yktnews.com/2024/02/146646/
မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ကာကွယ်ရေးဌာန ဌာနမှူး နိုင်ဒင်းပလဟံသာမှ MSRF ရဲဘော်များကို လာရောက်တွေ့ဆုံ
["မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ကာကွယ်ရေးဌာန ဌာနမှူး နိုင်ဒင်းပလဟံသာမှ MSRF ရဲဘော်များကို လာရောက်တွေ့ဆုံ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ ကာကွယ်ရေးဌာန ဌာနမှူး နိုင်ဒင်းပလဟံသာမှ ရှေ့တန်းရောက်နေ သည့် မွန်ပြည်တော်လှန်ရေးတပ် – MSRF မှ ရဲဘော်များ၊ MSRF ၏ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များကို ဖေဖော်ဝါရီလ ၁၈ ရ...
https://yktnews.com/2024/08/177485/
မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ်
["မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ်", "ရန်ကုန်၊ ဩဂုတ် ၆", "ကရင်အမျိုးသား အစည်းအရုံး KNU ဒူးပလာခရိုင်၊ တပ်မဟာ ၆ တစ်နေရာတွင် မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ ၆ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLAသည် စစ်...
https://yktnews.com/2024/08/179514/
မွန်လူမျိုးတို့ကို ကိုယ်စားပြုသည့် ဖက်ဒရယ်ယူနစ်တစ်ခု ထွက်ပေါ်ရေး ကြိုးစားမည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီက ကြေညာ
["မွန်လူမျိုးတို့ကို ကိုယ်စားပြုသည့် ဖက်ဒရယ်ယူနစ်တစ်ခု ထွက်ပေါ်ရေး ကြိုးစားမည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီက ကြေညာ", "ရန်ကုန်၊ ဩဂုတ် ၁၉", "မွန်လူမျိုးတို့ကို ကိုယ်စားပြုသည့် ဖက်ဒရယ်ယူနစ်တစ်ခု ထွက်ပေါ်ရေး ကြိုး စားမည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီက ကြေညာလိုက်သည်။", "ယနေ့ကျရောက်သည့် ၇၇ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့တွင် မွန်ပြည်ဖ...
https://yktnews.com/2024/06/165421/
မွန်၊ ကရင်နှင့် ပဲခူးရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရကာ နေအိမ်များ ပျက်စီး
["မွန်၊ ကရင်နှင့် ပဲခူးရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရကာ နေအိမ်များ ပျက်စီး", "ရန်ကုန်၊ ဇွန် ၁", "မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကလ...
https://yktnews.com/2024/01/139331/
မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီကို စစ်ကောင်စီက ထောင်ဒဏ် တစ်သက်တစ်ကျွန်းချ
["မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီကို စစ်ကောင်စီက ထောင်ဒဏ် တစ်သက်တစ်ကျွန်းချ", "ရန်ကုန်| ဇန်နဝါရီ ၁၀", "အကြမ်းဖက်စစ်ကောင်စီက မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီကို ထောင်ဒဏ် တစ်သက် တစ်ကျွန်း အမိန့်ချမှတ်လိုက်ကြောင်း မိသားစုဝင်ထံမှ သိရသည်။", "ဒါရိုက်တာရှင်ဒေဝီကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ ည၊ ၅၄ (ဃ) တို့ဖြင့...
https://yktnews.com/2023/03/93696/
မှော်ဘီ လေတပ်စခန်းရှိ တိုက်လေယာဥ်နှင့် ရဟတ်ယာဥ်များ ထားသောနေရာများကို ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်
["မှော်ဘီ လေတပ်စခန်းရှိ တိုက်လေယာဥ်နှင့် ရဟတ်ယာဥ်များ ထားသောနေရာများကို ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ မတ် ၂၂", "ရန်ကုန်၊ မှော်ဘီ လေတပ်စခန်းရှိ တိုက်လေယာဥ်နှင့် ရဟတ်ယာဥ်များ ထားသော နေရာများကို ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြ UG ပြောက်ကျား တပ်...
https://yktnews.com/2023/03/94464/
မှော်ဘီတွင် စစ်တပ်ပိုင် တပ်မတော်ဆေးဝါးစက်ရုံ၊ တပ်ရင်းတပ်ဖွဲ့များထံ သွယ်တန်းထားသော ဓာတ်အားလိုင်းကို မိုင်းဖြင့် ဖောက်ခွဲ၊ မင်္ဂလာဒုံရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်လည်း မိုင်းခွဲခံရ
["မှော်ဘီတွင် စစ်တပ်ပိုင် တပ်မတော်ဆေးဝါးစက်ရုံ၊ တပ်ရင်းတပ်ဖွဲ့များထံ သွယ်တန်းထားသော ဓာတ်အားလိုင်းကို မိုင်းဖြင့် ဖောက်ခွဲ၊ မင်္ဂလာဒုံရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်လည်း မိုင်းခွဲခံရ", "ရန်ကုန်၊ မတ် ၂၇", "ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် စစ်တပ်ပိုင် တပ်မတော်ဆေးဝါးစက်ရုံ၊ တပ်ရင်းတပ်ဖွဲ့များထံ သွယ်တန်းထားသော ဓာတ်အားလိုင...
