source
stringlengths
4
91
target
stringlengths
5
92
There is a person over there. Who is he?
ဟိုမှာ လူတစ်ယောက် ရှိတယ်နော်။ အဲဒီလူက ဘယ်သူလဲ။
This watch must be expensive.
ဒီနာရီ ကျိန်းသေ ဈေးကြီးမှာ သေချာတယ်။
It is 10.00 now, so the post office must be open.
အခု ဆယ်နာရီဆိုတော့၊ စာတိုက် ဖွင့်နေလောက်ပြီ။
It feels like someone is living in this house.
ဒီအိမ်မှာ တစ်ယောက်ယောက် နေနေသလိုပဲ။
It looks like it is going to rain.
မိုးရွာမလိုပဲ။
The car is not in the yard. It looks like my mother is out.
ခြံထဲမှာ ကား မရှိဘူး။ အမေ အပြင်ထွက်သွားတယ် ထင်တယ်။
A new student will be coming next month.
လာမယ့်လမှာ တပည့်အသစ် လာမယ်လို့ ကြားတယ်။
I heard from the teacher that there will be a new student coming next month.
ဆရာ့ဆီက ကြားတာ၊ နောက်လကစပြီး ကျောင်းသားသစ် လာမယ်ဆိုပဲ။
Who wrote this essay? There is no name.
ဒီစာစီစာကုံးကို ရေးတဲ့သူက ဘယ်သူလဲ။ နာမည်တပ်မထားဘူး။
The food my mother cooks is very good.
အမေ ချက်တဲ့ဟင်းက အရမ်း စားလို့ကောင်းတယ်။
Please hand in the paper with the answers written on it.
အဖြေ ရေးပြီးတဲ့စာရွက်ကို ထပ်လိုက်ပါ။
I saw Mr Kobayashi studying at the library.
စာကြည့်တိုက်ထဲမှာ မစ္စတာတာနာခါ စာဖတ်နေတာ တွေ့လိုက်တယ်။
I saw Mr Tanaka running.
မစ္စတာတာနာခါ ပြေးနေတာကို မြင်လိုက်တယ်။
Mr Yamada was the one who ate the cake.
ကိတ်မု့န် စားတဲ့လူက မစ္စတာယာမာဒါပါ။
I already took my medicine, so I'm alright.
ဆေးသောက်လိုက်တာမို့လို့ ကောင်းသွားမှာပါ။
I am not going to school tomorrow because I don't have class.
မနက်ဖန် အတန်းမရှိလို့ ကျောင်းမသွားဘူး။
How did you know my number?
ဘယ်လိုလုပ် ကျွန်တော့်ဖုန်းနံပါတ် သိသွားတာလဲ။
Why?
ဘာဖြစ်လို့လဲ။
Why were you absent from school?
ဘာဖြစ်လို့ အတန်းပျက်တာလဲ။
I could not wake up because I had a fever.
ကိုယ်ပူပြီး အိပ်ရာက မထနိုင်ဘူး။
Today, we didn't have class because our teacher was ill.
ဒီနေ့ ဆရာ နေမကောင်းလို့ အတန်းမရှိဘူး။
Mr Tanaka is always full of energy, but today he is quiet.
မစ္စတာယာမာဒါက အမြဲတမ်း တက်ကြွနေပြီး၊ ဒီနေ့တော့ ငြိမ်နေတယ်။
Although today is a Sunday, I have work.
ဒီနေ့ တနင်္ဂနွေနေ့ဆိုပေမဲ့ အလုပ် ရှိတယ်။
I live in Tokyo, whereas my little brother lives in Kyoto.
ကျွန်တော်က တိုကျိုမှာ နေပေမဲ့ ညီလေးကတော့ ကျိုတိုမှာ နေတယ်။
It is easier to use a bicycle if you are going to that university.
အဲဒီတက္ကသိုလ်ကို သွားမယ်ဆိုရင် စက်ဘီးက အဆင်ပြေတယ်။
Every morning my father reads the newspaper after waking up.
အဖေ မနက် အိပ်ရာထတိုင်း သတင်းစာ ဖတ်တယ်။
If you press this button, the door will open.
ဒီခလုတ်ကို နှိပ်ရင် တံခါး ပွင့်မယ်။
If they are cheap, I will buy them.
ဈေးသက်သာရင် ဝယ်မယ်။
Let's walk if it is close.
နီးတယ်ဆိုရင် ခြေလျင်လျှောက်မယ်လေ။
If you don't like it, you can stop.
