Dataset Viewer
Auto-converted to Parquet Duplicate
text
stringlengths
0
484
ဘဝမှာ ရှင်သန်နေထိုင်ရင်း လောကဓံမျိုးစုံ တွေ့ကြုံလာရတဲ့အခါ ပျော်ရွှင်ကြည်နူးရတဲ့ အချိန်လည်းရှိသလို၊ ဝမ်းနည်းအုံ့မှိုင်း စိတ်ဓာတ်ကျရတာမျိုးလည်း လူတိုင်းကြုံဖူးကြမှာပါ။
စိတ်ဓာတ်ကျစရာ အခိုက်အတန့်တွေမှာ ကြံ့ခိုင်တဲ့ စိတ်နှလုံး၊ အင်အားဖြည့်ဖို့ စိတ်အာဟာရကို တစ်ယောက်နဲ့တစ်ယောက် ရှာကြပုံချင်း၊ ရှာတဲ့နေရာချင်း ထပ်တူညီနိုင်မှာတော့ မဟုတ်ပါဘူး။
ခမ်းခြောက်နေတဲ့ စိတ်ဓာတ်အင်အားကို စာဖတ်ခြင်းကတဆင့် ပြန်လည် ဖြည့်တင်းမယ်ဆိုရင် ဒီစာအုပ်တွေက အတိုင်းအတာတစ်ခုအထိ ကူညီပေးပါလိမ့်မယ်။
ဝတ္ထု‌အနေနဲ့ရော၊ ရုပ်ရှင်အဖြစ်ပါ ထွက်ရှိထားတဲ့ “ပါပီလွန် နှင် ဗင်ဂို” (Papillon and Banco) ဟာ အတ္ထုပ္ပတ္တိ စွန့်စားခန်း စာပေအမျိုးအစား ဖြစ်ပြီး ပြင်သစ်စာရေးဆရာ Henri Charrière ရဲ့ (၁၉၆၉) ခုနှစ်မှာ ရေးသား ထုတ်ဝေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။
ဒီစာအုပ်ဟာ ပြင်သစ်ဘာသာကနေ အခြား ဘာသာစကားများစွာကို ပြန်ဆိုခဲ့ ရတဲ့အထိ နိုင်ငံတကာစာဖတ်သူအသိုင်းအဝိုင်းမှာ ကျော်ကြားခဲ့၊ ကျော်ကြားနေဆဲပါ။
ဦးလှဝင်း (လေသူရဲ တစ်ဦး) မှ မြန်မာဘာသာ ပြန်ဆိုထားတဲ့ စာအုပ်လည်းရှိပါတယ်။
မတရားစီရင်မှုကြောင့် ထောင်ဒဏ် တစ်သက် တစ်ကျွန်းကျခံခဲ့ရတဲ့ ဇာတ်ကောင် ပါပီလွန် တစ်‌ယောက် လွတ်မြောက်ရာလမ်းကို ရှာဖွေ တဲ့ ခရီးရှည်ကြီးဟာ သည်းထိပ်ရင်ဖို၊ စွန့်စားခန်းဆိုတာထက်ပိုပါတယ်။
ဘဝမှာ ဘာမှမျှော်လင့်စရာ မရှိတော့ဘဲ သေဖို့အချိန်ကို ထိုင်စောင့်နေရတယ်လို့ အများကြယူဆကြတဲ့ တစ်ကျွန်းစံဘဝမျိုးမှာတောင် စိတ်ပျက် အား လျော့မနေဘဲ လွတ်မြောက်မှုအရုဏ်ဦးဆီကို ပါပီလွန်တစ်ယောက် ဘယ်လိုစိတ်ဓာတ်ခွန်အားမျိုးနဲ့ အရှုံး မပေးစတမ်း ကြိုးစားလှော်ခတ်ခဲ့လဲဆိုတာ ဖတ်ရှုခံစားရမယ့် ဂန္ဓဝင်ဝတ္ထုရှည်တစ်ပုဒ်ပါ။
ကိုယ်ပြောင်းလဲနိုင်တာ ဘာမှမရှိတော့ဘဲ ကံကြမ္မာဖန်တီးရာကိုပဲ လည်စင်းခံရတော့မယ်လို့ ခံစားရလောက်အောင် စိတ်ဓာတ်ကျ အား ငယ်နေရင် “ပါပီလွန် နှင် ဗင်ဂို” နဲ့အတူ ပြန်လည်ရုန်းထကြည့်လိုက်ပါ။
နှစ်(၁၀၀) အတွင်း အကောင်းဆုံး မြန်မာဝတ္ထု (၁၀၀) စာရင်းဝင် ဆရာမြသန်းတင့်ရဲ့ “ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်” ဝတ္ထု ဟာ ရိုးရှင်းတဲ့ဇာတ်ကြောင်း၊ လက်တွေ့ကျတဲ့ဇာတ်ကောင်တွေက အခမ်းနား ဆုံးစိတ်ခွန်အားကို ပေးသွားတဲ့ စွန့်စားခန်း ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။
မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေး၊ ဘဝ၊ ဓလေ့တွေနဲ့ ဇာတ်ကောင်လေးဦး ကျွန်းတစ်ကျွန်းပေါ်မှာ သောင်တင်ပြီး လူ့အဖွဲ့အစည်းတစ်ခု တည်ထောင်မိ ကြတဲ့အခါ၊ ဟန်ဆောင်ဖုံးကွယ်စရာ ဘာမှ မရှိတော့တဲ့အခါ ပေါ်ထွက်လာတဲ့ လူတွေရဲ့ အတွင်းစိတ်၊ ကိုယ်ကျိုး စွန့်သူနဲ့ တစ်ကိုယ်ကောင်းဆန်သူ၊ အသက်ရှင်အောင် နည်းမျိုးစုံနဲ့ ရုန်းကန်ကြပုံများ၊ အန္တရာယ်နဲ့ ရင်ဆို...