https://yktnews.com/2024/11/192212/
မှော်ဘီနှင့် မိထ္တီလာလေတပ်စခန်းများ တိုက်ခိုက်ခံရမှုတွင် လေတပ်အရာရှိ ၂ ဦး အပါအဝင် ၅ ဦးဒဏ်ရာရရှိပြီး စစ်တပ်တာဝန်ရှိသူ ၅ ဦးကို စစ်ကောင်စီက အရေးယူ
["မှော်ဘီနှင့် မိထ္တီလာလေတပ်စခန်းများ တိုက်ခိုက်ခံရမှုတွင် လေတပ်အရာရှိ ၂ ဦး အပါအဝင် ၅ ဦးဒဏ်ရာရရှိပြီး စစ်တပ်တာဝန်ရှိသူ ၅ ဦးကို စစ်ကောင်စီက အရေးယူ", "ရန်ကုန်၊ နိုဝင်ဘာ ၁၆", "ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းနှင့် မန္တလေးတိုင်း၊ မိထ္တီလာလေတပ်စခန်း တိုက်ခိုက်ခံရမှုတွင် လေတပ်အရာရှိ ၂ ဦး အပါအဝင် ၅ ဦးဒဏ်ရာရရှိပြီး လေကြောင်းရန...
https://yktnews.com/2024/07/176011/
မှော်ဘီမြို့နယ် ထွေအုပ်ရုံးကို ချိန်ကိုက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ
["မှော်ဘီမြို့နယ် ထွေအုပ်ရုံးကို ချိန်ကိုက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ", "ရန်ကုန်၊ ဇူလိုင် ၂၇", "ရန်ကုန်တိုင်း၊ မှော်ဘီမြို့၊ မှော်ဘီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ချိန်ကိုက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရ...
https://yktnews.com/2024/04/154368/
မှော်ဘီမြို့နယ်ရှိ ခမရ ၃၁၃ စစ်တပ်ဂိတ်နှင့် စစ်မှုထမ်းအိမ် ရာ ဂိတ်ကို ပစ်ခတ်တိုက် ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိနိုင်
["မှော်ဘီမြို့နယ်ရှိ ခမရ ၃၁၃ စစ်တပ်ဂိတ်နှင့် စစ်မှုထမ်းအိမ် ရာ ဂိတ်ကို ပစ်ခတ်တိုက် ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိနိုင်", "ရန်ကုန်၊ ဧပြီ ၁", "ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ သံဒေပင်ကျေးရွာ ခမရ ၃၁၃ တပ်ဂိတ်နှင့် စစ်မှုထမ်းအိမ်ရာဂိတ် ၂ ခုကို ယနေ့ နံနက်ပိုင်း ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေ...
https://yktnews.com/2023/03/93606/
မှော်ဘီမြို့နယ်ရှိ စစ်တပ် လေတပ်စခန်း အနီးကျယ်လောင် သော ပေါက်ကွဲသံ ၄ ချက်ခန့် ထွက်ပေါ်
["မှော်ဘီမြို့နယ်ရှိ စစ်တပ် လေတပ်စခန်း အနီးကျယ်လောင် သော ပေါက်ကွဲသံ ၄ ချက်ခန့် ထွက်ပေါ်", "ရန်ကုန်၊ မတ် ၂၁", "ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် လေတပ် စခန်းဌာနချုပ်အနီး ကျယ်လောင်သောပေါက်ကွဲသံ ၄ ချက်ခန့် ထွက်ပေါ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောကြားသည်။", "ယနေ့မတ်လ ၂၁ ရက်နေ့ ည ၉ နာ...
https://yktnews.com/2025/03/207108/
မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာမှ အိမ်ထောင်သည် မောင်ပြည့်ဖြိုးလှိုင်ကို စစ်တပ်က စစ်မှုထမ်းခိုင်းရန် ဖမ်းဆီး၊ သာစည်တွင် ရဲနှင့်အုပ်ကြီးများပေါင်း၍ ပြည်သူများကို ဖမ်းဆီးငွေညှစ်နေ
["မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာမှ အိမ်ထောင်သည် မောင်ပြည့်ဖြိုးလှိုင်ကို စစ်တပ်က စစ်မှုထမ်းခိုင်းရန် ဖမ်းဆီး၊ သာစည်တွင် ရဲနှင့်အုပ်ကြီးများပေါင်း၍ ပြည်သူများကိုဖမ်းဆီးငွေညှစ်နေ", "ရန်ကုန်၊ မတ် ၁၁", "ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာမှ အိမ်ထောင်သည် မောင်ပြည့်ဖြိုးလှိုင်ကို စစ်တပ်က စစ်မှုထမ်းခိုင်းရန်...
