Dataset Viewer
Auto-converted to Parquet Duplicate
id
stringlengths
16
16
title
stringlengths
3
116
date
stringlengths
11
19
text
stringlengths
2
2.17k
url
stringlengths
42
722
voa-mm-000000001
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
အာတိတ်ဒေသလို အပူချိန် သုညအောက်ရှိတဲ့ အအေးလွန်ကဲတဲ့ ဝန်းကျင်ကို ဝင်ရိုးစွန်းဝက်ဝံ polar bear တွေ ဘာကြောင့် ခံနိုင်ရည် ရှိတယ် ဆိုတာကို အိုင်ယာလန်က သုတေသနပညာရှင်တွေ တွေ့လာပါပြီ။
https://burmese.voanews.com/a/7992329.html
voa-mm-000000002
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ဒီတွေ့ရှိချက် ကနေ သဘာဝ PFAS ခေါ် မပျောက်ပျယ်တဲ့ ထာဝရဓါတုပစ္စည်း ထုတ်ဖို့ပါ မျှော်လင့်လာကြတာပါ။
https://burmese.voanews.com/a/7992329.html
voa-mm-000000003
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ရိုက်တာသတင်းတပုဒ်ပေါ် အခြေခံပြီး ဒေါ်ခင်မျိုးသက်က ပြောပြပေးပါမယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000004
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
သိပ်အေးတဲ့ ဒေသ၊ အမြဲတမ်း ရေခဲနေတဲ့ ဒေသတွေမှာ ကိုယ်ခန္ဓာ လှုပ်ရှား သွားလာမှုဟာ ရေခဲနေတာကြောင့် ခက်ခဲလေ့ရှိပါတယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000005
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ဒါပေမယ့် ဝင်ရိုးစွန်း ဝက်ဝံတွေကတော့ ထူးခြားနေတာ ဖြစ်ပြီး နိုင်ငံတကာ သိပ္ပံပညာရှင်တွေပါတဲ့ အဖွဲ့တဖွဲ့ရဲ့ လေ့လာဆန်းစစ်ချက်တွေအရ သူတို့ကိုယ်ပေါ်မှာရှိတဲ့ ထူထဲတဲ့အမွှေးတွေမှာ ရေမခဲစေတဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိရှိတာကို တွေ့ရှိခဲ့ကြတာပါ။
https://burmese.voanews.com/a/7992329.html
voa-mm-000000006
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ဒီတွေ့ရှိချက်ကနေ အာတိတ်ဒေသလို အအေးလွန်တဲ့ နေရာမျိုးကို ဒီဝက်ဝံမျိုးစိတ်တွေ ဘာကြောင့် ခံနိုင်ရည် ရှိနေကြတယ် ဆိုတာကို အဖြေရှာ နိုင်ခဲ့ကြပါတယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000007
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ဒါ့အပြင် ဒီဝင်ရိုးစွန်း ဝက်ဝံတွေမှာတွေ့ရတဲ့ ရေခဲမတင်တဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိရှိတဲ့ ဓါတုပစ္စည်းတွေကို သဘာဝ အဆီလွှာ ပါး လေး တခု အဖြစ် ထိထိရောက်ရောက် သုံးနိုင်တာကိုပါ တွေ့လာတာကြောင့် သူ့ကို စက်မှုလုပ်ငန်းမှာ ရေမခဲစေတဲ့ပစ္စည်း အဖြစ် အသုံးချဖို့ပါ ဖြစ်နိုင်ခြေရှိနေတာပါ။
https://burmese.voanews.com/a/7992329.html
voa-mm-000000008
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
သုတေသန ပညာရှင်တဦးဖြစ်တဲ့ Dublin - Trinity ကောလိပ် ဓါတုဗေဒ ကျောင်းနဲ့ AMBER အိုင်ယာလန် သုတေသနစင်တာ က ပါရဂူကျောင်းသား Julian Carolan ကတော့ ဒီဝက်ဝံတွေ နှင်းတောထဲ နေပေမယ့် သူတို့ကိုယ်မှာ ရေခဲမတင်ပဲ ဖြစ်နေတာဟာ သိပ်ထူးဆန်းနေလို့ စူးစမ်းချင်လာတယ် လို့ ပြောပါတယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000009
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
“သူတို့ဆီမှာ အံ့သြစရာ ဂုဏ်သတ္တိတမျိုး ရှိနေသလိုပဲ။
https://burmese.voanews.com/a/7992329.html
voa-mm-000000010
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
နှင်းတောထဲမှာ ဂျွမ်းထိုးနေနိုင်သလို သုညဒီဂရီ အောက်ရောက်အောင် အေးတဲ့ နေရာမှာ တောင်စောင်းတွေကနေ လျှောဆင်းနိုင်တယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000011
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ဒါပေမယ့် သူတို့ကိုယ်မှာ ရေခဲတွေ တင်မနေဘူး။
https://burmese.voanews.com/a/7992329.html
voa-mm-000000012