ဘဝမှာ နေထိုင်ရင်း ဘယ်လိုခံယူချက်၊ ဘယ်လို နှလုံးသားနဲ့ ရှေ့ဆက်သွားရမလဲ ဝေဝါးရတဲ့ ဆုံးဖြတ်ချက်တွေရှိလာရင် ဆရာမြရဲ့ “ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်” ဝတ္ထုက ခိုင်မာတဲ့ စိတ်ခွန်အားနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ဖို့ အထောက်အပံ့ ပေးနိုင်ပါလိမ့်မယ်။
Chicken Soup for the Soul ရယ်လို့ နိုင်ငံတကာ စာချစ်သူတွေကြား ကျော်ကြားတဲ့ ဒီစာစု ဝတ္ထုတိုလေးတွေကို ဆရာဖေမြင့်က “နှလုံးသား အာဟာရ” ရယ်လို့ မြန်မာဘာသာပြန်ဆိုထားပါတယ်။
နာမည်အတိုင်းပဲ နှလုံးသားကို အင်အားဖြည့်ပေးနိုင်တဲ့ အပြုသဘောဆောင် ဇာတ်ကြောင်းပုံပြင်လေးတွေ၊ ချစ်ခြင်းမေတ္တာနဲ့ အကောင်းမြင် စိတ်ကို တိုးပွားစေတဲ့ ဇာတ်လမ်းလေးတွေဟာ လက်တွေ့ဘဝနဲ့ ကိုက်ညီပြီး လိုက်နာကျင့်သုံးနိုင်တာကြောင့် စိတ်အားတက်ဖွယ်စာစုတွေဖြစ်တဲ့အပြင် ဘဝနေနည်းလမ်းညွှန်လို့ပါ ဆိုနိုင်ပါတယ်။
မူလပထမဆုံး Chicken Soup for Soul ရဲ့ အောင်မြင်ကျော်ကြားမှုကြောင့် နောက်ထပ်စာအုပ် စီးရီးလိုက် ရေးသားခဲ့ရပြီး ကမ္ဘာတဝှမ်း မှာ အုပ်ရေ သန်းပေါင်းများစွာ ရောင်းချခဲ့ရပါတယ်။
လူ့ဘောင်လောကမှာ တစ်ဦးနဲ့တစ်ဦး မေတ္တာအရင်းခံပြီး ဆက်ဆံပြောဆိုကြရင် ဘယ်လောက်တောင် ငြိမ်းချမ်းလိမ့်မလဲ ဆိုတာ အတွေးစပေါ်စေတဲ့ ဒီစာစုလေးတွေက အထီးကျန်ပြီး မြင်မြင်သမျှ ခြောက်သွေ့မှုန်မှိုင်းနေတဲ့အခါ ကမ္ဘာကြီးမှာ ချစ်ခြင်းမေတ္တာ အမှန်တကယ် ရှိနေ ကြောင်းပြောပြရင်း နှစ်သိမ့်ပေး၊ စိတ်ချမ်းမြေ့စေမှာပါ။
အမေရိကန်စာရေးဆရာ Napoleon Hill ရေးသားခဲ့တဲ့ "Think and Grow Rich" ကို ဆရာကြီး ရွှေဥဒေါင်း က “အကြံဉာဏ်နှင့် ကြီးပွားရေး” ရယ်လို့ မြန်မာမှုပြု ဘာသာပြန်ဆိုခဲ့ပါတယ်။
“ဤစာအုပ်သည် အပျင်းပြေဖတ် ရှုရန် ရည်ရွယ်ချက်ဖြင့် ရေးသားထားသော စာအုပ်မျိုးမဟုတ်သဖြင့် ရက်သတ္တပတ်ပေါင်းများစွာတိုင်အောင် အကြိမ်ကြိမ် အထပ်ထပ် ဖတ်ရှုဆင်ခြင်၍ လေ့လာသုံးသပ်ရန် လိုအပ်သော စာအုပ်မျိုးဖြစ်ပေသည်” ဟု အစချီ ထားတဲ့ ကြီးပွားတိုးတက်ရေး စာအုပ်အမျိုးအစား ဖြစ်ပါတယ်။
စာမျက်နှာ (၂၀၀) ကျော်ပဲပါတဲ့ ဒီစာအုပ်လေးက ဘဝမှာ ကြီးပွားချမ်းသာဖို့ လက်တွေ့အသုံးချနိုင်တဲ့ အချက်အလက်တွေကို စုစည်းရေသားထားတဲ့ လမ်းညွှန်စာ အုပ် တစ်အုပ်ပါ။
ဘဝအောင်မြင်မှုရရှိဖို့ ဘယ်ကစရမလဲ လမ်းပျောက်နေသူတို့အတွက် အောင်မြင်ရေးလမ်း ကြောင်းကို ကောင်းကောင်းမီးမောင်းထိုးပြထားတဲ့ အကြံဉာဏ်နဲ့ ကြီးပွားရေး စာအုပ်က အသင့်တော်ဆုံးပါပဲ။
