id
stringlengths
8
62
url
stringlengths
36
267
title
stringlengths
11
200
source
stringlengths
285
27.7k
target
stringlengths
8
924
151203_syria_uk_airstrikes
https://www.bbc.com/burmese/world/2015/12/151203_syria_uk_airstrikes
ဆီးရီးယား IS တွေကို ယူကေ လေကြောင်းတိုက်ခိုက်
IS ပိုင် ရေနံတွင်းတွေကို ဗြိတိသျှ တိုက်လေယာဉ် ၄ စီးက တိုက်ခိုက်ခဲ့ ဗုံးကြဲ တိုက်ခိုက်ဖို့ အတွက် ယူကေ အမတ်တွေ အတည်ပြုပြီး မကြာမီမှာပဲ ဆိုက်ပရပ်စ်မှာ ရှိတဲ့ Akrotiri အက်ရော့တီရီ လေတပ်စခန်းက တိုနေးဒိုး တိုက်လေယာဉ် ၄ စီး တိုက်ခိုက်မှုမှာ ပါဝင် ခဲ့ပါတယ်။ ဆီးရီးယား အရှေ့ပိုင်းက IS တွေ ထိန်းချုပ်ထားတဲ့ ရေနံတွင်းတွေကို တိုက်ခိုက် ထိမှန်ခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း ကတော့ IS အပေါ် တိုက်ခိုက်မှုတွေဟာ အချိန် ကြာမြင့်မှာ ဖြစ်ပြီး ပုံမှန် ပြုလုပ်သွားဖို့ လိုတယ်လို့ သတိပေး ပြောဆို ခဲ့ပါတယ်။ IS အပေါ် လေကြောင်း တိုက်ဖို့အတွက် ယူကေ ပါလီမန်မှာ ဗုဒ္ဓဟူးနေ့က ဆွေးနွေးငြင်းခုံပြီး မဲခွဲ ဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၃၉၇ မဲ၊ ကန့်ကွက်မဲ ၂၂၃ မဲနဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အက်ရော့တီရီ လေတပ်စခန်းမှာ ရှိနှင့်ပြီးဖြစ်တဲ့ တိုက်လေယာဉ် ၈ စီး အပြင် နောက်ထပ် ၈ စီး ထပ်ပို့လိုက်တယ် လို့လည်း ယူကေ ကာကွယ်ရေး ဝန်ကြီး မိုက်ကယ် ဖာလန်က ပြောပါတယ်။
ဗြိတိသျှ တော်ဝင် လေတပ်ရဲ့ တိုနေဒိုး တိုက်လေယာဉ်တွေက ဆီးရီးယားမှာ ရှိတဲ့ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ အပေါ် လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ယူကေ ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြု ပြောဆိုခဲ့ပါတယ်။
150908_turkey_strikes_kurdish_pkk_iraq
https://www.bbc.com/burmese/world/2015/09/150908_turkey_strikes_kurdish_pkk_iraq
အီရတ် ကာဒစ်ရှ် သူပုန်တွေကို တူရကီ ဗုံးကြဲ
အက်ဖ် ၁၆ နဲ့ အက်ဖ် ၄ တိုက်လေယာဉ်တွေက အီရတ် မြောက်ပိုင်းက ပီကေကေ သူပုန် စခန်းတွေကို တိုက်ခိုက် ခဲ့တယ်လို့ဆို။ ကာဒစ်ရှ် သူပုန်တွေရဲ့ ခြေကုပ် စခန်းတွေကို ရှင်းပစ်မယ်လို့ တူရကီ ဝန်ကြီးချုပ်က ပြောဆိုခဲ့ပြီး နာရီပိုင်း အကြာမှာ ပြုလုပ်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုတွေမှာ ဒါဇင်နဲ့ချီတဲ့ ဂျက် တိုက်လေယာဉ်တွေ ပါဝင် ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကာဒစ်ရှ် ပီကေကေရဲ့ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် တူရကီ တပ်သား အနည်းဆုံး ၁၆ ဦး သေဆုံးခဲ့တယ်လို့ တူရကီ စစ်တပ်က ပြောပါတယ်။ ဒီကနေ့ အင်္ဂါနေ့မှာလည်း တူရကီ ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ဘတ်စ်ကား တစ်စီး တိုက်ခိုက် ခံရလို့ ၁၂ ဦး သေဆုံး သွားပါတယ်။ ပီကေကေလို့ ခေါ်တဲ့ ကာဒစ်ရှ် အလုပ်သမား ပါတီ သူပုန်တွေနဲ့ တူရကီ စစ်တပ်တို့ အကြား အပစ်ရပ် သဘောတူညီချက်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ပျက်ပြား ခဲ့ပြီးနောက် အခုလို တိုက်ခိုက်မှုတွေ ဆက်တိုက် ထွက်ပေါ် လာတာ ဖြစ်ပါတယ်။
တူရကီ အရှေ့ပိုင်းမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ တိုက်ခိုက် ခံခဲ့ရပြီးနောက် တူရကီ တိုက်လေယာဉ်တွေက အီရတ် မြောက်ပိုင်းမှာ ရှိတဲ့ ကာဒစ်ရှ် ပီကေကေ သူပုန် စခန်းတွေကို ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ် ခဲ့ပါတယ်။
141222_nkorea_unsc
https://www.bbc.com/burmese/world/2014/12/141222_nkorea_unsc
မြောက်ကိုရီးယားရေး လုံခြုံရေး ကောင်စီမှာ မဲခွဲ
မြောက်ကိုရီးယား လူမဆန် တဲ့ ရာဇဝတ်မှု တွေ ကျူးလွန်နေတယ်လို့ဆို လူမဆန် တဲ့ ရာဇဝတ်မှု တွေကို မြောက်ကိုရီးယား အစိုးရ ပိုင်း ခေါင်းဆောင် တွေ က အကြီးအကျယ် ဖောက်ဖျက် ကျူးလွန် နေတယ် လို့ ကုလ သမဂ္ဂ အစီရင်ခံစာ တစောင် က စွပ်စွဲ ဖော်ပြ ထားပါတယ်။ မြောက်ကိုရီးယား လူ့အခွင့်အရေး အခြေအနေ ဆိုးရွား နေမှု ကို နိုင်ငံတကာ ရာဇဝတ် ခုံရုံး ထိ တင်ပြဖို့ ဒီအစီရင်ခံစာက လုံခြုံရေး ကောင်စီ ကို တောင်းဆို ထားပါတယ်။ မြောက်ကိုရီးယား အနေအထား ဟာ အရှင်လတ်လတ် ငရဲ ကျသလို ဖြစ်နေပြီး မြောက်ကိုရီးယား အရေးနဲ့ ပတ်သက်ပြီး လုံခြုံရေး ကောင်စီ က လျစ်လျူ ရှု သလို ဖြစ်နေ တာကို ဒီကနေ့ ဖယ်ရှား နိုင်ခဲ့ပြီ လို့ Samantha Powell က ပြောကြား ခဲ့ပါတယ်။
မြောက်ကိုရီးယား လူ့အခွင့်အရေး အခြေအနေ ကို ထည့်သွင်း ဆွေးနွေးဖို့ ရုရှ နဲ့ တရုတ် အစိုးရ တွေ ကန့်ကွက်တဲ့ ကြားက ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီမှာ မဲခွဲ ဆုံးဖြတ် ခဲ့ကြပါတယ်။
140403_ilo_labour_rep
https://www.bbc.com/burmese/burma/2014/04/140403_ilo_labour_rep
အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ရေး အငြင်းပွား
အလုပ်သမား ညီလာခံ ကိုယ်စားလှယ် အငြင်းပွား အစိုးရအလုပ်သမား ညွှန်ကြားရေးဉီးစီးဌာနက အလုပ်သမား သမဂ္ဂတွေ ဆီကို ဆက်သွယ်ပြီး အလုပ်သမား ကိုယ်စားလှယ်တွေ ပေးဖို့ စာရင်းတောင်းထား ပါတယ်။ အဲဒီအလုပ်သမား သမဂ္ဂတွေထဲမှာ လုပ်ငန်းရှင်တွေက ဟန်ပြဖွဲ့ထားတဲ့ အလုပ်သမား သမဂ္ဂတွေလည်း ပါဝင်ပါတယ်။ အဲဒီ ကိုယ်စားလှယ် တွေထဲကနေ အစိုးရက ထပ်မံ ရွေးချယ် စေလွှတ်မယ့် အလုပ်သမား ကိုယ်စားလှယ်ဟာ အစိုးရနဲ့ နီးစပ်သူ အစိုးရအကြိုက် ရွေးချယ်ထားသူတွေသာ ဖြစ်မှာကို အလုပ်သမားတွေနဲ့ အလုပ်သမား အရေး တက်ကြွ ဆောင်ရွက်သူတွေက စိတ်ပူနေကြပါတယ်။ အလုပ်သမား အခွင့်အရေး ကာကွယ် မြှင့်တင်သူများ အဖွဲ့ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး တာဝန်ခံ မအိရွှေစင်ညွန့်ကတော့ ၂၀၁၃ ခုနှစ် တုန်းက အိုင်အယ်လ်အို က လုပ်ခဲ့သလို အလုပ်သမား ညီလာခံ ခေါ်ယူပြီး ကိုယ်စားလှယ်ကို ရွေးချယ် စေချင်တယ်လို့ ဆိုပါတယ်။ နိုင်ငံတကာ အလုပ်သမား ညီလာခံမှာ တက်ရောက်သူ ကိုယ်စားလှယ်ဟာ သက်ဆိုင်ရာ နိုင်ငံမှာ ရှိတဲ့ အလုပ်သမား အခွင့်အရေး အခြေအနေ၊ အလုပ် သမား ဥပဒေ အခြေအနေတွေကို ပြောဆို ဆွေးနွေးကြမှာ ဖြစ်တဲ့ အတွက် အရေးပါတဲ့ ကိုယ်စားလှယ် အဖွဲ့ဖြစ်ပါတယ်။
မေလကုန်မှာ နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILO က ဉီးစီး ပြုလုပ် ကျင်းပမယ့် ၁၀၃ ကြိမ်မြောက် နိုင်ငံတကာ အလုပ်သမား ညီလာခံကို တက်ရောက် ဖို့အတွက် အလုပ်သမား ကိုယ်စားလှယ် အဖွဲ့ကို ရွေးချယ်ရာမှာ အငြင်းပွားစရာ ဖြစ်နေပါတယ်။
130619_india_floods
https://www.bbc.com/burmese/world/2013/06/130619_india_floods
အိန္ဒိယ မြောက်ပိုင်း မိုးသည်းပြီး ရေလွှမ်းမိုး
အိန္ဒိယမှာ မိုးသည်းလို့ ရေတွေ ကြီးနေ ဥတ္တရာခန် ပြည်နယ် အတွင်းက ဟိန္ဒူ ဘာသာ ဝင်တွေ အလေးအမြတ် ထားတဲ့ နေရာကိုလည်းအကြီးအကျယ် ထိခိုက် ခဲ့ပါတယ်။ အဲဒီမှာ ရှိနေကြတဲ့ ဘုရားဖူး လာသူတွေ အပါအဝင် လူပေါင်း ၇၅၀၀၀ လောက် နေရာ တော်တော်များများမှာ ရေဝိုင်း ခံနေရပါတယ်။ သူတို့တွေကို အာဏာပိုင် တွေဘက်က ရဟတ်ယာဉ်တွေ သုံးလို့ ကူညီ ကယ်ဆယ်ရေးတွေ လုပ်နေကြ ပါတယ်။ အဲဒီအနီးတဝိုက်က တခြား ပြည်နယ် တွေမှာလည်း မုတ်သုန်လေ အဝင်စောလို့ မိုးတွေ ရွာခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယမှာ တနှစ်ပျှမ်းမျှ မိုးရေချိန်ရဲ့ ၆၈ ရာခိုင်နှုန်း ရွာချခဲ့ပြီး ဖြစ်တယ်လို့ အစိုးရ အာဏာပိုင်တွေက ပြောပါတယ်။
အိန္ဒိယ နိုင်ငံမြောက်ပိုင်းမှာ မိုးသည်းထန် ခဲ့တာကြောင့် ရေလွှမ်းမိုးမှုနဲ့ မြေပြိုမှု တွေဖြစ်ခဲ့ရာမှာ လူ ၁၃၀ ထက်မနည်း အသက်ဆုံးရှုံး ခဲ့ရပါတယ်။
141010_malala_satyarthi_nobel
https://www.bbc.com/burmese/world/2014/10/141010_malala_satyarthi_nobel
မာလာလာနဲ့ ဆတ်တီယာသီ နိုဘဲလ် ငြိမ်းချမ်းရေးဆုရ
မာလာလာနဲ့ ဆတ်တီယာသီ ၂ဦးလုံး ကလေး အခွင့်အရေး အတွက် လှုပ်ရှား အသက် ၁၇ နှစ်အရွယ် မာလာလာဟာ နိုဘဲလ် ငြိမ်းချမ်းရေးဆု ရရှိဖူးသူတွေထဲမှာ အသက် အငယ်ဆုံး ရရှိသူ ဖြစ်ပြီး အမျိုးသမီးတွေ ပညာသင်ခွင့် ရရှိရေး အတွက် လှုံ့ဆော်လို့ ၂၀၁၂ အောက်တိုဘာ လတုန်းက တာလီဘန်တွေ ရဲ့ ပစ်ခတ်မှု ခံခဲ့ရသူ ဖြစ်ပါတယ်။ အသက် ၆၀ အရွယ် မစ္စတာ ဆတ်တီယာသီ ကတော့ ကလေးသူငယ်တွေကို အဓမ္မ အလုပ်စေခိုင်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှု အပါအဝင် ကလေးသူငယ် တွေရဲ့ အခွင့်အရေးကို အကာအကွယ် ပေးနိုင်ဖို့ ဆယ်စုနှစ်နဲ့ချီ လှုပ်ရှား လာခဲ့သူ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် အတွက် နိုဘဲလ် ငြိမ်းချမ်းရေး ဆုကို ကလေးသူငယ် တွေရဲ့ ရပိုင်ခွင့် အတွက် စည်းရုံး လှုပ်ရှားတဲ့ ပါကစ္စတန်က မာလာလာ ယူစွတ်ဇေ နဲ့ အိန္ဒိယက ကိုင်လက်ရှ် ဆတ်တီယာသီ တို့က ပူးတွဲ ဆွတ်ခူး သွားကြပါတယ်။
150310_iraq_tikrit_fighting
https://www.bbc.com/burmese/world/2015/03/150310_iraq_tikrit_fighting
ထိ​က​ရိ​မြို့​ရဲ့ နေရာ​တချို့ ပြ​န်ရ​ပြီ​လို့ အီ​ရတ်​အစိုးရပြော
အီရတ် အစိုးရနဲ့ ရှီအာ လက်နက်ကိုင် တပ်ပေါင်း စု တွေဟာ ထိကရိ မြို့က နေရာ တချို့ကို ပြန်လည် သိမ်းနိုင်ကြောင်း အီရတ် အာဏာပိုင် တွေ က ပြောပါတယ်။ ထိကရိမြို့ မြောက်ဘက် က အာလမ် ဆိုတဲ့ မြို့ကို ရှေးဦးစွာ သိမ်းခဲ့ ကြပြီးတဲ့ နောက် အခုလို ထိကရိ မြို့ ရဲ့ နယ်မြေ တချို့ ကိုပါ သိမ်းယူ လိုက်နိုင် တဲ့ ထိုးစစ် စတင် ခဲ့တာ ဖြစ်တယ် လို့ လည်း ဆိုပါတယ်။ အစိုးရတပ် ရဲ့ ထိုးစစ်ကို ဟန့်တားဖို့ IS တွေဟာ ထိကရိ မြို့ တလွှား မှာ ဖောက်ခွဲရေး ပစ္စည်းတွေ တပ်ဆင် ထားတယ် လို့ မြို့ခံတွေ ကရော အီရတ် အစိုးရ ကပါ ပြောနေ ပါတယ်။ ထိကရိ မြို့သိမ်း တိုက်ပွဲတွေဟာ IS တွေ အပေါ် အီရတ် အစိုးရ တိုက်ခိုက် ခဲ့သမျှ တွေထဲ အကြီးဆုံး ထိုးစစ် ပဲ ဖြစ်ပါတယ်။ ဒီ ထိုးစစ် တွေ မှာ အီရန် စစ်ရေး အကြံပေးတွေ ရဲ့ အကူအညီ နဲ့ ဆောင်ရွက် နေကြပြီး၊ အမေရိကန် ရဲ့ လေကြောင်းပစ်ကူ တော့ ရရှိ မနေပါဘူး။
အီရတ် အစိုးရတပ် တွေ နဲ့ ရှီအာ လက်နက်ကိုင် တပ်ပေါင်းစု တွေဟာ အစ္စလာမ်မစ် လက်နက်ကိုင် IS တွေ လက်ထဲ ကနေ ထိကရိမြို့ ရဲ့ အစိတ်အပိုင်း တချို့ ကို ပြန်လည် သိမ်းပိုက် လိုက်တယ် လို့ အီရတ် အာဏာပိုင် တွေ က ပြောပါ တယ်။
140419_uwintin_second_dialysis
https://www.bbc.com/burmese/burma/2014/04/140419_uwintin_second_dialysis
ဦးဝင်းတင် ဒုတိယ အကြိမ် ကျောက်ကပ်ဆေး
ဒေါ်အောင်ဆန်း စုကြည်နဲ့ မင်းကိုနိုင် ရောက်လာ ၃နာ ရီ နီးပါး ကြာမြင့် ပြီး ညနေ ၅ နာရီ ကျော် မှ ပြီးပါတယ်။ ကျောက်ကပ် ဆေး နေစဉ် အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ဦးဝင်းတင်ကို တတိယ အကြိမ် လာရောက် အားပေး ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် ဆေးရုံကြီး အတွင်း ပိုင်း က အထူး ကြပ်မတ် ကု သဆောင် ရှေ့ မှာတော့ ဦး ဝင်း တင် ရဲ့ ကျန်းမာရေး အခြေအနေ ကို စိုးရိမ် ကြီးစွာ နဲ့ လာရောက် နားထောင် နေကြတဲ့ နိုင်ငံ ရေး နယ် ပယ် စာပေ နယ် ပယ် က လူတွေ နဲ့ ပြည့်နှက် နေပါတယ်။ ဆရာ ကြီး ဦးဝင်း တင်မှာ ကျောက် ကပ် အပါ အဝင် အခြား ကိုယ်တွင်းအင်္ဂါ တွေမှာလည်း အားနည်းချက်တွေ ရှိ တာကြောင့် အထူး ကြပ်မတ် ကု သဆောင်မှာပဲ ထား ပြီး စောင့် ကြည့် နေပါ တယ်။ ကျောက် ကပ်ဆေးကျောမှု အပြီး ထွက်လာတဲ့ ရလဒ်တွေ ကိုဆက်လက် စစ်ဆေးပြီး ဘယ် လို ဆက်ကုသမယ် ဆိုတာ ဆရာဝန် ကြီးတွေ ဆုံးဖြတ် ကြ ဖို့ ရှိ နေပါတယ်။
ရန်ကုန် ဆေးရုံကြီးမှာ ဆေးကုသမှု ခံနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က သတင်းစာ ဆရာကြီး ဦးဝင်းတင် ဟာ ဒီကနေ့ နေ့ခင်းပိုင်း က ဒုတိယ အကြိမ် ကျောက်ကပ် ဆေးကြော ကုသမှု ခံယူ ခဲ့ပါတယ်။
in-depth-56211465
https://www.bbc.com/burmese/in-depth-56211465
အာဏာသိမ်းဖို့ငြင်းတဲ့ မဟာသီရိသုဓမ္မ ဗိုလ်လက်ျာ
ရှင်ကွဲသေကွဲတွေ ကွဲခဲ့ရတဲ့ ဗိုလ်လက်ျာတို့မိသားစု ဒီထဲမှာ တပ်ကို ပရော်ဖက်ရှင်နယ် ဆန်အောင် လုပ်ရမယ်၊ တပ်ထဲက နိုင်ငံရေးသန်သူတွေ တပ်ကထွက်ပြီး နိုင်ငံရေးလုပ်ပါ စသဖြင့် ပြောခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင်၊ တပ်ခေါင်းဆောင်တွေ ရှိခဲ့ပါတယ်။ မြန်မာတပ်ခေါင်းဆောင်တွေထဲမှာ တပ်က ထွက်ပြီး နိုင်ငံရေးထဲ ဝင်သူတွေထဲ အထင်ရှားဆုံးဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံခံခဲ့ရသလို သူ့နောက်မှာ တပ်ကထွက်ပြီး သူပုန်ဘဝနဲ့ လုပ်ကြံခံခဲ့ရတဲ့ တပ်ခေါင်းဆောင်ကတော့ ဗိုလ်လက်ျာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ တက္ကသိုလ်ကျောင်းသားခေါင်းဆောင်ဘဝ ကတည်းက အတွဲ ညီခဲ့တဲ့ ရဲဘော်တွေ ဖြစ်ကြပြီး တပ်မတော် ထူထောင်ရာမှာလည်း ဦးထမ်းပဲ့ထမ်း ကြိုးပမ်းခဲ့ကြတဲ့ ဗိသုကာခေါင်းဆောင် နှစ်ယောက် ဖြစ်ပါတယ်။ နောက်ဆုံး ဗိုလ်ချုပ်အောင်ဆန်းက သူ့လက်ထဲမှာ တပ်ကို ထားခဲ့ပေမယ့် ဗိုလ်ချုပ်လုပ်ကြံခံရပြီးနောက် ပြောင်းခဲ့တဲ့ နိုင်ငံရေး အခြေအနေတွေကြောင့်ပဲ ဗိုလ်လက်ျာ တပ်နဲ့ နိုင်ငံရေးနယ်က ထွက်ခဲ့ရပါတယ်။ မဟာသီရိသုဓမ္မဘွဲ့ယူစဉ်က ဗိုလ်လက်ျာ မဟာသီရိသုဓမ္မ ဗိုလ်လက်ျာ ဗိုလ်လက်ျာ ရှိသေးရင် ဒီနှစ် အသက် ၁၁၀ ပြည့်မှာပါ။ ဗိုလ်လက်ျာဟာ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ ခေါင်းဆောင် တယောက် ဖြစ်ခဲ့ပေမယ့် လွတ်လပ်ရေးရပြီးနောက် ခေတ်အဆက်ဆက် ချောင်ထိုးခံ ထားခဲ့ရတဲ့ သမိုင်းဇာတ်ကောင်တယောက်လည်း ဖြစ်ပါတယ်။ ၁၉၄၈ မှာ သူ အစိုးရတာဝန်တွေက အနားပေးခံရပြီးနောက်ပိုင်း စီးပွားရေးဘက် ရောက်သွားပေမယ့် နောက်ကွယ်က နိုင်ငံရေးမှာ သူ ဆက်လက် ပတ်သက်နေခဲ့ပါတယ်။ ဒီအတွက် ၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်း အထိန်းသိမ်း ခံခဲ့ရသလို ဦးနုနဲ့ တောခိုပြီးနောက်မှာ လည်း သားဖြစ်သူနဲ့အတူ ထိုင်းနယ်စပ်တနေရာမှာ သတ်ဖြတ်ခံခဲ့ရပါတယ်။ ဗိုလ်လက်ျာဘဝမှာ ထောင်အကြိမ်ကြိမ်ကျခဲ့သလို လုပ်ကြံမှု တွေလည်း ကြုံခဲ့ရပြီး နိုင်ငံရေး သစ္စာဖောက်မှုနဲ့ ဖယ်ကြဉ်မှုတွေဒဏ်ကိုလည်း ခံခဲ့ရပါတယ်။ ဒီလို လောကဓံတွေ အကြိမ်ကြိမ် ကြုံခဲ့ပေမယ့် နောက်မတွန့်တဲ့ ဗိုလ်လက်ျာဟာ သူယုံတဲ့ နိုင်ငံရေးလမ်းမှာ ခိုင်ခိုင်မာမာလျှောက်လှမ်းရင်း ဘဝဆုံးခဲ့တာ ဖြစ်ပါတယ်။ နောက် ဗိုလ်လက်ျာကို စစ်သား၊ နိုင်ငံရေးသမားအနေနဲ့ လူသိများပေမယ့် သူဟာ ထင်ရှားတဲ့ စီးပွားရေးသမားနဲ့ အနုပညာသမား စာသမား တယောက်လည်း ဖြစ်ပါတယ်။ ညစ်ပတ်ကောက်ကျစ်မှုတွေ များတယ်ဆိုတဲ့ နိုင်ငံရေးနယ်မှာ ဖြောင့်မတ်မှုကို တန်ဖိုးထားသူတယောက် အဖြစ် ဗိုလ်လက်ျာ အနှစ် လေးဆယ်ကျော် ကျင်လည်သွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းနောက်မှာ လူချစ် လူခင်များတဲ့ စစ်ခေါင်းဆောင်အဖြစ် ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်ကျော်ဇော စတဲ့ ရဲဘော်သုံးကျိပ်ခေါင်းဆောင်တွေ တွင်ကျန်ရစ်ခဲ့ ပါတယ်။ ဗိုလ်လက်ျာ၊ ဒေါက်တာလှရွှေနဲ့ ဦးမြလှိုင်တို့မိသားစု ဖျာပုံသူဌေးသား ဗိုလ်လက်ျာကို ဖျာပုံမြို့က တရုတ်ကပြား လူချမ်းသာမိဘများက ၁၉၁၁ မှာ ဖွားမြင်ပါတယ်။ သူ့မွေးချင်းတွေထဲက ၁၉၃၈ သပိတ်က ကျောင်းသား ခေါင်းဆောင် အာဏာရှင် ဒေါက်တာလှရွှေနဲ့ ပေဖူးလွှာ ဦးမြလှိုင် ဆိုတဲ့ ညီနှစ်ယောက်က နိုင်ငံရေးနယ်ပယ်မှာ ထင်ရှားသလို ဦးမြလှိုင်ရဲ့ ဇနီးတွေထဲက ရုပ်ရှင်မင်းသမီး မေရီမြင့်နဲ့ ဓာတ်ပုံဆရာမ ပတ္တမြားခင် ခေါ် ဒေါ်ခင်မကြီးတို့ကလည်း ကျော်ကြား ပါတယ်။ ဗိုလ်လက်ျာရဲ့ မရီး ဒေါက်တာ ဒေါ်ခင်မြဟာလည်း ၁၉၃၆ သပိတ်မှောက် ကျောင်းသူဖြစ်ပြီး ပညာရေးတက္ကသိုလ်မှာ ပါမောက္ခ ဖြစ်ခဲ့ ပါတယ်။ ဗိုလ်လက်ျာတို့ ညီအစ်ကို ငါးယောက်စလုံး နိုင်ငံရေးကို သူ့နည်းသူ့ဟန်နဲ့ ပါဝင်ခဲ့ကြတဲ့အတွက် ဖက်ဆစ်တော်လှန်ရေးခေတ်က သူတို့ အိမ်မှာ ထမင်းမစားဖူးတဲ့ နိုင်ငံရေး သမား မရှိဘူးလို့လည်း ပတ္တမြားခင်က အတိတ်လမ်းကို ပြန်လျှောက်ခြင်းမှာ ရေးပါတယ်။ သူတို့ ကြောင့် အိမ်သားတွေ ကင်ပေတိုင်ခေါ်စစ်တာ၊ နေလှန်းတာတွေ ကြုံရသလို အိမ်မှာလှောင်ထားတဲ့ စပါးတွေကို သားတွေက ဆင်းရဲသားတွေကို ထုတ်ပေးတာ တွေလည်း ကြုံရတယ်လို့ ဆိုပါတယ်။ သူတို့အိမ်မှာ တလ ငွေတထောင် ဝင်ငွေရှိပြီး တရက်ကုန်ကျစရိတ် နှစ်ကျပ် ပဲ ရှိတယ်၊ အဲဒီခေတ်က ရွှေဒင်္ဂါးတပြားကို ၁၃ ကျပ်ပေးရတဲ့ခေတ်မို့ ချမ်းသာတဲ့ မိသားစုတွေ ဖြစ်ကြတယ်လို့ သမီး ဒေါက်တာ ခင်လက်ျာက ဖေဖေဗိုလ်လက်ျာ စာအုပ်မှာ ရေးခဲ့ပါတယ်။ ဒီလို မိသားစုထဲက ဆင်းသက်လာတဲ့ သခင်လှဖေခေါ် ဗိုလ်လက်ျာဟာ တက္ကသိုလ်ကျောင်းသားဘဝမှာကတည်းက သမဂ္ဂခေါင်းဆောင်၊ ၁၉၃၆ သပိတ်မှောက်ခေါင်းဆောင်နဲ့ ကာလကတ္တား သခင်လှဖေဆိုပြီး ထင်ရှားခဲ့တဲ့ တို့ဗမာအစည်းအရုံး ခေါင်းဆောင်တယောက် ဖြစ်ခဲ့ ပါတယ်။ ပင်နီအမြဲဝတ်လို့ ပင်နီလှဖေလို့လည်း ထင်ရှားပါတယ်။ ဗိုလ်လက်ျာဟာ ကိုလှဖေဘဝကတည်းက ကိုအောင်ဆန်း၊ ကိုနု၊ ကိုသိန်းဖေ၊ မစ္စတာရာရှစ် စတဲ့ ကျောင်းသားခေါင်းဆောင် တွေထဲက လူတော်တယောက် အဖြစ် ထင်ရှားလာခဲ့ပါတယ်။ သပိတ်မှောက်ကျောင်းသား ကိုလှဖေ ယူနီယံဂျက်အလံမီးရှို့သူ ဒုတိယတက္ကသိုလ်ကျောင်းသားသပိတ်မှာ ကျောင်းသားတွေ သပိတ်မှောက်ရေး ခေါင်းဆောင်ဆော်သြသူတယောက်အဖြစ် ပေါ်ထွက်လာတဲ့ ကိုလှဖေဟာ ၁၉၃၇ ခုနှစ် ဧပြီလ ၁ ရက် မြန်မာပြည်ကို အိန္ဒိယက ခွဲထုတ်ပြီး အုပ်ချုပ်ရေးသစ် ပေးတဲ့နေ့မှာပဲ ဗြိတိသျှအလံနဲ့ အခြေခံဥပဒေကို သခင်ထိန်ဝင်းနဲ့အတူ တရားရုံးချုပ်ရှေ့မှာ မီးရှို့ ဆန္ဒပြသူအဖြစ် ထင်ရှားလာပါတယ်။ သူတို့ကို ဖမ်းလိုက်ရင် နာမည် သိပ်ကြီးသွားမှာစိုးလို့ ဗြိတိသျှ အာဏာပိုင် တွေက မဖမ်းခဲ့ပေမယ့် ကိုလှဖေတို့ ရှောင်တိမ်းခဲ့ရပါတယ်။ အဲဒီနောက် ကာလကတ္တားမှာ သူငယ်ချင်း ကိုသိန်းဖေခေါ် သိန်းဖေမြင့်နဲ့အတူနေပြီး ပုံနှိပ်ပညာ သင်ခဲ့သလို ကွန်မြူနစ်တွေနဲ့ အဆက်အသွယ် ရခဲ့ပါတယ်။ မြန်မာပြည် ပြန်ရောက်ပြီးနောက် တို့ဗမာအစည်းအရုံးမှာ အချိန်ပြည့် လုပ်ကိုင်ပြီး ကောလိပ်ကျောင်း ဆက်မတက်ဘဲ နေခဲ့ ပါတယ်။ အိမ်က ငွေကြေးအထောက်အပံ့လည်း မယူတဲ့အတွက် သခင်လှဖေဟာ အင်မတန် ဆင်းရဲခဲ့ပါတယ်။ ပုဆိုးတထည်ကို လဲစရာ မရှိလို့ ရက်ချီဝတ်ခဲ့ရသလို အငတ်ငတ်အပြတ်ပြတ် နေခဲ့ရပါတယ်။ ဒါတင်မက ရွှေတိဂုံဘုရားပေါ်က သခင်တွေကို ပုလိပ်တွေ ဝင်ဖမ်းတဲ့အခါ သခင်ထိပ်တင်ကိုယ်တော်ကြီး၊ သခင်အောင်ဆန်း၊ သခင်သန်းထွန်းစတဲ့ သခင်တွေနဲ့အတူ သခင်လှဖေလည်း အချုပ်ခံခဲ့ရ ပါတယ်။ နဂါးနီထုတ် ဗိုလ်လက်ျာစာအုပ် သခင်လှဖေဟာ နဂါးနီဝိုင်းတော်သား တယောက် အနေနဲ့လည်း နိုင်ငံရေးစာပေတွေ ရေးသားခဲ့ပါတယ်။ သူရေးတဲ့ ကမ္ဘာ့နိုင်ငံရေးမြေပုံ စာအုပ်ဟာ ပထဝီနိုင်ငံရေးသဘောကို မြန်မာပြည် မှာ အစောဆုံးရေးတဲ့ စာအုပ်တအုပ်လို့ သိရပါတယ်။ သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်စိုးစတဲ့ ခေါင်းဆောင်တွေနဲ့အတူ ဗမာပြည်ကွန်မြူနစ်ပါတီကို ၁၉၃၉ က တည်ထောင်သူတွေ ထဲမှာလည်း သခင်လှဖေ ပါဝင်ခဲ့ပြီး ပထမဆုံး ဘဏ္ဍာရေးမှူး ဖြစ်ခဲ့ပါတယ်။ တို့ဗမာအစည်းအရုံး ဝါဒဖြန့်ချိရေးမှူး၊ စည်းရုံးရေးမှူး စတဲ့ ရာထူးတွေကို အသက် ၂ဝ ကျော်နဲ့ ရလာခဲ့တဲ့ သခင်လှဖေဟာ သခင် အောင်ဆန်းတို့ ဂျပန်သွားရေး ကိစ္စမှာ ကြားက ချိတ်ဆက် ပေးနိုင်သူ တယောက် ဖြစ်လာခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ထိုင်းကနေ လက်နက်အကူအညီရဖို့ နှစ်ခါထွက် ကြိုးစားခဲ့ပြီး နှစ်ခါလုံး ထိုင်းမှာ အဖမ်းခံခဲ့ရပါတယ်။ သခင်အောင်ဆန်းနဲ့ သခင်လှမြိုင်တို့ တရုတ် သင်္ဘောနဲ့ ပြည်ပထွက်နိုင်ရေးမှာလည်း သူကူခဲ့သလို ငွေကြေးထောက်ပံ့ရေးအတွက်လည်း သူကူညီရာကနေ ဒေါက်တာ သိန်းမောင် ကတဆင့် ဂျပန်နဲ့ ဆက်မိတာ ဖြစ်ပါတယ်။ ပိန်လှီသော ဗိုလ်လက်ျာ သခင်အောင်ဆန်း မြန်မာပြည် ခဏပြန်လာပြီးနောက် ပထမအသုတ် ရဲဘော်သုံးကျိပ်ဝင်တွေအဖြစ် သခင်လှဖေနဲ့အတူ ဗိုလ်လရောင်နဲ့ ဗိုလ်ရန်နိုင် ဖြစ်လာမယ့် သခင်တွေ လိုက်သွားကြပါတယ်။ ဟိုင်နန်မှာ စစ်ပညာသင်ရင်း ပင်ပန်းဆင်းရဲမှုတွေကြောင့် အနေအထိုင် ပျော့ပျောင်းပြီး ခန္ဓာကိုယ် မကြံ့ခိုင်တဲ့ သခင်လှဖေ ဒဏ်ခံနိုင်ပါ့မလားလို့ ရဲဘော်တွေက ပူပန်ကြပါတယ်။ ဇွဲကြီးတဲ့ သခင်လှဖေက ဒီဒဏ်တွေကို ခံနိုင်ရုံသာမက သခင်အောင်ဆန်း၊ သခင်ထွန်းအုပ်၊ သခင်အောင်သန်းတို့နဲ့အတူ အုပ်ချုပ်ရေးသင်တန်း တက်ခဲ့ပါတယ်။ ဗိုလ်နေဝင်း၊ ဗိုလ်ဇေယျ၊ ဗိုလ်ရန်နိုင်နဲ့ ဗိုလ်ကျော်ဇော ဖြစ်လာမယ့် လေးယောက်ကိုတော့ အထူးကွပ်ကဲအုပ်ချုပ်မှု သင်စေခဲ့ပါတယ်။ ဒီသင်တန်းတွေက နောင်မြန်မာ့တပ်မတော်နဲ့ မြန်မာပြည်နိုင်ငံရေးကို ပုံဖော်ပေးခဲ့ပါတယ်။ သင်တန်းအပြီး ဘန်ကောက်မှာ ဘီအိုင်အေတပ်ဖွဲ့ဖို့ လက်မောင်းသွေးဖောက် သစ္စာဆိုချိန်မှာ လက်ဝဲသုန္ဒရကို ဂုဏ်ပြုတဲ့အနေနဲ့ လက်ျာနာမည်ကို သခင် လှဖေ ယူခဲ့ပါတယ်။ သူ့နောက်ပိုင်းဘဝမှာလည်း လက်ဝဲသုန္ဒရနည်းတူ မင်းမျက်အကြိမ်ကြိမ်သင့်ခဲ့သလို မဲဇာတောထဲ ရောက်ခဲ့ရပါတယ်။ ဂျပန်တပ်နဲ့အတူ ထားဝယ်ကြောင်းကနေ ပြည်တွင်းကို ဝင်လာတဲ့ ဗိုလ်လက်ျာဟာ ၁၉၄၂ ဇွန်လမှာပဲ ဗိုလ်အောင်ဆန်းနဲ့အတူ ဂျပန် အောက်မှာ စစ်ဦးစီး ခန့်အပ်ခံရပါတယ်။ နောက် ဗိုလ်အောင်ဆန်း ဒုတိယစစ်ဝန်ကြီး ဖြစ်ချိန်မှာ သူက စစ်ဘက် အုပ်ချုပ်ရေးမှူး ဖြစ်လာ ပါတယ်။ ဘီအိုင်အေဖျက်ပြီး ဘီဒီအေခေတ် ရောက်ချိန်မှာတော့ တပ်ကို ပျဉ်းမနားပို့ပြီး ဗိုလ်မှူးကြီးအောင်ဆန်းက သေနာပတိနဲ့ သူနဲ့ သခင်အောင်သန်းခေါ် ဗိုလ်စကြာတို့ စစ်ဦးစီးမှူးတွေ ဖြစ်လာကြပြန်ပါတယ်။ အဲဒီကတည်းက ဗိုလ်နေဝင်းဟာ စစ်ဦးစီးအမိန့်ကို မနာခံဘဲ နောင်မှာလည်း တလျှောက်လုံး ဒီအတိုင်းဖြစ်ခဲ့တယ်လို့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ တရားခံအစစ် ဘယ်သူလဲ ဆောင်းပါးအရ သိရပါတယ်။ ဆိုရှယ်လစ်တပ်မှူးကြီးတွေ ဖြစ်လာမယ့် ဗိုလ်အောင်ကြီးနဲ့ ဗိုလ်မောင်မောင်တို့ ဗိုလ်နေဝင်းကို ခေါင်းတည်ပြီး တပ်ထဲမှာ ယူနစ်အုပ်စုဖွဲ့ကြတာကလည်း ဂျပန်ခေတ်ကတည်းက ဖြစ်ပါတယ်။ မြန်မာပြည်နဲ့ တပ်သမိုင်းမှာ ရဲဘော်သုံးကျိပ်အုပ်စုနဲ့ ယူနစ်အုပ်စု အားပြိုင်ပွဲဟာ ဗကပပြိုကွဲချိန်ထိ အနှစ် ၄ဝ ကျော် ကြာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မီး မြန်မာပြည်ရောက်ခါစမှာပဲ ဖက်ဆစ်တော်လှန်ရေးအတွက် ကွန်မြူနစ်ခေါင်းဆောင်တွေနဲ့ သူတိုင်ပင်ခဲ့သလို နောက်ပိုင်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ တပ်ခေါင်းဆောင်၊ အရပ်ခေါင်းဆောင်တွေပါတဲ့ ဖက်ဆစ်တိုက်ဖျက်ရေး လှုပ်ရှားမှုတွေမှာ ဗိုလ်လက်ျာ ပင်တိုင် ပါဝင်ခဲ့ပါတယ်။ တခြားဘက်မှာတော့ မြစ်ဝကျွန်းပေါ်မှာ ဖြစ်တဲ့ ကရင် ဗမာ အဓိကရုဏ်း ပြေငြိမ်းရေးနဲ့ ကရင် တပ်မှူးတွေ ဘီအန်အေမှာ ပါဝင်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်းတို့နဲ့အတူ သူကြိုးစားခဲ့ပါတယ်။ ဗိုလ်မှူးချုပ် ဖြစ်လာမယ့် စောဟန်ဆန်ကြာဒိုးနဲ့ သူ ဂျပန်ခေတ်ကတည်းက ရင်းနှီးခဲ့ကြပြီး တောခိုပြီး ဗိုလ်လက်ျာ လုပ်ကြံခံရချိန်ထိ သူတို့ လက်တွဲခဲ့ ကြပါ တယ်။ စစ်အတွင်း စစ်ပန်းချီဌာနဖွဲ့စည်းပြီး စစ်တံဆိပ်ပုံစံ ရေးဆွဲရေးတွေ လုပ်ခဲ့တဲ့အပြင် တော်လှန်ရေး မော်ကွန်းဝင် ပန်းချီကားတွေကိုလည်း ရွှေတောင်၊ ရွှေကျင်၊ ထားဝယ် စတဲ့ တိုက်ပွဲဖြစ်ခဲ့ရာနေရာတွေထိ သွားပြီး ဦးငွေကိုင်၊ ဦးခင်မောင် စတဲ့ ပညာရှင်တွေကို လေ့လာ ရေးဆွဲ စေခဲ့ပါတယ်။ သပြေခက်နဲ့ ဗန္ဓုလခမောက်တံဆိပ်တွေကို ဗိုလ်လက်ျာကိုယ်တိုင် ဆွဲခဲ့တယ်လို့လည်း သိရပါတယ်။ စစ်ပြီးစ မျိုးချစ်ဗမာ့တပ်မတော်မှာ ဗိုလ်လက်ျာ ဒုတိယစစ်သေနာပတိ ဖြစ်လာပြီး ဖတပလဖွဲ့ချိန်မှာလည်း ဗိုလ်မှူးကြီးလက်ျာနဲ့ နေဝင်း တို့ ဦးစီးအဖွဲ့ဝင်တွေအဖြစ် ဗိုလ်ချုပ်နဲ့အတူ ပါဝင်ခဲ့ကြပါတယ်။ နောက် ဗိုလ်ချုပ် တပ်ကထွက်ချိန်မှာ ဗိုလ်လက်ျာကို ဒုတိယ တပ်မတော် စစ်ဆေးရေး အရာရှိအဖြစ် ဗိုလ်မှူးချုပ် ကေသောမတ်စ်အောက်မှာ ထားခဲ့ပါတယ်။ ဗိုလ်ချုပ် လုပ်ကြံခံရပြီးနောက် ကာကွယ်ရေး ဝန်ကြီး ဖြစ်လာပြီး လွတ်လပ်ရေးရချိန်မှာတော့ ဒုတိယဝန်ကြီးချုပ်တာဝန်ကိုပါ ဗိုလ်မှူးချုပ် တာဝန်နဲ့အတူ ယူခဲ့ရပါတယ်။ မြန်မာပြည် ကာကွယ်ရေးအတွက် လက်ျာ-ဖရီးမင်းစာချုပ်ကိုလည်း လက်မှတ်ထိုးခဲ့ပြီး ဗြိတိသျှစစ်မစ်ရှင် သုံးနှစ်ဆက်ထားပြီး အကူအညီယူဖို့ သဘောတူခဲ့ပါတယ်။ တကယ်က ဂျပန်အောက်မှာ ဘီအိုင်အေ၊ ဘီဒီအေတပ်တွေကို ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့ရပြီး ဗြိတိသျှ အောက်က လူမျိုးစုတပ်တွေနဲ့ ဂျပန်ချန်ခဲ့တဲ့ မြန်မာတပ်တွေပေါင်းပြီး တပ်မတော်သစ်ဖွဲ့ဖို့ ဗိုလ်လက်ျာ တာဝန်ယူခဲ့ရပါတယ်။ နု -အက်တလီ စာချုပ်ချုပ်စဉ်က သခင်နုနံဘေးက ဗိုလ်လက်ျာ ဆိုရှယ်လစ်တို့ရန်သူတော် ဗိုလ်လက်ျာဟာ ရဲဘော်သုံးကျိပ်ဝင်တွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းမရှိတဲ့နောက် ဝါအရင့်ဆုံးဖြစ်လာတဲ့အတွက် ဆိုရှယ်လစ်အုပ်စုက လိုလားတဲ့ ဗိုလ်နေဝင်းနဲ့ အပြိုင် ဖြစ်လာပါတယ်။ နောက် တပ်ကို နိုင်ငံရေးကင်းတဲ့ တပ်ဖြစ်အောင် သူကြိုးစားတဲ့အတွက် ဘီအိုင်အေ၊ ဘီဒီအေ ကတည်းက ပါလာတဲ့ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ် မြန်မာတပ်မှူးတွေနဲ့ သူကွာဟလာပါတယ်။ ဗြိတိသျှတပ်က ပါလာတဲ့ ကရင်နဲ့ တခြား လူမျိုးစုတပ်တွေ၊ တပ်မှူးတွေကို သူက ပိုပစားပေးတယ်ဆိုတဲ့ အမြင်လည်း မြန်မာစစ်ဗိုလ်တွေကြားမှာ ရှိလာပါတယ်။ ဗိုလ်နေဝင်း၊ ဗိုလ်လက်ျာကတော်နဲ့ ဗိုလ်လက်ျာ ဒါကြောင့် ပြည်တွင်းစစ်အစမှာ သူနဲ့တကွ ကရင်တပ်မှူးတွေ၊ ဗြိတိသျှလိုလားတဲ့ အရာရှိကြီးတွေကို ဖယ်ရှားဖို့ ဆိုရှယ်လစ်ဘက်က ကြိုးစားခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးရာထူးက ထွက်ပြီး ကွန်မြူနစ်တွေကို တိုက်နေတဲ့ ဂုဏ်ထူးဆောင် ဗိုလ်မှူးချုပ်တင်ထွဋ် လုပ်ကြံ ခံရသလို ဗိုလ်လက်ျာနဲ့ လွတ်လပ်ပြီးခေတ် ပထမဆုံး စစ်ဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်းကို သတ်ဖို့ ကြိုးစားတာတွေလည်း ရှိလာပါတယ်။ သူ့ကို အာဏာသိမ်းဖို့ တိုက်တွန်းတဲ့ ရဲဘော်သုံးကျိပ် ဝင်တွေနဲ့ ဖဆပလ ခေါင်းဆောင်တွေ ရှိပေမယ့်လည်း တိုင်းပြည်နာမှာ စိုးတဲ့ အတွက် မသိမ်းခဲ့ဘူးလို့ သမီးဖြစ်သူ ဒေါက်တာ ခင်လက်ျာက ဖေဖေဗိုလ်လက်ျာစာအုပ်မှာ ရေးပါတယ်။ ၁၉၄၉ ဇန်နဝါရီလကုန်မှာ ကရင်ပုန်ကန်မှုအကြီးအကျယ်ဖြစ်ပြီး ကရင်တပ်တွေ တောခို ပြီးနောက် စမစ်ဒွန်းနဲ့အတူ ကရင်စစ်ဗိုလ်တွေ အနားပေးခံရပြီး ဗိုလ်လက်ျာ လည်း အနားယူခဲ့ရပါတယ်။ သောင်းကျန်းမှုနှိမ်နင်းရေး တပ်ထွက်စဉ် ဒေါက်တာမောင်မောင် စတဲ့ ဗိုလ်နေဝင်းရဲ့ တပ်ရင်း ၄ ပါ စစ်အရာရှိတွေကတော့ ဗိုလ်လက်ျာဟာ တပ်သားတွေနဲ့ လက်ပွန်းတတီး မနေဘူး၊ ကိန်းခန်းကြီးတယ်၊ ယူနီဖောင်းစမတ်ကျတဲ့ အင်္ဂလိပ်တပ်က လူတွေကိုပဲ ပိုအထင်ကြီးတယ် စသဖြင့် ရေးပါတယ်။ ဗိုလ်နေဝင်း ကတော့ တပ်သားတွေကို ချစ်ခင်ဂရုစိုက်တယ် ဆိုတဲ့ ပုံဖော်မှုမျိုးကို သားမောင်စစ်သည်သို့လို စာအုပ်တွေမှာ ရေးပြီး စစ်အစိုးရခေတ် အဆက်ဆက်မှာ ဗိုလ်လက်ျာကို ချိုးနှိမ်ခဲ့ကြပါတယ်။ နောက် ဗိုလ်လက်ျာနဲ့ ကရင်တွေ၊ ဗြိတိသျှအလိုတော်ရိတွေဘက်က လက်ဝဲသမား တွေကို ဖယ်ရှားပြီး ဗမာတပ်တွေကို လက်နက်ဖြုတ်ဖို့ လုပ်လာတယ်။ ဒါကို ကာကွယ်ဖို့ လက်ဝဲညီညွတ်ရေးတည်ဆောက်မယ်ဆိုပြီး ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်တွေ ကြိုးစားပေမယ့် မအောင်မြင်ဘဲ ကွန်မြူနစ်ဘက်ယိမ်းတဲ့ တပ်မတော်ထဲက ဗိုလ်ဇေယျနဲ့ ဗိုလ်ရဲထွဋ် တပ်တွေ တောခိုကုန်တယ်ဆိုပြီး သိန်းဖေမြင့်က ကျော်ငြိမ်း စာအုပ်မှာ ရေးပါတယ်။ သိန်းဖေမြင့်ဟာ ဗိုလ်လက်ျာရဲ့ သူငယ်ချင်း ဖြစ်ပေမယ့် အာဏာသိမ်းဖို့ ဗိုလ်နေဝင်း ကို ၁၉၄၈ လက်ဝဲညီညွတ်ရေး ကောင်စီမှာ ကတည်းက တိုက်တွန်း ခဲ့ပါတယ်။ ဗိုလ်နေဝင်းက အာဏာသိမ်းရေးမှာ ပါမလာဘဲ ဗိုလ်လက်ျာနဲ့ စမစ်ဒွန်းမရှိတဲ့နောက် စစ်ဦးစီးချုပ်၊ ကာကွယ်ရေး၊ ပြည်ထဲရေး ဝန်ကြီးနဲ့ ဒုဝန်ကြီးချုပ် ရာထူးတွေ ဆက်ခံခဲ့ပါတယ်။ ဂျပန်ရောက် ဗိုလ်လက်ျာ (လယ်) ပင်လယ်ငါးနဲ့ သီရိလက်ျာ နိုင်ငံရေးက ထွက်နေပေမယ့် ဗိုလ်လက်ျာဟာ နိုင်ငံစီးပွားရေးနဲ့ ပြည်သူတွေ သာယာဝပြောရေးအတွက် စမ်းသပ်ချက်တွေ လုပ်ပါတယ်။ သူ့ရဲ့ မုတ္တမကုမ္ပဏီကနေ ဂျပန်အကူအညီနဲ့ ပင်လယ်ငါးတွေ ဖမ်းပြီး ရောင်းပါတယ်။ ခေတ်မီသူတိုင်း ပင်လယ်ငါး စားသည် ဆိုတဲ့ ဦးသိန်းဖေမြင့်ရဲ့ ကြော်ငြာက နာမည်ကြီးခဲ့ပေမယ့် သူ့ငါးတွေကတော့ အရှုံးပေါ်ခဲ့ပါတယ်။ ကုန်းတွင်းက မြန်မာတွေ ပင်လယ်ငါး စားတတ်အောင် သူကြိုးစားခဲ့သလို တောင်ပေါ်မှာ မြေရိုင်းတွေ ထွန်ယက်စိုက်ပျိုးဖို့လည်း သူ့ရဲ့ သီရိလက်ျာကုမ္ပဏီက ကြံစည်ခဲ့ပါတယ်။ ဒီအကြံအစည်တွေကို လူတွေသိအောင် ရေးပြသူကတော့ သူ့မိတ်ဆွေရင်း ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ ကျန်ရစ်သူ မုဆိုးမ ဂျာနယ်ကျော် မမလေး ဖြစ်ပါတယ်။ မမလေးရဲ့ ဟင်းချိုမ၊ သီရိလက်ျာတောင်မြေ စတဲ့ ဆောင်းပါးတွေဟာ ဗိုလ်လက်ျာရဲ့ စီးပွားရေး စိတ်ကူးတွေကို အနုပညာနဲ့ မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်လက်ျာဟာ စစ်ဗိုလ်ချုပ်က ဖြစ်လဲပြီး ငါးရွဲကြီး ဖြစ်လာသလို ပုဂ္ဂလိကဆေးရုံတွေ ဆောက်ဖို့၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့ ၊ ဂျပန်နဲ့ ဖက်စပ်ပြီး သိမ်ကြီးစျေးမှာ အဆင့်မြင့်ကုန်တိုက်ကြီး ဖွင့်ဖို့ထိ သူ ရည်သန်ခဲ့ပါတယ်။ ပြည်သူပိုင် သိမ်းခံရပြီးနောက် သူ့ကုမ္ပဏီတွေအပြင် စီမံကိန်း စာရွက်စာတမ်းတွေကို အစိုးရက သိမ်းသွားခဲ့ပါတယ်။ ဗိုလ်လက်ျာရဲ့ လှေနာဝါ ဗိုလ်လက်ျာဟာ စီးပွားရေးတင်မက အနုပညာဘက်မှာလည်း ပန်းချီပြပွဲတွေ ကျင်းပနိုင်အောင် ၊ ကမ္ဘာစစ်ဖြစ်ကတည်းက ပိတ်သွားရတဲ့ ပန်းချီကျောင်း ပြန်ဖွင့်နိုင်အောင် ဝိုင်းဝန်းခဲ့ရုံမက သူကိုယ်တိုင်လည်း ပန်းချီဆွဲခဲ့ပါတယ်။ သူ့တပည့် အမ်တင်အေးလောက် နာမည်မကြီးခဲ့ ပေမယ့် နိုင်ငံရေး ခယောင်းလမ်းနဲ့ နရသိန်ကနေ သူရေးဆွဲခဲ့တဲ့ ပန်းချီလက်ရာတွေကတော့ ခေတ်ပြယုဂ်အဖြစ် ကျန်ရစ်ခဲ့ပါတယ်။ ဗိုလ်လက်ျာဟာ ဆယ်တန်းမှာ ပုံဆွဲပညာ ဂုဏ်ထူးနဲ့ အောင်ခဲ့တဲ့ ထူးချွန်ကျောင်းသားလည်း ဖြစ်ပါတယ်။ သခင်ကိုယ်တော်မှိုင်းနဲ့ တပည့်ရင်းများ အဖမ်းအဆီးနဲ့ ခြိမ်းခြောက်မှုများ နိုင်ငံရေးက ခွာနေတယ်ဆိုပေမယ့် ၁၉၅၇ မှာ ကွန်မြူနစ်နဲ့ ဦးနုအစိုးရကြား စေ့စပ်ရေးအတွက် မောင်စူးစမ်းခေါ် ရဲဘော်တင်ရွှေကို ခေါ်လာသူက ဗိုလ်လက်ျာ ဖြစ်ပါတယ်။ ၁၉၄၈ ကွန်မြူနစ်တွေ တောမခိုခင်ကလည်း စေ့စပ်ပေးဖို့ သူနဲ့ ဗိုလ်ဖိုးကွန်း၊ ဆမားဒူးဝါး စတဲ့ ကြားလူတွေ တာဝန်ယူခဲ့ဖူးပါတယ်။ ကွန်မြူနစ်တွေဘက်က အတွေ့မခံတာဆိုသလို တွေ့တာနဲ့ ဖမ်းဖို့ အစိုးရဘက်က ပြင်ထားလို့ မတွေ့တာလို့လည်း ကွန်မြူနစ်တွေဘက်က ရေးပါတယ်။ ဗိုလ်လက်ျာရဲ့ စေ့စပ်ရေးနှစ်ခုလုံး မအောင်မြင်ခဲ့ပါဘူး။ နောက် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အိမ်စောင့်အစိုးရလက်ထက်မှာ ဗိုလ်လက်ျာပိုင် ဂင်္ဂါဘောဂ ငါးဖမ်းသင်္ဘောကို အမှုဆင် သိမ်းခံရလို့ သူ့အမေက တရားလိုလုပ်စွဲဆိုရာမှာ အနိုင်ရပေမယ့် သင်္ဘောကို အစိုးရက ရောင်းပစ်ခဲ့တယ်လို့ သမီးဖြစ်သူက ရေးပါတယ်။ ၁၉၆၂ တော်လှန်ရေး အစိုးရတက်လာချိန်မှာတော့ သူ့ကို ပြည်ထောင်စုဘဏ်ဥက္ကဋ္ဌ လုပ်ဖို့ ကမ်းလှမ်းပေမယ့် ဘဏ်ဒါရိုက်တာပဲ လုပ်ခဲ့ပါတယ်။ သံအမတ် အဖြစ် ပြည်ပပို့ဖို့ စစ်အစိုးရသစ်က ကမ်းလှမ်းတာကို ဗိုလ်လက်ျာ ငြင်းခဲ့ပြီးနောက် အဖမ်းခံရနိုင်တဲ့အတွက် သူ ရွှေ့ပြောင်း ပုန်းအောင်းရပါတယ်။ တောင်ကြီးနားက ခြံကိုသွားတဲ့ကားလမ်းမှာ သူ့ကို ချောက်ထဲကျအောင် ကားနဲ့ လိုက်လုပ်ကြံဖို့ ကြိုးစားတာလည်း ရှိခဲ့တယ်လို့ ဒေါ်ခင်လက်ျာက ဆိုပါတယ်။ နောက် အဖမ်းခံရချိန်မှာတော့ သူနဲ့ ဆက်စပ်ပြီး သူ့ကို ဝှက်ပေးခဲ့တဲ့ ဂျာနယ်ကျော် မမလေးတို့ ဇနီးမောင်နှံနဲ့ သူတို့မိတ်ဆွေ ဒေါ်စုစုတို့ သားအမိပါ ဖမ်းဆီးခံရပါတယ်။ အင်းစိန်ထောင်မှာ ၁၉၆၃ ကနေ ၁၉၆၈ ထိ ထိန်းသိမ်းပြီးနောက် ပြန်လွှတ်ပေးချိန်မှာတော့ ဗိုလ်လက်ျာ အိန္ဒိယကို ဆေးကုသွားရင်း ပြန်မလာတော့ဘဲ ဦးနုနဲ့ ပူးပေါင်းပြီး တောခိုခဲ့ပါတယ်။ သူအထိန်းသိမ်းခံရစဉ်အတွင်း ကျန်ခဲ့တဲ့ မိသားစုကို စောင့်ကြည့်တာ၊ သမီးကြီး ဆေးတက္ကသိုလ်တက်မယ့်ကိစ္စမှာ အာဏာပိုင်တွေက ခြိမ်းခြောက်တာတွေ လုပ်ခဲ့သလို တဦးတည်းသောသား အောင်လက်ျာကိုလည်း တနှစ်ခွဲကြာ ဖမ်းဆီးခဲ့ပါတယ်။ ဒီအတွက် သူတောခိုတဲ့နောက်ကို သားဖြစ်သူ လိုက်လာခဲ့ပါတယ်။ သမီးငယ် ယုလက်ျာ အကျဉ်းထောင်အတွင်း နေရတဲ့ နှစ်တွေမှာ ဗိုလ်လက်ျာကို ထောင်စောင့်တွေက မိုက်မိုက်ရိုင်းရိုင်း ပြောဆိုတာတွေလုပ်လို့ ထောင်ကျဘက် ဗိုလ်မှူးကြီး ကြည်မောင်က ဝင်ပြောရပါတယ်။ သူ ဘယ်တော့မှ ချည်နှောင်တာကို မခံဘူးလို့ ထောင်က ထွက်လာတဲ့ ဗိုလ်လက်ျာက သမီးငယ်ကို ပြောတယ်လို့လည်း သိရပါတယ်။ ထပ်အဖမ်းမခံလိုတော့တဲ့ ၅၈ နှစ်အရွယ်မှာ ဗိုလ်လက်ျာ လက်နက်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပုံ ရပါတယ်။ နယ်စပ်တနေရာက ဗိုလ်လက်ျာနဲ့ ဗိုလ်မှူးချုပ်ဟောင်း စောကြာဒိုး အမိမြေမှာ ခေါင်းမချရသူ ဦးနုရဲ့ ပီဒီပီ ခေါ် ပါလီမန်ဒီမိုကရေစီပါတီ လှုပ်ရှားမှုဟာ စစ်အစိုးရကို လက်နက်ကိုင် ဆန့်ကျင်တဲ့ မြန်မာနိုင်ငံရေးသမားတွေရဲ့ ပုန်ကန်မှု ဖြစ်ပြီး ကရင်၊ မွန်၊ ရှမ်း၊ ကိုးကန့်စတဲ့ လူမျိုးစု လက်နက်ကိုင်တွေနဲ့ မဟာမိတ်ဖွဲ့ဖို့ ကြိုးစားခဲ့ပါတယ်။ အမေရိကန်နဲ့ တခြားနိုင်ငံတွေဆီက လက်နက် ရန်ပုံငွေကောက်ခံခဲ့သလို ဗိုလ်လက်ျာ၊ စောကြာဒိုး၊ တီကလစ် စတဲ့ ဗိုလ်မှူးချုပ်ဟောင်းတွေ ကိုယ်တိုင် လေ့ကျင့် ခေါင်းဆောင် ပေးခဲ့ကြတဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ ဒီတော်လှန်ရေးကို လက်နက်ကိုင်အတွေ့အကြုံမရှိတဲ့ ဦးနုခေါင်းဆောင်တာ ဖြစ်ပြီး ခေါင်းဆောင်ကနေ အောက်ခြေပိုင်းထိ ကွပ်ကဲမှု အပိုင်းမှာလည်း အားနည်းချက်တွေ ရှိပါတယ်။ ရန်ပုံငွေကလည်း တဖြည်းဖြည်း ပြတ်တောက်လာပြီး အိမ်ရှင် ထိုင်းအစိုးရကလည်း ငြူစူလာတဲ့အတွက် နောက်ပိုင်းမှာ အရှိန်လျော့လာပါတယ်။ ကမ္ဘာ့နိုင်ငံရေးအခြေအနေကလည်း တရုတ်နဲ့ အမေရိကန် သံတမန် အဆက်အသွယ် ပြန်ရှိလာတဲ့အပြင် ဒေသတွင်း ဖြစ်နေတဲ့ အင်ဒိုချိုင်းနား စစ်ပွဲကလည်း ချုပ်ငြိမ်းပြီး ကမ်ပူးချားမှာ ခမာနီ တက်လာတဲ့ အတွက် ထိုင်းအရှေ့နယ်စပ်မှာ ဒုက္ခသည်တွေ အများအပြား ဝင်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံရေးမှာလည်း ကွန်မြူနစ်ပုန်ကန်မှု ကြီးထွား လာပြီး စစ်အစိုးရ ပြန်တက်လာတဲ့အတွက် နယ်စပ်မှာ ရှိတဲ့ မြန်မာသူပုန်တွေကို အာရုံစိုက်မှု နည်းလာပါတယ်။ ဒီအခြေအနေမှာ ဗိုလ်လက်ျာ၊ ဗိုလ်ရန်နိုင်၊ ဗိုလ်မှူးအောင်နဲ့ စောကြာဒိုးတို့လို့ အသက် ခြောက်ဆယ်ကျော် စစ်ဗိုလ်ဟောင်းတွေရဲ့ ခေါင်းဆောင်မှုနဲ့ ရဲဘော် သုံးကျိပ်ခေတ်ကလို အောင်မြင်မှုတွေ ပြန်ရဖို့ကလည်း မဖြစ်နိုင်သလောက် ရှိလာပါတယ်။ ပြည်တွင်းမှာလည်း ဦးနေ၀င်း အစိုးရရဲ့ ချုပ်ကိုင်မှုက လျော့ကျမသွားဘဲ ပြည်မက ကွန်မြူနစ်နဲ့ ကရင်လက်နက်ကိုင်တပ်တွေကိုလည်း ဖြတ်လေးဖြတ် စစ်ဆင်ရေးတွေနဲ့ တိုက်ထုတ် ခြေမှုန်းထားပါတယ်။ ဦးနု၊ ဦးလောရုံ စတဲ့ ဒီလှုပ်ရှားမှုကို စတင်ခဲ့သူတချို့ တခြားနိုင်ငံတွေကို ထွက်သွား ကြပြီးနောက် ကျန်ခဲ့တဲ့ ဗိုလ်လက်ျာက ပြည်ချစ် ဥက္ကဋ္ဌ ဖြစ်လာပြီး ကျားကန်အသက်ဆက်နေရတဲ့ အခြေအနေ ရောက်လာပါတယ်။ ထိုင်းနယ်စပ်က အောင်လက်ျာ နောက်ပိုင်း သူနေတဲ့ တနင်္သာရီနယ်စပ်က ကြယ်ဝါစခန်းနားမှာ သစ်မွှေးပင်တွေ ရှိလို့ စခန်းကို လိုချင်သူတွေ ရှိလာတယ်လို့ ဒေါက်တာ ခင်လက်ျာက ရေးပါတယ်။ တကယ်တော့ သူ့ဘေးစခန်းမှာ နေသူက သူ့မရီး ပညာရေးပါမောက္ခရဲ့ သမက် ဒေါက်တာ မန်းမြင့်ဆိုင် ဖြစ်ပါ တယ်။ အာဇာနည် မန်းဘခိုင်ရဲ့တူနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း မန်းဘဆိုင်ရဲ့သားလည်း ဖြစ်တဲ့ မန်းမြင့်ဆိုင်ဟာ ဗိုလ်လက်ျာတို့ သားအဖကို လုပ်ကြံရာမှာ ပါတယ်လို့ ဗိုလ်လက်ျာ မိသားစုက စွပ်စွဲပြီး မန်းမြင့်ဆိုင်ဘက်ကလည်း ငြင်းဆိုပါတယ်။ အောင်လက်ျာကားကို သေနတ်နဲ့ပစ် လုပ်ကြံခံရပြီးနောက် တူမဖြစ်သူက ဗိုလ်လက်ျာကို ကနေဒါလိုက်ခဲ့ဖို့ ခေါ်ရာမှာ တပည့်တွေ ထားခဲ့ ပြီး ကိုယ်လွတ်ရုန်း မလိုက်ချင်ဘူးလို့ ဗိုလ်လက်ျာက ငြင်းပါတယ်။ စောကြာဒိုးသွားခေါ်တော့လည်း အလားတူငြင်းလိုက်ပါတယ်။ အဲဒီ နောက် သူ့စခန်းကို ကေအန်ယူတပ်တွေ ဝင်တိုက်ပြီး ဗိုလ်လက်ျာနဲ့ တပည့်တချို့ ကျဆုံးခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီးဘဝ ဗိုလ်လက်ျာ ၁၉၇၆ နဲ့ ၁၉၇၈ နှစ်ကာလတွေအတွင်း အောင်လက်ျာနဲ့ ဗိုလ်လက်ျာတို့ သားအဖ ထိုင်းနယ်စပ် ပရာကျွတ်ဘက်မှာ ကေအန်ယူ ရွှေဆိုင်း တပ်နဲ့ တခြားလက်နက်ကိုင်တွေရဲ့ လုပ်ကြံသတ်ဖြတ်ခံရမှုဟာ ၁၈ ရာစုက အလောင်းဘုရားရဲ့ ရဲဘက်တော် ဗိုလ်တွန် သတ်ဖြတ် ခံရပုံနဲ့ သွားဆင်နေပါတယ်။ ဗိုလ်တွန်ဟာ အလောင်းဘုရားရဲ့ လူယုံဖြစ်ပေမယ့် သားတော် မြေဒူးမင်းနဲ့ မသင့်မြတ်ရာကနေ သူပုန်ဖြစ်ပြီး အသက်ဆုံးခဲ့ရပါတယ်။ ဗိုလ်လက်ျာဟာလည်း ဗိုလ်ချုပ် အောင်ဆန်းရဲ့ ရဲမက်အရင်း ဖြစ်ပေမယ့် အောင်ဆန်းအလွန် ကာလမှာ သူ့ကို ဆက်ခံသူတွေကြား ဖြစ်တဲ့ ပဋိပက္ခမှာ ဖယ်ရှားခံရပြီး နောက်ဆုံး တိုင်းတပါးမှာ အသက်ဆုံးခဲ့ရပါတယ်။ ဗိုလ်လက်ျာရဲ့ ရုပ်အလောင်း မြှုပ်နှံရာကို ခုထိ ရှာလို့မရသေးသလို သူမျှော်လင့်ခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေး ရည်မှန်းချက်တွေကို နောက်အစိုးရတွေ ဘယ်လောက် ဖော်ဆောင်နိုင်ပြီလဲ ဆိုတာကလည်း စဥ်းစားစရာ ဖြစ်ပါ တယ်။ ထိုင်းမှာကျန်ခဲ့တဲ့ ဗိုလ်လက်ျာရဲ့ ထိုင်းမြန်မာကပြား မြေးယောက်ျားလေးလည်း ဘယ်ရောက်နေသလဲ သေချာ မသိရ ဖြစ်နေပါတယ်။
မြန်မာနိုင်ငံသမိုင်းမှာ စစ်အုပ်စိုးမှုနဲ့ တစိတ်တပိုင်း အုပ်ချုပ်မှုက အနှစ် ၆ဝ ကျော် ရှိခဲ့ပြီး စစ်ခေါင်းဆောင် လေးယောက် ပြောင်းလဲအုပ်ချုပ်ခဲ့တာကို တွေ့ရပါတယ်။ ဗြိတိသျှအုပ်ချုပ်ရေးက မိတ်ဆက်ပေးခဲ့တဲ့ ဒီမိုကရေစီစနစ် မြန်မာပြည်မှာ မအောင်မြင်ဘဲ စစ်တပ်ကြီးစိုးခဲ့တာဟာ ဘုရင်သတ်ရင် ဘုရင်ဖြစ်တယ် ဆိုတဲ့ သက်ဦးဆံပိုင်စနစ် အမြစ်မပြတ်သေးလို့လို့ ဆိုကြသလို ပြည်တွင်းစစ်ကြောင့် တပ်သြဇာပိုကြီးလာတယ်၊ အရပ်သားခေါင်းဆောင်တွေ နိုင်ငံကို မကိုင်တွယ်နိုင်လို့ တပ်က ဝင်သိမ်းသွားတယ်၊ တပ်က နိုင်ငံရေး ဆန်နေလို့ အာဏာသိမ်းပွဲတွေ ဖြစ်ခဲ့တယ် စတဲ့ တွေးဆချက်တွေ ရှိခဲ့ပါတယ်။
131006_syria
https://www.bbc.com/burmese/world/2013/10/131006_syria
ဓါတုလက်နက် ဖျက်သိမ်းရေး စတင်
ကုလသဂ္ဂကနဲ့ ကျွမ်းကျင်သူတွေ ဝင်ရောက်စစ်ဆေး ကုလသမဂ္ဂနဲ့ ဓါတုလက်နက် တားဆီးရေး အဖွဲ့တို့ ပူးပေါင်းပြီး ဓါတုလက်နက် ရှာဖွေဖျက်ဆီးရေးနဲ့ ဆီးရီးယား နိုင်ငံအတွင်းက ဓါတုလက်နက်စက်ရုံတွေ ဖော်ထုတ်ရေးတွေကို ဆောင်ရွက် နေကြတာဖြစ်ပါတယ်။ ဒုံးကျည်ဖူးတွေ ဗုံးတွေနဲ့ ဓါတုလက်နက် ထုတ်လုပ်ရေး ပစ္စည်းတွေကို ဖျက်ဆီးဖို့ အတွက် ယန္တရားကြီးတွေကို သုံးစွဲမယ်လို့ ဆိုပါတယ်။ ဆီးရီးယား သမ္မတ ဘာရှားအယ်လ် အာဆတ်က ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို သဘောတူခဲ့ပြီးနောက်မှာ အခုလို ဓါတုလက်နက် ဖျက်သိမ်းရေး အဖွဲ့ဆီးရီးယားကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ သြဂုတ်လ ၂၁ ရက်က ဒမတ်ဆကတ်မှာ ဓါတုလက်နက် အသုံးပြုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်မှာ ကုလသမဂ္ဂဆုံးဖြတ်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
ဆီးရီးယား ဓါတုလက်နက်တွေနဲ့ လက်နက်ထုတ် စက်ရုံတွေကို ဖျက်ဆီးရေး အတွက် နိုင်ငံတကာ လက်နက် ဖျက်သိမ်းရေး အရာရှိတွေက စတင် ဆောင်ရွက်နေကြပါပြီ။
150711_dawei_maungmagan_land_grab
https://www.bbc.com/burmese/burma/2015/07/150711_dawei_maungmagan_land_grab
သစ်တော​ကြိုး​ဝိုင်း​ကို ဖျက်​ပြီး ကုမ္ပဏီ​လက်​ထဲ အပ်​နေ
ရွာခံ တွေ အစဉ် အဆက် အသုံးပြု ခဲ့တဲ့ စားကျက် မြေ တွေ အပါအဝင် ရွာခံ တွေ မှီခို ရှာဖွေ စားသောက် နိုင်ခဲ့တဲ့ သီဟိုဠ် တောကြီး ကွယ် ပျောက် ခဲ့ ရပြီး ဖြစ်။ ကုမ္ပဏီ အနေ နဲ့ ရွာ အကျိုး ဘာ မှ ဆောင်ရွက် ပဲ မြေယာ လက်ဦးမှု ရယူ ပြီး သိမ်း ခဲ့တာ မျိုး ဖြစ်တဲ့ အတွက် ရွာခံ တွေ အစဉ် အဆက် အသုံးပြု ခဲ့တဲ့ စားကျက် မြေ တွေ အပါအဝင် ရွာခံ တွေ မှီခို ရှာဖွေ စားသောက် နိုင်ခဲ့တဲ့ သီဟိုဠ် တောကြီး ကွယ် ပျောက် ခဲ့ ရပြီး ဖြစ်တယ် လို့ မောင်းမကန် ရွာသား တစ်ဦး ဖြစ်တဲ့ ဦးထွန်းကြည် က ဘီဘီစီ ကို ပြောပါတယ်။ ဧက ၅၀၀ လောက် စုစု ပေါင်း ရှိ ခဲ့တဲ့ အထဲ က ဧက ၃၅၀ ကျော် ကို သိမ်းယူ ခဲ့ ပြီး တဲ့ အပြင် နောက် ကျန် နေသေး တဲ့ မြေ တွေ ကို ပါသိမ်း ယူ ဖို့ ပြင်ဆင် လာ လို့ ရွာသား ၇၅၀ ကျော် စုပေါင်း လက်မှတ် ထိုးပြီး တနင်္သာရီ တိုင်း ဒေသကြီး ရဲ့ ဝန်ကြီး ချုပ် အပါအဝင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း အသီးသီး ဆီ ကို စာ ပို့ ထားတယ် လို့ လည်း ဦးထွန်းကြည် က ဆိုပါတယ်။ ရှိ နှင့် ပြီး သစ်တော ကြိုးဝိုင်း ကို ဖျက် ပြီး အနှစ်ရာ ချီ ရှိလာခဲ့တဲ့ မောင်းမကန် ရွာ ကိုတော့ ကြိုးပြင်ကာကွယ်တော ဆိုပြီး ဘောင်တွေ ခတ် လိုက် တယ် လို့ လည်း ဦးထွန်း ကြည် က ပြောပါတယ်။ ရယူ ထားပြီး သား မြေ တွေ ပေါ် မှာလည်း DDPC ကုမ္ပဏီ အနေနဲ့ ဘယ်လို စီးပွားရေး လုပ်ငန်း မျိုး ကို မှ အကောင် အထည် မဖော် ဘူး လို့လည်း ဦးထွန်းကြည် က ဆို ပါတယ်။ ရွာခံ တွေ ရဲ့ ကန့်ကွက် စာ ပို့ ခဲ့တဲ့ အပေါ် မှာ အာဏာပိုင် တွေ ဘက် က ဘယ်လို မှ တုန့်ပြန် ဆောင် ရွက် တာမျိုး တွေ မလုပ် သေး ဘူး လို့ သိရပါတယ်။
တနင်္သာရီတိုင်း ထားဝယ် မြို့နယ် မောင်းမကန် ရွာ နား က ဧက ရာနဲ့ ချီတဲ့ သစ်တော ကြိုးဝိုင်း ကို အာဏာပိုင် တွေ က ပယ်ဖျက် ပြီး ထားဝယ် ဖွံ့ဖြိုး တိုးတက်ရေး အများ ပိုင် ကုမ္ပဏီ လီမိတက် DDPC ဆိုတဲ့ ပုဂ္ဂလိက ကုမ္မဏီ ကို လွှဲ ပေး ခဲ့ တာ နဲ့ ပတ်သက်ပြီး ဒေသခံ ရွာ သား တွေ က မကျေမနပ် ဖြစ်နေကြ ပါတယ်။
140624_ukraine_ceasefire_russia
https://www.bbc.com/burmese/world/2014/06/140624_ukraine_ceasefire_russia
ယူကရိန်း ငြိမ်းချမ်းရေး ပထမဆုံး ခြေလှမ်း
အစိုးရတပ်တွေ မဆုတ်သရွေ့ လက်နက် ကိုင်နေဦးမယ်လို့ သူပုန်တွေ ပြော ဒါဟာ ယူကရိန်း ငြိမ်းချမ်းရေး အစီအစဉ်ကို ကူညီဖို့ ရုရှရဲ့ လက်တွေ့ လုပ်ဆောင်တဲ့ ပထမဆုံး ခြေလှမ်းဖြစ်တယ်လို့ ယူကရိန်း သမ္မတ ပိုရိုရှန်ကိုက ပြောပါတယ်။ အစောပိုင်းကတော့ ယူကရိန်း အရှေ့ပိုင်းက ခွဲထွက်ရေး သမားတွေနဲ့ အစိုးရကြား ၄ ရက်ကြာ အပစ်အခတ် ရပ်စဲရေး ကိစ္စနဲ့ ပတ်သက်ပြီး အိုဘားမားနဲ့ ပူတင်တို့ ဖုန်းကနေ စကားပြောခဲ့ပါသေးတယ်။ ဒီအစီအစဉ်ကို ရုရှက ကူညီ ဆောင်ရွက်ပေးဖို့ အိုဘားမားက ဖုန်းဆက် ပြောခဲ့တာလို့ အိမ်ဖြူတော်က ကြေညာပါတယ်။ ရုရှ လက်နက်တွေ ယူကရိန်း အရှေ့ပိုင်းကို ဝင်ရောက်နေတာတွေ ရပ်သွားဖို့လဲ အမေရိကန် ဘက်က တောင်းဆိုခဲ့ပါတယ်။
ယူကရိန်း အရေးမှာ ရုရှစစ်တပ်ကို စစ်ရေးအရ ပါဝင်ခွင့် ပေးထားတာကို ပြန်လည် ရုပ်သိမ်းဖို့ ရုရှသမ္မတ ပူတင်က ပါလီမန်ကို ပြောလိုက်ပါတယ်။
150616_yemen_al_qaeda_cheif_killed
https://www.bbc.com/burmese/world/2015/06/150616_yemen_al_qaeda_cheif_killed
ယီမင်က အယ်လ်ခိုင်ဒါ အဖွဲ့ခွဲ ခေါင်းဆောင် သေဆုံး
အိုစမာ ဘင်လာဒါရဲ့ ကိုယ်ရေး အတွင်းရေးမှူး ဖြစ်ခဲ့သူ နက်ဆာ အယ် ဝူဟေရှီ။ ယီမင် တောင်ပိုင်းက မူကယ်လာ ဆိပ်ကမ်းမြို့မှာ ဒရုန်း ခေါ် လူမဲ့ အဝေးထိန်း လေယာဉ်နဲ့ တိုက်ခိုက် ခံရမှုမှာ နက်ဆာ အယ် ဝူဟေရှီ နဲ့ အတူ နောက် နှစ်ယောက်လည်း သေဆုံး သွားခဲ့တယ်လို့ အင်တာနက်မှာ ပေါ်ထွက်လာတဲ့ ဗီဒီယိုမှာ ပြောပါတယ်။ နက်ဆာ အယ် ဝူဟေရှီ ဟာ သေဆုံးသွားပြီ ဖြစ်တဲ့ အယ်ကိုင်းဒါး ခေါင်းဆောင် အိုစမာ ဘင်လာဒါရဲ့ ကိုယ်ရေး အတွင်းရေးမှူး ဖြစ်ခဲ့ဖူးပြီး အယ်လ်ခိုင်ဒါရဲ့ ဒုတိယ ခေါင်းဆောင်အဖြစ် သတ်မှတ် ခံထားရသူပါ။ အမေရိကန်တို့ကို တိုက်ခိုက်တဲ့ အစီအစဉ် အတော်များများကို သူ့ရဲ့ အာရေဗျ ကျွန်းဆွယ် အယ်လ်ခိုင်ဒါ အဖွဲ့ခွဲ AQAP က လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြင်သစ်နိုင်ငံ ပဲရစ် မြို့က ရှာလီ အက်ဘ်ဒိုး ဂျာနယ်တိုက်ကို တိုက်ခိုက် ခဲ့မှုဟာလည်း သူတို့ လက်ချက် ဖြစ်ပါတယ်။ မကြာသေးခင် လတွေ အတွင်း အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် AQAP ရဲ့ ထိပ်တန်း ခေါင်းဆောင် ၄ ယောက် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
ယီမင် နိုင်ငံမှာ အယ်လ်ခိုင်ဒါရဲ့ အာရေဗျ ကျွန်းဆွယ် အဖွဲ့ခွဲ ခေါင်းဆောင် Nasser al-Wuhayshi ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံး ခဲ့တယ်လို့ အဲဒီ အဖွဲ့ခွဲက အတည်ပြုပါတယ်။
