text
string
label
int64
သို့သော် ယနေ့အစွန်းရောက်နိုင်ငံရေး သမားများနှင့် PDF အကြမ်းဖက်အဖျက်သမားများက ပညာရေးနှင့်သက်ဆိုင်သည်များအား တမင် ရည်ရွယ်ဖျက်ဆီးနေသည်ကို တွေ့ရသည်
1
၂၀၂၀-၂၀၂၁ ပညာသင်နှစ်တစ်လျှောက်၌ မြို့နယ်ပေါင်း ၁၇၇ မြို့နယ်တွင် အကြမ်းဖက်လုပ်ရပ်များကြောင့် စာသင်ကျောင်းနှင့် ပညာရေးအဆောက်အအုံ ၅၀၀ ကျော် ဖျက်ဆီးခံခဲ့ရသည်
1
PDF အကြမ်းဖက်သမား များက ပညာရေးဝန်ထမ်း ၃၇ ဦးအား သတ်ဖြတ်ခဲ့ ကြပြီး ဝန်ထမ်း ၃၀ ဒဏ်ရာရခဲ့သည်
1
အနာဂတ်အညွန့်အဖူး ကလေးသူငယ်များ အနာဂတ်ပျောက်အောင်၊ ဘဝအညွန့်တုံးအောင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်
1
အကြမ်းဖက်သမား များ၏ အဆိုပါလုပ်ရပ်များကို ၎င်းတို့ခေါင်းဆောင် ဆိုသူများက တားမြစ်ကန့်ကွက်တားဆီးခဲ့ကြခြင်း မရှိပေ
1
ပြည်ဖျက်မီဒီယာများကလည်း အားပေး အားမြှောက် ပြုလုပ်ခဲ့ကြသည်
1
ထို့ပြင် ပြီးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုစဉ်အခါက စာစစ် ဌာနများနှင့် စာဖြေဌာနများကို ဗုံးပစ်ခြင်း၊ မိုင်းခွဲခြင်းများ ပြုလုပ်ခဲ့ကြသည်
1
သာဓကအချို့အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး ကလိန်အောင်မြို့ ကံပေါက် အခြေခံပညာအထက်တန်းကျောင်းတွင် စာမေးပွဲဖြေဆိုနေစဉ် လာရောက်ပစ်ခတ်ခဲ့ကြသည်
1
ရေဖြူ မြို့နယ် ကျောက်တိုင်လမ်းတွင်ရှိသည့် အခြေခံပညာအထက်တန်းကျောင်း၌ အင်္ဂလိပ်စာဘာသာ ဖြေဆိုနေစဉ် လက်လုပ်အသံဗုံးဖြင့် လာရောက်ပစ်ခတ်ခဲ့သည်
1
ရေစကြိုမြို့နယ် အမှတ်(၈)ရပ်ကွက် အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်
1
ချင်းပြည်နယ် မတူပီမြို့ အခြေခံပညာအထက်တန်း ကျောင်းတွင်လည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်
1
အခြားဒေသများတွင်လည်း နှောင့်ယှက်ဖျက်ဆီးမှု များရှိခဲ့သည်
1
ဖျက်လိုဖျက်ဆီးပြုလုပ် ဤသို့ပြုလုပ်ခြင်းသည် တိုင်းပြည်အနာဂတ်တွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တည်ဆဲအစိုးရက ဆောင်ရွက်ပေးနေသည်ကို မနာလိုမရှုဆိတ်၍လည်းကောင်း၊ ပညာလိုလား သင်ကြားကြသော လူငယ်များ၏ အနာဂတ်ကို လမ်းပျောက်စေရန်အတွက်လည်းကောင်း ဖျက်လို ဖျက်ဆီးပြုလုပ်နေခြင်းဖြစ်သည်
1
မြန်မာနိုင်ငံတွင် ပညာတတ်လူငယ်များ၊ လူသားအရင်းအမြစ်များ အထူးလိုအပ်နေသော အချိန်အခါဖြစ်သည်
1
အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်အတွက် ပညာရေးကဏ္ဍသည် အရေးကြီးသည်
1
မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေကိုကြည့်မည် ဆိုပါက ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက်ငါးနှစ်နှင့်အထက် လူဦးရေ လေးသန်းခန့် (နိုင်ငံ့လူဦးရေ၏ ၈ ဒသမ ၁ ရာခိုင် နှုန်း)သည် အခြေအနေအကြောင်းအမျိုးမျိုးတို့ကြောင့် ကျောင်းမနေခဲ့ကြရပေ
1
နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံနီးပါး ပညာရေးနှင့်ဝေးနေ အသက် (၂၅) နှစ်အထက် ကျောင်းမနေဖူးသူမှာ လူဦးရေ ၉၆၀၀၀၀ ခန့်ရှိသည်
1
ထို့ကြောင့် ကျောင်း မနေဖူးသူပြည်သူများမှာ လူဦးရေ ငါးသန်းခန့်ရှိ နေသည်
1
ထို့ပြင် မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မူလတန်းပညာ အဆင့်သာရှိသူ ၁၂ ဒသမ ၉၇ သန်းခန့်နှင့် အလယ် တန်းပညာအဆင့်ရှိသူ ၅ ဒသမ ၄ သန်းခန့်ရှိသည် ဟုလည်း သိရသည်
1
စုစုပေါင်းဆိုလျှင် အလယ်တန်း ပညာအဆင့်နှင့်အောက်ရှိသူ ၁၈ ဒသမ ၂ သန်း ခန့်ရှိနေပြီး နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံနီးပါးမှာ ပညာရေးနှင့်ဝေးနေသည်ကိုတွေ့ရမည်
