Dataset Viewer
Auto-converted to Parquet Duplicate
basket
stringclasses
1 value
book_pali
stringclasses
5 values
book_mm
stringclasses
5 values
chapter
stringlengths
6
92
sutta
stringlengths
6
92
paragraph
int64
1
1.24k
mm_page
int64
1
660
pali
stringlengths
31
12.7k
myanmar
stringlengths
83
23.4k
ဝိနည်းပိဋက (Vinaya Pitaka)
ပါရာဇိကပါဠိ
ပါရာဇိကဏ်
ဝေရဉ္ဇပုဏ္ဏားအကြောင်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
1
1
၁။ တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဝေရဉ္ဇာယံ ဝိဟရတိ နဠေရုပုစိမန္ဒမူလေ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ။ အဿောသိ ခေါ ဝေရဉ္ဇော ဗြာဟ္မဏော – ‘‘သမဏော ခလု, ဘော, ဂေါတမော သကျပုတ္တော သကျကုလာ ပဗ္ဗဇိတော ဝေရဉ္ဇာယံ ဝိဟရတိ နဠေရုပုစိမန္ဒမူလေ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ။ တံ ခေါ ပန ဘဝန္တံ ဂေါတမံ ဧဝံ ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂတော – ‘ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ [ဘဂဝါတိ (သျာ။), ဒီ။ နိ။ ၁။၁၅၇, အဗ္ဘုဂ္ဂတာကာရေန ပန သမေတိ] ။ သော ဣမံ လောကံ သဒေဝကံ သမာရကံ သဗြဟ္မကံ သဿမဏဗြာဟ္မဏိံ ပဇံ သဒေဝမနုဿံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေတိ။ သော ဓမ္မံ ဒေသေတိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသာနကလျာဏံ သာတ္ထံ သဗျဉ္ဇနံ၊ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေတိ၊ သာဓု ခေါ ပန တထာရူပါနံ အရဟတံ ဒဿနံ ဟောတီ’’’တိ။
၁။ အခါတစ်ပါး၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဝေရဉ္ဇာမြို့ နဠေရုမည်သော (ဘီလူးသည်သိမ်းဆည်းအပ်သော) တမာပင်အနီး၌ များမြတ်သော ရဟန်းသံဃာ ငါးရာနှင့် အတူ သီတင်းသုံးနေတော်မူ၏။ (ထိုသို့ နေတော်မူသောအခါ) ဝေရဉ္ဇပုဏ္ဏားသည် (ဤဆိုလတ္တံ့သောအတိုင်း) ကြားသိရလေပြီ။ ''အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမသည် ဝေရဉ္ဇာမြို့ နဠေရုမည်သော (ဘီလူးသည် သိမ်းဆည်းအပ်သော) တမာပင်အနီး၌ များမြတ်သော ရဟန်းသံဃာ ငါးရာနှင့်အတူ သီတင်းသုံးနေတော်မူ၏၊ ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်၏။ ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း 'အရဟံ'မည်တော်မူ၏။ အလုံးစုံသော တရားတို့ကို ကိုယ်တိုင် မှန်ကန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း 'သမ္မာသမ္ဗုဒ္ဓ' မည်တော်မူ၏။ အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ' နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း 'ဝိဇ္ဇာစရဏသမ္ပန္န' မည်တော်မူ၏။ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း 'သုဂတ' မည်တော်မူ၏။ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း 'လောကဝိဒူ' မည်တော်မူ၏။ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့လွန်မြတ်သော ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'အနုတ္တရော ပုရိသဒမ္မသာရထိ' မည်တော်မူ၏။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'သတ္ထာ ဒေဝမနုဿာနံ' မည်တော်မူ၏။ သစ္စာလေးပါးတရားတို့ကို ကိုယ်တိုင် သိ၍ သူတစ်ပါးတို့ကို သိစေတော်မူသော အကြောင်းကြောင့်လည်း 'ဗုဒ္ဓ' မည်တော်မူ၏။ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း 'ဘဂဝါ' မည်တော်မူ၏ဟု (ပျံ့နှံ့၍ ထွက်၏)။ -- ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤဩကာသလောကကိုလည်းကောင်း၊ သမဏဗြာဟ္မဏနှင့်တကွသော မင်းများ လူများနှင့်တကွသော ဤသတ္တလောကကိုလည်းကောင်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏။ ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသောအနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုသို့ သဘောရှိသော ရဟန္တာ (ပုဂ္ဂိုလ်) တို့ကို ဖူးမြော်ရခြင်းသည် ကောင်းသည် သာတည်း''ဟု (ကြားသိရလေ၏)။
ဝိနည်းပိဋက (Vinaya Pitaka)
ပါရာဇိကပါဠိ
ပါရာဇိကဏ်
ဝေရဉ္ဇပုဏ္ဏားအကြောင်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
2
2
၂။ [ဣတော ပရံ ယာဝ ပါရာ။ ၁၅-၁၆ ပဒက္ခိဏံ ကတွာ ပက္ကာမီတိ ပါဌော အ။ နိ။ ၈။၁၁] အထ ခေါ ဝေရဉ္ဇော ဗြာဟ္မဏော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝတာ သဒ္ဓိံ သမ္မောဒိ။ သမ္မောဒနီယံ ကထံ သာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိ ။ ဧကမန္တံ နိသိန္နော ခေါ ဝေရဉ္ဇော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘သုတံ မေတံ, ဘော ဂေါတမ – ‘န သမဏော ဂေါတမော ဗြာဟ္မဏေ ဇိဏ္ဏေ ဝုဍ္ဎေ မဟလ္လကေ အဒ္ဓဂတေ ဝယောအနုပ္ပတ္တေ အဘိဝါဒေတိ ဝါ ပစ္စုဋ္ဌေတိ ဝါ အာသနေန ဝါ နိမန္တေတီ’တိ။ တယိဒံ, ဘော ဂေါတမ, တထေဝ? န ဟိ ဘဝံ ဂေါတမော ဗြာဟ္မဏေ ဇိဏ္ဏေ ဝုဍ္ဎေ မဟလ္လကေ အဒ္ဓဂတေ ဝယောအနုပ္ပတ္တေ အဘိဝါဒေတိ ဝါ ပစ္စုဋ္ဌေတိ ဝါ အာသနေန ဝါ နိမန္တေတိ? တယိဒံ, ဘော ဂေါတမ, န သမ္ပန္နမေဝါ’’တိ။ ‘‘နာဟံ တံ, ဗြာဟ္မဏ, ပဿာမိ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ ယမဟံ အဘိဝါဒေယျံ ဝါ ပစ္စုဋ္ဌေယျံ ဝါ အာသနေန ဝါ နိမန္တေယျံ။ ယဉှိ, ဗြာဟ္မဏ, တထာဂတော အဘိဝါဒေယျ ဝါ ပစ္စုဋ္ဌေယျ ဝါ အာသနေန ဝါ နိမန္တေယျ, မုဒ္ဓါပိ တဿ ဝိပတေယျာ’’တိ။
၂။ ထိုအခါ ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏။ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေ၍တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရားအား - ''အသျှင်ဂေါတမ ဤစကားကို အကျွန်ုပ် ကြားဖူးပါသည်၊ ရဟန်းဂေါတမသည် အိုကုန်သော ကြီးကုန်သော ရင့်ကုန်သော ရှေးမီကုန်သော အဆုံးအရွယ်သို့ ရောက်ကုန်သော ပုဏ္ဏားတို့ကို ရှိလည်း မခိုးခရီးဦးလည်း မကြို ထိုင်ရန်နေရာဖြင့် ဖိတ်လည်း မဖိတ်ဟု ကြားဖူးပါသည်။ အသျှင်ဂေါတမ ထို (အကျွန်ုပ်ကြားဖူးသော စကား) သည် ထို (ကြားဖူးသည့်) အတိုင်း မှန်သည်သာတည်း၊ အသျှင်ဂေါတမသည် အိုကုန်သော ကြီးကုန်သော ရင့်ကုန်သော ရှေးမီကုန်သော အဆုံးအရွယ်သို့ ရောက်ကုန်သော ပုဏ္ဏားတို့ကို ရှိလည်းမခိုး ခရီးဦးလည်း မကြို ထိုင်ရန် နေရာဖြင့် ဖိတ်လည်း မဖိတ်၊ အသျှင်ဂေါတမ ထို (ရှိခိုးခြင်းစသည်ကို မပြုခြင်း) သည် မသင့်လျှော်သည်သာလျှင်တည်း''ဟု လျှောက်၏။ ပုဏ္ဏား နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤဩကာသလောက၌လည်းကောင်း၊ သမဏဗြာဟ္မဏနှင့်တကွသော မင်းများ လူများနှင့်တကွသော ဤသတ္တလောက၌လည်းကောင်း ငါသည် ရှိခိုးလည်း ရှိခိုးထိုက် ခရီးဦးလည်း ကြိုထိုက် ထိုင်ရန်နေရာဖြင့် ဖိတ်လည်း ဖိတ်ထိုက်သောသူကို မြင်တော်မမူ၊ ပုဏ္ဏား အကြင်သူကို ငါသည် ရှိခိုးမူလည်း ရှိခိုးငြားအံ့၊ ခရီးဦးမူလည်းကြိုငြားအံ့၊ ထိုင်ရန်နေရာဖြင့် ဖိတ်မူလည်း ဖိတ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသည်လည်း ပြတ်ကျရာ၏ဟု (မိန့်တော်မူ၏)။
ဝိနည်းပိဋက (Vinaya Pitaka)
ပါရာဇိကပါဠိ
ပါရာဇိကဏ်
ဝေရဉ္ဇပုဏ္ဏားအကြောင်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
3
2
၃။ ‘‘အရသရူပေါ ဘဝံ ဂေါတမော’’တိ? ‘‘အတ္ထိ ခွေသ, ဗြာဟ္မဏ, ပရိယာယော ယေန မံ ပရိယာယေန သမ္မာ ဝဒမာနော ဝဒေယျ – ‘အရသရူပေါ သမဏော ဂေါတမော’တိ။ ယေ တေ, ဗြာဟ္မဏ, ရူပရသာ သဒ္ဒရသာ ဂန္ဓရသာ ရသရသာ ဖောဋ္ဌဗ္ဗရသာ တေ တထာဂတဿ ပဟီနာ ဥစ္ဆိန္နမူလာ တာလာဝတ္ထုကတာ အနဘာဝံကတာ [အနဘာဝကတာ (သီ။) အနဘာဝံဂတာ (သျာ။)] အာယတိံ အနုပ္ပါဒဓမ္မာ။ အယံ ခေါ, ဗြာဟ္မဏ, ပရိယာယော ယေန မံ ပရိယာယေန သမ္မာ ဝဒမာနော ဝဒေယျ – ‘အရသရူပေါ သမဏော ဂေါတမော’တိ, နော စ ခေါ ယံ တွံ သန္ဓာယ ဝဒေသီ’’တိ။
၃။ အသျှင်ဂေါတမသည် အရသာကင်းသော သဘောရှိ၏ဟု (ပုဏ္ဏားက ဆို၏)။ ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် အရသာ ကင်းသောသဘောရှိ၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း။ ပုဏ္ဏား ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့၌ သာယာခြင်း အရသာတို့ကို မြတ်စွာဘုရားသည် ပယ်ပြီးပြီ၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိကုန်ပြီ။ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် အရသာကင်းသော သဘောရှိ၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။ --၃။ (ခ) ၁၇၁။ ''အကြင် ရဟန်းသည် (သတ်လိုသော စိတ်စေတနာဖြင့်)စေ့ဆော်၍လူဇာတ်ဖြစ်သော သူ၏ ကိုယ်ကို အသက် 'ဇီဝိတိန္ဒြေ'မှ ချငြားအံ့၊ ထို သူ၏ အသက် 'ဇီဝိတိန္ဒြေ' ကိုဆောင်တတ်သော ဓားလက်နက်ကိုမူလည်း ရှာ၍ (အနီး၌) ထားငြားအံ့၊ သေခြင်း၏ ဂုဏ်ကျေးဇူးကိုသော်လည်း ချီးကျူးပြောဆို ငြားအံ့၊ သေစိမ့်သောငှါသော်လည်း ဆောက်တည်စေငြားအံ့၊ 'အိုယောက်ျား သင့်အား ယုတ်ညံ့ဆိုးရွားစွာ အသက်ရှင်နေရခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ သင့်အားအသက်ရှင်နေရခြင်းထက် သေရခြင်းက မြတ်သေး၏'ဟု ဤသို့ (သေစေလိုသော) စိတ်နှလုံးရှိသည်ဖြစ်၍ ဤသို့ (သေစေလိုသော) စိတ်အကြံရှိသည် ဖြစ်၍ များစွာ သော အကြောင်းဖြင့်သေခြင်း၏ ဂုဏ်ကျေးဇူးကိုသော်လည်း ချီးကျူးပြောဆိုငြားအံ့၊ သေစိမ့်သောငှါသော်လည်း ဆောက်တည်စေငြားအံ့၊ ဤရဟန်းသည် လည်း သာသနာ တော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏၊ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်း ရခြင်း မရှိ'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဝိနည်းပိဋက (Vinaya Pitaka)
ပါရာဇိကပါဠိ
ပါရာဇိကဏ်
ဝေရဉ္ဇပုဏ္ဏားအကြောင်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
4
3
၄။ ‘‘နိဗ္ဘောဂေါ ဘဝံ ဂေါတမော’’တိ? ‘‘အတ္ထိ ခွေသ, ဗြာဟ္မဏ, ပရိယာယော ယေန မံ ပရိယာယေန သမ္မာ ဝဒမာနော ဝဒေယျ – ‘နိဗ္ဘောဂေါ သမဏော ဂေါတမော’တိ။ ယေ တေ, ဗြာဟ္မဏ, ရူပဘောဂါ သဒ္ဒဘောဂါ ဂန္ဓဘောဂါ ရသဘောဂါ ဖောဋ္ဌဗ္ဗဘောဂါ တေ တထာဂတဿ ပဟီနာ ဥစ္ဆိန္နမူလာ တာလာဝတ္ထုကတာ အနဘာဝံကတာ အာယတိံ အနုပ္ပါဒဓမ္မာ။ အယံ ခေါ, ဗြာဟ္မဏ, ပရိယာယော ယေန မံ ပရိယာယေန သမ္မာ ဝဒမာနော ဝဒေယျ – ‘နိဗ္ဘောဂေါ သမဏော ဂေါတမော’တိ, နော စ ခေါ ယံ တွံ သန္ဓာယ ဝဒေသီ’’တိ။
၄။ ''အသျှင်ဂေါတမသည် သုံးဆောင်ခြင်း မရှိ''ဟု (ပုဏ္ဏားက ဆို၏)။ ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် သုံးဆောင်ခြင်း မရှိ''ဟု ငါ့ကိုပြောဆိုမူ ပြောဆိုနိုင်ရာ၏။ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း။ ပုဏ္ဏား ရူပါရုံသဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗရုံတို့၌ သုံးဆောင်ခြင်းတို့ကို မြတ်စွာဘုရားသည် ပယ်ပြီးပြီ၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ အသစ်မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိကုန်ပြီ။ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် သုံးဆောင်ခြင်းမရှိ''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏။ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်း (ဟု မိန့်တော်မူ၏)။
ဝိနည်းပိဋက (Vinaya Pitaka)
ပါရာဇိကပါဠိ
ပါရာဇိကဏ်
ဝေရဉ္ဇပုဏ္ဏားအကြောင်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
5
3
၅။ ‘‘အကိရိယဝါဒေါ ဘဝံ ဂေါတမော’’တိ? ‘‘အတ္ထိ ခွေသ, ဗြာဟ္မဏ, ပရိယာယော ယေန မံ ပရိယာယေန သမ္မာ ဝဒမာနော ဝဒေယျ – ‘အကိရိယဝါဒေါ သမဏော ဂေါတမော’တိ။ အဟဉှိ, ဗြာဟ္မဏ, အကိရိယံ ဝဒါမိ ကာယဒုစ္စရိတဿ ဝစီဒုစ္စရိတဿ မနောဒုစ္စရိတဿ။ အနေကဝိဟိတာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ အကိရိယံ ဝဒါမိ။ အယံ ခေါ, ဗြာဟ္မဏ, ပရိယာယော ယေန မံ ပရိယာယေန သမ္မာ ဝဒမာနော ဝဒေယျ – ‘အကိရိယဝါဒေါ သမဏော ဂေါတမော’တိ, နော စ ခေါ ယံ တွံ သန္ဓာယ ဝဒေသီ’’တိ။
၅။ ''အသျှင်ဂေါတမသည် မပြုထိုက်ဟူသော အယူ 'အကိရိယဝါဒ' ရှိ၏''ဟု (ပုဏ္ဏားက ဆို၏)။ ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် မပြုထိုက်ဟူသော အယူ'အကိရိယဝါဒ' ရှိ၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏။ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း၊ ပုဏ္ဏား ငါသည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်' ကိုလည်းကောင်း၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ဝစီဒုစရိုက်' ကိုလည်းကောင်း၊ စိတ်ဖြင့် ပြုသောမကောင်းသော အကျင့် 'မနောဒုစရိုက်' ကိုလည်းကောင်း မပြုထိုက်ဟု ဟော၏၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို မပြုထိုက်ဟု ဟော၏၊ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် မပြုထိုက်ဟူသော အယူ 'အကိရိယဝါဒ' ရှိ၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ သင့် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။
ဝိနည်းပိဋက (Vinaya Pitaka)
ပါရာဇိကပါဠိ
ပါရာဇိကဏ်
ဝေရဉ္ဇပုဏ္ဏားအကြောင်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