140106_iraq
https://www.bbc.com/burmese/world/2014/01/140106_iraq
ဖလူဂျာမြို့ကို စစ်သွေးကြွတွေ ထိန်းချုပ်ဆဲ
ဖလူဂျာမြို့ကို ထိန်းချုပ်ထားတဲ့ စစ်သွေးကြွတွေ။ အဲဒီစစ်သွေးကြွတွေဟာ အဲလ်ခိုင်ဒါးနဲ့ ဆက်နွယ် နေသူတွေဖြစ်ပြီး အဲဒီ ဖလူဂျာမြို့ကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ မစ္စတာ မာလိကီက သူ့အဆို ဒီ အကြမ်းဖက်သမားတွေကို လူထုက မောင်းထုတ်မယ် ဆိုရင် အစိုးရဘက်ကလည်း စစ်သွေးကြွေတွေကို အစွမ်းကုန် တိုက်ထုတ်သွားမယ်လို့ ပြောပါတယ်။ အီရတ် အစိုးရက အဲဒီမြို့ကို လေကြောင်းက တိုက်ခိုက်မှုတွေနဲ့ အမြောက်နဲ့ ပစ်ခတ်တာတွေ လုပ်နေပြီး တိုက်ပွဲတွေကလည်း ဆက်လက် ဖြစ်ပွားနေတာကြောင့် ထောင်နဲ့ချီတဲ့ လူတွေဟာ ဖလူဂျာ မြို့ကနေ ထွက်ပြေးလာခဲ့ကြပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အီရတ်နိုင်ငံ ဖလူဂျာ မြို့က နေထိုင်သူတွေ အနေနဲ့ မြို့မှာ ဝင်ရောက် နေတဲ့ စစ်သွေးကြွတွေကို မောင်းထုတ်ကြဖို့ အီရတ် ဝန်ကြီးချုပ် နိုရီ အဲလ် မာလိကီက တိုက်တွန်းလိုက်ပါတယ်။
in-depth-46594111
https://www.bbc.com/burmese/in-depth-46594111
အမျိုးချင်းယူလို့ ကလေးတွေသေသလား၊ မျိုးဗီဇနီးစပ်လို့ ဖြစ်တတ်တဲ့ရောဂါဆန်းများ
ရူဘာဘီဘီက ငယ်ငယ်လေးနဲ့ အိမ်ထောင်ပြုချင်သူ မဟုတ်ပါဘူး။ ဗြိတိသျှ အထက်တန်း စာမေးပွဲကို ပြီးအောင် ဖြေပြီး တက္ကသိုလ် သွားချင်သူပါ။ ဒါပေမဲ့ သူ အထက်တန်းကျောင်းမပြီးခင်မှာပဲ သူ့မိဘတွေက ဆာကိမာမွတ်နဲ့ လက်ထပ်ဖို့ စီစဉ်ပါတယ်။ ပါကစ္စတန်က သူ့အစ်ကိုဝမ်းကွဲပါ။ ဘရက်ဖို့ဒ်မှာ မွေးပြီး ကြီးပြင်းလာတဲ့ ရူဘာဟာ ပါကစ္စတန်ကို မင်္ဂလာမဆောင်ခင်မှာ နှစ်ခါပဲ ရောက်ဖူးပါတယ်။ လေးနှစ်နဲ့ ၁၂ နှစ်သမီးအရွယ်ကပါ။ သူနဲ့စေ့စပ်ထားတဲ့ အမျိုးသားကို သူသေချာမမှတ်မိသလို တခါမှလည်း ကောင်းကောင်း စကားမပြောဖူးပါဘူး။ အဲဒီလူက ၂၇ နှစ်ရှိပြီး ကားမောင်းပါတယ်။ သူကတော့ ၁၇ နှစ်သမီးပါ။ "ကျွန်မ တအားရှက်တတ်တယ်၊ ယောက်ျားလေးတွေကိုလည်း စိတ်မကစားဖူးဘူး၊ စကားလည်း အများကြီး ပြောတတ်တာ မဟုတ်ဘူး။ အမေတို့ကို ကျွန်မ ကျောင်းပြီးအောင် တက်ပါရစေ၊ စောင့်ပါအုံးလို့ ပြောသေးတယ်၊ သူတို့ကလည်း မရဘူး"လို့ ရူဘာက ဆိုပါတယ်။ ပါကစ္စတန်မှာ မင်္ဂလာဆောင်ပြီး သုံးလနေတော့ သူကိုယ်ဝန်ရပါတယ်။ နောက်နှစ်လအကြာမှာ ဘရက်ဖို့ဒ်ကို ပြန်လာပြီး မွေးပါတယ်။ ကလေး အစောကြီးရတာကို ကြောက်ပေမယ့် ပျော်ပါတယ်။ သူတို့သား ဟာဆမ်ကို ၂ဝဝ၇ မှာ မွေးတော့ အားလုံးအဆင်ပြေကြောင်း ယောက်ျားကို ဖုန်းဆက်ပြောမိပါတယ်။ ဒါပေမဲ့ ကလေးက တအားအိပ်ပါတယ်။ အစားကျွေးရတာလည်း ခက်ပါတယ်။ "ကျွန်မက ဒါကို ပုံမှန်လို့ ထင်မိတာ" လို့ ရူဘာ ဆိုပါတယ်။ ထပ်တွေ့တာတွေက နောက်ရက်တော်တော်ကြာတော့ ကလေးသွားပြတဲ့အခါ ကလေးတင်ပါးက တောင့်နေတယ်လို့ ဆရာဝန်မက ပြောပါတယ်။ "ဒါကို နောက်ဆရာဝန်နဲ့ ထပ်လွှဲပေးမယ် ပြောတော့ ကျွန်မက အသေးအမွှားပဲ ထင်မိတာ ၊ သူတို့ဆေးစစ်တာတွေ လုပ်ပြီးတော့ ကလေးဆောင်မှာ ရလဒ်လာယူဖို့ ခေါ်ပါတယ် " လို့ ရူဘာက ပြောပါတယ်။ "ကျွန်မသွားတော့ ဆရာဝန်က သတင်းဆိုးကို ပြောပြပါတယ်။ ကလေးဖြစ်တဲ့အခြေအနေက သိပ်ရှားတယ်လို့လည်း ဆိုပါတယ်။ ကျွန်မတော့ ငိုပဲ နေမိပါတယ်။ ပါကစ္စတန်က ယောက်ျားဆီ ဆက်တော့ သူက စိတ်အေးအေးထားဖို့ ချော့ပါတယ်။ လူတိုင်းမှာ ပြဿနာတွေ ရှိတာမို့ ကျွန်မတို့လည်း အတူတူဖြတ်ကျော်ဖို့ပဲလို့ သူကဆိုပါတယ်" ရူဘာဟာ သူတို့လင်မယားနှစ်ယောက်စလုံးမှာ အိုင်ဆဲလ်ကို ဖိနှိပ်တဲ့မျိုးဗီဇပါလာတာကို မသိရှာပါဘူး။ ဒီရောဂါကြောင့် ကလေး ကြီးထွားဖို့ ခက်တာကိုလည်း မစဉ်းစားနိုင်ပါဘူး။ နောက် ခုနစ်လနေမှ ဆာကိ ဗီဇာရပြီး ဗြိတိန်ကို လိုက်လာနိုင်ပါတယ်။ ကလေးကိုလည်း ပထမဆုံးအကြိမ် တွေ့ရပါတယ်။ "ကလေးက ပုံမှန်လိုပါပဲလို့ သူကပြောတယ်၊ ကလေးက ထိုင်လည်းမထိုင်နိုင်သလို ဝမ်းလျားလည်း မမှောက်နိုင်ဘူး၊ ဒါပေမဲ့ တချို့ကလေးတွေက နှေးတတ်တယ်လို့ ကျွန်မယောက်ျားက ပြောတယ် " လို့ ရူဘာက ဆိုတယ်။ ဒါပေမဲ့ သူ့သားနဲ့ တခြားရွယ်တူကလေးတွေ မတူတာကို ရူဘာ မြင်နိုင်ပါတယ်။ ကလေးက အဆုတ်အအေးမိပြီး ဆေးရုံတက်လိုက်ဆင်းလိုက် ဖြစ်နေတာပါ။ သူ့ခေါင်းကလည်း အရွယ်နဲ့မလိုက်အောင် ကြီးလာပါတယ်။ နောက်ကလေး အလီရှဘာကို ၂ဝ၁ဝ မှာ မွေးတော့ ဒီကလေးမှာလည်း အိုင်ဆဲလ် ရောဂါ ပါလာတယ်ဆိုတာကို ချက်ချင်း သိရပါတယ်။ ဒီသမီးလေးကတော့ သုံးနှစ်မှာ သေသွားပါတယ်။ သူ့အစ်ကိုသေပြီး နောက်တနှစ်မှာပါ။ နောက်တတိယ ကိုယ်ဝန် မရခင်မှာ ရူဘာက လိဒ်ဆေးရုံက မွတ်ဆလင်တရားဟောဆရာနဲ့ တွေ့ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ စစ်ဆေးတာတွေလုပ်ပြီး အိုင်ဆဲလ်ရောဂါရှိတာတွေ့လို့ ကလေးကို ဖျက်ချရင် ဘာသာရေးအရ အပြစ်ရှိမရှိ သိချင်တာပါ။ ဒါကို လက်ခံနိုင်စရာရှိတယ်လို့ ဘာသာရေးဆရာက ပြောပါတယ်။ ဒါပေမဲ့ သေချာ ထပ်စဉ်းစားဖို့လည်း သူ့ကို ပြောပါတယ်။ "ကလေးက ချက်ချင်းမသေတောင် နောက်မှာ သေမယ်ဆိုရင်တော့ ဒါပဲ ရှိတော့တာပေါ့၊ ဒါကြောင့် တမန်တော်ရဲ့ ဆုံးမချက်တွေနဲ့အညီ ဒီဝိညာဉ် ဒီခန္ဓာထဲ ဝင်မလာခင်မှာ ဖျက်ချလိုက်ဖို့ အကြောင်းပြချက် ခိုင်လုံသွားတာပေါ့" လို့ ဘာသာရေးဆရာက ပြောပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ဖို့ အချက်ပြလို့တော့ မလုပ်သင့်ဘူးလို့လည်း ဆရာက သတိပေးပါတယ်။ မဟုတ်ရင် ရူဘာတသက်လုံး ဒီလိုသတ်မိတာကို တွေးနေမိမှာလို့လည်း ဆိုပါတယ်။ နောက်ပြီး သူတို့မွတ်ဆလင်အသိုင်းအဝိုင်းမှာ ဒါကို လက်မခံမယ့်သူတွေလည်း ရှိမှာမို့ ထည့်စဉ်းစားဖို့လည်း ရူဘာကို အကြံပြုပါတယ်။ ဘရတ်ဖို့ဒ်မွေးသူများ ရူဘာက ဒီကလေးကို သတ်မပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တတိယကလေး အင်နရာကို ၂ဝ၁၅ မှာမွေးတော့ ဆရာဝန်တွေ အခါခါပြောတဲ့ကြားက ဆေးစစ်ဖို့ ရူဘာ ငြင်းပါတယ်။ "ဒါကို ရိုးရိုးကိုယ်ဝန်လိုပဲ သဘောထားစေချင်တယ်၊ ခေါင်းထဲမှာ ဘာသံသယမှ မထားချင်ဘူး၊ ကလေးကို ဖျက်ချမှာလည်း မဟုတ်ဘူး " လို့ ရူဘာက ဆိုပါတယ်။ "ဒီကလေးလည်း နေမကောင်းတာတွေ ဖြစ်လာနိုင်တယ်လို့ ပြောတော့ ကျွန်မယောက်ျားက ကိစ္စမရှိဘူးလို့ ပြောတယ်၊ ကျွန်မစိတ်ထဲ သံသယတွေ တအားများနေတယ် ထင်မိတယ် " ဒါပေမဲ့ ဒီကလေးလည်းပဲ အိုင်ဆဲလ်ပုံမမှန်တဲ့ ရောဂါနဲ့ မွေးလာပါတယ်။ "ကလေးကို တွေ့တော့ သိလိုက်ပြီ " လို့ ရူဘာ ဆိုတယ်။ " ကျန်းမာတဲ့ ကလေးတကယ်လိုချင်လို့ ကလေးတွေ ယူခဲ့ရတာပါ။ ဒါကြောင့် စိတ်ဆင်းရဲမိတယ်၊ ဒီသမီးလေးလည်း ဘယ်လိုဝေဒနာတွေ ခံစားရအုံးမယ်မသိဘူး၊ ယောက်ျားကတော့ ပျော်နေတယ်" ဒီကလေးလည်း နှစ်နှစ်သမီးမှာဆုံးပါတယ်။ အဆုတ်အအေးမိပြီး တအားဆိုးလာလို့ ဘရတ်ဖို့ဒ်ကနေ ယော့ဆေးရုံကို ခေါ်သွားရပါတယ်။ "ယော့က ဆရာဝန်တွေ ကြိုးစားပေမယ့် ကလေးက ကောင်းမလာဘူး၊ နောက်ဆုံးသေတဲ့အထိ အိပ်ဆေးတွေ ပေးထားရတယ်၊ တချိန်လုံး သူ့ကို ကျွန်မလက်ထဲ ပွေ့ထားရတာ" ကလေးသုံးယောက်သေပြီး ကလေးခြောက်ခါပျက်ကျတဲ့ ဒုက္ခကို ဘယ်လိုစဉ်းစားရမှန်း မသိဘူးလို့ ရူဘာပြောပါတယ်။ နောက်ဆုံးတခါ ပျက်ကျတာက အငယ်ဆုံးကလေး သေပြီး ရက်ပိုင်းအတွင်းမှာပါ။ ဒီတခါသေမှပဲ သူတို့ဝမ်းကွဲချင်း ယူတာနဲ့ ကလေးတွေသေတာ ဆက်စပ်မှု ရှိတယ် ဆိုတာ ရူဘာ လက်ခံလာပါတယ်။ ဆေးရုံမှာ တခြားကလေးတွေ နေမကောင်းတာတွေ့ခဲ့ပေမယ့် ဒီကလေးတွေ အားလုံးက ဝမ်းကွဲချင်း ယူပြီး မွေးတာ မဟုတ်ဘူးဆိုတာ ရှင်းတယ်လေ။ တချို့ဆို လူဖြူကလေးတွေပါ။ ဒါကြောင့် သူတို့ဝမ်းကွဲချင်းယူတာနဲ့ ကလေး နေမကောင်းတာ ဆက်စပ်တယ် ဆိုတာ အစက လက်မခံခဲ့တာပါ။ "ယောက်ျားက ခုထိ မယုံသေးဘူး" လို့ ရူဘာက ပြောပါတယ်။ "ကျွန်မကတော့ သုံးခါဖြစ်တာမို့ ဆရာဝန်တွေပြောတာ မှန်ရမယ် ဆိုပြီး လက်ခံလာတယ်" ဆွေမျိုးချင်းလက်ထပ် နောက်ဆုံးသမီးလေး သေပြီးတဲ့နောက် နှစ်ဘက်ဆွေမျိုးတွေက သူတို့ကလေး ကျန်းကျန်းမာမာရဖို့ မလွယ်ဘူးလို့ စဉ်းစားမိကြပြီး အေးအေးချမ်းချမ်းနဲ့ ကွဲကြဖို့ ကောင်းပြီလို့ ပြောကြပါတယ်။ ဒါမှ နှစ်ယောက်လုံး ပြန်လက်ထပ်ပြီး ကလေးယူနိုင်မှာလို့ ဆိုကြပါတယ်။ "ကျွန်မတို့ နှစ်ယောက်လုံးက လက်မခံပါဘူး" လို့ ရူဘာ ဆိုပါတယ်။ "ဘုရားက ကလေးတွေ ပေးမယ်ဆိုရင် ပေးမှာပါ လို့ ကျွန်မ ယောက်ျားက ပြောပါတယ်။ ဘုရားက သူ့အတွက် ကျန်းမာတဲ့ ကလေးတွေလည်း ပေးနိုင်တယ်လို့လည်း ဆိုတယ်။ ဒါကြောင့် ကျွန်မတို့ အိမ်ထောင်ထပ်ပြုမှာ မဟုတ်ဘဲ ထပ်ကြိုးစားကြမှာပါ" အစပိုင်းက လက်မထပ်ခဲ့ချင်ပေမယ့် ၁ဝနှစ်ကြာလာတော့ ကွဲဖို့လည်း ရူဘာမှာ စိတ်ကူးမရှိပါဘူး။ "တခြားယောက်ျားတယောက်နဲ့ ကလေးရတော့ကော သူနဲ့ရတာနဲ့ တူမလား၊ ကလေးရပေမယ့် အိမ်ထောင်ရေးက မပျော်ရရင် ဘယ်လိုလုပ်မလဲ။ ကျွန်မ ကလေးတွေကိုလည်း အဖေမစုံဘဲ မကြီးစေချင်ဘူး" သူတို့အတွက် အခုဘာများ လုပ်စရာ ကျန်သေးသလဲ။ သန္ဓေသားကို ရောဂါမပါအောင် စစ်ဆေးပြီး ဖန်ပြွန်နည်းနဲ့ ကလေးယူတာကတော့ ဖြစ်နိုင်ခြေ တခုပါ။ ဒါကို သူ့ယောက်ျားက သိပ်စိတ်မပါပါဘူး။ "အလ္လာပေးမှာကို ယူရမှာပဲလို့ ဆာကိက ဆိုတယ်၊ ဒီလို နေမကောင်းတဲ့ကလေးပဲ ရမယ်ဆိုရင်လည်း ယူရမှာပဲ" လို့ ရူဘာက ပြောတယ်။ ရူဘာက ဖန်ပြွန်နည်းကို စမ်းချင်ပေမယ့် စောင့်ရမယ့်အချိန်က ကြာပါတယ်။ ဒီလိုကြာနေရင် သဘာဝနည်းနဲ့ပဲ မြန်မြန်ယူဖို့ စဉ်းစားမိလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။ ယောက်ျား လုပ်နေတဲ့ ပေါင်မုန့်ဆိုင်ကနေ ခွင့်ယူပြီး ဆရာဝန်နဲ့တွေ့ဖို့ကလည်း ခက်ပါတယ်။ နောက်ပြီး ဆာကိက အင်္ဂလိပ်လို သိပ်မပြောတတ်ပါဘူး။ "သူက ဘာမှနားမလည်ဘဲ ထိုင်နေရတာ၊ ကျွန်မ ကြိုက်သလို ဆုံးဖြတ်လို့ပဲ သူက ပြောတယ် "လို့ ရူဘာက ဆိုပါတယ်။ "ပထမတခါ ကလေးမှာ ရောဂါရှိတာကို သိတော့ စိတ်က မခံစားနိုင်ပေမယ့် သုံးခါဆိုတော့ မပြောတတ်တော့ဘူး၊ ကလေး ခံစားရတာတွေ တွေ့တော့လည်း မတရားဘူး ထင်တယ်လေ" သူတို့ ဇနီးမောင်နှံ ဖြစ်တာတွေကြောင့် ရူဘာ့မောင် အလှည့်ကျတော့ ဝမ်းကွဲချင်း လက်ထပ်ဖို့ ကိစ္စကို ပယ်ချပါတယ်။ "ဒီဒုက္ခတွေကို တခါမှ မစဉ်းစားမိခဲ့ဘူး၊ ဒီလို မိသားစုထဲမှာ ပြန်ယူတာကို မှားတယ်လည်း မထင်ခဲ့မိဘူး၊ အခု ကျွန်မဖြစ်တာတွေ မြင်ပြီး အမျိုးတွေလည်း စဉ်းစားလာကြပြီ" လို့ ရူဘာက ဆိုပါတယ်။ "အရင်ဆယ်နှစ်တုန်းက မိဘတွေ ပြောတာကို လုပ်ခဲ့တာ၊ အခုကျတော့ ကျွန်မ ဝမ်းကွဲတွေ ရွေးခွင့်ရလာပြီ၊ ငြင်းလာကြပြီ၊ လူငယ်တွေခေတ်မှာ မကြိုက်ရင် ပြောရဲလာပြီ" အခု သူ့မှာ အားပေးမယ့် မိဘတွေအပြင် ဘာသာရေးအရလည်း အားကိုးရှိပါတယ်။ " ဘုရားက လူတယောက် ဒုက္ခခံနိုင်သလောက်သာ ပေးတာပါ။ တချို့လူတွေမှာ ကျန်းမာတဲ့ကလေးတွေ မွေးပေမယ့် ကြီးလာရင် ဒုက္ခပေးတာတွေ ရှိတယ်လေ၊ ဒီတော့ ဘုရားရဲ့ စမ်းသပ်နည်းတွေက မတူဘူးပေါ့ " လို့ ရူဘာက ဆိုတယ်။ "ဒီဘဝမှာတော့ ကျွန်မက ကံမကောင်းဆုံးပဲ၊ နောက်ဘဝကျရင်တော့ ကံအကောင်းဆုံး ဖြစ်မှာပါ။ ဘာကြောင့်လဲ ဆိုတော့ ဒီအပြစ်ကင်းတဲ့ ကလေးတွေက ကျွန်မကို ကူကြမှာလေ၊ ကျွန်မ သူတို့နဲ့အတူ နေမှာပေါ့"
ရူဘာနဲ့ ဆာကိတို့ နှစ်ယောက်လုံးမှာ ကုလို့မရတဲ့ ရောဂါတမျိုးကို သယ်ဆောင်လာတဲ့ မျိုးဗီဇတခု ပါလာပါတယ်။ ဒါကြောင့် သူတို့က မွေးတဲ့ ကလေးတွေမှာ စောစောစီးစီး သေနိုင်တဲ့ အကြောင်းက ၂၅ ရာခိုင်နှုန်း ရှိပါတယ်။ အခု သူတို့ ကလေး သုံးယောက် သေဆုံးခဲ့ပါတယ်။ ရူဘာက ဖန်ပြွန်သန္ဓေသားကို ယူပြီး ကျန်းမာတဲ့ ကလေးကို မွေးချင်ပါတယ်။ ဆာကိကတော့ အလ္လာကိုပဲ ယုံကြည်သူပါ။ တချို့ အမျိုးတွေကတော့ သူတို့ကို ကွာရှင်းပြီး နောက်ထပ် ပြန်လက်ထပ်စေချင်ပါတယ်။
131104_rakhine_protest
https://www.bbc.com/burmese/burma/2013/11/131104_rakhine_protest
စစ်တွေဒေသခံများက INGOs တွေကို ဆန္ဒပြ
ဒေသတွင်းက INGO တွေဟာ ဒေသခံ ရခိုင်လူမျိုးတွေကို ခွဲခြားဆက်ဆံပြီး မွတ်ဆလင်တွေဖက်က ဘက်လိုက်ဆောင်ရွက်နေတဲ့အတွက် သူတို့ကို ယခုလို ဆန္ဒပြတာ ဖြစ်တယ်လို့ စစ်တွေမှာ နေထိုင်တဲ့ ရခိုင်လူမျိုးတစ်ယောက်က ပြောခဲ့ပါတယ်။ ရခိုင်ပြည်နယ် ဆင်တက်မှော် မွတ်ဆလင် ဒုက္ခသည်စခန်း အနီးမှာ ထင်းခုတ်ရာကနေ စဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှူတွေမှာ မွတ်ဆလင်ဖက်က သေဆုံးသူ သုံးယောက်နဲ့ ရခိုင်လူမျိုး သေဆုံးသူ တစ်ယောက် ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားခဲ့ပါတယ်။ မွတ်ဆလင် သေဆုံးသူတွေထဲက တစ်ယောက်ဟာ လုံခြုံရေး တပ်ဖွဲ့၀င်တွေက ပစ်ခတ်နှိမ်နင်းခဲ့တာကြောင့် ပွဲခြင်းပြီး သေဆုံးခဲ့ရတာဖြစ်ကြောင်း ဒုက္ခသည်စခန်းက မွတ်ဆလင်တစ်ဦးက ပြောခဲ့ပါတယ်။ နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှူတွေ ဖြစ်ပွါးခဲ့တဲ့ နေရာတွေမှာ လုံခြုံရေး တိုးမြင့်ထားပြီး လောလောဆယ်မှာတော့ အားလုံး ငြိမ်သက် အေးဆေးနေတယ် လို့ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။ နှစ်ဖက် အသိုင်းအဝိုင်း ကြားမှာတော့ အခြေအနေတွေ တော်တော်လေး တင်းမာနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရခိုင်လူမျိုးတွေနဲ့ မွတ်ဆလင်တွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ ဒဏ်ရာရရှိသူ မွတ်ဆလင်တွေကို ဆေးကုသပေးခဲ့တဲ့ နိုင်ငံတကာ INGOs တွေကို ကန့်ကွက်ကြောင်း စစ်တွေဆေးရုံရှေ့မှာ ရခိုင်မြို့ခံတွေက နိုဝင်ဘာလ ၃ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
150118_pope_philippines
https://www.bbc.com/burmese/world/2015/01/150118_pope_philippines
ဖိလစ်ပိုင်မှာ လူ ၆ သန်းကို ပုပ် တွေ့ဆုံ
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြ စုစုပေါင်း လူ ၆ သန်းလောက် လာကြတယ်လို့ မြို့အာဏာပိုင်တွေက ခန့်မှန်းပါတယ်။ ဒါဟာဆိုရင် ၁၉၉၅ တုန်းက ဖိလစ်ပိုင်ကို ဒုတိယမြောက် ပုပ် ဂျွန်ပေါလ် လာပြီးကတည်းက လူအများဆုံး လာရောက်တဲ့ ပုပ်ရဟန်းမင်းကြီးတစ်ပါးရဲ့ တွေ့ဆုံပွဲလည်း ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ ယာဉ်ဖြတ်သွားတဲ့အချိန်မှာ လူတွေက မိုးရွာနေတဲ့ကြားကပဲ ခရစ်ယန်သီချင်းတွေဆိုပြီး လက်ပြ နှုတ်ဆက်ခဲ့ကြပါတယ်။ မရှိဆင်းရဲသားတွေအပေါ် ဂရုဏာထားပြီး အာရုံပိုစိုက်တဲ့ ပုပ်ရဟန်းမင်းကြီးအပေါ် ဖိလစ်ပိုင်နိုင်ငံသားတွေက အတော်လေးစားကြည်ညိုကြတယ်လို့ ဖိလစ်ပိုင်က ဘီဘီစီသတင်းထောက်က ပြောပါတယ်။ ဖိလစ်ပိုင် လူဦးရေ သန်း ၁၀၀ လောက်မှာ ရိုမန်ကက်သလစ်ဘာသာဝင် သန်း ၈၀ လောက်ရှိပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အာရှခရီးစဉ်နောက်ဆုံးနေ့အဖြစ် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ သန်းနဲ့ချီတဲ့ လူစုလူဝေးကြီးကို တွေ့ဆုံစကားပြောခဲ့ပါတယ်။
140623_ukraine_peace
https://www.bbc.com/burmese/world/2014/06/140623_ukraine_peace
ရုရှားလိုလားတဲ့ သူပုန်တွေ အပစ်ရပ်ဖို့သဘောတူ
သူပုန်အဖွဲ့ခေါင်းဆောင် ဘရွန်ဒိုင် ကိယက်မှာရှိတဲ့ အစိုးရကြေညာချက်အပေါ်ရုရှားသမ္မတ ပူတင်က သတိနဲ့ကြိုဆိုလိုက်ပါတယ်။ အဲဒီအစီအစဉ်မှာ ဗဟိုက အာဏာချုပ်ကိုင်မှု လျှော့ချရေး ရွေးကောက်ပွဲစောကျင်းပဖို့နဲ့ ယူကရိန်းရုရှားနယ်စပ်မှာ ၆မိုင် ကြားခံဇုံ တည်ထောင်ရေးတို့ပါဝင်ပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေ နိုင်ငံအရှေ့ပိုင်းက မဆုတ်သရွေ့ လက်နက်ချမှာ မဟုတ်ဘူးလို့သူပုန်တွေကပြောပါတယ်။ စစ်သွေးကြွတွေဟာ ဒေါညက်နဲ့ လူဟန့်ခ်ရှိအရေးပါတဲ့အဆောက်အအုံတွေကို သိမ်းထားတုန်းဖြစ်ပါတယ်။ ယူကရိန်းအရှေ့ပိုင်းမှာ ကြီးထွားလာနေတဲ့ စစ်ပွဲတွေပြီးဆုံးရေးအတွက် အပစ်ရပ်ရေး ကြေညာတာဟာ ပထမခြေလှမ်းဖြစ်ပြီး သိသာတဲ့တိုးတက်မှုဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် အတားအဆီးတွေတော့ရှိပါတယ်။ ဥရောပအရာရှိတွေက ယူကရိန်းနဲ့ အမေရိကန်တို့ပြောတဲ့အသံအတိုင်း ရုရှားဟာလက်နက်ကိုင်တွေကို သူတို့နယ်ဘက် ဖြတ်ခွင့်ပြုနေတယ်လို့စွပ်စွဲပါတယ်။ ရုရှားသမ္မတကတော့ပရိုရှန်ကိုအနေနဲ့သူပုန်တွေနဲ့တိုက်ရိုက်ညှိဖို့ပြောနေပါတယ်။ အကြမ်းဖက်သမားတွေနဲ့မညှိဘူးလို့သူကတုံ့ပြန်နေပါတယ်။ သောကြာနေ့ကျရင်ပြန်တိုက်နိုင်ကြပေမယ့် အခုအချိန်မှာတော့ သတ်ဖြတ်မှုတွေ ရပ်ဆိုင်းပြီး ၂ဖက်ကြား ရှေ့လှမ်းဖို့အသက်ရှုခွင့်ရတာကိုက အောင်မြင်မှုဖြစ်တယ်လို့ ကိယက်မှ ဘီဘီစီသတင်းထောက် ဒေးဗစ်စတန်းကပြောသွားပါတယ်။
ကိယက်မှာရှိတဲ့ယူကရိန်းအစိုးရကို ဆန့်ကျင်နေတဲ့Donestk ပြည်သူ့သမ္မတနိုင်ငံလို့နာမည်တပ်ထားတဲ့ အဖွဲ့ခေါင်းဆောင် အယ်လက်ဇန္ဒာ ဘရိုဒိုင်က အပစ်အခတ်ရပ်စဲရေးကို ကြေညာပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က ယူကရိန်း သမ္မတသစ် ပက်ထရိုပရိုရှင်ကို က အချက်၁၅ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်နဲ့ တပတ်အပစ်ရပ်ဖို့ကြေညာပါတယ်။ ပဏာမ ဆွေးနွေးပွဲတက်ပြီးတဲ့နောက် ဘရိုဒိုင်အခုလို ပြောလိုက်တာဖြစ်ပါတယ်။
130619_fukushima_japan
https://www.bbc.com/burmese/world/2013/06/130619_fukushima_japan
ဖူကူရှီးမားအနီးက ရေတွေ အဆိပ်သင့်
ဖူကူရှီးမား နျူဓာတ်အားပေး စက်ရုံ အဲဒီ ဓာတ်အားပေး စက်ရုံကို မောင်းနှင် နေတဲ့ တိုကျို လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း ရဲ့ အရာရှိ တွေက အဲဒီ ရေတွေကို စမ်းသပ် ဓာတ်ခွဲ ရာမှာ အဲဒီ Strontium-90 တွေ ရဲ့ ပါဝင်မှုက မနှစ်က ထက်စာရင် ၁၀၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တာကို တွေ့ရတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။ ဒါဟာ အဲဒီ စက်ရုံက ပျက်စီး နေတဲ့ ဓာတ်ပေါင်းဖို တွေကို အေးအောင် လုပ်ဖို့ သုံးတဲ့ ရေတွေဟာ အနီးဝန်းကျင်က မြေလွှာ ထဲကို စိမ့်ဝင် သွားခဲ့တာကို ပြနေတာပဲ ဖြစ်တယ်လို့ အဲဒီက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ အဲဒီကိစ္စကို အရင်ကတော့ တိုကျို လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းက ငြင်းဆိုထားခဲ့ပါတယ်။ ဒါဟာ စက်ရုံထဲက ရေတွေကို ပင်လယ်ထဲကို သွန်ပစ် နိုင်ဖို့ စီစဉ် နေတဲ့ သူတို့ရဲ့ အစီအစဉ်တွေ အပေါ်မှာ ထိခိုက် သွားစေခဲ့တာပဲ ဖြစ်ပါတယ်။
ဂျပန် နိုင်ငံက ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေး စက်ရုံရဲ့ အနီးက ရေတွေထဲမှာ အဆိပ်ရှိတဲ့ အိုင်ဆိုတုပ် Strontium-90 ပျော်ဝင်နှုန်း မြင့်မား နေတာကို တွေ့ရတယ်လို့ စက်ရုံက တာဝန်ရှိသူ တွေက ပြောပါတယ်။
150723_china_loggers_myanmar
https://www.bbc.com/burmese/burma/2015/07/150723_china_loggers_myanmar
မြန်မာရဲ့ ထောင်တစ်သက် ပြစ်ဒဏ်တွေကို တရုတ် ကန့်ကွက်
သစ်လုံး တင်ပို့မှုကို မြန်မာက မနှစ်က ပိတ်ပင်ခဲ့။ တရုတ် အစိုးရပိုင် မီဒီယာတွေရဲ့ ခေါင်းကြီးပိုင်းမှာ ဒီ ပြစ်ဒဏ်ဟာ ပြင်းထန် လွန်းတယ်လို့ ရေးသားကြပါတယ်။ တရုတ် နိုင်ငံခြားရေး ဌာနကလည်း သူတို့ရဲ့ စိုးရိမ်ချက်ကို အလေးအနက် စဉ်းစားဖို့ မြန်မာဘက်ကို ပြောကြားထားတယ်လို့ ဆိုပါတယ်။ တရုတ်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်ကတော့ ဒီအဖြစ်ဟာ တရုတ် မြန်မာ ဆက်ဆံရေးမှာ နောက်ထပ် ဆုတ်ယုတ်မှု လက္ခဏာ တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ သယံဇာတတွေကို တရုတ် ကုမ္ပဏီတွေက လာရောက် ထုတ်ယူ အသုံးချနေတာကို မြန်မာ နိုင်ငံတွင်းမှာ မကျေနပ်မှုတွေ ရှိနေတယ်လို့လည်း လေ့လာသူတွေက ပြောကြပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်းမှာ သစ်ခိုးထုတ်မှုနဲ့ တရုတ် နိုင်ငံသား ၁၅၀ ကျော်ကို ထောင်ဒဏ် တစ်သက် ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာကို တရုတ် ဘက်က ကန့်ကွက် လိုက်ပါတယ်။
131022_dassk_sakharov
https://www.bbc.com/burmese/burma/2013/10/131022_dassk_sakharov
ဒေါ်အောင်ဆန်းစုကြည် Sakharov ဆု လက်ခံယူ
ဥရောပ ပါလီမန် ဥက္ကဋ္ဌ ထံမှ ဆုလက်ခံယူစဉ် ဆုချီးမြှင့်ခံရတဲ့ အချိန် ၁၉၉၀ ခုနှစ်တုန်းက နေအိမ် အကျယ်ချုပ် ကျနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုလက်ခံ မယူနိုင်ခဲ့ပါဘူး။ ဥရောပ ပါလီမန် ဥက္ကဋ္ဌက ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်မှုနဲ့ ဒီမိုကရေစီရဲ့ အထူးသင်္ကေတ အဖြစ် ဖော်ညွှန်း ပြောဆိုသွားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တကယ်တမ်း မြှင့်တင်နိုင်ရေးမှာ EU အနေနဲ့ သြဇာ အရှိန်အဝါ သုံးပြီး ဆောင်ရွက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောသွားပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရေးမှာ အပေါ်ယံ ပြောင်းလဲမှုမျိုးလောက်နဲ့ မလုံလောက်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ သမဂ္ဂက ၁၉၉၀ ခုနှစ်တုန်းက ချီးမြှင့်ခဲ့တဲ့ ဆက်ခါရော့ဗ် လူ့အခွင့်အရေး ဆုကို ၁၀ နှစ်ကျော် ကြာခဲ့ အပြီး ဒီကနေ့မှာ ပြင်သစ်နိုင်ငံ Strasbourg မြို့မှာ ကိုယ်တိုင် လက်ခံယူခဲ့ပါတယ်။
140729_ncct_laiza_meeting
https://www.bbc.com/burmese/burma/2014/07/140729_ncct_laiza_meeting
NCCT ရဲ့ မူဝါဒ သဘောထားတွေ ချမှတ်နိုင်
လိုင်ဇာ အစည်းအဝေး ပထမ တခါ ကျင်းပစဉ် ဒီမူဝါဒ ဆိုင်ရာ ဆုံးဖြတ်ချက်တွေ နဲ့ ပတ်သက်ပြီး NCCT အဖွဲ့ဝင်တွေ ကို ပြန်လည် ရှင်းပြသွားမယ် လို့ NCCT ရဲ့ တွဲဘက် ခေါင်းဆောင် တစ်ဦးဖြစ် တဲ့ ကရင် လက်နက်ကိုင် KNU အဖွဲ့က ဖဒိုကွယ်ထူဝင်းက ပြောပါတယ်။ ဒီ အစည်းအဝေးမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းမှုးချူပ် ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေး မစ္စတာ နမ်းဘီးယား လို နိုင်ငံတကာ လေ့လာသူတွေ တက်ရောက်သလို၊ တရုတ်နိုင်ငံ ဘက်ကလည်း ကိုယ်စားလှယ်တွေ စေလွှတ်ပြီး စောင့်ကြည့် လေ့လာခဲ့ပါ တယ်။ အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေ အကြား သုံးစွဲတဲ့ ဝေါဟာရ ပိုင်းဆိုင်ရာ ကွဲလွဲချက်တွေ ရှိနေတဲ့ အပေါ်မှာလည်း၊ ဒီမိုကရေစီရေး အမျိုးသား တန်းတူညီမျှရေး ကိုယ်ပိုင် ပြဌာန်းခွင့် စတဲ့ အရေးတွေမှာ တကယ်တမ်း လက်ခံ ကျင့်သုံးနိုင်ရင်၊ တော်လှန်ရေး လို၊ ဖက်ဒရယ် လို စကားလုံးတွေကို မသုံးစွဲရင်လည်း ဖြစ်တယ် ဆိုတဲ့ သဘောထားမျိုး တိုင်းရင်းသား အဖွဲ့တွေ အကြား နားလည်မှု ရယူထားတယ် လို့လည်း ဖဒို ကွယ်ထူးဝင်း က ဆိုပါတယ်။ NCCT အဖွဲ့ဝင်တွေ အကြား မတူတဲ့ သဘောထား အမြင်တွေ ဖလှယ်ပြီး၊ အစိုးရဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ တွေ့တဲ့ အခါ ကိုင်စွဲမယ့် ဘုံ သဘောထား ရှိနေပြီလို့၊ ဖဒို ကွယ်ထူးဝင်းက ပြောပေမယ့်၊ တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချူပ် လက်မှတ်ရေးထိုးတာကတော့ လာမယ့် ဩဂုတ်လ အတွင်း မဖြစ်နိုင် လောက်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဘယ်အချိန် ကာလမှာ ဖြစ်နိုင်မလဲ ဆိုတာကိုလည်း ခန့်မှန်း ပြောဆိုမှု မလုပ်ခဲ့ပါဘူး။
ကချင်လက်နက်ကိုင် အဖွဲ့ KIA ထိန်းချူပ်ရာ လိုင်ဇာမှာ တွေ့ဆုံနေကြတဲ့ NCCT အဖွဲ့ ထိပ်သီး ဆွေးနွေးပွဲ ရဲ့ ဂျူလိုင် ၂၉ ရက် အစည်းဝေး ကနေ၊တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး နဲ့ ပတ်သက်ပြီး အစိုးရနဲ့ တွေ့ဆုံတဲ့ အခါ NCCT ဘက်က ကိုင်စွဲမယ့် မူဝါဒ ရေးရာတွေ နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချခဲ့တယ် လို့ သိရပါတယ်။
131108_labadaung_strike
https://www.bbc.com/burmese/burma/2013/11/131108_labadaung_strike
လယ်တီသိမ်ကို သွားကြည့်ခွင့်ရပြီ
နယ်မြေခံ ဝန်ကြီး နှစ်ယောက် အပါ အဝင် အာဏာပိုင် တွေနဲ့ ညှိနိုင်း အပြီး ခွင့်ပြုခဲ့ သပိတ် စခန်းက သံဃာတွေနဲ့ နယ်မြေခံ ဝန်ကြီး နှစ်ယောက် အပါ အဝင် အာဏာပိုင် တွေနဲ့ ညှိနိုင်း အပြီး အခုလို ခွင့်ပြုချက် ရခဲ့ တာပါ။ အာဏာပိုင်တွေ ကလည်း အခုလို သံဃာတွေ သပိတ် စခန်း ဖွင့်ထား တာကို ပြန်ရုပ် သိမ်းပေး ဖို့နဲ့၊ တရား ဥပဒေ အတိုင်း လေးစား လိုက်နာဖို့ ပြောတယ်လို့ ဆရာတော် က မိန့်ပါတယ်။ လယ်တီသိမ်နဲ့ သာသနာ့ နိက အဆောက် အဦး ကို သွားရောက် ကြည့်ရှုပြီး အဲဒီမှာ ပျက်စီး မှု ရှိ မရှိ ဆိုတဲ့ အပေါ် မူတည်ပြီး၊ သပိတ် စခန်းကို ရုပ် မရုပ် ဆိုတာ စဉ်းစား ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်လို့ လယ်တီသိမ် ပျက်စီး နေပြီ ဆိုရင် ဘာဆက် လုပ်မယ် ဆိုတာ ကတော့ သံဃာ့ ညီလာခံ ခေါ်ယူ ဆုံးဖြတ် မယ်လို့ လည်း ဆရာတော်က မိန့်ပါတယ်။
လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း အတွင်းက လယ်တီ ဆရာတော် ဘုရားကြီးရဲ့ သိမ်နဲ့ စေတီဟာ မိုင်းခွဲ ဒဏ်တွေ ကြောင့် ကွဲအက်မှု ရှိမရှိ စနေနေ့မှာ သွားကြည့် မယ်လို့ သပိတ် စခန်း ဖွင့် ထားတဲ့ ဇီးတော ကျောင်းတိုက် ဆရာတော် ဦးစန္ဒာ သီရိက မိန့်ပါတယ်။
160113_peaceconference_day2
https://www.bbc.com/burmese/burma/2016/01/160113_peaceconference_day2
ဖက်ဒရယ် အရေး ဆွေးနွေးမှုတွေ ခက်ခဲ
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဒုတိယနေ့မှာ ဖက်ဒရယ် အရေး အဓိကဆွေးနွေး ငြိမ်းချမ်းရေး ညီလာခံမှာ ခေါင်းစဉ်ကြီး ငါးခုကို ဆွေးနွေးကြဖို့ အစီအစဉ်ရှိရပေမဲ့ ဒုတိယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ နိုင်ငံရေး ကိစ္စရပ် တစ်ခုတည်းကိုသာ အဓိက ဆွေးနွေးခဲ့တာပါ။ အဲဒီ နိုင်ငံရေး ခေါင်းစဉ် အောက်က ဖက်ဒရယ်ကိစ္စ ဆွေးနွေးရာမှာတော့ အခက်အခဲတွေ ရှိတယ်လို့ ဆွေးနွေးသူတွေက ပြောပါတယ်။ နိုင်ငံရေးပါတီများ အစုအဖွဲ့ရဲ့ သဘာပတိ ဦးစိုင်းအိုက်ပေါင်းက တစ်ယောက်ကို ဆွေးနွေးချိန် ၁၀ မိနစ် ပေးထားလို့ ဆွေးနွေးသူက ၅၀ လောက်ရှိတဲ့ အစုအဖွဲ့မှာ အမြင်မတူတာတွေကို တင်ပြဆွေးနွေးကြတော့ အချိန်အတော်ကြာတယ်လို့ ပြောပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်ဖြစ်တဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု စနစ်မှာ ဘယ်လို မူတွေနဲ့ တည်ဆောက်မယ် ဆိုတဲ့ အပိုင်းကို ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။ ဖက်ဒရယ် စနစ် ကျင့်သုံးတဲ့ ကမ္ဘာ့ နိုင်ငံတိုင်းမှာ တပ်မတော် တစ်ခုတည်းပဲ ရှိတာ ဖြစ်ပြီး ဖက်ဒရယ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အခန်း ကဏ္ဍ ကိုဆွေးနွေးရာမှာ တိုင်းရင်းသား ပါတီတွေ ဘက်က နားလည်မှု လွဲခဲ့တာတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။ နိုင်ရေးပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်၊ လွှတ်တော်ကိုယ်စားလှယ်၊ အစိုးရ၊ နဲ့တပ်မတော် သားအစု စတဲ့ အစုအဖွဲ့ ငါးခု ထဲက တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ရဲ့ ဆွေး နွေးခန်းမှာလည်း တချို့ တိုင်း ရင်းသားတွေက ပြည်နယ်သစ် တောင်းဆိုတာတွေ ရှိလို့ အကြိတ်အနယ် ဆွေးနွေး နေရတယ်လို့ ချင်းအမျိုးသား တပ်ဦး ရဲ့ အဓိပတိ ကောင်စီဝင် ဒေါက်တာ လျန်မှုန်း ဆာခေါင်းက ပြောပါတယ်။ ငါးရက် အတွင်း ဆွေးနွေးရမယ့် ခေါင်းစဉ် တွေက နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တို့ ဖြစ်ကြပါတယ်။
မြန်မာနိုင်ငံမှာ ငါး ရက်ကြာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဒုတိယနေ့ကို ဆက်လက် ကျင်းပနေပါတယ်။
140904_nato_ukraine
https://www.bbc.com/burmese/world/2014/09/140904_nato_ukraine
ရုရှားကို စစ်ရေးစွက်ဖက်မှု ရပ်ဖို့နေတိုးက သတိပေး
နေတိုးထိပ်သီး အစည်းအဝေး နောက်ပိုင်း သတင်းထောက်တွေကို တွေ့ရာမှာ ရပ်စ်မူဆန်က ရုရှားနဲ့ဘယ်သူမှ ထိပ်တိုက် ရင်မဆိုင်ခြင်ကြောင်း ဒါကြောင့်နိုင်ငံရေးအရ အဖြေရှာတာ အကောင်းဆုံး ဖြစ်ကြောင်းသူက ပြောပါတယ်။ နေတိုးအဖွဲ့ကြီးက လူသိရှင်ကြား ကြေငြာရာမှာ ရုရှားရဲ့မူဝါဒတွေကို အပြင်းအထန်ဝေဖန်ပြီး ယူကရိန်းရဲ့ အချုပ်အခြာနဲ့နယ် မြေတည်တံ့ခိုင်မြဲမှုအတွက် အခိုင်အမာ ရပ်တည်ခဲ့ပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံက ခေါင်းတွေ သိပ်မပြောတဲ့ နောက်ထပ် သတင်းစကားလည်း ရှိပါသေးတယ်။ ယူကရိန်းအစိုးရကို အနောက်နိုင်ငံက ပေးမယ့်အကူအညီဟာ လက်တွေ့မှာ အကန့်အသတ်တွေရှိပြီး တာလတ် အချိန်အတွက်ပို ဖြစ်နိုင်ပါတယ်။ ဒီတော့ဒေသတွင်း တိုက်ခိုက်မှုတွေကို ပထမလျှော့ချဖို့လိုပါတယ်။ တိုက်ပွဲတွေမှာ နေတိုးဘက်က လက်နက်နဲ့ လူအင်အား တပ်ဖွဲ့တွေပါမှာ မဟုတ်ပါဘူး။ အဓိကနေတိုးဘက်က ထပ်တလဲလဲ ပြောနေတာက ယူကရိန်းနိုင်ငံရဲ့ အနောက်ဘက် နယ်နိမိတ်တွက် ကာကွယ်ရေး အစီအစဉ် အတွက်ကူညီရေး ဖြစ်ပါတယ်။ နေတိုးဘက်က ဒီလို အကန့်အသတ်နဲ့ ကူညီလို့ ယူကရိန်းအစိုးရက ရုရှားနဲ့ အလျှော့အတင်း လုပ်ဖို့လိုအပ် လာရင်လည်း နေတိုးဘက်ကတော့ ဘာမှ သိပ်မတတ်နိုင်ဘူး ဆိုတဲ့သဘောမျိုး မြင်တွေ့ရကြောင်း ဘီဘီစီသံတမန်ရေးရာ သတင်းထောက် ဂျွန်နသန် မားကပ်စ်က သုံးသပ်သွားပါတယ်။
ရုရှားနိုင်ငံအနေနဲ့ ယူကရိန်း တည်ငြိမ်မှု ပျက်ပြားအောင် လုပ်နေတဲ့အပေါ်နေတိုး အဖွဲ့က ယူကရိန်းဘက်က ရပ်တည်ကြောင်း ဝေလပြည်နယ်မှာ စည်းဝေးနေတဲ့ နေတိုးစစ်ရေး မဟာမိတ်အဖွဲ့က ပြောခဲ့ပါတယ်။ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် အင်ဒါ ဖေါ့ ရပ်စ်မူဆန်က မိန့်ခွန်းပြောရာမှာ ရုရှားအနေနဲ့ ငြိမ်းချမ်းရေး သဘောတူချက်ရအောင် ကြိုးပမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။
140131_pyu_unesco
https://www.bbc.com/burmese/burma/2014/01/140131_pyu_unesco
ပျူမြို့ဟောင်းတွေကို UNESCO လာရောက်ကြည့်ရှု
လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်က ပျူလူမျိုးတွေ နေထိုင်ခဲ့တဲ့ ပျူမြို့ဟောင်းတွေ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်လောက် ကတည်း က ပျူလူမျိုးတွေ နေထိုင်ခဲ့တယ်ဆိုတဲ့ ရွှေဘိုခရိုင် ဝက်လက် မြို့နယ်ထဲက ဟန်လင်း၊ မကွေးတိုင်း တောင်တွင်းကြီး မြို့နယ်ထဲက ဗိဿနိုး၊ ပဲခူးတိုင်း ပြည်မြို့နယ်ထဲက သရေခတ္တရာ စတဲ့ ပျူခေတ် မြို့ဟောင်းတွေကို UNESCOက ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် အဖြစ် အသိအမှတ်ပြုဖို့ သုံးသပ်နေတာ ဖြစ်ပါတယ်။ UNESCOရဲ့ စံနှုန်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပြီး ရှေးဟောင်း အမွေအနှစ် အဖြစ် လက်ခံမယ် ဆိုရင်တော့ ဒီမြို့ဟောင်းတွေဟာ ပထမဆုံး ကမ္ဘာ့အဆင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် အဖြစ် အသိအမှတ် ပြုခံရတဲ့ မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ဖြစ်လာလိမ့်မယ်လို့ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောပါတယ်။ အခုလို UNESCOက လာရောက် စစ်ဆေးတဲ့ အဆင့် ရောက်အောင် ၂၀၀၉ ခုနှစ်ကတည်းက ဆက်သွယ် တင်ပြခဲ့တာ ဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ UNESCO က အကြိမ်ကြိမ် လာရောက် ကြည့်ရှု စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ရှေးဟောင်း ယဉ်ကျေးမှု ကမ္ဘာ့ အမွေအနှစ် စာရင်း၀င်ပြီလို့ အသိအမှတ် ပြုလိုက်ပြီ ဆိုရင် လာရောက် လေ့လာမယ့် နိုင်ငံခြားသားတွေ များပြားလာနိုင်တာမို့ အခြေခံ အဆောက်အအုံတွေနဲ့ လမ်းပန်း ဆက်သွယ်ရေး အတွက်လည်း အခုကတည်းက စတင် ပြင်ဆင်နေပြီလို့ ရှေးဟောင်း သုတေသနနဲ့ အမျိုးသား ပြတိုက် ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ဘီဘီစီကို ပြောပါတယ်။
BC နှစ်ရာစု ကတည်းက ရှိခဲ့တယ်ဆိုတဲ့ ပျူ မြို့ဟောင်းတွေကို ကုလသမဂ္ဂ လက်အောက်ခံ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO ရဲ့ အသိအမှတ်ပြု ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖို့ UNESCO တာဝန်ရှိ ပုဂ္ဂိုလ်တွေ ပြီးတဲ့အပတ်က နောက်ဆုံး အဆင့် လာရောက် စစ်ဆေးသွားပါတယ်။
in-depth-49863064
https://www.bbc.com/burmese/in-depth-49863064
အမျိုးသမီးသတင်းထောက် တစ်ဦး ပြန်ပြောင်းပြောပြတဲ့ သွေးစွန်းခဲ့တဲ့ရွှေဝါရောင်
ရွှေဝါရောင်ကာလတွေမှာ စစ်အစိုးရရဲ့ လက်နက်နဲ့ ဖြေရှင်းမှုတွေကို မှတ်တမ်းတင်ပြီး နိုင်ငံတကာကို သိစေခဲ့တဲ့ ကင်မရာကိုင် အရပ်သား သတင်းထောက်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါ လူထု ခံစားနေရတဲ့ ဒုက္ခနဲ့ နိုင်ငံ့ရေးရာ ပြဿနာတွေကို သံဃာတွေက စာနာထောက်ထားတဲ့အနေနဲ့ လောင်စာဆီ ဈေးချပေးဖို့၊ အထွေထွေကုန်ဈေးနှုန်း ကျဆင်းဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတဝန်း မြို့ကြီးတွေမှာ လမ်းမတွေထွက်ပြီး မေတ္တာပို့ ဆုတောင်း ဆန္ဒထုတ်ဖော်ပွဲတွေ ဦးဆောင် ပြုလုပ်ခဲ့ချိန်မှာ ကျောင်းသားတွေနဲ့ အများပြည်သူလူထုကလည်း ပူးပေါင်းခဲ့ကြပါတယ်။ ဒီလို လူထုအရေးတော်ပုံအသွင် ဖြစ်လာခဲ့ချိန်မှာတော့ အဲ့ဒီတုန်းက အုပ်စိုးနေတဲ့ စစ်အစိုးရဟာ ဖြိုခွဲနှိမ်နင်းမှုတွေ လုပ်ဆောင်ခဲ့ပြီး ရန်ကုန်မြို့လယ်ခေါင်မှာတင် ဂျပန်သတင်းထောက် ပစ်သတ်ခံရတဲ့ဖြစ်စဉ်နဲ့ လက်နက်မဲ့ ဆန္ဒထုတ်ဖော်သူတွေကို အင်အားသုံး၊ ပစ်ခတ်၊ နှိမ်နင်းတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ရွှေဝါရောင်ကာလတွေမှာ စစ်အစိုးရရဲ့ လက်နက်နဲ့ ဖြေရှင်းမှုတွေကို မှတ်တမ်းတင်ပြီး နိုင်ငံတကာကို သိစေခဲ့တဲ့ ကင်မရာကိုင် အရပ်သားသတင်းထောက်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါခဲ့ပါတယ်။ အဲဒီထဲမှာ ပါဝင်ခဲ့တဲ့အမျိုးသမီးသတင်းထောက်တစ်ဦးကတော့ အခု မှတ်တမ်းရုပ်ရှင်တွေ ရိုက်ကူးနေသူ ရှင်ဒေဝီ ဖြစ်ပါတယ်။ အဲဒီကာလတုန်းက ရှင်ဒေဝီဟာ ဒီဗီဘီ ရုပ်သံဌာနအတွက် မြန်မာပြည်တွင်းကနေ သတင်းတွေ ပေးပို့နေသူဖြစ်ပါတယ်။ ရွှေဝါရောင်ကာလမှာလည်း တာဝန်အရ ကင်မရာတစ်လုံးနဲ့ ရန်ကုန်မြို့ပေါ်က ဆန္ဒပြ တဲ့နေရာအနှံ့ သတင်းလိုက်ယူနေခဲ့ပါတယ်။ အကြမ်းဖက်ဖြိုခွင်းမှုအစ အဲဒီအချိန်က လမ်းပေါ်မှာ ကင်မရာကိုင်ပြီး သတင်းယူဖို့ဆိုတာ အရမ်းအန္တရာယ်များတဲ့ အလုပ်ပါ။ ရှင်ဒေဝီဟာ ဆန္ဒပြလူအုပ်နဲ့ အတူလိုက်ပါပြီး အင်တာဗျူးတွေ ပုန်းလျှိုးကွယ်လျှိုးလုပ်လိုက်၊ အာဏာပိုင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မမြင်အောင် ကင်မရာကို ဝှက်ပြီး ရိုက်လိုက်နဲ့ ထောင်နှုတ်ခမ်းနင်းခဲ့ရသူ သတင်းထောက်တွေ၊ အရပ်သားထဲက ဝါသနာရှင် ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးသူတွေထဲက တစ်ဦး ဖြစ်ခဲ့ပါတယ်။ လူထုလှုပ်ရှားမှုအရှိန်မြင့်တက်နေတဲ့ စက်တင်ဘာ ၁၈ ကနေ ၂၄ ရက်ထိ သွေးထွက်သံယိုကြီးကြီးမားမား ဖြိုခွင်းမှုမရှိခဲ့သေးပါဘူး။ စက်တင်ဘာ ၂၆ မှာတော့ ရွှေတိဂုံရားခြေရင်းမှာ ဆန္ဒပြသံဃာနဲ့လူထုတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စတင်အကြမ်း ဖက်ဖြိုခွင်းခဲ့ပါတယ်။ အဲဒီနေ့က ရွှေတိဂုံဘုရားကို ရှင်ဒေဝီ သတင်းယူဖို့ရောက်သွားချိန်မှာတော့ ဘုရားပတ်ဝန်းကျင်တစ်ဝိုက် လမ်းတွေကို ပိတ်ပစ်လိုက်ပြီး လုံးထိန်းတွေက မျက်ရည်ယိုဗုံးတွေသုံး ဖြိုခွင်းခဲ့တဲ့ သူ့မျက်မြင်အခြေအနေကို ပြောပါတယ်။ လုံထိန်းတွေနဲ့ အာဏာပိုင်တွေ သတိမထားမိအောင် သတင်းထောက်ပုံစံမျိုး မပေါက်ဖို့၊ အပျော်တမ်း မှတ်တမ်းတင် ရိုက်ကူးတဲ့ ၊ စပ်စုတတ်တဲ့သူမျိုးဖြစ်အောင် ဟန်ဆောင်ခဲ့ 'ကျွန်မက သွားလို့ရတဲ့နေရာထိသွားပြီးတော့ လေ့လာတယ်။ ဖြိုခွဲခံရတဲ့သံဃာနဲ့ ပြည်သူတွေက မြေနီကုန်းဘက်ကို ပြိုဆင်းလာတယ်။ ဘာတွေ ဆက်ဖြစ်လာမလဲ မသိပေမယ့် ငါ ဒီအရုပ်ကို ရအောင်ယူရမှာဆိုတဲ့စိတ်နဲ့ ဆုံးဖြတ်ချက်ချလိုက်ပြီး လူအုပ်ကြီးသွားတဲ့နောက်ကို တောက်လျှောက်လိုက်တယ်' လုံထိန်းတွေနဲ့ အာဏာပိုင်တွေ သတိမထားမိအောင် သတင်းထောက်ပုံစံမျိုး မပေါက်ဖို့၊ အပျော်တမ်း မှတ်တမ်းတင် ရိုက်ကူးတဲ့ ၊ စပ်စုတတ်တဲ့သူမျိုးဖြစ်အောင် ဟန်ဆောင်ခဲ့တယ်လို့ ရှင်ဒေဝီက ပြောပါတယ်။ '၂၀၀၇ မှာ ပထမဆုံးပြန်မြင်လိုက်ရတဲ့ ဒီလူထုလှုပ်ရှားမှုကို အရမ်းရှော့ဖြစ်ပြီး ဝမ်းသာဝမ်းနည်း ဖြစ်ခဲ့တယ်။ ဝမ်းသာတာက စစ်ဖိနပ်ကို အံတုနိုင်တဲ့အရှိန်အဝါကိုဝမ်းသာတာ။ ဝမ်းနည်းတာကတော့ တစ်ချိန်ချိန်မှာ ဒီအင်အားစုဟာ ဖြိုခွဲခံရမယ်ဆိုပြီး ဝမ်းနည်းတာ' လို့ အဲဒီအချိန်ခံစားချက်ကို ရှင်ဒေဝီက ပြောပါတယ်။ ရှင်ဒေဝီ ဖမ်းခံရပြီ သူဘယ်လိုပဲ ဟန်ဆောင်ထားပါစေ။ လုံထိန်းတွေလက်က ရှင်ဒေဝီ ပြေးမလွတ်ခဲ့ပါဘူး။ အကြမ်းဖက်ဖြိုခွင်းမှုတွေရဲ့ အရှိန်အမြင့်ဆုံးနဲ့ လူထုကို လမ်းမတွေပေါ်ကနေ ဖယ်ရှားပစ်လိုက်တဲ့ စက်တင်ဘာ ၂၇ မှာတော့ ရှင်ဒေဝီ ဖမ်းခံခဲ့ရပါတယ်။ အဲဒီနေ့မှာ သူ ကင်မရာကိုင်ပြီး ဆူးလေရောက်ချိန်မှာတော့ ဂျပန်သတင်းထောက် သေနတ်ထိမှန်သေဆုံးပြီးနေပါပြီ။ ဒါ့အပြင် စက်တင်ဘာ ၂၆ ရက်ညပိုင်းနဲ့ စက်တင်ဘာ ၂၇ မနက်အစောပိုင်းတွေမှာ တောင်ဥက္ကလာက ငွေကြာယံကျောင်းတိုက် အပါအဝင် ဘုန်းကြီးကျောင်းတွေကို အာဏာပိုင်တွေက ဝင်စီးပြီး သံဃာအများစုကို ဖမ်းဆီးထားလိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် စက်တင်ဘာ ၂၇ မနက် ဆန္ဒပြမှုတွေမှာ သံဃာအင်းအား နည်းပါးခဲ့ပြီး လူထုအင်အားက ပိုများနေခဲ့ပါတယ်။ မြို့ထဲမှာ အခြေအနေဆိုးနဲ့ကြုံလိုက်ရပြီး စွမ်းအားရှင်တွေနဲ့ လုံထိန်းလက်က လွတ်လာတဲ့ လက်ကျန်လူအုပ်ဟာ တာမွေဘက်ကို ရွေ့လာ 'ပန်းဆိုးတန်းလမ်းမရယ် ၊ ဆူးလေလမ်းမရယ် ၊ ဗိုလ်ချုပ်လမ်းမရယ်မှာ လူအုပ်စုလိုက်အုပ်စုလိုက် ကြွေး ကြော်သံတွေကို ကြွေးကြော်လိုက်၊ ရဲတွေရောက်လာရင်ထွက်ပြေးလိုက်နဲ့ ပျောက်ကြားစနစ်နဲ့ တိုက်တဲ့ ပုံစံမျိုးပေါ့။ အဲဒီအချိန်မှာပဲ စစ်ကားတွေနဲ့ ပိတ်ပြီး အဲဒီလူအုပ်ဟာ ထပ်အဖြိုခွဲခံလိုက်ရပြန်တယ်' လို့ စက်တင်ဘာ ၂၇ မွန်းတည့်ချိန်မှာ ဆူးလေက အကြမ်းဖက်ဖြိုခွင်းမှုမြင်ကွင်းကို သူက ပြောပြပါတယ်။ မြို့ထဲမှာ အခြေအနေဆိုးနဲ့ကြုံလိုက်ရပြီး စွမ်းအားရှင်တွေနဲ့ လုံထိန်းလက်က လွတ်လာတဲ့ လက်ကျန်လူအုပ်ဟာ တာမွေဘက်ကို ရွေ့လာပါတယ်။ ဒီလူထုဟာ နည်းမျိုးစုံနဲ့ သပိတ်ကို အချိန်ကြာအောင်၊ ရပ်တန့်မသွားအောင် ဆွဲထားရမယ်ဆိုတဲ့ အသိနဲ့ လုံထိန်းတွေရန်က လွတ်အောင် ပြေးရင်း ပြန်စုစည်းခဲ့တယ်လို့ သူက ဆိုပါတယ်။ 'တာမွေ အထက ၄ အခု ရွှေထွဋ်တင်ကွင်းနားမှာ ဆန္ဒပြလူအုပ်ကို လုံထိန်းတွေက ပိတ်မိသွားတယ်။ နောက်ဆုံးကျန်တဲ့ လူအုပ်စုလို့ပြောရမယ်။ လူအုပ်ဟာ ပိတ်မိပြီး ဘာလုပ်ရမလဲမသိ ဖြစ်နေတုန်း ကျိုက္ကဆံကွင်းထဲက ရဲတွေ ထွက်လာတယ်။ အဲဒါ လုံးဝမမျှော်လင့်ထားတဲ့ဟာပဲ။ ရဲတွေကပါ ပိတ်ဖမ်းတာ။ ပစ်တယ်၊ ရိုက်တယ်။ လူတော်တော်များများ အဖမ်းခံရတယ်။ အဲဒီမှာပဲ ကျွန်မလည်း အဖမ်းခံရတယ်' လို့ သူက ပြောပါတယ်။ ကင်မရာနဲ့ ဖုန်းကို လွှင့်ပစ် လေးဘက်လေးလံ လုံထိန်းနဲ့ ရဲတွေပိတ်ထားတဲ့အတွက် လူအုပ်ဟာ ကစဉ့်ကလျားနဲ့ ဦးတည်ရာမဲ့ ထွက်ပြေးနေပြီး လမ်းဘေးမြောင်းကြီးတွေထဲ အကုန်ပြေးဆင်းကြတော့တာပါပဲ။ လူအပြည့်နဲ့မြောင်းတွေထဲ ထပ်ခုန်ဆင်းလို့ မရလို့ လမ်းပေါ်ကျန်နေသူလူအုပ်ထဲ လုံထိန်းကားတွေ မောင်းဝင်လာပြီး သေနတ်ပစ်သံတွေလည်း ဆူဆူညံညံ ကြားလာခဲ့ရပါတယ်။ အဖမ်းမခံရခင် မိနစ်ပိုင်းအထိ ရိုက်ချက်တွေပါတဲ့ သူ့ကင်မရာနဲ့ မိခင်သတင်းဌာနနဲ့ ဆက်သွယ်ထားတဲ့ လက်ကိုင်ဖုန်းတို့ဟာ ရှင်ဒေဝီကို ရာစုနှစ်တစ်ဝက်လောက်ထိ ထောင်ချနိုင်တဲ့ ခိုင်မာတဲ့ သက်သေ တွေဖြစ်နေပါတယ်။ လူထုဟာ နည်းမျိုးစုံနဲ့ သပိတ်ကို အချိန်ကြာအောင်၊ ရပ်တန့်မသွားအောင် ဆွဲထားရမယ်ဆိုတဲ့ အသိနဲ့ လုံထိန်းတွေရန်က လွတ်အောင် ပြေးရင်း ပြန်စုစည်း 'ကျွန်မလည်း မြောင်းထဲ ခုန်ဆင်းပြီး ရဲတွေ ဆက်တက်လာတာကို ကင်မရာနဲ့မြောင်းထဲကနေ ရိုက်ဖြစ်နေသေးတယ်။ အဲဒီအချိန် လမ်းပေါ်မှာ လူရှင်းသွားပြီ။ လမ်းပေါ်မှာမိထားတဲ့သူတွေကို ကတ္တရာလမ်းပေါ် မှောက်ခိုင်းတယ်။ မိန်းမတွေကိုကျ ငုတ်တုတ်ထိုင်ခိုင်းတယ်။ နောက်တော့ လုံထိန်းတွေက မြောင်းတွေထဲ သေနတ်တွေချိန်ပြီး အကုန်တက်ခိုင်းတယ်။ ကျွန်မ စက္ကန့်ပိုင်းအတွင်းပဲ ချက်ချင်း ဆုံးဖြတ်လိုက်တယ်။ ကင်မရာကို မြောင်းထဲမှာ ဝှက်လိုက်တယ်။ ဖုန်းကတော့ အိတ်ထဲမှာပါလာသေးတယ်' မြောင်းထဲက တက်ပြီး လမ်းပေါ် ဝမ်းလျားမှောက်နေချိန်မှာပဲ ဘောင်းဘီအိတ်ထဲက ဖုန်းအပြင် ပိုက်ဆံအိတ်ကိုပါ ဆွဲထုတ်ပြီး ခပ်လှမ်းလှမ်း ရောက်အောင် လွှင့်ပစ်လိုက်ပါတော့တယ်။ 'ရှာနေတဲ့သူတွေက ဖုန်းနဲ့ပိုက်ဆံအိတ်ကို လမ်းပေါ်ကတွေ့ပြီးသိမ်းသွားတယ်။ ပြီးတော့ ကျွန်မအပါအဝင် ဖမ်းထားသူတွေကို ကားပေါ်တင်ပြီး ကျိုက္ကဆံကွင်းထဲ ခေါ်သွားတယ်' ခင်ပွန်းသည်ပါ ဖမ်းခံရ ဆန္ဒပြလူအုပ်နောက် သတင်းလိုက်ယူတဲ့ ရှင်ဒေဝီကို ကားမောင်းလိုက်ပို့တဲ့ သူ့ခင်ပွန်းလည်း တာမွေ လူဖမ်းပွဲမှာ ဖမ်းခံလိုက်ရပါတယ်။ ကားကတော့ လမ်းပေါ်မှာ ဒီတိုင်းထားပစ်ခဲ့ရပြီး မိတ်ဆွေတွေ ကောင်းမှုကြောင့် လုံထိန်းတွေ လက်ထဲက သုံးရက်အကြာမှာ ပြန်ယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ရှင်ဒေဝီ ဝှက်ခဲ့တဲ့ ကင်မရာ၊ လုံထိန်းလက်ထဲပါသွားတဲ့ ဖုန်းနဲ့ ပိုက်ဆံအိတ်တို့ကတော့ ခုထိ ပြန်မရတော့ပါဘူး။ အဲဒီတုန်းက ရိုက်ခဲ့တဲ့ အရုပ်တွေလည်း ဆုံးရှုံးခဲ့ရပြီး မီနီကင်မရာနဲ့ အထဲက ရိုက်ထားတဲ့ တိတ်ခွေကို နှမြောမဆုံးဘူးလို့ သူက ဆက်ပြောပါတယ်။ ကျိုက္ကဆံကွင်းမှာ နှစ်ညအိပ် ဖမ်းခံရပြီး စစ်ကြောရေးဝင်ပြီးတဲ့နောက် အင်းစိန် ဂျီတီအိုင် ကျောင်းဝင်းထဲ ပို့ခံခဲ့ရပါတယ်။ လုံထိန်းနဲ့ ရဲတွေပိတ်ထားတဲ့အတွက် လူအုပ်ဟာ ကစဉ့်ကလျားနဲ့ ဦးတည်ရာမဲ့ ထွက်ပြေးနေပြီး လမ်းဘေးမြောင်းကြီးတွေထဲ အကုန်ပြေးဆင်းကြ အဲဒီမှာ တစ်ပတ်နေပြီးနောက် ရှင်ဒေဝီ ပြန်လွတ်ခဲ့ပေမယ့် သူ့အမျိုးသားကတော့ အင်းစိန်ထောင် ပို့ခံရတဲ့အုပ်စုထဲ ပါခဲ့ပြီး တစ်လကျော်လောက် နေခဲ့ရပါတယ်။ အဖမ်းခံရချိန်မှာ ရှင်ဒေဝီအနေနဲ့ နော်ဝေမှာရှိတဲ့ မိခင်သတင်းဌာနဆီ သွားမလား၊ ပြည်တွင်းမှာ ဆက်နေမလား ဆိုပြီး ဆုံးဖြတ်ရမယ့်အချိန် ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ရှင်ဒေဝီက ပြည်တွင်းမှာနေဖို့ပဲ ရွေးချယ်လိုက်ပါတယ်။ ဒါကြောင့်လည်း စစ်ကြောရေးမှာ သတင်း ထောက်မဟုတ်ဘဲ သာမန်ပြည်သူ တစ်ယောက်အနေနဲ့ ဆန္ဒပြပွဲတွေ လိုက်ကြည့်တာလို့ ထွက်ဆိုခဲ့တာဖြစ်ပါတယ်။ ရွှေဝါရောင်ဟာ ဘယ်လောက်အရေးပါခဲ့သလဲ ဒီဗီဘီသတင်းဌာနအတွက် ၂၀၀၆ ကနေ ၂၀၁၀ ထိ သတင်းထောက်လုပ်ခဲ့ပြီး လက်ရှိမှာ မှတ်တမ်း ရုပ်ရှင် ဒါရိုက်တာအဖြစ်ရပ်တည်နေတဲ့ ရှင်ဒေဝီက ရွှေဝါရောင်ဟာ စစ်ဖိနပ်အောက်က လွတ်မြောက်ဖို့ သံဃာနဲ့ လူထုတွေအသံကို ကမ္ဘာထိရောက်အောင် ပို့နိုင်ခဲ့တယ်လို့ မှတ်ချက်ပြုပါတယ်။ 'အနှစ်နှစ်ဆယ်လောက် လုံးဝငြိမ်ပြီး လှုပ်လို့မရတဲ့အနေအထားမှာ ဒီလိုလူအုပ်စုကို လမ်းမပေါ်မှာ ထပ်မြင်ရမယ်လို့ မမျှော်လင့်ခဲ့ဘူး။ ကျွန်မတို့အသံကို ကမ္ဘာကိုရောက်အောင်ပို့နိုင်ခဲ့တယ်။ ဒီလှုပ်ရှားမှုဟာ အာဏာရှင်ကို တုန်လှုပ်သွားစေတယ်။ အခု နိုင်ငံရေးအရွေ့အတွက် ဒီလှုပ်ရှားမှုဟာ အလွန်အမင်း အရေးပါပါတယ်' ရွှေဝါရောင်လှုပ်ရှားမှုဟာ စစ်အာဏာရှင်ကို တုန်လှုပ်သွားစေပြီး ဒီကနေ့ နိုင်ငံရေးအခင်းအကျင်းအတွက် အလွန်အရေးပါ မဝေးသေးတဲ့ကာလတစ်ခုက ရွှေဝါရောင်လှုပ်ရှားမှုကို အကြမ်းဖက်ဖြိုခွင်းခဲ့သူတွေအနေနဲ့ ထုတ်ဖော် ဝန်ခံဖို့၊ တောင်းပန်ဖို့ကို ရွှေဝါရောင်သံဃာတွေက အခု ၁၂ နှစ်ပြည့်ကာလအထိ တောင်းဆိုနေကြပါတယ်။ ဒါ့အပြင် ဒီနှစ် နှစ်ပတ်လည်အခမ်းအနားတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးနဲ့ ပြည်တွင်းစစ်ငြိမ်းချမ်း ရေးကိုလည်း အဓိက တောင်းဆိုခဲ့ပါတယ်။ လက်ရှိမှာ လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ရေးလှုပ်ရှားမှုတွေမှာ အားပြိုင်မှုတွေရှိနေပြီး ပြင်ဆင်ရေး လမ်းကြောင်း ရှုပ်ထွေးအောင်လုပ်နေတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။ ဒီအချိန်မှာ အန်အယ်လ်ဒီအစိုးရအနေနဲ့ကတော့ ဖွဲ့စည်းပုံပြင်ရေးကိုအောင်မြင်တဲ့အထိ လုပ်သွားမှာဖြစ်ပြီး ပြည်သူကိုလမ်းပေါ်ဆွဲတင်တဲ့နည်းလမ်းတော့ မသုံးဘူးလို့ ပြောကြားထားပါတယ်။ ဒီရွှေဝါရောင်ကို အမေ့လျော့ခံမဖြစ်ဖို့နဲ့ လက်သည်တွေကို ဖော်ထုတ်ဖို့လည်း တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းထားပါတယ်။ ရွှေဝါရောင်သံဃာတွေရဲ့ ၁၂ နှစ်ပြည့်ကာလ ထုတ်ပြန်တောင်းဆိုချက် အပေါ်လည်း ရှင်ဒေဝီက အခုလို မှတ်ချက်ပြုခဲ့ပါတယ်။ 'ကျွန်မတို့ နိုင်ငံ သွားရမယ့်ခရီးက အရှည်ကြီးပဲ။ အင်အားစုတွေလည်း လိုသေးတယ်။ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ ဖွဲ့စည်းပုံပြင်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒီအင်အားစုတွေတောင်းဆိုနေတာကိုက ဒီအင်အားစုတွေ ရွေ့နေတယ်၊ ဒီအင်အားစုဟာ ပျက်ပြယ်မသွားဘဲ တစ်စုတစ်ဝေးတည်း ရှိနေတယ် ဆိုတာကို ပြတာပါပဲ'
လွန်ခဲ့တဲ့ ၁၂ နှစ်က စက်တင်ဘာလရဲ့ဒီလိုရက်တွေဟာ မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခနဲ့ အကျပ်အတည်းကို ကမ္ဘာက သိအောင် ပြသနိုင်ခဲ့တဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုရဲ့ သွေးစွန်းခဲ့တဲ့နေ့ရက်တွေပါ။