စိတ်ခွန်အားကို မြှင့်တင်ပေးနိုင်တဲ့ စာအုပ်တွေလို့ ပြောလိုက်ရင် ဆရာကြီး နန္ဒာသိန်းဇံရေးသားတဲ့ “ခယောင်း လမ်းကို ဖြတ်ကျော်ခြင်း” စာအုပ်ကို မေ့ထားခဲ့လို့ မရပါဘူး။
အသက်အရွယ်အားလုံးအတွက် အထူးသဖြင့် လူငယ်လူရွယ်တွေ ဘဝလမ်းကို လျောက်လှမ်းရတဲ့အခါ ကြုံတွေ့ရမယ့် အခက်အခဲ၊ အတားအဆီး တွေကို ကျော်ဖြတ်နိုင်ဖို့ လက်တွေ့ကျတဲ့ အကြံပြုချက်တွေကို ဒီစာအုပ်မှာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။
ဘဝမှာ အထိ အခိုက်၊ အဆုံးအရှုံးတွေ များလို့ ထပ်ပြီးကြိုးစားဖို့ စိတ်ခွန်အားတွေ ခမ်းခြောက်နေတဲ့အခါ ဒီစာအုပ်လေးကို သတိရလိုက်ဖို့ ပြောချင်ပါတယ်။
စာဖတ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာကို တော်တော်အထောက်အကူဖြစ်စေတယ်လို့ယုံကြည်ပါတယ်။
စာအုပ်လေးတွေဝယ်ပြီးစုဖြစ်ပါတယ်။မှတ်မိနေတဲ့ စာအုပ်လေးကတော့ ဇစ်မြစ်၊ ပါပီလွန်၊ ဆိုင်ဂုံ၊ Shindler's List နဲ့ အခြား စာအုပ်တွေလည်း ရှိနေပါတယ်။စာဖတ်တဲ့ အကျင့်လေး ရအောင် ကြိုးစားကြပါလို့။
ပူနွေးတဲ့ နေရောင်ခြည်နဲ့အတူ ပျော်စရာကောင်းတဲ့ အချိန်လေးတစ်ခု ရောက်ရှိလို့ လာပါတော့မယ်။
ဒီနွေရာသီပိတ်ရက်လေးမှာ သင့်အနေနဲ့ ကမ်းခြေတစ်ခုခုကို သွားဖို့စိတ်ကူးနေပြီလား။
ဒါဆိုရင်တော့ ဒီစာလေးကိုဖတ်ပြီး နွေရာသီ ကမ်းခြေသွားရင် ယူသွားရမယ့် ပစ္စည်းစာရင်းလေးကို လိုက်မှတ်ထားလိုက်တော့နော်။
အဆင်မပြေတာတွေများလို့ စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် ကံဆိုးသူရယ်လို့ ခံစားရတဲ့ အခိုက်အတန့်တွေမှာ အခု ဖော်ပြ ထားတဲ့ စိတ်ခွန်အားဖြည့်စာအုပ်တွေကို ဖတ်လိုက်တာနဲ့ ချက်ချင်း စိတ်ဓာတ်တွေ တက်ကြွလာပြီး အောင်မြင် လာလိမ့်မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။
စဥ်ဆက်မပြတ်ဖြတ်စီးသွားတဲ့ ရေအလျင်က အချိန်တစ်ခု မှာ ကျောက်တုံးကျောက်ခဲတွေကို တိုက်စားပုံဖော်ပေးသွားသလိုပဲ စွဲမြဲစွာ စာဖတ်ခြင်းက ကောင်းမွန်တဲ့ အတွေးအမြင်နဲ့၊ သန်မာတဲ့စိတ်နှလုံးကို ကိုယ်မသိလိုက်ခင်အချိန်မှာပဲ တည်ဆောက်ဖို့ကူညီပြီးသား ဖြစ်နေ မှာ ပါ။
ခန္ဓာကိုယ်ကျန်းမာရေးနည်းတူ အရေးကြီးတဲ့ စိတ်ကျန်းမာရေးကို ဒီစာအုပ်လေးတွေကနေတဆင့် ဂရုပြုတည်ဆောက်နိုင်ဖို့ မျှော်လင့်ပါတယ်။
ကမ်းခြေသွားရင် လုံးဝ မမေ့ရမယ့်အရာက sunscreen နဲ့ moisturizer ပါပဲ။
ပုံမှန်ခရီးသွားရင် ယူသွားနေကျ ခေါင်းလျှော်ရည်၊ ဆံပင်ပေါင်းဆေး၊ ဘီး၊ရေချိုးဆပ်ပြာ၊ သွားတိုက်တံနဲ့ သွားတိုက်ဆေးတွေ အပြင် နေရောင်ကာခရင်မ်နဲ့ moisturizer ကို မပါမဖြစ် ပါအောင်ထည့်သွားပါနော်။