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
အာတိတ်ဒေသကို ကျနော့်လိုမျိုး လူတွေသွားရင် ဆံပင်တွေ၊ မျက်ခုံမွှေးတွေ၊ မုတ်ဆိတ်ထားတဲ့သူဆို မုတ်ဆိတ်မွှေးတွေမှာ နှင်းတွေဖုံးပြီး ရေတွေ ခဲနေတတ်တယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000013
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ဒါကြောင့်လည်း ဒီစူးစမ်းရေးကို စလုပ်ဖို့ စိတ်ဝင်စားလာတာပါ။
https://burmese.voanews.com/a/7992329.html
voa-mm-000000014
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
” Dublin - Trinity ကောလိပ်က သုတေသန ပညာရှင်တွေဟာ ဝင်ရိုးစွန်းက ဝက်ဝံရိုင်း ၆ ကောင်ရဲ့ ကိုယ်က အမွှေးတွေကို နမူနာယူပြီး သူတို့ရဲ့ ထူထဲတဲ့ အမွေးတွေ ပေါ်မှာ သဘာဝအလျှောက် ဖုံးနေတဲ့ အဆီလွှာမှာ ပါဝင်တဲ့ ဓါတု ပစ္စည်းတွေ ကို အဓိကထား လေ့လာခဲ့ကြပါတယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000015
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
သူတို့ရဲ့ တွေ့ရှိချက်ကို Science Advances စာစောင်မှာ တင်ပြခဲ့တာပါ။
https://burmese.voanews.com/a/7992329.html
voa-mm-000000016
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ဒီဝက်ဝံရဲ့ ကိုယ်ပေါ်က အမွှေးတွေကို ဖုံးနေတဲ့ အဆီလွှာမှာ cholesterol, diacylglycerols နဲ့ ဖက်တီးအက်ဆစ် တွေ ပါဝင်နေပြီး၊ သူက ရေခဲမှာကပ် မနေအောင် သိသိသာသာ လုပ်ပေးနိုင်တာ တွေ့ရပါတယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000017
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ဒီအဆီလွှာကို ဖယ်ရှား လိုက်တဲ့ အခါ ဒီဝက်ဝံမွှေးတွေဟာ လူ့ဆံပင်မွှေးတွေ လိုပဲ ရေခဲတွေ လွယ်လွယ် ကူကူ ကပ်နိုင်တာ တွေ့ရပါတယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000018
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ရေခဲတွေ သူတို့အမွှေးမှာ ကပ်မနေအောင် ဒီ အမွှေးထဲက အဆီတွေက အဓိက လုပ်ဆောင်ပေးတာ တွေ့ရတယ်လို့လည်း Julian Carolan က ပြောပါတယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000019
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
“အဓိကအချက် ကတော့ ဝက်ဝံမွှေးအဆီ မှာပါတဲ့ ပစ္စည်းတွေက ရေခဲတွေ ကပ်မနေအောင် လုပ်ပေးတာပါ။
https://burmese.voanews.com/a/7992329.html
voa-mm-000000020
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
သူတို့ရဲ့ အမွှေးမှာရှိတဲ့ အဆီကို ခွဲထုတ်ပြီး စစ်ဆေးစမ်းသပ် ပါတယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000021
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ဘာလို့လည်း ဆိုတော့ အဲဒီမှာ ပါနေတဲ့ ဓါတ်ပစ္စည်းတွေက သိပ်ကိုရှုပ်ထွေးလို့ပါ။
https://burmese.voanews.com/a/7992329.html
voa-mm-000000022
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
အဲဒီမှာပါတဲ့ ဓါတ်ပစ္စည်းတချို့က သိပ်စိတ်ဝင်စားဖို့ ကောင်းပါတယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000023
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
အဲဒါတွေနဲ့ ရေခဲနဲ့ ဘယ်လို သက်ရောက်မှု ရှိလည်းဆိုတာ စမ်းကြည့်တော့ သူတို့ ကပ်မနေအောင် လုပ်နိုင်တာတွေ့ရတယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000024
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ဒါကြောင့် ဝင်ရိုးစွန်း ဝက်ဝံတွေမှာ ရေခဲ မကပ်အောင် သူတို့က လုပ်ပေးနေတာပါ။
https://burmese.voanews.com/a/7992329.html
voa-mm-000000025
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
” ဒီတွေ့ရှိချက်ကနေ ရေမခဲစေတဲ့ သဘာဝပစ္စည်း တမျိုး တီထွင်ဖန်တီးဖို့ သုတေသနတွေ စဉ်းစားလာကြပါတယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000026