150717_mh17_anniversary
https://www.bbc.com/burmese/world/2015/07/150717_mh17_anniversary
MH 17 ပစ်ချခံရတာ တနှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားတွေ ကျင်းပ
MH 17 အတွက် အောက်မေ့ဖွယ် ဆုတောင်းပွဲတွေကျင်းပ အဲဒါကြောင့် လေယာဉ်ပေါ် ပါသွားခဲ့သူ တွေအတွက် အောက်မေ့ဖွယ် အခမ်းအနား တွေကို ကမ္ဘာတလွှားမှာ ကျင်းပခဲ့ကြပါတယ်။ အဲ့ဒီတုန်းက လေယာဉ်ပေါ် ပါသွားသူ ၃၀၀ နီးပါးမှာ အများစုဟာ နယ်သာလန် နိုင်ငံသားတွေ ဖြစ်လို့ အဓိက အောက်မေ့ဖွယ် အခမ်းအနားကြီးကို နယ်သာလန် နိုင်ငံမှာ ကျင်းပခဲ့ကြပါတယ်။ လေယာဉ် ပစ်ချ ခံခဲ့ရတဲ့ နေရာအနီးက ယူကရိန်းရွာမှာလည်း အောက်မေ့ဖွယ် ဆုတောင်းပွဲကို ကျင်းပခဲ့ကြပြီး ပျက်ကျလာခဲ့တဲ့ နေရာတွေကို သွားပြီးလည်း ဒေသခံတွေက ဆုတောင်းပေးခဲ့ကြပါတယ်။ ယူကရိန်းသမ္မတ ပက်ထရို ပိုရိုရှန်ကိုက ဒီလေယာဉ်ပစ်ချ ခံရတာနဲ့ပတ်သက်လို့ ရုရှားက ထောက်ပံ့ ပေးထားတဲ့ ယူကရိန်း ခွဲထွက်ရေး သူပုန်တွေကို အပြစ်ဖို့လိုက်ပြီး ကုလသမဂ္ဂ ဘက်ကလည်း အဲဒီ ပြစ်မှုကို ကျူးလွန်ခဲ့သူတွေကို အရေးယူဖို့ တောင်းဆိုလိုက်ပါတယ်။
မလေးရှား လေကြောင်းလိုင်းရဲ့ MH 17 ခရီးသည်တင် လေယာဉ် နယ်သာလန် နိုင်ငံကနေ မလေးရှားဆီ ဦးတည် ပျံသန်း လာတုန်း ယူကရိန်း ပေါ်က အဖြတ်မှာ ပစ်ချခံ ခဲ့ရတာ တနှစ်ပြည့် ခဲ့ပါပြီ။
burma-53442544
https://www.bbc.com/burmese/burma-53442544
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မှာလား၊ ကြံ့ခိုင်ရေးအတွက် သမ္မတ(ငြိမ်း) ဦးသိန်းစိန် ဘယ်လိုမဲဆွယ်မလဲ အပါအဝင် တစ်ပတ်အတွင်း ပြည်တွင်းသတင်းကောက်နုတ်ချက်
အတိုင်ပင်ခံ ရွေးကောက်ပွဲဝင်မဝင်ကို ဇူလိုင် ၂၀ နောက်ပိုင်းသိရဖွယ်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ကနေ ရွေးကောက်ပွဲဝင်ပြိုင်တော့မှာလား NLD ပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ကနေ ရွေးကောက်ပွဲဝင်ပြိုင်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ တိုင်းနဲ့ပြည်နယ်အနှံ့က ရွေးချယ်ပေးပို့လာတဲ့ ကိုယ်စားလှယ်လောင်း လျှောက်လွှာတွေကို NLD ပါတီ ဗဟိုကော်မတီဝင် ၆ ဦးက စိစစ်နေချိန်မှာ ဒီသတင်း ထွက်ပေါ်လာတာပါ။ ပါတီဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲပြိုင်မပြိုင်ဆိုတာကို ဒီသတင်းပတ်ကုန်မှာ သိရမယ်လို့ ပါတီအတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။ ဒီသတင်းပတ်ကုန် ဇူလိုင် ၂၀ ရက်ဟာ ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ စတင်တင်သွင်းရမယ့်ရက် ဖြစ်ပါတယ်။ ဒါကြောင့် ပါတီဘက်က ဒီရက်နဲ့ချိတ်ဆက်ပြီး ပြောတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ခဲ့ပြီး နှစ်ကြိမ်လုံးအနိုင်ရထားသူပါ။ အတိုင်ပင်ခံဟာ နေပြည်တော်ကနေ ဝင်ပြိုင်မယ်ဆိုတာ ဖြစ်နိုင်ခြေရှိတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ အခု ၂၀၂၀ ရွေးကောက်ပွဲကတော့ ကိုဗစ်ကပ်ရောဂါကာလမှာ ကျင်းပရမယ့်ရွေးကောက်ပွဲဖြစ်ပါတယ်။ ကပ်ရောဂါကြောင့် ကဏ္ဍမျိုးစုံမှာ ထိခိုက်မှုတွေရှိနေလို့ ရွေးကောက်ပွဲကို လူထုစိတ်ဝင်စားမှု သိပ်မရှိသလို မဲထွက်ပေးမယ့်သူ လျော့နည်းနိုင်တယ်လို့ ယေဘုယျအားဖြင့် ယူဆချက်တွေ ရှိနေပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးကောက်ပွဲဝင်ပြိုင်ဖို့များတယ်လို့ သုံးသပ်တာတွေလည်း ရှိပါတယ်။ အဲဒီလိုရွေးကောက်ပွဲဝင်ပြိုင်မယ်ဆိုရင် အတိုင်ပင်ခံဟာ နေပြည်တော်ကနေ ဝင်ပြိုင်မယ်ဆိုတာဟာလည်း ဖြစ်နိုင်ခြေရှိတယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ နေပြည်တော်မှာ ဒီလဆန်းပိုင်းက NLD ပါတီ ယာယီဌာနချုပ်ကို ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပါတီဒုဥက္ကဋ္ဌ သမ္မတ ဦးဝင်းမြင့်တို့ တက်ရောက်ဖွင့်လှစ်ခဲ့ပါသေးတယ်။ နေပြည်တော်ဟာ ဝန်ထမ်းအများစုနေထိုင်တဲ့ နေရာဖြစ်ပြီး အုပ်ချုပ်ရေးမြို့တော်ဖြစ်ပေမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာကတည်းက နေရာအများစုကို အတိုက်အခံပါတီအဖြစ်နဲ့ NLD က နိုင်ခဲ့တာပါ။ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ မစဉ်းစားဘူးလို့ NLD ကပြောကြားထားပါတယ်။ ဒါပေမဲ့ အရင်အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့သူတွေ နေထိုင်ဆဲဖြစ်ပြီး အစိုးရအဖွဲ့ကို ဦးဆောင်နေတဲ့ NLD အစိုးရရဲ့ အားနည်းချက်တချို့ကြောင့် ဒီဒေသမှာ ထောက်ခံမှုက အရင်အတိုင်း ဆက်ရှိနိုင်မလားဆိုတာကလည်း ထည့်သွင်းစဉ်းစားရမယ့်အခြေအနေလို့ သုံးသပ်တာတွေ ရှိနေပါတယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မဝင်နဲ့ နေပြည်တော်ကနေ ဝင်အရွေးခံမယ်ဆိုရင် ဘာကြောင့် နေပြည်တော်ကို ရွေးတာဖြစ်နိုင်မလဲ။ လက်ရှိထမ်းဆောင်ဆဲရာထူးတွေနဲ့ စည်းရုံးရေးလုပ်ငန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုဗျူဟာနဲ့ စဉ်းစားလုပ်ကိုင်သွားဖို့ရှိနိုင်မလဲ။ နိုင်ငံရေး လေ့လာသုံးသပ်သူ ဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းက အခုလိုပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၂၁ နောက်ပိုင်း ပြန်လည်ရယူဖို့ဆိုရင် ရွေးကောက်ခံမဟုတ်လည်း ရယူနိုင်တဲ့အခြေအနေရှိတယ်လို့ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအဖြစ် ရွေးချယ်ခံရသူဟာ ရွေးကောက်ခံကိုယ်စားလှယ်မဟုတ်လျှင်တောင် ရွေးကောက်တင်မြှောက်ခံနိုင်တဲ့အခြေအနေဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ်တစ်ယောက်အဖြစ်နဲ့သာ အစိုးရတာဝန်ကိုဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်တာဝန်ဖြစ်စေ ယူချင်တဲ့သဘောရှိမယ်လို့ သူက ဆက်ပြောပါတယ်။ "လွန်ခဲ့တဲ့ငါးနှစ်မှာ အစိုးရနဲ့ လွှတ်တော်ပိုင်းဆောင်ရွက်ချက်တွေကို စိတ်တိုင်းမကျတာ၊ အားမလိုအားမရ ဖြစ်တာတွေလည်းရှိတော့ ရွေးကောက်ပွဲမှာ မဲလာပေးဖို့ စိတ်ဝင်စားမှုက တော်တော်လေးကျနေတယ်။ အဲဒီအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်သာရွေးကောက်ပွဲမဝင်ဘူးဆိုရင် ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှုက ပိုကျဆင်းသွားမယ်လို့ မြင်တယ်။ အဲဒီအတွက်ကြောင့်ပဲ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ အလားအလာများတယ်လို့ သုံးသပ်ကြတာ ဖြစ်နိုင်တယ်" လို့ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။ ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းကထက် စိန်ခေါ်မှုတွေ ပိုများသလို အကြိတ်အနယ်လည်း ပိုရှိနိုင်တယ်လို့ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၇၅ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ၂၀၂၀ရွေးကောက်ပွဲကို အစိုးရဖွဲ့နိုင်တဲ့အထိ NLD ကသာ ထပ်နိုင်ဦးမယ်ဆိုရင် နောက်ထပ် အစိုးရသက်တမ်းငါးနှစ်ကို ဆက်ဦးဆောင်ဖွယ်ရှိပါတယ်။ အရင်ရွေးကောက်ပွဲတုန်းက မူဝါဒအမှားတွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာတွေပြင်ဆင်လာတာမျိုး တွေ့ရပါသလဲ။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးက ခုလိုပြောပါတယ်။ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်လောက် သြဇာကြီးမားတဲ့ပုဂ္ဂိုလ်မရှိတဲ့အတွက် သူရွေးကောက်ပွဲဝင်ပြိုင်ခြင်းမပြိုင်ခြင်းက NLD ပါတီ ရွေးကောက်ပွဲရလဒ်နဲ့ သက်ဆိုင်မှုမရှိနိုင်ဘူးလို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးက ဘီဘီစီကိုပြောပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောခဲ့တဲ့ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးတွေမှာ ထိရောက်တဲ့အောင်မြင်မှု မရရှိခဲ့တာ အခြေအနေမှန်ဖြစ်တယ်လို့ ကိုမြအေးက ဆိုပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ ဒီလိုအချက်တွေကို ထပ်ပြောမယ့်အစား ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်လာမယ့် နိုင်ငံ့စီးပွားရေးအကြပ်အတည်းကို ဘယ်လိုကျော်လွှားမလဲဆိုတာ ၂၀၂၀ ရွေးကောက်ပွဲအလွန်ကာလအတွက် အလွန်ကြောက်စရာကောင်းတဲ့စိန်ခေါ်မှုဖြစ်လာတယ်လို့ သူကဆက်ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်နိုင်တဲ့အတွက် လက်ရှိမှာ ရွေးကောက်ပွဲက ပန်းတိုင်မဟုတ်ဘဲ နည်းလမ်းတစ်ခုသာဖြစ်ပြီး ဒီကြားကာလမှာ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေကြား ပွတ်တိုက်မှုတွေကနေ ကြာရင် ရန်ဘက်ပုံစံဖြစ်မှာကို စိုးရိမ်တယ်လို့လည်း ကိုမြအေးက ပြောပါတယ်။ "အဓိကအကျဆုံးအချက်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မဟာမိတ်ဆက်ဆံရေးပဲ။ တိုင်းရင်းသားတွေနဲ့ တစ်သက်လုံးလက်တွဲလာတဲ့ ဒီမိုကရက်တစ်အင်အားစုတွေအပေါ်မှာ မဟာမိတ်ဆက်ဆံရေး ဘယ်လိုသဘောထားမလဲ။ အဲဒီလိုမဟုတ်ရင်တော့ ၂၀၂၀ မှာ ဘယ်သူပဲနိုင်နိုင်၊ ညွန့်ပေါင်းအစိုးရပဲဖွဲ့ဖွဲ့၊ နိုင်ငံရေးမပြေလည်မှုက ပိုမီးတောက်လာမယ်။ စီးပွားရေးကလည်း ကြပ်တည်းလာမယ်ဆိုရင် အဲဒီအချိန်ကျမှ တကယ့် Failed state ဖြစ်သွားလိမ့်မယ်"လို့ ကိုမြအေးက ပြောပါတယ်။ ကြံ့ခိုင်ရေးအတွက် သမ္မတ(ငြိမ်း) ဦးသိန်းစိန် ဘယ်လိုမဲဆွယ်မလဲ ဦးသိန်းစိန်ဟာ ကြံ့ခိုင်ရေးပါတီကို ဦးဆောင်ခဲ့သူ ဖြစ်ပြီး ပါတီဒုဥက္ကဋ္ဌ တာဝန်ယူခဲ့သူလည်းဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး ကြံ့ခိုင်ရေးပါတီအတွက် သမ္မတဟောင်းဦးသိန်းစိန်က ပါတီစည်းရုံးရေးနဲ့ မဲဆွယ်စည်းရုံးရေးတွေ ကူညီပေးမယ်လို့ ဆိုပါတယ်။ ဦးသိန်းစိန်အနေနဲ့ ဘယ်လိုပုံစံနဲ့ မဲဆွယ်ပေးဖို့ရှိတယ်ဆိုတာတော့ တရားဝင် ထုတ်ပြောလာတာမျိုးမရှိသေးပေမယ့် ပါတီကို အရင်က ဦးဆောင်သူတစ်ဦးအနေနဲ့ ကြံ့ခိုင်ရေးကို ကူညီပံ့ပိုးတာလည်း ဖြစ်နိုင်ပါတယ်။ ဦးသိန်းစိန်ဟာ ကြံ့ခိုင်ရေးပါတီကို ဦးဆောင်ခဲ့သူ ဖြစ်ပြီး ပါတီဥက္ကဋ္ဌ တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကြံ့ခိုင်ရေးပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲကြို ကာလတွေမှာ ဦးသိန်းစိန် သမ္မတအဖြစ်နဲ့ လူထုကြားကွင်းဆင်းတဲ့ခရီးတွေကို မဲဆွယ်စည်းရုံးရေးပုံစံ သွားရောက်ခဲ့ပေမယ့် သူ့အပေါ်ထောက်ခံမှုတွေကနေ ကြံ့ခိုင်ရေးပါတီ အနိုင်ရအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒါကြောင့် အခု ၂၀၂၀ အတွက် ဦးသိန်းစိန် မဲဆွယ်ပေးရင်လည်း ကြံ့ခိုင်ရေးပါတီအတွက် ထူးခြားမှုမရှိနိုင်ဘူးလို့ ယူဆမှုတွေရှိနေပါတယ်။ ကြံ့ခိုင်ရေးပါတီထိပ်ပိုင်းခေါင်းဆောင်အားလုံးဟာအငြိမ်းစားတပ်မတော်အရာရှိကြီးတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ရွေးကောက်ပွဲကြိုကာလ အစိုးရခရီးစဉ်တွေမှာ သမ္မတ ဦးသိန်းစိန်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ ခရီးစဉ်တော်တော်များများသွားရောက်ခဲ့တာပါ။ ဒါ့အပြင် စစ်အစိုးရလက်ထက် ၁၉၉၂ ခုနှစ်တည်းက အသင်းအဖြစ် ပေါ်ပေါက်လာတဲ့ ကြံ့ခိုင်ရေးဟာ၂၀၁၀ ရွေးကောက်ပွဲကျမှ ပါတီအသွင်ပြောင်းပြီး ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်ဖို့ တပ်မတော်ကနေအငြိမ်းစားယူ အရာရှိကြီးတွေအားလုံးဟာ ကြံ့ခိုင်ရေးပါတီကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်လို့ မျက်မှောက်နိုင်ငံရေးမှာ ဒီအင်အားစုနှစ်ခုကိုခွဲမြင်ဖို့ ခက်ခဲနေပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ပြုပြင်ပြောင်းလဲမှုတချို့ကြောင့် ပြည်တွင်းပြည်ပထောက်ခံမှုတစ်ချို့ရှိခဲ့ပေမယ့် ဒါတွေကို ကြံ့ခိုင်ရေးပါတီကို ထောက်ခံမှုအဖြစ် ပြောင်းလဲနိုင်လောက်အောင် အင်အားမကြီးမားခဲ့ဘူးလို့ သုံးသပ်တာတွေလည်း ရှိထားပါတယ်။ ၂၀၁၅ မှာဆို ကြံ့ခိုင်ရေးပါတီဟာ လွှတ်တော်အသီးသီးမှာ ၄၁ နေရာပဲ အနိုင်ရခဲ့တာပါ။ ဒါကြောင့် ၂၀၂၀ အတွက် ဦးသိန်းစိန် မဲဆွယ်ပေးဖို့ ဘာကြောင့် စဉ်းစားတာပါလဲ။ သူမဲဆွယ်ပေးရင်ရော ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး အလားအလာ ပိုကောင်းမယ် ထင်ပါသလား။ ဘယ်လိုပုံစံနဲ့ စည်းရုံးရေးတွေလုပ်ဖို့ရှိပါသလဲ။ အရင်အစိုးရလက်ထက် သမ္မတပြောရေးဆိုခွင့်ဦးရဲထွဋ်ကို မေးကြည့်ထားပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ ရှုံးနိမ့်ခဲ့တဲ့အပေါ် ဦးသိန်းစိန်က သူ့မှာတာဝန်ရှိတယ်လို့ ခံယူထားတဲ့အတွက် ရွေးကောက်ပွဲမဲဆွယ်ပေးဖို့ ဆုံးဖြတ်တာလို့ ဦးရဲထွဋ်က ပြောပါတယ်။ ဒါ့အပြင် ကြံ့ခိုင်ရေးပါတီအနေနဲ့ လွှတ်တော်ထဲမှာ အင်အားကောင်းကောင်းနဲ့ ရှိနေမယ်ဆိုရင် သူ့လက်ထက် မပြီးဆုံးခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ဆက်လုပ်ချင်တဲ့ မျှော်လင့်ချက်နဲ့လုပ်တာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်ဟာ နယ်လှည့်မဲဆွယ်တဲ့ပုံစံမျိုးထက် သူနဲ့ရင်းနှီးတဲ့ အသိုင်းအဝိုင်းတွေ၊ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ပြောဆိုတာမျိုး၊ သူ့ဇာတိ ဧရာဝတီတိုင်းဘက်ကို သွားလာတာမျိုး ပုံစံမျိုး ဖြစ်နိုင်တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။ ကြံ့ခိုင်ရေးပါတီအနေနဲ့ ဦးသိန်းစိန်တစ်ယောက်တည်းကို အားကိုးလို့မရဘဲ ပြုပြင်ပြောင်းလဲမှုကို တကယ်လုပ်နေတာဆိုတာ သက်သေပြဖို့လိုသလို ပါတီအားနည်းချက်တွေနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဝန်ခံပြုပြင်ပြောင်းလဲတာမျိုး မတွေ့ရဘူးလို့ ဦးရဲထွဋ်က ဆိုပါတယ်။ ဦးသိန်းစိန်မဲဆွယ်ပေမယ့်လည်း ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲမှာ ထူးထူးခြားခြားအောင်မြင်မှုရမယ်မထင်ဘူးလို့ မဟာဗျူဟာနဲ့မူဝါဒရေးရာလေ့လာသုံးသပ်ရေးအင်စတီကျူ(မြန်မာ)ရဲ့ ပြင်ပဆက်ဆံရေးဒါရိုက်တာဦးအောင်သူငြိမ်းက ပြောပါတယ်။ ဦးသိန်းစိန်ကိုအလေးထားပြီး ထောက်ခံသူတချို့ရှိပေမယ့် ဦးသိန်းစိန်ပြန်လာတဲ့အတွက်ကြောင့် လူထုက စိတ်လှုပ်ရှားပြီး ကြံ့ခိုင်ရေးပါတီကို မဲထည့်မယ်ဆိုတဲ့အခြေအနေကတော့ မဖြစ်နိုင်ဘူးလို့ ဦးအောင်သူငြိမ်းက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါကြား အထက်တန်းအဆင့်ကျောင်းတွေပြန်ဖွင့်ဖို့ ဘယ်လို စိန်ခေါ်မှုတွေရှိနေလဲ အထက်တန်းအဆင့် ကျောင်းအပ်နှံရေးသီတင်းပတ်ကို ဇူလိုင် ၁၃ ကနေ ၁၇ ရက်ထိ ပြုလုပ်ခဲ့ပါတယ်။ ကိုဗစ်ကာလ ကန့်သတ်အမိန့်ညွှန်ကြားချက်တွေကိုလိုက်နာဖို့ ဇူလိုင် လကုန်အထိ သက်တမ်းတိုးထားပေမယ့် အခြေခံပညာအထက်တန်းအဆင့် ကျောင်းတွေကို ဇူလိုင် ၂၁ မှာ ပြန်ဖွင့်ပါမယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းနဲ့ ကိုက်ညီတဲ့ ကျောင်းတွေအားလုံး အဲဒီရက်မှာအပြောင်းအလဲမရှိပြန်ဖွင့်မှာဖြစ်ပြီး လိုအပ်ချက်ရှိတဲ့ ကျောင်းတချို့ကတော့ သတ်မှတ်ရက်ထက် နောက်ကျ ဖွင့်ဖို့ရှိနိုင်တယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။ ကျောင်းအိပ်ကျောင်းစားထားတဲ့ဘော်ဒါဆောင်တွေနဲ့ ပုဂ္ဂိလက အထက်တန်းကျာင်းတွေကို ဇူလိုင်လကုန်ထိ ပိတ်ခိုင်းထားတဲ့အတွက် ဒီကျောင်းက ကျောင်းသားတွေ အစိုးရကျောင်းကို ပြောင်းအပ်တာမျိုးရှိလာရင် လက်ခံသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။ ကျောင်းတွေမှာ လက်ဆေးကန်တွေထားရှိပြီး ကျောင်းသားတွေ ကျောင်းခန်းထဲမဝင်ခင် ကိုယ်ပူချိန်တိုင်းတာ၊ စက္ကန့်နှစ်ဆယ်ကြာလက်ဆေးတာတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။ ကျောင်းတစ်ကျောင်းမှာ ကိုဗစ်ကူးစက်မှုရှိလာရင် ချက်ချင်းကျောင်းပိတ်ပြီး ကွာရန်တင်းထားရှိတာအပါအဝင် စီစဉ်စရာအားလုံးကိုအသင့်ပြင်ထားပြီး ကျောင်းသားတွေရဲ့ ပညာသင်ကြားမှုအခွင့်အလမ်းမဆုံးရှုံးအောင်ဆောင်ရွက်တာလို့ ဦးကိုလေးဝင်းကပြောပါတယ်။ တစ်ပြည်လုံးက ဆရာဆရာမအင်အားလေးသိန်းကျော်ကိုတော့ ကိုဗစ်ရောဂါရှိမရှိဆေးစစ်ပေးဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ ဦးကိုလေးဝင်းကပြောပါတယ်။ ဒါပေမဲ့ ရောဂါစစ်ဆေးကာကွယ်မှုတွေကိုတော့ စနစ်တကျဆောင်ရွက်စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အခု ကျောင်းတွေဖွင့်ခါနီးမှာ ပြည်တွင်းကူးစက်မှုတချို့ပြန်ရှိလာတဲ့အတွက် ကလေးတွေကို ကျောင်းလွှတ်ဖို့ မိဘတွေဘက်က စိုးရိမ်တာတွေရှိသလို အစိုးရရဲ့စီမံခန့်ခွဲမှုကို ဒီထက်ပိုပြီး ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ အာမခံချက်ရှိဖို့ တိုက်တွန်းတာတွေရှိနေပါတယ်။ ဆရာတွေဘက်ကလည်း ကျောင်းသားတစ်ဦးချင်းစီကို ကိုယ်ပူချိန်တိုင်းတာ၊ စက္ကန့်နှစ်ဆယ်လက်ဆေးတာ စတဲ့စည်းကမ်းတွေကို ကြပ်မတ် ဆောင်ရွက်ပေးဖို့အတွက် အချိန်ပိုပေးရတာတွေရှိနိုင်ပြီး စာသင်ကြားရေးကိုထိခိုက်မလားလို့ ထောက်ပြတာတွေရှိပါတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေကိုအလေးထားလိုက်နာမယ်ဆိုရင် စာကောင်းကောင်း သင်ကြားဖို့မဖြစ်နိုင်သလို စာကောင်းကောင်းသင်လိုက်မယ်ဆိုရင် ထုတ်ပြန်ချက်တွေကိုလိုက်နာဖို့အဆင်မပြေနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ကြည်တော်စုကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းအုပ်ကြီး ဦးမင်းမင်းထွဋ်ကပြောပါတယ်။ ဆရာဆရာမတွေကတော့ ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကို လိုက်နာရမှာဖြစ်ပြီး ကျောင်းဖွင့်တဲ့နောက် ကျောင်းတွေမှာ ကပ်ရောဂါနဲ့ပတ်သက်ပြီး ကြီးကြီးမားမားပြဿနာမဖြစ်ပေါ်စေဖို့ပဲ ဆုတောင်းနေရတယ်လို့ သူက ဆက်ပြောပါတယ်။ မူလက သြဂုတ်လလယ်မှာဖွင့်မယ်လို့ သတင်းထွက်နေတဲ့ အလယ်တန်းနဲ့မူလတန်းအဆင့် တွေကိုတော့ ဘယ်တော့ဖွင့်မယ်ဆိုတာ လောလောဆယ် ကြေညာထုတ်ပြန်ဖို့မရှိသလို အခြေအနေကို စောင့်ကြည့်ရဦးမယ်လို့ ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက ပြောကြားထားပါတယ်။ ဇူလိုင် ၁၃ ရက်ကနေ ၁၇ ရက်နေ့ အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး လက်ခံနေ
ဒီတစ်ပတ်ထိပ်တန်းသတင်းတွေကတော့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ကနေ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ရှိသလား။ တစ်ခါ အငြိမ်းစားသမ္မတ ဦးသိန်းစိန်က ကြံ့ခိုင်ရေးပါတီအတွက် မဲဆွယ်ပေးမယ်ဆိုရင် ရွေးကောက်ပွဲမှာ ဘာထူးခြားမှုရှိနိုင်မလဲဆိုတာနဲ့ ကိုဗစ်ကပ်ရောဂါကြား အထက်တန်းအဆင့်ကျောင်းတွေ ပြန်ဖွင့်ဖို့ ဘယ်လိုစိန်ခေါ်မှုတွေရှိနေလဲ စတဲ့ သတင်းတွေ ဖြစ်ပါတယ်။
burma-52911555
https://www.bbc.com/burmese/burma-52911555
အညာသားယဉ်ကျေးမှု စတင်တူးဖော်သူ ကွယ်လွန်
အမေရိကန်က ပြန်ယူလာရတဲ့ ပျူကြေးရုပ်များ မကွေးမင်းကြီးမျိုး ဦးစိန်မောင်ဦးဟာ ဘုရင်တွေကို အပြောင်းအလဲလုပ်နိုင်တဲ့ထိ တန်ခိုးကြီးလို့ ဂွေးကိုလုံအောင် ထိုင်ရတယ် ဆိုပြီး စာချိုးရှိခဲ့တဲ့ မကွေးမင်းကြီး ဦးကြာဥအဆက်အနွယ် ဖြစ်ပါတယ်။ ပဒေသရာဇ်မိသားစုတွေ ထုံးစံအတိုင်း သားပေးသမီးယူ စနစ်ကြောင့် ယောမင်းကြီး ဦးဘိုးလှိုင်၊ လောင်းရှည်ဝန်ကြီးနဲ့ တခြားမင်းသားမင်းသမီး မိဘုရား သူဌေးသူကြွယ်တွေဟာလည်း သူ့ဆွေမျိုးအဝန်းအဝိုင်းမှာ ရှိခဲ့ပါတယ်။ နောက် သီပေါမင်း ပါတော်မူပြီးနောက် ထီးနန်းတင်ဖို့ ကင်းဝန်မင်းကြီး ကြိုးစားခဲ့တယ်ဆိုတဲ့ မြင်းမှူးမင်းသား ထိပ်တင်ကိုယ်တော်စိုးရဲ့ မြေးတော်နဲ့ လက်ထပ်ခဲ့သူပါ။ ဒါကြောင့် ကုန်းဘောင်ခေတ်နဲ့ ဆိုင်ရာတွေကို ငယ်ကတည်းက နားရည် ဝနေခဲ့ပါတယ်။ ကနောင်မင်းရဲ့သားတော် ထိပ်တင်ကိုယ်တော်စိုးရဲ့မြေးတော်နဲ့ လက်ထပ် ဒေလီကပြန် ရှေးဟောင်းသုတေသနပညာကို နယူးဒေလီမှာ သင်ယူခဲ့ပြီး ပျူမြို့ဟောင်း တူးဖော်မှုတွေမှာ ပါဝင်ခဲ့သလို တောင်သမန်နဲ့ ရွှေစာရံစတဲ့ သမိုင်းမတင်မီခေတ် နေရာတွေ တူးဖော်ရာမှာလည်း ပါဝင်ခဲ့ပါတယ်။ ၁၉၆၂ က မန္တလေး မဟာမုနိဘုရားကြီး အရှေ့မုခ်က ဘုရင်ခေတ်အကုန်လက်ကျန် စောင်းတန်းဖျက်ရာမှာ ဦးစိန်မောင်ဦးက အာဏာပိုင်တွေကို အကြောင်းကြားပြီး မဖျက်အောင် ဂေါပကအဖွဲ့ကို ရင်ဆိုင်တားမြစ်ခဲ့တယ်လို့လည်း လူထု စာကြည့်တိုက်မှူး ဦးအောင်မြင့်ဦးက ပြောပါတယ်။ ဒီလို ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ ရှေးဟောင်းလက်ရာ စောင်းတန်းကြီး ဖျက်သိမ်းခံခဲ့ရပါတယ်။ ခေတ္တရာမြို့ဟောင်းက ဘောဘောကြီးဘုရား ၁၉၆၆ မှာတော့ သရေခေတ္တရာက နာမည်ကျော် ကချေသည် ကြေးရုပ်လေးငါးရုပ်ကို တူးဖော်မှုမှာ သုတေသနဝန်ထောက်အဖြစ် သူပါဝင် မှတ်တမ်းပြုခဲ့ပါတယ်။ ခွက်ခွင်းသည်၊ ဗုံသည်၊ ပလွေသည်၊ ကချေသည်နဲ့ လူပြက်ရုပ် ငါးရုပ်ကို မှော်ဇာပြတိုက်မှာ ပြထားရာကနေ လပိုင်းအတွင်း လေးရုပ် ခိုးယူခံခဲ့ရပါတယ်။ ဒေါက်တာနိုင်ပန်းလှရဲ့ ရေးသားနှိုးဆော်မှုကြောင့် အမေရိကန်ရောက်နေတဲ့ ကြေးရုပ်တွေကို ဝယ်ထားသူက မြန်မာပြည်ကို ၁၉၈၃ မှာ ပြန်ပို့ပေးခဲ့ပါတယ်။ ၁၉၆၈ မှာတော့ အမရပူရ တောင်သမန်အင်းနားမှာ ကျောက်ခေတ်လက်ရာ အသုံးအဆောင်တွေကို ဆရာတော် ကိုပညာ (အမရပူရ) က စပြီးတွေ့ရှိခဲ့ပါတယ်။ ရှေးဟောင်းသုတေသနက ဦးစိန်မောင်ဦး ခေါင်းဆောင်ပြီး ၁၉၇၁ မှာ စတင် တူးဖော်ခဲ့ပါတယ်။ ဒီလိုတူးရာမှာ ရွှံ့နဲ့ဖုတ်တဲ့ လူရုပ်တရုပ်ကို တွေ့သလို လူအရိုးစု နှစ်စုံနဲ့ အရိုးနဲ့လုပ်တဲ့ အပ်၊ ငါးမျှားချိတ်၊ ဇွန်း၊ ယောက်မ၊ ပုတီးစတဲ့ ကျောက်ခေတ် အသုံးအဆောင်တွေ အများအပြား တွေ့ခဲ့ပါတယ်။ တောင်သမန်မှာ တူးဖော်ရတဲ့ ကျောက်ခေတ်သစ်ရုပ်တု ဧရာဝတီမြစ်ညာပိုင်းမှာ ၁၉၃၇ လောက်က အမေရိကန်ပညာရှင်တွေ တူးဖော်တွေ့ရှိခဲ့တဲ့ ကျောက်ခေတ်ယဉ်ကျေးမှုကို အညာသားယဉ်ကျေးမှုလို့ အမည်ပေးခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက် ပြဒါးလင်းဂူတွေ့ရှိမှုအပြီး တောင်သမန်တွေ့ရှိ တူးဖော်မှုတွေက အညာသားယဉ်ကျေးမှုကို ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တောင်သမန်အင်းစောင်းမှာ တူးဖော်မှု အမှတ်တရ အုတ်တိုင်စိုက်ခဲ့ပါတယ်။ ဒီတူးဖော်မှုတွေအပြင် ဦးစိန်မောင်ဦးဟာ မိုင်းမောခေါ် ပျူမြို့ဟောင်း တူးဖော်မှုကိုလည်း ၁၉၈၁ ကစပြီး သုံးနှစ် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၉ မှာတော့ မန္တလေးနန်းတော်ကို စစ်အစိုးရက ပြန်ဆောက်ရာမှာ ပါဝင်ခဲ့ပါတယ်။ သမိုင်းကွန်ပျူတာ မြန်မာနိုင်ငံမှာ ဘုရင်စနစ်ပျက်ပြီးနောက် လွှတ်ရုံးမှတ်တမ်းတွေ မီးရှို့ခံရတဲ့အတွက် ၁၈၈၅ ဟိုဘက် သမိုင်းရေးရာမှာ အထောက်အထားမပြည့်စုံတဲ့ ပြဿနာ ရှိပါတယ်။ ဒီနေရာမှာ ခေတ်ဟောင်းကို မီလိုက်တဲ့ မင်းဆွေစိုးမျိုး မိသားစုတွေ ကြားမှာ ပြောဆိုတဲ့ အကြောင်းအရာတွေကို နှုတ်ပြောသမိုင်းအနေနဲ့ သုံးစွဲလေ့ရှိပါတယ်။ ဒါပေမဲ့ မိသားစုနာမည်ပေးတဲ့စနစ် ခိုင်ခိုင်မာမာ မရှိတာအပြင် ခေတ်အပြောင်းအလဲတွေ များလို့ မင်းမျိုးတွေရဲ့ စီးပွားအင်အားကျဆင်းကုန်တဲ့အတွက် မင်းမျိုးဆိုတဲ့အလွှာတရပ် တိမ်ကောပပျောက်ခဲ့ပါတယ်။ နောက် အမှတ်အသား အားနည်းမှုကြောင့်လည်း သမိုင်း အထောက် အထားတွေ ပျောက်ပျက်တာတွေ မနည်းခဲ့ပါဘူး။ တောင်သမန်တူးဖော်မှုမှတ်တိုင် ဒီနေရာမှာ ပါတော်မူပြီးနောက် ရာဇဝင်သမိုင်းဆိုင်ရာတွေကို ဖြန့်ချိရာမှာ မင်းမျိုးမတ်မျိုး တွေ ပါတာကို တွေ့ရပါမယ်။ ဦးမောင်မောင်တင်၊ ဒဂုန်ခင်ခင်လေး၊ ညိုမြ၊ ရွှေဘိုမိမိကြီးကနေ မောင်သန်းဆွေ (ထားဝယ်) စတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီလို သမိုင်းဆိုင်ရာတွေ ရေးသားရာမှာ ထင်ရှားကြပါတယ်။ သူတို့လောက် မထင်ရှားပေမယ့် ဦးစိန်မောင်ဦးဟာလည်း သမိုင်းမှတ်စုမှတ်ရာ စုံလင်သူအဖြစ် ပညာရှင်တွေကြားမှာ ထင်ရှားပါတယ်။ ဒါကြောင့် သူ့ကို စာရေးဖို့ မိတ်ဆွေတွေက တိုက်တွန်းကြတဲ့အတွက် ဆောင်းပါးတွေ ရေးသားခဲ့သလို သူရေးစေချင်တဲ့အချက်တွေကို သူများတွေ ပေးပြီးရေးစေတာမျိုးလည်း ဦးစိန်မောင်ဦး လုပ်ခဲ့ပါတယ်။ ဒါကြောင့် လူထုဒေါ်အမာရေးတဲ့ မြန်မာ့ရေတပ်က မွန်လှေကြီး၊ ရတနာပုံ မန္တလေးခေတ်က ထီ၊ လမ်းလယ်ဘုရားဆိုတာ ပန်းပဲမင်းကြီးဘုရားတဲ့ စတဲ့ ဆောင်းပါးတွေမှာ ဦးစိန်မောင်ဦးပေးတဲ့ အချက်အလက်တွေ အဓိက အားပြုခဲ့ပါတယ်။ ဦးစိန်မောင်ဦးဟာ သမိုင်းဆိုင်ရာမှာ လူကွန်ပျူတာလိုပဲ အားကိုးရကြောင်း သူနဲ့ သိကျွမ်းသူတွေက မှတ်ချက်ချကြပါတယ်။ ရှေးမြန်မာပုရပိုက်ပန်းချီ အိန္ဒိယစာရေးဆရာမ ဆူဒါရှားရဲ့ နန်းကျဘုရင်သီပေါစာအုပ်မှာလည်း ဦးစိန်မောင်ဦးနဲ့ ဦးသန်းဆွေကို မင်းဆွေမင်းမျိုးတွေအကြောင်း ရေးသားရာမှာ အထူးကူညီပေးသူတွေ အဖြစ် ဖော်ပြခဲ့ပါတယ်။ ဖဦးထုပ်ရေးထုံး မြန်မာဘုရင်အကြောင်း ရေးသားတာတွေမှာ ချွတ်ချော်တာတွေကိုလည်း ဦးစိန်မောင်ဦးက ထောက်ပြခဲ့ပါတယ်။ လူပြောများတဲ့ ဖဦးထုပ်ကို စုဘုရားလတ်မကြိုက်လို့ ဘကုန်းပြောင်းသုံးရတယ်ဆိုတဲ့ အဆိုကို မဟုတ်ကြောင်း အထောက် အထားတွေနဲ့ ဦးစိန်မောင်ဦးက ရေးပြခဲ့ပါတယ်။ သတ်ပုံနဲ့ ပတ်သက်ပြီး ပုဂံခေတ်ကစပြီး ကုန်းဘောင်ခေတ်ပျက်တဲ့အထိ သုံးခဲ့တဲ့ ကျမ်းတွေကို စဉ်ပြသလို သီပေါမင်း နန်းတက်စက နန်းတွင်းမှာ သတ်ပုံနဲ့ ပတ်သက်ပြီး ဆုံးဖြတ်တဲ့ အစည်းအဝေးအကြောင်း အမိန့်တော်နဲ့ ကုန်းဘောင်ဆက် ရာဇဝင်ပြုစုသူ ဦးမောင်မောင်တင်ရဲ့ စာတွေကို ကိုးကားပြီး ရေးတာ ဖြစ်ပါတယ်။ နေရာတကာမှာ ဘကိုသုံးခိုင်းရင် ဘြေ၊ ဘြန့်၊ ဘျက်ဆီး စတဲ့ ကမောက်ကမ သတ်ပုံတွေ ထွက်လာမယ်လို့ ဦးစိန်မောင်ဦးက ဆိုပါတယ်။ သီပေါမင်းမတိုင်ခင်ကတည်းက မြန်မာစာမှာ မိဘုရားရေးထုံးရှိပြီးကြောင်းလည်း ရွှေနန်းသုံးဝေါဟာရအဘိဓာန်မှာ ဦးမောင်မောင်တင်က ရေးသားခဲ့ပါတယ်။ ဦးစိန်မောင်ဦးစာတွေမှာ ကုန်းဘောင်ခေတ် မင်းအဆက်ဆက်နဲ့ မှူးမတ်စစ်သူကြီး လူတန်းစားကြား ဆွေမျိုးဆက်နွှယ်မှုနဲ့ အာဏာနိုင်ငံရေးအကြောင်းကိုလည်း စိတ်ဝင်စားစရာ ဖော်ပြခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ စာရေးဆရာမ ဒဂုန်ခင်ခင်လေးတို့ရဲ့ မြေလတ်ပိုင်းက မြို့သူကြီးမိသားစုတွေကြား သွေးသားတော်စပ်မှုကလည်း မှတ်သားစရာ ဖြစ်ပါတယ်။ ရှေးခေတ်မြန်မာဝတ်စားမှု အတွင်းသိအကြောင်းအရာတွေအဖြစ် ယောမင်းကြီးနဲ့ အငှားဇနီးမယားက မွေးတဲ့သားကို အမွေမပေးထိုက်လို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်း၊ ကျောက်မြောင်းအတွင်းဝန် ဖတ်တဲ့ စာအုပ်မှာ အင်္ဂလိပ်လို တံဆိပ်နှိပ်တဲ့အကြောင်း၊ မြင်ကွန်း မြင်းခုံတိုင် ပုန်ကန်မှုနဲ့ ဗြိတိသျှပါဝင်မှု စတာတွေကိုလည်း ရေးသွားခဲ့ပါတယ်။ ကနောင်မင်းသားမရှိတဲ့နောက် မက္ခရာမင်းသားကို အိမ်ရှေ့နေရာပေးဖို့ မင်းတုန်းမင်း စဉ်းစားခဲ့တယ် ဆိုတဲ့အကြောင်းကိုလည်း မင်းသားရဲ့အကြီးတော်အရာရှိက အတွင်းဝန်အဖြစ် ပေစာထုပ်ကြိုးမှာ ဆုတောင်းစာ ရေးခဲ့တဲ့အကြောင်းနဲ့ ဖော်ပြခဲ့ပါတယ်။ မြန်မာထီးနန်းမှာ အိမ်ရှေ့မင်းနဲ့ မင်းမိဘုရားတွေနဲ့ ဆိုင်ရာမှာသာ အတွင်းဝန်ခန့်ထားနိုင်တာ ဖြစ်ပါတယ်။ ရှေးဟောင်းခေါင်းလောင်းစာတွေအကြောင်း ရေးသားခဲ့ အခုခေတ်စားနေတဲ့ ကရင်နီသမိုင်းမှာလည်း အောက်မြန်မာပြည်ကို ဗြိတိသျှသိမ်းစဉ်က ကရင်နီဟာ မြန်မာလက်အောက်ခံ မဟုတ်ကြောင်း ကရင်နီအကြီးအကဲတွေ ထုတ်ပြန်တဲ့ အကြောင်းကနေ ကရင်နီနယ်ကနေ ဗြိတိသျှ ကျွန်းသစ်ခိုး ထုတ်တဲ့အကြောင်း၊ အနောက်ကရင်နီကိုမကျူးကျော်ဖို့ မင်းတုန်းမင်းနဲ့ ဗြိတိသျှတွေ စာချုပ်ချုပ်ပေမယ့် ပါတော်မူပြီးနောက်ပိုင်း ရှမ်းပြည်နယ်မင်းကြီးကို အခွန်ဆက်ရတဲ့ နယ်မြေတခုလို အနောက်ကရင်နီကို ဗြိတိသျှတွေ သဘောထားတဲ့ အကြောင်း၊ မော်ချီးမိုင်းကြောင့် ကရင်နီကို အပိုင်စီးထားတဲ့အကြောင်း စတာတွေကို သူရေးသွားခဲ့ပါတယ်။ ဦးစိန်မောင်ဦးရေးသွားတဲ့ထဲက မန္တလေးက ဝတ်လုံဦးစံဝ အင်္ဂလန်က ပါလာတဲ့ သားတွေ ကို ဘုန်းကြီးကျောင်း ခေါ်သွားတဲ့အတွက် ခရစ်ယာန်ကျောင်းအုပ်က သာသနာပျက်မှုနဲ့ တရားစွဲတဲ့ အကြောင်းကလည်း ဘာသာရေးနဲ့ လူမှုရေး သမိုင်းဆိုင်ရာမှာ စိတ်ဝင်စားစရာ ဖြစ်ရပ်တခု ဖြစ်ပါတယ်။ သုတေသနဆောင်းပါးတွေ စုစည်းထုတ်ဝေ
ရှေးဟောင်းသုတေသနနဲ့ သမိုင်းဆိုင်ရာစာပေတွေ ရေးသားခဲ့တဲ့ ဦးစိန်မောင်ဦး (၈၈) နှစ် အရွယ်မှာ ဇွန်လ ၃ ရက်နေ့က ကွယ်လွန်သွားပါတယ်။ သူဟာ တောင်သမန်ကျောက်ခေတ်သစ် တူးဖော်မှုကို ဦးဆောင်ခဲ့သူ တယောက် ဖြစ်သလို သရေခေတ္တရာက ပျူကြေးရုပ်ငါးရုပ် တူးဖော်မှုမှာလည်း ပါဝင်ခဲ့ပါတယ်။ နောက် မြန်မာသမိုင်းနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ ရေးသားခဲ့ကာ တခြားပညာရှင်တွေကိုလည်း အမြဲမပြတ် ကူညီခဲ့ပါတယ်။
burma-54147676
https://www.bbc.com/burmese/burma-54147676
ရွေးကောက်ပွဲအပြီး ကိုဗစ်အလွန် မြန်မာ့နိုင်ငံအရေးကို တရုတ်တို့ ဘယ်လိုမြင်သလဲ
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြည်ပရေးရာလုပ်ငန်းကော်မရှင်ရုံးဥက္ကဋ္ဌ မစ္စတာရန်ကျဲ့ချိ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ဦးတည်း သီးခြား နာရီဝက်ခန့် တွေ့ဆုံ သူ့ရဲ့လာရင်း ကိစ္စကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ရာမှာတော့ ကိုဗစ် ၁၉ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဥ်နဲ့ မြန်မာ-တရုတ်စီးပွားရေးစင်္ကြံ တည်ဆောက်ရေးကို ဘက်စုံ တွန်းအားပေး ဆောင်ရွက်မှာ ဖြစ်ကြောင်းစတာတွေ အဓိက ပါဝင်တယ်လို့ ဖော်ပြပါတယ်။ မြန်မာနိုင်ငံကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး လာရောက်လည်ပတ်ပြီး တစ်ပတ်အကြာမှာပဲ တရုတ်အစိုးရရဲ့ အဆင့်မြင့် ကိုယ်စားလှယ်တစ်ဦးဟာ မြန်မာနိုင်ငံကို ရောက်ရှိ လာခဲ့တာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ နှစ်လစွန်းစွန်းသာ လိုတော့တဲ့အချိန်မှာ မြန်မာနိုင်ငံကို ရောက်ရှိလာတာဟာ အရေးကြီးတဲ့ခရီးစဥ်ဖြစ်သလို တရုတ်အစိုးရရဲ့ဒေသတွင်းလုပ်ဆောင်မယ့် လုပ်ငန်းတွေကို လာရောက် ညှိနှိုင်းတာနဲ့ ရွေးကောက်ပွဲမှာ အန်အယ်ဒီ အနိုင်ရရှိရေး လည်း ပါဝင်နိုင်တယ်လို့ မြန်မာ တရုတ် အရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပြောဆိုပါတယ်။ ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီး မစ္စတာ မိုတဲဂိ တိုရှိမိစုလည်း သြဂုတ်လ ကုန်ပိုင်းက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လာရောက်တွေ့ဆုံခဲ့ နေပြည်တော်ကို ခပ်စိတ်စိတ်လာနေကြတဲ့ နိုင်ငံတကာ သံတမန်တွေ တရုတ် အထူးကိုယ်စားလှယ်အနေနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးထက်စောပြီး လက်ခံ တွေ့ဆုံပေးဖို့ မြန်မာအစိုးရထံ တောင်းဆိုပေမဲ့ အစိုးရက လက်မခံခဲ့ဘူးလို့ သိရပါတယ်။ အကြောင်းကြားစာရရှိတဲ့ အစဉ်လိုက်သာ လက်ခံတွေ့ဆုံခဲ့တဲ့ အတွက် တရုတ်အစိုးရရဲ့ အထူးကိုယ်စားလှယ်ဟာ နေပြည်တော်ကို စက်တင်ဘာလ ၁ ရက်နေ့မှသာ ရောက်ရှိလာခဲ့ပါတယ်။ဂျပန်နိုင်ငံခြားရေးဝန်ကြီးကတော့ သြဂုတ်လ ၂၄ ရက်နေ့မှာ နေပြည်တော်ကိုရောက်ရှိခဲ့တာဖြစ်တယ်။မကြာခင်ရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံ က အဆင့်မြင့် အရာရှိတစ်ဦးလည်း လာဖို့ အစီအစဉ် ရှိပါတယ်။ မြန်မာနိုင်မှာ ကိုဗစ်နိုင်တင်း ပိုးတွေရှိသူ ပြန်လည်မြင့်တက်လာချိန် ဖြစ်သလို ရွေးကောက်ပွဲ ကျင်းပဖို့ လပိုင်းသာ လိုအပ်တဲ့အချိန် ဂျပန် တရုတ် အိန္ဒိယ စတဲ့ နိုင်ငံတွေက အစိုးရကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို ရောက်ရှိလာခြင်းဟာ လတ်တလော အရေးကြီးတဲ့ ကိစ္စ ဆွေးနွေးဖို့ရှိလို့ လာရောက်တာလို့ ယုံကြည်သူတွေ ရှိပါတယ်။ တရုတ်ဘက်က နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းမှု ကိုအရှိန်မြှင့်လို တရုတ် အထူးကိုယ်စားလှယ် နေပြည်တော်ခရီးစဥ် ဘယ်လောက် အရေးကြီးလဲ နေပြည်တော်ကို ရောက်ရှိလာတဲ့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာရန်ကျဲ့ချိဟာ တရုတ်အစိုးရရဲ့နိုင်ငံခြားရေး ဝန်ကြီး တာဝန်ကို ၂၀၀၇ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ထမ်းဆောင်ခဲ့သူဖြစ်သလို့ လက်ရှိမှာလည်းနိုင်ငံတော်ကောင်စီဝင်တစ်ဦး ဖြစ်ပါတယ်။ "နိုင်ငံတကာ ဆက်ဆံရေးမှာ ဦးဆောင်သူပေါ့၊ နိုင်ငံခြားရေးမူဝါဒတွေ ဆွဲတဲ့အခါမှာ အရေးပါတဲ့သူပေါ့ "လို့မစ္စတာ ရန်ကျဲ့ချိနဲ့ ပတ်သက်လို့မြန်မာ တရုတ် အရေးလေ့လာသူ ဒေါက်တာလှကျော်ဇော ကပြောပါတယ်။ တရုတ် အစိုးရအဖွဲ့မှာ အရေးကြီးတဲ့ပုဂ္ဂိုလ်တစ်ဦးဟာ နေပြည်တော်ကိုရောက်ရှိလာတဲ့ တရုတ် အထူးကိုယ်စားလှယ်ဟာ နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံခဲ့သလို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နှစ်ဦးတည်း သီးခြား နာရီဝက်ခန့် တွေ့ဆုံခဲ့တယ်လို့လည်း အမည်မဖော်လိုသူ ပြည်ထောင်စုအဆင့် တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ စက်တင်ဘာ ၂ ရက်နေ့မှာတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲလည်း တွေ့ဆုံခဲ့ပါတယ်။ အင်္ဂလိပ်စကားကို ကောင်းမွန်စွာပြောတတ်တဲ့ တရုတ်အထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးတည်း သီးခြားတွေ ဆုံခဲ့တာကို ကြည့်ခြင်းအားဖြင့် တရုတ်ကိုယ်စားလှယ်ရဲ့ခရီးစဉ်ဟာ အရေးကြီးကြောင်း သက်သေပြချက်တစ်ခုဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်အစိုးရ အထူးကိုယ်စားလှယ်တို့ သီးခြားစီ တွေ့ဆုံပြီးတဲ့နောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်ထောင်စုဝန်ကြီးအချို့နဲ့ မစ္စတာ ရန်ကျဲ့ချိဦးဆောင်တဲ့ တရုတ် ကိုယ်စားလှယ်တို့ဟာ နှစ်နိုင်ငံအရေးဆွေးနွေးခဲ့ကြပါတယ်။ ကိုဗစ် ကာကွယ်ဆေးတရုတ်က ထောက်ပံ့မယ့် အကြောင်းမြန်မာအစိုးရဘက်က ထုတ်ပြန်ခဲ့ တရုတ်ကိုယ်စားလှယ် ခရီးစဥ် အပြီးမှာ မြန်မာဘက်ကဘာတွေပြောလဲ နှစ်ဖက် ကိုယ်စားလှယ်တွေ ဆွေးနွေးတဲ့အခါ ဇန်နဝါရီလဆန်းက သမ္မတ ရှီကျင်းဖျင် မြန်မာနိုင်ငံကို လာခဲ့စဉ်က နှစ်နိုင်ငံ ဆွေးနွေးထားတဲ့ကိစ္စတွေ အကောင်အထည်ဖော်ရေး အဓိက ဆွေးနွေးကြတာ ဖြစ်ပါတယ်လို့ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက သြဂုတ်လ ၄ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်အနေနဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က မြန်မာနိုင်ငံကို ရောက်လာခဲ့ပြီးဒေါ်အောင် ဆန်းစုကြည်နဲ့ နှစ်နိုင်ငံရေး ဆွေးနွေးခဲ့ကြပါတယ်။အဲဒီဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မိတ်ဆွေဆိုသည်မှာ ကြီးသည်ငယ်သည်မဟုတ် လေးစားရမှာ ဖြစ်ကြောင်းနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အင်အားစုတစ်ခုကို ပြင်ပကနေ ချုပ်ကိုင်တာမျိုး မရှိသင့်ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောခဲ့တယ်လို့လည်း အစည်းအဝေးမှာ ပါဝင်ခဲ့သူတစ်ဦးက ဘီဘီစီကိုပြောခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကူညီမယ်ပြောထားပေမဲ့ လက်နက်ကိုင် အင်အားစုတစ်ခုကို ပြင်ပက ချုပ်ကိုင်တာမျိုး မရှိသင့်ဘူးဆိုတဲ့အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ပွင့်ပွင့်လင်းလင်းပြောခဲ့ တာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။ နှစ်နိုင်ငံ အပြန်အလှန်လုပ်ဆောင်မယ့် လုပ်ငန်းတွေနဲ ပတ်သက်လို့လည်း တရုတ်သမ္မတရဲ့ ခရီးစဉ်အတွင်း သဘောတူညီမူ့၆ ခု သဘောတူညီချက် ၃ ခု နားလည်မူ့စာချွန်လွှာ MOU ၁၄ ခုနဲ့စာလွှာ ၁၀ ခုတို့ကို နှစ်ဖက်ကိုယ်စားလှယ်တွေအပြန်အလှန် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီလိုနှစ်နိုင်ငံသဘောတူခဲ့တဲ့ လုပ်ငန်းတွေကို အမြန်အကောင်အထည်ဖော်ဖို တရုတ် အထူးကိုယ်စားလှယ်က ဆွေးနွေးခဲ့တဲ့အပြင် ကိုဗစ်ရောဂါကာလအတွင်း မြန်မာနိုင်ငံကို ကူညီပေးမယ့် အစီအစဉ် တရုတ်နိုင်ငံက အတိုးနှုန်း သက်သာပြီးပြန်ဆပ်ကာလ ကြာရှည်တဲ့ ချေးငွေချေးပေးမယ့်အကြောင်း ရခိုင်ပြည်နယ် အတွက် တရုတ်အစိုးရက ယွမ်ငွေသန်း ၂၀၀ ထောက်ပံ့မယ့်အကြောင်းနဲ့ နိုင်ငံတကာအရေးမှာ တရုတ်က မြန်မာနိုင်ငံဖက်က ပူးပေါင်း ဆောင်ရွက်မယ် ဆိုတာကိုလည်း တရုတ်အထူးကိုယ်စားလှယ်က ပြောကြားခဲ့တဲ့ အကြောင်းကိုလဲ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ပြည်ထောင်စုအဆင့်ရှိသူတစ်ဦးက ပြောပါတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်း မဒေးကျွန်းဒေသ တရုတ်မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်ရေးတွေ ဘာဆက်ဖြစ်နိုင်သလဲ တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံမှာဆောင်ရွက်ချင်တဲ့စီမံကိန်း ၃၀ ကျော်လောက်ရှိပေမဲ့ မြန်မာဘက်က သဘော တူထားတာ ၆ ခုပဲရှိပါတယ်၊ အဲဒီ ၆ ခုထဲက ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ဆိုင်တဲ့တစ်ခုပါဝင်ပါတယ်၊ ဒါအပြင် တရုတ်အစိုးရဘက်ကတော့ မူဆယ်မန္တလေးရထားလမ်းပိုင်းကို မြန်မြန်အကောင်အထည်ဖော်ချင်နေတဲ့ သဘောလည်း ရှိတယ်လို့ စီးပွါးရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ သန်းမြင့်ကပြောပါတယ်။ ဒီရထားလမ်း စီမံကိန်းနဲ့ပတ်သက်လို့ တရုတ်ဘက်က ဖြစ်နိုင်ခြေလေ့လာမူ အစီရင်ခံစာ ကို မြန်မာအစိုးရထံပေးအပ်ပြီးဖြစ်ပေမဲ့ မြန်မာအစိုးရက မီးရထားလမ်း ဖြစ်နိုင်ခြေနဲ့ ပတ်သက်လို့ ဥရောပနိုင်ငံ တစ်ခုကို ဖြစ်နိုင်ခြေ ထပ်မံ လေ့လာခိုင်းထားတာ ရှိတယ်ဆိုတာကို အစိုးရ သက်တမ်းလေး နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့မီးရထားက တာဝန်ရှိသူတစ်ဦးက ပြော ခဲ့ပါတယ်။ ဒါပေမဲ့လည်း တရုတ်အစိုးရဘက်ကတော့ မြန်မြန်ဆန် လုပ်စေချင်တဲ့ သဘောရှိပါတယ်။ အခုလို နှစ်နိုင်ငံကြား သဘောတူထားတဲ့ လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ ဆွေးနွေးခဲ့သလို့ နိုင်ငံတကာအရေးနဲ့ ပတ်သက်လို့လည်း နှစ်နိုင်ငံ ဆွေးနွေးမူ့တွေလည်း ရှိနိုင်တယ်လို့ လေ့လာသူတွေကသုံးသပ်နေကြပါတယ်။ "သူလာတဲ့ ရည်ရွက်မှာတော့ နှစ်ခုရှိနိုင်တယ်၊ တရုတ်က ဒီနှစ်အကုန်မှာ စာချုပ်ချုပ်မဲ့ဟာ နှစ်ခုရှိတယ်၊ မြန်မြန် ဆန်ဆန်လုပ်နေတာ တစ်ခုက အာဆက်ပေါ့ ၊အာဆီယံ ၁၀ နိုင်ငံနဲ့အာရှနိုင်ငံကြီး ၅ နိုင်ငံ လွတ်လပ်တဲ့စျေးကွက် ဖရီးမားကတ် လုပ်ဖိုက တစ်ချက် ၊နောက်တစ်ခုက တောင်တရုတ် ပင်လယ်ထဲမှာ အငြင်းပွားမှုတွေကို ရှင်းရင် လိုက်နာရမယ့် Code of conduct ကိုလက်မှတ်ထိုးကြမယ့် အာဆီယံ ၁၀ နိုင်ငံနဲ့ အဲဒီကိစ္စတွေအတွက် လာရောက် ညှိနှိုင်းတာဖြစ်နိုင်တယ်"လို့ ဒေါက်တာလှကျော်ဇောကသုံးသပ်ပါတယ်။ အာဆီယံနိုင်ငံ ၁၀ နိုင်ငံနဲ့ တရုတ်အစိုးရတို့ကြား တောင်တရုတ်ပင်လယ် အရေးနဲ့ပတ်သက်လို့ Code of conduct ထိုးမှာဖြစ်တဲ့အတွက် အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံကို လာရောက် ညှိနှိုင်းတာဖြစ်နိုင်ပါတယ်။အာဆီယံအဖွဲ့ အစည်းအနေနဲ့ တခြားသောနိုင်ငံတွေနဲ့ သဘောတူညီမူ့ တစ်ခုခုလုပ်ရင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ လုံး သဘောတူမှဆောင်ရွက်လေ့ရှိပါတယ်။ တရုတ်အစိုးရအနေနဲ့ ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် တခြားသောနိုင်ငံတွေ မလူးသာမလွန့်သာ ဖြစ်နေချိန်မှာ သူတို့ရဲ့ အာရှပစိဖိတ် ဒေသလွှမ်းမိုးရေး အစီအစဉ်ကို မြန်မြန် ဆန်ဆန် အကောင်အထည်ဖော်ဖို့ ကြိုးစားလာ တာဖြစ်ပါတယ်။ဒီလိုစီမံကိန်းတွေ အောင်မြင်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့လည်းအရေးကြီးတဲ့ နိုင်ငံတစ်ခု ဖြစ်နေတယ်လို့လည်း သုံးသပ်မှုတွေရှိပါတယ်။ အာဆီယံနိုင်ငံတွေ ကြားတရုတ်နဲ့အငြင်းပွားမှု ပြဿနာ တောင်တရုတ်ပင်လယ်အရေးမှာ မြန်မာဘက် ကထောက်ခံမှု တရုတ်က လိုချင် မြန်မာကို တရုတ်ဘက် ကဘာတွေ အကူညီပေးဖို့ရှိလား နေပြည်တော် ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ဖြန့်ဝေတဲ့အချိန်မှာ မြန်မာနိုင်ငံ ကိုလည်း ထောက်ပံ့သွားမှာဖြစ်ပြီး ရခိုင်ပြည်နယ်အတွက် ယွမ်သန်း ၂၀၀ (ကျပ်သန်း ၄ သောင်းလောက်) ပေးအပ်သွားမယ်လို့ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်က ပြောခဲ့ပါတယ်။ ဒါ့အပြင် တရုတ်သမ္မတရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နှစ်ဖက်သဘောတူခဲ့တဲ့ အကျိုးတူစီမံကိန်းတွေ အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည် ဖော်ဆောင်ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေမှာ နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံက ကြွေးမြီပေးဆပ်မယ့် ကာလကို တရုတ်နိုင်ငံက ရွှေ့ဆိုင်းပေးပြီး အကူအညီပေးအပ်သွားမယ့်ကိစ္စ စတာတွေ နေပြည်တော်ကို ရောက်လာတဲ့ တရုတ်ကိုယ်စားလှယ်က ဆွေးနွေးခဲ့ပါတယ် ။ တစ်ခြားတစ်ဖက်မှာလည်း မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွါးခဲ့တဲ့ ပဋိပက္ခ တွေနဲ့ ပတ်သက် လို့ကုလသမဂ္ဂနဲ့ အိုင်စီဂျေ တရားရုံးတွေရင်ဆိုင်နေရတာရှိပါတယ်။ မြန်မာနိုင်ငံကတော့ ကိုဗစ်ရောဂါ ဒုတိယလှိုင်းအပြင် ရခိုင်ပြည်နယ်အရေးနိုင်ငံတကာဖိအားတွေ ရင်ဆိုင်ရချိန်မှာတော့ လာမယ့် ရွေးကောက်ပွဲအပြီး ကိုဗစ်အလွန် ကာလတွေမှာလည်း မြန်မာနိုင်ငံအရေးတွေမှာ တရုတ်နိုင်ငံအနေနဲ့ အရင်ကထက်ပို မို ပါဝင်လာဖို့ရှိလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ တရုတ် အထူးကိုယ်စားလှယ်အနေနဲ့ သူတို့လိုအပ်ချက်ကိုတောင်းဆိုသွားသလို့ မြန်မာအစိုးရအတွက် မကြာခင်ရင်ဆိုင်ရမယ့် ရခိုင်အရေးနဲ့ပတ်သက်လို့ရင်ဆိုင်ရမဲ့ပြဿနာတွေမှာလဲ တရုတ်အစိုးရက မြန်မာအစိုးရနဲ့ အတူတကွရပ်တည်မယ်ဆိုတဲ့ ပြောဆိုချက်ဟာ လက်ရှိအစိုးရအတွက်တော့ အားတက်စရာ တခုဖြစ်ပါတယ်။။ အလားတူ ကိုဗစ် ရောဂါကြောင့်စီးပွါးရေးထိခိုက်သွားတဲ့အပေါ် တရုတ်အစိုးရဘက်က အတိုးနှုန်းသက်သာပြီး ပြန်ဆပ်ကာလ ရှည်ကြာတဲ့ ချေးငွေပေးမယ်လို့ကမ်းလှမ်းချက်တွေဟာလဲ လက်ရှိ အစိုးရရင်ဆိုင်နေရတဲ့ စီးပွါးရေးအခက်အခက်နဲ့ ငွေကြေးလိုအပ်ချက်တွေအတွက် အားကိုးစရာ ဖြစ်လာနိုင်ပါတယ်။ဒီအချက် နှစ်ချက်ဟာဆိုရင်လည်း မကြာခင် ကျင်းပမဲ့ ရွေးကောက်ပွဲအတွက် အန်အယ်ဒီ အစိုးရကို တရုတ်နိုင်ငံက ကူညီပေးတဲ့သဘောဖြစ်တယ် လို့ လေ့လာသူတွေကသုံးသပ်နေကြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းက မြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပဖို့ လပိုင်းအလိုမှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြည်ပရေးရာလုပ်ငန်းကော်မရှင်ရုံးဥက္ကဋ္ဌ မစ္စတာရန်ကျဲ့ချိ ဟာမြန်မာနိုင်ငံကို ရောက်လာခဲ့ပါတယ်။
140728_malaysia_plane_un
https://www.bbc.com/burmese/world/2014/07/140728_malaysia_plane_un
လေယာဉ် ပစ်ချခံရမှု စစ်ရာဇဝတ်မှု မြောက်ဟု ဆို
အထောက်အထားတွေ ဖျက်စီးပစ်ခံရနိုင်ဟု ခန့်မှန်းကြ အဲဒီ လေယာဉ်ကို ရုရှား လိုလားတဲ့ ယူကရိန်း ခွဲထွက်ရေး သူပုန်တွေက ရုရှားတို့ ထောက်ပံ့တဲ့ ဒုံးကျည် စနစ်ကို အသုံးပြုပြီး ပစ်ချခဲ့တာလို့ ယူကရိန်း အစိုးရနဲ့ အနောက်အုပ်စု နိုင်ငံတွေက ယူဆနေကြပါတယ်။ ဒီအဖြစ်ဆိုးကြောင့် လေယာဉ် ပေါ် ပါသွားတဲ့ လူ ၂၉၈ ဦး စလုံး သေဆုံးသွားပါတယ်။ သူပုန်တွေကတော့ လေယာဉ်ကို သူတို့ ပစ်တာ မဟုတ်ဘူးလို့ ငြင်းဆိုနေပါတယ်။ ကုလသမဂ္ဂက အခု နောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာ အရ ယူကရိန်းနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အတွင်း လူသူ ထူထပ်တဲ့ ဒေသတွေမှာ အစိုးရဘက်ကရော သူပုန်တွေ ဘက်ကပါ လက်နက်ကြီးတွေ သုံး တိုက်ခိုက်ခဲ့တဲ့အတွက် လူ တစ်ထောင့် တစ်ရာကျော် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ယူကရိန်း နိုင်ငံ အရှေ့ပိုင်းမှာ မလေးရှား လေယာဉ်ကို ပစ်ချခဲ့တဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် အကြီးအကဲ နာဗီ ပီလေးက ပြောကြား လိုက်ပါတယ်။
160810_trump_tower
https://www.bbc.com/burmese/world/2016/08/160810_trump_tower
ထရမ့်တာဝါပေါ် လူတက်
မိုးမျှော်တိုက် တွယ်တက်သူကို လူတွေ ဝိုင်းကြည့် မှန်ချပ်တွေနဲ့ ကာထားတဲ့ ၅၈ ထပ်မြင့်တဲ့ ဒီ မိုးမျှော် အဆောက်အအုံဟာ မစ္စတာ ထရမ့်ရဲ့ မဲဆွယ် စည်းရုံးရေး ဌာနချုပ်လည်း ဖြစ်ပါတယ်။ ထရမ့်ကိုယ်တိုင်လည်း ဒီတာဝါ ထိပ်ဆုံးနားက တိုက်ခန်းတခန်းမှာ နေပါတယ်။ လူ တွယ်တက်တဲ့ အချိန်မှာတော့ ထရမ့် တာဝါမှာ မရှိပါဘူး။ တွယ်တက်သူက သူ့ကိုယ်မှာ ကြိုးသိုင်းပြီး စုပ်ခွက်တွေနဲ့ ကပ်ကာ အဆောက်အအုံကို တွယ်တက် ခဲ့တာပါ။ ဒီလူ တွယ်တက်တဲ့ အကြောင်းနဲ့ သူ့နောက်ကြောင်းကို မသိဘူးလို့ ရဲက ပြောပါတယ်။
ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ပိုင်တဲ့ နယူးယော့က ထရမ့်တာဝါကို အမျိုးသား တယောက် တွယ်တက် ခဲ့ပါတယ်။
burma-46416652
https://www.bbc.com/burmese/burma-46416652
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်နားမှာ တပ်မတော်နဲ့ အေအေအကြား ၃ ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ခဲ့