https://yktnews.com/2024/08/180405/
မှော်ဘီမြို့နယ်၊ ပြည်လမ်းပေါ်ရှိ စစ်တပ်အုပ်ချုပ်မှုသင်တန်းကျောင်းကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်
["မှော်ဘီမြို့နယ်၊ ပြည်လမ်းပေါ်ရှိ စစ်တပ်အုပ်ချုပ်မှုသင်တန်းကျောင်းကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်", "ရန်ကုန်၊ ဩဂုတ် ၂၅", "ရန်ကုန်ုတိုင်း၊ မှော်ဘီမြို့နယ်၊ ပြည်လမ်းပေါ်ရှိ စစ်တပ်အုပ်ချုပ်မှုသင်တန်းကျောင်းကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ...
https://yktnews.com/2023/12/135243/
မှော်ဘီမြို့နယ်၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၊ လေတပ်ဆွယ် (မှော်ဘီ) အနီးရှိ ကျေးရွာအုပ်စု ၅ စု မှ အိမ်ခြေ ၂ သောင်းကျော်ကို တပ်ပိုင်မြေ ကျူးကျော် သည်ဟုဆိုကာ စစ်တပ်က ရက် ၉၀ အတွင်း ဖယ်ရှားခိုင်း
["မှော်ဘီမြို့နယ်၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၊ လေတပ်ဆွယ် (မှော်ဘီ) အနီးရှိ ကျေးရွာအုပ်စု ၅ စု မှ အိမ်ခြေ ၂ သောင်းကျော်ကို တပ်ပိုင်မြေ ကျူးကျော် သည်ဟုဆိုကာ စစ်တပ်က ရက် ၉၀ အတွင်း ဖယ်ရှားခိုင်း", "ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၊ လေတပ်ဆွယ် (မှော်ဘီ) အနီးရှိ ကျေးရွာအုပ်...
https://yktnews.com/2023/05/100792/
မှော်ဘီမြို့နယ်၊ သန္ဓေပင် စစ်တပ်စစ်ဆေးရေး တိုးဂိတ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ထိမှန်
["မှော်ဘီမြို့နယ်၊ သန္ဓေပင် စစ်တပ်စစ်ဆေးရေး တိုးဂိတ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ထိမှန်", "ရန်ကုန်၊ မေ ၄", "ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ သန္ဓေပင် စစ်တပ်စစ်ဆေးရေး တိုးဂိတ်တွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ထိမှန်သွားကြောင်း ဒေသပြည်သူများထံမှ သိရှိ...
https://yktnews.com/2024/11/192901/
မှော်ဘီရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့် မြ၀တီရုပ်မြင်သံကြားအသံလွှင့်ဌာန အဆောက်အအုံကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်
["မှော်ဘီရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့် မြ၀တီရုပ်မြင်သံကြားအသံလွှင့်ဌာန အဆောက်အအုံကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်", "ရန်ကုန်၊ နိုဝင်ဘာ ၂၁", "ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့် မြ၀တီရုပ်မြင်သံကြားအသံလွှင့်ဌာန အဆောက်အအုံကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army က ရန်ကုန်ခေတ်သစ်သတ...
https://yktnews.com/2024/12/194752/
မှော်ဘီလေတပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီးနောက် စစ်တပ်က ကျေးရွာများ ဆက်တိုက် စီးနင်းနေပြီး လေတပ်အနီး ညအချိန် ဖြတ်သွားသည့် ကားများကို ပစ်မိန့်ပေးထား
["မှော်ဘီလေတပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီးနောက် စစ်တပ်က ကျေးရွာများ ဆက်တိုက် စီးနင်းနေပြီး လေတပ်အနီး ညအချိန် ဖြတ်သွားသည့် ကားများကို ပစ်မိန့်ပေးထား", "ရန်ကုန်၊ ဒီဇင်ဘာ ၇", "ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီလေတပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဆက်တိုက် စီးနင်းနေပြီး...