ကိုယ်ယူသွားမယ့် sunscreen ဟာဆိုရင် ရေစိုခံပြီး အသားအရေကို UV ဒဏ်ကနေ အပြည့်အဝကာကွယ်ဖို့ အနည်းဆုံး SPF 30 ပါသင့်ပါတယ်။
ပြီးတော့ တစ်နေ့လုံး နေရောင်ဒဏ်ခံရမှာဖြစ်လို့ အသားအရေကို စိုပြေနူးညံ့စေမယ့် ရှားစောင်းလက်ပတ်ဂျယ် ဒါမှမဟုတ် အေးမြစေတဲ့ လိုးရှင်းတွေ ထည့်ယူသွားဖို့လည်း မမေ့နဲ့နော်။
ပင်လယ်ကမ်းခြေက တကယ့်ကို ပျော်စရာကောင်းပြီး အေးအေးချမ်းချမ်း အနားယူနိုင်တဲ့ နေရာတစ်ခုပါ။
ဒါပေမယ့် ပျော်ရင်းပါးရင်း ထိခိုက်အနာတရလေးတွေလည်း ရှိတတ်တာမို့ အရေးပေါ် ကျန်းမာရေးပစ္စည်းတွေ ယူသွားသင့်ပါတယ်။
ဥပမာ - အရေးပေါ်လိုနိုင်တဲ့ ဆေးပလာစတာနဲ့ ပိုးသတ်တစ်ရှူးတွေ၊ ပုံမှန်သောက်နေကျဆေးတွေ၊ အကိုက်အခဲပျောက်ဆေး၊ အ‌စာကြေဆေး၊ အယောင်ကျဆေး နဲ့ အမူးပြေဆေး စတာတွေကို လိုရမယ်ရထည့်သွားသင့်ပါတယ်။
သွားရင်းလာရင်း လက်ကို အလွယ်တကူသန့်စင်နိုင်ဖို့ လက်သန့်ဆေးရည်နဲ့ ရေစိုတစ်ရှူးတွေလည်း မမေ့နဲ့နော်။
အဆာပြေစားဖို့ဆိုရင် ဘီစကစ်တွေ၊ အစေ့အဆံတွေ၊ လတ်ဆတ်တဲ့ အသီးအနှံ ဒါမှမဟုတ် သစ်သီးခြောက်တွေ လိုမျိုး သိမ်းလွယ်သယ်လွယ်တဲ့ အဆာပြေစာလေးတွေ ယူသွားသင့်ပါတယ်။
တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝနေစေဖို့ ရေသန့်အလုံအလောက်နဲ့ အားဖြည့်အချိုရည်နဲ့ ဖျော်ရည်တွေလည်း ယူသွားသင့်ပါတယ်။
ကမ်းခြေမှာ ပလတ်စတစ်ဘူးခွံတွေနဲ့ ရှုပ်ပွမနေအောင် eco-friendly လည်းဖြစ်၊ ပြန်လည်းသုံးလို့ရတဲ့ ရေဘူးလေးတွေ ယူသွားဖို့လည်း အကြံပြုလိုပါတယ်။
ကမ်းခြေမှာဝတ်ဖို့ ရေကူးဝတ်စုံတွေ၊ ပုဝါရှည်တွေ ဒါမှမဟုတ်ရင်လည်း ဂါဝန်တွေနဲ့ ခြေညှပ်ဖိနပ်၊ ဦးထုပ်၊ နေကာမျက်မှန်၊ မျက်နှာသုတ်ပုဝါစတာတွေ ယူသွားသင့်ပါတယ်။
ဓာတ်ပုံထဲမှာ လှနေအောင် မသွားခင်ထဲက ကိုယ်ဝတ်မယ့်အဝတ်အစားလေးတွေကို ကြိုရွေးပြီး ပြင်ထားဖို့အကြံပြုချင်ပါတယ်။အဲဒါ့အပြင် ရေဆော့နေရင်း တန်ဖိုးရှိအသုံးအဆောင်ပစ္စည်းတွေ ထည့်လို့ရအောင် ရေစိုခံအိတ်တစ်လုံးလည်း ယူသွားပါ။
ကမ်းစပ်မှာ ရေစိုနိုင်တာကြောင့် အဝတ်အပို တစ်စုံနှစ်စုံ ယူသွားရင်လည်း ပိုအဆင်ပြေစေမှာပါ။
ကမ်းခြေခရီးသွားရင် ယူသွားရမယ့် ဒီပစ္စည်းစာရင်းလေးကို အိုးရှင်းစူပါစင်တာသွားတဲ့အခါ ‌စျေးဝယ်လမ်းညွှန်အဖြစ် ယူသွားနိုင်ပါတယ်နော်။
နောက်ပိုင်းမှာ သင်္ကြန်ပရိုမိုးရှင်းအစီအစဥ်တွေ၊ စိတ်လှုပ်ရှားဖွယ်လျှော့စျေးအစီအစဥ်တွေလည်း လာတော့မှာမို့ နေရောင်ခြည်အောက်မှာ ပျော်ရွှင်မှုတွေကို စတင်လိုက်ပါ။