6
3
၆။ ‘‘ဥစ္ဆေဒဝါဒေါ ဘဝံ ဂေါတမော’’တိ? ‘‘အတ္ထိ ခွေသ, ဗြာဟ္မဏ, ပရိယာယော ယေန မံ ပရိယာယေန သမ္မာ ဝဒမာနော ဝဒေယျ – ‘ဥစ္ဆေဒဝါဒေါ သမဏော ဂေါတမော’တိ။ အဟဉှိ, ဗြာဟ္မဏ, ဥစ္ဆေဒံ ဝဒါမိ ရာဂဿ ဒေါသဿ မောဟဿ။ အနေကဝိဟိတာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ ဥစ္ဆေဒံ ဝဒါမိ။ အယံ ခေါ, ဗြာဟ္မဏ, ပရိယာယော ယေန မံ ပရိယာယေန သမ္မာ ဝဒမာနော ဝဒေယျ – ‘ဥစ္ဆေဒဝါဒေါ သမဏော ဂေါတမော’တိ, နော စ ခေါ ယံ တွံ သန္ဓာယ ဝဒေသီ’’တိ။
၆။ ''အသျှင်ဂေါတမသည် ဖြတ်အပ်၏ဟူသော အယူ 'ဥစ္ဆေဒဝါဒ' ရှိ၏''ဟု (ပုဏ္ဏားက ဆို၏)။ ပုဏ္ဏား အကြင်သို့သော နည်း ပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ဖြတ်အပ်၏ဟူသော အယူ'ဥစ္ဆေဒဝါဒ' ရှိ၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း။ ပုဏ္ဏား ငါသည် ရာဂ ဒေါသ မောဟတို့ကို ဖြတ်အပ်သည်ကို ဟော၏။ များပြားသောယုတ်ညံ့သော အကုသိုလ်တရားတို့ကို ဖြတ်အပ်သည်ကို ဟော၏။ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့်''ရဟန်းဂေါတမသည် ဖြတ်အပ်၏ဟူသော အယူ 'ဥစ္ဆေဒဝါဒ' ရှိ၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။
ဝိနည်းပိဋက (Vinaya Pitaka)
ပါရာဇိကပါဠိ
ပါရာဇိကဏ်
ဝေရဉ္ဇပုဏ္ဏားအကြောင်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
7
3
၇။ ‘‘ဇေဂုစ္ဆီ ဘဝံ ဂေါတမော’’တိ? ‘‘အတ္ထိ ခွေသ, ဗြာဟ္မဏ, ပရိယာယော ယေန မံ ပရိယာယေန သမ္မာ ဝဒမာနော ဝဒေယျ – ‘ဇေဂုစ္ဆီ သမဏော ဂေါတမော’တိ။ အဟဉှိ, ဗြာဟ္မဏ, ဇိဂုစ္ဆာမိ ကာယဒုစ္စရိတေန ဝစီဒုစ္စရိတေန မနောဒုစ္စရိတေန။ အနေကဝိဟိတာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ သမာပတ္တိယာ ဇိဂုစ္ဆာမိ။ အယံ ခေါ, ဗြာဟ္မဏ, ပရိယာယော ယေန မံ ပရိယာယေန သမ္မာ ဝဒမာနော ဝဒေယျ – ‘ဇေဂုစ္ဆီ သမဏော ဂေါတမော’တိ, နော စ ခေါ ယံ တွံ သန္ဓာယ ဝဒေသီ’’တိ။
၇။ ''အသျှင်ဂေါတမသည် စက်ဆုပ်ခြင်းသဘော ရှိ၏''ဟု (ပုဏ္ဏားက ဆို၏)။ ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် စက်ဆုပ်ခြင်းသဘော ရှိ၏''ဟုငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း။ ပုဏ္ဏားငါသည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်' ကိုလည်းကောင်း၊ နှုတ်ဖြင့် ပြုသောမကောင်းသော အကျင့် 'ဝစီဒုစရိုက်' ကိုလည်းကောင်း၊ စိတ်ဖြင့်ပြုသော မကောင်းသော အကျင့် 'မနောဒုစရိုက်' ကိုလည်းကောင်း၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့သို့ ရောက်ခြင်းကိုလည်းကောင်း စက်ဆုပ်တော်မူ၏၊ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် စက်ဆုပ်ခြင်းသဘော ရှိ၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။
ဝိနည်းပိဋက (Vinaya Pitaka)
ပါရာဇိကပါဠိ
ပါရာဇိကဏ်
ဝေရဉ္ဇပုဏ္ဏားအကြောင်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
8
4
၈။ ‘‘ဝေနယိကော ဘဝံ ဂေါတမော’’တိ? ‘‘အတ္ထိ ခွေသ, ဗြာဟ္မဏ, ပရိယာယော ယေန မံ ပရိယာယေန သမ္မာ ဝဒမာနော ဝဒေယျ – ‘ဝေနယိကော သမဏော ဂေါတမော’တိ။ အဟဉှိ, ဗြာဟ္မဏ, ဝိနယာယ ဓမ္မံ ဒေသေမိ ရာဂဿ ဒေါသဿ မောဟဿ။ အနေကဝိဟိတာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ ဝိနယာယ ဓမ္မံ ဒေသေမိ။ အယံ ခေါ, ဗြာဟ္မဏ, ပရိယာယော ယေန မံ ပရိယာယေန သမ္မာ ဝဒမာနော ဝဒေယျ – ‘ဝေနယိကော သမဏော ဂေါတမော’တိ, နော စ ခေါ ယံ တွံ သန္ဓာယ ဝဒေသီ’’တိ။
၈။ ''အသျှင်ဂေါတမသည် ဖျက်ဆီးတတ်၏''ဟု (ပုဏ္ဏားက ဆို၏)။ ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ဖျက်ဆီးတတ်၏''ဟု ငါ့ကိုပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း။ ပုဏ္ဏား ငါသည်ရာဂကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မောဟကိုလည်းကောင်း ဖျက်ဆီးခြင်းငှါ တရားကိုဟော၏။ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ဖျက်ဆီးခြင်းငှါ တရားကို ဟော၏။ ပုဏ္ဏားဤနည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ဖျက်ဆီးတတ်၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆို နိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။
ဝိနည်းပိဋက (Vinaya Pitaka)
ပါရာဇိကပါဠိ
ပါရာဇိကဏ်
ဝေရဉ္ဇပုဏ္ဏားအကြောင်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
9
4
၉။ ‘‘တပဿီ ဘဝံ ဂေါတမော’’တိ? ‘‘အတ္ထိ ခွေသ, ဗြာဟ္မဏ, ပရိယာယော ယေန မံ ပရိယာယေန သမ္မာ ဝဒမာနော ဝဒေယျ – ‘တပဿီ သမဏော ဂေါတမော’တိ ။ တပနီယာဟံ, ဗြာဟ္မဏ, ပါပကေ အကုသလေ ဓမ္မေ ဝဒါမိ, ကာယဒုစ္စရိတံ ဝစီဒုစ္စရိတံ မနောဒုစ္စရိတံ။ ယဿ ခေါ, ဗြာဟ္မဏ , တပနီယာ ပါပကာ အကုသလာ ဓမ္မာ ပဟီနာ ဥစ္ဆိန္နမူလာ တာလာဝတ္ထုကတာ အနဘာဝံကတာ အာယတိံ အနုပ္ပါဒဓမ္မာ တမဟံ တပဿီတိ ဝဒါမိ။ တထာဂတဿ ခေါ, ဗြာဟ္မဏ, တပနီယာ ပါပကာ အကုသလာ ဓမ္မာ ပဟီနာ ဥစ္ဆိန္နမူလာ တာလာဝတ္ထုကတာ အနဘာဝံကတာ အာယတိံ အနုပ္ပါဒဓမ္မာ။ အယံ ခေါ, ဗြာဟ္မဏ, ပရိယာယော ယေန မံ ပရိယာယေန သမ္မာ ဝဒမာနော ဝဒေယျ – ‘တပဿီ သမဏော ဂေါတမော’တိ, နော စ ခေါ ယံ တွံ သန္ဓာယ ဝဒေသီ’’တိ။
၉။ ''အသျှင်ဂေါတမသည် ပူပန်စေတတ်သော သဘောရှိ၏''ဟု (ပုဏ္ဏားက ဆို၏)။ ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ပူပန်စေတတ်သော သဘောရှိ၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း။ ပုဏ္ဏား ငါသည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်' ကိုလည်းကောင်း၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ဝစီဒုစရိုက်' ကိုလည်းကောင်း၊ စိတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'မနောဒုစရိုက်' ကိုလည်းကောင်း၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကိုလည်းကောင်း ပူပန်စေတတ်သော တရားတို့ဟူ၍ ဟော၏။ ပုဏ္ဏား ပူပန်စေတတ်၍ ယုတ်ညံ့ကုန်သောအကုသိုလ်တရား တို့ကို ပယ်ပြီးသော (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ဖြတ်ပြီးသော (နုတ်ပြီးသော) ထန်းပင်ရာ ကဲ့သို့ ပြုပြီးသော (အသစ်) မဖြစ်ခြင်းကို ပြုပြီးသော နောင်အခါ၌ဖြစ်ခြင်းသဘော မရှိသော သူကို ပူပန်စေတတ်သော အကျင့်ရှိသူဟု ငါဟော၏။ ပုဏ္ဏားမြတ်စွာဘုရားသည် ပူပန်စေတတ်သော ယုတ်ညံ့ သော အကုသိုလ်တရားတို့ကို ပယ်ပြီးပြီ၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိကုန်ပြီ။ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့်''ရဟန်းဂေါတမသည် ပူပန်စေတတ်သော သဘောရှိ၏''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။
ဝိနည်းပိဋက (Vinaya Pitaka)
ပါရာဇိကပါဠိ
ပါရာဇိကဏ်
ဝေရဉ္ဇပုဏ္ဏားအကြောင်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
10
4
၁၀။ ‘‘အပဂဗ္ဘော ဘဝံ ဂေါတမော’’တိ? ‘‘အတ္ထိ ခွေသ, ဗြာဟ္မဏ, ပရိယာယော ယေန မံ ပရိယာယေန သမ္မာ ဝဒမာနော ဝဒေယျ – ‘အပဂဗ္ဘော သမဏော ဂေါတမော’တိ။ ယဿ ခေါ, ဗြာဟ္မဏ, အာယတိံ ဂဗ္ဘသေယျာ ပုနဗ္ဘဝါဘိနိဗ္ဗတ္တိ ပဟီနာ ဥစ္ဆိန္နမူလာ တာလာဝတ္ထုကတာ အနဘာဝံကတာ အာယတိံ အနုပ္ပါဒဓမ္မာ တမဟံ အပဂဗ္ဘောတိ ဝဒါမိ။ တထာဂတဿ ခေါ, ဗြာဟ္မဏ, အာယတိံ ဂဗ္ဘသေယျာ ပုနဗ္ဘဝါဘိနိဗ္ဗတ္တိ ပဟီနာ ဥစ္ဆိန္နမူလာ တာလာဝတ္ထုကတာ အနဘာဝံကတာ အာယတိံ အနုပ္ပါဒဓမ္မာ။ အယံ ခေါ, ဗြာဟ္မဏ, ပရိယာယော ယေန မံ ပရိယာယေန သမ္မာ ဝဒမာနော ဝဒေယျ – ‘အပဂဗ္ဘော သမဏော ဂေါတမော’တိ, နော စ ခေါ ယံ တွံ သန္ဓာယ ဝဒေသိ’’။
၁၀။ ''အသျှင်ဂေါတမသည် နတ်ပြည်ရောက်ခြင်းငှါ မထိုက်''ဟု (ပုဏ္ဏားက ဆို၏)။ ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် နတ်ပြည်ရောက်ခြင်းငှါမထိုက်''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း။ ပုဏ္ဏား နောင် တစ်ဖန် ပဋိသန္ဓေနေခြင်း ဘဝသစ်၌ ဖြစ်ခြင်းကို ပယ်ပြီးသော (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးသော (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးသော (အသစ်) မဖြစ်ခြင်းကိုပြုပြီးသော နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိသောသူကို ပဋိသန္ဓေနေခြင်းမှ ကင်း၏ဟု ငါဟော၏၊ ပုဏ္ဏား မြတ်စွာဘုရားသည် နောင်တစ်ဖန် ပဋိသန္ဓေနေခြင်း ဘဝသစ်၌ ဖြစ်ခြင်းကို ပယ်ပြီးပြီ။ (အဝိဇ္ဇာတဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိကုန်ပြီ၊ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် နတ်ပြည်ရောက်ခြင်းငှါ မထိုက်''ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည် သာတည်းဟု (မိန့်တော်မူ၏)။ -- ကြက်ငယ်ဥပမာ
ဝိနည်းပိဋက (Vinaya Pitaka)
ပါရာဇိကပါဠိ
ပါရာဇိကဏ်
ကြက်ငယ်ဥပမာ
ကြက်ငယ်ဥပမာ
11
5
၁၁။ ‘‘သေယျထာပိ, ဗြာဟ္မဏ, ကုက္ကုဋိယာ အဏ္ဍာနိ အဋ္ဌ ဝါ ဒသ ဝါ ဒွါဒသ ဝါ။ တာနဿု ကုက္ကုဋိယာ သမ္မာ အဓိသယိတာနိ သမ္မာ ပရိသေဒိတာနိ သမ္မာ ပရိဘာဝိတာနိ။ ယော နု ခေါ တေသံ ကုက္ကုဋစ္ဆာပကာနံ ပဌမတရံ ပါဒနခသိခါယ ဝါ မုခတုဏ္ဍကေန ဝါ အဏ္ဍကောသံ ပဒါလေတွာ သောတ္ထိနာ အဘိနိဗ္ဘိဇ္ဇေယျ, ကိန္တိ သွာဿ ဝစနီယော – ‘‘ဇေဋ္ဌော ဝါ ကနိဋ္ဌော ဝါ’’တိ? ‘‘ဇေဋ္ဌောတိဿ, ဘော ဂေါတမ, ဝစနီယော။ သော ဟိ နေသံ ဇေဋ္ဌော ဟောတီ’’တိ။ ‘‘ဧဝမေဝ ခေါ အဟံ, ဗြာဟ္မဏ, အဝိဇ္ဇာဂတာယ ပဇာယ အဏ္ဍဘူတာယ ပရိယောနဒ္ဓါယ အဝိဇ္ဇဏ္ဍကောသံ ပဒါလေတွာ ဧကောဝ လောကေ အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ။ သွာဟံ, ဗြာဟ္မဏ, ဇေဋ္ဌော သေဋ္ဌော လောကဿ’’။ ‘‘အာရဒ္ဓံ ခေါ ပန မေ, ဗြာဟ္မဏ, ဝီရိယံ [ဝိရိယံ (သီ။ သျာ။)] အဟောသိ အသလ္လီနံ, ဥပဋ္ဌိတာ သတိ အသမ္မုဋ္ဌာ [အပ္ပမုဋ္ဌာ (သီ။ သျာ။)] , ပဿဒ္ဓေါ ကာယော အသာရဒ္ဓေါ, သမာဟိတံ စိတ္တံ ဧကဂ္ဂံ။ သော ခေါ အဟံ, ဗြာဟ္မဏ, ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟာသိံ။ ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟာသိံ။ ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟာသိံ သတော စ သမ္ပဇာနော, သုခဉ္စ ကာယေန ပဋိသံဝေဒေသိံ , ယံ တံ အရိယာ အာစိက္ခန္တိ – ‘ဥပေက္ခကော သတိမာ သုခဝိဟာရီ’တိ တတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟာသိံ။ သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟာသိံ။
၁၁။ ပုဏ္ဏား ဥပမာသော်ကား ကြက်မ၌ ရှစ်လုံးသော်လည်းကောင်း၊ ဆယ်လုံးသော်လည်းကောင်း၊ တစ်ဆယ့်နှစ်လုံးသော်လည်းကောင်း ဥတို့သည် ရှိကုန်ရာ၏၊ ထို (ဥ) တို့ကို ကြက်မသည် ကောင်းစွာဝပ်အပ်ကုန်၏၊ ထက်ဝန်းကျင်မှ ကောင်းစွာ အငွေ့ပေးအပ်ကုန်၏၊ ထက်ဝန်းကျင်မှ ကောင်းစွာ (ကြက်နံ့ကို) ထုံစေအပ်ကုန်၏၊ (ကြက်ဥတို့ အတွင်း၌ တည်သော) ထိုကြက်ငယ်အပေါင်းတို့တွင် ခြေသည်းဖျား နှုတ်သီးဖျားဖြင့် ဥခွံကို ရှေးဦးစွာ ဖောက်ခွဲ၍ ချမ်းချမ်းသာသာ ပေါက်ဖွားလာသော ကြက်ငယ်ကိုအဘယ်သို့ ဆိုအပ်သနည်း၊ အကြီးဟူ၍ ဆိုအပ်သလော၊ သို့မဟုတ် အငယ်ဟူ၍ ဆိုအပ်သလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ အကြီးဟူ၍ ဆိုအပ်ပါသည်၊ ထိုကြက်ငယ်အပေါင်းတို့တွင် (ဥခွံကို ဖောက်ခွဲ၍ ရှေးဦးစွာထွက်လာသော) ထို (ကြက်ငယ်) သည် အကြီးဖြစ်ပါ၏ဟု (လျှောက်၏)။ ပုဏ္ဏား ဤအတူပင် အဝိဇ္ဇာ၌ ရောက်သော (အဝိဇ္ဇာ)ဟူသော ဥ၌ ဖြစ်သော (အဝိဇ္ဇာဟူသောဥခွံဖြင့်) ထက်ဝန်းကျင် မြှေးယှက်အပ်သော သတ္တဝါအပေါင်းတွင် အဝိဇ္ဇာဟူသော ဥခွံကို ဖောက်ခွဲ၍ (ငါ) တစ်ဦးတည်းသာလျှင်လောက၌ အတုမဲ့လွန်မြတ်သော ကိုယ်တိုင် မှန်စွာ သိမြင်သော 'သမ္မာသမ္ဗောဓိ'ဉာဏ်ကို ထိုးထွင်း၍ သိပြီ၊ ပုဏ္ဏား ထိုငါသည်လောကထက် ကြီး၏၊ မြတ်၏။ ပုဏ္ဏား ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ (ငါ့အား) မေ့လျော့ခြင်းမရှိသော သတိ သည်ထင်ပြီ၊ (ငါ၏) ကိုယ်သည် ပူပန်ခြင်းမရှိ ငြိမ်းအေးပြီ၊ (ငါ၏) စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ ကောင်းစွာ တည်ပြီ၊ ပုဏ္ဏား ထိုငါသည် ကာမဂုဏ်တို့မှ ဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ဆိတ်၍သာလျှင် ကြံစည်ခြင်း 'ဝိတက်' နှင့်တကွ ဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း 'ဝိစာရ' နှင့်တကွဖြစ်သော (နီဝရဏ) ဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ'၊ ချမ်းသာခြင်း 'သုခ' ရှိသောပဌမဈာန်သို့ ရောက်၍ နေခဲ့ပြီ။ ဝိတက် ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်တည်ကြည်ခြင်း'သမာဓိ' ကို ဖြစ်ပွားစေတတ်သော ကြံစည်ခြင်း 'ဝိတက်' မရှိသော သုံးသပ်ဆင်ခြင်ခြင်း 'ဝိစာရ' မရှိသောတည်ကြည်ခြင်း 'သမာဓိ' ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ'၊ ချမ်းသာခြင်း 'သုခ' ရှိသော ဒုတိယဈာန့်သို့ ရောက်၍ နေခဲ့ပြီ။ နှစ်သိမ့်ခြင်း 'ပီတိ' ကိုလည်း မတပ်မက်ခြင်းကြောင့် အောက်မေ့ခြင်း 'သတိ'၊ ဆင်ခြင်ခြင်း 'သမ္ပဇဉ်' နှင့်ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေခဲ့ပြီ၊ ချမ်းသာခြင်း 'သုခ' ကိုလည်း ကိုယ်ဖြင့် ခံစားခဲ့ပြီ၊ အကြင်တတိယဈာန်ကြောင့် ထိုသူ့ကို ''လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာနေလေ့ရှိသူ''ဟု အရိယာ (ပုဂ္ဂိုလ်) တို့သည် ပြောကြားကုန်၏၊ (ထိုငါသည်) ထိုတတိယဈာန်သို့ ရောက်၍ နေခဲ့ပြီ။ ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်း,နှလုံးမသာခြင်း တို့၏ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာမရှိသော လျစ်လျူရှုမှု 'ဥပေက္ခာ' ကြောင့် ဖြစ်သောသတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေခဲ့ပြီ။