AA ရက္ခိုင့် တပ်မတော် လက်နက်ကိုင်အဖွဲ့ တိုက်ပွဲတွေဟာ ချင်းပြည်နယ် ပလက်ဝမြို့နယ်တဝိုက်ကနေ ဘူးသီးတောင်အထိ ကျယ်ပြန့်လာတာဖြစ်ပြီး နိုဝင်ဘာလ၂၉ ရက် မနက် ၁၁ နာရီ ကျော်ကနေ ညနေ ၅ နာရီ အချိန်အထိ ဘူးသီးတောင်မြို့ မြောက်ဖက်၊ "နဟန်း"နှင့်"ဝါးနက်ရုံ"အကြားမှာ ဖြစ်ပွားခဲ့သလို နိုဝင်ဘာ ၃၀ ရက်ကလည်း ညနေ ၅ နာရီ ကနေ ည ၇ နာရီ အတွင်း တိုက်ပွဲ ၄ ကြိမ်တိတိ ဖြစ်ပွားခဲ့တယ်လို့ အေအေ ပြောခွင့်ရသူ ခိုင်သုခက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်တဝိုက် ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယ နယ်စပ်ကြားမှာ အေအေ နဲ့ အစိုးရ တပ်မတော်အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး ၂ ဖက် အကျအဆုံး များခဲ့ပါတယ်။ အေအေအဖွဲ့က အရာရှိတစ်ဦးကတော့ တိုက်ပွဲကြောင့် တပ်မတော်က ကျဆုံးသူ ၂၀ ဝန်းကျင်ရှိခဲ့ပြီး ဒဏ်ရာရသူတွေလည်း များခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။ အခုတိုက်ပွဲတွေ ထပ်ဖြစ်နေတာကြောင့် ပလက်ဝမြို့နယ် နဲ့ နယ်စွန်နယ်ဖျားတွေမှာ ခရီးသွားလာခွင့်ကို အကန့်အသတ်နဲ့ ခွင့်ပြုနေပြီး အစစ်ဆေးတွေလည်း များနေတာကြောင့် ဒေသခံတွေ သွားရေလာရေး အခက်ခဲကြုံနေရတယ်လို့ ပလက်၀ ဒေသခံ ဦးတင်ထွန်းအောင်က ပြောပါတယ်။ ၃ ရက်ကြာ ဆက်တိုက်ဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ဒဏ်ရာရမှုနဲ့ ကျဆုံးမှုတွေ ရှိနေတယ်လို့ အေအေဖက်က ပြောပေမယ့်လည်း အရေအတွက် ဘယ်လောက်အထိ ရှိခဲ့လည်းဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။ တိုက်ပွဲတွေနဲ့ ပတ်သက်လို့လည်း မြန်မာ့တပ်မတော်ဖက်က အခုထိ တစုံတရာ ထုတ်ပြန်ပြောကြားတာ မရှိသေးပါဘူး။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဘူးသီးတောင်မြို့ အနီးတဝိုက်မှာ မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေ အကြား တိုက်ပွဲတွေဟာ နိုဝင်ဘာလ ၂၉ ရက်ကတည်းက ၃ ရက်ဆက်တိုက် ပစ်ခတ်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်လို့ ရက္ခိုင့်တပ်မတော် အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။
140108_rodman_north_korea
https://www.bbc.com/burmese/world/2014/01/140108_rodman_north_korea
မြောက်ကိုရီးယားရောက် ကန် ဘက်စကတ်ဘောသမား
ကင်ဂျုံအန်း မွေးနေ့ပွဲအတွက် ရောက်နေသူ Dennis Rodman သူ့အပြောအရ မြောက်ကိုးရီးယား နိုင်ငံရဲ့ ပိတ်နေတဲ့ တံခါးကို ဖွင့်ဖို့ သူကြိုးစားနေတာအပေါ် ဝေဖန် ဆဲဆိုမှုတွေ ခံနေရတယ်လို့ အမေရိကန် ရုပ်မြင်သံကြားမှာ Dennis Rodman က ပြောသွားပါတယ်။ မြောက်ကိုးရီးယား နိုင်ငံမှာ အထိန်းသိမ်း ခံနေရတဲ့ အမေရိကန် နိုင်ငံသား Kenneth Bae ရဲ့ ကိစ္စကို မြောက်ကိုးရီးယား အစိုးရနဲ့ ပြောဆိုဖို့ ရှိသလားလို့ မေးခဲ့ရာမှာတော့ Dennis Rodman က အခုလို ဖြစ်ရတာဟာ Kenneth Bae မှာပဲ အပြစ်ရှိတဲ့ ပုံမျိုး အော်ဟစ် ကြိမ်းမောင်းပြီး တုန့်ပြန်ခဲ့ပါတယ်။ သူ့ရဲ့ ပြောဆိုချက်တွေကြောင့် အကြီးအကျယ် စိတ်ပျက်သွားခဲ့ရတယ်လို့ Kenneth Bae ရဲ့ မိသားစုတွေက ပြောပါတယ်။ ကိုးရီးယား လူမျိုး အမေရိကန် နိုင်ငံသား Kenneth Bae ဟာ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု စွဲချက်တွေနဲ့ အလုပ်ကြမ်း စခန်းမှာ ထောင်ဒဏ် ၁၅နှစ် ကျခံနေရတာဖြစ်ပြီး သူ့မိသားစုကတော့ ဒီစွဲချက်တွေကို ငြင်းဆိုထားပါတယ်။
အခြေအတင် အငြင်းပွားစရာ ဖြစ်နေတဲ့ အမေရိကန် ဘတ်စကက်ဘော ကစားသမား Dennis Rodman က မြောက်ကိုးရီးယား ခေါင်းဆောင် ကင် ဂျုန်အန်းရဲ့ မွေးနေ့ပွဲ အတွက် မြောက်ကိုးရီးယားနိုင်ငံမှာ ရောက်ရှိနေတာနဲ့ ပတ်သက်လို့ ကာကွယ် ပြောဆိုလိုက်ပါတယ်။
140404_afghanistan_poll
https://www.bbc.com/burmese/world/2014/04/140404_afghanistan_poll
အာဖဂန် မဲဆန္ဒရှင်တွေဟာ သမ္မတသစ်ကို ရွေးချယ်ဖို့ မဲရုံကို သွား
အာဖဂန် က မဲပေးပုံ ရှင်းပြနေတဲ့ မြင်ကွင်း ခုရွေးကောက်ပွဲဟာ တိုင်းပြည်မှာ ပထမဆုံး ဒီမိုကရေစီ နည်းလမ်းကျကျ အာဏာ လွှဲပြောင်းမှု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ လက်ရှိ သမ္မတ ဟာမစ်ခါဇိုင်းဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတ သက်တမ်း နှစ်ကြိမ် တာဝန် ထမ်းဆောင် ပြီးသွားတဲ့ အတွက် ထပ်မံ အရွေးခံခွင့် မရှိတော့ပါဘူး။ သူ့နေရာကို ဆက်ခံဖို့ အတွက် ကိုယ်စားလှယ်လောင်း ရှစ်ယောက် ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ စစ်တပ်က ရာထောင်ချီတဲ့ တပ်ဖွဲ့ဝင်တွေ လုံခြုံရေး တာဝန်ယူထားကြပြီး ဒါဟာ တာလီဘန်တွေ ကျဆုံးပြီး ၁၃နှစ် အတွင်း အကြီးမားဆုံး စစ်ဆင်ရေး တခု ဖြစ်ပါတယ်။ မနေ့က သောကြာနေ့တုန်းကတော့ မဲပြားဝေတဲ့ ကားတန်းမှာ လိုက်ပါသွားသူ ဂျာမန် သတင်းထောက် ရဲတယောက်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ပြီး သူမ မိတ်ဆွေ ကနေဒါ သတင်းထောက် အမျိုးသမီးလည်း ဒဏ်ရာ ရသွားခဲ့ပါတယ်။
အာဖဂန် နစ္စတန်မှာ လုံခြုံရေးတွေ ထူထူထပ်ထပ် ချထားတဲ့ ကြားက သန်းနဲ့ချီတဲ့ မဲဆန္ဒရှင်တွေဟာ သမ္မတသစ်ကို ရွေးချယ်ဖို့ မဲရုံကို သွားနေကြပါပြီ။
140917_chinese_president_india
https://www.bbc.com/burmese/world/2014/09/140917_chinese_president_india
တရုတ် သမ္မတ အိန္ဒိယကို ရောက်ရှိလာ
တရုတ် သမ္မတကို မိုဒီက ဂူဂျာရတ်မှာ ကြိုဆို ဂူဂျာရတ် ပြည်နယ် ဝန်ကြီးချုပ် အဖြစ် တာဝန် ယူခဲ့စဉ်က တရုတ် နိုင်ငံကို မကြာခဏ သွားလေ့ ရှိခဲ့တဲ့ လက်ရှိ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက တရုတ် သမ္မတကို ဂူဂျာရတ် ပြည်နယ်က အမီဒါဘတ် မြို့မှာ ကြိုဆို ခဲ့ပါတယ်။ ကမ္ဘာကြီးရဲ့ ရုံးခန်းတွေကို နောက်ကွယ်ကနေ လည်ပတ် ပေးနေတဲ့ အိန္ဒိယနဲ့ ကမ္ဘာကြီးရဲ့ စက်ရုံတွေကို နောက်ကွယ်က မောင်းနှင်နေတဲ့ တရုတ် တို့ရဲ့ ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုက ရလာမယ့် အကျိုးအမြတ် အလားအလာကို တရုတ် သမ္မတက ဂုဏ်ယူ ပြောဆို ခဲ့ကြောင်း ဟိန္ဒူ သတင်းစာမှာ အစောပိုင်းက ရေးသား ဖော်ပြခဲ့ပါတယ်။ သူ့ခရီးစဉ် အတွင်းမှာ တရုတ် ဘက်က ထောက်ပံ့မယ့် စက်မှုဇုန်တွေ တည်ဆောက်ရေး အစီအစဉ် အပါအဝင် ဒေါ်လာ ဘီလျံ များစွာ တန်ဖိုးရှိတဲ့ တရုတ် ရင်းနှီး မြှုပ်နှံမှုတွေကို အတည်ပြု လက်မှတ် ရေးထိုးမယ်လို့ မျှော်လင့်ရပါတယ်။
တရုတ် သမ္မတ ရှီကျင်ပင်းဟာ အိန္ဒိယ နိုင်ငံကို ၃ ရက်တာ ခရီးစဉ် အဖြစ် ရောက်ရှိ လာရာမှာ တရုတ်နဲ့ အိန္ဒိယ အာရှ အင်အားကြီး နှစ်နိုင်ငံကြား စီးပွားရေး ဆက်ဆံမှု ပိုမို နီးကပ် စေရေး ဦးစားပေး ဆွေးနွေးမယ်လို့ မျှော်လင့် ရပါတယ်။
140928_modi_newyork_speech
https://www.bbc.com/burmese/world/2014/09/140928_modi_newyork_speech
အိန္ဒိယနွယ်ဖွား အမေရိကန်တွေကို မိုဒီ မိန့်ခွန်းပြော
ဝန်ကြီးချူပ် မိုဒီ ကို ကြိုဆို နေကြတဲ့ အိန္ဒိယ နွယ်ဖွား အမေရိကန် တွေ။ ဝန်ကြီးချူပ် မိုဒီဟာ နယူးယောက် မြို့ ရဲ့ နာမည်ကျော် Madison Square Garden လို့ ခေါ်တဲ့ ရင်ပြင် မှာ အိန္ဒိယ နွယ်ဖွား တစ်သောင်း ရှစ်ထောင် နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ၂၁ ရာစု ဆိုတာ၊ ကမ္ဘာပေါ် မှာ လူငယ်မျိုးဆက် သစ်တွေ အများဆုံး ရှိရာ အိန္ဒိယ ပြည် အတွက် ဖြစ်လာ လိမ့်မယ် ဆိုပြီး၊ ဝန်ကြီးချူပ် မိုဒီက စုဝေး ရောက်ရှိ နေသူတွေ ကို ပြောခဲ့ပါ တယ်။ အိန္ဒိယ ပြည်ကြီး ရဲ့ စီးပွားရေး ပိုမို ဖွံ့ဖြိုးလာ ဖို့ လုပ်ဆောင်စရာ ရှိတာ မှန်သမျှ အားလုံး ကို သူ ဦးဆောင် တဲ့ အစိုးရ အနေနဲ့ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း လည်း ဝန်ကြီးချူပ် မိုဒီက ပြောပါတယ်။ မစ္စတာ မိုဒီဟာ လူထု မိန့်ခွန်းကို ဟင်ဒီ ဘာသာ စကားနဲ့ ပြောကြားခဲ့တာ ဖြစ်ပေမယ့်၊ အမေရိကန် ဥပဒေပြု လွှတ်တော် အမတ် ၃၀ ကျော် လည်း လူအုပ်ကြားထဲ မှာ လာရောက် နားထောင် နေခဲ့ကြပါတယ်။
ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကို တက်ရောက် ရင်း အမေရိကန် ပြည်ထောင်စု ကို ရောက်ရှိ နေတဲ့ အိန္ဒယ ဝန်ကြီးချူပ် နရိန္ဒရာ မိုဒီ ကို သောင်းနဲ့ ချီတဲ့ အိန္ဒိယ နွယ်ဖွား အမေရိကန် နိုင်ငံသား တွေက သောင်းသောင်း ဖျဖျ နှုတ်ခွန်း ဆက်ခဲ့ကြပါ တယ်။
150430_pakistan_jails_10_malala_attack
https://www.bbc.com/burmese/world/2015/04/150430_pakistan_jails_10_malala_attack
မာလာလာကို ပစ်ခတ်ခဲ့သူ ၁၀ ဦး ထောင်တစ်သက်စီကျ
၂၀၁၂ ခုနှစ်က ခေါင်းကို သေနတ်နဲ့ အပစ်ခံရပြီးနောက် အပြင်းအထန် ဒဏ်ရာရခဲ့။ ၂၀၁၂ ခုနှစ်တုန်းက အသက် ၁၅ နှစ်သာ ရှိသေးတဲ့ မာလာလာကို ကျောင်းကားပေါ်မှာ ခေါင်းကို သေနတ်နဲ့ ပစ်ခတ် ခဲ့တာ ဖြစ်ပြီး အဲဒီ အမှုက တစ်ကမ္ဘာလုံးကို တုန်လှုပ် စေခဲ့ပါတယ်။ မိန်းကလေးငယ်တွေ ပညာသင်ကြားခွင့် ရဖို့ လှုပ်ရှား ဆောင်ရွက် ခဲ့တဲ့အတွက် ပါကစ္စတန်မှာ ရှိတဲ့ တာလီဘန်တွေက သူ့ကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့တာပါ။ မနှစ်တုန်းကတော့ မာလာလာဟာ ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့် ခံခဲ့ရပြီး အသက် အငယ်ဆုံး နိုဘယ် ဆုရှင် ဖြစ်လာ ခဲ့ပါတယ်။
ကလေးငယ် တွေရဲ့ အခွင့်အရေး အတွက် လှုပ်ရှား ဆောင်ရွက်ခဲ့သူ မာလာလာ ယူဆက်ဇိုင် ကို လွန်ခဲ့တဲ့ ၃ နှစ်က တိုက်ခိုက်ခဲ့တဲ့ စစ်သွေးကြွ ၁၀ ယောက်ကို ပါကစ္စတန် တရားရုံးက ထောင်ဒဏ် တစ်သက်စီ ပြစ်ဒဏ် ချမှတ် လိုက်ပါတယ်။
150313_us_us_china_bank_aiib
https://www.bbc.com/burmese/world/2015/03/150313_us_us_china_bank_aiib
တရုတ် ဘဏ်မှာ ယူကေ ပါဝင်ဖို့ အမေရိကန် စိုးရိမ်
AIIB ဘဏ် သဘောတူညီချက်ကို အောက်တိုဘာလက တရုတ် အပါအဝင် ၂၁ နိုင်ငံ လက်မှတ် ထိုးခဲ့ ယူကေ နိုင်ငံဟာ 'အာရှ အခြေခံ အဆောက်အအုံ ရင်းနှီး မြှုပ်နှံမှု ဘဏ်'(AIIB) ရဲ့ အဖွဲ့ဝင် ဖြစ်လာဖို့ လျှောက်ထားမယ့် ပထမဆုံး အနောက် အုပ်စုဝင် စီးပွားရေး အင်အားကြီး နိုင်ငံ ဖြစ်ပါတယ်။ AIIB ဘဏ်ဟာ အာရှ ဒေသက စွမ်းအင်၊ သယ်ယူ ပို့ဆောင်ရေးနဲ့ အခြေခံ အဆောက်အအုံ ဆိုင်ရာ ပရောဂျက်တွေ အတွက် ငွေကြေး ထောက်ပံ့မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အမေရိကန် ကတော့ ဒီဘဏ်သစ်ရဲ့ အုပ်ချုပ်ရေးပိုင်းမှာ နိုင်ငံတကာ စည်းမျဉ်းတွေနဲ့ အညီ ဆောင်ရွက် နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းတွေ ထုတ်ခဲ့ ပါတယ်။ တရုတ် နိုင်ငံကတော့ အမေရိကန်ရဲ့ စိုးရိမ် ပူပန်မှုကို ပယ်ချ လိုက်ပြီး၊ အမေရိကန်ဟာ တရုတ် နိုင်ငံနဲ့ ပတ်သက်ရင် ကလေး ဆန်တဲ့ သံသယ လွန်မှုတွေ ထားတုန်း ဖြစ်တယ်လို့လည်း ဆင်ဟွာ သတင်း ဌာနက စွပ်စွဲ လိုက်ပါတယ်။
တရုတ် နိုင်ငံက ကျောထောက် နောက်ခံ ထားပြီး ကမ္ဘာ့ဘဏ်နဲ့ အပြိုင် ဖြစ်လာဖွယ် ရှိတဲ့ AIIB ဘဏ်ရဲ့ ထူထောင်သူ အဖွဲ့ဝင် တစ်ဦး ဖြစ်လာဖို့ ဗြိတိန်ရဲ့ ဆောင်ရွက်မှုကို အမေရိကန်က စိုးရိမ်ကြောင်း ပြောဆို ခဲ့ပါတယ်။
150217_ukraine_battle_debaltseve_despite_truce
https://www.bbc.com/burmese/world/2015/02/150217_ukraine_battle_debaltseve_despite_truce
ယူကရိန်း အပစ်မရပ်ဘဲ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်
သူပုန်တွေ လက်နက် ရုပ်သိမ်းမှ သူတို့လည်း ရုပ်သိမ်းမယ်လို့ အစိုးရ တပ်က ဆို ဒဗော့ဆက်ဗ် မြို့ရဲ့ အစိတ်အပိုင်း အများစုနဲ့ ပို့ဆောင် ဆက်သွယ်ရေး အချက်အချာ နေရာကို သူပုန်တွေက သိမ်းပိုက် လိုက်တယ်လို့ ပြောသလို၊ အစိုးရ တပ်ကလည်း အဲဒီနေရာတွေကို သူတို့ ထိန်းချုပ် ထားဆဲ ဖြစ်တယ်လို့ ပြောပါတယ်။ ဒဗော့ဆက်ဗ် မြို့ကအစိုးရ တပ်ဖွဲ့ဝင် ဒါဇင်နဲ့ချီပြီး လက်နက် ချခဲ့ကြတယ်လို့လည်း သူပုန်တွေက ဆိုပေမယ့် ယူကရိန်း အစိုးရကတော့ ဒါကို ငြင်းဆို ပါတယ်။ လက်နက်ကြီးတွေကို တနင်္လာနေ့ သန်းခေါင်အချိန် နောက်ဆုံးထား ရုပ်သိမ်းဖို့ သဘောတူချက်ကိုလည်း နှစ်ဘက်စလုံးက ပျက်ကွက် ခဲ့ကြပါတယ်။ အပစ်ရပ်ရေးကို စောင့်ကြည့်တဲ့ နိုင်ငံတကာ အဖွဲ့ဝင်တွေ ဒဗော့ဆက်ဗ် မြို့ထဲကို မဝင်ရောက် နိုင်ခဲ့ဘူးလို့ ပြောပါတယ်။ စောစောပိုင်းကတော့ အပစ်အခတ် ရပ်စဲရေး မပျက်ပြားအောင် ကြိုးပမ်းတဲ့ အနေနဲ့ ဂျာမနီ၊ ရုရှားနဲ့ ယူကရိန်း ခေါင်းဆောင်တွေ တယ်လီဖုန်းက တဆင့် ဆွေးနွေး ခဲ့ကြပါတယ်။
ယူကရိန်း နိုင်ငံ အရှေ့ပိုင်းမှာ အပစ်အခတ် ရပ်စဲဖို့ ပြီးခဲ့တဲ့ တစ်ပတ်က မင့်စ်မြို့ ဆွေးနွေးပွဲကနေ သဘောတူ ခဲ့ကြပေမယ့် Debaltseve မြို့ ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန် နေပါတယ်။
141006_thai_murder_burmese_lawyer
https://www.bbc.com/burmese/burma/2014/10/141006_thai_murder_burmese_lawyer
လူသတ်မှုနဲ့ ထိန်းသိမ်းခံထားရတဲ့ မြန်မာတွေကို မြန်မာအဖွဲ့ တွေ့ခွင့်ရ
လူသတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာတွေကို ကြည့်ရတာ အကြောက်တရား ရှိနေပုံ တွေ့ရတယ်လို့ ဥပဒေ အကျိုးဆောင်က ပြော အဲဒီ လူနှစ်ဦးက အခင်း ဖြစ်ခဲ့တဲ့ နေရာနဲ့ ၂၅ကိုက် အကွာမှာ သူတို့ ဂစ်တာတီး ဆေးလိပ်သောက် အရက်သောက်ခဲ့ကြတယ် ဆိုတာကို ဝန်ခံ ပြောခဲ့ကြကြောင်း၊ ဒါပေမယ့် ဒီအမှုကို တကယ်ကျူးလွန်ခဲ့သလား ဆိုတာနဲ့ ပတ်သက်လို့ ရှင်းလင်း ပြတ်သားစွာ ပြောဆိုနိုင်ခြင်း မရှိခဲ့ကြောင်းနဲ့ သူတို့ကို ကြည့်ရတာ အကြောက်တရား တခုခု ရှိနေပုံ တွေ့ရတယ်လို့ အဲဒီ လူနှစ်ဦးနဲ့ ကိုယ်တိုင် တွေ့ခွင့် ရခဲ့တဲ့ ဥပဒေ အကျိုးဆောင် ဦးအောင်မျိုးသန်း က ဘီဘီစီကို ပြောပြပါတယ်။ သေဆုံးသူ အလောင်းနားမှာ တွေ့တဲ့ ဆေးလိပ်တိုက သွားရည် DNA နဲ့ မသင်္ကာသူ မြန်မာတွေရဲ့ သွားရည် DNA တူနေတယ်လို့ ရဲက ပြောနေပေမယ့် တကယ်တမ်းမှာ အဲဒီလူတွေက အခင်း ဖြစ်ပွားရာမှာ ဆေးလိပ် သောက်တာမျိုး မရှိခဲ့ပဲ ၂၅ကိုက်အကွာလောက်မှာသာ သူတို့ ဆေးလိပ် သောက်ခဲ့တာ ဖြစ်တယ်လို့ ပြောပြခဲ့ကြောင်း ဦးအောင်မျိုးသန်း က ပြောပါတယ်။ အဲဒီ လူတွေဘက်ကနေ ဥပဒေကြောင်းအရ တရားဝင် အကျိုးဆောင် လိုက်ပါခွင့် လက်မှတ်တွေ ထိုးယူလာခဲ့ပြီး နိုင်ငံတော် အကြီးအကဲတွေရဲ့ ညွှန်ကြားချက်နဲ့ ဆက်လက် ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။ ကိုစမွီး အကျဉ်းထောင်ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်နဲ့ အဖွဲ့ အတူလိုက်ပါ လာပြီး ကြီးကြပ် ညွှန်ကြားမှုတွေ လုပ်ပေးနေတယ်လို့ ဥပဒေ အကျိုးဆောင် ဦးအောင်မျိုးသန်း က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ဗြိတိသျှ လူမျိုး နှစ်ဦးကို သတ်ခဲ့မှု စွဲချက်တွေနဲ့ ထိန်းသိမ်း ခံထားရသူ မြန်မာ ရွှေ့ပြောင်း အလုပ်သမား နှစ်ဦးကို သူတို့ အတွက် လိုက်ပါ ကူညီ ဆောင်ရွက်ပေးနေတဲ့ မြန်မာနိုင်ငံသားတွေ တနင်္လာနေ့ မနက်က ကိုစမွီး အကျဉ်းထောင်မှာ သွားရောက် တွေ့ဆုံခွင့် ရခဲ့ပါတယ်။
130820_egypt_mourn_3days
https://www.bbc.com/burmese/world/2013/08/130820_egypt_mourn_3days
မွတ်ဆလင် ညီနောင်များ အဖွဲ့ ခေါင်းဆောင် မိုဟာမက် ဘေဒီ အဖမ်းခံရ
အဖမ်းခံလိုက်ရတဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ ခေါင်းဆောင် မိုဟာမက် ဘေဒီ အခု တင်မယ့် စွဲချက်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက သမ္မတ နန်းတော် အပြင်ဖက်က ဆန္ဒပြသမားတွေ သေဆုံးရမှုနဲ့ ဆက်စပ်နေကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်း ၇ပတ်လောက်တုန်းက ရာထူးက ဖယ်ရှား ဖမ်းဆီး ထိန်းသိမ်း ခံရပြီးတဲ့နောက် မစ္စတာ မော်စီကို လူမြင်ကွင်းမှာ မတွေ့ရတော့ပါဘူး။ အီဂျစ်မှာ နိုင်ငံရေး ပဋိပက္ခတွေ ပိုမို ဆိုးရွားလာခဲ့ပြီး ဆိုင်းနိုင်း ကျွန်းဆွယ်မှာ အစ္စလာမ် ဝါဒီ စစ်သွေးကြွလို့ ယူဆရသူတွေရဲ့ လက်ချက်နဲ့ ရဲအရာရှိ ၂၄ယောက် သေဆုံးခဲ့ရပြီး နာရီပိုင်း အကြာမှာ မစ္စတာ မော်စီကို စွဲချက်တင်မယ့် ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီ ရဲအရာရှိ နှစ်ဆယ့်လေးယောက် အသတ်ခံလိုက်ရတဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် သုံးရက်ကြာ ကျင်းပမယ်လို့ အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ကိုင်ရိုမြို့မှာ မွတ်ဆလင် ညီနောင်များ အဖွဲ့ ခေါင်းဆောင်တွေထဲက တယောက် ဖြစ်တဲ့ မိုဟာမက် ဘေဒီကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီလို့ အီဂျစ် ရုပ်မြင်သံကြား သတင်းမှာ ဖော်ပြသွားခဲ့ပါတယ်။
အီဂျစ် နိုင်ငံမှာ ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ အစ္စလာမ် ဝါဒီ သမ္မတ မိုဟာမက် မော်စီကို စွဲချက်သစ်တွေနဲ့ အစိုးရ ရှေ့နေတွေက တရားစွဲခဲ့ပြီး အကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် လှုံဆော် ဖန်တီးမှု စွပ်စွဲချက်တွေနဲ့ စုံစမ်း စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
world-48022614
https://www.bbc.com/burmese/world-48022614
သီရိလင်္ကာမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ခဲ့ရတာ ဘာ့ကြောင့်လဲ
သီရိလင်္ကာမှာ ရက်ရက်စက်စက် အသေခံ ဗုံးခွဲ တိုက်ခိုက်မှုတွေကြောင့် ထိတ်လန့် တုန်လှုပ်ခဲ့ကြ ပြည်တွင်းစစ် ကာလအတွင်း တမီလ် ကျားသူပုန်တွေရဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုတွေကို ကြုံခဲ့ရဖူးတဲ့ သီရိလင်္ကာနိုင်ငံအနေနဲ့ ဒီလို တိုက်ခိုက်မှုမျိုးတွေနဲ့ သိပ်မစိမ်းလှပါဘူး။ ဒါပေမဲ့ ဒီလောက်ကြီး ရက်ရက်စက်စက် သတ်ဖြတ် တိုက်ခိုက်ခဲ့တာကိုတော့ တတိုင်းပြည်လုံးက အကြီးအကျယ် ထိတ်လန့် တုန်လှုပ်သွားခဲ့ကြပါတယ်။ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ကျန်းမာရေး ဝန်ကြီး ရာဂျီတာ ဆေနာရက်တနာ က ဒီဗုံးခွဲ တိုက်ခိုက်မှုတွေဟာ ပြည်တွင်းက National Thowheed Jamath (NTJ) အစ္စလာမစ်အုပ်စုက လုပ်ခဲ့တာလို့ ထုတ်ဖော် ပြောခဲ့ပါတယ်။ "ဒီလို တိုက်ခိုက်မှုမျိုးကို နိုင်ငံတကာ ကွန်ရက်အဖွဲ့ တစ်ဖွဲ့ မပါဘဲ လုပ်နိုင်မှာ မဟုတ်ဘူး" လို့ သူက သတင်းထောက်တွေကို တနင်္လာနေ့တုန်းက ပြောသွားခဲ့ပါတယ်။ သူ့အပြောအရ ဆိုရင်တော့ ဗုဒ္ဓ ဆင်းတုတော်တွေကို လိုက်ဖျက်ဆီးနေသူတွေအဖြစ် စွပ်စွဲခံခဲ့ရတဲ့ ဒီလို အဖွဲ့က ချက်ချင်းကြီး အခုလို အသေခံ ဗုံးခွဲတဲ့ အထိ ဘာ့ကြောင့် လုပ်နိုင်ခဲ့တာလဲဆိုတဲ့ အဖြေ ထွက်ကောင်းထွက်လာနိုင်ပါတယ်။ နိုင်ငံရေး ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေ လောလောဆယ်မှာတော့ အီစတာ တနင်္ဂနွေနေ့ ဗုံးခွဲ တိုက်ခိုက်မှုတွေကို တခြား ဘယ်အုပ်စုကမှ လုပ်ခဲ့တာလို့ ထုတ်ဖော် ဝန်ခံတာမျိုး မရှိသေးသလို NTJ အဖွဲ့ လုပ်တာပါလို့ ထုတ်ပြောပုံ ထုတ်ပြောနည်းကလည်း ပုံမှန်မဟုတ်ဘဲ ထူးခြားနေပါတယ်။ ဗုံးခွဲ တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ် ဆိုတဲ့ ကြိုတင် သတိပေးချက်တွေကို အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေထံ အသိပေး အကြောင်းကြားတာတွေ ရှိခဲ့ပေမယ့် ကက်ဘိနက် ဝန်ကြီးအဖွဲ့ကိုတော့ အသိပေးတာမျိုး မရှိခဲ့ဘူးလို့ ဝန်ကြီးချုပ်က ပြောပါတယ်။ သမ္မတကိုပဲ ဒီလို အကြောင်းအရာမျိုးကို အသိပေး အကြောင်းကြားလေ့ ရှိတယ်လို့ သူက ဆိုပါတယ်။ ဒါပေမယ့် အခု ဒီကိစ္စမှာ သူ့ကိုရော အကြောင်းကြားခဲ့သလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ပြီးခဲ့တဲ့နှစ်ပိုင်းမှာ သမ္မတနဲ့ အဆင်မပြေ ဖြစ်နေတဲ့ ဝန်ကြီးချုပ်ဆီက ဒီလို စကားမျိုး ထွက်လာတာကတော့ သိပ်မဆန်းလှပါဘူး။ ဒီလို စကားမျိုးတွေကြောင့် နှစ်ဘက် ယုံကြည်မှုကို ထိခိုက်နိုင်သလို နိုင်ငံရေး သဘောကွဲလွဲမှုတွေကြောင့် ဆိုးဝါးတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ အတော်များများက ကောက်ချက်ချ ပြောဆိုနေကြပါတယ်။ တကယ်လို့များ အစိုးရ ပြောသလို အသေခံ ဗုံးခွဲသမားတွေဟာ ဒေသခံ သီရိလင်္ကာ မွတ်ဆလင်တွေသာ ဖြစ်မယ်ဆိုရင်တော့ ဒါဟာ ထောက်လှမ်းရေး အဖွဲ့တွေရဲ့ ဧရာမ ညံ့ဖျင်းမှုကြီးလို့ ဆိုရမှာပါ။ အမေရိကန် သတင်းမီဒီယာတွေမှာ ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာ ဒီလို တိုက်ခိုက်မှုမျိုး ဖြစ်လာနိုင်တယ် ဆိုတာနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ အိန္ဒိယ ထောက်လှမ်းရေး အေဂျင်စီအဖွဲ့တွေဆီက ကြိုတင် သတိပေးချက်တွေကို သီရီလင်္ကာ အစိုးရ ရထားခဲ့ပုံ ရှိတယ်လို့ ဖေါ်ပြထားပါတယ်။ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ် ဆိုတဲ့ ကြိုတင်သတိပေးချက်တွေကို လုံခြုံရေးအဖွဲ့တွေနဲ့ ရဲတွေအကြား နည်းလမ်းတကျ ဖြန့်ဝေ အသိပေးခဲ့တယ်လို့ သူတို့ နားလည်ထားကြောင်း သမ္မတ မိုင်သရီပါလာ ဆီရီဆီနာရဲ့ ထိပ်တန်း အကြံပေးပုဂ္ဂိုလ် ရှီရယ်လ် လက်ခ်ထီလာကာ က ပြောပါတယ်။ လုံခြုံရေးအဖွဲ့တွေကို ကြီးကြပ် တာဝန်ယူနေတဲ့ သီရိလင်္ကာ သမ္မတက ဘာ့ကြောင့် အခုလို ဖြစ်ခဲ့ရတာလဲ ဆိုတာကို ဖော်ထုတ်ဖို့အတွက် ကော်မတီတရပ်ကို ဖွဲ့စည်းဖို့ စီစဉ်နေပါတယ်။ သီရိလင်္ကာ ထောက်လှမ်းရေးအဖွဲ့ဟာ ပြည်တွင်းစစ် ကာလ အရှိန်မြင့်နေချိန်တုန်းက တမီလ် ကျားသူပုန်တွေရဲ့ အသေခံ ဗုံးခွဲမယ့် အစီအစဉ် အတော်များများကို လက်ဦးမှုယူ ဖော်ထုတ်နိုင်ခဲ့ပြီး စနစ်တကျ ဖွဲ့စည်းထားတဲ့ တမီလ် ကျားသူပုန်အဖွဲ့ထဲ ထိုးဖောက် စုံစမ်းနိုင်ခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံက မွတ်ဆလင် ပြဿနာ အခု ဖြစ်ခဲ့တဲ့ကိစ္စက လုံခြုံရေးနဲ့ နိုင်ငံရေး အားနည်းမှုကြောင့် ဆိုတာ ထင်ရှားနေပေမယ့် သီရိလင်္ကာမှာ လက်ရှိ ဖြစ်နေတဲ့ ဘာသာရေး အသိုင်းအဝိုင်း ပြဿနာကလည်း အကြောင်းရင်း တရပ် ဖြစ်နိုင်သလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ပြည်တွင်းစစ်ကာလအတွင်း မွတ်ဆလင်တွေကို တမီလ် ကျားသူပုန်တွေက ပစ်မှတ်ထားခဲ့ကြသလို သူတို့လက်ထဲမှာ မွတ်ဆလင်တွေ အကြီးအကျယ် ထိခိုက် နစ်နာခဲ့ကြရပါတယ်။ ဒါပေမဲ့ မကြာသေးခင်က မွတ်ဆလင်တွေအပေါ် ဆင်ဟာလီလူမျိုး ဗုဒ္ဓဘာသာဝင်တချို့ရဲ့ တိုက်ခိုက်မှုတွေ ထပ်ရှိလာခဲ့အပြီး မွတ်ဆလင် လူငယ်တွေအကြား ယုံကြည်စိတ်ချမှုတွေ ပြန်တည်ဆောက်ဖို့ကို နောက်တက်လာတဲ့ အစိုးရတွေကလည်း မစွမ်းဆောင်နိုင်ခဲ့ကြပါဘူး။ အဆိုးဆုံး ဖြစ်ရပ်တစ်ခုကတော့ ပြီးခဲ့တဲ့နှစ် မတ်လတုန်းက နိုင်ငံအလယ်ပိုင်း ဒီဂါနာမြို့က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ပါ။ အဲဒီမှာ မွတ်ဆလင်တွေရဲ့ စျေးဆိုင်တွေနဲ့ ဗလီကျောင်းတွေကို ဆင်ဟာလီလူမျိုး လူအုပ်ကြီးက ဝိုင်းတိုက်ခိုက်ခဲ့ကြလို့ လူတစ်ဦး သေဆုံးခဲ့ပါတယ်။ သီရိလင်္ကာမှာ ၂၀၁၈ ခုနှစ်တုန်းက မွတ်ဆလင်တွေရဲ့ စျေးဆိုင်တွေနဲ့ ဗလီကျောင်းတွေ တိုက်ခိုက်ခံခဲ့ရအပြီး အစိုးရက အရေးပေါ် အခြေအနေ ကြေညာခဲ့ရ "ဒီဂါနာမြို့ ဖြစ်ရပ် ဖြစ်အပြီးမှာ မွတ်ဆလင်အတော်များများက သူတို့လုံခြုံရေးကို အစိုးရက မဆောင်ရွက်ပေးနိုင်ဘူး ဆိုပြီး အစိုးရအပေါ် ယုံကြည်စိတ် နည်းသွားခဲ့ပါတယ်၊ တချို့ဆိုရင် သူတို့ကိုယ်သူတို့ ကာကွယ်မှ ဖြစ်မယ် ဆိုတဲ့ အတွေးမျိုး ဝင်လာခဲ့ပါတယ်" လို့ သီရိလင်္ကာ မွတ်ဆလင် ကောင်စီ ဒုဥက္ကဋ္ဌ ဟီလ်မီ အာမက် က ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင်းရော အစိုးရရဲ့ အရေးယူမှု အားနည်းတယ်လို့ ယူဆနေကြတာကြောင့်ပါ လူငယ်တချို့က NTJ လို အဖွဲ့မျိုးတွေထဲ ပူးပေါင်း သွားကြပုံ ရပါတယ်။ NTJ အဖွဲ့ဟာ လတ်တလော နှစ်ပိုင်းတွေအတွင်း ဗုဒ္ဓဆင်းတုတော်တွေကို လိုက်ဖျက်ဆီးခဲ့ကြတယ်လို့ စွပ်စွဲ ခံခဲ့ရပြီး ဘာသာရေး အမွေအနှစ်ကို စော်ကားမှုနဲ့ အဖွဲ့ခေါင်းဆောင် မနှစ်က ဖမ်းဆီးခံခဲ့ရပါတယ်။ အစွန်းရောက် ဘာသာရေးခေါင်းဆောင် သီရိလင်္ကာနိုင်ငံ အရှေ့ပိုင်းက အစွန်းရောက် မွတ်ဆလင် တရားဟောဆရာ တစ်ဦးဖြစ်တဲ့ ဇာဟာရန် ဟရှင်မ် ရဲ့ ခေါင်းဆောင်မှုအောက်မှာ အဖွဲ့ခွဲတစ်ခု ပြီးခဲ့တဲ့ နှစ်ပိုင်းလောက်က ပေါ်ထွက်လာခဲ့တယ်လို့ အခုအခါ ယူဆရပါတယ်။ မစ္စတာ ဟာရှင်မ်ဟာ မွတ်ဆလင် မဟုတ်သူတွေအပေါ် ဆန့်ကျင် အမုန်းစကားတွေ ပါတဲ့ ဗီဒီယို အတော်များများကို လူမှုကွန်ရက်ပေါ်မှာ တမင် တင်ခဲ့ပါတယ်။ သူ့ဗီဒီယို အများစုဟာ တမီလ် ဘာသာစကားနဲ့ ဖြစ်ပါတယ်။ သူ့ဟောပြောချက်တွေကို မွတ်ဆလင် လူငယ် အများအပြား ကြိုက်နှစ်သက်ကြတယ်လို့ သိရပါတယ်။ "ဒီပုဂ္ဂိုလ်ဟာ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ YouTube ဗီဒီယို အများကြီးနဲ့ အမုန်းတရားတွေ ဟောခဲ့တယ်၊ သူ့အကြောင်းကို အစိုးရ ထောက်လှမ်းရေးအဖွဲ့ဆီ လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းက တခါ၊ အခုနှစ် ဇန်ဝါရီလက တခါ တိုင်ခဲ့ဖူးတယ်" လို့ မစ္စတာ အာမက် က ပြောပြပါတယ်။ ဒါပေမယ့် လုံခြုံရေး အဖွဲ့တွေက မစ္စတာ ဟာရှင်မ်ကို အရေးယူတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။ မစ္စတာ ဟာရှင်မ်ဟာ အခု အသေခံ ဗုံးခွဲ ခဲ့သူတွေထဲမှာ ပါတယ်လို့ သတင်းတွေက ဆိုပေမယ့် အတည်မပြုနိုင်သေးပါဘူး။ သီရိလင်္ကာနိုင်ငံမှာ မွတ်ဆလင်တွေလိုပဲ ခရစ်ယာန်တွေဟာလည်း လူနည်းစု ဖြစ်ပါတယ်။ လူငယ် တချို့က IS အစ္စလာမစ်နိုင်ငံ အဖွဲ့ထဲ ဝင်ဖို့ ဆီးရီးယားနိုင်ငံဆီ ထွက်သွားကြပြီး အဲဒီထဲက တချို့ တိုက်ပွဲအတွင်း သေဆုံးခဲ့ကြတယ်လို့ မွတ်ဆလင် အသိုင်းအဝိုင်း ခေါင်းဆောင်တွေက ပြောပါတယ်။ ထိပ်တန်း စစ်ဘက်ဆိုင်ရာ အရာရှိဟောင်း အငြိမ်းစား ဗိုလ်ချုပ်ဟောင်း ဂျီအေ ချန်ဒရာဆီရီ ကတော့ မွတ်ဆလင် အများစုဟာ အဲဒီလူတွေလို မဟုတ်ပဲ ငြိမ်းချမ်းရေး လိုလား မြတ်နိုးသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ လူများစု ပြည်သူတွေနဲ့ မွတ်ဆလင်တွေအကြားမှာ သိပ်ကို ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေပါတယ်လို့လည်း သူက ပြောပါတယ်။ လောလောဆယ်မှာတော့ ဂျီဟာ့ဒ် ဝါဒီ အများကြီး သီရိလင်္ကာနိုင်ငံထဲ ပြန်ဝင်လာတယ် ဆိုတဲ့ သတင်းတွေ မရထားပါဘူး။ ဒါပေမယ့် ဂျီဟာ့ဒ်ဝါဒီ အနည်းအပါးက လူများစု အသိုင်းအဝိုင်းအပေါ် ဒေါသထွက်နေတယ် ဆိုရင်တောင် ဘာ့ကြောင့် ခရစ်ယာန်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါလဲ။ ဘာသာရေး၊ လူမျိုးရေး ဆက်နွှယ် ရှုပ်ထွေးနေတဲ့ သီရိလင်္ကာနိုင်ငံမှာ ခရစ်ယာန် ဘာသာဝင်တွေကတော့ ခရစ်ယာန်ဘာသာကို ကိုယ်စားပြုပြီး အကြမ်းဖက်မှု ကျူးလွန်တာမျိုး မရှိပါဘူး။ ဒါပေမယ့် ခရစ်ယာန် ဘာသာဝင်တွေထဲမှာက ဆင်ဟာလီ လူမျိုးတွေရော၊ တမီလ် လူမျိုးတွေပါ ရောနှော ပါဝင်နေတာ ဖြစ်ပါတယ်။ ကမ္ဘာတဝန်း အတိုင်းအတာအနေနဲ့ ပါဝင်နိုင်သလား သီရိလင်္ကာ ပြည်တွင်းစစ်အတွင်း တမီလ် ကျားသူပုန်တွေရဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု အတော်များများကို ကြည့်ခြင်းအားဖြင့် တမီလ် ကျားတွေအနေနဲ့ အခု တိုက်ခိုက်မှုမှာ ပါတဲ့ ဖောက်ခွဲပစ္စည်းမျိုးတွေကို သုံးတတ်၊ သုံးနိုင်မှာ မဟုတ်ဘူး ဆိုတာ တွေ့ရမှာပါ။ ဒီတော့ ပြည်တွင်းက အစွန်းရောက်ဝါဒီ အနည်းအပါးသာ ပါပြီး သိပ်နာမည် မကြီးတဲ့ အစ္စလာမစ်အုပ်စုလေး တခုက ဒီလို အားပြင်းတဲ့ ဖောက်ခွဲ တိုက်ခိုက်မှုကြီး ၆ ခု ၇ ခုလောက်ကို အကွက်ကျကျ လုပ်နိုင်ခဲ့တယ် ဆိုတာကတော့ အတော်လေးကို စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ အဲဒီ ဖောက်ခွဲ တိုက်ခိုက်မှုတွေကလည်း တခုမှ ချွတ်ချော်တာမျိုး မဖြစ်ခဲ့တာ တွေ့ရပါတယ်။ ကမ္ဘာတဝန်းက ဂျီဟာ့ဒ်ဝါဒီ အုပ်စုတွေနဲ့ ဒီအဖွဲ့ ဆက်နွှယ်မှု ရှိသလား ဆိုတာ မသေချာပေမဲ့ အဓိက ဟိုတယ်ကြီးတွေနဲ့ ခရစ်ယာန်တွေကို ပစ်မှတ်ထားခဲ့တာ၊ တိုက်ခိုက်ပုံ တိုက်ခိုက်နည်း ခေတ်မီ အကွက်ကျတာတွေကို ကြည့်ရင် ဒေသခံ အစွန်းရောက်တွေဟာ ကမ္ဘာတဝန်းက ဂျီဟာ့ဒ်ဝါဒီ ကွန်ရက်တွေရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ ရောက်နေတယ် ဆိုတဲ့အချက်က ယုတ္တိရှိတယ်လို့ ဆိုရမှာပါ။ သီရိလင်္ကာ ပြည်တွင်းစစ် ကာလအတွင်း နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်တွေကို လက်ဖျားနဲ့တောင် မတို့ခဲ့ဘဲ နိုင်ငံခြားသားတွေအပေါ် တိုက်ခိုက်တာမျိုး မရှိခဲ့သလောက်ပါပဲ။ အခုနောက်ဆုံး ဗုံးခွဲတိုက်ခိုက်မှုတွေမှာတော့ နိုင်ငံခြားသား အတော်များများ သေဆုံးခဲ့ပြီး ဒါဟာ အယ်လ်ကိုင်ဒါ ဒါမှမဟုတ် IS အဖွဲ့နဲ့ ဆက်နွယ်မှု ရှိနေတဲ့ ပုံစံကို ပြနေတာပါ။ "ဒီလို တိုက်ခိုက်ပုံမျိုးအတွက် ပြည်ပက အကူအညီတွေ အများကြီး လိုပါတယ်၊ငွေကြေး အကူအညီ၊ သင်တန်းနဲ့ နည်းပညာတွေ လိုပါတယ်၊ တကိုယ်တည်း လုပ်လို့ မရပါဘူး၊ ပြည်ပက အကူအညီ တချို့ ရခဲ့ဖွယ် ရှိပါတယ်" လို့ ဗိုလ်ချုပ်ကြီးဟောင်း ချန်ဒရာဆီရီ က ပြောပါတယ်။ ပြည်တွင်းစစ်ကြီး ပြီးဆုံးသွားအပြီး သီရိလင်္ကာကို လာရောက် လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသွား အရေအတွက် တရှိန်ထိုး တိုးလာ သီရိလင်္ကာမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ၁၉၇၀ ပြည့်လွန်နှစ်ပိုင်းတွေတုန်းက လက်ဝဲဝါဒီတွေ ပုန်ကန်ထကြွခဲ့စဉ်အတွင်းနဲ့ အဲဒီနောက် တမီလ် ကျားသူပုန်တွေနဲ့ ဆယ်စုနှစ် ၃ ခုနီးပါးကြာ ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့စဉ်အတွင်း တိုင်းပြည် မငြိမ်မသက် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအရတော့ ဒီဗုံးခွဲမှုတွေကို နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့သူတွေကို ဘယ်လို ကိုင်တွယ် အရေးယူမလဲ ဆိုတာ သီရိလင်္ကာ လုံခြုံရေး တပ်ဖွဲ့တွေအတွက် စိန်ခေါ်မှုကြီး ဖြစ်ပါလိမ့်မယ်။ သီရိလင်္ကာ ပြည်သူတွေကတော့ နောက်ထပ် အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ အပြန်အလှန် စွပ်စွဲမှုတွေ ထပ်ဖြစ်လာမှာကို လိုလားကြမှာ မဟုတ်ပါဘူး။
သီရိလင်္ကာနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၀နှစ် ပြည်တွင်းစစ် ပြီးသွားကတည်းက အဆိုးဝါးဆုံး တိုက်ခိုက်မှုကြီး ဖြစ်တဲ့ အီစတာ တနင်္ဂနွေနေ့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုတွေကို လူသိပ်မသိတဲ့ အစ္စလာမစ် အုပ်စုတစုက လုပ်ခဲ့ဖွယ် ရှိတယ် ဆိုတာနဲ့ ပတ်သက်လို့ လူတွေ အကြီးအကျယ် အံ့သြနေကြပါတယ်။
burma-52263211
https://www.bbc.com/burmese/burma-52263211
ကိုရိုနာဗိုင်းရပ်စ် - မြန်မာမှာနောက်တစ်ဦးသေဆုံး၊ အိန္ဒိယက ကုတင်တစ်သိန်းပြင်
အိမ်ပြင်မထွက်ဖို့ မှာကြားချက်ကြောင့် ရန်ကုန်မြို့လယ်မှာ ရှင်းလင်းနေ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ နောက် ၃ ယောက် စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ အဲဒီလူနာတွေ အနက် ပန်းဘဲတန်းမြို့နယ်က အသက် ၈၅နှစ် အရွယ် အမျိုးသားဟာ မနေ့ မနက် ၆နာရီက ကွယ်လွန်သွားခဲ့ပါတယ်။ သူရဲ့ နမူနာ ဆေးစစ်ချက် အဖြေကိုတော့ သူကွယ်လွန်ပြီး ၁၂ နာရီကြာမှ သူဟာ ကိုဗစ်နိုင်တင်း အတည်ပြု လူနာဖြစ်ကြောင်း ကျန်းမာရေး နဲ့ အားကစား ဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့ပါတယ်။ သူ့မှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ခရီးသွား ရာဇဝင် မရှိပေမယ့် ဆီးချိုနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါ အခံတွေ ရှိပြီး သေဆုံးရတဲ့ အကြောင်းရင်းကတော့ ပြင်းထန် အဆုတ်ရောင် ရောဂါ ၊ ဆီးချို ၊ သွေးတိုး ၊ နှလုံးသွေးကြောကျဉ်း စတာတွေကြောင့် လို့ ဆိုပါတယ်။ ကျန်၂ယောက်အနက် ဗဟန်းက အသက် ၆၈ နှစ် အရွယ် အမျိုးသမီးကြီး ကတော့ လူနာအမှတ် ၈ နဲ့ လူနာ အမှတ် ၂၈ တို့နဲ့ အတူနေ မိသားစု၀င် ဖြစ်တယ်လို့ သိရပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့ ၃၈နှစ် အရွယ် အင်းစိန်က အမျိုးသား တစ်ဉီးဖြစ်ကာ လူနာအမှတ် ၂၄၊ ၃၄၊၃၅၊၃၆၊၃၇ တို့နဲ့ အတူ ဘာသာရေး အခမ်းအနား အတူ တက်ရောက်ဖူးသူ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ မတ်လ ၂၃ ရက်ကတည်းက စတင်ပြီး ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ နမူနာယူ စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ အခုအခါ ရောဂါပိုးတွေ့ရသူ ၄၁ ယောက် ရှိရာမှာ အဲဒီအထဲ ကိုဗစ် နိုင်တင်း လူနာတွေကို ကုသပေးတဲ့ ကျန်းမာရေး အရာရှိ တစ်ယောက်လည်း ပါဝင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သီတင်း၃ပတ် အတွင်း အတည်ပြုလူနာ ၄ယောက်သေဆုံးကာ ၃၄ ယောက်ရဲ့ ကျန်းမာရေးက တည်ငြိမ်လျက် ရှိတယ်လို့ ကျန်းမာရေး ဌာနက ပြောပါတယ်။ အတည်ပြု လူနာတွေ အနက် ၂ ယောက်ကတော့ ၂ကြိမ်ထက်မနည်း ပိုးမတွေ့ အဖြေထွက်လို့ ဆေးရုံက ဆင်းသွားပြီး ကျန်တစ်ယောက် ဖြစ်တဲ့ လူနာအမှတ် ၂၆ ကတော့ အထူးကြပ်မတ်ခန်း မှာထား ကုသပေးနေရတယ်လို့ ဝေဘာဂီ ဆေးရုံအုပ် ဒေါက်တာ အေးအေးအောင်က ဘီဘီစီကို ဧပြီ ၁၁ ရက်နေ့က ပြောပါတယ်။ ဆေးရုံဝန်ထမ်းတွေကို ဘောရစ်ဂျွန်ဆင် ကျေးဇူးတင် ဝန်ကြီးချုပ်ရဲ့ ဇနီးလောင်းကတော့ သီးခြားခွဲနေနေရတုန်းဖြစ်ပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ဟာ လန်ဒန် စိန့်တောမတ်စ် ဆေးရုံက ၀န်ထမ်းတွေသာ မကယ်ခဲ့ရင် ကိုဗစ်-၁၉ ကြောင့် သူ အသက်ဆုံးရှုံးရနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ ကျွန်တော် ပြောခွင့်ရမယ် ဆိုရင် တခု ပြောပါရစေ ၊ ကျွန်တော် သေမလို ရှင်မလို ဖြစ်နေချိန်မှာ ကျွန်တော့် ကုတင်ဘေးမှာ ၄၈နာရီ ကြာ နေပြီး ပြုစုပေးခဲ့တဲ့ သူနာပြု နှစ်ယောက်ကို အထူးကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ သူတို့ကတော့ နယူးဇီလန်က ဂျယ်နီ နဲ့ ပေါ်တူဂီက လူဝီ တို့ ဖြစ်ပါတယ်လို့ မစ္စတာ ဂျွန်ဆင်က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ အရင်အပတ်က ဆေးရုံတက်ခဲ့ရတဲ့ မစ္စတာ ဂျွန်ဆင်ဟာ အခြေအနေ ဆိုးလာလို့ ဆေးရုံတက်ပြီး နောက်တရက်မှာ အထူးကြပ်မတ်ခန်းမှာ သုံးရက်ကြာ ကုသခဲ့ရပါတယ်။ မနေ့က ဧပြီ ၁၂ ရက်မှာ သူဆေးရုံက ပြန်ဆင်းလာပြီ ဖြစ်ပေမယ့် မူလ တာဝန်တွေကို ပြန်လည် မထမ်းဆောင်နိုင်သေးဘူးလို့ ဝန်ကြီးချုပ် ရုံးက ပြောပါတယ်။ အခုအခါ ဗြိတိန်မှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း တစ်သောင်းကျော် သွားပါပြီ။ မနေ့က ထုတ်ပြန်ချက် အရ တရက် အတွင်း သေဆုံးသူ ၇၃၇ ယောက်ရှိပြီး ရောဂါပိုး တွေ့ထားရသူပေါင်း ရှစ်သောင်းခွဲ ရှိနေပါတယ်။ အီးယူမှာ အသက်ကြီးသူတွေ နောက်နှစ်အထိ သီးခြားခွဲနေရနိုင် အသက်ကြီးသူတွေကို ကိုဗစ်အန္တရာယ်အတွက် ပိုစိုးရိမ်ရ ဥရောပ သမဂ္ဂ အီးယူ နိုင်ငံတွေမှာ အသက်ကြီးရင့်သူတွေ အနေနဲ့ နောက်နှစ် ၂၀၂၁ အထိ isolation ဆိုတဲ့ သီးခြားခွဲ နေထိုင်ကာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ရမယ်လို့ အီးယူ ကော်မရှင် ဥက္ကဌ က ဂျာမန် သတင်းစာ တစောင်ကို ပြောကြားလိုက်ပါတယ်။ သက်ကြီးရွယ်အိုတွေကို ရောဂါ မကူးစက်စေဖို့ ကျွန်မတို့ အတတ်နိုင်ဆုံး ကန့်သတ် ကြိုးစား သွားရမယ်လို့ ဂျာမန်သတင်းစာ Bild ကို အီးယူ အကြီးအကဲ အာဆူလာ ဗွန်ဒေ လိုင်းယွန်း က ပြောပါတယ်။ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ အများစု ကတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ထုတ်ဖို့ အနည်းဆုံး တစ်နှစ်ကြာမယ်လို့ ပြောထားပါတယ်။ သီးသန့် ခွဲနေထိုင်ရတာ ဘယ်လောက် ခက်ခဲသလဲ ဆိုတာ သိပေမယ့် ဒါဟာ သေရေး ရှင်ရေး ကိစ္စဖြစ်တာကြောင့် စိတ်ရှည်ရှည်နဲ့ သံန္ဒိတ်ဌာန် ထား လုပ်ဆောင် ကြရမယ်လို့ ဗွန်ဒါလိုင်းယွန်းက ပြောသွားခဲ့ပါတယ်။ ကိုဗစ်အတွက် ကုတင်တစ်သိန်း အိန္ဒိယမှာပြင် ပိတ်ဆို့ထားမှုတွေကို နောက်ထပ် သုံးပတ်ရက်တိုးထား အာရှ နိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ဖြေရှင်းဖို့ တိုးလာနဲ့ လူနာအရေအတွက်ကို မှန်းဆကာ ဆေးရုံတွေမှာ လုံလောက်တဲ့ ကုတင် တစ်သိန်းလောက် ပြင်ဆင်မှု လုပ်ထားတယ်လို့ အိန္ဒိယ အစိုးရ ပြောကြားလိုက်ပါတယ်။ အခုအခါ အိန္ဒိယမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရသူ ၈၅၀၀ နီးပါး ရှိလာပြီး ဒါဟာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တစ်ထောင်အောက်ကနေ ခုန်တက်သွားတာပါ။ ဒီရောဂါကြောင့် အသက်ဆုံးရှုံးရသူ ၃၃၁ ယောက် ရှိပါတယ်။ အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူနာ ကျလာရင်ကုသပေးနိုင်ဖို့ အတွက် အကြီးအကျယ် သတိထားပြီး အပြည့်အစုံ ပြင်ဆင်ထားပါတယ် ၊ ဆေးရုံ ခြောက်ရာကျော်မှာ လူနာကုတင်ပေါင်း တစ်သိန်းကျော် အဆင်သင့် ဖြစ်နေပါပြီလို့ ထိပ်တန်း ကျန်းမာရေး အရာရှိ လာ့ဗ် အဂ္ဂါဝါလ် က နေ့စဉ် သတင်းစာ ရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ နွမ်းပါးသူ သန်းနဲ့ချီ ရှိတဲ့ အိန္ဒိယမှာ ကျန်းမာရေး စောင့်ရှောက်မှု က အကြီးအကျယ် ဝန်ထုပ်ဝန်ပိုး ကိစ္စ ဖြစ်နေပြီး ရောဂါ ကူးစက်မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာရင် ကပ်ဘေးဆိုက်လာမှာကို အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီကတော့ ထိပ်တန်း အစိုးရ အရာရှိတွေနဲ့ ဆွေးနွေး တိုင်ပင်ပြီးနောက် နက်ဖြန် အင်္ဂါနေ့မှာ သက်တမ်းပြည့်မယ့် တနိုင်ငံလုံး အသွားအလာ ပိတ်ဆို့ ထားမှုကို နောက်ထပ် သုံးပတ် တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ လယ်သမားတွေကို ကူညီမယ် ကိုဗစ်ကပ်ဘေးက လယ်သမားတွေကိုလည်း အထိနာစေခဲ့ ဘင်္ဂလား ဒေ့ရှ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလ အတွင်း လယ်သမားတွေကို အတိုးသက်သက်သာသာနဲ့ ချေးဖို့ ဒေါ်လာ သန်း၅၉၀ အပါအဝင် မြေသြဇာ ဒေါ်လာ သန်းတစ်ထောင့်တရာ ဖိုး ထောက်ပံ့ပေးမယ်လို့ ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာက ကြေညာလိုက်ပါတယ်။ ဘေးဒုက္ခကပ်ဆိုးကြီး လာနေပါပြီ၊ ဒါကို ကျွန်မတို့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရမှာပါ ၊ စိုက်ပျိုးရေး ကဏ္ဍကနေ အဆင်ပြေ ချောမွေ့စွာ သီးနှံထုတ်လုပ်သွားနိုင်အောင် ကျွန်မတို့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါလို့ မစ္စက် ဟာစီနာက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ အသွားအလာ ပိတ်ဆို့ထားမှုကို နောက်ထပ် ၁၁ ရက်ကြာ လာမယ့် ဧပြီ ၂၅ ရက်နေ့အထိ သက်တမ်း တိုးထားတာကြောင့် ဆန်စပါး ၊ ငါးလုပ်ငန်း ၊ နို့ထွက်လုပ်ငန်းနဲ့ ဟင်းသီးဟင်းရွက် ထုတ်လုပ်တဲ့ ယာသမားတွေ အကြီးအကျယ် အခက်တွေ့ခဲ့ရပါတယ်။
မြန်မာမှာ ကိုဗစ်နဲ့သေသူ လေးဦး ရှိလာ
burma-51074694
https://www.bbc.com/burmese/burma-51074694
အေအေက ဖမ်းဆီးထားတဲ့ လဝကအရာရှိရဲ့ မိခင်နဲ့ ဆက်သွယ်မေးမြန်းချက်
ပန်ဇင်းချောင်းအတိုင်း သွားနေတုန်း ကျောက်ရစ်ရွာသစ်အနီးမှာ ခရီးသည်တင်စက်လှေကို ကမ်းကပ်ခိုင်းပြီး ဖမ်းသွားတာလို့ဆို ကိုမျိုးဆွေဦးမိခင်-ကျွန်မတို့က ရှမ်းပြည်နယ် ၊တောင်ကြီးဇာတိပါ။ သားက လဲချားလဝကမှာ အရင် အလုပ်ဝင်ပါတယ်။ အဲဒီမှာ တစ်နှစ်ကျော်လောက်တာဝန်ထမ်းဆောင်ပြီး ဘူးသီးတောင်မောင်တောမှာ ပြီးခဲ့တဲ့ သင်္ကြန်ကမှ ပြောင်းမိန့်ကျလို့ တာဝန်ထမ်းဆောင်နေတာပါ။ လဝကမှာလုပ်နေတာ သုံးနှစ်လောက်တော့ရှိပါပြီ။ ဘီဘီစီ-ကိုမျိုးဆွေဦးကို အေအေက ဖမ်းသွားတယ်လို့ ဘယ်လိုစပြီးသိတာလဲ။ ဘယ်သူတွေက အကြောင်းကြားတာပါလဲ။ ကိုမျိုးဆွေဦးမိခင်-ကျွန်မတို့က သားကို ၂၃ ရက်နေ့ ည ၉ နာရီအထိကတော့ သူနဲ့ စကားပြောဖြစ်တယ်။ ၂၄ ရက်နေ့ကျတော့ ကျွန်မတို့က ဖုန်းလည်း မခေါ်ဖြစ်ဘူး။ ခါတိုင်းဆို ညနေပိုင်းတွေ ကျွန်မတို့ မခေါ်ရင် သားက ပြန်ခေါ်တတ်တယ်။ အဲဒီနေ့က အမှုမဲ့အမှတ်မဲ့နေလိုက်တယ်။ ၂၅ ရက်နေ့မနက်ကျတော့ ကလေးရဲ့ ဦးလေးတွေက သိပြီးတော့ ကျွန်မကိုဖုန်းဆက်တယ်။ သူတို့က ပေါ်တင်မပြောသေးဘူး။ အစ်မရေ လိုင်းပေါ်မှာတော့ ဒီလိုဒီလိုတွေ့မိတယ်။ အစ်မသားသတင်းဘာကြားသေးလဲဆိုတော့ ဘာမှ မကြား ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဘက်မှာ ဒီလို ဒီလိုကြားတယ်ပေါ့။ လုပ်စရာရှိတာ လုပ်ရအောင် အစ်မကို အသိပေးလိုက်တယ်ဆိုတော့ ကျွန်မ ဘာမှမပြောနိုင်တော့ဘူး။ ၂၅ ရက်နေ့ မနက် ရှစ်နာရီခွဲလောက်မှ သိရတာပါရှင့်။ ဘီဘီစီ-အဲဒီလို ဖမ်းသွားပြီဆိုတာသိပြီးတဲ့နောက် လဝက တာဝန်ရှိသူတွေနဲ့ အစိုးရဘက်ကရော ဆက်သွယ်လာတာရှိလား။ ကိုမျိုးဆွေဦးမိခင်-ကျွန်မက နှလုံးရောဂါရှိတော့ သူတို့က ဖုန်းပေးမပြောဘူးပေါ့နော်။ ကျွန်မရဲ့ခဲအိုကိုတော့ လဲချားဌာနက ဖုန်းလှမ်းဆက်ပေးတယ်။ ၂၄ ရက်နေ့ ညတည်းက သူတို့က သိတယ်။ ဒါပေမဲ့ ကျွန်မကို သူတို့က မပြောကြဘူး။ ဘီဘီစီ-မိသားစုဘက်ကရော ကိုမျိုးဆွေဦးလွတ်မြောက်ဖို့ သက်ဆိုင်ရာတွေကို ဆက်သွယ်အကူအညီ တောင်းခံထားတာရှိလား။ ကိုမျိုးဆွေဦးမိခင်-ကျွန်မ ဘယ်သူ့ကိုအကူအညီတောင်းရမှန်း မပြောတတ်မဆိုတတ်တဲ့အခါကျတော့ ဘုရားတရားက လွဲပြီး ဘာမှလည်း အကူအညီမတောင်းတတ်ဘူး။ ဟိုကိုလိုက်စုံစမ်းလိုက် ဒီကိုလိုက်စုံစမ်းလိုက်နဲ့ သတင်းလေးအပေါ်မှာပဲ တက်ကြည့်လိုက်နဲ့ပေါ့။ နေ့တိုင်းကတော့ တက်တဲ့သတင်းတွေ လိုက်ကြည့်ပြီး ကိုယ့်သားလွတ်မြောက်ဖို့အတွက်ကိုပဲ မျှော်လင့်နေရတာပေါ့။ ဘီဘီစီ-ဖမ်းဆီးခံရတဲ့အချိန်ကနေ ဒီကနေ့ထိ ကိုမျိုးဆွေဦးရဲ့ဌာနဘက်က ထပ်ဆက်သွယ်တာမျိုးရှိလား။ ကိုမျိုးဆွေဦးမိခင်-ဟိုတစ်ရက်ကတော့ လစာလွှဲပေးဖို့ဆိုပြီး ဦးစီးတစ်ယောက်ကတော့ ဘယ်ဌာနကလဲတော့မသိဘူး။ ဖုန်းဆက်လာတယ်။ ကျွန်မ နေမကောင်းနေတော့ ကျွန်မခဲအိုနဲ့ပဲ ပြောဖြစ်ပြီးတော့ သူတို့ လစာတော့ လွှဲလာပါတယ်။ ဘီဘီစီ-အေအေဘက်ကတော့ ရဲတပ်ဖွဲ့ဝင်တွေက လဝကယူနီဖောင်းတွေဝတ်ပြီး ရခိုင်ပြည်နယ်ထဲ လှုပ်ရှားတာရှိလို့ ဖမ်းဆီးစစ်ဆေးတယ်လို့ပြောတာတွေရှိပါတယ်။ ကိုမျိုးဆွေဦးက လဝက ဝန်ထမ်း ဟုတ်တယ်ဆိုတာကို မိသားစုက ဘယ်လိုများ ပြောချင်လဲ။ ကိုမျိုးဆွေဦးမိခင်-ကျွန်မသားက လဝကထဲဝင်တာ အခုမှ သုံးနှစ်တည်းရှိပါသေးတယ်။ လဝက ဟုတ်မှန်ကြောင်း ကျွန်မ ပြောချင်ပါတယ်။ ဝန်ထမ်းအနေနဲ့ သူတို့ ဒါဝတ်ရမယ်ဆိုရင် အဝတ်အစားကတော့ သူတို့ ကတော့ ဝတ်ရမှာပေါ့ရှင့်။ လဝက အစစ်အမှန်ဟုတ်ကြောင်း ကျွန်မပြောလိုပါတယ်။ စစ်တပ်နဲ့လည်း မပတ်သက်ပါဘူး။ ရဲဘက်နဲ့လည်း ဘာမှမပတ်သက်ပါဘူးရှင့်။ ဘီဘီစီ-အေအေဘက်ကိုရော မိသားစုက ဘာများတောင်းဆိုပြောကြားလိုပါသလဲ။ ကိုမျိုးဆွေဦးမိခင်-သားက စစ်ရေးလည်းနားမလည်ပါဘူး။ နိုင်ငံရေးလည်းနားမလည်ပါဘူးရှင့်။ သူ့ဘာသာ သူ ကားတာယာဆိုင်မှာ လုပ်နေလည်း အဆင်ပြေပါတယ်။ မအေကိုရှာကျွေးနေတာပါ။ မအေက သြော် သားလေးတစ်ယောက်နဲ့ ကိုယ်လည်း အေးဆေးလေးနေရပါစေတော့ဆိုပြီး ဒီလဝက ဝင်ပါ ဆိုပြီး သားကို ဒီလဝကထဲ သွင်းလိုက်မိတာပါရှင့် (ငိုလျက်) အဲဒါကြောင့် ဒီစစ်ရေးစစ်ရာနဲ့ နိုင်ငံရေး ဘာတစ်ခုမှနားမလည်တဲ့ ကလေးလေးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုချင်ပါတယ်ရှင့်။ ဘီဘီစီ-ဒေါ်ဆောင်းသီတာမှာ သားနှစ်ဦးရှိတာ တစ်ဦးကလည်းဆုံးသွားပြီလို့သိရပါတယ်။ ဒီသားတစ်ယောက်ပဲရှိတော့ ခုအချိန်မှာ ဘယ်လောက်ထိ ပူပန်စိုးရိမ်နေရပါသလဲ။ ကိုမျိုးဆွေဦးမိခင်-ကျွန်မက သားနှစ်ယောက်မှာ သားငယ်လေးကတော့ ပြီးခဲ့တဲ့နှစ်က ဆုံးသွားပါပြီ။ အကြီးကောင်လေးပဲရှိပါတော့တယ်။ ကျွန်မတောင်းဆိုချင်တာက နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး အဆင်ပြေရင် ကျွန်မသားလေးကို ပြန်လွှတ်ပေးဖို့ပါပဲရှင့်။ ကျွန်မ နိုင်ငံတော်တွေကိုလည်း တောင်းပန်ချင်ပါတယ်ရှင့်။ ကျွန်မ သားကို အသက်ချမ်းသာခွင့်လေးပေးကြပါလို့ ကျွန်မ ပြောဆိုလိုပါတယ်ရှင့်။ နိုင်ငံရေးလည်း စိတ်မဝင်စားပါဘူးရှင့်။ (ငိုလျက်) ရတဲ့အလုပ်နဲ့ မိဘကိုလုပ်ကျွေးနေတာပါရှင့်။ အခုတော့ အစိုးရအနေနဲ့လည်း ဘာမှလုပ်မပေးနိုင်၊ ကိုယ့်ဘက်က ဘာလုပ်လို့လုပ်ရမှန်း မသိတော့ ကျွန်မတို့ ဘယ်သူ့ကိုမှလည်း အားမကိုးရဲဘူး၊ မတိုင်ပင်ရဲဘူးရှင့်။ ဒီဘက်ကို သွားပြောလိုက်ရင်လည်း ဟိုဘက်က ကိုယ့်ကလေးကို တစ်ခုခု လုပ်မှာလည်း စိုးပါတယ်ရှင့်။ ဒီဘက်ကိုပြောရင်လည်း ကိုယ်က ပြောမှားဆိုမှားဖြစ်မှာလည်း စိုးနေရတယ်ရှင့်။ ကျွန်မတို့မှာ ဘာတစ်ခုမှ လုပ်မထား တဲ့အတွက် ဒီကလေးလေးကိုပဲ ပြန်လိုချင်ပါတယ်ရှင့်။
ရခိုင့်တပ်တော် အေအေက ဘူးသီးတောင်မြို့နယ်က လဝကအရာရှိသုံးဦးကို ဒီဇင်ဘာ ၂၄ ရက်မှာ ဖမ်းဆီး သွားတာ အခုဆို နှစ်ပတ်ကျော် ကြာလာပါပြီ။ အေအေဘက်ကလည်း ဒီလဝကအရာရှိတွေကို ဖမ်းဆီးထား တယ်လို့ အတည်ပြုထားပြီး ရခိုင်ပြည်နယ်အတွင်းမှာ ရဲတပ်ဖွဲ့ဝင်တွေက လဝက ဝန်ထမ်း ယူနီဖောင်းတွေ ဝတ်ဆင်ပြီး သွားလာလှုပ်ရှားမှုရှိတဲ့အတွက် အခုလိုဖမ်းဆီး စစ်ဆေးနေတာတွေ လုပ်နေတယ် လို့ ပြောကြားထားပါတယ်။ အခု ဖမ်းဆီးခံထားရတဲ့ လဝကအရာရှိသုံးဦးထဲက ဒုလက်ထောက်ဦးစီးမှူး ကိုမျိုးဆွေဦးရဲ့ မိခင် ဒေါ်ဆောင်းသီတာကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။ ဘီဘီစီ-ကိုမျိုးဆွေဦးက ဘယ်ဇာတိလဲ။ ပြီးတော့ လဝကမှာ တာဝန်ထမ်းဆောင်တာက ဘယ်လောက် ကြာပါပြီလဲ ။
151012_turky_ankara_bombing_is
https://www.bbc.com/burmese/world/2015/10/151012_turky_ankara_bombing_is
အန်ကာရာ ဗုံးခွဲမှု၊ IS လက်ချက်လို့ တူရကီပြော