1
ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏အနာဂတ်ဘဝ မြင့်မားတိုးတက်ရေးအတွက်  အမျိုးသားပညာရေးကို မြှင့်တင်ပေးရန် အထူးလိုအပ်နေပါသည်
1
စာသင်ကျောင်းများဖွင့်လှစ်ပြီး ပညာသင်ကြား ပေးနေခြင်းမှာ အစိုးရအတွက်လား၊ တိုင်းပြည် အနာဂတ်အတွက်လား၊ ကလေးသူငယ်လူငယ်များ၏ အနာဂတ်အတွက်လား ခန့်မှန်းကြည့်နိုင်ပါသည်
1
ပညာသင်ကြားခြင်းသည် အနည်းနှင့်အများဆိုသလို ကောင်းကျိုးပြုပါသည်
1
ကိုလိုနီခေတ် ကျွန်ပညာရေး စနစ်တွင်ပင် ထိုခေတ်က လူငယ်လူရွယ်များ၏ ဘဝ တိုးတက်ရေး၊ နိုင်ငံလွတ်လပ်ရေးအတွက် အကျိုး ကျေးဇူးများ ဖြစ်ထွန်းခဲ့သည်ကို မြင်တွေ့ရမည်ဖြစ် သည်
1
လွတ်လပ်သောကာလတွင်မူ ဆိုဖွယ်ရာမရှိ ပေ
1
မျက်မှောက်ကာလသည် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေသောကာလဖြစ်ပါသည်
1
ဒီမိုကရေစီစနစ်ကို အပြည့်အဝအကောင်အထည် ဖော်ရန်နှင့် ဒီမိုကရေစီအသီးအပွင့်များကို အားလုံး ခံစားနိုင်စေရန် ပြည်သူလူထု၏ ပညာရည်မြင့်မားနေစေရန် လိုအပ်ပါသည်
1
ဒီမိုကရေစီနှင့် ပညာရေးအကြောင်းဆက်ခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က “တိုင်းပြည် အုပ်ချုပ်ရေးစနစ်များအနက် ဒီမိုကရေစီစနစ်သည် အခက်ခဲဆုံး ဖြစ်သည်
1
ဒီမိုကရေစီစနစ် အောင်မြင်စေရန် ပြည်သူပြည်သား တို့သည် အသိဉာဏ်ပညာနှင့် ဆင်ခြင်တုံတရား လုံလောက်အောင် ရှိကြရမည်
1
အသိဉာဏ်ကင်းမဲ့သောနိုင်ငံတွင် ဒီမိုကရေစီစနစ် သည် ဗရုတ်သုတ်ခကိုသာ ဖြစ်စေမည်” ဟု ပြောကြားခဲ့သည် ကို မှတ်သားဖူးပါသည်
1
စစ်မှန်သည့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မည်ဆိုပါက နိုင်ငံသားများအား အသိဉာဏ်ပညာများ ပြည့်ဝစေရန် ဖန်တီးပေးရန်လိုအပ်ကြောင်း ရည်ညွှန်းခဲ့ခြင်း ဖြစ်ပါသည်
1
အမျိုးသားပညာရေးကို မြှင့်တင် မျက်မှောက်ကာလတွင် တိုင်းပြည်၏ အနာဂတ်နှင့် မျိုးဆက်သစ်လူငယ်များ အနာဂတ်ဘဝ တိုးတက်ကောင်းမွန်ရေးအတွက် အမျိုးသားပညာရေးကို မြှင့်တင်အားပေးလျက်ရှိသည်
1
အနာဂတ်နိုင်ငံတော်အတွက် ရင်းနှီးမြှုပ်နှံပေးနေခြင်းဖြစ်သည်
1
နိုင်ငံတော်အစိုးရအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများက ကျောင်း သား၊ မိဘနှင့် ဆရာဆရာမများအပေါ် နည်းမျိုးစုံဖြင့် ခြိမ်းခြောက် နှောင့်ယှက်ဖျက်ဆီးနေမှုများကြားမှ ပြည်သူပါဝင်သည့် လုံခြုံရေးအာမခံချက်များ ရယူ၍ နိုင်ငံတစ်ဝန်း၌ ကျောင်းများဖွင့်လှစ်နိုင် ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်
1
၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် နိုင်ငံတစ်ဝန်းလုံးရှိ စာသင်ကျောင်းအားလုံးနီးပါးကို စတင်ဖွင့်လှစ်ပေးခဲ့သည်
1
မြန်မာနိုင်ငံတွင် အခြေခံပညာအထက်တန်းအဆင့် ၆၁၇၈ ကျောင်းရှိသည့်အနက် ၅၂၀၉ ကျောင်း ဖွင့်လှစ်ပေးနိုင်ခဲ့သည်
1
အခြေခံပညာအလယ် တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်း စုစုပေါင်း ၄၇၇၆၀ ရှိသည့် အနက် ကျောင်းပေါင်း ၃၉၂၄၂ ကျောင်း ဖွင့်လှစ်ပေးနိုင် ခဲ့သည်
1
ကျောင်းတက်ရောက်မှုအနေဖြင့် ကျောင်းသား ကျောင်းသူ ၄၂ သိန်းကျော် (၈၁ ရာခိုင်နှုန်းကျော်) တက်ရောက်ခဲ့သည်
1
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအဆင့် အတန်းတင် စာမေးပွဲများကို ၂၀၂၂ ခုနှစ် မတ်လ နောက်ဆုံးအပတ်နှင့် ဧပြီလပထမပတ်တို့တွင် ယခင်လျာထားသည့်အတိုင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်
1
တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စာရင်းပေးသွင်းထားသူများအနက် ၉၀ ဒသမ ၁၈ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ကြသည်
1
နိုင်ငံတော်၏ အနာဂတ်အတွက်နှင့် ကျောင်းသားကျောင်းသူများ စာမေးပွဲအောင် ရေးအတွက်သာမက ရာခိုင်နှုန်းပြည့် အမှန်တကယ် တတ်မြောက်စေ ရန် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်
1
တက္ကသိုလ်ဝင်တန်းမပါ အခြေခံပညာအဆင့် စာမေးပွဲ အောင်စာရင်းများကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က ထုတ်ပြန်ပေး ခဲ့ပြီးဖြစ်သည်
1
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသား ကျောင်းသူများ၏ အောင်စာရင်းကို ၂၀၂၂ ခုနှစ် ဇွန်လအတွင်း ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး အောင်စာရင်းထွက်မည့်ရက်ကို ထပ်မံ ကြေညာပေးသွားမည်ဟု သိရသည်
1
တစ်ဆက်တည်းတွင် တက္ကသိုလ်၊ ကောလိပ်များကို ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ် နေပြီဖြစ်သည်
1
ကျောင်းအပ်နှံရေး ရက်သတ္တပတ်သည် မေလ ၂၆ ရက် နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ဖြစ်သည်
1
၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့ တွင် အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရန် လျာထားစီမံ ဆောင်ရွက်လျက်ရှိသည်
1
ပညာသင်ကြားပေးမည့် ဆရာ ဆရာမများ အားလုံးကိုလည်း အရည်အသွေးမြှင့်တင်ပေးလျက်ရှိသည်
1
ယမန်နှစ်က ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြား၊ နိုင်ငံရေး အပြောင်းအလဲကြား၊ အဖျက် လုပ်ရပ်ပြဿနာများကြားတွင် စာသင်ကျောင်းများကို ကာကွယ် စောင့်ရှောက်ပေးကာ ဖွင့်လှစ်ပေးခဲ့ခြင်းသည် နိုင်ငံတော်နှင့်ပြည်သူများ၏ အနာဂတ်ကောင်းမွန်ရေးအတွက် စစ်မှန်သောစေတနာဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်
1
နိုင်ငံအကျိုးပြု လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် မျိုးဆက်သစ်များကို ပျိုးထောင် ပေးနေခြင်းဖြစ်သည်
1
လှပဝေဆာလာတော့မည် အချုပ်အားဖြင့်ဆိုလျှင် ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိသည် ကျောင်း အပ်နှံရေး ရက်သတ္တပတ်ကာလဖြစ်သည်
1
၂၀၂၂ ခုနှစ် ဇွန်လဆန်းသည်နှင့် အဖြူအစိမ်းရောင်လေးများ စုံစုံညီညီဖြင့် လှပဝေဆာလာတော့မည်ဖြစ်သည်
1
မင်္ဂလာရှိသောနေ့ရက်များ ရောက်ရှိလာတော့မည်ဖြစ်သည်
1
ညီညွတ်သောအင်အားဖြင့် အဖျက်အန္တရာယ်များဖယ်ရှား၍ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးလာတော့ မည့် အေးချမ်းသာယာသော မြန်မာပြည်တွင် ရင်သွေးငယ်များ ပညာရည်နို့သောက်စို့ရာ ပညာဥယျာဉ်များ ကျက်သရေမင်္ဂလာ အဖြာဖြာ ပြည့်စုံဝေဆာလာတော့မည်ဖြစ်ပါကြောင်း
1
(ယမန်နေ့မှ အဆက်) (၂၇)ကြိမ်မြောက်အာဆီယံပို့ဆောင် ရေးဝန်ကြီးများအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ နိုဝင်ဘာ ၁၁ ရက်က ကျင်းပရာ အာဆီယံ-တရုတ် ပို့ဆောင်ရေးဝန်ကြီး များအစည်းအဝေးနှင့် US-ASEAN Business Council (US-ABC) ဆွေးနွေးပွဲ တို့ကိုလည်း တစ်ဆက်တည်း ကျင်းပသည်
1
ထို့အတူ နိုဝင်ဘာ ၁၂ ရက်က အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများ ဖြစ်သည့် ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံများနှင့် ကျင်းပသော (၁၉) ကြိမ်မြောက် အာဆီယံ- ဂျပန် ပို့ဆောင်ရေးဝန်ကြီး အစည်းအဝေး၊ (၁၂) ကြိမ်မြောက် အာဆီယံ- ကိုရီးယား ပို့ဆောင်ရေး ဝန်ကြီးအစည်းအဝေးနှင့် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ အထူးအစည်းအဝေ...