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ဝက်ဝံမွှေးမှာ ရှိတဲ့ ဒီအဆီဟာ အခုလို ရေမခဲစေတဲ့ အကျိုးကျေးဇူး ပေးရုံမကပါဘူး။
https://burmese.voanews.com/a/7992329.html
voa-mm-000000027
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ဒီဝက်ဝံကြီးတွေ သားကောင်ရှာတဲ့ အမဲလိုက်တဲ့ နေရာမှာ အသံ လုံလုံနဲ့ ချောင်းနိုင်တဲ့ အပြင် သူတို့ သွားလာရေးမှာ လွယ်လွယ်ကူကူ လျှောပြီး သွားနိုင်တာကြောင့် စွမ်းအင်လည်း သိပ်သုံးစရာ မလိုတော့ဘူးလို့ ပြောပါတယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000028
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
"ဝင်ရိုးစွန်းဝက်ဝံ ကို အနီအောက်ရောင်ခြည် အောက်မှာကြည့်ရင် သူတို့မှာ တကယ် ထိရောက်တဲ့ အပူကာပစ္စည်း ရှိနေတာ တွေ့ရမယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000029
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
သူတို့မှာ အဆီတွေရှိတယ်၊ ထူထဲတဲ့ အမွှေးတွေရှိတယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000030
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
အမွှေးက တကယ်ထူတယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000031
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
သူတို့ကိုယ်က အလေးချိန်များနေတော့ သူတို့လှုပ်ရှားရတာ ခက်တယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000032
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
တကယ်လို့ သူတို့ကိုယ်မှာ ရေခဲတွေ ကပ်နေမယ် ဆိုရင် ရေခဲနဲ့ ညပ်နေတာမျိုး၊ ဒါမှမဟုတ် ဖျံကို လိုက်ဖမ်းတဲ့ အခါမျိုးမှာ သိပ်ခက်မယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000033
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
နောက် သူတို့ အမဲလိုက်မယ် ဆိုရင်လည်း ပြဿနာရှိမယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000034
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ရေခဲတွေနဲ့ ကပ်နေမယ်ဆို သူတို့လှုပ်ရှားတိုင်း အသံက ထွက်နေမှာ။
https://burmese.voanews.com/a/7992329.html
voa-mm-000000035
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
သားကောင်ကို ချောင်းလို့ ရမှာ မဟုတ်ဖူး။
https://burmese.voanews.com/a/7992329.html
voa-mm-000000036
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ဒါကြောင့် ရေခဲတွေ ကပ်မနေဖို့က သိပ်အရေးကြီးတယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000037
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ရီစရာပြောရရင် ဒီကောင်တွေက တောင်စောင်းတွေမှာဆို လျှောဆင်းပြီး ခရီးတွင်အောင် သွားတတ်တယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000038
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ဘာလို့လည်း ဆိုတော့ သူတို့က သိပ် မပြေးနိုင်ကြဘူးလေ။
https://burmese.voanews.com/a/7992329.html
voa-mm-000000039
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ဘာနဲ့တူလဲ ဆိုတော့ စနိုးဂီယာ အပြည့်ထိုးပြီး ပြေးသလိုပဲ။
https://burmese.voanews.com/a/7992329.html
voa-mm-000000040
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
သူတို့က တောင်စောင်းတွေမှာရော နှင်းလျှောစီးသလိုရော သွားလေ့ရှိတယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000041
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
သူတို့က ရေခဲပြင်ပေါ်မှာ အသံမထွက်ပဲ ညင်ညင်သာသာလေး သွားနိုင်တာမို့ တပန်းသာ နေတယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000042
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