မလုပ်ချင်ရင် မလုပ်လည်း ရတယ်။
If you buy a car, your money will be used up.
ကား ဝယ်လိုက်ရင် ပိုက်ဆံ ကုန်သွားမယ်။
If you buy a car, you can go anywhere.
ကား ဝယ်ထားရင် ဘယ်မဆို သွားနိုင်တယ်။
How can you memorize kanji?
ခန်းဂျီးကို မှတ်မိအောင် ဘယ်လို လုပ်ရမလဲ။
If you read the newspaper every day, you can remember it.
နေ့တိုင်း သတင်းစာ ဖတ်ရင် မှတ်မိလိမ့်မယ်။
Even if it snows, I will still go to school.
နှင်းကျလည်း ကျောင်းသွားတယ်။
I will swim even if it is cold.
ချမ်းပေမဲ့လည်း ရေကူးမယ်။
Mr Yamada gave a book to my little sister.
မစ္စတာယာမာဒါက ညီမလေးကို စာအုပ် ပေးတယ်။
I gave flowers to my father.
ကျွန်တော် အဖေ့ကို ပန်း ပေးတယ်။
I received a book from my father.
ကျွန်တော် အဖေ့ဆီက စာအုပ် ရခဲ့တယ်။
I lent Mr Kobayashi my notebook.
ကျွန်တော် မစ္စတာခိုဘာယာရှိကို မှတ်စုစာအုပ် ငှားလိုက်တယ်။
Mr Kimura lent the book to me.
မစ္စတာခိမုရဆီက စာအုပ် ငှားခဲ့တယ်။
I lent my money to my little brother.
ကျွန်တော် ညီလေးကို ပိုက်ဆံချေးလိုက်တယ်။
My little sister made a boxed lunch for my father.
ညီမလေးက အဖေ့ကို ထမင်းဘူး ထည့်ပေးတယ်။
I helped my little sister with her homework.
ကျွန်တော် ညီမလေးရဲ့ အိမ်စာကို ကြည့်ပေးတယ်။
Mr Kimura carried my baggage for me.
မစ္စတာခိမုရက ကျွန်တော့်ရဲ့ အထုပ်ကို ကူသယ်ပေးတယ်။
My mother taught me how to cook.
ဟင်းချက်နည်းကို အမေ့ဆီက သင်ထားတာ။
I will walk to the station.
ဘူတာအထိ လမ်းလျှောက်သွားမယ်။
I will buy a drink and bring it with me when I go there next week.
နောက်အပတ် အဲဒီကို သွားရင် သောက်စရာ ဝယ်သွားမယ်။
I had dinner with my friend today.
ဒီနေ့ သူငယ်ချင်းနဲ့ ညစာ စားလာတယ်။
Excuse me, may I try this shirt on?
တစ်ဆိတ်လောက် မေးပါရစေ၊ ဒီအင်္ကျီ ဝတ်ကြည့်လို့ရမလား။
I am a student.
ကျွန်တော် ကျောင်းသားပါ။
The film I saw yesterday was interesting.
မနေ့က ကြည့်ခဲ့တဲ့ရုပ်ရှင် အရမ်း စိတ်ဝင်စားဖို့ကောင်းတယ်။
I am a student but my elder brother works at a company.
ကျွန်တော်က ကျောင်းသားပေမဲ့ အစ်ကိုကတော့ ကုမ္ပဏီဝန်ထမ်းပါ။
What kind of work do you do?
မင်း ဘာအလုပ် လုပ်သလဲ။
When I was eating dinner, my friend came over to my home.
ကျွန်တော် ညစာစားနေတုန်း သူငယ်ချင်း အိမ်ရောက်လာတယ်။
When we go abroad, we bring our passports.
နိုင်ငံခြားသွားတဲ့အခါ ပတ်စပို့ကို ယူသွားတယ်။
When I came to Japan, I took pictures at the airport.
ဂျပန်ကို လာတုန်းက လေယာဉ်ကွင်းမှာ ဓာတ်ပုံရိုက်ခဲ့တယ်။
I telephoned while I was in my room.
အခန်းမှာ ရှိတုန်းက ဖုန်းဆက်တယ်။
I used to swim a lot when I was young.
လူငယ်ပိုင်းတုန်းကဆို ခဏခဏ ရေကူးတယ်။
I ate food while watching TV.
တီဗွီကြည့်ရင်း ထမင်းစားတယ်။
I went to the beach and climbed a mountain this summer vacation.