1
နိုဝင်ဘာလအတွင်း စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးဆွေးနွေးပွဲ (4th World Media Summit) အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းကိုင်များအဖွဲ့ချုပ်၏ (၂၂) ကြိမ်မြောက် ညီလာခံ၊ ၂၀၂၁ ခုနှစ် တရုတ်-အာဆီယံ အသက်မွေးဝမ်းကျောင်းပညာရေးပြပွဲ နှင့်ဖိုရမ်၊ PATA Destination Marketing Forum-2021၊ အာရှပစိဖိတ် အင်ဂျင်နီယာအသင်းများ၏အသင...
1
ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါနှင့် အဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၅ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိခဲ့ကြသည်
1
ဂျပန်နိုင်ငံ၏ အထူးကိုယ်စား လှယ်နှင့်အဖွဲ့ဝင်များ သည် အောင်မြေ ဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့် ကျောင်းတိုက်ရှိ တိုက်ပွဲရှောင်စခန်းနှင့် ဥဿလင်း ဘုန်းတော်ကြီးကျောင်းတိုက်ရှိ တိုက်ပွဲရှောင်စခန်းတို့၌ ယာယီနေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများနှင့် သက္ကယ်ပြင်ကျေးရွာရှိ ကယ်ဆယ်ရေးစခန်း၌ နေထိုင်လျက်ရှိသည့် ဘင်္ဂါလီများအား သွားရောက်တ...
1
အခြေအမြစ်မရှိသည့်စွပ်စွဲမှုများအပေါ်ပြန်လည်တုံ့ပြန် (၇၆)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတတိယကော်မတီလူမှုရေး၊လူသားချင်းစာနာထောက်ထားမှုနှင့်ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၏နိုဝင်ဘာ၁၇ရက်အစည်းအဝေးတွင်မြန်မာနိုင်ငံဆိုင်ရာအဆိုမူကြမ်း(Situation of Human Rights of Rohingya Muslims and other minorities in Myanmar)ကို မဲမခွဲဘဲအတည်ပြုခ...
1
ထို့အတူနိုင်ငံခြားရေးဝန်ကြီးဌာနသည်နိုဝင်ဘာ၂၇ရက်သတင်းထုတ်ပြန်ချက်တွင်အမေရိကန်ပြည်ထောင်စုအပါအဝင်နိုင်ငံအချို့ကနိုဝင်ဘာ၂၆ရက်တွင်မြန်မာနိုင်ငံနှင့်ပတ်သက်သည့်ပူးတွဲကြေညာချက်ကိုထုတ်ပြန်ရာတွင်တပ်မတော်ကအစိုးရဆန့်ကျင်သူများကိုအင်အားအလွန်အကျွံသုံးစွဲချေမှုန်းနေကြောင်းနှင့်လူ့အခွင့်အရေးချိုးဖောက်မှုများကိုကျူးလွန်နေကြောင်းဖော်ပြထ...
1
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊သတင်းထုတ်ပြန်ရေးအဖွဲ့၏၁၀/၂၀၂၁ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲကိုနိုဝင်ဘာ၂၆ရက်ကကျင်းပခဲ့ပြီးမြန်မာနိုင်ငံအနေဖြင့်အာဆီယံအစည်းအဝေးများတက်ရောက်ရေးကိစ္စအပါအဝင်ကိုယ်စားပြုမှုဆိုင်ရာနှင့်ပတ်သက်၍အာဆီယံအဖွဲ့ဝင်အချို့နိုင်ငံများသည်အာဆီယံ၏ပဋိညာဉ်စာတမ်းနှင့်အခြေခံမူများတွင်ပြဋ္ဌာန်းထားမှုမရှိခြင်းန...