” ဝက်ဝံမွှေးမှာ ရှိတဲ့ ရေမခဲစေတဲ့ အဆီလွှာကို ဆန်းစစ်လေ့လာမှု ကနေ ရေမခဲစေတဲ့ သဘာဝပစ္စည်း တမျိုး တီထွင်ဖန်တီးဖို့ သုတေသနတွေ ကျယ်ကျယ်ပြန့်ပြန် လုပ်လာကြသလို ၊ ရေခဲလောက်အောင် သိပ်ကိုအေးတဲ့ နေရာမှာ ရေမခဲအောင် လုပ်ပေးနိုင်မယ့် သုတ်ဆေးလို အလွှာပါးကလေးတမျိုး တီထွင်နိုင်မယ် ဆိုတာကိုပါ သိလာကြပါတယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000043
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
လူတွေအတွက် အသုံးတဲ့တဲ့ အန္တရာယ်ကြီးတဲ့ ဖလိုရင်းနဲ့ ကာဗွန်တွေ ပါတဲ့ PFAS fluorinated ကွန်ပေါင်း နေရာမှာ ဒီဝင်ရိုးစွန်းဝက်ဝံတွေရဲ့ အမွှေးက သဘာဝအဆီကို အစားထိုးနိုင်ဖို့ မျှော်လင့်တယ်လို့လည်း သိပ္ပံပညာရှင် Carolan က ပြောပါတယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000044
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
“ ဟုတ်ပါတယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000045
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ဒါက မျှော်လင့်ချက်ပါ။
https://burmese.voanews.com/a/7992329.html
voa-mm-000000046
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
fluorinated ဒြပ်ပေါင်းတွေ ဖြစ်တဲ့ PFAS က ရေခဲမကပ်အောင် တကယ်ထိထိရောက်ရောက် လုပ်ပေးနိုင်ပါတယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000047
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
အဲဒီဒြပ်ပေါင်းက ကျနော်တို့လူနေမှုဘဝမှာ အတော်နေရာယူ ပေမယ့် အတော်လည်း အန္တရာယ်ရှိတာမို့ သိပ်ဆိုးပါတယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000048
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ဒါကို ထာဝရ ဓါတုပစ္စည်း - ‘forever chemicals’ လို့ ခေါ်ကြတာကလည်း အကြောင်းရှိပါတယ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000049
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
သူတို့က သဘာဝ ဝန်းကျင်မှာ ပျောက်မသွားပဲ အကြာကြီး နေနိုင်လို့ပါ။
https://burmese.voanews.com/a/7992329.html
voa-mm-000000050
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
အဲဒီတော့ သူတို့ကို အစားထိုးဖို့ လုပ်မယ်ဆိုတာ အကြံကောင်းပါ။
https://burmese.voanews.com/a/7992329.html
voa-mm-000000051
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
တကယ်လို့ ဒီ ဝက်ဝံမွှေးဆီ လိုမျိုးနဲ့ အစားထိုးနိုင်မယ် ဆိုရင်တော့ ဒါက သဘာဝ ပစ္စည်းဖြစ်တဲ့ အတွက် အန္တရာယ်ရှိတဲ့ ထာဝရ ဓါတုပစ္စည်း ပြဿနာကို ဖြေရှင်းဖို့ သိပ်ကောင်းတဲ့ နည်းပါ။
https://burmese.voanews.com/a/7992329.html
voa-mm-000000052
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
” PFAS အုပ်စုမှာ ပါတဲ့ ဓါတုပစ္စည်းတွေဟာ အပူဒဏ်၊ ရေဒဏ်။
https://burmese.voanews.com/a/7992329.html
voa-mm-000000053
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ဆီဒဏ် တွေကိုကောင်းကောင်း ခံနိုင်ရည် ရှိပြီး သူတို့ကို မကပ်တဲ့ အိုးတွေ၊ အဝတ်အစားတွေ၊ သုတ်ဆေးတွေ၊ မီးသတ်ဆေးဘူးတွေတွေ အပြင် လူသုံးပစ္စည်းတွေ၊ သန့်ရှင်းရေးပစ္စည်းတွေ အပါအဝင် နေရာ အတော်များများမှာ သုံးနေကြတာပါ။
https://burmese.voanews.com/a/7992329.html
voa-mm-000000054
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ဒီ လူဖန်တီးထားတဲ့ ဓါတု ဒြပ်ပေါင်း PFAS ဟာ အလွယ်တကူ ကြေပျက် ပျောက်ကွယ်မသွား နိုင်တဲ့ ဓါတု ဒြပ်ပေါင်း - "forever" chemicals တွေ ဖြစ်တဲ့ အတွက် သူတို့နေရာမှာ ဒီသဘာဝ ဇီဝပစ္စည်း ဖြစ်တဲ့ ဝက်ဝံမွှေးဆီကို ပြောင်းလဲ အစားထိုးနိုင်ဖို့ သိပ္ပံပညာရှင်တွေ ကြိုးစားနေတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။
https://burmese.voanews.com/a/7992329.html
voa-mm-000000055
ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅
နောက်တပတ်မှာ ပြန်ဆုံကြဦးမယ်နော်။
https://burmese.voanews.com/a/7992329.html
voa-mm-000000057
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
ပါကာ နေစူးစမ်းရေးယာဉ်ဟာ သတ်မှတ်ထားတဲ့ နေနဲ့အနီးဆုံးနေရာကို ရောက်သွားပြီဖြစ်ပြီး သူဟာ ပျက်စီးမှုမရှိပဲ အကောင်း ပကတိအတိုင်း ပုံမှန် အလုပ်တွေကို လုပ်နေတယ်လို့ ၂၀၂၄ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ NASA က ကြေညာပါတယ်။
https://burmese.voanews.com/a/7932012.html
voa-mm-000000058
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
NASA - နေစူးစမ်းရေးဆိုင်ရာ အကြီးအကဲ Dr. Joseph Westlake ရဲ့ ရိုက်တာ သတင်းကို ပြောကြားချက်တွေနဲ့ အတူ လူသားတွေရဲ့နေစူးစမ်းရေး ဆိုင်ရာ နောက်ဆုံးအခြေနေ တွေကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
https://burmese.voanews.com/a/7932012.html
voa-mm-000000059
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
ကမ္ဘာနဲ့ အနီးဆုံး ကြယ်တပွင့် ဖြစ်တဲ့ နေနဲ့ ပတ်သက်ပြီး နားလည်နိုင်ဖို့ လွှတ်တင်လိုက်တဲ့ ပါကာ နေစူးစမ်းယာဉ်ဟာ ဒီဇင်ဘာ ၂၄ ရက်နေ့က နေမျက်နှာပြင်ကနေ မိုင်ပေါင်း ၃.၈ သန်းအကွာကို ရောက်ရှိခဲ့တာပါ။
https://burmese.voanews.com/a/7932012.html
voa-mm-000000060
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
သူဟာ နေရဲ့ မျက်နှာပြင်ပေါ်က ကိုရိုနာ လို့ခေါ်တဲ့ အပေါ်ယံ လေထုလွှာထဲမှာ ပျံသန်းခဲ့တာဖြစ်ပါတယ်။
https://burmese.voanews.com/a/7932012.html
voa-mm-000000061
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
ဒီဇင်ဘာ ၂၆ ရက်နေ့မှာတော့ သတ်မှတ်နေရာကို ရောက်ပြီဖြစ်ကြောင်း ဒီအာကာသယာဉ်ကနေ အချက်ပြအသံ ပေးပို့တာကို ရခဲ့တယ်လို့ ဒီစူးစမ်းမှုကို ကွပ်ကဲတဲ့ မေရီလန်းပြည်နယ် Johns Hopkins အသုံးချရူပဗေဒ ဌာနက NASA - နေစူးစမ်းရေးဆိုင်ရာ အကြီးအကဲ Dr. Joseph Westlake က ပြောပါတယ်။
https://burmese.voanews.com/a/7932012.html
voa-mm-000000062
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
" ဒီကနေ့၊ တကယ်တော့ ပြီးခဲ့တဲ့ ည ၁၁ း ၅၀ မှာ Parker စူးစမ်းရေးယာဉ် ဆီက သူ သတ်မှတ်နေရာ ရောက်ပြီဆိုတဲ့ အချက်ပေးသံကို ရပါတယ်။
https://burmese.voanews.com/a/7932012.html
voa-mm-000000063
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
ဒါဟာ နေနဲ့ အနီးဆုံး နေရာကို ရောက်ဖို့ လူသားတွေ ကြိုးပမ်းတာ အောင်မြင်ပြီဆိုတာ ပြနေတဲ့အပြင် နေနဲ့ အနီးဆုံး နေရာကို ပထမဆုံး အရောက်သွား နိုင်တာလည်း ဖြစ်ပါတယ်။
https://burmese.voanews.com/a/7932012.html
voa-mm-000000064
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
ဒါဟာ တကယ့်အောင်မြင်မှု ကြီးပါ။
https://burmese.voanews.com/a/7932012.html
voa-mm-000000065
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
နေရဲ့ အပေါ်ယံ လေထုလွှာ ကိုရိုနာ မှာ ပျံသန်းနိုင်တာ ဖြစ်တဲ့ အတွက် စဉ်းစားကြည့်ရင် တကယ့်ကို အံ့သြစရာပါ။
https://burmese.voanews.com/a/7932012.html
voa-mm-000000066
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
." ဒါဟာ အလွန်ပူပြင်းတဲ့ နေနားကို လူသားတွေ အရောက် သွားနိုင်တဲ့ အောင်မြင်မှုလည်း ဖြစ်ပါတယ်။
https://burmese.voanews.com/a/7932012.html
voa-mm-000000067
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
ကမ္ဘာ့အချင်းထက် အဆ တရာ မကကြီးတဲ့ နေဟာ အပူချိန် ၅၅၀၀ ဒီဂရီ စဲလ်ဆီးယပ်စ် ၊ဖါရင်ဟိုက်နဲ့ ဆို ဒီဂရီ ၁ ၁၀၀၀ ဝန်းကျင် ရှိပြီး ကမ္ဘာကနေ မိုင်ပေါင်း ၉၃ သန်းလောက် အကွာမှာ ရှိပါတယ်။
https://burmese.voanews.com/a/7932012.html
voa-mm-000000068
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