ဒီနှစ်နွေရာသီပိတ်ရက်မှာ ပင်လယ်ကိုလည်း သွားဖြစ်တယ်၊ တောင်လည်း တက်ဖြစ်တယ်။
Your eyes will go bad if you read books in the dark.
အမှောင်ထဲမှာ စာဖတ်ရင် မျက်စိပျက်တတ်တယ်။
Why don't we have some tea?
လက်ဖက်ရည်လေးဘာလေး သောက်ရအောင်လား။
Spring has come, but it hasn't become warm yet.
နွေဦးရာသီထဲ ဝင်လာပေမဲ့ နွေးမလာသေးဘူး။
I went to university yesterday.
ကျွန်တော် မနေ့က တက္ကသိုလ်ကို သွားတယ်။
I quit smoking.
ဆေးလိပ်ဖြတ်လိုက်ပြီ။
No one came today.
ဒီနေ့ ဘယ်သူမှ မလာဘူး။
You really work hard.
မင်း တော်တော် အလုပ်လုပ်တာပဲနော်။
How about tea?
လက်ဖက်ရည်တို့ဘာတို့ သောက်ဦးမလား။
People who have not brought a ballpoint pen may use a pencil.
ဘောပင် ပါမလာတဲ့သူတွေ ခဲတံနဲ့ဆိုလည်း ရတယ်။
Yes, here you are.
ဟုတ်ကဲ့၊ ကောင်းပါပြီ၊ လုပ်ပါ။
Here you are.
ကောင်းပါပြီ၊ လုပ်ပါ။
This isn't much, but please take it.
အဖိုးထိုက်တဲ့အရာ မဟုတ်ပေမဲ့ လက်ခံပေးပါ။
Thanks a lot.
ကျေးဇူးတင်ပါတယ်။
Yes, that is true.
ဟုတ်တယ်။
How much is it?
ဘယ်လောက်လဲ။
Well then, thank you.
ဒါဆိုရင်၊ ကူညီပေးပါ။
I am thinking of travelling to Europe with my friend.
သူငယ်ချင်းနဲ့ ဥရောပကို အလည်သွားမလားလို့ စိတ်ကူးနေတယ်။
It is on the third floor of this building.
ဒီအဆောက်အအုံရဲ့ တတိယထပ်မှာ ရှိတယ်။
How do we get to the third floor?
တတိယထပ်ကို ဘယ်လို သွားရမလဲ။
The lift is over there.
ဟိုမှာ ဓာတ်လှေခါး ရှိတယ်။
Yes, I like it.
အေး၊ ကြိုက်ပါတယ်။
Hello?
ဟလို။
Well then, see you again.
ဒါပဲနော်၊ နောက်မှ တွေ့မယ်။
Why?
ဘာဖြစ်လို့လဲ။
Oh, is that so?
ဪ၊ ဟုတ်လား။
Can I give it back to you after lunch break?
နေ့ခင်း နားတဲ့အချိန်မှ ပြန်ပေးလို့ရမလား။
Excuse me a second.
တစ်ဆိတ်လောက်၊ တောင်းဆိုပါရစေ။
I am thinking of working abroad.
နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ စိတ်ကူးနေတယ်။
Miss, this is my mother.
ဆရာ၊ ဒါ ကျွန်တော့်ရဲ့ အမေပါ။
I'm going to take some medicine because I have a cold.
အအေးမိသွားလို့ ဆေးသောက်မယ်။
A lot of people died.
လူတွေ အများကြီး သေကုန်တယ်။
I will brush my teeth after eating.
ထမင်းစားပြီးရင် သွားတိုက်တယ်။
Ms Kimura has a very good mind.
မစ္စတာခိမုရက ဉာဏ် အရမ်း ကောင်းတယ်။
The post office is near the station.
စာတိုက်က ဘူတာဘေးမှာ ရှိတယ်။
The baggage will arrive tomorrow.
မနက်ဖန် အထုပ် ရောက်မယ်။
The train will arrive at the station.
ရထားက ဘူတာကို ရောက်တော့မယ်။
I will write my name on the envelope.
စာအိတ်မှာ နာမည်ကို ရေးလိုက်မယ်။
There is a supermarket behind the station.
ဘူတာရဲ့ အနောက်မှာ စူပါမားကက် ရှိတယ်။
I caught a cold because it was very cold yesterday.
မနေ့က အရမ်း အေးလို့ အအေးမိသွားတယ်။