တိုက်ခိုက်မှုကို မတားဆီး နိုင်ခဲ့တဲ့ အတွက် အစိုးရ အပေါ် မကျေနပ်မှုတွေ ပေါ်ပေါက်နေ။ ငြိမ်းချမ်းရေး အတွက် ဆန္ဒပြခဲ့ကြတဲ့ လူအုပ်ကို ဗုံးခွဲ တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့ကမှ သူတို့ လက်ချက် ဖြစ်တယ်လို့ မပြောကြပေမယ့် တိုက်ခိုက်မှုကို အသေခံ ဗုံးခွဲသူ ၂ ဦးက ပြုလုပ် ခဲ့တာလို့ တူရကီ အစိုးရက ဆိုပါတယ်။ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် ၉၇ ယောက် သေဆုံးတယ်လို့ တရားဝင် ထုတ်ပြန်ချက်က ဆိုပေမယ့် အဲဒီ ဆန္ဒပြမှုမှာ အဓိက ပါဝင်ခဲ့တဲ့ အဖွဲ့အစည်း တစ်ခုကတော့ သေဆုံးသူ အရေအတွက်က ၁၂၈ ယောက် ဖြစ်တယ်လို့ ပြောပါတယ်။ သေဆုံးသူတွေရဲ့ အသုဘ အခမ်းအနားတွေကို ဒီကနေ့ တနင်္လာနေ့မှာ ဆက်လက် ပြုလုပ် နေခဲ့ကြပါတယ်။ တူရကီ အစိုးရနဲ့ ကာဒစ်ရှ် ပီကေကေ စစ်သွေးကြွတွေ အကြား တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့အတွက် မြို့တော် အန်ကာရာမှာ စနေနေ့က တောင်းဆို ဆန္ဒပြကြစဉ် ဆန္ဒပြသူတွေကို အသေခံ ဗုံးခွဲမှု ၂ ခုနဲ့ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့တာပါ။ အခုလို ကြီးမားတဲ့ တိုက်ခိုက်မှုကို အချိန်မီ မတားဆီး နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး တူရကီ အာဏာပိုင်တွေကို အများက စိတ်ဆိုး ဒေါသထွက် ခဲ့ကြပါတယ်။
တူရကီ နိုင်ငံ၊ အန်ကာရာ မြို့မှာ ပြီးခဲ့တဲ့ စနေနေ့က လူ ၁၀၀ နီးပါး သေဆုံး ခဲ့ရတဲ့ ဗုံးခွဲ တိုက်ခိုက်မှုဟာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ အဓိက သံသယရှိကြောင်း တူရကီ ဝန်ကြီးချုပ် Ahmet Davutoglu က ပြောပါတယ်။
150706_china_social_media
https://www.bbc.com/burmese/world/2015/07/150706_china_social_media
လူမှုကွန်ရက်အသုံးများလို့ တရုတ်မှာ ကွာရှင်းမှုတွေ များလာ
တရုတ်နိုင်ငံက အင်တာနက် သုံးသူ တစ်ယောက် အိမ်ထောင် စုံတွဲတွေဟာ ကိုယ့်ဇနီး ခင်ပွန်းနဲ့ မျက်နှာချင်းဆိုင် စကားပြောကြရမယ့် အစား အွန်လိုင်းပေါ်မှာ အကြာကြီး စကားတွေ ပြောရင်း အချိန်တွေ ကုန်နေကြတယ်လို့ စွပ်စွဲ ပြောကြတဲ့ ရှေ့နေတွေကို ကိုးကားပြီး သတင်းတွေက ဖော်ပြကြတာဖြစ်ပါတယ်။ ကွာရှင်းပြတ်စဲနှုန်း ဆယ်နှစ် ကြာပိုများလာခဲ့ပြီးနောက်မှာ မနှစ်က လည်း ဆက်ပြီး တိုးလာနေတယ်လို့ တရားဝင် စာရင်း ဇယားတွေ က ပြသနေပါတယ်။ ပစ္စည်း ဥစ္စာ ဆိုင်ရာနဲ့ ကျောင်းဝင်ခွင့် ရဖို့ကိစ္စတွေမှာ အစိုးရရဲ့ စည်းကမ်း ဥပဒေတွေနဲ့ ကိုက်ညီအောင် အတုအယောင် လက်ထပ်ကြတာတွေကလည်း ကွာရှင်းပြတ်စဲမှု ဖြစ်ရတဲ့ နောက်ထပ် အကြောင်းတွေထဲမှာ တစ်ခု အပါအဝင်ဖြစ် ပါတယ်။
တရုတ်နိုင်ငံမှာ လူမှုကွန်ရက် သတင်းမီဒီယာတွေကို ပိုမို အသုံးပြုလာခြင်းက အိမ်ထောင် ကွာရှင်းပြတ်စဲမှုတွေ ပိုများလာစေတဲ့ အကြောင်း တစ်ခု ဖြစ်နိုင်တယ်လို့ တရုတ် နိုင်ငံက လာတဲ့ သတင်းတွေက ဆိုပါတယ်။
150924_yemen_sucide_bombing
https://www.bbc.com/burmese/world/2015/09/150924_yemen_sucide_bombing
ယီမင် မြို့တော်က ဗလီမှာ အသေခံ ဗုံးခွဲ၊ ၂၅ ဦးသေ
ပထမ ဗုံးက ဗလီအတွင်း ပေါက်ကွဲခဲ့ပြီး လူတွေ အပြင် ပြေးထွက်စဉ် အပေါက်ဝမှာ ဒုတိယဗုံး ပေါက်ကွဲခဲ့။ အိဒ်ပွဲတော်နေ့ ရုံးပိတ်ရက်မှာ ဟွတ်သီ သူပုန်တွေ ထိန်းချုပ် ထားတဲ့ ဆာနားမြို့က Al-Balili ဗလီအတွင်း ဝတ်ပြုသူတွေ ရှိနေစဉ် ဗုံး ၂ လုံး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ကတည်းက ဆော်ဒီ နိုင်ငံမှာ ပုန်းရှောင်နေတဲ့ ယီမင် သမ္မတ Abdrabbuh Mansour Hadi အေဒင်မြို့ကို ပြန်လည် ရောက်ရှိပြီး ၂ ရက် အကြာမှာ ဒီတိုက်ခိုက်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ယီမင် သမ္မတကို ကူညီ တိုက်ခိုက် ပေးနေတဲ့ ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့ဟာ တောင်ပိုင်းက အေဒင်မြို့ကို ဟွတ်သီ သူပုန်တွေ လက်ထဲကနေ ပြန်လည် သိမ်းယူ နိုင်ခဲ့ပေမယ့် မြို့တော် ဆာနား ကိုတော့ ဟွတ်သီတွေက ထိန်းချုပ် ထားဆဲ ဖြစ်ပါတယ်။ မတ်လကနေ ခုချိန်အထိ မြေပြင်နဲ့ ဝေဟင် တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂ ထောင်ကျော် အပါအဝင် လူ ၅ ထောင် နီးပါး သေဆုံးခဲ့ပြီလို့ ကုလ သမဂ္ဂက ပြောပါတယ်။
ယီမင် နိုင်ငံ မြို့တော် ဆာနားမှာ ရှိတဲ့ ဗလီ တစ်ခုမှာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၂၅ ဦး သေဆုံးပြီး ၃၆ ဦး ဒဏ်ရာ ရခဲ့တယ်လို့ သတင်းတွေ ရရှိပါတယ်။
150118_ncct_upwc_kachin
https://www.bbc.com/burmese/burma/2015/01/150118_ncct_upwc_kachin
အပစ်​ရပ်​စာ​ချုပ် ချုပ်​ဆို​ဖို့ ဝေးကွာ​ဆဲ ဖြစ်နေ
UPWC က ဇန်နဝါရီ ၁၀ ရက် ဝန်းကျင်မှာ တပ်မတော် နဲ့ သွားတွေ့ပြီး ရင် အကြောင်းပြန် မယ် ပြောထား ပေမယ့် ဆက်သွယ် မလာ သေးဘူး လို့ နိုင်ဟံသာ က ပြောပါတယ်။ အစိုးရ ရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီ UPWC ကနေ တပ်မတော် ရဲ့ သဘောထား တွေ ရယူပြီး တိုင်းရင်းသား လက်နက်ကိုင် တွေ ဆီကို ပြန်လည် အကြောင်းပြန် မယ် လို့ ပြောထား ပေမယ့် အခုအချိန် အထိ ဆက်သွယ် လာတာ မရှိ သေးဘူး ဆိုပြီး တော့လည်း နိုင်ဟံသာ က ဆိုပါတယ်။ နောက်တကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်ဖို့ ဆိုရင် အစိုးရ နဲ့ တပ်မတော် အကြား မှာကို တူညီတဲ့ မူဝါဒ တွေ ရဖို့ ညှိနှိုင်း စရာတွေ ရှိနေတယ် လို့ ယူဆကြောင်း နိုင်ဟံသာ က သုံးသပ် ပါတယ်။ နိုင်ဟံသာ ရဲ့ ရှင်းပြချက် အရ လတ်တလော မှာ ကချင်ပြည်နယ် အတွင်း တိုက်ပွဲ တွေ ပြန်လည် ဖြစ်ပေါ် နေတာ ကလည်း ဆွေးနွေးပွဲ ပြန်လည် စတင် နိုင်ဖို့ အဟန့်အတား ဖြစ်နေပါတယ်။ ကချင် ပြည်နယ် မှာ အစိုးရ တပ်နဲ့ ကေအိုင်အေ အကြား မနေ့ ကအထိ ၄ ရက်မြောက် တိုက်ပွဲတွေ ဆက်လက် ရှိနေ ပေမယ့် အရှိန် လျော့သွား တယ် လို့တော့ သိရ ပါတယ်။ ကေအိုင်အေ ကနေ သူတို့ ထိန်းသိမ်း ထားတဲ့ ရဲ ၃ ဦး ကို ပြန်လွှတ် ပေးမယ် ဆိုပြီး ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် တွေ ကို အကြောင်းကြား လာတဲ့ အတွက် အကျိုးဆောင် တချို့ဟာ အဲဒီ ရဲ ၃ ဦး ကို လက်ခံ ရယူဖို့ တိုက်ပွဲတွေ ဖြစ်ပေါ် နေရာ ဖားကန့် ဒေသ ကို သွားနေ ကြပြီ ဖြစ်ပါ တယ်။
တနိုင်ငံလုံး အပစ်ရပ် စာချူပ် ချူပ်ဆို နိုင်ဖို့ အစိုးရ ဘက်က ရည်ရွယ် ထားတယ် ဆိုတဲ့ လာမယ့် ဖေဖေါ်ဝါရီ ၁၂ ရက် ပြည်ထောင်စု နေ့ အမှီတော့ တကယ် လက်မှတ် ရေးထိုး နိုင်မယ့် အခြေအနေ မရှိသေးဘူး ဆိုပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု အဖွဲ့ ဖြစ်တဲ့ NCCT ရဲ့ ခေါင်းဆောင် နိုင်ဟံသာ က ပြောပါတယ်။
150703_mh17_malaysia_for_tribunal
https://www.bbc.com/burmese/world/2015/07/150703_mh17_malaysia_for_tribunal
MH17 အမှု၊ ကုလ ခုံရုံးဖွဲ့ဖို့ မလေးရှား အဆိုပြု
ယူကရိန်း သူပုန်တွေ ထိန်းချုပ်ရာ နယ်မြေအတွင်းမှာ MH17 လေယာဉ် ပစ်ချခံခဲ့ရ။ ကုလ သမဂ္ဂ ဆိုင်ရာ မလေးရှား သံအမတ်ကြီး Ramlan Ibrahim က ဆုံးဖြတ်ချက် မူကြမ်းကို လာမယ့် သီတင်းပတ်မှာ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်တွေကို ဖြန့်ဝေမယ်လို့ ပြောပါတယ်။ ခုံရုံး ဖွဲ့စည်းရေးနဲ့ ပတ်သက်တဲ့ မဲခွဲ ဆုံးဖြတ်မှုကိုတော့ အခုလ နှောင်းပိုင်းမှာ ပြုလုပ်နိုင်ဖွယ် ရှိပါတယ်။ မလေးရှား လေကြောင်းပိုင် MH17 လေယာဉ်ဟာ ယူကရိန်း ခွဲထွက်ရေး သူပုန်တွေ ထိန်းချုပ်ရာ နယ်မြေပေါ်မှာ ၂၀၁၄ ဇူလိုင်လက ပစ်ချ ခံရတဲ့အတွက် လေယာဉ်ပေါ် ပါသွားသူ ၂၉၈ ဦးစလုံး သေဆုံး ခဲ့ပါတယ်။ လေယာဉ်ဟာ ယူကရိန်း သူပုန်တွေ သုံးခဲ့တဲ့ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်နဲ့ ပစ်ချ ခံရတာ ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေကို သူပုန် ခေါင်းဆောင်တွေက ငြင်းဆို ထားပါတယ်။ ရုရှား နိုင်ငံကတော့ လေယာဉ်ကို ယူကရိန်း တပ်ဖွဲ့တွေက ပစ်ချခဲ့တာလို့ ပြောဆိုခဲ့ပါတယ်။
မလေးရှား လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ကို မနှစ်တုန်းက ယူကရိန်း အရှေ့ပိုင်းမှာ ပစ်ချခဲ့သူတွေကို တရားစွဲဆို ဖို့အတွက် နိုင်ငံတကာ ခုံရုံး တစ်ခု ဖွဲ့စည်းရေး အဆိုပြုချက် တွေကို မလေးရှား သံတမန်တွေက စတင် ပြုလုပ်ခဲ့ပါတယ်။
130929_pakistan
https://www.bbc.com/burmese/world/2013/09/130929_pakistan
ပါကစ္စတန် ဖောက်ခွဲမှု လူ ၃၀ ကျော် သေဆုံး
ပေါက်ကွဲမှု ကြောင့် လူ ၃၀ ကျော် သေဆုံး လူစည် ကားတဲ့ စျေးတ စျေးမှာ ဒီနေ့ တနင်း ဂနွေနေ့ မနက်မှာ ဗုံး ၂ လုံးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ဒီဗုံးပေါက်ကွဲမှုကြောင့် စျေးဆိုင်တွေ မော်တော်ကားတွေ မီးလောင်ပျက်စီးခဲ့ပါတယ်။ မော်တော်ကား တစီးပေါ်မှာ အချိန် ၂၀၀ ကီလိုဂရမ်ရှိတဲ့ ဖောက်ခွဲပစ္စည်းတွေ တင်ဆောင်ပြီး ရဲစခန်းအနားမှာ ကားရပ်နား ပါကင်ထိုးပြီးမှ ဖောက်ခွဲခဲ့တာလို့ ရဲအဖွဲ့က သံသယရှိပါတယ်။ အခု ဗုံးပေါက်ကွဲမှုဟာ တပတ်အတွင်း တတိယ အကြိမ်ပေါက်ကွဲမှုလည်း ဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့မှာ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၃၀ ကျော်သေဆုံးပြီး ၇၀ ဒဏ်ရာရခဲ့ပါတယ်။
world-52284454
https://www.bbc.com/burmese/world-52284454
ကိုရိုနာဗိုင်းရပ်စ် - အီးယူမှာ ဆိုင်တချို့ပြန်ဖွင့်၊ ထိုင်းမှာတော့ ဖွင့်ခွင့်ပေးမယ်ပြောပြီးမှ ပြန်ပိတ်
သြစတီးယားမှာ လက်မှု ကိရိယာပစ္စည်းဆိုင်တွေ ပြန်စဖွင့် ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ လက်ရှိကျင့်သုံးနေတဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကို ဖြေလျော့ပေးဖို့ လုပ်မယ်ဆိုရင် အားလုံးညှိနှိုင်းပြီးလုပ်ကြဖို့ ဥရောပကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။ ဖြေလျှော့မယ်ဆိုရင် ပထမဆုံးအနေနဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အရောင်းဆိုင်တွေနဲ့ ကျောင်းတွေကို အရင်ဆုံးပြန်ဖွင့်သင့်တယ်၊ ဒါပေမယ့် ဆိုရှယ်ဒစ်စတန့်ဆင်းလို့ခေါ်တဲ့ လူချင်းခပ်ခွာခွာနေဖို့ စည်းကမ်းတွေတော့ ဆက်ထားသင့်တယ်လို့ အကြံပြုထားပါတယ်။ ဒုတိယအဆင့်အနေနဲ့ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ၊ ဘားတွေ ပြန်ဖွင့်နိုင်ပေမယ့် ဖွင့်ချိန်နဲ့ ဧည့်သည်အရေအတွက်ကိုတော့ ကန့်သတ်ထားရဦးမယ်လို့ ဆိုပါတယ်။ ဒီလို အဆင့်လိုက် ဖြေလျှော့ပေးတာမျိုး လုပ်တာတောင်မှ ဗိုင်းရပ်စ်ကူးစက်မှုတွေ တိုးလာနိုင်သေးတယ်လို့လည်း ကော်မရှင်က သတိပေးပါတယ်။ အခုဆို အီတလီ၊ ဒိန်းမတ်နဲ့ သြစတီးယားတို့မှာ ယာယီအားဖြင့် ကန့်သတ်ချက်တချို့ကို လျှော့ပြီး ပိတ်ဆို့ထားတာတွေကို ပြန်ဖွင့်ပေးနေပါတယ်။ ငါးပတ်ကြာ အားလုံးပိတ်ထားခဲ့တဲ့ အီတလီမှာ စျေးဆိုင်တချို့ ပြန်ဖွင့်ပြီးသြစတီးယားမှာတော့ ကုန်မာဆိုင်တွေ၊ ပန်းခြံပစ္စည်းအရောင်းဆိုင်တွေ၊ လက်မှု ကိရိယာဆိုင်တွေ ပြန်ဖွင်ခဲ့ပါတယ်။ ဆိုင်တွေပြန်ဖွင့်နိုင်တယ်ပြောပြီးမှ ထိုင်းအုပ်ချုပ်ရေးမှူး အမိန့်ကိုပြန်ပြင် ၂၀၁၈ ခုနှစ်က ထိုင်းဘူတာရုံတစ်ခုက ဆံသဆိုင်များ၊ ဆံသဆိုင်အပါအဝင် ဆိုင်တချို့ ပြန်ဖွင့်လိုတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးကပြော ထိုင်းနိုင်ငံက ခရိုင်ကြီးတခုမှာ ကိုရိုနာ ဗိုင်းရပ် ထိန်းချုပ်ရေးအတွက် ပိတ်ထားတဲ့ ဆိုင်တချို့ကို ပြန်ဖွင့်ဖို့ အမိန့်ပေးခဲ့ပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးက အမိန့်ကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ ဆံသဆိုင်၊ ထီဆိုင်နဲ့ ပရိဘောဂဆိုင်လိုမျိုး လုပ်ငန်းတချို့ကို ပြန်ဖွင့်ခွင့်ပေးမယ်ဆိုပြီး ဆူဂျင် ချိုင်ချုမ်ဆတ်က ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဘန်ကောက်မြို့တော်နားက နုန်သဘူရီ ခရိုင်ဟာ ထိုင်းနိုင်ငံမှာ ကိုဗစ် ဗိုင်းရပ် လူနာ တတိယ အများဆုံး တွေ့ရတဲ့ နယ်မြေ ဖြစ်နေတဲ့အတွက် ဒီအမိန့်ကို ထိုင်းလူမှုကွန်ရက်တွေမှာ ဝေဖန်တာတွေ များခဲ့ပါတယ်။ အဲဒီခရိုင်မှာ ကိုဗစ် ကူးစက်ခံရသူ ၁၅ဝ ရှိနေပြီ လို့လည်း သိရပါတယ်။ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါရှင် ၂၆ဝဝ ကျော် ရှိနေပြီး ဆေးစစ်တဲ့ ပစ္စည်း အကန့်အသ ရှိတ်နေတဲ့ အတွက် ဗိုင်းရပ်က ဘယ်လောက်ပြန့်နေတယ် ဆိုတာ မသိနိုင်ဘဲ ဖြစ်နေပါတယ်။ ယူကေမှာ ကိုဗစ်ကြောင့်သေဆုံးသူ ကြေညာတာထက်များ သေသူငါးဦးမှာ တစ်ဦးက ကိုရိုနာကြောင့်ဖြစ်ပါတယ်။ အင်္ဂလန်နဲ့ ဝေလပြည်နယ်က နောက်ဆုံးရရှိတဲ့ တရားဝင် ကိန်းဂဏန်းတွေအရ ဗြိတိသျှအစိုးရက နေ့စဉ် ထုတ်ပြန်တဲ့ စာရင်းထက် လူတွေ အများကြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနေရတယ်လို့ ယူဆနိုင်စရာ တွေ့ရပါတယ်။ ဗဟိုစာရင်းရုံးရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ကြောင့်သေဆုံးသူတွေအထဲက ဆယ်ရာခိုင်နှုန်းဟာ နေအိမ်တွေ၊ စောင့်ရှောက်ရေးဂေဟာတွေမှာ သေဆုံးခဲ့တာဖြစ်ပြီး အစိုးရက ထုတ်ပြန်တဲ့ နေ့စဉ်သေဆုံးသူ အရေအတွက်ကတော့ ဆေးရုံကိုရောက်လာပြီး ဆေးရုံမှာ သေဆုံးသူတွေကိုပဲ ရေတွက်ထားတာ ဖြစ်ပါတယ်။ လူနာတွေကို စောင့်ရှောက်နေရသူတွေကတော့ သေဆုံးသူအရေအတွက်က အများကြီး ပိုနိုင်တယ်လို့ပြောပါတယ်။ ဗိုင်းရပ်စ်ဟာ ထိန်းမနိုင်လောက်အောင် ပျံ့နေလို့ လူတွေကို ပိုပြီး ဆေးစစ်ပေးဖို့နဲ့ ပြုစုရသူ ဆေးဝန်ထမ်းတွေကို အကာအကွယ် ကိရိယာတွေ ပိုပေးဖို့ သူတို့က တောင်းဆိုကြပါတယ်။ ဧပြီလ ပထမအပတ်အတွင်းမှာ အရင်နှစ်တွေက ပျမ်းမျှသေဆုံးသူတွေထက် လူ ၆၀၀၀ ကျော်ပိုသေဆုံးခဲ့တယ်လို့ ဗဟိုစာရင်းရုံးရဲ့ ကောက်ယူချက်အရ တွေ့ခဲ့ရပါတယ်။ ဒီအထဲက တဝက်လောက်ပဲ ကိုရိုနာနဲ့ သေဆုံးခဲ့တာ ဖြစ်နိုင်ပေမယ့် စာရင်းကောက်ယူတဲ့အခါ အားနည်းချက်ကို တွေ့ရတာ ဖြစ်ပါတယ်။ မရှိတဲ့ နှာခေါင်းစည်း ဒေါ်လာနှစ်သန်းခွဲဖိုးရောင်းပြီး လိမ်လည် နှာခေါင်းစည်းတွေ အလုအယက်ဝယ်ယူကြလို့ ပစ္စည်းတွေပြတ် ဥရောပက နှာခေါင်းစည်းတွေ ရောင်းပေးမယ်ဆိုပြီး အစိုးရ ကျန်းမာရေးအရာရှိတွေဆီက ဒေါ်လာသန်းချီ လိမ်လည်ဖို့ ကြိုးစားမှု တစ်ခုကို ဖြိုခွင်းလိုက်နိုင်တယ်လို့ ဥရောပရဲတပ်ဖွဲ့ ယူရိုပိုလ်က ပြောပတယ်။ စပိန်နဲ့ နယ်သာလန်အခြေစိုက်ကုမ္ပဏီတွေရဲ့ ဝက်ဆိုက်တွေလို့ အယောင်ဆောင်ထားတဲ့ ဝက်ဆိုက်တွေဆီက ဂျာမန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဝယ်တော်တွေက ဒေါ်လာနှစ်သန်းခွဲကျော်ဖိုး နှာခေါင်းစည်းတွေ မှာယူခဲ့တာပါ။ အခုတော့ ပေးထားတဲ့ ပိုက်ဆံတွေ ပြန်ရခဲ့ပြီလို့ ရဲတွေက ပြောပါတယ်။ အဲဒီငွေတွေထဲက တချို့ကို ဗြိတိန်ကတဆင့် လွှဲပြောင်းပြီး နိုင်ဂျီးရီးယားနိုင်ငံက ဘဏ်စာရင်းတွေဆီပို့ဖို့ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအယောင်ဆောင်လိမ်လည်မှုနဲ့ လူနှစ်ယောက်ကို နယ်သာလန်မှာ ဖမ်းခဲ့ပါတယ်။ ဒီလို လိမ်လည်မှု ထောင်ချောက်ထဲ ကျခဲ့သူတွေ ထပ်ရှိဦးမလားဆိုပြီး ရဲက ဆက် စုံစမ်းနေပါတယ်။
အီးယူ မှာ ဖြေလျှော့တာတွေကို နိုင်ငံအားလုံး ညှိလုပ်ဖို့ ကော်မရှင်တိုက်တွန်း
131212_mullah_hangs
https://www.bbc.com/burmese/world/2013/12/131212_mullah_hangs
အစ္စလာမ်မစ် ခေါင်းဆောင် မူလာကို ကြိုးပေးပြီ
မူလာရဲ့ အယူခံကို ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်က ပယ်ချလိုက်တာဖြစ်။ အက်ဘ်ဒူ ခါဒါ မူလာဟာ အတိုက်အခံ ဂျမတ် အီ အစ္စလာမ်မီ ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်ပြီး သူ့ရဲ့အယူခံကို ကြားနား စစ်ဆေးနေတုန်းကတော့ သူ့ ပြစ်ဒဏ်ကို ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် တရားရုံး ချုပ်က အစောပိုင်းကပဲ သူ့ရဲ့ အယူခံကို ပယ်ချလိုက်အပြီး အခုလို ကြိုးပေးလိုက်တာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် စစ်ရာဇဝတ်မှု တရားရုံးကနေ အစ္စလာမ်မစ် ခေါင်းဆောင်တွေကို ဒီနှစ်ထဲမှာ စီရင်ချက် အများအပြား ချနေရာမှာ အခု အမှုဟာ ပထမဆုံး စီရင်တဲ့ သေဒဏ်ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး စစ်ပွဲအတွင်း ၁၉၇၁ ခုနှစ်က လူသားမျိုးနွယ်တွေ အပေါ် လူမဆန်တဲ့ သတ်ဖြတ်မှုတွေအတွက် သေဒဏ် ချမှတ် ခံထားရတဲ့ အစ္စလာမ်မစ် အတိုက်အခံ ခေါင်းဆောင် ဖြစ်သူ အက်ဘဒူ ခဒါ မူလာ ကို ကြိုးပေးလိုက်ပါတယ်။
world-52560711
https://www.bbc.com/burmese/world-52560711
ကိုရိုနာဗိုင်းရပ်စ် - မြောက်ကိုရီးယားက မွေးစားသား ၁၀ ယောက်ကို အိမ်မှာ စာသင်တဲ့ အဖေ
မကြာသေးခင်က စိုက်ကွင်းတွေဆီ ကွင်းဆင်းလေ့လာခဲ့ကြတဲ့ လူငယ်လေး ၇ ဦး ကင်မ် တေဟွန်း ဆိုတဲ့ အသက် ၄၅ နှစ်အရွယ် အဲဒီတောင်ကိုရီးယား အမျိုးသားဟာ မိဘတွေမပါဘဲ ဘက်ပြောင်း ခိုလှုံလာတဲ့ မြောက်ကိုးရီးယား လူငယ် ၁၀ ယောက်ကို သူ့အိမ်မှာ စောင့်ရှောက်ထားတာပါ။ အငယ်ဆုံးက ၁၀ နှစ်အရွယ်ပဲ ရှိသေးပြီး အကြီးဆုံးက ၂၂ နှစ်ပါ။ ခါတိုင်း ဒီအချိန်မှာ ၂၂ နှစ်အရွယ် ဂွန် ဆီယွန်း က တက္ကသိုလ်၊ ကျန်တဲ့ကလေးတွေက ကျောင်းတွေ တက်နေကြမှာ ဖြစ်ပါတယ်။ ဒါပေပမဲ့ ပြီးခဲ့တဲ့လကစလို့ တောင်ကိုရီးယားမှာ ကျောင်းသူကျောင်းသားတွေ အွန်လိုင်းကနေပဲ စာသင်ကြားနေကြရပါတယ်။ ဝေးလံတဲ့အရပ်မှာ ပထမဆုံးအကြိမ် အွန်လိုင်း စာသင်ကြားမှု စစချင်း မနက်မှာပဲ အင်တာနက်လိုင်း အမိဆုံးရတဲ့ အိမ်အပေါ်ထပ်က စားပွဲကြီးတခုမှာ လူငယ်လေးတွေအားလုံးကို စုထိုင်ခိုင်းရင်း ကင်မ်က ဘီဘီစီကို ဗီဒီယို လင့်ခ်ကနေတဆင့် စကားပြောခဲ့ပါတယ်။ မနက်ခင်း ကျောင်းအစည်းအဝေးမှာ အသံတွေ ရှုပ်ထွေးဝင်လာနိုင်တဲ့အတွက် နားကြပ်တွေ တပ်ထားကြဖို့ ကင်မ်က ကလေးတွေကို ပြောပါတယ်။ ထင်တဲ့အတိုင်း အစပိုင်းမှာ ပြဿနာ တချို့ ရှိခဲ့ပါတယ်။ သိပ်အကျွမ်းမဝင်တဲ့ အွန်လိုင်းစနစ်ကို ဒေသန္တရ ပညာရေးရုံးကနေ ငှားထားတဲ့ နည်းပညာ စက်ပစ္စည်းတွေနဲ့ မနည်း အလုပ်ဖြစ်အောင် လုပ်ရတာကလည်း အခက်အခဲတစ်ခုပါ။ အတန်းတူ ကလေးနှစ်ဦးရဲ့ log-in တွေ ရောထွေး မှားခဲ့သလို မြောက်ကိုရီးယားကနေ ရောက်လာတာတစ်နှစ်ပဲ ရှိသေးတဲ့ ၁၅ နှစ်အရွယ် ဂီယွမ် ဆီယွန်း က တခြားသူတွေထက် အကူအညီ ပိုလိုခဲ့ပါတယ်။သူက အွန်လိုင်းကနေ အိမ်စာတွေ တင်ရတာမျိုး သိပ်မကျွမ်းသေးပါဘူး။ တခါ အငယ်ဆုံးကလေးဂျန် ဆီယွန်း က သူ့ရဲ့တက်ဘလက်ပေါ်မှာ ယူကျူ့ဘ် ကြည့်နေလို့ အဆူခံ ရပါသေးတယ်။ အငယ်ဆုံးက ၁၀ နှစ်၊ အကြီးဆုံးက ၂၂ နှစ် ဒါပေမဲ့ နှစ်ရက်လောက်အကြာမှာတော့ သူ့ရဲ့ မျက်ခြည်မပြတ် စောင့်ကြပ်မှုအောက်မှာ ကလေးတွေ အွန်လိုင်း ကနေ စာသင်ယူရေး အဆင်ပြေ နေသားကျသွားကြတယ်လို့ ကင်မ်က ပြောပြပါတယ်။ ကင်မ် တာဝန်ယူ စောင့်ရှောက်နေတဲ့ လူငယ်တွေထဲက ၈ ယောက်ဟာ လူကြီးတွေ မပါဘဲ တစ်ယောက်တည်း ဒါမှမဟုတ် မောင်နှမတွေနဲ့ မြောက်ကိုရီးယားနိုင်ငံကနေ ထွက်ပြေး ခိုလှုံလာကြတာ ဖြစ်ပြီး တောင်ကိုရီးယားမှာ တခြားမိသားစု ဆွေမျိုး ရှိသူတွေ မဟုတ်ကြပါဘူး။ မြောက်ကိုရီးယားကနေ ကလေးတွေချည်း ထွက်ပြေးလာကြရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ အတူနေ အဘိုးအဘွားတွေက အသက်အရွယ်ကြီးရင့်နေတာကြောင့် အတူ လိုက်မလာနိုင်တာ၊ မိဘတွေ တကွဲတပြား နေနေရပြီး မိသားစုတစ်ခုလုံး အတူ ထွက်ပြေးဖို့ မဖြစ်နိုင်တာ စတဲ့ အကြောင်းရင်းတွေ ပါဝင်ပါတယ်။ "ကလေးတွေရဲ့ဘဝ ပိုကောင်းအောင် ဆိုပြီး မိဘတွေက တောင်ကိုရီးယားကို လွှတ်လိုက်တာပါ၊ ကလေးက အရမ်းငယ်နေရင် ပွဲစားရဲ့ ကျောပေါ်မှာ ကုန်းပိုး တင်လွှတ်ပေးလိုက်တတ်ကြပါတယ်" လို့ ကင်မ်က ရှင်းပြပါတယ်။ ၂၀၂၀ ခုနှစ် မတ်လမှာ မြောက်ကိုရီးယားနိုင်ငံကနေ ဘက်ပြောင်း ခိုလှုံလာသူ ၃၃၆၅၈ ဦး ရှိပြီး အဲဒီထဲက ၁၅ ရာခိုင်နှုန်းဟာ အသက် ၁၉ နှစ် ဒါမှမဟုတ် အဲဒီအောက် ငယ်သူတွေ ဖြစ်တယ်လို့ ကိုရီးယား နှစ်နိုင်ငံ ပြန်လည် ပေါင်းစည်းရေးဆိုင်ရာ တောင်ကိုရီးယား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက မိဘတွေမပါဘဲ ကလေး ၉၆ ဦး နိုင်ငံထဲ ရောက်လာတာကို တောင်ကိုရီးယားအစိုးရက သိကြောင်း ထုတ်ပြန်ခဲ့တယ်လို့ မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။ ဒီလူငယ်လေးတွေကို တာဝန်ယူစောင့်ရှောက်ရတဲ့သူ ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ ကင်မ် မတွေးမိခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ကင်မ်ဟာ ပုံနှိပ်ဖြန့်ချိရေးလုပ်ငန်းမှာ လုပ်နေတာပါ။ သူ့အားလပ်ချိန်တွေမှာတော့ ဆိုးလ်မြို့က ဟာနာဝန် ပညာပေးစခန်းမှာ စေတနာ့ဝန်ထမ်း သွားကူပေးလေ့ ရှိပါတယ်။ အဲဒီစခန်းဟာ မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူတွေကို တောင်ကိုရီးယား လူမှုအသိုင်းအဝိုင်းထဲ ဝင်ဆံ့နိုင်အောင် လေ့ကျင့်ပြင်ဆင်ပေးတဲ့ သင်တန်းပေးဖို့ ၃ လကြာ ထားလေ့ရှိတဲ့ စခန်းဖြစ်ပါတယ်။ အဲဒီမှာ အမေနဲ့အတူ သင်တန်းပြီးလို့ ပညာပေးစခန်းကနေ ပြောင်းသွားတဲ့ ဟာ ရီယွန် ဆိုတဲ့ ကောင်လေးတို့ သားအမိနဲ့ ကင်မ် တွေ့ခဲ့ပါတယ်။ သူ့အမေက အလုပ်ရှာလို့ ရခဲ့ပေမဲ့ အလုပ်က အိမ်နဲ့ အရမ်းဝေးပြီး ၁၀ နှစ်အရွယ် သားငယ်ကို အိမ်မှာတစ်ယောက်တည်း ထားခဲ့ရတာမို့ သူမရှိတုန်း သားကို ကြည့်ပေးဖို့ ကင်မ်ကို အကူအညီ တောင်းခဲ့ပါတယ်။ အဲဒီကနေ ကင်မ်တစ်ယောက် ဒီအလုပ်ကို အမြဲလုပ်ဖို့ ဖြစ်လာခဲ့တာပါ။ ဒါကို ကင်မ်ရဲ့မိဘတွေက လုံးဝ မနှစ်မြို့ခဲ့ကြဘဲ နှစ်ပေါင်းအတော်ကြာ ကင်မ်နဲ့ အဆက်အသွယ်ဖြတ်ခဲ့ကြပါတယ်။ အဲဒီကစလို့ မြောက်ကိုရီးယား လူငယ်လေးတွေကို တစ်ယောက်ပြီးတစ်ယောက် ကင်မ် တာဝန်ယူ စောင့်ရှောက်လာခဲ့ပါတယ်။ အဲဒီထဲမှာ ခုချိန်ထိ ကင်မ်နဲ့ အချိန်အကြာဆုံး နေနေသူကတော့ ချီယိုလ် ဂွမ်းဆိုတဲ့ လူငယ်လေးပါ။ ချီယိုလ် ဂွမ်း ဟာ ၂၀၁၂ ခုနှစ် ခရစ်စမတ်စ် အကြိုနေ့မှာ တောင်ကိုရီးယားကို ရောက်လာခဲ့တာ ဖြစ်ပြီး အဲဒီတုန်းက အသက် ၁၁ နှစ်ပဲ ရှိပါသေးတယ်။ ကနဦးမှာ သူနဲ့ သူ့အစ်မဟာ အမေနဲ့အတူ မြောက်ကိုရီးယားကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ အစောင့်တွေက ဖမ်းမိသွားပြီး ထိန်းသိမ်းထားလိုက်ပါတယ်။ အဲဒီနောက် သူ့ကို တစ်ယောက်တည်း ပြန်လွှတ်ပေးခဲ့ပြီး အစ်မဖြစ်သူကိုတော့ ၃ လအကြာမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ အမေကတော့ ဘယ်တော့မှ ပြန်ပေါ်မလာတော့ပါဘူး။ အဲဒီနောက်မှာ ချီယိုလ် ဂွမ်းနဲ့ သူ့အစ်မ တောင်ကိုရီးယားကို ထွက်ပြေး လွတ်မြောက်လာခဲ့ပါတယ်။ အစ်မနဲ့အတူ လွန်ခဲ့တဲ့ ၈ နှစ်က မြောက်ကိုရီးယားကနေ ထွက်ပြေးလာတဲ့ ချီယိုလ် ဂွမ်း တဖြည်းဖြည်းနဲ့ သူစောင့်ရှောက်တဲ့ ကလေးတွေ များလာတဲ့အခါ ကင်မ်ဟာ မိဘမဲ့ ကလေးတွေကို စောင့်ရှောက်တဲ့ ဂေဟာငယ် တစ်ခု ထောင်ဖို့ တောင်ကိုရီးယား ကျန်းမာရေးနဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ခဲ့ပါတယ်။ "ဒါပေမဲ့ ကျွန်တော့်ကလေးတွေကတော့ ဂေဟာလို့ မသတ်မှတ်ကြပါဘူး။ သူတို့ရဲ့ တကယ့်အိမ်လို့ မှတ်ယူထားကြပါတယ်" လို့ ကင်မ်က ပြောပါတယ်။ ကင်မ်ရဲ့ မိဘတွေကလည်း နောက်ဆုံးမှာ သူ့ဆုံးဖြတ်ချက်ကို လက်ခံခဲ့ကြပါတယ်။ အခုဆိုရင် သူ့မိဘတွေက သူ့ကို အားအပေးဆုံးသူတွေ ဖြစ်လာပြီး ကလေးတွေကို ကိုယ့်မြေးတွေလို ဆက်ဆံလာကြပါတယ်။ ဂွန် ဆီယွန်း က ပထမတော့ ကင်မ်ကို ကြောက်ခဲ့မိတယ်လို့ ပြန်ပြောပြပါတယ်။ သူ့ကို စတွေ့တွေ့ချင်းတုန်းက လူဆိုးကြီးတစ်ယောက်လို့ ထင်ခဲ့မိတယ်၊ မြောက်ကိုရီးယားမှာဆိုရင် ဗိုက်ပူပူနဲ့ လူတွေက အစိုးရ အရာရှိကြီးတွေချည်းပဲလေလို့ ရှက်ရှက်နဲ့ ပြန်ပြောပြပါတယ်။ ခုချိန်ထိ သူစကားပြောတာ မြောက်ကိုရီးယားသံ အတော်ဝဲနေတုန်းပါပဲ။ ကင်မ်က သူလုပ်ဆောင်နေရတာတွေမှာ စိန်ခေါ်မှု အခက်အခဲတွေ ရှိနေပေမဲ့ သူကိုယ်တိုင်ပဲ သိမ်းကျုံးလုပ်တယ်လို့ အခုလို ပြောပြပါတယ်။ "အခက်ဆုံးက မီးဖိုချောင် စားသောက်စရာ ဈေးဝယ်တာပါ၊ ကလေးတွေက ကြီးကောင်ဝင်လာကြတဲ့အရွယ်တွေဆိုတော့ အရမ်းစားကြတယ်၊ ဘယ်လောက် တပုံကြီးပဲ ဝယ်ထားဝယ်ထား နောက်တစ်နေ့ဆို ကုန်ရော ဆိုတော့ ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူး" လို့ ပြောပြပါတယ်။ အစားအစာတွေကို ရေခဲသေတ္တာ ၆ ခုနဲ့ ထည့်ထားရပါတယ်။ တစ်နေ့ကို အဝတ်လျှော်စက် နှစ်လုံးနဲ့ အဝတ်တွေ မပြတ်လျှော်ရပါတယ်။ တစ်အိမ်လုံးကို ကင်မ်ကိုယ်တိုင် ဖုန်သုတ်စက်နဲ့ တစ်နေကုန် သန့်စင်ပါတယ်။ ဒါပေမဲ့ ကလေးတွေကိုတော့ လုံးဝမခိုင်းဘူးလို့ ကင်မ်က ပြောပါတယ်။ "ကလေးတွေကို လိမ္မာယဥ်ကျေးစွာ ကြီးပြင်းလာဖို့ကလွဲလို့ ဘာမှ ကျွန်တော် မတောင်းပါဘူး၊ ဒါက အရေးကြီးဆုံးပါပဲ၊ ကျွန်တော့်မိဘတွေကလည်း ဒီလိုပဲ သွန်သင်ခဲ့တာပါ" လို့ ကင်မ်က ပြောပါတယ်။ ကင်မ်အတွက် လုပ်စရာတွေက များလွန်းလို့ တခြားပုံမှန်ဝင်ငွေရတဲ့ အလုပ်တစ်ခု ထွက်မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အစိုးရဆီက ထောက်ပံ့ကြေး တချို့နဲ့ အဖွဲ့အစည်းတွေဆီက ငွေအကူအညီ ခံစားခွင့် ရခဲ့ပါတယ်။ ငွေကြေးအကူအညီ ယူရတာကို စိတ်မသက်မသာ ဖြစ်မိတယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့လည်း ငွေကြေး အမှီအခိုတချို့ ကင်းအောင် လုပ်ဖို့ ကြိုးစားတဲ့အနေနဲ့ သိပ်မကြာသေးခင်ကပဲ ကဖေးဆိုင်လေးတစ်ခု ဖွင့်လိုက်ပါတယ်။ အဝတ်လျှော်စက်နှစ်လုံးနဲ့ တစ်နေကုန် အဝတ်လျှော်နေရ ဒါပေမဲ့ ကင်မ်နဲ့ ကလေးတွေ ကြုံနေရတာက ငွေကြေး အခက်အခဲ တစ်ခုတည်း မဟုတ်ပါဘူး။ မြောက်ကိုရီးယားကနေ ဘက်ပြောင်း ခိုလှုံလာသူတွေအပေါ် မနှစ်မြို့စိတ်တွေ တောင်ကိုရီးယားလူမျိုး အတော်များများမှာ ရှိနေပါတယ်။ အိမ်ငှားခ တိုးတောင်းတဲ့အတွက် ဒါမှမဟုတ် ကလေးတွေ ပိုများလာလို့ နေရာပိုလိုလာတဲ့အတွက် အစပိုင်းမှာ ကင်မ် အိမ်ခဏခဏ ပြောင်းခဲ့ရပါတယ်။ အဲဒီလို အိမ်ပြောင်းတဲ့အခါတိုင်း မလိုလားမှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရလေ့ ရှိပါတယ်။ "ဘယ်နေရာပြောင်းပြောင်း၊ တနည်းနည်းနဲ့ အိမ်နီးချင်းတွေ သိသွားကြပါတယ်၊ ဘက်ပြောင်းခိုလှုံလာတဲ့ မြောက်ကိုရီးယားတွေကို သိုသိုသိပ်သိပ်နဲ့ ထားဖို့ တချို့က ကျွန်တော့်ကို သတိပေးစာ ပို့တာတွေတောင် ရှိပါတယ်" လို့ ကင်မ် က ပြန်ပြောပြပါတယ်။ တစ်ကြိမ်မှာဆိုရင် ကင်မ်ရဲ့အိမ်ကို ရဲတွေ လာရှာတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ကင့်မ် အိမ်က ကလေးတစ်ယောက်ကို မြောက်ကိုရီးယားရဲ့ သူလျှို ဆိုပြီး သူ့အတန်းဖော်က တိုင်လိုက်လို့ပါ။ ဒါက အတော်လေးကို ကြီးတဲ့ ဖြစ်ရပ်တစ်ခုပါ။ ဒါမျိုး ခဏခဏ မဖြစ်ရင်တောင် မြောက်ကိုရီးယားကလေးငယ်တွေကို "စစ်ဖန်တီးတဲ့ ကောင်တွေ" လို့ ခေါ်ဝေါ် လှောင်ပြောင်တာတွေ ရှိနေပြီး ကျောင်းသစ် စတက်တဲ့အခါတွေမှာ ပိုဆိုးလေ့ ရှိပါတယ်။ "တစ်ယောက်ယောက်ကို မြောက်ကိုးရီယားလူမျိုးဆိုတာ သိလိုက်တာနဲ့ အဲဒီလူကို နှိမ်တဲ့အကြည့်နဲ့ တောင်ကိုရီးယားတွေက ကြည့်တတ်ကြတယ်၊ တချို့ဆို ရန်လိုကြတယ်၊ ကျွန်တော့်ကလေးတွေက ဆယ်ကျော်သက်အရွယ်လေးတွေပဲ ရှိသေးတာဆိုတော့ အရမ်းဝမ်းနည်းစရာကောင်းတယ်၊ သူတို့လေးတွေကို နိုင်ငံရေးအမြင်နဲ့ မကြည့်သင့်ကြပါဘူး" လို့ ကင်မ်က ပြောပါတယ်။ "ပုံမှန်နေ့ကျောင်းမဟုတ်တဲ့ တခြားကျောင်းတွေက မကောင်းဘူးလို့ ကျွန်တော်မပြောပါဘူး၊ ကျွန်တော့်ကလေးတွေကို အိမ်ကနေ ကျွန်တော် အပြည့်အဝ အားပေးနေတဲ့အတွက် ကျွန်တော်တို့အတွက် ဒီလိုကျောင်းမျိုးတွေ မလိုပါဘူး။ သာမန်ကျောင်းမှာပဲ တောင်ကိုရီးယား သူငယ်ချင်းတွေနဲ့ အမှတ်ရစရာတွေ ဖန်တီးနိုင်မယ်ဆိုရင် ဒီကလေးတွေအတွက် အခွင့်ကောင်းကြီးတစ်ရပ် ဖြစ်ပါလိမ့်မယ်" လွန်ခဲ့တဲ့ ၇ နှစ်တုန်းက ကင်မ် စောင့်ရှောက်နေတဲ့ လူငယ်လေးတွေထဲက ဂျင် ဘီယောမ် ဆိုတဲ့ လူငယ်လေးက ကျောင်းသားအဖွဲ့ ဥက္ကဌ အဖြစ်အရွေးခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆရာဖြစ်သူက ကင့်မ်ကို ဖုန်းလှမ်းဆက်ပြီး ဒီအတွေ့အကြုံကနေ လူငယ်လေး စိတ်ဒဏ်ရာ ရသွားမှာ စိုးတယ် လို့ ပြောပါတယ်။ ကင်မ်က ဆရာဒီလို ဖုန်းဆက်ပြောတာကိုသာ ဂျင် ဘီယောမ် သိရင် ဒါ့ထက် ပိုနာကျင်ဝမ်းနည်းလိမ့်မယ်လို့ဆရာ့ကို ပြန်ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုကြားကနေ ဂျင် ဘီယောမ် ကို ဥက္ကဋ္ဌအဖြစ် ကျောင်းသားတွေက မဲပေးခဲ့ကြပါတယ်။ ဂျင် ဘီယောမ် နှစ်စဥ်နှစ်တိုင်း ကင်မ်နဲ့ ကလေးတွေ အတူတူတွဲ စီမံကိန်းချပြီး အစီအစဉ်တစ်ခု လုပ်လေ့ရှိပါတယ်။တခါတလေ ပန်းချီပြပွဲ၊ တခါတလေတော့ သီဆိုတီးမှုတ်ပွဲ လုပ်ပါတယ်။ မကြာသေးခင်တုန်းကတော့ ကလေးတွေ ရိုက်ထားတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ရှုခင်း ဓာတ်ပုံတွေကို ခင်းကျင်း ပြထားတဲ့ ခရီးသွားမှတ်တမ်းစာအုပ်တစ်ခု ဖန်တီးခဲ့ကြပါတယ်။ "ကျွန်တော့်ကလေးတွေက တောင်ကိုရီးယား လူမှုအသိုင်းအဝိုင်းထဲ မဝင်ခင် ဟာနာဝန် ပညာပေးစခန်းမှာ ရှိနေတုန်းမှာ သူတို့ သိချင်တာ နှစ်ခု ရှိခဲ့တယ်လို့ ပြောပါတယ်" "တစ်ခုက တောင်ကိုရီးယားနိုင်ငံက ဘယ်လိုပုံမျိုးလဲ ဆိုတာရယ်၊ နောက်တစ်ခုက တကယ်လို့ တောင်ကိုရီးယားက လူတွေက ကျွန်တော့်တို့ကို မကြိုက်ခဲ့ရင် ဘယ်လို ဖြစ်မလဲ ဆိုတာရယ်ပါ" "ဒါကြောင့် အပြင်ထွက် လျှောက်လည်ကြတဲ့အခါ တောင်ကိုရီးယားနိုင်ငံရဲ့ ရှုခင်းပုံတွေကို မှတ်တမ်းတင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်" လို့ ကင်မ်က ပြောပြပါတယ်။ ရည်ရွယ်ချက်က ဟာနာဝန်ပညာပေးစခန်းက ကလေးတွေ ဘာမှန်းမသိ ကြောက်နေတာကို ပျောက်သွားအောင် ကူညီတဲ့အနေနဲ့ အဲဒီမှတ်တမ်းစာအုပ် မိတ္တူတွေ လှူပေးဖို့ဖြစ်ပါတယ်။ အရင် ပန်းချီပြပွဲတုန်းက လူငယ်လေးတွေရဲ့ မြောက်ကိုရီးယားအကြောင်း ပန်းချီလက်ရာ ကင်မ်ရဲ့ စောင့်ရှောက်မှုကို ခံရတဲ့ ကလေးတွေက သူတို့ရဲ့ အနာဂတ်အတွက် စိတ်လှုပ်ရှားပျော်မြူးနေကြပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက် ပန်းတိုင်တွေထဲမှာ ကာတွန်းဆရာ၊ ဗိသုကာ၊ အားကစားသမား ဖြစ်ချင်တာတွေ ပါပါတယ်။ ကင်မ် ပထမဆုံး တာဝန်ယူစောင့်ရှောက်ခဲ့တဲ့ ကလေးငယ် ဟာရီယွန်း ဆိုရင် သူ့အိမ်မှာ မနေတော့ပါဘူး။ လူမှုဗေဒ ပညာရပ်နဲ့ တက္ကသိုလ်မှာ နောက်ဆုံးနှစ် ပညာသင်ကြားနေပါတယ်။ ဒါပေမဲ့ အနာဂတ်မှာ ဘာပဲ ဖြစ်လာကြပါစေ၊ သူကတော့ သူ့အိမ်တံခါးကို အမြဲ ဖွင့်ထားမယ် လို့ ကင်မ်က ပြောပါတယ်။ "ကျွန်တော်တို့အားလုံး မိသားစုအဖြစ် ဆက်ရှိနေကြမှာပါ"လို့ သူက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အကြပ်အတည်းကြောင့် ကမ္ဘာတဝန်းက မိဘ သန်းပေါင်းများစွာဟာ ကိုယ့်ကလေးတွေကို အိမ်မှာပဲ စာသင်ပေးနေရတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က အမျိုးသားတစ်ဦးအတွက်ကတော့ သူတို့တွေထက် ပိုအခက်အခဲ ကြုံရမှာပါ။
150106_pakistan_insurgents_military_trials
https://www.bbc.com/burmese/world/2015/01/150106_pakistan_insurgents_military_trials
အကြမ်းဖက်မှုတွေကို စစ်ခုရုံးတင်ဖို့ ပါကစ္စတန် အတည်ပြု
စာသင်ကျောင်း တိုက်ခိုက် ခံရပြီးနောက်ပိုင်း အကြမ်းဖက်မှုကို ထိန်းချုပ်ဖို့ ပါကစ္စတန် ကြိုးစားလာ ဒီလို စစ်ခုံရုံးတွေ ဖွဲ့ပြီး စစ်ဆေးဖို့ အစီအစဉ်ကို ပါကစ္စတန် အောက်လွှတ်တော်က အခြေခံ ဥပဒေမှာ ပြင်ဆင် ထည့်သွင်းဖို့ အတည်ပြု လိုက်တာ ဖြစ်ပါတယ်။ အကြမ်းဖက်မှု တွေကို အရပ်ဖက် ခုံရုံးတွေမှာ စစ်ဆေးတဲ့ အခါ တရားသူကြီးတွေ၊ အစိုးရ အမှုလိုက် ရှေ့နေတွေနဲ့ သက်သေတွေ အပေါ် ခြိမ်းခြောက်မှုတွေ ရှိနေတဲ့ အတွက် ထိရောက်အောင် မဆောင်ရွက် နိုင်ခဲ့ကြတဲ့ သာဓက ဖြစ်ရပ်တွေကြောင့် အခုလို စစ်ခုံရုံးတွေ ဖွဲ့ပြီး စစ်ဆေးဖို့ ပါကစ္စတန်ရဲ့ နိုင်ငံရေး ပါတီတွေ အားလုံး လိုလိုက သဘောတူ ထောက်ခံ ခဲ့ကြတာပါ။
ပါကစ္စတန် နိုင်ငံမှာ ပြီးခဲ့တဲ့ လက ကျောင်းသားငယ် ၁၃၀ ကျော် အစုလိုက် သတ်ဖြတ် ခံရမှု ဖြစ်ခဲ့ပြီးနောက် နောက်ထပ် အကြမ်းဖက်မှုတွေကို တားဆီးဖို့ ကြိုးစားတဲ့ အနေနဲ့ အကြမ်းဖက် သမား အဖြစ် သံသယ ရှိသူတွေကို စစ်ခုံရုံးတွေ ဖွဲ့ပြီး စစ်ဆေး စီရင်တော့မှာ ဖြစ်ပါတယ်။
140612_iraq_isis
https://www.bbc.com/burmese/world/2014/06/140612_iraq_isis
အီရတ် အရေးပေါ်အခြေအနေ ကြေညာဖို့ ပျက်ကွက်
အီရတ် စစ်သွေးကြွ အချို့။ ဝန်ကြီးချုပ် နိုရီ အဲလ် မာလိကီက နိုင်ငံကို အရေးပေါ် အခြေအနေ ကြေညာဖို့ တောင်းဆိုခဲ့ပြီး ပါလီမန်မှာ ထောက်ခံသူ အမတ် အရေအတွက် မလုံလောက်ခဲ့လို့ အထ မမြောက်ခဲ့တာ ဖြစ်ပါတယ်။ အီရတ် နိုင်ငံရေးမှာ အက်ကြောင်းကွဲနေပြီး ညီညွတ်မှု ပျက်ပြားနေပြီ ဆိုတာကို ပြသနေတာလို့ ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။ အဲလ်ခိုင်းဒါး နဲ့ ဆက်စပ်နေတဲ့ ISIS တပ်ဖွဲ့တွေဟာ သူတို့ သိမ်းယူထားတဲ့ မိုဆူးလ် နဲ့ တစ်ကရစ် မြို့တွေမှာ တပ်တွေ ပြန်ပေါင်းမိကြပြီး အခုအခါ မြို့တော် ဘက္ကဒက်အထိ ချီတက်ဖို့ စီစဉ်ထားပြီလို့ ဆိုပါတယ်။ ဒါပေမယ့် ဆမ်မရာ မြို့ကို ချီတက် တိုက်ခိုက်ရာမှာတော့ အစိုးရတပ်တွေကနေ လေကြောင်း အကူအညီအနဲ့အတူ တားဆီးနိုင်ခဲ့ပါတယ်။ နိုင်ငံမြောက်ပိုင်းက ရေနံ ကြွယ်ဝတဲ့ ကာကွက်မြို့ကိုလည်း ကာ့ဒ် စစ်တပ်က ထိန်းချုပ်ထားလိုက်ပြီ ဖြစ်ပါတယ်။
အီရတ်နိုင်ငံမှာ အစ္စလာမ်မစ် စစ်သွေးကြွ တွေက မြို့တွေကို တိုက်ခိုက် သိမ်းယူတာတွေ လျင်အမြန် ဆက်လက် ဖြစ်ပွားနေရာမှာ အီရတ် ပါလီမန်ကတော့ အရေးပေါ် အခြေအနေ ကြေညာဖို့ကို မဆောင်ရွက် နိုင်ခဲ့ပါဘူး။
151116_paris_attacks_arrested
https://www.bbc.com/burmese/world/2015/11/151116_paris_attacks_arrested
ပြင်သစ် အနှံ့ စီးနင်းရှာဖွေ၊ လူအများအပြား ဖမ်းဆီး
သေဆုံးသူတွေကို ရည်စူးပြီး နိုင်ငံအနှံ့ တစ်မိနစ်တာ ငြိမ်သက်ခဲ့။ ပြီးခဲ့တဲ့ သောကြာနေ့ညက ဘားဆိုင်၊ စားသောက်ဆိုင်နဲ့ ဂီတဖျော်ဖြေပွဲ ခန်းမတွေ တိုက်ခိုက် ခံခဲ့ရလို့ လူ ၁၂၉ ဦး သေဆုံးခဲ့ရပြီးနောက် အခုလို ရှာဖွေ ဖမ်းဆီးမှုတွေ လုပ်ဆောင် လိုက်တာပါ။ ဘယ်လ်ဂျီယံ နိုင်ငံ၊ ဘရပ်ဆဲလ် မြို့မှာလည်း ရဲတွေက စီးနင်း ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ မိုလန်ဘိခ် ရပ်ကွက်မှာ ပစ်ခတ်သံနဲ့ ပေါက်ကွဲသံတွေ ကြားခဲ့ ကြရပါတယ်။ စစ်သွေးကြွ ၂ ယောက်ရဲ့ ညီအစ်ကို တော်စပ်သူ တစ်ယောက်ကိုတော့ ဘယ်လ်ဂျီယံ ရဲတွေက ပြန်လွှတ်ပေးခဲ့ပါတယ်။ မိုဟာမက် အက်ဘ်ဒီစလမ် Mohammed Abdeslam ဆိုသူကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပြီး သူ့အစ်ကို တစ်ယောက် ဖြစ်တဲ့ ဘရာဟင် Brahim Abdeslam ဆိုသူက တိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့ကာ တခြား အစ်ကို တစ်ယောက် ဖြစ်တဲ့ ဆာလာ Salah ကတော့ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။ အခု သီတင်းပတ်အကုန်က ဘယ်လ်ဂျီယံမှာ ဖမ်းဆီးခဲ့တဲ့ ၇ ယောက်ထဲမှာ အခု လွှတ်ပေးခဲ့တဲ့ မိုဟာမက် အပါအဝင် ပြန်လွှတ်ပေးခဲ့သူ ၅ ယောက် ရှိသွားပါပြီ။ ပြင်သစ် နိုင်ငံမှာတော့ ဒီကနေ့ တနင်္လာနေ့ ဒေသစံချိန် နေ့လည် ၁၂ နာရီတိတိမှာ သေဆုံးသူတွေကို ရည်စူးပြီး နိုင်ငံအနှံ့ တစ်မိနစ်တာ ငြိမ်သက် ခဲ့ကြပါတယ်။
ပြင်သစ် နိုင်ငံအနှံ့ စီးနင်း ရှာဖွေမှုတွေ အတွင်း အစ္စလာမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေလို့ သံသယရှိတဲ့ လူပေါင်း ၂၃ ယောက်ကို ဖမ်းဆီးခဲ့ပြီး ဒါဇင်ချီတဲ့ လက်နက်တွေကို သိမ်းဆည်း မိခဲ့တယ်လို့ ပြင်သစ် အရာရှိတွေက ပြောပါတယ်။
140911_russia_us_is
https://www.bbc.com/burmese/world/2014/09/140911_russia_us_is
IS တွေကို တိုက်ခိုက်မှု ရုရှားက ကန်ကို သတိပေး
ဆော်ဒီနိုင်ငံကို ရောက်နေတဲ့ ဂျွန်ကယ်ရီ အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ IS ကို ချေမှုန်းဖို့ သမ္မတ အိုဘားမားရဲ့ မဟာဗျူဟာ အစီအစဉ်တွေ အပေါ် ဆူနီ အာရပ် နိုင်ငံတွေရဲ့ ထောက်ခံမှုကို ရရှိရေး ဆွေနွေးဖို့ အတွက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ဆော်ဒီအာရေဗျ နိုင်ငံကို ရောက်ရှိနေစဉ် အခုလို ရုရှားရဲ့ စွပ်စွဲချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ IS အဖွဲ့ကို ဆန့်ကျင် တိုက်ခိုက်ဖို့အတွက် ကျယ်ပြန့်တဲ့ မဟာမိတ် ညွန့်ပေါင်း အဖွဲ့ကို အမေရိကန်က ဦးဆောင်မှာ ဖြစ်တယ်လို့ သမ္မတက အိုဘားမားက ပြောခဲ့ပါတယ်။ IS တွေဟာ အီရတ်နဲ့ ဆီးရီးယား နှစ်နိုင်ငံက နေရာ ဒေသ အတော်များများကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ဆီးရီးယား မှာရှိတဲ့ စစ်သွေးကြွတွေကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်တာဟာ နိုင်ငံတကာ ဥပဒေကို ရင့်ရင့်သီးသီး ချိုးဖောက်တာ ဖြစ်လိမ့်မယ်လို့ ရုရှားက အမေရိကန်ကို သတိပေး လိုက်ပါတယ်။
140627_iraq_executions
https://www.bbc.com/burmese/world/2014/06/140627_iraq_executions
အိုင်းစစ်အဖွဲ့က လူ ၁၆၀ ကျော် သတ်ဖြတ်ခဲ့ဟုဆို
အိုင်းစစ်အဖွဲ့က အင်တာနက်မှာ တင်ထားတဲ့ ပုံတစ်ပုံ။ ဂြိုဟ်တုက ရတဲ့ ပုံရိပ်တွေနဲ့အတူ လူသေ အလောင်းတွေနဲ့ ပြည့်နေတဲ့ မြောင်းကြီး ၂ ခုရဲ့ ဓာတ်ပုံတွေကို စစ်ဆေး သုံးသပ်ပြီး HRW အဖွဲ့က ခုလို ပြောတာ ဖြစ်ပါတယ်။ သူတို့ရဲ့ သံသယကို အတည်ပြုနိုင်ဖို့ တိကရစ် မြို့ကို သွားရောက် ကြည့်ရှုဖို့ မဖြစ်နိုင်ပေမယ့် အသတ်ခံရသူ အရေအတွက်ဟယ ဒီထက် ပိုများနိုင်တယ်လို့ HRW က ပြောပါတယ်။ အဲဒီလို အစုလိုက် အပြုံလိုက် သတ်ဖြတ်ထားတဲ့ ပုံတွေကို အွန်လိုင်း စာမျက်နှာတွေ ပေါ်မှာ အိုင်းစစ် အဖွဲ့က တင်ထားတာ ဖြစ်ပါတယ်။
အီရတ်နိုင်ငံ တိကရစ် မြို့ကို အခုလ စောစောပိုင်းက အိုင်းစစ် ISIS အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့က သိမ်းခဲ့ပြီးတဲ့နောက် လူပေါင်း ၁၆၀ နဲ့ ၁၉၀ ကြား လောက်ကို သူတို့ သတ်ဖြတ် ပစ်ခဲ့ဖွယ် ရှိတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။
140629_ukraine_talks
https://www.bbc.com/burmese/world/2014/06/140629_ukraine_talks
ယူကရိန်း အပစ်ရပ်စဲရေး ရက်စေ့
ယူကရိန်းနဲ့ အီးယူခေါင်းဆောင်တွေ ဆွေးနွေး ဂျာမနီနဲ့ ပြင်သစ်က ယူကရိန်း အစိုးရကို တဘက်သတ် အပစ်ရပ်စဲရေး ထပ် သက်တမ်းတိုးဖို့ တောင်းဆို လိုက်ပါတယ်။ ရုရှ လိုလားတဲ့ စစ်သွေးကြွ တွေနဲ့ အပစ်အခတ် ရပ်စဲရေးက တနင်္လာနေ့မှာ ဆုံးခန်း တိုင်တော့မှာ ဖြစ်ပါတယ်။ ဒီအချိန် မှာပဲ ယူကရိန်း သမ္မတ Poroshenko ကို ယူကရိန်း အရှေ့ခြမ်းမှာ စစ်ဆင်ရေးတွေ ပြန်စဖို့ ကီးယက်ဗ် မြို့တော်မှာ ရာနဲ့ချီတဲ့ လူတွေက တနင်္ဂနွေ နေ့က ဆန္ဒပြ ခဲ့ကြပါတယ်။ Donetsk သမ္မတ နိုင်ငံလို့ သီးခြား ကြေညာ ထားတဲ့ ဒေသ ခေါင်းဆောင် တယောက်ကတော့ ယူကရိန်း အစိုးရကို အခွန်ပေးတဲ့ လုပ်ငန်း အားလုံးကို ပြည်သူပိုင် သိမ်းဖို့ ရှိတယ်လို့ ပြောပါတယ်။ ယူကရိန်း ရဲ့ အချမ်းသာဆုံး သူဌေးကြီး Rinat Akhmetov ကတော့ သူ့ကုမ္ပဏီ တွေက ယူကရိန်း အစိုးရဆီ အခွန်ဆက်ပေး နေအုံးမှာ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။
ယူကရိန်း အရှေ့ခြမ်း ပဋိပက္ခ ဖြေရှင်း ရေး အတွက် တနင်္လာနေ့မှာ ဆွေးနွေးပွဲ အသစ် တွေ စဖို့ ရှိတယ်လို့ ယူကရိန်း၊ ရုရှ နဲ့ ဂျာမနီ၊ ပြင်သစ် ခေါင်းဆောင် တွေက ပြောကြား လိုက်ပါတယ်။
140424_afghan_attack
https://www.bbc.com/burmese/world/2014/04/140424_afghan_attack
အာဖဂန် ရဲက အမေရိကန် ဆရာဝန် ၃ ဦးကို ပစ်သတ်
ပစ်ခတ်မှု ဖြစ်ပွားရာ CURE ဆေးရုံ အဲဒီဆေးရုံကို CURE လို့ ခေါ်တဲ့ အမေရိကန် ခရစ်ယာန် အသင်းတစ်သင်းက ထောက်ပံ့ ဖွင့်လှစ်ထားတာ ဖြစ်ပြီး ကလေးနဲ့ မိခင်တွေကို ကုသပေးတဲ့ ဆေးရုံ ဖြစ်ပါတယ်။ အဲဒီလို ပစ်ခတ်ခဲ့မှုကြောင့် နောက်ထပ် လူ ၂ ယောက်လည်း ဒဏ်ရာရာသွားပါတယ်။ အာဖဂန်မှာ အခုလို ခရစ်ယာန်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ ဒီအကြိမ်ဟာ အခုနှစ်အတွင်း ဒုတိယ အကြိမ် ဖြစ်ပါတယ်။။ ပြီးခဲ့တဲ့ မတ်လ အတွင်းကလည်း ခရစ်ယာန် ပရဟိတ အသင်းတစ်ခုက ထောက်ပံ့ထားတဲ့ စိုက်ပျိုးရေး ဆိုင်ရာ အဖွဲ့တခုက နိုင်ငံခြားသားတွေ တည်းခိုရာ အိမ်တခုကို တာလီဘန်တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။
အာဖဂန် နစ္စတန် နိုင်ငံမှာ လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ယောက်က ကဘူးမြို့ ဆေးရုံတစ်ရုံမှာ အလုပ်လုပ်နေတဲ့ အမေရိကန် ဆရာဝန် ၃ ယောက်ကို ပစ်သတ်လိုက်ပါတယ်။
141031_mh370_lawsuit
https://www.bbc.com/burmese/world/2014/10/141031_mh370_lawsuit
MH370 ပျောက်ဆုံးမှု ပထမဆုံး အမှုဖွင့် တရားစွဲ
လေယာဉ်ပျောက်ရဲ့ အပျက်အစီး တစုံတရာ မတွေ့ရသေး ဒီအမှုဟာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က MH370 ပျောက်ဆုံး သွားပြီးကတည်းက ဥပဒေကြောင်း အရ ရင်ဆိုင် စွဲဆိုတဲ့ ပထမဆုံး အမှုအခင်း ဖြစ်ပါတယ်။ စွဲဆိုချက်တွေမှာ လုံခြုံ စိတ်ချရတဲ့ ခရီးစဉ် ဖြစ်အောင် ဆောင်ရွက်စရာ ရှိတာတွေ အားလုံးကို လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ် ဆိုပြီး လေကြောင်းလိုင်းကို စွဲဆိုထားသလို အရပ်ဘက် လေကြောင်း ဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဌာနနဲ့ လေတပ် တို့ကိုပါ ပေါ့ဆမှု တွေနဲ့ စွဲဆိုထားပါတယ်။ ရှေ့နေတွေဟာ လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည် Jee Jing Hang ရဲ့ အသက် မပြည့်သေးတဲ့ ကျန်ရစ်သူ သား ၂ ယောက် အတွက် ကိုယ်စားပြု ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ ကွာလာလမ်ပူ ကနေ ဘေဂျင်း မြို့ကို ပျံသန်းတဲ့ MH370 လေယာဉ်ပေါ်မှာ လူ ၂၃၀ ယောက် လိုက်ပါသွားပါတယ်။
ပျောက်ဆုံးသွားတဲ့ မလေးရှား လေယာဉ် MH370 နဲ့ အတူ ပါသွားတဲ့ မလေးရှား လူမျိုး ဖခင် တစ်ယောက်ရဲ့ ကျန်ရစ်သူ သား ၂ ယောက်က မလေးရှား လေကြောင်းလိုင်းနဲ့ မလေးရှား အစိုးရ အပေါ် အမှုဖွင့် တရားစွဲဆို လိုက်ပါတယ်။
150821_election_myanmar_eu
https://www.bbc.com/burmese/burma/2015/08/150821_election_myanmar_eu
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အီးယူ အဖွဲ့လာမယ်
ရွေးကောက်ပွဲ ကို အီးယူ လေ့လာ စောင့်ကြည့်မယ် အဲဒီလေ့လာ စောင့်ကြည့်ရေး အဖွဲ့ကို ဦးဆောင်မယ့် သူတဦးကိုလည်း မကြာမီမှာ ခန့်အပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ထဲက ရွေးကောက်ပွဲ ကျွမ်းကျင် ပညာရှင်များ ပါဝင်တဲ့ ပင်မအဖွဲ့ဟာ ဝန်းကျင် အခြေအနေ တွေကို လေ့လာနားလည် သိရှိဖို့နဲ့ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံမှုတွေ လုပ်နိုင်ဖို့ ရွေးကောက်ပွဲနေ့ မတိုင်မီ သတင်းပတ် အနည်းငယ်မှာပဲ မြန်မာ နိုင်ငံကို ရောက်လာကြမှာ ဖြစ်ပါတယ်။ စောင့်ကြည့်ရေး အဖွဲ့အနေနဲ့ ရွေးကောက်ပွဲ လုပ်ငန်း ပြီးဆုံးတဲ့ အထိ ဆက်ရှိနေမှာ ဖြစ်ပြီး လေ့လာ ဆန်းစစ်မှု တွေကိုလည်း နိုင်ငံတကာ စံချိန်စံညွှန်း တွေနဲ့ ကိုက်ညီမှု ရှိစေဖို့ ပံ့ပိုး ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။ ကနဦး ကြေညာချက်ကို ရွေးကောက်ပွဲ မဲပေးတဲ့နေ့အပြီး မကြာခင်မှာ ထုတ်ပြန်မှာ ဖြစ်ပြီး အပြီးသတ် အစီရင်ခံစာကိုလည်း နောက်လာမယ့် အဆင့်မှာ ထုတ်ပြန် ပေးသွားမှာ ဖြစ်ပါတယ်။
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပသွားမယ့် ရွေးကောက်ပွဲအတွက် လေ့လာ စောင့်ကြည့်ရေးနဲ့ ပတ်သက်တဲ့ နားလည်မှု စာချွန်လွှာ တရပ်ကို မြန်မာနဲ့ ဥရောပသမဂ္ဂတို့ နေပြည်တော်မှာ ဩဂုတ်လ ၂၁ ရက်နေ့မှာ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။
150817_shwemann_future
https://www.bbc.com/burmese/burma/2015/08/150817_shwemann_future
သူရဦးရွှေမန်းရဲ့ နိုင်ငံရေး အနာဂတ်
အခြေခံဥပဒေအရ ပြည်သူ့ လွှတ်တော် ဥက္ကဌ နေရာ ကို ဖယ်ရှား မရနိုင် သူရ ဦးရွှေမန်းကို ကြံ့ခိုင်ရေး ပါတီ ပူးတွဲ ဥက္ကဌ ရာထူး ကနေ ပြီးခဲ့တဲ့ ရက်ပိုင်း ကမှ ဖြုတ်ချ ခဲ့ပေမယ့်၊ သူ့ရဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌ နေရာ ကို ဖယ်ရှား ဖို့ ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ လုပ်လို့ မရကြောင်း နိုင်ငံရေး သုံးသပ် စိတ်ဖြာသူ စားရေး ဆရာ သန်းစိုးနိုင် က ပြောပါတယ်။ ဒါပေမယ့် ဦးသိန်းစိန် တို့ ဘက်ကနေ သူ့ကို ဖြုတ်ချ နိုင်အောင် ဆောင်ရွက် လိမ့်မယ်လို့ ဆရာ သန်းစိုးနိုင် က သုံးသပ် ပါတယ်။ တပ်မတော်က ဦးရွှေမန်းကို သစ္စာဖေါက် တယောက်လို သဘောထား နေပြီး၊ လက်ရှိမှာ တပ်မတော်ရဲ့ အဆုံး အဖြတ်က ပိုပြီး အဓိက ကျတယ်လို့ ဆိုပါ တယ်။ အခုလို ဖြစ်စဉ်တွေ အရ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးရွှေမန်းတို့ ပုံစံ တမျိုးနဲ့ ပူပေါင်းပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင် လိမ့်မယ် လို့လည်း သူက ပြောပါ တယ်။ သူရဦးရွှေမန်းဟာ နိုင်ငံရေး တော့ သေသွားမှာ မဟုတ်ပေမယ့် အာဏာပြန်လည် ရရှိရေး ကတော့ မမျှော့်လင့်နိုင် တော့ဘူး လို့ ဆရာ သန်းစိုးနိုင်က သုံးသပ် သွားပါတယ်။
နေပြည်တော်မှာ တနင်္လာ နေ့က ပြုလုပ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ တွေ့ဆုံ ပွဲမှာ သမ္မတ ဦးသိန်းစိန် တက်ရောက် ခဲ့ ပေမယ့်၊ ပါတီ၀င် အဆင့် သာ ရှိတော့တဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း မလာရောက် ခဲ့ပါ။