တခြားအသုံးအဆောင်ပစ္စည်းတွေအနေနဲ့ဆို ခရီး‌ဆောင်စပီကာ၊ စာအုပ် ဒါမှမဟုတ် e-reader နဲ့ ခေါက်ဖျာတွေလည်း ယူသွားနိုင်ပါတယ်။
ဒီဆောင်းပါးလေးဖတ်မှသတိရတော့တယ် ကမ်းခြေသွားရင် တန်ဖိုးကြီး‌လက်ဝတ်ရတနာတွေယူသွားလို့ပင်လယ်ထဲပြုတ်ကျနေခဲ့ရင် သတိထားမိမှာမဟုတ်ဘူး Sunscreen ယူဖို့လည်းသတိရသွားလို့ကျေးဇူးပါရှင်
အကြံပြုရမယ်ဆိုရင် နေပူပူအောက်မှာ မသက်မသာဖြစ်စေမယ့် လည်ဆွဲနဲ့ လက်ကောက်လို လက်ဝတ်ရတနာတွေ ယူမသွားသင့်ပါဘူး။
တချို့လက်ဝတ်ရတနာတွေက ပင်လယ်ရေကြောင့် အရောင်ညစ်ပြီး မှိန်သွားတာတွေလည်း ဖြစ်နိုင်တာမို့ ယူမသွားတာ အကောင်းဆုံးပါပဲ။
နွေရာသီဆိုတာကတော့ အပြင်ထွက်လည်လို့ကောင်းတဲ့ အချိန်ကောင်းတစ်ခုဖြစ်ပေမယ့် တစ်ခါတစ်လေမှာ ရာသီဥတုပူတဲ့အတွက်ကြောင့် ဒါမှမဟုတ် တခြားအကြောင်းအရာတွေကြောင့် မိသားစုနဲ့အတူ အပြင်မထွက်ဘဲ အိမ်မှာပဲပိုနေချင်တဲ့ အချိန်တွေ ရှိတတ်ပါတယ်။
အဲ့ဒီလိုအချိန်တွေမှာ အိမ်မှာပဲနေပြီး မိသားစုနဲ့အတူ အချိန်ကုန်လို့ရတဲ့ အိုင်ဒီယာလေးအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
မိသားစုလိုက် အစားအသောက်တွေ ပြင်ဆင်ချက်ပြုတ်တာက တစ်ယောက်နဲ့တစ်ယောက် ပိုမိုနီးကပ်စေပြီး ပျော်ရွှင်စရာအမှတ်တရတွေကိုလည်း ဖန်တီးပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါ။
ဒီနွေရာသီမှာ နွေရာသီနဲ့လိုက်ဖက်တဲ့ ရေခဲချောင်း၊ သံပုရာဖျော်ရည် ဒါမှမဟုတ် သစ်သီးဖျော်ရည်လိုမျိုး အရာတွေကို မိသားစုနဲ့တူတူ လုပ်စားကြည့်ပါ။
ကိုယ့်မှာကလေးရှိတယ်ဆိုရင်လည်း ကလေးနဲ့အတူ ဘာချက်ကြမလဲ၊ ဘာတွေဝယ်ကြမလဲ တူတူတိုင်ပင်ပြီး သူတို့ကို ချက်ပြုတ်ဖို့ပါဝင်လာအောင် ဆွဲခေါ်တာမျိုးတွေ လုပ်နိုင်ပါတယ်။
မိသားစုလိုက် ညဘက်မှာ မိုနိုပိုလီ၊ Uno ဒါမှမဟုတ် ဂျန်ဂါစတဲ့ ဂိမ်းတွေကိုလည်း အတူကစားလို့ရပါသေးတယ်။
အခုလို မိသားစုလိုက် တူတူ ဂိမ်းဆော့တာက တန်ဖိုးရှိတဲ့အချိန်လေးတွေ ဖြစ်စေမှာဖြစ်သလို ကလေးတွေကိုယ်တိုင်ကလည်း ဂိမ်းကစားခြင်းတွေက တဆင့် လေ့လာသင်ယူလို့ရပါတယ်။
သူတို့ရဲ့အနိုင်အရှုံးတွေအပေါ် ဘယ်လို ကိုင်တွယ်ဖြေရှင်းကြလဲဆိုတာကို လေ့လာကြည့်ပြီး ဘဝမှာ အနှောက်အယှက်တွေကို ဘယ်လိုမျိုး ကြံ့ကြံ့ခံရမလဲဆိုတာတွေကိုလည်း သူတို့ကိုသင်ပေးနိုင်ပါတယ်။
နွေရာသီ အငွေ့အသက်လေးတွေပါတဲ့ ရုပ်ရှင် ဒါမှမဟုတ် မိသားစုကြိုက်တဲ့ ရုပ်ရှင်တွေကို ရွေးချယ်ပြီး ရေခဲမုန့်၊ ပေါက်ပေါက်ဆုပ်တို့လို အဆာပြေမုန့်လေးတွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေ တစ်ကားပြီးတစ်ကား အတူတကွကြည့်တာမျိုးတွေလည်း လုပ်လို့ရပါတယ်။