ဒီလောက် ကွာဝေးတဲ့ နေရာကို ရောက်အောင် သောကြာဂြိုဟ်ရဲ့ ဆွဲအားနဲ့ အရှိန်ကို ယူပြီး နေကို အကြိမ်ကြိမ် ပတ် ရာကနေ နေနဲ့ အနီးဆုံး ကို တဖြေးဖြေး ရောက်အောင် သွားရတာ ဖြစ်ပါတယ်။
https://burmese.voanews.com/a/7932012.html
voa-mm-000000069
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
အခုလို သွားဖို့ ကြိုးစားတဲ့ ပါကာ စူးစမ်းယာဉ် မပျက်မစီး ရှိနေတာကို အခု အချက်ပေးသံကြောင့် အတည်ပြုနိုင်ပြီ လို့လည်း ပြောပါတယ်။
https://burmese.voanews.com/a/7932012.html
voa-mm-000000070
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
"Parker ယာဉ်ဟာ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ နေနဲ့ အနီးဆုံးကို ရောက်သွားတာပါ။
https://burmese.voanews.com/a/7932012.html
voa-mm-000000071
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
ဒီယာဉ်ကို သူ့ဟာသူ အလိုအလျှောက် လှုပ်ရှားဖို့ လုပ်ထားတဲ့အတွက် သူ့ဟာသူ ပျံသန်းနေတာ ဖြစ်ပြီး အခု သူ့ဆီက အချက်ပေးသံကို ရတာကြောင့် သူ မပျက်မစီးနဲ့ အလုပ်ဆက်လုပ် နေတယ် ဆိုတာကို ကျနော်တို့ကို အတည်ပြုလို့ ရပါပြီ။
https://burmese.voanews.com/a/7932012.html
voa-mm-000000072
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
မကြာခင်မှာပဲ သူရတဲ့ အချက်လက်တွေကို ဆက်ပို့ပေးတော့မှာမို့ စိတ်လှုပ်ရှားစရာ တွေ ဆက်ပေါ်လာ အုံးမှာပါ။
https://burmese.voanews.com/a/7932012.html
voa-mm-000000073
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
." ၂၀၂၁ ဒီဇင်ဘာလတုန်းတော့ NASA က ၂၀၁၈ မှာ သူတို့ လွှတ်တင် ထားတဲ့ Parker Solar Probe နေစူးစမ်းရေး အာကာသယဉ်ဟာ နေရဲ့ ရောင်ခြည်စက်ဝန်း ထဲကို ရောက်ရှိသွားပြီလို့ ကြေညာခဲ့ပါတယ်။
https://burmese.voanews.com/a/7932012.html
voa-mm-000000074
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
ဒါဟာ နေမျက်နှာပြင်ရဲ့ အထက် မိုင် ၈ သန်း အကွာကနေ ဖြတ်သန်းသွား တာဖြစ်ပြီး နေလုံးကြီးမှာ မာကြောတဲ့ မျက်နှာပြင် မရှိပဲ အလွန် ပြင်းထန်စွာ တောက်လောင် နေတဲ့ အပူစွမ်းအင် ေ တွကပဲ နေလုံးကြီး အဖြစ် တည်ရှိနေပြီး သူ့ရဲ့ ဆွဲအားနဲ့ သံလိုက်ဓါတ်တွေ ဖြစ်ပေါ်စေတယ်လို့ နယူးအော်လန်က အမေရိကန် ဘူမိရူပဗေဒ union အစည်းဝေး အပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။
https://burmese.voanews.com/a/7932012.html
voa-mm-000000075
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
ဒီအကွာအဝေးကနေဘဲ အချက်အလက်တွေရယူ စူးစမ်းနိုင် ပေမယ့်လည်း သိပ္ပံပညာရှင်တွေ ကိုယ်တိုင် နေရဲ့ဘယ်အပိုင်း ဘယ်နေရာလဲ ဆိုတာကို သေခြာမသိနိုင်ဘူးဖြစ်ခဲ့တာပါ။
https://burmese.voanews.com/a/7932012.html
voa-mm-000000076
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
အခု ပါကာ စူးစမ်းရေးယာဉ်က အချက်လက်တွေ ပြန် ပို့ရင် နေနဲ့ ပတ်သက်ပြီး ပိုနားလည် လာတော့မယ် လို့လည်း ဒေါက်တာ Joe Westlake ကပြောပါတယ်။
https://burmese.voanews.com/a/7932012.html
voa-mm-000000077
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
သက်ရှိသတ္တဝါတွေ၊ အပင်တွေ အသက်ရှင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အပူနဲ့ အလင်းရောင်ပေးတဲ့ နေကို သိပ္ပံပညာရှင်တွေ သုတေသန လုပ်နေတာ နှစ်အတော်ကြာနေပါပြီ။
https://burmese.voanews.com/a/7932012.html
voa-mm-000000078
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
NASA က နေစူးစမ်းရေး အတွက် ၂၀၀၂ ခုနှစ် မတိုင်ခင်က Solar Probe ၂၀၁၀ မှာ Solar Probe Plus လို့ အမည်ပေး ခဲ့တာ ဖြစ်ပြီး ၂၀၁၇ မေလမှာတော့ နေစွမ်းအင်လှိုင်း- solar wind ရှိမယ်လို့ ၁၉၅၈ ခုမှာ ဟောကိန်းထုတ်ခဲ့တဲ့ ထင်ရှားတဲ့ ရူပဗေဒပညာရှင် Eugene Parker ဂုဏ်ပြုတဲ့ အနေနဲ့ Parker Solar Probe လို့ အမည်ပေးခဲ့တာပါ။