ဝိနည်းပိဋက (Vinaya Pitaka)
ပါရာဇိကပါဠိ
ပါရာဇိကဏ်
ကြက်ငယ်ဥပမာ
ကြက်ငယ်ဥပမာ
12
5
၁၂။ ‘‘သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္ဇပ္ပတ္တေ ပုဗ္ဗေနိဝါသာနုဿတိဉာဏာယ စိတ္တံ အဘိနိန္နာမေသိံ။ သော အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရာမိ , သေယျထိဒံ – ဧကမ္ပိ ဇာတိံ ဒွေပိ ဇာတိယော တိဿောပိ ဇာတိယော စတဿောပိ ဇာတိယော ပဉ္စပိ ဇာတိယော ဒသပိ ဇာတိယော ဝီသမ္ပိ ဇာတိယော တိံသမ္ပိ ဇာတိယော စတ္တာလီသမ္ပိ ဇာတိယော ပညာသမ္ပိ ဇာတိယော ဇာတိသတမ္ပိ, ဇာတိသဟဿမ္ပိ ဇာတိသတသဟဿမ္ပိ, အနေကေပိ သံဝဋ္ဋကပ္ပေ အနေကေပိ ဝိဝဋ္ဋကပ္ပေ အနေကေပိ သံဝဋ္ဋဝိဝဋ္ဋကပ္ပေ – ‘အမုတြာသိံ ဧဝံနာမော ဧဝံဂေါတ္တော ဧဝံဝဏ္ဏော ဧဝမာဟာရော ဧဝံသုခဒုက္ခပ္ပဋိသံဝေဒီ ဧဝမာယုပရိယန္တော၊ သော တတော စုတော အမုတြ ဥဒပါဒိံ၊ တတြာပါသိံ ဧဝံနာမော ဧဝံဂေါတ္တော ဧဝံဝဏ္ဏော ဧဝမာဟာရော ဧဝံသုခဒုက္ခပ္ပဋိသံဝေဒီ ဧဝမာယုပရိယန္တော၊ သော တတော စုတော ဣဓူပပန္နောတိ။ ဣတိ သာကာရံ သဥဒ္ဒေသံ အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရာမိ။ အယံ ခေါ မေ, ဗြာဟ္မဏ, ရတ္တိယာ ပဌမေ ယာမေ ပဌမာ ဝိဇ္ဇာ အဓိဂတာ, အဝိဇ္ဇာ ဝိဟတာ, ဝိဇ္ဇာ ဥပ္ပန္နာ, တမော ဝိဟတော, အာလောကော ဥပ္ပန္နော – ယထာ တံ အပ္ပမတ္တဿ အာတာပိနော ပဟိတတ္တဿ ဝိဟရတော။ အယံ ခေါ မေ, ဗြာဟ္မဏ, ပဌမာဘိနိဗ္ဘိဒါ အဟောသိ ကုက္ကုဋစ္ဆာပကဿေဝ အဏ္ဍကောသမှာ။
၁၂။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ အသင့်ဖြစ်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါသည် ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့၍သိသော 'ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၁' အလို့ငှါ စိတ်ကို ရှေးရှု ညွတ်စေခဲ့ပြီ။ -- ထိုငါသည် များပြားသော ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့၏၊ ဤသည်တို့ကား အဘယ်နည်း - တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကို လည်းကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသောပျက်ကပ် ဖြစ်ကပ်တို့ကိုလည်းကောင်း ဤမည်သော ဘဝ၌ (ငါသည်) ဤသို့သော အမည် ရှိခဲ့၏။ ဤသို့သော အနွယ် ရှိခဲ့၏၊ ဤသို့သော အဆင်း ရှိခဲ့၏၊ ဤသို့သော အစာ ရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏။ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ဤသို့သော အမည် ရှိခဲ့၏၊ ဤသို့သော အနွယ် ရှိခဲ့၏၊ ဤသို့သော အဆင်း ရှိခဲ့၏၊ ဤသို့သော အစာ ရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သောအသက်အပိုင်းအခြား ရှိခဲ့၏။ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏ဟု ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကိုအောက်မေ့ခဲ့ပြီ။ ပုဏ္ဏား ငါသည် ညဉ့်ဦး 'ပဌမ' ယာမ်၌ ဤပဌမဖြစ်သော အသိဉာဏ် 'ဝိဇ္ဇာ' ကို ရခဲ့ပြီ၊ မမေ့မလျော့ပြင်းစွာ အားထုတ်လျက်စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသော သူအား မသိမှု 'အဝိဇ္ဇာ'ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ'ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) အမိုက်မှောင် ပျောက်၍အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။ ပုဏ္ဏား ဤသည်ကား ကြက်ငယ်သည် ဥခွံတွင်းမှ ဖောက်ခွဲထွက်ပေါ်လာသကဲ့သို့ (အဝိဇ္ဇာ ဥခွံမှ) ငါ၏ပဌမဖောက်ခွဲ ထွက်ပေါ်လာခြင်း ဖြစ်၏။
ဝိနည်းပိဋက (Vinaya Pitaka)
ပါရာဇိကပါဠိ
ပါရာဇိကဏ်
ကြက်ငယ်ဥပမာ
ကြက်ငယ်ဥပမာ
13
6
၁၃။ ‘‘သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္ဇပ္ပတ္တေ သတ္တာနံ စုတူပပါတဉာဏာယ စိတ္တံ အဘိနိန္နာမေသိံ ။ သော ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန [အတိက္ကန္တမာနုဿကေန (က။)] သတ္တေ ပဿာမိ စဝမာနေ ဥပပဇ္ဇမာနေ ဟီနေ ပဏီတေ သုဝဏ္ဏေ ဒုဗ္ဗဏ္ဏေ။ သုဂတေ ဒုဂ္ဂတေ ယထာကမ္မူပဂေ သတ္တေ ပဇာနာမိ – ‘ဣမေ ဝတ ဘောန္တော သတ္တာ ကာယဒုစ္စရိတေန သမန္နာဂတာ ဝစီဒုစ္စရိတေန သမန္နာဂတာ မနောဒုစ္စရိတေန သမန္နာဂတာ အရိယာနံ ဥပဝါဒကာ မိစ္ဆာဒိဋ္ဌိကာ မိစ္ဆာဒိဋ္ဌိကမ္မသမာဒါနာ၊ တေ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပန္နာ။ ဣမေ ဝါ ပန ဘောန္တော သတ္တာ ကာယသုစရိတေန သမန္နာဂတာ ဝစီသုစရိတေန သမန္နာဂတာ မနောသုစရိတေန သမန္နာဂတာ အရိယာနံ အနုပဝါဒကာ သမ္မာဒိဋ္ဌိကာ သမ္မာဒိဋ္ဌိကမ္မသမာဒါနာ၊ တေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပန္နာ’တိ။ ဣတိ ဒိဗ္ဗေန စက္ခုနာ ဝိသုဒ္ဓေန အတိက္ကန္တမာနုသကေန သတ္တေ ပဿာမိ စဝမာနေ ဥပပဇ္ဇမာနေ ဟီနေ ပဏီတေ သုဝဏ္ဏေ ဒုဗ္ဗဏ္ဏေ။ သုဂတေ ဒုဂ္ဂတေ ယထာကမ္မူပဂေ သတ္တေ ပဇာနာမိ။ အယံ ခေါ မေ, ဗြာဟ္မဏ, ရတ္တိယာ မဇ္ဈိမေ ယာမေ ဒုတိယာ ဝိဇ္ဇာ အဓိဂတာ, အဝိဇ္ဇာ ဝိဟတာ, ဝိဇ္ဇာ ဥပ္ပန္နာ, တမော ဝိဟတော, အာလောကော ဥပ္ပန္နော – ယထာ တံ အပ္ပမတ္တဿ အာတာပိနော ပဟိတတ္တဿ ဝိဟရတော။ အယံ ခေါ မေ, ဗြာဟ္မဏ, ဒုတိယာဘိနိဗ္ဘိဒါ အဟောသိ ကုက္ကုဋစ္ဆာပကဿေဝ အဏ္ဍကောသမှာ။
၁၃။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ အသင့်ဖြစ်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို ငါသည် သတ္တဝါတို့၏ သေခြင်း ဖြစ်ပေါ်ခြင်းကို သိသော'စုတူပပါတဉာဏ်'၂ အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေခဲ့ပြီ။ ထိုငါသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော 'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် သေဆဲသတ္တဝါ၊ ဖြစ်ပေါ်ဆဲသတ္တဝါ၊ ယုတ်သော သတ္တဝါ၊ မြတ်သော သတ္တဝါ၊ အဆင်းလှသော သတ္တဝါ၊ အဆင်းမလှသော သတ္တဝါ၊ ကောင်းသော လားရာရှိသော သတ္တဝါ၊ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိ၏၊ ''အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်' နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ဝစီဒုစရိုက်' နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုသောမကောင်းသော အကျင့် 'မနောဒုစရိုက်' နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသောအယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုသော ကံ ရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲကျရောက်ရာ ငရဲ၌ ဖြစ်ပေါ် ကုန်၏၊ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့် ပြုသော ကောင်းသော အကျင့် 'ကာယသုစရိုက်'နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော ကောင်းသော အကျင့် 'ဝစီသုစရိုက်'နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုသောကောင်းသော အကျင့် 'မနောသုစရိုက်'နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲခြင်းမှ ကင်းကုန်၏၊ မှန်သော အယူရှိကုန်၏၊ မှန်သောအယူဖြင့် ပြုသောကံ ရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီး သည်မှ နောက်၌ ကောင်းသော လားရာ လူ့ပြည် နတ်ပြည် 'သုဂတိ' ၌ဖြစ်ပေါ်ကုန်၏''ဟု သိ၏။ -- ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် သေဆဲသတ္တဝါ၊ ဖြစ်ပေါ်ဆဲသတ္တဝါ၊ ယုတ်သော သတ္တဝါ၊ မြတ်သောသတ္တဝါ၊ အဆင်းလှသော သတ္တဝါ၊ အဆင်းမလှသော သတ္တဝါ၊ ကောင်းသော လားရာရှိသော သတ္တဝါ၊ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိ၏။ ပုဏ္ဏား ငါသည် သန်းခေါင် 'မဇ္ဈိမ' ယာမ်၌ ဤဒုတိယဖြစ်သော အသိဉာဏ် 'ဝိဇ္ဇာ' ကို ရခဲ့ပြီ၊ မမေ့မလျော့ပြင်းစွာ အားထုတ်လျက်စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော သူအား မသိမှု 'အဝိဇ္ဇာ'ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ'ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) အမိုက်မှောင် ပျောက်၍အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။ ပုဏ္ဏား ဤသည်ကား ကြက်ငယ်သည် ဥခွံအတွင်းမှ ဖောက်ခွဲထွက်ပေါ်လာသကဲ့သို့ (အဝိဇ္ဇာ ဥခွံမှ) ငါ၏ဒုတိယ ဖောက်ခွဲ ထွက်ပေါ်လာခြင်းဖြစ်၏။
ဝိနည်းပိဋက (Vinaya Pitaka)
ပါရာဇိကပါဠိ
ပါရာဇိကဏ်
ကြက်ငယ်ဥပမာ
ကြက်ငယ်ဥပမာ
14
7
၁၄။ ‘‘သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္ဇပ္ပတ္တေ အာသဝါနံ ခယဉာဏာယ စိတ္တံ အဘိနိန္နာမေသိံ။ သော ‘ဣဒံ ဒုက္ခ’န္တိ ယထာဘူတံ အဗ္ဘညာသိံ, ‘အယံ ဒုက္ခသမုဒယော’တိ ယထာဘူတံ အဗ္ဘညာသိံ, ‘အယံ ဒုက္ခနိရောဓော’တိ ယထာဘူတံ အဗ္ဘညာသိံ, ‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ အဗ္ဘညာသိံ၊ ‘ဣမေ အာသဝါ’တိ ယထာဘူတံ အဗ္ဘညာသိံ, ‘အယံ အာသဝသမုဒယော’တိ ယထာဘူတံ အဗ္ဘညာသိံ, ‘အယံ အာသဝနိရောဓော’တိ ယထာဘူတံ အဗ္ဘညာသိံ, ‘အယံ အာသဝနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ အဗ္ဘညာသိံ။ တဿ မေ ဧဝံ ဇာနတော ဧဝံ ပဿတော ကာမာသဝါပိ စိတ္တံ ဝိမုစ္စိတ္ထ ဘဝါသဝါပိ စိတ္တံ ဝိမုစ္စိတ္ထ အဝိဇ္ဇာသဝါပိ စိတ္တံ ဝိမုစ္စိတ္ထ။ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ အဟောသိ။ ‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ, နာပရံ ဣတ္ထတ္တာယာ’တိ အဗ္ဘညာသိံ။ အယံ ခေါ မေ, ဗြာဟ္မဏ, ရတ္တိယာ ပစ္ဆိမေ ယာမေ တတိယာ ဝိဇ္ဇာ အဓိဂတာ, အဝိဇ္ဇာ ဝိဟတာ, ဝိဇ္ဇာ ဥပ္ပန္နာ, တမော ဝိဟတော, အာလောကော ဥပ္ပန္နော – ယထာ တံ အပ္ပမတ္တဿ အာတာပိနော ပဟိတတ္တဿ ဝိဟရတော။ အယံ ခေါ မေ, ဗြာဟ္မဏ, တတိယာဘိနိဗ္ဘိဒါ အဟောသိ – ကုက္ကုဋစ္ဆာပကဿေဝ အဏ္ဍကောသမှာ’’တိ။
၁၄။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ အသင့်ဖြစ်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါသည် အာသဝေါတရားတို့ကို ကုန်စေသော'အာသဝက္ခယ' ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေခဲ့ပြီ။ ထိုငါသည် ဤကား ဆင်းရဲ 'ဒုက္ခ'ဟုဟုတ်မှန်သော အတိုင်း သိခဲ့ပြီ၊ ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏အကြောင်း 'ဒုက္ခသမုဒယ'ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) 'ဒုက္ခနိရောဓ'ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းကျင့်စဉ် 'ဒုက္ခနိရောဓဂါမိနီပဋိပဒါ'ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ဤသည်တို့ကား ယိုစီးခြင်း 'အာသဝ'တို့ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ဤကား ယိုစီးခြင်း 'အာသဝ' တို့ ဖြစ်ပေါ်ခြင်း၏ အကြောင်း'အာသဝသမုဒယ'ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ဤကား ယိုစီးခြင်း 'အာသဝ' တို့ ချုပ်ရာ (နိဗ္ဗာန်) 'အာသဝနိရောဓ'ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ဤကားယိုစီးခြင်း 'အာသဝ' တို့ ချုပ်ရာ (နိဗ္ဗာန်သို့) ရောက်ကြောင်း ကျင့်စဉ် 'အာသဝနိရောဓဂါမိနီပဋိပဒါ'ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ။ ဤသို့ သိသော် ဤသို့ မြင်သော် ထိုငါ (ဘုရား)၏ စိတ်သည့်ကာမာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ ဘဝါသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ အဝိဇ္ဇာသဝမှလည်းလွတ်မြောက်ခဲ့ပြီ၊ လွတ်မြောက်ပြီးလတ်သော် လွတ်မြောက်ခဲ့လေပြီဟု အသိဉာဏ် ဖြစ်ပေါ်၏၊ ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါတစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု သိခဲ့ပြီ။ ပုဏ္ဏား ငါသည် မိုးသောက် 'ပစ္ဆိမ' ယာမ်၌ ဤတတိယဖြစ်သော အသိဉာဏ် 'ဝိဇ္ဇာ' ကို ရခဲ့ပြီ၊ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက်စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော သူအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ်'ဝိဇ္ဇာ' ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။ ပုဏ္ဏား ဤသည်ကား ကြက်ငယ်သည် ဥခွံတွင်းမှ ဖောက်ခွဲထွက်ပေါ်လာသကဲ့သို့ (အဝိဇ္ဇာ ဥခွံမှ) ငါ၏တတိယ ဖောက်ခွဲထွက်ပေါ်လာခြင်း ဖြစ်၏။
ဝိနည်းပိဋက (Vinaya Pitaka)
ပါရာဇိကပါဠိ
ပါရာဇိကဏ်
ကြက်ငယ်ဥပမာ
ကြက်ငယ်ဥပမာ
15
8
၁၅။ ဧဝံ ဝုတ္တေ, ဝေရဉ္ဇော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဇေဋ္ဌော ဘဝံ ဂေါတမော, သေဋ္ဌော ဘဝံ ဂေါတမော! အဘိက္ကန္တံ, ဘော ဂေါတမ, အဘိက္ကန္တံ, ဘော ဂေါတမ!! သေယျထာပိ, ဘော ဂေါတမ, နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ, ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ, မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ, အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ – စက္ခုမန္တော ရူပါနိ ဒက္ခန္တီတိ, ဧဝမေဝံ ဘောတာ ဂေါတမေန အနေကပရိယာယေန ဓမ္မော ပကာသိတော ။ ဧသာဟံ ဘဝန္တံ ဂေါတမံ သရဏံ ဂစ္ဆာမိ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတံ။ အဓိဝါသေတု စ မေ ဘဝံ ဂေါတမော ဝေရဉ္ဇာယံ ဝဿာဝါသံ သဒ္ဓိံ ဘိက္ခုသံဃေနာ’’တိ။ အဓိဝါသေသိ ဘဂဝါ တုဏှီဘာဝေန။ အထ ခေါ ဝေရဉ္ဇော ဗြာဟ္မဏော ဘဂဝတော အဓိဝါသနံ ဝိဒိတွာ ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပက္ကာမိ။