https://yktnews.com/2023/09/122465/
မှော်ဘီလေတပ်ကို ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် ရှော့တိုက်ဒုံး ၈လုံး သိမ်းဆည်းရမိဟု စစ်တပ်ဘက်က သတင်းထုတ်ပြန်
["မှော်ဘီလေတပ်ကို ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် ရှော့တိုက်ဒုံး ၈လုံး သိမ်းဆည်းရမိဟု စစ်တပ်ဘက်က သတင်းထုတ်ပြန်", "ရန်ကုန်၊ စက်တင်ဘာ ၁၄", "ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် မှော်ဘီလေတပ်ကို ပစ်ခတ်ရန် ချိန်ရွယ်ထား သည့် ရှော့တိုက်ဒုံး ၈ လုံး ဖမ်းဆီးရရှိကြောင်း အကြမ်းဖက်စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။", "စက်တင်ဘာလ ၁၄ ရက်နေ့ မွ...
https://yktnews.com/2024/12/194651/
မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်တပ်က ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကာ လူငယ်တချို့ကို ဖမ်းဆီးသွား
["မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်တပ်က ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကာ လူငယ်တချို့ကို ဖမ်းဆီးသွား", "ရန်ကုန်၊ ဒီဇင်ဘာ ၇", "ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး စစ်တပ်က ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင...
https://yktnews.com/2023/10/127642/
မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး မင်္ဂလာဒုံ၊ မှော်ဘီ အပါအဝင် ရန်ကုန်မြို့အဝင်အထွက်အားလုံးကို စစ်တပ်က ပိတ်ဆို့ စစ်ဆေးသောင်းကျန်းနေ
["မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး မင်္ဂလာဒုံ၊ မှော်ဘီ အပါအဝင် ရန်ကုန်မြို့အဝင်အထွက်အားလုံးကို စစ်တပ်က ပိတ်ဆို့ စစ်ဆေးသောင်းကျန်းနေ", "ရန်ကုန်၊ အောက်တိုဘာ ၂၂", "ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီလေတပ်ကို ယနေ့ ည ပိုင်း ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်တပ်က မင်္ဂလ...
https://yktnews.com/2024/10/187185/
မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု K-8W အမောင်းသင်လေယာဉ် ဂိုဒေါင် ထိမှန် ပျက်စီး
["မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု K-8W အမောင်းသင်လေယာဉ် ဂိုဒေါင် ထိမှန် ပျက်စီး", "ရန်ကုန်၊ အောက်တိုဘာ ၉", "ရန်ကုန်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ K-8W အမောင်းသင် လေယာဉ် ဂိုဒေါင် ထိမှန်ပျက်စီးခဲ့ကြောင်း Civillin Military – SRDF အထူး စစ်ဆင်ရေ...
https://yktnews.com/2023/10/127651/
မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု လေယာဉ်များ ထားရှိရာ အဆောက် အအုံ ဟန်ဂါ (Hanger) ထိမှန်ခဲ့
["မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု လေယာဉ်များ ထားရှိရာ အဆောက် အအုံ ဟန်ဂါ (Hanger) ထိမှန်ခဲ့", "ရန်ကုန်၊ အောက်တိုဘာ ၂၃", "ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီလေတပ်ကို ယမန်နေ့ ည ပိုင်း ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လေယာဉ်များထားရှိရာ အဆောက်အအုံ ဟန်ဂါ ထိမှန်ခဲ့ကြောင်း တပ်သတင်းရင်းမြစ်...
https://yktnews.com/2024/11/191274/
မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရပြီး မြောက်ဥက္ကလာပလျှပ်စစ်ရုံးကိုလည်း လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား
["မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရပြီး မြောက်ဥက္ကလာပလျှပ်စစ်ရုံးကိုလည်း လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား", "ရန်ကုန်၊ နိုဝင်ဘာ ၉", "ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီလေတပ်ကို ယနေ့ နံနက် ၁ နာရီဝန်းကျင်အချိန် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ပေါက်ကွဲသံများကို ထွက်ပေ...
https://yktnews.com/2024/11/191294/
မှော်ဘီလေတပ်စခန်းကို ရှော့တိုက်တာဝေးပစ်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု လေယာဉ်ဂိုဒေါင်နှင့်အရာရှိနေအိမ်များ ထိမှန်နိုင်ဟုဆို
["မှော်ဘီလေတပ်စခန်းကို ရှော့တိုက်တာဝေးပစ်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု လေယာဉ်ဂိုဒေါင်နှင့်အရာရှိနေအိမ်များ ထိမှန်နိုင်ဟုဆို", "ရန်ကုန်၊ နိုဝင်ဘာ ၉", "ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီလေတပ်စခန်းကို ရှော့တိုက်တာဝေးပစ်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေယာဉ်ဂိုဒေါင်နှင့်အရာရှိနေအိမ်များ ထိမှန်နိုင်ကြောင်း မြ...