150408_president_visit_narga
https://www.bbc.com/burmese/burma/2015/04/150408_president_visit_narga
ဒေသ​ဖွံ့ဖြိုး​ရေး ဆောင်ရွက်​ပေး​ဖို့ သမ္မတ​ခရီး​စဉ်​အတွင်း တောင်း​ဆို
သမ္မတ ဦးသိန်းစိန် ဟာ ခန္တီးကို လာတဲ့ ပထမဆုံး သမ္မတ ဖြစ်တယ်လို့ ဒေသခံ တွေ က ပြော။ ခန္တီးမြို့ခံ နာဂ ရေးရာ ယဉ်ကျေးမှု ဗဟိုကော်မတီ ရဲ့ နာယက ဖြစ်သူ ဦးလှဖေ က သူ သမ္မတ နဲ့ တွေ့တုန်း မြို့ မှာ လျှပ်စစ်မီး ရဖို့ အတွက် ရေအား လျှပ်စစ် ထုတ်လုပ် နိုင်ဖို့ အပါအဝင် ပညာရေး နဲ့ ကျန်းမာရေး ကဏ္ဍ တွေ အတွက် ဆောင်ရွက် ပေးပါ ဆိုပြီး တောင်းဆို ခဲ့တယ် လို့ ဘီဘီစီ ကို ပြောပါတယ်။ နာဂ နဲ့ ရှမ်းနီ မျိုးနွယ်စု တွေ နေထိုင် တဲ့ အဲဒီ့ ဒေသ ကို ရွေးကောက်ပွဲ အကြို စည်းရုံးရေး ခရီး အဖြစ် သွားရောက် ခဲ့တာလား ဆိုတာ စဉ်းစားစရာ ဖြစ်တဲ့ အကြောင်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ က ပြည်သူ့ လွှတ်တော် အမတ် ဦးရဲထွန်း က သမ္မတ ခရီးစဉ် အပေါ် သုံးသပ် ပါတယ်။ လက်ရှိမှာ လည်း လွှတ်တော်ထဲ မှာ ရှမ်းနီ နဲ့ နာဂ လူမျိုး အမတ် တွေ ဟာ ပြည်ခိုင်ဖြိုး ပါတီဝင် တွေ အနေနဲ့ ရှိနေ ကြတာ ဖြစ်ပါတယ်။
ဧပြီ ၇ ရက် နဲ့ ၈ ရက်နေ့ တွေ မှာ ပြုလုပ်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန် ရဲ့ အထက်ချင်းတွင်း ဒေသ ဟုမ္မလင်း-ခန္တီး ခရီးစဉ် အတွင်းမှာ နယ်မြေ ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက် ပေးဖို့ ဒေသခံ တွေ က တောင်းဆို ခဲ့ပါတယ်။
140621_iraq_bankimoon
https://www.bbc.com/burmese/world/2014/06/140621_iraq_bankimoon
အီရတ်အရေး ကုလအတွင်းရေးမှုးချူပ် သတိပေး
ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှုးချူပ် ဘန်ကီမွန်း အီရတ်နဲ့ ကပ်ရက်ရှိနေ တဲ့၊ ဆီရီးယားထဲ ကို၊ လက်နက်တွေ ဝင်နေသမျှ၊ အီရတ်နိုင်ငံထဲ မှာ တိုက်ခိုက်မှု တွေ ပိုမို ပြန်နှံ့လာလိမ့်မယ် ဆိုပြီးတော့ လည်း၊ မစ္စတာ ဘန်ကီမွန်း က ပြောပါတယ်။ ဒါ့အပြင်၊ ဆီရီးယား အပေါ် ၊ လက်နက်တင်ပို့မှု ပိတ်ပင်တဲ့ အရေးယူမှု ပြုလုပ်ဖို့၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို၊ မစ္စတာ ဘန်ကီမွန်း က တိုက်တွန်းလိုက်ပါတယ်။ ဆီရီးယားဟာ၊ တစနဲ့တစ အဘက်ဘက်က ယိုယွင်း ကျရှုံးနေတဲ့ တိုင်းပြည်ကြီး ဖြစ်လာနေတယ် လို့၊ မစ္စတာ ဘန်ကီမွန်း က၊ ပြောကြားခဲ့သလို၊ ဒီလို တိုင်းပြည်မျိုးထဲ စစ်ခင်းနေကြတဲ့ ဘယ်ဘက်ကို ဖြစ်ဖြစ်၊ အင်အားကြီး တိုင်းပြည်တွေ က စစ်ရေး အကူအညီ ပေးတာမျိုး ဟာ၊ တာဝန်မဲ့ လုပ်ရပ် ဖြစ်တယ် ဆိုပြီးတော့ လည်း ဝေဖန်လိုက်ပါ တယ်။ ဒီအချိန်မှာ ပဲ၊ အီရတ်နိုင်ငံ မှာ အစိုးရ အသစ်တစ်ရပ် ဖွဲ့စည်းဖို့ တိုက်တွန်းသူထဲ မှာ အီရတ် ရှီအာ မွတ်ဆလင်မ်တို့ ရဲ့၊ ဘာသာရေး အရ အထွဋ်မြတ်ဆုံး ခေါင်းဆောင်၊ အယာတိုလာ အလီ အယ်လ် ဆစ္စတာနီ လည်း၊ ပါဝင်လာပါ တယ်။ ပြီးခဲ့တဲ့ သောကြာနေ့ စုပေါင်း ဝတ်ပြုပွဲမှာ၊ အယာတိုလာ အယ်လ် ဆစ္စတာနီ ရဲ့ ကိုယ်စားလှယ်တစ်ဦး ဖတ်ကြားပြခဲ့တဲ့ ထုတ်ပြန်ချက်ထဲ အီရတ်နိုင်ငံကို၊ နိုင်နိုင်နင်းနင်း ကိုင်တွယ် အုပ်ချူပ်နိုင်စွမ်း ရှိတဲ့၊ အစိုးရ အသစ်တစ်ရပ်၊ အမြန်ဆုံး ဖွဲ့စည်းကြဖို့၊ အယာတိုလာကြီးက တိုက်တွန်း ထားပါတယ်။
အီရတ်နိုင်ငံ မှာ မတူညီတဲ့ ဂိုဏ်းဂန တွေ အားလုံး ပိုမို ပါဝင်နိုင် တဲ့ အစိုးရတစ်ရပ် ဖြစ်လာဖို့ မကြိုးစားပဲနဲ့ တော့၊ အခု ထကြွနေကြ တဲ့ အစ္စလာမ်မစ် သူပုန်တွေ အရေးကို၊ စစ်ရေးအရသာ ဖြေရှင်းမယ်ဆို၊ အခြေအနေ ပိုမို ဆိုးလာနိုင်တယ် ဆိုပြီး၊ ကုလသမဂ္ဂ ရဲ့ အထွေထွေ အတွင်းရေးမှုးချူပ် ဘန်ကီမွန်း က၊ သတိပေး လိုက်ပါတယ်။
150105_china_protest_north_korea_man_kills
https://www.bbc.com/burmese/world/2015/01/150105_china_protest_north_korea_man_kills
လူသတ်မှုအတွက် မြောက်ကိုရီးယားကို တရုတ် ကန့်ကွက်
တရုတ်နဲ့ မြောက်ကိုရီးယား နယ်စပ် တစ်နေရာ အဲဒီ မြောက်ကိုရီးယား စစ်သားဟာ နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက် လာပြီး Helong မြို့က အိမ်တစ်အိမ်မှာ ငွေကြေးနဲ့ အစားအစာတွေ ခိုးယူ ခဲ့ပြီးနောက် အိမ်သားတွေကို သတ်ခဲ့တာလို့ ဒေသခံ သတင်း မီဒီယာတွေက ဖော်ပြကြပါတယ်။ အဲဒီနောက် သူ့ကို တရုတ်နဲ့ မြောက်ကိုရီးယား နယ်စည်း ပေါ်က Tumen မြစ် မြောက်ပိုင်းမှာ ဖမ်းဆီး မိခဲ့ပါတယ်။ အဲဒီ Tumen မြစ်ဟာ မြောက်ကိုရီးယား ဘက်က ထွက်ပြေးသူတွေ နှစ်ပေါင်းများစွာ အသုံးပြုခဲ့တဲ့ မြစ် ဖြစ်ပါတယ်။ တရုတ် နိုင်ငံခြားရေး ဌာန ဘက်က အသေးစိတ် ထုတ်ဖော် မပြောပေမယ့် ဥပဒေအရ လိုအပ်သလို လုပ်ဆောင် သွားမယ်လို့ ဆိုတဲ့ အတွက် အဲဒီ လူကို တရုတ်နိုင်ငံမှာပဲ တရားစွဲ အရေးယူ သွားမယ်လို့ ယူဆရပါတယ်။
တရုတ် နိုင်ငံ နယ်စပ် မြို့တစ်မြို့မှာ ထွက်ပြေးလာတဲ့ မြောက်ကိုရီးယား စစ်သား တစ်ယောက်က တရုတ် အရပ်သား ၄ ယောက်ကို သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ သတင်း ပေါ်ထွက် လာပြီးနောက် မြောက်ကိုရီးယားကို တရုတ် နိုင်ငံက ကန့်ကွက် လိုက်ပါတယ်။
140710_india_budget
https://www.bbc.com/burmese/world/2014/07/140710_india_budget
အိန္ဒိယ ဖွံ့ဖြိုးရေး ဘတ်ဂျက်သစ် အစိုးရသစ် ထုတ်ပြန်
အိန္ဒိယ ဘဏ္ဍာရေး ဝန်ကြီးသစ် (လယ်) ကြံ့ခိုင် သန်စွမ်းတဲ့ အိန္ဒိယ နိုင်ငံသစ်ကို တည်ဆောက် သွားမယ်လို့ အိန္ဒိယ ဘဏ္ဍာရေး ဝန်ကြီးသစ် Arun Jaitley က ပြောကြား သွားပါတယ်။ လမ်းတံတား ဆိပ်ကမ်းနဲ့ လျှပ်စစ် စွမ်းအင် ထုတ်လုပ်ရေးလို တိုင်းပြည်ရဲ့ အခြေခံ အဆောက်အအုံတွေ တည်ဆောက်ရာမှာ ဘတ်ဂျက်ကို ပိုမို သုံးစွဲသွားမယ်လို့ သူက ကြေညာ ခဲ့ပါတယ်။ အခွန်စနစ် ပြုပြင်ရေးနဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ပိုမို တိုးမြှင့်ရေးတွေ ဆောင်ရွက်သွားမယ် လို့လည်း ဘဏ္ဍာရေး ဝန်ကြီးက အိန္ဒိယ လွှတ်တော်မှာ ပြောကြား ခဲ့ပါတယ်။ ကုန်ကျ စရိတ် ကြီးမြင့်ပြီး လူကြိုက်များတဲ့ အစီအစဉ်တွေဖြစ်တဲ့ အစားအစာနဲ့ လောင်စာ ထောက်ပံ့ရေး အစီအစဉ် တွေကို အဆုံးသတ် တော့မယ် လို့လည်း သူက ဖော်ပြ ခဲ့ပါတယ်။
အိန္ဒိယ နိုင်ငံမှာ မေလက ရွေးကောက်ပွဲ နိုင်ပြီး တက်လာတဲ့ အစိုးရသစ်ရဲ့ ပထမဆုံး ဘတ်ဂျက်မှာ ဖွံ့ဖြိုးမှုတွေ တိုးမြင့်သွားမယ်လို့ ကတိပေး ဖော်ပြလိုက်ပါတယ်။
141018_hongkong_protest_dialouge
https://www.bbc.com/burmese/world/2014/10/141018_hongkong_protest_dialouge
ဟောင်ကောင် အာဏာပိုင်တွေနဲ့ ကျောင်းသား ခေါင်းဆောင်တွေ တွေ့ဆုံကြမယ်
ဆန္ဒပြ ကျောင်းသားတွေနဲ့ ဟောင်ကောင် အာဏာပိုင်တွေ အကြား တွေ့ဆုံ စကားပြောမယ်။ ၂ ဘက်စလုံးကနေ ကိုယ်စားလှယ် ၅ ယောက်စီ လွှတ် ညှိနှိုင်းကြမှာ ဖြစ်ပြီး ၂ နာရီလောက် ကြာနိုင်တယ် လို့ Carrie Lam က ဆိုပါတယ်။ ဟောင်ကောင်မှာ ဒီမိုကရေစီ အရေး ဆန္ဒပြ ကြသူတွေဟာ ရဲတွေနဲ့ Mong Kok ဆိုတဲ့ အရပ်မှာ အကြမ်းဖက် ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်နေတဲ့ ကြားကပဲ အရင်နေ့က ဖယ်ရှား ခံခဲ့ရတဲ့ သူတို့ရဲ့ သပိတ်စခန်း နေရာ တချို့ကို ပြန်လည် သိမ်းပိုက် လိုက်ကြပါတယ်။ ဒီလို အချိန်မှာ ကျောင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ် ဆိုတဲ့ အခုလို ထုတ်ပြန်ချက် ထွက်ပေါ် လာတာပါ။
ဟောင်ကောင်ရဲ့ အတွင်းဝန်ချူပ် က ဟောင်ကောင် အစိုးရ အနေနဲ့ လာမယ့် အင်္ဂါနေ့မှာ ဒီမိုကရေစီ အရေး ဆန္ဒ ပြနေကြတဲ့ ကျောင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ စကားပြောမယ် ဆိုပြီး ကြေညာ လိုက်ပါတယ်။
burma-51019658
https://www.bbc.com/burmese/burma-51019658
အေအေစစ်ဦးစီးချုပ်နဲ့ ဆက်သွယ်မေးမြန်းချက်
ရခိုင်တစ်ယောက်ချင်းစီရဲ့ နိုင်ငံရေးမျှော်မှန်းချက်ကို ၂၀၂၀ မှာ ရခိုင်တစ်မျိုးသားလုံး ပါဝင်ပြီးတော့မှ လှုပ်ရှားသွားမယ်လို့ ဆိုပါတယ်။ လက်ရှိ ရခိုင်ပြည်နယ် စစ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းနိုင်ရေး အလားအလာတွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် အေအေရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဘီဘီစီ အကြီးတန်းသတင်းထောက် စောရန်နိုင်က ဇန်နဝါရီ ၇ ရက်မှာ ဆက်သွယ်မေးမြန်းထားပါတယ်။ ဘီဘီစီ- ရခိုင်ပြည်နယ်က တိုက်ပွဲတွေက မြောက်ပိုင်းကနေ အခုဆို အလယ်ပိုင်းထိ ကျယ်ပြန့်လာတာက ဘာကြောင့်လဲ။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်- ဒါက ကျွန်တော်တို့ရဲ့ အမျိုးသားတော်လှန်ရေးပဲလေ။ တော်လှန်ရေးဆိုတာက မြောက်ပိုင်းမှာပဲ ဖြစ်ရမယ်။ အလယ်ပိုင်းမှာ မဖြစ်ရဘူး။ တောင်ပိုင်းမှာ မဖြစ်ရဘူး။ အဲဒီလိုတော့မဟုတ်ပါဘူး။ ကျွန်တော်တို့က ရခိုင် တစ်မျိုးသားလုံးပါဝင်တဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုပေါ့။ အဲဒါကြောင့် ရခိုင်လူမျိုးရှိတဲ့နေရာမှာ တော်လှန်ရေး ရှိနိုင်အောင်ပေါ့။ ကျွန်တော်တို့ရဲ့ ရခိုင်မြေ လွတ်မြောက်ရေးပေါ့။ အဲဒါအတွက် ကျွန်တော်တို့ တတ်နိုင်သလောက် ကျယ်ကျယ်ပြန့်ပြန့်နဲ့ ထိထိရောက်ရောက်ဖြစ်အောင် ကြိုးစားသွားမယ့် သဘောပါပဲ။ ကျွန်တော်တို့ ပြောထားတဲ့ Arakan Dream 2020 ဆိုတာလည်း ရခိုင်လူမျိုးတွေရဲ့ နိုင်ငံရေးဆန္ဒပေါ့ဗျာ။ ရခိုင်တစ်ယောက်ချင်းစီရဲ့ နိုင်ငံရေးမျှော်မှန်းချက်ကို ၂၀၂၀ မှာ ရခိုင်တစ်မျိုးသားလုံး ပါဝင်ပြီးတော့မှ လှုပ်ရှားသွားမယ်ပေါ့။ ဘီဘီစီ - စစ်ပွဲက ရခိုင်ပြည်နယ်တောင်ပိုင်းအထိ ရောက်သွားနိုင်မယ့်အနေအထားရှိမလား။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်- ဒီလိုမျိုးမြင်လည်းရတယ်။ ရခိုင်တောင်ပိုင်းထိကလည်း ရောက်နိုင်တယ်။ နောက်တစ်ခု ကျွန်တော် စဉ်းစားမိတာက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ အများကြီးရှိတယ်။ တချို့ အန်န်စီအေ ထိုးထား တယ်။ တချို့က မထိုးထားဘူး။ အန်န်စီအေ ထိုးထားတဲ့ အဖွဲ့တွေကလည်းပဲ သူ့အခြေအနေနဲ့သူ သူ့လမ်း ကြောင်း သူလျှောက်တာတော့ဟုတ်တယ်။ ဒါပေမဲ့ ဒီရခိုင်တိုက်ပွဲတွေနဲ့ပတ်သက်ပြီး သူတို့လည်း စောင့်ကြည့်နေမှာပဲ။ တခြား အန်န်စီအေ မထိုးထားတဲ့ အဖွဲ့တွေလည်း ဒီအခြေအနေမှာ မြန်မာစစ်တပ်က တိုင်းရင်းသား ကိစ္စနဲ့ ပတ်သက်လာရင် ဘယ်လိုကိုင်တွယ်တယ်၊ ဘယ်လိုအခြေအနေရှိတယ်ဆိုတာကို အကုန်လုံးက စောင့် ကြည့်နေမှာပဲ။ ဒီအခြေအနေကိုကြည့်ပြီးမှ ရှုထောင့်အမျိုးမျိုးက သုံးသပ်မှုတွေတော့ရှိမှာပေါ့။ ဒီ ရခိုင်နယ်စပ်ပြီးရင် ငါတို့ကိုလည်း တစ်ယောက်ချင်းစီ လုပ်လာမလားဆိုတဲ့ သံသယတွေလည်း တိုးပွားလာမှာပဲ။ ဒါ ကြောင့် ဒီတိုက်ပွဲတွေကနေ တောင်ပိုင်းတင်မကဘူး။ အလှည့်မသင့်ရင်တော့၊ သေချာမဖြေရှင်းရင်တော့ မြန်မာတစ်နိုင်ငံလုံး ပြဿနာတွေ တက်သွားနိုင်တာမျိုးပေါ့။ ဘီဘီစီ- အခုလို တပ်မတော်နဲ့ အေအေ ကြားမှာ တိုက်ပွဲတွေပြင်းထန်တာက စေ့စပ်ညှိနှိုင်းရေးကိစ္စ အလုပ် မဖြစ်တဲ့သဘောလား။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်- လက်ရှိအခြေအနေကတော့ တော်တော်လေး အခက်အခဲတော့ ရှိတာတော့ မှန်ပါတယ်။ သို့သော် လည်း ကျွန်တော်တို့ နိုင်ငံရေးမှာကျတော့ ခံစားချက်ကိုလည်း အများကြီး ဦးစားပေးလို့ မရဘူးပေါ့။ ဒါကြောင့်မို့ ကျွန်တော်တို့ကလည်း ၂၀၂၀ နှစ်ဆန်းကတည်းက ငြိမ်းချမ်းရေးအရ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆွေးနွေးပြီးမှ ဖြေရှင်းမယ်ဆိုပြီး ကြေညာချက်ထုတ်ထားတာ ဖြစ်ပါတယ်။ ဘီဘီစီ- အခုက တိုက်ပွဲတွေကလည်း မြို့၊ရွာတွေမှာ ဖြစ်လာတယ်။ အရပ်သားတွေလည်း ထိခိုက်နစ်နာတာတွေ ရှိတယ်။ သူတို့တွေကလည်း ရခိုင်လူမျိုးတွေဖြစ်တယ်။ ဒါကိုရော ဘယ်လိုထည့်သွင်းစဉ်းစားထားလဲ။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်- တကယ်ပြောမယ်ဆိုရင် မြို့ရွာတွေမှာ တိုက်ပွဲဖြစ်တယ်ဆိုတာကတော့ မြန်မာစစ်တပ်နဲ့အစိုးရဘက်က လီဆယ်လုပ်ကြံပြီးမှ ထုတ်ပြန်တာဖြစ်တယ်။ ကျွန်တော်တို့ မြို့ပေါ်မှာ တိုက်ပွဲမဖော်ပါဘူး။ မြို့တွင်းမှာလည်း တိုက်ပွဲမဖော်ပါဘူး။ ကျွန်တော်တို့က မြို့အပြင် ၊ ရွာအပြင်တွေမှာ အနည်းဆုံး တစ်ကီလို၊ နှစ်ကီလိုလောက် အဲဒီပတ်ဝန်းကျင်တွေမှာ စောင့်ပြီး တိုက်တာ များတယ်။ တတ်နိုင်သမျှတော့ ဝေးဝေးက စခန်းတွေကို တိုက်တာ များတယ်။ သူတို့က အဲဒီလို တိုက်ပွဲဖြစ်ပြီဆိုရင် တိုက်ပွဲထဲမှာ သူတို့အရာရှိတွေ ကျသွားတာပဲဖြစ်ဖြစ်၊ စစ်သည် တော်တော်များများ အထိနာသွားတာဖြစ်ဖြစ် အဲဒီလိုဆိုရင် သူတို့က ရွာကိုပစ်ပြီ။ ဆိုလိုချင်တာက ဒီရွာတွေက သူပုန်တွေပဲ၊ သူပုန်ကိုထောက်ခံတယ်၊ သတင်းပေးတယ်၊ ဒါကြောင့် ဒီရွာကို လုပ်ရမယ် ဆိုပြီးတော့မှ လူမျိုးရေးအရ အမုန်းတရားနဲ့ ပစ်မှတ်ထားပြီးမှ ရွာတွေမှာ ပစ်ခတ်မှုတွေ အမြဲတမ်းလုပ်တယ်။ ဘီဘီစီ- တစ်နှစ်ကျော်အတွင်း တိုက်ပွဲပေါင်း ဘယ်လောက်ဖြစ်ခဲ့လဲ။ နှစ်ဖက်အကျအဆုံးကရော ဘယ်လိုအခြေ အနေရှိလဲ။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်- အဲဒါကတော့ ကျွန်တော်တို့ မြေပြင်တပ်မှူးတွေရဲ့ အစီရင်ခံစာတွေကို အခြေခံပြီးမှ တိုက်ပွဲပေါင်းက ရိုးရိုးတစ်ခါတလေပေါ့။ ဟိုဘက်က တက်လာတယ်။ ဒီဘက်က ပစ်လိုက်တယ်။ တစ်ယောက်၊ နှစ်ယောက် ကျသွားတယ်။ နောက်ဆုတ်သွားတယ်ဆိုရင် ဒါက ကျွန်တော်တို့ တိုက်ပွဲအသေး လို့ပဲ သတ်မှတ်တယ်။ နာရီဝက်အထက်ကြာတဲ့တိုက်ပွဲတွေပေါ့။ တိုက်ပွဲတွေကတော့ ခြောက်ရာကျော်လောက်ရှိတယ်။ ကျွန်တော်တော့ အလွတ်မရဘူး။ အကျအဆုံးကတော့ သူတို့လည်း နှစ်ထောင်၊ သုံးထောင်ကျော်လောက်ရှိမယ်။ ကျွန်တော်တို့ အစီရင်ခံစာတွေအရပေါ့။ ကျွန်တော်တို့လည်း ဒီလိုပြင်းပြင်းထန်ထန်တိုက်တယ်ဆိုတော့ အကျအဆုံးတော့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က အကျအဆုံးက ကျွန်တော်တို့ အခု အတိအကျတော့ မထုတ်ပြန်သေးဘူးပေါ့။ ဘီဘီစီ- အေအေဘက်ကရော တပ်မတော်ဘက်ကရော အရပ်သားတွေကို ဖမ်းဆီးတာတွေ၊ စစ်ဆေးထိန်း သိမ်းထားတာတွေရှိတယ်။ ဒါက စစ်ပွဲမှာသုံးတဲ့ ဗျူဟာတစ်ခုလို့ ပြောလို့ရလား။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်- သူတို့ဘက်ကတော့ ကျွန်တော်တို့ စောစောကပြောသလိုပဲ ရခိုင်ပြည်သူတွေကို ပစ်မှတ်ထားတာပေါ့ဗျာ။ ရခိုင်တွေ ပုန်ကန်တယ်။ ဒီပြည်သူတွေ သူပုန်ကို ထောက်ခံရင် သူပုန်ပဲ။ ရခိုင်ပြည်ကို လွတ်မြောက်ချင်တဲ့၊ ရခိုင်တော်လှန်ရေးကို ထောက်ခံတဲ့သူကတော့ တရားနည်းလမ်းကျတာပေါ့။ သူတို့ လက်နက်မကိုင်ဘူးဆိုရင် သူတို့ အရပ်သားလို နေနေရမယ်။ အခုက လူတစ်ယောက်ကိုမြင်တယ်။ ပစ်ချင်ရင် သေနတ်နဲ့ ပစ်သတ်ပစ်လိုက်တယ်။ ပြီးမှ ဝါယာကြိုးလေး တစ်ပိုင်းထားပြီးမှ အကြမ်းဖက်သမား ဖမ်းမိပါတယ်ဆိုတဲ့ဟာမျိုး ပြန်ပြီးမှ အမှုစွဲတာပေါ့။ လွှတ်တော်ကလည်း ကျွန်တော်တို့ကို အကြမ်းဖက်လို့ ပြောထားတာ မဟုတ်ဘူး။ ဒါပေမဲ့ တရားရုံးမှာကျတော့ အကြမ်းဖက်ပုဒ်မ တွေနဲ့ တရားစွဲတယ်။ ဒါဟာ ဘယ်လိုဟာလဲ။ မေးခွန်းထုတ်စရာတွေ ဖြစ်တယ်။ ကျွန်တော်တို့ဘက်က လုပ်တာကတော့ သူတို့(တပ်မတော်) နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ လူတွေကို အတိအကျ ခိုင်လုံ သတင်းရထားပြီ၊ ဒါမှမဟုတ် သံသယရှိတယ်ဆိုရင် ဖမ်းပြီးမှ ကျွန်တော်တို့ စစ်ဆေးတယ်။ လွှတ်လိုက်တာတွေလည်း အများကြီးရှိတယ်။ တွေ့ဆုံဆွေးနွေးပွဲတွေ ၆ ကြိမ်ရှိပြီဖြစ်ပေမယ့် မြေပြင်မှာတော့ တိုက်ပွဲတွေပြင်းထန်ဆဲ ဘီဘီစီ- အေအေက ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ တည်ထောင်မယ်ပြောတယ်။ အခုကျယ်ပြန့်လာတဲ့တိုက်ပွဲက အဲဒီအဖွဲ့ ဖွဲ့ဖို့ နယ်မြေကျယ်ကျယ်ပြန့်ပြန့်ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်တဲ့သဘောလား။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်- အဲဒီလိုမျိုးပြောလို့လည်းရပါတယ်။ အဓိကကတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်ကို လွတ်မြောက်ဖို့အတွက် တိုးချဲ့ပြီးတော့မှ လွတ်မြောက်နယ်မြေကို ချဲ့သွားရမှာပဲ။ လွတ်မြောက်နယ်မြေတိုးချဲ့လာပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့အုပ်ချုပ်ရေးကိုမြင်ရမှာပဲ။ မဟုတ်ရင် အုပ်ချုပ်ရေးက လစ်ဟာသွားမယ်။ စီမံခန့်ခွဲရေးတွေ စနစ်တကျဖြစ်ဖို့ လိုလာတာပေါ့။ ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ ဆိုတာကတော့ ကြားကာလပေါ့နော်။ တော်လှန်ရေးကာလမှာ ပြည်သူလူထုရဲ့ အရေးအရာတွေ တတ်နိုင်သမျှ စီမံဆောင်ရွက်နိုင်ဖို့အတွက် စဉ်းစားချက် ဖြစ်ပါတယ်။ ဘီဘီစီ- ဒီအဖွဲ့ကိုဘယ်လိုဖွဲ့မလဲ။ ဘယ်သူတွေပါမလဲ။ ဘယ်လိုရည်ရွယ်ထားလဲ။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်- ကျွန်တော်တို့ကတော့ လက်တွေ့ဆန်ပြီးမှ ထိရောက်တဲ့ပုံစံကို စဉ်းစားသွားမှာ ဖြစ်တယ်။ အစိုးရတစ်ရပ်လို ကြေညာပြီးတော့မှ လုပိဖို့ မသင့်တော်သေးဘူး။ အခုက တော်လှန်ရေးကာလလည်း ဖြစ်တယ်။ တိုက်ပွဲကာလလည်း ဖြစ်တယ်ဆိုတော့ အဲဒီမှာ ပါဝင်ကြမယ့် တာဝန်ထမ်းဆောင်ကြမယ့် လူတွေရဲ့ လုံခြုံရေးကအစ အစစအရာရာ သတိထားပြီးမှ ဆောင်ရွက်ရမယ်။ ဘီဘီစီ- ရခိုင်ပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲကျင်းပဖို့ အေအေနဲ့ညှိနှိုင်းရမယ်ဆိုတာက ဘာကို ဆိုလိုတာပါလဲ။ ဗိုလ်ချုပ်ထွန်းမြတ်နိုင် - ကျွန်တော်တို့ကတော့ ၂၀၂၀ မှာ ရခိုင်ပြည်သူ တစ်ရပ်လုံးပါဝင်တဲ့ တော်လှန်ရေးကို ဆင်နွှဲဖို့ ကြွေးကြော်ထားတယ်။ အဲဒါနဲ့အညီ ၂၀၁၉ တည်းက တိုက်ပွဲတွေ စတင်ခဲ့တယ်။ ရွေးကောက်ပွဲကတော့ ကျွန်တော်တို့ရဲ့ အဓိကမဟာဗျူဟာတော့ မဟုတ်ဘူး။ သို့သော် ရခိုင်ပြည်သူတွေက ဒါကိုလိုလားတယ်ဆိုရင် ကျွန်တော်တို့က ဒီကိစ္စကို ဖြစ်နိုင်အောင် ပြည်သူ့ဆန္ဒကို လေးစားသောအားဖြင့် စဉ်းစားပေးမယ်။ ဒီလိုမျိုး ရွေးကောက်ပွဲ ဖြစ်မယ်ဆိုရင် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်လို့မရဘူး။ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခြေအနေ ဖန်တီးရမယ်။ ကျွန်တော်တို့နဲ့ ညှိရမယ်လို့ပြောတာက ရွေးကောက်ပွဲကာလမှာ တိုက်ပွဲတွေကို နားထားဖို့ ဆိုရင် နှစ်ဦးနှစ်ဖက် ကြိုတင်ပြီးမှ ညှိနှိုင်းထားတယ်ဆိုရင်တော့ ဒါ ပြည်သူတွေ ရွေးကောက်ပွဲလုပ်နိုင်တဲ့ အခြေအနေ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က အဲဒါကို ရည်ရွယ်ပြီးမှ ပြောလိုက်တာ။ ဘီဘီစီ- အေအေက ရခိုင်ပြည်နယ်ထဲက စီးပွားရေးလုပ်ငန်းတွေကို အခွန်ကောက်မယ်လို့ပြောတယ်။ အဲဒါက ဘယ်သူတွေကိုကောက်မှာလဲ။ ဘယ်လိုကောက်မှာလဲ။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်- အများကြီးကောက်လိုက်ရင်လည်း လည်ပတ်နေတဲ့ လုပ်ငန်းတွေက စီးပွားရေးအရ ဝန်ထုပ်ဝန်ပိုး ဖြစ်သွားနိုင်တာပေါ့။ ကျွန်တော်တို့ တော်လှန်ရေးလုပ်နေတဲ့ ပြည်သူ့အာဏာပိုင်အဖွဲ့ကို လေးစားမှု ပြရမယ်။ သူတို့ရဲ့ လုပ်ငန်းတွေကိုလည်း မထိခိုက်ရဘူး။ နောက်တစ်ခုက လက်လုပ်လက်စားနဲ့ ဆင်းရဲသား ပြည်သူတွေဆီကတော့ အခွန်ကောက်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဝန်ထုပ်ဝန်ပိုး မဖြစ်လောက်တဲ့ ပမာဏတစ်ခုကိုတော့ စဉ်းစားထားတယ်။ ဘီဘီစီ- တခြားတိုင်းရင်းသားလက်နက်ကိုင်တွေလည်း နှစ်ပေါင်းကြာရှည်တိုက်လာတယ်။ နောက်ဆုံးတော့ တွေ့ဆုံဆွေးနွေးတာနဲ့ပဲအဆုံးသတ်တယ်။ အေအေကရော လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ဘယ်လို အဆုံးသတ်မလဲ။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်- တခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း နှစ် ၆၀ ၊ ၇၀ တော်လှန်တယ်။ ဆွေးနွေးမှုနဲ့အဆုံးသတ်တယ်လို့ ပြောရလောက်အောင် ဆွေးနွေးပွဲတွေလည်း မအောင်မြင်သေးပါဘူး။ မအောင်မြင်တဲ့ဆွေးနွေးပွဲတွေကြောင့် စိတ်ပျက်လက်ပျက်အသံတွေလည်း ပြည်သူတွေကြားမိကြမှာပါ။ တကယ် ဖြစ်သင့်တာကတော့ ကျေကျေလည်လည် နိုင်ငံရေးအရ ဆွေးနွေးပြီးမှ အဆင်ပြေသွားတာမျိုး ဖြစ်သင့်တာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ လက်နက်အားကိုးနဲ့ ဒီမိုကရေစီကို ပြန်ပေးဆွဲခံထားရတဲ့ အနေအထား ရှိနေတာ။ အဲဒါကြောင့် လက်နက်ကိုင်နည်းလမ်းက အဖြေမထွက်နိုင်ဘူးလို့ ပြောဖို့ စောပါသေးတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားတာ တစ်နှစ်ကျော်လာပြီး စစ်ဘေးရှောင်ရသူလည်း တစ်သိန်းကျော်ရှိ လာပါပြီ။ တိုက်ပွဲတွေဟာ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ အခုဆိုရင် မြို့တော်စစ်တွေနားထိ ရံဖန်ရံခါ ကျယ်ပြန့်ရောက်ရှိလာပါတယ်။
140918_australia_raids_is
https://www.bbc.com/burmese/world/2014/09/140918_australia_raids_is
IS အဖွဲ့ သတင်းကြောင့် ဆစ်ဒနီမှာ ရဲတွေ စီးနင်း
လူ ၁၅ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဆို အဲဒီ စီးနင်းမှုမှာ လက်နက် အပြည့် ကိုင်ဆောင်ထားတဲ့ လုံခြုံရေး ဝန်ထမ်းပေါင်း ၈၀၀ ကျော် ပါဝင်ခဲ့ပြီး လူ ၁၅ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ထောက်လှမ်းရေး သတင်းတွေအရ အများပြည်သူ ကြားမှာ ခေါင်းဖြတ် သတ်တာ အပါအဝင် သတ်ဖြတ်မှုတွေ လုပ်ဆောင်ဖို့ သြစတြေးလျ နိုင်ငံသား ဖြစ်တဲ့ အကြီးတန်း IS အဖွဲ့ဝင် တစ်ယောက်က အမိန့်ပေး ခဲ့တယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့က ပြောပါတယ်။ အဲဒီလို သတ်ဖြတ်ဖို့ အစီအစဉ်မှာ အများပြည်သူထဲက ကြုံရာလူ တစ်ယောက်ယောက်ကို IS အဖွဲ့ အလံ လွှမ်းခြုံပြီး ခေါင်းဖြတ် သတ်ဖို့လည်း ပါဝင်တယ်လို့ သြစတြေးလျ သတင်းဌာနက ထုတ်ပြန်ပါတယ်။ အခု စီးနင်းခဲ့တဲ့ အကြမ်းဖမ်း နှိမ်နင်းမှု စစ်ဆင်ရေးဟာ သြစတြေးလျ သမိုင်းမှာ အကြီးမားဆုံး ဖြစ်တယ်လို့ သြစတြေးလျ ရဲတပ်ဖွဲ့က ပြောပါတယ်။
သြစတြေးလျနိုင်ငံ ဆစ်ဒနီ မြို့မှာ အစွန်းရောက် အစ္စလာမ္မစ်တွေက သတ်ဖြတ်မှုတွေ လုပ်ဖို့ စီစဉ် ထားတယ် ဆိုတဲ့ ထောက်လှမ်းရေး သတင်းတွေကြောင့် လုံခြုံရေး ရဲတွေက နေအိမ်တွေကို စီးနင်းခဲ့ကြပါတယ်။
151122_asean_community
https://www.bbc.com/burmese/world/2015/11/151122_asean_community
အာဆီယံ စီးပွားရေးဇုန် တည်ထောင်ဖို့ လက်မှတ်ထိုး
အာဆီယံ နိုင်ငံတွေကြား လွတ်လပ်စွာ ကုန်သွယ်ခွင့် ခြေလှမ်းသစ် စ ကွာလာလမ်ပူမြို့မှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ လက်မှတ် ရေးထိုး ထုတ်ပြန် ကြေညာ နိုင်ခဲ့တာဖြစ်ပြီး အာဆီယံ နိုင်ငံတွေကြား လွတ်လပ်စွာ ကုန်သွယ်ခွင့် အတွက် ခြေလှမ်းသစ် တစ်ရပ် စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အခု ကြေညာချက်ဟာ သမိုင်း မှတ်တိုင် တစ်ခု ဖြစ်ပြီး အာဆီယံ နိုင်ငံများအကြားမှာ ညီညွှတ်မှု ကို ပြသ နိုင်ခဲ့ပြီ ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇတ် က ပြောကြား လိုက်ပါတယ်။
အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံ အဖွဲ့ကြီးရဲ့ အဖွဲ့ဝင် နိုင်ငံ တွေကြား လွတ်လပ်တဲ့ ကုန်သွယ်မှု စီးပွားရေး ဇုန် တည်ထောင်မှု စတင် ဖို့ အာဆီယံ နိုင်ငံက ခေါင်းဆောင်တွေ တနင်္ဂနွေနေ့မှာ လက်မှတ် ရေးထိုး သဘောတူ ခဲ့ပါတယ်။
151024_dassk_nld_kawhmu_election_campaign
https://www.bbc.com/burmese/burma/2015/10/151024_dassk_nld_kawhmu_election_campaign
ရွေးကောက်ပွဲ မတည်ငြိမ်အောင် လုပ်မယ့်သူတွေ ရှိတယ်လို့ အတိုက်အခံ ခေါင်းဆောင် သတိပေး
ဘာသာရေး အသုံးချ မဲဆွယ်မှုတွေကို အာဏာပိုင်တွေက အရေး မယူကြဘူး လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်။ ကော့မှူး မြို့နယ် မှာ အောက်တိုဘာ ၂၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မဲဆွယ် စည်းရုံး ဟောပြောပွဲတွေ အတွင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို လူထုကို အသိပေး ပြောကြား ခဲ့တာပါ။ ရွေးကောက်ပွဲ နီးတဲ့အချိန်မှာ လူစိမ်းတွေ ရောက်လာတာမျိုး ရှိရင် သတိထား ကြဖို့နဲ့ ရန်စ လာကြရင်လည်း သည်းခံကြဖို့လည်း NLD ပါတီဝင် တွေ နဲ့ ပါတီကို ထောက်ခံ အားပေးသူတွေ ကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ ပါတယ်။ ဒါပေမယ့် မတည်မငြိမ် ဖြစ်အောင် လုပ်မယ့်သူတွေဟာ ဘယ်လို လူတွေ ဆိုတာကိုတော့ ထည့်သွင်း ပြောဆို မသွားပါဘူး။ ခဲ့သလို၊ NLD ရဲ့ မူဝါဒဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးမူ ဖြစ်ကြောင်း လည်း ထပ်လောင်း ပြောဆို သွားခဲ့ပါတယ်။ ကော့မှူးမြို့နယ်ဟာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ ထပ်မံ ဝင်ရောက် ယှဉ်ပြိုင် ဦးမယ့် မဲဆန္ဒနယ် ဖြစ်ပါတယ်။
ရွေးကောက်ပွဲနေ့မှာ မတည်မငြိမ် ဖြစ်အောင် လုပ်မယ့်သူတွေ ရှိတယ် ဆိုတဲ့ သတင်းတွေ ရထားတယ် ဆိုပြီး အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
130709_phillipinesbirth
https://www.bbc.com/burmese/world/2013/07/130709_phillipinesbirth
ဖိလစ်ပိုင် ဖွားနှုန်း ကန့်သတ်တဲ့ ဥပဒေ
ဆင်းရဲသား တွေ အကျိုးရှိဖို့ တားဆေးတွေ ဝေမယ် ဖိလစ်ပိုင် လူဦးရေ တရိပ်ရိပ် တိုးပွား နေတာကို ကန့်သတ်ဖို့နဲ့ ဆင်းရဲသား တွေ အတွက် အကျိုးရှိ စေတော့ ဆိုပြီး သန္ဓေ တားဆေးတွေ ပေးဝေ ရာမှာ အစိုးရက ကြီးကြပ် စီစဉ် ပေးမယ့် မျိုးပွား ကျန်းမာရေး ဥပဒေ ကို ကန့်ကွက် နေကြတာ ဖြစ်ပါတယ်။ တိုင်းပြည်မှာ သြဇာ ကြီးလှတဲ့ ကက်သလစ် ကျောင်းတော်ရဲ့ ဥပဒေကြောင်း အရ နောက်ဆုံး ခုခံမှုလည်း ဖြစ်ပါတယ်။ လွှတ်တော်က မနှစ်က အတည်ပြု ခဲ့တဲ့ ဥပဒေ ကိုတော့ နောက်ထပ် ကြားနာ စစ်ဆေး ဖို့ တရား လွှတ်တော်ချုပ်က မတ်လက ဆိုင်းငံ့ ထားပါတယ်။
ဖိလစ်ပိုင် မှာ မွေးဖွားနှုန်း ကန့်သတ်တဲ့ ဥပဒေ ပြဋ္ဌာန်းတာဟာ ဖွဲ့စည်းပုံ ဥပဒေ နဲ့ မညီဘူး ဆိုပြီး ကန့်ကွက်မှု တွေကို တရား လွှတ်တော် ချုပ် က စတင် ကြားနာ နေပြီ ဖြစ်ပါတယ်။
160418_syria_peace_talk
https://www.bbc.com/burmese/world/2016/04/160418_syria_peace_talk
ဆီးရီးယား အတိုက်အခံတွေ ဂျနီဗာ ဆွေးနွေးပွဲထဲ ပါဝင်မှုကနေ ဆိုင်းငံ့
အပစ်ရပ် သဘောတူမှု ကို ဆီးရီးယား အစိုးရတပ် ဘက်က ဖောက်ဖျက်နေတယ် လို့ အတိုက်အခံ တွေက ယူဆ နေ။ ဆီးရီးယား နိုင်ငံထဲ ရယူထားတဲ့ အပစ်ရပ် သဘောတူမှု ကို ဆီးရီးယား အစိုးရတပ် ဘက်က ဖောက်ဖျက်နေတယ် လို့ အတိုက်အခံ တွေက ယူဆ နေကြတဲ့ အတွက် မကျေနပ်ကြောင်း ပြသတဲ့ အနေနဲ့ အခုလို ပြုလုပ်တာ ဖြစ်တယ် ဆိုပြီး မစ္စတာ ဒီ မစ္စတူရာက ပြောပါတယ်။ ဒါပေမယ့် အတိုက်အခံ ကိုယ်စားလှယ် တွေဟာ ဂျနီဗာမှာပဲ ဆက်လက် ရှိနေဦးမှာ ဖြစ်တဲ့ အတွက် သူ့ အနေနဲ့ ကိုယ်စားလှယ် အဖွဲ့ဝင် တွေ နဲ့ ဆက်လက် စကားပြော ဆွေးနွေး နိုင်ဖို့ မျှော်လင့်တယ် လို့လည်း မစ္စတာ ဒီ မစ္စတူရာက ဆိုပါတယ်။ ဒီအချိန်မှာပဲ၊ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင် က ဆီးရီးယား ထဲ အပစ်ရပ် သဘောတူမှု ချိနဲ့ နေတာနဲ့ ပတ်သက်ပြီး သူနဲ့ အမေရိကန် သမ္မတ အိုဘားမားကြား ဆွေးနွေး ခဲ့ကြပြီး၊ ရုရှား နဲ့ အမေရိကန် နှစ်နိုင်ငံ ပူးပေါင်းပြီး ဆီးရီးယား အပစ်ရပ် သဘောတူမှု ခိုင်မာ လာအောင် အကူအညီ ပေးကြဖို့ သဘောတူ ခဲ့တယ် လို့ ပြောပါတယ်။ တခါ၊ ဆီရီးယား ဘက်က ပစ်လွှတ်လိုက်တဲ့ ရော့ကက် ဒုံးကျည် တွေဟာ တူရကီ နိုင်ငံဘက် ကျရောက် ပေါက်ကွဲ ခဲ့တဲ့ အတွက် လူ ၄ ယောက် သေဆုံး သွားပါတယ်။ သေဆုံးသူတွေ ထဲက ၃ ဦးဟာ ဆီးရီးယား ကလေးငယ် တွေ ဖြစ်တယ် လို့ ရော့ကက် ဒုံးကျည် ကျရောက် ခဲ့တဲ့ တူရကီ နယ်စပ်မြို့ ကီးလိစ် ရဲ့ အုပ်ချုပ်ရေးမှုးက ဆိုပါတယ်။ ဆီးရီးယား ဘက်ခြမ်း အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS လက်နက်ကိုင်တွေ ထိန်းချုပ် ထားတဲ့ နယ်မြေ ထဲကနေ ဒုံးကျည် အနည်းဆုံး ၄ စင်း ပစ်ခတ် ခဲ့တာ ဖြစ်တယ် လို့ တူရကီ သတင်းဌာန ဒိုဂန် က ပြောပါတယ်။
ဂျနီဗာမှာ ပြုလုပ်နေတဲ့ ဆီးရီးယား ငြိမ်းချမ်းရေး စကားပြောပွဲ တွေ ထဲ တရားဝင် ပါဝင် နေမှုကို အဓိက အတိုက်အခံ ညွန့်ပေါင်း အုပ်စုက ဆိုင်းငံ့ လိုက်တယ် လို့ အဲဒီ့ ငြိမ်းချမ်းရေး စကားဝိုင်းတွေကို ကမကထ လုပ် ဦးဆောင် ပေးနေတဲ့ ကုလ သမဂ္ဂ ရဲ့ ဆီးရီးယား ဆိုင်ရာ အထူး ကိုယ်စားလှယ် စတယ်ဖန် ဒီ မစ္စတူရာ က ဆိုပါတယ်။
150205_india_protest_delhi_church_attacks
https://www.bbc.com/burmese/world/2015/02/150205_india_protest_delhi_church_attacks
ခရစ်ယာန် ဘုရားကျောင်းတွေ အတိုက်ခံရမှု ဒေလီမှာ ဆန္ဒပြ
ဒီဇင်ဘာလ နောက်ပိုင်း ခရစ်ယာန် ဘုရားကျောင်းတွေ ၅ ကြိမ် တိုက်ခိုက် ခံခဲ့ရ ပြီးခဲ့တဲ့ ဒီဇင်ဘာ လက ဘုရားကျောင်း တစ်ခု မီးရှို့ခံခဲ့ရပြီး တနင်္လာနေ့ကလည်း ဘုရားကျောင်း တစ်ခု ထပ်မံ ဖျက်ဆီး ခံရပြီးနောက် အခုလို ကန့်ကွက် ဆန္ဒပြ ခဲ့ကြတာပါ။ ဒီတိုက်ခိုက်မှု တွေကို ဟိန္ဒူ အစွန်းရောက် တွေက ကျူးလွန် ခဲ့တာလို့ ခရစ်ယာန် အုပ်စုတွေက စွပ်စွဲပေမယ့် အထောက် အထား ခိုင်လုံမှု မရှိဘူးလို့ ရဲတွေက ပြောပါတယ်။ ဒေလီမြို့ရဲ့ လူနည်းစု ခရစ်ယာန် တွေကို လက်ရှိ အာဏာရ ဟိန္ဒူ မျိုးချစ်ဝါဒီ BJP အစိုးရက လုံလောက်တဲ့ ကာကွယ် ပေးမှုတွေကို မရှိဘူးလို့ ဆန္ဒပြသူ အချို့က စွပ်စွဲ ကြပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ နောက်ပိုင်း ဒေလီမြို့မှာ ခရစ်ယာန် ဘုရားကျောင်း တွေကို တိုက်ခိုက်မှု ၅ ကြိမ် ဖြစ်ပွား ခဲ့ပါတယ်။
အိန္ဒိယ နိုင်ငံ မြို့တော် ဒေလီမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ခရစ်ယာန် ဘုရားကျောင်း အချို့ တိုက်ခိုက် ခံရမှုကို ကန့်ကွက်တဲ့ ဆန္ဒပြသူ အတော်များများကို ရဲတွေက ဖမ်းဆီး ခဲ့ပါတယ်။
151205_uk_knive_attack
https://www.bbc.com/burmese/world/2015/12/151205_uk_knive_attack
လန်ဒန်မြေအောက်ဘူတာရုံ တိုက်ခိုက်မှုကို အကြမ်းဖက်ဝါဒ လုပ်ရပ် အဖြစ် ကိုင်တွယ်နေ
ဆီးရီးယား အတွက် တိုက်ခိုက်တာ ဖြစ်တယ် ဆိုပြီး တိုက်ခိုက်သူက အော်ဟစ် ခဲ့။ လူတစ်ယောက် ဟာ ဓါး ကိုင်ဆောင်ပြီး ခရီးသည်တွေ ကို ခြိမ်းခြောက် ခဲ့ပြီး တဲ့ နောက် တစ်ယောက် ကို တကယ် ဓားနဲ့ ထိုး တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။ ဆီးရီးယား အတွက် တိုက်ခိုက်တာ ဖြစ်တယ် ဆိုပြီး တိုက်ခိုက်သူက အော်ဟစ် ခဲ့ ကြောင်း မျက်မြင် သက်သေတွေက ပြောပါတယ်။ အဲဒီ တိုက်ခိုက်သူကို ရဲ က လျှပ်စစ် သေနတ် သုံးပြီး ဓာတ်လိုက်အောင် လုပ် ကာ ဖမ်းဆီး ခဲ့ပါတယ်။ ဓား အထိုးခံခဲ့ရသူ ရဲ့ ဒဏ်ရာ ပြင်းထန် ပြီး အနည်းအကျဉ်း ဒဏ်ရာရသူ ၂ ဦး လည်း ရှိတယ်လို့ ရဲ က ပြောပါတယ်။ အဲဒီ့ တိုက်ခိုက်မှုကို အကြမ်းဖက်ဝါဒ လုပ်ရပ် အဖြစ် သတ်မှတ် ကိုင်တွယ် နေကြောင်း ယူကေ ရဲ တပ်ဖွဲ့ က ပြောပါတယ်။
ယူကေ နိုင်ငံ လန်ဒန်မြို့ အရှေ့မြောက်ပိုင်း က လေတန်စတုန်း မြေအောက် ရထားဘူတာ ရုံ မှာ ဓားထိုးမှု ဖြစ်ခဲ့ ပါတယ်။
51716744
https://www.bbc.com/burmese/51716744
ကမ္ဘာ့နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တိုးလာနေတဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ
ကိုရိုနာဗိုင်းရပ်စ် လက်ရှိ တရုတ်ပြည်တွင်း ပြန့်ပွားနှုန်းထက် တခြားနိုင်ငံတွေမှာ ပြန့်ပွားနှုန်းက ပိုများလာ တရုတ်မှာ စတင်ဖြစ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ပြီးခဲ့တဲ့ရက်တွေအတွင်း ကမ္ဘာတဝန်း နိုင်ငံတွေမှာ ကူးစက်မှုပိုမိုများလာပြီး ဒါဟာ တရုတ်နိုင်ငံထဲ ကူးစက်မှုထက် တရုတ်ပြင်ပမှာ ကူးစက်မှုက ၉ ဆ ပိုများလာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ပါတယ်။ "ဗိုင်းရပ်စ် ကူးစက်မှုဟာ အဆမတန်များနေပေမဲ့ ထိန်းချုပ်နိုင်ပါတယ်" လို့ WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒ်ဟာနန် ဂေဘရပ်ဆိုက ပြောပါတယ်။ အီတလီမှာတော့ မတ်လ ၂ ရက်နေ့ တနေ့တည်းမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာ ၃၄ ဦးကနေ ၅၂ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ ကူးစက်သူကတော့ ၁၇၀၀ ကျော် ရှိနေပါပြီ။ ဆော်ဒီအာရေးဗျ၊ တူနီးရှား၊ မော်ရိုကိုနဲ့ ဆီနီဂေါနိုင်ငံတွေမှာလည်း ဗိုင်းရပ်စ် ကူးစက်မှုတွေ ရှိလာနေပြီး ဆော်ဒီမှာ ကူးစက်ခံရတဲ့ အမျိုးသားဟာ ဗိုင်းရပ်စ်ကြောင် လူသေဆုံးမှုတွေအထိ ရှိခဲ့တဲ့ အီရန်နိုင်ငံကနေ ပြန်လာသူ ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာဒီဗိုင်းရပ်စ် နေ့စဉ်ကူးစက်မှုနှုန်းက မြန်ဆန်ကြီးထွားလာနေပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာတော့ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ဗိုင်းရပ်စ် ကူးစက်သူပေါင်း ၂၉၃၁ ဦးရှိနေပြီး တစ်ရက်တည်းမှာပဲ ကူးစက်သူအသစ် ၆၀၀ နီးပါးရှိခဲ့တယ်လို့ တောင်ကိုးရီးယားနိုင်ငံ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာနက ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ မတ်လ ၂ ရက်နေ့မှာ သေဆုံးသူ ၄ ဦး ထပ်တိုးလာပြီး စုစုပေါင်း သေဆုံးသူက ၆ ဦး ရှိနေပြီ ဖြစ်ပါတယ်။ ကူးစက်ခံထားရသူကတော့ အယောက် ၁၀၀ အထိ ရှိလာနေပါတယ်။ တခါ ဂျာမနီက ဘာလင်နဲ့ ရုရှားက မော်စကိုမြို့တွေမှာလည်း ရောဂါပိုးကူးစက်သူတွေ ရှိလာနေပြီး ပြင်သစ်က ကမ္ဘာလှည့် ခရီးသွားတွေ အများဆုံးလည်ပတ်တဲ့ Louvre ပြတိုက်ကိုလည်း ပိတ်ထားရပါတယ်။ လောလောဆယ်မှာ ဗိုင်းရပ်စ်ဟာ ကမ္ဘာနိုင်ငံပေါင်း ၆၂ နိုင်ငံကို ကူးစက်မှုတွေ ရှိနေပြီး သေဆုံးသူ ၃၂၁၃ ဦးနဲ့ ပိုးကူးစက်သူက ၉ သောင်းကျော် ရှိနေပြီ ဖြစ်ပါတယ်။ (၂) ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာကို ဆိုက်ကပ်မယ့် အပျော်စီးသင်္ဘောကို ဝင်ခွင့်မပြု မြန်မာနိုင်ငံမှာ ကူမင်းလေဆိပ်က လိုက်ပါလာသူကို ဝူဟန်ဗိုင်းရပ်စ် သံသယလူနာအဖြစ်စတွေ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေအပေါ် နိုင်ငံတကာက စိုးရိမ်မှုတွေရှိနေချိန်မှာပဲ မြန်မာနိုင်ငံကို မတ်လ ၄ ရက်နေ့မှာ ဆိုက်ကပ်ဖို့ ရှိနေတဲ့ ကမ္ဘာလှည့်အပျော်စီးသင်္ဘောကို ဆိုက်ကပ်ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။ အပျော်စီးသင်္ဘောဟာ ဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ နိုင်ငံတွေကို ဝင်ရောက်ခဲ့မှာဖြစ်လို့ မြန်မာကို ဝင်ခွင့်မပြုဖို့ အကြုံပြုတာဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။ ဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ကမ္ဘာလှည့်ခရီးစဉ်တွေကို ပိတ်ပင်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စည်းကမ်းထုတ်ထားတာ မရှိပေမဲ့ ဗိုင်းရပ်စ်အန္တရာယ်ကာကွယ်ဖို့ ခုလို လုပ်ဆောင်ရတာလို့လည်း ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ့က ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ ဂျပန်မှာ ဆိုက်ကပ်ခဲ့တဲ့ ဒိုင်းမွန်းပရင့်စက် အပျော်စီးသင်္ဘောပေါ်မှာ ဗိုင်းရပ်စ်ကူးစက်သူ ၆၀၀ ကျော် ရှိခဲ့ပြီး အဲ့ဒီထဲက သေဆုံးသူတချို့ ရှိခဲ့ပါတယ်။ စင်္ကာပူမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ မြန်မာအိမ်အကူ အမျိုးသမီးနဲ့ ပတ်သက်လို့ ၂ နိုင်ငံချင်း အနီးကပ် ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ တရုတ်နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ မြန်မာလုပ်သားတစ်ဦးပျောက်ဆုံးနေတယ် ဆိုတဲ့ သတင်း ထွက်ပေါ်နေပါတယ်။ ဘေဂျင်းက မြန်မာသံရုံးတာဝန်ရှိသူကတော့ ဒီမြန်မာလုပ်သားဟာ အရင်ကတည်းက အဆုတ်ရောဂါနဲ့ ဆေးရုံတက်ကုသဖူးသူဖြစ်ပြီး ပျောက်ဆုံးနေတဲ့အပေါ် ဆက်လက် စုံစမ်းနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။ မြန်မာနိုင်ငံမှာတော့ မတ်လ ၁ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၂ ဦး၊ စောင့်ကြည့်လူနာ ၄၂ ဦး၊ စုစုပေါင်း ၄၅ ဦး ရှိပြီး ရောဂါဖြစ်ပွားသူတော့ မရှိသေးဘူးလို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ (၃) ကွတ်ခိုင်မှာ ကျပ် ၃၈ ဘီလီယံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ၊ ဆက်စပ်ပစ္စည်းတွေကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာ ငွေကျပ် ၃၈ ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ၊ ဆက်စပ်ပစ္စည်းတွေကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့၊ ၂၉ ရက်နေ့နဲ့ မတ်လ ၁ ရက်နေ့တွေမှာ ကောင်းခါးကျေးရွာနဲ့ အနီးပတ်ဝန်းကျင်နေရာတွေအပြင် ရှမ်းပြည်အရှေ့ပိုင်း မိုင်းပန်မှာလည်း ပိုင်ရှင်မဲ့ ဖမ်းမိတာတွေ ရှိခဲ့ပါတယ်။ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ စိတ်ကြွဆေးပြားတွေ၊ ဘိန်းဖြူဆပ်ပြာခွက်တွေနဲ့ အတူ မူးယစ်ဆေးချက်လုပ်ရာမှာ သုံးတဲ့ ဂတ်စ်မီးဖို၊ ဓာတုဆေးရည်၊ ဆေးပြားရိုက်စက်၊ ဆေးပြားရေတွက်စက်၊ အမှုန့်ကြိတ်စက် စတဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိတယ်လို့ ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၁၁ ရာခိုင်နှုန်း ကျဆင်း သွားတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နှင်းရေး ဆိုင်ရာရုံး (UNODC) က ထုတ်ပြန်ထားပေမယ့် ဒေသတွင်းမှာ ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြားနဲ့ မူးယစ်ဆေးဝါးတွေကိုတော့ မကြာခဏ ဖမ်းဆီးရမိမှုတွေ ရှိနေပါတယ်။
(၁) ကမ္ဘာ့နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၉ ဆ ပိုတိုးလာ
burma-52074961
https://www.bbc.com/burmese/burma-52074961
ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူကြောင့် ဆရာဝန်တချို့ စိတ်ပျက်၊ ကိုဗစ်လူနာ နံပါတ် ၈ နဲ့ထိတွေ့တဲ့ ပြင်သစ် ၄ ဦးကို သီးသန့်ခွဲထားစောင့်ကြည့်အပါအဝင် မတ် ၂၉ ရက် မနက်ခင်းထိပ်တန်းသတင်းများ
လက်ရှိမှာ လူနာနံပါတ် ၈ ဟာ ဝေဘာဂီအထူးကုဆေးရုံမှာ စောင့်ကြည့်ကုသမှုခံယူနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာ နံပါတ် ၈ ဧည့်လမ်းညွှန် ဝန်ဆောင်မှုပေးခဲ့တဲ့ ပြင်သစ်နိုင်ငံသား ၄ ဦးကို သူတို့ လက်ရှိတည်းခိုနေတဲ့ Green Hill ဟိုတယ်မှာ ၁၄ ရက်ကြာ သီးသန့်စောင့်ကြည့်နေပါတယ်။ "ဒီဧည့်သည်တွေကို ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ရက်အတိုင်း ထားမှာပါ။ လက်ရှိဟိုတယ်မှာ ရှိနေပါတယ်" လို့ Green Hill ဟိုတယ်က တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို မတ်လ ၂၉ ရက်နံနက်မှာ ပြောပါတယ်။ ဒီပြင်သစ် ၄ ဦးဟာ မူလက ဒီကနေ့မတ်လ ၂၉ ရက်မှာ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာဖို့စီစဉ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီလူနာ ဝန်ဆောင်မှုပေးခဲ့တဲ့အထဲက ပြင်သစ်နိုင်ငံသား ခုနစ်ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာသွားတဲ့အတွက် အဲဒီခုနစ်ဦးကိုလည်း ပြင်သစ်သံရုံးကို အကြောင်းကြားထားပြီး သူတို့ ရောက်ရှိနေတဲ့နေရာမှာ သီးသန့် ကွာရန်တင်းလုပ်နိုင်ဖို့ အကြောင်းကြား ထားတယ်လို့ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း ဥက္ကဋ္ဌ ဦးအောင်ထွန်းလင်းက ဘီဘီစီကိုပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာနံပါတ် ၈ ဟာ မတ်လ ၁၄ ရက်ကနေ ၁၉ ရက်အထိ ပြင်သစ်နိုင်ငံသားခရီးသွားဧည့်သည်တွေကို ဧည့်လမ်းညွှန် ဝန်ဆောင်မှုပေးခဲ့တာဖြစ်ပါတယ်။ မတ်လ ၂၅ ရက်မှာ ဖျားနာလာတဲ့အတွက် ရန်ကုန်ဆေးရုံကြီးကို သွားရောက်ပြသခဲ့ပြီးနောက် ဆေးစစ်ချက်အဖြေအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေ ရကြောင်း အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ "ကျွန်တော်တို့သိသလောက် ဒီနေ့ထိ ပြင်သစ် ၄ ဦးကတော့ နေကောင်းနေပါတယ်။ ဒါပေမဲ့ ပြင်သစ်ကိုပြန်သွားတဲ့သူတွေရဲ့အခြေအနေက ကျွန်တော်တို့ တိတိကျကျ မသိဘူးဖြစ်နေတယ်။ လူနာကလည်း ဒီကနေ့ထိ ကျန်းမာရေးကောင်းပါတယ်။ တစ်ခုပေါ့နော်။ ဟိုမှာပြန်သွားတဲ့ဧည့်သည်တွေလည်း အခြေအနေကောင်းတယ်။ ဒီကဧည့်သည်တွေလည်း အခြေအနေကောင်းတယ်ဆို တစ်ခုပဲ ကိုယ့်ပြည်တွင်းက ဖြစ်နေမှာစိုးလို့ ဆိုတဲ့ တစ်ချက်ပေါ့နော်။ ဖြစ်နိုင်ခြေများတာကတော့ ဧည့်သည်ကနေ ကူးစက်တာဖြစ်နိုင်ခြေများပါတယ်"လို့ ဦးအောင်ထွန်းလင်းက ပြောပါတယ်။ လက်ရှိမှာ လူနာနံပါတ် ၈ ဟာ ဝေဘာဂီအထူးကုဆေးရုံမှာ စောင့်ကြည့်ကုသမှုခံယူနေပါတယ်။ အသက် ၆၀ အရွယ် ဧည့်လမ်းညွှန်ဟာ ပြီးခဲ့တဲ့သတင်းပတ်အတွင်း ပြင်သစ်ခရီးသည်တွေနဲ့အတူ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ပခုက္ကူ၊ ပုဂံ၊ ညောင်ဦး၊ ပုပ္ပါး၊ ပင်းတယ၊ အင်းလေး၊ ငပလီ စတဲ့ နေရာ ၁၀ နေရာထက်မနည်းကို သွားခဲ့တာဖြစ်တယ်လို့ မန္တလေးဇုန်ဧည့်လမ်းညွှန်အသင်းက ထုတ်ပြန်ထားပါတယ်။ (၂) ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူကြောင့် ဆရာဝန်တချို့ စိတ်ပျက် ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဗဟိုကူးစက်ရောဂါဌာနခွဲက ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးရဲ့ လူမှုကွန်ရက်မှာ မနေ့က ရေးသားချက်ကြောင့် ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတချို့ စိတ်ပျက်ခဲ့ကြပါတယ်။ ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့လူမှုကွန်ရက်မှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ဖြစ်တဲ့ တိုင်းနဲ့ပြည်နယ်အလိုက် ဆေးရုံတွေမှာ ဆေးနဲ့ဆေးပစ္စည်းဖြန့်ဝေထားမှုစာရင်းနဲ့အတူ "အဓိပ္ပာယ်မရှိ လျှောက်တင်တဲ့သူကိုလဲ အရေးယူဖို့ကိစ္စ စီစဉ်နေပါပြီနော်၊ သေသေချာချာ တိတိကျကျမရေးဘဲ ရမ်းသန်းမှန်းတမ်းရေးပြီး attention ယူတဲ့သူတွေလည်း ပြင်ဆင်ထားပါနော်"လို့ အစချီပြီးပို့စ်တစ်ခုရေးသားခဲ့တာပါ။ အဲဒီမတိုင်ခင်က ပင်းတယက မီးအိမ်ရှင်လို့ လူသိများတဲ့ လက်ရှိပုသိမ်ပြည်သူ့ဆေးရုံဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်အပါအဝင် တိုင်းနဲ့ ပြည်နယ်အများစုကဆေးရုံတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆေးရုံအုပ်ကြီးတွေ၊ ဆရာဝန်ကြီးတွေအပါအဝင် ဆရာဝန်တွေဟာ ဆေးရုံတွေမှာ ရောဂါကာကွယ်ရေးဝတ်စုံတွေ၊ အသက်ရှူစက်တွေနဲ့ နှာခေါင်းစည်းတွေ စတဲ့ ကုသရေးပစ္စည်း ကိရိယာတွေလိုအပ်နေလို့ လှူဒါန်းပေးကြဖို့ ပြည်သူကိုပန်ကြားအသိပေးတာတွေရှိခဲ့ပါတယ်။ မနေ့က ဒေါက်တာခင်ခင်ကြီးရဲ့ အရေးယူမယ်ဆိုတဲ့ အသုံးအနှုန်းကြောင့် ရှေ့တန်းက ပါဝင်ကုသပေးနေတဲ့ ဆရာဝန်တွေ ဒေါသထွက်စိတ်ပျက်ပြီး လူမှုကွန်ရက်ကတစ်ဆင့်ပြန်လည်တုံ့ပြန်ရေးသားခဲ့ကြပါတယ်။ အခုလို ဝန်ကြီးဌာန ပြောခွင့်ရသူကိုယ်တိုင်က ဆေးဝန်ထမ်းတွေဆရာဝန်တွေရဲ့ရှေ့တန်းက ရောဂါကိုခုခံတိုက်နေရတဲ့အခြေအနေပေါ်နားမလည်ဘဲ အရေးယူမယ်ဆိုတဲ့အပေါ် စိတ်ပျက်မိကြောင်းနဲ့ အသက်စွန့်ဆေးကုပေးနေရတဲ့အခြေအနေကိုပြန်လည်သုံးသပ်ရတော့မယ်လို့ ဆရာဝန်တချို့က တုံ့ပြန်ခဲ့ကြပါတယ်။ ဒီပို့စ်ကြောင့်ပဲ အလှူရှင်တချို့က လှူဖို့ပြင်ဆင်ထားတာတွေ လှူရမှာလားမလှူရဘူးလားလို့ လူမှုကွန်ရက်မှာရေးသားမေးခွန်းထုတ်လာတာတွေရှိလာပြီး ဝေဖန်မှုတွေရှိလာတဲ့နောက် ဒေါက်တာခင်ခင်ကြီးက သူ့ပို့စ်ကို ပြန်လည်တည်းဖြတ်ပြင်ဆင်ခဲ့ပါတယ်။ ဒီပို့စ်က ဝန်ကြီးဌာနအပေါ် အစိုးရအပေါ် အယုံအကြည် ကင်းမဲ့အောင် ရေးသူကိုပဲ ဆိုလိုပါတယ်၊ ဆရာဝန်တွေ လိုတဲ့ပစ္စည်းကို အလှူခံနေတာနဲ့ မပတ်သက်ပါ လို့ သူက ပြန်ရေးခဲ့ပါတယ်။ (၃) ထိုင်းနယ်စပ်က ပြန်လာတဲ့ မြန်မာလုပ်သားတွေကို အောင်မင်္ဂလာအဝေးကွင်းကတစ်ဆင့် နေရပ်ကိုပို့ဆောင်ပေး ပြန်ဝင်လာသူတွေထဲမှာ ရခိုင်ပြည်နယ် ခရိုင်ငါးခုက လုပ်သားတွေလည်းပါ ထိုင်း-မြန်မာနယ်စပ် မြဝတီနယ်စပ်ဂိတ်ကနေတစ်ဆင့် ပြန်လည်ဝင်ရောက်လာခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေကို ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်မှာ မတ်လ ၂၇ ရက်နေ့က လက်ခံပြီး သူတို့ရဲ့မူလနေရပ်ဒေသတွေ ဆီကို ပို့ဆောင်ပေးနေတယ်လို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲမင်းဦးက ဘီဘီစီကိုပြောပါတယ်။ အဲ့ဒီပြန်လည်ဝင်ရောက်လာခဲ့သူတွေအားလုံးဟာ ထိုင်းနိုင်ငံတစ်ခုတည်းက ဝင်ရောက်လာခဲ့ကြတာဖြစ်ပြီး ဧရာဝတီ၊ ရခိုင်၊ ပဲခူး၊ မကွေး စတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကဖြစ်ကြောင်းနဲ့ သူတို့တွေဟာ မတ်လ ၂၆ ရက်နေ့မှာ မြဝတီမြို့ကိုရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် မြဝတီကနေတစ်ဆင့် ရန်ကုန်မြို့ကိုရောက်လာခဲ့ကြတာဖြစ်ပါတယ်။ ပြန်လည်ဝင်ရောက်လာသူအရေအတွက် ဘယ်လောက်ပါဝင်တယ်ဆိုတာကို အတိအကျမသိရပေမယ့် ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြးကားဂိတ်ကို ရောက်ရှိလာသူတွေထဲမှာတော့ ဧရာဝတီတိုင်းက အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ် ခရိုင်ငါးခရိုင်က လူတွေလည်း ပါဝင်တယ်လို့ ဦးရဲမင်းဦးက ဆိုပါတယ်။ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ တော်တော်များများရှိနေကြပြီး တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့အချိန်ကနေ မြန်မာနိုင်ငံကို တဖြည်းဖြည်း ပြန်လည် ဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။ မြဝတီကထွက်လာခဲ့တဲ့ ကားတွေကို အောင်မင်္ဂလာအဝေးပြေးကားကွင်းအတွင်းမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက တာဝန်ရှိတဲ့အဖွဲ့အစည်းတွေနဲ့ ကျန်းမာရေးဌာနတို့ စုပေါင်းပြီးတော့ ညလုံးပေါက်စစ်ဆေးမှုတွေပြုလုပ်ခဲ့တာပါ။ အဲဒီနောက် မတ်လ ၂၈ ရက်နေ့မနက်ပိုင်းမှာ ထွက်တဲ့ခရီးသည်ကားတွေနဲ့ နေရပ်ကို ထပ်မံပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ "တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် သက်ဆိုင်ရာအလိုက် လာပြီးတော့ ခေါ်ကြတာတွေလည်းရှိတယ်။ ဧရာဝတီတိုင်းကတော့ တော်တော်များတယ်ဗျ။ ကျွန်တော်တို့ရခိုင်ကတော့ ၃၀ နီးပါးလောက်ရှိတယ်"လို့ ဦးရဲမင်းဦးက ပြောပါတယ်။ ပြန်လာသူတွေကို ညလုံးပေါက် ကျန်းမာရေးစစ်ဆေးချက်ယူ ရခိုင်ပြည်နယ်ကိုပြန်လာကြတဲ့သူတွေထဲမှာတော့ ကျောက်ဖြူခရိုင်၊ သံတွဲခရိုင်၊ မြောက်ဦးခရိုင်၊ စစ်တွေခရိုင်နဲ့ မောင်တောခရိုင်တွေက ဒေခသံတွေဖြစ်ပြီး အဲ့ဒီလူတွေကို သက်ဆိုင်ရာမြို့နယ်တွေမှာ ဒေသအာဏာပိုင်တွေကနေတစ်ဆင့် နေအိမ်တွေထိရောက်ရှိနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ မိမိတို့ရဲ့နေအိမ်တွေကိုရောက်သွားတဲ့အခါမှာလည်း နေအိမ်အပြင်ကိုမထွက်ကြဖို့၊ မိသားစုတွေနဲ့ ရောနှောမနေကြဖို့၊ အစားအသောက်တွေကိုဘယ်လိုစားသုံးရမယ်ဆိုတဲ့ ကာကွယ်စောင့်ရှောက်မှုအပိုင်းတွေနဲ့ အနည်းဆုံး ၁၄ ရက်ခန့် သီးသန့်နေထိုင်ကြဖို့အတွက်ကိုလည်း ကျန်းမာရေးဌာနက ညွှန်ကြားလိုက်တယ်လို့ ပြန်ဝင်လာတဲ့အထဲမှာပါဝင်တဲ့ စစ်တွေမြို့နယ်၊ အလယ်ချောင်းကျေးရွာက ဒေါ်ခင်ခင်သန်းက ပြောပါတယ်။ ထိုင်းနိုင်ငံမှာနေထိုင်ခဲ့ပြီး မိမိကိုယ်ကို ရောဂါကူးစက်မှုမရှိဘူးလို့ယုံကြည်ပေမယ့် မိသားစုတွေနဲ့ ပြည်သူတွေအပေါ် ရောဂါကူးစက်မှုတွေမ ရှိစေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ညွှန်ကြားချက်အတိုင်း နေအိမ်မှာ သီးခြားနေထိုင်သွားမယ်လို့ သူကဆက်ပြောပါတယ်။ အခုလိုမျိုး ကိုဗစ် ၁၉ ရောဂါဖြစ်ပွားနေတဲ့ အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်ပြီး နေရပ်ကိုပြန်လည်ရောက်ရှိနေသူတွေထဲမှာ ကျန်းမာရေးဌာနရဲ့ညွှန်ကြားချက်တွေအရ သီးခြားနေထိုင်တာမျိုးမလုပ်ဘဲ မြို့ထဲရွာထဲတွေမှာ သွားလာနေတာတွေရှိနေတဲ့အတွက် စိုးရိမ်နေရတာကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ အနီးကပ်ကြပ်မတ်မှုတွေ ပြုလုပ်ပေးဖို့လိုအပ်နေတယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။ (၄) အီတလီမှာ ဗိုင်းရပ်စ်ကြောင့် သေသူတစ်သောင်းကျော်၊ နယူးယောက်ကို သီးသန့်ခွဲခြားစောင့်ကြည့်ဖို့ ထရမ့်စဉ်းစားနေ အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း တစ်သောင်းကျော်ရှိသွားပြီဖြစ်ပါတယ်။ မတ်လ ၂၉ ရက်မနက်အထိ ကမ္ဘာတဝန်း ကိုရိုနာကူးစက်သူပေါင်း ၆၆၀,၀၀၀ ကျော်၊ သေဆုံးသူ ၃၀,၀၀၀ ကျော်နဲ့ ပြန်လည် ကျန်းမာလာသူ ၁၄၀,၀၀၀ ကျော် ရှိနေပါတယ်။ အီတလီမှာ မနေ့ကတစ်ရက်တည်း သေဆုံးသူ ၈၈၉ ဦးရှိပြီး အရင်နေ့တွေထက် အနည်းငယ်လျော့ကျလာတာပါ။ အီတလီမှာ မနေ့က တစ်ရက်တည်းနဲ့ သေဆုံးသူ ၈၈၉ ဦးရှိခဲ့ပါတယ်။ ကူးစက်ခံရသူက ၉၂၄၇၂ ဦးနဲ့ သေဆုံးသူ ၁၀၀၀၀ ကျော်ရှိလာပြီး ဒီသေဆုံးနှုန်းက ဗိုင်းရပ်စ်ဗဟိုချက်ဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံထက် သုံးဆရှိနေတယ်လို့ အမေရိကန်ပြည်ထောင်စု၊ ဂျွန်ဟော့ပ်စ်ကင်း တက္ကသိုလ်သုတေသန ကဆိုပါတယ်။ အီတလီမှာ သက်ကြီးရွယ်အိုတွေများပြီး ဒီဗိုင်းရပ်စ်ဒဏ်က သက်ကြီးရွယ်အိုတွေမှာ အသက်အန္တရာယ်ရှိတာကြောင့် ခုလို သေဆုံးနှုန်းများရတာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ သေဆုံးသူအများစုရဲ့ ပျမ်းမျှအသက်ဟာ အသက် ၇၈ နှစ်နဲ့အထက်ဖြစ်တယ်လို့ အီတလီကျန်းမာရေးအင်စတီကျူ့က မတ်လ ၂၇ ရက်နေ့မှာ ပြောကြားထားပါတယ်။ အီတလီကျန်းမာရေးစနစ်က ကောင်းပေမယ့် ဒီဗိုင်းရပ်စ်ဟာ သက်ကြီးပိုင်းတွေကို ပိုဒုက္ခပေးတာကြောင့် ခုလိုသေဆုံးနှုန်းများတာဖြစ် အမေရိကန်က ကူးစက်သူပေါင်း ၁၀၅,၀၀၀ ကျော်နဲ့ ကမ္ဘာပေါ်မှာ ကူးစက်မှုအများဆုံးဖြစ်ပြီး သေဆုံးသူကတော့ ၁,၇၀၀ ကျော်ရှိနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရာဗဟိုချက်လိုဖြစ်လာတဲ့နယူးယောက်ပြည်နယ်ကို အဝင်ထွက်တွေကန့်သတ်ပြီး သီးသန့်စောင့်ကြည့်တာတွေလုပ်ဖို့ စဉ်းစားနေတယ်လို့ ထရမ့်က ပြောပါတယ်။ ထရမ့်ရဲ့ နယူးယောက်ကို သီးသန့်ခွဲထားမယ့်အကြံကို ပြည်နယ်အုပ်ချုပ်ရေးမှူးက သဘောမတူပါဘူး။ နယူးယောက်မှာ ဗိုင်းရပ်စ်ကူးစက်သူပေါင်း ၅၂၀၀၀ ကျော်ရှိပြီး ဒါက ကူးစက်မှုစုစုပေါင်းရဲ့ တစ်ဝက်လောက်ရှိနေတယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူးက ဒီအကြံအစည်က အဓိပ္ပာယ်မရှိဘူးလို့ ဆိုပြီး ဒီလိုလုပ်မယ်ဆိုရင် စစ်ကြေညာတာပဲလို့ တုံ့ပြန်ထားပါတယ်။ ဗြိတိန်မှာတော့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တစ်ထောင်ကျော်လာပါပြီ။ အိမ်ရှေ့စံချားလ်မင်းသား၊ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရလို့ သီးသန့်ခွဲနေထိုင်နေကြပါတယ်။ ၀န်ကြီးချုပ်ဟာ ကိုဗစ်အစည်းအဝေးကို ဗီဒီယိုကွန်ဖရန်းစင်းနဲ့ တက်ရောက်ညွှန်ကြားနေတာပါ။ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အခြေအနေတွေပြန်ကောင်းမလာခင်စပ်ကြား ဒီထက်ပိုပြီးဆိုးရွားသွားမယ့်အခြေအနေတွေ ရင်ဆိုင်ရဖို့ရှိတယ်လို့ ဗြိတိန်ပြည်သူတွေကို ပန်ကြားတဲ့စာမှာ ရေးသားထားပါတယ်။