၁၅။ ဤသို့ မိန့်တော်မူသော် ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရားအား- ''အသျှင်ဂေါတမသည် အကြီး ဖြစ်ပါပေ၏၊ အသျှင်ဂေါတမသည် အမြတ် ဖြစ်ပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော် သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသည်ကိုလှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ မျက်စိအမြင်ရှိသော သူတို့သည်အဆင်းတို့ကို မြင်ကြလိမ့်မည်ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့ လည်းကောင်းအသျှင်ဂေါတမ ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကိုပြတော်မူပါပေ၏။ အသျှင်ဂေါတမ ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကို လည်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက် ထက်ဆုံးကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ၊ အသျှင်ဂေါတမသည် ရဟန်း သံဃာနှင့် အတူဝေရဉ္ဇာမြို့၌ ဝါဆိုခြင်းကိုလည်း လက်ခံတော်မူပါ''ဟု လျှောက်၏။ မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေခြင်းဖြင့် (ဝါကပ်ရန်) လက်ခံတော်မူ၏၊ ထိုအခါ ဝေရဉ္ဇ ပုဏ္ဏားသည်မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိ၍ နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုး၍အရိုအသေပြုပြီးလျှင် ဖဲခွါသွားလေ၏။ ၁။ ပုဗ္ဗေ = ရှေး၌ + နိဝါသ = နေဖူးသောဘဝ ဖြစ်ဖူးသောဘဝကို + အနုဿတိ = အောက်မေ့၍ + ဉာဏ = သိသောဉာဏ် ၂။ စုတိ = သေခြင်း + ဥပပါတ = ဖြစ်ပေါ်ခြင်း ပဋိသန္ဓေ။ -- ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
ဝိနည်းပိဋက (Vinaya Pitaka)
ပါရာဇိကပါဠိ
ပါရာဇိကဏ်
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
16
9
၁၆။ တေန ခေါ ပန သမယေန ဝေရဉ္ဇာ ဒုဗ္ဘိက္ခာ ဟောတိ ဒွီဟိတိကာ သေတဋ္ဌိကာ သလာကာဝုတ္တာ န သုကရာ ဥဉ္ဆေန ပဂ္ဂဟေန ယာပေတုံ။ တေန ခေါ ပန သမယေန ဥတ္တရာပထကာ [ဥတ္တရာဟကာ (သီ။)] အဿဝါဏိဇာ [အဿဝဏိဇာ (က။)] ပဉ္စမတ္တေဟိ အဿသတေဟိ ဝေရဉ္ဇံ ဝဿာဝါသံ ဥပဂတာ ဟောန္တိ။ တေဟိ အဿမဏ္ဍလိကာသု ဘိက္ခူနံ ပတ္ထပတ္ထပုလကံ [ပတ္ထပတ္ထမူလကံ (က။)] ပညတ္တံ ဟောတိ။ ဘိက္ခူ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ဝေရဉ္ဇံ ပိဏ္ဍာယ ပဝိသိတွာ ပိဏ္ဍံ အလဘမာနာ အဿမဏ္ဍလိကာသု ပိဏ္ဍာယ စရိတွာ ပတ္ထပတ္ထပုလကံ အာရာမံ အာဟရိတွာ ဥဒုက္ခလေ ကောဋ္ဋေတွာ ကောဋ္ဋေတွာ ပရိဘုဉ္ဇန္တိ။ အာယသ္မာ ပနာနန္ဒော ပတ္ထပုလကံ သိလာယံ ပိသိတွာ ဘဂဝတော ဥပနာမေတိ။ တံ ဘဂဝါ ပရိဘုဉ္ဇတိ။ အဿောသိ ခေါ ဘဂဝါ ဥဒုက္ခလသဒ္ဒံ။ ဇာနန္တာပိ တထာဂတာ ပုစ္ဆန္တိ, ဇာနန္တာပိ န ပုစ္ဆန္တိ၊ ကာလံ ဝိဒိတွာ ပုစ္ဆန္တိ, ကာလံ ဝိဒိတွာ န ပုစ္ဆန္တိ၊ အတ္ထသံဟိတံ တထာဂတာ ပုစ္ဆန္တိ, နော အနတ္ထသံဟိတံ။ အနတ္ထသံဟိတေ သေတုဃာတော တထာဂတာနံ။ ဒွီဟိ အာကာရေဟိ ဗုဒ္ဓါ ဘဂဝန္တော ဘိက္ခူ ပဋိပုစ္ဆန္တိ – ဓမ္မံ ဝါ ဒေသေဿာမ, သာဝကာနံ ဝါ သိက္ခာပဒံ ပညပေဿာမာတိ [ပညာပေဿာမာတိ (သီ။ သျာ။)] ။ အထ ခေါ ဘဂဝါ အာယသ္မန္တံ အာနန္ဒံ အာမန္တေသိ – ‘‘ကိံ နု ခေါ သော, အာနန္ဒ, ဥဒုက္ခလသဒ္ဒေါ’’တိ? အထ ခေါ အာယသ္မာ အာနန္ဒော ဘဂဝတော ဧတမတ္ထံ အာရောစေသိ ။ ‘‘သာဓု သာဓု, အာနန္ဒ! တုမှေဟိ, အာနန္ဒ သပ္ပုရိသေဟိ ဝိဇိတံ။ ပစ္ဆိမာ ဇနတာ သာလိမံသောဒနံ အတိမညိဿတီ’’တိ။
၁၆။ ထိုစဉ်အခါ ဝေရဉ္ဇာမြို့သည် အစာခေါင်းပါး၏၊ အသက်မွေးရန် ခဲယဉ်း၏၊ ဖွေးဖွေးဖြူသောအရိုးရှိ၏၊၁ စာရေးတံ လက်မှတ်ဖြင့် အသက်မွေးရ၏၊ သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန်မလွယ်ကူချေ။ ထိုအခါ ဥတ္တရာပထတိုင်းသား မြင်းကုန်သည်တို့သည် မြင်းငါးရာတို့နှင့်အတူ ဝေရဉ္ဇာမြို့၌ မိုးခိုကြကုန်၏၊ ထို (မြင်းကုန်သည်) တို့သည် မြင်းဝိုင်းတို့၌ ရဟန်းတို့အား တစ်စလယ် တစ်စလယ်စီသော ရိက္ခာ မုယောဆန်ကို ဝတ်တည်ကြကုန်၏၊ ရဟန်းတို့သည် နံနက်အချိန်၌ (သင်္ကန်းကို) ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် ဝေရဉ္ဇာမြို့သို့ ဆွမ်းခံဝင်ကြရာ ဆွမ်းမရကြကုန်သော် မြင်းဝိုင်းတို့၌ ဆွမ်းအတွက်လှည့်လည်၍ တစ်စလယ် တစ်စလယ်စီသော ရိက္ခာမုယောဆန်ကို အရံအတွင်းသို့ ယူဆောင်ခဲ့ကြပြီးလျှင် ဆုံ၌ ထောင်း၍ ထောင်း၍ သုံးဆောင်ကြကုန်၏။ အသျှင်အာနန္ဒာသည်ကား တစ်စလယ်သော ရိက္ခာမုယောဆန်ကို ကျောက်ပြင်ပေါ်မှာ ကြိတ်ပြီးလျှင် မြတ်စွာဘုရားအား ဆက်ကပ်၏၊ မြတ်စွာဘုရားသည် ထို (မုယောဆန်မှုန့်) ကို သုံးဆောင်တော်မူ၏။ မြတ်စွာဘုရားသည် ဆုံသံကို ကြားတော်မူ၏၊ မြတ်စွာဘုရားတို့သည် သိလျက်လည်း မေးတော်မူကုန်၏၊ သိလျက်လည်း မေးတော်မမူကုန်၊ အခါကို သိ၍ မေးတော်မူကုန်၏၊ အခါကို သိ၍ မေးတော်မမူကုန်၊ မြတ်စွာဘုရားတို့သည် အကျိုးနှင့်စပ်သည်ကို မေးတော်မူကုန်၏၊ အကျိုးနှင့်မစပ်သည်ကို မေးတော်မမူကုန်၊ မြတ်စွာဘုရားတို့သည် အကျိုးနှင့် မစပ်သည်တို့ကို မဂ်ဖြင့် ပယ်တော်မူပြီးဖြစ်ကုန်၏၊ ''တရားကိုသော်လည်း ဟောကုန်အံ့၊ တပည့်တို့အား သိက္ခာပုဒ်ကိုသော်လည်း ပညတ်ကုန်အံ့''ဟူသောအကြောင်း နှစ်မျိုးတို့ဖြင့် ဘုန်းတော်ကြီးကုန်သော မြတ်စွာဘုရားတို့သည် ရဟန်းတို့ကို မေးတော်မူကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို ''အာနန္ဒာ ထိုဆုံသံသည် အဘယ်ပြုသော အသံနည်း''ဟု မေးတော်မူ၏၊ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤအကြောင်းအရာကိုလျှောက်၏။ ''အာနန္ဒာ ကောင်းစွ၊ ကောင်းစွ၊ သူတော်သူမြတ် ဖြစ်ကုန်သော သင်တို့သည် (အစာ ခေါင်းပါးခြင်း၊ လိုချင်ခြင်း၊ အလိုဆိုးသို့လိုက်ခြင်းကို) အောင်နိုင်ကြကုန်၏၊ နောင်လာ နောက်သားများသည်ကား သလေးသားပြွမ်းဆွမ်းကိုပင် အထင်သေးကြလိမ့်ဦးမည်''ဟု (မိန့်ေတော်မူ၏)။
ဝိနည်းပိဋက (Vinaya Pitaka)
ပါရာဇိကပါဠိ
ပါရာဇိကဏ်
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
17
9
၁၇။ အထ ခေါ အာယသ္မာ မဟာမောဂ္ဂလ္လာနော [မဟာမောဂ္ဂလာနော (က။)] ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ မဟာမောဂ္ဂလ္လာနော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဧတရဟိ, ဘန္တေ, ဝေရဉ္ဇာ ဒုဗ္ဘိက္ခာ ဒွီဟိတိကာ သေတဋ္ဌိကာ သလာကာဝုတ္တာ။ န သုကရာ ဥဉ္ဆေန ပဂ္ဂဟေန ယာပေတုံ။ ဣမိဿာ, ဘန္တေ, မဟာပထဝိယာ ဟေဋ္ဌိမတလံ သမ္ပန္နံ – သေယျထာပိ ခုဒ္ဒမဓုံ အနီလကံ ဧဝမဿာဒံ။ သာဓာဟံ, ဘန္တေ, ပထဝိံ ပရိဝတ္တေယျံ။ ဘိက္ခူ ပပ္ပဋကောဇံ ပရိဘုဉ္ဇိဿန္တီ’’တိ။ ‘‘ယေ ပန တေ, မောဂ္ဂလ္လာန, ပထဝိနိဿိတာ ပါဏာ တေ ကထံ ကရိဿသီ’’တိ? ‘‘ဧကာဟံ, ဘန္တေ, ပါဏိံ အဘိနိမ္မိနိဿာမိ – သေယျထာပိ မဟာပထဝီ။ ယေ ပထဝိနိဿိတာ ပါဏာ တေ တတ္ထ သင်္ကာမေဿာမိ။ ဧကေန ဟတ္ထေန ပထဝိံ ပရိဝတ္တေဿာမီ’’တိ။ ‘‘အလံ, မောဂ္ဂလ္လာန, မာ တေ ရုစ္စိ ပထဝိံ ပရိဝတ္တေတုံ။ ဝိပလ္လာသမ္ပိ သတ္တာ ပဋိလဘေယျု’’န္တိ။ ‘‘သာဓု, ဘန္တေ, သဗ္ဗော ဘိက္ခုသံဃော ဥတ္တရကုရုံ ပိဏ္ဍာယ ဂစ္ဆေယျာ’’တိ။ ‘‘အလံ, မောဂ္ဂလ္လာန, မာ တေ ရုစ္စိ သဗ္ဗဿ ဘိက္ခုသံဃဿ ဥတ္တရကုရုံ ပိဏ္ဍာယ ဂမန’’န္တိ။
၁၇။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား- ''အသျှင်ဘုရား ယခုအခါ၌ ဝေရဉ္ဇာမြို့သည် အစာခေါင်းပါး၏၊ အသက်မွေးရန် ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုးရှိ၏၊ စာရေးတံ လက်မှတ်ဖြင့် အသက်မွေးရ၏၊ သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ။ အသျှင်ဘုရား ဤမြေကြီး၏ အောက်အပြင်သည် ပျားကောင် ပျားဥမရှိသော ပျားရည်ကဲ့သို့ ချိုမြိန်ကောင်းမြတ်၍ သာယာဖွယ်ရှိပါသည်၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ အကျွန်ုပ်သည် မြေကြီးကို လှန်လိုပါသည်၊ ရဟန်းများသည် အောက်အပြင်ရှိ မြေဆီ မြေလွှာ မြေဩဇာကို သုံးဆောင်ကြရပါလိမ့်မည်''ဟု လျှောက်၏။ -- မောဂ္ဂလာန် မြေကြီးကို မှီနေကုန်သော သတ္တဝါတို့ကို အဘယ်သို့ပြုမည်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်သည် လက်တစ်ဖက်ကို မြေကြီးကဲ့သို့ ဖန်ဆင်းပါမည်၊ မြေကြီးကို မှီနေကုန်သော သတ္တဝါတို့ကို ထို (မြေကြီးကဲ့သို့ ဖန်ဆင်းထားသော လက်ပေါ်) ၌ ပြောင်းရွှေ့ထားပါမည်၊ လက်တစ်ဖက်ဖြင့် မြေကြီးကို မှောက်လှန်ပါမည်ဟု (လျှောက်၏)။ မောဂ္ဂလာန် မသင့်လျော်ပေ၊ မြေကြီးကို လှန်ရန် သင် မနှစ်သက် (မလိုလား) လင့်၊ သတ္တဝါတို့သည် အထင်အမြင် ဖောက်ပြန်မှားယွင်းခြင်းသို့လည်း ရောက်ကုန်ရာသည်ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား တောင်းပန်ပါသည် အားလုံးသော ရဟန်းသံဃာကို မြောက်ကျွန်းသို့ ဆွမ်းခံကြွပါစေဟု (လျှောက်၏)။ မောဂ္ဂလာန် မသင့်လျော်ပေ၊ အားလုံးသော ရဟန်းသံဃာ၏ မြောက်ကျွန်းသို့ ဆွမ်းခံသွားခြင်းကို သင်မနှစ်သက် (မလိုလား) လင့်ဟု (မိန့်တော်မူ၏)။
ဝိနည်းပိဋက (Vinaya Pitaka)
ပါရာဇိကပါဠိ
ပါရာဇိကဏ်
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
18
10
၁၈။ အထ ခေါ အာယသ္မတော သာရိပုတ္တဿ ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ – ‘‘ကတမေသာနံ ခေါ ဗုဒ္ဓါနံ ဘဂဝန္တာနံ ဗြဟ္မစရိယံ န စိရဋ္ဌိတိကံ အဟောသိ၊ ကတမေသာနံ ဗုဒ္ဓါနံ ဘဂဝန္တာနံ ဗြဟ္မစရိယံ စိရဋ္ဌိတိကံ အဟောသီ’’တိ? အထ ခေါ အာယသ္မာ သာရိပုတ္တော သာယနှသမယံ [သာယဏှသမယံ (သီ။)] ပဋိသလ္လာနာ ဝုဋ္ဌိတော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ သာရိပုတ္တော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဣဓ မယှံ, ဘန္တေ, ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ – ‘ကတမေသာနံ ခေါ ဗုဒ္ဓါနံ ဘဂဝန္တာနံ ဗြဟ္မစရိယံ န စိရဋ္ဌိတိကံ အဟောသိ, ကတမေသာနံ ဗုဒ္ဓါနံ ဘဂဝန္တာနံ ဗြဟ္မစရိယံ စိရဋ္ဌိတိကံ အဟောသီ’တိ။ ‘ကတမေသာနံ နု ခေါ, ဘန္တေ, ဗုဒ္ဓါနံ ဘဂဝန္တာနံ ဗြဟ္မစရိယံ န စိရဋ္ဌိတိကံ အဟောသိ, ကတမေသာနံ ဗုဒ္ဓါနံ ဘဂဝန္တာနံ ဗြဟ္မစရိယံ စိရဋ္ဌိတိကံ အဟောသီ’’’တိ? ‘‘ဘဂဝတော စ, သာရိပုတ္တ, ဝိပဿိဿ ဘဂဝတော စ သိခိဿ ဘဂဝတော စ ဝေဿဘုဿ ဗြဟ္မစရိယံ န စိရဋ္ဌိတိကံ အဟောသိ။ ဘဂဝတော စ, သာရိပုတ္တ, ကကုသန္ဓဿ ဘဂဝတော စ ကောဏာဂမနဿ ဘဂဝတော စ ကဿပဿ ဗြဟ္မစရိယံ စိရဋ္ဌိတိကံ အဟောသီ’’တိ။
၁၈။ ထိုအခါ ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ပါးတည်း နေစဉ် အသျှင်သာရိပုတြာအား- ''ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည် ကြာမြင့်စွာမတည်လေသနည်း၊ ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည်ကြာမြင့်စွာ တည်လေသနည်း''ဟု စိတ်အကြံသည် ဖြစ်ပေါ်၏။ ထိုအခါ အသျှင်သာရိပုတြာသည် ညနေချမ်းအချိန်၌ တစ်ပါးတည်း နေရာမှ ထ၍ မြတ်စွာဘုရား ထံသို့ချဉ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား- အသျှင်ဘုရား ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ဦးတည်း နေစဉ် ဘုန်းတော်ကြီးကုန်သောအဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည် ကြာမြင့်စွာ မတည်လေသနည်း၊ ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည် ကြာမြင့်စွာ တည်လေသနည်းဟုအကျွန်ုပ်အား စိတ်အကြံ ဖြစ်ပေါ်ပါသည်၊ အသျှင်ဘုရား ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည် ကြာမြင့်စွာ မတည်ပါသနည်း၊ ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည် ကြာမြင့်စွာ တည်ပါသနည်း''ဟု လျှောက်၏။ သာရိပုတြာ ဝိပဿီမြတ်စွာဘုရား၏လည်းကောင်း၊ သိခီမြတ်စွာဘုရား၏လည်းကောင်း၊ ဝေဿဘူမြတ်စွာဘုရား၏လည်းကောင်း သာသနာတော်သည် ကြာမြင့်စွာ မတည်ခဲ့ချေ၊ သာရိပုတြာ ကကုသန်မြတ်စွာဘုရား၏လည်းကောင်း၊ ကောဏာဂုံမြတ်စွာဘုရား၏လည်းကောင်း၊ ကဿပမြတ်စွာဘုရား၏လည်းကောင်း သာသနာတော်သည် ကြာမြင့်စွာ တည်ခဲ့၏ဟု (မိန့်တော်မူ၏)။
ဝိနည်းပိဋက (Vinaya Pitaka)
ပါရာဇိကပါဠိ
ပါရာဇိကဏ်
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
19
10