https://yktnews.com/2024/12/194677/
မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိနှင့်စစ်သားများ သေဆုံးပြီး လေယာဉ် ၂ စီးပျက်စီးဟုဆို
["မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိနှင့်စစ်သားများ သေဆုံးပြီး လေယာဉ် ၂ စီးပျက်စီးဟုဆို", "ရန်ကုန်၊ ဒီဇင်ဘာ ၇", "ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်၊ မှော်ဘီလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၃ ဦး အပါအဝင် စစ်သား ၁၅ ဦးသေဆုံးပြီး ထောက်ပို့လေယာဉ် ၂ စီးပျက်စီးခဲ...
https://yktnews.com/2023/02/85769/
မှော်ဘီလျှပ်စစ်ရုံးခန်းထဲတွင် မီတာ လျှောက်မည်ဟုဆိုပြီး ပါဆယ်ဗုံးထောင် ဖောက်ခွဲမှု Non-CDM ဝန်ထမ်း ၂ ဦး ဒဏ်ရာရ ၊ ဗုံးထောင်သူများကို CCTV မှတစ်ဆင့် ဖမ်းဆီးရန် စစ်တပ်က ကြိုးပမ်းနေ
["မှော်ဘီလျှပ်စစ်ရုံးခန်းထဲတွင် မီတာ လျှောက်မည်ဟုဆိုပြီး ပါဆယ်ဗုံးထောင် ဖောက်ခွဲမှု Non-CDM ဝန်ထမ်း ၂ ဦး ဒဏ်ရာရ ၊ ဗုံးထောင်သူများကို CCTV မှတစ်ဆင့် ဖမ်းဆီးရန် စစ်တပ်က ကြိုးပမ်းနေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "မှော်ဘီလျှပ်စစ်ရုံးခန်းထဲတွင် လျှပ်စစ်မီတာ လျှောက်မည်ဟုဆိုပြီး ဝင်ရောက် ပါဆယ်ဗုံးထောင် ဖောက်ခွဲသဖြင့် ဝန်ထမ်း ၂ ဦ...
https://yktnews.com/2023/02/89178/
မ​​ကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကျေးရွာများကို စစ်တပ်က စစ်​ကြောင်းထိုး​နေ၍ ပြည်သူ ၁၀၀၀ ကျော် ထွက်​ပြေး​နေရ၊ ဖမ်းဆီးခံရသူများရှိပြီး စစ်တပ်က သတ်ဖြတ်မည်ကို စိုးရိမ်ရ
["မ​ကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကျေးရွာများကို စစ်တပ်က စစ်​ကြောင်းထိုး​နေ၍ ပြည်သူ ၁၀၀၀ ကျော် ထွက်​ပြေး​နေရ၊ ဖမ်းဆီးခံရသူများရှိပြီး စစ်တပ်က သတ်ဖြတ်မည်ကို စိုးရိမ်ရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄", "မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အင်အားသုံး စီးနင်းမှုကြောင့် ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရ...
https://yktnews.com/2024/06/167865/
ယခုနှစ် အောက်တိုဘာလတွင် လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူပြီး ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြောဆိုပြန်
["ယခုနှစ် အောက်တိုဘာလတွင် လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူပြီး ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြောဆိုပြန်", "ရန်ကုန်၊ ဇွန် ၁၆", "အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယခုနှစ်အောက်တိုဘာလအတွင်း လူဦးရေနှင့် သန်းခေါင် စာရင်း ကောက်ယူပြီး လာမည့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပမည်...
https://yktnews.com/2024/05/163058/
မြန်မာစစ်အာဏာရှင် တိုက်ထုတ်ရေး စစ်ပွဲများတွင် တော်လှန်ရေးတပ်များဘက်မှ စေတနာ့ ဝန် ထမ်း နိုင်ငံခြား သားစစ်သည်တချို့ ပါဝင် တိုက်ခိုက်
["ယခုနှစ်ကုန်ပိုင်း ဗြိတိန်၊ အမေရိကန်၊ ကနေဒါနှင့် သြစတြေးလျတို့မှ စစ်သည်ဟောင်း ၆ ဦးမှ ၁၀ ဦးပါ အဖွဲ့က မြန်မာတော်လှန်ရေးတပ်ဖွဲ့များကို လာရောက် ကူညီမည်", "ရန်ကုန်၊ မေ ၁၈", "မြန်မာစစ်အာဏာရှင် တိုက်ထုတ်ရေး စစ်ပွဲများတွင် တော်လှန်ရေးတပ်များဘက်မှ စေတနာ့ဝန် ထမ်း နိုင်ငံ ခြားသား စစ်သားဟောင်းတချို့ ပါဝင်တိုက်ခိုက်နေကြောင်း Aljaz...