တစ်ချိန်တည်းမှာပဲ တစ်ယောက်ချင်းစီက အကြိုက်ဆုံးရုပ်ရှင်တွေကို ရွေးချယ်လို့ရပြီး သူတို့ရွေးချယ်ထားတဲ့ ရုပ်ရှင်တွေကနေတစ်ဆင့်လည်း တစ်ယောက်အကြောင်း တစ်ယောက် ပိုမိုနားလည်သဘောပေါက်နိုင်ပါတယ်။
နွေရာသီပိတ်ရက်အတွင်း အိမ်မှာကလေးတွေနဲ့အတူ ဆော့ကစားလို့ရတဲ့ ပျော်ရွှင်စရာအစီအစဥ်တစ်ခုကတော့ ရတနာလိုက်ရှာတဲ့ ဂိမ်းလေးဖြစ်ပါတယ်။
ပစ္စည်းသေးသေးလေးတွေကို အိမ်ထဲမှာ ဖွက်ထားပြီးတော့ သဲလွန်စလေးတွေပါတဲ့ မြေပုံကိုဆွဲထားတာမျိုးဖြစ်ပါတယ်။
ဥပမာ- ရေသန့်ဘူးအဖုံးလေးကို ခေါင်းအုံးအောက်မှာ ဖွက်ထားတယ်ဆိုရင် သဲလွန်စက “ငါကအနီရောင်အဝိုင်းပုံစံလေး ပြီးတော့ တိမ်တွေအောက်မှာ ငါက ရှိနေပါတယ်”ဆိုတာမျိုးပေါ့။
ကလေးတွေအနေနဲ့လည်း ပဟေဠိတွေနဲ့အတူ အဖြေရှာရတာတွေကို သေချာပေါက်သဘောကျမှာဖြစ်ပါတယ်။
ကလေးတွေက ဖွက်ထားတဲ့ပစ္စည်းတွေကို အောင်အောင်မြင်မြင် နေရာတကျ ပြန်ထားနိုင်တယ်ဆိုရင်တော့ ဆုအနေနဲ့ ရေခဲမုန့်ကျွေးတာပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်။
သီချင်းဆိုရတာကို ကြိုက်လား။
အိမ်မှာရှိတဲ့ တီဗွီ နဲ့ မိုက်ကိုသုံးပြီး ပေါ့ပေါ့ပါးပါး ကာရာအိုကေ သီချင်းဆိုတဲ့ အစီအစဥ်လေးတစ်ခုကို မိသားစုလိုက် လုပ်လို့ရပါသေးတယ်။
သံဗူးလွတ် (ဒါမှမဟုတ်) ပလက်စတစ်ဘူးအလွတ်ထဲကို ဆန် (သို့) ပဲစေ့လေးတွေထည့်ပြီး music shakers အနေနဲ့လည်း ကာရာအိုကေဆိုနေတဲ့တစ်လျှောက်လုံး အသုံးပြုနိုင်ပါသေးတယ်။
အခုလို အိမ်ထဲမှာလုပ်ဆောင်လို့ရတဲ့ နွေရာသီအစီအစဥ်လေးကို ပြင်ဆင်မယ်ဆိုရင် နီးစပ်ရာ Ocean Supercenter တွေဆီကိုသွားပြီး လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ယူနိုင်ပါတယ်။
ဟင်းချက်စရာတွေ၊ အချိုပွဲမုန့်တွေနဲ့ သရေစာမုန့်တွေကစလို့ ကစားစရာတွေ၊ လျှပ်စစ်ပစ္စည်းတွေအထိ ပစ္စည်းအမျိုးအစားအစုံကို တစ်နေရာထဲမှာ ရနိုင်တာမို့လို့ သင်ချစ်ရတဲ့သူတွေနဲ့အတူ မမေ့နိုင်တဲ့အမှတ်တရတွေကို ဖန်တီးတဲ့နေရာမှာ အများကြီး အကူအညီဖြစ်စေမှာပါ။
ပျော်ရွှင်စရာ နွေရာသီမိသားစု တွေ့ဆုံမှုလေးဖြစ်ပါစေနော်။
နှစ်သစ်မှာ စာများများဖတ်မယ်ဆိုပြီး ရည်ရွယ်ထားကြပေမယ့် တကယ်တမ်းကျ မဖတ်ဖြစ်တာမျိုး ဖြစ်နေကြပြီလား။
ဒါဆိုရင်တော့ သူငယ်ချင်းတွေနဲ့ နွေရာသီစာဖတ် challenge လေးတစ်ခု လုပ်ကြည့်လိုက်ရအောင်နော်။
ဒီစာကနေတစ်ဆင့် ကိုယ့်ရဲ့ နွေရာသီစာဖတ် challenge လေးကို အကောင်းဆုံးပြင်ဆင်နိုင်ဖို့ နည်းလမ်းလေးတွေမျှဝေပေးပါရစေ။