https://burmese.voanews.com/a/7932012.html
voa-mm-000000079
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
ဒီ အာကာသ စူးစမ်းရေး ယာဉ်က သက်ရှိထင်ရှား လူပုဂ္ဂိုလ် တဦးရဲ့ အမည်ကို ပေးထားတဲ့ ပထမဆုံးသော NASA ရဲ့ အာကာသ မစ်ရှင်လည်း ဖြစ်ပါတယ်။
https://burmese.voanews.com/a/7932012.html
voa-mm-000000080
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
နေကိုစူးစမ်းဖို့ စခဲ့တဲ့ Solar Probe တုန်းက Jupiter - ကြာသပတေးဂြိုဟ်ရဲ့ ဆွဲအားနဲ့ အရှိန်ယူဖို့ စဉ်းစားခဲ့ပေမယ့် အခု Parker ယာဉ် ကတော့ Venus - သောကြာဂြိုဟ်ရဲ့ ဆွဲအားနဲ့ အရှိန်ယူတာ ဖြစ်ပါတယ်။
https://burmese.voanews.com/a/7932012.html
voa-mm-000000081
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
ပါကာယာဉ်ဟာ ကီလိုဂရမ် ၂၀၀ လောက်လေးပါတယ်။
https://burmese.voanews.com/a/7932012.html
voa-mm-000000082
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
လျှပ်စစ်ဓါတ်အား အတွက် ဆိုလာပြားတွေကို သုံးပါတယ်။
https://burmese.voanews.com/a/7932012.html
voa-mm-000000083
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
နေနဲ့ နီးလာရင် သူတို့ကို ခေါက်သိမ်းထားပြီး ဝေးသွားရင် ဆိုလာပြားတွေကို ပြန်ဖွင့်ပြီး ကွန်ပြူတာနဲ့ စက်ပစ္စည်းတွေ အလုပ်လုပ်၊ အချက်အလက်တွေ ပြန်ပို့နိုင်ပါတယ်။
https://burmese.voanews.com/a/7932012.html
voa-mm-000000084
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
NASA က လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက နေ ရဲ့ ဝန်းကျင်ကို အာကသစူးစမ်းရေးယာဉ် လွှတ်တင်ချင်တာ ဖြစ်ပေမယ့် နေရဲ့ အပူရှိန်ကနေ အာကာသယာဉ်ကို ကာကွယ်ပေးနိုင်မယ့် နည်းပညာ မရှိ ဖြစ်ခဲ့ပါတယ်။
https://burmese.voanews.com/a/7932012.html
voa-mm-000000085
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
အခုတော့ ကွန်ပြူတာ နည်းပညာ၊ အီလက်ထရောနစ် နည်းပညာ တိုးတက်လာတာနဲ့ အတူ သတ္တုဗေဒပညာ တိုးတက်မှုကြောင့် ပေါ့ပါးပြီး အတော်မြင့်မားတဲ့ အပူူချိန်ကို ခံနိုင်ရည်ရှိတဲ့ သတ္တုစပ်တွေ ဖန်တီးနိုင်ခဲ့ပြီး နေစူးစမ်းရေး ခြေလှမ်းတွေ လှမ်းလာနိုင်တာပါ။
https://burmese.voanews.com/a/7932012.html
voa-mm-000000086
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
" ပါကာယာဉ်ဟာ အလိုအလျှောက် မောင်းနှင်ဖို့ ပရိုဂရမ် ထည့်ထားတာ ဖြစ်ပြီး နေရှိရာ ဘက်မှာ ယာဉ်ထဲက အပူကာဒိုင်းကို အမြဲရှိနေအောင် လုပ်ထားပါတယ်။
https://burmese.voanews.com/a/7932012.html
voa-mm-000000087
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
ဒါက ဒီ အပူကာဒိုင်းရဲ့ တဘက်မှာ အပူချိန် ဖာရင်ဟိုက် ၂၅၀၀ ဒီဂရီလောက် ရှိနေ ပေမယ့် သူ့တခြားဘက်မှာ ၈၅ ဒီဂရီလောက် ရှိအောင် လုပ်ထားတဲ့ သဘောပါ။
https://burmese.voanews.com/a/7932012.html
voa-mm-000000088
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
တဖက်မှာ မခံနိုင်အောင် ပူနေပေမယ့် တဖက်ကတော့ နေသာတဲ့ နေ့လိုပေါ့။
https://burmese.voanews.com/a/7932012.html
voa-mm-000000089
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
ဒီလိုလုပ်မှ ယာဉ်ထဲက စက်ပစ္စည်းနဲ့ တခြားပစ္စည်း တွေ အေးခဲမသွားပဲ နွေးနေမှာ ဖြစ်သလို သူ့ကို သိပ်ပြီးလည်း ပူ - မနေအောင် စီစဉ်ထားပါတယ်။
https://burmese.voanews.com/a/7932012.html
voa-mm-000000090
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
ပါကာယာဉ် နေကို ဖြတ်ချိန်မှာ ဒီအတိုင်း ရှိနေအောင် လုပ်ရပါတယ်။
https://burmese.voanews.com/a/7932012.html
voa-mm-000000091
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