၁၉။ ‘‘ကော နု ခေါ , ဘန္တေ, ဟေတု ကော ပစ္စယော, ယေန ဘဂဝတော စ ဝိပဿိဿ ဘဂဝတော စ သိခိဿ ဘဂဝတော စ ဝေဿဘုဿ ဗြဟ္မစရိယံ န စိရဋ္ဌိတိကံ အဟောသီ’’တိ? ‘‘ဘဂဝါ စ, သာရိပုတ္တ, ဝိပဿီ ဘဂဝါ စ သိခီ ဘဂဝါ စ ဝေဿဘူ ကိလာသုနော အဟေသုံ သာဝကာနံ ဝိတ္ထာရေန ဓမ္မံ ဒေသေတုံ။ အပ္ပကဉ္စ နေသံ အဟောသိ သုတ္တံ ဂေယျံ ဝေယျာကရဏံ ဂါထာ ဥဒါနံ ဣတိဝုတ္တကံ ဇာတကံ အဗ္ဘုတဓမ္မံ ဝေဒလ္လံ။ အပညတ္တံ သာဝကာနံ သိက္ခာပဒံ။ အနုဒ္ဒိဋ္ဌံ ပါတိမောက္ခံ။ တေသံ ဗုဒ္ဓါနံ ဘဂဝန္တာနံ အန္တရဓာနေန ဗုဒ္ဓါနုဗုဒ္ဓါနံ သာဝကာနံ အန္တရဓာနေန ယေ တေ ပစ္ဆိမာ သာဝကာ နာနာနာမာ နာနာဂေါတ္တာ နာနာဇစ္စာ နာနာကုလာ ပဗ္ဗဇိတာ တေ တံ ဗြဟ္မစရိယံ ခိပ္ပညေဝ အန္တရဓာပေသုံ။ သေယျထာပိ, သာရိပုတ္တ, နာနာပုပ္ဖါနိ ဖလကေ နိက္ခိတ္တာနိ သုတ္တေန အသင်္ဂဟိတာနိ တာနိ ဝါတော ဝိကိရတိ ဝိဓမတိ ဝိဒ္ဓံသေတိ။ တံ ကိဿ ဟေတု? ယထာ တံ သုတ္တေန အသင်္ဂဟိတတ္တာ။ ဧဝမေဝ ခေါ, သာရိပုတ္တ, တေသံ ဗုဒ္ဓါနံ ဘဂဝန္တာနံ အန္တရဓာနေန ဗုဒ္ဓါနုဗုဒ္ဓါနံ သာဝကာနံ အန္တရဓာနေန ယေ တေ ပစ္ဆိမာ သာဝကာ နာနာနာမာ နာနာဂေါတ္တာ နာနာဇစ္စာ နာနာကုလာ ပဗ္ဗဇိတာ တေ တံ ဗြဟ္မစရိယံ ခိပ္ပညေဝ အန္တရဓာပေသုံ။ ‘‘အကိလာသုနော စ တေ ဘဂဝန္တော အဟေသုံ သာဝကေ စေတသာ စေတော ပရိစ္စ ဩဝဒိတုံ။ ဘူတပုဗ္ဗံ, သာရိပုတ္တ, ဝေဿဘူ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အညတရသ္မိံ ဘိံသနကေ [ဘီသနကေ (က။)] ဝနသဏ္ဍေ သဟဿံ ဘိက္ခုသံဃံ စေတသာ စေတော ပရိစ္စ ဩဝဒတိ အနုသာသတိ – ‘ဧဝံ ဝိတက္ကေထ, မာ ဧဝံ ဝိတက္ကယိတ္ထ၊ ဧဝံ မနသိကရောထ, မာ ဧဝံ မနသာကတ္ထ [မနသာကရိတ္ထ (က။)] ၊ ဣဒံ ပဇဟထ, ဣဒံ ဥပသမ္ပဇ္ဇ ဝိဟရထာ’တိ။ အထ ခေါ, သာရိပုတ္တ, တဿ ဘိက္ခုသဟဿဿ ဝေဿဘုနာ ဘဂဝတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန ဧဝံ ဩဝဒိယမာနာနံ ဧဝံ အနုသာသိယမာနာနံ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ဝိမုစ္စိံသု။ တတြ သုဒံ, သာရိပုတ္တ, ဘိံသနကဿ ဝနသဏ္ဍဿ ဘိံသနကတသ္မိံ ဟောတိ – ယော ကောစိ အဝီတရာဂေါ တံ ဝနသဏ္ဍံ ပဝိသတိ, ယေဘုယျေန လောမာနိ ဟံသန္တိ။ အယံ ခေါ, သာရိပုတ္တ, ဟေတု အယံ ပစ္စယော ယေန ဘဂဝတော စ ဝိပဿိဿ ဘဂဝတော စ သိခိဿ ဘဂဝတော စ ဝေဿဘုဿ ဗြဟ္မစရိယံ န စိရဋ္ဌိတိကံ အဟောသီ’’တိ။
၁၉။ အသျှင်ဘုရား ဝိပဿီ မြတ်စွာဘုရား၏လည်းကောင်း၊ သိခီ မြတ်စွာဘုရား၏ လည်းကောင်း၊ ဝေဿဘူ မြတ်စွာဘုရား၏လည်းကောင်း သာသနာတော်သည် ကြာမြင့်စွာ မတည်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။ -- သာရိပုတြာ ဝိပဿီ မြတ်စွာဘုရားသည်လည်းကောင်း၊ သိခီ မြတ်စွာဘုရားသည် လည်းကောင်း၊ ဝေဿဘူ မြတ်စွာဘုရားသည်လည်းကောင်း တပည့်တို့အား တရားတော်ကို အကျယ်ဟောတော်မူရန် ကြောင့်ကြမစိုက်ကြကုန်။ ထိုမြတ်စွာဘုရားတို့၏ သုတ် ဂေယျ ဗျာကရုဏ်း ဂါထာ ဥဒါန်း ဣတိဝုတ်ဇာတ် အဗ္ဘုတဓမ္မ ဝေဒလ္လတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မမူခဲ့ချေ၊ (အာဏာ) ပါတိမောက်ကို ပြတော်မမူခဲ့ချေ၊ ဘုန်းတော်ကြီးကုန်သော ထိုမြတ်စွာဘုရားတို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သောအခါ၌လည်းကောင်း၊ မြတ်စွာဘုရားတို့သို့ အတုလိုက်၍သစ္စာလေးပါး ကို သိကုန်သော တပည့်တို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သောအခါ၌လည်းကောင်း အထူးထူးသော အမည် အနွယ် ဇာတ်ရှိကုန်သော အမျိုးတို့မှ ရဟန်းပြုကုန်သော နောင်လာနောက်သားတပည့်တို့သည် ထိုသာသနာတော်ကို လျင်မြန်စွာ ကွယ်ပျောက်စေကုန်၏၊ သာရိပုတြာ ချည်မျှင်ဖြင့်မသီကုံးဘဲ ပျဉ်ပြား ပေါ်၌ တင်ထားသော ပန်းအမျိုးမျိုးတို့ကို ချည်မျှင်ဖြင့် မသီကုံးခြင်းကြောင့်လေသည် ဖရိုဖရဲ ကြဲဖြန့် တိုက်ခတ် မှုတ်လွှင့် ဖျက်ဆီးသကဲ့သို့ ဤဥပမာ အတူသာလျှင် ဘုန်းတော်ကြီးကုန်သော ထိုမြတ်စွာဘုရား တို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သော အခါ၌လည်းကောင်း၊ မြတ်စွာဘုရားတို့သို့ အတုလိုက်၍ သစ္စာ လေးပါးကို သိကုန်သော တပည့်တို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သော အခါ၌လည်းကောင်း အထူး ထူးသော အမည် အနွယ် ဇာတ် ရှိကုန်သော အမျိုးတို့မှရဟန်းပြုကုန်သော နောင်လာနောက်သား တပည့်တို့သည် ထိုသာသနာတော်ကို လျင်မြန်စွာသာလျှင် ကွယ်ပျောက်စေကုန်၏။ ဘုန်းတော်ကြီးကုန်သော ထို (သုံးဆူသော) မြတ်စွာဘုရားတို့သည် တပည့်တို့၏ စိတ်အကြံကို (မိမိ၏) စိတ်ဖြင့် သိတော်မူ၍ ဆုံးမဖို့ရန် ကြောင့်ကြစိုက်ကုန်၏။ သာရိပုတြာ ရှေး၌ ဖြစ်ဖူးသည်ကား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရား တို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝေဿဘူ မြတ်စွာဘုရားသည် ကြောက်မက်ဖွယ် တောအုပ်တစ်ခု၌့ (ရဟန်းတို့၏) စိတ်ကို (မိမိ) စိတ်ဖြင့် သိတော်မူ၍ ''ဤသို့ ကြံကုန်လော့၊ ဤသို့ မကြံကုန်လင့်၊ ဤသို့နှလုံးသွင်းကုန်လော့၊ ဤသို့ နှလုံးမသွင်းကုန်လင့်၊ ဤတရားကို ပယ်ကုန်လော့၊ ဤတရားသို့ ရောက်၍နေထိုင်ကုန်လော့''ဟု ရဟန်းတစ်ထောင်ကို သွန်သင်တော်မူ၏၊ ဆုံးမတော်မူ၏၊ သာရိပုတြာ ထိုအခါဘုန်းတော်ကြီးသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ဝေဿဘူ မြတ်စွာဘုရားသည် ဤသို့ သွန်သင် ဆုံးမလတ်သော် ထိုရဟန်းတစ်ထောင်၏စိတ်တို့သည် (တဏှာဒိဋ္ဌိတို့ဖြင့်) တစ်စုံတစ်ခုသော အာရုံကို မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်မြောက်ကုန်၏၊ သာရိပုတြာ ထို (ကြောက်မက်ဖွယ်တောအုပ်ဟူသော စကား) ၌ ရာဂမကင်းသူ တစ်ဦးတစ်ယောက်သည် ထိုတောအုပ်သို့ ဝင်သော် များသောအားဖြင့် ကြက်သီးမွေးညှင်းတို့သည် ထကုန်၏၊ ဤ (ကြက်သီးမွေးညှင်းထခြင်း) သည် ကြောက်မက်ဖွယ်ကောင်းသော ထိုတောအုပ်၏ ကြောက်မက်ဖွယ်ကောင်းသော အဖြစ်တည်း။ သာရိပုတြာ ဤသည်လျှင် ဝိပဿီ မြတ်စွာဘုရား၏လည်းကောင်း၊ သိခီ မြတ်စွာဘုရား၏လည်းကောင်း၊ ဝေဿဘူ မြတ်စွာဘုရား၏လည်းကောင်း သာသနာတော် ကြာမြင့်စွာ မတည်ခြင်း၏ အကြောင်းပေတည်း၊ ဤသည်လျှင် ကြာမြင့်စွာ မတည်ခြင်း၏ အထောက်အပံ့ပေတည်းဟု (မိန့်တော်မူ၏)။
ဝိနည်းပိဋက (Vinaya Pitaka)
ပါရာဇိကပါဠိ
ပါရာဇိကဏ်
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း
20
11
၂၀။ ‘‘ကော ပန, ဘန္တေ, ဟေတု ကော ပစ္စယော ယေန ဘဂဝတော စ ကကုသန္ဓဿ ဘဂဝတော စ ကောဏာဂမနဿ ဘဂဝတော စ ကဿပဿ ဗြဟ္မစရိယံ စိရဋ္ဌိတိကံ အဟောသီ’’တိ? ‘‘ဘဂဝါ စ, သာရိပုတ္တ, ကကုသန္ဓော ဘဂဝါ စ ကောဏာဂမနော ဘဂဝါ စ ကဿပေါ အကိလာသုနော အဟေသုံ သာဝကာနံ ဝိတ္ထာရေန ဓမ္မံ ဒေသေတုံ။ ဗဟုဉ္စ နေသံ အဟောသိ သုတ္တံ ဂေယျံ ဝေယျာကရဏံ ဂါထာ ဥဒါနံ ဣတိဝုတ္တကံ ဇာတကံ အဗ္ဘုတဓမ္မံ ဝေဒလ္လံ, ပညတ္တံ သာဝကာနံ သိက္ခာပဒံ, ဥဒ္ဒိဋ္ဌံ ပါတိမောက္ခံ။ တေသံ ဗုဒ္ဓါနံ ဘဂဝန္တာနံ အန္တရဓာနေန ဗုဒ္ဓါနုဗုဒ္ဓါနံ သာဝကာနံ အန္တရဓာနေန ယေ တေ ပစ္ဆိမာ သာဝကာ နာနာနာမာ နာနာဂေါတ္တာ နာနာဇစ္စာ နာနာကုလာ ပဗ္ဗဇိတာ တေ တံ ဗြဟ္မစရိယံ စိရံ ဒီဃမဒ္ဓါနံ ဌပေသုံ။ သေယျထာပိ, သာရိပုတ္တ, နာနာပုပ္ဖါနိ ဖလကေ နိက္ခိတ္တာနိ သုတ္တေန သုသင်္ဂဟိတာနိ တာနိ ဝါတော န ဝိကိရတိ န ဝိဓမတိ န ဝိဒ္ဓံသေတိ။ တံ ကိဿ ဟေတု? ယထာ တံ သုတ္တေန သုသင်္ဂဟိတတ္တာ။ ဧဝမေဝ ခေါ, သာရိပုတ္တ, တေသံ ဗုဒ္ဓါနံ ဘဂဝန္တာနံ အန္တရဓာနေန ဗုဒ္ဓါနုဗုဒ္ဓါနံ သာဝကာနံ အန္တရဓာနေန ယေ တေ ပစ္ဆိမာ သာဝကာ နာနာနာမာ နာနာဂေါတ္တာ နာနာဇစ္စာ နာနာကုလာ ပဗ္ဗဇိတာ တေ တံ ဗြဟ္မစရိယံ စိရံ ဒီဃမဒ္ဓါနံ ဌပေသုံ။ အယံ ခေါ, သာရိပုတ္တ, ဟေတု အယံ ပစ္စယော ယေန ဘဂဝတော စ ကကုသန္ဓဿ ဘဂဝတော စ ကောဏာဂမနဿ ဘဂဝတော စ ကဿပဿ ဗြဟ္မစရိယံ စိရဋ္ဌိတိကံ အဟောသီ’’တိ။
၂၀။ အသျှင်ဘုရား ကကုသန် မြတ်စွာဘုရား၏လည်းကောင်း၊ ကောဏာဂုံ မြတ်စွာဘုရား၏လည်းကောင်း၊ ကဿပ မြတ်စွာဘုရား၏လည်းကောင်း သာသနာတော် ကြာမြင့်စွာ တည်ခြင်း၏အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။ -- သာရိပုတြာ ကကုသန် မြတ်စွာဘုရားသည်လည်းကောင်း၊ ကောဏာဂုံ မြတ်စွာဘုရားသည်လည်းကောင်း၊ ကဿပ မြတ်စွာဘုရားသည်လည်းကောင်း တပည့်တို့အား တရားတော်ကို အကျယ်ဟောတော်မူရန် ကြောင့်ကြ စိုက်တော်မူကုန်၏၊ ထိုမြတ်စွာဘုရားတို့၏ သုတ် ဂေယျ ဗျာကရုဏ်း ဂါထာ ဥဒါန်းဣတိဝုတ် ဇာတ် အဗ္ဘုတဓမ္မ ဝေဒလ္လတို့သည် များပြားကုန်၏၊ တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ (အာဏာ) ပါတိမောက်ကို ပြတော်မူ၏၊ ဘုန်းတော်ကြီးကုန်သော ထိုမြတ်စွာဘုရားတို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သော အခါ၌လည်းကောင်း၊ မြတ်စွာဘုရားတို့သို့ အတုလိုက်၍ သစ္စာလေးပါးကို သိကုန်သော တပည့်တို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သောအခါ၌လည်းကောင်း အထူးထူးသော အမည် အနွယ် ဇာတ် ရှိကုန်သော အမျိုးတို့ မှ ရဟန်းပြုကုန်သော နောင်လာ နောက်သားတပည့် တို့သည် ထိုသာသနာတော်ကို ကြာမြင့်စွာသော ကာလပတ်လုံး တည်စေကုန်၏၊ သာရိပုတြာချည်မျှင်ဖြင့် သီကုံး၍ ပျဉ်ပြားပေါ်၌ တင်ထားသော ပန်းအမျိုးမျိုးတို့ကို ချည်မျှင်ဖြင့် သီကုံး၍ထားခြင်းကြောင့် လေသည် ဖရိုဖရဲ မကြဲဖြန့် မတိုက်ခတ် မမှုတ်လွှင့် မဖျက်ဆီးနိုင် သကဲ့သို့၊ ဤဥပမာအတူသာလျှင် ဘုန်းတော်ကြီးကုန်သော ထိုမြတ်စွာဘုရားတို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သောအခါ၌လည်းကောင်း၊ မြတ်စွာဘုရားတို့သို့ အတုလိုက်၍ သစ္စာလေးပါးကို သိကုန်သော တပည့်တို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ် ပျောက်သော အခါ၌လည်းကောင်း၊ အထူးထူးသော အမည် အနွယ် ဇာတ်ရှိကုန်သော အမျိုးတို့မှ ရဟန်းပြုကုန်သော နောင်လာနောက်သား တပည့်တို့သည် ထိုသာသနာတော်ကိုကြာမြင့်စွာသော ကာလ ပတ်လုံး တည်စေကုန်၏။ သာရိပုတြာ ဤသည်ကားကကုသန်မြတ်စွာဘုရား၏လည်းကောင်း၊ ကောဏာဂုံ မြတ်စွာဘုရား၏လည်းကောင်း၊ ကဿပမြတ်စွာဘုရား၏လည်းကောင်း သာသနာတော် ကြာမြင့်စွာတည်ခြင်း၏ အကြောင်းပေတည်း၊ ဤသည်လျှင် ကြာမြင့်စွာတည်ခြင်း၏ အထောက်အပံ့ပေတည်းဟု (မိန့်တော်မူ၏)။ ၁။ သေတဋ္ဌိကာ ရှိသည့်အရ ပြန်သည်၊ သေတဋ္ဋိကာရှိလျှင် ကောက်ပင်များ ပိုးဖျက်ခံရ၏ဟုပြန်။ -- သိက္ခာပုဒ်ပညတ်ရန် အချိန်တန်ပါပြီဟု အသျှင်သာရိပုတြာ လျှောက်ထားပုံ
ဝိနည်းပိဋက (Vinaya Pitaka)
ပါရာဇိကပါဠိ
ပါရာဇိကဏ်
သိက္ခာပုဒ်ပညတ်ရန် အချိန်တန်ပါပြီဟု အသျှင်သာရိပုတြာ လျှောက်ထားပုံ
သိက္ခာပုဒ်ပညတ်ရန် အချိန်တန်ပါပြီဟု အသျှင်သာရိပုတြာ လျှောက်ထားပုံ
21
13
၂၁။ အထ ခေါ အာယသ္မာ သာရိပုတ္တော ဥဋ္ဌာယာသနာ ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ ယေန ဘဂဝါ တေနဉ္ဇလိံ ပဏာမေတွာ ဘဂဝန္တံ ဧတဒဝေါစ – ‘‘ဧတဿ, ဘဂဝါ, ကာလော! ဧတဿ, သုဂတ, ကာလော! ယံ ဘဂဝါ သာဝကာနံ သိက္ခာပဒံ ပညပေယျ [ပညာပေယျ (သီ။ သျာ။)] , ဥဒ္ဒိသေယျ ပါတိမောက္ခံ, ယထယိဒံ ဗြဟ္မစရိယံ အဒ္ဓနိယံ အဿ စိရဋ္ဌိတိက’’န္တိ။ ‘‘အာဂမေဟိ တွံ, သာရိပုတ္တ ! အာဂမေဟိ တွံ, သာရိပုတ္တ! တထာဂတောဝ တတ္ထ ကာလံ ဇာနိဿတိ။ န တာဝ, သာရိပုတ္တ, သတ္ထာ သာဝကာနံ သိက္ခာပဒံ ပညပေတိ ဥဒ္ဒိသတိ [န ဥဒ္ဒိသတိ (သီ။)] ပါတိမောက္ခံ ယာဝ န ဣဓေကစ္စေ အာသဝဋ္ဌာနီယာ ဓမ္မာ သံဃေ ပါတုဘဝန္တိ။ ယတော စ ခေါ, သာရိပုတ္တ, ဣဓေကစ္စေ အာသဝဋ္ဌာနီယာ ဓမ္မာ သံဃေ ပါတုဘဝန္တိ, အထ သတ္ထာ သာဝကာနံ သိက္ခာပဒံ ပညပေတိ ဥဒ္ဒိဿတိ ပါတိမောက္ခံ တေသံယေဝ အာသဝဋ္ဌာနီယာနံ ဓမ္မာနံ ပဋိဃာတာယ။ န တာဝ, သာရိပုတ္တ, ဣဓေကစ္စေ အာသဝဋ္ဌာနီယာ ဓမ္မာ သံဃေ ပါတုဘဝန္တိ ယာဝ န သံဃော ရတ္တညုမဟတ္တံ ပတ္တော ဟောတိ။ ယတော စ ခေါ, သာရိပုတ္တ, သံဃော ရတ္တညုမဟတ္တံ ပတ္တော ဟောတိ အထ ဣဓေကစ္စေ အာသဝဋ္ဌာနီယာ ဓမ္မာ သံဃေ ပါတုဘဝန္တိ, အထ, သတ္ထာ သာဝကာနံ သိက္ခာပဒံ ပညပေတိ ဥဒ္ဒိသတိ ပါတိမောက္ခံ တေသံယေဝ အာသဝဋ္ဌာနီယာနံ ဓမ္မာနံ ပဋိဃာတာယ။ န တာဝ, သာရိပုတ္တ, ဣဓေကစ္စေ အာသဝဋ္ဌာနီယာ ဓမ္မာ သံဃေ ပါတုဘဝန္တိ, ယာဝ န သံဃော ဝေပုလ္လမဟတ္တံ ပတ္တော ဟောတိ။ ယတော စ ခေါ, သာရိပုတ္တ, သံဃော ဝေပုလ္လမဟတ္တံ ပတ္တော ဟောတိ, အထ ဣဓေကစ္စေ အာသဝဋ္ဌာနီယာ ဓမ္မာ သံဃေ ပါတုဘဝန္တိ, အထ သတ္ထာ သာဝကာနံ သိက္ခာပဒံ ပညပေတိ ဥဒ္ဒိသတိ ပါတိမောက္ခံ တေသံယေဝ အာသဝဋ္ဌာနီယာနံ ဓမ္မာနံ ပဋိဃာတာယ။ န တာဝ, သာရိပုတ္တ, ဣဓေကစ္စေ အာသဝဋ္ဌာနီယာ ဓမ္မာ သံဃေ ပါတုဘဝန္တိ, ယာဝ န သံဃော လာဘဂ္ဂမဟတ္တံ ပတ္တော ဟောတိ။ ယတော စ ခေါ, သာရိပုတ္တ, သံဃော လာဘဂ္ဂမဟတ္တံ ပတ္တော ဟောတိ, အထ ဣဓေကစ္စေ အာသဝဋ္ဌာနီယာ ဓမ္မာ သံဃေ ပါတုဘဝန္တိ, အထ သတ္ထာ သာဝကာနံ သိက္ခာပဒံ ပညပေတိ ဥဒ္ဒိသတိ ပါတိမောက္ခံ တေသံယေဝ အာသဝဋ္ဌာနီယာနံ ဓမ္မာနံ ပဋိဃာတာယ။ န တာဝ, သာရိပုတ္တ, ဣဓေကစ္စေ အာသဝဋ္ဌာနီယာ ဓမ္မာ သံဃေ ပါတုဘဝန္တိ, ယာဝ န သံဃော ဗာဟုသစ္စမဟတ္တံ ပတ္တော ဟောတိ။ ယတော စ ခေါ, သာရိပုတ္တ, သံဃော ဗာဟုသစ္စမဟတ္တံ ပတ္တော ဟောတိ, အထ ဣဓေကစ္စေ အာသဝဋ္ဌာနီယာ ဓမ္မာ သံဃေ ပါတုဘဝန္တိ, အထ သတ္ထာ သာဝကာနံ သိက္ခာပဒံ ပညပေတိ ဥဒ္ဒိသတိ ပါတိမောက္ခံ တေသံယေဝ အာသဝဋ္ဌာနီယာနံ ဓမ္မာနံ ပဋိဃာတာယ။ နိရဗ္ဗုဒေါ ဟိ, သာရိပုတ္တ, ဘိက္ခုသံဃော နိရာဒီနဝေါ အပဂတကာဠကော သုဒ္ဓေါ သာရေ ပတိဋ္ဌိတော။ ဣမေသဉှိ, သာရိပုတ္တ, ပဉ္စန္နံ ဘိက္ခုသတာနံ ယော ပစ္ဆိမကော ဘိက္ခု သော သောတာပန္နော အဝိနိပါတဓမ္မော နိယတော သမ္ဗောဓိပရာယဏော’’တိ။