ဒီနွေရာသီမှာ စာအုပ်ဘယ်နှစ်အုပ်ပြီးအောင် ဖတ်မယ်ဆိုပြီး အရေအတွက်တစ်ခု သတ်မှတ်လိုက်ပါ။
ပါဝင်မယ့်လူတိုင်း တကယ် လိုက်ဖတ်နိုင်မယ့် လက်တွေ့ကျတဲ့ အရေအတွက်မျိုးတော့ ဖြစ်ရပါမယ်နော်။
စာအုပ်တွေအများကြီးဖတ်ချင်ဇောနဲ့ အရေအတွက်အများကြီးသတ်မှတ်ပြီး နောက်ပိုင်း မဖတ်ဖြစ်တော့မှာထက်စာရင် ကိုယ်ဖတ်နိုင်သလောက် စာအုပ်အရေအတွက်နည်းနည်းကို သတ်မှတ်ပြီး အကုန်လုံးကို တကယ်ဖတ်ဖြစ်သွားတာက ပိုအဆင်ပြေစေမှာပါ။
စာအုပ်အရေအတွက် သတ်မှတ်ပြီးပြီဆိုရင်တော့ တစ်ပတ်မှာ အခန်း ငါးခန်းတော့ ပြီးအောင်ဖတ်မယ် ဆိုတာမျိုး ရည်မှန်းချက်ပန်းတိုင် အသေးလေးတွေ ပြန်ပြီး သတ်မှတ်လို့ရပါတယ်။
ကိုယ့်ရဲ့ တစ်နေ့တာလုပ်ရိုးလုပ်စဉ်တွေထဲမှာ စာဖတ်ဖို့ အချိန်လေးတစ်ခု ဖယ်ထားပေးပါ။
အိပ်ရာမဝင်ခင်ဖြစ်ဖြစ် နေ့လည်ခင်း နားတဲ့အချိန်ဖြစ်ဖြစ် ဒါမှမဟုတ် ကော်ဖီဆိုင်ထိုင်တဲ့ အချိန်မျိုးမှာ ကိုယ်အချိန်ရရင် ရသလို (၁၅) မိနစ်ကနေ မိနစ် (၂၀) လောက် စာဖတ်ဖို့ အသုံးချတာမျိုးပေါ့။
ကိုယ့်လက်တစ်ကမ်းမှာ ဖတ်ဖို့ စာအုပ်တစ်အုပ် အမြဲထားမယ်ဆိုရင် အချိန်ပိုလေး နည်းနည်းလောက်ရတာနဲ့ စာဖတ်ဖို့ အချိန်ပေးဖြစ်မှာဖြစ်ပါတယ်။
ကိုယ့်ရည်မှန်းချက်တစ်ခု ပြည့်သွားတိုင်း ကိုယ်တိုင် နဲ့ သူငယ်ချင်းတွေကို စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဆုတွေ ပြန်ပေးဖို မမေ့ပါနဲ့နော်။
ဘယ်လိုမျိုး ဆုချလို့ရမလဲဆိုရင် မုန့်အတူတူထွက်စားတာပဲဖြစ်ဖြစ်၊ ကိုယ်အရမ်းလိုချင်နေတဲ့အရာကို ဝယ်လိုက်တာမျိုး၊ ညဘက် ရုပ်ရှင် တူတူကြည့်တာမျိုးဖြစ်ဖြစ်ပေါ့။
ဒီလိုဆုချတာမျိုးက လုပ်မယ်ဆိုရင် စာဆက်ဖတ်ဖို့လှုံ့ဆော်နိုင်မှာဖြစ်လို့ ကိုယ့်ရည်မှန်းချက် မြန်မြန် ပြည့်အောင် လုပ်သွားနိုင်မှာပါ။
ဒီစိန်ခေါ်မှုလေးကို ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းအောင်လုပ်ဖို့ဆိုရင် ဘင်ဂိုဘုတ်ပြားလေးတစ်ခု ဖန်တီးပြီး ဇယားကွက်တစ်ခုချင်းစီမှာ မတူညီတဲ့ စာဖတ်စိန်ခေါ်မှုလေးတွေကို ထည့်ထားလိုက်ပါ။
“သုံးရက်ဆက်တိုက် စာအုပ်ဖတ်ပြီး”၊ “မတူညီတဲ့ စာရေးသူရေးထားတဲ့ စာအုပ်ကို ဖတ်ပြီး” ဒါမှမဟုတ် “သူငယ်ချင်းတွေနဲ့ချိန်းပြီး စာအုပ်ဖတ်ဖြစ်ခဲ့” စတဲ့ စိန်ခေါ်မှုလေးတွေပေါ့။
ပထမဆုံး ဘင်ဂိုဖြစ်သွားတဲ့သူကို ကျန်တဲ့ သူငယ်ချင်းတွေက နေ့လည်စာဖြစ်ဖြစ် လိုက်ကျွေးရတာမျိုးဆိုရင် ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းမယ် မထင်ဘူးလား။