1
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်ဦးကတည်ဆဲနိုင်ငံရေးပါတီများ၏စာရင်းများကိုစစ်ဆေးဆောင်ရွက်မှုအခြေအနေများ၊အချိုးကျကိုယ်စားပြုစနစ်(PR)နှင့်စပ်လျဉ်း၍ဆွေးနွေးပွဲပြုလုပ်ခဲ့မှုအခြေအနေများ၊၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊မဲမသမာမှုများနှင့်တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များတွင်ပါဝင်ပတ...
1
ရွေးကောက်ပွဲစနစ်အတွက်စတင်ဆွေးနွေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊စိတ်ပါဝင်စားသူများပါဝင်သောရွေးကောက်ပွဲစနစ်ဆွေးနွေးပွဲကိုနိုဝင်ဘာ၅ရက်ကကျင်းပသည်
1
PRစနစ်သည်မဲဆန္ဒနယ်ကိုဧရိယာကျယ်ပြန့်စွာသတ်မှတ်၍ယင်းမဲဆန္ဒနယ်မှရွေးကောက်တင်မြှောက်ရမည့်ကိုယ်စားလှယ်ဦးရေကိုပါသတ်မှတ်ပေးပြီးပါတီအဖွဲ့အစည်းအလိုက်ယှဉ်ပြိုင်စေခြင်းဖြစ်ပြီးရွေးကောက်ပွဲတွင်ပါတီအဖွဲ့အစည်းအလိုက်ရရှိသည့်ထောက်ခံဆန္ဒမဲအပေါ်မူတည်၍ရွေးကောက်ခံရသည့်ကိုယ်စားလှယ်ဦးရေကိုသတ်မှတ်ပေးသည့်စနစ်လည်းဖြစ်သည်
1
ယင်းစနစ်အရတစ်သီးပုဂ္ဂလများလည်းပါဝင်ယှဉ်ပြိုင်နိုင်ပြီးယင်းတို့ရရှိသောထောက်ခံဆန္ဒမဲအပေါ်မူတည်၍ရွေးကောက်တင်မြှောက်ခံနိုင်ပါကြောင်းသိရှိရသည်
1
ထို့အတူပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင်နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ထားသည့်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးပါတီ(National Development and Peace Party)မှ နိုင်ငံရေးပါတီကိုဖျက်သိမ်းကြောင်းတင်ပြချက်နှင့်စပ်လျဉ်း၍၂၀၂၁ခုနှစ်နိုဝင်ဘာလ၁၆ရက်နေ့မှစ၍နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ထားခြင်းမှပယ်ဖျက်၍ပါတီအားဖျက်သိမ်...
1
ဝန်ကြီးဌာနများ၏ကြိုးပမ်းမှု ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးသည်နိုဝင်ဘာ၂၂ရက်ကရန်ကုန်တိုင်းဒေသကြီးစက်မှုဇုန်စွန့်ပစ္စည်းများသိမ်းဆည်းစုဆောင်းစွန့်ပစ်သည့်ဝန်ဆောင်မှုလုပ်ငန်းနှင့်TYTC Services Co., Ltd. 2832.cposကြည့်ရှု၍မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရ...
1
ထို့အတူColgate Palmolive (Myanmar) Limitedစက်ရုံ၏လုပ်ငန်းလည်ပတ်မှု၊ကုန်ပစ္စည်းထုတ်လုပ်မှု၊ခရီးသည်တင်ယာဉ်များအားCKDစနစ်ဖြင့်တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း၊ပြုပြင်ခြင်းနှင့်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့်SC Auto (Myanmar) Co., Ltd.တို့ကို သွားရောက်၍ ရင်းနှီးမြှုပ်နှံမှုနှင့်လုပ်ငန်းအခြေအနေများအပေါ်ဆွေးနွေးမှာကြားခ...
1
ဘူမိဥယျာဉ်ဆိုင်ရာလုပ်ငန်းကော်မတီအစည်းအဝေး(၂/၂၀၂၁)ကိုနိုဝင်ဘာ၂၄ရက်ကကျင်းပရာမြန်မာနိုင်ငံအနေဖြင့်ပုပ္ပါးဒေသအမျိုးသားအဆင့်ဘူမိဥယျာဉ်ကိုမန္တလေးတိုင်းဒေသကြီးကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိဘူမိနယ်မြေ (Geosite) (၁၅) နေရာ အဆိုပြုသွားမည် ဖြစ်ကြောင်း၊ ဘူမိနယ်မြေ (Geosite) များသည် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၏ ပညာရှင်များ စနစ်...
1
နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည်တာဝန်ရှိသူများနှင့်အတူနိုဝင်ဘာ၂၆ရက်မှ၂၈ရက်အထိဧရာဝတီတိုင်းဒေသကြီးအတွင်းရှိသင်တန်းကျောင်းများအားကြည့်ရှုစစ်ဆေးသည်
1
နယ်စပ်ရေးရာဝန်ကြီးဌာနသည်၂၀၀၈ခုနှစ်နာဂစ်မုန်တိုင်းအပြီးတွင်ဘိုကလေးမြို့နှင့်မအူပင်မြို့တို့တွင်နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတစ်ကျောင်းစီ၊ပုသိမ်မြို့နှင့်လပွတ္တာမြို့တို့တွင်အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတစ်ကျောင်းစီနှင့်လပွတ္တာမြို့တွင်စက်မှုလက်မှုပညာသင်တန်းကျောင်းတစ်က...