https://yktnews.com/2023/04/99599/
ယခုနှစ်ဆန်းပိုင်းကာလ စစ်ကောင်စီ တပ်စခန်း ၄၄ ခု သိမ်းပိုက်နိုင်ခဲ့ပြီး လေ တပ် စခန်း၊ လက်နက်စက်ရုံ၊ ဌာနချုပ် စခန်းများကို တိုက်ခိုက်နိုင်ခဲ့ဟု NUG ကြေညာ
["ယခုနှစ်ဆန်းပိုင်းကာလ စစ်ကောင်စီ တပ်စခန်း ၄၄ ခု သိမ်းပိုက်နိုင်ခဲ့ပြီး လေ တပ် စခန်း၊ လက်နက်စက်ရုံ၊ ဌာနချုပ် စခန်းများကို တိုက်ခိုက်နိုင်ခဲ့ဟု NUG ကြေညာ", "ရန်ကုန်၊ ဧပြီ ၂၇", "၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၂၆ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်စခန်း ၄၄ ခုကို သိမ်း ပိုက်နိုင်ခဲ့ပြီး လေတပ်စခန်း၊ လက်နက်စက်ရုံ၊ ဌာနချုပ်စခန...
https://yktnews.com/2023/11/130495/
ယခုနှစ်ဆယ်လတာကာလ အတွင်း နိုင်ငံအနှံ့ အပြားက နေအိမ်ပေါင်း ၂၈၀၀၀ နီးပါးကိုစစ်ကောင်စီမီးရှို့ခဲ့
["ယခုနှစ်ဆယ်လတာကာလ အတွင်း နိုင်ငံအနှံ့ အပြားက နေအိမ်ပေါင်း ၂၈၀၀၀ နီးပါးကိုစစ်ကောင်စီမီးရှို့ခဲ့", "ရန်ကုန်၊ နိုဝင်ဘာ ၁၀", "ယခုနှစ် ဆယ်လတာ ကာလအအတွင်း အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံနေရာအနှံ့အပြားက အရပ်သား တွေနေထိုင်ရာ နေအိမ်ပေါင်း ၂၈၀၀၀ နီးပါးကိုစစ်ကောင်စီက မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ သုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ Data for...
https://yktnews.com/2023/04/99664/
ယင်းမာပင် ခရိုင် တပ်ရင်း ၂၄ ကို ထမင်းပေါင်းအိုးများ လှူဒါန်း
["ယင်းမာပင် ခရိုင် တပ်ရင်း ၂၄ ကို ထမင်းပေါင်းအိုးများ လှူဒါန်း", "ရန်ကုန်၊ ဧပြီ ၂၇", "ယင်းမာပင် ခရိုင် တပ်ရင်း ၂၄ ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ယနေ့ ဧပြီလ ၂၇ ရက်နေ့တွင် ထမင်း ပေါင်းအိုးများ လှူဒါန်းခဲ့ကြောင်း သိရသည်။", "“ကျွန်တော်တို့ အနေနဲ့ ယင်းမာပင် ခရိုင် တပ်ရင်း ၂၄ အတွက် လိုအပ်နေတဲ့ ထမင်း ပေါင်းအိုး လှူဒါန်း ...
https://yktnews.com/2023/05/104236/
ယင်းမာပင် ခရိုင် တပ်ရင်း ၂၄ ရှိ PDF ရဲဘော်များကို ဟမ်ဘာဂါ ကျွေးမွေးလှူဒါန်း
["ယင်းမာပင် ခရိုင် တပ်ရင်း ၂၄ ရှိ PDF ရဲဘော်များကို ဟမ်ဘာဂါ ကျွေးမွေးလှူဒါန်း", "ရန်ကုန်၊ မေ ၂၄", "ယင်းမာပင်ခရိုင် တပ်ရင်း ၂၄ ရှိ PDF ရဲဘော်များကို အညာပစ်တိုင်းထောင်လေးများ အဖွဲ့က ယနေ့ မေလ ၂၄ ရက်နေ့တွင် ဟမ်ဘာဂါ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/04/210350/
ယင်းမာပင် ဆားလင်းကြီး ဒေသတွင်း သပိတ်စစ်ကြောင်းများပူးပေါင်းကာ BIMSTEC အစည်းအဝေးသို့ မင်းအောင်လှိုင်ကို ဖိတ်ကြားမှု ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်
["ယင်းမာပင် ဆားလင်းကြီး ဒေသတွင်း သပိတ်စစ်ကြောင်းများပူးပေါင်းကာ BIMSTEC အစည်းအဝေးသို့ မင်းအောင်လှိုင်ကို ဖိတ်ကြားမှု ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်", "ရန်ကုန်၊ ဧပြီ ၅", "စစ်ကိုင်းတိုင်းတွင် ယင်းမာပင် ဆားလင်းကြီး ဒေသတွင်း သပိတ်စစ်ကြောင်းများပူးပေါင်းကာ “Don’t Support Myanmar Junta”စာသား ကိုင်စွဲ၍ BIMSTEC အစည်းအဝေးသို့ စစ်...