၂၁။ ထိုအခါ အသျှင်သာရိပုတြာသည် နေရာမှ ထ၍ လက်ဝဲတစ်ဖက် ပုခုံးထက်၌ ကိုယ်ဝတ်ကိုစံပယ်တင်လျက် မြတ်စွာဘုရားရှိတော်မူရာသို့ လက်အုပ်ချီ ရှိခိုး၍ မြတ်စွာဘုရားအား- ''ဤသာသနာတော် ကြာမြင့်စွာ တည်ရန် မြတ်စွာဘုရားသည် တပည့်တို့အား အကြင် သိက္ခာပုဒ်ကို ပညတ်တော်မူရာ၏၊ အကြင် ပါတိမောက်ကို ပြတော်မူရာ၏၊ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားထို သိက္ခာပုဒ်ကို ပညတ်တော်မူရန် အချိန်တန်ပါပြီ၊ ကောင်းသောစကားကို ဆိုတော်မူသော မြတ်စွာဘုရား ထိုပါတိမောက်ကို ပြတော်မူရန် အချိန်တန်ပါပြီ''ဟု လျှောက်၏။ သာရိပုတြာ သင် ဆိုင်းငံ့ဦးလော့၊ သာရိပုတြာ သင် ဆိုင်းငံ့ဦးလော့၊ မြတ်စွာဘုရားသည်သာလျှင် ထို (သိက္ခာပုဒ် ပညတ်ခြင်း ပါတိမောက်ပြခြင်း) ၌ အချိန်ကို သိတော်မူလိမ့်မည်၊ သာရိပုတြာ ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ထင်ရှား မဖြစ်ပေါ်သေးသမျှ ကာလပတ်လုံး မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မမူချေ၊ (အာဏာ) ပါတိမောက်ကို ပြတော်မမူချေ။ သာရိပုတြာ ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရှိရာကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ ထင်ရှားဖြစ်ပေါ်လာသော အခါ အာသဝေါတရားလျှင် တည်ရာရှိကုန်သော ထို (လွန်ကျူးမှု) တရားတို့ကို ပယ်ဖျောက်ခြင်းအကျိုးငှါသာလျှင် မြတ်စွာဘုရားသည် တပည့်တို့အားသိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ (အာဏာ) ပါတိမောက်ကို ပြတော်မူ၏။ သာရိပုတြာ သံဃာသည် ညဉ့်အများကို သိသော (ဝါရင့်သည့်) ရဟန်း များပြားသည်၏ အဖြစ်သို့မရောက်သေးသမျှ ကာလပတ်လုံး ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သောအချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ ထင်ရှား မဖြစ်ပေါ်ကုန်သေး၊ သာရိပုတြာ သံဃာသည်ညဉ့်အများကို သိသော (ဝါရင့်သည့်) ရဟန်း များပြားသည်၏ အဖြစ်သို့ ရောက်သော အခါ၌မူကား ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည်သံဃာ၌ ထင်ရှား ဖြစ်ပေါ်လာကုန်၏၊ ထိုအခါ အာသဝေါတရားလျှင် တည်ရာရှိကုန်သောထို (လွန်ကျူးမှု) တရားတို့ကို ပယ်ဖျောက်ခြင်းအကျိုးငှါသာလျှင် မြတ်စွာဘုရားသည် တပည့်တို့အားသိက္ခာပုဒ်ကို ပညတ် တော်မူ၏။ (အာဏာ) ပါတိမောက်ကို ပြတော်မူ၏။ သာရိပုတြာ သံဃာသည် ပြန့်ပြောများပြားသည်၏ အဖြစ်သို့ မရောက်သေးသမျှ ကာလပတ်လုံးဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည်သံဃာ၌ ထင်ရှား မဖြစ်ပေါ်ကုန်သေး၊ သာရိပုတြာ သံဃာသည် ပြန့်ပြောများပြားသည်၏ အဖြစ်သို့ရောက်သော အခါ၌မူကား ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ ထင်ရှား ဖြစ်ပေါ်လာကုန်၏၊ ထိုအခါ အာသဝေါတရားလျှင် တည်ရာ ရှိကုန်သော ထို (လွန်ကျူးမှု) တရားတို့ကို ပယ်ဖျောက်ခြင်းအကျိုးငှါသာလျှင် မြတ်စွာဘုရားသည်တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ (အာဏာ) ပါတိမောက်ကို ပြတော်မူ၏။ သာရိပုတြာ သံဃာသည် လာဘ်များသည်၏ အဖြစ်သို့ မရောက်သေးသမျှ ကာလပတ်လုံး ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည်သံဃာ၌ ထင်ရှား မဖြစ်ပေါ်ကုန်သေး၊ သာရိပုတြာ သံဃာသည် လာဘ်များသည်၏ အဖြစ်သို့ ရောက်သော အခါ၌မူကား ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ ထင်ရှား ဖြစ်ပေါ်လာကုန်၏၊ ထိုအခါ အာသဝေါတရားလျှင် တည်ရာရှိကုန်သော ထို (လွန်ကျူးမှု) တရားတို့ကို ပယ်ဖျောက်ခြင်းအကျိုးငှါသာလျှင် မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ (အာဏာ) ပါတိမောက်ကို ပြတော်မူ၏။ -- သာရိပုတြာ သံဃာသည် အကြားအမြင် (ဗဟုသုတ) များပြားသည်၏ အဖြစ်သို့ မရောက်သေးသမျှကာလပတ်လုံး ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ ထင်ရှား မဖြစ်ပေါ်ကုန်သေး၊ သာရိပုတြာ သံဃာသည် အကြားအမြင် (ဗဟုသုတ) များပြားသည်၏ အဖြစ်သို့ ရောက်သော အခါ၌မူကား၊ ဤ (သာသနာတော်) ၌အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ ထင်ရှားဖြစ်ပေါ်လာကုန်၏၊ ထိုအခါ အာသဝေါတရားလျှင် တည်ရာရှိကုန်သော ထို (လွန်ကျူးမှု) တရားတို့ကိုပယ်ဖျောက်ခြင်း အကျိုးငှါသာလျှင် မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ (အာဏာ) ပါတိမောက်ကို ပြတော်မူ၏။ သာရိပုတြာ (ယခုအခါ) ရဟန်းသံဃာသည် (ဒုဿီလဟူသော) အမြှုပ်မှကင်း၏၊ အပြစ်မှကင်း၏၊ အမည်းအညစ်မှ ကင်း၏၊ စင်ကြယ်၏၊ (သီလစသော) အနှစ်၌ တည်၏၊ သာရိပုတြာ ဤရဟန်း ငါးရာတို့တွင် အညံ့ဆုံးရဟန်းသည် အပါယ်သို့ ကျခြင်းသဘောမရှိသော ကိန်းသေမြဲသော အထက်မဂ် သုံးပါးလျှင် လားရာရှိသော သောတာပန် ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဝိနည်းပိဋက (Vinaya Pitaka)
ပါရာဇိကပါဠိ
ပါရာဇိကဏ်
သိက္ခာပုဒ်ပညတ်ရန် အချိန်တန်ပါပြီဟု အသျှင်သာရိပုတြာ လျှောက်ထားပုံ
သိက္ခာပုဒ်ပညတ်ရန် အချိန်တန်ပါပြီဟု အသျှင်သာရိပုတြာ လျှောက်ထားပုံ
22
14
၂၂။ အထ ခေါ ဘဂဝါ အာယသ္မန္တံ အာနန္ဒံ အာမန္တေသိ – ‘‘အာစိဏ္ဏံ ခေါ ပနေတံ, အာနန္ဒ, တထာဂတာနံ ယေဟိ နိမန္တိတာ ဝဿံ ဝသန္တိ, န တေ အနပလောကေတွာ ဇနပဒစာရိကံ ပက္ကမန္တိ။ အာယာမာနန္ဒ, ဝေရဉ္ဇံ ဗြာဟ္မဏံ အပလောကေဿာမာ’’တိ။ ‘‘ဧဝံ ဘန္တေ’’တိ ခေါ အာယသ္မာ အာနန္ဒော ဘဂဝတော ပစ္စဿောသိ။ အထ ခေါ ဘဂဝါ နိဝါသေတွာ ပတ္တစီဝရမာဒါယ အာယသ္မတာ အာနန္ဒေန ပစ္ဆာသမဏေန ယေန ဝေရဉ္ဇဿ ဗြာဟ္မဏဿ နိဝေသနံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ပညတ္တေ အာသနေ နိသီဒိ။ အထ ခေါ ဝေရဉ္ဇော ဗြာဟ္မဏော ယေန ဘဂဝါ တေနုပသင်္ကမိ ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နံ ခေါ ဝေရဉ္ဇံ ဗြာဟ္မဏံ ဘဂဝါ ဧတဒဝေါစ – ‘‘နိမန္တိတမှ တယာ, ဗြာဟ္မဏ , ဝဿံဝုဋ္ဌာ [ဝဿံဝုတ္ထာ (သီ။ သျာ။ က။)] , အပလောကေမ တံ, ဣစ္ဆာမ မယံ ဇနပဒစာရိကံ ပက္ကမိတု’’န္တိ။ ‘‘သစ္စံ, ဘော ဂေါတမ, နိမန္တိတတ္ထ မယာ ဝဿံဝုဋ္ဌာ၊ အပိ စ, ယော ဒေယျဓမ္မော သော န ဒိန္နော။ တဉ္စ ခေါ နော အသန္တံ, နောပိ အဒါတုကမျတာ, တံ ကုတေတ္ထ လဗ္ဘာ ဗဟုကိစ္စာ ဃရာဝါသာ ဗဟုကရဏီယာ။ အဓိဝါသေတု မေ ဘဝံ ဂေါတမော သွာတနာယ ဘတ္တံ သဒ္ဓိံ ဘိက္ခုသံဃေနာ’’တိ။ အဓိဝါသေသိ ဘဂဝါ တုဏှီဘာဝေန။ အထ ခေါ ဘဂဝါ ဝေရဉ္ဇံ ဗြာဟ္မဏံ ဓမ္မိယာ ကထာယ သန္ဒဿေတွာ သမာဒပေတွာ သမုတ္တေဇေတွာ သမ္ပဟံသေတွာ ဥဋ္ဌာယာသနာ ပက္ကာမိ။ အထ ခေါ ဝေရဉ္ဇော ဗြာဟ္မဏော တဿာ ရတ္တိယာ အစ္စယေန သကေ နိဝေသနေ ပဏီတံ ခါဒနီယံ ဘောဇနီယံ ပဋိယာဒါပေတွာ ဘဂဝတော ကာလံ အာရောစာပေသိ – ‘‘ကာလော, ဘော ဂေါတမ, နိဋ္ဌိတံ ဘတ္တ’’န္တိ။
၂၂။ ထို့နောက် မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို ခေါ်၍- ''အာနန္ဒာ (ဘုရားသျှင်တို့သည်) ပင့်ဖိတ်သူများရှိ၍ ဝါကပ်တော်မူရာဝယ် ထိုပင့်ဖိတ် သူတို့ကိုမပန်ကြားဘဲ ဇနပုဒ် (တိုင်းနိုင်ငံ) ၌ လှည့်လည်၍ ဒေသစာရီ မကြွချီခြင်းသည် ဘုရားသျှင်တို့၏အလေ့အကျက်ဖြစ်၏၊ အာနန္ဒာ လာ, သွားကြကုန်အံ့၊ ဝေရဉ္ဇပုဏ္ဏားကို ပန်ကြား ကုန်အံ့''ဟုမိန့်တော်မူ၏။ ကောင်းပါပြီအသျှင်ဘုရားဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံ၏၊ ထို့နောက် မြတ်စွာဘုရားသည် (သင်္ကန်းကို) ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူလျက် နောက်ပါရဟန်းဖြစ်သော အသျှင်အာနန္ဒာနှင့် အတူ ဝေရဉ္ဇပုဏ္ဏား၏ အိမ်သို့ ချဉ်းကပ်ပြီးလျှင် ပြင်ထားသော နေရာ၌ ထိုင်တော်မူ၏။ ထိုအခါ ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခု သောနေရာ၌ ထိုင်၏၊ တစ်ခုသော နေရာ၌ ထိုင်ပြီးသော ဝေရဉ္ဇပုဏ္ဏားအား မြတ်စွာဘုရားသည်- ''ပုဏ္ဏား သင် ပင့်ဖိတ်အပ်သည် ဖြစ်၍ ငါတို့သည် ဝါကပ်ခဲ့ကုန်ပြီ၊ သင့်ကို ပန်ကြားကုန်၏၊ ငါတို့သည် ဒေသစာရီ ကြွချီလိုကုန်၏''ဟု မိန့်တော်မူ၏။ အသျှင်ဂေါတမ မှန်ပါသည်၊ အကျွန်ုပ် ပင့်ဖိတ်အပ်သည်ဖြစ်၍ ဝါကပ်တော်မူခဲ့ပါသည်၊ သို့ရာတွင်လှူဖွယ်ဝတ္ထုကို မလှူရသေးပါ၊ ထို (လှူဖွယ်ဝတ္ထု) သည် မရှိသည်လည်း မဟုတ်ပါ၊ မပေးလှူလိုသည်လည်း မဟုတ်ပ ါ၊ လူ့ဘောင်၌ နေကုန်သော သူတို့သည် ပြုဖွယ်ကိစ္စ များပြားလှပါကုန်၏၊ ထိုပေးလှူခွင့်ကို အဘယ်မှာ ရနိုင်ပါမည်နည်း၊ အသျှင်ဂေါတမသည် မနက်ဖြန်အတွက် အကျွန်ုပ်၏ဆွမ်းကို ရဟန်းသံဃာနှင့် အတူ လက်ခံတော်မူပါဟု (လျှောက်၏)။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏၊ ထို့နောက် မြတ်စွာဘုရားသည် ဝေရဉ္ဇပုဏ္ဏားအား တရားနှင့် လျော်သော စကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေ၍ ရွှန်လန်းစေပြီးလျှင် နေရာမှ ထကာ ဖဲခွါ ကြွသွားတော်မူ၏။ -- ထိုအခါ ဝေရဉ္ဇပုဏ္ဏားသည် ထိုညဉ့် လွန်မြောက်ပြီးနောက် မိမိနေအိမ်၌ မွန်မြတ်သော ခဲဖွယ် ဘောဇဉ်ကို စီမံစေပြီးလျှင် ''အသျှင်ဂေါတမ အချိန်တန်ပါပြီ၊ ဆွမ်း (ပြင်) ပြီးပါပြီ''ဟု မြတ်စွာဘုရားအား အချိန် (တန်ကြောင်း) ကို လျှောက်စေ၏။
ဝိနည်းပိဋက (Vinaya Pitaka)
ပါရာဇိကပါဠိ
ပါရာဇိကဏ်
သိက္ခာပုဒ်ပညတ်ရန် အချိန်တန်ပါပြီဟု အသျှင်သာရိပုတြာ လျှောက်ထားပုံ
သိက္ခာပုဒ်ပညတ်ရန် အချိန်တန်ပါပြီဟု အသျှင်သာရိပုတြာ လျှောက်ထားပုံ
23
15
၂၃။ အထ ခေါ ဘဂဝါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ယေန ဝေရဉ္ဇဿ ဗြာဟ္မဏဿ နိဝေသနံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ပညတ္တေ အာသနေ နိသီဒိ သဒ္ဓိံ ဘိက္ခုသံဃေန။ အထ ခေါ ဝေရဉ္ဇော ဗြာဟ္မဏော ဗုဒ္ဓပ္ပမုခံ ဘိက္ခုသံဃံ ပဏီတေန ခါဒနီယေန ဘောဇနီယေန သဟတ္ထာ သန္တပ္ပေတွာ သမ္ပဝါရေတွာ ဘဂဝန္တံ ဘုတ္တာဝိံ ဩနီတပတ္တပါဏိံ [ဩဏီတပတ္တပါဏိံ (က။)] တိစီဝရေန အစ္ဆာဒေသိ, ဧကမေကဉ္စ ဘိက္ခုံ ဧကမေကေန ဒုဿယုဂေန အစ္ဆာဒေသိ။ အထ ခေါ ဘဂဝါ ဝေရဉ္ဇံ ဗြာဟ္မဏံ ဓမ္မိယာ ကထာယ သန္ဒဿေတွာ သမာဒပေတွာ သမုတ္တေဇေတွာ သမ္ပဟံသေတွာ ဥဋ္ဌာယာသနာ ပက္ကာမိ။ အထ ခေါ ဘဂဝါ ဝေရဉ္ဇာယံ ယထာဘိရန္တံ ဝိဟရိတွာ အနုပဂမ္မ သောရေယျံ သင်္ကဿံ ကဏ္ဏကုဇ္ဇံ ယေန ပယာဂပတိဋ္ဌာနံ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ပယာဂပတိဋ္ဌာနေ ဂင်္ဂံ နဒိံ ဥတ္တရိတွာ ယေန ဗာရာဏသီ တဒဝသရိ။ အထ ခေါ ဘဂဝါ ဗာရာဏသိယံ ယထာဘိရန္တံ ဝိဟရိတွာ ယေန ဝေသာလီ တေန စာရိကံ ပက္ကာမိ။ အနုပုဗ္ဗေန စာရိကံ စရမာနော ယေန ဝေသာလီ တဒဝသရိ။ တတြ သုဒံ ဘဂဝါ ဝေသာလိယံ ဝိဟရတိ မဟာဝနေ ကူဋာဂါရသာလာယန္တိ။ ဝေရဉ္ဇဘာဏဝါရော နိဋ္ဌိတော။ ၁။ ပါရာဇိကကဏ္ဍံ ၁။ ပဌမပါရာဇိကံ သုဒိန္နဘာဏဝါရော
၂၃။ ထို့နောက် မြတ်စွာဘုရားသည် နံနက်အချိန် (သင်္ကန်းကို) ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကိုယူလျက် ဝေရဉ္ဇပုဏ္ဏားအိမ်သို့ ချဉ်းကပ်တော်မူပြီးလျှင် ပြင်ထားအပ်သော နေရာ၌ ရဟန်းသံဃာနှင့် အတူ့ထိုင်နေတော်မူ၏၊ ထိုအခါ ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာကို မွန်မြတ်သောခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏၊ မြတ်စွာဘုရား ဆွမ်းဘုဉ်းပေးပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ (ဝေရဉ္ဇပုဏ္ဏားသည်) မြတ်စွာဘုရားအားသင်္ကန်း တိစုံကို ကပ်လှူ၏၊ ရဟန်း တစ်ပါး တစ်ပါးစီအားလည်း သင်္ကန်းလျာ တစ်စုံ တစ်စုံစီကိုကပ်လှူ၏။ ထို့နောက် မြတ်စွာဘုရားသည် ဝေရဉ္ဇပုဏ္ဏားအား တရားနှင့် လျော်သော စကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေ၍ ရွှင်လန်းစေပြီးလျှင် နေရာမှ ထကာ ဖဲခွါ ကြွသွားတော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် ဝေရဉ္ဇာမြို့၌ မွေ့လျော်တော်မူသရွေ့ (သီတင်းသုံး) နေတော်မူပြီးလျှင် သောရေယျ သင်္ကဿ ကဏ္ဏကုဇ္ဇ (မြို့များ) သို့ မဝင်မူ၍ ပယာဂဆိပ်ကမ်းသို့ ချဉ်းကပ်ပြီးလျှင် ပယာဂဆိပ်ကမ်းမှ ဂင်္ဂါမြစ်ကို ကူးတော်မူ၍ ဗာရာဏသီမြို့သို့ ရောက်တော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ဗာရာဏသီမြို့၌ မွေ့လျော်သမျှ သီတင်းသုံးတော်မူပြီးလျှင် ဝေသာလီမြို့သို့ ဒေသစာရီကြွချီတော်မူ၏၊ အစဉ်အတိုင်း ဒေသစာရီ ကြွချီတော်မူသော် ဝေသာလီမြို့သို့ ရောက်၍ ထိုဝေသာလီမြို့အနီးမဟာဝုန်တော ပြာသာဒ်ဆောင် ပေါက်သော ကျောင်းကြီး၌ (သီတင်းသုံး) နေတော်မူလေသတည်း။ ဝေရဉ္ဇပုဏ္ဏားအကြောင်း ပြဆိုရာအခန်း မြန်မာပြန်ပြီး၏။
ဝိနည်းပိဋက (Vinaya Pitaka)
ပါရာဇိကပါဠိ
ပါရာဇိကဏ်
သုဒိန် ရဟန်းအကြောင်း ပြဆိုရာ အခန်း
သုဒိန် ရဟန်းအကြောင်း ပြဆိုရာ အခန်း
24
16
၂၄။ တေန ခေါ ပန သမယေန ဝေသာလိယာ အဝိဒူရေ ကလန္ဒဂါမော နာမ အတ္ထိ [ကလန္ဒဂါမော နာမ ဟောတိ (သီ။), ကလန္ဒဂါမော ဟောတိ (သျာ။)] ။ တတ္ထ သုဒိန္နော နာမ ကလန္ဒပုတ္တော သေဋ္ဌိပုတ္တော ဟောတိ။ အထ ခေါ သုဒိန္နော ကလန္ဒပုတ္တော သမ္ဗဟုလေဟိ [သမ္ပဟူလေဟိ (သီ။)] သဟာယကေဟိ သဒ္ဓိံ ဝေသာလိံ အဂမာသိ ကေနစိဒေဝ ကရဏီယေန ။ တေန ခေါ ပန သမယေန ဘဂဝါ မဟတိယာ ပရိသာယ ပရိဝုတော ဓမ္မံ ဒေသေန္တော နိသိန္နော ဟောတိ။ အဒ္ဒသ ခေါ သုဒိန္နော ကလန္ဒပုတ္တော ဘဂဝန္တံ မဟတိယာ ပရိသာယ ပရိဝုတံ ဓမ္မံ ဒေသေန္တံ နိသိန္နံ။ ဒိသွာနဿ ဧတဒဟောသိ – ‘‘ယံနူနာဟမ္ပိ ဓမ္မံ သုဏေယျ’’န္တိ။ အထ ခေါ သုဒိန္နော ကလန္ဒပုတ္တော ယေန သာ ပရိသာ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နဿ ခေါ သုဒိန္နဿ ကလန္ဒပုတ္တဿ ဧတဒဟောသိ – ‘‘ယထာ ယထာ ခေါ အဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ, နယိဒံ သုကရံ အဂါရံ အဇ္ဈာဝသတာ ဧကန္တပရိပုဏ္ဏံ ဧကန္တပရိသုဒ္ဓံ သင်္ခလိခိတံ ဗြဟ္မစရိယံ စရိတုံ၊ ယံနူနာဟံ ကေသမဿုံ ဩဟာရေတွာ ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇေယျ’’န္တိ။ အထ ခေါ သာ ပရိသာ ဘဂဝတာ ဓမ္မိယာ ကထာယ သန္ဒဿိတာ သမာဒပိတာ သမုတ္တေဇိတာ သမ္ပဟံသိတာ ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပက္ကာမိ။