1
ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)နှင့်(အောက်မြန်မာပြည်)တို့တွင်ဝန်ထမ်းများအားစီမံခန့်ခွဲမှုသင်တန်းနှင့်ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်းစသည်တို့ကိုဖွင့်လှစ်ခြင်း၊ဝန်ကြီးဌာနအသီးသီးရှိလစ်လပ်နေရာများအတွက်မြန်မာနိုင်ငံတစ်ဝန်းလုံးမှဝန်ထမ်းတာဝန်ထမ်းဆောင်လိုသောအရည်အချင်းကိုက်ညီသူများကိုရွေးချယ်ခန့်ထားန...
1
ထို့အတူပညာရေးဝန်ကြီးဌာန၊သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့တွင်လည်းအဆင့်မြင့်ပညာရေးနှင့်အခြေခံပညာတို့တွင်သင်ကြားပြသကြမည့်နည်းပြ၊သရုပ်ပြ၊အခြေခံပညာဆရာဆရာမများကိုခန့်အပ်ခြင်း၊သစ်လွင်ဆရာဆရာမများအားလိုအပ်သည့်သင်ကြားလေ့ကျင့်မှုများပြုလုပ်ပေးခြင်း၊တက္ကသိုလ်၊ကောလိပ်နှင့်အခြေခံပညာကျောင်းများတွင် ခန့်အပ်တာဝန်ပေးခြင်းများကိုယခုလအတွင...
1
မန္တလေးတိုင်းဒေသကြီးအတွင်းရှိမန္တလေးနည်းပညာတက္ကသိုလ်၊မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊နည်းပညာတက္ကသိုလ်(မန္တလေး)၊နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)၊မန္တလေးကွန်ပျူတာတက္ကသိုလ်နှင့်အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)သို့နိုဝင်ဘာ၂၄ရက်မှ၂၆ရက်အထိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်သည်...
1
၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို၂၀၂၁ခုနှစ်နိုဝင်ဘာ၁၅ရက်မှဒီဇင်ဘာ၃၀ရက်အတွင်းလျှောက်ထားရမည်ဖြစ်ပြီးပြင်ပဖြေဆိုရန်လျှောက်လွှာတင်သွင်းသူများသည်သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများတွင်ဖြေဆိုခွင့်လျှောက်လွှာဝယ်ယူ၍အချိန်မီတင်သွင်းလျှောက်ထားနိုင်ကြောင်းသိရသည်
1
အလုပ်သမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်နှင့်မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်(ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှဒုတိယဥက္ကဋ္ဌနှင့်တာဝန်ရှိသူများတွေ့ဆုံညှိနှိုင်း အစည်းအဝေးကိုနိုဝင်ဘာ၁၂ရက်ကကျင်းပခဲ့ပြီးအလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များအား(ဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်ဥပဒေ၊စည်းမျဉ်း၊စည်းကမ်း၊လုပ်ထုံးလုပ်နည်းမျာ...
1
မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့အမရပူရမြို့နယ်တွင်တောင်သမန်သစ္စာ ကျေးလက်အပန်းဖြေ စီမံကိန်းအကောင်အထည်ဖော်ရာတွင်MICဥပဒေများကိုအလေးထားလိုက်နာရန်နှင့်ဝန်ကြီးဌာနများမှထုတ်ပြန်ထားသည့်ဥပဒေ၊နည်းဥပဒေ၊စည်းမျဉ်း၊စည်းကမ်းများကိုလိုက်နာဆောင်ရွက်ကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကနိုဝင်ဘာလတတိယပတ်တွင်လမ်းညွှန်မှာကြားခဲ့သည...