ဒါက တစက္ကန့်ကို မိုင် ၄ သိန်း ၃ သောင်းနှုန်းနဲ့ ပျံနေတဲ့ ယာဉ် အတွက် လုပ်ရတာမျိုးပါ။
https://burmese.voanews.com/a/7932012.html
voa-mm-000000092
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
ဒီ အမြန်နှုန်းက လူလုပ် ယာဉ်ထဲမှာ အမြန်ဆုံး နှုန်းလည်း ဖြစ့်ပါတယ်။
https://burmese.voanews.com/a/7932012.html
voa-mm-000000093
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
." ဒီ စူးစမ်းရေးယာဉ် မှာ နေက ထုတ်လွှတ်တဲ့ solar wind နေစွမ်းအင်လှိုင်းတွေ၊ X- ray ရောင်ခြည်၊ ကော့စမစ် ရောင်ဖြည်တွေ ဖျက်ဆီးလို့ မရတဲ့ CMOS ကင်မရာကို တပ်ထားသလို ဆက်သွယ်ရေးနဲ့ တိုင်းတာစက်မျိုးစုံလည်း ဆင်ထားတာပါ။
https://burmese.voanews.com/a/7932012.html
voa-mm-000000094
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
Dr Westlake ကတော့ ဒီယာဉ်နဲ့ အဆက်အသွယ် ပြတ်သွားနိုင်ခြေ ရှိပေမယ့် သူတို့အဖွဲ့က NASA အင်ဂျင်နီယာတွေက ပြန်ရအောင် လုပ်နိုင်မယ်လို့ ယုံကြည်တယ် လို့လည်း ပြောပါတယ်။
https://burmese.voanews.com/a/7932012.html
voa-mm-000000095
Parker စူးစမ်းရေးယာဉ်  နေနဲ့ အနီးဆုံးကို ရောက်ပြီ
၁၀ ဇန်နဝါရီ၊ ၂၀၂၅
မကြာခင် ရက်တွေ အတွင်း ပါကာ စူးစမ်းယာဉ် ဆီက ပြန်ပို့မယ့် အချက်လက်တွေကို အားလုံးက စောင့်မျှော်နေတယ် ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပွံနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။
https://burmese.voanews.com/a/7932012.html
voa-mm-000000097
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
အာဖရိကဒေသမှာ ကူးစက်ပြန့်ပွါးနေတဲ့ mpox ခေါ် မျောက်ကျောက်ရောဂါအတွက် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သြဂုတ်လလယ်မှာ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေနေ ကြေညာခဲ့ပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000098
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
ကူးစက်မှုအဆိုးဝါးဆုံး ဖြစ်နေတဲ့ ကွန်ဂိုနိုင်ငံမှာ ဒီမျောက်ကျောက် ဗိုင်းရပ်စ်ပိုးရဲ့ မျိုးဗီဇ ပြောင်းလဲရှင်သန်မှုဟာ ထင်တာထက် ပိုမြန်နေတာတွေ့ရပြီး ပိုးမျိုးစိတ်သစ် နဲ့ ပတ်သက်လို့ မသိတာတွေ များနေသေးတာကြောင့် မှန်းပြီး ကုသနေရတယ်လို့လည်း WHO က သိပ္ပံပညာရှင်တွေက ပြောပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000099
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
https://burmese.voanews.com/a/7765397.html
voa-mm-000000100
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
Mpox လို့ လူသိများတဲ့ မျောက်ကျောက်ရောဂါ ကူးစက်ပြန့်နှံ့မှု အခြေနေဟာ စိုးရိမ်စရာ ဖြစ်လာတဲ့ အတွက် ကို သြဂုတ်လ ၁၄ ရက်နေ့မှာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ ဒေါက်တာ Tedros Adhanom Ghebreyesus က ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေနေ အဖြစ် ကြေညာခဲ့ပြီး နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ဖို့ ပန်ကြားလိုက်ပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000101
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
" ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းမှာ mpox - မျောက်ကျောက် မျိုးစိတ်သစ် ကူးစက်ပြန့်ပွါးမှု သိပ်မြန်နေတာကို တွေ့ရပါတယ်။
https://burmese.voanews.com/a/7765397.html
voa-mm-000000102
မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက်
၃၀ ဩဂုတ်၊ ၂၀၂၄
အရင်က mpox ကူးစက်မှု မရှိခဲ့တဲ့ သူ့ရဲ့ အိမ်နီးချင်း နိုင်ငံတွေမှာပါ ကူးစက်တာကို တွေ့နေရပါတယ်။
https://burmese.voanews.com/a/7765397.html
End of preview. Expand in Data Studio
README.md exists but content is empty.
Downloads last month
-