( ၁ ) ကိုဗစ်လူနာနံပါတ် ၈ နဲ့ ထိတွေ့ခဲ့တဲ့ပြင်သစ် ၄ လေးဦးကို ၁၄ ရက် သီးသန့်စောင့်ကြည့်
151217_dassk_ethnics_meeting
https://www.bbc.com/burmese/burma/2015/12/151217_dassk_ethnics_meeting
ဒေါ်စုနဲ့ NCA လက်မှတ်ထိုးတဲ့ အဖွဲ့တွေတွေ့ဆုံ
NLD နဲ့ အပစ်ရပ် အဖွဲ့တွေ ဆက်သွယ်နိုင်ဖို့ ပူးတွဲ ကော်မီတီ ဖွဲ့ဖို့ရှိ ( ဓါတ်ပုံ Centre for Development and Ethnic Studies) တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က NCA စာချုပ်မှာ သက်သေအဖြစ် သူ ဘာကြောင့် ပါဝင်လက်မှတ် မထိုးခဲ့သလဲ ဆိုတာနဲ့ တခြား အကြောင်းအရာ တွေကို ရှင်းပြခဲ့တယ်လို့ ရခိုင် လွတ်မြောက်ရေး ပါတီ ဗဟို ကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ဘီဘီစီကို ပြောပါတယ်။ NCA လက်မှတ် ရေးထိုးတုန်းက တိုင်းရင်းသား အဖွဲ့တွေအားလုံး မပါဝင် ခဲ့ကြတဲ့ အတွက် လက်မှတ် မထိုးခဲ့တယလို့ ဒေါ်အောင်ဆန်း စုကြည် ပြောတဲ့ အကြောင်း သူက ပြန်ပြောပါတယ်။ တိုင်းရင်းသားအဖွဲ့တွေ ဘက်ကလည်း ရရှိထားတဲ့ NCA စာချုပ် ကို မူတည်ပြီး နိုင်ငံရေး ပြောင်းလဲ မှုတွေ ငြိမ်းငြိမ်း ချမ်းချမ်း ဖြစ်ပေါ် နိုင်ရေး နဲ့ ပတ်သက်လို့ အပြန် အလှန် ဆွေးနွေး ခဲ့ကြတယ်လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။ ဆွေးနွေးခဲ့ကြတဲ့ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေရဲ့ ခေါင်းဆောင် ၈ ယောက်ကတော့ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်း(CNF)၊ ဖဒိုကွယ်ထူးဝင်း (KNU)၊ ဦးခွန်မြင့်ထွန်း(PNLO )၊ ဒေါ်စောမြရာဇာလင်း(ANC)၊ ဦးမျိုးဝင်း( ABSDF)၊ ဗိုလ်မှူးချုပ် ပေါင်ခေး( RCSS/SSA)၊ ဗိုလ်မှူး ကျော်ညွန့် (DKBA) နဲ့ ဗိုလ်မှူး စိန်ဝင်း (KNU/KNLA PC)တို့ ဖြစ်ကြပါတယ်။ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီနဲ့ အပစ်ရပ် တိုင်းရင်းသား အဖွဲ့တွေ ထိတွေ့ ဆက်ဆံနိုင်ဖို့ အတွက် ပူးတွဲ ကော်မတီ တစ်ရပ် ဖွဲ့စည်းဖို့ ရှိတယ်လို့ ဆွေးနွေးပွဲ တက်ရောက်တဲ့ တိုင်းရင်းသား တွေက ပြောပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် NCA မှာ ပါဝင် လက်မှတ် ထိုးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နဲ့ ဒေါ် အောင်ဆန်းစု ကြည် ဦးဆောင်တဲ့ ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ပါတီ ခေါင်းဆောင်တွေ ဒီဇင်ဘာလ ၁၇ ရက် နေ့လယ်က နေပြည်တော်မှာ ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
150622_minimum_wages
https://www.bbc.com/burmese/burma/2015/06/150622_minimum_wages
ရက်ပိုင်းအတွင်း အနိမ့်ဆုံးလစာ သတ်မှတ်နိုင်တော့မယ်
၂၀၁၄ ခုနှစ် အတွင်း အလုပ်သမားဆန္ဒပြမှု အများ အပြား ဖြစ်ခဲ့ ရန်ကုန်မြို့ ကုန်သည်စက်မှု အသင်းချုပ်မှာ အစိုးရ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO၊ အလုပ်ရှင် ကိုယ်စားလှယ်တွေ၊ အလုပ်သမားကိုယ်စားလှယ်တွေ ပညာရှင်တွေ ပထမဆုံးအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ပြီး အနိမ့်ဆုံး လစာ သတ်မှတ်နိုင်ရေး အတွက် ဆွေးနွေး နေကြ ပါတယ်။ အဲဒီ ဆွေးနွေးပွဲ ပြီးတဲ့နောက် ရလာတဲ့ အချက် လက်တွေကို အခြေခံပြီး အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ကော်မတီက အနိမ့်ဆုံး လုပ်ခကို အခု ရက်ပိုင် အတွင်းမှာ ဆုံးဖြတ်ပေးဖို့ ရှိတယ်လို့ မြန်မာနိုင်ငံ အလုပ်သမား အလုပ်အကိုင်နဲ့ လူမှု ဖူလုံရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမျိုးအောင်က ဘီဘီစီကို ပြောပါတယ်။ အလုပ်ရှင် နဲ့အလုပ် သမားတွေကြားမှာ ၂နှစ်အတွင်း အကြိမ်ပေါင်း ၃၀ နီးပါး ဆွေးနွေး ညှိနှိုင်း ခဲ့ပြီးဖြစ်ပါတယ်။ ဇွန်လ ၂၂ ရက် တနင်္လာနေ့နဲ့ ၂၃ ရက် နှစ်ရက်ကြာ ဆွေးနွေးမှု ပထမနေ့မှာ အလုပ်သမား ကိုယ်စားလှယ်တွေ ဘက်က တစ်နိုင်ငံလုံး တပြေးညီ အနိမ့်ဆုံး လုပ်ခငွေ တစ်ရက်ကို ၄၀၀၀ ကျပ် သတ်မှတ်ပေးဖို့ တင်ပြကြ ပေမဲ့ အလုပ်ရှင်တွေ ဘက်က နေရာဒေသ ခွဲပြီး သတ်မှတ်ဖို့နဲ လုပ်ငန်း အမျိုးစားအလိုက် သတ်မှတ်ပေးဖို့ ပြန်လည် ဆွေးနွေးခဲ့ကြပါတယ်။ အစိုးရက ဝန်ထမ်းတွေ လစာ တိုးပေးခဲ့ပြီးနောက်မှာ ဆန်၊ ဟင်းသီး ဟင်းရွက်နဲ့ ကြက်သွန်တို့လို အခြေခံ စားကုန် စျေးတွေက လစာမတိုးခင်ကထက် ၂၀ ရာခိုင်နှုန်း တက်သွားတဲ့ အတွက် အနိမ့်ဆုံး လုပ်ခ သတ်မှတ်ပေးမယ် ဆိုရင်လည်း ကုန်စျေးနှုန်းတွေ မတက်အောင် အစိုးရ ဘက်က ထိန်းသိမ်းပေးဖို့ အလုပ်သမား ကိုယ်စားလှယ်တွေ ဘက်က တင်ပြကြပါတယ်။ ဒီလုပ်ခ ပြဿနာ ကြောင့် ပြီးခဲတဲ့ နှစ်အတွင်း မြန်မာနိုင်ငံမှာ အငြင်းပွားမှုတွေ အလုပ်သမား သပိတ်တွေ အများပြား ပေါ်ပေါက်ခဲ့ပြီး အလုပ်သမား တစ်ချို့ ဖမ်းဆီး ထောင်ချ ခံရတာတွေ ရှိခဲ့ပါတယ်။ နိုင်ငံတော်သမ္မတရဲ့ ရေဒီယို မိန့်ခွန်းမှာ ဇွန်လအတွင်း အနိမ့်ဆုံး လုပ်ခ သတ်မှတ် နိုင်မယ်လို့ ပြောထား ပါတယ်။
မြန်မာနိုင်ငံမှာ အခုလ အတွင်း အနိမ့်ဆုံး လုပ်ခ သတ်မှတ်နိုင်ဖို့ ရှိနေပါတယ်။
160307_eu_migrant
https://www.bbc.com/burmese/world/2016/03/160307_eu_migrant
ရွှေ့ပြောင်းသူအရေး ဆွေးနွေးပွဲ အီးယူနဲ့ တူရကီ စတင်
ဂရိ နိုင်ငံထဲမှာ ပိတ်မိနေတဲ့ ရွှေ့ပြောင်းသူပေါင်း တစ်သောင်း သုံးထောင်ကျော် ရှိလာ။ ရွှေ့ပြောင်းသူတွေ ဝင်ရောက်တဲ့ လမ်းကြောင်းကို ပိတ်ပစ်ဖို့ အီးယူရဲ့ အစီအစဉ် မူကြမ်းမှာ ဖော်ပြ ထားပေမယ့် ဂျာမနီ အစိုးရကတော့ အဲဒါဟာ ခန့်မှန်း ပြောဆိုမှုသာ ဖြစ်တယ်လို့ ပြောပါတယ်။ ထိပ်သီး အစည်းအဝေးမှာ တူရကီကို ကူငွေ ဒေါ်လာ ၃.၃ ဘီလျံ ပေးပြီး ရွှေ့ပြောင်းသူတွေကို တူရကီဘက် ပြန်ခေါ်ဖို့ အီးယူက တူရကီကို တိုက်တွန်းဖွယ် ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်း ဥရောပကို ရောက်လာတဲ့ ရွှေ့ပြောင်းသူ အရေအတွက်က တစ်သန်းကျော် ရှိခဲ့ပြီး သူတို့ အများစုက တူရကီကနေ ဂရိကို လှေစီး ဖြတ်ကူး လာကြသူတွေ ဖြစ်ပါတယ်။ ရွှေ့ပြောင်းသူ အများစုက ဥရောပ မြောက်ပိုင်း နိုင်ငံတွေဆီ ရောက်ရှိ ခဲ့ကြပြီး နောက်ပိုင်းမှာ အီးယူ နိုင်ငံ ၈ နိုင်ငံက နယ်စည်း ထိန်းချုပ်မှုတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်လာ ခဲ့ပါတယ်။ ဂရိ မြောက်ပိုင်းက မက်ဆီဒိုးနီးယား နိုင်ငံရဲ့ နယ်စည်း ကန့်သတ်မှုကြောင့် ဂရိဘက်မှာ စုပြုံ သောင်တင်နေတဲ့ ရွှေ့ပြောင်းသူပေါင်း တစ်သောင်း သုံးထောင်ကျော် ရှိသွားပြီ ဖြစ်ပါတယ်။
ရွှေ့ပြောင်းသူ ပြဿနာကို ဖြေရှင်းဖို့အတွက် အရေးကြီးတဲ့ ထိပ်သီး ဆွေးနွေးပွဲကို အီးယူ ခေါင်းဆောင်တွေနဲ့ တူရကီတို့ ဘရပ်ဆဲလ် မြို့မှာ စတင် လိုက်ချိန်မှာပဲ ဘော်လ်ကန် နိုင်ငံတွေကို ဖြတ်ပြီး ရွှေ့ပြောင်းသူတွေ ဝင်ရောက်တဲ့ လမ်းကြောင်းကို ပိတ်ပစ်မယ့် ကိစ္စအပေါ် သဘော ကွဲလွဲမှုကို စတင် တွေ့ရပါတယ်။
140421_uwintin_final_will
https://www.bbc.com/burmese/burma/2014/04/140421_uwintin_final_will
ဆရာကြီး ဦးဝင်းတင်ရဲ့ နောက်ဆုံး ဆန္ဒ
ကွယ်လွန် ချိန်အထိ ထောင် အင်္ကျီပြာပဲ ဝတ်ခဲ့ နောက်ဆုံးတိုက်ပွဲလို့ ဦးဝင်းတင်က ခေါ်ဆိုတဲ့ အဲဒီ ဆန္ဒ သတင်းစကားကို ၈၈ မျိုးဆက် ခေါင်းဆောင်တွေဆီ အမှာ စကား ပါးခိုင်း ခဲ့တယ်လို့ လည်း ဦးဇော်မျိုးအောင်က ပြောပါတယ်။ မြန်မာ နိုင်ငံမှာ နိုင်ငံရေး အပြောင်း အလဲ လုပ်ကို လုပ်မှ ဖြစ်မယ်လို့ ဦးဝင်းတင်က ပြောခဲ့ကြောင်း သူက ပြောပါတယ်။ ဆေးရုံမှာ တက်ရောက် ကုသမှု ခံယူစဉ်မှာ ဒေါ်အောင်ဆန်း စုကြည် လာရောက် သတင်းမေး အားပေး ခဲ့တာကို ဦးဝင်းတင် ဝမ်းသာကျေနပ် ဖြစ်နေခဲ့တယ်လို့လည်း ဆိုပါတယ်။ ရောဂါ ခံစားနေရလို့ စကား မပြောနိုင်တဲ့ကြားက ဒေါ်အောင်ဆန်း စုကြည် ဒုတိယမြောက်နေ့ လာရောက်အားပေးပြီး ပြန်ကာနီးမှာ ဗိုလ်ချုပ်အောင်ဆန်းမှာ သားသမီး သုံးယောက် ရှိတဲ့ အထဲက အငယ်ဆုံးက ဗိုလ်ချုပ် ခြေရာနင်းမယ့်သူလို့ ပီပီ သသ ပြောခဲ့တာကိုလည်း ဦးဇော်မျိုးအောင်က ပြန်ပြောပါတယ်။ ဆရာကြီး ဦးဝင်းတင်က သူတည်ထောင်ထားတဲ့ ဦးဝင်းတင် ဖောင်ဒေးရှင်း လုပ်ငန်းတွေ ဆက်လုပ်ဖို့၊ ဖောင်ဒေးရှင်းက အကူအညီ ပေးနေသူတွေကို ဆက်လက် ကူညီပေးကြဖို့ သူ့ကို မှာသွားတယ်လို့ မိသားစု ဆရာန်ကြီး ဒေါက်တာ မြင့်သိန်းက ဘီဘီစီကို ပြောပါတယ်။
မြန်မာ နိုင်ငံ ဒီမိုကရေစီရေး အတွက် ပြတ်သားတဲ့ ခံယူချက်နဲ့ ခိုင်မာတဲ့ မူဝါဒ တွေကို စွဲကိုင်ခဲ့တဲ့ ဆရာကြီး ဦးဝင်းတင်က အာဏာရှင် စနစ်ကို အမြစ်က လှန်ချိုးပြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့ နောက်မှာ စည်းစည်း လုံးလုံး ဝိုင်းပြီး ရပ်တည် ပေးစေချင်တဲ့ ဆန္ဒ ရှိခဲ့တယ်လို့ ဦးဝင်းတင်နဲ့ အစဉ်အမြဲ အနီးကပ် ရှိနေခဲ့သူ ဒီလှိုင်း အသက်မွေး ဝမ်းကျောင်း သင်တန်း ဌာနက ဦးဇော်မျိုးအောင်က ပြောပါတယ်။
in-depth-56350772
https://www.bbc.com/burmese/in-depth-56350772
ဒေါက်တာဘရင်က ဒေါက်တာဇော်ဝေစိုး- ဆရာဝန်နဲ့ နိုင်ငံရေး
စီဒီအမ်ဆရာဝန်တွေ ပေါ်ထွက်လာ ဆရာဝန်ပညာတွေသင် ဆရာဝန်ဝေါဟာရဟာ ဘုရင်လက်ထက်မှာ ရှိခဲ့တဲ့ ရာထူးတစ်ရပ်ဖြစ်ပြီး ဘုရင့်ဆရာတွေကို ဝန်ထောက်ခန့်တဲ့အခါ ဆရာဝန်၊ ဆရာ ဝန်ထောက် အဖြစ် ခန့်တယ်လို့ သိရပါတယ်။ မင်းတုန်းမင်းလက်ထက် ဂျာမန် သမားတော် ဒေါက်တာမာဖီကို ဆရာဝန် ခန့်ပြီးနောက် ဒီဝေါဟာရဟာ အနောက်တိုင်းဆေးပညာရှင်တွေကို ရည်ညွှန်းတဲ့ စကားလုံးဖြစ်လာပါတယ်။ အမ်ဘရို့စ်ဒီရိုဇာဒီယို၊ မောင်ဘိုးဇိုနဲ့ ဒေါက်တာရှောလူစတဲ့ အစောပိုင်း မြန်မာဆရာဝန်တွေဟာ ခရစ်ယာန်အသင်းတော်တွေရဲ့ အကူ အညီနဲ့ အီတလီ၊ အမေရိကန် နိုင်ငံတွေမှာ သွားရောက်သင်ယူ ခဲ့ကြသူတွေ ဖြစ်ပြီး နောက်ပိုင်း မှာတော့ ဗြိတိန်နဲ့ အိန္ဒိယမှာ သွားသင်သူတွေ ရှိလာပါတယ်။ အယ်လ်အမ်ပီခေါ် အငယ်တန်းဆရာဝန်ဖြစ် သင်တန်းကိုလည်း အစပိုင်းမှာ မဒရပ်ကို လွှတ်သင်စေခဲ့ တယ်လို့ ဒေါက်တာ မြင့်ဆွေရဲ့ နယ်ချဲ့ခေတ် အစ ဆရာဝန်ဘဝ စာအုပ်မှာ ရေးသားပါတယ်။ ရန်ကုန်မှာ ၁၉ဝ၇ ခုနှစ်ကစပြီး ဆေးကျောင်းဖွင့် သင်ကြား ပေးခဲ့ပြီးနောက် ၁၉၁ဝ မှာမြန်မာပြည်က ပထမဆုံး အောင်တဲ့ အယ်လ်အမ်ပီ ဆရာဝန်တွေထဲမှာ ထွန်းစံဘော် ဆိုသူ ပါပါတယ်။ ၁၉၂၃ မှာတော့ အမ်ဘီဘွဲ့ပေးတဲ့ ဆေးကောလိပ်ကို စဖွင့်ပါတယ်။ အဲဒီခေတ်က မြန်မာဆရာဝန်ကြီး အများစုဟာ အိန္ဒိယစစ်တပ်က ဆေးဝန်ထမ်းတွေ ဖြစ်ကြပြီး စစ်ရာထူးတွေ ရှိကြပါတယ်။ ဒါကြောင့် ကပ္ပတိန်ဘခက်၊ ကပ္ပတိန် ရွှေဇံ၊ ကပ္ပတိန် မင်းစိန် စတဲ့ ဆရာဝန်ကြီးတွေ မြန်မာ ဆေးလောကမှာ သြဇာညောင်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒီစစ်ဆရာဝန်တွေထဲက ကပ္ပတိန် အောင်ထွန်းဟာလည်း ဆရာတော် ဦးဥတ္တမရဲ့ အနီးကပ် ဒကာတစ်ဦးဖြစ်ပြီး ဂျာပန်ပြည် အတ္ထုပ္ပတ္တိ ရေးဖို့ သူ့ကိုအကြိမ်ကြိမ် တောင်းပန်ခဲ့ကြောင်း ၁၉၁၄ က ထုတ်တဲ့ စာအုပ်မှာ ပါရှိပါတယ်။ ဝိုင်အမ်ဘီအေ ဖခင် ဒေါက်တာဘရင် ဝိုင်အမ်ဘီအေကနေ ဒိုင်အာခီ ၁၉ဝ၆ က ဝိုင်အမ်ဘီအေခေါ် ဗုဒ္ဓကလျာဏယုဝအသင်းကို တည်ထောင်သူ သုံးယောက်မှာ ဆရာဝန် တစ်ဦးပါဝင်ပြီး ၁၉၂၅ မှာ ပညာရေး၊ ကျန်းမာရေး၊ ဒေသန္တရအုပ်ချုပ်ရေး နဲ့ ယစ်မျိုးဌာန ဝန်ကြီးချုပ် ဖြစ်လာခဲ့တဲ့ ဒေါက်တာ ဘရင် ဖြစ်ပါတယ်။ ဒေါက်တာဘရင် အိန္ဒိယနဲ့ စကော့တလန်သွားပြီး ဆေးပညာမသင်ခင် ရန်ကုန်ကောလိပ် ကျောင်းသားဘဝမှာ ကိုမောင်ကြီး၊ ကိုဘဘေတို့နဲ့အတူ ဝိုင်အမ်ဘီအေ ကို တည်ထောင်ပါတယ်။ ဒေါက်တာဘရင်ဟာ ပထမကမ္ဘာစစ်မှာလည်း ဝင်အမှုထမ်းခဲ့ပြီး ဆုတံဆိပ်တွေ ရခဲ့ပါတယ်။ ၁၉၂ဝ အမျိုးသား ကောလိပ် တည်ထောင်ချိန်မှာ အမျိုးသား ပညာရေးကောင်စီဝင် အဖြစ်နဲ့ ကျောင်းကို လှူဒါန်းကြဖို့ အားပေးလှုံ့ဆော်ခဲ့ပြီး ကျောင်းအုပ်ကြီး လည်း ဖြစ်ခဲ့တယ်လို့ ၁၉၂၇ ခုနှစ်ထုတ် မည်သူမည်ဝါ မြန်မာပြည်မှာ စာအုပ်မှာ ဖော်ပြပါတယ်။ ၂၁ ဦး မူလအဖွဲ့ဝင် အဖြစ် ဗြိတိသျှ ပေးတဲ့ ဒိုင်အာခီအုပ်ချုပ်ရေးကို လက်ခံခဲ့သလို ၁၉၂၄ မှာ မြန်မာထဲက ပထမဆုံး ရန်ကုန်မြို့တော်ဝန် ဖြစ်ခဲ့ပါတယ်။ သူ့ဖခင်ဘက်က မွန်မင်းဆက်အနွယ်ဖြစ်တယ်လို့ ရီလိရဲ့ ကိုလိုနီခေတ် မြန်မာပြည်က တရုတ်များ စာအုပ်မှာ ဖော်ပြခံရတဲ့ ဒေါက်တာဘရင်ဟာ နောက်ပိုင်း မှာတော့ တရုတ်နဲ့ ဗြိတိသျှ အစိုးရဘက်သားတွေ ကြီးစိုးတဲ့ ရွှေတောင်ကြား ပါတီ ခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့ ပါတယ်။ သူ့ဝန်ကြီးဖြစ်ချိန်မှာ တိုင်းရင်းဆေးပညာလေ့လာရေးအတွက် ကော်မတီ တစ်ရပ် ဖွဲ့စည်းပြီး ရုပ်ရှင်မင်းသား ဝင်းဦးရဲ့အဘိုး ကပ္ပတိန် ဘခက်ကို ခေါင်းဆောင်စေခဲ့ပါတယ်။ ဆာစံစီပိုး ဒေါက်တာဘရင်နဲ့ မရှေးမနှောင်း လူမျိုးစု နိုင်ငံရေးမှာ ထင်ရှားခဲ့သူကတော့ ကရင်ခေါင်းဆောင်ကြီး ဒေါက်တာဆာစံစီပိုး ဖြစ်ပါတယ်။ ပထမကမ္ဘာစစ် အတွင်း ၁၉၁၇ မှာ မြန်မာပြည်အုပ်ချုပ်ရေး တိုးမြှင့်ဖို့အတွက် ဦးမေအောင်၊ ဦးစုစတဲ့ ဝိုင်အမ်ဘီအေခေါင်းဆောင်တွေနဲ့အတူ အိန္ဒိယကို ခေါ်ယူမေးမြန်းရာမှာ အမေရိကန်မှာ ဆေးပညာသင်ခဲ့တဲ့ ဒေါက်တာပိုးလည်း ပါဝင်ခဲ့ပါတယ်။ ၁၉၂၁ မှာ မြန်မာပြည် အုပ်ချုပ်ရေး တိုးမြှင့်ဖို့ စုံစမ်းတဲ့ ဝှိုက်ကော်မတီအဖွဲ့ဝင် ဖြစ်ခဲ့တဲ့ ဒေါက်တာပိုးဟာ ဒိုင်အာခီနဲ့ ၉၁ ဌာန အုပ်ချုပ်ရေး ခေတ်မှာ လွှတ်တော် အမတ် ဖြစ်ခဲ့သလို ဂျပန်ခေတ်မှာလည်း အတိုင်ပင်ခံ အမတ် ဖြစ်ပါ တယ်။ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ အဖြစ် ၁၉၂၅ ကတည်း က ဆောင်ရွက်ခဲ့တဲ့ ဆာစံစီပိုးဟာ စစ်အတွင်း ကရင်ဗမာ လူမျိုးရေး အဓိကရုဏ်း ပြီးငြိမ်းရေးမှာလည်း ကူညီခဲ့ ပါတယ်။ သူ့သမီး မစ္စစ် ဘမောင်ချိန်ခေါ် ကလယ်ရီဘယ်အိုင်ရင်းပိုးဟာ ပထမဆုံး ကရင်ပြည်နယ်ဝန်ကြီးနဲ့ ပထမ မြန်မာအမျိုးသမီးဝန်ကြီး ဖြစ်ခဲ့ ပါတယ်။ ဆာစံစီပိုး ရေးတဲ့ မြန်မာပြည်နဲ့ ကရင်များ စာအုပ်ဟာလည်း လူမျိုးစု လေ့လာရေးနယ်ပယ်မှာ ထင်ရှားပါတယ်။ ဒေါက်တာသိန်းမောင်၊ ဒေါက်တာဘမော်၊ သခင်မြနဲ့ ဗိုလ်ချုပ်အောင်ဆန်း သင်္ဘောပေါ်ဆုံးတဲ့ သံအမတ်ကြီး ဒေါက်တာဘရင်နဲ့ ဆာစံစီပိုးနောက်ပိုင်း မြူနီစီပါယ်အဖွဲ့ဝင်နဲ့ လွှတ်တော်အမတ် ဖြစ်တဲ့ ဆရာဝန်တွေ ရှိကြသလို ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးချုပ်ထိ ဖြစ်ခဲ့သူကတော့ နယူးဘားမား သတင်းစာ တိုက်ပိုင်ရှင် ဒေါက်တာ သိန်းမောင် ဖြစ်ပါတယ်။ ကိုလ်ကတ္တားမှာ ဆေးပညာ သင်ခဲ့တဲ့ ဒေါက်တာသိန်းမောင်ဟာ သီပေါမင်းခေတ်က အမြောက်ဝန်ရဲ့ သမက် ဖြစ်ပြီး မြန်မာကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ဒေါက်တာဘမော်ရဲ့ ဆင်းရဲသားပါတီ ခေါင်းဆောင်အဖြစ် ရဲဘော်သုံးကျိပ် ဂျပန်သွားဖို့ ဆက်သွယ်ပေးခဲ့သလို ဗမာ့ ထွက်ရပ်ဂိုဏ်းမှာလည်း ပါဝင်ခဲ့ပါတယ်။ စစ်အတွင်း ဂျပန်က လွတ်လပ်ရေး ပေးပြီးနောက် ဘဏ္ဍာရေးဝန်ကြီး ဖြစ်ခဲ့သလို ပထမဆုံး သံအမတ်ကြီးအဖြစ် ဂျပန်ကို စေလွှတ်ခံရ ပါတယ်။ တိုကျိုက လက်ရှိမြန်မာ သံရုံးနေရာကို သူဝယ်ယူခဲ့တယ်လို့လည်း သိရပါတယ်။ စစ်အပြီး မဟာမိတ်သုံ့ပန်းအဖြစ် အကျဉ်းချ ခံရပြီးနောက် မြန်မာပြည်ကို ပြန်ပို့တဲ့လမ်းမှာ သင်္ဘောပေါ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ၁၉၉ဝ က အမတ်တွေ ဖွဲ့တဲ့ အဝေးရောက် ညွန့်ပေါင်း အစိုးရဝန်ကြီး ပီတာ လင်းပင်ဟာ ဒေါက်တာသိန်းမောင်ရဲ့မြေး ဖြစ်ပါတယ်။ အထက်လွှတ်တော်အမတ် ဒေါက်တာမစောဆ မစောဆ ဗြိတိသျှခေတ် ၁၉၃၇ မှာ အမျိုးသမီးအထက်လွှတ်တော်အမတ် အဖြစ် ပထမဆုံးရွေးကောက်ခံရတဲ့ သားဖွားမီးယပ်ဆရာဝန်ကြီး ဒေါက်တာ ဒေါ်စောဆဟာ အစောဆုံး မြန်မာအမျိုးသမီး ဆရာဝန်တွေ ထဲမှာ ပါပါတယ်။ ဒေါ်စောဆဟာ ၁၉၁၁ မှာ အိန္ဒိယက ဆေးဘွဲ့ ရပြီး အိုင်ယာလန်မှာ သားဖွား မီးယပ်နဲ့ ခွဲစိတ်ပညာတွေ သင်ယူခဲ့ကာ ရန်ကုန် ဒပ်ဖရင်ဆေးရုံကြီးမှာလည်း ဆေးရုံအုပ်ကြီးအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၂၁ မှာ ပထမဆုံး မြန်မာအမျိုးသမီး မြူနီစီပါယ်လူကြီးအဖြစ် ရွေးကောက်ခံရသလို ၁၉၃၃ လန်ဒန်မှာ ကျင်းပတဲ့ မြန်မာပြည်အရေး မျက်နှာစုံညီဆွေးနွေးပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။ ဗြိတိသျှ အစိုးရပေးတဲ့ အမ်ဘီအီးဘွဲ့ကိုလည်း ရရှိပါတယ်။ ဒေါ်စောဆဟာ စစ်မဖြစ်ခင်က ရန်ကုန်ကျွန်းတောလမ်းမှာ ကုသိုလ်ဖြစ် ဆေးခန်းဖွင့်ခဲ့ပြီး စစ်အတွင်း မင်းဘူးမှာ အနာကြီး ရောဂါသည် တွေအတွက် စခန်းဖွင့် ကုသ ပေးခဲ့သလို စစ်ပြေးဒုက္ခသည်တွေနဲ့ ရွာသားတွေကို ကူညီပေးခဲ့ပါတယ်။ နိုင်ငံရေးမှာ ထင်ထင်ရှားရှား မပါခဲ့ ပေမဲ့ ဒေါ်စောဆ၊ ဒေါ်ရင်မေ၊ ဒေါ်ခင်စီစတဲ့ မြန်မာသားဖွားမီးယပ် ဆရာဝန်မကြီးတွေဟာ အစောဆုံး ဆရာဝန်ပညာတတ် အမျိုးသမီး တွေ အဖြစ် ထင်ရှား ခဲ့ပါတယ်။ အာဏာရှင် ဒေါက်တာလှရွှေ ၁၉၃၈ တတိယကျောင်းသားသပိတ်နဲ့ ၁၃ဝဝ ပြည့်အရေးတော်ပုံကာလအတွင်း ထင်ရှားခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဒေါက်တာ လှရွှေကို ကျောင်းသားတွေကြား သြဇာညောင်းတဲ့အတွက် အာဏာရှင် လှရွှေလို့ ခေါ်ကြ ပါတယ်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာရဲ့ညီ ဖြစ်တဲ့ ဒေါက်တာလှရွှေဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂနဲ့ ဗကသဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်မှာ အစောဆုံး အာဏာဖီဆန် ရေး လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ အတွင်းဝန်ရုံးကို ဝိုင်းပြီး သပိတ်တား တဲ့ကိစ္စမှာ သူခေါင်းဆောင်ခဲ့သလို ဒေါက်တာဘမော် အစိုးရ ပြုတ်ကျတဲ့အထိ ကျောင်းသားတွေကို သူဦးဆောင်ခဲ့ကာ အဖမ်းလည်းခံခဲ့ရ ပါတယ်။ တခြားဘက်မှာတော့ ဇနီးမောင်နှံ ရာသက်ပန် ဆိုတဲ့ အိမ်ထောင်ရေး လက်စွဲစာအုပ်ကို ၁၉၃၉ က ရေးသားခဲ့သလို ဓနရှင်ဝါဒ စာအုပ် ကိုလည်း ရေးသားပြီး နဂါးနီတိုက်က ထုတ်ဝေခဲ့ပါတယ်။ သခင်နဲ့ ကျောင်းသား လှုပ်ရှားသူတွေရဲ့ ကျန်းမာရေး ကိုလည်း စစ်မဖြစ်ခင် ကနေ စစ်ကြီးအတွင်းမှာ စောင့်ရှောက်ပေးခဲ့ပါတယ်။ ၁၉၄၇ က အမေရိကန်မှာ ခွဲစိတ်ပညာ သင်ဖို့အသွား ပါရှားပင်လယ်ကွေ့မှာ သူလိုက်ပါလာတဲ့ လေယာဉ်ပျံ ပျက်ကျ ကွယ်လွန်ခဲ့ပါတယ်။ ဖဆပလခေတ်မှာ သူနာပြုချုပ်ဖြစ်ခဲ့တဲ့ ဒေါ်ခင်မူအေးဟာလည်း တက္ကသိုလ်ကျောင်းသူဘဝက ဗိုလ်အောင်ကျော်သပိတ်မှာ ပါဝင်ပြီး ပုလိပ်အရိုက်ခံခဲ့ရသလို အာရှလူငယ်အဖွဲ့မှာလည်း ပါဝင်ခဲ့ပါတယ်။ ၁၉၃၉ က ဗမာပြည်ကွန်မြူနစ်ပါတီ တည်ထောင်ရာမှာတော့ ရဲဘော်ထွန်းမောင်ခေါ် ဒေါက်တာနတ်ဆိုတဲ့ ဘင်္ဂါလီကွန်မြူနစ်ဆရာဝန်တယောက် ပါဝင်ပါတယ်။ ဒေါ်ခင်ကြည်နဲ့ သူနာပြုဆရာမကြီးများ ဂျပန်ခေတ် ဆေးရုံကြီးနဲ့ ဘီအိုင်အေဆရာဝန်များ စစ်အတွင်း ရန်ကုန်ဆေးရုံကြီးနဲ့ ဒပ်ဖရင်ကို ဆက်ဖွင့်ပြီး ဆေးကုပေးကြသလို ဆေးကျောင်းကိုလည်း ဖြစ်တဲ့နည်းနဲ့ ဖွင့်ခဲ့ပါတယ်။ ဒီခေတ် ဆေးရုံကြီးကို ကွပ်ကဲခဲ့သူက ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ယောက္ခမ ဖြစ်လာမယ့် ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာဘသန်းပါ။ သူနဲ့အတူ ဆရာဝန် သူနာပြုတွေဟာ ဆေးဝါးရှားတဲ့ကြားက ဖြစ်တဲ့နည်းနဲ့ လူနာတွေကို အသက်ကယ်ခဲ့ကြသလို ဂျပန်တပ်ရဲ့ ခြိမ်းခြောက်မှု ကိုလည်း ကြုံခဲ့ကြရပါတယ်။ ဒီသူနာပြုတွေထဲက တချို့ဟာ နိုင်ငံ အကြီးအကဲတွေနဲ့ ဖူးစာဆုံခဲ့ကြပါတယ်။ ထင်ရှားသူတွေကတော့ ဗိုလ်ချုပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်၊ သခင်သန်းထွန်းကတော် ဒေါ်ခင်ကြီး၊ ဗိုလ်ချုပ်နေဝင်းကတော် ဒေါ်ခင်မေသန်းနဲ့ သခင်ကျော်စိန်ရဲ့ဇနီး ဒေါ်မိမိကြီးတို့ ဖြစ်ပါ တယ်။ ဗိုလ်မှူးချုပ်မောင်မောင် စစ်ကြီးမဖြစ်ခင်က ဆေးကျောင်းတက်ခဲ့သူအချို့ ဘီအိုင်အေ ဗမာ့လွတ်လပ်ရေးတပ်မတော်မှာ ဆေးမှူးတွေ ဖြစ်လာကြသလို ဗိုလ်ချုပ်အောင်ဆန်းအနားမှာ စစ်အရာရှိငယ်တွေ ဖြစ်လာသူတွေလည်း ရှိပါတယ်။ ဒီထဲက ဗိုလ်မှူးချုပ်မောင်မောင် ဖြစ်လာမယ့် ကိုမောင်မောင်ဟာ ပြည်သူ့အရေးတော်ပုံပါတီဝင်အဖြစ် ဂျပန်မဝင်ခင် မြေအောက်တော်လှန်ရေး လှုပ်ရှားမှုမှာ လက်နက်သင်တန်း ပေးခဲ့ပါတယ်။ နောက် ဗိုလ်မှူးချုပ်အောင်ကြီး နဲ့အတူ လွတ်လပ်ပြီးခေတ် ဗမာ့တပ်မတော်ကို ပြန်လည်ပုံဖော်ပေးခဲ့သလို တပ်ထဲမှာ ကွန်မြူနစ်လိုလားတဲ့ ရဲဘော်သုံးကျိပ်ခေါင်းဆောင်မှု မှေးမှိန်ပြီး ဆိုရှယ်လစ်ယူနစ်အုပ်စု တွင်ကျယ်လာရေးမှာ ဗိုလ်မှူးကြီးအောင်ရွှေ၊ ဗိုလ်မှူးချုပ် တင်ဖေ စသူတွေနဲ့ ဂိုဏ်းဖွဲ့ ကြိုးပမ်းခဲ့ပါတယ်။ ၁၉၅၈ မှာ ပထမဆုံး စစ်အာဏာသိမ်းပွဲကို သူနဲ့ ဗိုလ်ချုပ်အောင်ကြီးစီစဉ်ခဲ့ပြီး ၁၉၆၁ မှာတော့ တပ်က အနားပေးခံရကာ သံအမတ်အဖြစ် စေလွှတ် ခံရပါတယ်။ ဗိုလ်မောင်မောင် အာဏာကျသွားပေမယ့် သူ့ရဲ့ ကွန်မြူနစ် ဆန့်ကျင်ရေးနဲ့ တပ်ကို ခေတ်မီအောင် ချဲ့ထွင်ရေး မူတွေကို ခေတ်အဆက်ဆက် တပ်ခေါင်းဆောင်တွေ ဆက်ကိုင်စွဲခဲ့ပါတယ်။ အစောပိုင်းမှာ ဗိုလ်မှူးချုပ်မောင်မောင် သြဇာကြီးပေမဲ့ ဆေးကျောင်းသားထဲက တပ်ထဲဝင်လာသူတွေထဲမှာ ရာထူးအကြီးဆုံးကတော့ အနောက်မြောက်တိုင်းမှူးကနေ ကာကွယ်ရေးဦးစီးချုပ်ထိ ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး စန်းယုပါ။ တတိယကျောင်းသားသပိတ်မှာ ပြည်က ကျောင်းသားခေါင်းဆောင် ဖြစ်ခဲ့တဲ့ ကိုစန်းယုဟာ စစ်အတွင်း ဗမာ့တပ်မတော်ကို ဝင်ရောက်ခဲ့ပြီး စစ်အပြီးမှာလည်း ရာထူး အဆင့်ဆင့် ထမ်းဆောင်ခဲ့ပါတယ်။ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီအတွင်းရေးမှူးနဲ့ သမ္မတအဖြစ် ၁၉၈၁ ကနေ ၁၉၈၈ ထိ တာဝန်ယူခဲ့တဲ့ ဦးစန်းယုကို ဦးနေ၀င်းရဲ့ လူယုံရုပ်သေးအဖြစ်လည်း သတ်မှတ်ခဲ့ကြပါတယ်။ တက္ကသိုလ်များအဓိပတိ ဗိုလ်မှူးကြီးလှဟန် ဂျပန်ခေတ် ဆေးတပ်ဗိုလ်တွေထဲက ၁၉၆၂ နောက်ပိုင်းမှာ ဝန်ကြီး၊ နိုင်ငံတော်ကောင်စီဝင်အထိ ဖြစ်ခဲ့သူတွေ ရှိပါတယ်။ ဖျာပုံက ဗိုလ်လှသမိန်ခေါ် ဗိုလ်မှူးကြီးလှဟန်ဟာ ကျောင်းသားလှုပ်ရှားမှုခေတ် ကတည်းက နိုင်ငံရေးမှာ ပါလာခဲ့ပြီး စစ်အတွင်းမှာ ဆေးတပ်ဗိုလ် ဖြစ်လာပါတယ်။ စစ်အပြီး ဆရာဝန်အငယ်တန်းနဲ့ အမ်ဘီဘွဲ့ စာမေးပွဲဖြေကာ ဆေးတပ်မှာ ဆက်အမှုထမ်းခဲ့ပါတယ်။ ဗိုလ်မှူးကြီး လှဟန်ဟာ ပညာရေးနဲ့ ကျန်းမာရေး ဌာနတာဝန်ခံ ဝန်ကြီးအဖြစ် ၁၉၆၂ ကနေ ၁၉၇၄ ထိ ထမ်းဆောင်ခဲ့သလို ၁၉၇၄ နောက်ပိုင်းမှာလည်း နိုင်ငံတော် ကောင်စီ၀င် ဖြစ်ခဲ့ပါတယ်။ သူ့လက်ထက်မှာ စတင် ခဲ့တဲ့ ဆိုရှယ်လစ် ပညာရေးနဲ့ ကျန်းမာရေး မူဝါဒတွေ ဟာ အနှစ် ၂ဝ ကျော်ကြာ တည်တံ့ခဲ့ပြီး မအောင်မြင်မှုတွေ ရှိခဲ့ပေမဲ့ လူအများစု စာတတ်မြောက်ရေး၊ မြန်မာစာကို ကျောင်းသုံးစာအဖြစ် သတ်မှတ် ရေး၊ ဆေးရုံနဲ့ ဆေးပေးခန်းတွေ တိုးချဲ့ပြီး ပြည်သူ့ဆေးရုံတွေက အခမဲ့ ဝန်ဆောင်မှုပေးနိုင်ရေးတွေကို အားထုတ်ခဲ့တာ တွေ့ရပါတယ်။ ၁၉၈၈ နောက်ပိုင်း စျေးကွက်စီးပွားရေးစနစ်ခေတ်မှာ ဗိုလ်မှူးကြီး လှဟန်တို့ခေတ်က ဆိုရှယ်လစ်ကျန်းမာရေးနဲ့ ပညာရေးမူတွေ တိမ်ကောသွားခဲ့ပါတယ်။ သူ့လက်ထောက် ဒုတိယဗိုလ်မှူးကြီး သိန်းအောင်နဲ့ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးဖြစ်ခဲ့တဲ့ ဗိုလ်မှူးကြီးဒေါက်တာမောင်လွင်တို့ဟာ လည်း ဘီအိုင်အေ ခေတ်က စစ်ဗိုလ်တွေ ဖြစ်ကြပါတယ်။ ဒုတိယစစ်ထောက်ချုပ် ထိ ဖြစ်ခဲ့တဲ့ ဒေါက်တာမောင်လွင်ဟာ ဒေါ်ခင်မေသန်းရဲ့ ခင်ပွန်းဟောင်း ဒေါက်တာ တောင်ကြီးရဲ့ ယောက်ဖ ဖြစ်ပါတယ်။ နိုင်ငံတော်ကောင်စီဝင်ထိ ဖြစ်သွားကြတဲ့ ဒီစစ်ဆေး အရာရှိကြီး သုံးယောက်ဟာ ဗြိတိန်မှာ ဆေးပညာ ဒီပလိုမာဘွဲ့တွေ သွားရောက်သင်ယူခဲ့ကြပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း၊ သံအမတ် ဦးလှမောင်၊ ဗိုလ်စကြာနဲ့ ဦးအုန်း ဗိုလ်စကြာ ဆေးကျောင်းသားနဲ့ သခင်ဟောင်း ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စကြာကတော့ စစ်အတွင်းမှာ ဒုတိယကာကွယ်ရေးဝန်ကြီးနဲ့ တိုကျိုမှာ မြန်မာ စစ်သံမှူး ဖြစ်ခဲ့ပါတယ်။ ဆိုဗီယက်သံရုံးနဲ့ တိုကျိုမှာ ချိတ်ဆက် ပြီး စစ်သတင်း ဖလှယ်ခဲ့သလို ဂျပန်တော်လှန်ရေး စချိန်မှာ ဂျပန်ရောက် မြန်မာစစ်နဲ့ အရပ်ဘက်ပညာသင်တွေကို စောင့်ရှောက် ကာကွယ်ပေးခဲ့ပြီး စစ်အပြီး ပြည်တော်ပြန်နိုင်ရေးနဲ့ အချုပ် အနှောင် မခံရရေး အတွက်လည်း သူစီစဉ်ခဲ့ ပါတယ်။ စစ်ပြီးခေတ်မှာ ပြည်ထဲရေးဌာနပါလီမန်အတွင်းဝန်နဲ့ ပထမဆုံး မြန်မာလေကြောင်းကုမ္ပဏီပိုင်ရှင် ဖြစ်ခဲ့တဲ့ ဗိုလ်စကြာဟာ ၁၉၆၂ နောက်ပိုင်း ပြည်ပ ထွက်ပြီး စစ်အစိုးရကို ပုန်ကန်တဲ့ ဦးနုတို့အဖွဲ့နဲ့ ပူးပေါင်းရင်း ၁၉၆၉ မှာ ဘန်ကောက်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ ဒုတိယဇနီး ရုပ်ရှင်မင်းသမီး ဝင်းမင်းသန်း ခေါ် ဟယ်လ်ဂါဂျွန်ဆင် ကတော့ ပထမဆုံး ဟောလီးဝုဒ် မှာ ရုပ်ရှင်ရိုက်တဲ့ မြန်မာအမျိုးသမီး အဖြစ် ထင်ရှားခဲ့ပါတယ်။ ဆရာဝန် ဝန်ကြီးနဲ့ သူပုန်၊ အစိုးရစစ်ဗိုလ် စစ်အပြီး မြန်မာ့နိုင်ငံရေး စင်မြင့်ပေါ် ရောက်လာသူတွေထဲမှာ တော်လှန်ရေးမှာ ဆေးတပ်က ပါခဲ့တဲ့ ဝန်ကြီးနဲ့ အမတ်တွေအပြင် ၁၉၄၈ နောက်ပိုင်း ပြည်တွင်းစစ် ကာလမှာ နိုင်ငံရေး လုပ်ခဲ့ကြတဲ့ ဆရာဝန်နဲ့ ဆေးကျောင်းသူဆေးကျောင်းသားတွေ ရှိပါတယ်။ ဒီထဲက ကရင်ပြည်နယ် ဝန်ကြီး၊ ပြည်နယ်ကောင်စီဥက္ကဋ္ဌ ရာထူးကို အနှစ် ၂ဝ ကျော်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာစောလှထွန်းဟာ NLD ခေတ်မှာ ကရင်ဝန်ကြီးချုပ်ဖြစ်တဲ့ နန်းခင်ထွေးမြင့်ရဲ့ ဖခင်ဖြစ်ပါတယ်။ ဦးနုရဲ့ ဖဆပလခေတ်ကနေ အိမ်စောင့်အစိုးရ၊ ပထစ၊ တော်လှန်ရေး ကောင်စီခေတ်အထိ သူ့ကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ခန့်ခဲ့သလို ၁၉၇၄ နောက်ပိုင်းမှာလည်း နိုင်ငံတော် ကောင်စီဝင် ဖြစ်ပါတယ်။ စစ်အတွင်း ဖက်ဆစ်ဆန့်ကျင်ရေးမှာ ကင်ပေတိုင် အဖမ်းခံခဲ့ရတဲ့ ဒေါက်တာစောလှထွန်းဟာ ၁၉၄၈ ကရင်သူပုန်ထချိန် မှာလည်း မော်လမြိုင်မှာ ကရင်လက်နက်ကိုင်တွေ ဖမ်းတာ ခံခဲ့ရပါတယ်။ ဆေးတက္ကသိုလ် ကျောင်းသား မောင်ခန့်ညားဟိန်း သူနဲ့အလားတူ တော်လှန်ရေးပြန် စစ်ဆေးမှူးထဲက ဝန်ကြီးဖြစ်သူကတော့ ဒေါက်တာစိန်ဘန်းဖြစ်ပါတယ်။ လွတ်လပ်ပြီးခေတ် တိုင်းပြည်ပြု လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ ဒေါက်တာ စိန်ဘန်းဟာ ၁၉၅၂ မှာ လူမျိုးစု လွှတ်တော် ဒုဥက္ကဋ္ဌဖြစ်ပြီး ၁၉၅၆ မှာ ကျန်းမာရေး ဝန်ကြီး ဖြစ်ခဲ့ပါတယ်။ ၁၉၄၈ ပြည်တွင်းစစ်စပြီးနောက်ပိုင်း အစိုးရဘက်က ဝင်တိုက်ခဲ့ကြတဲ့ ဆေးကျောင်းသားတချို့ နောင်မှာ စစ်အရာရှိကြီးတွေ ဖြစ်လာ ပါတယ်။ ဒီထဲက ဗိုလ်မှူးကြီး ကျော်စိန်ထွန်း ထင်ရှားသလို ပဲခူးနား မှာ တိုက်ပွဲကျခဲ့တဲ့ ဆေးကျောင်းသား သူရ မွန်ထော်သက်ညွန့် ဟာလည်း နာမည်ကြီးပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်မှာ ဆေးပညာသင်ခဲ့တဲ့ ဗိုလ်ကြီးမွန်ထော် သက်ညွန့်ဟာ ၁၉၄၉ မှာ ဖြစ်တဲ့ ကရင် သူပုန်နဲ့ တိုက်ပွဲမှာ ကျဆုံးပြီး ဖောင်တော်သီနားက သူတို့ကျတဲ့နေရာမှာ ခုထိ ကျောက်တိုင် အမှတ်အသား ရှိပါတယ်။ နားနှာခေါင်း လည်ချောင်း ဆရာဝန်နဲ့ သံအမတ်ဟောင်း ဒေါက်တာသာလှိုင် ကတော့ ကမ္ဘာစစ်အတွင်းနဲ့ ပြည်တွင်းစစ်အစမှာ စစ်ထဲ နှစ်ခါ ဝင်တိုက်ခဲ့ ပြီးမှ ဆေးကျောင်းတက်ခဲ့သူ ဖြစ်ပါတယ်။ ဆေးကျောင်းသား ကိုထွန်းရှိန်ကတော့ တောခိုပြီး ဗကပနဲ့ ပူးပေါင်းပါတယ်။ အရှေ့ဥရောပမှာ မြန်မာကျောင်းသားကိုယ်စားလှယ်အဖြစ် နေခဲ့တဲ့ ကိုထွန်းရှိန်ဟာ ၁၉၆၃ နောက်ပိုင်း ပြည်တွင်း ပြန်လာပြီး ဖြုတ်ထုတ်သတ် မှာ ထွန်းငြိမ်း ထွန်းရှိန်ဂိုဏ်းအဖြစ် ချေမှုန်းခံခဲ့ရပါတယ်။ သူ့အစ်ကိုရင်း မြန်မာစာကထိက ဦးလှမောင်ကတော့ ဦးနေဝင်းခေတ်မှာ နိုင်ငံတော်ကောင်စီဝင် ဖြစ်ခဲ့ပါတယ်။ ကိုထွန်းရှိန်လိုပဲ မြို့ပေါ်က ကျောင်းသား လှုပ်ရှားမှု တွေမှာ တက်ကြွတဲ့ ဆေးကျောင်းသားလှုပ်ရှားသူတွေ ရှိခဲ့ပြီး ဒီထဲက တချို့ တောခိုကြပါတယ်။ ဗကပဆေးမှူးကြီး ဖြစ်ခဲ့တဲ့ ဒေါက်တာ ဉာဏ်ချစ် ဟာ ၁၉၈၉ ဗကပ ပြိုကွဲချိန်မှာ ဝ လက်နက်ကိုင် တွေ သတ်ဖြတ်တာ ခံရတယ်လို့ ဆိုပါတယ်။ သူ့ယောက်ဖ ဦးအောင်သောင်းက ကြံ့ခိုင်ရေး ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပြီး တူဖြစ်သူကတော့ လက်ရှိတပ်မတော်မှာ ရေတပ် ဦးစီးချုပ် ဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်ပါတယ်။ သခင်ကိုယ်တော်မှိုင်းရဲ့ သမားတော်ကြီးဖြစ်တဲ့ ဒေါက်တာဆင်ဘိုးဟာလည်း ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုမှာ တက်ကြွသူ ဖြစ်ပါတယ်။ ဒေါက်တာဆင်ဘိုး လန်ဒန်မှာ ဆေးပညာသင်သွားစဉ်ကလည်း လက်ဝဲ နိုင်ငံရေးစာပေတွေကို တစ်စိုက်မတ်မတ် ဖတ်ရှုခဲ့ တယ်လို့ ဒေါက်တာမောင်မောင်ရဲ့ လန်ဒန်ဒိုင်ယာရီက ဖော်ပြပါတယ်။ ၁၉၆၇ တရုတ်ဗမာအရေးအခင်းအပြီးမှာလည်း တခြား လက်ဝဲ လှုပ်ရှားသူ တွေနဲ့အတူ ဒေါက်တာ ဆင်ဘိုး ထိန်းသိမ်းခံခဲ့ရပါတယ်။ ၁၉၇၂ မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကော်မတီကို အကြံပြုစာပို့လို့ ချင်းဆေးကျောင်းသား ကိုဇလှယ်ထန်းကို တနှစ် ထိန်းသိမ်းခဲ့ပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲ မှာတော့ ဒေါက်တာဇလှယ်ထန်း ချင်း NLD က ဝင်အရွေးခံ အနိုင်ရခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ ဒေါက်တာစိန်ဝင်းအစိုးရမှာ ဝန်ကြီးဖြစ်ခဲ့ပါတယ်။ ကူမင်းရောက် ဗိုလ်ချုပ်ကျော်ဇောနဲ့ သမီး ဒေါက်တာလှကျော်ဇော ၁၉၇၆ မှာ မိသားစုနဲ့ တောခိုခဲ့တဲ့ ဒေါက်တာလှကျော်ဇောဟာလည်း ခုချိန်ထိ ဗမာပြည်ကွန်မြူနစ်ပါတီဝင်အဖြစ် ယူနန်ပြည်နယ်ကနေ နိုင်ငံရေးဆောင်းပါးတွေ ရေးသားနေဆဲ ဖြစ်ပါတယ်။ တောခိုသွား တဲ့အတွက် ဆေးပညာမဟာသိပ္ပံဘွဲ့ မရဘဲ စွန့်လွှတ်ခဲ့ရပေမယ့် အရှေ့မြောက်နယ်စပ်ဒေသမှာ ဆေးမှူးအဖြစ် သူထမ်းဆောင်ခဲ့ပါတယ်။ ကေအိုင်အို ကချင်လက်နက်ကိုင်အဖွဲ့မှာ ဒုတိယဥက္ကဋ္ဌဖြစ်ခဲ့တဲ့ ဒေါက်တာတူးဂျာဟာလည်း သွားဆရာဝန်တယောက် ဖြစ်ပါတယ်။ သွားဆရာဝန် လူရွှင်တော်နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဇာဂနာ ထောင်ကျသော ဆရာဝန် အမတ်များနဲ့ အေဘီ လော်ဘီဆရာဝန်များ ၁၉၈၇ ခုနှစ် ဝန်းကျင်က မြန်မာ့ရုပ်မြင်သံကြားကနေ အငြိမ့်လူရွှင်တော်အဖြစ် ကျော်ကြားလာတဲ့ ဇာဂနာခေါ် ကိုသူရဟာ သွားဆေး တက္ကသိုလ် ကျောင်းသားဖြစ်ပါတယ်။ ၁၉၈၈ နောက်ပိုင်း ထောင်နှစ်ရှည်ချခံခဲ့ရတဲ့ ဇာဂနာဟာ ၂ဝဝ၇ ရွှေဝါရောင်လှုပ်ရှားမှုထိ နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်ခဲ့သလို စစ်အစိုးရကို ပြက်လုံးထုတ်အန်တုခဲ့သူ ဖြစ်ပါတယ်။ သူနဲ့အတွဲညီခဲ့တဲ့ လူရွှင်တော် ပလာယာ ကတော့ NLD ခေတ် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ဖြစ်ပါတယ်။ ဒေါက်တာစင်သီယာမောင်နဲ့ လော်ရာဘုရှ် ၁၉၈၈ အရေးအခင်းမှာတော့ လက်ဝဲယူဂျီဘက်ကရော လက်ယာနိုင်ငံရေး လှုပ်ရှားမှုမှာပါ ဆရာဝန်တွေ ပါဝင်ပတ်သက်ခဲ့ကြပါတယ်။ ထင်ရှားတဲ့ ယူဂျီ ဒေါက်တာမော်ဇင်နဲ့ ဒေါက်တာဇော်မင်းတို့ နှစ်ပေါင်း များစွာ ထိန်းသိမ်း ခံခဲ့ရသလို ဒေါက်တာစင်သီယာမောင်ကတော့ နယ်စပ်ထွက်ပြီး မယ်တော်ဆေးခန်းကို ထူထောင်ကာ ဒုက္ခသည်တွေကို ဆေးကုပေးခဲ့ပါတယ်။ ဒီအတွက် သူ့ကို ရေမွန် မက်ဆေးဆေးဆု ချီးမြှင့်ခံခဲ့ရပါတယ်။ အွန်လိုင်းမှာ လှုပ်ရှားနေတဲ့ ဒေါက်တာတင့်ဆွေ ၁၉၉ဝ ရွေးကောက်ပွဲမှာ ဆရာဝန်အများအပြား ရွေးကောက်ခံရပြီး အယောက် ၅ဝ ပါတယ်လို့ သိရပါတယ်။ နောက် ၁၉၇၇၊ ၁၉၇၉ နဲ့ ၁၉၈ဝ ဝန်းကျင်က ဆရာဝန်ဖြစ်သူတွေထဲမှာ အမတ်အဖြစ် နိုင်ငံရေး ထဲ ဝင်လာသူတွေ ရှိကြပါတယ်။ ဒီထဲက ဒေါက်တာ ဇော်မြင့်မောင်၊ ဒေါက်တာမြင့်နိုင်၊ ဒေါက်တာအောင်မိုးညို ဆိုတဲ့ NLD ဝန်ကြီးဖြစ်သူ သုံးယောက်ဟာ ၁၉၉ဝ မှာ အမတ်ဖြစ်လာပြီး လွှတ်တော် မတက်ခဲ့ ရဘဲ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံခဲ့ရသူတွေ ဖြစ်ကြ ပါတယ်။ ဆရာဝန်အမတ်တချို့ နုတ်ထွက်တာတွေ ရှိသလို ဒေါက်တာတင့်ဆွေနဲ့ ဒေါက်တာစန်းအောင်တို့လို ပြည်ပထွက်ပြီး စင်ပြိုင်အစိုးရ ဝန်ကြီး ဖြစ်လာသူလည်း ရှိပါတယ်။ ဒေါက်တာ သောင်းထွန်း ကတော့ စင်ပြိုင်အစိုးရရဲ့ ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၉၈ မှာ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ က ခန့်တဲ့ လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစောမြအောင် ကိုလည်း စစ်အစိုးရက ဖမ်းဆီးခဲ့ပါတယ်။ ရန်ကုန်ဆေးတက္ကသိုလ် ၂ က ဆေးကျောင်းသား ကိုဇော်ထွန်းဟာ ၁၉၈၈ အထွေထွေသပိတ်ကော်မတီမှာ အတွင်းရေးမှူးဖြစ်ခဲ့ပြီး ၁၉၈၉ နောက်ပိုင်း အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်မှာ ထမ်းဆောင်ရင်း ထိုင်းနယ်စပ်တနေရာမှာ လုပ်ကြံသတ်ဖြတ်ခံရသလို အေဘီအက်စ် ဒီအက်ဖ် စစ်ကြောင်းမှာ မိတဲ့ ဆရာဝန်တချို့ကို အစိုးရတပ်က ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိခဲ့ပါတယ်။ ၁၉၈၈ အာဏာ သိမ်းအပြီး ပစ်ခတ်မှုတွေအတွင်း မှာတော့ ဆေးတက္ကသိုလ် ၂ က ကျောင်းသား လျှောမွေးခေါ် ကိုဇော်လွင်ထွန်း သေဆုံးခဲ့ပါတယ်။ မြန်မာပြည် ပြန်လာတဲ့ ဦးညိုအုန်းမြင့်၊ ဒေါက်တာနိုင်အောင်နဲ့ ဒေါက်တာသောင်းထွန်း အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်ရဲ့ လက်ရှိဥက္ကဋ္ဌ ရဲဘော်သံခဲဟာလည်း ဆေးကျောင်းသားဟောင်းဖြစ်ပြီး ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်ကလည်း ဆရာဝန်ဖြစ်ပါတယ်။ ဒေါက်တာနိုင်အောင်နဲ့ မန္တလေး ဆေးတက္ကသိုလ်က တောခိုလာတဲ့ ကိုရော်နယ်အောင်နိုင်တို့ဟာ အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်းက သတ်ဖြတ်မှုတွေမှာ လက်သည်မကင်းဘူးဆိုပြီး စွပ်စွဲပြစ်တင်ခံခဲ့ရပါတယ်။ နောက် သူတို့နဲ့ ခေတ်ပြိုင် ဒေါက်တာဇော်ဦး၊ ဦးဝင်းမင်း၊ ဦးအောင်သူငြိမ်းစတဲ့ ဆေးကျောင်းသားနဲ့ အေဘီခေါင်းဆောင်ဟောင်း တချို့ဟာလည်း ထိုင်းမှာ အခြေပြုပြီး ဗဟုနိုင်ငံရေးအဖွဲ့ ထူထောင်ခဲ့သလို ၂ဝ၁၂ နောက်ပိုင်း ပြည်တွင်းအခြေစိုက် နိုင်ငံရေးနဲ့ စီးပွားရေး အကြံပေးအဖွဲ့တွေမှာ ပါဝင်ခဲ့ကြပါတယ်။ ၁၉၉၄ မှာတော့ ယူနီဆက်ဝန်ထမ်းဟောင်း သွားဆရာဝန် ဒေါက်တာခင်ဇော်ဝင်းကို အတိုက်အခံနဲ့ ဆက်စပ်တဲ့ စာရွက်စာတမ်းတွေ သယ်ဆောင်တယ်ဆိုပြီး ၁၁ နှစ်ဖမ်းဆီးခံရပြီးနောက် ပြန်လွတ် လာတဲ့အခါမှာ နိုင်ငံရေး ဝေဖန်သုံးသပ်သူအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။ ၂ဝဝဝ ပြည့်လွန်နှစ်တွေမှာပဲ ဒေါက်တာနေဝင်းမောင်ရဲ့ အီးဂရက်စ်အဖွဲ့ကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံအောက်က ရွေးကောက်ပွဲ ဝင်ရေး လမ်းကြောင်းမှာ တွန်းအားပေးသူတွေ အဖြစ် ထင်ရှားလာပါတယ်။ လွတ်မြောက်လာတဲ့ ဒေါက်တာအေးမောင် ဒီမိုကရေစီပြတင်းပွင့်ချိန်နဲ့ ဆရာဝန်များ ၂ဝ၁၂ မှာ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာပြီးနောက် ဆရာဝန်တွေ လွှတ်တော်ထဲ ရောက်လာကြပါတယ်။ ဒီထဲမှာ NLD ပါတီဝင် အမတ် မျိုးဆက်သစ်တွေ ထွက်လာပြီး မွန်နဲ့ တခြား လူမျိုးစု တွေထဲက ထင်ရှားသူ ဆရာဝန်အမတ်နဲ့ ဝန်ကြီးတွေလည်း ရှိပါတယ်။ ဒီထဲက ရခိုင် RNDP ခေါင်းဆောင် အမျိုးသားလွှတ်တော်အမတ် တိရိစ္ဆာန်ဆရာဝန် ဒေါက်တာအေးမောင်ဟာ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ထင်ရှားခဲ့သလို သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ယောက်၊ တပ်ချုပ်တို့နဲ့အတူ ၂ဝ၁၅ က ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ပါခဲ့အတွက် ထင်ရှားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လက်ထက် မြောက်ဦးမှာ လှုံ့ဆော် ဟောပြောမှုနဲ့ ထောင် အနှစ် ၂ဝ ကျခဲ့ပြီးနောက် စစ်အာဏာသိမ်းပြီးနောက် မကြာခင်က ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ ကြံ့ခိုင်ရေးအမတ်ထဲက ဒုတိယသမ္မတဖြစ်ခဲ့တဲ့ ဒေါက်တာစိုင်းမောက်ခမ်းဟာလည်း ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့မှာ ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ မှာ NLD နိုင်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမားတော်နဲ့ နိုင်ငံရေး တက်ကြွသူ ဒေါက်တာတင်မျိုးဝင်း သမ္မတ ဖြစ်မယ်ဆိုပြီး သတင်းပြေးခဲ့ပေမယ့် ငြိမ်းချမ်းရေး ကော်မရှင်မှာ ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။ NLD ခန့်တဲ့ ဆရာဝန်မြို့တော်ဝန်တွေထဲမှာတော့ မန္တလေးက ဒေါက်တာရဲလွင်ကို လူကြိုက်များခဲ့ပါတယ်။ တနင်္သာရီတိုင်းမှာတော့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် လာဘ်စားမှုနဲ့ ထောင်ကျခဲ့ပါတယ်။ မန္တလေး ဆန္ဒပြခေါင်းဆောင် ဒေါက်တာတေဇာစန်း ၂ဝ၂ဝ ရွေးကောက်ပွဲမှာလည်း NLD က အရွေးခံရသူဆရာဝန် အတော်များပါတယ်။ သူတို့လွှတ်တော်မတက်ခင်မှာ အာဏာသိမ်း သွားပြီးနောက် ပထမဆုံး စီဒီအမ်လှုပ်ရှားသူတွေထဲမှာ ဆရာဝန်တွေ ပါသလို မန္တလေးကနေ ပထမဆုံးလမ်းပေါ်ထွက် ဆန္ဒပြသူတွေထဲမှာ လည်း ဒေါက်တာတေဇာစန်း ခေါင်းဆောင်ခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက မကြာခင်က ခန့်တဲ့ ခေတ္တ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ အလုပ်သမား နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာလည်း ဆေးတက္ကသိုလ် ၁ ပါမောက္ခချုပ်အဖြစ် စီဒီအမ်လှုပ်ရှားမှုမှာ ခေါင်းဆောင်ခဲ့သလို ကိုဗစ်ထိန်းချုပ်ကုသရေးမှာလည်း ဦးဆောင်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ NLD ခေတ္တဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဆန္ဒပြနှိမ်နင်းမှုတွေအတွင်း ဆေးတက္ကသိုလ် ၁ က ပထမနှစ်ကျောင်းသား ခန့်ငြားဟိန်း ကျဆုံးသလို ဖမ်းဆီးဝရမ်းထုတ်ခံရတဲ့ ဆေးကျောင်းသားနဲ့ စီဒီအမ်ဆရာဝန်တွေ ရှိပါတယ်။ ဒီနှိမ်နင်းမှုတွေ အတွင်း ထိခိုက် ဒဏ်ရာရသူတွေ ကုသရေးမှာလည်း မြန်မာပြည်က ဆရာဝန်နဲ့ သူနာပြုတွေဟာ ကမ္ဘာစစ်၊ ပြည်တွင်းစစ်နဲ့ ၁၉၈၈၊ နာဂစ် စတဲ့ အရေးပေါ်ကာလ ကုသမှုတွေမှာလိုပဲ စောင့်ရှောက်ကုသခဲ့ ကြတာကို တွေ့ရပါတယ်။ ပြည်ပ မှာတော့ ဒေါက်တာဆာဆာက အထူးကိုယ်စားလှယ်အဖြစ် CRPH တာဝန်တွေကို ထမ်းဆောင်နေပြီး ပြည်ပရောက် မြန်မာဆရာဝန်တွေရဲ့ စီဒီအမ်အတွက် ရန်ပုံငွေ ကောက်ခံစုဆောင်းမှုတွေကိုလည်း တွေ့ရပါတယ်။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဇော်မြင့်မောင်
မြန်မာနိုင်ငံမှာ မကြာခင်က ဖြစ်ပွားတဲ့ စီဒီအမ် ခေါ် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ စတင်သူတွေက ဆရာဝန်နဲ့ ဆေးပညာရှင်တွေ ဖြစ်ကြပါတယ်။ ဆေးလောက အသိုင်းအဝိုင်းကို နိုင်ငံရေးနဲ့ ပတ်သက် လေ့ သိပ်မရှိဘူးလို့ ယူဆခဲ့ကြပေမဲ့ ဒီလို ပေါ်ထွက်လာတဲ့အတွက် တခြား ရုံးဝန်ထမ်းနဲ့ အလုပ်ရုံ စက်ရုံတွေကိုလည်း ပျံ့နှံ့သွားခဲ့ပါတယ်။ တကယ်က ဆရာဝန်နဲ့ မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုဟာ ခုမှ မဟုတ်ဘဲ ၂ဝ ရာစု အစောပိုင်းကတည်းက ရှိခဲ့ပြီး ဖြစ်ပါတယ်။
141014_north_korea_kim_appearance
https://www.bbc.com/burmese/world/2014/10/141014_north_korea_kim_appearance
ကင်မ် ဂျုန် အန်း လူရှေ့ထွက်လာ