1
ထို့အတူခေတ်မီစံပြကျေးရွာ(Smartvillage)အကောင်အထည်ဖော်ရေးလုပ်ငန်းညှိနှိုင်းခြင်းများကိုသမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှနိုဝင်ဘာလဒုတိယပတ်အတွင်းဆောင်ရွက်နေပြီဖြစ်သည်
1
တိုင်းဒေသကြီး/ပြည်နယ်များတွင်တိုးချဲ့ဆောင်ရွက်သွားရန်လျာထားပြီးစီမံကိန်းကိုPilotအနေဖြင့်နေပြည်တော်ကောင်စီနယ်မြေ၊ပျဉ်းမနားမြို့နယ်
1
လယ်ဝေးမြို့နယ်နှင့်တပ်ကုန်းမြို့နယ်တို့ရှိကျေးရွာသုံးရွာတွင်စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်
1
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမြို့ပြမြေစီမံခန့်ခွဲမှုဌာနမှမြေစီမံခန့်ခွဲမှုဆိုင်ရာဝန်ဆောင်မှုပေးနေသည့်ကိစ္စရပ်များကိုနိုဝင်ဘာ၂၂ရက်မှစ၍မြေစီမံခန့်ခွဲမှုဆိုင်ရာဝန်ဆောင်မှုကိစ္စများကိုပြည်သူများပိုမိုအဆင်ပြေစေရေးအတွက်ခရိုင်မြို့နယ်များအားလုံးရုံးဖွင့်ရက်များတွင်နေ့စဉ်ပြန်လည်လက်ခံနေပြီဖြစ်သည်
1
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည်တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်းလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်လျက်ရှိရာပြည်ထောင်စုဝန်ကြီးဦးတင်ထွဋ်ဦးသည်နိုဝင်ဘာ၁၇ရက်နံနက်ပိုင်းကကော့သောင်းမြို့တွင်လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံသည်
1
စိုက်ပျိုးရေးလုပ်ငန်း၏အဓိကလိုအပ်ချက်မျိုးကောင်းမျိုးသန့်မျိုးစေ့များထိရောက်စွာအသုံးပြုနိုင်ရေး၊ဒေသဟင်းသီးဟင်းရွက်မျိုးများနှင့်ခေတ်မီနည်းစနစ်များဖြန့်ဖြူးပေးရန်၊မိသားစုစိုက်ခင်းများ၊တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရေးအတွက်နည်းလမ်းများကိုလိုအပ်နေသူများလက်ဝယ်အရောက်ဖြန့်ဖြူးပေးရေး၊ရေလုပ်သားများဘေးကင်းလ...
1
မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုနိုဝင်ဘာ၂၄ရက်ကစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှအွန်လိုင်းစနစ်ဖြင့်ကျင်းပရာလူ့စွမ်းအားအရင်းအမြစ်တိုးပွားရေးအတွက်သင်ကြားလေ့ကျင့်မွေးထုတ်ပေးနိုင်ရန်စိုက်ပျိုးရေးသိပ္ပံ(နေပြည်တော်၊ပျဉ်းမနား)၊ပုသိမ်ကြီးနှင့်ဟဲဟိုးတို့တွင်ရှေ့ပြေးဖွင့်လှစ်မည့်အစ...
1
မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ(National Seed-Related Committee, NSC)၏အကြိမ်(၂၀)မြောက်အစည်းအဝေးကိုနိုဝင်ဘာ၂၆ရက်ကစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၌အွန်လိုင်းစနစ်ဖြင့်ကျင်းပရာသီးနှံကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့များနှင့်မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီတို့ကမျိုးစေ့ဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီအဆ...
1
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနကကျင်းပပြုလုပ်သည့်ရှောက်၊လိမ္မော်၊သံပရာမျိုးများပြပွဲ၊ပြိုင်ပွဲနှင့်ဆွေးနွေးပွဲ(Citrus Fair,  2021)ဖွင့်ပွဲကိုနိုဝင်ဘာလ၂၇ရက်ကနေပြည်တော်ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ကျင်းပခဲ့သည်
1
ရှောက်၊လိမ္မော်၊သံပရာမျိုးရင်းဝင်အပင်များကိုနိုင်ငံတစ်ဝန်း၌စိုက်ဧကတစ်သန်းခန့်ရှိသော်လည်းပြည်တွင်းလိုအပ်ချက်ပြည့်မီစေရေးအတွက်တိုးတက်ထုတ်လုပ်နိုင်စေရေး၊သွင်းကုန်ထိန်းချုပ်နိုင်စေရေးအတွက်ဈေးကွက်နှင့်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရရှိရေးအတွက်ကျင်းပခဲ့ခြင်းဖြစ်သည်
1
အခမ်းအနားအတွင်းပြိုင်ပွဲများကျင်းပခြင်း၊စိုက်ပျိုးရေးဆိုင်ရာနည်းပညာရပ်များနှင့်စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲများကိုကျင်းပခြင်းများတွင်တောင်သူများ၊ပညာရှင်များ၊လုပ်ငန်းရှင်များပါဝင်ဆွေးနွေးခဲ့သည်ကိုမြင်တွေ့ရသည်
1
တောင်ကြီးမြို့၌ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကBOTစနစ်ဖြင့်တည်ဆောက်လျက်ရှိသောလူထုအခြေပြုဗဟိုဌာန(တောင်ကြီး)အဆောက်အအုံတည်ဆောက်ပြီးစီးမှုလုပ်ငန်းများကိုနိုဝင်ဘာ၂၆ရက်ကပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်
1
လူထုအခြေပြုဗဟိုဌာန(Community Centre)များသည်ပြည်သူလူထု၏အသိပညာမြင့်မားရေးလုပ်ငန်းများသာမကပြည်သူများ၏ စီးပွားရေး၊လူမှုရေး၊ကျန်းမာရေးစသည့်လူ့အဖွဲ့အစည်းများနှင့်တိုက်ရိုက်သက်ဆိုင်သည့်အရေးကိစ္စများကိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်ဖွင့်လှစ်ထားပြီးပြီးစီးပါကလူထုအခြေပြု ဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်နိုင်တော့မည်ဖြစ်သ...