ဒီစာအုပ်တွေကို City Books and Music ဆိုင်တိုင်းမှာ ဝယ်လို့ရနိုင်တာမို့လို့ ကိုယ့်သူငယ်ချင်းတွေကို ခေါ်၊ အနီးဆုံးဆိုင်မှာ စာအုပ်တွေ အပြေးဝယ်လိုက်ပြီး နွေရာသီစာဖတ်စိန်ခေါ်မှုလေးကို စတင်လိုက်ကြရအောင်။
မြန်မာ့သမိုင်းရဲ့ ပထမဦးဆုံး ဘုရင့်နိုင်ငံတော်ဟာ ခရစ်နှစ် ၁၁ ရာစုကနေ ၁၃ ရာစုအထိ ထွန်းကားခဲ့တဲ့ ပုဂံဘုရင့်နိုင်ငံတော် ဖြစ်ပြီး မြန်မာ့ယဥ်ကျေးမှုကို တည်ဆောက်ခဲ့တဲ့ အလှည့်အပြောင်း မှတ်တိုင် ဖြစ်ပါတယ် ။ဗုဒ္ဓဘာသာကို ပင်လယ်ကမ်းရိုးတန်းဒေသတွေအရောက် ပျံ့နှံ့စေခဲ့ပြီး ပြည်သူတွေက ကုသိုလ်ရဖို့အတွက် စေတီပုထိုးတွေကို အားကြိုးမာန်တက်...
နောက်ပိုင်းခေတ်တွေမှာတောင် ပုဂံဟာ ရေကြောင်းသွားလာရေး သော့ချက်အဖြစ် ကြွယ်ဝချမ်းသာခဲ့တယ်။
အဆက်ဆက် တက်တဲ့ မင်းတွေလဲ ဘုရားပုထိုး အမြောက်အမြားကို တည်ဆောက် ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့ပါတယ်။
ဒီနေ့တိုင်အောင် ပြည်တွင်း ပြည်ပ လူအမြောက်အမြားက မြန်မာ့ယဥ်ကျေးမှုရဲ့ ဇာတိမြေအဖြစ်ရော ရှေးဟောင်းယဥ်ကျေးမှုကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ဖို့ ကြိုးပမ်းအားထုတ်နေတဲ့အတွက်ပါ ပုဂံကို ချစ်မြတ်နိုးကြပါတယ်။
ပုဂံခေတ်ကို ခရစ်နှစ် ၁၁ ရာစုမှာ စတင်တည်ထောင်သူဟာ အနော်ရထာမင်းကြီး ဖြစ်တယ်လို့ ပြောကြပါတယ်။
ဒီဘုရင့်နိုင်ငံတော်ရဲ့ ဗဟိုချက်ကတော့ အခု ပုဂံမြို့ဟောင်းလို့ ခေါ်တဲ့ နန်းတော်ပဲ ဖြစ်ပါတယ်။
ဧရာဝတီမြစ်ကမ်းပေါ်မှာ တည်ရှိပြီး မြစ်ရေတိုက်စားလို့ နန်းတော်ရဲ့ အစိပ်အပိုင်းတခု ပျက်စီးခဲ့ပေမယ့် ရှေးကတော့ နန်းတော်ကို မြို့ရိုးလေးဖက်နဲ့ ကျုံးက ဝိုင်းပတ်ကာရံထားပါတယ်။
မင်းတြားစံမြန်းတဲ့ နန်းဆောင်က အလယ်ဗဟိုမှာ ရှိပါတယ်။
နန်းမရဲ့ အတွင်းနဲ့ အပြင်မှာ ဘုရင်ကိုယ်တော်တိုင် တည်ထားတဲ့ ကြီးမားတဲ့ ဘုရားတဆူ ရှိပါတယ်။
ရေကြောင်းသယ်ယူပို့ဆောင်ရေးအတွက် အခရာကျတဲ့ ဧရာဝတီမြစ်တလျောက် ဘုရင့်နိုင်ငံတော်ရဲ့ အာဏာစက်ဟာ အရပ်မျက်နှာအနှံ့ ဖြန့်ကျက်သွားတဲ့အပြင် ဘုရင့်နိုင်ငံတော်ရဲ့ တောင့်တင်းတဲ့ စပါးကျီကလည်း နိုင်ငံတော်အင်အားအဖြစ် ထောက်ပံ့ပေးနေပါတယ်။
ပုဂံပြည်ရဲ့ သြဇာဟာ ကမ်းရိုးတန်းဒေသတွေတိုင်အောင် သက်ရောက်ပြီး မွန်တို့ပြည်က မွန်လူမျိုးတွေရဲ့ ယဥ်ကျေးမှုရော ရေကြောင်းသွားလာရင်း ထိတွေ့ရတဲ့ အိန္ဒိယက အဆင့်မြင့်တဲ့ ယဥ်ကျေးမှုကိုပါ လက်ခံ ရယူပါတယ်။
End of preview. Expand in Data Studio
README.md exists but content is empty.
Downloads last month
52