၂၄။ ထိုစဉ်အခါ ဝေသာလီမြို့၏ အနီး၌ ကလန္ဒမည်သော ရွာသည် ရှိ၏၊ ထို (ကလန္ဒရွာ) ၌သုဒိန်မည်သော ကလန္ဒသူဌေးသားသည် ရှိ၏၊ ထိုအခါ ကလန္ဒသူဌေးသား သုဒိန်သည် များစွာသောသူငယ်ချင်းတို့နှင့် အတူ တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် ဝေသာလီမြို့သို့ သွား၏၊ ထိုအခါ မြတ်စွာဘုရားသည် ပရိသတ် များစွာ ခြံရံ၍ တရားဟောလျက် ထိုင်နေတော်မူ၏၊ ကလန္ဒသူဌေးသားသုဒိန်သည် ပရိသတ်များစွာ ခြံရံ၍ တရား ဟောလျက် ထိုင်နေတော်မူသော မြတ်စွာဘုရားကိုမြင်ပြီးနောက် ''ငါလည်း တရားနာရမူ ကောင်းလေစွ''ဟု သုဒိန်အား အကြံဖြစ်၏၊ ထိုအကြံဖြစ်ပြီးနောက် ကလန္ဒသူဌေးသား သုဒိန်သည် ပရိသတ်ရှိရာသို့ ချဉ်းကပ်၍ တစ်ခုသော နေရာ၌ထိုင်ပြီးသော် ကလန္ဒသူဌေးသား သုဒိန် ်အား- ''ငါသည် မြတ်စွာဘုရား ဟောတော်မူအပ်သော တရားတော်ကို ထိုက်သည့်အားလျော်စွာ သိရ၏၊ (ထိုသို့သိရသည့်အတိုင်း) လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံစင်ကြယ်၍ ခရုသင်း ပွတ်သစ်နှင့်တူသော ဤမြတ်သော အကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူချေ၊ ငါသည် ဆံ မုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရပါမူ ကောင်းလေစွ''ဟုအကြံဖြစ်ပြန်၏။ ထိုအခါ မြတ်စွာဘုရားသည် တရားနှင့် လျော်သော စကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေ၍ ရွှင်လန်းစေပြီးသော် ထိုပရိသတ်သည် နေရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ဖဲခွါသွား၏။
ဝိနည်းပိဋက (Vinaya Pitaka)
ပါရာဇိကပါဠိ
ပါရာဇိကဏ်
သုဒိန် ရဟန်းအကြောင်း ပြဆိုရာ အခန်း
သုဒိန် ရဟန်းအကြောင်း ပြဆိုရာ အခန်း
25
16
၂၅။ အထ ခေါ သုဒိန္နော ကလန္ဒပုတ္တော အစိရဝုဋ္ဌိတာယ ပရိသာယ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ သုဒိန္နော ကလန္ဒပုတ္တော ဘဂဝန္တံ ဧတဒဝေါစ – ‘‘ယထာ ယထာဟံ, ဘန္တေ, ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ , နယိဒံ သုကရံ အဂါရံ အဇ္ဈာဝသတာ ဧကန္တပရိပုဏ္ဏံ ဧကန္တပရိသုဒ္ဓံ သင်္ခလိခိတံ ဗြဟ္မစရိယံ စရိတုံ၊ ဣစ္ဆာမဟံ, ဘန္တေ, ကေသမဿုံ ဩဟာရေတွာ ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတုံ။ ပဗ္ဗာဇေတု မံ ဘဂဝါ’’တိ။ ‘‘အနုညာတောသိ ပန တွံ, သုဒ္ဒိန္န, မာတာပိတူဟိ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇ္ဇာယာ’’တိ? ‘‘န ခေါ အဟံ, ဘန္တေ, အနုညာတော မာတာပိတူဟိ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇ္ဇာယာ’’တိ။ ‘‘န ခေါ, သုဒိန္န, တထာဂတာ အနနုညာတံ မာတာပိတူဟိ ပုတ္တံ ပဗ္ဗာဇေန္တီ’’တိ။ ‘‘သောဟံ, ဘန္တေ, တထာ ကရိဿာမိ ယထာ မံ မာတာပိတရော အနုဇာနိဿန္တိ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇ္ဇာယာ’’တိ။
၂၅။ ထို့နောက် ကလန္ဒသူဌေးသား သုဒိန်သည် ပရိသတ် ထသွား၍ မကြာမီ မြတ်စွာဘုရားထံသို့ချဉ်းကပ်ပြီး မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ကလန္ဒသူဌေးသား သုဒိန်သည် မြတ်စွာဘုရားအား- ''အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား ဟောတော်မူအပ်သော တရားတော်ကို ထိုက်သည့်အားလျော်စွာ သိရပါ၏၊ (ထိုသို့သိရသည့်အတိုင်း) လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံ စင်ကြယ်၍ ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သော အကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူပါ၊ အသျှင်ဘုရား အကျွန်ုပ်သည် ဆံ မုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်လိုပါသည်၊ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ရဟန်းပြု ပေးတော်မူပါ''ဟုလျှောက်ထား၏။ သုဒိန် သင့်ကို အမိအဖတို့က လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အလို့ငှါ ခွင့်ပြုပြီးဖြစ်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်ကို အမိအဖတို့က လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန်အလို့ငှါခွင့်မပြုသေးပါဟု (လျှောက်၏)။ သုဒိန် မြတ်စွာဘုရားတို့သည် အမိအဖတို့က ခွင့်မပြုသော သားကို ရဟန်းပြုပေးတော်မမူကုန်ဟု (မိန့်တော်မူ၏)။ -- အသျှင်ဘုရား အကျွန်ုပ်သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အလို့ငှါ မိဘတို့ကခွင့်ပေးအောင် ပြုပါမည်ဟု (လျှောက်၏)။
ဝိနည်းပိဋက (Vinaya Pitaka)
ပါရာဇိကပါဠိ
ပါရာဇိကဏ်
သုဒိန် ရဟန်းအကြောင်း ပြဆိုရာ အခန်း
သုဒိန် ရဟန်းအကြောင်း ပြဆိုရာ အခန်း
26
17
၂၆။ အထ ခေါ သုဒိန္နော ကလန္ဒပုတ္တော ဝေသာလိယံ တံ ကရဏီယံ တီရေတွာ ယေန ကလန္ဒဂါမော ယေန မာတာပိတရော တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ မာတာပိတရော ဧတဒဝေါစ – ‘‘အမ္မတာတာ, ယထာ ယထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ, နယိဒံ သုကရံ အဂါရံ အဇ္ဈာဝသတာ ဧကန္တပရိပုဏ္ဏံ ဧကန္တပရိသုဒ္ဓံ သင်္ခလိခိတံ ဗြဟ္မစရိယံ စရိတုံ၊ ဣစ္ဆာမဟံ ကေသမဿုံ ဩဟာရေတွာ ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတုံ။ အနုဇာနာထ မံ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇ္ဇာယာ’’တိ။ ဧဝံ ဝုတ္တေ သုဒိန္နဿ ကလန္ဒပုတ္တဿ မာတာပိတရော သုဒိန္နံ ကလန္ဒပုတ္တံ ဧတဒဝေါစုံ – ‘‘တွံ ခေါသိ, တာတ သုဒိန္န, အမှာကံ ဧကပုတ္တကော ပိယော မနာပေါ သုခေဓိတော သုခပရိဟတော။ န တွံ, တာတ သုဒိန္န, ကိဉ္စိ ဒုက္ခဿ ဇာနာသိ။ မရဏေနပိ မယံ တေ အကာမကာ ဝိနာ ဘဝိဿာမ, ကိံ ပန မယံ တံ ဇီဝန္တံ အနုဇာနိဿာမ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇ္ဇာယာ’’တိ။ ဒုတိယမ္ပိ ခေါ သုဒိန္နော ကလန္ဒပုတ္တော မာတာပိတရော ဧတဒဝေါစ – ‘‘အမ္မတာတာ, ယထာ ယထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ, နယိဒံ သုကရံ အဂါရံ အဇ္ဈာဝသတာ ဧကန္တပရိပုဏ္ဏံ ဧကန္တပရိသုဒ္ဓံ သင်္ခလိခိတံ ဗြဟ္မစရိယံ စရိတုံ၊ ဣစ္ဆာမဟံ ကေသမဿုံ ဩဟာရေတွာ ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတုံ။ အနုဇာနာထ မံ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇ္ဇာယာ’’တိ။ ဒုတိယမ္ပိ ခေါ သုဒိန္နဿ ကလန္ဒပုတ္တဿ မာတာပိတရော သုဒိန္နံ ကလန္ဒပုတ္တံ ဧတဒဝေါစုံ – ‘‘တွံ ခေါသိ, တာတ သုဒိန္န, အမှာကံ ဧကပုတ္တကော ပိယော မနာပေါ သုခေဓိတော သုခပရိဟတော။ န တွံ, တာတ သုဒိန္န, ကိဉ္စိ ဒုက္ခဿ ဇာနာသိ။ မရဏေနပိ မယံ တေ အကာမကာ ဝိနာ ဘဝိဿာမ, ကိံ ပန မယံ တံ ဇီဝန္တံ အနုဇာနိဿာမ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇ္ဇာယာ’’တိ! တတိယမ္ပိ ခေါ သုဒိန္နော ကလန္ဒပုတ္တော မာတာပိတရော ဧတဒဝေါစ – ‘‘အမ္မတာတာ , ယထာ ယထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ, နယိဒံ သုကရံ အဂါရံ အဇ္ဈာဝသတာ ဧကန္တပရိပုဏ္ဏံ ဧကန္တပရိသုဒ္ဓံ သင်္ခလိခိတံ ဗြဟ္မစရိယံ စရိတုံ၊ ဣစ္ဆာမဟံ ကေသမဿုံ ဩဟာရေတွာ ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတုံ ။ အနုဇာနာထ မံ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇ္ဇာယာ’’တိ။ တတိယမ္ပိ ခေါ သုဒိန္နဿ ကလန္ဒပုတ္တဿ မာတာပိတရော သုဒိန္နံ ကလန္ဒပုတ္တံ ဧတဒဝေါစုံ – ‘‘တွံ ခေါသိ, တာတ သုဒိန္န, အမှာကံ ဧကပုတ္တကော ပိယော မနာပေါ သုခေဓိတော သုခပရိဟတော။ န တွံ, တာတ သုဒိန္န, ကိဉ္စိ ဒုက္ခဿ ဇာနာသိ။ မရဏေနပိ မယံ တေ အကာမကာ ဝိနာ ဘဝိဿာမ, ကိံ ပန မယံ တံ ဇီဝန္တံ အနုဇာနိဿာမ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇ္ဇာယာ’’တိ!
၂၆။ ထို့နောက် ကလန္ဒသူဌေးသား သုဒိန်သည် ဝေသာလီမြို့၌ ထိုပြုဖွယ်ကိစ္စကို ပြီးဆုံးစေပြီးလျှင် ကလန္ဒရွာ မိဘတို့ထံသို့ ချဉ်းကပ်ပြီးသော် မိဘတို့အား- ''မိခင် ဖခင်တို့ အကျွန်ုပ်သည် မြတ်စွာဘုရား ဟောတော်မူအပ်သော တရားတော်ကို ထိုက်သည့်အားလျော်စွာ သိရပါ၏၊ (ထိုသို့သိရသည့်အတိုင်း) လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံ စင်ကြယ်၍ ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သော အကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူပါ၊ အကျွန်ုပ်သည်ဆံ မုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုး အဝတ်တို့ကို ဝတ်ရုံ၍ လူု့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်လိုပါသည်၊ အကျွန်ုပ်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အလို့ငှါ ခွင့်ပြုပါကုန်''ဟုပြော၏။ ဤသို့ ပြောသော် ကလန္ဒသူဌေးသား သုဒိန်၏ မိဘတို့သည် ကလန္ဒသူဌေးသား သုဒိန်အား- ''ချစ်သား သုဒိန် သင်သည် ငါတို့၏ တစ်ဦးတည်းသော သားဖြစ်၍ ချစ်ခင်အပ်၏၊ နှစ်သက် အပ်၏၊ ချမ်းသာစွာ ကြီးပွါးစေအပ်၏၊ ချမ်းသာစွာ မွေးမြူလာရသူဖြစ်၏၊ ချစ်သား သုဒိန် သင် သည်မည့်သည့်ဆင်းရဲကိုမျှ မသိ၊ သင် သေသဖြင့်လည်း ငါတို့သည် အလိုမရှိကုန်ဘဲလျက် သင် နှင့် ခွဲခွါကြရကုန်အံ့၊ အသက်ရှင်နေသော သင်ကိုကား ငါတို့သည် ဤလူ့ဘောင်မှ ရဟန်းဘောင် သို့ဝင်ရောက်ရန် အလို့ငှါ အဘယ်မှာလျှင် ခွင့်ပြုနိုင်ပါကုန်အံ့နည်း''ဟု ပြောကြကုန်၏။ နှစ်ကြိမ်မြောက်လည်း ကလန္ဒသူဌေးသား သုဒိန်သည် မိဘတို့အား- ''မိခင် ဖခင်တို့ အကျွန်ုပ်သည် မြတ်စွာဘုရား ဟောတော်မူအပ်သော တရားတော်ကို ထိုက်သည့်အားလျော်စွာ သိရပါ၏၊ (ထိုသို့ သိရသည့်အတိုင်း) လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံ စင်ကြယ်၍ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သော အကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူပါ၊ အကျွန်ုပ်သည်ဆံ မုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုး အဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်လိုပါသည်၊ အကျွန်ုပ်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အလို့ငှါ ခွင့်ပြုပါကုန်''ဟု ပြော၏။ နှစ်ကြိမ်မြောက်လည်း ကလန္ဒသူဌေးသား သုဒိန်၏ မိဘတို့သည် ကလန္ဒသူဌေးသား သုဒိန်အား- ''ချစ်သား သုဒိန် သင်သည် ငါတို့၏ တစ်ဦးတည်းသော သားဖြစ်၍ ချစ်ခင်အပ်၏၊ နှစ်သက်အပ်၏၊ ချမ်းသာစွာ ကြီးပွါးစေအပ်၏၊ ချမ်းသာစွာ မွေးမြူလာရသူဖြစ်၏၊ ချစ်သားသုဒိန် သင်သည့်မည်သည့် ဆင်းရဲကိုမျှ မသိ၊ သင် သေသဖြင့်လည်း ငါတို့သည် အလိုမရှိကုန်ဘဲလျက် သင်နှင့် ခွဲခွါကြရကုန်အံ့၊ အသက်ရှင်နေသော သင့်ကိုကား ငါတို့သည် ဤလူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ရန် အလို့ငှါ အဘယ်မှာလျှင် ခွင့်ပြုနိုင်ပါကုန်အံ့နည်း''ဟု ပြောကြကုန်၏။ သုံးကြိမ်မြောက်လည်း ကလန္ဒသူဌေးသား သုဒိန်သည် မိဘတို့အား- ''မိခင် ဖခင်တို့ အကျွန်ုပ်သည် မြတ်စွာဘုရား ဟောတော်မူအပ်သော တရားတော်ကို ထိုက်သည့်အားလျော်စွာ သိရပါ၏၊ (ထိုသို့သိရသည့်အတိုင်း) လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံ စင်ကြယ်၍ ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သော အကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူပါ၊ အကျွန်ုပ်သည် ဆံ မုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုး အဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်လိုပါသည်၊ အကျွန်ုပ်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အလို့ငှါ ခွင့်ပြုပါကုန်''ဟုပြော၏။ -- သုံးကြိမ်မြောက်လည်း ကလန္ဒသူဌေးသား သုဒိန်၏ မိဘတို့သည် ကလန္ဒသူဌေးသား သုဒိန်အား- ''ချစ်သား သုဒိန် သင်သည် ငါတို့၏ တစ်ဦးတည်းသော သားဖြစ်၍ ချစ်ခင်အပ်၏ နှစ်သက် အပ်၏၊ ချမ်းသာစွာ ကြီးပွါးစေအပ်၏၊ ချမ်းသာစွာ မွေးမြူလာရသူ ဖြစ်၏၊ ချစ်သား သုဒိန် သင် သည် မည်သည့်ဆင်းရဲကိုမျှ မသိ၊ သင် သေသဖြင့်လည်း ငါတို့သည် အလိုမရှိကုန်ဘဲလျက် သင်နှင့် ခွဲခွါကြရကုန်အံ့၊ အသက်ရှင်နေသော သင့်ကိုကား ငါတို့သည် ဤလူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အလို့ငှါ အဘယ်မှာလျှင် ခွင့်ပြုနိုင်ပါကုန်အံ့နည်း''ဟု ပြောကြကုန်၏။
ဝိနည်းပိဋက (Vinaya Pitaka)
ပါရာဇိကပါဠိ
ပါရာဇိကဏ်
သုဒိန် ရဟန်းအကြောင်း ပြဆိုရာ အခန်း
သုဒိန် ရဟန်းအကြောင်း ပြဆိုရာ အခန်း
27
18
၂၇။ အထ ခေါ သုဒိန္နော ကလန္ဒပုတ္တော – ‘‘န မံ မာတာပိတရော အနုဇာနန္တိ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇ္ဇာယာ’’တိ, တတ္ထေဝ အနန္တရဟိတာယ ဘူမိယာ နိပဇ္ဇိ – ဣဓေဝ မေ မရဏံ ဘဝိဿတိ ပဗ္ဗဇ္ဇာ ဝါတိ။ အထ ခေါ သုဒိန္နော ကလန္ဒပုတ္တော ဧကမ္ပိ ဘတ္တံ န ဘုဉ္ဇိ, ဒွေပိ ဘတ္တာနိ န ဘုဉ္ဇိ, တီဏိပိ ဘတ္တာနိ န ဘုဉ္ဇိ, စတ္တာရိပိ ဘတ္တာနိ န ဘုဉ္ဇိ, ပဉ္စပိ ဘတ္တာနိ န ဘုဉ္ဇိ, ဆပိ ဘတ္တာနိ န ဘုဉ္ဇိ, သတ္တပိ ဘတ္တာနိ န ဘုဉ္ဇိ။
၂၇။ ထို့နောက် ကလန္ဒသူဌေးသား သုဒိန်သည် ငါ့ကို မိဘတို့က လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ရန် အလို့ငှါ ခွင့်မပြုကြကုန်ဟု (သိ၍) အခင်းမရှိသော မြေပေါ်၌ ''ဤနေရာ၌သာလျှင် ငါ့အားသေခြင်းသော်လည်းကောင်း၊ ရဟန်းအဖြစ်သော်လည်းကောင်း ဖြစ်လိမ့်မည်ဟု'' (ဆို၍) ထိုအရပ်၌ပင်အိပ်၏။ ထို့နောက် ကလန္ဒသူဌေးသား သုဒိန်သည် ထမင်းတစ်နပ်ကိုလည်း မစား၊ ထမင်းနှစ်နပ်တို့ကိုလည်း မစား၊ ထမင်းသုံးနပ်တို့ကိုလည်း မစား၊ ထမင်းလေးနပ်တို့ကိုလည်း မစား၊ ထမင်းငါးနပ်တို့ကိုလည်း မစား၊ ထမင်းခြောက်နပ်တို့ကိုလည်း မစား၊ ထမင်းခုနစ်နပ်တို့ကိုလည်း မစား။
End of preview. Expand in Data Studio