1
ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းနှင့်ပြည်နယ်ဝန်ကြီးများ၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးအာကာလင်းတို့နှင့်အတူနိုဝင်ဘာ၂၈ရက်ကဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပင်းတယဒေသရှိရုပ်မြင်သံကြားရိုက်ကူးထုတ်လုပ်မှုလုပ်ငန်းများအတွက်စတူဒီယိုများတည်ဆောက...
1
ယင်းဒေသတွင်ရုပ်မြင်သံကြားရိုက်ကူးထုတ်လုပ်မှုလုပ်ငန်းများအတွက်မြေဧက၈၀၀ကျော်တွင်ရုပ်မြင်သံကြားနှင့်ရုပ်ရှင်ဇာတ်ကားများရိုက်ကူးထုတ်လုပ်ရန်လိုအပ်သောအခြေခံအဆောက်အအုံများကိုတည်ဆောက်နေခြင်းဖြစ်သည်
1
စိန်ရတုပြည်ထောင်စုနေ့ကိုဂုဏ်ပြုသောအားဖြင့်“တူယှဉ်နွှဲပျော်ဂီတပွဲတော်”သီချင်းဆိုပြိုင်ပွဲအုပ်စုပထမပွဲစဉ်ကိုနိုဝင်ဘာ၂၆ရက်(သောကြာနေ့)ညတွင်မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှတိုက်ရိုက်(Live)ရိုက်ကူးထုတ်လွှင့်ခဲ့သည်
1
နေပြည်တော်၊ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီးတို့မှတိုင်းရင်းသားပြိုင်ပွဲဝင်များကယှဉ်ပြိုင်သီဆိုကြသည့်“တူယှဉ်နွှဲပျော်ဂီတပွဲတော်”သီချင်းဆိုပြိုင်ပွဲကိုအဖွဲ့ငါးဖွဲ့ခွဲ၍အုပ်စုပွဲစဉ်၁၀ပွဲကိုရန်ကုန်မြို့ပြည်လမ်းရ...
1
အာရှနှင့်ပစိဖိတ်ဒေသအတွင်းနေထိုင်ကြသည့်လူပုဂ္ဂိုလ်များအကြားယဉ်ကျေးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်စေရေးနှင့်ယဉ်ကျေးမှုများအပြန်အလှန်နားလည်စေရေးရည်ရွယ်ချက်ဖြင့်အာရှနှင့်ပစိဖိတ်ဒေသယဉ်ကျေးမှုဌာနယူနက်စကို(ACCU)တိုကျို၊ဂျပန်နိုင်ငံကဒေသတွင်းရှိအဖွဲ့ဝင်နိုင်ငံများနှင့်ယူနက်စကိုတို့မှကလေးလူငယ်စာစဉ်များကိုထုတ်ဝေခဲ့...
1
နိုင်ငံ၁၄နိုင်ငံမှလူပုဂ္ဂိုလ်များ၏မတူညီသည့်ယဉ်ကျေးမှုအမျိုးမျိုး၊လူနေမှုဘဝ၊စားသောက်နေထိုင်မှုပုံစံ၊ကစားနည်းအမျိုးမျိုးနှင့်ပွဲတော်သဘင်များကိုရှာဖွေလေ့လာနိုင်မည့်၊မျှဝေခံစားနိုင်မည့်အခွင့်အရေးကိုကလေးလူငယ်များရရှိနိုင်မည်ဖြစ်ကြောင်းနိုဝင်ဘာ၂၅ရက်ကသိရှိရသည်
1
(ဆက်လက်ဖော်ပြပါမည်) ကနောင်
1
ရာမည-သွေးမွန် မြန်မာနိုင်ငံအတွင်းသို့ လွန်ခဲ့သောနှစ်ပေါင်း အေဒီတစ်ရာစုတွင် ထေရဝါဒဗုဒ္ဓဘာသာနှင့်အတူ ရှေးဟောင်းစာပေကျမ်းဂန်အစ ပေစာပရပိုက်များလည်း သုံးစွဲနေကြပြီဖြစ်သည်
1
ထို့ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ရှေးဟောင်းစာပေတီထွင်ကြံဆသုံးစွဲမှု အစောဆုံး၊ အကြွယ်ဝဆုံးသောနိုင်ငံတွင် ပါဝင်သည်
1
ရှေးဟောင်းစာပေ အရေးအသားများကို အုတ်ခွက်စာ၊ ကျောက်စာ၊ မင်စာ၊ ပရပိုက်နှင့် ပေစာတို့တွင် ယနေ့တိုင်အောင် ပြတိုက်၊ ရှေးဟောင်းယဉ်ကျေးမှုတွင် မှတ်တမ်းမှတ်ရာများအဖြစ် တွေ့ရှိနိုင်သေးသည်
1