https://yktnews.com/2023/09/123908/
ယင်းမာပင် ဘန့်ဘွေးပျူစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှုရှိသဖြင့် ၁၂၀ မမ လက်နက်ကြီးများဖြင့် စစ်တပ်က ပစ်ခတ်
["ယင်းမာပင် ဘန့်ဘွေးပျူစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှုရှိသဖြင့် ၁၂၀ မမ လက်နက်ကြီးများဖြင့် စစ်တပ်က ပစ်ခတ်", "ရန်ကုန်၊ စက်တင်ဘာ ၂၅", "စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေး(ပျူ)ရွာစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထ...
https://yktnews.com/2023/04/95251/
ယင်းမာပင်-ဆားလင်းကြီး မြို့နယ်အစပ်ရှိ ကျေးရွာ ၆ ရွာကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူ ၄၅၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
["ယင်းမာပင်-ဆားလင်းကြီး မြို့နယ်အစပ်ရှိ ကျေးရွာ ၆ ရွာကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူ ၄၅၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဧပြီ ၁", "စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး မြို့နယ်အစပ်ရှိ ကျေးရွာ ၆ ရွာကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူ ၄၅၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကု...
https://yktnews.com/2022/12/76679/
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
["ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၆", "ယင်းမာပင်-ဆားလင်းကြီးမြို့နယ် ရွာပေါင်းစုံသပိတ် စစ်ကြောင်း ဦးဆာင်ကာ ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြချီတက်ပွဲကို ၆၅၅ ရက်မြောက်နေ့အဖြစ် ချီတက် ဆန္ဒပြခဲ့သည်။"]
https://yktnews.com/2022/12/75730/
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ဆန္ဒပြ
["ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ဆန္ဒပြ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၂", "ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/03/149642/
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်းက လူထု သပိတ်တိုက်ပွဲ ၃ နှစ်ပြည့်နေ့ အဖြစ် ချီတက် ဆန္ဒပြ
["ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်းက လူထု သပိတ်တိုက်ပွဲ ၃ နှစ်ပြည့်နေ့ အဖြစ် ချီတက် ဆန္ဒပြ", "ရန်ကုန်၊ မတ် ၉", "ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၉ ရက်နေ့တွင် လူထု သပိတ်တိုက်ပွဲ ၃ နှစ်ပြည့်နေ့ အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/02/88441/
ယင်းမာပင်-ဆားလင်းကြီးနယ်စပ်၊ ကျောက်မျက်တောင်ရှိ စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များ သိမ်းပိုက်
["ယင်းမာပင်-ဆားလင်းကြီးနယ်စပ်၊ ကျောက်မျက်တောင်ရှိ စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များ သိမ်းပိုက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနှင့် ယင်းမာပင် မြို့နယ်အစပ်၊ ကျောက်မျက်တောင်ရှိ အကြမ်းဖက် စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့​ကြောင်း မြောက်ယမား PDF တပ်ဖွဲ့ထံမှ သိရသည်။", "ဖေဖော်ဝါ...
https://yktnews.com/2022/12/77458/
ယင်းမာပင်-ဆားလင်းကြီးနှင့် ရွှေနွယ်သွေး သပိတ်ကော်မတီဝင်များ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ
["ယင်းမာပင်-ဆားလင်းကြီးနှင့် ရွှေနွယ်သွေး သပိတ်ကော်မတီဝင်များ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၇", "ယင်းမာပင်-ဆားလင်းကြီးနှင့် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် ကော်မတီဝင်များ ပူးပေါင်းကာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့်ရွှေတောင်ဦးကုန်းပေါ်ရှိ ရွေတောင်ဦးဘုရားပေါ်နှင့် မုံရွာ မြို့ပတ် လမ်...
https://yktnews.com/2023/04/98261/
ယင်းမာပင်ခရိုင် တပ်ရင်း ၂၄ ရှိ PDF ရဲဘော်များကို အစားအသောက်များ ကျွေးမွေး လှူဒါန်း
["ယင်းမာပင်ခရိုင် တပ်ရင်း ၂၄ ရှိ PDF ရဲဘော်များကို အစားအသောက်များ ကျွေးမွေး လှူဒါန်း", "ရန်ကုန်၊ ဧပြီ ၁၈", "ယင်းမာပင်ခရိုင် တပ်ရင်း၂၄ ရှိ ပြည်သူ့ ကာကွယ်ရေး ရဲဘော်များကို အညာပစ်တိုင်း ထောင်လေးများ အဖွဲ့နှင့် အနာဂါတ် အလင်းတန်းများ အဖွဲ့ တို့ပူးပေါင်းကာ အစားအသောက်များ ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။", "ထို့ပြင် ယင်းမ...