ရက်ပေါင်း ၄၀လောက် ပျောက်နေတဲ့ ကင်မ် ဂျုန် အန်းရဲ့ ကျန်းမာရေး အခြေအနေကို အမျိုးမျိုး ထင်ကြေးပေး ပြောနေကြ ဒါဟာ ရက်ပေါင်း ၄၀အတွင်း ပထမဆုံးအကြိမ် ကင်မ် ဂျုန် အန်း လူထု ရှေ့မှောက် ထွက်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေရာတွေကို ဘယ်အချိန်မှာ လာရောက် ကြည့်ရှုခဲ့တာလဲဆိုတာ ထည့်သွင်း မပြောခဲ့ပေမယ့် ကင်မ် ဂျုန် အန်း ဟာ သိပ္ပံ ကျောင်းသားသစ်ကလေးတွေကို ကွင်းဆင်း ညွှန်ကြားမှုတွေ ပေးခဲ့တယ်လို့ သတင်းတွေထဲမှာ ဖေါ်ပြထားပါတယ်။ အသက် ၃၁နှစ်အရွယ် ကင်မ် ဂျုန် အန်းကို လူထု ရှေ့မှောက် မတွေ့ရတာဟာ နာမကျန်း ဖြစ်နေလို့ ဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ကင်မ် ဂျုန် အန်း ကျန်းကျန်းမာမာ ရှိနေပါတယ်လို့ ဗြိတိန်နိုင်ငံဆိုင်ရာ မြောက်ကိုးရီးယား သံအမတ်ကြီးက ဘီဘီစီကို ပြောခဲ့အပြီး တရက်အကြာမှာပဲ ကင်မ် ဂျုန် အန်း အခုလို လူတွေရှေ့ ထွက်လာတာ ဖြစ်ပါတယ်။
လူမြင်ကွင်းကနေ ပျောက်နေခဲ့တဲ့ မြောက်ကိုးရီးယား ခေါင်းဆောင် ကင်မ် ဂျုန် အန်း အိမ်ယာ တိုက်ခန်းသစ်တွေနဲ့ သိပ္ပံ အကယ်ဒမီ ကျောင်းတခုကို လာရောက်ကြည့်ရှု နေပုံကို မြောက်ကိုးရီးယား အစိုးရ သတင်းမီဒီယာတွေမှာ ဖေါ်ပြခဲ့ပါတယ်။
burma-54432141
https://www.bbc.com/burmese/burma-54432141
ဦးနေဝင်းခေတ်မှာ ရှမ်းစာသင်ကြားရေး အားပေးခဲ့တဲ့ တက္ကသိုလ်ဆရာ
စိုင်းအောင်ထွန်း ကောလိပ်ကျောင်းဆရာဘဝ ကိုလိုနီခေတ် ရှမ်းကုန်းမြင့်ဒေသမှာ ပြည်ပထိသွားပြီး ပညာသင်နိုင်သူတွေက ရိုးရာစော်ဘွား မိသားစုတွေ ဖြစ်ကြပါတယ်။ ပဒေသရာဇ်ရှမ်းပြည်နယ်စုမှာ လွတ်လပ်ရေးမရခင်က သာမန်ပြည်သူတွေအတွက် ဖွင့်လှစ်ပေးတဲ့ အစိုးရကျောင်းတွေ မရှိခဲ့လို့ ခေတ်သစ် ပညာရေးကို လူအများစု လက်လှမ်းမမီခဲ့ကြပါဘူး။ ဒီလိုနောက်ခံအနေအထားတွေ ရှိပေမဲ့ ဆင်းရဲတဲ့ မိသားစုက လာတဲ့ စိုင်းအောင်ထွန်း ပြည်ပမှာ သွားရောက်သင်ယူနိုင်တဲ့အထိ ကြိုးစားခဲ့ပါတယ်။ မြက်ရိတ်ပြီး ကျောင်းနေခဲ့သူ စိုင်းအောင်ထွန်းကို ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နားက တာပုတ်ရွာမှာ ၁၉၃၂ က မွေးဖွားခဲ့ပါတယ်။ ဖခင်က လက်သမားဆရာဖြစ်ပြီး မိခင်က ခေါပုတ်ရောင်းပါတယ်။ စစ်အတွင်းကာလမှာတော့ မိသားစု ဝမ်းရေး အတွက် စိုင်းအောင်ထွန်း ဖခင်နဲ့အတူ လိုက်ပြီး ထင်းရှာမြက်ရိတ်တာတွေ လုပ်ခဲ့တယ်လို့ ရှမ်းရိုးမစာကြည့်တိုက်ကို တည်ထောင်တဲ့ အရှင်ခေမာစာရက ရေးပါတယ်။ ရှမ်းပြည်နယ်က အင်းလေးကန်အလှ နောက် ဆယ်တန်းအောင်ပြီး ရန်ကုန်တက္ကသိုလ်တက်ဖို့ စရိတ်မရှိတဲ့အတွက် သီပေါမြို့သူမြို့သားတွေ ဝိုင်းထောက်ကြတဲ့ ငွေခြောက်ရာယူကာ ရန်ကုန်ကို ကုန်ကား စပယ်ယာလုပ်ပြီး လိုက်သွားတယ်လို့လည်း ဆိုပါတယ်။ ရန်ကုန်ရောက်မှ တက္ကသိုလ်ကို ဘယ်နားရှာရမှန်းမသိဖြစ်နေတုန်း ပွဲရုံကို ရောက်လာတဲ့ သီပေါက ကျောင်းသားတွေနဲ့ တွေ့ပြီး လိုက်သွားခဲ့ရတာ ဖြစ်ပါတယ်။ တက္ကသိုလ်မှာ ရှမ်းအစိုးရပညာသင်ဆုနဲ့ ဘွဲ့ရပြီးနောက် ဆရာပြန်လုပ်ရင်း ဆရာဆရာမတွေ အကူအညီနဲ့ အမေရိကန်ပညာသင်ဆု ရခဲ့ပါတယ်။ အမေရိကန်က ပြန်လာချိန်မှာတော့ တောင်ကြီးဥပစာကောလိပ်မှာ သမိုင်း လက်ထောက်ကထိက ဖြစ်လာပါတယ်။ ထောက်လှမ်းရေးခေါ်စစ် သူလက်ထပ်တဲ့ ၁၉၆၂ မှာပဲ မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးလို့ စော်ဘွားတွေကို ဖမ်းထားပြီးပြီ ဖြစ်ပါတယ်။ သူလက်ထပ်နေချိန်မှာ စစ်ထောက်လှမ်းရေးက သူ့ကို စစ်ဆေးဖို့ လာခေါ်တော့ ငါ မင်္ဂလာဆောင်နေတုန်း ရှိသေးတယ်၊ သတို့သမီးလက်တောင် မကိုင်ရသေးဘူး လို့ ဆိုတယ်လို့လည်း အရှင်ခေမာစာရက ရေးပါတယ်။ လားရှိုးအမြောက်တပ်မှာ ခေါ်စစ်နေတုန်း သူတို့လင်မယား နွားတင်းကုပ်အဟောင်းထဲမှာ တစ်လလောက် နေခဲ့ရတာပါ။ ဒီလို စစ်ဆေးခံခဲ့ရပေမဲ့ စိုင်းအောင်ထွန်း နောက်တွန့်မသွားဘဲ ရှမ်းစာပေ သင်ကြားရေးကို အားစိုက်ခဲ့ပါတယ်။ အဲဒီခေတ်က ရှမ်းစာသင်ရင် သူပုန်နဲ့ ဆက်တယ်ဆိုပြီး စွပ်စွဲခံနေရချိန်မှာ သူ့ကိုယ်ပိုင်ချိန်ထဲကနေ ရှမ်းစာပေ အတွက် စိုင်းအောင်ထွန်း ဆောင်ရွက်ခဲ့တာလို့လည်း လန်ဒန် တက္ကသိုလ် အရှေ့တောင်အာရှ စာကြည့်တိုက်မှူး ဒေါက်တာ ဇောတိကခေးယင်းက ပြောပါတယ်။ အက်စ်အက်စ်အေ တောင်ပိုင်းတပ်တွေကို အားပေးနေတဲ့ ရှမ်း လုံမပျို နောက် သူစာသင်ပေးခဲ့တဲ့ ရှမ်းကျောင်းသားတွေ တောမခိုခင် သူ့ကို လာနှုတ်ဆက်တဲ့အခါမှာလည်း အင်မတန် စိတ်မကောင်းဖြစ်တတ်ကြောင်း တပည့်ဟောင်း စိုင်းဝမ်စိုင်းက သျှမ်းသံတော်ဆင့်သတင်းမှာ ရေးသား ပါတယ်။ ကျောင်းသားတွေ ဆုံးဖြတ်ချက်ကို လေးစားပေမဲ့ သူ့လမ်းသူရွေးပြီးသား ဖြစ်တယ်လို့ စိုင်းအောင်ထွန်းက ပြောတယ်လို့လည်း ဆိုပါတယ်။ သူနဲ့ တက္ကသိုလ်နေဘက် ရှမ်းစော်ဘွားမျိုးနွယ်တွေ နွံစစ်ဟန် လှုပ်ရှားမှုနဲ့ တောခိုကြချိန်မှာ စိုင်းအောင်ထွန်း အမေရိကန် ရောက်နေခဲ့လို့ ပါမသွားတာလို့ ယူဆသူတွေလည်း ရှိပါတယ်။ မဟတိုကို ဦးဆောင်သူ ရှမ်းစာပေမှာ ၁၉၄ဝ လောက်ကစပြီး လိက်တိုင်းမိုင် ခေါ် စာသစ်တီထွင်ရေး လှုပ်ရှားမှုတွေ စခဲ့ပါတယ်။ သီပေါက ဒေါက်တာဘဉာဏ်နဲ့ တခြားပညာရှင်တွေ၊ ဆရာတော်တွေ ပူးပေါင်းတီထွင်ကြတဲ့ ဒီစာသစ်ဟာ လိက်တိုင်းကော်ဝ် စာဟောင်း ရေးနည်းထက် ပိုပြီး တိကျတဲ့ အသံထွက်နိုင်အောင်နဲ့ ရှမ်းပြည်အပြင်ဘက်က ရှမ်းမျိုးနွယ်တွေအားလုံး သုံးလို့ရအောင် ကြိုးစားတီထွင်တဲ့ စာသစ်ရေးနည်း ဖြစ်ပါတယ်။ အဲဒီအချိန်က စစ်အစိုးရလက်အောက်ခံ ရှမ်းအစိုးရက စာဟောင်းရေးနည်းကို အားပေးပြီး သူပုန်သုံးတဲ့ စာသစ်သင်တဲ့ ဆရာတွေကို ဖမ်းဆီးခဲ့တယ်၊ ဒါကြောင့် ရန်ကုန်ထိ သွားပြီး ကောလိပ်ကျောင်းသားတွေနဲ့ လမ်းစဉ်ပါတီ အာဏာပိုင်တွေ ဆွေးနွေးခဲ့ရတယ်လို့ စိုင်းဝမ်စိုင်းက ရေးပါတယ်။ တောင်ကြီးကောလိပ်မှာ သူဆရာလုပ်နေရင်း ကျောင်းသား (၁၅) ယောက်လောက် အမြဲ သူ့အိမ်မှာ တင်ထားတတ်တယ်လို့လည်း သိရပါတယ်။ သူတို့သမီးခင်ပွန်း လစာ တထောင်ကျော်လေးနဲ့ ကျောင်းသားတွေ အတွက်ပါ ချက်ပြုတ်ကျွေးမွေးနေခဲ့တာ ဖြစ်ပါတယ်။ မဟတိုခေါ် ရေးတတ်၊ဖတ်တတ်၊ တွက်တတ်၊ သင်တတ်၊ တည်ထောင်တတ်ရမယ်ဆိုတဲ့ ရှမ်းစာသင်နည်းစနစ်ကို စိုင်းအောင်ထွန်း ဦးဆောင်ခဲ့တယ် လို့လည်း အရှင်ခေမာစာရက ရေးပါတယ်။ ၁၉၈၅ ရန်ကုန်မြို့လယ်က ဆင်းရဲနွမ်းပါးမှု ကောင်စီဝင်နဲ့ ၈၈ တောင်ကြီး၊ မြစ်ကြီးနားနဲ့ ရန်ကုန် နိုင်ငံခြားဘာသာသင်သိပ္ပံကျောင်းအုပ်ကြီးတွေ လုပ်ရင်း စိုင်းအောင်ထွန်း လမ်းစဉ်ပါတီအမတ်နဲ့ နိုင်ငံတော်ကောင်စီဝင်ထိ ဖြစ်ခဲ့ပါတယ်။ တောင်ကြီးကောလိပ်မှာ သူ့လက်အောက်က ဆရာမလုပ်သွားတဲ့ ဒေါ်နီနီမြင့်က ထောက်ခံလို့ ဦးနေဝင်း သူ့ကို ကောင်စီဝင်ခန့်ခဲ့သလား၊ ဒါမှမဟုတ် ကောင်စီမှာ အရပ်သားနဲ့ တိုင်းရင်းသားထဲက လူနည်းနေလို့ ခန့်တာလား မသိဘူးလို့ စိုင်းအောင်ထွန်းက ခေတ်ရနံ့ မဂ္ဂဇင်းနဲ့ တွေ့ဆုံခန်းမှာ ပြောကြားခဲ့ပါတယ်။ ဒီလို ထိပ်ဆုံးအာဏာပိုင်အဖွဲ့ကို ရောက်ပေမဲ့ ကောင်စီဝင်တွေဟာ ဘာမှ ပြောရဲဆိုရဲကြတာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။ ဦးနေဝင်းကို မပြောနဲ့၊ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ ဦးစန်းယုကိုတောင် ပြန်မပြောရဲဘူးလို့ သိရပါတယ်။ ဒါကြောင့် နိုင်ငံမှာ စီးပွားရေး လူမှုရေး အစစ ယိုယွင်းလာတာကို ဦးနေဝင်းကို အမြန်ပြောဖို့ ကောင်စီဝင် ဒေါက်တာမောင်မောင်ကို သူတိုက်တွန်းခဲ့ပေမဲ့ ဒေါက်တာ မောင်မောင်လည်း ပြောဖို့ခက်နေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါနဲ့ နောက်ဆုံး ၁၉၈၈ မှာ ကျောင်းသားပြည်သူတွေ အစုလိုက် ဆန္ဒပြနေကြတာကို စိုင်းအောင်ထွန်း လွှတ်တော်ဝရန်တာကနေ ထွက်ကြည့်ပြီး စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ နိုင်ငံတော်ကောင်စီမှာ အရပ်သားခွင် တိုင်းရင်းသားခွင်က စစ်တပ်ခွင် ပါတီခွင်ကို မကျော်နိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။ ၁၉၈၈ နောက်ပိုင်း အမျိုးသားညီလာခံအထိ စိုင်းအောင်ထွန်းကို နအဖအစိုးရက သဘာပတိခန့်ခဲ့ပါသေးတယ်။ ရှမ်းသမိုင်းနဲ့ ဖက်ဒရယ်မူ တဘက်မှာတော့ အစိုးရခန့် မြန်မာသမိုင်းအဖွဲ့မှာ ဒုတိယ ဥက္ကဋ္ဌအဖြစ်ပါဝင်ရင်း သမိုင်းဆိုင်ရာ စာတမ်းတွေ ရေးသားခဲ့ပါတယ်။ ဒီထဲက အထင်ရှားဆုံးကတော့ ရှမ်းပြည်နယ်သမိုင်း အင်္ဂလိပ်စာအုပ်ကြီး ဖြစ်ပါတယ်။ သမိုင်းဦးကနေ ၁၉၆၂ အထိ ရေးထားတဲ့ ဒီရှမ်းသမိုင်းစာအုပ်ဟာ သူ့ရှေ့က စောဆိုင်မွန် အစပျိုးပြီး မလုပ်နိုင်ခဲ့တဲ့ သမိုင်းပြုစုရေးကို သူလက်လှမ်းယူခဲ့တာလည်း ဖြစ်ပါတယ်။ စိုင်းအောင်ထွန်းရဲ့ စာအုပ်လို ရှမ်းပြည် အကြောင်း ပြည့်ပြည့်စုံစုံ ရေးထားတဲ့ တခြား ပညာရပ်စာအုပ် မရှိတဲ့အတွက် သူ့စာအုပ်က လေ့လာရေး နယ်ပယ်မှာ အရေးကြီးကြောင်း ဟားဗတ်တက္ကသိုလ် အာရှစင်တာက ပါရဂူဘွဲ့လွန်သုတေသီ ဒေါက်တာ ဂျွန်ဗျူခန်နန်က ပြောပါတယ်။ ဗြိတိန်က ရှမ်းလူငယ်တွေနဲ့ ကိန်းဘရစ်ရောက် စိုင်းအောင်ထွန်း ဖက်ဒရယ်မူနဲ့ ပင်လုံအကြောင်းဟာ မြန်မာသမိုင်းမှာ အငြင်းပွားဆုံး သမိုင်းတကွက် ဖြစ်သလို ခုချိန်ထိ ဆွေးနွေးဆဲ နိုင်ငံရေးအကြောင်းအရာလည်း ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူရေးလို့ရတဲ့ဘောင်ထဲက စစ်အစိုးရလက်ထက်မှာ စိုင်းအောင်ထွန်း ပြည့်စုံအောင် ရေးသွားတယ်လို့လည်း ဒေးဗစ်စကော့မတ်သီယာဆင်က ဧရာဝတီ သတင်းစာမျက်နှာမှာ ၂ဝဝ၉ ကတည်းက မှတ်ချက်ပေးခဲ့ပါတယ်။ တခါ စိုင်းအောင်ထွန်းဟာ ကိုယ်တိုင် ရှမ်းလူမျိုး ဖြစ်ပေမဲ့ ဖက်ဒရယ်အရေးမှာ သမာသမတ်ကျအောင် ဝေဖန်သုံးသပ်ခဲ့ပါတယ်။ ၁၉၄၇ ဖွဲ့စည်းပုံမှာ ခွဲထွက်ခွင့်ပုဒ်မ ထည့်သွင်းတာ လိုအပ်သလား ဆိုတာကနေ လွတ်လပ်ရေးရပြီးနောက် တောင်တန်း ဒေသတွေ ဖွံ့ဖြိုးရေးအတွက် အစိုးရအဆက်ဆက် စီမံကိန်းကြီးချ ဆောင်ရွက်တာ မရှိတဲ့အကြောင်းနဲ့အတူ ၁၉၆၂ ဖက်ဒရယ် နှီးနှောပွဲကြီးမှာ ဦးနုနဲ့ စဝ်ခွန်ချိုတို့ တင်သွင်းမယ့် ဆွေးနွေးချက်တွေ အာဏာသိမ်းပွဲကြောင့် ပျောက်ဆုံး သွားတာမျိုး မဖြစ်သင့်တဲ့အကြောင်းတွေကို သူရေးသားခဲ့ပါတယ်။ ဗဟိုအစိုးရနဲ့ ပြည်နယ်တွေ အာဏာခွဲဝေရေးနဲ့ ပတ်သက်ပြီး ၁၉၄၇ အခြေခံဥပဒေမှာ ဖက်ဒရယ်ပုံစံ မပီမသ ဖြစ်ခဲ့ပြီး ဗဟိုအစိုးရ ချုပ်ကိုင်မှု များခဲ့ကြောင်း၊ ဒါကြောင့် ဒီအမှားတွေကို မြန်မြန်ပြင်မှ နောက်ဆက်အမှားတွေ ရပ်မယ် ဆိုပြီးလည်း ၂ဝ၁၇ ထုတ် မြန်မာသမိုင်းသုတေသန စာစောင်ပါ ပင်လုံညီလာခံ စာတမ်းမှာ သူတိုက်တွန်းခဲ့ပါတယ်။ အရေးကြီးတဲ့ နိုင်ငံစီးပွားရေးကို ဖွံ့ဖြိုးအောင်လုပ်ဖို့ ခေတ်သစ်မှာ အားလုံးပါဝင် ဆောင်ရွက်မှရမယ်၊ ဒေသတိုင်းနဲ့ လိုအပ်ချက်နဲ့ အညီဖြစ်ရမယ်လို့လည်း စိုင်းအောင်ထွန်းက ရေးခဲ့ပါတယ်။ သမိုင်းပညာရှင် စိုင်းအောင်ထွန်း နိုင်ငံတကာနဲ့ မပြတ်စေလိုသူ စိုင်းအောင်ထွန်းဟာ တက္ကသိုလ်မှာ အရှေ့တောင်အာရှသမိုင်းသင်ကြားရေးကို နှိုးဆော်ခဲ့တယ်လို့လည်း ရန်ကုန် တက္ကသိုလ် သမိုင်းဌာနမှူး ပါမောက္ခ ဒေါက်တာမိုမိုသန့်က ပြောပါတယ်။ တက္ကသိုလ် ဘာသာရပ်တွေကို မြန်မာလို ပြောင်းလဲသင်ကြားရေးနဲ့ ပတ်သက်ပြီး အင်္ဂလိပ်ဘာသာကို ဖြတ်ထားခဲ့ရင် အာဆီယံ အဆင့်မှာ မြန်မာပြည် ထပ်ပြီး ခေတ်နောက်ကျနေအုန်းမယ်လို့ ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် အင်္ဂလိပ်စာကို မရရအောင် ကြိုးစားလိုက်စားရမယ်ဆိုပြီး တက္ကသိုလ် သင်ကြားရေး အစည်းအဝေးတခုမှာ စိုင်းအောင်ထွန်းပြောကြားခဲ့ပါတယ်။ မြန်မာသမိုင်းနဲ့ နိုင်ငံတကာဆက်ဆံရေးပညာကို ပြည်ပမှာ သွားရောက်သင်ယူခဲ့တဲ့ ပညာရှင် လူကြီးမျိုးဆက်မှာ စိုင်းအောင်ထွန်း မရှိတဲ့နောက် ဒေါက်တာခင်မောင်ညွန့်၊ ဦးထွန်းအောင်ချိန်၊ ဦးသော်ကောင်း၊ ဒေါက်တာ တိုးလှ၊ ဒေါက်တာ ဒေါ်မြင့်ကြည်နဲ့ ဒေါ်စောခင်ကြီးတို့ ထင်ထင်ရှားရှား ကျန်ရစ်ခဲ့ပါတယ်။
ရှမ်းသမိုင်းကို ပထမဆုံးအကြိမ် တဆက်တစပ်တည်းဖြစ်အောင် ရေးသားခဲ့တဲ့ စိုင်းအောင်ထွန်း စက်တင်ဘာလ ၂၅ ရက်က ရန်ကုန်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ အသက် (၈၈) နှစ်ထိ နေသွားခဲ့တဲ့ စိုင်းအောင်ထွန်းဟာ ရှမ်းပြည်နယ်သားထဲက နိုင်ငံတကာ ဆက်ဆံရေးပညာကို အမေရိကန်မှာ မဟာဝိဇ္ဇာဘွဲ့ ရတဲ့အထိ ပထမဆုံး သင်ကြား နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ နောက် ၁၉၆၂ နောက်ပိုင်း ရှမ်းစာပေ သင်ကြားရေး မှာ တစိုက်မတ်မတ် ဦးဆောင်ခဲ့သူတယောက် ဖြစ်ပြီး ရှမ်းလူမျိုးတွေရဲ့ လေးစားချစ်ခင်မှုကို ခံခဲ့ရတဲ့ ပညာရှင်တဦး ဖြစ်ပါတယ်။
160702_hillary_clinton_fbi_email
https://www.bbc.com/burmese/world/2016/07/160702_hillary_clinton_fbi_email
ဟီလာရီ ကလင်တန်ကို အီးမေးလ်ကိစ္စ FBI စစ်မေး
သမ္မတလောင်း အဖြစ် အတည်ဖြစ်ကာနီး အချိန်မှာ FBI က စစ်မေးလာ။ ၂ဝဝ၉ ခုနှစ် ကနေ ၂၀၁၃ အကြား နိုင်ငံခြားရေး ဝန်ကြီး တာဝန် ယူထား ခဲ့တုန်းက မစ္စစ် ကလင်တန် အနေနဲ့ အစိုးရ ရုံးကိစ္စတွေကို ကိုယ်ပိုင် အီးမေးလ် အသုံးပြုပြီး စာပေး စာယူတွေ ပြုလုပ် ခဲ့တဲ့ အပေါ် FBI က မေးမြန်း တာ ဖြစ်ပါတယ်။ ကိုယ်ပိုင် အီးမေးလ်ကို အဆင်ပြေ လွယ်ကူလို့ သုံးခဲ့တာက လွဲပြီး ဘယ်လို အမှားမျိုးမှ သူ့ အနေနဲ့ မကျူးလွန် ခဲ့ဘူး ဆိုပြီး မစ္စစ် ကလင်တန်က ပြောကြား ခဲ့ပါတယ်။ ဒါပေမယ့် အတိုက်အခံတွေ ကတော့ အဲဒီ့လို ကိုယ်ပိုင် အီးမေးလ် အသုံး ပြုခဲ့ခြင်းဟာ အစိုးရ လျှို့ဝှက် စာရွက်စာတမ်း တွေ ရာနဲ့ချီပြီး အများသူငါ အသုံးပြုတဲ့ အင်တာနက် နေရာကို ရောက်သွား စေတယ် ဆိုပြီး ဝေဖန် နေကြပါတယ်။ ဒီ ကိစ္စနဲ့ ပတ်သက်ပြီး မစ္စစ် ကလင်တန် အနေနဲ့ ဥပဒေကြောင်း အရ အရေးယူ ခံရ နိုင်တာမျိုး မကြုံတွေ့ရ နိုင်ဘူးလို့ ဥပဒေ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ဒါပေမယ့် သမ္မတလောင်း အနေနဲ့ အတည်ပြု ခံရတော့မယ့် ဒီမိုကရက်တစ် ပါတီ ညီလာခံ ကျင်းပဖို့ သီတင်းပတ် အနည်းငယ် အလိုမှာ FBI ဘက်က အခုလို မေးမြန်းတာတွေ ပြုလုပ် လာတာဟာ အင်မတန် တမျိုးတမည် ဖြစ်စေတယ် လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ဒီမိုကရက်တစ် ပါတီကို ကိုယ်စားပြုတဲ့ သမ္မတလောင်း အဖြစ် အခုလ နှောင်းပိုင်းကျရင် အတည်ပြု ခံရတော့မယ့် ဟီလာရီ ကလင်တန်ကို FBI ထောက်လှမ်းရေး အဖွဲ့က တွေ့ဆုံ မေးမြန်းတာတွေ ပြုလုပ် ခဲ့ပါတယ်။
150907_britain_syria_drone_attack
https://www.bbc.com/burmese/world/2015/09/150907_britain_syria_drone_attack
ဗြိ​တိန်​က ဆီး​ရီး​ယား​ထဲ​မှာ ဒ​ရုန်း​တိုက်ခိုက်​မှု ပြုလုပ်
ဂျနိုက်ဟူစိန် နဲ့ ရီယတ်ခန်း ဆိုသူတို့ဟာ ဗြိတိန် အပါအဝင် အနောက် နိုင်ငံ တွေ ကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု တွေ ကျူးလွန်ဖို့ နည်းလမ်းတွေ ဖွေရှာ နေကြသူတွေ ဖြစ်တယ် ဆိုပြီး မစ္စတာ ကင်မရွန် က ပြော။ ဒါဟာ ဆီးရီးယားထဲ မှာ ပထမဆုံး အကြိမ် ဗြိတိန်က တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။ အခုလို ဆီးရီးယား နိုင်ငံထဲမှာ စစ်ရေးအရ အရေးယူ ဆောင်ရွက် တာဟာ မိမိကိုယ်ကိုယ် ခုခံ ကာကွယ် တဲ့ အနေနဲ့ လုပ်ဆောင် ရတာ ဖြစ်ပြီး အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ် တွေ က ပြုလုပ်နေတဲ့ စစ်ရေး ဆောင်ရွက်ချက် တွေရဲ့ အစိတ်အပိုင်း တစ်ရပ် အနေနဲ့ ပြုလုပ် ခဲ့တာ မဟုတ်ဘူး ဆိုပြီး ဗြိတိန် ပါလီမန် ကို ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် က ပြောခဲ့ ပါတယ်။ အဲဒီ့ ဒရုန်း တိုက်ခိုက်မှုဟာ ဗြိတိန် နိုင်ငံသား IS လက်နက်ကိုင် တစ်ယောက် ကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့တာ ဖြစ်ပြီး၊ ပစ်မှတ်ထားသူနဲ့ အတူ ခရီးသွား နေတဲ့ ဗြိတိန် နိုင်ငံသား IS အဖွဲဝင် နောက်တစ်ဦး အပါအဝင် စုစုပေါင်း ၃ ဦး သေဆုံး ခဲ့ပါတယ်။ သေဆုံးခဲ့သူ ဗြိတိန် နိုင်ငံသား ၂ ဦး ဖြစ်ကြတဲ့ ဂျနိုက်ဟူစိန် နဲ့ ရီယတ်ခန်း ဆိုသူတို့ဟာ ဗြိတိန် အပါအဝင် အနောက် နိုင်ငံ တွေ ကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု တွေ ကျူးလွန်ဖို့ နည်းလမ်းတွေ ဖွေရှာ နေကြသူတွေ ဖြစ်တယ် ဆိုပြီး မစ္စတာ ကင်မရွန် က ဆိုပါတယ်။
ဆီးရီယား နိုင်ငံထဲမှာ လူမဲ့ ဒရုန်းယာဉ်ပျံ သုံးပြီး ပြီးခဲ့တဲ့ လတုန်းက ပြုလုပ်ခဲ့တဲ့ ဗြိတိန် နိုင်ငံရဲ့ လေကြောင်း တိုက်ခိုက်မှု ထဲ အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ က တိုက်ခိုက်ရေး သမား ၃ ဦး သေဆုံး သွားခဲ့တယ် ဆိုပြီး ဗြိတိန် က ကြေညာပါတယ်။
150321_ethnic_disarm_discuss
https://www.bbc.com/burmese/burma/2015/03/150321_ethnic_disarm_discuss
နိုင်ငံရေး သဘောတူညီချက် မရခင် လက်နက်မဖြုတ်
လက်နက် ဖြုတ်သိမ်းမှု ဆိုင်ရာ( disarmament, demobilization and reintegration) DDR ကိစ္စတွေ ကို ဆွေးနွေး ခဲ့ကြ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မတီ UPWC နဲ့ လက်နက်ကိုင် တိုင်းရင်သား အဖွဲ့တွေရဲ့ NCCT တို့ ရဲ့ တနိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ် ဆွေးနွေးပွဲ ကနေ အခုလို လက်နက် ဖြုတ်သိမ်းမှု ဆိုင်ရာ( disarmament, demobilization and reintegration) DDR ကိစ္စတွေ ကို ဆွေးနွေး ခဲ့ကြ တာ ဖြစ်ပါတယ်။ ၅ ရက်မြောက်နေ့ အဖြစ် စနေနေ့က ဆွေးနွေး ခဲ့ကြတဲ့ အထဲမှာ လုံခြုံရေး ဆိုင်ရာ တပ်များ ပြန်လည် ပေါင်းစည်းခြင်း Social Security Reform နဲ့ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး ကိစ္စတို့ကို နိုင်ငံရေး ဆွေးနွေးပွဲ ကျမှ ထည့်သွင်း ဆွေးနွေး ရန် သဘောတူလိုက် ကြပါတယ်။ ဆွေးနွေးပွဲကို စနေနေ့ အထိ ၅ ရက် သတ်မှတ်ထား ပေမယ့်၊ မပြီးသတ်သေး တာကြောင့် ဆွေးနွေးပွဲ ရက် ထပ်တိုး လိုက်ပါတယ်။ တနိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ် ချုပ်ဆို နိုင်ခဲ့ ရင်တော့၊ လက်မှတ်ရေး ထိုးပြီးနောက် ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုချက် ရယူဖို့ကိုလည်း နှစ်ဘက် စလုံးက သဘောတူ ခဲ့ကြ ပါတယ်။ တနင်္ဂနွေနေ့ မှာတော့ ၇ ကြိမ်မြောက် ဆွေးနွေးပွဲ ၆ ရက်မြောက် နေ့အဖြစ် ဆက်လက် ပြုလုပ် သွား မှာ ဖြစ်ပါတယ်။
အစိုးရနဲ့ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့တွေ အကြား အပစ် အခတ် ရပ်စဲရေး ပြုလုပ်ပြီး နောက်ပိုင်း၊ နိုင်ငံရေး ဆွေးနွေးပွဲ ကနေ နိုင်ငံ ရေး အရ သဘောတူညီချက် မရ မချင်း တိုင်းရင်းသား လက်နက်ကိုင် တွေဘက်က လက်နက် ဖြုတ်သိမ်း စရာ မလိုအပ် သေးကြောင်း စနေနေ့က သဘော တူ ခဲ့ကြ ပါတယ်။
151123_hpakant_landslide_23nov
https://www.bbc.com/burmese/burma/2015/11/151123_hpakant_landslide_23nov
ဖားကန့်မြေပြိုမှု သေဆုံးသူ ၁၁၀ ကျော်ပြီ
ဖားကန့်မှာ မြေစာပုံပြိုကျမှုကြောင့် လူသေဆုံးမှု မကြာခဏ ဖြစ်ပွား ၃ ရက်ကြာ ရှာဖွေမှုတွေမှာ သေဆုံးသူ အမျိုးသား ၁၁၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက်တို့ရဲ့ အလောင်းတွေကို တွေ့ရှိတာ ဖြစ်ကြောင်း လုံးခင်း ရဲစခန်းမှူး ရဲအုပ် ထင်ကျော်က ဘီဘီစီကို ပြောပါတယ်။ နောက်ထပ် ပျောက်ဆုံးနေသူ ၁၀၀ ကျော်လောက် ရှိနေနိုင်သေးတယ်လို့ ခန့်မှန်းထားပြီး ရှာဖွေရေးတွေ ဆက်လုပ်သွားမယ်လို့ သူက ပြောပါတယ်။ မြေစာပုံ ပြိုကျတဲ့ အန္တရာယ်က ကင်းလွတ်ခဲ့တဲ့ တဲအိမ် ၇၀ ကျော် ရှိနေသေးပြီး အဲဒီမှာ နေထိုင်သူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းရေးတွေ ဆောင်ရွက်ပေးနေတယ်လို့ လည်း လုံးခင်း စခန်းမှူးက ပြောပါတယ်။ အခုလို လူသေဆုံးတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန်ရှိတယ် ဘယ်လို အရေးယူမယ် ဆိုတာတွေတော့ အခုချိန်ထိ မသိရသေးသလို အဲဒီဒေသမှာ ကုမ္ပဏီ တွေကို ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်း လုပ်ကိုင်ခွင့်ပေးထားတဲ့ အစိုးရ သတ္ထုတွင်း ဝန်ကြီးဌာန ဘက်ကလည်း တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းမြေ ကချင်ပြည်နယ် ဖားကန့်မြို့မှာ နိုဝင်ဘာလ ၂၁ ရက် စနေနေ့ မနက်က မြေစာပုံ ပြိုကျခဲ့မှုကြောင့် သေဆုံးခဲ့ရသူ ၁၁၃ ယောက်ရဲ့ အလောင်းတွေကို ရှာဖွေ တွေ့ရှိထားတယ်လို့ လုံးခင်း ရဲစခန်းက ပြောပါတယ်။
160302_phakant_charge
https://www.bbc.com/burmese/burma/2016/03/160302_phakant_charge
ကချင်အစိုးရအဖွဲ့ အတွင်းရေးမှူးကို ရာထူးဖြုတ်
ယန္တရားကြီးတွေနဲ့တူးပြီး မြင့်သထက်မြင့်လာတဲ့ မြေစာပုံတွေ ကန်ပိုက်တီးမှာ နယ်ခြားစောင့် တာဝန်ကျတဲ့ တခြားအရာရှိ သုံးဦးကို လစာ ခြောက်လ တိုးမြှင့်မှု ရပ်ဆိုင်းတဲ့ ပြစ်ဒဏ် ချမှတ်ကြောင်း သတင်းလည်း ထွက်ပေါ်ပေမယ့် သီးခြား အတည်ပြုချက် မရရှိခဲ့ပါဘူး။ ဖားကန့်မှာ တရုတ်နိုင်ငံဘက်ကနေ စက်ယန္တရား အမြောက်အမြား ရောက်ရှိလာပြီး ကျောက်စိမ်း အကြီးအကျယ် တူးဖော်ခဲ့မှုနဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ ပြည်သူအများက ကန့်ကွက်မှုတွေ ဖြစ်ပေါ်လာခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ကချင်ပြည်နယ် ဝန်ကြီး ၄ ယောက်အပါအဝင် အစိုးရအဖွဲ့ဝင်တွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အခုဖြစ်ရပ်ဟာ ဖားကန့် ကျောက်စိမ်း တူးဖော်မှုနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရ ထိပ်တန်း တာဝန်ရှိသူ တယောက်ကို ပထမဆုံး အရေးယူမှု ဖြစ်ပါတယ်။ ကချင် ပြည်နယ် စီးပွားစီမံ ဝန်ကြီး ဦးခင်မောင်ထွန်း ကတော့ တရုတ်ပြည်ထဲကနေ စက်ယန္တရားကြီး အများအပြားကို ဖားကန့်အရောက် တင်သွင်းနိုင်တာဟာ သြဇာအာဏာ ကြီးကြီးမားမား ရှိသူ တယောက် မပါဝင်ဘဲ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ "ယန္တရားကြီးတွေဆိုတာ အိတ်ထောင်ထဲထည့်ပြီး ဝှက်သယ်လာလို့ ရတာ မဟုတ်ဘူး"လို့ ဦးခင်မောင်ထွန်းက ဘီဘီစီကို ပြောပါတယ်။
ကချင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဇော်သိန်းကို ဖားကန့်မှာ စက်ယန္တရား အမြောက်အမြား တင်သွင်းတဲ့ ကိစ္စနဲ့ စပ်လျဉ်းပြီး အရေးယူတဲ့ အနေနဲ့ ရာထူးက ထုတ်ပယ်လိုက်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးက ဘီဘီစီကို အတည်ပြု ပြောကြားပါတယ်။
150218_ukraine
https://www.bbc.com/burmese/world/2015/02/150218_ukraine
ယူကရိန်း အပစ်ရပ်ဖို့ ကုလ တောင်းဆို
ဒီဗောဆဗာမြို့ နေရာအများစုကို သူပုန်က ထိန်းချုပ်ထားပြီ လို့ဆို မဟာ ဗျူဟာ အရ အရေးပါတဲ့ Debaltseve မြို့မှာ ဖြစ်ပွား နေတဲ့ တိုက်ပွဲ တွေ အရေး အတွက် လုံခြုံရေး ကောင်စီ က အထူး စိုးရိမ်ကြောင်း ဖော်ပြ ခဲ့ပါတယ်။ ဒီမြို့ကို ရုရှ ဘက်တော်သား သူပုန် တွေ က အများဆုံး ထိန်းချုပ် ထားနေပြီလို့ နောက်ဆုံး ဝင်လာတဲ့ သတင်းတွေ အရ သိရပါတယ်။ အစိုးရ စစ်သား ရာနဲ့ချီ ပြီး ဒီမြို့မှာ ဝိုင်းခံ နေရတယ်လို့ ယူကရိန်း အစိုးရ ဘက်က ပြောပါတယ်။ ဒီတိုက်ခိုက်မှု တွေ အတွက် အနောက် အုပ်စုက တင်းတင်းမာမာ တုံ့ပြန် ဆောင်ရွက်ဖို့ ယူကရိန်း သမ္မတ က တောင်းဆို ထားပါတယ်။ ဒါပေမဲ့ ယူကရိန်း အရေး အတွက် ရုရှ နဲ့ တဆင့်ခံ စစ်ဖြစ်ရမှာကို ဘယ်သူမှ လိုလားမှာ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောဆိုပါတယ်။
ယူကရိန်း အရှေ့ပိုင်း တိုက်ပွဲတွေ ရပ်တန့်ပြီး အပစ်အခတ် ရပ်စဲရေးကို အကောင် အထည် ဖော်ကြဖို့ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ က တောင်းဆို လိုက်ပါတယ်။
150209_ukraine_conflict_russia_blame_west
https://www.bbc.com/burmese/world/2015/02/150209_ukraine_conflict_russia_blame_west
ယူကရိန်း အရေးက အနောက် နိုင်ငံတွေကြောင့်လို့ ပူတင် ပြော
ရုရှားက စစ်လက်နက်တွေ ထောက်ပံ့နေတယ် ဆိုတာကို မော်စကိုက ငြင်းဆိုထား အနောက် နိုင်ငံတွေက ကတိဖျက်ပြီး နေတိုးရဲ့ စစ်အင်အားကို တိုးချဲ့ကာ၊ ရုရှား ဒါမှမဟုတ်ရင် သူတို့နဲ့ ပူးပေါင်းဖို့ တခြား နိုင်ငံတွေကို အနောက်နိုင်ငံတွေက တွန်းအား ပေးခဲ့ကြတယ်လို့ သမ္မတ ပူတင်က အီဂျစ် သတင်းစာကို ပြောပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ခု ရလိမ့်မယ်လို့ မျှော်လင့် နေချိန်မှာ သမ္မတ ပူတင်က အခုလို ပြောဆိုလိုက်တာပါ။ ယူကရိန်း သူပုန်တွေကို ရုရှားက တပ်ဖွဲ့တွေနဲ့ လက်နက်တွေ ပေးပို့နေတယ် ဆိုတဲ့ စွပ်စွဲချက်ကို ရုရှားက ငြင်းဆိုနေပါတယ်။ တစ်ဘက်မှာလည်း ရုရှား စစ်သား ၅၀၀ နဲ့ စစ်သုံး ပစ္စည်းတွေ ပြီးခဲ့တဲ့ သီတင်းပတ် အကုန်မှာ ယူကရိန်း အရှေ့ပိုင်းကို ထပ်မံ ဝင်လာခဲ့တယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။ ယူကရိန်း အရှေ့ပိုင်းက တိုက်ပွဲတွေကြောင့် လူ ၅၃၀၀ ကျော် သေဆုံးခဲ့ပြီး လူ တစ်သန်းခွဲ အိုးအိမ်စွန့် ထွက်ပြေး ခဲ့ကြရပါတယ်။
ယူကရိန်း အရှေ့ပိုင်းက တိုက်ပွဲတွေကို အဆုံးသတ်ဖို့ ပြင်သစ်နဲ့ ဂျာမနီ တို့ရဲ့ အစီအစဉ် ကမ်းလှမ်းချက်တွေကို စဉ်းစားနေချိန်မှာပဲ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်း ပဋိပက္ခဟာ အနောက် နိုင်ငံတွေကြောင့် ဖြစ်ရတာလို့ ပြောလိုက်ပါတယ်။
160301_nato_russia_warning
https://www.bbc.com/burmese/world/2016/03/160301_nato_russia_warning
ဆီးရီးယားနဲ့ရုရှား ပေါင်းပြီး ဒုက္ခသည် အကြပ်အတည်းကို စစ်လက်နက် သဖွယ် အသုံးချ နေ
ရုရှား ဟာ အမေရိကန် ပြည်ထောင်စု အတွက် တိုးမြင့် ခြိမ်းခြောက် လာနေတဲ့ အန္တရာယ် တစ်ရပ် ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး Breedlove က ပြော။ ဝါရှင်တန် မြို့တော်၊ ဆီးနိတ် ကော်မတီ ကြားနာမှု ရှေ့မှောက် ဗိုလ်ချုပ်ကြီး Breedlove က အဲဒီလို ပြောခဲ့တာပါ။ ဆီးရီးယား အရပ်သား တွေ အပေါ်မှာပါ မရှောင်၊ ဆီးရီးယား အစိုးရနဲ့ ရုရှား တို့က ပစ်မှတ်ထား တိုက်ခိုက် နေတာ ဟာ၊ စစ် ဘေးဒုက္ခသည် တွေ ဖြစ်လာ စေဖို့ တမင် ဖန်တီး ပေး နေတာ က လွဲပြီး ဒီ့ပြင့် အကြောင်း မရှိဘူးလို့ ဗိုလ်ချုပ်ကြီး Breedlove က ဆိုပါတယ်။ ဥရောပ တိုက်မှာ ထားရှိထားတဲ့ အမေရိကန် တပ် တွေ အတွက် အသုံးစားရိတ် ရံပုံငွေ ပို တိုးမြှင့် ပေးရေး အတွက် ဗိုလ်ချုပ်ကြီး Breedlove က လာရောက် ထွက်ဆို ဖြေကြားရင်း ကနေ အခုလို ပြောကြား ခဲ့တာ ပါ။ ဒါ့အပြင် ရုရှား ဟာ အမေရိကန် ပြည်ထောင်စု အတွက် တိုးမြင့် ခြိမ်းခြောက် လာနေတဲ့ အန္တရာယ် တစ်ရပ် ဖြစ်တယ် ဆိုပြီးတော့လည်း အပြင်းအထန် ပြောဆို ခဲ့ပါတယ်။
ဆီးရီးယား ပြည်တွင်းစစ်ကနေ စစ်ဘေး ဒုက္ခသည် အကြပ်အတည်း ကို တမင် ဖန်တီးပြီး စစ်လက်နက် သဖွယ် အသုံးချ နိုင်ဖို့ ဆီးရီးယား အစိုးရ ကို ရုရှား က အကူအညီ ပေးနေတယ် လို့ နေးတိုး စစ်ရေး မဟာမိတ် အဖွဲ့ရဲ့ ဥရောပ တိုက် ဆိုင်ရာ အကြီးအကဲ ဗိုလ်ချုပ်ကြီး Philip Breedlove စွပ်စွဲ ပြောဆို လိုက် ပါတယ်။
140621_assk_toungoo_rally
https://www.bbc.com/burmese/burma/2014/06/140621_assk_toungoo_rally
(၄၃၆) ပြင်ဆင်ရေး နယ်လှည့်ဟောပြော
NLD အနိုင်ရရေး လှုပ်ရှား နေတာ မဟုတ်လို့ဆို ဖွဲ့စည်းပုံ ပြင်ရေး လှုပ်ရှားမှုကို စစ်တပ်က ထောက်ခံဖို့ တိုက်တွန်းခဲ့ သလို ၂ဝ၁၅ ရွေးကောက်ပွဲ မှာ NLD အနိုင်ရဖို့ ဖွဲ့စည်းပုံ ပြင်ဖို့ လှုပ်ရှား နေတာလည်း မဟုတ်ဘူးလို့ ဟောပြောပွဲမှာ ဒေါ်အောင်ဆန်း စုကြည် က ဟောပြော ခဲ့ပါတယ်။ (၂၀၀၈)ဖွဲ့စည်းပုံပြင်ရေး နိုင်ငံတဝန်း လှုပ်ရှားမှု တွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ (၈၈) မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူအဖွဲ့အစည်းတို့ မေလ အစောပိုင်း ကတည်းက စတင် နေပြီး ပုဒ်မ (၄၃၆) ပြင်ရေး ထောက်ခံတဲ့ လက်မှတ် ရေးထိုး လှုပ်ရှားမှု ကတော့ ဇူလိုင် ၁၉ ရက် နေ့ မှာ ပြီးမှာ ဖြစ်ပါတယ်။
ဒီကနေ့ မနက်က တောင်ငူ နဲ့ ရေတာရှည်မှာ လုပ်တဲ့ ဖွဲ့စည်းပုံ ပြင်ရေး ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ ဥပဒေ ပုဒ်မ (၄၃၆) ပြင်ရေး လက်မှတ် ရေးထိုး လှုပ်ရှားမှုကို ပြည်သူတွေ ပိုမို ပူးပေါင်း ပါဝင်ကြဖို့ အဓိကထား ပြောခဲ့ပါတယ်။
burma-53615920
https://www.bbc.com/burmese/burma-53615920
၂၀၂၀ ရွေးကောက်ပွဲ-မဲပေးရေး၊ မဲမပေးရေး စကားစစ်ထိုးပွဲ ပြင်းထန်ခဲ့တဲ့ သီတင်းပတ်
၂၀၂၀ ရွေးကောက်ပွဲမှာတော့ တစ်ချိန်က No Vote မဲမပေးရေးအသံတွေ တစ်ဖန်ပြန်ကျယ်လာပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက တစ်နိုင်ငံလုံး အငြင်းမထွက်ခဲ့တဲ့ No vote ဟာ ဒီမိုကရေစီခရီးကို ဆယ်နှစ် တာကာလ လျှောက်လှမ်းပြီးချိန်မှာတော့ ငြင်းခုန်စရာ အကြောင်းအရာတစ်ရပ် ဖြစ်လာပါပြီ။ ၂၀၁၀ ရွေးကောက်ပွဲကို မဲမပေးနဲ့ စာတမ်းတွေကို တစ်ချိန်က လျှို့လျှို့ဝှက်ဝှက်နဲ့ ဖြန့်ဝေခဲ့ကြသလို လူကိုယ်တိုင် ပေါ်ပေါ်ထင်ထင် ဆန္ဒဖော်ထုတ်လို့ အဲဒီအချိန်က ဥပဒေနဲ့ အရေးယူခံရတာတွေ ရှိခဲ့တာပါ။ ဒါပေမဲ့ မဲပေးရေးနဲ့ မဲမပေးရေးအုပ်စုတွေကြားမှာ အငြင်းပွားမှုတွေဟာ ခုလို ဆိုရှယ်မီဒီယာအားကောင်းတဲ့ခေတ်လောက် ကျယ်ကျယ်လောင်လောင်မရှိခဲ့သလို နိုင်ငံရေးအခြေအနေကြောင့်လည်း ခုလောက် သဘောထားကွဲလွဲမှုကြီးမားတာမရှိခဲ့ပါဘူး။ ဒါ့အပြင် အဲဒီတုန်းက မဲမပေးရေးလှုပ်ရှားမှုဟာ စစ်အစိုးရ ရေးဆွဲတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်သလို စစ်အုပ်ချုပ်ရေးအဆုံးသတ်ပြီး တကယ့်ဒီမိုကရေစီအခင်းအကျင်းကို မယူဆောင်ပေးနိုင်တဲ့ ဟန်ပြရွေးကောက်ပွဲတစ်ရပ်ဆိုတဲ့ မယုံကြည်ချက်မှုတွေကို အခြေခံရာကနေ စခဲ့တာပါ။ တကယ်လည်း အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ယုံကြည်ချက်ကြောင့် နှစ်ရှည်အကျဉ်း ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားထောင်နဲ့ချီပြီး အကျဉ်းထောင်တွေထဲက မလွတ်မြောက်သေးချိန်ဖြစ်ပါတယ်။ ဒီအခြေအနေတွေကြားကနေပဲ ၂၀၁၀ရွေးကောက်ပွဲကနေ အနိုင်ရပါတီ ကြံ့ခိုင်ရေးဦးဆောင်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံနးီးပါး ပြန်လွှတ်ပေးခဲ့ပြီး သံသယနဲ့ ပြည်တွင်းပြည်ပ စောင့်ကြည့်မှုတွေအောက်မှာ ပြုပြင်ပြောင်း လဲမှုတချို့လုပ်နိုင်ခဲ့သလို ၂၀၁၂ မှာ NLD ပါတီပြန်တည်ထောင်ခွင့်ရပြီး ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အမတ်ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲစနစ်နဲ့ တိုင်းပြည်အပြောင်းအလဲကို လုပ်နိုင်မယ်လို့ ယုံကြည်မှုမြင့်တက်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲကတော့ အပြောင်းအလဲကို လိုချင်တဲ့သူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရ ရေး မဲပေးခဲ့ကြပါတယ်။ အဲဒီတုန်းက မဲမပေးရေးလှုပ်ရှားမှုဆိုတာလည်းမရှိခဲ့သလို မဲပေးနှုန်း Voter Turnout မြင့်တက်ခဲ့တာကို ရွေးကောက်ပွဲလေ့လာစာတမ်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ တစ်ချိန်က No Vote မဲမပေးရေးအသံတွေ တစ်ဖန်ပြန်ကျယ်လာပါတယ်။ လက်ရှိ NLD အစိုးရအပေါ်အားမရတဲ့သူတချို့က ရွေးကောက်ပွဲနေ့မှာ မဲမပေးဘူးဆိုတဲ့ သဘောထားတွေ ထုတ်ပြောလာတာဖြစ်ပါတယ်။ အဲဒီလို နိုးဗုတ် များလာရင် တစ်ဘက်က အသာရသွားမှာကို အန်အယ် လ်ဒီ ထောက်ခံသူတွေကလည်း စိုးရိမ်လာကြပါတယ်။ နိုင်ငံသားတိုင်း လွတ်လပ်စွာ ဆန္ဒမဲပေးခွင့်ရှိသလို မဲမပေးဘဲ နေပိုင်ခွင့်ရှိတာဟာ နိုင်ငံသားတိုင်းရဲ့ အခွင့် အရေးဖြစ်ပြီး ဒီအခွင့်အရေးပေါ် လေးစားသမှုနဲ့ တုံ့ပြန်သင့်တယ်လို့ နိုးဗုတ်သမားတွေကို ထောက်ခံသူ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီတက္ကသိုလ်က သုတေသန ပညာရှင် ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။ ဒီမိုကရေစီစနစ်မှာ ပြည်သူဟာ အာဏာရှင်ဆိုပေမယ့် ရွေးကောက်ပွဲရက်တစ်ရက်တည်းသာ အာဏာရှိ တာဖြစ်ပြီး ကိုယ်ပေးလိုက်တဲ့မဲတပြားဟာ လွှတ်တော်ထဲကို အရောက်ပို့ပေးနိုင်တာသာရှိပြီး ဒီကိုယ်စားလှယ် အရည်အချင်းမပြည့်မီတဲ့အခါ ကိုယ်စားလှယ်အဖြစ် ပြန်ရုတ်သိမ်းနိုင်တဲ့ဥပဒေလည်း ရှိမနေ ဘူးလို့ သူက ပြောပါတယ်။ နိုးဗုတ်လုပ်နေသူတွေဟာ မဲပျံ့သွားအောင် လုပ်နေတာ၊ ရွေးကောက်ပွဲကိုပျက်စီးအောင် ဖျက်စီးလိုတဲ့စိတ်ဆန္ဒနဲ့ လုပ်တာ၊ ညွန့်ပေါင်းအစိုးရတစ်ရပ်ပေါ်လာဖို့ ကြိုးစားကြံစည်နေတာ ဆိုတဲ့အချက် သုံးချက်နဲ့စွပ်စွဲပြောဆိုတာတွေ ကြုံတွေ့နေရတယ်လို့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။ လွှတ်တော်သက်တမ်းနှစ်ရပ်အတွင်း အာဏာရပါတီတစ်ခုက လွှတ်တော်ထဲ ဦးဆောင်နေပြီး ဒီစနစ်ကို ပြောင်းလဲစေချင်သလို အစိုးရအဖွဲ့တွင်းမှာလည်း တိုင်းရင်းသား တွေရဲ့ ကိုယ်စားပြုမှုပါဝင်လာအောင် တွန်းအားပေးဆောင်ရွက်ချင်တဲ့ဆန္ဒဖြစ်တယ်လို့ နိုးဗုတ်လှုပ်ရှားမှုကို မှားယွင်းတယ်လို့ မမြင်ကြောင်း သူက ဆက်ပြောပါတယ်။ "ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲစနစ်ပေါ်မှာ ဆန့်ကျင်တယ်ဆိုတာ ဆန့်ကျင်ခွင့်ရှိတယ်။ ကျွန်တော်တို့ရဲ့ လူ့အခွင့်အရေး၊ ခုနက ကျွန်တော်ပြောသလို ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံထဲနေထိုင်တဲ့လူသားနဲ့ သဘာဝပတ်ဝန်းကျင်ကို အကျိုးမပြုဘူးလို့ ယူဆစရာ အကြောင်းပြချက်ရှိတယ်။ နီးနီးစပ်စပ်ဆို အိုင်စီဂျေကိစ္စရှိတယ်။ ချင်းပြည်နယ် ပလက်ဝက လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်။ တိုင်းရင်းသားအရေး လူ့အခွင့်ချိုးဖောက်မှုတွေကို ဖြေရှင်းပေးထားတာမရှိဘူး" လို့ ဒေါက်တာ စိုင်းကြည်ဇင်စိုး ကပြောပါတယ်။ ၂၀၁၅ မှာ လူထုရွေးချယ်တဲ့အစိုးရတစ်ရပ်ပေါ်လာချိန်မှာ လူထုကို အာဏာအပ်နှင်းပြီး လူထုဘက်က ရပ်တည်မှုတွေ ဆောင်ရွက်ပေးဖို့ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်တာလောက် မခက်ခဲသလို အစိုးရအနေနဲ့ ထောက်ခံမှု ရာခိုင်နှုန်း ငါးဆယ်ကျော်ရရုံနဲ့ဖြေရှင်းလို့ရတဲ့ကိစ္စတွေဖြစ်ပေမယ့် ဒါတွေကို ဖြေရှင်းဖို့ တာဝန်ပျက်ကွက် ခဲ့တယ်လို့ သူက ဆိုပါတယ်။ "အဲဒီလိုပျက်ကွက်ခဲ့တာကြောင့် အဲစနစ်ကြီးကို မလုပ်သင့်ဘူး မရှိသင့်ဘူးလို့ ယူဆတဲ့ ရပ်တည်ချက်တစ်ခုကြောင့် ရွေးကောက်ပွဲမရှိသင့်ဘူးလို့ ပြောတာ မှားတယ် လို့ပြောလို့မရဘူး။ ဒါပေမဲ့ ပြဌာန်းထားတဲ့ ဥပဒေတွေအရ ရွေးကောက်ပွဲကိုပျက်စီးစေလိုတဲ့ဆန္ဒနဲ့ လုပ်တယ်ဆိုရင်တော့ ကျွန်တော်တို့ ဥပဒေချိုးဖောက်မှုရှိတယ်လို့ ယူဆလို့ရတယ်။ တရားစွဲလို့ရတယ်။ ဒါပေမဲ့ ကျိန်းသေတာကတော့ မတရားဘူးလို့ပြောလို့မရဘူး။ မှားတယ်လို့ ပြောလို့မရဘူး" လို့ ဒေါက်တာစိုင်းကြည် ဇင်စိုးကပြောပါတယ်။ နိုးဗုတ်ဟာ နောင်ထွက်လာမယ့်အစိုးရရဲ့ တရားဝင်မှုကို လျှော့ချချင်တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ လက်ရှိ ရွေးကောက်ပွဲစနစ်အရ နိုင်ငံရေးပါတီတွေဟာ လွှတ်တော်အသီးသီးမှာ ၇၅ ရာခိုင်နှုန်းနေရာကိုသာ ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ ကျန် ၂၅ % ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက နေရာယူထားပါတယ်။ ဒါကြောင့် အုပ်ချုပ်သူအစိုးရက မကျေနပ်ရုံနဲ့ နိုးဗုတ်လုပ်မယ်ဆိုရင် အကျောပေး ယှဉ်ပြိုင်ရသလိုဖြစ်နေတဲ့ ရွေးကောက်ပွဲစနစ်ကို ထည့်တွက်ဖို့ Go vote သမားတွေဘက်က တောက်လျှောက်ပြောလာနေတာဖြစ်ပါတယ်။ အရပ်သားအစိုးရအုပ်ချုပ်မှုစနစ်ကိုခိုင်မြဲမှ ဒီမိုကရေစီခိုင်မြဲမှာဖြစ်ပြီး ဒီမိုကရေစီခိုင်မြဲဖို့ဆိုရင် ရွေးကောက်ပွဲ တွေကို လူထုက စိတ်ဝင်စားဖို့မဲပေးဖို့လိုတယ်လို့ သတင်းစာဆရာ ဦးသီဟသွေးက သုံးသပ်ပါတယ်။ အခု ပေါ်ပေါက်လာတဲ့ နိုးဗုတ်လှုပ်ရှားသူတွေ NLDအစိုးရကို အားမလိုအားမရဖြစ်ပြီး NLDက လွဲလို့ တခြားသူမပေးချင်တဲ့အတွက် ပေါ်ပေါက်လာတာဖြစ်တယ်လို့ သူက ပြောပါတယ်။ ၂၀၁၅ နောက်ပိုင်းကျင်းပတဲ့ကြားဖြတ်ရွေးကောက်ပွဲနှစ်ကြိမ်မှာ မဲထွက်ပေးသူဦးရေ လျော့နည်းသွားတယ်ဆိုတဲ့ စစ်တမ်းတချို့ရှိထားပါတယ်။ "ရှင်းရှင်းပြောရရင် NLD ကိုမပေးချင်တဲ့အခါကျတော့ တခြားသူကိုမပေးဘူးဆိုတဲ့သဘော။ နိုးဗုတ်သမားက ပြောရလို့ရှိရင် NLD ကိုပိုတောင်ချစ်သေးတယ်လို့ ပြောရမယ်။ ဆိုတော့ ဒါက အသည်းကွဲတဲ့သဘောပေါ့။ ကျွန်တော်တို့အမြင်ကျတော့လည်း ရွေးကောက်ပွဲက ကျီးနဲ့ ဖုတ်ဖုတ်ဖြစ်ပြီးတော့ ဒီမိုကရေစီခြောက်ခမ်းသွားမှာ စိုးရိမ်တယ်။ နိုးဗုတ်လုပ်မယ့်အစား တစ်သီးပုဂ္ဂလသော်လည်းကောင်း၊ တခြားပါတီလေးတွေရှိတယ်။ အခုဆို ပါတီသစ်လေးတွေရှိတယ်။ အဲဒီလို ပါတီလေး တွေပေး လိုက်တာပဲဖြစ်ဖြစ် ကျွန်တော်တို့က အဲဒီလိုဖြစ်စေချင်တယ်။ နိုးဗုတ်သမားက ဟုတ်သလိုလိုနဲ့ ဘာလွဲနေလဲဆိုတော့ NLD ကိုအရမ်းကိုသဘောကျလွန်းပြီးတော့ NLD ကရွေးတဲ့သူတွေနဲ့ ပြီးခဲ့တဲ့ကာလမှာလုပ်ခဲ့တဲ့ဟာတွေပေါ်မှာမကျေနပ်တာ။ အားမရတာ ရှိမယ်။ နောက်တစ်ခါ မဲဆန္ဒနယ်ထဲက ကိုယ်စားလှယ်တွေကို မကျေနပ်တာအားမရတာရှိမယ်။ သူများလည်းမပေးဘူး။ NLD မှNLD သမားပေါ့။ ကျွန်တော်တို့ နိုးဗုတ်သမားကိုလက်မခံဘူးမဟုတ်ဘူး။ သူတို့ရဲ့ လွတ်လပ်ပိုင်ခွင့်၊ ရပိုင်ခွင့်ရှိတယ်။ တစ်ဖက်မှာလည်း ဘာဖြစ်သွားလဲဆို အဲဒီမျိုးကျတော့ ဒီမိုကရေစီကို မျက်ကွယ်ပြုရာရောက်တယ်" လို့ ဦးသီဟသွေးကပြောပါတယ်။ လူတစ်ဦးချင်းအရ နိုးဗုတ် အခွင့်အရေးရှိပေမယ့် တခြားလူတွေကို စွဲဆောင်စည်းရုံးတဲ့ပုံစံ ကျယ်ကျယ် ပြန့်ပြန့် လှုပ်ရှားလာရင်တော့ ဥပဒေကြောင်းအရ အရေးယူခံရနိုင်တဲ့အန္တရာယ်ကို ထည့်သွင်း စဉ်းစားသင့်တယ်လို့ Rain Maker ရွေး ကောက်ပွဲလေ့လာစောင့်ကြည့်ရေး ကွန်ယက်ကတာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဒေါ်အေးသန္တာအောင်က ပြောပါတယ်။ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုနဲ့ ပြစ်ဒဏ်တွေကို ရွေးကောက်ပွဲကော်မရှင်က ဖော်ပြထားပါတယ်။ ဒါ့အပြင် Go Vote သမားတွေအနေနဲ့လည်း ၂၅ ရာခိုင်နှုန်းအကျောပေး ယှဉ်ပြိုင်ရသလိုဖြစ်နေတဲ့ ရွေး ကောက်ပွဲစနစ်အပေါ် ပုံသေသတ်မှတ်ပြီး အစိုးရိမ်မလွန်သင့်ဘူးလို့လည်း ဆက်ပြောပါတယ်။ ၂၀၁၀ တုန်းကနဲ့စာရင် နောက်ပိုင်းတွေမှာ ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှုမြင့်တက်လာသလို အခုချိန်မှာ အစိုးရနှစ်ဆက် ဆောင်ရွက်ချက်တွေပေါ် ချိန်ထိုးတွက်ချက်ပြီး စဉ်းစားမဲပေးရွေးချယ်သူတွေလည်း ရှိလာနိုင်မယ်လို့ ဒေါ်အေးသန္တာအောင်က ပြောပါတယ်။ အခုလို နိုးဗုတ်ဂိုးဗုတ် နှစ်ဖက်အပြန်အလှန်အငြင်းပွားမှုတွေကရွေးကောက်ပွဲရလဒ်ပေါ် သက်ရောက်မှုကြီးမားသွားနိုင်တယ်လို့လည်း ဒေါ်အေးသန္တာအောင်က ယူဆပါတယ်။ "တစ်ဖက်မှာကျတော့လည်း ကိုယ့်ထမင်းကိုယ်စားရတာပဲ။ မဲထည့်လို့လည်း ဘာမှမထူးပါဘူးဆိုတဲ့ Voter တွေကလည်း အများကြီး။ ခုနကလို မဲစာရင်းမှားယွင်းတဲ့အခြေအနေကြောင့် (ရှိလာမယ့်) Voter တွေကလည်းအများကြီးဆိုတာကြောင့် ဒီအခြေအနေတွေက ရွေးကောက်ပွဲပေါ်မှာ အင်မတန် ထိခိုက်လာနိုင်တဲ့အခြေအနေမှာ ရှိပါတယ်" လို့ ဒေါ်အေးသန္တာအောင်ကပြောပါတယ်။ မဲမပေးတာဟာ တစ်ဦးချင်းရဲ့အခွင့်အရေးဖြစ်ပေမယ့် မြန်မာနိုင်ငံရွေးကောက်ပွဲစနစ်က နိုင်သူအကုန်ယူတဲ့စနစ်ဖြစ်တာကြောင့် မဲအရများသူကသာ နိုင်သွားမယ့်အခြေအနေလို့ သူက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ကြားဖြတ်မှာဆို မဲလာပေးသူ ၃၇ ရာခိုင်နှုန်း၊ ၂၀၁၈ မှာဆို ၄၂ ရာခိုင်နှုန်းနဲ့ ရှိခဲ့ပေမယ့် ရွေးကောက်ပွဲကတော့ အထမြောက်ခဲ့တယ်လို့ ဒေါ်အေးသန္တာအောင်ကပြောပါတယ်။ "တစ်ခုတော့ရှိတာပေါ့။ နိုင်ငံသားတွေမှာ လာထိတယ်။ နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်စွာဆုံးဖြတ်ပြီးမဲပေးပိုင်ခွင့်မှာ ဒါတွေက လာပြီးထိခိုက်မှာ။ နောက်တစ်ချက်က ကျတော့ ကိုယ့်တကယ်ရွေးချယ်ချင်တဲ့ကိုယ်စားလှယ်လောင်းကို လက်လွှတ်ဆုံးရှုံးလိုက်ရမယ်။ အလားတူပဲ ယှဉ်ပြိုင်မှုပြင်းထန်တဲ့နေရာတွေ၊ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက ပါတီတစ်ခုနဲ့တစ်ခု သိပ်မကွာဘဲ အနိုင်ရခဲ့တဲ့မဲဆန္ဒနယ်တွေ မှာ ကိုယ့်ရဲ့ မဲတစ်မဲရဲ့ တန်ဖိုးက မြင့်တယ်လေ။ ဒါကြောင့် နိုးဗုတ်ရော ဂိုးဗုတ်ရော ဖြစ်နိုင်လို့ရှိရင် တစ်ဖက်နဲ့တစ်ဖက်နဲ့ အပြန်အလှန်လေးစားသမှုနဲ့ ထိန်းညှိသွားရင်ရွေးကောက်ပွဲတစ်ရပ်မှာ မဲပေးနှုန်းကျဆင်းသွားမယ့် အခြေအနေဆိုးကို ကျော်လွှားသွားနိုင်မယ်ထင်တယ် " လို့ ဒေါ်အေးသန္တာအောင်ကပြောပါတယ်။ ရခိုင် အမျိုးသား ပါတီရဲ့ ရွေးကောက်ပွဲ ရည်မှန်းချက်က ဘာလဲ
ပြီးခဲ့တဲ့သီတင်းတစ်ပတ်အတွင်း လူထုကြား ဆွေးနွေးပြောဆိုနေကြတဲ့ ထိပ်တန်းရောက် အကြောင်းအရာတစ်ခုကတော့ ရွေးကောက်ပွဲမှာ မဲပေးရေးနဲ့ မဲမပေးရေး၊ တစ်နည်းအားဖြင့် နိုးဗုတ်လား ၊ ဂိုးဗုတ်လား ဆိုတာပါ။
141205_thai_king_drops_birthday_appearance
https://www.bbc.com/burmese/world/2014/12/141205_thai_king_drops_birthday_appearance
၈၇ နှစ်မြောက် မွေးနေ့မှာ ထိုင်းဘုရင် လူထုရှေ့ မထွက်နိုင်
ဘုရင်ကြီး တက်နေတဲ့ ဆေးရုံအပြင်ဘက်မှာ လူတွေ စုရုံးခဲ့ကြ ဘုရင်ကြီး လူထု ရှေ့မှောက် ထွက်လာမယ့် အစီအစဉ်ကို နောက်ဆုံး အချိန်ရောက်မှ ကျန်းမာရေးကြောင့် ဖျက်သိမ်း လိုက်ရတဲ့ အတွက် နက်နဲတဲ့ နိုင်ငံရေး အယူအဆ ကွဲလွဲမှုတွေကြောင့် နှစ်ခြမ်း ကွဲနေတဲ့ ထိုင်းနိုင်ငံ အတွင်းမှာ စိုးရိမ်မှုတွေ တိုးပွား စေခဲ့ပါတယ်။ ထိုင်း ဘုရင်ကြီးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ လက သည်းခြေအိတ် ခွဲစိတ် ကုသမှု ခံယူပြီး တဲ့နောက် ဆေးရုံမှာပဲ ရှိနေခဲ့ပါတယ်။ ထိုင်း ဘုရင်ကြီးရဲ့ မွေးနေ့မှာ ထောင်နဲ့ချီတဲ့ ထိုင်း လူမျိုးတွေက သူတို့ ဘုရင်ကြီး တက်ရောက် နေတဲ့ Siriraj ဆေးရုံ အပြင်ဘက်မှာ စုဝေးခဲ့ကြပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ထိုင်း ဘုရင်ကြီး ဖူမိဖွန် အဒူယာဒတ် ရဲ့ ၈၇ နှစ်မြောက် မွေးနေ့မှာ အထိမ်း အမှတ် ပြုဖို့ လူထု ရှေ့မှောက် ထွက်လာမယ့် အစီအစဉ်ကို သူ့ ဆရာဝန်တွေရဲ့ အကြံပေးချက်ကြောင့် ပယ်ဖျက် ခဲ့ရပါတယ်။
151230_local_govern_body
https://www.bbc.com/burmese/burma/2015/12/151230_local_govern_body
ရပ်ကျေး ဥပဒေ လွှတ်တော်မှာ ပြင်မယ်
လွှတ်တော် သက်တမ်းမကုန်ခင် ဥပဒေကြမ်းကို အတည်ပြု နိုင်အောင် ဆောင်ရွက်မယ် ဥပဒေကြမ်း ကော်မတီက တင်ပြလာတဲ့ အစီရင်ခံစာ မှာတော့ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး တွေရဲ့သက်တမ်း ဟာ ပြည်သူ့ လွှတ်တော် သက်တမ်း နှင့် အညီ ဆိုတဲ့ စကားရပ် အစား နိုင်ငံတော် သမ္မတ၏ ရာထူး သက်တမ်းနှင့် အညီလို့ ပြင်ဆင်ထားပါတယ်။ အခုလို ဥပဒေ ပြင်ဆင် ရတာနဲ့ပတ်သက်လို့ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်း က လက်ရှိ ကျင်းပနေတဲ့ လွှတ်တော် သက်တမ်းမကုန်ခင် ဒီဥပဒေကြမ်းကို အတည်ပြု နိုင်အောင် ဆောင်ရွက် သွားမယ် လို့ပြောပါတယ်။ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အနေနဲ့သူတို့သက်တမ်း ကုန်ခါနီးမှ အုပ်ချုပ်ရေး အဖွဲ့ရဲ့ အခြေခံ ကျောရိုး ဖြစ်တဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူး တွေ ပြောင်းလဲခန့်အပ်ဖို့ဆောင်ရွက်နေတာတွေဟာ သဘာ၀ မကျတဲ့လုပ် ရပ် ဖြစ်တဲ့ အတွက် NLD ပါတီက ကန့်ကွက်နေပါတယ်။ ဒီဥပဒေနဲ့ပတ်သက်ပြီး လွှတ်တော်မှာ ပြင်ဆင်ဖို့ဆောင်ရွက်နေပြီ ဖြစ်တဲ့အတွက် အစိုးရ ဘက်က အုပ်ချုပ်ရေးမှူး ရွေးချယ် ဖို့ဆောင်ရွက်နေတာ လက်ရှိ တည်ဆဲ ဥပဒေ အရ ပြည်သူ့လွှတ်တော် သက်တမ်း ကုန်မှသာ ရွေးချယ်ရ မယ်လို့ပြဌာန်းထား တဲ့ အတွက် အခုလို လွှတ်တော် သက်တမ်း မကုန်ခင် ဆောင်ရွက် တာဟာ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်ဖြစ် တယ်လို့ ဥပဒေ ပညာရှင် အချို့ က ထောက်ပြ ပြောဆို နေပါတယ်။
အစိုးရဘက်က ရပ်ကွက် နဲ့ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ်တွေ ရွေးချယ် ဖို့ ဆောင်ရွက် နေချိန်မှာပဲ ပြည်သူ့လွှတ်တော်က ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်တဲ့ အစီရင်ခံစာကို ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ လွှတ်တော် ကိုတင်ပြ လိုက်ပါတယ်။
141119_nkorea_unga
https://www.bbc.com/burmese/world/2014/11/141119_nkorea_unga
မြောက်ကိုရီးယား လူ့အခွင့်ရေး ကုလ ဆုံးဖြတ်မယ်
မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un မြောက်ကိုရီးယား လူ့အခွင့်အရေး အခြေ အနေဟာ အချိန် ကာလ၊ ပြင်းထန် ဆိုးရွားမှု မှာ တခြား နိုင်ငံ အားလုံး ထက် ကျော်လွန် နေတယ်လို့ ကုလ သမဂ္ဂ စုံစမ်းရေး ကော်မရှင် အစီရင်ခံစာ တစောင်က ဒီနှစ်ဆန်းမှာ ထုတ်ပြန် ခဲ့ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ကို ပစ်မှတ်ထားပြီး ဒဏ်ခတ် ပိတ်ဆို့မှု ကြုံတွေ့ လာရနိုင်တယ်လို့လည်း သတိပေး ထားပါတယ်။ အထွေထွေ ညီလာခံ က နောက်လာမယ့် သီတင်းပတ် တွေထဲမှာ ဒီကိစ္စ မဲခွဲ ဆုံးဖြတ်မှာ ဖြစ်ပြီး လိုက်နာ ဆောင်ရွက်ဖို့ မလိုတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်မှာ ဖြစ်ပါတယ်။ လုံခြုံရေး ကောင်စီမှာ ဗီတို အာဏာ ကိုင်စွဲ ထားတဲ့ တရုတ်နဲ့ ရုရှ က ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်မဲ ပေးခဲ့ကြပါတယ်။
မြောက်ကိုရီးယား လူ့အခွင့်အရေး အခြေ အနေ ဆိုးရွားမှု ကို နိုင်ငံတကာ ရာဇဝတ် ခုံရုံး တင်ဖို့ လုံခြုံရေး ကောင်စီ ကို တောင်းဆို တဲ့ ဆုံးဖြတ်ချက် ကို ကုလ သမဂ္ဂ အထွေထွေ ညီလာခံ လူ့အခွင့်အရေး ကော်မတီ က ချမှတ် ခဲ့ပါတယ်။