Vinaya Pitaka: Pali-Myanmar Parallel Dataset

Description

This dataset provides a professionally aligned, paragraph-level parallel corpus of the Vinaya Pitaka (The Code of Monastic Discipline). It features the original Pali text (presented in Myanmar script) alongside its modern Myanmar translation.

The dataset covers all five major volumes of the Vinaya:

  1. Pārājika (ပါရာဇိကပါဠိ / ပါရာဇိကဏ်)
  2. Pācittiya (ပါစိတ္တိယပါဠိ / ပါစိတ်)
  3. Mahāvagga (မဟာဝဂ္ဂပါဠိ / မဟာဝါ)
  4. Cūḷavagga (စူဠဝဂ္ဂပါဠိ / စူဠဝါ)
  5. Parivāra (ပရိဝါရပါဠိ / ပရိဝါ)

Dataset Structure

The data is provided in JSONL (JSON Lines) format. Each of the 3,335 rows contains:

  • basket: The division of the Tipitaka (Vinaya Pitaka).
  • book_pali: The title of the original Pali book.
  • book_mm: The title of the Myanmar translation.
  • chapter: The specific chapter context.
  • sutta: The specific Sutta or rule title.
  • paragraph: The canonical paragraph number.
  • mm_page: The page number corresponding to the Myanmar printed edition.
  • pali: The original Pali text (Burmese script).
  • myanmar: The aligned Myanmar translation.

Source & Provenance

The raw digital files were sourced from the repository of pndaza (Github), whose work in digitizing Buddhist scriptures is foundational to this project.

The text itself follows the tradition of the Chattha Saṅgāyana (Sixth Buddhist Council), ensuring high accuracy and canonical integrity.

Credits and Acknowledgments

The creation of this dataset was made possible by the collective effort of many generations of scholars and practitioners:

  • The Sangha: The distinguished monks and noble elders who preserved the Tipitaka orally and through palm-leaf manuscripts for over 2,500 years.
  • Translators & Scholars: The unnamed monks and lay scholars who worked on the modern Myanmar translations to make the Dhamma accessible to the public.
  • The Sixth Buddhist Council: For the rigorous editing and standardization of the Pali text.
  • Digital Preservationists: Specifically pndaza, for making these texts available in modern digital formats.
  • Creator/Compiler: freococo for the alignment, cleaning, and structuring of this parallel dataset.

Potential Use Cases

  • Machine Translation: Fine-tuning LLMs or NMT models for Pali-to-Myanmar translation.
  • Semantic Search: Building search engines for monastic law and Buddhist ethics.
  • NLP Research: Morphological analysis of Pali and Myanmar languages.

License

This dataset is dedicated to the public domain under CC0 1.0 Universal. You may copy, modify, and distribute this work, even for commercial purposes, without asking permission.

Downloads last month
12