https://yktnews.com/2023/12/133993/
ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ရှိ ရဲဘော်များကို စောင်နှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်း
["ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ရှိ ရဲဘော်များကို စောင်နှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်း", "ရန်ကုန်၊ ဒီဇင်ဘာ ၁", "ယင်းမာပင်ခရိုင် တပ်ရင်း၂၈ ရှိ ရဲဘော်များကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့၌ စောင်နှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/03/149249/
ယင်းမာပင်ခရိုင် တပ်ရင်း၉ NW PDF အတွက် ရိက္ခာနှင့် ဆေးဝါးများလှူဒါန်း
["ယင်းမာပင်ခရိုင် တပ်ရင်း၉ NW PDF အတွက် ရိက္ခာနှင့် ဆေးဝါးများလှူဒါန်း", "ရန်ကုန်၊ မတ် ၇", "ယင်းမာပင်တွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့က ယင်းမာပင်ခရိုင် တပ်ရင်း၉ NW PDF အတွက် ရိက္ခာ နှင့် ဆေးဝါးများလှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/02/205120/
ယင်းမာပင်ခရိုင်တပ်ရင်း ၃၉ မှ ရဲဘော်များက စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့
["ယင်းမာပင်ခရိုင်တပ်ရင်း ၃၉ မှ ရဲဘော်များက စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃", "ဆားလင်းကြိးမြို့နယ်အခြေစိုက် ယင်းမာပင်ခရိုင်တပ်ရင်း ၃၉ မှ ရဲဘော်များက စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/126320/
ယင်းမာပင်ခရိုင်တပ်ရင်းမှ PDF ရဲဘော်များကို ဟမ်ဘာဂါနှင့် အချိုရည် ကျွေးမွေး လှူဒါန်း
["ယင်းမာပင်ခရိုင်တပ်ရင်းမှ PDF ရဲဘော်များကို ဟမ်ဘာဂါနှင့် အချိုရည် ကျွေးမွေး လှူဒါန်း", "ရန်ကုန်၊ အောက်တိုဘာ ၁၃", "ယင်းမာပင်ခရိုင်တပ်ရင်းမှ PDF ရဲဘော်များကို ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့တွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဟမ်ဘာဂါနှင့် အချိုရည် ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/115126/
ယင်းမာပင်ခရိုင်တွင် တိုက်ပွဲအတွင်း၌ ကျဆုံးခဲ့သည့် PDF ရဲဘော် ၄ ဦးအား ရည်စူး၍ ဝါဆို သင်္ဃန်း ကပ်လှူခြင်းနှင့် ဗိမာန်ရေစက်ချပွဲ ပြုလုပ်
["ယင်းမာပင်ခရိုင်တွင် တိုက်ပွဲအတွင်း၌ ကျဆုံးခဲ့သည့် PDF ရဲဘော် ၄ ဦးအား ရည်စူး၍ ဝါဆို သင်္ဃန်း ကပ်လှူခြင်းနှင့် ဗိမာန်ရေစက်ချပွဲ ပြုလုပ်", "ရန်ကုန်၊ ဇူလိုင် ၂၇", "ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ဓားမဆိုင်း တပ်မတော်က ဦးဆောင်ပြီး ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့တွင် တိုက်ပွဲအတွင်း၌ ကျဆုံးခဲ့သည့် PDF ရဲဘော် ၄ ဦးအား ရည်စူး၍ ဝါဆို သင်္ဃန်...
https://yktnews.com/2023/09/123406/
ယင်းမာပင်ခရိုင်အတွင်း ရဲများက ဒုစရိုက် လုပ်ငန်းများကို မနှိမ်နင်းဘဲ ခွင့်ပြုထားကာ အထက်လူကြီးများကို ရှာကျွေးနေရကြောင်း BNRA မှ ဖမ်းဆီးရမိသည့် ရဲတပ်ကြပ်က ဝန်ခံ ပြောဆို
["ယင်းမာပင်ခရိုင်အတွင်း ရဲများက ဒုစရိုက် လုပ်ငန်းများကို မနှိမ်နင်းဘဲ ခွင့်ပြုထားကာ အထက်လူကြီးများကို ရှာကျွေးနေရကြောင်း BNRA မှ ဖမ်းဆီးရမိသည့် ရဲတပ်ကြပ်က ဝန်ခံ ပြောဆို", "ရန်ကုန်၊ စက်တင်ဘာ ၂၁", "စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း ရဲတပ်ဖွဲ့ဝင်များက ဒုစရိုက် လုပ်ငန်းများကို မနှိမ်နင်းဘဲ ခွင့်ပြုထားကာ အထက်လူကြီးများက...